← Chapters

အာရုံစူးစိုက်ခြင်း

Vol. 015 Ch. 1489

အာရုံစူးစိုက်ခြင်း

Vol. 015 Ch. 1489

ကောင်းကင်အာဏာစက် ပြည်ထောင်မှ လွှတ်လိုက်သော တန်ခိုးရှင်များက တဖြည်းဖြည်း ရောက်ရှိသွားကြပြီး ကောင်းကင်အာဏာစက်ဘုံရှိ တခြား အင်အားစုများအားလုံးသည် ကောင်းကင်အာဏာစက်ဘုံ၏ အနာဂတ်အကြောင်း မြင်တွေ့သည်များကို သတင်းပေးခဲ့ကြသည်။ ကောင်းကင်အာဏာစက်ဘုံရှိ အခြားအင်အားစုများသည် အစီအစဉ်များ စတင်ရေးဆွဲလာကြပြီး သူတို့ထဲက အချို့မှာ လှုပ်ရှားရန် ကြိုးစားလာကြသည်။

ကောင်းကင်အာဏာစက်ဘုံ၏ မျှချေသည် နှစ်ပေါင်းများစွာ တည်တံ့နေခဲ့သည်။ အထူးသဖြင့် ကောင်းကင်အာဏာစက်ပြည်ထောင်နှင့် ကောင်းကင်နတ်တံခါးဂိုဏ်း ကြားမှ တိုက်ပွဲပြီးသည်နောက်၌ ညီမျှမှုသည် စိတ်ကူးမှန်းဆထားသည့် အခြေအနေသို့ ရောက်ရှိလာခဲ့ကြသည်။ အားအကောင်းဆုံး အင်အားစုများဖြစ်သည့် ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ကောင်းကင်နတ်တံခါးဂိုဏ်း နှစ်ခုလုံး အကြီးအကျယ် အားနည်းသွားကြကာ လူသားတန်ခိုးရှင်လောကနှင့် နတ်ဆိုးဘုံတို့သည် အေးချမ်းစွာ ကျန်ရှိနေခဲ့သည်။ ထိုအခြေအနေမှာ အင်အားစုအားလုံး မြင်တွေ့လိုသည့် အခြေအနေ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ကောင်းကင်နတ်တံခါးဂိုဏ်း တို့သည်သာ တိုက်ပွဲ၌ အရှုံးကြီး ရှုံးခဲ့သူများ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ထိပ်သီးအင်အားစုများကြားမှ အင်အားများ ညီမျှနေသည့်အခါတွင် တိုက်ပွဲ ဖြစ်ပွားရန် ခက်ခဲပေသည်။ နောက်ဆုံးတစ်ခေါက်က အဓိကအင်အားစုနှစ်ခုဖြစ်သည့် ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ရှန့်ရှောင်းနတ်ဘုရားနန်းတော်တို့ ဟောက်ထျန်းမြို့သို့ လာသည့်အခါတွင် စစ်ပွဲက ဖြစ်ပွားခြင်းမရှိသေးပေ။

သို့သော် ယခုတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ညီမျှနေခဲ့သည့် ဟန်ချက်က ကျိုးပျက်တော့မည်ပုံ ပေါ်သည်။

ထိုသည်ကို ရင်ဆိုင်ရန် မည်သူကမှ ကနဦးလှုပ်ရှားခဲ့ခြင်း မရှိပါက ရှေ့ဖြစ်ဟောပြောချက်အရ အနာဂတ်တွင် ကောင်းကင်နတ်တံခါးက ကောင်းကင်အာဏာစက်ဘုံ၏ ကံကြမ္မာကို ခိုးယူပြီး အတောက်ပဆုံး အင်အားစု ဖြစ်လာကာ ဂူထျန်းရှင်းခေတ်က အောင်မြင်မှုကို ပြန်လည် ရယူနိုင်ပေလိမ့်မည်။ သူတို့က ထို့ထက် ကျော်လွန်သွားသည်ပင် ဖြစ်နိုင်၏။

ခရမ်းရင့်ကောင်းကင်နန်းတော်သည် သူတို့အတွက် ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေနိုင်သည့်အတွက် ဤအခြေအနေကို မမြင်တွေ့ချင်ဆုံး ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူတို့က သတင်းရရချင်း ခရမ်းရင့်ကောင်းကင်နန်းတော်သည် ချက်ချင်းပင် ကောင်းကင်အာဏာစက် ပြည်ထောင်သို့ လူများ စေလွှတ်ကာ အစီအစဉ်အား ဆွေးနွေးစေသည်။

ဗြဟ္မာ့သန့်စင်ကောင်းကင်သည် သတင်းရရှိပြီးနောက် အလွန် တည်ငြိမ်နေပုံပေါ်ကာ မည်သည်ကိုမှ မလုပ်ဆောင်ခဲ့ပေ။ ထောင်ချီနတ်တောင်သည်လည်း တူညီစွာပင် ဖြစ်သည်မှာ ကျန်းကလန်ခေါင်းဆောင်က သူတို့အား ကတိပေးထား၍ ဖြစ်နိုင်သည်။

နတ်ဆိုးဘုံတွင် ကောင်းကင်အာဏာစက် ပြည်ထောင်သည် ရီဖူရှင်းနှင့် ယူချင်းကြောင့် နတ်ဆင်ကလန်နှင့် နတ်နဂါးကလန်သို့ ကျိန်းသေ သွားရောက်လည်ပတ်ခြင်း မရှိခဲ့ပေ။ ကောင်းကင်နတ်ဆိုးနန်းတော်သည်လည်း သိပ်အာရုံစိုက်ခြင်း မရှိခဲ့ချေ။ သို့သော်လည်း ယင်းကျောင်းတောင်နှင့် ခရမ်းရွှေကြွက်ကလန်သည် ထိုအကြောင်းကို ကြားပြီးနောက် စိတ်လှုပ်ရှားလာကြပေသည်။ အထူးသဖြင့် အမြဲတစေ ဂူတုံးလျှိုအား ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေချင်နေသည့် ခရမ်းရွှေကြွက်ကလန်က စိတ်အလှုပ်ရှားဆုံးပင် ဖြစ်သည်။

ကောင်းကင်နတ်တံခါးက ဂူထျန်းရှင်း ခေတ်မှ စွမ်းအားများကို တစ်ဖန်ပြန်လည်ရရှိပါက ဂူတုံးလျှိုသည် ထိပ်တန်းအဆင့်၌ ရပ်တည်နိုင်ပေလိမ့်မည်။ ထိုအချိန်ကျမှ သူတို့က ဂူတုံးလျှိုအား ရှင်းပစ်ချင်လျှင် အလွန်ခက်ခဲသည့်အရာ မဖြစ်နိုင်သည့်အရာ ဖြစ်သွားပေလိမ့်မည်။

ယခုတွင် ကောင်းကင်အာဏာစက် ပြည်ထောင်သည် လှုပ်ရှားရန် အသင့်ဖြစ်နေပုံရသည်။

ခရမ်းရွှေကြွက်ကလန်နှင့် ယင်းကျောင်းတောင် နှစ်ခုလုံးသည် အစီအစဉ်အား ဆွေးနွေရန် ကောင်းကင်အာဏာစက် ပြည်ထောင်သို့ တန်ခိုးရှင်များ စေလွှတ်ခဲ့သည်။

လူသားတန်ခိုးရှင်လောကမှ ထိပ်သီးအင်အားစုများနှင့် နတ်ဆိုးဘုံမှ ထိပ်သီးကလန်များ တွေ့ဆုံကြသည်မှာ ပုံမှန်ကိစ္စမဟုတ်သည့်အတွက် လူအများ၏ အာရုံစိုက်မှုကို ဖမ်းစားထားနိုင်ခဲ့သည်။

မကြာခင်၌ သတင်းသည် ကြာရှည်ထိန်းချုပ်ထားနိုင်ခြင်း မရှိဘဲ ကောင်းကင်အာဏာစက်ဘုံတစ်ခွင်သို့ တဖြည်းဖြည်း ပျံ့နှံ့သွားကာ မကြာခင်၌ ကောင်းကင်နတ်တံခါးဂိုဏ်းသို့ ရောက်ရှိသွားတော့သည်။

ခဏချင်းအတွင်းပင် ကောင်းကင်နတ်တံခါးတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး ဟောက်ထျန်းမြို့ရှိ မရေတွက်နိုင်သော တန်ခိုးရှင်များမှာ မွန်းကျပ်သလို ခံစားလိုက်ရသည်။ တန်ခိုးရှင်များသည် ကောင်းကင်နတ်တံခါးတွင် စုစည်းလာကြပြီး ထိုအကြောင်းကို သိရှိလိုနေကြသည်။

စစ်ပွဲဖြစ်ပွားလာလျှင် အကျိုးဆက်က ကြောက်မက်ဖွယ်ပင် ဖြစ်လိမ့်မည်။

ထိုအချိန်တွင် ကောင်းကင်နတ်တံခါးအောက်၌ မရေတွက်နိုင်သည့် တန်ခိုးရှင်များ စုစည်းလာနေကြသည်။ သူတို့သည် ကောင်းကင်နတ်တံခါးသို့ ကြည့်နေကြပြီး တစ်ယောက်က ပြောလိုက်သည်။ “ကျုပ် ကြားတာတော့ ကောင်းကင်အာဏာစက် ပြည်ထောင်ထဲမှာ မဟာလမ်းစဉ် လေဟာနယ်စွမ်းအားတွေက ကောင်းကင်ကို ထိုးထွက်သွားပြီး အထက်ဘုံကို သွားတဲ့ လေဟာနယ်ခရီးသွားဝင်္ကပါကို အသက်သွင်းခဲ့တယ်တဲ့။ သူတို့က လှုပ်ရှားဖို့ အသင့်ဖြစ်နေတာမို့ ရီထျန်းယွိနဲ့ တခြား ထိပ်သီးလူငယ်မျိုးဆက်လေးတွေကို တမင် အဝေး ပို့လိုက်တာ ဖြစ်ရမယ်”

“ဟုတ်တယ်။ နှစ်ပေါင်းများစွာ တိတ်ဆိတ်နေအပြီးမှာ ကောင်းကင်နတ်တံခါးက ပြိုင်ဘက်ကင်း အရည်အချင်းရှိတဲ့ ဂူတုံးလျှိုနဲ့ ရီဖူရှင်းကို ရရှိခဲ့တယ်။ အဲဒါကြောင့် ကောင်းကင်အာဏာစက် ပြည်ထောင်က စိတ်မအေးဖြစ်နေရမှာ သေချာတယ်။ သူတို့က စစ်ပွဲအဆင့်ထိ မရောက်ရင်တောင် ဆက်စောင့်နေဖို့ စိတ်ကုန်သွားတာ ဖြစ်ရမယ်”

လူတိုင်းက ခန့်မှန်းချက်များ ပြုလုပ်နေပြီး လူအများသည် လက်ရှိ အခြေအနေကို မြင်နိုင်ကြပေသည်။

“ကောင်းကင်နတ်တံခါးက ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်သင့်လဲ” လူအချို့က ကောင်းကင်နတ်တံခါးကို စိုးရိမ်ပူပန်စွာ ပြောလိုက်ကြသည်။

“နောက်ဆုံးတစ်ခေါက် အဓိကအင်အားစုနှစ်ခု ဒီကိုလာပြီး ကျုပ်တို့ကို ဖိနှိပ်ခဲ့ပေမဲ့ ဟောက်ထျန်းမြို့က သွေးစည်းညီညွတ်မှုနဲ့ ကျော်လွှားနိုင်ခဲ့တယ်။ လက်ရှိမှာလည်း အတူတူပဲ။ စစ်ပွဲဆိုတာကို ကျုပ်တို့ ဘာကြောင့် ကြောက်နေရမှာလဲ” တစ်ယောက်က မခံမရပ်နိုင်နှင့် ပြောလိုက်သည်။

သို့သော် သူ့အနီးမှ အခြားလူများသည် သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကာ ပြောလိုက်သည်။ “ဒီတစ်ခေါက်က မတူဘူးကွ။ ကောင်းကင်အာဏာစက် ပြည်ထောင်က ကောင်းကင်အာဏာစက်ဘုံတစ်ခွင်လုံးကို စုစည်းပြီး ကျုပ်တို့ ကောင်းကင်နတ်တံခါးကို အပြုတ်ဖြုတ်ချင်နေတာ။ ကျုပ်က တခြားအင်အားစုတွေ ဘယ်လောက်တောင် ပါလာမလဲ သိချင်နေတယ်။ အဲဒီလိုသာဆိုရင် ဟောက်ထျန်းမြို့က စစ်ပွဲမှာ ဝင်ပါပေးရင်တောင် အချည်းနှီးဖြစ်လိမ့်မယ်”

ဤကဲ့သို့ တိုက်ပွဲအဆင့်သည် ထိပ်သီးပုဂ္ဂိုလ်များ၏ ခွန်အားပေါ်တွင် မူတည်နေပေသည်။

“ကြည့်ရတာ ကျုပ်တို့ ခန့်မှန်းသလိုပဲ ကောင်းကင်နတ်တံခါးရဲ့ ကံကြမ္မာကြောင့် အခု ကောင်းကင်အာဏာစက်ပြည်ထောင် ကြောက်ချေးပန်းနေတာ ဖြစ်ရမယ်”

လူအများက ခေါင်းညိတ်လိုက်သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်သည် ထိတ်လန့်ကြောက်ရွံ့နေ၍သာ ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်ပေလိမ့်မည်။ သူတို့က အခြားအင်အားစုများ ပါဝင်လာစေရန် သွေးထိုးလှုံ့ဆော်၍ ကောင်းကင်နတ်တံခါးကို သုတ်သင်ရှင်းလင်းကာ ခြိမ်းခြောက်မှုအား အမြစ်ဖြတ်ပစ်ရန် ကြံရွယ်နေခြင်း ဖြစ်သည်။

စစ်ပွဲ တစ်ကြိမ်စတင်သည့်အခါ မည်သည့် ရလဒ်မဆို ဖြစ်ပေါ်နိုင်သည်။ အတိတ်က ဂူထျန်းရှင်းနှင့် ကောင်းကင်အာဏာစက် ပြည်ထောင်သည် ဥပမာကောင်းပင် ဖြစ်၏။ ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များ ဘေးကင်းကင်းနှင့် ပြန်ဆုတ်နိုင်လိမ့်မည်ဟု မည်သည့် အာမခံချက်မှ မရှိပေ။ မဟုတ်လျှင် သူတို့က ရီထျန်းယွိအား ရှန့်ရှောင်းနန်းတော်သို့ ချက်ချင်း ပြန်လွှတ်လိုက်လိမ့်မည် မဟုတ်ပေ။ သိသာစွာပင် သူတို့က ရီထျန်းယွိ၏ ဘေးကင်းလုံခြုံမှုကို စိတ်ပူနေကြပေသည်။

ကောင်းကင်နတ်တံခါးအထက်တွင် မြူဆိုင်းနေသည့် စံအိမ်ခန်းမအတွင်း စိတ်ဓာတ်ကျဖွယ် အငွေ့အသက်များ ဖုံးလွှမ်းနေခဲ့သည်။ ကောင်းကင်နတ်တံခါးမှ လူများသည် ဟောက်ထျန်းမြို့မှ လူများထက် ပိုစောကာ သတင်းရရှိခဲ့ကြသည်။

ယခုအခါ ကောင်းကင်နတ်တံခါး၏ ခန်းမရှေ့တွင် များပြားလှသည့် တန်ခိုးရှင်များ စုစည်းရောက်ရှိနေသည်။ သူတို့အားလုံးသည် ကောင်းကင်နတ်တံခါး အကြီးအကဲများ ဖြစ်ကြပြီး ထူးခြားသာလွန်သည့် အရှိန်အဝါရှိကာ ဤနေရာ၌ ကိစ္စများအား ဆွေးနွေးနေကြသည်။

နန်းတော်ခန်းမအရှေ့တွင် ပုဂ္ဂိုလ်နှစ်ဦး မတ်တတ်ရပ်နေသည်။ သူတို့သည် ကျန်းကလန်နှင့် ဟွားကလန် ခေါင်းဆောင်တို့ ဖြစ်ကြ၏။

“ခင်ဗျားတို့ အားလုံးလည်း အပြင်ပ ကိစ္စတွေကို ကြားပြီးကြမယ်လို့ ယူဆတယ်။ အဲဒါကို ဘယ်လိုများ ထင်ကြလဲ” ကျန်းကလန်ခေါင်းဆောင်က မေးလိုက်သည်။ သူက အခြားသူများ၌ အကြံကောင်းများ ရှိနေမည်လား သိချင်နေခြင်း ဖြစ်သည်။

“နတ်ဆင်ကလန်နဲ့ နတ်နဂါးကလန်တို့ကို ကျုပ်တို့နဲ့ ပူးပေါင်းပေးဖို့ ကြိုးစားကြည့်သင့်လား” တစ်ယောက်က အကြံပေးလိုက်သည်။ နတ်ဆိုးဘုံမှ ဤအင်အားစုနှစ်ခုသည် ရီဖူရှင်းနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေပေသည်။

ခေါင်းဆောင်နှစ်ဦးက တိတ်ဆိတ်နေကာ မည်သည့်စကားမှ မဆိုဘဲ ထိုသူများကိုသာ စောင့်ကြည့်နေခဲ့သည်။

“ဒီနေ့ မရေတွက်နိုင်တဲ့ တန်ခိုးရှင်တွေက ကောင်းကင်နတ်တံခါးအပြင်ဘက် ဟောက်ထျန်းမြို့မှာ စုဝေးနေကြတယ်။ ကျုပ်တို့ ဘယ်လို......” အခြားတစ်ယောက်က ပြောလိုက်သည်။

တန်ခိုးရှင်များက သူတို့၏ အတွေးများကို ဖော်ပြနေကြသော်လည်း ခေါင်းဆောင်နှစ်ဦးက နှုတ်ဆိတ်နေဆဲ ဖြစ်ကာ အားလုံး၏ အတွေးများကို လက်ခံနားထောင်နေသည်။

အစပိုင်းတွင် သူတို့က ဂူတုံးလျှိုအား ကောင်းကင်နတ်တံခါးသို့ ပြန်ခေါ်လာသောအခါ ဤကဲ့သို့နေ့မျိုး တစ်နေ့ ရောက်လာမည်ဟု ခန့်မှန်းပြီးသား ဖြစ်သည်။

“ကောင်းပါပြီ.. အားလုံး သွားလို့ရပြီ” ထိုအချိန်တွင် ကျန်းကလန်ခေါင်းဆောင်က ပြောလိုက်သည်။ လူတိုင်း၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်များ ပေါ်ပေါက်လာသော်လည်း သူတို့က ခေါင်းညိတ်ကာ ထွက်ခွာသွားကြသည်။

မကြာခင်၌ ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များ အားလုံး ထွက်ခွာသွားကြပြီး ခေါင်းဆောင်နှစ်ဦးသာ ကျန်ရစ်ခဲ့၏။

“ခင်ဗျားရော ဘယ်လို ထင်လဲ” ကျန်းကလန်ခေါင်းဆောင်က ဟွားကလန်ခေါင်းဆောင်ကို မေးလိုက်သည်။

ဟွားကလန်ခေါင်းဆောင်က သူ၏ ခေါင်းကို ယမ်းကာ ပြောလိုက်သည်။ “ဒီအခြေအနေမှာ ကျုပ် ကြောက်တာက ကျုပ်တို့ စစ်ပွဲမစတင်သင့်မှာကိုပဲ။ ကျုပ်တို့ ရှုံးနိုင်တာကို မပြောနဲ့ဦး.. ကျုပ်တို့ ရန်သူတွေကို တွန်းလှန်နိုင်ရင်တောင် တခြားအင်အားစုတွေက ကျုပ်တို့ကို ဘယ်လိုတွေးကြမလဲ။ ဂူတုံးလျှိုနဲ့ ရီဖူရှင်းက အခုမှ သူတို့ရဲ့ အရည်အချင်းတွေကို ထုတ်ပြတုန်းရှိသေးတယ်။ ကောင်းကင်အာဏာစက် ပြည်ထောင်က ကောင်းကင်အာဏာစက်ဘုံရဲ့ အနာဂတ်ကို ပြောနိုင်မဲ့ ရှေ့ဖြစ်ဟောဆရာတောင် ဖိတ်လိုက်သေးတယ်။ အဲဒါကို ကြည့်ရင် ကောင်းကင်အာဏာစက် ပြည်ထောင်က သူတို့နှစ်ယောက်ကို အရင်ဆုံး သတ်ချင်မှာ အသေအချာပဲ။

“ကျုပ်လည်း ထင်မထားမိဘူး” ကျန်းကလန်ခေါင်းဆောင်က သက်ပြင်းချရင်း ပြောလိုက်သည်။ သူက ကောင်းကင်အာဏာစက် ပြည်ထောင်သည် သူတို့၏ ကံကြမ္မာကို ဟောပြောနိုင်သည့် ရှေ့ဖြစ်ဟောသူအား ဖိတ်ကြားလိုက်လိမ့်မည်ဟု မထင်မှတ်ထားမိခဲ့ပေ။

ဤသို့ဖြင့် စီစဉ်ထားသည်ထက် ပို၍ ဆောလျင်စွာ အုတ်အော်သောင်းနင်း ဖြစ်ပွားခဲ့ပြီး သူတို့၏ အကြံအစည်များစွာက ပျက်စီးခဲ့ရသည်။

“ဝင်္ကပါက အသင့်ဖြစ်ပြီလား” ဟွားကလန်ခေါင်းဆောင်က မေးလိုက်သည်။

ကျန်းကလန်ခေါင်းဆောင်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “အတိတ်မှာ ထျန်းရှင်းက သေတဲ့အထိ တိုက်ခိုက်ခဲ့ပြီး သူ့ရဲ့ ဘဝ နောက်ဆုံးအချိန်ထိ အမှန်တရားကို ထုတ်ဖော်မသွားခဲ့ဘူး။ အခုတော့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ နောက်ဆုံး ဒီဝင်္ကပါကို ထပ်သုံးနိုင်ပြီ။  ဘာလို့လဲတော့ မသိပေမဲ့ ဝမ်းနည်းနေသလို ခံစားရတယ်။ ဖြစ်နိုင်ရင် ကျုပ် ဘဝတစ်လျှောက်လုံး အဲဒါကို ပြန်မစချင်တော့ဘူး”

သူ ပြောပြီးနောက် ဟွားကလန်ခေါင်းဆောင်ကို ကြည့်ကာ ပြောလိုက်သည်။ “နှစ်ပေါင်းများစွာ ဒုက္ခခံပေးခဲ့လို့ ကျေးဇူးတင်ပါတယ်”

“အဲဒီအချိန်တုန်းက ကျုပ်တို့ သုံးယောက် ကောင်းကင်နတ်တံခါးကို ကောင်းကင်အာဏာစက်ဘုံရဲ့ အထွတ်အထိပ်ရောက်အောင် လုပ်မယ်လို့ သစ္စာဆိုခဲ့ကြတယ်။ အခု အခွင့်အရေးက ရောက်လာခဲ့ပြီ” ဟွားကလန်ခေါင်းဆောင်က ပြုံးကာ ပြောလိုက်သည်။ ကြည့်ရသည်မှာ သူ၏ စိတ်အခြေအနေက ဤ အခက်အခဲကြောင့် သက်ရောက်ခံရပုံရလေသည်။

သို့သော် ဆန့်ကျင်ဘက်အနေနှင့် ကောင်းကင်အာဏာစက် ပြည်ထောင်သည် သူတို့ကို ဖျက်ဆီးရန် စိတ်အားထက်သန်နေပြီး ကောင်းကင်နတ်တံခါး၏ အနာဂတ်က အလွန်တောက်ပနေမည်ကို သက်သေပြရန် သူတို့က ကောလာဟလများ ဖြန့်နေခဲ့သည်။

“ဒီလိုဆိုရင် အတိတ်က ကတိတွေကို အသက်သွင်းလိုက်ရအောင်လေ” ကျန်းကလန်ခေါင်းဆောင်က ဟွားကလန်ခေါင်းဆောင်ကို အပြုံးနှင့် ပြောလိုက်သည်။

“သေချာတာပေါ့” ဟွားကလန်ခေါင်းဆောင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူတို့က အချင်းချင်း ပြုံးကြည့်နေကြပြီး ထိုအခိုက်တွင် သူတို့သည် ငယ်စဉ်ဘဝသို့ ပြန်ရောက်သွားသကဲ့သို့ပင် ဖြစ်သည်။

“သွားကြစို့” သူတို့က တစ်ချိန်တည်း၌ ရှေ့သို့ လျှောက်သွားကြပြီး ကောင်းကင်သို့ တိုက်ရိုက်ဖြတ်သန်းသွားကြသည်။ ခြေတစ်လှမ်းတည်းနှင့် သူတို့သည် ကောင်းကင်နတ်တံခါး၏ ထိပ်ဖျားသို့ ရောက်ရှိသွားပြီး အောက်ဘက်တွင် ငုံ့ကြည့်လိုက်ကြသည်။

လူအများသည် ထိုပုဂ္ဂိုလ်နှစ်ဦး ထွက်ပေါ်သည်ကို မြင်သည့်အခါ ရပ်တန့်သွားကြသည်။ အားလုံးသော တန်ခိုးရှင်များသည် ဦးညွှတ်ကာ ပြောလိုက်ကြသည်။ “ခေါင်းဆောင်တို့ကို နှုတ်ဆက်ပါတယ်”

“ပြန်သွားပြီး ကိုယ့် ကျင့်ကြံရေးကိုယ် အာရုံစိုက်ကြပါ” ကျန်းကလန်ခေါင်းဆောင်က ကျယ်လောင်စွာ ပြောလိုက်ပြီး သူ့အသံက လေဟာနယ်ကို ဖြတ်ခွင်းကာ ထွက်ပေါ်လာသည်။ လူတိုင်းက ထိုအသံကို ရှင်းလင်းစွာ ကြားနိုင်ကြပေသည်။

“ပြန်သွားရမယ်” တန်ခိုးရှင်များအားလုံးက အေးခဲသွားခဲ့သည်။ သူတို့က နားမလည်ကြပေ။ ခေါင်းဆောင်က ဘာကို ဆိုလိုနေသနည်း။

ထိုအချိန်တွင် ခြေလှမ်းများ ထွက်ပေါ်လာသည်။ များပြားလှသည့် တန်ခိုးရှင်များကို ဝမ်ယန်ပင်း၏ မိသားစုက ဦးဆောင်လာခြင်း ဖြစ်သည်။ ဝမ်ကလန်ခေါင်းဆောင်က ရှေ့မှ ဦးဆောင်လာကာ သူက မော့ကြည့်လိုက်ပြီး ကောင်းကင်နတ်တံခါးမှ လူများကို ပြောလိုက်သည်။ “ကျုပ်တို့ ဟောက်ထျန်းမြို့က အင်အားတွေကို စုစည်းလိုက်ရင် စစ်ပွဲကို ရင်ဆိုင်နိုင်မှာပါ”

“လူတွေရဲ့ အသက်နဲ့ စွန့်စားပြီးတော့ ဟောက်ထျန်းမြို့ရဲ့ အနာဂတ်ကရော” ဟွားကလန်ခေါင်းဆောင်က ထိုလူများကို ကြည့်ကာ ပြောလိုက်သည်။ “သတိရပါ။ ကောင်းကင်နတ်တံခါးက ဟောက်ထျန်းမြို့ရဲ့ ကောင်းကင်နတ်တံခါးပါ။ ကောင်းကင်နတ်တံခါးက ပျောက်ကွယ်သွားရင်တောင် ဟောက်ထျန်းမြို့က တည်ရှိနေဦးမှာပဲ။ ဟောက်ထျန်းမြို့က တန်ခိုးရှင်တွေ ကျန်နေမယ်ဆိုရင် ကောင်းကင်နတ်တံခါးကလည်း ထာဝရ ကျန်ရှိနေပါလိမ့်မယ်”

“ပြီးတော့ လူတိုင်း ချက်ချင်းပြန်သွားပြီး ကျင့်ကြံခြင်းကို အာရုံစိုက်”

ဟွားကလန်ခေါင်းဆောင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။ လူများက ဇဝေဇဝါနှင့်ပင် ထွက်ခွာသွားတော့သည်။

“သွားကြတော့” ကျန်းကလန် ခေါင်းဆောင်သည် သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ လူများက ဇဝေဇဝါနှင့် စတင်ဆွေးနွေးပြောဆိုနေကြပြီး လူအချို့က စတင် ထွက်ခွာသွားကြသည်။

တဖြည်းဖြည်းနှင့် ပို၍ များပြားသော လူများက စတင် ထွက်ခွာသွားကြပေသည်။ ဝမ်ကလန်မှ တန်ခိုးရှင်များက ကောင်းကင်သို့ လျှောက်သွားကာ ပြောလိုက်သည်။ “ကျုပ်မှာလည်း ကျင့်ကြံခြင်းစွမ်းရည် ရှိပါတယ်။ ကျုပ် အရင်က အမြဲပဲ ခင်ဗျားနဲ့ ပြိုင်ချင်ခဲ့တာ။ ဒါပေမဲ့ အခု ကြည့်ရတာတော့ မလိုတော့ဘူးထင်တယ်။”

သူ ပြောသည်ကို ကြားပြီးနောက် ခေါင်းဆောင်နှစ်ယောက်ကလည်း ပြုံးလိုက်သည်။ ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များသည် ကောင်းကင်နတ်တံခါး၏ ပုံစံအတိုင်းပင် လုပ်သင့်ပေသည်။

“ကျုပ်တို့လည်း သွားသင့်ပြီ။ ကျုပ် ဒီအချိန်အတွက် အရက်အိုး သိမ်းထားတာ ရှိတယ်။ သောက်ကြရအောင်” ဟွားကလန်ခေါင်းဆောင်က အပြုံးနှင့် ပြောလိုက်သည်။ အခြားနှစ်ယောက်ကလည်း ခေါင်းညိတ်လိုက်ပြီးနောက် ပြန်လှည့်ကာ ကောင်းကင်နတ်တံခါးသို့ ပြန်သွားခဲ့ကြသည်။

အဝေးတွင် ရီဖူရှင်းနှင့် ချင်ရွှမ်ကန်းတို့သည် တိတ်ဆိတ်စွာ ရပ်နေပြီး တည်ငြိမ်နေသည့် ထိုပုဂ္ဂိုလ်များကို ကြည့်နေခဲ့သည်။ ရီဖူရှင်းသည်လည်း ထိုပုဂ္ဂိုလ်များကို တိတ်တဆိတ် ချီးကျူးမိပေသည်။ သူတို့က အမှန်တကယ် တည်ငြိမ်ကာ ယုံကြည်ချက်ရှိသူများ ဖြစ်ကြသည်။

“ဆရာ” ရီဖူရှင်းက သူ့ဆရာ ချင်ရွှမ်ကန်းကို ကြည့်ကာ ခေါ်လိုက်သည်။ သူ၏ ဆရာက တစ်စုံတစ်ယောက်၏ ကံကြမ္မာကို အကြမ်းဖျင်း ဟောပြောနိုင်ပေသည်။ ယခု သူက ရန်ဟောင်အဆင့်သို့ ဝင်ရောက်သွားပြီဖြစ်ရာ ဤအရာအားလုံးကို မြင်နိုင်စွမ်း ရှိပေမည်လား။

“ဒီတိုင်း ထားလိုက်ရအောင်ပါ” ချင်ရွှမ်ကန်းက ရီဖူရှင်း၏ ပခုံးကို ရိုက်ကာ ပြောလိုက်သည်။ ရီဖူရှင်းနှင့် ဂူတုံးလျှို နှစ်ယောက်လုံး၌ ကြီးမြတ်သော ကံကြမ္မာတို့ ရှိသည်။ ကောင်းကင်နတ်တံခါးက အခက်အခဲတွင်း ရောက်ရှိနေသော်လည်း ပြန်လည် မွေးဖွားလာနိုင်ပေလိမ့်မည်။

ရီဖူရှင်းက သူ့ဆရာ မည်သည့်စကားမှမဆိုဘဲ အဝေးသို့ လျှောက်သွားသည်အား စောင့်ကြည့်နေခဲ့သည်။ စစ်ပွဲက ရောက်လာတော့မည် ဖြစ်သော်လည်း သူတို့က အလွန် တည်ငြိမ်နေသည်။

သူသည်လည်း ခေါင်းကို ယမ်းလိုက်ပြီး အဝေးသို့ လျှောက်သွားခဲ့သည်။

သို့သော် ရက်အနည်းငယ် အကြာ၌ ဟောက်ထျန်းမြို့တွင် ကြောက်မက်ဖွယ် လေထုကြီး ဖုံးလွှမ်းလာပေတော့သည်။

***

All Chapters