အခန်း (၉၁-၁၀၀)
Vol. 3 Ch. 91-100
Vol 3, အခန်း ၉၁။ စစ်ဆေးခြင်း
အီဗီတာနှင့်အတူလာသူများထဲမှ တီဘ်ဘာမှာ သူမ၏လက်ထောက်ဖြစ်၍ မန်နေဂျာဒူဆာက Frestech ကုန်သည်ကြီးများအသင်း၏ တောင်းဆိုချက်အရ အမ်ရစ်ကုန်သည်ကြီးများအသင်းကိုယ်စားပြုကာ မိုင်းတွင်း၏ အနီးတဝိုက်ကို စစ်ဆေးပြီး သယ်ယူပို့ဆောင်ရေးကိစ္စကိုဖြေရှင်းရန် လိုက်လာခြင်းပင်။
လူပုလေးနှစ်ဦးမှာ ရှုယီက မှော်သလင်းကျောက်'ကြော၏ အခြေအနေကိုအကဲဖြန်ရန် ပို့လိုက်ခြင်းဖြစ်ကာ သက်လတ်ပိုင်းလူက ဖယ်လ်ချောင် ကုန်သည်ကြီးများအသင်းထံမှ ကိုယ်စားလှယ်ဖြစ်သည်။
ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းမှာ မိုင်းတွင်းများဖွင့်ရာတွင် အင်မတန်ကျွမ်းကျင်လှပြီး ယခင်က ထိုမှော်သလင်းကျောက်'ကြောအား ဖွင့်ခဲ့ဖူးရာ ရှုယီမှာ ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းအတွက် မိုင်းတွင်းများစီစဉ်ရာ၌ အတွေ့အကြုံ နှစ်၂၀ကျော်ရှိသည့် ထိုခရစ်ခ်အား ဖိတ်ကြားရန် ဥက္ကဌမော်ဂန်ကို ဆက်သွယ်ကာ ဤစစ်ဆေးရေး၌ ကူညီ အကြံပေးစေ၏။
အဘိုးကြီးအော်ဒရင်ဦးဆောင်သည့် အဖွဲ့မှာ တစ်နာရီလောက်ကြာအောင် လျှောက်သွားပြီးနောက် မိုင်းတွင်းထံ ရောက်လာသည်။
အပြင်ပန်းကိုသုံးသပ်ရလျှင် ထိုမိုင်းတွင်းက ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်း ဤနေရာ၌ မိုင်းတူးခဲ့သည့် အရိပ်အယောင်များရှိနေသေးသည်။ ခရစ်ခ်မှာ ယခင်က ထိုမိုင်းတွင်းကို မစောင့်ကြပ်ခဲ့ဖူးပါလျှင်တောင် ထိုမိုင်းတွင်း၏ အခြေအနေကို မြင်နိုင်ပါ၏။
"ကြည့်ရတာ ကျုပ်တို့လုပ်ငန်းစုက ဒီကြောကို ဖွင့်ရတာခက်လို့ လက်လျှော့လိုက်ပြီထင်ပါရဲ့။" ခရစ်ခ်က စွန့်ပစ်ထားသော မိုင်းတွင်းကို ညွှန်ပြကာ၊ "ကြည့်ပါဦး၊ ဒီမှာ မြှုပ်ထားတဲ့ မှော်သလင်းကျောက်တွေက အရမ်းနက်တော့ မိုင်းတူးဖို့ မလွယ်ဘူး။"
လူပုလေးနှစ်ဦးက မိုင်းတွင်းကိုကြည့်ကာ ခေါင်းခါလိုက်ရင်း ထိုသည်က ပြဿနာမဟုတ်ကြောင်း ညွှန်ပြလာ၏။
လူပုလေးများအတွက် ထိုမိုင်းတွင်းက ဖွင့်ရန် မခက်ခဲပါချေ။
ထို့နောက် Frestech ကုန်သည်ကြီးများအသင်းထုတ်လုပ်ထားသော မိုင်းတူးစက်မျိုးစုံနှင့်ဆိုလျှင် ယခင်ကနှင့်ယှဉ်ပါက မိုင်းတွင်းများတူးဖော်ရန် များစွာပိုလွယ်သွားပြီဖြစ်သည်။
ခရစ်ခ်လည်း ၎င်းကို သတိပြုမိသော်လည်း ခံစားချက်ဖြင့် သက်ပြင်းချကာ သူ၏ကိုယ်ပိုင်မိုင်းတွင်းစစ်ဆေးမှုကို ဆက်လုပ်နေလိုက်၏။
မိုင်းတွင်းကိုစစ်ဆေးရန် ပတ်လျှောက်နေသူများနှင့်ယှဉ်လျှင် အီဗီတာက မိုင်းတွင်းဥမင်ထံ လူပုလေးနှစ်ယောက်နောက်လိုက်ရန် တီဘ်ဘာကို ခေါ်သွားလေသည်။ ထို့နောက် ထိုလူပုလေးများအကူအညီဖြင့် မှော်သလင်းကျောက်နမူနာကို တူးထုတ်လိုက်သည်။
မှော်သလင်းကျောက်ရိုင်းများမှာ သံသတ္တုရိုင်းများနှင့် ခြားနားသည်။
သံသတ္တုရိုင်းမှာ သံနဲ့ကျောက်တုံးတို့၏ သဘာဝအရောအစပ်ဖြစ်ရာ သန့်စင်ဖို့လိုသည်။
သို့သော် မှော်သလင်းကျောက်များမှာ သဘာဝမှော်အခဲဖြစ်သောကြောင့် ၎င်းတို့မှာ မှော်သလင်းကျောက်အပြည့်ဝကို တူးထုတ်ခဲ့ရသည်။ ခြားနားချက်မှာ အရွယ်အစားနှင့် အရည်အသွေးသာဖြစ်၏။
လူပုလေးနှစ်ဦးက ထို အရွယ်အစားမတူသည့်မှော်သလင်းကျောက်အပိုင်းတချို့ကို အလွယ်တကူတူးထုတ်ရန် ကိရိယာအသေးလေးများကို သုံးခဲ့သည်။ အီဗီတာက ၎င်းတို့ကိုကြည့်လိုက်သော် ထိုမှော်သလင်းကျောက်များ၏ အရည်အသွေးက ပျမ်းမျှ အထက်၌ ရှိနေသည်ကို တွေ့လိုက်ရသည်။
ဤနေရာရှိ မှော်သလင်းကျောက်အားလုံး၌သာ တူညီသည့် အရည်အသွေးရှိပါလျှင် ထိုမှော်သလင်းကျောက်'ကြောကို အောင်မြင်သည်ဟု ယူဆနိုင်၏။
သူမက လူပုလေးများကို မှော်သလင်းကျောက်နမူနာများအား ဆက်လက်တူးထုတ်ရန် အရိပ်အမြွက်ပြလိုက်သည်။ အီဗီတာနှင့် တီဘ်ဘာတို့ မိုင်းတွင်းမှ ထွက်လာချိန်၌ မှော်သတ္တုများကို သုံးရန် မှော်သလင်းကျောက်သန့်စင်ခြင်းအစီအရင်တစ်ခု ဖန်တီးရမည့် နေရာလွတ်တစ်ခုအား တွေ့လိုက်သည်။
အီဗီတာ၏ ထိုမှော်သလင်းကျောက်သန့်စင်ခြင်းသုတေသနအရ မှော်သလင်းကျောက်ကို အလယ်၌ထားကာ မှော်စွမ်းအားကိုသုံးပြီးနောက် သိပ်မကြာခင်တွင် ထိုမှော်သလင်းကျောက်မှ မှော်စွမ်းအားများအားလုံး ထုတ်ယူခံလိုက်ရပြီး ပိုသေးသည့် ထောင့်မှန်စတုဂံပုံမှော်သလင်းကျောက်အဖြစ် ပျစ်ခဲသွားတော့သည်။
မှော်အစီအရင်အလယ်၌ အသုံးမလိုသည့် ပစ္စည်းအနည်းငယ်သာ ကျန်ခဲ့သည်။
အီဗီတာက ထိုသန့်စင်ပြီးမှော်သလင်းကျောက်အသစ်ကိုယူကာ သူမ၏မှော်စွမ်းအားနှင့် စစ်ဆေးပြီးနောက် မျက်မှောင်ကုပ်လိုက်သည်။
"ခေါင်းဆောင်၊ ဘယ်လိုလဲ? ဒီမှော်သလင်းကျောက်ရဲ့အရည်အသွေးက မလုံလောက်လို့လား?" တီဘ်ဘာက မေးသည်။
အီဗီတာက ခေါင်းခါ၍ "ကြည့်ရတာ ဒီတစ်ခေါက် ငါလာတာမှန်သွားပုံပဲ။ မတူညီတဲ့မှော်သလင်းကျောက်တွေမှာ မတူညီတဲ့ အရည်အသွေးတွေရှိပြီး ဒီမိုင်းတွင်းက မှော်သလင်းကျောက်တွေကို ကြည့်ရတာတော့ အရမ်းမတည်ငြိမ်သလိုပဲ။ ကြည့်ဦး အချိန်တိုလေးအတွင်း တူးထုတ်လိုက်ရုံရှိသေး ဒါရဲ့အဆင့်က သိသိသာသာကို ကျသွားပြီ။ ရလာဒ်အနေနဲ့ ဒီသန့်စင်ပြီးမှော်သလင်းကျောက်ထဲက မှော်စွမ်းအားက စံကို မမီဘူး။"
တီဘ်ဘာက အီဗီတာလက်ထဲမှ သန့်စင်ပြီးမှော်သလင်းကျောက်ကို ယူကာ သူ၏မှော်စွမ်းအားဖြင့် စစ်ဆေးပြီးနောက် ထိုသလင်းကျောက်မှာ တကယ်ကို အီဗီတာနှင့်အတူ ထုတ်လုပ်ခဲ့သည့် မှော်သလင်းကျောက်နှင့် အတော်ခြားနားနေသည်ကို တွေ့လိုက်ရသည်။
"ခေါင်းဆောင်၊ ခင်ဗျားက တကယ်ကိုအံ့ဩစရာပဲ၊ ဒီလိုခြားနားချက်သေးသေးလေးကိုတောင် ပြောနိုင်တယ်။" တီဘ်ဘာက မနေနိုင်ဘဲ လေးစားနေသည့်အသံဖြင့်ပြောလိုက်၏။
"ဒါက သိပ်မများပါဘူး၊ ငါတလောကမှ လေ့လာနေလို့ အတော်လေး အထိမခံဖြစ်နေတာပါ။" အီဗီတာက သာမန်ကာလျှံကာ ဖြေလိုက်သည်။ သူမက ထိုသန့်စင်ပြီးမှော်သလင်းကျောက်ကို ထပ်မံယူကာ သူမ၏ မှော်စွမ်းအားကိုသုံးလိုက်ပြီးနောက် အတွေးထဲမျောသွားသည်။ ထို့နောက် အခြားမှော်အစီအရင်ကို ဖန်တီးရန် သူမ၏ မှော်သတ္တုများကိုသုံးလိုက်၏။
ထိုသန့်စင်ခြင်းမှော်အစီအရင်ကိုအနည်းငယ်ချိန်ညှိ၍ ယင်းမှော်သလင်းကျောက်ကို ထပ်မံသန့်စင်လိုက်ရာ ပါဝင်သည့် မှော်စွမ်းအားက နောက်ဆုံးတွင် ဓာတ်ခွဲခန်း၌ သန့်စင်ခဲ့သည့် မှော်သလင်းကျောက်များနှင့် တူညီသွားသည်။
တီဘ်ဘာကို အီဗီတာမှာ အတော်လေးစားနေသည်။ သူမက ထိုအစီအရင်ကို အလွန်လျင်မြန်စွာ ပြောင်းလဲလိုက်နိုင်ကာ ထိုပြည့်စုံသည့်ရလာဒ်ကိုဖန်တီးလိုက်သည်က သူမထံ၌ တကယ်ကို အံ့အားသင့်ဖွယ်အရည်အချင်းရှိနေပါ၏။
အီဗီတာက လုံးဝဂရုမစိုက်ဘဲ ခေါင်းခါလျက်၊ "မှော်အစီအရင်မှာ ပါရမီရှိကြောင်းပြောချင်ရင် ငါက ဥက္ကဌနဲ့မယှဉ်နိုင်ပါဘူး။ သူသာဒီမှာရှိရင်၊ သူက ပိုကောင်းတဲ့အဖြေကို စဉ်းစားနိုင်မယ်လို့ထင်တယ်။"
အီဗီတာက ဥက္ကဌအကြောင်းထပ်ပြောလာသည်ကိုကြားသော် တီဘ်ဘာမှာ မျက်မှောင်အသာကုပ်လိုက်သည်။ သူ့အနေနှင့် အီဗီတာက ဥက္ကဌအကြောင်းပြောလာတိုင်း အနည်းငယ်မကျေမနပ်ဖြစ်သလိုခံစားရသည်။
သို့သော် ဥက္ကဌနှင့်ယှဉ်ပါက သူဟာ ယှဉ်ရန် ဝေးကွာလှကြောင်းသိပေသည်။ သူဟာ ယှဉ်ဖို့ရန် အရည်အချင်းပင် မမီလှရာ ဆိတ်ဆိတ်နေရုံသာ တတ်နိုင်၏။
အီဗီတာမှာတော့ တီဘ်ဘာ၏ ခံစားချက်အပြောင်းအလဲကို သတိမမူမိချေ။ သူမက ထိုမိုင်းတွင်းရှိ မှော်သလင်းကျောက်များကို စံပြုမှော်သလင်းကျောက်များအဖြစ် မည်သို့သန့်စင်ရမည်ကိုသာ အာရုံစိုက်နေလိုက်သည်။
ထိုသည်က အင်မတန် ရှုပ်ထွေးလှသောအလုပ်ဖြစ်ရာ ထိုနယ်ပယ်၌ အသိပညာကြွယ်သည့် အီဗီတာသည်ပင် ပြဿနာမျိုးစုံကြုံရ၏။
ခဏအကြာတွင် လူပုလေးနှစ်ဦးက မိုင်းတွင်းတစ်ခုလုံးဆီမှ မှော်သလင်းကျောက်နမူနာအများအပြားကို အီဗီတာထံယူလာပေးသည်။
အီဗီတာလည်း နေရာအစုံမှ မှော်သလင်းကျောက်များကို ဦးစွာစစ်ဆေးလိုက်ပြီးမှ သန့်စင်ခြင်းအစီအရင်နှင့်စမ်းသပ်က အစောပိုင်းက သူမ၏ ခန့်မှန်းချက်ကို အတည်ပြုလိုက်သည်။
ဤမိုင်းတွင်းရှိ မှော်သလင်းကျောက်များ၏အရည်အသွေးမှာ အတော်လေးမြင့်ပါသော်လည်း ယခင်တစ်ခေါက်ဖွင့်လှစ်ခဲ့ပြီးနောက်တွင် ကောင်းစွာမကာကွယ်ထားခြင်းကြောင့် ထိုသလင်းကျောက်များက မတည်ငြိမ်ခြင်းဖြစ်နိုင်ပေသည်။
ဤနေရာရှိ မှော်သလင်းကျောက်များကို တူးထုတ်ရန်က ပြဿနာမဟုတ်ပါသော်လည်း ၎င်းတို့ကို သန့်စင်လိုပါက ပြဿနာများစွာရှိသည်။
အီဗီတာက အနည်းငယ်စဉ်းစားပြီး လတ်တလော ထိုမိုင်းတွင်းထံမှ မှော်စွမ်းအား ယိုစိမ့်မှုကို တားဆီးရန် မှော်အစီအရင်တစ်ခုအသုံးပြုဖို့ ဆုံးဖြတ်လိုက်၏။
သို့သော် ထိုအင်မတန်ကြီးလှသည့်အစီအရင်ကို ခင်းကျင်းခြင်းတန်ဖိုးကြောင့် အီဗီတာမှာ မနေနိုင်ဘဲ မျက်ခုံးများ တွန့်ချိုးလိုက်တော့သည်။
ဤမှော်သလင်းကျောက်တွင်းအား မှော်သုတေသနဌာနကိုယ်စား စစ်ဆေးရန် ရှုယီထံ၌ လျှောက်လှဲခဲ့ရခြင်းအကြောင်းအရင်းမှာ သူမ၏ အားထုတ်မှုများမှတဆင့် အမှားများကို လျှော့ချကာ လုပ်ငန်းစုအတွက် တတ်နိုင်သမျှ စုဆောင်းပေးရန်ပင်။
သို့သော် ထိုကာကွယ်ရေးနည်းလမ်းမှာ အနည်းဆုံး ရွှေဒင်္ဂါးနှစ်သောင်းကုန်ကျပြီး ကုန်ကျစရိတ်ကို အတော်လေး တိုးလာစေလိမ့်မည်။
အနည်းငယ်စဉ်းစားပြီးနောက် အီဗီတာမှာ လတ်တလောတွင် ပိုကောင်းသည့် နည်းလမ်းမရှိဟု သေချာသွား၏။ သူမမှာ တီဘ်ဘာကို မှော်သလင်းကျောက်အားလုံးစုဆောင်းကာ လေ့လာရန် ယူလာဖို့ ပြင်ခိုင်းလိုက်နိုင်ရုံသာ။
ထိုအချိန်တွင် မန်နေဂျာဒူဆာတို့က မိုင်းတွင်းစစ်ဆေးပြီးပြီဖြစ်၏။ ၎င်းတို့အဖွဲ့မှာ တောင်အောက်တင်းလျက် အဘိုးကြီး အော်ဒရင်နှင့် အတူ ပရာနာရွာသို့ ပြန်လာကြသည်။
အီဗီတာက အဘိုးကြီး အော်ဒရင်၏ဖိတ်ကြားချက်ကို ငြင်းပယ်လိုက်သော်လည်း သူမ,မထွက်သွားခင်တွင် အဘိုးကြီး အော်ဒရင်က အီဗီတာအား သူ့သားအကြောင်းကို မနေနိုင်ဘဲ မေးလိုက်ပြန်သည်။
"မစ္စတာ အော်ဒရင်, ကျွန်မ မတိုင်ခင်က ပြောသလိုပဲ ကျွန်မတို့လုပ်ငန်းစုက အနာဂတ်လုပ်သားတွေအတွက် အရည်အချင်းစစ်ဆေးမှုကို လုပ်မှာပါ။ ဒါကြောင့် ဥက္ကဌရဲ့ ဆန္ဒတွေအရ ဒီစစ်ဆေးမှုတွေကို မှော်စက်ပစ္စည်းနဲ့သက်ဆိုင်တဲ့ လုပ်ငန်းစုတွေအားလုံးအတွက် လူထုကိုလည်းချပြမှာပါ။ ဒါကြောင့် ရှင့်ရဲ့သားအနေနဲ့ လူထုကို ချပြမယ့် စစ်ဆေးပွဲတွေမတိုင်ခင်အထိစောင့်ပါလို့ အကြံပေးချင်တယ်။ သူသာ စီနီယာလက်မှတ်ရနိုင်ရင် Frestech ကုန်သည်ကြီးများအသင်း ဒါမှမဟုတ် ဘယ်မှော်စက်ပစ္စည်းလုပ်ငန်းစုကိုမဆိုသွားနိုင်တော့ အလုပ်ရှာဖို့လည်း လွယ်သွားတာပေါ့။" အီဗီတာက ရိုးသားစွာ ဆိုသည်။
အဘိုးအို အော်ဒရင်လည်း စဉ်းစားပြီးမှ ခေါင်းငြိမ့်ကာ၊ "ကောင်းပြီ၊ အဲဒီ့ကလေးကို သွားဖို့ပြောလိုက်မယ်။ သူ့ရဲ့ကျွမ်းကျင်မှုအဆင့်ကို မြှင့်ခိုင်းလိုက်မယ်ဆိုရင် ဒီနည်းနဲ့ စီနီယာအဆင့်ကို တိုက်ရိုက်ရောက်နိုင်မှာပဲ။"
အီဗီတာက ခပ်ဖျော့ဖျော့ပြုံးလျက် အဘိုးကြီး အော်ဒရင်ကိုအားလုံးနှင့်အတူ နှုတ်ဆက်လိုက်တော့သည်။
မာကာဒိုအငှားယာဉ်ကုန်သည်ကြီးများအသင်းထံမှ မန်နေဂျာဒူဆာ ငှားရမ်းခဲ့သည့် မှော်ကားနှင့်အတူ ကီလိုမီတာသုံးဆယ်သာဝေးသည့် မိုးကျတောင်ကြားကို ရောက်ရန် တစ်နာရီသာကြာလိုက်သည်။
၎င်းတို့အဖွဲ့ စီအီးအို ခမ်နက်ဒ်ထံ မှော်သလင်းကျောက်တွင်း၏အခြေအနေအကြောင်း တင်ပြပြီးနောက်တွင် မွန်းလွဲကျော်သွားပြီဖြစ်သည်။
ခမ်နက်ဒ်က အားလုံးကို Frestech ကုန်သည်ကြီးများအသင်းကိုယ်စား နေ့လည်စာစားရန်ဖိတ်လိုက်သော်လည်း အီဗီတာက ထိုဖိတ်ကြားမှုကို ငြင်းလေသည်။
သူမက တီဘ်ဘာကို မှော်သလင်းကျောက်တွင်းမှ မိုးကျတောင်ကြားရှိ မှော်သုတေသနဌာနထံပြန်ခေါ်လာပြီးနောက် အီဗီတာက ၎င်းတို့ကို သုတေသနလုပ်တော့သည်။
အီဗီတာ၏ အာရုံစိုက်ထားဟန်ကိုမြင်သော် တီဘ်ဘာက ချီးမွမ်းနေဟန်ကို ဖုံးမထားနိုင်တော့ချေ။
သူက အီဗီတာ သုတေသနအပေါ်၌ အာရုံစိုက်နေခြင်းကို ကြည့်ရသည်အား သဘောအကျဆုံးပင်။
သူဟာ အမြဲ အီဗီတာက ထိုသို့ လှပနေသည်ဟု ခံစားရကာ သူ၏ နှလုံးသားကလည်း ၎င်းကိုမြင်တိုင်း လှုပ်ရှားနေသည်။
သို့သော် အီဗီတာ၏မျက်နှာလေးအပေါ် သူ၏ ခံစားချက်ကို စဉ်းစားနေချိန်တွင် သူမက ဥက္ကဌအကြောင်းပြောလာရာ တီဘ်ဘာ၏ နှလုံးသားက နာကျင်မှုများသာ ပြည့်သွားရသည်။
တီဘ်ဘာမှာ ဥက္ကဌနှင့်မယှဉ်နိုင်ဘဲ အီဗီတာ ဥက္ကဌကို မေတ္တာရှိနေခြင်းက ပုံမှန်ဟု ဝန်ခံခဲ့ပြီးပါသော်လည်း... ဥက္ကဌက မြင်ဖူးသမျှထဲ အလှဆုံးဖြစ်သည့် သခင်မလေးစတေးလ်နှင့် လက်ထပ်ထားပြီး အင်မတန်လည်း ရင်းနှီးလှသည်ဖြစ်ရာ အီဗီတာအတွက်လည်း အခွင့်အရေးလုံးဝမရှိပါချေ။
သို့သော် အီဗီတာမှာတော့ ထိုသို့ လက်လျှော့ရန် ဆန္ဒမရှိသေးသည်လား?
တကယ်တမ်းတွင် ထိုမျှ သိမ်မွေ့ဟန်ပေါ်သော် မိန်းကလေးအီဗီတာထံ၌ အတော်ခိုင်မာသည့် ခံစားချက်များရှိသည်ကို တီဘ်ဘာသိလေသည်။
သူမယုံကြည်ထားသော အရာကို မည်သူကမှ မပြောင်းလဲနိုင်ချေ။
ထို...တီဘ်ဘာကသာ ကြိုးစားချင်နေဆဲပင်။
"ခေါင်းဆောင်..." တီဘ်ဘာက လေ့လာခြင်း၌ အာရုံစိုက်နေ၍ လှပသောအီဗီတာ၏အသွင်အပြင်ကိုကြည့်ကာ သူမက တောက်ပနေပုံပေါ်သဖြင့် နောက်ဆုံး၌ စကားစရန် မိမိကိုယ်ကိုအားပေးလိုက်သည်။
"အမ်?" အီဗီတာက လှည့်လာကာ၊ "ဘာဖြစ်လို့လဲ?"
"ဥက္ကဌအတွက်၊ မင်းက..."
"ဘန်း"
တီဘ်ဘာ စပြောလိုက်ချိန်၌ ဓာတ်ခွဲခန်းတံခါးက ရုတ်တရတ် တွန်းဖွင့်ခံလိုက်ရကာ သူ့စကားစလည်းပြတ်သွား၏။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၉၂။ ဗဟိုမိသားစုအဝေးထိန်းစနစ်
"ဟေး၊ အီဗီတာ, မင်း တောင်ကနေပြန်လာပြီပေါ့?" အာကာလီက စိတ်လှုပ်ရှားဟန်ဖြင့် ရောက်လာပြီး နံဘေးရှိ တီဘ်ဘာကို မျက်နှာလုပ်လိုက်သည်၊ "ဘာလဲ? တီဘ်ဘာ, အီဗီတာက မင်းကို သူမနဲ့အတူ စမ်းသပ်မှုလုပ်ဖို့ ဖမ်းလာတာလား? ဒါက အရမ်းမများဘူးလား၊ သူမက နေ့လည်စာအချိန်တောင် မင်းကို အလုပ်လုပ်ခိုင်းနေတယ်။ ငါမင်းကို ငါ့အဖွဲ့ထဲလာဖို့ပြောထားတာ၊ အခုနောင်တရနေပြီမဟုတ်လား?"
တီဘ်ဘာက ခါးသက်စွာရယ်သည်။ သူဟာ အီဗီတာအား ဝန်ခံရန် သတ္တိမွေးလိုက်ပါသော်လည်း အာကာလီက ဖျက်ဆီးလိုက်၏။
သူသာ ယခု အီဗီတာကို တစ်ခုခုပြောလိုက်လျှင် ထိုသတ္တိထပ်ရရန် ခက်ခဲသွားမည်ဖြစ်သည်။
"ကျွန်တော် နောင်တမရပါဘူး၊ ကျွန်တော် သဘောကျတာက ခေါင်းဆောင်...ရဲ့ မှော်သလင်းကျောက်သန့်စင်ခြင်းခေါင်းစဉ်ပဲ။ ဒါက မှော်ပဲ့တင်ထပ်ခြင်းနည်းပညာနဲ့ယှဉ်ရင် ပိုစိတ်ကျေနပ်စရာကောင်းတယ်။" တီဘ်ဘာက ၎င်းကိုကြိုးစားကာ ဖုံးကွယ်လိုက်သည်။
"မင်းက ငါလေ့လာနေတဲ့ မှော်ပဲ့တင်ထပ်ခြင်းနည်းပညာမှာ အနာဂတ်မရှိဘူးလို့ ပြောရဲတာလား?" အာကာလီက ရုတ်တရတ် သူမအသံကိုမြှင့်ကာ၊ "ပြောပြမယ်၊ ဥက္ကဌကိုယ်တိုင် ငါ့ကိုပြောထားတာ အဲဒီ့မှာ အလားအလာရှိတယ်! မင်းက အထင်သေးဝံ့တယ်လား?"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော်က ဒီလိုပြောတာမဟုတ်ဘူးလေ။ ခေါင်းဆောင်ရဲ့ခေါင်းစဉ်ကိုပိုကြိုက်ရုံပါ။" တီဘ်ဘာက အလျင်အမြန်လက်ယမ်းလိုက်သည်။
"ဟမ့်၊ မင်းက ဒီခေါင်းစဉ်ကိုသဘောကျတာလား ဒါမှမဟုတ် အီဗီတာကိုလား?" အာကာလီက ရုတ်တရတ် တီဘ်ဘာကိုကြည့်ကာပြော၏။
တီဘ်ဘာ၏မျက်နှာက နီရဲသွားပြီ ငြင်းခုံမည့်ဆဲဆဲ၌ အီဗီတာက သူ့ကိုတားရန် လက်တစ်ဖက်မြှောက်လိုက်သည်။
"ဟုတ်ပြီ၊ ဒီကိစ္စကို အာကာလီနဲ့အတူ ငြင်းခုံဖို့က အသုံးမဝင်ဘူး။" အီဗီတာက ပြုံးလိုက်၏။ သူမဟာ ပြတင်းအပြင်ကိုကြည့်ကာ တီဘ်ဘာကိုပြောလိုက်သည်၊ "အာကာလီပြောတာမှန်တယ်၊ အခုက နေ့လည်စာအချိန်ပဲ၊ မင်းကို ဒီမှာ အလုပ်လုပ်ဖို့ ခေါ်မထားတော့ဘူး။ နေ့လည်စာ သွားစားတော့။"
"ဒါပေမယ့်၊ ဒါတွေက..." တီဘ်ဘာက စားပွဲရှိ မှော်သလင်းကျောက်ပုံကြီးကို ညွှန်ပြလိုက်၏။
"ဒါတွေကို မင်းကူဖို့ မလိုပါဘူး။"
အီဗီတာ၏ သေချာနေသည့်အသံကိုကြားသော် တီဘ်ဘာက စိတ်ပျက်ကာ ဓာတ်ခွဲခန်းမှ ထွက်သွားတော့သည်။
တီဘ်ဘာက ဓာတ်ခွဲခန်းတံခါးနှင့် နီးသွားသည်ကိုမြင်သော် အာကာလီက မျက်လုံးများမှေးစင်းလျက် အီဗီတာကို မေးလိုက်သည်၊ "နင်သူ့ကိုဘယ်လိုထင်လဲ?"
"မဆိုးပါဘူး၊ သူက မှော်အစီအရင်နဲ့ပတ်သက်ပြီး အတော်လေးအရည်အချင်းရှိပြီးတော့ စိတ်ကလည်း ပြတ်သားတယ်၊ ဒါကြောင့် သုတေသနအတွက် အတော်လေးသင့်လျော်တယ်။" အီဗီတာက ပြောလေသည်။
"ငါဒါကိုပြောနေတာမဟုတ်မှန်း နင်သိပါတယ်။" အာကာလီက မျက်လုံးများလှိမ့်လျက် အီဗီတာနံဘေးသို့သွားကာ သူမလက်ကိုဆွဲလိုက်၏။ ထို့နောက် သူမ၏ ပါးဖောင်းဖောင်းလေးများကို တို့ထိကာ ပြုံးလျက် ပြောလိုက်သည်၊ "သူ့ကိုဘယ်လိုထင်လဲ? သဘောကျလား? ဒီတလော နင်အမြဲ သူနဲ့အတူ စမ်းသပ်မှုတွေလုပ်နေတာ တွေ့လို့ပါ။"
"အဓိပ္ပာယ်မရှိတာ။" အီဗီတာ၏မျက်နှာက အတန်ငယ်နီရဲသွားပြီး အာကာလီကို ငေါက်လိုက်သည်၊ "ငါက သူ့ကို လက်ထောက်တစ်ယောက်လိုဆက်ဆံနေရုံပဲ၊ ဘာအကြံရှိမှာလဲ။"
"နင့်ရဲ့ လက်ထောက်တွေနဲ့ နီးကပ်လာဖို့က လွယ်ပါတယ်။"အာကာလီလည်း ရယ်ရင်းပြောလိုက်သည်၊ "နင်တို့နှစ်ယောက်လုံးငယ်သေးတယ်လေ၊ တစ်ခုခုအခြေနေတိုးလာဖို့က ပုံမှန်ပါပဲ၊ ဘာတွေရှက်နေစရာလိုလို့လဲ? ပြီးတော့လည်း တီဘ်ဘာက ကြည့်ရမဆိုးပါဘူး။"
"ဒီလိုမဟုတ်ဘူးလို့ ပြောနေတယ်လေ။" အီဗီတာက ညစ်ညူးစွာဖြင့် အာကာလီကို တွန်းဖယ်ကာ အလေးအနက်ဆိုလေသည်၊ "ငါသတိပေးနေတာ၊ ပေါက်ကရတွေမပြောနဲ့။ ဒါက ငါနဲ့ ငါ့လက်ထောက်ရဲ့ဆက်ဆံရေးကို ထိခိုက်လာရင် နင့်ကိုခွင့်လွှတ်မှာမဟုတ်ဘူး။"
အာကာလီက လျှာတစ်လစ်ထုတ်လျက် ကြောက်ရွံ့ဟန်တောင်လိုက်သော်လည်း အပြုံးဖြင့် ပြောလေသည်၊ "အဓိက,က သူနင့်ကို အသေအချာကြီး သဘောကျနေတာလေ၊ နင်မမြင်ဘူးလို့တော့ ငါ့ကိုမပြောနဲ့။"
အီဗီတာက မှင်သေနေကာ၊ "သူက ငါ့ကိုသဘောကျတယ်? နောက်နေတာလား?"
အာကာလီလည်း အီဗီတာကို တအံ့တဩကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူမနဖူးသူမပြန်ရိုက်ကာ နာကျင်နေဟန်ဖြင့်ပြော၏၊ "နင်က ငါတို့အားလုံးထဲမှာ ဉာဏ်အကောင်းဆုံးဖြစ်ပြီး အတွေးအနက်ဆုံးလူလို့ ငါထင်ခဲ့ပေမယ့် အခုတော့ ကြည့်ရတာ နင်လည်း ဥက္ကဌလို ထုံနေတာပဲ! အသေအချာစဉ်းစားကြည့်လေ၊ တီဘ်ဘာက နင့်ကို ပုံမှန်ဆက်ဆံနေတာ ဘယ်လိုဖြစ်နိုင်မှာလဲ? သူသာ သဘောမကျရင် ငါ့မျက်လုံးတွေကန်းနေတာပဲဖြစ်ရမယ်!"
အီဗီတာက မျက်မှောင်ကုပ်ကာ အာကာလီပြောသည်ကို ဂရုတစိုက်စဉ်းစားလိုက်သည်။ သူမအနေနှင့် တီဘ်ဘာနှင့် အတူရှိခဲ့သည့် တုံ့ပြန်ချက်များကို သတ်ရလိုက်ပြီးမှ အာကာလီပြောသည်က မှန်နိုင်သည်ကို တွေ့ရှိသွားတော့သည်။
"ဒါ...မကောင်းဘူး။" အီဗီတာက နေရခက်ဟန်ပေါ်နေကာ၊ "ငါသူ့ကိုဒီလိုမခံစားရတော့ ရှေ့လျှောက်အလုပ်အတူလုပ်ရင် ပိုပြီး အနေရခက်တော့မယ်။"
"ဒါက ဘာအနေရခက်စရာရှိလို့လဲ? နင်သာသူ့ကိုတကယ်သဘောမကျရင် ရှင်းပြဖို့ အခွင့်ရေးရှာလိုက်လေ။ သူ့ကိုသဘောကျဖို့ ဘယ်သူကမှ တွန်းအားပေးမနေပါဘူး။" အာကာလီက ဂရုမစိုက်သည့်လေသံဖြင့်ဆိုလေသည်၊ "ကြည့်ဦး၊ ငါက ဥက္ကဌကိုသဘောကျတယ်၊ ဒါပေမယ့် ဥက္ကဌက ငါ့ကို သဘောမကျဘူးလေ။ အားလုံးဒါကိုသိကြတာပဲ၊ ဒါပေမယ့် ဒါက ပုံမှန်ဆိုတော့ ငါတို့အကြားမှာ ဘာနေရခက်စရာမှ မရှိဘူးလေ။"
အီဗီတာက အာကာလီကို အံ့အားသင့်စွာကြည့်လိုက်သည်၊ "နင်အခု ဒါကို ပွင့်ပွင့်လင်းလင်းကြီးဝန်ခံနေတာလား? ဘာလို့ နင်က ဥက္ကဌရှုကို သဘောမကျတော့တာကြောင့် အရမ်းတည်ငြိမ်သလို ဟန်ဆောင်နေတာမဟုတ်ဘူးလို့ ခံစားနေရတာလဲ?"
"ဟမ့်၊ ငါဒါကို စဉ်းစားပြီးပြီ။ သဘောကျတာက သဘောကျတာပဲ၊ သဘောမကျတာက သဘောမကျတာပဲ။ ငါ ဥက္ကဌရှုကို သဘောကျတာက ငါ့ကိစ္စဖြစ်ပြီး သူငါ့ကို သဘောကျလား မကျလားအပေါ် ဘာမှမထိခိုက်သွားဘူးလေ။" အာကာလီက အီဗီတာကို လေးလေးနက်နက်ကြည့်ကာ၊ "ဘာပဲဖြစ်ဖြစ်၊ ငါက လူတစ်ယောက်ကို ရှင်းရှင်းလင်းလင်းသဘောကျနေတဲ့လူလိုတော့မဟုတ်ပေမယ့် ဝန်ခံဖို့ ဆန္ဒမရှိရင် အထဲမှာပိတ်လှောင်နေမယ်။"
အီဗီတာ၏ အမူအရာက တောင့်တင်းသွား၏။ အနည်းငယ်စဉ်းစားပြီးနောက် သူမက ခေါင်းကို ခပ်ဖြည်းဖြည်းခါလျက်၊ "ဒီအကြောင်းမပြောတော့ဘူး။ နင် ဒီကို လာတာ ဒီကိစ္စမျိုးပြောဖို့တော့ မဟုတ်ဘူးမလား? တစ်ခုခုလိုလို့လား?"
အာကာလီက အီဗီတာကို အတန်ကြာကြည့်ပြီး သက်ပြင်းချလိုက်သော်လည်း ထိုခေါင်းစဉ်ကို ဆက်မပြောတော့ချေ။ သူမက လေးနက်ဟန်ဖြင့် ဆိုလာ၏၊ "တစ်ခုရှိနေတယ်။ အီဗီတာ, နင် မှော်သလင်းကျောက်စံပြုခြင်းမှာ ဘယ်လောက် တိုးတက်ခဲ့ပြီလဲ?"
"ပြောဖို့တော့ခက်တယ်၊ ဘယ်လိုပုံစံမျိုးကို ပြောတာလဲ?"
"ငါတို့ အဖွဲ့က ပဲ့တင်ထပ်ခြင်းနည်းပညာလေ့လာမှုကို လေးလေးနက်နက်လုပ်ပြီး ဗဟိုမိသားစုအဝေးထိန်းစနစ်ကို တည်ဆောက်ဖို့ စီစဉ်နေတာ နင်သိတယ်မဟုတ်လား?" အာကာလီက မေး၏။
အီဗီတာက ၎င်းကို တွေးတောက သတိရသွားသည်။
"ဒါက အရင်တစ်ခေါက်က ပြောခဲ့တဲ့ နင့်မိသားစုရဲ့အိမ်သုံးမှော်စက်ပစ္စည်းတွေကို ကိုယ်တိုင် ခလုပ်နှိပ်ဖို့မလိုဘဲ အဝေးကနေ ထိန်းချုပ်ဖို့ သုံးရမယ့်ဟာလား?'
"ဟုတ်တယ်၊ အဲဒါပဲ။" အာကာလီက ခေါင်းငြိမ့်သည်၊ "အခု ငါတို့မှာ ဒါနဲ့ပတ်သက်လို့ အောင်မြင်မှုနည်းနည်းရှိလာပြီ။ မတူညီတဲ့မှော်စက်တွေရဲ့ မှော်အစီအရင်တွေကို ပဲ့တင်ထပ်ဖို့ တိကျတဲ့ မှော်အစီအရင်ကို သုံးလို့ရနိုင်ပြီး အဝေးကနေလည်း ထိန်းချုပ်လို့ရတယ်။ ဒါပေမယ့် အရမ်းအရေးကြီးတဲ့ပြဿနာ တစ်ခုရှိသေးတယ်..."
"တူညီတဲ့မှော်ကြိမ်နှုန်း မရှိတာကြောင့် မဟုတ်လား?" အီဗီတာက ရုတ်တရတ်မေးသည်။
အာကာလီလည်း ရယ်လျက် အီဗီတာ၏ မျက်နှာလေးကို ညှစ်လိုက်သည်။
"ငါတို့ရဲ့ အီဗီတာက အတော်ဆုံးပဲ။ ဟုတ်တယ်၊ အဲဒါက ပြဿနာပဲ။ အိမ်သုံးမှော်စက်ပစ္စည်းအားလုံးကို တူညီတဲ့ အဝေးထိန်းစနစ်ရဲ့ ထိန်းချုပ်မှုအောက်ကလာခိုင်းဖို့ အဲဒီမှော်စက်တွေထဲက မှော်အစီအရင်တွေရဲ့ မှော်ကြိမ်နှုန်းတွေ တူညီဖို့လိုတယ်။ ဒါပေမယ့် မတူညီတဲ့ မှော်အစီအရင်တွေမှာ မတူညီတဲ့ အစိတ်အပိုင်းတွေရှိပြီး မှော်အစီအရင်တွေမှာ တူညီတဲ့မှော်ကြိမ်နှုန်းတွေရရှိဖို့ အဆင့်မြှင့်လို့ရပေမယ့် သုံးထားတဲ့ မှော်သလင်းကျောက်တွေက ဒါကို မလွှမ်းမိုးလောက်ဘူးဆိုတာတော့ မသေချာဘူး။ ဒါကြောင့် အီဗီတာ, နင့်ရဲ့ မှော်သလင်းကျောက်တွေကို စံပြုပြီးပြီလား?"
"မပြီးသေးဘူး၊ ဒါပေမယ့် ပြီးခါနီးပါပြီ။" အီဗီတာက အပြုံးဖြင့် ပြောသည်၊ "မေ့သွားတာလား? ခမ်နက်ဒ်က အရင်ရက်ကပဲ သတင်းစာရှင်းလင်းပွဲလုပ်တော့ မှော်စက်အားလုံးကို စံပြုသင့်တယ်လို့ အဆိုပြုခဲ့တယ်လေ၊ မှော်စက်ပစ္စည်းတွေက လာနိုင်တဲ့ ဘယ်ပြဿနာကိုမဆို ရှောင်လွှဲတာက စံချိန်ကို မမှီဘူး။"
"အိုး? သူအဲဒီ့အားလုံးကိုပြောခဲ့တာလား? ငါက ရှုပ်ထွေးတဲ့ကိစ္စတွေကို နားထောင်တဲ့လူမဟုတ်မှန်းနင်သိပါတယ်၊ ဒါကြောင့် ငါ အာရုံမစိုက်မိဘူး။" အာကာလီက အနည်းငယ်စဉ်းစားပြီးမှ စိတ်လှုပ်ရှားစွာပြောလိုက်သည်၊ "ဒါဆို ဒီစီမံကိန်းက အောင်မြင်ခါနီးပြီလို့ ဆိုလိုတာပေါ့? ကောင်းတယ်! ငါ အဲ့အရာတွေကို ပိုလေ့လာလေလေ အရင်က ဥက္ကဌပြောခဲ့တာတွေ မှန်တယ်လို့ ခံစားမိလေလေပဲ။ ကိစ္စတွေပိုတိကျလေလေ သူတို့လည်း စံချိန်တစ်ခု ဒါမှမဟုတ် ပစ္စည်းတွေကို ရှုပ်ထွေးစေဖို့ လိုလေပဲ။"
"ဥက္ကဌက အနာဂတ်ကို မြင်ရတယ်၊ သူ့စကားတွေက မှားမှာမဟုတ်ဘူး။" အီဗီတာက နူးညံ့စွာ ပြောသည်။
"နင်တကယ်ပဲ ကြိုက်တာ ဥက..." အီဗီတာ၏ မျက်လုံးများကျဉ်းမြောင်းသွားသည်ကိုမြင်သော် အာကာလီမှာ စကားလုံးများကို ပြန်မျိုချလိုက်ရ၏၊ "အာ... မှော်သလင်းကျောက်တွေကိုမကြာခင် စံပြုတော့မှာဆိုတော့ ငါတို့ရဲ့အဝေးထိန်းစနစ်မှာ ပြဿနာမရှိလောက်တော့ဘူး။ စဉ်းစားကြည့် အီဗီတာ, နင်အနာဂတ်မှာ အိမ်မှာထိုင်နေရင် ရီမုတ်လေးကိုင်ပြီး ခလုတ်နှိပ်လိုက်တာနဲ့ နင်နဲ့ဝေးနေတဲ့ မှော်စက်တစ်ခုကို အလိုအလျောက်ဖွင့်နိုင်ပြီ။ ဒါက အံ့ဩစရာလို့မထင်ဘူးလား?"
အီဗီတာက မျက်လုံးများကိုလှိမ့်လျက်၊ "ငါ့ကိုဘာအတွက် ဒါတွေပြောနေတာလဲ? ဒါတွေကို နားမလည်တဲ့လူတွေကို သွားပြောသင့်တာ။"
"ကြော်ငြာတွေက အရောင်းဌာနအတွက်ပဲလေ၊ ငါဂရုမစိုက်ပါဘူး။" အာကာလီက အတွေးတစ်ခုပေါ်လာကာ ခေါင်းစဉ်ကို ပြောင်းလိုက်၏၊ "ဟုတ်သား၊ အီဗီတာ, စတေးလ်က ဒီလောက်အကြာကြီး ကိုယ်ဝန်လွယ်ထားရတော့ ငါတို့ သူမကို တစ်ခါပဲသွားတွေ့ရသေးတယ်။ ငါတို့သူမကိုသွားတွေ့ဖို့ အချိန်တချို့ရှာသင့်တယ်မထင်ဘူးလား? ကလဲယာနဲ့ တခြားလူတွေကိုလည်း သူတို့မှာ အချိန်ရှိရင် ခေါ်လို့ရတယ်။"
အီဗီတာက ခေါင်းအသာငြိမ့်ကာ၊ "ငါတို့သူမကို ထပ်သွားတွေ့သင့်တယ်။ ဒီတလော စမ်းသပ်မှုတွေနဲ့ပဲ အလုပ်ရှုပ်နေတော့ အတန်းဖော်တွေလည်း မဆုံရတာ အတော်ကြာပြီ။ ငါတို့ရဲ့သုတေသနအပြီးထိစောင့်ပြီး ကိုယ့်ဘာသာ အားလပ်ရက်ပေးကြရင်ရော။"
"အကြံကောင်းပဲ! ငါ ကလဲယာနဲ့ တခြားလူတွေကို သွားပြောလိုက်မယ်!" အာကာလီက အီဗီတာကို လက်မထောင်ပြကာ တံခါးအပြင်ကို ပြေးထွက်သွား၏။
လမ်းတစ်ဝက်တွင် သူမက ရုတ်တရတ်ရပ်တန့်ကာအီဗီတာဆီ ပြန်လာလိုက်သည်။ တုံ့ဆိုင်းနေပြီးနောက် မေးလာ၏၊ "ဒါပေမယ့် အီဗီတာ, နင် သွားပြီး စတေးလ်ရဲ့ ဥက္ကဌနဲ့ရတဲ့ ကိုယ်ဝန်ကို ကြည့်ရင် နင်...ခ်...အဲ့အရာကို မခံစားရလောက်ဘူးလား?"
အီဗီတာက နူးညံ့စွာရယ်ကာ၊ "နင့်လို ဥက္ကဌကို ရှင်းရှင်းလင်းလင်းသဘောကျတဲ့လူတောင် စိတ်မရှိတာ၊ ငါက ဘယ်လိုလုပ်စိတ်ရှိမှာလဲ?"
အာကာလီက မျက်လုံးများလှိမ့်လျက် လှည့်ထွက်သွားသည်။
အာကာလီပြေးထွက်သွားသည်ကို ကြည့်ရင်း အီဗီတာလည်း သက်ပြင်းချလိုက်သည်။ သူမက စိတ်ထဲရှိ ရှုပ်ထွေးသောအတွေးများကို ခေါင်းခါကာ ရှင်းလင်းလိုက်ပြီး စားပွဲဆီပြန်သွားကာ သုတေသနကို ဆက်လုပ်လိုက်၏။
သို့သော် စတင်ရန် ပြင်လိုက်ချိန်တွင် တံခါးခေါက်သံထပ်ကြားလိုက်ရ၏။
အီဗီတာလည်း မျက်မှောင်ကုပ်လျက် ယနေ့တော့ စမ်းသပ်မှုများမလုပ်နိုင်လောက်တော့ဟု တွေးမိသွားသည်။
တံခါးကိုကြည့်လိုက်သော် ထရီဇာ၏ အဆုံးမရှိကြောက်ရွံ့နေသော သွင်ပြင်လေးက တံခါးအပြင်၌ ရပ်နေသည်ကို တွေ့လိုက်ရတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၉၃။ ရှုယီအား ဂရုစိုက်သော မိန်းကလေးများ
"တစ်ခုခုလိုလို့လား?" အီဗီတာက သူမကိုဦးစွာကြိုဆိုလိုက်သည်။
ထရီဇာ မှော်သုတေသနဌာန၌ အလုပ်လုပ်လာသည်မှာ သုံးလနီးနီးရှိခဲ့ပြီဖြစ်၏။ ထိုသုံးလအတွင်း သူမ၏ ချစ်စဖွယ်ကောင်းကာ အားနည်းသည့်သွင်ပြင်က လူများအား သူမကို ကာကွယ်စေလိုအောင် ပြုလုပ်နေပြီး သူမ၏ယဉ်ကျေးကာ ပညာရှိဟန်အကျင့်စရိုက်ကိုပါ ထည့်ပေါင်းလိုက်သော် မှော်သုတေသနဌာနရှိလူတိုင်းက သူမကို ကြိုဆိုကြသည်။
အမျိုးသားသုတေသီများအားလုံး သူမကိုသဘောကျရုံမက အမျိုးသမီးသုတေသီများသည်ပင် သူမအား ညီမငယ်လေးတစ်ဦးလို ဆက်ဆံကြသည်။
အီဗီတာလည်း ချွင်းချက်မဟုတ်သော်ငြား ထရီဇာ၏သွင်ပြင်နှင့် အကျင့်စရိုက်နှင့်ယှဉ်လျှင် မှော်သုတေသနရှိ သူမ၏အရည်အချင်းကို ပိုကာ တန်ဖိုးထားသည်။
ထရီဇာက စတေးလ်နှင့် တခြားလူများထက်ငယ်ရွယ်ပါသော်လည်း သူမ၏ မှော်ပညာအဆင့်က အနည်းငယ်ဆိုးနေသော်ငြား မှော်သုတေသနတွင် အတော်အရည်အချင်းရှိသည်။ မှော်သုတေသနဌာနတွင်ရှိနေခဲ့သည်မှာ သုံးလမပြည့်သေးဘဲ စီမံကိန်းများစွာကို ကြီးကြီးမားမားထောက်ပံ့ကာ လူများကို သူမအားနှစ်သက်လာစေသည်။
မှော်သုတေသနဌာန၏ ခေါင်းဆောင်အနေနှင့် အီဗီတာမှာ သူမကို သဘာဝကျကျပင် သဘောကျပြီး ထိုသို့သောလက်အောက်ငယ်သားကို အရေးထားသည်။
ထရီဇာ အခန်းထဲဝင်လိုက်ပြီးနောက် သူမ၏ နေရခက်နေဟန်ကိုမြင်သော် အီဗီတာလည်း အပြုံးဖျော့ဖျော့ဖြင့် မေးလိုက်သည်, မင်းမှာ တစ်ခုခုပြောစရာရှိရင် ပြောသာပြောပါ၊ နေရခက်နေဖို့မလိုပါဘူး။"
"အိုး" ထရီဇာလည်း အီဗီတာကိုမော့ကြည့်လျက် နှုတ်ခမ်းဖွဖွကိုက်လိုက်သည်မှာ သူမ၏ စိတ်ကိုပြင်ဆင်နေဟန်ဖြစ်ပြီး ပြောလာ၏၊ "ခေါင်းဆောင်... ကျွန်မ... အချက်အလက်ခန်းထဲ တစ်ချက်လောက်သွားကြည့်လို့ရမလား?"
အီဗီတာက အံ့ဩသွားကာ၊ "အချက်အလက်ခန်း? မင်းက ဘာအတွက် အချက်အလက်ခန်းထဲ ဝင်ဖို့လိုတာလဲ?"
"ခေါင်းဆောင်၊ ကျွန်မ ဒီတလော မှော်မီးအိမ်အသစ်ကို သုတေသနလုပ်နေတော့ ရပ်ဖို့ ဖွင့်ဖို့ မှော်အထောက်အကူနည်းပညာကိုလိုနေတာ။ တခြားလူတွေပြောတာကို ကြားခဲ့တော့... အဲဒီ့နည်းပညာက ကျွန်မတို့လုပ်ငန်းစုမှာ ရှိပေမယ့် အချက်အလက်ခန်းထဲမှာ သော့ခတ်ထားတယ်တဲ့။ ဒါပေမယ့် လိုအပ်တဲ့အခါဆိုရင် ရှင့်ဆီက ခွင့်ပြုချက်လိုတယ်ဆိုလို့ လာမေးရတာပါ။"
"ဒါက..." အီဗီတာလည်း ခေါင်းငြိမ့်လိုက်သည်။ အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းခါလျက် ဆိုလေ၏၊ "ငါဒါကို ခွင့်မပြုပေးနိုင်မှာတော့ စိုးရိမ်မိတယ်။ ငါတို့မှော်သုတေသနဌာနရဲ့စည်းမျဉ်းတွေအရ အဆင့်သုံးနဲ့အထက် သုတေသီတွေပဲ အချက်အလက်ခန်းထဲဝင်လို့ရနိုင်ပြီး မင်းက ဂျူနီယာလေးပဲရှိသေးတော့လေ...."
စိတ်ပျက်သွားဟန်က ထရီဇာ၏မျက်နှာကို ဖြတ်ပြေးသွားသည်။ ထို့နောက် ခေါင်းကိုငုံ့လျက် သက်ပြင်းချကာ ပြော၏၊ "ကျွန်မထင်ထားတာက နောက်ဆုံးတော့ လုပ်ငန်းစုကို နည်းနည်းထောက်ပံ့နိုင်ပြီး ဥက္ကဌကို ပြန်ပေးလို့ရပြီလို့..."
၎င်းကိုကြားသော် အီဗီတာ၏ အမူအရာကပြောင်းသွားသည်။ အနည်းငယ်စဉ်းစားကြည့်ပြီး အပြုံးဖြင့် ပြောလိုက်၏၊ "လတ်တလောတော့ မင်း အချက်အလက်ခန်းထဲဝင်မရဘူးလို့ပြောတာပါ၊ ဒါပေမယ့် အချက်အလက်တွေကို မကြည့်နိုင်ဘူးလို့မပြောဘူးလေ။ မင်းအဲဒီ့နည်းပညာအတွက် အချက်အလက်တွေလိုအပ်ရင် မင်းရဲ့သုတေသနကို ကူညီဖို့ ငါသွားယူပေးလို့ရပါတယ်။ ဘယ်လိုလဲ? လိုသေးလား?"
ထရီဇာလည်း ရုတ်တရတ် ပျော်ရွှင်ဟန်ဖြင့် မော့ကြည့်ကာ မေးလေသည်၊ "တကယ်ကြီးလား?"
"တကယ်ပေါ့" အီဗီတာက အပြုံးဖျော့ဖျော့ဖြင့် ခေါင်းငြိမ့်လာသည်။
"ကောင်းလိုက်တာ!" ထရီဇာက ချက်ချင်းစိတ်လှုပ်ရှားလာကာ၊ "ကျွန်မမှာ အဲဒီ့နည်းပညာအပိုင်းရှိနေသရွေ့ မှော်မီးအိမ်အသစ်ကို ထုတ်လုပ်နိုင်တယ်။ ဒီမှော်မီးအိမ်က အတော်ရေပန်းစားမယ်လို့ကျွန်မထင်တယ်၊ ဒါကြောင့် ဥက္ကဌလည်း ဒါကိုကြားရင် သေချာပေါက် ဝမ်းသာမှာပဲ!"
ထရီဇာက ရှုယီကို ပြန်ပေးရန် ပျော်ရွှင်နေသည်ကိုမြင်သော် အီဗီတာလည်း မနေနိုင်ဘဲ ပြုံးလျက် စိတ်ထဲ၌ ခံစားသွားရ၏။
ဥက္ကဌ၊ အခု ရှင့်ကို မိန်းကလေးများစွာက ကြည့်နေကြပြီ။
ရှုယီသာ အီဗီတာ၏စိတ်ထဲက အတွေးများကိုသိပါလျှင် သေချာပေါက် မှားနေသည်ဟု ခံစားရမည်ပင်။
သူဟာဘယ်တုန်းကမှ မိန်းကလေးများ၏ အာရုံစိုက်မှုရရန် မကြိုးစားခဲ့ဘဲ တစ်ဘက်က ၎င်းတို့ကို ဂရုစိုက်စေခဲ့မိသည်။
ထိုအစား ပွဲတော်များ၌ သခင်မလေးများနှင့် မဒမ်များကြောင့် ထိတ်လန့်ပြီးကတည်းက ရှုယီမှာ ဒုက္ခများရှောင်ရှားရန် မိန်းကလေးများရှေ့၌ အရမ်းကိုသိုသိုသိပ်သိပ်နေခဲ့သည်။
သူ စတေးလ်နှင့် လက်ထပ်ပြီး ပို၍ပင် သိုသိုသိပ်သိပ်နေလာခဲ့၏။ မြို့တော်ရှိ ပွဲများတွင် ဝင်နွှဲခဲ့သည်မှာလည်း ကြာလှပြီပင်။ ညခင်း၌ အားလပ်နေပါလျှင် သူ၏ပထမဆုံးရွေးချယ်မှုက စတေးလ်နှင့် နီးကပ်နေရန်ဖြစ်၏။
သို့သော် ဤလောကရှိ ကိစ္စများမှာ သူ၏ဆန္ဒနှင့် ဆုံးဖြတ်၍မရပေ။ သူက ပြဿနာများရှောင်ရှားရန် မိန်းကလေးများထံမှ ပုန်းကွယ်လိုပါသော်လည်း ထိုပြဿနာများက သူ့ဆီကို လမ်းရှာကာ ရောက်လာတတ်သည်။
ထိုပြဿနာများအနက် ရှုယီသတိပြုမိသည့် အကြီးဆုံးတစ်ခုမှာ ဆိုဖီယာပင်။
"ဟေး၊ ဥက္ကဌရှု၊ ကျွန်မ ဒီကိုကစားဖို့ထပ်ရောက်လာတာ၊ ဘယ်လိုလဲ? ကျွန်မကို ကြိုဆိုရဲ့လား?"
ဆိုဖီယာ၏ အပြုံးနှင့် ဖုံးကွယ်မထားသည့် ဆိုးသွမ်းကာ ဝံ့ကြွားနေဟန်ကိုမြင်သော် ရှုယီမှာ ခါးသီးစွာပြုံးလိုက်သည်။ ထို့နောက် နွေးထွေးစွာပြုံးလျက် ခေါင်းငြိမ့်ကာ ဆိုလေ၏၊ "ဒါပေါ့၊ ကျုပ်က ဘယ်လိုများ မကြိုဆိုဘဲ ရှိရမလဲ?"
"အန်း၊ ဒါဆိုကောင်းတယ်" ဆိုဖီယာမှာ ကျေနပ်စွာခေါင်းငြိမ့်ကာ၊ "ရှင်ကျွန်မကို ကြိုဆိုမှတော့၊ ဒီတစ်ခေါက် ဒီမှာ ပိုကစားရမှာပေါ့။ ကျွန်မစိတ်တိုင်းကျရင်၊ အနာဂတ်မှာ ဒီမှာ နေလိုက်မယ်!"
"အာ? ဒီမှာနေမယ်?" ရှုယီက မှင်သေသွားသည်၊ "ဘာလို့ဒီမှာနေမှာလဲ? ဘာအတွက်လဲ?"
"အလုပ်တချို့ရှာမလို့လေ၊ ဘာဖြစ်လို့လဲ?" ဆိုဖီယာက ရှုယီကိုကြည့်ကာ နှာခေါင်းရှုံ့လေ၏၊ "ရှင်ကျွန်မကို ညာနေတယ်လို့ ကျွန်မပြောနိုင်တယ်။ ရှင်ကျွန်မကို လုံးဝမကြိုဆိုတော့ ဒီမှာမနေစေချင်တာ မဟုတ်လား?"
ဆိုဖီယာက နှုတ်ခမ်းလေးများစူထားသည်ကိုမြင်သော် ရှုယီမှာ ခေါင်းကိုက်သွားရသည်။ ထို့နောက် အလျင်အမြန်လက်ယမ်းပြကာ ပြုံးလိုက်၏၊ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ဘူးလေ။ ကျုပ်က နည်းနည်း...အံ့ဩသွားရုံပါ။ ဘာလို့ ဒီမှာ အလုပ်အတွက်နေချင်တာလဲလို့ပေါ့? ခင်ဗျားအလုပ်လုပ်ချင်ရင် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းဆီမှာ အလုပ်တချို့ရှာလို့ရတယ်။"
"ဟမ့်၊ ကျွန်မငယ်ငယ်ကတည်းက ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းမှာနေလာခဲ့တာ၊ ဘာပျော်စရာရှိလို့လဲ။ ပြီးတော့လည်း ကျွန်မက မှော်ပညာရှင်လေ၊ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက တစ်ယောက်ကိုမှ မလိုဘူး။ ရှင်က ကျွန်မကို လုပ်ငန်းစုတစ်ခုရဲ့ အစောင့်များဖြစ်စေချင်နေတာလား?"
"ဒါက... မင်းလိုမိန်းကလေးတစ်ယောက်က အစောင့်ဖြစ်ဖို့ မသင့်တော်ပါဘူး... ဒါပေမယ့် ဆိုဖီယာ, ခင်ဗျားအလုပ်လုပ်ဖို့အတွက်နဲ့ ဘန်တာမြို့ကို လာဖို့မလိုပါဘူး၊ ဟုတ်တယ်မလား?" ရှုယီက ခါးသက်သက်ပြုံးကာပြောလိုက်၏၊ "ဒီနေရာက အန်ဗီမာမြို့တော်နဲ့ ဝေးတယ်လေ၊ ရှေ့လျှောက် အိမ်ပြန်ဖို့ ဘယ်အဆင်ပြေမလဲ။"
"ဘာက အဆင်မပြေတာလဲ?" ဆိုဖီယာက ရှုယီကိုကြည့်ကာ၊ "ဖာဆန်ရထားလုံးလုပ်ငန်းစုကြော်ငြာထဲမှာ ရှင်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းဆီက မှော်ကားတွေရှိတယ်လို့ မပြောထားဘူးလား၊ အခု ဘန်တာမြို့ကနေ အန်ဗီမာမြို့တော်ကို သွားဖို့က နေ့တစ်ဝက်ပဲကြာတော့တာလေ။"
"ဟုတ်ပါပြီ၊ ကျုပ်ပြောတဲ့အဆင်မပြေတာထဲမှာ ခင်ဗျားဒီမှာနေတာလည်းပါတယ်။ စဉ်းစားကြည့်ပါဦး၊ ခင်ဗျားက အန်ဗီမာမြို့တော်မှာ ကြီးပြင်းခဲ့ပြီး ဘန်တာမြို့လို မြို့သေးသေးလေးမှာ မနေဖူးဘူးလေ..." ရှုယီက သူမကို ဆက်ကာ ကြိုးစားရှင်းပြနေ၏။
"အစ်ကိုကြီးတောင် အဆင်ပြေတာ၊ ကျွန်မက ဘာလို့မပြေရမှာလဲ?" ဆိုဖီယာက လက်မလျှော့ဘဲ ငြင်းသည်၊ "ကျွန်မဒီကိုရောက်တာ အကြိမ်များစွာရှိနေပြီး ဒီနေရာနဲ့လဲ အတော်ရင်းနှီးတော့ ဘယ်လိုလုပ် လိုက်လျောညီထွေမဖြစ်မှာလဲ?"
သူမက လှည့်ကာ ရှုယီထံ ချိုချိုသာသာလေးပြုံးပြလိုက်သည်၊ "ပြီးတော့၊ ဥက္ကဌရှုလည်း ဒီမှာရှိတယ်မဟုတ်လား? အစ်ကိုကြီး ပြောတာတော့ ရှင်က ဘန်တာမြို့မှာ အတော်လေးလွှမ်းမိုးနိုင်တဲ့လူတဲ့။ ကျွန်မဒီမှာနေရင် ရှင့်လိုအရေးကြီးပုဂ္ဂိုလ်က ကျွန်မလို မိန်းမငယ်လေးကို ဂရုစိုက်ပေးမှာမဟုတ်လား?"
ဆိုဖီယာမျက်နှာထက်ရှိ မြေခွေးနှယ်အပြုံးကိုမြင်သော် ရှုယီမှာ ခါးသီးစွာပြုံးလေသည်။ ထို့နောက် နံဘေးတွငါစောင့်ကြည့်နေသည့် ခမ်နက်ဒ်နှင့် ဆိုဖီယာနှင့် အတူလာသော ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဌ ဟန့်ခ် ဝီလ်ဆန်ကို ကြည့်ကာ မေးလိုက်သည်၊ "ခင်ဗျားတို့နှစ်ယောက်က ဒါကိုလုံးဝမဆန့်ကျင်ဘူးလား။"
ခမ်နက်ဒ်မှာ ခါးသက်သက်ပြုံးကာ ပခုံးတွန့်လျက် ကူရာမဲ့သံဖြင့်ဆိုသည်၊ "ဥက္ကဌ၊ ခင်ဗျားအနေနဲ့ ကျွန်တော့်ညီမလေးမှာရှိတဲ့ အကျင့်စရိုက်မျိုးကို နားလည်နေသင့်ပြီမဟုတ်လား? ကျွန်တော်သူမကို ဂရုမစိုက်နိုင်ဘူး။"
ဟန့်ခ် ဝီလ်ဆန်လည်း ဆိုဖီယာ၏ ဆုံးဖြတ်ချက်ကိုသိနေရာ၊ အပြုံးဖျော့ဖျော့ဖြင့် ပြောသည်၊ "သခင်ကြီး ကောင့်ထ်နဲ့ သခင်မတို့လည်း သခင်မလေး ဆိုဖီယာကို လောကကြီးကို ကြည့်ရအောင် ထွက်ခွင့်ပြုထားတော့ သခင်မလေး ဆိုဖီယာရဲ့ ဆုံးဖြတ်ချက်ကို သဘောတူပြီးနေပါပြီ။"
ရှုယီက မနေနိုင်ဘဲ မျက်လုံးလှိမ့်ကာ၊ "လောကကြီးကို ကြည့်တာက ဘန်တာမြို့ကို လာတယ်လို့အဓိပ္ပာယ်မရဘူးလေ၊ ဟုတ်တယ်မလား? ခင်ဗျားတို့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက တိုင်းပြည်မှာရှိတဲ့ မြို့တိုင်းမှာ ရုံးခွဲတွေရှိနေတာပဲ၊ ဘာလို့ ဆိုဖီယာအတွက်ပိုကောင်းတဲ့ နေရာမရှာနိုင်ရတာလဲ?"
"ဟမ့်၊ ရှင်ကျွန်မကို မကြိုဆိုတာ သိသားပဲ!" ရှုယီ၏ စကားများကိုကြားသော် ဆိုဖီယာမှာ ချက်ချင်း မပျော်မရွှင်ဖြစ်လာကာ ဒေါသတကြီးပြောလေသည်၊ "ဂရုမစိုက်ဘူး! ရှင် ကြိုဆိုသည်ဖြစ်စေ မကြိုဆိုသည်ဖြစ်စေ၊ ကျွန်မက ဒီမှာနေဖို့ ဆုံးဖြတ်ပြီးပြီ! ပြီးတော့ ကျွန်မက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်မှာ! ရှုယီ၊ ရှင်ကျွန်မကို သဘောမကျပေမယ့် ကျွန်မက ရှင့်ကိုသေချာ လိုက်ကပ်နေမှာပဲ!"
ရှုယီက ခေါင်းပွတ်ကာ ဒေါသကြီးနေသော ဆိုဖီယာကို လျစ်လျူရှုလျက် ဟန့်ခ် ဝီလ်ဆန်ကိုကြည့်လိုက်သည်။
"တကယ်တော့၊ သခင်မလေး ဆိုဖီယာကမှန်ပါတယ်။ ဒီနေရာကို ရွေးတဲ့ ပထမဆုံးအကြောင်းအရင်းက သခင်လေး ခမ်နက်ဒ်ရှိနေလို့။ ဒုတိယအကြောင်းရင်းက ဥက္ကဌရှုနဲ့ Frestech ကုန်သည်ကြီးများအသင်းကြောင့်ပါ။"
"ဒီလိုလား?" ဟန့်ခ် ဝီလ်ဆန်၏ အဖြေမှ ရှုယီဟာ ထိုကိစ္စကို လုံးဝမငြင်းဆန်နိုင်မှန်းသိလိုက်ရသည်။ စဉ်းစားပြီးနောက် ဆိုဖီယာကို ထပ်ကြည့်လိုက်၏၊ "ဟုတ်ပြီလေ၊ ဆိုဖီယာက သဘောကျမှတော့ နေလို့ရပါတယ်။ ဒါပေမယ့် ခင်ဗျား ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီမှာ လုပ်ချင်ရင်... ကျုပ်စိုးရိမ်တာက..."
"ဘာလို့ကျွန်မက မလုပ်နိုင်ရမှာလဲ!" ဆိုဖီယာ၏ အသံက ပိုကျယ်လာကာ၊ "ကျွန်မက တတိယအဆင့်မှော်ပညာရှင်ပဲ! ဘာလို့ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ မလုပ်နိုင်ရမှာလဲ?"
"မင်းမလုပ်နိုင်ဘူးလို့ မပြောပါဘူး..." ရှုယီက လက်ယမ်းကာ၊ "ကျုပ်ဆိုလိုရင်းက Frestech ကုန်သည်ကြီးများအသင်းက အရမ်းတင်းကြပ်တော့ မင်းအနေနဲ့ အလုပ်လုပ်ချင်ရင် ကိစ္စမရှိပေမယ့် အားလုံးလိုပဲ စစ်ဆေးမှုကို အောင်ဖို့လိုတယ်။ မင်းမအောင်မြင်ရင် မင်းအတွက် နောက်တံခါးမဖွင့်ပေးနိုင်ဘူး။"
"ဟမ့်၊ ရှင်ကျွန်မကို အထင်သေးမှန်းကျွန်မသိပါတယ်။" ဆိုဖီယာက ခေါင်းအသာမော့ကာ ဒေါင်းကဲ့သို့ ဝံ့ကြွားဟန်ဖြင့်၊ "ပြောပါရစေ၊ ကျွန်မသေချာပေါက် အဲဒီ့စစ်ဆေးမှုကို အောင်မြင်မှာ။ ကျွန်မ Frestech ကုန်သည်ကြီးများအသင်းဝင်ဖြစ်လာတဲ့အခါ ရှင့်ကို တစ်နေကုန်လိုက်ရှာပြီး သေလုအောင် နှောင့်ယှက်ပြမယ်!"
ရှုယီက ရယ်လိုက်၏။ သူသာ တကယ်ကို Frestech ကုန်သည်ကြီးများအသင်းဝင်ဖြစ်လာလျှင် ပိုကောင်းလိမ့်မည်။
မင်းကတကယ်ကြီး Frestech ကုန်သည်ကြီးများအသင်းက အလုပ်သမားတွေဆီမှာ လုပ်စရာမရှိဘူးထင်နေတာလား?
အလုပ်ရုံလိုင်းရှိ လူများမှာ လတ်တလေ အမှာစာအလွန်များပြားခြင်းကြောင့် တစ်နေကုန်အချိန်ပိုဆင်းနေရသည့်အပြင် မှော်သုတေသနဌာနတွင်ပင် သုတေသီများမှာ တစ်နေကုန် သုတေသနလုပ်ရင်း ကြိုးစားနေကြ၏။ သူမ၌ မည်သို့များ သူ့ကိုလာနှောင့်ယှက်ရန် အချိန်ရှိမည်နည်း?
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၉၄။ ပန်းတိုင်က တခြားတိုင်းပြည်တွေပဲ
ဟန့်ခ် ဝီလ်ဆန် ဒီတစ်ခေါက် ဘန်တာမြို့သို့လာသည်မှာ ဆိုဖီယာကိစ္စအပြင် အရေးကြီးကိစ္စနှစ်ခုအတွက်ဖြစ်၏။
ပထမမှာ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းကိုယ်စား ပူးတွဲသဘောတူညီမှုအသစ်တစ်ခု ဆွေးနွေးရန်ဖြစ်သည်။
တစ်နှစ်ကျော် ပူးပေါင်းပြီးနောက်တွင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များအား ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း၏ဆိုင်များ၌ ကောင်းစွာ ရောင်းချခဲ့ရသည်။
ယခင်လ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း၏ တင်ပြချက်အရ မှော်မီးဖိုတစ်မျိုးနှင့်ပင် လမ်ပူရီတိုင်းပြည်တဝှမ်းရှိ ဆိုင်ခွဲများထံမှ ရောင်းအားမှာ တစ်သိန်းခုနစ်သောင်းကျော်အထိရှိသည်။
ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းအနေနှင့် မှော်မီးဖိုတစ်လုံးလျှင် ရွှေဒင်္ဂါးတစ်ပြားထက်အမြတ်ပိုမရပါသော်လည်း ၎င်းက မှော်မီးဖိုတစ်မျိုးတည်းရှိသေးသည်။ အခြားအိမ်သုံးမှော်စက်ပစ္စည်းများကိုပါ ထည့်တွက်လျှင် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းမှာ ယခင်လက Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းခြင်းမှ ရွှေဒင်္ဂါးသုံးသိန်းကျော် ဝင်ခဲ့သည်။
၎င်းကြောင့် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း၏ စာချုပ်မှာ အဆုံးမသတ်သွားပါသော်လည်း Frestech ကုန်သည်ကြီးများအသင်းနှင့်စာချုပ်ကို တစ်နှစ်စာအသစ်ပြန်ချုပ်ဖို့ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဟန့်ခ် ဝီလ်ဆန်ထုတ်ယူလိုက်သည့် စာချုပ်တွင် ရှုယီကြည့်လိုက်ရာ စာချုပ်ထဲရှိ အခြေအနေများက ယခင်တစ်ခေါက် လက်မှတ်ထိုးခဲ့သည့်စာချုပ်ထက် အခွင့်ရေးများစွာပိုပေးထားသည်။
ဥပမာ ပထမစာချုပ်၌ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းဖော်ပြထားသည်က Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ပို့ဆောင်ခ ကျခံရမည်ဖြစ်ပြီး ၎င်းတို့ထံ၌ မည်သည့် တာဝန်မှမရှိဟုပင်။
ဤစာချုပ်၌ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက ပထမ ကီလိုမီတာသုံးရာအတွက် ပို့ဆောင်ခပေးမည်ဖြစ်သည်။ ကီလိုမီတာသုံးရာပြီးနောက်တွင် အခြေအနေကိုသုံးသပ်ကာ ဆုံးဖြတ်မည်ဖြစ်၏။
နောက်ထပ်အခြေအနေမှာ လမ်းမများရှိသည့် နေရာများအတွက်ဖြစ်ပြီး ၎င်းက ကီလိုမီတာသုံးရာကျော်သွားပါလျှင်တောင် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက ပို့ဆောင်ရေးအတွက် ပေးမည်ဖြစ်သည်။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းအား အခြားပို့ဆောင်ရေးနည်းလမ်းကို ရှာစေရန်မလိုချေ။
သို့သော် ၎င်းကိုမြင်ပြီးနောက် ရှုယီက ခေါင်းခါကာ ထောက်ပြလာရင်း ဟန့်ခ် ဝီလ်ဆန်ကို ပြောလေသည်၊ "ပို့ဆောင်ရေးကိစ္စအတွက် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက ပို့ဆောင်ခကို အစပျိုးယူမယ်ဆိုတဲ့အတွက် Frestech ကုန်သည်ကြီးများအသင်းအစား လက်ခံပြီးကျေးဇူးတင်ပေမယ့် ပို့ဆောင်ရေးအတွက်တော့ ကျုပ်တို့လုပ်ငန်းစုက ဖာဆန်ရထားလုံးလုပ်ငန်းစုနဲ့ စာချုပ်ရှိတော့ ကျုပ်တို့ရဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးကို သူတို့ဆီ လွှဲပေးထားတာပါ။ ခင်ဗျားတို့ဆီ လွှဲမပေးလိုက်နိုင်မှာကို စိုးရိမ်မိတယ်။"
"အိုး? ဒီလို စာချုပ်မျိုးရှိတာလား?" ဟန့်ခ် ဝီလ်ဆန်က အနည်းငယ်စဉ်းစားကာ ပြောလာသည်၊ "ဥက္ကဌရှု ခင်ဗျား ဖာဆန်ကုန်သည်ကြီးများအသင်းနဲ့ သဘောတူညီမှုလုပ်ထားတာက သူတို့တွေ ခင်ဗျားဆီကနေ မှော်ကားတွေဝယ်တာကြောင့်လား?"
"ဒီလိုပြောလို့တော့ရပါတယ်။" ရှုယီက ပြုံးကာခေါင်းငြိမ့်လိုက်သည်။
တကယ်တမ်း ၎င်းက အကြောင်းရင်းများထဲမှ တစ်ခုပင်။ အဓိကအကြောင်းအရင်းမှာ ထိုပူးပေါင်းမှုကို အသုံးချကာ လမ်ပူရီတိုင်းပြည်၏ ပို့ဆောင်ဆက်သွယ်ရေးနည်းလမ်းကို ရထားလုံးများမှ မှော်ကားများနှင့် ပြောင်းလဲလို၍ ဖြစ်သည်။
မှန်ပါသည်၊ မှော်ကားထုတ်လိုက်သည်နှင့် မြင်းလှည်းများထက် များစွာပိုမြန်ကာ ပိုလုံခြုံသဖြင့် အားလုံးက အချိန်တိုအတွင်းလက်ခံလိုက်ကြသည်။
လအနည်းငယ်အတွင်း ဘန်တာမြို့ရှိ လုပ်ငန်းစုများမှာ ထိုပို့ဆောင်ရေးနည်းလမ်းသစ်နှင့် ကျင့်သားရလာရုံသာမက ဖာဆန်ရထားလုံးလုပ်ငန်းစုအား ၎င်းတို့၏ ကုန်စည်များကို စတင်ပို့ဆောင်စေကြပြီး အနီးနားမြို့များနှင့် နောက်ထပ်မြို့များသည်ပင် ဖာဆန် ရထားလုံးလုပ်ငန်းစုနှင့်အတူ မှာယူခြင်းများပြုလာကြ၏။
ဖာဆန်ရထားလုံးလုပ်ငန်းစုမှာ အနီးဝန်းကျင်မြို့များ၌ ရုံးခွဲများထားရှိကာ ထိုလုပ်ငန်းကို ဂရုစိုက်ထားကြသည်။
ဖာဆန်ရထားလုံးလုပ်ငန်းစု ထိုသို့ မြန်မြန်တိုးတက်လာသည်က Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့အား လတ်တလော မှော်ကားများရောင်းချပေးခြင်းနှင့်သာ ကြီးမားစွာ ဆက်စပ်နေသည်။
ဤအချိန်အတွင်း လုပ်ငန်းစုများစွာက Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်ကားများဝယ်လိုသော်ငြား ၎င်းတို့မှာ ထုတ်လုပ်ရေးမလုံလောက်သည့် အကြောင်းဖြင့် အငြင်းခံရသည်သာ။
ယခုတွင် ဟန့်ခ် ဝီလ်ဆန်သည်လည်း ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းကိုယ်စား တူညီသည့် တောင်းဆိုမှုနှင့် ရောက်လာပြီပင်။
"ဒီ ပူးပေါင်းမှုအသစ်အပြင် ဒီတစ်ခေါက် အဓိကတာဝန်က မှော်ကားတချို့ဝယ်ဖို့ မျှော်လင့်ထားလို့ပါ။" ဟန့်ခ် ဝီလ်ဆန်က ရှုယီကို အလေးအနက်ကြည့်လျက်၊ "ဥက္ကဌရှု၊ ဥက္ကဌ ရမ်းဒက်စ်က ဒီမှော်ကားတွေအပေါ်မှာ အရေးထားတာကြောင့် ဘာပဲဖြစ်လာလာ ခင်ဗျားဆီကနေ မှော်ကားတချို့ဝယ်လာရမယ်လို့ ပြောထားတယ်။
ရှုယီလည်း တိုက်ရိုက်မငြင်းဘဲ အနည်းငယ်စဉ်းစားကာ မေး၏၊ "ခင်ဗျားတို့က ကိုယ်ပိုင်ပို့ဆောင်ရေးအဖွဲ့ဖွဲ့ချင်တာလား?"
ဟန့်ခ် ဝီလ်ဆန်လည်း ခပ်ဖျော့ဖျော့ပြုံးလျက်၊
"ဒါကို ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့လို့ ခေါ်သင့်တာမဟုတ်ဘူးလား၊ ဥက္ကဌရှု?"
ဟန့်ခ် ဝီလ်ဆန်ထံမှ 'ထောက်ပံ့ပို့ဆောင်ရေး'ဟူသည့် စကားလုံးများကိုကြားသော် ရှုယီနားလည်သွား၏။ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက မှော်ကားများကိုလေ့လာပြီးသည်မှာ သေချာသည်၊ ထို့ကြောင့် ဟန့်ခ် ဝီလ်ဆန် ဘန်တာမြို့သို့လာသည်မှာ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းအနေနှင့် မှော်ကားများဝယ်ယူရန် အတော်အလေးအနက်ထားနေသည်ဟု ဆိုလို၏။
"ဟုတ်ပြီ၊ ဒါက ထောက်ပံ့ရေးအဖွဲ့ပေါ့။ ကျုပ်မေးလို့ရမလား၊ ခင်ဗျားတို့ဖွဲ့စည်းဖို့စီစဉ်ထားတဲ့ ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ကဘယ်လောက်ကြီးလဲ?" ရှုယီကမေးသည်။
"ဖြစ်နိုင်ရင်၊ ပိုကြီးလေပိုကောင်းလေပေါ့။" ဟန့်ခ် ဝီလ်ဆန် က အပြုံးဖြင့်ပြောသည် "ဒါပေမယ့်အခုရည်ရွယ်ချက်ကတော့ လတ်တလောမှာ မှော်ကား ငါးရာထားမယ်။ ခရီးသည်တင်ကားအတွက်ကိုတော့ ကျုပ်တို့လုပ်ငန်းစုက ဝင်ပါဖို့ လုံးဝမစီစဉ်ထားဘူး။"
"အိုး? ငါးရာပဲလား?" ရှုယီက အနည်းငယ်အံ့ဩသွားသည်။
သူထင်ထားသည်မှာ ထို ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းလို ထိပ်တန်းလုပ်ငန်းစုတစ်ခုအတွက် ဖာဆန်ရထားလုံးလုပ်ငန်းစုထက် ဆိုးလိမ့်မည်မဟုတ်ဟုပင်၊ သို့သော် ၎င်းတို့က အစီးငါးရာသာ လိုချင်သည်ဟု မထင်ခဲ့ချေ။
သိထားရမည်မှာ ဖာဆန်ရထားလုံးလုပ်ငန်းစု၌ ပို့ဆောင်ရေးမှော်ကား အစီးနှစ်ထောင်ကျော်ရှိသည်။
ဤအချိန်၌ပင် ၎င်းတို့အများစုမှာ လမ်ပူရီတိုင်းပြည်၏ လမ်းတစ်လျှောက် လှည့်ပတ်သွားနေပြီဖြစ်၏။ ပြောရလျှင် ၎င်းတို့မှာ လမ်ပူရီတိုင်းပြည်ရှိ ကုန်စည်စီးဆင်းမှုကို ကြီးမားစွာ မောင်းနှင်ပေးနေသည်။
"ဟုတ်ပါတယ်၊ ကနဦးအစီစဉ်က အလတ်ဆိုဒ်ပို့ဆောင်ရေးမှော်ကား အစီးငါးရာဝယ်ဖို့ပဲ။ ဟန့်ခ် ဝီလ်ဆန်က ခေါင်းငြိမ့်ရင်း ရှင်းပြ၏၊ "ဥက္ကဌရှု ကျုပ်တို့အနေနဲ့ ခင်ဗျားရဲ့ ဖာဆန်ရထားလုံးလုပ်ငန်းစုအပေါ် သဘောထားကို သိပါတယ်၊ သခင်လေးက ကျုပ်ကို အရင်ကပြောဖူးတယ်။ ခင်ဗျားစိုးရိမ်ဖို့မလိုပါဘူး၊ ကျုပ်တို့လုပ်ငန်းစုက လမ်ပူရီတိုင်းပြည်က ပို့ဆောင်ရေးလုပ်ငန်းမှာ ဖာဆန်ရထားလုံးလုပ်ငန်းစုနဲ့ပြိုင်မှာမဟုတ်ပါဘူး။"
"တိုင်းပြည်ရဲ့ပို့ဆောင်ရေးလုပ်ငန်းအတွက် မပြိုင်ဘူးတဲ့လား? ဒါဆို အစီးငါးရာက အရမ်းများမနေဘူးလား?" ရှုယီက အနည်းငယ်ရှုပ်ထွေးသွားသော်လည်း စဉ်းစားပြီးနောက် ရုတ်တရတ်နားလည်သွားသည်။ ထို့နောက် အံ့ဩနေသံဖြင့်ဆိုလာ၏၊ "ဖြစ်နိုင်တာက ခင်ဗျားတို့ ပန်းတိုင်က တခြားတိုင်းပြည်တွေများလား?"
ဟန့်ခ် ဝီလ်ဆန်က အပြုံးဖျော့ဖျော့ဖြင့် ခေါင်းငြိမ့်၏။ "ဥက္ကဌရှုက တကယ်ကို ဉာဏ်ကောင်းတာပဲ၊ ဒါကိုလွယ်လွယ်နဲ့ခန့်မှန်းနိုင်တယ်။ ဟုတ်ပါတယ်၊ ကျုပ်တို့လုပ်ငန်းစုအနေနဲ့ ဒီထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ကိုဖွဲ့စည်းရတာက အဓိကအနေနဲ့ တခြားတိုင်းပြည်တွေဆီ ကုန်စည်တွေပို့ဆောင်ဖို့ပဲ၊ တိုင်းပြည်ထဲက ကုန်စည်တွေကို ပို့ဆောင်မှာထက်ပေါ့။"
ရှုယီလည်း သူ့ထံ၌ ရှိနေသည့် ယုံကြည်မှုရှိကာ ဝင့်ကြွားနေသောအကြည့်ကိုကြည့်လျက် ခံစားသွားရသည်။
ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းမှာ တိုင်းပြည်ရှိ ထိပ်တန်းလုပ်ငန်းစုများထဲမှ တစ်ခုပင်။ သူဟာ လမ်ပူရီတိုင်းပြည်တဝှမ်း၌ Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုကို ဖြန့်ကျက်ရန် ဦးနှောက်သုံးနေရဆဲအချိန်တွင် တစ်ဘက်မှာ အခြားနေရာ၌ မျက်စိကျနေကြပြီဖြစ်သည်။
"ဒီလိုဆိုရင်တော့ အစီးငါးရာက မလုံလောက်ဘူးလို့ကျုပ်ထင်တယ်။" ရှုယီက အတွေးအပြည့်ဖြင့် ဆိုသည်၊ "အနီးအနားဘယ်တိုင်းပြည်ပဲဖြစ်ဖြစ် လမ်ပူရီတိုင်းပြည်အတွင်းမှာ တင်ပို့တာထက် ပိုများတယ်။ ငါးရာလေးပဲဆိုရင်တော့... ခင်ဗျားတို့ ပို့ဆောင်ရေးလမ်းကြောင်းနည်းနည်းပဲဖို့နိုင်မှာ စိုးရိမ်မိတယ်။"
"ဒါကြောင့် ဒါက ကနဦးအစီစဉ်ပါ။" ဟန့်ခ် ဝီလ်ဆန်က ပြောသည်၊ "ကျုပ်တို့လုပ်ငန်းစုရဲ့အစီစဉ်အရ၊ ဒီမှော်ကားငါးရာနဲ့ စခ်တိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်၊ ရိုင်းန်တိုင်းပြည်နဲ့ နယ်မြေငယ်နှစ်ခုထဲမှာ လမ်းကြောင်းအတော်များများဖွင့်လို့ရပါတယ်။ ကျန်တာကိုတော့ အခြေအနေတိုးတက်တာနဲ့ ဒီထောက်ပံ့ပို့ဆောင်ရေးအဖွဲ့က ချဲ့ထွင်နိုင်ပါတယ်။"
"အန်း၊ ဒါက အစီစဉ်ကောင်းပဲ၊ ကျုပ်တကယ်ကို ထောက်ခံတယ်။" ရှုယီက ခေါင်းငြိမ့်ကာပြောသည်။
"ဥက္ကဌရှုက ဒီအစီစဉ်ကိုထောက်ခံမှတော့ ကျုပ်တို့ကိုအထောက်အပံ့တချို့မပေးသင့်ဘူးလား?"
ဟန့်ခ် ဝီလ်ဆန်က ချက်ချင်းတိုက်တွန်းသည်၊ "ကနဦး ပို့ဆောင်ရေးမှော်ကားငါးရာကို၊ ဥက္ကဌရှုထောက်ပံ့ပေးသင့်တယ် မဟုတ်ဘူးလား?"
ရှုယီက ခါးသက်သက်ပြုံးလျက် ခေါင်းခါ၏။ ဟန့်ခ် ဝီလ်ဆန်က ထိုသို့ပြောကတည်းက သူသဘောမတူလျှင် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက မျက်နှာသာပေးမည်မဟုတ်ချေ။ ၎င်းက ရှေ့လျှောက် ၎င်းတို့ပူးပေါင်းမှုတွင် ပြင်းထန်သော ရိုက်ချက်တစ်ခုရှိလာစေလိမ့်မည်။
ရှုယီမှာ လမ်ပူရီတိုင်းပြည်၏ ဧရာမ လက်လီရောင်းချခြင်းလုပ်ငန်းစုဖြစ်နေဆဲ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းကို အရေးထားနေဆဲသာ။
ထို့ကြောင့် ရှုယီက အလေးအနက်စဉ်းစားပြီးမှ တဖြည်းဖြည်းခေါင်းငြိမ့်ရင်း၊ "ငါးရာပဲဆိုရင်တော့ ကျုပ်နည်းနည်းလောက်စိုက်ပေးလို့ရပါတယ်။ ဒါပေမယ့် ဒုဥက္ကဌ ဝီလ်ဆန်, ကျုပ်တို့နဲ့ ဖာဆန်ရထားလုံးလုပ်ငန်းစုကြားက စာချုပ်နဲ့ဆိုရင် ကျုပ်သဘောမတူခင် သူတို့နဲ့ ဒီကိစ္စကို ဆွေးနွေးရဦးမယ်။ လတ်တလောတော့ သဘောမတူနိုင်မှာစိုးရတယ်။"
"ဒါက ပြဿနာမဟုတ်ပါဘူး။" ရှုယီ သဘောတူသည်ကိုမြင်သော် ဟန့်ခ် ဝီလ်ဆန်က တောက်ပစွာပြုံးလျက်၊ "ဒါပေမယ့် ဥက္ကဌရှု မြန်မြန်လှုပ်ရှားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျုပ်ထွက်မသွားခင် အဖြေအတိအကျပေးရင်တော့ အကောင်းဆုံးပေါ့၊ ဒါဆို လုပ်ငန်းစုဆီရောက်တဲ့အခါ ဆွေးနွေးလို့ရပြီလေ။"
"ပြဿနာမရှိပါဘူး။"
"ကောင်းပြီ၊ ဥက္ကဌရှု။ စာချုပ်အသစ်ကို ထပ်ကြည့်လိုက်ပါဦး။ ကျုပ်တို့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းကနေ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို အဆိုပြုထားတဲ့ ဖွံ့ဖြိုးမှုအတွက် နေရာတချို့ရှိတယ်၊ စဉ်းစားကြည့်လိုက်ပါဦး။"
ရှုယီလည်း စာချုပ်ကို ထပ်ယူကာ နောက်ကျော်ကိုကြည့်လိုက်ပြီး အံ့ဩသွား၏။
စာချုပ်၏ နောက်ဆုံးအပိုင်းတွင် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ အခြားတိုင်းပြည်များရှိ ပူးပေါင်းမှုတစ်ခုအားအဆိုပြုထားသည်!
လိုရင်းဆိုရလျှင်၊ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကို အခြားတိုင်းပြည်များ၌ ၎င်းတို့၏ ရောင်းအားချန်နယ်များကိုသုံး၍ ရောင်းချရန်အဆိုပြုထားသည်။ ထို့နောက် အခြားတိုင်းပြည်များ၌ ဈေးကွက်ကိုဖွင့်ရန် ထိုမှော်စက်များကို သုံးပြီးပါက နှစ်ဘက်စလုံးမှာ ထုတ်လုပ်ရေးတိုးမြှင့်ရန် ထိုအခြားတိုင်းပြည်များတွင် အလုပ်ရုံတစ်ခုဖွင့်လှစ်ရာ၌ ရင်းနှီးမြှုပ်နှံကြမည်ဖြစ်၏။
၎င်းကို အင်မတန် ဆွဲဆောင်မှုပြင်းသော အဆိုပြုချက်ဟု ဆိုရပေမည်။
Frestech ကုန်သည်ကြီးများအသင်းမှာ လက်ရှိတွင် စတက်တိန်းနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်တို့၌ Frestech အမှတ်တံဆိပ်မှော်စက်များရောင်းချနေပါသော်လည်း စတက်တိန်းနယ်မြေမှလွဲလျှင် ရူဒ်ဆန်တိုင်းပြည်၌ မည်သည့် အုတ်မြစ်မှမရှိပါချေ။ ထို့ကြောင့် ရှုယီမှာ ရူဒ်ဆန်တိုင်းပြည်ရှိ ရင်းနှီးမြှုပ်နှံရေးချဲ့ထွင်မှုကို အမြဲထိန်းချုပ်ခဲ့ရာ များစွာ လျင်မြန်မနေပေ။
သို့သော် ၎င်းက ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းနှင့် ကွာခြားပါ၏။
လမ်ပူရီတိုင်းပြည်၏ ထိပ်တန်းလုပ်ငန်းစုအနေနှင့် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းထံ၌ အနီးဝန်းကျင်တိုင်းပြည်များတွင် နောက်ခံအုတ်မြစ်တချို့ရှိလေသည်။ ၎င်းတို့သာ အခြားတိုင်းပြည်များ၌ ရင်းနှီးမြှုပ်နှံကာ အတူအလုပ်လုပ်ပါက ဒုက္ခများစွာကို ရင်ဆိုင်ရန်မလိုဘဲ ဈေးကွက်များဖွင့်ရန် ပိုမိုလွယ်ကူလာပေလိမ့်မည်။
သို့သော် ၎င်းက ပြဿနာတစ်ခုရှိသေး၏။
၎င်းတို့သာ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းနှင့် အလုပ်လုပ်ပါက နှစ်ဘက်စလုံးမှာ အခြားတိုင်းပြည်များ၌ လွှမ်းမိုးမှုအဆင့်မတူညီကြရာ ယင်းပူးပေါင်းမှုတွင် ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းက အဓိကနေရာတွင်ရှိနေလိမ့်မည်။
ရှုယီမှာ ထိုအဓိကနေရာရထားသူက ဖွံ့ဖြိးမှုနည်းလမ်းကို ဆုံးဖြတ်ရသောကြောင့် ၎င်းကို အတော်ဂရုထားပေသည်။
ရှုယီ၏ အကြံဉာဏ်အများစုက လုပ်ငန်းစုတစ်ခု၏ပုံမှန်အကြံဉာဏ်ကို ဆန့်ကျင်နေရာ သူ၏ပန်းတိုင်ကလည်း စိုင်စ်နယ်မြေ၌ မှော်စက်မှုနယ်ပယ်ကို ဖွံ့ဖြိုးစေပြီး စက်မှုစနစ်ကို ဖန်တီးခြင်းဖြစ်သောကြောင့်ပင်။ သူဟာ အကျိုးအမြတ်ကို လုံးဝဂရုမစိုက်ခဲ့သည့် အချိန်များစွာလည်းရှိခဲ့သည်။
၎င်းက သူနှင့် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းကြားတွင် ဆန့်ကျင်မှုများကို ဖန်တီးပေးလိမ့်မည်။
မျှော်လင့်နေသည့် ဟန့်ခ် ဝီလ်ဆန်ကိုကြည့်ကာ ရှုယီမှာ အတွေးနက်သွားရတော့၏။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၉၅။ ကြွယ်ဝခြင်း၏ အရေးပါဆုံးသော အရင်းမြစ်
"ဥက္ကဌ၊ ခင်ဗျားဘာလို့ ဒီစာချုပ်ကို သဘောမတူခဲ့ရတာလဲ?" ခမ်နက်ဒ်က ဟန့်ခ် ဝီလ်ဆန်၏ မြင်းလှည်း လမ်းတစ်လျှောက်၌ ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ရှုယီကို လှည့်မေးလာသည်။
ရှုယီက အပြုံးဖြင့် ပြန်မေးလိုက်၏၊ "ဒီမေးခွန်းကို၊ မင်းက အမ်မာမိသားစုရဲ့ ဆက်ခံသူအဖြစ်မေးနေတာလား ဒါမှမဟုတ် Frestech ကုန်သည်ကြီးများအသင်းရဲ့ စီအီးအိုအဖြစ်နဲ့လား?"
ခမ်နက်ဒ်က အံ့ဩသွား၏။ အနည်းငယ် တိတ်ဆိတ်နေပြီးနောက် လေးနက်ဟန်ဖြင့် ဖြေဆိုလာသည်၊ "ဘယ်နေရာကနေပဲဖြစ်ဖြစ် ဒီစာချုပ်က လက်မှတ်ထိုးဖို့ ထိုက်တန်တယ်လို့ ကျွန်တော်ခံစားရတယ်။ အမ်မာမိသားစုနေရာကဆိုရင် Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းတာက ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းအတွက် အကျိုးအမြတ်ကြီးကြီးမားမားရနိုင်သလို တခြားတိုင်းပြည်တွေက မှော်စက်ဈေးကွက်ကိုလည်း ဖွင့်နိုင်တော့ အတော်ကို အကျိုးအမြတ်ရတယ်။"
"ဒါဆိုရင် Frestech ကုန်သည်ကြီးများအသင်းရဲ့ စီအီးအိုနေရာကနေ ဆိုရင်ရော?" ရှုယီက မေးသည်။
"Frestech ကုန်သည်ကြီးများအသင်းနေရာကနေဆိုရင် ဒီစာချုပ်က ကျွန်တော်တို့အတွက် အရမ်းအကျိုးအမြတ်ရတယ်။ ကျွန်တော်တို့လုပ်ငန်းစုရဲ့ ပန်းတိုင်က တခြားတိုင်းပြည်တွေဆီ တဖြည်းဖြည်းဝင်ရောက်ချင်တာဆိုတော့ အနာဂတ်မှာ ကိုယ့်ဘာသာ ကြိုးစားရယူနေမယ့်အစား ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းတာက ပိုကောင်းတယ်လေ။ ဒါက ကျွန်တော်တို့ကို ပြဿနာအတော်များများကနေ ကယ်တင်နိုင်ပြီး လုပ်ငန်းစုအတွက် အတော်လေးအကူအညီဖြစ်လိမ့်မယ်။" ခမ်နက်ဒ်က ဖြေလာ၏။
"မင်းရဲ့အကြံက အရမ်းကိုမှန်ပေမယ့်... ငါတို့လုပ်ငန်းစုရဲ့တိုးတက်မှုကို တခြားကနေထိန်းချုပ်ထားတာမျိုးမလိုချင်ဘူး၊ မင်းနားလည်လား?" ရှုယီ ပြောလေသည်။
ခမ်နက်ဒ်က ရှုယီကို တအံ့တဩကြည့်လိုက်သည်။ သူ၏အဖြေကြောင့် အံ့ဩသွားရပြီး ၎င်းက ရှင်းလင်းနေသောကြောင့် ပိုအံ့ဩရသည်ပင်။
အဆုံးတွင် သူက အမ်မာမိသားစုမှ လူဖြစ်နေဆဲပင်။ သူ့အား ထိုအကြောင်းပြချက်ပေးသည်က သူ့ကိုနားလည်စေဖို့လား? ဒါမှမဟုတ် အမ်မာမိသားစုကို နားလည်စေဖို့လား?
သို့သော် ရှုယီမျက်နှာထက်ရှိ တည်တည်ငြိမ်ငြိမ်အပြုံးကိုမြင်ရသည်ကြောင့် သူဘာတွေတွေးနေသည်ကို လုံးဝနားမလည်နိုင်ပါချေ။
ခမ်နက်ဒ်လည်း မနေနိုင် စိတ်ထဲ၌ သက်ပြင်းချလေ၏။
Frestech ကုန်သည်ကြီးများအသင်း၌ အချိန်ကြာအလုပ်လုပ်ကာ ရှုယီနှင့် ထိတွေ့ရလေလေ သူ့အား ဖောက်ထွင်းမမြင်ရဟု ခံစားရလေလေပင်။
"ဒါပေမယ့် မင်းစိတ်ပူဖို့ မလိုပါဘူး။ ငါက ဒီစာချုပ်မှာ လက်မှတ်မထိုးပေမယ့် ဒါကိုဆန့်ကျင်တယ်လို့မဆိုလိုဘူးလေ။" ခမ်နက်ဒ်၏အမူအရာကိုမြင်သော် ရှုယီက ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်၊ "အနည်းဆုံးတော့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းနဲ့ ငါတို့ပူးပေါင်းမှုကို ဆက်လုပ်လို့ရမယ်လို့ မျှော်လင့်မိတယ်။ ဥပမာ, ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းရဲ့ ငါတို့လုပ်ငန်းစုက မှော်စက်တွေကို တခြားတိုင်းပြည်တွေမှာ ရောင်းမယ့်အဆိုပြုချက်ကိုတော့ အတော်လေး ထောက်ခံပါတယ်။"
ခမ်နက်ဒ်လည်း အနည်းငယ်စဉ်းစားပြီး ရှုယီ၏ရည်ရွယ်ချက်အမှန်ကိုမေးရန် လက်လျှော့လိုက်သည်။ ထို့နောက် တွေးဆဆဟန်ဖြင့် ပြောလေ၏၊ "ဒါပေမယ့် ဥက္ကဌ၊ ခင်ဗျားက ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းကို မှော်ကားအစီးငါးရာ ရောင်းဖို့သဘောတူထားတော့ ကျွန်တော် ဒါကို နည်းနည်းခက်ခဲမှာ စိုးရိမ်တယ်။ လက်ရှိ ကျွန်တော်တို့က ဖာဆန်ရထားလုံးလုပ်ငန်းစုရဲ့ အမှာကိုတောင် လက်စမသတ်ရသေးဘဲ တခြားလုပ်ငန်းစုတွေရဲ့ အမှာကိုပါ သဘောတူလိုက်တော့ ဒါတွေအားလုံးကို ဘယ်လိုထုတ်လုပ်မှာများလဲ?"
"အေးဆေးပေါ့၊ ကမ်ဘီတို့က နောက်ထပ် အလိုအလျောက် ထုတ်လုပ်ရေးမှော်စက်ကို တီထွင်ပြီးပြီလေ။ အဲဒါက ငါတို့ရဲ့ ထုတ်လုပ်ရေးထိရောက်မှုကို အတော်လေးတိုးလာစေမှာကို တွေ့လိမ့်မယ်၊ ဒါကြောင့် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းအတွက် မှော်ကားအစီးငါးရာကို ထုတ်ပေးဖို့က ပြဿနာမရှိပါဘူး။"
"အလိုအလျောက်ထုတ်လုပ်ရေးမှော်စက်တွေရှိနေရင်တောင် အရမ်းခက်မယ်လို့ ခံစားနေရသေးတယ်။" ခမ်နက်ဒ်က မျက်မှောင်တွန့်ကာပြောသည်။
ရှုယီက ရယ်ကာ၊ "ဒီပြဿနာက မင်းအတွက် စီအီးအိုအနေနဲ့ ခေါင်းကိုက်စရာဆိုတော့ ဒါက မင်းရဲ့တာဝန်ပဲလေ။
ခမ်နက်ဒ်က ခါးသီးစွာပြုံး၍ ဆိုလာ၏၊ "ဥက္ကဌ၊ ခင်ဗျားက ကျွန်တော့ကို ဘယ်လိုဒုက္ခပေးရမလဲ တကယ်သိတာပဲဗျာ။"
ရှုယီလည်း နှာခေါင်းရှုံ့လျက် "မမေ့နဲ့၊ ငါ ပိုကြီးတဲ့ပြဿနာကို ဂရုစိုက်ရဦးမယ်၊ ပြီးတော့ ဒီပြဿနာ မင်းနဲ့ နက်နဲတဲ့ဆက်နွယ်ချက်ရှိတယ်။"
ခမ်နက်ဒ်မှာ ခါးသီးစွာသာရယ်လိုက်နိုင်ပြီး၊ "ဥက္ကဌ၊ ခင်ဗျားအနေနဲ့ ဆိုဖီယာဒီကို ရောက်နေမှတော့ သူမကို စောင့်ရှောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"
ရှုယီလည်း ကူရာမဲ့စွာ သက်ပြင်းချက်ရင်း မည်သို့များ ကလေးထိန်းလုပ်ရမည်ကို စဉ်းစားနေလိုက်သည်။
ဘန်တာမြို့ရှိ သစ်ရွက်များ ကြွေကျသည်နှင့် ဆောင်းဦးနှောင်းပိုင်းရောက်လာပြီဖြစ်၏။
၎င်းက ယခင်နှစ်၏ ဖျော့တော့နေဟန်နှင့် ခြားနားနေသည်။ အကြောင်းမှာ ဤနှစ်၌ ဆယ်ဗီနီက မြို့စားတာဝန်ယူထားရပြီး မြို့တော်၏ စီးပွားက များစွာတိုးတက်လာ၍သာ အသက်ဝင်နေခြင်းဖြစ်သည်။
ဆောင်းလေနှင့် အတူလာသော အတန်ငယ်ချမ်းစိမ့်မှုရှိသော်ငြား လမ်းတစ်လျှောက်၌ လူအုပ်ကြီးများမှာ မြို့အား ပိုမိုအသက်ဝင်စေရန် ဆောင်ရွက်နေ၏။
ဆယ်ဗီနီက မြို့စားအိမ်တော်အဝေး လူများနှင့်ပြည့်နေသည့် အောင်မြင်သောဈေးကိုကြည့်နေပြီး မနေနိုင်ဘဲ စိတ်ကျေနပ်စွာပြုံးလိုက်မိသည်။
သူမက သက်ပြင်းဖွဖွချကာ ပြော၏၊ "ကျွန်မတို့ရဲ့ လမ်ပူရီတိုင်းပြည်တစ်ခုလုံးသာ ဒီလိုတိုးတက်လာရင် ကောင်းမယ်။"
"စိတ်ချပါ၊ ဘုရင်မ၊ မင်းရဲ့ မျှော်လင့်ချက်က လက်တွေ့ဖြစ်လာမယ်လို့ ကျုပ်ယုံပါတယ်။" အပြုံးဖျော့ဖျော့ဖြင့် ပြောခဲ့သည့် ဆယ်ဗီနီနောက်၌ သက်လတ်ပိုင်းလူတစ်ဦးက လေးစားစွာ ရပ်နေသည်။
"ဒီလိုလား?" ဆယ်ဗီနီက နောက်လှည့်ကာ ထိုသက်လတ်ပိုင်းလူကိုကြည့်လိုက်သည်။ ထို့နောက် ခုံပေါ်ထိုင်ချလိုက်သော်ငြား သူမ ပုံမှန် ရှုယီနှင့်အတူရှိစဉ်ကလို ထိုလူကို မထိုင်ခိုင်းလိုက်ချေ။ သူမထိုလူကို ပြောလိုက်ချိန်၌ မျက်လုံးများထဲတွင် အနည်းငယ် တင်းမာမှုရှိနေသည်၊ "နော်ဝီ, ဖခမည်းတော်က ရှင့်ကို ကျွန်မရဲ့အုပ်ချုပ်မှုအောက်က ဘန်တာမြို့ကိုစစ်ဆေးဖို့ ပို့လိုက်တာပဲ။ ဒါကို မြင်ပြီးတော့ ဘယ်လိုများထင်သလဲ?"
ထို နော်ဝီဟူသည့် သက်လတ်ပိုင်းလူက ခေါင်းအသာငုံ့ကာ တရိုတသေပြောလာသည်၊ "ကျုပ်မြင်တာကနေ သုံးသပ်ရရင် ဘန်တာမြို့ရဲ့ တိုးတက်မှုက အန်ဗီမာမြို့တော်နဲ့တောင် ယှဉ်လို့ရပါတယ်။ အန်ဗီမာမြို့တော်ထက်ပိုကောင်းတဲ့ နေရာအတော်များများတောင်ရှိနေသေးတယ်။ ဥပမာ၊ လမ်းပေါ်က မှော်မီးအိမ်တွေပေါ့၊ ဒါက အန်ဗီမာမြို့တော်ယှဉ်နိုင်တဲ့ အရာပဲ။"
ဆယ်ဗီနီက ခပ်ဖျော့ဖျော့ပြုံးကာ၊ "ဘန်တာမြို့နော်ကို လမ်းမီးတွေနဲ့ ဖြည့်ဖို့ ရွှေဒင်္ဂါးနှစ်သိန်းကုန်ကျမယ်မှန်းရှင်သိထားရင် ဒီလိုချီးကျူးနိုင်တော့မှာမဟုတ်ဘူး။"
နော်ဝီက ပြောရင်း ပြုံးလာသည် "ဒါကပဲ ဘန်တာမြို့ရဲ့ ဘဏ္ဍာရေးကောင်းတာကို သက်သေပြနေတာပဲ၊ မှော်မီးအိမ်တွေသုံးဖို့ ရွှေဒင်္ဂါးနှစ်သိန်းကို ထုတ်နိုင်တဲ့အထိပေါ့။ ဘုရင်မ၊ ဘန်တာမြို့ရဲ့ဘဏ္ဍာရေးက ဒီလောက်ကောင်းနေတာ တကယ်ကို မင်းရဲ့ အုပ်ချုပ်မှုနဲ့ဆက်စပ်နေတာပဲ။"
"ချီးကျူးလို့ကျေးဇူးပါ၊ ဒါပေမယ့် ကျွန်မ မြို့စားဖြစ်လာကတည်းက၊ လုပ်စရာများများစားစားမရှိပါဘူး။ ဘန်တာမြို့က ဒီလို ကောင်းမွန်တဲ့ ဘဏ္ဍာရေးအခြေနေရှိတာဟာ မြို့ထဲက လုပ်ငန်းစုကြီးတွေကြောင့်ပါပဲ။ ရှင့်ကို အချက်တချို့ပြောပြမယ်၊ အရင်လရဲ့ ဘဏ္ဍာရေးအစီရင်ခံချက်အရ ဘန်တာမြို့ရဲ့ လုပ်ငန်းစုကြီးတွေ ပြောင်းပြန်လှန်လိုက်တဲ့ စီးပွားခွန်နဲ့တင် ရွှေဒင်္ဂါးငါးသိန်းကျော်နေပြီ။"
နော်ဝီက မျက်ခုံးပင့်ကာ ထိတ်လန့်သွားဟန်ပြလာ၏။
"တစ်လမှာ ရွှေဒင်္ဂါးငါးသိန်းလား? တစ်နှစ်မှာဆို အနည်းဆုံး ငါးသန်းတောင် ကျော်သွားတော့မှာ မဟုတ်ဘူးလား?"
ဆယ်ဗီနီ၏ အပြုံး၌ ကျေနပ်သည့်အရိပ်ယောင်များရှိနေကာ, "ဒါမမှန်ပါဘူး။ စီးပွားခွန်က မတိကျတော့ အရင်လက လုပ်ငန်းအများစုအနေနဲ့ အမှာစာအကြီးစားတွေကို အပြီးသတ်နိုင်ခဲ့တာကြောင့်သာ ဒီလောက်ပေးနိုင်တာလေ။ ဒါကပဲ စီးပွားခွန်တွေ မြင့်နေရတဲ့ အကြောင်းအရင်းလေ။"
နော်ဝီက ခေါင်းငြိမ့်ကာ အတွေးထဲနစ်သွားပြီးမှ ရုတ်တရတ်မေးလေသည်၊ "ဘုရင်မ၊ ကျုပ်မေးချင်လို့၊ Frestech ကုန်သည်ကြီးများအသင်းက ဘယ်လောက်ပေးခဲ့ရလဲ?"
ဆယ်ဗီနီက ၎င်းကို မျှော်လင့်ထားဟန်ရကာ အပြုံးဖျော့ဖျော့ဖြင့် ဖြေလာသည်၊ "နှစ်သိန်းနီးနီးပဲ။"
"အမှန်မဟုတ်ဘူးမို့လား?" နော်ဝီက မျက်မှောင်ကုပ်ကာ၊ "ကျုပ်သိထားတဲ့ အရေအတွက်အရဆို Frestech ကုန်သည်ကြီးများအသင်းရဲ့ လစဉ်စီးပွားခွန်က နှစ်သိန်းပဲ မဖြစ်သင့်ဘူး။ ဘာလို့ တခြားလုပ်ငန်းတွေက အခွန်မြင့်လာချိန်မှာ သူတို့က ကျသွားတာလဲ?"
"နော်ဝီ၊ ကြည့်ရတာ ခမည်းတော်က ရှင့်ကို အားလုံးမရှင်းပြထားပုံပဲ။ သတိပေးပါရစေ Frestech ကုန်သည်ကြီးများအသင်းက အခမဲ့ကုန်သွယ်ခွင့်ရထားတဲ့ လုပ်ငန်းစုတွေထဲက တစ်ခုလေ။"
နော်ဝီလည်း အံ့ဩကာ တမုဟုတ်ချင်းနားလည်သွား၏။
"ဆိုလိုတာက... Frestech ကုန်သည်ကြီးများအသင်းရဲ့ အရင်လ အဓိကစီးပွားရေးက တခြားတိုင်းပြည်တွေနဲ့ သဘောတူညီချက်တွေလုပ်တာပေါ့?"
"အမှန်ပဲ။" ဆယ်ဗီနီခေါင်းငြိမ့်ကာ၊ "တကယ်တော့ Frestech ကုန်သည်ကြီးများအသင်းက တခြားမြို့တွေကို အလုပ်ရုံတွေရွှေ့နေတော့ ဒေသတွင်းလုပ်ငန်းတွေကို ဖြတ်ချလိုက်တာပဲ။ အရင်လက Frestech ကုန်သည်ကြီးများအသင်းရဲ့ အကြီးမားဆုံးသဘောတူညီချက်က ရူဒ်ဆန်တိုင်းပြည်ဆီ ထုတ်လုပ်ရေးမှော်စက်သုံးထောင်ရောင်းချတာပဲ။ သူတို့ရဲ့ သဘောတူညီချက်အများစုကိုတော့ တိုင်းပြည်က တခြားမြို့တွေမှာ ညှိနှိုင်းခဲ့တယ်။ တိုင်းပြည်ရဲ့ဥပဒေတွေအရ ကျွန်မတို့ ဘန်တာမြို့အနေနဲ့ ဒီလုပ်ငန်းတွေဆီကနေ စီးပွားခွန်နည်းနည်းကိုပဲ ကောက်ခံလို့ရတယ်။"
နော်ဝီက မျက်မှောင်ကုပ်ကာ၊ "ဘာလို့ပြောင်းတာလဲ? Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့ကို လက်လျှော့လိုက်တာများလား? ဘုရင်မ၊ ကျုပ်ခန့်မှန်းရရင် Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့မှာ အရေးအပါဆုံးလုပ်ငန်းစုဖြစ်ပြီး အမြတ်ခွန်ရဲ့ အဓိကရင်းမြစ်လည်းဖြစ်တယ်။ ကျုပ် အကြံပေးချင်တာက မင်းအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အပြုအမှုတွေကို ကန့်သတ်သင့်တယ်၊ မဟုတ်ရင် ဘန်တာမြို့က ကြွယ်ဝမှုရဲ့ အရေးပါဆုံးအရင်းမြစ်ကို ဆုံးရှူံးရလိမ့်မယ်။'
"နော်ဝီ, ရှင့်ရဲ့ အမြင်က အတော်လေးမကောင်းတာပဲ။" ဆယ်ဗီနီက အသာခေါင်းခါလျက်၊ "ကျွန်မက Frestech ကုန်သည်ကြီးများအသင်းရဲ့ အပြုအမူတွေကို မဆန့်ကျင်တဲ့အပြင် ထောက်ပံ့နေတာလေ။ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့ကို ပြောင်းလဲမှုကြီးကြီးမားမားယူဆောင်လာပေမယ့်လည်း ဒီမြို့ငယ်လေးကို တိုင်းပြည်တစ်ခုလုံးမှာ အတိုးတက်ဆုံးဖြစ်စေခဲ့တာ၊ ရှုယီက မှန်ပါတယ်။ ဘန်တာမြို့တစ်မြို့တည်းကိုပြောင်းလဲတာက လမ်ပူရီတိုင်းပြည်ကို ကူညီရာမှာ အကန့်သတ်ဖြစ်စေတယ်လေ၊ တိုင်းပြည်က မြို့တွေအားလုံးကို ပြောင်းလဲမှသာ တကယ် အားကောင်းလာမှာ။"
"ဒါက ဥက္ကဌရှုပြောတာလား?" နော်ဝီက အံ့အားသင့်သွားသည်။
"ဒါပေါ့" ဆယ်ဗီနီက အသေအချာ ခေါင်းငြိမ့်လျက်၊ "ရှုယီရဲ့ပန်းတိုင်နဲ့ ရည်ရွယ်ချက်က ရှင်စိတ်ကူးထားတာထက်တောင် လွန်နေသေးတယ်။ ဒါကြောင့်... ရှင်သူ့ကို သာမန်လူတစ်ယောက်ကို တိုင်းတာတဲ့စံနှုန်းနဲ့ တိုင်းတာလို့မရဘူး။"
ဆယ်ဗီနီ၏ ချီးမွမ်းသံကိုကြားသော် နော်ဝီအရမ်းအံ့ဩသွားရသည်။ ထို့နောက် ဆယ်ဗီနီကို အတန်ကြာ တအံ့တဩကြည့်ကာ ခေါင်းအသာငြိမ့်၍ပြောလိုက်၏။ "ကောင်းပြီ၊ ကျုပ် ဒီစကားလုံးတွေကို အရှင်မင်းကြးဆီ ပြန်ပြောလိုက်ပါမယ်။"
"ကျွန်မ ရှင့်ရဲ့ ဖခမည်းတော်အပေါ်သစ္စာရှိမှုကို ယုံပါတယ်။" ဆယ်ဗီနီက ခေါင်းငြိမ့်ကာပြော၏၊ "ဒါဆို နော်ဝီ, ဒီလအတွင်း ကျွန်မရဲ့ အကိုရော ဘာတွေလုပ်နေလဲ ပြောပြလို့ရမလား?"
နော်ဝီ၏အမူအရာက အတန်ငယ်ထူးဆန်းလာကာ နေရခက်နေ၏။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ခါးသီးစွာပြုံးလျက်ပြောသည်,"ကျုပ် လော်ရန်မြို့က ထွက်လာတော့ မင်းသားလေးက မြောက်ဘက်စစ်တပ်ကို ပြန်လည်စုစည်းနေပါတယ်။'
"စစ်တပ်ကို ပြန်စုစည်းတယ်?" ဆယ်ဗီနီမှာ မျက်ခုံးများကို တွန့်ချိုးကာ၊ "သူဘာတွေလုပ်ချင်နေတာလဲ?"
နော်ဝီလည်း အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သက်ပြင်းဖွဖွချလျက်ပြောလာသည်၊ "မင်းသားလေးပြောတာတော့ သူက ယောက်ျားဖြစ်တာကြောင့် ယောက်ျားတွေရဲ့နည်းလမ်းကို သုံးတဲ့တန်ဖိုးကို သက်သေပြရမယ်တဲ့။ ယောက်ျားတစ်ယောက်ရဲ့ တန်ဖိုးကို သက်သေပြ အသင့်တော်ဆုံးနေရာက စစ်မြေပြင်ပဲတဲ့။"
ထိုအဖြေကို ကြားသော် ဆယ်ဗီနီမှာ မျက်ခုံးများပိုလို့ပင် တွန့်ချိုးသွားရ၏။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၉၆။ မင်းသားလေး၏ ဖိတ်ကြားချက်
လမ်ပူရီတိုင်းပြည်၏ မြောက်ပိုင်းနယ်စပ်တွင် အပူချိန်က တခြားနေရာများထက် အလျင်အမြန်ကျဆင်းတတ်၏။
ဆောင်းဦးပေါက်လာသည်နှင့် မနက်ခင်းလေတွင် အေးစိမ့်မှုဖြင့် ပြည့်နေသည်။ ကျန်းမာသည့် ဗစ်ကောင့်ထ်လက်စ်လိုင်းသည်ပင် မနေနိုင်ဘဲ သူ့ကိုယ်သူ ကြီးမားသော စစ်တပ်အနွေးအင်္ကျီဖြင့် ရုံထားပြီး ထိုအထဲ ကျုံ့ထား၏။
သူယူလာခဲ့သည့် အနွေးအင်္ကျီခပ်ပါးပါးမှ ဖျော့တော့သော နွေးထွေးမှုကို ခံစားရသော် ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ မနေနိုင်ဘဲ မျက်မှောင်ကုပ်လိုက်မိသည်။
"စစ်ဌာနချုပ်က ကျုပ်တို့မြောက်ဘက်စစ်တပ်အတွက် ဂီယာတွေ အဆင့်မြှင့်ပေးနေတဲ့အကြောင်း ပြောခဲ့တယ်မဟုတ်လား? ဆောင်းတောင်ဝင်တော့မယ် အနွေးအင်္ကျီအသစ်တွေကိုတောင် မပို့လာသေးဘူး။"
သူ၏နံဘေး၌ လျှောက်နေသည်က မြောက်ဘက်စစ်တပ်ထောက်ပံ့ပို့ဆောင်ရေးဌာနရှိ အသိတစ်ယောက်ဖြစ်သော မူလာပင်။ ၎င်းကိုကြားသော် ခါးသက်စွာရယ်ရင်း ပြောလေသည်၊ "စစ်ဌာနချုပ်က နှစ်တိုင်းဒီလိုပြောတာပဲ၊ ဒါပေမယ့် ခင်ဗျား မြောက်ဘက်စစ်တပ်မှာ နေလာတာပဲ ၂နှစ်ကျော်ပြီ တစ်ကြိမ်တောင် ပြောသလိုဖြစ်လာတာ မြင်ဖူးလို့လား?"
"ဒါအမှန်ဟုတ်လို့လား? အရင်နှစ် သေမင်းတောင်တန်းကို တိုက်ယူဖို့ ပို့ခဲ့တဲ့ မှော်စက်တွေနဲ့ယှဉ်ရင် အနွေးအင်္ကျီလေးနည်းနည်းက ငွေမှသိပ်မကုန်တာကိုလေ?" လက်စ်လိုင်းက အနည်းငယ်ရှုပ်ထွေးသွားရသည်။
မူလာမျက်နှာထက်ရှိ ခါးသက်သက်ပြီးက ပို၍ပင် ပီပြင်လာခဲ့၏။
"ကျုပ်ပြောမယ်၊ လက်စ်လိုင်း ခင်ဗျား ထောက်ပံ့ရေးဌာနမှာ နေလာတာပဲ၂နှစ်ရှိပြီ၊ ဘယ်လိုများ ကျုပ်တို့မြောက်ဘက်စစ်တပ်ထဲက အခြေအနေကို မသိနိုင်ရတာလဲ? မှော်စက်တွေက ဈေးကြီးပေမယ့်လည်း များများစားစားမပို့ခဲ့တာကြောင့် ရွှေဒင်္ဂါးသောင်းကျော်လောက်ပဲရှိတယ်လေ။ သူတို့သာ ကျုပ်တို့ မြောက်ဘက်စစ်တပ်ရဲ့ ဂီယာတွေကို လုံးဝပြောင်းပေးချင်ရင် ပိုတောင် ငွေကုန်ဦးမယ်။ ကျန်တာမပြောနဲ့ဦး ကျုပ်တို့ မြောက်ဘက်စစ်တပ်မှာ လူသုံးသောင်းရှိတာကြောင့် အားလုံးအတွက် အနွေးအင်္ကျီလေးတစ်ထည်ဆိုရင်တောင် အနည်းဆုံး ရွှေဒင်္ဂါးငါးသောင်းလောက်ကျမှာ။ နေ့စဉ်လိုအပ်တာတွေမျိုးစုံကိုပေါင်းလိုက်ရင် စစ်ဌာနချုပ်က ဒါကို တောင့်ခံနိုင်မယ်လို့ ထင်လား?"
"အနွေးအင်္ကျီအထည်သုံးသောင်းကို ရွှေဒင်္ဂါးငါးသောင်းကျော်? ဒါက တစ်ထည်ကို နှစ်ပြားနဲ့ပျမ်းမျှနီးနီးရှိတယ်မဟုတ်လား? ဗစ်ကောင့်ထ်လက်စ်လိုင်းက မျက်မှောင်များတွန့်ချိုးကာ၊ "ကျုပ် ထောက်ပံ့ရေးဌာနမှာ အရင်၂နှစ်က ကုန်စည်တွေမှတ်တမ်းတင်ရတဲ့တာဝန်ခံပဲ ဖြစ်လာတာ၊ ဒါကြောင့် ကျုပ်အနေနဲ့ ပစ္စည်းတန်ဖိုးကို မေးတာရှားပါတယ်။ ဒါက ဘာလို့ အဲ့လောက် ဈေးကြီးရတာလဲ?'
မူလာက လက်စ်လိုင်းကို လေးလေးနက်နက်ကြည့်ကာ၊ "လက်စ်လိုင်း, မင်းက မကြာခင်ထွက်သွားတော့မှာ ဆိုတော့ ဒီနေ့မှာ မင်းကိုပြောဖို့ သတ္တိမွေးလိုက်မယ်။ ရိုးရိုးသားသားပြောရရင် မင်းဝတ်ထားတဲ့ အနွေးအင်္ကျီက ရွှေဒင်္ဂါးတစ်ပြားနဲ့ ငွေဒင်္ဂါးပြားကိုးဆယ်တန်တယ်၊ ဒါပေမယ့် တကယ့်ကုန်ကျစရိတ်က ငွေဒင်္ဂါးကိုးဆယ်ပတ်လည်မှာရှိတယ်။"
လက်စ်လိုင်းက မျက်လုံးများကို မှေးစင်းကာ မူလာအား နောက်ထပ် ငွေဒင်္ဂါးကိုးဆယ်က ဘယ်ရောက်သွားသလဲ မမေးလိုက်ချေ။
ကုန်ကုန်ပြောရလျှင် သူက စတက်ဂျ်မိသားစုကဲ့သို့ မျိုးရိုးမြင့်မိသားစုကြီးမှဖြစ်ရာ သာမန်လူများမကြုံဖူးသည့် အရာများကိုကြုံဖူး၏။ ထောက်ပံ့ရေးဌာနအတွက် ၂နှစ်ကြာအလုပ်လုပ်ရင်းတွေ့ထားသော လျှို့ဝှက်ချက်တချို့ကိုပါ ပေါင်းထည့်၍ရသည်။ ယခုတွင် မူလာက သူ့ကို ထိုသို့ သတိပေးလာရာ မည်သို့များ လှည့်ဖျားမှုတချို့ရှိကြောင်းကို မခန့်မိဘဲရှိမည်နည်း။
လွန်ခဲ့သည့် ၂နှစ်အတွင်း မြင်တွေ့ခဲ့ရသော် စစ်သားအမြောက်အများမှာ အသက်ဆုံးရှုံးပြီး ဒုက္ခိတဖြစ်သွားကြသည်များကို စဉ်းစားရင်း ဗစ်ကောင့်ထ် လက်စ်လိုင်းမှာ အေးစက်စက်ရယ်ကာ စကားမဆိုတော့ချေ။
နှစ်ဦးသားမှာ ၎င်းတို့လမ်းကြောင်းတစ်လျှောက်ဆက်လျှောက်လာ၏။ မူလာမှာ လေထုက လေးလံနေသည်ကို သိရာ အားတင်းပြုံးလျက် ဆိုလာသည်၊ "လက်စ်လိုင်း, မင်းရဲ့ ပြောင်းရွှေ့စာ ပို့တာ ဒီကိုရောက်နေလောက်ပြီလား?"
လက်စ်လိုင်းက ခေါင်းငြိမ့်ရင်း၊ "ကျုပ် တစ်နေ့ကပဲ လက်ခံခဲ့တယ်။ နောက်ရက် ထွက်ရမှာဆိုပေမယ့် ဒီမှာ နောက်နှစ်ရက်နေပြီး မနက်ဖြန်မှပြန်ဖို့ ဆုံးဖြတ်ခဲ့တာပါ။"
မူလာက လက်စ်လိုင်းကိုကြည့်ကာ စဉ်းစားပြီးနောက် ပြောလိုက်သည်၊ "ခင်ဗျားကို စစ်ဌာနချုပ်ရုံးခွဲဆီပြန်ခေါ်တာပဲ။ ထင်တာတော့ ခင်ဗျားမိသားစုရဲ့ လွှမ်းမိုးမှုနဲ့ဆိုရင် ဌာနချုပ်ဆီ မြန်မြန်တက်သွားလိမ့်မယ်။ ခင်ဗျားမြောက်ဘက်စစ်တပ်က မထွက်ခွာခင် ကျုပ်မှာ ပြောစရာတချို့ရှိတယ်။ ဖြစ်နိုင်ရင်၊ ကျုပ်တို့ မြောက်ဘက်စစ်တပ်ကို ကူညီနိုင်သလောက် ကူညီပေးပါ။ မြောက်ဘက်စစ်တပ်က ဒီနှစ်တွေမှာ ခက်ခဲခဲ့ရတယ်..."
လက်စ်လိုင်းလည်း အသာခေါင်းငြိမ့်ရင်း သူ၏ မျက်နှာထားက လေးနက်လာသည်၊ "ကျုပ်လုပ်မှာပါ။"
မူလာလည်း လက်စ်လိုင်းကို ခပ်မာမာပုတ်လိုက်သည်။ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် သက်ပြင်းချလျက် သူပြောချင်သည့် ကျန်သောအရာများကို မပြောတော့ချေ။
လက်စ်လိုင်းက ခေါင်းခါကာ မူလာ၏ပခုံးကိုလည်း ပုတ်လိုက်သည်။
နှစ်ဦးသား တစ်ဖန်တိတ်ဆိတ်သွားကြပြန်၏။
ကင်းလှည့်ပြီးနောက် မူလာ၏ မျက်နှာထားက ပုံမှန်ပြန်ဖြစ်သွားကာ လက်စ်လိုင်းထံ အပြုံးဖြင့်ဆိုလေသည်၊ "ခင်ဗျားက မနက်ဖြန်သွားတော့မှာဆိုတော့ ဒီညနှုတ်ဆက်ပွဲကျင်းပဖို့ ကျုပ်တို့မိတ်ဆွေတွေကို ခေါ်ခိုင်းချင်သေးလား?"
"မလိုပါဘူး။" လက်စ်လိုင်းကခေါင်းခါရင်း၊ "အရင်နှစ်ရက်ခင်ဗျားသိသွားတုန်းက ကျုပ်ကို တစ်ခုပေးပြီးပြီ မဟုတ်လား? ထပ်လုပ်ရင် သောက်ဖို့ ကျုပ်နာမည်ကိုပဲသုံးမှာလေ။ ဒါပေါ့ ကျုပ်ခင်ဗျားတို့အားလုံးနဲ့ ထပ်သောက်ချင်ပေမယ့် ဒီနေ့လုပ်စရာရှိနေတော့ စိတ်မကောင်းစရာပဲ။ ခဏနေသွားတော့မယ်။"
"ဒီလိုလား?" မူလာလည်း လက်စ်လိုင်းကို အတန်ကြာကြည့်ကာ ရုတ်တရတ် သူ့အားဖက်ရန် လက်လှမ်းလိုက်၏၊ "ဒါဆို ခင်ဗျား အနာဂတ်မှာ အောင်မြင်ဖို့ မျှော်လင့်ပါတယ်။"
လက်စ်လိုင်းလည်း မူလာကို ဖက်ရင်း ကျောကိုပုတ်ပေးလိုက်သည်။ ထို့နောက် အသံဩဩဖြင့် ပြောလေ၏ "ဂရုစိုက်ပါ"
နှစ်ဦးသားမှာ မခွဲခွာခင် တစ်ခါထပ်ဖက်လိုက်၏။ မူလာက လက်ဝေ့ယမ်းကာ နောက်သို့ ပြန်လျှောက်သွားသည်။
မူလာက လှည့်မကြည့်ဘဲ ထွက်သွားသည်ကိုမြင်သော် လက်စ်လိုင်းမှာ အတွေ့အကြုံရှိ စစ်သားတစ်ဦးမှာ တကယ်ကိုခြားနားလှပြီး လုံးဝတုံ့ဆိုင်းနေခြင်းမရှိဟု တွေးတောလိုက်သည်။
မြောက်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး လက်စ်လိုင်းမှာ ကိုယ်ပိုင်အခန်းကို ပြန်ဦးတည်လိုက်တော့သည်။
အိမ်တော်ထိန်း ဘရူနိုင်းထံ၌ လက်စ်လိုင်း၏ပစ္စည်းများကိုရှင်းလင်းပေးမည့် အစေခံနှစ်ဦးရှိနေသည်။ လက်စ်လိုင်းပြန်လာသည်ကို မြင်သော် သူကပြော၏၊ "သခင်လေး၊ ကျုပ်တို့သွားတော့မှာလား? မင်းသားက ခင်ဗျားကို စောင့်ရတာ ကြာနေပြီ။"
"မင်းသားလေး..." ဗစ်ကောင့်ထ် လက်စ်လိုင်းက အရိုအသေတန်စွာ ခပ်ဖျော့ဖျော့ပြုံးလိုက်သော်လည်း အလျင်အမြန်ပြန်ရုတ်သိမ်းလိုက်၏။ ထို့နောက် အိမ်တော်ထိန်း ဘရူနိုင်းထံခေါင်းငြိမ့်ပြကာ၊ "သွားကြစို့။"
လက်စ်လိုင်း မြောက်ဘက်စစ်တပ်မှ ထွက်ခွာသည်က မည်သည့် တုံ့ပြန်မှုများများစားစားကိုမှ မဖန်တီးလိုက်ပေ၊ အကြောင်းမှာ သူရှိခဲ့သည့် ၂နှစ်အတွင်း မူလာပါဝင်သည့် မြောက်ဘက်စစ်တပ်ရှိလူတချို့မှလွဲ သူဟာ စတက်ဂျ်မိသားစုမှဖြစ်ကြောင်း သိသူများများစားစားမရှိချေ။
သူ့အား ဌာနချုပ်ထံ ပြောင်းရွှေ့လိုက်ကြောင်းသိသူလည်း မများချေ။
မြောက်ဘက်စစ်တပ်ရှိ လူသုံးသောင်းကျော်အတွက် သူက သာမန်လူတစ်ဦးပင်။
မှန်ပါ၏၊ မြောက်ဘက်စစ်တပ်ထဲတွင် မင်းသားလေးအဲရစ် ပွဲကိုယ်တိုင်ဖိတ်ခြင်းခံရသည့် လူတချို့သာရှိသည်။
လက်စ်လိုင်းလည်း အိမ်တော်ထိန်း ဘရူနိုင်းနောက် သေမင်းတောင်တန်းများနှင့်အနီးဆုံးဖြစ်သည့် မြောက်ဘက်စစ်တပ်ကို စစ်ဆေးရန် အထူးရောက်လာသော မင်းသားလေးအဲရစ်နှင့် တွေ့ဆုံမည့် မြို့လေးသို့ လိုက်သွားသည်။
၎င်းတို့တွေ့ဆုံချိန်တွင် မင်းသားလေးအဲရစ်က ချက်ချင်း လက်စ်လိုင်းကို ဆွဲဖက်လိုက်သည်။ ထို့နောက် ကျယ်လောင်စွာရယ်လျက် ပြော၏၊ "ဟား ဟား၊ လက်စ်လိုင်း ငါတို့မတွေ့ရတာ ၂နှစ်ရှိပြီ၊ မင်း အရင်ကနဲ့စာရင်ပိုတောင် မည်းသွားသေးတယ်။ မင်း အန်ဗီမာမြို့တော်ကို ဒီတိုင်းပြန်သွားတဲ့အခါ အဲဒီ့ကသခင်မလေးတွေက အရင်လို ကြိုဆိုလောက်မှာ မဟုတ်တော့ဘူးနော်။"
လက်စ်လိုင်းက ပြုံးလျက် ပါးများကို တို့ထိလိုက်ကာ၊ "တခြားနည်းလမ်းမရှိဘူး၊ နယ်စပ်က ဆောင်းတွင်းမှာ အတော်ကို ခြောက်သွေ့တော့ ကျွန်တော့်အသားရေကို မထိန်းသိမ်းနိုင်ခဲ့ဘူးလေ။ ပြီးတော့လည်း ကျွန်တော်က စစ်သားဖြစ်ခဲ့တော့ အရမ်းဖြူနေရင်က မဟုတ်သေးဘူးမို့လား?"
မင်းသားလေး အဲရစ်က ထပ်မံရယ်မောလိုက်ပြန်ကာ၊ "ဟား ဟား၊ ကြည့်ရတာ မြောက်ဘက်စစ်တပ်မှာ ၂နှစ်နေလိုက်တော့ မင်း အရင်ကနဲ့စာရင် အတော်ပြောင်းလဲသွားတာပဲ။ လာ၊ လာ ထိုင်။ စကားပြောရင်း စားကြတာပေါ့။"
အချိန်ကနည်းသော်လည်း မင်းသားလေးအဲရစ်မှ လက်စ်လိုင်းကို ကျွေးမွေးသည့်ပွဲက အတော်လေးကြွယ်ဝသည်။
နယ်စပ်အနီးက ဤမြို့ငယ်လေးတွင် သူဟာ တကယ်ကိုပဲ ငွေစားပွဲအစုံလိုက်ကိုပြင်ဆင်ထားကာ ကောင်းစွာဆေးခြယ်ထားသည့် ကတ္တီပါစားပွဲခင်းကိုလည်း ခင်းထားသည်။ စားပွဲနှင့် ကောင်းမွန်သောဟင်းပွဲများမှအနံများကိုပါ ပေါင်းထည့်လိုက်သော် အကြည့်တစ်ချက်နှင့်တင် ထိုတစ်နပ်စာအတွက် အတော်လေးသုံးထားကြောင်း ပြောရန်လုံလောက်၏။
လက်စ်လိုင်းလည်း စားပွဲကိုကြည့်ကာ တိတ်တဆိတ်ပင် သူနဲ့ မင်းသားလေးအဲရစ်တို့၏ ဤတစ်နပ်စာ၏ ကုန်ကျစရိတ်ကို ရေတွက်လိုက်သည်။ သူဟာ စစ်တပ်သုံး အနွေးအင်္ကျီအား ဝတ်ထားဆဲဖြစ်ကြောင်းသတိရလိုက်ရာ မထိန်းနိုင်တော့ဘဲ မျက်မှောင်အသာကုပ်လိုက်မိသည်။
မင်းသားလေးအဲရစ်က လက်စ်လိုင်း၏မျက်နှာထားကို တချိန်လုံးအာရုံစိုက်နေရာ ထိုပြောင်းလဲမှုလေးက သူ့အမြင်မှ မလွတ်သွားချေ။ ထို့ကြောင့် အမြန်မေးလာ၏၊ "ဘာလဲ? လက်စ်လိုင်း, မင်းက ဒီဟင်းပွဲတွေကို မကျေနပ်ဘူးလား? လွယ်ပါတယ်၊ ငါတစ်ယောက်ယောက်ကို ပြန်လုပ်ခိုင်းလိုက်မယ်၊ ဒါပေမယ့် နည်းနည်းတော့စောင့်ရမှာဆိုတော့ နည်းနည်းဆာနေလိမ့်မယ်။"
လက်စ်လိုင်းက သူ၏မျက်နှာထက်ရှိ ထူးဆန်းဟန်ကို လျင်မြန်စွာ ရုတ်သိမ်းလိုက်သည်။ ထို့နောက် လက်ဝေ့ယမ်းလျက် အပြုံးဖြင့်ပြော၏၊ "ကျွန်တော် စိတ်တိုင်းမကျလို့မဟုတ်ပါဘူး။ မြောက်ဘက်စစ်တပ်မှာရှိနေတဲ့အတောအတွင်း အစာကြမ်းပဲစားခဲ့တော့ ဒီလိုအရသာရှိတာတွေကိုမစားရတာ အတော်လေးကြာနေပြီလေ။ ကျွန်တော့ အစာအိမ်က တောင့်မခံနိုင်မှာကို စိတ်ပူလို့ပါ။"
မင်းသားလေးအဲရစ်က ရယ်ကာ၊ "ကြည့်ရတာ ပြီးခဲ့တဲ့ ၂နှစ်အတွင်း မင်းခံစားခဲ့ရပုံပဲ၊ ဒါပေမယ့် ကိစ္စမရှိပါဘူး။ မင်း အန်ဗီမာမြို့တော်ကိုပြန်ရောက်ရင် အရင်ဘဝနေထိုင်မှုနဲ့ အသားကျမယ်ဆိုတာ ငါအာမခံတယ်။ လာ၊ ထိုင်ချလိုက်၊ ဒီနေ့တစ်နပ်စာက စစ်တပ်ထဲမှာ ရှိခဲ့တဲ့ ကြမ်းတမ်းတဲ့နေ့တွေကို နောက်မှာချန်ထားခဲ့ရတဲ့ ဂုဏ်ပြုပွဲပဲ။"
လက်စ်လိုင်းက တိတ်တဆိတ်ထိုင်ချကာ စားပွဲထက်ရှိ ကြွယ်ဝမှုများကိုကြည့်လိုက်သည်။ နောက်ဆုံး၌ မထိန်းနိုင်တော့ဘဲ ခေါင်းခါကာ သက်ပြင်းချလေသည်၊ "ကြမ်းတမ်းတဲ့နေ့တွေကြုံခဲ့ရတာ ကျွန်တော်ချည်းပဲ မဟုတ်ဘူး။ မြောက်ဘက်စစ်တပ်က စစ်သားသုံးသောင်းလုံးက ကျွန်တော့်လိုပဲ၊ သူတို့အားလုံးက ကျွန်တော့်ထက်ပိုဆိုးတဲ့နေ့တွေတောင်ရှိသေးတယ်။"
"ဒါပေါ့၊ မင်းရဲ့စစ်သားတစ်ယောက်ဘဝက ဘယ်လိုအဆင်ပြေမှာလဲ။ မင်းအရင်၂နှစ်မြောက်ဘက်စစ်တပ်ကို သွားဖို့ ဆုံးဖြတ်တော့ စိတ်ကို မပြင်ဆင်ခဲ့ဘူးလား?"
မင်းသားလေး အဲရစ်က သူ၏စကားလုံးများ၌ ဝှက်ထားသည့် ဆိုလိုရင်းကို ဂရုမစိုက်သည်အား မြင်သော် လက်စ်လိုင်းမှာ ခေါင်းငြိမ့်ရင်း ထိုအကြောင်းဆက်မပြောတော့ချေ။ ထို့နောက် အန်ဗီမာမြို့တော်ကိစ္စများကို ဆွေးနွေးရန် အကြောင်းအရာပြောင်းလိုက်၏။
စားနေစဉ်တွင် လက်စ်လိုင်းက ရုတ်တရတ် ပုံမှန်လိုမေးလိုက်သည်၊ "ဟုတ်သား၊ မင်းသားလေး ကျွန်တော်ကြားတာတော့ ခင်ဗျားက မြောက်ဘက်စစ်တပ်ကို ပြန်လည်စုစည်းဖို့ စီစဉ်ပြီး စခ်တိုင်းပြည်ကို တိုက်ခိုက်မလို့ဆို?"
"ဟုတ်တယ်လေ။" မင်းသားလေး အဲရစ်က သူ၏ ညစာပန်းကန်လုံးများကိုချကာ အလေးအနက်ပြောလာ၏၊ "နှစ်အတော်ကြာ ငါတို့နဲ့ စခ်တိုင်းပြည်ရဲ့ ပဋိပက္ခတွေထဲ စခ်တိုင်းပြည်က အမြဲ အရေးသာခဲ့တယ်။ အခု သေမင်းတောင်တန်းတွေကို ငါတို့ဘက်က ထိန်းချုပ်နိုင်ပြီဆိုတော့၊ အရင်ဦးထားသင့်တယ်လေ။ ဒီအခွင့်အရေးကိုသာ စခ်တိုင်းပြည်ကို တိုက်ခိုက်ဖို့ မသုံးရင် အတော်လေး မမျှတဖြစ်သွားလိမ့်မယ်။ ဟုတ်သား လက်စ်လိုင်း မင်းဘာလို့ ငါ့ကို မင်းသားလေးလို့ခေါ်တာလဲ? ငါ့ကို အပြင်လူလို့ သတ်မှတ်ထားတာလား။ ငါတို့ဆက်ဆံရေးနဲ့ဆို ဒါတွေမလိုဘူးမို့လား? အရင်ကလိုပဲ နာမည်နဲ့သာ ခေါ်ပါ။"
"အရင်ကနဲ့စာရင် မတူဘူးလေ။" လက်စ်လိုင်းက အပြုံးဖြင့် ခေါင်းခါသည်။ အနည်းငယ်စဉ်းစားပြီးနောက် ပြော၏၊ "အခြေအနေကိုသုံးသပ်ရရင် ကျွန်တော်တို့ တကယ်ကိုပဲ တိုက်ခိုက်ဖို့ လိုအပ်ချက်ကိုမီနေပြီ၊ ဒါပေမယ့် မင်းသားလေး၊ စခ်တိုင်းပြည်ကိုတိုက်ခိုက်ဖို့ ငွေကြေးဘယ်လောက်ကုန်ကျမလဲကို သိရဲ့လား?"
"ကုန်ကျစရိတ်?" မင်းသားလေး အဲရစ်က မျက်မှောင်ကုပ်ရင်း လက်စ်လိုင်းကိုကြည့်လိုက်သည်။ ထို့နောက် သိမ်မွေ့စွာပြုံးလျက်၊ "ဒါပေါ့ စစ်တိုက်ဖို့က ငွေကုန်မှာပဲ၊ ဒါပေမယ့် မင်းတို့ စတက်ဂျ် မိသားစုရဲ့ အပြည့်အဝအထောက်ပံ့နဲ့ဆို ပြဿနာမရှိဘူးလေ။"
လက်စ်လိုင်းလည်း ခေါင်းအသာငြိမ့်ပြလာသည့် အိမ်တော်ထိန်း ဘရူနိုင်းကို ကြည့်လိုက်သည်။
"အဲ့သလိုဆိုမှတော့..." လက်စ်လိုင်းက ခေါင်းငြိမ့်ကာ မင်းသားလေးအဲရစ်ထံ ခွက်မြှောက်ပြလိုက်သည်၊ "ဒါဆို ဒီတိုက်ခိုက်မှုက အောင်မြင်ပါစေလို့ မျှော်လင့်ပါတယ်။"
မင်းသားလေး အဲရစ်က ရယ်ရင်း ဖန်ခွက်မြှောက်ကာ လက်စ်လိုင်း၏ခွက်ဖြင့်တိုက်၍ တစ်ခွက်လုံးအပြီးမော့သောက်လိုက်သည်။
လက်စ်လိုင်းက ခေါင်းစောင်းကာ ဝိုင်ခွက်ကို နှုတ်ခမ်းနားတေ့လျက် ဖုံးကွယ်ကာ အေးစက်စက်အပြုံးအဖြစ်ပြောင်းလဲသွားတော့၏။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၉၇။ အရည်အချင်းစစ်ဆေးမှု
မြောက်ပိုင်းရှိ အေးစိမ့်မှုနှင့် ကွဲပြားသော ဘန်တာမြို့၌ အောက်တိုဘာလအဆုံးတွင် အာရုံတက်နှင့် ညခင်းတို့သာ အနည်းငယ်အေးသည်။ ၎င်းက နေ့အခါတွင် ပိုရှင်းလင်းကာ အချိန်အများစု၌ နွေးထွေးပါ၏။ နေ့လည်ခင်းတွင် အနည်းငယ်နွေးနေဆဲပင်။
လူပိုမျိုးသည့် နေရာများ၌ သဘာဝကျကျပင် ပိုနွေးပါ၏။
မိုးကျတောင်ကြားအပြင်ဘက် စတုရန်းမီတာ တစ်သောင်းနီးနီးရှိသည့် နေရာတွင် ဤနယ်မြေကို ဖြည့်တင်းရန် လူထောင်ချီရောက်နေကြသည်။
လူများစွာထံမှအတူလာသည့် အပူမှာ ဤနေရာ၌ အခြားသောနေရာများထက် အပူချိန်မြင့်လာစေသည်။ အားလုံး၏စိတ်ထဲရှိ ပူပန်မှုကိုပါ ပေါင်းလိုက်သော် အားလုံး ပူနွေးခြောက်သွေ့သလို ခံစားမိကြ၏။
မစ်ခ်မှာ လူထုထဲသို့တိုးဝင်လာ၏။ သူ၏ရှေ့မှ လူအုပ်ပြောင်းလဲသွားသည်ကို မော့ကြည့်သည်ကလွဲ အများဆုံးလုပ်ဖြစ်သည်မှာ သူ့လက်ထဲရှိ စာအုပ်ကို အသံတိုးတိုးဖြင့်ရွတ်ဆိုနေခြင်းဖြစ်သည်။
ပရာနာကျေးရွာ၌ မွေးဖွားခဲ့ရသည့် သူ့အတွက် ယခင်က ကျောင်းမသွားဖူးသဖြင့် သာမန် လယ်သမားများသိသည့် စာလုံးများကိုပင် မမှတ်နိုင်ချေ။ သူဟာ ဤ {လက်တွေ့ကျွမ်းကျင်မှုများအခြေခံသီအိုရီဗဟုသုတ}ကို လွန်ခဲ့သည့် လဝက်အကြာက ဝယ်ခဲ့ကာ တစ်ယောက်က ဖတ်ပြခဲ့ဖူးပြီး နေ့တိုင်းလေ့လာနေပါသော်လည်း ၎င်းက ကောင်းကင်ဘုံစာအုပ်နှယ်ပင်။ သူ့အနေနှင့် တချို့ကိုသာ နားလည်နိုင်သော်ငြား ယင်းတို့၏ ဆိုလိုရင်းကိုမူ နားမလည်ချေ။
သို့ရာ၌ ရွေးချယ်စရာမရှိပေ။ မည်သူက Frestech ကုန်သည်ကြီးများအသင်းအား ဤသီအိုရီဗဟုသုတစစ်ဆေးပွဲလုပ်ခိုင်းခဲ့သည်လဲ။ သူသာ အဆင့်မြင့်လက်မှတ်ကိုရချင်လျှင် ဂရုမစိုက်၍မရတန်ရာ။
မှတ်သားထားရသည့် ထိုအရာများနှင့်ယှဉ်လျှင် မစ်ခ်က လက်တွေ့လျှောက်လွှာပြဿနာများကိုပိုစိုးရိမ်သည်။
သူကြားခဲ့သည်မှာ ဤ Frestech ကုန်သည်ကြီးများအသင်း၏ လက်တွေ့ကျွမ်းကျင်မှုစစ်ဆေးပွဲ၌ တာဝန်ခံမည့်လူများမှာ အကောင်းဆုံးမှော်စက်မှုအင်ဂျင်နီယာများဖြစ်၏။ ၎င်းတို့နှင့်ယှဉ်လျှင် မစ်ခ်မှာ ယှဉ်နိုင်ရန် ဝေးကွာလွန်းသည်ဟု ခံစားနေရသည်။
သို့သော် သူ့ထံ၌ ရှိသည့် အားသာချက်လေးမှာ သူက ရီမထ်ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်ခဲ့ဖူးခြင်းပင်။ သူခန့်ခွဲခဲ့သည့် ထုတ်လုပ်ရေးမှော်စက်များမှာ ဒီနှစ်တွင် ချပြထားသည့် အသစ်များဖြစ်ရာ လက်ရှိ Frestech ကုန်သည်ကြီးများအသင်း အသုံးပြုထားသော ထုတ်လုပ်ရေးမှော်စက်များနှင့် အထူးပြုချက်များ တူညီသည်။ ၎င်းက ဤစာမေးပွဲ၌ သုံးထားသည့် ထုတ်လုပ်ရေးမှော်စက်နှင့်လည်းတူညီရာ ၎င်းက သူ့အတွက် ယင်းစာမေးပွဲကို အနည်းငယ် လွယ်ကူစေ၏။
ဘန်တာတိုင်းမ်စ်တွင် Frestech ကုန်သည်ကြီးများအသင်း၏ ကြေညာချက်အရ ဤလက်တွေ့ကျွမ်းကျင်မှုစစ်ဆေးပွဲအား အမျိုးအစားခုနစ်မျိုးခွဲဖြာထားပေ၏။ မစ်ခ်မှာ အဆင့်မြင့်ရိုက်စက်အလုပ်သမားဖြစ်လာရန် ယုံကြည်မှုရှိနေပြီး၊ စာမေးပွဲအား အဆင့်မြင့်ဖြတ်စက်အတွက်လည်း ဖြေနိုင်မည်ဟု ခံစားနေရသည်။ အခြားအမျိုးအစားငါးမျိုးအတွက်တော့ လက်ရှိတွင် မည်သည့်အစီစဉ်မှ မရှိသေးချေ။
စာအုပ်ထက်ရှိ ကိန်းဂဏန်းများကို တိတ်တဆိတ်အာရုံစိုက်လိုက်ပြီး ထုတ်လုပ်ရေးမှော်စက်၏ အခြေနေမျိုးစုံကို ထပ်ခါထပ်ခါ ဘာသာစဉ်းစားနေချိန်၌ မစ်ခ်မှာ ရုတ်တရတ် လူအုပ်က လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ဟု ခံစားမိလိုက်ရသည်။
မော့ကြည့်လိုက်သော် လွန်ခဲ့သည့်လကမှ ဆောက်လုပ်ထားသည့် အဆောက်အဦကြီး၏ တံခါးများ ပွင့်သွားသည်ကို မြင်ရလေသည်။ Frestech ကုန်သည်ကြီးများအသင်း၏ စံနမူနာအပြာရောင်ယူနီဖောင်းဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက သစ်တုံးများစွာဖြင့်ဆောက်ထားသည့် စင်ပေါ်တက်လာသည်၊ "အားလုံးပဲ မတွန်းကြပါနဲ့၊ မဆူကြပါနဲ့၊ ကျုပ်ပြောတာကိုအရင်ဆုံး နားထောင်ကြပါ!" ထိုလူငယ်က အင်မတန် အသံကျယ်နေရာ အထူးတလည်ရွေးချယ်ခံထားရဟန်ပေါ်နေသည်။ သူအော်လိုက်ချိန်၌ သူ့အသံက လူပေါင်းထောင်ချီ၏ အသံများကို လွှမ်းမိုးသွားသည်။
အားလုံးမှာ ထိုလူငယ်ကို ကြည့်လိုက်ရာ တိတ်ဆိတ်မှုက တဖြည်းဖြည်းရောက်လာ၏။
အခြေအနေက ထိန်းချုပ်မှုအောက်ရောက်သွားသည်ကို မြင်သော် ထိုလူငယ်က ခေါင်းတချက်ငြိမ့်လျက် ဆက်ပြောလာ၏၊ "အားလုံးပဲ မင်္ဂလာပါ၊ ကျုပ်က Frestech ကုန်သည်ကြီးများအသင်းရဲ့ အိမ်သုံးမှော်စက်ဌာနမန်နေဂျာ, အန်းခေါ့ထ်ပါ။ ကျုပ်က Frestech ကုန်သည်ကြီးများအသင်းကိုယ်စား အားလုံးကို လက်တွေ့ကျွမ်းကျင်မှုစစ်ဆေးပွဲအတွက် ကြိုဆိုပါတယ်။ ဒီစစ်ဆေးပွဲ ချောချောမွေ့မွေ့ဆက်သွားဖို့ ကျုပ်အနေနဲ့ လူတိုင်းက စစ်ဆေးပွဲရဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ မျှော်လင့်ပါတယ်..."
ထို့နောက် အန်းခေါ့ထ်မှာ ဘန်တာတိုင်းမ်စ်၌ ကြေညာထားသော စည်းမျဉ်းများကို ထပ်မံရွတ်ပြလိုက်ပြီး စာမေးပွဲအစအား တရားဝင်ကြေညာလိုက်တော့၏။
မစ်ခ်လည်း ယခင်အပတ်ကမှ ရခဲ့သည့် အတည်ပြုကဒ်ကိုကြည့်လိုက်ရာ သူ၏နံပါတ်က ၀၀၃၇၂ဖြစ်ကြောင်းတွေ့လိုက်ရပြီး၊ သူဟာ အတော်စောစော စာရင်းသွင်းခဲ့ကြောင်း သိရှိသွား၏။
အခြေအနေကိုသုံးသပ်ရလျှင် သူသာ ဖခင်၏အကြံကို နားမထောင်ဘဲ စောစီးစွာစာရင်းမသွင်းခဲ့ပါက ယနေ့ စာမေးပွဲကို ဝင်နိုင်မည်မဟုတ်ချေ။
သူ၏အလှည့်မကျရောက်သေးခင်၌ မစ်ခ်မှာ အလျင်အမြန် {လက်တွေ့ကျွမ်းကျင်မှုများအခြေခံသီအိုရီဗဟုသုတ}ကို ရွတ်ဆိုနေလိုက်သည်။
၎င်းအား ဒုတိယအကြိမ်ဖတ်ရန်ပြင်လိုက်ချိန်၌ သူ၏ အလှည့်ရောက်နေပြီဖြစ်ကြောင်း တွေ့ရလေ၏။
သူဟာ စိတ်လှုပ်တရှားဖြင့် ဧရာမစာမေးပွဲနေရာသို့ဝင်သွားသည်။ မစ်ခ်မှာ ထိုနေရာက ရီမထ်ကုန်သည်ကြီးများအသင်း၏ အလုပ်ရုံနှင့် အတော်လေးဆင်တူသည်ကိုတွေ့လိုက်ရပါသော်လည်း ရီမထ်ကုန်သည်ကြီးများအသင်းကဲ့သို့ ထုတ်လုပ်ရေးမှော်စက်အနည်းငယ်သာမရှိတည်းက ကွဲပြားနေပါ၏။ ဤနေရာ၌ ထုတ်လုပ်ရေးမှော်စက်မျိုးကွဲအစုံရှိနေပြီး မစ်ခ်ကြည့်လိုက်ရာ သူ့အား လွှမ်းမိုးသွားသည်။
"ဟေး၊ ကလေး မင်းက စာမေးပွဲဖြေချင်တာလား မဖြေချင်တာလား?" ခပ်ကြမ်းကြမ်းအသံက မစ်ခ်ကို ထိုထူးဆန်းသစ်လွင်သည့်မှော်စက်များအား မြင်ခြင်းကြောင့် အံ့အားသင့်နေရာမှ လှုပ်နှိုးလိုက်သည်။
ကြည့်လိုက်သော် သူ၏ခါးလောက်သာရှိသော်လည်း သူ့ခါးထက် များစွာလုံးဝိုင်းသည့် လူပုလေးတစ်ယောက်ကိုသာ တွေ့လိုက်သည်။
မစ်ခ်လည်း အလျင်အမြန် သူ၏အတည်ပြုကဒ်အား တရိုတသေကမ်းပေးလိုက်၏။ လူပုလေးက ၎င်းကိုယူကာ မစ်ခ်အား မှော်စက်တစ်ခုဆီ ခေါ်သွားပြီး စတုရန်းသံမဏိပြားနှစ်ခု ပစ်ပေးလာသည်။
"လာ၊ ဒါတွေကို အဝိုင်းပုံစံဖြတ်လိုက်။"
မစ်ခ်က လက်ထဲရှိ သံမဏိပြားများကို တိုင်းတာလျက် ပြန်မေးသည်၊ "အချင်းဘယ်လောက်ကို လိုချင်တာလဲဗျ?"
လူပုလေး၏ မျက်လုံးထဲ၌ ချီးကျူးဟန်ထင်ဟပ်လာသည်။ သူက ခေါင်းငြိမ့်ရင်းပြောလာ၏၊ "နှစ်ဆယ်စင်တီမီတာ အချင်းနဲ့ ဘေးသားအမှားယွင်းက သုံးမီလီမီတာထက် ပိုလို့မရဘူး။"
မစ်ခ်မှာ ချက်ချင်း စိတ်အေးသွားရသည်။
ရီမထ်ကုန်သည်ကြီးများအသင်းမှာ အိုင်ရီလန်ကုန်သည်ကြီးများအသင်းနှင့် မယှဉ်နိုင်သော်လည်း ဘန်တာမြို့၏ စက်ဝိုင်းအစိတ်အပိုင်းများထုတ်လုပ်ရေး၌ အနည်းငယ်ကျော်ကြားနေဆဲပင်။ မစ်ခ်အား ရီမထ်ကုန်သည်ကြီးများအသင်းတွင် ထုတ်လုပ်ရေးမှော်စက်အား ခန့်ခွဲရာ၌ အကောင်းဆုံးတစ်ဦးဟု သတ်မှတ်၍ရ၏၊ ထို့ကြောင့် သဘာဝကျစွာပင် ၎င်းက သူ့အတွက် မခက်ခဲနေချေ။
သူဟာ လူပုလေးထံမှ အတိုင်းကိရိယာကိုယူလျက် ထိုသံမဏိပြားထက်တွင် သင့်လျော်သော မျဉ်းကြောင်းများမှတ်သားလိုက်သည်။ မစ်ခ်က သံမဏိပြားအား ကောက်ယူပြီး ဆယ်မိနစ်မပြည့်ခင်၌ စက်ဝိုင်းတစ်ခု ဖန်တီးနိုင်သွား၏။
လူပုလေးက သံမဏိပြားကိုယူကြည့်ကာ ဘေးသားအမှားအယွင်းက တစ်မီလီမီတာပင်မပြည့်သည်အားတွေ့သဖြင့် မနေနိုင်ဘဲ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လာ၏။ ထို့နောက် မစ်ခ်၏အတည်ပြုကဒ်ကိုယူကာ သူ၏နံဘေးရှိ စာအုပ်အသေးလေးထံသွား၍ တစ်ခုခုကို ရေးချလိုက်၏။
မစ်ခ်လည်း လည်ဆန့်လိုက်ရာ မျက်လုံးကောင်းကောင်းကြောင့် စာအုပ်ထဲရှိ သူ၏အမှတ် ၈၅မှတ်ကို မြင်လိုက်သော်လည်း အနည်းငယ် မရေရာဖြစ်သွားသည်။
"ကျွန်တော်လုပ်တာ ကောင်းပါတယ် ဘာလို့ ၈၅မှတ်ပဲရတာလဲဗျ? အနည်းဆုံး ၉၀လောက်ပေးသင့်တာမဟုတ်ဘူးလား?"
လူပုလေးက မစ်ခ်ကိုကြည့်ကာ နှာခေါင်းရှုံ့လေ၏။ ထို့နောက် သံပြားတစ်ချပ်ကိုကောက်ယူလျက် သူ့ကိုပေးလာသည်။
"မင်းရဲ့အလုပ်ကို ဘယ်လိုယှဉ်မှာလဲ?"
မစ်ခ်မှာ သံမဏိပြားကိုယူကာ လုံးဝတိုင်းတာဖို့မလိုချေ။ ထိုသံမဏိပြား၏ အရည်အသွေးက သူ့ထက်များစွာ ပိုသန်မာသည်ဟု ခံစားလိုက်ရသည်။
"ဒါက အမှတ်ဘယ်လောက်ရတာလဲ?" မစ်ခ်က စိတ်မပါသည့်အသံဖြင့်မေးလေသည်။
"ကိုးဆယ်" လူပုလေးက ပြန်ဖြေ၏။
"မဖြစ်နိုင်တာ၊ တကယ်ကြီး? ဒါက ကိုးဆယ်ပဲလား? ဒါဆိုရင် တစ်ရာက ဘယ်လိုရမှာလဲ?" မစ်ခ်က ချက်ချင်းအံ့ဩသင့်နေသံဖြင့်မေးလေ၏။
"တစ်ရာ? အိပ်မက်မက်မနေနဲ့။ မင်းသာ ဘေးသားအမှားအယွင်း သုညမရရင် တစ်ရာမရဘူး။ လုပ်နိုင်လို့လား?"
လူပုလေးက စိတ်ညစ်ညူးစွာရယ်လျက် ပြောသည်။
မစ်ခ်က ပြောစရာမဲ့သွား၏။
ဘေးသားအမှားအယွင်း သုည? ဒါက တကယ်မဖြစ်နိုင်တာလေ။
"ဒါဆို အမှတ်ပြည့်ရရင် ဘာရည်ရွယ်ချက်ရှိမှာလဲ? ဒါက မဖြစ်နိုင်တာကြီးကို?"
"ဒါက မင်းကို ရည်မှန်းချက်ပေးဖို့ပဲ၊ အတည်ယူနေတာလား မင်းက?" လူပုလေးက လက်ကိုယမ်းလျက်၊
"ဟုတ်ပြီ၊ အချိန်မဖြုန်းတော့နဲ့၊ စစ်ဆေးမှုဆက်လုပ်ချင်သေးလား? ဆက်မလုပ်ရင် အရှုံးပေးလိုက်တယ်လို့ သတ်မှတ်လိုက်မယ်။"
"ဒါပေါ့၊ ဆက်လုပ်မှာပါ!" မစ်ခ်က လျင်မြန်စွာဖြေဆို၏။
လူပုလေးမှာ မည်သည်ကိုမှမဆိုဘဲ မစ်ခ်ထံ မူကြမ်းတစ်ခုနှင့် သံမဏိပြားတစ်ပြားပေးလိုက်သည်။
မစ်ခ်က ၎င်းမှာ ဘာကိုဆိုလိုမှန်းသိပါ၏။ သူဟာ မူကြမ်းကို အသေအချာကြည့်ပြီး သံမဏိပြားပေါ်တွင် မျဉ်းတချို့ဆွဲကာ ထုတ်လုပ်ရေးမှော်စက်ကို သုံးလိုက်တော့သည်။
ဒီတစ်ခေါက်တွင် အချိန်ကြာကြာယူရပြီး မူကြမ်းကြောင့် သံမဏိပြားကိုအလုပ်ပေးရန် မိနစ်နှစ်ဆယ်သုံးလိုက်ရသည်။
လူပုလေးက ကြည့်လာကာ စိတ်ကျေနပ်စွာခေါင်းငြိမ့်လေ၏။ မစ်ခ်၏ရှေ့တွင်ပင် အမှတ်၈၀ပေးလိုက်သည်။
မစ်ခ်မှာ အနည်းငယ်စိတ်ဓာတ်ကျသွားသော်ငြား မအံ့ဩပါချေ။
သူထိုအပိုင်းကို ပြုလုပ်နေချိန်တွင် သူ၏ခံစားချက်ကြောင့် အမှားများစွာ လုပ်မိသွားခြင်းဖြစ်နိုင်၏။
အမှတ်၈၀ ရသည်ကပင် အတော်လေးအဆင်ပြေနေပြီ။
"ဟုတ်ပြီ၊ ဝင်ခွင့်စာမေးပွဲက ဒီမှာပြီးပြီ၊ နောက်တစ်ခုက သီအိုရီစာမေးပွဲပဲ။" လူပုလေးက တံခါးကိုညွှန်ပြလိုက်သည်။
မစ်ခ်လည်း ခေါင်းငြိမ့်လျက် စစ်ဆေးခန်းထဲမှ ထွက်လာ၏။ သီအိုရီစစ်ဆေးမှုအတွက် အခြားအခန်းလေးထဲ ဦးတည်ရန် ပြင်လိုက်ချိန်၌ သူမော့ကြည့်လိုက်ရာ ရင်းနှီးနေသည့် ပုံရိပ်ကိုတွေ့လိုက်ရ၏။
"ဟေး၊ မိန်းကလေး အီဗီတာ!" မစ်ခ်က လျင်မြန်စွာပြေးသွားကာ ဖြတ်လာသည့် အီဗီတာကို စိတ်လှုပ်ရှားစွာနှုတ်ဆက်လေ၏။
အီဗီတာလည်း လှည့်ကြည့်ရာ မစ်ခ်ကိုမြင်သည်တွင် အပြုံးဖျော့ဖျော့ဖြင့် လက်ဝေ့ယမ်းပြလိုက်သည်။ ထို့နောက် သူ့အနောက်က စစ်ဆေးခန်းကို မြင်သွားကာ မေးလာသည်၊ "ရှင့်ရဲ့ဝင်ခွင့်စာမေးပွဲက ပြီးပြီလား? ဘယ်လိုနေလဲ?"
မစ်ခ်လည်း စိတ်ဓာတ်ကျစွာခေါင်းခါလျက်၊ "အရမ်းမကောင်းဘူး ကျွန်တော် စီနီယာစက်မှုပညာရှင်မဖြစ်နိုင်လောက်ဘူးလို့ ခံစားရတယ်။"
အီဗီတာက ခပ်ဖျော့ဖျော့ပြုံးလျက်၊ "အားလျော့ဖို့မလိုပါဘူး၊ ဥက္ကဌရဲ့ စံနှုန်းအရ ဘယ်သူကမှ စီနီယာစက်မှုပညာရှင်ဖြစ်ဖို့ အရည်အချင်းမမှီလောက်ဘူး။ ရှင်က အခြေခံအဆင့်စာမေးပွဲကိုသာ ဖြတ်ကျော်ဖို့လိုပြီး တရားဝင်စက်မှုပညာရှင်ဖြစ်လာတဲ့အခါကျ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်ဖို့ အရည်အချင်းမီသွားလိမ့်မယ်။"
ထို မစ်ခ်မှာ အဘိုးအိုအော်ဒရင်၏ ဒုတိယသားဖြစ်သည်။ ယခင်တစ်ခေါက် အီဗီတာ ပရာနာကျေးရွာသို့ သွားကာ မှော်သလင်းကျောက်တွင်းအား စစ်ဆေးချိန်က အဘိုးအို အော်ဒရင်မှာ မစ်ခ်က Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်ချင်ကြောင်းပြောလာခဲ့သည်။ အီဗီတာက မစ်ခ်အား Frestech ကုန်သည်ကြီးများအသင်း၏ လက်တွေ့ကျွမ်းကျင်မှုစာမေးပွဲ၌ ပါဝင်ရန် အကြံပေးလိုက်ရာ အဘိုးအို အော်ဒရင်က သဘောတူ၍ မစ်ခ်ကို တတ်နိုင်သမျှ မြန်မြန် စာရင်းသွင်းစေခဲ့သည်။
ထို့နောက် အီဗီတာလည်း ပရာနာကျေးရွာသို့ အခေါက်ပေါင်းမနည်းသွားဖြစ်ပြီး မစ်ခ်နှင့် ဆုံခဲ့ရာ ၎င်းတို့အား အသိမိတ်ဆွေဟု သတ်မှတ်၍ရပါ၏။
အီဗီတာ အပြောကိုကြားသော် မစ်ခ်မှာ အံ့ဩသွားရသည်၊ "ဒါက ခင်ဗျားတို့ ဥက္ကဌပြောခဲ့တာလား? သူ့ရဲ့လိုအပ်ချက်က အဲ့လောက်တောင် မြင့်တယ်လား?"
"ဥက္ကဌရဲ့လိုအပ်ချက်က အမြဲမြင့်နေတာပဲလေ။" အီဗီတာက အပြုံးဖြင့်ပြောလာသည်၊ "ဒါပေမယ့် ဒါကပဲ ကျွန်မတို့ကို ရှေ့ဆက်သွားနေစေတော့ ကောင်းတဲ့အရာလို့ ရှင်မထင်ဘူးလား?"
မစ်ခ်မှာ တကယ်နားမလည်သလို ခေါင်းငြိမ့်လာ၏။
သူ၏ သွင်ပြင်ကိုကြည့်ရင်း အီဗီတာလည်း ခေါင်းခါလိုက်သည်။ ထို့နောက် မနီးမဝေးမှ သီအိုရီစစ်ဆေးခန်းကို ညွှန်ပြလာ၏၊ "သွားတော့၊ စစ်ဆေးချိန်က ဒီနေ့အရမ်းနည်းတယ်၊ မနှောင့်နှေးစေနဲ့။"
"အန်း၊ ဒါဆို ကျွန်တော်သွားပြီ။ မိန်းကလေး အီဗီတာ, ရလာဒ်တွေထွက်လာတဲ့အခါ မင်းကို သတင်းကောင်းတချို့ပြောပြပါ့မယ်!" မစ်ခ်လည်း လက်ဝေ့ယမ်းပြလျက် သီအိုရီစစ်ဆေးခန်းဆီ လှည့်ပြေးသွားတော့သည်။
သက်ဝင်နေသည့် သူ၏ကျောပြင်ကိုကြည့်ရင်း အီဗီတာက ခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။ ထို့နောက် လူအုပ်ကြီးကိုကြည့်ကာ မိုးကျတောင်ကြား အပြင်ဘက် လမ်းမဆီလှည့်ပြီး ဘန်တာမြို့သို့ ဦးတည်ရန် ပြင်ထားသော ဖာဆန်ရထားလုံးလုပ်ငန်းစု၏ လူထုပို့ဆောင်ရေးမှော်ကားထဲဝင်လိုက်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၉၈။ အရစ်ကျငွေပေးချေမှု
လူထုပို့ဆောင်ရေးမှော်ကားက ဘန်တာမြို့အပြင်ဘက်၌ ရပ်တန့်သွားကာ အီဗီတာထွက်လာသည်။ သူမက နတ်သူငယ်များဒီဇိုင်းဆွဲထားသည့် ဆန်ဒီမြစ်နံဘေးရှိ အမ်ရစ် ကုန်သည်ကြီးများအသင်းဆောက်လုပ်ထားသော နှစ်ထပ်အိမ်ကိုကြည့်လိုက်သည်၊ အေးချမ်းသော လေထုကြောင့် သူမမှာ စိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။
သူမလည်း ဤနေရာ၌ အိမ်ဝယ်ကာ နေနိုင်လျှင် ကောင်းမည်။
သို့သော် ဤနေရာရှိ အိမ်တစ်လုံး၏ အနိမ့်ဆုံးဈေးနှုန်းသည်ပင် ရွှေဒင်္ဂါးငါးထောင်ရှိသည်ကို စဉ်းစားမိရာ အီဗီတာလည်း ထိုအတွေးကို လက်လျှော့လိုက်ရ၏။
လမ်းရှာတွေ့သော် အီဗီတာလည်း ဆန်ဒီမြစ်နံဘေးတွင် အမ်ရစ် ကုန်သည်ကြီးများအသင်း အသစ်ဆောက်ထားသည့် အဆင့်မြင့်မှော်စက်မှုအိမ်ရာသို့ဦးတည်လိုက်သည်။
ထိုအသိုင်းအဝိုင်းမှာ အပြီးမသတ်ရသေးသော်လည်း ဘေးဘီကိုကြည့်လိုက်ရာ လူတချို့ လှုပ်ရှားသွားလာနေသည်ကို မြင်လိုက်ရ၏။ အီဗီတာကို မြင်သော် ဦးစွာ လာနှုတ်ဆက်သူများပင်ရှိလေသည်။
ထိုလူများ အီဗီတာကို သတိပြုမိသည်မှာ ၎င်းတို့က မိုးကျတောင်ကြားအပြင်ဘက် လုပ်ငန်းစုလေးများ၏ အဆင့်မြင့်အဖွဲ့ဝင်များဖြစ်သောကြောင်ပင်။ သူမကို မသိသူများကလည်း သူမအား သတိပြုမိကြသည်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပိုမိုနီးကပ်လို၍ဖြစ်၏။
အီဗီတာ ၎င်းတို့အား နှုတ်ဆက်ပြီးနောက် သူမ၏ဦးတည်ရာကို မေးမြန်းလိုက်သည်။
ဤနေရာ၌ အတန်ကြာနေထိုင်လာသော လူနှစ်ဦး၏လမ်းညွှန်မှုဖြင့် အီဗီတာလည်း ဆန်ဒီမြစ်နံဘေးက အကောင်းဆုံးပတ်ဝန်းကျင်နှင့် အိမ်ဆီ ချောချောမွေ့မွေ့ရောက်သွားသည်။ ထို့နောက် သူမမှာ အာကာလီနှင့် သူမ၏လက်ထောက်နှစ်ဦးက ဤနေရာ၌ အချိန်ကြာရှိနေခဲ့သည်ကို တွေ့လိုက်ရလေသည်။
"ဟေး အီဗီတာ လာကြည့်ပါဦး။" အီဗီတာကိုမြင်သော် အာကာလီရ စိတ်လှုပ်ရှားစွာ လက်ဝေ့ယမ်းလာ၏။
အီဗီတာလည်း သွားကာ ဧည့်ခန်းပြတင်းပေါက်ခပ်ကြီးကြီးနံဘေးနားက သူမနှင့်အတူ သွားရပ်၍ သူမညွှန်ပြသည့်ဘက်ကိုကြည့်ရှုလိုက်သည်။
"ဘယ်လိုလဲ? မလှဘူးလား?" အာကာလီက အင်မတန်ပျော်ရွှင်နေဟန်ဖြင့်၊ "စဉ်းစားကြည့်ပါဦး နင်သာဒီမှာနေရင် နေရောင်နံဘေးမှ နိုးထလာရပြီး မျက်လုံးဖွင့်တာနဲ့ လှပတဲ့ ဆန်ဒီမြစ်ကိုမြင်ရမယ်။ နင်ပျင်းတဲ့အခါ မြစ်ထဲမှာ လှေလေးစီးလို့လည်းရတယ်။ ဒါက တကယ်ကိုအံ့ဩစရာပဲ!"
အီဗီတာလည်း အိမ်လေးဖြင့်ပြန်လည်ပြုပြင်ပြီးနောက် အဆများစွာ ပိုမိုဆွဲဆောင်မှုရှိလာသည့် ဆန်ဒီမြစ်ကိုကြည့်ရင်း ခဏမျှတိတ်ဆိတ်နေပြီးနောက်တွင် ရုတ်တရတ် အာကာလီ၏ ခေါင်းကိုခေါက်လိုက်၏၊ "ဟုတ်ပြီ၊ စိတ်ကူးယဉ်နေတာရပ်။ နင့်ရဲ့အလုပ်ဘယ်လိုလဲ? ပြီးသွားရင် မြို့ကိုပတ်ကြည့်ပြီး လက်ဆောင်ရွေးရမယ်၊ မဟုတ်လို့ကတော့ စတေးလ်ဆီသွားလည်ဖို့ အချိန်ရှိမှာ မဟုတ်ဘူးနော်။"
အာကာလီလည်း သူမခေါင်းကိုထိကာ အသံတိုးတိုးဖြင့် ရေရွတ်လာ၏၊ "ငါ စိတ်ကူးယဉ်တော့ရော ဘာဖြစ်လဲ? ပြီးတော့ ဒါက လုံးဝကြီး အိပ်မက်မှမဟုတ်တာကို။"
သို့ရာ၌ အဆုံးတွင် အီဗီတာက အရေးကြီးကိစ္စများပြောလာသည်ကိုကြားသော် အာကာလီက ပြတင်းအပြင်ဘက်ရှိ လှပသောရှုမြင်ကွင်းထံမှ အခန်းထဲ၌ အလုပ်လုပ်နေသော လက်ထောက်များထံ အာရုံပြောင်းစိုက်ကာ ဖြေလိုက်၏၊ "ဒီမနက်ရဲ့အခြေအနေကို သုံးသပ်ရရင် ပြဿနာမရှိလောက်ဘူး။ ခန့်မှန်းခြေအရ ငါတို့ကို တစ်ပတ်လောက်အချိန်ပေးထားတော့ ဒီအခန်းမှာ ဗဟိုထိန်းချုပ်စနစ်ကို သွင်းပေးလို့ရနိုင်တယ်။"
"တစ်ပါတ်?" အီဗီတာက စဉ်းစားကာ ခေါင်းခါလျက်၊ "သခင်မလေး ဆိုဖီယာကစောင့်နိုင်ပါ့မလား?"
"သူမ မစောင့်နိုင်ရင်တောင် နည်းလမ်းမရှိဘူး။" အာကာလီက ပခုံးတွန့်ကာ၊ "တိကျတဲ့လိုအပ်ချက်တွေနဲ့ အိမ်သုံးမှော်စက်မျိုးစုံကို တစ်ခုချင်းစစ်ရမှာမို့ ဘယ်လိုလုပ် မြန်မြန်ပြီးနိုင်မှာလဲ?"
"ဒါက ပြဿာမဖြစ်လောက်ပါဘူးနော်? ငါထင်တာတော့ သခင်မလေး ဆိုဖီယာ ဒီအိမ်ကို ဝယ်ချင်မှတော့ သူမလိုချင်တဲ့ အိမ်သုံးမှော်စက်တွေအားလုံးက ငါတို့ရဲ့ Frestech အမှတ်တံဆိပ်ပဲဖြစ်ရမယ်။ နင်သူမကို ငါ့တို့လုပ်ငန်းစုရဲ့ နောက်ဆုံးပေါ်မျိုးဆက် အိမ်သုံးစက်တွေ ရွေးလို့ရကြောင်းပြောဖို့လိုတယ်၊ ဒီနည်းနဲ့ဆို စံနှုန်းလည်းလိုက်နာပြီး ဗဟိုထိန်းချုပ်စနစ်ကိုပြည့်စုံစေလိမ့်မယ်။"
"ဒီလိုပဲဖြစ်မှာပါ၊ ဒါပေမယ့် သခင်မလေးဆိုဖီယာက တခြားလုပ်ငန်းစုဆီက မှော်စက်တွေ ဝယ်ချင်တာဆိုရင်ရော?" အာကာလီက ငြင်းဆိုလာ၏။
"တခြားလုပ်ငန်းစုတွေက ဒီလောက်များတဲ့ မှော်စက်တွေ မထုတ်လုပ်ထားဘူး၊ ပြောင်းလဲဖို့ ခက်ခဲလောက်မယ်မလား?" အီဗီတာက အသာမျက်မှောင်ကုပ်သည်။ အနည်းငယ်စဉ်းစားပြီးနောက် ဆက်ပြောလာ၏၊ "ပြောရရင် ဥက္ကဌ အရင်က တခြားအိမ်သုံးစက်ပစ္စည်းတွေကို တခြားလုပ်ငန်းစုတွေဆီရောင်းမယ်လို့ ပြောဖူးတယ်။ သူက ငါတို့ရလာတဲ့စံနှုန်းကို သုံးမှာဖြစ်လောက်တယ်။"
"ငါတို့မှာ တစ်ခုရှိရင် စံနှုန်းတစ်ခုသုံးသင့်တယ်၊ မဟုတ်ရင် ရှေ့လျှောက်ပိုခက်ခဲလာလိမ့်မယ်။" အာကာလီက ပုံမှန်အတိုင်းပြောလိုက်သည်။
"ဒါကမသေချာပါဘူး၊ သူတို့ကပိုကောင်းတယ်ထင်နေကြတဲ့ လုပ်ငန်းစုတချို့ရှိသေးတယ်။" အီဗီတာက ခေါင်းခါကာ နည်းပညာပြဿနာများစွာရှိသည့် မှော်ပန်ကာစက်မှုနယ်ပယ်ကိုဝင်ရောက်လာကာစ လုပ်ငန်းစုတစ်ခုအား စဉ်းစားမိသွားသည်၊ ၎င်းတို့က သူမကို အမျိုးစုံသော ဆက်နွယ်မှုများမှတဆင့် ဖိတ်ကြားခဲ့ကြသည်။
သူမသွားခဲ့ချိန်က ထိုလုပ်ငန်း၏ မှော်ပန်ကာများမှာ နည်းစနစ်ပြောင်းလဲခြင်းနောက်လိုက်နေသည်ကို တွေ့ခဲ့ရသည်။ ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု အလုပ်မဖြစ်သော မှော်ပန်ကာ၏ အတိုင်းအတာနှင့် အစိတ်အပိုင်းများစွာကို အတင်းအကြပ်ပြောင်းလိုက်ရာ ပြဿနာဖြစ်ရန် လွယ်သွား၏။
လတ်တလော မှော်လေသင်္ဘောကို သုတေသနလုပ်နေခြင်းအပြင် အီဗီတာက မှော်သလင်းကျောက်များ စံပြုရာ၌လည်း အဓိကအာရုံစိုက်နေရာ စံပြုခြင်းကို ထိလွယ်ရှလွယ်ဖြစ်နေသည်။ သူမက ထိုလုပ်ငန်းစု၏ နည်းပညာဝန်ထမ်းကို မည်သည့်ယဉ်ကျေးမှုမှမပါဘဲ ထောက်ပြကာ ၎င်းတို့ထုတ်လုပ်ထားသည့် မှော်ပန်ကာ၏ အတိုင်းအတာများကို အမှန်ပြင်ပေး၍ Frestechအမှတ်တံဆိပ်မှော်ပန်ကာစံနှုန်းများနှင့် ကိုက်ညီစေခဲ့သည်။
"ငါဒါကိုဂရုမစိုက်ဘူး။ သခင်မလေးဆိုဖီယာဆီကနေ တောင်းဆိုမှု ပြောင်းလဲလာခဲ့ရင် ငါတို့အဖွဲ့လေးကို ယှဉ်ပြိုင်ခြင်းအတွက်နဲ့ ပြောင်းလဲစေလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲဆိုတာတော့ သခင်မလေး ဆိုဖီယာရဲ့ တောင်းဆိုချက်ကိုပဲ လိုက်နာရမှာပေါ့။" အာကာလီက ပြောသည်။
အီဗီတာက ခေါင်းငြိမ့်ကာ မည်သည်ကိုမှမဆိုဘဲ အာကာလီနှင့် သူမလက်ထောက်တို့လုပ်ပုံကို လှည့်ကြည့်လိုက်သည်။
ထိုဗဟိုထိန်းချုပ်စနစ်ဟုခေါ်သောအရာမှာ အာကာလီဖန်တီးထားသည့် ပဲ့တင်ထပ်ခြင်းနည်းပညာကိုသုံးထားခြင်းပင်။ ၎င်းက အခြားမှော်အစီအရင်များ၏ အဝေးထိန်းခြင်းကိုခွင့်ပြုကာ ထိုမှော်အစီအရင်များနှင့် အိမ်သုံးမှော်စက်များကို ထိန်းချုပ်ရန် ခွင့်ပြုခြင်းဖြစ်၏။
ဘန်တာမြို့လမ်းဆုံတွင် အာကာလီက ထိုနည်းပညာကို လမ်းဆုံရှိ မှော်မီးအိမ်များအား ထိန်းချုပ်ရန် သုံးထား၏။
ထို့နောက် ထပ်မံသုတေသနလုပ်ရင်း အာကာလီမှာ ယခုတွင် တူညီသော မှော်အစီအရင်ရှိ ခြားနားသောကြိမ်နှုန်းများကို သုံးလျက် ခြားနားသည့်မှော်အစီအရင်များကို လွှမ်းမိုးနေပြီဖြစ်သည်။ ထို့ကြောင့် မှော်ရီမုတ်မှတဆင့် သူမဟာ မှော်စက်အမျိုးကွဲအားလုံးကို ထိန်းချုပ်နိုင်သည်။
ဘန်တာမြို့၌ အိမ်သုံးစက်များပိုများလာခြင်းကြောင့် ထိုထိန်းချုပ်စနစ်အား ထုတ်ဖော်လိုက်သည်နှင့် အသုံးပြုသူများလာလိမ့်မည်။
သို့သော် ၎င်းက အာကာလီ၏ ပထမဆုံးအကြိမ် အိမ်တစ်အိမ်ထဲသို့ ထည့်သွင်းပေးခြင်းပင်။ သခင်မလေးဆိုဖီယာ၏ အခိုင်အမာတောင်းဆိုမှုကြောင့်မဟုတ်လျှင် ထိုနည်းပညာက သူမစိတ်ထဲ၌ မရင့်သန်သေးသဖြင့် ထည့်သွင်းပေးရန်ဆန္ဒရှိမည်မဟုတ်ချေ။
အီဗီတာလည်း အာကာလီက သူမ၏ လက်ထောက်သုံးကို အိမ်သုံးမှော်စက်များထဲ သင့်တော်သည့်မှော်အစီအရင်ထည့်သွင်းခိုင်းနေသည်အား အချိန်အနည်းငယ်စောင့်လိုက်၏။ ထို့နောက် အာကာလီက ပြင်ထားပြီးသား ရီမုတ်ကိုထုတ်ယူကာ ၎င်းနှင့် မတူညီသည့်မှော်အစီအရင်များကို ထိန်းချုပ်ရန် ပြင်လိုက်သည်။
အခန်းရှိ ထိုမတူညီသည့်မှော်အစီအရင်များ၏ စီစဉ်အှုက ဓာတ်ခွဲခန်းရှိ ထိုမှော်အစီရင်များနှင့် ကွဲပြားသည်ကို အချက်အလက်များက သက်သေပြနေ၏။
ရီမုတ်က မှော်အစီရင်တစ်ခုစီကို သက်ရောက်နိုင်ဆဲဖြစ်သော်လည်း သက်ရောက်မှုများက အားနည်းနေ၏။
"ဘယ်လိုလဲ? အလုပ်ဖြစ်ရဲ့လား?" မှော်အစီအရင်များက ပုံမှန်အလုပ်မလုပ်သည်ကိုမြင်သော် အီဗီတာမှာ စိုးရိမ်နေသံဖြင့်မေးလာသည်။
"ကြည့်ရတာ ပြဿနာတချို့ရှိနေပုံပဲ..." အာကာလီက မျက်မှောင်ကုပ်ကာ သူမလက်ထဲရှိ မှော်ရီမုတ်ထံ အနည်းငယ်ပြောင်းလဲမှုများလုပ်လျက် ဆက်လက်စစ်ဆေးလိုက်၏၊ "ဒါပေမယ့်ပြဿနာကြီးကြီးတော့မဟုတ်ဘူး၊ အခြေနေအရပဲ။ အခု အကြီးမားဆုံးပြဿနာက ငါတို့ Frestech အမှတ်တံဆိပ် အိမ်သုံးမှော်စက်တွေက မှော်အစီအရင်စံနှုန်းမှာ ခြားနားမှုတစ်ခုရှိနေတယ်။"
"ငါထင်တာတော့ နင်ဒီကိစ္စကို ဥက္ကဌဆီတင်ပြသင့်နယ်၊ သူလည်း စံပြုခြင်းကို အတော်အရေးထားတယ်လေ။ သူသဘောတူရင် မှော်စက်မှုနယ်ပယ်မှာ မှော်အစီအရင်တွေရဲ့ စံပြုခြင်းကို လေ့လာဖို့ တောင်းဆိုလိမ့်မယ်။" အီဗီတာက ပြောသည်။
"ဥက္ကဌက သဘောတူမှာပါ၊ ဒါပေမယ့် ငါတို့က သခင်မလေးဆိုဖီယာရဲ့ အခန်းက ပြဿနာကို အရင်ဖြေရှင်းရဦးမယ်..." အာကာလီလည်း စဉ်းစားကာပြောလာသည်၊ "ဒီလိုဆိုရင်ရော၊ အီဗီတာ, အိမ်သုံးမှော်စက်ဌာနဆီက အနီးစပ်ဆုံးကြိမ်နှုန်းနဲ့ ဟာတွေကိုယူပြီး သခင်မလေး ဆိုဖီယာကိုပေးလိုက်ရင်ရော။ တခြားပြဿနာတွေကိုတော့ နောက်မှ သုတေသနလုပ်လိုက်မယ်လေ။"
"အန်း၊ အရင်ဆုံး သခင်မလေး ဆိုဖီယာရဲ့ လိုအပ်ချက်တွေကို ဖြည့်ပေးတာပေါ့။" အီဗီတာခေါင်းငြိမ့်ကာ အာကာလီ၏ အကြံပြုချက်ကို သဘောတူလိုက်သည်။
၎င်းကိုစစ်ဆေးပြီးနောက် ရိုးရှင်းသောအချက်အလက်တချို့ကို စုဆောင်းဖို့သာလို၏။ အာကာလီလည်း ပြတင်းအပြင်ရှိ ကောင်းကင်ကိုကြည့်ကာ သူမ၏ လက်ထောက်သုံးဦးကို ကိစ္စတချို့ပြောပြီး အီဗီတာနှင့် အတူ ဘန်တာမြို့သို့ ဦးတည်လိုက်သည်။
၎င်းတို့ သိပ်မလျှောက်ရသေးခင် အမ်ရစ်ကုန်သည်ကြီးများအသင်းသင်္ကေတဖြင့် တဖြည်းဖြည်းလာနေသော မြင်းလှည်းတစ်စီးကို တွေ့လိုက်ရပြီး ၎င်းတို့နှစ်ဦးရှေ့ ရပ်သွား၏။
ထိုနှစ်ဦးနှင့် ဆုံဖူးသည့် ဥက္ကဌခရုစ်ထွက်လာကာ ၎င်းတို့ကို အပြုံးဖြင့် နှုတ်ဆက်လာသည်၊ "ခေါင်းဆောင်အီဗီတာ, မိန်းကလေး အာကာလီ, ကျုပ်တို့လုပ်ငန်းစုရဲ့ တန်ဖိုးမြင့်အိမ်ရာတွေကို ဘယ်လိုထင်ကြလဲ? ဒါက ခင်ဗျားတို့လုပ်ငန်းစုဆီက ခေတ်သစ်မှော်အခန်းစီမံကိန်းနဲ့ ကိုက်ညီရဲ့လား?"
အာကာလီက နှာခေါင်းရှုံ့ကာ၊ "ကောင်းပါတယ် ဒါပေမယ့် ဈေးကြီးလွန်းတယ်!"
ဥက္ကဌခရုစ်လည်းရယ်လျက်၊ "ဒါက တန်ဖိုးမြင့်အိမ်ရာလေ၊ ဈေးမကြီးရင် ဘယ်လိုလုပ် တန်ဖိုးမြင့်လို့ခေါ်မှာလဲဗျာ? မိန်းကလေး အာကာလီ ဒါကို အရမ်းဈေးကြီးတယ်ထင်ရင် ခင်ဗျားလည်း တစ်အိမ်လောက်ဝယ်ချင်တယ်လို့ ဆိုလိုတာများလား?"
"ဝယ်ချင်တာပေါ့..." အာကာလီက ဥက္ကဌခရုစ်ကိုကြည့်ကာ၊ "ဒါပေမယ့် ရှင်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ အနိမ့်ဆုံးဈေးနှုန်းကတင် ရွှေဒင်္ဂါးငါးထောင်ရှိတာ၊ ကျွန်မက ဘယ်လိုလုပ်တတ်နိုင်မှာလဲ?"
"မတတ်နိုင်ဘူး? မဟုတ်တာဗျာ။" ဥက္ကဌခရုစ်က မျက်လုံးများမှေးစင်းလျက်၊ မြေခွေးအိုကြီးက ကြက်ဖလေးကို ဖြားယောင်းနေဟန်ဖြင့်၊ "မိန်းကလေး အာကာလီ, ကျုပ် ဥက္ကဌရှုဆီကနေ အရစ်ကျငွေပေးချေမှုဆိုတဲ့ အကြံသစ်ရခဲ့တယ်။ ဘယ်လိုလဲ? စိတ်ဝင်စားသွားပြီလား?"
"အရစ်ကျ ငွေပေးချေမှု?" အာကာလီနှင့် အီဗီတာတို့ နှစ်ဦးစလုံးမှာ မှင်သေသွားကြသည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၉၉။ မှော်ပညာရှင်များအား ဆွဲဆောင်နိုင်သော အခြေအနေများ
"အရစ်ကျငွေပေးချေမှု?" စတေးလ်က သူမ၏ သိသိသာသာစူထွက်နေသော ဝမ်းဗိုက်ကိုထိလိုက်သည်။ စဉ်းစားကြည့်ပြီးနောက် ခေါင်းငြိမ့်ကာဆိုလာ၏၊ "ဟုတ်သား၊ ဒါက ရှုယီ ဥက္ကဌခရုစ်ကို ပေးလိုက်တဲ့ အကြံဖြစ်ရမယ်။ ဘယ်လိုလဲ? စိတ်ဝင်စားလို့လား?"
အာကာလီက အီဗီတာကိုကြည့်ပြီး ခေါင်းငြိမ့်ကာ၊ "အန်း၊ ဒီအကြံက မဆိုးဘူးလို့ ငါထင်တယ်။ ကြည့်ဦး၊ ဒါကို ဆယ်နှစ်တာ ပေးချေမှုအဖြစ်ခွဲလိုက်ရင် တစ်နှစ်ကို ရွှေဒင်္ဂါးငါးရာပဲပေးရတော့မှာ။ အီဗီတာနဲ့ ငါတို့က ဘက်ရှိမှာ တစ်နှစ်ကို ရွှေဒင်္ဂါးရှစ်ရာကနေ တစ်ထောင်အထိ ဝင်တော့ ဒါကို တတ်နိုင်ပါတယ်။"
"အမှန်ပဲ။" စတေးလ်က အီဗီတာထံလှည့်ကာ၊ "ဘယ်လိုထင်လဲ?"
အီဗီတာက အသာမျက်မှောင်ကုပ်လျက်၊ အနည်းငယ် ဒွိဟဖြစ်နေဟန်ပေါ်သည်။
"ငါတို့ တစ်နှစ်ကို ရွှေဒင်္ဂါးငါးရာပေးနိုင်ပေမည့်လည်း ... ဒါက ငါတို့နှစ်တိုင်း ဝင်ငွေမြင့်မြင့်ရမယ်လို့ မဆိုလိုဘူးလေ။ ငါတို့ ခွဲတမ်းတွေကို မပေးနိုင်တဲ့နေရာမှာ ပြဿနာရှိလာရင် စာချုပ်အရ ဒီအိမ်ကို အမ်ရစ်ကုန်သည်ကြီးများအသင်းက ပြန်ယူသွားပြီး ငါတို့ဆီ ပြန်အမ်းပေးမှာမဟုတ်ဘူး။"
"ဘာတွေစိုးရိမ်နေတာလဲ?" အာကာလီက နှာမှုတ်ကာ ပြောလာသည်၊ "နင့်ရဲ့ အလုပ်ကိုဆုံးရှုံးမှာစိုးရိမ်နေတာလား? ဒါမှမဟုတ် Frestech ကုန်သည်ကြီးများအသင်းပိတ်သွားမှာကို စိုးရိမ်နေတာလား?"
အီဗီတာက အာကာလီထံကူရာမဲ့စွာကြည့်လိုက်သည်။ ဒီမိန်းမကတော့ စတေးလ်ရှေ့မှာ Frestech ကုန်သည်ကြီးများအသင်းက ပိတ်မယ်လို့ပြောနေတာ၊ တကယ်ကို အားနာစရာပဲ, "ကြည့်ဦး၊ စတေးလ်လည်း ပြောထားတယ်၊ ငါတို့ ဆုံးဖြတ်ချက်ကို ကိုယ့်ဘာသာလုပ်ရမှာမဟုတ်လား?"
အာကာလီက အလျင်အမြန် အီဗီတာကိုတိုက်တွန်းလာသည်၊ "စဉ်းစားကြည့်ပါ၊ နင်အဲ့အိမ်ကိုဝယ်နိုင်နေသရွေ့ကတော့ လှပတဲ့ပတ်ဝန်းကျင်မှာနေရပြီး ငါတို့ဘဝတွေလည်း ပိုပျော်စရာကောင်းလာမယ်လေ။"
အီဗီတာက ခေါင်းခါလိုက်ဆဲဖြစ်ကာ၊ "နင် အရေးကြီးပြဿနာကိုမေ့နေတာပဲ။ ငါတို့ကနေ့တိုင်း မိုးကျတောင်ကြားမှာ အလုပ်လုပ်နေပြီး ဒီကနေဆို ၆၀ကီလိုမီတာတောင် ဝေးတယ်။ နေ့တိုင်း ပြန်လာဖို့ကို လူထုပို့ဆောင်ရေးယာဉ်ပေါ်မှာ ၂နာရီလောက်သုံးမလို့လား?"
"နင်ဒါကို စိုးရိမ်ဖို့မလိုပါဘူး။ ငါတို့လက်ရှိမှာ ကိုယ်ပိုင်မှော်ကားတွေကို သုတေသနလုပ်နေတာမဟုတ်ဘူးလား? အချိန်ကျတာနဲ့ နှစ်ယောက်စလုံး တစ်စီးလောက်ဝယ်လို့ရပြီး နေ့တိုင်း ကိုယ့်မှော်ကားနဲ့ကိုယ် အိမ်ပြန်လို့ရတာပဲ၊ အဲဒါက အရမ်းကိုပုံစံကျလိမ့်မယ်။" အာကာလီက စိတ်လှုပ်ရှားစွာပြောသည်။
စတေးလ်က တုံ့ဆိုင်းနေသည့် အီဗီတာကိုကြည့်ကာ ခဏရပ်တန့်ပြီးမှ ပြောလိုက်၏၊ "ဒီလိုဆိုရင်ရော၊ အီဗီတာ နင်နဲ့ အာကာလီအတွက် ဒါက မလုံခြုံဘူးလို့ခံစားရရင် ငါနင့်တို့ကို အရင်ပိုက်ဆံချေးပေးလိုက်မယ်။ ရှေ့လျှောက်မှာ ဖြည်းဖြည်းချင်းပြန်ပေးပေါ့၊ အရစ်ကျငွေပေးချေသလိုပဲလေ၊ ဒါပေမယ့် ငါနဲ့ဆို ပိုစိတ်ချရမယ်မဟုတ်လား?" စတေးလ်က ခပ်ဖျော့ဖျော့ပြုံးလိုက်၏။ သူမက အာကာလီ၏ မျက်နှာကိုဆွဲညှစ်လျက် အီဗီတာကိုကြည့်လိုက်ပြီး၊ "အီဗီတာ, ဘယ်လိုလဲ? နင်က ငါ့ရဲ့အတန်းဖော်ဟောင်းဖြစ်သလို သူငယ်ချင်းလည်းဟုတ်တယ်၊ ငါနဲ့ပတ်သက်ပြီး ယဉ်ကျေးနေဖို့မလိုပါဘူး။"
အီဗီတာက စတေးလ်ကို အလေးအနက်ကြည့်ကာ မျက်လုံးများက သူမဗိုက်ဆီရောက်သွားသည်။ ထို့နောက် ဘေးဘီကိုကြည့်လျက် စတေးလ်ကို နောက်ဆုံးတစ်ခေါက်ကြည့်ကာ တဖြည်းဖြည်းခေါင်းခါလေ၏။
"မလိုပါဘူး၊ ငါက အာကာလီလို အဲ့အိမ်ကိုစိတ်မဝင်စားဘူး။"
"ဘာလို့လဲ? စတေးလ်ဆီကနေ ပိုက်ဆံနည်းနည်းချေးတာက ဘာမှမဖြစ်ဘူး မဟုတ်လား? ငါတို့ ပြန်မပေးနိုင်တာလည်း မဟုတ်ဘူးလေ၊ ပြီးတော့..."
အာကာလီက စကားတစ်ဝက်သာပြောလိုက်ရကာ စတေးလ်က သူမပါးစပ်ကို အုပ်ထားလိုက်၏။
"အီဗီတာက ဆန္ဒမရှိမှတော့ ထားလိုက်ပါ။ ဒါပေမယ့် ငါ အီဗီတာရဲ့ အရည်အချင်းကိုယုံတယ်၊ တစ်နှစ်အတွင်းမှာ နင် ရွှေဒင်္ဂါးငါးထောင်ကို ရနိုင်လိမ့်မယ်။ အချိန်ကျလာရင် အရစ်ကျငွေပေးချေမှုကို စဉ်းစားဖို့တောင် မလိုလောက်ဘူး။"
အီဗီတာက ခပ်ဖျော့ဖျော့ပြုံးရင်းပြောသည်၊ "ဒီလိုဖြစ်ဖို့ မျှော်လင့်ပေမယ့် ဒါက ဥက္ကဌရဲ့ စိတ်သဘောထားအပေါ် မူတည်နေတယ်။"
"အိုး? ကျုပ်က ဘယ်တုန်းကများ စိတ်သဘောထားမကောင်းဖြစ်သွားရတာလဲ?" ရှုယီ၏ အသံက တံခါးမှ ရုတ်တရတ်ထွက်လာသည်။
သုံးဦးသားမှာ လှည့်ကြည့်လိုက်ရာ ရှုယီနောက်၌ ဘဲလ်လာ, ကလဲယာ နှင့် ဆယ်စီလီယာတို့လည်း အတူလျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ဟေး စတေးလ်, နင့်ရဲ့ဗိုက်က အခု ပိုကြီးလာပြီပဲ။" ဘဲလ်လာက ချက်ချင်း စတေးလ်နံဘေးသို့သွားကာ ဗိုက်ကိုကြည့်လျက် သက်ပြင်းချရင်းပြောလာ၏။
ကလဲယာနှင့် ဆယ်စီလီယာတို့လည်း ရောက်လာကာ လက်ထဲရှိ လက်ဆောင်များကို ချထားလိုက်သည်။ ထို့နောက် စတေးလ်၏ဗိုက်နားတွင် စုဝေး၍ စကားပြောလိုက်ပြီး ထိုသုံးဦး၏ ဆွေးနွေးနေသော ခေါင်းစဉ်ကို ဘေးချိတ်ထားလိုက်သည်။
မိန်းကလေးများစကားပြောနေကြသည်ကိုကြည့်ရင်း ရှုယီလည်း ခေါင်းခါလျက် လဇ်နှင့် လင်ဒါတို့အား နေ့လည်စာပြင်ရန် ပြောလေသည်။
အီဗီတာနှင့် စတေးလ်၏ တခြားအတန်းဖော်ဟောင်းများက သူမဆီလာလည်ကြခြင်းဖြစ်ရာ ၎င်းတို့ကို ကောင်းကောင်းဧည့်ခံရပေမည်။
သူ ထွက်သွားသောအခါ သူ့နောက်၌ ခြေသံများပါလာသည်။ သူလှည့်ကြည့်လိုက်ရာ အာကာလီက အီဗီတာကိုဆွဲထားခြင်းဖြစ်နေ၏။
"ဘာဖြစ်လို့လဲ? တစ်ခုခုဖြစ်လို့လား?"
အာကာလီ၏ ရှားပါးလှသော စိုးရိမ်နေပုံကိုမြင်သော် ရှုယီက အပြုံးဖြင့်မေးလာသည်။
"ဒါက... ဘာမှမဟုတ်ပါဘူး အ... ဥက္ကဌ၊ စတေးလ်က ပြောလိုက်..."
အာကာလီက စတေးလ်နှင့် ဆွေးနွေးနေသည်ကို ကြားထား၍ ရှုယီလည်းရယ်ကာ လက်ယမ်းလိုက်သည်၊ "ကျုပ်ထင်တာ အရေးကြီးကိစ္စများလားလို့ပါ။ စတေးလ်က သဘောတူနေမှတော့ ကျုပ်လုံးဝစိတ်မရှိပါဘူး။ ဒါပေမယ့် ခင်ဗျားတို့က စတေးလ်ရဲ့ သူငယ်ချင်းကောင်းတွေမို့ ဆက်ဆံရေးပေါ် အခြေခံရရင် ကျုပ်တို့ ခင်ဗျားတို့ကို ငွေချေးဖို့က ပုံမှန်ပါပဲ။"
အာကာလီလည်း ပျော်ရွှင်စွာဖြင့် ရှုယီ၏ လက်ကို ပြေးကာဆွဲလိုက်ပြီး အကြိမ်ရေအချို့ ခါယမ်းလိုက်၏၊ "ဥက္ကဌက စိတ်ထားအကောင်းဆုံးဆိုတာ ကျွန်မသိသားပဲ။ အိုင်း၊ ကျွန်မရှင့်ကို စတေးလ်ထက်အရင်တွေ့ရင်ကောင်းမယ်၊ ဒါဆို ရှင့်နောက်လိုက်ပြီး ဒီလိုအိမ်မျိုးဝယ်ရဖို့ ပူစရာမလိုလောက်ဘူး။ ဟုတ်သား၊ ဥက္ကဌ ရှင့်ကိုပြန်ပေးဖို့ ကျွန်မရဲ့ ခန္ဓာကိုယ်ကိုသုံးရင်ရော?"
ရှုယီမှာ ကူရာမဲ့စွာရယ်မောရင်း ခေါင်းခါလျက်၊ "ဟုတ်ပါပြီ၊ ဟာသလုပ်မနေနဲ့တော့၊ စတေးလ်လည်း ရှိနေတယ်။"
သူက နောက်မှ အီဗီတာကိုကြည့်ပြီး သူမအား နှစ်သိမ့်လိုက်ချင်သော်လည်း စဉ်းစားပြီးနောက် ထိုအကြံကို လက်လျှော့လိုက်သည်။
လူတိုင်းက ကွဲပြား၏။ အာကာလီက ငွေချေးခြင်းကို ထိုသို့ လက်ခံနိုင်သော်လည်း အီဗီတာက ဆန္ဒမရှိရာ သူလည်း တွန်းအားပေးမနေတော့ချေ။
သို့သော် စဉ်းစားပြီးနောက် ရှုယီက ရုတ်တရတ် တစ်စုံတရာကိုတွေးမိကာ အီဗီတာကို မေးလာသည်၊ "ဟုတ်သားပဲ အီဗီတာ, ကျုပ် ခင်ဗျားကို ဒီတလော ကျုပ်တို့လုပ်ငန်းစုရဲ့ လူစုဆောင်းမှုအကြောင်းမမေးရသေးဘူး။ ကျုပ်တို့ဆီမှာ လတ်တလော သုတေသီအသစ်တွေ ဘယ်လောက်ရှိလဲ?"
အီဗီတာက ရှုယီ ရုတ်တရတ်ခေါင်းစဉ်ပြောင်းလိုက်သည်ကို အံ့ဩသွားရာက ခဏမျှစဉ်းစားပြီး ဖြေလေသည်၊ "အားလုံးပေါင်း သုံးဆယ့်ကိုးယောက်ပါ၊ ဘယ်လိုလဲ?"
ရှုယီက ခေါင်းခါရင်း၊ "ကြီးထွားမှုက မမြန်ဘူး။ အရင်နှစ်က လူသုံးထောင်ကျော်ရှိပေမယ့် ဒီနှစ်မှာ သုံးဆယ့်ကိုးယောက်ပဲရှိတယ်။ ဒါက တကယ်ကို အတော်နည်းတာပဲ။"
"အတော်နည်းတယ်?" အာကာလီက တအံ့တဩပြောလာသည်၊ "ဥက္ကဌ၊ မဟာမှော်ပညာရှင် အီစန်ခယ်ရဲ့လက်အောက်မှာ မှော်ပညာရှင် နှစ်ရာနီးနီးရှိပြီး ကျွန်မတို့လုပ်ငန်းစုမှာက သုံးရာကျော်ရှိတယ်ဆိုတော့ အတော်အံ့ဩစရာပဲလေ။"
"ကျုပ်တော့ ဒါကို အရမ်းနည်းတယ်လို့ခံစားရတုန်းပဲ။ ကျုပ်တို့ သုတေသနတွေလုပ်ရင် လူနည်းနေတဲ့လို့ မခံစားရဘူးလား?"
အီဗီတာနှင့် အာကာလီက ၎င်းကိုစဉ်းစားပြီး တစ်ချိန်တည်း ခေါင်းငြိမ့်လိုက်ကြ၏။
"တကယ်တော့... ကျွန်မအတွက် ဒီတလောမှာ လက်ထောက်နည်းနည်းလောက်ထပ်ရှာချင်နေတာ၊ ဒါပေမယ့် အားလုံးက ကိုယ်ပိုင်သုတေသနခေါင်းစဉ်ရှိတော့ အရမ်းအလုပ်များနေကြတယ်လေ။" အာကာလီက ပြောသည်။
အီဗီတာက သက်ပြင်းချကာ ဆို၏၊ "ဟုတ်တယ်၊ လက်ရှိမှာ သုတေသနခေါင်းစဉ်အတော်များများရှိပြီးတော့ မှော်စက်ဖွံ့ဖြိုးရေးဌာနကနေ ကျွန်မဆီမှာ သုတေသနစီမံကိန်းတွေ တစ်သီတစ်တန်းကြီးရှိနေပေမယ့် ဒီစီမံကိန်းတွေအတွက် ဘယ်သူ့ကိုမှ ရှာလို့မရဘူး။ ကျွန်မတို့သာ နောက်ထပ် နှစ်ရာ...နောက်ထပ်တစ်ရာလောက် ရနိုင်ရင် ကောင်းမယ်။"
"ဒါဆို တခြားမှော်ပညာရှင်တွေက ကျုပ်တို့လုပ်ငန်းစုမှာ ဘာလို့ အလုပ်မလုပ်ချင်တာလို့ထင်လဲ?" ရှုယီက မေးသည်။
အီဗီတာနှင့် အာကာလီက တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ပြန်ဖြေလာ၏၊ "သူတို့က ကျွန်မတို့လုပ်ငန်းစုအနေနဲ့ ကျော်ကြားနေပြီးသားဆိုကတည်းက မလုပ်ချင်ကြဘူးလေ၊ ကျွန်မတို့ အတန်းဖော်အတော်များများတောင် အရင်က လုပ်ငန်းစုအကြောင်းမေးခဲ့သေးတယ်။ မှော်ပညာရှင်အတော်များများ မလုပ်ချင်တာက ဘာကြောင့်လဲဆိုတော့ မသိရတဲ့မြို့မှာ အလုပ်မလုပ်ချင်တာကြောင့်ပဲ သူတို့အနေနဲ့ ဒီမှာနေဖို့ ကျင့်သားမရမှာကို စိုးရိမ်နေကြတာလေ။"
"ကြည့်လေ၊ ဒါက အရမ်းအရေးကြီးတဲ့ အကြောင်းရင်းပဲ။" ရှုယီက လက်ခုပ်တီးကာ၊ "ခင်ဗျားတို့နှစ်ယောက် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်လာတာ ၂နှစ်ကျော်နေပြီး ဘန်တာမြို့မှာ ခင်ဗျားတို့အိမ်ကိုစဉ်းစားနေရတုန်းပဲဆိုတော့ မှော်ပညာရှင်တွေလည်း ဒီမှာကျင့်သားမရမှာကို စိုးရိမ်နေတာက အံ့ဩစရာမရှိပါဘူး။ ကျုပ်တို့သာ သူတို့ရဲ့ နေထိုင်မှုပြဿနာကိုဖြေရှင်းနိုင်ပြီး မှော်ပညာရှင်တွေကို ဒီကကျုပ်တို့လုပ်ငန်းစုမှ လာလုပ်ပြီး စိုးရိမ်စရာမရှိအောင်လုပ်ပေးနိုင်ရင် လာချင်တဲ့ မှော်ပညာရှင်တွေ ပိုများလာလိမ့်မယ်။"
အီဗီတာနှင့် အာကာလီက ရှုယီက တအံ့တဩကြည့်ကာ ထိုဥက္ကဌ၏ အတွေးများက တကယ်ကို လိုက်မမှီနိုင်စရာဟု တွေးလိုက်မိကြသည်။
၎င်းတို့နှစ်ဦးသားမှာ အိမ်အကြောင်းပြောနေစဉ်၌ သူဟာ ရုတ်တရတ်၎င်းကို မည်သို့ တွေးမိရသနည်း?
ရှုယီက ၎င်းတို့မျက်နှာမှ အံ့ဩနေဟန်များကို လျစ်လျူရှုကာ အတန်ကြာစဉ်းစားပြီးနောက် ရုတ်တရတ်ထွက်သွားသည်။
ခြေနှစ်လှမ်းလောက်လှမ်းပြီးသော် တစ်စုံတရာကိုရုတ်တရတ်စဉ်းစားမိသွားဟန်ဖြင့် လှည့်ကာပြောလာ၏၊ "ဟုတ်သား၊ အဘိုးကို သွားတွေ့ဖို့ လိုလို့ဆိုပြီး စတေးလ်ကို ကူပြောပေးပါဘူး။ ကျုပ် နေ့လည်စာစားဖို့ပြန်လာမှာ မဟုတ်တော့ ခင်ဗျားတို့ဘာသာပဲ စားလို့ရပါတယ်။"
လက်ဝေ့ယမ်းပြပြီးနောက်တွင် လှည့်ထွက်သွားတော့၏။
နှစ်ဦးသားမှာ ရှုယီ မြင်းလှည်းထဲဝင်သွားသည်ကို ငေးကြည့်နေပြီး အဝေးရောက်သွားမှ လှုပ်ရှားလာကြသည်။
"ဥက္ကဌက တကယ်ကို တစ်ခုခုပဲ။ ငါတို့ဒီနေ့ စတေးလ်ကိုလာတွေ့တာကို ယောက်ျားအနေနဲ့ ထွက်ပြေးသွားတယ်၊ ဘာလဲဟ..." အာကာလီက မနေနိုင်ဘဲ ရေရွတ်မိသည်။
"သူတစ်ခုခု အရေးကြီးတာကိုစဉ်းစားမိလို့ပါ၊ မဟုတ်ရင် ဒီလိုမလုပ်ပါဘူး။" အီဗီတာက ရှုယီအတွက် ရှင်းပြလာသည်။
အာကာလီက အီဗီတာကိုကြည့်လျက် ပါးလေးကိုဆွဲညှစ်ကာ အပြုံးဖြင့်ဆိုလေ၏၊ "ဘာဖြစ်လို့လဲ? နင်သူ့ကိုအတော်ကာကွယ်ပေးတာပဲ၊ ဒါပေမယ့် နှမျောစရာက နင်က သူရဲဘောကြောင်ပြီး နင့်ရဲ့ခံစားချက်တွေကို သူ့ဆီထုတ်မပြောရဲဘူး။ နင်ဘယ်လောက် ကာကွယ်ကာကွယ် အရေးမပါဘူးလေ။"
အီဗီတာလည်း မျက်လုံးများကိုလှိမ့်လျက်၊ "နင်က ခန္ဓာကိုယ်နဲ့ ပြန်ပေးမယ်လို့ ဘွင်းဘွင်းကြီးပြောလိုက်တာထက်တော့ ပိုကောင်းပါသေးတယ်။ နင့်ကိုယ်နင်ဘာထင်နေတာလဲ? ဒီလောက် ယုံကြည်မှုရှိတာက မကောင်းဘူးမို့လား?"
အာကာလီက ထူးမခြားနား နှာခေါင်းရှုံ့လျက်၊ "ငါပျော်တယ်၊ နင်ဂရုစိုက်စရာမလိုဘူး။"
အီဗီတာက ကူရာမဲ့စွာ ခေါင်းခါရင်း အာကာလီကို အခန်းထဲ ပြန်ဆွဲသွားလိုက်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 3 အခန်း ၁၀၀။ လစာတိုးပေးခြင်း
ရှုယီ မဟာမှော်ပညာရှင်ကမ်မီလာကိုမြင်သော် မနေနိုင်ဘဲ ရယ်မောလိုက်သည်။
မဟာမှော်ပညာရှင်ကမ်မီလာက လတ်တလောတွင် Frestech ကုန်သည်ကြီးများအသင်း၏ အပြာဖျော့ယူနီဖောင်းကိုဝတ်ဆင်ထား၏။ သူက ဘယ်လက်၌ သံမဏိပြားနှစ်ချပ်ကိုညှပ်ထားပြီး ညာလက်၌ မှော်ဂဟေမီးတိုင်ကိုကိုင်လျက် သံမဏိပြားနှစ်ခုကြားရှိ အဟကြားကိုအာရုံစိုက်လျက် ထိုမီးတိုင်ကို နည်းနည်းစီလှုပ်နေသည်။
သူသာ မျက်နှာအုပ်ထားပါကာ ကမ္ဘာမြေထံမှ ဂဟေဆော်သူများနှင့်ပင် အတိအကျတူညီလောက်သည်။
မဟာမှော်ပညာရှင်ကမ်မီလာက သံမဏိပြားနှင့် မှော်ဂဟေမီးတိုင်ကို အာရုံစိုက်နေသည်အား ကြည့်ရင်း ရှုယီက မနှောင့်ယှက်တော့ဘဲ တံခါး၌သာ စောင့်ကြည့်နေလိုက်၏။
မှော်ဂဟေမီးတိုင်ကို ဖန်တီးကာစအချိန်နှင့်ယှဉ်လျှင် မဟာမှော်ပညာရှင်ကမ်မီလာမှာ သံမဏိပြားနှစ်ခုအား ဂဟေဆက်ရာ၌ များစွာပိုမိုကျွမ်းကျင်လာသည်။
ညာလက်ထဲရှိ မှော်ဂဟေမီးတိုင်က အလျင်အမြန်လှုပ်ရှားမနေပါသော်လည်း အင်မတန်တည်မြဲသည့်နှုန်းဖြင့် လှုပ်ရှားနေရာ လုံးဝ တုန်ယင်မနေချေ။
၎င်းကိုသုံးသပ်လျှင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော မြေကြီးပေါ်ရှိ ဂဟေဆော်သူများနှင့် တန်းတူဖြစ်နေသည်။
မဟာမှော်ပညာရှင်ကမ်မီလာမှ ထိုသံမဏိပြားနှစ်ခုကို ဂဟေဆက်ပြီးချိန်တွင် ရှုယီက တစ်ချက်ကြည့်ရန် ရှေ့သို့ နှစ်လှမ်း,လှမ်းလိုက်သည်။ ထို့နောက် ထိုအပြားနှစ်ခုအကြား၌ ဂဟေဆက်ထားသည့် အရိပ်အယောင်မရှိဘဲ သဘာဝကျကျတွဲဆက်နေလျက် တစ်ခုတည်းဖြစ်နေပါ၏။
ရှုယီမှာ ချီးကျူးကာသက်ပြင်းချင်ရင်း ထိုဂဟေဆက်ပြီးသား သံမဏိပြားများကို ကောက်ယူလိုက်သည်။ သူက လက်များကို ဆန့်ကျင်ဘက်၌ထား၍ ကွေးရန်ကြိုးစားလိုက်သော်လည်း ထိုသံမဏိပြားက လုံးဝမကွေးသွားချေ။
မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီပြုလုပ်နေသည်ကိုကြည့်ရင်း ရယ်လေ၏၊ "ကလေး၊ ငါ့ကိုအရင်ကနဲ့ တူနေတုန်းပဲ ထင်နေတာလား?"
ရှုယီက ခေါင်းခါသည်။ မဟာမှော်ပညာရှင်ကမ်မီလာ၏အောင်မြင်မှုအား ကွေးခြင်းကို ဦးဆုံးစစ်ပြီးနောက် ထိုသံမဏိပြားကို စားပွဲပေါ်တင်ကာ အလယ်၌ နေရာလွတ်တစ်ခုချန်လျက် တခြားသံမဏိပြားကိုကောက်ယူလိုက်သည်။ ထို့နောက် အပေါ်ကိုမြှင့်လျက် ရိုက်ချလိုက်၏။
"ဘန်း"
အသံလေးလေးနှင့်အတူ သံမဏိပြားက စားပွဲမှခုန်တက်က ကြမ်းပေါ်ကျသွားသောလည်း လျော့ရဲသွားသည့် လက္ခဏာတစ်ခုမှမရှိပေ။
ရှုယီလည်း ၎င်းကိုကြမ်းပြင်မှကောက်ယူလျက် ထိုသံမဏိပြားများအကြားက နေရာလွတ်ကို ရိုးသားစွာကြည့်ရင်း အက်ကွဲသည့် လက္ခဏာတစ်ခုမှမပြသည်ကို တွေ့ရှိသွားသည်။ ရှုယီလည်း မနေနိုင်ဘဲ အံ့ဩသွား၏။
"ဒါက အတော်မာတာပဲ! အဘိုး၊ ဘယ်လိုများလုပ်လိုက်တာလဲ?"
မဟာမှော်ပညာရှင်ကမ်မီလာက ရယ်ရင်း ဂုဏ်ယူနေသံဖြင့် ပြောလာသည်၊ "တကယ်တော့ ဂဟေဆက်တဲ့နည်းလမ်းပြောင်းလိုက်တာ။ ငါကြားခဲ့တာ ဂဟေတံကို သံမဏိပြားတွေကြားက နေရာလွတ်မှာဖြစ်ဖို့ထားရမယ်ဆိုလို့ ဂဟေတံပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ အမြဲစဉ်းစားနေခဲ့တာ။ ဒါပေမယ့် စဉ်းစားပြီးတော့ ဒီနှစ်ခုကိုပေါင်းစပ်ဖို့ ဂဟေတံတစ်ခုသုံးချင်နေတာနဲ့ ဂဟေတံကိုသုံးမယ့်အစား သံမဏိပြားနှစ်ပြားကို ပေါင်းထည့်ရင် ပိုကောင်းမှာမဟုတ်ဘူးလား?"
ရှုယီက အံ့ဩသွားကာ၊ "သံမဏိပြားကို အရည်ကျိုတာလား? ဖြစ်နိုင်လို့လား? ဂဟေတံက ပါးပြီး လောင်ကျွမ်းနိုင်တဲ့အကူအညီကြောင့်သာ အရည်ပျော်နိုင်တာ..."
ထိုသို့ပြောပြီးနောက် ရှုယီက ကြောင်အသွားသည်။
ရုတ်တရတ် မဟာမှော်ပညာရှင်ကမ်မီလာက ဂဟေဆက်ခြင်းစစ်ဆေးမှုများလုပ်ခဲ့ချိန်ကိုသတိရသွားကာ ဂဟေတံများက မည်သည့် လောင်ကျွမ်းအကူကိုမှမသုံးဘဲ မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီ ယခင်တစ်ခေါက် ဟာသလုပ်ခဲ့သည့် "စိန်ပုံသဏ္ဍာန်ကွဲလွဲခြင်းအစီအရင်"ကို ဖန်တီးခဲ့ခြင်းကြောင့်ဖြစ်သည်။ သူဟာ သတ္တုအား ကိုယ်တိုင် ပျော်ဝင်စေနိုင်နေရာ အဘယ်ကြောင့် အထောက်အကူနည်းများကိုသုံးရန်လိုမည်နည်း?
ထိုသို့ဆိုလျှင် မဟာမှော်ပညာရှင်ကမ်မီလာ၏ အတွေးများမှန်နေပါ၏။
မည်သို့ဆိုစေ၊ သူက သံမဏိကို အလွယ်လေးအရည်ဖျော်နိုင်ရာ အဘယ်ကြောင့် ဂဟေဆက်ရန် ဂဟေတံကိုသုံးဖို့လိုမည်နည်း? မယုံကြည်ရသည့် ဂဟေဆက်နည်းများနှင့်ယှဉ်လျှင် ထိုသံမဏိပြားနှစ်ပြားကို အတူပေါင်းစပ်သည်က ပိုကောင်းပါ၏။
ရှုယီက လက်ထဲရှိ အပြီးသတ်ထားသော သံမဏိပြားကိုကြည့်ကာ ခံစားသွားရသည်။
သူဟာ ကမ္ဘာမြေမှ နည်းများနှင့် အလွန်လွှမ်းမိုးခံထားရကာ ထိုကမ္ဘာမြေမှ နည်းလမ်းများဖြင့် ပစ္စည်းများထံ ဆက်လက်ချဉ်းကပ်နေခဲ့သည်။
သို့သော် လက်တွေ့တွင် မှော်ပညာတည်ရှိမှုကြောင့် ကမ္ဘာမြေပေါ်၌ မအောင်မြင်နိုင်သည့် အရာတချို့ကို မှော်ပညာဖြင့် လွယ်လင့်တကူဖြေရှင်းနိုင်သည်။
ဥပမာ၊ မဟာမှော်ပညာရှင်ကမ်မီလာက သတ္တုဂဟေဆက်ရန် အပူချိန်မြင့်မှော်အစီအရင်ကို သုံးဖို့မလိုခဲ့ချေ။ ၎င်းက ကမ္ဘာမြေထံမှ အပူချိန်မြင့် ဂဟေဆက်နည်းထက် များစွာပိုလွယ်ကူပြီးသုံးရန်ပိုလွယ်၏။
"ငါ့ရဲ့ တခြားဂဟေဆက်နည်းတွေလည်း ပြဦးမယ်။" မဟာမှော်ပညာရှင်ကမ်မီလာက ရုတ်တရတ် သံမဏိပြားနှစ်ခုကူယူကာ လက်ချောင်းဖြင့် ထိလိုက်သည်။
ရှုယီမှာ ထိုသံမဏိပြားနှစ်ခုထံ၌ ခင်းကျင်းထားသည့် မှော်အစီရင်ငယ်များစွာကို မြင်နိုင်သော်လည်း ၎င်းက အင်မတန်သေးငယ်လှရာ ၎င်းတို့က မည့်သည့် အစီရင်များဖြစ်ကြောင်းကို သေချာမမြင်နိုင်ချေ။
ခဏအကြာ၌ မဟာမှော်ပညာရှင်ကမ်မီလာက လက်ကို ရပ်လျက် ရှုယီအတွက် ထိုအပြားနှစ်ခုကို ယူလိုက်သည်။ ထို့နောက် ၎င်းတို့အပေါ်ရှိ မှောအစီအရင်များရှိသည့် ဘက်များဖြင့် အတူတကွ ညှစ်ထားလိုက်သည်။
ရှုယီမှာ ထိုသံမဏိပြားများရှိနေသည့် နေရာမှ မှော်စွမ်းအားအပြောင်းအလဲတချို့ အတူလာနေသည်ကို ခံစားလိုက်ရ၏။
မဟာမှော်ပညာရှင်ကမ်မီလာက လက်များကို ဖြေလျှော့လိုက်ချိန်တွင် သံမဏိပြားများက ဂဟေဆက်သလို ချိတ်ဆက်ပြီးဖြစ်သည်။
"ဘယ်လိုတောင်ဆက်သွားတာလဲ?" ရှုယီက မဟာမှော်ပညာရှင်ကမ်မီလာဆီမှ သံမဏိပြားကိုယူကာ ရှုပ်ထွေးနေပုံဖြင့် ချိတ်ဆက်ထားသော နေရာကို သေချာကြည့်လိုက်သည်။
ထိုသံမဏိပြားနှစ်ခုမှာ ယခင်တစ်ခုနှယ် အနာအဆာမရှိ ချိတ်ဆက်သွားခြင်းမဟုတ်သော်လည်း အတော်လေး ခိုင်မြဲစွာ ချိတ်ဆက်နေသည်ပင်။
ရှုယီ ထပ်မံထုရိုက်ကြည့်သော်လည်း ကွဲအက်ခြင်း လက္ခဏာတစ်ခုမှ ပေါ်မလာပေ။
"ရိုးရိုးလေးပါ၊ ငါ ဒီသံမဏိပြားတွေပေါ်မှာ အရည်ကျိုအစီရင်လေးတွေစီမံထားတာ။ မင်းအနေနဲ့ သူတို့ကို ချိတ်ဆက်ဖို့အတွက် မှော်အစီရင်တွေကို အသက်သွင်းမယ့် မှော်စွမ်းအားတချို့ပဲ ထည့်ဖို့လိုတာ၊ ဒါက သံမဏိပြားတွေကို အရည်ဖျော်ပြီး အတူတကွ ချိတ်ဆက်သွားစေလိမ့်မယ်။"
ရှုယီမှာ စိတ်ထဲ၌ အခြေအနေကိုသုံးသပ်သော် နားလည်သွားပါ၏။
ထိုဂဟေဆက်နည်းမှာ တခြားနည်းကဲ့သို့ မခိုင်မာသော်လည်း အားသာချက်က သံမဏိ၏ ချောမွေ့မှုကို ထိန်းသိမ်းခြင်းပင်။ ၎င်းအား အခြားဂဟေဆက်နည်းများသုံးပြီးချိန်ကလို ပြင်ဆင်ဖို့မလိုရာ ပိုအဆင်ပြေသည်။
ထို့အပြင် ယင်းဂဟေဆက်နည်းထံ၌ ပိုမိုကောင်းမွန်သည့် နေရာများစွာရှိသည်။ ဥပမာ၊ လူတစ်ယောက်အနေနဲ့ အရာဝတ္ထုများကို ဂဟေဆက်ရန် မှော်ဂဟေမီးတိုင်ကို သုံးဖို့လိုသော်လည်း ၎င်းအား နေရာနှင့် ထောင့်ကြောင့် ကြီးကြီးမားမားစည်းကမ်းကြပ်ထားသည်။ သို့သော် ယင်းနည်းကိုသုံးပါက မှော်အစီအရင်များကို ပြင်ဆင်ဖို့သာလိုပြီး နှစ်ခုအား အတူထိလိုက်ရင်းဖြင့်ပင် ဂဟေဆက်နိုင်ရာ လုံးဝမခက်ခဲချေ။
ယင်းတင်မက မှော်အစီအရင်များအား ထည့်သွင်းထားခြင်းကြောင့် အလျင်လိုနေပါလျှင် အထူးအခြေအနေများ၌ လိုအပ်မှုကို ဖြည့်ရန် အလျင်အမြန် ဂဟေဆက်လိုက်ရုံသာ။
ရှုယီမှာ ထိုဂဟေဆက်နည်းအသစ်ကို သုံးလို့ရမည် နေရာအားလုံးအား စဉ်းစားနေရင်း မဟာမှော်ပညာရှင်ကမ်မီလာကို မနေနိုင်မထိုင်နိုင် လက်မထောင်ပြလိုက်သေးသည်။
"အဘိုး၊ ခင်ဗျားက တကယ်ကို မဟာမှော်ပညာရှင်ပဲ၊ ဒီနည်းလမ်းအားလုံးကို စဉ်းစားနိုင်တယ်။" ထိုသို့ပြောပြီးနောက် ရှုယီက သက်ပြင်းချကာ၊ "အိုး၊ ကျွန်တော်တို့သာ မှော်စက်သုတေသနလုပ်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံဖို့ အဘိုးလို မဟာမှော်ပညာရှင်များများရနိုင်ရင် ကောင်းမှာပဲ။"
မဟာမှော်ပညာရှင်ကမ်မီလာက မျက်လုံးများကိုလှိမ့်ကာ၊ "မင်းက မဟာမှော်ပညာရှင်တွေကို ဟင်းရွက်ကန်စွန်းလို့ထင်နေတာလားကွ? ဘယ်နေရာမှာ ဖြစ်ဖြစ်ရှာနိုင်ရအောင်လေ?"
ရှုယီက ရယ်လျက်၊ "ဒါပေါ့ မဟာမှော်ပညာရှင်တွေကို ရှာလို့မလွယ်ပါဘူး၊ ဒါပေမယ့် အဆင့်မြင့်မှော်ပညာရှင်တွေကတော့ ဒီလောက်မခက်ဘူး မို့လား?"
မဟာမှော်ပညာရှင်ကမ်မီလာက မျက်လုံးများမှေးစင်းကာ နှာခေါင်းရှုံ့လိုက်ပြီး၊ "ကလေး၊ မင်းဘာတွေကြံနေတာလဲ? ရိုးသားစမ်းပါ၊ မင်းငါ့ကို ဘာအကြောင်းအရင်းကောင်းကောင်းနဲ့မှ လာရှာမှာ မဟုတ်တာကို သိတယ်။"
ရှုယီက ချက်ချင်းစိတ်ဆိုးသံဖြင့်ပြောလိုက်သည်၊ "ဘာ အကြောင်းရင်းကောင်းမှမဟုတ်တာ? ဒါဆို ကျွန်တော်က အဘိုးရဲ့လစာတိုးပေးဖို့လာတာက ကိစ္စကောင်းမဟုတ်ဘူးပေါ့?"
"လစာတိုးပေးမယ်?" မဟာမှော်ပညာရှင်ကမ်မီလာကညအံ့ဩသွားကာ၊ "ဘာလို့ ငါ့လစာကိုတိုးပေးမှာလဲ? ငါအခု တစ်နှစ်ကို ရွှေဒင်္ဂါးသုံးထောင်ကျော်ရနေတာကို ဘာထပ်လိုဦးမှာလဲ? ပြီးတော့ လုပ်ငန်းစုကလည်း သုတေသနအတွက် မှော်ပစ္စည်းတွေထောက်ပံ့တာပဲလေ၊ ဒါကြောင့် ငါလည်း ပေးဖို့မှမလိုဘဲ။ မင်းမှာ ပိုက်ဆံအတော်များနေရင် မှော်သုတေသနဌာနကိုသာ ရံပုံငွေပိုထောက်ပံ့ပေးတာ ပိုကောင်းတယ်။"
"ကျွန်တော် ရံပုံငွေတိုးပေးဖို့ စဉ်းစားပြီးသားပါ၊ ဒါပေမယ့် အဘိုးရဲ့လစာကိုတိုးပေးဖို့ကလည်း လိုအပ်တယ်၊ မဟုတ်ရင် ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းဆီကို မှော်ပညာရှင်တွေပိုလာဖို့ ဘယ်လိုဆွဲဆောင်နိုင်တော့မှာလဲဗျာ?" ရှုယီက ရယ်လျက် ဆို၏။
မဟာမှော်ပညာရှင်ကမ်မီလာက မျက်မှောင်ကုပ်လျက် ရှုယီ၏ ဆိုလိုရင်းကို နားလည်သွားသည်။
"မင်းပြောချင်တာက... မင်းငါ့လစာကိုတိုးပေးချင်တာက ကြော်ငြာဖို့အတွက်ပေါ့?"
"ဟုတ်တယ်လေ။" ရှုယီက ခေါင်းငြိမ့်ရင်း၊ "ကြည့်ပါဦး၊ အဘိုးက အခုဆို ကျွန်တော်တို့လုပ်ငန်းစုက တစ်ဦးတည်းသော မဟာမှော်ပညာရှင်လေ၊ ကျွန်တော်တို့လုပ်ငန်းစုရဲ့ သင်္ကေတပဲ။ အဘိုးသာတစ်ခုခုဖြစ်ရင် မှော်ပညာရှင်များစွာက အာရုံစိုက်လာမယ်လို့ မထင်ဘူးလား?"
"ဒါက မှန်ပါတယ်၊ ဒါပေမယ့်..." မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကိုကြည့်၍ သံသယအပြည့်ဖြင့် ပြောလေသည်၊ "မင်းငါ့ကို ဒီတစ်ခေါက် ဘယ်လိုအသုံးချဖို့ စီစဉ်ထားတာလဲ? ငါ့လစာကိုတိုးပေးရုံပဲလား? ဒါက ဘာထိရောက်မှုမှရှိမယ်လို့မထင်ဘူးနော်။ ငါ့လစာက မြင့်နေပြီးသားပဲဆိုတော့ တိုးပေးတာက ဘာထိရောက်မှုမှ မရှိလောက်ဘူး။"
"အင်း အင်း၊ ဒါက ကျွန်တော်တို့တွေ အလုံအလောက် မထည့်ပေးခဲ့လို့ပါ။ ဂယက်အစစ်ဖန်တီးဖို့ဆို တွက်ကပ်နေလို့မရဘူးလေ။"
မဟာမှော်ပညာရှင်ကမ်မီလာက မျက်မှောင်ကုပ်ကာ၊ "ငါ့ကို ဘယ်လောက်ပေးဖို့စီစဉ်ထားလို့လဲ? တစ်နှစ်မှာ ငါးထောင်လား? ဒါက အရမ်းမများလွန်းဘူးလား?"
ရှုယီက အပြုံးဖြင့် ခေါင်းခါ၍ လက်တစ်ချောင်းထောင်ပြသည်။
"ဟင့်အင်း၊ ငါးထောင်က မများပါဘူး၊ ဒါက ကျွန်တော်လိုချင်တဲ့ ကြော်ငြာကို ထိရောက်မှုဘယ်ရှိပါ့မလဲ? ဒီတစ်ခေါက် ကျွန်တော်က အဘိုးရဲ့လစာကို တစ်နှစ် ရွှေဒင်္ဂါးတစ်သောင်းပေးဖို့ စီစဉ်ထားတယ်!"
"ရွှေဒင်္ဂါးတစ်သောင်း!" မဟာမှော်ပညာရှင်ကမ်မီလာ၏ မျက်လုံးများ အံ့ဩစွာ ပြူးကျယ်သွားကာ၊ "ရှုယီ၊ မင်းရူးနေလား! မင်းက ငါ့ကို တစ်နှစ်မှာ ရွှေဒင်္ဂါးတစ်သောင်းပေးမယ်လား? မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ငွေတွေက ဘာမှမဟုတ်ဘဲ ရလာတယ်များထင်လို့လား?"
"ရလာဒ်ကောင်းလိုချင်ရင် ရင်းနှီးမြှုပ်နှံလိုစိတ်ရှိရတယ်။" ရှုယီက ပခုံးတွန့်ကာ ဂရုမစိုက်သည့်အသံဖြင့် ပြောလေသည်၊ "ရွှေဒင်္ဂါးတစ်သောင်းက မနည်းပေမယ့်လည်း ကျွန်တော်တို့သာ အဘိုးရဲ့ မဟာမှော်ပညာရှင်အဖြစ် တန်ဖိုးရှိမှုကို မြှင့်တင်ဖို့သုံးလိုက်ရင် အရမ်းနည်းလွန်းပါတယ်။ ကျွန်တော့်အတွက် အဘိုးရဲ့အဖိုးတန်မှုတစ်ခုတည်းနဲ့တင် ရွှေဒင်္ဂါး တစ်သောင်းက အသေးအဖွဲလေးပါပဲ။ ကျွန်တော့်မှာ အဘိုးကိုဒီလိုလစာမျိုးပေးဖို့ တခြားရည်ရွယ်ချက်တွေရှိတာကိုတောင် ထည့်မပြောနဲ့ဦး။
"မင်းက တခြားမှော်ပညာရှင်တွေကို စိတ်လှုပ်ရှားစေချင်နေတာလား?" မဟာမှော်ပညာရှင်ကမ်မီလာက မေးလေသည်။
ရှုယီက အပြုံးဖျော့ဖျော့ဖြင့် ခေါင်းငြိမ့်ကာ၊ "အမှန်ပါပဲ။"