အခန်း (၁၁၁-၁၂၀)
Vol. 3 Ch. 111-120
Vol 3, အခန်း ၁၁၁။ အဲ့အစား ငါတို့ ဆုံးရှုံးခဲ့ရတယ်
ထုတ်ကုန်ဖလှယ်မှုတွေ့ဆုံပွဲကို သုံးရက်တာ အချိန်ဇယားဆွဲထားသော်လည်း ပထမနေ့တွင် အံ့အားသင့်ဖွယ် သတင်းတစ်ခု ထွက်လာခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်ထုတ်လုပ်ရေးနည်းပညာ ရောင်းချမည့်သတင်းကို သတင်းစာအမျိုးမျိုးမှ သိလိုက်ရပြီးနောက်တွင် အန်ဗီမာမြို့တော်သို့ အလျင်စလိုရောက်လာပြီး ထိုထုတ်ကုန်ဖလှယ်မှုတွေ့ဆုံပွဲသို့ အချိန်မီလာကြသည့် လုပ်ငန်းစုများ မရေတွက်နိုင်အောင်ရှိသည်။
ပထမနေ့ပြီးသွားချိန်တွင် Frestech ကုန်သည်ကြီးများအသင်းနှင့် ကနဦးသဘောတူညီမှုအထိ ရောက်ရှိခဲ့သည့် လုပ်ငန်းစုမှာ ခုနစ်ဆယ့်ခြောက်စုအထိရှိသည်။
စာရင်းများအတွက် ထိုလုပ်ငန်းစု ခုနစ်ဆယ့်ခြောက်ခုထံ၌ စုစုပေါင်း ကူးပြောင်းချက် သဘောတူညီမှု တစ်ရာနှစ်ဆယ့်ခုနစ်မျိုးရှိသည်။ ၎င်းအတွက် စုစုပေါင်းက ရွှေဒင်္ဂါး ဆယ်သန်းအထိပင်ရောက်ရှိခဲ့၏!
ထို့အပြင် ၎င်းက နည်းပညာ ကူးပြောင်းပေးသည့် ဝင်ငွေသာဖြစ်၏။ အလုပ်သမားများကို လေ့ကျင့်ပေးခြင်းနှင့် နည်းပညာလမ်းညွှန်များထောက်ပံ့ပေးခြင်းတို့အတွက် အခကြေးငွေကိုပါ ပေါင်းထည့်လျှင် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတစ်ရာနှစ်ဆယ့်ခုနှစ်မျိုးသော သဘောတူညီမှုများမှ ရွှေဒင်္ဂါးဆယ့်သုံးသန်းဝင်ခဲ့သည်!
ထိုသည်မှာ နည်းပညာအရသာဖြစ်သည်။ လုပ်ငန်းစုများအနေနှင့် အိမ်သုံးမှော်စက်များအတွက် ထုတ်လုပ်ရေးနည်းလမ်းများကို ဝယ်ယူလိုနေကတည်းက သက်ဆိုင်ရာ ထုတ်လုပ်ရေးမှော်စက်များကိုလည်း Frestech ကုန်သည်ကြီးများအသင်းထံမှ ဝယ်ယူရမည်ဖြစ်သည်။
ထုတ်လုပ်ရေးမှော်စက်များက ဈေးမပေါသလို ထုတ်လုပ်ရေးလိုင်းတစ်ခုလုံးကို ဝယ်ယူရန် များစွာ ကုန်ကျမည်ဖြစ်၏။
၎င်းမှ အမြတ်အစွန်းကို လတ်တလော၌ မတွက်ချက်နိုင်ပါသော်လည်း စာချုပ် တစ်ရာနှစ်ဆယ့်ခုနစ်ခုမှာ အနည်းဆုံး ထုတ်လုပ်ရေးလိုင်း တစ်ရာနှစ်ဆယ့်ခုနစ်လိုင်းကို လိုအပ်သဖြင့် အမြတ်အစွန်း ရွှေဒင်္ဂါးသုံးသန်းရှိသည်။
ထိုသည်က တစ်ရက်တည်းနှင့် Frestech ကုန်သည်ကြီးများအသင်းက ရွှေဒင်္ဂါး ဆယ့်ငါးသန်း ဝင်ခဲ့သည့် အဓိပ္ပာယ်ပါပင်!
ထိုသည်က သဘာဝအားဖြင့် များပြားလှသော ပမာဏပင်။ အမြဲတစေတည်ငြိမ်နေခဲ့သည့် အီဗီတာသည်ပင် ရှုယီထံမှ ထိုအရေအတွက်ကို ကြားပြီးနောက် စကားမဆိုနိုင်လောက်အောင်အထိ အံ့ဩနေသည်။
စိတ်လှုပ်ရှားတတ်သော အာကာလီဆိုလျှင် ပါးစပ်ကျယ်ကျယ်ဟလျက် မျက်လုံးများ ပြူးရင်း မျက်နှာ၌ မယုံကြည်နိုင်ဟန် ပြည့်နေ၏။
"ဥက....ဥက္ကဌ......ဒီလောက် ရွှေဒင်္ဂါး အများကြီးကို.....ရှင် ဘယ်လိုသုံးမှာလဲ......" ခဏကြာသော်အာကာလီက ၎င်းကို ပြောနိုင်သွားသည်။
ရှုယီ၏ အခြားလုပ်ငန်းစုများထံရှိ ထက်သန်မှုအတွက် ခန့်မှန်းခြေမှာ အနည်းငယ် နိမ့်ပါသော်လည်း စိတ်ကိုပြင်ဆင်ထားပြီးသားပင်။ သူက ထိုပမာဏကြောင့် တကယ်တမ်း အံ့ဩမသွားဘဲ အပြုံးဖြင့်သာ ခေါင်းခါကာ၊ “ဒါကို များတယ်လို့ထင်လား?"
"ဒါပေါ့" အီဗီတာက သက်ပြင်းချသည်။ သူမက ထိတ်လန့်သွားခဲ့သည့်နှယ် ရင်ဘတ်ကိုပုတ်လျက်၊ "ရွှေဒင်္ဂါးဆယ့်ငါးသန်း! ဥက္ကဌ ရှင်ဒါကို များတယ်လို့မထင်ဘူးလား?"
"ဟုတ်တယ်၊ ကျွန်မတို့လုပ်ငန်းစုကို ဖွင့်ခဲ့တာ သုံးနှစ်လောက်ရှိပြီး အရာအားလုံးကို ပေါင်းထည့်ရင်တောင် ဒီလောက်မဝင်ခဲ့ဖူးဘူးလေ။ တစ်ရက်တည်းနဲ့တင် ဒီလောက်များများရဖို့ဆိုတာက လုံလောက်တယ်လို့မထင်ဘူးလား?"
"မလုံလောက်တာတော့မဟုတ်ပါဘူး၊ ဒါပေမယ့်....." ရှုယီက စာချုပ်အပုံလိုက်ကြီးကိုကြည့်ကာ ဖြည်းဖြည်းသာသာခေါင်းခါ၍၊ "ရိုးရိုးသားသားပြောရရင်၊ ကျုပ်တို့လုပ်ငန်းစုက ဘာကိုမှ ရတာမဟုတ်ဘူး၊ အဲ့အစား ဆုံးရှုံးလိုက်တာပဲ။"
"ဆုံးရှုံးတယ်?" အီဗီတာနှင့် အာကာလီတို့နှစ်ဦးစလုံး မျက်လုံးများကျယ်သွားကာ၊ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"
"ခင်ဗျားတို့က ဒီနေ့ရဲ့ အမြတ်အစွန်းကိုပဲ ကြည့်တာလေ၊ ဒါပေမယ့် ကျုပ်တို့လုပ်ငန်းစုသာ ဒီနည်းပညာကိုသိမ်းထားရင် ဒီအိမ်သုံးမှော်စက်တွေအားလုံးကို လက်ဝါးကြီးအုပ်ထားဖို့ ထိန်းသိမ်းထားရင် ဘယ်လောက်တောင်ရလိုက်မလဲ?" ရှုယီက ပြန်မေး၏။
အာကာလီနှင့် အီဗီတာတို့က တစ်ဦးနှင့်တစ်ဦးကြည့်ကာ အတွေးထဲမျောသွားသည်။
ခဏကြာသည့်နောက် အီဗီတာက ခေါင်းငြိမ့်ကာပြောသည်၊ "ကျွန်မနားလည်တယ်။ ဥက္ကဌ၊ ကျွန်မတို့ တကယ်ပဲ ဆုံးရှုံးတာပဲ။ ကျွန်မတို့လုပ်ငန်းစုက ဒီအိမ်သုံးမှော်စက်တွေကနေ တစ်နှစ် ရွှေဒင်္ဂါးတစ်သန်းအနည်းဆုံးဝင်ရင် တိုင်းပြည်ရဲ့နေရာတိုင်းကိုပို့ပြီးနောက် ဒါမှမဟုတ် တခြားတိုင်းပြည်တွေဆီ ပို့တဲ့အခါ တစ်နှစ်ကို ရွှေဒင်္ဂါးသန်းပေါင်းများစွာ ရနိုင်တာပဲ။ ဆယ့်ငါးသန်းက များပေမယ့်လည်း ကျွန်မတို့လုပ်ငန်းစုက ချောချောမွေ့မွေ့တိုးတက်နေသရွေ့ သေချာပေါက် အနာဂတ်မှာ ဒါထက် ပိုဝင်မှာပဲ။"
"ဒါပေမယ့် ကျွန်မတို့လုပ်ငန်းစုသာ ချောချောမွေ့မွေ့မတိုးတက်ရင်ရော?" အာကာလီက စဉ်းစားပြီးမေးလာ၏။
အီဗီတာက သူမကိုကြည့်ကာ၊ "ဘာပေါက်ကရပြောနေတာလဲ? ဥက္ကဌဒီမှာရှိနေမှတော့ လုပ်ငန်းစုက ဘယ်လိုလုပ် ချောချောမွေ့မွေ့မတိုးတက်မှာလဲ?"
အာကာလီမှာ မှားယွင်းစွာပြောလိုက်မှန်းသိသဖြင့် ရှက်ရွံ့စွာ လျှာတစ်လစ်ထုတ်လိုက်သည်။ ထို့နောက် ရှုယီကို ပြောစ၊ "ဥက္ကဌ၊ ဒါက ပေါက်ကရပါ စိတ်ထဲမထားပါနဲ့။ အီဗီတာက မှန်တယ်၊ ရှင်ရှိနေမှတော့ ကျွန်မတို့လုပ်ငန်းစု သေချာပေါက် ကောင်းကောင်းဖွံ့ဖြိုးမှာပဲ။ ပြီးတော့ အဆုံးမှာ ဥက္ကဌ ကျွန်မတို့လုပ်ငန်းစုက ငွေဝင်ဖို့ ဒီနည်းပညာကို အားထားနိုင်တာကို သိနေရဲ့နဲ့ ဘာလို့ လွှဲပြောင်းခဲ့တာလဲ?"
"ဒါက ကျုပ်တို့ရဲ့ ရေရည်ဗျူဟာအတွက်ပါ....."
ရှုယီက ရိုးရှင်းစွာဖြင့် မှော်စက်မှုစနစ်တည်ထောင်မည့် အကြံကို ရှင်းပြလိုက်သည်။
၎င်းမှာ ယခင်က ဟိန့်ဇ်နှင့် ခမ်နက်ဒ်တို့ထံ ပြောပြခဲ့ဖူးသည့် အတွေးအမှန်များနှင့် အတန်ငယ် ခြားနားနေသည်။ အီဗီတာနှင့် အာကာလီတို့ နှစ်ဦးစလုံးက လေးနက်စွာပင် သူ့ထံနားထောင်နေပြီး ဟိန့်ဇ်ကဲ့သို့ မေးခွန်းများစွာမမေးသလို ခမ်နက်ဒ်ကဲ့သို့လည်း မည်မျှ လက်တွေ့ကျသည်ကို ရှာဖွေမနေချေ။ ထိုအစား ရှုယီကိုသာ တအံ့တဩကြည့်လျက် မျက်လုံးလေးများ၌ လေးစားမှုဖြင့်ပြည့်နေကြသည်။
ရှုယီ ရှင်းပြ၍ မပြီးခင်တွင် အာကာလီက ရှုယီလက်ကိုဆွဲ၍ စိတ်လှုပ်တရှားပြောလေ၏၊ "ဥက္ကဌ၊ ရှင်ကတကယ်ကို အံ့ဩစရာပဲ! ကျွန်မရှင့်ကို သောက်ရမ်း ချစ်လိုက်တာ!"
အီဗီတာက အာကာလီလောက် မချဲ့ကားသော်လည်း သူမ၏မျက်နှာထားအရ အာကာလီနှင့် သိပ်မခြားလောက်ပေ။
ရှုယီက ရယ်လိုက်ပြီးနောက် အာကာလီ၏ခေါင်းကို ထိလိုက်သည်၊ "တော်တော့။ ခင်ဗျား ဒီလိုဆက်ပြောလို့ တခြားလူတွေသာကြားရင် ရှေ့လျှောက် လက်ထပ်ဖို့ မဖြစ်နိုင်လောက်တော့ဘူး။"
"ဟမ့်၊ ကျွန်မ လက်မထပ်ရလည်း ဘာဖြစ်လဲ။ ဥက္ကဌ ကျွန်မကို သဘောကျရင်ပြီးတာပဲ၊ အဆိုးဆုံး ရှင့်ရဲ့ ချစ်သူဖြစ်လိုက်ရုံပေါ့။" အာကာလီက ပြုံးကာပြော၏။
"ခင်ဗျားအရင်ဆုံး စတေးလ်ကို စည်းရုံးသင့်တယ်။"
ရှုယီက မျက်လုံးများလှိမ့်လျက် လက်ကိုဆွဲထုတ်လိုက်သည်။ သူက ၎င်းတို့နှစ်ဦးထံ ကိစ္စတချို့ပြောကာ အချက်အလက်တချို့ စုစည်းခိုင်းထားလိုက်ပြီးနောက် Solaga အနုပညာခန်းမမှ ထွက်လာသည်။
မော့ကြည့်လိုက်ချိန်၌ ညရောက်လာပြီကိုမြင်သော် ရှုယီမှာ ကောင့်ထ်စီယန်၏ အဆောက်အဦသို့ ဦးတည်လိုက်သည်။ ဝင်လာချိန်တွင် အိမ်စေလမ်က ထူးဆန်းနေဟန်ဖြင့် ရှေ့တိုးလာ၏။
"ဥက္ကဌ၊ ဧည့်သည်ရောက်နေတယ်။"
"အမ်း၊ ကျုပ်သိပြီ။" ရှုယီက ခေါင်းငြိမ့်ကာ၊ "မဟာမှော်ပညာရှင် ကမ်မီလာနဲ့ မဟာမှော်ပညာရှင် တယ်လုချီတို့လား?"
"မဟာမှော်ပညာရှင်နှစ်ယောက်က တစ်ဖွဲ့ပါ။ သူတို့အပြင် တခြားဧည့်သည့်သုံးဖွဲ့ရှိသေးတယ်။"
အိမ်စေလမ်က ရှုယီကို အံ့ဩစွာကြည့်လျက် ဥက္ကဌရှုမှာ ကောင့်ထ်စီယန်ထက်ပို၍ နာမည်ကြီးသည်ဟု စဉ်းစားလိုက်သည်။ ကောင့်ထ်စီယန် အန်ဗီမာမြို့တော်သို့ လာပါလျှင်တောင် ဤမျှ ဧည့်သည်မများပေ။
"တခြား အဖွဲ့သုံးဖွဲ့ရှိသေးတယ်လား?" ရှုယီက အံ့ဩသွားကာ၊ "ဘယ်သူတွေလဲ?"
"တစ်ဖွဲ့က မြို့တော်မှာရှိတဲ့ လုပ်ငန်းစု နှစ်ခုကဖြစ်ပြီး၊ တစ်ဖွဲ့က အနောက်ဘက် ဟော့ခ်တိုင်းပြည်ကပဲ၊ နောက်ဆုံးအဖွဲ့က စတက်တိန်းနယ်မြေကတဲ့။ သူတို့ရဲ့ အထောက်အထားတွေကို မပြောခဲ့ပေမယ့် ဥက္ကဌရှုဆီက သက်သေခံအမှတ်အသားတွေရှိတယ်။"
"သက်သေခံအမှတ်အသား? ပြပါဦး။"
အိမ်စေလမ်ထံမှ တစ်ဝက်ကျိုးနေသည့် ကျောက်စိမ်းဆွဲပြားကိုယူရင်း ရှုယီမှာ တစ်ချက်ကြည့်ပြီးနောက် ချက်ချင်းနားလည်သွားသည်။ စဉ်းစားကြည့်ပြီးနောက်၌သူက အိမ်စေလမ်ကိုပြောလိုက်၏၊ "ဒီဧည့်သည်ကို သီးသန့်ခန်းတစ်ခန်းမှာထားပြီး နည်းနည်းလောက် စောင့်ခိုင်းလိုက်ပါ။ ကျန်တဲ့ နှစ်ဖွဲ့ကိုတော့....."
ရှုယီကို လာရှာကြသည့် လုပ်ငန်းစုနှစ်စုမှာ ထုတ်ကုန်ဖလှယ်မှုတွေ့ဆုံပွဲအတွက် ရောက်လာခြင်းဖြစ်သည်ကို ခန့်မှန်းနိုင်ပါ၏။ ၎င်းတို့က ရှုယီနှင့် အသေးစိတ်လျှို့ဝှက်စွာ ဆွေးနွေးလိုပြီး တွေ့ဆုံပွဲ၌ သဘောတူလက်မှတ်ထိုးရန် မရွေးချယ်ခဲ့ကြပေ။
အနောက်ဘက် ဟော့ခ်တိုင်းပြည်၏ ကိုယ်စားလှယ်များမှာ အတန်ငယ်ထူးဆန်းသည်။
ဤ အနောက်ဘက် ဟော့ခ်တိုင်းပြည်မှာ လမ်ပူရီတိုင်းပြည် အရှေ့ပိုင်းရှိ တိုင်းပြည်တစ်တိုင်းပြည်ဖြစ်သည်။ ၎င်းတို့တွင် လမ်ပူရီတိုင်းပြည်နှင့် ဆက်ဆံရေးကောင်းရှိပါသော်လည်း ရှုယီနှင့် မဆက်သွယ်ခဲ့ဖူးချေ။
ယခုတွင် ရှုယီနှင့် တွေ့ရန် လူများလွှတ်လိုက်ရာ ယေဘုယျအမြင်အရ Frestech ကုန်သည်ကြီးများအသင်းထုတ် မှော်စက်များအပြင် အခြားအကြောင်းအရင်းလည်း ရှိလောက်သေးသည်။
"သူတို့ကို တခြားအခန်းစီစဉ်ပေးပြီး နည်းနည်းလောက် အချိန်ကူဆွဲထားပေးပါဦး။ ကျုပ် အရင်ဆုံး မဟာမှော်ပညာရှင်နှစ်ယောက်ကို တွေ့လိုက်မယ်။"
အိမ်စေလမ်က ခေါင်းငြိမ့်ပြီး ထွက်သွားသည်။
ရှုယီက အဆောက်အဦရှိ ကိုယ်ပိုင်ခြံဝန်းဆီသွားလိုက်ရာ မဟာမှော်ပညာရှင်ကမ်မီလာက မဟာမှော်ပညာရှင် တယ်လုချီကို အသံတိုးတိုးဖြင့်ပြောနေကြောင်း တွေ့လိုက်ရ၏။
မဟာမှော်ပညာရှင် တယ်လုချီက နေရခက်ဟန်ရှိပြီး မဟာမှော်ပညာရှင်ကမ်မီလာမှ မဟာမှော်ပညာရှင် တယ်လုချီရှင်းပြဖို့ ကြိုးစားနေစဉ်တွင် နှစ်သိမ့်ပေးနေသည်က ရှင်းလင်းပေသည်။
ရှုယီဝင်လာသည်ကိုမြင်သော် မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းခါကာ၊ "ဟုတ်ပြီ အခု ရှုယီရောက်နေပြီဆိုတော့ ခင်ဗျားမေးချင်တာ သူ့ကိုမေးလိုက်ရုံပါပဲ။"
ရှုယီကလည်း မည်သည့်ကျင့်ဝတ်မှပြမနေတော့ပေ။ အပြုံးတစ်ခုဖြင့် မဟာမှော်ပညာရှင်နှစ်ဦးရှေ့ထိုင်ချကာ မဟာမှော်ပညာရှင်တယ်လုချီကိုမေးလိုက်သည်၊ "မဟာမှော်ပညာရှင်ကြီးက ဆုံးဖြတ်ချက်မချရသေးဘူးလား?"
ယမန်နေ့က မဟာမှော်ပညာရှင်မှာ ရှုယီထံ မဟာမှော်ပညာရှင်တယ်လုချီက တွေ့ဆုံလိုကြောင်းပြောခဲ့သလို နှစ်စဉ်လစာ ရွှေဒင်္ဂါးတစ်သောင်းကြောင့် အနည်းငယ်စိတ်လှုပ်ရှားသွားဟန်ပေါ်ကြောင်းလည်း ပြောခဲ့လေ၏။
ရှုယီက သဘာဝကျစွာပင် ၎င်းကိုကြားသော် ဝမ်းသာသွားခဲ့သည်။ မဟာမှော်ပညာရှင်တယ်လုချီသာ Frestech ကုန်သည်ကြီးများအသင်းထံသို့ ဝင်ရောက်လိုပါလျှင် မှော်သုတေသနဌာန၏လုပ်နိုင်စွမ်း သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်း၏ ကျော်ကြားမှုတို့ကို တိုးတက်လာစေမည်ဖြစ်ရာ သဘာဝကျစွာပင် ကြိုဆိုလေသည်။
သို့ရာ၌ မဟာမှော်ပညာရှင်တယ်လုချီက ရှင်းလင်းစွာပင် ဂုဏ်သိက္ခာများစွာရှိသဖြင့် ရှုယီနှင့် ဆုံတွေ့ကာ ဆွေးနွေးလိုပေ၏။
သူ၏ လက်ရှိသွင်ပြင်ကိုမြင်သော် ဆုံးဖြတ်ချက် ချထားဟန်မပေါ်သေးပေ။
မဟာမှော်ပညာရှင်တယ်လုချီက ရှုယီကိုကြည့်ကာ အသာမျက်မှောင်ကုပ်လိုက်သည်။ အနည်းငယ်စဉ်းစားပြီးနောက်တွင် တုံ့ဆိုင်းစွာမေးလသည်၊ "ရှုယီ၊ အကယ်လို့ ငါသာ မင်းတို့လုပ်ငန်းစုမှာ ကမ်မီလာလိုမျိုး ထိပ်ဆုံးအဆင့်သုတေသနပညာရှင်ဖြစ်လာရင် ငါ့ရဲ့နှစ်စဉ်လစာက ရွှေဒင်္ဂါးတစ်သောင်းဖြစ်မှာမဟုတ်လား?"
မဟာမှော်ပညာရှင်တယ်လုချီ၏ အသံအနေအထားက အေးဆေးနေသည်ကိုကြားသော် ရှုယီမှာ ဝမ်းသာသွားသည်။ သူက ခေါင်းတဆတ်ဆတ်ငြိမ့်လျက်ပြောလေ၏၊ "ဟုတ်ပါတယ်၊ မဟာမှော်ပညာရှင်ကြီးလို မဟာမှော်ပညာရှင်တစ်ယောက်က ကျွန်တော်တို့လုပ်ငန်းစုဆီလာချင်ရင် ဂုဏ်ယူစရာပါ။ မဟာမှော်ပညာရှင်ကြီးကိုလည်း မဟာမှော်ပညာရှင်ကမ်မီလာနဲ့ ထပ်တူပဲ ဆက်ဆံမှာပါဗျ။ နှစ်စဉ် လစာတစ်သောင်းအပြင် မဟာမှော်ပညာရှင်ကြီးကို စိတ်တိုင်းကျစေမယ့် တခြားအကျိုးအမြတ်တွေလည်း အတော်များများရှိပါတယ်!"
မဟာမှော်ပညာရှင်တယ်လုချီက ခေါင်းငြိမ့်လိုက်ပြီးနောက် အနည်းငယ်စဉ်းစားကာ မျက်နှာထက်၌ အခက်အခဲဖြစ်နေဟန်ရှိသည်။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက်တွင် သူက အတန်ငယ် ရှက်ရွံ့ဟန်ဖြင့် ဆိုလာ၏။
"ဒီလစာကို..... နည်းနည်းလောက် ပိုမြှင့်ပေးလို့ရမလား?"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၁၂။ မွေးရပ်မြေက လူများအတွက်
ရှုယီနှင့် မဟာမှော်ပညာရှင် ကမ်မီလာတို့မှာ တစ်ပြိုင်တည်း အံ့ဩသွားကြသည်။
မဟာမှော်ပညာရှင်ကမ်မီလာက မဟာမှော်ပညာရှင် တယ်လုချီကို တအံ့တဩကြည့်ပြီးနောက် မနေနိုင်ဘဲ အပြုံးဖြင့် မေးလေသည်၊ "ဟေး တယ်လုချီ, ကျုပ် အမြဲတမ်း ခင်ဗျားက ကျုပ်တို့လူအိုကြီးတွေကြားထဲမှာ ငွေအကြောင်း အနည်းဆုံးပဲ ဂရုစိုက်တဲ့လူလို့ ထင်ခဲ့ပေမယ့် ဒီလောက်ထိ ပြောင်းလဲသွားပြီး ကျုပ်ထက်တောင် ငွေကိုပိုဂရုစိုက်လာမယ်လို့မထင်ထားဘူး! တစ်နှစ် တစ်သောင်းက ခင်ဗျားအတွက် မလုံလောက်ဘူးလား? ဒါဆို ဘယ်လောက်လိုချင်တာလဲ?"
မဟာမှော်ပညာရှင်တယ်လုချီ၏ အင်မတန် ရှက်ရွံ့နေဟန်ကိုမြင်သော် ရှုယီက မဟာမှော်ပညာရှင်ကမ်မီလာထံခေါင်းခါပြလိုက်သည်။ သူက မဟာမှော်ပညာရှင်တယ်လုချီကို အင်မတန် တည်ငြိမ်နေသည့်အသံဖြင့်ပြောလိုက်၏၊ "ကျွန်တော် အားနာပါတယ်လို့ပြောနိုင်မှာကိုပဲ စိုးရိမ်ပါတယ်။ ကျွန်တော်တို့လုပ်ငန်းစုက လစာတွေကို စည်းကမ်းတင်းကြပ်ထားတာကြောင့် ဆန္ဒရှိသလို တိုးပေးလို့မရတာပါ။ ပြီးတော့လည်း မဟာမှော်ပညာရှင်ကြီးက အခုမှ ဝင်ကာစဆိုတော့ မဟာမှော်ပညာရှင်ကမ်မီလာထက် လစာပိုမြင့်နေရင် ကျွန်တော်တို့ တကယ်ပဲ ဘာမှ မပြောနိုင်ပါဘူး။"
မဟာမှော်ပညာရှင်တယ်လုချီက သက်ပြင်းချကာ ခေါင်းငြိမ့်သည်၊ "ငါနားလည်ပါတယ်၊ ငါ အရမ်းလောဘကြီးသွားတာ။"
မဟာမှော်ပညာရှင်ကမ်မီလာက မျက်မှောင်ကုပ်ကာ ပြောသည်၊ "ကျုပ်ပြောမယ် တယ်လုချီ, ခင်ဗျား ဘာပြဿနာတွေကြုံနေရလို့လဲ? ငွေတွေ ဒီလောက်တောင် လိုနေတာလား?"
"ဇာတ်လမ်းကတော့ရှည်တယ်။" မဟာမှော်ပညာရှင်တယ်လုချီက ခေါင်းခါကာ ထရပ်သည်၊ "တစ်နှစ် တစ်သောင်းက လုံလောက်ဖို့လိုနေသေးပြီး ရှုယီက ထပ်မတိုးပေးနိုင်မှတော့ ငါ တခြားအဖြေကိုပဲ စဉ်းစားလိုက်တော့မယ်။"
မဟာမှော်ပညာရှင်တယ်လုချီက ထွက်ခွာတော့မည်ဖြစ်သည်ကိုမြင်သော် ရှုယီက လျင်မြန်စွာထရပ်၍ တားလိုက်သည်။
"မဟာမှော်ပညာရှင်ကြီး၊ မဟာမှော်ပညာရှင်ကြီးမှာသာ ငွေအတော်များများလိုအပ်တဲ့ပြဿနာရှိနေရင် ကျွန်တော် ကူညီနိုင်လောက်မယ်လို့ထင်ပါတယ်။ ပြဿနာအကြောင်းပြောပြပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားခွင့်ပေးရင်ရောဗျ?" ရှုယီက ရိုးရှင်းစွာဆိုလိုက်သည်။
"အသုံးမဝင်ပါဘူး။" မဟာမှော်ပညာရှင်တယ်လုချီက သက်ပြင်းရှည်ကြီးချကာ၊ "အဲ့နေရာက အောက်ခြေလွတ်နေတဲ့တွင်းကြီးပဲ၊ မင်းဆီက ငွေတွေပဲ ဆက်တိုက်ချေးနေလို့တော့ မရဘူးမို့လား? ပြီးတော့လည်း ငါမင်းကို ပြန်ပေးနိုင်မှာ မဟုတ်ဘူး။"
"ဒါက မသေချာဘူးလေ၊ မဟာမှော်ပညာရှင်ကြီးသာ ကျွန်တော်တို့လုပ်ငန်းစုရဲ့ သုတေသနပညာရှင်ဖြစ်လာပြီး အံ့ဩစရာနည်းပညာတချို့ ထုတ်လုပ်နိုင်ခဲ့ရင် အပိုဆုကြေးတွေက နည်းနေမှာမဟုတ်ဘူး။" ရှုယီက အသာပြုံး၍ ပြောလေ၏။
"အပိုဆုကြေးဘယ်လောက်ဖြစ်ဖြစ် တစ်နှစ်ကို ရွှေဒင်္ဂါး လေးသောင်းကနေ ငါးသောင်းအထိတော့ မရှိနိုင်ဘူးမို့လား?" မဟာမှော်ပညာရှင်တယ်လုချီက ခါးသက်စွာရယ်လာသည်။
"လေးသောင်းကနေ ငါးသောင်း?"
ရှုယီက မျက်မှောင်ကုပ်သည်။ မဟာမှော်ပညာရှင်ကမ်မီလာနှင့် အကြည့်တစ်ချက် ဖလှယ်ပြီးနောက်၌ အတွေးထဲနစ်သွားပြီးမှ မဟာမှော်ပညာရှင်တယ်လုချီကို လေးနက်ဟန်ဖြင့် ပြောလိုက်၏၊ "မဟာမှော်ပညာရှင်ကြီး၊ မဟာမှော်ပညာရှင်ကြီးသာ နှစ်တိုင်း ရံပုံငွေ လေးသောင်းကနေ ငါးသောင်းလိုအပ်ရင် ထိုင်ပြီး ကျွန်တော်နဲ့ ဒီကိစ္စကိုဆွေးနွေးသင့်တယ်လို့ထင်တယ်။ ကျွန်တော်က တခြားနေရာတွေမှာသာ မကျွမ်းကျင်ရင် မကျွမ်းကျင်ဘဲနေမယ်၊ ငွေရှာတဲ့နေရာမှတော့...... လမ်ပူရီတိုင်းပြည်မှာ ဘယ်မှော်ပညာရှင်မှ ကျွန်တော့်ကို မယှဉ်နိုင်လောက်ဘူး ဟုတ်တယ်မို့လား? မဟာမှော်ပညာရှင် အီစန်ခယ်တောင် ကျွန်တော့်ကို မယှဉ်နိုင်ပါဘူး။"
"ဟုတ်တယ်၊ ကျုပ်အမြဲတမ်းပြောနေခဲ့တာ၊ ဒီကောင်လေးရှုယီက မှော်ပညာမှာ ပါရမီပါပေမယ့် ငွေရှာနိုင်စွမ်းနဲ့ယှဉ်ရင်တော့ သူ့ရဲ့ မှော်ပညာပါရမီက ဘာမှမဟုတ်နေဘူး။" မဟာမှော်ပညာရှင်ကမ်မီလာက သူ့ကို ထောက်ခံလာသည်၊ "သူ့ရဲ့ ငွေရှာနိုင်စွမ်းကသာ မှော်ပညာပါရမီနှင့် ဆင်တူလောက်ပဲဆိုရင် ဒီကောင်လေး အနာဂတ်မှာ မဟာမှော်ပညာရှင်ဖြစ်လာမယ်လို့ ကျုပ်အာမခံနိုင်တယ်!"
မဟာမှော်ပညာရှင်တယ်လုချီက မဟာမှော်ပညာရှင်ကမ်မီလာကို ကြည့်ပြီးနောက် ရှုယီကိုကြည့်ကာ စဉ်းစား၍ ပြန်ထိုင်ချလိုက်သည်။
"ရှုယီ ငါ ရုတ်တရတ် မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီအတောအတွင်း တိုင်းပြည်ရဲ့ နေရာအတော်များများမှာ ရင်းနှီးမြှုပ်နှံခဲ့တာကို ငါ မှတ်မိသွားပြီ။"
"ဟုတ်ပါတယ်။" ရှုယီက ခေါင်းငြိမ့်ကာ အနည်းငယ် အံ့ဩသွားပြီး၊ "မဟာမှော်ပညာရှင်ကြီးက ဒီကိစ္စကို ဂရုစိုက်လိမ့်မယ်လို့ မထင်ထားဘူး။"
"တခြားနည်းလမ်းမရှိဘူးလေ၊ ဒီအတောအတွင်း ငွေဘယ်လိုဝင်အောင်လုပ်ရမလဲကိုပဲ ဦးနှောက်ကို ဖျစ်ညှစ်စဉ်းစားနေရတာ။" မဟာမှော်ပညာရှင်တယ်လုချီက ကိုယ့်ကိုယ်ကိုသရော်ဟန်ဖြင့် ရယ်လျက်၊ "ရှုယီ ငါသာ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းကို နေရာတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ရင် အဲ့နေရာက လူတွေကို တစ်နှစ် ရွှေဒင်္ဂါး လေးသောင်းကနေ ငါးသောင်းလောက်ဝင်အောင် ကူညီနိုင်မယ်လို့ အာမခံနိုင်လား"
ရှုယီက မျက်မှောင်ကုပ်ကာ၊ "ဒါက ဘယ်နေရာကိုပြောနေသလဲအပေါ်မှာ မူတည်ပါတယ်။ ဒါကသာ ဘယ်အရာမှမရှိတဲ့ တောရိုင်းလိုနေရာဆိုရင် ကျွန်တော့် အစွမ်းအစနဲ့တောင် ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။"
မဟာမှော်ပညာရှင်တယ်လုချီက ခါးသက်သက်ရယ်ကာပြောသည်၊ "အမှန်ပဲ၊ ငါပြောနေတဲ့နေရာက တောရိုင်းနဲ့ ဘာမှကိုမခြားဘူး။ ကာရက်စ်ခါကျွန်းလေ၊ အဲ့နေရာကို အရင်က ကြားဖူးလား?"
"ကာရက်စ်ခါကျွန်း?" ရှုယီက စဉ်းစားလိုက်သည်၊ "အဲဒါက ဆန်နက်မြေရိုင်းရဲ့ အနောက်ဘက်ကမ်းရိုးတန်းကနေဆို သိပ်မဝေးတဲ့နေရာမို့လား? အဲ့မှာ ပင်လယ်ဓားပြတွေနဲ့ ပြည့်နေတာမဟုတ်လား?"
"ပင်လယ်ဓားပြတွေနဲ့ပြည့်နေတယ်?" မဟာမှော်ပညာရှင်တယ်လုချီက နောက်တစ်ခါ ခါးသက်သက်ရယ်ကာ၊ "မင်းရဲ့ ကာရက်စ်ခါကျွန်းအကြောင်း သိနေတဲ့ ဗဟုသုတကို ချီးကျူးချင်ပေမယ့်လည်း ပင်လယ်ဓားပြတွေနဲ့ ပြည့်နေတယ်လို့ပြောဖို့က.....အင်း မှားတယ်လို့တော့ သတ်မှတ်လို့မရဘူး။ ကျွန်းပေါ်မှာ နေတဲ့လူတွေက ပင်လယ်ဓားပြမှမလုပ်ရင် ရှင်သန်ဖို့ နည်းလမ်းမရှိလောက်အောင် ခက်ခဲနေကြတာလေ။"
ရှုယီနှင့် မဟာမှော်ပညာရှင်ကမ်မီလာတို့က မဟာမှော်ပညာရှင်တယ်လုချီကို တအံ့တဩကြည့်လိုက်သည်။ ဘာလို့ ရုတ်တရတ် ကာရက်စ်ခါကျွန်းကို ထုတ်ပြောလာတာလဲ? သူက ဒီပင်လယ်ဓားပြကျွန်းလို့ နာမည်ကျော်တဲ့ ကျွန်းနဲ့ ပတ်သက်နေတာလား?
"ခန့်မှန်းမနေနဲ့တော့ ငါက ကာရက်စ်ခါကျွန်းမှာ မွေးခဲ့ပြီးအဲ့မှာပဲ ကြီးပြင်းခဲ့တာ။"
ရှုယီနှင့် မဟာမှော်ပညာရှင်ကမ်မီလာတို့နှစ်ဦးစလုံး အံ့ဩသွားသည်။
၎င်းတို့မှာ မဟာမှော်ပညာရှင်တယ်လုချီက ထိုပင်လယ်ဓားပြကျွန်းမှ မွေးဖွားခဲ့လိမ့်မည်ဟု ထင်မထားကြချေ!
ရှုယီက မဟာမှော်ပညာရှင်ကမ်မီလာကိုကြည့်ကာ ခေါင်းခါ၏။
"ငါ့ကိုမကြည့်နဲ့။ ငါက တယ်လုချီနဲ့ မိတ်ဆွေဟောင်းတွေဆိုပေမယ့် အရင်က သူ့ရဲ့နောက်ခံကိုပြောပြလာတာ မကြားခဲ့ဖူးဘူး။"
"ကာရက်စ်ခါကျွန်းမှာ မွေးခဲ့တာက ဂုဏ်ယူစရာမဟုတ်တော့ ကျုပ်လည်း ဒီတိုင်းမပြောဘူးလေ။" မဟာမှော်ပညာရှင်တယ်လုချီက သက်ပြင်းချကာ၊ "ရှုယီကို မျှော်လင့်ထားတာကြောင့်သာမဟုတ်ရင် ကျုပ်ပြောမှာမဟုတ်ဘူး။"
"ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။" ရှုယီက စဉ်းစားပြီးနောက် မေးလိုက်ပြန်၏၊ "ဒါဆို မဟာမှော်ပညာရှင်ကြီး တစ်နှစ်ကို အနည်းဆုံး လေးသောင်းကနေ ငါးသောင်းအထိလိုတာက မွေးရပ်မြေက လူတွေကို ကိုယ့်ဘာသာထောက်ပံ့ချင်တာကြောင့်များလား?"
မဟာမှော်ပညာရှင်တယ်လုချီက ရှုယီကို တအံ့တဩကြည့်လာသည်၊ "မင်းက တကယ်ပဲ ခန့်မှန်းလိုက်နိုင်တာလား?"
"ဒါက ခန့်မှန်းကြည့်ဖို့ မခက်ပါဘူး။ ဒီအကြောင်းရင်းကြောင့်သာမဟုတ်ရင် မဟာမှော်ပညာရှင်ကြီး ဒီလောက် စိုးရိမ်နေတာဘာကြောင့်မှန်း ကျွန်တော်မသိလောက်ဘူး။" ရှုယီက အပြုံးဖြင့်ပြောသည်။
"ကောင်းပြီလေ၊ မင်း ခန့်မှန်းချက်က မှန်ပါတယ်။ ကာရက်စ်ခါကျွန်းက ငါ့ရဲ့ မွေးရပ်မြေဆိုပေမယ့် လူနေမှုအဆင့်အတန်းက ဆိုးရွားလွန်းနေတယ်။ ငါ အဲ့မှာ ကြီးပြင်းပြီး မတော်တဆ မှော်ပညာကိုလေ့လာခဲ့လို့သာ နောက်ဆုံးမှာ မဟာမှော်ပညာရှင်ဖြစ်လာတာကြောင့် မွေးရပ်မြေက လူနေမှုဘဝတွေကို ငါ့အစွမ်းအစနဲ့ ပြောင်းလဲပေးနိုင်မယ်ထင်ခဲ့တယ်၊ ဒီတော့ သူတို့ကို နှစ်တွေအကြာကြီး ကူညီနေခဲ့တာ။ ဒါပေမယ့်.....ငါ ထပ်ပြီး မတောင့်ခံနိုင်တော့ဘူး။"
"ခင်ဗျား ကျုပ်ထက် အမြဲတမ်း ချို့တဲ့နေတာ အံ့ဩစရာမရှိတော့ပါဘူး....." မဟာမှော်ပညာရှင်ကမ်မီလာက ရေရွတ်လာ၏၊ "ကျုပ်ပြောမယ် တယ်လုချီ, ကာရက်စ်ခါကျွန်းက လူနေမှုဘဝတွေ ဒီလောက်ဆိုးမှတော့ ဘာလို့ သူတို့ကိုပဲ မပြောင်းခိုင်းရတာလဲ? ခင်ဗျားရဲ့ အထောက်အထားနဲ့ဆို တော်ဝင်လွှတ်တော်ကနေ နေရာတစ်ခု တောင်းဆိုဖို့က ပြဿနာမဟုတ်ဘူးမို့လား?"
"ဟင့်အင်း ဒါက ပြဿနာကြီးပဲ။" မဟာမှော်ပညာရှင်တယ်လုချီ၏ ခါးသက်သက်အပြုံးက ပျောက်ကွယ်မသွားပေ၊ "ကျုပ် ဒီတောင်းဆိုမှုကို တော်ဝင်လွှတ်တော်ဆီတင်ခဲ့ပေမယ့် သူတို့က ငြင်းပယ်ခဲ့တယ်။ အကြောင်းအရင်းကို ခင်ဗျားသိလား?"
"ပင်လယ်ဓားပြတွေကြောင့်လား?" မဟာမှော်ပညာရှင်ကမ်မီလာက ခန့်မှန်းလိုက်သည်။
"ဟုတ်တယ်" မဟာမှော်ပညာရှင်တယ်လုချီ၏ အပြုံးက ပို၍ပင် ခါးသက်လာကာ၊ "သူတို့ပေးတဲ့ အကြောင်းရင်းကို ငြင်းဆန်ခဲ့ပေမယ့်လည်း တခြားနည်းလမ်းမရှိဘူး။ တကယ်တော့ ကာရက်စ်ခါကျွန်းကို ပင်လယ်ဓားပြကျွန်းလို့ခေါ်တာကလည်း မမှားပါဘူး။ ကျုပ်သာ အတိတ်တုန်းက မှော်ပညာလေ့လာဖို့ ကျွန်းကနေ မခွာခဲ့ရင် ကျုပ်လည်း ပင်လယ်ဓားပြဖြစ်လာလောက်တယ်...."
"မဟာမှော်ပညာရှင်အဆင့် ပင်လယ်ဓားပြပေါ့?"
ရှုယီက မဟာမှော်ပညာရှင်တယ်လုချီထံ ထူးဆန်းစွာကြည့်ပြီး နောက်မှ ပုံမှန်ပြန်ဖြစ်သွားသည်။
"မဟာမှော်ပညာရှင်ကြီး၊ ခင်ဗျားရဲ့အပြောကို သုံးသပ်ရရင် ကျွန်းပေါ်ကလူတွေကို လေးသောင်းကနေ ငါးသောင်းအထိ ကိုယ့်ကိုယ်ကိုအားကိုးပြီးထောက်ပံ့မယ့် ခင်ဗျားရဲ့ကနဦးအကြံက သူတို့ရဲ့ လူနေမှုအဆင့်အတန်းကို တိုးမြှင့်ဖို့ပဲလို့ ကျွန်တော်ထင်တယ်။"
"ဟုတ်တယ်၊ ငါ ဒီလိုလုပ်ဖို့ စီစဉ်ထားတာ။ ကျွန်းပေါ်မှာ လူငါးထောင်နီးနီးရှိတော့၊ လေးသောင်းငါးသောင်းက မလုံလောက်ဘူးလေ။ ဒါပေမယ့် ကိုယ်ပိုင် လုံလောက်တဲ့ပမာဏတချို့ရဖို့တော့ လုံလောက်သေးတယ်။ တကယ်တော့ ငါက သူတို့ကို တည်ငြိမ်တဲ့ဘဝလေးရစေချင်တာ၊ ဒါဆို ပင်လယ်ဓားပြဆက်မလုပ်ကြလောက်တော့ဘူး။ ပြီးတော့ နှစ်အနည်းငယ်အတွင်းမှာ တော်ဝင်လွှတ်တော်ဆီ ထပ်လျှောက်ပြီး လမ်ပူရီတိုင်းပြည်ဆီ ပြောင်းခိုင်းမလို့လေ။"
ရှုယီလည်း အနည်းငယ်စဉ်းစားပြီး သက်ပြင်းချကာ ခေါင်းခါသည်၊ "မဟာမှော်ပညာရှင်ကြီး ခင်ဗျားရဲ့အကြံက အရမ်း.....နုံချာလွန်းတယ်လို့ပဲ ပြောရမယ်။"
မဟာမှော်ပညာရှင်တယ်လုချီ၏ မျက်လုံးများပြူးလျက်နှင့် မဟာမှော်ပညာရှင်ကမ်မီလာကလည်း ရှုယီကို တအံ့တဩကြည့်လာသည်။
ဒီကောင်လေးက တကယ်ကြီး မဟာမှော်ပညာရှင်တစ်ယောက်ကို နုံချာတယ်လို့ ပြောရဲတယ်လား? သူက တကယ်ပဲ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးရဲ့ ကွာခြားချက်ကို မသိဘူးပဲ!
"မဟာမှော်ပညာရှင်ကြီး၊ လူတစ်ယောက်ရဲ့လောဘက အဆုံးမရှိပါဘူး။ ခင်ဗျားသူတို့ကို ငွေအတော်များများပေးရင်တောင် သူတို့က ပိုကောင်းတဲ့ဘဝမှာ နေချင်လောက်တယ်ဆိုတာ ကျွန်တော် အာမခံနိုင်တယ်။ ခင်ဗျားဆီက ငွေရရင်တောင် အဲ့နည်းနဲ့ ပိုကောင်းတဲ့ဘဝမှာနေနိုင်တာကြောင့် ပင်လယ်ဓားပြဆက်လုပ်ကြမှာပဲ။"
မဟာမှော်ပညာရှင်တယ်လုချီက အနည်းငယ် စိတ်ဓာတ်ကျနေဟန်ပေါ်လာသည်၊ "ငါက ဘယ်လိုလုပ် မသိဘဲနေမလဲ? ဒါပေမယ့် ဒါက ငါအကူအညီအလုံအလောက် မပေးနိုင်တာကြောင့်လို့ပဲထင်တယ်။ သူတို့သာ တည်ငြိမ်တဲ့ဘဝမှာ နေနိုင်ရင် ဘယ်သူကများ သူတို့ရဲ့အသက်နဲ့ ဂုဏ်သိက္ခာကို စွန့်စားပြီး ပင်လယ်ဓားပြတစ်ယောက်ဖြစ်လာမှာလဲ?"
ရှုယီက မနေနိုင်ဘဲ သက်ပြင်းချလျက် ခေါင်းခါလိုက်ပြန်သည်။
မဟာမှော်ပညာရှင်တယ်လုချီက နုံချာသည်မဟုတ်ဘဲ သူ၏ ကာရက်စ်ခါကျွန်းအတွက် စိတ်ကူးက အင်မတန်နက်ရှိုင်းနေခြင်းလည်းဖြစ်နိုင်သည်။
ရှုယီက ထိုစိတ်ကူးအတွက် ပေးခဲ့သည့် တန်ဖိုးကို နားမလည်နိုင်သော်လည်း ထိုသည်က မဟာမှော်ပညာရှင်တယ်လုချီ၏ အကြံများကို နားလည်ခြင်းအား မသက်ရောက်ပေ။
"ကောင်းပြီလေ မဟာမှော်ပညာရှင်ကြီး၊ ကျွန်တော် ခင်ဗျားရဲ့ အဓိပ္ပာယ်ကိုနားလည်ပါတယ်၊ ဒါပေမယ့် ခင်ဗျား သူတို့ကို လေးသောင်းကနေ ငါးသောင်းအထိပေးရင်တောင် ဒါမှမဟုတ် တစ်သိန်းဆိုရင်တောင် အလုပ်ဖြစ်လောက်မှာမဟုတ်ဘူးလို့ သတိပေးရလိမ့်မယ်။ ကာရက်စ်ခါကျွန်းရဲ့ လူငါးထောင်နီးနီးအတွက် ဒီရွှေဒင်္ဂါးနည်းနည်းက ဘာကိုမှ ပြောင်းလဲမှာမဟုတ်ဘူး။"
"ငါက ကူညီချင်ရုံပါ။" မဟာမှော်ပညာရှင်တယ်လုချီက သက်ပြင်းချလျက် ပြောသည်။
"ကူညီဖို့ နည်းလမ်းအများကြီးရှိပါတယ်။ ရိုးရိုးသားသားပြောရရင် ခင်ဗျားရွေးတဲ့နည်းလမ်းက အကျိုးမရှိဆုံး နည်းလမ်းပဲ။" ရှုယီက ပြောသည်၊ "ကျွန်တော်သာ ရွေးစရာရှိရင် သေချာပေါက် တခြားနည်းလမ်းကိုသုံးမှာ။"
မဟာမှော်ပညာရှင်တယ်လုချီ၏ မျက်လုံးများတောက်ပသွားကာ၊ "ဆိုလိုတာက ရှုယီ၊ မင်းမှာ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကောင်းတချို့ရှိတယ်ပေါ့?"
ရှုယီက အသာပြုံးသည်၊ "ဒါပေါ့ဗျာ"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၁၃။ အန်ကလို ဆုံးဖြတ်ချက်ချခြင်း
မဟာမှော်ပညာရှင်ကမ်မီလာက မဟာမှော်ပညာရှင် တယ်လုချီ အမှောင်ထဲဝင်ရောက်ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း သက်ပြင်းချကာ ခေါင်းခါသည်။
"ငါ တယ်လုချီကို နှစ်ပေါင်းများစွာ သိလာခဲ့ပြီး ဒီနေ့မှပဲ သူက ကာရက်စ်ခါကျွန်းက လာခဲ့ပြီး ကျွန်းပေါ်က လူတိုင်းကို ထောက်ပံ့ရမယ့် တာဝန်ကို ပခုံးမှာ ထမ်းထားရမှန်းသိရတော့တယ်။ ဒါက တကယ်ကို....."
ရှုယီက ဘာပြောရမှန်းမသိဖြစ်နေသည့် မဟာမှော်ပညာရှင် ကမ်မီလာကိုကြည့်လိုက်သည်။ ရှေးရိုးအဆန်ဆုံး မဟာမှော်ပညာရှင်ကမ်မီလာသည်ပင် မဟာမှော်ပညာရှင် တယ်လုချီ၏ ချဉ်းကပ်မှုကို လက်ခံလိမ့်မည်မဟုတ်ဟု စဉ်းစားမိ၏။
သူ၏ မွေးရပ်မြေမှ နေထိုင်မှုအဆင့်အတန်းကို ပြောင်းလဲမည့် အကြံက မမှားပါလျှင်တောင် ရှုယီထံ မဟာမှော်ပညာရှင်တယ်လုချီက ရွှေဒင်္ဂါးကြောင့် ချဉ်းကပ်လာခြင်းမှာ မှားလေသည်။ သူက အလွန်ပင် နုံအလှသည်။
ရှုယီမှာ လူတစ်ဦးက လူတစ်ယောက်၏ ဘဝကို ပြောင်းလဲချင်ပါလျှင် ပထမဦးစွာ မိမိအတွေးများကို ပြောင်းလဲရမည်ဖြစ်ကြောင်း လေးလေးနက်နက်နားလည်သွားသည်။ ၎င်းတို့ထံ တိုက်ရိုက်ငွေပေးခြင်းက ခေတ္တမျှ ပြောင်းလဲနိုင်သော်လည်း ၎င်းက လူများကို ပြောင်းလဲစေသည့် အကျိုးမရှိဆုံးသော နည်းလမ်းပင်။
ထို့ကြောင့် မဟာမှော်ပညာရှင်တယ်လုချီနှင့် သေချာပြောဆိုပြီးနောက်တွင် ရှုယီက မဟာမှော်ပညာရှင်တယ်လုချီ၏ တစ်နှစ်တွင် ရွှေဒင်္ဂါးလေးသောင်းမှ ငါးသောင်းအထိ ပြန်ပို့မည့် အကြံကို လုံးဝငြင်းပယ်ခဲ့သည်။
ရှုယီအတွက် မဟာမှော်ပညာရှင်တယ်လုချီမှာ ရွှေဒင်္ဂါး လေးသောင်းမှ ငါးသောင်း၊ သို့မဟုတ် ထိုထက်ပင် ပိုမိုထိုက်တန်ကာ မဟာမှော်ပညာရှင်တယ်လုချီထံ ထိုငွေများကို ပေးလျှင် အဆင်ပြေသော်လည်း ကာရက်စ်ခါကျွန်းရှိ လူပျင်းများထံပေးခြင်းက ရှုယီလုပ်နိုင်သည့် အရာမဟုတ်ပေ။
သို့သော် မဟာမှော်ပညာရှင်တယ်လုချီက ရှုယီအနေနှင့် ပြဿနာဖြေရှင်းဖို့ ကူညီနိုင်သရွေ့ သူထံငွေတစ်ပြားမှမပေးလျှင်လည်း Frestech ကုန်သည်ကြီးများအသင်းထံ ပျော်ပျော်ရွှင်ရွှင် ဝင်ရောက်မည်ဖြစ်သည်ကို ညွှန်းဆိုခဲ့သည်။ သူသာ မလုပ်နိုင်ပါက တခြားနေရာ၌ အကူအညီရှာရမည်ပင်။
ရှုယီက သဘာဝကျကျပင် မဟာမှော်ပညာရှင်တစ်ဦးရရန် အခွင့်အရေးရမည်ဖြစ်ရေးရမည်ဖြစ်လေရာ မဟာမှော်ပညာရှင်တယ်လုချီထံ အဆိုပြုချက်တစ်ခုပေးခဲ့သည်။ သူက ကာရက်စ်ခါကျွန်းကို စစ်ဆေးမှုတချို့လုပ်ရန် အချိန်အနည်းငယ်ယူပြီး ထိုနေရာ၌ လူနေမှုအခြေအနေကို တိုးမြှင့်ရန် မည်သို့မြှုပ်နှံဖို့ရာ ဆုံးဖြတ်မည်ဖြစ်သည်။
၎င်းမတိုင်ခင်တွင် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း အမည်ဖြင့် ကာရက်စ်ခါကျွန်းထံ နေ့စဉ်လိုအပ်ချက်များကို အရင်လှူဒါန်းကာ ယာယီ ဘဝနေထိုင်မှုကို တိုးမြှင့်ပေးမည်ပင်။
မဟာမှော်ပညာရှင်တယ်လုချီက ပျော်ရွှင်စွာပင် ထိုတောင်းဆိုမှုကို ပျော်ရွှင်စွာလက်ခံကာ Frestech ကုန်သည်ကြီးများအသင်း အတွက် အလုပ်လုပ်ပေးရန် အလေးအနက်စဉ်းစားမည်ဟု ပြောခဲ့၏။
နောက်ဆုံး ဆုံးဖြတ်ချက်မှာ ရှုယီက ရည်ရွယ်ချက်ကို ထုတ်ဖော်ပေးမည့်အပေါ်၌ မူတည်နေသည်။
"တကယ်တော့..... ရှုယီ၊ တယ်လုချီက မဟာမှော်ပညာရှင်တစ်ယောက်ဆိုပေမယ့်လည်း မင်းက သူ့အတွက် ဒီလောက်လုပ်ပေးဖို့ မထိုက်တန်ဘူးလို့ထင်တယ်။" မဟာမှော်ပညာရှင်ကမ်မီလာက ရုတ်တရတ်ပြောလာသည်။
ရှုယီက သူ့ကိုကြည့်ကာ ရယ်လိုက်၏၊ "ဘာလဲ? အဘိုး မနာလိုလို့လား?"
မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို စိုက်ကြည့်ကာ "ငါက ဘာကိုမနာလိုရမှာလဲ?"
"ကျွန်တော်က အဘိုးအတွက် များများစားစားမလုပ်ပေးဘဲ သူ့အတွက်ကျ လုပ်ပေးလို့လေ။"
"ဖီ! မင်းက စတေးလ်ရဲ့ခင်ပွန်းလေ၊ ငါတို့က မိသားစုပဲ၊ ဒီလိုမျိုးတွေ ပြောဖို့ လိုသေးလို့လား? ငါက.... မင်း အနေနဲ့ မဟာမှော်ပညာရှင်တစ်ယောက်ကို ရနိုင်ရင်တောင် Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်သုတေသနအဆင့်ကို အဲ့လောက်ကြီးတိုးတက်လာစေဖို့ အကူအညီမဖြစ်လောက်ဘူးလို့ ခံစားရရုံပါ။"
"မဟုတ်ဘူး၊ ဒါက အတော်လေးအကူအညီဖြစ်တယ်။" ရှုယီက ခေါင်းခါကာ၊ "ကျွန်တော်တို့လုပ်ငန်းစုအနေနဲ့ မှော်စက်တွေ ပိုပိုလုပ်လာတဲ့အခါ လေ့လာစရာစီမံကိန်းတွေ ပိုပိုများလာမှာပဲ။ အဘိုး၊ အဘိုးက ဒီစီမံကိန်းတွေအားလုံးကို ဂရုမစိုက်နိုင်လောက်ဘူး မို့လား?"
မဟာမှော်ပညာရှင်ကမ်မီလာက အေးစက်စက်နှာမှုတ်ကာ၊ "ဒါက အရမ်း အဆင့်နိမ့်လို့ သူတို့ကို ဂရုမစိုက်တာပါ။"
ရှုယီက ရယ်ကာ မဟာမှော်ပညာရှင်ကမ်မီလာ၏ ကြွားဝါမှုကို လျစ်လျူရှု၍ ဆက်ပြောသည်၊ "ဘာပဲဖြစ်ဖြစ်၊ တခြား မဟာမှော်ပညာရှင်အဆင့်သုတေသနပညာရှင်က အမြဲကောင်းတာပဲ။ အနည်းဆုံးတော့ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက မဟာမှော်ပညာရှင်နှစ်ယောက်ကို ခန့်ထားတယ်ဆိုတာ တခြားလူတွေသိသွားတာပေါ့။ ဒီလိုသာဆို ကျွန်တော်တို့လုပ်ငန်းစုက တခြားမှော်ပညာရှင်တွေကို အတော်လေး ဆွဲဆောင်နိုင်လိမ့်မယ်လို့ထင်တယ်။"
"အဓိပ္ပာယ်မရှိတာ။ မင်းသာ လမ်ပူရီတိုင်းပြည်က မဟာမှော်ပညာရှင်ငါးယောက်လုံးကို ခန့်နိုင်ရင် Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်မှာ အကြီးဆုံးလုပ်ငန်းစုဖြစ်ရုံတင်မကဘူး စိုင်စ်နယ်မြေကြီးမှာ ပထမတန်းပါ ဖြစ်လာလိမ့်မယ်။"
"အင်း အင်း၊ ဖြစ်နိုင်ရင် ကျွန်တော် ခေါင်းဆောင် မှော်ပညာရှင်တွေကိုတောင် စုဆောင်းချင်တာ။ အဘိုး၊ ခေါင်းဆောင်မှော်ပညာရှင်တစ်ယောက်ယောက်နဲ့များသိလား? ကျွန်တော့်ကို မိတ်ဆက်ပေးလို့ရမလား?" ရှုယီက လောဘကြီးဟန်ဖြင့်ပြောလေသည်။
မဟာမှော်ပညာရှင်ကမ်မီလာက မျက်လုံးလှိမ့်ပြလေသည်၊ "အိပ်မက်မက်မနေနဲ့တော့။ ဘယ်ခေါင်းဆောင်မှော်ပညာရှင်မဆို သူတို့တိုင်းပြည်မှာ အရေးကြီးဇာတ်ကောင်ပဲ။ ဒီလိုအရေးကြီးပုဂ္ဂိုလ်မျိုးက ဘယ်လိုလုပ် လုပ်ငန်းစုတစ်ခုမှာ အလုပ်လုပ်မှာလဲ?"
ရှုယီက ပခုံးတွန့်လျက် စိတ်ထဲ၌ ထိုသည်က စိတ်ကူးယဉ်အတွေးဟု နားလည်ထားလေသည်။
Frestech ကုန်သည်ကြီးများအသင်းအနေနှင့် မဟာမှော်ပညာရှင်ကမ်မီလာကို ရနိုင်သည်မှာ စတေးလ်ကြောင့်ဖြစ်သည်၊ မဟုတ်ပါက မဟာမှော်ပညာရှင်ကမ်မီလာက Frestech ကုန်သည်ကြီးများအသင်းလို အားနည်းသည့် လုပ်ငန်းစုလေးတစ်ခုသို့ဝင်ရောက်ရန် ရွေးချယ်မည်မဟုတ်ပေ။
ယခုတွင် မဟာမှော်ပညာရှင်တယ်လုချီကို ရရန် အခွင့်အရေးရှိလာကာ ရှုယီက ထိုအခွင့်အရေးကို မလွဲချော်စေရန် အကောင်းဆုံးလုပ်မည်ဖြစ်၏။
မဟာမှော်ပညာရှင်ကမ်မီလာထွက်သွားပြီးနောက်၌ ရှုယီလည်း အနည်းငယ်စဉ်းစားပြီး လုပ်ငန်းစုနှစ်စုနှင့် အနောက်ဘက် ဟော့ခ်တိုင်းပြည်တို့ထံမှ ကိုယ်စားလှယ်များနှင့် တွေ့ရန် ဦးတည်လိုက်တော့သည်။
မျှော်လင့်ထားသည့်အတိုင်း လုပ်ငန်းစုနှစ်စု၏ ကိုယ်စားလှယ်များက သူနှင့်အတူ နည်းပညာ လွှဲပြောင်းမှုကို ဆွေးနွေးရန် ရောက်လာကြခြင်းပင်။
ထိုလုပ်ငန်းစုနှစ်စုမှာ လုပ်ငန်းစုအသေးစားများဖြစ်ကြပြီး နည်းပညာကိုတစ်ဦးတည်း မယူနိုင်သဖြင့် နှစ်ဦးက Frestech ကုန်သည်ကြီးများအသင်းထံမှ အတူတကွဝယ်ယူလိုခြင်းပင်။ ၎င်းတို့က ရှုယီထံ ပြုလုပ်နိုင်မည်လားအား ဆွေးနွေးလိုခြင်းဖြစ်သည်။
သဘာဝကျစွာပင် ရှုယီက မငြင်းဆန်ချေ။ ထိုအစား နည်းပညာကို ရောင်းချခြင်းက ဖြန့်ဝေရန်ဖြစ်ပြီး တိုင်းပြည်ရှိလုပ်ငန်းစုများအား မှော်စက်များကို စိတ်ဝင်စားစေလာရန်နှင့် လမ်ပူရီတိုင်းပြည်၏ မှော်စက်မှုနယ်ပယ် တည်ထောင်ခြင်းကို အဆင့်ထပ်မြှင့်လိုခြင်းဖြစ်ကြောင်းပြောလိုက်သည်။
ငွေရှာခြင်းက ဒုတိယဖြစ်၏။ မည်သို့ဖြစ်စေ ထိုလုပ်ငန်းစုနှစ်စု အတူတွဲလုပ်သည်က သူနှင့်မဆိုင်ဘဲ နည်းပညာကို ဝယ်ယူရန် ရွှေဒင်္ဂါးအလုံအလောက်ယူလာသရွေ့ လုံလောက်သည်။
နည်းပညာကို ရရှိပြီးနောက် အကျိုးအမြတ်များကို မည်သို့ ခွဲခြမ်းရမည်က ရှုယီနှင့် မဆိုင်ပေ။
အနောက်ဘက် ဟော့ခ်တိုင်းပြည်မှ ဧည့်သည်များကမူ လမ်ပူရီတိုင်းပြည်ရှိ အနောက်ဘက် ဟော့ခ်တိုင်းပြည်သံတမန်အနေနှင့် ရှုယီကို ဖိတ်ကြားရန် ရောက်ရှိနေခြင်းဖြစ်သည်။ ၎င်းတို့က မနက်ဖြန် ညနေခင်းတွင် အနောက်ဘက် ဟော့ခ်တိုင်းပြည်၏ သံရုံး၌ ကျင်းပမည့်ပွဲတော်ထံ ဖိတ်ကြားခြင်းဖြစ်ပြီး ထိုဖိတ်ကြားမှုမှာ အနောက်ဘက်ဟော့ခ်တိုင်းပြည်သံတမန်ထံမှ ကိုယ်တိုင်လာရောက်ဖိတ်ကြားခြင်းပင်။
ဘန်တာမြို့နှင့် ကွဲပြားလေရာ ရှုယီလည်း ထိုဖိတ်ကြားမှုကို မငြင်းပယ်ဘဲ အချိန်ကျလျှင် အရောက်လာမည်ဖြစ်ကြောင်းပြော၍ သံရုံးမှ ဧည့်သည်များကို ယဉ်ကျေးစွာ ပြန်ပို့လိုက်သည်။
ထိုဧည့်သည်နှစ်ဖွဲ့ကို ဆုံပြီးနောက်တွင် ညအချိန်ရောက်နေပြီဖြစ်သည်။ အနောက်ဘက် ဟော့ခ် တိုင်းပြည်မှ ဧည့်သည်များကို ပြန်ပို့ပြီးနောက်၌ သူက အိမ်စေ လမ်ကိုပြောပြီး အဆောက်အဦရှိ အခန်းငယ်လေးတစ်ခန်းဆီ သွားလိုက်သည်။
စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည့် စတက်တိန်း နယ်မြေထံမှ ဧည့်သည်ကိုမြင်သော် ရှုယီက မေးလေသည်၊ "အန်ကလိုက ခင်ဗျားကို လာခိုင်းတာလား?"
ထိုလူက မည်သည်ကိုမှမဆိုဘဲ ရှုယီကို နိုးကြားစွာကြည့်လာသည်။
"ခင်ဗျားက အတော်လေး စိတ်ရှည်တာပဲ၊ ကြည့်ရတာ အန်ကလိုက အနည်းဆုံးတော့ အင်အားနည်းနည်းရှိသွားပုံပဲ။" ရှုယီက ပြုံးသည်။ ထို့နောက် ရင်ဘတ်ထဲမှ ကျောက်စိမ်းဆွဲပြားတစ်ဝက်ကိုထုတ်လျက် အိမ်စေလမ်ပေးခဲ့သည့် ကျောက်စိမ်းဆွဲပြားတစ်ဝက်ဖြင့် ဆက်လိုက်သည်။
၎င်းကိုမြင်သော် ထိုလူက သတိလျှော့ကာ ခေါင်းငြိမ့်၍ ပြောလာ၏၊ "ဟုတ်ပါတယ် ဥက္ကဌရှု၊ ဆရာ အန်ကလိုက ကျွန်တော့်ကို သတင်းတချို့ယူလာပေးခိုင်းလိုက်လို့ပါ။
"သူနောက်ဆုံးတော့ လှုပ်ရှားဖို့ ပြင်လိုက်ပြီလား?" ရှုယီက မေးသည်။
"ဟုတ်ပါတယ်၊ ဒါပေမယ့် ဆရာအန်ကလိုက ဥက္ကဌရှုရဲ့ အကူညီလိုသေးတယ်လို့ ပြောတယ်။"
"အိုး? ကျုပ် သူ့ကို မကူညီနိုင်တာမဟုတ်ပေမယ့် သူက ဘာပြန်ပေးမယ်လို့ ပြောလိုက်သေးလဲ?"
"ဆရာအန်ကလိုက ခင်ဗျားအနေနဲ့ သူ့ကို ကူညီဖို့ဆန္ဒရှိနေသရွေ့ Frestech ကုန်သည်ကြီးများအသင်းက အနာဂတ် စတက်တိန်းနယ်မြေမှာ ဘယ်လိုဦးစားပေးမှုမျိုးမဆို ရနိုင်ပါတယ်လို့ ပြောလိုက်တယ်။"
"ဒီ ပြန်ပေးမှုကတော့ အရမ်း မရေရာနေဘူး။" ရှုယီက လက်ယမ်းကာ၊ "ဒါပေမယ့် အန်ကလိုကို ပြောပေးပါဦး၊ သူက စတက်တိန်းနယ်မြေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်တာကြောင့် သူ့ရဲ့ လှုပ်ရှားမှုအားလုံးကို ထောက်ပံ့ဖို့ ဆန္ဒရှိပါတယ်လို့။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် ထက်မြတ်တဲ့လူတစ်ယောက်နဲ့ အလုပ်လုပ်တာက လောဘကြီးပိုးမွှားအုပ်စုနဲ့ထက်တော့ ပိုကောင်းတယ်လေ။"
"ကောင်းတာပေါ့၊ ကျွန်တော် ဆရာအန်ကလိုကို ဒီလိုပြန်ပြောလိုက်ပါ့မယ်။"
"ကောင်းပြီ၊ ဒါဆို အန်ကလိုက ဘာအကူအညီလိုနေတာလဲ ပြောပါဦး"
"အဓိကအနေနဲ့ လက်နက်တွေပေါ့။ ဆရာအန်ကလိုက Frestech ကုန်သည်ကြီးများအသင်းဆီကနေ အထူးတူညီ သတ္တုစပ် လက်နက်တွေကို ဝယ်နိုင်ဖို့ မျှော်လင့်နေပါတယ်လို့ ပြောလိုက်တယ်။"
"သူက အတော်လေး စိုးရိမ်နေတာပဲ။" ရှုယီက အသာပြုံးကာ၊ "ကောင်းပြီလေ၊ ပြဿနာမရှိပါဘူး။ တခြားရော?"
"ဆရာအန်ကလိုက ဥက္ကဌသာ မှော်အမြောက်ဖြစ်ဖြစ် စစ်ဘက်ဆိုင်ရာမှော်စက်တွေဖြစ်ဖြစ် ထောက်ပံ့ပေးနိုင်မယ်ဆိုရင် အလေးအနက်ကျေးဇူးတင်မှာပါလို့ ပြောတယ်။"
"စစ်ဘက်ဆိုင်ရာ မှော်စက်တွေ?" ရှုယီ မျက်မှောင်ကုပ်လျက် နှဖူးကိုအသာဖိလိုက်သည်။ သေချာစဉ်းစားပြီးနောက်၌ ခေါင်းခါ၏၊ "အခုတော့ သဘောတူလို့မရသေးဘူး။ လက်နက်တွေက ပြဿနာမဟုတ်ပေမယ့် စစ်ဘက်ဆိုင်ရာ မှော်စက်တွေနဲ့ပတ်သက်တဲ့ အချက်အလက်အတော်များများကို ပေးလို့မရသေးဘူးလို့ ပြောလိုက်ပါ။"
ထိုလူက စိတ်ပျက်သွားဟန် ရှိသော်လည်း အလျှော့မပေးချင်သေးပေ၊ "ဆရာအန်ကလိုက ဥက္ကဌသာ ဒါကိုသဘောတူရင် Frestech ကုန်သည်ကြီးများအသင်းက အနာဂတ် စတက်တိန်းနယ်မြေမှာ အကျိုးအမြတ်အတော်များများကို ပိုရပါမယ်လို့လည်း ပြောလိုက်တယ်ဗျ။"
ရှုယီက အပြုံးဖြင့် လက်ယမ်းကာ၊ "စတက်တိန်းနယ်အကြောင်းပြောလို့ရမယ့်အချိန်ကြမှ ဒါကိုဆွေးနွေးမယ်လို့ပြောလိုက်ပါ။ အခုတော့ စဉ်းစားဖို့ မလိုသေးဘူး။"
ထိုလူက တိတ်ဆိတ်သွားပြီး အသာခေါင်းငြိမ့်လေသည်။
"ဥက္ကဌရှု ဆရာအန်ကလိုက ဥက္ကဌအနေနဲ့ စတက်တိန်းနယ်မြေဆီလာပြီး ဒါကိုသူနဲ့ဆွေးနွေးဖို့လည်း မျှော်လင့်နေပါတယ်။ ကျွန်တော် ပြောဖို့အတွက် အဆင်မပြေတဲ့အရာတွေ အတော်များနေလို့ပါ။"
"ပြဿနာမရှိပါဘူး။ ကျုပ် နှစ်ဝက်နောက်ပိုင်းကျရင် စတက်တိန်းနယ်မြေဆီ ခရီးထွက်လာမှာလို့ ပြောလိုက်ပါ။"
"ကောင်းပါပြီ"
ရှုယီနှင့် ကိစ္စတချို့ပြောပြီးနောက်တွင် ထိုလူက ချက်ချင်းရှုယီကို နှုတ်ဆက်သွားသည်။
တံခါးဖွင့်လိုက်ချိန်၌ ရှုယီက သူ့ကိုခေါ်လိုက်၏။
"ခင်ဗျား အန်ကလိုကို ပြောဖို့လိုတာတစ်ခုရှိသေးတယ်။"
"ပြောပါ။"
"သူ့အနေနဲ့ စိတ်ပြင်ဆင်ပြီးကတည်းက လုံးဝတုံ့ဆိုင်းနေလို့မရဘူးလို့ အန်ကလိုကိုပြောလိုက်ပါ။ မဟုတ်ရင် ထိခိုက်မှာက သူမဟုတ်ဘဲ စတက်တိန်း နယ်မြေတစ်ခုလုံးပဲလို့။" ရှုယီက လေးနက်စွာပြောလေသည်။
ထိုလူက မျက်လုံးများကျဉ်းမြောင်းသွားကာ ရှုယီကို ခဏတာ ကြည့်နေလိုက်ပြီးနောက် တဖြည်းဖြည်းခေါင်းငြိမ့်သည်၊ "ဆရာအန်ကလိုက ဒါကို သိပြီးသားပါ"
"ကောင်းတာပေါ့။ ကျုပ်ရဲ့ သူ့အတွက်ဆုတောင်းလေးပေးလိုက်ပါဦး၊ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်တယ်လို့။"
"ကျေးဇူးတင်ပါတယ်။"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၁၄။ စခ်တိုင်းပြည်မှာလည်း မှော်အမြောက်တွေရှိတယ်
"ခင်ဗျားမှန်တယ်။ စစ်ဘက်ဆိုင်ရာမှော်စက်တွေက အရမ်းအားကောင်းတော့ လမ်ပူရီတိုင်းပြည် တော်ဝင်စစ်တပ်ရဲ့ အဓိကလက်နက်ကိရိယာအဖြစ်သတ်မှတ်လို့ရတာကြောင့် တခြားတိုင်းပြည်တွေဆီ အလွယ်လေးရောင်းလို့မရဘူး။" မေဂျာမက်ခ်ကွန်လီက ခေါင်းငြိမ့်ကာ ရှုယီက စတက်တိန်းနယ်မြေ၏ စစ်ဘက်ဆိုင်ရာမှော်စက်များဝယ်ယူရန် တောင်းဆိုချက်ကို ငြင်းဆန်လိုက်ခြင်းအား ထောက်ခံဟန်ပြနေသည်။
ယမန်နေ့ညက အန်ကလိုလွှတ်ခဲ့သည့် သံတမန်ကိုမြင်ပြီးနောက် ရှုယီမှာ နောက်တစ်နေ့တွင် မြို့ပြင်ရှိ စစ်တပ်လေ့ကျင့်ကွင်း၌ မေဂျာ မက်ခ်ကွန်လီနှင့် ဆုံလိုက်သည်။
၎င်းတို့ ပြောရန်ပြင်ဆင်ထားသည့် အကြောင်းအရာများကို ပြောခြင်းအပြင် သူဟာ မေဂျာမက်ခ်ကွန်လီထံ ယမန်နေ့ညက အန်ကလို၏ သံတမန်နှင့် တွေ့ဆုံခြင်းအကြောင်းကိုပါပြောလိုက်သည်။
စစ်ဘက်ဆိုင်ရာမှော်စက်များက သာမန်အိမ်သုံးမှော်စက်များနှင့် ခြားနားသဖြင့် ၎င်းတို့ကို ကန့်သတ်ထားသင့်ပေ၏။
သာမန်လက်နက်များက အဆင်ပြေသော်လည်း စစ်ဘက်ဆိုင်ရာမှော်စက်များက လမ်ပူရီတိုင်းပြည်၏ တော်ဝင်စစ်တပ်အတွက် အင်မတန်အရေးပါလှသည်။ သဘာဝကျစွာပင် သူဟာ စစ်ဌာနချုပ်ထံသို့ သတင်းပေးပြီး သဘောတူညီချက် ယူရမည်သာ။
သို့သော် စစ်ဌာချုပ်က ထိုသို့အရေးကြီးပစ္စည်းမျိုးကို လမ်ပူရီတိုင်းပြည် အပြင်သို့ မစီးဆင်းသွားစေလိုပေ၊ ထို့ကြောင့် မေဂျာ မက်ခ်ကွန်လီ က ရှုယီ၏ ဆုံးဖြတ်ချက်ကို များစွာ ထောက်ပံ့ပေးသည်။
ရှုယီက ရယ်ကာ၊ "စစ်ဌာနချုပ်က စစ်ဘက်ဆိုင်ရာမှော်စက်တွေကို အဓိကလက်နက်အဖြစ်သတ်မှတ်ထားမှတော့ ဘာလို့ နည်းနည်းလောက်ထပ်မမှာကြတာလဲ?"
မေဂျာ မက်ခ်ကွန်လီက ရယ်လျက်၊ "ဒါက.....မဆုံးဖြတ်ခင် နည်းနည်းဆွေးနွေးဖို့လိုတယ်လေ။"
ရှုယီက စူးစမ်းလိုစွာပြောလေ၏၊ "ဒါက မဟုတ်သေးဘူး စစ်ဌာနချုပ်က အရင်က ငွေမရှိပေမယ့် ဒီအမှာစာတွေပို့နိုင်သေးတယ်။ တိုင်းပြည်ဘဏ္ဍာကလည်း ဒီနှစ်မှာ ပိုကောင်းလာတော့ ခင်ဗျားတို့ရဲ့ အသုံးစရိတ်ကလည်း တိုးလာလောက်တယ်၊ ဒီတော့ ဘာလို့ စစ်ဘက်ဆိုင်ရာမှော်စက်တွေဝယ်ဖို့ တုံ့ဆိုင်းနေတာလဲ?"
မေဂျာ မက်ခ်ကွန်လီက အသာခေါင်းခါသည်။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက်၌ သူက သက်ပြင်းချလျက်ပြော၏၊ "ဥက္ကဌရှုက ဘုရင်မဆယ်ဗီနီနဲ့ အတော်လေး ရင်းနှီးတော့ မင်းသားလေးအဲရစ်က စခ်တိုင်းပြည်ကိုတိုက်ခိုက်ဖို့ မြောက်ဘက်စစ်တပ်ကို ဖွဲ့စည်းဖို့ ကြိုးစားနေကြောင်းကို ကြားလောက်ပြီးဖြစ်မှာပေါ့?"
"ဒါကို တကယ်ပဲ ဘုရင်မဆီက ကြားပြီးပါပြီ။" ရှုယီက ခေါင်းငြိမ့်သည်၊ "ဒါပေမယ့် ဒါက ဘယ်လိုများ စစ်တပ်က စစ်ဘက်ဆိုင်ရာမှော်စက်တွေဝယ်ဖို့ တုံ့ဆိုင်းနေတာနဲ့ ပတ်သက်လို့လဲ? ခင်ဗျားတို့သာ စခ်တိုင်းပြည်ကို တကယ်တိုက်ခိုက်ချင်ရင် စစ်ဘက်ဆိုင်ရာမှော်စက်တွေဝယ်ဖို့ အာရုံစိုက်ထားရမှာမဟုတ်ဘူးလား? ကျုပ်တို့လုပ်ငန်းစုက မကြာခင်ကပဲ စစ်ဘက်ဆိုင်ရာမှော်စက် အမျိုးအစားသစ်နှစ်မျိုးကို လက်စသတ်ပြီးသွားပြီ၊ ဒါကိုသာ မြောက်ဘက်စစ်တပ်ဆီ ထောက်ပံ့ပေးလိုက်ရင် သေချာပေါက် ပိုချောချောမွေ့မွေ့တိုက်ခိုက်နိုင်လိမ့်မယ်။"
"ကျုပ် သေချာသိပါတယ်၊ ပြီးတော့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစွမ်းအစကိုလည်းယုံကြည်တယ်၊ ဒါပေမယ့်....." မေဂျာ မက်ခ်ကွန်လီက ခါးသက်စွာပြုံးသည်၊ "ဥက္ကဌရှု၊ မြောက်ဘက်စစ်တပ်က လက်ရှိမှာ မင်းသားလေးအဲရစ်ဆီက ချုပ်ကိုင်ခံထားရပြီး ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ဘုရင်မ ဆယ်ဗီနီတို့ရဲ့ ဆက်ဆံရေးကလည်း....."
ရှုယီက အံ့ဩကာမျက်မှောင်ကုပ်လိုက်သည်၊ "မင်းသားလေးက ဒီလောက် မသိနားမလည်တာတော့မဟုတ်လောက်ပါဘူးနော်? ကျုပ်တို့ လုပ်ငန်းစုက ဘုရင်မနဲ့ ဆက်စပ်နေရင်တောင် စစ်ဘက်ဆိုင်ရာ မှော်စက်တွေရဲ့ အစွမ်းအစက သံသယတောင်မလိုဘူးလေ"
"ကျုပ်သိပါတယ်၊ ခင်ဗျားလည်း သိတယ်၊ မင်းသားလေးကတောင် ဒါကိုသိတယ်၊ ဒါပေမယ့်.....ဥက္ကဌရှု၊ ခင်ဗျားနဲ့ မင်းသားလေးတို့က ကိစ္စအတော်များများကို ဆုံးဖြတ်ရာမှာ တစ်ဘက်တည်းမဟုတ်တော့ ခင်ဗျားနားလည်မယ်လို့ ထင်ပါတယ်"
"ကျုပ်နားလည်တယ်?" ရှုယီက မနေနိုင်ဘဲ အေးစက်စွာရယ်လိုက်သည်။
သူဟာ မင်းသားလေး အဲရစ်နှင့် မဆုံဖူးပါသော်လည်း သူချမှတ်လိုက်သည့် ဆုံးဖြတ်ချက်ကိုသုံးသပ်ခြင်းအားဖြင့် မင်းသားလေးအဲရစ်က အမြင်ကျဉ်းကြောင်းသိနိုင်ပေသည်။
၎င်းတို့က ဘက်မတူပါလျှင်တောင် စခ်တိုင်းပြည်ကိုတိုက်ခိုက်ခြင်းမှာ လမ်ပူရီတိုင်းပြည်အတွက် အရေးကြီးကိစ္စဖြစ်သည်။ တိုင်းပြည်ရေးကိစ္စများကိုဆိုလျှင် နေရာမတူသဖြင့် အားသာချက်ကို လက်လျှော့လိုက်ပါက စစ်သားများ၏ အသက်ကိုဖြုန်းတီးကာ တိုင်းပြည်၏ အကျိုးအမြတ်များကို လျစ်လျူရှုခြင်း ဖြစ်သွားမည်မဟုတ်ပါလား?
ထိုသို့စဉ်းစားရင်း ရှုယီက တစ်စုံတရာကိုတွေးမိသွားသည်။
"အရှင်မင်းကြီးက မင်းသားလေးရဲ့ဆုံးဖြတ်ချက်ကို တစ်ခုခု မထုတ်ပြန်ဘူးလား?" ရှုယီက မေးသည်။
သူဟာ အရှင်မင်းကြီးနှင့် အဆက်အသွယ် များများစားစားမလုပ်ခဲ့သော်လည်း တွေ့ဆုံဖူးသည့် အကြိမ်ရေအနည်းငယ်မှတဆင့် လမ်ပူရီဆယ့်သုံးမှာ အမှန်တကယ်ကိုပင် အမျှော်အမြင်ရှိသော ဘုရင်ဟု ခေါ်ဆိုခံရရန် ထိုက်တန်ကြောင်းသိခဲ့သည်။ သူ့ထံ၌ သတ္တိရှိပြီး အမြင်ကျယ်သလို ဆုံးဖြတ်ချက်ချရာ၌လည်း အစွမ်းအစရှိသည်။
ရှုယီမှာ သူ့အနေနှင့် မင်းသားလေးအဲရစ်၏ ဆုံးဖြတ်ချက် နောက်ကွယ်ရှိ ဖုံးကွယ်ထားသော ပြဿနာကို မလွတ်စေနိုင်လောက်ဟု ယုံကြည်၏။
"အရှင်မင်းကြီးက ဘာမှမပြောဘူး။" မေဂျာ မက်ခ်ကွန်လီက ခေါင်းခါသည်၊ "ဒီကာလမှာ မင်းသားလေးနှစ်ပါးတဲ့ ဘုရင်မတို့ကို စေလွှတ်ထားတာကြောင့် ဘုရင့်ကြီးက သူတို့ရဲ့ဆုံးဖြတ်ချက်တွေကို ဝင်မစွက်ဖက်ဘူးလို့ပြောထားတယ်။"
"ဒါပေမယ့် မင်းသားလေးအဲရစ်ရဲ့ ကိစ္စတွေက လမ်ပူရီတိုင်းပြည် တစ်ခုလုံးနဲ့ ဆိုင်နေတာကို အရှင်မင်းကြီးက ဒီတိုင်းပဲထိုင်နေပြီး ဘာမှမလုပ်ချင်ဘူးလား?" ရှုယီက ပျက်ရယ်ပြုလိုက်သည်။
"အရှင်မင်းကြီးရဲ့ အတွေးတွေကို ခန့်မှန်းဖို့ မကြိုးစားပါနဲ့။" မေဂျာမက်ခ်ကွန်လီက ခေါင်းခါပြီးနောက် ပြောသည်၊ "ဒါပေမယ့် အရှင်မင်းကြီးက မင်းသားလေးအဲရစ်ရဲ့ အစွမ်းအစကို ဒီကနေတဆင့်မြင့်ချင်တယ်လို့ ကျုပ်ထင်တယ်။"
"မင်းသားလေးအဲရစ်ကို စမ်းသပ်ဖို့ မြောက်ဘက်စစ်တပ်တစ်ခုလုံးကို အသုံးချတာလား?" ရှုယီက မျက်ခုံးများတွန့်ချိုးလျက်၊ "အရှင်မင်းကြီးအနေနဲ့ ဒါက လမ်ပူရီတိုင်းပြည်ကို အခြေနေဆိုးတဲ့ တွန်းပို့လိုက်မှာကို မစိုးရိမ်ဘူးလား?"
"ကျုပ် မတိုင်ခင်က ပြောပြီးပြီလေ၊ အရှင်မင်းကြီးရဲ့ အတွေးတွေကို ခန့်မှန်းဖို့ မကြိုးစားပါနဲ့။" မေဂျာ မက်ခ်ကွန်လီက ရှုယီကို ရိုးသားစွာ သတိပေးသည်။ သူက ရှုယီ၏ပခုံးကိုပုတ်လျက် ဆက်ပြော၏၊ "ကောင်းပြီ၊ ဒီကိစ္စကို မပြောတော့ဘူး။ ဒီနေ့ ခင်ဗျားကို ဒီလာခိုင်းတာက တစ်ခုခုကို မြင်စေချင်လို့ပဲ။"
ရှုယီက ရှုပ်ထွေးနေရင်း မေဂျာ မက်ခ်ကွန်လီနောက် သိုလှောင်ရုံထဲ လိုက်ပါသွားသည်။ သူဝင်လာချိန်တွင် သိုလှောင်ရုံ၏ အလယ်ဗဟိုရှိ ဧရာမအရာဝတ္တုကြီးကိုမြင်လိုက်ရ၏။
၎င်းကိုကြည့်ရင်း ရှုယီမှာ အံ့ဩသွားရသည်။
"ဒါက..... မှော်အမြောက်လား?" ရှုယီက Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်ထားသည့် မှော်အမြောက်နှင့် ဆင်တူသည့် ၎င်းကိုကြည့်လိုက်သည်။ သေချာကြည့်ရှုပြီးနောက်တွင် ခေါင်းခါလေ၏၊ "ဟင့်အင်း၊ ဒီပစ္စည်းက ကျုပ်တို့လုပ်ငန်းစုရဲ့ မှော်အမြောက်တွေနဲ့ အတော်ကွာတယ်။ မေဂျာ မက်ခ်ကွန်လီ, ဒါက ခင်ဗျားတို့ စစ်ဌာနချုပ်အနေနဲ့ မှော်အမြောက်တွေကို လျှို့ဝှက်လေ့လာနေတာများလား”
"ကျုပ်တို့ စစ်ဌာနချုပ်မှာ ဒီလောက် ငွေများများရှိမယ်ထင်လို့လား? ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက မှော်အမြောက်တွေ ထောက်ပံ့နေတာကို ဘာလို့ ကိုယ့်ဘာသာ ကျုပ်တို့က ထုတ်လုပ်ပါ့မလဲ?" မေဂျာ မက်ခ်ကွန်လီက ခေါင်းခါသည်။ သူက သိုလှောင်ရုံထဲရှိ မှော်အမြောက်ကိုကြည့်ပြီးနောက် အသံက လေးနက်လာတော့သည်၊ "ဒီမှော်အမြောက်က စခ်တိုင်းပြည်ကနေ သေမင်းတောင်တန်းတွေကိုတိုက်ခိုက်တဲ့နေရာမှာ မြောက်ဘက်စစ်တပ် သိမ်းလာတဲ့အရာပဲ။"
ရှုယီက အံ့ဩသွားသည်၊ "ဒီတော့ အဓိပ္ပာယ်က..... စခ်တိုင်းပြည်က ဒီမှော်အမြောက်ကို လုပ်ခဲ့တာပေါ့?"
မေဂျာ မက်ခ်ကွန်လီက ရှုယီ၏ အမူအရာကို ဂရုတစိုက်ကြည့်ကာ ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း တွေ့ရှိပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းငြိမ့်လာသည်၊ "အမှန်ပဲ"
ရှုယီ၏အမူအရာက ပိုလို့ပင် လေးနက်သွားသည်။ သူက ထိုမှော်အမြောက်ကို အကြိမ်ရေများစွာ လှည့်ပတ်ကြည့်၍ပြီးနောက် ၎င်း၏ ထိပ်ဖျားသို့ တွားတက်ကာ ဂရုတစိုက်ကြည့်လေသည်။
သေချာကြည့်ရှုပြီးသော် ရှုယီ၏ အမူအရာက အနည်းငယ် ပို၍ လေးနက်လာ၏။
"ဘယ်လိုလဲ? ဥက္ကဌရှု၊ ဒီမှော်အမြောက်ကို ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်တဲ့မှော်အမြောက်နဲ့ယှဉ်ရင် ဘယ်လိုရှိလဲ?" မေဂျာ မက်ခ်ကွန်လီက မေးသည်။
ရှုယီက သူ့ကိုကြည့်ကာ ပြန်မေးလေ၏၊ "ဘယ်လိုထင်လဲ?"
မေဂျာ မက်ခ်ကွန်လီက ပခုံးတွန့်လျက်၊ "အတော်တော့လိုနေသေးတယ်။ ဒီမှော်အမြောက်က အတော်ကြီးတဲ့ပုံရှိပေမယ့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက မှော်အမြောက်ရဲ့ အစွမ်းနဲ့ ဖြစ်ဖြစ် ကြိမ်နှုန်းနဲ့ဖြစ်ဖြစ် ယှဉ်ရင် အတော်လိုနေတယ်။ လိုရင်းပြောရရင် နှိုင်းယှဉ်ကြည့်ရင် အတော်လေးအားနည်းတယ်။"
"အင်း ကျုပ်လည်း ဒီလိုထင်တယ်၊ ဒါပေမယ့်....." ရှုယီက သူ၏ အရပ် သုံးပြန်မျှရှိသည့် မှော်အမြောက်ကိုကြည့်ကာ မျက်လုံးများထဲ၌ ရှုပ်ထွေးဟန်ပေါ်လာသည်၊ "စခ်တိုင်းပြည်က တကယ်ပဲ ဒီအမြောက်ကို ကူးယူနိုင်တာလား၊ ကျုပ်တကယ်ပဲ သူတို့ကို လျှော့မတွက်သင့်ဘူးပဲ။ မှော်အမြောက်အပြင် မှော်ထပ်ဆင့်လေးကိုရော ကူးထားကြသေးလား?"
"ကျုပ်တို့ မတွေ့သေးဘူး။" မေဂျာ မက်ခ်ကွန်လီက ခေါင်းခါသည်၊ "ဥက္ကဌရှု၊ ကျုပ် ခင်ဗျားကို ပြတာက အဓိကအနေနဲ့ မေးမလို့ပါ၊ ဒီ မှော်အမြောက်က..... ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီက မှော်အမြောက်နဲ့ ဆင်နေတယ်လို့ ထင်လား?"
ရှုယီက မျက်လုံးများကို ကျဉ်းမြောင်းကာ၊ "ခင်ဗျားက ကျုပ်တို့လုပ်ငန်းစုကို သံသယဝင်နေတာလား?"
"ဟုတ်ပါတယ်။" မေဂျာ မက်ခ်ကွန်လီက အလေးအနက်ခေါင်းငြိမ့်ကာ၊ "ဥက္ကဌရှု၊ အရင်က မှော်အမြောက်က အရမ်းကိုကြမ်းတမ်းဟန်ရှိပေမယ့်လည်း အရမ်းကိုတိကျတဲ့ မှော်စက်တွေလို့ ပြောခဲ့တယ်လေ။ ကွဲလွဲချက်လေးတစ်ခုလောက်ပဲ ရှိနေရင်တောင် ကောင်းကောင်းအလုပ်လုပ်မှာမဟုတ်ဘူးဆိုတော့ ထုတ်လုပ်ဖို့ အရမ်းခက်ခဲတယ်လို့။"
"အမှန်ပဲ၊ ကျုပ်အရင်က ပြောခဲ့တယ်။" ရှုယီက သူ့ဘေးရှိ မှော်အမြောက်ကို ညွှန်ပြကာပြောသည်၊ "ဒီမှော်အမြောက်က သံမဏိတန်ပေါင်းရာနဲ့ချီအောင်သုံးထားပြီး အစိတ်အပိုင်းနှစ်ရာကျော်ရှိတယ်။ အစိတ်အပိုင်းတစ်ခုစီတိုင်းမှာ တိကျတဲ့ လိုအပ်ချက်ရှိပြီး အနည်းဆုံးကွဲလွဲမှုလေးဖြစ်ဖြစ်ရှိလာရင်တောင် ကောင်းကောင်းအလုပ်လုပ်ဖို့ မပြောနဲ့ တပ်ဆင်ဖို့တောင် အရမ်းခက်မှာ။"
"ဆိုတော့ ကျုပ်မေးချင်တာက..... ဘယ်လိုလုပ် စခ်တိုင်းပြည်က ဒီလောက် တိကျပြီး လုပ်ဖို့ခက်တဲ့ မှော်အမြောက်ကို လုပ်နိုင်သွားတာလဲ?" မေဂျာ မက်ခ်ကွန်လီက ရှုယီ၏ မျက်လုံးများကိုကြည့်ကာ အနှိုင်းမဲ့လောက်အောင် စူးရှလာသည်မှာ သူ့ထံထိုးခွင်းလာသည့် ဓားသွားနှစ်ခုလိုပင်။
ရှုယီက မေဂျာ မက်ခ်ကွန်လီ၏ အကြည့်များနှင့်ဆုံက လွှဲဖယ်လိုက်ခြင်း အလျဉ်းမရှိပါချေ။ သူက ဖြည်းညင်းစွာဖြင့် လေးလေးနက်နက်ပြောလေသည်၊ "ခင်ဗျား ကျုပ်တို့ကို သံသယဖြစ်နေတာတော့ နားလည်ပေမယ့် မေဂျာ မက်ခ်ကွန်လီ, ကျုပ်တို့ လုပ်ငန်းစုက ဒီလိုအရေးကြီးပစ္စည်းမျိုးကို တခြားတိုင်းပြည်တွေကိုတောင် လျှို့ဝှက်ထားတာ ဒီတော့ စခ်တိုင်းပြည်လို ရန်သူတိုင်းပြည်မျိုးဆို ပြောနေစရာတောင်မလိုဘူး။"
မေဂျာ မက်ခ်ကွန်လီက ရှုယီက အတန်ကြာကြည့်ပြီး ခေါင်းငြိမ့်ကာ၊ "ကျုပ်သာ ခင်ဗျားကိုမယုံရင် ဥက္ကဌရှု၊ ခင်ဗျားဒီမှာ ကျုပ်နဲ့ စကားပြောမနေရဘဲ မြေအောက် အကျဉ်းထောင်ထဲရောက်နေလောက်ပြီ"
ရှုယီက အသာပြုံးကာ၊ "ကျုပ်သာ လမ်ပူရီတိုင်းပြည်ကို သစ္စာဖောက်ချင်ရင် သေချာပေါက် မှော်အမြောက်လေးတစ်လုံးလောက် ရိုးရှင်းနေမှာမဟုတ်ဘူး။"
မေဂျာ မက်ခ်ကွန်လီက အနည်းငယ် ပြောင်းလဲသွားသည်။ သူဟာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်ကို သစ္စာဖောက်ခြင်း၏ အကျိုးဆက်များကို ရှင်းလင်းစွာစဉ်းစားကြည့်နေမိသည်။ စဉ်းစားပြီးနောက်၌ ရှုယီထံ တဖန်ပြုံးပြလိုက်လေ၏။
"ကျုပ်က ဥက္ကဌရှုရဲ့ တိုင်းပြည်အပေါ် သစ္စာစောင့်သိမှုကို ယုံပါတယ်၊ ဒါပေမယ့် စခ်တိုင်းပြည် ဒီမှော်အမြောက်တွေ လုပ်လာတော့ ဥက္ကဌရှုအနေနဲ့ ကျုပ်တို့ စစ်ဌာနချုပ်ကို ရှင်းလင်းချက်တစ်ခုပေးနိုင်ဖို့ မျှော်လင့်တယ်။ ဥက္ကဌရှုအနေနဲ့ ဒီလိုမလုပ်နိုင်ရင် စစ်ဌာနချုပ်ကနေ ခင်ဗျားကိုကူညီဖို့ လူတွေ လွှတ်ပေးမှာပါ။
နောက်ဆုံးစကားလုံးများကို ခြိမ်းခြောက်မှု သတိပေးမှုအဖြစ် သတ်မှတ်လို့ရနိုင်သော်လည်း ရှုယီက မေဂျာ မက်ခ်ကွန်လီ၏ စကားများကို လုံးဝ ဂရုမစိုက်ပေ။
မေဂျာ မက်ခ်ကွန်လီထံမှ ခြိမ်းခြောက်မှုနှင့်ယှဉ်လျှင် ပိုအရေးကြီးသည့် မေးခွန်းမှာ စခ်တိုင်းပြည်က ထိုမှော်အမြောက်များကို မြောက်ဘက်စစ်တပ်က အသုံးပြုခြင်းအားမြင်ပြီးနောက် တုပထားသည်လား သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်းထံမှ သုတေသနပစ္စည်းများကို ခိုးယူထားသည်လားပင်ဖြစ်သည်။
နောက်တစ်ခုသာဆိုလျှင် ပြဿနာက များစွာပိုကြီးသွားပြီဖြစ်၏။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၁၅။ စတေးလ်၏ စောင့်ကြည့်သူ
မှော်အမြောက်ကိစ္စကို ရှင်းလင်းရန်မှာ တစ်ရက် နှစ်ရက်နှင့်မရပေ။
မေဂျာ မက်ခ်ကွန်လီက ရှုယီအား မျှော်အမြောက်ကိုလေ့လာရန် မိုးကျတောင်ကြားသို့ပြန်ယူသွားခွင့်ကို ငြင်းဆန်ခဲ့သည်ကြောင့် မေဂျာမက်ခ်ကွန်လီနှင့်ဆွေးနွေးပြီးနောက်တွင် ရှုယီက Frestech ကုန်သည်ကြီးများအသင်းရှိ မှော်အမြောက်ကို တာဝန်ယူထားရသည့် ဘော်ဒီယူနှင့် တခြားမှော်စက်မှုအင်ဂျင်နီယာများထံ အန်ဗီမာမြို့တော်သို့လာရောက်ရန် စာရေးပို့လိုက်ရသည်။
၎င်းတို့မှာ လက်ရှိ အန်ဗီမာမြို့တော်ရှိ အရည်အချင်းစစ်စာမေးပွဲအတွက် ရောက်နေသော သုတေသနပညာရှင်များနှင့်အတူ အလုပ်လုပ်ရမည်ဖြစ်ရာ ထိုနည်းနှင့် မှော်အမြောက်၏ အသေးစိတ်ကို စစ်ဆေးနိုင်မည်သာ။
ဤမှော်အမြောက်၏ ရင်းမြစ်ကို အတည်ပြုခြင်းအပြင် စွမ်းအားနှင့် အရည်အသွေးကိုပါ စစ်ဆေးရမည်ဖြစ်သည်။ မြောက်ဘက်စစ်တပ်က စခ်တိုင်းပြည်နှင့် ထပ်မံတိုက်ခိုက်ပါက ဤအမြောက်နှင့် ရင်ဆိုင်ရချိန်တွင် မည်သို့ရင်ဆိုင်ရမည့် အကြံကို အာမခံရမည်ဖြစ်၏။
ထိုကိစ္စများပြုလုပ်ပြီးနောက်၌ မနက်ခင်းကုန်လွန်သွား၏။ ရှုယီက မေဂျာ မက်ခ်ကွန်လီ၏ လေ့ကျင့်ကွင်း၌ နေ့လည်စာအတွက် ဖိတ်ခေါ်ခြင်းကိုငြင်းဆိုလျက် သူငှားထားသည့် မြင်းလှည်းထဲဝင်ကာ အန်ဗီမာမြို့တော် တောင်ပိုင်းထံ ဦးတည်လိုက်သည်။
ကောင်းကင်ကို မော့ကြည့်လိုက်သော် အေးစက်စက် ဆောင်းနေက သူ၏ ခေါင်းထက်ရောက်နေကြောင်းမြင်လိုက်ရသဖြင့် ရှုယီမှာ ဤအချိန်က အချိန်ကောင်းဖြစ်သည်ဟု ခံစားလိုက်ရသည်။
မျှော်လင့်ထားသလိုပင် ဆယ်မိနစ်လောက်စောင့်ဆိုင်းနေပြီးနောက် အန်ဗီမာ မြိုတော်တောင်ပိုင်းနှင့် ချိတ်ဆက်ထားသည့် လမ်းထက်တွင် ဖြောင့်ဖြူးသည့်မျက်နှာပြင်သို့ ဖြတ်မောင်းသွားသော မှော်ကား ဒါဇင်ချီကို တွေ့လိုက်ရသည်။
အန်ဗီမာမြို့တော်၏ လူများမှာ Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်ထားသည့် မှော်ကားများအကြောင်းကို သတင်းစာပေါင်းစုံမှ သိထားပြီးဖြစ်ကာ ဘန်တာမြို့နှင့် အန်ဗီမာမြို့တော်ကြား ကူးလူးသွားလာနေသည့် မှော်ကားများကို မကြာခဏမြင်ဖူးကြသော်လည်း ဤသည်က ပထမဆုံးအကြိမ် ယာဉ်တန်းကြီးကို မြင်လိုက်ရခြင်းဖြစ်သည်။ လမ်းနံဘေးရှိလူများက မနေနိုင်ဘဲ ရပ်တန့်ပြီး ထိုယာဉ်တန်းကိုကြည့်လိုက်သည်။
ယာဉ်တန်းရှေ့ရှိတစ်စီးမှာ ခရီးသည်တင်မှော်ကားဖြစ်သည်။ ၎င်းက ဖြေးဖြေးဆင်းလာကာ ရှုယီထံတိုးလာပြီး ရှုယီနံဘေးရောက်သော် ရပ်တန့်သွားသည်။
တံခါးပွင့်လာချိန်၌ ဆင်းလာသူမှာ ခမ်နက်ဒ် ဖြစ်၏။
"ဥက္ကဌ၊ ကုန်စည်ပထမအသုတ်က ရောက်နေပါပြီ။ ကြည့်ချင်သေးလားဗျ?" ခမ်နက်ဒ်က အပြုံးဖြင့်မေးလေ၏။
"မင်း ကိစ္စတွေကို ကိုင်တွယ်ရင် စိတ်မချဖူးတဲ့ အချိန်ရှိဖူးလို့လား?"
ရှုယီက အပြုံးဖြင့် ခေါင်းခါသည်။ သူက နောက်မှ လိုက်ပါလာသည့် ခရီးသည်တင်မှော်ကားနှစ်စီးကိုကြည့်လိုက်သော် ယုန်နားရွက်နှစ်ခုနှင့် တင်ပါး၌ အမွှေးပွပွ အမြီးရှိသည့် သေးသွယ်သွယ်မိန်းမငယ်လေးတစ်စုထွက်လာကြသည်။
"စတေးလ်က မင်းကို နောက်ဆုံးတော့ ဆန်းသစ်လ ဆပ်ကပ်အဖွဲ့ကို ခေါ်လာခိုင်းပြီပေါ့?" ရှုယီက မေးသည်။
"အင်း၊ ဥက္ကဌက အန်ဗီမာမြို့တော်မှာ ရှိနေတော့ အရာအားလုံးကို စီစဉ်မှာ သိလို့ ဒီအခွင့်အရေးကို အလွတ်မပေးနိုင်တာကြောင့် ကျွန်တော်နဲ့အတူ ဆန်းသစ်လ ဆပ်ကပ်အဖွဲ့ကိုပါ ခေါ်လာခိုင်းတာလို့ ပြောတယ်။ ဥက္ကဌ သူတို့ကို ဘယ်လိုစီစဉ်ပေးချင်လဲ?"
"ငါက ပြင်ဆင်ပြီးသားဆိုတော့ ကောင်းတာပေါ့။" ရှုယီက ပခုံးတွန့်သည်၊ "သူတို့ကို မြို့ထဲ ငါနဲ့အတူလိုက်ခိုင်းလိုက်ပြီး နေထိုင်ဖို့ကတော့....." ရှုယီက ခမ်နက်ဒ်ကိုကြည့်ကာ မေးသည်၊ "ဟုတ်သားပဲ၊ မင်း အိမ်အရင်မပြန်သင့်ဘူးလား? ဆိုဖီယာကရော? ဘာလို့ မင်းနဲ့အတူ ပြန်မလာတာလဲ?"
"ဆိုဖီယာပြောတာတော့ ခင်ဗျား အဲ့မှာ မရှိနေလို့ စတေးလ်ကို သူပဲ စောင့်ရှောက်ရမှာမို့ ပြန်မလာတော့ဘူးတဲ့။" ခမ်နက်ဒ်က အပြုံးဖြင့်ပြောသည်။
"သူက စတေးလ်ကို စောင့်ရှောက်တယ်?" ရှုယီက မယုံကြည်နိုင်ဟန်ပေါ်လာကာ၊ "သူ စတေးလ်ကို ပြဿနာမဖြစ်စေရင်တောင် အဆင်ပြေနေပြီကို....."
ခမ်နက်ဒ်က ရယ်ကာ၊ "သူက ထွက်လာတာမကြာသေးတော့ မပြန်လာချင်သေးလောက်ဘူး ထင်တယ်။ စတေးလ်ကို စောင့်ရှောက်ဖို့ကတော့..... သူ့အတွက် ခက်လောက်မယ်။"
ရှုယီက မနေနိုင်အောင် ခေါင်းခါမိရ၏။ သူက ခေါင်းစောင်းလျက် မျက်လုံးထောင့်မှနေ၍ မှော်ကားထဲမှ ထွက်လာသော ရင်းနှီးသည့်အသွင်သဏ္ဍာန်တစ်ခုကို မြင်လိုက်ရသည်။
"လင်ဒါ, ဘာလို့ ဒီရောက်နေတာလဲ?" ရှုယီက သိလိုစွာဝေ့ဝဲကြည့်နေသည့် လင်ဒါကိုမြင်သော် အံ့ဩသွားကာ မေးလိုက်သည်၊ "ဘာလို့ အိမ်မှာပဲနေပြီး စတေးလ်ကို မစောင့်ရှောက်တာလဲ? ဒီမှာ ဘာလုပ်နေတာလဲ?"
လင်ဒါက ဝေ့ဝဲကြည့်ပြီးမှ ရှုယီကိုကြည့်လာသည်။ သူမ မျက်နှာက အနည်းငယ်နီရဲသွားကာ ခေါင်းငုံ့လျက် အသံတိုးတိုးဖြင့် ပြောလာ၏၊ "သခင်မလေးက ကျွန်မကို လာခိုင်းလိုက်တာပါ။"
"စတေးလ်က မင်းကိုလာခိုင်းတယ်? ဘာလို့လဲ?" ရှုယီက ပို၍ ရှုပ်ထွေးသွားသည်။
"သခင်လေးက အဝေးမှာ နေတာ ကြာနေပြီး ဆိုဝယ်လ်မြို့ကိုပါ သွားရမှာမို့ သခင်လေးကို ပြုစုဖို့အတွက် ဘယ်သူမှမရှိမှာစိုးလို့ လာခိုင်းတယ်လို့ ပြောပါတယ်။" လင်ဒါက ပြန်ဖြေ၏။
"ဒါက ကျုပ် အချိန်ကြာအပြင်ထွက်တဲ့ ပထမဆုံးအကြိမ်မှမဟုတ်တာ၊ ဘာပြုစုစရာလိုလို့လဲ?" ရှုယီက မျက်လုံးများ လှိမ့်လိုက်သည်။
လင်ဒါက မော့ကြည့်လာပြီးမှ မြန်မြန်ပင် ပြန်ငုံ့သွားရင်း ပိုတိုးသောအသံဖြင့် ဆိုလာသည်၊ "သခင်မလေးက ပြောပါတယ်..... သခင်လေးရဲ့ ဆိုဝယ်လ်မြို့ ခရီးမှာ မင်းသမီးလေးကာရိုလင်းနဲ့ တွေ့ရလောက်တယ်တဲ့....."
ရှုယီက အံ့ဩကာ အလျင်အမြန် နားလည်သွားပြီး အနည်းငယ် ဒေါသဖြစ်သလို အနည်းငယ် ရယ်ချင်သွားသည်။
"ဟုတ်ပြီလေ၊ သူမက ဒါကိုစိုးရိမ်နေလို့ စောင့်ကြည့်မယ့်လူ ပို့လိုက်တာပဲ ....." ရှုယီက ခေါင်းခါပြီး စိုးရိမ်နေသည့် လင်ဒါကို ကြည့်လာသည်။ ထို့နောက် သက်ပြင်းချကာ၊ "ထားပါတော့၊ မင်းကို ဒီပို့လိုက်ပြီဆိုမှတော့ နေလို့ရပါတယ်။ ငါ့ဘေးမှာ အားကိုးစရာလူရှိတာကလည်း ဒုက္ခအတော်များများသက်သာတာပေါ့။"
ရှုယီ၏အဖြေကိုကြားသော် လင်ဒါက ပျော်ရွှင်စွာ ပြန်ဖြေပြီး ရှုယီနံဘေး၌ အလျင်အမြန်ရပ်လိုက်လေသည်။
"ဥက္ကဌ၊ ဆန်းသစ်လဆပ်ကပ်အဖွဲ့က သားရဲလူမျိုးမိန်းကလေးတွေကို ဘယ်လိုစီစဉ်မလဲဆိုတာ မပြောရသေးဘူး။" ခမ်နက်ဒ်က သတိပေးလာ၏။
"အိုး....." ရှုယီက ဘေးဘီသို့ လင်ဒါထက် ပိုမိုစူးစမ်းလိုဟန်ဖြင့် ကြည့်နေကြသည့် သားရဲလူမျိုး မိန်းကလေးများထံကြည့်လိုက်သည်။
စဉ်းစားပြီးနောက်၌ ပြောလေ၏၊ "သူတို့ကို ငါနဲ့အတူ ကောင့်ထ်စီယန်ရဲ့ အဆောက်အဦမှာ နေခိုင်းလိုက်မယ်၊ ဒါက သူတို့အတွက် ကိစ္စတွေ စီစဉ်ပေးရတာပိုလွယ်တာပေါ့။"
"ကောင်းပါပြီ၊ ဒါဆို ဥက္ကဌ၊ ဘယ်အချိန် ဆိုဝယ်လ်မြို့ကို သွားဖို့ စီစဉ်ထားလဲ?" ခမ်နက်ဒ်က မေးလာသည်။
"မျှော်လင့်မထားတာတွေ ဖြစ်မလာရင် မနက်ဖြန်မနက်အရည်အချင်းစစ်စာမေးပွဲဖြေပြီး နေ့လည် သွားမှာ။ ကောင့်ထ်စီယန်ကတော့ စိတ်မရှည်ဖြစ်နေလောက်တယ်။"
"ကျွန်တော် နားလည်ပြီ၊ အားလုံးကို ဂရုစိုက်ထားလိုက်ပါ့မယ်။" ခမ်နက်ဒ်က ခေါင်းငြိမ့်ကာဆိုသည်။
ရှုယီက မပြုံးဘဲ မနေနိုင်တော့ပေ။ ခမ်နက်ဒ်က လုပ်ငန်းစု၏ စီအီးအိုဖြစ်လာကတည်းက အချိန်နှင့် စွမ်းအင်သက်သာခဲ့လေသည်။ ဥပမာ ဤတစ်ခေါက် ဆိုဝယ်လ်မြို့သို့ ကောင့်ထ်စီယန်၏ ဖိတ်ကြားမှုဖြင့် ထုတ်လုပ်ရေးအခြေစိုက်ဌာနတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန် သွားခြင်းအတွက် ဂရုစိုက်ရန် ကိစ္စများစွာရှိသော်လည်း ရှုယီက ခမ်နက်ဒ်ကို ပြောဖို့သာလိုပြီး ခမ်နက်ဒ်ကို လုပ်ခိုင်းကာ အရာအားလုံးကို လျစ်လျူရှုထားနိုင်သည်။ ထို့အပြင် သူဟာ လိုအပ်သမျှ လူအင်အားကိုလည်း ချောချောမွေ့မွေ့ ယူဆောင်နိုင်၏။
ထို့အပြင် ရှုယီမှာ အန်ဗီမာမြို့တော်၏ ကိစ္စများကို ခမ်နက်ဒ်ထံ လွှဲပေးခြင်းကို စိတ်သက်သာပြီး ဤနေရာ အချိန်ကြာနေရန် မလိုချေ။
"အရင်ရက်တွေက မင်းအတွက် ခက်ခဲခဲ့မှာပဲ။ မိဘတွေကို သွားတွေ့ပြီး တစ်ချက်လောက် နားလိုက်ဦး။" ရှုယီက ခမ်နက်ဒ်ပခုံးကိုပုတ်ပေးကာ တန်ဖိုးထားမှုကိုပြသလိုက်သည်။
"ဒါကို ခက်ခဲတယ်လို့ ယူဆလို့မရပါဘူး။ ဥက္ကဌ၊ ကျွန်တော်ပြန်တဲ့အချိန်ကျရင် အဖေက ခင်ဗျားကို ကျွန်တော်တို့မိသားစုဆီ ဧည့်သည်အဖြစ် ဖိတ်လောက်တယ်။ ခင်ဗျား ဆန္ဒရှိလား?"
"ဒါပေါ့၊ ဘာလို့ ဆန္ဒမရှိရမှာလဲ?" ရှုယီက အပြုံးဖြင့် ပြောသည်၊ "မင်းက ဒီကို ရောက်လာတော့မှာကြောင့်သာမဟုတ်ရင် ဒီနေ့တွေအတွင်းမှာ ကောင့်ထ်အမ်မာဆီ ငါသွားလည်လောက်တယ်။ ဒါပေမယ့် အချိန်က ဆိုဝယ်လ်မြို့ဆီ မြန်မြန်သွားရတော့မှာမို့။"
"ဟုတ်ပါပြီ၊ ကျွန်တော် အဖေနဲ့ ဆွေးနွေးလိုက်မယ်။"
နှုတ်ဆက်ပြီးနောက် ခမ်နက်ဒ်က ကုန်စည်အပြည့်နှင့် မှော်ကားများကို ရှုယီ မြို့အပြင်ဘက်၌ ငှားရမ်းထားသည့် သိုလှောင်ရုံထံ ယူသွားသည်။ ရှုယီက သူနှင့်အတူ ခရီးသည်တင်မှော်ကားနှစ်စီးယူ၍ လင်ဒါနှင့် ဆန်းသစ်လဆပ်ကပ်အဖွဲ့မှာ သားရဲမိန်းကလေးများကို အန်ဗီမာမြို့တော်ထံ ခေါ်ဆောင်သွားလိုက်သည်။
မှော်ကားနှစ်စီးက လမ်းမထက်ရှိ အကြည့်များကို ဆွဲဆောင်နေကာ ကောင့်ထ်စီယန်၏ အဆောက်အဦ၌ ရပ်တန့်သွားချိန်တွင် လူအုပ်ကြီးပေါ်လာသည်။ ကားထဲမှ ချစ်စဖွယ်သားရဲလူမျိုးမိန်းကလေးများထွက်လာသောအခါ ဆွဲဆောင်ခံလိုက်ရသည့် အကြည့်များ ပိုလို့ပင် များနေသည်။
ရှုယီ ထွက်လာပြီးနောက် လူအုပ်ထဲမှ သက်လတ်ပိုင်းလူကြီးမှာ ရှုယီကို ကျယ်လောင်စွာမေးလာလေသည်၊ "ဟယ်လို၊ ကျုပ်က « အန်ဗီမာ တိုင်းမ်စ် »က သတင်းထောက် ရက်တာ ပါ၊ ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ရှုယီလားဗျ?"
"ဟုတ်ပါတယ် ကျုပ်က ရှုယီပါ။ ဟယ်လို သတင်းထောက် ရက်တာ" ရှုယီက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။
ရက်တာ၏ မျက်နှာက တောက်ပသွားရင်း ရှုယီနောက်မှ သားရဲလူမျိုးမိန်းကလေးများကိုကြည့်ကာ စိတ်ဝင်စားဟန်ဖြင့်မေးလေသည်၊ "ဥက္ကဌရှု၊ ဒီမိန်းကလေးတွေရဲ့ သွင်ပြင်ကိုသုံးသပ်ရရင် သူတို့က သားရဲလူမျိုး မျိုးနွယ်စုကဖြစ်ရမယ်?"
"ဟုတ်ပါတယ်၊ သူတို့ရဲ့ သွင်ပြင်ကနေပြီးတော့ မြင်နိုင်ပါတယ်။ သူတို့က မြေခွေးမျိုးနွယ်၊ ကြောင်မျိုးနွယ်၊ ကျားသစ်မျိုးနွယ်နဲ့ တခြားမျိုးနွယ်တွေကနေ အသီးသီးလာကြတာပါ၊ သူတို့အားလုံးက သားရဲလူမျိုးနွယ်စု မိန်းကလေးတွေချည်းပါပဲ။" ရှုယီက ပြန်ဖြေသည်။
ရှုယီ၏အဖြေကိုကြားသော် ဘေးတဝိုက်ရှိ လူများ အံ့အားသင့်သွားကြ၏။
လူသားများအတွက် သားရဲလူမျိုးများက အရုပ်ဆိုးကာ ကြမ်းတမ်းသော်လည်း ဤသားရဲလူမျိုးမိန်းကလေးများက အင်မတန်သန့်စင်လှပလေသည်။ ၎င်းတို့ထံ၌ရှိသည့် သားရဲလူမျိုးလက္ခဏာများကိုပါ ပေါင်းထည့်လိုက်လျှင် ပို၍ပင် ချစ်စဖွယ်ကောင်းသွား၏။ ၎င်းတို့က ရက်စက်ဟန် ကြမ်းတမ်းဟန် အလျဉ်းမရှိချေ။
"ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက တခြားမျိုးနွယ်စုက အလုပ်သမားအတော်များများကို ခန့်အပ်ထားတယ်လို့ ကျုပ်သိထားတော့ ဒီသားရဲလူမျိုးမိန်းကလေးတွေက ခင်ဗျားတို့လုပ်ငန်းစုရဲ့ ဝန်ထမ်းတွေလားဗျ? သူတို့က လုပ်ငန်းစုမှာ ဘယ်လိုအလုပ်မျိုး လုပ်ရတာလဲ?"
"မဟုတ်ပါဘူး၊ သူတို့က ဆန်းသစ်လ ကုန်သည်ကြီးများအသင်းရဲ့ ဆန်းသစ်လ ဆပ်ကပ်အဖွဲ့ပါ၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ မသက်ဆိုင်ပါဘူး။"
"ဆန်းသစ်လ ဆပ်ကပ်အဖွဲ့?" ရက်တာက အံ့ဩဟန်ပေါ်လာကာ၊ "ဒီတော့ ဒီသားရဲလူမျိုးမိန်းကလေးတွေက ကပြသီဆိုရတာများလား?"
"ခင်ဗျား မယုံလို့လား?" ရှုယီက ပြုံးပြလိုက်ပြီးနောက် မြေခွေးမိန်းကလေးထံ လက်ယမ်းပြကာ၊ "လာပါဦး၊ အေဗရယ်, အားလုံးကို သီချင်းဆိုပြလိုက်ပါ။"
လူအုပ်ကြီးထံမှ ကြည့်ရှုခံနေရခြင်းကြောင့် အေဗရယ်မှာ အနည်းငယ် ကြောက်ရွံ့နေသော်လည်း ရှုယီက သူမပခုံးကိုပုတ်ပေးသည့်နောက် သတ္တိများရလာက ပါးစပ်ဟလိုက်သည်။
ရိုးရှင်းလှပသည့် ဆွဲဆောင်မှုအားကောင်းသော အသံလေးတစ်သံက အေဗရယ် နှုတ်မှထွက်လာလေသည်။ ၎င်းကိုကြားသည့် လူများက ဆံပင်မွှေးများပင် တစ်ဆုံးထောင်ထသွားသည်။ ၎င်းအား နားထောင်ရခြင်းက လူတိုင်းကို အင်မတန် သက်တောင့်သက်သာဖြစ်စေပြီး နှလုံးသည်းပွတ်ကို ယားယံစေသည်။
မည်သည်ကြောင့်မှန်းမသိရပါဘဲ ဘေးတဝိုက်ရှိလူများမှာ ထိုသီဆိုမှုကြောင့် ဆွဲဆောင်ခံလိုက်ရကာ အာရုံစူးစိုက်မှုအပြည့်ဖြင့် နားထောင်နေကြသည်။
လူအုပ်ကြီး၏တုံ့ပြန်မှုကိုမြင်သော် ရှုယီက စိတ်တိုင်းကျစွာ ခေါင်းငြိမ့်သည်။
အေဗရယ် ပထမဆုံး သီဆိုသည်ကို ကြားစဉ်က သူဟာ ပို၍ အံ့ဩကာလေးလေးနက်နက် ဆွဲဆောင်ခံခဲ့ရသည်ပင်။
ယခုတွင် သူမ၏ ပထမဆုံးသွင်ပြင်အတွက် တုံ့ပြန်ချက်ကို မြင်လိုက်ရရာ ဆန်းသစ်လဆပ်ကပ်အဖွဲ့၏ ကျော်ကြားမှုက သေချာပေါက် တရှိန်ထိုးဖြစ်လာလိမ့်မည်။
ထိုသို့သော် ကြော်ငြာမှုအားကောင်းကောင်းနှင့် ဆန်းသစ်လဆပ်ကပ်အဖွဲ့မှာ သားရဲလူမျိုးများအတွက် ပုံရိပ်သစ်ကို လွယ်လွယ်ကူကူ တည်ထောင်နိုင်လိမ့်မည်သာ။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၁၆။ လျစ်လျူရှုလိုက်
စိုင်စ်နယ်မြေကြီးရှိ နည်းပညာအဆင့်မှာ ကမ္ဘာမြေထက် နိမ့်ကျသည်။ သံရုံးဟူသည်လည်း သဘာဝကျစွာပင် ကမ္ဘာမြေရှိ သံရုံးကဲ့သို့ မခမ်းနားသော်လည်း လမ်ပူရီတိုင်းပြည်နှင့်အတူ ငြိမ်းချမ်းရေး၌ရှိသည့် တိုင်းပြည်အချို့ထဲမှ တစ်တိုင်းပြည်ဖြစ်သော အန်ဗီမာမြို့တော်ရှိ အနောက်ဘက် ဟော့ခ် တိုင်းပြည်၏ သံရုံးမှာ မသေးငယ်နေပေ။
သို့သော် အနောက်ဘက် ဟော့ခ်တိုင်းပြည်က ရှင်းလင်းစွာဖြင့် ထိုသံရုံးကို ဂရုမစိုက်ပေ။ သံရုံးတစ်ခုလုံးမှာ သာမန်အဆောက်အဦတစ်ခုနှယ်ဖြစ်ပြီး ၎င်းအပေါ်၌ စိုက်ထူထားသည့် အနောက်ဘက်ဟော့ခ်တိုင်းပြည်ကိုယ်စားပြု အလံမှလွဲ အရေးပါသော အဆောက်အဦးဟု ခံစားရစေသည့် အရာတစ်ခုမှ မရှိပေ။
ရှုယီမှာ တခြားတိုင်းပြည်၌ သံရုံးတစ်ရုံးတည်ဆောက်ပါက ၎င်းတို့တိုင်းပြည်၏ ပုံရိပ်ကိုကိုယ်စားပြုသဖြင့် ၎င်းကို အင်မတန် အရေးပါလာစေသည်ဟု ကမ္ဘာမြေ၌ ကြားခဲ့ဖူးသည်။
ထိုစကားလုံးများက စိုင်စ်နယ်မြေကြီး၌လည်း အသုံးဝင်ဟန်ရှိသည်။ ရှုယီအတွက် အနောက်ဘက် ဟော့ခ်တိုင်းပြည်၏ လမ်ပူရီတိုင်းပြည်ရှိ သံရုံးအနေနှင့် ဤမျှ သာမန်ဆန်နေသည်မှာ ၎င်းတို့က ၎င်းတို့တိုင်းပြည်၏ပုံရိပ်ကို ဂရုမစိုက်ခြင်းကြောင့်သာမကဘဲ လမ်ပူရီတိုင်းပြည်ကိုပါ အလေးမထားသောကြောင့်ဖြစ်ဟန်တူသည်။
ပြောရလျှင် အနောက်ဘက် ဟော့ခ်တိုင်းပြည်မှာ ကန်ဒရာ သို့မဟုတ် မားလိုအင်ပါယာတို့နှင့် ယှဉ်နိုင်သည့် တိုင်းပြည်များထဲမှ တစ်တိုင်းပြည်ဖြစ်ပြီး လမ်ပူရီတိုင်းပြည်က ဆယ်နှစ်တာ ဖရိုဖရဲဖြစ်ပြီးနောက်မှ အင်အားတချို့ပြန်ရလာသဖြင့် ၎င်းတို့က တူညီသည့်အဆင့်မရှိပေ။ ရှုယီ အနောက်ဘက် ဟော့ခ်တိုင်းပြည်သံရုံးသို့ ရောက်သော် ၎င်းတို့က သူ့အား အင်မတန်နွေးထွေးစွာဆက်ဆံကာ အနောက်ဘက် ဟော့ခ်တိုင်းပြည်သံတမန်က အပြုံးနှင့် နှုတ်ဆက်ပါသော်ငြား ရှုယီမှာ သူ၏ အပြုအမူများထံမှ သရော်လိုမှုကို အလွယ်လေးခံစားနိုင်သည်။
ရှုယီမှာ အနောက်ဘက် ဟော့ခ်တိုင်းပြည်၏ သံရုံးက သူ့ထံ ဖိတ်ကြားဖို့ လူလွှတ်လိုက်ခြင်းမှာ အရေးကြီးကိစ္စကို ဆွေးနွေးဖို့ဖြစ်သော်လည်း သူသာ ပွဲ၌ အသိတချို့ကို မတွေ့ခဲ့ရပါလျှင် ဤနေရာ၌ အချိန်မဖြုန်းလိုသဖြင့် လှည့်ပြန်မိလောက်သည်ဟု ထင်မိသည်။
"ဥက္ကဌရန့်ခ်၊ သံတမန် ပလိုမားစ်က ခင်ဗျားကို ဆက်ဆံတဲ့ပုံအရ ဒါက ပထမဆုံး ဒီပွဲကို ဖိတ်ကြားခံရတာတော့ မဟုတ်လောက်ဘူးပေါ့နော်?" ရှုယီ ပထမဆုံး သွားလိုက်သည့် ပထမအသိမှာ ဘန်တာမြို့မှလာသည့် ဆာရန့်ခ် ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရန့်ခ်ဆီဖြစ်သည်။
"ဟုတ်တယ်၊ နှစ်ဆုံးမှာ သံတမန်ပလိုမားစ်က ကျုပ်တို့ လမ်ပူရီတိုင်းပြည်ရဲ့ ကုန်သည်အားလုံးကို ဖိတ်လိမ့်မယ်။ ဒါကို သူတို့ အနောက်ဘက် ဟော့ခ်တိုင်းပြည်အတွက် စီးပွားရေးနည်းနည်းလောက် တီးခေါက်ကြည့်တာလို့ ယူဆလို့ရပါတယ်။" ဥက္ကဌရန့်ခ်က ဖြေသည်။ သူက ရှုယီကို ဟာသတွေ့လိုက်ရသည့်နှယ်ကြည့်ကာ၊ "ဒါပေမယ့် သံတမန် ပလိုမားစ်က ဒီတစ်ခေါက် ဟာသလုပ်လိုက်ပုံပဲ။ ဥက္ကဌရှုယီကို ဖိတ်တာကတင် ခက်နေပြီကို သူက ခင်ဗျားကို လျစ်လျူရှုထားတာက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဆန့်ကျင်ခံရမှာကို မကြောက်လို့များလား?"
"သူက အနောက်ဘက် ဟော့ခ်တိုင်းပြည်ကို ကိုယ်စားပြုတယ်လေ၊ ကျုပ်တို့က အနောက်ဘက် ဟော့ခ်တိုင်းပြည်ဆီက တစ်ခုခုကို လိုချင်နေတဲ့ ကုန်သည်တွေလေးတွေပါပဲ၊ သူက ကျုပ်ကို ဆန့်ကျင်ရမှာကို ဘယ်စိုးရိမ်ပါ့မလဲ?" ရှုယီက ပခူံးတွန့်သည်၊ "ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ အနောက်ဘက် ဟော့ခ်တိုင်းပြည်က ကျုပ်ဖွင့်ချင်တဲ့ ဈေးကွက်ပဲလေ။ ဥက္ကဌရန့်ခ်၊ ကျုပ်တို့က မိတ်ဆွေဟောင်းတွေဆိုမှတော့ အနောက်ဘက် ဟော့ခ်တိုင်းပြည်က ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်က ဘယ်လိုရှိလဲ ပြောပြလို့ရမလား?"
"ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်....."
ဥက္ကဌရန့်ခ်က ဝိုင်နီကို တစ်ငုံသောက်ပြီးနောက် တွေးဆဆဖြင့် ပြောလာသည်၊ "ယေဘုယျအနေနဲ့တော့ အဆင်ပြေပါတယ်၊ အနောက်ဘက် ဟော့ခ်တိုင်းပြည်မှာ လတ်တလောဘာဘေးဒုက္ခမှမရှိသလို တိုင်းပြည်ရေးကလည်း တည်ငြိမ်တယ်လေ။ လူနေမှုအဆင့်တန်းကလည်း ကျုပ်တို့ လမ်ပူရီတိုင်းပြည်ထက် ပိုကောင်းတော့ ဈေးကွက်က အရမ်းကိုကျယ်ပြန့်တယ်။ တစ်ခုတည်းသော ပြဿနာက....."
"ဘာများလဲ?"
ဥက္ကဌရန့်ခ်က သံတမန် ပလိုမားစ်နှင့် စကားပြောနေသည့် ကုန်သည်တစ်ဦးကိုကြည့်၍ အသံတိုးလိုက်သည်။
"အနောက်ဘက် ဟော့ခ်တိုင်းပြည်ရဲ့ တိုင်းပြည်ရေးအခြေနေက အရမ်းကောင်းပေမယ့် တည်ငြိမ်နေတာ အချိန်ကြာတော့..... အမှုထမ်းတွေကလည်း ပိုပိုပြီး ရဲတင်းလာကြတယ်....."
ရှုယီက တမုဟုတ်ချင်းနားလည်သွားသည်။
ဥက္ကဌရန့်ခ်၏ စကားလုံးများမှာ အနောက်ဘက် ဟော့ခ်တိုင်းပြည်၏ အတွင်းရေးပြဿနာများက အင်မတန်ပြင်းထန်သည့် အဓိပ္ပာယ်ပင်။
ရှုယီက သံတမန်ပလိုမားစ်ထံ ညွှန်ပြကာ၊ "ဒီ သံတမန် ပလိုမားစ်ကရော?"
ဥက္ကဌရန့်ခ်က ဝိုင်ကို နောက်တစ်ငုံသောက်ကာ ထူးထူးဆန်းဆန်းပြုံးလိုက်သော်လည်း မည်သည်ကိုမှ မဆိုပေ။
ရှုယီမှာ နားလည်သွားပြီး ထပ်မမေးတော့ဘဲ ပြုံးရုံသာပြုံးလိုက်၏။
ဥက္ကဌရန့်ခ်နှင့် စကားဆိုပြီးနောက် ရှုယီမှာ သံတမန်ပလိုမားစ်၏ နံဘေးမှ ကုန်သည်က ထွက်သွားသည်ကိုမြင်သဖြင့် သူလည်း သွားလိုက်သည်။
"သံတမန် ပလိုမားစ်....."
"သံတမန် ပလိုမားစ်......"
ခေါ်သံနှစ်ခုက တစ်ချိန်တည်းထွက်လာသည်။ လမ်ပူရီတိုင်းပြည်၏ အခြားကုန်သည်တစ်ဦးဖြစ်မှာ ရှုယီနှင့် တစ်ချိန်တည်း သံတမန်ပလိုမားစ်ဟု ခေါ်လာခြင်းဖြစ်သည်။
နှစ်ဦးသားက အံ့ဩလျက် အချင်းချင်းကြည့်လိုက်ကြ၏။ ရှုယီမှာ သူနှင့်အကြံတူနေသည့်လူက ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ခိုလ်မာ ရမ်းဒက်စ်ဖြစ်ကြောင်းတွေ့လိုက်ရသည်။
"ဟေး ဥက္ကဌရမ်းဒက်စ်, ဟယ်လို။ ကျုပ် ခင်ဗျားကို အစောတုန်းကမြင်ပေမယ့် နှုတ်ဆက်ဖို့ အချိန်မရလိုက်ဘူး။" ရှုယီက လက်ပြနှုတ်ဆက်လိုက်သည်။
ဥက္ကဌရမ်းဒက်စ်က ရှုယီ၏ အပြုံးကို တုံ့ပြန်ရင်း သံတမန် ပလိုမားစ်ကို ကြည့်လိုက်ပြီးနောက် ရှုယီကို ခေါင်းငြိမ့်ပြလာသည်၊ "ခင်ဗျားမှာ သံတမန်နဲ့ကိစ္စရှိနေမှတော့ ခင်ဗျားအရင်ပြောလို့ရပါတယ်။ သံတမန်ကြီး၊ ကျုပ် ခဏနေမှလာရှာတော့မယ်။"
ထိုသို့ပြောပြီးနောက် ဥက္ကဌ ရမ်းဒက်စ်က ရှုယီနှင့် သံတမန်ပလိုမားစ်ထံ ဝိုင်ခွက်မြှောက်ပြလာပြီး လှည့်ထွက်သွားသည်။
သံတမန်ပလိုမားစ်က ဥက္ကဌ ရမ်းဒက်စ်ကို တစ်ချက်ကြည့်ပြီးနောက် ရှုယီကို တအံ့တဩလှည့်ကြည့်လိုက်သည်။
ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်ရှိ ပထမတန်းလုပ်ငန်းစုဖြစ်သဖြင့် သူဟာ ဥက္ကဌ ရမ်းဒက်စ်ကို မှတ်မိလေ၏။
သံတမန်ပလိုမားစ်အတွက် လမ်ပူရီတိုင်းပြည်တွင် ဥက္ကဌရမ်းဒက်စ်ကို ယှဉ်နိုင်သည့် ကုန်သည်များမှာ လက်တစ်ဖက်နှင့်တင် ရေတွက်ရနိုင်သည်။ ပုံမှန်အခြေနေတွင် အလျှော့ပေးလိုက်ရမည်မှာ သူ့ရှေ့မှ သူပင် သတိမထားမိသည့် ကုန်သည်လေးဖြစ်သည်။
သို့သော် မျှော်လင့်မထားစွာဖြင့် နောက်ဆုတ်သွားသည်က တကယ်တမ်း ဥက္ကဌရမ်းဒက်စ်ဖြစ်နေလေသည်!
ဥက္ကဌရမ်းဒက်စ်၏ ရှုယီထံ သဘောထားကို သတိရသွားချိန်တွင် သံတမန် ပလိုမားစ်က ရှုယီထံ အထင်သေးမှုကို ဘေးချိတ်ကာ အသာပြုံးပြလိုက်၏၊ "ခင်ဗျားက ဘယ်သူလဲ မေးလို့ရမလား....."
"သံတမန်ကြီး၊ ကျုပ်ကိုယ် ကျုပ် မိတ်ဆက်ပေးပါရစေ။ ကျုပ်က ရှုယီ၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌပါ။"
"ရှုယီ? Frestech ကုန်သည်ကြီးများအသင်း?" သံတမန် ပလိုမားစ်က တွေးဆဆဟန် ပေါ်လာပြီးနောက် အပြုံးတစ်ခုပွင့်လန်းလာကာ နွေးနွေးထွေးထွေးပြောလေသည်၊ "ဒီတော့ ဥက္ကဌရှုပေါ့၊ မင်္ဂလာပါ၊ မင်္ဂလာပါ"
သူ၏ တုံ့ပြန်မှုအရ ရှုယီမှာ ထိုလူသည် သေချာပေါက် သူမည်သူဖြစ်ကြောင်း မသိခဲ့လောက်ဟု ပြောနိုင်၏။
"ကြည့်ရတာ ငါတို့လုပ်ငန်းစုက လုံလုံလောက်လောက် မကျော်ကြားသေးတဲ့ပုံပဲ။" ရှုယီက စိတ်ထဲရေရွတ်လိုက်သည်။ သူက ပြောရင်း တူညီစွာပြုံးနေလိုက်သည်၊ "သံတမန်ကြီး၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်တွေထုတ်လုပ်တဲ့ လုပ်ငန်းစုတစ်ခုပါ။ လက်ရှိ ထုတ်ကုန်တွေထဲမှာဆိုရင်....."
"ကျုပ်သိပါတယ်၊ မှော်ပန်ကာတွေနဲ့ မှော်ရေခဲစက်တွေ မဟုတ်လား?" သံတမန် ပလိုမားစ်က ရှုယီကို မည်သည့်ယဉ်ကျေးမှုမှမပြဘဲ ဖြတ်ပြောလိုက်သည်၊ "ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်မှာ အရင်၂နှစ်အတွင်း ဒီပစ္စည်းတွေထုတ်လုပ်တဲ့ လုပ်ငန်းစု အတော်များများရှိတယ်လေ။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီလုပ်ငန်းစုတွေထဲကမှ အတော်လေး ကောင်းကောင်းလုပ်ဆောင်နေတဲ့ လုပ်ငန်းစုတစ်ခုပဲ၊ ဟုတ်တယ်မလား?"
ရှုယီက ၎င်းကို မနေနိုင်ဘဲ ရယ်ရသည်ဟု ထင်မိလိုက်၏။ သူဟာ ထိုသံတမန်၏ စကားလုံးများမှ ၎င်းသံတမန်အနေနှင့် Frestech ကုန်သည်ကြီးများအသင်းအကြောင်း မသိရုံမျှမက မှော်စက်မှုနယ်ပယ်ကို လုံးဝနားမလည်ဟု ပြောနိုင်သည်။
သူက တကယ်ကြီး Frestech ကုန်သည်ကြီးများအသင်းမှာ ကောင်းကောင်းလုပ်နေသည့် လုပ်ငန်းစုများထဲမှ တစ်ခုဟု ပြောခဲ့၏..... ဤနယ်ပယ်ကို Frestech ကုန်သည်ကြီးများအသင်းက ထူထောင်ခဲ့သည့် မဟုတ်ပါလား!
ရှုယီက ယခုတွင် အင်မတန်သံသယဖြစ်မိသည်။ ပွဲထံသို့ ဖိတ်ကြားမှုမှာ ထိုသံတမန်ထံမှ မဟုတ်လောက်သလို လုံးဝစိတ်မဝင်စားခြင်းလည်းဖြစ်မည်။
မဟုတ်ပါက၊ မည်သို့များ ဤမျှ နားမလည်ဖြစ်နေမည်နည်း?
ဤသံတမန် ပလိုမားစ်ကို အထင်သေးသွားသော်လည်း ရှုယီက ရိုသေဟန်အပြုံးကိုထိန်းလျက် ပြန်ဖြေလိုက်သည်၊ "ဟုတ်ပါတယ်၊ ကျုပ်တို့လုပ်ငန်းစုက အတော်ကောင်းကောင်းလုပ်ဆောင်နေတာပေါ့။ ဒီတော့ သံတမန်ကြီး၊ ခင်ဗျားအနေနဲ့..... ကျုပ်တို့ လုပ်ငန်းစုက အနောက်ဘက် ဟော့ခ်တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ အရည်အချင်းမီတယ်လို့ ထင်လား?"
"အရည်အချင်းမီတယ်?" သံတမန် ပလိုမားစ်က ရှုယီကို တအံ့တဩကြည့်ကာ၊ "ခင်ဗျားတို့ လုပ်ငန်းစုက ကျုပ်တို့ အနောက်ဘက် ဟော့ခ်တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ အရည်အချင်းမီလား? ဥက္ကဌရှု ဒါက ဟာသလုပ်စရာမဟုတ်ဘူးနော်။ ခင်ဗျားသိထားရမှာက သာမန်ရင်းနှီးမြှုပ်နှံမှုလေးတောင် ရွှေဒင်္ဂါး သိန်းနဲ့ချီတဲ့ အဓိပ္ပာယ်ပဲ။"
ရှုယီက အပြုံးဖြင့် ခေါင်းငြိမ့်ကာ၊ "အင်း၊ ကျုပ်နားလည်တယ်။ ကျုပ်တို့ လုပ်ငန်းစုက လတ်တလောမှာ စက်ရုံနှစ်ရုံဆောက်ဖို့ ရွှေဒင်္ဂါးတစ်သန်းရင်းနှီးမြှုပ်နှံပြီး ကျုပ်တို့ လုပ်ငန်းစုအတွက် အိမ်သုံးမှော်စက်တချို့ ထုတ်လုပ်ဖို့ စီစဉ်ထားတယ်။ သံတမန်ကြီး၊ ဘယ်လိုထင်လဲဗျာ?"
"ရွှေဒင်္ဂါး တစ်သန်း?" သံတမန် ပလိုမားစ်က ရှုယီကို အံ့ဩစွာကြည့်လာသည်။ သူဟာ ဤမျှ ငယ်ရွယ်ဟန် ကောင်လေးတစ်ဦးက ချက်ချင်းကြီး ရွှေဒင်္ဂါးတစ်သန်းကို ဖွင့်ဟလာမည်ဟု ထင်မထားခဲ့ပေ!
၎င်းကို ကြားသည်နှင့် ဂရုမထားဟန် သံတမန်ပလိုမားစ်က ရုတ်တရတ် ရှုယီကို အပြုံးဖြင့် ဦးဆောင်ကာ ခန်းမရှိ ထောင့်တစ်ခုကို ခေါ်သွားသည်။
"လာပါ၊ လာပါ ဥက္ကဌရှု၊ ထိုင်ပြီး ပြောကြတာပေါ့....."
......
နာရီဝက်ကြာပြီးနောက် ရှုယီက ခန်းမရှိ လူအုပ်ထံသို့ အပြုံးဖြင့် ပြန်သွားလိုက်သည်။
ဥက္ကဌရန့်ခ်က ပထမဆုံးလာမေးသူဖြစ်၏။
"ဘယ်လိုလဲ? သူနဲ့ သဘောတူညီမှုရခဲ့လား?'
"အစမ်းအခြေအနေမှာပဲရှိသေးတယ်။" ရှုယီက ခေါင်းခါကာ၊ "ဒါပေမယ့် သံတမန် ပလိုမားစ်က တကယ်ကို ထက်သန်နေတာ။ သူ့ကိုပြောပြီးတော့ ကျုပ်သာ အနောက်ဘက် ဟော့ခ်တိုင်းပြည်မှာ မရင်းနှီးရင် စိတ်မလုံအောင်ပါလုပ်လိုက်တယ်။"
ဥက္ကဌ ရန့်ခ်ကရယ်သည်၊ "အနောက်ဘက် ဟော့ခ်တိုင်းပြည်နဲ့ သူ့အတွက် အကျိုးအမြတ် အတော်ရမှတော့ စိတ်အားထက်သန်မှာပေါ့။ ဘယ်လိုလဲ? သူနဲ့ပြောတုန်းက သူ......"
ဥက္ကဌရန့်ခ်က မျက်ခုံးပင့်လျက် မျက်လုံးများဖြင့် အချက်ပြကာ မည်သည်ကို ဖော်ပြနေမှန်း ရှင်းရှင်းလင်းလင်းမပြောပေ။
ရှုယီက အသာပြုံးလျက်၊ "ပြောရရင် သူက သံတမန်ဆိုတော့ ဘယ်လိုလုပ် စိတ်မရှည်ဘဲ နေမလဲ။ ဒါပေမယ့် သံတမန်ရဲ့ နွေးနွေးထွေးထွေး ခင်းကျင်းမှုကြောင့် ကျုပ် တကယ်ပဲ သူ့စိတ်ရင်းကို ခံစားမိလို့ အကောင်းဆုံး အဖြေကို ပေးမှာပါ။"
ဥက္ကဌရန့်ခ်က ရယ်လိုက်သော်လည်း ရှုယီက သံတမန် ပလိုမားစ်ထံ မည်သို့ဖြေလိုက်သည်အား မမေးပေ။ သူက ခေါင်းငြိမ့်၍သာ ပြောလေသည်၊ "ကျုပ် ဝန်ခံရမယ်၊ အနောက်ဘက် ဟော့ခ်တိုင်းပြည်က လူတွေက နည်းနည်းလောဘကြီးပေမယ့်လည်း သူတို့ကို စိတ်ကျေနပ်အောင်လုပ်ပေးနေသရွေ့ ကိစ္စတွေ ကိုင်တွယ်ဖို့ သူတို့ကို အားကိုးလို့ရပါတယ်။"
"ကောင်းပါတယ်" ရှုယီက ချီးကျူးသည်၊ "ကျုပ်က လောဘကြီးပြီး အသုံးမဝင်တဲ့လူတွေကို အကြောက်ဆုံးပဲ၊ သူတို့က အဆိုးဆုံးပဲလေ။"
"စတက်တိန်းနယ်မြေအကြောင်းပြောနေတာလား?" ဥက္ကဌရန့်ခ်က ရှုယီကိုကြည့်လာသည်။
ရှုယီက ခါးသက်စွာရယ်လျက် ခေါင်းခါကာ သက်ပြင်းချ၍ ပြောလာသည်၊ "ဇာတ်လမ်းရှည်တယ်။ လိုရင်းပြောရရင် မိတ်ဆွေဟောင်းတစ်ယောက်အနေနဲ့ ကျုပ် တကယ်ပဲ ကျုပ်တို့ ဘန်တာမြို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ စတက်တိန်းနယ်မြေမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ မျှော်လင့်တယ်၊ ဒါက ဒုက္ခရှာနေတာပဲ။"
ဥက္ကဌရန့်ခ်က ရှုယီ ပခုံးကိုပုတ်လိုက်သည်၊ "စတက်တိန်းနယ်မြေအကြောင်း မပြောဘဲနေရအောင်။ ဥက္ကဌရှု၊ အရင်တစ်ခေါက်က ကျုပ်ပြောခဲ့တဲ့ စခ်တိုင်းပြည် လုပ်ငန်းက စိတ်ဝင်စားသေးလား?"
ရှုယီက ဥက္ကဌရန့်ခ်၏ အရေးအကြောင်းများနှင့် တောက်ပနေသည့် မျက်နှာကို အံ့ဩစွာ မော့ကြည့်ရင်း စိတ်ထဲ၌ အတွေးတစ်ခု ရုတ်တရတ် ပေါ်လာသည်။
မဖြစ်နိုင်ဘူး၊ ဟုတ်ပါတယ်......
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၁၇။ အမြင့်ဆုံးလမ်းကို မယူ
ရှုယီက လျင်မြန်စွာ ကိုယ်ပိုင်ခန့်မှန်းချက်များကို လွှင့်ပစ်လိုက်သည်။
ဆာရန့်ခ်ကုန်သည်ကြီးများအသင်းကို တည်ထောင်ခဲ့သည်မှာ နှစ်တစ်ရာနီးနီးရှိပြီဖြစ်ကာ လုပ်ငန်းစုလေးတစ်ခုမှ ဘန်တာမြို့ရှိ အကြီးဆုံးလုပ်ငန်းစုများအနက်တစ်ခုဖြစ်ပြီး လမ်ပူရီတိုင်းပြည်တစ်ခုလုံး၌ ခြေကုပ်ပင် ရယူထားသေးသည်။ ထိုသို့သော လုပ်ငန်းစုတစ်ခုအတွက် အကျိုးအမြတ်မရှိဘဲ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ လျှို့ဝှက်ချက်များကို စခ်တိုင်းပြည်ထံရောင်းချကာ တိုင်းပြည်ကို သစ္စာဖောက်မည့် စွန့်စားမှုမျိုးသေချာပေါက်လုပ်မည်မဟုတ်ပေ။
ဆာရန့်ခ်ကုန်သည်ကြီးများအသင်း၌ ထိုအတွေးရှိပါလျှင်တောင် ထိုအစွမ်းအစတော့မရှိပေ။
ရမ်ကိစ္စကတည်းက Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ နည်းပညာကို ကာကွယ်ရာ၌ အင်မတန်တင်းကြပ်ထားခဲ့သည်။ စစ်ဆေးမှုကို မကျော်ဖြတ်ထားသလို အမှန်တကယ် ယုံကြည်မှုမရဘဲ ဤနည်းပညာကို လုံးဝ မထိနိုင်ပေ။
ဆာရန့်ခ်ကုန်သည်ကြီးများအသင်းက ထိုအချက်အလက်များကို ခိုးယူရန် သူလျှိုထားသည်ဟု စဉ်းစားရလျှင် Frestech ကုန်သည်ကြီးများအသင်း၏ အဓိက သုတေသနပညာရှင်များက ၎င်းတို့ကို သစ္စာဖောက်လိုက်သည့် အဓိပ္ပာယ်ပင်။
ထို့အပြင် ၎င်းသုတေသနကို လိုသလိုထိနိုင်သည်မှာ လက်တစ်ဖက်နှင့်ပင် ရေတွက်နိုင်သည်။ ၎င်းတို့မှာ မှော်သုတေသနဌာန၏ ခေါင်းဆောင် အီဗီတာ, ထိပ်တန်းအဆင့် သုတေသီ မဟာမှော်ပညာရှင်ကမ်မီလာ၊ မှော်စက်ဖွံ့ဖြိုးရေးဌာန၏ မန်နေဂျာ ကမ်ဘီနှင့် ရှုယီတို့သာဖြစ်သည်။
ရှုယီမှာ သေချာပေါက် အီဗီတာ, မဟာမှော်ပညာရှင်ကမ်မီလာနှင့် ကမ်ဘီတို့က လုပ်ငန်းစုကို သစ္စာဖောက်မည်ဟု မယုံပေ။ စခ်တိုင်းပြည်အနေနှင့် မှော်အမြောက်ကို ထုတ်လုပ်နိုင်ရန်မှာ အခြားဌာနမှ မှော်အမြောက်အတွက် သတ္တုအချို့ကို ယူကာ ပြုလုပ်ရမည်ဖြစ်၏။
ထို ဌာနမှာလည်း..... ရှုယီက မေဂျာ မက်ခ်ကွန်လီထံ ရှင်းရှင်းလင်းလင်းမဖော်ပြခဲ့သော်လည်း မြောက်ဘက်စစ်တပ် သို့မဟုတ် စစ်ဌာနချုပ်ကိုပင် သူ့အနေနှင့် သံသယဖြစ်မိသည်။
"ဟေး၊ ဥက္ကဌရှု ဒီလောက်ထိ စဉ်းစားဖို့ လိုလို့လား?" ရှုယီက မေးခွန်းကိုကြားပြီးနောက် အချိန်ကြာ စဉ်းစားနေသည်ကိုမြင်သော် ဥက္ကဌရန့်ခ်က မနေနိုင်ဘဲ ရှုပ်ထွေးစွာ မေးလာ၏။
"အာ? အိုး....." ရှုယီက တုံ့ပြန်လာကာ အပြုံးဖြင့် ပြောလိုက်သည်၊ "ဒါပေါ့ စိတ်ဝင်စားပါတယ်၊ ဒါပေမယ့် ဥက္ကဌရန့်ခ်၊ ခင်ဗျားနဲ့ စခ်တိုင်းပြည်ကြား စီးပွားရေးလမ်းကြောင်းက လုံခြုံရဲ့လား? ကျုပ်တို့သာ စခ်တိုင်းပြည်ဆီ ကုန်စည်ပမာဏ ကြီးကြီး ပို့ဆောင်လို့ ဒါတွေအားလုံးကို ဘဏ္ဍာအဖြစ်သိမ်းယူဖို့ ဆင်ခြေရသွားရင် ဆုံးရှုံးမှုဖြစ်မှာပဲ။"
ဥက္ကဌရန့်ခ်က ရယ်ကာ၊ "အေးဆေးပေါ့၊ ကျုပ် ဒီလုပ်ငန်းမှာ တစ်ရက်နှစ်ရက်ပဲ လုပ်ခဲ့တာမှမဟုတ်တာ။ ပြီးတော့လည်း ကျုပ်တို့ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းကလွဲ ဒီလိုလုပ်နိုင်မယ့် တခြားလုပ်ငန်းစုမရှိဘူး။ တကယ်တော့ စခ်တိုင်းပြည်ဘက်မှာ မှော်စက် ဝယ်လိုအားမြင့်နေပြီး ဒါကို အကြိမ်ပေါင်းမနည်း တောင်းဆိုနေကြတယ်လေ။ သိပ်အဆင်မပြေနေတာကြောင့်သာမဟုတ်ရင် ခင်ဗျားကို ကိုယ်တိုင်တောင် ဆက်သွယ်ချင်နေလောက်တယ်။"
"အင်း၊ ကျုပ်နားလည်ပါပြီ" ရှုယီက ခေါင်းငြိမ့်ပြီးနောက် အတွေးတချို့ ပြောလိုက်သည်၊ "ဟုတ်ပါပြီ၊ ကျုပ်ကို စဉ်းစားဖို့ အချိန်နည်းနည်းပေးပါဦး။ ကျုပ် ဆိုဝယ်လ်မြို့ကနေ ပြန်လာရင် အဖြေပေးပါ့မယ်။"
"ကောင်းပြီ" ဥက္ကဌရန့်ခ်က ခေါင်းငြိမ့်ကာ မေး၏၊ "ပြောရရင် Frestech ကုန်သည်ကြီးများအသင်းက ဆိုဝယ်လ်မြို့မှာ ရင်းနှီးမြှုပ်နှံမှာဆိုတော့ ကောင့်ထ်စီယန်နဲ့ တွေ့ဖို့ သွားရမှာပေါ့၊ ဟုတ်တယ်မို့လား?"
"ဒါပေါ့၊ ကောင့်ထ်စီယန်က အခု ဆိုဝယ်လ်မြို့ရဲ့ မြို့စားဖြစ်ပြီး အမြဲတမ်းလည်း ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ထောက်ပံ့ခဲ့တယ်လေ။ ဒီတော့ အခု ဆိုဝယ်လ်မြို့ကို တိုးတက်စေချင်နေပြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အထောက်အပံ့ကို လိုအပ်တာကြောင့် ကျုပ်လည်း ငြင်းဆန်မှာ မဟုတ်ဘူး။"
ဥက္ကဌရန့်ခ်က အတန်ငယ်တိတ်ဆိတ်နေပြီးမှ မေးလာသည်၊ "ဆိုဝယ်လ်မြို့က စခ်တိုင်းပြည်နဲ့ သိပ်မဝေးဘူး။ ခင်ဗျားသာ စခ်တိုင်းပြည်နဲ့ ကုန်သွယ်ဖို့ ဆန္ဒရှိရင် ဆိုဝယ်လ်မြို့ကနေ လမ်းကြောင်းဖွင့်ဖို့က ပိုလွယ်တယ်။ ဥက္ကဌရှု၊ ခင်ဗျား ကောင့်ထ်စီယန်နဲ့တွေ့ရင် ဒီကိစ္စကို ဆွေးနွေးလို့ရတာပဲ၊ အရှင်ကောင့်ထ်က ဒါကို ထောက်ခံလောက်မယ်လို့ ကျုပ်ထင်တယ်။"
"ဆွေးနွေးမှာပါ"
၎င်းကို ဆွေးနွေးပြီးနောက် ရှုယီမှာ ဤပွဲ၌ ဆက်နေရန် အဓိပ္ပာယ်မရှိတော့ကြောင်း သိလိုက်ရဖြင့် စောစောပြန်ရန် ဆင်ခြေတစ်ခုရှာလိုက်သည်။
အိမ်တော်သို့ပြန်သွားချိန်တွင် ဆန်းသစ်လဆပ်ကပ်အဖွဲ့မှ မိန်းကလေးများပါသည့် မှော်ကားနှစ်စီးလည်း ပြန်လာကြောင်း တွေ့လိုက်ရသည်။
ရှုယီက ဤညတွင် အနောက်ဘက် ဟော့ခ်တိုင်းပြည်၏ သံရုံးရှိ ပွဲကို တက်ရောက်ရသဖြင့် ဟားနက်စ်ကျင်းပသည့်ပွဲ၌ ထိုသားရဲလူမျိုးမိန်းကလေးများကို တက်ရောက်ဖို့ စီစဉ်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ဆန်းသစ်လဆပ်ကပ်အဖွဲ့အား အန်ဗီမာမြို့တော် မျိုးရိုးမြင့်များအကြား၌ ကျော်ကြားမှုအနည်းငယ်ရစေရန် ဖြစ်သည်။
သို့သော် ထို သားရဲလူမျိုးများ၏ မျက်နှာထက်ရှိ မရွှင်ပြဟန်ကို သုံးသပ်ကြည့်ရလျှင် ကျရှုံးခဲ့ဟန် ရှိ၏။
ရှုယီမှာ ပထမမှော်ကားထံမှ ရှုပ်ထွေးဟန်ဖြင့် ဆင်းလာသည့် ဟားနက်စ်ကိုကြည့်လိုက်သည်။
"ဘာဖြစ်တာလဲ?"
ဟားနက်စ်က နေရခက်ဟန်ပေါ်နေသည်။ သူက သက်ပြင်းချ၍ ခေါင်းခါလိုက်ပြီးနောက် အိမ်တော်တံခါးကို ညွှန်ပြလာသည်။
"ဝင်ပြီးပြောကြတာပေါ့"
အိမ်စေ လမ်အား မိန်းကလေးများအနားယူရန် အခြားအခန်းများ ပြင်စေပြီးနောက်၌ ရှုယီနှင့် ဟားနက်စ်တို့က ရှုယီအခန်းထဲ သွားလိုက်ကြသည်။
ရှုယီ၏ မေးခွန်းထုတ်ဟန်ကိုမြင်သော် ဟားနက်စ်က ခါးသက်သက်ရယ်မောလာ၏။
"ရှုယီ တောင်းပန်ပါတယ်၊ ငါဒီည တလွဲတွေဖြစ်သွားတယ်။"
ရှုယီက မျက်မှောင်ကုပ်ကာ၊ "ဘာအဓိပ္ပာယ်လဲ? ခင်ဗျား တလွဲတွေဖြစ်တယ်လို့ ဘာကြောင့်ပြောတာလဲ?"
"ငါ ဆန်းသစ်လဆပ်ကပ်အဖွဲ့ကို ပွဲမှာ ပျော်စရာလေးတွေပေါင်းထည့်ရအောင် ဆိုဖို့ ကဖို့ စီစဉ်ထားတာ။ သူတို့ရဲ့ အက၊ အဆို ပြီးတော့ သားရဲလူမျိုးမိန်းကလေးတွေရဲ့ လှပတဲ့သွင်ပြင်နဲ့၊ သားရဲလူမျိုးနွယ်စုရဲ့ ထူးကဲတဲ့ လက္ခဏာရပ်တွေနဲ့ဆို မျိုးရိုးမြင့်တွေသေချာပေါက် သဘောကျမယ်ထင်ခဲ့တာ....."
"အဆုံးကျတော့ရော?" ရှုယီက အနည်းငယ် သိလိုသွားသည်၊ "ဒီမြို့တော်ရဲ့ မျိုးရိုးမြင့်တွေက ဒီသားရဲလူမျိုးမိန်းကလေးတွေကို သဘောမကျဘူးလို့ ကျုပ်မယုံဘူး။"
"သူတို့ သဘောကျကြပါတယ်၊ ဒါပေမယ့်..... သဘောအကျလွန်သွားကြတယ်။" ဟားနက်စ်က ခါးသက်သက်ပြုံးကာ ပြောသည်၊ "ကပြဖျော်ဖြေမှုကို တွေ့ပြီးနောက်ကျတော့ မျိုးရိုးမြင့်အတော်များများက ဒီသားရဲလူမျိုးမိန်းကလေးတွေကို သူတို့ဆီရောင်းဖို့ တိုက်ရိုက်တောင်းဆိုလာတဲ့ မျိုးရိုးမြင့်တွေ အတော်များတယ်။"
"ရောင်းဖို့?" ရှုယီက အံ့ဩသွားသည်၊ "သူတို့က ဒီသားရဲလူမျိုးမိန်းကလေးတွေကို သူတို့ ကျွန်တွေလို ဆက်ဆံခဲ့တာလား?"
"အမှန်ပဲ။" ဟားနက်စ်က သက်ပြင်းချလျက်ပြောသည်၊ "ဒါပေမယ့် အရင်က ငါတို့ လူ့အသိုင်းအဝိုင်းမှာ သားရဲလူမျိုးမိန်းကလေးတွေပေါ်လာကတည်းက ကျွန်တွေကလွဲပြီး တခြားဖြစ်နိုင်ချေမရှိခဲ့တာကြောင့် သူတို့ကို အပြစ်တင်လို့မရဘူး။ ပြီးတော့လည်း ဒီသားရဲလူမျိုးမိန်းကလေးတွေက ဒီလောက်ငယ်ရွယ်လှပနေတော့ သူတို့အားလုံးက ငါရခဲ့တဲ့ သားရဲလူမျိုးကျွန်တွေလို့ ထင်နေကြတာ။"
"ပြီးတော့ရော? သူတို့ကို ဘယ်လိုတုံ့ပြန်လိုက်လဲ?" ရှုယီက မေးသည်။
"ငါ ငြင်းလိုက်တာပေါ့။" ဟားနက်စ်က ချက်ချင်းဖြေသည်၊ "သူတို့ကို ဒီသားရဲလူမျိုး မိန်းကလေးတွေက ဆန်းသစ်လ ဆပ်ကပ်အဖွဲ့ကဖြစ်ပြီး ကျွန်တွေမဟုတ်ဘူးလို့ ပြောခဲ့တယ်။ သူတို့က ဖျော်ဖြေသူတွေအဖြစ်အလုပ်လုပ်တာမို့ မြို့တော်က တခြားဖျော်ဖြေတဲ့ဆပ်ကပ်အဖွဲ့တွေနဲ့ မခြားဘူးလို့ပေါ့။"
"ဒီဖြေရှင်းချက်က အရမ်းမှန်တာပဲကို ဘယ်လိုများ နောက်ပိုင်းမှ ရှုပ်ထွေးသွားတာလဲ?"
ဟားနက်စ်က အေးစက်စက်နှာမှုတ်လျက် မျက်နှာထက်၌ ဒေါသဟန်ပေါ်လာသည်။
"ဒီကောင်တွေက၊ ကုသလို့ကို တကယ်မရတော့တာ! ငါ ရှင်းရှင်းလင်းလင်းပြောခဲ့ပေမယ့် လုံးဝဂရုမစိုက်ကြဘူးလေ။ သူတို့က ငါ့ရှေ့မှာတောင် ဒီသားရဲလူမျိုးမိန်းကလေးတွေကို ထိဖို့ကြိုးစားလို့ ငါလည်း နေရာမှာတင် ဒေါသဖြစ်ပြီး အဆိုးဆုံးကောင်တွေနဲ့ ငြင်းခုံခဲ့ရတာ။ အဆုံးကျတော့ သူတို့က ပွဲကို ခံစားချက်ဆိုးဆိုးနဲ့ ထားခဲ့တော့ ငါ ရှုပ်ထွေးသွားတာပေါ့။"
ရှုယီက ဟားနက်စ်ကို အနည်းငယ် ကူရာမဲ့စွာကြည့်လာသည်။ သူက အနည်းဆုံးတော့ လမ်ပူရီတိုင်းပြည် သတင်းစာလုပ်ငန်းရှိ အကြီးအကဲဖြစ်လေရာ မည်သို့များ ဤမျှ သွေးပူပြီး စိတ်လိုက်မာန်ပါပြုရသနည်း?
သို့သော် ဟားနက်စ်အား သူ၏ရပ်တည်ချက်မှနေ၍ မှားသည်ဟု မယူဆနိုင်ပေ၊ ထိုအစား ဟားနက်စ်က ကောင်းကောင်းလုပ်ခဲ့သည်ဟု ခံစားရ၏။
အန်ဗီမာမြို့တော်၏ မျိုးရိုးမြင့်တစ်ဦးအနေနှင့် ဟားနက်စ်က တကယ်ကြီး ထိုသားရဲလူမျိုးမိန်းကလေးများအတွက် တခြားမျိုးရိုးမြင့်များနှင့် တိုက်ခိုက်ခဲ့သည်။ ထိုသည်ကပင် သူက ရှုယီလွှဲပေးသည့်ကိစ္စကို အင်မတန်အလေးထားကြောင်းမြင်ရသည်။
ထိုသို့ စဉ်းစားရင်း ရှုယီက ဟားနက်စ်ပခုံးကိုပုတ်၍ ရိူးသားစွာပြောလေသည်၊ "ပင်ပန်းသွားပြီ။ ကျုပ်ကို ကူညီဖို့သာမဟုတ်ရင် ခင်ဗျား ဒီမျိုးရိုးမြင့်တွေနဲ့ ပြဿနာဖြစ်မှာမဟုတ်ဘူး။"
"ဟမ့်၊ ဒီကောင်တွေက တကယ်လွန်တာလေ။ မင်းနဲ့ သားရဲလူမျိုးမိန်းကလေးတွေကြောင့်သာမဟုတ်ရင် ငါဆက်ပြီးတောင် ကြည့်နေနိုင်လောက်မှာမဟုတ်ဘူး။"
ဖြောင့်မတ်သည့် ဂုဏ်သိက္ခာနှင့်ပြည့်စုံသော ဟားနက်စ်ကိုကြည့်ရင်း ရှုယီက ရယ်မိသည်။ စဉ်းစားပြီးနောက်၌ သူက ပြောလိုက်၏၊ "ဒီကိစ္စက ကျုပ်တို့ရိုးသားနေရင်တောင် ကျုပ်အမှားပဲ။ ခင်ဗျားပြောလိုက်တဲ့ အခြေနေကိုသုံးသပ်ရရင် ကျုပ် ဒီမြို့က မျိုးရိုးမြင့်တွေရဲ့ ဂုဏ်ရည်တချို့ကို အထင်ကြီးခဲ့မိသွားတာပေါ့။ အဆုံးကျတော့ ကျုပ်က ဆန်းသစ်လဆပ်ကပ်အဖွဲ့ကို လမ်းမှားလျှောက်ခိုင်းမိခဲ့တာပဲ။"
"အမြင့်ဆုံးလမ်းကို မယူချင်ဘူးလို့ ပြောချင်တာလား? ဒါဆို မင်းအနေနဲ့ ဆန်းသစ်လဆပ်ကပ်အဖွဲ့ကို အန်ဗီမာမြို့တော်ထဲ မြန်မြန်ဝင်ဆံ့ဖို့ ဘယ်လိုလုပ်မှာလဲ?" ဟားနက်စ်က မေးလာသည်။
ရှုယီက အသာပြုံးကာ၊ "ကျုပ်တို့ တကယ်ပဲ ပြဿနာတစ်ခုကို လျစ်လျူရှုခဲ့တာ။ ဆန်းသစ်လဆပ်ကပ်အဖွဲ့ကို တည်ထောင်တဲ့ အဓိကရည်ရွယ်ချက်က တိုင်းပြည်မှာရှိတဲ့ လူတွေကို သားရဲလူမျိုးတွေအပေါ်ထားတဲ့ အမြင်ကိုပြောင်းလဲဖို့ပဲ၊ဒီလိုဆို ဒီသားရဲလူမျိုးမိန်းကလေးတွေကို မျိုးရိုးမြင့်တွေက လက်မခံရင်တောင် ပြည်သူက လက်ခံသရွေ့အဆင်ပြေတယ်။ ဒါနဲ့တင် ကျုပ်တို့ အားသာချက်ကြီးကြီးရှိပါတယ်။"
"ဘာအားသာချက်လဲ?"
ရှုယီက ဟားနက်စ်ကို လက်ညှိုးထိုးကာ၊ "ခင်ဗျားပဲ"
"ငါ?" ဟားနက်စ်က ဝေဝါးဝါးနှင့် သူ့ကိုယ်သူညွှန်ပြလာသည်။ စဉ်းစားကြည့်ပြီးနောက်၌ ရုတ်တရတ်စဉ်းစားမိကာ လက်ခုပ်တစ်ချက်ကြီးလေ၏၊ "ဟုတ်သား၊ ငါ့လက်အောက်မှာ « အန်ဗီမာ တိုင်းမ်စ်»နဲ့ «လမ်ပူရီ အပတ်စဉ်»ရှိတော့ ကြော်ငြာတချို့လုပ်ပေးလိုက်ရုံပေါ့။ ငါပြောမယ် ရှုယီ၊ အစတည်းက ဒါကို စဉ်းစားခဲ့သင့်တာကို ဘာလို့ သူတို့အတွက် ကြော်ငြာပေးဖို့ မခိုင်းခဲ့တာလဲ? မင်းက ငွေမသုံးချင်လို့လား?"
"အရင်က ပြောတယ်လေ၊ ကျုပ်အနေနဲ့ အန်ဗီမာမြို့တော်ရဲ့ မျိုးရိုးမြင့်တွေကို အထင်ကြီးမိသွားတယ်လို့။" ရှုယီက ပခုံးတွန့်ကာ၊ "ကျုပ်တို့မှာ ပြောင်းလဲဖို့အချိန်ရှိတာတော်သေးတယ်။ လာ ဟားနက်စ်၊ ဘာလုပ်ရမလဲ ပြောပြမယ်။ ပထမအဆင့်က လူထုဖျော်ဖြေမှုနဲ့စရမှာ....."
......
နာရီဝက်ကြာပြီးနောက် ရှုယီက ညွှန်ကြား၍ပြီးသွားသည်။
ဟားနက်စ်က ရှုယီက ခဏကြာကြည့်ပြီးနောက် တဖြည်းဖြည်းခေါင်းခါသည်။ သူက ချီးကျူးသံဖြင့် ဆိုလိုက်၏၊ "ရှုယီ၊ ငါ့ကို မင်းအကြိမ်များစွာ သင်ပေးခဲ့ပေမယ့် ငါပြောချင်တာက မင်း ဘယ်လိုများ အဲဒီဦးနှောက်ကို ပျိုးထောင်ခဲ့တာလဲ? ဘာလို့ အမြဲ ထူးဆန်းတဲ့အကြံတွေပြည့်နေရတာလဲ? ရှင်းရှင်းလင်းလင်းကို.....ရှင်းရှင်းလင်းလင်းကိုပဲ အကြံတွေအားလုံးက အသုံးဝင်တယ်!"
"ဒါကို ပါရမီလို့ခေါ်တယ်၊ ခင်ဗျား မနာလိုလို့မရဘူး။" ရှုယီက ဂုဏ်ယူစွာပြုံးသည်၊ "ဘယ်လိုလဲ? လုပ်နိုင်မယ်ထင်လား?"
"ဒါပေါ့" ဟားနက်စ်က ခေါင်းငြိမ့်ကာ၊ "မင်းက ဆန်းသစ်လဆပ်ကပ်အဖွဲ့ကို ဂရုမစိုက်ဘူးလို့တောင် သံသယဖြစ်တယ်၊ မဟုတ်ရင် ဒီအကြံကိုစဉ်းစားပြီးလောက်မှာပေါ့။"
"ဆန်းသစ်လဆပ်ကပ်အဖွဲ့က စတေးလ်ရဲ့နာမည်အောက်ကဆိုတော့ ဘယ်လိုလုပ် သူမရဲ့အလုပ်ကို ဝင်စွက်ဖက်နိုင်မှာလဲ? ပြီးတော့လည်း ဒီမှာ ကျုပ်ဝင်ပါတာကို ကူဖုံးထားပြီး ဒီအကြံကို ဒီတိုင်းရလာတာလို့ ပြောသင့်တယ်။ ကျုပ် ဆန်းသစ်လဆပ်ကပ်အဖွဲ့ကို ခင်ဗျားဆီပေးပြီး ခင်ဗျားက သူတို့ကို ဂရုစိုက်လို့ရတယ် နားလည်လား?" ရှုယီက ပြောသည်။
ဟားနက်စ်က အံ့ဩသွားကာ၊ "ဘာလို့လဲ?"
"ဘာလို့လဲဆိုတော့ ဒီအလုပ်က စတေးလ်အတွက် အရမ်းအရေးပါလို့ ကျုပ်ကူညီခဲ့တာကို သူ့ကိုမကြားစေချင်ဘူး။ သူမနဲ့ သူမရဲ့ စိတ်အားထက်သန်မှုအတွက်..... ပြီးတော့ ယုံကြည်ချက်အတွက် ဒါက သူတို့ကို ထိခိုက်စေနိုင်တာကြောင့် ဒီလိုဖြစ်လာမှာကို မမြင်ချင်ဘူး။"
ဟားနက်စ်က ရှုယီကို မျက်လုံးများကျယ်လျက် ခဏကြာကြည့်နေပြီး မနေနိုင်ဘဲ ခေါင်းခါလိုက်သည်။ ထို့နောက် သက်ပြင်းချ၍ ပြော၏၊ "စတေးလ်က တကယ်ပဲ မင်းကို ခင်ပွန်းတော်ထားရလို့ကံကောင်းတယ်။ ငါသာ မိန်းကလေးဆိုရင် မင်းကို ချစ်မိသွားလောက်ပြီ"
ရှုယီက မျက်လုံးများလှိမ့်ကာ၊ "သွားစမ်းပါဗျာ!"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၁၈။ လစာမြင့်မားခြင်း၏ ဆွဲဆောင်မှု
မှော်ပညာရှင်များအဖွဲ့အစည်း အရည်အချင်းစစ် စာမေးပွဲမှာ ဆယ်ရက်ကြာနေပြီဖြစ်ပြီး ၎င်းနောက်မှသာ ပဉ္စမအဆင့်နှင့် အောက်စာမေးပွဲများသာ ပြီးသေးသည်။
မှော်ပညာရှင်များအဖွဲ့အစည်း၏ စာရင်းများအရ လွန်ခဲ့သည့် ဆယ်ရက်အတွင်း ပဉ္စမအဆင့်နှင့်အောက် မှော်ပညာရှင် အယောက်ခုနှစ်ထောင်ကျော်က စာမေးပွဲဖြေခဲ့သည်!
ထိုမှော်ပညာရှင် အယောက်ခုနစ်ထောင်တွင် အကြိုနှင့် ဒုတိယအဆင့်မှော်ပညာရှင် အယောက် ငါးထောင်နီးနီးရှိ၏။
ကျန်ရှိသည့် နှစ်ထောင်ကသာ တတိယမှ ပဉ္စမအဆင့်ထိ မှော်ပညာရှင်များဖြစ်သည်။
ရှုယီ၏စံနှုန်းအရ မှော်သုတေသနဌာနသို့ ဝင်လိုသည့် မှော်ပညာရှင်မှာ အနည်းဆုံး တတိယအဆင့်ဖြစ်ရမည်။ မဟုတ်ပါက မှော်ပညာ၏ အခြေခံအုတ်မြစ်သီအိုရီများကို နားမလည်လဲ တိကျသည့်လိုအပ်ချက်များရှိသော မှော်အစီအရင်များကို မထုတ်လုပ်နိုင်ပေ။
သို့သော် အကြိုနှင့် ဒုတိယအဆင့်မှော်ပညာရှင်များမှာ မှော်အစီအရင် ခင်းကျင်းခြင်းဟူသည့် အရိုးရှင်းဆုံးအလုပ်ကိုလုပ်ရန် အရည်အချင်းမီပါ၏။ ၎င်းတို့သာ Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်ပါက မှော်စက်များပေါ်သို့ မှော်အစီအရင်များရေးဆွဲပေးခြင်းကို အဓိက လုပ်ကိုင်ရန် တာဝန်ရှိမည်ဖြစ်သည်။ ၎င်းတို့မှာ ပုံမှန်လုပ်သားများထက် လစာပိုမြင့်ကာ ပို၍ အရေးပါလေသည်။
ထို့ကြောင့် ဤဆယ်ရက်အတွင်း ရှုယီမှာ ဟားနက်စ်မှတဆင့် « အန်ဗီမာ တိုင်းမ်စ် »၌ မြို့တော်တွင် မှော်ပညာရှင်များစုဆောင်းနေကြောင်း ဆက်တိုက်ကြော်ငြာနေ၏။
ရလာဒ်က အင်မတန်ကောင်းမွန်လှသည်။
ဆယ်ရက်တာအတွင်း Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်ရန် အဆိုပြုလာသည့် မှော်ပညာရှင် တစ်ထောင်ကျော်ရှိသည်။
ထိုမှော်ပညာရှင်များအတွက် Frestech ကုန်သည်ကြီးများအသင်းက နှစ်ရက်နေတိုင်း အဖွဲ့တစ်ခုဖွဲ့ကာ ဘန်တာမြို့ထံ ဖာဆန်ရထားလုံးလုပ်ငန်းစု၏ မှော်ကားများဖြင့် ပို့ဆောင်နေရသည်။ ၎င်းတို့မှာ စစ်ဆေးခံရန် မိုးကျတောင်ကြားရှိ Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်ဌာနသို့ သွားခဲ့ကြ၏။
အစီရင်ခံစာများအရ Frestech ကုန်သည်ကြီးများအသင်းနှင့် ချက်ချင်း စာချုပ် လက်မှတ်ထိုးကာ တရားဝင်အလုပ်သမားဖြစ်လာခဲ့သည့် မှော်ပညာရှင် ငါးရာကျော်သည်။
နောင်တရစရာတစ်ခုတည်းသောအရာမှာ အီဗီတာ၏ လက်ခံမှုရထားကာ မှော်သုတေသနဌာနသို့ ဝင်ရောက်ခဲ့ရသူက နှစ်ဆယ့်လေးယောက်ရှိသည်။
သို့သော် နှစ်ဆယ့်လေးယောက်သာရှိပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာနက ပိုမိုသန်မာလာလိမ့်မည်။ အီဗီတာနှင့် အာကာလီတို့က ထိုလူများကြောင့် အင်မတန် ဝမ်းသာနေကြ၏။
အာကာလီမှာ လုပ်ငန်းစုကိုပြန်လာပြီးနောက်တွင် ထိုလူများထဲမှ လက်ထောက်တချို့ရွေးကာ မည်သူ့ကိုမှ လုယူခွင့်မပြုဟုပင် ကြေညာထားသေး၏။
"တခြားလူတွေ မလုယူစေချင်ရင် စောစောပြန်သင့်တယ်။ မဟုတ်ရင် တခြားသုတေသနအဖွဲ့တွေက ဒီသုတေသနပညာရှင်အသစ်တွေအားလုံးကို ယူလိုက်မှာ မစိုးရိမ်ဘူးလား?" ရှုယီက လာလုလျှင် တိုက်ခိုက်မည့်ဟန် ပြင်ထားသည့်နှယ် လက်သီးထောင်ထားသော အာကာလီကို ကြည့်ကာပြောလိုက်သည်။
"ဟမ့်၊ သူတို့ လုပ်ရဲရင်လုပ်လေ!" အာကာလီက နှာခေါင်းရှုံ့၍ ရှုယီကိုကြည့်လိုက်၏။ အတွေးတစ်ခုရပြီးနောက်၌ သူမက ရှုယီလက်ကို အပြုံးဖြင့်ဆွဲကာ၊ "ဟုတ်တာပဲ၊ ဒါနဲ့ယှဉ်ရင် ဥက္ကဌရဲ့ စာမေးပွဲကို ကိုယ်တိုင် မျက်မြင်တွေ့ရဖို့က ပိုအရေးကြီးတယ်။ ဟုတ်တယ် ဥက္ကဌ၊ နဝမအဆင့်မှော်ပညာရှင်စာမေးပွဲကို အောင်ဖို့ ဘယ်လောက်ယုံကြည်မှုရှိလဲ?"
"ကျုပ်အနေနဲ့ အဌမအဆင့်မှော်ပညာရှင်စာမေးပွဲကို ဝင်ပြိုင်ရမှာကိုပဲ သတိရတယ်..... ပြီးတော့ ဒီစာမေးပွဲဖြေခင် ဘယ်လိုလုပ် ယုံကြည်ချက်ရှိတယ်လို့ ပြောနိုင်မှာလဲ။" ရှုယီက ပခုံးတွန့်လျက် လက်ကို ဆွဲယူလိုက်သည်။ ထို့နောက် နံဘေးရှိ အီဗီတာကိုကြည့်ကာ၊ "ပြီးတော့ ခင်ဗျားတို့ နှစ်ယောက်က ကျုပ်ရဲ့ စာမေးပွဲရလာဒ်ကိုမြင်ပြီးမှ ပြန်ဖို့ စီစဉ်ထားတဲ့ အဓိပ္ပာယ်လား ဒါက?"
"အင်း" အီဗီတာက အသာခေါင်းငြိမ့်ကာ၊ "ရှင်က ကျွန်မတို့ ဥက္ကဌလေ။ ရှင် စာမေးပွဲဖြေချင်မှတော့ လူတိုင်းက မပြန်ခင် သတင်းကောင်းကြားချင်တာပေါ့....."
"ဒါက ကျုပ်အတွက် ဖိအားများလွန်းတယ်။" ရှုယီက အပြုံးဖြင့်ပြောသည်၊ "ကျုပ်သာ ကိုယ့်ကိုယ်ကိုပါးရိုက်မိပြီး အဌမအဆင့်စာမေးပွဲကိုတောင် မအောင်ရင် မျက်နှာနာစရာဖြစ်မသွားဘူးလား?"
"ဖီ၊ ဖီ၊ ဖီ ဥက္ကဌ၊ ပေါက်ကရမပြောလို့မရဘူးလား?" အာကာလီက လျင်မြန်စွာ ရှုယီကိုရပ်တန့်ကာ တည်ငြိမ်သွားပြီးနောက် အသံကျယ်ကျယ်ဖြင့် လေးနက်စွာပြောလာသည်၊ "ရှင်က နဝမအဆင့်စာမေးပွဲကို အောင်မှာ ကျွန်မ အာမခံရဲတယ်! ရှင့်မှာ ယုံကြည်ချက်ရှိလား?"
သူမ၏ သွင်ပြင်ကိုမြင်သော် ရှုယီက မနေနိုင်ဘဲ ပြုံးသည်။ ထို့နောက် လက်ဝါးရိုက်လျက် ကျယ်လောက်စွာပြောလိုက်၏၊ "ကျုပ် အရမ်းကိုယုံကြည်ချက်ရှိတယ်!"
"ကောင်းတယ်၊ ဒါဆို သွားတော့!"
ရှုယီက အာကာလီကို အလေးပြုလိုက်၏။
"ခေါင်းဆောင် အီဗီတာ, ဒီငယ်သားက အခုသွားပါတော့မယ်!"
အီဗီတာက ရယ်လျက် အာကာလီ၏မျက်နှာက မနေနိုင်တော့ဘဲ ရှုံ့တွလျက် ရယ်မောလာတော့သည်။
ရှုယီလည်း ရယ်ကာ ၎င်းတို့သုံးဦးကို စူးစမ်းလိုစွာကြည့်နေကြသည့် မှော်ပညာရှင်များနှင့် အတူ စာမေးပွဲနေရာသို့ ဝင်သွားလိုက်၏။
၎င်းက ယခင်နှစ်မတိုင်ခင် နှစ်က ရှုယီ ဝင်ပြိုင်ခဲ့သည့် စာမေးပွဲနှင့် ခြားနားနေသည်။ ယင်းနှစ်က ရှုယီနှင့် အတူဝင်ပြိုင်ခဲ့သူများမှာ တစ်ရာမျှသာရှိသော်လည်း စာမေးပွဲနေရာသို့ဝင်လိုက်သည်နှင့် လူများဖြင့်ပြည့်နေကြောင်းတွေ့လိုက်ရသည်။ ၎င်းတို့အားလုံးက အဆင့်နိမ့်မှော်ပညာရှင်များ မဝတ်ဆင်နိုင်သည့် ခရမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြ၏။
ရှုယီက ယခင်နှစ်စာမေးပွဲ၌ ဝင်မပြိုင်ခဲ့သော်လည်း ယခင်နှစ်က တာဝန်ယူသူမှာ ဥက္ကဌ အီရန်တစ်ဦးတည်းဖြစ်သည်ဟု မဟာမှော်ပညာရှင်ကမ်မီလာပြောခဲ့သည်။
ဤနှစ်မှာ ယခင်နှစ်မတိုင်ခင်နှစ်က ကဲ့သို့ မဟာမှော်ပညာရှင် ငါးဦးစလုံး ဤနေရာ၌ ရှိ၏။
ရှုယီက အလယ်၌ ထိုင်နေသည့် ဥက္ကဌ အီရန်ကိုကြည့်လိုက်သည်။ သူက မဟာမှော်ပညာရှင်ငါးဦးအကြား မူလတွေ့ဆုံပွဲ၌ ဤစာမေးပွဲကို ကြီးကြပ်သင့်သည်မှာ မဟာမှော်ပညာရှင်တစ်ဦးတည်းဖြစ်သောလည်း ဤနှစ်၌ စာမေးပွဲဖြေသူများလှသဖြင့် မဟာမှော်ပညာရှင်ငါးဦးစလုံးထွက်လာရခြင်းဖြစ်သည်ဟု စဉ်းစားမိလိုသည်။
ထိုအချက်အရ ယခင်နှစ်က ဥက္ကဌ အီရန်မှာ ဆုံးရှုံးမှုတစ်ရပ် ခံစားခဲ့ရသည်မဟုတ်ပါလား?
သူ့အနေနှင့် ရှုယီ မျက်လုံးများထဲရှိ ထူးဆန်းမှုကို အာရုံခံမိသောကြောင့်ဖြစ်နိုင်သော်လည်း ဥက္ကဌ အီရန်က ရှုယီကိုကြည့်ကာ ခေါင်းငြိမ့်၍ အင်မတန် ဖော်ရွေဟန် ပြနေသည်။
ရှုယီလည်း အသာပြုံးကာ ခေါင်းပြန်ငြိမ့်ပြလိုက်သော်ငြား မတိုင်ခင်က ခမ်နက်ဒ်၏ အပြောကို စဉ်းစားမိသွားသည်။
ဥက္ကဌ အီရန်သားမှာ ဥက္ကဌ အီရန်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့ အတူတကွအလုပ်လုပ်ခြင်း၏ ရလာဒ်ဖြစ်သည့် အန်ဗီမာမြို့တော်၌ မှော်စက်လုပ်ငန်းစုတစ်ခုကို တည်ထောင်ထားသည့် အန်ကဲအီရန်ဖြစ်သည်။
ထိုသည်က ပြဿနာမဟုတ်သော်လည်း ၎င်းတို့၏ မှော်ပန်ကာများ လုပ်ဆောင်ချက်မှာ Frestech အမှတ်တံဆိပ်နှင့်ယှဉ်နိုင်ရန် အနည်းငယ်သာ လိုအပ်ပြီး တိုင်းပြည်ရှိ အခြားမှော်ပန်ကာများကို များစွာကျော်လွန်နေသည်။
Frestech ကုန်သည်ကြီးများအသင်းထံ၌ အခြားလုပ်ငန်းစုများနှင့် ခပ်ဆင်ဆင် သဘောတူညီချက်များရှိသော်ငြား ၎င်းတို့၏ မှော်ပန်ကာများ၌သာ ထိုမျှအရည်အသွေးရှိနေသည်။ ၎င်းက ခမ်နက်ဒ်၏သံသယနှင့် ရှုယီ၏ သတိထားမှုကို မဆွဲဆောင်ရန် မဖြစ်နိုင်ပေ။
အဲလက်စ်ကို စဉ်းစားကြည့်ရင်း ရှုယီက အသာမျက်မှောင်ကုပ်လျက် စိတ်ထဲ သက်ပြင်းချလိုက်သည်။
အဲလက်စ် မနေ့က သူ့ကိုလာရှာကာ ဘန်တာမြို့ထံ ပြန်ဖို့ ဆန္ဒရှိပြီး Frestech ကုန်သည်ကြီးများအသင်း၏ ရုံးချုပ်၌ အလုပ်ပြောင်းလိုကြောင်း ပြောလာသည်က ကိစ္စကောင်းပင်။ မဟုတ်ပါက သူသာ ယခင်ကလုပ်ခဲ့သလို ဆက်လုပ်နေလျှင် ရှုယီလည်း ဟိန့်ဇ်ကို ဘာပြောရမှန်းမသိတော့ချေ။
ခဏကြာသည့်နောက် စာမေးပွဲတရားဝင်စတင်လာလေသည်။ ဝန်ထမ်းက စာမေးပွဲစတင်ကြောင်းကြေညာလိုက်ပြီး ရှုယီလည်း အဌမအဆင့်စာမေးပွဲတာဝန်ခံ မဟာမှော်ပညာရှင် တယ်လုချီရှေ့သို့ ရောက်လာ၏။
စာမေးပွဲ၌ လူတစ်ထောင်ကျော်ရှိသော်လည်း အဌမအဆင့်အတွက် ရောက်နေသူမှာ အယောက်သုံးဆယ်သာရှိသည်။
ရှုယီက ဤအဖွဲ့၌ ထူးခြားနေ၏။ တစ်ချက်မှာ သူဟာ အသက်သုံးဆယ်သာရှိသေးပြီး ဆံပင်ဖြူဖြူဖြင့် မှော်ပညာရှင်အိုကြီးများတစ်စု ဝိုင်းရံထားခြင်းကြောင့်ပင်။ ဒုတိယအချက်မှာ သူ့ထံ၌ မှော်ပညာရှင်တစ်ဦး၏ အထောက်အထားမရှိသလို စာမေးပွဲ၌ ဝတ်လာရမည့် မှော်ဝတ်ရုံကိုပင် မဝတ်ထားခြင်းကြောင့်ဖြစ်သည်။
သို့သော် ရှုယီက တိုင်းပြည်၏ ကုန်သည်များအကြား၌သာ ကျော်ကြားခြင်းမဟုတ်ဘဲ မှော်ပညာရှင်များအကြား၌လည်း ကျော်ကြားသည်။
ရှုယီပထမဆုံး စာမေးပွဲဝင်ပြိုင်ခဲ့သည့် သုံးနှစ်အကြာက ပဉ္စမအဆင့်မှော်ပညာရှင်ဖြစ်လာကာ လမ်ပူရီတိုင်းပြည်တစ်ခုလုံးကို အံ့ဩစေခဲ့သည်။
လွန်ခဲ့သည့် ၂နှစ်က ဝင်ပြိုင်ခဲ့ချိန်တွင် သတ္တမအဆင့်မှော်ပညာရှင်စာမေးပွဲကို အောင်မြင်ခဲ့၏။
ထိုသို့သော တိုးတက်နှုန်းက တိုင်းပြည်ရှိ မှော်ပညာရှင်အားလုံးကို ထိတ်လန့်အံ့ဩစေခဲ့သည်ပင်။
ရှုယီမှာ ယမန်နှစ်က ဝင်မပြိုင်ခဲ့သော်လည်း ဤနှစ်၌ ဤနေရာသို့ရောက်နေလေရာ မှော်ပညာရှင်အားလုံးမှာ သူက အဌမအဆင့်စာမေးပွဲကို အောင်မြင်မည်ဟု ယုံကြည်နေကြသည်၊ မဟုတ်ပါက ဤနေရာ၌ ရှိနေမည်မဟုတ်ပေ။
ရှုယီမှာ ထိုမှော်ပညာရှင်များအကြား ထူးခြားပါသော်လည်း ၎င်းက မှော်ပညာရှင်များအနေနှင့် သူ့ထံ မပြုံးပြဘဲ မနေနိုင်ဖြစ်စေသည်။
ရှုယီ၏ အင်အား သို့မဟုတ် မဟာမှော်ပညာရှင်ကမ်မီလာကို မျက်နှာသာပေးခြင်းကြောင့် မဟုတ်ပါလျှင်တောင် ရှုယီ၏ Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌဟူသော အထောက်အထားအရ သူ့ထံ ပြုံးပြရန် ထိုက်တန်သည်။
ပြောရလျှင် « အန်ဗီမာ တိုင်းမ်စ် »က ရက်အနည်းငယ် အကြာကမှ သတင်းကြီးတစ်ခု ဖြန့်ဝေခဲ့သည်ပင်။ မဟာမှော်ပညာရှင်ကမ်မီလာက တကယ်တမ်းတွင် Frestech ကုန်သည်ကြီးများအသင်း၌ တစ်နှစ်ကို ရွှေဒင်္ဂါးတစ်သိန်းဝင်ငွေရှိသည်ဟုပင်!
မဟာမှော်ပညာရှင်ကမ်မီလာမှာ ရှုယီ၏ ဇနီးဘက်မှ အဘိုးတော်ကာ ထိုဆက်ဆံရေးကြောင့် လစာက ဟာသ သဖွယ်ဖြစ်နေပါသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနများရရှိသော လစာက အတုအယောင်မဟုတ်ပေ။
« အန်ဗီမာ တိုင်းမ်စ် »၏ သတင်းများအရ Frestech ကုန်သည်ကြီးများအသင်း၏ အငယ်တန်း သုတေသနပညာရှင်များမှာ တစ်လလျှင် ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြားရရှိကာ ခေါင်းဆောင် အီဗီတာက လက်ရှိတွင် တစ်လကို ရွှေဒင်္ဂါး ရှစ်ဆယ်ကျော်ရရှိသည်!
အပိုဆုကြေးများပါ ထည့်ပေါင်းလျှင် အီဗီတာ၏ ဝင်ငွေက တစ်နှစ်လျှင် ရွှေဒင်္ဂါးနှစ်ထောင် နီးနီးရှိ၏!
၎င်းကိုစဉ်းစားသော် လမ်ပူရီတိုင်းပြည်မှာ မဟာမှော်ပညာရှင်များထံ တစ်နှစ် ရွှေဒင်္ဂါးနှစ်ထောင်သာ ပေးသော်ငြား ပဉ္စမအဆင့်သာရှိသေးသည့် အီဗီတာက Frestech ကုန်သည်ကြီးများအသင်း၌ တစ်နှစ်လျှင် ရွှေဒင်္ဂါးနှစ်ထောင်နီးနီးရလေသည်။
အဆင့်ပိုမြင့်သည့် မှော်ပညာရှင်တစ်ဦးဆိုလျှင် မည်သို့နည်း?
မှော်ပညာရှင်များက ပြုံးပြလာသည်ကိုမြင်သော် ရှုယီက ပိုမိုဖော်ရွေစွာ ပြန်ပြုံးပြလိုက်သည်။
၎င်းတို့မှာ လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ အဆင့်နိမ့်မှော်ပညာရှင် အယောက်ငါးရာကျော် စုဆောင်းခဲ့သော်လည်း ရှုယီက အမြဲတစေ သုတေသန၌ အာရုံစိုက်ထားသဖြင့် ဆဌမအဆင့်နှင့် အထက်မှော်ပညာရှင်များက သူ့အတွက်ပို၍ အရေးပါသည်။
၎င်းအဆင့်မြင့် မှော်ပညာရှင်များက မှော်ပညာကို ပို၍ နားလည်လေရာ သူသာ ၎င်းတို့ကို မှော်သုတေသန ဌာနအတွက် စုဆောင်းနိုင်ပါက သေချာပေါက် မှော်စက်အသစ်များထုတ်လုပ်ရန် အသုံးဝင်လိမ့်မည်။
Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက်မျိုးစုံကို လေ့လာဖို့လိုအပ်သဖြင့် ရှုယီမှာ လမ်ပူရီတိုင်းပြည်ရှိ မှော်ပညာရှင်အားလုံးကို စုဆောင်းပါလျှင်တောင် မလုံလောက်ဟု ခံစားနေရသည်။
၎င်းရွေးချယ်နည်းနှစ်မျိုးရှိသဖြင့် လူတိုင်းက ဤသဘောထား ရှိနေပြီး မြင်ကွင်းကလည်း အင်မတန် ပလဲပနံသင့်နေသည်။
သို့သော် ထိုအချိန်၌ လူအုပ်ထဲမှ အေးစက်စက်နှာမှုတ်သံထွက်လာ၏။
"ဒီလူက သေချာပေါက် မှော်ပညာရှင်မဟုတ်ဘဲ ဘာလို့ ဒီကိုတောင် ရောက်လာရတာလဲ? လမ်ပူရီတိုင်းပြည်ရဲ့ မှော်ပညာရှင်များအဖွဲ့အစည်းက ကိစ္စတွေကိုင်တွယ်တဲ့နေရာမှာ ဒီလောက် ဂရုမစိုက်တတ်တာလား?"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၁၉။ အမှားကို အမြဲပြောသည့် ဘူကာရီ
လူတိုင်း အသံလာရာကို တအံ့တဩကြည့်လိုက်ကြသည်။ ထိုသို့ပြောလိုက်သူက ကလေးတစ်ယောက်မျှသာ အရပ်ရှည်ပြီး ဆံပင်တစ်ဝက်ကဖြူနေသည့် ပိန်ပါးပါးမှော်ပညာရှင်တစ်ဦးဖြစ်သည်ကို တွေ့လိုက်ကြသည်။
အဌမအဆင့်စာမေးပွဲတာဝန်ခံ မဟာမှော်ပညာရှင် တယ်လုချီက မျက်မှောင်ကုပ်လျက် လက်ထဲရှိ တင်ပြချက်ကိုကြည့်ပြီးနောက် အလေးအနက်ပြောလာသည်၊ "ခင်ဗျားက မီရန်ဒိုနယ်မြေက ဘူကာရီလား? ခင်ဗျားက ရှုယီကိုမသိမှတော့ သူ့ကိုသံသယဖြစ်နေတာအတွက် အပြစ်မတင်ပါဘူး၊ ဒါပေမယ့် ခင်ဗျားက တကယ်ပဲ ကျုပ်တို့ လမ်ပူရီတိုင်းပြည် မှော်ပညာရှင်များအဖွဲ့အစည်းကို သံသယဝင်ရဲတယ်ပေါ့? ခင်ဗျားကို ဘယ်သူကများ ဒီလိုသတ္တိမျိုးပေးလိုက်လဲ?"
ဘူကာရီအမည်ရှိ ထိုပိန်ပါးပါးမှော်ပညာရှင်က အသာခေါင်းမော့လျက် အေးစက်စက် နှာမှုတ်လေသည်။ "ဒီတော့ ဘာဖြစ်လဲ? ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်ရဲ့ မှော်ပညာရှင်များအဖွဲ့အစည်းက တစ်ယောက်ယောက်ကို အမှန်အတိုင်း ပြောခွင့်မပေးဘူးလား? ဒီကောင်လေးက ဘယ်လိုကြည့်ကြည့် မှော်ပညာရှင်နဲ့ မတူဘဲ ဘာကြောင့် ဒီရောက်နေတာလဲ? ဒါက စာမေးပွဲထဲ ဝင်ပြိုင်မယ့် ကျုပ်တို့ မှော်ပညာရှင်တွေကို စော်ကားနေတာပဲ!"
နေရာရှိ တခြားမှော်ပညာရှင်များက အချင်းချင်းကြည့်လျက် မျက်လုံးလှိမ့်ကာ ထိုသည်က ရယ်ရွှင်ဖွယ်ဟု ထင်လိုက်သည်။
"ဟေး၊ မဟာမှော်ပညာရှင် တယ်လုချီပြောတယ်မို့လား၊ ရှုယီကို သတိမထားမိတာ ခင်ဗျားရဲ့ အမှားမဟုတ်ဘူးလို့? ဒါပေမယ့် အခု မဟာမှော်ပညာရှင် တယ်လုချီက ရှုယီနာမည်ကိုပြောတာတောင် ခင်ဗျားက ဆက်ပြောနေသေးတော့ ခင်ဗျားကသာ လမ်ပူရီတိုင်းပြည်ရဲ့ မှော်ပညာရှင်များအဖွဲ့အစည်းကို စော်ကားနေတာပဲ မဟုတ်လား?"
"ခင်ဗျားက ရှုယီကိုတောင် မသိဘဲ အဓိပ္ပာယ်မရှိလျှောက်ပြောတာကိုတောင် မရှက်ဘူး၊ တကယ်ကြီး ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ကွာခြားမှု အနက်ကို မသိတာပဲ။"
"ရှုယီကို အထင်သေးတာလား? သူက ငယ်ရင် ငယ်မယ်၊ ဒါပေမယ့် ဉာဏ်ကြီးရှင်ပဲ။ ခင်ဗျားက သူ့ထက် အသက်အတော်ကြီးနေပေမယ့် ခင်ဗျားရဲ့ မှော်စွမ်းအားက သူ့ကိုတောင် မယှဉ်နိုင်ဘူး။"
"ဟုတ်တယ်၊ ကျုပ်တောင် ရှုယီထက် ပိုသန်မာတယ်လို့ အာမ,မခံနိုင်တာ၊ ခင်ဗျားက သူ့ကို ဘယ်လိုစော်ကားရဲရတာလဲ?"
"ဒါက တကယ့်ဟာသပဲ....."
......
ဘေးပတ်လည်မှ မှော်ပညာရှင်တို့၏ စကားလုံးများက ဘူကာရီ၏ မျက်နှာကို ဖြူတလှည့်စိမ်းတလှည့်ဖြစ်သွားစေပြီး အချိန်ကြာမည်သည်ကိုမှ မဆိုနိုင်တော့ပေ။
မဟာမှော်ပညာရှင် တယ်လုချီနှင့် ဘေးပတ်လည်မှ လူများ၏ အဖြေကိုသုံးသပ်ရလျှင် သူက တကယ်ကို အမှားကြီးပြောလိုက်မိပြီဖြစ်သည်။ ထိုကောင်လေးမှာ လမ်ပူရီတိုင်းပြည်ရှိ နာမည်ကြီးမှော်ပညာရှင်တစ်ဦးဟန် လုံးဝမပေါ်နေဘဲ၊ မှော်ပညာရှင်များအကြား ဉာဏ်ကြီးရှင်အဖြစ်ပင် ကျော်ကြားနေသည်။
ထိုသည်က သူ့အမှားပါပင်၊ သို့သော်လည်း လူတိုင်းရှေ့မှောက်၌ ဝန်ခံရမည်ဖြစ်ပြီး ရှုယီကို တောင်းပန်ရမည်ဖြစ်သဖြင့် တစ်ခွန်းမှ မဆိုနိုင်တော့ပေ။
သူဟာ လှည့်ထွက်သွားလိုပါသော်လည်း ဤစာမေးပွဲသို့လာရန် အင်မတန်ခက်ခဲခဲ့ရသည်။ သူသာ ဒီအတိုင်းထွက်သွားပါက အခွင့်အရေးကို ဖြုန်းတီးရာကျ၏။
သူဟာ သတ္တမအဆင့်မှော်ပညာရှင်ဖြစ်နေပါလျှင်တောင် မီရန်ဒိုနယ်မြေမှ အန်ဗီမာမြို့တော်ထံ လာရန် မလွယ်ကူလေရာ ထိုအခွင့်အရေးကို မဖြုန်းတီးနိုင်ပေ။
ဘူကာရီ၏ အမူအရာက လူတိုင်း၏ စကားကြောင့် နေရခက်လာသည်ကိုမြင်သော် ကိစ္စရင်းမြစ်ဖြစ်သည့် ရှုယီက မနေနိုင်တော့ချေ။ အပြုံးတစ်ခုဖြင့် သူဟာ ဘူကာရီနံဘေးသွား၍ လက်ကမ်းပေးလိုက်သည်။
"ဟယ်လို၊ မှော်ပညာရှင် ဘူကာရီ, ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ။ ကျုပ်က မှော်ပညာရှင် ရှုယီပါ၊ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။ တကယ်တော့ ခင်ဗျား မမှားပါဘူး၊ ကျုပ်က တကယ်တမ်း ကိုယ့်ကိုယ်ကို ကုန်သည်တစ်ယောက်အဖြစ်ပိုဂရုစိုက်တာမို့ မှော်ပညာရှင်တစ်ယောက်ဆိုတာကို မစဉ်းစားခဲ့ဘူး။"
မဟာမှော်ပညာရှင် တယ်လုချီက မနေနိုင်ဘဲ အသာမျက်မှောင်ကုပ်လိုက်၏။
မှော်ပညာရှင်များအဖွဲ့ရှေ့တွင် ရှုယီက ပွင့်လင်းစွာဖြင့် သူ၏ ကုန်သည်တစ်ဦးအထောက်အထားကို မှော်ပညာရှင်အထောက်အထားထက် ပို၍ ဂရုစိုက်ကြောင်းဝန်ခံလိုက်သည်က မှော်ပညာရှင်အဖွဲ့အစည်းအပေါ် အနည်းငယ် ထိခိုက်သွားစေလိမ့်မည်။
သို့သော် ရှုယီက ပြောပြီးပြီဖြစ်ရာ မှော်ပညာရှင် အများစုကလည်း ရှုယီကို Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌအဖြစ် အသိအမှတ်ပြုထားကြသဖြင့် ၎င်းကို တောင့်ခံနိုင်ပြီး ပြဿနာကို ဆွဲထုတ်မလာပေ။
"Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ?"
ဘူကာရီက ရှုယီကို ကြည့်လိုက်သည်။ ရှုယီမျက်နှာထက်ရှိ ရိုးသားသည့် အပြုံးကိုမြင်သော် စိတ်ထဲရှိ ရန်လိုမှုက ပျောက်ကွယ်သွားပြီး သူ့ကို ထောက်ပံ့လိုသည့် စိတ်ပင် ပေါ်လာ၏။
"မင်းရဲ့ အသက်အရွယ်နဲ့ အဌမအဆင့် စာမေးပွဲကိုဖြေနိုင်တော့ မှော်ပညာမှာ ထူးကဲတဲ့ အရည်အချင်းရှိမှာပဲ၊ ဒါကိုဘာလို့ လုပ်ငန်းစုတစ်ခုရဲ့ ဥက္ကဌဖြစ်နေတာလဲ? ဟုတ်သားပဲ Frestech ကုန်သည်ကြီးများအသင်း လို့ ပြောခဲ့တယ်နော်? ကြည့်ရတာ ကျုပ်အရင်က ဒီလုပ်ငန်းစုကိုကြားဖူးသလိုပဲ....."
ရှုယီက ပခုံးတွန့်လျက် ပြုံးကာ ပြောသည်၊ "ကျုပ်ကို ဒီလိုပြောတာ ခင်ဗျားက ပထမဆုံးပဲ။ ဒါပေမယ့် လက်တွေ့မှာ မှော်ပညာနဲ့ယှဉ်ရင် မှော်စက်တွေကို လေ့လာရတာကို ပိုသဘောတွေ့တာကြောင့် ကျုပ်ရဲ့ အဓိက အထောက်အထားက ကုန်သည်ဖြစ်နေတာပဲ။"
"မှော်စက်တွေ? Frestech ကုန်သည်ကြီးများအသင်း?" ဘူကာရီက မျက်မှောင်ကုပ်လိုက်ပြီးနောက် မျက်လုံးများတောက်ပသွားကာ၊ "အခုသတိရသွားပြီ! ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်တွေ ထုတ်လုပ်တာမို့လား? ဒီအရာက ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်မှာ အတော်လေးနာမည်ကျော်ပြီး ကျုပ်တို့ မီရန်ဒိုနယ်မြေမှာလည်း မကြာခဏပြောကြတယ်။ ကျုပ်မှတ်မိသေးတယ်.... အရင်တစ်ခေါက်က နယ်စားအိမ်တော်မှာ မှော်စက်တွေ အတော်များများရှိတယ်။"
"ဒါကိုသိမှတော့ ကျုပ် ဘာလုပ်လဲ သိမှာပါ" ရှုယီက အပြုံးဖြင့် ခေါင်းငြိမ့်သည်၊ "မှော်ပညာရှင် ဘူကာရီ, ခင်ဗျားတို့ မီရန်ဒိုနယ်မြေက လူတွေရဲ့ ကျုပ်တို့ မှော်စက်တွေအပေါ် သုံးသပ်မှုက ဘယ်လိုရှိလဲဗျ?"
ဘူကာရီက ခေါင်းခါကာ၊ "ဒီပစ္စည်းတွေမှာရှိတဲ့ မှော်အဆင့်က ကျုပ်အတွက် သိပ်မမြင့်ပေမယ့်လည်း ကျုပ်တို့ နယ်မြေကလူတွေက သုံးလို့လွယ်တာကို သိကြတော့ အတော်လေး ကြိုဆိုကြတယ်။ ဒါပေမယ့် ကျုပ်တို့ မီရန်ဒိုနယ်မြေက အရမ်းချို့တဲ့တော့ လူအများစုက ဒါတွေဝယ်ဖို့ မတတ်နိုင်ဘူးလေ။"
ပြောပြီးနောက်၌ ဘူကာရီ၏မျက်လုံးများက အနည်းငယ် မှေးမှိန်သွားသည်။
ရှုယီက သူ့စကားများ၏ တစ်ပိုင်းကိုသာ အာရုံစိုက်လိုက်သည်။
"ခင်ဗျားအနေနဲ့ .....ကျုပ်တို့လုပ်ငန်းစုက ထုတ်လုပ်တွေ မှော်စက်တွေမှာ မှော်အဆင့်မြင့်မြင့်မရှိဘူးလို့ ထင်တာလား?"
ဘူကာရီက အံ့ဩသွားကာ အလျင်အမြန်ပင် အမှားလုပ်မိကြောင်း သတိထားမိသွား၏။ သူက လက်ကိုဆက်တိုက်ခါကာ ပြောသည်၊ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျုပ်ပြောချင်တာက ဘာအဓိပ္ပာယ်မှမပါပါဘူး၊ ကျုပ်က..... ကျုပ်က ဒီမှော်စက်တွေရဲ့ မှော်အဆင့်က အတော်လေးရိုးရှင်းတယ်လို့ပြောချင်တာပဲ၊ သူတို့က မှော်ပညာရဲ့ အခြေခံ အသုံးတွေချည်းပဲလေ။ ကျုပ်ကမှော်စက်တွေရဲ့ တန်ဖိုးကို လျှော့ချဖို့ ကြိုးစားနေတာမဟုတ်ပါဘူး၊ အထင်မလွဲပါနဲ့။"
နံဘေးရှိ လမ်ပူရီတိုင်းပြည်သား မှော်ပညာရှင်တစ်ဦးက နှာခေါင်းရှုံ့ကာ၊ "ခင်ဗျားက တကယ်ပဲ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေကို အထင်သေးရဲတယ်ပေါ့? ပြောပါရစေ၊ ကျုပ်တို့ လမ်ပူရီတိုင်းပြည်မှာ မှော်ပညာရှင်အတော်များများရှိတာတောင် လုံးဝနားမလည်တဲ့လူတွေရှိသေးတယ်။ ဒီတော့ ခင်ဗျားက ဒါကို လုပ်နိုင်မှာလား?"
ဘူကာရီက ထိုစကားလုံးများကို မရုတ်သိမ်းနိုင်ရာ ၎င်းကိုကြားသော် ချက်ချင်းပင် ခေါင်းကိုမော့ထားလျက် ဒေါသတကြီးပြောလေ၏၊ "ဒီတော့ဘာဖြစ်လဲ? ဒီမှော်စက်တွေမှာ အဆင့်မြင့်မှော်ပညာမရှိဘူးလို့ ခံစားမိတာလေ။ ဒါရဲ့ အဓိပ္ပာယ်ကို မင်းနားမလည်တာက မင်းမှာ အဆင့်နိမ့်တဲ့ မှော်ပညာရှိနေလို့ပဲ!"
၎င်းကိုကြားသော် ရှုယီက မနေနိုင်ဘဲ သက်ပြင်းရှည်ကြီးချလိုက်၏။
မျှော်လင့်ထားသလိုပင် ဘူကာရီ၏ စကားလုံးများက လမ်ပူရီတိုင်းပြည်တစ်ခုလုံးရှိ မှော်ပညာရှင်များကို လှဲကျင်းနေသည့် တံမြတ်စည်းတစ်ချောင်းနှင့်တူကာ ဒေါသများဖြင့် ပြည့်သွားစေသည်။
ဘေးပတ်လည်ရှိ လမ်ပူရီတိုင်းပြည်သားအားလုံးက ဘူကာရီကို ပျက်ရယ်ပြုကြတော့၏။
"ကျုပ်တို့က လုံလောက်အောင်မကောင်းဘူးလို့ မြင်တယ်လား? ဒါဆို ဘာလို့ ခင်ဗျားက မကြိုးစားကြည့်တာလဲ? ကျုပ်က ရှုပ်ထွေးတဲ့ မှော်စက်တွေကို မပြောပါဘူး၊ မှော်ရေခဲစက်တစ်လုံးပဲလေ။ ခင်ဗျားသာ အထဲမှာ ဘာရှိသလဲ နားလည်ရင် ချက်ချင်းတစ်ခုလုပ်ကြည့်ပါလား၊ ဒါဆို ကျုပ်တို့ ခင်ဗျားရဲ့ ကျွမ်းကျင်မှုကို သတ်မှတ်လို့ရတာပေါ့!"
"ဟုတ်တယ်၊ ခင်ဗျားက ဘယ်လောက် ချို့တဲ့လဲ ကြည့်လိုက်ဦး၊ ခင်ဗျားအနေနဲ့ အရင်က Frestech ကုန်သည်ကြီးများအသင်းဆီက မှော်စက်တစ်လုံးလောက်တောင် မထိခဲ့ဖူးတာကို ကျုပ်သိနေတယ်။ ခင်ဗျားက ဒါကို ရိုးရှင်းတယ်လို့ လူတိုင်းရှေ့မှာ ပြောရဲသေးတယ်နော်?"
"-ျီး, ခင်ဗျားက ဒီလောက်ထိပြောလိုက်ပေမယ့် အရင်က Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေကို တကယ်လေ့လာခဲ့လို့လား? နားလည်ဖို့လွယ်နေရင် ကျုပ်တို့ လမ်ပူရီတိုင်းပြည်ရဲ့ လုပ်ငန်းစုတွေက နည်းပညာအတွက် Frestech ကုန်သည်ကြီးများအသင်းဆီကတောင် တောင်းနေဖို့ မလိုတော့ဘူး။"
"ပြောပြလိုက်မယ်၊ ခင်ဗျားသာ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေက နည်းပညာကိုသာ နားလည်နိုင်ရင် လုပ်ငန်းစု အတော်များများက ခင်ဗျားကို လာရှာကြလိမ့်မယ်။ ခင်ဗျားသာ ဒီလောက် စွမ်းအားကြီးနေရင် တစ်နှစ်တည်းနဲ့ ရွှေဒင်္ဂါးသောင်းချီရဖို့တောင် ပြဿနာမရှိဘူးဆိုတာ ယုံကြည်လား?"
"ဘာ သောင်းချီလဲ၊ အနည်းဆုံး သိန်းချီတာပေါ့!"
.....
ဘူကာရီမှာ အားလုံး၏အပြောကြောင့် အံ့ဩသွားသည်။
တုံ့ပြန်မှုများအရ သူက တစ်ဖန် အမှားလုပ်မိပြန်လေသည်။
သို့သော် သူ၏ ခေါင်းမာသည့်စရိုက်က သဘာဝကျစွာပင် အရှုံးကိုဝန်မခံဘဲ ထိုလူများကို ပြန်ပြောမိစေ၏။
မှော်ပညာရှင်များက တခြားနယ်မြေက မှော်ပညာရှင်တစ်ဦးနှင့် ငြင်းခုံနေသည်ကိုမြင်သော် မဟာမှော်ပညာရှင် တယ်လုချီက မျက်မှောင်ကုပ်လိုက်သည်။ သူ၏ မှော်စွမ်းက စီးဆင်းသွားကာ အရိုးခိုက်လုမတတ်အေးသည့် လေက စာမေးပွဲနေရာ၌ ပြည့်နှက်သွားပြီး လူတိုင်းကို အေးခဲသွားသည့်နှယ် ခံစားမိသွားစေ၏။
ထို အေးစက်မှုနှင့် ရိုက်ခတ်ခံရပြီးနောက် လူတိုင်းက ချက်ချင်း ငြိမ်ကျသွားသည်။
တစ်ဦးကိုတစ်ဦးကြည့်လိုက်သော် ၎င်းတို့က စာမေးပွဲ၌ ရောက်နေကြောင်း သတိရသွားသည်။ လူတိုင်းက စိတ်ထဲရှိ ဒေါသကိုဖိနှိပ်ရင်း မဟာမှော်ပညာရှင် တယ်လုချီရှေ့၌ တစ်ဖန် နာခံစွာ တန်းစီလိုက်ကြသည်။
ထိုမှော်ပညာရှင်များအားလုံးမှာ ၎င်းတို့မြို့တော်အသီးသီး၌ ကျော်ကြားကြသူများဖြစ်သော်လည်း မှော်ပညာရှင်များအဖွဲ့အစည်းသို့လာပြီး မဟာမှော်ပညာရှင် တယ်လုချီရှေ့၌ ရပ်နေရချိန်တွင် သတိထားကာ မောက်မာဟန် လုံးဝမပြဝံ့ပေ။
လူတိုင်းငြိမ်ကျသွားသည်ကို မြင်သော် မဟာမှော်ပညာရှင် တယ်လုချီက အေးစက်စက်နှာမှုတ်လေ၏။ သူက ရှုယီကို တစ်ချက်ကြည့်ပြီးနောက် စာမေးပွဲစတင်ကြောင်း ကြေညာလိုက်လေသည်။
၎င်းက သာမန်စာမေးပွဲနှင့် ခြားနားပါ၏။ စာမေးပွဲမှာ ၎င်းဘာသာဆိုလျှင် အင်မတန် ပုံမှန်ဖြစ်သည်။
ဝင်ပြိုင်သူအားလုံးက အဆင့်မြင့်မှော်ပညာရှင်များဖြစ်သဖြင့် ဆယ်စုနှစ်များစွာကြာအောင် မှော်ပညာနယ်ပယ်၌ ရှိနေခဲ့ရသဖြင့် အခြားမှော်ပညာရှင်အသုံးပြုသည့် မှော်အဆင့်ကို မြင်နိုင်ပေ၏။
ဤနေရာရှိ မဟာမှော်ပညာရှင် တယ်လုချီနှင့်အတူ အကဲဖြတ်မှုက အတော်လွယ်သည်။ မှော်ပညာရှင်တစ်ဦးမှာ မှော်အဆင့်ကို မဆုံးဖြတ်ရသေးခင် မန္တာန်တချို့ သုံးဖို့သာ လိုအပ်သည်၊ နောက်မှသာ စာမေးပွဲ အောင်၊ မအောင် ဆုံးဖြတ်ပေးမည်ဖြစ်သည်။
မှော်ပညာရှင်ဆယ်ယောက်ကျော်မှာ စာမေးပွဲကို အလျင်အမြတ်ပြီးသွားပြီး ရှုယီအလှည့်ရောက်သော် လူတိုင်းလှည့်ကြည့်လာကြသည်။
ဤ စာမေးပွဲနေရာတစ်ခုလုံး၌ ရှုယီက လူအများဆုံး အာရုံစိုက်ရာဖြစ်သည်။
သူ၏ အသက်အရွယ်ကြောင့်လည်းဖြစ်သလို အထောက်အထားကြောင့်လည်းဖြစ်သည်။
ထိုသို့စဉ်းစားရင်း ရှုယီသာ အဌမအဆင့်စာမေးပွဲကို ဖြတ်ကျော်နိုင်ပါလျှင် သူဟာ အသက်သုံးဆယ်၌ အဌမအဆင့်မှော်ပညာရှင်ဖြစ်မည့် အဓိပ္ပာယ်ပင်။
စိုင်စ်နယ်မြေကြီးတစ်ခုလုံး၌ပင် ထိုသည်က ထိတ်လန့်ဖြင့် အောင်မြင်မှုဖြစ်သည်။
ရှုယီကဲ့သို့ ငယ်ရွယ်သည့် အဌမအဆင့်မှော်ပညာရှင် ဆယ်ဦးထက်နည်းကြောင်းသိရပေသည်!
ရှုယီမှာ အခြားအရေးကြီးအထောက်အထားဖြစ်သည့် Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌလည်းဖြစ်သေးသည်။
Frestech ကုန်သည်ကြီးများအသင်း ဤမျှမြန်မြန်တိုးတက်လာသည်မှာ ရှုယီအနေနှင့် စီမံခန့်ခွဲရန် အချိန်အတော်များများသုံးခဲ့သဖြင့် သဘာဝကျစွာပင် မှော်ပညာလေ့လာရန် အချိန်များများစားစားမရှိချေ။
သို့သော် ဤအခြေနေ၌ ရှုယီ၏ မှော်စွမ်းအားက ဤမျှ မြန်မြန်တိုးတက်လာသေးသည်။
သူသာ မှော်ပညာလေ့လာခြင်းကို အာရုံစိုက်ထားပါက သူ၏ အံ့အားသင့်ဖွယ်အရည်အချင်းနှင့် ငွေကိုစိတ်ပူဖို့မလိုဘဲ မှော်စွမ်းအားက ပို၍ပင် ထိတ်လန့်စရာနှုန်းဖြင့် တိုးလာလိမ့်မည်။
စိုင်စ်နယ်မြေကြီး၏ သမိုင်းတွင် အငယ်ဆုံး မဟာမှော်ပညာရှင်မှာ သုံးဆယ့် ခုနစ်နှစ်ဖြစ်၏။ ရှုယီ၏ လက်ရှိ အခြေအနေနဲ့ဆိုပါက ၎င်းစံချိန်ကို ရိုက်ချိုးနိုင်သည်!
"ကောင်းပြီ ရှုယီ၊ မင်း ဖမ်းဆုပ်ထားတဲ့ အဌမအဆင့်မှော်ပညာကို ဖော်ထုတ်ရင်း စလိုက်တာပေါ့။ မင်း အနေနဲ့ မန္တာန်သုံးခုကိုပဲ အောင်အောင်မြင်မြင် ထုတ်ဖော်ဖို့လိုတယ်၊ မဟုတ်ရင် စာမေးပွဲကို အောင်မြင်မှာမဟုတ်ဘူး။" မဟာမှော်ပညာရှင် တယ်လုချီက သင့်တော်သည့် သွင်ပြင်ကို ထုတ်ဖော်လျက် ရှုယီထံ ခံစားချက်မပါဘဲ ပြောလိုက်သည်။
ရှုယီက ခေါင်းငြိမ့်၍ စာမေးပွဲနေရာ၏ ဗဟိုသို့သွားလိုက်၏။ လူတိုင်း၏ အကြည့်အောက်တွင် သူက ညာလက်ကိုမြောက်လိုက်ရာ လက်ဖဝါး၏ ဗဟိုတွင် လျှပ်စစ်အရိပ်အယောင်တစ်ပြပေါ်ထွက်လာသည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၂၀။ ရှားပါးသည့် ကမ္ဘာမြေ သံယံဇာတရင်းမြစ်များ
အဌမအဆင့်မှော်ပညာရှင်တစ်ဦးအနေနှင့် အဆင့်မြင့်မန္တာန်များကို ဖမ်းဆုပ်နိုင်ရန်မှာ အခြေခံကျသည့် လိုအပ်ချက်ဖြစ်သည်။
မှော်စက်များကို လေ့လာခဲ့ခြင်းကြောင့် ရှုယီက လေစွမ်းအားမှော်ပညာကို ကျွမ်းကျင်သဖြင့် မဟာမှော်ပညာရှင် တယ်လုချီထံ ဖော်ထုတ်ပြသခဲ့သည်မှာ လေစွမ်းအားမှော်ပညာ၏ အဆင့်မြင့်ပုံစံ လျှပ်စီးမှော်ပညာဖြစ်သည်။
လျှပ်စီးမှော်ပညာ၏ အနှစ်သာရမှာ အမြန်နှုန်းပင်။
မှော်စွမ်းအားက လျှပ်စီးနှယ်မြန်ရုံသာမက မန္တာန်၏ အမြန်နှုန်းကိုလည်း တိုးစေသည်။
အဌမအဆင့် စာမေးပွဲကို အောင်မြင်ရန် လူတစ်ဦးမှာ လုံးဝ အတားအဆီးမရှိဘဲ အဌမအဆင့် လျှပ်စီးမန္တာန်ကို ခင်းကျင်းပြသရမည်ပင်။
ရှုယီက 'လျှပ်စီးတန်းမန္တာန်'၊ 'ပေါက်ကွဲမှုမိုးကြိုးမန္တာန်'နှင့် 'သန့်စင်ခြင်းလျှပ်စီးကွန်ရက်'တို့ကို လူတိုင်းရှေ့၌ ထုတ်ဖော်ပြခဲ့ရုံသာမက အမြန်နှုန်းကလည်း အင်မတန် မြန်ဆန်ကာ အလယ်၌ လုံးဝရပ်တန့်သွားခြင်းမရှိပေ။
ထိုမန္တာန်သုံးခုကို ထုတ်ဖော်ပြလာသည်အား မြင်သော် ဘေးပတ်လည်ရှိ မှော်ပညာရှင်များအားလုံးက အံ့အားသင့်သွားကာ ပုံမှန်မဟုတ်သည့်ဟန်ရှိနေ၏။
၎င်းတို့က ရှုယီမှာ အဌမအဆင့်လျှပ်စီးမန္တာန်များကို ထိုမျှ ကောင်းကောင်းထိန်းချုပ်နိုင်ခြင်းကြောင့် အံ့အားသင့်နေကြသည်။ ၎င်းတို့က ရှုယီမှာ လူတိုင်းခန့်မှန်းထားသလို အဌမအဆင့်ဖြစ်ခြင်းကြောင့် ပုံမှန်ပင်ဖြစ်၏။
ဘူကာရီသာလျှင် ရှုယီကိုကြည့်လျက် အံ့ဩနေပြီး မျက်နှာထက်၌ အံ့အားသင့်ဟန်ကိုသာ ပြနေ၏။
မှော်ပညာရှင်ဟုပင် မထင်ရသော ထိုလူငယ်လေးက အဌမအဆင့် မှော်ပညာရှင်ဖြစ်နေသည်!
ဘူကာရီမှာ ဤနှစ်၌ ငါးဆယ့်နှစ် နှစ်ပြည့်ပြီဖြစ်ရာ ဤနှစ် အဌမအဆင့်စာမေးပွဲကို အောင်မြင်လိမ့်မည်ဟု မျှော်လင့်ချက်မရှိပေ။
ရှုယီနှင့်ယှဉ်ပါက သူဟာ ဤအသက်အိုအိုကြီး၌ ခွေးတစ်ကောင်လို နေထိုင်နေခြင်းပင်!
ထိုသို့စဉ်းစားရင်း ဘူကာရီက သက်ပြင်းချကာ လူအုပ်ထဲမှ ထွက်သွားလိုက်၏။ သူဟာ မည်သူမှသတိမထားမိချိန်၌ ထွက်သွားရန် ပြင်ထားသည်။
သို့သော် ရှုယီက သတိထားမိပြီးသားပင်။ သူက ထွက်ခွာတော့မည်ကိုမြင်သော် ရပ်တန့်ရန် ကျယ်လောင်စွာ အော်လိုက်၏။
ရှုယီ၏ခေါ်ဆိုမှုကြောင့် တခြားမှော်ပညာရှင်များက ဘူကာရီလုပ်နေသည့်အရာကို သတိထားမိသွားပြီး မည်သို့စဉ်းစားနေကြောင်း နားလည်လိုက်ကြ၏။
ဘူကာရီပြောခဲ့သမျှကို စဉ်းစားရင်း တခြားမှော်ပညာရှင်များက ချက်ချင်းပင် ယဉ်ကျေးမှုမရှိ ပျက်ရယ်ပြုကြလေသည်။
ဘူကာရီက စိတ်ပျက်သွားသော်လည်း ၎င်းတို့ကိုငြင်းခုံရန် စိတ်မရှိနေပေ။ ရှုယီကိုကြည့်လျက် ခေါင်းခါကာသာ မည်သည်ကိုမှ ဂရုမစိုက်ဘဲ ထွက်သွားရန်ပြင်လိုက်၏။
ရှုယီက ပြန်ဆွဲလေသည်။
"မှော်ပညာရှင် ဘူကာရီ, ဒီခရီးကိုလာဖို့ကတင် ခက်နေပြီလေ။ ခင်ဗျားသာ အခုပြန်သွားရင် ဒီအခွင့်အရေးကို ဖြုန်းတီးသလိုမဖြစ်သွားဘူးလား?"
ဘူကာရီက ရှုယီ မျက်နှာထက်ရှိ ရိုးသားဟန်ကိုမြင်သော် ထိုလူက မှော်ပညာရှင်အဖြစ် အချိန်ကြာ သရုပ်ဆောင်နေခဲ့ပြီးနောက် သူ၏ သရုပ်ဆောင်က ထိုမျှ ကောင်းလာသည်လားဟု စဉ်းစားလိုက်၏။
သူ ဒီနေ့ခံစားရတာက သူ့ကြောင့်ဆိုတာကို မသိလို့များလား?
"ဒီမှာနေတာကတင် ရှက်စရာကောင်းနေပြီ၊ ဖြုန်းတီးတဲ့ အခွင့်အရေးပဲထားလိုက်ပါတော့။" ဘူကာရီက ခေါင်းခါ၏။ သူက လက်ယမ်းလျက် ရှုယီကို လွှတ်ရန် ပြင်လိုက်သည်။
ရှုယီက သူ့လက်ကို မြဲမြဲမြံမြံကိုင်ထားကာ မလွှတ်ပေးလိုချေ။ သူက ရှေ့သို့ပင် တစ်လှမ်းတိုး၍ အသံတိုးတိုးဖြင့် ပြောလေ၏၊ "ခင်ဗျားရဲ့ ကိုယ်ပိုင်အခွင့်ရေးကို ခင်ဗျားဖြုန်းတီးတာ အဆင်ပြေပါတယ်၊ ဒါပေမယ့် မီရန်ဒိုနယ်မြေရဲ့ အခွင့်အရေးကိုပါ ဖြုန်းတီးချင်လို့လား?"
ဘူကာရီက ရှုယီကို တအံ့တဩကြည့်လာသည်။
ရှုယီက အသာပြုံးကာ၊ "စာမေးပွဲပြီးရင် ကျုပ် ခင်ဗျားနဲ့ စကားပြောချင်တယ်။ ကျုပ် မီရန်ဒိုနယ်မြေကို အတော်လေး စိတ်ဝင်စားတယ်။ ဖြစ်နိုင်ရင် ကျုပ်တို့ လုပ်ငန်းစုက မီရန်ဒိုနယ်မြေနဲ့ပူးပေါင်းပြီး အဲ့က ပြည်သူပြည်သားတွေရဲ့ ဘဝကို ပြောင်းလဲပေးနိုင်လောက်တယ်။"
ဘူကာရီက ရှုယီကို မျက်မှောင်ကုပ်ကြည့်လာသည်။ သူက တကယ်ကိုပင် သူ၏အပြုအမူများ၌ မည်သည့်အတုအယောင်ကိုမှ မတွေ့ရသဖြင့် အနည်းငယ်တုံ့ဆိုင်းပြီးနောက် လှည့်လာသည်။
သူက အတွေးပြောင်းလိုက်သည်ကို မြင်သော် ရှုယီလည်း အပြုံးဖြင့် လက်လွှတ်ပေးလေ၏။
ရှုယီနှင့် ဘူကာရီတို့က အသံတိုးတိုးဖြင့်ပြောရင်း လေအားမှော်ပညာကိုသုံးလျက် အကာအကွယ်တည်ဆောက်ထားလေရာ နံဘေးရှိ မှော်ပညာရှင်များက ၎င်းတို့ပြောခဲ့သည်ကို မကြားလိုက်ကြချေ။ ၎င်းတို့က ရှုယီ စကားတချို့ပြောပြီးနောက် ဘူကာရီစိတ်ပြောင်းသွားကာ စာမေးပွဲ၌ ဆက်နေရန် ဆုံးဖြတ်လိုက်ကြောင်းသာမြင်လိုက်ရသဖြင့် မနေနိုင်ဘဲ လေးစားဟန်ပြလာကြသည်။
ရှုယီက ဘူကာရီကို ဆက်ရှိနေစေခြင်းကြောင့် အခြားမှော်ပညာရှင်များက သူ့ကို ဆက်မလှောင်ကြတော့လေရာ စာမေးပွဲက ချောချောမွေ့မွေ့ ပြီးသွားသည်။
နာရီဝက်ကြာပြီးနောက် လူတိုင်း စာမေးပွဲပြီးသွား၏။ ဘူကာရီမှာ သူအသုံးပြုသည့် အဌမအဆင့်မန္တာန်များနှင့် သိပ်မရင်းနှီးပါသော်လည်း မဟာမှော်ပညာရှင် တယ်လုချီက သူ့အား'လွတ်လွတ်ကျွတ်ကျွတ်'အဆင့်ဖြင့် အောင်မြင်ခွင့်ပြုလိုက်သည်။ ဘူကာရီ၏ ခံစားချက်က များစွာပိုကောင်းလာကာ ရှုယီကို ပြောချိန်၌ ပထမဆုံးအကြိမ် ပြုံးပြလာ၏။
"ဥက္ကဌရှု၊ ကျုပ် တခြားမှော်ပညာရှင်တချို့နဲ့ ပြောပြီး ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအကြောင်း နည်းနည်းပိုနားလည်လာတယ်။ ကျုပ် တောင်းပန်တယ်လို့ပြောရမယ်၊ မတိုင်ခင်က ခင်ဗျားတို့ လုပ်ငန်းစုကို အထင်သေးခဲ့မိတယ်။" ဘူကာရီက စိတ်ရင်းဖြင့် ဆိုလာသည်။
ရှုယီက အတန်ငယ် အံ့ဩသွားပါသော်လည်း အလျင်အမြန်ပင် လက်ယမ်းသည်၊ "ဒါက ဘာမှ ကြီးကြီးမားမားမဟုတ်ပါဘူး၊ စိတ်ပူဖို့မလိုဘူး။"
ဘူကာရီက ခေါင်းငြိမ့်ပြီးနောက် မေးလာ၏၊ "ဒါပေမယ့် ဥက္ကဌရှု၊ တခြားလူတွေရဲ့ မိတ်ဆက်ပေးမှုအရ Frestech ကုန်သည်ကြီးများအသင်းက တကယ်တမ်းကျုပ်တို့ မီရန်ဒိုနယ်မြေက လူတွေရဲ့ ဘဝကို ပြောင်းလဲနိုင်လောက်ပေမယ့်လည်း မေးစရာတစ်ခုရှိတယ်။ ခင်ဗျားက ကုန်သည်တစ်ယောက်ဆိုမှတော့ ကျုပ်တို့ မီရန်ဒိုနယ်မြေဆီကနေ အကျိုးအမြတ်တချို့ ရဖို့ ကြိုးစားနေလောက်တယ် မဟုတ်လား? ဒါပေမယ့် ကျုပ်တို့ နယ်မြေက အရမ်းသေးငယ်ပြီး ဘာမှထူးထူးခြားခြားမရှိတော့ ခင်ဗျားက ဘာရမှာလဲ?"
ရှုယီက ခေါင်းခါကာ၊ "လူတိုင်းနဲ့ နေရာတိုင်းမှာ သူတို့ရဲ့ အထူးတန်ဖိုးရှိတယ်၊ ဘယ်သူကမှ သတိမပြုမိသေးရုံပါပဲ။ မီရန်ဒိုနယ်မြေက တခြားလူတွေအတွက် ဘာတန်ဖိုးမှ မရှိတာဖြစ်နိုင်ပေမယ့် မီရန်ဒိုနယ်မြေက အတော်ထူးကဲပြီးတန်ဖိုးရှိတဲ့ ရင်းမြစ်တစ်ခုရှိတာကိုသိတယ်။"
"တကယ်လား?" ဘူကာရီက ရှုယီကို ရှုပ်ထွေးစွာကြည့်ကာ၊ "ကျုပ် မီရန်ဒိုနယ်မြေမှာ နေလာတာ နှစ်ပေါင်း ငါးဆယ်ကျော်နေပြီ၊ ဘာလို့ ဒါကို အရင်က မကြားခဲ့ရတာပါလိမ့်?"
"အရင်က ဘယ်သူကမှ သတိမထားမိလို့ပေါ့။" ရှုယီက အပြုံးဖြင့်ဆိုသည်၊ "ဒါပေမယ့် မီရန်ဒိုနယ်မြေဆီကလာတဲ့ ကုန်သည်စု ကျုပ်ဆီ ယူလာတဲ့ နမူနာမျိုးစုံကနေ ဒီတန်ဖိုးကြီးရင်းမြစ်ကိုတွေ့ခဲ့တာကြောင့် မီရန်ဒိုနယ်မြေနဲ့ ပူးပေါင်းမယ့် အတွေးကိုရခဲ့တာ၊ ဒါပေမယ့် အရင်က အခွင့်အရေးမရခဲ့ဘူးလေ။ အခု မှော်ပညာရှင် ဘူကာရီပေါ်လာတော့ ခင်ဗျားက ကျုပ်ကို ဒီအခွင့်အရေး ပေးလာတာပဲ။"
"ဒါက ဘာအဓိပ္ပာယ်လဲ?" ဘူကာရီက မျက်မှောင်ကုပ်ကာ၊ "ကျုပ်က နယ်စားမဟုတ်တော့ မီရန်ဒိုနယ်မြေမှာ ဘာကိုမှ မဆုံးဖြတ်နိုင်ဘူး၊ ကျုပ်ကိုရှာတာ ဘာအသုံးမှမဝင်ဘူး၊ နယ်စားကိုရှာသင့်တယ်။ ကျုပ်ထင်တာတော့ နယ်စားက ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ကြိုဆိုလောက်မှာပါ။"
"ဒီစကားကတော့ မှန်ပေမယ့် ထိုးဖောက်မှုအမှတ်ကို ရဖို့က အရမ်းအရေးပါတယ်။ မှော်ပညာရှင် ဘူကာရီ, ခင်ဗျားက မီရန်ဒိုနယ်မြေမှာ အထူးချွန်ဆုံး မှော်ပညာရှင်ဆိုတော့ ဒါက အသင့်တော်ဆုံး ထိုးဖောက်မှုအမှတ်ပဲ။"
"ကျုပ် အဓိပ္ပာယ်ကို ခုထိနားမလည်သေးဘူး၊ စီးပွားရေးအကြောင်း ဘာမှကိုမသိတာ။" ဘူကာရီက ခေါင်းခါသည်၊ "ဒါပေမယ့် ခင်ဗျားသာ ကျုပ်ဆီကနေတဆင့် နယ်စားနဲ့ စာချုပ်ချုပ်ချင်ရင် ကျုပ်က ဝမ်းပန်းတသာနဲ့ ကူညီမှာပါ။"
"ဒါက လုံလောက်နေပြီ" ရှုယီက ရပ်တန့်ပြီးနောက် ဘူကာရီကိုညွှန်ပြလာကာ၊ "ဒီရှားပါးတဲ့ရင်းမြစ်အပြင် မှော်ပညာရှင် ဘူကာရီ, ခင်ဗျားကလည်း အရမ်းတန်ဖိုးရှိတဲ့ ရင်းမြစ်တစ်ခုပဲ။"
ဘူကာရီက မျက်မှောင်ကုပ်လျက် အနည်းငယ် မပျော်မရွှင်ဖြစ်သွားကာ၊ "ဥက္ကဌရှု၊ ကျုပ် ဒီလို ဟာသမျိုးကို သဘောမကျဘူး။"
ရှုယီက ရယ်ကာ၊ "ဟုတ်ပါပြီ၊ ကျုပ်က မနောက်ပါဘူး။ မှော်ပညာရှင် ဘူကာရီ, ကျုပ်ရဲ့ Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌဆိုတဲ့ အထောက်အထားနဲ့ဆို ကျုပ်က ခင်ဗျားကို ကျုပ်တို့ရဲ့ မှော်သုတေသနဌာနမှာ အလုပ်လုပ်ဖို့ Frestech ကုန်သည်ကြီးများအသင်းကိုယ်စား ဖိတ်ကြားချင်တယ်။ ခင်ဗျား လက်ခံချင်သလား?"
"အာ?" ဘူကာရီက ရှုယီကို ဝေဝါးစွာကြည့်လာသည်။
"ခင်ဗျားပဲ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်တွေရဲ့ မှော်အဆင့်က အဲ့လောက်မကြီးကျယ်ဘူးလို့ပြောတယ်မလား? ဒါဆို ခင်ဗျားရဲ့ အဌမအဆင့်မှော်ပညာရှင်တစ်ယောက်ရဲ့ အင်အားနဲ့ တခြားအကြံတချို့ရှိလောက်မှာပေါ့။ ဒီတော့ ကျုပ်က ခင်ဗျားကို ကျုပ်တို့လုပ်ငန်းစုမှာ မှော်စက်သုတေသနတွေလုပ်နေတဲ့ သုတေသနပညာရှင်တွေကို ကူညီဖို့ ဖိတ်ခေါ်ချင်တယ်။"
ဘူကာရီ၏ မျက်နှာက နီရဲသွားကာ၊ "ဥက္ကဌရှု ခင်ဗျားအညှိုးထားနေတုန်းလား?"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျုပ်က စိတ်ရင်းနဲ့ ဖိတ်နေတာပါ။" ရှုယီ အလျင်အမြန်ခေါင်းခါသည်၊ "ခင်ဗျားလို အားကောင်းတဲ့ မှော်ပညာရှင်တစ်ယောက်ကို ကျုပ်တို့လုပ်ငန်းစုက အမြဲလိုအပ်နေတာပါ။ ခင်ဗျားမယုံရင် အခု ခင်ဗျားနဲ့ စာချုပ်လက်မှတ်ထိုးလို့ရပါတယ်။"
ဘူကာရီက ရှုယီကို သံသယအပြည့်ဖြင့်ကြည့်သည်။ စဉ်းစားပြီးနောက်၌ သူက တုံ့ဆိုင်းစွာမေးလေ၏၊ "ဒါဆို.... ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ သုတေသနပညာရှင်တွေက လစာမြင့်မြင့်ရတယ်လို့ ကြားထားတယ်....."
ရှုယီက အသာပြုံးသည်၊ "ခင်ဗျားသာ ကျုပ်တို့လုပ်ငန်းစုမှာ လုပ်ဖို့ ရွေးချယ်လိုက်ရင် ခင်ဗျားရဲ့ အင်အားနဲ့ဆို မြန်မြန်ပဲ စီနီယာသုတေသီဖြစ်လာမယ်လို့ထင်တယ်။ အဲ့အချိန်ကျရင် ခင်ဗျားရဲ့ လစာက ရွှေဒင်္ဂါးငါးဆယ်အောက်မလျော့စေရဘူး။"
"ရွှေဒင်္ဂါးငါးဆယ်!" ဘူကာရီ၏ မျက်လုံးများ ပြူးကျယ်သွား၏။ အသက်ပြင်းပြင်းရှူပြီးနောင်တွင် တည်ငြိမ်သွားကာ ခေါင်းအသာငြိမ့်သည်၊ "ကောင်းပြီ ကျုပ်သေချာစဉ်းစားလိုက်မယ်"
ဘူကာရီက ခေါင်းငုံ့လျက် အသေအချာစဉ်းစားနေသည်ကိုကြည့်ရင်း ရှုယီက ပြုံးလေ၏။
ဘူကာရီ၏ တုံ့ပြန်မှုအရ သူက သေချာပေါက် လစာကြောင့် စိတ်လှုပ်ရှားသွားလောက်သည်။
သူသာ Frestech ကုန်သည်ကြီးများအသင်းထံ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ပါက ရှုယီမှာ အင်မတန်ဝမ်းသာလိမ့်မည်။
Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာန၌ တာဝန်ယူထားရသော မဟာမှော်ပညာရှင်ကမ်မီလာမှလွဲ အားအကောင်းဆုံး သုတေသနပညာရှင်မှာ သတ္တမအဆင့်ဖြစ်သည်။ အခြားမှော်ပညာရှင်အများစုမှာ အီဗီတာ, အာကာလီတို့ကဲ့သို့ စတုတ္ထနှင့် ပဉ္စမအဆင့် ပညာရှင်များသာဖြစ်၏။
၎င်းတို့နှင့် မဟာမှော်ပညာရှင်ကမ်မီလာကြား၌ ကွာခြားမှုကြီးရှိနေသဖြင့် ထိုသည်က စီမံကိန်းအမြောက်အများကို ခက်ခဲစေသည်။
အဆင့်မြင့်မှော်အစီအရင်များနှင့်သက်ဆိုင်သည့်အရာများကိုမူ မဟာမှော်ပညာရှင်ကမ်မီလာကသာ လေ့လာနိုင်၏။ သို့သော် သူဟာ မည်မျှ အားကောင်းကောင်း အချိန်က ကန့်သတ်ချက်ရှိသဖြင့် စီမံကိန်းများစွာကို တစ်ပြိုင်တည်းအပြီးသတ်ရန် မဖြစ်နိုင်ပေ။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက မှော်စက်အကြီးစားများကို ထုတ်လုပ်ရန် စီစဉ်ထားသဖြင့် အဆင့်မြင့်မှော်အစီအရင်များ သုတေသနလုပ်ဖို့လိုသဖြင့် ယခု မှော်သုတေသနဌာန၏ သုတေသနစွမ်းအားက အနည်းငယ် အားနည်းနေသည်။
ဘူကာရီသာ မှော်သုတေသနဌာနထဲဝင်လာပါက သေချာပေါက် ထိုနေရာကို ဖြည့်လိမ့်မည်။
ပိုအရေးကြီးသည်မှာ ဘူကာရီက သင်္ကေတတစ်ခုဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်မည့် မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာရန် နီးစပ်သည့် အခြားမှော်ပညာရှင်များကို ဆွဲဆောင်ရမည်ဖြစ်သည်။
သူဟာ အခြားအဆင့်မြင့်မှော်ပညာရှင်များကိုပြောကြည့်ပြီး ဖိတ်ကြားချိန်၌ ငြင်းဆိုလိုက်ကြသည်ကိုစဉ်းစားမိသည်။ ထို့နောက် ဘူကာရီကို မည်သို့ စိတ်လှုပ်ရှားအောင် လုပ်မိကြောင်း စဉ်းစားရင်း ရှုယီလည်း မနေနိုင်ဘဲ ဝမ်းနည်းသွား၏။
မီရန်ဒိုနယ်မြေက ဘူကာရီကဲ့သို့ အဌမအဆင့်မှော်ပညာရှင်ကိုပင် တစ်လ ရွှေဒင်္ဂါးငါးဆယ်ကြောင့် စိတ်လှုပ်ရှားစေရန် မည်မျှ ချို့တဲ့လေသနည်း.....
မီရန်ဒိုနယ်မြေသာ ၎င်းတို့ထံ၌ ရှိသည့် ရင်းမြစ်များကို နားလည်ပါက သေချာပေါက် ဤမျှ ဆင်းရဲမနေလောက်ပေ။
၎င်းတန်ဖိုးကြီးရင်းမြစ်က ကမ္ဘာမြေ၌ပင် ရှားပါးလှသဖြင့် ၎င်းတို့ကို ကမ္ဘာမြေရှားပါး ဒြပ်စင်များဟု ခေါ်ပေသည်။
***