အခန်း (၁၂၁-၁၃၀)
Vol. 3 Ch. 121-130
Vol 3, အခန်း ၁၂၁။ မှော်ကား တုန်ခါမှုလျော့ပါးရေးစနစ်
ပို့ဆောင်ရေးမှော်ကား အစီးရေနှစ်ဆယ်ကျော်နှင့် ခရီးသည်တင်မှော်ကားတစ်စီးတို့ အတန်းကြီးတစ်တန်းမှာ လမ်ပူရီတိုင်းပြည်၏ အရှေ့မြောက်စီရင်စုရှိ လမ်းကို လျင်မြန်စွာ ဖြတ်သန်းသွားကြသည်။
ကားများက မြင်းလှည်းများထက်များစွာပိုမြန်သဖြင့် မြေပြင်ပေါ်မှ ကားများဖြတ်သွားချိန်တွင် မလှုပ်ခါဘဲ မနေနိုင်ကြပေ။
"ဖုံး"
နောက်ထပ်တွင်းကြီးတစ်တွင်းရှိနေပြီး အတော်အသင့်သေးငယ်သည့် ခရီးသည်တင်မှော်ကား လှုပ်ခါသွားသည်နှင့် အတွင်းရှိ ခရီးသည် ဆယ်ဦးကျော်လည်း ယမ်းခါသွားကြသည်။
ရှုယီ၏တင်ပါးက ခုံပေါ်သို့ ဆောင့်ကျသွားသည်။ အထူးပြုလုပ်ထားသည့် ခုံပျော့ပျော့များက မတော်တဆအများစုကို ထိန်းညှိပေးနိုင်ပါလျှင်တောင် တင်ပါးတော့နာသွားသေး၏။ သူဟာ မျက်မှောင်မကုပ်ဘဲ မနေနိုင်တော့ပေ။
"ဒီလမ်းကို တကယ် သနားစရာကောင်းအောင် လုပ်ထားတာပဲ....." ရှုယီနံဘေး၌ ထိုင်နေသော ကမ်ဘီထံတွင် လူပုလေးတစ်ဦး၏ သန်မာသောခန္ဓာကိုယ်ရှိသော်လည်း စောဒကမတက်မိဘဲ မနေနိုင်ချေ။
"ဒီလိုလမ်းမျိုးကို အများပြည်သူသုံးလမ်းလို့ သတ်မှတ်လို့ရလား?"
"ဟုတ်တယ်၊ ဒါက ကျုပ်တို့ဘန်တာမြို့က လမ်းတွေနဲ့ယှဉ်ရင် ဆိုးလွန်းတယ်။ အမ်ရစ်ကုန်သည်ကြီးများအသင်းက ဒီလမ်းကို ဖောက်ချိန်မှာ အလုပ်သမားတွေနဲ့ ပစ္စည်းတွေကို အရမ်းခို'ထားတာမဟုတ်ဘူးလား?"
"ဒီလမ်းကို ပိုင်တာဘယ်သူလဲ? လမ်းက ဒီလောက်ဆိုးနေရင် သူတို့ကပဲ အဓိကတာဝန်ရှိတဲ့လူလို့ထင်တယ်။ အမ်ရစ်ကုန်သည်ကြီးများအသင်းနဲ့ သိပ်မဆိုင်နေဘူး။"
"ဘယ်လိုလုပ်မဆိုင်မှာလဲ? ဒီလမ်းကို အမ်ရစ်ကုန်သည်ကြီးများအသင်းက ဆောက်ခဲ့တာပဲ၊ ဒီလမ်းကိုပိုင်တဲ့လူက သူတို့ကို ဒီလောက်စုတ်စုတ်ပျက်ပျက်ဖောက်ခိုင်းမလား?"
"ဒါက မသေချာဘူးလေ....."
.....
မှော်စက်ဖွံ့ဖြိုးရေးဌာနမှလာခဲ့ကြသည့် အခြား Frestech ကုန်သည်ကြီးများအသင်း သုတေသနပညာရှင်များအားလုံးမှာ ၎င်းတို့၏ တင်ပါးများကိုပွတ်ရင်း ညည်းညူနေကြသည်။
၎င်းတို့၏ ညည်းညူသံများကိုကြားသော် ရှုယီက တံခါးဖွင့်ကာ ခေါင်းထုတ်လိုက်၏။
ထိုလမ်းမျက်နှာပြင်နှင့် အရှေ့ဘက်ကိုကြည့်လိုက်ပြီး ရှုယီမှာ မျက်ခုံးများတွန့်ချိုးသွားတော့သည်။
တစ်နေရာ နှစ်နေရာမျှသာ ဆိုးလျှင် အဆင်ပြေသေးသည်။ မည်သို့ဖြစ်စေ အမ်ရစ်ကုန်သည်ကြီးများအသင်း၏ လမ်းဖောက်လုပ်နည်းများမှာ ကမ္ဘာမြေကနှင့် မယှဉ်နိုင်သဖြင့် လမ်းအရည်အသွေးက သေချာပေါက် ဆိုးရွားနေလိမ့်မည်။
သို့သော် ယခု လမ်းကို ရှုယီကြည့်လိုက်ရာ လမ်းတစ်ခုလုံး၌ ချိုင့်ခွက်များရှိနေကြောင်းတွေ့ရလေသည်။ ၎င်းအား လမ်းဖြစ်ကြောင်း သက်သေပြနေသည့် ဘိလပ်မြေများဖုံးအုပ်ထားသည်မှလွဲ ယခင်က လမ်ပူရီတိုင်းပြည် တဝှမ်းရှိ လမ်းကြမ်းများထက်ပင် ပိုဆိုးနေသေးသည်။
ရှုယီလည်း လမ်းဘေးသို့လှည့်ကာ နှစ်ကြိမ်မျှကြည့်ရှုလိုက်ပြီးနောက်တွင် မနေနိုင်ဘဲ နှာမှုတ်လိုက်၏။
ဤလမ်းမှာ တစ်ဆယ်စင်တီမီတာပင် မထူလေရာ အချိန်တိုလေးအတွင် ထိုမျှ ပျက်စီးလာသည်က မဆန်းပေ။
ဤသည်မှာ လက်ရှိ လမ်ပူရီတိုင်းပြည်၏ အဓိက သယ်ယူပို့ဆောင်ရေးရင်းမြစ်က မြင်းလှည်းများဖြစ်နေဆဲဖြစ်သဖြင့် ကုန်စည်ပမာဏက တစ်တန်ပင်မကျော်သောကြောင့်ဖြစ်သည်။
ဤဧရိယာ၌ ကုန်သွယ်ခြင်းမှာ ကုန်စည်တင်ယာဉ်များက တန်ပေါင်း ဒါဇင်ချီ သို့မဟုတ် ရာချီကိုပင် သယ်ဆောင်ထားရသဖြင့် ၎င်းတို့အောက်ဘက်ရှိ ဘိလပ်မြေလမ်းက ချက်ချင်းပျက်စီးသွားမည့် အဓိပ္ပာယ်ပင်။
စိတ်ထဲ၌ အကြိမ်ရေအချို့ ဝေဖန်နေပြီးနောက်တွင် ရှုယီလည်း ခေါင်းပြန်ဝင်၍ တံခါးပိတ်ရင်း လေအေးများ တိုက်ခတ်ဝင်ရောက်လာခြင်းမှ ရှောင်တိမ်းလိုက်သည်။ ထို့နောက် လက်ထဲရှိ မြေပုံကို ငုံ့ကြည့်လျက် အနည်းအကျဉ်းရှာဖွေကာ မြေပုံထက်ရှိ အမှတ်တစ်ခုကို ညွှန်ပြလာသည်။
"ကျုပ်တို့ ဒီကိုရောက်နေတာ မဟုတ်လား?" ရှုယီက မြေပုံကို ညွှန်ပြ၏။
ကမ်ဘီက ကြည့်ကာ၊ "အင်း၊ ဟုတ်တယ်။ ကျုပ်တို့ မကြာခင် လမ်မာတီမြို့ထဲ ရောက်တော့မယ်။"
"လမ်မာတီမြို့....." ရှုယီက ခေတ္တမျှစဉ်းစားပြီးနောက် အသာမျက်မှောင်ကုပ်လေသည်။
ယခင်က စုဆောင်းခဲ့သည့် အချက်အလက်များအရ လမ်မာတီမြို့၏ မြို့စားမှာ ဝီလ်မိသားစုမှဖြစ်သည်။ ဝီလ်မိသားစုမှာ ရှေးရိုးစွဲခေါင်းမာသည့် မိသားစုများအနက် တစ်ခုဖြစ်ကာ မင်းသားလေးအဲရစ်ကို ထောက်ခံကြောင်းလည်း ဟိုးယခင်ကတည်းက ကြေညာထားသဖြင့် ၎င်းတို့၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် သဘောထားက ဆိုးရွားသည်။
ယခင်က Frestech ကုန်သည်ကြီးများအသင်း တိုးချဲ့ကာ လမ်ပူရီတိုင်းပြည်ရှိ မြို့တော်တိုင်း၌ ထုတ်လုပ်ရေးအခြေစိုက်ဌာန တည်ဆောက်မည်ဖြစ်ကာ လမ်မာတီမြို့တွင် စက်ရုံတစ်ရုံဆောက်ရန်ပင် အဆိုပြုသည့်အချိန်တွင် မြို့စားက ပြတ်ပြတ်သားသားငြင်းဆန်ခဲ့လေသည်။
"ဒီလမ်းရဲ့ အခြေအနေက ဒါနဲ့ ဆက်စပ်နေတယ်လို့ ထင်မိတယ်....." ရှုယီက ရေရွတ်လေသည်။ ထို့နောက် ကမ်ဘီထံ လှည့်ပြောလာ၏၊ "ကမ်ဘီ, ဒါကို ချရေးထားလိုက်။ ပြန်သွားတဲ့အခါကျရင် ကျုပ်တို့ မှော်ကားတွေအတွက် တုန်ခါမှုလျော့ပါးရေးစနစ်ကို တည်ထောင်ရမယ်။ နယ်မြေကြီးက လမ်းတိုင်းက မိုးကျတောင်ကြားကလိုမျိုး ပြန့်ပြူးနေမယ်လို့ တွက်လို့မရတာကြောင့် ကျုပ်တို့ ထုတ်လုပ်ထားတဲ့ မှော်ကားတွေက အခြေအနေအရပ်ရပ်ကို လိုက်လျောညီထွေဖြစ်တာ သေချာအောင်လုပ်ရမယ်။"
"တုန်ခါမှုလျော့ပါးရေးစနစ်?" ကမ်ဘီက အံ့ဩသွားလေသည်၊ "ကျုပ်တို့ အဲဒီပစ္စည်းနဲ့ ဘာလုပ်ရမှာလဲ?"
"အင်း.....ပြောဖို့ကခက်တယ်၊ ပြန်ရောက်တဲ့အခါကျ မှော်သုတေသနဌာနနဲ့အတူ သုတေသနတချို့လုပ်လိုက်မယ်။ အရေးကြီးတဲ့အချက်ကတော့ ကိုယ်ထည်နဲ့ မပြန့်ပြူးတဲ့လမ်းက ယမ်းခါမှုတွေကို အားနည်းစေဖို့ လေစွမ်းအားမှော်ပညာကူရှင်ကို သုံးဖို့ပဲ။ ဘယ်လိုလုပ်ရမယ်ဆိုတာကိုတော့ ပြန်ရောက်မှ အရင်လေ့လာရဦးမယ်။"
"တုန့်ခါမှုကို သက်သာစေအောင်လား?" ကမ်ဘီက မျက်မှောင်ကုပ်သည်၊ "ပြီးတော့ လေစွမ်းအားမှော်ပညာအတွက် တစ်နေရာဖန်တီးဖို့ လိုပေမယ့် ကားကိုယ်ထည်နဲ့ ဘယ်လိုချိတ်ဆက်ချင်လဲ?"
"အရင်က ကျုပ် အကြံပေးခဲ့တဲ့ suspended structuresကို မှတ်မိသေးလား?" ရှုယီက သတိပေးလာသည်၊ "ကျုပ်တို့ စီးနေတဲ့ ခရီးသည်တင်မှော်ကားမှာ ဒီနည်းပညာကိုသုံးထားပေမယ့် ဒီလမ်းကို ရောက်လာပြီးမှ မလုံလောက်သေးတာကို တွေ့လိုက်ရတယ်။ လေစွမ်းအားမှော်ပညာလို အဆင်ပြေတဲ့ အရာတစ်ခုခုရှိနေတယ်ဆိုမှတော့ သုံးသင့်တာပေါ့။"
"အင်း..... ကူရှင်တစ်ခုလုပ်ဖို့ လေစွမ်းအားမှော်ပညာကို အသုံးပြုတာက တကယ်တမ်း စပရင်အမာတွေထက်ပိုကောင်းတယ်။ ဒါပေမယ့် ဒီဖွဲ့စည်းပုံကို ဘယ်လိုလုပ်ရမယ်ဆိုတာကတော့....." ကမ်ဘီက အနည်းငယ် အတွေးထဲနစ်သွားပြီးနောက် နံဘေးရှိ သုတေသနပညာရှင်များကို ပြောလိုက်သည်။
ထိုသုတေသနပညာရှင်များအားလုံးက လူပုလေးများမဟုတ်ဘဲ မှော်စက်မှုအင်ဂျင်နီယာပညာ၌ အရည်အချင်းရှိသည့် လူသားသုတေသီများလည်း ပါဝင်သည်။ ရှုယီက တုန်ခါမှုလျော့ပါးရေးစနစ်ကို အကြံပြုလာသည်အား ကြားသိပြီးနောက် စိတ်လှုပ်ရှားစွာပင် ၎င်းတို့၏ အကြံများကိုပေးလာကြသည်။
ရုတ်တရတ် ကား၌ စိတ်အားထက်သန်စွာ ဆွေးနွေးမှုများပြည့်သွားသည်။
ကမ်ဘီနဲ့ ကျန်သူတို့၏ စိတ်ဝင်တစား ဆွေးနွေးနေခြင်းကို ကြားသော် ရှုယီက ပြုံးလေသည်။ သူက ဝင်မပါဘဲ လက်ထဲရှိ မြေပုံကိုပြန်ကြည့်လိုက်၏။
ဤလမ်ပူရီတိုင်းပြည်မြေပုံမှာ ကြယ်ကြွေအိမ်ရာရှိ သူ၏ စာကြည့်ခန်းထဲမှ တစ်ခုနှင့်ဆင်တူပြီး အနီရောင်မှတ်သားထားသည့် အပိုင်းများလည်းရှိနေသည်။
အနီရောင်ဖုံးထားသော နေရာများက မှော်စက်ဆိုင်ရာလုပ်ငန်းစုများ ဝင်ရောက်လာကြသည့် မြို့များဖြစ်သည်။
ဘန်တာမြို့တဝိုက်ဧရိယာတွင် ဘန်တာမြို့၊ ထိုနည်းတူ ခမာမြို့၊ ဆောလ်တန်မြို့၊ နော်တန်မြို့၊ ကန်ဘာရာမြို့၊ ခရာမာမြို့နှင့် အန်ဗီမာမြို့တော်တို့ အားလုံး၌ အနီရောင်အမှတ်ကြီးတစ်ခုရှိပေ၏။ ၎င်းက ဘန်တာမြို့ထံမှ ကီလိုမီတာရာနှင့်ချီကွာဝေးသည့်နေရာများကို ပြန့်နှံ့သွားကာ Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် မှော်စက်ဆိုင်ရာ လုပ်ငန်းစုတစ်စုက ထိုမြို့တော်များအတွင်း ဝင်ရောက်ခဲ့ကြောင်းကို ကိုယ်စားပြုပြသနေသည်။
ထိုမြို့တော်များအပြင် လမ်ပူရီတိုင်းပြည်၌ အနီရောင်အဝိုင်းလေးများဖြင့် အမှတ်အသားပြုထားသော မြို့တော်များစွာလည်းရှိသည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် မှော်စက်ဆိုင်ရာလုပ်ငန်းစုများက ထိုမြို့တော်များရှိ စက်ရုံတစ်ရုံ၌ ရင်းနှီးမြှုပ်နှံကာ မှော်စက်မှုနယ်ပယ်၏ လွှမ်းမိုးမှုအဖြစ် ပေါင်းစပ်နေခြင်းကို ကိုယ်စားပြုသည်။
သို့ရာတွင် မြေပုံ၏ အပိုင်းခပ်ကြီးကြီးတစ်ခုမှာ အနီရောင်မခြယ်ခံထားရဘဲ ထပ်တူညီစွာ ကျန်ရှိနေ၏။
လမ်မာတီမြို့မှ ၎င်းအနက် တစ်စိတ်တစ်ပိုင်းပင်။
လုံးဝ မလှုပ်ရှားထားသည့် ထိုအပိုင်းကိုမြင်သော် ရှုယီက မျက်ခုံးများတွန့်ချိုးလိုက်သည်။
ထိုနေရာများကို အလျင်အမြန်တိုးတက်လာသည့် မှော်စက်မှုနယ်ပယ်က မလွှမ်းမိုးနိုင်ခဲ့သည်မှာ ထိုနေရာများအားလုံးက မင်းသားလေး အဲရစ်၏ လွှမ်းမိုးမှုအဝန်းအဝိုင်းနှင့် သက်ဆိုင်နေခြင်းကြောင့်ပင်။
၎င်းတို့အနေနှင့် မှော်စက်မှုနယ်ပယ်ကိုငြင်းဆန်ရခြင်းအကြောင်းအရင်းကလည်း ဘုရင်မ ဆယ်ဗီနီကိုဆန့်ကျင်ပြီး မင်းသားလေး အဲရစ်အပေါ် ၎င်းတို့၏ ထောက်ပံ့မှုကိုပြလို၍ ဖြစ်သည်။
ထိုသည်က တိုင်းပြည်ရေးဆိုင်ရာအကြောင်းအရင်းသာဖြစ်ပြီး တခြားအကြောင်းပြချက်မရှိပေ။
ရှုယီမှာ ဤအခြေအနေကို အင်မတန်မုန်းတီးသော်လည်း မတတ်နိုင်ချေ။
တိုင်းပြည်ရေးကိစ္စများက သူလွှမ်းမိုးနိုင်သည့် အရာမဟုတ်သဖြင့် လတ်တလောတွင် စောင့်သာကြည့်နိုင်သည်။
ထိုနေရာ၌ ဆုံးဖြတ်ချက်ကဏ္ဍတွင် ပါဝင်ထားရသော ဘုရင်ကြီးက ဤအတောအတွင်း ပုန်းအောင်းနေခဲ့သည်။ ၎င်းတို့ထံမှ မည်သည့်အသံမှမကြားရသလို မည်သည့်ညွှန်ကြားချက်မှလည်း မရရှိခဲ့ပေ။
ရှုယီမှာ မင်းသားလေး အဲရစ်အနေနှင့် စခ်တိုင်းပြည်ကို တိုက်ခိုက်ရန် မြောက်ဘက်စစ်တပ်ကို ပြန်လည်ဖွဲ့စည်းနေလျှင်သော်မှ ဘုရင်ကြီးက လုံးဝမဆန့်ကျင်ခြင်းကြောင့် ရှုပ်ထွေးနေသည်။
မေဂျာ မက်ခ်ကွန်လီက ဤအတော်အတွင်း ဘုရင်မနှင့် မင်းသားလေးနှစ်ဦးမှာ မြို့စားများဖြစ်နေသဖြင့် ဘုရင်ကြီးက ၎င်းတို့ဆုံးဖြတ်ချက်များထဲ ဝင်မပါဟု ပြောခဲ့သော်ငြား လမ်ပူရီတိုင်းပြည်က စခ်တိုင်းပြည်ကိုတိုက်ခိုက်ခြင်းမှာ တိုင်းပြည်တစ်ခုလုံးနှင့် သက်ဆိုင်ပေသည်။ အရှင်မင်းကြီးက စကားတစ်ခွန်းမှမပြောသေးသဖြင့် ထူးဆန်းလှချေ၏။
ရှုယီမှာ စစ်တပ်အကြောင်းမသိပါလျှင်တောင် မြောက်ဘက်စစ်တပ် အနေနှင့် ယခင်က စခ်တိုင်းပြည်ကို ရင်ဆိုင်ခဲ့ချိန်တွင် ခုခံရုံသာတတ်နိုင်ခဲ့သည်။ နှစ်အစပိုင်း၌ သေမင်းတောင်တန်းများကို တိုက်ခိုက်ခဲ့သည်ကလည်း လက်နက်ကိရိယာသစ် ထောက်ပံ့မှုကြောင့်သာဖြစ်သည်။
ယခုတွင် မင်းသားလေးအဲရစ်က Frestech ကုန်သည်ကြီးများအသင်းထုတ် စစ်ဘက်ဆိုင်ရာမှော်စက်အမျိုးမျိုးကို ဝယ်ယူရန် ငြင်းဆန်ခဲ့ရာ မြောက်ဘက်စစ်တပ်၏ တိုက်ပွဲအင်အားက ယခင်ကနှင့် မယှဉ်နိုင်ပေ။ ၎င်းတို့အနေနှင့် မည်သို့များ စခ်တိုင်းပြည်ကို တိုက်ခိုက်နိုင်မည်နည်း?
ရှုယီမှာ ဘုရင်ကြီးက ၎င်းကို မမြင်ဟု မယုံကြည်သော်လည်း မင်းသားလေးအဲရစ်၏ လုပ်ရပ်များကို မည်သို့မှမပြောနိုင်ချေ။ ထိုသည်က အင်မတန် ရှုပ်ထွေးလှ၏။
"အရှင်မင်းကြီးက မင်းသားအဲရစ် ကိုယ့်ဘာသာ သေတွင်းတူးနေတာကို စောင့်ကြည့်ဖို့ စီစဉ်ထားတာတော့ မဖြစ်နိုင်ပါဘူးနော်....."
ရှုယီက စိတ်ထဲ၌ ပေါ်လာသည့် ကြောက်မက်ဖွယ်အတွေးကြောင့် ထိတ်လန့်ကာ ခေါင်းခါလိုက်သည်။
ထိုအတွေးက အင်မတန် ပြင်းထန်လှ၏။ ဘုရင်ကြီးက မင်းသားလေးအဲရစ်ထံ အညှာအတာမဲ့လျှင်တောင် မြောက်ဘက်စစ်တပ်က အပြစ်ကင်းပါ၏။ အရှင်မင်းကြီးအနေနှင့် မြောက်ဘက်စစ်တပ်အား မင်းသားအဲရစ်ကြောင့် မြေမြှုပ်ခံလိုက်ရသည်ကို ခွင့်ပြုမည်မဟုတ်ပေ။
"ဖြစ်နိုင်တာက မင်းသားအဲရစ်မှာ တခြားနည်းလမ်းရှိလို့လား? အရှင်မင်းကြီးမှာလည်း အကြံတချို့ရှိလို့ သူ့အမြင်ကို မဖော်ပြတာလား?"
ရှုယီက ကျိုးကြောင်းဆီလျော်သည့် ရှင်းလင်းချက်ရသွားချိန်၌ ကားက ခါယမ်းum ရပ်သွားသည်။
"ဘာဖြစ်တာလဲ?" ရှုယီလည်း တအံ့တဩမော့ကြည့်လိုက်သော် ယာဉ်တန်းတစ်ခုလုံး ရပ်သွားကြောင်းတွေ့လိုက်ရ၏။
အရှေ့ဘက်၌ငြင်းခုံနေသံများ ထွက်လာကြသည်။
ရှုယီမှာ ယာဉ်တန်းအရှေ့ဘက်၌ တာဝန်ကျသည့် အန်းခေါ့ထ် အသံကိုကြားသော် မနေနိုင်ဘဲ မျက်မှောင်ကုပ်မိသည်။
ခဏကြာသည့်နောက် Frestech ကုန်သည်ကြီးများအသင်းမှ ကုန်စည်ပို့ဆောင်ခြင်းကို တာဝန်ယူထားရသည့် ဝန်ထမ်းတစ်ယောက် ပြေးလာလေသည်။
ရှုယီက အခြေအနေကြည့်ရန် ခေါင်းထွက်လာသည်ကိုမြင်သော် သူက ပင့်သက်ရှိုက်ရင်းဆိုလာသည်၊ "ဥက္ကဌ၊ ရှေ့ဆက်သွားမယ့်လမ်းကို ပိတ်ထားတယ်!"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၂၂။ လမ်းကွန်ရက်ကို အဆင့်မြှင့်ခြင်း
"ပိတ်ထားတယ်?" ရှုယီလည်း တအံ့တဩလှမ်းကြည့်လိုက်သည်။ စဉ်းစားကြည့်လိုက်ပြီးနောက် ထရပ်ကာ ထွက်သွားလေသည်။
ယာဉ်တန်းရှေ့တွင် လမ်းကိုပိတ်ရန် သုံးထားသည့် သစ်တုံးများစွာရှိနေကာ ယာဉ်တန်းကို စောင့်ကြည့်နေကြသည်။
ရှုယီလည်း လှမ်းကြည့်လိုက်သော် ဆောက်လုပ်ရေးလက္ခဏာရပ်များလည်းမရှိဘဲ မြင်းလှည်းအမြောက်အများရှိနေသည်ကို တွေ့လိုက်လေ၏။
ကြည့်ရသည်မှာ ၎င်းတို့ကသာ အပိတ်ခံထားရဟန်ပင်။
အတားအဆီးနောက်၌ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားကြသည့် စစ်သားဆယ်ယောက်ရှိပြီး ၎င်းတို့ရင်ဘတ်ရှိ သင်္ကေတအရ ၎င်းတို့မှာ တော်ဝင်စစ်တပ်မှမဟုတ်ဘဲ လမ်မာတီမြို့၏ အစောင့်များဖြစ်သည်။
လက်ရှိ အန်းခေါ့ထ်နှင့် စကားများနေသူမှာ အဖွဲ့ခေါင်းဆောင်ဖြစ်ပုံရ၏။
"အန်းခေါ့ထ် ဘာများလဲ?" ရှုယီက မျက်နှာလုံးဝနီရဲနေသည့် အန်းခေါ့ထ်ကိုကြည့်ကာ မေးလာသည်။
"ဥက္ကဌ၊ ဒီလူက တကယ်ပဲ ကျွန်တော်တို့ကို ပိတ်ထားရဲတယ်။ သူတို့က ကျွန်တော်တို့ကို ခက်ခဲအောင်လုပ်ဖို့ ကြိုးစားနေတယ်ပဲထင်တယ်!" အန်းခေါ့ထ်မှာ စစ်သားများထံ ညွှန်ပြ၍ ဒေါသတကြီးပြောလာသည်၊ "အစောတုန်းက မြင်းလှည်းတွေကို သွားခွင့်ပေးတာ သေချာမြင်လိုက်ပေမယ့် ကျွန်တော်တို့ သွားဖို့လုပ်တော့ တားလာကြတယ်လေ။"
"ဟေး၊ ကျုပ် ခင်ဗျားကို ပြောပြီးပြီမဟုတ်လား?" အဖွဲ့ခေါင်းဆောင်က သူ့နောက်မှ လမ်းကိုညွှန်ပြလာသည်၊ "ဒီလမ်းကို လတ်တလောမှာ ပြင်နေလို့ ခင်ဗျားတို့ မြင်းလှည်းအလေးကြီးတွေ ဖြတ်သွားလို့မရဘူး။ ဒါကို နားမလည်တာလား?"
"ဒါပေမယ့် ကုန်စည်တင်မြင်းလှည်းကြီးတစ်ခုကို ဖြတ်ခွင့်ပေးလိုက်တာ သေချာမြင်ခဲ့တယ်၊ သူတို့တင်ထားတဲ့ ကုန်စည်တွေက ကျုပ်တို့ထက် မနည်းနေဘူး မဟုတ်လား?" အန်းခေါ့ထ်က အလျှော့မပေးဘဲ ဆက်ပြော၏။
"သူတို့က ခင်ဗျားထက် ပိုလေးတာကို ဘယ်လိုသိလဲ?" အဖွဲ့ခေါင်းဆောင်က အန်းခေါ့ထ်ကိုကြည့်ပြီးနောက် ရှုယီကို ကြည့်လာကာ၊ "ဟေး၊ ခင်ဗျားက ဥက္ကဌလား? ပြောပါရစေ၊ ဒီလမ်းကို ပိတ်ထားတာမို့ ပြန်လှည့်လိုက်ပါတော့။"
"ကျုပ်တို့ ဥက္ကဌကို ပိုယဉ်ယဉ်ကျေးကျေးဆက်ဆံစမ်းပါ! ကျုပ် ဥက္ကဌက....."
ရှုယီက လက်မြောက်လျက် အန်းခေါ့ထ်ကို တားလေသည်။ ခဏမျှ စဉ်းစားနေပြီးနောက်၌ သူက ထိုခေါင်းဆောင်ရှေ့သွားကာ အသာပြုံး၍ပြောလေသည်၊ "ဒီက အစောင့်ကြီး၊ ကျုပ်တို့ ဘေးမှာ သွားပြောလို့ရမလား?"
ခေါင်းဆောင်က ရှုယီကိုကြည့်ကာ တစ်ချက်ရယ်လာသည်။ ထို့နောက် ရှုယီကို လက်ယမ်းပြကာ လမ်းဘေးရှိ သစ်ပင်တစ်ပင်ထံသွားလိုက်၏။
ရှုယီလည်း သူ့နောက်လိုက်ကာ သစ်ပင်နောက်ရောက်လာကြသည်။ အခြားတစ်ခွန်းမှ မဆိုဘဲ သူက ရင်ဘတ်ထဲမှ ပိုက်ဆံအိတ်လေးတစ်ခုထုတ်လိုက်သည်။
"အစောင့်ကြီး ဒီလမ်းကို ဘာလို့ ပိတ်ထားသလဲ ပြောပြလို့ရမလား?"
ထို ခေါင်းဆောင်က မည်သည့်ကျင့်ဝတ်မှမပြဘဲ ပိုက်ဆံအိတ်ကိုယူလိုက်သည်။ ထို့နောက် ချိန်ဆကြည့်လိုက်ရာ အလေးချိန်အရ အနည်းဆုံး ရွှေဒင်္ဂါးနှစ်ဆယ်ရှိသည်ဟု ပြောနိုင်၏။ သူ့မျက်နှာထက်ရှိ တင်းမာနေဟန်က ပျောက်ကွယ်သွားရင်း ပျော်ရွှင်စွာပြုံးလာသည်။
"အင်း၊ ဒါကတော့.... တကယ်တော့ ကျုပ်လည်း ဘာဖြစ်နေမှန်းမသိဘူး။" ခေါင်းဆောင်က အပြုံးဖြင့် ရှင်းပြသည်၊ "ပြောရရင် တစ်လအကြာတုန်းက မြို့စားအရှင်ကနေ မှော်ကားတွေအားလုံးကို ဒီလမ်းပေါ်က ဖြတ်ခွင့်မပြုဘူးလို့ အမိန့်ထုတ်ထားတယ်။ ခင်ဗျားတို့မလာခင်က ကျုပ် လုပ်ငန်းစုပေါင်းများစွာရဲ့ မှော်ကားတွေကို တားခဲ့ပြီးပြီ။"
ခေါင်းဆောင်က လမ်းထက်ရှိ ယာဉ်တန်းကို လှည့်ကြည့်ကာ သိလိုစွာမေးလေသည်၊ "ပြောရရင် ခင်ဗျားက ဘယ်လုပ်ငန်းစုကလဲ? ဒါက ဒီလောက်မှော်ကား အတော်များများနဲ့ လုပ်ငန်းစုတစ်ခုကို ပထမဆုံးမြင်ဖူးတဲ့ အချိန်ပဲ။"
"ဟဲ ဟဲ၊ လုပ်ငန်းစုလေးတစ်ခုပါပဲ၊ အစောင့်ကြီးက သေချာပေါက် ကျုပ်တို့ကို မကြားဖူးလောက်ဘူး။" ရှုယီက မရေမရာဖြေလျက် မေးလာသည်၊ "အစောင့်ကြီး၊ ဒီစည်းမျဉ်းတွေကို သွေဖယ်နိုင်မယ့် အခွင့်အရေးတစ်ခုလောက်များရှိမလား? ကျုပ်တို့ ဒီလောက်ဝေးဝေးလာပြီးမှ ပြန်လှည့်ရရင် အချိန်အတော်ဖြုန်းရာကျလို့ပါ။ ပြီးတော့လည်း နားဖို့နေရာတောင် မရှာနိုင်လောက်ဘူးလေ။"
ထိုသို့ပြောနေစဉ်တွင် ရှုယီက နောက်တစ်အိတ်ထုတ်လိုက်သည်။
ဤတစ်ခုက ပိုကြီးသည်ကိုမြင်သော် ခေါင်းဆောင်က မထိန်းနိုင်ဘဲ တံတွေးမျိုချလိုက်၏။ အနည်းငယ် ဒွိဟဖြစ်နေပြီးနောက်တွင်လည်း ခေါင်းခါလိုက်ဆဲပင်။
"ဟင့်အင်း မြို့စားအရှင်က ဒီတစ်ခေါက် အမိန့်ကို သေချာချမှတ်ထားတာ။ ကျုပ်သာ ဖြတ်ခွင့်ပေးလိုက်ရင် မြို့စားအရှင်က ကျုပ်ကို ဖမ်းလိမ့်မယ်။"
ခေါင်းဆောင်ထံ၌ ခိုင်မာနေဟန်ရှိသည်ကိုမြင်သော် ရှုယီလည်းလုံးဝ အခွင့်အရေးမရှိကြောင်း သိလိုက်ရသည်။ ထိုအကြောင်းစဉ်းစားပြီးနောက် ခေါင်းငြိမ့်၏။ သူလည်း လမ်းအရှည်ကြီးကိုကြည့်ပြီးနောက် ကားများဆီပြန်သွားလေသည်။
"ဥက္ကဌ ဘယ်လိုလဲ?" အန်းခေါ့ထ်က ချက်ချင်း အသံတိုးတိုးဖြင့် မေးလာသည်။
ရှုယီက ခေါင်းခါကာ၊ "ပြန်လှည့်မယ်၊ လမ်းပြောင်းကြတာပေါ့။"
အန်းခေါ့ထ်က ချက်ချင်း မျက်မှောင်ကုပ်ကာ၊ "အခု ပြန်လှည့်တော့မှာလား? ဒါပေမယ့် ဒီလမ်းက လမ်မာတီမြို့နားက တစ်ခုတည်းသောလမ်းလေ။"
"တခြားလမ်းက သွားလို့မရတာတော့မဟုတ်ပါဘူး၊ ပြီးတော့လည်း သာမန်လမ်းတွေက ဒီလမ်းထက် ပိုကောင်းလိမ့်မယ်လို့ မထင်ဘူးလား?" ရှုယီက ပြန်မေးသည်။
အန်းခေါ့ထ်လည်း သူ့အောက်ရှိ ချိုင့်ခွက်လမ်းများကို ကြည့်ရင်း အေးစက်စက်ရယ်လိုက်၏။ ထို့နောက် လမ်းနံဘေးတွင် ရပ်နေသော စစ်သားဆယ်ဦးကိုကြည့်ပြီး ကားထဲ ပြန်လှည့်ဝင်လိုက်တော့သည်။
အန်းခေါ့ထ်က သူမောင်းခဲ့သည့် ပထမကုန်တင်မှော်ကားကို ပြန်လှည့်ရန် သွားလိုက်သည်အား မြင်သော် ရှုယီလည်း ယာဉ်တန်းအလယ်မှ ခရီးသည်တင်မှော်ကားထံ ပြန်လိုက်သည်။
ကမ်ဘီနှင့် အခြားလူများကို ရှင်းပြပြီးနောက် အားလုံးရှုပ်ထွေးသွားကြ၏။
"ဒီလိုပြင်သင့်တဲ့ ပျက်စီးနေတဲ့လမ်းကို ပြင်နေတာက အဆင်ပြေပါတယ်၊ ဒါပေမယ့် ဘာလို့ သူတို့က မှော်ကားတွေကိုပဲ တားရတာလဲ?" ကမ်ဘီက မျက်မှောင်ကုပ်ကာ၊ "သူတို့က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်နေကြတာများလား?"
ရှုယီက အဝေးရှိလမ်းကို ကြည့်လိုက်ရာ လမ်မာတီမြို့၏ တံတိုင်းများကိုပင် မမြင်နိုင်ကြောင်း သိလိုက်ရတော့သည်။ သူလည်း ခေါင်းခါကာ ပြော၏၊ "ကျုပ်လည်းမသိဘူး။ ဒီအကြောင်းကြောင့်လည်းဖြစ်နိုင်ပေမယ့် ဒီနေရာက ဘန်တာမြို့မဟုတ်တော့ လမ်မာတီမြို့ရဲ့ မြို့စားနဲ့ ညှိနှိုင်းဖို့အတွက် အချိန်ဖြုန်းရမှာ ပျင်းလွန်းတယ်။ ပြီးတော့လည်း ခုနက အန်းခေါ့ထ်ကို ပြောခဲ့သလိုပဲ၊ ဒီလမ်းကနေသွားမယ့်အစား ပုံမှန်လမ်းကြမ်းကသွားတာက ပိုမကောင်းဘူးလား?"
ကားထဲရှိလူတိုင်းမှာ ရယ်မောလိုက်ကြသည်။
"ဟုတ်တယ်၊ ဒီလိုစုတ်ပျက်နေတဲ့လမ်းက အရင်လမ်းကြမ်းတစ်ခုလောက်တောင် ချောမွေ့မနေဘူး။"
"ခ်၊ ကျွန်တော်တို့ရွာက လမ်းဟောင်းက ဒီလမ်းစုတ်ထက်တောင် ပိုကောင်းသေးတယ်။"
"ဟုတ်တယ် ကျွန်တော်တို့ ပြန်ရောက်ရင် အဲဒီ့အမ်ရစ်ကုန်သည်ကြီးများအသင်းက လူတွေကို အထင်သေးမိလိမ့်မယ်။ ဒီလို လမ်းအပျက်ကို လုပ်ခဲ့တာ တကယ်ပဲ မရှက်ကြဘူးနော်။"
.....
ရှုယီက ၎င်းတို့၏ စနောက်သံများကို ဝင်မပြောဘဲ မြေပုံကို ထပ်ဖွင့်လိုက်သည်။ သူ၏လက်ချောင်းက အန်ဗီမာမြို့တော်ထံ ကျရောက်သွားပြီးနောက် ဆိုဝယ်လ်မြို့နှင့် ချိတ်ဆက်လိုက်၏။
လမ်မာတီမြို့၌ ရပ်တန့်လိုက်ခြင်းအပြင် သူ၏လက်ချောင်းမှာ တခြားမြို့နှစ်မြို့၌လည်း ရပ်တန့်သွားသည်။
အခြားမြို့နှစ်မြို့မှာ လမ်မာတီမြို့နှင့် ဆင်တူပြီး အားလုံးက မင်းသားအဲရစ်ကို ထောက်ပံ့ရန် Frestech ကုန်သည်ကြီးများအသင်း၏ ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်ကို ပယ်ချခဲ့ကြသည်။
ရှုယီအနေနှင့် ယခုတွင် စိုးရိမ်နေသည်မှာ Frestech ကုန်သည်ကြီးများအသင်းက လမ်မာတီမြို့အဝင်၌ တားဆီးခံခဲ့ရပြီး ကျန်နှစ်မြို့၌ပါ တားဆီးခံရမည်ကိုဖြစ်သည်။
လမ်မာတီမြို့က မှော်ကားများကို ဖြတ်သန်းခွင့်မပြုသည်မှာ လမ်းပြင်ဖို့လိုအပ်ခြင်းကြောင့် ဖြစ်သဖြင့် ပြဿနာမရှိပုံပေါ်သော်လည်း ရှုယီမှာ ၎င်းကြောင့် တစ်စုံတစ်ရာကို မသက်မသာခံစားနေရသည်။
ဤကိစ္စသာ လမ်မာတီမြို့က Frestech ကုန်သည်ကြီးများအသင်းကို ပစ်မှတ်ထားခြင်းဆိုလျှင် ရှုယီအနေနှင့် ဤပြဿနာကို စဉ်းစားဖို့ လိုအပ်နေပြီဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းက ဆိုဝယ်လ်မြို့၌ ရင်းနှီးမြှုပ်နှံရန် သွားခြင်းမှာ ကောင့်ထ်စီယန်က ဖိတ်ကြားလာခြင်းကြောင့်အပြင် ဆိုဝယ်လ်မြို့မှ ဒရိက်ခ်နယ်မြေနှင့် ပူးပေါင်းဖို့ ပိုမိုအဆင်ပြေခြင်းကြောင့်ဖြစ်သည်။ ပိုအရေးကြီးသည့်ကဏ္ဍမှာ မှော်စက်မှုနယ်ပယ်ကို လမ်ပူရီတိုင်းပြည်မှ ဖြတ်သန်းက တိုးချဲ့လိုခြင်းဖြစ်သည်။
ထို့ကြောင့် ဤအချက်အရ ရှုယီမှာ အမှားလုပ်၍မရပေ။ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ လက်ရွေးစင်များအားလုံးကို စုစည်း၍ ကိုယ်တိုင်ပင် လာခဲ့သည်။
ယခု လမ်မာတီမြို့၌ ဟန့်တားခံလိုက်ရသဖြင့် ရှုယီမှာ မေးခွန်းအမှန်ကို မနေနိုင်ဘဲ တွေးတောနေမိသည်။
ဆိုဝယ်လ်မြို့မှာ ဘန်တာမြို့မှ ကီလိုမီတာတစ်ထောင်ကျော်ကွာဝေးပြီး Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လူနှင့် ကုန်စည်ပမာဏကြီးတစ်ခုကို ပို့ဆောင်ကာ ရင်းနှီးမြှုပ်နှံရမည်ဖြစ်သဖြင့် ပို့ဆောင်ဆက်သွယ်ရေးပြဿနာမှာ အကြီးဆုံးပြဿနာပင်။
ပစ္စည်းများကို အလျင်အမြန်တင်ပို့ရန် မှော်ကားများနှင့် လမ်းများကို မရှိမဖြစ်လိုအပ်၏။
လမ်ပူရီတိုင်းပြည်ရှိ လမ်းများကို လုပ်ငန်းစုများနှင့် မြို့တော်များစွာက ထောက်ပံ့ပေးထားခြင်းကြောင့် ၎င်းတို့အား ၎င်းတို့နှင့်ချိတ်ဆက်ထားသည့် မြို့များက ထိန်းချုပ်ရသည်။
ဥပမာဆိုရလျှင် လမ်မာတီမြို့မှာ မှော်ကားများကို ဖြတ်သွားခွင့်မပြုချင်ပါက Frestech ကုန်သည်ကြီးများအသင်း၏ ယာဉ်တန်းမှာ ဖြတ်မသွားနိုင်ပေ။
လမ်မာတီမြို့နှင့် ကျန်နှစ်မြို့တို့သာ Frestech ကုန်သည်ကြီးများအသင်းကို တားဆီးပါလျှင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဘန်တာမြို့မှာ ဆိုဝယ်လ်မြို့ထံ ပစ္စည်းများ ပို့ဆောင်ခြင်းကို ထိခိုက်နိုင်သည်။
ထို့ကြောင့် ရှုယီမှာ ဤပြဿနာကို သေချာစဉ်းစားနေ၏။ လမ်ပူရီတိုင်းပြည်၏ လမ်းကွန်ရက်မှာ အချိန်မီ တိုးတက်သင့်ပေသည်။
ရံပုံငွေအကန့်အသတ်နှင့် လမ်းများပေါ် နားလည်မှုလိုအပ်နေခြင်းကြောင့် တိုင်းပြည်၏ လမ်းများကို မြို့များစွာက အပြီးသတ်ခဲ့သည်။ တိုင်းပြည်၌ လမ်းကီလိုမီတာသုံးထောင်ကျော်သော်လည်း မြို့များစွာအဖြစ်ခွဲခြားလိုက်လျှင် အပိုင်းငယ်လေးမျှသာရှိသည်။
ကမ္ဘာမြေ၏ စံနှုန်းများအရ ၎င်းတို့အား ကျေးလက်လမ်းများအဖြစ်သာသတ်မှတ်လို့ရပြီး ပြည်နယ်လမ်းများအဖြစ်ပင် သတ်မှတ်၍ မရနိုင်သေးပေ။
ထို့ကြောင့် တိုင်းပြည်ရှိ မြို့များအားလုံးကို ချိတ်ဆက်ထားသည့် လမ်းကွန်ရက်တစ်ခုရှိသော်လည်း ပြဿနာများစွာ ရှိနေသေးသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ ယနေ့ ထိုပြဿနာများအနက် တစ်ခုကို ကြုံခဲ့ရသည်။
၎င်းအပြင် လမ်းတစ်လမ်းစီ၌ ရင်းနှီးမြှုပ်နှံမှုပမာဏမတူသောကြောင့် လမ်းအရည်အသွေးက ကွဲပြားသည်။ လမ်းများက မြို့တော်များကိုသာ ချိတ်ဆက်ထားသည့် အချက်ကိုပါထည့်ပေါင်းလိုက်သော် အချိုးအကွေ့များစွာ ရှိသဖြင့် မြို့တော်ထံ တည့်တည့်ဦးတည်သည့်လမ်းများထက် များစွာ ရှည်လျားသည်။
ဘန်တာမြို့နှင့် ဆိုဝယ်လ်မြို့အကြားအကွာအဝေးကို ယူကြည့်လျှင် ကီလိုမီတာခုနစ်ရာအောက်သာရှိသော်လည်း လမ်းအရ တိုင်းတာပါက ကီလိုမီတာ တစ်ထောင်ကျော်သည်။ ထိုသည်က အကွာအဝေးတစ်ဝက်လောက် တိုးသွားခြင်းပင်။
ပထမဦးစွာ ခရီးသွားလာစရိတ်များကို မဆိုထားနှင့် သွားရသည့် အချိန်နှင့်ပင် ရှုယီမှာ ဖြုန်းတီးသလိုခံစားနေရသည်။
ရှုယီအနေနှင့် ယခင်က ထိုပြဿနာကို စဉ်းစားထားပါသော်လည်း အချိန်မကျသေးဟု ထင်သဖြင့် စိုးရိမ်ဖို့ မလိုအပ်ခဲ့ပေ။
ယခုတွင် လမ်မာတီမြို့၌ ထိုပြဿနာနှင့်ကြုံခဲ့ရသဖြင့် မည်သို့ဖြေရှင်းရမည်ကို အသေအချာစဉ်းစားဖို့လိုသည်။
ရှုယီက ဘန်တာမြို့နှင့် ဆိုဝယ်လ်မြို့ကြား မျဉ်းဖြောင့်တစ်ခုဆွဲပြီးနောက် ထိုမျဉ်းအနီးရှိ မြေကွက်၏ အခြေအနေကို စတင်ကြည့်ရှုလိုက်သည်။ ၎င်းကိုသာ ကီလိုမီတာခုနစ်ထောင်ရှည်သည့် အဝေးပြေးလမ်းမတစ်ခုအဖြစ် ဖန်တီးလိုက်နိုင်ပါလျှင် လမ်ပူရီတိုင်းပြည်၌ ပထမဆုံးသော တိုင်းပြည်ကူးလမ်းမကြီးဖြစ်လာလိမ့်မည်ဟု စဉ်းစားနေလေ၏။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၂၃။ မင်းသားကို သစ္စာဖောက်ချင်တာလား?
မှော်ကားများနှင့် ဖွဲ့စည်းထားသော ယာဉ်တန်းကြီးက အဝေးသို့ လုံးဝပျောက်ကွယ်သွားသည်ကိုကြည့်ရင်း လမ်မာတီမြို့၏ တတိယတပ်စုခေါင်းဆောင် ကိုတာမှာ ရှုယီပေးခဲ့သည့် အိတ်လေးကို ထုတ်လိုက်သည်။ အိတ်ထဲရှိ ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြားကို ရေတွက်ပြီးနောက်၌ ကျေနပ်စွာပြုံးလေ၏။
သူ့လက်ထဲရှိ အိတ်ကိုကြည့်နေသည့် လက်အောက်ငယ်သားများကို လှည့်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လေသည်၊ "ငွေကိုပဲ ဂရုစိုက်တဲ့ ကောင်လေးတွေပါလား။"
ထိုသို့ပြောပြီးနောက် သူက ရွှေဒင်္ဂါးတစ်ပြားကို ထုတ်ယူလျက် ၎င်းတို့ဆီ ပစ်ပေးလိုက်သည်။
ထိုဒင်္ဂါးပြားကိုရရှိလိုက်သည့် တတိယတပ်စုစစ်သားများ ပြုံးလျက် ကိုတာကို ကျေးဇူးတင်နေကြသည်။
ကိုတာက ၎င်းတို့ကို ဆူငေါက်နေပြီးနောက် သူ၏ တပ်ရေးကို ခေါ်ကာ၊ "ဒီနေရာကို ကောင်းကောင်းစောင့်ကြည့်နေလိုက်။ အဲ့လူတွေပြန်လာပြီး ဖြတ်သွားချင်နေတုန်းပဲဆိုရင် တားပေးထား။ လူတစ်ယောက်လေးပဲဖြစ်ဖြစ် ကားတစ်စီးလေးပဲဖြစ်ဖြစ် ဖြတ်သွားရင်တောင် အကျိုးဆက်ကို မင်းသိမှာပါ။"
တပ်ရေးက သဘောတူလိုက်၏။
ကိုတာက ခေါင်းငြိမ့်ပြီးနောက် လက်ယမ်းပြလျက် အော်လိုက်သည်၊ "အလုပ်ပြီးရင် ဒီည တောအုပ်တည်းခိုဆောင်ဆီသွားကြစို့၊ ငါဒကာခံမယ်!"
သူ၏လက်အောက်ငယ်သားများက ပျော်ရွှင်သွားပြီး ကိုတာလည်း နံဘေး၌ စောင့်ဆိုင်းနေသည့် မြင်းပေါ်တက်ကာ လမ်မာတီမြို့ဆီ ဦးတည်လိုက်တော့သည်။
နာရီဝက်ကြာပြီးနောက် ကိုတာ၏ မြင်းက လမ်မာတီမြို့ တံတိုင်းအတွင်းဝင်ရောက်သွားသည်။ သူဟာ သိပ်ကျယ်သည်ဟု မယူဆနိုင်သည့် လမ်းများကိုဖြတ်သန်းလျက် မြို့ အလယ်ဗဟိုမှ မြို့စားအိမ်တော်ဆီသွားလိုက်သည်။
အစီရင်ခံပြီးနောက်တွင် ကိုတာက အင်မတန်တွေ့ရခက်ခဲသည့် မြို့စားအရှင် ကောင့်ထ်Scandi ဝီလ်နှင့် ဆုံလိုက်ရတော့သည်။
"မှော်ကားတွေပေါ်က သင်္ကေတကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရဲ့လား၊ သူတို့က Frestech ကုန်သည်ကြီးများအသင်းကဆိုတာ သေချာလို့လား?" ကောင့်ထ်ဝီလ်က မျက်လုံးများမှေးကျဉ်းလျက် ကိုတာကို နီးကပ်စွာစိုက်ကြည့်ရင်း လေးနက်စွာမေးလာသည်။
ကိုတာက အလျင်အမြန်ခေါင်းငုံ့ရင်း ကောင့်ထ်ဝီလ်၏ အကြည့်နှင့် မယှဉ်ဝံ့ပေ။ သူက အင်မတန် သေချာလှသည့်အသံဖြင့်၊ "မြို့စားအရှင်ကို အစီရင်ခံပါတယ်၊ ဒီငယ်သားက ရှင်းရှင်းလင်းလင်းမြင်လိုက်တာပါ။ ယာဉ်တန်းမှာ မှော်ကားတွေနဲ့ပြည့်နေပြီး မှော်ကားတစ်စီးစီမှာ တူညီတဲ့သင်္ကေတရှိပါတယ်။ အဲဒါက အရှင် ဒီငယ်သားကို အရင်က မြင်စေခဲ့တဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ သင်္ကေတနဲ့ ထပ်တူပါပဲ။"
"မင်း မှားမမြင်တာသေချာလား?" ဤကိစ္စက ဝီလ်ထံ အရေးကြီးပုံပေါ်သဖြင့် ထပ်မံအတည်ပြုလိုက်သည်။
"ဟုတ်ကဲ့ပါ၊ ဒီငယ်သားက သေချာပေါက် မမှားဘူးဆိုတာကို အသက်နဲ့ရင်းပြီး အာမခံပါတယ်။"
ကောင့်ထ်ဝီလ်က အသာမျက်မှောင်ကုပ်လျက် မယုံကြည်သေးဟန်ရှိနေသည်။ သူက ဆက်လက်မေးလိုပါသော်လည်း နံဘေးရှိ ပိန်ပါးပါး သက်လတ်ပိုင်းလူက ရုတ်တရတ်ပြောလာသည်။
"ကောင့်ထ်ဝီလ်, ခင်ဗျား သူ့ကို သံသယဝင်ဖို့ မလိုဘူးလို့ထင်တယ်။ Frestech ကုန်သည်ကြီးများအသင်းကလွဲရင် လမ်ပူရီတိုင်းပြည်မှာ ဒီလောက်မှော်ကားအတော်များများရှိတာက ဖာဆန်ရထားလုံးလုပ်ငန်းစုပဲရှိတယ်။ ဒီယာဉ်တန်းမှာ Frestech ကုန်သည်ကြီးများအသင်းရဲ့ သင်္ကေတရှိနေမှတော့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ယာဉ်တန်းပဲ ဖြစ်မှာပေါ့။"
ကောင့်ထ်ဝီလ်က အတန်ငယ်တုံ့ဆိုင်းနေပြီးနောက် ခေါင်းငြိမ့်သည်။
"ကောင့်မီချယ်က ဒီလိုပြောနေမှတော့ မှန်လောက်မှာပါ။ ဟုတ်ပြီ မင်းသွားလို့ရပြီ။"
ကိုတာ လျှောက်ထွက်သွားသည်ကို ကြည့်ရင်း ကောင့်ထ်စီယန်ထက် ငယ်ရွယ်ဟန်ရှိကာ ကောင့်ထ်မီချယ်ရှေ့၌ထိုင်နေသည့် အသက်လေးဆယ်ဟန်ရှိ ကောင့်ထ်လောင်ဂျ်လီမှာ မျက်မှောင်ကုပ်၍ သက်ပြင်းချလာ၏။
"တကယ်တော့ ကျုပ်အမြဲတမ်း ကျုပ်တို့လုပ်တာတွေမှန်သလားလို့ ခံစားနေခဲ့ရတာ။"
ကောင့်ထ်ဝီလ်နှင့် ကောင့်ထ်မီချယ်တို့က သူ့ထံ တအံ့တဩကြည့်လိုက်ကြသည်။ ကောင့်ထ်ဝီလ်၏ မျက်နှာထားက လေးနက်သွားရင်း အော်လာ၏၊ "ကောင့်ထ်လောင်ဂျ်လီ, ခင်ဗျားက ကျုပ်တို့ ဘာလို့ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်ရသလဲဆိုတဲ့ ရည်ရွယ်ချက်ကို နားမလည်တာများလား? ဒါမှမဟုတ် ခင်ဗျားက ခင်ဗျားတို့မိသားစုရဲ့ ဂုဏ်သိက္ခာကိုလက်လျှော့ပြီး မင်းသားလေး အဲရစ်ကို သစ္စာဖောက်ဖို့ စီစဉ်နေတာလား?"
ကောင့်ထ်လောင်ဂျ်လီက ခေါင်းခါကာ၊ "ကျုပ်က မင်းသားလေးအဲရစ်ကို ဘယ်လိုသစ္စာဖောက်နိုင်မှာလဲ၊ ဒါပေမယ့် ကျုပ်ခံစားနေရတာက..... Frestech ကုန်သည်ကြီးများအသင်းကို ဒီလောက်ထိ အလွန်အကျွံလုပ်ဖို့ မလိုဘူးမို့လား? Frestech ကုန်သည်ကြီးများအသင်းဆိုတာက တိုင်းပြည်မှာ အဟုန်အကောင်းဆုံးလုပ်ငန်းစုဖြစ်ပြီးတော့ မှော်စက်တွေကလည်း သေချာပေါက် ကျော်ကြားလာမှာလေ၊ ဒီတော့ ကျုပ်တို့အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းကို လုံးဝကြီး ဆန့်ကျင်ဖို့ မလိုပါဘူး။"
ကောင့်ထ်ဝီလ်က နှာမှုတ်ကာ၊ "ကောင့်ထ်လောင်ဂျ်လီ, ခင်ဗျားက အရမ်းငယ်သေးတယ်။ ခင်ဗျားရဲ့ လတ်တလော တိမ်းပါးသွားတဲ့ ဖခင်ကြောင့် ဒီကိစ္စမှာ ညှိနှိုင်းဖို့ ဖြစ်နိုင်ချေ မရှိတာကို သတိပေးလိုက်မယ်။ ကျုပ်တို့က မင်းသားလေးအဲရစ်ကို ထောက်ပံ့ဖို့ ရွေးချယ်ထားပြီးမှတော့ ဘုရင်မဆယ်ဗီနီကို ထောက်ခံနေတဲ့ ဘယ်သူမဆို ကျုပ်တို့ရဲ့ ရန်သူပဲ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဒီလိုလုပ်တာက သတိပေးတာပဲ။ အချိန်ကျလာရင် ဟမ့် ဟမ့်....."
ကောင့်ထ်ဝီလ်၏ မျက်လုံးများထဲမှ အေးစက်စက်ဟန်ကိုမြင်သော် ကောင့်ထ်လောင်ဂျ်လီက မတတ်နိုင်ဘဲ စိတ်ထဲသက်ပြင်းချရင်း ခေါင်းခါလိုက်သော်ငြား မည်သည်ကိုမှ မဆိုလိုက်ချေ။
ကောင့်ထ်လောင်ဂျ်လီက တိတ်ဆိတ်သွားသည်ကိုမြင်သော် ကောင့်ထ်ဝီလ်က သူ့ထံ ထပ်မံရှင်းပြဖို့ အင်မတန် ပျင်းရိသွားတော့၏။
ကောင့်ထ်ဝီလ်အတွက် ကောင့်ထ်တစ်ဦးအဖြစ် ဖခင်နေရာကို အမွေဆက်ခံထားသလို ဘာဆာရူမြို့၏ မြို့စားပါဖြစ်လာသည့် ဤလူရွယ်မှာ သူ၊ ကောင့်ထ်မီချယ် တို့နှင့်အတူ အရေးကြီးကိစ္စများကိုဆွေးနွေးရန် မထိုက်တန်ပေ။
"ကောင့်ထ်မီချယ် , ကျုပ်တို့ လမ်မာတီမြို့ရဲ့ ရပ်တည်ချက်ကို Frestech ကုန်သည်ကြီးများအသင်းဆီ ပြပြီးပြီဆိုတော့ အခု ခင်ဗျားတို့ ဒူလာခယ်တွန်မြို့ရဲ့ အလှည့်ပဲ။" ကောင့်ထ်ဝီလ်က ကောင့်ထ်မီချယ်ထံပြောလိုက်သည်။
ကောင့်ထ်မီချယ်၏ မျက်လုံးများထဲတွင် နားမလည်နိုင်လောက်သည့် အေးစက်စက်ဟန်က ဖြတ်ပြေးသွားသည်။ သူက အသာပြုံး၍ ပြောလိုက်သည်၊ "ကျုပ်ဘာလုပ်ရမယ်ဆိုတာကို သိပါတယ်။"
"ကောင်းတယ်၊ ဒါဆို ဒီကိစ္စလေးကို အခုတော့ ဘေးချိတ်ထားပြီး စီးပွားရေးအကြောင်းပြောကြတာပေါ့။ ကျုပ်တို့အခုပဲ မင်းသားလေးအဲရစ် ပျိုးထောင်နေတဲ့ စစ်တပ်ကို ဘယ်လိုထောက်ပံ့ရမယ်ဆိုတာကို ပြောနေကြတာလေ။ ကျုပ်တို့ လမ်မာတီမြို့က ရွှေဒင်္ဂါးသုံးသိန်းစာ ကုန်စည်တွေထောက်ပံ့ပေးဖို့ စီစဉ်ထားတယ်၊ အသေးစိတ်ကိုတော့ နောက်မှပြောကြမယ်။ ခင်ဗျားတို့ ဒူလာခယ်တွန်နဲ့ ဘာဆာရူမြို့တို့ကရော ဘာလုပ်ဖို့ စီစဉ်ထားခဲ့ကြလဲ?"
ကောင့်ထ်မီချယ်က မေးစေ့ထက်ရှိ သေသပ်သပ်မုတ်ဆိတ်ကိုပွတ်လျက် တွေးဆဆဖြင့် ပြောလာသည်၊ "ကောင့်ထ်ဝီလ်က ဆုံးဖြတ်ချက်ချပြီးမှတော့ ကျုပ်တို့ ဒူလာခယ်တွန်မြို့တော်ကလည်း နောက်ကျကျန်မနေနိုင်ဘူးလေ။ ကျုပ်တို့လည်း ရွှေဒင်္ဂါးသုံးသိန်းတန် ကုန်စည်တွေကို ထုတ်ပေးမယ်။"
ကောင့်ထ်ဝီလ်က ကျေနပ်စွာ ခေါင်းငြိမ့်လေ၏။
တကယ်တမ်း ရိုးရိုးသားသားပြောရပါလျှင် ဒူလာခယ်တွန်မှာ လမ်ပူရီတိုင်းပြည်၏ အရှေ့မြောက်ခရိုင်၌ အချမ်းသာဆုံးမြို့တော် အမြဲဖြစ်ခဲ့ပြီး လမ်မာတီမြို့ထက် ငွေများများပိုရှိသည်။
သို့သော် ယခု ကောင့်ထ်မီချယ်က ထောက်ပံ့ရန် ရွှေဒင်္ဂါးသုံးသိန်းသာပေးဖို့ ရွေးချယ်လိုက်ခြင်းက သူ့အား မျက်နှာသာပေးခြင်းပင်။
ထိုသို့ဖြင့် ကောင့်ထ်ဝီလ်နှင့် လမ်မာတီမြို့တို့မှာ မင်းသားလေးအဲရစ်ရှေ့၌ ပိုမိုကြည့်ကောင်းလာပြီး ကောင့်ထ်ဝီလ်ထံ အကျိုးအမြတ်ပိုယူလာလိမ့်မည်။
ရင်းနှီးမြှုပ်နှံမှုကို မည်သို့အသုံးပြုမည်အား သူ့အနေနှင့် လုံးဝဂရုမစိုက်ပေ။
ကောင့်ထ်မီချယ်ကို မေးပြီးနောက် ကောင့်ထ်ဝီလ်က ကောင့်ထ်လောင်ဂျ်လီထံလှည့်ကာ လှောင်ထေ့နေဟန်ဖြင့် ပြောလိုက်၏၊ "ဒါဆို ကောင့်ထ်လောင်ဂျ်လီကရော? ရွှေဒင်္ဂါးသုံးသိန်းပဲထုတ်မှာလား?"
ကောင့်ထ်လောင်ဂျ်လီက ခါးသက်သက်ပြုံးကာ ခေါင်းခါပြီး၊ "ကောင့်ထ်ဝီလ်, ကျုပ်ကို မနောက်ပါနဲ့။ ကျုပ်တို့ ဘာဆာရူမြို့က ဆင်းရဲတဲ့နေရာမှာ နာမည်ကြီးတာကို ဘယ်လိုများ ရွှေဒင်္ဂါးသုံးသိန်းထုတ်နိုင်ပါ့မလဲ?"
"ဒါဆို ဘယ်လောက် စီစဉ်ထားလဲ? အရမ်းနည်းနေရင် မင်းသားလေး အဲရစ်ကို မျှတစေနိုင်မှာမဟုတ်ဘူး။" ကောင့်ထ်ဝီလ်က မျက်လုံးများမှေးကျဉ်းလျက် အန္တရာယ်အရိပ်အယောင်ဖြင့် ပြုံးကာ၊ "ဒါမှမဟုတ် မင်းသားလေးကို ထောက်ပံ့ဖို့ မစီစဉ်ထားဘူးလား? သူ့ကိုသစ္စာဖောက်ဖို့ စီစဉ်ထားတာလား?"
ကောင့်ထ်လောင်ဂျ်လီက သက်ပြင်းချသည်။ ကောင့်ထ်ဝီလ်နှင့် ကောင့်ထ်မီချယ်တို့၏ အကြည့်က သူ့ထံ ကျရောက်လာကြသည်ကို မြင်သော် အတန်ငယ်စဉ်းစားပြီးနောက် ဖြေလာ၏၊ "ကျုပ်တို့ ဘာဆာရူမြို့မှာ တကယ်ပဲ ရွေးစရာမရှိလို့ပါ။ ကျုပ်အနေနဲ့ အများဆုံး ရွှေဒင်္ဂါးတစ်သိန်းဝန်းကျင်လောက် ထုတ်ပေးနိုင်မယ်လို့ထင်တယ်။"
၎င်းကိုကြားသော် ကောင့်ထ်ဝီလ်နှင့် ကောင့်ထ်မီချယ်တို့က တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် ပြုံးလာကြသည်။
၎င်းတို့မှာ သဘာဝကျစွာပင် ဘာဆာရူမြို့၏အခြေအနေကို သတိပြုမိပြီးသားဖြစ်သဖြင့် ဤအရေအတွက်က ဘာဆာရူမြို့၏ အကန့်အသတ်ဟု ယူဆနိုင်ကြောင်းသိပေသည်။
ထိုသို့ဖြင့် ၎င်းက ကောင့်ထ်လောင်ဂျ်လီအနေနှင့် မင်းသားလေးအဲရစ်အပေါ် မည်သည့်သစ္စာမဲ့မှုမှမရှိကြောင်း သက်သေပြနေသည်။
ထို့အပြင် တစ်သိန်းက ၎င်းတို့၏ သုံးသိန်းထက် များစွာနည်းပါးလှသဖြင့် ကောင့်ထ်လောင်ဂျ်လီနှင့် ဘာဆာရူမြို့မှာ မင်းသားလေးအဲရစ်ထံမှ အမြင်ကောင်းကို ရနိုင်လိမ့်မည်မဟုတ်ပေ။
"အရမ်းကောင်းတယ်၊ ဒီလိုဆုံးဖြတ်ပြီးပြီဆိုတော့ ကျုပ်တို့ မြန်မြန်လှုပ်ရှားသင့်ပြီ။" ကောင့်ထ်ဝီလ်က လေးနက်စွာပြောလေသည်၊ "မင်းသားလေးရဲ့ အစီစဉ်အရ ဆောင်းကုန်တာနဲ့ တိုက်ခိုက်မှုကို စရတော့မှာဆိုတော့ ကုန်စည်တွေအားလုံးကို ဒါမတိုင်ခင် မြောက်ဘက်စစ်တပ်ဆီ ပို့လို့ရတယ်။ မမေ့နဲ့ဦး မင်းသားလေးရဲ့ လှုပ်ရှားမှုက ဒီတစ်ခေါက်မှာ အရမ်းအရေးပါတာကြောင့် ကျရှုံးဖို့ သေချာပေါက်မဖြစ်နိုင်တော့ အကောင်းဆုံးလုပ်ဖို့လိုတယ်။ ထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး အမှားတစ်ခုလေးတောင်လုပ်လို့မရဘူး!"
ကောင့်ထ်မီချယ်က အေးဆေးစွာပြန်ဖြေပြီး ကောင့်ထ်လောင်ဂျ်လီက ခါးသက်သက်ရယ်ကာ သဘောတူလိုက်သည်။
၎င်းတို့သုံးဦးသားမှာ ကိစ္စတစ်ချို့ကိုဆွေးနွေးပြီးနောက် ဆွေးနွေးမှုကို အဆုံးသတ်လိုက်ကြတော့၏။
၎င်းတို့ဆွေးနွေးမှုအပြီးတွင် ကောင့်ထ်ဝီလ်က ကောင့်ထ်မီချယ်နှင့် ကောင့်ထ်လောင်ဂျ်လီကို နေ့လည်စာအတွက် ဆက်နေစေသော်လည်း ကောင့်ထ်လောင်ဂျ်လီက ဖိတ်ကြားမှုကို ငြင်းဆန်ရန် ထောက်ပံ့မှုအတွက် ပြင်ဆင်ရမည်ကို ဆင်ခြေအဖြစ်သုံးလိုက်သည်။
ကောင့်ထ်ဝီလ်က ၎င်းကြောင့် မပျော်မရွှင်ဖြစ်သွားသော်လည်း ကောင့်ထ်လောင်ဂျ်လီကို ဆက်မဆွဲထားနိုင်ချေ။ သူက စကားတချို့ပြောပြီးနောက် ထွက်သွားခွင့်ပြုလိုက်၏။
ကောင့်ထ်လောင်ဂျ်လီက ကိုယ်ပိုင်မြင်းလှည်းကိုစီးလျက် လမ်မာတီမြို့မှ ထွက်ခွာသွားသည်။ မြို့ဂိတ်မှထွက်လာချိန်တွင် သက်ပြင်းရှည်ကြီးချရင်း အမူအရာက သက်တောင့်သက်သာဖြစ်သွား၏။
နောက်၌ကျန်ခဲ့သည့် လမ်မာတီမြို့ဂိတ်ကို ကြည့်ရန် လိုက်ကာမ'လိုက်ပြီးနောက် ကောင့်ထ်လောင်ဂျ်လီမှာ မျက်မှောင်ကုပ်လိုက်သည်။
သူ့အနေနှင့် ကောင့်ထ်မီချယ်၏ အခြားလူများကို သူ၏အကြံအစည်အားမြင်ခွင့်မပြုသည့် တည်ငြိမ်နေဟန်ကို သဘောမကျသလို ကောင့်ထ်ဝီလ်၏ လွှမ်းမိုးတတ်သော သဘောထားကို ပို၍ပင်မုန်းတီးသည်။ သူ၏ဖခင်မှာ ယခင်က ၎င်းတို့နှင့် ပူးပေါင်းခဲ့ခြင်းကြောင့်မဟုတ်လျှင် ကောင့်ထ်လောင်ဂျ်လီလည်း ထိုလူများနှင့် မည်သည့်ဆက်သွယ်မှုမှ မပြုလိုပေ။
သူ၏ဖခင်နှင့် ထိုလူနှစ်ဦးမှာ မင်းသားလေး အဲရစ်ကို ထောက်ပံ့ရန် ဆုံးဖြတ်ထားကြသည်ကပင် ကောင့်ထ်လောင်ဂျ်လီ သဘောတူနိုင်သည့် အရာမဟုတ်ပေ။
အဘယ့်ကြောင့် မင်းသားလေးအဲရစ်ကို ထောက်ပံ့မှဖြစ်မည်နည်း? မင်းသားလေးအဲရစ်က မင်းသားတစ်ပါးဖြစ်ပြီး သားဦးဖြစ်တာကြောင့်လား?
ကောင့်ထ်လောင်ဂျ်လီအတွက် ထီးနန်းဆက်ခံသည်လူကို ၎င်းဖြင့် မဆုံးဖြတ်သင့်ချေ။ ထိုအစား လမ်ပူရီတိုင်းပြည်ကို မည်သူ အနာဂတ်၌ ပိုကောင်းသည့် တိုးတက်မှုကို ယူလာစေနိုင်မည်ဟူသည်ဖြင့်သာ ဆုံးဖြတ်ချက် ချသင့်သည်။
ထိုသို့ဆိုရလျှင် ကောင့်ထ်လောင်ဂျ်လီအနေနှင့် ဘုရင်မ ဆယ်ဗီနီကို ပိုသဘောကျပါ၏။
ဘုရင်မကို ထောက်ပံ့နေသည်ဟု လူတိုင်းအသိအမှတ်ပြုထားသော Frestech ကုန်သည်ကြီးများအသင်းကိုလည်း ကောင့်ထ်လောင်ဂျ်လီအနေနှင့် လုံးဝတစ်ဖက်သတ် ဆန့်ကျင်နေခြင်းမရှိဘဲ ၎င်းတို့အပေါ် ကောင်းမွန်သည့် အမြင်ရှိသည်။
သူ၏ ဖခင်မကွယ်လွန်ခင် သူ မြို့စားအဖြစ်တာဝန်မယူခင်က စူးစမ်းလိုသဖြင့် ဘန်တာမြို့ကို လတစ်ဝက် တိတ်တဆိတ်သွားခဲ့သည်။
ဘန်တာမြို့၌ နေထိုင်ခဲ့သည့် လတစ်ဝက်အတွင်း သူဟာ အမျိုးမျိုးသော အဆန်းတကြယ်ပစ္စည်းများထံမှ နက်ရှိုင်းစွာ ဆွဲဆောင်ခံခဲ့ရသည်။ သူ့အနေနှင့် ဤနှစ်အနည်းငယ်အတွင်း ဘန်တာမြို့၏ အလျင်အမြန်တိုးတက်မှုကို နက်နက်ရှိုင်းရှိုင်း လက်ခံယုံကြည်ခဲ့ပါ၏။
ထို့အပြင် လူတချို့မှတဆင့် ကောင့်ထ်လောင်ဂျ်လီမှာ ဘာဆာရူမြို့ကဲ့သို့ သေးငယ်လှသည့် ဘန်တာမြို့ကို ပြောင်းလဲခြင်း၏ အခရာမှာ Frestech ကုန်သည်ကြီးများအသင်းဖြစ်သည်ကို လေးနက်စွာ နားလည်ခဲ့ရသည်။
ဘန်တာမြို့ထံမှ ပြန်လာပြီးနောက် ကောင့်ထ်လောင်ဂျ်လီက အမြဲ ကိစ္စတစ်ခုကို ချိန်ဆနေခဲ့၏။
Frestech ကုန်သည်ကြီးများအသင်းသာ ဘာဆာရူမြို့ထံလာခဲ့လျှင် ဘာဆာရူမြို့သည်လည်း ဘန်တာမြို့ကဲ့သို့ အလျင်အမြန်တိုးတက်လာမည်လား?
ယခု ထိုမေးခွန်းကိုစဉ်းစားရင်း ကောင့်ထ်လောင်ဂျ်လီ၏ အမူအရာက အင်မတန် ဒွိဟဖြစ်ဟန် ပေါ်နေသည်။
ခဏအကြာ၌ ထိုအမူအရာက ပျောက်ကွယ်သွားကာ ဆုံးဖြတ်ချက်ချပြီးသည့်နှယ် ပြောင်းသွားသည်။
ကောင့်ထ်လောင်ဂျ်လီမှာ မောင်းသူကို ပြော၍ ဦးတည်ရာပြောင်းလိုက်တော့၏။ သူက လမ်မာတီမြို့အပြင်ဘက်လမ်းကို သွား၍ Frestech ကုန်သည်ကြီးများအသင်း၏ ယာဉ်တန်းသွားသည့် တူညီသည့်လမ်းကြောင်းထံ ဦးတည်လိုက်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၂၄။ ရွေးချယ်မှုတစ်ခု လုပ်ရလိမ့်မယ်
လမ်မာတီမြို့မှ ထွက်လာခြင်းကြောင့် Frestech ကုန်သည်ကြီးများအသင်း ယာဉ်တန်း၏ လမ်မာတီမြို့၌ အနားယူမည့် အစီအစဉ်က ပျက်စီးသွားသည်။
ယာဉ်တန်းက လမ်းမှ ထွက်လာကာ မြောက်ဘက်နှင့် ချိတ်ဆက်ထားသော လမ်းကြမ်းကိုသာ ဝင်လိုက်ရချိန်တွင် ၎င်းတို့၏ အမြန်နှုန်းကမကျဆင်းဘဲ မနေချေ။
လမ်မာတီမြို့မှ မထွက်သွားခင်၌ နောက်ကျနေပြီးသားပင်။
ညရောက်လာတော့မည်ကိုမြင်သော် ရှုယီလည်း နေထိုင်ရန် ရွာတစ်ရွာရှာဖွေနေခြင်းအတွေးအား လက်လျှော့ကာ ဟင်းလင်းပြင်နေရာတစ်ခု၌ စခန်းချဖို့ ယာဉ်တန်းအား အမိန့်ပေးလိုက်သည်။
ရှုယီအနေနှင့် ဘန်တာမြို့မှ ဆိုဝယ်လ်မြို့ထံ ခရီးကို အရေးထားခဲ့သဖြင့် မထွက်ခွာခင် အရာအားလုံးကိုပြင်ဆင်ခဲ့သည်မှာ ကောင်းသည့်အရာပင်။ ထို့ကြောင့် သူ၏ အစီစဉ်ပြင်ပမှ အရာများဖြစ်လာမည်ကို မျှော်လင့်လျက် အခြားအစီစဉ်များပါ လုပ်ထားခဲ့သည်။
ကုန်တင်မှော်ကားများထံ၌ ဆိုဝယ်လ်မြို့စက်ရုံအတွက် ထုတ်လုပ်ရေးမှော်စက်များသာပါရှိရုံမက နေ့စဉ် အသုံးအဆောင်များပါ,ပါရှိသည်။
ရှုယီ၏အမိန့်ဖြင့် ဝန်ထမ်းများမှာ အလုပ်စကြတော့သည်။ ၎င်းတို့က တဲများနှင့် စောင်များကဲ့သို့သော် နေထိုင်ရေးပစ္စည်းများကို ရွှေ့ကာ အလျင်အမြန်ပင် နံဘေး၌ စခန်းအသေးစားလေး ပြင်ဆင်လိုက်ကြသည်။
၎င်း နေ့စဉ်သုံးပစ္စည်းများအပြင် ကားများထံမှ အိမ်သုံးမှော်စက်အမြောက်အများကိုပါ ထုတ်လိုက်ကြသည်။
၎င်းတို့မှာ မှော်သလင်းကျောက်များစွာကို ပြင်ဆင်ထားပြီးဖြစ်ရာ စခန်းချနေရာ၌ မှော်မီးဖိုများစွာကို မီးမွှေးလိုက်ကြပြီး စခန်းချနေရာတွင် အသားရနံ့များ မြန်မြန်ပြည့်သွားသည်။
လူပုလေးများက မှော်ကားများထံမှ ဝိုင်စပျစ်ရည်တစ်စည်ထုတ်လိုက်ကြကာ ယာဉ်တန်းရှိ လူတိုင်းဟာ ခွက်ကြီးကြီးတစ်ခွက်စီပေးလိုက်သည်။
ဝိုင်နှင့် အသားတို့ဖြင့် စခန်းတစ်ခုလုံးက ရုတ်တရတ် သက်ဝင်လှုပ်ရှားလာသည်။ ဤသည်က ခရီးရှည်ပို့ဆောင်ရေးအဖွဲ့နှင့် လုံးဝမတူဘဲ ပျော်ပွဲစားထွက်လာသည့် စခန်းချသမားများလိုပင်။
ရှုယီက ခါးလောက်ထူသည့် ဝိုင်စည်ကို တင်းတင်းကိုင်လျက် နေရခက်ဟန်ရှိနေသည့် ကမ်ဘီကိုကြည့်လိုက်သည်။ ထို့နောက် အသာနှာခေါင်းရှုံ့ကာ၊ "ကမ်ဘီ, အလုပ်ချိန်အတွင်း သောက်တာကို ခွင့်မပြုဘူးလို့ ခင်ဗျားပြောတာကို သတိရပြီ။ ဘာလို့ ဒီတစ်ခေါက် တိတ်တိတ်လေး ဝိုင်ပါ ယူလာရတာလဲ?"
ကမ်ဘီက ရှုယီကို နေရခက်ဟန်ပြုံးပြကာ၊ "ဥက္ကဌ၊ ကျုပ်တို့ အခု အလုပ်ချိန်ပြီးပြီမဟုတ်လား.....စိတ်ချပါ၊ ဒီရက်အတွင်း တစ်စက်ကလေးတောင် မသောက်ခဲ့လို့ အလုပ်ကို မထိခိုက်စေဘူးလို့ အာမခံပါတယ်ဗျာ!"
ရှုယီက နှာခေါင်းရှုံ့လိုက်သော်လည်း သူ့ဘေးရှိ ခွက်ကို ယူလိုက်ဆဲပင်။
ကမ်ဘီက ပျော်ရွှင်သွားကာ စည်ကိုမလျက် ရှုယီ၏ခွက်ထဲ ဖြည့်ပေးလိုက်သည်။
သူဟာ ၎င်းနှင့် ပတ်သက်၍ အင်မတန်ရင်းနှီးနေဟန်ပေါ်ပြီး စည်ပိုင်းလေးကို မလျက် ရှုယီခွက်ထဲသို့ ပြည့်စုံစွာ လောင်းထည့်ပေးခဲ့သည်မှာ တစ်စက်ကလေးပင် မဖိတ်ကျပေ။ ဖြုန်းတီးမှုလေးတစ်ခုပင် မဖြစ်ခဲ့ချေ။
ရှုယီလည်း နှာခေါင်းရှုံ့လျက် ဝိုင်က သူ့နှာခေါင်းထံ လာရိုက်ခတ်နေသည်ကိုခံစားလိုက်ရသဖြင့် မနေနိုင်ဘဲ ချီးကျူးလိုက်သည်။
"ဝိုင်ကောင်းပဲ!"
ကမ်ဘီလည်း ရယ်ကာ၊ "ဘယ်လိုလဲ? ဥက္ကဌ ဒီဝိုင် မဆိုးဘူးမို့လား?"
"အင်း၊ အနံ့ကမဆိုးဘူး၊ အရသာကိုတော့ မသိသေးဘူး။"
ရှုယီက တစ်ငုံသောက်လိုက်ရာ ဝိုင်က ချောချောချူချူ ဆင်းသွားသည်ကို ခံစားရသော်လည်း အရသာကတော့ ပြင်းလှသည်။ ၎င်းက သူ၏ ပါးစပ်ကိုပင် လုံးဝပျော်ကျသွားတော့မယောင် ခံစားရစေ၏။
သူ၏ အစာအိမ်မှ အပူလှိုင်းများမှာ လည်ချောင်းအထိတက်လာသော်လည်း လောင်ကျွမ်းသွားသလိုတော့ မခံစားရပေ။ သူ၏ခန္ဓာကိုယ်က အပူကိုထုတ်လွှတ်နေကာ လောကရှိ အေးစက်မှုအားလုံးကို ဖယ်ခွာလိုက်သလိုပင်။
ရှုယီမှာ သောက်စားခြင်းကို နှစ်သက်သူမဟုတ်ပါလျှင်တောင် ဤဝိုင်က အရသာမဆိုးလှဟု ခံစားရသဖြင့် မနေနိုင်ဘဲ နောက်တစ်ငုံသောက်မိသည်။
ဝိုင်မှလာသည့်အပူကို ခံစားနေရသဖြင့် ရှုယီမှာ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လေသည်၊ "အရမ်းကောင်းတယ်၊ အရသာက မဆိုးဘူး။ အအေးလည်းသက်သာတော့ ကျုပ်တို့ရဲ့ အခြေအနေနဲ့ အရမ်းကိုသင့်တော်တယ်။"
နောက်ဆုံးတွင် ရှုယီ၏ လက်ခံမှုရသွားသဖြင့် ကမ်ဘီ၏ အပြုံးက အင်မတန်တောက်ပလာကာ ရယ်လျက် ပြောလေသည်၊ "ဥက္ကဌက သဘောကျမယ်ဆိုတာ သိနေတယ်လေ။"
ရှုယီက နောက်တစ်ငုံသောက်ကာ စဉ်းစား၍ ပြောလေသည်၊ "ဒီဝိုင်က ကြည့်ရတာ ဆာချီအိမ်ရာက ဟုတ်ပုံမပေါ်ဘူး၊ ခင်ဗျားတို့ အရက်ချက်ရုံကလား?"
"ဟုတ်တယ်၊ ကျုပ်တို့ လူပုလေးအရက်ချက်ရုံရဲ့ပထဆုံးအသုတ်က ဝိုင်ပါ။ ဥက္ကဌ ဒီဝိုင်ကို ဆာချီအိမ်ရာက ဝိုင်နဲ့ ဘယ်လိုယှဉ်မှာလဲ?" ကမ်ဘီက ဂုဏ်ယူဟန်ဖြင့် မေးလာ၏။
ရှုယီက လက်မထောင်ပြလိုက်ကာ၊ "အတော်လေးကောင်းတယ်၊ ဆာချီအိမ်ရာကထက် လုံးဝဆိုးမနေဘူး။ ဟုတ်သားပဲ၊ ခင်ဗျားတို့ လူပုလေး အရက်ချက်ရုံကို တည်ထောင်လာတာ ဒီလောက်ကြာပြီ၊ ဘာလို့ များများစားစားထုတ်လုပ်ပြီး ဒီဝိုင်ကို ရောင်းဖို့ မပြင်ဆင်ရသေးတာလဲ? ခင်ဗျားတို့ အရင်နှစ်လက ဝိုင်လုပ်ကိရိယာတွေအားလုံးကို ပြင်ဆင်ထားတာ ကျုပ်သတိရပါသေးတယ်၊ ဟုတ်တယ်မို့လား?"
"ခေါင်းဆောင်စီလူကာနဲ့ ခေါင်းဆောင်မွန်တိုက နှစ်သစ်ကူးအတွင်းမှာ နာမည်တချို့ရနိုင်တယ်လို့ပြောတာကြောင့် နည်းနည်းစောင့်နေတာပါ။" ကမ်ဘီက ပြောသည်။
"ဒီလိုကိုး....." ရှုယီက လက်ထဲရှိ ကြည်လင်မွှေးပျံ့သည့်ဝိုင်ကိုကြည့်ပြီးနောက် ကမ်ဘီနံဘေးရှိ စည်ကြီးကိုကြည့်ကာ မျက်မှောင်ကုပ်လေသည်၊ "ကျုပ်ပြောမယ်၊ ဒီလိုပဲ ရောင်းဖို့ စီစဉ်ထားတာတော့ မဟုတ်ဘူးမို့လား?"
ကမ်ဘီက အံ့ဩသွားကာ၊ "ဘာလို့လဲ? ပြဿနာရှိလို့လား?"
ရှုယီက ခေါင်းခါသည်။ ကမ်ဘီမှာ သူနှင့်အချိန်ကြာအတူရှိလာသော်လည်း စီးပွားရေးအကြောင်း လုံးဝမသင်ယူခဲ့ဟု စဉ်းစားမိသွား၏။
"ဒါကို ဘယ်လိုထုတ်ပိုးရမယ်ဆိုတာနားမလည်ဘူးလား?" ရှုယီက စည်ကြီးကို ညွှန်ပြကာ ပြောသည်၊ "ဒီစည်ကြီးကို ရောင်းဖို့ စီစဉ်နေတာများလား?"
ကမ်ဘီက ခေါင်းကုတ်ကာ ရှုပ်ထွေးဟန်ရှိနေ၏၊ "ပြဿနာရှိလို့လား? ဒါတွေအားလုံးကို ဒီလိုရောင်းလို့မရဘူးလား....."
ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်းက ဆာချီအိမ်ရာထံမှ မှာလျှင် ဝိုင်များက မည်သို့ စည်ပိုင်းကြီးများနှင့်လာသည်အား စဉ်းစားရင်း နားလည်သွား၏။
စိုင်စ်နယ်မြေကြီး၏ ဝိုင်ကောင်းကို ကြော်ငြားခြင်းမှာ နှုတ်စကားပေါ်၌ မူတည်နေဆဲဖြစ်သဖြင့် ကမ္ဘာမြေကကဲ့သို့ ထုတ်ပိုးကာ အရောင်းမြှင့်တင်ရန် ဝေးကွာနေရာ ခေါင်းဆောင် စီလူကာနှင့် ခေါင်းဆောင်မွန်တိုတို့က ၎င်းကို မစဉ်းစားသည်က မဆန်းချေ။
၎င်းကိုစဉ်းစားကြည့်ရင်း ရှုယီက ကမ်ဘီကို ထိုင်ရန် လက်ပြကာ ဝိုင်ထုပ်ပိုးခြင်း နည်းလမ်းအမျိုးမျိုးတို့ကို ရှင်းပြဖို့ပြင်လိုက်သည်။
မတူညီသည့်ဧည့်သည်များအတွက် မတူညီသည့်ထုပ်ပိုးမှုကို အသုံးပြုခြင်းအကြောင်းအား ပြောနေစဉ်တွင် အစောင့်ခေါင်းဆောင် ဟာ့ထ်က ရှုယီကို လာရှာသည်။
"ဥက္ကဌ၊ ကျုပ်တို့ ဒီညရဲ့ အကာအကွယ်ကို အားဖြည့်သင့်တယ်လို့ ထင်လား?"
ရှုယီက အံ့ဩသွားသည်။ သူက ညချမ်း အလင်းရောင်အောက်ရှိ သစ်ပင်နှင့် ချုံနွယ်ပိတ်ပေါင်းများကိုကြည့်ရင်း စဉ်းစားကာ ခေါင်းအသာငြိမ့်လေသည်။
"ကျုပ်တို့က တောထဲမှာဆိုတော့ ဂရုစိုက်တာပိုကောင်းတယ်။ အတိအကျကိုတော့ ခင်ဗျားပဲစီစဉ်လိုက်ပါ၊ ကျုပ် ဝင်မပါတော့ဘူး။"
ဟာ့ထ်ထွက်သွားသည်ကိုကြည့်ရင်း ကမ်ဘီက အေးစက်စက်နှာမှုတ်လျက် "အဲဒီ့ လမ်မာတီမြို့ရဲ့ မြို့စားက တကယ်ကို ထူးဆန်းတာပဲ။ သူက ကျုပ်တို့ကို မြို့ပြင်မှာ တားနေတဲ့အချိန် မြို့ပေါင်းများစွာက ကျုပ်တို့လုပ်ငန်းစု ရင်းနှီးဖို့ သီးသန့်တောင်းဆိုနေရတာကို မသိတာလား! သူက ကျုပ်တို့ပြန်လာပြီး ကျုပ်တို့ဆီက ဆန့်ကျင်ခံရမှာကိုမကြောက်ဘူးလား?"
ရှုယီက ခေါင်းခါသည်။ ဤကိစ္စ၌ လူသားတိုင်းပြည်၏ အရေးကိစ္စများပါဝင်နေသဖြင့် ကမ်ဘီကြားလို့ အဆင်မပြေပေ။
"လူတိုင်းမှာ ကွဲပြားတဲ့ ခံယူချက်ရှိတာကြောင့် သူတို့ကို စွပ်စွဲလို့ ကောင်းတာမရှိဘူး။" ရှုယီက ဖြေလိုက်ပြီးနောက် ရုတ်တရတ် ပြဿနာတစ်ခုကိုသတိရသွားသည်၊ "ပြောရရင် ကမ်ဘီ, နယ်မြေကြီးပေါ်မှာ ခင်ဗျားတို့ လူပုလေးအတော်များများရှိသေးတယ်မဟုတ်လား? ခင်ဗျားတို့က ခင်ဗျားတို့ မျိုးနွယ်စုမှာပဲနေပြီး ကျုပ်တို့ လူသားတွေလို နက်ရှိုင်းတဲ့ ဆက်နွယ်မှုတွေမရှိကြဘူးလား? အချင်းချင်းရော မတိုက်ခိုက်ဘူးလား?"
"မဖြစ်နိုင်တာကြီးပေါ့။ ကျုပ်တို့ လူပုလေးတွေက ခင်ဗျားတို့ လူသားတွေလောက် မခြယ်လှယ်တတ်ပေမယ့် မတူညီတဲ့ အမြင်တွေရှိကြတယ်။ ဒါပေမယ့် ခင်ဗျားတို့ လူသားတွေက အရမ်းအားကောင်းနေရုံပဲ၊ ကျုပ်တို့လူပုလေးတွေအတွက် ရှင်သန်နေထိုင်ဖို့ကတင် လုံလောက်အောင် ခက်ခဲနေပြီ၊ ဘယ်လိုများ တိုက်ခိုက်ဖို့ အချိန်ရှိမှာလဲ?"
"အမှန်ပဲ...." ရှုယီက ခေါင်းငြိမ့်သည်။ သူက အခြားလူပုလေးများထံ၌ နေထိုင်ရေးအခြေနေကောင်းကောင်းရှိနေပါလျှင် လူသားများကဲ့သို့ တိုက်ခိုက်မှုများရှိလာမည်လားကို စဉ်းစားနေ၏။
ထို့နောက် ပို၍ပင်နည်းပါးသည့် နတ်သူငယ်များကိုစဉ်းစားရင်း ၎င်းတို့လူဦးရေတိုးလာကာ လူသားတိုင်းပြည်များကဲ့သို့ အဖွဲ့များစွာခွဲပေးထားပါက အချင်းချင်း တိုက်ခိုက်နိုင်သည်ဟု စဉ်းစားလိုက်၏.....
ရှုယီမှာ ထိုပုံရိပ်ကို အမှန်ပင် စိတ်မကူးနိုင်ပေ။
ကမ်ဘီထံ ဝိုင်ထုပ်ပိုးခြင်းဆိုင်ရာ အခြေခံအသိပညာတချို့ ကို ပိုကာ ပြောပြပြီးနောက် နှစ်ဦးမှာ မှော်ကားအတွက် တုန်ခါမှုလျော့ပါးရေးစနစ်အကြောင်း ဆွေးနွေးကြတော့သည်။ ၎င်းတို့ပြောနေစဉ်အတွင်း ညက နက်သထက် နက်လာတော့သည်။
၎င်းတို့အနေနှင့် အပြင်ဘက်၌ စခန်းချထားကတည်းက မည်သည့်ဖျော်ဖြေမှုမှမရှိသလို မနက်ဖြန်မနက် စောစောထရမည့်အချက်ကို ထည့်ပေါင်းလိုက်သော် စားသောက်ပြီး သိပ်မကြာခင် မှော်ကားများနံဘေး ဝိုင်းရံထားသည့် တဲများဆီ အိပ်ရန်သွားလိုက်ကြသည်။
ဥက္ကဌအနေနှင့် ရှုယီထံ၌ အထူးအခွင့်အရေးတချို့ရှိသဖြင့် ကိုယ်ပိုင်တဲတစ်ခု ရနိုင်သည့် အဓိပ္ပာယ်ပင်။ သို့သော် ဤသည်က ရှုယီအနေနှင့် ဤသို့ စခန်းချခြင်း ပထမဆုံးအကြိမ်ဖြစ်ခြင်းကြောင့် သို့မဟုတ် အေးနေသောကြောင့်လည်း ဖြစ်နိုင်သည်၊ ရှုယီမှာ လှဲနေလိုက်သော်လည်း အိပ်မပျော်ပေ။ သူက လူးကာလှိမ့်ကာဖြင့်သာ ယနေ့ လမ်မာတီမြို့ပြင်ပ၌ ဖြစ်ခဲ့သည်ကို ပြန်လည်မစဉ်းစားဘဲ မနေနိုင်တော့ပေ။
လမ်မာတီမြို့ဂိတ်၌ ငြင်းဆန်ခံရခြင်းမှာ ရှုယီအတွက် လက်ခံနိုင်လောက်စရာမဟုတ်ပါသော်လည်း ၎င်း၏ အဓိကအရေးပါမှုကို ချိတ်ဆတ်ဖို့လိုသည်။
ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းက ဘုရင်မ ဆယ်ဗီနီကို ထောက်ပံ့နေခြင်းကြောင့် မင်းသားလေး အဲရစ်ကို ထောက်ခံသူများ၏ နယ်မြေတွင် ၎င်းတို့စီးပွားကို ထိခိုက်စေပါက ထိုမျှလောက် အဟန့်အတားကြီးမဖြစ်ခဲ့ဖူးချေ။
သို့သော် ဤတစ်ခေါက် Frestech ကုန်သည်ကြီးများအသင်း၏ ယာဉ်တန်းမှာ လမ်မာတီမြို့ထဲဝင်ရန် ရပ်တန့်သွားကာ မြို့ဂိတ်များကိုပင် မမြင်နိုင်လိုက်ပေ။ ၎င်းက လမ်မာတီမြို့၏ သဘောထားကို ဖော်ပြနေ၏။
ရှုယီ ယခု စိုးရိမ်သည်မှာ ထိုကိစ္စကို လမ်မာတီမြို့က ဆုံးဖြတ်ထားခြင်း သို့မဟုတ် မင်းသားလေး အဲရစ်ထံမှ လာခြင်းဖြစ်သည်လားဟုပင်။
အရှေ့တစ်ခုသာဆိုလျှင် အများဆုံး ၎င်းတို့အပေါ် များများစားစားလွှမ်းမိုးမှုမရှိသည့် လမ်မာတီမြို့ကို လက်လျှော့လိုက်ရုံသာ။
သို့သော် နောက်တစ်ခုသာဆိုပါက အခြေအနေက ပို၍ စိုးရိမ်ဖွယ်ပင်။
လမ်ပူရီတိုင်းပြည်၏ လက်ရှိ အတွင်းပိုင်းအခြေအနေအရ မင်းသားလေး အဲရစ်ကို ထောက်ခံသည့်ဘက်က အကြွင်းမဲ့ သာနေဆဲပင်။
မင်းသားလေး အဲရစ်ကို ထောက်ခံသည့် ဘက်မှာ ရှေးရိုးစွဲအဖွဲ့ဖြစ်ခြင်းကြောင့် တိုင်းပြည်တွင် လွှမ်းမိုးမှု အဝန်းအဝိုင်းတစ်ခုက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီဖြစ်သဖြင့် ဘုရင်မ ဆယ်ဗီနီထက်ပို၍ ထိရောက်မှုရှိနိုင်သည်။
မင်းသားလေး အဲရစ်သာ ဘုရင်မ ဆယ်ဗီနီနှင့် ယှဉ်ပြိုင်လိုကာ Frestech ကုန်သည်ကြီးများအသင်းကို အားကောင်းသည့် အတိုင်းအတာများသုံးလျက် ဆန့်ကျင်ပါလျှင် တိုင်းပြည်ရှိ မြို့ပေါင်း အနည်းဆုံး သုံးပုံတစ်ပုံ သို့မဟုတ် မြို့များ၏ ထက်ဝက်လောက်က လမ်မာတီမြို့ကဲ့သို့ အားကောင်းကောင်းနှင့် ဆန့်ကျင်လျက် Frestech ကုန်သည်ကြီးများအသင်းကို ငြင်းပယ်လာနိုင်သည်။
ထိုသို့သာဖြစ်လာလျှင် ရှုယီ၏ လမ်ပူရီတိုင်းပြည် Frestech ကုန်သည်ကြီးများအသင်းကို တိုးတက်စေမည့် အစီစဉ်နှင့် မှော်စက်မှုနယ်ပယ်ကြီးတစ်ခုလုံး အားကောင်းစွာ ရိုက်ခတ်ခံရနိုင်သည်။
ရှုယီမှာ ဘုရင်မ ဆယ်ဗီနီအား အမြဲလိုလို များစွာ ထောက်ပံ့ခဲ့သော်လည်း သူဟာ ဘုရင်မ ဆယ်ဗီနီ၏ မှော်စက်များကဲ့သို့ အသစ်အဆန်းမျိုးကို လက်ခံနိုင်မှုနှင့် လူများအပေါ် စဉ်းစားပုံ သဘောထားအမှန်ကို တန်ဖိုးထားရုံသာဖြစ်သော်လည်း အပြည့်အဝ မထောက်ပံ့ခဲ့ဖူးချေ။
ရှုယီအတွက် မှော်စက်မှုနယ်ပယ်တည်ထောင်ခြင်းနှင့် ယှဉ်ပါက ထီးနန်းအတွက်တိုက်ပွဲမှာ မထင်မရှားကိစ္စသာဖြစ်ခြင်းကြောင့် မင်းသားလေး အဲရစ်ထံ အန္တရာယ်ပြုလိုစိတ်မရှိခဲ့ပေ။ သူဟာ မင်းသားလေး အဲရစ်နှင့် ပူးပေါင်းရန် အခွင့်အရေးတစ်ခု ရှိလာမည်ဟုပင် တွေးထင်ခဲ့၏။
သို့သော် အချက်အလက်များက ရှုယီကို တိုင်းပြည်ရေးကိုရှောင်ရှားကာ စီးပွားလုပ်ရန်က ခက်ခဲပြီး ထီးနန်းတိုက်ပွဲက တိုင်းပြည်ရှိ အမြင့်ဆုံး တိုင်းပြည်ရေးဆိုင်ရာ အခက်အခဲဖြစ်သည်ဟု ပြောနေသည်။ ထိုသည်က သူစိတ်ကူးထားသည်ထက်ပင် ပိုမိုတိုက်ရိုက်ကျနေပြီး ညှိနှိုင်းစရာ လုံးဝမရှိပေ။
မင်းသားလေး အဲရစ် သို့မဟုတ် သူ့အားထောက်ပံ့သည့် လူများမှာ ရှုယီကို ရွေးချယ်မှုပြုလုပ်ရန် တွန်းအားပေးနေခဲ့ပြီးသားပင်။
သူ့အနေနှင့် ကြားနေသဘောထားဖြင့် ရှေ့ဆက်သင့်သည်လား သို့မဟုတ် ဘုရင်မဆယ်ဗီနီကို ပွင့်ပွင့်လင်းလင်းထောက်ပံ့သင့်လား?
သူထံ တွန်းအားပေးရွေးချယ်ရမည့်နေ့ရောက်လာမည်ကို စဉ်းစားရင်း ရှုယီမှာ မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်၏။
သူ့စိတ်ထဲ၌ ဘုရင်မ ဆယ်ဗီနီ၏ နွေးထွေးကြင်နာတတ်သောအပြုံးပေါ်လာသည်။ ရှုယီက တုံ့ဆိုင်းသော်လည်း ဘုရင်မ ဆယ်ဗီနီ၏ ဘက်သို့ ပို၍ပါသွားဆဲပင်။
ထိုအခိုက်၌ ရှုယီမှာ မြေပြင်မှ အနည်းငယ် တုန်ရီမှုကို ခံစားလိုက်ရသည်။
ခဏကြာပြီးနောက် စူးဝါးကာ သနားချင့်စဖွယ်အော်သံတစ်ခုက တောထဲမှ ထွက်လာကာ သူ၏ တဲထဲ ရောက်လာ၏။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၂၅။ မီးတောက်မှော်မြား
ရှုယီလည်း ခုန်တက်ကာ တဲမှ အမြန်ထွက်လိုက်၏။
အနောက်မြောက်ဘက်ရှိ တောရိုင်းထဲမှ မြင်းခွာသံများမှာ စခန်းကိုဖြတ်၍ ဝင်ရောက်လာပြီး အိပ်ပျော်နေပြီးသာ လူတိုင်းကို နိုးထစေလိုက်သည်။
ညဆိုင်းကင်းလှည့်နေသည့် အစောင့်များက ၎င်းတို့၏ နေ့စဉ်လေ့ကျင့်ရေးရလဒ်ကို ပြသလိုက်သည်။ ၎င်းတို့မှာ ချက်ချင်းတုံ့ပြန်၍ လက်နက်များတပ်ဆင်ကာ စခန်းပတ်လည်၌ ခံစစ်ကို ဖွဲ့စည်းလိုက်ကြ၏။
စခန်းမှ ဟာ့ထ်၏ အော်သံများထွက်လာသည်။ သူက ပြေးလာကာ ရှုယီကို အလေးပြုပြီးနောက် လေးနက်စွာဆိုလာ၏၊ "ဥက္ကဌ၊ ကျုပ်တို့ကို ချောင်းတိုက်ဖို့ ကြိုးစားနေတဲ့ ရန်သူတစ်ယောက်ရှိနေတယ်။"
ဟာ့ထ်၏ မျက်နှာထက်မှ တည်ငြိမ်နေဟန်ကိုမြင်သော် ရှုယီက ခေါင်းငြိမ့်လျက် ပြောလေ၏၊ "အကာအကွယ်အတွက် ခင်ဗျားပဲ ဂရုစိုက်လိုက်ပါ၊ ကျုပ် ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ကျုပ်ကို တစ်ခုခုလုပ်စေချင်ရင် ပြောလို့ရတယ်။"
ဟာ့ထ်က ရှုယီကို တအံ့တဩကြည့်လာသော်လည်း နောက်ဆုံးတွင် ဥက္ကဌမှာ အဆင့်မြင့် မှော်ပညာရှင်တစ်ဦးဖြစ်ကြောင်းသတိရသွားသည်။
အစောင့်များအတွက် အဆင့်မြင့်မှော်ပညာရှင်တစ်ဦးရှိပါလျှင် ၎င်းတို့၏ တိုက်ပွဲအင်အားကို များစွာ တိုးလာစေလိမ့်မည်။
သို့သော် ရှုယီ၏ ဥက္ကဌဟူသော နောက်ခံကြောင့် ဟာ့ထ်မှာ အမြဲတမ်း ရှုယီ၏ တိုက်ခိုက်မှုကို လျစ်လျူပြုခဲ့သဖြင့် ရှုယီ၏ မှော်ပညာရှင်တစ်ယောက် အထောက်အထားကို မေ့သွားစေခဲ့သည်။
အတန်ငယ်တုံ့ဆိုင်းနေပြီးနောက် ဟာ့ထ်က လေးနက်ဟန်ဖြင့် ပြောလာသည်၊ "ဒီလိုဆိုမှတော့ ဥက္ကဌ၊ ဘယ်အချိန်မဆို ကျုပ်တို့ထဲ ဝင်တိုက်နိုင်ဖို့ မျှော်လင့်ပါတယ်။"
ဟာ့ထ်မှာ ပြောပြီးနောက် ထွက်သွားသည်ကိုကြည့်ရင်း ရှုယီက အသာမျက်မှောင်ကုပ်လေသည်။
ဟာ့ထ်က သူ ပါဝင်မည်ကို မငြင်းဆန်သည်မှာ အခြေအနေက မကောင်း ဟူသည့် အဓိပ္ပာယ်ပင်။
"ဥက္ကဌ၊ ကျုပ်တို့ကို ခြုံခိုတိုက်နေတဲ့ ရန်သူတွေရှိနေတာလား?" ကမ်ဘီ၏အသံက ရှုယီနောက်မှ ထွက်လာကာ၊ "ဘယ်သူက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ဝံ့တာလဲ? သေခြင်းတရားကို တောင့်တနေကြတာလား?"
ရှုယီလည်း လှည့်ကြည့်လိုက်ရာ ကမ်ဘီနှင့် လူပုလေးများက ပူပန်နေဟန် လုံးဝမရှိဘဲ အတော်လေးစိတ်လှုပ်ရှားဟန်သာ ပေါ်နေ၏။ သူလည်း ၎င်းကြောင့် မပြုံးမိဘဲ မနေနိုင်တော့ချေ။
ထိုလုပုလေးများမှာ စိုင်စ်နယ်မြေကြီး၏ အခြားမျိုးနွယ်များထံမှ 'တိုက်ပွဲမျိုးနွယ်စု'ဟုခေါ်ခံရရန် အမှန်တကယ်ထိုက်တန်လှသည်။
သို့သော် ဤလူပုလေးများက မှော်စက်ဖွံ့ဖြိုးရေးဌာန၏ မှော်စက်မှုအင်ဂျင်နီယာများဖြစ်ကြရာ ၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်း၏ ရတနာများဟု သတ်မှတ်၍ရနိုင်၏။ ရှုယီမှာ ၎င်းတို့က အင်မတန်သန်မာလှသည်ဟု ယုံကြည်ပါလျှင်တောင် တိုက်ပွဲကွင်းပြင်ထဲဝင်ရောက်ကာ စွန့်စားခိုင်းဖို့ မရဲပါချေ။
ခဏမျှစဉ်းစားပြီးနောက် ရှုယီက တက်ကြွနေသည့် ကမ်ဘီနှင့် အခြားသူများကို တားလိုက်၏။ သူက ၎င်းတို့ကို မတိုက်ခိုက်နိုင်သည့် အခြားဝန်ထမ်းများနှင့်အတူ စခန်းထဲ၌သာ နေစေပြီးနောက် စခန်းထဲမှ ထွက်လာလိုက်သည်။
၎င်းတို့မှာ စခန်းချချိန်၌ အလောတလျင် လုပ်ခဲ့ပါသော်လည်း ဟာ့ထ်နှင့် အခြား အစောင့်များမှာ ပတ်ပတ်လည်တွင် အကာအရံလေးတစ်ခု ဖွဲ့စည်းရန် မှော်ကားများကို အသုံးပြုထားကြ၏။ လက်ရှိတွင် ၎င်းတို့က ဤအကြမ်းဆန်သည့်ခံတပ်နောက်၌ စုဝေးကာ မြင်းခွာသံများလာရာဘက်ကို အာရုံစိုက်ထားကြသည်။
"အခြေအနေကဘယ်လိုလဲ?" ရှုယီ ရောက်လာကာ အသံလာရာဘက်ကို အာရုံစိုက်လိုက်သော်လည်း မှောင်မိုက်နေသဖြင့် မည်သည်ကိုမျှ မမြင်နိုင်ပေ။
"အခြေအနေက အရမ်းတော့မကောင်းဘူး။" အစောကနှင့်ယှဉ်လျှင် ဟာ့ထ်၏ လက်ရှိ အမူအရာက ပို၍ပင် လေးနက်နေ၏၊ "အဲ့ဘက်ကို ကျုပ်ပို့လိုက်တဲ့ အစောင့်သုံးယောက် ပြန်မလာကြသေးဘူး၊ အခြေအနေက ပိုဆိုးလာတယ်လို့ပဲ ပြောနိုင်တယ်။ မြင်းခွာသံတွေကို သုံးသပ်ရရင် ကျုပ်တို့ကို တိုက်ခိုက်မယ့် မြင်းစီးသူ အနည်းဆုံး နှစ်ရာလောက်ရှိတယ်။"
"အယောက်နှစ်ရာ?" ရှုယီက မျက်ခုံးများ တွန့်ချိုးလျက်၊ "ဒီလောက် များတယ်ဆိုတော့ သေချာပေါက် တောပုန်းဓားပြတွေ မဟုတ်လောက်ဘူး။"
ဟာ့ထ်က ခေါင်းငြိမ့်သည်။ သူက ရှုယီကိုကြည့်ကာ ပြောရန် တုံ့ဆိုင်းနေ၏။
ရှုယီလည်း ပခုံးပုတ်ပေးလိုက်ကာ၊ "နောက်မှ ပြောကြတာပေါ့။ အရင်ဆုံး ဒါကိုရင်ဆိုင်ရမယ်၊ မဟုတ်ရင် ကျုပ်တို့ ရှင်ကျန်နိုင်သည်ဖြစ်စေ မရှင်ကျန်နိုင်သည်ဖြစ်စေ ပြဿနာဖြစ်လာမှာပဲ။"
"ဟုတ်ကဲ့"
ဟာ့ထ်က ခပ်လေးလေး ခေါင်းငြိမ့်၏။ သူက စခန်းအနီးရှိ သစ်ပင်များကိုကြည့်ကာ အော်လိုက်သည်၊ "အီဆော့, အခြေအနေဘယ်လိုလဲ?"
သစ်ရွက်များ၏ ချိုးချိုးချွတ်ချွတ်အသံဖြင့် နတ်သူငယ်အစောင့်တစ်ဦး ခုန်ဆင်းလာကာ ရှုယီထံ ခေါင်းငြိမ့်ပြလာသော်လည်း အမူအရာက အတော်လေးနက်နေသည်။
"သူတို့တွေ မီတာလေးရာအတွင်းမှာပါ။"
"အရမ်းကောင်းတယ်၊ သူတို့က ငါတို့ရဲ့ ပစ်ကွင်းနယ်နိမိတ်ထဲမှာပဲ။ သူတို့ကို ကြိုဆိုနေဖို့ မလိုဘူး၊ အားလုံးပဲ လေး'တွေကို ပြင်ထားကြ!"
ဟာ့ထ်က အမိန့်ပေးလိုက်ရာ အစောင့်အားလုံးက ၎င်းတို့၏ မှော်ထပ်ဆင့်လေးများကို ထိလိုက်ကြသည်။
"ပစ်!"
ဟာ့ထ်၏ ညာလက်က လေးလံစွာ ကျဆင်းလာပြီး လေကိုခွင်းသွားသည့် မြားတို့၏ အသံကလည်း ရှုယီနားထဲ မြည်နေကြသည်။
တစ်အောင့်ကြာပြီးနောက် မရေတွက်နိုင်သော မြားများက ညအမှောင်ထုထဲ ပြည့်နှက်သွားကာ လူသားများနှင့် မြင်းများ မြေပေါ် ပြုတ်ကျသလို ဝမ်းနည်းဖွယ်မြည်တမ်းသံများ ထွက်လာသည်။
ရှုယီက နှစ်အစပိုင်းတွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များထံ မှော်ထပ်ဆင့်လေးများ ထောက်ပံ့ပေးခဲ့ပြီး အသစ်အဆင့်မြှင့်ထားပြီးသား မှော်ထပ်ဆင့်လေးကို သုံးခဲ့သည်။ ၎င်း၏ ပစ်လွှတ်နှုန်းက များစွာ ပိုမိုမြန်ဆန်ရုံသာမက သိုလှောင်ထားသည့် မြားအရေအတွက်ပိုများသဖြင့် ယခင် မှော်ထပ်ဆင့်လေးများနှင့်ယှဉ်ပါက မြား ၃၀ရာခိုင်နှုန်း ပိုပစ်နိုင်၏။
ယခုတွင် အစောင့် လေးဆယ်သာရှိသော်လည်း တစ်ဦးစီက မှော်ထပ်ဆင့်လေးတစ်စင်းစီ ကိုင်ဆောင်ထားလေရာ တော်ဝင်စစ်တပ်ရှိ မြားပစ်သမား အယောက်ငါးရာထက်ပင် မြန်မြန်ပစ်နိုင်၏။
အဆက်မပြတ်သည့်မြားများက အမှောင်ထုထဲ၌ ပြည့်နှက်သွားကာ လူနှင့် မြင်းတို့ အော်သံများထွက်လာကြသဖြင့် ရန်သူများမှာ အပြင်းအထန်ဒဏ်ရာရသွားသည်မှာ ရှင်းလင်းပါ၏။
ထိုသို့ဆက်ဖြစ်နေလျှင် ရန်သူများမှာ စခန်းဆီပင် မရောက်နိုင်လောက်ဟု ရှုယီစဉ်းစားနေချိန်တွင် အရှေ့ဘက် အမှောင်ထုမှ အပြာရောင်အလင်းဖျော့ဖျော့တစ်ခု ထွက်လာကာ တောအုပ်ထဲ၌ စက်ဝိုင်းခြမ်းတစ်ခု ဖန်တီးလိုက်သည်။
"အပြာရင့် အကာအရံ?"
ထိုအပြာရောင်အလင်း အကာအရံကိုမြင်သော် ရှုယီမှာ အံ့ဩသွားသည်။
ဤအပြာရောင်အလင်းအကာအရံမှာ အဌမအဆင့် ရေစွမ်းအားမန္တာန် အပြာရင့်အကာအရံဖြစ်သည်!
ထိုသည်မှာ ၎င်းတို့ကို တိုက်ခိုက်နေသည့် ရန်သူများထံ၌ အဌမအဆင့်မန္တာန်များကို အသုံးပြုနိုင်သည့် အဆင့်မြင့်မှော်ပညာရှင်တစ်ဦးရှိသည်ဟူသော အဓိပ္ပာယ်ပင်။
မြားမိုးက ၎င်းအပြာရောင်အလင်း အကာအရံ၌ ရပ်တန့်နေသည်မှာ တံတိုင်းတစ်ခုက ရေများကို ထိန်းသိမ်းထားသလိုဖြစ်နေကာ အကာအရံပေါ်၌ လှိုင်းဂယက်လေးများသာထစေနိုင်သော်လည်း လုံးဝမဖောက်ထွင်းနိုင်ဘဲ အကာအရံအပြင်ဘက်၌ ကျဆင်းကုန်သည်။
ထိုမြင်ကွင်းကြောင့် ဟာ့ထ်၏ မျက်နှာမှာ မှောင်မိုက်သွားတော့သည်။ သူက ရှုယီဘက်လှည့်ကာ အနည်းငယ်တုံ့ဆိုင်းနေပြီး ပြောလာသည်၊ "ဥက္ကဌ ကြည့်ရတာ ကျုပ်တို့ ဥက္ကဌကို လှုပ်ရှားခိုင်းဖို့ လိုနေပြီ။"
ရှုယီက အလင်းအကာအရံအောက်၌ ပေါ်လာသော ရန်သူမြင်းတပ်ကြည့်လိုက်သော် ရှင်ကျန်နေသည့် မြင်းစီးသူ အယောက်တစ်ရာကျော် ကျန်နေသေးသည်ကိုတွေ့လိုက်ရသဖြင့် ချက်ချင်း မျက်မှောင်ကုပ်မိလေသည်။
ဤသို့သော မြင်းတပ်ကြီးတစ်ခုမှာ သေချာပေါက် သာမန် တောပုန်းဓားပြများမဟုတ်ဘဲ စစ်တပ်တစ်ခုနှင့် ပိုတူသည်။
၎င်းတို့၏ လက်နက်ကိရိယာအပြည့်အစုံနှင့် ဆင်တူသောလှုပ်ရှားမှုများကို သုံးသပ်ရပါလျှင်တောင် စည်းလုံးညီညွတ်မှု လေ့ကျင့်ရေးဆင်းခဲ့ရဟန်ပေါ်၏။ ပုံမှန်မြို့စောင့်များသည်ပင် ၎င်းတို့ကို မယှဉ်နိုင်ချေ။
ထိုလူများက မည်သည့်နေရာမှရောက်လာသနည်း? အဘယ့်ကြောင့် ညအချိန်၌ Frestech ကုန်သည်ကြီးများအသင်း၏ ယာဉ်တန်းကို ရုတ်တရတ် ခြုံခိုတိုက်ခိုက်ရသနည်း?
သို့ရာတွင် ယခုက ၎င်းကို စဉ်းစားရမည့် အချိန်မဟုတ်ပေ။ ဟာ့ထ်၏ တောင်းဆိုချက်ကိုကြားသော် ရှုယီက ခေါင်းခါကာ၊ "အခုက ကျုပ် လှုပ်ရှားဖို့ အချိန်ကောင်း မဟုတ်သေးဘူး။ ဟာ့ထ်, မှော်မြားသေတ္တာတွေကို ပြောင်းသုံးလိုက်ပါ။"
ဟာ့ထ်၏ မျက်လုံးများ ပြူးလာကာ၊ "မဖြစ်နိုင်ဘူး မို့လား? ဥက္ကဌ၊ ကျုပ်တို့ တကယ်ပဲ သုံးရမှာလား?"
"အဓိပ္ပာယ်မရှိတာ၊ အခုမသုံးရင် ဒါတွေကို ကျုပ်တို့ ကလေးတွေအတွက် ချန်ထားခဲ့ရမှာလား?" ရှုယီက ငြင်းဆန်လိုက်၏။
ဟာ့ထ်က တံတွေးများစွာကို ခက်ခက်ခဲခဲမြိုချပြီးနောက် ပတ်ပတ်လည်ရှိ အစောင့်များထံ လက်သင်္ကေတတစ်ခု ပြလိုက်သည်။
အစောင့်များက မယုံကြည်နိုင်ဟန်ဖြင့် တစ်ဦးကို တစ်ဦး ကြည့်လာကြ၏။ တုံ့ဆိုင်းနေပြီးနောက်တွင် ၎င်းတို့၏ မှော်ထပ်ဆင့်လေးများရှိ မြားသေတ္တာများကို အင်မတန် ထူးကဲဟန်ရှိသည့် မြားသေတ္တာတစ်ခုအဖြစ်ပြောင်းလိုက်သည်။
အစောင့်များအားလုံးပြောင်းလိုက်ပြီးသည်ကိုမြင်သော် ဟာ့ထ်က ရှုယီကို ခက်ခဲနေဟန်ဖြင့် ကြည့်လာ၏။
"ဥက္ကဌ၊ ကျုပ်တို့တကယ်သုံးရမှာလား?"
"စကားတွေ ထပ်မဖြုန်းနဲ့တော့၊ ရန်သူတွေက ဒီလောက်နီးလာနေတာကို မမြင်ဘူးလား?" ရှုယီက အပြာရင့်အကာအရံအောက်၌ နှေးသွားသည့် မြင်းတပ်ကို ညွှန်ပြလိုက်သည်။
"ကောင်းပါပြီ...."
ဟာ့ထ်က သိပ်မဝေးတော့သည့် ရန်သူများကိုကြည့်လျက် အသက်ပြင်းပြင်းရှူကာ အော်လေသည်၊ "ပစ်!"
၎င်းက ကောင်းကင်ယံနှင့် မြားမြောက်များစွာဖြင့် ပြည့်နေခြင်းနှင့် ကွဲပြားသည်။ ပစ်လွှတ်လိုက်သည့် မြားများမှာ နားမခံသာအောင်ဖြစ်နေသော်လည်း များစွာပိုမို ချောမွေ့ပြီး ရုတ်တရတ်ပိုမို သိမ်မွေ့လာသယောင်ပင်။
ထို့အပြင် ထိုမြားများ ကောင်းကင်ယံကို ခွင်းသွားချိန်တွင် နောက်၌ အနီရောင်မျဉ်းများကျန်နေခဲ့သည့်မှာ မြားတစ်စင်းစီ၏ နောက်ရှိ အမြီးများလိုပင်။
မှော်ထပ်ဆင့်လေးများက ကောင်းကင်ထဲသို့ မရေတွက်နိုင်သောမြားများကို ဆက်လက်ပစ်လွှတ်နေရာ ကောင်းကင်တစ်ခွင်လုံး၌ မီးနီနီမျဉ်းများက မရေတွက်နိုင်အောင် ပြည့်လျှမ်းသွားသည်။
"ဟုန်း!"
ပထမမြားက အပြာရောင်အလင်းအကာအရံကို ထိခတ်လိုက်ချိန်တွင် အခြားမြားများကဲ့သို့ ခုန်မထွက်သွားဘဲ တိုက်ရိုက် ပေါက်ကွဲသွားသည်။
အနီလင်း၏ တောက်ပမှုနှင့် နားကန်းလောက်သည့် ပေါက်ကွဲသံက တောရိုင်းထဲ၌ ထွက်ပေါ်လာသည်။
"ဟုန်း ဟုန်း ဟုန်း ဟုန်း ဟုန်း ဟုန်း....."
ပထမမြားနောက်မှလိုက်ကာ မရေတွက်နိုင်လောက်သော မြားများက အလင်းအကာအရံကို ထိခတ်လာကြပြီး မရေတွက်နိုင်သော အားကောင်းသည့် ပေါက်ကွဲမှုများကို ဖန်တီးလိုက်၏။
အပြာရောင်အခင်းအကာအရံက မရေတွက်နိုင်သော ပေါက်ကွဲမှုများအောက်၌ ဂယက်ထလျက် မှိန်လာသည်မှာ အလင်းအကာအရံအနေနှင့် များစွာ ပိုမို မတည်ငြိမ်ဖြစ်လာပုံရပြီး မည်သည့်အခိုက်အတန့်၌မဆို ပျောက်ကွယ်သွားတော့မလိုပင်။
သို့သော် တစ်ခဏအကြာ၌ အလင်းအကာအရံက ပြန်လည်တည်ငြိမ်သွားသည်။ ၎င်းက ပို၍ပင် တောက်ပလာကာ မြင်းတပ်ကို တစ်ဖန်ကာရံထားလေ၏။
"အင်း၊ ဒီလူက အတော်သန်မာတာပဲ။" ရှုယီက အေးစက်စက်ရယ်လျက် ဟာ့ထ်ကို ပြောလေသည်၊ "ဆက်ပစ်နေလိုက်ပါ၊ သူဘယ်လောက်ခံနိုင်မလဲ ကြည့်ချင်တယ်။"
ဟာ့ထ်က ခါးသက်သက်ရယ်ကာ၊ "ဥက္ကဌ၊ ဘာလို့လဲ? အရင်တစ်ခေါက်က မီးတောက်မှော်မြားတစ်စင်းကို ငွေဒင်္ဂါးသုံးဆယ်ကျတယ်လို့ ပြောခဲ့တယ်မဟုတ်လား၊ ဒါတွေကို ဒီလို ဖောဖောသီသီသုံးခိုင်းတာကျတော့? ဒါပေမယ့် ကျုပ်တို့ မီးတောက်မှော်မြားသေတ္တာ အလုံးလေးဆယ်ကျော်သုံးပြီးပြီဆိုတော့ မီးတောက်မှော်မြား အစင်းရှစ်ရာနီးနီးပဲ။ စုစုပေါင်း ကုန်ကျစရိတ်က..... ရွှေဒင်္ဂါး နှစ်ရာ့လေးဆယ်ပတ်လည်လောက်ရှိတယ်!"
"အိုး၊ ဒါကို မြားတယ်လို့ သတ်မှတ်လို့မရဘူး။ ခင်ဗျားသာ မှော်ပညာရှင်တစ်ယောက်ကို ရွှေဒင်္ဂါးနှစ်ရာတည်းနဲ့ တိုက်ခိုက်နိုင်လိုက်ရင် ဒါကို အတော်ဈေးချိုတယ်လို့ ကျုပ်ထင်တယ်။" ရှုယီက ဂရုမစိုက်ဟန်ဖြင့် ပြောသည်၊ "ဟုတ်ပြီ၊ ပြောနေတာရပ်ပြီး ဆက်ပစ်နေလိုက်ပါ။ ခင်ဗျားက အဲဒီကောင်တွေကို စခန်းထဲ ဝင်လာစေချင်လို့လား? မမေ့နဲ့၊ စခန်းထဲက ပစ္စည်းတွေက ပိုပြီး ဈေးကြီးတယ်။ သူတို့သာ စခန်းထဲ ကျူးကျော်လာရင် ကုန်ကျစရိတ်က ရွှေဒင်္ဂါးနှစ်ရာ့လေးဆယ်ရဲ့ ဆယ်ဆကျော်သွားမယ်။"
"ဒါပေမယ့် ဥက္ကဌ၊ ခင်ဗျားကိုယ်တိုင် လှုပ်ရှားပြီး အဲဒီ့မှော်ပညာရှင်ကို တိုက်ခိုက်လိုက်ရင် ကျုပ်တို့အနေနဲ့ မြင်းတပ်ကို ရင်ဆိုင်ဖို့ ပြဿနာရှိမှာမဟုတ်ဘူး။ ဘာလို့ ဒီလောက် ငွေတွေအများကြီး ဖြုန်းတီးဖို့လိုမှာလဲ?"
"ပထမဆုံး၊ ကျုပ် လှုပ်ရှားမှုမလုပ်နိုင်တော့ လှုပ်ရှားမှာ မဟုတ်ဘူး။ ငွေနဲ့ ပြဿနာကို ဖြေရှင်းနိုင်နေတာပဲ၊ ဘာလို့ ကျုပ်ကိုယ်တိုင်လုပ်ရမှာလဲ?" ရှုယီက မီတာတစ်ရာသာ ဝေးတော့သည့် မြင်းတပ်ကိုကြည့်ရင်း အေးစက်စက်ရယ်ကာ ပြောလေသည်၊ "ဒုတိယ၊ ဒါက လူတချို့ကို သတိပေးဖို့ပဲ။ ကျုပ်အနေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စွမ်းအားက သူတို့ စိတ်ကူးထက် ကျော်လွန်နေတာကို ပြောပြချင်တယ်။"
ဟာ့ထ်က မျက်မှောင်ကုပ်ကာ၊ "ဥက္ကဌ၊ ကျုပ်တို့ ဒီကိစ္စကို လျှို့ဝှက်မထားသင့်ဘူးလား?"
ရှုယီက ရယ်လျက်၊ "ခင်ဗျား နားမလည်ပါဘူး။ ဒီလိုဖြစ်လာရင်တောင် ကြော်ငြာဖို့ကလည်း လိုသေးတယ်လေ။" XD
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၂၆။ ငါက အရမ်းနုံအနေတုန်းပဲ
Frestech ကုန်သည်ကြီးများအသင်း၏ အသစ်ထုတ်ထားသော မီးတောက်မှော်မြား တစ်ချောင်းချင်းစီက ပစ်လိုက်တိုင်း မြားထဲ၌ ရေးဆွဲထားသည့် အသေးစားပစ်လွှတ်ခြင်းအစီအရင်ကို တတိယအဆင့်မီးမန္တာန်၏ စွမ်းအားနှင့်အတူ အသက်သွင်းလိုက်သည်။
အဌမအဆင့် အပြာရင့်အကာအရံနှင့် ယှဉ်လျှင် တတိယအဆင့်မီးမန္တာန်မှာ ထိုမျှ မသန်မာသလို တတိယအဆင့်မန္တာန်တစ်ခုက အပြာရင့်အကာအရံတစ်ခုကို မည်သို့မျှ မထိခိုက်စေနိုင်သော်လည်း တတိယအဆင့်မီးမန္တာန် တစ်ဆယ်၊ တစ်ရာ သို့မဟုတ် အခုတစ်ထောင် အတူစုစည်းလိုက်သည်တွင် လုံးဝကွဲပြားသွားသည်။
ရှုယီ၏အမိန့်နှင့်အတူ ဟာ့ထ်နှင့် အခြားအစောင့်တို့မှာ မှော်ထပ်ဆင့်လေးများကို မီးတောက်မှော်မြားများဖြင့် ဆက်ဖြည့်နေကြ၏။ ညကောင်းကင်ယံ၌ လုံးဝရပ်တန့်မည့်ပုံမပေါ်သည့် အနီရောင်အမြှီးများဖြင့် သိပ်သည်းစွာ ပြည့်နှက်နေသည်။
အဆုံးမရှိသော မီးတောက်မှော်မြားများမှာ အပြာရင့်အကာအရံထဲဆီတိုးဝင်လျက် တစ်ပြိုင်နက်တည်း ပေါက်ကွဲမှုပမာဏများစွာကို ထုတ်ဖော်နေသည်။ မှော်အလင်း အပြာရောင်နှင့် ရောယှက်သွားသည့်အခါ ၎င်းက ညအမှောင်ကို ထွန်းလင်းစေသည့် မီးပန်းများနှင့် တူနေ၏။
မှော်ပညာရှင်က ပထမတွင် အကာအရံကို ထိန်းသိမ်းရန် သူ၏ စွမ်းအားကြီးမှော်ပညာကို သုံးနိုင်သော်လည်း မှော်ပညာရှင်တစ်ဦး၏ မှော်ပညာက အကန့်အသတ်ရှိ၏။ ဤမှော်ပညာရှင်က သန်မာပါလျှင်တောင် သူ့အနေနှင့် မီးတောက်မှော်မြားများ၏ အဆက်မပြတ် ပစ်ခတ်မှုကို မတောင့်ခံနိုင်ပေ။
အပြာရင့်အကာအရံမှာ မြားမိုးအောက်၌ မှိန်ကျမသွားခင် မိနစ်ဝက်အောက်သာ ကြာလိုက်ပြီး ထပ်မံ၍ ထိန်းမထားနိုင်တော့ပေ။
ထို့အပြင် ဤမြားမိုး၏ စွမ်းအားကြောင့် မြင်းတပ်မှာ အကာအရံအောက်၌သာ ချီတက်ဝံ့သည်။ ၎င်းတို့မှာ အင်မတန်နှေးကွေးလာကာ မိနစ်ဝက်အောက်၌ ရှေ့သို့ မီတာငါးဆယ်ခန့်သာ တိုးနိုင်လိုက်ပြီး စခန်းနံဘေးကိုပင် မလာနိုင်တော့ပေ။
ထိုအခိုက်တွင် အပြာရင့်အကာအရံက မီးတောက်မှော်မြားတို့၏ ပစ်ခတ်မှုအောက်၌ စတင်ပြိုကွဲလာတော့သည်။
ရှုယီက အေးစက်စက် နှာမှုတ်ကာ ရုတ်တရတ် ရှေ့သို့ လက်ယမ်းပြလိုက်သည်။
"ချီလာ" ( T/N : မှော် မန္တာန်ကို ရွတ်လိုက်တာဖြစ်နိုင်ပါတယ်)
ရှုယီရှေ့၌ ပြင်းထန်လှသော လျှပ်စီးကြောင်းတစ်ခုပေါ်ထွက်လာကာ ညကောင်းကင်ယံကို ဖြတ်သန်းလျက် အကာအရံကို ရိုက်ခတ်လိုက်သည်။
အကာအရံက တုန်ရီသွားပြီးနောက် အပြာရင့်ရောင်အလင်းအဖြစ် ပြိုကွဲလျက် အရိပ်ယောင်ပင် မရှိ ပျောက်ကွယ်သွားသည်။
လျှပ်စီးကြောင်းက အကာအရံကို ရိုက်ခတ်လိုက်ပြီးနောက်တွင် မြင်းတပ်ပေါ်သို့ ကျရောက်လာကာ မျက်စိကျိန်းလောက်သည့် အဖြူအလင်းကို ထုတ်ဖော်လိုက်သည်။
အလင်းအကာအရံအောက်၌ ပုံစံတကျရှိနေခဲ့သော မြင်းတပ်သား တစ်ရာကို လျှပ်စီးကြောင်းက လမ်းကြောင်း သတ်မှတ်ပေးလိုက်တော့သည်။
အသံကျယ်ကြီးနှင့်အတူ ကျန်ရှိနေသော မြင်းတပ်က ပြန်လှည့်၍ အဘက်ဘက်သို့ လွတ်မြောက်ရန် ပြင်လိုက်ကြသည်။
၎င်းကိုမြင်သော် ရှုယီက အေးစက်စက်နှာမှုတ်ကာ ဟာ့ထ်ကို အမိန့်တစ်ခု ပေးလာ၏၊ "နည်းနည်းလောက် အရှင်ဖမ်းထားပြီး ကျန်တဲ့လူတွေကို ထွက်သွားခွင့်မပေးနဲ့။"
"ကောင်းပါပြီ"
ဟာ့ထ်လည်း အမိန့်ပေးလိုက်ရာ အစောင့်များက သာမန်မြားများအဖြစ်ပြန်ပြောင်း၍ နောက်ထပ် မြားမုန်တိုင်းတစ်ခု ဖန်တီးလိုက်၏။ ကျန်ရှိနေသည့် မြင်းတပ်သားတချို့မှာ ရိတ်သိမ်းခံလိုက်ရသည့် ဆန်စပါးများနှယ် လဲကျကုန်သည်။
ဤတစ်ခေါက်တွင် အစောင့်အဖြစ်လိုက်လာကြသည့် နတ်သူငယ်ဆယ်ဦးက ညအမှောင်ကို ဖြတ်၍ လှုပ်ရှားလိုက်ကြသည်။ ဟာ့ထ်က အစောင့်များကို မှော်ထပ်ဆင့်လေးများပြန်သိမ်းဖို့ အမိန့်ပေးလိုက်ကတည်းက ၎င်းတို့လည်း ဓားမြှောင်များဆွဲထုတ်လျက် ရှေ့သို့ ပြေးသွားကြသည်။
နတ်သူငယ်ဆယ်ဦးက အမှောင်ထဲသို့ ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ဟာ့ထ်နှင့် ကျန်လူများက တိုက်ပွဲကွင်းကို ထိန်းချုပ်လိုက်သည်။ ရှုယီလည်း ခေါင်းတစ်ချက်ငြိမ့်ပြလျက် စခန်းဆီ ပြန်လှည့်သွား၏။
စခန်းထဲရှိ လူများအားလုံး နိုးနေကာ အလယ်၌ စုစည်းလျက် ၎င်းကို ဆွေးနွေးနေကြသည်။
ကွာခြားချက်မှာ လူပုလေးများက စိတ်လှုပ်ရှားဟန်ရှိနေကာ လူတချို့ကလည်း စိတ်လှုပ်ရှားနေပြီး ရင်ထိတ်နေသူအနည်းငယ်လည်း ရှိကာ အနည်းစုက ကြောက်ရွံ့နေကြ၏။
ရှုယီ ပြန်လာသည်ကိုမြင်သော် အဖွဲ့အားလုံး သူ့ဘေးနားသို့ ဝိုင်းလာကြသည်။
"ဥက္ကဌ ဘယ်လိုလဲ?"
"ဥက္ကဌ၊ အခြေအနေက ပြင်းလား? ကျုပ်တို့ရော တိုက်ခိုက်ဖို့ လိုသေးလား?"
"ငါပြောမယ်၊ မေးဖို့လိုသေးလို့လား? ဥက္ကဌ ပြုံးနေတာ မတွေ့ဘူးလား၊ သေချာပေါက် ဘာမှမဟုတ်ဘူးပေါ့။ ဟုတ်တယ်မလား ဥက္ကဌ?"
"ဥက္ကဌ....."
.....
ရှုယီမှာ အသာပြုံးလျက် လက်ယမ်းကာ ပြောလာသည်၊ "ဟုတ်ပါပြီ၊ ရန်သူတွေကို ရှင်းလိုက်ပြီးပြီ၊ စိတ်ပူဖို့မလိုတော့ဘူး၊ အားလုံး သွားနားလို့ရပါပြီ။ ကျုပ်တို့ မနက်ဖြန် မနက်ထွက်မှာဆိုတော့ နားဖို့ အချိန်ယူလိုက်ကြပါဦး။"
"သူတို့ကို ရှင်းလိုက်ပြီလား? အရမ်းမမြန်ဘူးလား?" လူတိုင်း အံ့ဩနေကြ၏။
သို့သော်လည်း ရှုယီက ရှင်းပြဖို့ မစီစဉ်ထားသည်ကိုမြင်သော် လူတိုင်းက တစ်ယောက်နှင့် တစ်ယောက် စကားအနည်းငယ်ပြောပြီး တဲထဲ ပြန်သွားလိုက်ကြသည်။
၎င်းတို့ နားမည် မနားမည်ကိုတော့ ရှုယီလည်း ဂရုမစိုက်ချေ။
သူက သူ့တဲဆီ ပြန်သွားကာ အတန်ကြာ စိတ်ရှည်ရှည်စောင့်ဆိုင်းနေပြီးနောက် အပြင်ဘက်မှ ခြေသံများထွက်လာကာ ဟာ့ထ်က အသံတိုးတိုးဖြင့် ဆိုလာသည်။
"ဥက္ကဌ၊ တိုက်ပွဲကွင်းပြင်ကို ရှင်းပြီးပါပြီ"
ရှုယီလည်း တဲကို ဖွင့်၍ ထွက်လာသော် ဟာ့ထ်နှင့် အီဆော့တို့က သွေးများဖြင့်လွှမ်းနေသည်ကို မြင်လိုက်ရသည်။
"ဥက္ကဌ၊ အီဆော့နဲ့ ကျန်တဲ့လူတွေ လူသုံးယောက်ဖမ်းမိပါတယ်၊ သူတို့ကို ဘယ်လိုလုပ်ချင်လဲ?" ဟာ့ထ်က မေး၏။
"သူတို့ကို သင့်တော်သလိုစစ်မေးပြီး ဘယ်သူလွှတ်လိုက်သလဲ စုံစမ်းလိုက်။" ရှုယီက အမိန့်ပေးပြီးနောက် သွေးများပေကျံနေသည့် ဟာ့ထ်နှင့် အီဆော့ကို မေးလာသည်၊ "ဒီတစ်ခေါက် ကျုပ်တို့ ဘာတွေဆုံးရှုံးခဲ့လဲ?"
"ကင်းသမား ညီနောင်သုံးယောက်ကတော့ သေသွားပါတယ်၊ ဒါပေမယ့် တခြားဆုံးရှုံးမှုတော့ မရှိပါဘူး။" ဟာ့ထ်က ဖြေလာသည်။
ရှုယီ မျက်နှာထက်၌ စိတ်ဓာတ်ကျဟန်ပေါ်လာ၏။
ဤအစောင့်အဖွဲ့ကို ဖွဲ့စည်းချိန်က ရှုယီမှာ ဤနေ့မျိုးကို မျှော်လင့်ခဲ့သော်လည်း အစောင့်တစ်ယောက်လောက် သေသွားသည်ကို ရင်ဆိုင်ရသော် မနေနိုင်ဘဲ စိတ်ထဲ သက်ပြင်းချမိရသည်။
ဤနယ်မြေကြီးက ကမ္ဘာမြေနှင့် ယှဉ်လျှင် ငြိမ်းချမ်းကာ တည်ငြိမ်သည့် နေရာတစ်ခုဖြစ်ရန် များစွာ လိုအပ်နေသည်။
အကျဉ်းသားများကို စစ်မေးရန် ဟာ့ထ်နှင့် အီဆော့တို့ကို လက်ပြကာ ရှုယီမှာ သူ့တဲကို လှည့်ကြည့်လိုက်၏။ သူ့အနေနှင့် လုံးဝ မအိပ်ချင်နေသည်ကို သိသဖြင့် စဉ်းစားပြီးနောက် စခန်းအလယ်ရှိ မီးပုံ၌ တင်ပလ္လင်ခွေကာ ထိုင်လိုက်သည်။
ထင်းမီးပုံမှ အဘက်ဘက်သို့ မီးပွားလေးများလွင့်စင်နေသည်ကို ကြည့်ရင်း ရှုယီမှာ သူ၏ နှလုံးသားမှာ ဆက်လက်လောင်ကျွမ်းနေသည့် မီးစာတစ်ခုနှယ် ခံစားနေရ၏။
ယနေ့ည၏ ခြုံခိုတိုက်ခိုက်မှုက အပြင်ပန်း၌ အနည်းငယ် တည်ငြိမ်နေဟန်ရှိကာ ၎င်းတို့ထံ ခြိမ်းခြောက်မှု မဖြစ်ပုံပေါ်သော်လည်း တစ်ဖက်က ယာဉ်တန်း၏ အကာအကွယ်ကို လျှော့တွက်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ၎င်းတို့အနေနှင့် အစောင့်များက မှော်ထပ်ဆင့်လေးများ သို့မဟုတ် အသစ်ထုတ် မီးတောက်မှော်မြားများနှင့်အတူ တိုက်ခိုက်လာမည်ဟု မထင်ထားခဲ့ကြချေ။
ပုံမှန်အခြေအနေတွင် အခြားဘက် ကောင်းစွာ လေ့ကျင့်ပေးထားသော မြင်းတပ်သားအယောက်နှစ်ရာမှာ အင်မတန်သန်မာပြီး အဌမအဆင့် အပြာရင့်အကာအရံကို ထုတ်ဖော်လိုက်သော် မှော်ပညာရှင်နှင့်ဆိုလျှင် မြို့ငယ်လေးတစ်မြို့ကိုပင် ဖျက်ဆီးရန် အလုံအလောက်သန်မာ၏။ ၎င်းတို့အတွက် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်ငါးဆယ်ကို ရင်ဆိုင်ရန် လွယ်ကူလှသည်။
ဤသို့သော် အားကောင်းလှသည့်တပ်ဖွဲ့မှာ သာမန်တောပုန်းဓားပြလေးများမဟုတ်ဘဲ တစ်နေရာရာမှ ပို့လွှတ်လိုက်သည့် စစ်တပ်တစ်ခုပါပင်။
ရှုယီမှာ သံသယဖြစ်နေ၏၊ ထိုမြင်းတပ်နှင့် မှော်ပညာရှင်အား တော်ဝင်စစ်တပ်၌ပင် လက်ရွေးစင်များဟု သတ်မှတ်နိုင်ရာ၊ မည်သည့်နေရာမှ လာကြသနည်း?
တစ်ဘက်၏ ဤည လုပ်ဆောင်ချက်ကို သုံးသပ်ရလျှင် ၎င်းတို့အနေဖြင့် ယာဉ်တန်းထံမှ မည်သည့် ခုခံမှုကိုမှ မမျှော်လင့်ခဲ့လောက်ပေ။
သို့သော် ရှုယီမဆုံးဖြတ်နိုင်သည်မှာ တစ်ဘက်က ယာဉ်တန်းကို ဖျက်ဆီးဖို့ စီစဉ်ထားသည်လား သို့မဟုတ် လုယက်ရန် စီစဉ်ထားသည်လား?
၎င်းကို စဉ်းစားပြီးနောက် ရှုယီမှာ သင့်တော်သည့် အချက်အလက်မရှိဘဲ တိကျသည့်အဖြေကို မရနိုင်ကြောင်း သိလိုက်ရသဖြင့် လက်လျှော့လိုက်၏။
"ဟာ့ထ်နဲ့ အီဆော့က အသုံးဝင်တာ တစ်ခုလောက်ရနိုင်ဖို့ မျှော်လင့်တယ်....."
ရှုယီလည်း စခန်းအပြင်ဘက်ရှိ အမှောင်ထုကိုကြည့်လိုက်သည်။ ဟာ့ထ်နှင့် အီဆော့တို့မှာ လက်ရှိတွင် အကျဉ်းသားများကို စစ်မေးနေသော်လည်း ရှုယီကို အံ့ဩစေသည်မှာ ၎င်းတို့ထံမှ မည်သည့် သနားစဖွယ်အော်ငိုသံများကို မကြားခြင်းပေ။ သူဂာ ဟာ့ထ်အနေနှင့် မည်သည့် နည်းလမ်းများကို သုံးနေသည်အား မနေနိုင်ဘဲ တွေးတောမိ၏။
၎င်းကို စဉ်းစားရန် လက်လျှော့လိုက်ရင်း ရှုယီမှာ တခြားပြဿနာကို စတင်တွေးတောလေသည်။
ရှုယီမှာ ဤည ခြုံခိုတိုက်ခိုက်မှုကို အနည်းငယ် သတိထားနေခဲ့၏။
သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို တိုးတက်စေခြင်း၌ အာရုံစိုက်ထားချိန်တွင် ကောင့်ထ်စီယန်, ဥက္ကဌခရုစ်, ဘုရင်မဆယ်ဗီနီနှင့် အခြားလူများက Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်၍ တိုက်ခိုက်လာမည့်လူများအား သတိထားရန် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ သတိပေးခဲ့ပါသော်လည်း ၎င်းတို့က ချောမွေ့စွာ တိုးတက်ခဲ့သဖြင့် ရှုယီလည်း သတိကို လျှော့မိခဲ့သည်။
သို့ရာတွင် ဤညတိုက်ခိုက်မှုပြီးနောက် ရှုယီအား ရက်စက်သည့်အချက်တစ်ခုကို သတိရသွားစေသည်။
စိုင်စ်နယ်မြေကြီးမှာ ကမ္ဘာမြေကဲ့သို့ မငြိမ်းချမ်းလှဘဲ ဤလောက,က အင်မတန်တိုက်ရိုက်ကျပြီး အရိုးရှင်းဆုံး ပြဿနာဖြေရှင်းသည့်နည်းလမ်းက ပြင်းထန်သည်။
ရှုယီမှာ အရာအားလုံးကို စီးပွားရေးနှင့် ဖြေရှင်းလိုသော်လည်း အခြားလူများကမူ ထိုသို့ မတွေးပေ။
"ရှင်းရှင်းပြောရရင်၊ ငါက တကယ်ကို နုံအခဲ့တာပဲ....." ရှုယီက သက်ပြင်းချလျက် မိမိကိုယ်ကို ရယ်သွမ်းသွေးလိုက်သည်။
စခန်းဘေးသို့လှည့်ကြည့်လိုက်သော် အစောင့်သုံးဦး၏ အလောင်းများကို ရစ်ပတ်ထားသဖြင့် ရှုယီလည်း မျက်လုံးများမှေးကျဉ်းသွား၏။
ဖြစ်နိုင်တာက..... အခုက သူ့အတွေးတွေကို ပြောင်းလဲရမယ့် အချိန်ပဲ။
မီးပုံနံဘေး၌ အတန်ကြာထိုင်နေပြီးနောက် အစောင့်တစ်ဦးရောက်လာကာ ရှုယီထံ ခေါင်းဆောင် ဟာ့ထ်က ရှာနေကြောင်း ပြောလာသည်။
ရှုယီလည်း စစ်မေးပြီးသည့် ဟာ့ထ်နှင့် အီဆော့တို့ကို စခန်းအပြင်ဘက်၌တွေ့ရန် အစောင့်နောက်မှ လိုက်သွားသည်။ ၎င်းတို့မျက်နှာထက်ရှိ ထူးဆန်းနေဟန်များကိုမြင်သော် ၎င်းတို့ကို အံ့ဩစေခဲ့သည့် အဖြေတချို့ရခဲ့မှန်း နားလည်လိုက်၏။
"ဘယ်လိုလဲ?" ရှုယီက မေးသည်။
ဟာ့ထ်နှင့် အီဆော့တို့က အင်မတန်လေးနက်နေဟန်ဖြင့် တစ်ဦးကို တစ်ဦးကြည့်လိုက်ကြသည်။ ဟာ့ထ်လည်း အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ရှုယီထံတိုးလာကာ အသံတိုးတိုးဖြင့် ဖြေလေ၏၊ "ဥက္ကဌ၊ ကျုပ်တို့ကို လာတိုက်ခိုက်တဲ့ကောင်တွေက..... စခ်တိုင်းပြည်ရဲ့ သွေးဆာဝံပုလွေတပ်ရင်းက လာတာပါ။"
"စခ်တိုင်းပြည်?" ရှုယီက ထိုနှစ်ဦးကို မယုံကြည်နိုင်စွာကြည့်လိုက်ကာ၊ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ဒီနေရာက နယ်စပ်နဲ့ ကီလိုမီတာ နှစ်ရာတောင်ဝေးတာကို၊ စခ်တိုင်းပြည်ရဲ့ စစ်သားတွေက ကျုပ်တို့စခန်းကို တိုက်ခိုက်ဖို့အတွက်နဲ့ နယ်စပ်ကနေ ဒီလောက်အဝေးကြီး ဘယ်လိုလာမှာလဲ?"
ဟာ့ထ်က အရုပ်ဆိုးစွာဖြင့် ခေါင်းခါသည်၊ "ဘာဖြစ်နေတာလဲတော့ ကျုပ်လည်း မသိပေမယ့် အကျဉ်းသားတွေရဲ့ အဖြေကိုသုံးသပ်ရရင် သူတို့ ဒီမနက် စစ်မချီလာခင်မှာ အမိန့်ရခဲ့တာပဲ။ လမ်းတစ်လျှောက် လုံးဝမရပ်ဘဲ ကျုပ်တို့ စခန်းကို ရုတ်တရတ် တိုက်ခိုက်ဖို့လာခဲ့တယ်။"
"ခုခံမှုလုံးဝမရှိဘူးလား?" ရှုယီက မျက်လုံးများမှေးကျဉ်းလိုက်သည်။ သူက ဟာ့ထ်ကိုကြည့်၍ နှာမှုတ်ကာ၊ "ဟာ့ထ် ကျုပ်ကိုပြော၊ မြောက်ဘက်စစ်တပ်ရဲ့ ခံစပ်နယ်နိမိတ်က ဘယ်လောက်လဲ?"
ဟာ့ထ်က ခါးသက်သက်ရယ်ကာပြော၏၊ "ဥက္ကဌ၊ မြောက်ဘက်စစ်တပ်က နာမည်အရတော့ မြောက်ဘက်နယ်စပ်တစ်ခုလုံးကို စောင့်ကြပ်ရတယ်ဆိုပေမယ့် အကန့်အသတ်တွေများတော့ နေရာတစ်ခုစီတိုင်းကို စောင့်ကြပ်ဖို့ စစ်သားတွေမချထားနိုင်ဘူး။ ဒီတော့ အရေးကြီးဆုံးဖြစ်တဲ့ သေမင်းတောင်တန်းတွေကလွဲ တခြားနေရာတွေကို နယ်စပ်မြို့တွေဆီ ကာကွယ်ပေးခိုင်းထားတယ်။"
"ကျုပ်သိပြီ။" ရှုယီက ဟာ့ထ်ထံမှ မှတ်တမ်းကိုယူပြီး ဂရုတစိုက်ကြည့်လိုက်သော်လည်း မည်သည့် တန်ဖိုးရှိသည်ကိုမှ မတွေ့ချေ၊ "ဒီအကျဉ်းသားတွေက ဒီလာဖို့ အမိန့်ကို နာခံခဲ့ရတယ်ဆိုတော့ အမိန့်ကို ဘယ်သူပေးတာလဲ?"
အီဆော့က ခေါင်းခါကာ၊ "တောင်းပန်ပါတယ် ဥက္ကဌ၊ မှော်ပညာရှင်နဲ့ သူရဲကောင်းတစ်ယောက်က အရမ်းအားကောင်းလို့ မဖမ်းလိုက်နိုင်ဘူး။ သူတို့တွေက ဒီတပ်သားတွေရဲ့ ခေါင်းဆောင်ဖြစ်မယ်လို့ထင်တယ်။"
ရှုယီက ခေါင်းငြိမ့်ကာ အီဆော့ကို အပြစ်မတင်ပေ။ ဤတိုက်ခိုက်မှုလေးအတွင် ထိုမှော်ပညာရှင်က ၎င်း၏ မှော်စွမ်းအား အင်မတန်အားကောင်းကြောင်း ပြသခဲ့သည်။
ထိုသို့သော စွမ်းအားကြီးမှော်ပညာရှင်တစ်ဦးက ထွကါ်ပြေးဖို့ စီစဉ်ထားလျှင် သန်မာသည့်စစ်သားတစ်ဦးနှင့်အတူဆိုပါက များစွာ လွယ်ကူသည်။ ၎င်းတို့ကို ဖမ်းမိရန်က မဖြစ်နိုင်လုနီးပါးပင်။
မှတ်တမ်းကို တစ်ဖန်ပြန်လှန်ကြည့်ရင်း ရှုယီက စဉ်းစားပြီးနောက် ဟာ့ထ်ထံ ပြန်ပေးလျက် ပြောလာသည်၊ "ဟာ့ထ်, ကျုပ် ခင်ဗျားကို ကုန်တင် မှော်ကားတစ်စီးပေးလိုက်မယ်။ အစောင့်တချို့ခေါ်ပြီး ဒီအစီရင်ခံစာနဲ့ အကျဉ်းသားတွေကို ဘန်တာမြို့ဆီခေါ်သွားပြီး ဘုရင်မ ဆယ်ဗီနီဆီ လွှဲပေးလိုက်ပါ။"
ဟာ့ထ်က အံ့ဩသွား၏။ သူက သံသယအပြည့်ဖြင့် ရှုယီကို ကြည့်လာသော်လည်း များများစားစားမမေးဘဲ သဘောတူလိုက်သည်။
သို့သော် စဉ်းစားကြည့်ပြီးနောက်၌ မနေနိုင်ဘဲ ပြောလာ၏၊ "ဥက္ကဌ ကျုပ်သာ အစောင့်တော်တော်များများခေါ်သွားရင် ယာဉ်တန်းရဲ့ အကာအကွယ်က အရမ်းကို အားနည်းသွားမှာ မဟုတ်ဘူးလား? တစ်ယောက်ယောက်က ထပ်တိုက်ခိုက်လာရင်ရော?"
"သူတို့ မလုပ်ပါဘူး။ ဒီည ခြုံခိုတိုက်ခိုက်မှုပြီးသွားတော့ တစ်ဖက်က အချိန်တိုလေးအတွင်းမှာ တူညီတဲ့ တိုက်ခိုက်မှုပြန်လုပ်ဖို့ မဖြစ်နိုင်ဘူး။ ကုန်ကျစရိတ်က အတော်များတော့ မတတ်နိုင်လောက်ဘူး။ ခင်ဗျားအနေနဲ့ ဘုရင်မဆီ ဒီအရာတွေ ပို့ခိုင်းတဲ့ အမိန့်ကိုပဲ နာခံဖို့ လိုပါတယ်၊ ဘုရင်မက ဘာလုပ်ရမယ်ဆိုတာကို သိလိမ့်မယ်။"
ဟာ့ထ်က အနည်းငယ်တုံ့ဆိုင်းနေကာ မေးလာသည်၊ "တိုက်ပွဲကွင်းကရော? ဒီနေရာမှာ အလောင်းအတော်များများကို ထားခဲ့ဖို့က အဆင်မပြေဘူးမို့လား?"
ရှုယီက အေးစက်စွာရယ်လျက်၊ "အေးဆေးပေါ့၊ ဒီမှာကိစ္စတွေကို ကိုင်တွယ်မယ့်လူတွေရှိမှာပါ၊ ဒီတော့ ကျုပ်တို့ကိုယ်ကျုပ်တို့ ဒုက္ခရှာဖို့ မလိုပါဘူး။"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၂၇။ သဘောထားများ ပြောင်းလဲခြင်း
"ဒီတော့ ဒီတိုင်း လွတ်လာတာလား?"
ကောင့်ထ်မီချယ်က မျက်လုံးများကျဉ်းမြောင်းလျက် သူ့ရှေ့ရှိ မီးကျွမ်းနေသည့်ဆံပင်နှင့် မျက်လုံးများမှာ အန္တရာယ်ရှိစွာ အေးစက်တောက်ပနေကာ အင်မတန် ပူပန်နေဟန်ရှိသည့် လူနှစ်ဦးကိုကြည့်လိုက်သည်။
မှော်ပညာရှင် ဒီလာ၏ အနက်ရောင်မှော်ဝတ်ရုံမှာ အဝတ်စုတ်သဖွယ်အပိုင်းပိုင်း စုတ်ပြဲနေသော်လည်း ကောင့်ထ်မီချယ်၏ အကြည့်ကို မရှောင်ဘဲ အေးစက်စက် နှာမှုတ်လိုက်သည်။
"ကောင့်ထ်မီချယ်, ကျုပ်တို့ ဒီလိုဖြစ်လာတာ အားလုံးက အရှင့်ရဲ့ သတင်းက မှားနေလို့လေ။ Frestech ကုန်သည်ကြီးများအသင်းရဲ့ ယာဉ်တန်းက ကျုပ်တို့ မျှော်မှန်းချက်ထက်တောင် ကျော်လွန်နေတဲ့ လက်နက်ကို ဖွက်ထားပြီး သူတို့ရဲ့ ဥက္ကဌရှုကလည်း အသေးအဖွဲသတ္တမအဆင့်မှော်ပညာရှင်လေး မဟုတ်ဘူး။ သူက အနည်းဆုံး နဝမအဆင့်မှော်ပညာရှင်ဆိုတာ သေချာတယ်!"
ကောင့်ထ်မီချယ်က အေးစက်စက်နှာမှုတ်ရင်း မျက်လုံးများမှေးကျဉ်းလျက် မှော်ပညာရှင် ဒီလာကိုကြည့်လာသည်၊ "ဒီတော့ ဘာဖြစ်လဲ? ငါ့ကို စွပ်စွဲနေတာလား?"
မှော်ပညာရှင် ဒီလာက ဒေါသဖြင့်ပြည့်သွားကာ တစ်စုံတရာကိုပြောလိုက်ချင်သော်လည်း နံဘေးရှိ သံချပ်ကာများမှာ မီးနှင့် လျှပ်စီးမှော်စွမ်းအားကြောင့် မည်းနက်သွားခဲ့သည့် အယ်ဗာတွန်က တားဆီးလာ၏။
"မဟုတ်ပါဘူး ကောင့်ထ်မီချယ်, ကျုပ်တို့က အရှင့်ကို အပြစ်တင်ချင်တာ မဟုတ်ပါဘူး၊ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းရဲ့ ယာဉ်တန်းက တကယ်ကို ကျုပ်တို့ မျှော်မှန်းထားတာထက် အတော်လေးသာနေတာပါ။ ကျုပ်အနေနဲ့ မြင်းတပ်သားနှစ်ရာ ပါတဲ့ လက်ရွေးစင်အဖွဲ့ကို ဦးဆောင်သွားပေမယ့်လည်း သူတို့စခန်းနားတောင်မကပ်နိုင်ခဲ့ပါဘူး။ ကျုပ်အထင်..... ဒါကို အရှင်လည်း မထင်ထားဘူးမို့လား?"
ကောင့်ထ်မီချယ်က အတန်ငယ်တိတ်ဆိတ်နေပြီးမှ တဖြည်းဖြည်း ခေါင်းငြိမ့်သည်။
"အမှန်ပဲ၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ ယာဉ်တန်းက ဒီလောက်ထိ ကြောက်စရာကောင်းနေမယ်လို့ ငါမထင်ခဲ့ဖူးဘူး။" ကောင့်ထ်မီချယ်က ၎င်းတို့၏ ဝမ်းနည်းနေဟန်များကိုကြည့်ရင်း မျက်မှောင်ကုပ်လေသည်၊ "မင်းတို့ ပြောခဲ့တာက Frestech ကုန်သည်ကြီးများအသင်းက မှော်မြားအသစ်တစ်ခု ထုတ်လုပ်ထားတယ်ပေါ့? ပြီးတော့ သူတို့ကို မှော်ထပ်ဆင့်လေးနဲ့အတူ ဆက်တိုက်လည်း ပစ်လို့ရတယ်လား?"
အယ်ဗာတွန်က ခေါင်းငြိမ့်ကာ၊ "ဟုတ်ပါတယ်။ မှော်ပညာရှင် ဒီလာက သာမန်မြှားတွေကို ကိုယ်တိုင်ထိန်းနိုင်ပေမယ့်လည်း ဒီမှော်မြားတွေကတော့ မှော်ပညာရှင်တွေအတွက် ခြိမ်းခြောက်မှုကြီးပဲ။ ကျွန်တော့်အထင် ရှုယီက မလှုပ်ရှားရင်တောင် ဒီမှော်အစီအရင် အကာအကွယ်အောက်ကနေ ထိုးဖောက်ပြီး စခန်းထဲကို ကျူးကျော်လို့ ရမှာမဟုတ်ဘူး။"
"မှော်မြားတွေ...." ကောင့်ထ်မီချယ်က စားပွဲကို လက်ချောင်းနှင့် ထိလိုက်သည်။ အနည်းငယ်စဉ်းစားပြီးနောက် အသက်ပြင်းပြင်းရှူလျက် ထရပ်သည်။ သူက ထိုနှစ်ဦးထံ လက်ဆန့်ထုတ်ကာ၊ "ဟုတ်ပြီ၊ မှော်ပညာရှင် ဒီလာ, စစ်သူကြီး အယ်ဗာတွန်, ကျုပ်ရဲ့ သတင်းက ဒီတစ်ခေါက်မှာ သိပ်မတိကျလို့ ခင်ဗျားတို့ ဆုံးရှုံးမှာကို ခံစားရပြီး ရှုံးနိမ့်စေခဲ့တယ်။ ဒါပေမယ့် ဒီကနေတဆင့် Frestech ကုန်သည်ကြီးများအသင်းက မှော်မြားတွေ တိတ်တဆိတ်ထုတ်လုပ်တဲ့ အရေးကြီးသတင်းကို ရှာတွေ့လိုက်ရတာပဲ။ ကျုပ်အထင် တပ်မှူး လီနီယာက ဒီသတင်းကို အတော်လေးအရေးပေးလောက်မယ်ဆိုတော့ သူ့ကို ပြန်ရောက်တာနဲ့ ရှင်းရှင်းလင်းလင်းပြောနိုင်ဖို့ မျှော်လင့်တယ်။"
"သိပါပြီ"
နာရီဝက်အကြာ ထိုတိတ်တဆိတ်တွေ့ဆုံမှု ပြီးနောက် မှော်ပညာရှင် ဒီလာနှင့် အယ်ဗာတွန်တို့က ကောင့်ထ်မီချယ်၏ ကိုယ်ပိုင်အိမ်တော်မှာ ဒူလာခယ်တွန်မြို့တော်အပြင်သို့ အသံတစ်သံမှမပြုဘဲ ထွက်လာကြသည်။
ထိုနှစ်ဦးက အမှောင်ထဲမှ ထွက်ခွာသွားသည်ကိုကြည့်ရင်း ကောင့်ထ်မီချယ်က မျက်ခုံးများတွန့်ချိုးလျက် အတွေးနက်သွား၏။
ဤသည်မှာ သူနှင့် စခ်တိုင်းပြည်၏ သွေးဆာဝံပုလွေတပ်ရင်းတို့ ပူးပေါင်းသည့် ပထမဆုံးအကြိမ်မဟုတ်သော်လည်း ကောင့်ထ်မီချယ်မှာ ဤပူးပေါင်းမှု၌ ဖုံးကွယ်ထားသည့် အန္တရာယ်များကို သိလေရာ အကြိမ်တိုင်း အင်မတန် သတိထားနေခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း ယူဆောင်လာသည့် ခြိမ်းခြောက်မှုကြောင့်သာမဟုတ်လျှင် ကောင့်ထ်မီချယ်မှာ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ရန် စခ်တိုင်းပြည်ကို သုံးမည်မဟုတ်ပေ။ သူက သွေးဆာဝံပုလွေတပ်ရင်းကို လှုပ်ရှားဖို့ရန် တိတ်တဆိတ်ဖြားယောင်း၍ ကောင့်ထ်ဝီလ်အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို ရည်ရွယ်ချက်ရှိရှိ မြို့ပြင်၌ တားဆီးဖို့ တိုက်တွန်းကာ ညခင်းတိုက်ခိုက်မှုအတွက် အခွင့်ရေးကောင်းတစ်ခု ဖန်တီးခဲ့သည်။
ကောင့်ထ်မီချယ်၏အတွေးများအရ ရှုယီအား သတ်လိုက်နိုင်သရွေ့ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အမြုတေကို ဖယ်ရှားနိုင်လိမ့်မယ်။ Frestech ကုန်သည်ကြီးများအသင်းက သဘာဝကျစွာပင် ပြိုကွဲသွားလိမ့်မည်ဖြစ်ရာ ဘုရင်မဆယ်ဗီနီထံ ထောက်ပံ့မှုက အားနည်းသွားပြီး ဘုရင်မဆယ်ဗီနီကို ထောက်ပံ့သည့်ဘက်က ဆုံးရှုံးမှုကြီးဖြစ်လာလိမ့်မည်။ ၎င်းက သူမ၏ မင်းသားလေးအဲရစ်အပေါ် ခြိမ်းခြောက်မှုကိုလည်း လျှော့ချနိုင်မည်ဖြစ်၏။
ကောင့်ထ်မီချယ်မှာ Frestech ကုန်သည်ကြီးများအသင်းထောက်ခံထားသည့် မှော်စက်မှုနယ်ပယ်၏ အလားအလာကိုလည်း ထောက်ခံနိုင်သော်ငြား ယခုတွင်တော့ မထောက်ပံ့နိုင်သေးပေ။
ထို့ထက် သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို ဖယ်ရှားလိုက်ပါလျှင်တောင် မင်းသားလေးအဲရစ်က ထီးနန်းဆက်ခံလိုက်သည်နှင့် အနာဂတ်တွင် မှော်စက်မှုနယ်ပယ်ကို တည်ထောင်ရန် အခွင့်အရေးရှိလာလိမ့်မည်။
သို့သော် ယခု Frestech ကုန်သည်ကြီးများအသင်းထံရှိ အင်အားက ကောင့်ထ်မီချယ် မျှော်မှန်းထားသည့်ထက် များစွာ ကျော်လွန်နေ၏။
မှော်ပညာရှင် ဒီလာ၏ ဖော်ပြချက်အရ Frestech ကုန်သည်ကြီးများအသင်းထံ၌ အစောင့် ငါးဆယ်ကျော်သာရှိပါသော်လည်း ၎င်းတို့က မှော်ပညာရှင် ဒီလာ၏ အပြာရင့် အကာအရံကို မှော်ထပ်ဆင့်လေးများဖြင့် အတင်းဖွင့်ခဲ့သည်။
ကောင့်ထ်မီချယ်ကို ပို၍ အံ့အားသင့်စေသည်မှာ အသစ်ထုတ်မှော်မြားများဖြင့် သာမန်အစောင့်များက ဒီလာကဲ့သို့ စွမ်းအားကြီး အဌမအဆင့်မှော်ပညာရှင်တစ်ဦးကို ပြန်တိုက်ခိုက်နိုင်ကာ ထွက်ပြေးရန်ပင် တွန်းအားပေးနိုင်ခြင်းပင်။
၎င်းတို့သာ နှစ်ဘက် အင်အားကိုယှဉ်ကြည့်ပါက အဌမအဆင့်မှော်ပညာရှင်တစ်ဦးနှင့် သွေးဆာဝံပုလွေတပ်ရင်းမှ လက်နက်ကိရိယာကောင်းများနှင့် ကောင်းစွာ လေ့ကျင့်ခံထားရသည့် မြင်းတပ်သားနှစ်ရာက Frestech ကုန်သည်ကြီးများအသင်းထံမှ အင်အား မသိရသေးသော်လည်း ဒီလာအပြောအရ အနည်းဆုံး စွမ်းအားကြီး နဝမအဆင့်မှော်ပညာရှင်ဖြစ်လောက်သည့် ရှုယီနှင့်အတူ သာမန်အစောင့် အယောက်ငါးဆယ်ကို ဆန့်ကျင်တိုက်ခိုက်ခြင်းဖြစ်သည်။
မှော်ပညာရှင်တွေသာ အချင်းချင်း တိုက်ခိုက်ကြလျှင် သွေးဆာဝံပုလွေတပ်ရင်း၏ ချောင်းမြောင်းတိုက်ခိုက်မှုက ပိုမိုသန်မာသည်မှာ သံသယဖြစ်ဖို့ပင်မလိုပေ။
သို့သော် အစပိုင်းတွင် ကင်းလှည့်တာဝန်ကျသည့် အစောင့်သုံးဦးကို ရှင်းလိုက်ခြင်းမှလွဲ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ ယာဉ်တန်းကို ထိပင်မထိနိုင်ခဲ့ပေ။ စွမ်းအားကြီး မှော်ပညာရှင် ဒီလာနှင့် အယ်ဗာတွန်မှလွဲ မြင်းတပ်သားအယောက်နှစ်ရာထဲမှ တစ်ဦးမှပင် မလွတ်မြောက်ခဲ့ပေ။
နောက်ဆုံးရလာဒ်က ကောင့်ထ်မီချယ်ကို Frestech ကုန်သည်ကြီးများအသင်းအား ပြန်လည်ဆန်းစစ်ဖို့ လိုသွားစေသည်။
လူအများစုအတွက် Frestech ကုန်သည်ကြီးများအသင်းမှာ ငွေများစွာဝင်ရန် မှော်စက်အသစ်များကို အသုံးပြုခဲ့သော်လည်း ၎င်းတို့၏နောက်ခံနှင့် အင်အားမှာ တိုင်းပြည်၏ ရှေးလုပ်ငန်းစုကြီးများနှင့် မယှဉ်နိုင်ချေ။
သို့သော် ဤည၏ ရုတ်တရတ်တိုက်ခိုက်မှုမှတဆင့် ကောင့်ထ်မီချယ်မှာ Frestech ကုန်သည်ကြီးများအသင်းက ၎င်းရှေးလုပ်ငန်းစုကြီးများ၏ နောက်ခံနှင့် ထပ်တူမရှိသော်ငြား အင်အားကို လျှော့တွက်၍ မရနိုင်ကြောင်းသိလိုက်သည်။
Frestech ကုန်သည်ကြီးများအသင်းမှာ စွမ်းအားကြီးမှော်ပညာရှင်တစ်ဦးကိုပင် ခြိမ်းခြောက်နိုင်သည့် မှော်မြားများကို ထုတ်လုပ်နိုင်ရာ ၎င်းတို့ကိုသာ ထုတ်လုပ်မည့် အချိန်ထပ်ပေးလိုက်လျှင် မည်သို့သော အသစ်အဆန်းများကို ထပ်မံထုတ်လုပ်လာမည်နည်း?
ထိုသို့စဉ်းစားရင်း ကောင့်ထ်မီချယ်က ရုတ်တရတ် သူ၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် ဆန်းစစ်မှုက အတော်မှားယွင်းနေကြောင်း သိလိုက်ရသည်။
၎င်းလုပ်ငန်းစုက အမြဲတမ်း ဆန်းကြယ်ဖြစ်ရပ်များကို ဖန်တီးခဲ့ပြီး သူထင်သလို မည်သည့်အချိန်၌မဆို ဖယ်ရှား၍ရနိုင်သည့် လုပ်ငန်းစုလေးတစ်ခုမဟုတ်ပေ။
ကောင့်ထ်မီချယ်က စဉ်းစားပြီးနောက် စာရွက်တစ်ရွက်ယူကာ စာတစ်စောင်ရေးလေသည်။
"အရှင် မင်းသားလေးအဲရစ်, , Frestech ကုန်သည်ကြီးများအသင်းအကြောင်းပြောရရင် ကျုပ်မှာ အကြံပြုချက် အသစ်တစ်ခုရှိပါတယ်....."
နောက်နေ့မနက်တွင် လူတိုင်း ၎င်းတို့တဲများမှ နေမထွက်ခင် ထွက်လာကြသည်။
ရှုယီအတွက် အမိန့်ပေးရန်မလိုဘဲ အားလုံးက အလျင်အမြန် ၎င်းတို့ပစ္စည်းများကိုသိမ်းရင်း ရိက္ခာခြောက်များစားလိုက်ကြသည်။ ထို့နောက် မှော်ကားများထံ ထုပ်ပိုးထည့်ကြလျက် ဆိုဝယ်လ်မြို့ဆီ အရှိန်တင်လိုက်ကြတော့သည်။
ယမန်နေ့ညက ကိစ္စဖြစ်ပွားပြီးနောက် မည်သူကမှ ဤနေရာ၌ ဆက်မနေလိုတော့ပေ။
ဤသို့သော မရင်းနှီးသည့်နေရာတွင် ကောင့်ထ်စီယန်၏ နယ်မြေ၌သာ လုံခြုံမည်ဟု ခံစားနေကြရသည်။
ယာဉ်တန်း ထွက်ခွာချိန်၌ ဟာ့ထ်က ယမန်နေ့ညက အကျဉ်းသားသုံးဦးကို ချုပ်နှောင်ရန် အစောင့်ငါးဦးရွေးလိုက်သည်။ ၎င်းတို့က လမ်းဟောင်းအတိုင်း ဘန်တာမြို့ဆီ ကုန်တင်မှော်ကားတစ်စီးအား မောင်းယူသွားမည်ဖြစ်၏။
ရှုယီ၏ အမိန့်အရ ၎င်းတို့အနေနှင့် လမ်းတစ်လျှောက် မည်သည့်မြို့တွင်မှမရပ်ဘဲ တတ်နိုင်သမျှ လျှို့ဝှက်ထားရမည်ဖြစ်သည်။ ၎င်းတို့မှာ ဘန်တာမြို့သို့ ယမန်နေ့က ဖြစ်ခဲ့သည့်အကြောင်းကို ဘုရင်မ ဆယ်ဗီနီထံ အစီအရင်ခံရန် တတ်နိုင်သမျှ မြန်မြန်ပြန်ရမည်ဖြစ်သည်။
ရှုယီမှာ အကျဉ်းသားသုံးဦးက လမ်း၌ ပြဿနာဖြစ်စေမည်ကို စိုးရိမ်သော်လည်း အီဆော့က ၎င်းတို့သုံးဦးထံ ဆေးတစ်ခွက်ပေးထားခဲ့သည်။ အကျဉ်းသားသုံးက သေနေသလို အိပ်မောကျနေပြီး လှုပ်ရှား၍ မဖြစ်နိုင်လောက်အောင် လုပ်ထားသဖြင့် ဟာ့ထ်တို့မှာ များစွာပိုမို သက်သာသွားကြသည်။
အဖွဲ့ခွဲပြီးနောက် ရှုယီက လမ်းတစ်လျှောက်တွင် အရှိန်နှုန်းအပြည့်ဖြင့် မှော်ကားများကိုဦးဆောင်က လမ်မာတီမြို့မှထွက်ခွာရန် တစ်မနက်သာယူခဲ့ပြီး ဘိလပ်မြေလမ်းပေါ် ပြန်ရောက်လာသည်။
ရှုယီကို အံ့ဩစေသည်မှာ လမ်းပေါ်၌ ၂နာရီကြာမောင်းနှင်ပြီးနောက်တွင် ရုတ်တရတ် ၎င်းတို့ရှေ့ရှိ လမ်းမှာ ပျက်စီးနေသည်ကိုတွေ့လိုက်ရသည်။
လမ်းက ကျယ်ဟန်ရှိသော်လည်း ဖုန်များ ကျောက်တုံးအကွဲများဖြင့်ပြုလုပ်ထားသည့် လမ်းဟောင်းဖြစ်သည်။
ဤလမ်းက ကြမ်းတမ်းဟန်ရှိသော်လည်း ချောမွေ့သည်ဟု ယူဆနိုင်ကာ လမ်းအခြေအနေက မဆိုးချေ။ သို့သော် ကွန်ကရစ်လမ်းနှင့် လမ်းကြမ်းအကြားရှိ အပြတ်တစ်ခုကိုတွေ့လိုက်ရသည်က ရှုယီကို အံ့ဩစေသည်။
"ကျွန်တော် သိတယ်၊ ဒါက ကျွန်တော်တို့ ဘာဆာရူမြို့ကို ဝင်လာတာကြောင့်ပဲ။" မှော်စက်ဖွံ့ဖြိုးရေးဌာနမှ လူသားသုတေသနပညာရှင်တစ်ဦးမှာ အရှေ့မြောက်ပိုင်းမြို့တော်၏ ဒေသခံဖြစ်သည်။ ရှုယီက ရှုပ်ထွေးနေသည်ကိုမြင်သော် ရှင်းပြလာ၏၊ "ဘာဆာရူမြို့က အရှေ့မြောက်ပိုင်းမှာ အဆင်းရဲဆုံးမြို့တော်ပဲ။"
"သူတို့က လမ်းလေးတစ်လမ်း ဖောက်ဖို့တောင် မတတ်နိုင်တာလား?" ရှုယီက အံ့ဩစွာမေးသည်။
"ဒါက....သူတို့သာ ဖောက်ချင်ရင်တော့ ဖောက်နိုင်လောက်ပါတယ်။" ထိုသုတေသနပညာရှင်က အတန်ငယ် ဝမ်းနည်းနေသည့်အသံဖြင့် ဆိုလာသည်၊ "ဒါပေမယ့် အရင် ဘာဆာရူမြို့ရဲ့ မြို့စားမှာ အတော်လေးကောင်းတဲ့ ဂုဏ်သတင်းရှိတယ်။ သူက လမ်းဖောက်ဖို့အတွက်နဲ့ သူ့လူတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးတွေ မပိုလာစေချင်လို့ တခြားမြို့တော်တွေလို လမ်းဖောက်ဖို့ကို ငြင်းလိုက်တာပဲ။"
ရှုယီက အသာမျက်မှောင်ကုပ်လေသည်။ ထိုဆုံးဖြတ်ချက်အား မြို့သူမြို့သားများကို ၎င်းတို့၏ အမြင်မှဆိုလျှင် ဂရုစိုက်ပေးသည်ဟု သတ်မှတ်နိုင်သော်လည်း မြို့စား၏ ရှုထောင့်မှဆိုလျှင် အင်မတန် တုံးအပေသည်။
ဤလမ်းမှာ အများဆုံး ရွှေဒင်္ဂါးရာချီလေးသာ ကုန်ကျ၏။ မြို့တော်ထံ ဘဏ္ဍာရေးဆိုင်ရာတာဝန်အချို့ ယူဆောင်လာမည်ဖြစ်သော်လည်း မြို့တော်ထံဝင်မည့်ဝင်ငွေက ရင်းနှီးမြှုပ်နှံထားသည်ထက် ကျော်လွန်လာလိမ့်မည်။
အကောင်းဆုံးသော ဥပမာမှာ ဘန်တာမြို့ ပတ်လည်မှ မြို့များဖြစ်၏။ ရေရှည်ကြည့်လျှင် ဤရင်းနှီးမြှုပ်နှံမှုမှာ မည်သို့ကြည့်ကြည့် အင်မတန် ထိရောက်မှုရှိသည်။
ဤကောင့်ထ်လောင်ဂျ်လီထံ၌ ထိုသို့သော အမြင်ကျဉ်းကျဉ်းရှိလေရာ ရှုယီလည်း အထင်သေးသွားသည်။
"ဟုတ်သားပဲ၊ 'အရင်မြို့စား'လို့ ပြောလိုက်တယ်မလား? ဒီတော့ ဘာဆာရူမြို့မှာ မြို့စားအသစ်ရှိတယ်ပေါ့?" ရှုယီက တစ်ခုကို သတိပြုမိသွား၏။
"အင်း၊ တကယ်တော့ အရင်မြို့စားက အရင်ကောင့်ထ်လောင်ဂျ်လီပါ။ သူက နှစ်အစပိုင်းမှာ နာမကျန်းဖြစ်ပြီးကွယ်လွန်သွားတော့ အခု သူ့သားက ကောင့်ထ်နေရာကို ဆက်ခံပြီး မြို့စားအဖြစ်တာဝန်ယူလိုက်တယ်။"
"ဒီလိုကိုး...." ရှုယီ ခေါင်းငြိမ့်လေသည်။ သူဟာ သူရထားသည့် အရှေ့မြောက်ပိုင်းမြို့တော်များက မင်းသားလေး အဲရစ်ကို ထောက်ပံ့သော သတင်းကို စဉ်းစားလိုက်သည်။ ၎င်းတို့မှာ ယမန်နေ့က ပိတ်ဆို့ထားခဲ့သည့် လမ်မာတီမြို့၊ ၎င်းတို့ရှေ့က ဤ ဘာဆာရူမြို့နှင့် ဒူလာခယ်တွန်မြို့တော်တို့ပင်။
ယခင် မင်းသားလေး အဲရစ်ကို ထောက်ခံခဲ့သော ကောင့်ထ်လောင်ဂျ်လီက ကွယ်လွန်သွားပြီးဖြစ်လျှင် သူ၏ အမည်ကိုဆက်ခံလျက် မြို့စားနေရာကို ယူထားသည့် ကောင့်ထ်လောင်ဂျ်လီ၏ သဘောထားမှာ မည်သို့ရှိမည်နည်း?
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၂၈။ ဘန်တာမြို့ထက်တောင် ပိုဆိုးတဲ့ မြို့လေး
ရှုယီ၏ အချက်အလက်အရ ဘာဆာရူမြို့၏ မြို့စား ကောင့်ထ်လောင်ဂျ်လီနှင့် လမ်မာတီမြို့၏မြို့စား ကောင့်ထ်ဝီလ်တို့နှစ်ဦးစလုံးမှာ မင်းသားလေးအဲရစ်ကို ပွင့်လင်းစွာ ထောက်ခံကြသော်လည်း ၎င်းတို့ ထွက်ခွာလာခဲ့ရသည့် လမ်မာတီမြို့နှင့် ကွာခြားသည်။ Frestech ကုန်သည်ကြီးများအသင်း၏ ယာဉ်တန်းက ဘာဆာရူမြို့သို့ ဝင်ရောက်လာချိန်တွင် ၎င်းတို့မှာ သေချာပေါက် တားဆီးခြင်းမခံရပေ။
ရှုယီမှာ ၎င်းတို့အနေနှင့် မြို့ပြင်၌ ငြင်းဆန်ခံရပြီး ညအချိန်ကို ထပ်မံစခန်းချ ဖြတ်သန်းရမည်ဟု ထင်ခဲ့သော်လည်း ဘာဆာရူမြို့က တကူးတကကြီး မတုံ့ပြန်လာသည်ကိုမြင်သော် စိတ်အေးသွားသည်။
သူ့ခန့်မှန်းထားသလို ဆက်ခံထားသည့် ကောင့်ထ်လောင်ဂျ်လီအငယ်မှာ သူ၏ဖခင် ယခင် ကောင့်ထ်လောင်ဂျ်လီနှင့် ရပ်တည်ချက်မတူသည်လည်း ဖြစ်နိုင်၏။
ညနေခင်းသို့ ရောက်လာခါနီးတွင် ယာဉ်တန်းက ဘာဆာရူမြို့သို့ ဝင်လာသည်။
နိမ့်ကျ ပျက်စီးနေသည့် မြို့တံတိုင်းများနှင့် လေထဲ၌ ဂလောင်ဂလင်မြည်နေကြသည့် မြို့ဂိတ်များကို ဖုံးအုပ်ထားသော သံချေးများကိုမြင်သော် ရှုယီမှာ သူ့မျက်လုံးပင်သူမယုံနိုင်ဖြစ်သွား၏။
သူ ဤလောက၌ရှိနေခဲ့သည်မှာ ခြောက်နှစ်ကျော်ကြာနေပြီဖြစ်ရာ လမ်ပူရီတိုင်းပြည်၏ မြို့တော်များစွာကို တွေ့ခဲ့ရပြီးဖြစ်သည်။ သူ့အနေနှင့် ဘန်တာမြို့က အသေးဆုံးနှင့် အဝေးဆုံးမြို့တော်ဟု ထင်ခဲ့သော်လည်း သူ့ရှေ့ရှိ ဤ ဘာဆာရူမြို့က လယ်ဗယ်အသစ်၌ ရောက်နေပြီဖြစ်သည်။
ဤမြို့မှာ လွန်ခဲ့သည့် သုံးနှစ်အကြာက ရှုယီမြင်ခဲ့သော ဘန်တာမြို့ထက်ပင် များစွာပိုဆိုးဟန်ပေါ်သည်။ မြို့တော်တစ်ခုဟုပင် ယူဆ၍မရလောက်အောင် သေးငယ်လွန်းလှပြီး ခံတပ်တစ်ခုသာသာမျှသာရှိသည့် ဤနေရာမှာ ဘာဆာရူမြို့ဖြစ်နေသည်လား?
ရှုယီမှာ မနေနိုင်ဘဲ ခေါင်းခါလိုက်၏။
ဘာဆာရူမြို့ ပတ်လည်ရှိ မြင်ကွင်းများထံမှ ဘာဆာရူမြို့မှာ မည်မျှ ချို့တဲ့လှသည်ကို မြင်ရသော်လည်း အဓိက မြို့ထဲသို့ ဝင်လိုက်ချိန်တွင်လည်း ထိုသို့သာမြင်လိုက်ရသဖြင့် မအံ့ဩမိဘဲ မနေနိုင်တော့ချေ။
လွန်ခဲ့သည့် နှစ်တစ်ဝက်အတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ တိုးချဲ့ခြင်းဗျူဟာကို အကောင်အထည်စဖော်နေခဲ့ခြင်းကြောင့် ရှုယီမှာ လမ်ပူရီတိုင်းပြည်၏ မြို့တော်များစွာကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးခဲ့ပြီးဖြစ်သည်။ ၎င်းတို့အကြား၌ ချို့တဲ့သည့် မြို့များရှိပါသော်လည်း ထိုမြို့တော်များမှာ မည်မျှဆင်းရဲသည်ဖြစ်စေ မြို့၏ အဓိက အပိုင်းကိုမူ သင့်တင့်စွာ ဆောက်လုပ်ထားဆဲဖြစ်သည်။
မည်သို့ဖြစ်ဖြစ် ဆင်းရဲသည်များက သာမန်မြို့များသာဖြစ်ပြီး မြို့စားအရှင်ကဲ့သို့သော မျိုးရိုးမြင့်တစ်ဦးနှင့် မဆိုင်လောက်ဘူး မဟုတ်လား?
ထိုသို့စဉ်းစားရင်း ရှုယီမှာ ကွယ်လွန်သွားခဲ့သည့် ယခင် ကောင့်ထ်လောင်ဂျ်လီကို အနည်းငယ် လေးစားသလို ခံစားလိုက်ရ၏။
၎င်းကို သုံးသပ်ရလျှင် သူဟာ ချမ်းသာကြွယ်ဝမှုများကို ဂရုစိုက်သည့် လူမျိုးမဟုတ်ဘဲ သူ၏ အုပ်ချုပ်မှုအောက်ရှိ မြို့သူမြို့သားများအကြောင်း စိတ်ရင်းနှင့် စဉ်းစားပေးသူဖြစ်သည်။
မှန်ပါ၏၊ သူ၏ မင်းသားလေး အဲရစ်ကို ထောက်ပံ့ရန် ရွေးချယ်မှုကလည်း ဆွေးနွေးရန် ထိုက်တန်ပါသေး၏။
Frestech ကုန်သည်ကြီးများအသင်း ဖန်တီးထားသည့် မှော်စက်မှုနယ်ပယ်ကို လမ်ပူရီတိုင်းပြည်၏ တောင်ဘက်အပိုင်းတွင် စုစည်းထားကာ အရှေ့မြောက်ခရိုင်တွင်လည်း အိမ်သုံးမှော်စက်များကို ထုတ်လုပ်သည့် လုပ်ငန်းစုတချို့ရှိသည်။ အဆင့်မြင့်ဆုံးသော မှော်စက်ဟု ယူဆနိုင်သည့်အရာမှာ အရှေ့မြောက်ခရိုင်တွင်ပင်ရှားပါးပြီး ဘာဆာရူမြို့ကဲ့သို့ မြို့လေးတစ်ခုတွင် မမြင်ခဲ့ဖူးသည့် မှော်ကားများဖြစ်သည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားအစီးနှစ်ဆယ်ကျော်ရှိ ယာဉ်တန်းမှာ မြို့ဂိတ်များကို ဖြတ်လာချိန်တွင် ချက်ချင်း လူတိုင်း၏ အာရုံကို ဆွဲဆောင်မိလိုက်တော့၏။
မှော်ကားတန်းကြီးက မှတ်တိုင်တစ်ခုထံ တဖြည်းဖြည်းရောက်လာသည်ကိုမြင်သော် မြို့ဂိတ်များ၏ တာဝန်ခံ အရာရှိမှာ အံ့ဩသွားသည်။ သူက သူ့အရပ်၏ နှစ်ဆရှိသည့် မကောင်းဆိုးဝါးတစ်ကောင်လို မှော်ကားကိုမော့ကြည့်ကာ ခဏလောက် မည်သည်မှ မဆိုနိုင်ဘဲ ဖြစ်သွားသည်။
ကားထဲမှ အန်းခေါ့ထ်ထွက်လာကာ သူ့ထံရောက်လာမှ ထိုအရာရှိက တုံ့ပြန်လာလေသည်။ သူက တံတွေးခက်ခက်ခဲခဲမြိုချလျက် ချောင်းဟန့်ကာ အရာရှိတစ်ယောက်အသွင်ပြန်ယူ၍ လေးလေးနက်နက်ပြောလာသည်၊ "ဟေး၊ ခင်ဗျားတို့က ဘယ်ကုန်သည်စုလဲ? ဘာဆာရူမြို့ကို ဘာအတွက်လာတာလဲ?"
အန်းခေါ့ထ်က ကုန်သည်စု ဖြတ်သန်းခွင့်ကို အသာပြုံး၍ ပေးလိုက်၏။
အရာရှိက ၎င်းကိုကြည့်လိုက်ပြီးနောက် အံ့ဩစွာဖြင့် မျက်လုံးများကျယ်သွားသည်။
"Frestech ကုန်သည်ကြီးများအသင်း?" မှော်ကားများ တန်းစီလာသည်ကိုမြင်သော် အရာရှိက နားလည်သွားသည်၊ "ဟုတ်သားပဲ၊ Frestech ကုန်သည်ကြီးများအသင်းက လွဲရင် ဘယ်လုပ်ငန်းစုမှာ ဒီလောက်များတဲ့ မှော်ကားတွေရှိမှာလဲ?"
အန်းခေါ့ထ်က အတန်ငယ်အံ့ဩသွားသည်။ သူ့အနေနှင့် ဘာဆာရူမြို့ကဲ့သို့ မြို့လေးတစ်မြို့မှ မြို့စောင့်အရာရှိတစ်ဦးမှာ အမှန်တကယ်ပင် ၎င်းတို့ Frestech ကုန်သည်ကြီးများအသင်းအကြောင်းသိနေမည်ဟု ထင်မထားခဲ့ချေ။
သူ့စိတ်ထဲ၌ ဂုဏ်ယူမှုအနည်းငယ်ဖြစ်သွား၏။ ထိုသို့သော လူများသည်ပင် Frestech ကုန်သည်ကြီးများအသင်းအကြောင်းသိလေရာ ၎င်းတို့က တိုင်းပြည်၌ အတော်လေး ကျော်ကြားသည်ကိုမြင်နိုင်ပေသည်။
"ဟုတ်ပါတယ်၊ ကျုပ်တို့က ဘန်တာမြို့က လာတဲ့ Frestech ကုန်သည်ကြီးများအသင်းပါ။ ကျုပ်တို့က ဆိုဝယ်လ်မြို့ကို ကုန်စည်တွေသွားပို့ဖို့ ဒီကို ဖြတ်လာရတာဆိုတော့ ညဘက်မှာ တည်းချင်လို့ပါ။" အန်းခေါ့ထ်က ရှင်းပြလေသည်။
"အိုး....." အရာရှိက ကုန်သည်စုဖြတ်သန်းခွင့်ကိုကြည့်ကာ အန်းခေါ့ထ်နောက်ရှိ ယာဉ်တန်းကိုကြည့်ပြီးနောက် မျက်မှောင်ကုပ်လိုက်၏၊ "ခင်ဗျားတို့ကို မြို့တော်မှာ နေခွင့်ပေးဖို့က ပြဿနာမဟုတ်ပေမယ့် ဒီလောက်များတဲ့ မှော်ကားတွေနဲ့ဆို..... ဝင်လာတာနဲ့ မစီစဉ်ပေးနိုင်မှာ ကြောက်မိတယ်။"
"အင်း?" အန်းခေါ့ထ်က အံ့ဩကာ မြို့ထဲသို့ကြည့်လိုက်သည်နှင့် ဂိတ်ကို ဆက်သွယ်ထားသော လမ်းကြောင်းကာ သေးငယ် ကျဉ်းမြောင်းလှသည်ကို တွေ့လိုက်ရ၏။ ၎င်းက အကျယ်ဆုံး၌ လေးမီတာအောက်သာရှိကာ အကျဉ်းဆုံးနေရာက သုံးမီတာပင်မရှိပေ။
မှော်ကားဖြင့်ဝင်နိုင်ပါသော်လည်း လမ်းကျဉ်းလေး၌ ကွေ့နိုင်မည် မဟုတ်ချေ။
ထို့အပြင် ဤလမ်းကြောင်းအား မြို့ဂိတ်နှင့် ဆက်သွယ်ထားလေရာ ၎င်းက အကျယ်ဆုံးလမ်းကြောင်းဖြစ်လောက်သည်။ ဤလမ်းလေးပင် ထိုမျှ ကျဉ်းမြောင်းလှပါလျှင် အခြားလမ်းများလည်း ထိုသို့ဖြစ်နိုင်သည်ဟု စိတ်ကူးကြည့်နိုင်သည်။
"ဒါက....." ထိုအခြေအနေကိုမြင်သော် ၎င်းက အန်းခေါ့ထ်အတွက် အနည်းငယ်ခက်ခဲသွားသည်။ စဉ်းစားကြည့်ပြီးနောက် သူက ရှုယီထံ ညွှန်ကြားချက် တောင်းခံဖို့ မှော်ကားများဆီသွားလိုက်၏။
ရှုယီကလည်း အန်းခေါ့ထ်အတွက် မြို့စောင့်များကိုပြောရန် အဘယ့်ကြောင့် ထိုမျှ ကြာလွန်းနေသည်ကို သိလိုနေသဖြင့် အန်းခေါ့ထ် ရှင်းပြလာသည်ကိုကြားသည့်နောက် အံ့ဩသွားသည်။
ဘာဆာရူမြို့က သေးငယ်လှသည်ကို စဉ်းစားပြီးသော်လည်း မြို့အတွင်း အခြေအနေက ထိုမျှလောက် ဆိုးနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
"ဥက္ကဌ၊ ကျုပ်တို့ မြို့အပြင်မှာပဲ စခန်းချရင်ရော ဘယ်လိုလဲ?" ကမ်ဘီက အကြံပေးလာသည်၊ "ကျုပ်တို့ မြို့နားမှာ ရှိနေကတည်းက ဘာပြဿနာမှ ရှိမလာလောက်ဘူးမို့လား?"
ရှုယီလည်း စဉ်းစားပြီးနောက် ခေါင်းငြိမ့်၏၊ "ကောင်းပြီ။ အန်းခေါ့ထ်, လူတိုင်းကိုပြောလိုက် ဒီည မြို့ပြင်မှာ စခန်းချမယ်။ မနေချင်တဲ့လူတွေကတော့ မြို့က ဟိုတယ်တစ်ခုလောက်သွားရှာလို့ရတယ်၊ လုပ်ငန်းစုက သူတို့ကို ကုန်ကျစရိတ်ပြန်ပေးမယ်လို့။"
အန်းခေါ့ထ်လည်း ထွက်သွားသည်။ ရှုယီက အတွေးထဲနစ်နေပြီးနောက် မြို့ဂိတ်ထံသွားကာ အစောင့်ထံပြောလိုက်သည်။
ယာဉ်တန်းက မြို့ပြင်၌ စခန်းချခြင်းသည့်အကြောင်းကို ကြားသော် အစောင့်အရာရှိမှာ အနည်းငယ် တုံ့ဆိုင်းသွား၏။
"ဒါက အဆင်မပြေလောက်မှာ စိုးရိမ်တယ်.... ခင်ဗျားတို့သာ မြို့ပြင်မှာနေရင် တခြားလူတွေကို အနှောင့်အယှက်ဖြစ်စေလိမ့်မယ်....."
ရှုယီက Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်ကြောင်း သိပြီးနောက် အစောင့်အရာရှိ၏အသံက မနေနိုင်လောက်အောင် အားနည်းလာသည်။ တစ်ယောက်ယောက်ကသာ ၎င်းကို အဆိုပြုလာခြင်းဆိုပါလျှင် နှင်လွှတ်လိုက်ပြီးပြီဖြစ်၏။
"တခြားလူတွေကို အနှောင့်ယှက်မဖြစ်မယ့်နေရာတစ်ခုရွေးလိုက်ပါ့မယ်၊ နေရာလွတ်တချို့ရှိရင်ကို အဆင်ပြေပါတယ်။" ရှုယီက စိတ်ရှည်စွာ ရှင်းပြလိုက်သည်၊ "ပြီးတော့လည်း ဒီမှာ တစ်ညပဲနေပြီး မနက်ဖြန်ထွက်မှာဆိုတော့ ခင်ဗျားတို့ကို အနှောင့်အယှက်မဖြစ်စေရပါဘူး။"
အစောင့်အရာရှိက တုံ့ဆိုင်းနေသည်ကိုမြင်သော် ရှုယီက ဘေးဘီကိုကြည့်လိုက်သည်။ သူက အစောင့်အရာရှိကိုဆွဲခေါ်၍ အခြားလူများကို နောက်ကျောဖြင့်ကွယ်ကာ ရင်ဘတ်ထဲမှ အိတ်တစ်အိတ်ထုတ်လိုက်သည်။
"ဒီငွေကို ကျုပ်တို့ ဝင်ကြေးလို့ ယူဆလို့ရပါတယ်၊ ဒါပေမယ့် မြို့ထဲကိုတော့ မဝင်ပါဘူး၊ ဘယ်လိုထင်လဲ?"
အစောင့်အရာရှိက ရှုယီလက်ထဲရှိ အိတ်ကိုကြည့်လိုက်ပြီးနောက် ရွှေဒင်္ဂါးများက ပုံမှန်ကြေးထက် ကျော်လွန်နေသည်ကို မြင်လိုက်ရသည်။ သူလည်း ဘေးဘီကိုဝေ့ဝဲကြည့်လျက် တံတွေးမမျိုချမိဘဲ မနေနိုင်တော့ဘဲ ရှုယီလက်ထဲမှ အိတ်ကိုယူလိုက်၏။ သူက ချောင်းအသာဟန့်ကာ လေးနက်ဟန်ဖြင့် ဆိုလာသည်၊ "ကောင်းပါပြီ၊ ခင်ဗျားလည်း ခက်ခဲတဲ့ အခြေနေမှာဆိုတော့ ခင်ဗျားကို ခက်ခဲအောင်မလုပ်တော့ပါဘူး။ ခင်ဗျားတို့ဘာသာ နေရာလွတ်တစ်ခုရှာလိုက်လို့ရပါတယ်၊ ဒါပေမယ့် တခြားလူတွေကို နှောင့်ယှက်လို့မရတာတော့ မမေ့ပါနဲ့။"
ရှုယီက အပြုံးဖြင့် သဘောတူလိုက်၏။ သူလှည့်ထွက်သွားချိန်တွင် အစောင့်၏အမူအရာက ပြောင်းလဲသွားကြောင်းတွေ့လိုက်ရသည်။ သူက အိတ်ကိုကိုင်ရင်း ပြုံးနေရာမှ တစ္ဆေတွေ့သည့်နှယ်ဖြစ်ကာ ထိတ်လန့်မှုအပြည့်ဖြစ်လာသည်။
"ဘာဖြစ်တာလဲ?" ရှုယီလည်း ရှုပ်ထွေးဟန်ဖြင့် လှည့်ကာ အစောင့်၏ အကြည့်နောက်ကိုလိုက်ကြည့်လိုက်၏။ ထိုနေရာ၌ မြင်းလှည်းတစ်စီး အမြန်မောင်းနှင်လာကာ နောက်တွင် ဖုန်များထခဲ့သည်ကို မြင်ရလေသည်။
"နေပါဦး!" ရှုယီမှာ အစောင့်က အဘယ့်ကြောင့် ထိုမြင်းလှည်းကိုမြင်ကာ ထိတ်လန့်နေကြောင်း စဉ်းစားနေချိန်တွင် အစောင့်က ရှုယီ၏ လက်ကို ရုတ်တရတ်ဆွဲလာသည်။ သူက ရှုယီ၏ရင်ဘတ်ထဲသို့ အိတ်ကို ပြန်ထည့်ပေးကာ အသံတိုးတိုးဖြင့်ပြောလာသည်၊ "မှတ်ထားနော်၊ ကျုပ် အခုနက ဘာမှ မပြောလိုက်ဘူး။"
ရှုယီက အစောင့်ကို တအံ့တဩကြည့်လိုက်သည်။ ထိုမြင်းလှည်းကို ကြိုဆိုရန် မြို့ဂိတ်အပြင်သို့ အခြားအစောင့်များနှင့်အတူ သွားရင်း သူဟာ စိတ်လှုပ်ရှားဟန် ပြုံးလျက် အမူအရာက အလျင်အမြန်ပြောင်းလဲသွားသည်ကိုမြင်လိုက်ရသည်။
ထိုမြင်းလှည်းက မြို့စောင့်များ အသိအမှတ်ပြုထားသည့် တစ်စုံတစ်ယောက်ကို တင်ဆောင်လာသည်မှာ သေချာပါ၏။
သို့သော် ရှုယီက မြင်းလှည်းကိုကြည့်လိုက်ချိန်တွင် ၎င်းက မည်သည့် ဈေးကြီးပစ္စည်းများကိုမှ အသုံးမပြုထားဘဲ အင်မတန် ပုံမှန်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ရှုယီလည်း မြင်းလှည်းထဲ၌ မည်သူရှိနေသဖြင့် အစောင့်များ၏ သဘောထားက ထိုမျှမြန်မြန် ပြောင်းလဲသွားကြောင်း မစဉ်းစားဘဲ မနေနိုင်တော့ချေ။
သို့သော် ခဏကြာပြီးနောက် မြင်းလှည်းက လမ်းကြမ်းကို အမြန်ဖြတ်လာကာ နှုတ်ဆက်ရန် တိုးလာကြသည့် အစောင့်များကို လျစ်လျူရှုလျက် အရှိန်ပင်မလျှော့ဘဲ ဖြတ်ကျော်သွားကာ ရှုယီရှေ့၌ ရပ်သွား၏။
ရှုယီလည်း အသာမျက်မှောင်ကုပ်လျက် ညာလက်ကိုမြောက်ရင်း မှော်စွမ်းအားကိုစုစည်းလျက် မြင်းလှည်းထံမှလာသည့် ဖုန်များကို တားဆီးရန် လေအနည်းငယ် ထုတ်ဖော်လိုက်သည်။
ဖုန်များ ပျောက်ကွယ်သွားချိန်တွင် အသက်လေးဆယ်အရွယ်လောက်ရှိသည့် သက်လတ်ပိုင်းလူတစ်ဦး၏ထွက်လာကာ ရှုယီလက်ကို ဆွဲ၍ စိတ်လှုပ်တရှားပြောလာသည်၊ "ဥက္ကဌရှု၊ ကျုပ် ခင်ဗျားကို နောက်ဆုံးတော့ မိပြီ!"
ရှုယီက ထိုသက်လတ်ပိုင်းလူကို တအံ့တဩကြည့်လိုက်သည်။ သူဟာ အတော်လေး မောပန်းနေပုံရကာ အသင့်အတင့်ပစ္စည်းများနှင့် ပြုလုပ်ထားသည့် အဝတ်အစားကလည်း တွန့်ကြေနေသည်။
"ခင်ဗျားက....."
"အိုး၊ ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးဖို့ မေ့သွားတယ်။" သက်လတ်ပိုင်းလူက ရှုယီနောက်ရှိ ဘာဆာရူမြို့ထံ ညွှန်ပြလာကာ၊ "ဥက္ကဌရှု၊ ကျေးဇူးပြုပြီး ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ။ ကျုပ်က လက်ရှိ ဘာဆာရူမြို့ရဲ့ မြို့စား ကောင့်ထ် ရီဗယ် လောင်ဂျ်လီပါ။ ဒါက ကျုပ်တို့ ပထမဆုံးတွေ့ဆုံမှုပါ၊ ဒီတော့ ဥက္ကဌရှုအနေနဲ့ ကျုပ်ကို ရှေ့လျှောက် ဂရုစိုက်ပေးဖို့ တောင်းဆိုပါရစေ။"
ရှုယီက မျိုးရိုးမြင့် အရှိန်အဝါမရှိသည့် ထိုသက်လတ်ပိုင်းလူကို တအံ့တဩကြည့်လိုက်သည်။ အစောင့်၏တွေရဲ့ သဘောထားကို သုံးသပ်ရပါလျှင် ဤသက်လတ်ပိုင်းလူက လိမ်ညာနေပုံမရဘဲ တကယ်ကို ဘာဆာရူမြို့၏ မြို့စား ကောင့်ထ်လောင်ဂျ်လီပါပင်။
သို့သော် ရှုယီမှာ နားမလည်ပေ၊ ဘာဆာရူမြို့မှာ မင်းသားလေး အဲရစ်ကို ရှင်းရှင်းလင်းလင်းပင် ထောက်ပံ့နေသည်ဖြစ်ရာ အဘယ့်ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဖြစ်သည့် သူ့ထံ အင်မတန်ယဉ်ကျေးနေရသနည်း? သူဟာ ရှုယီကို မြင်တွေ့ရသည့်အတွက် ထိုမျှပင် စိတ်လှုပ်ရှားလာသည်လား?
ဖြစ်နိုင်တာက.... ရှုယီရဲ့ အရင်က ခန့်မှန်းချက်ကပဲ မှန်လာတာလား?
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၂၉။ နောက်တစ်ရက်ထပ်နေပါဦး
ကောင့်ထ်လောင်ဂျ်လီမှာ လူတို့ကိုမည်သို့မြင်ကာ အလွန်အကျွံသုံးစွဲရန် မည်သို့ဆန္ဒမရှိသည်ဖြစ်စေ အဆုံး၌ မျိုးရိုးမြင့်တစ်ဦးဖြစ်နေဆဲဖြစ်သဖြင့် တချို့အရာတို့ကို မရှောင်နိုင်ပေ။
ဥပမာဆိုရလျှင်..... မျိုးရိုးမြင့်တစ်ဦးအနေနှင့် အိမ်တော်ကြီး၌ နေထိုင်ခြင်းပင်....
"ဥက္ကဌရှု၊ ဝင်လာပါ။" ကောင့်ထ် Lonleyက ရှုယီကို နွေးထွေးစွာဖိတ်ခေါ်ကာ မှော်ကားထဲရှိ Frestech ကုန်သည်ကြီးများအသင်း၏ အဖွဲ့ဝင်များကို ဖျော်ဖြေရန် အစေခံများစွာကို ခေါ်လိုက်၏၊ "ဒီအိမ်တော်က အဲ့လောက်မကောင်းတော့ ဥက္ကဌရှုအနေနဲ့ စိတ်မကွက်ဖို့ မျှော်လင့်ပါတယ်။"
ရှုယီလည်း ခေါင်းခါကာ အပြုံးဖြင့်ပြောလိုက်၏၊ "ဘာပဲဖြစ်ဖြစ် ဒါက အပြင်ဘက်မှာ စခန်းချနေတာထက်တော့ ပိုကောင်းတယ်မို့လား?" ခေတ္တရပ်တန့်ပြီးနောက် ရှုယီက ငြင်သာစွာ ထပ်ပေါင်းပြောလာသည်၊ "ဒီအိမ်တော်ထဲမှာ ဘာအန္တရာယ်ကိုမှ စိုးရိမ်ဖို့လည်းမလိုဘူးလေ။"
ကောင့်ထ်လောင်ဂျ်လီက ရပ်တန့်သွားကာ ရှုယီကိုကြည့်လာသည်။ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် ဘေးဘီကို ကြည့်ကာ နောက်မှလိုက်လာရန် ရှုယီကို အချက်ပြလေ၏။
နှစ်ဦးသားက ခန်းမနံဘေးသို့ သွားလိုက်ပြီး အစေခံများက လက်ဘက်ရည်ပူဖြင့် ဧည့်ခံပြီးနောက် ကောင့်ထ်လောင်ဂျ်လီမှာ လက်ပြ၍ ထွက်သွားခိုင်းလိုက်သည်။ အတန်ငယ် တိတ်ဆိတ်နေပြီးနောက်၌ လေးနက်စွာမေးလာ၏၊ "ဥက္ကဌရှု၊ အရင်နေ့ညက ခြုံခိုတိုက်ခိုက်ခံခဲ့ရတာ တကယ်ပဲ ခင်ဗျားတို့လား?"
ရှုယီက အသာပြုံးကာ၊ "ဘာလို့ တကယ်ပဲလားလို့ ပြောရတာလဲ?"
"ဘာလို့လဲဆိုတော့ မနေ့ကစပြီး ကျုပ် တစ်ချိန်လုံး ခင်ဗျားတို့ ယာဉ်တန်းနောက်က လိုက်လာနေတာ။ အဆုံးမှာ မနက်ကျတော့ ကျုပ် မြင်လိုက်ရတာ....."
ကောင့်ထ်လောင်ဂျ်လီ က မျက်မှောင်ကုပ်ကာ၊ "လူတစ်ယောက်ကို နောင်တနဲ့ ပြည့်သွားလောက်စေတဲ့ မြင်ကွင်းချို့ကိုပေါ့။"
"နောင်တပဲလား?" ရှုယီ ကောင့်ထ်လောင်ဂျ်လီ၏ အမူအရာကို အလေးအနက်ကြည့်လျက် ထိုကိစ္စနှင့် ဆိုင်နေမည်လားကို ကြိုးစားရှာဖွေလိုက်သည်။
ကောင့်ထ်လောင်ဂျ်လီ၏ အမူအရာက ရှုပ်ထွေးနေပါသော်လည်း အများစုက ကူကယ်ရာမဲ့မှုနှင့် Frestech ကုန်သည်ကြီးများအသင်း တိုက်ခိုက်ခံခဲ့ရခြင်းကို စိတ်ပူခြင်းတို့သာဖြစ်သည်။
"ဥက္ကဌရှု၊ ကျုပ်နားလည်ပါတယ်။ ခင်ဗျားအနေနဲ့ အရင်က ဘာဆာရူမြို့ရဲ့ သဘောထားကြောင့် ကျုပ်ကို သံသယဖြစ်နေနိုင်လောက်ပေမယ့် ကျေးဇူးပြုပြီး ကျုပ်က ဒီကိစ္စအပေါ် အတော်လေး နောင်တရပြီး ဒေါသဖြစ်တာပဲရှိတာကို ယုံကြည်ပေးပါ။" ကောင့်ထ်လောင်ဂျ်လီက ခေတ္တမျှရပ်တန့်ပြီးနောက် ခေါင်းစဉ်ပြောင်းလိုက်၏၊ "ဥက္ကဌရှု၊ မနေ့ညက ခင်ဗျားရဲ့ ဆုံးရှုံးမှု..... ပြင်းထန်လား?"
"အရမ်းပြင်းထန်တယ်။" ရှုယီ၏ မျက်နှာက လေးနက်သွားရင်း နာကျင်ဟန်ထုတ်ပြလာသည်၊ "မနေ့ညက ခြုံခိုတိုက်ခိုက်ခံရတော့ ကျုပ်တို့ လုပ်ငန်းစုက သစ္စာရှိ အစောင့် သုံးယောက်ကို ဆုံးရှုံးခဲ့ရတယ်။ ကျုပ် ဒီအတွက် အတော်ဝမ်းနည်းသလို ဒေါသလည်းဖြစ်မိတယ်။ အန်ဗီမာမြို့တော်ကို ပြန်ရင် သေချာပေါက် ဒီကိစ္စကို တော်ဝင်လွှတ်တော်ဆီတင်ပြပြီး အစောင့်သုံးယောက်အတွက် သင့်တော်တဲ့ လျော်ကြေးပေးရမယ်။"
ကောင့်ထ်လောင်ဂျ်လီက အံ့ဩသွားသည်၊ "ခင်ဗျား အစောင့်သုံးယောက်လေးပဲ ဆုံးရှုံးခဲ့တယ်လား?"
ရှုယီက အတန်ငယ်သတိပေးဟန်ပြကာ၊ "သုံးယောက်လေးပဲတဲ့လား? ကောင့်ထ်လောင်ဂျ်လီ, ကျုပ်အမြင်အရ အစောင့် အားလုံးဟာ ကျုပ်တို့လုပ်ငန်းစုရဲ့ တန်ဖိုးရှိဝန်ထမ်းတွေဖြစ်တာကြောင့် တစ်ယောက်ဆိုရင်တောင် ဆုံးရှုံးမှုကြီးပဲ။"
"အာ၊ မဟုတ်ဘူး၊ ဥက္ကဌရှု အထင်လွဲနေပြီ၊ ကျုပ်က ဒီလိုပြောတာမဟုတ်ပါဘူး။ ဒါက....." ကောင့်ထ်လောင်ဂျ်လီက လက်ယမ်း၍ မယုံနိုင်ဟန်ပြလာသည်၊ "အဲဒီအခြေအနေမှာ တကယ်တမ်း အစောင့်သုံးယောက်ပဲ ဆုံးရှုံးခဲ့ရလို့.... ပြောချင်တာက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေက တကယ်ကို သန်မာတယ်လို့။"
"ဘာလဲ? ကောင့်ထ်လောင်ဂျ်လီ မနေ့ညက ဘာဖြစ်ခဲ့လဲဆိုတာကို သိနေတာလား?"
ကောင့်ထ်လောင်ဂျ်လီက အလျင်အမြန် ခေါင်းခါကာ၊ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီမနက်မှာတွေ့ခဲ့တဲ့ တိုက်ပွဲအမှတ်အသားတွေကို သုံးသပ်ပြီး တွက်ချက်ကြည့်လိုက်ရုံပါ။ ကျုပ်သာမမှားရင် ခင်ဗျားတို့ကို တိုက်ခိုက်ခဲ့တာက လက်ရွေးစင် မြင်းတပ်ဖြစ်လောက်တယ်....."
"ဒါက ခင်ဗျားရဲ့ တွက်ချက်မှုပဲလား?" ရှုယီက ကောင့်ထ်လောင်ဂျ်လီကို တစ္ဆေဆန်ဆန်ပြုံးကာ ကြည့်လိုက်သည်။
ရှုယီက သူ့အား အမြဲသံသယဖြစ်နေသည်ကိုမြင်သော် ကောင့်ထ်လောင်ဂျ်လီက ကူရာမဲ့စွာပြုံးလေ၏။ သူဟာ မည်သို့ဆက်ပြောရမည်ကို မသိတော့ချေ။
သူ မပြောသလို ရှုယီကလည်း မပြောသဖြင့် အခန်းက တိတ်ကျသွား၏။
အနည်းငယ် နေရခက်နေပြီးနောက်၌ ကောင့်ထ်လောင်ဂျ်လီက ချောင်းတစ်ချက်ဟန့်ကာ တစ်ဖန်ပြုံးရင်း ရှုယီကို မေးလေသည်၊ "ဥက္ကဌရှု၊ ဒီတစ်ခေါက် ဆိုဝယ်လ်မြို့ဆီ ဦးတည်သွားမှာလား?"
"ဟုတ်တယ်" ရှုယီက ခေါင်းငြိမ့်သည်။
"အရင်တစ်ခေါက် ကျုပ် ဆိုဝယ်လ်မြို့ဆီသွားပြီး ကောင့်ထ်စီယန်နဲ့တွေ့တော့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို ဆိုဝယ်လ်မြို့မှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ထားကြောင်းပြောခဲ့တယ်။ ကျုပ်သာမမှားရင် ဒီတစ်ခေါက် ယာဉ်တန်းကရော ဒါနဲ့ ဆိုင်နေတာလား?"
"အမှန်ပါပဲ။" ရှုယီက လဘက်ရည်ခွက်ကိုချလိုက်သည်။ သူက ကောင့်ထ်လောင်ဂျ်လီကိုကြည့်ကာ သူသာ ၎င်းကိုအစပျိုးမေးလိုက်ပါက သူ၏ ခန့်မှန်းချက်များမှန်ကန်လာကာ ထူးခြားသည့် အတွေးတချို့ ရှိနေနိုင်သည်လား?
ကောင့်ထ်လောင်ဂျ်လီလည်း အတန်ငယ်တုံ့ဆိုင်းစွာဖြင့် မေးလာသည်၊ "ဒါဆို ဥက္ကဌရှု၊ ခင်ဗျားတို့ လုပ်ငန်းစုအနေနဲ့ ဆိုဝယ်လ်မြို့မှာ ဘယ်လောက်များများ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားသလဲဆိုတာ ပြောပြလို့ရမလား?"
ရှုယီက အသာပြုံးရင်း လက်တစ်ချောင်းထောင်လိုက်သည်၊ "လတ်တလောတော့ ရွှေဒင်္ဂါး တစ်သန်း ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားပါတယ်။"
"ရွှေဒင်္ဂါး တစ်သန်း?" ကောင့်ထ်လောင်ဂျ်လီ၏ မျက်လုံးများပြူးလာကာ အသက်ရှူသံကပါမြန်လာသည်။ ကြည့်ရသည်မှာ သူ၏ မြို့စားတစ်ဦးအဖြစ် အထောက်အထားနှင့်တောင် ထိုပမာဏကြောင့် အံ့ဩသွားဟန်ရှိသည်၊ "အစပိုင်းမှာပဲလား?"
"ဟုတ်တယ်၊ ကျုပ်တို့ရဲ့ နောက်ဆုံးပန်းတိုင်က ဆိုဝယ်လ်မြို့မှာ ထုတ်လုပ်ရေးအခြေစိုက်ဌာနတစ်ခု တည်ဆောက်ပြီး အရှေ့မြောက်ပိုင်းက ကျုပ်တို့လုပ်ငန်းစုရဲ့ ဌာနချုပ်အဖြစ်သတ်မှတ်ဖို့ပါ။ အရှေ့မြောက်ခရိုင်နဲ့ အနီးဝန်းကျင်တိုင်းပြည်တွေမှာပါ ဒါကိုသုံးပြီး ကုန်သွယ်မှာပါ။ ရွှေဒင်္ဂါးတစ်သန်းက အစပျိုးရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး နောက်ဆုံးခန့်မှန်းခြေအရတော့ ရင်းနှီးမြှုပ်နှံမှုက ရွှေဒင်္ဂါးငါးသန်းအောက်မလျော့လောက်ဘူး။" ရှုယီက ပြော၏။
"ရွှေဒင်္ဂါးငါးသန်း....." ကောင့်ထ်လောင်ဂျ်လီက သက်ပြင်းအသာချရင်း အသံအနေအထား၌ အံ့အားသင့်ကာ ချီးကျူးလိုမှုတို့ဖြင့်ပြည့်လာသည်၊ "ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက တကယ်ကို ချမ်းသာတာပဲ။ ဆိုဝယ်လ်မြို့ တစ်မြို့တည်းနဲ့တင် ခင်ဗျားတို့က ရွှေဒင်္ဂါးငါးသန်းမြှုပ်နှံဖို့ ဆန္ဒရှိနေပြီ။"
ရှုယီက ရယ်လျက်ပြော၏၊ "ကျုပ်က ကုန်သည်တစ်ယောက်လေ၊ ရင်းနှီးမြှုပ်နှံမှုတွေက ငွေဝင်ဖို့အတွက်ပါပဲ။ ဆိုဝယ်လ်မြို့မှာ ရွှေဒင်္ဂါးငါးသိန်း မြှုပ်နှံတာက သေချာပေါက် ရွှေဒင်္ဂါးငါးသန်းထက် ပိုပြီးပြန်ရမယ်ဆိုတာ ယုံကြည်လို့ပါ။"
"ဥက္ကဌရှုအနေနဲ့ ဒီလိုလုပ်နိုင်မယ်ဆိုတာ သေချာပေါက် ယုံကြည်ပါတယ်။" ကောင့်ထ်လောင်ဂျ်လီက ခေါင်းငြိမ့်ကာမေးလေသည်၊ "ဒါပေမယ့် ဥက္ကဌရှု၊ ကျုပ် တစ်ခုလောက် မေးလို့ရမလား?"
"မေးပါ"
"ခင်ဗျားတို့ လုပ်ငန်းစုအနေနဲ့ ဆိုဝယ်လ်မြို့မှာ ငါးသန်း ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်ပြီလေ။ ဥက္ကဌအနေနဲ့ ရင်းနှီးမြှုပ်နှံထားတာထက် ပိုရမယ်ဆိုတာကို ကျုပ် ယုံကြည်ပေမယ့်လည်း ဒီငါးသန်းကို ဘယ်နေရာမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတာလဲ? ဆိုဝယ်လ်မြို့က ခင်ဗျားတို့လုပ်ငန်းစုရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် ဘန်တာမြို့လို မြန်မြန်တိုးတက်လာနိုင်လား?" ကောင့်ထ်လောင်ဂျ်လီက လေးနက်နေဟန်ဖြင့် မေးလာသည်။
"ဒါကတော့ မသေချာဘူး။ မြို့တစ်မြို့တိုးတက်ဖို့မှာ ရင်းနှီးမြှုပ်နှံမှုတွေအပြင် အရေးကြီးဆုံးအရာက ဆုံးဖြတ်ချက်ချတဲ့လူအနေနဲ့ လုံလုံလောက်လောက်သန်မာနေဖို့ပဲ။ ဒါပေါ့ ကောင့်ထ်စီယန်က ဘန်တာမြို့ရဲ့ မြို့စားဖြစ်ခဲ့တုန်းက သူနဲ့ပူးပေါင်းရင်း အတွေ့အကြုံကောင်းရခဲ့တယ်။ ဒီတစ်ခေါက် ဆိုဝယ်လ်မြို့မှာ တခြားပူးပေါင်းမှုကောင်းတွေရနိုင်မယ်ဆိုတာ ကျုပ်ယုံကြည့်တယ်။ အသေးစိတ်ကို ဂရုစိုက်နေသရွေ့ ဆိုဝယ်လ်မြို့လည်း မြန်မြန် တိုးတက်လာနိုင်လောက်တယ်။"
ရှုယီ၏အဖြေကိုကြားသော် ကောင့်ထ်လောင်ဂျ်လီမှာ အတွေးနက်သွားသည်။
သူ၏အမူအရာက တကယ်တမ်း မပြောင်းလဲသွားသော်လည်း မျက်လုံးများရှိ ပြောင်းလဲဟန်နှင့် စားပွဲပေါ်သို့ သတိမထားမိဘဲ လက်ချောင်းဖြင့် ခေါက်နေခြင်းကို သုံးသပ်ရလျှင် သူ၏စိတ်ထဲ၌ ရုန်းကန်နေရဟန်ရှိသည်။
ခဏကြာပြီးနောက် ရှုယီ၏ လဘက်ရည်ခွက်အေးသွားချိန်တွင် ကောင့်ထ်လောင်ဂျ်လီက လက်ချောင်းဖြင့် ခေါက်ခြင်းကိုရပ်တန့်လိုက်သည်။ သူ၏မျက်ဝန်းများက တဖြည်းဖြည်း ခိုင်မြဲလာကာ ရှုယီကို အသာပြုံးလျက် ပြောလေသည်၊ "ဥက္ကဌရှု၊ ခင်ဗျားက ကျုပ်တို့ ဘာဆာရူမြို့ကနေ ဖြတ်သွားမှတော့ တစ်ရက်လောက်ပိုနေပြီး ကျုပ်အနေနဲ့ ခင်ဗျားလို ရှားရှားပါးပါးဧည့်သည်တစ်ယောက်ကို ဧည့်ခံခွင့်ပေးနိုင်မလား?"
ရှုယီက ကောင့်ထ်လောင်ဂျ်လီကို နက်နဲစွာကြည့်ကာ၊ "ကောင့်ထ်လောင်ဂျ်လီ, ခင်ဗျားအနေနဲ့ ကျုပ်ကို ဧည့်သည်အဖြစ်ထားဖို့က အဆင်မပြေလောက်ဘူးမို့လား?"
ကောင့်ထ်လောင်ဂျ်လီက အသာပြုံးကာ၊ "ဧည့်သည်ဖြစ်ဖို့ ဆုံးဖြတ်ပြီးသားမဟုတ်လား၊ ဘာက အဆင်မပြေလို့လဲ? ပြီးတော့လည်း ကျုပ်မှာ ဥက္ကဌရှုနဲ့အတူ တိုင်ပင်စရာတွေ ရှိသေးတယ်၊ ဒီတော့ ဥက္ကဌရှု အနေနဲ့ တစ်ရက်လောက်ပိုနေဖို့ မျှော်လင့်ပါတယ်။"
ရှုယီက ၎င်းကို စဉ်းစားလိုက်ဟန် ဆောင်လိုက်သည်။ စဉ်းစားပြီးနောက်တွင် သူက ခေါင်းတစ်ချက်ငြိမ့်ကာ၊ "ကောင်းပြီလေ၊ ကောင့်ထ်လောင်ဂျ်လီက ကျုပ်ကို ဖိတ်ဖို့ ကြင်နာတတ်မှတော့ ကျုပ်နဲ့ ကျုပ်ရဲ့ငယ်သားတွေက နောက်တစ်ရက် အနှောင့်အယှက်ပေးရတော့မှာပေါ့။ တိုင်ပင်ဖို့ကတော့ ကောင့်ထ်လောင်ဂျ်လီက ယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်နဲ့အတူ ဘာကိုမဆို လွတ်လွတ်လပ်လပ်ဆွေးနွေးလို့ရပါတယ်။"
ကောင့်ထ်လောင်ဂျ်လီ၏ အပြုံးက ပိုလို့ပင် တောက်ပလာကာ၊ "ဟုတ်ပါပြီ"
……
"ဘုန်း"
ယခင်တစ်ခေါက် အန်ဗီမာမြို့တော်၌ ရွှေဒင်္ဂါးတစ်သောင်းသုံးထောင်ဖြင့် လေလံ၌ ရောင်းချခဲ့သော ဆရာပန်ဒါ ပြုလုပ်ထားသည့် ပယင်းကျောက်စိမ်းပုလင်းလှလှလေးက ကြမ်းပေါ်ကျကာ ကွဲသွားသည်။
ဘေးပတ်လည်ရှိ အစေခံများက ထိတ်လန့်နေကြသော်လည်း မျက်နှာထက်၌ မည်သည့်အမူအရာမှ မပြဝံ့ကြချေ။ ၎င်းတို့က ခေါင်းသာငုံ့ကာ ကျယ်လောင်စွာ အသက်ပင်မရှူဝံ့ကြတော့ချေ။
၎င်းတို့အနေနှင့် ကောင့်ထ်ဝီလ်က ဒေါသဖြစ်လာချိန်တွင် သူ၏ စိတ်အာရုံကို မဆွဲဆောင်သည်ကအကောင်းဆုံးဖြစ်မှန်းသိကြသည်၊ မဟုတ်ပါက အကျိုးဆက်များကို ခန့်မှန်းရန် ခက်ခဲပေလိမ့်မည်။
လမ်မာတီမြို့၏ မြို့စားအိမ်တော် စာရေးလီဗန်က မျက်မှောင်ကုပ်လျက် ကြမ်းပေါ်မှ အကွဲစများကိုကြည့်လာသည်။ သူက လက်ယမ်းလိုက်သော် အစေခံများက ခွင့်ပြုချက်ရသွားသည့်ဟန်ဖြင့် အခန်းထဲမှ မြန်မြန်ထွက်သွားကြသည်။
နောက်ဆုံးအစေခံက ထွက်သွားပြီးနောက် တံခါးပိတ်လိုက်သည်ကိုကြည့်ရင်း လီဗန်က အနည်းငယ် စောင့်နေလိုက်ပြီးမှ ကောင့်ထ်ဝီလ်ကို ပြောလာ၏၊ "အရှင်ကောင့်ထ်၊ ဆုံးဖြတ်ချက်ချသင့်ပါတယ်။"
"ဆုံးဖြတ်ချက်? ငါ့-င်ကိုပဲ ဆုံးဖြတ်လိုက်!" ကောင့်ထ်ဝီလ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်၊ "Frestech ကုန်သည်ကြီးများအသင်းရဲ့ ယာဉ်တန်းကို ငါ့နယ်မြေပေါ်မှာ ချုံခိုတိုက်ခိုက်တယ်လား? သူတို့က တကယ်ပဲ စခ်တိုင်းပြည်က ကောင်တွေကိုတောင် ခေါ်လာဝံ့တယ်! ဒါက ငါ့ကို ရှင်းရှင်းလင်းလင်းကြီး ဆွဲချဖို့ လုပ်နေတာပဲ! အဲ့သောက် မီချယ်, အဲဒီမြေခွေးအိုကြီးက လုပ်တာ သေချာတယ်! ဒါကို အဆုံးသတ်ခွင့်မပေးဘူးကွ!"
လီဗန်က မျက်ခုံးများတွ့န်ချိုးလိုက်၏။ အနည်းငယ် စဉ်းစားပြီးနောက် သက်ပြင်းချကာ ဆိုလေသည်၊ "မြို့စားအရှင်၊ ဒီကိစ္စကိုသာ တကယ်ပဲ ကောင့်ထ်မီချယ်လုပ်တာဆိုရင် ကျွန်တော်တို့အနေနဲ့ ဘာသက်သေမှ မရှာနိုင်လောက်တာ သေချာတယ်။ ပြီးတော့လည်း...." လီဗန်က ခါးသက်သက်ရယ်ပြီးနောက် ဆက်ပြောသည်၊ "သူ့ကို ဒီလိုလုပ်ဖို့ ညွှန်ကြားတာက မင်းသားလို့လဲ သံသယရှိတယ်။"
"မင်းသားက သူ့ကို ညွှန်ကြားခဲ့တယ်?" ကောင့်ထ်ဝီလ်က အံ့ဩသွားသည်။ စဉ်းစားပြီးနောက် မျက်လုံးများထဲ အေးစက်စက်အလင်းတစ်ခု ပေါ်ထွက်လာကာ၊ "မင်းသားလေးက ငါ့ကို ဘာလို့ ထိခိုက်စေချင်မှာလဲ? သူ့အတွက် ဘာအကျိုးအမြတ်ရှိမှာမို့လဲ?"
"ဟင့်အင်း၊ ဒါက မင်းသားလေးအနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို ဖယ်ရှားဖို့ အမိန့်ပေးပြီး ကျွန်တော်တို့ လမ်မာတီမြို့မှာ ဒီလိုလုပ်ခဲ့တဲ့ ကောင့်ထ်မီချယ်က ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်ခဲ့တာပဲ။" လီဗန်က သုံးသပ်လိုက်သည်၊ "ကောင့်ထ်မီချယ်က အမြဲတမ်း မြို့စားအရှင်ဆီကနေ အရှေ့မြောက်ခရိုင်ရဲ့ ခေါင်းဆောင်နေရာကို ယူဖို့ကြိုးစားနေခဲ့တာကြောင့် ဒီကိစ္စကနေတစ်ဆင့် သူသာ အရှင့်ကို ဖြုတ်ချနိုင်ရင် သူ့ရဲ့ ပန်းတိုင်ကို ရမှာပဲလေ။ သူ့အနေနဲ့ အရှင့်ကိုဖြုတ်မချနိုင်ရင်တောင် တော်ဝင်လွှတ်တော်က ဒီကိစ္စကြောင့် အရှင့်ကို သတိထားလာမှာဆိုတော့ သူ့ရဲ့ရည်ရွယ်ချက်ရောက်လာမှာပဲလေ။
"သူ့အိပ်မက်ထဲပဲ ရမယ်!" ကောင့်ထ်ဝီလ်က အေးစက်စက်နှာမှုတ်လိုက်သည်။ သူက အတန်ကြာ အတွေးနက်နေရင်း ဝိုင်းပတ်လျှောက်နေပြီးနောက် လီဗန်ကို လက်ပြလိုက်သည်။
လီဗန်လည်း ချက်ချင်း ရှေ့တိုးလာ၏။
ကောင့်ထ်ဝီလ်က သူ့၏ နား,နား ကပ်လျက် တိုးတိုးပြောလာသည်၊ "သေချာနားထောင်၊ ဒီတစ်ခေါက်....."
ကောင့်ထ်ဝီလ်၏အမိန့်ကို နားထောင်ပြီးနောက် လီဗန်က သူ့ထံ အံ့ဩစွာကြည့်လာသည်။
သူသာ ကောင့်ထ်ဝီလ်၏ အမိန့်ကို တကယ်လိုက်နာရလျှင် လမ်မာတီမြို့က ဒူလာခယ်တွန်မြို့တော်နဲ့ ဆက်နွယ်မှုကို လုံးဝဖြတ်တောက်ရမယ့် အဓိပ္ပာယ်ပဲမဟုတ်လား?
သို့သော် ကောင့်ထ်ဝီလ်၏ မျက်နှာထက်ရှိ မှောင်မိုက်နေဟန်နှင့် မျက်လုံးများထဲရှိ ပြင်းပြနေပုံကို မြင်သော် လီဗန်က မည်သည်ကိုမှ မဆိုနိုင်တော့ပေ။
ကောင့်ထ်ဝီလ်က ဤအခြေအနေမျိုးတွင် အန္တရာယ်အများဆုံးဖြစ်ကြောင်း သူသိသည်ပင်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၃၀။ ရေပူစမ်း
"ဥက္ကဌရှု၊ အရှေ့က မြစ်ကိုမြင်လား? ဒါက ကျုပ်တို့အရှေ့မြောက်ခရိုင်ရဲ့ အကြီးဆုံးမြစ် ဘန်အူမြစ်ပဲ။ ဒီမြစ်က အရှေ့မြောက်ခရိုင်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းပြီးနောက် အရှေ့ဘက် ဒရိက်ခ်နယ်မြေနဲ့ ဖန်နိုတိုင်းပြည်ဆီဦးတည်ပြီးမှ ဂိန်းမြစ်နောက် ဆက်သွားတာလေ။" ကောင့်ထ်လောင်ဂျ်လီက ၎င်းတို့ရှေ့ရှိ ငွေရောင်ရေများကိုညွှန်ပြလျက် ရှုယီထံ မြစ်ကိုမိတ်ဆက်ပေးလာသည်။
ရှုယီလည်း သူ့ရှေ့ရှိ လှိုင်းများကိုကြည့်လိုက်သော် မြစ်၌ နေရောင်ပြပြက အလင်းပြန်နေသဖြင့် အနည်းငယ်ထူးဆန်းသလိုခံစားလိုက်ရ၏။
"မြောက်ပိုင်းက ဆောင်းရာသီက အရမ်းမအေးဘူးလား? ဘာလို့ ဒီမြစ်က မခဲတာလဲ?"
ကောင့်ထ်လောင်ဂျ်လီက ရယ်လျက်နှင့်၊ "ဒါက မြစ်ရဲ့ အကြီးဆုံးထူးခြားချက်ဖြစ်တာကြောင့်လေ။ ဒါက တိုင်းပြည်မြောက်ပိုင်းမှာ ရှိပေမယ့်လည်း တကယ်ကို ဆောင်းတွင်းမှာ ဘယ်တော့မှ မခဲခဲ့ဖူးဘူး။"
"အကြောင်းအရင်းက?" ရှုယီက အံ့ဩသွား၏။
လမ်ပူရီတိုင်းပြည်အား နယ်မြေကြီး၏ မြောက်ဘက်အကျဆုံးအပိုင်းဟု မသတ်မှတ်နိုင်သော်လည်း ဆောင်းတွင်းအပူရှိန်မှာ အနုတ် တစ်ဆယ်မှ နှစ်ဆယ် ဒီဂရီအထိ ရှိနေဆဲပင်။ ဤမြစ်အား ကျယ်သည်ဟု မယူဆနိုင်ရာ ခဲသင့်ပေ၏။
ကောင့်ထ်လောင်ဂျ်လီက ရယ်သည်၊ "အကြောင်းအရင်းကို နောက်ကျ နားလည်လာလိမ့်မယ်။"
ရှုယီက မနေနိုင်ဘဲ မျက်လုံးများလှိမ့်ကာဖြင့် ဤကောင့်ထ်လောင်ဂျ်လီထံ၌ လူများ၏ သိချင်စိတ်ကို ထိန်းထားစေတတ်သည့် အကျင့်ဆိုးမျိုးရှိနေမည်ဟု ထင်မထားခဲ့ချေ။
မြင်းလှည်း ၎င်းတို့နှစ်ဦးနှင့်အတူ လမ်းကြမ်းတစ်ခုကိုဖြတ်သန်းလျက် ထိုမျှ ကြီးမားဟန်မရှိသည့် ရွာတစ်ရွာအရောက် ရပ်တန့်သွားသည်။
ကောင့်ထ်လောင်ဂျ်လီ၏ မြင်းလှည် ရပ်တန့်လိုက်သည်နှင့် လူတစ်စုက ရှေ့တိုးလာသည်။
"မြို့စားအရှင်၊ ထပ်ရောက်လာပြီပေါ့"
"မြို့စားအရှင် ဒီကို နောက်ထပ်ရေစိမ်ဖို့ လာတာလား?"
"မြို့စားအရှင် ဒီနေ့ ရာသီဥတုကကောင်းတော့ ကြာကြာစိမ်ဖို့ အဆင်ပြေတယ်။"
"ဟုတ်သားပဲ မြို့စားအရှင် ဒီကို မလာတာ ရက်နည်းနည်းကြာနေပြီနော်။ လာပါ လာပါ အရင်ဆုံး ကျုပ်တို့ အိမ်မှာ တစ်နပ်စားကြတာပေါ့။ မနေ့က သမင်နည်းနည်းလောက်လိုက်ခဲ့ပြီး ခြေထောက်ကို သိမ်းထားတာ၊ အရှင်က အချိန်ကိုက်ရောက်လာတာပဲ။"
"မြို့စားအရှင်၊ သား သကြားလုံးစားချင်တယ်....."
......
ရွာသားများက ပျော်ရွှင်စွာဖြင့် ကောင့်ထ်လောင်ဂျ်လီကို ဝိုင်းအုံနေကြသည်ကို ကြည့်ရင်း ရှုယီက အတန်ငယ် အံ့အားသင့်သွားသည်။
ဘန်တာမြို့၌ ကောင့်ထ်စီယန်ကို ကျော်ကြားသည်ဟု သတ်မှတ်နိုင်ပါသော်လည်း ကောင့်ထ်လောင်ဂျ်လီနှင့်တော့ မတူချေ။ သူဟာ ရွာသားများနှင့် ဆုံချိန်တွင် ဖိအားမရှိအောင်ခွင့်ပြုထားကာ မိတ်ဆွေဟောင်းတစ်ယောက်နှယ် ဆက်ဆံစေသည်။
ကောင့်ထ်လောင်ဂျ်လီထံ၌လည်း လူတိုင်းကို ပျော်ရွှင်စွာနှုတ်ဆက်ရင်း အပြုံးတစ်ခုရှိနေသည်၊ သူက သကြားလုံးစားလိုသည့် ကလေးကိုပင် ချီလိုက်သေးသည်။ ထို့နောက် ရှုယီထံလက်ပြလာကာ ထမင်းစားရန် ဖိတ်ခဲ့သည့် အိမ်ဆီသို့ ဦးတည်လိုက်ကြ၏။
ရှုယီက သူ့နောက်လိုက်၍ ရွာထဲဝင်သွားကာ အိမ်တစ်အိမ်ရှေ့မှဖြတ်တိုင်း ကောင့်ထ်လောင်ဂျ်လီကို နှုတ်ဆက်သူတစ်ဦးရှိနေမည်ဖြစ်သည်။
လယ်သမားအိုကြီး၏ အိမ်အရောက်တွင် ကောင့်ထ်လောင်ဂျ်လီက ကလေးကိုချ၍ သကြားလုံးတစ်လုံးပေးလိုက်၏။ သူက ထိုကလေး၏တင်ပါးလေးကို ပုတ်ပေးကာ အိမ်ပြန်ခိုင်းလိုက်ပြီးနောက်မှ ရှုယီကို ထိုအိမ်က သူ့အိမ်နှယ် ဖိတ်ခေါ်လာသည်။
၎င်းတို့ ဝင်လာချိန်၌ ရှုယီက ရုတ်တရတ် သူ့အား အသက်ရှူကြပ်လောက်လုနီးပါး ရောနှောနေသည့်အနံ့များရလိုက်ပြီး မနေနိုင်ဘဲမျက်မှောင်ကုပ်မိသွား၏။
ရှေ့ရှိလယ်သမားအိုကြီးမှာ ရှုယီ၏ တုံ့ပြန်မှုက အနံ့မှဖြစ်ကြောင်း ခန့်မှန်းမိသဖြင့် ရှုယီကို ရှက်ရွံ့ဟန်ဖြင့် လှည့်ကြည့်လာသည်၊ "ဒီက ဧည့်သည်က အနံ့တွေကို မခံနိုင်လောက်ဘူးဆိုပေမယ့် တခြားနည်းလမ်းမရှိလို့ပါ။ တောရွာဘက်မှာက ဒီလိုပဲဆို ကျေးဇူးပြုပြီး သည်းခံပေးပါ။"
နံဘေးရှိ ကောင့်ထ်လောင်ဂျ်လီက ရှင်းပြလာသည်၊ "ဒီနေ့အရမ်းအေးလို့ အခန်းနွေးအောင် နည်းလမ်းတချို့သုံးထားရတယ်လေ။"
ရှုယီလည်း အထဲသို့ကြည့်လိုက်ရာ စတုရန်းမီတာနှစ်ဆယ်အောက်ရှိ အခန်းထဲ၌ မီးဖိုတစ်လုံးရှိနေသည်ကို တွေ့လိုက်ရသည်။ မီးဖိုတွင် သစ်တုံးအမြောက်အများလောင်ကျွမ်းနေလျက် အခန်းကို နှင်းမီးခိုးထုကြီးသဖွယ် အငွေ့ဖျော့ဖျော့များက လှည့်ပတ်နေကြသည်။
အမည်မသိရနံ့ကို ပေးနေသည့် မီးဖိုထက်မှ ဒယ်အိုးကိုပါ ပေါင်းထည့်လိုက်သော် ၎င်းက တကယ်ကိုထူးဆန်းလှ၏။
အခန်းထောင့်ရှိ ပြဲစုတ်နေသော အိမ်ရာထက်ရှိ အိပ်ရာခင်းက မဲညစ်နေသဖြင့် မူလအရောင်အဆင်းများကိုပင် လုံးဝမမြင်နိုင်တော့ပေ။
အိပ်ရာခင်းများထဲ လုံးထွေးနေကြသည့် ဆယ်နှစ်ထက် မကျော်နိုင်လောက်သည့် ကလေးနှစ်ဦးမှာ ဧည့်သည်နှစ်ဦးက အခန်းထဲဝင်လာသည်ကို မြင်လိုက်ကြသည်။ ခဏကြာပြီးနောက် ကလေးနှစ်ဦးက အိပ်ရာမှထွက်ကာ ကောင့်ထ်လောင်ဂျ်လီထံ ပြေးဝင်လျက် ပျော်ရွှင်စွာ ကြိုဆိုလိုက်ကြသည်။
၎င်းကိုမြင်သော် ရှုယီက တောင်းပန်ဟန်နှင့် လယ်သမားအိုကြီးကို အပြုံးဖြင့်ကြည့်ကာပြောလေ၏၊ "အဆင်ပြေပါတယ်၊ မြို့စားအရှင်လည်း ဒါကိုသည်းခံနိုင်ရင် ကျွန်တော်လည်း ပြဿနာမရှိပါဘူး။"
လယ်သမားအိုကြီးက ရိုးသားစွာပြုံး၍ နောက်ထဲသို့ လျှောက်သွားကာ တစ်ယောက်ယောက်ကို ခေါ်လိုက်၏။
ခဏကြာပြီးနောက် လယ်သမားအိုကြီးနှင့် အဘွားအိုတစ်ဦးတို့ ပြန်လာကာ မီးဖိုနားတွင် စုရပ်လိုက်ကြ၏။
ကောင့်ထ်လောင်ဂျ်လီနှင့် ကလေးနှစ်ဦးက မီးဖိုနား၌ အပြုံးကိုယ်စီဖြင့် ထိုင်နေပြီးဖြစ်ရာ ရှုယီကို လက်ယပ်ခေါ်လေသည်။
"လာပါ၊ ဥက္ကဌရှု ထိုင်။ အဘိုးဟယ်လ်ရဲ့ သမင်ခြေထောက်ကင်က ရှားရှားပါးပါးအရသာရှိတယ်၊ ကျုပ်တောင် အကြိမ်များများ မစားဖူးဘူး။ ခင်ဗျားကံက ဒီနေ့တော့ကောင်းနေတာပဲ၊ ပထမဆုံးနေ့မှာတင် ဒါကို စားလို့ရတယ်။"
ကောင့်ထ်လောင်ဂျ်လီ၏ ချီးကျူးသံကိုကြားသော် အဘိုး ဟယ်လ်ဟု ခေါ်တွင်သည့် လယ်သမားအိုကြီးက ပြုံးလေသည်။ သူက ရှုယီ လုံးဝသတိမထားမိခဲ့သည့် အိုးထဲသို့ မျိုးစုံသော ပါဝင်ပစ္စည်းများစွာကို ဆက်လက် ပစ်ထည့်နေ၏။
အဘိုးဟယ်လ်မှ သမင်ခြေထောက်ကို ချက်ပြီး ရှုယီရှေ့သို့ စွပ်ပြုတ်တစ်ပန်းကန် ချပေးလာသည်က သူ့အတွက် ဤနေ့မှာ အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိသွားစေသည်။
သူဟာ ကောင့်ထ်လောင်ဂျ်လီက သူ့အား ထူးခြားသည့်အရာတစ်ခုဆွေးနွေးရန် တစ်ရက်ထပ်နေခိုင်းခဲ့သည်ဟု ထင်သော်လည်း ၎င်းက ရှုယီကို မည်သည်မှမဆိုဘဲ ဘာဆာရူမြို့တစ်ပတ်လိုက်ပြနေမည်ဟု မထင်ခဲ့ချေ။
ဤမနက်တွင် သူဟာ ရှုယီအား မြို့ပြင်ရှိ ဤရွာလေးထံခေါ်လာကာအံ့ဩစေခဲ့ပြီး ယခုတွင် ဤလယ်သမားအိုကြီး ဖမ်းခဲ့သည့် သမင်ခြေထောက်ကို စားစေ၏။
"ဒီ ကောင့်ထ်လောင်ဂျ်လီက သူ့စိတ်ကိုပြင်ဆင်နေတာလား ဒါမှမဟုတ် တုံ့ဆိုင်းနေသေးတာလားပဲ?" ရှုယီက စိတ်ထဲ၌ မေးမြန်းလိုက်သော်လည်း အမူအရာက မပြောင်းလဲပေ။ သူက အဘိုးဟယ်လ်ကို ကျေးဇူးတင်ရင်း စွပ်ပြုတ်ပန်းကန်ကိုယူလျက် မှုတ်ကာ တစ်ဇွန်းသောက်လိုက်သည်။
ကောင်းမွန်လှသည့်ရနံ့က ပါးစပ်ထဲ၌ ပြည့်သွားသဖြင့် ရှုယီလည်း မနေနိုင်တော့ဘဲ အဘိုးဟယ်လ်ကို လက်မထောင်ပြလာ၏။
"ဒါက ကောင်းလိုက်တာ! မြို့စားအရှင်က ကျွန်တော်ဗိုက်လာတော့ ဒီနေရာဆီ တကူးတကခေါ်လာတာ မဆန်းတော့ပါဘူး!"
ရှုယီ၏ ချီးကျူးမှုကိုရလိုက်သော် အဘိုးဟယ်လ်က တောက်တောက်ပပပြုံးလေသည်။ သူဟာ သိုးသားရေအိတ်ဟုထင်ရသည့် အရာကို လှည့်ကာ ဆွဲယူလိုက်သည်။ ထို့နောက် ပန်းကန်လုံးနောက်တစ်ခုယူလျက် ထိုသိုးသားရေအိတ်၏ အဆို့ကို ဆွဲထုတ်လိုက်ရာ ၎င်းမှ ဝိုင်နံ့ထွက်လာ၏။ အတွင်း၌ ထည့်ထားသည်မှာ တကယ်တမ်းတွင် ဝိုင်ကောင်းဖြစ်သည်။
"လာ လာ၊ သမင်သားစားပြီး ဝိုင်နည်းနည်းသောက်လိုက်တာက အရသာခံလို့ အကောင်းဆုံးပဲ။" ကောင့်ထ်လောင်ဂျ်လီ ဤနေရာသို့ ရောက်လာပြီးနောက် မတူညီသည့်လူဖြစ်သွားဟန်ပေါ်ကာ မျိုးရိုးမြင့်နှင့် လုံးဝတူမနေချေ။ သူက အဘိုးဟယ်လ်ထံမှ ဝိုင်းပန်းကန်လုံးကိုယူ၍ ရှုယီထံ ကမ်းလာသည်။
ရှုယီလည်း သူနှင့် ပန်းကန်လုံးချင်းတိုက်ကာ အကုန်သောက်ချလိုက်၏။ ဤဝိုင်က ဆာချီအိမ်တော်မှ ဝိုင်နှင့် မယှဉ်နိုင်သလို လူပုလေးများပြုလုပ်သည့် ဝိုင်ကိုပင် မယှဉ်သာသော်လည်း အတော်ကောင်းနေဆဲဖြစ်၏။
ထို့ကြောင့် လူကြီးလေးဦးနှင့် ကလေးနှစ်ဦးတို့က မီးဖိုနား၌ စုဝေးနေကြသည်။ ကလေးများသည်ပင် သမင်စွပ်ပြုတ်သောက်ရင်း ဝိုင်ပါမြည်းနေကြ၏။ တစ်အောင့်ကြာပြီးနောက် သမင်စွပ်ပြုတ်အိုးကြီးမှာ ကုန်စင်သွားပြီး အောက်ခြေ၌ အရည်တစ်စက်ပင် ရှိမနေတော့ပေ။
စားပြီးနောက် ကောင့်ထ်လောင်ဂျ်လီက အနည်းငယ်အနားယူပြီး ရှုယီကို ခေါ်လာသည်။
"လာ ဥက္ကဌရှု။ ဒီနေ့ရဲ့ ရာသီဥတုနဲ့ ကျုပ်တို့ ဝမ်းစာဖြည့်ပြီးပြီဆိုတော့ ရေသွားချိုးသင့်ပြီ။ သေချာပေါက် နေလို့ကောင်းလိမ့်မယ်။"
ရှုယီမှာ ရှုပ်ထွေးသွားသော်လည်း မည်သို့ကိုမှ မေးရန် မစီစဉ်ထားပေ။
ကောင့်ထ်လောင်ဂျ်လီမှာ အဆုံးထိ မည်သည်ကိုမှ မဆိုရန် စီစဉ်ထားပုံရသဖြင့် သူလည်း စိတ်ရှည်ရှည်စောင့်ကာ တွန်းအား ပေးမည်မဟုတ်ပေ။
ကောင့်ထ်လောင်ဂျ်လီ၏ အတွေးများကသာ သူ၏ ခန့်မှန်းချက်များနှင့် ထပ်တူကျနေပါက ထိုကိစ္စက သူ့အတွက် ဆုံးဖြတ်ချက်ချရန် အင်မတန်ခက်ခဲလောက်၏။ တုံ့ဆိုင်းနေသည်က ပုံမှန်ပင်။
အဘိုးဟယ်လ်အိမ်မှ ထွက်လာပြီးနောက် ကောင့်ထ်လောင်ဂျ်လီက တောင်ပေါ်ကို မတက်သွားတော့ဘဲ မြင်းလှည်းထဲမှ အထုတ်အပိုးနှစ်ခုကို ယူလိုက်သည်။ တစ်ခုကိုကိုင်ရင်း ရှုယီထံသို့ တစ်ခုပစ်ပေးလိုက်၏။ ထို့နောက် ရှေ့ရှိ လမ်းပေါ်တက်သွားကာ တောင်လေးပေါ်တက်ရန် ဦးတည်လိုက်သည်။
စားပြီးနောက် လမ်းလျှောက်သည်က ကောင်းပါသော်လည်း တောင်တက်ခြင်းက အနည်းငယ် ခက်ခဲသည်။
ရှုယီ၏ ကိုယ်ကာယက ထိုမျှမကောင်းသဖြင့် ဤအခြေအနေ၌ တောင်ပေါ်တက်ပြီးနောက်တွင် ဟောဟဲဆိုက်နေသဖြင့် ကောင့်ထ်လောင်ဂျ်လီက သူ့အား ရယ်မောနေလေ၏။
"ဥက္ကဌရှု၊ ခင်ဗျားက မှော်ပညာရှင်တစ်ယောက်လို့ ကျုပ်ကြားတယ်။ မှော်ပညာရှင်တွေအားလုံးက ခင်ဗျားလိုမျိုး အားနည်းတဲ့ခန္ဓာကိုယ်ရှိတာလား?"
ရှုယီက မျက်လုံးများလှိမ့်လိုက်သော်လည်း ငြင်းဆန်ရန် အင်မတန် အားနည်းနေလေသည်။
အနည်းဆုံး သူသိသမျှ မှော်ပညာရှင်များထဲတွင် သူ့ထက် ကိုယ်ကာယပိုကောင်းသည့်လူ များများစားစားမရှိပေ။
ဤတောင်က ထိုမျှမမြင့်သလို ကောင့်ထ်လောင်ဂျ်လီကလည်း တောင်ထိပ်တစ်ခုလုံးကို မသွားဘဲ ရှုယီအား လမ်းလေးတစ်လမ်းပေါ် ခေါ်လာသည်က ကိစ္စကောင်းပင်။
အနည်းငယ်လျှောက်နေပြီးနောက် ရှေ့မှ ရေသံများထွက်လာပြီး ၎င်းတို့အပေါ်၌ မြူများရစ်သိုင်းနေလေသည်။
ထိုမြင်ကွင်းကြောင့် ရှုယီမှာ အံ့အားသင့်သွားသည်။
အဘယ့်ကြာင့် ၎င်းက ကမ္ဘာမြေ၌တွေ့ကြုံခဲ့သည့် အရာနှင့် ဆင်တူနေရသနည်း?
အနည်းငယ် လျှောက်နေရင်း ရေငွေ့က ပိုမိုအားကောင်းလာသော်လည်း ရှင်းရှင်းလင်းလင်းမြင်နိုင်သေး၏။ ၎င်းရှေ့၌ မြစ်ဝှမ်းကြီးတစ်ခုရှိကာ စတုရန်းမီတာတစ်ရာပတ်လည်လောက်ကျယ်သည်။
မြစ်ဝှမ်းရှိ ရေက အတော်အသင့်နွေးထွေးပြီး ဤသို့သော အေးစက်သည့်နေ့တစ်နေ့တွင် ရေနွေးစီးကြောင်းကို ထုတ်ပေးကာ မြစ်ဝှမ်းကြီးတစ်ခုလုံးမှာ အမတတစ်ပါး၏ တောင်ထွဋ်တစ်ခုနှယ်ဖြစ်နေသည်။
မှန်ပါ၏၊ ဤနေရာ၌ ရေပူစမ်းတစ်ခုရှိနေသည်!
အံ့ဩနေသည့် ရှုယီကိုကြည့်ရင်း ကောင့်ထ်လောင်ဂျ်လီက ရယ်ကာပြောလာသည်၊ "ဥက္ကဌရှု၊ ခင်ဗျားက တောင်ပိုင်းကလူဆိုတော့ ဒါက ကျုပ်တို့ရဲ့ အထူးထုတ်ကုန် ရေပူစမ်းကို မြင်ဖူးတဲ့ ပထမဆုံးအကြိမ်ဖြစ်ရမယ်၊ ဟုတ်ရဲ့လား?"
ရှုယီက ဤအရာကို ကမ္ဘာမြေ၌ အကြိမ်များစွာ ကြုံခဲ့ဖူးကြောင်းပြောလိုက်ချင်သော်လည်း သဘောတူညီမှုဖြင့် ခေါင်းငြိမ့်လိုက်ဆဲပင်။
"ဒါက ပထမဆုံးအကြိမ်ဆိုမှတော့ ကောင်းကောင်း ကြည့်ဖို့လိုတယ်။ ပြောပြပါရစေ၊ ဒီလိုရာသီဥတုမျိုးမှာ ရေပူစမ်းထဲစိမ်တာက အကောင်းဆုံးခံစားချက်ပဲ။"
ထိုသို့ပြောပြီးနောက် ကောင့်ထ်လောင်ဂျ်လီက တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ အဝတ်များကို ချွတ်၍ ရေပူစမ်းထဲ ဝင်လိုက်သည်။
ကောင့်ထ်လောင်ဂျ်လီက ရေပူစမ်းထံမှ လက်ယမ်းပြလာသည်ကိုမြင်သော် ရှုယီလည်း ကူရာမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီးနောက် အဝတ်များချွတ်ကာ ဝင်သွားတော့သည်။
ပြောရလျှင် ဤကဲ့သို့ အေးစက်စက်ရာသီဥတု၌ သဘာဝရေပူစမ်းထဲ စိမ်ကာ အမြင့်မှ မြင်ကွင်းကို ကြည့်နိုင်ခြင်းက တကယ်ကို နှစ်သက်စရာပင်။
သို့သော် ကောင့်ထ်လောင်ဂျ်လီက ရှုယီကို ဤနေရာခေါ်လာခြင်းကြောင့် ရှုယီက စိတ်မအေးနိုင်ဖြစ်နေသည်။
နှစ်ဦးသား စိမ်နေရင်း စကားလည်းပြောကြ၏။
ခဏကြာပြီးနောက် ကောင့်ထ်လောင်ဂျ်လီက ရုတ်တရတ် သက်ပြင်းချလာသည်၊ "အဘိုးဟယ်လ်မှာ ဒီလို သဘာဝကို နှစ်သက်မှုရှိပေမယ့်လည်း နေ့တိုင်း ဘာစားရမယ်ဆိုတာ ပူပန်နေရသေးတယ်၊ ဒါကြောင့် လုံးဝ မလာနိုင်ဘူးလေ။ ဒါက သူ့တို့အပေါ် သနားညှာတာစိတ်ဖြစ်စေတယ်လို့ မထင်ဘူးလား ဥက္ကဌရှု?"
ရှုယီက တောင်ခြေရှိရွာကို ကြည့်ပြီးနောက် ကောင့်ထ်လောင်ဂျ်လီရှိရာဘက် လှည့်လိုက်သည်။
ထိုလူက နောက်ဆုံးတွင် တစ်နေ့တာလုံးစောင့်ဆိုင်းနေပြီးနောက် ပြောလာတော့မည်လား?
***