အခန်း (၁၀၁-၁၁၀)
Vol. 3 Ch. 101-110
Vol 3, အခန်း ၁၀၁။ အလုပ်မပြောင်းနဲ့
ရှုယီ၏ ရည်ရွယ်ချက်အမှန်ကိုသိပြီးနောက်တွင် မဟာမှော်ပညာရှင်ကမ်မီလာက ဆက်လက် မဆန့်ကျင်တော့ချေ။
မဟာမှော်ပညာရှင်တစ်ဦးအနေနှင့် သူ့ထံ၌ မဟာမှော်ပညာရှင်တစ်ဦး၏ မာနရှိပါ၏။
မဟာမှော်ပညာရှင်ကမ်မီလာမှာ ရွှေဒင်္ဂါး တစ်သောင်းလစာကိုကြားသော် အံ့ဩမှုတော့ဖြစ်သွားလေသည်။
သို့သော် စဉ်းစားကြည့်လိုက်လျှင် Frestech ကုန်သည်ကြီးများအသင်းက သူ့အား ထိုလစာကြီးကြီးမားမား ကမ်းလှမ်းလာသည်မှာ သူ၏ မဟာမှော်ပညာရှင်အဖြစ် တန်ဖိုးကြောင့်မဟုတ်ဘဲ သူနှင့် အခြားမှော်ပညာရှင်များအကြားရှိ ခြားနားလျက်ကို ထုတ်ဖော်ရန်သာဖြစ်နေသည်။
ထို့ကြောင့် မဟာမှော်ပညာရှင်ကမ်မီလာမှာ ထိုမျှ မာနမကြီးပဲ စဉ်းစားပြီးသည့်နောက် သဘောတူလိုက်ရခြင်းပင်။ အဆုံး၌ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌမှာ သူ၏ မြေးသားမက်ဖြစ်သော ရှုယီဖြစ်သဖြင့် ၎င်းတို့က မိသားစုဖြစ်သည်။
မဟာမှော်ပညာရှင်ကမ်မီလာထံ၌ ရှက်ရွံ့နေစရာမရှိပါချေ။
"အဘိုး၊ တစ်နှစ်ကို.....ရွှေဒင်္ဂါးတစ်သောင်းလစာက အဘိုးအပြင်တခြား မဟာမှော်ပညာရှင်တစ်ယောက်လောက်ကို ဆွဲဆောင်နိုင်မယ်ထင်လား? ဒါသာ မလုံလောက်ရင် ကျွန်တော် နည်းနည်းလောက် ထပ်ဖြည့်လိုက်မယ်။ ဒါက တခြားမဟာမှော်ပညာရှင်ကိုသာ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်ဖို့အတွက် ဆွဲဆောင်နိုင်မယ်ဆိုရင် ဘယ်လောက်ပဲ ရင်းနှီးနှီး ထိုက်တန်တယ်လို့ထင်တယ်။" ရှုယီက ပြော၏။
"အင်း..... တစ်သောင်းကတင် လုံလောက်နေပြီလို့ ငါလည်းထင်ပါတယ်။" မဟာမှော်ပညာရှင်ကမ်မီလာက အနည်းငယ်စဉ်းစားကာ သက်ပြင်းချလေသည်၊ "တကယ်တမ်း ရိုးသားရရင် မှော်ပညာရှင်တွေကို လူအတော်များများ လေးစားကြပြီး ငါ့လို မဟာမှော်ပညာရှင်က အဆင့်မြင့်တယ်ဆိုပေမယ့် အဆင့်မြင့်တာက ငွေရမယ် မရမယ်နဲ့ မဆိုင်နေဘူး။ မင်းသိထားရမှာက၊ ငါ့ရဲ့မှော်မျှော်စင်မှာ အရင်က ရံပုံငွေ ရွှေဒင်္ဂါး နှစ်ထောင်ပဲရခဲ့ပြီးတော့ အခွန်ထဲက တခြားဘာအရင်းမြစ်မှလည်း မရခဲ့ဘူး။"
"ဒါက ဘာလို့လဲဆိုတော့ အဘိုးက.....ခ်.....အရမ်း ရှေးရိုးဆန်တာကိုး။ အဘိုးသာ မဟာမှော်ပညာရှင် အီစန်ခယ်လိုမျိုး မှော်မျှော်စင်ကို တိုင်းပြည်ရဲ့ လုပ်ငန်းစုတွေ မျိုးရိုးမြင့်တွေနဲ့ ချိတ်ဆက်ဖို့သုံးရင် အဘိုးရဲ့ဝင်ငွေက ရွှေင်္ဂါးတစ်သောင်းကျော်နေလောက်ပြီ။" ရှုယီက အပြုံးဖြင့်ဆိုသည်။
မဟာမှော်ပညာရှင်ကမ်မီလာက အေးစက်စက်နှာမှုတ်၏၊ "ငါက အဲ့လူတွေရဲ့ ခွေးမှ မဖြစ်ချင်တာ။ အဲဒီ အီစန်ခယ်ကလည်း ငွေရဖို့ပဲ စဉ်းစားနေတာလေ!"
ရှုယီက နေရခက်စွာပြုံး၍ သတိပေးလိုက်သည်၊ "အဘိုး မမေ့နဲ့ဦး၊ အဘိုးလည်း ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းဆီမှာ အလုပ်လုပ်နေတာပဲ....."
"ဒါက ဘယ်တူမတဲ့လဲ?" မဟာမှော်ပညာရှင်ကမ်မီလာ၏ မျက်လုံးများ ပြူးကျယ်လာကာ၊ "ငါ ဖန်တီးခဲ့တဲ့အရာတွေက လူတွေရဲ့ နေထိုင်မှုဘဝကို ပြောင်းလဲနိုင်တဲ့ ပစ္စည်းကောင်းတွေပဲ! ဘန်တာမြို့သားတွေ ဒီလို ကောင်းမွန်တဲ့ဘဝမှာ နေနိုင်တာဟာ ငါတို့လုပ်ငန်းစုက ထုတ်လုပ်လိုက်တဲ့ မှော်စက်တွေကြောင့်ပဲလေ! မျိုးရိုးမြင့်တွေ ကုန်သည်တွေအတွက် ကြေးစားလိုဖြစ်နေတဲ့ အီစန်ခယ်နဲ့ ယှဉ်ရင် ငါက အဆများစွာ ပိုကောင်းတယ်ကွ!"
ရှုယီမှာ အနည်းငယ်ကူရာမဲ့သွားကာ အနည်းငယ် ရယ်ရသလိုပါ ခံစားမိလိုက်သည်။ မဟာမှော်ပညာရှင်ကမ်မီလာမှာ ယခင်က ခေါင်းမာခဲ့သော်လည်း မှော်သုတေသနဌာနနှင့် ဆက်သွယ်ပြီးနောက်တွင် အတွေးများက ပြောင်းလဲသွားကာ သူ၏ အလုပ်က ယခုတွင် ဂုဏ်သိက္ခာရှိသည်ဟု ခံစားနေရပြီဖြစ်သည်။
ထိုသည်က ကောင်းပါသည်။ ရှုယီမှာ တိုင်းပြည်ရှိ မှော်ပညာရှင်များ အားလုံး ထိုသို့တွေးနိုင်ရန် ဆန္ဒရှိလေသည်၊ ထိုသို့ဆိုလျှင် သူ့အနေနှင့် အားကောင်းသော မှော်ပညာရှင်များစု မည်သို့စုဆောင်းရမည်ဟူ၍ ဦးနှောက်ကို ညှင်းပန်းစရာမလိုလောက်တော့ချေ။
ရှုယီက ၎င်းအကြောင်းအရာကို လိမ်မာပါးနပ်စွာဖြင့် ထပ်တလဲလဲပြောမနေတော့ဘဲ ခေါင်းငြိမ့်၍ ပြုံးကာ ဆိုလိုက်၏၊ "ဟုတ်ပါပြီ အဘိုး၊ အဘိုးက သဘောတူလိုက်ပြီဆိုတော့ ကောင်းတာပေါ့ဗျာ။ ကြော်ငြာအတွက်က....."
မဟာမှော်ပညာရှင်ကမ်မီလာက လက်ယမ်းလိုက်သည်၊ "မင်း စီစဉ်လိုက်လို့ရတယ်၊ ငါဂရုမစိုက်ဘူး။"
"ကောင်းပါပြီ။" ရှုယီက ပြန်ဖြေသည်။ ထို့နောက် အပြင်ဘက်၌ စောနေဆဲဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ပြောလိုက်၏၊ "အဘိုး၊ အဘိုးရဲ့စမ်းသပ်မှုကို ရပ်ပြီး ကျွန်တော်နဲ့ အတူ ကြယ်ကြွေအိမ်ရာကိုပြန်ရင်ရောဘယ်လိုလဲ? ကျွန်တော်တို့ နေ့လည်စာ အမီရောက်လောက်မယ်ထင်တယ်။ စတေးလ်ရဲ့ အတန်းဖော်ဟောင်းတွေလည်း သူမကို ဒီနေ့လာတွေ့တော့ နေ့လယ်စာစားဖို့ နေကြမှာ။"
"ကလေးမလေးတွေလား၊ ငါက ဘယ်လိုလုပ် ပျော်ရွှင်စရာထဲ ဝင်ရောရမှာလဲ? ကောင်လေး မင်းရောဘာလို့ မပြန်သေးတာလဲ? စတေးလ်အတွက် အခုအချိန်က ခက်ခဲနေတာကို မင်းက ဧည့်သည်တွေကို သူမတစ်ယောက်တည်း ဧည့်ခံစေချင်နေတာလား?" မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို ကြည့်လိုက်သည်။
"အမ်း၊ ဒါဆို ကျွန်တော် ပြန်လိုက်ပါ့မယ်။"
ရှုယီက ခြေနှစ်လှမ်းလောက် လှမ်းပြီးချိန်တွင် မဟာမှော်ပညာရှင်ကမ်မီလာက ခေါ်လာသည်။
"ဟုတ်သားပဲ ကောင်လေး၊ မကြာခင် အရည်အချင်းစစ်စာမေးပွဲလာတော့မယ်။ ဒီနှစ်ရော ကျော်သွားဦးမှာလား ထပ်ပြီးတော့?" က မေး၏။
"ဟင့်အင်း၊ ကျွန်တော် အန်ဗီမာမြို့တော်ကို သွားမှာ အဲဒီမှာ လုပ်စရာတွေရှိသေးတယ်။ အဲ့ကို ရောက်ရင်တော့ အရည်အချင်းစစ်စာမေးပွဲကိုလည်း ဖြေမှာပါ။" ရှုယီက ဖြေသည်။
၎င်းကိုကြားသော် မဟာမှော်ပညာရှင်ကမ်မီလာ၏ မျက်လုံးများ တောက်ပသွား၏။
"ဒီတော့ ပြောချင်တာက.....ကောင်လေး၊ မင်းရဲ့ မှော်စွမ်းအားတွေ တိုးတက်လာပြီပေါ့?"
ရှုယီရယ်ကာ ပြန်မဖြေလိုက်ချေ။ ထို့နောက် မဟာမှော်ပညာရှင်ကမ်မီလာထံ လက်ဝေ့ယမ်းပြကာသာ ဓာတ်ခွဲခန်းမှ ထွက်လာလိုက်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစစ်ဆေးပွဲမှာ တစ်ပတ်ကြာပြီးနောက်မှ ပြီးဆုံးသွားသည်။
အပြင်းအထန်စစ်ဆေးသည့် ရက်များစွာကြာပြီးနောက် စစ်ဆေးမှုအောင်မြင်သူ ပထမအသုတ်ကို ကြေညာလိုက်သည်။
စာရင်းဇယားများအရ စုစုပေါင်း အောင်မြင်သူ ဦးရေ သုံးထောင့်ကိုးရာတစ်ဆယ့်လေးယောက်ရှိသည်။ ၎င်းတို့အနက် ရိုက်စက် အလုပ်သမား တစ်ထောင့်ခုနစ်ရာသုံးဆယ့်ကိုးယောက်၊ ပန်းပုသမား ခုနစ်ရာ့ဆယ့်ခြောက်ယောက်နှင့် တခြားအလုပ်အကိုင် ငါးမျိုး၏ အလုပ်သမား စုစုပေါင်း တစ်ထောင့်လေးရာငါးဆယ့်ကိုးယောက်ရှိသည်။
၎င်းအတွက် အကြောင်းအရင်းမှာ အဓိကအားဖြင့် Frestech ကုန်သည်ကြီးများအသင်းအပြင် အခြားမှော်စက်လုပ်ငန်းစုများကလည်း တူညီသည့် မှော်စက်များကို အများစုအသုံးပြုခြင်းကြောင့်ဖြစ်၏။ ထို့ကြောင့် ၎င်းတို့လုပ်ငန်းစုများတွင် အလုပ်သမားဦးရေ အနည်းအကျဉ်းသာရှိပြီး အလုပ်သမားအများစုက အလုပ်အကိုင်များစွာကို မကျွမ်းကျင်ကြချေ။
ထိုလုပ်ငန်းစုများအကြားတွင် အထူးသဖြင့် အခြေခံအကျဆုံး အလုပ်ကို လုပ်ရသည့် အစိတ်အပိုင်းထုတ်လုပ်ငန်းစုများမှာ အောင်မြင်မှုနှုန်းအများဆုံးဖြစ်၏။
အောင်မြင်သူဦးရေ သုံးထောင်ကျော်ရှိပါသော်လည်း စစ်ဆေးပွဲလာသည့် လူနှစ်သောင်းနှင့်ယှဉ်လျှင် ၎င်းအောင်မြင်နှုန်းက အင်မတန်နိမ့်သည်ဟု မှတ်ယူနိုင်၏။
ထို့ကြောင့် မစ်ခ်မှာ Frestech ကုန်သည်ကြီးများအသင်း အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုဌာနရှိ ဧည့်ကြိုထံမှ ဂျူနီယာအဆင့် ရိုက်စက်လည်ပတ်သူနှင့် ပန်းပုဆရာအတွက် အောင်လက်မှတ်ရပြီးနောက်၌ မနေနိုင်ဘဲ လက်များတုန်ယင်လာတော့သည်။
သူသိသလောက်ဆိုလျှင် ဤအလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုစစ်ဆေးပွဲကို အောင်မြင်သူများများစားစားမရှိသလို သူ့ကဲ့သို့ စစ်ဆေးမှုနှစ်ခုကို အောင်မြင်သူမှာ ပို၍ပင် ရှားပါးသည်။
လက်ထဲရှိ အောင်လက်မှတ်နှစ်ခုကိုကြည့်ရင်း မစ်ခ်မှာ အသက်ပြင်းပြင်းရှူလိုက်မိသည်။ သူက သူ့ကိုယ်သူ တည်ငြိမ်စေပြီးနောက် ဧည့်ကြိုကို မေးလိုက်လေ၏၊ "အဲဒီ..... ကျွန်တော် အခုဆို ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်ဖို့ အရည်အချင်းမှီသွားပြီလားဗျ?"
ဧည့်ကြိုက ချိုသာစွာပြုံးပြလိုက်ကာ၊ "သခင်လေး၊ ရှင့်နည်းပညာတွေရဲ့ အဆင့်နဲ့ဆို ကျွန်မတို့လုပ်ငန်းစုရဲ့ ဝင်ခွင့်စာမေးပွဲကို အောင်မြင်လောက်မယ်လို့ ကျွန်မထင်တယ်။ ဒါပေမယ့် ရှင့်အနေနဲ့ ပြဿနာတွေကို ရှောင်ရှားဖို့ ရီမထ်ကုန်သည်ကြီးများအသင်းနဲ့ တိုင်ပင်ဖို့ အကြံပြုချင်ပါတယ်။"
"အာ? ကျွန်တော်....ဟုတ်သားပဲ....." မစ်ခ်က အံ့ဩသွားပြီးမှ သတိရလာသည်။ သူဟာ လက်ရှိတွင် ရီမထ်ကုန်သည်ကြီးများအသင်း၏ တရားဝင် ဝန်ထမ်းဖြစ်လေရာ သူသာ Frestech ကုန်သည်ကြီးများအသင်းထံသို့ မည်သည်ကိုမှ မဆိုဘဲ ပြေးသွားလိုက်ပါက Frestech ကုန်သည်ကြီးများအသင်းက သူ့ကို လက်ခံလိမ့်မည်မဟုတ်ပေ။
"ဟုတ်ကဲ့၊ ကျွန်တော်သွားလိုက်ပါဦးမယ်။"
ထိုသို့စဉ်းစားရင်း မစ်ခ်မှာ ဧည့်ကြိုကို လက်ပြနှုတ်ဆက်၍ အလျင်အမြန်ပင် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုဌာနမှ ထွက်ခွာလာပြီး မိုးကျတောင်ကြားမှ အပြေးနှင်လာတော့သည်။ သူဟာ မိုးကျတောင်ကြားအပြင်ဘက်ရှိ ရီမထ် ကုန်သည်ကြီးများအသင်း၏ စက်ရုံလေးဆီသို့ တစ်လျှောက်လုံးပြေးသွားလိုက်သည်။
မစ်ခ်မှာ နေ့လည်စာစားရန် အနားယူချိန်၌ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုဌာနထံ ပြေးလာခဲ့ရာ စက်ရုံ၌ မည်သူမှ မရှိချေ။ မစ်ခ်လည်း စာရွက်စာတမ်းတစ်ချို့ကို ကြည့်ရှုနေသည့် ရီမထ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ အန်ဇိုရီ ရီမထ်ကိုရှာရန် ရုံးခန်းဘက်သွားလိုက်သည်။
မစ်ခ်ကို မြင်သော် ဥက္ကဌ ရီမထ်က ချက်ချင်း တောက်တောက်ပပ ပြုံးပြလာ၏။ မစ်ခ်ကိုင်ဆောင်ထားသည့် အောင်လက်မှတ်နှစ်ခုကို မြင်သော် ရီမထ်က ရယ်လိုက်ကာ၊ "မစ်ခ်, ဂုဏ်ပြုပါတယ်။"
မစ်ခ်လည်း အံ့ဩသွား၏၊ "ကျွန်တော့်ကို ဘာအတွက် ဂုဏ်ပြုတာလဲ?"
"အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုစစ်ဆေးပွဲတွေကို အောင်လာလို့ပေါ့။" ဥက္ကဌ ရီမထ်က ရယ်လျက် မစ်ခ်၏ ပခုံးကို ပုတ်ကာ၊ "ငါတို့ ရီမထ်ကုန်သည်ကြီးများအသင်းမှာ ဒီစာမေးပွဲကို အောင်တဲ့လူ တော်တော်များတယ်၊ ဒါပေမယ့် မင်းက နှစ်ခုလုံးကို အောင်တဲ့ တစ်ယောက်တည်းသောလူပဲ! ကောင်းတယ် ကောင်လေး၊ ငါမင်းနဲ့ပတ်သက်ပြီး မမှားခဲ့ဘူးပဲ!"
မစ်ခ်လည်း ခေါင်းကုန်ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်၊ "ဥက္ကဌ ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်လာရှာတာက ....."
"ငါ သိပါတယ်။" ဥက္ကဌ ရီမထ်က ရယ်လျက် မစ်ခ်ကို ဖြတ်ပြောလာသည်၊ "တကယ်တော့ ငါ မင်းဘာမှ မပြောလည်း သိပါတယ်။ မင်းမှာ ဒီလို အရည်အချင်းရှိနေတာကို တကယ်တမ်း မင်းရဲ့ လစာကို မတိုးတာက မမှန်ဘူးဖြစ်နေတယ်။ နောက်လကစပြီး ငါဆုံးဖြတ်လိုက်ပြီ၊ မင်းရဲ့လစာကို ရွှေဒင်္ဂါး ဆယ့်ငါးပြားကနေ နှစ်ဆယ့်ငါးပြားအထိ တိုးပေးမယ်! ဒါက ရွှေဒင်္ဂါး ဆယ်ပြားတောင်ပိုများသွားတာနော်၊ ဘယ်လိုထင်လဲ? စိတ်တိုင်းကျရဲ့လား? ပြီးတော့လည်း မင်းကို ငါတို့ လုပ်ငန်းစုရဲ့ ထုတ်လုပ်ရေးခေါင်းဆောင်အဖြစ် ရာထူးတိုးပေးပြီး လုပ်ငန်းစုရဲ့ စက်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက် အဓိကလုပ်ခိုင်းမယ်၊ ဒီအတွက် ယုံကြည်မှုရှိရဲ့လား?"
မစ်ခ်မှာ ဥက္ကဌရီမထ်အပြောကြောင့် မူးနောက်သွားရသည်။
သူဟာ ဥက္ကဌရီမထ်ကို လာရှာသည်မှာ နုတ်ထွက်ရန်ဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လျှောက်ရန်ဖြစ်သည်။
ဥက္ကဌ ရီမထ်က ချက်ချင်းကြီး သူ၏ လစာကို ရွှေဒင်္ဂါးဆယ်ပြား ထပ်တိုးပေးလာမည်ဟု မထင်ထားခဲ့ပေ!
တစ်လ ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြား!
Frestech ကုန်သည်ကြီးများအသင်းမှာတောင် လူဘယ်နှယောက်လောက် ဒီလိုလစာရလို့လဲ?
ဥက္ကဌရီမထ်က သူ့ကို ထုတ်လုပ်ရေးခေါင်းဆောင် ဖြစ်စေချင်တာကိုတောင် မပြောနဲ့ဦး? ဒါက ဘာပါလိမ့်?
မစ်ခ်မှာ နားမလည်ပါသော်လည်း ထိုသည်က အတော်လေး အားကောင်းဟန် ပေါ်သည်ကိုတော့ ပြောနိုင်ပါ၏။
မစ်ခ်က မည်မျှထိ အံ့ဩသွားသည်ကို မြင်သော် ဥက္ကဌရီမထ်က ပခုံးပုတ်ပေးလာကာ အလေးအနက်ပြောလေသည်၊ "မစ်ခ်, မင်းက ငါ့အတွက် အရေးပါဆုံးအလုပ်သမားပါ၊ ငါ မင်းကို အမြဲ မြင့်မြင့်မှန်းထားခဲ့တာလေ။ မင်း အခု ထုတ်လုပ်ရေးခေါင်းဆောင်ဖြစ်လာဖို့ဆိုတာက မင်းကို လေ့ကျင့်ပေးဖို့ သပ်သပ်ပါပဲ။ မင်းသာ ကောင်းကောင်းလုပ်မယ်ဆို ငါတို့ ရီမထ်ကုန်သည်ကြီးများအသင်း တိုးတက်လာတဲ့အခါ သေချာပေါက် မင်းကို မညီမမျှ ဆက်ဆံမှာ မဟုတ်ဘူး။ အချိန်ကျလာရင် ဒီ ရွှေဒင်္ဂါး နှစ်ဆယ့်ငါးပြားလေးမပြောနဲ့ မင်းရဲ့လစာ နှစ်ဆဖြစ်သွားရင်တောင် ပြဿနာမရှိဘူး!"
မစ်ခ်၏မျက်လုံးများ တောက်ပလာ၏။ နှစ်ဆ? ဒါက တစ်လကို ရွှေဒင်္ဂါး ငါးဆယ်မဟုတ်ဘူးလား?
မစ်ခ်၏အမူအရာကိုမြင်သော် ဥက္ကဌရီမထ်မှာ နောက်ဆုံးတွင် မစ်ခ်ကို ဖျားယောင်းလိုက်နိုင်ပြီမှန်းသိလိုက်၏။ အပြုံးတစ်ခုဖြင့် သူဟာ မစ်ခ်ကို အကြိမ်ရေတချို့ ပခုံးပုတ်ပေးကာ ပြောလိုက်သည်၊ "ကောင်းပြီ အရင်ဆုံး နားလိုက်ဦး။ ငါတို့ မနက်ဖြန်ကျရင် မင်းအတွက် အလုပ်သမားစာချုပ်အသစ်မှာ လက်မှတ်ထိုးပြီး မင်းရဲ့ လစာတိုးဖို့ အသေးစိတ်အချက်အလက်တွေကိုပါ ရေးရမယ်။"
မစ်ခ်မှာ ဝေဝါးဝါးဖြင့်သာ ပြန်ဖြေလာပြီးနောက် ဘာလုပ်ရမှန်းမသိဘဲ ရုံးခန်းထဲမှ ထွက်သွားတော့သည်။
မစ်ခ် ထွက်သွားသည်ကို ကြည့်ရင်း ဥက္ကဌရီမထ်မှာ သက်ပြင်းရှည်ကြီးချလိုက်၏။ သူဟာ စားပွဲမှ စာရွက်တစ်ရွက်ယူကာ မျက်လုံးထဲ၌ ကျေးဇူးတင်ဟန်များဖြင့် ကြည့်လိုက်လေသည်။
"ဥက္ကဌရှုက တကယ်ကို သဘောထားကောင်းတဲ့လူပဲ။ သူသာ တစ်ယောက်ယောက်နဲ့ မပြောခိုင်းလိုက်ရင် ငါတို့ ရီမထ်ကုန်သည်ကြီးများအသင်းက အရေးအပါဆုံးကျွမ်းကျင်အလုပ်သမားတွေကို ဆုံးရှုံးလိုက်ရမှာကို ကြောက်မိတယ်။ အဲ့လိုဆို ငါတို့လုပ်ငန်းစု တကယ် ပျက်စီးသွားမှာပဲ။"
ထိုစာရွက်ထဲ၌ အမည်များစွာရှိနေပြီး ရီမထ်ကုန်သည်ကြီးများအသင်း၏ အလုပ်သမားတစ်ယောက်က ထိုအလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုစားမေးပွဲကို အောင်မြင်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။
မစ်ခ်၏အမည်က ထိပ်ဆုံး၌ဖြစ်ပြီး အမည်ဘေး၌ ဖော်ပြချက်တစ်ခုရှိ၏။
"ဒီလူဆီမှာ ပြီးပြည့်စုံတဲ့ အခြေခံကျွမ်းကျင်မှုတွေရှိပြီး သီအိုရီအရ အုတ်မြစ်အခြေခံအဆင့် တစ်ခုရှိတယ်။ ဒီလူကို နည်းနည်းလောက် ပိုလေ့ကျင့်ပေးရင် ခင်ဗျားတို့ လုပ်ငန်းစုအတွက် အရေးပါတဲ့ နည်းပညာဆိုင်ရာ ကျောရိုးဖြစ်လာမှာမို့လို့ ကျေးဇူးပြုပြီး သူ့ကို ကောင်းကောင်းဆက်ဆံပါ။"
"အိုင်း၊ ဒီကောင်လေး မစ်ခ်က Frestech ကုန်သည်ကြီးများအသင်းကို ပြေးသွားချင်နေတယ်ဆိုပေမယ့် ငါ မြန်မြန်သတိထားမိပြီး အချိန်မီတားလိုက်နိုင်တာက ကောင်းတဲ့ကိစ္စပဲ။ မဟုတ်လို့ သူသာ တကယ်ထွက်သွားရင် ငါတို့ ဒီဆုံးရှုံးမှုကို ပြင်နိုင်မှာမဟုတ်ဘူး။" ဥက္ကဌရီမထ်က ဂုဏ်ယူစွာပြုံးလိုက်ပြီးနောက် Frestech ကုန်သည်ကြီးများအသင်းထံမှ ရသည့် နောက်စာရွက်တစ်ရွက်ကိုယူပြီးနောက် အသာမျက်မှောင်ကုပ်လျက် ကြည့်လိုက်လေသည်။
"ဒီနည်းပညာတွေထဲက..... ဘယ်တစ်ခုကို ငါရွေးလိုက်သင့်လဲ?"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၀၂။ ခေါင်းဆောင် မှော်ပညာရှင် သော်နီ၏ မှတ်စုများ
အောက်တိုဘာလအဆုံးပိုင်းတွင် အန်ဗီမာ၌ ဆောင်းဦးလေပြည်တို့ အပြည့်လွှမ်းလျက်ရှိပြီး အမှောင်စောလာကာ လေအေးအေးတို့က တိုက်ခတ်နေသည်။
သို့သော် အန်ဗီမာမြို့တော်၏ လမ်းများက လူများစွာဖြင့်ပြည့်နှက်လျက် အင်မတန် လူထူနေ၏။
ထိုသည်မှာ ယနေ့က လစဉ်လေလံပွဲနေ့ဖြစ်သောကြောင့်ပင်။ မြို့တော်မှ ဇိမ်အကျဆုံးလမ်းဖြစ်သည့် အယ်လီစီးလမ်း၏ ဗဟိုရှိ လေလံအိမ်မှာ ပို၍ပင် စည်ကားနေ၏။ နေဝင်ကာစအချိန်ဖြစ်ပြီး လူများစွာက တိုးကြိတ်နေကာ လေလံခန်းမကြီး၌ လုံးဝပြည့်နေသည်။
ထုံးစံအတိုင်း ထိုလူများအကြား၌ မျိုးရိုးမြင့်နှင့် ကုန်သည်ကြီးများကို အလွယ်လေး တွေ့နိုင်သည်။
၎င်းတို့အတွက် ဤသည်က ကြွယ်ဝမှုကို ပြသရန် နေရာဖြစ်ရာ အင်မတန်အရေးပါသည့် လူစုဝေးပွဲကြီးပါပင်။ လာရောက်ဖို့ အရည်အချင်း ပြည့်မီနေသရွေ့ ၎င်းတို့မှာ သေချာပေါက် ၎င်းကို အလွဲခံလိမ့်မည်မဟုတ်ပေ။
ဤ လစဉ်လေလံပွဲကြီးမှာ အန်ဗီမာမြို့တော်၌ အရေးပါဆုံးသော အကြောင်းအရာဖြစ်ခဲ့သည်။
ဆွေးနွေးမှုများအတွင်း အပြောကြဆုံးအရာမှာ မည်သည့် မျိုးရိုးမြင့် သို့မဟုတ် မည်သည့် ကုန်သည်ကြီးက မည်သည့် အဖိုးတန်ပစ္စည်းကို ငွေပမာဏ အမြောက်အများဖြင့် ဝယ်မည့်အကြောင်းပင်။
ဥပမာဆိုရပါက ယခင်လ လေလံပွဲတွင် လွန်ခဲ့သည့် နှစ်သုံးထောင်ကျော်အကြာက နောက်ဆုံးနတ်သူငယ်မင်းဆက်မှ လာခဲ့သည့် ပန်းချီတစ်ချပ်မှာ ရွှေဒင်္ဂါး သုံးသိန်းခုနစ်သောင်း တန်ဖိုးထိ ရောက်ခဲ့ရာ မြို့တော်တစ်ခွင်လုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ကြသည်။
သို့သော် ၎င်းပန်းချီကို လေလံအောင်ခဲ့သူက ၎င်းတို့၏ အထောက်အထားကိုပြသရန် ငြင်းဆိုခဲ့၏။ ထို့ကြောင့် ယခု တစ်လကြာပြီးနောက်တွင်ပင် ပန်းချီကားလေးတစ်ချပ်ဝယ်ရန် ရွှေဒင်္ဂါး သုံးသိန်းခုနစ်သောင်းဟူသည့် ဧရာမပမာဏကြီးကို ပေးခဲ့သူအကြောင်း တိတ်တဆိတ် ဆွေးနွေးနေကြသူ အများအပြားရှိ၏။
ဤလ၏ လေလံပွဲတွင် လူတိုင်းစိတ်ဝင်စားနေကြသည့် အကြောင်းအရာမှာ မည်သည့် တန်ဖိုးကြီးပစ္စည်းပေါ်လာကာ မည်သို့သော ဈေးနှုန်းမြင့်မြင့်ဖြင့် ရောင်းမည်ကိုပင်။
ဥပမာ၊ ၎င်းက ယခင်လ၏ စံချိန်ဖြစ်ခဲ့သော သုံးသိန်းခုနစ်သောင်းတန် ပန်းချီကားကို အနိုင်ယူနိုင်မည်လား?
ရှုယီ လေလံပွဲထဲ ဝင်လိုက်ချိန်တွင် လွန်ခဲ့သည့် ဆယ်ရက်အကြာက ဟားနက်စ်နှင့်အတူ သီးသန့်မှာခဲ့သည့် ခုံများကို ရှာကာ ထိုင်လိုက်၏။ သူ့နံဘေးရှိ လူများဆွေးနွေးနေကြသည့် အကြောင်းအရာများကိုကြားသော် သူလည်း မနေနိုင်ဘဲ အသာပြုံးမိသည်။
ရွှေဒင်္ဂါး သုံးသိန်းခုနစ်သောင်းမှာ ယခုတွင် သူ့အတွက် ဧရာမပမာဏဟု မယူဆနိုင်ပေ၊ သို့သော် သူ့ထံ၌ ထိုမျှငွေများရှိပါလျှင် ၎င်းကို မှော်စက်သုတေသနများ၌သာ ရင်းနှီးမြှုပ်နှံပစ်လိုက်မည်ဖြစ်၏။ သူ့အနေနှင့် ရွှေဒင်္ဂါးတစ်ပြားကိုပင် သူ့အတွက် မည်သည့်အဓိပ္ပာယ်မှမရှိသည့် ဇိမ်ခံပစ္စည်းများ ဝယ်ရန် သုံးဖို့ရာ ဆန္ဒမရှိချေ။
ဤတစ်ခေါက် သူ၏ အန်ဗီမာခရီးစဉ်တွင် ဤလေလံပွဲသို့ ဇိမ်ခံပစ္စည်းများကြောင့်လာခဲ့ခြင်းမဟုတ်သော်လည်း ရည်ရွယ်ချက်တော့ရှိ၏။
အချိန်တချို့ကြာအောင် စိတ်ရှည်ရှည်စောင့်ဆိုင်းနေပြီးနောက်၌ ခုနစ်နာရီပင် ရှိပြီဖြစ်သည်။ လေလံပစ်သူတစ်ဦး ထွက်လာရာ လူအုပ်ကြီးက ချက်ချင်းတိတ်ဆိတ်သွားတော့သည်။
ရှုယီလည်း မနေနိုင်ဘဲ ခေါင်းငြိမ့်လိုက်၏။ ၎င်းကို သုံးသပ်ကြည့်ပါက ဤ နက်စင်းလေလံအိမ်မှာ တကယ်တမ်း အန်ဗီမာမြို့တော်နှင့် လမ်ပူရီတိုင်းပြည်တစ်ခုလုံး၌ အကြီးမားဆုံး လေလံအိမ်ဖြစ်ပေသည်။
လေလံပစ်သူက အဓိကအကြောင်းအရာကို မပြောခင် လေလံပွဲအတွက် မိတ်ဆက်မှုပြုလုပ်လေ၏။
ရှုယီမှာ ထူးဆန်းသည့် အရာအားလုံးကို လုံးဝလျစ်လျူရှုထား၏။ သူဟာ နံဘေးရှိ လေလံဆွဲနေသူများကိုသာ နားထောင်ကာ လေလံပစ်သူ၏ ထိန်းချုပ်မှုအောက်ရှိ လေထုက အားကောင်းလာသည်ကို စောင့်ကြည့်နေလိုက်သည်။
ပထမ လေလံမှာ နောက်ဆုံးဈေးနှုန်း ရွှေဒင်္ဂါး ငါးရာအထိရောက်ရှိသွားသည်။ ဒဿမမြောက်ပစ္စည်းသို့ ရောက်လာချိန်တွင် ဈေးနှုန်းက တစ်သောင်းအထိ ရောက်လာ၏။
နံဘေးရှိလူများ လေလံဆွဲနေကြသည်ကိုကြည့်ရင်း ရှုယီမှာ ဝမ်းမနည်းမိဘဲ မနေနိုင်တော့ချေ။
ဤအခြေအနေကိုသုံးသပ်ကြည့်ပါက လမ်ပူရီတိုင်းပြည်၌ လူချမ်းသာ အတော်များသယောင်ရှိသည်။
သို့သော် ထူးဆန်းသည့်အရာမှာ လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာရေးအခြေအနေက ထိုမျှမကောင်းမွန်နေချေ။
ရှေးနှစ်များနှင့်စာလျှင် ယခင်နှစ်၌ များစွာတိုးတက်လာပါလျှင်တောင် ရွှေဒင်္ဂါးသုံးသန်းအောက် နည်းနေဆဲဖြစ်၏။ ထိုသည်က ယခင်နှစ် Frestech ကုန်သည်ကြီးများအသင်း၏ အခွန်ထက် အနည်းငယ်သာ ပိုများပေသည်။
ရှုယီမှာ ထိုအခြေအနေကို နားမလည်သဖြင့် ဆယ်ဗီနီကို မေးလိုက်ပါသော်လည်း ရှင်းလင်းသည့်အဖြေမရပါချေ။
ပစ္စည်းတစ်ခု လေလံတင်ပြီးလျှင် ဈေးနှုန်းက တိုးလာကာ လေလံခန်းမထဲရှိ လေထုက ပိုမိုအသက်ဝင်လာသည်။ လေလံ၌ ပါဝင်ကြသည့် အယောက်စီတိုင်းလည်း အင်မတန် စိတ်လှုပ်ရှားလာကြသည်မှာ စိတ်လွတ်သွားကြသလိုပင်။
သို့သော် လေလံပစ်သူက တစ်ဆယ့်ခြောက်ခုမြောက် ပစ္စည်းကို ထုတ်ယူလိုက်ချိန်တွင် တစ်ဖန်အေးစက်သွားပြန်၏။
"ခေါင်းဆောင် မှော်ပညာရှင် သော်နီရဲ့ မှတ်စုတစ်အုပ်ကို အနိမ့်ဆုံးဈေးနှုန်း ရွှေဒင်္ဂါးသုံးထောင်။ တစ်ခါ တိုးစာက ရွှေဒင်္ဂါးနှစ်ရာအောက် နည်းလို့မရပါဘူး။ အားလုံးပဲ လေလံစဆွဲလို့ရပါပြီ။"
လေလံပစ်သူ ပြောပြီးချိန်တွင် ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားသည်။ လူတိုင်းက တစ်ဦးနှင့်တစ်ဦးကြည့်၍ လူအများစုမှာ ရှုပ်ထွေးနေကြ၏။
အားလုံးမှာ 'ခေါင်းဆောင် မှော်ပညာရှင်'ဟူသည့် အဓိပ္ပာယ်ကိုသိပါသော်လည်း ခေါင်းဆောင်မှော်ပညာရှင်သော်နီ၏ မှတ်စုများမှာ လူအများစုအတွက် မည်သည့် အသုံးဝင်မှုမှ မရှိပါချေ။
၎င်းကသာ နာမည်ကြီး ခေါင်းဆောင် မဟာမှော်ပညာရှင်တစ်ဦးဆိုလျှင် နယ်မြေကြီးပေါ်ရှိ ထိုခေါင်းဆောင် မဟာမှော်ပညာရှင်၏ ကျော်ကြားမှုကို အခြေခံ၍ ၎င်းတို့နှင့် သက်ဆိုင်သည့် မည်သည့်ပစ္စည်းမဆို ကောင်းကင်တမျှမြင့်မားသည့် တန်ဖိုးဖြင့် ရောင်းရလိမ့်မည်။
ဥပမာဆိုရလျှင် ယခင်နှစ် လေလံပွဲတစ်ခု၌ ခေါင်းဆောင် မဟာမှော်ပညာရှင်လီဖာ အသုံးပြုခဲ့သည့် ဖောင်တိန်တစ်ချောင်းရှိခဲ့သည်။ ၎င်းက ထိတ်လန့်ဖွယ် ဈေးနှုန်း ရွှေဒင်္ဂါးတစ်သိန်းသုံးသောင်းအထိ ရောက်ခဲ့၏။
သို့သော် ခေါင်းဆောင်မှော်ပညာရှင်မှာ ခေါင်းဆောင် မဟာမှော်ပညာရှင်တစ်ဦးမဟုတ်ပေ။ ၎င်းတို့က အဆင့်တစ်ဆင့်သာခြားနားသော်လည်း ခြားနားချက်က ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကဲ့သို့ပင်။
စိုင်စ်နယ်မြေကြီးတွင် ခေါင်းဆောင်မှော်ပညာရှင်များ အမြဲလိုလိုရှိခြင်းကြောင့် ထိုမျှ မရှားပါးပေ။ ဥပမာဆိုရလျှင် လက်ရှိ စိုင်စ်နယ်မြေကြီး၌ ခေါင်းဆောင်မှော်ပညာရှင် နှစ်ဆယ့်ခုနစ်ယောက်ရှိပေ၏။
သို့သော် ခေါင်းဆောင် မဟာမှော်ပညာရှင်မှာ ရှားပါးလှသည်။ လွန်ခဲ့သည့် နှစ်ပေါင်း လေးထောင်၌ လူသားများ မှော်ပညာကို စတင်လေ့လာစဉ်ကတည်းက လူသားတို့၏ သမိုင်းတွင် ခေါင်းဆောင် မဟာမှော်ပညာရှင်အနည်းအကျဉ်းသာပေါ်ထွန်းခဲ့သည်။ တစ်ဦးလျှင် နှစ်ရာချီကြာတောင် ပေါ်လာနိုင်ခြင်းမရှိချေ။
၎င်းနှင့်ယှဉ်ပါက ခေါင်းဆောင် မဟာမှော်ပညာရှင်က ပိုမိုရှားပါးလှလေရာ လူတို့၏ စိတ်ထဲ၌ ၎င်းတို့က အနေအထားမြင့်မားလေသည်။
ရှုယီလည်း ခဏလောက်စောင့်နေလိုက်သော်ငြား မည်သူကမှ လေလံမဆွဲလာသဖြင့် လေလံပစ်သူက ဤလေလံကို အဆုံးသတ်ရန် တူကို မြှောက်လိုက်သည်အား မြင်သော် သူလည်း လက်မြှောက်၍ အော်လိုက်သည်။ "သုံးထောင်"
၎င်းကိုကြားသော် လေလံပစ်သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေ၏။ သူက ချက်ချင်းပင် တူကိုချလျက် ရှုယီထံညွှန်ကာ ရယ်၍ ဆိုလာသည်၊ "နံပါတ်သုံးဆယ့်ကိုး သခင်လေး၊ ရွှေဒင်္ဂါးသုံးထောင်။ လေလံဆွဲချင်တဲ့လူများ ရှိသေးလားဗျ?"
လေလံပွဲရှိ လူတိုင်းက ရှုယီကို လှည့်ကြည့်လာကြသည်။
ရှုယီက ယနေ့၌ မှော်ပညာရှင်ဝတ်ရုံကို မဝတ်ဆင်ထားခဲ့လေရာ လူတိုင်းက သူ၏ မှော်ပညာရှင် အထောက်အထားကို မမြင်နိုင်ကြသဖြင့် မနေနိုင်ဘဲ အတန်ငယ်ရှုပ်ထွေးသွားသည်။
ဒီလူငယ်လေးက ဘာအတွက် ခေါင်းဆောင်မှော်ပညာရှင်ရဲ့ မှတ်စုကို ဝယ်ချင်နေရတာလဲ? သူက ဒီမှတ်စုနဲ့ သူ့ရဲ့မှော်အစွမ်းကို မြှင့်တင်ချင်လို့လား?
ထိုလူငယ်၏ သွင်ပြင်ကို သုံးသပ်ရလျှင် ၎င်းကို ဖတ်ကြည့်လျှင်တောင် နားမလည်နိုင်လောက်ချေ။
ရှုယီက လူတိုင်း၏အကြည့်ကို လျစ်လျူရှုကာ လေလံပစ်သူကို ဖိအားပေးသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
လေလံပစ်သူလည်း ရှုယီ၏ဆိုလိုရင်းကို နားလည်သွားသည်။ မည်သူကမှ လေလံဆွဲမလာသည်ကို ကြည့်ရန် စောင့်ဆိုင်းနေပြီးနောက် ခေါင်းငြိမ့်ကာ ဆက်ပြောလိုက်၏၊ "နံပါတ် သုံးဆယ့်ကိုး၊ ရွှေဒင်္ဂါးသုံးထောင် တစ်ကြိမ်။ လေလံဆွဲမယ့်လူမရှိတော့ဘူးလားဗျ? တစ်ယောက်မှ မရှိတော့ရင် ခေါင်းဆောင်မှော်ပညာရှင် သော်နီရဲ့ မှတ်စုတွေက ဒီသခင်လေးဆီပဲ ရောက်သွားတော့မှာပါ။
ဆက်လက်ပြီး မည်သူကမှ ပြန်မဖြေကြချေ။
လေလံပစ်သူက အတန်ငယ်ကြာအောင် စောင့်ဆိုင်းနေပြီးနောက် ကူရာမဲ့စွာ အော်လိုက်သည်၊ "နံပတ်သုံးဆယ့်ကိုး ရွှေဒင်္ဂါးသုံးထောင် နှစ်ကြိမ်။ အခွင့်အရေးတစ်ခါပဲ ကျန်ပါတော့တယ်၊ ခေါင်းဆောင် မှော်ပညာရှင်သော်နီရဲ့မှတ်စုကို လေလံဆွဲဖို့ စိတ်ဝင်စားတဲ့လူများရှိသေးလားဗျ? ခေါင်းဆောင် မှော်ပညာရှင် သော်နီက ကျုပ်တို့ လမ်ပူရီတိုင်းပြည်ရဲ့ ပထမဆုံးသော ခေါင်းဆောင်မှော်ပညာရှင်ဖြစ်ပြီး လမ်ပူရီတိုင်းပြည်ရဲ့ ဂုဏ်ယူစရာသင်္ကေတလည်းဖြစ်ပါတယ်။ သူ့ရဲ့မှတ်စုတွေက သေချာပေါက် တန်ဖိုးကြီးမားတာကြောင့် ဘယ်သူကမှ ဒါကို လက်လွှတ်ချင်ကြမယ်လို့မထင်ပါဘူး၊ ဟုတ်တယ်မို့လား?"
လေလံပစ်သူ၏ စကားများက သက်ရောက်မှုတချို့ရှိသွားဟန်ပေါ်ကာ အသံတစ်သံထွက်လာသည်၊ "သုံးထောင့်ငါးရာ။"
လေလံပစ်သူ၏ စိတ်ဝိဉာဉ်များ ထခုန်သွားကာ ၎င်းဘက်သို့ ညွှန်ပြလိုက်သည်၊ "ကောင်းတယ်! တစ်ယောက်က လေလံဆွဲလိုက်ပါပြီ! နံပတ်လေးဆယ့်ခုနစ် သခင်လေး၊ ရွှေဒင်္ဂါးသုံးထောင့် ငါးရာ! လေလံဆွဲချင်သူရှိသေးလားဗျ?"
ထိုသို့မေးလိုက်ချိန်တွင် လေလံပစ်သူက ရှုယီရှိရာဘက်ကြည့်လာသည်။
ရှုယီက စိတ်အနှောင့်အယှက်ဖြစ်မသွားသလို မျက်တောင်တစ်ချက်ပင် မခတ်ဘဲ အော်လိုက်သည်၊ "လေးထောင်"
လူအုပ်ကြီးက တစ်ဖန်ဆွေးနွေးကြပြန်၏။
ရှုယီ၏ လက်ရှိသွင်ပြင်ကိုသုံးသပ်ရလျှင် သူဟာ ၎င်းကို အရယူရန် ဆုံးဖြတ်ထားသည်မှာ ရှင်းလင်းနေ၏။
မတိုင်ခင်က ဈေးခေါ်လိုက်သည့် နံပါတ်လေးဆယ့်ခုနစ်မှာ ရှုယီ၏သဘောထားကို ခံစားမိသဖြင့် အလျှော့မပေးဘဲ အော်လိုက်သည်၊ "ရွှေဒင်္ဂါးငါးထောင်"
၎င်းကိုမြင်သော် လေလံခန်းမထဲရှိ လူအားလုံးမှာ စိတ်လှုပ်ရှားလာကြသည်။
လေလံပွဲသူ လာကြသူများအတွက် ဈေးနှုန်းအများဆုံးခေါ်သူများကို ကြည့်ရသည်မှာ လေလံပွဲ၏ စိတ်လှုပ်ရှားမှုကို မြှင့်တင်ပေးသဖြင့် ထိုလူများကိုကြည့်ရှုရသည်အား သဘောကျကြသည်။
လူတိုင်းက အနည်းငယ်စဉ်းစားပြီးနောက်၌ ဈေးနှုန်း 'ငါးထောင့်နှစ်ရာ'ခေါ်လာသည့် ရှုယီကိုကြည့်လိုက်ကြ၏။
"ကျစ်"
ထိုဈေးနှုန်းကို ကြားသော် လူတိုင်းက အနည်းငယ်စိတ်ပျက်သွားကြသည်။
မတိုင်ခင်က သူဟာ ငါးရာအထိတိုးပေးခဲ့သော်လည်း ယခုတွင် အနိမ့်ဆုံး နှစ်ရာအထိ လျှော့ချလိုက်၏။ ဒီလူငယ်လေးက အပြင်ပန်းမှာ အားကောင်းသလိုနဲ့ အတွင်းဘက်မှာ အားနည်းနေလို့များလား? သူက ဒီမှတ်စုလေးတွေကို ဝယ်ဖို့အတွက်နဲ့ စုထားတာမှန်သမျှအားလုံးကို သုံးခဲ့တာများလား?
နံပါတ် လေးဆယ့်ခုနစ်မှာ ရှုယီက ဈေးလျှော့ချလိုက်ခြင်းကြောင့် အံ့ဩသွားကာ တစ်စက္ကန့်မျှ ရပ်တန့်နေပြီးနောက်တွင် ငါးထောင့်ငါးရာဟု အော်လာသည်။
လေလံပစ်သူက တတိယအကြိမ်ရေတွက်နေချိန်တွင် ရှုယီလည်း အတန်ငယ် တုံ့ဆိုင်းနေပြီးမှ ဈေးနှုန်း'ငါးထောင့်ခုနစ်ရာ'ဟုခေါ်လိုက်တော့သည်။
နံပါတ်လေးဆယ့်ခုနစ်လည်း ခေါင်းခါလေ၏။ ၎င်းက ရှုယီအပေါ် အင်မတန် စိတ်ပျက်သွားဟန်ရှိကာ ၎င်းလေလံကို လက်လျှော့လိုက်တော့သည်။
ထို့ကြောင့် ရှုယီမှာ ထိုခေါင်းဆောင်မှော်ပညာရှင်သော်နီ၏ မှတ်စုကို ရဖို့ ရွှေဒင်္ဂါးငါးထောင့်ခုနစ်ရာ သုံးလိုက်ရ၏။
ထိုသို့သော လေလံမျိုးက လူတိုင်းကို စိတ်ပျက်သွားစေရာ ၎င်းကို ဘေးဖယ်ထားပြီးနောက်၌ အခြားအရာများကို လေလံဆက်ဆွဲကြတော့သည်။
ရှုယီက သူ့နံဘေးရှိ လူများ၏ အပြုအမူကိုကြည့်ရင်း တိတ်ဆိတ်နေဆဲဖြစ်ပြီး သူ၏နောက်ထပ်ပစ်မှတ် ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
နာရီဝက်လောက်ကြာပြီးနောက်တွင် လေလံပွဲ၏ဝန်ထမ်းက လက်တစ်ဖဝါးစာအရွယ်ရှိ အနီရောင်သေတ္တာလေးတစ်လုံးကို ဂရုတစိုက် ယူထုတ်လာသည်။
ထိုဝန်ထမ်း၏ ဂရုတစိုက်ရှိနေသည့် သွင်ပြင်ကိုမြင်သော် လူတိုင်း၏ စူးစမ်းလိုစိတ်ကို ဆွမိသွားသည်။
မတိုင်ခင်က ထွက်လာသည့် ပစ္စည်းများစွာရှိပါသော်လည်း ဝန်ထမ်းက ထိုမျှအထိ ဂရုမစိုက်ခဲ့ဖူးပါချေ။ ဒီပစ္စည်းထွက်လာတာနဲ့ သူတို့က ဘာလို့ ဒီလို ပြုမူနေရတာလဲ?
၎င်း၌ ရှင်းလင်းချက်တစ်ခုသာရှိသည်။ ထိုသေတ္တာလေးထဲရှိ အရာမှာ မတိုင်ခင်က ပစ္စည်းအားလုံးထက် ပို၍ တန်ဖိုးရှိသောကြောင့်သာ ဖြစ်နိုင်၏။
ထိုသို့စဉ်းစားရင်း လူတိုင်း၏ အသက်ရှုနှုန်းများ မြန်လာကြသည်။
အားလုံးမှာ ဤလေလံပွဲ၏ နောက်ဆုံးအပိုင်း စတင်တော့မည်ကို သိလိုက်ကြ၏။
ထို နောက်ဆုံးအပိုင်း၏ သွင်ပြင်အရ မုန်တိုင်းတစ်ခု ရှိလာလိမ့်မည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၀၃။ သက်သေထုတ်ပြ
"အားလုံးပဲ ဒီသေတ္တာထဲမှာ ဘာရှိတယ်ဆိုတာကို အတော်လေး သိချင်နေကြလိမ့်မယ်လို့ထင်ပါတယ်၊ ဟုတ်ရဲ့လားဗျ?" လေလံပစ်သူက ထိုသေတ္တာကို ညွှန်ပြပြီး ဝေ့ဝဲကြည့်ကာ အပြုံးဖြင့် ပြောလာသည်၊ "အလျင်လိုစရာမလိုပါဘူး၊ ကျုပ်အားလုံးနဲ့ မိတ်ဆက်ပေးမှာပါ။"
လေလံပစ်သူက သေတ္တာနံဘေးရှိ လက်ကိုင်များကို အသာကိုင်လျက် ဖွင့်လိုက်သည်။
အားလုံးကြည့်လိုက်သော် ထိုသေတ္တာထဲ၌ တကယ်တမ်း လည်ဆွဲတစ်ခုရှိနေကြောင်းတွေ့လိုက်ကြ၏။
ဤလည်ဆွဲမှာ လုံးဝ အစိမ်းရင့်ရောင်ဖြစ်ပြီး မည်သည့်သံယံဇာတဖြင့် ပြုလုပ်ထားသည်ကိုလည်း မသိရပါချေ။ လေလံခန်းမထဲရှိ မှော်အလင်း၏ တောက်ပမှုနှင့်အတူ ၎င်းက ခပ်ဖျော့ဖျော့ သစ်ခွရောင်တောက်ပနေသည်။
ထိုတောက်ပမှုက လည်ဆွဲနံဘေး၌ ရှင်သန်နေသည့်နှယ်စီးဆင်းနေသည်မှာ အင်မတန် ဆန်းကြယ်လှ၏။
"အခု၊ ကျုပ်က ဒီပစ္စည်းကို အားလုံးနဲ့ မိတ်ဆက်ပေးရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီလည်ဆွဲကို နက်ရှိုင်းသော ပင်လယ်ပြာလို့ခေါ်ပြီးတော့ ပင်လယ် ကြမ်းပြင်မှာ တွေ့ရှိရတဲ့ ဒဏ္ဍာရီလာ အပြာရောင်သန္တာကျောက်ကနေ ပြုလုပ်ထားတာပါ။ ဒီသတ္တုတန်ဖိုးနဲ့တင် ဈေးနှုန်းက ထိတ်လန့်စရာဖြစ်နေပါပြီ။ အရေးကြီးဆုံးအရာကတော့ ဒီလည်ဆွဲကို ဒဏ္ဍာရီလာ ခေါင်းဆောင်မဟာမှော်ပညာရှင်ကြီး လီဖာက ပြုလုပ်ခဲ့တာပါ!"
ထိုအပိုင်းကိုကြားပြီးနောက် လူအုပ်ကြီးက ချက်ချင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
ထိုလည်ဆွဲကို တကယ်တမ်းတွင် ခေါင်းဆောင် မဟာမှော်ပညာရှင်ကြီး လီဖာက ပြုလုပ်ခဲ့ခြင်းဖြစ်သည်! ထိုလည်ဆွဲကို တန်ဖိုးကြီးသတ္တုမှ လုပ်ထားခြင်းမဟုတ်ပါလျှင်တောင် အံ့မခန်း တန်ဖိုးကြီးလှ၏!
ယခင်နှစ်က လေလံပွဲတစ်ခု၌ ခေါင်းဆောင် မဟာမှော်ပညာရှင်လီဖာ သုံးခဲ့သော ဖောင်တိန်တစ်ချောင်းအား ကောင်းကင်တမျှမြင့်မားသည့် ဈေးနှုန်း ရွှေဒင်္ဂါး တစ်သိန်းသုံးသောင်းဖြင့် ရောင်းချခဲ့သည်ပင်!
လေလံပစ်သူမှာ အားလုံး အံ့ဩနေသည်က မလုံလောက်သေးဟု ခံစားရသောကြောင့် ဆက်ပြောလာ၏၊ "ဒါ့အပြင် ဒီလည်ဆွဲမှာ အရမ်းကို လက်တွေ့အသုံးကျတဲ့ အရာတစ်ခုလည်းရှိတယ်။ ဒီလည်ဆွဲမှာ ခေါင်းဆောင် မဟာမှော်ပညာရှင် လီဖာကိုယ်တိုင် ထည့်သွင်းရေးဆွဲထားတဲ့ ရေစွမ်းအားမှော်အစီအရင်တစ်ခုပါဝင်တယ်။ ဘယ်သူကမှ လတ်တလောတော့ ဒီမှော်အစီအရင်ကို အသက်မသွင်းနိုင်သေးပေမယ့်လည်း ဒဏ္ဍာရီအရတော့ ဒီရေစွမ်းအားမှော်အစီအရင်က တားမြစ်မန္တာန်တစ်ခုကို ချမှတ်နိုင်တယ်!"
လူအုပ်ကြီးမှာ ထပ်မံ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
တားမြစ်မန္တာန်?
ထိုလည်ဆွဲနဲ့ ချိတ်ဆက်နေတဲ့ တားမြစ်မန္တာန်က တကယ်ရှိနေတယ်လား? ဒါဆို အဓိပ္ပာယ်က ဒီလည်ဆွဲမှာရှိတဲ့ မှော်အစီအရင်ကို နှိုးဆွလိုက်နိုင်တာနဲ့ တားမြစ်အစီအရင်တစ်ခုကို ချမှတ်လို့ရပြီပေါ့?
မှန်ပါ၏၊ ယခင်က ထိုမှော်အစီအရင်ကို မည်သူကမှ အသက်မသွင်းခဲ့ကတည်းက ၎င်းကို အသက်သွင်းရန် အင်မတန်ခဲယဉ်းသည့် အဓိပ္ပာယ်ပင်။ ထိုသည်က သာမန်လူများမလုပ်နိုင်သည့် အရာလည်း ဖြစ်ကောင်းဖြစ်နိုင်၏။
သို့သော် ထိုသည်က လူတို့၏ ၎င်းပစ္စည်းအပေါ် ရူးသွပ်မှုကို မတားဆီးနိုင်ချေ။
ဒါကို အသက်မသွင်းနိုင်ရင်လည်း ဘာဖြစ်လဲ? လူများအား ထိုလည်ဆွဲထံ၌ တားမြစ်မန္တာန်တစ်ခုရှိသည့်အကြောင်း သိစေခြင်းနှင့်ပင် လုံလောက်သည်!
"ဟုတ်ပြီ၊ ပြောတာက လုံလောက်ပါပြီ၊ လေလံစလိုက်ကြတာပေါ့!" စင်အောက်ရှိလူများက မစောင့်နိုင်ကြတော့ချေ။
"ဟုတ်တယ်၊ မြန်မြန်စပါတော့! ကျုပ်တို့ ဆက်မစောင့်နိုင်တော့ဘူး!"
......
လေလံပစ်သူက အသာပြုံးကာ ခေါင်းငြိမ့်၍ ဆိုလာသည်၊ "ကောင်းပါပြီ၊ လေလံစကြတာပေါ့။ ခေါင်းဆောင် မဟာမှော်ပညာရှင် လီဖာပြုလုပ်ထားတဲ့ တားမြစ်မန္တာန်နဲ့ လည်ဆွဲ၊ အစဈေးနှုန်းက ရွှေဒင်္ဂါးတစ်သိန်းဖြစ်ပြီး တစ်ခါတိုးစာက အနည်းဆုံး ရွှေဒင်္ဂါး ငါးထောင်ရှိရပါမယ်!"
ထိုဈေးနှုန်းကိုကြားသော် စင်အောက်၏ရှိ လူတိုင်းမှာ လေအေးအေးကို ရှူရှိုက်မိလိုက်ကြ၏။
ဘုရားသခင်၊ အစဈေးနှုန်းနဲ့တင် ရွှေဒင်္ဂါးတစ်သိန်းဖြစ်ပြီးတော့ ဈေးတစ်ခါခေါ် ငါးထောင်ဆိုတာကြီးက မများလွန်းနေဘူးလား!
ထိုဈေးနှုန်းကို ကြားရုံဖြင့် လူတစ်ဝက်လောက်က ထိတ်လန့်သွားသော်လည်း အန်ဗီမာမြို့တော်၌ လူချမ်းသာများ မရှိသည်တော့မဟုတ်ပေ။ ဤနေရာရှိလူများကလည်း အံ့မခန်းချမ်းသာကြသည်မဟုတ်ပါလား? ထို့ကြောင့် ခန်းမက အတန်ကြာတိတ်ဆိတ်သွားပြီးနောက်တွင် လူများမှာ စတင်၍ ရူးသွပ်စွာ ဈေးပြိုင်ကြတော့သည်။
ဆယ်မိနစ်မပြည့်ခင်တွင် ဈေးနှုန်းက ရွှေဒင်္ဂါးတစ်သိန်းမှ နှစ်သိန်းကျော်အထိ အလျင်အမြန်ရောက်သွားသည်။
ထိုဈေးနှုန်းထိရောက်ပြီးနောက် လေလံဆွဲနေသူများ နည်းသွားကာ ဈေးဆက်ခေါ်နေသူ သုံးဦးသာ ကျန်ရှိတော့သည်။
ထိုသည်က ရှုယီ ထရပ်လာသည့်အချိန်ဖြစ်၏။
ရှုယီ ရုတ်တရတ် ထရပ်လာသည်ကိုမြင်သော် သူ့နံဘေး၌ ထိုင်နေကြသူများမှာ အံ့ဩသွားကြ၏။
ဒီလူက ဘာလုပ်ချင်တာပါလိမ့်? ခေါင်းဆောင် မှော်ပညာရှင်သော်နီ၏ မှတ်စုများအတွက် လေလံဆွဲနေစဉ်က သူ့ကြည့်ရသည်မှာ ရွှေဒင်္ဂါးငါးထောင်လေးသုံးရုံဖြင့် နာကျင်ဟန်ပေါ်နေခဲ့သည်။ ယခုတွင် သူက ထိုလည်ဆွဲအတွက် လေလံဆွဲချင်နေသည်လား?
သူဟာ ရူးသွပ်နေခြင်းဖြစ်ရမည်!
လူတိုင်းက သူ့ထံ အံ့အားသင့်စွာကြည့်လာစဉ်တွင် ရှုယီက ထရပ်ကာ လက်ထဲရှိ သင်္ကေတကို မြှောက်ရင်း ရှင်းလင်းစွာ ဆိုလိုက်သာ်၊ "ရွှေဒင်္ဂါး နှစ်သိန်းငါးသောင်း"
ထိုသို့ပြောလိုက်ချိန်၌ လူအုပ်ကြီးမှာ ထိတ်လန့်သွားတော့သည်။
ရှုယီ ဈေးမခေါ်ခင်က ဈေးနှုန်းမှာ ရွှေဒင်္ဂါး နှစ်သိန်းတစ်သောင်းသာရှိပြီး ကျန်နှစ်ဦးက တုံ့ဆိုင်းနေခဲ့၏။ ရှုယီက ထိုအချိန်၌ ထွက်လာကာ ရုတ်တရတ် ရွှေဒင်္ဂါး နှစ်သိန်းငါးသောင်းအထိ ခေါ်လာမည်ဟု မည်သူကမှ ထင်မထားခဲ့ပေ!
လူတိုင်းက ရှုယီကို တအံ့တဩကြည့်လာသည်။ ၎င်းတို့မှာ သူက ခေါင်းဆောင်မှော်ပညာရှင်သော်နီ၏မှတ်စုကို အနည်းငယ်သာ ဈေးခေါ်ခဲ့သဖြင့် သတိထားမိခဲ့ကြရာ ၎င်းတို့၏ အံ့အားသင့်မှုက ပို၍ပင် ပြင်းထန်ကြသည်။
ဒီလူက..... တကယ်ကြီး ဒီလောက်ချမ်းသာနေတာလား?
ရွှေဒင်္ဂါး နှစ်သိန်းတစ်သောင်းဈေးခေါ်လိုက်သည့် နံပါတ်ခုနစ်မှာ တခြားပြိုင်ဘက်များက တုံ့ဆိုင်းနေသည်ကိုမြင်သော် အောင်မြင်မှုအလင်းရောင်ကို တွေ့ခဲ့ရသော်လည်း ယခုတွင် ရှုယီ ပေါ်လာလေရာ အနည်းငယ်အံ့ဩသွားပြီးနောက်၌ ရှုယီထံ ဒေါသတကြီးလက်ညှိုးထိုးလျက် ပြောလာသည်၊ "ဟေး၊ မင်းက ဘယ်သူလဲ? မင်းကို အရင်က အန်ဗီမာမြို့တော်မှာ မမြင်ဖူးပါဘူး၊ မင်းက မြို့တော်အပြင်ဘက်က လာတာဖြစ်ရမယ်၊ ဟုတ်တယ်မို့လား? ဒီတောသားငတုံးကတော့ ရွှေဒင်္ဂါးနှစ်သိန်းငါးသောင်းကိုတောင် တတ်နိုင်လို့လား?"
ရှုယီက အသာပြုံးလိုက်ကာ သဘာဝကျစွာဖြင့် သူနှင့် ငြင်းခုံရန် အထင်သေးနေမိ၏။
ရှုယီ၏အမူအရာကိုမြင်သော် နံပါတ်ခုနစ်က ပိုလို့ပင် ဒေါသထွက်သွား၏။ သူက လေလံပစ်သူထံလှည့်အော်လိုက်သည်၊ "ဒါက ခင်ဗျားတို့ နက်စင်းလေလံအိမ်ရဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့ပုံလား? ခင်ဗျားတို့က တကယ်ပဲ ဒီလူကို အရှုပ်တွေ ဖန်တီးခွင့်ပြုတယ်ပေါ့?"
ထိုလေလံပစ်သူက ရှုယီထံ နေရခက်စွာကြည့်ပြီးနောက် နံပါတ်ခုနစ်ထံ အသာ ဦးညွှတ်လိုက်သည်၊ "သခင်လေး ဖိုလဲ့ဒို, သခင်လေးအနေနဲ့ ကျွန်တော်တို့ လေလံပွဲစည်းမျဉ်းတွေကို သိလောက်မှာပါ။ လေလံဆွဲနိုင်သူမှန်သမျှက သူတို့ရဲ့ အရည်အချင်းစစ်ဆေးမှုအားလုံးကို ကျော်ဖြတ်ခဲ့ပြီးသားပါပဲ။"
"သူကရော? ဒါဆို ကျုပ်ကိုပြောလေ၊ သူက ခင်ဗျားတို့ရဲ့ စစ်ဆေးမှုကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ? သူက ဒီလောက်များတဲ့ ရွှေဒင်္ဂါးတွေကို ထုတ်ပေးနိုင်မယ်လို့ ကျုပ်မထင်ဘူး!" နံပါတ်ခုနစ်က လက်မလျှော့သေးပါချေ။
လေလံပစ်သူက နေရခက်စွာဖြင့် ဆိုလေသည်၊ "ဒါက.....ဒါက ဧည့်သည်တစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ထြစ်တာကြောင့်၊ ကျေးဇူးပြုပြီး ထုတ်မပြနိုင်တာအတွက် ခွင့်လွှတ်ပေးပါ။"
"-ျီးထုပ်ပဲ! ကျုပ် သူ့ရဲ့အထောက်အထားကို သံသယရှိနေတယ်၊ ခင်ဗျားတို့ လေလံအိမ်က ဘာလုပ်မှာလဲ?"
"ဒါက....." လေလံပစ်သူက ရှုယီထံ တောင်းပန်လိုဟန်ဖြင့်ကြည့်လာသည်။ သူက ရှုယီအား သခင်လေး ဖိုလဲ့ဒိုကို စိတ်ကျေနပ်စေရန် အထောက်အထားတချို့ ထုတ်ပြစေချင်နေသည်ပင်။
မှန်ပါ၏ ရှုယီက သူ၏ ကျိုးကြောင်းမသင့်သော တောင်းဆိုချက်ကို လက်မခံဘဲ ထူးမခြားနားစွာ ဆိုလာသည်၊ "လေလံပွဲရဲ့ စည်းမျဉ်းတွေအရ ဘယ်သူကမှ ဈေးမခေါ်လာရင် ခင်ဗျားအနေနဲ့ ရေတွက်ရတော့မှာမဟုတ်ဘူးလား?"
လေလံပစ်သူ၏မျက်နှာက နီရဲသွား၏။ သူက ဒေါသဖြစ်နေဆဲ သခင်လေးဖိုလဲ့ဒိုကိုကြည့်ပြီးနောက် ကူရာမဲ့စွာ တူကို မြှောက်လိုက်သည်၊ "နံပတ်သုံးဆယ့်ကိုး၊ ရွှေဒင်္ဂါးနှစ်သိန်းငါးသောင်း၊ လေလံဆွဲမယ့်လူရှိသေးလားဗျ? မရှိတော့ရင် ကျွန်တော် စရေတွက်ပါတော့မယ်။ နှစ်သိန်းငါးသောင်း တစ်ကြိမ်....."
"ကျုပ်အတွက် ရပ်ထား!" သခင်လေးဖိုလဲ့ဒိုက ဒေါသတကြီးဖြင့် လေလံပစ်သူထံ အော်ငေါက်လိုက်သည်။ သူက ဒေါသဖြစ်စွာဖြင့် ရှုယီကို လက်ညှိုးထိုးကာ အော်လာ၏၊ "ဟေး မင်းငါပြောလိုက်တာကို နားမလည်ဘူးလား? မင်းအနေနဲ့ ရွှေဒင်္ဂါးနှစ်သိန်းငါးထောင်ကို ထုတ်ပေးနိုင်မယ်ဆိုတာကို ငါမယုံဘူး၊ မင်းသာ ငါ့ကို သက်သေမပြရင် မင်းကို ထွက်သွားအောင်လုပ်မယ်! ဒီသခင်လေးရဲ့ ပစ္စည်းတွေကို လာမရှုပ်နဲ့!"
ရှုယီက အသာပြုံးလေ၏၊ "ဒါဆို သခင်လေး ဖိုလဲ့ဒို, ခင်ဗျားကရော ဘာအထောက်အထားနဲ့ ကျုပ်ကို သံသယဖြစ်နေတာလဲ? ပြီးတော့ လူတစ်ယောက်ရဲ့ တစ်စုံတရာကို မတောင်းဆိုခင်မှာ ခင်ဗျားကိုယ်ခင်ဗျား သက်သေမပြသင့်ဘူးလား?"
ဖိုလဲ့ဒိုက မော့ကာ ရယ်မောလိုက်သည်၊ "ဟား! ဘယ်သူက အန်ဗီမာမြို့တော်မှာ ဖိုလဲ့ဒိုကို မသိလို့လဲ၊ ဘယ်မှာ သက်သေပြဖို့လိုမှာလဲ?"
"အားနာပါတယ်၊ ကျုပ် ခင်ဗျားကို မသိဘူး။ ခင်ဗျားသာ ကျုပ် ရွှေဒင်္ဂါးနှစ်သိန်း ငါးသောင်းပေးနိုင်ဖို့ကို သက်သေအတင်းပြခိုင်းချင်နေရင်တော့ ကျေးဇူးပြုပြီး မျှမျှတတနဲ့ ခင်ဗျားရော ရွှေဒင်္ဂါးနှစ်သိန်းတစ်သောင်းပေးနိုင်မလားဆိုတာကို အရင်သက်သေပြပါ။"
"မင်းလို တောသားငတုံးတစ်ယောက်က ငါ့ရှေ့မှာ ဘာက မျှတတယ်ဆိုတာကို ပြောဖို့ထိုက်တန်မလား?" ဖိုလဲ့ဒိုက ရှုယီကို လက်ညှိုးထိုးကာ ဒေါသတကြီးဆို၏၊ "မင်းကို ထပ်ပြောမယ်၊ မင်းထွက်မသွားရင် ငါ့ကို မယဉ်ကျေးဘူးလို့ အပြစ်လာမတင်နဲ့!"
ရှုယီက ခေါင်းခါသည်၊ "ဒီက သခင်လေးဖိုလဲ့ဒို, ခင်ဗျားရဲ့ ကျိုးကြောင်းမသင့်တဲ့ အပြုအမူတွေက ကျုပ်ကို လေလံဆက်မဆွဲနိုင်အောင်လုပ်တာလို့ သတ်မှတ်လို့ရမလား၊ ဒီလိုဆို ကျုပ်ကိုတိတ်တိတ်လေးမောင်းထုတ်ပြီး လည်ဆွဲကို ဈေးနှုန်းနည်းနည်းနဲ့ ရချင်နေတာမလား?"
"-ျီးထုပ်ပဲ!" ဖိုလဲ့ဒိုက ဒေါသအပြည့်ဖြစ်သွားကာ၊ "ဘာလို့ ငါက မင်းလို တောသားငတုံးလေးတစ်ယောက်ကို ကျော်ပြီး လေလံမဆွဲနိုင်ရမှာလဲ? ဘာ -ျီးထုပ်လဲဟ!"
ရှုယီက ဖိတ်ခေါ်ဟန် ပြုကာ၊ "ဒါဆို ကျေးဇူးပြုပြီး ဈေးခေါ်ပါ။ ခင်ဗျား မလုပ်နိုင်ရင်လည်း၊ လေလံပစ်သူက စပြီး ရေတွက်နိုင်ပါ့မလား?"
ဖိုလဲ့ဒိုက ရှုယီကို စိုက်ကြည့်ပြီးနောက် လေလံပစ်သူထံ လှည့်အော်လိုက်သည်၊ "ရွှေဒင်္ဂါး နှစ်သိန်းရှစ်သောင်း!"
သူက ရှုယီ၏ ဈေးနှုန်းကို တကယ်ကြီး ရွှေဒင်္ဂါးသုံးသောင်းအထိ တိုးလိုက်သည်။
ဖိုလဲ့ဒိုထံမှ နှိုးဆွနေဟန်ကိုကြည့်ပြီး ရှုယီက အသာပြုံးကာ သင်္ကေတကို ထောင်လိုက်၏။
"ရွှေဒင်္ဂါး သုံးသိန်း"
အခြားလူများ အားလုံးက ရှုယီကို မယုံကြည်နိုင်စွာကြည့်လိုက်ကြ၏။ ၎င်းတို့မှာ တကယ်ကြီး ၎င်းကို မစဉ်းစားနိုင်တော့ချေ ရွှေဒင်္ဂါးငါးထောင့်ခုနစ်ရာလေးကို တုံ့ဆိုင်းနေခဲ့သည့် ထိုလူမှာ အဘယ့်ကြောင့် ရုတ်တရတ် အင်မတန်ရဲတင်းနေရသနည်း?
သူဟာ ကောင်းကင်တမျှမြင့်မားသည့် ရွှေဒင်္ဂါးသုံးသိန်းဈေးနှုန်းကိုပင် ခေါ်ဝံ့သည်!
ဖိုလဲ့ဒိုတင်မကဘဲ အခြားလူများစွာကလည်း ရှုယီ၏ ပေးနိုင်စွမ်းရှိ မရှိကို သံသယဖြစ်နေကြသည်။
ထိုလူက မြို့တော်အပြင်မှလူဖြစ်လေရာ၊ သူ့ထံ၌ ထိုမျှ ငွေများစွာ ရှိနေမည်လား?
ရှုယီ၏ ဈေးနှုန်းကို ကြားသော် ဖိုလဲ့ဒို၏မျက်နှာက အကြိမ်ရေအနည်းငယ်ခန့် ရှုံ့တွသွားကာ တုံ့ဆိုင်းလာ၏။
ရက်အနည်းငယ်အတွင်း၌ သူ့အဘွား၏ ရှစ်ဆယ်ပြည့်မွေးနေ့ရှိသည်ပင်။ သူဟာ သူ့အဘွား၏ စိတ်ကို နွေးထွေးစေရန် ထိုလည်ဆွဲအား လက်ဆောင်အဖြစ်ဝယ်လိုခြင်းပင်။
သူ၏ဖခင်က မိသားစုခေါင်းဆောင်ဖြစ်ပါသော်လည်း အဘွားကသာ မိသားစုကို ထိန်းချုပ်နေသူဖြစ်မှန်း ဖိုလဲ့ဒိုသိပေသည်။
သူ့အဘွားနှင့် ရင်းနှီးနေသရွေ့ မိသားစုခေါင်းဆောင် အဖြစ်ရှိနေသည့် သူ၏ဖခင်ကို ကူညီရာရောက်ပြီး သူ့အတွက်လည်း မိသားစုခေါင်းဆောင်နေရာကို ဆက်ခံရန် အင်မတန် အထောက်အကူဖြစ်လိမ့်မည်ဖြစ်သောကြောင့် ပေးလိုခြင်းဖြစ်၏။
ထို့အပြင် သူ၏ဖခင်မှာ ပုံမှန်အားဖြင့် သူ၏ သုံးဖြုန်းမှုကို လက်မခံပါလျှင်တောင် ဤတစ်ခေါက်၌ ထောက်ခံမည်ဖြစ်ကြောင်း သေချာသိသဖြင့် ရွှေဒင်္ဂါးနှစ်သိန်းအထိ ကောင်းကင်တမျှမြင့်မားသော ဈေးနှုန်းကို လေလံဆွဲလိုခဲ့ခြင်းပင်။
သူဟာ ငွေပုံကြားထဲ၌ မွေးဖွားလာသူတစ်ဦးဖြစ်သော်လည်း ရွှေဒင်္ဂါးနှစ်သိန်းက သူ့အတွက်တော့ နည်းပါးသည့် ပမာဏမဟုတ်ပေ။
သို့သော် တစ်ဖက်က ၎င်းကို သုံးသိန်းအထိ တိုးလိုက်၏။ ဖိုလဲ့ဒိုဆိုလျှင်တောင် အလေးအနက်စဉ်းစားရမည်ပင်။
သို့သော် ရှုယီမျက်နှာထက်ရှိ အပြုံးကို မြင်ချိန်တွင် ဖိုလဲ့ဒိုက သည်းမခံနိုင်တော့ချေ။ သူ၏ ဦးခေါင်းထံသို့ သွေးများဆန်တက်လာကာ ထပ်မံမစဉ်းစားလိုတော့ဘဲ လေလံပစ်သူထံ လှည့်အော်လိုက်၏၊ "ရွှေဒင်္ဂါးသုံးသိန်းနှစ်သောင်း!"
"ရွှေဒင်္ဂါးသုံးသိန်း ငါးသောင်း"
လေလံပစ်သူဖြစ်စေ အခြားလူများကိုဖြစ်စေ တုံ့ပြန်ရန်ပင် မစောင့်ဆိုင်းဘဲ ရှုယီက နောက်ထပ် ဈေးခေါ်လိုက်လေ၏။
လူတိုင်း၏ မျက်လုံးများ ကျယ်သွားကြသည်။
ရွှေဒင်္ဂါးသုံးသိန်းငါးသောင်း? ဒါက စံချိန်နဲ့ ရွှေဒင်္ဂါးနှစ်သောင်းပဲ ကွာတော့တာမဟုတ်လား?
လူတိုင်းက ဖိုလဲ့ဒိုကို မျှော်လင့်တကြီးကြည့်လိုက်ကြသည်။
ဖိုလဲ့ဒိုက နောက်ထပ်ဈေးခေါ်လိုက်သည်နှင့် စံချိန်ကို ချိုးလိုက်မည်ဖြစ်၏!
ဖိုလဲ့ဒို၏ ပါးများဖောင်းသွားကာ ခဏတာတုံ့ဆိုင်းနေပြီးနောက်၌ လျော့ရဲစွာ ထိုင်ချလိုက်သည်။
"အိုင်း"
လေလံခန်းမ၌ စိတ်ပျက်စွာ သက်ပြင်းချသံများပြည့်သွားသည်။
ဖိုလဲ့ဒိုထိုသို့ ပြုမူလိုက်ခြင်းမှာ ရှင်းလင်းစွာပင် အရှုံးကို ဝန်ခံခြင်းဖြစ်၏။
လူတိုင်းက ရှုယီကို မနေနိုင်ဘဲ လှည့်ကြည့်လိုက်ကြသည်။
ရှုယီ၏ ထူးမခြားနားသွင်ပြင်ကို အခြေခံကြည့်လျှင် ဖိုလဲ့ဒိုသာ အလျှော့မပေးဘဲ ဆက်ဈေးခေါ်ပါက ထိုလူက သေချာပေါက် ဈေးထပ်ခေါ်လောက်သည်။
သို့သော် ဖိုလဲ့ဒိုက အလျှော့ပေးလိုက်သဖြင့် လေလံစံချိန် ကျိုးပျက်သွားသည်ကို မမြင်နိုင်တော့ချေ။
ရှုယီကိုကြည့်နေကြချိန်တွင် အားလုံး၏ စိတ်ထဲ၌ သိလိုစိတ်ဖြင့်ပြည့်နေသည်။
မြို့အပြင်မှလာသည့် အန်ဗီမာမြို့တော်၌ ကျော်ကြားမှုမရှိသည့် ထိုလူထံ၌ အဘယ့်ကြောင့် ငွေများစွာရှိနေရသနည်း? ဒီလူက ဘယ်သူများပါလိမ့်?
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၀၄။ တစ်နှစ်တာ ကန့်သတ်ကာလကုန်ဆုံးချိန်
"ငါးထောင့်ခုနစ်ရာနဲ့ သုံးသိန်းငါးသောင်း၊ ကျစ် ကျစ်....." ဟားနက်စ်က ရှုယီလက်ထဲရှိ ပစ္စည်းနှစ်မျိုးကို ကြည့်ကာ သက်ပြင်းဆက်ချနေသည်၊ "ငါပြောမယ် ရှုယီ၊ ဒီခြားနားချက်ကြီးက များလွန်းမနေဘူးလား? ငါဆိုလည်း ဖိုလဲ့ဒိုလိုပဲ မင်းက ပြဿနာရှာနေတယ်ပဲ ထင်မှာ။"
"ဒီခေါင်းဆောင်မှော်ပညာရှင်သော်နီရဲ့ မှတ်စုတွေကို ကိုယ်ရေးကိုယ်တာအရ လိုချင်ခဲ့တာဆိုတော့ ဈေးနှုန်းက တတ်နိုင်သမျှ နည်းရင် အကောင်းဆုံးပဲလေ။ ကျုပ်သာ မွဲတေနေသလို မလုပ်ခဲ့ရင် ဒါကို ဘယ်လိုလုပ် ငါးထောင့်ခုနစ်ရာနဲ့ ရခဲ့မှာလဲ? ကျုပ်ရဲ့ ခန့်မှန်းခြေအရဆို ဒါအတွက် အနိမ့်ဆုံးဈေးနှုန်းက အနည်းဆုံး တစ်သိန်းပဲ။" ရှုယီက ပြောသည်။
"အနည်းဆုံး တစ်သိန်း?" ဟားနက်စ်က ရှုယီထံမှ မှတ်စုကိုယူကာ ရှုပ်ထွေးစွာဖြင့် လှန်ကြည့်လိုက်သည်။ ၎င်းက အခြားမှော်ပညာရှင်တို့၏ မှတ်စုများနှင့် တူညီနေကာ သိပ်မထူးဆန်းသည့် မှော်သုတေသနအကြောင်း အသေးစိတ်များရေးထားသည်ကိုမြင်သော် မနေနိုင်ဘဲ သိလိုစွာမေးလိုက်၏၊ "ဒါက ဘာထူးခြားလို့လဲ? မင်းက တကယ်ပဲ ဒီလောက် သုံးဖို့ ဆန္ဒရှိတယ်လား?"
"ဒါရဲ့ ထူးခြားချက်ကို ခင်ဗျားတောင် မြင်နိုင်မယ်ဆိုရင် ဘယ်လိုလုပ် ဒီလောက် လွယ်လွယ်နဲ့ရပါ့မလဲ?" ရှုယီက အပြုံးဖြင့်ပြောသည်။ သူက မှတ်စုစာအုပ်ကို ပြန်ယူကာ ဂရုတစိုက်ဖြင့် ဘေးမှာထားလိုက်၏၊ "ဒီထဲက အရာတွေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် အမြတ်အစွန်း သန်းနဲ့ချီယူလာနိုင်မယ့် ပစ္စည်းအသစ်တွေကို ထုတ်လုပ်နိုင်တယ်လို့ပဲ ပြောလို့ရမယ်။"
"ဟေး၊ မင်း ကြွားလွန်းနေတာ မဟုတ်ဘူးလား?" ဟားနက်စ်က အနည်းငယ် မယုံမကြည်ဖြစ်သွားသည်၊ "မင်းသာ ဒီပစ္စည်းနဲ့ Frestech ကုန်သည်ကြီးများအသင်းအတွက် သိန်းနဲ့ချီ ရှာနိုင်မယ်လို့ ပြောရင်တောင် မင်းရဲ့အရည်အချင်းကြောင့် ယုံမှာပါ။ ဒါပေမယ့် သန်းချီဆိုတကတော့? မင်း နောက်နေတာပဲ!"
ရှုယီက ပခုံးတွန့်ကာ၊ "ခင်ဗျား မယုံလည်း ရပါတယ်။"
ဟားနက်စ်က အေးစက်စက်နှာမှုတ်၍ ရှုယီ၏ အခြားလက်တစ်ဖက်ရှိ သေတ္တာထဲမှ လည်ဆွဲကို ညွှန်ပြလာသည်၊ "ဒါဆို ဒီလည်ဆွဲကရော? ဒါက ရွှေဒင်္ဂါးသုံးသိန်းငါးသောင်းသုံးဖို့အထိတန်လို့လား? မင်းအရင်က ဒီလောက် စည်းစိမ်တွေ မမက်မောဖူးပါဘူး?"
ရှုယီက သေတ္တာကိုကြည့်၍ အပြုံးဖြင့် ပြောလေ၏၊ "တခြားရွေးချယ်စရာမရှိဘူးလေ၊ လူတွေနဲ့ ဆက်ဆံဖို့က ငွေသုံးဖို့ လိုတာပဲ။ လီဖာမိသားစုကို စိတ်လှုပ်ရှားသွားစေဖို့ ရွှေဒင်္ဂါး သုံးသိန်းငါးသောင်းနဲ့တောင် မလုံလောက်ဘူး။ ကျုပ်က တတ်နိုင်သမျှ ဈေးနှုန်းကို မြှင့်ချင်ခဲ့တာကြောင့် တမင်သက်သက် ဖိုလဲ့ဒို ဒေါသဖြစ်ပြီး ကျုပ်နဲ့ ဈေးပြိုင်လာအောင်လုပ်ခဲ့လို့သာ ဈေးနှုန်းကို မြှင့်နိုင်ခဲ့တာ။ ဒီဘဝင်မြင့်တဲ့ ကောင်က သုံးသိန်းငါးသောင်းလေးနဲ့ ရပ်သွားမယ်လို့ ဘယ်ထင်မလဲ၊ ကျုပ်တကယ် စိတ်ပျက်သွားတယ်။"
ဟားနက်စ်မှာ ၎င်းက ရယ်ရပြီး ဒေါသဖြစ်ဖွယ်ကောင်းကြောင်း သိလိုက်ရပြီး ရှုယီကို ကြည့်လာသည်၊ "လူတိုင်းက မင်းလို ငွေကို ထိန်းချုပ်နိုင်မယ်ထင်လို့လား? မင်းတို့ လုပ်ငန်းစုမှာက ရောင်းအားကောင်းပြီး အမြတ်များများရတော့ ရွှေဒင်္ဂါး သုံးသိန်းငါးသောင်းလို ပမာဏကြီးတစ်ခုကို အလိုရှိသလို ထိန်းချုပ်နိုင်တာလေ။ ဒါသာ တခြားလုပ်ငန်းစုက ဥက္ကဌဆိုရင် မင်းလို အသုံးအဖြုန်းကြီးမှာမဟုတ်ဘူး။ ဖိုလဲ့ဒိုကတော့..... သူ့မိသားစုမှာ ငွေရှိပေမယ့်လည်း သူက မိသားစုခေါင်းဆောင်မဟုတ်တော့ ဘယ်လိုလုပ် မင်းလို အပေါ်စီးကနေနိုင်မှာလဲ?"
"သူ့မှာ ယုံကြည်ချက်မရှိမှတော့ ဘာလို့ အရမ်း ဘဝင်မြင့်နေခဲ့သေးလဲ? သူ့ရဲ့ အင်အားကို ယူဆချက်လွဲပြီး အရမ်း မျှော်လင့်မိသွားတာပဲ။" ရှုယီက သက်ပြင်းချကာ ခေါင်းခါသည်။
ဟားနက်စ်က မျက်လုံးလှိမ့်ကာ၊ "လုံလောက်ပြီ၊ ဖိုလဲ့ဒိုသာ ဒါကိုကြားရင် သေလောက်အောင် ဒေါသထွက်သွားမှာပဲ။"
ရှုယီက အသာပြုံး၏၊ "ကောင်းပြီလေ၊ သူ့အကြောင်းမပြောတော့ဘူး။ ကျုပ်အတွက် လီဖာမိသားစုကို ဆက်သွယ်ဖို့ လုပ်ခဲ့ပြီးပြီလား?"
"မင်းက ငါ့ကို စိတ်မချဘူးလား? အဆင်ပြေပါတယ်၊ ငါ သူတို့မိသားစုကနေ သိတဲ့ကောင်လေးတစ်ယောက်ကို ဆက်သွယ်ပြီးပြီ၊ မနက်ဖြန် ညနေခင်းက မင်းသူ့ကို တွေ့ရလိမ့်မယ်။"
"ကောင်လေးတစ်ယောက်?" ရှုယီက မျက်မှောင်ကုပ်လိုက်သည်၊ "ကျုပ်ရဲ့ ရည်ရွယ်ချက်က မျိုးနွယ်စုခေါင်းဆောင်နဲ့ တိုက်ရိုက်စကားပြောဖို့လေ၊ ဒီကောင်လေးနဲ့ တွေ့ရင် အသုံးဝင်တာရှိလို့လား?"
"ဘာလို့လဲဆိုတော့ အဲ့ကောင်လေး လက်ရှိ မိသားစုခေါင်းဆောင်ရဲ့သား တစ်ဦးတည်းသော သားဖြစ်တာကြောင့်ပဲ။" ဟားနက်စ်က ရှင်းပြသည်၊ "ပြောပါရစေ၊ လီဖာမိသားစုက ငြင်းခဲ့ပေမယ့်လည်း အတော်လေး မာနကြီးနေသေးတယ်။ မိသားစုခေါင်းဆောင်ကိုတွေ့ချင်ရင် မင်းရဲ့ ဂုဏ်ပုဒ်က မလုံလောက်သေးဘူး။ မဟာမှော်ပညာရှင်ကမ်မီလာထွက်လာရင်တောင် သူတို့ကို ဆုံဖို့မဖြစ်နိုင်ဘူး။ ဒီတော့ တဆင့်ချင်းစီ သွားမှရမယ်။"
"သုံးသိန်း ငါးသောင်းက သူတို့ရဲ့ ဝင်ပေါက်တွေကို ဖွင့်ပေးဖို့ မလုံလောက်သေးဘူးပေါ့? တံခါးဘောင်က မြင့်လွန်းမနေဘူးလား" ရှုယီက သေတ္တာလေးကိုကြည့်ကာ မနေနိုင်ဘဲ ခါးသက်စွာရယ်လိုက်၏။
ဤလည်ဆွဲကို ကောင်းမွန်စွာပြုလုပ်ထားပြီး ဆန်းကြယ်သည့် သွင်ပြင်နှင့်လှပနေသည်က ကောင်းသည့်အရာပင်။ ခေါင်းဆောင်မဟာမှော်ပညာရှင် လီဖာကိုယ်တိုင် ပြုလုပ်ခဲ့သည့် မျက်နှာသာကိုပါ ထည့်ပေါင်းပေးလိုက်ပါလျှင် စတေးလ်ထံပေးပါက လက်ဆောင်ကောင်းဖြစ်လိမ့်မည်ဖြစ်သော်လည်း ၎င်းအတွက် ရွှေဒင်္ဂါး သုံးသိန်းငါးသောင်း သုံးစွဲထားခြင်းက အနည်းငယ် ဆုံးရှုံးမှုဖြစ်နေဆဲပင်။
"အဓိပ္ပာယ်မရှိတာ၊ သူတို့က ခေါင်းဆောင်မဟာမှော်ပညာရှင်ရဲ့ မျိုးဆက်တွေပဲကို တံခါးဘောင်က မြင့်တာပေါ့။" ဟားနက်စ်က ရှုယီကိုကြည့်ကာ သတိပေးလိုက်၏၊ "ငါ မနက်ဖြန်ညအတွက် စီစဉ်ထားတာမို့ ပြင်ဆင်ထားဖို့ သတိရဦး။ တွေ့ဆုံမှုကို မလွဲစေနဲ့၊ မဟုတ်ရင် ဒီအခွင့်အရေးကို ဆုံးရှုံးလိမ့်မယ်။"
"အင်း.....မနက်ဖြန်ည..... ပြဿနာမရှိလောက်ဘူး၊ စီစဉ်ထားလိုက်မယ်။" ရှုယီက သဘောတူညီမှုဖြင့် ခေါင်းငြိမ့်၏။
ဟားနက်စ်လည်း ခေါင်းငြိမ့်ပြပြီးနောက် အနည်းငယ်စဉ်းစားကာ ဆက်ပြောလာသည်၊ "ဟုတ်ပြီ၊ အခု ဒါကို သတ်မှတ်ပြီးပြီဆိုတော့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းကို «အန်ဗီမာတိုင်းမ်စ်»မှာ ကြော်ငြာမယ့်အကြောင်း ဆွေးနွေးကြတာပေါ့။"
ရှုယီက အနည်းငယ် အံ့ဩသွားသည်၊ "ကျုပ်တို့ အရင်က သဘောတူညီမှုအထိ ရောက်ခဲ့တယ်မဟုတ်ဘူးလား? ဘာ ဆွေးနွေးစရာရှိလို့လဲ? တစ်ခုခု ပြောင်းလဲသွားလို့လား?"
"ဒါက...." ဟားနက်စ်ထံ၌ နေရခက်ဟန်ရှိနေကာ၊ "ငါ့ဘက်မှာက ဘာပြဿနာမှမရှိပေမယ့် «အန်ဗီမာ တိုင်းမ်စ်»နဲ့ ပတ်သက်ရင် ဆုံးဖြတ်ချတွေ ချတာက ငါတစ်ယောက်တည်း မဟုတ်တာကို သိတယ်မလား။ ငါ မင်းတို့ လုပ်ငန်းစုရဲ့ ကြော်ငြာချင်တဲ့ ကိစ္စကို တင်ပြခဲ့ပေမယ့် သဘောမတူတဲ့လူတချို့ရှိနေသေးတယ်။"
ရှုယီက မျက်မှောင်ကုပ်လိုက်သည်၊ "ဘယ်လူတွေလဲ? ဘာလို့ ငြင်းကြတာလဲ?"
"ဘယ်သူဆိုတာ ပြောဖို့က ငါ့အတွက် အဆင်မပြေဘူး၊ ဒါပေမယ့် သူတို့ငြင်းဆန်တာက..... သူတို့အနေနဲ့ «အန်ဗီမာ တိုင်းမ်စ်»ဆိုတာက လမ်ပူရီတိုင်းပြည်မှာ အကြီးဆုံးသတင်းစာဖြစ်တာကြောင့် ငါတို့အနေနဲ့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်း ကြော်ငြာတာကို ကူညီဖို့ မမျှတဘူးလို့ ထင်နေကြတယ်....."
"ဒီတော့? သူတို့က ဘာလိုချင်တာလဲ?" ရှုယီက ဟားနက်စ်ကို ယဉ်ကျေးမှုမပါဘဲ ဖြတ်ပြောလိုက်သည်။
ဟားနက်စ်၏ အမူအရာက ပို၍ နေရခက်ဟန်ရှိလာပြီး အနည်းငယ်တုံ့ဆိုင်းစွာဖြင့် ပြောလာသည်၊ "အထက်ကလူတွေက ကြော်ငြာတွေလုပ်ပေးဖို့ဆိုတာ သတင်းစာဌာနဖြစ်တဲ့ ငါတို့အတွက် ပုံမှန်ပဲမို့လို့ အဆင်ပြေတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ငါတို့ «အန်ဗီမာ တိုင်းမ်စ်»က တိုင်းပြည်မှာ အကြီးဆုံးသတင်းစာဖြစ်တာကြောင့် မင်းသာ ကြော်ငြာချင်ရင် စိတ်ရင်းကို လုံလုံလောက်လောက်ပြဖို့လိုတယ်....."
"ကောင်းပြီလေ၊ ကျုပ်နားလည်ပါတယ်။" ရှုယီက ခေါင်းငြိမ့်သည်၊ "ရွှေဒင်္ဂါးတစ်သိန်းဆို လုံလောက်လား?"
ဟားနက်စ်က အံ့အားသင့်သွားကာ၊ "တစ်သိန်း? ရှုယီ၊ မင်း.....မင်း နောက်နေတာလား?"
"ဘာလဲ? ဒါကို မလုံလောက်ဘူးထင်လို့လား?" ရှုယီက ပြန်မေးသည်။
"မဟုတ်ပါဘူး၊ မလုံလောက်ဘူး ထင်လို့မဟုတ်ပါဘူး။ အိုး၊ မဟုတ်သေးဘူး၊ သေချာပေါက် ဒါက လုံလောက်တယ်လို့ ငါထင်ပါတယ်။ အဲဒီလူတွေက တစ်သောင်းဆိုလုံလောက်ပြီလို့ မင်းနဲ့ ဆွေးနွေးစေချင်တာဆိုပေမယ့် မင်းကချက်ချင်းကြီး တစ်သိန်းထုတ်ပေးမယ်ပေါ့? ငါပြောမယ် မင်းမှာ ပိုက်ဆံ အရမ်းပေါနေတယ်လား?" ဟားနက်စ်က စိုးရိမ်နေသည့်အသံဖြင့်ဆိုလာသည်။
"တစ်သောင်း?" ရှုယီက မပြုံးဘဲ မနေနိုင်တော့ချေ။
ဤလောက၏ လူများမှာ တကယ်ကိုပင် သတင်းစာများ၏ စွမ်းအား သို့မဟုတ် ၎င်းတို့၏ လိုအပ်ချက်က ထိုမျှ နည်းလိမ့်မည်မဟုတ်ကြောင်းကို မသိကြချေ။
ဟားနက်စ်မှာ မှန်ပါ၏၊ အဘယ့်ကြောင့်ဆိုသော် ဟားနက်စ်မှာ အယ်ဒီတာချုပ်ဖြစ်ပြီး «အန်ဗီမာ တိုင်းမ်စ်»နောက်ကွယ်၌ မျိုးရိုးမြင့်ကြီးများနှင့် တော်ဝင်မိသားစုပင်ရှိနေလေရာ ၎င်းက လမ်ပူရီတိုင်းပြည်၌ အကြီးဆုံးသတင်းစာပါပင်။ ၎င်းအား တိုင်းပြည်ရှိ မြို့တစ်မြို့ချင်းစီတိုင်း၌ ဖြန့်ဝေသည်။
ထိုသို့သော လွှမ်းမိုးမှုနှင့် ဧရိယာကျယ်လှသည့် သတင်းစာတစ်ခုအတွက် ၎င်း၌ ကြော်ငြာတစ်ခုထည့်ချင်ပါလျှင် ရွှေဒင်္ဂါးတစ်သောင်းက တကယ်ကို နည်းလွန်းလှ၏။
"ဘယ်လိုလဲ၊ ဟားနက်စ်။ ကျုပ်တို့က မိတ်ဆွေဟောင်းတွေပဲ၊ ဒီတော့ ကျုပ် ခင်ဗျားကို ဝေ့လည်ကြောင်ပတ်လုပ်နေဖို့ မလိုဘူး။ ရွှေဒင်္ဂါး တစ်သိန်း၊ ဒါပေမယ့် ကျုပ်ရဲ့ တောင်းဆိုမှုက «အန်ဗီမာ တိုင်းမ်စ်»နဲ့ «လမ်ပူရီ အပတ်စဉ်»က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအကြောင်း အနုတ်သဘောဆောင်တဲ့ သတင်းတွေ ဖြန့်ချိလို့မရဘူး။ ပြီးတော့ ဒီလအတွင်းမှာ «အန်ဗီမာ တိုင်းမ်စ်»က ကျုပ်တို့ လုပ်ငန်းစုအတွက် ကြော်ငြာထုတ်ပေးပြီး တခြားဘယ်လုပ်ငန်းစုဆီကမှ ကြော်ငြာတွေ လက်ခံလို့မရဘူး။ နောက်တော့လည်း ဒီသတင်းစာ,စာချုပ်က တစ်နှစ်တာခံပြီးတော့ အခြေအနေအရ တစ်နှစ်အတွင်းမှာ စာချုပ်ကို ချိန်ညှိကြမယ်။ ခင်ဗျား ဘယ်လိုထင်လဲ?"
ဟားနက်စ်က အတန်ငယ်စဉ်းစားပြီးနောက် တုံ့ဆိုင်းဟန်ပေါ်နေသည်၊ "တခြားအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ အဆင်ပြေပေမယ့် «အန်ဗီမာ တိုင်းမ်စ်»နဲ့ «လမ်ပူရီ အပတ်စဉ်»မှာ Frestech ကုန်သည်ကြီးများအသင်းနဲ့ဆိုင်တဲ့ ဘယ်အနုတ်သဘောဆောင်တဲ့သတင်းကိုမှ ဖြန့်ချိခွင့်မရဘူးဆိုတာက....တော့..... ရိုးသားရရင် ငါ့ရဲ့ နိယာမတွေကို ဆန့်ကျင်နေတယ်။ ရှုယီ ငါက လူတွေမသိတဲ့ အချက်အလက်တွေကို ဖော်ထုတ်ပြီး မကောင်းမှုကို အလင်းထဲသွင်းလာတဲ့အပေါ် အတော်လေး စိတ်အား ထက်သန်တာကို မင်းသိလောက်မှာပါ။ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ အဲ့လိုကိစ္စတွေ လုပ်လောက်မယ်လို့ မထင်ပေမယ့်လည်း မတော်တဆသာ....."
ရှုယီက ပြုံး၏။ ဟားနက်စ်က သတင်းစာနယ်ပယ်ထဲ၌ သုံးနှစ်တာနီးနီးနေခဲ့သော်ငြား သူ၏ စိတ်ဓာတ်နှင့် ထက်သန်မှုကို ရှင်းလင်းစွာ ထိန်းသိမ်းထားနိုင်ဆဲဖြစ်လေရာ အင်မတန် ရှားပါးလှသည်။
"ကောင်းပြီလေ ဒါဆို၊ ဒါကိုတစ်နှစ်တာအထိ ကန့်သတ်လိုက်မယ်။ ဒီနှစ်အတွင်း «အန်ဗီမာတိုင်းမ်စ်»မှာ ဖြစ်ဖြစ် «လမ်ပူရီ အပတ်စဉ်»မှာ ဖြစ်ဖြစ် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပတ်သက်တဲ့ ဘာ အနုတ်သဘောဆောင်တဲ့ သတင်းကိုမှ ဖြန့်ချိခွင့်မပြုဘူး။ နောက်နှစ်ဆက်လုပ်မလားဆိုတာကတော့ ခင်ဗျားရဲ့ ရွေးချယ်မှုပဲ။"
ဟားနက်စ်က အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် မျက်မှောင်ကုပ်ကာ မေးလာသည်၊ "ရှုယီ၊ မင်းဘာလို့ ဒီတောင်းဆိုမှုကို အခိုင်အမာဖြစ်နေရတာလဲ? ပြီးတော့ တစ်နှစ်တာဆိုတာကရော ဘာအဓိပ္ပာယ်လဲ?"
"ရှင်းရှင်းပြောရရင် ဘာလို့လဲဆိုတော့ ဒီနှစ်က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် အရေးအပါဆုံးအချိန်ဖြစ်တာကြောင့် ဒီနှစ်အတွင်းမှာ အေးဆေးဖြစ်ချင်လို့ပါ။ Frestech ကုန်သည်ကြီးများအသင်းအတွက် ဒါမှမဟုတ် အတိအကျပြောရရင် လမ်ပူရီတိုင်းပြည်ရဲ့ ထောင့်တိုင်းမှာ မှော်စက်မှုနယ်ပယ် ဖွံ့ဖြိုးဖို့အတွက် ကျုပ် ဘာမှ မဖြစ်စေချင်ဘူး။" ရှုယီက ဖြေသည်။
"ငါနားလည်တယ်လို့ ထင်ပါတယ်။ မင်းတို့ လုပ်ငန်းစုက ဒီဖွံ့ဖြိုးရေးအစီအစဉ်ကြောင့်ပဲ တခြားမြို့တွေက စက်ရုံတွေမှာ ရင်းနှီးမြှုပ်နှံနေတာပဲ မဟုတ်လား?"
"ဒါက အစပဲရှိပါသေးတယ်။" ရှုယီက ခေါင်းငြိမ့်သည်၊ "ကျုပ်ရဲ့ ရည်ရွယ်ချက်က မြို့တိုင်းမှာ မှော်စက်တွေနဲ့ ဆိုင်တဲ့ စက်ရုံတစ်ရုံရှိဖို့ပဲ၊ ဒါဆို တိုင်းပြည်က လူတိုင်း ဒီစက်ရုံတွေနဲ့ဆိုင်တဲ့ အလုပ်တစ်ခုလုပ်နိုင်မှာ။ အနာဂတ်မှာ မြို့တိုင်းကို ဘန်တာမြို့လို ကြွယ်ဝလာစေချင်တယ်။"
ဟားနက်စ်က ရှုယီက လေးနက်စွာကြည့်ပြီး တဖြည်းဖြည်း ခေါင်းငြိမ့်လိုက်သည်၊ "မင်းလုပ်နိုင်မယ်လို့ထင်ပါတယ်။ ကောင်းပြီ၊ မင်းရဲ့ ပန်းတိုင်အတွက် ဒီတစ်ခေါက်တော့ ငါ့ရဲ့ နိယာမတွေကို ဆန့်ကျင်ပြီး မင်းရဲ့ အနေအထားကို သဘောတူလိုက်ပါ့မယ်။ ဒါပေမယ့် ရှုယီ မမေ့နဲ့၊ ဒါက တစ်နှစ်ပဲနော်။ ပြီးတော့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီနှစ်အတွင်း တစ်ခုခု ဆိုးရွားတာ လုပ်ခဲ့ရင် ငါက မှတ်ထားပြီး နောက်နှစ်မှာ ဖော်ထုတ်လိုက်မှာ!"
ရှုယီက အသာပြုံး၍ လက်များဖြန့်ကာပြောလိုက်သည်၊ "သဘောရှိပါဗျာ"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၀၅။ ကျွန်တော် ပြန်မှာမဟုတ်ဘူး!
လီဖာမိသားစုနှင့် ဆက်သွယ်ပြီး «အန်ဗီမာ တိုင်းမ်စ်»၌ ကြော်ငြာရရှိခြင်းမှာ ဤတစ်ခေါက် အန်ဗီမာမြို့တော် ခရီးစဉ်၌ ရှုယီပြုလုပ်ရမည့် အရာများအားလုံးအနက် အရေးပါသည့် အရာနှစ်ခုဖြစ်သည်။
ဟားနက်စ်နှင့် ပြောပြီးနောက်တွင် ရှုယီက ချက်ချင်း အခြားနေရာသို့သွားလိုက်၏။ သူက တွေ့ဆုံရန် ချိန်းဆိုထားပြီးသား ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ခိုလ်မာ ရမ်းဒက်စ်, မဟာမှော်ပညာရှင် အီစန်ခယ်, ဥက္ကဌအီရန်တို့နှင့် ဆုံလိုက်သည်။
သူ၏ ပင်ပန်းနေသည့် ခန္ဓာကိုယ်ကြီးကို ကောင့်ထ် စီယန်၏ အဆောက်အဦရှိရာဆီ တရွတ်တိုက်ဆွဲလာချိန်၌ ကောင်းကင်က လုံးဝမှောင်မဲနေပြီဖြစ်သည်။
ရှုယီကို စောင့်နေခဲ့သည့် အိမ်စေလမ်က သူဝင်လာသည်ကိုမြင်သော် နွေးထွေးစွာ ရှေ့တိုး၍ ကြိုဆိုလေ၏။
ကောင့်ထ်စီယန်က ဘန်တာမြို့ မြို့စားမဟုတ်တော့သော်လည်း ဤအဆောက်အဦအား ထိန်းသိမ်းထားဆဲဖြစ်ပြီး အန်ဗီမာမြို့တော်ရှိ ဘန်တာမြို့သားများ စီးပွားရေးဆိုင်ရာ ယာယီအဆောက်အဦအဖြစ် ထားရှိထားသည်။
ရှုယီမှာ အန်ဗီမာမြို့တော်၌ ရှိနေခဲ့ချိန်တွင် ဤနေရာ၌ အကြိမ်ရေအချို့နေထိုင်ခဲ့ဖူးရာ ဤတစ်ကြိမ်ကလည်း ချွင်းချက်မဟုတ်ပေ။
ကောင့်ထ်စီယန်၏ တိုက်တွန်းမှုများကြောင့် အိမ်စေလမ်က ရှုယီကို မြင်ချိန်တိုင်း အမြဲတစေ ရိုသေနေခဲ့ပြီး လျစ်လျူမရှုဝံ့ပါချေ။
အိမ်စေလမ်က အစေခံတစ်ဦးအား ချိုးရေပြင်ခိုင်းသည်ကို မြင်သော် ရှုယီက အန်ဗီမာမြို့တော်၌ အိမ်တစ်လုံးဝယ်ရန် အကြံရသွား၏။
Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အန်ဗီမာမြို့တော်တွင် လုပ်ငန်းများစွာ သေချာပေါက် တိုးချဲ့မည်ဖြစ်လေရာ သူ့အနေနှင့် အန်ဗီမာမြို့တော်သို့ ပို၍ ပို၍လာရတော့မည်ဖြစ်သည်။ ဤနေရာ၌ ဆက်နေရန် မသင့်တော်ဘဲ သူ၏ကိုယ်ပိုင်နေရာတစ်ခုကို ပိုင်ဆိုင်ထားလျှင် ပိုကောင်းပါ၏။
အန်ဗီမာမြို့တော်၌ အဆောက်အဦတစ်ခု ဝယ်ယူရန် မလွယ်ကူပါသော်လည်း သူ့ထံ ဟားနက်စ်နှင့် အဆက်အသွယ်ရှိကာ သူကလည်း ငွေသုံးရန်ဆန္ဒရှိသဖြင့် ထိုမျှ မခက်ခဲလောက်ချေ။
သို့သော် တစ်ရက်တည်းနှင့် ငါးသိန်းနီးနီး မည်သို့ သုံးခဲ့သည့် အကြောင်းကို စဉ်းစားရင်း ရှုယီမှာ မနေနိုင်ဘဲ ခါးသက်သက်ပြုံးလိုက်၏။
ဤအသုံးစရိတ်၌ သုံးသိန်းငါးသောင်းမှာ လီဖာမိသားစုထံရောက်သွားပြီး တစ်သိန်းအား ကြော်ငြာအတွက် ပေးလိုက်ရကာ ၎င်းတို့အားလုံးက အချိန်တိုအတွင်း၌ အကျိုးအမြတ်မရမည့် ရင်းနှီးမြှုပ်နှံမှုများပင်။
ငါးထောင့်ခုနစ်ရာသာ သုံးခဲ့သည့် ခေါင်းဆောင်မှော်ပညာရှင်သော်နီ၏ မှတ်စုများကိုသာ သိပ်မကြာခင်အသုံးပြုရမည်ဖြစ်၏။
ရှုယီက မှတ်စုများကိုကြည့်ကာ အကြောင်းအရာများက ကောလဟာလလွှင့်ခဲ့သည်နှင့် ထပ်တူကျနေကြောင်း အတည်ပြုလိုက်သည်။ ၎င်းက ခေါင်းဆောင်မှော်ပညာရှင် သော်နီ၏ မကြာမီက မှော်လေသင်္ဘောများကို သုတေသနပြုလုပ်ခြင်း ပါဝင်သည့် အလုပ်ကို မှတ်တမ်းတင်ထားသည်။
၎င်းက အီဗီတာ၏သုတေသနအတွက် အသုံးဝင်လိမ့်မည်။ အခြားမှော်ပညာရှင်များက ၎င်းကို အာရုံမထားခဲ့ခြင်းကြောင့်သာမဟုတ်ပါလျှင် ရှုယီအတွက် ဤပြိုင်ဘက်ကင်း တန်ဖိုးရှိသည့် မှတ်စုစာအုပ်ကို ငါးထောင့်ခုနစ်ရာတည်းနှင့် ဝယ်ယူဖို့ မဖြစ်နိုင်ပေ။
စိတ်ထဲ၌ မှတ်စုပါအကြောင်းအရာကို စုစည်းပြီးနောက်တွင် ရှုယီက စာအုပ်ကို ပိတ်လိုက်၏။ သူ၏ အိပ်ခန်းသို့ ပြန်ရန်ပြင်လိုက်စဉ်တွင် ရုတ်တရတ် လူတစ်ဦးက ယိမ်းထိုးကာ နောက်မှ လျှောက်လာသည်ကို သတိပြုမိလိုက်သည်။
ရှုယီလည်း တစ်ချက်ကြည့်လိုက်သော် ထိုယိုင်နဲ့နဲ့လူမှာ တကယ်တမ်း အဲလက်စ်ဖြစ်နေ၏။
"အဲလက်စ်, မင်း ဘယ်သွားခဲ့တာလဲ? ဘာလို့ ဒီလောက်နောက်ကျမှ ပြန်လာတာလဲ?" ရှုယီက ရှင်းရှင်းလင်းလင်းပင် မူးနေသည့် အဲလက်စ်ကိုကြည့်လိုက်ပြီး သူ့ထံမှ အရက်နံ့ပင် ရနေသဖြင့် မနေနိုင်ဘဲ မျက်မှောင်ကုပ်မိသည်။
အဲလက်စ်လည်း မော့ကြည့်လာရာ ရှုယီကို တွေ့လိုက်ရသော် ချက်ချင်း ထိတ်လန့်သွား၏။ သူ၏ ယစ်မူးမှု အများစုက ပျောက်ကွယ်သွားပြီး ကိုယ့်ကိုယ်ကို မတ်မတ်ရပ်ဖို့ရန် တွန်းအားပေးကာ ရယ်၍ ပြောလာသည်၊ "ဒါက..... ကျွန်တော် ထွက်သွားတာ..... မိတ်ဆွေတစ်ယောက်နဲ့ ဆွေးနွေးစရာတချို့ရှိလို့ပါ၊ ဒါကြောင့် အရမ်းနောက်ကျသွားတာ။ ဥက္ကဌ၊ ဘယ်တုန်းတည်းက ရောက်နေတာလဲ?"
"မိတ်ဆွေ? ကိစ္စတချို့ ဆွေးနွေးတယ်?" ရှုယီက အဲလက်စ်၏အမေးကို မဖြေလိုက်ချေ။ သူက ၎င်း၏ ကိုယ်ရှိ အရက်နှင့် ပေကျံနေသည့် အန်ဖတ်များနည်းတူ လည်ပင်းထက်ရှိ ရွှေလည်ဆွဲနှင့် လက်ကောက်ဝတ်ရှိ ဈေးပေါဟန်မရဘဲ တန်ဖိုးကြီး သတ္တုများဖြင့် ပြုလုပ်ထားသည် နီလာခရမ်းလက်ပတ် စသည်တို့ကို ကြည့်လိုက်သည်။ ထို့နောက် မနေနိုင်ဘဲ အေးစက်ဟန်ပေါ်လာ၏။
"အင်း.....ဟီး....ဟီး..... သူတို့က ကျွန်တော်တို့လုပ်ငန်းစုရဲ့ မှော်ရေခဲစက်တချို့ကို ဝယ်ချင်နေတာဆိုတော့ ဈေးနှုန်းကို ဆွေးနွေးခဲ့ကြတာပါ။" အဲလက်စ်က နဖူးမှချွေးအေးများကို သုတ်ရင်း ပြန်ဖြေလာသည်။
"အိုး? နောက်ဆုံးဈေးနှုန်းက ဘယ်လောက်လဲ?" ရှုယီက မေးလေ၏။
အဲလက်စ်လည်း ချွေးသုတ်ပြီးနောက် တုံ့ဆိုင်းစွာ ပြန်ဖြေလေသည်၊ "အဲဒါက ..... အဲဒါက ဟုတ်သားပဲ။ ရွှေဒင်္ဂါးနှစ်ဆယ့်ရှစ်ပြား ဈေးနှုန်းကို သဘောတူလိုက်ကြပါတယ်။"
"အိုး? ဒါက မဆိုးပါဘူး။" ရှုယီက ခေါင်းငြိမ့်သည်၊ "ဒါက ငါတို့ရဲ့ ရွှေဒင်္ဂါး သုံးဆယ်ဈေးနှုန်းနဲ့ နည်းနည်းလောက်လေးကွာပေမယ့်လည်း သူတို့သာ လုံလုံလောက်လောက်ဝယ်ရင်တော့ လက်ခံလို့ရတယ်။"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ သူတို့က အလုံးရေများများဝယ်မှာဆိုတော့ အကျိုးအမြတ်နည်းနည်းပေးခဲ့တာပေါ့။" အဲလက်စ်က ခေါင်း တဆတ်ဆတ်ငြိမ့်ကာ၊ "ဥက္ကဌ၊ ပြောခဲ့တယ်မဟုတ်လား ကျွန်တော့်.....အနေနဲ့ အခြေနေအရ ပြုမူပြီး.....ဈေးနှုန်း ညှိနှိုင်းလို့ရတယ်လို့?"
"ဟုတ်တယ်လေ၊ ငါအရင်က ပြောခဲ့တယ်။ ဒါက မင်းရဲ့ ရုံးခွဲမန်နေဂျာတစ်ယောက်အဖြစ် အခွင့်အရေးဆိုတော့ ပြဿနာမရှိပါဘူး။" ရှုယီက ခေါင်းငြိမ့်သည်။ ခဏမျှရပ်တန့်လိုက်ပြီးနောက်တွင် မေးလိုက်သည်၊ "ဒါပေမယ့် အဲလက်စ်, ငါမင်းဆီနဲ့ မတော်တဆဆုံနေမှတော့ တခုလောက်မေးချင်တယ်။"
"အာ? ဥက္ကဌ မေးပါ။"
"ငါ အန်ဗီမာမြို့တော်ကို မလာခင်က မင်းရဲ့ ဦးလေး ဟိန့်ဇ်ကိုပြောပြီး မင်းကို ဘန်တာမြို့ဆီ ပြန်ခေါ်ဖို့ ဆွေးနွေးခဲ့တယ်....."
"အာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ကျွန်တော် ပြန်မသွားချင်ဘူး!" ရှုယီ ပြောလို့မပြီးခင်တွင် အဲလက်စ်က လျင်မြန်စွာ လက်ယမ်း၍ ကျယ်ကျယ်လောင်လောင်ပြောလိုက်၏၊ "ကျွန်တော် ဘန်တာမြို့လို့ နေရာသေးသေးလေးကို ပြန်မသွားချင်ဘူး။ ကျွန်တော် အန်ဗီမာမြို့တော်မှာ ကောင်းကောင်းနေ,နေတာပဲ၊ ပြန်ခေါ်ဖို့ လို,လို့လား?"
ရှုယီက တည်ငြိမ်စွာဖြင့် ပူပန်နေသည့် အဲလက်စ်ကိုကြည့်ကာ ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြော၏၊ "ငါပြောလို့မပြီးသေးဘူး။ ဒါက ဟိန့်ဇ်ရဲ့ အကြံပြုချက်ဆိုပေမယ့် ငါသဘောမတူရသေးဘူး။ ငါဒီတစ်ခေါက်လာတာက မင်းဟာ ဟိန့်ဇ်ရဲ့ တူ'မို့လို့ မင်းအမြင်ကို မေးဖို့ပဲ။ ဟိန့်ဇ်က မင်းကို ဂရုစိုက်တာဖို့ မင်းဘာသာ ဆုံးဖြတ်နိုင်ဖို့ မျှော်လင့်နေတယ်။"
"လိုရင်းပြောရရင် ကျွန်တော် ဘန်တာမြို့ဆီ မပြန်ချင်ဘူး။ အန်ဗီမာမြို့တော်မှာ နေလာတာ ၂နှစ်ရှိနေပြီဆိုတော့ ဒီမှာ နေသားကျနေပါပြီ။ ဥက္ကဌတို့သာ ကျွန်တော့်ကို ပြန်ခိုင်းရင် ကျွန်တော်သေချာပေါက် နေသားကျနိုင်မှာမဟုတ်ဘူး!" အဲလက်စ်က ကျယ်လောင်စွာပြောသည်။
"သေချာလား?" ရှုယီက အသာပြုံးကာ၊ "အဲလက်စ်, မင်း ဒီမှာ တစ်ချိန်လုံး ခက်ခက်ခဲခဲအလုပ်လုပ်တာကို ကျင့်သားရနေတာလား? ဒါမှမဟုတ် ဒီနေရာမှာ ပျော်ပါးသောက်စားနေရတဲ့ဘဝကို ကျင့်သားရနေတာလား?"
အဲလက်စ်မှာ အံ့ဩသွားရသည်။ ရှုယီမျက်နှာထက်ရှိ လုပ်ပြုံးကိုမြင်သော် သူ၏ခန္ဓာကိုယ်က တုန်ယင်လာကာ ခေါင်းငုံ့၍ ရှုယီ အကြည့်ကို ရှောင်ရှားလိုက်သည်။
"ဥက္ကဌ...... ဥက္ကဌ၊ ကျွန်.....ကျွန်တော် ဘာအဓိပ္ပာယ်ဆိုတာကို မသိပါဘူး။"
"မသိဘူးလား? ဒါဆိုလည်း ထားပါတော့။" ရှုယီက ခေါင်းခါလိုက်ရာ သူ၏မျက်လုံးများထဲ၌ နောင်တရဟန် ဖြတ်ပြေးသွားသည်၊ "လိုရင်းပြောရရင် မင်းမှာ စဉ်းစားဖို့ အချိန်နှစ်ရက်ရှိတယ်။ ငါ အန်ဗီမာမြို့တော်က မပြန်ခင် မင်း ဆုံးဖြတ်ချက်ချနိုင်ဖို့ မျှော်လင့်တယ်။"
ရှုယီက ခဏမျှရပ်တန့်ပြီး သက်ပြင်းတစ်ချက်ချကာ ရိုးသားဟန်ဖြင့် ဆိုသည်၊ "အဲလက်စ်, ငါထပ်ပြောမယ်၊ ဟိန့်ဇ်က ဒီလုပ်ငန်းစုကို ငါနဲ့အတူ တည်ထောင်ခဲ့တဲ့ တွဲဖက်ပဲ။ မင်းက သူ့ သဘောအကျဆုံးတူလေး ဖြစ်တာကြောင့် ငါက မင်းထက် များများစားစားတော့ မကြီးပေမယ့်လည်း အငယ်တစ်ယောက်လို ဆက်ဆံခဲ့တယ်။ ဒီတော့ မင်း အမှားလုပ်ခဲ့လည်း ဂရုမစိုက်ဘူး၊ ဟိန့်ဇ်နဲ့ ငါက မင်းကို ဒီအတွက် ပြင်ဆင်ဖို့ အခွင့်အရေးပေးမှာပဲ။"
အဲလက်စ်က အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ရှုယီကို မော့ကြည့်လာသည်၊ "ဥက္ကဌ ကျွန်တော် ဥက္ကဌပြောတာကို နားမလည်ပါဘူး? ကျွန်တော် ဘာအမှားလုပ်ခဲ့လို့လဲဗျ? ကျေးဇူးပြုပြီး တည့်တိုးသာပြောပါ၊ ကျွန်တော် ပြောင်းလဲနိုင်ပါတယ်။"
"ပြောင်းလဲနိုင်တယ်?" အဲလက်စ်မျက်နှာထားကို မြင်သော် ရှုယီက ပြုံးကာ လက်ယမ်းလိုက်၏၊ "ဟုတ်ပြီ၊ ငါ ဘာမှမပြောခဲ့သလိုနေလိုက်ပါတော့။ နောက်ကျနေပြီ သွားအိပ်တော့။"
အဲလက်စ်က ရှုယီကို ခေါင်းတစ်ချက်ညွှတ်ပြပြီးနောက် လှည့်ထွက်သွား၏။
သူက ညအမှောင်ထဲပျောက်ကွယ်သွားသည်ကို စောင့်ကြည့်ရင်း ရှုယီက ခါးသက်သက်ပြုံးလိုက်သည်။
"ဟိန့်ဇ်၊ ခင်ဗျား ကျုပ်ကို တွဲဖက်ဟောင်းတစ်ယောက်အတွက် ဂရုမစိုက်ပေးလို့ အပြစ်မတင်ပါနဲ့။"
၎င်းက ယခင်၂နှစ်ကနှင့် ကွာခြားပြီး ဤနှစ်၏ မှော်ပညာရှင်များအဖွဲ့အစည်း အရည်အချင်းစစ်စာမေးပွဲမှာ သတ်မှတ်ထားသည့်အတိုင်းသာ ဖြစ်သွားသည်။
အချိန်ကျလာသော် အန်ဗီမာမြို့တော်မှာ ယခင်ကကဲ့သို့ မှော်ပညာရှင်များစွာဖြင့် ပြည့်နှက်နေ၏။
ယခင်နှစ်များကနှင့်စာလျှင် ပါဝင်ရန် လာရောက်ကြသည့် မှော်ပညာရှင်များစွာရှိသည်။ အန်ဗီမာမြို့တော်၌ မှော်ပညာရှင်ဝတ်ရုံများကို ဝတ်ဆင်ထားသူများစွာဖြင့် ပြည့်နှက်နေသည်မှာ အန်ဗီမာမြို့တော်က မှော်ပညာရှင် မြို့တော်တစ်ခု ပြောင်းလဲသွားသလိုပင်။
အာရုံစိုက်ထားပါလျှင် ဤနှစ် စာမေးပွဲသို့ လာရောက်ကြသည့် အဆင့်မြင့်မှော်ပညာရှင်များစွာရှိကြောင်း တွေ့နိုင်၏။
ယခင်က အဆင့်မြင့်မှော်ပညာရှင်များမှာ အဆင့်တက်ရန် ခက်ခဲခဲ့သောကြောင့် စာမေးပွဲကို အောင်မြင်ရန် အာမခံမရှိသည့် မှော်ပညာရှင်များက မလာခဲ့ကြပေ။
သို့သော် ယခင်နှစ်မှ အဆင့်မြင့်မှော်ပညာရှင်များစွာမှာ ဤနှစ်၌လည်း လာကြသည်။
ထိုသည်မှာ အင်မတန်ထူးဆန်းသည့် ဖြစ်စဉ်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် တစ်နှစ်အတွင်း၌ ပဉ္စမအဆင့်အထက် မှော်ပညာရှင်အများစုမှာ အချိန်တိုလေးအတွင်း မှော်စွမ်းအားအဆင့်ကို မတိုးမြှင့်နိုင်သောကြောင့်ဖြစ်၏။
၎င်းတို့မှာ စာမေးပွဲသို့ မည်သည့်အတွက် ရောက်လာကြသနည်း?
"မသိဘူးလား? «အန်ဗီမာ တိုင်းမ်စ်»မှာ ဘန်တာမြို့က Frestech ကုန်သည်ကြီးများအသင်းက သူတို့အတွက် အလုပ်လုပ်ပေးချင်ရင် ၂နှစ်အတွင်း ရထားတဲ့ မှော်ပညာရှင်များအဖွဲ့အစည်းက အောင်လက်မှတ်တစ်ခု ရှိရမယ်လို့ စည်းမျဉ်းအသစ်လုပ်ထားတယ်ဆိုတာကို မဖတ်ရဘူးလား။ ဒါက သူတို့မှာ သက်ဆိုင်ရာ မှော်စွမ်းအားအဆင့်ရှိတာကို သက်သေပြနေတယ်။"
ရှယ်လ်ဒွန်တည်းခိုခန်း တစ်ဖက်လမ်းကူးမှ စားသောက်ဆိုင်လေးတစ်ခုတွင် လူတစ်စု စကားပြောနေကြ၏။ ထိုသို့ပြောလိုက်သူမှာ ၎င်းအဖွဲ့၏ သက်လတ်ပိုင်းအရွယ် လူဝကြီးဖြစ်သည်။
"မဖြစ်နိုင်တာ။ ဒီ Frestech ကုန်သည်ကြီးများအသင်းက အဲ့လောက်မာနကြီးတာလား?" ထိုလူဝကြီး၏ အပြောကိုကြားသော် နံဘေးရှိလူများက မယုံကြည်နိုင်ဟန်ပြလာကြ၏၊ "မှော်ပညာရှင်တွေဆိုတာ မြင့်မြတ်တဲ့လူတွေပဲ၊ လုပ်ငန်းစုတစ်ခုမှာ အလုပ်လုပ်ချင်တာကတင် သူတို့ကို အလေးပေးထားတာဆိုပေမယ့် အခု သူတို့က ဒီမြင့်မြတ်တဲ့ မှော်ပညာရှင်တွေရဲ့ အင်အားကို သက်သေပြခိုင်းဖို့ အောင်လက်မှတ်တွေ သုံးစေချင်နေတာလား? မှော်ပညာရှင်ဆရာတွေကလည်း ဒါကို ရှက်စရာလို့ မထင်ကြတာများလား?"
"ခိ" ထိုလူဝကြီးကရယ်ကာ၊ "ရွှေဒင်္ဂါး ဒါဇင်ချီကနေ ရွှေဒင်္ဂါး တစ်ရာလောက်အထိ လစာတွေရှေ့မှာ ဘာ မြင့်မြတ်မှုရှိမှာလဲ? ဂုဏ်သိက္ခာဆိုတာဘာလဲ? ဘာတွေမို့လဲ? စားလို့ရလား?"
လူတိုင်း အံ့ဩသွားကြ၏။
"ရွှေဒင်္ဂါး ဒါဇင်ချီကနေ ရွှေဒင်္ဂါးတစ်ရာအထိ လစာတွေ? အဲ့လောက်တောင်?"
"အမှန်ပဲ၊ Frestech ကုန်သည်ကြီးများအသင်းမှာ ငွေအတော်များတယ်လား? သူတို့က ဘယ်မှော်ပညာရှင်ကိုမဆို ရွှေဒင်္ဂါးတစ်ရာအထိ လစာပေးတယ်ပေါ့? သူတို့သာ မှော်ပညာရှင် ရာနဲ့ချီပြီး ခန့်လိုက်မယ်ဆို တစ်လကို ရွှေဒင်္ဂါးသောင်းချီ ဖြစ်သွားမှာမဟုတ်ဘူးလား?"
"သောင်းချီ?" လူဝကြီးက ခေါင်းမော့လျက် ၎င်းကိုယ်တိုင်က Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်နေသည့်ဟန် ဝင့်ကြွားစွာဖြင့်၊ "ခင်ဗျားတို့က Frestech ကုန်သည်ကြီးများအသင်းကို အထင်သေးနေတာပဲ။ ပြောပြလိုက်မယ်၊ ကျုပ်ဆီမှာ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်၊ သူပြောတာတော့ ဝန်ထမ်းတွေကို ပေးတဲ့လစာတွေနဲ့တင် တစ်လကို ရွှေဒင်္ဂါး တစ်သိန်းကျော်တယ်လေ!"
လူတိုင်း စိတ်လှုပ်တရှားဖြစ်သွားကြ၏။
ထိုသာမန်လူများအတွက် ရွှေဒင်္ဂါးတစ်သိန်းမှ ကောင်းကင်သဖွယ် မြင့်မားလှသည့် အရေအတွက်ပင်။
သို့သော် ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက လစဉ် ၎င်းတို့၏ အလုပ်သမားများကို ရွှေဒင်္ဂါးတစ်သိန်းကျော်ပေးသည်ဟု ဆိုလာရာ ၎င်းက တကယ်ကို စိတ်ကူးဖို့ ခက်လှသည်။
"ဘာလဲ? မယုံဘူးလား?" လူဝကြီးက စားသောက်ဆိုင်၏ မျက်နှာချင်းဆိုင်ရှိ ရှယ်လ်ဒွန် တည်းခိုခန်းကို ညွှန်ပြကာ၊ "ပြောပြပါရစေ၊ စာမေးပွဲအတွက်လာတဲ့ Frestech ကုန်သည်ကြီးများအသင်း မှော်ပညာရှင်တွေက ဒီမှာနေရတာကို သိကြလား?"
လူတိုင်းက ၎င်းတို့ရှေ့ရှိ ခမ်းနားလှသည့် အဆောက်အဦကို ကြည့်လိုက်သည်။ ထိုသူတို့မှာ ၎င်းကို ကြည့်နိုင်ပါသော်လည်း သဘာဝကျစွာပင် ရှယ်လ်ဒွန် တည်းခိုခန်းသို့ မလည်ပတ်ဖူးကြချေ။
"မဖြစ်နိုင်တာ၊ သူတို့က ရှယ်လ်ဒွန်တည်းခိုခန်းမှာနေတာလား?"
"အင်း အင်း ခင်ဗျားတို့ ထင်သလိုပဲ။ ကျုပ် သူငယ်ချင်းပြောတာတော့....."
ထိုလူဝကြီးက 'သူငယ်ချင်း'ဟူဟည့် စကားကို ပြောမည့်ဆဲဆဲတွင် ထောင့်မှလာသည့် ဆူညံသံတစ်ခုကို ကြားလိုက်ရသည်။ ခဏကြာသည့်နောက် မကောင်းဆိုးဝါးကဲ့သို့ သံသေတ္တာဆယ်လုံးက ထောင့်နေရာသို့ တဖြည်းဖြည်းမောင်းလာကာ ရှယ်လ်ဒွန်တည်းခိုခန်းရှေ့၌ ရပ်လိုက်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၀၆။ ရောင်းချင်လား?
အာကာလီက မှော်ကားရှေ့ဘက်မှ ဆင်းလာကာ မြေပြင်နှင့် ထိလိုက်ချိန်၌ အကျောဆန့်လိုက်သည်။
"ကောင်းလိုက်တာ! နောက်ဆုံးတော့ ရောက်ပြီပေါ့! တကယ်ကြီး ဒီထဲမှာ အချိန်ကြာကြာထိုင်ရတာက ပင်ပန်းတယ်။"
အာကာလီနောက်မှ လိုက်လာသည့် ကလဲယာက မျက်လုံးလှိမ့်ပြလိုက်ကာ၊ "တကယ်ကို နင်ကတော့လေ၊ ငါတို့ အဲ့ထဲမှာနေခဲ့တာ ရှစ်နာရီတောင်မပြည့်တာကို။ ဘယ်မှာ ပင်ပန်းစရာရှိလို့လဲ? မမေ့နဲ့ဦး၊ အရင်နှစ် မြင်းလှည်းတွေစီးတုန်းက ဒီရောက်ဖို့ ၂ရက်တောင်ကြာခဲ့တာလေ။"
"ဟုတ်တယ် မှော်ကားနဲ့ ဒီကိုလာတာက အတော်လေး ပိုလွယ်သွားတာပဲ။" သူမနောက်မှ လိုက်လာသည့် ဘဲလ်လာကလည်း အာကာလီကို ငုံ့ကြည့်ကာ၊ "နင်က ပစ္စည်းတွေကို သုံးရုံပဲသုံးပြီး အရင်က ခံစားခဲ့ရသမျှ အားလုံးကို မေ့တတ်တဲ့ ကောင်မလေးတစ်ယောက်လို့ပဲ ထင်တယ်။"
အာကာလီက အလျှော့မပေးဟန်ဖြင့် နှုတ်ခမ်းများကို ကွေးညွှတ်လိုက်၏၊ "ဘယ်သူပြောလဲ? ငါ မှော်ကားကို အကြိမ်အတော်များများ စီးတောင်မစီးရသေးဘူး မို့လား? ပြီးတော့ ဘာပဲဖြစ်ဖြစ် ဒီထဲမှာ ၈နာရီလောက်ထိုင်ဖို့က တကယ်ကို ခက်ခဲတယ်လေ။ ဥက္ကဌ ပြောခဲ့သလို ဒီနေရာကို ရောက်ဖို့ နှစ်နာရီ သုံးနာရီလောက်ပဲ ကြာမယ်ဆိုရင်တော့ ငါ ဘာမှ စောဒကတက်မှာမဟုတ်ဘူး။"
"ဟုတ်ပါပြီ၊ ဥက္ကဌက နင်သာ နှစ်နာရီ သုံးနာရီလောက် ဖြစ်စေချင်ရင်လည်း အဆင်ပြေတယ်လို့ ပြောခဲ့တယ်လေ၊ ဒါပေမယ့် မှော်အင်ဂျင်အသစ်ကို တီထွင်ဖို့ပဲ လိုတာပါ။" ကလဲယာက ထပ်ပေါင်းပြောသည်။
"ဒါကို နင်တို့နဲ့ မဆိုင်သလိုပြောနေတာပဲ!" အာကာလီက ချက်ချင်းငြင်းခုံလာ၏၊ "ကလဲယာ, မမေ့နဲ့ နင်တို့အဖွဲ့ တာဝန်ယူထားတဲ့ အတွင်းပိုင်းမှော်စွမ်းအင်ပြန်လည်သုံးစွဲခြင်းစနစ်ကလည်း အရမ်းအရေးကြီးတယ် မဟုတ်လား?"
ကလဲယာက ရယ်ကာ၊ "ငါတို့ အဖွဲ့က ဒါကို မကြာခင် တိုးတက်အောင်လုပ်နိုင်တော့မှာပါ၊ ဒါပေမယ့် နင်တို့အဖွဲ့ တာဝန်ယူထားရတဲ့ ဗဟိုထိန်းချုပ်စနစ်ကရော? တစ်ဝက်တောင် ပြီးသေးရဲ့လား?"
"ဒါပေါ့! ငါတို့တွေ မှော်ကြိမ်နှုန်းတွေကို စံသတ်မှတ်ပြီးသွားပြီ၊ အခု လုပ်ဖို့ လိုတာက....."
အာကာလီပြော၍ မပြီးခင်၌ ယခုမှ ထွက်လာသည့် အီဗီတာက သူမကို ကြည့်ရုံကြည့်လိုက်ရာ အလျင်အမြန် ပါးစပ်ကို ပိတ်လိုက်တော့သည်။
အီဗီတာကြည့်လာသည်ကိုမြင်သော် ကလဲယာနှင့် ဘဲလ်လာက လျှာတစ်လစ်ထုတ်လျက် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားကြ၏။
"ငါတို့ရဲ့ နည်းပညာတွေကို အပြင်ဘက်မှ မဆွေးနွေးရဘူးလေ၊ ဒါကို သတိပေးဖို့ ဘယ်နှခေါက်တောင် လိုအပ်နေတာလဲ?"
အီဗီတာက သုံးဦးသားကို သတိပေးပြီးနောက် သူမနောက်ဘက်ကို လက်ပြကာ သုတေသနပညာရှင်သုံးဦးကို လာရန် ခေါ်လိုက်၏။
"အဖွဲ့က လူတွေကိုကြည့်ထားဦး မပျောက်စေနဲ့။ ငါတို့ အန်ဗီမာမြို့တော်မှာရှိမယ့် ရက်တွေအတွင်းမှာ အဖွဲ့တွေနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုခုဖြစ်လာရင် အားလုံး တာဝန်ယူရမယ်၊ နားလည်ရဲ့လား?"
သုတေသနသုံးဦးက လေးနက်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်ကြသည်။
"ကောင်းတယ် အခုအထဲဝင်ကြတာပေါ့။ အားလုံး အချိန်ကြာ ထိုင်လာခဲ့ရတော့ ပင်ပန်းနေလောက်ပြီ။ ဒီနေ့စောစောနားကြရမှာဆိုတော့ လျှောက်သွားလို့မရဘူး။"
အီဗီတာက ရှယ်လ်ဒွန်တည်းခိုခန်း တံခါးရှေ့သို့ လျှောက်သွားသည်ကို မြင်သော် အာကာလီက ကလဲယာ နှင့် ဘဲလ်လာတို့ နံဘေးသို့သွား၍ ခပ်တိုးတိုးပြောလိုက်၏၊ "ဟေး၊ နင်တို့တွေ အီဗီတာက ပိုပိုပြီး အတည်ကြီးဖြစ်လာတယ်လို့ မထင်ကြဘူးလား? ငါတို့ သူ့ကို ပြန်မပြောရဲတဲ့ အချိန်တွေတောင်ရှိတယ်လေ။"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီတော့ ငါတစ်ယောက်တည်း အတွေးလွန်နေတာ မဟုတ်ဘူးပဲ။" ဘဲလ်လာက ခေါင်းငြိမ့်၏။
"ငါလည်း ပြောချင်နေတာ။" ကလဲယာက ပြောသည်၊ "အီဗီတာက တကယ်ကို ခေါင်းဆောင် အရှိန်အဝါ ရှိတဲ့ပုံပဲ။ ခေါင်းဆောင်ဖြစ်တာ အချိန်နည်းနည်းကြာသွားလို့ သဘာဝကျကျပဲ ဒီလိုဖြစ်လာတယ်လို့ ငါထင်တယ်။"
အာကာလီက မေးစေ့ကိုထိကာ၊ "ဒါကိုသာ စောစောသိခဲ့ရင် ဥက္ကဌဆီမှာ ခေါင်းဆောင်နေရာကို တောင်းခဲ့မိလောက်မှာ။ အီဗီတာလို အရှိန်အဝါရှိတာက ကောင်းသားပဲလေ။"
ကလဲယာနှင့် ဘဲလ်လာတို့က အတူတကွ မျက်လုံးများလှိမ့်ကာ၊ "နင်က ခေါင်းဆောင်အဖြစ်နဲ့လေ? မေ့လိုက်တော့ နင်နဲ့ လုံးဝ မသင့်တော်ဘူး။"
အာကာလီက ၎င်းတို့ကို စိုက်ကြည့်ကာ၊ "ကြည့်ရတာ နင်တို့နဲ့တော့ သင့်တော်တယ်လို့ ပြောနေသလိုပဲ။"
"ငါတို့ အဲ့လို မပြောဖူးဘူး။" ဘဲလ်လာက လျင်မြန်စွာ ငြင်းဆိုကာ၊ "ဒါသာ တကယ်တမ်း ရွေးရမယ်ဆိုရင် အီဗီတာက တကယ် အသင့်တော်ဆုံးလူပဲ။ ပြောရရင် ဥက္ကဌက အမြင်အတော်ကောင်းတယ်၊ သူက ပင်ကိုစရိုက်ကို ကောင်းကောင်း အကဲဖြတ်နိုင်တယ်။"
ကလဲယာက သက်ပြင်းချကာ၊ "နှမျောစရာပဲ၊ ဘာလို့ ဥက္ကဌက ခံစားချက်တွေနဲ့ ပတ်သက်ရင် နှေးကွေးနေရတာလဲ? သူက ငါတို့ မှော်သုတေသနဌာနမှာ အလိုမရှိတဲ့ မိန်းကလေးတွေ များလာအောင်လုပ်တယ်....."
ကလဲယာကြည့်လာသည်ကိုမြင်သော် အာကာလီက ရှက်ဒေါသဖြစ်သွားပြီး ကလဲယာခါးကို ဆွဲလိမ်လိုက်လေသည်။
ကလဲယာက ခပ်တိုးတိုးရယ်လျက် ရှောင်ကာ ရှယ်လ်ဒွန်တည်းခိုခန်းဆီ ပြေးသွားတော့၏။
အာကာလီနှင့် ဘဲလ်လာတို့က သူမကို ပြေးလိုက်ရင်း အော်ခေါ်ကြလေသည်။ မကြာမီတွင် ရှယ်လ်ဒွန်တည်းခိုခန်း၏ လော်ဘီ၌ အဝေးမှလာကြသည့် Frestech ကုန်သည်ကြီးများအသင်း သုတေသနပညာရှင်များနှင့် ပြည့်နှက်နေကာ စည်ကားနေတော့သည်။
အာကာလီက ကလဲယာနောက် လော်ဘီထဲသို့ ပြေးလိုက်သွားစဉ်တွင် အီဗီတာက သင့်တင့်စွာဝတ်စားထားပြီး အတန်ငယ် ခန့်ညားသည့် လူငယ်တစ်ဦးနှင့် စကားပြောနေ၏။
ထိုလူကို မြင်သည့်နောက်၌ အာကာလီက ကလဲယာနောက် လိုက်ရန် မေ့သွားကာ အနည်းငယ်တွေးတော၍ ထိုနေရာသို့ သွားလိုက်၏။
"ခေါင်းဆောင် အီဗီတာ, နောက်ရက်တွေအတွက် အစီစဉ်တွေက ဒီလိုပါ။ ခင်ဗျား ဖြစ်ဖြစ် တစ်ခုခုကို စိတ်တိုင်းမကျတဲ့ တခြား သုတေသနပညာရှင်တွေဖြစ်ဖြစ်ရှိရင် ကျွန်တော့်ကို ကြိုက်တဲ့အချိန်ခေါ်လိုက်လို့ရပါတယ်၊ ကျွန်တော် ပြန်ပြောင်းပေးမှာပါ။" အဲလက်စ်က အီဗီတာထံ တောက်ပစွာပြုံးလျက် ပြောလေ၏၊ "ဥက္ကဌက ခင်ဗျားတို့အားလုံးကို ကောင်းကောင်းနေပြီး နောက်ရက်တွေမှာလည်း အန်ဗီမာမြို့တော်မှာ အရာအားလုံးကို စီစဉ်ခိုင်းထားတာမို့ ကျွန်တော်နဲ့ ပတ်သက်ပြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။"
အီဗီတာလည်း ခေါင်းအသာငြိမ့်ကာ၊ "ဒါဆို ကျွန်မရှင့်ကို ဒုက္ခပေးရတော့မယ် မန်နေဂျာအဲလက်စ်"
"ပြောစရာမလိုပါဘူး၊ ဒါက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။" အဲလက်စ်က ရောက်လာသည့် အာကာလီကိုကြည့်၍ ခေါင်းငြိမ့်ပြကာ လော်ဘီထဲရှိ တခြားသုတေသနပညာရှင်များကိုကြည့်လျက် ဆိုလာသည်၊ "ဒီနေ့က ခင်ဗျားတို့ရဲ့ ဒီရောက်တဲ့ ပထမနေ့ဆိုတော့ အရည်အချင်းစစ်စာမေးပွဲ မတိုင်ခင် နှစ်ရက်ရှိသေးတယ်။ ခင်ဗျားတို့အားလုံးအတွက် ကြိုဆိုပွဲစီစဉ်ပြီး ဖော်ဖြေပေးရင်ရော ဘယ်လိုထင်လဲ?"
"ဒီအတွက် ဒုက္ခခံဖို့မလိုပါဘူး၊ ကျွန်မတို့က အရမ်း....."
အာကာလီပြောလိုက်မည့်ဆဲဆဲတွင် အီဗီတာက ဖြတ်ပြောလာသည်၊ "ကောင်းပြီလေ၊ ဒါဆို ကျွန်မ မန်နေဂျာအဲလက်စ်ကို ဒုက္ခပေးရတော့မယ်။ ဒါပေမယ့် ဒီနေ့ညရဲ့ ပွဲက အရမ်းခမ်းနားနေဖို့မလိုပါဘူး၊ ရိုးရိုးလေးဆို လုံလောက်ပါတယ်။"
"ကောင်းပါပြီ၊ ဒါဆို ပြင်ထားလိုက်ပါ့မယ်။" အီဗီတာက သဘောတူလာသည်ကို မြင်သော် အဲလက်စ်လည်း ချက်ချင်းခေါင်းငြိမ့်ကာ၊ "လိုအပ်တာမရှိတော့ရင် ကျွန်တော် သွားလိုက်ပါဦးမယ်။ ဒီည ပြန်တွေ့ကြတာပေါ့ဗျာ။"
"ကောင်းပါပြီ"
အဲလက်စ်က ရှေ့တံခါးမှ ထွက်သွားသည်ကို ကြည့်ရင်း အာကာလီက အီဗီတာကို တအံ့တဩကြည့်လျက် မေးလေသည်၊ "ဒါက စ'တော့မှာမို့များလား?"
အီဗီတာက အာကာလီကိုကြည့်ကာ ခပ်တိုးတိုးရယ်၍ ပြောလာ၏၊ "ငါတို့သာ စောစောမဖြေရှင်းရင် ဆုံးရှုံးမှုကြီးကြီးမားမားကို ခံစားရမယ့်အချိန်မှ လုပ်သင့်တာလား? ဒါက ဥက္ကဌရဲ့အကြံပဲ၊ ဒုဥက္ကဌ ဟိန့်ဇ်အတွက်လည်း စဉ်းစားပေးထားတာ။"
"ဒုဥက္ကဌ ဟိန့်ဇ်...." အာကာလီက တံခါးကိုကြည့်၍ အသာခေါင်းခါရင်း သက်ပြင်းချကာ ပြောသည်၊ "ငါ့မှာ ဘာလို့ ဒီလောက်ကောင်းတဲ့ ဦးလေးမရှိရတာလဲ?"
ရှယ်လ်ဒွန် တည်းခိုခန်းမှ အဲလက်စ် ထွက်လာချိန်တွင် ရှုယီက သစ်တောရိပ်တဲ ဟုခေါ်ဆိုသည့် စားသောက်ဆိုင်တစ်ဆိုင်ထံ ဝင်လာကာစဖြစ်သည်။
"ဟေး ရှုယီ ဒီမှာ"
ဆိုင်ထောင့်တစ်နေရာ၌ ဟားနက်စ်၏ အသံထွက်လာသည်။
ရှုယီလည်း အသံနောက်လိုက်သွားရာ ဝင်ပေါက် မျက်နှာချင်းဆိုင်ထောင့်၌ ဟားနက်စ်မှာ တစ်စုံတစ်ဦးနှင့်အတူ ထိုင်နေသည်ကို မြင်လိုက်ရ၏။
"အရင်ဆုံး ကျုပ်ကို လီမွန်ဗင်နီလာဖျော်ရည်တစ်ခွက်ပေးပါ၊ ကျေးဇူးပဲ။" စားပွဲထိုးထံပြောပြီးနောက် ရှုယီက ဟားနက်စ်၏ မျက်နှာချင်းဆိုင်၌ ထိုင်နေသည့် လူငယ်ထံ လှည့်ကြည့်ရင်း လက်ကမ်းလိုက်သည်၊ "ဟယ်လို၊ ကျုပ်က ရှုယီပါ"
ထိုလူက ဟားနက်စ်ထက် ငယ်ရွယ်ဟန်ရှိပြီး အစောပိုင်း အသက်နှစ်ဆယ်အတွင်းသာ ရှိပုံပေါ်သော်လည်း အဝတ်အစားဖြစ်စေ မျက်နှာထားဖြစ်စေ အားလုံးမှာ အင်မတန် ရင့်ကျက်နေလေသည်။ ၎င်းက လူများထံ ထိုသူမှာ အသက်သုံးဆယ်ပြည့်ပြီးသား ရှုယီထက် ရင့်ကျက်သည်ဟူသော ခံစားချက်ကို ပေးနေသည်။
သူက ရှုယီကို ကြည့်လာပြီးနောက် ဖြည်းဖြည်းချင်းထလာကာ ရှုယီထံ လက်ဆွဲနှုတ်ဆက်ပြီးနောက် လက်ပြန်ရုတ်သွား၏။
"ဟယ်လို ဥက္ကဌရှု၊ ကျုပ်က မာနာ လီဖာပါ"
ရှုယီက အသာပြုံးပြီးနောက် ၎င်းတို့နှစ်ဦးစလုံးကို ထိုင်ရန် ညွှန်ပြလိုက်သည်။
"သခင်လေး လီဖာက ကျုပ်ကို ဥက္ကဌရှုလို့ ခေါ်နေမှတော့ ဟားနက်စ်က ကျုပ်အကြောင်း မိတ်ဆက်ပေးပြီးသားလို့ထင်ပါတယ်၊ ကျုပ်ရဲ့..... လာရင်းကိစ္စကိုပါ ပြောထားလောက်တယ်?" ရှုယီ မေး၏။
မာနာ လီဖာက ခေါင်းငြိမ့်သည်၊ "ဟုတ်ပါတယ်၊ ဟားနက်စ်က ခင်ဗျားအကြောင်းရော ရည်ရွယ်ချက်ကိုရော မဖုံးကွယ်ထားဘူး။"
ရှုယီလည်း ပခုံးတွန့်ကာ လက်ဖြန့်ပြလာသည့် ဟားနက်စ်ကို ကြည့်လိုက်သည်။
ထို့နောက် ရှုယီလည်း မာနာ လီဖာဘက်လှည့်ကာ ပြောလေ၏၊ "ဒီလိုဆိုမှတော့ အရမ်းကို ရိုးရှင်းသွားတာပေါ့။ ကျုပ်ရဲ့ အကြံကို ခင်ဗျားဆီ တိုက်ရိုက် အဆိုပြုနိုင်မယ်လို့ထင်တယ်။ သခင်လေး လီဖာ, ခင်ဗျားတို့ မျိုးရိုးမြင့်မိသားစုအနေနဲ့..... ခေါင်းဆောင် မဟာမှော်ပညာရှင် လီဖာရဲ့ မကွယ်လွန်ခင်က သုတေသနမှတ်စုတွေ ဒါမှမဟုတ် သုတေသနကိုဖြစ်ဖြစ် ရောင်းဖို့ ဆန္ဒရှိသလားလို့ မေးလို့ရမလားဗျ?"
မာနာ လီဖာက ရှုယီ ထိုမျှ တည့်တိုးပြောလာခြင်းကြောင့် အံ့ဩသွားသည်။ ရှုယီကို တအံ့တဩကြည့်ပြီးနောက် သူက ခါးသက်စွာပြုံး၍ ခေါင်းခါလေ၏၊ "အဘွား သဘောအကျဆုံး လည်ဆွဲကိုတောင်ရောင်းလိုက်တာ ကျုပ်တို့ မရောင်းလောက်မယ့် အရာရှိမယ်လို့ ထင်နေတာလားဗျ?"
ရှုယီက မနေနိုင်ဘဲ နတ်ဆိုးဆန်ဆန် ပြုံးလိုက်သည်။
သူက ၎င်းတို့ မရောင်းလိုမည်ကိုသာ စိုးရိမ်နေခဲ့ခြင်းဖြစ်ရာ ၎င်းတို့ ဆန္ဒရှိလျှင် လွယ်သွားပြီဖြစ်သည်။
"ဒါဆို ကျုပ် သခင်လေး လီဖာကို မေးပါရစေ၊ ဒီတစ်ခေါက် သခင်လေးက သခင်လေးတို့ မျိုးရိုးမြင့်မိသားစုကို ကိုယ်စားပြုနိုင်လား? ကျုပ်ပြောချင်တာက.... ဒီသုတေသန မှတ်စုဝယ်ဖို့ ဈေးနှုန်းကို ဆွေးနွေးလို့ရမလားလို့ပါ။" ရှုယီက မေးသည်။
"ဆွေးနွေးလို့ရပါတယ်၊ ဒါပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်တော့ ချလို့မရဘူး။" မာနာ လီဖာက ပြန်ဖြေသည်။
ရှုယီက ခေါင်းငြိမ့်ကာ၊ "ကျုပ်နားလည်ပါတယ်။ ကောင်းပြီလေ သခင်လေး လီဖာ၊ ဟိုးအရင်နှစ်တွေမှာ ခေါင်းဆောင် မဟာမှော်ပညာရှင်ကြီး လီဖာက မှော်စက်တွေကို သုတေသနလုပ်ခဲ့ဖူးပြီး သုတေသနအချက်အလက်တချို့ ထားခဲ့တယ်ဆိုတာကို သိပါတယ်။ ကျုပ် လက်ရှိမှာ သူ ချန်ခဲ့တဲ့ အချက်အလက်ကို စိတ်ဝင်စားတာပါ။ ခင်ဗျားတို့ မိသားစုသာ အချက်အလက်ကို ထိန်းသိမ်းထားတယ်ဆို ရောင်းဖို့ ဆန္ဒရှိမလားဗျ?"
"ကျွန်တော်တို့ ဒီအရေးကြီးအချက်အလက်တွေကို ထိန်းသိမ်းထားပါတယ်၊ ဒါပေမယ့် ဥက္ကဌရှု၊ ကျုပ် သိချင်တာက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက်သုတေသနနဲ့ ပတ်သက်ပြီး ရလာဒ်ကောင်းတွေ မရှိလို့လား? ဘာလို့ အဘိုးရဲ့ သုတေသနအချက်အလက်ကို လိုချင်ရတာလဲ?" မာနာ လီဖာက မေးသည်။
"ကျုပ်တို့ ဇာတိမှာ ဆိုရိုးတစ်ခုရှိတယ်။ လူသုံးယောက် အတူလမ်းလျှောက်ရင် တစ်ယောက်က ကျုပ်ရဲ့ ဆရာဖြစ်လိမ့်မယ် တဲ့။ အဓိပ္ပာယ်ကတော့ ဘာပဲဖြစ်နေနေ တခြားလူတွေဆီကလည်း သင်ယူလို့ရတယ်ဆိုတာပဲ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက်တွေ ထုတ်လုပ်တာနဲ့ပတ်သက်ပြီး အောင်မြင်မှုရှိခဲ့ပေမယ့်လည်း ခေါင်းဆောင် မဟာမှော်ပညာရှင်ကြီး လီဖာက ခေါင်းဆောင် မဟာမှော်ပညာရှင်အဆင့်မှာရှိတဲ့ ဒဏ္ဍာရီလာ မှော်ပညာရှင်တစ်ယောက်ဖြစ်တာကြောင့် သူသာ မှော်စက်တွေကို သုတေသနတချို့လုပ်ခဲ့မယ်ဆိုရင် ကျုပ်တို့ လေ့လာနိုင်တဲ့ ထူးကဲတဲ့ အမြင်တချို့ ရှိရမယ်လို့လေ။" ရှုယီက ဖြေသည်။
"ကျုပ် ဒါကို သဘောတူတယ်။" မာနာ လီဖာက ခေါင်းငြိမ့်ကာ ပြောသည်၊ "Frestech ကုန်သည်ကြီးများအသင်းမှာ ခင်ဗျားလို ဥက္ကဌတစ်ယောက်ရှိနေလို့ ဒီလောက်မြန်မြန်တိုးတက်တာ အံ့ဩစရာမဟုတ်တော့ဘူး။ ကောင်းပြီ၊ ကျုပ်က ယာယီအနေနဲ့ အဖေ့ကိုယ်စား ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီကို အချက်အလက်တွေရောင်းဖို့ သဘောတူပါတယ်။"
ရှုယီက အံ့ဩသွားကာ၊ "ဒါဆို သခင်လေးလီဖာ ဈေးနှုန်းထားပေးဖို့ တောင်းဆိုပါရစေ၊ ရွှေဒင်္ဂါးဘယ်လောက်လဲဗျ? အလွန်အကျွံမဟုတ်သရွေ့ ကျုပ်ချက်ချင်းသဘောတူနိုင်လောက်မယ်လို့ ထင်တယ်။"
မာနာ လီဖာက ပထမဦးစွာ ပြုံးလျက် ကောက်ကျစ်ဟန်ပေါ်လာသည်။
"ဥက္ကဌရှု၊ ကျုပ်က သုတေသနအချက်အလက်ကို ရွှေဒင်္ဂါးတွေနဲ့ ရောင်းမယ်လို့ မပြောခဲ့ဘူးမဟုတ်လား?"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၀၇။ မှောင်ခို
"သူက ဉာဏ်ထက်တဲ့လူပဲ။" ရှုယီက မာနာလီဖာထွက်ခွာသွားသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
နံဘေးရှိ ဟားနက်စ်က မျက်လုံးများလှိမ့်ကာ၊ "အဓိပ္ပာယ်မရှိတာ၊ မာနာက လီဖာမိသားစုမှာ ခေါင်းဆောင်မဟာမှော်ပညာရှင် လီဖာနောက်ကလိုက်တဲ့ အရည်အချင်း အရှိဆုံးလူပဲ။ သူက ခေါင်းဆောင်မဟာမှော်ပညာရှင်တစ်ယောက် ဖြစ်အလာနိုင်ဆုံးလူဆိုတော့ ဘယ်လိုများ မထက်မြတ်ဘဲနေမှာလဲ။"
"ကျုပ် ဒါကို ပြောတာမဟုတ်မှန်း ခင်ဗျားသိပါတယ်။" ရှုယီက အသာပြုံးသည်၊ "သူက ရွှေဒင်္ဂါးနဲ့ အရောင်းအဝယ်မလုပ်ဘဲ ကျုပ်တို့လုပ်ငန်းစုနဲ့ ရေရှည်ပူးပေါင်းဖို့ သုတေသနအချက်အလက်တွေကို သုံးတာပဲ။ သူ့အနေနဲ့ အတော်လေး အမျှော်အမြင်ရှိတဲ့ ရွေးချယ်မှုလုပ်ခဲ့တယ်လို့ ပြောရမယ်။ ဒီလိုဆို သူ့အနေနဲ့ ခိုင်မာတဲ့ဝင်ငွေရလာနိုင်မယ်လေ။ နောက်ဆုံးပမာဏက ပမာဏ တစ်ခါလေးရတာထက် ပိုများမှာပဲ။"
ဟားနက်စ်က မျက်လုံးများ တစ်ဖန်လှိမ့်ကာဖြင့်၊ "ဟေး ဥက္ကဌရှု၊ မင်း အရမ်းကြွားလွန်းနေတာမဟုတ်ဘူးလား? မင်းက သူတို့တွေ မင်းတို့လုပ်ငန်းစုနဲ့ ပူးပေါင်းပြီး ပိုများများရနိုင်မယ်လို့ သေချာတယ်ပေါ့?"
"ဘာလဲ? ခင်ဗျားက မယုံတာလား?" ရှုယီက ပြန်မေးသည်။
ဟားနက်စ်က အံ့ဩသွားကာ တစ်ခွန်းပင် မပြောနိုင်တော့ပေ။
ဟားနက်စ်မှာ ရှုယီကို မချီးကျူးချင်ပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်း၏ အလားအလာက ကျယ်ပြန့်လှသည်ကို ဝန်ခံရပေမည်။ Frestech ကုန်သည်ကြီးများအသင်းနှင့် ရေရှည်ပူးပေါင်းမှုတစ်ခုကို ရွေးချယ်ခြင်းက ဆုလာဘ်များစွာ ရလာမည်ပင်။ ဟားနက်စ်က ရှုယီကို ကြည့်မြဲကြည့်နေကာ၊ "မင်းက မှော်ပညာရှင်လည်း ဟုတ်တယ်မို့လား? သူ့ရဲ့မှော်စွမ်းအားက အရမ်းအားကောင်းတာကို မမြင်နိုင်ဘူးလား? မင်းသိထားရမှာက၊ သူက ငါ့ထက် ၂နှစ်ငယ်ပြီး ဆဌမအဆင့်မှော်ပညာရှင်ဖြစ်နေပြီ။"
"အင်း၊ ဒီလိုအသက်အရွယ်မှာ ဆဌမအဆင့်မှော်ပညာရှင်ဖြစ်တာက အရည်အချင်းရှိလို့ပဲ။" ရှုယီက ခေါင်းငြိမ့်ကာ၊ "လီဖာမိသားစုက ငွေလိုနေတာ မဆန်းတော့ပါဘူး။ ပြောရရင် သူ့ရဲ့ မှော်စွမ်းအားကို တိုးတက်စေဖို့ သေချာပေါက် မှော်ပညာကိုသုတေသနလုပ်ဖို့အတွက် မှော်ပစ္စည်းပမာဏကြီးတစ်ခုကို လိုအပ်တယ်။"
ဟားနက်စ်က ပခုံးတွန့်လျက်၊ "ဘယ်စွမ်းအားကြီးမှော်ပညာရှင်ရဲ့ နောက်မှာမဆို ရွှေဒင်္ဂါးတွေရှိတယ်၊ အချို့တဲ့ဆုံး မဟာမှော်ပညာရှင်ကမ်မီလာတောင် ချွင်းချက်မဟုတ်နေဘူး။ ကြည့်ဦး မင်းကို သူ့ရဲ့ နောက်ခံ ဖြစ်လာစေကတည်းက မှော်ပညာကိုစိုးရိမ်ဖို့မလိုတော့ဘဲ မဟာမှော်ပညာရှင်ကမ်မီလာက သုံးနှစ်အတွင်းမှာ အဆင့်တစ်ဆင့်တက်သွားတယ်လေ။ သူက မဟာမှော်ပညာရှင်ပဲ!"
ရှုယီက ရယ်လျက်၊ "မဟာမှော်ပညာရှင် ကမ်မီလာသာ ဒီကိုကြားရင် ခင်ဗျားကို ကန်ထုတ်လိမ့်မယ်လို့ယုံလား? ငွေက အရေးကြီးပါတယ်၊ ဒါပေမယ့် မှော်ပညာရှင်တစ်ယောက်ရဲ့ အရည်အချင်းက ပိုအရေးကြီးတယ်။ ခင်ဗျားက သူ့ရဲ့ မှော်ပညာအရည်အချင်းကို ငြင်းချင်လို့လား?"
"ဒါက.....ငါတကယ် မလုပ်ရဲပါဘူးကွာ"
ရှုယီက ခေါင်းငြိမ့်ကာ၊ "ကျုပ်ပြောတာကို မကြားဘူးလား၊ လီဖာမိသားစုက မာနာ လီဖာရဲ့ မှော်စွမ်းအားကို မြှင့်တင်ဖို့ ငွေလိုနေတယ်။"
"အင်း ဒီအတွက် သူတို့က ခေါင်းဆောင်မဟာမှော်ပညာရှင် လီဖာရဲ့ ရှေးအမွေအနှစ်တွေကိုတောင် ရောင်းဖို့ဆန္ဒရှိနေကြတယ်။" ဟားနက်စ်က ခံစားချက်အပြည့်ဖြင့်ပြောသည်၊ "ခေါင်းဆောင်မဟာမှော်ပညာရှင် လီဖာ အသက်ရှိစဉ်တုန်းက လီဖာမိသားစုက နယ်မြေကြီးအပေါ်မှာ အင်မတန်နာမည်ကြီးခဲ့တော့ ဘယ်လိုများ ငွေရှားမှာလဲ?"
"သူတို့ အခုကစပြီး ငွေလိုမှာမဟုတ်တော့ပါဘူး။" ရှုယီက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးကာ၊ "ခေါင်းဆောင်မဟာမှော်ပညာရှင် လီဖာဆီက တန်ဖိုးကြီးသုတေသနနဲ့ဆိုရင် သူတို့မိသားစုအနေနဲ့ သေချာပေါက် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီက အကျိုးအမြတ်တွေ အလုံအလောက်ရမှာပဲ။ ဒီတော့ မာနာ လီဖာက သေချာပေါက် မှော်သုတေသနအတွက် ငွေလိုမှာ မဟုတ်တော့ဘူး။"
"မင်း ဘာလို့ ဒီနေ့ အရမ်းထုတ်ပြတာကို သဘောတွေ့နေရတာလဲ....." ဟားနက်စ်က မျက်လုံးများလှိမ့်၍ ရုတ်တရတ် တွေးမိသွားသည်။ သူက ရှုယီဘက်လှည့်ကာ မေးလေ၏၊ "ဟုတ်သားပဲ ရှုယီ ပြောရရင်.....မင်း ဒီတစ်ခေါက် အန်ဗီမာမြို့တော်ကို လာတာ အရည်အချင်းစစ်စာမေးပွဲကို အဓိကတက်ရောက်ဖို့မဟုတ်လား?"
"ဟုတ်တယ်လေ၊ ဘာလို့လဲ?"
"ငါ နည်းနည်းသိချင်လို့ပါ။ မဟာမှော်ပညာရှင်ကမ်မီလာကိုမြင်တိုင်း မင်းက မှော်ပညာမှာ အရမ်းကို အရည်အချင်းရှိတယ်လို့ပဲပြောနေလို့။ မင်းသာမှော်ပညာကို လေ့လာတဲ့နေရာမှာ အာရုံစိုက်ထားရင် မဟာမှော်ပညာရှင်တစ်ယောက်ဖြစ်လာဖို့ ပြဿနာမရှိဘူးတဲ့။ ဒီတော့ ငါမေးချင်တာက ဒီနှစ် မင်းဝင်ပြိုင်ဖို့ ဆုံးဖြတ်ထားကတည်းက အဆင့်မြင့်သွားတာ သေချာနေလို့ပဲဖြစ်ရမယ်၊ ဟုတ်ရဲ့လား?"
"ဟုတ်တယ်လေ၊ ဒီတော့?"
"စဉ်းစားကြည့်မယ်.....အရင်နှစ်က သတ္တမအဆင့်မှော်ပညာရှင် စာမေးပွဲကို အောင်ခဲ့တယ်မို့လား? မင်းရဲ့ သွင်ပြင်ကို သုံးသပ်ရရင် အနည်းဆုံးတော့ အဌမအဆင့်မှော်ပညာရှင်စာမေးပွဲကို ကျော်ဖြတ်နိုင်လောက်မှာပေါ့။ သိချင်သေးတယ်၊ မင်းအနေနဲ့ နဝမအဆင့်မှော်ပညာရှင်စာမေးပွဲကို အောင်နိုင်ချေရော ရှိလောက်လား?"
ရှုယီက အသာပြုံးကာ၊ "နှစ်ရက်အကြာ စာမေးပွဲမှာ ဝင်ပြိုင်ရင် ခင်ဗျားသိမှာပါ။"
ဆယ့်နှစ်နာရီကြာပြီးနောက် မနက်အစောပိုင်းသို့ ဝင်ရောက်လာချိန်တွင် လမ်ပူရီတိုင်းပြည်၏ အကြီးဆုံးမြို့တော် အန်ဗီမာမြို့တော်သည် တိတ်ဆိတ်မှုနှင့် အမှောင်ထုထဲ ဝင်ရောက်လို့သွား၏။
အဲလက်စ်က အလျင်အမြန်ပင် ညအချိန်၌ မြို့တော်၏ တောင်ဘက်သို့ အကွယ်များကိုဖြတ်၍ ရွေ့သွားသည်။ သစ်ကိုင်းနှစ်ကိုင်းကို ဖြတ်အပြီးတွင် ရုတ်တရတ် သူ၏ လက်ဝဲဘက်ရှိ လမ်းကြားလေးထဲသို့ ဝင်သွားသည်။
ထိုသေးငယ်မှောင်မိုက်သည့်လမ်းကြားလေးတွင် မီတာနှစ်ရာလောက် ရှေ့ဆက်တိုးသွားပြီးနောက် လမ်းနံဘေးရှိ ပျက်စီးနေသည့် သစ်တံခါးကို ခေါက်လိုက်သည်။
ခပ်ပြတ်ပြတ်နှစ်ချက်နှင့် ခပ်ကြာကြာတစ်ချက် ခေါက်ပြီးနောက် သစ်တံခါးက ကျွီခနဲ ပွင့်သွားကာ သာမန်ရုပ်ရည်ရှိ သက်လတ်ပိုင်းလူတစ်ဦးထွက်လာသည်။
အဲလက်စ်က ထိုလူကိုကြည့်၍ မျက်မှောင်အသာကုပ်ပြီး ဝင်သွားလိုက်၏။
သစ်တံခါး ပိတ်သွားပြီးနောက် မြို့တောင်ဘက် တစ်ခွင်၌ မြင်နိုင်သည့် အဆောက်အဦငယ်တစ်ခုသာရှိတော့သည်။
နှစ်ဦးမှာ အခန်းငယ်တစ်ခန်းထဲဝင်လာပြီး သက်လတ်ပိုင်းလူက တံခါးနှင့် ပြတင်းများကို တင်းတင်းစေ့ပိတ်ပြီးနောက် အဲလက်စ်ထံ လက်တစ်ဖက် ဆန့်ထုတ်ပေးလာသည်။
အဲလက်စ်က ထိုဆန့်ထုတ်လာသည့် လက်ကိုကြည့်လိုက်သော်လည်း ပုံမှန်ကဲ့သို့ ရင်ဘတ်ထဲရှိ ကွယ်ဝှက်ထားသည့် ပစ္စည်းကို ထုတ်မပေးလာချေ။ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်၏၊ "ဒီတစ်ခေါက် ပစ္စည်းအတွက် ခင်ဗျားတို့ ဈေးနှုန်းတိုးပေးဖို့ မျှော်လင့်တယ်။"
ထိုသက်လတ်ပိုင်းလူက အံ့ဩသွားဟန်ရှိပြီးနောက်တွင် အပြုံးဖြင့်ဆိုလာသည်၊ "ဘာလဲ? အဲလက်စ်, တစ်ခုခုဖြစ်သွားပြီး ဒီအခြေနေဖြစ်အောင်လို့ မင်းကို သတ္တိရှိသွားစေခဲ့တာလား?"
အဲလက်စ်က အေးစက်စက်နှာမှုတ်ကာ၊ "ကျွန်တော် ဒီနေ့ ဥက္ကဌနဲ့ တွေ့ခဲ့တယ်။"
"ရှုယီ? ဒီတော့ ဘာဖြစ်လဲ?"
"ဒီတော့ ဘာဖြစ်လဲတဲ့လား?" အဲလက်စ်က ရုတ်တရတ် ဒေါသထွက်လာကာ ထိုသက်လတ်ပိုင်းလူ၏ ရင်ဘတ်ကို လက်ညှိုးဖြင့်ထိုးလျက် အသံတိုးတိုးဖြင့် ပြောလိုက်သည်၊ "ဥက္ကဌကို ကျွန်တော့်ကို သတိပေးလိုက်တယ်ဆိုတာ ခင်ဗျားသိလား?"
"သတိပေးတယ်?" ၎င်းကိုကြားသော် သက်လတ်ပိုင်းလူက အဲလက်စ်၏ ရိုင်းစိုင်းဟန်ကိုပင် ဂရုစိုက်ဖို့ အချိန်မရှိတော့ချေ။ သူက မျက်မှောင်ကုပ်ကာ ပြန်မေးသည်၊ "သူဘာပြောခဲ့တာလဲ? သိသွားလို့များလား?"
အဲလက်စ်က အံ့ဩသွားသော်လည်း ခဏကြာသည့်နောက် ခေါင်းခါကာ၊ "ကျွန်တော်မသိဘူး၊ ဥက္ကဌက ရှင်းရှင်းလင်းလင်းတော့ မပြောပေမယ့် သေချာပေါက် တစ်ခုခုကိုသိထားလို့ သတိပေးလာတယ်ဆိုတာ မြင်နိုင်တယ်။ လိုရင်းပြောရရင် ဒါက ကျွန်တော်တို့ရဲ့ နောက်ဆုံး သဘောတူညီချက်ပဲ။ ခင်ဗျား ကျွန်တော့်ကို ပိုက်ဆံပေးပြီးရင် ကျွန်တော်တို့ကြားမှာ ဘာဆက်နွယ်မှုမှ မရှိတော့ဘူး။ ခင်ဗျားကို ကျွန်တော်အရင်က မမြင်ဖူးသလို ခင်ဗျားလည်း ကျွန်တော့်ကို မမြင်ဖူးဘူး၊ နားလည်လား?"
သက်လတ်ပိုင်းလူက အဲလက်စ်ကို အတန်ကြာ တိတ်တဆိတ်ကြည့်ပြီးနောက် အေးစက်စွာ ရယ်မောလာသည်၊ "အဲလက်စ်, ကြည့်ရတာ မင်းက မင်း အနေအထားကို မသိတဲ့ပုံပဲ?"
"ဘာလဲ?" အဲလက်စ်က အသံနက်နက်ဖြင့်ဆိုသည်။
"မင်းက.....ဒီကိစ္စကို မင်းလုပ်ချင်တာနဲ့ပဲ လုပ်လို့ရမယ် ထင်နေတာလား? အကယ်၍.....ငါသာ မင်းလုပ်ခဲ့သမျှကို ပြောလိုက်ပြီး မင်းရဲ့ ဥက္ကဌကြီးကသာ Frestech ကုန်သည်ကြီးများအသင်းရဲ့ လျှို့ဝှက်ချက်တွေအားလုံးကို မင်း ရောင်းခဲ့တဲ့အကြောင်း သိသွားရင် မင်းကို ဘယ်လိုလုပ်မယ်လို့ ထင်လဲ?"
အဲလက်စ်၏မျက်နှာက အရုပ်ဆိုးလာကာ အတန်ကြာ တိတ်ဆိတ်ပြီးနောက်တွင် ဖြစ်ညှစ်ပြုံး၍ ခေါင်းခါသည်၊ "ဥက္ကဌက ကျွန်တော့်ကို အဲ့လိုလုပ်မှာမဟုတ်ဘူး။ သူ့ရဲ့ မနေ့က သတိပေးချက်က ကျွန်တော့ ဦးလေးကြောင့်ပဲ။ ကျွန်တော် ဘာအမှားတွေပဲလုပ်လုပ် သူက အခွင့်အရေးပေးလိမ့်မယ်၊ ဒီတော့ ဒီခြိမ်းခြောက်မှုက ဘာ အဓိပ္ပာယ်မှမရှိဘူး။"
သက်လတ်ပိုင်းလူက ရယ်သည်၊ "မင်းက တကယ်ကို နုံအတာပဲ။ အဲလက်စ်, မင်း ဘယ်လိုကိစ္စတွေ လုပ်ခဲ့တယ်ဆိုတာ မင်းနားလည်ရော နားလည်ရဲ့လား?"
"ကျွန်တော်က သုတေသနပညာရှင်တွေဆီက ကြားထားတာတွေကို ခင်ဗျားဆီရောင်းပေးရုံပဲလေ၊ ဘာအရေးကြီးလို့လဲ? ဥက္ကဌက ဒါကြောင့်နဲ့ ကျွန်တော့်ကို တစ်ခုခုလုပ်မယ်ဆိုတာ မယုံဘူး။ ပြီးတော့လည်း ကျွန်တော့်ဦးလေးက သူ့ရဲ့ အစောဆုံး တွဲဖက်(ပါတနာ)ဆိုတော့ သေချာပေါက် တုံ့ဆိုင်းနေမှာပဲ။" အဲလက်စ်က အားတင်းပြုံးကာ ပြောသည်။
သက်လတ်ပိုင်းလူက အဲလက်စ်က အတန်ကြာကြည့်ပြီးနောက် အသာပြုံးလျက် လက်ဆန့်ပေးလိုက်၏၊ "ကောင်းပြီလေ၊ မင်း ယူလာတာကို အရင်ကြည့်တာပေါ့။ ဒါသာ အဆင်ပြေရင် ဈေးနှုန်းတိုးပေးမယ်။ မင်း စိတ်တိုင်းကျစေရမယ်လို့ အာမခံပါတယ်။"
အဲလက်စ်က အနည်းငယ် တုံ့ဆိုင်းနေပြီး ခေါင်းငြိမ့်ကာ ရင်ဘတ်ထဲမှ မှတ်စုကို ထုတ်ပေးလိုက်သည်။
သက်လတ်ပိုင်းလူက စာအုပ်ကို လှန်ကြည့်ပြီး ခေါင်းခါ၏၊ "အဲလက်စ်, မင်းရဲ့ လက်ရေးက အတော်ဆိုးတာပဲ။"
အဲလက်စ်က ဒေါသတကြီးပြော၏၊ "ဒါက ဘာအရေးပါလို့လဲ? ပြီးတော့လည်း ကျွန်တော်မေ့သွားမှာစိုးလို့ မြန်မြန်ချရေးထားတာပဲ။ ကြည့်ကောင်းနေမှ ထူးဆန်းနေလိမ့်မယ်။"
"ကောင်းပြီလေ အကြောင်းအရာက မှန်နေသရွေ့ပေါ့"
သက်လတ်ပိုင်းလူက မှတ်စုကို အပြုံးဖြင့် ဆက်ကြည့်နေလိုက်သည်။ နှစ်ကြိမ်လောက်ဖတ်ပြီးနောက်၌ အံ့အားသင့်ဟန် ပေါ်လာ၏။
"အဲလက်စ်, ဒီတစ်ခေါက် ပစ္စည်းတွေက အတော်ကောင်းတာပဲ။"
အဲလက်စ်က ဝင့်ကြွားဟန်ဖြင့်၊ "ဒါပေါ့၊ ဒီတစ်ခေါက် ကျွန်တော်က ခေါင်းဆောင် အီဗီတာနဲ့ အဖွဲ့ခေါင်းဆောင်တွေကို ကြိုဆိုခဲ့ရတာလေ။ သူတို့က သုတေသနဌာနရဲ့ အဓိကသုတေသနပညာရှင်တွေဆိုတော့ သေချာပေါက် ပိုသိကြတာပေါ့။ ဘယ်လိုလဲ? ဒီတစ်ခေါက် အဆင်ပြေတယ်ထင်တော့ ဈေးနှုန်းက....."
"ဈေးနှုန်းက ပြဿနာမရှိပါဘူး။" သက်လတ်ပိုင်းလူက စာအုပ်ကို တစ်ဖန်ကြည့်ကာ စဉ်းစားပြီးနောက် အဲလက်စ်အတွက် ဘဏ်စာအုပ်ထုတ်လိုက်သည်။
အဲလက်စ်က ၎င်းကိုယူကာ အံ့ဩသွား၏။
"သုံးထောင်? ဒီလောက်အများကြီးလေ?"
"အရမ်းများတယ်ထင်နေရင် ပြန်ပေးလို့ရပါတယ်။" သက်လတ်ပိုင်းလူက အပြုံးဖြင့်ပြောသည်။
အဲလက်စ်က ရွှေစာအုပ်ကို အလျင်အမြတ်အဝေးသို့ပို့ပြီး လက်ယမ်းပြလိုက်သည်၊ "နှုတ်ဆက်ပါတယ်"
အဲလက်စ် ထွက်သွားတော့မည်ကို မြင်သော် သက်လတ်ပိုင်းလူက ရုတ်တရတ်သက်ပြင်းချကာ၊ "ငါသာ မင်းဆိုရင် အခု ထွက်သွားဖို့ ရွေးချယ်မှာ မဟုတ်ဘူး။"
အဲလက်စ်က ရုတ်တရတ် ရပ်တန့်ကာ မျက်မှောင်ကုပ်၍ မေးသည်၊ "ဘာပြောချင်တာလဲ? ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား?"
"ဟင့်အင်း မင်းအတွက်နှမျောလို့ပါ။" သက်လတ်ပိုင်းလူက ပြောသည်။
"နှမျောတယ်?"
"ငါ အခုနလေးကမှ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းဆီက သုတေသနတချို့အတွက် အမှာစာအသစ်ရခဲ့တယ်။ တခြားဘက်က အတော်လေးမြင့်တဲ့ဈေးနှုန်းကိုပေးထားတာ၊ ငါ လုပ်နေတဲ့ ဝန်ဆောင်ခနဲ့တင် အတော်လေး အဆင်ပြေနေပြီ၊ မင်းရတာကိုဆို ပြောဖို့တောင်မလိုဘူး။ ဒါပေမယ့် မင်းက ဒီလိုထပ်မလုပ်ချင်တော့ဘူးပြောလာတော့ တကယ်ကို နှမျောစရာပဲ....."
အဲလက်စ်က မျက်နှာထက်၌ လွန်ဆွဲနေဟန်ပေါ်လာပြီး ခဏအကြာတွင် အသံတိုးတိုးဖြင့် အံကြိတ်လျက် မေးလာသည်၊ "တခြားဘက်က ဘယ်လောက်ဈေးနှုန်း ပေးတာလဲ?"
သက်လတ်ပိုင်းလူက လက်တစ်ချောင်းထောင်ပြကာ မျက်နှာထက်ရှိ အပြုံးက အခန်းအလင်းရောင်ကြောင့် အင်မတန် ထူးဆန်းနေသည်။
"တစ်သောင်း"
"တစ်သောင်း?"
အဲလက်စ်၏ အသက်ရှူသံက တမုဟုတ်ချင်း အင်မတန်မြန်ဆန်လာတော့၏။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၀၈။ မှော်မူပိုင်ခွင့် ကာကွယ်ခြင်း အခကြေးငွေ
ဤနှစ်၏ လမ်ပူရီတိုင်းပြည် မှော်ပညာရှင်များအဖွဲ့အစည်း အရည်အချင်းစစ်စာမေးပွဲမှာ အကြီးဆုံးတစ်ခုနှယ်ပင်။
မှော်ပညာရှင်များအဖွဲ့အစည်း၏ စာရင်းများအရ လာရောက်ခဲ့ကြသည့် မှော်ပညာရှင် အရေအတွက်မှာ ရှစ်ထောင်ကျော်သည်!
လမ်ပူရီတိုင်းပြည်၌ စုစုပေါင်း မှော်ပညာရှင်တစ်သောင်းကျော်သာရှိသည်ဟု သိရသည်။
ပြောရလျှင် ဤတစ်ခေါက်လာသည့် မှော်ပညာရှင် ပမာဏက တကယ်တမ်းတွင် လမ်ပူရီတိုင်းပြည်တစ်ခုလုံးရှိ မှော်ပညာရှင်တို့၏ ၈၀ရာခိုင်နှုန်းဖြစ်နေ၏!
ယခင်နှစ်ကလာခဲ့ကြသည့် မှော်ပညာရှင်အရေအတွက်မှာ ငါးထောင်ကျော်လွန်နေလျှင်တောင် ဤလမ်းကြောင်းကို ကျော်လွန်ကာ ယခုနှစ် အရည်အချင်းစစ်စာမေးပွဲသို့ ရောက်လာသည့် မှော်ပညာရှင်မှာ ရှစ်ထောင်ကျော်၏။ ၎င်းက လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်း၌ လုံးဝ ပြည့်ညပ်နေစေသည်။
ဥက္ကဌအီရန်က အချိန်မီ ပြင်ဆင်ထားခဲ့ခြင်းကြောင့်သာမဟုတ်ပါလျှင် မှော်ပညာရှင်များအဖွဲ့အစည်းမှာ ဤတစ်ခေါက်၌ ဖရိုဖရဲဖြစ်နေလောက်သည်။
သို့သော် သူ့အနေနှင့် ပြင်ဆင်မှုများပြုလုပ်ထားပါလျှင်တောင် ပါဝင်သည့် လူပမာဏက များစွာ တိုးလာခြင်းကြောင့် မူလ တစ်ပတ်အတွင်း ကျင်းပမည့် စာမေးပွဲ အချိန်ဇယားက လတစ်ဝက်စာဖြစ်သွားသည်။
ထိုသည်က အချိန်နှစ်ဆဆိုလျှင်တောင် နေ့စဉ်စာမေးပွဲက အင်မတန် လောနေဆဲဖြစ်သည်။ ၎င်းက မှော်ပညာရှင်များအဖွဲ့အစည်းဝန်ထမ်းများကို လုံးဝအနားမရစေဘဲ တစ်နေ့လုံး အလုပ်လုပ်နေရစေ၏။
သို့သော် ယခင်ကနှင့် ခြားနားခြင်းကြောင့် မည်သူကမှ မညည်းညူကြပေ။ ဤနှစ် အရည်အချင်းစစ်စာမေးပွဲအတွင်း ဥက္ကဌအီရန်မှာ စာမေးပွဲအချိန်အတွင်း အလုပ်ပမာဏတိုးလာခြင်းကြောင့် လူတစ်ဦးစီတိုင်းမှာ တစ်နေ့တစ်ယောက်ကျ ရွှေဒင်္ဂါးနှစ်ပြား သတ်မှတ်ထားသည့် အထူးနစ်နာကြေးရလိမ့်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
တစ်နေ့လျှင် ရွှေဒင်္ဂါးနှစ်ပြားဟူသည်မှာ လတစ်ဝက်နှင့် ရွှေဒင်္ဂါးသုံးဆယ် အပိုရမည်ဟု အဓိပ္ပာယ်ရလေ၏။
မှော်ပညာရှင်များအဖွဲ့အစည်း၏ ဝန်ထမ်းများအတွက် ၎င်းက နည်းပါးသည့်ပမာဏမဟုတ်လေရာ ၎င်းတို့၏ အလုပ်အပေါ်စိတ်အားထက်သန်မှုက တိုးလာသည်။ ဤအတောအတွင်း အင်မတန် အလုပ်များနေပါလျှင်တောင် မည်သူကမှ စောဒကမတက်ဘဲ အလုပ်အပေါ်၌သာ လုံးဝ အာရုံစိုက်ထားသည်။ ၎င်းက အရည်အချင်းစစ်စာမေးပွဲကို မည်သည့်ပြဿနာမှမရှိဘဲ ချောမွေ့စွာ ကျော်ဖြတ်နိုင်စေသည်။
"ကျုပ်ပြောမယ် ဥက္ကဌ အီရန်, ဒီသာမန်အလုပ်သမားတွေက အထူးနစ်နာကြေးရကြတော့ ကျုပ်တို့ မဟာမှော်ပညာရှင်တွေလည်း အထူးနစ်နာကြေးမရသင့်ဘူးလား?" မဟာမှော်ပညာရှင် အီစန်ခယ်က အဓိက ခုံ၌ ထိုင်နေသည့် ဥက္ကဌ အီရန်ကို စနောက်လိုက်သည်။
ဥက္ကဌ အီရန်က ရယ်ကာ၊ "အီစန်ခယ်, ဟာသမလုပ်နဲ့။ ခင်ဗျားရဲ့ ချမ်းသာမှုနဲ့ဆိုရင် ကျုပ်ဆီက ရွှေဒင်္ဂါး ဒါဇင်ချီလောက်လေးကို နစ်နာကြေးအဖြစ် တောင်းဖို့ လိုနေသေးလို့လား? ပြီးတော့လည်း ကျုပ်တို့ မှော်ပညာရှင်များအဖွဲ့အစည်းအတွက် ဝန်ထမ်းတွေကို ဆုချမယ့် အပိုငွေကို ပေးဖို့ကတင် ခက်ခဲနေပြီလေ၊ ခင်ဗျားလို မဟာမှော်ပညာရှင်တစ်ဦးက သူတို့ကို ဒီအတွက် တိုက်ခိုက်မလို့လား?"
နံဘေးရှိ မဟာမှော်ပညာရှင် ကမ်မီလာအပါအဝင် အခြား မဟာမှော်ပညာရှင်သုံးဦးမှာ ပြုံးလိုက်ကြသည်။
ဤသည်မှာ ယခုနှစ် အရည်အချင်းစစ်စာမေးပွဲအတွက် မဟာမှော်ပညာရှင်ငါးဦး ကျင်းပသည့် အစည်းအဝေးဖြစ်ကာ အဓိကအားဖြင့် အဆုံးတွင် အဆင့်မြင့်မှော်ပညာရှင်များအား စစ်ဆေးမှု အကြောင်းအရာများကို ဆွေးနွေးခြင်းပင်။
မဟာမှော်ပညာရှင် အီစန်ခယ်က ဥက္ကဌအီရန်မှာ အလုပ်သမားများအပေါ်ရှိ တာဝန်ကို မည်သို့ ဖြေရှင်းရမည်အား ရှင်းပြနေသဖြင့် မနေနိုင်ဘဲ အရွှန်းဖောက်လိုက်သည်။
"ပြောရရင် ဘာလို့ ကျုပ်တို့ မှော်ပညာရှင်များအဖွဲ့အစည်းမှာ ဒီနှစ် အပိုငွေရှိလာရတာလဲ? အဓိကအဖွဲ့အစည်းက ဝေစုထဲကနေ မနှစ်က ကျုပ်တို့အတွက် ဘာမှမကျန်ဘူးမဟုတ်လား?" မဟာမှော်ပညာရှင် တယ်လုချီက စူးစမ်းလိုသံဖြင့် မေးလေ၏။
"ရိုးရိုးသားသားပြောရရင် အဓိက,က ရှုယီရဲ့ ကောင်းမှုကြောင့်ပေါ့။" ဥက္ကဌ အီရန်က ပုံမှန်လို တိတ်ဆိတ်နေသည့် မဟာမှော်ပညာရှင်ကမ်မီလာကို ကြည့်ကာ အပြုံးဖြင့် ပြောလာသည်၊ "သူ့ရဲ့ မှော်ပညာမူပိုင်ခွင့်အကြံကြောင့်သာမဟုတ်ရင် ဘယ်လိုလုပ် ကျုပ်တို့အဖွဲ့အစည်းက ရန်ပုံငွေတွေ ပိုရလာနိုင်မှာလဲ?"
"အိုး? ဒီတော့ မူပိုင်ခွင့်လျှောက်ထားတဲ့ မှော်ပညာရှင်တွေ အတော်များတဲ့ အဓိပ္ပာယ်ပေါ့?" မဟာမှော်ပညာရှင် ထော်ရက်စ်ကလည်း သိလိုဟန်ဖြင့် မေးလာသည်။
"ဟုတ်တာပေါ့" ဥက္ကဌ အီရန်က ခေါင်းငြိမ့်ကာ၊ "အရင်လရဲ့ စာရင်းတွေအရ အခု အဖွဲ့အစည်းမှာ စာရင်းသွင်းထားတဲ့ မူပိုင်ခွင့် စုစုပေါင်း တစ်သောင်းသုံးထောင်ကျော်ရှိပြီးတော့ မူပိုင်ခွင့်ကာကွယ်ရေး အခကြေးငွေက ရွှေဒင်္ဂါး နှစ်သိန်းကို ကျော်သွားပြီလေ။"
"အဲ့လောက်တောင်?" မဟာမှော်ပညာရှင်တယ်လုချီနှင့် မဟာမှော်ပညာရှင် ထော်ရက်စ်တို့ နှစ်ဦးစလုံးက အံ့အားသင့်ဟန်များ ပြလာကြ၏။
မဟာမှော်ပညာရှင်အီစန်ခယ်က မျက်မှောင်ကုပ်ကာ၊ "အရမ်းနည်းမနေဘူးလား? မူပိုင်ခွင့် တစ်သောင်းသုံးထောင်နဲ့ ရွှေဒင်္ဂါး နှစ်သိန်းလေးပဲလေ။ ပျမ်းမျှအနေနဲ့ဆို မူပိုင်ခွင့်တစ်ခုမှာ ရွှေဒင်္ဂါးနှစ်ပြားပဲ ကျတာမဟုတ်လား?"
[Eng Translator Note: တွက်ထားတာ မှားတာကို သိပေမယ့် လက်ခံလိုက်ပါ။]
ဥက္ကဌ အီရန်က ရယ်လျက်ဆိုသည်၊ "ရွှေဒင်္ဂါးတစ်ပြားတောင်မကျတဲ့ မူပိုင်ခွင့်အတွက် အခကြေးငွေနည်းနည်းပဲပေးတဲ့ မှော်ပညာရှင်တချို့ရှိတာကြောင့်ပါ။"
"ဒါဆို သူတို့က ဘာအတွက် မူပိုင်ခွင့်လျှောက်တာလဲ?" မဟာမှော်ပညာရှင် တယ်လုချီက အံ့အားသင့်ဟန်ဖြင့်ပြောသည်၊ "ဒီလိုနည်းတဲ့ ဈေးလေးနဲ့ လုံးဝ ကာကွယ်နိုင်မှာ မဟုတ်ဘူး။"
"ခင်ဗျား နားမလည်ပါဘူး။" မဟာမှော်ပညာရှင် ထော်ရက်စ်က ရယ်မောလိုက်ကာ၊ "တယ်လုချီ, လေ့လာမှုတွေအတွက် မူပိုင်ခွင့်ရတာက အခုဆို အရမ်းရေပန်းစားနေပြီ၊ ကျုပ်မှာတောင် ဆယ်ခုကျော်ရှိတယ်။ ဒါပေါ့၊ ကာကွယ်ခကို များများစားစားမပေးထားတော့ စုစုပေါင်း ရွှေဒင်္ဂါးတစ်ရာအောက်ပဲ။"
"ဘာလို့လဲ?" မဟာမှော်ပညာရှင် တယ်လုချီက အနည်းငယ် ရှုပ်ထွေးသွားကာ၊ "မလိုပါဘူး၊ ဒီတော့ ဘာလို့ မူပိုင်ခွင့်လျှောက်မှာလဲ?"
"ရိုးရိုးသားသားပြောရရင် ကိုယ့်ကိုယ်ကိုယ် မျက်နှာသာပေးဖို့ပေါ့။" မဟာမှော်ပညာရှင် ထော်ရက်စ်က ပြောသည်၊ "စဉ်းစားကြည့်ပါ၊ မှော်ပညာရှင်နှစ်ယောက်အတွက် တစ်ယောက်မှာ အထူးမူပိုင်ခွင့် ဆယ်ခုကျော်ရှိပြီး တစ်ယောက်မှာ တစ်ခုမှတောင်မရှိဘူး။ ဘာ မူပိုင်ခွင့်မှ မရှိတဲ့ အဲဒီ့မှော်ပညာရှင်အတွက် ဒီမှော်အဆင့်မျိုးက နိမ့်ကျတယ်လို့မထင်ဘူးလား?"
"ဒါက...." မဟာမှော်ပညာရှင် တယ်လုချီလည်း အနည်းငယ်စဉ်းစားပြီး ခေါင်းငြိမ့်ကာ၊ "ကြည့်ရတာ ဒီလိုတော့ ဖြစ်ပုံမရဘူး။"
"ဒီတော့ ဒီအဓိပ္ပာယ်က မှော်ပညာရှင်အများစုအနေနဲ့ သူတို့ကိုယ်တိုင်အတွက် မူပိုင်ခွင့်ဖန်တီးပေးတာက အရေးကြီးသင်္ကေတတစ်ခုလိုဖြစ်နေတာပေါ့။ တယ်လုချီ, ခင်ဗျားလည်း မူပိုင်ခွင့်တချို့ လျှောက်ထားသင့်တယ်လို့ ကျုပ် အကြံပြုချင်တယ်။ မဟုတ်လို့ ကျုပ်တို့မှာက မူပိုင်ခွင့်ဒါဇင်နဲ့ချီရှိနေပြီး ခင်ဗျားမှာ တစ်ခုမှမရှိရင် တစ်ခုခုက မှားနေပြီလို့ ခံစားရစေလိမ့်မယ်၊ ဟုတ်တယ်မလား?"
မဟာမှော်ပညာရှင် တယ်လုချီက ခါးသက်သက်ရယ်ကာ၊ "ဟုတ်သားပဲ၊ ကြည့်ရတာ ကျုပ်လည်း ဒါကို စဉ်းစားကြည့်ရတော့မယ်။" ထိုသို့ပြောပြီးနောက် သူက မဟာမှော်ပညာရှင်အီစန်ခယ်နှင့် မဟာမှော်ပညာရှင်ကမ်မီလာတို့ဘက်သို့ လှည့်ကာ၊ "ခင်ဗျားတို့ရော ဘယ်လိုလဲ? ထော်ရက်စ်တောင် မှော်ပညာမူပိုင်ခွင့်ဆယ်ခုကျော်ရှိတော့ ခင်ဗျားတို့မှာက ပိုများများရှိလောက်မှာပေါ့နော်?"
မဟာမှော်ပညာရှင်အီစန်ခယ်က အသာပြုံးကာ၊ "များများစားစားတော့မရှိပါဘူး၊ ကျုပ်က မူပိုင်ခွင့် သုံးဆယ့်နှစ်ခုလောက်ပဲ လျှောက်ထားတာ။ ဒါပေမယ့် ဒီ သုံးဆယ့်နှစ်ခုအတွက် ရွှေဒင်္ဂါးသုံးထောင်ကျော်ပေးခဲ့ရတော့ ထော်ရက်စ်ထက် အတော်လေးများနေရုံပဲ။"
"ကျုပ်က ဘယ်လိုများ ခင်ဗျားလောက် ချမ်းသာနိုင်ပါ့မလဲ?" ထော်ရက်စ်က မျက်လုံးများလှိမ့်လိုက်၏။
မဟာမှော်ပညာရှင်အီစန်ခယ်က ရယ်လိုက်ပြီးနောက် မဟာမှော်ပညာရှင်ကမ်မီလာထံ ညွှန်ပြကာ၊ "ခင်ဗျားသာ ငွေရှိတဲ့အကြောင်းပြောချင်ရင် ကျုပ်က ကမ်မီလာကို ဘယ်ယှဉ်နိုင်မလဲ။ ကမ်မီလာက ကျုပ်တို့ထဲမှာ မူပိုင်ခွင့်အများဆုံးရှိပြီး ကာကွယ်ခ အများဆုံး သုံးခဲ့ရမယ်ဆိုတာ သေချာနေတယ်။"
ဥက္ကဌ အီရန်အပါအဝင် မဟာမှော်ပညာရှင်လေးဦးစလုံးက မဟာမှော်ပညာရှင်ကမ်မီလာကို ကြည့်လိုက်ကြ၏။
မဟာမှော်ပညာရှင်ကမ်မီလာက အသာခေါင်းခါကာ၊ "ကျုပ်ရဲ့ အထောက်အထားက Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်သုတေသနဌာနအတွက် ထိပ်ဆုံးအဆင့်ဖြစ်တယ်လေ။ မူပိုင်ခွင့်တွေရှိရင်တောင် အဲဒီမူပိုင်ခွင့်တွေက Frestech ကုန်သည်ကြီးများအသင်းရဲ့ နာမည်အောက်ကပဲ၊ ကျုပ်နာမည်အောက်ကမဟုတ်ဘူး။ မူပိုင်ခွင့်အတွက် အခကြေးငွေတွေအားလုံးကို Frestech ကုန်သည်ကြီးများအသင်းကပဲ ပေးတာဆိုတော့ ကျုပ်နဲ့ မသက်ဆိုင်ဘူး။"
"Frestech ကုန်သည်ကြီးများအသင်းက အရမ်းချမ်းသာတော့ ကာကွယ်ခတွေ အတော်များများ ပေးခဲ့ရလောက်မှာပေါ့?" ထော်ရက်စ်က ဆက်မေးသည်။
"ရှုယီဆီမှာ တာဝန်ယူပေးမယ့်လူတွေရှိသလို ကျုပ်လည်း ဂရုမစိုက်တော့ သေချာမသိဘူး။" မဟာမှော်ပညာရှင်ကမ်မီလာက ဖြေသည်။
လူတိုင်းက ဥက္ကဌ အီရန်ကိုကြည့်လာ၏။
ဥက္ကဌ အီရန်က ချောင်းဆိုးပြီးနောက် မဟာမှော်ပညာရှင်ကမ်မီလာကို ကြည့်လိုက်သည်။ သူက ခေါင်းငြိမ့်ကာ ပြော၏၊ "ဟုတ်တယ်၊ Frestech ကုန်သည်ကြီးများအသင်းက မှော်ပညာရှင်တွေအားလုံးရဲ့ မှော်ပညာမူပိုင်ခွင့်တွေအားလုံးက Frestech ကုန်သည်ကြီးများအသင်း နာမည်အောက်မှာဆိုတော့ ကမ်မီလာက ဘယ်မူပိုင်ခွင့်ကို ရခဲ့လည်း ကျုပ်မသိဘူး။ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းက စုစုပေါင်း မှော်ပညာမူပိုင်ခွင့် ငါးရာခြောက်ဆယ့်သုံးခုလုပ်ခဲ့တာကိုတော့ သိတယ်။ တန်ဖိုးအရှိဆုံးတစ်ခုက တစ်ခုလုံးနဲ့ရွှေဒင်္ဂါးတစ်သောင်းတန်တဲ့ဟာပဲ!"
"ရွှေဒင်္ဂါးတစ်သောင်း?" မဟာမှော်ပညာရှင်အီစန်ခယ်၏ မျက်လုံးများသည်ပင် ပြူးကျယ်သွားကာ မယုံကြည်ဟန်ပြလာသည်၊ "မူပိုင်ခွင့်တစ်ခုစာနဲ့လေ?"
"ဟုတ်တယ်" ဥက္ကဌ အီရန်က ခေါင်းငြိမ့်၏။
မဟာမှော်ပညာရှင်အီစန်ခယ်က တစ်ခုတွေးမိသွားကာ မေးသည်၊ "ဒါဆို.....ဥက္ကဌ၊ အဲဒါ ဘာမူပိုင်ခွင့်များလဲ?"
ဥက္ကဌ အီရန်က ခေါင်းခါကာ၊ "အသေးစိတ်ကို ပြောလို့မရပေမယ့် Frestech ကုန်သည်ကြီးများအသင်းကသာ ဒီအချက်အလက်ကို ကူးပြောင်းပေးဖို့ ဆန္ဒရှိရင် ကျုပ် သေချာပေါက် အဲဒါကို ဝယ်ဖို့ ရွှေဒင်္ဂါးတစ်သောင်း ဒါမှမဟုတ် သောင်းနဲ့ချီပြီးတော့ကို သုံးနိုင်တယ်လို့ ပြောနိုင်တယ်။"
မဟာမှော်ပညာရှင် ထော်ရက်စ်နှင့် မဟာမှော်ပညာရှင် တယ်လုချီတို့က အံ့ဩသွားဟန်ဖြင့် ဖလှယ်ကြည့်လိုက်ကြသည်။ မဟာမှော်ပညာရှင် တယ်လုချီမှာ မထိန်းနိုင်အောင် စိတ်လှုပ်ရှားရင်း ဥက္ကဌ အီရန်ကို မေးလေ၏၊ "ဥက္ကဌ အီရန်, ခင်ဗျားလုပ်ထားတဲ့ မှော်စက်ပစ္စည်းစက်ရုံက အမြတ်ငွေအတော်ရတယ်လို့ ကျုပ်ကြားပါတယ်။"
ဥက္ကဌ အီရန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ လက်ဝေ့ယမ်းလိုက်သည်၊ "အဲဒါကို အဲ့ကောင်လေး အန်ကဲဖွင့်ထားတာပါ၊ ကျုပ်နဲ့ မဆိုင်ပါဘူး ဒါပေမယ့် အမြတ်ငွေကတော့.....တကယ်ကို အတော်အဆင်ပြေတယ်။"
ဥက္ကဌ အီရန်၏ အပြုံးရှိ အနည်းငယ် ဝင့်ကြွားဟန်ကိုမြင်သော် မဟာမှော်ပညာရှင် တယ်လုချီက အနည်းငယ်တုံ့ဆိုင်းနေပြီး မဟာမှော်ပညာရှင်ကမ်မီလာကိုမေးလေသည်၊ "အဲဒါက....ကမ်မီလာ၊ ခင်ဗျား.....ကျုပ်.....လည်း မှော်စက်ပစ္စည်းစက်ရုံဖွင့်နိုင်မယ်လို့ထင်လား?"
မဟာမှော်ပညာရှင် တယ်လုချီ၏ မေးခွန်းကိုကြားသော် ကျန်လေးဦးမှာ အံ့အားသင့်သွားသည်။
ရှေးရိုးစွဲသူကို ဖော်ပြရပါလျှင် မဟာမှော်ပညာရှင်ကမ်မီလာက မဟာမှော်ပညာရှင် တယ်လုချီနှင့် ယှဉ်ဖို့ လိုသေးသည်။
မူပိုင်ခွင့်များအကြောင်းပြောနေကြချိန်တွင် Frestech ကုန်သည်ကြီးများအသင်းနှင့် မှော်စက်အသစ်များကို မဟာမှော်ပညာရှင် တယ်လုချီက အမြဲတစေ ဆန့်ကျင်နေခဲ့သည်။
ယခုတွင် မှော်စက်ပစ္စည်းစက်ရုံဖွင့်နိုင်မည်လားဟု မေးလာလေသည်? ထိုသည်က မဟာမှော်ပညာရှင်လေးဦးကို မစဉ်းစားနိုင်ဖြစ်သွားစေ၏။
ဒီလောကကြီးပြောင်းလဲတာ မြန်လွန်းမနေဘူးလား? ရှေးရိုးအစွဲဆုံး တယ်လုချီကိုတောင် ပြောင်းလဲလိုက်တယ်လေ!
မဟာမှော်ပညာရှင်ကမ်မီလာမှာ အံ့ဩသွားပြီးနောက် ရှုပ်ထွေးဟန်ဖြင့် ပြန်မေး၏၊ "တယ်လုချီ, ဘာလို့ ရုတ်တရတ်ကြီး ဒီလိုမေးရတာလဲ? အရင်က ဒါကို ခင်ဗျားပဲ အဆန့်ကျင်ဆုံးဖြစ်ခဲ့တာ မဟုတ်လား?"
မဟာမှော်ပညာရှင် တယ်လုချီက သက်ပြင်းချကာ၊ "လိုရင်းပြောရရင် ကျုပ်အခု တကယ်ပဲ ငွေလိုနေလို့ပါ။ ဒီတော့ ကျုပ်လုပ်နိုင်မှာလား မလုပ်နိုင်ဘူးလား?"
"ဒါက....ကျုပ်လည်း မသေချာဘူး။" မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းခါကာ၊ "မှော်စက်ပစ္စည်းစက်ရုံတစ်ရုံဖွင့်တာက အဲ့လောက်လွယ်တဲ့အရာမဟုတ်ဘူး။ ကျုပ်ထင်တာတော့.....ခင်ဗျားရဲ့ စရိုက်သကန်နဲ့ဆို ဒါကို မလုပ်နိုင်လောက်ဘူး။"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၀၉။ နှစ် နည်းနည်းလောက် အချိန်ပေး
"ဒီလိုလား?" မဟာမှော်ပညာရှင် တယ်လုချီ၏မျက်လုံးများ မှိန်ကျသွား၏။
မဟာမှော်ပညာရှင် တယ်လုချီ၏ အသွင်ကိုမြင်သော် အခြားမဟာမှော်ပညာရှင်လေးဦးက တစ်ဦးကိုတစ်ဦးကြည့်လိုက်ရာ မျက်လုံးများထဲရှိ သံသယကိုမြင်လိုက်ရသည်။
မဟာမှော်ပညာရှင် တယ်လုချီ၏ ဂုဏ်ပုဒ်နှင့် သူဟာ တကယ်ကြီး အများသူငှာရှေ့၌ ထိုသို့ ပြောလေသည်လား?
မဟာမှော်ပညာရှင် ကမ်မီလာက အသာမျက်မှောင်ကုပ်ကာ၊ "တယ်လုချီ, ခင်ဗျား အလောတကြီး ငွေလိုနေတယ်ဆိုရင် ခင်ဗျားကို ကျုပ်ကူညီနိုင်လောက်တယ်။ တကယ်တော့ ခင်ဗျားသာ မတောင့်ခံနိုင်တော့ရင် ရှုယီကို ပြောပြီး ငွေတချို့ ချေးခိုင်းဖို့က ပြဿနာ မရှိဘူး။"
"ဟင့်အင်း၊ ဒါက အချိန်တိုလေးပဲ ဖြေရှင်းနိုင်မှာ ပြဿနာတစ်ခုလုံးကို မဖြေရှင်းနိုင်ဘူး။ ပြီးတော့လည်း ဒီလောက်ပမာဏကို ပြန်ပေးဖို့က ခဲယဉ်းတယ်။" မဟာမှော်ပညာရှင် တယ်လုချီက ခေါင်းခါကာ ခါးသက်သက်ရယ်၍ ပြောလေသည်၊ "ကျုပ်က ခင်ဗျားတို့အားလုံးလို လိုက်လျောညီထွေမရှိတော့ ငွေရှာတဲ့နေရာမှာ အံမဝင်ဘူး။ ခင်ဗျားပြောတာ မှန်လောက်တယ်၊ ကျုပ် မှော်စက်ပစ္စည်းစက်ရုံဖွင့်ရင်တောင် ပိတ်လိုက်ရလောက်တယ်။"
မဟာမှော်ပညာရှင် ထော်ရက်စ်, မဟာမှော်ပညာရှင် အီစန်ခယ်နှင့် ဥက္ကဌ အီရန်တို့က တစ်ဦးကိုတစ်ဦးကြည့်ရင်း ငြိမ်သွားကြသည်။
လမ်ပူရီတိုင်းပြည်၌ မဟာမှော်ပညာရှင်ငါးဦးသာရှိပါသော်လည်း ၎င်းတို့ကြား၌ ဆက်ဆံရေးကောင်းမွန်သည့် အဓိပ္ပာယ်တော့မဟုတ်ပေ။
၎င်းမှာ ဆန့်ကျင်ဘက်သာဖြစ်သည်။ ပုံမှန်အားဖြင့် သိုသိုသိပ်သိပ်နေကာ ကျန်လေးဦးနှင့် ပုံမှန်ဆက်ဆံရေးသာရှိသော မဟာမှော်ပညာရှင်ကမ်မီလာမှလွဲ၍ ကျန်သည့် မဟာမှော်ပညာရှင်များမှာ တကယ်တမ်း ဆက်ဆံရေးမကောင်းကြချေ။
မဟာမှော်ပညာရှင် တယ်လုချီမှာ ပြဿနာကြီးနှင့် ကြုံနေရပါသော်လည်း အလောတလျင် ကူညီရန် လက်ကမ်းဖို့ ဆန္ဒရှိမနေကြချေ။
မဟာမှော်ပညာရှင်ကမ်မီလာက တွေးတောဟန် မျက်မှောင်ကုပ်လိုက်ပြီးမှ မဟာမှော်ပညာရှင် တယ်လုချီကို ပြောလေသည်၊ "ခင်ဗျားသာ ရေရှည်တည်ငြိမ်တဲ့ ဝင်ငွေကိုလိုချင်ရင် ကျုပ်မှာ အဆိုပြုချက်ကောင်းတစ်ခုရှိတယ်။ တယ်လုချီ, နားထောင်ချင်လား?"
"ဘာလဲ? ဘာအဆိုပြုချက်များလဲ?" မဟာမှော်ပညာရှင် တယ်လုချီက စိတ်ပြန်လည်လာပြီးနောက် မေးလေသည်။
မဟာမှော်ပညာရှင်ကမ်မီလာက သူ့ကိုယ်သူ ညွှန်ပြကာ၊ "ကျုပ် Frestech ကုန်သည်ကြီးများအသင်းမှာ ရတဲ့ လက်ရှိ လစာက ဘယ်လောက်မှန်းသိလား?"
မဟာမှော်ပညာရှင် တယ်လုချီက အံ့ဩသွားသည်၊ "ခင်ဗျားက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းမှာ ကျုပ်ကို အလုပ်လုပ်စေချင်နေတာလား? ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ရှုယီက ကျုပ်ရဲ့ မြေးသားမက်မှမဟုတ်တာလေ။"
"ကျုပ်ကို ပြီးအောင်ပြောခွင့်ပေးပြီးမှ ခင်ဗျား ဆုံးဖြတ်ချက်ချရင်လည်း နောက်မကျသေးပါဘူး၊"မဟာမှော်ပညာရှင် ကမ်မီလာက လက်တစ်ချောင်းထောင်ပြကာ၊ "ပြောပါရစေ၊ ကျုပ် လက်ရှိ Frestech ကုန်သည်ကြီးများအသင်းမှာ တစ်နှစ်ကို ရွှေဒင်္ဂါးတစ်သောင်း ဝင်ငွေရှိတယ်။"
"တစ်သောင်း?" မဟာမှော်ပညာရှင် တယ်လုချီတင်မကဘဲ အချမ်းသာဆုံး မဟာမှော်ပညာရှင် အီစန်ခယ်သည်ပင် အံ့ဩစွာ မျက်လုံးပြူးသွားသည်၊ "အဲ့လောက်တောင်?"
မဟာမှော်ပညာရှင် ကမ်မီလာက ပြုံးလျက်၊ "အခု ဘယ်လိုထင်လဲ?"
မဟာမှော်ပညာရှင် တယ်လုချီက အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ဆုံးဖြတ်ချက်ချပြီးဟန် ပေါ်လျက် ခေါင်းငြိမ့်သည်၊ "ကမ်မီလာ၊ ကျုပ်နဲ့ ရှုယီတို့ ဆုံဖို့ တစ်ခါလောက် စီစဉ်ပေးလို့ရမလား?"
ရှားရှားပါးပါးနေသာသည့် ဆောင်းနေ့တစ်နေ့တွင် နေမင်းက အကျင့်ဖောက်ပြားကာ ကောင်းကင်ယံထက် ရှိနေစဉ်၌ လမ်ပူရီဆယ့်သုံးက အနောက်တော်ဝင်ဥယျာဉ်တော်ဆီရောက်လာသည်။ သူက သက်တောင့်သက်သာရှိလှသည့် ခုံ၌ ထိုင်ချကာ ခြေထောက်များထက်တွင် သိုးမွေးစောင်ကို လွှားတင်ထားသည်။ သူဟာ နေရောင်ထဲ၌ လက်ထဲရှိ အမှုထမ်းတို့၏ စာရွက်စာတမ်းများကို ကြည့်နေသည်။
အကြိမ်အများစုတွင် လမ်ပူရီဆယ့်သုံး၏ မျက်နှာထက်၌ အေးဆေးဟန်တစ်ပြရှိနေ၏။
ဖရိုဖရဲများအတွင်း ထီးနန်းကိုဆက်ခံက လမ်ပူရီတိုင်းပြည်ရှိ ပြည်သူအများစုက အမျှော်အမြင်ရှိသော ဘုရင်အဖြစ်ချီးကျူးခံထားရသူ တစ်ဦးအနေနှင့် လမ်ပူရီဆယ့်သုံးမှာ ထီးနန်းဆက်ခံခဲ့သည့် နှစ်များအတွင်း မုန်တိုင်းများစွာကို ဖြတ်ကျော်ခဲ့ရသည်။ သာမန်ကိစ္စများမှာ သဘာဝအားဖြင့် သူ့အား မည်သည့်ခံစားချက်အတက်အကျမှ မဖြစ်စေပေ။
သို့သော် လော်ရန်မြို့တော်မှာ စာတမ်းကိုမြင်သော် အသာမျက်မှောင်ကုပ်လျက် သက်ပြင်းချလာ၏။
"အရှင်မင်းကြီး၊ တစ်ခုခုမသက်သာလို့လားဗျ?" နံဘေးရှိ သူ၏ကိုယ်ပိုင်ကိုယ်ရံတော်က အလျင်အမြန်စိုးရိမ်စွာဖြင့် မေးလာသည်။
လမ်ပူရီဆယ့်သုံးက သူ့အတွက် နှစ်လေးဆယ်ကြာ ထမ်းရွက်ပေးခဲ့ပြီး အတူတကွကြီးပြင်းခဲ့သည့် ကိုယ်ရံတော်ကို လှည့်ကြည့်လိုက်၏။ သူက ခေါင်းခါကာ ခဏမျှ တိတ်ဆိတ်နေပြီးနောက်တွင် မေးလေသည်၊ "ဒဲမာ, အဲ့ကောင်လေး အဲရစ်ကို မင်းဘယ်လိုထင်လဲ?"
ဒဲမာက အနည်းငယ် အံ့ဩသွားပြီးနောက် ခေါင်းငုံ့ကာ၊ "ကျွန်တော် ဒါကို ကြုံရာကျပန်း မှတ်ချက်မပေးရဲပါဘူး။"
"ကိစ္စမရှိပါဘူး၊ ဒီနေ့ ငါက မိတ်ဆွေဟောင်းနဲ့ စကားစမြည်ပြောရုံပဲ၊ ဒီလောက် ယဉ်ကျေးနေဖို့မလိုပါဘူး။ ငါက ငါနဲ့အတူ အရွယ်ရောက်လာတဲ့ မိတ်ဆွေဟောင်းရဲ့ အမြင်ကို ကြားချင်ရုံပါ။"
ဒဲမာက ခေါင်းမော့လိုက်သော် လမ်ပူရီဆယ့်သုံး၏ လေးနက်ဟန်ကို မြင်လိုက်ရသည်။ သူလည်း စဉ်းစားပြီးနောက် တွေးဆဆဟန်ဖြင့် ဆိုလာ၏၊ "ကျွန်တော်ထင်တာတော့..... အဲရစ်က အတော်လေး ရည်မှန်းချက်ကြီးပါတယ်......"
"ရည်မှန်းချက်ကြီးတယ်" လမ်ပူရီဆယ့်သုံးက အေးစက်စက်နှာမှုတ်ကာ၊ "ရည်မှန်းချက်ကြီးတာက ကောင်းပေမယ့်လည်း ဦးနှောက်မရှိရင် ဘာရည်မှန်းချက်မှ မရှိသလိုပဲ! သူ့ရဲ့ ရည်မှန်းချက်ဆိုတာမျိုးက ငါတို့တိုင်းပြည်ရဲ့ အခြေနေကောင်းကို ဖျက်ဆီးနိုင်တယ်!"
ဒဲမာက အံ့ဩသွားကာ၊ "အဲ့လောက်ကြီးတော့ မပြင်းထန်လောက်ဘူးမို့လား?"
"ဘယ်လိုလုပ် အဲ့လောက် မပြင်းထန်ရမှာလဲ?" လမ်ပူရီဆယ့်သုံးက ရုတ်တရတ် ဒေါသဖြစ်လာ၏။ သူ၏လက်က စာရွက်စာတမ်းများကိုင်လျက် တုန်ရီနေကာ လေးနက်စွာပြောလေသည်၊ "အဲ့ကောင်လေးလုပ်ခဲ့တာတွေကို မြင်ခဲ့တယ်မို့လား? သူက တကယ်ကြီး မြောက်ဘက်စစ်တပ်ကို ပြန်လည်ဖွဲ့စည်းပြီးတော့ စခ်တိုင်းပြည်ကို တိုက်ခိုက်ချင်နေတာလေ! သူက မြောက်ဘက်စစ်တပ်တစ်ခုလုံးကို ပေးပစ်ချင်နေတာလားပဲ?"
"အဲ့လောက်တော့ မဆိုးပါဘူး....." ဒဲမာက ရှုပ်ထွေးသွားကာ ၊"မြောက်ဘက်စစ်တပ်က နှစ်အစပိုင်းမှာ တိုက်ခိုက်မှုကြီးတစ်ခုလုပ်ခဲ့တယ်မဟုတ်လား? သူတို့ သေမင်းတောင်တန်းတွေကိုတောင် ပြန်ယူခဲ့တယ်လေ။ စခ်တိုင်းပြည်ကို တိုက်ခိုက်တဲ့နေရာမှာ ဘာပြဿနာမှမရှိလောက်ဘူးမို့လား?"
"ဘယ်လိုလုပ်ပြဿနာမရှိမှာလဲ? တိုင်းပြည်က နှစ်အစပိုင်းမှာ မြောက်ဘက်စစ်တပ်ကို ဘယ်လောက်ထောက်ပံ့ပေးခဲ့ရလဲသိရဲ့လား? ရွှေဒင်္ဂါးငါးသိန်းလုံးပဲ! ဒါက အရင်နှစ်တိုင်းပြည်အမြတ်ခွန်ရဲ့ သုံးပုံတစ်ပုံနီးနီးရှိတယ်! အခုဆို ငါတို့ သေမင်းတောင်တန်းတွေကို ထိန်းသိမ်းထားပြီး အခြေနေကို တည်ငြိမ်အောင်လုပ်ထားလို့ တိုင်းပြည်က အေးအေးချမ်းချမ်းဖွံ့ဖြိုးနေတဲ့ ကာလထဲမှာ ရှိပေမယ့် ဒီကောင်လေးက တကယ်ကြီး စစ်ပွဲစချင်နေတယ်လေ! တိုင်းပြည်ဘဏ္ဍာက စစ်ပွဲတစ်ပွဲကို မထောက်ပံ့နိုင်တာ သူသိတယ်မို့လား! ငါတို့သာ တကယ်ကြီး စခ်တိုင်းပြည်ကို တိုက်ခိုက်မယ်ဆိုပါစို့ လုံးဝ လက်ရှိ အခြေနေကို ဖျက်ဆီးလိုက်နိုင်တယ်! ဒါက...."
လမ်ပူရီဆယ့်သုံးက ရုတ်တရတ် ရပ်တန့်သွား၏။
လမ်ပူရီဆယ့်သုံး ပြောဆိုနေစဉ် ခေါင်းငုံ့ထားသည့် ဒဲမာက တအံ့တဩမော့ကြည့်လိုက်ရာ လမ်ပူရီဆယ့်သုံး၏မျက်နှာက လုံးဝနီရဲလျက် ခရမ်းရောင်ပင် ပြောင်းနေကြောင်း တွေ့လိုက်ရသည်။ မျက်နှာထက်၌ နာကျင်ဟန်ရှိနေပြီး စကား မပြောနိုင်သယောင်ပင်ရှိ၏။
ဒဲမာက အံ့ဩသွားကာ၊ "အရှင်မင်းကြီး၊ ဘာဖြစ်လို့လဲ?"
ရှေ့တိုးသွားလိုက်မည်အပြုတွင် လမ်ပူရီဆယ့်သုံး၏ နှုတ်ခမ်းများတုန်ယင်လာကာ သွေးစတစ်စထွက်လာသည်။
အနီရင့်ရင့်သွေးများက လမ်ပူရီဆယ့်သုံး၏ ပါးစပ်ထောင့်မှ ထွက်လာသည်ကိုမြင်သော် ဒဲမာမှာ ကြက်သေ,သေသွားတော့သည်။
ခဏကြာသည့်နောက် သူ၏ကိုယ်က တုန်ယင်လာပြီးနောက် ပြေးရန် လှည့်လိုက်သည်။
ထိုအချိန်၌ သူဟာ တော်ဝင်သမားတော်ကို တတ်နိုင်သမျှ မြန်မြန်ပင့်ရပေမည်။
သို့သော် ခြေနှစ်လှမ်းပင် မလှမ်းရသေးခင်တွင် လမ်ပူရီဆယ့်သုံးက ရပ်တန့်ရန် အော်လာသည်။
"ဒဲမာ, ဒါတွေရှင်းလိုက်၊ ဘယ်သူ့ကိုမှ မသိစေနဲ့။" လမ်ပူရီဆယ့်သုံးက လေးနက်စွာ အမိန့်ပေးလာသည်။
"ဒါပေမယ့် အရှင်မင်းကြီး၊ ခန္ဓာကိုယ်ကိုကြည့်ရှုဖို့ သမားတော်ခေါ်သင့်ပါတယ်...." ဒဲမာက ချက်ချင်း ငြင်းပယ်သည်။
"ဒါက အမိန့်ပဲ၊ များများစားစားမမေးနဲ့" လမ်ပူရီဆယ့်သုံးက လေးနက်ဟန်ဖြင့် ပြော၏။
"ဒါက.....ကောင်းပါပြီ" ဒဲမာက တုံ့ဆိုင်းစွာဖြေလိုက်သည်။ သူက ဘေးဘီကိုကြည့်လိုက်ရာ အနောက်ဘက်တော်ဝင်ဥယျာဉ်တော်က အရှင်မင်းကြီး၏ အနှစ်သက်ဆုံး အနားယူရာနေရာဖြစ်သဖြင့် ဤနေရာသို့ ပုံမှန်လာမည့်လူ တစ်ဦးမှမရှိသောကြောင့် စိတ်အေးသွားသည်။ သူက အနီးရှိ နားနေဆောင်သို့သွားကာ ရှင်းလင်းရန် တစ်ခုခုဆွဲယူလာဖို့ ပြင်လိုက်သည်။
ဒဲမာ ထွက်သွားသည်ကိုမြင်သော် လမ်ပူရီဆယ့်သုံးက ပါးစပ်မှ သွေးများကို လက်ဖြင့်သုတ်လိုက်၏။ လက်ကို ခဏမျှကြည့်နေပြီးနောက်တွင် နှုတ်ခမ်းများက ခါးသက်သက် ကွေးတက်သွားသည်။
"ဘာလို့ နှစ်နည်းနည်းလောက် ထပ်မပေးနိုင်ရတာလဲ?"
….
"ဟေး ဥက္ကဌ၊ ကျွန်မ ပဉ္စမအဆင့်မှော်ပညာရှင်စာမေးပွဲကို အောင်ခဲ့တယ်။ ကျွန်မက စွမ်းအားမကြီးနေဘူးလား?" အာကာလီက ဝင့်ကြွားစွာ ပြုံးလျက် အဝေးရှိ ရှုယီထံ သူမ၏လက်သေးသေးလေးကို မြှောက်ပြကာ ပြောလေသည်။
စာမေးပွဲ၌ ဝင်ပြိုင်ကြသော အခြားမှော်ပညာရှင်အားလုံးက သူမကိုကြည့်လာကြသည်။ အချို့က မယုံကြည်ဟန်ဖြင့် နှာမှုတ်သွားကာ အချို့က စိတ်အား လျော့ရဲစွာဖြင့် ခေါင်းငုံ့လျက် လျှောက်ထွက်သွားကြသည်။
အာကာလီနံဘေးရှိ အီဗီတာကသာ သူမ မြှောက်ထားသည့်လက်ကို ထိလျက် ဝမ်းနည်းစွာပြောလိုက်သည်၊ "ဟုတ်ပါပြီ၊ နင် တခြားလူတွေကြားမှာကို မကြောက်ဘူးလား?"
အာကာလီက ခေါင်းကိုမြင့်မြင့်မော့ကာ၊ "ဟမ့်၊ ငါ တခြားလူတွေကို သိစေချင်လို့။ ငါက အခု ပဉ္စမအဆင့်မှော်ပညာရှင်ဆိုတော့ ငါ့ကိုယ်ငါ ဂုဏ်ယူလို့မရဘူးလား?"
အီဗီတာက ခေါင်းခါကာ ပြုံးနေသည့် ရှုယီကို ညွှန်ပြလိုက်သည်၊ "ဥက္ကဌက နဝမအဆင့်မှော်ပညာရှင်စာမေးပွဲမှာ ဝင်ပြိုင်နေတာ၊ သူ့ရှေ့မှာ ဘာဂုဏ်ယူစရာရှိလို့လဲ?"
ထိုသည်ကိုကြားသော် ရှုယီက လက်ယမ်းပြလျက်၊ "ဒါကတော့ မသေချာပါဘူး၊ ကျုပ်အရင်ဆုံး အဌမအဆင့်မှော်ပညာရှင်စာမေးပွဲကို ကျော်ဖြတ်ရဦးမယ်။"
"ဟုတ်တယ်၊ ဥက္ကဌက ငါ့ထက် နှစ်အများကြီး ပိုကြီးတော့ အဌနအဆင့်က ပဉ္စမအဆင့်နဲ့ သိပ်မဝေးဘူးလေ။" အာကာလီက ချက်ချင်းပြောသည်။
"ကိုယ့်အကြောင်းကို မေ့လိုက်တော့၊ အဌမအဆင့်နဲ့ ပဉ္စမအဆင့်က မဝေးဘူးတဲ့လား? နင့်ကိုယ်နင် ဥက္ကဌရဲ့ အသက်အရွယ်လောက်မှာ အဌမအဆင့်မှော်ပညာရှင်တစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်လား?" အီဗီတာက မေးလေ၏။
"ဘာလို့ မယုံကြည်ရမှာလဲ? ကြည့်လေ၊ ငါ လုပ်ငန်းစုထဲဝင်လာပြီး ၂နှစ်အတွင်း စတုတ္ထအဆင့်ကနေ ပဉ္စမအဆင့်ဖြစ်လာတာပဲ။ နှစ်နည်းနည်းလောက်ကြာရင်..... ဟုတ်တယ် ဥက္ကဌ၊ ရှင်က အသက်သုံးဆယ်ဖြစ်နေပြီမဟုတ်လား?" အာကာလီက ရှုယီကို ရုတ်တရတ် လှည့်မေးသည်။
"အာ.....ကျုပ်က သုံးဆယ်လေ ဘာလို့လဲ?" ရှုယီက ပြောသည်။
"ကျွန်မက ဒီနှစ်မှ နှစ်ဆယ့်လေးပဲရှိသေးတော့ သုံးဆယ်ပြည့်ဖို့ ခြောက်နှစ်လိုသေးတယ်။ ဘာလို့ ခြောက်နှစ်အတွင်း အဌမအဆင့်မှော်ပညာရှင် မဖြစ်လာနိုင်ရမှာလဲ?" အာကာလီက ချက်ချင်းဆိုသည်။
"ဟုတ်ပါပြီ၊ နင် အဌမအဆင့်မှော်ပညာရှင်ဖြစ်လာမှာပါ၊ ဒါပေမယ့် အခုမဟုတ်သေးတော့ ကိုယ့်ကိုယ်ကို နည်းနည်းထိန်းထားဦး။" အီဗီတာက ၎င်းကို ထပ်မံငြင်းခုံရမည်အား အင်မတန်ပျင်းရိလှသဖြင့် ရှုယီကို လှည့်မေးလိုက်သည်၊ "ဥက္ကဌ၊ အောက်အဆင့်စာမေးပွဲဖြေနေတဲ့ သုတေသနပညာရှင်တွေက ပြီးနေပြီ။ အခု အဆင့်မြင့်စာမေးပွဲကို ဖြေဖို့ သုတေသနပညာရှင်တွေကို ဦးဆောင်ရလိမ့်မယ်။"
"အင်း၊ အဆင့်မြင့်မှော်ပညာရှင်က နည်းနည်းပဲရှိတော့ ကျုပ် ဦးဆောင်သည်ဖြစ်စေ မဆောင်သည်ဖြစ်စေ ကွာခြားမှုမရှိပါဘူး၊" ရှုယီက ခေါင်းငြိမ့်ကာ၊ "ပြောရရင် အီဗီတာ, အာကာလီက ပဉ္စမအဆင့်စာမေးပွဲကို အောင်သွားပြီဆိုတော့ ခင်ဗျားမှာ ပြဿနာမရှိလောက်ဘူးပေါ့?"
"ဟေး ဥက္ကဌ၊ ဒါက ဘာအဓိပ္ပာယ်လဲ? ကျွန်မက အီဗီတာကို မယှဉ်နိုင်ဘူးလို့ ပြောချင်တာလား?" အာကာလီက မယုံကြည်နိုင်ဟန်ဖြင့်ဆိုလာသည်။
"ဘယ်လိုထင်လို့လဲ?" ရှုယီက အပြုံးဖြင့် ပြန်မေးလေ၏။
"ကျွန်မ....." အာကာလီက ပါးစပ်ဟလိုက်သော်လည်း တစ်စုံတရာကိုမှ မပြောနိုင်ပေ။
သူမက အရည်အချင်း၌ဖြစ်စေ လုံ့လ၌ဖြစ်စေ အီဗီတာထက် နိမ့်ကျသဖြင့် သဘာဝကျစွာပင် သူမ၏ မှော်စွမ်းအားကလည်း အနည်းငယ် ပိုမိုအားနည်းသည်။ ထိုသည်က နှစ်များစွာကြာပြီးနောက်၌တွင်ပင် မငြင်းဆန်နိုင်သည့် အချက်ဖြစ်သည်။
အီဗီတာက အပြုံးဖြင့်ဆိုသည်၊ "အင်း၊ ကျွန်မလည်း ပဉ္စမအဆင့်မှော်ပညာရှင် စာမေးပွဲကို အောင်ခဲ့ပါတယ်။ ဒါပေမယ့် ဆဌမအဆင့်မှော်ပညာရှင်တစ်ယောက်ဖြစ်ဖို့ နည်းနည်းလိုနေသေးတော့ ဒီနှစ် ရှင်နဲ့အတူ အဆင့်မြင့်မှော်ပညာရှင်စာမေးပွဲကို ဖြေလို့မရသေးဘူး။"
"ရပါတယ်၊ ဆက်ကြိုးစားပြီး နောက်နှစ်ဖြေဖို့ကြိုးစားကြည့်ပေါ့။" ရှုယီက သူမကို အပြုံးဖြင့် အားပေးလိုက်သည်။ သူက ကောင်းကင်ယံကိုမော့ကြည့်ကာ နှစ်ဦးသားကို လက်ဝေ့ယမ်းပြလျက်၊ "သွားကြတာပေါ့၊ အချိန်ရောက်တော့မယ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အန်ဗီမာမြို့တော် ပထမဆုံးမှော်စက်ထုတ်လုပ်ရေးနည်းပညာ ဖလှယ်မှုက စတော့မှာ၊ ခင်ဗျားတို့နှစ်ယောက်လို့ မရှိမဖြစ်လူတွေ မပါလို့မရဘူး။"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၁၀။ ငါတို့ စံနှုန်းတွေကိုလေ့လာပါ
ဆိုလိုဂါအနုပညာခန်းမမှာ အန်ဗီမာမြို့တော်၏ အနောက်ပိုင်း၌ ရှိ၏။ ၎င်းမှာ အကြီးဆုံးခန်းမဖြစ်ကာ မျိုးစုံသော ပန်းချီ သို့မဟုတ် ပန်းပုများကဲ့သို့ အနုပညာလက်ရာတို့ကို ခင်းကျင်းပြသရန် အသုံးပြုလေ့ရှိသော်လည်း ယနေ့တွင် အတွင်း၌ ခင်းကျင်းထားသည့် ထုတ်ကုန်များက အနုပညာနှင့် ဆက်စပ်နေပုံမရှိချေ....."
"မဆိုင်ဘူးလို့ ဘယ်သူပြောလဲ!"
ဆိုလိုဂါအနုပညာခန်းမ၏ မန်နေဂျာ အန်လီဆိုက လက်ယမ်းကာ «အန်ဗီမာ မနက်ခင်းသတင်း»မှ သတင်းထောက်များကို ကျယ်ကျယ်လောင်လောင် ငြင်းဆန်နေသည်။
"Frestech ကုန်သည်ကြီးများအသင်းက ပြိုင်ဘက်ကင်းလောက်အောင် ကောင်းကောင်းလုပ်ထားတဲ့ အိမ်သုံးမှော်စက်တွေကိုကြည့်လေ၊ ဒီဇိုင်းတွေက ဘယ်လောက်လှလိုက်လဲ၊ မျဉ်းကြောင်းတွေက ဘယ်လောက် ကျက်သရေရှိလိုက်လဲ၊ ပြီးတော့ ဖွဲ့စည်းပုံက ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်သလဲလို့။ ဒါရဲ့ အစိတ်အပိုင်းတိုင်းကနေ အနုပညာအမြင်ကောင်းကောင်းကို ခံစားလို့ရနိုင်တယ်! ခင်ဗျားတို့သိရဲ့လား၊ အိမ်သုံးမှော်စက်တစ်ခုစီတိုင်းက ပန်းချီဆရာ၊ နတ်သူငယ်မျိုးနွယ်စုနဲ့တောင် ဆိုင်နေတာကို အနုပညာနဲ့မဆိုင်ဘူးလို့ ပြောရဲသေးတယ်ပေါ့!"
"ဒါပေမယ့် ဒီအိမ်သုံးမှော်စက်တွေက သာမန်လူတွေရဲ့ နေ့စဉ်ဘဝမှာ သုံးကြတဲ့ ပစ္စည်းတွေလေ၊ ဘယ်လိုလုပ် အနုပညာလက်ရာလို့ သတ်မှတ်လို့ရမှာလဲ?" လူငယ်အမျိုးသမီးသတင်းထောက်က ဆက်လက် ခိုင်မာစွာမေးမြန်းနေသေးသည်။
အန်လီဆိုက လက်ယမ်းလျက် အေးစက်စက်နှာမှုတ်ကာ၊ "အနုပညာက လူနေမှုဘဝကနေ သီးခြားကွဲထွက်နေတယ်လို့ ဘယ်သူက ပြောလဲ? ပြောပါရစေ၊ အတိအကျကို ဆန့်ကျင်ဘက်ပဲ! ကျုပ်ရဲ့နေ့စဉ်ဘဝမှာ အကြီးမားဆုံး အနုပညာလက်ရာရှိတယ်! ပြတင်းပေါက်အပြင်က သစ်ပင်တွေကို ခင်ဗျားမြင်လား? သူတို့ပေါ်မှာရှိတဲ့ သစ်ရွက်တိုင်းက ကျုပ်အမြင်အရတော့ ထူးကဲတဲ့ အနုပညာလက်ရာပဲ! ပြီးတော့ ဘေးက ခုံကိုမြင်လား၊ သူ့မှာရှိတဲ့ ထူးခြားတဲ့ဒီဇိုင်းကိုကြည့်လိုက်ဦး......" မန်နေဂျာ အန်လီဆိုနံဘေး၌ စုဝေးနေကြသော သတင်းထောက်မှာ အနည်းအကျဉ်းသာဖြစ်သော်လည်း ရှုယီဘေးနား၌မူ မရေတွက်နိုင်လောက်အောင်ရှိနေသဖြင့် နေရာလပ်ပင် မကျန်တော့ချေ။
"ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒီမှော်စက်ထုတ်လုပ်ရေးနည်းပညာ ဖလှယ်မှုရဲ့ ရည်ရွယ်ချက်က ဘာများလဲ?" «အန်ဗီမာ တိုင်းမ်စ်»မှ သတင်းထောက်တစ်ဦးက ကျယ်လောင်စွာဖြင့် မေးလာသည်။
ရှုယီက ထိုသတင်းထောက်ကို အသိအမှတ်ပြုသည့် သဘောဖြင့် ခေါင်းငြိမ့်ပြကာ အသာပြုံး၍ ဖြေလိုက်၏၊ "ထုတ်လုပ်ရေးနည်းပညာဖလှယ်မှုက နည်းပညာကို ဖလှယ်ဖို့ပဲပေါ့။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အဓိကလုပ်ငန်းက မှော်စက်တွေပဲဆိုတော့ ကျုပ်တို့ ဖလှယ်မယ့်နည်းပညာကလည်း သဘာဝကျကျနဲ့ပဲ မှော်စက် ထုတ်လုပ်ခြင်းနည်းပညာပဲလေ။"
"ဥက္ကဌရှု၊ ဖလှယ်မှုတစ်ခုရှိတယ်လို့ပြောလိုက်ကတည်းက Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကိုယ်ပိုင် မှော်စက်ထုတ်လုပ်ရေးနည်းပညာကို ထုတ်ပေးဖို့ စီစဉ်နေတဲ့ အဓိပ္ပာယ်လား" နောက်ထပ် သတင်းထောက်တစ်ဦးက အသံကျယ်ကျယ်ဖြင့်မေးလာသည်။
ရှုယီလည်း နံဘေးရှိ သတင်းထောက်များကိုကြည့်ကာ ၎င်းတို့မျက်နှာထက်၌ မျှော်လင့်ချက်ကို တွေ့လိုက်ရသည်။ အပြုံးဖျော့ဖျော့ဖြင့် သူက ခေါင်းအသာငြိမ့်လျက်၊ "ဟုတ်ပါတယ်။"
ထိုအဖြေကိုကြားသော် သတင်းထောက်အားလုံးမှာ တမုဟုတ်ချင်း စိတ်လှုပ်ရှားသွားကြ၏။
ကြော်ငြာများနှင့် သတင်းထောက်များမှတဆင့် Frestech ကုန်သည်ကြီးများအသင်းအကြောင်းကို «အန်ဗီမာ တိုင်းမ်စ်»နှင့် «လမ်ပူရီ အပတ်စဉ်»တို့တွင် ထုတ်ပြန်ခဲ့ကာ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်ထုတ်လုပ်ခြင်းနည်းပညာကိုရောင်းရန် စီစဉ်နေကြောင်းသိကြသော်လည်း ရှုယီ ဝန်ခံလာမှသာ လူများက အမှန်တရားဟု ခံစားမိကြသည်။
Frestech ကုန်သည်ကြီးများအသင်းက သုံးနှစ်ကြာသာ တည်ထောင်ခဲ့ရသေးသော လုပ်ငန်းစုဖြစ်သော်လည်း ထိုသုံးနှစ်အတွင်း ၎င်းတို့၏ တိုးတက်နှုန်းက လူတိုင်းကို ထိတ်လန့်အံ့အားသင့်စေသည်။
Frestech ကုန်သည်ကြီးများအသင်း၏ «အန်ဗီမာ တိုင်းမ်စ်»မှ သုံးသပ်ချက်ကို သုံးရလျှင် ၎င်းက အခြေခံအားဖြင့် ဆန်းကြယ်ဖြစ်ရပ်ပင်။
ထိုသုံးနှစ်ကျော်အတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ မည်သည်မှ မရှိဘဲ စတင်ခဲ့ပြီး စတက်တိန်း နယ်မြေ၊ ဆန်နက်မြေရိုင်းနှင့် ရူဒ်ဆန် တိုင်းပြည်တို့နှင့် ချိတ်ဆက်လျက် ဘန်တာမြို့၌ ထိပ်တန်းလုပ်ငန်းစုဖြစ်လာသည်။
တစ်ချိန်တည်းမှာပင် Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်သည့် မှော်စက်အမျိုးမျိုးမှာ တိုင်းပြည်၏ ထောင့်တိုင်း၊ အိမ်ထောင်စုတိုင်းကို ထိုးဖောက်ဝင်ရောက်ခဲ့လေ၏။
လက်ရှိတွင် မည်သည့် အိမ်ထောင်စုထဲသို့ လျှောက်ဝင်သွားသည်ဖြစ်စေ အနည်းဆုံး Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်ထားသည့် မှော်စက်တစ်လုံး သို့မဟုတ် မြောက်များစွာကို တွေ့ရလိမ့်မည်။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်း၏ တွန်းအားဖြင့် ဘန်တာမြို့ကဲ့သို့ မြို့လေးမှာ တိုင်းပြည်အတွက် အချက်အချာမြို့ကြီးတစ်ခုဖြစ်လာသည်။ ၎င်းက တိုင်းပြည်တစ်ခုလုံး၏ စီးပွားရေးဗဟိုချက်ပင် တဖြည်းဖြည်းဖြစ်လာ၏။
တိုင်းပြည်၏ အလုပ်သမားဌာနထံမှ စာရင်းများအရ ဘန်တာမြို့ရှိ မြို့နယ်တွင်းမြို့နယ်က အလုပ်သမားများမှာ အယောက်သုံးသိန်းကိုပင် ကျော်လွန်သွားပြီဖြစ်သည်!
ဘန်တာမြို့တွင် လမ်ပူရီတိုင်းပြည်၏ အခြားမြို့များစွာမှ လူများရှိနေသည်။ လူပုလေးများ၊ နတ်သူငယ်များနှင့် သားရဲလူမျိုးအလုပ်သမားများပင်ရှိနေရာ တိုင်းပြည်ရှိ အတိုးတက်ဆုံးမြို့တော်ဖြစ်လာသည်။
အန်ဗီမာမြို့တော်၌ နေထိုင်ခဲ့သော လူများသည်ပင် မြို့တော်မှာနေခြင်းဖြစ်သဖြင့် အခြားလူများထက် ထူးကဲသလိုခံစားရနေသော်လည်း ဘန်တာမြို့ကို ထုတ်ပြောလိုက်လျှင် လွမ်းဆွတ်နေဟန် အနည်းငယ်ပြကြသည်။
ထိုပြောင်းလဲမှုများ၏ အကြောင်းရင်းမှာ Frestech ကုန်သည်ကြီးများအသင်းဖြစ်၏။
Frestech ကုန်သည်ကြီးများအသင်းထံ၌ ထိုသို့သော အစွမ်းအစရှိရခြင်းမှာ သဘာဝကျစွာပင် ၎င်းတို့ထုတ်လုပ်ခဲ့သော မှော်စက်များကြောင့်ဖြစ်သည်။
၎င်းမတိုင်ခင်တွင် Frestech ကုန်သည်ကြီးများအသင်းက မှော်ပန်ကာများနှင့် မှော်ရေနွေးအိုးနည်းပညာကို ကူးပြောင်းပေးခဲ့သည်။ ထိုနည်းပညာနှစ်မျိုးနှင့်တင် ၎င်းက မိုးရွာပြီးနောက် မှိုပွင့်များထွက်လာသလို မှော်ပန်ကာနှင့် မှော်ရေနွေးအိုးထုတ်လုပ်သည့် လုပ်ငန်းစု အကြီးအသေးများစွာက တိုင်းပြည်တဝှမ်းပေါ်ထွက်လာသည်။
ထို့နောက် ၎င်းမှော်ပန်ကာ၊ မှော်ရေနွေးအိုးတို့နှင့်ပင် ၎င်းလုပ်ငန်းစုများအတွက် အလုပ်လုပ်ပေးသည့် လူများစွာ အလုပ်သမားများစွာကို ထောက်ပံ့ပေးခဲ့၏။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ အခြားမှော်စက်များအတွက် နည်းပညာကို လွှဲပြောင်းပေးတော့မည်ဖြစ်သည်!
ရှုယီကို ဝိုင်းထားကြသော သတင်းထောက်များမှာ ထိုသတင်းပြန့်သွားပြီးနောက်တွင် တိုင်းပြည်ရှိ လူများစွာက ရူးသွပ်သွားလောက်နိုင်ကြောင်း စိတ်ကူးနိုင်၏။
"ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဘယ်လိုနည်းပညာမျိုးကို လွှဲပြောင်းပေးဖို့ စီစဉ်ထားသလဲဗျ? ဘယ်အမျိုးအစားနည်းပညာကိုမဆို လွှဲပြောင်းပေးမှာများလား?" သတင်းထောက်တစ်ဦးက ကျယ်လောင်စွာမေးသည်။
"မဟုတ်ပါဘူး၊ ကျုပ်တို့ နည်းပညာအားလုံးတော့ မဟုတ်ဘူးပေါ့။" ရှုယီက ခေါင်းခါသည်၊ "လက်ရှိမှာ ကျုပ်တို့ လုပ်ငန်းစုက အိမ်သုံးမှော်စက်ပစ္စည်းအတွက် နည်းပညာကို လွှဲပြောင်းပေးဖို့ သတ်မှတ်ထားပါတယ်။ တခြားနည်းပညာတွေကိုတော့ လတ်တလောမှာ လွှဲပြောင်းဖို့ မစီစဉ်ထားသေးပါဘူး။"
ထိုအဖြေကို ကြားသော် သတင်းထောက်များက အနည်းငယ်စိတ်ပျက်သွားဟန်ပေါ်သော်လည်း စဉ်းစားပြီးနောက်၌ တစ်ဖန် စိတ်လှုပ်ရှားလာကြသည်။
"ဥက္ကဌရှု၊ အခုလတ်တလောမှာ လွှဲပြောင်းပေးဖို့ မစီစဉ်ထားဘူးလို့ပြောတယ်နော်။ ဒါက အနာဂတ်မှာတော့ လွှဲပြောင်းပေးဖို့ စဉ်းစားထားတဲ့ အဓိပ္ပာယ်လား?"
ရှုယီ အသာပြုံးကာ၊ "ဒီလောကမှာ မဖြစ်နိုင်တာ မရှိပါဘူး။"
"ဟုန်း!"
သတင်းထောက်များမှာ တစ်ဖန်ဆူဆူညံညံဖြစ်သွားပြန်သည်။
ရှုယီထံမှ ၎င်းအဖြေက ရှင်းလင်းစွာပင် အနာဂတ်၌ ဖြစ်နိုင်ချေတစ်ခုရှိသည့် အဓိပ္ပာယ်ရ၏။
အိမ်သုံးမှော်စက်ဌာနက Frestech ကုန်သည်ကြီးများအသင်း၏ အင်မတန်အရေးကြီးအစိတ်အပိုင်းမဟုတ်သည်ကို လူတိုင်းနားလည်ကြ၏။ ဆန့်ကျင်ဘက်အားဖြင့် ထုတ်လုပ်ရေးမှော်စက်များနှင့် လတ်တလော လွှဲပြောင်းခြင်းမပြုသေးသည့် အခြားနည်းပညာမှာ ပို၍ အရေးကြီးသည်။
"ဒါဆို ဥက္ကဌရှု ဒီနည်းပညာလွှဲပြောင်းမှုက မှော်ပန်ကာနဲ့ မှော်ရေနွေးအိုးတို့လိုပဲဖြစ်မှာလား? နည်းပညာကိုလွှဲပြောင်းပေးရုံတင်မကဘဲ လမ်းညွှန်ကိုပါ ထောက်ပံ့ပေးမှာပေါ့?"
"မဟုတ်ပါဘူး၊ ဒီတစ်ခေါက် ကျုပ်တို့လုပ်ငန်းစုက အရင်ကနဲ့ယှဉ်ရင် ပိုပြီးတော့တောင် နှံ့စပ်ပါတယ်။" ရှုယီ၏ မျက်နှာက အနည်းငယ်လေးနက်လာကာ၊ "အချက်ကျကျပြောရရင် မှော်ရေနွေးအိုးနဲ့ မှော်ပန်ကာတို့ရဲ့ နည်းပညာကို နောက်ဆုံး လွှဲပြောင်းပေးပြီးနောက်တော့ တိုးတက်မှုနဲ့ပတ်သက်ပြီး ကျုပ် အတော်လေး စိတ်တိုင်းမကျဖြစ်ခဲ့တာ။ ဒီတော့ ပိုကောင်းတဲ့ ရလာဒ်ရဖို့ ကျုပ်တို့လုပ်ငန်းစုကနေပြီး တခြားအိမ်သုံးမှော်စက်နည်းပညာကို လွှဲပြောင်းပေးချိန်မှာ ပိုမြင့်တဲ့ တောင်းဆိုမှုနဲ့ စံနှုန်းတွေ ထားရှိမှာပါ။"
နံဘေးရှိ သတင်းထောက်များမှာ အံ့ဩသွားကြသည်။
"ပိုမြင့်တဲ့ တောင်းဆိုမှုနဲ့ စံနှုန်းတွေ? ဒါက ဘာအဓိပ္ပာယ်များလဲ?"
"အတိအကျပြောရရင် ကျုပ်အနေနဲ့ အခြားလုပ်ငန်းစုတွေက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စံနှုန်းတွေကို လေ့လာရမှာဖြစ်ပြီး ကြုံသလို ပြောင်းလဲမှာ မလုပ်တော့ဖို့ မျှော်လင့်ပါတယ်။"
ရှုယီ၏စကားလုံးများက အနည်းငယ် မယဉ်မကျေးဖြစ်နေကာ သတင်းထောက်များကို အနည်းငယ် အံ့ဩသွားစေသည်။
အတန်ငယ်တိတ်ဆိတ်နေပြီးနောက် သတင်းထောက်တစ်ဦးက လက်မြှောက်ကာ မေးသည်၊ "ဥက္ကဌရှု၊ ကျုပ် ဒါကို တခြားလုပ်ငန်းစုတွေအနေနဲ့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီက နည်းပညာဝယ်ချင်ရင် မှော်စက်တွေထုတ်လုပ်တဲ့နေရာမှာ ခင်ဗျားပေးတဲ့ စံချိန်အတိုင်းလိုက်နာရမယ်ဆိုပြီး အဓိပ္ပာယ်ကောက်လို့ရလား?"
"အမှန်ပါပဲ"
"ဒါဆို တခြားလုပ်ငန်းစုတွေက ဒီနည်းပညာနဲ့ပတ်သက်လို့ တိုးတက်မှုလုပ်ချင်ရင်ရော? ဒါက သူတို့ကို အကျပ်မရိုက်စေဘူးလား? အရင်က တခြားလုပ်ငန်းစုတွေကို သုတေသနပိုလုပ်ဖို့ ပြောခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းကို တခြားလုပ်ငန်းစုတွေက ကျော်သွားလည်း ဝမ်းသာတယ်လို့ အားတောင်ပေးခဲ့တာကို မှတ်မိပါသေးတယ်။ ခင်ဗျားရဲ့ အတွေးတွေပြောင်းသွားလို့များလား?"
"မဟုတ်ပါဘူး၊ စံနှုန်းတွေကို လေ့လာပြီး တိုးတက်မှုလုပ်တာက ဆန့်ကျင်မနေပါဘူး။ စံနှုန်းက တူညီတဲ့ နယ်ပယ်က လူတွေကို အတူ တိုးတက်စေပြီး အချိန်နဲ့ အားထုတ်မှု သက်သာစေဖို့ဖြစ်တာကြောင့် အရမ်းအရေးကြီးတဲ့အရာပါ။ ဥပမာပေးရရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ Frestech အမှတ်တံဆိပ် မှော်ပန်ကာက လက်ရှိမှာ ဝက်အူရစ်အမျိုးစားသုံးခုကိုသုံးနေပြီး လက်ရှိ စံနှုန်းလည်းဖြစ်တယ်။ လုပ်ငန်းစုတစ်ခုက တခြားမော်ဒယ်ဝက်အူရစ်တွေကို သုံးမယ်ဆိုရင် သုတေသနအသစ်လုပ်ရမှာမို့ မလိုအပ်ဘဲ အချိန်နဲ့ အင်အားကို ဖြုန်းတီးရာကျတယ်လေ။" ရှုယီက ရှင်းပြသည်။
"ဒါဆို ဥက္ကဌ၊ ဘာလို့ တခြားလုပ်ငန်းစုတွေက စံနှုန်းသတ်မှတ်လို့မရတာလဲ၊ ဘာလို့ Frestech ကုန်သည်ကြီးများအသင်းပဲ ဖြစ်ရမှာလဲ?" သတင်းထောက်တစ်ဦးက မယုံကြည်နိုင်ဟန်ဖြင့် မေးလာသည်။
ထိုမေးခွန်းကိုမေးပြီးနောက် ၎င်းသတင်းထောက်က အခြားသတင်းထောက်များအားလုံး သူ့အား ငတုံးတစ်ယောက်နှယ်ကြည့်နေကြသည့်ကို မြင်လိုက်ရသည်။
ဒီငတုံးကတော့!
Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက်မှုနယ်ပယ်၏ အံမတုနိုင်သော သူဌေးဖြစ်ရာ ၎င်းတို့သာမဟုတ်ပါလျှင် မည်သူက စံနှုန်းသတ်မှတ်မည်နည်း?
ရှုယီက အသာပြုံးလျက်ဆိုသည်၊ "လက်ရှိမှာ ပြောရရင်၊ Frestech ကုန်သည်ကြီးများအသင်းကလွဲ တခြားလုပ်ငန်းစုတွေမှာ တခြားမှော်စက်တွေလုပ်ဖို့ အစွမ်းအစမရှိဘူးလေ။ ဒီတော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကပဲ စံနှုန်းသတ်မှတ်ဖို့ အရည်အချင်းမီတာပေါ့။ တခြားလုပ်ငန်းစုတွေကသာ ဒါကိုမလိုက်နာချင်ရင် ကျုပ်ကတော့ စိတ်မကောင်းပါဘူးလို့ပဲ ပြောနိုင်တယ်။"
ထိုမေးခွန်း မေးခဲ့သည့်သတင်းထောက်က အသံတိုးတိုးဖြင့် ညည်းတွားလိုက်သော်လည်း မည်သည်ကိုမှ မဆိုဝံ့တော့ချေ။
၎င်း အခြေခံမေးခွန်းလေးများမေးပြီးနောက်၌ သတင်းထောက်များမှာ နည်းပညာလွှဲပြောင်းမှု၏ အသေးစိတ်အချက်အလက်များဘက် အာရုံရောက်လာကြသည်။
ထိုအချိန်၌ ရှုယီက ပြန်ဆုတ်သွားပြီး နံဘေးရှိ ပြင်ဆင်ထားပြီးသား အာကာလီနှင့် အီဗီတာတို့က စင်မြင့်ပေါ် တက်လာကြသည်။
နည်းပညာဆိုင်ရာမေးခွန်းများအတွက်ကို နည်းပညာဝန်ထမ်းကသာ ဖြေရမည်ပင်။
***