အခန်း (၁၆၁-၁၆၉)
Vol. 3 Ch. 161-169
Vol 3, အခန်း ၁၆၁။ မှော်လှေ ရွက်လွှင့်ခြင်း စမ်းသပ်မှု
ဗစ်ကောင့်ထ် လက်စ်လိုင်း၏ ပူပန်မှုများကို သယ်ဆောင်ရင်း ရှုယီမှာ အန်ဗီမာမြို့တော်မှ ထွက်ခွာ၍ တစ်လကြာ ဝေးကွာနေခဲ့ရသော ဘန်တာမြို့ဆီ ပြန်လည်ဦးတည်လိုက်သည်။
အန်ဗီမာမြို့တော်မှ ထွက်ခွာချိန်တွင် သူ့အား ပျော်ရွှင်စေသည်မှာ ဆန်းသစ်လ ဆပ်ကပ်အဖွဲ့၏ အေဗရယ် အပါအဝင် သားရဲလူမျိုးမိန်းကလေး သုံးဆယ့်ခုနစ်ဦးတို့အနက် သုံးဆယ့်ငါးဦးက သူနှင့်အတူ ဘန်တာမြို့ထံ ပြန်လိုက်ခဲ့ခြင်းဖြစ်၏။
မြေခွေးမျိုးနွယ်နှင့် ယုန်မျိုးနွယ် မိန်းကလေးတစ်ဦးစီတို့ကမူ ကျန်နေခဲ့ရန် ရွေးချယ်ခဲ့ကြသည်။ ရှုယီလည်း ၎င်းတို့ကို ခက်ခဲအောင် လုပ်မနေဘဲ ဆန်းသစ်လ ဆပ်ကပ်ပဖွဲ့မှ နှုတ်ထွက်ကြောင်း စာတမ်းတစ်ခုတွင် လက်မှတ်ထိုးစေကာ ရွှေဒင်္ဂါးငါးရာ လျော်ကြေးပေးပြီး နှုတ်ဆက်ခဲ့သည်။
ရှုယီနှင့် လင်ဒါအပါအဝင် လူပေါင်း သုံးဆယ့်ခုနစ်ဦးတို့မှာ မှော်ကားနှစ်စီးထဲ ကြပ်ကြပ်သိပ်သိပ်ဝင်ကာ ဘန်တာမြို့သို့ ဦးတည်သွားကြသည်။
ရှုယီ၏ ကနဦးအစီအစဉ်အရ အပြန်လမ်းရှိ မြို့များတွင် ရပ်တန့်ကာ Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်ဌာနများအား စစ်ဆေးဖို့ လုပ်ထားသော်လည်း အပြင်၌ အချိန်ကြာရှိနေခဲ့ပြီး စတေးလ်အားလွမ်းဆွတ်နေပြီဖြစ်သဖြင့် ဘန်တာမြို့သို့သာ တိုက်ရိုက်ဦးတည်ခိုင်းလိုက်သည်။
ဘန်တာမြို့နှင့် အန်ဗီမာမြို့တော်တို့အား လမ်းတစ်လမ်းဖြင့် ချိတ်ဆက်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် မှော်ကား၏ စွမ်းအားဖြင့် ဘန်တာမြို့သို့ရောက်ရန် မွန်းလွဲတစ်ခုစာလောက်သာကြာသည်။
ရွှေအိုရောင် နေအလင်းရောင်ခြည်အောက် တဖိတ်ဖိတ်တောက်နေသည့် ဆန်ဒီမြစ်ကိုကြည့်ရင်း ရှုယီမှာ အိမ်ပြန်ဖို့အကြောင်းကြောင့် အနည်းငယ် စိတ်လှုပ်ရှားမိသွား၏။
ဤလောက၌ ရှိနေခဲ့သည်မှာ ခုနစ်နှစ်နီးနီးရှိနေခဲ့ပြီဖြစ်၏။ ပထမသုံးနှစ်တာကို ရှင်သန်ရန် ရုန်းကန်ခဲ့ရလေရာ ရှုယီမှာ ဤလောက၌ အိမ်ဟူသည်ကို မခံစားခဲ့ရချေ။
သို့သော် ဘန်တာမြို့၌ အခြေချလိုက်သည်နှင့် Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ပြီး လက်ထပ်ထားကာ ကလေးပင် မွေးတော့မည်ဖြစ်၏။ ၎င်းက သူ့အား ဤလောက၌ အမှန်တကယ်ဝင်ဆံ့လာပြီဟု ခံစားရစေသလို ဘန်တာမြို့အားလည်း ဤလောကရှိ သူ၏ဇာတိမြို့သဖွယ်ဖြစ်စေသည်။
ကြယ်ကြွေအိမ်ရာမှာ သဘာဝကျစွာပင် သူ့အိမ်ဖြစ်လာ၏။
အသစ်တည်ဆောက်ထားသည့် ဆန်ဒီမြစ်တံတားကို မှော်ကားများ ဖြတ်ကျော်သွားပြီးနောက် ရှုယီက ယာဉ်မောင်းအား ဘန်တာမြို့ထံမသွားဘဲ ဘန်တာမြို့အပြင်ဘက် လမ်းရှိ ကြယ်ကြွေအိမ်ရာကို ဦးတည်ခိုင်းလိုက်သည်။
မြစ်ဘေးရှိ လမ်းကို မောင်းနှင်သွားရင်း ရှုယီမှာ ဘဏ်၌ လူများစွာ စုစည်းနေကြကြောင်း တွေ့လိုက်ရပြီး ၎င်းတို့ ဘာလုပ်နေသည်ကိုတော့ မသိရချေ။
ရှုယီလည်း ပြတင်းအပြင်ကိုကြည့်လိုက်သော် လူအုပ်ထဲ၌ ရင်းနှီးသည့်ပုံရိပ်တစ်ခုကို ရှာတွေ့လိုက်သည်။
"ဘာလို့ အိမ်မှာမနေတာလဲ? ဘာလို့ ဒီနေရာကို ရောက်လာရတာများပါလိမ့်?"
ထိုသို့တွေးလိုက်သည်နှင့် သားရဲလူမျိုးမိန်းကလေးများထံမှ တအံ့တဩ အော်သံများထွက်လာရာ သူလည်း ပြတင်းအပြင်သို့ ပျံသွားရန် လေထိန်းချုပ်ခြင်းမန္တာန်ကိုသုံးလိုက်၏။ ထို့နောက် မီတာတစ်ရာလောက်ကို တမုဟုတ်ချင်းဖြတ်သန်း၍ လူအုပ်ထဲဆင်းသွား၏။
ရုတ်တရတ် လူအုပ်ထဲ ဆင်းလာခြင်းက လူအုပ်ကြီးအား တအံ့တဩဖြင့် အော်ဟစ်မိစေသည်။
ထိုလူ၏ မျက်နှာကိုတွေ့လိုက်ကြသည်နှင့် လူတိုင်း တဖန်အော်လာကြ၏။
"ဥက္ကဌရှု!"
"တကယ်ကို ဥက္ကဌရှုပဲ!"
"ဥက္ကဌရှု ပြန်လာပြီ!"
.....
ရှုယီက ဘေးပတ်လည်ရှိ လူအုပ်ကြီးကိုလျစ်လျူရှုကာ ကျေနပ်အံ့ဩဟန်ပေါ်၍ သူ့အားကြည့်ကာ ပါးစပ်ကို လက်ဖြင့်အုပ်နေသည့် စတေးလ်ကိုကြည့်လိုက်၏။ သူက သူမကို ဆွဲဖက်ကာ သူမ(ပါးစပ်အုပ်ထားသည့်)လက်ကို ဖယ်ခွာလျက် ခေါင်းငုံ့၍ အနမ်းပေးလိုက်သည်။
ဘေးပတ်လည်ရှိ လူအုပ်ကြီးက တဖန် အုန်းအုန်းကျက်ကျက်ဖြစ်သွား၏။ လူများစွာက လေချွန်နေပြီး လက်ခုပ်တီးသူများပင်ရှိနေသည်။
ခဏကြာပြီးနောက် ရှုယီက စတေးလ်ကို လွှတ်ပေးလိုက်တော့သည်။ သူမ၏ နီရဲနေသောမျက်နှာလေးနှင့် အသက်လုရှူနေပုံကိုမြင်သော် သူက အသာပြုံးကာ ဆို၏၊ "စတေးလ်၊ ကိုယ်ပြန်လာပြီ"
စတေးလ်က တုနှိုင်းမဲ့ရွှင်ပျစွာ ပြုံးလျက် ရှုယီ၏ မျက်နှာကို လက်ဖြင့်ထိကိုင်ပြီးနောက် သက်ပြင်းချကာ ပြောလေသည်၊ "ရှုယီ၊ ရှင် ပိုပိန်သွားပြီ အတော်လေး ညိုသွားတယ်။ ဒီတစ်ခေါက် အဆင်မပြေခဲ့လို့လား?"
"အပြင်မှာ နေရတာက အိမ်မှာလောက်တော့ ဘယ်မှာ သက်တောင့်သက်သာရှိပါ့မလဲ၊ ပုံမှန်ပါပဲ။" ရှုယီက ရယ်ကာ ထပ်ပေါင်းဆို၏၊ "ဒါက လင်ဒါနဲ့မဆိုင်ပါဘူး၊ ဒါပေမယ့် သူမက ကိုယ့်ကို ဂရုမစိုက်ဘူးလို့ မင်းပြောလို့မရဘူးနော်။"
စတေးလ်က ခေတ္တမျှစဉ်းစားပြီးနောက် ရှုယီကိုစိုက်ကြည့်ကာ နှာမှုတ်လာသည်၊ "သူမက ရှင့်ကို ကောင်းကောင်းဂရုစိုက်မှာပေါ့၊ ကျွန်မ မသိဘဲနေမလား?"
စတေးလ် 'ဂရုစိုက်'ဟူသည်ကို ဖိပြောလာခြင်းအား ကြားသဖြင့် ရှုယီလည်း နေရခက်စွာ ပြုံးမိ၏။ သူက ခေါင်းစဉ်အမြန်ပြောင်းလျက် မေးလိုက်သည်၊ "ဟုတ်သားပဲ၊ မင်းဘာလို့ အိမ်မှာရှိမနေတာလဲ၊ ဘာလို့ ဒီကိုရောက်နေတာလဲ? ဒီနေ့ အေးတယ်လေ၊ မင်းကိုယ်မင်း ဂရုမစိုက်ဘူးပဲ။"
"ကျွန်မက အဲ့လောက် မပျော့ပါဘူး။" စတေးလ်က ခေါင်းခါ၍ မြစ်ဘက်ကို လှည့်ကာ၊ "ကြည့်ပါဦး၊ ရှင် ခဏလောက် စောင့်ကြည့်လိုက်တာနဲ့ ဘာဖြစ်နေတယ်ဆိုတာ သိလာမှာပဲ မဟုတ်လား?"
စတေးလ်က သူ့အား ဆက်လက်ခန့်မှန်းခိုင်းမည်ဟု ထင်မထားခဲ့ချေ။ ရှုယီက စတေးလ်နှင့်အတူ စကားပြောရုံသာတတ်နိုင်ပြီး တွေးတောလျက် မြစ်ကို စောင့်ကြည့်နေလိုက်၏။
တစ်မိနစ်မပြည့်ခင်တွင် မြစ်အထပ်၌ အမည်းစက်လေးထွက်လာကာ ခပ်မြန်မြန်နီးကပ်လာ၏။
ခဏကြာသည့်နောက် ရှုယီမှာ ၎င်း အမည်းစက်လေးက လှေတစ်စင်းဖြစ်ကြောင်း မြင်လိုက်ရသည်။
ပိုနီးကပ်လာပြီး သေချာမြင်နိုင်ချိန်တွင် ထိုသည်က လူတစ်ဦးသာဆန့်သည့် လှေငယ်လေးဖြစ်ကြောင်း သိလိုက်၏။
အမည်းစက်လေးက မြစ်တလျှောက် အလျင်အမြန်ရွေ့နေရာ သူ၏ မျက်လုံးများနှင့် ခန့်မှန်းကြည့်ရလျှင် တစ်နာရီ ကီလိုမီတာသုံးဆယ်နှုန်း အနည်းဆုံးဖြင့် ရွေ့နေခြင်းဖြစ်၏။ မနီးမဝေးမှ အလျင်လာရောက်ရန် အချိန်သိပ်မကြာလိုက်ချေ။
၎င်းလှေလေးကိုကြည့်ရင်း ရှုယီက ကျေနပ်အံ့ဩသွားရသည်။
"မဖြစ်နိုင်ဘူးမို့လား? အဲ့လူတွေက ဒါကို ထုတ်လုပ်ဖို့ အချိန်ကြာဦးမယ်လို့ပြောထားခဲ့တာပဲ၊ ဘယ်လိုလုပ် ခရီးတစ်ခု ထွက်လိုက်ချိန်မှာပဲ ရသွားတာလဲ?"
စတေးလ်က နှုတ်ခမ်းများကို စေ့ကာ ပြုံးလိုက်၏၊ "ဒါက သူတို့ ရှင့်ကို ညာခဲ့တာ"
ရှုယီက လှေလေးနီးကပ်လာကာ လူအုပ်အနီးရှိ ကမ်းနားသို့ ကပ်လိုက်သည်ကိုကြည့်နေသည်။ လှေပေါ်မှ ဆင်းလာသည့် လှေသမားကိုမြင်သော် အံ့ဩသွား၏။
၎င်း လှေသမားမှာ တကယ်တမ်းတွင် မဟာမှော်ပညာရှင် ကမ်မီလာဖြစ်နေသည်ပင်!
ရှုယီက စတေးလ်ကို ထူးဆန်းဟန်ဖြင့် အသံတိုးကာ မေးလိုက်သည်၊ "ဟေး၊ စတေးလ် အဘိုးက မှော်ကားမောင်းတာတောင်မသင်ရသေးတာကို ဘယ်လိုလုပ် လှေမောင်းခွင့်ပေးလိုက်တာလဲ? မှောက်သွားမှာ မင်း မကြောက်ဘူးလား?"
စတေးလ်မဖြေနိုင်ခင်တွင် မဟာမှော်ပညာရှင် ကမ်မီလာက အသံကျယ်ကျယ်ဖြင့် ဆိုလာတော့၏။
"ဟေး၊ ကောင်လေး ငါ့နားတွေက အရမ်းပါးတယ်နော်၊ ငါ မင်းပြောတာကို မကြားဘူးမထင်နဲ့! ပြောပြလိုက်မယ်၊ ငါက မှော်ကားမောင်းတဲ့နေရာမှာ မတော်ပေမယ့် ဒါက မှော်လှေမမောင်းနိုင်တဲ့ အဓိပ္ပာယ်မဟုတ်ဘူးကွ!'
ရှုယီက လျင်မြန်စွာပြန်လှည့်ပြီးနောက် အပြုံးဖြင့် ရှေ့တိုးသွားလိုက်သည်။
"အဘိုး၊ အဘိုးက ကောင်းကောင်း မမောင်းနိုင်ဘူးလို့ မပြောပါဘူး၊ ဒီတိုင်း..... စမ်းသပ်မှုလေးပဲဖြစ်သင့်တာကို၊ ဘာလို့ သူတို့က အဘိုးကို ဆွဲခေါ်လာကတာလဲ?"
"ငါ လုပ်ချင်ပါတယ်။ ဘာလဲ? မင်းမှာ အကြံရှိလို့လား?" မဟာမှော်ပညာရှင် ကမ်မီလာက သူ့ကို စိုက်ကြည့်လာ၏။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး ကျွန်တော့်မှာ ဘယ်လိုလုပ် အကြံရှိမလဲ? အဘိုး ပျော်ရင်ရင်ရပါပြီ။"
ရှုယီလည်း လှည့်လိုက်သော် လူအုပ်ထဲ၌ များလှစွာသော မှော်စက်မှုဖွံ့ဖြိုးရေးဌာန သုတေသနပညာရှင်များစွာကို တွေ့လိုက်သဖြင့် ၎င်းတို့ကို ချက်ချင်း ဆွဲခေါ်လိုက်သည်။
"ဟေး၊ မင်းတို့ အားလပ်ရက် ရနေပြီးသားမဟုတ်လား? ဘာလို့ အားလပ်ရက်ယူမယ့်အစား စမ်းသပ်မှုလုပ်နေရတာလဲ?"
သုတေသနပညာရှင်များက ရှုယီ၏ မကျေမနပ်အသံကို ဂရုမစိုက်ဘဲ စိတ်လှုပ်ရှားစွာ ပြောပြလာလေသည်၊ " ဥက္ကဌရှု၊ ကြည့်ပါဦး! ကျုပ်တို့ ဒီနေ့ စမ်းသပ်မှု စုစုပေါင်း ဆယ့်ခုနစ်ခါလုပ်ပြီးပြီ! အချက်အလက်တွေက ဒီမှော်လှေရဲ့ အမြန်ဆုံးနှုန်းဟာ တစ်နာရီကို သုံးဆယ့်ခုနစ် ကီလိုမီတာလို့ ပြနေတယ်! ဒါက မှော်ကားနဲ့တောင် အတော်တူတယ်!"
"အိုး?" ထိုအချက်ကိုကြားသော် ရှုယီက ၎င်းတို့ကို မကျေမနပ်မရှိတော့ပေ။ ၎င်းတို့လက်ထဲမှသာ မှတ်တမ်းမှတ်ရာများကိုယူလိုက်သော် တစ်နေ့လုံး စမ်းသပ်မှုလုပ်နေခဲ့ကြောင်းသိလိုက်ရ၏။
၎င်းတို့ထံ၌ ဆန်ဒီ မြစ်ကို ဆန်အတက် တစ်ကီလိုမီတာ စမှတ်ရှိပြီး ၎င်းက ရပ်တန့်မှတ်လည်းဖြစ်သည်။
နောက်ဆုံးတစ်ခုမှာ ရှုယီမြင်ခဲ့သည့်တစ်ခုဖြစ်ပြီး ၎င်းက တစ်ကီလိုမီတာအဝေးမှလာရန် နှစ်မိနစ်သာကြာသည်။
ထို့နောက် အချက်အလက်များကို ဖတ်ကြည့်ပြီးသော် ရှုယီလည်း မျက်မှောင်ကုပ်မိ၏။
"ဒါက ရေစီးကြောင်းကိုပဲလိုက်ထားတာလား? ရေစီးကို ဆန့်ကျင်ရင်ရော?"
သုတေသနပညာရှင်များက တစ်ဦးကိုတစ်ဦး နေရခက်ဟန်ဖြင့် ကြည့်လိုက်ကြသည်။
"ဒါက..... ဥက္ကဌ၊ ဒီမှော်လှေလေးက စမ်းသပ်မှုအဆင့်မှာပဲ ရှိပါသေးတယ်။ မှော်အင်ဂျင်က လုံလုံလောက်လောက် အားမကောင်းတော့ ရေစီးကြောင်းကို ဆန့်ကျင်တဲ့ရလာဒ်က..... အရမ်းဆိုးနေရုံတင်ပါ။"
ရှုယီက ၎င်းတို့ကို စိုက်ကြည့်ကာ၊ "ဆိုးနေရင် မှတ်တမ်းမထားဘူးပေါ့? ဒါကို ကျုပ် အကြိမ်များစွာ ပြောခဲအတယ်မဟုတ်လား၊ စမ်းသပ်မှုတွေက ပြဿနာတွေကို ရှာဖွေပြီး အဲဒီပြဿနာတွေအတွက် အဖြေရှာရမှာပဲလို့လေ? ခင်ဗျားတို့က တကယ်ကြီး ကြည့်မကောင်းတဲ့ အချက်အလက်တွေကို ဖယ်မယ်ဆိုရင် ဒီစမ်းသပ်မှုမှာ ဘာအဓိပ္ပာယ်ရှိမှာလဲ?"
"သူတို့ကို အပြစ်မတင်ပါနဲ့၊ ကျွန်မ အဲ့လိုလုပ်ခိုင်းထားတာ။" စတေးလ်က ရုတ်တရတ် ဖြတ်ပြောလေ၏။
"မင်းက?" ရှုယီက စတေးလ်ကို ရှုပ်ထွေးစွာ ကြည့်လေသည်၊ "ဘာလို့လဲ?"
စတေးလ်က ပြန်မပြောဘဲ လူအုပ်ကြီးထံ မှော်လှေမောင်းနှင်ရခြင်း၏ ကျေနပ်ဖွယ်ခံစားချက်အကြောင်း စကားဆိုနေသည့် မဟာမှော်ပညာရှင် ကမ်မီလာထံ ညွှန်ပြသည်။
ရှုယီလည်း စိတ်လှုပ်ရှားနေသည့် မဟာမှော်ပညာရှင် ကမ်မီလာကိုကြည့်ကာ ကိစ္စတချို့ကို ခန့်မှန်းမိလိုက်သဖြင့် သုတေသနပညာရှင်များထံ အချက်အလက်များ ပြန်ပေးလိုက်၏။
"ကောင်းပြီလေ၊ ဒီနေ့ရဲ့ စမ်းသပ်မှုကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်။ မမေ့နဲ့၊ ခင်ဗျားတို့ စမ်းသပ်မှုလုပ်ရင် လူအတော်များများရဲ့ အာရုံကို မဆွဲဆောင်မိဖို့ ကြိုးစားပါဦး။ ဒါက ကျုပ်တို့ရဲ့ လျှို့ဝှက်ချက်ကို ကာကွယ်ဖို့တင်မကဘဲ ပစ္စည်းတွေကိုပါ လုံခြုံစေချင်လို့ပဲ၊ နားလည်တယ်မို့လား?"
သုတေသနပညာရှင်အားလုံးက သဘောတူကြ၏။
"ပြီးတော့..... ခင်ဗျားတို့က မှော်လှေကို အဓိက ပြောင်းလဲတိုးတက်မှုဖြစ်အောင်လုပ်ပေးခဲ့တာကြောင့် ကျုပ်က ဥက္ကဌအနေနဲ့ တတိယအဆင့်ဆုချီးမြှင့်ပါမယ်။" ရှုယီက အပြုံးဖြင့်ထည့်ပေါင်းပြောသည်။
သုတေသနပညာရှင်များက အံ့ဩသွားပြီးနောက် အောင်ပွဲခံလာကြသည်။
နှစ်ကုန်တော့မည်ဖြစ်ရာ ၎င်းတို့သာ တတိယအဆင့်ဆုရပါက အတော်အဆင်ပြေပါ၏!
သုတေသနပညာရှင်များက လှေလေးကိုယူသွားသည်အား ကြည့်ရင်း မဟာမှော်ပညာရှင် ကမ်မီလာမှာ အနည်းငယ် ဆန္ဒမရှိသည့်နှယ် ခံစားလိုက်မိသော်လည်း ရှုယီက စတေးလ်မှာ နားဖို့လိုနေပြီဖြစ်ကြောင်း ရှင်းပြလာသဖြင့် လျှော့ပေးလိုက်သည်။
"ဟေး၊ ကောင်လေး၊ ဒီပစ္စည်းကို ထုတ်လုပ်လိုက်ရင် ငါ အရင်မောင်းချင်တယ်၊ နားလည်ရဲ့လား?" အပြန်လမ်း၌ မဟာမှော်ပညာရှင် ကမ်မီလာက ရှုယီကို တင်းမာဟန်ဖြင့် သတိပေးလေသည်။
ရှုယီက ရယ်ရမည်လား ငိုရမည်လား မသိတော့ဘဲ သဘောတူလိုက်ပါ၏။
အနှီမဟာမှော်ပညာရှင် ကမ်မီလာမှာ အမှန်ပင် ရှေးရိုးစွဲလှရာ အဘယ့်ကြောင့် ဤမှော်စက်အသစ်များကို စမ်းသပ်ဖို့ သွေးဆူနေရသနည်း?
ယခင်က စက်ဘီးဖြစ်စေ မှော်ကားဖြစ်စေ သူဟာ အင်မတန်စိတ်ဝင်စားပေသည်။
၎င်းမှော်လှေမှာ တိုးတက်နေသည့်အဆင့်၌ ရှိသဖြင့် သူဟာ တကယ်ကို ဤနေရာသို့ မောင်းရန် လုပ်အား လာပေးသည်။
"ဖြစ်နိုင်တာက သူ မှော်ကားမောင်းတာ မသင်နိုင်လို့ မှော်လှေရဲ့ အခြေအနေနဲ့ ပြောင်းပြန်လှန်ချင်တာများလား?" ရှုယီက စိတ်ထဲ ခန့်မှန်းမိသည်။
ထိုသို့စဉ်းစားရင်း ရှုယီမှာ အီဗီတာထုတ်လုပ်နေဆဲ မှော်လေသင်္ဘောကို စဉ်းစားမိ၏။
မှော်လေသင်္ဘောကို စမ်းသပ်ချိန်တွင် လေ၌ ပျံဝဲခြင်းဖြစ်သောကြောင့် အင်မတန် အန္တရာယ်များသည်။ ထိုအချိန်ကျလာလျှင် ပျံဝဲခြင်းမှော်ပညာကို ကျွမ်းကျင်သည့် မှော်ပညာရှင်က စမ်းသပ်ဖို့လို၏။
ကြည့်ရသည်မှာ မဟာမှော်ပညာရှင် ကမ်မီလာက အတော်ကောင်းသည့် ရွေးချယ်မှုပင်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၆၂။ စိတ်ကြိုက် အိမ်သုံးမှော်စက်များ
ကြယ်ကြွေအိမ်ရာသို့ ပြန်ရောက်ပြီးနောက် စတေးလ်က ဆန်းသစ်လ ဆပ်ကပ်အဖွဲ့ မိန်းကလေးများကို စီစဉ်ရန်သွားလိုက်သည်။ ရှုယီ ပြန်လာကြောင်း သတင်းရသည့်နောက် ဧည့်သည်များစွာ ရောက်လာ၏။
ပထမဦးဆုံးတစ်ယောက်မှာ ဥက္ကဌ ခရုစ်ပင်။
ရှုယီကို မြင်ချိန်၌ ဥက္ကဌရှုက ချက်ချင်းရယ်မောကာ ဆွဲဖက်လိုက်သည်။
သူ၏ မျက်နှာက ကျန်းမာရွှင်လန်းနေသည်ကိုမြင်သော် ရှုယီက အသာပြုံးကာ ပြောလိုက်၏၊ "ဥက္ကဌ ခရုစ်, ကြည့်ရတာ ခင်ဗျား ခံစားချက် ကောင်းနေပုံပဲ။ အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ ဒီနှစ် အမြတ်အစွန်းက မဆိုးလောက်ဘူးထင်တယ်နော်?"
"ဒီလိုပေါ့၊ ဒီလိုပေါ့။ ကောင်းပေမယ့်လည်း ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ယှဉ်ရင်တော့ အတော်လိုအပ်နေပါသေးတယ်။" ဥက္ကဌ ခရုစ်က နှိမ့်ချနေသော်လည်း မျက်နှာထက်ရှိ ဂုဏ်ယူဟန်ကို မဖုံးဖိထားနိုင်ပေ၊ "ကျုပ် တကယ်ပြောရရင် ကျုပ်တို့ လုပ်ငန်းစုအတွက် အမြတ်အစွန်းအများဆုံးရမယ့် စီမံကိန်းတွေအားလုံးကို ခင်ဗျားရဲ့ အကူအညီကြောင့်ပဲ လုပ်နိုင်ခဲ့တာပါ။ ဒီတော့ ဒီအမြတ်အစွန်းရဲ့ တစ်ပိုင်းလောက် ခင်ဗျားကို ပေးသင့်တယ်။"
"ကျုပ်က အကြံပေးရုံပါပဲ၊ တကယ်လည်း ဘာမှ မလုပ်ခဲ့ရပါဘူး။" ရှုယီက လက်ယမ်းသည်၊ "ပြောရရင်..... ခင်ဗျားရဲ့ အသစ်ဆောက်ထားတဲ့ ရပ်ကွက်တွေကိုရော ကောင်းကောင်း ရောင်းရရဲ့လား?"
"အင်း၊ လတစ်ဝက်အကြာတုန်းက အဆင့်မြင့်ရပ်ကွက်က လုံးဝရောင်းထွက်သွားတယ်။ နှစ်သစ်ကူးမှာ ဆက်ပြီးဆောက်ဖို့ စဉ်းစားထားလို့ ခင်ဗျားဆီကနေ အကြံတချို့ လာယူတာလေ။ ဘယ်လိုလဲ? ဥက္ကဌရှု၊ ခင်ဗျားဆီမှာ အကြံကောင်းလေး ဘာလေး ရှိလား?"
ရှုယီက ခေါင်းခါကာ၊ "ကျုပ် ခင်ဗျားကို အားလုံးပေးပြီးသားလေ။ ကျုပ်သာ တကယ်ပဲ အကြံတစ်ခုပေးရမယ်ဆိုရင်တော့ အိမ်တွေနဲ့ အိမ်သုံးမှော်စက်တွေကြားက ဆက်နွယ်မှုကို ခိုင်မာအောင်လုပ်ဖို့ပဲ၊ ဘာလို့လဲဆိုတော့ အိမ်သုံးမှော်စက်ဟာ အိမ်ထောင်စုတိုင်း လိုအပ်တဲ့အရာတွေမို့လို့လေ။ ဒီတော့ ခင်ဗျား ဒါကို စဉ်းစားဖို့လိုတယ်။"
"အတိအကျပဲ။" ဥက္ကဌ ခရုစ်က ခေါင်းငြိမ့်သည်၊ "ပြီးတော့လည်း ကျုပ် ဒါကိုပဲ စဉ်းစားမိတာမဟုတ်ဘူး၊ ခင်ဗျားနဲ့အတူ ပူးပေါင်းမှု နည်းလမ်းသစ်တစ်ခုကိုပါ ဆွေးနွေးချင်တယ်။"
"အိုး? နည်းလမ်းသစ်? ပြောပြပါဦး။"
"ကြည့်ပါဦး၊ အိမ်သစ်တစ်လုံးဝယ်ပြီးနောက်မှာ သူတို့အနေနဲ့ အိမ်သုံးမှော်စက်တစ်စုံစာ ဝယ်ဖို့လိုအပ်တယ်။ သူတို့က ဒီလိုလုပ်ရမယ်ဆိုတော့ ကျုပ်တို့အနေနဲ့ သူတို့ အိမ်ဝယ်ချိန်မှာ အိမ်သုံးမှော်စက်တစ်စုံစာပြင်ဖို့ ကူညီပေးရင်ရော?" ဥက္ကဌ ခရုစ်ကဆိုသည်။
"ခင်ဗျားပြောချင်တာက..... အိမ်နဲ့ ပရိဘောဂ အတူရောင်းဖို့လား?" ရှုယီက မျက်မှောင်ကုပ်ကာ၊ "ဒါက အဆင်မပြေလောက်ဘူး၊ ဘာလို့လဲဆိုတာတော့ အိမ်ဝယ်မယ့်လူတွေရဲ့ ရွေးချယ်မှု စွမ်းအားကို ဖယ်ရှားပြီး ဒီအိမ်တွေကို ဝယ်မယ့် လူအတော်များများရဲ့ ဆုံးဖြတ်ချက်ကို သက်ရောက်စေလိမ့်မယ်။"
"ဘာမှ စိတ်ပူဖို့မလိုပါဘူး။" ဥက္ကဌ ခရုစ်က ရယ်မောကာ၊ "အိမ်တွေအားလုံးကိုသာ Frestech အမှတ်တံဆိပ်တွေနဲ့ ဖြည့်ပေးထားရင် ဘယ်သူကမှ စိတ်ကွက်မယ်လို့ ကျုပ်မထင်ဘူး။ တခြားလုပ်ငန်းစုတွေရဲ့ အိမ်သုံးမှော်စက်တွေနဲ့စာရင် Frestech အမှတ်တံဆိပ်က အရည်အသွေးဖြစ်စေ လုပ်ဆောင်မှုဖြစ်စေပိုကောင်းတယ်လေ။ ပြီးတော့ Frestech အမှတ်တံဆိပ်ရှိတာက မျက်နှာပန်းလှသလို တခြားတံဆိပ်တွေထက် အများကြီးပိုကောင်းတာပေါ့။"
ရှုယီက ၎င်းအား အနည်းငယ်ရယ်ရွှင်ဖွယ်ကောင်းသလို ခံစားလိုက်ရသည်၊ "ဒီလိုပြောတာနဲ့တင် ကျုပ် အတော်ဝမ်းသာနေပြီဆိုပေမယ့်လည်း တခြားလူတွေကို လွှမ်းမိုးမယ်ဆိုတည်းက ကျုပ်တို့လုပ်ချင်သလိုလုပ်လို့မရဘူး။"
ဥက္ကဌ ခရုစ်က ပြင်ဆင်ထားပုံရကာ ယုံကြည်ချက်ရှိရှိပြောလာလေသည်၊ "ဒါဆို အိမ်တွေမှာ စိတ်ကြိုက်လုပ် Frestech တံဆိပ် အိမ်သုံးမှော်စက်တွေကိုထားရင်ရော?"
"စိတ်ကြိုက်လုပ်တာ?" ရှုယီက အသာမျက်မှောင်ကုပ်လိုက်သည်၊ "ပြောချင်တာက..... အိမ်တွေမှာ တွဲပေးဖို့ အိမ်သုံးမှော်စက်တွေကို စိတ်ကြိုက်လုပ်အနေနဲ့ ထုတ်လုပ်ခိုင်းမယ်ပေါ့?"
"ဥက္ကဌရှုက မြန်မြန်နားလည်တာပဲ။" ဥက္ကဌ ခရုစ်က ရှုယီကို လက်မထောင်ပြလိုက်သည်၊ "စဉ်းစားကြည့်လေ၊ သူတို့ကသာ အထူးဒီဇိုင်းဆွဲထားတဲ့ Frestech တံဆိပ်တွေဆိုရင် လူအတော်များများကို ဆွဲဆောင်မှာပဲ။ စိတ်ကြိုက် အိမ်သုံးမှော်စက်တွေက သူတို့ အိမ်ဒီဇိုင်းအတိုင်းလာမှာဆိုတော့ အတော်လည်း လှမှာပဲလေ။ အဲဒီ့အိမ်တွေက လူအတော်များများကို ဆွဲဆောင်နိုင်ပြီး ရောင်းရမယ်လို့ သေချာတယ်။"
ယုံကြည်ချက်အပြည့်နှင့် ဥက္ကဌ ခရုစ်အား ကြည့်ရင်း ရှုယီက ခေါင်းခါကာ၊ "ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး။"
ဥက္ကဌ ခရုစ်က ရေခဲရေတစ်ပုံးဖြင့် လောင်းချခံလိုက်ရသလို အံ့ဩသွားသည်။
"ဘာလို့လဲ? ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက အိမ်တွေပိုရောင်းရရုံတင်မကဘူး ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကလည်း အိမ်သုံးမှော်စက်တွေပိုရောင်းနိုင်မှာလေ။ စိတ်ကြိုက်ဆိုမှတော့ အိမ်သုံးမှော်စက်ဈေးနှုန်းကိုလည်း တိုးနိုင်တာကြောင့် ငွေအတော်ဝင်မှာပဲ။"
"ဘာလို့လဲဆိုတော့ ဒါက ကျုပ်တို့လုပ်ငန်းစုရဲ့ ဒီဇိုင်းရင်းမြစ်တွေကို ဖြုန်းတီးရာကျလို့ပဲ။" ရှုယီက ဆိုသည်၊ "အိမ်သုံးမှော်စက်တွေကို အလိုရှိသလို ပြောင်းလဲလို့မရဘူး။ နည်းနည်းလောက်ပြောင်းလဲလိုက်ရင်တောင် ဖွဲ့စည်းပုံရဲ့ ဂုဏ်သတ္တိတစ်ခုလုံးကို သက်ရောက်နိုင်တာကြောင့် နည်းနည်းလောက်ပြောင်းဖို့ကိုတောင် သုတေသနအတော်လုပ်ဖို့ လိုအပ်တယ်။ ဒါပေမယ့် ကျုပ်တို့ လုပ်ငန်းစုရဲ့ ဒီဇိုင်းနဲ့ သုတေသနဌာနမှာ ရင်းမြစ်အလုံအလောက်မရှိတာကြောင့် ဘယ်လိုများ စိတ်ကြိုက်ဒီဇိုင်းအိမ်သုံးမှော်စက်မျိုးကို ထုတ်လုပ်နိုင်မှာလဲ?"
ရှုယီက အခိုင်အမာပြောနေသည်ကိုမြင်သော် ဥက္ကဌ ခရုစ်က အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
"ဒါဆို မဖြစ်နိုင်ဘူးလား?"
"အနည်းဆုံးတော့ အခု မဖြစ်နိုင်ဘူး" ရှုယီက ခေါင်းခါပြီး ပြောလိုက်သည်။
ဥက္ကဌ ခရုစ်က သက်ပြင်းတစ်ချက်ချကာ ထိုကိစ္စအား ဆက်မပြောတော့ပေ။ သူက Frestech ကုန်သည်ကြီးများအသင်းအတွက် အရေးပါသည့်တခြားခေါင်းစဉ်တစ်မျိုးဖြစ်သော လမ်းခင်းခြင်းအကြောင်းကို ပြောင်းလိုက်၏။
"ဒီနှစ် စာရင်းတွေထွက်လာပြီ။ ဒီနှစ်ထဲ ကျုပ်တို့ လုပ်ငန်းစုက တိုင်းပြည်မှာ ဘိလပ်မြေလမ်း ရှစ်ထောင့်သုံးရာ ခုနစ်ဆယ့်ခြောက် ကီလိုမီတာကိုခင်းခဲ့ပြီး တိုင်းပြည်က မြို့အားလုံးနဲ့ ချိတ်ဆက်ခဲ့တယ်။"
ထိုသို့ပြောရင်း ဥက္ကဌ ခရုစ်က ယုံကြည်မှုရှိဟန် ထပ်ပေါ်လာသည်။
"ဒါပေါ့၊ ကျုပ်တို့တွေ ဘန်တာမြို့တစ်ခုတည်းနဲ့တင် တစ်ထောင်ကီလိုမီတာလမ်းကို ခင်းခဲ့ပြီး ရွာအားလုံးနဲ့ ချိတ်ဆက်ခဲ့တာ။ တိုင်းပြည်မှာရှိတဲ့ တခြားမြို့တွေအားလုံး ဘန်တာမြို့လိုဖြစ်လာချင်ရင် ကျုပ်တို့တွေ ကီလိုမီတာသောင်းချီလမ်းတွေခင်းရမှာပေါ့။"
"ဒီလို လမ်းကွန်ရက်ကို တည်ထောင်ဖို့ အချိန်နဲ့ ငွေ အတော်ကုန်မှာပဲ။" ရှုယီက အပြုံးဖြင့်ဆိုသည်၊ "ခင်ဗျားသာ တခြားမြို့တွေမှာ ဘန်တာမြို့လို ရွာအားလုံးနဲ့ ဆက်သွယ်တဲ့ လမ်းတွေရှိစေချင်ရင် တခြားမြို့တွေက အရင်ဆုံး ကျုပ်တို့ဘန်တာမြို့လို ချမ်းသာလာမှရမယ်။"
ဥက္ကဌ ခရုစ်၏ အမူအရာက ပြောင်းလဲသွားကာ၊ "ဟုတ်သားပဲ၊ မြို့တိုင်းရဲ့ ချိတ်ဆက်မှုအကြောင်းကို ပြောရရင် ကျုပ် ရုတ်တရတ် တစ်ခုကို သွားသတိရတယ်။ ခင်ဗျား ဆိုဝယ်လ်မြို့ဆီသွားတော့ ဘာဆာရူမြို့ကို ဖြတ်ခဲ့သေးလား? အဲဒါက လမ်းတစ်လမ်းတောင်မရှိတဲ့ မြို့ထဲက တစ်မြို့ပဲ။ အဲ့နေရာက တကယ်ပဲ အဲ့လောက် ချို့တဲ့နေတာလား?"
ရှုယီက ကူရာမဲ့စွာ လက်များဖြန့်လျက်၊ "အဲ့လောက် ချို့တဲ့တာပေါ့။ ပြောပြမယ်၊ ဘာဆာရူမြို့ မြို့စား ကောင့်ထ်လောင်ဂျ်လီနဲ့ သူ့မိသားစုက ကျုပ်တို့ ဘန်တာမြို့ရဲ့ ပုံမှန်မြို့သူမြို့သားတွေလောက်တောင် ကောင်းကောင်း မနေရဘူး။"
"အဲ့လောက်ကြီးတောင်?" ဥက္ကဌ ခရုစ်က ထိတ်လန့်သွားဟန်ပြသည်၊ "သူက အရှင်ကောင့်ထ်လေ! ဘယ်လိုလုပ် ကျုပ်တို့မြို့ရဲ့ ပုံမန်မြို့သူမြို့သားတွေထက်တောင် ဘဝဆိုးနေမှာလဲ?"
"ကျုပ် ဘာဆာရူမြို့ကနေ ဖြတ်သွားတော့ ကောင့်ထ်လောင်ဂျ်လီနဲ့အတူ နှစ်ရက်လောက်နေခဲ့တုန်းက မျက်မြင်တွေ့ခဲ့ရတာမို့ ဒါက အချက်ကျတယ်။"
ဥက္ကဌ ခရုစ်က ခေါင်းခါသည်၊ "သူက ခင်ဗျားရှေ့မှာမို့ ဟန်ဆောင်နေတာဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကောင့်ထ်တစ်ယောက်ရဲ့ မိသားစုက ဒီလို ဆင်းရဲမယ်လို့ ကျုပ်မယုံဘူး။"
"ဟန်ဆောင် မဆောင်က ကိစ္စမရှိပါဘူး၊ ဘာဆာရူမြို့ကတော့ တကယ်ကို ချို့တဲ့တယ်။ ကောင့်ထ်လောင်ဂျ်လီက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့သေးတော့ ကျုပ် မေးချင်တာက ခင်ဗျား ကျုပ်နဲ့အတူ သွားဖို့ စိတ်ဝင်စားလား? ကျုပ်သာ အဲ့မှာ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိရင် အနည်းဆုံး လမ်းတချို့ ခင်းမှာပါ။"
ဥက္ကဌ ခရုစ်မှာ အံ့ဩသွားသည်၊ "အဲ့လောက် ဆင်းရဲမှတော့ ရင်းနှီးမြှုပ်နှံဖို့ ဘာအကျိူးရမှာလဲ?"
"သူတို့က ဆင်းရဲရင်တောင် အဲ့မှာ ဘာတန်ဖိုးမှမရှိတာတော့မဟုတ်ဘူး။ အဲ့အစား အရမ်းအဖိုးတန်တဲ့ ရင်းမြစ်တမျိုးတွေ့ခဲ့တယ်။ ကျုပ်တို့သာ ကောင်းကောင်းအသုံးချနိုင်ရင် ပမာဏများများရဖို့ မခက်ဘူး။"
"တကယ်လား?" ဥက္ကဌ ခရုစ်၏ မျက်လုံးများ တောက်ပသွားသည်၊ "ဥက္ကဌရှုက သွားဖို့ ဆုံးဖြတ်လိုက်မှတော့ ကျုပ်က ခင်ဗျားနဲ့အတူ သေချာပေါက်သွားရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ခင်ဗျားနဲ့ အတူသွားရင် သေချာပေါက် ဆုံးရှုံးမှုမရှိဘူးဆိုတာကို ကျုပ်ယုံတယ်။"
ရှုယီက ရယ်ကာ၊ "ဒါဆို ခင်ဗျားရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ရမှာပေါ့။"
ဥက္ကဌ ခရုစ် ထွက်သွားသည်နှင့် ခမ်နက်ဒ်က ကြယ်ကြွေ အိမ်ရာထဲရောက်လာသည်။
ဥက္ကဌ ခရုစ်က မြင်းလှည်းဖြင့် ညအမှောင်ထဲ တိုးဝင်ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ခမ်နက်ဒ်က ရှုယီကို မေး၏၊ "ဥက္ကဌ ခရုစ်က စိတ်ကြိုက် အိမ်သုံးမှော်စက်တွေအကြောင်း ပြောသွားလောက်တယ်မဟုတ်လား?"
"ဘာလဲ? သူ မင်းကို ပြောခဲ့သေးတာလား?" ရှုယီက မေးသည်။
"အင်း၊ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ကျွန်တော့်ဆီ လာဆွေးနွေးတော့ သဘောတူလိုက်ပေမယ့် ဥက္ကဌ ပြန်လာပြီး ဆုံးဖြတ်တာကို စောင့်ရမယ်လို့ ပြောခဲ့တယ်။ ဥက္ကဌက သဘောမတူလိုက်ဘူးလား?"
"ဟင့်အင်း။" ရှုယီက ခေါင်းခါပြီးမေးသည်၊ "မင်းက ဘာလို့ သဘောတူတာလဲ?"
"ဒါက..... ကျွန်တော်တို့ အိမ်သုံးမှော်စက်တွေအတွက် တိုးတက်မှုနည်းလမ်းအသစ်ဖြစ်နိုင်ပြီး ရောင်းအားပိုတက်လာလောက်တာကြောင့် လက်ခံလိုက်တာပါ။ ဒါဆို ဥက္ကဌကရော ဘာလို့ သဘောမတူရတာလဲ?"
"မင်း အကြံက မမှားပေမယ့် ပြဿနာတစ်ခုကို လျစ်လျူရှုထားတာပဲ။ ငါတို့ လုပ်ငန်းစုရဲ့ အရေးကြီးဆုံးအရာက အိမ်သုံးမှော်စက်တွေရဲ့ ရောင်းအားကို မြှင့်တင်ဖို့မဟုတ်ဘဲ တစ်တိုင်းပြည်လုံးမှာ မှော်စက်တွေကို ရောင်းချပြီး နယ်မြေကြီးတစ်ခုလုံးကပါ မှော်စက်တွေရဲ့ တည်ရှိမှုကို လက်ခံနိုင်ဖို့ပဲ။" ရှုယီက ရပ်တန့်ကာမေးသည်၊ "ငါ အရင်က မင်းကို ပြောခဲ့တဲ့ အိပ်မက် မှတ်မိသေးလား?"
"အာကာသထဲပျံသန်းပြီး ကြယ်တွေနောက်လိုက်ဖို့?" ခမ်နက်ဒ်က ညအမှောင်ရှိ ကြယ်များစွာကို မော့ကြည့်ကာ မျက်လုံးများထဲ လွမ်းငွေ့များသန်းလာသည်၊ "ဥက္ကဌ၊ ကျွန်တော် ဥက္ကဌပြောချင်တာကို နားလည်ပါတယ်။ ဒီအိပ်မက်ရှေ့မှာ အိမ်သုံးမှော်စက် ရောင်းအားက တကယ်ပဲ အရေးမပါလှဘူး။"
ခဏအကြာ၌ ခမ်နက်ဒ်၏ အမူအရာက ပုံမှန်ပြန်ဖြစ်သွားသည်။
"ဒါပေမယ့် ဥက္ကဌ၊ ခင်ဗျားသာ ဥက္ကဌ ခရုစ်ရဲ့ အကြံကို လျစ်လျူရှုရင် သူက အိမ်သုံးမှော်စက်ထုတ်တဲ့ တခြားလုပ်ငန်းစုနဲ့ ပူးပေါင်းလောက်တယ်။ ဒီအခွင့်အရေးကို ကျွန်တော်တို့ ရှေ့လျှောက်ဆုံးရှုံးရလိမ့်မယ်။"
"ငါက အခွင့်ရေးလေး နည်းနည်းစွန့်လွှတ်လိုက်တာပဲမဟုတ်လား?" ရှုယီက အသာပြုံးသည်၊ "ငါ့ကြောင့်သာမဟုတ်ရင် အဲဒီ့လုပ်ငန်းစုတွေမှာ အခွင့်အရေးတောင် ရှိပါလိမ့်မလား?"
ခမ်နက်ဒ်က ရယ်သည်၊ "အမှန်ပါပဲ။ ဥက္ကဌ၊ ခင်ဗျားက ကျွန်တော်မြင်ဖူးသမျှထဲ အထူးဆန်းဆုံး ကုန်သည်ဆိုပေမယ့် ဒါကို အတော်သဘောကျမိတယ်။"
ရယ်မောပြီးနောက် ခမ်နက်ဒ်မျက်နှာက ငြိမ်ကျသွားကာ သက်ပြင်းချလျက်ဆိုသည်၊ "နှမျောစရာပဲ.... ဥက္ကဌ၊ ကျွန်တော် နှုတ်ဆက်ရတော့မယ်။"
***
မှော်စက်မှုအင်ပါယာ
Vol 3 အခန်း ၁၆၃။ ငနုံငအနှစ်ဦး
ခမ်နက်ဒ်၏ မှော်ကားက အန်ဗီမာမြို့တော်ကို ဦးတည်ကာ လမ်းပေါ်၌ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ရှုယီက ခပ်တိုးတိုးရယ်ကာ ခေါင်းခါလိုက်၏။
"ဒီ ခမ်နက်ဒ်ကတော့ နှစ်ကူးအတွက် အိမ်ပြန်ရုံတင်မဟုတ်ဘူးလား? ဘာလို့ အရမ်း အလေးအနက်ထားပြီး 'နှုတ်ဆက်ပါတယ်'လို့ ပြောသွားရတာလဲ။ ကျုပ်ကို သေအောင်လန့်သွားစေတာပဲ၊ သူ နုတ်ထွက်တော့မယ်ပါ ထင်လိုက်တာ။"
နံဘေးရှိ ဟိန့်ဇ်က မျက်မှောင်ကုပ်ကာ၊ "ဒါက မဖြစ်နိုင်တာတော့မဟုတ်ဘူး။ အမ်မာမိသားစုက မကြာသေးခင်ကပဲ မှော်စက်မှုနယ်ပယ်ထဲ ခြေချလာပြီလို့ကြားတယ်။ သူ့လို ဒီနေရာမှာ ၂နှစ်လောက် စီအီးအိုဖြစ်ခဲ့တဲ့လူကို ပြန်ခေါ်တာက ကျိုးကြောင်း အတော်ဆီလျော်ပါတယ်။”
"အမ်မာမိသားစုက မှော်စက်မှုနယ်ပယ်ထဲဝင်ချင်တာကြောင့် ဒီလိုမျိုးကို လုပ်မှာမဟုတ်ဘူး။ ခမ်နက်ဒ်သာ ကျုပ်တို့ လုပ်ငန်းစုရဲ့ စီအီးအိုဆက်ဖြစ်နေရင် သူတို့ကို မှော်စက်မှုနယ်ပယ်ထဲမှာ တိုးတက်အောင်ကူညီလိမ့်မယ်။"ရှုယီက အသာပြုံးလျက် ပြောလိုက်၏၊ "အဆုံးကျ မှော်စက်မှုနယ်ပယ်ထဲ ခြေလှမ်းချင်တဲ့ ဘယ်လုပ်ငန်းစုမဆို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ဆက်ဆံရေးတည်ဆောက်ရတာပဲ မဟုတ်လား?"
ဟိန့်ဇ်က ရယ်မောလေ၏၊ "ရှုယီ၊ မင်းက အဲဒီ့ အရေးကြီးပုဂ္ဂိုလ်တွေလို ဖြစ်လာတာကို ငါတွေ့နေရတယ်၊ မင်းက အမြဲ စကားပြောရင် ယုံကြည်ချက် ပြည့်နေတာပဲ။"
"အိုး?" ရှုယီက သူ့ကိုကြည့်ကာ အနည်းငယ်စဉ်းစားပြီးနောက် မေး၏၊ "ဘာရွန်ဟားနက်စ်လည်း ကျုပ်ကို ဒီလိုပြောခဲ့ပုံပဲ၊ ကျုပ်ရဲ့ စရိုက်များ ပြောင်းသွားတာလား?"
ဟိန့်ဇ်က ခေါင်းခါကာ၊ "မင်းရဲ့ စရိုက်ပြောင်းသွားတယ်လို့တော့ မထင်ပေမယ့်..... ဘယ်လိုပြောရမလဲ? ငါတို့လုပ်ငန်းစုက ပိုအားကောင်းလာတာကြောင့် မင်းက ဥက္ကဌအနေနဲ့ အရင်ကထက်စာရင် ပိုယုံကြည်ချက်ရှိလာတယ်၊ ဒီလိုနဲ့ပဲ ပိုပြီး ဖိနှိပ်ချင်လာတာပေါ့။"
"ဘာလို့ ဒါက ကျုပ်ကို ဗီလိန်ဇာတ်သွင်းသလို ခံစားနေရပါလိမ့်မယ်...." ရှုယီက သူ့ကိုယ်သူရယ်ကာ၊ "အဲ့ကောင်လေး အဲလက်စ်က ခင်ဗျားကို ဒီလိုပြောလို့လား?"
'အဲလက်စ်'ဟူသည့် နာမည်ကိုကြားသော် ဟိန့်ဇ်၏မျက်နှာ မှောင်မိုက်သွားကာ နှာမှုတ်၏။
"အဲ့ကောင်လေးအကြောင်း လာမပြောနဲ့၊ သူ့ကိုတစ်ခါလောက်ထည့်ပြောရင်တောင် ဒေါသဖြစ်တယ်!"
ရှုယီက အသာပြုံး၏။ ဟိန့်ဇ်မှာ ယနေ့တွင် ခမ်နက်ဒ်အား သူနှင့် အတူလိုက်ပို့ရန် ရောက်လာခြင်းဖြစ်ပြီး အဲလက်စ်ကြောင့်သာမဟုတ်လျှင် ၎င်းကို ယုံကြည်မည်မဟုတ်ပေ။
အန်ဗီမာမြို့တော်မှ သူနှင့် အတူ အဲလက်စ်ပြန်လာသည့်နောက် အိမ်၌ အတန်ကြာ နေခိုင်းခဲ့သည်။ ရှုယီမှာ သူနှင့် ဟိန့်ဇ်တို့ ဆွေးနွေးထားသည်များကို အဲလက်စ်အား စိတ်ပြင်ဆင်ထားရန် ပြောပြပြီးသားဖြစ်၏။
ရှုယီမှာ ဟိန့်ဇ်က စိတ်မထိန်းနိုင်ဖြစ်မည်ဟု မထင်ခဲ့ရုံသာ။ ဆိုဝယ်လ်မြို့မှ ပြန်လာပြီး ဒုတိယမြောက်နေ့တွင် သူ့ကို လာရှာတော့သည်။
အဲလက်စ် အိမ်၌ နေခြင်းက ဟိန့်ဇ်အား ဖိအား အတော်ပေးသည်ဟု စိတ်ကူးကြည့်နိုင်၏။
သို့သော် သူဟာ ၎င်းကိုမပြောဘဲ ကိစ္စမရှိသလို ပြုမှုနေခဲ့သည်။ သူက ဆက်မေးလာ၏၊ "ဟုတ်သားပဲ၊ အဲလက်စ်အကြောင်းပြောရရင် သူ အန်ဗီမာမြို့တော်ကို ပြန်ရောက်လာကတည်းက ခင်ဗျား သူနဲ့ ဘာလုပ်ဖို့ စီစဉ်ထားတာလဲ? သူက ငယ်သေးတယ် အိမ်မှာပဲ ဆက်တိုက်နေလို့မရဘူးလေ။"
“အင်း ငါလည်း ဒီလိုပဲ ထင်ပါတယ်။ ဒါက......" ဟိန့်ဇ်က နေရခက်စွာပြုံးပြီး ရှုယီကို အနည်းငယ် မျက်နှာချိုသွေးလာသည်၊ "ရှုယီ၊ ငါ ဒီကောင်လေးကို ရက်အတော်ကြာ ဆူပြီးပြီဆိုတော့ သူလည်း အတော်နောင်တရနေပါပြီ၊ သူ ဒီတလော စိတ်ရှုပ်နေလို့ပါ။ ဒီတော့..... သူ့ကို အခွင့်အရေးထပ်ပေးဖို့ မျှော်လင့်ပါတယ်။ ကြည့်ပါဦး...."
"ဒါကို စိတ်ရှုပ်သွားတာလို့ ရှင်းပြလို့မရဘူးလေ။" ရှုယီက လေးနက်ဟန်ဖြင့် ခေါင်းခါသည်၊ "ဟိန့်ဇ်၊ ကျုပ်သာ ဒီကိစ္စကို စောစောရှာမတွေ့ခဲ့ဘဲ လုပ်ငန်းစုရဲ့ လျှို့ဝှက်ချက်တွေကို သူ ဆက်တိုက် ထုတ်ပြနေမယ်ဆိုရင် သူတောင် မခံနိုင်လောက်တဲ့ အကျိုးဆက်တွေကို ဖန်တီးမိလိမ့်မယ်။ ပြီးတော့ ရိုးရိုးသားသားပြောရရင် သူက စခ်တိုင်းပြည်သားတွေနဲ့ ဆက်သွယ်ခဲ့ပြီး ကျုပ်တို့ လုပ်ငန်းစုရဲ့ လျို့ဝှက်ချက်တွေကို သစ္စာဖောက်ခဲ့တာလေ။ ဒါကို တိုင်းပြည်တော်သစ္စာဖောက်မှုလို့ သတ်မှတ်လို့ရတာ ခင်ဗျားသိလား?"
"အဲ့လောက် မဆိုးပါဘူး...." ဟိန့်ဇ်၏ အမူအရာက အတန်ငယ် အရုပ်ဆိုးလာသည်၊ "သူက တကယ်ကို စိတ်ရှုပ်သွားရုံပါ၊ ဘာအတွေးမှ မရှိပါဘူး။ သူ အခု နောင်တရနေပါပြီ၊ သူ့အနေနဲ့ ငွေလေးနည်းနည်းအတွက်ကြောင့် လုပ်ငန်းစုရဲ့ လျှို့ဝှက်ချက်တွေကို မရောင်းသင့်ဘူးတဲ့။ ရှုယီ.....မင်း..... သူ့ကို ခွင့်လွှတ်ပြီး အခွင့်အရေးထပ်ပေးလိုက်ပါကွာ၊ ဟုတ်ပြီလား? ဒီနှစ်တွေအတွင်း ငါမင်းဆီက ဘာကိုမှ မတောင်းဆိုခဲ့ဘူး၊ ဒီတစ်ခေါက်တော့ မင်းဆီက တောင်းဆိုတာလို့ သတ်မှတ်လိုက်ပါ ဟုတ်ပြီလား?"
ဟိန့်ဇ်၏ တောင်းပန်ဟန်ကိုမြင်သော် ရှုယီက သက်မချကာ ဟိန့်ဇ်၏ ပခုံးကို ပုတ်ပေးလေ၏၊ "သူက ခင်ဗျားရဲ့ တူလေးပဲ၊ ခင်ဗျားက သူ့အတွက် အကောင်းဆုံးလုပ်ပေးနေတာပါ။ ဒီကောင်လေး အရွယ်ရောက်လာပြီး ခင်ဗျားဆီက အကူအညီတောင်းရင် သူ့ကို ကူဖို့ ခင်ဗျားရဲ့ အသားကိုပါ လှီးပေးမှာလား?"
ဟိန့်ဇ်က ခါးသက်စွာရယ်သည်၊ "တခြားနည်းလမ်းမရှိဘူးလေ၊ သူက ငါ့ရဲ့ တစ်ဦးတည်းသော တူလေးပဲ။ ငါ့ အစ်ကိုကြီးနဲ့ သူ့ဇနီးတို့ လွန်ခဲ့တဲ့ဆယ်နှစ် အရှုပ်အထွေးတွေထဲမှာ ဆုံးသွားခဲ့ပြီး သူ့အသက်လေး ဆယ်နှစ်မပြည့်ခင်မှာတင် ငါ့ကို ယုံကြည်ထားခဲ့ကြတာ။ ငါ့မှာ သူ့ကို စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။"
"သူ့ကို စောင့်ရှောက်တာက သူ့ကို အလိုလိုက်တာနဲ့ မတူဘူးလေ။" ရှုယီက ခေါင်းခါသည်။ သူက ဟိန့်ဇ်ကို နောက်တစ်ခါ ကြည့်ကာ သက်ပြင်းချ၏၊ "ကောင်းပြီလေ၊ ဒါက ကျုပ်တို့ လုပ်ငန်းစုရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်နေပေမယ့်လည်း ခင်ဗျားက ဒီလိုပြောလာမှတော့ နောက်ထပ်အခွင့်အရေးပေးရမှာပေါ့။ လုပ်ငန်းစုက မကြာခင်မှာ ပို့ဆောင်ရေးအဖွဲ့ကို ဖွဲ့စည်းမှာဆိုတော့ သူ့ကို ယာဉ်မောင်းစာမေးပွဲဖြေခိုင်းပြီး ယာဉ်မောင်းအဖြစ် အဖွဲ့ထဲ ဝင်ခိုင်းလို့ရတယ်။ သူ သည်းခံဖို့ ဆန္ဒရှိနေသရွေ့ သူ့အတွက် ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဒါမှမဟုတ် ပို့ဆောင်ရေးဌာနရဲ့ မန်နေဂျာဖြစ်ဖို့ဆိုတာကလည်း မဖြစ်နိုင်တာတော့မဟုတ်ဘူး။ သူ့အနေနဲ့ ဒီအခွင့်အရေးကို အသုံးချပြီး အကောင်းဆုံးလုပ်ဖို့ မျှော်လင့်တယ်။"
ရှုယီက နောက်ဆုံး သဘောတူလိုက်သည်ကိုမြင်သော် ဟိန့်ဇ်၏ မျက်လုံးများ တောက်ပလာကာ ပျော်ရွှင်မှုဖြင့် ပြည့်သွားသည်။ သူက ရှုယီ လက်ကို ဆွဲခါလျက်၊ "ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ကျေးဇူးတင်ပါတယ် ဥက္ကဌ၊ သူ့ကို ဒီအခွင့်အရေးပေးလို့ ကျေးဇူးပါ။ ကျုပ် အခုသူ့ကို ပြောပြီး ကောင်းကောင်း အလုပ် လုပ်ခိုင်းလိုက်ပါ့မယ်!"
ဟိန့်ဇ် လှည့်ထွက်သွားသည်ကိုမြင်သော် ရှုယီက အသာမျက်မှောင်ကုပ်သည်။
တကယ်တမ်းတွင် သူဟာ အဲလက်စ်ကြောင့် ခံစားချက်မကောင်းပေ။ အန်ဗီမာမြို့တော်၌ ငွေအတွက် လုပ်ငန်းစု၏ လျှို့ဝှက်ချက်များကို ရောင်းချသော အဲလက်စ်၏ကိစ္စမှာ သူ့အား အန်ဗီမာမြို့တော်က အကျင့်ပျက်ပြားသွားစေခြင်းပင်။
သူဟာ ဇိမ်ခံဘဝကို အသားကျနေပြီဖြစ်ရာ ယာဉ်မောင်းတစ်ဦးအဖြစ် အလုပ်ကြိုးစားနိုင်မည်လား?
ရှုယီ သံသယဖြစ်မိပါ၏။
လုပ်ငန်းစု၌ အဲလက်စ်အတွက် အခြားအလုပ်များစွာရှိသော်လည်း ရှုယီက သူ့အား ယုံကြည်မှုပျက်သွားပြီဖြစ်ရာ သဘာဝကျကျပင် လုပ်ငန်းစု၏ လျှို့ဝှက်ချက်များကို ထိခွင့်ပေးမည်မဟုတ်ပေ။
ထိုသည်မှာ အစောတုန်းက ဟိန့်ဇ်အား ပြောခဲ့သလိုပင်၊ အဲလက်စ်လုပ်ခဲ့သည်များကို တိုင်းပြည်တော်သစ္စာဖောက်မှုဟု သတ်မှတ်နိုင်၏။ ရှုယီက သူ့အား အန်ဗီမာမြို့တော်မှ တွန်းအားပေးခေါ်လာသည်မှာ ဟိန့်ဇ်ကြောင့်ဖြစ်သည်။
သူသာ အလုပ်ကောင်းကောင်း ပြန်လုပ်လိုပါက လုပ်ငန်းစုတွင် အခြားလူများအတွက် မမျှတသလို တာဝန်မကျေရာကျသည်။
ဟိန့်ဇ်က အဲလက်စ်အတွက် မည်သို့ တောင်းပန်ခဲ့သည်ကို စဉ်းစားခဲ့သော် ရှုယီက မနေနိုင်ဘဲ တစ်ချက် သက်ပြင်းချသည်။
"တခြားလူတွေက လောကရဲ့ မိဘတွေကို စာနာပေမယ့် ဟိန့်ဇ်ကျတော့ရော? လောကရဲ့ ဦးလေးတွေကို စာနာရမှာလား?"
ရှုယီက ခါးသက်သက်ပြုံးလျက် ခေါင်းခါသည်။ သူက မြင်းလှည်းကို လှည့်၍ မြို့စားအိမ်တော်ဘက် ဦးတည်လိုက်သည်။
ရှုယီကို မြင်ချိန်တွင် ဆယ်ဗီနီမှာ ရှားရှားပါးပါး အနားယူချိန်ရထားခြင်းပင်။
ရှုယီကိုမြင်သော် ဆယ်ဗီနီက ပါးစပ်အနားမှ သောက်စရာကို ချကာ ဝမ်းမြောက်စွာပြုံးလေ၏။
"ရှုယီ၊ နောက်ဆုံးတော့ ပြန်လာပြီပေါ့။"
ရှုယီက သူမကို ပုံမှန်အတိုင်း လက်ပြနှုတ်ဆက်လာသည်။
"ဘုရင်မ၊ ကျုပ် ပြန်လာပါပြီ။ ဒီအတောအတွင်း နေလို့ကောင်းရဲ့လား?"
ဆယ်ဗီနီက စားပွဲထက်ရှိ စာရွက်အပုံအထပ်လိုက်ကြီးကို ညွှန်ပြကာ၊ "ဘယ်လိုထင်လို့လဲ?"
ရှုယီက ရယ်သည်၊ "ဒါက မြို့စားတစ်ယောက်ရဲ့ အလုပ်ပဲလေ။ အုပ်ချုပ်သူဘုရင်မသာ ဖြစ်လာရင် ပိုများတဲ့ စာရွက်စာတမ်းတွေ အဆပေါင်းမနည်းဖြစ်လာမယ်လို့ အာမခံတယ်။"
ဆယ်ဗီနီက သက်ပြင်းချကာ ဆို၏၊ "ဟုတ်သားပဲ၊ ကျွန်မ မတိုင်ခင်က ခမည်းတော် အလုပ်လုပ်နေတာမြင်ပြီး သူရင်ဆိုင်နေတဲ့ စာတမ်းတွေအပုံလိုက်ကို ကြောက်နေခဲ့တာကြောင့် အခု တုံ့ဆိုင်းနေမိပြီ။ ကျွန်မသာ ထီးနန်းကိုဆက်ခံချင်ရင် ဒီလိုခက်ခဲတာကို ရင်ဆိုင်ရမှာဆိုတော့ မကိုင်တွယ်နိုင်မှာ စိုးရိမ်မိသား။"
ဆယ်ဗီနီ၏ စကားလုံးများထဲရှိ ဖုံးကွယ်ထားသည့် အဓိပ္ပာယ်ကိုကြားသော် ရှုယီက မျက်မှောင်ကုပ်ကာ အလေးအနက်ဆိုလေသည်၊ "ဘုရင်မ၊ ခင်ဗျား လက်လျှော့ချင်တာနဲ့ လျှော့လိုက်လို့မရဘူးလေ။ ဒါက ခင်ဗျားကို ထောက်ပံ့နေသူတွေကို လက်လျှော့တဲ့ အဓိပ္ပာယ်ပဲ။" ခဏရပ်တန့်ပြီးနောက် ရှုယီက သူ့ကိုယ်သူ ညွှန်ပြကာ၊ "မဟုတ်လို့ တိုက်ရိုက်ပြောရရင် ကျုပ်လိုလူတွေက ခင်ဗျားကြောင့် ရောင်းထွက်သွားလိမ့်မယ်။"
ဆယ်ဗီနီက ရှုယီကိုကြည့်ကာ အသာပြုံး၍ ဆိုသည်၊ "ဥက္ကဌရှု၊ ကျွန်မ ရှင့်ကို ရောင်းချင်ရင်တောင် ရှင့်ကို ဝယ်ဖို့ လူလိုတယ်မဟုတ်လား? မမေ့နဲ့ဦး၊ ရှင့်ရဲ့ လက်ရှိ တန်ဖိုးက တခြားလူတွေ စခ်တိုင်းပြည်နဲ့ ပူးပေါင်းပြီး ဖယ်ရှားချင်နေတဲ့ အဆင့်ထိတောင်ရောက်နေပြီ။"
ဆယ်ဗီနီက ၎င်းကို ထုတ်ပြောလာသည်အား ကြားသဖြင့် ရှုယီက မျက်မှောင်ကုပ်ကာ၊ "ကျုပ်ပြန်ပို့လိုက်တဲ့ အကျဉ်းသားတွေရော? ဒီတစ်ခေါက် ကျုပ်သာ မပြင်ဆင်ခဲ့ရင် ပြန်တောင် လာနိုင်မှာမဟုတ်ဘူး။"
"သူတို့ကို ခမည်းတော်ဆီလွှဲပေးလိုက်တော့ အခု သူတို့အကြောင်းမသိဘူး။" ဆယ်ဗီနီက ဖြေသည်။
"အရှင်မင်းကြီး?"
ရှုယီလည်း စဉ်းစားလိုက်သည်။ ဘုရင်ကြီးက ဤတစ်ခေါက် တော်ဝင်လွှတ်တော်နှင့် ရင်ဆိုင်ရန် ရှေ့ကြိုလှမ်းသည့်နည်းလမ်းကို သုံးခဲ့သည်က သူ့ကိုထောက်ခံကြောင်းပြနေ၏။ ၎င်းတို့အား ရည်ရွယ်ချက်ဆိုးဖြင့် ဟန့်တားခြင်းအပြင် မျိုးရိုးမြင့်များအား သတိပေးခြင်းလည်းဖြစ်သည်။
ထိုသို့စဉ်းစားရင်း ရှုယီက ထိုကိစ္စ ဆွေးနွေးခြင်းကို ရပ်တန့်လိုက်သည်။
ယခုတွင် ကိစ္စအား အရှင်မင်းကြီးထံ လွှဲပေးလိုက်ပြီးဖြစ်ရာ သူ ဝင်စွက်ဖက်ရန် မလိုတော့ချေ။
သို့သော် လုပ်ရမည့်ကိစ္စများစွာရှိသေး၏။ ထို့ကြောင့် ရှုယီမှာ ထိုအကြောင်း စဉ်းစားပြီးနောက် ရှုယီက ဆယ်ဗီနီထံ တခြား အရေးကြီးကိစ္စကို ပြောလိုက်သည်။
"မျိုးရိုးမြင့် ကိုယ်ပိုင်စစ်တပ်တွေ?" ဆယ်ဗီနီက မျက်မှောင်ကုပ်၍ ရှုယီကို အထူးတဆန်းကြည့်လာသည်၊ "ဘာလို့ ဒါကို စဉ်းစားနေတာလဲ! မျိုးရိုးမြင့်ကိုယ်ပိုင်စစ်လက်နက်ရှိတာက တိုင်းပြည်ကို မတည်ငြိမ်စေနိုင်ဘူး ထင်လို့ ရှင်ဆန့်ကျင်တာ မဟုတ်ဘူးလား?"
"ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပါ၊ ဘုရင်မလည်း နားလည်မှာပါ။"
ဆယ်ဗီနီက သက်မချကာ၊ "ကျွန်မရှင့်အတွေးကို နားလည်ပေမယ့် ရှင့်အတွေးတွေတောင် ပြောင်းသွားတော့ ဒီလောက,က တကယ်ကို စိတ်ပျက်စရာလို့ ခံစားမိလို့ပါ။"
ရှုယီက ခါးသက်စွာပြုံးကာ ပခုံးတွန့်သည်၊ "ဘုရင်မ၊ ကျုပ်တို့က ကလေးတွေ မဟုတ်တော့တာကြောင့် ဒါကို အနှေးနဲ့ အမြန်စဉ်းစားရမှာပဲလေ။ တစ်ဖက်က ဒီလိုနေ့ မြန်မြန်ရောက်လာအောင် အလောတကြီး တွန်းအားပေးလာမယ်လို့ ကျုပ်လည်း မစဉ်းစားမိခဲ့ဘူး။ ကျုပ်ထင်တာတော့ ခင်ဗျားသာ ကျုပ်တို့ ယာဉ်တန်း တိုက်ခိုက်ခံရတဲ့ နေရာမှာရှိနေခဲ့ရင် ကျုပ်ရဲ့ အလျင်လိုတဲ့ ခံစားချက်ကို နားလည်လောက်မယ်။"
ဆယ်ဗီနီက ခေါင်းခါသည်၊ "ဟင့်အင်း ကျွန်မ အဲ့မှာမရှိခဲ့ရင်တောင် ရှင့်ရဲ့ အတွေးနဲ့ ဒါကို ထောက်ခံနေတာကို နားလည်ပါတယ်။ ဒါပေမယ့်.... ရှုယီ၊ ကျွန်မက အမြဲတမ်း ရှင့်ရဲ့ ကြီးမားတဲ့စံပြပုံကြောင့် စိတ်လှုပ်ရှားတာကိုသိလား? ဒီတော့ ရှင်ဒါကို ရှင်းရှင်းလင်းလင်းပြုမူဖို့ မျှော်လင့်ပေမယ့် အခု ကြည့်ရတာ ရှင်က ဒီကံတရားကို မရှောင်နိုင်ပုံပဲ။ တကယ်တမ်း.... ကျွန်မ အရမ်းစိတ်ပျက်မိပေမယ့် ရှင့်ကို စိတ်ပျက်တာတော့မဟုတ်ဘူးလေ။"
"ခင်ဗျားမှာ ရှိတဲ့အတွေးတွေက ကျုပ်ကို စံထားလွန်းမိသွားတာလား ဒါမှမဟုတ် တခြားလူတွေက နုံအတယ်လို့ ပြောတာကြောင့်လား?" ရှုယီက အပြုံးဖြင့်ဆိုသည်၊ "ဆယ်ဗီနီ, ဖြစ်နိုင်တာက ကျုပ်တို့ တစ်ယောက်နဲ့ တစ်ယောက် ဆွဲဆောင်မိပြီး အတူလျှောက်လှမ်းခဲ့တာကြောင့်များလားပဲ?"
ထိုသို့ပြောချိန်တွင် ရှုယီက ချက်ချင်း သတိထားမိသွားသည်။ ဤစကားလုံးများက အင်မတန် လွန်ကြူးနေ၏။
သို့သော် ပြန်ပြောင်းပြောရန် နောက်ကျသွားပြီဖြစ်သဖြင့် ချောင်းတစ်ချက်ဟန့်ကာ ခေါင်းလှည့်လိုက်သည်။ သူက ချက်ချင်း ခေါင်းစဉ်ကို ပြောင်း၏၊ "ဒါက.... ဘုရင်မ၊ ခင်ဗျားအနေနဲ့ မျိုးရိုးမြင့်တွေရနိုင်တဲ့ ကိုယ်ပိုင်စစ်တပ်က ဘယ်လောက်ကြီးမားတဲ့ အကြောင်းမပြောရသေးဘူး။"
ဆယ်ဗီနီ၏ မျက်နှာက အနည်းငယ် နီမြန်းနေသော်လည်း ရှုယီကိုကြည့်၍ ပြုံးကာ ပြောလာသည်၊ "သီအိုရီအရ၊ အကန့်သတ်မရှိဘူး။"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၆၄။ ယာဉ်ကြပ်ခြင်း
မြို့စားအိမ်တော်မှ ထွက်လာချိန်တွင် မွန်းတည့်ချိန်ရောက်နေပြီဖြစ်၏။
ရှုယီက ကောင်းကင်ကိုကြည့်ကာ ပြန်လာစဉ်ကတည်းက စတေးလ်နှင့်အတူ နေ့လည်စာစားရန် ကြယ်ကြွေအိမ်ရာသို့ ပြန်ရမည်ဟု တွေးလိုက်သည်။ မည်သူထံမှ လည်ပတ်ရန် အချိန်မရှိကတည်းက မြင်းလှည်းထဲဝင်ကာသာ ကြယ်ကြွေအိမ်ရာဆီ ဦးတည်လိုက်တော့သည်။
လမ်းပေါ်သို့ မြင်းလှည်းဖြင့် အသော့နှင်လိုက်ရင်း ရှုယီမှာ ဘုရင်မ ဆယ်ဗီနီ ယခုနကမှ ပေးထားသည့် အဖြေကို စဉ်းစားမိသွားသည်။
သီအိုရီအရ လွှတ်တော်နှင့် တော်ဝင်လွှတ်တော်တို့က မကန့်သတ်ထားသဖြင့် မျိုးရိုးမြင့်တစ်ဦး၏ ကိုယ်ပိုင်စစ်၌ ကန့်သတ်ချက်မရှိချေ။
အကြောင်းမှာ လမ်ပူရီတိုင်းပြည်၏ ဖွဲ့စည်းပုံကို သေချာသုံးသပ်ကြည့်ပါလျှင် လမ်ပူရီတိုင်းပြည်တစ်ခုလုံး၌ မျိုးရိုးမြင့်အုပ်စုကြီးတစ်စုသာရှိခြင်းကြောင့်ပင်။
တော်ဝင်မိသားစုမှာမူ အသန်မာဆုံးမျိုးရိုးမြင့်မိသားစုဖြစ်၏။
တော်ဝင်မိသားစုထံရှိ စစ်တပ်မှာ တိုင်းပြည်၌ အသန်မာဆုံးဖြစ်လေရာ တော်ဝင်မိသားစုက တိုင်းပြည်တွင် အကြီးမားဆုံး လွှမ်းမိုးကာ တော်ဝင်မိသားစု ခေါင်းဆောင်က ဘုရင်ကြီးဖြစ်၏။
တစ်နေ့ တော်ဝင်မိသားစုကသာ ၎င်းသာလွန်မှုကို ဆက်မထိန်းနိုင်တော့လျှင် အခြားမျိုးရိုးမြင့်မိသားစုကြီးကိုအစားထိုးကာ အုပ်ချုပ်သူပါပြောင်းမည်ဖြစ်၏။
ဤသည်က ကမ္ဘာမြေကြီး၏ သမိုင်းများထံကနှင့် မခြားနားသော်လည်း လမ်ပူရီတိုင်းပြည်မှာတော့ ပိုမိုပွင့်လင်းသည်။
စိုင်စ်နယ်မြေကြီး၌ နယ်မြေလေးများနှင့် တိုင်းပြည်လေးများအပြင် ကန်ဒရာနှင့် မားလိုအင်ပါယာတို့ အပါအဝင် အခြားတိုင်းပြည်အားလုံးထံ၌ တူညီသည့်စနစ်ရှိ၏။ ထို့ကြောင့် ရှုယီဟ ပြဿနာက ဆယ်ဗီနီအတွက် ပြဿနာဖြစ်ပုံမပေါ်ချေ။
မှန်ပါ၏၊ ၎င်းက သီအိုရီအရသာဖြစ်သည်။
ပထမဦးစွာ အရေးကြီးဆုံး ပြဿနာမှာ ကုန်ကျစရိတ်ပင်။
စစ်တပ်တစ်တပ်တည်ထောင်ရန်က လူများကို အတူခေါ်ယူကာ ကိုယ်ပိုင်စစ်တပ်တစ်ခု တည်ထောင်ခြင်းခဲ့သို့ မရိုးရှင်းလှ။
ဤစစ်တပ်မှာ မည်သည့် အင်အားမှမရှိသည့် သောင်းပြောင်းထွေလာ အဖွဲ့သာ ဖြစ်လိမ့်မည်။
အင်အားလိုချင်ပါက အရည်အချင်းတချို့ရှိသည့် စစ်သားများ လိုအပ်၏။
လမ်ပူရီတိုင်းပြည်၌ လူဦးရေမထူထပ်သလို လူနေမှုအဆင့်အတန်းကလည်း အကောင်းချည်းပဲမဖြစ်ခဲ့လေရာ စစ်သားဖြစ်ရန် ကိုယ်ကာယအားဖြင့် မလုံလောက်သူများစွာရှိပြီး တိုင်းပြည်စစ်တပ် အရည်အသွေးကို လျော့ပါးစေသည်။ အသန်မာဆုံး မြောက်ဘက်စစ်တပ်၌ပင် လူသုံးထောင်ထက်မပိုပေ။
ဒုတိယအနေနှင့် ရိက္ခာအလုံအလောက်ရှိရမည်ဖြစ်၏။
စစ်သားတစ်ဦးထံ၌ ၎င်းတို့၏ ကိုယ်ပိုင်အရည်အချင်းအတွက် တိုက်ပွဲအင်အားမြှင့်တင်ဖို့ရန် လက်နက်ကိရိယာလည်း လိုအပ်သည်။
စစ်သားတစ်ဦးထံ၌ အမြဲလိုလိုရှိနေစေရန် အာမခံဖို့ရာ သက်ဆိုင်ရာ ရိက္ခာများပေးဖို့လိုပြီး အနည်းဆုံး ဝမ်းစာဖြည့်ခိုင်းရမည်သာ။
၎င်းထံ၌ ရင်းနှီးမြှုပ်နှံမှုက သံသယပင်မလိုဘဲ အင်မတန် ကြောက်မက်ဖွယ်ရာပင်။
လမ်ပူရီတိုင်းပြည်၏ တော်ဝင်စစ်တပ်ထံ၌ လူငါးထောင်အောက်ရှိသော်လည်း နှစ်စဉ် စစ်ဘက်အသုံးစရိတ်အတွက် ရွှေဒင်္ဂါးသုံးသိန်းကျော်အသုံးပြုနေသည်။
ဤရင်းနှီးမြှုပ်နှံမှုအင်မတန် နည်းပါးသည်ဟု ယူဆနိုင်သည်။
စခ်တိုင်းပြည်နှင့် မယှဉ်နိုင်ရုံမက ဒရိက်ခ်နယ်မြေလို တိုင်းပြည်လေးများထက်ပင် ဆိုးသေးသည်။
ယခင်က လမ်ပူရီတိုင်းပြည်မှာ ချို့တဲ့ခဲ့သဖြင့် အခြားနည်းလမ်းမရှိခဲ့ချေ။
ထို့ကြောင့် အကန့်သတ်မဲ့ စစ်တပ်ကို ရရှိရန် အကန့်သတ်မဲ့ ရံပုံငွေရှိရန် လိုသည့် အဓိပ္ပာယ်ပင်။
၎င်းက မဖြစ်နိုင်ချေ။၊ ထို့ကြောင့် တော်ဝင်မိသားစုနောက် ဒုတိယလိုက်သည့် စတက်ဂျ်မိသားစုအတွက် ကိုယ်ပိုင်စစ်တပ်အဖြစ် လူသုံးထောင်သာရှိသည်။
မှန်ပါ၏၊ စတက်ဂျ်မိသားစုထံရှိ စစ်တပ်အရေအတွက်မှာ အဖြေအတိအကျတော့ မရှိပေ။
သို့သော် ရဲရဲတင်းတင်း တွက်ချက်မှုများအရ အများဆုံး လူငါးထောင်ရှိလောက်၏။
စတက်ဂျ်မိသားစုမှာ ရင်းနှီးမြှုပ်နှံလိုလျှင်တောင် တော်ဝင်မိသားစုထံမှ ဖိနှိပ်ထားသည့် ကုန်ကျစရိတ်များအပြင် အခြားအရေးကြီး မေးခွန်းလည်း ရှိသေးသည်။
လမ်ပူရီတိုင်းပြည်၏ တိုင်းပြည်ရေးစနစ်မှာ အသန်မာဆုံးမိသားစုက တော်ဝင်မိသားစုဟု သတ်မှတ်ထားသဖြင့် တော်ဝင်မိသားစုက အခြားမျိုးရိုးမြင့်များ၏ ကိုယ်ပိုင်စစ်တပ်များကို တင်းတင်းကြပ်ကြပ်ကန့်သတ်ထားသည်။
စိုင်စ်နယ်မြေကြီး၏ မျိုးရိုးမြင့်များ သာမန်ပြည်သူများအကြားရှိ မဖော်ပြထားသော စည်းမျဉ်းများမှတဆင့် တော်ဝင်မိသားစုမှာ တော်ဝင်လွှတ်တော်ကို ဆုံးဖြတ်ရန် တွန်းအားမပေးနိုင်သလို မျိုးရိုးမြင့်တစ်ဦးထံရှိ စစ်သားများကိုလည်း မကန့်နိုင်လေရာ တိုင်းပြည်၌ အာဏာအကြီးဆုံး မိသားစုအနေနှင့် တော်ဝင်စစ်တပ်မှာ အောင်မြင်ရန် နည်းလမ်းများစွာရှိသည်။
ဥပမာဆိုရလျှင် လမ်ပူရီဆယ့်သုံးမှာ တိုင်းပြည်ကို ကာကွယ်ရမ် မြေပြင်သို့ မျိုးရိုးမြင့်ကြီးများမှာ ကိုယ်ပိုင်စစ်တပ်မှ အရေအတွက်တချို့ကို မြောက်ဘက်စစ်တပ်သို့ စေလွှတ်ပြီး စခ်တိုင်းပြည်ထံမှ ကာကွယ်ရန် အမိန့်ပေးဖူး၏။
မြောက်ဘက်စစ်တပ်ထံ၌ အသေအကြေနှုန်းမြင့်ရာ ၎င်းတို့စစ်တပ်၏ တစ်ပိုင်းကိုပို့လိုက်လျှင် ကိုယ်ပိုင်စစ်တပ် ကြီးမားလေ ဆုံးရှုံးမှုမြင့်လေဖြစ်သည်။
ထို့ကြောင့် တော်ဝင်မိသားစု၏ အခြားနည်းလမ်းများနှင့်အတူ လမ်ပူရီတိုင်းပြည်ရှိ မျိုးရိုးမြင့်စစ်တပ်များမှာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။
စတက်ဂျ်မိသားစုကဲ့သို့ စစ်သားသုံးထောင်ရှိသည့် စစ်တပ်တစ်တပ်မှာ တိုင်းပြည်၌ စံနှုန်းအမြင့်ဆုံးပင်။
တိုင်းပြည်၏ အခြားမျိုးရိုးမြင့်များထံ၌ စစ်သားနှစ်ထောင်ပတ်လည်ရှိ၏။
ရှုယီကဲ့သို့ ဗစ်ကောင့်ထ်လေးတစ်ယောက်အတွက်မူ......
ကိုယ်ပိုင်စစ်တပ်ပိုင်ချင်တယ်ပေါ့လေ? ရူးနှမ်းနေတာလား? ရှုယီက မရူးနှမ်းပါချေ၊ သဘာဝကျစွာပင် ဆယ်ဗီနီက ထိုသို့မထင်ပေ။
သူမအနေနှင့် ၎င်းမေးခွန်းနောက်ကွယ်ရှိ ရှုယီ၏ ဆိုလိုရင်းကို သိသဖြင့် ရှုယီကို တိုင်းပြည် မျိုးရိုးမြင့်စစ်တပ်များ၏ အသေးစိတ် သုံးသပ်ချက်ပေးပြီးနောက် အကြံတစ်ခုပေးလာသည်။
သူ့အနေနှင့် ကိုယ်ပိုင်စစ်တပ် လိုချင်ကြောင်း မကြေညာဘဲ ၎င်းနယ်မြေအတွက် အစောင့်ရာချီကို ခန့်အပ်နိုင်လျှင် အကောင်းဆုံးဖြစ်၏။
ဤသည်က လူများစွာထံမှ အာရုံစိုက်ခံရနိုင်သော်လည်း အနည်းဆုံး တိုင်းပြည်ရှိ မျိုးရိုးမြင့်များစွာက ဤနည်းလမ်းကိုသုံးသဖြင့် လက်ခံရနိုင်သေးသည်။
ရှုယီက ပျော်ရွှင်စွာဖြင့် ဆယ်ဗီနီ၏ အကြံပေးချက်ကို လက်ခံလိုက်သော်လည်း လူရာချီလေးက သူ့မျက်လုံးထဲ၌ လုံလောက်ဖို့ အင်မတန် လိုအပ်နေသေး၏။
သူသာ တကယ် လိုအပ်လျှင် လူရာချီက လုံးဝ အသုံးမဝင်ပေ။
Frestech ကုန်သည်ကြီးများအသင်းက အခြားမျိုးရိုးမြင့်များကဲ့သို့ ရင်းနှီးမြှုပ်နှံခြင်းကို စိုးရိမ်ရန်လိုဘဲ ထုတ်လုပ်နိုင်သည့် လက်နက်များနှင့် ရှုယီမှာ လူရာချီကျော်ရှိ စစ်တပ်တစ်တပ်ကို အလွယ်လေးတည်ထောင်နိုင်သည်။
တော်ဝင်မိသားစု၏ ဖိနှိပ်မှုကို ရှောင်ရှားရန် အခြားနည်းလမ်းများစွာလည်း ရှိပါ၏။
မှန်ပေသည်၊ ၎င်းကို ဆယ်ဗီနီနှင့် ဆွေးနွေးဖို့ မလိုချေ။
မြင်းလှည်းက ဘန်တာမြို့ အနောက်ဂိတ်မှထွက်လာပြီးနောက် တဖြည်းဖြည်းဆင်းသွားသည်။
"ဘာများလဲ?" ရှုယီက ယာဉ်မောင်းကို ရှုပ်ထွေးစွာမေးလိုက်သည်။
"ဥက္ကဌ၊ ယာဉ်ကြပ်နေတာပါ။"
"ယာဉ်ကြပ်တယ်?" ထိုစကားလုံးကို ကြားရခြင်းမှာ ကမ္ဘာမြေ၌ ရင်းနှီးသော်လည်း ဤလောက၌ စိမ်းသက်သဖြင့် ရှုယီအံ့ဩသွားသည်။
သူက မြင်းလှည်း လိုက်ကာကိုဖယ်လိုက်သော် လမ်းတကယ်ပိတ်နေကြောင်းသိလိုက်သည်။
လမ်းက ရှစ်မီတာကျယ်ပြီး မြင်းလှည်းလေးစီးလောက် ဆန့်သော်လည်း ယခု မိုးကျတောင်ကြားဘက် ဦးတည်နေသော မှော်ကားများရှိနေရာ လမ်းပိတ်နေသည်။
ကြည့်ရသည်မှာ ရှေ့၌ မတော်တဆဖြစ်သွားပုံရ၏။ မြေပြင်ရှိ မြင်းလှည်းနှစ်စီးကို မြင်နိုင်သလို ရှေ့ရှိ ငြင်းခုံသံကိုပါ ကြားနေရသည်။
ထိုလူများထံရှိ ပူပန်နေဟန်ကိုမြင်ပြီး ဆွေးနွေးနေသည်ကိုကြားသော် ရှုယီက မနေနိုင်ဘဲ ပြုံးလေ၏။
၎င်းမြင်ကွင်းက တကယ်ကို သူ့အတွက် အဆင်ခြင်မဲ့ မှတ်ဉာဏ်တစ်ခုပင်။
"အဘိုးဘယ်လ်, ယာဉ်ကြောပိတ်တာက ပုံမှန်ပဲလား?" ရှုယီက သူ၏ကိုယ်ပိုင်မြင်းလှည်းမောင်းသူ ဘယ်လ်ကိုမေးလိုက်သည်။
"အရင်က အဲ့လောက်မများပေမယ့် ဒီနှစ်ဝက်ထဲမှာ ပိုများလာတယ်။" အဘိုး ဘယ်လ်က ဖြေလိုက်ပြီးနောက် ရုတ်တရတ် ရှုယီကို ထူးဆန်းစွာကြည့်သည်၊ "ဥက္ကဌ၊ ရိုးရိုးသားသားပြောရရင် ကျုပ်တို့လုပ်ငန်းစု မှော်ကားတွေစရောင်းတည်းက ဖြစ်လာတော့ ယာဉ်ကြောပိတ်ခံရတဲ့လူတွေဆို ကျုပ်တို့ကို ကျိန်ဆဲကြတယ်။"
ရှုယီက ရယ်ကာ၊ "အနှေးနဲ့အမြန် နေသားကျသွားမှာပါ။"
အခြေအနေမတိုးတက်လာသလို ယာဉ်များမှာ အဝေးရှိ မြို့ဂိတ်အထိတိုင် ရှည်လျားလာသည်ကိုမြင်ရသည်။ ထိုအခါ ရှုယီမှာ ယာဉ်ကြောကိုထိန်းညှိပေးမည့် ယာဉ်ထိန်းရဲမရှိကြောင်းသတိရသွား၏။
အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် ရှုယီက မြင်းလှည်းများနှင့် မှော်ကားများအပေါ်မှ ပျံသန်းရန် လေထိန်းချုပ်ခြင်းကျင့်စဉ်ကိုသုံးလိုက်သည်။
သူက မတော်တဆဖြစ်ခဲ့သည့် မှော်ကားနှင့် မြင်းလှည်းနှစ်စီးကိုကြည့်လိုက်၏။
မြင်းလှည်းနှစ်စီးမှာ မြေပြင်တွင်ရှိနေပြီး ကျိုးပဲ့လုနီးနီးဖြစ်နေရာ ပြင်းထန်စွာတိုက်မိခဲ့ပုံရသည်။
နံဘေးရှိ ရပ်ထားသော မှော်ကားက လုံးဝ ထိခိုက်ပုံမရ။
ငြင်းခုံနေသူများကိုကြည့်လိုက်သော် ရှုယီက အသိတစ်ယောက်ကို တွေ့လိုက်ရ၏။
"အဘိုး ဆာခိုဇီ၊ အဘိုးပါလား။ ဒီမှာ ဘာတွေဖြစ်နေတာလဲ?"
အဘိုးဆာခိုဇီက ကောင်းကင်မှ ကျလာသော ရှုယီကို တအံ့တဩကြည့်ပြီးနောက် ပျော်ရွှင်သွား၏။
"ဥက္ကဌရှု၊ ခင်ဗျားလည်း ဒီကို ဘယ်လိုရောက်နေတာလဲ? ကျုပ်က ခရာမာမြို့ကနေ ကုန်စည်တွေ ပို့နေရုံပါ။ ကြည့်ပါဦး ဒီကားမှာ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ကုန်စည်တွေပါတယ်၊ မိုးကျတောင်ကြားကိုလည်း ရောက်တာမှာကို။ သူတို့နဲ့ ဒီမှာ တိုက်မိမယ် ထင်မထားခဲ့ဘူး။"
ရှုယီက အဘိုး ဆာခိုဇီညွှန်ပြသည်ကိုကြည့်လိုက်သော အဘိုး ဆာခိုဇီနှင့် ငြင်းခုံနေသည်မှာ ဘန်တာမြို့၏ မျိုးရိုးမြင့်လေးများဖြစ်သည်။ ၎င်းတို့ထံ၌ အင်မတန်ကောင်းမွန်သည့် မြင်းလှည်းများရှိနေသည်မှာ အံ့ဩစရာမဟုတ်ပေ။
ရှုယီကြည့်လာသည်ကိုမြင်သော် မျိုးရိုးမြင့်များစွာက ညည်းညူလာလေသည်။
"ဥက္ကဌရှု၊ သူ ပေါက်ကရပြောတာ နားမထောင်ပါနဲ့! ကျုပ်တို့က လမ်းတစ်လျှောက်ဦးတည်နေရုံတင် သူက လာတိုက်တာ။ ကြည့်ဦး၊ ကျုပ်တို့ မြင်းလှည်းတွေ ပျက်စီးလုနီးပါးပဲ! ကျုပ်တို့လည်း ဒဏ်ရာရသွားတာကို ကျုပ်တို့အမှားဖြစ်မတဲ့လား?"
"မင်းတို့မဟုတ်ရင် ဘယ်သူများလဲ? မင်းတို့ မြင်းလှည်းတွေကို အသည်းအသန် အမြန်မောင်းရမယ်လို့ ဘယ်သူပြောလို့လဲ? မင်းတို့ မြင်းတွေက ရူးနေတာလား?" အဘိုး ဆာခိုဇီက ချက်ချင်း ငြင်းဆန်လာ၏။
မျိုးရိုးမြင့်များ မျက်နှာထက်ရှိ အမူအရာမှာ အေးခဲသွားပြီးမှ ပြန်ဟောက်သည်၊ "ကျုပ်အထင် ခင်ဗျားကသာ ရူးနေတာလေ! ကျုပ်တို့ရဲ့ မြင်းလှည်းတွေနဲ့ မြင်းတွေက မိသားစုထဲမှာ ဆယ်နှစ်ကျော်လောက်ရှိလာတာ၊ ဘယ်လိုလုပ် ဘယ်ကမှန်းမသိထွက်လာတဲ့ ဒီမှော်ကားထက် ဆိုးနိုင်မှာလဲ? ခင်ဗျား....."
မျိုးရိုးမြင့်များ ထိုသို့ပြောချိန်တွင် ရှုယီက နံဘေး၌ ရှိကြောင်း သတိရသွားသည်။ ၎င်းတို့မှာ ရှုယီရှေ့မှောက်၌ တကယ်ကြီး မှော်ကားမကောင်းကြောင်းပြောလိုက်ခြင်းမှာ သေခြင်းတရားကို တောင်းဆိုနေခြင်းမဟုတ်ပါလား?
လှည့်ကြည့်သော် ရှုယီမျက်နှာက မှောင်မိုက်သွားသဖြင့် စိတ်ထဲ၌ အကြောက်တရားများပြည့်သွားသည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၆၅။ အခြေချခြင်း
ရှုယီမှာ အမည်အရ သာမန်ကုန်သည်သာဖြစ်သော်လည်း ဗစ်ကောင့်ထ်လည်း ဖြစ်လေရာ မည်သူကမှ သူ့ထံ ဤမျှ ရိုးရိုးရှင်းရှင်း မကြည့်ခဲ့ကြပေ။
သူနှင့် မြို့စားအရှင်မ ဆယ်ဗီနီတို့အကြား တရင်းတနှီးဆက်ဆံရေးနှင့်တင် ၎င်းမျိုးရိုးမြင့်များမှာ သူ့ကို တရိုတသေပြုမူရန် လုံလောက်သည်။
ရှုယီ၏ မျက်နှာမကောင်းသည်ကိုမြင်သော် အဘိုး ဆာခိုဇီကို ကျိန်ဆဲနေသော မျိုးရိုးမြင့်များက ရှုယီကို ပြုံးပြသည်၊ "ဒါက..... ဥက္ကဌရှု၊ မှော်ကားတွေက မကောင်းဘူးလို့ပြောတာမဟုတ်ပါဘူး၊ သူက ကောင်းကောင်းမမောင်းတတ်ဘူးလို့ ပြောရုံတင်ပါ။ ကြည့်ပါဦး ကျုပ်တို့က လိုင်စင်အတွက် စစ်ဆေးပြီး မှော်ကားတစ်စီးလောက်ဝယ်မလို့ မိုးကျတောင်ကြားဆီသွားဖို့ စီစဉ်ထားတာ....."
ရှုယီက လက်ခါသည်၊ "ကောင်းပါပြီ၊ လေထပ်မဖြုန်းကြပါနဲ့တော့။ ဘေးမှာပဲ ငြင်းခုံကြပါ၊ ဒီ လမ်းကို မပိတ်ကြပါနဲ့။ လူတွေ ဘယ်လောက် နှောင့်နှေးကုန်ကြတယ်ဆိုတာ ခင်ဗျားတို့ မတွေ့ဘူးလား?"
နောက်ကိုကြည့်လိုက်သော် အဘိုး ဆာခိုဇီနှင့် မျိုးရိုးမြင့်လေးများက ရှက်ရွံ့ဟန် ပြုံးလိုက်ကြသည်။ ထို့နောက် မြေပြင်ရှိ မြင်းလှည်းနှစ်စီးကိုကြည့်၍ ခက်ခဲဟန် ပြလာ၏။
"ဥက္ကဌရှု၊ ဒီမြင်းလှည်းက အရမ်းလေးတော့ ကျုပ်တို့ ဘယ်လို ရွှေ့ရမှာလဲ....."
ရှုယီက ခေါင်းခါသည်။ သူက မြင်းလှည်းနှစ်စီးဘေးသို့ရောက်လာကာ ကိုယ်ကိုကိုင်း၍ မှော်စွမ်းအား ထုတ်သုံးလိုက်၏။ သူက လက်ချောင်းဖြင့် မြင်းလှည်းများ အပေါ်မကြာမီတွင် မှော်အစီအရင်နှစ်ခု ရေးဆွဲလေ၏။
မှော်အစီအရင်များထဲသို့ မှော်စွမ်းအားထည့်သွင်းလိုက်သော် နှစ်ခုမှာ အပြာရောင်လင်းလက်လာကာ မြင်းလှည်းနှစ်စီးက လေထဲတွင် အလွယ်တကူမျောနေကြသည်။
အဘိုးဆာခိုဇီ, မျိုးရိုးမြင့်များနှင့် ဘေးပတ်လည်ရှိလူများမှာ အံ့ဩသွားကြသည်။
ရှုယီ မှော်ပညာရှင်ဖြစ်ကြောင်း လူတိုင်းသိကြသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဟူသည့် အထောက်အထားကြောင့် ထိုအကြောင်းကို မေ့လျော့နေကြသည်ပင်။
သို့ရာတွင် ရှေ့ရှိ မြင်ကွင်းကြောင့် ရှုယီက မှော်ပညာရှင်လေးတစ်ဦးသာ,သာမကဘဲ စွမ်းအားကြီးမှော်ပညာရှင်တစ်ဦးဖြစ်ကြောင်းကိုပါသိလိုက်ကြသည်။
မဟုတ်ပါက ၎င်းမြင်းလှည်းနှစ်စီးကို လက်ချောင်းလေး အနည်းငယ်လှုပ်လိုက်ရုံနှင့် မည်သို့များ ပျံနေအောင်လုပ်နိုင်မည်နည်း?
ထို့အပြင် မြင်းလှည်းနှစ်စီးမှာ လှုပ်ခါခြင်းအလျဉ်းမရှိ လေထဲ၌ တည်မြဲစွာ မျောနေသည်။ ၎င်းကြောင့် ရှုယီမှာ အနှီမှော်အစီအရင်ကို ကောင်းစွာထိန်းချုပ်နိုင်ပြီး မှော်ပညာကို ကောင်းကောင်းကျွမ်းကျင်ကြောင်း သိနိုင်ပေ၏။
၎င်းအံ့အားသင့်ဖွယ်မှော်ပညာမှာ မည်သူမှ မကြားဖူးခဲ့သည့် အရာဖြစ်နေသေးသည်။
"ဥက္ကဌရှုက တကယ်ကြီး သူကိုယ်တိုင် ဒီလိုအံ့အားသင့်စရာမှော်ပညာကို ထုတ်ဖော်နိုင်တာလား၊ တကယ်ကို သန်မာလွန်းတယ်!"
ရှုယီသည် လူများ၏ အတွေးကို သိပါလျှင် သေချာပေါက် ရှက်ရွံ့မိလိမ့်မည်။
အကြောင်းမှာ ဤမှော်အစီရင်က သူဖန်တီးထားသည်မဟုတ်ဘဲ အီဗီတာထံမှ သင်ယူထားခြင်းဖြစ်၏။
အီဗီတာမှာ လတ်တလောတွင် မှော်လေသင်္ဘောကို သုတေသန လုပ်နေခြင်းဖြစ်၏။ သူမဟာ ဤမျောလွင့်အစီအရင်ကို အထွဋ်အထိပ်ရောက်နေပြီဖြစ်ကာ သာမန်မှော်ပညာရှင်၏ နားလည်မှုကိုပင် ကျော်လွန်နေသည်။
ရှုယီက သူမထံမှ တစ်စိတ်တပိုင်းကိုသင်ယူခဲ့ခြင်းကပင် ဤမျှ အံ့အားသင့်ဖွယ်သက်ရောက်မှုကို ရရန် လုံလောက်ပေ၏။
အနှီမြင်းလှည်းနှစ်စီးက ခါးလောက်အမြင့်၌ မျောနေကာ ရှုယီက ၎င်းတို့ကို တွန်းလိုက်၏။ ပေါင်းကြည့်ပါက ငါးရာ ကီလိုဂရမ်ကျော်ရှိသည့် ၎င်းမြင်းလှည်းနှစ်စီးမှာ လမ်းနံဘေးသို့ မျောလွင့်သွားသည်။
တွန်းတိုက်မှုလေးတစ်ချို့ဖြင့် လမ်းကိုရှင်းကာ ရှုယီလည်း မြင်းလှည်းများကိုချပေး၍ မှော်စွမ်းအားကို ရပ်တန့်လိုက်သည်။
"ကောင်းပြီ၊ ခင်ဗျားတို့ ဒီမှာစောင့်ပြီး ဘာဖြစ်ခဲ့တယ်ကို ဆွေးနွေးကြပါ။ ကျုပ် မကြာခင် ရလာဒ်နားထောင်ဖို့ ပြန်လာခဲ့မယ်။"
ရှုယီက ထိုသို့ပြောကာ အဘိုး ဆာခိုဇီ၏ ကားထဲဝင်သွားသည်။ သူက လမ်းဖွင့်ပေးပြီးနောက် ယာဉ်ကြောကို ညွှန်ကြားရန် ပြန်သွားလေ၏။
ရှုယီမှာ ယခင်က ထိုသို့ မလုပ်ခဲ့ထူးသော်လည်း ကမ္ဘာမြေ၌ ကြိမ်ဖန်များစွာ မြင်ခဲ့ဖူးသည်ဖြစ်ရာ အနည်းငယ်သင်ယူပြီးနောက် အသင့်အတင့်လုပ်နိုင်သွားသည်။
သိပ်မကြာလိုက် မီတာပေါင်းရာချီအထိ ပိတ်ဆို့နေခဲ့သော ယာဉ်များမှာ ရှင်းလင်းသွားပြီး လမ်းလည်း တစ်ဖန် ပြန်ပွင့်သွားသည်။
မြင်းလှည်းများနှင့် မှော်ကားများစွာ ဖြတ်ကျော်သွားကြ၏။ သာမန်ပုံစံ မြင်းလှည်းလေးတစ်စီးမှာ ရှုယီရှေ့၌ ရပ်တန့်လာသည်။
လိုက်ကာပွင့်သွားရာ အီဗီတာ၏ ကျေနပ်အံ့ဩနေသည့် မျက်နှာလေးပေါ်လာလေ၏။
"ဥက္ကဌ၊ ကျွန်မ ရှင့်ကို ဒီမှာတွေ့ရမယ်လို့ မထင်ထားဘူး။"
ရှုယီလည်း အံ့ဩသွားကာ၊ "အီဗီတာ, ခင်ဗျား အိမ်ပြန်ရောက်နေပြီမဟုတ်ဘူးလား? ဘယ်လိုလုပ် ဘန်တာမြို့မှာပဲ ရှိနေရသေးတာလဲ?"
"ကျွန်မ ပြန်ခဲ့ပါတယ်၊ ဒါပေမယ့် ပြန်လာတာလေ။" အီဗီတာက ရှားရှားပါးပါး စနောက်လိုသည့် အသံအနေအထားဖြင့် ပြုံးလာသည်။
"ဘာလို့ပြန်လာတာလဲ?" ရှုယီက ပိုလို့ပင် ရှုပ်ထွေးသွားကာ၊ "ခင်ဗျားရဲ့ မိဘတွေနဲ့ နှစ်သစ်ကူး ဆင်နွှဲဖို့ မစီစဉ်ထားဘူးလား?"
"အဲ့လိုမဟုတ်ပါဘူး...." အီဗီတာက ခေါင်းခါသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူမက မြင်းလှည်းကို လမ်းနံဘေးရှိ မြေကွက်လပ်သို့ သွားခိုင်းပြီးမှ ဆင်းလာခဲ့သည်။
သူမနောက် လိုက်လာသူ နှစ်ဦးရှိသော်လည်း ၎င်းတို့မှာ သက်လတ်ပိုင်း ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးဖြစ်၏။ ၎င်းတို့၏ သွင်ပြင်အရ စုံတွဲတစ်တွဲဖြစ်ပုံရသည်။
သက်လတ်ပိုင်းစုံတွဲကိုကြည့်ရင်း ရှုယီမှာ ၎င်းတို့ထံတွင် အီဗီတာနှင့် ဆင်တူသည့် လက္ခဏာရပ်များရှိကြောင်း တွေ့လိုက်လေ၏။
အီဗီတာနှင့် ၎င်းသက်လတ်ပိုင်းစုံတွဲတို့ ရင်းနှီးနေပုံကိုကြည့်ပြီး ရှုယီ ချက်ချင်းနားလည်လိုက်တော့၏။
"ဒီ နှစ်ယောက်..... သူတို့က ခင်ဗျားရဲ့ မိဘတွေလား?" ရှုယီ မေးလေသည်။
အီဗီတာက အသာပြုံး၍ ခေါင်းငြိမ့်သည်၊ "ရှင်က တကယ်ကို ဥက္ကဌပါပဲ၊ ချက်ချင်းကို ခန့်မှန်းနိုင်တယ်။ ဥက္ကဌ၊ မိတ်ဆက်ပေးပါရစေ၊ သူတို့က ကျွန်မရဲ့မိဘတွေပါ။ အရင်ရက်တုန်းက ဇာတိမြို့ကနေ သွားခေါ်လာခဲ့တာ၊ ဘန်တာမြို့မှာ နှစ်သစ်ကူးကို ကုန်ဆုံးဖို့ စီစဉ်ထားကြတယ်။ အဖေ၊ အမေ ဒါက အရင်က သမီးပြောဖူးတဲ့ ဥက္ကဌလေ။"
သက်လတ်ပိုင်းစုံတွဲထံ၌ လေးစားရိုသေကာ စိတ်လှုပ်တရှားအပြုံးများရှိနေကြပြီး ရှုယီကို အရိုအသေပေးလာသည်။
"ဥက....ဥက္ကဌရှု၊ ကျုပ်တို့ရဲ့ အီဗီတာကို မင်းတို့ လုပ်ငန်းစုမှာ စောင့်ရှောက်ခိုင်းထားတော့ ဒုက္ခများခဲ့ရပြီ....."
ရှုယီက ရယ်ရင်း လက်ကာ,ကာ နှစ်ဦးကို မတ်မတ်ရပ်ရန် ကူညီလိုက်သည်၊ "အီဗီတာက ကျွန်တော်တို့လုပ်ငန်းစုရဲ့ အရေးအကြီးဆုံး မှော်သုတေသနဌာန ခေါင်းဆောင်ပါ၊ သူမက ကျွန်တော်တို့ လုပ်ငန်းစုကို အထောက်အကူကြီးကြီးမားမားပြုပြီး ကိစ္စအတော်များများမှာလည်း အကူအညီပေးထားတာကို ဘယ်လိုများ ကျွန်တော့်ကို ဒုက္ခပေးနိုင်မှာလဲ။ ရိုးရိုးသားသားပြောရရင် အီဗီတာကသာ ကျွန်တော်တို့ လုပ်ငန်းစုမှာ အလုပ်မလုပ်လို့ကတော့ ကျွန်တော် တကယ်ခေါင်းကိုက်မိမှာပဲ။ ဒီတော့ ဒီလို ထူးချွန်တဲ့ သမီးမျိုးကို ပျိုးထောင်ပေးခဲ့လိုသာ ကျေးဇူးတင်ရမှာပါ။"
အီဗီတာ၏ မိဘများက ရှင်းလင်းစွာပင် ရှုယီအနေနှင့် ၎င်းတို့အား ထိုသို့ ယဉ်ကျေးပြမည်ဟု မထင်ထားရာ ချက်ချင်း မှင်တက်သွားသော်လည်း ရှုယီက အီဗီတာကို ထိုသို့ ချီးကျူးလာသည်အား ကြားသော် မနေနိုင်ဘဲ ဂုဏ်ယူဝမ်းမြောက်စွာ ပြုံးလိုက်ကြသည်။
၎င်းတို့နှစ်ဦးနှင့် စကားတချို့ပြောပြီးနောက် ရှုယီက အီဗီတာကို လှည့်ကာမေး၏၊ "ဘန်တာမြို့မှာ ဘယ်ဆွေမျိုးမှမရှိဘူးမို့လား၊ ဒီတော့ ဒီမှာ နှစ်သစ်ကူးရင် အဆင်မပြေလောက်ဘူးလေ?"
"တကယ်တော့ ကျွန်မတို့ ဇာတိမြို့မှာလည်း ဘာဆွေမျိုးမှမရှိပါဘူး။" အီဗီတာက ခေါင်းခါသည်၊ "ပြီးတော့လည်း ဥက္ကဌ၊ ဒီတစ်ခေါက် ကျွန်မ မိဘတွေကို ခေါ်လာတာက နှစ်သစ်ကူးအတွက်ပဲမဟုတ်ဘူး ဘန်တာမြို့မှာ အခြေချစေချင်လို့ပါ။"
"အခြေချမယ်?" ရှုယီက အတန်ငယ်အံ့အားသင့်သွားသည်၊ "ဘာလို့လဲ?"
ပို့ဆောင်ဆက်သွယ်ရေးမှာ စိုင်စ်နယ်မြေကြီး၌ အဆင်မပြေလှသောကြောင့် လူအများစုမှာ ဇာတိမြို့မှ ထွက်ခွာဖို့ ရှားပါးလှပြီး ၎င်းတို့၏ ဇာတိမြို့ကို ခွာရန် အင်မတန် ဆန္ဒမရှိဖြစ်စေသည်။
ဘန်တာမြို့ရှိ ပျမ်းမျှလစာက အခြားနေရာများထက် များစွာကျော်လွန်နေခြင်းကြောင့်သာ မဟုတ်ပါလျှင် ဘန်တာမြို့ထံသို့ အဝေးမှလာမည့်လူ ထိုမျှ ရှိနေလိမ့်မည်မဟုတ်ပေ။
သို့သော် နှစ်စဉ် ဘန်တာမြို့၌ ဒေသခံမဟုတ်သူ နှစ်ရာကျော်ရှိနေလျှင်တောင် ဘန်တာမြို့၌ အခြေချရန် ဆန္ဒရှိလိုသည်မှာ အနည်းအကျဉ်းသာရှိ၏။
လူအများစုမှာ နှစ်သစ်ကူးတွင် မိသားစုများ၊ ဆွေမျိုးများနှင့်အတူ နှစ်သစ်ကူးကိုကုန်ဆုံးရန် ၎င်းတို့ ဇာတိမြို့များသို့ ပြန်ကြမည်သာ။
အီဗီတာက သက်ပြင်းတစ်ချက်ချကာ အသံတိုးတိုးဖြင့် ပြန်ဖြေသည်၊ "ဘာလို့လဲဆိုတော့ ကျွန်မတို့ဇာတိမြို့ သိပ်မကြာခင် စစ်ပွဲမီးလျှံထဲ ဖုံးလွှမ်းသွားနိုင်တာကြောင့် ဇာတိမြို့မှာနေဖို့က သူတို့အတွက် အန္တရာယ်ရှိတယ် "
"စစ်ပွဲမီးလျှံ?" ရှုယီလည်း စဉ်းစားလိုက်သော် အီဗီတာ၏ ဇာတိမြို့က လော်ရန်မြို့နှင့် အနီး၌ ရှိကာ နယ်စပ်နှင့် အတော်နီးကြောင်း သတိရသွားသည်။
မင်းသားလေး အဲရစ်သာ မြောက်ဘက်စစ်တပ်ကို ဦးဆောင်ကာ စခ်တိုင်းပြည်ကိုတိုက်ခိုက်ပါက ချောချောမွေ့မွေ့ပြီးစီးသွားလျှင် တော်ကာကျသော်လည်း စခ်တိုင်းပြည်ကသာ ပြန်လည်တိုက်ခိုက်လျှင် တိုင်းပြည်မြောက်ဘက်အပိုင်းမှာ စစ်ပွဲမီးလျှံဖြင့် ဖုံးအုပ်သွားမည်ပင်။
အီဗီတာ၏ သောကများက အကျိုးအကြောင်းမသင့်သည်မဟုတ်ပေ။
"အင်း.... ဒါကလည်း ကောင်းပါတယ်။ ဘန်တာမြို့က အရင်ကနဲ့ ယှဉ်ရင် ပိုကြွယ်ဝလာတော့ ခင်ဗျားတို့သာ ဒီမှာနေလိုက်ရင် နေထိုင်ရေးအခြေအနေကလည်း ပိုကောင်းလာမှာပဲ။" ရှုယီက အီဗီတာ၏ မိဘများထံ ခေါင်းငြိမ့်ပြလိုက်၏၊ "ကျွန်တော်က Frestech ကုန်သည်ကြီးများအသင်း ကိုယ်စား ကြိုဆိုပြီး ဘန်တာမြို့မှာ ပျော်ရွှင်တဲ့ဘဝကို ရနိုင်ဖို့ မျှော်လင့်ပါတယ်ဗျာ။"
အီဗီတာ၏ မိဘများက ခေါင်းငြိမ့်၍ ရှုယီကို အပြုံးဖြင့် ကျေးဇူးတင်လိုက်ကြသည်။
"ဥက္ကဌ၊ ရှင် သူတို့ကို ဒီတိုင်း ကြိုဆိုရုံနဲ့မရဘူး၊ ကျွန်မ ရှင့်အကူအညီကိုပါ လိုနေတာ။" အီဗီတာက ရုတ်တရတ်ပြောသည်၊ "ရှင့်ကို ရှာဖို့ ကြယ်ကြွေအိမ်ရာကို သွားချင်ပေမယ့် ဒီမှာ ဆုံမှတော့ ဒီမှာပဲ ပြောလို့ရတာပဲ။"
"အိုး? ဘယ်လိုအကူအညီများလိုနေတာလဲ? ခင်ဗျားရဲ့မိဘတွေ အခြေချမှာနဲ့များ ဆိုင်နေလား?"
အီဗီတာက ချိုသာစွာပြုံးပြကာ၊ "အင်း၊ ဥက္ကဌက တကယ်ကို အမျှော်အမြင်ရှိတာပဲ။ အရင်က ဒါကို မေးခဲ့တော့ တခြားမြို့ကလူတွေသာ ဘန်တာမြို့မှာ အခြေချချင်ရင် နည်းလမ်းတွေက ခက်ခဲတယ်ဆိုလို့။ ဒီတော့ ဥက္ကဌအနေနဲ့ ဘုရင်မကို ကူပြောပေးပြီး ကျွန်မမိဘတွေ အခြေချဖို့ ကူညီနိုင်မလား?"
"ပြဿနာမရှိလောက်ပါဘူး၊ ဘန်တာမြို့မှာလည်း အခုလူသိပ်မရှိတော့ ဘုရင်မက အပြင်လူတွေကိုပါ ဘန်တာမြို့မှာ အခြေချဖို့ ကြိုဆိုနေပါတယ်။ ပြီးတော့၊ တိုင်းပြည်မှာက လူတွေ ပြောင်းရွှေ့တာအတွက် ဘာကန့်သတ်ချက်မှမရှိတော့ နည်းလမ်းက အဲ့လောက်လည်း ဒုက္ခမများဘူးထင်တာပဲ။"
ရှုယီလည်း ပြန်ဖြေရင်း ခေါင်းငြိမ့်သည်။ သို့သော် စဉ်းစားပြီးနောက် အီဗီတာ၏ မိဘများ အခြေချခြင်းကိစ္စက ကိစ္စလေးဖြစ်သော်လည်း ဘန်တာမြို့၏ ယာယီလူဦးရေကြီးက ပြဿနာဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ကြည့်ရတာ နောက်တစ်ခေါက် ဘုရင်မနဲ့တွေ့ရင် ဒီအကြောင်းပြောမှဖြစ်မယ်ထင်တယ်။"
ရှုယီမှာ ကမ္ဘာမြေရှိ ယာယီလူဦးရေကို ဖြေရှင်းပုံနည်းလမ်းများအား သတိရသွားစဉ်တွင် အီဗီတာက ပြော၏၊ "ဟုတ်သားပဲ ဥက္ကဌ၊ ကျွန်မအပြင် ကျွန်မရဲ့ မိဘတွေပြောင်းမယ်ကြားတော့ သူတို့လည်း ဘန်တာမြို့မှာ အခြေချချင်တယ်လို့ ပြောလာကြတဲ့ ဇာတိမြို့ကလူတွေလည်းရှိတယ်။ ဥက္ကဌ၊ ရှင့်မှာ ဒီအတွက် အဖြေတစ်ခုခုများရှိလား?"
ရှုယီလည်း မျက်မှောင်ကုပ်ကာ စဉ်းစားလိုက်ရင်း မင်းသားလေးအဲရစ် နောက်နှစ် မြောက်ဘက်စစ်တပ်ကို ဦးဆောင်မတိုက်ခိုက်ခင် ဤပြဿနာကို ဖြေရှင်းရမည်ဖြစ်သဖြင့် အချိန်နည်းပါးလှကြောင်း နားလည်လိုက်သည်။
"ကြည့်ရတာ မြန်မြန်လေး ဆယ်ဗီနီနဲ့ ဒါကို ဆွေးနွေးရမယ့်ပုံပဲ။" ရှုယီလည်း အတန်ငယ်စဉ်းစားပြီး အီဗီတာကို ခေါင်းငြိမ့်ပြသည်၊ "ကောင်းပြီလေ၊ ကျုပ် သေချာစဉ်းစားလိုက်ပါ့မယ်။ ခင်ဗျားရဲ့ မိဘတွေကိုအရင်ဂရုစိုက်လိုက်ပါဦး၊ တစ်ခုခုဖြစ်ရင် ကျုပ်ကို လာရှာပါ။"
"အင်း၊ ကျေးဇူးပါ ဥက္ကဌ။" အီဗီတာက ချိုသာ သိမ်မွေ့သည့် အပြုံးလေးထုတ်ပြလာပြီးနောက် သူမမိဘနှင့်အတူ မြင်းလှည်းထဲဝင်ကာ ဆန်ဒီမြစ်ဘက်သို့ ဦးတည်သွားသည်။
အာကာလီ၏ တိုက်တွန်းမှုနှင့် ဥက္ကဌ ခရုစ်ပြောခဲ့သည့် အရစ်ကျငွေပေးချေမှုတို့၏ အောက်တွင် သူမဟာ ဆန်ဒီမြစ်ကမ်းအနီးရှိ အဆင့်မြင့် ရပ်ကွက်တွင် ဗီလာတစ်လုံးဝယ်ခဲ့သည်။
ရှုယီမှာ သူမက အိမ်ကို ပြင်ဆင်ရင်း အလုပ်များနေသည်ကို မြင်သဖြင့် သူမသည် အာကာလီ ထက် အလှဆင်ရန် ပိုမိုစိတ်အားထက်သန်ပုံရသည်ဟု စနောက်ခဲ့သေးသည်။
သို့သော် ကြည့်ရသည်မှာ အီဗီတာက သူမ၏ မိဘများအား အခြေချဖို့ ခေါ်ဆောင်လာရန် စဉ်းစားပြီးသားဖြစ်ပုံရ၏။
မြင်းလှည်းက အဝေးသို့ ဦးတည်သွားသည်ကို ကြည့်ရင်း ရှုယီမှာ စိတ်နှလုံးထဲ၌ ခိုင်မာသောသတိပေးချက် တစ်ခု ရှိလာသည်။
အီဗီတာ၏ မိဘများမှာ နှစ်ယောက်တည်းသာဖြစ်သော်လည်း နှစ်ယောက်က အရေးကြီးမြင်ကွင်းဖြစ်လာမည်ကို ကိုယ်စားပြုသည့် အချက်ဖြစ်နေကြသည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၆၆။ ငါ မတတ်နိုင်ဘူးလို့ ဘယ်သူပြောလဲ
အီဗီတာထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ရှုယီမှာ အဘိုး ဆာခိုဇီနှင့် မျိုးရိုးမြင့်လေးတို့ရှိရာဘက် လာလိုက်သည်။
၎င်းက မတိုင်ခင် ၎င်းတို့ငြင်းခုံနေခြင်းနှင့် လုံးဝကွဲပြားသည်။ နှစ်ဘက်စလုံးထံ၌ အပြုံးကိုယ်စီရှိကာ များစွာပိုမိုတည်ငြိမ်လာကြ၏။
ရှုယီ ရောက်လာသည်ကိုမြင်သော် မျိုးရိုးမြင့်လေးများက အလျင်ဦးစွာ နှုတ်ဆက်သည်။ ၎င်းတို့၏ မြင်းလှည်းများကို ကောင်းကောင်း မမောင်းခဲ့ဘဲ Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေးမှော်ကားကိုတိုက်ခဲ့သဖြင့် အဘိုးဆာခိုဇီကို အပြစ်တင်၍မရနိုင်ချေ။
အဘိုး ဆာခိုဇီမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီ၏ အရိပ်အာဝါသအောက်၌ ရှိနေမှန်း သိပါ၏။ သူဟာ မျိုးရိုးမြင့်များအား မြင်းလှည်းနှစ်စီးအတွက် ပြင်ခနှင့် ဒဏ်ရာများအတွက် ကုသစရိတ်အပါအဝင် ၎င်းတို့ဆုံးရှုံးမှုများကို လျော်ပေးရန် အင်မတန် ဆန္ဒရှိပါ၏။
မျိုးရိုးမြင့်လေးများမှာ သဘာဝကျစွာပင် အရေးကြီးပုဂ္ဂိုလ်များနှယ် ပြုမူကာ အဘိုး ဆာခိုဇီအနေနှင့် ၎င်းတို့အား လျော်ကြေးပေးဖို့မလိုကြောင်း ဤကိစ္စကို လုံးဝဂရုမစိုက်ကြောင်း ပြောခဲ့သည်။
အားလုံးက ဝမ်းသာနေကြသဖြင့် မျိုးရိုးမြင့်လေးများထဲမှ တစ်ဦးက အပြုံးဖြင့် ဆိုလာသည်၊ "ဒီမြင်းလှည်းနှစ်စီးက ပြင်ခမြင့်တော့ ခင်ဗျား တတ်နိုင်လောက်မှာမဟုတ်ဘူး။ ဥက္ကဌရှုကို မျက်နှာသာနည်းနည်းပေးပါဦး၊ ကျုပ်တို့ ခင်ဗျားနဲ့ အဲ့လောက် တွက်ကပ်မနေပါဘူး။"
၎င်း စကားလုံးများက အဘိုး ဆာခိုဇီကို ဒေါသဖြစ်စေရာ မျက်လုံးများပြူးလျက် အော်လာလေသည်၊ "ဘာလဲ? မင်းတို့က ဒီ လူအိုကြီးကို အထင်သေးနေတာလား? မင်းတို့ မြင်းလှည်းတွေက ပြင်စရိတ်မြင့်တယ်ပေါ့? ဒါဆို ပြောလေ ငါ တတ်နိုင်သလား မတတ်နိုင်သလား ကြည့်ရအောင်?"
၎င်းမျိုးရိုးမြင့်လေးမှာလည်း စကားမှားသွားကြောင်း သတိထားမိသော်ငြား လယ်သမားအိုကြီးတစ်ယောက်ရှေ့တွင် မျက်နှာမနာလိုသဖြင့် လည်ကိုဆန့်ကာ ပြောသည်၊ "ဘာလဲ? မြင်းလှည်းတစ်စီးကို ဆောက်ဖို့ ရွှေဒင်္ဂါးသုံးရာကုန်ကျတယ်၊ ဒါကို တတ်နိုင်လို့လား?"
"ရွှေဒင်္ဂါးသုံးရာတင်မကဘူး၊ မြင်းလှည်းနှစ်စီးအတွက် ရွှေဒင်္ဂါးခြောက်ရာဆိုတော့ ငွေများတယ်လို့တော့ ထင်ပါတယ်။" အဘိုး ဆာခိုဇီ နှာမှုတ်ကာ ရင်ဘတ်ထဲ နှိုက်၍ တလက်လက်တောက်နေသော ရွှေရောင်ငွေလက်မှတ်ကို ထုတ်လိုက်ကာ၊ "ဒီမှာ၊ ဒီထဲမယ် ရွှေဒင်္ဂါးတစ်ထောင်ရှိတယ်! ငါ့ကို လေးရာပြန်ပေး!"
မျိုးရိုးမြင့်လေးများက ၎င်းရွှေရောင်ငွေလက်မှတ်ကိုကြည့်လိုက်သော် ရွှေဒင်္ဂါးတစ်ထောင်ရှိနေကြောင်း ခီမဲရာ ကုန်သည်ကြီးများအသင်းမှလာကြောင်း တွေ့လိုက်ရသည်။ ၎င်းက ချက်ချင်း ၎င်းတို့ကို အံ့ဩသွားစေသည်။
ထိုလူများအတွက် အဘိုးဆာခိုဇီမှာ သာမန်လယ်သမားအိုကြီးတစ်ဦးမျှသာပင်။ သူဟာ Frestech ကုန်သည်ကြီးများအသင်းအတွက် ကုန်စည်ပို့ဆောင်ပေးခြင်းကြောင့် ငွေအနည်းငယ် ရပါလျှင်တောင် ထိုမျှတော့ ရမည်မဟုတ်ချေ။ သူဟာ ထိုမျှ ရွှေဒင်္ဂါးများစွာကို မည်သို့ ထုတ်ယူနိုင်မည်နည်း?
သို့သော် အဘိုးဆာခိုဇီက ရွှေဒင်္ဂါးတစ်ထောင် ထုတ်ပေးလာမည်ဟု မထင်ထားခဲ့ချေ။
အဘိုး ဆာခိုဇီနှင့်အတူ ငြင်းခုံနေသည့် မျိုးရိုးမြင့်လေးက တံတွေးမြိုချလိုက်သည်။ သူက ရွှေရောင်ငွေလတ်မှတ်ကြိ ယူလိုက်သော်လည်း နံဘေးမှ လက်က တားဆီးလာသည်။
"အဘိုး ဆာခိုဇီ, အဘိုးရဲ့ ပိုက်ဆံကိုပြန်ယူလိုက်ပါ။" ရှုယီက မျိုးရိုးမြင့်၏ လက်ကိုဖမ်းဆုပ်ကာ ကြည့်လိုက်သော် ၎င်းမျိုးရိုးမြင့်၏ ခေါင်း(ဇက်)မှာ ပုသွားသည်၊ "သူတို့က ဒဏ်ရာရသွားတော့ အဘိုး လျော်ကြေးပေးဖို့လိုပေမယ့် အဘိုးနဲ့ အခုနက ဆွေးနွေးခဲ့တာအပေါ် အခြေခံရရင် အဘိုး ဆာခိုဇီ, သူတို့ကို ပြင်ဆင်စရိတ်နဲ့ စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုလျော်ကြေးလေးပဲ ပေးဖို့လိုတာပါ။ ကျုပ်အထင်..... ရွှေဒင်္ဂါးငါးဆယ်ဆိုလုံလောက်ပြီ။ ခင်ဗျားတို့မှာရော ကန့်ကွက်စရာရှိလား?"
မျိုးရိုးမြင့်လေးများအားလုံးက ခေါင်းခါကြသည်။
၎င်းတို့၏ မြင်းလှည်းက မြေပြင်ပေါ်သို့ မှောက်ကျကာ အပြင်းအထန် ထိခိုက်သွားပုံပေါ်သော်လည်း ထိုမျှ ကြီးကြီးမားမားမဟုတ်ပေ။ ပြန်ယူကာ ပြင်လိုက်သရွေ့ ပြဿနာမရှိပါချေ။
ဒဏ်ရာများကမူ..... ခြစ်ရာလေးအနည်းအကျဉ်းသာဖြစ်ရာ၊ မည်သည့် ဒဏ်ရာရှိမည်နည်း?
ရှုယီ ပြောခဲ့သည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုတော့ အဓိပ္ပာယ်အား လုံးဝမသိကြချေ။
လိုရင်းဆိုရလျှင် ရွှေဒင်္ဂါးငါးဆယ်ကပင် ၎င်းတို့ မျှော်မှန်းချက်များကို ကျော်လွန်နေပြီဖြစ်၏။
အဘိုး ဆာခိုဇီထံ၌ ငွေလုံးဝမရှိသလို မည်သည်ကိုမျှ မရနိုင်ဟုသာ ထင်ထားခဲ့ကြသည်။ အဘိုး ဆာခိုဇီကို သတ်လိုက်ပါလျှင်တောင် အသုံးမဝင်ရာ ကံဆိုးသည်ဟု သတ်မှတ်ရန် ပြင်ဆင်ထားခဲ့ကြ၏။
သို့သော် ၎င်းတို့အနေနှင့် ရွှေဒင်္ဂါးငါးဆယ်လျော်ကြေးအား ကျေနပ်ပါသည်။
အဘိုး ဆာခိုဇီလည်း မည်သည့်ကန့်ကွက်မှုမှ မပြုလာပေ။
ရွှေဒင်္ဂါးတစ်ထောင် ငွေလက်မှတ်ကို ထုတ်ယူလိုက်စဉ် သူဟာ မည်မျှ စိတ်လိုက်မာန်ပါဖြစ်ခဲ့သည်ကို နောင်တရသွားသည်။ ယခုတွင် ရှုယီက သူ့အား ဖျန်ဖြေဖို့ကူညီပေးလာသဖြင့် ၎င်းကို အခွင့်အရေးယူလိုက်ရသည်။ သူက ပိုက်ဆံအိတ်ကိုမွှေနှောက်၍ မျိုးရိုးမြင့်များကို ရွှေဒင်္ဂါးငါးဆယ် ထုတ်ပေးလိုက်၏။
နှစ်ဘက်စလုံးက ပြန်လည်သင့်မြတ်သွားရာ ရှုယီလည်း ခေါင်းငြိမ့်၍ လှည့်ထွက်ရန် ပြင်လိုက်သည်။
သူဟာ စတေးလ်နှင့်အတူ နေ့လည်စာစားရန် ပြန်ဖို့ စီစဉ်ထားခဲ့သော်လည်း ဤကိစ္စ၌ အချိန်အတော်ဖြုန်းခဲ့မိသည်။
သူ လှည့်လိုက်စဉ်တွင် မျိုးရိုးမြင့်လေးများက တားလာကြ၏။
"ဒါက..... ဥက္ကဌ၊ ကျုပ်တို့ကို ပြောနိုင်မလား၊ ဒီ.....အင်း.....ဒီ အဘိုးဆာခိုဇီက ခင်ဗျားတို့ လုပ်ငန်းစုရဲ့ ကုန်စည်တွေကို တင်ပို့ဖို့ပဲ ကူညီတာလား?" မျိုးရိုးမြင့်လေးတစ်ဦးက အဘိုး ဆာခိုဇီကို ညွှန်ပြကာမေးသည်။
"အဘိုး ဆာခိုဇီက မှော်ကားကို သူကိုယ်တိုင်အတွက် ယူလာပြီး ဒီတစ်ခေါက် ကျုပ်တို့လုပ်ငန်းစုက ကုန်စည်တွေကို ပို့ဖို့ ကူညီရုံပဲလို့ သတ်မှတ်မရနိုင်ဘူးလေ။ ပုံမှန်အားဖြင့် သူက တခြားလုပ်ငန်းစုတွေကို ကူညီလိမ့်မယ်။" ရှုယီက ဖြေသည်။
မျိုးရိုးမြင့်လေးများအားလုံး အဘိုး ဆာခိုဇီကိုကြည့်လာကြသည်။
အဘိုး ဆာခိုဇီက ခေါင်းငြိမ့်ကာ၊ "အင်း၊ ကျုပ်က မြို့တော်မှာရှိတဲ့ လုပ်ငန်းအများစုအတွက် ကုန်စည်တွေ ပို့ဆောင်ရာမှာ ကူညီပေးတယ်၊ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းကိုတော့ ပိုများတာပေါ့။"
"ဒါပဲလား?" မျိုးရိုးမြင့်လေးများက ဆက်မေးကြသည်၊ "ကျန်တာ မလုပ်ခဲ့ဘူးလား?"
"ဒါက ဘာအဓိပ္ပာယ်များလဲ?" အဘိုးဆာခိုဇီက ၎င်းတို့အမေးကြောင့် ရှုပ်ထွေးသွားကာ၊ "ကျုပ်က ကုန်စည်တွေ ပို့ဆောင်ဖို့အတွက်ပဲ တာဝန်ရှိတာ၊ ဘာများလုပ်နိုင်ဦးမှာမို့လဲ?"
"ဒီလောက် ငွေအများကြီးကို ကုန်စည်တွေပို့ဆောင်ရင်းနဲ့ ရခဲ့တာလား?" မျိုးရိုးမြင့်များက ၎င်းကို မယုံကြည်သော်လည်း အစောပိုင်းတွင် အဘိုး ဆာခိုဇီက ရွှေဒင်္ဂါးတစ်ထောင်ထုတ်ပေးလာသည်ကို စဉ်းစားရင်း ရွေးစရာမရှိဘဲ ယုံကြည်နေရသည်။
၎င်းတို့အကြား၌သာ အတန်ငယ် တီးတိုးပြောနေကြပြီးနောက် မျိုးရိုးမြင့်လေးများက ရှုယီကို မေးလာ၏၊ "ဥက္ကဌရှု..... ခင်ဗျားထင်လား..... ကျုပ်တို့သာ ငွေနည်းနည်းလောက် စုဆောင်းလိုက်ရင်၊ ခင်ဗျားတို့လုပ်ငန်းစုကနေ ပို့ဆောင်ရေးမှော်ကားနည်းနည်းလောက် ဝယ်လို့များရမလားလို့?" ရှုယီက မနေနိုင်ဘဲ ပြုံးကာ၊ "ရတာပေါ့၊ ဘာလို့မရမှာလဲ? ဘာလဲ? ဒီငွေတွေအားလုံးကို အဘိုးဆာခိုဇီက ကုန်စည်တွေပို့ဆောင်ရင်းနဲ့ ရတယ်ကြားလို့ စိတ်လှုပ်ရှားသွားတာလား?"
မျိုးရိုးမြင့်လေးများက ရယ်သည်။ ရှုယီက ၎င်းတို့၏ အတွေးများကို ခန့်မှန်းမိသည်မှာ ရှင်းပါ၏။
အဘိုး ဆာခိုဇီက မျိုးရိုးမြင့်များကိုကြည့်၍ နှာမှုတ်ကာ၊ "မင်းတို့ရဲ့ နူးနူးညံ့ညံ့အသွင်အပြင်နဲ့ ဘယ်လိုများ တောင့်ခံနိုင်မှာလဲ?"
မျိုးရိုးမြင့်လေးများက သူ့ကို ဒေါသတကြီး စိုက်ကြည့်လာကြ၏၊ "ဘာလဲ? ကျုပ်တို့က ခင်ဗျားကို မယှဉ်နိုင်ဘူး ထင်လို့လား?"
အဘိုး ဆာခိုဇီက အေးစက်စက်ရယ်ကာ မည်သည်ကိုမှ မဆိုပေ။
သူ၏ သွင်ပြင်ကိုမြင်သော် မျိုးရိုးမြင့်များက ပိုလို့ဒေါသဖြစ်လာသော်လည်း သူနှင့်မငြင်းခုံဘဲ ရှုယီဘက်လှည့်လာ၏၊ "ဥက္ကဌရှု၊ ဒါဆို ကျုပ်တို့ ဆုံးဖြတ်လိုက်ပြီ။ ကျုပ်တို့ အရင်ဆုံး မှော်ကားတစ်စီးနှစ်စီးလောက်ဝယ်ပြီး အခုပဲ ခင်ဗျားနဲ့ မှာလိုက်ရင်ရော ဘယ်လိုလဲ?"
ရှုယီက သက်ပြင်းတစ်ချက်ချကာ ကူရာမဲ့စွာဆိုသည်၊ "ကျုပ် ဒါကို ကြိုဆိုပေမယ့် အခု လုပ်ငန်းစုရဲ့ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိလို့ မပြီးသေးတဲ့ အမှာတွေကျန်သေးတယ်။ တစ်ခဏလောက်တော့ သီးသန့် မှော်ကားတွေရောင်းဖို့ မဖြစ်နိုင်လောက်သေးဘူး။"
မျိုးရိုးမြင့်လေးများက အံ့ငြသွားရင်း အဘိုး ဆာခိုဇီကို ညွှန်ပြကာ မေးလေ၏၊ "သူကျတော့ ဘယ်က ဝယ်လာတာလဲ?"
ရှုယီက ပခုံးတစ်ချက်တွ့န်ကာ၊ "အတိအကျပြောရရင် အဘိုး ဆာခိုဇီရဲ့ မှော်ကားက သူ့အပိုင်မဟုတ်ဘဲ ကန်တိုနာ ကုန်သည်ကြီးများအသင်းအပိုင်ပဲ။ အဘိုး ဆာခိုဇီက ကန်တိုနာ ကုန်သည်ကြီးများအသင်းဆီက ပြန်ဝယ်ပြီး တင်ပို့ဖို့ သုံးတာ။"
"ဒီလိုကိုး....." မျိုးရိုးမြင့်လေးများလည်း ခဏတာ စဉ်းစားကာ အချင်းချင်းကြည့်လိုက်ကြ၏။ ၎င်းတို့က မေးခွန်းဆက်မမေးဘဲ ရှုယီကို နှုတ်ဆက်လေသည်။
ထိုမျှ ဆိုးဆိုးရွားရွားမပျက်စီးသွားသည့် အခြားမြင်းလှည်းကို မောင်းချိန်တွင် အဘိုးဆာခိုဇီက မျက်မှောင်ကုပ်ကာ ဆိုလာ၏၊ "ဥက္ကဌရှု၊ သူတို့ကို ဒီလိုပြောလိုက်ရင် ကန်တိုနာကို သူတို့တွေ သေလုအောင် နှောင့်ယှက်မှာစိုးရိမ်မိတယ်။"
ရှုယီက ရယ်လျက်နှင့်၊ "ကန်တိုနာက အခု စတက်တိန်းနယ်မြေမှာပါ၊ သူတို့မှာ အရည်အချင်းရှိရင်တောင် သွားမရှာနိုင်ကြပါဘူး။"
အဘိုး ဆာခိုဇီက မနေနိုင်ဘဲ ထရယ်လေ၏။
တစ်အောင့်လောက် ရယ်ပြီးနောက်တွင် အဘိုး ဆာခိုဇီက အနောက်တောင်ဘက်ကို ကြည့်ကာ မျက်နှာထက်တွင် ဝမ်းနည်းရိပ်ဖြတ်ပြေးသွားသည်။
"ပြောရရင် အဲ့ကောင်လေး ကန်တိုနာက အခုထိတောင် ပြန်မလာသေးဘူးပဲ။ သူက နှစ်သစ်ကူးအတွက် ပြန်လာဖို့ မစီစဉ်ထားဘူးများလား?"
ရှုယီက ရယ်သည်၊ "အဲ့ကောင်လေးက စတက်တိန်း နယ်မြေမှာ ကောင်းကောင်းနေ,နေရပါတယ်၊ ဒါပေါ့ ပြန်မလာချင်လောက်ဘူး။"
ကန်တိုနာမှာမူ အလုပ်များလှသဖြင့် ကောင်းကောင်းနေရသည်ဟုပင် မခံစားရချေ။
Frestech ကုန်သည်ကြီးများအသင်းလက်အောက် ဟက်တာတစ်သိန်းမြေကွက်ကိုယူသည်မှာ သံသယမလိုဘဲ အခွင့်အရေးကြီးတစ်ရပ်ပင်။ သူ့အမြင်၌ ၎င်းက ကန်တိုနာ ကုန်သည်ကြီးများအသင်းကို ပထမတန်းလုပ်ငန်းစုဖြစ်လာစေဖို့ အခွင့်ကောင်းဖြစ်၏။
သို့သော် ၎င်းမြေကွက်ကြီးအတွက် ကောင်းစွာ စီစဉ်ရမည့် အလုပ်များစွာရှိပေသည်။
နှစ်အစပိုင်းတွင် ဟက်တာလေးသောင်းအောက်မြေကွက်ကို ရိတ်သိမ်းခဲ့ပြီး ကန်တိုနာမှာ မနက်မှ ညအထိ အလုပ်များနေသည်။ သူ့ထံ၌ နှစ်အစပိုင်းတွင် အနားယူရန်အချိန်မရှိခဲ့ရာ ဘန်တာမြို့သို့ပြန်ရန် ရက်များစွာကို သုံးရမည်ဆိုလျှင် ပြောဖို့ပင်မလိုပေ။
ဘန်တာမြို့သို့ နှစ်ကူးဆင်နွှဲရန် ပြန်ခြင်းမှာ သူ့ထံ၌အချိန်မရှိသဖြင့် ဇိမ်ခံအတွေးမျှသာဖြစ်သည်။
သို့သော် သူ့ထံတွင် ဆွေမျိုးများများစားစားမရှိသလို ဤနေရာ၌ ကိစ္စများကြောင့် ဘန်တာမြို့ကနေ ကင်းကွာနေပြီးသားဖြစ်သည်။ ဘန်တာမြို့မှ လူများစွာကလည်း ဤနေရာ၌ ရှိနေရာ လုံးဝ အထီးကျန်သည်ဟု မခံစားရပေ။
ထို့အပြင် ရှုယီက နောက်နှစ်တွင် ကန်တိုနာအား ဟက်တာကိုးသောင်းမြေကွက်ကို ဖွင့်လှစ်စေလိုပြီး အခြားကိစ္စများအတွက်အသုံးပြုရန်က ဟက်တာတစ်သောင်းမြေကွက်သာ ချန်ရမည်ဖြစ်သောကြောင့် ကန်တိုနာမှာ သူ၏ တာဝန်ကို ပို၍ လေးလေးနက်နက်လုပ်ဆောင်ရသည်။
နေ့တိုင်း မျက်လုံးပွင့်လာသည်နှင့် စိတ်ထဲ၌ မြေကွက် မည်သို့ ရိတ်သိမ်းရမည်ကိုသာ စဉ်းစားနေသည်။ သူဟာ ၎င်းကို စားချိန် ရေအိမ်သွားချိန်၌ပင် တွေးတောနေပြီး တစ်မိနစ်လောက်ပင် အလကားမထိုင်နေပေ။
ဤမနက်ခင်းတွင် သူဟာစောစောနိုးလာပြီး ပုံမှန်အတိုင်း မြေကွက်ကို စစ်ဆေးဖို့သွားလိုက်သည်။ လယ်နှင့် ချိတ်ဆက်ထားသည့် လမ်းဆီရောက်လာချိန်တွင် ကန်တိုနာ ကုန်သည်ကြီးများအသင်း၏ အခြားအဖွဲ့ဝင်များနှင့်အတူ တစ်စုံတရာကို စောင့်နေလိုက်၏။
နာရီဝက်ကြာလောက် စောင့်ဆိုင်းပြီးနောက်တွင် အဝေး၌ ဖုန်ထလာသည်။ ထိုမှ မောင်းနှင်လာသည့် မှော်ကား ဆယ်စီးကျော်ရှိ၏။
၎င်းယာဉ်တန်းကိုမြင်သော် ကန်တိုနာမှာ အံ့ဩလျက် လက်အောက်ငယ်သားများနှင့်အတူ ရှေ့တိုးသွားလိုက်သည်။
ယင်းယာဉ်တန်းထံ၌ ဖာဆန် ရထားလုံးလုပ်ငန်းစု သင်္ကေတများရှိနေသော်လည်း Frestech ကုန်သည်ကြီးများအသင်းကုန်စည်များကို ပို့လာခြင်းပင်။
ကန်တိုနာမှာ ၎င်းကုန်စည်များက Frestech ကုန်သည်ကြီးများအသင်းထံမှ စိုက်ပျိုးရေးသုံးမှော်စက်များဖြစ်သည်ကို သိလေ၏။
လယ်များ ပိုမိုရိတ်သိမ်းရန် သဘာဝကျကျပင် စိုက်ပျိုးရေးသုံးမှော်စက်များ၏ အကူအညီကိုလိုအပ်လေသည်။
သို့သော် အနှီ စိုက်ပျိုးရေးသုံးမှော်စက်များကို ကန်တိုနာမှာ ဝယ်ရန် မတတ်နိုင်သဖြင့် Frestech ကုန်သည်ကြီးများအသင်းထံမှ ဝယ်ယူထားခြင်းမရှိခဲ့ချေ။ ထိုအစား ၎င်းတို့ကို စတက်တိန်း နယ်မြေရှိ Frestech လယ်မြေသို့ တိုက်ရိုက်ပို့ကာ လယ်ကွက်များပိုမိုရိတ်သိမ်းရန် အသုံးပြုရ၏။
ပထမဆုံးသော ပို့ဆောင်ရေးမှော်ကားက ကန်တိုနာ နံဘေး၌ ရပ်တန့်သွားသည်။
ယာဉ်မောင်း ခုန်ဆင်းလာသည်ကိုမြင်သော် ကန်တိုနာက အံ့ဩသွားသည်။
"ဘာလို့ မင်းဖြစ်နေတာလဲ?"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၆၇။ လျှို့ဝှက်ကုန်စည်
အန်းခေါ့ထ်က တောက်တောက်ပပပြုံးလာကာ၊ "ဘာလဲ? ဘာလို့ ငါလာလို့မရတာလဲ?"
ကန်တိုနာက သူ့နောက်က ယာဉ်တန်းကိုကြည့်ကာ ရှုပ်ထွေးသွားသည်၊ "ကုန်စည်နည်းနည်းလေးပို့ရုံဆိုပေမယ့် မင်းတကယ်ရောက်လာတယ်ဆိုတော့ မထူးဆန်းနေဘူးလား? ပြီးတော့ စိုက်ပျိုးရေးသုံးမှော်စက်တွေဟာကို ဘယ်လိုလုပ် အိမ်သုံးမှော်စက်ဌာနရဲ့ မန်နေဂျာနဲ့ဆိုင်မှာလဲ?"
"ဘာလို့လဲဆိုတော့ ဒီတစ်ခေါက်က စိုက်ပျိုးရေးသုံးမှော်စက်တွေတင်မကဘဲ တခြားဟာတွေလည်းပါသေးတယ်။" အန်းခေါ့ထ်က အပြုံးဖြင့် ဖြေသည်။
"မဆန်းတော့ဘူး.... ငါထူးဆန်းတယ်လို့ခံစားမိသားပဲ။ စိုက်ပျိုးရေးသုံးမှော်စက် သုံးရာက များပေမယ့်လည်း ဒီလောက် ပို့ဆောင်ရေးမှော်ကား များများမလိုဘူးလေ။ ဒီတော့ တခြားဟာတွေရှိသေးတာပေါ့။" ကန်တိုနာက အန်းခေါ့ထ်ကိုကြည့်ကာ မေးသည်၊ "ဘာလဲ? ဥက္ကဌရှုက မင်းကို စတက်တိန်း နယ်မြေမှာ အိမ်သုံးမှော်စက်တွေရောင်းဖို့ ဒီလွှတ်လိုက်တာလား?"
အန်းခေါ့ထ်က ကန်တိုနာကို လက်မထောင်ပြကာ၊ "တော်တယ်။ ဥက္ကဌ ငါ့ကို ဒီတစ်ခေါက်လာခိုင်းတာက အိမ်သုံးမှော်စက်တွေယူလာပြီး စတက်တိန်းနယ်မြေဈေးကွက်ဖွင့်ခိုင်းဖို့ပဲ။ ဘယ်လိုလဲ? မင်း စတက်တိန်းနယ်မြေမှာ နေတာ နည်းနည်းကြာပြီဆိုတော့ ဒီနေရာနဲ့ ရင်းနှီးနေလောက်ပြီမဟုတ်လား? အကြံပေးစရာလေးများရှိသေးလား?"
ကန်တိုနာက ခါးသက်သက်ပြုံး၍ ခေါင်းခါသည်၊ "ဥက္ကဌရှုနဲ့ မင်းက စိတ်ရှုပ်အောင်လုပ်မယ်လို့ ခံစားမိနေတယ်။ စတက်တိန်း နယ်မြေရဲ့ လူတွေက အရမ်းဆင်းရဲတော့ အိမ်သုံးမှော်စက်တွေကို တတ်နိုင်တဲ့လူများများစားစားမရှိလောက်ဘူး။"
အန်းခေါ့ထ်က စိတ်ပျက်သွားဟန်မရှိဘဲ အသာပြုံးလျက်ဆိုလာသည်၊ "ဒါက ဘာမှမဟုတ်ပါဘူး၊ ဘန်တာမြို့ရဲ့ လူတွေကလည်း အရင်နှစ်အနည်းငယ်အကြာတုန်းက အိမ်သုံးမှော်စက်တွေကို မတတ်နိုင်ခဲ့ကြဘူးလေ။ ဒါပေမယ့် အခု ဘန်တာမြို့မှာရှိတဲ့ အိမ်ထောင်စုတိုင်းက အိမ်သုံးမှော်စက်တွေ အပြည့်ပဲ။ စတက်တိန်းနယ်မြေသားတွေလည်း အခု မတတ်နိုင်ပေမယ့် ရှေ့လျှောက်မှာပါ မတတ်နိုင်မယ့် အဓိပ္ပာယ်မှ မရှိတာ။"
ကန်တိုနာက မနေနိုင်စွာ ပြုံးသည်၊ "ဒါက ဥက္ကဌရှု ပြောခဲ့တာများလား?"
"ဟုတ်တယ်၊ ဥက္ကဌရှုက ငါမထွက်လာခင် ပြောခဲ့တာ။"
"ဥက္ကဌရှုကလည်း ယုံကြည်မှုရှိတယ်၊ ငါ သူ့ကိုအရမ်းလေးစားပါတယ်။" ကန်တိုနာက ခေါင်းငြိမ့်ကာ ပြောသည်။
"ဒါပေမယ့် ဥက္ကဌရဲ့ ယုံကြည်မှုက ဘယ်တုန်းကမှ မပျက်ယွင်းခဲ့ဘူးမဟုတ်လား?" အန်းခေါ့ထ်က ပြော၏။
ကန်တိုနာလည်း စဉ်းစားလိုက်ပြီး ရယ်မောလေသည်။ သူဟာ ၎င်းကို ထပ်မံမဆွေးနွေးတော့ဘဲ ယာဉ်တန်းကိုကြည့်ကာ ဘေးသို့ လျှောက်သွားလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ယာဉ်တန်းကို အနားပေးကြတာပေါ့။ ဘန်တာမြို့ကနေ တစ်လျှောက်လုံးလာခဲ့ရတော့ မင်းလည်း ခက်ခဲခဲ့မှာပဲ။ ငါ့လူတွေကို အစားအသောက်တွေပြင်ခိုင်းထားပြီးသားဆိုတော့ ဗိုက်ဖြည့်လိုက်ကြဦး။"
"ကောင်းပြီလေ။" အန်းခေါ့ထ်က အပြုံးဖြင့်ဖြေသည်။ သူက သူ့နောက်ရှိ ယာဉ်တန်းကိုလက်ပြလိုက်ရာ မှော်ကားနှစ်စီးက ၎င်းတို့ရှေ့ကို ဖြတ်ကျော်လျက် လယ်ထဲဦးတည်လိုက်တော့သည်။
နောက်ဆုံး မှော်ကား ကန်တိုနာကို ဖြတ်သွားချိန်တွင် ကန်တိုနာလည်း အထဲကိုကြည့်လိုက်သော် ခရီးသည်ထိုင်ခုံ၌ ထိုင်နေသည့် Frestech ကုန်သည်ကြီးများအသင်း အစောင့်အဖွဲ့မှ ခေါင်းဆောင်ကို တွေ့ရာ အံ့ဩသွားမိသည်။
"ဘာလို့ သူပါရောက်နေတာလဲ?" ကန်တိုနာက ပို၍ပင် စိတ်ရှုပ်ထွေးသွား၏။
Frestech ကုန်သည်ကြီးများအသင်းထံ၌ အစောင့်ရာချီရှိသော်လည်း ၎င်းအစောင့်များက အားမနည်းချေ။ ဟာ့ထ်မှာ လူသားအစောင့် သုံးရာ၏ ခေါင်းဆောင်ဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းထံ၌ နေရာမြင့်မြင့်နိုင်ရှိသည်ဟု ယူဆနိုင်လေရာ ၎င်းကို အလွယ်လေး ချန်ထားခဲ့မည်မဟုတ်ပေ။
ယခင်က အစောင့်အဖြစ်ထွက်လာချိန်တွင် ရှုယီက တစ်ပါတည်း ခေါ်ဆောင်လာခြင်း သို့မဟုတ် အရေးကြီးကုန်စည်များကို တင်ပို့ခြင်းဖြစ်သည်။
ရှုယီမှာ ဤတစ်ခေါက် မလာပါသော်လည်း သူတော့လာလေသည်။
ထိုသည်က..... ကုန်စည်များတွင် အရေးကြီးသည့်တစ်စုံတရာပါလာသည့် အဓိပ္ပာယ်လေလား?
သို့သော် ဤယာဉ်တန်းထံ၌ သာမန် စိုက်ပျိုးရေးသုံးမှော်စက်များနှင့် အိမ်သုံးမှော်စက်တချို့သာ ပါသည်ဖြစ်ရာ မည်သည်က အရေးကြီးနေသနည်း?
ကန်တိုနာမှ အန်းခေါ့ထ်ကို မေးမြန်းတော့မည့်ဆဲဆဲတွင် အန်းခေါ့ထ်က ပခုံးအသာပုတ်ကာ တစ္ဆေဆန်ဆန်ပြုံးပြလာ၏။
"ဥက္ကဌ ကန်တိုနာ, ခင်ဗျား မမေးသင့်တဲ့ အရာတချို့ရှိတယ်၊ ဒီတော့ မမေးပါနဲ့ဗျာ။"
ကန်တိုနာ၏ စိတ်နှလုံးထဲ၌ အေးစက်မှုဖြင့်ပြည့်သွားသည်။ သူက အမြန်ခေါင်းငြိမ့်၍ ခြောက်ကပ်ကပ်ရယ်ပြီးနောက် အန်းခေါ့ထ်ကို Frestech လယ်ထဲ ဦးဆောင်ခေါ်သွားတော့သည်။
ခဏမျှကြာပြီးနောက် ယာဉ်တန်းက လယ်ကွက်၏ ဗဟိုမှ လူနေဧရိယာထဲဝင်လာသည်။ သို့သော် ယာဉ်တန်း၏ ပထမတစ်ဝက်ကသာလျှင် ရပ်တန့်သွားပြီး မှော်ကားဆယ်စီးကျော်က လုံးဝ အရှိန်မလျှော့ဘဲ ပင်လယ်ဘက် ဦးတည်သွားကြ၏။
ကန်တိုနာက သံသယဖြစ်နေသော်လည်း အန်းခေါ့ထ်၏ သတိပေးချက်ကို သတိရသွားသဖြင့် စိတ်ထဲသာထားလိုက်သည်။ သူက အန်းခေါ့ထ်ကို အလေးအနက် ဧည့်ခံလိုက်ပြီး ယာဉ်တန်းကတော့ ထွက်ခွာသွားပြီဖြစ်သည်။
အန်းခေါ့ထ်ယူဆောင်လာသည့် ယာဉ်တန်းထံ၌ ရိတ်သိမ်းမြေအတွက် စိုက်ပျိုးရေးသုံးမှော်စက်များနှင့် စတက်တိန်း နယ်မြေ၌ ရောင်းမည့် အိမ်သုံးမှော်စက်ပမာဏကြီးတစ်ခုသာမကဘဲ နေ့စဉ်ကုန်စည်များ၏ ပမာဏကြီးတစ်ခုလည်း ပါရှိသေးသည်။
အန်းခေါ့ထ်အရ ရှုယီက Frestech လယ်မြေရှိ အလုပ်သမားအားလုံးတို့ကို နှစ်သစ်ကူးလက်ဆောင်များအဖြစ် မှတ်ယူကာ ထိုအရာများအား ယူလာဖို့ပြောခဲ့သည်။
ကားထဲရှိ ကုန်စည်များစွာကိုမြင်သော် ကန်တိုနာက မနေနိုင်ဘဲ သက်ပြင်းချလေ၏။
ဥက္ကဌရှုမှာ တကယ်ကို အရာအားလုံးအား စဉ်းစားထား၏။ သူဟာ အဝေးက ဘန်တာမြို့၌ ရှိနေသော်ငြား ၎င်းအသေးစိတ်အချက်များကို မမေ့ချေ။
ကုန်စည်အများအပြားရှိသော်လည်း ထိုမျှ အကုန်အကျမများပေ။ သို့ရာတွင် ၎င်းက ဤနေရာရှိ Frestech ကုန်သည်ကြီးများအသင်း အလုပ်သမားများ၏ ညီညွတ်မှုကို တိုးလာစေလိမ့်မည်။
ကန်တိုနာမှာ ကန်တိုနာကုန်သည်ကြီးများအသင်း အလုပ်သမားများကို လက်ဆောင်ပေးရန် စဉ်းစားပြီးဖြစ်သော်လည်း ကန်တိုနာ ကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ ကောင်းကောင်း မပို့ဆောင်နိုင်ချေ။ သူဟာ ဘန်တာမြို့နှင့် မယှဉ်နိုင်သည့် ဒေသတွင်း စတက်တိန်း နယ်မြေကုန်စည်တချို့ကိုသာ ဝယ်ယူနိုင်ပါ၏။
သို့သော် ယင်းနှင့်စာလျှင် ကန်တိုနာ ဂရုအထားဆုံးမှာ ထွက်သွားသည့် မှော်ကားဆယ်စီးအကြောင်းဖြစ်သည်။
အန်းခေါ့ထ်က ၎င်းကို လျှို့လျှို့ဝှက်ဝှက် လုပ်ဆောင်ကာ ခေါင်းဆောင် ဟာ့ထ်ကပါ အစောင့်အကြပ်တာဝန်ယူထားသည့်အချက်ကို ထည့်ပေါင်းလိုက်လျှင် ၎င်းမှော်ကားများထဲ၌ မည်သို့သော ကုန်စည်များရှိနေသနည်း.....
ကန်တိုနာမှာ ရုတ်တရတ် ခန့်မှန်းချက်တစ်ခုပြုကာ စိတ်နှလုံးက အံ့အားသင့်သွားသည်။ သူဟာ မနေနိုင်ဘဲ ပင်လယ်ဘက်သို့ အံ့ဩမှုအပြည့်မျက်လုံးများဖြင့် ကြည့်လိုက်၏။
မှော်ကားဆယ်စင်းမှာ ပင်လယ်သို့ရောက်သည်အထိတိုင် အရှိန်မြှင့်လာကြပြီးနောက် ဆိပ်ခံတံတားနားတွင် ရပ်လိုက်သည်။
ဤသံမဏိဆိပ်ခံတံတားမှာ အပြီးမသတ်သေးသော်လည်း တည်ဆောက်ပြီးသားအပိုင်းက ပင်လယ်ထံမှ သင်္ဘောအချို့ကို ဝင်ခွင့်ပြုနိုင်ပါ၏။
ဟာ့ထ်က မှော်ကားထဲမှ ခုန်ဆင်းကာ မော့ကြည့်လိုက်သော် ပင်လယ်ရှိ အမည်းစက်ပေါင်းများစွာက လျင်မြန်စွာ နီးကပ်လာသည်ကို တွေ့လိုက်ရသည်။
"သူတို့ အချိန်မီပုံပဲ။" ဟာ့ထ်က ခေါင်းငြိမ့်၍ ဆိပ်ခံတံတားပေါ်ရှိ အဆောက်အဦတစ်ခုမှ ထွက်လာသော သက်လတ်ပ်ုင်းလူတစ်ဦးဆီ တိုးသွားသည်။
"ဟယ်လို ခေါင်းဆောင် ဟာ့ထ်" ထိုသက်လတ်ပိုင်းလူက အင်မတန် ဖော်ဖော်ရွေရွေပြုံးကာ ဟာ့ထ်ကို လက်ဆွဲနှုတ်ဆက်သည်၊ "ကျုပ် ဒီမှာစောင့်နေတာ နှစ်ရက်ရှိပြီ။"
သူက ဟာ့ထ်နောက်ရှိ ယာဉ်တမ်းကိုကြည့်ကာ ထိုသို့ပြောပြီး ဆက်ချီးမွမ်းလေသည်၊ "ဒါတွေက Frestech ကုန်သည်ကြီးများအသင်းထုတ် မှော်ကားတွေမို့လား? သူတို့က တကယ်ပဲ မြင်းလှည်းတွေထက် ပိုအားကောင်းတာပဲ။ ဘန်တာမြို့ကနေ ခင်ဗျားတို့လာဖို့ ရက်အတော်ကြာဦးမယ်ထင်နေခဲ့တာ၊ ဒါပေမယ့် နှစ်ရက်ပဲ ကြာမယ်လို့ မထင်ထားဘူး။ မျှော်မှန်းထားတာထက် ကျော်လွန်နေတာပဲ။"
ဟာ့ထ်က သူ့ကို ကြည့်ကာ ခံစားချက်မဲ့စွာဖြင့် ပြောလာသည်၊ "ဆရာ အန်ကလိုသာ ဒီမှာရှိရင် အံ့ဩလောက်မှာ မဟုတ်ဘူး။"
ထိုသက်လတ်ပိုင်းလူက နေရခက်ဟန်ပြုံးကာ၊ "ကျုပ်က ဆရာ အန်ကလိုလောက် အတွေ့အကြုံမရှိဘူးလေ။ ဒါက မှော်ကားကို ပထမဆုံး မြင်ဖူးတဲ့အချိန်ပဲ၊ နည်းနည်းအံ့ဩတာပေါ့။'
"ရှေ့လျှောက် ကျင့်သားရသွားမှာပါ။" ဟာ့ထ်က ပင်လယ်ဆီသွားကာ အမည်းစက်များကို ညွှန်ပြလေ၏၊ "ဒါက ခင်ဗျားရဲ့ လှေတွေဖြစ်လောက်မယ်၊ ဟုတ်ရဲ့လား?"
သက်လတ်ပိုင်းလူက လျင်မြန်စွာခေါင်းငြိမ့်သည်၊ "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ကျုပ်တို့တွေ ခင်ဗျားတို့ရဲ့ ယာဉ်တန်းရောက်လာတာမြင်တော့ အချက်ပြလိုက်တာ။ ခေါင်းဆောင်ဟာ့ထ်ကို မိနစ်နည်းနည်းလောက်စောင့်ဖို့ တောင်းဆိုပါတယ်၊ သူတို့ ခဏနေရောက်လာမှာပါ။"
ဟာ့ထ်လည်း ခေါင်းငြိမ့်ကာ ဆိပ်ခံတံတားဆီသို့ သက်လတ်ပိုင်းလူနှင့်အတူသွားပြီး ၎င်းအမည်းစက်လေးများ ချဉ်းကပ်လာသည်ကို စောင့်ကြည့်နေလိုက်သည်။
သက်လတ်ပိုင်းလူက ဟာ့ထ်ကို ဆက်လက် စကားဖောင်ဖွဲ့နေပြီး ဟာ့ထ်ကမူ အချိန်တိုင်း သူ့အား လိုရင်းတိုရှင်းအဖြေကိုသာ ပေး၏။ ထိုလူမှာ ကူရာမဲ့သယောင်ခံစားရပြီး အပြောရပ်လိုက်လေရာ နှစ်ဦးသား တိတ်တဆိတ်သာ စောင့်ဆိုင်းနေကြရတော့သည်။
နှစ်ဆယ်မိနစ်ဝန်းကျင်လောက်တွင် ၎င်းအမည်းစက်လေးများ နီးကပ်လာကာ ၎င်းတို့မှာ စတက်တိန်း နယ်မြေ၌ မြင်တွေ့နေကျ လှေ အစီးသုံးဆယ်ဖြစ်၏။
၎င်းတို့က လှေများဖြစ်သော်လည်း ဆန်ဒီမြစ်၌ ရွက်လွှင့်ခဲ့သည့် လှေများလောက် မကြီးမားချေ။ ထိုအစား ပိုမိုသေးငယ်ကာ လှေတစ်စင်းစီက ဆယ်မီတာအောက်သာရှည်ပြီး သုံးမီတာကျယ်လေရာ အားလုံးမှာ လှေငယ်လေးများဖြစ်ကြသည်။
၎င်းလှေငယ်လေးများကိုမြင်သော် ဟာ့ထ်က မနေနိုင်ဘဲ ခေါင်းခါသည်။
နံဘေးရှိ သက်လတ်ပိုင်းလူက ထိုသည်ကို သတိထားမိကာ မေးလိုက်၏၊ "ဘာများလဲ? ခေါင်းဆောင် ဟာ့ထ်, ပြဿနာရှိလို့လား?"
ဟာ့ထ်က မျက်မှောင်ကုပ်ကာ မေး၏၊ "ဒီလှေတွေက အရမ်းသေးလွန်းတယ်၊ ဘယ်လိုလုပ် ကုန်စည်တွေ ပြန်ပို့မှာလဲ?"
သက်လတ်ပိုင်းလူက ရယ်မောကာ၊ "ခင်ဗျား ဒါကို စိုးရိမ်ဖို့ မလိုပါဘူး။ ဒီလှေတွေက သေးပေမယ့်လည်း ဒီမှော်ကားဆယ်စီးထဲက ကုန်စည်တွေကို တင်ပို့ဖို့ အတော်လေးလွယ်ပါတယ်။"
ဟာ့ထ်က ခေါင်းငြိမ့်၍ မည်သည်ကိုမှ မမေးတော့ချေ။ သူက ဆိပ်ခံတံတားနံဘေးရှိ လှေများထံသွားလိုက်ရာ ယခုမှ ထွက်လာကာစ အန်ကလိုနှင့် သွားဆုံမိသည်။
"ခေါင်းဆောင် ဟာ့ထ်, ဟယ်လို။" အန်ကလိုက ၎င်း သက်လတ်ပိုင်းလူလို စိတ်မလှုပ်ရှားသော်လည်း မှော်ကားများကို ဆက်တိုက်ကြည့်နေဟန်က စိတ်နှလုံးထဲရှိ ပူပန်မှု အရိပ်ယောင်ကို ပြနေသည်။
ဟာ့ထ်နှင့် အန်ကလိုတို့ လက်ဆွဲနှုတ်ဆက်ပြီးနောက် မှော်ကားများကို ညွှန်ပြလိုက်သည်၊ "ပို့ဆောင်ရမယ့် ပစ္စည်းတွေပါ။ ဆရာ အန်ကလို, ကျေးဇူးပြုပြီး ကုန်စည်တွေကို စစ်ဆေးကြည့်ပါဦး။"
အန်ကလိုက လုံးဝ နောက်ပြန်မဆုတ်ဘဲ မှော်ကားများထံ ဟာ့ထ်နှင့် အတူသွားလိုက်သည်။ သူဟာ မှော်ကားများအနက် တစ်စီး၏ နောက်ဘက်သို့ သွားကာ အဝတ်စကို မ'လိုက်သည်။
အကြည့်တစ်ချက်နှင့် အန်ကလိုမှာ မနေနိုင်ဘဲ အသက်ပြင်းပြင်းရှူမိသွား၏။
အဝတ်စအောက်တွင် တောက်ပ အေးစက်စွာလင်းလက်နေသည့် လက်နက်များရှိနေသည်။
ယင်းလက်နက်များ၏ တောက်ပမှုကို သုံးသပ်ကြည့်ရုံနှင့် ၎င်းတို့ထံ၌ ခမ်းနားသည့် အရည်အသွေးရှိကြောင်း သိနိုင်သည်။ ၎င်းတို့မှာ မြို့များရှိ ပန်းပဲဆရာတစ်ဦးထံမှ ဝယ်ယူနိုင်သည့် သာမန်ကုန်စည်များကို များမြောင်စွာ ကျော်လွန်နေလေသည်။
စတက်တိန်း နယ်မြေ၏ စံပြုလက်နက်များမှာလည်း ၎င်းတို့ကို ယှဉ်နိုင်ခြင်း အလျဉ်းမရှိချေ။
အန်ကလိုလည်း တစ်ချက်ကြည့်ကာ ချက်ချင်း အဝတ်ကို ပြန်ဆွဲလိုက်သည်။ သူက ဟာ့ထ်ဘက်လှည့်လိုက်သော် ဟာ့ထ်က အင်မတန်တည်ငြိမ်နေပြီး လုံးဝ မလှုပ်ရှားသွားကြောင်း တွေ့ရလေသည်။
"ငါက ဒီလက်နက်တွေကို စိတ်လှုပ်ရှားနေပေမယ့် ခေါင်းဆောင် ဟာ့ထ်ရဲ့ မျက်လုံးထဲမှာတော့ သာမန်အရာလေးတွေပါပဲနော်။" အန်ကလိုက တိတ်တဆိတ်သက်ပြင်းချကာ အခြားမှော်ကားများကိုပါ ဟာ့ထ်နှင့်အတူကြည့်ရှုလိုက်သည်။
ပထမဆုံး မှော်ကားခုနစ်စီးက လက်နက်ချပ်ဝတ်များဖြင့် ပြည့်နေပြီး အဌမနှင့် နဝမမြောက် မှော်ကားများတွင် မှော်ထပ်ဆင့်လေးများနှင့် မြှားသေတ္တာများတို့ဖြင့် ပြည့်နေသည်။
၎င်းမှော်ထပ်ဆင့်လေးများကိုမြင်သော် အန်ကလိုမှာ ပိုလို့ပင် စိတ်လှုပ်ရှားလာ၏။
သူဟာ အနှီ မှော်ထပ်ဆင့်လေးများ၏ စွမ်းပကားကို သိနားလည်ပေသည်။ ၎င်းတို့ထံ၌ အနှီ မှော်ထပ်ဆင့်လေးများသာရှိနေလျှင် မြားအလုံအလောက်ရှိနေသရွေ့ ရန်သူများက ချဉ်းကပ်လာနိုင်မည်မဟုတ်ပေ။
ဟာ့ထ်ကိုယ်တိုင် မောင်းနှင်လာခဲ့သည့် နောက်ဆုံးမှော်ကားထံသွားချိန်၊ အန်ကလိုမှာ အဝတ်ကို ဆွဲလိုက်ချိန်တွင် မနေနိုင်ဘဲ အသက်ရှူရပ်မတက်ဖြစ်သွားသည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၆၈။ အခြားရွေးချယ်စရာမရှိပါ။
အဝတ်အောက်ရှိ ပြန့်ကျဲနေသော အမည်မသိစက်တစ်လုံးဖြစ်ပေါ်နေသည့် သံမဏိအပိုင်းအစများကိုကြည့်ရင်း အန်ကလို၏ ရှုပ်ထွေးနေဟန်က ပုံမှန်ပြန်ဖြစ်လာသည်။ သူက ဟာ့ထ်ဘက်လှည့်ကာ ခေါင်းငြိမ့်၏၊ "ခေါင်းဆောင် ဟာ့ထ်, ဥက္ကဌရှုဆီကို ကျေးဇူးတင်ကြောင်းပြောပြပေးပါဦး။ သူက ဒီလောက်တောင်ကူညီထားမှတော့ ကျုပ် စိတ်ထဲအမြဲ မှတ်သားထားမှာပါ။"
ဟာ့ထ်က မည်သည့်အမူအရာမှမရှိဘဲ ပြောသည်၊ "ဒါသာမန် အရောင်းအဝယ်တစ်ခုပါပဲ၊ အားလုံး ကိုယ်လိုချင်တာကို ရကြတယ်လို့ ဥက္ကဌရှုက ကျုပ်ကို ပြောခိုင်းလိုက်ပါတယ်။"
အန်ကလိုက အံ့ဩသွားသည်။ အနည်းငယ် ရပ်တန့်နေပြီးနောက်၌ မျက်မှောင်ကုပ်ကာ ပြန့်ကျဲနေသည့် အပိုင်းများကို ညွှန်ပြလျက် မေးသည်၊ "ဒါပေမယ့် ကျုပ်ဆီမှာ မေးခွန်းတစ်ခုရှိတယ်။ ခေါင်းဆောင် ဟာ့ထ်, ဘာလို့ မှော်အမြောက်ရဲ့ အစိတ်အပိုင်းတွေက ဒီလောက် သေးတဲ့ပုံပေါ်နေရတာလဲ? သူတို့ကို တပ်ဆင်လိုက်ရင် အတော်လေး ပိုသေးသွားမှာမဟုတ်ဘူးလား?"
"ဒါက ကျုပ်တို့လုပ်ငန်းစုရဲ့ ဒုတိယမျိုးဆက် မှော်အမြောက်ပါ။ ဒါက ပထမမျိုးဆက်ထက် ပိုသေးနေပေမယ့်လည်း အားမနည်းဘဲ ပိုတောင်အားကောင်းတာကြောင့် ပထမမျိုးဆက် မှော်အမြောက်ထက် အတော်ပိုအားကောင်းတယ်။ ပြီးတော့ ပိုသေးတာကြောင့် သယ်ရလွယ်တာပေါ့။ ကြည့်ပါဦး၊ ဒါကို ပို့ဖို့ ကျုပ်တို့ မှော်ကားတစ်စီးပဲလိုတယ်။" ဟာ့ထ်က ရှင်းပြသည်။
"ဒီလိုကိုး။" အန်ကလိုက မှော်အမြောက် အစိတ်ပိုင်းများကိုကြည့်ရင်း မေးခွန်းတချို့ကျန်နေသေးသည်၊ "ဒါပေမယ့် ဒီဟာကို ဘယ်လိုတပ်ရမှာလဲ? ဒီအတွက် လူမရှိဘူး။"
ဟာ့ထ်က ရင်ဘတ်ထဲမှ အန်ကလိုအတွက် စာအုပ်လေးတစ်အုပ်ထုတ်ပေးလာသည်။
"ဒီမှာ မှော်အမြောက်အတွက် တပ်ဆင်မှုအညွှန်းရှိပြီးတော့ မှော်ထပ်ဆင့်လေးတွေရယ် ချပ်ဝတ်နဲ့ လက်နက်တွေအတွက် အဓိက ပင်မပြုပြင်ထိန်းသိမ်းမှုအပိုင်းတွေလည်းပါတယ်။ ဒါတွေကို ပို့ပြီးရင် ခင်ဗျားလေ့လာရမယ်။ မဟုတ်လို့ကတော့ သေချာမလုပ်ထားလို့ ပျက်စီးသွားရင် လုပ်ငန်းစုက ဘာပြုပြင်ရေး ဝန်ဆောင်မှုမှ ထောက်ပံ့မှာမဟုတ်ဘူး။"
အန်ကလိုက စာအုပ်လေးကိုယူကာ မဖတ်ဘဲ ဆက်မေးလာသည်၊ "ခေါင်းဆောင် ဟာ့ထ်, ဘာလို့ ဒါတွေအတွက် နည်းပညာပိုင်း ဝန်ထမ်းတစ်ယောက်ယောက်ကိုပဲ လမ်းညွှန်ဖို့ မထောက်ပံ့ရတာလဲ? အဲ့လိုဆို ပိုအဆင်ပြေမယ်မဟုတ်လား?"
ဟာ့ထ်က ခေါင်းခါသည်၊ "ဥက္ကဌ ပြောတာတော့ ဒါက ကျုပ်တို့နှစ်ဘက်ကြားက အပေးအယူပဲတဲ့။ ကျုပ်တို့သာ လူတွေပို့လိုက်ရင် ခင်ဗျားတို့ စတက်တိန်း နယ်မြေရဲ့ အတွင်းရေးကိစ္စတွေကို ဝင်စွက်ဖက်သလိုဖြစ်လာမှာ။ ဆရာ အန်ကလိုက ဒီလိုဖြစ်တာကို မမြင်ချင်လောက်ဘူးလို့ ခံစားနေရတယ်တဲ့။"
အန်ကလိုလည်း အနည်းငယ် တိတ်ဆိတ်သွားပြီးမှ အသာခေါင်းငြိမ့်၏။
"ဥက္ကဌရှုက အရာအားလုံးကို ချိန်ဆထားတာပဲ၊ ဒါပေမယ့်....." အန်ကလိုက မှော်ကားဆယ်စီးကိုကြည့်ကာ ကိုယ့်ကိုယ်ကိုသရော်တော်တော်ဖြင့် ခါးသက်သက်ပြုံးလျက် ပြောသည်၊ "တကယ်တော့၊ ခင်ဗျားတို့ ဝင်ပါဖို့က အဆင်ပြေပါတယ်...."
ဟာ့ထ်က တိတ်ဆိတ်နေ၏။
အန်ကလိုမှာ ခဏတာ တိတ်ဆိတ်နေပြီးနောက် အသက်ပြင်းပြင်းရှူလိုက်ရာ အားအင်ပြန်ရသွားသည်။
"ကောင်းပြီ၊ ခေါင်းဆောင် ဟာ့ထ်, ကျုပ် ဒီကုန်စည်တွေကို အတည်ပြုပြီးပြီဆိုတော့ ကုန်သွယ်မှုလုပ်ရတော့မယ်။"
ဟာ့ထ်က ခေါင်းငြိမ့်၍ အန်ကလိုအတွက် ကုန်စည်စာရင်းထုတ်ပေးလာသည်။ အန်ကလိုလည်း အတည်ပြုပြီးနောက် ဟာ့ထ်ထံ လက်မှတ်ထိုးပြီးစာချုပ်ပေးလိုက်သည်။
ယင်းစာချုပ်မှာ အန်ကလို၏ နယ်မြေရှိ သံသတ္တုတွင်းနှင့် မှော်သလင်းကျောက်တွင်းတို့ကို Frestech ကုန်သည်ကြီးများအသင်းထံ ပေးရန်ဖြစ်သည်။
စာချုပ်အရ Frestech ကုန်သည်ကြီးများအသင်းက ၎င်းမိုင်းတွင်းများကို ထာဝရတူးဖော်ခွင့်ရမည်ဖြစ်သည်။
နောက်တစ်မျိုးဆိုရလျှင် အနှီ သံသတ္တုနှင့် မှော်သလင်းကျောက်တွင်းအား Frestech ကုန်သည်ကြီးများအသင်းထံ အပြည့်အဝလွှဲပေးခြင်းပင်။ ဤသည်က အန်ကလို သို့မဟုတ် စတက်တိန်း နယ်မြေနှင့် ထပ်မံမသက်ဆိုင်တော့ပေ။
ဤမိုင်းတွင်းနှစ်တွင်းအား အန်ကလိုက Frestech ကုန်သည်ကြီးများအသင်းထံမှ လက်နက်များအတွက် ပေးချေခြင်းဖြစ်၏။
ဤသည်က မှော်ကားဆယ်စီးစာ ကုန်စည်သာဖြစ်သော်လည်း စုစုပေါင်းတန်ဖိုးမှာ ရွှေဒင်္ဂါးနှစ်သိန်းဖြစ်သည်။
မှော်အမြောက်အသစ်နှင့်တင် ရွှေဒင်္ဂါး တစ်သောင်းထိုက်တန်နေပြီဖြစ်၏။
မြားသေတ္တာများနှင့် မှော်ထပ်ဆင့်လေး သုံးရာတို့အတွက်မူ တစ်စုံလျှင် ရွှေဒင်္ဂါး လေးရာ ဈေးနှုန်းရှိရာ အစုံသုံးရာမှာ ရွှေဒင်္ဂါး တစ်သိန်းနှစ်သောင်းနှင့် ညီမျှ၏။
ကျန်လက်နက်များနှင့် ချပ်ဝတ်များကမူ ရွှေဒင်္ဂါး ခုနစ်သောင်း စုစုပေါင်းရှိသည်။
တကယ်တမ်းတွင် ယင်းမိုင်းတွင်းနှစ်တွင်းက ရွှေဒင်္ဂါးနှစ်သိန်းကျော် တန်ဖိုးရှိကာ သုံးသိန်းအောက်မလျေ့ာချေ။
သို့ရာ၌ အန်ကလိုက ထိုမျှ ငွေများများမထုတ်နိုင်သဖြင့် သဘာဝကျစွာပင် Frestech ကုန်သည်ကြီးများအသင်းထံမှ လိုအပ်သည့်အရာများအတွက် ရင်းမြစ်များဖြင့်သာ ကုန်သွယ်နိုင်၏။
သူ့ထံ၌ ရွေးစရာရှိပါလျှင် အန်ကလိုမှာ သူ့နာမည်အောက်ရှိ ရင်းမြစ်များက စတက်တိန်းနယ်မြေတိုးတက်ရေး၌ အရေးပါပုံကို သိသဖြင့် လက်မလျှော့ချင်ပါချေ။
သို့သော် သူ့ထံ၌ အခြားရွေးချယ်စရာမရှိပေ။
သူဟာ ရည်မှန်းချက်ကို အောင်မြင်လိုခြင်းကြောင့် ငွေသုံးရမည်ဖြစ်ပြီး ငွေပမာဏများများလိုသည်။
ဟာ့ထ်၏ လမ်းညွှန်မှုဖြင့် သူ၏လက်အောက်ငယ်သားများမှာ မှော်ကားဆယ်စီးထံမှ ကုန်စည်များကို လှေများပေါ် တင်နေကြ၏။ အန်ကလိုထံ၌ ရှုပ်ထွေးနေဟန်ရှိကာမျက်လုံးများက သောကဝေလျက် နှုတ်ခမ်းများ၌လည်း ခါးသက်သက်အပြုံးတစ်ခု တွဲခိုနေသည်။
"ဒီစတေးမှုတွေက ရလာဒ်ကောင်း ယူလာဖို့မျှော်လင့်ပါတယ်၊ မဟုတ်ရင် ငါက စတက်တိန်း နယ်မြေသမိုင်းမှာ အရှုတ်ချခံရဆုံးလူဖြစ်လာတော့မှာပဲ။"
အန်ကလိုမှာ သူ၏ ဆုံးဖြတ်ချက်ကြောင့် အနာဂတ်အကြောင်းကို စိုးရိမ်နေကာ ဘန်တာမြို့သားများကမူ ၎င်းတို့၏ တောက်ပသောအနာဂတ်အကြောင်းကြောင့် ပျော်ရွှင်နေရင်း နှစ်သစ်ကူးကို စိတ်အားထက်သန်မှုအပြည့်ဖြင့် ကြိုဆိုလိုက်ကြ၏။
နောက်တစ်နှစ်ကုန်လွန်သွားရာ ဘုရင်မ ဆယ်ဗီနီက ဘန်တာမြို့ကို နောက်နှစ်တစ်ဝက်စာ တာဝန်ယူခဲ့သဖြင့် ဘန်တာမြို့မှာ တစ်ဖန် သက်ဝင်လှုပ်ရှားမှုဖြင့် ပြည့်လာသည်။ ၎င်းက ကောင့်ထ်စတက်ဂျ် မြို့စားဖြစ်စဉ်က မှုန်မှိုင်းရီဝေနေခဲ့သည်နှင့် လုံးဝခြားနားပေသည်။
လတစ်ဝက်အတွင်းတွင် ဘန်တာမြို့မှာ ယခင်က ကြွယ်ဝမှုကို ပြန်ရခဲ့ရုံမျှမက ပို၍ပင် သက်ဝင်လာခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း ဦးဆောင်သည့် မှော်စက်မှုနယ်ပယ်မှာ လူတို့၏ နှလုံးသားများထဲ ဝင်ရောက်လာသည်နှင့် ဘန်တာမြို့ရှိ လူများမှာ ပို၍ပို၍ ၎င်းနယ်ပယ်ထဲ ဝင်လာကြသည်။ ယခု ဘန်တာမြိုတော်တွင် လူတိုင်းမှာ စိတ်တိုင်းကျစရာ အလုပ်တစ်ခုရှာဖွေနိုင်ကာ အဝတ် အစားကိစ္စကို ပူပန်ရန် မလိုအပ်တော့ချေ။ ၎င်းတို့မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်အကြာက စိတ်ပင်မကူးခဲ့ရဲသည့် ဇိမ်ကျကျဘဝကို နေနိုင်နေပြီဖြစ်သည်။
ဥပမာဆိုလျှင် ကပ်စေးကုပ်ခြင်း သို့မဟုတ် အခြားအကြောင်းအရင်းများကြောင့် မဝယ်ခဲ့ရသော အရာများကို နှစ်သစ်ကူးလာချိန်တွင် ဝယ်ယူဖို့ပြင်ထားကြသည်။
ထို့ကြောင့် နှစ်သစ်ကူးလာချိန်တွင် Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်ဌာနထံ၌ ရောင်းအားကောင်းလွန်းနေ၏။
တစ်ပတ်တည်းနှင့်တင် ရောင်းအားအရေအတွက်မှာ လွန်ခဲ့သည့် နှစ်လောက်ပေါင်းလောက် ကောင်းနေသည်။
အချက်အလက်အရ တစ်ပတ်တာလေးအတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ အိမ်သုံးမှော်စက်များနှင့်တင် ရွှေဒင်္ဂါးငါးသိန်း ဝင်ငွေရခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းထံ၌ အမြတ်စွန်းများများရသောကြောင့် တစ်ပတ်တာအတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ အိမ်သုံးမှော်စက်များမှ အသားတင်အမြတ်ငွေ သုံးသိန်းရခဲ့သည်။
ဤသည်ကသာ လွန်ခဲ့သည့် သုံးနှစ်ကဆိုလျှင် ရှုယီမှာ ၎င်းစာရင်းကို မြင်ချိန်၌ ပျော်လွန်း၍ ရူးမတတ်ဖြစ်သွားလောက်၏။
သို့သော် ယခုစာရင်းကိုမြင်ချိန်တွင် ရှုယီက မည်သည်ကိုမှ မခံစားရချေ။ ထိုအစား အချက်အလက် တစ်ခုခုမှားနေသလားကြည့်ကာ မည်သည့်နေရာများကို အဆင့်မြှင့်နိုင်မည်အား ရှာဖွေနေသည်။
အခြားနည်းလမ်းမရှိပေ။ ဤနှစ်စာရင်းအရ Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါး ဆယ်သန်းအထိရလေရာ မည်သို့များ ရှုယီက အသေးအဖွဲ့ သုံးသိန်းလောက်နှင့် ပျော်ရွှင်လာမည်နည်း?
မှန်ပါ၏၊ ဝင်ငွေများလျှင် သုံးငွေလည်း များမည်သာ။
Frestech ကုန်သည်ကြီးများအသင်း၏ အသားတင်အမြတ်ငွေက အံ့ဩဖွယ်ဖြစ်သော်လည်း ၎င်းတို့က အံ့ဩဖွယ်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားလေသည်။
လစာက သုံးသန်းအထိရှိသည်ကိုမဆိုထားနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ တိုးချဲ့စီမံကိန်းအရ ဒုတိယနှစ်တစ်ဝက်တွင် ထုတ်လုပ်ရေးအခြေစိုက်ဌာနများ၌ စတင် ရင်းနှီးမြှုပ်နှံခဲ့သလို ဆန်နက်မြေရိုင်း၊ စတက်တိန်း နယ်မြေနှင့် ယခင်နှစ်လက ဆိုဝယ်လ်မြို့တို့၌လည်း ရင်းနှီးမြှုပ်နှံခဲ့သဖြင့် ရွှေဒင်္ဂါးငါးသန်းကျော်သုံးထားပြီးဖြစ်သည်။
၎င်းကို တွက်ကြည့်သော် နှစ်ဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းထံ၌ ရွှေဒင်္ဂါး တစ်သန်းသာပို၏။
လက်ရှိ လုပ်ငန်းစုအတိုင်းအတာနှင့်ယှဉ်လျှင် ၎င်းငွေလေးကို မည်သည်မှဟု သတ်မှတ်၍မရချေ။ ဘဏ္ဍာရေးမန်နေဂျာ Sebasမှာ နှစ်ဆုံးအစီရင်ခံစာများကို ကျော်လျက် ရှုယီထံ ညည်းညူကာ ဆက်တိုက် နောက်နှစ်အခွန်ငွေပေးချေမှုကိုပါ သင့်တင့်စေရန် သတိပေးနေသလို လုပ်ငန်းစုက လိုငွေပြလာမည်ဟုလည်း သတိပေးနေခဲ့၏။
သို့ရာတွင် ရှုယီက သတိပေးချက်ကြောင့် ပြုံးရုံပြုံးကာ ဂရုမစိုက်ချေ။
Frestech ကုန်သည်ကြီးများအသင်းက ဤနှစ်တွင် ဤမျှ ရင်းနှီးမြှုပ်နှံခဲ့သည်မှာ သူပြုလုပ်ထားခဲ့သည့် တိုးတက်ရေးစီမံကိန်းကြောင့်သာ။
ထုတ်လုပ်ရေးအခြေစိုက်ဌာနအား နောက်နှစ်၌ အပြီးသတ်ကာ စတင်ထုတ်လုပ်မည့်အချိန်တွင် ယင်းရင်းနှီးမြှုပ်နှံမှုများက အမြတ်ပမာဏများစွာအဖြစ်ပြောင်းလဲသွားလိမ့်မည်။
ထိုအချိန်တွင် Frestech ကုန်သည်ကြီးများအသင်း၏ အမြတ်လည်း တိုးလာမည်။ အဆပေါင်းများစွာ တိုးလာရန်ကပင် ထူးဆန်းနေမည်မဟုတ်။
ပိုအရေးကြီးသည့်အရာမှာ Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့၏ အုတ်မြစ်ကို ချခင်းထားပြီးဖြစ်သည်။ ၎င်းတို့မှာ မြို့တစ်မြို့၏ အပြောင်းအလဲများကြောင့် လွှမ်းမိုးခံရတော့မည်မဟုတ်ချေ။ မည်သည့်အခြေအနေနှင့်မဆို လိုက်လျောညီထွေဖြစ်လာပြီး မျိုးရိုးမြင့်တစ်ဦးက ပစ်မှတ်ထားခြင်းကြောင့် အခံဘက်ဖြစ်လာတော့မည်မဟုတ်ချေ။
"ဒါပေါ့ သာမန်မျိုးရိုးမြင့်တွေကတော့ ရှင့်ကိုရော Frestech ကုန်သည်ကြီးများအသင်းကိုရော မဆန့်ကျင်ဝံ့လောက်တော့ဘူး။ ခမည်းတော်က တော်ဝင်လွှတ်တော်မှာ အရင်တစ်ခေါက်က သူ့ရဲ့ သဘောထားကိုပြခဲ့တော့ ဘယ်မျိုးရိုးမြင့်ကမှ ဒီကိစ္စအတွက် ခမည်းတော်ကို ဒေါသဖြစ်ရဲမှာမဟုတ်ဘူး။"
ဆယ်ဗီနီက သူမရှေ့၌ စိတ်အေးသက်သာစွာထိုင်နေသည့် ရှုယီကိုကြည့်ကာ ခေါင်းခါသည်။
"ရှုယီ၊ ရိုးရိုးသားသားပြောရရင် ကျွန်မနားမလည်ဘူး၊ ဘာလို့ ရှင်က အန္တရာယ်ထဲရောက်နေရင်တောင် အမြဲ ယုံကြည်ချက်ရှိတဲ့ပုံပေါ်နေရတာလဲ? ပြောပါဦး၊ ဘာလို့ ဒီလောက်များတဲ့ အစောင့်တွေကို စုဆောင်းတာလဲ? ရှင်တို့ လုပ်ငန်းစုရဲ့ အစောင့်အင်အားကို တိုးချင်တာကြောင့်တော့ မဖြစ်နိုင်ဘူး၊ ဟုတ်တယ်မလား?"
ရှုယီက အသာပြုံးသည်၊ "များတယ်? အဲ့လောက်လည်းမဟုတ်ပါဘူး၊ လူငါးရာတည်းပါ။ အစောင့်နှစ်ထောင်ကျော်ရှိတဲ့ ဖယ်လ်ချောင် ကုန်သည်ကြီးများအသင်းနဲ့စာရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ ရှိတဲ့ အစောင့်တစ်ထောင်နီးပါးလောက်လေးကို များတယ်လို့ သတ်မှတ်လို့မရဘူး။"
ဆယ်ဗီနီက သူ့ထံ စိုက်ကြည့်လာကာ၊ "သရုပ်ဆောင်တာရပ်! ရှင်တို့ လုပ်ငန်းစုမှာက နတ်သူငယ်အစောင့်တွေ၊ လူပုလေးအစောင့်တွေနဲ့ ဆန်နက်မြေရိုင်းကနေ စုဆောင်းလာတဲ့ သားရဲလူမျိုးအစောင့်တွေတောင်ရှိတယ်လေ။ ဟုတ်သားပဲ၊ စတက်တိန်းနယ်မြေကနေ စုဆောင်းလာတဲ့ ရှင်ထည့်မတွက်ထားတဲ့ အစောင့်တွေလည်းရှိသေးတယ်။ ရှင်သာ အားလုံးကိုပေါင်းလိုက်ရင် နှစ်ထောင်တောင်ကျော်နေလောက်ပြီ မဟုတ်လား?"
ရှုယီက ရယ်မောလိုက်သော်လည်း အဖြေမပေးချေ။
သူ၏ တုံ့ပြန်ပုံကိုမြင်သော် ဆယ်ဗီနီမှာ အနည်းငယ် ဒေါသဖြစ်လာသည်။ သူမက စားပွဲကိုရိုက်ကာ မျက်မှောင်ကုပ်လေ၏။ သူမ၏ အသံကိုမြှင့်ကာ ဒေါသသံဖြင့် အော်လာခြင်းကို မြင်ရရန် ရှားပါးလှပေသည်၊ "ရှုယီ၊ အဲဒီ နတ်သူငယ်တွေ၊ လူပုလေးတွေနဲ့ သားရဲလူမျိုးတွေရဲ့ အင်အားက သာမန်လူတွေထက် အားလုံးမြင့်တယ်။ ရှင်သာ တိုက်ပွဲအင်အားကိုယှဉ်မယ်ဆိုရင် ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တွေက လူငါးထောင်ရှိတဲ့ စစ်တပ်တစ်ခုနဲ့တောင် ယှဉ်နိုင်တယ်။ ရှင် တကယ်ပဲ ဘာလုပ်ချင်နေတာလဲ?"
ဆယ်ဗီနီ၏ အမူအရာကိုမြင်သော် ရှုယီက သက်ပြင်းချကာ လက်များဖြန့်လိုက်သည်၊ "ဘုရင်မ၊ ကျုပ် ဘာကိုမှ မလုပ်ချင်ပါဘူး၊ ကိုယ့်ကိုယ်ကို ကာကွယ်ချင်ရုံတင်ပါ။ ခင်ဗျားက ကျုပ်ကို ဖြစ်စေ Frestech ကုန်သည်ကြီးများအသင်းကိုဖြစ်စေ ဘယ်မျိုးရိုးမြင့်ကမှ ပစ်မှတ်မထားရဲဘူးပြောပေမယ့် အဲ့ထဲမှာ မင်းသားလေးအဲရစ်ရောပါရဲ့လား?"
ဆယ်ဗီနီ၏ မျက်လုံးအိမ်များတုန်ရီလာကာ သက်ပြင်းတစ်ချက်ချပြီးနောက် မည်သည်ကိုမှ မဆိုချေ။
ဆယ်ဗီနီ၏ တုံ့ပြန်မှုကိုမြင်သော် ရှုယီက အသာပြုံးကာ ဆက်သည်၊ "ကောင်းပြီလေ၊ ဘုရင်မ၊ လူတိုင်း သတိထားနေတာကို မဆွေးနွေးကြတော့ဘူး၊ ဘာအဓိပ္ပာယ်ရှိလို့လဲ? စီးပွားရေးကိုပဲ ဆွေးနွေးရအောင်၊ ခင်ဗျားရဲ့ ကိုယ်ပိုင်အစောင့် ငါးထောင်အတွက် ဘယ်လိုလက်နက်စံနှုန်းမျိုးကို လိုချင်လဲ?"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၁၆၉။ ကလေးတစ်ယောက်ကို ကာကွယ်သလို (Vol 3 အဆုံးသတ်)
ဆယ်ဗီနီက ရှုယီကို မျက်လုံးများထဲ ခါးသက်ဟန်စွက်လျက် ကြည့်လာသည်။
"ကျွန်မက အစောင့်တစ်ဦးချင်းစီကို အဆင့်မြင့် လက်နက်တွေ ပေးနိုင်ရုံတင်မက အတိုင်းအတာမြင့်မှော်ထပ်ဆင့်လေးတွေကိုပါပေးနိုင်တဲ့ ဥက္ကဌတစ်ယောက်လို မချမ်းသာပါဘူး။ ကျွန်မလို ချို့တဲ့,တဲ့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အစောင့်တွေအတွက် ချပ်ဝတ်နဲ့လက်နက်တစ်စုံလောက်ပေးနိုင်တာကတင် အတော်လုံလောက်နေပါပြီ။"
ရှုယီက မနေနိုင်ဘဲ ပြုံးလျက် ခေါင်းခါကာ၊ "ကောင်းပြီလေ၊ ဘုရင်မ၊ ခင်ဗျားက ချို့တဲ့မှတော့ Frestech ကုန်သည်ကြီးများအသင်းကိုယ်စား ခင်ဗျားကို အကြွေးဝယ်ခွင့်ပေးပါ့မယ်။ ဘယ်လိုထင်လဲ?"
ဆယ်ဗီနီက ပျော်ရွှင်ဟန်ပြကာ နှုတ်ခမ်းများကို စေ့လျက် အသာပြုံးလာ၏၊ "ဘယ်လိုထင်ရမှာလဲ?"
ရှုယီက လက်များဖြန့်ကာ၊ "ဟုတ်ပါပြီ၊ ကျုပ် စိတ်ထဲမထားပါဘူး၊ ဒီတော့ ခင်ဗျားက ဘာတွေရှက်နေတာလဲ။ ဆပ်ပြီးသွားပြီ၊ ခင်ဗျားရဲ့ ကိုယ်ပိုင်အစောင့် ငါးထောင်က ထိပ်တန်းအဆင့်မြင့်လက်နက်တွေရမှာဖြစ်ပြီး မှော်အမြောက် အသစ်နှစ်လုံးလည်း ပေးမယ်။ ပြီးတော့ နောက်နှစ် ကျုပ်တို့ အရောင်းမြှင့်တင်မယ့် အတိုင်းအတာကြီး ပို့ဆောင်ရေးမှော်ကား ငါးဆယ်လည်း ခင်ဗျားရမယ်။
"ဥက္ကဌ၊ ရှင် ကျွန်မကို ဝယ်ခိုင်းဖို့ တွန်းအားပေးနေတာလား?" ဆယ်ဗီနီက ပြောသည်၊ "ရှင်ပြောတဲ့ လက်နက်တွေက အနည်းဆုံး ရွှေဒင်္ဂါးတစ်သန်း ကုန်ကျမှာမဟုတ်လား? ကျွန်မ ရှင့်ကို ကုန်ကျစရိတ်ပေးဖို့ မတတ်နိုင်ဘူး။"
"ကျုပ်ပြောပြီးပြီလေ၊ အကြွေးပါလို့။" ရှုယီက အသာပြုံးကာ ပြော၏။
"ဒါဆို ဒီအတွက် အချိန်အကန့်အသတ်ကရော?" ဆယ်ဗီနီက ဆက်မေးနေသည်။
ရှုယီက ဆယ်ဗီနီကိုကြည့်ကာ၊ "ဒါလို အဓိပ္ပာယ်မဲ့မေးခွန်းမျိုး ထပ်မမေးပါနဲ့။ လိုရင်းပြောရရင် ဆပ်ပြီးပြီလေ။ ခင်ဗျား တကယ်ပဲ ရှက်သလိုခံစားရရင် တခြားနည်းလမ်းနဲ့ ကျုပ်ကို ဘယ်လိုလျော်ကြေးဆပ်မယ်ဆိုတာ စဉ်းစားထားလို့ရတယ်။"
ဆယ်ဗီနီက ရှုယီကို တစ်အောင့်ကြာကြည့်ပြီးနောက် အမူအရာက လေးနက်လာ၏။
"ရှုယီ၊ ရှင့်ကို သတိပေးရမယ်၊ ကျွန်မက ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းကို ထောက်ပံ့ပြီး ကျွန်မကို ထောက်ပံ့ပေးတာကြောင့် ကျေးဇူးတင်ပေမယ့် ရှင် ဒါမှမဟုတ် Frestech ကုန်သည်ကြီးများအသင်းကသာ ကျွန်မတို့ လမ်ပူရီတိုင်းပြည်ကို ထိခိုက်စေတာမျိုးလုပ်လာမယ်ဆိုရင် သေချာပေါက် ရှင့်ကို ယဉ်ကျေးနေမှာမဟုတ်ဘူးနော်။ ပြီးတော့လည်း ရှင့်ကို တိုင်းပြည်ကိုထိခိုက်စေမယ့် ဘာ လျော်ကြေးမှ ယူဆောင်ခွင့်မပြုဘူး။"
ရှုယီက ပခုံးတွန့်၏၊ "စိတ်အေးအေးထားပါ၊ အနည်းဆုံး ကျုပ်က အခုတိုင်းပြည်နဲ့ ပတ်သက်ပြီးတော့ ကျေနပ်ပါတယ်၊ ဘာပုန်ကန်မှုလုပ်ဖို့မှလည်း မစီစဉ်ထားပါဘူး။ ပြီးတော့လည်း ကျုပ်က တကယ်ပဲ လမ်ပူရီတိုင်းပြည် ပိုအားကောင်းလာဖို့ ဆန္ဒရှိပါတယ်၊ တိုင်းပြည်ရဲ့ အကျိုးအမြတ်က ကျုပ်ကိုလည်း အကျိုးရှိစေတယ်။"
ဆယ်ဗီနီက ခေါင်းငြိမ့်ကာ ခေါင်းစဉ်ကို အဆုံးသတ်လိုက်သည်။ သူမက နောက်နှစ် ဘန်တာမြို့အတွက် အစီအစဉ်ကိုထုတ်ကာ ရှုယီနှင့် အတူ ဆွေးနွေးလိုက်သည်။
ဆွေးနွေးမှုပြီးနောက် ရှုယီလည်း မြို့စားအိမ်တော်မှထွက်လာရာ ညနေပင် ရောက်နေပြီဖြစ်သည်။
နှစ်သစ်ကူးနီးပြီဖြစ်သောကြောင့် ဘန်တာမြို့၏ တိုင်းတပါး အလုပ်သမားအများစုက အိမ်ပြန်ကြပြီဖြစ်ရာ ဘန်တာမြို့က အများကြီးပို၍တိတ်ဆိတ်နေပါ၏။
သို့သော် နှစ်သစ်ကူးနီးပြီဖြစ်သောကြောင့် ဘန်တာမြို့ရှိ အိမ်ထောင်စုအားလုံးမှာ နှစ်သစ်ကူးကို ဆင်နွှဲရန် ပြင်ဆင်ထားကြရာ ပျော်ရွှင်မှုများပြည့်နှက်နေသည်။
Frestech ကုန်သည်ကြီးများအသင်း ဦးဆောင်ထားသည့် မှော်စက်မှုနယ်ပယ်နှင့်အတူ ဘန်တာမြို့ရှိ စီးပွားရေးလည်း တိုးတက်လာကာ မိသားစုတစ်ခုစီတိုင်းက ယခင်ကနှင့်စာလျှင် ဝင်ငွေပိုကောင်းလာသည်။ ဤနှစ် နှစ်သစ်ကူးပွဲ ကျင်းပချိန်တွင် ဘန်တာမြို့၏ အိမ်ထောင်စုများမှာ ယခင်ကထက်စာလျှင် များစွာ ပိုမိုပြင်ဆင်ထားကြလေ၏။
နှစ်သစ်ရောက်လာသည်နှင့် ဘန်တာမြို့ရှိ ပြည်သူများစွာမှာ နှစ်သစ်ကူးကို မည်သို့ကုန်ဆုံးရမည့်အကြောင်း ပူပန်နေပြီး ဤနှစ်တွင် ၎င်းတို့ စိတ်ပူနေရသည်မှာ နှစ်သစ်ကူးကို မည်သို့ ပိုကောင်းအောင် ကုန်ဆုံးရမည်ဟူ၍ ဖြစ်သည်။
အစားအစာမှာ ၎င်းတို့အတွက် ပူစရာမဟုတ်တော့သဖြင့် ဘန်တာမြို့သားများမှာ ပိုကောင်းသည့် ဘဝကို တောင့်တနေပြီဖြစ်သည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း အဆိုပြုခဲ့သည့် အယူအဆသစ်မှော်အခန်းမှာ ဘန်တာမြို့ပိုမိုကျော်ကြားလာ၏။ အိမ်ထောင်စုတိုင်းနီးပါးက အိမ်သုံးမှော်စက်အမျိုးအမည်တိုင်းကို ဝယ်ယူကာ Frestech ကုန်သည်ကြီးများအသင်း အဆိုပြုထားသည့် အယူအဆသစ်မှော်အခန်းကို စီစဉ်ထားကြသည်။
ထိုတောင်းဆိုမှုကြောင့် မတိုင်ခင်က အာကာလီ ဖြန့်ချိခဲ့သော ⟨ အိမ်သုံးမှော်စက်စနစ် တည်ဆောက်ခြင်း ⟩မှာ သုံးလအတွင်း၌ မိတ္တူတစ်သောင်းကျော် ရောင်းရခဲ့လေ၏။ လူများ ဖတ်သည်ဖြစ်စေ မဖတ်သည်ဖြစ်စေ ဘန်တာမြို့ရှိ မှော်အခန်းကို အလေးအနက်နားလည်ကြသည်။
ဘန်တာမြို့သားများ စကားဝိုင်းဖွဲ့ချိန်တွင် ၎င်းမှော်အခန်းကိုနားမလည်ဟု တစ်ယောက်ယောက်က ဆိုလာပါက အထင်သေးကြလိမ့်မည်။
ဤသည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်ရောင်းအားက ဘန်တာမြို့၌ ပေါက်ထွက်လာပြီး ရုတ်တရတ် နှစ်ဆနီးပါးပင် ဖြစ်သွားသောကြောင့်ပင်။
ထိုသို့တွေးရင်း ရှုယီမှာ ရုတ်တရတ် ဥက္ကဌ ခရုစ်ထံ၌ရှိခဲ့သည့် စိတ်ကြိုက် အိမ်သုံးမှော်စက်များ ဒီဇိုင်းဆွဲရန် Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ အလုပ်လုပ်လိုသော အဆိုပြုချက်မှာ သေချာပေါက် ရလာဒ်ကောင်းများယူဆောင်လာမည်ဟု ခံစားလိုက်ရသည်။
မှန်ပါ၏၊ ရှုယီမှာ ဥက္ကဌ ခရုစ်ပြောစဉ်တည်းက ၎င်းအကြံကိုကောင်းမွန်သည်ဟု ခံစားနေမိပြီးသားပင်။
သို့သော် ဖွံ့ဖြိုးတိုးတက်ရေးအရင်းအမြစ်များ အပြင် ရှုယီ ဥက္ကဌ ခရုစ်၏အကြံကို ငြင်းချက်ထုတ်ခဲ့သည့် အခြား အရေးကြီးအကြောင်းအရင်းလည်း ရှိသေးသည်။ ထိုသည်မှာ ရှုယီက Frestech ကုန်သည်ကြီးများအသင်းအား အိမ်သုံးမှော်စက်ဈေးကွက်အားလုံးကို မရယူစေချင်ဘဲ အခြားအိမ်သုံးမှော်စက် လုပ်ငန်းစုများအတွက် အခွင့်အရေးပါ ချန်ထားလိုခြင်းပင်။
လွန်ခဲ့သည့် နှစ်ရက်အကြာက ရှုယီမှာ ဘန်တာမြို့မှော်စက်မှုစီးပွားရေးသမဂ္ဂအတွက် အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ ၎င်းအစည်းအဝေးတွင် သူက အိမ်သုံးမှော်စက် ထုတ်လုပ်သည့် လုပ်ငန်းစုများအတွက် စိတ်ကြိုက်အိမ်သုံးမှော်စက်များ ဖန်တီးဖို့ရာ အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရန် အဆိုပြုခဲ့သည်။
ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ၎င်းစီမံကိန်းကို အာရုံစိုက်လျက် နည်းပညာအထောက်အပံ့ပမာဏတစ်ခု ပေးမည်ဟုပါ ကတိပေးခဲ့သည်။
၎င်း အဆိုတင်သွင်းချက်ကို ယင်းလုပ်ငန်းစုများက ချက်ချင်း ကြိုဆိုခဲ့ကြ၏။ ရှုယီက စာချုပ်များလုပ်ထားခြင်းဖြင့် အမ်ရစ် ကုန်သည်ကြီးများအသင်းနှင့် အတူ ကနဦးသဘောတူညီချက်ပါ ရထားကာ နောက်နှစ် သုတေသနပြောင်းလဲမှုအဆင့်ထဲ ဝင်ရောက်ရန် စီစဉ်ထားကြသည်။
အချက်အလက်အရ Frestech တံဆိပ် အိမ်သုံးမှော်စက်တွင် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များ၌ အကြွင်းမဲ့ အားသာချက်ရှိကာ ဈေးကွက် ၇၀ရာခိုင်နှုန်းကို ချုပ်ကိုင်ထားသော်လည်း Frestech တံဆိပ် ရောင်းအားမှာ အခြားမြို့များ၌ ထိုမျှ မမြင့်မားချေ။
အကြောင်းအရင်းက ရိုးရှင်းလှသည်၊ အခြားတံဆိပ်များထံမှ အိမ်သုံးမှော်စက်များမှာ ပိုမိုဈေးချိုပြီး အနည်းငယ်လေးမျှသာမဟုတ်ချေ။
ယခု ဆောင်းတွင်း မှော်လေပေးစက်များကို ကြည့်နိုင်သည်။ Frestech တံဆိပ် မှော်လေပေးစက်မှာ ရွှေဒင်္ဂါးနှစ်ဆယ့်ခြောက်ပြားကုန်ကျပြီး အခြား တံဆိပ်များအကြား အမြင့်ဆုံးဈေးနှုန်းကမူ နှစ်ဆယ်သာပေးရသည်။ အနိမ့်ဆုံးဈေးနှုန်းက ရွှေဒင်္ဂါး ဆယ့်နှစ်ပြားသာရှိ၏။
ဘန်တာမြို့ကဲ့သို့ မကြွယ်ဝသော အခြားမြို့များအတွက် ပိုဈေးချိုသည့် မှော်လေပေးစက်ကို ရွေးချယ်ရန် ရှိလေရာ အဘယ့်ကြောင့် Frestech တံဆိပ်ကို ရွေးချယ်မည်နည်း?
Frestech တံဆိပ်၏ လုပ်ဆောင်ချက်နှင့် အရည်အသွေးက အကောင်းဆုံးဖြစ်ကာ အခြားတံဆိပ်များနှင့်ယှဉ်လျှင် များစွာကောင်းအောင် ဒီဇိုင်းဆွဲထားသော်လည်း ထိုအချက်များနှင့်ယှဉ်ပါက ဈေးနှုန်းက ပိုအရေးပါသည်။
ထို့ကြောင့် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များ၊ အခြားမြို့များတွင် Frestech တံဆိပ်နှင့် အခြားတံဆိပ်များတို့၏ ရောင်းအားမှာ အင်မတန် လမ်းကြောင်းကွဲနေသည်။
မျိုးရိုးမြင့်အားလုံး၊ မကြွယ်ဝပါလျှင်တောင် Frestech တံဆိပ် မှော်လေပေးစက်ကို ဝယ်ယူကြသည်။
မျိုးရိုးမြင့်များနှင့် အတန်ငယ်ကြွယ်ဝသောပြည်သူများဆိုလျှင် အများစုက Frestech တံဆိပ်ကို ဝယ်ယူကြသည်။
သာမန်မိသားစုများမှာမူ Frestech တံဆိပ်ကို ဝယ်ယူသူ အနည်းအကျဉ်းသာရှိပြီး အများစုက အခြားတံဆိပ်များကို သုံးကြ၏။
မျိုးရိုးမြင့်များနှင့် ကြွယ်ဝသောကုန်သည်များထက် သာမန်မိသားစုများက ပို၍များပြားသည်။ အမြတ်က ပိုနည်းသော်လည်း အဆုံး၌တွက်ကြည့်လျှင် Frestech တံဆိပ်၏ အခြားပြည်နယ်များ၌ ရောင်းအားက အခြားတံဆိပ်များထက် များစွာ နည်းပါးသည်။
ထိုအကြောင်းကြောင့် ခမ်နက်ဒ်, ဆာဘက်စ်, ဟိန့်ဇ်၊ အန်းခေါ့ထ်နှင့် စတေးလ်တို့သည့်ပင် ယခင်က ရှုယီကို အဘယ့်ကြောင့် Frestech တံဆိပ် မှော်လေပေးစက်တန်ဖိုးကို မလျှော့ကြောင်းမေးခဲ့ကြလေသည်။
Frestech တံဆိပ်၏ အမြတ်ငွေများစွာရရှိမှုနှင့် ဈေးနှုန်း နှစ်ဆယ့်ခြောက်ပြားမှ နှစ်ဆယ်ပြားအထိ လျှော့ချလိုက်ပါလျှင် ရွှေဒင်္ဂါးဆယ်ပြားကျော် ပိုဝင်လိမ့်မည်သာ။
ထိုသို့ဖြင့် အခြားတံဆိပ်များထံမှ ဈေးကွက်ကို ပြန်ယူနိုင်သည်။
တွက်ကြည့်ပါကလည်း အဆုံး၌ စုစုပေါင်းအမြတ်ငွေက တိုးလာလိမ့်မည်။
သို့သော် ၎င်းတို့၏ အဆိုပြုချက်များအားလုံးကို ရှုယီက ပယ်ချခဲ့သည်။
ဤသည်က မှော်စက်မှုနယ်ပယ်၏ ကနဦး တိုးတက်မှုအဆင့်ဖြစ်ကာ ယခု ဈေးနှုန်းတိုက်ပွဲစတင်လိုက်ပါက Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ရေတိုတွင် ရမည်ဖြစ်သော်လည်း ရေရှည်တွင် အခြားမှော်စက်လုပ်ငန်းစုများကို အမှန်တကယ် ထိခိုက်စေလိမ့်မည်။ ဤသည်က မှော်စက်မှုနယ်ပယ်၏ တိုးတက်မှုအတွက် ပျက်စီးမှုဖြစ်လာမည်ပင်။
ရှုယီက သဘာဝကျစွာ ၎င်းကို မြင်တွေ့ဖို့ ဆန္ဒမရှိချေ။
သူဟာ မှော်စက်မှုနယ်ပယ်ကို သူ၏ ကလေးလို ဆက်ဆံထားပြီးသားဖြစ်သည်။ သူဟာ ၎င်းကို ကောင်းစွာတိုးတက်စေချင်သဖြင့် ကာကွယ်ဖို့ ဦးနှောက် အရည်ညှစ်နေရသည်။
သို့သော်လည်း မှော်စက်မှုနယ်ပယ်၏ တိုးတက်မှုကို ကာကွယ်ရန် Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုကို အာရုံစိုက်ဖို့လည်း လိုအပ်သည်။
အခြားလုပ်ငန်းစုများ၏ အကျိုးအမြတ်ကို အာမခံရန်မှာ မှော်စက်မှုနယ်ပယ် တိုးတက်မှုကို အာမခံမှုအား မချိုးဖောက်သလို Frestech ကုန်သည်ကြီးများအသင်း၌ အားသာချက်ရှိကြောင်းကိုလည်း အာမခံနေသဖြင့် မှော်စက်မှုနယ်ပယ်၏ တိုးတက်ရေးဦးတည်ချက်ကို ဦးဆောင်နိုင်ရာ ၎င်းက ရှုယီ အလေးအနက်စဉ်းစားဖို့ လိုအပ်သည့် ပြဿနာတစ်ရပ်ပင်။
ထို့ကြောင့် ရှုယီက ကောင်းကောင်းလုပ်နေသည်ဟု ဆိုနိုင်၏။
ဘန်တာမြို့ မှော်စက်မှုစီးပွားရေး သမဂ္ဂ၏ စာရင်းများအရ လုပ်ငန်းစုများနှင့် သက်ဆိုင်သည့် မှော်စက်အားလုံးအတွက် ရောင်းအားမှာ စုစုပေါင်း ရွှေဒင်္ဂါး ဆယ့်ငါးသန်းကျော်ရောက်နေပြီဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့အနက် တစ်ဝက်ကို ယူထားသော်လည်း အခြားလုပ်ငန်းစုများမှာ မှော်စက်မှုနယ်ပယ်ထဲ ပါဝင်ခြင်းမှ အနည်းဆုံး ခုနစ်သန်းကျော်ရရှိသည်။
အခြားလုပ်ငန်းစုများ၏ အမြတ်အစွန်းက Frestech ကုန်သည်ကြီးများအသင်းကို မယှဉ်နိုင်ပါလျှင်တောင် အနည်းဆုံး အနှီ ခုနစ်သန်း ဝင်ငွေထံမှ သုံးသန်းလောက် အမြတ်ရ၏။
လုပ်ငန်းစု တစ်စုစီက ထိုမျှ မရပါလျှင်တောင် အညွှန့်ထွက်ပြူစ နယ်ပယ်က တစ်နှစ်အတွင်းလေးတွင် ထိုမျှ ငွေဝင်သည်မှာ အင်မတန် ကြီးမားလှသည့် ကိစ္စပင်။
ဥပမာဆိုရသော် Frestech ကုန်သည်ကြီးများအသင်း၏ အသေးစား လုပ်ငန်းစုထောက်ပံ့ရေးအစီစဉ်နှင့်အတူ မှော်စက်မှုဆိုင်ရာ လုပ်ငန်းစုအသေးစား တစ်ရာကျော်ရှိသည်။ ၎င်းတို့၏ ဥက္ကဌများနှင့် ရင်းနှီးမြှုပ်နှံသူများမှာ ယခင်က သာမန်လယ်သမားများမှလွဲမည်သည်မှမဟုတ်သလို ရွှေဒင်္ဂါးတစ်ရာထက်ပိုသည့် ဝင်ငွေလည်း မရခဲ့ဖူးချေ။
သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ အကူအညီဖြင့် မှော်စက်မှုလုပ်ငန်းတစ်ခုကို တည်ထောင်ပြီးနောက် တစ်နှစ်ကို ရွှေဒင်္ဂါးတစ်သောင်းကျော် ဝင်ငွေရှိနေပြီဖြစ်သည်။
ယခင်ကနှင့်စာလျှင် ဤသည်က ဧရာမကွာခြားချက်ပင်။
အကောင်းဆုံးလုပ်ဆောင်မှုရှိ အိုင်ရီလန် ကုန်သည်ကြီးများအသင်းကို ဥပမာကြည့်လျှင် ၎င်းတို့၏ ယခင်နှစ် အသားတင်အမြတ်ခွန်မှာ ရွှေဒင်္ဂါး နှစ်သိန်းကျော်သည်။
ယခင်တစ်ခေါက် ဖရီးမန်းကို တွေ့စဉ်က သူဟာ ရွှေဒင်္ဂါး နှစ်သောင်း အပိုဆုကြေးခဲ့ပြီး အိုင်ရီလန် ကျေးရွာ၌ အချမ်းသာဆုံးလူဖြစ်လာပြီဟု ဂုဏ်ယူစွာပြောခဲ့လေသည်။
ဖရီးမန်းက ထိုအရေအတွက်ကို ပြောရင်း ဆက်တိုက်ပြုံးနေသည်ကို စဉ်းစားကာ ရှုယီလည်း မပြုံးဘဲ မနေနိုင်တော့ချေ။
နှစ်သောင်းမှာ ဖရီးမန်းအတွက် ကောင်းကင်တမျှ မြင့်မားလှသော်လည်း သူ့အတွက်တော့ လုံလောက်ရန်ပင် လိုအပ်နေသေး၏။
ဘန်တာမြို့၏ တိုးတက်မှုက လူများစွာကို ထိတ်လန့်အံ့သြစေခဲ့သော်လည်း ရှုယီအတွက်တော့ လုံလောက်ဖို့ များစွာ လိုသေးသည်။
ပိုမိုကောင်းမွန်စွာ တိုးတက်ရန် သူဟာ ဘန်တာမြို့ရှိ စက်မှုနယ်ပယ်မီးလျှံကို ပျံ့နှံ့ခွင့်ပြုကာ လမ်ပူရီတိုင်းပြည်၌ လောင်ကျွမ်းစေရုံမျှမက စိုင်စ်နယ်မြေကြီးတစ်ခုလုံးကိုပင် လောင်ကျွမ်းစေဖို့ လိုအပ်ပေသည်။
(Vol 3, မြက်ခင်းပြင် မီးစွမ်းအား အဆုံးသတ်)
***
Volume 3 ပြီးပါပြီ။