အခန်း (၁၃၁-၁၄၀)
Vol. 3 Ch. 131-140
Vol 3, အခန်း ၁၃၁။ ရှုယီ၏ စိုးရိမ်မှုများ
နှစ်ရက်ကြာပြီးနောက် ဘာဆာရူမြို့တွင် သုံးရက်ကြာနေခဲ့သည့် Frestech ကုန်သည်ကြီးများအသင်းယာဉ်တန်းမှာ ဆိုဝယ်လ်မြို့ သွားလမ်းထံ ဦးတည်လိုက်တော့သာ်။
မှော်ကားက ဘာဆာရူမြို့အပြင်ဘက် မြေလမ်းကြမ်းကို ခုန်ကာ ဆက်လက်ဖြတ်သန်းနေပြီး မှော်ကားထဲရှိ ရှုယီနှင့် မှော်စက်ဖွံ့ဖြိုးရေးဌာနမှ အခြားသုတေသနပညာရှင်များကို ခါယမ်းနေစေသည်။
ကမ်ဘီဦးဆောင်သည့် သုတေသနပညာရှင်များမှာ ဆိုဝယ်လ်မြို့ထံ မရောက်ခင် သုတေသနအကြောင်းဆွေးနွေးရန် အချိန်ယူလိုက်ပြီး ကားထဲရှိ လေထုကို သက်ဝင်လှုပ်ရှားလာစေသည်။
သို့သော် ရှုယီမှာ အင်မတန် တိတ်ဆိတ်နေသည်။ သူဟာ ပြတင်းအပြင်ဘက်ရှိ မြင်ကွင်းကိုပင်မကြည့်ဘဲ မျက်မှောင်အသာကုပ်ရင်း တစ်ချိန်လုံး အတွေးနက်နေတော့သည်။
သူ၏မျက်လုံးများက ဘေးနှစ်ဘက်နှစ်ချက်ရှိ စုတ်ပဲ့ကျိုးပျက်နေသော အိမ်များထံကျရောက်သွားကာ ရှုယီ၏ မျက်နှာထားက ပို၍ လေးနက်လာတော့သည်။
သူဟာ လက်ရှိတွင် အရေးပါသည့် ရွေးချယ်မှုနှင့် ရင်ဆိုင်နေရသော်လည်း စိုးရိမ်မှုများစွာ ရှိသဖြင့် စိတ်ကို မပြင်ဆင်နိုင်ချေ။
ဆွေးနွေးခြင်းကို ရပ်တန့်လိုက်သည့် ကမ်ဘီက လှည့်ကြည့်လာရာ ရှုယီ၏ မျက်နှာထက်ရှိ ထူးဆန်းနေဟန်ကိုမြင်သဖြင့် မနေနိုင်ဘဲ မေးလေသည်၊ "ဥက္ကဌ၊ ဘာဖြစ်လို့လဲ? ဥက္ကဌ တစ်နေ့က ကောင့်ထ်လောင်ဂျ်လီနဲ့ အတူထွက်သွားပြီးကတည်းက ဘာလို့ ဒီအမူအရာမျိုးဖြစ်နေရတာလဲ? ကောင့်ထ်လောင်ဂျ်လီက ဥက္ကဌကို တစ်ခုခုခက်ခဲအောင်လုပ်ခဲ့လို့လား?"
ရှုယီက ခေါင်းခါရင်း ခါးသက်သက်ရယ်လေသည်။
"ကောင့်ထ်လောင်ဂျ်လီက ကျုပ်ကို ခက်ခဲအောင်လို့ ဘာမှမလုပ်ပေမယ့်လည်း ကျုပ်ကသာ ကျုပ်ကိုယ်ကျုပ် ခက်ခဲအောင်လုပ်နေတာပါ။"
"ဒါက ဘာအဓိပ္ပာယ်များလဲ?" ကမ်ဘီက ရှုပ်ထွေးဟန်ပေါ်လာသည်။
ရှုယီလည်း စုတ်ပျက်နေသည့်အိမ်များဖြင့် ပြည့်နေသော အဝေးရှိ ရွာများကိုကြည့်ရင်း ရုတ်တရတ်မေးလိုက်သည်၊ "ကမ်ဘီ, လူအတော်များများကိုကူညီနိုင်မယ့်အရာတစ်ခုကို လုပ်မယ်ဆိုပေမယ့် ခင်ဗျားက အရမ်းအန္တရာယ်ရှိတဲ့အနေအထားမှာရောက်နေမယ်ဆိုရင် ဘယ်လိုရွေးချယ်မှာလဲ?"
ကမ်ဘီက မျက်မှောင်ကုပ်သည်၊ "ဒါက ဒီလူတွေကို ကူညီဖို့ ထိုက်တန်လားဆိုတာနဲ့ ဘယ်လိုအန္တရာယ်ရှိတဲ့အခြေအနေဆိုတာအပေါ်မှာ မူတည်တာပေါ့။ ဘာလို့လဲ? ဥက္ကဌ၊ ကောင့်ထ်လောင်ဂျ်လီက တစ်ခုခုပြောလိုက်လို့လား? သူက ဥက္ကဌကို ဘာဆာရူမြို့မှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်လို့လား?"
ရှုယီက ကမ်ဘီကို တအံ့တဩကြည့်လိုက်၏။
ကမ်ဘီကဲ့သို့ လူပုလေးများမှာ တုံ့ပြန်ရာတွင်နှေးကွေးသည်ဟု အမြဲထင်ထားခဲ့သော်လည်း အမှန်ကို တိုက်ရိုက် ထုတ်ပြောလာနိုင်မည်ဟု မထင်ခဲ့မိချေ။
"အင်း၊ ကောင့်ထ်လောင်ဂျ်လီ တကယ်ပဲ ကျုပ်ကို စိတ်ရင်းနဲ့ ဖိတ်ကြားခဲ့တာပါ။ ကျုပ် ဝန်ခံရမယ်၊ သူ့ကြောင့် စိတ်လှုပ်ရှားသွားတယ်လေ။" ရှုယီက ခေါင်းငြိမ့်ကာပြောသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အကြာက ကောင့်ထ်လောင်ဂျ်လီနှင့် သူ၏ဆက်သွယ်ခဲ့ပုံကို စဉ်းစားမိကာ ရှုယီမှာ စိတ်ထဲထူးဆန်းလာရ၏။
ထိုနှစ်များအတွင်း Frestech ကုန်သည်ကြီးများအသင်း အလျင်အမြန်တိုးတက်လာသည်နှင့် ရှုယီမှာ တိုင်းပြည်ရှိ မျိုးရိုးမြင့်အများစုနှင့်အဆက်အသွယ်လုပ်ခဲ့သဖြင့် ၎င်းတို့အကြား လူကောင်း လူဆိုးဟူ၍ ရှိသည်ဟု ပြောနိုင်သည်။
မျိုးရိုးမြင့်ကောင်းများမှာ ၎င်းတို့မြို့တော်သူမြို့တော်သားများနှင့် အတူ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေနိုင်ပြီး နယ်မြေထဲရှိ မြို့သူမြို့သားများကို ကူညီရန် လက်ကမ်းပေးတတ်ကြသည်။ မျိုးရိုးမြင့်ဆိုးများမှာမူ မြို့သူမြို့သားများကို ဖိနှိပ်ရန် ၎င်းတို့၏ အခွင့်အရေးများကိုအားကိုးလျက် ကိုယ်ပိုင်လောဘကို ဖြည့်ဆည်းကြသည်။
သို့သော် မျိုးရိုးမြင့်အများစုမှာ မျိုးရိုးမြင့်တို့၏ ဓလေ့ထုံးစံကိုရထားပြီး သာမန်မြို့သူမြို့သားများနှင့်ယှဉ်ပါက မတူညီသည့် အဆင့်၌ရှိသည်။ ၎င်းတို့ လုံးဝ မဆက်စပ်နေကြသည်မှာ မတူညီသည့် ကမ္ဘာနှစ်ခုမှ လူများလိုပင်။
သို့သော် မည်သို့ဖြစ်စေ၊ ရှုယီမှာ ယခင်က ကောင့်ထ်လောင်ဂျ်လီကဲ့သို့သော သာမန်မြို့သူမြို့သားများနှင့် တန်းတူနေထိုင်နိုင်သည့် မျိုးရိုးမြင့်မျိုးကို မမြင်ခဲ့ဖူးချေ။ သူဟာ မြို့သူမြို့သားများ တတ်နိုင်သလောက် ဘဝကောင်း၌ နေထိုင်ရန် လုံ့လအလုံးစုံစိုက်ထုတ်ထားသည်။
ရှုယီအနေနှင့် ကောင့်ထ်လောင်ဂျ်လီက ထိုနည်းဖြင့် သရုပ်နေခြင်းမဟုတ်ကြောင်းကို မသေချာပါသော်လည်း ယခင်ကောင့်ထ်လောင်ဂျ်လီ၏ လူများအပေါ်သဘောထားနှင့် သူ ကောင့်ထ်လောင်ဂျ်လီနှင့်အတူ ကုန်ဆုံးခဲ့သည့် အချိန်တို့ကို သုံးသပ်ရပါလျှင် ဘာဆာရူမြို့သားများ၏ ပြုမှုပုံအရ ကောင့်ထ်လောင်ဂျ်လီ၏ သဘောထားမှာ စစ်မှန်လောက်သည်ကို မြင်နိုင်လေ၏။
ပြောရလျှင် သူတစ်ဦးတည်း ဟန်ဆောင်နေပါက လွယ်ကူသော်လည်း မြို့သူမြို့သားအားလုံး ဟန်ဆောင်ဖို့က ခက်ခဲသည်။
ဟန်ဆောင်၊ မဆောင်ကို လျစ်လျူရှုလိုက်လျှင်ပင် ကောင့်ထ်လောင်ဂျ်လီထံရှ် သဘောထားနှင့် ဤကိစ္စအပေါ် အကြံပြုချက်များကို သုံးသပ်ရုံဖြင့် ရှုယီလည်း ၎င်းကို အလေးအနက်တွေးတောဖို့လိုသည်။
ဘာဆာရူမြို့၌ ရင်းနှီးမြှုပ်နှံခြင်းအား Frestech ကုန်သည်ကြီးများအသင်းအတွက် ခက်ခဲသည်ဟု မယူဆနိုင်ပေ။
ဘာဆာရူမြို့မှာ တကယ်ကို ချို့တဲ့လှကာ ဤမြို့ထံ၌ မည်သည့် ရင်းမြစ်ကောင်းကောင်းမှမရှိပါသော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်ကြာ သူ၏ စစ်ဆေးမှုမှတဆင့် ရှုယီမှာ ဘာဆာရူမြို့ကို တိုးတက်စေမည့် နည်းလမ်းပေါင်းများစွာကို ရှာတွေ့နေပြီးသားဖြစ်၏။ ၎င်းကို နေရာ၌ ချင့်ချိန်နေပြီးနောက် ၎င်းတို့မှာ အတော်လေးတတ်နိုင်သည်ဟု ခံစားမိသည်။
ဘာဆာရူမြို့မှာ ငွေကိုသာလိုအပ်နေပြီး ၎င်းကလည်း Frestech ကုန်သည်ကြီးများအသင်းထံ၌ မရှိသည့် အရာမဟုတ်ပေ။
သူဟာ ကောင့်ထ်လောင်ဂျ်လီ၏ ဖိတ်ကြားမှုကို သဘောတူကာ Frestech ကုန်သည်ကြီးများအသင်းကသာ ဘာဆာရူမြို့၌ စတင်ရင်းနှီးမြှုပ်နှံလိုက်ပါက ပို၍ပင် နက်ရှိုင်းသည့် အဓိပ္ပာယ်တစ်ခုရှိပေသည်။ ၎င်းမှာ မင်းသားလေးအဲရစ်ကို ပွင့်လင်းစွာထောက်ပံ့နေသည့် ဘာဆာရူမြို့က ဘုရင်မဆယ်ဗီနီကို ထောက်ပံ့သည့် Frestech ကုန်သည်ကြီးများအသင်းနှင့် စတင်ပူးပေါင်းသည့် အဓိပ္ပာယ်ပင်။
မည်သူကမှ Frestech ကုန်သည်ကြီးများအသင်းက မင်းသားလေးအဲရစ်ဘက်ကို ပြောင်းသွားခြင်းဟု စဉ်းစားမည်မဟုတ်ဘဲ ကောင့်ထ်လောင်ဂျ်လီကသာ မင်းသားအဲရစ်ကို သစ္စာဖောက်လိုသည်ဟု ခံစားရလောက်သည်။
အကြောင်းအရင်းမှာ နှစ်ဘက်စလုံးအကြားတွင် အာဏာအရ ကွာဟချက်ရှိနေခြင်းကြောင့်ဖြစ်သည်။
ကောင့်ထ်လောင်ဂျ်လီမှာ မြို့စားတစ်ဦး၊ ကောင့်ထ်တစ်ဦးဖြစ်သော်လည်း ဘာဆာရူမြို့မှာ အရှေ့မြောက်ခရိုင်၌ အားအနည်းဆုံး၊ အသေးငယ်ဆုံးနှင့် အချို့တဲ့ဆုံးမြို့တော်ဖြစ်သည်။ ကောင့်ထ်လောင်ဂျ်လီထံ၌ မြို့စားအနေဖြင့် များများစားစားမရှိပေ။
သို့သော် Frestech ကုန်သည်ကြီးများအသင်းကမူ ကွဲပြား၏။
လမ်ပူရီတိုင်းပြည်၌ အကန့်အသတ်မဲ့ အမြန်ဆုံး တိုးတက်ခဲ့သည့် လုပ်ငန်းစုအသစ်တစ်ခုအနေနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ အင်အားနှင့် အလားအလာ အတော်လေးကို ကိုင်ဆောင်ထားသည်။ ၎င်းက ဆင်းရဲသည့် မြို့စားတစ်ဦး ယှဉ်နိုင်ဖို့ရာ ဝေးကွာနေသည်။
နှစ်ဘက်စလုံးမှာလည်း မင်းသားလေးအဲရစ်နှင့် ဘုရင်မဆယ်ဗီနီတို့ကို ထောက်ပံ့ရာ၌ များစွာ ကွာခြားနေသည်။
သို့သော် ထိုသို့ဆိုလျှင်တောင် ၎င်း၏ သင်္ကေတအဓိပ္ပာယ်က အရမ်းကြီးသည်။
ကောင့်ထ်လောင်ဂျ်လီသာ တကယ်တမ်း Frestech ကုန်သည်ကြီးများအသင်းကို ဘာဆာရူမြို့၌ ရင်းနှီးမြှုပ်နှံရန် ဖိတ်ကြားဖို့ ရွေးချယ်လိုက်ကာ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ အလုပ်လုပ်စလုပ်ပါလျှင် မင်းသားလေးအဲရစ်၏ဘက်မှ သစ္စာဖောက်မှုတစ်ခုဟု ယူဆကြလိမ့်မည်။
ထို့အပြင် ၎င်းက လူများစွာကို ဆိုးဝါးသည့် သင်္ကေတတစ်ခုကိုလည်း ပေးနေ၏။ ဤသည်မှာ မင်းသားလေးအဲရစ်ကို ထောက်ပံ့နေသည့်ဘက်က မညီညွတ်ကြဘဲ ၎င်းတို့အကြား အက်ကြောင်းများစွာရှိသည့် အဓိပ္ပာယ်ပင်။
၎င်းကသာ အချက်အလက်ဖြစ်လာပါက ရှုယီအနေနှင့် မင်းသားလေးအဲရစ်က မည်မျှ ဒေါသဖြစ်ကာ အကျိုးဆက်က ပြင်းထန်မည်ကို သိလေသည်။
ထို့ကြောင့် ကောင့်ထ်လောင်ဂျ်လီက သူ့အားဖိတ်ကြားလိုသည်ကို ကြားချိန်၌ ရှုယီမှာ ပြင်ဆင်ထားပါလျှင်တောင် အံ့ဩသွားဆဲပင်။
"ကောင့်ထ်လောင်ဂျ်လီ, ခင်ဗျား ဒီလိုလုပ်ချင်တာ တကယ်သေချာရဲ့လား? ဒါရဲ့ အကျိုးဆက်က ဘာဖြစ်မယ်ဆိုတာကို သိတယ်မို့လား?"
ရှုယီမှာ ကောင့်ထ်လောင်ဂျ်လီ ပြန်ဖြေလိုက်သည့် အချိန်ကို မှတ်မိပါသေး၏၊ သူ၏ အမူအရာ၌ ဖုံးကွယ်ထားသည့် ခါးသက်ကာ ကူရာမဲ့နေဟန်ရှိနေသော်ငြား အခိုင်အမာ ဆုံးဖြတ်ထားဟန်လည်း ရှိနေသည်။
"သိတာပေါ့၊ ဒါပေမယ့် ဘာဆာရူမြို့သား သောင်းချီကို အခြေခံ နေထိုင်မှုပုံစံပေးရမှာထက်စာရင် နည်းနည်းလောက် သစ္စာဖောက်တာလေးကို များတယ်လို့ သတ်မှတ်လို့မရဘူးလေ။ ဒီပန်းတိုင်အတွက် ကျုပ်တို့ လောင်ဂျ်လီမိသားစုက မျိုးဆက်ပေါင်းများစွာ ကြိုးစားခဲ့ရတာ။ အခု ကျုပ်ရှေ့မှာ အခွင့်အရေးရှိနေမှတော့ ဒါကို မဖမ်းဆုပ်လိုက်ရင် ဘိုးဘေးတွေကို ကျုပ်ဘယ်လိုမျက်နှာပြရမလဲ၊ ဘာဆာရူမြို့သားတွေကိုရော ဘယ်လို မျက်နှာချင်းဆိုင်နိုင်မှာတဲ့လဲ!"
"ဒီလိုလုပ်ရင် မြေကြီးထဲက ခင်ဗျားအဖေက ခင်ဗျား သူ့ကို သစ္စာဖောက်နေတယ်လို့ မထင်မှာ သေချာရဲ့လား?"
"အဖေ အရင်က မင်းသားလေးအဲရစ်ကို ထောက်ပံ့ဖို့ ရွေးချယ်ခဲ့တာဟာ မင်းသားလေးက မြို့သူမြို့သားအားလုံး ဝမ်းစာအပြည့်စားနိုင်စေရမယ်လို့ ရှင်းရှင်းလင်းလင်း အာမခံခဲ့လို့ပါပဲ၊ ဒါပေမယ့် အခုသူက သူ့ရဲ့ကိုယ်ပိုင်စစ်တပ်အောင်မြင်မှုအတွက်နဲ့ ပြည်သူတွေရဲ့ ဘဝကို ဂရုမစိုက်တော့ဘူးလေ။ အဲ့အစား သူဟာ ဘာဆာရူမြို့ကို မတောင့်ခံနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလိုတောင် သတ်မှတ်ထားသေးတယ်။ အဖေသာသိရင် သေချာပေါက် ချက်ချင်း သူ့ကို အပြစ်တင်မှာပဲ။"
ကောင့်ထ်လောင်ဂျ်လီ၏ အတိအလင်းဖြေကြားချက်မှာ အဘယ့်ကြောင့် လူတိုင်းကို သေချာပေါက်ထိတ်လန့်စေမည့် ဤဆုံးဖြတ်ချက်ချခဲ့သည်အား ရှုယီကို နားလည်သွားစေပြီး ပိုလို့ပင် ခက်ခဲအောင်လုပ်နေတော့သည်။
လွန်ခဲ့သည့် ရက်အချို့က ဘာဆာရူမြို့တဝှမ်းကို ကောင့်ထ်လောင်ဂျ်လီနှင့်အတူ သွားခဲ့ပြီးနောက် သဘာဝကျစွာပင် ဒီတိုင်းလျှောက်သွားခဲ့ခြင်းမဟုတ်ပေ။ သူဟာ ကောင့်ထ်လောင်ဂျ်လီ၏ ဦးဆောင်မှုအောက်၌ ဘာဆာရူမြို့အား ဂရုတစိုက်စစ်ဆေးနေခဲ့သည်။
ဤရက်အနည်းငယ်အတွင်း ရှုယီမှာ ဘာဆာရူမြို့မှာ အရှေ့မြောက်ပိုင်း၌ အဆင်းရဲဆုံးမြို့ဖြစ်ရန် ထိုက်တန်ကြောင်း သိရှိသွားရသည်။ အဘိုးဟယ်လ်ကဲ့သို့ မြို့ပြင်က မြို့သူမြို့သားများအနေနှင့် အခြေခံအကျဆုံးအစားအစာနှင့် ခိုလှုံရာပြဿနာကိုဖြေရှင်းရန် မတတ်နိုင်ရုံသာမက မြို့ရှိ မိသားစုများလည်း အနည်းငယ်သာ ပိုမိုကောင်းမွန်ပြီး ရှင်သန်နေထိုင်နေကြရုံသာရှိ၏။
ဘန်တာမြို့ မတိုးတက်ခင်ကနှင့် ယှဉ်ကြည့်ဖို့ မဆိုထားနှင့် ဤမြို့မှာ ယခင်က ရှုယီမြင်ခဲ့ဖူးသည့် မည်သည့်မြို့နှင့်မှ မယှဉ်နိုင်ပေ။
ရှုယီမှာ ဘာဆာရူမြို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ရင်းနှီးမြှုပ်နှံမှုကြောင့် တိုးတက်လာနိုင်ကာ ဤသူဆင်းရဲများ၏ ဘဝကို ပြောင်းလဲနိုင်ရန် မျှော်လင့်ပါ၏။
သို့သော် ၎င်းတို့သာ ထိုသို့လုပ်ပါက ကောင့်ထ်လောင်ဂျ်လီအနေနှင့် ပြင်းထန်သောပြဿနာကို ရင်ဆိုင်ရမည်သာမက ရှုယီလည်း ပြဿနာများနှင့် ရင်ဆိုင်ရလိမ့်မည်။
မင်းသားလေးအဲရစ်၏ဘက်က ကောင့်ထ်လောင်ဂျ်လီမှာ ၎င်းတို့ကို သစ္စာဖောက်သည်ဟု ထင်လိမ့်မည်ဖြစ်သော်လည်း ဤသည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ၎င်းတို့အပေါ် စိန်ခေါ်ခြင်းဟုလည်း စဉ်းစားလိမ့်မည်သာ။
ထိုသို့သာဆိုလျှင် နှစ်ဘက်စလုံး၏ မျှခြေကို ဖျက်ဆီးလိုက်မိကာ ထိန်းသိမ်းထားသည့် ငြိမ်းချမ်းမှုကပါ ပြိုကွဲသွားမည်ပင်။
ရှုယီမှာ လမ်ပူရီတိုင်းပြည်ကို သွေးခွဲခြင်းအတွက် တာဝန်ကို မယူနိုင်ပေရာ ကောင့်ထ်လောင်ဂျ်လီကို အလွယ်လေး သဘောမတူနိုင်ပေ။ သူဟာ ကောင့်ထ်လောင်ဂျ်လီထံ မျှော်လင့်ချက်အနည်းငယ်ပေးရန် စဉ်းစားမည်ဟုသာ ပြောနိုင်ခဲ့၏။
သဘောတူ၊ မတူမှာတော့ ရှုယီအနေနှင့် ဘန်တာမြို့သို့ပြန်ကာ အရင်ဆုံး ဘုရင်မဆယ်ဗီနီနှင့်အတူ ဆွေးနွေးရပေမည်။
ဤကိစ္စမှာ Frestech ကုန်သည်ကြီးများအသင်း တစ်ခုတည်း၏ ပြဿနာမဟုတ်ပေ။
ကောင့်ထ်လောင်ဂျ်လီက တကယ်တမ်းတွင် ရှုယီ၏စိုးရိမ်မှုများကိုသိပြီး ရှုယီကို သဘောတူဖို့ တွန်းအားမပေးချေ။ ထိုအစား သူ၏စိတ်ရင်းကိုပြရန် Frestech ကုန်သည်ကြီးများအသင်း၏ ယာဉ်တန်းကို နွေးထွေးစွာ ဆက်လက်ဧည့်ခံခဲ့သည်။
သို့သော် ကောင့်ထ်လောင်ဂျ်လီ၏ အသွင်က ရှုယီ ထွက်ခွာချိန်၌ ခက်ခဲအောင်လုပ်နေသည်။
၎င်းကိုစဉ်းစားရင်း ရှုယီက ခါးသက်စွာရယ်လေသည်။
လမ်ပူရီဆယ့်သုံးသာ ဤမျှ ကလေးများစွာ မရှိခဲ့လျှင် သို့မဟုတ် ဆက်ခံသူတစ်ယောက် ဒီတိုင်းရွေးချယ်လိုက်ပါက မည်မျှ အဆင်ပြေလိမ့်မည်နည်း။ ထိုနည်းနှင့် အားလုံးမှာ ထီးနန်းအတွက် ယှဉ်ပြိုင်ဖို့မလိုတော့သလို လမ်ပူရီတိုင်းပြည်၏ ရင်းမြစ်များလည်း မပြုန်းတီးတော့ချေ။
လက်ရှိ လမ်ပူရီတိုင်းပြည်အခြေအနေမှာ သူ၏ ဘုရင်အနေနှင့် တာဝန်ယူရမည့်အရာဖြစ်သည်။
သို့သော် ထိုသို့ အချိန်အကြာကြီး ဘုရင်ကြီးမှာ ဤကိစ္စမှ လုံးဝ ရှောင်ဖယ်ထားသည်။ သူဟာ မည်သည့် နောက်ဆုံး ဆုံးဖြတ်ချက်မှ မချသလို မည်သည့်ဘက်ကိုမှလည်း မထောက်ပံ့ချေ။
ထိုသည်မှာ..... ထိုအရာများဖြစ်ရန် တမင်လုပ်ဖို့ ကြိုးစားနေသလိုပင်။
ဤဘုရင်ကြီးမှာ မည်သည်ကိုများ တွေးတောနေသနည်း?
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၃၂။ အမိန့်သုံးခု
ယနေ့မှာ ရှားရှားပါးပါး နွေးထွေးသည့် ဆောင်းနေ့ဖြစ်သော်လည်း လမ်ပူရီဆယ့်သုံးမှာ အနောက်ဘက် ဥယျာဉ်ထဲ၌ နေရောင်ခံရန် ရွေးချယ်ခြင်းကဲ့သို့ ပုံမှန် တူညီသည့်အရာများ မလုပ်နေချေ။ ထိုအစား သုံးလွှာထပ်အိပ်ရာ၌ လှဲလျောင်းရင်း စောင်ထူထူခြုံကာ တဖြည်းဖြည်းခြင်း လက်ထဲရှိ စာရွက်စာတမ်းများကို လှန်နေသည်။
နံဘေးရှိ ဒဲမာက လမ်ပူရီဆယ့်သုံး၏ မျက်နှာမှာ သွေးမရှိလောက်အောင် ဖြူဖျော့နေသည်ကိုမြင်ပြီး မျက်လုံးများထဲ၌ အင်မတန်စိုးရိမ်ဟန်ရှိနေသည်။ သူ့အနေနှင့် လမ်ပူရီဆယ့်သုံးအား အနားယူရန် ပြောလိုက်ချင်သော်လည်း ပါးစပ်ဟလိုက်သည်နှင့် တစ်ခွန်းမှပင် မဆိုနိုင်တော့ဘဲ အခန်းရှိ မီးအိမ်ကိုသာ ပိုမိုလင်းစေကာ လမ်ပူရီဆယ့်သုံး မြင်ရပိုလွယ်ရန် လုပ်ပေးလိုက်သည်။
"အင်း၊ ဒီကောင်လေး အဲရစ်, သူ့ဆီမှာ တကယ်ပဲ ဝက်အုပ်စုတစ်စုရှိနေတာပဲ။" လမ်ပူရီဆယ့်သုံးက လက်ထဲရှိ စာရွက်စာတမ်းများကိုဖတ်ပြီးနောက် အေးစက်စက်ရယ်လာသည်။ သူက ဒဲမာဘက်လှည့်ကာ၊ "ဒဲမာ, ဒီရက်တွေအတွင်း ဆယ်ဗီနီရော ဘာတွေလုပ်နေလဲ?"
ဒဲမာမှာ အံ့ဩသွားသော်လည်း အလျင်အမြန်ပင် စဉ်းစားပြီးနောက် ဖြေလာ၏၊ "ဘုရင်မက ဘန်တာမြို့မှာ ရှိနေခဲ့ပြီး ဘန်တာမြို့ ပြန်လည်မွမ်းမံရေးကို လုပ်နေပါတယ်။ ဆန်ဒီမြစ်နဲ့ ရမ်မြစ်ကြားက တူးမြောင်းကိုလည်း ဒီအချိန်အတွင်းမှာ အပြီးသတ်ပြီးလို့ အခမ်းအနားမှာ ကိုယ်တိုင် သဘာပတိလုပ်ခဲ့ပါတယ်။"
လမ်ပူရီဆယ့်သုံးက ခေါင်းအသာငြိမ့်၏၊ "ဘန်တာမြို့တိုးတက်မှုက တကယ်ကိုကောင်းတယ်။ တိုင်းပြည်က မြို့အားလုံးသာ ဘန်တာမြို့လို့ ဂရုမစိုက်ဘဲနေနိုင်လာရင် စခ်တိုင်းပြည်ရဲ့ ခြိမ်းခြောက်မှုအကြောင်း ဘယ်လိုလုပ် စိုးရိမ်စရာလိုမှာလဲ။"
ဒဲမာက အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ဂရုတစိုက်ဆိုလာသည်၊ "အရှင်မင်းကြီး၊ ရိုးရိုးသားသားပြောရရင် ဘန်တာမြို့ရဲ့ ဖွံ့ဖြိုးမှုမှာ အကြီးမားဆုံးထောက်ပံ့သူက Frestech ကုန်သည်ကြီးများအသင်း ဆိုပေမယ့်လည်း ဘုရင်မက သူတို့ကို ထောက်ခံလို့သာမဟုတ်ရင် Frestech ကုန်သည်ကြီးများအသင်းလည်း ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ခဲ့မှာ မဟုတ်ပါဘူး။"
"ဘာလဲ? မင်းက ဆယ်ဗီနီရဲ့ ထက်မြတ်တဲ့အမြင်ကို သတိရအောင် လုပ်ပေးနေတာလား?" လမ်ပူရီဆယ့်သုံးက အသာပြုံးကာ ပြောသည်။
"အရှင်မင်းကြီးက အမျှော်အမြင်ရှိပါတယ်၊ သေချာပေါက် မြင်နိုင်မှာပါ။" ဒဲမာက လျင်မြန်စွာ ခေါင်းငုံ့သည်။
လမ်ပူရီဆယ့်သုံးက ရယ်လျက်၊ "မင်း တွေးနေတာကို ငါသိပါတယ်၊ ဒါပေမယ့် ဒဲမာ မင်းသိဖို့လိုတယ်။ ဆယ်ဗီနီကို ငါ့ရဲ့ဆက်ခံသူနေရာ ပေးချင်ရင်တောင် ဆန့်ကျင်မှုများစွာရှိလာလိမ့်မယ်။ ဒီလူတွေက ဘာကို ဆန့်ကျင်နေမှန်း မင်းလည်းသိလောက်မှာပါ။"
ဒဲမာက ခါးသက်စွာပြုံး၍ ပြောသည်၊ "မင်းသားလေးက သူတို့ရဲ့ အကျိုးအမြတ်ကို အာမခံပေးနေချိန်မှာ ဘုရင်မက တိုင်းပြည့်အကျိုးနဲ့ ပြည်သူပြည်သားတွေရဲ့ ဘဝအခြေအနေတိုးတက်ဖို့ကို ပိုပြီး ဂရုစိုက်နေလို့ပါ။"
"ဒီတော့.... ငါ ဆယ်ဗီနီက အချိန်အလုံအလောက်ပေးပြီး သန်မာလာခွင့်ပြုဖို့လိုတယ်၊ သူမအနေနဲ့...."
လမ်ပူရီဆယ့်သုံးမှာ ရုတ်တရတ် အပြင်းအထန် ချောင်းဆိုးလာသည်။
ဒဲမာက ရေနွေးနွေးတစ်ခွက် အမြန်ယူလာလိုက်၏။
လမ်ပူရီဆယ့်သုံးက နှစ်ငုံသောက်ပြီးနောက် မျက်မှောင်ကုပ်လိုက်သည်။ ထို့နောက် ကုတင်ရှေ့ရှိ အံဆွဲကို ညွှန်ပြလာသည်။
"အဲဒါ ယူလာခဲ့"
ဒဲမာက အံ့ဩသွားကာ၊ "အရှင်မင်းကြီး၊ အဲဒါကို လျှော့စားမှရမယ်၊ အရှင့်ရဲ့ခန္ဓာကိုယ်က....."
လမ်ပူရီဆယ့်သုံးက သူ့ကိုစိုက်ကြည့်လေရာ ဒဲမာလည်း နာခံစွာဖြင့် အံဆွဲထံသွားလိုက်သည်။ သူက အထဲမှ ပုလင်းလေးတစ်ခုယူကာ ၎င်းမှ အနီရောင်ဆေးလုံးလေးတစ်လုံး ထုတ်လိုက်၏။
ဒဲမာလက်ထဲမှ ထိုဆေးလုံးကို ယူရင်း လမ်ပူရီဆယ့်သုံးမှာ မိမိကိုယ်ကိုယ်အပြစ်တင်ဟန် ပြုံးလာ၏။ သူက တစ်ဖန်ချောင်းဆိုးကာ မျက်မှောင်ကုပ်လိုက်ပြီးနောက် ထိုဆေးလုံးကို လက်ထဲရှိ ရေနှင့် မျောချလိုက်သည်။
ခဏအကြာ၌ လမ်ပူရီဆယ့်သုံး၏ မျက်နှာထက်တွင် သွေးရောင်ပြန်လွှမ်းလာသည်။ သူက တမုဟုတ်ချင်း စိတ်အားများစွာ တက်လာကာ ချောင်းဆိုးခြင်းပင် ရပ်တန့်သွားသည်။
ဒဲမာမှာ ပြန်ကောင်းသွားသည့် လမ်ပူရီဆယ့်သုံးကိုမြင်သော် မျက်လုံးထဲရှိ စိုးရိမ်မှုက ပိုများလာ၏။
လမ်ပူရီဆယ့်သုံးက မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်းရှူလေ၏။ မျက်လုံးများ တစ်ဖန်ပြန်ဖွင့်လိုက်ချိန်တွင် ၎င်းတို့မှာ လွန်ခဲ့သည့် နှစ်များစွာက အရွယ်ကောင်းချိန်ကို ပြန်ရောက်သွားသည့်နှယ် တောက်ပနေကြသည်။ သူဟာ တိုင်းပြည်တွင် လူတိုင်း ဝတ်ပြုရသည့် ဘုရင်ဖြစ်ခဲ့သည်။
"ဒဲမာ, ငါ့ဆီကို ဘောပင်နဲ့ စာရွက်ယူလာခဲ့၊ တော်ဝင်အမိန့်တော်သုံးခုပို့မယ်။"
"ပထမဆုံး၊ တော်ဝင်စစ်တပ်ရဲ့ တတိယတပ်ရင်းကို ဆိုဝယ်လ်မြို့ဆီပို့ပြီး မြောက်ပိုင်းနယ်စပ်မှာ သေချာစောင့်ကြည့်ဖို့ အမိန့်ပေးလိုက်၊ စခ်တိုင်းပြည်က တောင်ပိုင်းကို မကျူးကျော်နိုင်အောင် သေချာလုပ်။ တတိယတပ်ရင်း ဆိုဝယ်လ်မြို့ဆီ ဝင်ရောက်ပြီးသွားရင် သူတို့ကို ဆိုဝယ်လ်မြို့က ထိန်းချုပ်ပြီး ဒေသတွင်းလက်နက်ကြီးတွေကို တပ်ဆင်ရမယ်။"
ပထမအမိန့်ကိုကြားသော် ဒဲမာ၏ မျက်ခွံများလှုပ်သွားသည်။
ဤအမိန့်နှင့်အတူ တတိယတပ်ရင်းကို ဆိုဝယ်လ်မြို့၏ အထူးမြို့စောင့်များအဖြစ် ပြောင်းလဲသွားစေ၏။
တတိယတပ်ရင်းအား ဆိုဝယ်လ်မြို့က အမည်အရသာ ထိန်းချုပ်ရမည်မဟုတ်ဘဲ လက်နက်ကြီးများကိုပါ တပ်ဆင်ရမည်ဖြစ်ရာ ဆိုဝယ်လ်မြို့က ၎င်းတို့ကို အခိုင်အမာချုပ်ကိုင်ရမည့် အဓိပ္ပာယ်ပင်။
ကောင့်ထ်စီယန်အား လည်ဝယ်သည့်မြို့စားဟု သိကြရာ သူဟာ မည်သို့များ အရှင်မင်းကြီး၏ အဓိပ္ပါယ်ကို နားမလည်ဘဲနေမည်နည်း။ သူဟာ လက်ထဲ၌ တတိယတပ်ရင်းကို ခိုင်မြဲစွာ ချုပ်ထိန်းထားလိမ့်မည်။
"ဒုတိယအနေနဲ့၊ တော်ဝင်လွှတ်တော်ကို အဲရစ်, ဆယ်ဗီနီနဲ့ ဒူးရန့်ထ်တို့အတွက် တော်ဝင်ဂုဏ်ထူးဘွဲ့ စစ်ဆေးဖို့ စီမံခိုင်းလိုက်။ ငါက လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်အနေနဲ့ သူတို့ကို တရားဝင် မင်းသားနဲ့ မင်းသမီး ခေါင်းစဉ်တွေ ချီးမြှင့်ပြီး အခွင့်အရေးအပြည့်ပေးမယ်။"
ထိုဒုတိယအမိန့်ကိုကြားသော် ဒဲမာက မျက်မှောင်တင်းတင်းကုပ်လိုက်၏။
တော်ဝင်ကလေးသုံးဦးထံ၌ တော်ဝင်ကလေးများ၏ နောက်ခံရှိသော်လည်း အမည်အရသာဖြစ်သည်။ တော်ဝင်လွှတ်တော်၏ တရားဝင်စစ်ဆေးမှုမပြုခင်၌ ၎င်းတို့ထံတွင် အမည်သာရှိပြီး အခွင့်အရေးမရှိပေ။
ဥပမာပြောရလျှင် တရားဝင်မင်းသားတစ်ပါးမှာ တော်ဝင်လွှတ်တော်၌ ပါဝင်နိုင်၏။ ၎င်းတို့ခေါင်းစဉ်များကို တရားဝင်မရခင်တွင် တော်ဝင်လွှတ်တော်၌ တရားဝင် ဝင်ပါခြင်းမပြုနိုင်ချေ။
များစွာသောအခွင့်အရေးများကြား အရေးကြီးဆုံးတစ်ခုမှာ ၎င်းတို့ တရားဝင်ခေါင်းစဉ်ကို မရခင်တွင် တော်ဝင်ကလေးသုံးဦးထံ၌ အစောင့်များရှိသော်လည်း ထိုအစောင့်များကို အရှင်မင်းကြီးက နာမည်အရ ပိုင်ဆိုင်သည်။ ထိုသည်က သူ၏ကလေးများ၏ လုံခြုံမှုကို ကာကွယ်ရန် အရှင်မင်းကြီးက ပို့ပေးထားခြင်းသာဖြစ်၏။
၎င်းတို့အား တရားဝင်ခေါင်းစဉ်ပေးအပ်ပြီးနောက်တွင် သုံးယောက်သားမှာ ၎င်းတို့၏ ကိုယ်ပိုင်အစောင့်များကို တာဝန်ပေးရန် အခွင့်အရေးရသွားမည်ဖြစ်သည်။
၎င်းတို့မှာ သာမန်မျိုးရိုးမြင့်များနှင့် ခြားနားပါ၏။ ၎င်းတို့၏ တော်ဝင်ဟူသော နောက်ခံနှင့်အတူ ကိုယ်ပိုင်အစောင့် ငါးထောင်အထိ စုဆောင်းနိုင်ကာ အများပြည်သူထံမှ စုဆောင်းနိုင်လေသည်။
ဤသည်မှာ ၎င်းတို့အနေနှင့် တော်ဝင်ခေါင်းစဉ်ရနေသရွေ့ ငွေနှင့် အာဏာအလုံအလောက်ရှိပါလျှင် ၎င်းတို့ပိုင် လက်ရွေးစင်အစောင့်တပ်ဖွဲ့ဖန်တီးနိုင်သည့် အဓိပ္ပာယ်ပင်။
ဤကိုယ်ပိုင်အစောင့်များမှာ တော်ဝင်မျိုးနွယ်သုံးဦးအတွက် ဗဟိုအင်အားဖြစ်ရာ အင်မတန်အရေးကြီးသည့် အရာဖြစ်သည်။
လမ်ပူရီတိုင်းပြည်တွင် ဆက်ခံသူကို မဆုံးဖြတ်ရသေးခင် တော်ဝင်မျိုးနွယ်ကလေးတစ်ဦး၏ အခွင့်အရေးကို ချီးမြှင့်ခြင်းက ထုံးစံဖြစ်သော်လည်း လမ်ပူရီတိုင်းပြည်သမိုင်း၌ ပုံမှန်အားဖြင့် ဘုရင်ကြီးက ၎င်းတို့ဆက်ခံသူကို ဆုံးဖြတ်ပြီးနောက်မှ ထိုဆက်ခံသူကို လေ့ကျင့်ပေးရန် တော်ဝင်မျိုးနွယ်အခွင့်အရေးကို ချီးမြှင့်ကြသည်။
ယခုလမ်ပူရီဆယ့်သုံးမှာမူ ဆက်ခံသူကို မရွေးရသေးဘဲ ထိုကလေးသုံးယောက်စလုံးကို တောင်ဝင်အခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်သည်။ ဤသည်က လမ်ပူရီတိုင်းပြည်သမိုင်း၌ သုံးကြိမ်သာဖြစ်ပွားခဲ့၏။
ထို့အပြင် ဤသုံးကြိမ်အတွင်း အကြိမ်တိုင်း အင်မတန်ဆိုးရွားသည့် အကျိုးဆက်များထွက်လာသည်။ အပြင်းထန်ဆုံးတစ်ခုမှာ တိုင်းပြည်၌ တိုင်းပြည်တွင်းစစ်ပွဲကိုပါ ဖန်တီးခဲ့သည်။
၎င်းနောက် မည်သည့်ဘုရင်ကမှ ထိုသို့လုပ်ရန် မရွေးချယ်ခဲ့ကြတော့ချေ။
ဒဲမာက အနည်းငယ် တုံ့ဆိုင်းနေသော်လည်း စိတ်ထဲရှိ သံသယနက်နက်ကို သည်းမခံနိုင်တော့ဘဲ လမ်ပူရီဆယ့်သုံးကို ပြောလေသည်၊ "အရှင်မင်းကြီး..... ဒါက မသင့်လျော်လောက်ဘူးလားလို့? တစ်ခုခုမှားသွားမှာ မစိုးရိမ်ဘူးလား?"
လမ်ပူရီဆယ့်သုံးက ဒဲမာကိုကြည့်ကာ အေးဆေးပြန်ဖြေလာသည်၊ "ဒီအမိန့်က ဘယ်သူ့ကို အများဆုံး လွှမ်းမိုးနိုင်လိမ့်မယ်လို့ ထင်လဲ?"
ဒဲမာက အံ့ဩသွားသည်။ စဉ်းစားကြည့်ပြီးနောက် ရုတ်တရတ်နားလည်လိုက်၏။
လမ်ပူရီတိုင်းပြည်၏လက်ရှိ အခြေနေနှင့် မင်းသားလေး ဒူးရန့်ထ်ထံ၌ ဆက်ခံသူ အခွင့်အရေးရှိနေသော်လည်း မည်သူကမှ သူဟာ မင်းသားလေး အဲရစ်နှင့် ဘုရင်မ ဆယ်ဗီနီကို ယှဉ်ပြိုင်နိုင်မည်ဟု မထင်ကြချေ။
အဲရစ်က မျိုးရိုးမြင့်ကြီးများစွာ၏ ထောက်ခံမှုရရှိနေကတည်းက သူ့ထံ၌ အပြင်ပန်းတွင် ကိုယ်ပိုင်အစောင့်မရှိသော်လည်း တိုက်ရိုက်အမိန့်ပေးနိုင်သည့် စစ်သည်များ မနည်းနေပေ။
သူဟာ လော်ရန်မြို့၏ မြို့စားဖြစ်နေကာ မြောက်ဘက်စစ်တပ်အပေါ် လွှမ်းမိုးမှုရှိထားသည့် အချက်ကိုပါထည့်ပေါင်းလိုက်လျှင် သူ့လက်ထဲရှိ စစ်တပ်အင်အားက တိုးလာသည်။
စစ်ဘက်ကို ဝင်မပါသည့် ဘုရင်မ ဆယ်ဗီနီနှင့်ယှဉ်လျှင် သူမ လက်ရှိ လှုပ်ရှားနိုင်သည်မှာ ယခင်က သူမထံပေးခဲ့သည့် အစောင့်များသာရှိသည်။
ဘုရင်မ ဆယ်ဗီနီကို ထောက်ပံ့သည့် မျိုးရိုးမြင့်များမှာ ၎င်းတို့ ကိုယ်ပိုင်စစ်တပ်များကို ပေးပို့ပါလျှင်တောင် မင်းသားလေး အဲရစ်နှင့်ယှဉ်ပါက ကွာဟမှုကြီးဖြစ်နေသည်မှာ သံသယပင်မလိုချေ။
ထို့ကြောင့် ဤအမိန့်မှာ ဘုရင်မ ဆယ်ဗီနီအတွက် အကျိုးအရှိဆုံးဖြစ်သည်။
ဘုရင်မ ဆယ်ဗီနီသာ ကိုယ်ပိုင်အစောင့် ငါးထောင်ကို စုစည်းနိုင်ပါက သူမထံရှိ အာဏာက သံသယပင်မလိုဘဲ များစွာ တိုးလာမည်သာ။
အရေးကြီးဆုံးမှာ ဆယ်ဗီနီထံ၌ Frestech ကုန်သည်ကြီးများအသင်း၏ အထောက်အပံ့ရှိနေခြင်းပင်။ ထို့ကြောင့် သူမစစ်တပ်၏ လက်နက်ကိရိယာမှာ သေချာပေါက် တိုင်းပြည်ရှိ အခြားတပ်ဖွဲ့များကို ကျော်လွန်နေလိမ့်မည်။
သို့သော် ဒဲမာစိတ်ထဲရှိ ပူပန်မှုက မလျော့သွားချေ။
ဘုရင်ကြီးက ဆယ်ဗီနီ၏ အင်အားကို သွယ်ဝိုက်စွာ တိုးပေးပါသော်လည်း ဤသည်က မင်းသားလေး အဲရစ်နှင့် ဘုရင်မ ဆယ်ဗီနီတို့ အချင်းချင်းရင်ဆိုင်ရန် တွန်းအားပေးသလိုဖြစ်မသွားနိုင်ဘူးလား?
ထိုသည်မှာ..... ၎င်းတို့က တိုက်ခိုက်လိမ့်မည်ကို စိုးရိမ်နေခြင်းပင်.....
ဒဲမာမှာ လမ်ပူရီဆယ့်သုံး၏ မျက်နှာထက်မှ မည်သည်ကိုမှ မပြဘဲ တည်ငြိမ်အေးဆေးနေဟန်ကိုမြင်သော် ဤခပ်တုံးတုံးအမိန့်ဟု သူထင်ခဲ့သည့် အမိန့်က လမ်ပူရီဆယ့်သုံးထံမှ လာသည်ကို မယုံကြည်တော့ချေ။
သို့သော် လမ်ပူရီဆယ့်သုံးနောက်သို့ လိုက်နေခဲ့သည့် နှစ်များစွာက ဤအမိန့်ကို နာခံစွာသာ မှတ်တမ်းတင်လိုက်စေပြီး မငြင်းဆန်ဝံ့ပေ။
ဖုံးကွယ်ထားခြင်းမရှိသော ဒဲမာမျက်နှာထက်မှ သံသယကိုမြင်သော် လမ်ပူရီဆယ့်သုံးက အသာပြုံးသော်လည်း ရှင်းပြရန် မစီစဉ်ထားပေ။ ဒဲမာက ဒုတိယအမိန့်ကို ရေးချပြီးနောက်၌ ခေတ္တရပ်တန့်ပြီးမှ ဆက်ပြောလိုက်သည်၊ "တတိယ၊ စီးပွားရေးဌာနကို အနီးဝန်းကျင်တိုင်းပြည်တွေမှာ လေ့လာမှုလုပ်ခိုင်းပြီး သူတို့နဲ့ ကုန်သွယ်ဖို့ဖြစ်နိုင်လား ကြည့်ခိုင်းရမယ်။"
ဒဲမာက တစ်ဖန်အံ့ဩသွားသည်၊ တတိယအမိန့်က စီးပွားရေးဌာနအတွက် ဖြစ်နေမည်ဟု ထင်မထားခဲ့ချေ။
"အရှင်မင်းကြီး၊ ပြည်ပကုန်သွယ်ရေးဈေးကွက်ဖွင့်ဖို့ စီစဉ်နေတာလား?" ဒဲမာက မေးသည်။
၎င်းကိုဆွေးနွေးနေချိန်တွင် ဒဲမာ၏အသံက များစွာ ပိုမိုသက်တောင့်သက်သာဖြစ်နေ၏။
"ဟုတ်တယ်။" လမ်ပူရီဆယ့်သုံးက ခေါင်းတစ်ချက်ငြိမ့်ကာ၊ "အရင်က ဈေးကွက်ကိုမဖွင့်ခဲ့တဲ့ အကြောင်းအရင်းဟာ ငါတို့တိုင်းပြည်က တခြားတိုင်းပြည်တွေနဲ့ယှဉ်ရင် များများစားစားမတိုးတက်ခဲ့သေးလို့ပဲ။ ဈေးကွက်ကိုဖွင့်လိုက်ရင် တခြားတိုင်းပြည်ရဲ့ ကုန်သည်တွေက ငါတို့တိုင်းပြည်သားတွေရဲ့ ငွေကိုပဲ ယူသွားလိမ့်မယ်။ အခုကတော့..... သူတို့ငွေကို ယူရမယ့် အလှည့်ပေါ့ကွာ။"
ဒဲမာ၏အမူအရာက အတန်ငယ်ထူးဆန်းနေကာ၊ "အရှင်မင်းကြီး၊ အရှင်က Frestech ကုန်သည်ကြီးများအသင်းပေါ်မှာ ယုံကြည်ချက် လွန်ကဲမနေဘူးလား? ကျုပ်တို့ တိုင်းပြည်မှာက တခြားလုပ်ငန်းစုတွေထက် သာလွန်နေတဲ့ လုပ်ငန်းစုတစ်ခုပဲရှိတော့ ဒီတာဝန်ကြီးကို မထမ်းနိုင်ရင် ဘယ်လိုလုပ်မလဲ?"
လမ်ပူရီဆယ့်သုံးက နှာခေါင်းအသာရှုံ့ကာ၊ "အဲ့ကောင်လေးရှုယီက မင်းထင်တာက ပိုရဲဝံ့တယ်။ သူ့မှာ တိုင်းပြည်ရဲ့ အထောက်အပံ့မရှိရင်တောင် တခြားတိုင်းပြည်အတော်များများကို လက်ကမ်းမှာပဲ။ သူ့ကိုအခုကူညီတာက နည်းနည်းလောက် ပိုမြန်မြန်တိုးတက်နိုင်ဖို့လေ၊ မဟုတ်လို့ သူက တိုင်းပြည်မှာပဲ ကျန်နေရင် တစ်နေ့မှာ အဲ့လူတွေဆီကနေ ဝါးမြိုခံရနိုင်တယ်။"
ဒဲမာက လမ်ပူရီဆယ့်သုံးကို မျက်မှောင်ကုပ်ကာ ကြည့်လိုက်၏။ အရှင်မင်းကြီးက Frestech ကုန်သည်ကြီးများအသင်းသာ တိုင်းပြည်တွင်း၌ ကျန်ရှိနေလျှင် လူများ၏ ဝါးမြိုခံရမည်ကို စိုးရိမ်နေပါလျှင် အခြားတိုင်းပြည်များထံသွားပြီးနောက် ထိုတိုင်းပြည်များရှိ ပိုလောဘကြီးသူများထံမှ ဝါးမြိုခံရမည်ကိုရော မစိုးရိမ်ဘူးလား?
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၃၃။ အားဖြည့်ကွန်ကရစ်မြို့တံတိုင်းများ
မည်သည့်ရှုထောင့်မှဖြစ်စေ မင်းသမီးလေးကာရိုလင်းအား လောဘကြီးသူ သို့မဟုတ် ရက်စက်သူဟု မဖော်ပြနိုင်ပေ။ သို့သော်လည်း ရှုယီက ဆိုဝယ်လ်မြို့ထံသို့ ယာဉ်တန်းကို ဦးဆောင်သွားချိန်တွင် ကောင့်ထ်စီယန်နံဘေးရှိ နွေးနွေးထွေးထွေးအပြုံးနှင့် မိန်းမလှလေးကိုမြင်သော် သူ့မျက်နှာထက်ရှိ အပြုံးမှာ မနေနိုင်ဘဲ မသက်မသာဖြစ်လာတော့သည်။
"ဟေး ဥက္ကဌရှုလေး၊ ရှင် နောက်ဆုံးတော့ ရောက်လာပြီပေါ့။" မင်းသမီးလေးကာရိုလင်းက ရှုယီကို မြင်ချိန်တွင် အပြုံးများ ပို၍ပင်တောက်ပလာကာ လက်ဝေ့ယမ်းပြလာ၏၊ "ကျွန်မ အခုဆို စောင့်နေတာ အတော်ကြာပြီ။"
ရှုယီမှာ ယခင်က ဖြစ်ခဲ့သည့်အရာကြောင့် အတန်ငယ်အနှောင့်အယှက်ဖြစ်နေသဖြင့် သူ့ကိုယ်သူ တည်ငြိမ်စေလိုက်သည်။ သူက အသာပြုံးကာ ပြောလေ၏၊ "ကျုပ် မင်းသမီးလေးကိုစောင့်နေရအောင် လုပ်ခဲ့မိပေမယ့် ဆိုဝယ်လ်မြို့မှာ ထုတ်လုပ်ရေးအခြေစိုက်ဌာန တည်ဆောက်တာက အရေးကြီးကိစ္စမို့ အရင်ပြင်ဆင်ရမယ့် အရာတွေများတယ်လေ။ အချိန်နည်းနည်းတော့ ယူရတာပေါ့။"
"ကျွန်မသိတာပေါ့။" မင်းသမီးလေးကာရိုလင်းက ရှုယီကို မျက်လုံးလှိမ့်ပြလာသည်၊ "ကျွန်မက အရမ်းစိုးရိမ်ပြီး ရှင့်ကို ပြန်တွေ့ချင်နေရုံပါ။"
ကောင့်ထ်စီယန်ထံရှိ အပြုံးကိုမြင်သော် ရှုယီက ချောင်းတစ်ချက်ဟန့်လျက် ခေါင်းငြိမ့်ကာ ကောင့်ထ်စီယန်ထံလှည့်လိုက်သည်၊ "မြို့စားအရှင်၊ ဒီမှာ ပြင်ဆင်တာဘယ်လိုရှိလဲ?"
ကောင့်ထ်စီယန်က အသာပြုံးလာကာ၊ "ဘာလဲ? ကျုပ်တို့ မတွေ့ရတာ တစ်နှစ်လောက်ပဲရှိသေးတယ် အခုကတည်းက ကျုပ်ရဲ့ ကျွမ်းကျင်မှုကို သံသယဖြစ်နေပြီလား?"
ရှုယီက အလျင်အမြန် လက်ခါကာ၊ "ဘယ်လိုလုပ် အဲ့လိုလုပ်ရဲမှာလဲဗျာ။ ဒါပေမယ့် ကျုပ်က အသေးစိတ်ကို နားလည်ပြီး တတ်နိုင်သမျှမြန်မြန် ဆောက်လုပ်ရေးကို စီစဉ်ချင်လို့ပါ။"
"အလျင်လိုဖို့ မလိုပါဘူး။" ကောင့်ထ်စီယန်က ရှုယီကိုကြည့်ရင်း သူ့နောက်ရှိ မှော်ကားများထံ ကျရောက်သွားကာ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လာသည်၊ "ဒီနေ့မှ ရောက်တာဆိုတော့ အရင်အနားယူလိုက်လေ မနက်ဖြန်မှ အလုပ်အကြောင်းဆွေးနွေးကြမယ်။ ပြီးတော့ မင်းသမီးလေးကာရိုလင်းက ခင်ဗျားကို စောင့်ဖို့ တစ်ပတ်စောရောက်နေတာဆိုတော့ ပြောစရာတွေ အတော်များနေလောက်တယ်။"
မင်းသမီးလေးကာရိုလင်း၏ မျက်နှာထက်ရှိ ဖိတ်ခေါ်နေဟန်ချိုသာသည့်အပြုံးကိုမြင်သော် ရှုယီလည်း ကောင့်ထ်စီယန်ထံ မျက်လုံးလှိမ့်ပြလိုက်သည်။ ထို့နောက် သုတေသနပညာရှင်များကို မြို့ထဲသို့ ခေါ်ရန် လှည့်ကာ လက်ပြလိုက်သည်။
ဘန်တာမြို့နှင့် ပို၍ပင်သေးငယ်သည့် ဘာဆာရူမြို့တို့နှင့် ယှဉ်လျှင် အရှေ့မြောက်ခရိုင်၏ ပထမတန်း ဆိုဝယ်လ်မြို့မှာ များစွာပိုမိုကြီးမားပေ၏။
မည်သည်ကိုမှ မဆိုဘဲ ဆိုဝယ်လ်မြို့၏ တံတိုင်းများနှင့်တင် ဘာဆာရူမြို့ကထက် နှစ်ဆပိုရှည်ကာ ဘန်တာမြို့ထက် များစွာပိုရှည်၏။ အံ့ဩဖွယ်အကောင်းဆုံးမှာ မြို့ဂိတ်များမှတဆင့် လျှောက်လာချိန်တွင် မြို့ဂိတ်များနံဘေးရှိ တံတိုင်းများက ငါးမီတာကျော်ထူနေသည်ကို ရှုယီမြင်ခဲ့ရသည်။ အခြားအပိုင်းများတွင် ထိုမျှ ထူဖို့ မဖြစ်နိုင်သော်လည်း ၎င်းက ဘန်တာမြို့၏ တံတိုင်းများထက် ပိုထူနေဆဲပင်။
ရှုယီက တံတိုင်းများကို ကြည့်နေသည်အားမြင်သော် သူ့နံဘေးမှလိုက်ပါလာသည့် ကောင့်ထ်စီယန်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလေ၏၊ "ဆိုဝယ်လ်မြို့က မြောက်ဘက်နယ်စပ်နဲ့ နီးတော့ စခ်တိုင်းပြည်ဆီကနေ ကာကွယ်ဖို့လိုတယ်လေ။ ဒါကြောင့်ပဲ ပိုထူတဲ့တံတိုင်းတွေရှိဖို့က ပုံမှန်လိုဖြစ်နေတာ။"
ရှုယီလည်း ခေါင်းငြိမ့်ပြီးနောက် နောက်မေးခွန်းကို စဉ်းစားလိုက်သည်။
"နယ်စပ်တွေနဲ့ နီးတယ်လို့ပြောရရင် ဘန်တာမြို့က တိုင်းပြည်ရဲ့ တောင်ပိုင်းနယ်စပ်တွေကနေ ကီလိုမီတာ တစ်ရာကီလိုမီတာအောက်ပဲ ဝေးတာကို ဘာလို့ တံတိုင်းတွေက အဲ့လောက်မထူရတာလဲ?"
"ရူဒ်ဆန်တိုင်းပြည်က ကျုပ်တို့ လမ်ပူရီတိုင်းပြည်နဲ့ မိတ်ဆွေဟောင်းတွေဖြစ်တာကြောင့်လေ။ လမ်ပူရီတိုင်းပြည် တည်ထောင်စဉ်ကတည်းက ရူဒ်ဆန်တိုင်းပြည်ဟာ သစ္စာရှိ မဟာမိတ်ဖြစ်ခဲ့တာ။ သူတို့က ကျုပ်တို့ကို ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့တော့ စောင့်ကြပ်ဖို့ မလိုဘူးလေ။" ကောင့်ထ်စီယန်က ရှင်းပြသည်။
ရှုယီလည်း အသာခေါင်းငြိမ့်လိုက်သော်ငြား စိတ်ထဲ၌ လက်မခံသေးပေ။
သမိုင်းကြောင်းအရ ရူဒ်ဆန်တိုင်းပြည်မှာ လမ်ပူရီတိုင်းပြည်၏ မဟာမိတ် အမြဲဖြစ်ခဲ့ပါသော်လည်း တိုင်းပြည်များအကြား၌ အကျိုးအမြတ်သာရှိသည်။ မိတ်ဆွေဟောင်းများဟူသည်က အားကိုးနိုင်သည့် အရာမဟုတ်ပေ။
ရှုယီအတွက် ဘန်တာမြို့အနေနှင့် တံတိုင်းများကို အားဖြည့်ဖို့ မရွေးချယ်ကြခြင်းမှာ ငွေမရှိသောကြောင့်ဖြစ်သည်။
လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာရေးက မကောင်းသဖြင့် တိုင်းပြည် ဆက်လည်ပတ်ဖို့ လိုအပ်သည့် ရံပုံငွေများမှလွဲ ရံပုံငွေအများစုအား စခ်တိုင်းပြည်ကို ရင်ဆိုင်တိုက်ခိုက်ရာ၌ အသုံးပြုရလေရာ သဘာဝကျစွာဖြင့် အခြားနေရာများကို စောင့်ကြပ်မည်မဟုတ်ပေ။
ဘန်တာမြို့၌ ယခုငွေရှိပါလျှင်တောင် ရှုယီနှင့် ကောင့်ထ်စီယန်တို့ စဉ်းစားခဲ့သည့် ပြန်လည်ပြုပြင်ရေးအစီအစဉ်၌ မြို့တံတိုင်းများကို အားဖြည့်ရန် မစဉ်းစားမိခဲ့ကြချေ။
ရှုယီက ကမ္ဘာမြေထံမှ ကူးပြောင်းလာခြင်းကြောင့် ရန်သူများကိုရင်ဆိုင်ရန် တံတိုင်းများအားဖြည့်ရမည့် ပြဿနာကို မစဉ်းစားခဲ့ဖူးချေ။ ကောင့်ထ်စီယန်ကမူ လျစ်လျူရှုရန် ရွေးချယ်လိုက်ခြင်းသာ။
"တကယ်တော့ ရှင်တို့ ဘန်တာမြို့ရဲ့ တံတိုင်းတွေက ကျွန်မတို့ ဒရိက်ခ်နယ်မြေက မြို့အများစုရဲ့တံတိုင်းတွေထက် ပိုမြင့်ပြီး အတော်လည်း ပိုထူနေသေးတယ်။" ရှုယီ၏တစ်ဘက်သို့ လျှောက်လာသည့် မင်းသမီးလေးကာရိုလင်းက သက်ပြင်းချရင်း ဆိုဝယ်လ်မြို့ တံတိုင်းများကိုကြည့်နေသည်၊ "ဒီလိုထူတဲ့ မြို့နံရံတွေကိုတော့ ကျွန်မတို့ ဒရိက်ခ်နယ်မြေက မြို့အားလုံးမှာတောင် တူတဲ့တစ်ခုလောက် မရှာတွေ့မှာစိုးရိမ်မိတယ်။"
ရှုယီက သူမကို ကြည့်လိုက်သည်။ ခင်ဗျားတို့ ဒရိက်ခ်နယ်မြေက လမ်ပူရီတိုင်းပြည်နဲ့ စခ်တိုင်းပြည်ကြားထဲမှာ တံတိုင်းတွေကို အားမကိုးဘဲ ရှင်သန်နေနိုင်တယ်ပေါ့။
တစ်စုံတရာကိုစဉ်းစားမိပြီးနောက် ရှုယီက မင်းသမီးလေးကာရိုလင်းကို ပြောလိုက်သည်၊ "မင်းသမီးလေး၊ မြို့တံတိုင်းတွေဆောက်ဖို့ အတွေးရှိရင် ကျုပ်ဆီမှာ အရမ်းကောင်းတဲ့ နည်းလမ်းတစ်ခုရှိတယ်။ ကျုပ်ရဲ့ အစီစဉ်အတိုင်းသာ တံတိုင်းတွေကို ပြောင်းလဲလိုက်တာနဲ့ ခေါင်းဆောင်မှော်ပညာရှင်တစ်ယောက် မလှုပ်ရှားသရွေ့ ခင်ဗျားတို့ မြို့တံတိုင်းတွေနဲ့ ပက်သတ်ပြီး ပြဿနာတစ်ခုတောင် မရှိစေရဘူးလို့ အာမခံတယ်။"
မင်းသမီးလေးကာရိုလင်းနှင့် ကောင့်ထ်စီယန်တို့ နှစ်ဦးစလုံးမှာ အံ့ဩသွားရင်း တစ်ပြိုင်တည်းမေးလာကြသည်၊ "တကယ်ကြီးလား? ဘယ်လိုတံတိုင်းမျိုးတွေလဲ?"
ရှုယီလည်း အသာပြုံးလျက် ဆိုဝယ်လ်မြို့အပြင်ဘက်ရှိ လမ်းထံ လှည့်ကာ ညွှန်ပြလေသည်။
"မင်းသမီးလေးနဲ့ မြို့စားအရှင်၊ ဒီလမ်းတွေကို အဓိကအနေနဲ့ ကွန်ကရစ်နဲ့ လုပ်ထားတယ်ဆိုတာ သိလောက်မှာပါ။ ကွန်ကရစ်လမ်းတွေက ဘယ်လောက်ခိုင်ခံ့တယ်ဆိုတာကို နားလည်လောက်တယ် မဟုတ်လား?"
မင်းသမီးလေးကာရိုလင်းက ခေါင်းခါကာ၊ "ရှင်တို့ လမ်ပူရီတိုင်းပြည်က လမ်းတွေကို ကျွန်မကြုံဖူးပေမယ့် လမ်းဘယ်လိုခင်းတယ်ဆိုတာ မသိဘူးလေ။"
"မင်းသမီးလေး၊ ခင်ဗျားတို့ ဒရိက်ခ်နယ်မြေကို တိုးတက်စေချင်ရင် ကျုပ်ရဲ့ ပထမဆုံးပေးမယ့်အကြံက လမ်းခင်းဖို့ပဲ။" ရှုယီက လေးနက်စွာပြောလာ၏၊ "ပို့ဆောင်ဆက်သွယ်ရေးပြဿနာကိုဖြေရှင်းလိုက်ပြီး လွယ်ကူဖြောင့်ဖြူးတဲ့ ပို့ဆောင်မှုကို အာမခံနိုင်တာနဲ့ ခင်ဗျားတို့ရဲ့စီးပွားရေး တိုးတက်ဖို့က ပိုလွယ်သွားပြီ။"
"အင်း၊ အရင်တစ်ခေါက် ကျွန်မ ဘန်တာမြို့ကို သွားတော့ ဘန်တာမြို့နဲ့ အနီးအနားမြို့တော်တွေက လမ်းတွေနဲ့ သွားလာနေကြတဲ့ မြင်းလှည်းပေါင်းများစွာကို မြင်ခဲ့တယ်။ ကျွန်မ မြင်တုန်းက လုံးဝ အံ့ဩသွားတာပဲ။ ကျွန်မတို့ ဒရိက်ခ်နယ်မြေလည်း ဒီလိုသာဖြစ်လာနိုင်ရင် တိုးတက်လာမယ့် အဓိပ္ပာယ်ပဲပေါ့။" မင်းသမီးလေးကာရိုလင်းက ခံစားချက်အပြည့်ဖြင့်ပြောသည်။
"အဲ့ဒီနေ့က သေချာပါက် ရောက်လာမှာပါ။" ရှုယီက ပြောသည်။
"ကျေးဇူးတင်ပါတယ်။" မင်းသမီးလေးကာရိုလင်းက ရှုယီကို ချိုသာစွာပြုံးပြလိုက်သည်၊ "ဒါပေမယ့် ဥက္ကဌရှု၊ အဲ့လောက်ဝေးလံတဲ့ ခေါင်းစဉ်ကို မပြောသေးဘူး။ အရင်ဆုံး မဟာမှော်ပညာရှင်တစ်ယောက်တောင် မချိုးဖြတ်နိုင်တဲ့ ဘယ်လိုမြို့တံတိုင်းမျိုး ရှင့်ဆီမှာ ရှိသလဲ အရင်ပြောရင်ရော?"
ရှုယီက ချက်ချင်းပြန်မဖြေဘဲ ကောင့်ထ်စီယန်ကို လှည့်မေးလေသည်၊ "မြို့စားအရှင်၊ ဆန်ဒီမြစ်ကမ်း ဆောက်လုပ်ရေးမှာ သုံးတဲ့ အားဖြည့်ကွန်ကရစ်ကို အထင်ကြီးသေးလား?"
ကောင့်ထ်စီယန်၏ မျက်လုံးများတောက်ပလာကာ၊ "ဒါပေါ့။ ခင်ဗျားပြောချင်တာက.... အားဖြည့်ကွန်ကရစ်တွေကို မြို့တံတိုင်းတည်ဆောက်ရာမှာ သုံးဖို့လား? ဒါပေမယ့် တည်ဆောက်ပုံက ဒီလို မြို့တံတိုင်းအမြင့်ကို ထောက်ခံပေးနိုင်ပါ့မလား?"
"ဒါပေါ့။" ရှုယီက ခေါင်းငြိမ့်ကာ၊ "သီအိုရီအရ သံမဏိချောင်းတွေနဲ့ ကွန်ကရစ်အလုံအလောက်ရှိသရွေ့ အားဖြည့်ကွန်ကရစ်ကို ကောင်းကင်အထိ ဆောက်လို့ရတယ်။"
မင်းသမီးလေးကာရိုလင်းက ဆိုဝယ်လ်မြို့အထက် ကောင်းကင်ကို ကြည့်ကာ ပြုံးလာသည်၊ "ဥက္ကဌရှု၊ ရှင် ကြွားနေတာလား? ဘယ်လိုလုပ် အဲ့လောက် အမြင့်ထိရောက်နိုင်မှာလဲ?"
"မယုံဘူးလား?" ရှုယီက ပြုံးလေသည်။ ခင်ဗျားသာ ကမ္ဘာမြေက တိမ်တွေအထိ ထိုးထွက်နေပြီး မီတာရာချီမြင့်တဲ့ မိုးမျှော်တိုက်တွေကို မြင်ရင် ကိုယ့်မျက်လုံးတောင် ကိုယ်ယုံလောက်မှာ မဟုတ်ဘူး။
ထို့အပြင် ရှုယီက ၎င်းကိုထုတ်ပြောလိုက်ကတည်းက အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ခရုစ်က စမ်းသပ်မှုလုပ်နေခဲ့သည်။ သူ့အနေနှင့် စိုင်စ်နယ်မြေကြီး၏ ဗိသုကာစံနှုန်းကို ကျော်လွန်နေသည့် အမှန်တကယ် မြင့်မားသောအဆောက်အဦတစ်ခု မပေါ်လာခင် အချိန်သိပ်မကြာလောက်ဟု ယုံကြည်၏။
"ကောင်းပြီလေ၊ ဒါက သီအိုရီအရပဲပေါ့။ ဒါပေမယ့် ရှုယီ၊ ခင်ဗျားက ဒီလိုပြောလာမှတော့ မြို့တံတိုင်းတစ်ခုလောက်မြင့်တဲ့ အရာတစ်ခုကို ဆောက်ဖို့က ပြဿနာမဟုတ်လောက်ဘူးလို့ထင်တယ်။" ကောင့်ထ်စီယန်က ခေါင်းတစ်ချက်ငြိမ့်ကာဆိုသည်၊ "ဒါပေမယ့် နောက်ထပ် အရေးကြီးမေးခွန်းရှိသေးတယ်၊ ဘယ်လောက် ကုန်ကျမှာလဲ?"
၎င်းကိုကြားသော် မင်းသမီးလေးကာရိုလင်း၏ လှပသောမျက်လုံးလေးများက ထိုအကြောင်းကို အင်မတန်ဂရုစိုက်ကြောင်း ပြောနေဟန်ဖြင့် ရှုယီထံ ကြည့်လာကြသည်။
"မြို့စားအရှင်၊ ဒီလိုမြို့တံတိုင်းတစ်ခုတည်ဆောက်ဖို့ စတုရန်းတစ်ရာမီတာကို ဘယ်လောက်ကုန်ကျလဲ?" ရှုယီက တဖြည်းဖြည်းဝေးသွားသည့် ဆိုဝယ်လ်မြို့ထံ ညွှန်ပြရင်း ၎င်းကို မေးလာသည်။
"ဆိုဝယ်လ်မြို့အတွက်....." ကောင့်ထ်စီယန်က အတွေးနစ်သွားပြီးမှ ဖြေလာသည်၊ "အလုပ်သမားကို မရေတွက်ရင် စတုရန်းတစ်ရာမီတာကို သုံးသောင်းကနေ ငါးသောင်းလောက်ကျတယ်။"
"အဲ့လောက်တောင်လား?" ရှုယီမှာ အံ့ဩသွားသည်။
မင်းသမီးလေးကာရိုလင်းက ရှုယီထံ အံ့ဩစွာကြည့်လာသည်၊ "အဲ့ဒါက များလို့လား?"
"ဒါပေါ့" ရှုယီက ပြောသည်၊ "စတုရန်းတစ်မီတာကို သုံးသောင်းကနေ ငါးသောင်းအထိကျရင် ဆိုဝယ်လ်မြို့တံတိုင်း တစ်ဆယ်ကီလိုမီတာကျော်ဆို ရွှေဒင်္ဂါး သုံးသန်းကနေ ငါးသန်းအထိ ဖြစ်သွားမှာမဟုတ်ဘူးလား? ဒါက အဲ့လောက်မများတာလား?"
"ဟင့်အင်း၊ ဆိုဝယ်လ်မြို့တံတိုင်းက ရွှေဒင်္ဂါးခြောက်သန်းပတ်လည်လောက်ကုန်ကျတယ်၊ ဘာလို့ဆို ခင်ဗျားက လေးပစ်မျှော်စင်နဲ့ မြို့ဂိတ်ကို ထည့်မတွက်ခဲ့ဘူးလေ။" ကောင့်ထ်စီယန်က ထပ်ပေါင်းကာ၊ "ရှုယီ၊ ဒီဟာက အရမ်းများတယ်လို့ထင်ရင် အားဖြည့်ကွန်ကရစ်နံရံ စတုရန်းတစ်ရာမီတာက နည်းနည်းပဲ ကုန်ကျလို့လား?"
မင်းသမီးလေးကာရိုလင်းမျက်နှာထက်ရှိ မယုံကြည်နိုင်ဟန်နှင့် မျှော်လင့်နေဟန်ကိုမြင်သော် ရှုယီက အသာပြုံးလေသည်၊ "ဒါပေါ့။ အားဖြည့်ကွန်ကရစ်ရဲ့ အဓိကအပိုင်းက သံမဏိချောင်းတွေဖြစ်လို့ ကွန်ကရစ်က အကုန်အကျပိုနည်းတာပေါ့။ လက်ရှိ ခန့်မှန်းခြေအရဆို သုံးမီတာအနက်နဲ့ ငါးမီတာ ရှည်ပြီး တစ်ရာမီတာကျယ်တဲ့တံတိုင်းဆောက်ချင်ရင် ရွှေဒင်္ဂါးတစ်သောင်းထက်ပိုမကုန်ဘူး။"
"ဒီလောက် ဈေးချိုတယ်လား?" ကောင့်ထ်စီယန်နှင့် မင်းသမီးလေးကာရိုလင်းတို့ နှစ်ဦးစလုံးထံ၌ မယုံနိုင်ဟန်များရှိနေကြသည်။
သို့သော် ခဏအကြာ၌ နှစ်ဦးသားမှာ ကျေနပ်အံ့ဩနေဟန်များပြောင်းသွားကြ၏။
ရှုယီက ထိုကိစ္စကို စနောက်နေခြင်းမဟုတ်မှန်း နှစ်ဦးသား သိကြသောကြောင့်ဖြစ်သည်။
မင်းသမီးလေးကာရိုလင်းက သူမ၏ မျက်လုံးကြီးကြီးများဖြင့် မျက်တောင်ခတ်ရင်း မေးလာသည်၊ "ဥက္ကဌရှု၊ ရှင်ပြောခဲ့တဲ့ အားဖြည့်ကွန်ကရစ်ကို Frestech ကုန်သည်ကြီးများအသင်းဆီက ဝယ်ရမှာလား?"
ရှုယီက ရယ်ကာ၊ "ကျုပ်က ဒီအားဖြည့်ကွန်ကရစ်နံရံကို ဘာအတွက် ရောင်းတယ်ထင်လို့လဲ?"
မင်းသမီးလေးကာရိုလင်းက ရှုယီကိုကြည့်ကာ နှာခေါင်းအသာရှုံ့သည်၊ "ဒါပေမယ့် ကျွန်မတို့ကို ဘန်တာမြို့တစ်လျှောက်လုံး အပြေးသွားဝယ်ခိုင်းလို့တော့ မရဘူးမို့လား?"
"ဟုတ်တယ်။ ဒီတော့ ကျုပ်တို့ လုပ်ငန်းစု ဆိုဝယ်လ်မြို့ဆီရောက်လာရင် ကျုပ်တို့ အရင်ဆောက်မှာက ဘိလပ်မြေစက်ရုံဖြစ်ပြီး နောက်တစ်ခုက သံမဏိစက်ရုံပဲ။"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၃၄။ အကျိုးလိုခြင်း
Frestech ကုန်သည်ကြီးများအသင်း၏ ယာဉ်တန်းကို ကြိုဆိုရန် ညအချိန်ကျလာသော် ကောင့်ထ်စီယန်က မြို့စားအိမ်တော်၌ ကြိုဆိုပွဲအခမ်းအနားတစ်ခုကျင်းပခဲ့သည်။ သူဟာ ယာဉ်တန်းမှလူတိုင်းကို ဖိတ်ကြားခဲ့ရုံသာမက မျိုးရိုးမြင့်များ၊ ကုန်သည်များနှင့် မြို့စောင့်အရာရှိများပင် အပါအဝင် ဆိုဝယ်လ်မြို့၏ အရေးကြီးပုဂ္ဂိုလ်များကိုပါ ဖိတ်ကြားခဲ့သည်။
ရှုယီမှာ အင်မတန် ဒုက္ခများသည်ဟု ခံစားရသဖြင့် ကောင့်ထ်စီယန်အား ထိုကြိုဆိုပွဲကို မကျင်းပစေလိုသော်လည်း ဤသည်က ကောင့်ထ်စီယန် အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို ဆိုဝယ်လ်မြို့၌ မြန်မြန်ဝင်ဆံ့စေရန် လုပ်ရမည့်အရာဖြစ်ကြောင်းသိသဖြင့် မငြင်းလိုက်တော့ပေ။
ရှုယီမှာ ထိုပွဲများနှင့် ထိုလူများကို ပတ်သက်ရသည်အား သဘောမကျပါလျှင်တောင် ကောင့်ထ်စီယန်၏ ကြိုးစားမှုကို မပျက်စီးစေရန် သူဟာလည်း ဤပွဲ၏ အဓိကဇာတ်ကောင်ဖြစ်နေသဖြင့် ရှုယီက သူ့ကိုယ်သူ လန်းဆန်းအောင်လုပ်လိုက်သည်။ သူက ရောက်လာသည့် ဧည့်သည်အားလုံးကို စကားပြောကာ ၎င်းတို့၏ အမည်၊ နောက်ခံနှင့် အချက်အလက် အမျိုးမျိုးတို့ကို ချရေးမှတ်ထားလိုက်သည်။
Frestech ကုန်သည်ကြီးများအသင်းသာ ဆိုဝယ်လ်မြို့၌ တိုးတက်ချင်ပါက မြို့စား ကောင့်ထ်စီယန်၏ ထောက်ပံ့မှာရှိပါလျှင်တောင် မြို့ရှိ အခြားလူများက သူနဲ့ အလုပ်လုပ်မည့် အဓိပ္ပာယ်တော့မဟုတ်ပေ။
ရောက်လာသူများနှင့် တွေ့ဆုံကာ ဧည့်သည်အားလုံးနှင့် အဆက်အသွယ်လုပ်ပြီးကာမှ သူလည်း အသက်ရှူဖို့ အခွင့်အရေးရတော့သည်။
ဝိုင်တစ်ငုံသောက်လိုက်ချိန်၌ မင်းသမီးလေးကာရိုလင်း ရုတ်တရတ် ပေါ်လာသည်။
"ဥက္ကဌရှု၊ ရှင်အရမ်းပင်ပန်းနေပြီလား?"
မင်းသမီးလေးကာရိုလင်း၏ တက်ကြွနေဟန်ကို မြင်သော် ရှုယီမှာ အနည်းငယ်ရှုပ်ထွေးသွားသည်၊ "ခင်ဗျားက မပင်ပန်းဘူးလား? မင်းသမီးလေး၊ ခင်ဗျားက ကျုပ်ထက် ပိုနာမည်ကြီးတယ်ထင်တာပဲ။"
"ဘာလဲ? သဝန်တိုနေတာလား?" မင်းသမီးလေးကာရိုလင်းက အပြုံးဖြင့် ဝိုင်ခွက်ကို မြှောက်ကာ ရှုယီ၏ ခွက်နှင့်တိုက်ပြီး တစ်ငုံသောက်လိုက်သည်။ သူမက ရုတ်တရတ် သက်ပြင်းချလျက် ပွဲကိုကြည့်ရင်း နူးညံ့စွာ ပြောလာသည်၊ "ကျွန်မက အရမ်းနာမည်ကြီးပေမယ့်လည်း လာတဲ့လူအများစုက ယောက်ျားတွေကြီးပဲ။ သူတို့က ကျွန်မ ခန္ဓာကိုယ်ကိုပဲ စိတ်ဝင်စားနေကြတာ၊ ဥက္ကဌရှုရဲ့ အင်အားကို စိတ်ဝင်စားတာမျိုးနဲ့မတူဘူးလေ။"
"ခင်ဗျားရဲ့ ခန္ဓာကိုယ်ကလည်း ခင်ဗျားရဲ့ အင်အားတစ်စိတ်တပိုင်းပဲလေ။ ကျုပ်ကတော့ သူတို့အနေနဲ့ ကျုပ်ရဲ့ ခန္ဓာကိုယ်ကို ပိုစိတ်ဝင်စားဖို့မျှော်လင့်တယ်၊ အနည်းဆုံးတော့ ကျုပ်ရဲ့ကိုယ်ပိုင်ဆွဲဆောင်မှုအပေါ် ယုံကြည်ချက် နည်းနည်းရှိသွားတာပေါ့၊ မဟုတ်ဘူးလား?" ရှုယီက အပြုံးဖြင့်ပြောသည်။
မင်းသမီးလေးကာရိုလင်းက ရယ်လျက် ရှုယီကို မျက်လုံးတစ်ဖက်မှိတ်ပြကာ အသာပြုံး၍ပြောသည်၊ "ဥက္ကဌရှု၊ ရှင်က အရမ်းကို ခန့်ညားနေပြီသားပါ ပြီးတော့ ကျွန်မ ရှင့်ခန္ဓာကိုယ်ကို စိတ်ဝင်စားတယ်။"
ထိုသို့ပြောနေစဉ်အတွင်း မင်းသမီးလေးကာရိုလင်းက ရှုယီနားတိုးလာကာ ခြေဖျားလေးအသာထောက်၍ ရှုယီမျက်နှာနားကပ်လာသည်။ သူမ အသက်မျင်းမျင်းရှူထုတ်လိုက်သည်တွင် ယမကာရောယှက်နေသည့်ရနံ့က ရှုယီ မျက်နှာထံလာရိုက်ခတ်ပြီးနောက် ဆွဲဆောင်မှုရှိသည့် အသံဖြင့် ဆိုလာလေ၏၊ "အရင်တစ်ခေါက် ကျွန်မဘန်တာမြို့မှာရှိခဲ့တုန်းက ဒါကို ပြောခဲ့ပြီးပြီ ဥက္ကဌရှု၊ ကျွန်မ ဆိုဝယ်လ်မြို့မှာ အိပ်ရာပြင်ပြီး ရှင်ကိုယ်တိုင်လာလည်ဖို့ စောင့်နေပါမယ်လို့လေ။ အခု ကျွန်မ အိပ်ရာကို ပြင်ပြီးပြီဆိုတော့ ကျွန်မနဲ့အတူ ညအချိန်ကို ကုန်ဆုံးဖို့ စိတ်ဝင်စားလား?"
"မင်းသမီးလေး၊ ခင်ဗျားမူးနေပြီ။" ရှုယီက ခြေလှမ်းတစ်ဝက်လောက်ပြန်ဆုတ်၍ မင်းသမီးလေးကာရိုလင်းထံ တိုက်ရိုက်မကြည့်ဘဲ အနည်းငယ်စောင်းလိုက်သည်။
မူးနေသည့် မင်းသမီးလေးကာရိုလင်းက အင်မတန် ဆွဲဆောင်မှုရှိကာ သေစေလောက်သည်။ သူ့အနေနှင့် ထိုသို့ဆွဲဆောင်ခံနေရပါက တောင့်ခံနိုင်လိမ့်မည်ဟု အာမ,မခံရဲချေ။
မင်းသမီးလေးကာရိုလင်းက တခစ်ခစ်ရယ်လိုက်သော်လည်း ဆက်မတိုးလာတော့ချေ။ ထိုအစား အလျင်အမြန်ပင် ခေါင်းစဉ်ပြောင်းလိုက်၏၊ "ဥက္ကဌရှု၊ ကျွန်မ ဒီမနက်တုန်းက ရှင်ပြောခဲ့တဲ့ အားဖြည့်ကွန်ကရစ်တံတိုင်းတွေအကြောင်းစဉ်းစားနေမိတုန်းပဲ။ မေးချင်တာက၊ ကျွန်မတို့ နယ်မြေသာ ကိုယ်ပိုင်သံမဏိနဲ့ ဘိလပ်မြေကို ထုတ်လုပ်နိုင်ရင် ကုန်ကျစရိတ် ဘယ်လောက်များသက်သာလာလောက်လဲ?"
ရှုယီက ခေါင်းခါကာ၊ "မင်းသမီးလေးကို ဒီလိုလုပ်ဖို့ အကြံမပေးချင်ဘူး၊ အနည်းဆုံးတော့ အခုမဟုတ်သေးဘူး။ အားဖြည့်ကွန်ကရစ်က ခိုင်ခံ့ပြီး၊ ဖွဲ့စည်းပုံအပြင် အရေးကြီးဆုံးအရာက သံမဏိနဲ့ကွန်ကရစ်တို့ရဲ့ အရည်အသွေးပဲ။ ကွန်ကရစ်နဲ့အတူဆို အဆင်ပြေပေမယ့် သံမဏိရဲ့ အရည်အသွေးကို လက်ရှိ ခင်ဗျားတို့ ဒရိက်ခ်နယ်မြေရဲ့နည်းပညာအဆင့်နဲ့ အာမ,မခံနိုင်သေးဘူး။ ခင်ဗျားသာ သတ္တုပြဿနာကို အလျင်စလိုဖြေရှင်းဖို့ ကြိုးစားရင် အကျိုးဆက်က ပြင်းထန်လိမ့်မယ်။"
မင်းသမီးလေးကာရိုလင်း ထံ၌ ခါးသက်သက်အပြုံးရှိနေကာ၊ "ရှင်က ကုန်သည်တစ်ယောက်အနေနဲ့ ကျွန်မကို လှည့်ဖျားဖို့ ကြိုးစားနေတယ်လို့ ပြောချင်ပေမယ့်လည်း ဥက္ကဌရှုက အဲ့လိုလူမဟုတ်မှန်း ကျွန်မသေချာသိပါတယ်။ ကျွန်မအထင်.... ရှင်တို့ Frestech ကုန်သည်ကြီးများအသင်း အနေနဲ့ ကျွန်မတို့ဆီကို သံမဏိနဲ့ ကွန်ကရစ်နည်းပညာပေးဖို့ မဖြစ်နိုင်ရင်တော့ Frestech ကုန်သည်ကြီးများအသင်းက ကျွန်မတို့ ဒရိက်ခ်နယ်မြေမှာ စက်ရုံတစ်ရုံလောက် ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိမလား? ကျွန်မတို့သာ ပြည်တွင်းမှာ ထုတ်လုပ်ရင် အနည်းဆုံးတော့ အခြေခံပစ္စည်းတွေသက်သာမယ်မဟုတ်လား?"
"မင်းသမီးလေးအနေနဲ့ အဲဒီ့ဆုံးဖြတ်ချက်က ကျုပ်အပေါ်မှာ မရှိဘဲ စခ်တိုင်းပြည်ပေါ်မူတည်တာကို သေချာသိမယ်လို့ထင်ပါတယ်။" ရှုယီက ပြောသည်။
မင်းသမီးလေးကာရိုလင်းက အသာမျက်မှောင်ကုပ်သည်။ ထို့နောက် ဝိုင်ကိုသောက်ကာ သေချာစဉ်းစားလိုက်၏။
ပြောရလျှင် မင်းသမီးလေးကာရိုလင်း ပုံမှန် ထုတ်ပြတတ်သည့် အီစီကလီ သွင်ပြင်က ရှုယီအတွက် အင်မတန် ဆွဲဆောင်မှုရှိသော်လည်း ရှုယီမှာ မင်းသမီးလေးကာရိုလင်း အတွေးနက်နေလျှင် ပိုနှစ်ခြိုက်ပါ၏။
သူ့အတွက် ဆွဲဆောင်မှုအရှိဆုံးနှင့် သူ့ထံ အကောင်းဆုံးအမြင်ကို ချန်ထားနိုင်သည်မှာ ကိုယ်ပိုင်အတွေးအမြင်များရှိပြီး ဆုံးဖြတ်ချက်ချနိုင်သည့် မိန်းမမျိုးဖြစ်သည်။
အစပိုင်း၌ စတေးလ်က သူ၏စိတ်ကို လှုပ်ရှားစေခဲ့ပြီး သူမကိုလက်ထပ်ရန် ရွေးချယ်စေခဲ့သည်မှာ စတေးလ်က ၎င်းကို ရှင်းရှင်းလင်းလင်းပြသပြီးသားဖြစ်ခြင်းကြောင့်ပင်။
အနည်းငယ်စဉ်းစားပြီးနောက် မင်းသမီးလေးကာရိုလင်းက ဝိုင်ခွက်ကိုချကာ တစ်ဖန် ပြုံးလိုက်သည်။
"ဟုတ်ပါပြီ၊ ကြည့်ရတာ ကျွန်မတို့ ပူးပေါင်းမှုကို တစ်ဆင့်ချင်းစီသွားရမယ့်ပုံပဲ၊ အလျင်လိုလို့မရဘူး။ ဥက္ကဌရှု၊ ကျွန်မမှာ အခု ရှင့်အတွက် အသေးစားတောင်းဆိုမှုလေးရှိတယ်၊ ရှင်သဘောတူနိုင်မလား?" မင်းသမီးလေးကာရိုလင်းက မေးသည်။
"ခင်ဗျားနဲ့ ညအချိန်ကို အတူကုန်ဆုံးဖို့ ဖိတ်ကြားတာမဟုတ်သရွေ့ ဆွေးနွေးလို့ရပါတယ်။" ရှုယီက ပြောသည်။
မင်းသမီးလေးကာရိုလင်းက အံ့ဩနေပြီးနောက်မှ မနေနိုင်ဘဲ ထရယ်လေ၏၊ "ဥက္ကဌရှု၊ ကျွန်မကို တဏှာကြူးတယ်များထင်နေတာလား? စိတ်ချပါ၊ ကျွန်မရှင့်ကို မစားပါဘူး။"
မင်းသမီးလေးကာရိုလင်းက ခါးသက်သက်ဖြင့် ရှုယီထံ မျက်လုံးလှိမ့်ပြပြီးမှ လေးနက်နေဟန်ဖြင့် ပြောလာသည်၊ "ကျွန်မ တောင်းဆိုချင်တာက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဆိုဝယ်လ်မြို့မှာ ထုတ်လုပ်ရေးအခြေစိုက်ဌာန တည်ဆောက်တဲ့အခါ ဖြစ်စဉ်တစ်ခုလုံးကို ကျွန်မ စောင့်ကြည့်လို့ရမလား။"
ရှုယီလည်း စဉ်းစားပြီးနောက် ခေါင်းငြိမ့်ကာ ဆိုလာသည်၊ "ကောင်းပြီလေ၊ ဒါပေမယ့် တချို့လျှို့ဝှက်ချက်တွေပါလာရင် ခင်ဗျားထွက်သွားပေးရမယ်။"
"ဒါပေါ့" ရှုယီ၏ သဘောတူညီချက်ရရှိပြီးနောက် မင်းသမီးလေးကာရိုလင်းမှာ အင်မတန်ပျော်ရွှင်နေရင်း ရှုယီထံ လက်ကမ်းပေးလိုက်သည်၊ "ဥက္ကဌရှု၊ ဝမ်းမြောက်ဖွယ်ပူးပေါင်းမှုလေးပါ။"
ရှုယီလည်း သူမလက်ကို အသာလေးကိုင်လိုက်သည်။
သူမ၏ ချောမွေ့နူးညံ့သောလက်ကို ခံစားမိချိန်တွင် မင်းသမီးလေးကာရိုလင်းက ရုတ်တရတ် ရှုယီကို သူမထံဆွဲလိုက်ပြီးနောက် ခြေဖျားထောက်ကာ အလျင်အမြန်ပင် ရှုယီမျက်နှာထက် အနမ်းတစ်ပွင့်ပျိုးလိုက်လေ၏။
"ဥက္ကဌရှု၊ ကျွန်မ ဒီည တံခါးမပိတ်ဘူး။ ရှင့်ကို စောင့်နေမယ်။"
မင်းသမီးလေးကာရိုလင်းက ရယ်ရင်းထွက်သွားသည်ကိုမြင်သော် ရှုယီက သူ၏မျက်နှာကို ခါးသက်သက်ပြုံးလျက် ပွတ်လိုက်သည်။ သူဟာ ဘေးဘီကိုကြည့်လိုက်ရာ လူများစွာက သူ့ထံ တအံ့တဩကြည့်နေကြသည်ကို တွေ့ရ၏။
ရှုယီမှာလည်း အနည်းငယ်ထူးဆန်းသလိုခံစားလိုက်ရသည်။
မင်းသမီးလေးကာရိုလင်း၏ လူမှုဆက်ဆံရေးကောင်းမွန်သော ပုံရိပ်နှင့်ဆိုလျှင် သူမ၏ ခံစားချက်အား သူ့ထံ ထိုမျှ ပွင့်လင်းစွာ မပြသသင့်ပေ။
သူမက သူ့ကို တကယ်ကြီး သဘောကျနေတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား?
ရှုယီလည်း ခေါင်းခါလျက် ထိုအတွေးကို လွှင့်ပစ်လိုက်သည်။
ဘေးကိုလှည့်လိုက်သော် ကောင့်ထ်စီယန်က မလှမ်းမကမ်းမှ လက်ပြနေသောကြောင့် ရှုယီလည်း အမြန်လျှောက်သွားလိုက်၏။
"လာ ရှုယီ၊ ခင်ဗျားကို မိတ်ဆက်ပေးမယ်။ ဒါက ကျုပ်တို့ ဆိုဝယ်လ်မြို့ရဲ့ မြို့စောင့်တပ်မှူး၊ ဗိုလ်ချုပ်မာရယ်ပါ။ ရှေ့လျှောက် ခင်ဗျားတို့ အတူတွဲလုပ်ဖို့ လိုတာတွေ အများကြီးရှိလာနိုင်တာကြောင့် အချင်းချင်း သိထားသင့်တယ်။"
ကောင့်ထ်စီယန်က နံဘေးရှိ တောင့်ဖြောင့်ဖြောင့် လူလတ်ပိုင်းအမျိုးသားတစ်ဦးကို ညွှန်ပြရင်း ရှုယီကို ပြောလာသည်။
ရှုယီလည်း မာရယ်ထံ လက်အမြန် ကမ်းပေးလိုက်သည်။ "ဟယ်လို ဗိုလ်ချုပ် မာရယ်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ခင်ဗျားနဲ့ ခင်ဗျားတို့ အစောင့်ညီအစ်ကိုတွေကို ရှေ့လျှောက် ဆိုဝယ်လ်မြို့မှာ ကျုပ်တို့ကို စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။"
မာရယ်က အားအင်ပြည့်ဖြိုးစွာရယ်မောလျက် ပြောလာသည်၊ "ဥက္ကဌရှုက အတော်ယဉ်ကျေးတာပဲ။ မြို့စားအရှင်က ကျုပ်ကို ခင်ဗျားအကြောင်းပြောပြပြီးထားပါပြီ။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရောက်လာတာနဲ့ ကျုပ်တို့ မြို့မှာ ခင်ဗျားတို့ လုပ်ငန်းစု လုံလုံခြုံခြုံတိုးတက်နိုင်ဖို့ ကျုပ်တို့ မြို့စောင့်တပ်တွေအနေနဲ့ အတူအလုပ်လုပ်ဖို့လိုတဲ့ အကြောင်းပြောထားတယ်။ စိတ်ချပါ၊ ဆိုဝယ်လ်မြို့မှာ ခင်ဗျားတို့ ဘာပြဿနာမှမကြုံစေရဘူးလို့ ကျုပ် အာမခံနိုင်တယ်။"
"ဒါဆို ဂရုစိုက်မှုအတွက် ဗိုလ်ချုပ်မာရယ်ကို ကျေးဇူးတင်ရမှာပေါ့"
"ရှုယီ၊ တစ်ယောက်ယောက်က ခင်ဗျားကို ဂရုစိုက်ပေးနေရင် ခင်ဗျားအနေနဲ့ အကျိုးအမြတ်တချို့ ပေးဖို့လိုအပ်တာပေါ့။" ကောင့်ထ်စီယန်က ရုတ်တရတ် ပြုံးကာပြောသည်၊ "ဘာအကျိုးအမြတ်မှမရှိဘဲ မာရယ်ကို သူ့ရဲ့အရာအားလုံးပေးဆပ်ခိုင်းလို့ ဘယ်လိုဖြစ်နိုင်မှာလဲ?"
ရှုယီက အံ့ဩသွားပြီး မာရယ်လည်း ပြုံးနေသည်ကို မြင်သော် ချက်ချင်းနားလည်လိုက်သည်။ ထို့ကြောင့် အပြုံးကြီးကြီးဖြင့် ပြောလာ၏၊ "ဒါပေါ့၊ ဒါပေါ့ မြို့စားအရှင်ရဲ့ အကြံက မှန်ပါတယ်။ ဒါဆို ကျုပ်မေးပါရစေ၊ ဗိုလ်ချုပ် မာရယ်, ခင်ဗျားနဲ့ ခင်ဗျားတို့ အစောင့်တပ်ညီအစ်ကိုတွေက ဘယ်လို အကျိုးအမြတ်မျိုး လိုချင်တာလဲ?"
မာရယ်က ရယ်မောကာ ရှုယီ၏ ပခုံးကို ပုတ်လာသည်။
"ကောင်းတယ်၊ ကျုပ်က ဥက္ကဌရှုလို တည့်တိုးဆန်တဲ့လူကိုသဘောကျတာ။ ညီအစ်ကိုတွေက များများစားစား မလိုချင်ပါဘူး။ ခင်ဗျားတို့လုပ်ငန်းစုက မြောက်ဘက်စစ်တပ်မှာ တစ်ယောက်စီကို လက်နက်နဲ့ ချပ်ဝတ်တစ်စုံစီထောက်ပံ့ပေးခဲ့တယ်မဟုတ်လား၊ ခင်ဗျားအနေနဲ့ ကျုပ်တို့မြို့စောင့်တပ်က ညီအစ်ကိုတွေကို တစ်စုံစာစီထောက်ပံ့ပေးရင် လုံလောက်ပြီ။"
ရှုယီက မာရယ်ကို ချက်ချင်းမေး၏၊ "ဗိုလ်ချုပ် မာရယ် ခင်ဗျားတို့ မြို့စောင့်တပ်မှာ လူဘယ်နှယောက်ရှိတာလဲ?"
"မများပါဘူး၊ ရှစ်ထောင်ကျော်လောက်ပဲ။" မာရယ်က ဂရုမစိုက်ဟန်ဖြင့် ဖြေလာသည်။
"ရှစ်ထောင်?" ရှုယီက လေအေးအေးများရှူရှိုက်ရင်း မနေနိုင်ဘဲ ခေါင်းယမ်းလိုက်သည်။
Frestech ကုန်သည်ကြီးများအသင်းမှ မြောက်ဘက်စစ်တပ်ထံထောက်ပံ့ပေးနေသည့် ချပ်ဝတ်တစ်စုံစာမှာ ရွှေဒင်္ဂါးငါးဆယ် ကုန်ကျသည်။ အစုံ ရှစ်ထောင်ဆိုလျီင် ရွှေဒင်္ဂါး လေးသိန်းကျော်ပေ၏!
ရှုယီက မပို့နိုင်ခြင်းမဟုတ်သလို ကုန်ကျစရိတ်ကို တွက်ချက်ကြည့်လိုက်လျှင် ရွှေဒင်္ဂါးလေးသိန်းပတ်လည်သာရှိသော်လည်း တစ်ကြိမ်တည်းနှင့် ထိုမျှ ထုတ်ပေးရခြင်းကို မနာကျင်မိဘဲ မနေနိုင်ပေ။
"ဟေး ရှုယီ ဘာတွေစဉ်းစားနေတာလဲ? ခင်ဗျား အလကားပေးရမှာမှမဟုတ်တာ၊ ဘယ်လောက်တောင် ထိတ်လန့်နေတာလဲ ကြည့်လိုက်ပါဦး။" ကောင့်ထ်စီယန် က သူ့ကို အပြုံးဖြင့် ဆူလာသည်၊ "ခင်ဗျားအနေနဲ့ သံမဏိလက်နက်နဲ့ချပ်ဝတ်အစုံရှစ်ထောင်စာကို ကျုပ်တို့ ဆိုဝယ်လ်မြို့ရဲ့ အစောင့်တပ်သားတွေဆီ အခြေခံဈေးနှုန်းနဲ့ ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်တယ်။"
ရှုယီမှာ စိတ်သက်သာရာရစွာ သက်ပြင်းချပြီး လက်ယမ်းလိုက်သည်၊ "မြို့စားအရှင်ရဲ့ တောင်းဆိုမှုဆိုမှတော့ ရှင်းရှင်းလေးပါ။ အစုံရှစ်ထောင်စာက ကျုပ်ရဲ့ စိတ်ရင်းကိုပြဖို့ မလုံလောက်သေးဘူး၊ ဒီတော့ အစုံတစ်သောင်းစာပေါ့! ဗိုလ်ချုပ် မာရယ်, စိတ်တိုင်းကျရဲ့လားဗျ?"
"စိတ်တိုင်းကျတယ်! စိတ်တိုင်းကျတယ်! လုံးဝကို စိတ်တိုင်းကျတယ်!" မာရယ်က ရှုယီ ပခုံးကိုရိုက်ရင်း ရယ်နေသည်၊ "ဥက္ကဌရှု ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းသာ ကျုပ်တို့ မြို့စောင့်တပ်ဆီက တစ်ခုခုလိုအပ်ရင် ကျုပ်ကိုလာရှာလှည့်၊ ကျုပ်တတ်နိုင်သမျ လုပ်ပေးမယ်လို့ အာမခံတယ်!"
မာရယ်ထွက်သွားသည်ကိုကြည့်ရင်း ရှုယီက မာရယ်ရိုက်ချင်းကြောင့် ထုံနေသည့် ပခုံးကို ပွတ်လိုက်သည်။ သူက မျက်မှောင်ကုပ်လျက် ကောင့်ထ်စီယန် ကိုမေး၏၊ "အရှင်ကောင့်ထ်၊ ခင်ဗျားလက်အောက်က မြို့စောင့်တွေရဲ့လက်နက်ကိရိယာကို တိတ်တဆိတ်ပြောင်းလဲတာက ပြဿနာမရှိဘူးလား?"
ကောင့်ထ်စီယန် က အသာပြုံး၍ ခေါင်းခါသည်၊ "ဒါက ပြဿနာသေးသေးလေးပါ၊ အဲ့လောက်မကြီးဘူး။ ပြီးတော့ သူတို့ရဲ့ လက်နက်တွေကိုတင် ပြောင်းချင်ရုံမကဘူး၊ ဆိုဝယ်လ်မြို့မှာ လက်နက်စက်ရုံတစ်ရုံ ထောင်ချင်တာ။ ရှုယီ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီလိုလုပ်နိုင်လား?"
"လက်နက်စက်ရုံ?" ရှုယီက ကောင့်ထ်စီယန် ကို အထိတ်တလန့်ကြည့်ကာ၊ "အရှင်ကောင့်ထ်၊ ပုန်ကန်ဖို့ စီစဉ်နေတာလား?"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၃၅။ သင့်ကို ထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်
"ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ?" ကောင့်ထ်စီယန်က ရှုယီကို ဝမ်းပမ်းတနည်း ကြည့်လာသည်။
"မပုန်ကန်ချင်ရင် ဘာလို့ လက်နက်စက်ရုံတည်ထောင်ချင်ရတာလဲ?" ရှုယီက ရှုပ်ထွေးစွာမေးလေ၏၊ "ဒါကို စစ်ဌာနချုပ်တစ်ခုတည်းကပဲ ထိန်းချုပ်ထားတာမဟုတ်ဘူးလား?"
"စစ်ဌာနချုပ်မှာပဲ လက်နက်စက်ရုံတွေရှိရမယ်လို့ ဘယ်သူပြောလဲ?" ကောင့်ထ်စီယန်က ခေါင်းခါကာ၊ "ကြည့်ရတာ ခင်ဗျားက လမ်ပူရီတိုင်းပြည်ရဲ့ စစ်ဘက်ဆိုင်ရာ မူဝါဒတွေကို များများစားစားမသိသေးပုံပဲ။"
"ကျုပ်က ကုန်သည်လေးတစ်ဦးပါပဲ။" ရှုယီက ရယ်ကာပြောသည်။
"ပြောပါရစေ၊ တပ်မတော်ကို တော်ဝင်စစ်တပ်က ထိန်းချုပ်ထားပေမယ့်လည်း မြို့တော်တစ်ခုစီမှာ မျိုးရိုးမြင့်တစ်ဦးက စစ်အင်အားပမာဏတစ်ခုကို ချုပ်ကိုင်ထားခွင့်ရှိတယ်။ မြောက်ဘက်နယ်စပ်နားက ဆိုဝယ်လ်မြို့ကို မပြောနဲ့ဦး၊ ဒီတော့ သူတို့မှာ ပိုကြီးမားတဲ့ ဤအခွင့်အရေးတွေရှိတယ်။ ဆိုဝယ်လ်မြို့မှာ လက်နက်စက်ရုံတည်ဆောက်မယ့် အစီစဉ်ကို သတ်မှတ်ပြီးပြီဖြစ်သလို ဘုရင်ကြီးနဲ့ စစ်ဌာနချုပ်ကလည်း လက်ခံပေးထားပြီးပြီ။"
"လူတွေက ခင်ဗျားကို ပုန်ကန်မယ်လို့ စဉ်းစားမှာကို မကြောက်ဘူးလား....." ရှုယီက မနေနိုင်ဘဲ ရေရွတ်လိုက်၏။
"ဘုရင်ကြီးမှာ အာဏာအကြီးဆုံးရှိနေသရွေ့ ဘယ်သူကမှ ပုန်ကန်တယ်လို့ မထင်ပါဘူး။" ကောင့်ထ်စီယန် က ငြင်သာစွာ ဖြေလာသည်၊ "ဟုတ်ပြီ၊ ခင်ဗျားက ကျုပ်မေးခွန်းကို မဖြေရသေးဘူး၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက လက်နက်စက်ရုံတစ်ရုံ တည်ထောင်နိုင်လား?"
ရှုယီလည်း စဉ်းစားကာ ဖြေလာသည်၊ "ကျုပ်တို့ လုပ်ငန်းစုအနေနဲ့ လက်နက်စက်ရုံအတွက် ထုတ်လုပ်ရေးမှော်စက်တွေ ပြင်ဆင်နိုင်ပါတယ်၊ ဒါပေမယ့် လက်နက်စက်ရုံတည်ဆောက်ဖို့ကျတော့..... ကျုပ်တို့လုပ်ငန်းစုက အဲဒီ့လမ်းကြောင်းကို မလုပ်ဘူး။"
"ခင်ဗျား ဂရုစိုက်ဖို့ မလိုပါဘူး၊ ကျုပ်ဘာသာ ဂရုစိုက်လိုက်မယ်။" ကောင့်ထ်စီယန် က ခေါင်းငြိမ့်သည်၊ "ခင်ဗျားတို့ လုပ်ငန်းစုက လုပ်နိုင်နေမှတော့ ကျုပ်က ဆိုဝယ်လ်မြို့ကိုယ်စားပြုပြီး Frestech ကုန်သည်ကြီးများအသင်းက လက်နက်တွေအတွက် ထုတ်လုပ်ရေးမှော်စက်တွေ တရားဝင်မှာယူမယ်။ ဘယ်အချိန် ထောက်ပံ့ပေးနိုင်လဲ?"
"ကျုပ်အထင်.... အမြန်ဆုံး နောက်နှစ်လောက်ပေါ့။" ရှုယီက ဖြေသည်၊ "တရားဝင်စတင်ထုတ်လုပ်ဖို့ကတော့ အနည်းဆုံး နောက်နှစ်နွေပဲ။"
"ကောင်းပြီ၊ ကျုပ်ရဲ့ ထုတ်လုပ်ရေးစတင်မယ့် ခန့်မှန်းခြေက နောက်နှစ်ဆုံးမတိုင်ခင်ပေါ့၊ အဲ့မတိုင်ခင် ဖြစ်နိုင်ရင် အကောင်းဆုံးပဲ။" ကောင့်ထ်စီယန် က ပြောသည်။
"ဘာပြဿနာမှာ မရှိလောက်ဘူး။" ရှုယီက ခေါင်းတစ်ချက်ငြိမ့်သည်။ ခဏကြာ တုံ့ဆိုင်းနေပြီးနောက်၌ သူက မနေနိုင်ဘဲ မေးလိုက်သည်၊ "မြို့စားအရှင်၊ လက်နက်စက်ရုံကို ဘာအတွက် ဆောက်ဖို့ စီစဉ်နေတာလဲဆိုတာ ပြောပြနိုင်မလား? ဆိုဝယ်လ်မြို့အစောင့်တွေကို လက်နက်တပ်ဆင်ပေးဖို့ဆိုရင်တော့ ကျုပ်တို့လုပ်ငန်းစုဆီကဝယ်ရင် ကုန်ကျစရိတ်က ပိုနည်းတော့ ပိုအဆင်ပြေမယ်လို့ထင်တယ်။"
"ကျုပ်က မြောက်ပိုင်းမှာ ရှိတဲ့ မြို့အားလုံးရဲ့ လက်နက်တပ်ဆင်ခြင်းပြဿနာကို ဖြေရှင်းပြီး ဘန်တာမြို့လို ဝေးလံတဲ့နေရာကနေ မှာနေရတာကို ရပ်တန့်ချင်လို့ပါ။ အထူးသဖြင့် မြောက်ဘက်စစ်တပ်ရဲ့ လက်နက်တွေကို ထိန်းသိမ်းတဲ့နေရာမှာ ဆိုဝယ်လ်မြို့ကနေ ပို့ဆောင်ရင် ပိုအဆင်ပြေတယ်။ ပြီးတော့လည်း အရင်နှစ်ရက်က အရှင်မင်းကြီးရဲ့အမိန့်အရ တတိယတပ်ရင်းလည်း ဒီကိုပြောင်းလာမှာဆိုတော့ ဒီလက်နက်စက်ရုံအတွက် ပိုပြီး လိုအပ်မှုရှိလာတာပေါ့။"
ရှုယီက အသာမျက်မှောင်ကုပ်သည်။ အရှင်မင်းကြီးမှာ တော်ဝင်စစ်တပ်ရှိ အကောင်းဆုံးလက်နက်တပ်ဆင်ပေးထားကာ အကောင်းဆုံး လေ့ကျင့်ပေးထားသည့် အတော်ဆုံးလက်ရွေးစင်အဖွဲ့ဖြစ်သော တတိယတပ်ရင်းကို ဤတစ်ခေါက်၌ ဆိုဝယ်လ်မြို့ထံ ပို့ပေးခြင်းမှာ စခ်တိုင်းပြည်၏ တိုက်ခိုက်မှုကို ခုခံရန်အတွက် ဖြစ်ကြောင်း သေချာသည်။
သို့သော် ထိုသို့သော ပြင်ဆင်မှုများပြုလုပ်ကတည်းက အဘယ့်ကြောင့် မင်းသားလေး အဲရစ်အား စခ်တိုင်းပြည်ကို မတိုက်ခိုက်ရန် အဘယ့်ကြောင့် အမိန့်မပေးရသနည်း?
စဉ်းစားကြည့်ပြီးနောက် ရှုယီမှာ အရှင်မင်းကြီး၏ အတွေးများကို မခန့်မှန်းနိုင်တော့သဖြင့် လက်သာ လျှော့လိုက်နိုင်သည်။
"ကောင်းပြီလေ၊ ကျုပ်ပြန်တာနဲ့ လက်နက်စက်ရုံအတွက် ထုတ်လုပ်ရေးမှော်စက်တွေပြင်ဆင်ပြီး တတ်နိုင်သမျှ မြန်မြန်ပို့လိုက်မယ်။" ရှုယီက ပြောသည်၊ "ဒါပေမယ့် မြို့စားအရှင်၊ ဒီနေရာက စခ်တိုင်းပြည်ရဲ့ နယ်စပ်တွေနဲ့ မဝေးတော့ ဒီနေရာမှာသာ လက်နက်စက်ရုံကိုတည်ဆောက်ရင် စခ်တိုင်းပြည်ကို အတော်လေး နိုးကြားပြီး လောဘတက်လာစေလောက်တယ်။ ဒါက ဆိုဝယ်လ်မြို့ကိုပါ အတော်အန္တရာယ်များတဲ့ အခြေနေထဲပို့လိုက်နိုင်တယ်။"
"ကျုပ် သိပါတယ်။" ကောင့်ထ်စီယန်က အေးစက်စက်နှာမှုတ်လိုက်ကာ၊ "အဲဒီ့ စခ်တိုင်းပြည်ကကောင်တွေ လာရဲရင် ကျုပ်က သူတို့ကို သေချာပေါက် သင်ခန်းစာပေးလိုက်မယ်။"
ကောင့်ထ်စီယန်၏ ယုံကြည်ချက်ရှိနေဟန်ကိုမြင်သော် ရှုယီက မည်သည်ကိုမှ မဆိုချေ။ ကောင့်ထ်စီယန်နှင့်အတူ အသေးစိတ်တချို့ကို ဆွေးနွေးပြီးနောက် ကောင့်ထ်စီယန်မှာ နောက်ကျနေကြောင်း တွေ့လိုက်ရသဖြင့် ပွဲကို အဆုံးသတ်လိုက်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ လူများကို ကြိုဆိုရန် ကောင့်ထ်စီယန်မှာ မြို့စားအိမ်တော်၌ ၎င်းတို့အတွက် အဆောက်အဦတစ်ခု ပြင်ဆင်ထားခဲ့သည်။
ဥက္ကဌအနေနှင့် ရှုယီက ကိုယ်ပိုင်ခြံဝန်းအသေးလေးတစ်ခု ရလေသည်။
ကောင့်ထ်စီယန်က ၎င်းကိုရည်ရွယ်ချက်ရှိရှိလုပ်ခဲ့သည်လား မသိသော်လည်း ရှုယီအတွက် ပြင်ဆင်ပေးထားသည့် ခြံဝန်းမှာ တကယ်တမ်းတွင် အရင်ရက်အနည်းငယ်က မင်းသမီးလေးကာရိုလင်း ရွှေ့သွားခဲ့သော ခြံဝန်းထံမှ နံရံတစ်ခုသာခြားလေသည်။
ရှုယီက ခြံဝန်းထဲဝင်လာသည်ကိုမြင်သော် ပွဲ၌ ရှုယီကိုချန်ထားခဲ့သည့် မင်းသမီးလေးကာရိုလင်းက သူ့ထံ ဆွဲဆောင်လိုဟန် အကြည့် တစ်ချက် ပစ်လွှတ်လာ၏။
"ဥက္ကဌရှု၊ ဒီနံရံက ရှင့်လို စွမ်းအားကြီးမှော်ပညာရှင်တစ်ယောက်ကို မတားနိုင်ဘူးမို့လား? ဒီတော့...... ကျွန်မ ရှင့်ကို စောင့်နေမယ်။"
"ဒါက..... ကျုပ် တစ်နေ့လုံး သွားလာနေခဲ့ရတော့ အရမ်းပင်ပန်းနေလို့ စောစောလေး နားချင်လို့ပါ။" ရှုယီက မင်းသမီးလေးကာရိုလင်း ထံ လက်ပြပြီးနောက် ပြန်ပင်မကြည့်ဘဲ အခန်းထဲဝင်သွားသည်။
သူ၏နောက်၌ မင်းသမီးလေးကာရိုလင်း၏ ဆည်းလည်းလေးများကဲ့သို့ ကြည်လင်ကာ ဆွဲဆောင်မှုရှိသည့် ရယ်သံက လိုက်ပါလာသည်။
ရှုယီမှာ သဘာဝကျစွာ ချက်ချင်းမအိပ်ပေ။ ရေချိုးပြီးနောက် သူဟာ မအိပ်ခင် ယနေ့ဖြစ်ခဲ့သည့် အရာရာတိုင်းကို အနှစ်ချုပ်ခြင်း အလေ့အထရှိကာ နောက်နေ့အတွက် အလုပ်ကိုပါ စီစဉ်ထားတတ်သည်။
မနက်ဖြန်တွင် ဆိုဝယ်လ်မြို့၌ ထုတ်လုပ်ရေးအခြေစိုက်ဌာနတစ်ခုကို ဆောက်လုပ်ခြင်းအား စတင် လုပ်ဆောင်ရမည်ဖြစ်သောကြောင့် ရှုယီမှာ အချိန်မီ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားဖို့လိုသည်။
ယနေ့ည ပွဲတွင် ရှုယီမှာ မင်းသမီးလေးကာရိုလင်း ထံ ပြောခဲ့သည့် ပထမဆုံး ဘိလပ်မြေစက်ရုံဆောက်ရန် ပြင်ဆင်ကာ နောက်၌ သံမဏိစက်ရုံဆောက်မည်ဟူသည်က အလိမ်အညာ လုံးဝမဟုတ်ပေ။
သူသာ ဆိုဝယ်လ်မြို့၌ မည်သည်ကိုမဆို တည်ဆောက်လိုပါလျှင် ဘိလပ်မြေစက်ရုံရှိဖို့ လိုအပ်၏။ ထို့နောက် မှော်စက်မှုနယ်ပယ်၏ အုတ်မြစ်အခြေခံမှာ သံမဏိထုတ်ကုန်များဖြစ်သံမဏိထုတ်ကုန်များဖြစ်လေရာ သံမဏိစက်ရုံကိုလည်း တည်ဆောက်ရမည်ဖြစ်၏။
ထိုစက်ရုံနှစ်ရုံနှင့်အတူ Frestech ကုန်သည်ကြီးများအသင်းမှာ ဆိုဝယ်လ်မြို့တွင် ထုတ်လုပ်ရေးမှော်စက် စက်ရုံတစ်ုကိုပါ တည်ဆောက်နိုင်သည်။ ၎င်းတို့မှာ ဤနေရာ၌ ထုတ်လုပ်ရေးမှော်စက်များကို ထုတ်လုပ်နိုင်ရာ ကီလိုမီတာ တစ်ထောင်ကျော်ဝေးကွာသည့် ဘန်တာမြို့ထံမှ သယ်ယူပို့ဆောင်နေဖို့ မလိုတော့ပေ။
ရှုယီမှာ ကောင့်ထ်စီယန်ပေးခဲ့သည့် ဆိုဝယ်လ်မြို့မြေပုံကို စားပွဲထက်၌ ထားလိုက်သည်။ ထိုမြေပုံထက်တွင် ကောင့်ထ်စီယန်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးအခြေစိုက်ဌာနအတွက် အမှတ်အသားများစွာ ထား,ထားသည်။
လိပ်စာများက ကောင့်ထ်စီယန်နှင့် ရှုယီတို့ ယခင်က ဆွေးနွေးခဲ့သည့်အရာများဖြစ်သဖြင့် သဘာဝကျစွာ မည်သည့်ပြဿနာမှ မရှိချေ။
သို့သော် ကောင့်ထ်စီယန်က ဆိုဝယ်လ်မြို့၌ လက်နက်စက်ရုံတစ်ရုံတည်ဆောက်လိုကြောင်း ပြောလာသည်ကို ကြားပြီးနောက် ရှုယီမှာ တစ်ခုကို စဉ်းစားဖို့လိုလာပြီဖြစ်သည်။
၎င်းတို့သာ လက်နက်စက်ရုံတည်ဆောက်ပါလျှင် ဤသတင်းကို စခ်တိုင်းပြည်ထံမှ ဖုံးကွယ်မထားနိုင်လောက်ချေ။ ထိုသည်မှာ စခ်တိုင်းပြည်အနေနှင့် သေချာပေါက် ဤလက်နက်စက်ရုံ၌ စိတ်ဝင်စားလာမည့် အဓိပ္ပာယ်ပင်။
စခ်တိုင်းပြည်သာ လက်နက်စက်ရုံ၏ မြင့်မားသော တန်ဖိုးကို သတိပြုမိပြီး ရယူဖို့ ကြိုးစားပါက ဆိုဝယ်လ်မြို့ကသာ မတားဆီးနိုင်လျှင် ဆိုဝယ်လ်မြို့နှင့် Frestech ကုန်သည်ကြီးများအသင်းတို့မှာ လက်နက်လေးတချို့ ဆုံးရှုံးမည်သာမက အရေးကြီးအချက်အလက်တချို့ကိုပါ ဆုံးရှုံးမည်ဖြစ်သည်။
ထို့ကြောင့် ရှုယီ ယခု စဉ်းစားဖို့လိုသည်မှာ ဆိုဝယ်လ်မြို့၏ ထုတ်လုပ်ရေးအခြေစိုက်ဌာနနှင့် လက်နက်စက်ရုံတို့၏ ပုံမှန် လုပ်ဆောင်ခြင်းကိုမည်သို့ ထိန်းသိမ်းကာ လျှို့ဝှက်ပစ္စည်းများကို မည်သို့ ကာကွယ်ရမည်တို့ဖြစ်သည်။
၎င်းက အင်မတန် ဝိရောဓိဖြစ်စရာကိစ္စပင်။ ၎င်းတို့သာ အရာဝတ္ထုများကို ထုတ်လုပ်ချင်ပါက သက်ဆိုင်ရာ ပစ္စည်းများကို အသုံးပြုရမည်။ ကာကွယ်ချင်ပါလျှင် ထုတ်လုပ်ရေးကို အဟန့်အတားဖြစ်မည့် ထိုပစ္စည်းများကို ကန့်သတ်ရလိမ့်မည်ဖြစ်၏။
"အဆုံးကျ နယ်မြေကြီးပေါ်မှာ စစ်မဖြစ်တော့ဘဲ လူတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြပြီး ကောင်းကောင်းမွန်မွန် စီးပွားလုပ်ကြရင်း ဘဝအခြေအနေတွေက အများကြီး ပိုကောင်း မလာလောက်ဘူးလား?"
ရှုယီက ခါးသက်သက်ရယ်ရင်း ခေါင်းခါသည်။ သူ၏ အတွေးများက လုံးဝအဓိပ္ပာယ်မရှိကြောင်း သိပါ၏။
ရှေးအချိန်များ၌ဖြစ်စေ များစွာတိုးတက်ပြီးသည့် ကမ္ဘာကြီး၌ဖြစ်စေ လူသားများအကြား တိုက်ခိုက်ခြင်းက မလွဲဧကန်ဖြစ်သည်။
စိုင်စ်နယ်မြေကြီး၏ အရင်းရှင်စနစ်တစ်ဝက် အသိုင်းအဝိုင်းကြီးအတွက် တိုင်းပြည်များအကြားစစ်ပွဲများကို ပုံမှန်မြင်တွေ့နိုင်သည်။
စခ်တိုင်းပြည်နှင့် လမ်ပူရီတိုင်းပြည်ကြား ရန်သူများလိုပင် အလွယ်လေး မဖြေရှင်းနိုင်ချေ။
"ငါသာ ဝတ္ထုတွေထဲကလို အဘက်ဘက်တိုင်းကို သတ်ဖြတ်ပြီး နယ်မြေကြီးကို စုစည်းပေးရင်း လူတိုင်းက ငါ့အမိန့်နာခံခိုင်းပြီးတော့ စက်မှုနယ်ပယ်တည်ထောင်ဖို့ မှော်စက်သုတေသနလုပ်တဲ့နေရာမှာ အာရုံစိုက်ခိုင်းရင် ဘယ်လောက် ကောင်းလာလိုက်မလဲ...."
ရှုယီမှာ မနေနိုင်ဘဲ ထိုသို့သော အကြောင်းများ လျှောက်တွေးနေလိုက်သည်။
ခဏမျှ တွေးနေပြီးနောက် တံခါးပွင့်ကာ လင်ဒါဝင်လာ၏။
လင်ဒါ၏ ဆံပင်က စိုစွတ်နေဆဲဖြစ်သည်ကိုမြင်သော် ရှုယီက သူမထံ အပြုံးဖြင့် လက်ပြလိုက်သည်၊ "မင်းဆေးကြောပြီးရင် ဒီတိုင်း အိပ်လိုက်လို့ရတယ်။ ငါ့မှာ လုပ်စရာတွေရှိသေးလို့ မင်း ငါ့ကို ကူညီဖို့မလိုဘူး။"
လင်ဒါက ခေါင်းခါရင်း ရှုယီနောက်ရောက်လာကာ ရှုယီပခုံးပေါ် လက်များတင်၍ နှိပ်ပေးလာသည်။
ထိုသည်အား လင်ဒါ ညတိုင်းလုပ်ပေးသည့် အရာဟု သတ်မှတ်နိုင်၏။ သူမ၏ နည်းလမ်းက အတော်ကောင်းပြီး ရှုယီလည်း အတော်လေး နှစ်သက်သဖြင့် သူမကို မတားလိုက်ပေ။
မြေပုံကို သူဆက်ကြည့်နေချိန်တွင် လင်ဒါက နူးညံ့စွာမေးလာသည်၊ "သခင်လေး၊ ဒီည မင်းသမီးလေးကာရိုလင်းရဲ့ နေရာကို သွားမှာလား?"
ရှုယီက အံ့ဩသွားကာ၊ "ငါက ဘာလို့ သွားရမှာလဲ?"
"မင်းသမီးလေးကာရိုလင်းက သခင်လေးကို ဆွဲဆောင်နေတဲ့ပုံပေါ်တာကို တွေ့လိုက်လို့ပါ။ သူမက အဲ့လောက်လှတော့ သခင်လေး သူမကြောင့် စိတ်လှုပ်ရှားလောက်တယ်မို့လား?"
ရှုယီလည်း ရယ်ရမည်လား ငိုရမည်လားပင်မသိတော့ဘဲ လင်ဒါထံ လှည့်ကြည့်လိုက်သည်၊ "သူမက တကယ်ကိုအရမ်းလှပြီး ငါလည်း စိတ်လှုပ်ရှားပါတယ်၊ ဒါပေမယ့် ဒါက သူမနဲ့ ငါနဲ့ကြားမှာ တစ်ခုခုဖြစ်လာမယ့် အဓိပ္ပာယ်မဟုတ်ဘူးလေ။ ဘာလို့ ဒါကို မေးရတာလဲ?"
လင်ဒါက နှုတ်ခမ်းကိုက်လိုက်ပြီးနောက် ရုတ်တရတ် ရှုယီလက်ကို ယူကာ သူမ၏ ရင်ဘတ်မောက်မောက်ပေါ် တင်လိုက်သည်။
ရှုယီက ချက်ချင်း မျက်မှောင်ကုပ်ကာ၊ "လင်ဒါ၊ ဒီလိုအရာမျိုးကို ဒီတိုင်း သာမန်ကာလျှံကာ လုပ်လို့မရဘူးလို့ ငါမင်းကို မပြောခဲ့ဘူးလား?"
လင်ဒါက ယခင်တစ်ခေါက်ကဲ့သို့ ရှုယီကြောင့် မထိတ်လန့်သွားဘဲ ခေါင်းမော့ကာ အကြည့်ချင်းဆုံလိုက်သည်။
"သခင်လေး၊ အရင်တစ်ခေါက် ကျွန်မကို ဆူပြီးနောက်မှာ ကျွန်မသေချာ ရှင်းရှင်းလင်းလင်း စဉ်းစားခဲ့ပါတယ်။ ရှင်က အကောင်းဆုံး သခင်ဖြစ်ပြီး ကျွန်မ ရှင့်ကို တကယ်ပဲ ချစ်မြတ်နိုးတာကြောင့် သေချာပေါက် ကျွန်မရဲ့ ခန္ဓာကိုယ်ကို ရှင့်ဆီပေးဖို့ နောင်တရမှာမဟုတ်ပါဘူး။ ရှင်သာ ဒီတစ်ခေါက် ကျွန်မကို မလိုချင်ရင် ကျွန်မ ရှင့်ဘေးမှာ ထပ်မနေနိုင်လောက်တဲ့အထိ မျက်နှာရစရာမရှိနိုင်တော့ပါဘူး။"
သူ့လက်မှလာသည့် နွေးထွေးနူးညံ့မှုကို ခံစားမိသော် ရှုယီက သက်ပြင်းချကာပြောသည်၊ "လင်ဒါ၊ မင်း အတွေးလွန်နေပြီ။ ငါ မင်းနဲ့ လဇ်ကို အစေခံတွေလို မဆက်ဆံခဲ့ဖူးတော့ မင်းအနေနဲ့ တခြား အစေခံတွေလို မင်းရဲ့ နေရာကို အာမခံနိုင်အောင်လို့ ခန္ဓာကိုယ်ကိုပေးအပ်ဖို့မလိုပါဘူး။ မင်း မလုပ်ချင်တာကို လုပ်မှာ ငါသဘောမကျဘူး။"
"မဟုတ်ပါဘူး၊ ဒါက ကျွန်မရဲ့ အတွေးမှန်ပါတယ်။ ကျွန်မ ရှင့်ကို သဘောကျတယ် သခင်လေး၊ ကျွန်မ ဆန္ဒရှိပါတယ်!" လင်ဒါက မျက်နှာထက်၌ လေးနက်ဟန်ရှိနေသည်။ သူမက လက်ကို ရွှေ့ရင်း သူမရင်ဘတ်ပေါ်မှ ရှုယီလက်ကို သူမ၏ ရေချိုးဝတ်ရုံထဲဆွဲထည့်ကာ ချောမွေ့သော အသားအရေကို ထိစေလိုက်သည်။
လက်ထဲရှိ ချောမွေ့သည့် ခပ်ကွေးကွေးအခုံးလေးကိုခံစားမိသော် ရှုယီ၏ နှလုံးခုန်နှုန်းမှာ မနေနိုင်ဘဲ တစ်ချက်ချော်သွားပြီး သွေးများဆောင့်တက်လာသည်။
ယနေ့ မင်းသမီးလေးကာရိုလင်း နှင့်တွေ့ကာ သူမဆီမှ ဆက်တိုက် အကျီစားခံထားရပြီးနောက် သူ၏ နှလုံးသားက ခုန်ပေါက်နေခဲ့ပြီးသားပင်။
သူ၏ ဆန္ဒက မတရားပြင်းပြနေခြင်းကြောင့်သာ မဟုတ်ပါလျှင် ဘေးခြံရှိ မင်းသမီးလေးကာရိုလင်း ထံသွားလိုက်ပြီဖြစ်သည်။
ယခု လင်ဒါက သူ့ထံ အရသာတစ်ခုပေးလာလေရာ သူ့အနေနှင့် ဖိနှိပ်ထားဖို့ ပိုမိုခက်ခဲလာပြီး တစ်စုံတရာကို အမှန်တကယ် လုပ်လိုက်ချင်၏။
စတေးလ်က ယခင်တစ်ခေါက်က လင်ဒါကို သူ့ထံ ပေးခဲ့ခြင်းကြောင့်လည်း ရှုယီမှာ စိတ်ထဲ၌ မည်သည့်စောင့်ထိန်းမှုမှ မရှိတော့ပေ။
သို့သော် စဉ်းစားကြည့်လိုက်ချိန်၌ သူဟာ မတုံ့ပြန်ဘဲ မနေနိုင်ချေ။
လင်ဒါ၏ မျက်လုံးများက ရှုယီ၏ အောက်ပိုင်းတစ်ဝက်မှ ဖုဖောင်းနေသည့်နေရာထံကျရောက်လာက မျက်နှာမှာ နီရဲသွားသည်။ သူမက ချိုသာစွာပြုံးရင်း ရှုယီနံဘေးရောက်လာကာ ပြော၏၊ "သခင်လေး၊ သခင်မက ကျွန်မကို ဒီအတွက်နဲ့ ခရီးမှာ သခင်လေးကို ဂရုစိုက်ခိုင်းလိုက်တာပါ။"
ထိုသို့ပြောပြီးနောက် လင်ဒါက သူမလက်ကို ရှုယီရင်ဘတ်ပေါ် ချကာ အဝတ်များအောက်သို့ ဆင်းလျက် တစ်လျှောက်လုံးပြေးလွှားနေရင်း ရှုယီ၏ ခြေထောက်ကြားရှိ အပိုင်းဆီ ရောက်လာကာ ဆုပ်ကိုင်လိုက်သည်။
၎င်းကိုကြားသော် ရှုယီ၏ နောက်ဆုံး အကာအကွယ်စည်းက ပြိုပျက်သွားတော့၏။ သူက လင်ဒါကို ချီမလိုက်ရင်း ကုတင်ရှိရာဆီ ဦးတည်လိုက်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၃၆။ ထူးဆန်းသည့်စာကြည့်ခန်း
"အိုင်းယား" စတေးလ်မှာ ရုတ်တရတ် မျက်မှောင်ကုပ်ရင်း အော်လာသည်။
စတေးလ်ကို နံဘေး၌ အိပ်ရာပြင်ပေးနေသည့် လဇ်မှာ ရုတ်တရတ် စိုးရိမ်စွာဖြင့် မေးလိုက်၏၊ "ဘာဖြစ်တာလဲ? သခင်မ? သက်တောင့်သက်သာမရှိလို့လား?"
စတေးလ်က အသာပြုံးလျက် ခေါင်းခါသည်၊ "ဘာမှမဟုတ်ပါဘူး၊ ဒီကလေးပေါက်လေးက ထပ်ကန်နေလို့ပါပဲ။"
လဇ်က ပြုံးလျက်၊ "ကြည့်ရတာ သခင်ငယ်လေးက သခင်ကြီးထက်တောင်ပိုပြီး လျှို့ဝှက်ဆန်းကြယ်မယ့်ပုံပဲ၊ သူပျင်းတဲ့အခါဆိုရင် ဗိုက်ထဲမှာ ပြဿနာရှာရတာကို သဘောကျနေတယ်လေ။"
စတေးလ်က ခေါင်းခါကာ၊ "ယောက်ျားလေးဖြစ်မယ်ဆိုတာ မသေချာပါဘူး။ တကယ်တော့ ငါက သမီးလေးတစ်ယောက်လိုချင်တာ။"
"ဒါပေမယ့် သမီးဆိုရင် ဆက်ခံသူမဖြစ်နိုင်ဘူး။ သခင့်မှာက ခေါင်းစဉ်တစ်ခုပဲရှိတာမဟုတ်ဘူး၊ Frestech ကုန်သည်ကြီးများအသင်းလည်း ရှိတယ်လေ။ ဒါကို ဆက်ခံဖို့ သခင်မက သားတစ်ယောက်မလိုချင်ဘူးလား?" လဇ်က ပြောသည်။
စတေးလ်မှာ လဇ်ကို ကြည့်ရင်း မျက်မှောင်ကုပ်လိုက်၏။ သူမဟာ ၎င်းကိုငြင်းဆန်လိုသော်လည်း လဇ် မှန်ကြောင်း သိလေသည်။
စိုင်စ်နယ်မြေကြီး၌ အမျိုးသမီးဆက်ခံသူများနှင့် ဘုရင်မများပင် ရှိပါသော်လည်း အစဉ်အလာအရ ပုံမှန်အားဖြင့် မိသားစု၏ ပိုင်ဆိုင်မှုကို သားကသာ အမွေဆက်ခံရလိမ့်မည်။
မဟုတ်ပါက မင်းသားလေး အဲရစ်မှာ အစဉ်အလာရှိ မျိုးရိုးမြင့်တို့၏ ထောက်ပံ့မှုနှင့် ဘုရင်မ ဆယ်ဗီနီထက် ပိုမြင့်သည့်အနေအထား၌ ရှိနေနိုင်လိမ့်မည်မဟုတ်ပေ။
"အဆင်ပြေပါတယ်။ ရှုယီက အမြဲတမ်း သမီးလေးတစ်ယောက်လိုချင်တယ်လို့ပြောခဲ့တော့ သမီးတစ်ယောက်ဖြစ်နေရင်တောင် အရမ်းပျော်မှာ။" စတေးလ်က သူမ၏ ဝမ်းဗိုက်ကိုထိရင်း သူမကိုယ်ကို နှစ်သိမ့်အားပေးလိုက်သည်။
မိခင်၏ အထိအတွေ့ကို ခံစားမိခြင်းကြောင့်ဖြစ်နိုင်၏၊ သူမဗိုက်ထဲရှိ ကလေးက တစ်ဖန် အနားမရဖြစ်လာရာ စတေးလ်မှာ မျက်မှောင်ကုပ်လိုက်မိသည်။
"ဒီကလေးလေးကတော့..... နှစ်လကျန်နေသေးတယ်၊ ထွက်လာဖို့ မစောင့်နိုင်တော့ဘူးလားပဲ?" စတေးလ်က မပြုံးမိဘဲ မနေနိုင်တော့ချေ။ စဉ်းစားပြီးနောက် သူမက ထရပ်ကာ၊ "ထားပါတော့ လဇ်, နည်းနည်းလောက် လမ်းလျှောက်ထွက်ပြီး သူ့ကို ရပ်ခိုင်းရအောင်။"
"ကောင်းပါပြီ၊ သခင်ငယ်လေးကို လမ်းလျှောက်ဖို့ ခေါ်သွားပါ့မယ်။" လဇ်က စတေးလ်ကို အပြုံးဖြင့် ကူတွဲ ခေါ်သွားသည်။
ရှုယီ ထွက်သွားပြီးနောက် ကြယ်ကြွေအိမ်ရာက သခင်မဲ့နေကာ ပုံမှန်ထက်ပိုမိုအထီးကျန်ဟန်ပေါ်နေ၏။ ထို့နောက် စတေးလ်ကလည်း လင်ဒါကိုပါ ပို့လိုက်လေရာ ပို၍ပင် အထီးကျန်စရာကောင်းလာသေးသည်။ ယခုတွင် ညအချိန်ရောက်နေပြီဖြစ်ပြီး အိမ်တော်ထဲတွင် ဗီဗီယန်နှင့် ထရီဇာအပါအဝင် လေးဦးသာရှိသဖြင့် အင်မတန် တိတ်ဆိတ်နေ၏။
သို့သော် စတေးလ်က ဤတိတ်ဆိတ်မှုကို နှစ်သက်သည်။ သူမက အပြင်လူများကို သဘောမကျသည့် အချက်ကိုပါထည့်ပေါင်းလိုက်သော် ရှုယီ၏ အစေခံများပိုမို ခန့်အပ်မည့် အကြံကို သူမ သဘောမတူခဲ့ချေ။
သူမ နံဘေးရှိ လဇ်ကိုကြည့်ရင်း စတေးလ်မှာ လဇ်က စတက်တိန်း နယ်မြေမှ ရှုယီခေါ်ဆောင်လာသည့် အစေခံတစ်ဦးဖြစ်သော်လည်း ရှုယီအနေနှင့် သူမနှင့် လင်ဒါတို့ကို အစေခံသဖွယ်မဆက်ဆံခဲ့ဖူးကြောင်း စဉ်းစားလိုက်သည်။ သူဟာ ၎င်းတို့အား ဗီဗီယန်ကဲ့သို့ပင် မိသားစုနှယ် အမြဲ ဆက်ဆံခဲ့၏။
ယခုတွင် အားလုံး အတူတူရှိခဲ့သည်မှာ အချိန်ကြာနေခဲ့ပြီဖြစ်ရာ စတေးလ်မှာလည်း ကျင့်သားရ၍ ၎င်းတို့ကို မိသားစုနှယ် ဆက်ဆံပေသည်။
လင်ဒါကို စဉ်းစားမိသော် စတေးလ်က ရုတ်တရတ် လဇ်ကို မေးလိုက်၏၊ "လဇ်, ဒီတစ်ခေါက် ငါ လင်ဒါကို လွှတ်လိုက်ပြီး နင့်ကို ဒီမှာထားလို့ ငါ့ကိုမုန်းလား?"
လဇ်၏ မျက်နှာထက်၌ အပြုံးတစ်ခုရှိနေသော်လည်း စတေးလ်၏ အမေးကိုကြားသော် ကြောက်လန့်စွာ ထခုန်လေသည်။ သူမက ထိတ်လန့်နေဟန်ဖြင့် ခေါင်းကို ခါမြဲခါနေကာ၊ "သခင်မ၊ ကျွန်မက ဘယ်လိုများ သခင်မကို မုန်းမှာလဲ? ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့၊ သေချာပေါက် မမုန်းပါဘူး! တကယ်ပါ!"
လဇ်က စိုးရိမ်သွားသည်ကိုမြင်သော် စတေးလ်က သူမလက်ကို အပြုံးဖြင့် ပုတ်ကာ နှစ်သိမ့်လိုက်၏၊ "မလန့်ပါနဲ့၊ ငါက ဒါကိုပြောချင်တာမဟုတ်ဘူး။ ငါမေးချင်တာက၊ ရှုယီကို လင်ဒါနဲ့အတူ ဂရုစိုက်ဖို့ မသွားရတော့ နည်းနည်းလောက် မကျေနပ်တာများရှိမလားလို့ပါ? ရိုးရိုးသားသားပြော။"
စတေးလ်၏ လေးနက်နေဟန်ကိုမြင်သော် လဇ်က အနည်းငယ်တုံ့ဆိုင်းပြီးနောက် ခေါင်းငြိမ့်သည်၊ "အင်း.... ကျွန်မ လင်ဒါကို အတော်မနာလိုဖြစ်မိတယ်။ သူမက သခင်လေးကို တစ်ယောက်တည်း ပြုစုပြီး အတူလည်းရှိပေးနိုင်တယ်လေ..... အာ မဟုတ်ပါဘူး၊ သခင်မကို ပြုစုရတာ သဘောမကျတဲ့ သဘောမဟုတ်ပါဘူး၊ သခင်မနဲ့ အတူရှိရတာလည်း သဘောကျပါတယ်...."
"ရပါတယ်၊ ရှုယီက နင်တို့ရဲ့ သခင်ဆိုတော့ သူ့ကို ပြုစုရမှာကို သဘောကျတာ ပုံမှန်ပါပဲ။" စတေးလ်က အပြုံးဖြင့် ဆိုသည်။
"အင်း....တကယ်ကို ကျွန်မ လင်ဒါကို အဓိက မနာလိုဖြစ်နေတာ.... အဓိက အကြောင်းရင်းက.... သခင်လေးက အဲ့နေရာမှာ တစ်ယောက်တည်းဖြစ်နေပြီး ညဆိုလည်း အထီးကျန်တော့ လင်ဒါက သူနဲ့အတူရှိနိုင်တယ်လေ...." လဇ်၏ မျက်နှာက နီရဲရင်း ခေါင်းငုံ့လိုက်သည်။
စတေးလ်က နူးညံ့စွာရယ်လျက် "နင် မနာလိုနေစရာ မလိုပါဘူး၊ ဒီလူအလေး ရှုယီက လင်ဒါရဲ့ ရည်ရွယ်ချက်ကို နားလည်ပြီး လက်ခံနိုင်မယ်လားဆိုတာ နင်မသိပါဘူး"
၎င်းကိုကြားသော် လဇ်က ခေါင်းကိုမော့ပြီး ခါးသီးစွာပြုံးကာ “သခင်မ.....အမှန်တိုင်းပြောရင် စိတ်မဆိုးပါနဲ့”
"ပြောပါ၊ ဘာကို ဒေါသထွက်ရမှာလဲ"
လဇ်က အနည်းငယ် တုံ့ဆိုင်းသွားသည် “တကယ်တော့ သခင်က ဒီကဏ္ဍမှာ နှေးကွေးနေတယ်ဆိုရင် ကျွန်မ သိချင်နေတဲ့ အကြိမ်ပေါင်းများစွာ ရှိတယ်။ ဟိုတုန်းက.... သခင်မ သူနဲ့ ဘယ်လိုအတူရှိခဲ့တာလဲ။ ဟုတ်ပါတယ်၊ သခင်မက ကျွန်မမြင်ဖူးသမျှထဲမှာ အလှပဆုံးအမျိုးသမီးပဲ၊ ဒါပေမယ့် သခင်က ရုပ်ရည်ကို ဂရုမစိုက်ဘူးလို့ ခံစားရတယ်။”
"နင်မှန်ပါတယ်။" စတေးလ်က ခေါင်းတညိတ်ညိတ်နှင့် ပြောသည် “ဒီလူအလေးရှုယီ၊ သူက ဒီကိစ္စနဲ့ ပတ်သက်လာရင် တကယ်ကို နှေးကွေးတယ်။ အစတုန်းကတော့ အဆက်အသွယ်အများကြီးလုပ်ခဲ့ရပြီး သူများတွေထက် အရင် သူ့ကိုသိခဲ့လို့ တွဲခဲ့ရတာ။ တကယ်လို့ ငါတို့ကိုသာ တူညီတဲ့ ကစားကွင်းမှာ ထားမယ်ဆိုရင် အီဗီတာက ပိုပြီးတော့တောင် အားသာချက် ရှိကောင်းရှိနိုင်တယ်။”
"ခေါင်းဆောင် အီဗီတာ?" လဇ်က မျက်ခုံးများကို တွန့်ချိုးရင်း "သခင်မ၊ ခေါင်းဆောင်အီဗီတာကို စိတ်ပူရင် ဘာလို့ သခင်နဲ့ အဆက်အသွယ် နည်းအောင် မလုပ်ရတာလဲ?"
“ဒီကိစ္စကို ပိုလုပ်မိရင် ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုကို ဖန်တီးမိဖို့ ပိုလွယ်တယ်။ ရှုယီက အီဗီတာနဲ့ အလုပ်တွဲလုပ်နေတာဆိုတော့ သူတို့ကို ဘယ်လိုတားရမလဲ။” စတေးလ်က ခေါင်းယမ်းကာ၊ "ရှုယီက ဒီလို သေးသေးမွှားမွှား တစ်ခုခု လုပ်တာကို မကြိုက်မှာ သေချာတယ်။ အစကတည်းက သူငါ့ကို သဘောကျရတဲ့ အကြောင်းရင်းက အဓိကကတော့ ငါ့ရဲ့ ပင်ကိုယ်စရိုက်ကြောင့် ဖြစ်လောက်မယ်လို့ ထင်တယ်၊ ဒါကြောင့် ငါက သူ မကြိုက်တဲ့သူ မဖြစ်လာလောက်ဘူးလို့ ကိုယ့်ကိုယ်ကို သတိပေးရမယ်လေ။"
လဇ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး "သခင်မ၊ သခင်မက သခင်ကို တကယ်ချစ်တာပဲ၊ သူ့အတွေးတွေကို အရမ်းဂရုစိုက်တယ်"
"နင်ကကျတော့ သူ့ကို ဂရုမစိုက်သလို ပြောနေတာပဲ" စတေးလ်က လဇ်၏ပါးကို ဖိညှစ်ထားရင်းက ဘယ်လောက်ထိ ချောမွေ့နေသည်ကို ခံစားလိုက်ရသည်။ လဇ်နှင့် လင်ဒါတို့မှာ သူ့ထက် နှစ်အနည်းငယ်သာငယ်သည်ကို သတိရကာ စိတ်လှုပ်ရှားဖွယ်အသံဖြင့် ပြောလိုက်သည်။
“ငါကကြည့်ကောင်းပေမဲ့ လူတွေက အဆုံးမှာ အသက်ကြီးလာလိမ့်မယ်။ ရှုယီက ရုပ်ရည်သွင်ပြင်ကို ဂရုမစိုက်ဘူး ၊ ဒါကြောင့် သူ့ကို ဒီလိုမျိုး ဆက်ပြီး ထိတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပုံပန်းသဏ္ဍာန်အရ နင်နဲ့လင်ဒါတို့လို မိန်းကလေးငယ်လေးတွေကို ငါ ထိခွင့်ပြုမယ်။"
လဇ်၏မျက်နှာမှာ နီမြန်းနေပြီး မနေနိုင်ဘဲ မျက်မှောင်ကုပ်လိုက်မိသည်။ "ဒါပေမယ့် သခင်က ကျွန်မတို့ရဲ့အသွင်အပြင်နဲ့.... ခန္ဓာကိုယ်ကို ဂရုမစိုက်ဘူးလေ။"
စတေးလ်က အသာပြုံးရင်း ပြောလာ၏၊ “အေးဆေးပေါ့ သူက လူအလေးဖြစ်နေရင်တောင် သူက သာမာန်လူမဟုတ်ဘူးမလား? ဗိုက်ထဲက ကလေးက အဲဒါကို ရှင်းရှင်းလင်းလင်း သက်သေမပြထားဘူးလား။ လင်ဒါက သူနဲ့အတူ တစ်လျှောက်လုံး ရှိနေလိမ့်မယ်၊ သူ ဒါကို ခံနိုင်မယ် မထင်ဘူး။ သူနဲ့ လင်ဒါ ပြန်လာတဲ့အခါ နင်လည်း သူနဲ့အတူ နှစ်ယောက်တည်းနေဖို့ အခွင့်အရေးကို ငါရှာမှာပါ၊ နင့်အနေနဲ့ အဲဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်မလား မဆုပ်ကိုင်နိုင်မလားဆိုတာကတော့ နင့်အပေါ်မှာပဲ မူတည်လိမ့်မယ်။"
လဇ်၏မျက်နှာသည် ရွှင်လန်းမှုအပြည့်ဖြစ်သွားကာ "တကယ်လား? ဒါဆို သခင်မကို တကယ်ပဲ ကျေးဇူးတင်ရမှာပေါ့!"
လဇ်၏ ရွှင်မြူးနေသော မျက်နှာကို မြင်လိုက်ရသော် စတေးလ်မှာ ခေါင်းယမ်းလိုက်မိသည်။
မိန်းမတစ်ယောက်အနေနှင့် စတေးလ်မှာ အပေါ်ယံတွင် ရက်ရောစွာ ပြုမူနေသော်လည်း ခင်ပွန်းဖြစ်သူက အခြားမိန်းမနှင့် ရှိနေပါက မည်သို့များ လုံးဝ ဂရုမစိုက်နိုင်ဘဲနေမည်နည်း?
သို့သော် ရှုယီ၏ လက်ရှိအနေအထားအရ သူ့အနေနှင့် ရင်ဆိုင်ရမည့် ဖျားယောင်းမှုများစွာ ရှိမည်ကို စတေးလ် သိပါသည်။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းကောင်းကာ သူ့နှလုံးသားက ခိုင်မာနေလျှင်ပင် တစ်နေ့တွင်တော့ ထိန်းထားနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ဤအတွေးများကို စွန့်လွှတ်လိုက်သည်က ပိုကောင်းသည်။
အနည်းဆုံးတော့ လဇ် နှင့် လင်ဒါက ရှုယီနှင့် အတူရှိနေပါလျှင် လက်ခံဖို့ရန် ခက်ခဲနေမည် မဟုတ်ပါပေ။
နှစ်ယောက်သား လမ်းလျှောက်ရင်း ရှုယီနှင့် လင်ဒါ ကြားတွင် တစ်ခုခုဖြစ်သွားမလားဆိုကာ နှစ်ယောက်သား ဆွေးနွေးခဲ့ကြသည်။
ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက်၊ သူတို့သည် အိမ်အများစုကို ဖြတ်၍ ရှုယီ၏ စာကြည့်ခန်းဆီသို့ ချဉ်းကပ်ခဲ့ကြသည်။
စာကြည့်ခန်းတံခါးကို လှမ်းမြင်တော့ ရှုယီ အလုပ်ရှုပ်နေပုံကို သတိရမိသေးသည်။ သူဟာ ညအချိန်တွင် ကြယ်ကြွေအိမ်ရာသို့ပြန်လာသောအခါ၊ ဤစာကြည့်ခန်း၌ အလုပ်လုပ်နေလိမ့်မည်ဖြစ်သည်။ သူမသည် စိတ်ခံစားချက်ကို မထိန်းနိုင်ဘဲ ထိုအကြောင်းကို တွေးပြီးနောက်တွင် လဇ်အား စာသင်ခန်းကို တံခါးဖွင့်ခိုင်းကာ လျှောက်ဝင်သွားလိုက်သည်။
မှော်မီးအိမ်နှင့် အခန်းကို ထွန်းညှိကာ စားပွဲ၌ မထိုင်ခင် ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်လိုက်၏။
ညဘက်အလုပ်လုပ်ဖို့ရန် ရှုယီမှာ မည်သို့အာရုံစိုက်ရသည်ကို စဉ်းစားမိရင်း စတေးလ်မှာ မနေနိုင်ဘဲ ရှုယီကို ပြင်းပြင်းပြပြလွမ်းဆွတ်လာသည်။ သူမက စားပွဲပေါ်ကိုမှီလျက် စားပွဲထံမှ ရှုယီ အိမ်၌ ရှိခဲ့သည့် နွေးထွေးမှုလေးကို ခံစားရန် ကြိုးစားလိုက်သည်။
သို့သော် ၎င်းကို မှီလိုက်သောအခါတွင် စတေးလ်မှာ မျက်မှောင်ကုပ်ရင်း မျက်နှာပေါ်တွင် အံ့သြနေဟန်ပေါ်လာသည်။
"သခင်မ၊ ဘာလို့လဲ" စတေးလ်၏ မျက်နှာရှိ ထူးဆန်းသော ဟန်ကို မြင်လိုက်ရသော် လဇ် က အမြန်မေးလိုက်သည်။
စတေးလ်က လက်ကို ဝှေ့ယမ်းပြီး သူမလက်ကို ဖယ်လိုက်သည်။ သူမ မျက်နှာကို စားပွဲထက်တင်ကာ အနည်းငယ်ပင် လှုပ်ရှားလိုက်၏။
စတေးလ်၏ အပြုအမူများကို မြင်သော် လဇ်က ထူးဆန်းသည့် အကြည့်နှင့် ကြည့်နေလေသည်။
သို့သော် သခင်မက ထိုသို့ပြုမူနေခြင်းမှာ ပျင်းရိခြင်းကြောင့်မဟုတ်ဘဲ အကြောင်းရင်း ရှိရမည်။
စတေးလ်က မျက်နှာကို စားပွဲပေါ်တင်ပြီး တစ်ခုခုကို စဉ်းစားနေဟန်ရှိ၏။
ခဏအကြာတွင် စတေးလ်က ခေါင်းကို မော့ကာ စားပွဲပေါ်ကို သေချာကြည့်သည်။ သူမသည် စားပွဲပေါ်ရှိ စာအုပ်များနှင့် စာရွက်စာတမ်းများကို ကြည့်ကာ စားပွဲပေါ်ကို ပြန်မှီရင်း စားပွဲတစ်ခုလုံးကိုကြည့်ရှုလျက် အံဆွဲများကိုဖွင့်၍ကြည့်လိုက်သည်။
လဇ်မှာ အနည်းငယ် အံ့သြသွားသည်။ စတေးလ်၏ ဤစာကြည့်ခန်းထဲရှိ လှုပ်ရှားမှုများက သူမအား သူခိုးတစ်ယောက်လို ဖြစ်စေသည်။
သို့သော် ဤကြယ်ကြွေအိမ်ရာ၌ အစောင့်များ မရှိသလို လုံခြုံရေးအရ အတော်လေး ပေါ့လျော့နေသော်လည်း သခင်နှင့်သခင်မ ရှုယီနှင့်စတေးလ်တို့မှာ အဆင့်မြင့်မှော်ပညာရှင်များဖြစ်ကြပြီး စတေးလ်၏အဖိုးမှာ အစွမ်းထက်သော မဟာမှော်ပညာရှင်ဖြစ်သည်ဟူသောအချက်ကို ပေါင်းထည့်လိုက်ပါက အမှန်တကယ်တွင် ကြယ်ကြွေအိမ်ရာ တစ်ခွင်လုံးတွင် ရှုပ်ထွေးသည့် မှော်အစီအရင်ထောင်ချောက် များစွာရှိသည်။ သူခိုးတစ်ယောက် ဒီအိမ်ထဲကို လွယ်လွယ်ကူကူ ဝင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
စားပွဲခုံကို စစ်ဆေးပြီးနောက် စတေးလ်သည် အခန်း၏တစ်ဖက်ရှိ စာအုပ်စင်သို့သွားကာ စာအုပ်စင်၏အလယ်ရှိ စင်တစ်ခုအား ကြည့်လိုက်သည်။
စတေးလ်ကမှန်ချပ်ကို မဖွင့်ဘဲ၊ သူမသည် လက်ညှိုးကို ဖြင့်သာ ထိ၍ စာအုပ်စင်မှတစ်ဆင့် မှော်စွမ်းအားကို ထုတ်ကာ စာအုပ်စင်မှ တဆင့်ရှာလိုက်သည်။
ခဏအကြာတွင် ခပ်ဖျော့ဖျော့ အပြာရောင်အလင်းတန်း အနည်းငယ် ပေါ်လာသည်။
အစပိုင်းတွင် အပြာရောင်အလင်းတန်းမှာ မှန်ချပ်ထက်ရှိ မီးအိမ်လေးကဲ့သို့ အလွန်တည်ငြိမ်သော်လည်း စတေးလ်က မှော်စွမ်းအားကို ပို့လွှတ်လိုက်ပြီးနောက်တွင် ဤအပြာရောင်အလင်းသည် တဖြည်းဖြည်း မတည်မငြိမ်ဖြစ်လာသည်။ ရုတ်တရက် ပျောက်ကွယ်မသွားခင်တွင် ခဏလောက် တောက်ပနေခဲ့၏။
မှန်ကိုဖွင့်ပြီး အတွင်းဘက်ရှိ မှော်အစီအရင်ကို ကြည့်လိုက်ရင်း သူ့မျက်နှာက မှောင်မိုက်သွားသည် ။
ရှာဖွေတွေ့ရှိမှုအားလုံးသည် တစ်စုံတစ်ဦးသည် ဤစာကြည့်ခန်းထဲသို့ လျှို့ဝှက်စွာ ဝင်ရောက်ခဲ့ကြောင်း သက်သေပြခဲ့သည်။
ဒါပေမယ့်.....အဲဒီလူက ဘယ်သူလဲ။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၃၇။ စလိုင်းမှော်သလင်းကျောက်
တိုင်းပြည်၏ မြောက်ပိုင်း၌ ဒီဇင်ဘာသို့ဝင်ရောက်လာပြီး တောင်ပိုင်းရှိ ဘန်တာမြို့ထက် များစွာ ပိုမိုအေးစက်နေလေသည်။
အထူးသဖြင့် မြစ်ကိုဖြတ်၍ တိုက်လာသော လေပြည်နှင့်အတူ လူတို့၏ နှလုံးသားထဲသို့ အေးစက်မှုက ဝင်ရောက်လာသည်ကိုပင် ခံစားနိုင်သည်။
ရှုယီမှာ ပြင်ဆင်ထားပါလျှင်တောင် အင်မတန်ထူသည့် အဝတ်များကိုဝတ်ဆင်ထားရသော်လည်း အအေးကို အံမတုနိုင်ပေ။ သူဟာ အကျဉ်းချုံ့မီးစွမ်းအားမှော်အစီအရင်ကို သူနှင့် ကောင့်ထ်စီယန်၏အောက်၌ မှော်စွမ်းအား အနည်းငယ်သုံး၍ ထိန်းသိမ်းကာ ၎င်းတို့ပတ်ပတ်လည်ရှိ အပူချိန်ကို လက်ခံနိုင်လောက်သည့် အနေအထား၌တွင် ထိန်းထားလိုက်သည်။
အပူချိန်မြင့်လာသည်ကိုခံစားမိသော် ကောင့်ထ်စီယန် က ရှုယီ ခြေထောက်အောက်ရှိ အနီရောင်တောက်ပနေသော မှော်အစီအရင်ကိုကြည့်လိုက်သည်။
ကောင့်ထ်စီယန်က မှော်ပညာရှင်မဟုတ်ပါလျှင်တောင် ထိုသို့သော မှော်အစီအရင်မျိုးကို ထိန်းသိမ်းနိုင်ရန် အဆင့်မြင့်မှော်စွမ်းအား လိုအပ်ကြောင်း ပြောနိုင်သေး၏။
"ရှုယီ၊ ခင်ဗျားနဲ့ မတွေ့ရတာ တစ်နှစ်ရှိပြီဆိုတော့ မှော်စွမ်းအားက အတော်လေး အားကောင်းလာတာပဲ။ ခင်ဗျားမလာခင်က အန်ဗီမာမြို့တော်မှာ အရည်အချင်းစစ်စာမေးပွဲ ဝင်ဖြေခဲ့လောက်မယ် ဟုတ်လား? ဘယ်လိုလဲ? အခုဘယ်အဆင့်ရောက်နေပြီလဲ?"
ရှုယီက အသာပြုံးကာ၊ "အဌမအဆင့်စာမေးပွဲကို အောင်ခဲ့ရုံတင်ပါ၊ အဲ့လောက် အားမကောင်းပါဘူး။"
"အဌမအဆင့်က အားမကောင်းဘူးလား?" ကောင့်ထ်စီယန်က မနေနိုင်ဘဲ ခေါင်းခါကာ၊ "ဒါဆို ဘယ်လိုမှော်ပညာရှင်က ခင်ဗျားအတွက် အားကောင်းတာများလဲ?"
"ကျုပ်အတွက် မှော်ပညာရှင်တစ်ယောက်က ဘယ်လောက် အားကောင်းကောင်း လူတစ်ယောက်လေးပဲဆိုတော့ သန်မာတယ်လို့ မသတ်မှတ်နိုင်ပါဘူး။" ရှုယီက ပြော၏၊ "လူတစ်ယောက်ရဲ့ စွမ်းအားနဲ့ယှဉ်ရင် စက်မှုလုပ်ငန်းကိုသုံးပြီး လူတစ်ယောက်ရဲ့ စွမ်းအားကို မြှင့်တင်တာက ပိုကောင်းတယ်လို့ ထင်တယ်။"
ကောင့်ထ်စီယန်က မရယ်ဘဲ မနေနိုင်တော့ချေ။ "ဒီလူကတော့ တကယ်ကို ကုန်သည်ပါပဲ၊ မှော်ပညာရှင်ကို မဟုတ်ဘူး။ ခင်ဗျား ဒီလိုပဲ စဉ်းစားတာက တကယ်တမ်းစွမ်းအားကြီးမှော်ပညာရှင်တွေက ဘယ်လောက် သန်မာတယ်ဆိုတာကို မကြုံဖူးလို့ပါပဲ။ ခင်ဗျားသာ ခေါင်းဆောင်မှော်ပညာရှင် ဒါမှမဟုတ် မဟာခေါင်းဆောင်မှော်ပညာရှင် တစ်ယောက်ရဲ့ စွမ်းအားနဲ့ ကြုံတွေ့ရင် ခင်ဗျားရဲ့ အတွေးတွေ လုံးဝ ပြောင်းလဲသွားမယ်လို့ ကျုပ်ထင်တယ်။"
"အိုး? မြို့စားအရှင် အရင်က ခေါင်းဆောင်မှော်ပညာရှင် ဒါမှမဟုတ် မဟာခေါင်းဆောင်မှော်ပညာရှင် တစ်ယောက်နဲ့ ကြုံခဲ့ဖူးတာလား?" ရှုယီက သိလိုစွာမေးလာသည်။
ကောင့်ထ်စီယန်လည်း အရှေ့ဘက်ကိုကြည့်ကာ မျက်လူံးများက အနည်းငယ် လမ်းပျောက်ဟန်ရှိနေသည်။
"အရင်က ကန်ဒရာနဲ့ မားလိုအင်ပါယာတို့ကြားက တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရတယ်လေ။ စုစုပေါင်း ခေါင်းဆောင် မှော်ပညာရှင် လေးယောက်ရှိတယ်။ အဲဒီတိုက်ပွဲမှာ ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးက တစ်ခါလောက်လှုပ်ရှားလိုက်တာနဲ့ စွမ်းအားကြီး တားမြစ်မန္တာန်တစ်ခုက နေရာတစ်ခုကိုဖျက်ဆီးပြီး ကောင်းကင်အရောင်ကို ပြောင်းရင်း မြေပြင်ကိုပါ တုန်လှုပ်သွားစေတယ်။ စစ်သားတွေထောင်ချီကို ကြုံရချိန်မှာတောင် စွမ်းအားကြီးခေါင်းဆောင်မှော်ပညာရှင်အတွက် ဒါက သူတို့လက်တွေကို ခါရုံ ကိစ္စလေးတစ်ခုပဲ။ အခု သတိရတာတောင် ကျုပ်ရဲ့စိတ်ထဲမှာ အံ့အားသင့်တာနဲ့ ပြည့်နေတုန်း။"
"ခေါင်းဆောင် မှော်ပညာရှင်တွေက အဲ့လောက် စွမ်းအားကြီးတယ်လား?" ရှုယီက ကောင့်ထ်စီယန်ဖော်ပြသည့် မြင်ကွင်းကို စဉ်းစားလိုက်သည်။ ခေါင်းဆောင် မှော်ပညာရှင် တစ်ဦးသာ လက်တစ်ချက်အဝှေ့ဖြင့် စစ်သားထောင်ချီကို ဖျက်ဆီးနိုင်ပါလျှင် နယ်မြေကြီး၏ လူများက ၎င်းတို့ကို ကိုးကွယ်နေကြသည်က မဆန်းပေ။ "ဒါဆို ခေါင်းဆောင် မဟာမှော်ပညာရှင်တွေကရော? ဘယ်လောက် စွမ်းအားပိုကြီးကြလဲ?"
"ကျုပ်အနေနဲ့ ခေါင်းဆောင် မဟာမှော်ပညာရှင် တစ်ဦးရဲ့ လှုပ်ရှားမှုတစ်ခုကိုမြင်ဖို့လောက်ထိ ကံဆိုးနေတာ၊ ပြီးတော့ စိုင်စ်နယ်မြေကြီးမှာ နှစ်ပေါင်းများစွာ မရှိခဲ့ဘူးလေ။" ကောင့်ထ်စီယန်က ခေါင်းခါကာ၊ "ဒါပေမယ့် ဒဏ္ဍာရီတွေအရတော့ ခေါင်းဆောင် မဟာမှော်ပညာရှင်တွေက ခေါင်းဆောင် မှော်ပညာရှင်တွေထက် အဆပေါင်းများစွာ အားကောင်းတယ်။ ခေါင်းဆောင် မဟာ မှော်ပညာရှင် တစ်ဦး လှုပ်ရှားမှုတစ်ခုလုပ်လိုက်တာနဲ့ မြို့တစ်မြို့လုံးကိုတောင် ပြားသွားစေနိုင်တယ်လို့ ပြောကြတယ်။"
ရှုယီက အဝေးရှိ ဆိုဝယ်လ်မြို့ကိုကြည့်လိုက်သည်။ ဆိုဝယ်လ်မြို့အား မြောက်ပိုင်းရှိ အကြီးဆုံးမြို့တော်များအနက် တစ်မြို့ဟု ယူဆနိုင်သော်လည်း ကမ္ဘာမြေရှိ မြို့များနှင့်ယှဉ်လျှင် အဆများစွာသေးငယ်သည်။ ၎င်းက စတုရန်းတစ်ဆယ်ကီလိုမီတာအောက်သာ ရှိ၏။
ကမ္ဘာမြေရှိ ကြောက်မက်ဖွယ်အကောင်းဆုံး လက်နက် နျူကလီးယားဗုံးမှာ ကမ္ဘာမြေတွင် မြို့ကြီးတစ်မြို့ကိုပင် ဖျက်ဆီးနိုင်သည်။
ထိုသည်က ခေါင်းဆောင် မဟာမှော်ပညာရှင်များမှာ စွမ်းအားကြီးသော်လည်းဖောက်ခွဲမှုစွမ်းအားအရာတွင် နျူကလီးယားဗုံးကို မမှီသေးသည့် အဓိပ္ပာယ်ပင်။
ရှုယီက စိတ်မဝင်စားဖြစ်နေသည်ကိုမြင်သော် ကောင့်ထ်စီယန်မှာ အနည်းငယ်ရှုပ်ထွေးသွားသည်။
ရှုယီကိုယ်တိုင်ကလည်း အရည်အချင်းရှိသည့် မှော်ပညာရှင်တစ်ဦးဖြစ်ကာ အဋ္ဌမအဆင့် မှော်ပညာတစ်ယောက် ဖြစ်နေပြီဖြစ်သဖြင့် အဆင့်မြင့် မှော်ပညာရှင်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ သို့သော် သူ၏ မှော်အစွမ်းကို အဘယ်ကြောင့် ဂရုမစိုက်ဘဲ အထင်ပင်သေးနေခဲ့သနည်း?
ဒါပေမယ့် ကောင့်ထ်စီယန် က ၎င်းကို ဂရုမစိုက်ပါချေ။ ရှုယီက ဤအကြောင်းအရာအား စိတ်မဝင်စားသည်ကို မြင်လိုက်ရသဖြင့်၊ရှုယီနှင့် သင့်လျော်သော စီးပွားရေးကိစ္စများကို ဆွေးနွေးရန် ခေါင်းစဉ်ပြောင်းသွားခဲ့သည်။
"ဒီမြစ်ကမ်းကို မြင်လား" ကောင့်ထ်စီယန်သည် မြစ်ကမ်းနားရှိ ကွက်လပ်နေရာကို ညွှန်ပြပြီး လက်ဖြင့် စက်ဝိုင်းကြီးတစ်ခုဆွဲလိုက်သည်၊ "ဒါက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်လုပ်မှုအခြေစိုက်ဌာနအတွက် ကျုပ်ဖယ်ထားခဲ့တဲ့နေရာပဲ၊ ဘယ်လိုထင်လဲ။"
ရှုယီက ၎င်းကိုကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"အရမ်းကောင်းတယ်။ မြို့စားအရှင်က ဘန်တာမြို့မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ အတွေ့အကြုံရှိခဲ့ပြီးသားဆိုတော့ ကျုပ်တို့အတွက်အရမ်းသင့်လျော်တဲ့နေရာကို ရွေးချယ်ခဲ့တာပဲ၊ ကျုပ်မှာ ဘာအကြံမှမရှိတော့ပေမယ့် ပြဿနာလေးတစ်ခု ရှိသေးတယ် .....”
"အိုး? ဘာပြဿနာလဲ?"
“ကြည့်လိုက်ပါ၊ ဆိုဝယ်လ်မြို့က အရမ်းအေးပြီး ဒီ ဆယ်ရာမြစ်က ဆောင်းရာသီမှာ လုံးဝ အေးခဲနေတယ်။ မြစ်ကမ်းဘေးမှာ ထုတ်လုပ်မှု အခြေစိုက်ဌာနဆောက်ရင်တောင် ဒါကိုအသုံးမချနိုင်တဲ့အတွက် နည်းနည်းတော့ ဖြုန်းတီးရာကျတာပေါ့”
“တခြားနည်းလမ်း မရှိဘူး၊ ဒါက မြောက်ဘက်ဆိုတော့ တောင်ဘက် ရာသီဥတုနဲ့ မတူဘူး။ ပုံမှန်အားဖြင့်တော့ သဘာဝအခြေအနေတွေကို ယှဉ်လို့မရဘူး။” ကောင့်ထ်စီယန်က ကူရာမဲ့နေသည့်အသံဖြင့်ပြောသည် "ဒါပေမယ့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စက်ရုံရဲ့ ထုတ်လုပ်မှုက ရာသီဥတုဒဏ်ကို ခံရမှာမဟုတ်တော့ ပြဿနာမရှိလောက်ဘူး။"
"အင်း၊ ဘာမှ လွှမ်းမိုးမှု မရှိလောက်ပါဘူး၊ ဒါပေမယ့် ဒီမှာ ကျုပ်ရဲ့ဝန်ထမ်းတွေနဲ့ ဆွေးနွေးဖို့ လိုတဲ့အသေးစိတ်အချက်လေးတွေ ရှိတယ်။"
ရှုယီမှာ ဤနေရာကို စုံစမ်းရန် သူ၏ဝန်ထမ်းများထံ လက်ဝှေ့ယမ်းပြတော့မည်အပြုတွင် ကမ်ဘီ ရုတ်တရက် ပြေးလာသည်။
"ဥက္ကဌ၊ ကျုပ်ထူးဆန်းတာတစ်ခုတွေ့ခဲ့တယ်။ လာကြည့်ပါဦး။" ကမ်ဘီက ကောင့်ထ်စီယန်ကိုကြည့်ပြီးနောက် ရှုယီအား ဤအေးသောရာသီဥတုတွင် အငွေ့ကထုတ်လွှတ်နေသော သွေးနီရောင်သလင်းကျောက်ကို ပေးလာသည်။
ရှုယီ ယူပြီးနောက်၊ သလင်းကျောက်အစစ်တစ်ခုထက် အသီးဂျယ်လီတစ်ခုကဲ့သို့ သူ့လက်ထဲရှိ သလင်းကျောက်တုံးသည် ပျော့ပျောင်းနေကြောင်း တွေ့လိုက်ရသည်။ မျက်နှာပြင်က နွေးထွေးပြီး ကိုင်ရတာ အရမ်းသက်တောင့်သက်သာဖြစ်တယ်။"
“ဒါက ကျုပ်တို့ရဲ့ အထူးထုတ်ကုန်ဖြစ်တဲ့ စလိုင်းမှော်သလင်းကျောက်ပါ။ ဒါက အနီရောင်ဖြစ်တဲ့အတွက် မီးစွမ်းအားမှော် ပါဝင်တဲ့ သလင်းကျောက်ဖြစ်လောက်တယ်။" နံဘေးရှိ ကောင့်ထ်စီယန်က တစ်ချက်ကြည့်ကာ ရှင်းပြလာသည်။
"ဒီအရာက တကယ်ပဲ မှော်သလင်းကျောက်လား?" ရှုယီသည် သူ့လက်ထဲရှိ စလိုင်းသဏ္ဍာန်ရှိ အနီရောင်သလင်းကျောက်ကို ကြည့်လိုက်သည်။ ၎င်းကို စစ်ဆေးရန် သူ၏ မှော်ပညာကို အသုံးပြုလိုက်ရာ သလင်းကျောက်ထံမှ မှော်စွမ်းအားအပြောင်းအလဲများကို တွေ့ရှိရပြီး မီးဒြပ်စင်စွမ်းအင်ကို အပြင်းထန်ဆုံးတုံ့ပြန်လာသည်။
သို့သော် ဤ စလိုင်းမှော်သလင်းကျောက်တွင် မှော်စွမ်းအားပါဝင်မှု နည်းပါးသည်၊ ၎င်းက အီဗီတာ တီထွင်ထားသော စံပြု မှော်သလင်းကျောက်များနှင့် နှိုင်းယှဉ်ရန် ဝေးကွာလှသည်။ ၎င်းမှာ နေရာအနှံ့ ရောင်းချနေသည့် မှော်သလင်းကျောက်များနှင့်ပင် နှိုင်းယှဉ်လို့မရပါချေ။
“အင်း၊ ဒီပစ္စည်းမှာ မှော်စွမ်းအားပါဝင်မှုနည်းတဲ့အတွက်၊ ဘယ်သူကမှတူးဖော်ဖို့ ဆန္ဒမရှိကြဘူး။ ဒီလိုမှမဟုတ်ရင်ဒါကို ကျုပ်တို့ ဆိုဝယ်လ်မြို့တစ်ခွင်မှာ တွေ့နိုင်ပြီး ဆိုဝယ်လ်မြို့ကလည်း ချမ်းသာလာပါလိမ့်မယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို ဘယ်လိုများ တကူးတက ဖိတ်စရာလိုမလဲ?" ကောင့်ထ်စီယန်က ပြောသည်။
ရှုယီဟာ စလိုင်းမှော်သလင်းကျောင်ကို ကစားနေခဲ့ရင်း ခဏလောက်စဉ်းစားပြီးနောက်တွင် ကမ်ဘီနှင့် ကောင့်ထ်စီယန်တို့အား ဖယ်ခိုင်းကာ သူ့၏မှော်ပညာကို စတင်ထုတ်လွှတ်လိုက်တော့သည်။
"ဟုန်း။"
မီတာများစွာအထိ ရောက်ရှိပြီး ရှုယီရီကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည့် အားကောင်းသည့် မီးတောက်တစ်ခုမှာ ကောင်းကင်သို့ ပျံတက်သွားသည်။
ဘေးက ကမ်ဘီနှင့် ကောင့်ထ်စီယန်တို့မှာ ထိတ်လန့်သွားသည်။ တစ်ယောက်ယောက်ကို အကူအညီတောင်းတော့မည်အပြုတွင် မီးက ပျောက်ကွယ်သွားပြီး ရှုယီကို လုံးဝမထိခိုက်သလိုမျိုး ရပ်နေသည်အား တွေ့လိုက်ရ၏။
"ဟူး......" ကမ်ဘီက သက်ပြင်းရှည်ကြီးချလိုက်ပြီး "ဥက္ကဌ၊ ခင်ဗျား ကျုပ်ကို သေလုနီးပါးလန့်အောင်လုပ်လိုက်တာပဲ!"
ကောင့်ထ်စီယန်ကလည်း မျက်မှောင်ကုပ်ကာ "မှော်စမ်းသပ်မှုတွေ လုပ်တာက အန္တရာယ်များတယ်၊ ပိုသတိထားသင့်တယ်"
ရှုယီက ရယ်မောလျက် "ဘာမှ စိတ်ပူစရာမရှိပါဘူး၊ ကျုပ်က မှော်ပညာရှင်ပဲလေ။ မီးနဲ့ကစားသလို မိုက်မဲတဲ့ အရာကို ဘယ်လိုလုပ်မှာလဲ။ ဒါပေမယ့် ဒီ စလိုင်းမှော်သလင်းကျောက်က ..... နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းတယ်။"
ကောင့်ထ်စီယန် နှင့် ကမ်ဘီတို့မှာ ရှုယီ၏လက်ကိုကြည့်လိုက်ရာ စလိုင်းမှော်သလင်းကျောက်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။ ရှုယီ၏လက်ထဲတွင် အနက်ရောင်အမှုန့်တစ်ချို့သာ ကျန်ရှိခဲ့ပြီး စလိုင်းမှော်သလင်းကျောက် အညစ်အကြေးများ ကျန်ခဲ့ပုံရသည်။
"မြို့စားအရှင်၊ မီးစွမ်းအားမှော်နဲ့ ဆက်စပ်နေတဲ့ ဒီ စလိုင်းမှော်သလင်းကျောက်အပြင် တခြားအမျိုးအစားတွေ ရှိသေးလား။" ရှုယီက မေးသည်။
"ကျုပ်လက်အောက်ငယ်သားတွေ ရှိတယ်လို့ ပြောတာကိုတော့ ကြားတယ်၊ ဒါပေမယ့် ဘယ်လိုအမျိုးအစားတွေရှိတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရဘူး။" ကောင့်ထ်စီယန်က ခေါင်းခါလိုက်သည်။
"ကောင်းတယ်။ ကမ်ဘီ၊ တခြားလူတွေဆီသွားပြီး သူတို့စစ်ဆေးနေတုန်း စလိုင်းမှော်သလင်းကျောက် တချို့ကို စုဆောင်းခိုင်းဖို့ ပြောလိုက်ပါ။ ဘာအရောင်ရှိရှိ ဘာအရည်အသွေးရှိရှိ ယူလာလိုက်၊ ကျုပ် စမ်းသပ်မှုတစ်ခု လုပ်မယ်။"
ကမ်ဘီ ထွက်သွားသည်ကိုမြင်သော် ကောင့်ထ်စီယန်က သိလိုစွာဖြင့် မေးလာသည် “ဘာလဲ? ဒီအရာက အသုံးတည့်မယ်လို့ထင်လား"
"ကျုပ် အခု ကောက်ချက်မဆွဲနိုင်ပေမယ့် စမ်းသပ်မှုအပေါ် အခြေခံပြီး ဒီအရာမှာ အသုံးဝင်တာရှိမယ်လို့ ထင်တယ်။" ရှုယီက ခေါင်းညိတ်ပြသည်။
"အိုး? တကယ် အသုံးဝင်ရင်ကောင်းမယ်" ကောင့်ထ်စီယန်က ရွှင်မြူးသော အသံဖြင့် ပြောသည်။ "ဒီအရာကို နေရာအနှံ့မှာ တွေ့ရတော့ တန်ဖိုးသာရှိရင်၊ အဲဒါက ဆိုဝယ်လ်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူဖြစ်စေမယ့် အရင်းအမြစ်သစ်တစ်ခု ကြွယ်ကြွယ် ဖွင့်လှစ်နိုင်လိမ့်မယ်။"
ရှုယီက ရယ်မောလိုက်ပြီး "မြို့စားအရှင်၊ ခင်ဗျား ဖွံ့ဖြိုးဆဲမြို့တွေကို စွဲလန်းနေတာလား။ အခု ဘန်တာမြို့ကို မကျေနပ်လို့ ခင်ဗျားရဲ့ ဆာလောင်မှုကို ဖြည့်ဆည်းဖို့ ဆိုဝယ်လ်မြို့ကို လျှောက်လာခဲ့တာလား။"
ကောင့်ထ်စီယန်က ပြုံးမပြဘဲ သက်ပြင်းချရင်း "တိုင်းပြည်သားတွေရဲ့ ဘဝကို ပြောင်းလဲပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ရှင်သန်ခွင့်ပေးနိုင်တဲ့ အရည်အချင်းရှိရင်၊ ဘယ် မြို့စားက ဒီလို လုပ်ဖို့ ဆန္ဒမရှိမှာလဲ။"
ရှုယီမှာ ဘာဆာရူမြို့၏ ကောင့်ထ်လောင်ဂျ်လီကို သတိရသောကြောင့် တိတ်ဆိတ်သွားသည်။
၎င်းတို့၏ တိုင်းပြည်ရေး ရပ်တည်ချက် ကွဲပြားသော်လည်း၊ သူသည် ကောင့်ထ်စီယန်နှင့် တူညီသော အယူအဆ ရှိသောကြောင့် ကောင့်ထ်လောင်ဂျ်လီသည် ယင်းသစ္စာဖောက်ခေါင်းစဉ်ကို လက်ခံရန် ဆန္ဒရှိသည်။ သူဟာတကယ်ကို Frestech ကုန်သည်ကြီးများအသင်းအား ဘာဆာရူမြို့၌ ရင်းနှီးမြှုပ်နှံဖို့ရန် ဖိတ်ခေါ်ပြီး လက်တွဲဖို့ အကောင်းဆုံးကြိုးစားခဲ့သည်။
သူသည် ဘာဆာရူမြို့၏ဆင်းရဲနွမ်းပါးသောအခြေအနေများကိုပြောင်းလဲရန်၊ တိုင်းပြည်သားများပိုမိုကောင်းမွန်သောဘဝနေထိုင်နိုင်စေရန်အတွက်၎င်းကိုပြုလုပ်ခဲ့သည်။
“ပြီးခဲ့တဲ့နှစ်တုန်းက ခေါင်းစဉ်(ဘွဲ့) ရယူခဲ့တဲ့ လောင်ဂျ်လီဆိုတဲ့ လူငယ်နဲ့ ကျုပ် တွေ့ခဲ့တယ်။ သူက စိတ်ကူးစိတ်သန်းရှိသူဖြစ်ပြီးတော့ သူ့အဖေနှင့်မတူတာကို မြင်ရတယ်။" ရှုယီက၎င်းကို ကြားသော် ကောင့်ထ်စီယန် က ကောင့်ထ်လောင်ဂျ်လီ အတွက် ချီးကျူးဂုဏ်ပြုလိုက်သည်။ “သူတကယ်လုပ်နိုင်ရင် ဘာဆာရူမြို့အတွက် ကောင်းပါတယ်။ ဒါပေမယ့် ဒီကိစ္စက သူလိုချင်နေတာနဲ့ပဲ လုပ်လို့မရဘူး။ မင်းသားလေးအဲရစ်နဲ့ ဆက်ဆံရေးကို သူဘယ်လို ကိုင်တွယ်မယ့်အပေါ်မှာ မူတည်တယ်။"
ရှုယီက ခါးသီးစွာ ရယ်မောရင်း “ကျုပ်က ဒါကိုစိတ်ပူနေတာ”
ကောင့်ထ်စီယန်ကရှုယီကိုကြည့်ရင်း "ခင်ဗျားလည်း အတူတူပဲ။ ဘာဆာရူမြို့နဲ့ တွဲလုပ်ချင်တယ်ဆိုရင်တော့ ဘုရင်မကို ဆက်သွယ်ဖို့ အကောင်းဆုံး ကြိုးစားသင့်တယ်။”
ရှုယီက ခေါင်းညိတ်လိုက်ပြီး "ပုံမှန်လိုပေါ့"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၃၈။ ဆိုဝယ်လ်မြို့ လုပ်ငန်းစုများ၏ တောင်းဆုများ
ဤနယ်မြေ၏ အကြိုစာမေးပွဲကိုပြုလုပ်ခြင်းကတင် မနက်ခင်းတစ်ခုလုံးကြာသွားသည်။
ကမ်ဘီနှင့် အခြားလူတို့က ဆက်လက်စုံစမ်းနေချိန်တွင် ကောင့်ထ်စီယန်နှင့် ရှုယီတို့က ဆိုဝယ်လ်မြို့သို့ ပြန်ကာ ဦးတည်သွားကြသည်။
ကောင့်ထ်စီယန်မှာ ရှုယီအား ထုတ်လုပ်ရေးအခြေစိုက်ဌာနအချိန်ဇယားအကြောင်း ဆွေးနွေးရင်း မြို့စားအိမ်တော်ထံ နေ့လည်စာအတွက် ခေါ်သွားချင်သော်လည်း ၎င်းတို့မြို့ထဲသို့ ရောက်သည်နှင့် ဆိုဝယ်လ်မြို့စီးပွားရေးသမဂ္ဂကိုယ်စားလှယ်နှင့် ဆုံလိုက်ရရာ ရှုယီကို ပွဲတော်ထံ ဖိတ်ကြားလာသည်။
"သွားလိုက်ပါ၊ မြို့တော်က ခင်ဗျားရဲ့ အပေါင်းအဖော်တွေနဲ့ စကားပြောလို့ ကောင်းတယ်။"
ကောင့်ထ်စီယန်က ထိုသို့ပြောပြီးနောက် ထွက်သွားသည်ကိုမြင်သော် ရှုယီလည်း ပခုံးတစ်ချက်တွန့်၍ ကိုယ်စားလှယ်ကို ဦးဆောင်စေရင်း ဆိုဝယ်လ်မြို့ရှိ အကြီးဆုံး စားသောက်ဆိုင်ဆီ ရောက်လာသည်။
ဤစားသောက်ဆိုင်တစ်ခုစလုံးအား ဆိုဝယ်လ်မြို့ စီးပွားရေးသမဂ္ဂက ကြိုတင်စာရင်းသွင်းထားသည်။ မြို့ရှိ ဂုဏ်ပုဒ်အနည်းငယ်ရှိ ကုန်သည်များအားလုံးနီးပါး ဤနေရာသို့ရောက်နေကြပြီး ရှုယီသာလျှင် တစ်ဦးတည်းသော ဧည့်သည်ဖြစ်၏။
၎င်းကိုမြင်သော် ရှုယီက သဘာဝကျစွာပင် သတိထားလျက် လူတိုင်းကို ယဉ်ကျေးစွာဆက်ဆံရင်း နှိမ့်ချစွာပြုမူနေလိုက်သည်။
သက်ဝင်လှုပ်ရှားလှသည့် ပွဲ တစ်ဝက်ကြာသွားချိန်တွင် ဆိုဝယ်လ်မြို့ စီးပွားရေးသမဂ္ဂ၏ ဥက္ကဌလည်းဖြစ် အကြီးဆုံး လုပ်ငန်းစုဖြစ်သည့် မိုင်ယာဒါကုန်သွယ်ရေးလုပ်ငန်းစု၏ ဥက္ကဌလည်းဖြစ်သော ရှုယီနှင့် အတူထိုင်နေသည့် လာဒစ် ဆမ်ဆွန်က သူ့ထံ ခွက်မြောက်လာကာ ခွက်ချင်းတိုက်ပြီးနောက် သောက်ချလိုက်ကြသည်။ ထို့နောက် သူက ဖော်ရွေစွာပြုံးလေ၏။
"ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဆိုဝယ်လ်မြို့မှာ ထုတ်လုပ်ရေးအခြေစိုက်ဌာနဆောက်လုပ်တာဟာ ကျုပ်နဲ့ ကျုပ်တို့ အပေါင်းအဖော်တွေ အားလုံးကြိုဆိုကြတဲ့အရာပါ။ ကျုပ်တို့တွေကြားပြီးပြီ၊ ဘန်တာမြို့က လုပ်ငန်းစု သေးသေးကြီးကြီး ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းလိုက်တာနဲ့ လက်ရှိနှစ်တွေမှာ ငွေအတော်ဝင်ကြတယ်ဆိုပဲ။ ခင်ဗျား ဒီတစ်ခါ ဆိုဝယ်လ်မြို့ ခရီးစဉ်မှာ ဘန်တာမြို့လုပ်ငန်းစုစတွေကို ကူညီပေးခဲ့သလိုမျိုး ကျုပ်တို့ရဲ့ ဆိုဝယ်လ်မြို့က ရွယ်တူတွေကို ဦးဆောင်မှာလားလို့ စဉ်းစားမိတယ်။"
“နောက်ဆုံးတော့ ဒီကိုရောက်ပြီ။”
ရှုယီက ခပ်ဖျော့ဖျော့ ပြုံးပြပြီး လှည့်ကြည့်လိုက်သည်။ ဆိုဝယ်လ်မြို့ လုပ်ငန်းစုကြီးများမှ ကိုယ်စားလှယ်များအားလုံးသည် ယင်းကိစ္စကို ဂရုစိုက်ကြောင်း သူမြင်သည်။
“ဥက္ကဌဆမ်ဆွန်က အရမ်းလေးနက်ပါတယ်။ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ဒီနေရာမှာ အသစ်ဖြစ်တဲ့အတွက်၊ ဆိုဝယ်လ်မြို့ရဲ့ လုပ်ငန်းစုကြီးတွေဆီကနေ ကျုပ်တို့ အကူအညီလိုအပ်နေတဲ့အရာများစွာရှိပါတယ်၊ ဦးဆောင်မှုနဲ့ပတ်သက်ပြီး ကျုပ်တို့က ဘယ်လိုအရည်အချင်းပြည့်မီနိုင်မှာလဲ?"
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မှော်စက်တွေနဲ့ ပတ်သက်ရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက သေချာပေါက် အရည်အချင်းပြည့်မီတာပေါ့။ လမ်ပူရီတိုင်းပြည် ဒါမှမဟုတ် နယ်မြေကြီးတစ်ခုလုံးမှာတောင် ခင်ဗျားတို့ လုပ်ငန်းစုနဲ့ နှိုင်းယှဉ်နိုင်တဲ့ လုပ်ငန်းစုမရှိဘူး။” ဥက္ကဌဆမ်ဆွန်က ထိုသို့ပြောရင်း လက်ခါသည်။
"ဟုတ်ပါတယ်၊ ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်လုပ်ငန်းရဲ့ ခေါင်းဆောင်ဆိုတာ သံသယတောင်မလိုဘူး။ ကျုပ်တို့ လုပ်ငန်းစုငယ်တွေအနေနဲ့ ခင်ဗျားနဲ့ ပူးပေါင်းနိုင်ဖို့ မျှော်လင့်မိတယ်၊ ကျုပ်တို့လည်းအဲဒီ့ စွပ်ပြုတ်ထဲက နနည်းနည်း ရချင်ပါတယ်။" ဘေးက ဥက္ကဌ တယောက်က လှမ်းပြောသည်။
“မှန်တယ်၊ မှန်တယ်။”
“ဥက္ကဌဆမ်ဆွန် ပြောတာ မှန်ပါတယ်။ ခင်ဗျားက ဆိုဝယ်လ်မြို့ မှာရှိနေတာဆိုတော့ ကျုပ်တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်သွားပြီလေ၊ တစ်ယောက်ကိုတစ်ယောက် မကူညီသင့်ဘူးလား"
“ဟုတ်ပါတယ်၊ ပူးပေါင်းဆောင်ရွက်တဲ့လူတိုင်းက အားလုံးမှာ အကျိုးရှိမယ်။ လူတိုင်းအတွက် ကောင်းပါတယ်လို့ ဥက္ကဌ ရှု မထင်ဘူးလား?"
....
လုပ်ငန်းစုကြီးများမှ ကိုယ်စားလှယ်များက ထိုသို့ လှမ်းပြောလာသည်ကို မြင်လျှင် ရှုယီက ပြုံးပြလိုက်သည်။
တစ်ချို့က စိတ်ခံစားမှုကြောင့် လှုပ်ရှားနေခဲ့ပြီး အချို့က အကြောင်းအမျိုးမျိုးကြောင့် လှုပ်ရှားခဲ့ကြခြင်းပင်။ အချို့က တိုက်ရိုက်မဟုတ်သော်လည်း၊ သူတို့၏စကားလုံးများရှိ အဓိပ္ပါယ်၌ အကျပ်ကိုင်မှုအချို့ရှိနေသည်။
သို့သော် မည်သို့ဖြစ်စေ ၎င်းတို့ထံတွင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်လုပ်ငန်း တစ်စိတ်တစ်ပိုင်းကို လိုချင်သည့် တူညီသော အတွေးမျိုးရှိနေကြသည်။
ရှုယီက သူ့စိတ်ထဲတွင် ပြင်ဆင်ပြီး ဖြစ်သောကြောင့် သူတို့ ဘာမှ မပြောလျှင်တောင် ဆိုဝယ်လ်မြို့၏ အခြားသော လုပ်ငန်းစုများတွင် ပါဝင်ရန် စီစဉ်နေပြီးသားဖြစ်သည်။
မှော်စက်မှုနယ်ပယ်အတွက် သူ့စိတ်ကူးကို Frestech ကုန်သည်ကြီးများအသင်း တစ်ခုတည်းကအကောင်အထည်နိုင်ခြင်းကြောင့် အခြားလုပ်ငန်းစုများသာ ဤလုပ်ငန်းမှာ ပါဝင်ဖို့ရန် ဆန္ဒရှိပါလျှင် သူဟာ ၎င်းတို့ကို အမြဲပံ့ပိုးပေးမည် ဖြစ်သည်။
“လူတိုင်းရဲ့ အတွေးကို ကျုပ် အရမ်းနားလည်ပါတယ်၊ ဒါကြောင့် ဆိုဝယ်လ်မြို့ကို မရောက်ခင်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း လာတဲ့အခါ၊ ဆိုဝယ်လ်မြို့မှာရှိတဲ့ မှော်စက်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်နိုင်မယ်လို့ မျှော်လင့်ကြောင်း မြို့စားအရှင်နဲ့ ဆွေးနွေးခဲ့တယ်။ ဒါက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ၀င်ငွေရစေရုံအတွက်လေးဆိုရငိ ကျုပ်ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်သွားလိမ့်မယ်။” ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
၎င်းကိုကြားသော် အနီးနားပတ်ဝန်းကျင်က လူများ အားလုံး၏ မျက်လုံးများ တောက်ပလာသည်
ဥက္ကဌဆမ်ဆွန်က ချက်ချင်းမေး၏ "ဆိုလိုတာက..... ဥက္ကဌရှု၊ ခင်ဗျားက ကျုပ်တို့ လုပ်ငန်းစုတွေကို မှော်စက်လုပ်ငန်းထဲ ဝင်ခွင့်ပြုဖို့ နည်းပညာတွေ ပေးဖို့ စီစဉ်နေတာလား။"
"ဟုတ်ပါတယ် ဘာလို့မဖြစ်ရမှာလဲ" ရှုယီက ခေါင်းညိတ်လိုက်သည်။ သူက ဥက္ကဌဆမ်ဆွန်အတွက် ရင်ဘတ်ထဲက စာအုပ်ငယ်တစ်အုပ်ကို ထုတ်လိုက်သည်။ “ဒီထဲမှာ ဒီတစ်ခေါက် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကနေ လွှဲပြောင်းပေးဖို့ ဆန္ဒရှိနေတဲ့ မှော်စက်နည်းပညာပါတယ်။ ဥက္ကဌဆမ်ဆွန်နဲ့ ဆိုဝယ်လ်မြို့က တခြားမိတ်ဆွေတွေလည်း ကြည့်လို့ရပါတယ်။ ခင်ဗျားတို့စိတ်ဝင်စားတဲ့ နည်းပညာအပိုင်းတွေရှိရင် ကျုပ်တို့ လုပ်ငန်းစုနဲ့ အချိန်မရွေး ဆွေးနွေးနိုင်ပါတယ်။”
ဥက္ကဌဆမ်ဆွန်သည် စာအုပ်ကို အမြန်ယူ၍ ကြည့်ရှုလာသည်။
အခြားဥက္ကဌက မစောင့်နိုင်တော့ဘဲ ဥက္ကဌဆမ်ဆွန်၏နောက်သို့ လိုက်လာပြီး သူ့လက်ထဲမှ စာအုပ်လေးကို ခေါင်းငုံ့ကာကြည့်လိုက်သည်။
ဥက္ကဌဆမ်ဆွန်နှင့် အခြားသော ဥက္ကဌများ၏ အသက်ရှုသံများ ပိုမိုပြင်းထန်လာသည်ကို ကြားလိုက်ရာ ရှုယီ၏မျက်နှာပေါ်ရှိ အပြုံးသည် ပိုကြီးမားလာ၏။
ဆိုဝယ်လ်မြို့မှာ ဘန်တာမြို့မှ ကီလိုမီတာ တစ်ထောင် ကွာဝေးသောကြောင့်၊ သယ်ယူပို့ဆောင်ရေးစနစ်မဖွံ့ဖြိုးသေးသော စိုင်စ်နယ်မြေကြီးအတွက် မိုးကုပ်စက်ဝိုင်းလောက် ဝေးကွာသည်ဟု သတ်မှတ်နိုင်၏။
ထို့ကြောင့် ဘန်တာမြို့နှင့် ပတ်ဝန်းကျင်မြို့များတွင် မှော်စက်မှုနယ်ပယ်မှာ ဖွံ့ဖြိုးလာသော်လည်း ဆိုဝယ်လ်မြို့တွင် မှော်စက်မှုလုပ်ငန်း၏ သဲလွန်စတစ်ခုမျှ မရှိသေးပေ။
မှော်စက်များသည်ပင် ကောင့်ထ်စီယန် မြို့စား ဖြစ်လာပြီးနောက်မှသာ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။
သို့သော် ထိုသို့ဆိုလျှင်တောင်၊ ၎င်းသည် ဘန်တာမြို့နှင့် မနှိုင်းယှဉ်နိုင်ပေ။ ၎င်းကို မှော်စက်လုပ်ငန်း၏ သဲလွန်စရှိသည့် အခြားမြို့အများစုနှင့် နှိုင်းယှဉ်၍မရချေ။
မည်သို့ပင်ဆိုစေကာမူ ဆိုဝယ်လ်မြို့၏လုပ်ငန်းစုများသည် သာမာန်လူများနှင့် နှိုင်းယှဉ်လျှင် ပိုမိုကောင်းမွန်သော သတင်းများရရှိပြီး မှော်စက်များသည် တိုင်းပြည်၏အခြားနေရာများတွင် ရေပန်းစားကြောင်း သဘာဝကျကျ သိထားကြသည်။ ဤသည်မှာ တိုင်းပြည်တော်၏ အလားအလာအကောင်းဆုံးစက်မှုလုပ်ငန်းဖြစ်ကြောင်း သိပြီးနောက်၊ ၎င်းတို့လည်း တစ်စိတ်တပိုင်းကို လိုချင်ခဲ့ကြသည်။
ရှုယီကိုသာ ကောင့်ထ်စီယန်မှ မဖိတ်ကြားဘဲ သူ့ထံမှ အပြည့်အဝ ထောက်ခံမှု မရပါက၊ ဤလုပ်ငန်းစုများသည် ကျပန်းလှုပ်ရှားဝံ့မည်မဟုတ်ပေ။ ရှုယီကို ဤပွဲသို့ ဖိတ်ကြားပြီး သူ့အကြံဉာဏ်များအား လိမ္မာပါးနပ်စွာ ပြောပြလိုသော ရိုးရှင်းသည့်နည်းလမ်းကို မသုံးခဲ့ဘဲ ရှုယီနှင့် ဆက်သွယ်ဖို့ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့ကြပါလိမ့်မည်။
၎င်းကိုတွေးပြီး ရှုယီဟာ အင်မတန်ကံကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
လွန်ခဲ့သောသုံးနှစ်က ဘန်တာမြို့တွင် Frestech ကုန်သည်ကြီးများအသင်းကိုဖန်တီးသောအခါ၊ အစပိုင်းတွင် အမျှော်အမြင်ရှိသော ကောင့်ထ်စီယန်နှင့်တွေ့ဆုံပြီး Frestech ကုန်သည်ကြီးများအသင်းကို ဤအတိုင်းအတာအထိ တိုးတက်စေခဲ့သည်။
ကောင့်ထ်စတက်ဂျ်မှ မြို့စား အဖြစ်တာဝန်ယူသောအခါခက်ခဲသောအချိန်အချို့ရှိသော်လည်း Frestech ကုန်သည်ကြီးများအသင်းတွင် အုတ်မြစ်ခိုင်မာပြီး ဘုရင်မ ဆယ်ဗီနီ၏ ပံ့ပိုးမှုလည်းရှိပြီးသားဖြစ်သည်။ ၎င်းတို့ တောင့်ခံထားနိုင်ရုံသာမကဘဲ ကောင့်ထ်စတက်ဂျ်၏ အတွေးအမြင်များကိုပါ တွန်းအားပေးပြောင်းလဲစေခဲ့သည်။
ယခု သူတို့သည်ဆိုဝယ်လ်မြို့တွင် ရှိနေကြပြီး ကောင့်ထ်စီယန် ၏ ပံ့ပိုးမှုကို ခံနေရသောကြောင့်၊ ဤအသေးအဖွဲအရာများကို ထည့်သွင်းစဉ်းစားရန် မလိုအပ်ဘဲ မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရမည်ကို အာရုံစိုက်နိုင်ခဲ့သည်။
ရှုယီ ၎င်းကို စဉ်းစားနေချိန်တွင် ဥက္ကဌဆမ်ဆွန်နှင့် အခြား ကုန်သည်များ စာအုပ်ငယ်ကို ဖတ်ပြီးသွားကြ၏။
ဥက္ကဌဆမ်ဆွန်က အခြားသူများကို စာအုပ်ပေးခဲ့ကာ ခဏလောက်စဉ်းစားပြီးမှ ရှုယီကို မေးလိုက်သည်။ "စာရင်းထဲက နည်းပညာစာရင်းထဲက ဥက္ကဌရှုတို့ Frestech ကုန်သည်ကြီးများအသင်းက လွှဲပြောင်းပေးဖို့ ဆန္ဒရှိတဲ့အရာတွေလား။"
“ဟုတ်ပါတယ်။ အတူတကွလုပ်ဆောင်ခြင်းနဲ့ပဲ ထုတ်လုပ်နိုင်တဲ့ အထူးတံဆိပ်အချို့ကလွဲပြီး တခြားနည်းပညာအပိုင်းတွေ လွှဲပြောင်းပေးဖို့ကို ဆွေးနွေးလို့ရပါတယ်။” ရှုယီက ခေါင်းညိတ်ကာ ပြောသည် "ဥက္ကဌဆမ်ဆွန်၊ ခင်ဗျားမှာ တခြားမေးစရာတွေရှိသေးလား"
"အွန်း.....ဥက္ကဌရှု၊ ကျုပ်တို့ စကားပြောဖို့ ဘေးကိုသွားလို့ရမလား?"
ရှုယီက သဘောတူပြီး ဥက္ကဌဆမ်ဆွန်နှင့်အတူ ဆိတ်ငြိမ်သော လသာဆောင်သို့ လျှောက်သွားသည်။
တံခါးကိုပိတ်ပြီးနောက် အတွင်းမှ အသံအားလုံး ပြတ်တောက်သွား၏။
လသာဆောင်က အမြင့်မဟုတ်သော်လည်း တတိယထပ်၌ ရှိနေဆဲဖြစ်ရာ အေးမြသောလေနုအေးကြောင့် အနည်းငယ်အေးလာသည်။
ရှုယီက လည်ပင်းကို နောက်သို့ကျုံ့လိုက်သည်အားမြင်သော် ဥက္ကဌဆမ်ဆွန်က တောင်းပန်သည့်အပြုံးဖြင့် ပြောလာသည် "တောင်းပန်ပါတယ် ဥက္ကဌရှု ၊ ကျုပ်မေးခွန်းကို တခြားသူတွေ ကြားလို့မရဘူးဆိုတော့ ခင်ဗျားကို ဒုက္ခပေးမိပြီ။"
"ဒါက အသေးအမွှားကိစ္စပါ၊ စိတ်ထဲထားနေစရာ မလိုပါဘူး" ရှုယီက လက်ခါလိုက်သည် "ကျုပ်သိချင်တယ်၊ ဥက္ကဌဆမ်ဆွန်မှာ ဘာမေးခွန်းရှိတာလဲ"
ဥက္ကဌဆမ်ဆွန်က မပြောမီ အနည်းငယ် တုံ့ဆိုင်းသွားသည် ။ " ဥက္ကဌ ရှု၊ ခင်ဗျားထုတ်ပေးခဲ့တဲ့ စာအုပ်ငယ်ထဲက စာရင်းကို ကျုပ် အလေးအနက်ထားကြည့်တော့ အိမ်သုံး မှော်စက်နဲ့ပတ်သက်တဲ့ နည်းပညာ အထက်က တခြား မှော်စက်နည်းပညာတွေကို မရနိုင်ဘူးဖြစ်နေတယ်။”
"အိုး?" ဥက္ကဌ ဆမ်ဆွန်က Frestech ကုန်သည်ကြီးများအသင်းကို ကောင်းကောင်း စုံစမ်းခဲ့လောက်သည်ဟု ယူဆသဖြင့် ရှုယီမှာ သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ထိုနည်းပညာတွေမှာ အိမ်သုံး မှော်စက်များနှင့် ဆက်နွယ်နေသည်ကို သူအမှန်တကယ်သိလေသည် "ဥက္ကဌဆမ်ဆွန်၊ ခင်ဗျားက တခြားနည်းပညာကို စိတ်ဝင်စားတာလား"
ဥက္ကဌဆမ်ဆွန်က အပြုံးဖြင့်ပြောသည်။ “တကယ်တော့ မှော်စက်တွေထက် နည်းပညာကို ပိုစိတ်ဝင်စားပါတယ်။ ဥပမာ... သံမဏိထုတ်လုပ်တဲ့နည်းပညာပေါ့။"
ရှုယီက မျက်လုံးများကို မှေးကျဉ်းကာ ပိန်ပိန်ပါးပါး သာမာန် နွမ်းလျနေသည့် အဘိုးအိုတစ်ယောက်လို ဖြစ်နေသော ဥက္ကဌဆမ်ဆွန်ကို ကြည့်လိုက်သည်။ သံမဏိထုတ်လုပ်ခြင်းသည် စက်မှုလုပ်ငန်းစနစ်၏ အခြေခံဖြစ်သည်ကို မြင်နိုင်သည့် သူ့မျက်လုံးများက အတော်လေး စူးရှသည်ဟု ထင်မိသည်။
ရှုယီက မည်သည်မှပြန်မပြောသည်ကိုမြင်တော့ ဥက္ကဌဆမ်ဆွန်က ဆက်ပြောသည်။ "ဥက္ကဌရှု ၊ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက အိမ်သုံး မှော်စက်နည်းပညာကို လွှဲပြောင်းတဲ့အခါ ရွှေဒင်္ဂါးသိန်းပေါင်းများစွာ ကောက်ခံတယ်လို့ ကြားသိရပါတယ်၊ စျေးအကြီးဆုံးက ရွှေဒင်္ဂါးငါးသိန်းထက် မပိုဘူးမဟုတ်လား”
"မှန်ပါတယ်။"
ရှုယီအနေနှင့် ဤဥက္ကဌ ဆမ်ဆွန်မှာ Frestech ကုန်သည်ကြီးများအသင်းကို စုံစမ်းနေပြီးဖြစ်ကြောင်း ပို၍ပင် သေချာသွားသည်၊ မဟုတ်ပါက သူဟာ ဤသို့ ရှင်းလင်းစွာ သိနေမည်မဟုတ်ပေ။
ထိုသို့တွေးရင်း ရှုယီဟာ ဥက္ကဌဆမ်ဆွန်ကို အနည်းငယ်သတိထားနေခဲ့သည်။
သူဟာ ရှင်းရှင်းလင်းလင်း စုံစမ်းပြီး သံမဏိထုတ်လုပ်သည့် နည်းပညာကိုတောင် ပြောခဲ့သည်ဖြစ်ရာ၊ သူ့၏ပန်းတိုင်က မည်သည်နည်း။
ဥက္ကဌဆမ်ဆွန်က တစ်လှမ်းချင်း နီးကပ်လာကာ ရှုယီသာ ကြားနိုင်သည့် အသံဖြင့် သူ့အသံကို လျှော့လိုက်သည် ။ "ဥက္ကဌရှု၊ ခင်ဗျားသာ ကျုပ်ဆီ သံမဏိထုတ်လုပ်တဲ့နည်းပညာကို လွှဲပြောင်းချင်တယ်ဆိုရင် အခကြေးငွေအနေနဲ့ ရွှေဒင်္ဂါးတစ်သန်း ပေးချေဖို့ ဆန္ဒရှိပါတယ်။ ခင်ဗျားဘယ်လိုထင်လဲ?"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၃၉။ လွှဲပြောင်းမရနိုင်သော အမြုတေနည်းပညာ
"ရွှေဒင်္ဂါးတစ်သန်း?" ကောင့်ထ်စီယန်က နှာမှုတ်ကာ၊ "ဒီ ဆမ်ဆွန်ကတော့၊ ကျုပ် သူနဲ့ ဆိုဝယ်လ်မြို့ ပြန်လည်မွမ်းမံရေးအကြောင်းဆွေးနွေးတုန်းက ဒီစီမံကိန်းကို ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ ဦးဆောင်စေချင်ခဲ့ပေမယ့် သူက တတ်နိုင်သမျှ နည်းလမ်းတိုင်းနဲ့ ရှောင်ခဲ့တယ်။ ဒီ မိုင်ယာဒါလုပ်ငန်းစုမှာ ဒီလောက်ပမာဏမရှိဘူးလို့တောင် ပြောခဲ့သေးတာ။ အခု သူက ဒီနည်းပညာလေးအတွက်နဲ့ တစ်သန်းထုတ်လာတယ်ပေါ့လေ?"
ရှုယီက အသာပြုံးကာပြောသည်၊ "မြို့စားအရှင်၊ မြို့တည်ဆောက်ရေးစီမံကိန်းက သူ့လုပ်ငန်းစု ကိစ္စမဟုတ်တော့ ငွေမထုတ်ချင်ဘူးပေါ့။ သံမဏိထုတ်လုပ်ရေးနည်းပညာအတွက်ကတော့.... တကယ်တမ်း တစ်သန်းက အရမ်းနည်းနေတယ်လို့ ခံစားနေရတယ်။"
"တစ်သန်းက ခင်ဗျားအတွက် အရမ်းနည်းတယ်ပေါ့?" ကောင့်ထ်စီယန်က ရှုယီကို အံ့ဩစွာကြည့်လာသည်၊ "သံမဏိနည်းပညာက အဲ့လောက်အများကြီး ထိုက်တန်တယ်လား?"
"ဒါပေါ့။" ရှုယီက အတိအကျခေါင်းငြိမ့်သည်၊ "မြို့စားအရှင်၊ မိုးကျတောင်ကြားမှာရှိတဲ့ ကျုပ်တို့ လုပ်ငန်းစုရဲ့ သံမဏိစက်ရုံနှစ်ရုံကို သိလောက်မယ်ထင်တယ်?"
"အင်း၊ ဒုတိယစက်ရုံက ကျုပ်ထွက်သွားချိန်တုန်းက မပြီးသေးဘူး။ ဘာလဲ? အခု စတင်ထုတ်လုပ်နေပြီလား?" ကောင့်ထ်စီယန်က မေးသည်။
"ဟုတ်တယ်။" ရှုယီက အဓိပ္ပာယ်ပါပါပြုံးကာ၊ "မြို့အရှင် ကျုပ်တို့ လုပ်ငန်းစုအနေနဲ့ အဲဒီ့ သံမဏိစက်ရုံနှစ်ရုံကနေ အရင်နှစ်က ဘယ်လောက် အမြတ်အစွန်းရခဲ့လဲ ခန့်မှန်းနိုင်လား?"
ကောင့်ထ်စီယန် မျက်မှောင်ကုပ်၍ တွေးဆဆဖြင့်ပြောလာသည်၊ "ခင်ဗျားရဲ့ ဝင့်ကြွားနေဟန်ကိုကြည့်ရရင် မနည်းလောက်ဘူး။ တစ်နှစ်အတွင်း.... အရင်က သံမဏိစက်ရုံတစ်ရုံရဲ့ လစဉ်အမြတ်ငွေက ရွှေဒင်္ဂါးတစ်သိန်းရှိတယ်လို့ ခင်ဗျားပြောခဲ့ဖူးတယ်။ ဒါဆို အရင်ကထက် ပိုကြီးလာပြီဆိုတော့ တစ်လကိုနှစ်သိန်းလောက်ရှိမယ်၊ ဒီတော့ တစ်နှစ်ကို....."
စိတ်ထဲတွက်ချက်ပြီးနောက် ကောင့်ထ်စီယန်မှာ အံ့ဩသွားသည်။
သူ၏ တွက်ချက်မှုနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ သံမဏိစက်ရုံများမှ တစ်လလျှင် ရွှေဒင်္ဂါးသုံးသိန်းမှ လေးသိန်းနီးနီးဝင်ကြောင်း သိလိုက်ရသည်!
တစ်နှစ်လုံးသာ တူညီသည့် အမြတ်ငွေရနေခဲ့လျှင် ထိုအဓိပ္ပာယ်က သံမဏိစက်ရုံနှစ်ရုံနှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ အမြတ်ငွေ ရွှေဒင်္ဂါး လေးသန်းမှ ငါးသန်းရသည့် အဓိပ္ပာယ်မဟုတ်ပေဘူးလား?
ကောင့်ထ်စီယန်မှာ ထိုအရေအတွက်ကြောင့် လုံးဝအံ့ဩသွားသည်။
သူ ဘန်တာမြို့ မြို့စား ဖြစ်ခဲ့သည့် နှစ်နှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ လျင်မြန်စွာ ဖွံ့ဖြိုးလာသော်လည်း ၎င်းတို့၏ နောက်ခံနှင့် အရည်အချင်းများသည် ရှေးလုပ်ငန်းစုများနှင့် ကိုက်ညီနိုင်သည်ဟု သူထင်ခဲ့သည်။
သို့သော် ယခုကြည့်လိုက်ပါက Frestech ကုန်သည်ကြီးများအသင်းကို အသစ်တည်ထောင်ပြီးကတည်းက ၎င်းလုပ်ငန်းစုတို့၏ ကျောထောက်နောက်ခံက မကောင်းတော့သည်ကို တွေ့ရသည်။ လုပ်ငန်းစုတစ်ခု၏ အင်အားကို အကြီးမားဆုံးကိုယ်စားပြုမှုအရ၊ အမြတ်အစွန်းအရ၊ ၎င်းတို့သည် ဘန်တာမြို့ရှိ အခြားလုပ်ငန်းစုများအားလုံးကို ကျော်လွန်သွားနိုင်သည်။
Frestech ကုန်သည်ကြီးများအသင်းသည် သံမဏိစက်ရုံနှစ်ရုံမှ တစ်နှစ်လျှင် လေးသန်းမှ ငါးသန်းအထိ ဝင်ငွေရနိုင်သည်။ ၎င်းတို့၏ ကြောက်စရာကောင်းသည့် အမြတ်ငွေများနှင့် အခြားမှော်စက်များဆီမှ ပမာဏများကိုပါ ပေါင်းထည့်လျှင် Frestech ကုန်သည်ကြီးများအသင်းဟာ တစ်နှစ်ကို ရွှေဒင်္ဂါးဆယ်သန်းကျော် ရရှိနေသည့် အဓိပ္ပာယ်ပင်။
"ဒါက.....အမြတ်ကို ကောင်းတယ်လို့ ယူဆနိုင်ပေမယ့် မြို့စားအရှင် ကျုပ်တို့လုပ်ငန်းစုက တခြားနေရာတွေမှာ အသုံးများတယ်။" ရှုယီက သမ်းဝေကာ ဆက်ပြောသည် ။ “ကြည့်လိုက်၊ ဆိုဝယ်လ်မြို့ ရင်းနှီးမြုပ်နှံမှုမှာ ကျုပ်တို့ရဲ့ ကနဦးခန့်မှန်းချက်က ရွှေဒင်္ဂါးတစ်သန်း ဖြစ်နေပါပြီ။ အားလုံးပေါင်းလိုက်ပြီးရင် အနည်းဆုံး ရွှေဒင်္ဂါးငါးသန်းလောက်တော့ သုံးရမယ်လို့ ထင်တယ်။"
ကောင့်ထ်စီယန်က သူ့ကို စူးစူးရဲရဲစိုက်ကြည့်ပြီး အေးစက် နှာမှုတ်ကာပြောသည်၊ "မင်းကို ကျုပ်နားမလည်ဘူးလို့ ထင်နေတာလား။ ကောင်လေး၊ မင်းရဲ့ အရည်အချင်းတွေနဲ့ဆို မင်း ရင်းနှီးမြှုပ်နှံထားတာထက် အဆပေါင်းများစွာ ပြန်ရနိုင်မယ်ဆိုတာ သေချာပါတယ်။"
ရှုယီက ရယ်မောလိုက်ပြီး မငြင်းဆန်ခဲ့ပေ။
ကောင့်ထ်စီယန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ကောင်းပြီ၊ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ပိုဝင်ငွေရနေတာ ကောင်းပါတယ်၊ ကျုပ်အတွက် ပိုအကျိုးရှိတာပေါ့။ တကယ်က မင်းတို့တွေ ဒီထက်မက ဝင်ငွေတွေ ပိုရနေတာကို မြင်ချင်တယ်။ ဒါပေမယ့် ရှုယီ၊ မင်း သံမဏိထုတ်လုပ်တဲ့နည်းပညာကို မိုင်ယာဒါ လုပ်ငန်းစုဆီ လွှဲပြောင်းပေးဖို့ စီစဉ်နေလား။"
ရှုယီက ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး၊ ကျုပ်ပြောပြီးပြီ၊ ရွှေဒင်္ဂါးတစ်သန်းက အရမ်းနည်းတယ်။ ဒီဥက္ကဌဆမ်ဆွန်က ရဲဝံ့ပြီး အမြော်အမြင်ရှိပေမယ့်လည်း အနာဂတ် သံမဏိထုတ်လုပ်ရေးနည်းပညာကနေ ရမယ့် ကြီးမားတဲ့အမြတ်အစွန်းကို သူမမြင်သေးဘူး။"
"ဒါဆို သူဈေးပိုပေးရင် ရောင်းမှာလား"
“မရောင်းသေးဘူး။” ရှုယီက လေးနက်သော အကြည့်ဖြင့် မပြောမီ ပြုံးပြလိုက်သည်။ “ကျုပ်တို့လုပ်ငန်းစုအတွက်၊ လွှဲပြောင်းနိုင်တဲ့ နည်းပညာတွေ အများကြီးရှိပေမယ့် မလုပ်နိုင်သေးတဲ့ နည်းပညာတွေရှိတယ်။ အဲဒီထဲက တစ်ခုက သံမဏိထုတ်လုပ်တဲ့ နည်းပညာပဲ။"
ကောင့်ထ်စီယန် အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ “ဘာလို့လဲ။ သံမဏိပြုလုပ်တာ အရမ်းရိုးရှင်းတယ်လို့ ကျုပ်ထင်တယ်၊ အိမ်သုံး မှော်စက်များနဲ့ ယှဉ်ရင်တောင် လေ့လာဖို့က သိပ်ရှုပ်ထွေးတော့၊ အိမ်သုံး မှော်စက်နည်းပညာကို လွှဲပြောင်းလို့ပြီး သံမဏိထုတ်လုပ်တဲ့နည်းပညာကိုကျ ဘာကြောင့် လွှဲပြောင်းလို့မရနိုင်တာလဲ။”
“ဘာလို့လဲဆိုတော့ သံမဏိထုတ်ကုန်တွေဟာ စက်မှုလုပ်ငန်းရဲ့ အခြေခံအုတ်မြစ်ဖြစ်လို့ပါ။ သံမဏိထုတ်လုပ်ခြင်းက မှော်စက်လုပ်ငန်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ဒါကိုသာလွှဲပြောင်းလိုက်ရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ကြီးမားတဲ့အားသာချက်ကို ဆုံးရှုံးသွားလိမ့်မယ်။” ရှုယီက ပြောသည် “ဒါ့အပြင် တခြားလုပ်ငန်းစုတွေကို ဒီနည်းပညာ ပေးရမှာ စိတ်မသက်သာဘူး။ သတ္တုတွေက မှော်စက်လုပ်ငန်းမှာ အရေးကြီးဆုံးအရာတွေပဲ၊ အထူးသဖြင့် သံမဏိပေါ့။ အသုံးပြုရမယ့်နေရာ များပြားလွန်းတော့ အရည်အသွေး ချို့တဲ့သွားရင် မှော်စက်လုပ်ငန်းကို အကြီးအကျယ် ထိခိုက်သွားမှာပဲ။ သေချာပေါက် ဒါကို ခွင့်ပြုမှာမဟုတ်ဘူး။”
ရှုယီ၏ မျက်နှာထက်မှ လေးနက်သောအကြည့်ကို မြင်သော် ကောင့်ထ်စီယန်က အသာ ခေါင်းညိတ်ပြသည်။
"မင်း ဒီလိုစဉ်းစားရင် ခင်ဗျားရဲ့အကြံဉာဏ်တွေကို ကျုပ်တို့လိုက်လုပ်မှာပါ။ မှော်စက်မှုနယ်ပယ်ကို မင်းတစ်ယောက်တည်းက တည်ဆောက်ထားတာဆိုတော့ မင်းကလွဲလို့ တခြားအရည်အချင်းပြည့်မီတဲ့သူ မရှိတော့ဘူး။"
"မြို့စားအရှင်ရဲ့ ခွင့်ပြုချက်အတွက် ကျေးဇူးအများကြီးတင်ပါတယ်။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ပြောသည်"ဒါပေမယ့် မြို့စားအရှင်၊ ကျုပ် သံမဏိထုတ်လုပ်တဲ့နည်းပညာကို လွှဲပြောင်းဖို့ မစီစဉ်ထားပေမယ့်၊ ဒီမှာ သံမဏိစက်ရုံတစ်ခုဆောက်ဖို့ စီစဉ်နေတာ။ ကျုပ်တစ်ယောက်တည်း ရင်းနှီးမြုပ်နှံဖို့ မပြင်ဆင်ခင်မှာဘဲ ဥက္ကဌဆမ်ဆွန်က သံမဏိထုတ်လုပ်ရေးနည်းပညာကို ဝယ်လိုကြောင်းကြားတော့၊ ကျုပ်ဆီမှာ ပိုကောင်းတဲ့ အကြံဉာဏ်တစ်ခုရလာပြီး ခင်ဗျားအတွက် အရမ်းအထောက်အကူဖြစ်လောက်တယ်”
ကောင့်ထ်စီယန်က စိတ်ဝင်စားလာပြီး “အိုး? ပြောပါဦး?"
ရှုယီက မြေခွေးအိုလို အမူအရာပြရင်း ရယ်မောလိုက်သည်။
"မြို့စားအရှင်၊ ခင်ဗျား ဒီသံမဏိစက်ရုံရဲ့ စတော့ရှယ်ယာတွေဝယ်ဖို့ စီစဉ်နေတာလား"
ရှုယီဟာ ကောင့်ထ်စီယန် နှင့် စကားပြောအပြီးတွင် အနားယူဖို့ အခန်းထဲပြန်သွားရန်ဘဆုံးဖြတ်လိုက်သည်။
ယမန်နေ့ညက ညနောက်ကျသည်အထိ နေခဲ့ပြီး ယနေ့ ခပ်စောစောကြီးနိုးလာရာ အင်မတန်ပင်ပန်းနေသည်။
မတိုင်ခင်က သူ့ထံ၌ လုပ်စရာများစွာရှိသည့်အတွက် ထိန်းထားခဲ့ရသည်။
ယခုမူကား လုပ်စရာမရှိတော့လေရာ ပင်ပန်းမှုက သူ့အား လိုက်မှီလာသည်။
ခြံဝန်းလေးထဲကို ဝင်လိုက်သော် လင်ဒါက မနေ့က သူ့အဝတ်အစားများအား လျှော်နေသည်ကို တွေ့လိုက်ရသည်။
လင်ဒါ၏မျက်နှာနှင့် မျက်မှောင်ကုပ်ကာ နာကျင်နေဟန်ဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်ကိုမြင်လိုက်ရသော် ရှုယီက ချက်ချင်းရောက်လာပြီး ရေကန်ထဲသို့ဝင်ရန် ပြင်ဆင်နေသော သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူက အော်လိုက်လေ၏ “မင်း ရူးနေလား? မင်းဘာလို့မနားဘဲ ဘာတွေလုပ်နေတာလဲ!"
သူ့လက်ကို ရေထဲထည့်လိုက်ပြီး ရှုယီက သူ့မျက်မှောင် ပိုကုပ်လိုက်သည်။
"ရေက အေးတာပဲ၊ မင်းကိုယ့်ကိုယ်ကို ဂရုမစိုက်ဘူးလား"
ရှုယီက လင်ဒါကို အခန်းထဲသို့ ခေါ်သွားကာ လက်နှင့် ခန္ဓာကိုယ်ပေါ်ရှိ ရေများကို သုတ်ရန် မျက်နှာသုတ်ပုဝါကို ယူလိုက်သည်။
"ကဲ.....အခု.....မင်းခန္ဓာကိုယ်က အားနည်းနေတယ်၊ ဘယ်လိုလုပ် အလုပ်လုပ်နေတလဲ။ မင်းက မင်းခန္ဓာကိုယ်ကို လုံးဝဂရုမစိုက်ဘူးပဲ။ အဝတ်လျှော်ရုံတာလေးတင်ကို မြို့စားအိမ်တော်က အစေခံတွေ ကိုင်တွယ်ဖို့ ပေးလိုက်ပါလား။"
ရှုယီက သူမကို ဂရုတစိုက်ဖြင့် ရှူးရှူးရှားရှားဖြစ်ကာ မျက်နှာပေါ် စိုးရိမ်နေဟန်ကို မြင်လိုက်ရသော် လင်ဒါ၏ မျက်လုံးများ ရီဝေသွားသည်။ သူမ နှလုံးခုန်သံ တစ်ချက်ချော်သွားပြီး ရှုယီကို မနေနိုင်ဘဲ တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်။
“သခင်လေး၊ နောက်ဆုံးတော့ နားလည်ပါပြီ… သခင်မက ရှင့်ကို ဘာလို့ အရမ်းသဘောကျနေတယ်ဆိုတာကိုပေါ့။ ရှင်က တကယ်ကို ကမ္ဘာပေါ်မှာ အကောင်းဆုံးလူပဲ။ ကျွန်မရှင့်ဆီ.....ကျွန်မခန္ဓာကိုယ်ကို ပေးလိုက်တာဟာ ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ!"
ရှုယီက မနေနိုင်ဘဲ ရယ်မောကာ “ကောင်းပြီ၊ စိတ်လှုပ်ရှားနေတာကို ရပ်လိုက်ပြီး အနားယူလိုက်ပါ။ အခုလေးတင်မှ.....အွန်း.....အဲဒါက၊ မင်းကိုယ်မင်း ဂရုစိုက်ရမယ်။ မြို့စားအရှင်ကို ခနနေမှ အစေခံတွေပို့ခိုင်းလိုက်မယ်၊ နောက်ရက်အနည်းငယ်မှာ မင်း ဘာမှလုပ်စရာ မလိုဘူး"
“ဒါပေမယ့် ကျွန်မ သခင့်အတွက် အဝတ်လျှော်ရတာ ကြိုက်တယ်......” လင်ဒါက တိုးတိုးလေးပြောလိုက်သည်။
"ဒါဆို မင်း ရက်နည်းနည်းစောင့်လို့ရတယ်။" ရှုယီက စိတ်မကောင်းစွာပြောလိုက်သည် "ကောင်းပြီ၊ အနားယူလိုက်ဦး၊ ငါ မြို့စားအရှင်ကို သွားတွေ့လိုက်မယ်......"
"မလိုပါဘူး၊ အစေခံ လိုအပ်ရင် ကျွန်မ နှစ်ယောက်လေလောက်ငှားပေးလို့ ရပါတယ်" နောက်ကွယ်မှ ကြည်လင်ပြီး ချစ်စရာကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
ရှုယီလှည့်ကြည့်လိုက်သော် မင်းသမီးလေးကာရိုလင်းက ယနေ့တွင် တင်းကျပ်သော သားမွေးအင်္ကျီကို ဝတ်ထားသည်ကို တွေ့လိုက်ရသည်။ သူမခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသော်လည်း၊ ခလှပသော ကောက်ကြောင်းများအားလုံးကို ထုတ်ဖော်ပြသနေဆဲဖြစ်သည်။ ၎င်းက လူတွေအား သူမရဲ့ နှင်းဖြူရောင် လည်ပင်းအောက်၌ ရှိသည်ကို သိလိုစွာ ငုံ့ကြည့်စေချင်အောင်ပြုလုပ်နေ၏။
သို့သော် မနေ့က ပန်းတစ်ပွင့်လို အပြုံးနှင့် နှိုင်းစာရလျှင် မင်းသမီးလေးကာရိုလင်းထံ၌ ဖုံးကွယ်ထားသည့် ခါးသီးသော အကြည့်မျိုး ရှိနေသည်။ ရှုယီက သူမကို အမှားလုပ်ထားမိသလိုမျိုး ရှုယီကို စိုက်ကြည့်ရင်း နှုတ်ခမ်းကို စေ့ပိတ်ထားသည်။
ရှုယီက သူမအား အနည်းငယ် ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ပြီးနောက် ဒရိက်ခ်နယ်မြေမှ သူမနောက်သို့ လိုက်လာသော အိမ်အကူနှစ်ယောက်ကို တွေ့လိုက်ရသဖြင့် ခေါင်းယမ်းလိုက်သည်။ “ခင်ဗျားရဲ့ ကောင်းတဲ့ရည်ရွယ်ချက်တွေကို ကျုပ် ငြင်းရလိမ့်မယ်။ အိမ်မှုကိစ္စတွေကို ကိုင်တွယ်ဖို့ အစေခံတစ်ယောက်ပဲလိုတယ်၊ ခင်ဗျားရဲ့ အစေခံတွေအတွက် အဆင်မပြေနိုင်ဘူးလေ။”
မင်းသမီးလေးကာရိုလင်းက ရှုယီကို ကြည့်ကာ “ဘာလဲ? ဘာအဆင်မပြေတာလဲ? ဥက္ကဌရှု က မထိန်းနိုင်ဘဲ ကျွန်မအစေခံတွေကို တစ်ခုခုလုပ်မိမှာကို စိုးရိမ်နေတာလား။ ဟုတ်ပါတယ် ရှင်တကယ်လုပ်ချင်ရင်လည်း ငါစိတ်ထဲမထားဘူး။ ကျွန်မ အစေခံနှစ်ယောက်ကတော့ ရှင့်ရဲ့ အစေခံဖြစ်ဖို့ ဆန္ဒ ရှိလိမ့်မယ်လို့ ကျွန်မထင်တယ်"
မင်းသမီးလေးကာရိုလင်း လင်ဒါအား လက်ညိုးလေး ညွှန်ပြသည်ကို မြင်သောအခါ ရှုယီ အနည်းငယ် လန့်သွားသည်။ မင်းသမီးလေးကာရိုလင်းမှာ သူနှင့်လင်ဒါကြားတွင် တစ်ခုခုဖြစ်ခဲ့သည်ကို သိနေလောက်သည်။
ထိုသည်ကိုတွေးပြီး ရှုယီ၏မျက်နှာက အနည်းငယ်နီရဲသွား၏။ သူက ချောင်းဟန့်လျက် လက်ခါပြရင်း “ခင်ဗျား ဘာတွေ ပြောနေတာလဲ၊ ကျုပ်က ခင်ဗျားရဲ့အစေခံကို ဘာလုပ်ရမှာလဲ။ သူတို့က ခင်ဗျားရဲ့ အစေခံတွေဖြစ်တဲ့အတွက် သူတို့ကိုသုံးဖို့ အဆင်မပြေဘူးလို့ ခံစားရတယ်။ ကျုပ် မြို့စားအရှင်ကိုပဲ သွားပြောလိုက်ပါ့မယ်။"
မင်းသမီးလေးကာရိုလင်းက သက်ပြင်းတစ်ချက်ချရင်း ခေါင်းကို ဖြည်းညှင်းစွာခါလိုက်ပြီး "ဥက္ကဌရှု ၊ ရှင် ကျွန်မကို ဒီလို ယဉ်ကျေးဖို့ တကယ်လိုတာလား"
ရှုယီကို နောက်တစ်ကြိမ်ကြည့်ပြီးနောက် သူမလက်ကို ဝှေ့ယမ်းလိုက်ရာ သူမနောက်မှ အစေခံနှစ်ယောက်မှာ ထွက်သွားသည်။
“ဒီအကြောင်း မပြောရအောင်။ ဥက္ကဌရှု ၊ ဒီတခေါက် ရှင်နဲ့ လေးလေးနက်နက် ကိစ္စတွေကို ဆွေးနွေးဖို့ ရောက်နေတာ။"
သူမ၏ လေးနက်သောအမူအရာကိုမြင်လိုက်ရတော့ ရှုယီက လင်ဒါအား "ကောင်းပြီ၊ မင်းသွားအနားယူတော့"
လင်ဒါသည် အခန်းထဲသို့ ပြန်မဝင်မီမင်းသမီးလေးကာရိုလင်းကို ဦးညွှတ်လိုက်သည်။
လင်ဒါ ပြန်သွားသောအခါ မင်းသမီးလေးကာရိုလင်းက ရှုယီရှေ့သို့ ရုတ်တရက် ရောက်လာ၏။ သူမက တစ္ဆေဆန်ဆန်ပြုံးကာ စိုက်ကြည့်နေသော်လည်း မျက်လုံးများထဲတွင် ဝမ်းနည်းမှုအပြည့်ရှိနေသည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၄၀။ ဆင်တူသည့် မိန်းကလေးနှစ်ဦး
ရှုယီမှာ မင်းသမီးလေးကာရိုလင်းထံမှ စိုက်ကြည့်ခံနေရသဖြင့် နေရမခက်ဘဲ မနေနိုင်စွာ ခေါင်းလှည့်လိုက်သည်။
သို့သော် ခေါင်းလှည့်လိုက်ချိန်တွင် မင်းသမီးလေးကာရိုလင်းက သူ၏ခါးကို လှမ်းဆွဲလျက် အားအပြည့်ဖြင့် လိမ်လိုက်သည်။
ရှုယီလည်း သတိလွတ်ကာ နာကျင်စွာ မျက်နှာရှုံ့တွလာပြီးနောက် မင်းသမီးလေးကာရိုလင်းကို တအံ့တဩကြည့်လိုက်၏။
ဤ လှုပ်ရှားမှုမှာ ယခင်ကမ္ဘာမြေရှိ TV၌ မြင်ခဲ့ရပြီး ဝတ္ထုများ၌ ဖတ်ခဲ့ရသည့် ချစ်သူကောင်မလေးက ချစ်သူကောင်လေးကို အပြစ်ပေးရန်သုံးသည့် အံ့ဖွယ်အကွက်လေးမဟုတ်ပါလား?
ပြဿနာမှာ မင်းသမီးလေးကာရိုလင်းက သူ၏ချစ်သူကောင်မလေးမဟုတ်လေရာ အဘယ်ကြောင့် ထိုသို့ပြုမူနေသနည်း?
ထို့အပြင် သူဟာ ယခင်က စိုင်စ်နယ်မြေကြီးရှိ ထုံးတမ်းများ၌ ၎င်းကိုမကြားခဲ့ဖူးလေရာ မည်သည့်နေရာက ၎င်းကို သင်ယူလာခဲ့သနည်း....
ရှုယီ မမေးနိုင်ခင်တွင် မင်းသမီးလေးကာရိုလင်းက ခါးသီးဟန်အပြည့်ဖြင့် အေးစက်စက်နှာမှုတ်လိုက်သည်၊ "မနေ့ညက ကျွန်မ အခန်းထဲမှာ အကြာကြီးစောင့်နေခဲ့ပေမယ့် ရှင်နဲ့ ရှင်ရဲ့အစေခံမလှလှလေးက တစ်ညလုံးအိပ်ရာထဲမှာရှိနေတဲ့အကြောင်း ကြားရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး! ဟမ့်! ဥက္ကဌရှု၊ ရှင့်ရဲ့ လေးနက်ပြီး တသီးတသန့်နေတတ်တဲ့ ပုံစံအရ ရှင်က အိပ်ရာဝင်ပြီးရင် အရမ်းရက်စက်တယ်လို့ ကျွန်မမပြောနိုင်ဘူး။ ရှင်အရမ်းနောက်ကျသွားလို့ ကျွန်မ မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူး။ ကျွန်မကို ဘယ်လိုပြန်ဆပ်ရမလဲ ပြော?"
ရှုယီမှာ မင်းသမီးလေးကာရိုလင်း၏ အနိုင်ကျင့်နေဟန်ကြောင့် ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ။ မြို့စားအိမ်တော်နံရံတွေရဲ့ အကာအကွယ်တွေက တကယ်အဲ့လောက်ဆိုးတာလား? လင်ဒါနဲ့ သူ့ရဲ့ညအချိန်ကိုတောင် တကယ်ကြီး ဘေးခြံက မင်းသမီးလေးကာရိုလင်းပါ ကြားသွားတယ်။
မည်သည် ဖြစ်ပွားခဲ့မှန်း သိခဲ့သဖြင့် ယနေ့ သူမထံ၌ ခါးသီးဟန်ရှိနေသည်က မဆန်းပေ။
ကောင့်ထ်စီယန်က ၎င်းတို့ အလွယ်တကူ ဆက်သွယ်နိုင်ရန် ရည်ရွယ်ချက်ရှိရှိ မင်းသမီးလေးကာရိုလင်းကို သူ၏ ဘေးခြံ၌ ထားခဲ့သော်လည်း ထိုသို့သော ပြဿနာမျိုးဖြစ်လာမည်ကို မျှော်လင့်ထားရဲ့လား?
ယမန်နေ့ညက သူနဲ့ လင်ဒါတို့ ပြုလုပ်ခဲ့သည့် အရာနှင့် မင်းသမီးလေးကာရိုလင်းက အရာအားလုံးကို ကြားခဲ့ရသည့် အကြောင်းကို စဉ်းစားရင်း ရှုယီ မျက်နှာ၌ မထိန်းနိုင်တော့ဘဲ ရှက်ရွံ့မှုတို့ဖြင့်ပြည့်သွားသည်။
"ဒါက..... အဟမ်း....ကျုပ်က သာမန်ယောက်ျားတစ်ယောက်ပဲဆိုတော့......" ရှုယီက တွန့်ဆုတ်စွာ ရှင်းပြလာသည်၊ "ဒီလိုဖြစ်လာဖို့က ပုံမှန်ပါပဲ....."
မင်းသမီးလေးကာရိုလင်းက နှာမှုတ်ကာ “ဘာလို့ အချိန်ကို ဘယ်လိုရွေးရမှန်း မသိတာလဲ၊ မနေ့ညကို ဘာလို့ ရွေးခဲ့တာလဲ။ ကျွန်မ မသိဘူးလို့ မထင်နဲ့ မနေ့ညက ရှင့်အစေခံလေးရဲ့ အပျိုစင်ဘဝကို ရှင် ရှင်းရှင်းလင်းလင်း ယူလိုက်ပြီ။ ပြော၊ ဘာလို့ မနေ့ည ဖြစ်ရတာလဲ။ ရှင် သူမနဲ့ရှိတုန်းက ဒီလိုတစ်ခါမှမလုပ်ဖူးဘူး၊ ဘာလို့ ကျွန်မကိုတွေ့ပြီးမှ လုပ်ဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။ ရှင် ကျွန်မကို စိတ်ဆိုးအောင် တမင်ကြိုးစားနေတာလား။"
မင်းသမီးလေးကာရိုလင်း၏ ဒေါသထွက်နေသော အသွင်အပြင်ကို မြင်လိုက်ရသော် ရှုယီက ခေါင်းခါလိုက်ရင်း သက်ပြင်းတစ်ချက်ချကာ “မင်းသမီးလေး ဒါကို ကျုပ်က ခင်ဗျားအမှားလို့ ပြောရင် ယုံမှာလား?"
"ကျွန်မ အမှား? ဘယ်လိုဖြစ်ရတာလဲ.....” မင်းသမီးလေးကာရိုလင်းက ရုတ်တရက် ရပ်တန့်သွား၏။ သူမက စဉ်းစားရင်း ရယ်မောကာ၊ "နားလည်ပါတယ် ဟားဟား......ဟမ့် ဥက္ကဌရှု ၊ ရှင်က ကျွန်မ ကျီစယ်တာကို မတောင့်ခံနိုင်ပေမယ့် ကျွန်မကိုလိုက်ရှာရမှာ ရှက်လွန်းလို့၊ ဒါနဲ့ပဲ ရှင့်ရဲ့အစေခံအပေါ် ပုံချ ရယူလိုက်တာလား?"
ရှုယီက မျက်မှောင်ကုပ်ကာ "လင်ဒါအကြောင်း ဘာမှ မပြောပါနဲ့။ သူမက ကျုပ်ရဲ့ အမည်အရ အစေခံဖြစ်နေပေမယ့်လည်း၊ သူမကို မိသားစုဝင်အဖြစ် အမြဲဆက်ဆံခဲ့တာ။ ဒီကိစ္စက မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ဖြစ်လာမယ့် ကိစ္စဖြစ်တာကြောင့် ပုံချတာနဲ့ လုံးဝ မသက်ဆိုင်ဘူး။”
"ကောင်းပြီ ကျွန်မအမှားပါ တောင်းပန်ပါတယ်" မင်းသမီးလေးကာရိုလင်းက ပြုံးပြုံးလေး ပြောသည်။ သူမက ရှုယီ၏ရင်ဘတ်ကိုထိကာ ချစ်စရာကောင်းသော မျက်လုံးကြီးများဖြင့် သူ့ကိုကြည့်၍ ပြောသည်၊ "ဒါပေမယ့် ဥက္ကဌရှု ၊ ကျွန်မအရင်ကတည်းက ရှင်းရှင်းလင်းလင်းပြောထားပြီးပြီ ရှက်စရာဘာတွေရှိလို့လဲ။ ရှင်တကယ်မထိန်းနိုင်ရင် ကျွန်မတံခါးကိုခေါက်နိုင်တယ် ဒါမှမဟုတ် နံရံကိုကျော်လာလို့ရတယ် ကျွန်မရှင့်ကိုတကယ်ကြိုဆိုပါတယ်။"
ရှုယီက လေးလေးနက်နက် ကြည့်ကာပြောလာသည် “မင်းသမီးလေး၊ ခင်ဗျားက ကျုပ်နှလုံးသားကို လှုပ်ခတ်သွားစေပြီး အင်မတန်နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသမီးဖြစ်ကြောင်း ဝန်ခံပေမယ့် ဒီလိုမိန်းမမျိုးကို ကျုပ်မကြိုက်ဘူး။ ခင်ဗျားကိုယ် ခင်ဗျား တန်ဖိုးထားသင့်တယ်။ ပြီးတော့ ကျုပ်တို့က ပါတနာတွေလေ၊ ကျုပ်တို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကြောင့် ပူးပေါင်းမှုကို မထိခိုက်စေချင်ဘူး။ ကျုပ်ပြောချင်တာကို နားလည်ရဲ့လား?"
မင်းသမီးလေးကာရိုလင်းက သူထိုသို့ ပြောသောအခါ ရှုယီကို အံ့သြစွာ ကြည့်လာသည်။
သို့သော် ခဏအကြာ၌ သူမ ရယ်မောလိုက်သည်။
"ဥက္ကဌရှု၊ ရှင်က တကယ်ပဲ ကျွန်မမြင်ဖူးသမျှထဲ ရှေးရိုးဆန်ဆုံးလူပဲ။ ရှင့်လို ယောက်ျားက နယ်မြေကြီးမှာ ထူးခြားတာ သေချာပေမယ့် ရှင့်လို ယောက်ျားတွေကို ကျွန်မ အကြိုက်ဆုံးပဲ။ ကျွန်မအရင်က ရှင့်ကို ဖြားယောင်းဖို့ ကြိုးစားနေခဲ့တယ်လို့ ပြောရရင် အခုကတော့....." မင်းသမီးလေးကာရိုလင်းက ရှုယီကို လက်ညိုးထိုးကာ "ဥက္ကဌရှု ၊ ကျွန်မ ရှင့်ကိုတကယ်စိတ်ဝင်စားတယ်။ ကျွန်မ ရှင့်ကို သေချာပေါက် ရအောင် ဖမ်းပြီးရင် ရှင့်ကို ကျွန်မအိပ်ရာပေါ် နာနာခံခံလာစေရမယ်လို့ ကြေညာတယ်!”
မင်းသမီးလေးကာရိုလင်း၏ လေးနက်သော အမူအရာကို မြင်လိုက်ရသဖြင့် ရှုယီမှာ ခေါင်းသာခါယမ်းကာ ဘာမှ မပြောနိုင်ပေ။
ဤလောက၌ အကြာကြီးနေထိုင်ပြီးနောက်၊ ယောက်ျားနှင့်မိန်းမကြားရှိကိစ္စများသည် နယ်မြေကြီးတွင် ရှေးရိုးစွဲမနေကြောင်း သူသိသည်။
ဘန်တာမြို့၌ရှိစဉ်တုန်းက မင်းသမီးလေးကာရိုလင်းထက်တောင် ပိုအရိုင်းဆန်သည့် မျိုးရိုးမြင့် သခင်မလေးများနှင့် သခင်မများကိုပင်တွေ့ခဲ့ရပြီး ၎င်းတို့မှာ ရှုယီကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေတောင် တိုက်ရိုက် လုပ်ခဲ့ကြသေးသည်။
သို့သော် အဆင့်အတန်းနှင့် အလှတရားရှိသည့် မင်းသမီးလေးကာရိုလင်းနှင့် အတူ ထိုသို့ ဖြစ်ပျက်နေသည်က တကယ်ကို မယုံနိုင်စရာ ဖြစ်စေသည်။
မင်းသမီးလေးကာရိုလင်းသာ ပို၍ပွင့်လင်းပါက စိုင်စ်နယ်မြေကြီးများ၏ မျိုးရိုးမြင့်များအကြားတွင် ပုံမှန်ဖြစ်နေကျ အရာဖြစ်သောကြောင့် အဆင်ပြေမည်ဖြစ်သည်။
[T/N : ဒီနေရာမှာ ပွင့်လင်းတယ်ဆိုတဲ့ အဓိပ္ပာယ်က sexuallyအရ လွတ်လွတ်လပ်လပ်နေတတ်တာကိုပြောချင်တာပါ။]
သို့သော် ရှုယီ ယခင်က ခမ်နက်ဒ်နဲ့အတူ မင်းသမီးလေးကာရိုလင်း အကြောင်း ဆွေးနွေးခဲ့စဉ်က မင်းသမီးလေးကာရိုလင်းမှာ အပျိုစင်အဖြစ်သာရှိသေးကြောင်း အသေအချာ ကြားသိခဲ့ရသည်။
ခမ်နက်ဒ် သည် ရှုယီကဲ့သို့ ရှေးရိုးဆန်သူမဟုတ်ပေ၊ သူသည် အန်ဗီမာမြို့တော်တွင် မရေမတွက်နိုင်သော မိန်းကလေးများနှင့် အတူနေခဲ့ဖူးသောကြောင့် သူ၏အကဲဖြတ်မှုနှင့် ပတ်သက်၍ ပြဿနာမရှိပါချေ။
သို့သော် ပြဿနာမှာ မင်းသမီးလေးကာရိုလင်းသည် ပွင့်လင်းသောသခင်မလေး မဟုတ်လေရာ ရှုယီကို ဤကဲ့သို့ ဖြားယောင်းရန် အဘယ်ကြောင့် အမြဲကြိုးစားနေသနည်း။
ရှုယီနှင့် ဆက်ဆံရေး ထူထောင်ပါက ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုမျနေ၍ အကျိုးကျေးဇူးတွေ ပိုရစေလာနိုင်တာကြောင့်လား?
ရှုယီက ထိုသို့လုပ်မည်လားကို မဆိုထားနှင့် မင်းသမီးလေးကာရိုလင်းက သူမခန္ဓာကိုယ်ကြောင့် ဒီလောက်ပြန်ရစရာများမယ်ဟု ယုံကြည်ထားသည်လား?
ရှုယီ၏ စိတ်ထဲတွင် ထိုအတွေးများ ပြေးသွားပြီး အသက်ပြင်းပြင်းရှူကာ မင်းသမီးလေးကာရိုလင်း အား ပြုံးလျက် ပြောလိုက်သည် ။ "ကောင်းပြီလေ မင်းသမီးလေး၊ ခင်ဗျား ကျုပ်ကို လိုက်ချင်နေတာဆိုတော့ အရင်ဆုံး ကျုပ်က ခင်ဗျားကို သဘောကျလာအောင်လုပ်ရမှာပေါ့၊ဒါပေမယ့် ကျုပ်ရဲ့ စရိုက်က စီးပွားရေးကိုပဲ အာရုံစိုက်နေတတ်တာဆိုတော့ ခင်ဗျား ဆွေးနွေးချင်တဲ့ လုပ်ငန်းကိစ္စက ဘာများလဲ။”
မင်းသမီးလေးကာရိုလင်း၏ လှပသော မျက်လုံးလေးများ လှုပ်ရှားသွားကာ ရှုယီ၏ စကားကို ငြင်းဆိုလာခြင်း မရှိပေ။ အသာပြုံးလျက်ဖြင့် သူမက ဘေးနားရှိ ကုလားထိုင်တစ်ခုတွင် ကျော့မော့စွာထိုင်ကာ ရှုယီပါ ထိုင်ရန် ဆန့်ကျင်ဘက်ကုလားထိုင်ကို ညွှန်ပြသည်။
"ဟုတ်တယ် ကိစ္စရှိပေမယ့် တစ်ခုပဲ ရှိတာမဟုတ်ဘူး"
"အိုး? ဒါဆို ပထမတစ်ခုအကြောင်း ပြောပြပါဦး။"
"ပထမတစ်ခုက ကျွန်မတို့ရဲ့ နယ်မြေလွှတ်တော်က ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒရိက်ခ်နယ်မြေမှာ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုဖို့ အဆိုပြုထားပြီးနောက်တော့ တညီတည်း သဘောတူညီမှုနဲ့အတည်ပြုခဲ့တယ်။ ပြောချင်တာက အခုကစပြီး အကယ်လို့ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကသာ ကျွန်မတို့ရဲ့ ဒရိက်ခ်နယ်မြေကုန်သွယ်မှုမှာ ရင်းနှီးမြုပ်နှံချင်ရင် ကဏ္ဍများစွာကို ပိုမိုချောမွေ့စေမယ့် ကျွန်မတို့နယ်မြေရဲ့ အပြည့်အဝထောက်ခံမှုကို ရရှိလိမ့်မယ်။"
ရှုယီက မအံ့သြဘဲ ခေါင်းညိတ်လိုက်သည်။
ဒရိက်ခ် နယ်မြေက Frestech ကုန်သည်ကြီးများအသင်းကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုသည်၊ ထို့ကြောင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု လျှောက်ထားခြင်းကို မည်သို့ ငြင်းပယ်နိုင်မည်နည်း။
“ဒုတိယအချက်က နည်းပညာနဲ့ ပတ်သက်တယ်။" ဤဒုတိယကိစ္စနှင့် ပတ်သက်၍ မင်းသမီးလေးကာရိုလင်း ၏ အမူအရာသည် ပို၍လေးနက်လာသည်။ ဥက္ကဌရှု၊ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်နည်းပညာကို လမ်ပူရီတိုင်းပြည်ရဲ့ တခြားလုပ်ငန်းစုတွေမှာလိုပဲ ကျွန်မတို့ရဲ့ ဒရိက်ခ်နယ်မြေဆီ ရောင်းချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“အင်း၊ ကျုပ်တို့ လုပ်ငန်းစုက တခြားလုပ်ငန်းစုတွေကို လောလောဆယ်မှာရောင်းနေတဲ့ နည်းပညာဖြစ်နေသရွေ့ ခင်ဗျားရဲ့ ဒရိက်ခ်နယ်မြေကလည်း ဘာပဲဖြစ်ဖြစ် အလားတူစျေးနှုန်းနဲ့ ဝယ်ယူနိုင်ပါတယ်။ အင်း၊ အရင်းအမြစ်တွေကို သုံးပြီးတော့လည်း လဲလှယ်နိုင်တာပေါ့။”
"ဒါပေမယ့် ကျွန်မတို့က တခြားနည်းပညာအပိုင်းတွေကိုလည်း လိုချင်တာ၊ ဥက္ကဌရှုက အဲဒါကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိလားလို့ ကျွန်မသိချင်မိတယ်။"
ရှုယီက စဉ်းစားပြီးမှ ပြောသည်"ဒါဆို ခင်ဗျားလိုချင်တဲ့ နည်းပညာက ဘာလဲဆိုတာအပေါ် မူတည်တယ်"
"ဥပမာ......ကျွန်မတို့လက်ရှိအလိုချင်ဆုံးအရာက ရှင်တို့ လုပ်ငန်းစုရဲ့ ဆောက်လုပ်ရေး မှော်စက်နည်းပညာပဲ၊ အဲဒါကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိမလား။"
"ဆောက်လုပ်ရေးမှော်စက်?" ရှုယီကအနည်းငယ် အံ့သြသွားပြီး “ခင်ဗျားတို့ ဒီနည်းပညာကို ဘာလို့ စိတ်ဝင်စားတာလဲ။ ခင်ဗျားတို့ကို ရူဒ်ဆန်တိုင်းပြည်လို စိုက်ပျိုးရေးမှော်စက်နည်းပညာကို တောင်းဆိုလိမ့်မယ်ထင်ထားတာ။"
မင်းသမီးလေးကာရိုလင်းက ခေါင်းယမ်းကာ “ကျွန်မတို့ရဲ့ နယ်မြေက မြေသြဇာကောင်းသော မြေတွေရှိပြီး ဆန်စပါးကြွယ်ဝတယ်လေ၊ ဒီတော့ စပါးအထွက်နှုန်းက ပြဿနာမရှိဘူး။ ဒါ့အပြင်၊ ကျွန်မတို့ နယ်မြေမှာ မြေနေရာ များများစားစား မရှိတော့ ရှင်တို့လုပ်ငန်းစုကနေ စိုက်ပျိုးရေးမှော်စက်တွေကို ဝယ်ယူရုံနဲ့တင် အသုံးပြုမှုက လုံလောက်တယ်။ ဒီနည်းပညာကို ရဖို့က မထိုက်တန်ပါဘူး။”
“အဲဒါကို ကျုပ်နားလည်နိုင်ပါတယ်။ ဒါဆို ဘာလို့ ဆောက်လုပ်ရေးမှော်စက်တွေကို လိုချင်တာလဲ။" ရှုယီက မေးသည်၊ "ခင်ဗျားတို့ နယ်မြေအတွက် ဘာမှ အသုံးမဝင်ဘူးလို့ ခံစားရတယ်"
“အဲဒါက ရှင် ကျွန်မတို့ရဲ့ နယ်မြေကို မစစ်ဆေးဖူးလို့ပဲ။ တကယ်တော့ ကျွန်မတို့နယ်မြေရဲ့ မြေပြင်အနေအထားက အရမ်းရှုပ်ထွေးပြီး ရှင်တို့ လမ်ပူရီတိုင်းပြည်လို သယ်ယူပို့ဆောင်ရေးပြဿနာကို ဖြေရှင်းရင်း ဆက်လက်တိုးတက်စေချင်ရင်၊ ဆောက်လုပ်ရေးမှော်စက်တွေဆီကနေ အကူအညီလိုတဲ့ စီမံကိန်းတွေ အများကြီးရှိတယ်။”
"ဒါဆို ဘာလို့ ကျုပ်တို့လုပ်ငန်းစုဆီကပဲ မဝယ်တာလဲ။ ခင်ဗျားအခုနကပြောခဲ့သလိုပဲ ခင်ဗျားတို့ရဲ့ ဒရိက်ခ်နယ်မြေက ဒီလောက် မကြီးဘူးလေ၊ ဒီတော့ ဆောက်လုပ်ရေးမှော်စက်တွေ အများကြီးလိုမယ်မထင်ဘူး။" ရှုယီရှုပ်ထွေးနေသည့် အသံဖြင့် ပြောသည်။
"ကျွန်မတို့နယ်မြေရဲ့ မြေမျက်နှာသွင်ပြင်က ရှင်ထင်တာထက်ပို ရှုပ်ထွေးတယ်၊ အထူးဒီဇိုင်းထုတ်ထားတဲ့ ဆောက်လုပ်ရေးမှော်စက်တွေကို လိုအပ်တဲ့နေရာများစွာရှိနေတယ်လေ။ ရှင်တို့လုပ်ငန်းစုဆီကနေ တစ်ချိန်လုံး အော်ဒါမှာလို့မရဘူး ဟုတ်တယ်မလား? အဲဒါက ကုန်ကျစရိတ် အရမ်းများလိမ့်မယ်။”
ရှုယီက မနေနိုင်ဘဲ ပြောသည် "ဒါဆို ဒီနည်းပညာကို ဆုပ်ကိုင်ပြီးတော့ တီထွင်ထုတ်လုပ်ဖို့ ကုန်ကျစရိတ်က အရမ်းနည်းတယ်လို့ ခင်ဗျားထင်လို့လား?"
"အနည်းဆုံးတော့ ကျွန်မတို့ဆီမှာ နည်းပညာရှိရင်၊ လိုအပ်ချက်အသစ်တစ်ခုရှိလာတဲ့အခါ ချိန်ညှိရတာ ပိုလွယ်တယ်မဟုတ်လား" မင်းသမီးလေးကာရိုလင်းက အပြုံးမပျက် ပြော၏။
မင်းသမီးလေးကာရိုလင်း၏ အပြုံးတွင် စိတ်ပိုင်းဖြတ်ထားဟန်ကို မြင်လျှင် ရှုယီက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ မင်းသမီးလေးကာရိုလင်း ထိုဟန်ပန်ကို ပြလာသောအခါတွင် ဘုရင်မဆယ်ဗီနီနှင့် ဆင်တူကြောင်း သူ ခံစားရ၏။
၎င်းတို့နှစ်ဦးစလုံးသည် သက်ဆိုင်ရာ တိုင်းပြည်ခေါင်းဆောင်များ၏ သမီးတော်များဖြစ်ကြပြီး တိုင်းပြည့်အရေးကို အလေးထားကြသည်။ သူတို့နှစ်ယောက်စလုံးဟာ အမြင်ကောင်းပြီး အမြော်အမြင်ရှိသည့်အပြင် စိတ်ဓာတ်ခိုင်မာသည့် စရိုက်များရှိကြသည်။
၎င်းတို့သာ လမ်ပူရီတိုင်းပြည်တော်နှင့် ဒရိက်ခ်နယ်မြေ၏ အုပ်စိုးသူများ ဖြစ်လာနိုင်လျှင် မည်သို့သော မြင်ကွင်းမျိုး ဖြစ်မည်နည်း။
***