အခန်း (၁၄၁-၁၅၀)
Vol. 3 Ch. 141-150
Vol 3, အခန်း ၁၄၁။ လူမှုဖူလုံရေးမူဝါဒ
ဆယ်ဗီနီက သူမ၏ ငန်းတောင် ကလောင်တံ(ဘောပင်)ကို ချကာ နှာတံကို ဖိလိုက်သည်။ သူမက မျက်လုံးများကို မှိတ်လျက် အသက်ပြင်းပြင်းရှူလေ၏။
မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ဘေးဘီကိုကြည့်လျက် မြို့စားအိမ်တော်ရုံးခန်းထဲတွင် မည်သူမျှ မရှိကြောင်း အတည်ပြုလိုက်၏။ သူမက လက်များကို ဆန့်တန်းလျက် အားအပြည့်ဖြင့် အကျောဆန့်လာသည်။
ခန္ဓာကိုယ် အကျောဆန့်ခြင်းမှ ရောက်လာသည့် သက်တောင့်သက်သာဖြစ်မှုကြောင့် ဆယ်ဗီနီက အနည်းငယ် နေလို့ပိုကောင်းလာသည်။ သူမဟာ မနေနိုင်ဘဲ လျှာတစ်လစ်ထုတ်ရင်း ရှက်ရွံ့ပြုံးတစ်ခု လှစ်ဟလိုက်၏။
သူမအား တော်ဝင်မိသားစုထံ၌ ကြီးပြင်းလာရန် တင်းတင်းကြပ်ကြပ်သင်ကြားပေးခဲ့လေရာ အမြဲတစေ အခြားလူများရှေ့မှောက်၌ ပြီးပြည့်စုံသည့်ပုံရိပ်ကို ထိန်းသိမ်းထားရသည်။ အကျောဆန့်ခြင်းခဲ့သို့သော ပုံမှန်အရာတစ်ခုသည်ပင် မည်သူမှ ဘေးတွင်မရှိချိန်ရောက်မှသာ တိတ်တဆိတ်လုပ်နိုင်သောအရာဖြစ်၏။
ထိုသို့ ၎င်းက သူမအား ဆိုးဝါးသောတစ်စုံတခုအား ပြုလုပ်သယောင် ခံစားမိစေသော်လည်း မရပ်တန့်နိုင်သေးပါချေ။
သို့သော် အခြားနည်းလမ်းမရှိပေ၊ သူမ အင်မတန်ပင်ပန်းလွန်းနေပြီပင်။
နှစ်ဆုံးရောက်နေပြီဖြစ်ရာ ဘန်တာမြို့ မြို့စားအနေနှင့် ဆယ်ဗီနီ လုပ်ရန် လိုအပ်သည့်အရာများစွာရှိသည်။
အတူတကွရောက်လာကြသည့် အရာမျိုးစုံတို့မှာ သူမအား တစ်ပတ်နီးနီးပင် ကောင်းကောင်းမအိပ်နိုင်စေခဲ့သည်ဖြစ်ရာ ယခုဆိုလျှင် အလွန်အင်မတန် ပင်ပန်းနေပြီဖြစ်၏။
သို့သော် ဤသည်က သူမ၏ မြို့စားအဖြစ် ပထမဦးဆုံးနှစ်ဖြစ်သလို ဖခမည်းတော်၏ မျှော်လင့်ချက်များကိုလည်း ထမ်းရွက်ပေးနေရသဖြင့် သဘာဝကျစွာပင် ပေါ့ဆခြင်း အလျဉ်းမရှိပေ။
သူမအတွက် အကောင်းဆုံး နှစ်သိမ့်ပေးနိုင်သည်မှာ ဤအလုပ်ရက်များအတွင်း အစီရင်ခံစာ အမျိုးမျိုးမှ တဆင့် ဘန်တာမြို့သားများကို ကျေနပ်အံ့ဩကာ အံ့အားသင့်စေသော အပြောင်းအလဲများ အားလုံးကို မြင်ရခြင်းဖြစ်၏။
ယခုနှစ် ဘဏ္ဍာရေးအစီရင်ခံစာအရ ဘန်တာမြို့၏ စုစုပြောင်း အမြတ်ခွန်မှာ ရွှေဒင်္ဂါး ငါးသန်း ခုနှစ်သိန်း သုံးသောင်းဖြစ်သည်။
ဤနှစ်မှာ မကုန်သေးသဖြင့် နောက်ဆုံးလ၏ အမြတ်ကိုပါ ထည့်ပေါင်းလိုက်ပါလျှင် ဘန်တာမြို့၏ စုစုပေါင်း အမြတ်ခွန်မှာ ရွှေဒင်္ဂါး ခြောက်သန်းကျော် ဖြစ်လာလိမ့်မည်!
ထို့အပြင် ကောင့်ထ်စတက်ဂျ်၏ စိုက်ပျိုးရေးမူဝါဒများကို ချမှတ်ခြင်းကြောင့် ပထမနှစ်တစ်ဝက် အမြတ်ခွန်ကို လျော့ကျသွားစေခဲ့သည်။
ဒုတိယနှစ်ဝက်၏ လမ်းကြောင်းနှင့် ဘန်တာမြို့၏ စုစုပေါင်း အမြန်ခွန်က ရွှေဒင်္ဂါးဆယ်သန်းအထိပင် ချိုးဖြတ်နိုင်ခဲ့၏။
ထိုအရေအတွက်ကို စဉ်းစားရင်း ဆယ်ဗီနီမှာ မျက်လုံးများက ရွှေရောင်တောက်ပနေလျက် ယင်းအဖြစ်ကို ယုံကြည်ရန် အမှန်ပင် ခက်ခဲနေသည်။
သိထားရလျှင် လမ်ပူရီတိုင်းပြည်၏ ယခင်နှစ် စုစုပေါင်းအမြတ်ခွန်က ရွှေဒင်္ဂါး နှစ်သန်းသာရှိ၏။
ယခုတွင် ဘန်တာမြို့တစ်မြို့တည်းနှင့် အခွန်မှာ ဆယ်သန်းအထိပင် ရောက်နိုင်ခဲ့သည်။
တော်ဝင်လွှတ်တော်၏ စည်းမျဉ်းများအရ တိုင်းပြည်ရှိ မြို့တစ်မြို့စီမှာ တိုင်းပြည်ထံသို့ အပိုင်းခပ်နည်းနည်းသာ အခွန်ငွေအဖြစ် ပြန်ပေးဖို့လိုအပ်ပါသော်လည်း လမ်ပူရီတိုင်းပြည်ရှိ မြို့တိုင်းကသာ ဘန်တာမြို့ကဲ့သို့ ဆယ်သန်းအထိ အခွန်ငွေရနိုင်ပါလျှင် လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာမှာ လုံးဝခြားနားသွားပေလိမ့်မည်။
လမ်ပူရီတိုင်းပြည်၏ နှစ်စဉ်အခွန်များကသာ ဆယ်သန်းအထိ ရောက်နိုင်ပြီး ပုံမှန်ကဲ့သို့ တစ်သန်း နှစ်သန်းလောက်လေးသာ မဟုတ်တော့ပါက လမ်ပူရီတိုင်းပြည်မှာ များစွာ အားကောင်းလာမည်သာ။
တစ်ဦးချင်းဖြစ်စေ သို့မဟုတ် တစ်တိုင်းပြည်အတွက်ဖြစ်စေ ချမ်းသာကြွယ်ဝခြင်းက အင်မတန်အရေးပါသည့် ကိစ္စပါပင်။
မှန်ပါ၏၊ ဘန်တာမြို့ထံ၌ အခွန်ငွေများစွာရှိသော်လည်း ငွေအသုံးစရိတ်ကလည်း အတော်များပေသည်။
ဆယ်ဗီနီ မြို့စားဖြစ်လာကတည်းက ဘန်တာမြို့မှာ ကောင့်ထ်စတက်ဂျ် ရပ်တန့်ခဲ့သည့် ပြန်လည်ပြုပြင်ရေးစီမံကိန်းများကို ပြန်လည်စတင်ခဲ့၏။ ဘန်တာမြို့မှာ နှစ်တစ်ဝက်အတွင်း လမ်းသစ်များနှင့် အဆောက်အဦမျိုးစုံတို့ ဝန်းရံလျက် ဆောက်လုပ်ရေးဆိုက် အကြီးစားတစ်ခုအဖြစ်ပြောင်းလဲသွားသည်။
ဘန်တာမြို့ ပြန်လည်ပြုပြင်ရေးစီမံကိန်းမှာ ငွေအတော်ကုန်ကျသည်။ နှစ်တစ်ဝက်တာလေးအတွင်း၌ ၎င်းတို့အနေနှင့် ရွှေဒင်္ဂါးတစ်သန်းခွဲ သုံးခဲ့ပြီးဖြစ်၏။
ခန့်မှန်းခြေများအရ နောက် ၂နှစ် ၃နှစ်အတွင်းတွင် စီမံကိန်းများကို အပြီးသတ်ရန် အနည်းဆုံး ရွှေဒင်္ဂါး လေးသန်း ရင်းနှီးမြုပ်နှံရမည်။
သို့သော် ယခု ဘန်တာမြို့ထံ၌ ငွေရှိနေပြီဖြစ်ရာ ငွေလိုနေစဉ် ယခင်က မတွေးတောနိုင်ခဲ့သည့် အရာများစွာကို ပြန်ယူနိုင်ပြီဖြစ်သည်။ ရှုယီမှာ ကိစ္စများစွာကို အဆိုပြုခဲ့ပြီး ယခုတွင် လူမှုဖူလုံရေးမူဝါဒ အမျိုးမျိုးတို့အား ဘန်တာမြို့သားများအတွက် အကောင်အထည်ဖော်နေသည်။
၎င်းလူမှုဖူလုံရေးမူဝါဒများကလည်း ငွေသုံးရသော်ငြား ဆယ်ဗီနီမှာ ၎င်းတို့ကို ဆက်လုပ်ဆောင်နေဆဲပင်။ ဘန်တာမြို့၏ အမြတ်ခွန်မှာ အင်မတန်မြင့်မားနေပါလျှင်တောင် နှစ်ဆုံးနှင့် တိုင်းပြည်ဘဏ္ဍာထံသို့ ပေးအပ်ပြီးနောက်တွင် ဘန်တာမြို့ထံ၌ ရွှေဒင်္ဂါးတစ်သန်းနှင့် နှစ်သိန်းသာကျန်ရှိတော့သည်။
ယခုတွင် နှစ်သစ်ကူးနှင့် နီးကပ်လာပြီဖြစ်လေရာ ဆယ်ဗီနီ ဆန္ဒမရှိပါလျှင်တောင် ဤလူမှုရေးအသုံးစရိတ်များ၌ ငွေတချို့ သုံးရမည်ဖြစ်သည်။
နောက်နှစ်အစတွင် ဆယ်ဗီနီထံ၌ ရွှေဒင်္ဂါး သန်းတစ်ဝက်ပင် မကျန်နိုင်လောက်တော့ချေ။
ထိုသို့စဉ်းစားရင်း ဆယ်ဗီနီက ခါးသက်စွာပြုံးရင်း ခေါင်းခါလေ၏။
"တကယ်ကို ငွေမရှိရင် ပူစရာမရှိပေမယ့် ငွေရပြီးရင် ပြဿနာပေါင်း သောင်းခြောက်ထောင်က လိုက်လာရောပဲ။"
အခွန်ငွေ အစီရင်ခံစာများကိုကြည့်ပြီးနောက် ဆယ်ဗီနီက အနည်းငယ်စဉ်းစားကာ ထိုအစီရင်ခံစာများကိုပိတ်လိုက်သည်။ သူမက ပြတင်းအပြင်ဘက်ကိုကြည့်လိုက်သော် မွန်းတည့်ရောက်နေပြီဖြစ်ကြောင်းသိလိုက်ရသည်။ ဤသို့သော ရှားရှားပါးပါး ရာသီဥတုကောင်းသည့် ဆောင်းနေ့နှင့် နေရောင်၏ တောက်ပမှုတို့က အပြင်ဘက်ရှိ အရာအားလုံးကို လင်းလက်နေစေသည်။
အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် ဆယ်ဗီနီက ထသွားထလာအဝတ်အစားတစ်စုံပြောင်းလဲဝတ်ဆင်ကာ လမ်းလျှောက်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
သူမ တံခါးကို တွန်းဖွင့်လိုက်သောအခါ မြို့စားအိမ်တော်၏ အလုပ်သမားများအားလုံး အံ့ဩကြကုန်၏။
ဆယ်ဗီနီ၏ ထသွားထလာအဝတ်တို့ကို မြင်သော် အလုပ်သမားများစွာက တစ်ဦးနှင့်တစ်ဦး အပြုံးဖြင့် ကြည့်လိုက်သော်လည်း မည်သည်ကိုမှ မပြောကြချေ။
ဘုရင်မမှာ တစ်နေကုန် ရုံးခန်းထဲ၌ နေခဲ့ရသဖြင့် အင်မတန် ပင်ပန်းနေလေရာ လမ်းလျှောက်ထွက်သင့်ပြီဖြစ်သည်။
ဆယ်ဗီနီက ၎င်းတို့ကို တစ်ချက်ပြုံးပြလိုက်ပြီးနောက် မျက်နှာတစ်ဝက်ကို ဖုံးထားရန် လည်စည်းကိုယူပြီး မြို့စားအိမ်တော်မှ ထွက်သွားတော့၏။
သူမအနေနှင့် မြို့စားအိမ်တော်အတွင်းမှ ထွက်လာသည့် ဆူညံသံများကို ကြားပါသော်လည်း လမ်းမထံ ထွက်လိုက်သည်နှင့် လူက ပိုများနေကာ ပိုမို သက်ဝင်လှုပ်ရှားနေပေသည်။
ယခုတွင် ဘန်တာမြို့၌ လူပေါင်း သုံးသိန်းကျော်ရှိနေပြီး ဖြတ်သွားကြသည့်လူများကို ထည့်မတွက်ခဲ့လေရာ ဘန်တာမြို့ အတွင်းနှင့် အပြင်၌ လူပေါင်း လေးသိန်းကျော်လောက် ရှိနိုင်သည်။
ဤအရေအတွက်မှာ လမ်ပူရီတိုင်းပြည်အတွက် ကြောက်မက်ဖွယ်အရေအတွက်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် အစည်ကားဆုံး မြို့တော်ဖြစ်သည့် အန်ဗီမာမြို့တော်၌ပင် လူနှစ်သိန်းအောက်သာရှိသောကြောင့်ပင်။
မှန်ပါ၏၊ ဤ လူဦးရေနှင့်ဆိုလျှင် သက်ဆိုင်ရာ အောင်မြင်ခြင်းရှိခဲ့ပေ၏။
ဘန်တာမြို့၏ လမ်းကြီး လမ်းငယ်များတွင် လူများဖြင့်ပြည့်နှက်နေကာ လမ်းနံဘေး၌လည်း ဆိုင်မျိုးစုံရှိနေသည်။ ၎င်းကိုကြည့်လျှင် ထုတ်ကုန်အမျိုးမျိုးမှာ မည်သူကိုမဆို ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း မြင်ရမည်ဖြစ်၏။
ထိုဆိုင်လေးများတွင် ရွှေဒင်္ဂါး ဆယ်ပြား သို့မဟုတ် ယခင်က ဘန်တာမြို့သားအများစု မထိနိုင်ခဲ့သည့် ရွှေဒင်္ဂါး တစ်ရာတန်သည့် ထုတ်ကုန်များစွာရှိနေသည်။
သို့သော် ၎င်းဇိမ်ခံထုတ်ကုန်များက ဈေးကြီးပါသော်လည်း ဘန်တာမြို့တွင် ၎င်းတို့ရောင်းအားက အင်မတန်ကောင်းမွန်၏။
မြို့စားအိမ်တော်၏ စာရင်းဇယားများအရ ဘန်တာမြို့သားတစ်ဦး၏ ပျမ်းမျှ နှစ်စဉ်ဝင်ငွေမှာ ရွှေဒင်္ဂါးသုံးရာကျော်သည်။
မိသားစုတစ်စုထံ၌ မိသားစုဝင်များစွာရှိပါလျှင် ၎င်းတို့၏ နှစ်စဉ်ဝင်ငွေမှာ ရွှေဒင်္ဂါးတစ်ထောင်ပင် ကျော်နိုင်၏။
ထိုဝင်ငွေမြင့်မြင့်နှင့် ယခင်က မျိုးရိုးမြင့်များနှင့် ကုန်သည်များသာ ဝယ်ယူနိုင်ခဲ့သည့် ရွှေဒင်္ဂါးတစ်ရာလောက်အထိ ထုတ်ကုန်များမှာ ဘန်တာမြို့သားများအတွက် သာမန်ထုတ်ကုန်များဖြစ်လာခဲ့ကြသည်။
ဆယ်ဗီနီလည်း လမ်းလေးကို ဝေ့ဝဲကြည့်လိုက်သော် မိန်းမငယ်လေးများစွာ ဝတ်ဆင်ထားကြသည့် အဝတ်အစားများနှင့် အဆင်တန်ဆာများမှာ အန်ဗီမာမြို့တော်၌တွေ့ရသည်တို့ထက် မဆိုးကြောင်း မြင်လိုက်ရသည်။
မိန်းကလေးအတော်များများအား ၎င်းတို့၏ နှစ်သက်ရာအလိုက် ကန့်သတ်ထားသော်လည်း ၎င်းတို့၏ အဝတ်အစားများမှာ ဆယ်ဗီနီအတွက် ထိုမျှ ကောင်းမွန်နေပုံမပေါ်ဘဲ အနည်းဆုံး ၎င်းတို့ထံတွင် စီးပွားရေးစွမ်းရည်အသင့်အတင့်ရှိသည်ကို ကိုယ်စားပြုနေသည်။
မြို့စားအနေနှင့် ဆယ်ဗီနီမှာ သဘာဝကျစွာပင် ၎င်းအခြေအနေကို မြင်ရသည်အား ဝမ်းသာပေသည်။
လမ်းများကို လျှောက်ပတ်သွားလာနေရင်း ဆယ်ဗီနီမှာ လမ်းကြားတစ်ခုထဲသို့ကွေ့ကာ 'မြို့စားအိမ်တော်မှတ်တိုင်'ဟု ဆိုထားသည့် သင်္ကေတတစ်ခုအောက်၌ ရပ်နေရင်း နောက်လာမည့်လူထုပို့ဆောင်ရေးမှော်ကားကို စိတ်ရှည်ရှည်စောင့်ဆိုင်းနေလိုက်သည်။
"ဟေး ရွန်းနီ, ခင်ဗျားလည်း စောင့်နေတာလား?" ဆယ်ဗီနီ ဘေးနားသို့လျှောက်လာသည့် သက်လတ်ပိုင်း လူဝကြီးတစ်ဦးက သူနှင့် သက်တူရွယ်တူလောက်ရှိသည့် ဆယ်ဗီနီ၏ညာဘက်ရှိ ခပ်ပိန်ပိန်လူကို လက်ပြလာသည်။
ထိုခပ်ပိန်ပိန်လူက အပြုံးတစ်ခု လှစ်ဟလျက်နှင့်၊ "ဟုတ်တယ် ကျုပ် မိုးကျတောင်ကြားဆီသွားမလို့။ ရှဗ်, ခင်ဗျားကရော?"
ရှဗ်အမည်ရ သက်လတ်ပိုင်းလူက ရယ်ကာ၊ "ကျုပ်က အဲ့လောက်ဝေးဝေးမသွားဘူး၊ ဘန်တာမြို့ပြင်က ဆေးရုံဆီသွားရုံပဲ။"
"ဘာလဲ? ခင်ဗျား နေမကောင်းလို့လား?" ခပ်ပိန်ပိန်နှင့် ရွန်းနီက အံ့ဩစွာမေးလာသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကြည့်ဦး ကျုပ်က ဘယ်လောက်အဆင်ပြေနေလိုက်လဲ၊ ဘယ်နေရာကများနေမကောင်းဖြစ်နေလို့လဲ?"
"ဒါဆို ဘာလို့ ဆေးရုံသွားမှာလဲ?" ရွန်းနီက အနည်းငယ် ရှုပ်ထွေးသွားသည်။
"မသိဘူးလား? « ဘန်တာတိုင်းမ်စ် »မှာ မြို့စားအိမ်တော်ကနေ သိပ်မကြာခင်က ဆေးရုံအာမခံမူဝါဒ ချမှတ်မယ်လို့ သတင်းပါခဲ့တယ်လေ။ ဘန်တာမြို့သားတစ်ယောက်ဖြစ်နေသရွေ့ တစ်ယောက်ချင်းစီက တစ်နှစ်ကို ရွှေဒင်္ဂါးငါးပြားပဲပေးဖို့လိုပြီး ဒီအာမခံကို ယူလို့ရတယ်။ မနေ့က « ဘန်တာတိုင်းမ်စ် »မှာ ဒီစနစ်က နေရာမှာရောက်နေပြီဖြစ်တဲ့အကြောင်းပြောထားလို့ ကျုပ်လည်း မြို့ပြင်ဆေးရုံမှာ စာရင်းသွင်းဖို့ကို အချိန်နည်းနည်းရှာထားရတာ။"
"ဆေးရုံအာမခံမူဝါဒ?" ရွန်းနီက မျက်မှောင်ကုပ်ကာ၊ "အဲဒါ ဘာကြီးလဲ? ကျုပ်တို့ ငွေပေးဖို့လိုတာလား?"
"ဘာလဲ? အရှုံးပေါ်မှာကြောက်လို့လား? ပြောပြလိုက်မယ်၊ ဒါက သိပ်ကောင်းတာနော်။ ကျုပ်တို့အနေနဲ့ တစ်နှစ်ကိုမှ ရွှေဒင်္ဂါးငါးပြားပဲပေးဖို့လိုပြီး နောက်နှစ်ကျရင် အလျှော့ပေးနှုန်းတစ်ခုရနိုင်တယ်။ ဥပမာပြောရရင် ခင်ဗျား နေမကောင်းဖြစ်လာတဲ့အခါ ဆေးရုံကိုသွားဖို့ ရွှေဒင်္ဂါးဆယ်ပြားသုံးဖို့လိုတယ်ဆိုရင် ဒီကျန်းမာရေးအာမခံနဲ့ဆိုရင် ၇၀ရာခိုင်နှုန်း လျှော့ဈေးရမှာမို့ ရွှေဒင်္ဂါးသုံးပြားပဲ သုံးရတော့မှာ။ ဘယ်လိုလဲ? အဲဒီကုန်ကျစရိတ်က မသက်သာဘူးလား?"
"တကယ်ကြီးလား?" ရွန်းနီက ကျေနပ်အံ့ဩသွားကာ၊ "ဒါက တကယ်ကိုကောင်းတဲ့အရာလား? ဒါဆို တစ်နှစ်လုံး နေမကောင်းမဖြစ်ရင်ရော?"
"နေမကောင်းမဖြစ်ရင် ဘာမှပေးစရာမလိုရုံပဲပေါ့၊ ငွေပြန်ရမယ်ထင်နေတာလား?"
"ဘာအတွက်မှ မဟုတ်ဘဲနဲ့လေ?" ရွန်းနီ၏ ပျော်ရွှင်မှုက ပျောက်ကွယ်သွားကာ နာကျင်နေသည့်အသံဖြင့်ဆိုလာသည်၊ "ဒါဆို နောက်နှစ်မှာပါ နေမကောင်းမဖြစ်ရင်ရော ရွှေဒင်္ဂါးငါးပြားကို ဘာအတွက်မှမဟုတ်ဘဲ လွှဲပေးရမှာလား?"
"ကျုပ်ပြောမယ်၊ ဒါကို စိတ်ပူနေတာလား?" ရှဗ်က နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်၊ "ဒါက ရွှေဒင်္ဂါးငါးပြားလေးပဲလေ၊ အခုတည်းက အဲလောက်ငွေမရှိဖြစ်နေတာလား? ခင်ဗျားသာ ဒီလောက်တန်ဖိုးပေးလိုက်ရင် အကျိုးအမြတ်ကိုခံစားနိုင်တယ်၊ ခင်ဗျားမပေးရင်တော့ လိုအပ်လာတဲ့အခါမှ တကယ်ဆုံးရှုံးနေရမယ်။"
"အမှန်ပဲ....." ရွန်းနီက ခေါင်းငြိမ့်သည်၊ "စဉ်းစားပါရစေဦး....ဟုတ်သားပဲ၊ ဒါကို လျှောက်ထားဖို့ ဘယ်အချိန်ကို နောက်ဆုံးသတ်မှတ်ထားလဲ?"
"နှစ်ဆုံးပဲ၊ မြန်မြန်စဉ်းစားမှရမယ် မဟုတ်ရင် အချိန်မီမရဘဲနေမယ်။" ရှဗ်က သတိပေးလိုက်၏။
"ဟုတ်ပြီလေ၊ ကျုပ်သေချာစဉ်းစားလိုက်မယ်။"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၄၂။ ဘုရင်မ ဖြစ်ကို ဖြစ်လာရမယ်
ဆယ်ဗီနီက ထိုနှစ်ဦးအပြောကို နားထောင်းရင်း ပြုံးကာ စိတ်နှလုံးထဲ၌ ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားသည်။
ရွန်းနီအမည်ရှိ ခပ်ပိန်ပိန်လူက အာမခံအစီစဉ်ကို ပါဝင်ရန် ရွှေဒင်္ဂါး ငါးပြားကုန်ကျမည်ဖြစ်သောကြောင့် နာကျင်သွားသော်လည်း ရှဗ်၏ သွေးဆောင်မှုနှင့် စိတ်လှုပ်ရှားကာ သူ၏ တစ်မိသားစုလုံးကို အစီစဉ်ထဲပါဝင်ခိုင်းရမည့်အကြောင်းအား အသေအချာစတင်စဉ်းစားနေတော့၏။
သူမသာ သူမ၏နောက်ခံကိုဖုံးကွယ်မထားလိုပါလျှင် ဆယ်ဗီနီမှာ ၎င်းကို လက်မခံနိုင်လောက်ဘဲ ရှုယီအဆိုပြုထားခဲ့သည့် အစီအစဉ်များအားလုံးကို ရှင်းပြမိလိမ့်မည်ဖြစ်ကာ ၎င်းကလည်း ချင့်ချိန်ပြီးမှ သူမ အကောင်အထည်ဖော်ခဲ့သည့် ပထမဆုံးတစ်ခုပင်ဖြစ်သည်။
ဆယ်ဗီနီ၏အတွေးများအရ သူမဟာ မြို့သူမြို့သားများအား တစ်နှစ်လျှင် ရွှေဒင်္ဂါးငါးပြားမပေးစေလိုဘဲ ဘန်တာမြို့၏ ဘဏ္ဍာရေးနှင့်သာ ဤအစီစဉ်ကို ထောက်ပံ့ဖို့ကြိုးစားခဲ့သည်။
သို့သော် ရှုယီက ဆယ်ဗီနီအား ထိုသို့မလုပ်ရန် တားမြစ်ခဲ့၏။
အစပိုင်းအခြေအနေများတွင် ဘန်တာမြို့ဒေသခံများမှာ ဖျားနာချိန်တွင် ဆရာဝန်သွားပြဖို့ စဉ်းစားမည်မဟုတ်ဘဲ အာမခံအစီစဉ်ကို ချထားလိုက်သည်နှင့် ဆရာဝန်နှင့်တွေ့ရန် များများစားစားကုန်ကျလိမ့်မည်မဟုတ်ကြောင်းသိသွားပါလျှင် သေချာပေါက် ဤစနစ်ကို ကောင်းကောင်းသုံးလိမ့်မည်ဖြစ်၏။
ထိုအခြေနေမျိုးသာဖြစ်လာပါလျှင် ဘန်တာမြို့ဘဏ္ဍာရေးမည်မျှကောင်းနေပါစေ ၎င်းကိုထောက်ပံ့နိုင်လိမ့်မည်မဟုတ်ပေ။
ရှုယီ၏ တစ်နှစ်ကို လူတစ်ယောက် ရွှေဒင်္ဂါးငါးပြားပေးရမည့် အကြံပြုချက်နှင့်ပင် မြို့စားအိမ်တော်၏ ခန့်မှန်းခြေများအရ ယခင်လက မြို့စားအိမ်တော်တည်ဆောက်ထားသည့် မြို့ပြင်ရှိ ဆေးရုံဖြစ်နေပါလျှင်တောင် တစ်နှစ်လျှင် ရွှေဒင်္ဂါးနှစ်သိန်းနီးနီးကုန်ကျလိမ့်မည်ဖြစ်၏။
ဘန်တာမြို့ ပြည်သူ့ဆေးရုံ၏ အရည်အသွေးကို စိတ်ချရစေရန်အလို့ငှာ ဆယ်ဗီနီမှာ အန်ဗီမာမြို့တော်ထံမှ ကျွမ်းကျင်ဆရာဝန်အမြောက်အများကို ကိုယ်တိုင် လှုပ်ရှားကာ ဖိတ်ကြားခဲ့သည်။
မှန်ပါ၏၊ ထိုဆရာဝန်များမှာ တစ်နှစ်လျှင် ရွှေဒင်္ဂါးတစ်ထောင် အနိမ့်ဆုံးဖြင့် လစာမြင့်မြင့်ရကြသည်။
ဤငွေအား သဘာဝကျစွာပင် ဘန်တာမြို့မှ ဤဆေးရုံအတွက် ရင်းနှီးမြှုပ်နှံမှုတစ်စိတ်တပိုင်းအဖြစ်ပေးရသည်။
ရှဗ်နှင့် ရွန်းနီတို့မှ တစ်အောင့်ကြာဆွေးနွေးနေပြီး နောက်လူထုပို့ဆောင်ရေးမှော်ကား လာရပ်လေသည်။ နှစ်ဦးသားမှာ ရပ်တန့်လိုက်ပြီး ကားထဲဝင်သွားစဉ်တွင် ဆယ်ဗီနီလည်း ၎င်းတို့နောက်မှ လိုက်ဝင်ရလေသည်။
ဤလူထုပို့ဆောင်ရေးမှော်ကားမှာ ဘန်တာမြို့ထံမှ မိုးကျတောင်ကြား၏ ဂိတ်ဆီသွားလေသည်။ ခရီးတစ်ခုလုံးသွားပါလျှင် ဖာဆန်ရထားလုံးလုပ်ငန်းစုက ရွှေဒင်္ဂါးသုံးဆယ်ပြားယူခဲ့သည်။ နောက်ပိုင်းမှ ဆယ်ဗီနီက ဘန်တာမြို့မှာ ၎င်းအတွက် ထောက်ပံ့ငွေပေးမည့်အကြောင်းနှင့် ခရီးတစ်ခုစီ၏ အခကြေးငွေအား ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြားအထိ လျှော့ချရမည့်အကြောင်းကို ကြေညာခဲ့ရ၏။
ရွှေဒင်္ဂါးငါးပြားလေးသာဖြစ်သော်လည်း မြို့စားအိမ်တော်ထံမှ ၎င်းမူဝါဒကို ဘန်တာမြို့ရှိလူတိုင်းက ချက်ချင်းချီးမွမ်းခဲ့ကြသည်။
သူမအနေနှင့် မြို့စားဖြစ်ခဲ့သည်မှာ နှစ်တစ်ဝက်အောက်သာရှိသေးပါလျှင်သော်မှ ဆယ်ဗီနီသည် ဘန်တာမြို့တွင် ဩဇာမြင့်မြင့်ရှိနေပြီဖြစ်၏။ သူမအား « ဘန်တာတိုင်းမ်စ် »မှနေ၍ "ကြီးမြတ်၍ လေးစားဖွယ် လှပသော မြို့စားအရှင်"ဟု ခေါ်လေသည်။
သူမအား စတေးလ်နောက်မှ 'ဘန်တာမြို့နတ်ဘုရားမ'ဟု ခေါ်ကြသည့် ဘန်တာမြို့သူမြို့သားတချို့ပင် ရှိသေးသည်။
သို့သော် ၎င်းက အလှအပနှင့် ကျော်ကြားမှုတို့မှ ထိုခေါင်းစဉ်ကိုရရှိခဲ့သည့် စတေးလ်နှင့်ခြားနားသည်၊ ဆယ်ဗီနီ ထိုခေါင်းစဉ်ကိုရရှိခဲ့သည်မှ ဘန်တာမြို့သူမြို့တော်သားများထံရှိ သူမအတွက် ကျေးဇူးတင်ခြင်းနှင့် မေတ္တာတို့ကြောင့်ဖြစ်လေ၏။
ရှဗ်နှင့် ရွန်းနီတို့က မှော်ကားထဲဝင်ရောက်ပြီးနောက်တွင် ဆက်လက်ဆွေးနွေးနေ၏။ မြို့စားအိမ်တော်၏ မူဝါဒအကြောင်းပြောပြီးနောက်တွင် ၎င်းတို့က သဘာဝကျစွာ ဆယ်ဗီနီကို ချီးကျူးနေကြသည်။
၎င်းတို့နှစ်ဦးထံမှ ချီးကျူးသံကိုကြားသော် အမှန်တရားဖြစ်ပါသော်ငြား ဆယ်ဗီနီမှာ မျက်နှာနီရဲလာသဖြင့် ခေါင်းငုံ့လိုက်ရသည်။
လူများသာ သူမအား မြို့စားအဖြစ် သတိပြုမိသွားကြပါလျှင် လူများကို နေရခက်နေစေလိမ့်မည်။
ကားရပ်သွားချိန်၌ အခြားမှတ်တိုင်များမှ လူတချို့ကို ထပ်တင်လာသည်။
ခရီးသည်အချို့မှာ ရွန်းနီနှင့် ရှဗ်တို့၏ ဆွေးနွေးခြင်းကို ကြားကြသော် မနေနိုင်ဘဲ ဝင်ပါလာကြ၏။ ထိုအဖွဲ့မှာ စိတ်အားထက်သန်စွာဖြင့် မြို့စားအိမ်တော်မှ အကောင်အထည်ဖော်ခဲ့သည့် မူဝါဒအမျိုးမျိုးကို ဆွေးနွေးနေကြသည်။
၎င်းတို့အကြားတွင် တချို့က မူဝါဒများကို ချီးမွမ်းကြသော်လည်း ၎င်းတို့အား သဘောမကျသည့်လူတချို့ရှိကာ ဆန့်ကျင်ပြောဆိုကြလေသည်။
ဥပမာပြောရလျှင် ဘန်တာမြို့ပြန်လည်ပြုပြင်ရေးအကြောင်းရောက်ချိန်၌ လူအများစုက ၎င်းကို အစီစဉ်ကောင်းဟု ခံစားကြရသည်။ သို့ရာတွင် တစ်မြို့လုံး၌ ဆောက်လုပ်ရေးများရှိမည်ဖြစ်ရာ ဖုန်မှုန့်နှင့် ဆူညံသံများအပြည့် ဖန်တီးလာနိုင်သည်ဟု ပြောခဲ့သော လူနှစ်ဦးရှိလေ၏။ ၎င်းတို့မှာ ညအချိန်၌ပင် အလုပ်လုပ်နေကြသဖြင့် သူတို့၏ အနားယူမှုကို ထိခိုက်စေသည်ဟုပင်။
ဥပမာဆိုရပါက ဆယ်ဗီနီဆိုခဲ့သည့် စိုက်ပျိုးရေးနှင့် စီးပွားရေးအစီအစဉ်များကို အတူတကွ ဖွံ့ဖြိုးနိုင်မည်ဟု လူတချို့က သဘောမတူကြပေ။
၎င်းတို့အတွက် ဘန်တာမြို့မှာ လက်ရှိတွင် စီးပွားရေးကို အာရုံစူးစိုက်နေ၏။ အဝေးမှလာသည့် လူများစွာရှိပါလျှင်တောင် ဘန်တာမြို့၏ လုပ်ငန်းစုအမျိုးမျိုး၌သာ အလုပ်လုပ်ကြပြီး ဤတစ်လျှောက်လုံးကို လယ်စိုက်ဖို့ ရောက်လာမည်မဟုတ်ပေ။
ထိုသို့ဖြစ်လေရာ မြို့စား ဆယ်ဗီနီမှာ ပိုမိုရဲရင့်ကာ ဘန်တာမြို့အား စီးပွားရေးမြို့တော်အဖြစ်အသွင်ပြောင်း၍ လုပ်ငန်းစုများကို အပြည့်အဝထောက်ပံ့သင့်ပေသည်။
စိုက်ပျိုးရေးကရော? ကန်တိုနာကုန်သည်ကြီးများအသင်း ရှိတယ်မဟုတ်လား၊ သူတို့ကို ပေးလိုက်ပေါ့။
ရှင်းလင်းစွာပင် မကြာသေးမီကမှ မြို့ရှိ ကုန်သည်လေးများဖြစ်လာသည်ဟု မြင်နိုင်သော လူများက ကန်တိုနာကုန်သည်ကြီးများအသင်းအကြောင်း ဆွေးနွေးနေသည်ကိုကြားသော် ဆယ်ဗီနီမှာ မပြုံးဘဲ မနေနိုင်ပေ။
ရှုယီမှာ ယခင်က သူမနှင့်အတူ အလောင်းအစားလုပ်ကာ ကန်တိုနာကုန်သည်ကြီးများအသင်းက နှစ်ဆုံး၌ အခွန် နှစ်သိန်းကျော် ပေးလိမ့်မည်ဟု ဆိုထားသော်လည်း ဆယ်ဗီနီက လုံးဝမယုံချေ။
အကြောင်းမှာ ကန်တိုနာကုန်သည်ကြီးများအသင်း၏ ယခင် အခွန်ငွေများကို ပေါင်းကြည့်လျှင် ငါးထောင်မျှသာ ရှိသောကြောင့်ပင်။ ဆယ်ဗီနီအတွက် ၎င်းတို့မှာ လေးလတည်းနှင့် အခွန် နှစ်သိန်းပေးဆောင်ဖို့ရန် မဖြစ်နိုင်အေ။
ဆယ်ဗီနီမှ အစီရင်ခံစာကိုမြင်လိုက်ချိန်တွင် ကန်တိုနာကုန်သည်ကြီးများအသင်းက အခွန်ငွေ နှစ်သိန်းပေးထားပြီးဖြစ်မည်ဟု မည်သူက ထင်ထားမည်နည်း။
၎င်းတို့ကိုသာ ဤလ၏ အခွန်ထဲ ပေါင်းလိုက်လျှင် ရွှေဒင်္ဂါးသုံးသိန်းကျော်အထိပင်ရောက်နိုင်သည်!
ပြောရလျှင် ကန်တိုနာကုန်သည်ကြီးများအသင်းမှာ ဤတစ်ခေါက်တွင် တကယ်ကို ဆယ်ဗီနီအား အံ့ဩစေခဲ့၏။
အကြောင်းမှာ ဆယ်ဗီနီသည်ပင် ယင်းစိုက်ပျိုးရေးမှာ စီးပွားရေးနှင့် မတွဲဖက်နိုင်ဟူသည့် အတွေးရှိခဲ့သည်။ ကန်တိုနာ ကုန်သည်ကြီးများအသင်း၏ အဓိကစီးပွားမှာ စိုက်ပျိုးရေးဖြစ်လေရာ ၎င်းတို့အတွက် အမြတ်ငွေကြီးကြီးမားမားရရန် ခက်ခဲသဖြင့် အခွန်ပေးချေမှုများက အခြားလုပ်ငန်းစုလေးများကို မကျော်လွန်နိုင်ပေ။
သို့သော် ကန်တိုနာကုန်သည်ကြီးများအသင်းမှာ ထိုမျှများပြားလှသည့်အခွန်ကို ၎င်းတို့ထုတ်လုပ်လိုက်သည့် အရေးကြီးထုတ်ကုန်သစ် အစိမ်းရောင်ရင်းမြစ်သစ်သီးဖျော်ရည်မှ အဓိကရရှိခဲ့သောကြောင့်ဖြစ်သည်။
၎င်းမှာ နတ်သူငယ်မျိုးနွယ်စု၏ ထူးကဲသော ဖော်မြူလာနှင့်အတူ ပြုလုပ်ထားသည့် လတ်ဆတ်သော အသီးဖျော်ရည်ဖြစ်သည်။ ၎င်းမှာ လတ်ဆတ်သည့်ဖျော်ရည်နှယ် အရသာရှိရုံမျှမက အချိန်ကြာ သိုလှောင်ထားနိုင်သည့်အချက်ကြောင့် ဈေးကွက်က ကြိုဆိုလေသည်။
ဘန်တာမြို့တွင် ဖျော်ရည်အရသာမျိုးစုံရှာတွေ့နိုင်ရုံမက ကန်တိုနာ ကုန်သည်ကြီးများအသင်းမှာ ထိုထုတ်ကုန်ကို ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းမှတဆင့် မြို့ပေါင်းစုံသို့ ရောင်းချနေသည်ပင်။
ပိုအရေးကြီးဆုံးအရာမှာ ရောင်းကောင်းသော ၎င်းဖျော်ရည်များနှင့်အတူ ကန်တိုနာကုန်သည်ကြီးများအသင်းက ၎င်းတို့စာချုပ်ချုပ်ထားသည့်ရွာသုံးရွာကို ပိုမိုကောင်းမွန်စွာဆက်ဆံပေးပြီး ထိုရွာများ၌ အသီးအနှံစိုက်ပျိုးရာတွင် စိတ်အားထက်သန်အောင် လုပ်ပေးလိုက်သည်။
အသီးပင်များစိုက်ခြင်းမှ ရွာသုံးရွာကလည်း အခြားရွာများထက် ငွေပိုရလေသဖြင့် မြို့စားအိမ်တော်သို့ နောက်နှစ်၌ အသီးများစိုက်ရန် လာလျှောက်ထားသည့် ရွာများစွာရှိနေသည်။
ယခင်ကကဲ့သို့ အခြေခံအစားအသောက်ထုတ်လုပ်ရာ၌ပင် ခက်ခဲနေပါက ဆယ်ဗီနီမှာ ဤတောင်းဆိုမှုကို သဘောတူမည်မဟုတ်ပေ။
သို့သော် ယခုတွင် မြေဩဇာရှိနေပြီး ဆန်စပါးအထွက်နှုန်းကလည်း များစွာတိုးတက်လာသည်။ ကန်တိုနာကုန်သည်ကြီးများအသင်းနှင့် စာချုပ်ချုပ်ထားသော ရွာသုံးရွာအနက် ခမ်ဘီယာရွာကသာ အခြေခံဆန်စပါး ထုတ်လုပ်သော်လည်း ရိတ်သိမ်းပမာဏမှာ ယခင်က ရွာသုံးရွာမှ ရသည်နှင့် ညီမျှသည်။
ထိုသည်ကိုစဉ်းစားရင်း ဆယ်ဗီနီက ဆန်းဒ်တွန်အိမ်ရာ၌ Frestech ကုန်သည်ကြီးများအသင်း တည်ဆောက်ခဲ့သည့် မြေဩဇာစက်ရုံအကြောင်း စဉ်းစားလိုက်သည်။
မြေဩဇာမှာ ကောက်ရိတ်သိမ်းရာသီနှစ်ခုအတွင်း ၎င်း၏ အသုံးဝင်မှုကောင်းပုံကို ပြသခဲ့သည်။ မြေဩဇာသုံးခြင်းဖြင့် ကြီးထွားခဲ့သည့်အစာများတွင် ဖြစ်စေလာနိုင်သည့် ပြဿနာများရှိသည်ဟု လူအချို့က သံသယရှိနေသေးပါသော်လည်း မြေဩဇာစက်ရုံမှာ တိုင်းပြည်တဝှမ်းလုံးမှ မှာယူမှုပမာဏများစွာရရှိထားသည်။
ရှုယီ မထွက်သွားခင် ဆယ်ဗီနီကို ပြောထားသည့်အချက်အရ လက်ရှိ မြေဩဇာစက်ရုံအတွက် အမှာစာမှာ ကြောက်မက်ဖွယ်တန်ပေါင်းလေးသန်းအထိပင် ရောက်နေပြီဖြစ်သည်။
လက်ရှိ အထွက်နှုန်းအား ကန့်သတ်ထားလေရာ နောက်နှစ် နွေဦးစိုက်ပျိုးချိန်မတိုင်ခင် တန်ပေါင်း ခုနှစ်သိန်းသာ အများဆုံး ထုတ်လုပ်နိုင်ခဲ့၏။
ဘန်တာမြို့အတွက် အပိုင်းတစ်ခု ချန်ထားခြင်းမှလွဲလျှင် ရှုယီမှာ ဆယ်ဗီနီထံ ကျန်သည့်အရာအားလုံးကို လုပ်ဆောင်ရန် ပေးထားကာ မည်သည်ကို အရင်ဆုံး အပြီးသတ်ရမည်အား ဆုံးဖြတ်ခွင့်ပေးထားခဲ့သည်။
ဆယ်ဗီနီမှာ ရှုယီက သူမထံ တာဝန်ကြီးကြီးပေးခဲ့ကြောင်း နားလည်ပေ၏။
မြေဩဇာမှာ ကောက်ပဲသီးနှံအထွက်တိုးရာ၌ အကျိုးရှိလေရာ မြေဩဇာအကူအညီကို ရရှိသည့် မည်သည့်မြို့မဆို ကောက်ပဲသီးနှံကြွယ်ဝလာမည်သာ။
လတ်တလော စိုက်ပျိုးရေးကိုအလေးပေးထားသည့် လမ်ပူရီတိုင်းပြည်အတွက် ၎င်းတို့လိုအပ်သောကောက်ပဲသီးနှံအထွက်နှုန်းကို ဖြည့်ဆည်းနိုင်သည့် မည်သို့သောမြို့မဆို ထိုမြို့၏ မြို့စားထံမှ အသိအမှတ်ပြုခံရခြင်းဟု ဆိုလိုသည်။
၎င်းက သူမအတွက် ထောက်ပံ့မှုရရန် အင်မတန်အရေးပါသည်။
ရှုယီက ၎င်းကိုနားလည်သဖြင့် ဆယ်ဗီနီထံ ဆုံးဖြတ်ခွင့်အာဏာပေးခဲ့သည်။
၎င်းကိုစဉ်းစားရင်း ဆယ်ဗီနီလည်း မနေနိုင်ဘဲ ရှုယီအား ကျေးဇူးတင်ကာ ထူးဆန်းသည့် ခံစားချက်များဖြစ်လာသည်။
ရှုယီ၏ တည်ရှိမှုကြောင့်သာမဟုတ်လျှင် ဘန်တာမြို့မှာ ဤမျှ ကြွယ်ဝလာမည်မဟုတ်သလို ဆယ်ဗီနီလည်း တိုင်းပြည်တစ်ခုလုံးကိုပြောင်းလဲနိုင်မည့် မျှော်လင့်ချက်ရလာမည်မဟုတ်ပေ။
ဖြစ်နိုင်ပါလျှင် ဆယ်ဗီနီမှာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို ပိုမိုထောက်ပံ့ချင်ပြီး ရှုယီကိုလည်း လမ်ပူရီတိုင်းပြည့်အား မြန်မြန်တိုးတက်အောင်လုပ်ပေးစေချင်သည်။ လမ်ပူရီတိုင်းပြည်သာ ပိုမိုအားကောင်းလာပါလျှင် လူများမှာ ဘန်တာမြို့ကဲ့သို့ တူညီစွာဖြင့် အစားအစာမလုံလောက်ခြင်းအတွက် စိုးရိမ်စရာမလိုတော့ဘဲ ၎င်းတို့နေ့စဉ်ဘဝများကိုတိုးတက်ရာ၌ အသုံးပြုရန် အပိုဝင်ငွေရလာလိမ့်မည်။
သို့သော် ၎င်းကိုရရှိရန် ဆယ်ဗီနီ၏ လက်ရှိရာထူးက လုံလောက်ဖို့ အင်မတန်ဝေးကွာနေသေး၏။
သူမသာ ရှုယီထံ သူလိုအပ်နေသည့် အကူအညီကိုပေးလိုပါလျှင် ဆယ်ဗီနီအနေနှင့် လူတိုင်း အာရုံစိုက်နေသည့် ထီးနန်းကို ရဖို့လိုသည်။
သူမ အုပ်ချုပ်သူဘုရင်မဖြစ်လာသရွေ့ ရှုယီကိုထောက်ပံ့ရန် အရည်အချင်းမှီလိမ့်မည်သာ။
သို့သော် ထီးနန်းရယူရန် တိုင်းပြည်၏ မျိုးရိုးမြင့်များထံမှ ထောက်ခံမှု ရရှိရမည့်အပြင် တိုင်းသူပြည်သားများ၏ ထောက်ပံ့မှုကိုလည်း လိုအပ်၏။
စကားဝိုင်းရှိ သူမအား ထောက်ခံခြင်းကိုကြားသော် ကျေးဇူးတင်ကာ မေတ္တာများဖြစ်လာပြီး ဆယ်ဗီနီလည်း တစ်ချက်ပြံးလိုက်သည်။ သူမသာ တိုင်းပြည်ရှိလူတိုင်းကို ဘန်တာမြို့သားများကဲ့သို့ တူညီသည့်နေထိုင်ခွင့်ပေးလိုက်ပါလျှင် သူမအား ဤလူများကဲ့သို့ သေချာပေါက် ထောက်ပံ့ကြလိမ့်မည်။
သို့သော် ထိုအချိန်၌ အေးစက်စက်နှာမှုတ်သံတစ်ခုက ကားထဲပြည့်သွားသည်။
"ခင်ဗျားတို့တွေက အဲ့ဒီ ဆယ်ဗီနီကို နတ်ဘုရားတစ်ပါးလို့ဆက်ဆံနေကြပေမယ့် သူမက ဘာမှမဟုတ်တဲ့ အရှုပ်ထုပ်လို့ပဲ ကျုပ်တော့ထင်တယ်!"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၄၃။ ပြဿနာရှာနေသော လူအုပ်ကြီး
ကားထဲတွင်တိတ်ဆိတ်သွားကာ လူတိုင်းက အသံလာရာဘက်သို့ တအံ့တဩ လှည့်ကြည့်လိုက်ကြသည်။
ကားသည်ပင် ယမ်းခါသွားပြီးမှ ပုံမှန် အမြန်နှုန်း ပြန်ရောက်သွားသည်။ ရှေ့ရှိယာဉ်မောင်းမှာလည်း ထိုစကားများကြောင့် အံ့အားသင့်သွားကာ ထိုအံ့အားသင့်မှုကြောင့် အထိန်းအကွပ်မဲ့သွားသည်က ရှင်းလင်းပါ၏။
ဆယ်ဗီနီမှာ ထိုလူများ၏ ဆွေးနွေးမှုကိုသုံးသပ်ရင်း မူဝါဒမျိုးစုံကို မည်သို့ ပြောင်းလဲရမည့်အကြောင်းစဉ်းစားနေသည်။ ၎င်းကိုကြားသော် သူမမှာ အံ့ဩကာ လက်ဝဲဘက်သို့ကြည့်လိုက်ရာ အသက်ငါးဆယ်ဝန်းကျင်လူတစ်ဦးက သူ့ထံကြည့်နေသည့်လူတိုင်းကို စိန်ခေါ်နေဟန်ဖြင့် ကြည့်နေကြောင်း တွေ့ရလေသည်။
"ဘာလဲ? ခင်ဗျားတို့က ဒါကို လက်ခံဖို့ ငြင်းနေတာလား? ကျုပ်သာဆိုရင် ဘုရင်မမှာ လုံးဝဦးနှောက်မရှိဘူးလို့ပြောမှာပဲ! သူမက သူမရဲ့လက်အောက်ငယ်သားတွေကို သူတို့လုပ်ချင်ရာ လုပ်ခွင့်ပြုထားပြီး Frestech ကုန်သည်ကြီးများအသင်းရဲ့ ရှုယီကို နားထောင်နေရုံပဲ၊ သူမ ကိုယ်တိုင် ဘာကိုမှမလုပ်နိုင်ဘူးလေ။ တစ်ဘဝလုံး မင်းသမီးတစ်ယောက်လို နေရင်တော့ တော်ပါသေးတယ်။ ဒါပေမယ့် ဒီကို မြို့စားအဖြစ်ရောက်လာပြီး အုပ်ချုပ်သူ ဘုရင်မပါ ဖြစ်ချင်နေသေးတယ်လား? ဟာသပါပဲတကယ်!"
၎င်းကိုကြားသော် ကားထဲရှိလူများမှာ ချက်ချင်း ဒေါသဖြစ်လာကြ၏။
ရှဗ်က မည်သည့် ယဉ်ကျေးမှုမှမပြဘဲ သူ၏နှာခေါင်းကို ထိလျက် အော်လိုက်သည်၊ "ဒီလူကတော့၊ အတင့်ရဲလိုက်တာ! ဘုရင်မရဲ့အကြောင်းကို ပေါက်ကရ လျှောက်ပြောနေတယ်ပေါ့! ခင်ဗျားက ဘယ်လောက်များ အရည်အချင်းရှိနေလို့လဲ?"
"အမှန်ပဲ၊ ခင်ဗျားက တကယ်ကို ဘုရင်မမှာ ဘာအရည်အချင်းမှ မရှိဘူးလို့ပြောရဲတယ်ပေါ့? လူတိုင်းက ကန်းနေတယ်များ ထင်နေလား?" ခရီးသည်နောက်တစ်က ထပ်ပြောလာသည်၊ "ကောင့်ထ်စတက်ဂျ် မြို့စားဖြစ်တုန်းက လူတိုင်းဆီမှာရှိတဲ့ နေ့ကောင်းရက်သာလေးတွေ ဖျက်ဆီးခံလိုက်ရတယ်။ အခုဆို ဘုရင်မက မြို့စားဖြစ်တာ တစ်နှစ်တောင်မပြည့်သေးဘူး၊ မြို့က ဘယ်လောက်ထိ ပြောင်းလဲသွားတယ်ဆိုတာမမြင်ဘူးလား? လူတိုင်းက ဘယ်လိုဘဝတွေမှာ နေထိုင်နေလဲ?"
"အဟုတ်ပဲ။ ခင်ဗျား တခြားလူတွေကိုတော့ ပြောလို့ရပါတယ်၊ ဒါပေမယ့် ဥက္ကဌရှုအကြောင်းကို ပြောရဲသေးတယ်ပေါ့? Frestech ကုန်သည်ကြီးများအသင်းနဲ့ ဥက္ကဌရှုတို့က ဘန်တာမြို့ကို ဒီပစ္စည်းအသစ်အဆန်းတွေအားလုံးပေးတာကြောင့်သာမဟုတ်ရင် လူတိုင်းက ဒီလို ဘဝကောင်းမှာ နေနိုင်ပါလိမ့်မလား?"
"ဟုတ်တယ်။ ဥက္ကဌရှုနဲ့ Frestech ကုန်သည်ကြီးများအသင်းသာ ဘန်တာမြို့ရဲ့ တိုးတက်မှုကို ရှေ့ဆောင်နေတာကြောင့်ပဲ လူတိုင်းက ဒီလိုဘဝကောင်းမှာနေထိုင်နိုင်နေတာ။"
"ခင်ဗျားအနေနဲ့ ဥက္ကဌရှုနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဒီတိုင်းလေးပြောလိုက်လို့မရဘူး။ ကောင့်ထ်စတက်ဂျ် မြို့စားဖြစ်ခဲ့တဲ့ နှစ်အတွင်းမှာ ဥက္ကရှုက ဘာကိုမှ မလုပ်နိုင်ခဲ့ဘူးလေ။ ဒီတော့ ခင်ဗျားအနေနဲ့ ဘုရင်မကို အကောင်းဆုံး လေးစားရိုသေသင့်တယ်။ သူမ မြို့စားဖြစ်လာတာနဲ့ ကျုပ်တို့ ဘန်တာမြို့တစ်ခုလုံး တစ်ဖန်ပြန်ပြီး စတင်ဖွံ့ဖြိုးလာတယ်။"
"အဟုတ်ပဲ။ ကျုပ်သာဆိုရင် ဘုရင်မကို အုပ်ချုပ်သူ ဘုရင်မ မဖြစ်ခိုင်းဘဲ ကျုပ်တို့ရဲ့မြို့စားအဖြစ်ဆက်နေခိုင်းလိုက်မှာ၊ ဒါဆို ကျုပ်တို့ဆီမှာ အမြဲတမ်း ဒီလိုနေ့ရက်ကောင်းတွေရှိလာလိမ့်မယ်။"
"အမှန်ပဲ။ ဘုရင်မသာ အုပ်ချုပ်သူဘုရင်မဖြစ်လာရင် ကျုပ်တို့လမ်ပူရီတိုင်းပြည်တစ်ခုလုံးက ဘန်တာမြို့လိုဖြစ်လာလိမ့်မယ်။"
"အင်း ဒါကလည်း မှန်တာပဲ...."
.....
ထိုအဖွဲ့က ဆက်လက်ပြောဆိုနေကြပြီး ဆယ်ဗီနီကို ချီးကျူးလိုက် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့အတွက်ပြောပေးလိုက် လုပ်နေကြသည်။
သက်လတ်ပိုင်းလူကြီးကလည်း အေးစက်စက်အပြုံးဆက်ရှိနေဆဲဖြစ်သော်လည်း မည်သည်ကိုမှ မဆိုတော့လေသဖြင့် လူအုပ်ကြီးမှာ သူ့အား ပြဿနာဆက်မရှာနိုင်တော့ပေ။
သို့သော် သူ့ကဲ့သို့ ပစ်မှတ်တစ်ခုကြောင့် လူအုပ်ကြီးက ပိုလို့ပင်ကျယ်လောင်လာပြီး ၎င်းတို့၏စကားလုံးများက များစွာပိုမို ထက်မြလာကြသည်။
ဤကားထဲ၌ ဆက်နေရန် အဓိပ္ပာယ်မရှိတော့ကြောင်း ခံစားမိသည်လည်းဖြစ်နိုင်သလို မှတ်တိုင်ရောက်နေသောကြောင့်လည်းဖြစ်နိုင်သည်၊ မှော်ကားက နောက်မှတ်တိုင်အရောက်ရပ်တန့်သွားချိန်တွင် သက်လတ်ပိုင်းလူမှာ ဆင်းလိုက်၏။
ဆယ်ဗီနီလည်း စဉ်းစားကာ သူ့နောက်လိုက်သွားသည်။
ဆင်းလိုက်ချိန်တွင် ဘေးဘီကိုကြည့်လိုက်သော် ဤမှတ်တိုင်က ဆန်ဒီမြစ်နှင့် မဝေးကြောင်း ဆယ်ဗီနီတွေ့လိုက်ရသည်။ ၎င်းက မကြာသေးမီကမှ အမ်ရစ်ကုန်သည်ကြီးများအသင်း ဆောက်လုပ်ပြီးစီးခဲ့သော မိုးသောက် အဆင့်မြင့်ဗီလာအိမ်ဝန်းအနီးတွင်ရှိသည်။
ယင်း သက်လတ်ပိုင်းလူကြီးက ဆင်းလိုက်ပြီးနောက်တွင် အိမ်ဝန်းဘက်ကို ဦးတည်သွားသည်က ဆယ်ဗီနီကို ပို၍ပင် စူးစမ်းလိုစေ၏။
သူ၏ အဝတ်အစားများအရ ယင်းသက်လတ်ပိုင်းလူကြီးမှာ ထိုမျှ မချမ်းသာလောက်ပေ။ မည်သို့ဖြစ်ဖြစ် သူဟာ ဤအဆင့်မြင့်အိမ်ဝန်း၌ နေထိုင်သူမဖြစ်နိုင်လေရာ ဤနေရာ၌ ဘာလုပ်နေရသနည်း?
ဤနေရာ၌ နေထိုင်သူ တစ်ဦးဦးနှင့် သိကျွမ်းနေသည်ဟု ပြောရပါလျှင် ဤနေရာမှာ ဘန်တာမြို့ တိုးတက်ခြင်းမှ အကျိုးအမြတ်ရရှိခဲ့ပြီး ရွှေဒင်္ဂါးရှစ်ထောင်တန် ဗီလာတစ်ခုကို တတ်နိုင်သည့် သူများအတွက်ဖြစ်လေရာ သူနှင့်မည်သို့များ သိကျွမ်းနိုင်မည်နည်း?
ဆယ်ဗီနီလည်း ထိုလူ၏ မနီးမဝေးမှလိုက်သွားရင်း ထိုလူက ဗီလာထံ ချဉ်းကပ်ကာ ဂိတ်ရှိအစောင့်များက သူ့အားသတိထားမိသွားသဖြင့် တားဆီးရန် ရှေ့တိုးလာကြသည်။
သို့သော် ထိုလူက အိမ်ဝန်း၏ ဂိတ် မနီးမဝေး၌ ရပ်တန့်သွားကာ ရင်ဘတ်ထံ နှိုက်လိုက်သည်။ ၎င်းက ရုတ်တရတ် လိပ်ထားသည့် အဝတ်တချို့ကို ထုတ်ကာ ခါလိုက်သော် အဝတ်၏ တစ်ဖက်စီ၌ ထိုးထားသည့် သံချောင်းနှစ်ချောင်းပေါ်လာသည်။
သက်လတ်ပိုင်းလူက သံချောင်းတစ်ချောင်းကို မြေကြီးထဲ ထိုးစိုက်ကာ အဝတ်ကို ဆွဲခွာ၍ အခြားသံတစ်ချောင်းကို လမ်း၏ အခြားဘက်၌ သွားထိုးစိုက်လိုက်သည်။
အဝတ်အဖြူကို ဖြန့်လိုက်ချိန်တွင် ၎င်းထက်၌ သွေးနီရောင်စာလုံးများကို ရေးထားလေသည်။
"အမ်ရစ်ကုန်သည်ကြီးများအသင်းက နှလုံးသားမရှိဘူး! ငါတို့ နေအိမ်တွေကို ဖျက်ဆီးပစ်တယ်! ဘုရင်မ ဆယ်ဗီနီဆီမှာ လူသားဆန်တဲ့စိတ်ဓာတ်မရှိဘူး! သူမက ကုန်သည်တွေနဲ့ ပူးပေါင်းတယ်!"
ထိုစာများကိုမြင်သော် ဆယ်ဗီနီမှာ တမုဟုတ်ချင်း ထိတ်လန့်အံ့အားသင့်သွားသည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းအား နှလုံးသားမဲ့သည်ဟု ဆိုလျှင် ပြောဖို့အဆင်ပြေသေးသည်၊ သို့သော် အဘယ့်ကြောင့် သူမထံ၌ လူသားဆန်စိတ်မရှိဟု ဆိုရသနည်း?
အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းခြင်းမှာ.... ဘန်တာမြို့ ဖွံ့ဖြိုးစေရန် မြို့စားအိမ်တော်က ဘန်တာမြို့၏ လုပ်ငန်းစာအားလုံးနှင့် ပူးပေါင်းရပြီး အကောင်းဆုံး ကိုယ်စားလှယ်မှာ Frestech ကုန်သည်ကြီးများအသင်းဖြစ်သည်။
ထိုလူက Frestech ကုန်သည်ကြီးများအသင်းကို မရွေးချယ်ဘဲ အမ်ရစ်ကုန်သည်ကြီးများအသင်းကိုသာ ထုတ်ပြောလာလေရာ မည်သည်က အကြောင်းပြချက်ဖြစ်မည်နည်း?
ဆယ်ဗီနီလည်း ခေတ္တမျှစဉ်းစားကြည့်သော် အမ်ရစ်ကုန်သည်ကြီးများအသင်းက ဘန်တာမြို့တဝှမ်း ဆောက်လုပ်ရေးစီမံကိန်းများရှိခဲ့ပြီး မြို့စားအိမ်တော်နှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းခဲ့သောကြောင့် လုံးဝမခန့်မှန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
အိမ်ဝန်း၏ အစောင့်နှစ်ဦးက ၎င်းကိုမြင်သော် အံ့ဩနေပြီးနောက် လျင်မြန်စွာဖြင့် သက်လတ်ပိုင်းလူထံသွားနေသည်မှာ ၎င်းကို မေးခွန်းမေးလိုဟန်ရှိနေ၏။
ထိုအစောင့်နှစ်ဦးချဉ်းကပ်လာသည်ကိုမြင်ချိန်တွင် သက်လတ်ပိုင်းလူက ရုတ်တရတ် ရင်ဘတ်ထဲမှ ဓားမြှောင်တစ်ချောင်းထုတ်လာမည်ဟု မည်သူက သိထားမည်နည်း။
အစောင့်နှစ်ဦးက အံ့ဩသွားပြီးနောက် ရယ်လျက်နှင့် ဆက်လက်ချဉ်းကပ်လာသည်။
စစ်တပ်မှ အငြိမ်းစားယူထားသည့် ၎င်းအစောင့်နှစ်ဦးအတွက် ဓားမြှောင်တစ်ချောင်းသာ ကိုင်ထားပြီး ထိုမျှ သန်မာဟန်မပေါ်သော သက်လတ်ပိုင်းလူတစ်ဦးမှာ ခြိမ်းခြောက်နိုင်ခြင်း အလျဉ်းမရှိပေ။
သို့ရာတွင် သက်လတ်ပိုင်းလူက ထိုဓားမြှောင်အား ၎င်းတို့ကို တိုက်ခိုက်ရန် အသုံးမပြုခဲ့ပေ။ သူက သူ၏လက်ကိုကွေး၍ ဓားမြှောင်ကို လည်မြိုနားကပ်ထားရင်း အော်လာ၏၊ "မလာနဲ့! မင်းတို့လာရင် ငါထိုးလိုက်မှာ!"
အစောင့်နှစ်ဦးက အံ့ဩကာ မတတ်နိုင်ဘဲ ရပ်တန့်လိုက်ရသည်။
ထိုလူအနေနှင့် ၎င်းကိုယ်ကို သတ်သေပစ်ရန် ခြိမ်းခြောက်လာသည်က အစောင့်နှစ်ဦးကို စိုးရိမ်စေ၏။
အစောင့်နှစ်ဦးနှင့် ဆယ်ဗီနီတို့ အံ့ဩနေချိန်တွင် ၎င်းတို့နောက်၌ မှော်ကားတစ်စီးရပ်သွားကာ လူတစ်အုပ်ဆင်းလာကြသည်။ ၎င်းတို့မှာ သက်လတ်ပိုင်းလူ နံဘေးသို့ရောက်လာပြီး ဝိုင်းရံလိုက်ကြ၏။ ထို့နောက် ၎င်းတို့အားလုံးက ဓားမြှောင်များထုတ်၍ ၎င်းတို့ကိုယ့်ပိုင်လည်ပင်းထက်၌ ထောက်ကာ သက်လတ်ပိုင်းလူကဲ့သို့ ပြုမူနေကြတော့သည်။
ယင်းလူအုပ်ထဲ၌ ယောကျာ်း၊ မိန်းမ၊ လူကြီး၊ လူငယ်များ ပါဝင်နေကာ ဆယ်နှစ်ပင်မပြည့်သေးသော ကလေးနှစ်ဦးပင် ပါသည်ကိုမြင်သော် ဆယ်ဗီနီက မျက်ခုံးများတွန့်ချိုးလိုက်၏။
အမ်ရစ်ကုန်သည်ကြီးများအသင်းက ထိုသာမန်ပြည်သူများကို ဤအခြေနေထိရောက်အောင် မည်သို့ တွန်းအားပေးခဲ့ပါသနည်း?
"ဘုရင်မ၊ ကျုပ် မှားသွားတာပါ!" ဥက္ကဌ ခရုစ်ထံ၌ ငိုတော့မည့်ဟန်ရှိနေကာ ဆယ်ဗီနီထံ နစ်နာဟန်ဖြင့် ကြည့်လာသည်၊ "ကျုပ်တို့ လုပ်ငန်းစုတွေက ကိစ္စတွေကို ဘယ်လိုကိုင်တွယ်တတ်တဲ့အကြောင်း သိထားလောက်မှာပါ၊ ဘယ်လိုလုပ် ကျုပ်တို့က နှလုံးသားမဲ့တဲ့ လုပ်ရပ်တွေ လုပ်နိုင်မှာလဲ? ဒီလူတွေက.... ဒီလူတွေက ပြကွက်တစ်ခု ဖန်တီးနေတာပဲ!"
ဆယ်ဗီနီလည်း ဘေးဘီကိုကြည့်ပြီး မည်သည်ကိုမှ မပြောပေ။
ဥက္ကဌခရုစ်လည်း နားလည်က အခြားလူများထွက်သွားရန် လက်ပြလိုက်၏။
အခန်းထဲ၌ ၎င်းတို့နှစ်ဦးသာကျန်ခဲ့၏။ ဥက္ကဌ ခရုစ်က စိုးထိတ်စွာဖြင့် ဆယ်ဗီနီထံ စိတ်နှလုံးမတည်မငြိမ်ဖြစ်ကာ ကြည့်လာသည်။
ထိုသတင်းကို ရလိုက်ချိန်တွင် ၎င်းအခြေအနေမျိုးနှင့် ကြုံဆုံရခြင်းက အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ပထမဆုံးအကြိမ်မဟုတ်ခြင်းကြောင့် ဂရုမစိုက်ခဲ့ချေ။
သို့သော် သူလာချိန်၌ ဘုရင်မ ဆယ်ဗီနီကလည်း နေရာတွင်ရှိနေသည်ကို တွေ့ရသော် ထိတ်လန့်သွားခဲ့သည်။
သူ၏အမြင်တွင် အနှီကိစ္စက အမ်ရစ်ကုန်သည်ကြီးများအသင်း၏ အမှားမဟုတ်သော်လည်း ကိစ္စကြီးကြီးမားမားသာဖြစ်ပွားခဲ့လျှင် အဆိုးများဖြစ်ကာ ဘုရင်မ ဆယ်ဗီနီကလည်း သေချာပေါက် ဒေါသထွက်လိမ့်မည်။
သို့သော် ယခု သူ့အား တွေ့ချိန်တွင် ဘုရင်မဆယ်ဗီနီက ဒေါသဖြစ်နေဟန်မရှိသော်လည်း ဥက္ကဌ ခရုစ်မှ မသိကျိုးကျွံမပြုဝံ့ပေ။
"ပြောပါ၊ ဘာဖြစ်ခဲ့တာများလဲ?" ဆယ်ဗီနီက ဥက္ကဌခရုစ် ကြည့်၍ အေးဆေးစွာမေးလာ၏၊ "ဘာလို့ အဲဒီပြည်သူတွေအနေနဲ့ ရှင်တို့လုပ်ငန်းစုက သူတို့နေအိမ်တွေကို ဖျက်ဆီးတယ်လို့ ပြောရတာလဲ?"
ဥက္ကဌခရုစ်က လက်ကိုပွတ်ရင်း စဉ်းစားပြီးမှ ပြော၏၊ "ဘုရင်မ၊ စန်းလန်မြစ် တူးမြောင်းဆောက်လုပ်ရေးကို သိလောက်တယ်မဟုတ်လား?"
ဆယ်ဗီနီက ခေါင်းငြိမ့်ကာ၊ "သိပါတယ်၊ ဘာလို့လဲ? ဒါက စန်းလန်မြစ် တူးမြောင်းနဲ့ ပတ်သက်နေလို့လား?"
"အင်း၊ ဒီလူတွေက စန်းလန်မြစ် တူးမြောင်းအနီး ရွာတစ်ခုကပဲ၊ ဒါပေမယ့် တူးမြောင်းက သူတို့ရွာကနေတစ်ဆင့်ဖြတ်သွားတာကြောင့် ကျုပ်တို့အနေနဲ့ သူတို့ဆီကနေ လယ်ကွက်တချို့ယူဖို့လိုတယ်။ သူတို့ပြဿနာရှာနေတာက ဒီလယ်ကွက်တွေကြောင့်ပဲ။"
ဆယ်ဗီနီက မျက်ခုံးလှလှလေးများကို တွန့်ချိုးလျက်နှင့်၊ "ဥက္ကဌပေါ်တာကို စန်းလန်မြစ် တူးမြောင်းကိစ္စတွေ သေချာ ဂရုစိုက်ပေးဖို့ ပြောထားခဲ့တယ်မဟုတ်ဘူးလား? ပြီးတော့လည်း ဒီပြည်သူတွေက ဘာလို့ ပေါ်တာကုန်သည်ကြီးများအသင်းကိုမရှာဘဲ ရှင်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ပြဿနာရှာရတာလဲ?"
ဥက္ကဌခရုစ်က ခါးသက်သက်ပြုံးကာ ပြောလာ၏၊ "ဒီစီမံကိန်းကို တာဝန်ယူတာက ကျုပ်တို့ လုပ်ငန်းစုဖြစ်တာကြောင့် အဲဒီပြည်သူတွေကလည်း ကျုပ်တို့အမ်ရစ်ကုန်သည်ကြီးများအသင်းကပဲ သူတို့လယ်ကွက်တွေကို တူးထားတယ်ဆိုပြီး သိထားလို့ ကျုပ်တို့လုပ်ငန်းစုကို အပြစ်တင်နေကြတာပါ။"
"ဒါဆို ဘာလို့ သူတို့က ပထမတုန်းကကျသဘောတူခဲ့ပြီး အခုမှ ပြဿနာရှာရတာလဲ?" ဆယ်ဗီနီက ရှုပ်ထွေးဟန်ဖြင့် မေးလာ၏။
"ဥက္ကဌပေါ်တာက ပထမတုန်းက ကျုပ်တို့သာ သူတို့လယ်ကွက်တွေကို တူးပြီးရင်း လျော်ကြေးအဖြစ် ရွှေဒင်္ဂါးတချို့ပေးပြီး ဘန်တာမြို့က လုပ်ငန်းစုတချို့ဆီမှာ တည်ငြိမ်တဲ့ဝင်ငွေနဲ့ အလုပ်လုပ်ဖို့ စီစဉ်ပေးမယ်လို့ သဘောတူထားတာ။ သူတို့လည်း ပထမက သဘောတူခဲ့တာကြောင့် ကျုပ်တို့ စတူးနေပေမယ့် ဘယ်သူက ထင်ထားခဲ့မှာလဲ....."
ထိုသို့ပြောရင်း ဥက္ကဌခရုစ်က ရုတ်တရတ် ရပ်လိုက်၏။
"ဘာလဲ?" ဆယ်ဗီနီက သူ့ထံကြည့်လိုက်သည်။
ဥက္ကဌ ခရုစ် က ခါးသက်သက်ရယ်လျက် ခေါင်းခါသည်။ သူ၏ အမူအရာက ဒေါသထွက်ရမည်လား ရယ်စရာကောင်းသည်လားကို မသိတော့ကြောင်းပြသနေသည်။
"ကျုပ် ဒီလူတွေနဲ့ ညှိနှိုင်းပြီး ဘာလို့ပြဿနာရှာနေကြကြောင်းမေးတဲ့အချိန်မှာ သူတို့အားလုံး အထုတ်ခံလိုက်ရတာကြောင့်လို့ ပြောကြတယ်။ သူတို့က အလုပ်အားလုံးပြုတ်ပြီး ဝင်ငွေမရတော့ ဒီလိုမနေနိုင်ဘဲ ပြဿနာရှာကြတော့တာပေါ့။"
ဆယ်ဗီနီမှာ အံ့ဩသွားရသည်၊ "သူတို့က ဘာလို့ ထုတ်ခံရတာလဲ? ဥက္ကဌပေါ်တာက သူတို့အတွက် အဲဒီ့လုပ်ငန်းစုတွေမှာ စီစဉ်ပေးခဲ့တယ်မဟုတ်ဘူးလား?"
"ကျုပ် လူတချို့ကို မေးခဲ့တယ်၊ ဘာလို့ လုပ်ငန်းစုတွေက သူတို့ကို ထုတ်ပယ်လိုက်သလဲ ခန့်မှန်းကြည့်နိုင်လား?"
ဆယ်ဗီနီက ခေါင်းခါသည်။
ဥက္ကဌခရုစ်က ထူးဆန်းနေဟန်ဖြင့်ဆိုသည်၊ "ဥက္ကဌပေါ်တာက သူတို့အတွက် ပစ္စည်းတွေ စုစည်းပြီးချိန်မှာ ဥက္ကဌရှုရဲ့ အကူအညီကိုတောင်းတော့ ဥက္ကဌရှုက ဒီလူတွေ သူ့အဆက်အသွယ်နဲ့ မြို့တော်က မှော်စက်လုပ်ငန်းစုတွေမှာ အလုပ်လုပ်ဖို့စီစဉ်ပေးခဲ့တယ်။ ဒါပေမယ့် ဒီလူတွေက ဘာအရည်အချင်းမှမရှိသလို လေ့လာဖို့လည်း ငြင်းဆန်ကြတော့ အလုပ်လိုအပ်ချက်နဲ့ မကိုက်ညီတာကြောင့် အားလုံးအထုတ်ခံလိုက်ရတာပဲ။"
ဆယ်ဗီနီ၏ မျက်နှာထက်မှ ထူးဆန်းနေဟန်ကိုမြင်သော် ဥက္ကဌခရုစ်က လျင်မြန်စွာ ထပ်ပေါင်းပြောသည်၊ "ဘုရင်မ၊ သူတို့မှာ အရည်အချင်းမရှိတဲ့အချက်ကြောင့်သာမဟုတ်ရင် ဥက္ကဌရှုကို မျက်နှာသာပေးဖို့အတွက် သူတို့ကိုဘာပဲဖြစ်နေနေ ထုတ်လောက်မှာမဟုတ်ဘူးလို့ ကျုပ်ယုံတယ်။"
ဆယ်ဗီနီက ခေါင်းငြိမ့်ကာ၊ "ကျွန်မနားလည်ပါတယ်၊ ဒါပေမယ့် ဒီကိစ္စက ပြဿနာတစ်ခုကို သတိရသွားစေတယ်။"
"ဘာပြဿနာများလဲ?" ဥက္ကဌခရုစ်က သိလိုစွာမေးလာ၏။
ရှုယီ အရင်က ကျွန်မကို ဒီပြဿနာအကြောင်းပြောခဲ့သေးတယ်။ မှော်စက်မှုနယ်ပယ် မြန်မြန်တိုးတက်လာတာနဲ့ အလုပ်သမားတွေကြားမှာ ကျွမ်းကျင်မှုလိုအပ်ချက် ပိုမြင့်လာပြီး အရည်အချင်းရှိတဲ့တစ်ဦးစီကိုလည်း လိုအပ်ချက်မြင့်လာမယ်လို့ ပြောခဲ့တယ်။ ဘန်တာမြို့ရဲ့လုပ်ငန်းစုတွေဆီက လေ့ကျင့်ရေးကို မူတည်ရုံနဲ့တင် လိုအပ်ဖို့ ဝေးနေလိမ့်ဦးမှာပဲ။"
ဥက္ကဌခရုစ်က ချက်ချင်း ခေါင်းငြိမ့်ကာ သဘောတူလာသည်၊ "အင်း၊ ကျုပ် ဒါကို သေချာနားလည်တယ်။ ပုံမှန်အားဖြင့်တော့ ကျုပ်တို့လုပ်ငန်းစုရဲ့ အလုပ်က ကိုယ်ကာယအားပေါ်မှာ မူတည်နေပြီး ဘာနည်းစနစ်မှမလိုဘူးဆိုပေမယ့် စီမံကိန်းတွေပိုများပြီး မှော်စက်သုံးရတာများလာလေ လုပ်ငန်းစုအနေနဲ့ ဒီမှော်စက်တွေကို ထိန်းကွပ်ပေးမယ့် အလုပ်သမားလုံလုံလောက်လောက် မတွေ့နိုင်တော့လေဆိုတော့ ကျုပ်တို့ စီမံကိန်းတွေကို အတော်ထိခိုက်စေတယ်။"
"ဒီတော့ မတိုင်ခင်က ရှုယီမွေးမြူလာတဲ့ပြဿနာက အတော်အရေးပါတယ်ပေါ့။ လိုအပ်တဲ့အလုပ်အင်အားမှာ လူတွေကို ဘယ်လိုပြောင်းလဲဖို့ဆိုတာက ကျွန်မတို့ကို ပမာဏကြီးကြီး ရင်းနှီးမြှုပ်နှံဖို့ လိုအပ်လောက်စေတယ်၊ "ဆယ်ဗီနီလည်း စဉ်းစားပြီးမှ ဥက္ကဌခရုစ်ထံ ပြောလေသည်၊ "ဥက္ကဌ ခရုစ် ၊ လူနည်းနည်းပို့လိုက်၊ ကျွန်မ မြို့အပြင်မှာ အလုပ်အကိုင်ဆိုင်ရာလေ့ကျင့်ရေးကျောင်းတစ်ကျောင်း ဆောက်ချင်တယ်။"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၄၄။ ဘုရင်မ၏ ဆောင်းပါး
ရှုယီ ကောင့်ထ်စီယန်၏ ရုံးခန်းထဲသို့ ဝင်လိုက်ချိန်တွင် ကောင့်ထ်စီယန်မှာ လက်ထဲရှိ သတင်းစာကိုချကာ ပူပန်မှုအချို့ဖြင့် မျက်မှောင်ကုပ်လိုက်သည်ကို မြင်လိုက်ရသည်။
"တစ်ခုခုဖြစ်လို့လား?" ရှုယီက မေး၏။ သူ၏ မျက်လုံးများက သတင်းစာထံကျရောက်သွားကာ သူရင်းနှီးနေသည့် « ဘန်တာတိုင်းမ်စ် »ဟူသည်ကို တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ အတန်ငယ် အံ့ဩသွားသည်၊ "ဘယ်တုန်းကတည်းက « ဘန်တာတိုင်းမ်စ် »ကို ဒီမှာ စရောင်းတာလဲ?"
"မရောင်းဘူးပေါ့" ကောင့်ထ်စီယန်က ခေါင်းခါကာ၊ "အပတ်တိုင်းမှာတစ်ယောက်ယောက်ကို စုခိုင်းထားပြီး ဘန်တာမြို့ဆီကနေ တကူးတက ပို့ခိုင်းရတာလေ။"
"တကူးတက ပို့ခိုင်းတယ်?"
ရှုယီက တိတ်တဆိတ် ဆွံ့အသွားရသည်။
ဘန်တာမြို့မှာ ကီလိုမီတာ တစ်ထောင်ကျော် ဝေးကွာသည်။ မှော်ကားတစ်စီးယူသွားပါလျှင်တောင် မရပ်မနား တစ်ရပ်လုံး မောင်းပါက ဤနေရာသို့ ပို့ဆောင်ရန် အနည်းဆုံး နှစ်ရက်ကြာလိမ့်မည်။
ပိုအရေးကြီးဆုံးမှာ တစ်ယောက်ယောက်အား « ဘန်တာတိုင်းမ်စ် »ကို ဝယ်ယူခိုင်းရန်စီစဉ်ခြင်းမှာ ငွေပမာဏအမြောက်အများလိုအပ်လိမ့်မည်သာ။
ကောင့်ထ်စီယန်မှာ ဇိမ်ခံပစ္စည်းများကို နှစ်သက်သည့် မျိုးရိုးမြင့်တစ်ဦး မဟုတ်ပါသော်လည်း ဤမျှ များပြားလှသောငွေနှင့် အားထုတ်မှုကို « ဘန်တာတိုင်းမ်စ် »အတွက် ဖယ်ထားလေရာ သူက ဘန်တာမြို့မှ ထွက်ခွာခဲ့ရပြီး တစ်နှစ်ခွဲကြာနေပါလျှင်တောင် ဘန်တာမြို့အကြောင်း အင်မတန်ပူပန်နေဆဲဖြစ်ကြောင်းကို မြင်နိုင်၏။
"ဒါက မထူးဆန်းပါဘူး။" ကောင့်ထ်စီယန်က အပြုံးတစ်ခုနှင့်ပြောသည်၊ "ငါ ဘန်တာမြို့ရဲ့ မြို့စားဖြစ်ခဲ့တာ ဆယ်နှစ်ကျော်နေပြီဆိုတော့ အဲဒီ့နေရာကို နက်နက်နဲနဲ သံယောဇဉ်ရှိနေပြီလေ.... ဘုရင်မကလည်း လက်ရှိမြို့စားဖြစ်နေပြီဖို့ အဲဒါကိုပါ ဂရုစိုက်စရာလိုတာကို ပြောစရာတောင်မလိုဘူး။"
ရှုယီက သူနားလည်ကြောင်း ပြရန် ခေါင်းငြိမ့်ပြပြီးနောက် မေးလေသည်၊ "ဒါဆို ဘန်တာမြို့မှာ ဘာဖြစ်နေလို့လဲ?"
"တစ်ချက်ကြည့်လိုက်" ကောင့်ထ်စီယန်က စားပွဲရှိ « ဘန်တာတိုင်းမ်စ် »ကို ညွှန်ပြသည်။
ရှုယီလည်း သတင်းစာကို ကောက်ယူလိုက်သော် ရက်စွဲအရ ဤ « ဘန်တာတိုင်းမ်စ် »မှာ လွန်ခဲ့သည့် သုံးရက်အကြာကဖြစ်ကြောင်း သိလိုက်ရ၏။
ပထမစာမျက်နှာ ခေါင်းစီးကိုကြည့်ရင်း ရှုယီ၏ မျက်လုံးများတောက်ပသွားကာ စိတ်နှလုံး၌ ဝမ်းသာပီတိ ဂွမ်းဆီထိနေတော့သည်။
"ဟာ၊ ဘုရင်မက နောက်ဆုံးတော့ ဒီကိစ္စကို အရေးပေးလာပြီပေါ့? ကောင်းတယ်! ဒီလို အလုပ်အကိုင်ဆိုင်ရာလေ့ကျင့်ရေးကျောင်းနဲ့ တခြားလေ့ကျင့်ရေးနဲ့ဆိုရင် ဘန်တာမြို့မှာရှိတဲ့ လူ့အရင်းမြစ်ပြဿနာကို မကြာခင် ဖြေရှင်းနိုင်လောက်တယ်။ ဒါက ဘန်တာမြို့နဲ့ လမ်ပူရီတိုင်းပြည်တစ်ခုလုံးအတွက် အကူအညီကြီးကြီးမားမားဖြစ်မှာပဲ။"
"ရှုယီ၊ ခင်ဗျား ဘုရင်မကို ဒီအကြံပေးခဲ့တာမလား?" ကောင့်ထ်စီယန်က မေး၏။
"အင်း တကယ်တော့ အရင်နှစ်က ဒီပြဿနာကို ကျုပ်သတိထားခဲ့မိပေမယ့် ကောင့်ထ်စတက်ဂျ်က မြို့စားဖြစ်နေတော့ သူ့ဆီမတင်ပြခဲ့တာ။ ဘုရင်မတာဝန်လွှဲယူတော့ ဒါကို အရင်က ပြောခဲ့ပေမယ့် ဘုရင်မက ဂရုမစိုက်ခဲ့တော့ နှောင့်နှေးနေခဲ့တယ်။ အခု ဘုရင်မက ဒီကိစ္စကို အရေးထားလာပြီမို့ တကယ်ကို ကောင်းလိုက်တာ။"
ကောင့်ထ်စီယန်က ခေါင်းခါကာ သက်ပြင်းချလျက် ပြော၏၊ "ဘုရင်မက ဒါကို အရေးထားလာလို့ သတိပြုမိတယ်ပေါ့?"
ရှုယီက အံ့ဩသွား၏။ သူက ဂရုတစိုက်ပင် ဆောင်းပါးကို ဖတ်လိုက်သော် ဘုရင်မ ဤဆုံးဖြတ်ချက်ကိုချလိုက်သည်မှာ အခြားသတင်းထဲမှ ဘန်တာမြို့၌ တစ်စုံတရာဖြစ်ပွားခဲ့ခြင်းကြောင့်ဖြစ်သည်ကို သတိပြုမိလိုက်သည်။
၎င်းစာမျက်နှာကိုလှန်လိုက်သော် « ဘန်တာတိုင်းမ်စ် »၏ ဒုတိယစာမျက်နှာထက်တွင် အသေးစိတ်သတင်းတစ်ခုရှိနေသည်ကို တွေ့လိုက်ရ၏။
စန်းလန်မြစ် လယ်ကွက်များအကြောင်း စာကြောင်းများကို ဖတ်ရှုပြီးနောက် ရှုယီစဉ်းစားကြည့်ပြီး ၎င်းကိစ္စအမှန်တကယ်ဖြစ်ပွားခဲ့သည်ကို အတည်ပြုလိုက်သည်။
ဥက္ကဌပေါ်တာမှာ ယခင်က သူ၏ အကူအညီကိုတောင်းခံခဲ့သော်လည်း ဂရုမစိုက်ခဲ့ချေ။ သူက ခမ်နက်ဒ်ထံ ကိစ္စများကို စီစဉ်ဖို့ ပြောရုံသာပြောခဲ့ပြီး မည်သည့်အာရုံမှမထားခဲ့။
သူ့အနေနှင့် ထိုကိစ္စက ဤသို့သော ပြင်းထန်သည့် အခြေနေသို့ ဆိုက်ရောက်လာလိမ့်မည်ဟု မတွေးခဲ့ဖူးပေ။
« ဘန်တာတိုင်းမ်စ် »ရှိ သတင်းအရ ဤကိစ္စမှာ ဘန်တာမြို့ရှိ စိတ်ဝင်စားမှုကို နှိုးဆွလိုက်ရုံမျှမက အခြားမြို့တော်အများစုကလည်း ၎င်းအား အာရုံစိုက်လာကြပြီး အန်ဗီမာမြို့တော်ရှိ သတင်းစာများစွာကပါ ၎င်းကို သတင်းရေးလာကြ၏။
သတင်းကို ဖတ်ပြီးနောက် ရှုယီလည်း စဉ်းစားကြည့်ကာ ပခုံးတွန့်၍ ပြုံးလျက် ဆိုလေသည်၊ "ဒီကိစ္စရဲ့ လွှမ်းမိုးမှုက မကောင်းပေမယ့်လည်း ဘုရင်မကို လူ့အရင်းအမြစ်လေ့ကျင့်ရေးလုပ်စေဖို့ အာရုံစိုက်စေလာတာကြောင့် ကိစ္စကောင်းလို့ သတ်မှတ်လို့ရပါတယ်။"
ကောင့်ထ်စီယန်က မျက်လုံးများမှေးလျက် ရှုယီကိုကြည့်ကာ မျက်မှောင်ကုပ်၍ မေးလေသည်၊ "ခင်ဗျား ဒါကိုပဲ စဉ်းစားမိတာလား?"
ရှုယီက ပြန်ပြော၏၊ "ဘာလို့လဲ?"
ကောင့်ထ်စီယန်က ခေါင်းခါကာ သက်ပြင်းချလျက် ပြောသည်၊ "ကောင်လေး ကြည့်ရတာ မင်းတကယ် တိုင်းပြည်ရေးကိုလုပ်ဖို့ မသင့်တော်ဘူးပဲ၊ ဒီထဲကနေ ပုန်းကွယ်နေတဲ့ ကိစ္စကို မမြင်ဘူး။"
ရှုယီက သူ့လက်ထဲရှိ « ဘန်တာတိုင်းမ်စ် »ကို ရှုပ်ထွေးစွာကြည့်လိုက်ရင်း မေးလာသည်၊ "ပြဿနာက ဘာများလဲ?"
"ဒီကိစ္စက ကိစ္စလေးဆိုရင်တောင်မှ ပြဿနာအတော်များများဖြစ်မယ်လို့ မထင်ခဲ့ဘူးလား?" ကောင့်ထ်စီယန် ပြန်မေးသည်။
"ဒီကိစ္စက ဒီလောက်သေးနေတာကို....."
ရှုယီက ရုတ်တရတ် ရပ်တန့်ကာ စပြောသည်။
ရုတ်တရတ် လျစ်လျူရှုခဲ့သည့် ပြဿနာတစ်ခုကို သတိရသွားသောကြောင့်ပင်။
ဤသည်က စိုင်စ်နယ်မြေကြီးဖြစ်ရာ ကမ္ဘာမြေနှင့် အင်မတန် ခြားနား၏။
၎င်းကိစ္စသာ ကမ္ဘာမြေ၌ ဖြစ်ပွားပါလျှင် အင်မတန်ပြင်းထန်သည့်ပြဿနာအဖြစ်သတင်းရေးကြမည်သာ။ ၎င်းက သေချာပေါက် ဘန်တာမြို့ မြို့တွင်းအစိုးရကို ပြင်းပြင်းထန်ထန်ရိုက်ခတ်လာစေပြီး ဘန်တာမြို့ခေါင်းဆောင်များ၏ တာဝန်ခံမှုကို အပြင်းအထန်ထိခိုက်စေလိမ့်မည်။
သို့သော် စိုင်စ်နယ်မြေကြီးတွင်၊ တူးမြောင်းအတွက် သိမ်းယူထားသော လယ်မြေများသည် လမ်ပူရီတိုင်းပြည်အပိုင်ဖြစ်ပြီး လယ်သမားများအပိုင်မဟုတ်သောကြောင့် ၎င်းတို့တွင် ဒုက္ခပေးပိုင်ခွင့်မရှိပေ။
ပဒေသရာဇ်တဝက်နှင့် ကျွန်တဝက်ရှိသော စိုင်စ်နယ်မြေကြီးအတွက်၊ သာမန်တိုင်းပြည်သားများကို မျိုးရိုးမြင့်များ အခွင့်ကောင်းယူပါက၊ ၎င်းတို့မှာ မည်သို့တိုင်ကြားရဲနိုင်မည်နည်း။
အကယ်၍ ဤကိစ္စသာ အခြားတိုင်းပြည်၊ သို့မဟုတ် လမ်ပူရီတိုင်းပြည်ရှိ အခြားမြို့များတွင် ဖြစ်ခဲ့ပါက၊ မြို့စားအိမ်တော်အနေနှင့် ၎င်းတို့၏ လယ်မြေများကို မတူးဖော်မီ လယ်သမားများနှင့် စကားပြောရန်ပင် မလိုအပ်ပါချေ။ ၎င်းတူးလိုလျှင်တောင် လယ်သမားများက မည်သို့မျှ မပြောဝံ့သလို ညည်းညူဖို့လည်း မရဲကြရာ မည်သို့များ ပြဿနာလာရှာနိုင်မည်နည်း။
ရက်စက်ကြမ်းကြုတ်သော မြို့စားနှင့်သာဆိုလျှင် ပြဿနာလာရှာသည့် လယ်သမားများ၏ ဦးခေါင်းများကို ဖြတ်တောက်ရန်ပင် ပြဿနာရှိမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် လမ်ပူရီတိုင်းပြည်၏ ဥပဒေများတွင်၊ အုပ်စုဖွဲ့ကာ လက်နက်နှင့် ပြဿနာရှာ ခြိမ်းခြောက်ပါက ပုန်ကန်သည့် လုပ်ရပ်ဟု ယူဆနိုင်သဖြင့် မြို့စားမှာ ၎င်း၏ဆန္ဒအလျောက် စီရင်နိုင်သည်။
ယခု ဤလူများသည် ဘန်တာမြို့၌ စုဝေးရန် သတ္တိရှိရုံသာမက ကိစ္စကို ကြီးကြီးကျယ်ကျယ် လုပ်ခဲ့ကြကာ နိုင်၏ သတင်းစာများတွင်လည်း အစီရင်ခံခဲ့ကြသည်။ ၎င်းက မည်သို့များ သာမန်ပြည်သူတို့ ပြုလုပ်နိုင်သည့် အရာဖြစ်မည်နည်း။
၎င်းတို့ကို ထောက်ပံ့ကာ ညွှန်ကြားပေးသူမရှိဟု ဆိုလျှင် ရှုယီအနေနှင့် သေလောက်အောင် အရိုက်ခံရပါလျှင်တောင် မယုံပေ။
၎င်းတို့အား ထောက်ခံသူများကို စဉ်းစားကြည့်ရင်း ရှုယီက သတင်းစာကိုဆွဲယူကာ သက်ဆိုင်ရာ သတင်းများအား အလေးအနက် ဖတ်ရှုလိုက်သည်။
ဤတစ်ခေါက် သတင်းများတွင် ယခင်က သူသတိမထားမိခဲ့သည့် ပြဿနာတချို့ ပါဝင်နေ၏။
ဥပမာဆိုရလျှင် « ဘန်တာတိုင်းမ်စ် » သတင်းများ၌ ယင်းလယ်သမားများက ပြဿနာရှာရန် ဓားမြောင်များသုံးထားသည်ဟု ဆိုထားသည်။ ခေါင်းဆောင်က တစ်ဦးတည်းရောက်လာကာ ကျန်သူများက မှော်ကားတစ်စီးဖြင့် လိုက်လာကြခြင်းပင်။
အခြားမည်သည်ကိုမှ မဆိုထားနှင့် မှော်ကားနှင့်တင် ပြဿနာကြီးဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားတန်ဖိုးကို သုံးသပ်ရလျှင် တစ်စီးမှာ ရွှေဒင်္ဂါးရှစ်ရာတန်ဖိုးရှိသည်။ ဤလယ်သမားများက အလုပ်များကိုဆုံးရှုံးပြီး ဝင်ငွေရင်းမြစ်မရှိလေရာ တစ်စီးဝယ်ရန်မပြောနှင့် တစ်စီးလောက်ငှားရန်ပင် ငွေထုတ်နိုင်မည်မဟုတ်ပေ။
၎င်းကိုမြင်သော် ရှုယီက မနေနိုင်ဘဲ အေးစက်စက်ရယ်ကာ၊ "ဒီတော့ အဓိပ္ပာယ်က ဘုရင်မကို တစ်ယောက်ယောက်က ပစ်မှတ်ထားချင်နေတာပဲ။ သူတို့က ဒီကိစ္စကို အသုံးချပြီး ဘုရင်မရဲ့ နာမည်ကို ဖျက်ဆီးနေတာလား?"
ကောင့်ထ်စီယန်က ခေါင်းအသာငြိမ့်ပြသည်၊ "ခင်ဗျားက မတုံးပါဘူး။ နောက်တစ်ခုယူကြည့်လိုက်....."
ကောင့်ထ်စီယန်တွန်းပေးလာသည့် သတင်းစာပုံကိုယူရင်း ရှုယီမှာ ၎င်းတို့အား အသေအချာလှန်လှောကြည့်လိုက်ရာ ထိုကိစ္စနှင့် သက်ဆိုင်သည့် ဆောင်းပါးများကို တွေ့ရလေသည်။
သို့သော် အဓိကအချက်များက «ဘန်တာတိုင်းမ်စ်»ရှိ ဆောင်းပါးနှင့်ယှဉ်လျှင်ခြားနား၏။ ထိုသတင်းများထဲတွင် အဓိကအားဖြင့် လယ်သမားတို့၏ နွမ်းပါးသော အခြေအနေများကိုဖော်ပြထားသလို လယ်သမားများအားထိုသို့မည်သို့တွန်းအားပေးထားကြောင်း ဖော်ပြထားလေရာ..... ၎င်းတို့ကိုယ်တိုင်ကလယ်သမားများ ဖြစ်နေကြသလိုပါပင်။
ဤသတင်းစာများ၏ သတင်းများကိုသာဖတ်နေပါလျှင် ၎င်းတို့မှာ လယ်သမားများကို နက်နက်နဲနဲ သနားစာနာနေမည်ဖြစ်ပြီး အမ်ရစ် ကုန်သည်ကြီးများအသင်းကို နက်ရှိုင်းစွာမုန်းတီးလာပေမည်။
ဤသတင်းစာများ၌ ဘုရင်မထံ တိုက်ရိုက် မည်သည့်ဝေဖန်မှုမှ မပြုထားပါသော်လည်း စာကြောင်းများအကြား အဓိပ္ပာယ်အရ အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ မြို့စားအိမ်တော်၏ ဆုံးဖြတ်ချက်ကြောင့် ဤကိစ္စများကို ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။ သဘာဝကျကျပင် ၎င်းသတင်းများကို ဖတ်သူများက မြို့စားအိမ်တော်နှင့် ဘုရင်မဆယ်ဗီနီကို မကျေမနပ် ဖြစ်လာကြမည်။
"အာ၊ ဒီလူတွေက တကယ်ကိုအတင့်ရဲတာပဲ၊ ဘုရင်မကိုတောင် ဆန့်ကျင်ရဲတယ်။" ဖတ်ပြီးနောက် ရှုယီက ဒေါသမထွက်ဘဲ ပြုံးပြလာသည်၊ "သူတို့မှာ ဒီသတင်းတွေရေးဖို့ သတ္တိရှိနေကတည်းက ဘာလို့ ဘုရင်မအနေနဲ့ လူတွေရဲ့ ဘဝကိုလုံးဝဂရုမစိုက်ဘူးလို့ပဲ မပြောလိုက်ကြတာလဲ?"
"သူတို့ မလုပ်ရဲလို့ပေါ့" ကောင့်ထ်စီယန်က ခေါင်းခါသည်၊ "ဘုရင်မကို စွပ်စွဲတာကို တိုင်းပြည်တော်သစ္စာဖောက်မှုအဖြစ် သတ်မှတ်လို့ရတယ်။ ဒါပေမယ့် ဘုရင်မရဲ့ ဂုဏ်သိက္ခာကို ဒီလို ထိခိုက်စေတာကတင် လုံလောက်နေပါပြီ၊ သူတို့အနေနဲ့ မဖြစ်နိုင်မှန်းသိတာကြောင့် ချက်ချင်း ဘုရင်မကို ဖြုတ်ချလို့မရပါဘူး။"
ရှုယီက မျက်မှောင်ကုပ်ကာ အနည်းငယ်စဉ်းစားလိုက်၏။ ထို့နောက် လေးနက်ဟန်ဖြင့်ဆိုလာသည်၊ "မြို့စားအရှင် ကျုပ်တို့ ပြန်တိုက်ခိုက်မှရမယ်။ ဒါက ဘုရင်မလှုပ်ရှားဖို့အဆင်မပြေတာမို့ ကျုပ်တို့က ကူညီရမယ်။"
"ဘုရင်မက တိုင်းပြည်ရေးမှာ ခင်ဗျားလို ငတုံးလေးလို့ထင်နေတာလား?" ကောင့်ထ်စီယန်က ရယ်လျက် ပြောသည်၊ "အေးဆေးပေါ့၊ ဘုရင်မက ဖုံးကွယ်ထားတဲ့ပြဿနာကို သတိထားမိပြီးပြီဆိုတော့ ဒါကို အတော်လေး သင့်တင့်စွာနဲ့ ဂရုစိုက်နေပါပြီ။"
ထိုသို့ပြောပြီးနောက် ကောင့်ထ်စီယန်က ချီးကျူးဟန်ပြကာ ပြောသည် "ပြောရရင် ဘုရင်မက ငယ်ပေမယ့်လည်း တော်ဝင်နန်းတော်ကပဲလေ။ သူမရဲ့ အရည်အချင်းက ခင်ဗျားလိုလူတစ်ယောက် ယှဉ်နိုင်ဖို့ ဝေးနေသေးတယ်။ ဒီကိစ္စက ဘုရင်မရဲ့ ဂုဏ်သတင်းကို ထိခိုက်စေပေမယ့် သူမ ကိုင်တွယ်ပုံက အုပ်ချုပ်ပုံမှာ သူမအမြင်ကို ပြသဖို့နဲ့ ခင်ဗျားကို ကူညီဖို့တောင် အခွင့်အကောင်းယူလိုက်တယ်။"
"အိုး? ဘုရင်မက ဘယ်လို ကိုင်တွယ်လိုက်တာလဲ?" ရှုယီက မနေနိုင်ဘဲ စူးစမ်းလိုစွာမေးလေသည်၊ "ကိုယ့်ဘာသာ မမြင်န်ုဘူးလား?" ကောင့်ထ်စီယန်က ရှုယီလက်ထဲရှိ «ဘန်တာတိုင်းမ်စ်»ကို ညွှန်ပြလေသည်။
ရှုယီက သိလိုစွာ «ဘန်တာတိုင်းမ်စ်»ကို ခေါင်းစဉ်ကြီးတစ်ခုရောက်သည်အထိ လှန်နေသည်။
"စီးပွားရေးတိုးတက်မှုအတွက် မှော်စက်မှုနယ်ပယ်၏ အရေးပါပုံ"
၎င်းအောက်၌ ခေါင်းစဉ်ငယ်လေးတစ်ခုရှိနေသည်။
“ယှဉ်ပြိုင်မှု မြှင့်တင်ရန် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး။"
၎င်းက အဆုံးတွင် ဆယ်ဗီနီ လမ်ပူရီ ဟူသည့် လက်မှတ်ပါရှိ၏။
ထိုခေါင်းစဉ်ကိုမြင်သော် ရှုယီ၏ မျက်နှာထားက များစွာထူးဆန်းလာသည်။
ဘုရင်မ ဆယ်ဗီနီက သူ့ထံမှ ဆောင်းပါးတစ်ပုဒ်ရေးသည့် အရည်အချင်းကို မည်သည့်အချိန်က လုယူလိုက်သနည်း?
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၄၅။ မင်းသားလေး သူ့ကိုယ်သူ သေတွင်းထဲ တွန်းပို့တာကို စောင့်ကြည့်နေတာလား?
«ဘန်တာတိုင်းမ်စ်»၌ ဘုရင်မတင်ထားသည့် စာမှာ အပိုင်းငယ်လေးများသာရှိပြီး အပြည့်အစုံမှာ လမ်ပူရီဆယ့်သုံး၏ ရှေ့မှောက်၌ရှိနေကာ စုစုပေါင်း သုံးဆယ့်ခုနစ်မျက်နှာထိရှိ၏။ ၎င်းက ခေါက်ရိုးချိုးလိုက်လျှင် အင်မတန် ထူ၏။
လမ်ပူရီဆယ့်သုံးမှာ စာမျက်နှာထက်ရှိ စာလုံးရေသုံးသောင်းကျော်ကို ဖတ်ရှုရန် သုံးနာရီကြာ ကုန်ဆုံးခဲ့ရပြီး တစ်ချိန်လုံး လေးနက်ဟန်ရှိနေကာ ရေတစ်ငုံပင် မသောက်ချေ။
ဖတ်ပြီးနောက် သူက ခဏကြာ အနားယူရန် မျက်လုံးများကို ပိတ်လိုက်ပြီးမှသာ သက်ပြင်းချလျက် ရွှင်မြူးစွာ ပြုံးလေ၏။
သူ၏ ကလေးသုံးဦးအနက် သူဟာ အငယ်ဆုံး သမီးတော် ဆယ်ဗီနီကို စိတ်တိုင်းအကျဆုံးဖြစ်သည်။
သူမဟာ ငယ်စဉ်ကတည်းက အင်မတန်ထူးချွန်ကာ ထိန်းချုပ်နိုင်စွမ်းကောင်းသည်။ လေ့လာသင်ယူခြင်းကို အလေးအနက်ထားရုံမျှမက အင်မတန်နားလည်လွယ်ကာ ငယ်ကတည်းက တိုင်းပြည်ရေးများကို နားလည်ခဲ့သည်။
သူမ အနည်းငယ်ကြီးလာချိန်တွင် သူမ၏ တိုင်းပြည်ရေးဆိုင်ရာ ကိုယ်ပိုင်အမြင်ကို စတင်ဖော်ပြပြီးဖြစ်ကာ သူမအမြင်များက အင်မတန်တိကျ၏။ အချို့အမြင်များကို လမ်ပူရီဆယ့်သုံးကပင် လက်ခံရသည်။
သူမ အသက်နှစ်ဆယ်အရွယ်တွင် တိုင်းပြည်ရေး၌ စတင်ပါဝင်လာကာ သူမ၏ အစ်ကိုကြီးနှစ်ဦးထက် ကျော်လွန်နေသော အရည်အချင်းရှိ၏။ သူမက အရာအားလုံးကို ကောင်းကောင်းမွန်မွန်ဂရုစိုက်နိုင်ပြီး လမ်ပူရီဆယ့်သုံးအား ပြဿနာများစွာ ဖြေရှင်းရာ၌ ကူညီခဲ့သည်။
သူမ၏ အစ်ကိုကြီးနှစ်ဦးအား အရူးအနှမ်းများဟု သတ်မှတ်၍မရနိုင်ပါသော်လည်း ၎င်းတို့ထံ၌ ငယ်ကတည်းက ဆယ်ဗီနီနည်းတူ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ကြပေ။ ၎င်းတို့မှာ လေ့လာရာ၌ ဘယ်တုန်းကမှ အလေးအနက်မထားသလို ကြီးပြင်းလာပြီးနောက်တွင် ၎င်းတို့၏ အရည်အချင်းများက ဆယ်ဗီနီနှင့် ယှဉ်ရန် အင်မတန်လိုအပ်နေသဖြင့် လမ်ပူရီဆယ့်သုံးမှာ ဘယ်တုန်းကမှ စိတ်မချခဲ့ပေ။
ဆယ်ဗီနီသာ သူ၏ သမီးတော် မဟုတ်ပါလျှင် သို့မဟုတ် အငယ်ဆုံးဖြစ်ရမည့်အစား အကြီးဆုံးသမီးတော်ဖြစ်ပါလျှင် လမ်ပူရီဆယ့်သုံးမှာ သူမအား ထီးနန်းအတွက် ဆက်ခံသူအဖြစ် အပ်နှင်းလိုက်ပြီးဖြစ်သည်။
သို့သော် ဆယ်ဗီနီမှာ သူ၏ အငယ်ဆုံးသမီးတော်ဖြစ်ပြီး ၎င်းကြောင့် သူမအား ဆက်ခံသူအဖြစ် အပ်နှင်းမည့် လမ်ပူရီဆယ့်သုံး၏ အကြံအတွက် အတားအဆီးများစွာရှိနေသည်။ သူမအား လက်ရှိ ရာထူး၌ဆက်ထားရန်ကပင် ခက်ခဲနေပြီးသားဖြသ်သည်။
ဤနှစ်များအတွင်း လမ်ပူရီဆယ့်သုံးပြသခဲ့သည့် ကြီးစိုးလိုဟန်များကြောင့်သာမဟုတ်လျှင် တော်ဝင်လွှတ်တော်မှာ သူမအား လက်ရှိရာထူးပေးမည့် အကြံကိုတောင် ငြင်းဆန်လောက်သည်။
ဆယ်ဗီနီ၏ မှော်စက်မှုနယ်ပယ် အသေးစိတ်တင်ပြချက်ကို မြင်သော် လမ်ပူရီဆယ့်သုံးအား သူ၏အတွေးများအား တစ်ဖန်ဆုံးဖြတ်ချက်ချစေသည်။
ထီးနန်းဆက်ခံရန် တစ်ယောက်ယောက်ကို ရွေးချယ်ရမည်ဆိုလျှင် ရွေးချယ်မှုအမှန်မှာ သေချာပေါက် ဆယ်ဗီနီဖြစ်၏။
ဤတင်ပြချက်၌ ဆယ်ဗီနီက မှော်စက်မှုနယ်ပယ်ပေါ်ထွက်လာပြီးနောက် ၎င်း၏ ဘန်တာမြို့ရှိ လွှမ်းမိုးမှုကို စေ့စေ့စပ်စပ်တင်ပြချက်တစ်ခုအနေနှင့် ခွဲခြမ်းစိတ်ဖြညထားပြီး အသေးစိတ်ပုံစံများနှင့် အချက်အလက်မျိုးစုံတို့ပါရှိသည်။ သူမက ဤတင်ပြချက်ကို ကြည့်မြင်ရ အင်မတန်လွယ်ကူအောင် ပြုလုပ်ထားရာ ဘန်တာမြို့ရှိ မှော်စက်မှုနယ်ပယ်၏ အကျိုးသက်ရောက်မှုများကို တိုက်ရိုက်မြင်နိုင်ပေသည်။
တကယ်တမ်းတွင် ဘန်တာမြို့အပြင် လမ်ပူရီတိုင်းပြည်ရှိ မြို့တော်များစွာမှာ Frestech ကုန်သည်ကြီးများအသင်းယူဆောင်လာသည့် မှော်စက်မှုနယ်ပယ်ကို တွေ့ကြုံပြီးဖြစ်သည်။ သို့ရာတွင် ဆယ်ဗီနီထံ၌ ၎င်းမြို့တော်များထံမှ အသေးစိတ်အချက်အလက်များမရှိသဖြင့် ဤအစီရင်ခံစာ၌ ၎င်းတို့ကို မထည့်သွင်းထားပေ။
လမ်ပူဆယ့်သုံးအနေနှင့် အုပ်ချုပ်မှု၏ မရေမရာ မဖြစ်နိုင်လောက်သော အပိုင်းများစွာမှာ မရေမရာဖြစ်အောင် တွန်းအားပေးခံနေရသဖြင့် ဆယ်ဗီနီ၏ လက်တွေ့ကျကျချဉ်းကပ်မှုကို တန်ဖိုးထားပါ၏။
၎င်းအစီရင်ခံစာနှင့်အတူ ဘန်တာမြို့မှာ Frestech ကုန်သည်ကြီးများအသင်း ပေါ်မထွက်လာသေးသည့် လွန်ခဲ့သည့် လေးနှစ်ကနှင့် လုံးဝခြားနားနေသည်ကို မြင်နိုင်ပေ၏။
တိုက်ရိုက်အကျဆုံးအချက်အလက်မှာ ဤနှစ်ဘန်တာမြို့ အခွန်ငွေက ရွှေဒင်္ဂါးခြောက်သိန်းအထိ ရောက်သွားခြင်းပင်။ ယခင် လေးနှစ်အကြာက ရွှေဒင်္ဂါးငါးသိန်းအောက်ရှိသည့် အမြတ်ခွန်နှင့်ယှဉ်ပါလျှင် ဆယ်ဆကျော် ပိုများလာသည်။
၎င်းအပြင် ဘန်တာမြို့၏ ကောက်ပဲသီးနှံအထွက်နှုန်းကလည်း များစွာ တိုးတက်လာ၏။
မြေဩဇာနှင့် စိုက်ပျိုးရေးသုံးမှော်စက်များကို အသုံးပြုခြင်းကြောင့် ဘန်တာမြို့၏ ကောက်ပဲသီးနှံအထွက်နှုန်းမှာ တန်ပေါင်းတစ်သန်းအထိ ရောက်ရှိသွား၏။
ဘန်တာမြို့၏ ကောက်ပဲသီးနှံအထွက်နှုန်းနှင့်တင် လမ်ပူရီတိုင်းပြည်၏ ငါးပုံတစ်ပုံကို ကျွေးမွေးထားရန် လုံလောက်သည်။
ထို့အပြင် မတိုင်ခင်က ဆယ်ဗီနီ တင်ပြခဲ့သည့် အစီရင်ခံစာအရ မြေဩဇာစက်ရုံ၏ အထွက်နှုန်း တိုးလာချိန်တွင် တိုင်းပြည်ရှိ လယ်တိုင်း၌ မြေဩဇာလုံလုံလောက်လောက်ရရှိကာ လမ်ပူရီတိုင်းပြည်ကလည်း အစားအစာအကြောင်းကို ပူပန်နေဖို့ မလိုတော့ချေ။
၎င်းတို့သာ တကယ်တမ်း ထိုသို့လုပ်နိုင်ပါက လမ်ပူရီတိုင်းပြည်၏ နှစ်ရာပေါင်းများစွာ အကြီးမားဆုံးဖြစ်ခဲ့သော ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။
Frestech ကုန်သည်ကြီးများအသင်း၏ အခြား အထောက်အပံ့များကို လျစ်လျူရှုထားပါလျှင်တောင် အိမ်သုံးမှော်စက်များနှင့် မြေဩဇာတို့နှင့်တင် လမ်ပူရီဆယ့်သုံးအနေနှင့် ၎င်းတို့ထံ မည်သည့် ဆုလာဘ်ကိုမဆို ပေးရန် လွန်ကျူးနေလိမ့်မည်မဟုတ်ပေ။
ရှုယီက အင်မတန်ငယ်ရွယ်နေပြီး သူ၏ မျိုးရိုးမြင့်သက်တမ်းက အင်မတန်တိုနေသေးသောကြောင့် မဟုတ်ပါလျှင် လမ်ပူရီဆယ့်သုံးမှာ သူ၏ အဆင့်ကို တစ်ဖန်ပြန်မြှင့်ပေးလောက်သည်။
အရေးအကြီးဆုံး အခွန်ငွေနှင့် သီးနှံအထွက်နှုန်းတို့အပြင် ဘန်တာမြို့ရှိ အခြားအပြောင်းအလဲမှာ လူဦးရေတိုးလာခြင်းဖြစ်သည်။
ဘန်တာမြို့ထံ၌ ဒေသခံ မြို့သူမြို့သား တစ်သိန်းအောက်ရှိပြီး လမ်ပူရီတိုင်းပြည်၏ အခြားနေရာများမှလာကြသူ သုံးသိန်းအောက်ရှိလေသဖြင့် လမ်ပူရီတိုင်းပြည် တောင်ပိုင်း၌ လူဦးရေအထူထပ်ဆုံးမြို့တော်ဖြစ်သည်။
ဘန်တာမြို့၏ စီးပွားရေးက တိုးတက်လာပြီး လုပ်ငန်းကလည်း ကောင်းမွန်သည့် အချက်ကိုပါ ထည့်ပေါင်းလျှင် လက်ရှိ ဘန်တာမြို့မှာ တိုင်းပြည်မြောက်ပိုင်းရှိ စီးပွားရေးအချက်အချာဖြစ်၏။
အစီရင်ခံစာ၌ ပြောထားသည်အရ ယခုတွင် တစ်နေ့လျှင် ဘန်တာမြို့မှ လာရောက်သည့် ပို့ဆောင်ရေးယာဉ်ပေါင်း ငါးထောင်ကျော်ရှိနေပြီဖြစ်သည်။
ထို့အပြင် ၎င်းပို့ဆောင်ရေးအဖွဲ့များအနက် Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်ကားများမှာ မြင်းလှည်းတို့၏ ပမာဏကိုပင် ကျော်လွန်နေပါ၏။
စန်းလန် တူးမြောင်း ပြီးစီးသွားသည့် အချက်ကိုပါပေါင်းလိုက်လျှင် လူတို့မှာ တိုင်းပြည်၏ မြောက်ပိုင်းထဲသို့ တူးမြောင်းမှတဆင့် ဝင်ရောက်နိုင်ကာ ဘန်တာမြို့၏ ကုန်စည်ပို့ဆောင်ရေးနယ်ပယ်ကလည်း အလျင်အမြန် တိုးတက်လာသည်။
သို့သော် ဤအစီရင်ခံစာ၌ ဆယ်ဗီနီမှာ Frestech ကုန်သည်ကြီးများအသင်းက လက်ရှိတွင် မှော်လှေတစ်စီးဖန်တီူနေသည်ဟု ဆိုထား၏။ မှော်လှေအား ထုတ်လုပ်နိုင်လိုက်သည်နှင့် ဘန်တာမြို့၏ ရေကြောင်းပို့ဆောင်ရေးစနစ်က သေချာပေါက်တိုးတက်လာလိမ့်မည်။
Frestech ကုန်သည်ကြီးများအသင်းက မှော်လှေအား ဖန်တီးနေသည့်အကြောင်းကို မြင်သော် လမ်ပူရီဆယ့်သုံးမှာ ရုတ်တရတ် Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်း နယ်မြေရှိ သင်္ဘောဆိပ်တစ်ခု၌ ရင်းနှီးမြှုပ်နှံနေပုံရကြောင်း ရုတ်တရတ် သတိရသွားသည်။
ရှုယီက အဲ့ကတည်းက မှော်လှေကို စဉ်းစားထားပြီး ပင်လယ်နဲ့ချိတ်ဆက်ဖို့ မှော်လှေတွေကို သုံးချင်နေခဲ့တာများလား?
ထိုသို့သာဆိုလျှင် လမ်ပူရီဆယ့်သုံးမှာ ရှုယီအား ပြန်အကဲဖြတ်ရမည်။
ထိုကောင်လေးမှာ သူထင်ထားသည်ထက် ပို၍ အမြင်ရှိနေလောက်သည်။
ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့၏ သက်ရောက်မှုကို စဉ်းစားနေချိန်တွင် ဒဲမာဝင်လာသည်။
"အရှင်မင်းကြီး၊ ဗစ်ကောင့်ထ်လက်စ်လိုင်းက တွေ့ခွင့်တောင်းနေပါတယ်။"
လမ်ပူရီဆယ့်သုံးက အစီရင်ခံစာကိုချလိုက်ကာ၊ "သူ့ကို ဝင်လာခိုင်းလိုက်ပါ။"
ခဏကြာသည့်နောက် ဗစ်ကောင့်ထ်လက်စ်လိုင်းအား လမ်ပူရီဆယ့်သုံးရှိရာ ဧည့်ခန်းဆီသို့ ဒဲမာ ခေါ်လာလေသည်။
ဗစ်ကောင့်ထ် လက်စ်လိုင်းက ဦးညွှတ်ပြီးနောက်တွင် လမ်ပူရီဆယ့်သုံးက သူ့အားကြည့်ကာ ခေါင်းတစ်ချက်ငြိမ့်သည်။ သူက အသာပြုံး၍ ချီးကျူးလိုက်လေ၏၊ "မဆိုးဘူး၊ မြောက်ဘက်စစ်တပ်ကနေ စည်းကမ်းတွေသင်ယူပြီးသွားတော့ မင်းကိုကြည့်ရတာ အခု ပိုပြီးစိတ်ကျေနပ်ဖို့ကောင်းတယ်။"
ဗစ်ကောင့်ထ်လက်စ်လိုင်းက အသာပြုံးကာ၊ "ကျွန်တော်ထင်တာတော့ အရှင်မင်းကြီးပြောနေတာက မြို့တော်ထဲမှာရှိတဲ့ သခင်မလေးတွေ သခင်မတွေ ပြောကြတဲ့အကြောင်းတွေနဲ့ မတူလောက်ဘူး၊ ဟုတ်တယ်မို့လားဗျ?"
လမ်ပူရီဆယ့်သုံးက ရယ်မောလာသည်။
ဗစ်ကောင့်ထ် လက်စ်လိုင်းမှာ စတက်ဂျ်မိသားစုမှ လာပါသော်လည်း ငယ်စဉ်ကတည်းက တော်ဝင်မိသားစုနှင့် နီးကပ်ခဲ့သည်။ ဗစ်ကောင့်ထ် လက်စ်လိုင်းမှာ မင်းသားနှစ်ပါးနှင့် ဆယ်ဗီနီတို့နှင့် အတူကြီးပြင်းလာခဲ့လေရာ လမ်ပူရီဆယ့်သုံးနှင့် အင်မတန်ရင်းနှီးသဖြင့် သဘာဝကျစွာပင် အခြားလူများကဲ့သို့ သတိမထားနေပေ။
"တကယ်တော့၊ မင်းရဲ့ အသားအရေက နည်းနည်းလောက်ကြမ်းသွားပေမယ့်လည်း သခင်မလေးတွေနဲ့ သခင်မတွေက မင်းလို ကြမ်းကြမ်းတမ်းတမ်းယောက်ျားသားကိုမှ သဘောကျတာလေ။ အရင်က နူးနူးညံ့ညံ့ပုံစံနဲ့ မင်းကို အခုလောက်တောင် မကြိုဆိုကြပါဘူး။" လမ်ပူရီဆယ့်သုံးက စနောက်လိုက်သည်၊ "ဒီတော့ မင်းကို မြောက်ဘက်စစ်တပ်ဆီပို့လိုက်တာက တကယ်ပဲ မင်းကို အကျိုးပြုတဲ့ အဓိပ္ပာယ်ပဲပေါ့။"
ဗစ်ကောင့်ထ် လက်စ်လိုင်းက မနေနိုင်ဘဲ ရယ်မောသည်။
သူဟာ လမ်ပူရီဆယ့်သုံးက ငယ်စဉ်ကတည်းက ပွင့်လင်းသည်ဟု ကြားခဲ့ပါသော်လည်း ၎င်းကို အခု အရိပ်လေးတစ်ခုလောက်တော့ မြင်နိုင်ပြီဖြစ်၏။
"ဒီလိုပြောနေမှတော့.... ကျွန်တော် အကျိုးရှိခဲ့တယ်လို့ ခံစားမိပါတယ်။ ဒါပေမယ့် တာဝန်ကတစ်ဆင့် မတူညီတဲ့လူတွေနဲ့ ထိတွေ့ခွင့်ရပြီး မတူညီတဲ့အရာတွေ အများကြီးကို ကြုံတွေ့ခဲ့ရတယ်။” ဗစ်ကောင့်ထ် လက်စ်လိုင်းက ဆိုသည်။
"မတူညီတဲ့အရာတွေ?" လမ်ပူရီဆယ့်သုံးက ဗစ်ကောင့်ထ်လက်စ်လိုင်းကို အလေးအနက်ကြည့်လာသည်။ သူက ဒဲမာထံ လက်ပြကာ ထွက်သွားခိုင်းလိုက်၏၊ "လာ၊ ပြောပါဦး။ မင်းမမေ့နိုင်လောက်တဲ့ ဘယ်လို မတူညီတဲ့အရာတွေကို ကြုံတွေ့ခဲ့ရတာလဲ?"
ဗစ်ကောင့်ထ်လက်စ်လိုင်းက အနည်းငယ်စဉ်းစားပြီးနောက် ပြောလေသည်၊ "အရှင်မင်းကြီး၊ ကျွန်တော့ကို အနက်ရှိုင်းဆုံးအထင်ကြီးစေခဲ့တာက စခ်တိုင်းပြည်အပေါ် တိုက်ခိုက်မှုဖြစ်လောက်မယ်လို့ ထင်ပါတယ်။ အရှင်လည်း ဒါကို မမေ့နိုင်လောက်ဘူးလို့ ထင်တယ်။"
"ဒါပေါ့" လမ်ပူရီဆယ့်သုံးက ခေါင်းငြိမ့်သည်၊ "ဒါက ကိုယ်တော်တို့ လမ်ပူရီတိုင်းပြည်ရဲ့ ပထမဆုံး စခ်တိုင်းပြည်ကို တိုက်ခိုက်မှုဖြစ်ပြီး ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုဖြစ်သလို သေမင်းတောင်တန်းတွေကိုပါ ပြန်သိမ်းယူနိုင်ခဲ့တယ်။ ဒါက ကိုယ်တော်တို့တိုင်းပြည်ကို တည်ထောင်လိုက်ကတည်းက အခမ်းနားဆုံး အောင်မြင်မှုပဲလေ၊ ဘယ်လိုများ မေ့နိုင်မှာတဲ့လဲ?"
"ဟုတ်ပါတယ်၊ ဒီအောင်မြင်မှုက လူတွေကို ခွန်အားပေးခဲ့ပြီးတော့ ကျွန်တော် မြောက်ဘက်စစ်တပ်မှာရှိတုန်းက စစ်တပ်ကြားထဲမှာ စိတ်ဓာတ်မြင့်မားမှုကို ခံစားမိခဲ့တယ်။ လူတိုင်းက စိတ်လှုပ်ရှားမှုနဲ့ ပြည့်နေပြီး ဒီအဟုန်ကိုယူရင်း စခ်တိုင်းပြည်တစ်ခုလုံးကို သိမ်းချင်နေကြတယ်။" ဗစ်ကောင့်ထ် လက်စ်လိုင်းက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချရင်း နောက်ကြောင်းပြန်လာသည်။
"စခ်တိုင်းပြည်တစ်ခုလုံးကို သိမ်းယူချင်နေတာကတော့ အတွေးကျွံနေတာပဲ၊ ကိုယ်တော်တို့က လတ်တလောမှာ အဲ့လောက်မှာ မသန်မာသေးတာ။" လမ်ပူရီဆယ့်သုံးက ခေါင်းခါရင်း ပြော၏။
"နားလည်ပါတယ်၊ ဒါပေမယ့် အရှင် စဉ်းစားခဲ့ဖူးလား.... ဘာလို့ မြောက်ဘက်စစ်တပ်မှာ စခ်တိုင်းပြည်ကို တိုက်ခိုက်ဖို့ စွမ်းအားရသွားပြီး သေမင်းတောင်တန်းတစ်ခုလုံးကို ပြန်ယူနိုင်ခဲ့တာလဲ?"
လမ်ပူရီဆယ့်သုံးက မျက်လုံးများကို မှေးကျဉ်းလိုက်၏၊ "ဘာပြောချင်တာများလဲ? တိုက်ရိုက်သာပြောပါ၊ ဒီမှာ ကိုယ်တော်တို့နှစ်ယောက်ပဲရှိတာ မင်းကို တာဝန်မယူခိုင်းပါဘူး၊ ဒီတော့ လွတ်လွတ်လပ်လပ်ပြောပါ။"
"ကောင်းပါပြီ" ဗစ်ကောင့်ထ် လက်စ်လိုင်းက ခေါင်းငြိမ့်ကာ လေးနက်ဟန်ပြလာ၏၊ "အရှင်မင်းကြီး၊ အရှင်က ဒါကို ကျွန်တော့်ထက် ပိုပြီး သေချာသိလောက်မယ်လို့ ထင်ပါတယ်။ မြောက်ဘက်စစ်တပ်အနေနှင့် နှစ်အစပိုင်းမှာ ဒီလောက်အားကောင်းတဲ့ တိုက်ပွဲအင်အားရှိတဲ့အကြောင်းအရင်းဟာ အတိအကျကို မြောက်ဘက်စစ်တပ်ရဲ့ လက်နက်ကိရိယာတွေက အတော်လေး တိုးတက်သွားတာကြောင့်ပါပဲ။ သူတို့ရဲ့ လက်နက်ဖြစ်တဲ့ မှော်ထပ်ဆင့်လေးတွေပဲဖြစ်စေ၊ သက်ရောက်မှုအကြီးမားဆုံး မှော်အမြောက်တွေပဲဖြစ်စေ ဒီလက်နက်ကိရိယာအသစ်တွေကို ရပြီးနောက်မှာ မြောက်ဘက်စစ်တပ်က စခ်တိုင်းပြည်ကို အနိုင်ယူဖို့ အစွမ်းအစရှိလာပြီး သေမင်းတောင်တန်းတွေကို ပြန်ယူခဲ့တယ်။ တစ်ချိန်တည်းမှာပဲ လာမယ့် နှစ်တစ်ဝက်မှာ စခ်တိုင်းပြည်ရဲ့ သည်းသည်းမည်းမည်းတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ခဲ့တယ်။"
လမ်ပူရီဆယ့်သုံးမှာ အတွေးထဲမျောသွားပြီးနောက် အသာခေါင်းငြိမ့်လေသည်၊ "ဒါပေါ့ ကိုယ်တော် ဒါကိုနားလည်ပါတယ်၊ ဒါပေမယ့် လက်စ်လိုင်း၊ အခု မင်းက ဘာကို ပြောချင်တာများလဲ?"
ဗစ်ကောင့်ထ်လက်စ်လိုင်းထံ၌ လေးနက်ဟန်ရှိနေပြီး အလေးအနက်ပြောလာသည်၊ "အရှင်မင်းကြီး၊ ဒါကို နားလည်နေမှတော့ မေးခွန်းတစ်ခုမေးလို့ရမလား? အခု မြောက်ဘက်စစ်တပ်က မင်းသားလေး အဲရစ်ကြောင့်နဲ့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ လက်နက်ကိရိယာတွေ မဝယ်ဘူးဆိုတော့ သူတို့ဆီမှာ စခ်တိုင်းပြည်ကိုတိုက်ခိုက်ဖို့ အစွမ်းအစရှိမယ်လို့ထင်လား?"
လမ်ပူရီဆယ့်သုံးက တိတ်ဆိတ်သွား၏။
ဗစ်ကောင့်ထ် လက်စ်လိုင်းက သူ့ အဖြေကိုမစောင့်ဘဲ လေးနက်နေသံဖြင့် ဆက်ပြောသည်၊ "မဟုတ်ဘူး၊ အရှင်မင်းကြီး၊ သူတို့မှာ ဒီအစွမ်းအစရှိတယ်လို့ သေချာပေါက် မထင်လောက်ပါဘူး။ ဒါပေမယ့် ဒါကိုတော့ အရှင်သေချာသိပါတယ်၊ အရှင်က မင်းသားအဲရစ်ကို ရပ်တန့်ဖို့ အမိန့်မပေးဘူး။ အရှင်က..... မင်းသားလေး အဲရစ်ကို သေတွင်းထဲ တွန်းပို့ဖို့ ကြိုးစားနေတာလား?"
***
မှော်စက်မှုအင်ပါယာ
Vol 3 အခန်း ၁၄၆။ ဆုံးရှုံးရန် ရွေးချယ်ခြင်း
လမ်ပူရီဆယ့်သုံးမှာ အတန်ငယ်တိတ်ဆိတ်နေပြီးမှ သက်ပြင်းချလျက်ပြောလာ၏၊ "အဲရစ်က ကိုယ်တော့်သားပါ၊ ဘယ်လိုများ သူ့ကို သေတွင်းထဲတွန်းပို့ရမှာလဲ?"
ဗစ်ကောင့်ထ် လက်စ်လိုင်းက တဖြည်းဖြည်းခေါင်းခါသည်၊ "ကျွန်တော်မသိပါဘူး၊ ဒါပေမယ့် အရှင်မင်းကြီး အခု အရှင်က အဲ့သလိုလုပ်နေတယ်လို့ပဲ ကျွန်တော်ထင်တယ်။ အဲရစ်က ကျွန်တော်နဲ့အတူကြီးပြင်းလာတဲ့ သူငယ်ချင်းပါ၊ ဒီတော့ သူ့သူငယ်ချင်းအနေနှင့် အရှင့်ကို ဒါလေးလာမေးရုံတင်ပါပဲ။"
လမ်ပူရီဆယ့်သုံးက ၎င်းကို ထေ့ငေါ့နေဟန်ဖြင့် ပြုံးလာသည်။
"မင်း မြောက်ဘက်စစ်တပ်ကနေ ထွက်သွားတော့ အဲရစ်က သူ့နေရာကို ဖိတ်ခဲ့တယ်ဆိုတာ ကိုယ်တော်သိပါတယ်။ ဒါပေမယ့် ပြဿနာက မင်းကို ကိုယ်တော့်ဆီ ဒီလိုလာမေးခိုင်းတာက အဲရစ်တော့ မဟုတ်ဘူးမို့လား?"
ဗစ်ကောင့်ထ် လက်စ်လိုင်းက ခါးသီးစွာပြုံးရင်း သက်ပြင်းချ၍ ပြောလာ၏၊ "တကယ်တော့ သူက ကျွန်တော့်ကို လာမေးခိုင်းတာမဟုတ်ဘဲ၊ ဒါက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။"
"ဒါဆို မင်း အဲရစ်ကို မင်းရဲ့ သုံးသပ်ချက်အကြောင်း ပြောခဲ့လား? သူ့ကို စခ်တိုင်းပြည်နဲ့ မတိုက်ခိုက်ဖို့ အကြံပေးထားခဲ့လား?" လမ်ပူရီဆယ့်သုံးက မေးသည်။
ဗစ်ကောင့်ထ် လက်စ်လိုင်းလည်း အတန်ငယ် တိတ်ဆိတ်နေပြီးမှ သက်ပြင်းချကာ ခေါင်းခါ၏။
"ဟင့်အင်း၊ အဲရစ်က စခ်တိုင်းပြည်အပေါ် တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိနေတော့ ဘယ်တားမြစ်မှုကိုမှ နားထောင်မှာမဟုတ်ဘူး။ ဒီတော့ အရှင်မင်းကြီးအနေနဲ့ သူ ရပ်တန့်ရအောင် အမိန့်ပေးနိုင်ဖို့ ကျွန်တော်က မျှော်လင့်တာပါ။"
လမ်ပူရီဆယ့်သုံးက ထိုင်ခုံ၏ လက်ရန်းကို ထိကာ လက်စ်လိုင်းကိုကြည့်လိုက်ရင်း သူ့အပြုံးရှိ လှောင်ထေ့ဟန်က ပိုမိုနက်ရှိုင်းလာသည်။
"ဒါဆို အဲရစ် ဒီလောက် ယုံကြည်မှုရှိနေတာဟာ တကယ်တမ်း တိုင်းပြည်မှာရှိတဲ့ အဲဒီလူတွေရဲ့ ထောက်ပံ့မှုကြောင့်ဆိုတာ သိလား? အဲ့ထဲမှာ မင်းရဲ့ အဖေလည်း ပါတာပေါ့။"
ဗစ်ကောင့်ထ် လက်စ်လိုင်းက ပို၍ပင် တိတ်ဆိတ်သွားသည်။ သူ၏ဖခင် ကိုယ်စားပြုသည့် စတက်ဂျ်မိသားစုက ဤကိစ္စ၌ မည်သို့သော အပိုင်းတွင် ပါဝင်ကြောင်း သူသိသည်လေ။
သူ့အနေနှင့် မင်းသားလေးက မြောက်ဘက်စစ်တပ်ကို ဦးဆောင်ကာ စခ်တိုင်းပြည်အားတိုက်ခိုက်မည်ကို ထောက်ပံ့ရန်အလို့ငှာ စတက်ဂျ်မိသားစုက ရံပုံငွေနှင့် ရင်းမြစ်များအား အနည်းဆုံး ရွှေဒင်္ဂါးငါးသန်း ရင်းနှီးမြှုပ်နှံမည်ကို ရှင်းရှင်းလင်းလင်းသိပေ၏။
စတက်ဂျ်မိသားစု၏ လူ့စွမ်းအားရင်းမြစ်များကိုဆိုလျှင် တွက်ချက်ရန်ပင် မဖြစ်နိုင်ချေ။
စတက်ဂျ်မိသားစုအပြင် အခြား အဓိက မျိုးရိုးမြင့်များကလည်း မင်းသားလေး အဲရစ်အား မြောက်ဘက်စစ်တပ်အတွက် အထောက်အပံ့မျိုးစုံ ပေးအပ်ခဲ့သည်။ ယခု မြောက်ဘက်စစ်တပ်ထံ၌ လက်နက်ကိရိယာမျိုးစုံရှိနေပြီး မြောက်ဘက်စစ်တပ်သမိုင်းရှိ အပေါကြွယ်ဆုံး အချိန်ဟုပင် သတ်မှတ်နိုင်၏။
၎င်းကြောင့် မင်းသားအဲရစ်ထံ၌ စခ်တိုင်းပြည်ကို တိုက်ခိုက်ရန် ယုံကြည်မှုအပြည့်ရှိနေခြင်းပင်။ သူ့အနေနှင့် တိုင်းပြည်ရှိ အဓိကမျိုးရိုးမြင့်များထံမှ အထောက်အပံ့နှင့်ဆိုလျှင် သေချာပေါက် စခ်တိုင်းပြည်ကို အလွယ်လေးအနိုင်ယူနိုင်ကာ လမ်ပူရီတိုင်းပြည်၏ သမိုင်းတွင် အံ့အားသင့်ဖွယ်အကောင်းဆုံး စစ်အောင်နိုင်ခြင်း မှတ်တမ်းတစ်ခု ဖြစ်လာလိမ့်မည်။
ဤစစ်အောင်နိုင်ခြင်းနှင့်ဆိုလျှင် သူဟာ ဆယ်ဗီနီနှင့် လူတိုင်း လျစ်လျူရှုထားသည့် အခြားမင်းသားလေး မီဖန်းကို အနိုင်ယူနိုင်ကာ တော်ဝင်ဆက်ခံသူဖြစ်လာလိမ့်မည်။
ဗစ်ကောင့်ထ် လက်စ်လိုင်းက ပြောစရာမရှိတော့သည်ကို မြင်သော် လမ်ပူရီဆယ့်သုံး၏ အပြုံးမှာ ပျောက်ကွယ်သွားရ၏။ သူက အသာနှာခေါင်းရှုံ့လျက် လေးနက်စွာပြောလာသည်၊ "လက်စ်လိုင်း၊ ကိုယ်တော်ဆိုရင်တောင် အဲရစ်ကို စခ်တိုင်းပြည် တိုက်ခိုက်မှုကို ရပ်တန့်ဖို့ အမိန့်မပေးနိုင်တာ သိရဲ့လား?"
ဗစ်ကောင့်ထ် လက်စ်လိုင်းမှာ စဉ်းစားကာ သက်ပြင်းချ၍ ခေါင်းငြိမ့်သည်။
ဤအချိန်၌ မင်းသားလေး အဲရစ်မှာ စခ်တိုင်းပြည်ကို တိုက်ခိုက်ရန် မြောက်ဘက်စစ်တပ်ကို ဦးဆောင်နေခြင်းက ပြန်လှည့်၍မရတော့သည်အထိရောက်လာပေရာ ၎င်းတို့အနေနှင့် ပို့ဆောင်ဖို့လိုသည်။
မင်းသားအဲရစ်က ရုတ်တရတ် စိတ်ပြောင်းသွားလျှင်တောင် သူ့နောက်ကွယ်ရှိ မိသားစုကြီးများက ထိုသို့လုပ်ခွင့်ပြုမည်မဟုတ်ပေ။
မဟုတ်ပါက မြောက်ဘက်စစ်တပ်ထံ၌ မိသားစုကြီးများ ရင်းနှီးမြှုပ်နှံထားသည့် လူ့အင်အားနှင့် အရင်းအမြစ်များ၏ များပြားလှသောပမာဏအားလုံး ဖြုန်းတီးသလိုဖြစ်သွားလိမ့်မည်။
မင်းသားအဲရစ်ဖြစ်စေ၊ မြောက်ဘက်စစ်တပ်ဖြစ်စေ သို့မဟုတ် မင်းသားအဲရစ်ကို ထောက်ပံ့ပေးထားသည့် မျိုးရိုးမြင့်ကြီးများပင်ဖြစ်စေ အားလုံးကို တူညီသည့် စစ်ရထား၌ ချည်နှောင်ထားပြီးသားဟု ဆိုလျှင်တောင် ချဲ့ကားလွန်းရာမကျပေ။
၎င်းစစ်ရထားမှာ စခ်တိုင်းပြည်ဆီ မောင်းနှင်ရမည်ဖြစ်ပြီး မည်သူကမှ ၎င်းတို့အား မရပ်တန့်နိုင်ချေ။
တိုင်းပြည်၌ အာဏာအကြီးဆုံး အရှင်မင်းကြီးသည်ပင် ၎င်းစစ်ရထားကို တွန်းအားပေးကာ မတားဆီးနိုင်ချေ။
ပြောရလျှင် ၎င်းက ဂုဏ်သိက္ခာအရှိဆုံး ဘုရင်ဆိုလျှင်တောင် စတက်ဂျ်မိသားစု ကိုယ်စားပြုထားသည့် မျိုးရိုးမြင့်မိသားစုကြီးများ အဖွဲ့လိုက်ကို မရပ်တန့်နိုင်ပေ။
၎င်းကို စဉ်းစားရင်း ဗစ်ကောင့်ထ် လက်စ်လိုင်းမှာ မတတ်နိုင်ဘဲ သက်ပြင်းချမိရသည်။ သူက လမ်ပူရီဆယ့်သုံးကိုကြည့်ရင်း မနေနိုင်စွာမေးလာ၏၊ "အရှင်မင်းကြီး၊ အရှင့်အနေနဲ့ ဒီကိစ္စကို ကြိုမသိထားလောက်ဘူးလို့တော့ ကျွန်တော်မယုံဘူး။ ဒါပေမယ့် ဘာလို့ အချိန်မတိုင်ခင် မတားခဲ့ရတာလဲ? အရှင်သာ ချက်ချင်း အမိန့်ပေးခဲ့ရင် ဒါကို တားခဲ့နိုင်လောက်မယ်လို့ ကျွန်တော်ထင်တယ်။"
လမ်ပူရီဆယ့်သုံးက အနည်းငယ် တိတ်ဆိတ်နေပြီးမှ ဖြေလာသည်၊ "သူတို့သုံးယောက်ကို လွှတ်လိုက်တာက စမ်းသပ်ဖို့ပဲ။ ဒါက အဲရစ်ရဲ့ ရွေးချယ်မှုဆိုမှတော့ ကိုယ်တော်က ကြားဝင်မှာ မဟုတ်ဘူးလေ။"
ဗစ်ကောင့်ထ် လက်စ်လိုင်းက ရုတ်တရတ် ဒေါသဖြစ်လာက အော်လေ၏၊ "ဒါပေမယ့် ဒါက အဲရစ်တစ်ယောက်တည်းနဲ့ ဆိုင်နေတာမဟုတ်ဘဲ မြောက်ဘက်စစ်တပ်ရဲ့ စစ်သည်သန်းချီနဲ့ ဆိုင်နေတာလေ! အရှင်က ဒီမြောက်ဘက်စစ်တပ်ရဲ့ အပြစ်ကင်းတဲ့စစ်သားတွေအနေနဲ့ သေတွင်းထဲ ခုန်ဆင်းရတာကို စောင့်ကြည့်ချင်နေတာများလား?"
လမ်ပူရီဆယ့်သုံးက လက်စ်လိုင်းကိုကြည့်လိုက်ပြီးမှ ရုတ်တရတ်ပြုံးလာ၏။
"ကြည့်ရတာ မင်းရဲ့ မြောက်ဘက်စစ်တပ်မှာ နေခဲ့တဲ့ ၂နှစ်တာက မြောက်ဘက်စစ်တပ်အတွက် ခံစားချင်တချို့ ဖန်တီးပေးလိုက်ပုံပဲ။ မဆိုးဘူး၊ မဆိုးဘူး....."
လမ်ပူရီဆယ့်သုံးက သူ၏ မေးခွန်းကို ရှောင်လိုက်သည်အားမြင်သော် ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ ပို၍ ဒေါသဖြစ်လာသော်လည်း သူ၏ ဆင်ခြင်မှုက သေချာပေါက် အရှင်မင်းကြီးကို မေးခွန်းများ အတင်းဆက်မေး၍ မဖြစ်ကြောင်း ပြောနေသည်။ သူက ဒေါသကိုဖိနှိပ်လျက် အသက်ပြင်းပြင်းရှူကာ ကိုယ့်ကိုယ်ကို တည်ငြိမ်စေလိုက်သည်။
လမ်ပူရီဆယ့်သုံးကို တစ်ခဏာတာ စိုက်ကြည့်နေပြီးနောက် ဗစ်ကောင့်ထ် လက်စ်လိုင်းက ပြောသည်၊ "အရှင်မင်းကြီး၊ အရှင့်ဆီမှာ ဘာအကြံတွေရှိနေသလဲတော့ ကျွန်တော်မသိဘူး၊ ဒါပေမယ့်..... ကျွန်တော် အရိုအသေတန်တဲ့အတွက် ခွင့်လွှတ်ပေးပါ၊ ဒါပေမယ့်လည်း ကျွန်တော့်အနေနဲ့ အရှင့်ရဲ့ လက်ရှိ ချဉ်းကပ်မှုက မှားနေတယ်လို့ ခံစားရတယ်။ အရှင်သာ ဒီလိုဆက်လုပ်နေရင် ကျွန်တော်တို့ လမ်ပူရီတိုင်းပြည်က ဆုံးရှုံးမှုကြီးတွေကြုံရပြီး ဒီဆုံးရှုံးမှုတွေက အရှင်တောင် မတောင့်ခံနိုင်တဲ့ အရာဖြစ်လာမှာပဲ။"
လမ်ပူရီဆယ့်သုံးက ခေါင်းလှည့်လျက် အနောက်မြောက်ဘက်ကိုကြည့်ရင်း မျက်လုံးများထဲတွင် ဝမ်းနည်းဟန် ပေါ်လာသည်။
"အင်း၊ ကိုယ်တော့်အနေနဲ့ ဒီလိုဆုံးရှုံးမှုကို မခံနိုင်လောက်ပေမယ့် ပိုပြီးကြောက်စရာကောင်းမယ့် ဆုံးရှုံးမှုထက်စာရင် ကိုယ်တော့်ဆီမှာ တခြားရွေးချယ်စရာမရှိဘူး။ လက်စ်လိုင်း ဒီနှစ်ခုလုံးက အရမ်းလေးနက်တယ်၊ ဒါပေမယ့် တစ်ခုက တစ်ခုခုအတွက် ဖလှယ်ဖို့ သုံးလို့ရမယ့် ဆုံးရှုံးမှုဆိုတော့ မင်းဆိုရင် ဘာကိုရွေးမလဲ?"
ဗစ်ကောင့်ထ် လက်စ်လိုင်းမှာ အနည်းငယ် တိတ်ဆိတ်သွားပြီးမှ လေးနက်စွာဆိုလာ၏၊ "ကျွန်တော်သိတာကတော့ သေလူတွေက ဘဝထဲပြန်မလာနိုင်ဘူးဆိုတာပဲ၊ အရှင်မင်းကြီးအနေနဲ့ ဒါကို လေးလေးနက်နက်ချင့်ချိန်နိုင်ဖို့ မျှော်လင့်ပါတယ်။"
လမ်ပူရီဆယ့်သုံးက အသာပြုံးကာ၊ "သေလူတွေဆိုတာက ဆုံးရှုံးမှုအသေးအဖွဲလေးပါပဲ။ လက်စ်လိုင်း မင်းက ငယ်သေးတော့ နားမလည်ပါဘူး။"
ဗစ်ကောင့်ထ် လက်စ်လိုင်းက အသက်ပြင်းပြင်းရှူကာ ခေါင်းခါသည်။ သူက လမ်ပူရီဆယ့်သုံးကို ဦးညွှတ်ရင်း လှည့်ထွက်သွားတော့သည်။
တော်ဝင်နန်းတော်မှ ထွက်လာပြီးနောက်တွင် ဗစ်ကောင့်ထ် လက်စ်လိုင်းက အတန်ငယ် မှုန်မှိုင်းနေသည့် ယနေ့ အန်ဗီမာမြို့တော် ကောင်းကင်ယံကိုကြည့်ရင်း သူ၏ခံစားချက်ကလည်း ကောင်းကင်ကဲ့သို့ ထိုင်းမှိုင်းလာသည်။
သူဟာ ဘုရင်ကြီးနှင့် စကားဝိုင်းမှ သူလိုချင်သည့် ရလာဒ်ကိုမရခဲ့သော်လည်း သူ့အတွက် ဘုရင်ကြီး၏ အတွေးများကို ရှင်းရှင်းလင်းလင်းသိသွားစေသည်။
သူသိတာများလေ ပိုမို ကြောက်ရွံ့လေဖြစ်သည်။
အရှင်မင်းကြီးသာ အကျိုးဆက်များကိုသိပြီး မည်သည့်လှုပ်ရှားမှုမှ မလုပ်ပါလျှင် ၎င်းမှာ သူ့အနေနှင့် မင်းသားအဲရစ်ကို ဆန့်ကျင်ရန် လှုပ်ရှားမှု တစ်ခုပြင်ဆင်ပြီးသားဟူသည့် အဓိပ္ပာယ်ပင်။
သို့သော် ၎င်းက ဗစ်ကောင့်ထ် လက်စ်လိုင်းကို ထိတ်လန့်စေ၏။
မင်းသားအဲရစ်မှာ အရှင်မင်းကြီး၏ သားတော်ဖြစ်ပြီနေသော်လည်း သူ၏သားက အန္တရာယ်ထဲ တိုးဝင်သည်အား တကယ်ကိုထိုင်စောင့်ကြည့်ရန် စီစဉ်ထားသည်လား?
"အဲရစ်သာ ငါဖြစ်ပြီး အရှင်မင်းကြီးကသာ ငါ့အဖေဆို ငါ့အဖေကရော ဘာကိုရွေးလောက်မလဲ"
ဗစ်ကောင့်ထ် လက်စ်လိုင်းက တိတ်ဆိတ်သွားရင်း ပို၍ပင်ထိတ်လန့်ဖွယ်ရာကောင်းသည့် အချက်ကို တွေ့လိုက်ရသည်။
သူသာ စတက်ဂျ်မိသားစု၏ စိတ်ဝင်စားမှုကို ဆန့်ကျင်ပါက သူ၏ဖခင်မှာ သေချာပေါက် တုံ့ဆိုင်းမှုမရှိဘဲ သူ့အားလက်လျှော့လိုက်မည်ဖြစ်ပြီး အရှင်မင်းကြီးထက်ပင် ပို၍ နှလုံးသားမဲ့လောက်သည်။
"ဒါက မျိုးရိုးမြင့် မိသားစုကြီးတစ်ခုမှ မွေးဖွားရခြင်းရဲ့ ကံကြမ္မာများလား?" ဗစ်ကောင့်ထ်လက်စ်လိုင်းက ခါးသက်သက်ပြုံးရင်း ခေါင်းခါ၏။
သူလှည့်လိုက်ချိန်တွင် တော်ဝင်နန်းတော်အပြင်ဘက် လမ်းနံဘေး၌ ပြတင်းအတွင်းဘက်တွင် မှော်စက်ပစ္စည်းများ ခင်းကျင်းထားသည့် ဆိုင်တစ်ဆိုင်ရှိနေသည်ကို မြင်လိုက်ရသည်။
၎င်း၏အထဲတွင် ဆက်တိုက်လည်ပတ်နေသည့် မှော်လေပေးစက်ရှိနေကာ လေနွေးနွေးများကို ထုတ်ပေးရင်း ပြတင်းများအပေါ်တွင် ဆောင်းရာသီ၏ အေးစက်မှုမှလာသော နှင်းခဲအလွှာလေးတစ်လွှာဖြစ်ပေါ်နေသည်။
ယင်းအိမ်သုံးမှော်စက်များကိုမြင်သော် ဗစ်ကောင့်ထ် လက်စ်လိုင်း၏ ရာသီဥတုကဲ့သို့ အေးစက်နေသည့်စိတ်နှလုံးမှာ အနည်းငယ် နွေးထွေးမှုတို့ ပြည့်လျှံလာရသည်။
အကြောင်းမှာ ဤအိမ်သုံးမှော်စက်များကို မြင်ရခြင်းက ဗစ်ကောင့်ထ် လက်စ်လိုင်းအား Frestech ကုန်သည်ကြီးများအသင်းကို တွေးမိစေပြီး၊ Frestech ကုန်သည်ကြီးများအသင်းအား တွေးမိသည်နှင့် သဘာဝကျကျပင် ရှုယီကို စဉ်းစားမိသွားရသည်။
အတိအကျပြောရလျှင် သူနှင့် ရှုယီတို့ အဆက်အသွယ်မရှိသည်မှာ ကြာညောင်းလှသည်ဖြစ်သော်လည်း ရှုယီမှာ ရေရှည်ပန်းတိုင်တစ်ခုရှိသည့် လူတစ်ဦးဖြစ်ကာ ၎င်းပန်းတိုင်ကြောင့် ဆန္ဒပြင်းပြမှုများအပြည့်ရှိသည်ကိုမြင်နိုင်၏။
သူ့စိတ်ထဲရှိ ပန်းတိုင်မှာ ဗစ်ကောင့်ထ် လက်စ်လိုင်း ချီးကျူးရသည့် အရာဖြစ်သဖြင့် ရှုယီကိုစဉ်းစားမိချိန်တိုင်း စိတ်ထဲတွင် အနည်းငယ်သက်သာသွားရသည်။
"တိုင်းပြည်မှာရှိတဲ့ လူတိုင်းသာ ရှုယီလို လူတိုင်းရဲ့ ဘဝကို တိုးတက်ဖို့ ကြိုးကြိုးစားစားလုပ်မယ်ဆိုရင် တိုင်းပြည်ရဲ့ လူနေမှုအဆင့်အတန်းက ဘယ်လောက်တောင် ကောင်းလာလိုက်မလဲ။"
အနည်းငယ်စဉ်းစားပြီးနောက် ဗစ်ကောင့်ထ် လက်စ်လိုင်းက သူ့ကိုယ်သူ ရယ်မောလိုက်၏။
ရှုယီဆိုလျှင်တောင် ထိုသို့သော နုံအအ အကြံများရှိရန် မဖြစ်နိုင်သည်မှာ သေချာပါသည်။
ဘေးဘီကိုကြည့်ရင်း ဗစ်ကောင့်ထ် လက်စ်လိုင်းက မြင်းလှည်းတစ်စီးထဲဝင်ကာ အန်ဗီမာမြို့တော်ရှိ ကောင့်ထ်စီယန်၏ အိမ်တော်အဆောက်အဦဆီ ရောက်သွားသည်။
ဗစ်ကောင့်ထ် လက်စ်လိုင်း ရုတ်တရတ် ပေါ်လာသည်ကိုမြင်သော် အိမ်စေ လမ်မှာ အံ့ဩရင်း ရှေ့တိုးလာ၏။
"အရှင်ဗစ်ကောင့်ထ်၊ ဘယ်အချိန်က ပြန်ရောက်တာလဲ?"
"မနေ့ကပဲ" ဗစ်ကောင့်ထ် လက်စ်လိုင်းက အပြုံးတစ်ခုဖြင့်ပြောရင်း အထဲသို့ကြည့်လိုက်၏၊ "အဲလက်စ်က ဒီမှာလား? သူ့ကိုထွက်လာခိုင်းလိုက်ပါဦး၊ သူနဲ့ ဆွေးနွေးစရာရှိလို့။"
အိမ်စေ လမ်က ခေါင်းခါကာ၊ "အဲလက်စ်က လွန်ခဲ့တဲ့ တစ်လကပဲ ဘန်တာမြို့ကိုပြန်သွားပြီ၊ အရှင်မသိဘူးလား? အိုး၊ ဟုတ်သားပဲ အရှင်က မနေ့ကမှ လာတာဆိုတော့ မသိလောက်ဘူးပေါ့။ ငါ့ရဲ့ တုံးအချက်ကတော့လေ....."
"ဘန်တာမြို့ဆီပြန်သွားတယ်?" ဗစ်ကောင့်ထ် လက်စ်လိုင်းက အံ့ဩသွားကာ၊ "ယာယီပြန်သွားတာလား? ဘယ်အချိန်ပြန်လာမယ်ပြောခဲ့လဲ?"
"ဟင့်အင်း၊ သူက အန်ဗီမာမြို့တော်မှာ Frestech ကုန်သည်ကြီးများအသင်းရဲ့ မန်နေဂျာဆက်မလုပ်တော့ဘူး။ ဒီတစ်ခေါက် ဘန်တာမြို့ကို ပြန်ရောက်ရင် အန်ဗီမာမြို့တော်ဆီ ထပ်လာဖို့ အခွင့်အရေးမရှိလောက်တော့ဘူးလို့ ပြောခဲ့တယ်။" အိမ်စေ လမ်က ဆိုသည်။
"မန်နေဂျာ မဟုတ်တော့ဘူး? ဘာလို့လဲ?" ဗစ်ကောင့်ထ် လက်စ်လိုင်းက အတန်ငယ် သိလိုသွားသည်၊ "သူ့ကို ရှုယီ ပို့ထားတာမဟုတ်ဘူးလား? ဒီတစ်ခေါက် ရာထူးတိုးသွားလို့များလား?"
"ကျွန်မလည်း မသေချာပါဘူး၊ ဒါပေမယ့် ရာထူးတိုးတာတော့ မဟုတ်လောက်ဘူး။ ကြည့်ရတာတော့..... ကြည့်ရတာ အပြစ်ပေးခံလိုက်ရသလိုပဲ....."
အိမ်စေ လမ်က မသေချာသည့်အသံဖြင့်ပြောသည်၊ "မတိုင်ခင်က ဥက္ကဌရှု အန်ဗီမာမြို့တော်ကို လာတော့ အဲလက်စ်ကိုကြည့်တဲ့အချိန်မှာ မျက်နှာအမူအရာသိပ်မကောင်းဘူး။ ကျွန်မထင်တာတော့ အဲလက်စ်က ဥက္ကဌရှုကို မပျော်မရွှင်ဖြစ်အောင် တစ်ခုခုလုပ်ခဲ့တဲ့ပုံပဲ။"
လက်စ်လိုင်းက မျက်မှောင်ကုပ်ကာ၊ "စိတ်သဘောထားကောင်းတဲ့ အဲ့ကောင်လေးကို အမူအရာမကောင်းအောင်လုပ်ဖို့က ကြည့်ရတာ အဲလက်စ်က တကယ်ပဲ တစ်ခုခုအမှားလုပ်မိပုံပဲ။ ကောင်းပြီ၊ ဒီမှာသူမရှိတော့၊ Frestech ကုန်သည်ကြီးများအသင်းက တာဝန်ယူဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်လောက်တယ်မဟုတ်လား? အခု မန်နေဂျာက ဘယ်သူများလဲ? သူတို့ ဘယ်မှာရှိလဲ သိလား?"
"တာဝန်ယူလိုက်တာက မန်နေဂျာ ဖလိမ်ပါ၊ ဒါပေမယ့် ဒီမနက်...... အိ? အဲဒါ မန်နေဂျာ ဖလိမ်ရဲ့ မြင်းလှည်းမဟုတ်လား၊ သူပြန်လာပြီ!"
ဗစ်ကောင့်ထ် လက်စ်လိုင်း လှည့်ကြည့်လိုက်သော် မြင်းလှည်းတစ်စီးထံမှ သုံးဆယ်အရွယ်လူတစ်ဦးဆင်းလာသည်ကို တွေ့လိုက်ရသည်။
ဗစ်ကောင့်ထ် လက်စ်လိုင်း မပြောနိုင်ခင်တွင် မန်နေဂျာ ဖလိမ်က ရှေ့သို့ အပြုံးဖြင့်တိုးလာကာ ဗစ်ကောင့်ထ် လက်စ်လိုင်းကို ဦးညွှတ်နှုတ်ဆက်လာသည် "အရှင် ဗစ်ကောင့်ထ်၊ ဥက္ကဌက အရှင် အန်ဗီမာမြို့တော်ကို ပြန်ရောက်နေမှန်းသိရင် အတော်လေးပျော်နေမှာ သေချာလောက်တယ်။ သူသာ ဆိုဝယ်လ်မြို့ကနေ ပြန်လာရင် အရှင့်ကိုတွေ့ဖို့ အန်ဗီမာမြို့တော်ဆီ ခရီးထွက်လာလောက်မယ်ထင်တယ်။"
"မင်းက ငါ့ကိုသိတယ်လား?" ဗစ်ကောင့်ထ် လက်စ်လိုင်းက အံ့ဩစွာမေးလေသည်။
"ဘန်တာမြို့မှာ အရှင်ဗစ်ကောင့်ထ်ကို အကြိမ်များစွာမြင်ဖူးပေမယ့် အရှင်ကတော့ ကျွန်တော့်လို သာမန်လူတစ်ဦးကို ဘယ်မှတ်မိပါ့မလဲ။" မန်နေဂျာ ဖလိမ်က အပြုံးဖြင့်ဆိုလာသည်။
ဗစ်ကောင့်ထ် လက်စ်လိုင်းက ခေါင်းငြိမ့်လိုက်သော်လည်း ထိုမေးခွန်းကို ဂရုမထားဘဲ မေးလိုက်၏၊ "မင်းက ဒီမှာ Frestech ကုန်သည်ကြီးများအသင်းရဲ့ မန်နေဂျာအသစ်ပေါ့? ဒါဆို Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုဖို့ အာဏာရှိလား?"
မန်နေဂျာ ဖလိမ်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ဖြေလာသည်၊ "အခြေခံကိစ္စလေးတွေမှာတော့ လုပ်ငန်းစုကို ကိုယ်စားပြုနိုင်ပါတယ်။"
"ကောင်းတယ်၊ ငါ ဒီတစ်ခေါက်လာတာက Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းမှုကိုဆွေးနွေးဖို့ပဲ။ ငါ မှော်စက် အလုပ်ရုံတစ်ရုံဖွင့်ချင်တယ်၊ ဒီဟာကို ဆုံးဖြတ်ချက်ချလို့ရမလား?"
မန်နေဂျာ ဖလိမ်က ဗစ်ကောင့်ထ် လက်စ်လိုင်း အံ့ဩစွာကြည့်သည်။ စဉ်းစားကြည့်ပြီးနောက်၌ သူက မေး၏၊ "အရှင် ဗစ်ကောင့်ထ်၊ အရှင်က စတက်ဂျ်မိသားစုကိုယ်စား ပြောတာလား ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ်တိုင် ကိုယ်စားပြုတာလား?"
ဗစ်ကောင့်ထ် လက်စ်လိုင်းက အသာပြုံးကာ ဖြေသည်၊ "ငါ့ကိုယ်ကိုပဲ ကိုယ်စားပြုပြီး ပြောတာပါ။"
မန်နေဂျာ ဖလိမ်၏ အမူအရာမှာ ချက်ချင်းအင်မတန်ထူးဆန်းသွား၏။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၄၇။ သူတို့ကို ချိုမြိန်တဲ့အရသာလေးတစ်ခု ပေးလိုက်
ဆောင်းရာသီထဲသို့ နက်နက်နဲနဲ ဝင်ရောက်လာသည်နှင့် ဆိုဝယ်လ်မြို့မှာ တစ်နေ့ပြီးတစ်နေ့ ပိုအေးလာသည်။
ဤမနက် ကောင်းကင်ယံ၌ နှင်းပွင့်များနှင့်ပြည့်နေကာ တစ်ခုချင်းစီမှာ အချင်းချင်းရိုက်ခတ်နေကြသည့် ဝါဂွမ်းလုံးလေးများနှယ်ဖြစ်နေ၏။ တစ်မနက်ခင်းနှင့်တင် ဆိုဝယ်လ်မြို့တစ်ခုလုံး၌ နှင်းများဖုံးအုပ်နေတော့သည်။
မြို့စားအိမ်တော်၏ ပြတင်းမှ နှင်းများကို မြင်နေရသည့်အပြင် ပို၍ပင် ပေါ်လွင်လာသည့် အနက်ရောင်ကျောက်တံတိုင်းများလည်း ရှိနေသည်။ ၎င်းမှာ အဖြူရောင်လောကတွင် အမာရွတ်ကြီးများမြင်နေရသကဲ့သို့ပင်။
"ကောင့်ထ်စီယန်, ကျွန်မပြောရမယ်၊ ဆိုဝယ်လ်မြို့က အိမ်တွေရဲ့ အရောင်အသွေးက ကြည့်မကောင်းဘူး။ နှင်းကျပြီးတဲ့နောက်ကျရင် အရမ်းရှင်းနေတယ်။" မင်းသမီးလေးကာရိုလင်းက ပြတင်းအပြင်ကိုကြည့်ရင်း ခေါင်းခါလျက် ကောင့်ထ်စီယန်ထံ သက်ပြင်းချကာ ဆိုသည်။
ကောင့်ထ်စီယန်က နံဘေးရှိရှုယီကိုကြည့်ပြီးနောက် ရယ်လေသည်၊ "မင်းသမီးလေး၊ အိမ်အနက်ရောင်တွေက လူတွေကို နွေးထွေးတဲ့ခံစားချက်ပေးတယ်လို့ မထင်ဘူးလား? မင်းသမီးလေးတို့ရဲ့ ဒရိက်ခ်နယ်မြေက ပိုလို့တောင် မြောက်ပိုင်းပိုရောက်တယ်ဆိုတော့ ဒါကို လွယ်လွယ်လေး နားလည်လောက်မှာပါ။"
"မဟုတ်ဘူး၊ ကျွန်မတို့ ဒရိက်ခ်နယ်မြေက အိမ်တွေအားလုံးက အနီရောင်ချည်းပဲ။ ဒီအနက်ရောင်နဲ့ ယှဉ်ရရင် မီးတောက်လိုနီနီရဲရဲအရောင်က ဆောင်းရာသီအတွင်းမှာ ပိုနွေးထွေးတဲ့ ခံစားချက်ကို ပေးလောက်မယ်လို့ခံစားရတယ်။" မင်းသမီးလေးကာရိုလင်းက ခေါင်းခါသည်၊ "ပိုအရေးကြီးတာက၊ အနီရောင်က အနက်ရောင်ထက် ပိုကြည့်မကောင်းနေဘူးလား?"
ကောင့်ထ်စီယန်က ခေါင်းခါကာ ၎င်းကို မင်းသမီးလေးကာရိုလင်းနှင့်အတူ မငြင်းခုံတော့ရန် ဆုံးဖြတ်လိုက်သည်။
ဘဝ၏ နှစ်ပေါင်းများစွာသောအတွေ့အကြုံက အမျိုးသမီးတစ်ဦးနှင့် ငြင်းခုံပါလျှင် အထူးသဖြင့် အနုသုခုမများကို ငြင်းခုံပါက ပြဿနာကိုတောင်းဆိုနေခြင်းဖြစ်ကာ မထိုက်တန်ဟု ပြောနေ၏။
နံဘေးရှိ ရှုယီက အပြုံးဖြင့် ဆက်လာ၏၊ "သီအိုရီအရတော့ အရောင်ဆိုတာဟာ ခင်ဗျားတို့ရဲ့ ခံစားချက်ကို အဆင့်တစ်ခုအထိ သက်ရောက်နိုင်တယ်။ ဒါပေမယ့် တစ်ယောက်ယောက်ကို အတွင်းပိုင်းမှာပါ နွေးထွေးစေချင်ရင် အပြင်ဘက်ကနေ တိုက်ရိုက် နွေးထွေးအောင်လုပ်ပေးလိုက်တာက အများကြီးပိုသက်ရောက်မှုရှိတယ်လို့ မထင်ဘူးလား?"
မင်းသမီးလေးကာရိုလင်း၏ မျက်လုံးလှလှလေးများက လည်သွားကာ၊ အသာပြုံးလာသည်။ သူမက ရှုယီနံဘေး၌ မည်သည့်ကျင့်ဝတ်မှမပြဘဲ ထိုင်ကာ ရှုယီကို ညင်သာစွာမေးလာသည်၊ "ဒါဆို ဥက္ကဌရှု၊ ကျွန်မတို့ရဲ့ ဒရိက်ခ်နယ်မြေမှာ ကျွန်မအဆိုပြုထားသလို အိမ်သုံးမှော်စက် အလုပ်ရုံတစ်ရုံတည်ထောင်ဖို့ စဉ်းစားပြီးပြီလား? ကျွန်မတို့သာ ကျွန်မတို့နယ်မြေမှာ မှော်လေပေးစက်တွေကို တိုက်ရိုက်ထုတ်လုပ်နိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ ပြည်သူတွေဆီမှာ အိမ်အရောင်ဘယ်လိုရှိရှိ ကိစ္စမရှိလောက်ဘူးလို့ထင်တယ်။"
ရှုယီက ချောင်းတစ်ချက်ဟန့်လျက် မင်းသမီးလေးကာရိုလင်း၏ စိတ်အားထက်သန်နေသော အကြည့်မှ ရှောင်ဖယ်ပြီး ဖြေလာ၏၊ "အရင်ကလည်း ကျုပ်ပြောပြီးသားပါ၊ ခင်ဗျားတို့ ဒရိက်ခ်နယ်မြေမှာ စက်ရုံတစ်ရုံအတွက် ရင်းနှီးမြှုပ်နှံဖို့က ပြဿနာမရှိပေမယ့် ဒရိက်ခ်နယ်မြေအနေနဲ့ ကျုပ်တို့ လုပ်ငန်းစုရဲ့အလုပ်ရုံကို စခ်တိုင်းပြည်က မခြိမ်းခြောက်ပါဘူးလို့ ဘယ်လိုစိတ်ချအောင်လုပ်ပေးနိုင်လဲ?"
မင်းသမီးလေးကာရိုလင်းက နှာခေါင်းအသာရှုံ့ကာ၊ "ဆိုဝယ်လ်မြို့က စခ်တိုင်းပြည်နယ်စပ်ကနေ တစ်ရာကီလိုမီတာလောက်ပဲဝေးတာလေ၊ ဘာလို့ ဒီက အလုပ်ရုံကို စခ်တိုင်းပြည်က ခြိမ်းခြောက်မှာကျတော့ စိတ်မပူရတာလဲ? ပြီးတော့လည်း ကျွန်မရဲ့ သတင်းသာမမှားရင် ရှင်တို့ ဆိုဝယ်လ်မြို့အလာလမ်းမှာ ခြုံခိုတိုက်ခိုက်ခံခဲ့ရတယ်မို့လား? လမ်ပူရီတိုင်းပြည်က ကျွန်မတို့ ဒရိက်ခ်နယ်မြေထက် အများကြီး ပိုလုံခြုံတယ်လို့တော့ ကျွန်မ မထင်ဘူး။"
ရှုယီနှင့် ကောင့်ထ်စီယန်တို့က တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။ ထိုသတင်းမှာ မင်းသမီးလေးကာရိုလင်းပင် သိသည့်အရာဖြစ်ရာ လမ်ပူရီတိုင်းပြည်ရှိ ဂရုစိုက်သည့်မည်သူမဆို ၎င်းကို ချက်ချင်းသိပြီးကြလောက်သည်။
"မင်းသမီးလေး၊ ကျုပ်သဘောမတူဘူး။" ကောင့်ထ်စီယန်က ပြောသည်၊ "လက်ရှိ ဆိုဝယ်လ်မြို့မှာက လက်နက်ကိရိယာအပြည့်အစုံနဲ့ အစောင့်ပေါင်းရှစ်ထောင်ရှိနေရုံတင်မကဘူး ဘုရင်ကြီးက တတိယတပ်ရင်းကိုပါ ပို့လိုက်တယ်။ ကျုပ်တို့ ဆိုဝယ်လ်မြို့မှာ စစ်သည်တွေ သုံးသောင်းကျော်ရှိနေတော့ ဆိုဝယ်လ်မြို့ကို ကာကွယ်ဖို့ လုံလောက်တာထက်တောင်ပိုနေသေးတယ်။"
မင်းသမီးလေးကာရိုလင်းက ကောင့်ထ်စီယန်ကိုကြည့်လာ၏။ သူမလည်း အနည်းငယ်တွေးဆပြီးမှ လက်ခုပ်တီးလိုက်သည်၊ "ဟုတ်ပြီလေ၊ ကျွန်မက ဟာသလုပ်နေရုံတင်ပါ။ တကယ်ကို ဥက္ကဌရှုဆီမှာ လတ်တလော ကျွန်မတို့နယ်မြေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် စိုးရိမ်စရာတွေရှိနေတာပဲ။ ဒါဆို ကျွန်မတို့ရဲ့ ဒီက ပူးပေါင်းမှုအကြောင်း စိုးရိမ်နေဖို့မလိုတော့ဘူးပေါ့ ဟုတ်လား?"
ရှုယီက မနေနိုင်ဘဲ ပြုံးလေသည်။ ကြည့်ရသည်မှာ မင်းသမီးလေးကာရိုလင်း၏ လတ်တလောညှိနှိုင်းခြင်းက ဆိုဝယ်လ်မြို့ံ၌ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ စက်ရုံတစ်ရုံတည်ထောင်ရန်အတွက်သာဖြစ်လောက်သည်။
မှန်ပါ၏၊ ရှုယီကလည်း ထပ်တူ စီစဉ်ထားသည်ဖြစ်ရာ ၎င်းကို မငြင်းဆန်လိုက်ပေ။ ခေါင်းငြိမ့်၍သာ ပြောလိုက်၏၊ "ပြဿနာမရှိပါဘူး၊ ဒါပေမယ့် မင်းသမီးလေး၊ ခင်ဗျားသာ ကျုပ်တို့လုပ်ငန်းစုနဲ့အတူ မှော်စက်အလုပ်ရုံတစ်ခုမှာ ရင်းနှီးမြှုပ်နှံပြီး မှော်စက်သုတေသနမှာပါဝင်ချင်ရင် ကျုပ် ဒါကို သဘော မတူနိုင်ဘူး။ ဆောက်လုပ်ရေးမှော်စက်နည်းပညာကို လတ်တလောမှာ ကျုပ်တို့လုပ်ငန်းစုက မဖြန့်ဝေရသေးတော့ ဒီအတွက် ဘယ်သူနဲ့မှ ပူးပေါင်းမှာ မဟုတ်သေးဘူး။"
"ကပ်စေးနှဲလိုက်တာ....." မင်းသမီးလေးကာရိုလင်းက ရှုယီကို မျက်လုံးများလှိမ့်ပြရင်း ဆွဲဆောင်မှုရှိဟန်ဖြင့်၊ "ထုတ်လုပ်ရေးထဲမှာ ဝင်မပါခိုင်းတာကတော့ အဆင်ပြေပါတယ်၊ ဒါပေမယ့် ဥက္ကဌရှု ကျွန်မ အရင်ကပြောပြီးပြီလေ၊ ကျွန်မတို့နယ်မြေမှာ ဆောက်လုပ်ရေးမှော်စက်တွေ လိုအပ်နေတာ။ ကျွန်မတို့သာ မှော်စက်အလုပ်ရုံတစ်ရုံမှာ ပူးပေါင်းနိုင်ပြီးရင် ထုတ်လုပ်ရေးမှာ ကျွန်မတို့ ပါဝင်မှာမဟုတ်ပေမယ့်လည်း မှော်စက်တွေကို ကျွန်မတို့လိုအပ်ချက်အတိုင်း ထုတ်ပေးသင့်တယ်လို့ ထင်တယ်။ ဘာပြဿနာမှတော့ မရှိဘူးမို့လား?"
"ကျုပ်တို့ လုပ်လို့ရပါတယ်၊ ဒါပေမယ့် ထုတ်လုပ်ရေးအတွက် ခင်ဗျားတို့ လိုအပ်ချက်ကို လိုက်လုပ်ပေးရုံပဲဖြစ်ပြီး ခင်ဗျား ဆုံးဖြတ်ပေးရမှာတော့မဟုတ်တာကို သတိရပေးပါ။ ကျုပ်ပြောချင်တာကို နားလည်ရဲ့လာ?" ရှုယီက လေးနက်နေဟန်ဖြင့် ဆိုသည်။
"ဒါပေါ့။" ရှုယီသဘောတူသည်ကိုမြင်သော် မင်းသမီးလေးကာရိုလင်း၏ အပြုံးမှာ ပန်းကလေးပွင့်လန်းသည့်နှယ်ဖြစ်လာသည်။ သူမက ရှုယီအနီးကိုရောက်လာ၍ လက်မောင်းကိုဆွဲလျက် ကျီစယ်လေ၏၊ "ရှင်က ယောက်ျားတစ်ယောက်ပဲ၊ သဘာဝအတိုင်း ထိန်းချုပ်ထားချင်မှာပေါ့။"
သူ၏လက်မှ နူးညံ့သည့် အထိအတွေ့ကိုခံစားမိသော် ရှုယီက ခါးသက်စွာရယ်လေ၏။ သူက ခေါင်းယမ်းကာ ထရပ်ပြီးနောက် ကောင့်ထ်စီယန်ကို ပြောလေသည်၊ "မြို့စားအရှင်၊ အချိန်ကျပြီ သွားကြရအောင်"
ကောင့်ထ်စီယန်ကလည်း ထရပ်လိုက်၏၊ "ဟုတ်ပြီ၊ ဒီပစ္စည်းတွေကို စက်ရုံဆီပဲ ပို့လိုက်ရအောင်၊ ဒီနည်းနဲ့ဆို မြို့ဆီကို နောက်ထပ်ခရီးသွားဖို့ သက်သာတယ်။"
ရှုယီက မင်းသမီးလေးကာရိုလင်းဘက် လှည့်လိုက်၏။ သူမက သေချာပေါက် လိုက်လာမည်ဟု ထင်ထားပါသော်လည်း အပြုံးဖြင့် ခေါင်းခါလိုက်မည်ဟု ထင်မထားခဲ့ချေ။
"ရှင်တို့သွားပါ။ ကျွန်မ မှော်စက် အလုပ်ရုံအတွက် ပူးပေါင်းမှုကို သေချာစဉ်းစားဖို့လိုတယ်။"
ရှုယီက ခေါင်းငြိမ့်ကာ ကောင့်ထ်စီယန်ကဲ့သို့ ကုတ်အင်္ကျီကြီးတစ်ထည်ထပ်လျက် မြို့စားအိမ်တော်မှ ထွက်သွားတော့သည်။
ကောင့်ထ်စီယန်၏ ကိုယ်ပိုင်ဇိမ်ခံမြင်းလှည်းက မြို့စားအိမ်တော်မှနေ၍ နှစ်ဦးသားကိုခေါ်ဆောင်ကာ ဆိုဝယ်လ်မြို့၏ တောင်ဘက်ဂိတ်ဆီဦးတည်လိုက်၏။
"ရှုယီ၊ ခင်ဗျားတကယ်ပဲ ဒရိက်ခ်နယ်မြေနဲ့အတူ မှော်စက်အလုပ်ရုံတစ်ရုံအတွက် ပူးပေါင်းဖို့ စီစဉ်ထားတာလား?" ကောင့်ထ်စီယန်က ၎င်းတို့နောက်၌ ကျန်ခဲ့သည့် မြို့စားအိမ်တော်ကိုကြည့်ပြီး ရှုယီကို မျက်မှောင်ကုပ်ကာ မေးလာ၏၊ "ခင်ဗျားအနေနဲ့ ဒရိက်ခ်နယ်မြေကို သုတေသနမှာ မပါဝင်ခိုင်းရင်တောင် မှော်စက်တွေကို သူတို့အတွက် အထူးထုတ်ပေးရမယ်ဆိုတော့ နည်းပညာတစ်စိတ်တပိုင်းက ပေါ်သွားနိုင်တယ်။"
"ကျုပ်နားလည်ပါတယ်။" ရှုယီက ခေါင်းငြိမ့်ကာ၊ "တကယ်တော့ ဒါကို တမင်လုပ်ခဲ့တာ။"
"အိုး? ခင်ဗျား ဘာတွေစဉ်းစားထားတာလဲ? ပြောပြပါဦး." ကောင့်ထ်စီယန်ကစူးစမ်းလိုစွာမေးလာသည်။
ရှုယီက အတန်ငယ်တိတ်ဆိတ်နေပြီးနောက်ပြန်မေး၏၊ "မြို့စားအရှင် ဒရိက်ခ်နယ်မြေနဲ့ယှဉ်ရင် စခ်တိုင်းပြည်က ကျုပ်တို့လမ်ပူရီတိုင်းပြည်အတွက် ခြိမ်းခြောက်မှုက ပိုကြီးမားတယ်ဆိုတာ သိလောက်မှာပါ၊ ဟုတ်တယ်မလား?"
"အင်းပေါ့၊ ဒရိက်ခ်နယ်မြေဆိုတာက နယ်မြေအသေးစားလေးဆိုတော့ သူတို့အနေနဲ့ တကယ်ပဲ ကျုပ်တို့ လမ်ပူရီတိုင်းပြည်ကို တကယ်ပဲ ဘာခြိမ်းခြောက်မှုမဖြစ်စေနိုင်ပါဘူး။" ကောင့်ထ်စီယန်က ခေါင်းငြိမ့်ကာဆိုလေသည်။
"ဒါဆို အရှင်ကောင့်ထ်၊ ကျုပ်တို့သာ ဒရိက်ခ်နယ်မြေကို အနိုင်ရရင်..... စခ်တိုင်းပြည်ကို ခြိမ်းခြောက်မှုဖြစ်စေလာမယ်လို့ မထင်ဘူးလား?"
ကောင့်ထ်စီယန်က မျက်လုံးများကိုမှေးကျဉ်းကာ စဉ်းစားပြီးနောက်၌ ခေါင်းငြိမ့်သည်၊ "ခင်ဗျားပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်ပါတယ်။ ဒရိက်ခ်နယ်မြေကသာ ကျုပ်တို့ဘက်လာလိုက်ရင် လမ်ပူရီတိုင်းပြည်အတွက် အကူအညီကြီးကြီးမားမားရမှာပဲ။ ဒါပေမယ့် ဒရိက်ခ်တိုင်းပြည်အနေနဲ့ ကျုပ်တို့နဲ့ စခ်တိုင်းပြည် အကြားမှာ အကြာကြီးရှင်ကျန်နေနိုင်တာဟာ နောက်ဆုတ်နေပြီး ကျုပ်တို့ကို တိုက်ခိုက်ခိုင်းထားတာကြောင့်လို့ စဉ်းစားထားတာလား? သူတို့သာ တစ်ဘက်ကို တကယ်ရွေးရမယ်ဆိုရင် သူတို့ကို စောင့်နေမယ့်အရာက ပျက်သုဉ်းခြင်းပဲ။ သူတို့က ဒီလိုလုပ်မယ်လို့ ထင်လို့လား?"
ရှုယီက အသာပြုံးသည်၊ "ဘယ်လောက်သေးငယ်တဲ့တိုင်းပြည်ဖြစ်ဖြစ် ပိုစွမ်းအားကြီးလာဖို့ကို အလျော့ပေးမှာမဟုတ်ဘူး၊ ဒါကြောင့်ပဲ မင်းသမီးလေးကာရိုလင်းအနေနဲ့ ကျုပ်က မှော်စက်တွေပေးနိုင်ဖို့ မျှော်လင့်နေတာပဲ၊ အထူးသဖြင့် စခ်တိုင်းပြည်အတွက် စစ်ဘက်ဆိုင်ရာမှော်စက်တွေလေ။ ကျုပ်ကတော့ ဒီအခြေအနေကိုသဘောမတူဘူးပေါ့၊ ဒါပေမယ့် သူတို့ကို ချိုမြိန်တဲ့အရသာလေးတစ်ခု ရခွင့်ပြုဖို့က ပြဿနာတစ်ခုမဟုတ်ဘူးလေ။ သူတို့သာ အရသာခံပြီးသွားရင် ဆုံးဖြတ်ချက်ချဖို့က သူတို့အတွက် မဖြစ်နိုင်တာမဟုတ်တော့ဘူး။"
ကောင့်ထ်စီယန်က ရှုယီကို တအံ့တဩကြည့်ပြီးနောက် ခေါင်းခါကာ သက်ပြင်းချသည်, "ခင်ဗျားကို ဘယ်လိုမှန်းဆရမယ်မှန်း တကယ်မသိတော့တဲ့ အချိန်တွေရှိတယ်။ ခင်ဗျားက တိုင်းပြည်ရေးနဲ့ပတ်သက်လာရင် တုံးအပေမယ့် တချို့အရာတွေကျရင် ပါးနပ်တယ်။ ဒါပေမယ့် ဒါကို တကယ်ပဲ သေချာရဲ့လား?"
"ကျုပ်အနေနဲ့ မြို့စားအရှင်က ဒါကို အာရုံစိုက်ပေးဖို့လိုတယ်။" ရှုယီက အပြုံးဖြင့်ပြောသည်၊ "မမျှော်လင့်ထားတာသာဖြစ်မလာရင် ဒီမှာ သုံးရက်နေပြီးရင် ဘန်တာမြို့ကို ပြန်တော့မှာ။ ရှေ့လျှောက် ဒီကို မကြာမကြာလာဖို့လည်း မဖြစ်နိုင်တော့ အဝေးကနေပဲ စောင့်ကြည့်ရမှာ။ အသေးစိတ်ကိုတော့ မြိုစားအရှင်အနေနဲ့ ဂရုစိုက်ပေးဖို့ တောင်းဆိုရလိမ့်မယ်။"
ကောင့်ထ်စီယန်က ခေါင်းငြိမ့်သည်၊ "ဒါက ကျုပ်ရဲ့ မြို့စားအနေနဲ့ တာဝန်ယူစရာပါပဲ။"
မြင်းလှည်းက တောင်ဘက်ဂိတ်ကထွက်ကာ မိနစ်နှစ်ဆယ်လောက်ဆက်သွားလေ၏။ ရှေ့လမ်းမ၌ နှင်းများဖြင့် ဖုံးအုပ်နေပါသော်လည်း မှော်ကားတန်းကြီးက တဖြည်းဖြည်းနီးကပ်လာသည်။
ရှုယီဦးဆောင်ခဲ့သည့် ယာဉ်တန်းနှင့်ယှဉ်လျှင် ၎င်းမှော်ကားများက များစွာ ပိုမိုကြီးမားကာ ပို့ဆောင်ရေး မှော်ကား အစီးငါးဆယ်ရှိသည်!
အရှေ့ရှိကားက ရပ်သွားပြီး ပထမဆုံးထွက်လာသည်မှာ ဖာဆန်ရထားလုံးလုပ်ငန်းစု၏ ဥက္ကဌ ပွန်ဖီးဖြစ်သည်။
ရှုယီက အတန်ငယ်အံ့ဩသွားရင်း မြင်းလှည်းထဲမှထွက်လာလိုက်သည်။
"ဥက္ကဌ ပွန်ဖီး, ဘာလို့ ခင်ဗျားကိုယ်တိုင် ဒီကုန်စည်အသုတ်ကို လာပို့ရတာလဲ?"
ဥက္ကဌ ပွန်ဖီး၏မျက်နှာက လေကြောင့်နီရဲလေပြီး တုန်ယင်နေသည်။ ရှုယီကိုမြင်ချိန်၌ ချက်ချင်း စောဒကတက်လေ၏၊ "ဥက္ကဌရှု၊ ကျုပ် ဒါကိုအရင်က မစဉ်းစားမိပေမယ့် ဒီတစ်ခေါက်တော့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်ကားတွေထဲမှာ မှော်လေပေးစက်တစ်ခုလောက် ထည့်လို့မရဘူးလား? သိပ်များများစားစားလည်း မကုန်ပါဘူး၊ ဟုတ်တယ်မလား? ပြီးတော့လည်း အတော်ကို လက်တွေ့ကျတယ်လေ။ တစ်ခုလောက်ရှိရင် ကျုပ်အတွက် မှော်ကားတစ်စီးကို ရွှေဒင်္ဂါးတစ်ရာလောက် အပိုပေးဝယ်ရတာ ပြဿနာတောင်မဟုတ်ပါဘူး!"
ရှုယီက ရယ်၏။ မှော်ကား၏ အစိတ်အပိုင်းများမှာ တစ်ပိုင်းချင်းစီ ထည့်သွင်းဖို့လိုအပ်လေရာ မည်သို့များ အလျင်လိုနိုင်မည်နည်း။ ထို့အပြင် ၎င်းက ဈေးနှုန်းချိန်ဆဖို့လည်း လိုအပ်သေးရာ အရာအားလုံးကို တစ်ခါတည်းမလုပ်နိုင်ပေ။
ဥက္ကဌ ပွန်ဖီးကို ပြောဖို့ရန်တော့မလိုပေ။ ရှုယီက အပြုံးဖြင့်သာ ခေါင်းငြိမ့်ကာ၊ "ဟုတ်ပါပြီ၊ နောက်ကျရင် ထုတ်လုပ်ရေးဌာနကို ဒီပြဿနာအကြောင်း စဉ်းစားခိုင်းဖို့ ပြောလိုက်ပါ့မယ်။ ဒီခရီးမှာ ပင်ပန်းခဲ့တယ်မလား၊ ဒါပေမယ့် ဥက္ကဌ ပွန်ဖီး, ဘာလို့ ကိုယ်တိုင်လာရတာလဲ?"
"အရှင်ကောင့်ထ်ကို တွေ့ဖို့ပဲမဟုတ်ဘူးလားဗျာ?" ဥက္ကဌ ပွန်ဖီးက ရယ်ရင်း ဆင်းသွားကာ ကောင့်ထ်စီယန်ကို ဦးညွှတ်လိုက်၏၊ "အရှင်ကောင့်ထ်၊ ကြည့်ပါဦး၊ ကျုပ်တို့ ဖာဆန်ရထားလုံးလုပ်ငန်းစုက ဘန်တာမြို့ကနေ တလျှောက်လုံး ဒီလောက်များတဲ့ ကုန်စည်တွေကို သယ်လာရတယ်။ ကျုပ်တို့ရဲ့ ပို့ဆောင်ရေးစွမ်းရည်ကို ဘယ်လိုထင်လဲ?"
ကောင့်ထ်စီယန်က ခေါင်းငြိမ့်ကာ ချီးကျူး၏၊ "အရမ်းကို ထူးချွန်တယ်။ ကျုပ်အထင် လမ်ပူရီတိုင်းပြည်တစ်ခုလုံးမှာ ခင်ဗျားတို့ ဖာဆန်ရထားလုံးလုပ်ငန်းစုကလွဲရင် တခြားဘယ်လုပ်ငန်းစုကမှ ဒီလောက်များတဲ့ ကုန်စည်ပမာဏကို ဒီရာသီမှာ မပို့နိုင်လောက်ဘူး။"
ဥက္ကဌ ပွန်ဖီး၏ မျက်နှာထက်၌ အပြုံးတစ်ခုပွင့်လန်းလာသည်။
"ဒါဆို အရှင်ကောင့်ထ်၊ ကျုပ်တို့ ဖာဆန်ရထားလုံးလုပ်ငန်းစုက ဆိုဝယ်လ်မြို့ရဲ့ ပို့ဆောင်ရေးလုပ်ငန်းကို ယူဖို့ရော အရည်အချင်းရှိတယ်လို့ထင်လားဗျ?"
ရှုယီနှင့် ကောင့်ထ်စီယန်တို့က တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် အပြုံးခပ်ကြီးကြီးများပြုံးလိုက်ကြတော့သည်။
ဤဥက္ကဌ ပွန်ဖီးမှာ ဖာဆန် ရထားလုံးလုပ်ငန်းစု၏ လုပ်ငန်းအခွင့်အလမ်းကို တိုးချဲ့ရန် တကယ်ကို အကုန်လုပ်ဆောင်သည်ပင်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၄၈။ လူတစ်ဦးသာထိုင်နိုင်သည့် မှော်ကား
ဥက္ကဌ ပွန်ဖီးက ဤတစ်ခေါက် ဆိုဝယ်လ်မြို့ရှိ Frestech ကုန်သည်ကြီးများအသင်း၏ ဘိလပ်မြေစက်ရုံနှင့် သံမဏိစက်ရုံတည်ထောင်ရန် လိုအပ်သည့် ထုတ်လုပ်ရေးမှော်စက်များကိုပို့ဆောင်ရန် ကိုယ်တိုင်ရောက်လာခဲ့သည်။
၎င်းအပြင် ဤနေရာက ဘန်တာမြို့နှင့် အင်မတန်ဝေးကွာလှပြီး ဒရိက်ခ်နယ်မြေနှင့် အတူပူးပေါင်းမည်ဖြစ်ရာ ရှုယီက ဤနေရာ၌ အဝေးမှ ပို့ဆောင်ရန် အဆင်မပြေသည့် ထုတ်လုပ်ရေးမှော်စက်တချို့ကို ထုတ်လုပ်ရန် မှော်စက်အလုပ်ရုံတစ်ရုံတည်ထောင်ရန် စီစဉ်ထားသည်။
အရေးကြီးဆုံးအရာမှာ လက်နက်စက်ရုံတည်ဆောင်ခြင်းအတွက် ပြင်ဆင်ရန်ဖြစ်သည်။
မှန်ပါ၏၊ အဓိကအစိတ်အပိုင်းများမှာ မိုးကျတောင်ကြားအပြင်ဘက်၌ ရှုယီထုတ်လုပ်နိုင်သည့် အရာများမဟုတ်ပေ။
ဆိုဝယ်လ်မြို့၌ ကောင့်ထ်စီယန်က မြို့စားဖြစ်ရာ အတိုင်းအတာတစ်ခုအထိ လုံခြုံပါသော်လည်း ဤနေရာက စခ်တိုင်းပြည်နယ်စပ်နှင့် အင်မတန်နီးကပ်လှသည်။ စခ်တိုင်းပြည်ထံ၌သာ ဆိုဝယ်လ်မြို့အတွက် အတွေးတချို့ရှိလာပါလျှင် ပြဿနာမဖြစ်လာဟု အာမခံရန် ခက်ခဲပေ၏။
ကောင့်ထ်စီယန်က သူ၏ရင်ဘတ်ကိုပုတ်၍ အာမခံပေးပါလျှင်တောင် ရှုယီမှာ တသီးတသန့်ဖြစ်နေပြီး သဘာဝကျစွာပင် ၎င်းကို မနေနိုင်ဘဲ စိုးရိမ်နေလောက်သည်။
မှော်ကားပေါ်သို့ ကောင့်ထ်စီယန်နှင့် ဥက္ကဌ ပွန်ဖီးတို့နှင့်အတူတက်ကြပြီးနောက် ကားကစတင်ထွက်ခွာလေသည်။ ရှုယီမှာ ယာဉ်အတွင်းရှိ ချမ်းစိမ့်မှုကို ခံစားလိုက်ရပြီး သူဝတ်ထားသည့် ကုတ်အင်္ကျီကို မနေနိုင်ဘဲဆွဲစေ့လိုက်မိသည်။
ရှုယီ၏ အပြုအမူများကိုမြင်သော် ကောင့်ထ်စီယန်ကလည်း သူ၏ လည်ပင်းကော်လံကိုဆွဲစေ့လိုက်သည်။ သူက မှော်ကားကို ဝေ့ဝဲကြည့်ကာ ရှုယီကို မျက်မှောင်ကုပ်လျက် မေးလေ၏၊ "ရှုယီ၊ ဥက္ကဌပွန်ဖီးအခုနက ပြောတာအမှန်ပဲ။ လူတွေက ဒီမှော်ကားကိုစီးမှတော့ ပိုပြီးသက်တောင့်သက်သာဖြစ်အောင် စဉ်းစားသင့်တယ်။ ဥပမာ၊ မှော်လေပေးစက်တစ်လုံးထည့်တာက အတော်လေးပိုနေလို့ကောင်းလောက်တယ်။ ပြီးတော့လည်း ကားထဲကို လေအေးအေးဝင်အောင်လုပ်တဲ့ အစိတ်အပိုင်းတွေရှိနေတယ်လို့ခံစားရတယ်။"
"မှော်လေပေးစက်တစ်လုံးထည့်ဖို့က မခက်ပေမယ့် ကားထဲမှာ အတူထားဖို့က မလွယ်ဘူးလေ။" ရှုယီက ရှင်းပြသည်၊ "ကျုပ်တို့လုပ်ငန်းစုရဲ့ ထုတ်လုပ်ရေးဌာနက လက်ရှိမှာ ဒါကို စမ်းသပ်နေပါတယ်။ သိပ်မကြာခင် မှော်ကားကို အဆင့်မြှင့်နိုင်လောက်မယ်လို့ ကျုပ်ယုံတယ်။ မူကြမ်းတွေကတော့.... တခြားနည်းလမ်းမရှိဘူး။ ကျုပ်တို့ရဲ့ ဂဟေဆက်နည်းပညာက အခု မှန်ကန်တဲ့အဆင့်မှာမရှိသေးဘူး။"
"ပြောရရင် ဥက္ကရှု၊ ခင်ဗျားတို့လုပ်ငန်းစုက ဒါကို အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားလို့ခေါ်တယ်ဆိုတော့ မှော်ကားအသေးရော အကြီးရော ရှိဦးမယ့် အဓိပ္ပာယ်ပေါ့?" နံဘေးရှိ ဥက္ကဌ ပွန်ဖီးကမေးလာသည်။
"ဟုတ်ပါတယ်။" ရှုယီက ခေါင်းငြိမ့်သည်၊ "လူဆယ့်သုံးယောက်ထိုင်နိုင်တဲ့ အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားနဲ့ ယှဉ်ရင် ကျုပ်တို့လုပ်ငန်းစုက လူနည်းနည်းလောက် ဒါမှမဟုတ် လူတစ်ယောက်လောက်ပဲဆန့်တဲ့ မှော်ကားလေးတွေပါထုတ်ဖို့ စီစဉ်နေတယ်လေ။ ဒါက လူတစ်ယောက်တည်း စီးနိုင်တဲ့ကားဖြစ်လိမ့်မယ်။ ဒါ့အပြင် လူဒါဇင်ချီထိုင်နိုင်တဲ့ ပိုကြီးတဲ့ကားတချို့လည်းရှိလိမ့်မယ်။"
"လူတစ်ယောက်တည်းလား?" ဥက္ကဌ ပွန်ဖီးက အံ့ဩသွား၏၊ "ဒီလိုအသေးစားမှော်ကားကို ဘယ်လောက်နဲ့ ရောင်းဖို့စီစဉ်ထားလဲ?"
"မသေချာသေးပါဘူး၊ ဒါပေမယ့် ဒီမှော်ကားရဲ့တန်ဖိုးကို လူဘယ်နှယောက်ထိုင်နိုင်တယ်ဆိုတာနဲ့ မဆုံးဖြတ်ဘူး၊ တခြားအချက်တော်တော်များများလည်းရှိတယ်။ ဒီတော့ ခင်ဗျားမေးနေတဲ့ အသေးစားမှော်ကားက ရွှေဒင်္ဂါးရာနဲ့ချီကုန်ကျနိုင်သလို သောင်းနဲ့ချီလည်း ကုန်ကျနိုင်တယ်။"
"သောင်းနဲ့ချီ?" ကောင့်ထ်စီယန်မှာ အေးဆေးမနေနိုင်တော့ပေ၊ "ရှုယီ၊ နောက်နေတာလား? လူတစ်ယောက်တည်းထိုင်နိုင်တာကို သောင်းချီနဲ့ ရောင်းချင်တာလား? ဘယ်သူက ဒီလိုလက်တွေ့မကျတဲ့အရာကို ဝယ်ဖို့ ဘယ်သူက ရူးနှမ်းပြီး အများကြီးသုံးမှာလဲ?"
ရှုယီက အသာပြုံး၏၊ "မြို့စားအရှင်၊ လက်တွေ့ကျတာကလွဲရင် လူတော်တော်များများက သက်တောင့်သက်သာရှိပြီး နှစ်သက်တာနောက်ကို လိုက်တတ်ကြတယ်လေ။ ဥပမာပြောရရင် ခင်ဗျားမှာသာ ကိုယ်ပိုင်အိမ်လိုသက်တောင့်သက်သာရှိပြီး တစ်နာရီကို တစ်ရာကီလိုမီတာ ဒါမှမဟုတ် နှစ်ရာ ကီလိုမီတာကျော်သွားနိုင်တဲ့ မှော်ကားသာရှိမယ်ဆိုရင် ဒါကို ဝယ်ဖို့ သောင်းချီသုံးမှာလား?"
"တစ်နာရီကို တစ်ရာကနေ နှစ်ရာကီလိုမီတာ? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!" ကောင့်ထ်စီယန်နှင့် ဥက္ကဌ ပွန်ဖီးတို့ နှစ်ဦးစလုံး အံ့အားသင့်သွားသည်။
ဥက္ကဌ ပွန်ဖီးက စိတ်လှုပ်ရှားစွာပြောလာသည်၊ "ဥက္ကဌရှု၊ ခင်ဗျားတို့လုပ်ငန်းစုကသာ တကယ်ပဲ ဒီလောက်မြန်တဲ့မှော်ကားကို ထုတ်လုပ်နိုင်ရင် သောင်းချီမပြောနဲ့ သိန်းချီပေးရရင်တောင် ဝယ်မယ့်လူ အတော်များများရှိမှာပဲ!"
ကောင့်ထ်စီယန်က မျက်မှောင်ကုပ်၍ ခေါင်းခါသည်။
သူဟာ လက်တွေ့ကျမှုကို ဂရုစိုက်သည့် မျိုးရိုးမြင့်တစ်ဦးဖြစ်လေရာ လွန်ကျူးသည့်ဇိမ်ခံပစ္စည်းများကို အထင်သေးပေ၏။ အဆင်ခြင်မဲ့ အသုံးမပြုချင်သည့်လူတစ်ဦးမှာ ဇိမ်ခံပစ္စည်းများနောက်လိုက်တတ်သူများထံရှိမည့် ၎င်းမှော်ကား၏ အားကောင်းသော ဆွဲဆောင်မှုကို နားလည်နိုင်မည်မဟုတ်ပေ။
သို့သော် ၎င်းက သူ့အား ဥက္ကဌ ပွန်ဖီးကို သဘောတူခြင်းမှ မရပ်တန့်ချေ။
ယခုတွင် ပို့ဆောင်ရေးအများစုအား တစ်နာရီလျှင် ကီလိုမီတာသုံးဆယ်နှုန်း အမြင့်ဆုံးရှိသည့် မြင်းလှည်းများဖြင့်သာပြုလုပ်ရသည်။
Frestech ကုန်သည်ကြီးများအသင်းထုတ် မှော်ကားမှာ တစ်နာရီလျှင် လေးဆယ်ကီလိုမီတာ သွားလေရာ လမ်ပူရီတိုင်းပြည်ရှိလူတိုင်းကကြိုဆိုခဲ့ကြသည်။
Frestech ကုန်သည်ကြီးများအသင်းအနေနှင့် တစ်နာရီလျှင် တစ်ရာမှာ နှစ်ရာကီလိုမီတာအထိ ရောက်နိုင်သည့် မှော်ကားကိုဖန်တီးနိုင်ပါလျှင် သေချာပေါက် နယ်မြေကြီးထက်၌ ရုတ်ရုတ်သဲသဲပင်ဖြစ်လာမည်ဖြစ်၏။
နယ်မြေကြီးတစ်ခုလုံး၌ လူချမ်းသာများရှိကြသည်။ ထိုလူများအတွက် အံ့မခန်းအမြန်နှုန်းရှိ မှော်ကားတစ်စီးဝယ်ရန် သောင်းချီမဆိုထားနှင့် သိန်းချီကုန်ရလျှင်တောင် ပြဿနာလုံးဝမရှိပေ။
"အခု ဒီမှော်ကားကို ထုတ်ချင်ပေမယ့်လည်း အခုက တကယ်နှမျောစရာပဲ..... အနည်းဆုံးတော့ နှစ်အနည်းငယ်ကြာတော့ မရနိုင်သေးဘူး။" ရှုယီက နောင်တဖြင့် ခေါင်းခါသည်။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားများ၌ လေစွမ်းအားမှော်အင်ဂျင်ကို အသုံးပြုထားသည်။ ဤအင်ဂျင်မှာ ခံနိုင်ရည်အားကောင်းကာ အင်မတန်တည်ငြိမ်သော်လည်း အားကောင်းသည့်စွမ်းအား အလုံအလောက်မရှိပေ။
ရှုယီ၏ တွက်ချက်မှုများအရ လေစွမ်းအားမှော်အင်ဂျင်၏ အကန့်အသတ်မှာ တစ်နာရီလျှင် ရှစ်ဆယ်ကီလိုမီတာပတ်လည်ရှိပြီး တစ်ရာကီလိုမီတာကို ရောက်ရန် ခက်ခဲနေသဖြင့် နှစ်ရာကီလိုမီတာကိုဆိုလျှင် ပြောရန်ပင်မလိုချေ။
ဤသို့မြင့်မားလှသော အမြန်နှုန်းကိုရောက်ရန် ရှုယီရောက်နိုင်သည်ဟု တွေးထားသည့် တစ်ခုတည်းသောအရာမှာ မီးစွမ်းအားမှော်အင်ဂျင်ဖြစ်သည်။
သို့သော် မီးစွမ်းအားမှော်အင်ဂျင်မှာ အစပျိုးသာရှိသေးပြီး ဖြေရှင်းဖို့လိုအပ်သည့် ပြဿနာများစွာရှိသည်။ ဤမီးစွမ်းအားမှော်အင်ဂျင်က ပုံသဏ္ဍာန်ယူပြီး အသုံးပြုနိုင်မည့် ရှုယီ၏ အကောင်းအမြင်ထားဆုံး ခန့်မှန်းခြေမှာ အနည်းဆုံး ငါးနှစ်အတွင်းဖြစ်သည်။
ပုံမှန်ခန့်မှန်းခြေဖြင့်ဆိုလျှင် အနည်းဆုံး ဆယ်နှစ်ကြာမည်ဖြစ်၏။
ရှုယီ၏ အဖြေကိုကြားသော် ကောင့်ထ်စီယန်နှင့် ဥက္ကဌ ပွန်ဖီးတို့မှာ စိတ်ပျက်သွားရုံမျှမက သက်ပြင်းပါ မှုတ်ထုတ်လိုက်ကြသည်။
Frestech ကုန်သည်ကြီးများအသင်းသာ အချိန်တိုလေးအတွင်း ကောင်းကင်ကို အံတုနေသည့် မှော်ကားမျိုးဖန်တီးနိုင်ပါလျှင် ရှုယီက လူသားမဟုတ်ဟုတောင် သံသယဖြစ်လာနိုင်သည်။
ယာဉ်တန်းက ဆိုဝယ်လ်မြို့ကို ဖြတ်ကျော်လျက် မြို့တော်မြောက်ဘက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးအခြေစိုက်ဌာနဆီသို့ သွားလေသည်။
ယခင်က ရှုယီယခင်က ခေါ်လာခဲ့သည့် ယာဉ်တန်းမှာ ဤနေရာသို့ရောက်လာပြီး အလုပ်ရုံများဆောက်နေပြီးဖြစ်သည်။
၎င်းတို့အနေနှင့် သက်ဆိုင်ရာထုတ်လုပ်ရေးမှော်စက်များကိုသာ လိုအပ်သည်ဖြစ်ရာ တရားဝင်ထုတ်လုပ်ရေးစတင်နိုင်တော့မည်ဖြစ်၏။
ဤသည်မှာ ကမ္ဘာမြေနှင့်ယှဉ်လျှင် စိုင်စ်နယ်မြေကြီး၌ ပို၍အဆင်ပြေသည့် အပိုင်းပင်။
ထုတ်လုပ်ရေးမှော်စက်အားလုံးက မှော်သလင်းကျောက်များကို စွမ်းအားအဖြစ်အသုံးပြုသောကြောင့် ကမ္ဘာမြေရှိ စက်ရုံများကဲ့သို့ လျှပ်စစ်ဝိုင်ယာများနှင့် ချိတ်ဆက်ဖို့ မလိုအပ်ပေ။
ရေကိစ္စမှာမူ မြစ်နှင့်နီးသောကြောင့် ဖြေရှင်းဖို့ လွယ်ပါ၏။
ဤနေ့များတွင် Frestech ကုန်သည်ကြီးများအသင်းမှ ကမ်ဘီနှင့် အခြားလူများမှာ ကုန်စည်ပထမအသုတ်ကို အတူတကွထားရှိပြီးဖြစ်၏။
ကမ်ဘီနှင့် အခြားလူများက အသေးစားမှော်စက်ထုတ်လုပ်(ဖွံ့ဖြိုး)ရေးဌာနတစ်ခုကိုပင် တည်ထောင်ပြီးဖြစ်ကာ ဤလုပ်ငန်းအခြေအနေအသစ်တွင် မှော်စက်များအား မည်သို့လည်ပတ်ရမည်ကို စမ်းသပ်နေကြပြီပင်။
ရလာဒ်များက ဆိုဝယ်လ်မြို့မှာ မြောက်ပိုင်း၌ရှိနေပြီး ဆောင်းရာသီကလည်း အင်မတန်အေးစက်လှသဖြင့် မှော်စက်များကို ဆောင်းတွင်းရာသီအေးအေးဖြင့် ထိခိုက်စေနိုင်ကြောင်းပြသနေသည်။ ၎င်းတို့အား ထိခိုက်စေနိုင်ရာ ပုံမှန်လို မလည်ပတ်နိုင်ပေ။
၎င်းက ရှုယီအတွက် မခက်ခဲပေ။ ဥက္ကဌ ပွန်ဖီးပို့ဆောင်လာသည့် မှော်စက်အသုတ်တွင် မှော်လေပေးစက်ဆယ်လုံးအပါအဝင် အိမ်သုံးမှော်စက်များပါဝင်၏။
၎င်းမှော်လေပေးစက်များအား အလုပ်ရုံများထဲ၌ ထည့်သွင်းကာ ၎င်းတို့အတွင်းသို့ မှော်သလင်းကျောက်အလုံအလောက်ထားရှိပြီးနောက် လေနွေးနွေးများစတင် ထွက်လာရာ အလုပ်ရုံများ နွေးလာစေရန် အချိန်သိပ်မကြာချေ။
မှော်လေပေးစက်များမှ လေနွေးနွေးများထွက်လာသည်ကို ခံစားရသော် ရှုယီက မနေနိုင်တော့ဘဲ သိလိုစွာ ဘေးဘီကိုကြည့်နေသည့် ဥက္ကဌ ပွန်ဖီးကို မေးလေ၏၊ "လမ်းပေါ်မှာ ခင်ဗျားအေးနေခဲ့တာဆိုတော့ ဘာလို့ မှော်လေပေးစက်တွေကို အရင် မထုတ်ခဲ့လိုက်တာလဲ?"
ဥက္ကဌ ပွန်ဖီးက ရှုယီကို တအံ့တဩကြည့်လာသည်။
"ဥက္ကဌရှု၊ ကျုပ်ကိုသံသယဖြစ်နေတာလား? ကျုပ်တို့ ဖာဆန် ရထားလုံးလုပ်ငန်းစုက ထောက်ပံ့ပို့ဆောင်ရေးကို အထူးပြုထားတဲ့လုပ်ငန်းစုလေ၊ ဘယ်လိုများ ကျုပ်တို့ကို ပို့ဆောင်ပေးဖို့ ယုံကြည်ထားတဲ့ ဖောက်သည်တွေရဲ့ ကုန်စည်တွေကို သုံးနိုင်မှာလဲဗျာ? ဒါက ကျုပ်တို့လုပ်ငန်းစုရဲ့ ဂုဏ်သတင်းကို အပြင်းအထန် ထိခိုက်စေလိမ့်မယ်!"
ရှုယီက ရယ်ကာ ချီးကျူးလေ၏။ သူက ကောင့်ထ်စီယန်ဘက်လှည့်ကာ၊ "မြို့စားအရှင်၊ ကြည့်ပါဦး Fresen ရထားလုံးလုပ်ငန်းစုရဲ့ ဂုဏ်သတင်းက အတော်ကောင်းမွန်တယ်။ ခင်ဗျားတကယ်ပဲ သူတို့ကို ဆိုဝယ်လ်မြို့ ပို့ဆောင်ရေးလုပ်ငန်းပေးဖို့ စဉ်းစားသင့်တယ်။"
ရှုယီ၏ စကားလုံးများကိုကြားသော် ဥက္ကဌ ပွန်ဖီးက ရှုယီထံ ကျေးဇူးတင်ဟန်ပြလျက် ကောင့်ထ်စီယန်အား မျှော်လင့်တကြီးကြည့်လာ၏။
ကောင့်ထ်စီယန်က ရှုယီထံ ဟာသတွေ့လိုက်ရသည့်နှယ် ညွှန်ပြလျက်၊ "ပြောပါဦး၊ ခင်ဗျားက သူတို့ကို အဲ့လောက် ထောက်ခံနေရအောင်အထိ ဖာဆန် ရထားလုံးလုပ်ငန်းစုက ခင်ဗျားကို ဘာအကျိုးအမြတ်များပေးထားလို့လဲ?"
"ကျုပ်က အမှန်တရားကိုပြောနေတာပဲ မဟုတ်လား?" ရှုယီက ပခုံးတွန့်ပြီးနောက် ဆက်ပြောသည်၊ "မြို့စားအရှင်၊ ကျုပ်တကယ်ပြောတာပါ။ ဘန်တာမြို့နဲ့ ဆိုဝယ်လ်မြို့ကြားမှာ ဆက်ဆံရေးတွေ ပိုပိုတိုးတက်လာပြီး ဆိုဝယ်လ်မြို့က တိုးတက်လာတာနဲ့ သူတို့မှာ တခြားမြို့တော်တွေ၊ ဒရိက်ခ်နယ်မြေရယ်နဲ့ တခြားတိုင်းပြည်တွေမှာတောင် အဆက်အသွယ်ရှိလာမှာပဲ။ ဒါကို ဂရုစိုက်ဖို့ ခင်ဗျားအနေနဲ့ ထောက်ပံ့ပို့ဆောင်ရေးအထူးပြုလုပ်ငန်းစုတစ်ခုကို လိုအပ်တယ်။"
"ဒါဆိုဘာလို့ ဒေသတွင်း ဆိုဝယ်လ်မြို့ လုပ်ငန်းစုကိုပဲ ရှာလို့မရတာလဲ?" ကောင့်ထ်စီယန်က ပြန်မေးသည်။
ရှုယီက ဥက္ကဌ ပွန်ဖီးကို မျက်လုံးများဖြင့် အချက်ပြလိုက်ရာ သူက ချက်ချင်းပင် ရင်ဘတ်ကိုပုတ်လျက် ကျယ်လောင်စွာဆိုလာသည်၊ "အရှင်ကောင့်ထ်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဆိုဝယ်လ်မြို့မှာ ဌာနခွဲတစ်ခု တည်ထောင်ဖို့ စဉ်းစားနေလို့ အရှင်ကောင့်ထ်ရဲ့ ထောက်ခံမှုကို တောင်းဆိုနေရတာပါ!"
ကောင့်ထ်စီယန်က ဥက္ကဌ ပွန်ဖီးကို ကြည့်လိုက်ပြီးနောက် ရှုယီဘက် ပြန်လှည့်လာသည်။
"ရှုယီ၊ တကယ်တော့ ကျုပ်သဘောတူရင်လည်း အသုံးမဝင်တာကို ခင်ဗျား သိလောက်မှာပါ။ အရှေ့မြောက်ခရိုင်မှာ ကျုပ်တို့ ဆိုဝယ်လ်မြို့ပဲရှိတာမဟုတ်ဘူးလေ။ ဒီနေရာကို လာတဲ့ခရီးမှာ ခင်ဗျားဘာဖြစ်ခဲ့သလဲဆိုတာ မေ့သွားပြီလား?"
ရှုယီ၏ မျက်လုံးများက အေးစက်စက်လင်းလက်လာကာ၊ "ကျုပ် ဒီလူတွေကို တခြားအခွင့်အရေးထပ်ပေးမှာမဟုတ်ဘူး။"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၄၉။ နွမ်းပါးသည့်မြို့များနှင့် ကြွယ်ဝသည့်မြို့များ
ဒူလာခယ်တွန်မြို့မှာ ဆိုဝယ်လ်မြို့ထက် တောင်ဘက်ပိုကျသော်လည်း မြောက်ပိုင်း၏ လေနှင့် နှင်းများက ဒူလာခယ်တွန်မြို့ထိ ရောက်ရှိဆဲဖြစ်ရာ မြို့တော်မှာ အဖြူရောင် အတိလွှမ်းနေ၏။
ကောင့်ထ်မီချယ်က လက်ထဲရှိ စာအုပ်ကိုချကာ ပြတင်းအပြင်ကိုကြည့်လေသည်။
နှင်းများက အရာအားလုံးကို ဖုံးအုပ်ထားကာ သစ်ကိုင်းများမှ ရေခဲပန်းဆွဲလေးများ တွဲလောင်းကျနေသည်။ ၎င်းက အင်မတန်လှပဟန်ရှိပြီး ဒူလာခယ်တွန် မြို့တော်မှ နောက်နှစ်တွင် ကောက်ပဲသီးနှံကြွယ်ဝမည့် အဓိပ္ပာယ်လည်းရသည်။
သို့သော် ကောင့်ထ်မီချယ်၏ စိတ်နှလုံးက လုံးဝမရွှင်ပျနေဘဲ အတန်ငယ်စိုးရိမ်နေသည်။
မင်းသားအဲရစ်မှာ ရှင်းလင်းစွာပင် ကောင့်ထ်လောင်ဂျ်လီက ရှုယီနှင့် သီးသန့်တွေ့ဆုံကာ Frestech ကုန်သည်ကြီးများအသင်းကို ဘာဆာရူမြို့၌ ရင်းနှီးမြှုပ်နှံရန်ပင် ဖိတ်ကြားခဲ့ခြင်းကြောင့် အင်မတန် မကျေမနပ်ဖြစ်နေ၏။ သူဟာ ကောင့်ထ်မီချယ်ထံပြန်လည်ပေးပို့ခဲ့သည့် စာတွင် ကောင့်ထ်လောင်ဂျ်လီက မင်းသားလေး အဲရစ်ကိုသာမက သူ၏ကွယ်လွန်ပြီးဖခင်ကိုပါ သစ္စာဖောက်သည်ဟု ဒေါသတကြီး ပြစ်တင်ရှုံ့ချထားသည်။
ကောင့်ထ်လောင်ဂျ်လီအား ဒေါသဖြစ်သောကြောင့်ဖြစ်နိုင်၏၊ မင်းသားလေး အဲရစ်မှာ ကောင့်ထ်မီချယ်ကိုပင် Frestech ကုန်သည်ကြီးများအသင်းနှင့် အတူအလုပ်တွဲလုပ်လျှင် အင်မတန်မကျေမနပ်ဖြစ်မည်လားဟု မေးလာခဲ့သည်။ သူ၏စကားလုံးများ၌ ကောင့်ထ်မီချယ်အားလည်း သစ္စာဖောက်ဖြစ်လာချင်မည်လားဟူသည့် မေးခွန်းများဖြင့် ပြည့်နှက်နေသည်။
ကောင့်ထ်မီချယ်က မင်းသားလေး အဲရစ်၏ တုံ့ပြန်ချက်ကြောင့် အံ့ဩမသွားသော်လည်း ဤအခြေအနေ၌ ဒေါသဖြစ်နေခြင်းအတွက် မင်းသားလေး အဲရစ်ကို အင်မတန် မကျေမနပ်ဖြစ်မိသည်။
ကောင့်ထ်လောင်ဂျ်လီက အဘယ့်ကြောင့် ရှုယီနှင့် အဆက်အသွယ်လုပ်ကြောင်း သေချာနားမလည်သေးခင်တွင် ကောင့်ထ်လောင်ဂျ်လီအား သစ္စာဖောက်ဟု သတ်မှတ်ခြင်းမှာ ကိစ္စများကိုကိုင်တွယ်ရာ၌ အင်မတန်သိမ်နုပ်လှသော နည်းလမ်းဖြစ်သည်ဟု ကောင့်ထ်မီချယ် ထင်မိ၏။
ကောင့်ထ်လောင်ဂျ်လီမှာ ရှုယီနှင့် အဆက်အသွယ်လုပ်ကာ Frestech ကုန်သည်ကြီးများအသင်းအား ဘာဆာရူမြို့၌ ရင်းနှီးမြှုပ်နှံရန် ဖိတ်ကြားခဲ့သော်လည်း ၎င်းက မင်းသားလေး အဲရစ်ကို သစ္စာဖောက်ခြင်းနှင့် လုံးဝခြားနားပေသည်။ ထိုသည်မှာ လောင်ဂျ်လီမိသားစုနှင့် ဘာဆာရူမြို့က ဘုရင်မ၏ဘက်သို့ ပြောင်းလိုက်သည်ဟု မဆိုလိုပေ။
ဤအခြေအနေ၌ မင်းသားလေး အဲရစ်အတွက် မှန်ကန်သည့်အရာမှာ ဆုံးဖြတ်ချက်မချခင် အရာအားလုံးကို စူးစမ်းလေ့လာပြီး ကောင့်ထ်လောင်ဂျ်လီ၏ အကြံဉာဏ်များပို နားလည်အောင်လုပ်ရန်ပင်။ သူ့အနေနှင့် ကောင့်ထ်လောင်ဂျ်လီအား တိုက်ရိုက်ကြီး အဝေးတွန်းပို့ရန်မသင့်ချေ။
သူဟာ ကောင့်ထ်လောင်ဂျ်လီအား သစ္စာဖောက်ဟု ခေါ်လိုက်ရာ ကောင့်ထ်လောင်ဂျ်လီက မင်းသားလေး အဲရစ်ကို သစ္စာဖောက်ရန် မစီစဉ်ထားပါလျှင်တောင် ဤအခြေအနေ၌ တွန်းအားပေးခံရနိုင်သည်။
အရှေ့မြောက်ခရိုင်တွင် မင်းသားလေး အဲရစ်ထံ၌ ထောက်ခံသူများများစားစားမရှိဘဲ သူ၊ ကောင့်ထ်လောင်ဂျ်လီနှင့် လမ်မာတီမြို့၏ ကောင့်ထ်ဝီလ်တို့သာရှိသည်။
ယခုတွင် သူက ကောင့်ထ်လောင်ဂျ်လီအား သစ္စာဖောက်ဟုခေါ်ဆို၍ သံသယဖြစ်နေလေရာ သူ့အနေနှင့် အရှေ့မြောက်ခရိုင်၏ ထောက်ပံ့မှုကို လက်လျှော့ဖို့ရန် စီစဉ်ထားသည်လား?
ကောင့်ထ်ဝီလ်၏ လမ်မာတီမြို့မှာ အကြီးဆုံးမြို့တော်ဖြစ်သော်လည်း လမ်မာတီမြို့လေးနှင့် အရှေ့မြောက်ခရိုင်ကို ကိုယ်စားပြုရန် မလုံလောက်ပေ။
ဘုရင်မ ဆယ်ဗီနီကို အခိုင်အမာထောက်ခံသည့် ဆိုဝယ်လ်မြို့၏ ကောင့်ထ်စီယန်နှင့် ယှဉ်လျှင် ကောင့်ထ်ဝီလ်မှာ များများစားစားပိုမကောင်းမွန်နေသည်ကို မဆိုထားနှင့်။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းမှာ လက်ရှိတွင် ဆိုဝယ်လ်မြို့၌ ရင်းနှီးမြှုပ်နှံနေသည်။ ကောင့်ထ်စီယန်နှင့် ဆိုဝယ်လ်မြို့တို့ထံ၌သာ နှစ်များစွာရှိပြီး ဆိုဝယ်လ်မြို့က ဘန်တာမြို့ကဲ့သို့ တိုးတက်ဖွံ့ဖြိုးလာပါလျှင် အရှေ့မြောက်ခရိုင်က ကောင့်ထ်စီယန်အပေါ် မှီတည်သွားနိုင်သည်။
၎င်းကို စဉ်းစားရင်းကောင့်ထ်မီချယ်က ရုတ်တရတ် အင်မတန် ပင်ပန်းသွားသည်။
မင်းသားလေး အဲရစ်၏ သဘောထားက သူ့အား အတန်ငယ် မပျော်မရွှင်ဖြစ်စေပြီး မင်းသားလေး အဲရစ်၏ ကိစ္စများကို ကိုင်တွယ်သည့် နည်းလမ်းက သူ့အား စိတ်ပျက်စေသည်။
သူ့အနေနှင့် ယခင်က သူ၏ဆုံးဖြတ်ချက်မှာ မှားယွင်းမှုအနည်းငယ်ရှိနေသည်ဟုပင် ခံစားနေမိ၏။
"ဘုရင်မ..... ဆယ်ဗီနီကို ထောက်ခံတာက ပိုကောင်းတာများလားပဲ?"
ထိုအတွေးက ကောင့်ထ်မီချယ်၏ စိတ်ထဲပေါက်ဖွားလာပြီးနောက် သူဟာ မြန်မြန်ပင် အဝေးကို လွှင့်ပစ်လိုက်သည်။
အသက်ခြောက်ဆယ်နီးပါးရှိကာ တိုင်းပြည်ရေးအပြောင်းအလဲများစွာကို ကြုံတွေ့ခဲ့ရသည့် မျိုးရိုးမြင့်ဟောင်းတစ်ဦးအနေနှင့် သူဟာ အမှန်တရားအချို့ကို သိပါ၏။
ထိုသည်မှာ ရုန်းကန်နေသည့်အချိန်များအတွင်း အောင်နိုင်သူများနှင့် ရှုံးနိမ့်သူများရှိသော်လည်း အကြိုဆိုမခံရဆုံးလူများမှာ မရေမရာချီတုံချတုံဖြစ်နေသည့်လူများပါပင်။
ကောင့်ထ်မီချယ်က သက်ပြင်းချကာ နှဖူးကိုပွတ်လိုက်၏။ သူက မျက်နှာထားကို ဖြေလျှော့လျက် စားပွဲထက်ရှိ ခေါင်းလောင်းကိုတီးကာ သူ၏အိမ်စေကိုခေါ်လိုက်သည်။
"ကောင့်ထ်လောင်ဂျ်လီနဲ့ ရှုယီတို့ သူတို့အတူရှိနေခဲ့တဲ့ နှစ်ရက်အတွင် ဘာတွေလုပ်ခဲ့တယ်ဆိုတာ သွားစုံစမ်းပေး။ ပြီးတော့ သူတို့ ဘာတွေပြောကြတယ်ဆိုတာကိုပါ တတ်နိုင်သလောက်များများစုံစမ်းလိုက်။" ကောင့်ထ်မီချယ်က ပြောလိုက်သည်၊ "ပြီးတော့ ကောင့်ထ်လောင်ဂျ်လီဆီ ငါ့နာမည်နဲ့ လက်ဆောင်တစ်ခုပို့ပြီး ကိစ္စတချို့ပြောလိုက်ပါ။"
အိမ်စေက ကောင့်ထ်မီချယ်ထံ အာရုံစိုက်နေလေသည်။
ကောင့်ထ်မီချယ်က ခဏရပ်ကာ အနည်းငယ်စဉ်းစားပြီးမှ ဆက်ပြောသည်၊ "သူ့အနေနဲ့ အရင် လောင်ဂျ်လီရဲ့ အကောင်းဆုံးအပိုင်းကို အမွေဆက်ခံနိုင်ပြီး ဘာဆာရူမြို့ရဲ့ သင့်တော်တဲ့ မြို့စားဖြစ်နေဖို့ မျှော်လင့်နေတယ်လို့ ပြောလိုက်ပါ။"
အိမ်စေ၏ အမူအရာက အတန်ငယ်ထူးဆန်းသွားသည်၊ ဤသည်မှာ ကောင့်ထ်မီချယ်ထံမှ ထိုသို့ မပြတ်မသားအမိန့်မျိုးရဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
သို့သော် အိမ်စေက လုံးဝမေးခွန်းမထုတ်ဘဲ ၎င်းအမိန့်နှစ်ခုကို ရိုးသားစွာ ချရေးလိုက်၏။
"ဟုတ်ပြီ၊ မင်းသားလေး အဲရစ်အတွက် ကုန်စည်တွေ ပြင်ဆင်လို့ပြီးပြီလား?" ကောင့်ထ်မီချယ်က မေးသည်။
"ပြင်ပြီးပါပြီ၊ ဘယ်အချိန်မဆို တင်လို့ရနေပါပြီ။" အိမ်စေက ပြန်ဖြေသည်။
"မြင်းလှည်းတွေရော?" ကောင့်ထ်မီချယ်က လှောင်ထေ့နေဟန် အပြုံးတစ်ခုလှစ်ဟပြလာကာ၊ "ကောင်းပြီလေ၊ တင်ပြီး ပို့လိုက်တော့။ ငါတို့မင်းသားလေးက ကြာကြာစောင့်ရတာကို မကြိုက်ဘူး။"
အိမ်စေလည်း သဘောတူပြီးနောက် ပြောရန် တုံ့ဆိုင်းနေလေသည်။
"ပြောပါ" ကောင့်ထ်မီချယ်က အသံဩဩဖြင့်ဆိုလာသည်။
အိမ်စေက အလျင်အမြန်ပြောလာ၏၊ "အရှင်ကောင့်ထ်၊ အဲဒီကုန်စည်တွေကို စုဆောင်းချိန်မှာ ခုခံဖို့ ကြိုးစားခဲ့ကြတဲ့ လူတချို့ရှိတယ်။ အစောင့်တွေက နည်းနည်း ပေါ့ဆသွားပြီး သူတို့လက်တွေကလည်း တအားလေးနေတော့ အဆုံးမှာ....."
အိမ်စေထံ၌ရှိသည့် ခက်ခဲနေသောဟန်ပန်ကိုမြင်သော် ကောင့်ထ်မီချယ်၏ မျက်နှာက မှုန်မှိုင်းသွားကာ၊ "ဘယ်လောက်သေသွားလဲ?"
အိမ်စေက ခါးသက်စွာပြုံးလျက်၊ "လက်ရှိမှာ သေလူ ဆယ်သုံးယောက်နဲ့ အပြင်းအထန်ဒဏ်ရာရတာ ငါးဆယ့်ခြောက်ယောက်ရှိပါတယ်။ အဲ့လူတွေကြားထဲမှာ သူတို့ကိုယ်သူတို့ ထပ်ပြီး မထောက်ပံ့နိုင်တော့တဲ့ လူအယောက်နှစ်ဆယ်ကျော်လည်း ရှိပါတယ်။"
"သေသွားတဲ့လူ အယောက်လေးဆယ်နီးပါးရှိတာမဟုတ်ဘူးလား?" ကောင့်ထ်မီချယ်၏မျက်နှာက ပိုလိုပင် မှုန်မှိုင်းလာကာ၊ "ငါသူတို့ကို ကုန်စည်တွေစုဆောင်းခိုင်းတာလေ၊ လူတွေ သတ်ခိုင်းတာမှမဟုတ်တာ!"
အိမ်စေက ကောင့်ထ်မီချယ်၏ မျက်လုံးများထဲရှိ ဒေါသကိုမြင်ပြီး ကြောက်ရွံ့သွားသော်လည်း ရှင်းပြရပေဦးမည်၊ "အရှင်ကောင့်ထ်၊ အခုက နှစ်ကုန်ပိုင်းကို ရောက်နေပြီဆိုတော့ ဒီပြည်သူတွေရဲ့ အိမ်တွေမှာ များများစားစားမရှိပါဘူး။ ဒါကို အတင်းယူရင်တော့ သူတို့အားလုံး ထွက်လာတာပေါ့။ အစောင့်တွေလည်း ရွေးစရာမရှိဘဲ တုံ့ပြန်လိုက်ရာတာနဲ့ နောက်တော့....."
အိမ်စေက ဆက်မပြောဝံ့တော့ချေ။ ကောင့်ထ်မီချယ်မျက်နှာထက်ရှိ အမူအရာကိုမြင်သော် ဤအခြေအနေ၌ သူသာဆက်ပြောလျှင် သူပါ နာကျင်ခံစားသွားရနိုင်သည်လားဟု သံသယဖြစ်မိသွား၏။
ကောင့်ထ်မီချယ်က အတန်ငယ်တိတ်ဆိတ်နေပြီးမှ အသက်ပြင်းပြင်းရှူသည်။ သူက လက်ကိုယမ်းလျက် ဆို၏၊ "သူတို့က သေနေပြီဆိုမှတော့ ထားလိုက်ပါတော့။ ဒီလူတွေကို သေအောင်ရိုက်တဲ့ စစ်သည်တစ်ယောက်ချင်းစီတိုင်းဆီက ရွှေဒင်္ဂါးတစ်ရာစီ ကောက်လိုက်၊ မပေးနိုင်ရင် အားလုံးကို ထောင်ထဲသာထည့်လိုက်တော့။"
အိမ်စေက ထိတ်လန့်သွားကာ၊ "အရှင်ကောင့်ထ်၊ ဒါနဲ့ပတ်သက်ပြီး ပြဿနာရှိနိုင်ပါတယ်....."
ကောင့်ထ်မီချယ်က သူ့ထံစိုက်ကြည့်လိုက်ရာ အိမ်စေမှာ ချက်ချင်းပင် သူ၏စကားလုံးများကို မြိုချလိုက်ရသည်။
"ကောင်းပြီ၊ ကုန်စည်တွေကို တင်ဖို့ သွားပြင်တော့။" ကောင့်ထ်မီချယ်က လက်ကိုခါယမ်းကာ အိမ်စေအား ထွက်သွားဖို့ အချက်ပြလိုက်သည်။
ကောင့်ထ်မီချယ်၏မျက်နှာထက်ရှိ မောပန်းနေဟန်ကိုမြင်သော် အိမ်စေက မည်သည်ကိုမှ ထပ်မပြောဝံ့တော့ဘဲ ဦးညွှတ်လျက် ထွက်သွားသည်။
ကောင့်ထ်မီချယ်လည်း ထိုနေရာ၌ တစ်ခဏကြာအောင် ရပ်နေပြီးမှ ရုတ်တရတ်သက်ပြင်းချလျက် မိမိကိုယ်ကိုလှောင်ပြောင်ဟန် တစ်ချက်ပြုံး၏။
"ဒီတော့ ကျွန်မတို့ရဲ့ ကြီးကျယ်လှတဲ့ ဒူလာခယ်တွန်မြို့မှာ ရွှေဒင်္ဂါးသုံးသိန်းတန်တဲ့ ကုန်စည်တွေကို စုဆောင်းဖို့ ပြဿနာနည်းနည်းရှိခဲ့တယ်ပေါ့?"
"မြို့စားအရှင်၊ ဒါက တိုင်းပြည်ဆီကို ပေးထားတဲ့ ငွေစာရင်းပါ၊ ကျေးဇူးပြုပြီးကြည့်လိုက်ပါဦး။" ဘန်တာမြို့၏ မြို့စားအိမ်တော် ဘဏ္ဍာရေးမန်နေဂျာ ဖူမာက ဆယ်ဗီနီထံ ငွေစာရင်းတစ်ခု တင်ပြလာသည်။
ဆယ်ဗီနီလည်း ကြည့်ပြီးနောက် ခေါင်းငြိမ့်ကာ ချထားလိုက်သည်။
"ကျွန်မ ဒီငွေစာရင်းကို သိပါတယ်၊ ဒီတော့ စစ်ဆေးဖို့ မလိုတော့ပါဘူး။" ဆယ်ဗီနီက အသာပြုံးကာ ဆိုသည်၊ "ကျွန်မတို့ ဘန်တာမြို့က ဒီနှစ် တိုင်းပြည်တော်ဘဏ္ဍာဆီကို ရွှေဒင်္ဂါးခုနှစ်သိန်းကျော် လွှဲပေးခဲ့တယ်လေ၊ ကျွန်မတို့အနေနဲ့ လူတိုင်းရဲ့ အလုပ်ကြိုးစားမှုကို မေ့ပစ်လို့မရဘူး။ ရှင်တို့အားလုံးလည်း ခက်ခဲခဲ့ရပြီးပြီ၊ ဒီတော့ ခမည်းတော်အစား ကျေးဇူးတင်ကြောင်းပြချင်ပါတယ်။"
မြို့စားအိမ်တော်၏ အမှုထမ်းများအားလုံးမှာ အလျင်အမြန်ထရပ်ကာ ဆယ်ဗီနီထံ ဦးညွှတ်လာကြသည်။
"ဘုရင်မ၊ ဒါက ကျွန်တော်/ ကျွန်မတို့ရဲ့အလုပ်ပါ၊ ကျေးဇူးအတင်မခံနိုင်ပါဘူး။"
၎င်းတို့က ထိုသို့ပြောသော်လည်း အားလုံးထံ၌ ပျော်ရွှင်ဟန်ရှိနေကာ အခန်းထဲ၌ ပျော်ရွှင်ဖွယ်ခံစားချက်တို့ဖြင့် ပြည့်လျှမ်းနေ၏။
ဘန်တာမြို့၏ ဤနှစ် အခွန်ငွေမှာ ယမန်နှစ်ကထက် ပိုများသဖြင့် ဘန်တာမြို့၌ နေထိုင်ကြသူတိုင်း၏ ဘဝများမှာ များစွာ ပိုမိုကောင်းမွန်နေသည်။ ၎င်း အမှုထမ်းများ မြို့စားအိမ်တော်မှ ထွက်ခွာသွားလျှင် သွားသည့်နေရာတိုင်း၌ အရိုအသေပြုခံရသည်။
"ဒါတွေအားလုံးက ရှင်တို့ရဲ့ ထူးထူးချွန်ချွန် အလုပ်လုပ်ပုံကြောင့်ပဲ ကျွန်မတို့ဘန်တာ်မြို့တော်ဟာ ကောင်းကောင်း တိုးတက်နိုင်ရတာပါ။ ရှင်တို့အားလုံးကို ကျေးဇူးတင်ကြောင်းပြဖို့အတွက်က ကျွန်မအဖို့ ပုံမှန်ပါပဲ။" ဆယ်ဗီနီက ပြောသည်၊ "ကောင်းပါပြီ၊ အားလုံးပဲ ထိုင်ကြပါ၊ နောက်နှစ် ဘန်တာမြို့က ဘယ်လိုတိုးတက်မယ်ဆိုတဲ့အကြောင်း ဆွေးနွေးကြတာပေါ့။ ဘာရွန် ဖူမာ, ကျွန်မကိုပြောပါဦး၊ တိုင်းပြည်တော်ဘဏ္ဍာဆီကို ပေးပြီး အရင်နှစ်ရဲ့ ငွေစာရင်းကို ရှင်းပြီးတော့ ကျွန်မတို့ ဘန်တာမြို့ရဲ့ ဘဏ္ဍာထဲမှာ ဘယ်လောက်များများကျန်ခဲ့လဲ?"
ဘာရွန် ဖူမာက မည်သည့်မှတ်တမ်းကိုမှ မကြည့်ဘဲ တိုက်ရိုက်ဖြေဆိုလာသည်၊ "ရွှေဒင်္ဂါး တစ်သန်း နှစ်သိန်း ခုနှစ်သောင်း ခြောက်ထောင်နဲ့ သုံးရာ လေးဆယ့်ခြောက်ပြား ကျန်ပါသေးတယ်။"
"ဒါဆို ရွှေဒင်္ဂါး တစ်သန်း နှစ်သိန်း ရှစ်သောင်းနီးနီးပေါ့။" ဆယ်ဗီနီက ခေါင်းငြိမ့်ကာ၊ "ဒီငွေတွေကို ဘယ်လိုသုံးရမယ်ဆိုတဲ့အပေါ် လူတိုင်းမှာ ဘာအကြံပြုချက်များရှိကြလဲ?"
အားလုံးက တစ်ဦးကို တစ်ဦးကြည့်လျက် တုံ့ဆိုင်းနေကြသည်။
"စိုးရိမ်ဖို့မလိုပါဘူး၊ ရှင်တို့ရဲ့ အကြံတွေကို ပြောသာပြောပါ။ ရှင်တို့မှာ ဘယ်လို လက်တွေ့ကျတဲ့အကြံမျိုးရှိသလဲဆိုတာ မြင်ချင်တယ်။" ဆယ်ဗီနီက ၎င်းတို့ပြောရန် အားပေးလိုက်၏။
"ဒါဆို..... မြို့စားအရှင်၊ ကျုပ် အကြံပေးချင်ပါတယ်။" ဘာရွန် ဖူမာက လက်မြှောက်လိုက်သည်။
ဆယ်ဗီနီက ခေါင်းငြိမ့်ပြကာ ပြုံးလျက် အားပေးလိုက်၏။
ဘာရွန် ဖူမာလည်း မတ်မတ်ထိုင်လျက် လေးနက်ဟန်ဖြင့်ဆိုလာသည်၊ "ဘုရင်မ၊ ကျုပ်အကြံပြုချင်တာက ကျုပ်တို့ ရံပုံငွေတချို့ယူပြီး ဘန်တာမြို့ရဲ့ အိုဟောင်းနေတဲ့အပိုင်းတွေကို ပြန်လည်မွမ်းမံဖို့ပါ။ အခု ကျုပ်တို့ ဘန်တာမြို့က တိုင်းပြည်တောင်ပိုင်းမှာ အကြွယ်ဝဆုံးမြို့တော်ဖြစ်နေပြီလေ၊ မြို့ရဲ့ အိုဟောင်းနေတဲ့ အပိုင်းတွေကတော့ အရင်ကလို ပုံစံပဲရှိနေသေးတယ်။ ဒါက ကျုပ်တို့ရဲ့ လက်ရှိ ဘန်တာမြို့ အခြေအနေနဲ့ အံမဝင်ဘူးဖြစ်နေတယ်လို့ ခံစားရတယ်။"
"ဟုတ်တယ်၊ လှပပြီး သန့်ရှင်းတဲ့အိမ်ရာအသစ်နဲ့ယှဉ်ရင် မြို့ရဲ့ ဟောင်းနေတဲ့အပိုင်းက တခြားကမ္ဘာလိုပဲ။" နောက်ထပ် အမှုထမ်းတစ်ဦးက သဘောတူသည်၊ "အခု မြို့ရဲ့ ဟောင်းတဲ့အပိုင်းမှာရှိတဲ့ လူတွေကလည်း နယ်မြေသစ်တွေဆီ ပြောင်းချင်နေကြတယ်။ ကျွန်မတောင် အမ်ရစ်ကုန်သည်ကြီးများအသင်းဆီကနေ ဗီလာတစ်လုံးဝယ်ဖို့ကို ငွေတချို့စုဖို့ မကြိုးစားခဲ့ရလို့သာမဟုတ်ရင် ပြောင်းပြီးနေလောက်ပြီ။"
"ဟုတ်ပါတယ်၊ ဟောင်းတဲ့အပိုင်းက ကျဉ်းမြောင်းပြီး လူလည်းထူတော့ အဆင်မပြေဘူး။ ကျုပ်တို့ ဒါကို ပိုလှပပြီး အတော်လေး အဆင်ပြေအောင် မွမ်းမံလို့ရနိုင်ပါတယ်။"
"အင်း၊ ကျွန်မလည်း ဒီလိုထင်တယ်...."
......
အားလုံး၏ ဆွေးနွေးမှုကို ကြားသော် ဆယ်ဗီနီလည်း စဉ်းစားပြီး ခေါင်းငြိမ့်ကာ၊ "ဒါက အကြံကောင်းပဲ။ ဒါဆို ဘာရွန် ဖူမာ, ရှင်က ဒီအကြံကို ထုတ်ပြောခဲ့တာဆိုတော့ ဒါအတွက် ငွေဘယ်လောက်လိုအပ်မယ်လို့ထင်လဲ?"
ဘာရွန် ဖူမာက ယခင်ကတည်းက ၎င်းကိုသေချာစဉ်းစားခဲ့ရာ ယုံကြည်ချက်ရှိရှိဖြင့် ပြန်ဖြေလေသည်၊ "မြို့စားအရှင်၊ မြို့ရဲ့ ဟောင်းနေတဲ့အပိုင်းကို ကမ္ဘာမြေပျက်စီးလောက်တဲ့ ပြောင်းလဲမှုတွေလုပ်ဖို့ မဖြစ်နိုင်တော့ ယိုယွင်းနေပြီး အသုံးမပြုထားတဲ့ အပိုင်းတွေကို ပြုပြင်ဖို့ အကြံပြုပါတယ်။ ဒီတော့ လူထုအဆောက်အဦတချို့ ဆောက်သင့်ပြီး ပျက်စီးနေတဲ့အပိုင်းတချို့ကို ပြန်ပြင်ရမယ်၊ ပြီးရင် တချို့နေရာတွေမှာ တိုးတက်မှုတွေလုပ်ရမယ်။ ကျုပ်ရဲ့ ကနဦး ခန့်မှန်းခြေအရတော့ ရွှေဒင်္ဂါးငါးသောင်းလောက်ဆိုရင် လုံလောက်ပါပြီ။"
"ငါးသောင်းတည်းလား?" ဆယ်ဗီနီမှာ အတန်ငယ်အံ့ဩသွားကာ၊ "ရှင်က တကယ်ကို ချွေတာတတ်တာပဲ။ ဟုတ်ပြီလေ၊ ရွှေဒင်္ဂါးငါးသောင်းယူလိုက်ပါ။ ကျွန်မတို့မှာရှိတဲ့ အပိုအလျှံက တစ်သန်းနဲ့ နှစ်သိန်းကျော်ပေါ့။ တစ်ယောက်ယောက်ဆီမှာ တခြား အကြံပြုချက်ရှိသေးလား?"
ဘာရွန် ဖူမာက အတန်ငယ် အံ့ဩကာ၊ "မြို့စားအရှင်၊ အရှင်က တစ်သန်းနှစ်သိန်းစလုံးကို သုံးချင်လို့လား?"
"ဒါပေါ့၊ အားလုံးကိုတော့ ဘယ်သုံးလို့ရမလဲ၊ ဒါပေမယ့် ချန်ထားရင်ရော အသုံးဝင်စရာရှိလို့လား? ဘန်တာမြို့သားတွေအနေနဲ့ ဒီအခွန်ငွေတွေပေးတယ်ဆိုတာဟာ သူတို့ရဲ့ ဘဝတွေကို တိုးတက်စေဖို့နေရာမှာ သုံးနိုင်ဖို့ပဲ။ ဟုတ်ပြီ ကျွန်မကို အကြံတွေ ပေးကြပါဦး။"
အားလုံးက တစ်ဦးကိုတစ်ဦးကြည့်ပြီး အကြံကောင်းတစ်ခုလောက် မစဉ်းစားနိုင်ကြချေ။
၎င်းတို့မျက်နှာထက်ရှိ ခက်ခဲနေဟန်များကိုမြင်သော် ဆယ်ဗီနီက သက်ပြင်းချသည်။ သူမဟာ ရှုယီသာရှိနေပါလျှင် သေချာပေါက် ထူးထူးဆန်းဆန်းအကြံများစွာ ပေးလာလောက်သည်ဟု ထင်မိ၏။
ထိုလူမှာ တကယ်ကို ငွေရှာရာ၌ ကျွမ်းကျင်သော်လည်း ငွေသုံးရာ၌ပါ ကျွမ်းကျင်သည်။
သို့သော် ဆယ်ဗီနီမှာ ၎င်းက အတန်ငယ် ရယ်ရသည်ဟု ရုတ်တရတ်ခံစားမိသွား၏။
တိုင်းပြည်ရှိ အခြားမြို့တော်များမှာ နှစ်ကုန်ပိုင်း၌ ၎င်းတို့ဘဏ္ဍာရေးကိုစိတ်ပူနေရသော်လည်း သူမမှာ နောက်နှစ်တွင် ငွေမည်မျှသုံးရမည်ကိုသာ စိတ်ပူနေရသဖြင့် ၎င်းက တကယ်ကို အင်မတန် ဇိမ်ကျသည့်ပူပန်မှုပါပင်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၅၀။ သမိုင်းရှိ အမည်
နှစ်သစ်ကူးရန် လဝက်အောက်သာလိုတော့၏။ ဘန်တာမြို့ရှိလူများမှာ လစာမြင့်မြင့်ကြောင့် အလုပ်အတွင်း အာရုံစိုက်ထားကြပါလျှင်တောင် လူများစွာက ဤအချိန်အတွင်း၌ နှစ်သစ်ကူးအတွက်ပြင်ဆင်ကာ ၎င်းတို့အလုပ်များကို ရပ်တန့်ထားသည်။
အာကာလီမှာ သူမ၏ သုတေသနအဖွဲ့နှစ်ဖွဲ့က နှစ်ရက်အကြာတွင် အားလပ်ရပ်ရမည်ဖြစ်ကြောင်း ကြေညာထားရာ ၎င်းတို့သွားမည့်နှစ်ရက်တာအတွက် အရာအားလုံးကို ပြင်ဆင်ရန် အလုပ်ရှုပ်နေကြပြီး နှစ်ကုန် အစီရင်ခံစာကို ပြင်ဆင်နေကြသည်။
ရှုယီက မှော်သုတေသနဌာန၌ အလုပ်လုပ်ရန် အင်မတန်အရေးထားလေရာ သူက ၎င်းတို့၏ သုတေသနအစီရင်ခံစာများကို ဖတ်ရုံသာမက သုတေသနအဖွဲ့တစ်ခုစီအား နှစ်ကုန်အစီရင်ခံစာကို လွှဲပေးရန်လိုအပ်သည်။ သူက နောက်နှစ်အတွက် ၎င်းတို့၏ တိုးတက်မှုကိုလည်း အကဲဖြတ်ကာ နောက်နှစ်သုတေသန ဦးတည်ချက်ကိုပါ အတည်ပြုတတ်သည်။
အာကာလီမှာ ကျောင်းတက်ချိန်က ထိုသို့သော အစီရင်ခံရခြင်းအလုပ်မျိုးကို အမုန်းဆုံးဖြစ်ခဲ့သည်။
သို့သော် ယခုတွင် သူမက အဖွဲ့နှစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်နေလေရာ သူမကိုယ်တိုင်လုပ်ရမည်ဖြစ်ပြီး အခြားလူများက အရည်အချင်းမမီပေ။
ထို့အပြင် အာကာလီအနေနှင့် ရှုယီရှေ့၌ အရည်အချင်းပြရန် အင်မတန် ဆန္ဒရှိလေရာ ဤအစီရင်ခံစာကိုရေးခြင်းက အင်မတန် ငြီးငွေ့ဖွယ်ကောင်းပါသော်လည်း နှစ်တိုင်း များစွာ အလေးအနက်ထားကာ ပြီးမြောက်အောင် ပြုလုပ်ဆဲပင်။
နောက်ဆုံးစာလုံးရေးပြီးနောက် အကျောဆန့်လိုက်သည်။
အစီရင်ခံစာရေးပြီးနောက်တွင် ဤနှစ်အလုပ်ပြီးပြီဟု အဓိပ္ပာယ်ရသည်။
ယခုက ၎င်းတို့ နှစ်သစ်ကူးအားလပ်ရက်အတွက်အချိန်ကျပြီဖြစ်ရာ သူမလည်း ကောင်းကောင်းအနားယူနိုင်ပြီဖြစ်၏။
အပြင်ဘက်ရှိ ရာသီဥတုအေးအေးကိုကြည့်ရင်း အာကာလီမှာ ယနေ့နှင်းကျမည်လားဟု တွေးတောမိသည်။
နှင်းကို စဉ်းစားကြည့်ရင်း မြောက်ဘက်ရှိ သူမ၏ဇာတိကို တွေးမိ၏။ မမျှော်လင့်ထားသည်များသာမဖြစ်ခဲ့လျှင် ယခုအချိန်၌ နှင်းများဖုံးလွှမ်းနေလောက်၏။
မည်သို့မည်ပုံဟုတွေးတောရင်း အာကာလီမှာ မနေနိုင်ဘဲ အတန်ငယ် အိမ်ကိုလွမ်းမောလာရသည်။
သူမအနေနှင့် မှော်သုတေသနဌာန၌ အလုပ်လုပ်ရခြင်းကို အင်မတန်ပျော်မွေ့ပြီး လစာကလည်း မြင့်ပါသော်လည်း ဇာတိနှင့် ဝေးကွာလှသောကြောင့် နှစ်သစ်ကူးပွဲတော် ဆင်နွှဲမှသာ ပြန်နိုင်သည်။
ယခုတွင် မိသားစုအား တစ်နှစ်လောက် မတွေ့ခဲ့ရသဖြင့် အာကာလီမှာ ၎င်းတို့အား အင်မတန်လွမ်းဆွတ်နေပြီဖြစ်သည်။
"ပြီးသွားရင် ငါသွားပြီး ထုပ်ပိုးလိုက်တော့မယ်၊ ဒါဆို မနက်ဖြန် အိမ်ပြန်လိုက်ရုံပဲ။"
အာကာလီမှာ အမြဲလိုလို သူမပြောသည်ကို လုပ်ဆောင်ပါ၏။ ဓာတ်ခွဲခန်းထဲ၌ ရှင်းလင်းပြီးနောက် အစီရင်ခံစာနှင့်အတူ ခေါင်းဆောင်၏ အခန်းဆီဦးတည်လိုက်သည်။
(T/N: အာကာလီက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး အီဗီတာက ဌာနခေါင်းဆောင်ပါ။)
အဖွဲ့တစ်ဖွဲ့စီတိုင်း၏ နှစ်စဉ်အစီရင်ခံစာကို အီဗီတာထံတင်ပြရပြီး သူမက ရှုယီထံ ပေးရသည်ဖြစ်ရာ အာကာလီကလည်း ချွင်းချက်မဟုတ်ပေ။
သူမဟာ ခေါင်းဆောင်၏အခန်းသို့သွားလိုက်သော်လည်း တံခါးက ပိတ်ထား၏။
အီဗီတာ၏ ဓာတ်ခွဲခန်းသို့ သွားလိုက်သည်တွင် တံခါးကိုမပိတ်ထားသော်လည်း အတွင်း၌ အီဗီတာကို မတွေ့ပေ။
အာကာလီလည်း ဝေ့ဝဲကြည့်ပြီးနောက် ပြန်လှည့်ကာ မှော်သုတေသနဌာနမှ ထွက်လာလိုက်သည်။
အီဗီတာက ရုံးခန်းထဲ၌ မရှိသလို ဓာတ်ခွဲခန်းတွင်လည်းမရှ်သဖြင့် ထိုနေရာတွင် ဖြစ်လောက်သည်။
မှော်သုတေနဌာနထဲမှ ထွက်လာလိုက်ချိန်တွင် အလုပ်သမားအများစု အားလပ်ရက်ရကြသဖြင့် အာကာလီမှာ မိုးကျတောင်ကြားက ပုံမှန်ထက် များစွာ အေးချမ်းနေသည်ကို တွေ့လိုက်ရသည်။
Frestech ကုန်သည်ကြီးများအသင်းထံ၌ အော်ဒါများစွာရှိပါသော်လည်း ရှုယီက အစည်းအဝေး၌ အလုပ်မည်မျှပိနေပါစေ ၎င်းတို့၏နှစ်သစ်ကူးအားလပ်ရက်ကို မနှောင့်နှေးနိုင်ဟု ကြေညာထားခဲ့သည်။ ထို့ကြောင့် ရှုယီမထွက်သွားခင်က လုပ်ငန်းစု၏ စက်ရုံတိုင်းကို အားလပ်ရက်အတွက် ပိတ်ရမည်ဟု ကြေညာခဲ့ပါ၏။
ဘန်တာမြို့ရှိ လုပ်ငန်းစုများစွာက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် များပြားလှသော အော်ဒါများအတွက် ထိုသို့ဆုံးဖြတ်ချက်ချသည်ကို မကျေမနပ်ဖြစ်ကြသော်လည်း ရှုယီက ဆုံးဖြတ်ထားရာ အခြားလုပ်ငန်းစုများသည်လည်း တစ်ခုမှ မလုပ်နိုင်ပေ။
ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းအပြင် မှော်စက်များကို ထောက်ပံ့နိုင်သည့် အခြားလုပ်ငန်းစုမရှိပါပေ။
အာကာလီက ရှုယီအား ထိုဆုံးဖြတ်ချက်၌ ထောက်ခံကာ ရှုယီအား တိတ်တဆိတ်ပင် ချီးကျူးထားသော်လည်း ရှုယီထံမှ ခါးသက်သက်အပြုံးကိုသာ ပြန်ရခဲ့သည်။
"ဒါက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ လွှမ်းမိုးမှုဆိုတော့ ဝင့်ကြွားနေလို့ရပေမယ့် ဖောက်သည်တွေရဲ့ ခံစားချက်ကိုတော့ လျစ်လျူရှုလို့မရဘူးလေ။ ဒါပေမယ့် ဒီချဉ်းကပ်မှုက အဆင်မပြေပါဘူး။ ကျုပ်တို့လုပ်ငန်းစုက အော်ဒါတိုင်းကို လက်ခံရမယ့် လုပ်ငန်းပြိုင်ဆိုင်မှုက အတော်လုံလောက်နေတာကို မြင်ရလို့ ဝမ်းသာပေမယ့် အားလပ်ရက်ယူရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို စဉ်းစားဖို့လိုတယ်လေ။"
အာကာလီက ရှုယီ စိုးရိမ်နေရသည့် အကြောင်းရင်းကို နားမလည်ပေ၊ ရှုယီကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ နောက်နှစ်အနည်းငယ်ကြာ အားလပ်ရပ်များယူနေချိန်တွင် အခြားလူများကို ဂရုစိုက်ရန် မလိုဟုသာ သိသည်။
မှော်သုတေသနဌာန၏ တတိယအဆင့် သုတေသနပညာရှင်ဖြစ်ပြီး သုတေသနအဖွဲ့နှစ်ဖွဲ့၏ ခေါင်းဆောင်အနေနှင့် အာကာလီမှာ Frestech ကုန်သည်ကြီးများအသင်းက နည်းပညာအရာတွင် အားသာချက် မည်မျှ ကြောက်ဖို့ကောင်းလောက်အောင်ရှိကြောင်း အခြားလူများထက် ကောင်းကောင်းပိုသိပေ၏။
အနည်းဆုံး အီဗီတာလေ့လာနေသည့်အရာများမှာ Frestech ကုန်သည်ကြီးများအသင်းမှ လွဲလျှင် ၎င်းကို လေ့လာနိုင်မည့် လုပ်ငန်းစုတစ်ခု သို့မဟုတ် အခြားလူတစ်ယောက်မရှိပေ။
မှော်သုတေသနဌာနအတွက်တောင် အီဗီတာနှင့် လူပုလေးများစွာ လေ့လာနေသည့် အရာကို အာကာလီပင် ဝင်ပါခွင့်မရပေ။
မှော်သုတေသနဌာနမှ ထွက်လာပြီးနောက် အာကာလီက မိုးကျတောင်ကြားအတွင်းဘက်သို့ ဦးတည်လိုက်သည်။
Frestech ကုန်သည်ကြီးများအသင်းမှာ စက်ရုံများထပ်ဆောက်ထားသောကြောင့် ဝင်ပေါက်အား ဆောက်လုပ်ပြီးဖြစ်သလို မိုးကျတောင်ကြားက စတုရန်း တစ်ဆယ်ကီလိုမီတာ နေရာယူထားသည်။ တောင်ကြား၏ အပိုင်းကြီးကြီးတစ်ခုတွင်မူ မဆောက်လုပ်ရသေးပါချေ။
အနာဂတ်တိုးတက်မှုကို လွယ်ကူချောမွေ့စေရန် ဖျက်ခံထားရသည့် တောင်ကြားအနက်ပိုင်းမှလွဲ တောင်ကြား၏ အခြားအပိုင်းများမှာ တူညီနေဆဲဖြစ်၏။
စက်မှုနယ်မြေမှ မလှမ်းမကမ်းသို့သွားနေရင်း အာကာလီမှာ မနီးမဝေးရှိ ကောင်းကင်၌ လှည့်ပတ်နေသော အနက်ရောင်အစက်လေးကို မော့ကြည့်လိုက်သည်။
ထိုအနက်ရောင်အစက်လေးရှိရာဘက်သို့ ရွှေ့လိုက်သည်နှင့် တောင်ကုန်းတစ်ခုပေါ်တွင် ၎င်းအနက်ရောင်အစက်လေးကို လုံးဝအာရုံစူးစိုက်ထားသည့် အီဗီတာကို တွေ့လိုက်ရသည်။
"ဟေး၊ နင် ဒီလောက်အမြင့်ကြီးမှာရပ်နေတာ အအေးမိမှာမကြောက်ဘူးလား?"
အီဗီတာက သူမနံဘေးတွင် တစ်ယောက်ယောက်ပေါ်လာသည်ကို သတိမထားမိခဲ့သဖြင့် အာကာလီ၏အသံကိုကြားသော် အံ့ဩသွားသည်။
အာကာလီကိုမြင်သည့်နောက် အီဗီတာက သူမထံကြည့်လာကာ၊ "နင့်အလုပ်ပြီးသွားပြီလား? ငါ့ကို ဘာလို့လာရှာတာလဲ?"
"အင်း၊ အစီရင်ခံစာပြီးသွားလို့ နင့်ကိုလာလွှဲပေးဖို့ စီစဉ်ထားတာ၊ ဒါပေမယ့် နင်အထဲမှမရှိလို့ ဒီနေရာမှာ စမ်းသပ်မှုလုပ်နေမယ်လို့ သိလိုက်တာ။" အာကာလီက ကောင်းကင်ရှိ အမည်းရောင်အစက်လေးကိုမော့ကြည့်ကာ မေးလာသည်၊ "ဘယ်လိုလဲ? မှော်လေသင်္ဘောက တိုးတက်မှုတစ်ခုခုရှိလာပြီလား?"
အီဗီတာက ခေါင်းခါသည်၊ "ပစ်တင်တာနဲ့ ပျံသန်းတာကတော့ ပြဿနာမရှိပေမယ့် ခရီးရှည်အတွက် ပြဿနာရှိနေတယ်။ အခုဆိုရင် အများဆုံး နှစ်နာရီပဲပျံသန်းနိုင်ပြီးရင် ပြဿနာမျိုးစုံဖြစ်လာမှာ။ ဒါက ထောက်ပံ့ထားတဲ့ မှော်သလင်းကျောက်မတည်ငြိမ်တာကြောင့်ရော အထဲက မှော်အစီအရင်ကို စမ်းသပ်မှုတွေကနေ ထိန်းထားတာကြောင့်ရော ပြဿနာမျိုးစုံဖြစ်နေတာ။"
"ဘာလို့ ဒါက ငါတို့ မှော်သုတေသနဌာနရဲ့ ပြဿနာမဟုတ်ဘူးလို့ ငါခံစားနေရတာပါလိမ့်?" အာကာလီက ရှုပ်ထွေးနေသံဖြင့်ဆိုလာသည်၊ "ပစ္စည်းပြဿနာရှိနေရင် သတ္တုသုတေသနကြောင့်ဖြစ်လောက်တယ်။"
"ဒါလည်း အလုပ်မဖြစ်ဘူး။" အီဗီတာက ခေါင်းခါသည်၊ "သတ္တုသုတေသနက အချိန်အများကြီးယူပြီး အချိန်တိုအတွင်းမှာ တိုးတက်ဖို့ ခက်ခဲတယ်လို့ ဥက္ကဌကပြောတယ်၊ ဒါကြောင့် ငါတို့လည်း လက်ရှိသတ္တုတွေနဲ့ပဲ အဖြေရှာနိုင်တယ်။ ဥပမာပြောရရင် အလွယ်လေးပုံပျက်နိုင်တဲ့ အပိုင်းတွေနားမှာ မြေစွမ်းအားမှော်အစီအရင်တစ်ခုနဲ့ ချိတ်ထားတာက သတ္တုရဲ့မာကျောမှုကို တိုးလာစေတာကြောင့် နည်းနည်းလောက်ကြာရှည်ခံနိုင်မည်လို့ စဉ်းစားမိတယ်။"
"ဒါက လေစွမ်းအားမှော်အစီအရင်ကို သုံးရတာမဟုတ်ဘူးလား? မြေစွမ်းအားမှော်အစီအရင်တစ်ခုထည့်လိုက်ရင် ပြဿနာအလွယ်လေးမဖြစ်နိုင်ဘူးလား? ပိုပြီးရော မခက်ခဲသွားဘူးလား?" အာကာလီက အတန်ငယ်ရှုပ်ထွေးနေ၏။
"အခက်အခဲကိုကျော်လွှားလို့ရပါတယ်၊ သတ္တုပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းမရှိတာထက်တော့ အများကြီးပိုကောင်းတယ်လေ။" အီဗီတာက အသာပြုံးကာဆိုသည်၊ "မှော်သုတေသနဌာနက မှော်အစီအရင်တွေကို အာရုံစိုက်ဖို့ပဲလိုတာကြောင့် တခြားအရာတွေကို ဂရုစိုက်ဖို့မလိုဘူးလေ။"
အာကာလီက အတန်ငယ် မခံမရပ်နိုင်စွာဖြင့် ရေရွတ်သည်၊ "ဥက္ကဌကလည်း တကယ်ကိုတစ်ခုခုပဲ၊ အမြဲတမ်း ငါတို့မှော်သုတေသနဌာနဆီကို တောင်းဆိုချက်အမြင့်တွေပဲပေးတယ်။ ငါ့ရဲ့ မှော်အစီအရင်ပဲ့တင်ထပ်ခြင်းကိုလေ့လာရတဲ့ အဖွဲ့ကိုပဲကြည့်၊ ဥက္ကဌက ဒါကို ထုတ်လုပ်ဖို့ ဆက်တိုက်ပြောနေတော့ ပြီးပြည့်စုံတဲ့အချက်အလက်စနစ်တစ်ခုရှိဖို့လိုတယ်လေ။ သူက စွမ်းအားကြီးမှော်ပညာရှင်တစ်ယောက်ပဲကို၊ မှော်စွမ်းအားအတွက် ပြီးပြည့်စုံတဲ့အချက်အလက်စနစ် ဖန်တီးရတာ ဘယ်လောက်ခက်မှန်းမသိဘူးလား?"
"ဒါက ဥက္ကဌအနေနဲ့ နင့်အတွက် မျှော်လင့်ချက်ထားထားတဲ့ အဓိပ္ပာယ်မဟုတ်ဘူးလား?" အီဗီတာက အသာပြုံးကာ၊ "ပြီးတော့လည်း ဥက္ကဌက သီအိုရီဆိုင်ရာစနစ်ကို ဖွဲ့စည်းနေတယ်မဟုတ်လား? အရင်လက သူထုတ်ဝေခဲ့တဲ့ « မှော်စက်မှု အုတ်မြစ်အခြေခံစွမ်းအားစနစ် သီအိုရီ »မှာ ဒါအတွက် ဖော်ပြချက်အတော်များများရှိတယ်လေ။ ငါ့အထင်.....သူက ငါတို့နဲ့ယှဉ်ရင် ပိုဝေးဝေးကိုကြိုစဉ်းစားထားလောက်တယ်။"
"ဟမ့်၊ သူ့မှာသာ အရည်အချင်းရှိရင် သူကိုယ်တိုင် ဖန်တီးလို့ရတာပဲ။ ဘာလို့ ငါတို့လို သုတေသနပညာရှင်တွေကိုလိုအပ်မှာလဲ?"
မခံမရပ်နိုင်ဖြစ်နေသည့် အာကာလီကိုကြည့်ရင်း အီဗီတာက အပြုံးဖြင့် ခေါင်းခါသည်။ သူမကလက်ထဲရှိ အဝေးထိန်းကိရိယာ(ရီမုတ်)ကိုနှိပ်လိုက်ရာ ကောင်းကင်ရှိ အမည်းရောင်အစက်လေးက တဖြည်းဖြည်းဆင်းလာသည်။
အမြင့်မှဆင်းလာချိန်တွင် ၎င်းက ခပ်ဝိုင်းဝိုင်းသဏ္ဍာရှိ မှော်လေသင်္ဘောတစ်စင်းဖြစ်သည်ကို ပြောနိုင်၏။
ရှုယီသာ ဤနေရာ၌ရှိလျှင် ၎င်းအား သူ၏ခေါင်းနှင့်တိုက်မိခဲ့သော မှော်လေသင်္ဘောဖြစ်ကြောင်းသတိရသွားမည်ဖြစ်သည်၊ သို့သော်လည်း ၎င်းက လုံးဝမတူညီသည့် အတိုင်းအတာတစ်ခုရှိ၏။
ရှုယီကိုတိုက်မိသော တစ်ခုမှာ လက်ဖဝါးအရွယ်မျှသာရှိသော်လည်း ဤတစ်ခုမှာ သုံးမီတာရှည်ကာ တစ်မီတာကျယ်ပြီး ဗဟို၌ အပေါက်လေးတစ်ခုရှိသဖြင့် လူတစ်ဦးထိုင်ဖို့ရန် ပြဿနာမရှိပေ။
အာကာလီက မှော်လေသင်္ဘောမှာ သူမရှေ့သို့ တဖြည်းဖြည်းဆင်းသက်လာသည်ကိုမြင်သော် အနည်းငယ် အံ့ဩသွားသည်။
"ဟေး၊ အီဗီတာ, ဒါကို အချိန်နည်းနည်းလောက် မတွေ့ခဲ့ရပေမယ့် နင့်ရဲ့စမ်းသပ်သင်္ဘောက ဒီလောက်ကြီးလာတယ်ပေါ့?" အာကာလီက မှော်လေသင်္ဘာကိုပတ်လျှောက်နေရင်း ထိုသို့ပြောကာ ပိုမိုအံ့ဩလာလေသည်၊ "ဝါး! အထဲမှာ ဒီလို သံအပိုင်းကြီးကြီးလည်းရှိသေးတာပဲ! ဒီဟာက ဒီလောက်အမြင့်ကြီးပျံနိုင်တယ်ပေါ့? အရမ်းစွမ်းအားကြီးတာပဲ!"
"ဒီသံက ပေါင်တစ်ရာပဲလေးတာပါ၊ လူတစ်ယောက်လောက်မလေးဘူး။" အီဗီတာက ခေါင်းခါသည်။ ငါ့ရဲ့ မှော်လေသင်္ဘောက လူတစ်ယောက်လောက်ပဲ လေထဲကို ခေါ်သွားနိုင်တာကြောင့် အတော်ကို လိုအပ်နေသေးတယ်။"
အာကာလီက လျှာနှစ်ကြိမ်ခန့်သပ်ပြီးနောက် ချီးကျူးလာ၏၊ "နင်သာတကယ်ပဲ ဒါကို ထုတ်လုပ်နိုင်ပြီး တစ်ယောက်ယောက်ကို ကောင်းကင်ပေါ် ခေါ်သွားနိုင်ရင် အံ့ဩစရာဖြစ်လာမှာပဲ! ဒီလိုအရာသာတကယ်ရှိလာရင်တော့ နင့်ကို နယ်မြေကြီးရဲ့ သမိုင်းစာအုပ်ထဲမှာပါ နာမည်နဲ့ မှတ်တမ်းအဖြစ်ထားလောက်မယ်လို့ ခံစားနေရတယ်!"
အီဗီတာက မျက်လုံးများကိုလှိမ့်ကာ၊ "ဥက္ကဌက နင်သာ မှော်အစီအရင်ပဲ့တင်ထပ်ခြင်းနည်းပညာကို ထုတ်ဖော်နိုင်ရင် နင့်ကိုလည်း သမိုင်းထဲမှာ နာမည်နဲ့မှတ်တမ်းတင်ခံရနိုင်တယ်လို့ ပြောထားပြီးသား။"
အာကာလီက ရယ်ကာ၊ "ဘာလဲ? နင့်က ငါ့ကိုမနာလိုနေတာလား?"
အီဗီတာက တဖြည်းဖြည်း ခေါင်းယမ်းကာ၊ "ငါသာ တစ်ယောက်ယောက်ကို တကယ်မနာလိုရရင် နင့်ကိုမဟုတ်ဘဲ ဥက္ကဌကိုပဲဖြစ်လိမ့်မယ်။ ငါတို့နှစ်ယောက် ဘာကိုပဲ ထုတ်လုပ်ပါစေ ငါတို့နာမည်တွေက သူ့နာမည်လောက်တော့ သမိုင်းမှာ မှတ်ကျောက်မတင်ခံနိုင်ရပါဘူး။"
အာကာလီလည်း အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် ခေါင်းအသာငြိမ့်လာသည်။
***