← Chapters

အခန်း (၃၁-၄၀)

Vol. 4 Ch. 31-40

အခန်း (၃၁-၄၀)

Vol. 4 Ch. 31-40

Vol 4, အခန်း ၃၁။ စေ့စေ့စပ်စပ်ပူးပေါင်းမှု

မျိုးရိုးမြင့်များမှာ သာမန်လူများအတွက် တစ်စုံတရာမျှသာဖြစ်သည်။

ကမ္ဘာမြေတွင် ဤသို့သောလူမှုအဆင့်အတန်းခွဲခြားခြင်းအား ဖယ်ရှားပြီးဖြစ်သော်လည်း စိုင်စ်နယ်မြေကြီးရှိ ပဒေသရာဇ်စနစ်တစ်ဝက် ကျွန်စနစ်တစ်ဝက် အသိုင်းအဝိုင်းတွက် အင်မတန်သိသာကာ ကျယ်ပြန့်လှသည့် လူ‌နေမှုခွဲခြားမှုရှိသည်။

ထိပ်ဆုံးအလွှာမှာ မျိုးရိုးမြင့်များဖြစ်ကြ၏။

ကျွန်များမှာ မည်သည့်အခွင့်အရေးမှမရှိဘဲ ဆန္ဒရှိသလို သတ်ဖြတ်ခံရနိုင်သည် လူများပင်။ သာမန်လူများအတွက် မျိုးရိုးမြင့်များမှာ အရိုအသေခံရသည်သာမက ၎င်းတို့၏ ပိုမြင့်မားသည့် ဂုဏ်ပုဒ်နှင့် ဦးစားပေးမှုများစွာ ရရှိသည်ပင်။

ဥပမာပြောရလျှင် မျိုးရိုးမြင့်များမှာ အမှုထမ်းများဖြစ်လာနိုင်သည်၊ မျိုးရိုးမြင့်များမှာ အခွန်များကို လျှော့ချနိုင်သည်၊ မျိုးရိုးမြင့်များမှာ ကိုယ်ပိုင်မြင်းလှည်းများ ရရှိနိုင်သည်၊ မျိုးရိုးမြင့်များမှာ အရှင်မင်းကြီးကို တွေ့ချိန်တွင် ဒူးမထောက်ရချေ၊ မျိုးရိုးမြင့်များမှာ......

လိုရင်းဆိုရသော် မျိုးရိုးမြင့်များထံတွင် အခွင့်အရေးများစွာ ရှိလေသည်။ မျိုးရိုးမြင့်များနှင့် သာမန်လူများအကြား ရှင်းလင်းသည့် ခြားနားချက်များ ရှိသဖြင့် မျိုးရိုးမြင့်ဂုဏ်ပုဒ်တစ်ခုရှိခြင်းမှာ သာမန်လူများထက် အဆင့်ပိုမြင့်သည့် အဓိပ္ပာယ်ဖြစ်ပြီး ၎င်းတို့အား သာမန်လူများအပေါ် အထင်သေးစေသည်။

မျိုးရိုးမြင့်များအကြား တင်းကြပ်သည့် ခွဲခြားမှုများရှိပါလျှင်တောင် သာမန်လူများအတွက် ၎င်းမှာ ခြားနားနေသည့် လောကတစ်ခုနီးပါးလိုပင်။ ထို့ကြောင့် မည်သူဖြစ်စေ မျိုးရိုးမြင့်ဖြစ်လာသည်နှင့် ၎င်းတို့၏ ဂုဏ်ပုဒ် မြင့်တက်လာစေရန် လုပ်နိုင်သမျှ အားလုံးလုပ်မည်ဖြစ်သလို ဆက်လက်ထိန်းသိန်းနိုင်အောင်လုပ်ပြီး မျိုးရိုးမြင့်တစ်ဦးရရှိသည့် အခွင့်အရေးများကို ခံစားနေမည်သာ။

စိုင်စ်နယ်မြေကြီး၏ သမိုင်းတွင် မိမိတို့၏ ဂုဏ်ပုဒ်ကို အလွဲသုံးစားလုပ်ပြီးနောက် အခွင့်အရေးများ ဆုံးရှုံးခဲ့ကြသည့် မျိုးရိုးမြင့်များစွာရှိပြီး၊ ၎င်းတို့၏ ဂုဏ်ပုဒ်ကို လက်လျှော့ရန် တောင်းဆိုခဲ့သည့် မျိုးရိုးမြင့်တစ်ဦးမှပင် မရှိခဲ့ပေ။

ထိုသို့သော ဇာတ်လမ်းအများစုမှာ မိန်းကလေးများကြားလိုသည့် စိတ်ကူးယဉ်ပုံပြင်များထဲ၌သာ ရှိသည်။ မျိုးရိုးမြင့် အမျိုးသားဇာတ်ဆောင်က သာမန်မိန်းကလေးတစ်ဦးအတွက် ဂုဏ်ပုဒ်ကို စွန့်လွှတ်၍ မိသားစု၏ ဆန္ဒများကို ဆန့်ကျင်က ယင်းသာမန်လူနှင့်အတူ ထွက်ပြေးသွားသည် ဟူ၍။

သို့သော် လက်တွေ့တွင် ထိုသို့ ပြုလုပ်သည့် မျိုးရိုးမြင့်ရှိလာပါလျှင် အချစ်ဇာတ်လမ်းများ ဖတ်ရှုခြင်းကို နှစ်သက်သည့် မိန်းကလေးများကပင် ၎င်းမျိုးရိုးမြင့်ကို ငတုံးဟုခေါ်ကြပေလိမ့်မည်။

မျိုးရိုးမြင့်ဂုဏ်ပုဒ်ကို ၎င်းတို့၏ ချစ်သူထံပေးအပ်ခြင်းမှာ သာမန်မိန်းကလေးများ၏ အိပ်မက်ဖြစ်ပါသော်လည်း မျိုးရိုးမြင့်က သူ၏ ဂုဏ်ပုဒ်ကို ဆုံးရှုံးလိုက်ရသည်နှင့် ၎င်းအိပ်မက်တွင် မည်သည့် အဓိပ္ပာယ်ရှိပါမည်နည်း?

ထို့ကြောင့် မည်သည့်ရှုထောင့်မှကြည့်သည်ဖြစ်စေ မျိုးရိုးမြင့်တစ်ဦးအတွက် ခက်ခက်ခဲခဲရရှိထား‌သည့် မျိုးရိုးမြင့်ဂုဏ်ပုဒ်ကို လက်လျှော့ပါက မျိုးရိုးမြင့်အနေနှင့် ရရှိမည့် အခွင့်အရေးများစွာကို လက်လွှတ်ရမည်ဖြစ်သောကြောင့် ၎င်းကို လက်လျှော့ရန်ဖြစ်နိုင်လိမ့်မည်မဟုတ်‌ဟု ဆိုလိုသည်။

အနှီပုဂ္ဂိုလ်က ငတုံးငအ မဟုတ်သရွေ့ပေါ့။

သို့သော်..... ရှုယီက ငတုံးငအတစ်ဦးပေလား?

Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ခဲ့ကာ ၎င်းအား လမ်ပူရီတိုင်းပြည်၏ ထိပ်တန်းလုပ်ငန်းစုများထဲမှ တစ်ခု ဖြစ်လာစေခဲ့ပြီး မှော်စက်မှုနယ်ပယ်တည်ဆောက်ခြင်းကို တစ်ဦးတည်းအားပေးကာ ဘန်တာမြို့ကဲ့သို့ မြို့လေးတစ်မြို့အား နိုင်ငံ့စီးပွားရေးဗဟိုချက်ဖြစ်စေခဲ့သည့် ဥက္ကဌအနေနှင့် သူ့လို ပုဂ္ဂိုလ်အား မည်သူက ငတုံးငအဟုခေါ်ဆိုလိမ့်မည်နည်း?

သို့သော် ရှုယီမှာ လူတိုင်းက တုံးအသည်ဟု သတ်မှတ်ထားသည့် အရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။

သူဟာ တော်ဝင်လွှတ်တော်၏ မျိုးရိုးမြင့်ဂုဏ်ပုဒ်ကို တကယ်ကြီး လက်လျှော့လိုက်သည်ပင်!

ထိုသတင်းက ⟨ ဘန်တာတိုင်းမ်စ် ⟩ကြောင့် ပျံ့နှံ့သွားကာ ⟨ လမ်ပူရီအပတ်စဉ် ⟩က အတည်ပြုလိုက်ချိန်တွင် အားလုံး အံ့ဩသွားကြတော့သည်။

မည်သည်ကမှ ရှုယီအား ငတုံးငအဟု မထင်ပါသော်လည်း မည်သူကမှ သူ၏မျိုးရိုးမြင့်ဂုဏ်ပုဒ်ကို လက်လျှော့ကြောင်းကို နားမလည်နိုင်ကြချေ။ ဒီတော့..... အဘယ့်ကြောင့်နည်း?

အဘယ့်ကြောင့် ထိုသို့ လုပ်ဆောင်ခဲ့သနည်း?

“ကျုပ်အရင်ကတည်းက ပြောထားပြီးသားပါ၊ ကျုပ်အနေနဲ့ မျိုးရိုးမြင့် ဂုဏ်ပုဒ်ကို ဘယ်တုန်းကမှ ဂရုမစိုက်ဘူး။ ဒါကို လက်လျှော့တာက အဆင်ပြေတယ်၊ အဲ့လောက်လည်း မဟုတ်ပါဘူး။” ရှုယီက အပြုံးဖြင့် ဖြေဆိုသည်။

ဆယ်ဗီနီက ရှုယီကို သံသယအပြည့်မျက်လုံးများဖြင့် ခဏကြာကြည့်နေလိုက်သည်။

“မျိုးရိုးမြင့် ဂုဏ်ပုဒ်က ရှင့်အတွက် အရေးမပါမှန်းတော့ သိပါတယ်၊ ဒါပေမယ့် ရှုယီ ရှင်ဝန်ခံရမှာက ဒီမျိုးရိုးမြင့်ဂုဏ်ပုဒ်က ရှင်နဲ့ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် အဆင်ပြေမှုတွေ အများကြီး မယူလာပေးခဲ့လို့လား? အနည်းဆုံး ရှင်က ဗစ်ကောင့်ထ်ဖြစ်တာကြောင့် ဒီလို နယ်မြေကြီးတစ်ခုကို ရနိုင်တာလေ။ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဌာနတွေအားလုံးကို ဒီမြေပေါ်မှာထားနိုင်ပြီး လုပ်ငန်းစုအတွက် ငွေလည်း အတော်သက်သာတာပဲ။ ဒါက ရှင်အရင်က ကျွန်မကို ပြောခဲ့တာပဲ မဟုတ်လား?

“အင်း ဒီလိုတော့ဟုတ်ပါတယ်။” ရှုယီက ခေါင်းငြိမ့်လိုက်ပြီးနောက် ခေါင်းစဉ်ပြောင်းလိုက်သည်၊ “ဒါပေမယ့် ဆယ်ဗီနီ, ကျုပ်ရဲ့ ဂုဏ်ပုဒ်နဲ့ အဲဒီမြေကြောင့် ကျုပ်ဆီရောက်လာတဲ့ အကျိုးအမြတ်တွေအား‌လုံးကို ဘယ်ကနေ ရလာတာလဲ?”

“မေးနေဖို့လိုသေးလို့လား? ဒီလိုဖြစ်လာတာ ရှင့်ကြောင့်.....” ဆယ်ဗီနီက ရုတ်တရတ် ရပ်တန့်လိုက်သည်။

သူမက ရုတ်တရတ် ရှုယီမှာ လမ်ပူရီဆယ့်သုံး၏ အသိအမှတ်ပြုခြင်းခံရမှုကြောင့် ပြည်သူတစ်ဦးမှ ထူးထူးဆန်းဆန်း မျိုးရိုးမြင့်ဖြစ်လာသည်ကို သတိရသွားသည်။

ထို့နောက် ရှုယီ ဗစ်ကောင့်ထ်ဖြစ်လာချိန်တွင် ရှုယီအား နယ်မြေပေးအပ်ရန် လက်ခံကာ လမ်ပူရီဆယ့်သုံးထံရှိ သူ့အပေါ် ချီးမြှောက်လိုမှုကြောင့် ကုန်သည်တစ်ဦးအဖြစ် ဆက်ရှိခွင့်ပြုခဲ့သည်။

လမ်ပူရီဆယ့်သုံး ရှင်သန်နေဆဲအချိန်က ပြဿနာမရှိပါချေ။

သို့သော် ယခုပြဿနာက လမ်ပူရီဆယ့်သုံး မရှိတော့ခြင်းပင်။

“ဒါပေမယ့် လက်လျှော့လိုက်ဖို့တော့ မလိုဘူးမို့လား?” စဉ်းစားကြည့်ပြီးနောက်၌ ဆယ်ဗီနီက ရှုပ်ထွေးနေဆဲပင်၊ “ဘာကိုမှ မပြောနဲ့ဦး၊ ရှင့်ရဲ့ မျိုးရိုးမြင့်ဂုဏ်ပုဒ်ကို ဆုံးရှုံးပြီးနောက်ကျရင် မိုးကျတောင်ကြားက ရှင့်ရဲ့ နယ်မြေမဟုတ်တော့ဘူး။ ရှင်လည်း ရှင့်နယ်မြေမှာရှိတဲ့ အကျိုးအမြတ်တွေကို မခံစားနိုင်တော့သလို ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကလည်း ဘန်တာမြို့ဆီကနေ စီမံခန့်ခွဲခံရမှာမို့ ပြဿနာတွေအများကြီးရှိလာနိုင်တယ်။”

ဆယ်ဗီနီ၏ စိုးရိမ်နေဟန်ကိုမြင်သော် ရှုယီက ပြုံးလိုက်သည်။

“ဟုတ်ပါပြီ၊ ခင်ဗျား စိတ်ပူတာရပ်‌သွားအောင် အမှန်အတိုင်းပြောပြမယ်။ လက်တွေ့မှာ ကျုပ်အနေနဲ့ မြို့စား ကာမာဒိုဆီကနေတဆင့် အရှင်မင်းကြီးအဲရစ်နဲ့ သဘောတူညီမှုတစ်ခု ရထားတယ်။ အမ်း..... ဒါကို ကုန်သွယ်မှုတစ်ခုအဖြစ် ယူဆလို့ရနိုင်တယ်။”

“ကုန်သွယ်မှု?” ဆယ်ဗီနီက မျက်မှောင်ကုပ်သည်၊ “ဒါပေမယ့် ဒီကနေ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက ဘာအကျိုးအမြတ်မှရတာကို မမြင်မိဘူးနော်။”

“အကျိုးအမြတ်..... ကျုပ်တို့လုပ်ငန်းစုက လွတ်လပ်စွာကုန်သွယ်ခွင့်စစ်စစ်ရထားတယ်လို့ ပြောရင် ဘယ်လိုထင်လဲ?”

“လွတ်လပ်စွာ ကုန်သွယ်ခွင့်စစ်စစ်? ဘာကိုပြောချင်တာလဲ?” ဆယ်ဗီနီက ရှုပ်ထွေးစွာဆိုလာသည်။

“အတိအကျပြောရရင် ကျုပ်တို့ လုပ်ငန်းစုအနေနဲ့ တခြားနိုင်ငံတွေကို ကုန်သွယ်ရာမှာ လွတ်လွတ်လပ်လပ်ထိန်းချုပ်နိုင်ပြီး နိုင်ငံလွှတ်တော်ကို ဖြစ်ဖြစ် စီးပွားရေးဌာနကိုဖြစ်ဖြစ် အစီရင်ခံဖို့မလိုဘူး။ ကျုပ်တို့လုပ်ငန်းစု တခြားနိုင်ငံတွေနဲ့ ကုန်သွယ်တဲ့အခါ အများကြီးပိုပြီး အဆင်ပြေလာမှာ။”

ဆယ်ဗီနီက မျက်မှောင်ကုပ်လိုက်၏၊ “ဒါက ရှင့်ကို မှောင်ခို ထောက်ပံ့နေတဲ့ အဓိပ္ပာယ်များလား?”

ရှုယီက မျက်လုံးပြူးသွားကာ၊ “ဟေး မင်းသမီးလေး၊ ခင်‌ဗျား ရမ်းသမ်းပြောလို့မရဘူး။ ကျုပ်တို့အနေနဲ့ အချိန်တိုင်း အစီရင်ခံဖို့ မလိုပေမယ့်လည်း တစ်ခေါက်ပြီးတစ်ခေါက်တော့ စီးပွားရေးဌာနကို အစီရင်ခံရဦးမှာ။ ပြီးတော့ ကျုပ်တို့ပေးမယ့်အခွန်ကလည်း မနည်းဘူး၊ ဒီတော့ ဒါကို မှောင်ခိုတယ်လို့ ဘယ်လိုသတ်မှတ်နိုင်မှာလဲ?”

ဆယ်ဗီနီက ရှုယီကို မျက်လုံးများလှိမ့်ပြလိုက်ကာ၊ “ရှင်က ဒီအခြေအနေကို ရဖို့ ဒီလောက် အားထုတ်နေတာကို ကောင်းတယ်လို့ မထင်ဘူး။”

ရှုယီက ရယ်မောသည်၊ “ဘုရင်ကြီးအဲရစ်လည်း မယုံဘူးလို့ ကျုပ်ထင်ပေမယ့် သူက ဒီအခြေနေကို သဘောတူလိုက်တုန်းပဲလေ။ ခင်ဗျားရော ဘာလို့ ဒီလိုထင်တာလဲ?”

“ဘာလို့လဲဆိုတော့ ရှင်သဘောတူလိုက်တဲ့အခြေအနေက အရမ်းကောင်းနေလို့ပေါ့။” ဆယ်ဗီနီက သက်ပြင်းချသည်၊ “ရှုယီ၊ ရှင် ဘာတွေစဉ်းစားနေမှန်း ကျွန်မ မသိတော့ဘူး၊ ဒါပေမယ့် ရှင့်ရဲ့ မျိုးရိုးမြင့်ဂုဏ်ပုဒ်ကို ဆုံးရှုံးသွားရင် ရှင်တို့လုပ်ငန်းစုအတွက် အကောင်းဆုံး အကာအကွယ်ကိုပါ ဆုံးရှုံးရမယ်လို့ ကျွန်မသတိပေးရမယ်။ အကယ်၍..... ကျွန်မ အကယ်၍လို့ပြောတာက၊ အကိုတော်သာ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကို တစ်ခုခုလုပ်ချင်ရင် အများကြီး ပိုလွယ်သွားလိမ့်မယ်။”

ရှုယီက ပခုံးတွန့်သည်၊ “ကျုပ်က မျိုးရိုးမြင့်ဖြစ်နေရင်ရော သူက သိက္ခာထိန်းနေမယ်ထင်လား? မမေ့နဲ့၊ အရင်က ဘုရင်ကြီး ရှိတုန်းက တော်ဝင်လွှတ်တော်က ကျုပ်ရဲ့ မျိုးရိုးမြင့်ဂုဏ်ပုဒ်ကို ဖယ်ရှားဖို့ကြိုးစားခဲ့တယ်။ သူတို့သာ ထပ်လုပ်လာရင် တားဆီးပေးမယ့်လူမရှိဘူး။”

ဆယ်ဗီနီက ခဏတာ တိတ်ဆိတ်နေပြီးနောက် မေးလေ၏၊ “ရှင်တို့ကြားက ကုန်သွယ်ရေးက အဲ့လောက် မရိုးရှင်းဘူး။ ကျွန်မအထင်..... ရှင်ပဲဖြစ်ဖြစ် အဲရစ်ပဲဖြစ်ဖြစ် ဘယ်သူကမှ မလုပ်ချင်ကြဘူးမို့လား?”

ရှုယီက အသာပြုံး၍ ခေါင်းငြိမ့်သည်၊ “ဒါပေါ့၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် လွတ်လပ်စွာ ကုန်သွယ်ခွင့်တွေ ရဖို့အတွက်ပဲဆိုရင် ဒီသဘောတူညီမှုက ကျုပ်အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူးလေ။ ဒီတော့ ကျုပ်ရဲ့ မျိုးရိုးမြင့်ဂုဏ်ပုဒ်ကို လက်လျှော့ပြီး လွှတ်တော်ဆီ နယ်မြေပြန်ပေးရင်း Frestech ကုန်သည်ကြီးများအသင်းကို ဘန်တာမြို့ရဲ့ စီမံခန့်ခွဲမှုအောက် ကျရောက်ခွင့်ပေးလိုက်တာက ကျုပ်နဲ့ အရှင်မင်းကြီးအဲရစ်တို့ရဲ့ သဘောတူညီမှုပဲ။”

ဆယ်ဗီနီက ရှုယီကို ကြည့်ကာ ခဏမျှစဉ်းစားပြီးနောက် မေးလာသည်၊ “ရှင့် စကားအရဆို ဒါက ဘန်တာမြို့မှာရှိတဲ့ မှော်စက်မှုနယ်ပယ်တစ်ခုလုံးနဲ့ သက်‌ဆိုင်နေလောက်မယ် မဟုတ်လား?”

“အင်း၊ ကျုပ် ဘုရင်ကြီးအဲရစ်ကို ပေးခဲ့တဲ့ အခြေအနေအရ သူက မှော်စက်တွေအတွက် အထူးအခွန်ကို ဖယ်ရှားပြီး နိုင်ငံရဲ့ မှော်စက်လုပ်ငန်းစုအားလုံးကို တစ်ညီတည်းဆက်ဆံပေးရမှာ။ တစ်ချိန်တည်းမှာပဲ နိုင်ငံလွှတ်တော်ကို မှော်စက်မှုနယ်ပယ်တိုးတက်ရေးအတွက် အထောက်အကူဖြစ်မယ့် မူဝါဒများစွာကို မိတ်ဆက်ပေးဖို့ တောင်းဆိုထားတယ်။ သူတို့သာ အရင်က ဘန်တာမြို့ရဲ့ ဦးစားပေးမူဝါဒတွေကို ဆက်လုပ်နိုင်ရင် အကောင်းဆုံးပဲ။”

“သူသဘောတူလား?” ဆယ်ဗီနီမှာ အနည်းငယ် အံ့ဩသွားသည်။

“ဘယ်လိုလုပ်သဘောမတူမှာလဲ?” ရှုယီက ပြုံးသည်၊ “ကျုပ်ဒါကို မြို့စား ကာမာဒိုဆီကတဆင့် ရှင်းလင်းအောင်လုပ်ထားပြီးပြီ၊ နိုင်ငံရဲ့ ဘဏ္ဍာက နားလည်နိုင်လောက်တဲ့ ငွေလိုအပ်နေပေမယ့် မှော်စက်မှုနယ်ပယ်ကို ဒီလို အရည်ညစ်ထုတ်နေတာက ရေရှည်စီမံကိန်းမဟုတ်ဘူးလေ။ မှော်စက်မှုနယ်ပယ်ရဲ့ ကျန်းမာရေးတိုးတက်အောင် အဆင့်မြှင့်တင်မှသာ နိုင်ငံက အကြီးမားဆုံး အကျိုးအမြတ်တွေရနိုင်မှာ။ ဘုရင်ကြီးအဲရစ်က ငတုံးမဟုတ်ပါဘူး၊ ဘယ်လိုလုပ် ဒီလို ရိုးစင်းတဲ့ အကြံကို နားမလည်ဘဲနေမလဲ?”

“သူနားမလည်တာ မဟုတ်ပေမယ့် မလုပ်လောက်ဘူးလေ။” ဆယ်ဗီနီက သက်ပြင်းချသည်၊ သူ့နောက်က လူတွေက အရမ်းတွန်းအားပေးနေကြတာ။ ရှုယီ သူ့ကို ဒီအခြေအနေအတွက် သဘောတူခိုင်းတော့ ရှင် တန်ကြေးကြီးကြီးပေးခဲ့ရတယ်မလား? ဒါက ဘန်တာမြို့ဆီ Frestech ကုန်သည်ကြီးများအသင်းကို ပေးအပ်လိုက်တာနဲ့တင် မလုံလောက်ဘူး။”

“မလုံ‌လောက်ဘူးပေါ့။” ရှုယီက အပြုံးဖြင့် ခေါင်းငြိမ့်သည်၊ “အဲဒီ လောဘသားကောင်တွေက အကျိူးအမြတ်ပဲ ဂရုစိုက်တော့ အကြီးမားဆုံး အကျိုးအမြတ်ပေးခဲ့ရတယ်လေ။ ဘုရင်ကြီးအဲရစ်နဲ့ သဘောတူညီမှုကနေတဆင့် နိုင်ငံမှော်စက်ဌာနနဲ့ ကျုပ်တို့ရဲ့ ပူးပေါင်းမှုကို စေ့စပ်အောင်လုပ်ရမှာ။ ကျုပ်တို့လုပ်ငန်းစုမှာ ရှိတဲ့ မှော်စက်တွေရဲ့ ထုတ်လုပ်ရေးနည်းလမ်းအပြည့်အစုံကို ဌာနက သတ်မှတ်ထားတဲ့ လုပ်ငန်းစုဆယ်စုဆီ လွှဲပြောင်းပေးရမှာ။”

ဆယ်ဗီနီက ရှုယီကို အထိတ်တလန့်ကြည့်ကာ၊ “ရှင်ရူးနေတာလား?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၃၂။ ကိုယ်ပိုင်နတ်သူငယ်အစောင့်များ

ရှုယီမှာ လူဘယ်လောက်များများက သူ့အား ရူးနေသည်လားဟု မေးမြန်းခဲ့သည်ကိုပင် မသိတော့ချေ။

Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်မြင့်အဖွဲ့များ အစည်းအဝေးတွင် သူ၏မျိုးရိုးမြင့် ခေါင်းစဉ်ကို စွန့်လွှတ်တော့မည့်အကြောင်း ကြေညာလိုက်ကတည်းက သူ့အား ကောင်းကောင်း သိသူတိုင်းမှာ အမြဲလိုလို ထိုမေးခွန်းလာမေးကြသည်။

သူ့အား ကောင်းစွာမသိသည့် ရိုးရိုးအသိမိတ်ဆွေများသည်ပင် တိုက်ရိုက်မမေးကြ‌လျှင်သော်မှ ၎င်းတို့ စိတ်ထဲ၌ ထပ်တူညီစွာ တွေးတောနေမည်ကို အလွယ်လေး ခန့်မှန်း၍ရသည်။

၎င်းတို့အား သူက မြို့စား ကာမာဒို၏ တောင်းဆိုချက်များစွာကို လက်ခံကာ နိုင်ငံ မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနနှင့် ပူးပေါင်းမှုကို စေ့စေ့စပ်စပ်လုပ်ဆောင်တော့မည့်အကြောင်း ပြောခဲ့၏။ ၎င်းတို့ လုပ်ငန်းစုသာ ပိုင်ဆိုင်ခဲ့သည့် မှော်စက်နည်းပညာများကို လွှဲပြောင်းပေးပြီးနောက်တွင် ဆယ်ဗီနီတစ်ယောက်တည်းသာ အရူးဟု ဆိုလာခြင်းမဟုတ်။ သူ့အားလေးစားကာ အရည်အချင်းအရ အကောင်းဆုံးလုပ်ဆောင်၍ သူ၏ အမိန့်များကို လိုက်နာခဲ့ကြသည့် သူ၏လက်အောက်ငယ်သားများသည်ပင် သံသယဖြင့် ကြည့်လာကြသည်။

ဥက္ကဌက..... တကယ်ကြီး ရူးနေတာလား?

မဟုတ်ပါက ဥက္ကဌ၏ အမျှော်အမြင်နှင့်ဆိုလျှင် ဌာန၏ တောင်းဆိုမှုများကို သဘောတူပြီးနောက် ပြင်းထန်သည့် အကျိုးဆက်များကို မည်သို့ မမြင်ဘဲ ရှိမည်နည်း?

ဌာနက Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာများအား လုပ်ငန်းစုဆယ်ခုထံသို့ လွှဲပြောင်းစေခြင်းကြောင့် ယခုမှစ၍ ၎င်းဌာနမှာ တောင်းဆိုမှုများ ပိုလုပ်လာကာ အတင်းအကြပ်အမိန့်များပေးလာမည်ကို မြင်နိုင်သည်ဟု ဆိုလျှင်ပင် ချဲ့ကားလွန်းရာမကျပေ။

ထိုအချိန်ရောက်လာလျှင် မျိုးရိုးမြင့်ဂုဏ်ပုဒ်နှင့် သန်မာသည့် နောက်ခံနှစ်ဦးဖြစ်သော လမ်ပူရီဆယ့်သုံးနှင့် မင်းသမီး‌လေး ဆယ်ဗီနီတို့ကိုဆုံးရှုံးထားသည့် ရှုယီမှာ ဘုရင်ကြီးအဲရစ်နှင့် သူ၏နောက်ကွယ်မှ မျိုးရိုးမြင့်ကြီးများအား မည်သို့ ခုခံနိုင်ပါမည်နည်း။

အတိအကျဆိုရလျှင် ရှုယီက ၎င်းအခြေအနေကို သဘောတူခြင်းမှာ Frestech ကုန်သည်ကြီးများအသင်းအား ထိုလောဘသားမျိုးရိုးမြင့်များ၏ လက်ထဲထည့်လိုက်သည်နှင့်မခြားပါချေ။

ဤသည်က လူတိုင်းမြင်နိုင်သည့်အရာဖြစ်ရာ ရှုယီအနေနှင့် မမြင်နိုင်သည်မှာ မဖြစ်နိုင်ချေ၊ ထို့ကြောင့် မည်သို့များထိုသို့ လုပ်ဆောင်ရသနည်း?

ရှုယီကိုသိသည့် လူများအကြား အနည်းငယ်မှာ ကိစ္စတချို့ကို နားမလည်သလို စတေးလ်နှင့် မဟာမှော်ပညာရှင်ကမ်မီလာကဲ့သို့ မေးမြန်းဖို့ဆန္ဒမရှိ သို့မဟုတ် အက်ဂ်နက်စ်နှင့် ဗီဗီယန်တို့ကဲ့သို့ ရှုယီနောက် မျက်ကန်းလို လိုက်နေသူများဖြစ်ကြသည်၊ ရှုယီ၏ ဆုံးဖြတ်ချက်ကို နားလည်ပြီး ထောက်ခံသူမှာ လူသားမဟုတ်ချေ။

“တကယ်တော့ ရှင့်ရဲ့ ရွေးချယ်မှုက အရမ်းကို ထက်မြတ်တယ်လို့ ကျွန်မထင်တယ်၊ ဘာလို့ ရှင့်ရဲ့လက်အောက်ငယ်သားတွေက အရမ်းစိတ်ပူနေကြလည်း နားမလည်ဘူး။

မိန်းမငယ်လေး တစ်ယောက်နှင့် တူသည့် အကြီးအကဲ အီလူရှာ၏ မျက်နှာထက်၌ ရှုပ်ထွေးဟန်ရှိနေသည်။

“Frestech ကုန်သည်ကြီးများအသင်းရဲ့ အကြီးမားဆုံးထောက်ခံသူတွေက လမ်ပူရီတိုင်းပြည်ကနေ ပျောက်ကွယ်သွားကတည်းက အရင်ကလို အလွယ်လေး တိုးတက်ဖို့ မဖြစ်နိုင်တော့ဘူးလေ။ နောက်ဆုတ်ပြီး တခြားလမ်းကြောင်းရှာတာက အရမ်းကို ပုံမှန်ဖြစ်တဲ့ ကိစ္စပဲ မဟုတ်ဘူးလား?”

ရှုယီက ပခုံးတွန့်၍ အသာပြုံးကာ ပြောလေသည်၊ “ကျုပ်တို့ ဇာတိမြို့မှာ ဆိုရိုးတစ်ခုရှိတယ်၊ လေ့လာသူက ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီး ပြဿနာတွေနဲ့ အရမ်းနီးကပ်သူတွေက အမှတ်မှားနေကြတာတဲ့။ အကြီးအကဲ အီလူရှာ, ခင်ဗျားက နတ်သူငယ်တစ်ယောက်ဆိုတော့ ကျုပ်တို့ လူ့အသိုင်းအဝိုင်းမှာ ကိစ္စတွေကို ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရမှာပေါ့။ ကျုပ်တို့ လုပ်ငန်းစုရဲ့ လက်အောက်ငယ်သားတွေအတွက် သူတို့ရဲ့ အကျိုးအမြတ်တွေက လုပ်ငန်းစုနဲ့ နီးနီးကပ်ကပ်ချိတ်ဆက်နေတာကြောင့် ကျုပ် ဆုံးဖြတ်ချက်နောက်ကွယ်က အမှန်တရားကို မမြင်နိုင်ကြဘူးလေ။”

“ဒီလိုဖြစ်နိုင်တယ်။” အကြီးအကဲ အီလူရှာက ခေါင်းငြိမ့်ပြီးနောက် ရှုယီကို အနည်းငယ်သိလိုစွာ ကြည့်လာသည်၊ “ရှင်တို့လက်အောက်ငယ်သားတွေက အမှတ်မှားတယ်လို့ ပြောခဲ့တယ်နော်၊ ဒါဆို ရှင်ကရော? တစ်ယောက်ယောက်က Frestech ကုန်သည်ကြီးများအသင်းနဲ့ သက်ဆိုင်တဲ့ အကျိုးအမြတ်တွေအကြောင်းပြောလာရင် ဘယ်သူကမှ ရှင့်ကို မယှဉ်နိုင်ဘုးမို့လား? ဘာလို့ ရှင်ကျတော့ ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီး ဒီလိုဆုံးဖြတ်ချက်မျိုးကို တိုက်ရိုက်ချလိုက်တာလဲ?”

ရှုယီက ပြုံးသည်၊ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ တစ်စိတ်တပိုင်းဟု မစဉ်းစားထားခဲ့သလို ဤလောက၏ တစ်စိတ်တပိုင်းဟုပင် မထင်ပါချေ။

ဤသည်က ဝိဉာဉ်ကူးပြောင်းလာခြင်း၏ သဘာဝကျကျ စိတ်ပိုင်းဆိုင်ရာ အားသာချက်ဖြစ်ရာ ဖော်ပြရန် ခဲယဉ်းပါ၏။

“ဘာလို့လဲဆိုတော့ ကျုပ် လိုက်နေတဲ့ ပန်းတိုင်က လူတိုင်း စိတ်ကူးထားတာထက် ပိုကြီးလို့ပါ။” ရှုယီက အပြုံးဖြင့် မရေမရာသာရှင်းပြလိုက်သည်။ သူက ဝေ့ဝဲကြည့်လိုက်ပြီးနောက် ပြော၏၊ “ဒီအသေးအဖွဲ့ကိစ္စကို မဆွေးနွေးတော့ဘူး၊ တကယ့်စီးပွားရေးအကြောင်းပြောကြတာပေါ့။ အကြီးအကဲ အီလူရှာ နိုင်ငံလွှတ်တော်နဲ့ စီမံခန့်ခွဲရေးဌာနကနေ မြို့စား ကာမာဒို ရှေ့တန်းတင်လာတဲ့ အခြေအနေတွေထဲမှာ ခင်ဗျားတို့ ညတေးသံမျိုးနွယ်စုအပိုင် ပလတ်စတစ်ထုတ်ရုံလည်း ပါတယ်။ သူတို့ရဲ့ တောင်းဆိုမှုက ခင်ဗျားတို့ ညတေးသံမျိုးနွယ်စုအနေနဲ့ ပလက်စတစ်ထုတ်နည်းလမ်းကို မျှဝေရမယ်တဲ့၊ ဒီကိစ္စအပေါ် ခင်ဗျားရဲ့ အမြင်ကရော?”

“မဖြစ်နိုင်ဘူး” အကြီးအကဲ အီလူရှာ၏ အဖြေက အေးဆေးသော်လည်း ထိုအထဲ၌ ခိုင်မာသည့် ခံယူချက်ပါရှိသည်၊ “ဒီနည်းလမ်းတွေက ကျွန်မတို့ ညတေးသံမျိုးနွယ်စုပဲ ပိုင်ဆိုင်တဲ့အရာတွေပဲ၊ သူတို့ဆီကို အလွယ်လေး မပေးလိုက်နိုင်ဘူး။”

ရှုယီက ပြုံးနေသည်မှာ မအံ့ဩသွားသလိုပါပင်။

“ကောင်းတယ်၊ ဒါဆို မြို့စား ကာမာဒိုဆီက သတင်းစကားအရ ညတေးသံမျိုးနွယ်စုအနေနဲ့ နည်းပညာကို မျှဝေဖို့ ဆန္ဒမရှိမှတော့ ညတေးသံမျိုးနွယ်စု စက်ရုံကို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ တစ်စိတ်တပိုင်းအဖြစ် သတ်မှတ်လို့မရဘူး။ နိုင်ငံလွှတ်တော်က ဥပဒေတွေအရ ညတေးသံမျိုးနွယ်စုစက်ရုံက ဘယ်လူသားလုပ်ငန်းစုနဲ့မှ မဆိုင်တာကြောင့် သူတို့ကို နိုင်ငံရဲ့ စီးပွားရေးဌာနက အသိအမှတ်မပြုတော့သလို ကန့်သတ်ကာလတစ်ခုအတွင်း ဖျက်သိမ်းရပါမယ်။”

“လရိပ်မျိုးနွယ်စုရဲ့ မြေဩဇာစက်ရုံကရော?” အကြီးအကဲ အီလူရှာက မေးသည်။

“ဒါကလည်း အတူတူပဲ။”

“ရှင်တို့လူသားတွေကြားထဲက လောဘသားတွေ တကယ်ကို လောဘကြီးတာပဲ။” အကြီးအကဲ အီလူရှာက သရော်ပြုံးပြုံးသည်၊ “ဥက္ကဌရှုက ကျွန်မတို့ကို အချိန်မီ ပြင်ဆင်ခိုင်းထားတာမဆန်းပါဘူး၊ ရှင်က ဒီလူသားတွေရဲ့ တုံ့ပြန်မှုကို မျှော်မှန်းထားတာပဲ။”

“ကျုပ်က ခက်ခဲမယ့်နေ့ရက်တစ်ရက်အတွက် ပြင်ဆင်ထားခဲ့ရုံပါပဲ။” ရှုယီက ပြောသည်၊ “လိုရင်းပြောရရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက အခု အချိန်မှာ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တာကြောင့် ခင်ဗျားတို့လည်း အချိန်မီ ပြင်ဆင်ထားဖို့လိုတာပေါ့လေ။”

“အင်း ဒီအတွက် ပြင်ဆင်ဖို့က မခက်ပေမယ့်.....” အကြီးအကဲ အီလူရှာက အသာမျက်မှောင်ကုပ်သည်၊ “ဥက္ကဌရှု၊ ကျွန်မတို့တွေ ဆန်နက်မြေရိုင်းမှာ စက်ရုံတစ်ရုံဆောက်ဖို့က သေချာလို့လား? ဒါက သားရဲလူမျိုးတွေရဲ့ နယ်မြေလေ၊ အဆင်မပြေလောက်ဘူး။ ကျွန်မအမြင်အရတော့ မိုးကျတောအုပ်မှာ စက်ရုံဆောက်လိုက်တာပိုကောင်းမလားလို့၊ လတ်တလောတော့ လူသားတွေ ကျွန်မတို့ကို နှောင့်ယှက်လို့မရတော့ဘူးပေါ့။”

“ဒါပေမယ့် ခင်ဗျားတို့ လွယ်လွယ်လေး ထွက်လို့မရနိုင်လောက်တော့ဘူးလေ၊ ဟုတ်တယ်မလား?” ရှုယီက ပြန်မေးသည်၊ “အကြီးအကဲ အီလူရှာ, ကျုပ်အထင် ခင်ဗျား နယ်ပယ်တစ်ခုဖွံ့ဖြိုးဖို့အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ သိလောက်မှာပါ။ မိုးကျတောအုပ်မှာက သံသယမလိုအောင် လုံခြုံပေမယ့် ပို့ဆောင်ရေးက အဆင်မပြေတာကြောင့် ကုန်ကြမ်းပစ္စည်းတွေနဲ့ ထုတ်ကုန်တွေရဲ့ တင်ပို့မှုကိုနှောင့်နှေးစေနိုင်တော့ ခင်ဗျားတို့ စက်ရုံ တိုးတက်မှုအတွက် အတော်လေး ဆိုးရွားလိမ့်မယ်။”

အကြီးအကဲ အီလူရှာလည်း ခဏမျှ စဉ်းစားပြီးနောက် ခေါင်းငြိမ့်သည်။

“အမှန်ပဲ။ မိုးကျတောအုပ်မှာ အခြေချဖို့ ရွေးချယ်တဲ့ အချိန်တုန်းက လူသားတွေဝင်ဖို့ ခက်ခဲတာကြောင့် အဲ့မှာ လူသားတွေဆီကနေ နှောင့်ယှက်ခံရမှာမဟုတ်ဘူး။ အခု ကြည့်လိုက်ရင် တကယ်ကို မသင့်တော်ဘူးပဲ။”

“ပို့ဆောင်ရေးပြဿနာအပြင် တခြားအရေးကြီး ပြဿနာတစ်ခုလည်း ရှိသေးတယ်။ ဒါက ပလက်စတစ်ထုတ်စက်ရုံ ပိုပြီး အားကောင်းလာဖို့ စက်ရုံတစ်ရုံတည်းနဲ့ မလုံလောက်ဘူးမဟုတ်လား? မိုးကျတောအုပ်မှာ လမ်းကြောင်း ကန့်သတ်ခံရမှာကြောင့် တိုးတက်မှုအလားအလာပါ ပိတ်ဆို့သွားနိုင်တယ်။ ဒါက အရမ်းကို လက်တွေ့ကျတဲ့ ကိစ္စပဲ။”

“အမ်း ဝန်ခံရရင် ဒီနေရာမှာ ရှင်က ကျွန်မထက်ပိုပြီး အတွေ့အကြုံရှိတော့ ရှင့်အနေနဲ့ ရှေ့ကိုပိုစဉ်းစားနိုင်တာပေါ့။” အကြီးအကဲ အီလူရှာက ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် ခေါင်းတစ်ချက်ငြိမ့်ကာ ဆက်ပြောသည်၊ “ဟုတ်ပြီလေ၊ ကျွန်မ ဆန်နက်မြေရိုင်းမှာ အမ်လုဒ်ကို စက်ရုံအတွက် သင့်တော်မယ့် နေရာတစ်နေရာ ရွေးခိုင်းလိုက်မယ်။ ဒါပေမယ့် ဆန်နက်မြေရိုင်းဆီ ပြောင်းပြီး ဘန်တာမြို့ဆီ ပလက်စတစ်ထုတ်ကုန်တွေ ပို့ဖို့က အကွာအဝေးကြောင့်နဲ့ ပို့ဆောင်စရိတ်ပိုများမှာမဟုတ်ဘူးလား?”

“ရှင်းပါတယ်၊ ကုန်ကျစရိတ်နည်းနည်းလောက်ကို ဈေးနှုန်းထဲ ထည့်ပေါင်းလိုက်ပေါ့။”ရှုယီက အပြုံးဖြင့် ဆိုသည်။

အကြီးအကဲ အီလူရှာက ရှုယီကို တအံ့တဩကြည့်လာသည်၊ “ဥက္ကဌရှု၊ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်တွေမှာ ပလက်စတစ်ထုတ်ကုန်တွေ အတော်သုံးတယ်လေ။”

“ကိစ္စမရှိပါဘူး။” ရှုယီက ပခုံးတွန့်ကာ၊ “ခင်ဗျားအနေနဲ့ လူတိုင်းကို ညီညီမျှမျှဆက်ဆံဖို့လိုတယ်။ ပလက်စတစ်ထုတ်ကုန်ဈေးနှုန်းတိုးလာတာနဲ့ ရလာမယ့် ဖိအားကိုခံရမှာက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းပဲ မဟုတ်ဘူးလေ။”

အကြီးအကဲ အီလူရှာမှာ ရှုယီက သူတစ်ပါးဒုက္ခရောက်ခြင်းကို အားရနေသည်ဟု စဉ်းစားမိကာ ဤအခြေနေ၌ အဘယ့်ကြောင့် အေးဆေးဖြစ်လွန်းနေသည်ကို နားမလည်ပါချေ။

ညတေးသံမျိုးနွယ်စု၏ စက်ရုံကို ပြောင်းရွေ့မည့်ကိစ္စအား ဆုံးဖြတ်ပြီးနောက် ရှုယီမှာ အကြီးအကဲ အီလူရှာ၏ တောင်းဆိုချက် နောက်တစ်ခုကို စဉ်းစားမိသွားသည်။

ရှုယီက သူ၏ ဂုဏ်ပုဒ်ကို စွန့်လွှတ်ခဲ့သောကြောင့် မိုးကျတောင်ကြားကို ပြန်ပေးရမည်ဖြစ်သည်။ ၎င်းမှာ လူပုလေးများနှင့် နတ်သူငယ်များဖြင့် ဖွဲ့စည်းထားသည့် မိုးကျတောင်ကြားအတွက် အစောင့်များ ပျောက်ကွယ်သွားမည့် အဓိပ္ပာယ်ပင်။

လူပုလေး နှစ်ရာနှင့် နတ်သူငယ်တစ်ရာ့ငါးဆယ်ရှိ ထိုအစောင့်များမှာ အမည်အရ အစောင့်များသာ မဟုတ်တော့ချေ။ လူပုလေး အယောက်နှစ်ရာမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များထဲ ဝင်ရောက်လာကြသော်လည်း နတ်သူငယ်များက နတ်သူငယ်တို့၏ မာနကို ထိန်းသိမ်းထားဆဲဖြစ်ပြီး တူညီသည့် ရွေးချယ်မှု မလုပ်ကြချေ။

ရှုယီလည်း သဘာဝကျစွာပင် အကြီးအကဲ အီလူရှာထံ ထိုနတ်သူငယ် တစ်ရာ့ငါးဆယ်အား Frestech ကုန်သည်ကြီးများအသင်းထဲ ဝင်စေရန် မတောင်းဆိုဘဲ ၎င်းတို့အား ဆန်နက်မြေရိုင်းမှ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးအခြေစိုက်ဌာနရှိ အစောင့်များထဲ ရှိနေရန်သာ မျှော်လင့်သည်။

အမည်အရ ညတေးသံမျိုးနွယ်စုစက်ရုံကို ၎င်းအခြေစိုက်ဌာနသို့ ပြောင်းရွှေ့မည်ဖြစ်သောကြောင့် ၎င်းတို့မှာ ညတေးသံမျိုးနွယ်စုစက်ရုံ၏ အစောင့်များဖြစ်နိုင်သည်။

ဌာနကို ကာကွယ်ရန်မှာ အချိန်ရှိကတည်းက လုပ်နိုင်ပါ၏။

ရှုယီ၏ ရှင်းလင်းချက်ကိုကြားသော် အကြီးအကဲ အီလူရှာက ရုတ်တရတ် ရယ်မောလေသည်။

ရှုယီလည်း အံ့ဩသွားသည်၊ “အကြီးအကဲ အီလူရှာ, ရယ်စရာပါလို့လားဗျ? ကျုပ် နတ်သူငယ်စစ်သည်တွေရဲ့ ဂုဏ်ကို ထိန်းသိမ်းထားဖို့ ဒီအစီစဉ်ကို ဦးနှောက်ကနေ မနည်းညှစ်ထုတ်ထားရတာ၊ ခင်ဗျား လက်ခံမှာလား လက်မခံဘူးလား?”

အကြီးအကဲ အီလူရှာက ပန်းလေးတစ်ပွင့်နှယ်ပြုံးကာ ရှုယီကို ကြည့်လာသည်၊ “တကယ်တော့ ဥက္ကဌရှု၊ ရှင် အဲ့လောက် စဉ်းစားစရာမလိုပါဘူး။ ကျွန်မအထင်..... ရှင် သူတို့ကို ရှင့်ရဲ့ ကိုယ်ပိုင်အစောင့်လုပ်ခိုင်းရင်တောင် သူတို့ ငြင်းမှာမဟုတ်ဘူး။”

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!” ရှုယီက မယုံကြည်နိုင်ဟန်ရှိနေသည်၊ “ကျုပ် သူတို့ကို ကျုပ်တို့လုပ်ငန်းစုရဲ့ အစောင့်တွေဖြစ်လာဖို့ နည်းလမ်းတိုင်း စဉ်းစားကြည့်ပြီးပေမယ့် သူတို့ သဘောမတူဘူးလေ။ အက်ဂ်နက်စ်ကလည်း ဒါက နတ်သူငယ်တွေရဲ့ နိယာမနဲ့ ဆန့်ကျင်နေတာကြောင့် အခြေခံအရ မဖြစ်နိုင်ဘူးလို့ပြောခဲ့တယ်။ သူတို့က ကျုပ်တို့လုပ်ငန်းစုရဲ့ အစောင့်တွေထဲ မဝင်ချင်မှတော့ ဘယ်လိုလုပ်ကျုပ်ရဲ့ ကိုယ်ပိုင်အစောင့်ဖြစ်လာနိုင်မှာလဲ?”

“ဘာလို့လဲဆိုတော့ ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းကြားမှာ ခြားနားချက်ရှိလို့ပေါ့။” အကြီးအကဲ အီလူရှာက အသာပြုံးကာဆိုသည် “Frestech ကုန်သည်ကြီးများအသင်းက လူသားလုပ်ငန်းစုဆိုတော့ ကျွန်မတို့ နတ်သူငယ်တွေ လုံးဝကြီးလက်ခံလို့မရဘူး။ လုပ်ငန်းစုရဲ့ အစောင့်တွေထဲဝင်ရောက်တာက လူသားတွေရဲ့ တပ်ဖွဲ့ဖြစ်လာတာကြောင့်မို့လို့ ဒါက ကျွန်မတို့ နတ်သူငယ်တွေရဲ့ နိယာမကို ဆန့်ကျင်နေလိမ့်မယ်။”

“ဒါတို ဘာလို့ ကျုပ်ရဲ့ ကိုယ်ပိုင်အစောင့်ဖြစ်လာလို့ ရတာလဲ? ကျုပ်က လူသားလေ။” ရှုယီက အံ့ဩစွာဆိုလာသည်။

“ဒါက မတူဘူး။” အကြီးအကဲ အီလူရှာက ခေါင်းခါသည်၊ “ရှင်က လူသားဆိုပေမယ့်လည်း ကျွန်မတို့ မျိုးနွယ်စုရဲ့ ရေရင်းမြစ်ပြဿနာကို ဖြေရှင်းပေးခဲ့တာကြောင့် ကျွန်မတို့ မျိုးနွယ်စုက လူတိုင်း ရှင့်ကို အသိအမှတ်ပြုထားပြီးသားဖြစ်နေပြီ။ ကျွန်မတို့ ညတေးသံမျိုးနွယ်စုက ရှင့်ကို သာမန်လူတစ်ယောက်လို မဆက်ဆံဘဲ ကျွန်မတို့ထဲက တစ်ယောက်လို ဆက်ဆံနေတာ။ ရှင့်ရဲ့ ကိုယ်ပိုင်အစောင့်ဖြစ်လာတာက ကျွန်မတို့မျိုးနွယ်စုစစ်သည်တွေအတွက် လက်ခံဖို့ ခက်ခဲတဲ့အရာမဟုတ်ဘူး။”

ရှုယီက ဝေဝါးဝါးဖြင့် မျက်တောင်ခတ်လိုက်သည်၊ “အဲ့လောက် ရိုးရှင်းတယ်လား?”

“ဒီလောက်ရိုးရှင်းတယ်။” အကြီးအကဲ အီလူရှာက အပြုံးဖြင့် ခေါင်းငြိမ့်လေသည်၊ “ဥက္ကဌရှု၊ ကျွန်မအထင် ရှင် ဖူရီယိုနဲ့ တခြားလူတွေကို ရှင့်ရဲ့ ကိုယ်ပိုင်အစောင့်ဖြစ်လာချင်ကြောင်း မမေးဖူးဘူးမလား?”

“မမေးဖူးဘူး။” ရှုယီက ခေါင်းခါသည်၊ “ကျုပ်က သူတို့ သေချာပေါက် လက်မခံလောက်ဘူးပဲ ထင်တော့ မေးဖို့ မစဉ်းစားမိဘူး။”

“ကောင်းပြီလေ၊ အခုမေးကြည့်လိုက်ပါ။ ဖူရီယိုတို့တွေ ဒါကို အရမ်းဝမ်းသာနေကြလိမ့်မယ်လို့ ထင်တယ်။”

အကြီးအကဲ အီလူရှာ၏ အားပေးမှု ရရှိလိုက်သော် ရှုယီမှာ စိတ်လှုပ်ရှားလာတော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၃၃။ နည်းပညာတိုးတက်မှုက သော့ချက်ပဲ

“ဥက္ကဌ၊ ဒီလိုသိသာနေတဲ့အချက်ကို အကြီးအကဲဆီ တကယ်ပဲ မေးဖို့လိုလို့လား?” အက်ဂ်နက်စ်က ရှုယီကို ရှုပ်‌ထွေးစွာကြည့်လာသည်၊ “ကျွန်မတို့သာ ရှင့်ကိုလက်မခံရင် မျိုးနွယ်စုဝင်တွေအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်ဖို့တောင် မဖြစ်နိုင်ဘူး။ ဥပမာပြောရရင် ကျွန်မ ရှင့်ကို တကယ်ကြီး လက်မခံခဲ့ရင် ဘယ်လိုလုပ်ရှင့်ဘေးမှာ နေမှာလဲ?”

“မင်းက သူတို့နဲ့ မတူဘူးလေ။” ရှုယီက ခေါင်းခါလိုက်သည်၊ “မင်းက ကျုပ် ပထမဆုံး ဆုံဖူးတဲ့ နတ်သူငယ်ဆိုတော့ မင်းအနေနဲ့ အရင်ဆုံး ကျုပ်ဘေးမှာ နေပေးတာက ကျုပ်က မင်းကို အကြီးအကဲ အီလူရှာရဲ့ လက်ထဲက ခေါ်လာပေးတာကြောင့်လေ။ ပြီးတော့ ကျုပ်နဲ့ အတူရှိတာ ဒီလောက်ကြာနေပြီး ကျုပ်ကို အသိအမှတ်မပြုသေးဘူးဆိုရင် ကျုပ် တကယ်ပဲ ကျုပ်ရဲ့ စရိုက်ကို ပြန်သုံးသပ်ရတော့မယ်။”

အက်ဂ်နက်စ်က ရယ်၏၊ “မလိုပါဘူး။ ဥက္ကဌ၊ ရှင်ရဲ့ စိတ်က အစ်မ စတေးလ်နဲ့ ဗီဗီယန်တို့လို မသန့်စင်နေပေမယ့်လည်း ရှင် လူသားတွေကြားမှာ ထူးခြားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မလည်း ရှင့်ဘေးမှာ နေရတာ သဘောကျတော့ ရှင်သာ ကျွန်မကို မောင်းထုတ်ရင် မပျော်မရွှင် ဖြစ်မိမှာ။”

ရှုယီလည်း မနေနိုင်ဘဲ သူမ၏ နှာခေါင်းလေးကို ဆွဲညှစ်လိုက်ပါ၏၊ “မင်းက ကျုပ်နဲ့ အမြဲအတူနေချင်လို့လား? သိပ်မကြာခင် မင်းလည်း နတ်သူငယ်တစ်ယောက်နဲ့ လက်ထပ်ပြီး ကိုယ်ပိုင်ဘဝမှာ နေရတော့မှာလေ။”

အက်ဂ်နက်စ်က ခဏတာ စဉ်းစားပြီးနောက် လက်ခုပ်တီးပြီး စိတ်လှုပ်ရှားစွာ ပြောလာသည်၊ “ဟုတ်သားပဲ ပြောရင်း ကျွန်မ တစ်ခုကို ရုတ်တရတ် သတိရသွားတယ်။ ဥက္ကဌ အရင်က ရှင် ကျွန်မကို နတ်သူငယ်တွေနဲ့ လူသားတွေ ပေါင်းသင်းဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား? ဒါပေမယ့် ကျွန်မ အကြီးအကဲကိုမေးပြီးပြီ၊ ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူးတဲ့။ အရင် မျိုးနွယ်စုစစ်ပွဲတွေ မတိုင်ခင်က လူသားတွေနဲ့ နတ်သူငယ်တွေ လက်ထပ်ပြီး ဒဏ္ဍာရီလာ နတ်သူငယ်တစ်ပိုင်းဖြစ်တဲ့ ကလေးတွေကို မွေးပေးခဲ့တယ်။”

“ဒီတော့ရော?” ရှုယီက မျက်လုံးများလှိမ့်လိုက်၏၊ “အဲဒီ နတ်သူငယ်တစ်ပိုင်းတွေကို နတ်သူငယ်တွေက လက်မခံခဲ့ဘူးမဟုတ်လား?”

“အမ်း..... ဒီလို ဖြစ်ပုံပေါ်ပေမယ့် ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီတုန်းကလေ၊ အရင်က ရှင်ပြောခဲ့တာ မှားတယ်၊ ကျွန်မတို့ လက်ထပ်လို့ရနိုင်တယ်။ ပြီးတော့လည်း ကျွန်မတို့ မွေးမယ့် နတ်သူငယ်တစ်ပိုင်းကလေးတွေကို သေချာပေါက် လက်ခံကြမယ်ဆိုတာ သေချာတယ်၊ ဒီတော့ စိုးရိမ်ဖို့ မလိုပါဘူး။”

“မင်းတကယ်ကို မရှက်တတ်ဘူးပဲ!” ရှုယီက ဆူငေါက်လိုက်ပြီးနောက် လက်ညှိုးဖြင့်အက်ဂ်နက်စ်၏ ခေါင်းကို တို့ထိလိုက်ကာ၊ “ကျုပ် ပြောမယ်၊ မင်းက ဒီလောက်ငယ်ငယ်လေးပဲ ရှိသေးတာကို ဘာအကြောင်းတွေ စဉ်းစားနေတာလဲ? မရှက်ဘူးလား?”

“ရှက်ရမယ်? ဘာလို့ ကျွန်မက ရှက်ရမှာလဲ?” အက်ဂ်နက်စ်က နှဖူးကို ပွတ်ကာ ရှုပ်ထွေးဟန်ပေါ်နေသည်၊

“မတူညီတဲ့လိင်နဲ့ မျိုးနွယ်စုတွေကြားမှာ မျိုးဆက်ချန်တယ်ဆိုတာ သိပ်ကို ပုံမှန်ပါပဲ။ ရှင်က လူသားအထီးဖြစ်ပြီး ကျွန်မက နတ်သူငယ်အမဆိုတော့ ကျွန်မတို့နှစ်‌ယောက်ဆီက ရလာဖို့ ဖြစ်နိုင်ချေရှိတဲ့ မျိုးဆက်အကြောင်း ဆွေးနွေးတဲ့နေရာမှာ ဘာရှက်နေစရာရှိလို့လဲ? ပြီးတော့ ဥက္ကဌ၊ ကျွန်မ အကြိမ်များစွာ ပြောပြီးပြီ၊ ကျွန်မက အသက်ရှစ်ဆယ်ရှိနေပါပြီလို့! ရှင့်ထက် အများကြီး အသက်ပိုကြီးပါတယ်လို့!”

ရှုယီမှာ အပြစ်ကင်းစင်သည့် အက်ဂ်နက်စ်‌ထံမှ အနိုင်ယူခံလိုက်ရရာ သက်ပြင်းမချမိဘဲ မနေနိုင်တော့ချေ။

“ဟုတ်ပါပြီ၊ မင်း မရှက်ရင်တောင် ကျုပ် ရှက်တယ်။ လိုရင်းပြောရရင် ခင်ဗျား တခြားလူတွေရှေ့မှာ ဒီလိုခေါင်းစဉ်ကို အသံကျယ်ကျယ်နဲ့ မဆွေးနွေးသင့်ဘူး၊ ဟုတ်ပြီလား?” ရှုယီက သူ့အား ထူးထူးဆန်းဆန်းကြည့်လာသည့် လူများကို ကြည့်ပြီးနောက် အကြင်အနာကင်းစွာ ၎င်းတို့ကို ငုံ့ကြည့်လိုက်သည်၊ “ခင်ဗျား ဒီခေါင်းစဉ်ကို တကယ်စိတ်ဝင်စရင် နောက်တစ်ခေါက် အကြီးအကဲ အီလူရှာကို သွားတွေ့မှ ဆွေးနွေးလို့ရတယ်။”

“ဟုတ်ပြီလေ၊ ကျွန်မဆီမှာလည်း အကြီးအကဲကို မေးစရာမေးခွန်းတွေ အများကြီးရှိတယ်။” အက်ဂ်နက်စ်က ပျော်ရွှင်စွာ လက်ခုပ်တီးကာ အမြန် သဘောတူ‌လိုက်ပါ၏။

ရှုယီက ကူရာမဲ့စွာ ခေါင်း‌ခါ၍ အဝေးမှ လက်ဝှေ့ယမ်းပြနေသည့် ဗီဗီယန်ကို လှည့်ကြည့်လိုက်လေသည်။

“လာ ဗီဗီယန်၊ အက်ဂ်နက်စ်ကို ခမ်နက်ဒ်ဆီခေါ်သွားပြီး မင်းရဲ့ ဒီဇိုင်းတွေကို မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနက ပို့လိုက်တဲ့ အရာရှိတွေဆီ ရှင်းပြလိုက်။ ဒါက ဌာနရဲ့ Frestech ကုန်သည်ကြီးများအသင်းကို ပထမဆုံး တရားဝင်စစ်ဆေးတဲ့အချိန်ဖြစ်တာကြောင့် ဒါတွေကို အလေးအနက်လုပ်ဖို့လိုတယ်။”

“အိုး”

ဗီဗီယန်က အတွေးထဲနစ်နေဆဲ အက်ဂ်နက်စ်ကို ဆွဲခေါ်လိုက်သည်။ သာမန်ပုံစံရှိသော်လည်း တစ်ချက်ကြည့်ရုံနှင့် မျိုးရိုးမြင့်ဖြစ်ဟန်ပေါ်သည့် လူလတ်ပိုင်းတစ်ဦးမှာ ရှုယီ၏ ဘေးသို့ရောက်လာသည်။

“ဒီနှစ်ယောက်က ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အထူးချွန်ဆုံး ဒီဇိုင်နာ နှစ်ယောက်လား? သူတို့က တကယ် ငယ်သေးတာပဲ။” သက်လတ်ပိုင်းလူက ဗီဗီယန်နှင့် အက်ဂ်နက်စ်တို့ ထွက်သွားသည်ကို ကြည့်ရင်း သက်ပြင်းချကာဆိုလေသည်။

“ဒါက ဘာမှမဟုတ်ပါဘူး၊ သူတို့ ဒီမှာနေတာကြာပြီဆိုတော့ လက်တွေ့က ပြည့်စုံစေသွားတာပါ။” ရှုယီကို သာမန်ကာလျှံကာဖြေဆိုလိုက်ပြီးနောက် အနှီလူလတ်ပိုင်းကိုလှည့်ကြည့်လိုက်ပါ၏၊ “ထူးချွန် ဒီဇိုင်နာတွေကို ပြောရမယ်ဆိုရင် အဲဒီလုပ်ငန်းစုဆယ်ခုမှာ သူတို့နှစ်ယောက်ကို သေချာပေါက် မရှုံးလောက်မယ့် နိုင်ငံရဲ့ အထူးချွန်ဆုံး ပန်းချီဆရာတွေရဲ့ အကူအညီ‌ရှိလောက်မယ်ထင်တယ်။ ဟုတ်ရဲ့လား ဒါရိုက်တာ ရူဆဲလ်?”

မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာန၏ ဒါရိုက်တာ ဒီနို ရူဆဲလ်က အသာပြုံးရင်း ခေါင်းခါလေသည်၊ “ဥက္ကဌရှု၊ ပန်းချီဆရာအကျော်အမော်ဆိုတာက ဒီဇိုင်နာတွေနဲ့ မတူတာကို ခင်ဗျားက ဘယ်သူထက်မဆို ကောင်းကောင်း ပိုသိလောက်မှာပါ။ အဲဒီ နတ်သူငယ်မလှလှလေးအက်ဂ်နက်စ်က ဒီဇိုင်နာတစ်ယောက်ဖြစ်ရုံတင်မကဘဲ နိုင်ငံမှာ လူတိုင်းအသိအမှတ်ပြုထားတဲ့ ပန်းချီဆရာ အကျော်အမော်တစ်ယောက်လည်းဖြစ်တယ်။ ဒါပေမယ့် အဲဒီပန်းချီဆရာတွေထဲက တစ်ယောက်ကိုမှ ဒီဇိုင်နာလို့ ခေါ်လို့မရဘူး။”

“ဒါက ရှင်းရှင်းလေးပါ၊ သူတို့ကို ဒီဇိုင်းတွေပိုဆွဲခိုင်းလိုက်ပြီး အချိန်တွေကြာလာရင် သဘာဝကျကျပဲ ဒီဇိုင်နာတွေဖြစ်လာလိမ့်မယ်။” ရှုယီက ပြောသည်။

ဒါရိုက်တာ ရူဆဲလ်က ရှုယီကို အသာပြုံးကြည့်ရင်း ပြောသည်၊ “ဥက္ကဌရှု၊ ကြည့်ရတာ ခင်ဗျားက နည်းပညာ လွှဲပြောင်းမှုကို မကျေမနပ် ဖြစ်နေသေးပုံပဲ။”

ရှုယီက သူ့ကို ကြည့်လိုက်ပြီးနောက် ခေါင်းအသာယမ်းလိုက်သည်၊ “ဟင့်အင်း၊ မကျေမနပ်မဖြစ်ပါဘူး။ ဒါတွေကို လေ့လာဖို့ အချိန်၊ လုံ့လအတော်များများနဲ့ အားစိုက်ထုတ်ခဲ့ရတော့ တစ်ယောက်ယောက်ကို ရုတ်တရတ် ပေးလိုက်ရတာကို မသက်မသာဖြစ်နေရုံပါ။”

ဒါရိုက်တာ ရူဆဲလ်က ရယ်မောလေသည် “ဥက္ကဌရှုရဲ့ ခံစားချက်ကို ကျုပ်နားလည်ပါတယ်၊ ဒါပေမယ့် ကျုပ်တို့ အားလုံး ဒီကိစ္စကို စောင့်စားဖို့လိုတာပဲမဟုတ်လား? ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက နည်းပညာ လွှဲပြောင်းပေး‌တာကနေ ဆုံးရှုံးမှုခံစားရပုံပေါ်ပေမယ့်၊ အရင်ဆုံး အဲဒီ့လုပ်ငန်းစုတွေပေးရမယ့် လွှဲပြောင်းခကို မပြောနဲ့ဦး၊ ဒီလုပ်ငန်းစုတွေကနေ မှော်စက်မှာနယ်ပယ်ဆီကို ယူ‌ဆောင်လာမယ့် အကူအညီနဲ့တင် ဥက္ကဌရှု စိတ်ထဲ သိနေမယ်လို့ ထင်ပါတယ်နော်?”

ရှုယီက စိတ်ထဲ အေးစက်စက်ရယ်မိသည်။

လွှဲပြောင်းခ?

Frestech ကုန်သည်ကြီးများအသင်းမှ မှော်မီးဖို၊ မှော်မီးပြင်းဖို၊ မှော်လေပေးစက်နှင့် အခြား အိမ်သုံးမှော်စက် ထုတ်လုပ်ရေးနည်းလမ်းများအား ရောင်းချစဉ်က အနိမ့်ဆုံး လွှဲပြောင်းခမှာ အနည်းဆုံး ရွှေဒင်္ဂါးတစ်သိန်းဖြစ်သည်။

ဌာနက သတ်မှတ်ပေးထားတဲ့ မှော်စက်လုပ်ငန်းစုဆယ်ခုကရော?

၎င်းတို့ အများဆုံးပေးမည်မှာ ရွှေဒင်္ဂါး သုံးသောင်းသာဖြစ်သည်!

အနှီသုံးသောင်း၌ မှော်စက်ထုတ်လုပ်ရေးလိုင်းတစ်ခုလုံးလည်းပါဝင်၏!

အရာအားလုံးကို တွက်ချက်ကြည့်ပါက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းကို အလကားပေးပစ်သည်နှင့်ပင် ညီမျှသည်!

အနှီလွှဲပြောင်းခဟူသည်မှာ ရှုယီအတွက် ဘာမှ မဟုတ်သော်လည်း အနှီလူများက ၎င်းကို ကိစ္စကြီးတစ်ခုဖြစ်စေချင်နေကြသည်။

ထိုလုပ်ငန်းစုဆယ်ခုမှ ယူဆောင်လာမည့် မှော်စက်မှုနယ်ပယ်၏ တိုးတက်မှုကိုတော့ ရှုယီ မငြင်းဆန်ချေ။

အနှီလုပ်ငန်းစုဆယ်ခု နောက်ကွယ်၌ မျိုးရိုးမြင့်ကြီးများရှိလေရာ ၎င်းနောက်ခံအခိုင်အမာနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ နည်းပညာနှင့်ဆိုလျှင် အနှီလုပ်ငန်းစုဆယ်ခုမှာ မှော်စက်မှုနယ်ပယ်ထဲဝင်ရောက်ပြီး ၎င်း၏ တိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ပါ၏။

ပိုအရေးကြီးသည်မှာ အနှီလုပ်ငန်းစုဆယ်ခု‌ ပါဝင်နေခြင်းကြောင့် မှော်စက်မှုနယ်ပယ်ကို ဆန့်ကျင်နေကြသော အနှီရှေးရိုးစွဲ မျိုးရိုးမြင့်များမှာ ဆက်လက်မဆန့်ကျင်တော့ဘဲ မှော်စက်မှုနယ်ပယ်၏ ထောက်ခံသူများ ဖြစ်လာကြမည်သာ။

ဥပမာဆိုရသော် ရှုယီမှ မြို့စား ကာမာဒိုထံမှတစ်ဆင့် ဘုရင်ကြီးအဲရစ်ကို ပေးခဲ့သည့် အခြေအနေများအနက်တစ်ခုမှာ မှော်စက်များကို ချိန်ရွယ်ထားသော အခွန်ကို ပြန်ရုတ်သိမ်းရန်ဖြစ်သည်။

ရှုယီမှ နည်းပညာ လွှဲပြောင်းလိုက်ချိန်တွင် ဤအခြေအနေက အလျင်အမြန် တုံ့ပြန်မှုရလိုက်၏။

လွန်ခဲ့သည့် လဝက်အကြာကတင် ဘန်တာမြို့အခွန်မှာ မ 'မသင့်လျော်သော စမ်းသပ်မှုတစ်ခု' ဖြစ်သည်ကို သက်သေပြခဲ့‌သောကြောင့် ၎င်းကို ဖျက်သိမ်းခဲ့သည်။

၎င်းကြောင့် ဘန်တာမြို့ရှိ ဒေဝါလီခံလုနီးနီး အသေးစားမှော်စက်လုပ်ငန်းစုများမှာ ပြန်အဆင်ပြေကာ ဘန်တာမြို့တစ်ခုလုံးမှာလည်း အားမာန်ပြန်ရလာခဲ့သည်။

သို့သော် ရှုယီက ၎င်းတို့၏ အလားအလာအတွက် အကောင်းရှိသည်ကို မမြင်ပါချေ။

အနှီလုပ်ငန်းစုဆယ်ခုမှာ အကျိုးအမြတ်မျိုးစုံနှင့် ဦးစားပေးဆက်ဆံမှုအလုံးစုံကိုရရှိထားသဖြင့် ဘန်တာမြို့မှာ အုတ်မြစ်မရှိသည့် လုပ်ငန်းစုများမှာ ၎င်းတို့နှင့် ယှဉ်ပြိုင်သည်က တိုက်ပွဲဆုံးရှုံးစရာသာရှိသည်။

Frestech ကုန်သည်ကြီးများအသင်း ဖြစ်ပါလျှင်တောင် ၎င်းတို့၏ တိုက်ခိုက်မှုအောက်၌ ဆက်လက်ရန်အတွက် ခက်ခဲလိမ့်မည်။

၎င်းတို့က လက်ရှိတွင် ရရှိထားသည့် နည်းပညာအလုံးစုံကို မစုပ်ယူနိုင်သဖြင့် Frestech ကုန်သည်ကြီးများအသင်းကို ဝါးမြိုခြင်းမပြုသေးချေ။ Frestech ကုန်သည်ကြီးများအသင်းကို ဆက်ထိန်းသိမ်းထားခြင်းက တန်ဖိုးရှိနေဆဲဖြစ်၏။

ထိုပြဿနာကို စဉ်းစားလိုက်ချိန်တိုင်း ရှုယီမှာ စိတ်ထဲ သက်ပြင်းဆက်တိုက် ချမိသည်။

စီးပွားရေးအတွက် အစိုးရ၏ လွှမ်းမိုးမှုမှ လွတ်မြောက်ရန်မှာ ခက်ခဲလှသည်။

သူ့အနေနှင့် ထိုသည်ကို သိနေပြီးသားဖြစ်ရာ ပြင်ဆင်မှုများလုပ်ဆောင်ထားသည်က ကိစ္စကောင်းပင်။

သူ ယခု လုပ်ဆောင်နေသည့် အရာအားလုံးမှာ သူအမြဲ အိပ်မက်မက်လာခဲ့သည့် စက်မှာစနစ်ကို ရှာတွေ့ရန်သာဖြစ်၏။

ဘန်တာမြို့ သို့မဟုတ် လမ်ပူရီတိုင်းပြည်တွင် မှော်စက်မှုနယ်ပယ်၏ တစ်စွန်းတစ်စကို ချန်ထားရန် သူဟာ လုပ်နိုင်သမျှ အရာတိုင်းကို လုပ်ဆောင်နေခဲ့သည်။ ၎င်းအပိုင်းအစကိုသာ ဆက်လုပ်နိုင်ပြီး Frestech ကုန်သည်ကြီးများအသင်း မှော်စက်မှုနယ်ပယ်ကို ဦးဆောင်စဉ်ကအတိုင်း မြက်ခင်းပြင်မီးထွန်းရန်မျိုးမှာ လက်ရှိ ရှုယီ ဆုံးဖြတ်နိုင်သည့် အရာမဟုတ်ချေ။

ဒါရိုက်တာ ရူဆဲလ်ကို အလေးအနက်ကြည့်လိုက်ရင်း ရှုယီက လေးနက်ဟန်ဖြင့် ဆိုလာသည်၊ “ဒီလုပ်ငန်းစုဆယ်ခုသာ မှော်စက်မှုနယ်ပယ်ထဲ ဝင်ရောက်ပြီးနောက်ကျရင် သေချာပေါက် လမ်ပူရီတိုင်းပြည်က မှော်စက်မှုနယ်ပယ်ကို တိုးတက်ရာမှာ သေချာပေါက် ကူညီမယ်လို့ ကျုပ်ယုံပါတယ်။ ဒါပေမယ့် ကျုပ်အနေနဲ့ အဲဒီ့လုပ်ငန်းစုဆယ်ခုရဲ့ မန်နေဂျာတွေဆီ ဒါရိုက်တာ ရူဆဲလ်ဆီကတဆင့် အမှာပါးလိုက်ချင်တဲ့ စကားစုတစ်ခုတော့ရှိတယ်။”

ရှုယီက လေးနက်နေသည်ကိုမြင်သော် ဒါရိုက်တာ ရူဆဲလ်၏ အမူအရာကလည်း လေးနက်လာပါ၏။

“ပြောပါ”

“ကျုပ်တို့ လုပ်ငန်းစုဆီမှာ ရှိတဲ့ နည်းပညာ အားလုံးကို လွှဲပြောင်းပေးတာက ကျုပ် လက်ခံဖို့ ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ တကယ်တော့ ဒီမတိုင်ခင်တည်းက ကျုပ်တို့ လုပ်ငန်းစုအနေနဲ့ နည်းပညာ အတော်များများကို လွှဲပြောင်းပေးခဲ့ပြီးသားလေ။”

“အင်း ကျုပ်နားလည်ပါတယ်။ ဥက္ကဌရှုရဲ့ ကိုယ်ကျိုးမငဲ့တဲ့လုပ်ရပ်တွေကို အသိအမှတ်ပြုရင်း ကျုပ်ဆီကို သီးသန့်ပြောလာချိန်မှာ လေးစားမှုပြခဲ့ကြတဲ့ လူအတော်များများရှိပါတယ်။” ဒါရိုက်တာ ရူဆဲလ်က ခေါင်းငြိမ့်ကာ ဆိုသည်။

“ကျုပ် ပြောချင်တာက၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ ရင့်မှည့်ပြီးသား နည်းပညာကို တိုက်ရိုက်ယူတာက အဆင်‌အပြေဆုံး နည်းလမ်းဆိုပေမယ့် ခင်ဗျား ပြဿနာတစ်ခုကို စဉ်းစားဖူးလား? ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ နည်းပညာအားလုံး ယူဆောင်လိုက်ပြီးရင် နောက်ကျ ခင်ဗျားတို့ ဘာလုပ်မှာလဲ?”

ဒါရိုက်တာ ရူဆဲလ်က နေရခက်ဟန်ပြုံးလာသည်၊ “ဥက္ကဌရှုရဲ့ ဆိုလိုရင်းကို နားလည်ပါတယ်။ ဥက္ကဌရှုက အမြဲတမ်း မှော်စက်မှုနယ်ပယ်ရဲ့တိုးတက်မှုက နည်းပညာတိုးတက်မှုကို မချန်ထားနိုင်မှာကို အမြဲ စိတ်ဖိစီးနေရတာဆိုတော့ လုပ်ငန်းစုဆယ်ခုလည်း ဒါကို နားလည်လောက်တာမှာ ခင်ဗျားစိတ်ပူစရာမလိုဘူးလို့ ထင်တယ်။ ပြီးတော့ Frestech ကုန်သည်ကြီးများအသင်းကို ဥက္ကဌရှုက ဦးဆောင်ထားတာ မဟုတ်ဘူးလား?”

ရှုယီက ခေါင်းခါသည်၊ “မဟုတ်ဘူး၊ ခင်ဗျား နားမလည်ပါဘူး၊ သူတို့ရောပဲ။ နည်းပညာတိုးတက်အောင်လုပ်တာက စကားလုံးအရပဲ၊ ဒါပေမယ့် ခင်ဗျားတကယ် လုပ်ချင်ရင် စိတ်ကူးထားသလို မရိုးရှင်းဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဝန်ထမ်းရေးရာ‌၊ အခြေခံအုတ်မြစ်တွေမှာဖြစ်စေ အခြေခံအလုပ်သမားတွေပဲဖြစ်စေ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ယှဉ်နိုင်တဲ့ လုပ်ငန်းစုတစ်ခုမှ မရှိဘူး။”

ဒါရိုက်တာ ရူဆဲလ်က မျက်မှောင်ကုပ်၏၊ “ဒါ‌ဆို ဥက္ကဌရှု၊ ခင်ဗျားဆီမှာ အကြံကောင်းလေးများရှိလား?”

ရှုယီက အသာပြုံးကာ၊ “ကျုပ်ဆီမှာ ဘာအကြံကောင်းမှမရှိပါဘူး၊ ကျုပ်က ဒီတိုင်း..... ခင်ဗျားတို့ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။

ရှုယီ မျက်နှာထက်ရှိ အပြုံးတုကိုမြင်သော် ဒါရိုက်တာ ရူဆဲလ်၏ မျက်နှာက မနေနိုင်အောင် ပြောင်းလဲသွားရသည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၃၄။ ဘန်တာမြို့၏ ပြောင်းလဲမှုများ

နယ်မြေကြီးရှိ ခုနစ် ၃၇၈၃ မှာ လမ်ပူရီဘုရင့်နိုင်ငံသားများအတွက် အလျင်အမြန် ကုန်လွန်သွားပါ၏။

ဘန်တာမြို့သားများအတွက် မျက်တောင်တစ်ခတ်စာအတွင်း ကုန်သွားသလိုပင်။

နှစ်အစပိုင်းတွင် မင်းသားလေးအဲရစ်က စခ်တိုင်းပြည်ကို တိုက်ခိုက်ရန် မြောက်ဘက်စစ်တပ်ကို ဦးဆောင်ကာ အနိုင်ရရှိခဲ့သည်။ ထို့နောက် အရှင်မင်းကြီး လမ်ပူရီဆယ့်သုံးက အပြင်းဖျားကာ

မင်းသားလေးအဲရစ်အား မင်းသားတစ်ပါးမှ ဘုရင်အဖြစ်သို့ ရုတ်တရတ် ပြောင်းလဲစေခဲ့သည်။

မင်းသားလေးအဲရစ် ထီးနန်းရယူလိုက်ချိန်တွင် မင်းသမီးလေး ဆယ်ဗီနီက မြို့စားမဟုတ်တော့ချေ။

မြို့စားအသစ်မှာ အစပထမ၌ ဘန်တာမြို့ကို များများစားစားး ပြောင်းလဲခြင်း မပြုခဲ့ရာ လူများက ဘန်တာမြို့မှာ ပုံမှန်လို ချောချောမွေ့မွေ့တိုးတက်လိမ့်မည်ဟု ထင်မှတ်နေခဲ့သည်။

သို့သော် လူတိုင်းထင်သလို မရိုးရှင်းကြောင်း အချက်အလက်များက သက်သေပြခဲ့သည်။‌

နွေရာသီရောက်လာပြီး ရာသီဥတု လောင်မြိုက် ပူအိုက်နေချိန်တွင် ဘန်တာမြို့၌ ထင်ထင်ရှားရှား ပြောင်းလဲမှုများ ရှိလာသည်။

ပထမတစ်ခုမှာ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာန၏ တောင်းဆိုမှုကို သဘောတူခဲ့ပြီး လမ်ပူရီတိုင်းပြည်၏ မှော်စက်မှုနယ်ပယ် တိုးတက်စေရန် အလို့ငှာ ၎င်းတို့၏ မှော်စက်နည်းပညာ အစိတ်အပိုင်းတစ်ခုကို ဌာနက သတ်မှတ်ထားသည့် လုပ်ငန်းစုများထံ ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပါ၏။

ဤသည်က Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့နည်းပညာကို ရောင်းချချိန်ကနှင့် ခြားနားပေသည်။

⟨ ဘန်တာတိုင်းမ်စ် ⟩အရ အနှီလုပ်ငန်းစုဆယ်ခုမှာ ထိုနည်းပညာများကို ရရှိသွားချိန်တွင် Frestech ကုန်သည်ကြီးများအသင်းအား လွှဲပြောင်းခ၏ သင်္ကေတပမာဏကိုသာ ပေးအပ်ခဲ့သည်။ ၎င်းတို့သာ Frestech ကုန်သည်ကြီးများအသင်း ရင်းနှီးမြှုပ်နှံခဲ့သည့် လူအင်အားနှင့် မှော်စက်များကို ထည့်ပေါင်းလိုက်လျှင် အလကားပေးလိုက်ခြင်းနှင့်ပင် ညီမျှလုနီးနီးဖြစ်နေသည်။

⟨ ဘန်တာတိုင်းမ်စ် ⟩က ၎င်းကို တိုက်ရိုက် မပြောပါလျှင်တောင် ဦးနှောက်ရှိသည့် မည်သူမဆို ၎င်းက ပုံမှန် လွှဲပြောင်းမှုမဟုတ်ကြောင်း မြင်နိုင်ပါ၏။ Frestech ကုန်သည်ကြီးများအသင်းအား ဌာနက တွန်းအားပေးထားခြင်း သို့မဟုတ် ဘုရင်ကြီးအဲရစ်ထံမှ ၎င်းကို သဘောတူရန် တွန်းအားပေးခံရခြင်း ဖြစ်သည်မှာ ရှင်းလင်းလှသည်။

⟨ ဘန်တာတိုင်းမ်စ် ⟩က အနှီသတင်းကို ဖြန့်ဝေပြီးနောက် တစ်ပတ်အကြာတွင် အယ်ဒီတာချုပ် နက်ခီက သူ၏ နှုတ်ထွက်မှုကို ကြေညာလိုက်သည်မှာ ၎င်းခန့်မှန်းချက်ကို အတည်ပြုလိုက်သလိုပင်။

Frestech ကုန်သည်ကြီးများအသင်းမှ ထိုနည်းပညာကို လွှဲပြောင်းပေးပြီး လတစ်ဝက်မပြည့်တပြည့်တွင် ဘန်တာမြို့၌ တစ်ညတည်းနှင့် ပေါ်ထွက်လာသည့် လုပ်ငန်းစု အကြီးအသေးများ ဒါဇင်နှင့်ချီလေသည်။

ထိုလုပ်ငန်းစုအသစ်များကြားတွင် ဌာနက သတ်မှတ်ပေးထားသည့် လုပ်ငန်းစုဆယ်ခုလည်း ပါရှိသည်။

ကျန်ရှိနေသည့် အမည်မသိ လုပ်ငန်းစုအသေးစားလေးများမှာမူ အများစုက ယင်းလုပ်ငန်းစုဆယ်ခုနှင့် မရှင်းမလင်း ဆက်ဆံရေးများရှိပါ၏။

၎င်းလုပ်ငန်းစုများ ထွက်ပေါ်လာမှုက ပထမတွင် ဘန်တာမြို့အပေါ် သက်ရောက်မှုမရှိခဲ့သော်လည်း ပူပူလောင်လောင် နွေ ကုန်လွန်သွားကာ ခပ်အေးအေး ဆောင်းဦးလေပြေလေး ဘန်တာမြို့သို့ ဖြတ်သန်း တိုက်ခတ်သွားစဉ်တွင် ဘန်တာမြို့ရှိ လူတိုင်းမှာ ထိုလုပ်ငန်းစုများ သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်း လွှဲပြောင်းပေးခဲ့သည့် နည်းပညာမှာ မြို့ထံသို့ သိသိသာသာတစ်မျိုး မသိမသာတစ်ဖုံ ပြောင်းလဲမှုများကို ယူဆောင်လာခဲ့လေသည်။

ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ဖူလာမော်ဂန်မှာ လတ်တလောတွင် အနည်းငယ် စိတ်ရှုပ်ထွေးနေပါ၏။

နှစ်ကုန်သို့ နီးကပ်လာခြင်းမှာ Frestech ကုန်သည်ကြီးများအသင်း စီမံဆောင်ရွက်ရမည့် နှစ်ကုန် အစီရင်ခံစာအတွက် ပိုမိုနီးကပ်လာသည့် အဓိပ္ပာယ်ပင်။

၎င်းမတိုင်ခင်က ဥက္ကဌ မော်ဂန်မှာ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ အဓိကနယ်ပယ်က သံသတ္တုဖြစ်သောကြောင့် ၎င်းကို စိတ်ရှုပ်ထွေးနေခဲ့ခြင်း မရှိပေ။ မည်သည့် ဂယက်ထခြင်းမှမရှိဘဲ အမြဲတည်ငြိမ်နေခဲ့လေရာ သူဟာ ဥက္ကဌအနေနှင့် စာရင်းကောင်းကောင်းကို ရဖို့သာလိုအပ်ပြီး မိမိအလုပ်မိမိ အလွယ်လေးလုပ်နိုင်ပါ၏။

သို့သော် ဤနှစ်ကတော့ ခြားနားပါ၏။

သို့မဟုတ် ထိုအစား လွန်ခဲ့သည့် သုံးနှစ်ကတည်းက ခြားနားနေခဲ့ပြီးသားပင်။

လွန်ခဲ့သည့် သုံးနှစ်အကြာက Frestech ကုန်သည်ကြီးများအသင်းပေါ်ပေါက်လာကာ ဘန်တာမြို့နှင့် လမ်ပူရီတိုင်းပြည်တစ်ခုလုံး၌ မှော်စက်မှုနယ်ပယ်ကို ဦးဆောင်လာခြင်းကြောင့် လူများဟာ မှော်စက်များ ပိုမိုလိုအပ်လာသဖြင့် သံသတ္တုဝယ်လိုအားလည်း ပိုများလာခဲ့သည်။

ထိုသို့ ဝယ်လိုအား ကြီးမားမှုကြောင့် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ သံသတ္တုရောင်းအားမှာ နှစ်စဉ် တဟုန်ထိုးတက်လာသည်။ ယခင်နှစ်၏ သံသတ္တုရောင်းအားကပင် Frestech ကုန်သည်ကြီးများအသင်း ပေါ်မလာခင် လွန်ခဲ့သည့် ငါးနှစ်က ရောင်းအားကို ရိုက်ချလိုက်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ သံမဏိစက်ရုံပေါ်ထွက်လာမှုကြောင့် နေရာများစွာတွင် သံအစားထိုး သံမဏိကို အသုံးပြုလာကြပြီး ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းထုတ် သံသတ္တုအများစုမှာ သံမဏိအဖြစ် သန့်စင်ရန် Frestech ကုန်သည်ကြီးများအသင်းဆီ ရောက်သွားတတ်သည်။ ကျန်ရှိသည့် အနည်းငယ်ကိုမူ ပုံမှန်သံသတ္တုအသုံးပြုဆဲ လူများထံ ရောင်းချရ၏။

ရှုယီမှာ ဒုခ်ဂျိုဝဲလ်နှင့် တိတ်တဆိတ် သဘောတူညီမှုရထားပါလျှင်တောင် ဝယ်လိုအား ပိုပိုများပြားလာသည်နှင့် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ သံသတ္တုရိုင်းဈေးနှုန်းမှာ တဖြည်းဖြည်း မြင့်သည်ထက် မြင့်လာခဲ့သည်။

ယခင်နှစ်ကတင် ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းမှာ Frestech ကုန်သည်ကြီးများအသင်းကို ရောင်းချရုံနှင့် ရွှေဒင်္ဂါးလေးသန်း အသားတင်အမြတ်စွန်း ရှိခဲ့၏။

ဥက္ကဌ မော်ဂန်၏ ခန့်မှန်းချေအရ ယခင်နှစ် Frestech ကုန်သည်ကြီးများအသင်းကို တိုးချဲ့လိုက်သည်နှင့် နိုင်ငံ၏ မြို့ပေါင်းစုံရှိ ထုတ်လုပ်ရေးအခြေစိုက်ဌာနများတိုးလာသည်နှင့်အတူ Frestech ကုန်သည်ကြီးများအသင်း၏ သံသတ္တုဝယ်လိုအားလည်း တဖန်တိုးလာဦးမည်သာ။ ၎င်းမှာ ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းအနေနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ ရရှိနိုင်သည့် အသားတင်အမြတ်စွန်းမှာ ရွှေဒင်္ဂါးငါးသန်းကျော်သွားနိုင်မည့် အဓိပ္ပာယ်ပင်။

ပထမက ကောင်းကောင်းဆက်သွားနေသော်လည်း အရှင်မင်းကြီး လမ်ပူရီဆယ့်သုံးက ရုတ်တရတ် တိမ်းပါးကာ ဘန်တာမြို့ကို ဤသို့ ဖြစ်သွားစေလိမ့်မည်ဟု စဉ်းစားမထားခဲ့ဖူးချေ။

ဌာနက သတ်မှတ်ပေးထားသည့် လုပ်ငန်းစုဆယ်စုအကြားတွင် ရော့ခီဖယ်လာ ကုန်သည်ကြီးများအသင်းမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ သံမဏိအရည်ကျိုနည်းပညာကို ရရှိခဲ့သည်။ နှစ်လတာလေးအတွင်း ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ အကူအညီဖြင့် သံမဏိစက်ရုံ ငါးရုံတည်ထောင်ခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ သံမဏိစက်ရုံ နှစ်ရုံထက်စာလျှင် ရော့ခီဖယ်လာ ကုန်သည်ကြီးများအသင်း၏ သံမဏိစက်ရုံ ငါးရုံမှာ ပိုကြီးမားကာ ပို၍ ထုတ်လုပ်မည်ဖြစ်ပြီး ယခင်က Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်ခဲ့သည့် သံမဏိ၏ သုံးဆကျော်လောက် ပိုမို အရည်ကျိုလိမ့်မည်။

သဘာဝကျကျပင် ၎င်းသံမဏိအရည်ကျိုရန် သံသတ္တုဝယ်လိုအားမြင့်သွားသည်။

သင့်လျော်စွာဆိုရသော် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းကို၏ ဥက္ကဌအနေနှင့် ဥက္ကဌ မော်ဂန်မှာ သံသတ္တုဝယ်လိုအား တိုးမြင့်လာခြင်းကို မြင်ရသည့်အတွက် ပျော်ရွှင်သင့်သော်လည်း လုံးဝ ပျော်ရွှင်ခြင်းမရှိချေ။ ထိုအစား အင်မတန် စိတ်ရှုပ်ထွေးနေပါ၏။

အကြောင်းအရင်းက ရှင်းလင်းပေသည်၊ ရော့ခီဖယ်လာ ကုန်သည်ကြီးများအသင်းက အင်မတန် နိမ့်သောဈေးနှုန်းပေးခြင်းကြောင့်ပင်။

ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းအနေနှင့် Frestech ကုန်သည်ကြီးများအသင်းထံ ရောင်းချစဉ်က ယခင်သဘောတူညီမှုနှင့် ဦးစားပေးဆက်ဆံမှုတို့ကြောင့် တစ်တန်ကို ရွှေဒင်္ဂါးဆယ်ပြားဖြင့် ရောင်းချခဲ့သည်။

သို့သော် ရော့ခီဖယ်လာကုန်သည်ကြီးများအသင်းက ဈေးနှုန်းကို တစ်ဝက်တိတိဖြတ်တောက်ကာ တစ်တန် ရွှေဒင်္ဂါးငါးပြားဖြင့် တောင်းဆိုလာ၏!

အနှီဈေးနှုန်းမှာ Frestech ကုန်သည်ကြီးများအသင်းမပေါ်လာခင်က ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း သံသတ္တုရောင်းချခဲ့သည့် ဈေးနှုန်းထက်ပင် ပိုနိမ့်နေသေးသည်!

သို့သော် ဥက္ကဌ မော်ဂန်ထံ၌ ရွေးစရာမရှိချေ၊ ရော့ခီဖယ်လာကုန်သည်ကြီးများအသင်းထံသို့ ၎င်းတို့ လိုအပ်သည်ကို ရောင်းချရမည်သာ။

အကြောင်းအရင်းကရော? သဘာဝကျစွာပင် ရော့ခီဖယ်လာ ကုန်သည်ကြီးများအသင်းနောက်၌ နိုင်ငံ၏ အကြီးမားဆုံးတော်ဝင်မိသားစု၊ စတက်ဂျ်မိသားစုနှင့် ဘုရင်ကြီးအဲရစ်ပင် ရှိနေခြင်းကြောင့်ဖြစ်သည်။

ဒုခ် ဂျိုဝဲလ်သည်ပင် ၎င်းတို့ကို ဆန့်ကျင်သည့် အရာတစ်ခုကိုမှ မလုပ်နိုင်ချေ။

ဤအခြေအနေအတွက် ဒုခ်ဂျိုဝဲလ်မှာ ဥက္ကဌမော်ဂန်အား လွန်ခဲ့သည့် တစ်လအကြာတည်းက ညွှန်ကြားထားပြီးသားပင်။ သူဟာ ဥက္ကဌ မော်ဂန်အား ရော့ခီဖယ်လာကုန်သည်ကြီးများအသင်းထံ တစ်တန် ရွှေဒင်္ဂါးငါးပြားနှုန်းဖြင့် ရောင်းချစေခဲ့ပါ၏။

အနှီ နည်းပါးလှသောဈေးနှုန်းကြောင့် ဥက္ကဌ မော်ဂန်မှာ ဤနှစ်ဆုံး အသွင်သဏ္ဍာန်က အင်မတန် အရုပ်ဆိုးလိမ့်မည်ကို ရှင်းရှင်းလင်းလင်းသိပါ၏။

သို့သော် ဒုခ်ဂျိုဝဲလ်က မည်သည်ကိုမှ မလုပ်ဆောင်လေရာ သူလည်း မည်သည့်မှ မလုပ်နိုင်ပေ။

သူလုပ်နိုင်သည့်အရာမှာ ရှုယီကို စိတ်ထဲ ကျိန်ဆဲခြင်းသာ ရှိ၏။

“အဲဒီ့ ငတုံးကတော့! ဘာလို့ သံမဏိအရည်ကျိုနည်းပညာကိုပါ ပေးမှရမှာလဲ? အခုတော့ ကောင်းတယ်၊ ရော့ခီဖယ်လာ ကုန်သည်ကြီးများအသင်းရဲ့ သံမဏိက မင်းတို့ Frestech ကုန်သည်ကြီးများအသင်းကထက် ရွှေဒင်္ဂါးဆယ်ပြား ပိုဈေးချိုသွားပြီ၊ မင်းတို့ သံမဏိစက်ရုံ ဘယ်လောက်ကြာကြာ ဆက်သွားနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့!”

သို့သော် သူ ကျိန်ဆဲပါလျှင်တောင် ရှုယီကို စဉ်းစားမိချိန်၌ သူ့အား မူလက သဘောမကျခဲ့သည့် ဥက္ကဌ မော်ဂန်သည်ပင် မနေနိုင်ဘဲ ဝမ်းနည်းလာရသည်။

“အဲကောင် ဘယ်ကိုများ ပြေးထွက်သွားမလို့လဲ? သူ တကယ်ကြီး ဘန်တာမြို့ တိုးတက်မှုကို လက်လျှော့ချင်နေတာများလား?”

ဖာဆန် ရထားလုံးလုပ်ငန်းစု၏ ဥက္ကဌပွန်ဖီးမှာ ဥက္ကဌမော်ဂန်ထက်ပင် ပို၍ စိတ်ရှုပ်ထွေးနေသည်။

ဥက္ကဌမော်ဂန်က ၎င်းတို့အကျိုးအမြတ်ကျဆင်းသွားမည်ကိုသာ စိုးရိမ်နေခဲ့သော်လည်း ဥက္ကဌ ပွန်ဖီးကမူ ဖာဆန်ရထားလုံးလုပ်ငန်းစုအနေနဲ့ ဆုံးရှုံးမှု ခံစားရမည်ကို ပူပန်နေရသည်။

သူ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းခဲ့စဉ်က ထောက်ပံ့ပို့ဆောင်ရေးကို အာရုံစိုက်ခဲ့ရာ ဖာဆန်ရထားလုံးလုပ်ငန်းစု၏ အကျိုးအမြတ်များ အလျင်အမြန် တိုးလာခဲ့သည်။

တစ်လတာလေးအတွင်း ဖာဆန်ရထားလုံးလုပ်ငန်းစု၏ အမြတ်စွန်းမှာ ကုန်ကျစရိတ်ကို ဖယ်လိုက်ပြီးနောက်တွင် ရွှေဒင်္ဂါးနှစ်သိန်းကျော် ရှိ၏။

ထိုလမ်းကြောင်းတိုင်းသွား ဆက်သွားနေလျှင် ဖာဆန်ရထားလုံးလုပ်ငန်းစု၏ စုစုပေါင်း နှစ်စဉ်အမြတ်အစွန်းမှာ ရွှေဒင်္ဂါးနှစ်သန်းကျော်ကာ သုံးသန်းအထိပင် ရောက်သွားနိုင်၏။

သို့သော် ၎င်းတို့ အားလုံးမှာ မြို့စားအိမ်တော်က အမိန့်ကျလာပြီးနောက် အရိပ်အယောင်ပင် မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။

အနှီအမိန့်မှာ ရိုးရှင်းပါသည်။ ဘန်တာမြို့ကို ပိုမိုကောင်းမွန်အောင် စီစဉ်ရန် မြို့စားအိမ်တော်က ဘန်တာမြို့၏ လူထုပို့ဆောင်ရေးစနစ်ကို မြို့စားအိမ်တော်၏ ထိန်းချုပ်မှုအောက်၌ ထားရှိမည်ဟုပင်။

ထိုအမိန့်က ပြဿနာရှိပုံမပေါ်သော်လည်း ဆောင်ရွက်ရာတွင် ဥက္ကဌ ပွန်ဖီးမှာ ဒေါသအပြည့်ဖြစ်နေရတော့သည်။

မြို့စားအိမ်တော်၏ စည်းမျဉ်းများအရ လူထုပို့ဆောင်ရေးစနစ်အား မြို့စားအိမ်တော်က စီမံခန့်ခွဲမည်ဖြစ်သဖြင့် စည်းမျဉ်းများရှိလေသည်။

၎င်းက ပြဿနာမရှိသော်လည်း ပြဿနာမှာ ၎င်းစည်းမျဉ်းများထဲတွင် ဖာဆန်ရထားလုံးလုပ်ငန်းစုအနေနှင့် လူထုပို့ဆောင်ရေးစနစ်ကို ပြန်လည်တည်ဆောက်ရမည်ဟု မြို့စားအိမ်တော်က ဆိုထားသည်။ ဖာဆန်ရထားလုံးလုပ်ငန်းစုအောက်ရှိ လူထုပို့ဆောင်ရေးစနစ်အတွက် အသုံးပြုထားသော မှော်ကားအားလုံးကို မြို့စားအိမ်တော်မှ ကြေညာထားသည့် မှော်ကားများဖြင့် ပြောင်းလဲရမည်ဖြစ်သည်။

ထို့အပြင် မြို့စားအိမ်တော်မှ ရွေးချယ်ထားသည်မှာ..... သေချာပေါက် Frestech အမှတ်တံဆိပ်မဟုတ်ပါချေ။

ဌာနမှ နည်းပညာပေးအပ်ထားသည့် လုပ်ငန်းစုဆယ်ခုအကြား မှော်ကားထုတ်လုပ်ခြင်းနည်းပညာကို ရယူခဲ့သည်မှာ လာဖာရယ်ကုန်သည်ကြီးများအသင်းဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အကူအညီဖြင့် လာဖာရယ် ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ပထမဆုံး အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားကို တည်ဆောက်ရန် နှစ်လတာ အသုံးပြုခဲ့ပါ၏။

ဥက္ကဌ ပွန်ဖီးမှာ မူလက အံ့ဩသွားခဲ့သည်။ လာဖာရယ် ကုန်သည်ကြီးများအသင်းက မှော်ကားနည်းပညာကို ရယူလိုက်ရာ အဘယ့်ကြောင့် အလတ်ဆိုဒ်မှော်ကားကို အရင်ပြုလုပ်ပြီး အမြတ်အများဆုံးဖြစ်သည့် မှော်ဆလွန်းကို မထုတ်ရသနည်း။

သို့သော် မြို့စားအိမ်တော်၏ အမိန့်များထွက်လာသည်နှင့် သူနားလည်လိုက်သည်။

လာဖာရယ်ကုန်သည်ကြီးများအသင်းမှာ မြို့စားအိမ်တော်နှင့်အတူ အလုပ်လုပ်နေခဲ့ပြီး အရာအားလုံးကို ပြင်ဆင်ထားခဲ့သည်သာ!

သို့သော် ၎င်းကိုသိပါလျှင်တောင် ဥက္ကဌ ပွန်ဖီးမှာ မည်သည်ကိုမှ မလုပ်နိုင်ချေ။

ဘုရင်ကြီးအဲရစ်ထံမှလာသည့် မြို့စားအိမ်တော်၏ အမိန့်နှင့် ရင်ဆိုင်ရချိန်တွင် ခုခံပါက မည်သည်က အသုံးဝင်မည်နည်း?

လာဖာရယ်တံဆိပ်မှော်ကားများအား ပြောင်းလဲသည့် ရင်းနှီးမြှုပ်နှံ‌ခြင်း သုံးသပ်မှုကိုကြည့်လိုက်သော် ဥက္ကဌ ပွန်ဖီး၏ နှဖူးပြင်၌ ချွေးအေးများ ဖုံးလွှမ်းသွားတော့သည်။

သူသာ မြို့စားအိမ်တော်၏ အမိန့်ကို လိုက်နာလျှင် ဖာဆန်ရထားလုံးလုပ်ငန်းစုမှာ အနည်းဆုံး ရွှေဒင်္ဂါးနှစ်သန်း ရင်းနှီးမြှုပ်နှံရလိမ့်မည်။

ထို့အပြင် မြို့စားအိမ်တော်၏ အဆိုအရ ဖာဆန်ရထားလုံးလုပ်ငန်းစုမှာ တစ်နှစ်လျှင် အခကြေးငွေအဖြစ် မြို့စားအိမ်တော်သို့ ရွှေဒင်္ဂါးငါးသိန်းပေးဆောင်ရမည်ဖြစ်သည်။

၎င်းနှင့်ဆိုလျှင် ဤနှစ်၌ သေချာပေါက် ငွေဆုံးမည်သာမကဘဲ ရှေ့လျှောက် ရင်းနှီးမြှုပ်နှံမှုမှ ပြန်ရနိုင်မည့်အရမရှိချေ။

တစ်အောင့်ကြာပြီးနောက် ဥက္ကဌ ပွန်ဖီးက ရုတ်တရတ် စားပွဲထက်သို့ အစီရင်ခံစာကို ပစ်ကာ ဒေါသတကြီး အော်ဟစ်လိုက်ပါ၏။

“သေလိုက်ပါတော့! ငါတို့ ဘာမှ လုပ်လို့မရနိုင်‌မှတော့ ဒီအဖေကြီးက ဒါကို လုပ်မှာမဟုတ်တော့‌ဘူးဟေ့!”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၃၅။ ကာရက်စ်ခါကျွန်းမှသည်

ဘန်တာမြို့သားများသာ လက်ရှိရှုယီကို မြင်ပါလျှင် သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဟု ထင်လိမ့်မည်မဟုတ်ချေ။

ဘန်တာမြို့၌ ရှိစဉ်ကနှင့် ယှဉ်ပါက ရှုယီမှာ လက်ရှိရင် ပို၍ ညိုမှောင်လာသည်၊ မဟုတ် ထိုသည်ထက် သူ၏ ကြေးရောင်အသားအရေထံမှ ကျန်းမာသည့်ခံစားချက်ကို ခံစားမိသည်။

သူ၏ အထက်ရှိ အလင်းရောင်ကြောင့် ဘောင်းဘီတိုသာ ဝတ်ဆင်ထားသည့် ရှုယီက ကလေးတစ်ယောက်လိုပင်။ သူက ကမူလေးထက်မှ ခုန်ချကာ ပင်လယ်ရေထဲ (ဒိုင်ဗင်)ထိုးဆင်းလိုက်သည်။

“ပလုံ”

ရှုယီ ရွေးချယ်လိုက်သည့်အပိုင်းက အတော်နက်ပါ၏။ ရှုယီ ခုန်ဝင်သွားချိန်တွင် ရေထဲ၌ ကျောက်တုံးနှယ် နစ်မြုပ်သွားကာ အသံနက်နက်ပြုလာသည်။

တစ်အောင့်ကြာပြီးနောက် သူက ရေထဲမှ သူ၏ လက်မောင်းတစ်ဝက်လောက် ရှည်ကာ လုံးဝဖြူဆွတ်သည့် ငါးတစ်ကောင်နှင့် အတူပြန်ထွက်လာသည်။

“ဟေး စတေးလ်၊ ကိုယ် ဒီည ညစာရပြီ!” ရှုယီက လက်ထဲရှိ ငါးကို မြှောက်ကာ ကမ်းရိုးတန်းထက်ရှိ စတေးလ်ထံ အော်ပြောလိုက်သည်။

စတေးလ်က ကမ်းရိုးတန်းပေါ် ဖြာကျနေသည့် နေရောင်ကို လက်တစ်ဖက်ဖြင့် ကာလျက် ရှုယီလက်ထဲရှိ ငါးကို ကြည့်လိုက်လေ၏။ ထိုငါးအပေါ်တွင် အလင်းရောင်များလက်နေသည်ကို‌ တွေ့လိုက်သော် မနေနိုင်တော့ဘဲ ရယ်မောလာတော့သည်။

“ဟေး၊ ငါးလေးတစ်ကောင်အတွက်နဲ့ လျှပ်စီးမှော်စွမ်းအားကို သုံးခဲ့တာလား? ဒါက အရမ်းဖြုန်းတီးရာကျမနေဘူးလား?”

ရှုယီက ရယ်၍ ရုတ်တရတ် ပင်လယ်ထဲမှ ပျံထွက်လာသည်။ ရေစက်ရေမှုန်များနှင့်အတူ သူဟာ ကမ်းရိုးတန်းဆီ ပျံထွက်လာကာ စတေးလ်၏ နံဘေးသို့ ရောက်ရှိလာပါ၏။

“ဘာက ဖြုန်းတီးတာလဲ? စွမ်းအားကြီး မှော်ပညာရှင် တစ်ယောက်အနေနဲ့ အသုံးဝင်တဲ့ မှော်ပညာကို သုံးပြီး ဒီတိုင်း လက်နဲ့ ဖမ်းသင့်တာပဲ မဟုတ်ဘူးလား?”

ရှုယီက ငါးအား နံဘေးရှိ စတေးလ်ပြင်ထားသည့် ခြင်းတောင်းထဲပစ်ထည့်ရင်း အထင်အမြင်သေးဟန် နှာမှုတ်လိုက်လေသည်။

“ကိုယ်က အန်ဗီမာမြို့တော်မှာရှိတဲ့ အဲဒီ့ရုပ်တုတွေနဲ့ မတူဘူး၊ ရှေးရိုးဆန်တာက အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ဟမ့်၊ လူသားတွေက ကိရိယာတွေ ဘယ်လိုအသုံးပြုရမလဲဆိုတာကို လေ့လာခဲ့လို့ပဲ ဒီလောကရဲ့ အရှင်သခင်တွေ ဖြစ်လာရတာမဟုတ်ဘူးလား?”

စတေးလ်က မနေနိုင်ဘဲ မျက်လုံးများ လှိမ့်ပြလိုက်သည်၊ “ကောင်းပြီလေ၊ ကျွန်မက ဒီတိုင်းပြောတာကို ရှင်က ဒါတွေအားလုံးပြောနေတယ်။ ကြည့်ရတာ ရှင် ပြောနေသလို ဂရုမစိုက်တာ မဟုတ်ပုံပဲ။”

ရှုယီက သက်ပြင်းချ၍ ထိုင်လိုက်သည်။ သူက စတေးလ်ကို ခါးမှ ဆွဲဖက်လိုက်ရာ ရေကူးဝတ်စုံမှ ဖော်ထားသည့် ဝမ်းဗိုက်ကြွက်သားလေးကို ခံစားမိသည်။

“ကိုယ်လုံးဝ စိတ်မကွက်ဘူးလို့ပြောရင်တော့ လိမ်တာပါ၊ ဒါပေမယ့်..... ဒါတွေကို ပစ်ထုတ်ဖို့ ဆုံးဖြတ်ပြီးမှတော့ ပြောစရာမလိုတော့ပါဘူး။ ကိုယ်က အဲ့လူတွေ သူတို့ အတွေးတွေကို မပြောင်းတဲ့အတွက် စိတ်ပျက်သလို ခံစားမိနေရုံပဲ။”

“အပိုင်းသေးသေးလေးပဲမဟုတ်ဘူးလား?” စတေးလ်က ပဝါတစ်ခုယူကာ ရှုယီ၏ ဆံပင်ကို သုတ်ပေးရင်း နူးညံ့စွာပြောလိုက်သည် “နိုင်ငံမှာရှိတဲ့ လူအများစုက မှော်စက်အသစ်တွေကို လက်ခံနေကြပြီလေ။ ပြီးတော့ ဘုရင်ကြီးအဲရစ်ကလည်း မှော်စက်မှုနယ်ပယ်ကို အတော်လေးအရေးပေးထားသလို အား‌လည်းပေးပြီး မှော်စက်မှုနယ်ပယ်ကို ထောက်ပံ့ဖို့ အကောင်းဆုံးလုပ်မယ်လို့ ပြောထားတာပဲ မဟုတ်ဘူးလား?”

ရှုယီက နှာမှုတ်သည်၊ “သူတို့က မှော်စက်မှုနယ်ပယ်ကနေ ငွေဝင်မယ်လို့ စဉ်းစားနေကြရုံပဲ၊ ဒါပေမယ့် သူတို့ထဲက ဘယ်သူကများ မှော်စက်မှုနယ်ပယ် စိတ်ရင်းနဲ့ တိုးတက်အောင်လုပ်မှာလဲ?”

“သူတို့သာ ငွေမရနိုင်ရင် ဒီလောက် အကောင်းမြင်ပြနေမှာ မဟုတ်ဘူးမလား?” စတေးလ်က အပြုံးဖြင့်ဆိုသည်၊ “ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ မှော်စက်မှုနယ်ပယ်ကို အဲဒီ့ ခေါင်းမာတဲ့မျိုးရိုးမြင့်တွေက လက်ခံလာကြပြီး ရင်းနှီးမြှုပ်နှံလာကြပြီလေ။ အနည်းဆုံးတော့ ခေါင်းမာတဲ့ လူအိုကြီးတွေလည်း နည်းနည်းပဲကျန်တော့တယ်။”

ရှုယီက ဝင်ခါနီး နေကိုကြည့်ကာ တစ်ခဏကြာပြီးနောက်တွင် သက်မချလျက် ခေါင်းခါလာလေသည်။

“ထားလိုက်ပါတော့ ကိုယ် အဲ့အကြောင်းတွေ မစဉ်းစားတော့ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့အတွက် အုတ်မြစ်ချန်ထားခဲ့ပေးပြီးပြီပဲ၊ ဒီတော့ အတော်လေးသည်းခံခဲ့ပြီးပြီလို့ ယူဆလို့ရတယ်၊ ကိုယ် သူတို့ကို ဆက်ဂရုမစိုက်တော့ရုံပဲပေါ့။”

“အင်း အမှန်ပဲ။” စတေးလ်က အသာပြုံးကာ ခေါင်းငြိမ့်လိုက်ပြီးနောက် အဝေးရှိ Frestech ဦးပိုင်မြေကို ညွှန်ပြလာ၏၊ “ကြည့်လိုက်၊ ရှင် ဒီမှာ အသစ်စလို့ ရတာပဲ အရမ်း‌ကောင်းတယ်မဟုတ်ဘူးလား?”

ရှုယီလည်း Frestech ဦးပိုင်မြေထက်ရှိ စက်ရုံသစ်ကို လှည့်ကြည့်ရင်း ဤအတွေ့အကြုံက မည်သည့်အတွေ့အကြုံမှ မရှိသည်နှင့် ခြားနားသည်ဟု တွေးမိသည်။

အစပိုင်းတွင် ခမာမြို့၌ စက်ရုံတစ်ရုံဆောက်လုပ်ရုံဖြင့် အင်မတန် ခက်ခဲသလို ခံစားခဲ့ရသော်လည်း ယခုတွင် Frestech ကုန်သည်ကြီးများအသင်း၏ အဓိက ကိုယ်ထည်အား ဤနေရာသို့ ပြောင်းရွှေ့လိုက်ကာ စက်ရုံတစ်ရုံဆောက်ဖို့ သုံးလမျှသာ အသုံးပြုခဲ့ရသည်။ ဤသည်က အင်မတန်ကြီးမားလှသော ခြားနားမှုပင်။

၎င်းတို့၏ ခန့်မှန်းခြေအရ ဤနှစ်မကုန်ခင်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ စတက်တိန်းနယ်မြေထုတ်လုပ်ရေးအခြေစိုက်ဌာနကို တရားဝင်တည်ထောင်နိုင်လောက်သည်။

ထိုအချိန်ရောက်လာပါက စတက်တိန်းနယ်မြေ၌ အသစ်စတင်သည်နှင့် ညီမျှပါ၏။ ၎င်းတို့ ဘန်တာမြို့၌ ရှိနေစဉ်ကကဲ့သို့သော အရာမျိုးစုံထံမှ ထိခိုက်ခံရမည်လည်း မဟုတ်ချေ။

သို့သော် လွှမ်းမိုးမခံရဟု ပြောရန်မှာ.....

ရှုယီသည် Frestech လယ်မြေ တောင်ဘက်ရှိရာသို့ လှည့်ကြည့်မိ၏။ သူသာ မည်သည့်အရာနှင့်မှ လွှမ်းမိုးမခံရသည့် မှော်စက်မှုနယ်ပယ်တစ်ခုကို ဖန်တီးလိုပါလျှင် အလျင်ဦးစွာ အင်မတန်အရေးကြီးသည့် ပြဿနာတစ်ရပ်ကို ဖြေရှင်း‌ဖို့ လိုအပ်လေသည်။

“ကြည့်ပါဦး၊ အဘိုး ပြန်လာပြီ!” ရုတ်တရတ် နံဘေးရှိ စတေးလ်က ထအော်လိုက်ရာ ရှုယီ၏အတွေးများ ဖြတ်တောက်ခံလိုက်ရသည်။

ပင်လယ်ကို လှည့်ကြည့်လိုက်သည်တွင် အမည်းစက်လေး ဆယ်စက်က အလျင်အမြန်ချဉ်းကပ်လာသည်ကို တွေ့မြင်ရပေ၏။

တစ်အောင့်ကြာသည့်နောက် အနှီအမည်းစက်လေးဆယ်စက်က လှေငယ်လေးများအဖြစ် ပြောင်းလာသည်။ ၎င်းတို့က ရေထဲ၌ လမ်းကြောင်းဆယ်ခုဖန်တီးလျက် ရေကို ဖြတ်၍ နီးကပ်လာလေသည်။

အလယ်ဗဟိုတွင် မဟာမှော်ပညာရှင် ကမ်မီလာ ရှိနေပါ၏။

မဟာမှော်ပညာရှင် ကမ်မီလာက လေကို အံတု၍ လှေပေါ် ရပ်နေကာ အင်မတန် ဖျတ်လတ် ဝင့်ကြွားနေဟန်ကိုမြင်သော် ရှုယီလည်း မနေနိုင်တော့ဘဲ စတေးလ်ကို လှည့်ပြောလိုက်လေ၏၊ “ကိုယ်တော့..... အဘိုးက တကယ်ပဲ ပိုငယ်လာသလို ခံစားနေရတယ်။”

“အဲဒါက ကိစ္စကောင်းပဲ မဟုတ်လား?” စတေးလ်က ပြုံးလိုက်ပြီးနောက် ထရပ်ကာ ၎င်းတို့ကို ကြိုဆိုရန် ဆိပ်ခံတံတား‌ဆီသို့ ဆင်းသွားလိုက်သည်။

ရှုယီလည်း ခေါင်းခါ၍ လိုက်သွားပါ၏။

၎င်းတို့ ပင်လယ်ဆီရောက်လာချိန်တွင် မဟာမှော်ပညာရှင်ကမ်မီလာ ပထမလှေနှင့်အတူ တဟုန်ထိုး ရှေ့တိုးလာနေပြီဖြစ်သည်။

သူက အရှိန်မလျှော့ဘဲ ဆိပ်ခံတံတားနှင့် တိုက်လုတိုက်ခင်တွင် လှေက ချက်ချင်းရပ်သွားရာ ရေလှိုင်းတစ်လှိုင်း ဖန်တီးလာပြီး တံတားပေါ်ရှိ စတေးလ်နှင့် ရှုယီတို့ထံ ဝဲပျံလာစေသည်။

စတေးလ်က ဒီတိုင်း လက်မြှောက်လိုက်ရာ သူမနှင့် ရှုယီ ရှေ့၌ အပြာရောင်အကာအရံတစ်ခုပေါ်ထွက်လာပြီး ထိုလှိုင်းကို ဟန့်တားလိုက်သည်။

ရေများကျလာချိန်တွင် စတေးလ်က မဟာမှော်ပညာရှင်ကမ်မီလာကို မပျော်မရွှင်စွာ ကြည့်လိုက်ပါ၏။

“အဘိုး၊ ဒီလှည့်ကွက်ကို မကျေနပ်မချင်း ဘယ်နှခေါက်တောင် သုံးနေဦးမှာလဲ?”

မဟာမှော်ပညာရှင်ကမ်မီလာက ရယ်မောလေသည်၊ “ငါက မင်းတို့တွေ မှော်ပညာလေ့ကျင့်ဖို့ ပျင်းရိနေကြတာကို တွေ့လို့လေ၊ ဒါက မင်းတို့ ကောင်းဖို့ အတွက်ပါ။”

စတေးလ်က မျက်လုံးများကို လှိမ့်ရင်း လျစ်လျူရှုလိုက်လေသည်။ ရှုယီကမူ လေထဲ၌ ဖျော့တော့တော့ဖြင့် ထိုင်နေသည့် မဟာမှော်ပညာရှင် တယ်လုချီကို ကြည့်ကာ နူးနူးညံ့ညံ့ဖြင့် ဆိုလိုက်၏၊ “မဟာမှော်ပညာရှင်ကြီး၊ အဆင်.....ပြေရဲ့လား?”

မဟာမှော်ပညာရှင် တယ်လုချီက အသက်ပြင်းပြင်းရှူကာ တဖြည်းဖြည်း ပြန်ထုတ်ပြီးနောက်မှသာ အနည်းငယ် ပို၍ ကြည့်ကောင်းလာတော့သည်။ ထို့နောက် ရှုယီကို ခါးသက်သက်ပြုံးပြကာ ခေါင်းခါပါ၏၊ “အဲ့လောက် အဆင်မပြေဘူး။” ထို့နောက် မဟာမှော်ပညာရှင်ကမ်မီလာဘက် လှည့်ကာ အပြင်းအထန်ပြောလေသည်၊ “ကမ်မီလာ ခင်ဗျားကို ကျုပ်သိလာတာ နှစ်တွေအများကြီး ကြာနေပြီပေမယ့် ဒီနေ့မှ ခင်ဗျားက အရူးအမူးဖြစ်တတ်တာကို သိလိုက်ရတယ်! ကျုပ် ရှေ့လျှောက် ခင်ဗျားနဲ့အတူ ဘာ မှော်ယာဉ်ကိုမှ မစီးတော့ဘူးလို့ အခိုင်အမာ ယုံကြည်လိုက်ပြီ၊ မှော်လှေပဲဖြစ်ဖြစ် မှော်ဆလွန်းပဲဖြစ်ဖြစ်!”

မဟာမှော်ပညာရှင်ကမ်မီလာက နှုတ်ခမ်းများ ကွေးလျက် အထင်အမြင်သေးဟန်ဖြင့် ဆိုသည်၊ “ဒါက ခင်ဗျားရဲ့ ခန္ဓာကိုယ် မကောင်းတာကြောင့်လေ။ ရိုးသားရရင် တယ်လုချီ ခင်ဗျား ခန္ဓာကိုယ်ကို နည်းနည်းလောက် လေ့ကျင့်ပေးသင့်တယ်၊ မဟုတ်ရင်တော့ အဲ့လောက်ကြာကြာနေရမှာ မဟုတ်တော့ဘူး။ ကာရက်စ်ခါကျွန်းကနေ လာကြတဲ့ အဲ့လူတွေကိုကြည့်လိုက်ဦး၊ ခင်ဗျားက ဘာကြောင့် သူတို့နဲ့ မတူရတာလဲ?”

“အဓိပ္ပာယ်မရှိတာ သူတို့အားလုံးက အသက်နှစ်ဆယ်အရွယ် လူငယ်လေးတွေလေ၊ ဘယ်လိုလုပ် ကျုပ်က သူတို့နဲ့ ယှဉ်နိုင်မှာလဲ!” မဟာမှော်ပညာရှင် တယ်လုချီ က ဒေါသတကြီးဆိုသည်၊ “ပြီးတော့ သူတို့ထဲက ဘယ်သူကများ ခင်ဗျားလို အကြမ်းအရမ်းကြီး မှော်လှေကို မောင်းနေလို့လဲ?”

မဟာမှော်ပညာရှင်ကမ်မီလာက ရယ်မောကာ၊ “ခင်ဗျား မမြင်ခဲ့ရုံပါ။ ပြောပြမယ်၊ အဲ့ကောင်လေးတွေ ကျုပ်နဲ့ ပြိုင်တော့ သူတို့က ကျုပ်ထက်တောင် ပိုပြီး ကြမ်းသေးတယ်။ ဒါက ခင်ဗျားလို မဟာမှော်ပညာရှင်တစ်ယောက်အနေနဲ့ ဇာတိမြေကို အလည်ပြန်လာဖို့ ရှားတာကြောင့် သူတို့တွေ နည်းနည်း ချုပ်တည်းထားခဲ့ရရုံပဲဆိုတာ သေချာတယ်။”

မဟာမှော်ပညာရှင် တယ်လုချီ လည်း မနီးမဝေးမှ လှေဆယ်စင်းကိုကြည့်လိုက်ကာ နှာမှုတ်လျက် မဟာမှော်ပညာရှင်ကမ်မီလာနှင့် ငြင်းခုံရန် အင်မတန် ပျင်းရိနေမိသည်။

နှစ်ဦးက ရပ်တန့်သွားပြီဖြစ်သည်ကို မြင်သော် ရှုယီမှာ မဟာမှော်ပညာရှင် တယ်လုချီ ကို အမြန်မေးလိုက်သည်၊ “မဟာမှော်ပညာရှင်ကြီး၊ အခု နှစ်များစွာကြာပြီးမှ ကာရက်စ်ခါကျွန်း ကို ပြန်ရောက်လာပြီဆိုတော့ များများစားစားပြောင်းလဲသွားတယ်လို့ ခံစားရလား?”

ရှုယီက ကာရက်စ်ခါကျွန်း အကြောင်း မေးလာသည်ကို ကြားသော် မဟာမှော်ပညာရှင် တယ်လုချီ၏ မဟာမှော်ပညာရှင်ကမ်မီလာအပေါ် ဒေါသဖြစ်နေမှုတို့ ပျောက်ကွယ်သွားသည်။ စဉ်းစားကြည့်ပြီးနောက် သူက ရွှင်ပျစွာ ပြုံးလာပါ၏။

“အတော်ကို ပြောင်းလဲသွားတယ်။ ငယ်ငယ်က ကျွန်းမှာနေခဲ့တုန်းကနဲ့ ယှဉ်ရင် လက်ရှိ ကာရက်စ်ခါကျွန်းက လုံးဝကို ပြောင်းလဲသွားတယ်။ ကျွန်းပေါ်က လူတွေက သူတို့ရဲ့ စားဝတ်နေရေးကို ပူပန်ဖို့မလိုတော့ရုံတင်မကဘူး အဝတ်အသစ်တွေ အိမ်အသစ်တွေနဲ့ ကလေးတွေဆီမှာ ကစားဖို့ အရုပ်တွေပါရှိလာကြပြီ။ ဒီတစ်ခေါက် ကျွန်းကို လာလည်ရတာ တကယ်ကို ဝမ်းသာမိတယ်။ ရှုယီ အရင်က ငါ မင်းနဲ့ ထားခဲ့တဲ့ သဘောတူညီမှုက ငါ့ဘဝမှာ လုပ်ခဲ့သမျှထဲ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ တကယ်ကို!”

“ချီးကျူးလွန်းအားကြီးနေပါပြီ။” ရှုယီက အသာပြုံးသည်၊ “ကျွန်တော်က ကာရက်စ်ခါကျွန်း ဒေသခံတွေရဲ့ နေ့စဉ်ပူပန်မှုတွေနဲ့ ပင်လယ်ဓားပြဆက်လုပ်ဖို့ တွန်းအားပေးစရာမလိုအောင် ကူညီဖြေရှင်းပေးဖို့ သဘောတူထားတာကြောင့် အကောင်းဆုံးလုပ်မှာပါပဲ။ အခု နေထိုင်ရေးပြဿနာပဲ ဖြေရှင်းရသေးတာကြောင့် လိုအပ်ဖို့ လိုနေပါသေးတယ်။”

“အိုး?” မဟာမှော်ပညာရှင် တယ်လုချီက ရှုယီကို စိတ်လှုပ်တရှားမေးမြန်းလာသည်၊ “နောက် ဘာလုပ်ဖို့ စီစဉ်ထားလို့လဲ? ကာရက်စ်ခါကျွန်းက ကြီးရုံပဲရှိတာ၊ တိုးတက်ဖို့တော့ အရမ်းခက်မယ်လို့ ထင်တယ်နော်? သူတို့အားလုံးကို..... ကျွန်းကနေ မရွှေ့မချင်းပေါ့။”

“ကျွန်တော့်ဆီမှာ ဒီအကြံရှိပေမယ့် ကျွန်းပေါ်က အတော်များများက သဘောမတူကြဘူးလေ။ သူတို့က အဲ့မှာ နေတာကြာတော့ မထွက်သွားချင်ကြဘူး။ ပြီးတော့ ဒီအတွက် လိုအပ်တယ်လို့လည်း မထင်ပါဘူး။ သူတို့ ကျွန်းပေါ်မှာ နေရင်တောင် သူတို့ဘဝတွေ တိုးတက်ဖို့ အခွင့်အရေးရှိပါသေးတယ်။”

“တကယ်လား? ပြောပြပါဦး၊ ဘာလုပ်ဖို့ စီစဉ်ထားလဲ?”

“ဒါက....” ရှုယီက ရယ်မောကာ၊ “မဟာမှော်ပညာရှင် တယ်လုချီ, ဒီပန်းတိုင်ကို ရောက်ဖို့ ခင်ဗျားရဲ့ အကူအညီလည်း မဲ့နေလို့ မဖြစ်ဘူး။”

မဟာမှော်ပညာရှင် တယ်လုချီက အနည်းငယ် အံ့ဩသွားပြီးနောက် မရယ်မိဘဲ မနေနိုင်တော့ချေ။ သူက ရှုယီကို ညွှန်ပြရန်ပင် လက်ဆန့်လာကာ၊ “ငါ သိတယ်၊ ဒီကောင်လေးက သဘောတူညီမှုတစ်ခုမှ ဆုံးရှုံးမှုကို ခံစားမှာ မဟုတ်ပါဘူးလို့။ ကောင်းပြီလေ၊ ကာရက်စ်ခါကျွန်းဆီ မင်းယူလာတဲ့ အပြောင်းအလဲတွေကို မြင်ရပြီးပြီ‌ဆိုမှတော့ သူတို့ရဲ့ ဘဝတွေကို တိုးတက်အောင်လုပ်နိုင်တာကို ယုံကြည်ပါတယ်။ ဒီလိုဆိုမှတော့ ငါတို့ရဲ့ သဘောတူညီမှုကို လိုက်နာပြီး Frestech ကုန်သည်ကြီးများအသင်းထဲဝင်ရင်း မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်သုတေသနဌာနက တရားဝင် သုတေသနပညာရှင် ဖြစ်လာစေရမယ်။”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၃၆။ နောက်ထပ် မဟာမှော်ပညာရှင်

အပြင်ပန်းတွင် Frestech ကုန်သည်ကြီးများအသင်းက ယခင်ကနှင့်စာလျှင် မပြောင်းလဲသော်လည်း Frestech ကုန်သည်ကြီးများအသင်းအကြောင်း သိသည့်လူများကတော့ သိကြသည်သာ။ တကယ်တမ်း မင်းသားလေးအဲရစ်က ထီးနန်းလွှဲယူမည့်အကြောင်း ကြေညာချိန်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့မှ ပြောင်းရွှေ့ဖို့ စီစဉ်နေပြီးသားပင်။

မိုးကျတောင်ကြား၌ Frestech ကုန်သည်ကြီးများအသင်း စက်ရုံအများအပြားနှင့်အတူ အပြင်ပန်း၌ ပြောင်းလဲမည့်ပုံမပေါ်သည့် ကိရိယာအမျိုးပေါင်းစုံရှိပါသော်လည်း အရေးကြီးဝန်ထမ်းများနှင့် ပစ္စည်းများကိုမူ ရှုယီကပဲ အမြဲ ထိန်းချုပ်ထားသည်။ စီစဉ်ထားသည့် နည်းလမ်း၌ ၎င်းတို့မှာ မိုးကျတောင်ကြားရှိ ဌာနချုပ်များကို နည်းနည်းချင်းစီ ရွှေ့ကြမည်ဖြစ်သည်။

အခြားလူများမှာ ရှုယီ၏ လုပ်ရပ်များထံမှ အဓိပ္ပာယ်ကို နားမလည်နိုင်သည်မှာ လူအများအပြားအတွက် Frestech ကုန်သည်ကြီးများအသင်းထံ၌ စက်ရုံများနှင့် ကိရိယာပေါင်းစုံရှိနေသေးသောကြောင့်ပင်။

၎င်းကိရိယာများနှင့်သာလျှင် Frestech ကုန်သည်ကြီးများအသင်းအား အားလုံးက ကြိုဆိုသော ထူးကဲသည့် Frestech တံဆိပ်မှော်စက် အမျိုးပေါင်းစုံကို ထုတ်လုပ်သည့် လုပ်ငန်းစုတစ်ခုဟု ယူဆနိုင်သည်။

၎င်းကိရိယာများ မရှိလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ ဗလာသက်သက်သာဖြစ်နေမည်မဟုတ်ပါလား?

သို့သော် ရှုယီအတွက် အတိအကျကို ဆန့်ကျင်ဘက်ဖြစ်သည်။

လုပ်ငန်းစု၏ ကိရိယာများမှာ သူ့အတွက်အရေးမပါဘဲ အရေးပါဆုံးအရာမှာ လူများသာ အမြဲဖြစ်နေလိမ့်မည်။

ထိုလူများဆိုသည်မှာ ဥက္ကဌဖြစ်သည့် သူမှစ၍ အောက်ခြေအလုပ်သမားများအထိဖြစ်ပြီး ၎င်းတို့အားလုံးမှာ ကိရိယာများထက် ပို၍ အရေးပါလေသည်။

ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်းက မည်သို့ ဖြစ်သွားသည်ဖြစ်စေ ထိုလူများရှိနေလျှင် မည်သည့်အချိန်၌မဆို Frestech ကုန်သည်ကြီးများအသင်း အသစ်ကို ရှာတွေ့နိုင်မည်ဟု အမြဲ ယုံကြည်ပါ၏။

ပို၍ရဲတင်းစွာပြောရလျှင် သူရှိနေသရွေ့ Frestech ကုန်သည်ကြီးများအသင်းလည်း ရှိပါ၏။

မှန်သည်၊ ရှုယီအပြင် ဝန်ထမ်းများကလည်း ရှုယီစိတ်ထဲ အတိုင်းအတာတစ်ခုထိ ရှိကြသည်သာ။

သူ့အတွက် အလုပ်သမားများမှာ လုပ်ငန်းစုတစ်ခု၏ အုတ်မြစ်‌ဖြစ်သော်လည်း အလုပ်သမားများအား စုဆောင်း၍ လေ့ကျင့်ပေးနိုင်ရာ ထိုမျှထိတော့ အရေးမပါချေ။

၎င်းတို့နှင့်စာလျှင် သုတေသနပညာရှင်များနှင့် မှော်စက်မှုအင်ဂျင်နီယာများက တကယ်ကို အရေးကြီး ဝန်ထမ်းများပင်။

နည်းပညာက နယ်ပယ်၏ အခြေတည်ဖြစ်ရာ ၎င်းသုတေသနပညာရှင်များနှင့် စက်မှုအင်ဂျင်နီယာများက နည်းပညာကို ကိုယ်စားပြုသည်။

၎င်းတို့နှင့်အတူဆိုပါက ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း၏ အရေးကြီးနည်းပညာများကို အနှီ လုပ်ငန်းစုဆယ်ခုထံ ပေးလိုက်ရပါလျှင်တောင် လုံးဝ ပူပန်နေမည်မဟုတ်ချေ။

အဘယ့်ကြောင့်ဆိုသော် အခြားလုပ်ငန်းစုများက ၎င်းတို့၏ နည်းပညာကို ယူသွားနိုင်သော်လည်း အလုံအလောက် ထက်မြတ်သည့် သုတေသနအဖွဲ့မရှိ‌ဘဲနှင့် ၎င်းတို့မှာ ဘယ်သောအခါမှ မည်သည့်အရွေ့စစ်များကိုမှ ဖန်တီးနိုင်မည်မဟုတ်သလို Frestech ကုန်သည်ကြီးများအသင်းကိုလည်း မကျော်လွန်နိုင်ချေ။

ရှုယီသည် ဒါရိုက်တာ ဒီနို ရူဆဲလ်ကို ပြောခဲ့စဉ်က ၎င်းကို အတိအကျဆိုလိုခဲ့သည်သာ။

မှန်ပါ၏၊ သုတေသနပညာရှင်အားလုံးမှာ ၎င်းတို့ အချိန်ကြာ နေထိုင်လာခဲ့သည့် ဘန်တာမြို့နှင့် မိုးကျတောင်ကြားမှ ထွက်ခွာကာ စတက်တိန်းနယ်မြေ၌ Frestech လုပ်ငန်းကို ပြန်စမည့် ရှုယီ၏အစီစဉ်အား လက်မခံလိုကြချေ။

ရှုယီက ၎င်းတို့ကို တွန်းအားမပေးဘဲ လူတိုင်း၏ အမြင်ကို မေးမြန်းခဲ့သည်။ သူဟာ မှော်သုတေသနဌာနကို သီးခြားခွဲကာ မိုးကျတောင်ကြားတွင် ရုံးခွဲတစ်ခု၊ စတက်တိန်းနယ်မြေရှိ Frestech ဦးပိုင်မြေ၌ ရုံးခွဲတစ်ခု ဖန်တီး၏။

ရှုယီ၏ အစီအစဉ်များအရ မိုးကျတောင်ကြား မှော်သုတေသနဌာနမှာ ၎င်းတို့၏ တည်ရှိပြီးနည်းပညာကို ပို၍ နက်နက်ရှိုင်းရှိုင်း သုတေသနပြုရမည်ဖြစ်သော်လည်း နည်းပညာအသစ်၌ သုတေသနပြုရမည်မဟုတ်ချေ။

စတက်တိန်းနယ်မြေ ရုံးခွဲအတွက်မူ မှော်စက်အသစ်များနှင့် နည်းပညာအသစ်ထုတ်လုပ်ရန် အာရုံစိုက်ရလိမ့်မည်။

၎င်းအား ထိုသို့ ခွဲခြားလိုက်ကာ နှစ်ဘက်စလုံးကို ဝမ်းသာစေသော်လည်း ၎င်းက Frestech ကုန်သည်ကြီးများအသင်း မှော်သုတေသနဌာနကို မလွဲဧကန် အားနည်းသွားစေသည်။

ဥပမာ အာကာလီလက်အောက်ရှိ သုတေသနအဖွဲ့နှစ်ဖွဲ့ရှိ လူတစ်ဝက်ကျော်မှာ မိုးကျတောင်ကြား၌ နေချင်သဖြင့် ရှုယီနှင့် စတက်တိန်းနယ်မြေထံ လိုက်လာခဲ့သည်မှာ သုတေသနပညာရှင် ဆယ်ဦးသာရှိသည်။ သူမမှာ မိမိ ဂရုအစိုက်ဆုံး မှော်ပဲ့တင်ထပ်ခြင်းနည်းပညာကိုသာ အာရုံစိုက်နိုင်ပြီး မည်သည်ကိုမှ မလေ့လာနိုင်ချေ။

ထို့ကြောင့် ရှုယီမှာ အရေးကြီးပြဿနာကို ရင်ဆိုင်နေရသည်၊ သို့တည်းမဟုတ် ၎င်းက Frestech ကုန်သည်ကြီးများအသင်း အမြဲရင်ဆိုင်ခဲ့ရသည့် ပြဿနာတစ်ခုဖြစ်နိုင်သည်။ သို့သော် ဤအခြေအနေ၌ ပို၍ ပြင်းထန်လာပါ၏။

ဤပြဿနာမှာ သုတေသနဝန်ထမ်း လိုအပ်ခြင်းပင်။

Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လမ်ပူရီတိုင်းပြည်၌ ကျော်ကြားမှုရှိကာ မှော်စက်မှုနယ်ပယ်အား နိုင်ငံရှိ လူအများစုက လက်ခံလာပြီး မှော်ပညာရှင်အများစုအတွက် မှော်ပညာလေ့လာခြင်းနှင့် မှော်စက်မှုနယ်ပယ်က မဆက်စပ်နေပါချေ။ မှော်ပညာရှင်များအနေနှင့် ၎င်းတို့၏ တန်ဖိုးအစစ်အမှန်ကို အ‌ကောင်အထည်ဖော်နိုင်သည့်နေရာမှာ နက်‌နဲသည့် မှော်ပညာကို လေ့လာခြင်းပင်။

ဤသည်က Frestech ကုန်သည်ကြီးများအသင်းအတွက် နှစ်များစွာ အလုပ်လုပ်လာသည့် သုတေသနပညာရှင်များသည်ပင် ၎င်းတို့၏ အမြင်များကို မပြောင်းလဲခဲ့ရာ အခြားမှော်ပညာရှင်များဆိုလျှင် ဆိုဖွယ်ပင် မရှိချေ။

ဤအခြေအနေတွင် မဟာမှော်ပညာရှင် တယ်လုချီက သုတေသနပညာရှင် ဖြစ်လာရန် ကြေညာခြင်းမှာ Frestech ကုန်သည်ကြီးများအသင်းထံသို့ အားကောင်းသည့် လှုံ့ဆော်မှုဖြစ်လာရန် သံသယပင်မလိုရာ ရှုယီအား အင်မတန် စိတ်လှုပ်ရှားစေသည်။

မဟာမှော်ပညာရှင် ကမ်မီလာ မှော်သုတေသနဌာနသို့ ဝင်ရောက်ခြင်းက လမ်ပူရီတိုင်းပြည်၌ ကသောင်းကနင်းဖြစ်သွားစေသော်လည်း ထိုသည်မှာ ရှုယီက စတေးလ်၏ ခင်ပွန်းဖြစ်သောကြောင့်ပင်။ သူဟာ မဟာမှော်ပညာရှင်ကမ်မီလာ၏ မြေးသားမက်ဖြစ်ခြင်းကြောင့် မဟာမှော်ပညာရှင် ကမ်မီလာအနေနှင့် မှော်စက်မှုနယ်ပယ်တွင် အလုပ်လုပ်သည်က မထူးဆန်းချေ။

ယခုတွင် မဟာမှော်ပညာရှင်တယ်လုချီကလည်း ထိုသို့ ကြေညာလိုက်ရာ တစ်စုံတရာက အတိအကျ ကွဲပြားနေသည့် အဓိပ္ပာယ်ပင်။

မဟာမှော်ပညာရှင်တယ်လုချီထံ၌ ရှုယီနှင့် လက်ထပ်မည့် မြေးမလည်း မရှိချေ.....

ပိုအရေးကြီးသည်မှာ မဟာမှော်ပညာရှင်တစ်ဦးက မှော်သုတေသနဌာနသို့ ဝင်ရောက်ခြင်းမှာ ထိုနေရာ၌ မဟာမှော်ပညာရှင် နှစ်ဦးရှိသည့် အဓိပ္ပာယ်ပင်။ ၎င်းက လူပုဂ္ဂိုလ်တစ်ဦးသာဖြစ်သော်လည်း တစ်စုံတရာက အတိအကျ ခြားနားနေသည်ဟု ဆိုလိုသည်။

တစ်ဦး‌ဆိုလျှင် ထူးခြားသည့်အခြေအနေ ဖြစ်နိုင်သော်လည်း နှစ်ဦးဆို‌လျှင်ရော?

ပြောရလျှင် လမ်ပူရီတိုင်းပြည်တစ်ခုလုံး၌ မဟာမှော်ပညာရှင် ငါးဦးသာရှိသည်။

ယခုတွင် ၎င်းမဟာမှော်ပညာရှင်များအနက် နှစ်ဦးက မှော်သုတေသနဌာနသို့ ဝင်ရောက်လိုက်ရာ ယင်းက လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအတွက် မည်မျှ အံ့ဩဖွယ်ဖြစ်မည်ကို စိတ်ကူးကြည့်နိုင်သည်။

မဟာမှော်ပညာရှင်တယ်လုချီက ဝင်ရောက်ချင်ကြောင်း ပြောလာသည်ကို ကြားပြီးနောက် ရှုယီမှာ စိတ်လှုပ်ရှားမှု အပြည့်ဖြစ်သွားကာ သူ၏ ဦးနှောက်ပင် စတင်လည်လာသည်။ သူဟာ ဤသတင်းအား တတ်နိုင်သမျှ အကြီးဆုံး ကသောင်းကနင်းဖြစ်စေရန် မည်သို့ လည်ပတ်ရမည်အား တွက်ချက်နေလိုက်၏။

သို့သော် Frestech ကုန်သည်ကြီးများအသင်းက မည်သို့ ပြောင်းလဲနေပြီး ၎င်းတို့လည်း သိုသိုသိပ်သိပ်နေသင့်ကြောင်း စဉ်းစားမိချိန်တွင် ၎င်းက ညှိနှိုင်းရန်ခက်ခဲသည့် ဝိရောဓိကို ဖန်တီးလိုက်သည်။

ရှုယီက ဝမ်းသာဟန်ပေါ်လာပြီးနောက်မှ မျက်မှောင်ကုပ်လိုက်သည်ကိုမြင်သည့်နောက်တွင် မဟာမှော်ပညာရှင်တယ်လုချီက မနေနိုင်တော့ဘဲ ထူးဆန်းသည့်အသံဖြင့် ဆိုလာသည်၊ “ဟေး ရှုယီ၊ မင်းအနေနဲ့ ငါ့ကို မှော်သုတေသနဌာနထဲ ဝင်ခွင့်ပြုဖို့ ခက်ခဲနေလို့လား? ငါ့ကို လစာမပေးနိုင်လို့များလား?”

မဟာမှော်ပညာရှင်တယ်လုချီ၏ ခံစားချက်က ကာရက်စ်ခါကျွန်းထံရှိ နေထိုင်မှုအခြေအနေ ပြောင်းလဲမှုများကို မြင်ပြီးနောက် ပို၍ ကောင်းမွန်လာသဖြင့် ရှုယီကို ဟာသပြောနိုင်နေပြီဖြစ်သည်။

ရှုယီက အလျင်အမြန် အတွေးကို ရပ်တန့်ကာ ရယ်လျက် ဆိုလိုက်သည်၊ “မဟာမှော်ပညာရှင်ကြီးက ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဝင်ဖို့ ဆန္ဒရှိတာဟာ ကျွန်တော် စိတ်ရင်းနဲ့ လိုချင်ခဲ့တဲ့အရာပါ။ မဟာမှော်ပညာရှင်ကြီး အခုနက ပြောလိုက်သလို ကျွန်တော်တို့လုပ်ငန်းစုက တတ်နိုင်နေ‌သရွေ့ လိုသလောက်ကို ဘယ်လောက်ဖြစ်ဖြစ် သဘောတူမှာပါ!”

“အာ၊ ဥက္ကဌရှုက တကယ်ကို ချမ်းသာတာပဲ။ ကောင်းပြီလေ၊ ကျုပ်ရဲ့ တောင်းဆိုမများပါဘူး၊ ကမ်မီလာထက် ရွှေဒင်္ဂါးတစ်ပြားပိုပေးရင်ရပြီ။” မဟာမှော်ပညာရှင်တယ်လုချီက အပြုံးဖြင့် ပြောလိုက်သည်။

မဟာမှော်ပညာရှင် ကမ်မီလာက သူ့ကို စိုက်ကြည့်လိုက်သည်၊ “ဘာလဲ? ကျုပ်ကို ဆွဖို့ ကြိုးစားနေတာလား?”

မဟာမှော်ပညာရှင်တယ်လုချီက အသာပြုံး၍ ခေါင်းခါလိုက်သည်၊ “မဟုတ်ပါဘူး၊ ကျုပ်က..... ရှုယီနဲ့ အဲ့လောက် မရင်းနှီးဘူးလို့ ခံစားနေရရုံပါ၊ ဒီတော့ ဘယ်လိုလုပ် ဒီကောင်လေးနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ပျူငှာနေနိုင်မှာလဲ? ဒါကြောင့် ခင်ဗျားထက် နည်းနည်းမြင့်နေဖို့ လိုတာပေါ့။”

မဟာမှော်ပညာရှင် ကမ်မီလာက နှာမှုတ်လေ၏၊ “ကျုပ်က တစ်နှစ်ကို ရွှေဒင်္ဂါးတစ်ပြားပဲရတာ၊ ခင်ဗျားသာ တစ်နှစ် ရွှေဒင်္ဂါးနှစ်ပြားလိုချင်တာကတော့ ခင်ဗျားကိစ္စပဲ။”

“ခင်ဗျား ဒါနဲ့ ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ? မမေ့နဲ့ ခင်ဗျား မှော်သုတေသနဌာနကို ဝင်တုန်းက Frestech ကုန်သည်ကြီးများအသင်းကနေ ခင်ဗျားရဲ့ တစ်နှစ်ကို ရွှေဒင်္ဂါး တစ်သောင်းဆိုတဲ့ ဧရာမလစာကို ကြေညာခဲ့တယ်လေ။ အဲ့ အချိန်တုန်းက ကျုပ် ဂရုမစိုက်ခဲ့ဘူးထင်လို့လား?”

“ဒါက တခြားလူတွေကို လှည့်ဖျားဖို့ အတွက်ပါပဲ၊ ဘာပဲဖြစ်ဖြစ် ကျုပ်က တစ်နှစ် ရွှေဒင်္ဂါးတစ်ပြားပဲရ‌တာ ခင်ဗျား ယုံယုံ မယုံယုံ။”

“မယုံပါဘူး ရှုယီ၊ မင်း ဘာပြောမလဲ?”

မဟာမှော်ပညာရှင်နှစ်ဦးက တစ်ဦးနှင့်တစ်ဦး ငြင်းခုံနေကြသည်ကို ကြည့်ရင်း ရှုယီမှာ ခါးသက်သက်ပြုံး၍ လက်ယမ်းလိုက်သည်။ နှစ်ဦးသားကို ရပ်တန့်စေပြီးနောက် သူက မဟာမှော်ပညာရှင်တယ်လုချီ၏ လစာကို မဟာမှော်ပညာရှင် ကမ်မီလာ အရှေ့၌ ဆုံးဖြတ်လိုက်၏။

မဟာမှော်ပညာရှင်တယ်လုချီက အားကောင်းသည့် မဟာမှော်ပညာရှင်ဖြစ်လေရာ Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်ချိန်တွင် ထိပ်တန်းအဆင့် သုတေသနပညာရှင်ဖြစ်လာနိုင်ပြီး မဟာမှော်ပညာရှင် ကမ်မီလာကဲ့သို့ တူညီသည့်လစာနှင့် ဆက်ဆံမှုရမည်သာ။

သူ၏ လစာအား တစ်နှစ်လျှင် ရွှေဒင်္ဂါးတစ်သောင်း သတ်မှတ်လိုက်၏။ အခြားအပြုအစုများအတွက် အခမဲ့ဗီလာ၊ အဝတ်အစားများ၊ အစားအသောက်၊ ဆေးဝါးလိုအပ်မှုများအား ဖြည့်ဆည်းပေးမည်ဖြစ်ကာ သူ၏ မိသားစုကလည်း အခမဲ့ အလည်အပတ်သွားရမည်ဖြစ်သလို..... အခြားအကျိုးအမြတ်တချို့လည်းပါဝင်သည်။

မဟာမှော်ပညာရှင်တယ်လုချီမှာ ယခင်က မဟာမှော်ပညာရှင် ကမ်မီလာထက် အနည်းငယ် ပိုကောင်း‌အောင် လုပ်ဆောင်ခဲ့သော်လည်း တစ်နှစ်လျှင် ရွှေဒင်္ဂါး ငါးထောင်ဝန်းကျင်သာ ရရှိခဲ့သည်။

မဟာမှော်ပညာရှင် ကမ်မီလာက တစ်နှစ် ရွှေဒင်္ဂါးတစ်သောင်းရသည်ဟု ကြားချိန်တွင် မယုံကြည်ခဲ့ချေ။ သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းအား လုပ်ငန်းစုလေးတစ်ခုအဖြစ်သာ ခံစားရရာ မည်သို့များ မှော်ပညာရှင်တစ်ဦးထံ တစ်နှစ် ရွှေဒင်္ဂါးတစ်သောင်း လစာပေးနိုင်မည်နည်း?

ယခုတွင် ရှုယီက သူ၏ ကတိကို ဖြည့်ဆည်းပြီး ကာရက်စ်ခါကျွန်း၏ ဘဝအခြေအနေများကို အမှန်တကယ်ပြောင်းလဲခဲ့ခြင်းကြောင့် သူလည်း Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနပညာရှင်တစ်ဦးဖြစ်လာရန် သဘောတူလိုက်သည်၊ သို့သော် တစ်နှစ် ရွှေဒင်္ဂါးတစ်သောင်း တကယ်ရမည်ဟု မထင်ထားခဲ့ပေ။ ထို့အပြင် သူ့အား အံ့ဩသွားစေသည်မှာ ယခင်က မကြားဖူးခဲ့သည့် အခြားအကျိုးခံစားခွင့်မျိုးစုံရှိနေခြင်းဖြစ်သည်။

၎င်းအကျိုးခံစားခွင့်အားလုံးကို ရေတွက်ကြည့်လိုက်လျှင် သူ့အနေနှင့် အနည်းဆုံး တစ်နှစ်လျှင် ရွှေဒင်္ဂါးနှစ်ထောင်ကျော်သာ သုံးခြင်းနှင့် ညီမျှ၏။

၎င်းက Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးရင်း တစ်နှစ် ရွှေဒင်္ဂါး တစ်သောင်းနှစ်ထောင်ရသလိုပါပင်!

ဤအဆုံးသတ်နှင့် မဟာမှော်ပညာရှင်တယ်လုချီ၏ တုံ့ဆိုင်းမှုများမှာ လုံးဝပျောက်ကွယ်သွားပြီး မေးခွန်းတစ်ခုသာကျန်ရစ်ခဲ့၏။

“ရှုယီ အခုနက ကာရက်စ်ခါကျွန်း ဒေသခံတွေရဲ့ နေထိုင်မှုအခြေအနေကို တိုးမြှင့်မယ်လို့ ပြောတော့၊ မင်းရဲ့ အစီအစဉ်က ဘာများလဲ?” မဟာမှော်ပညာရှင်တယ်လုချီက အလေးအနက်ဟန်ဖြင့် မေးလိုက်သည်၊ “ဒါကို ရှင်းရှင်းလင်းလင်းမပြောရင် မှော်သုတေသနဌာနထဲဝင်လိုက်ရင်တောင် ငါ မနေနိုင်လောက်ဘူး။”

ရှုယီမှာ မပြုံးမိဘဲ မနေနိုင်ချေ။

မဟာမှော်ပညာရှင်တစ်ဦးက တကယ်ကို မဟာမှော်ပညာရှင်တစ်ဦးပင်၊ သူဟာ မည်သည့်ကြောက်ရွံ့မှုမှမရှိဘဲ သူ့ကို ထိုသို့ဆိုနိုင်၏။

“ခိုင်လုံတဲ့အစီစဉ်က နည်းနည်းတော့ ကြာမယ်ဆိုပေမယ့် ကျုပ်တို့......”

ရှုယီမှာ မဟာမှော်ပညာရှင်တယ်လုချီအား ဆွေးနွေးရန် ပင်လယ်ဘေးက သူ၏ အိမ်တော်သို့ ဖိတ်ခေါ်လိုက်မည်အပြုတွင် ရုတ်တရတ် သူ၏ အပေါ်မှ တဝီဝီမြည်သံကို ကြားလိုက်ရသည်။

မော့ကြည့်လိုက်သော် ရှုယီမှာ ရွှင်မြူးစွာ ပြုံးလိုက်လေ၏။

“အချိန်ကိုက်ပဲ၊ ကျွန်တော်လိုအပ်နေတဲ့ အစီရင်ခံစာ ပြန်လာပြီ။ မဟာမှော်ပညာရှင်ကြီး ဒီအစီရင်ခံစာနဲ့ဆိုရင် ကျွန်တော့်ရဲ့ အစီစဉ်ကို ရှင်းပြလို့ရတယ်။ ကျွန်တော့်ရဲ့ အစီစဉ်ကိုကြားတာနဲ့ မဟာမှော်ပညာရှင်ကြီး သေချာပေါက် စိတ်တိုင်းကျသွားမယ်လို့ အာမခံပါတယ်။”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၃၇။ အဖိုးတန်မဟာဗျူဟာရှိသည့် ကျွန်း

အားလုံး မော့ကြည့်လိုက်ရာ ကောင်းကင်မှနေ၍ အနက်ရောင်အစက်လေး ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။ ၎င်းက မြေပြင်ထက်ရှိ ဆိပ်ခံတံတားကို ဖုံးလွှမ်းနေသည့် အရိပ်ကြီးတစ်ခုကို ဖန်တီးလိုက်ပါ၏။

မဟာမှော်ပညာရှင်တယ်လုချီလည်း ၎င်းကို ကြည့်၍ တအံ့တဩ မေးလာသည်၊ “ဒါက ဘာများလဲ?”

ရှုယီက အပြုံးဖြင့်ဆိုသည်၊ “တစ်ချက်ကြည့်လိုက်တာနဲ့ သိပါလိမ့်မယ်။”

ထိုသို့ပြောပြီးနောက် ရှုယီမှာ မဟာမှော်ပညာရှင်တယ်လုချီကို ဖိတ်ကြားလိုက်သည်။ သူက မိမိကိုယ်ပေါ်တွင် လေစွမ်းအားထိန်းချုပ်ခြင်းမန္တာန်ကိုသုံးကာ ကုန်းမြင့်ထက် ပျံသန်းသွားတော့၏။

မဟာမှော်ပညာရှင်တယ်လုချီထံ၌ စူးစမ်းလိုပုံရှိနေသော်ငြား သူလည်း တစ်ချက်ကြည့်ရန် ပျံသွားလိုက်သည်။

၎င်းတို့အကြား အားအနည်းဆုံးမှာ ဆဌမအဆင့်မှော်ပညာရှင်ဖြစ်သည့် စတေးလ်သာဖြစ်ရာ သဘာဝကျကျပင် သူမဘာသာ ပျံလိုက်နိုင်သည်။ ၎င်းတို့အားလုံး ပျံတက်သွားပြီး တစ်အောင့်ကြာသည့်နောက် ကောင်းကင်ယံရှိ ထူးထူးဆန်းဆန်း 'တိမ်နက်'လေးက ကုန်းမြင့်ဆီ ပျံသန်းလာရင်း ရှုယီ အိမ်တော်အပြင်ဘက်ရှိ ဟင်းလင်းပြင်ထံ ဆင်းသက်လာခဲ့သည်။

အနှေးဆုံးဖြစ်သည့် စတေးလ် ဆင်းသက်လာချိန်မှာ ကောင်းကင်ရှိ 'တိမ်နက်'လေးလည်း ဆင်းသက်လာသည်ပင်။

၎င်း ဆင်းသက်လိုက်ချိန်တွင် လူတိုင်းကြည့်လိုက်ရာ အနှီ 'တိမ်နက်'လေးက မီတာသုံးဆယ် ရှည်လျားကာ ဆယ်မီတာ ကျယ်ဝန်းသည့် သင်္ဘောအဝိုင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။

“ဒါက..... မှော် လေသင်္ဘောလား?”

မဟာမှော်ပညာရှင်တယ်လုချီက သိလိုစွာဖြင့် ထိုမှော်လေသင်္ဘောထံ သွားလိုက်ပြီး မျက်နှာထက်၌ ချီးကျူးလိုဟန် ဖုံးလွှမ်းသွားသည်။

“ကမ်မီလာ အရင်က မင်းတို့လုပ်ငန်းစုက လက်ရှိမှာ လူတွေ စီးနိုင်တဲ့ မှော်လေသင်္ဘောတီထွင်နေတယ်လို့ ပြောခဲ့ပေမယ့် သူပြောတုန်းက ခုနစ်မီတာပဲကျယ်ပြီး လူတစ်ယောက်ပဲ ဆန့်နိုင်တယ်လို့ပြောတယ်။ ဒါပေမယ့် အခု ဒီသင်္ဘောကျတော့.... အနည်းဆုံး လူဆယ်ယောက်ကနေ အယောက်နှစ်ဆယ်အထိ ဆန့်နိုင်မယ်လို့ထင်တယ်။”

“လက်ရှိ လူဦးရေ အကန့်အသတ်က ဆယ့်ရှစ်ယောက်ပါ၊ နှစ်ဆယ်တော့ မရောက်သေးဘူး။” ရှုယီက အသာပြုံးကာ ရှင်းပြသည်။

“ဒါက အတော်ကို အံ့မခန်း ဖြစ်နေဆဲပါပဲ။” မဟာမှော်ပညာရှင်တယ်လုချီက မနေနိုင်ဘဲ တအံ့တဩဆိုလာသည်၊ “လူဆယ့်ရှစ်ဦး ပျမ်းမျှ လူတိုင်းက ဆယ့်ငါးပေါင်ရှိရင် အနည်းဆုံး တစ်တန်နီးနီးပဲ။ ကောင်းကင်ပေါ်ကို ပစ္စည်း တစ်တန်စာ သယ်သွားနိုင်ပြီး ဒီလောက် မြန်မြန်ပျံနိုင်ဖို့က တကယ်ကို အံ့အားသင့်စရာပဲ!”

ရှုယီက ရယ်မောလိုက်သည်၊ တစ်တန်အောက်အလေးချိန်နှင့် လေသင်္ဘောကပင် မဟာမှော်ပညာရှင်တယ်လုချီကို ဤမျှ အံ့ဩသွားစေဖို့ လုံလောက်သည်။ သူသာ ကမ္ဘာမြေရှိ ဧရာမကုန်တင်လေယာဉ်ကြီးများကိုမြင်နိုင်ပါလျှင် ထိတ်လန့်မှုကြောင့် မေ့သွားမည်မဟုတ်ပါလား?

မှော်လေသင်္ဘောက ရုတ်တရတ် အသံဖျော့ဖျော့ပေးကာ လူနှစ်ဦးဆံ့ တံခါးက ပွင့်လာရင်း အထဲမှ အာကာလီထွက်လာ၏။

“ဥက္ကဌ ကျွန်မတို့ ပြန်လာပြီ!” အာကာလီက ရှုယီကို လက်ဝေ့ယမ်းပြသည်။ ထို့နောက် အခြားလူများကို ကြည့်လိုက်ရာ စတေးလ်ကို တွေ့ချိန်တွင် စတေးလ်၏လက်ကိုကိုင်ရန် ရှေ့တိုးလာပြီး စိတ်လှုပ်တရှား ခါယမ်းလိုက်ပါ၏။

“စတေးလ် နင် ငါတို့နဲ့အတူ မှော်လေသင်္ဘောပေါ် လိုက်လာသင့်တာ၊ တကယ်ကို စိတ်လှုပ်ရှားစရာကြီး! ငါ့အနေနဲ့ အရမ်းမြင့်တဲ့နေရာကနေ ငုံ့ကြည့်နိုင်မယ်လို့ ထင်မထားခဲ့ဖူးဘူး၊ အရမ်းကို တည်ငြိမ်နေပြီးတော့လေ တကယ်ကို အံ့မခန်းပဲ!”

စတေးလ်က သူမကိုကြည့်လိုက်ကာ၊ “နင် ကောင်းကင်မှာ ပျံဖို့ ပျံသန်းခြင်းမှော်ပညာသုံးလို့ရတာပဲ၊ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ?”

“ဒါက မတူဘူးလေ။” အာကာလီက ခေါင်းခါ၏၊ “နင်လည်း ပျံသန်းခြင်းမှော်ပညာနဲ့ ကောင်းကင်မှာ ပျံနိုင်ပေမယ့်လည်း နင်အမြင့်ဆုံးသွားနိုင်တာက..... ဆယ်ထပ်တိုက်ထပ် မပိုဘူးလေ။ ဒါက နှစ်မီတာ ပတ်လည်လောက်ပဲရှိတယ်၊ သုံးဆယ်မီတာထက်မပိုဘူး။ ဒါပေမယ့် မှော်လေသင်္ဘောထဲမှာ ထိုင်ရင်း မီတာရာချီ ပျံသန်းနိုင်တာလေ! ပြောပြလိုက်မယ်၊ မီတာဒါဇင်ချီကနေ ငုံ့ကြည့်ရတာနဲ့ မီတာရာချီကာနေ ငုံ့ကြည့်ရတာက လုံးဝကို မတူတဲ့ အရာတွေ‌ပဲ!”

“ဒါပေါ့ မသိဘူးမလား? မီတာရာချီကနေ ငုံ့ကြည့်တဲ့အချိန်မှာ မြေပြင်ပေါ်က လူတွေက ပုရွက်ဆိတ်လေးတွေကို သေးသေးလေးတွေမို့ လုံးဝရှင်းရှင်းလင်းလင်း မမြင်ရဘူး! ငါ ငုံ့ကြည့်တော့ ရုတ်တရတ် ဧရာမလူကြီးဖြစ်လာသလိုခံစားရတယ်!”

အာကာလီ၏ စကားလုံးများက ပုံကြီးချဲ့နေပါလျှင်တောင် ဤသည်က သူမအနေနှင့် တစ်ခုခုကြောင့် ထိုမျှ စိတ်လှုပ်ရှားနေသည်ကို မြင်ရသော စတေးလ်၏ ပထမ‌ဆုံး အကြိမ်ဖြစ်ရာ သူမလည်း အနည်းငယ် စိတ်ဝင်စားလာသည်။

“ကောင်းပြီလေ၊ နောက်တစ်ခေါက် မှော်လေသင်္ဘောထွက်ရင် ငါလည်း တစ်ခေါက် စမ်းကြည့်မယ်။ ရှုယီ အဆင်ပြေတယ်မဟုတ်လား?”

ရှုယီက ပခုံးတွန့်သည်၊ “ကိုယ့်ကို မမေးသင့်ဘူး၊ အီဗီတာကို မေးသင့်တယ်။ ပြောရရင် သူမက မှော်လေသင်္ဘောစီမံကိန်းရဲ့ တာဝန်ရှိသူ‌ဆိုတော့ ကျွမ်းကျင်တာကြောင့် သူမမှာ ပြောဖို့ အခွင့်အရေးအများစုရှိတယ်။ သူမက မင်းကို သွားခွင့်ပြုရင်တော့ ကိုယ့်မှာ ဘာကန့်ကွက်စရာမှ မရှိပါဘူး။”

အီဗီတာက ယခုမှ မှော်လေသင်္ဘောထဲမှ ထွက်လာပြီး ရှုယီက သူမထံ ပြဿနာ‌ပစ်ပေးလာသည်ကိုမြင်သော် အသာပြုံးရင်း ခေါင်းငြိမ့်လိုက်သည်၊ “ပြဿနာ မရှိပါဘူး။ စမ်းသပ်မှုတွေအားလုံးလုပ်ထားတော့ မှော်လေသင်္ဘောက အတိုင်းအတာတစ်ခုထိ လုံခြုံမှုရှိတာ သေချာတယ်။ ပြီးတော့လည်း စတေးလ်က မှော်ပညာရှင်ဆိုတော့ တစ်ခုခုဖြစ်လာရင်တောင် ဘာမှ ဖြစ်မှာမဟုတ်ဘူးလေ။”

စတေးလ်က ရှုယီကို ကြည့်လိုက်ရာ ရှုယီက ခေါင်းငြိမ့်သည်၊ “ကောင်းပြီလေ အီဗီတာက သဘောတူလိုက်မှတော့ ကိုယ် မကန့်ကွက်ပါဘူး။”

အနှီမှော်လေသင်္ဘောစီးခြင်း၏ ခံစားချက်ကို ဆွေးနွေးနေကြသည့် စတေးလ်နှင့် အာကာလီကို လျစ်လျူရှုရင်း ရှုယီက အီဗီတာ၏ ဘေးသို့ ရောက်လာက အသံတိုးတိုးဖြင့်မေးလိုက်သည်၊ “ပြီးသွားပြီလား?”

အီဗီတာက ခေါင်းငြိမ့်၍ ရင်ဘတ်ထဲမှ သားရေလိပ်ထူထူတစ်ခုထုတ်ကာ ရှုယီကို ပေးလိုက်၏။

ရှုယီမှာ ယူလိုက်ချိန်၌ မဖွင့်ဘဲ မှော်လေသင်္ဘောကိုကြည့်နေသည့် မဟာမှော်ပညာရှင်တယ်လုချီကို ခေါ်ကာ အဖွဲ့အား အိမ်ထဲ ဝင်ဖို့ စုစည်းလိုက်သည်။

အားလုံးက အိမ်တော်၏ အတွင်းအကျဆုံး အခန်းထဲရောက်လာပြီး ရှုယီက အီဗီတာပေးခဲ့သည့် သားရေလိပ်ကို ဖွင့်၍ အခန်းထဲရှိ စားပွဲထက် ဖြန့်ချလိုက်သည်။

ဤသားရေလိပ်မှာ လိပ်ထားစဉ်က ထိုမျှ မသေးသော်လည်း ဖွင့်လိုက်ချိန်တွင် နှစ်မီတာကျော်ရှည်၍ တစ်မီတာသာကျယ်သည်။

မျက်နှာပြင်ထက်၌ မျဉ်းများအညွှန်းစာများ အစုံအလင်ရှိနေပြီး မဟာမှော်ပညာရှင်တယ်လုချီ အသေအချာကြည့်လိုက်သော် ရုတ်တရတ် အံ့ဩသွားပါ၏။

“ဒါက.... ကြည့်ရတာ ဘေးပတ်ဝန်းကျင် ဧရိယာ မြေပုံဖြစ်ရမယ်?”

“ဟုတ်ပါတယ်” ရှုယီက အပြုံးဖြင့် ခေါင်းငြိမ့်ပြီးနောက် သားရေလိပ်ကို ထိလိုက်သည်၊ “ကြည့်ပါဦး၊ ဒါက ကာရက်စ်ခါကျွန်းလေ။ အင်း.... ကြည့်ရတာ ပင်လယ်ထဲ မှော်လှေစီးပြီး ကြည့်ချိန်တုန်းက အတော်ဝေးပုံပေါ်ပေမယ့် ဒီမြေပုံအရတော့ အဲ့လောက် မဝေးဘူးပဲ။ အီဗီတာ ခင်ဗျား ဒီမြေပုံကို လုပ်ဖို့ သုံးတဲ့ အတိုင်းအတာက ဘယ်လောက်များလဲ?”

“ငါးသိန်းပုံထဲက တစ်ပုံလောက် ဖြစ်မယ်။”

“ငါးသိန်းပုံထဲက တစ်ပုံ? ကြည့်ပါရစေဦး.... ဒီလိုဆိုရင် ဒီနေရာနဲ့ ကာရက်စ်ခါကျွန်းကြား အကွာအဝေးက တစ်ရာကီလိုမီတာထက် မပိုလောက်ဘူးပေါ့။” ရှုယီက စဉ်းစားပြီးနောက် ခေါင်းငြိမ့်သည်၊ “ကောင်းတယ်၊ ဒီကိုရောက်ဖို့ မှော်လှေတွေနဲ့ နှစ်နာရီကြာတော့ အဲ့လောက်အကွာအဝေးဖြစ်သင့်တယ်။”

မဟာမှော်ပညာရှင်တယ်လုချီက ထိုမြေပုံကိုကြည့်ပြီးနောက် ရှုယီကို ရှုပ်ထွေးစွာ ကြည့်လာသည်။

“ရှုယီ ဒီမြေပုံကို ဘယ်လိုရခဲ့တာလဲ? ပြီးတော့..... ဒီလို အသေးစိတ်ကျတဲ့မြေပုံကို ဘယ်လိုလုပ်ခဲ့တာများလဲ? ဒါ့အပြင် စတက်တိန်း နယ်မြေတစ်ခုလုံး၊ ဆန်နက်မြေရိုင်းတောင်ပိုင်းနဲ့ စခ်တိုင်းပြည်ရဲ့ ကမ်းရိုးတန်းကနေ မြောက်ဘက်အထိတောင် ပါသေးတယ်။ တကယ်ကို ထူးဆန်းလွန်းတယ်။”

“ဘယ်လိုရခဲ့တာလဲတဲ့လား? ကျွန်တော် အီဗီတာကို ကောင်းကင်ကနေ မှော်လေသင်္ဘောကိုသုံးပြီးဆွဲခိုင်းလိုက်တာ။ မဟုတ်ရင် မြေပုံတစ်ခုက ဒီလိုအသေးစိတ်ကျမယ်ထင်လို့လား? ပြီးတော့လည်း ဒီလိုစံပြုထားတဲ့ အရွယ်အစားလည်းရှိသေးတယ်လေ?” ရှုယီက ပုံမှန်လို ပြန်မေးလိုက်၏။

“အင်း.... ဒါက တကယ်ကို အရမ်းအသေးစိတ်ကျတယ် စံပြုအရွယ်အစားကတော့.... တကယ်ကို အတော်ကောင်းမွန်တာပဲ။ အနီးဝန်းကျင်ဧရိယာတွေအတွက် အနည်းဆုံး ကောင်းကင်ကနေ မြင်ရသလိုပေါ့။” နံဘေးမှ မြေပုံကို ဂရုတစိုက်ကြည့်နေခဲ့သည့် မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းငြိမ့်ရင်း ချီးကျူးလာသည်။

ရှုယီက ရယ်မောကာ၊ “ဒါက ကောင်းကင်ကနေ မြင်နိုင်တာထက်ပိုတိကျ‌တယ် ဘာလို့ဆို ပျံနေချိန်မှာ အဲ့လောက်မြင့်မြင့်မရောက်နိုင်သလို အချိန်အားတိုင်း ကောင်းကင်မှာ အဲ့လောက်ကြာကြာနေလို့မရလို့လေ၊ ဟုတ်တယ်မလား?”

“အမှန်ပဲ။” မဟာမှော်ပညာရှင်ကမ်မီလာက မငြင်းပေ၊ “မင်းသာ မြင့်မြင့်ပျံရင် ပိုမြင့်မြင့်မြင်ရ‌တာပေါ့။ ဒီမှော်လေသင်္ဘောတွေက ကောင်းကင်မှာ မီတာရာချီပျံနိုင်တော့ ငါ့လို မဟာမှော်ပညာရှင်တစ်ဦးတောင် တစ်ရာမီတာပတ်လည်ပဲ ရောက်နိုင်တာလေ။ ငါ့ထက်ပိုပြီး မြင်နိုင်မှာပေါ့.....”

အာကာလီ၏ ပျံသန်းခြင်းအာရုံအကြောင်း ဖော်ပြနေသည်ကိုကြားစဉ်က မဟာမှော်ပညာရှင်တယ်လုချီမှာ တစ်ဝပ်သာယုံကြည်ခဲ့၏။ ယခုတွင် မဟာမှော်ပညာရှင်ကမ်မီလာက အတည်ပြုလိုက်ရာ မဟာမှော်ပညာရှင်တယ်လုချီမှာ ပို၍ အံ့ဩနေရ၏။

ဤသည်က မှော်စက်တစ်မျိုးသာဖြစ်သော်လည်း မဟာမှော်ပညာရှင်တစ်ဦးထက်ပင် ပိုမြင့်မြင့်ပျံသန်းနိုင်ရာ သူ၏ အမြင်များကို တကယ်ဖြိုဖျက်နေသလိုပင်။

အရေးအကြီးဆုံးမှာ ဤမှော်လေသင်္ဘောက လုံးဝ နှေးကွေးမနေခြင်းဖြစ်သည်။

၎င်းက မှော်ပညာရှင်မဟုတ်သည့် လူများကို ကောင်းကင်ထံ ခေါ်ဆောင်သွားနိုင်သော အချက်ကို ထည့်ပေါင်းလိုက်သော် မှော်ပညာရှင်ထက်ပင် ပို၍အသုံးဝင်သွားသေးသည်။

“မဟာမှော်ပညာရှင်တယ်လုချီ ဒီကိုကြည့်ပါဦး ဒါက ကာရက်စ်ခါကျွန်း ပဲ။ ကာရက်စ်ခါကျွန်းရဲ့ အနေအထားက သော့ချက်ဆိုတာ မဟာမှော်ပညာရှင်ကြီး သတိပြုမိလား?” ရှုယီ၏ မေးခွန်းက မဟာမှော်ပညာရှင်တယ်လုချီကို အံ့ဩနေမှုမှ ပြန်ဆွဲထုတ်လိုက်သည်။

“အင်? ဘာလို့ သော့ချက်ဖြစ်ရတာလဲ?” မဟာမှော်ပညာရှင်တယ်လုချီက မြေပုံကို ခဏကြာကြည့်လိုက်သော်လည်း မည်သည်ကိုမှ မမြင်နိုင်ချေ။

သူဟာ ကာရက်စ်ခါကျွန်း၌ ကြီးပြင်းလာခဲ့ပြီး ယခင်က ဤကျွန်း၌ ရှိသည့် မည်သို့သော သော့ချက်ကိုမှ မတွေ့ခဲ့ဖူးချေ။

“ဒါကိုကြည့်ပါ....” ရှုယီက သူ၏ ညာလက်ဖြင့် ညွှန်ပြကာ ပထမဦးဆုံး မြေပုံထက်ရှိ ကာရက်စ်ခါကျွန်း ၏ နေရာကို ညွှန်ပြလာပြီးနောက် ကမ်းရိုးတန်းရှိ အမှတ်အ‌နည်းငယ်ကို ညွှန်ပြလေ၏၊ “ကြည့်ပါဦး အရင်ဆုံး ကာရက်စ်ခါကျွန်းက ကျွန်တော်တို့ဆီကနေ ကီလိုမီတာ တစ်ရာအောက် ဝေးတယ်။ ဒီတော့ ဒီနေရာကိုကြည့်လိုက်မယ်ဆိုရင် ကာရက်စ်ခါကျွန်းက ဆန်နက်မြေရိုင်းနဲ့ ပိုပြီးတောင်နီးတာကို တွေ့ရလိမ့်မယ်၊ ကီလိုမီတာ တစ်ရာတောင် မဝေးဘူး.....”

“နေဦး” မဟာမှော်ပညာရှင်တယ်လုချီက လက်ထောင်ကာ ရှုယီကို ဖြတ်ပြောသည်၊ “ကာရက်စ်ခါကျွန်းက ဒီနေရာနဲ့ နီးတဲ့အကြောင်းပြောတာတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် ဘာလို့ ဆန်နက်မြေရိုင်းကို ထည့်ပြောရတာလဲ? အဲ့မှာ အဓိပ္ပာယ်တစ်ခုခုရှိလို့လား?”

ရှုယီက အသာပြုံးသည်။ သူက ဆန်နက်မြေရိုင်းရှိ ကာရက်စ်ခါကျွန်းနှင့် အနီးဆုံး ကမ်းရိုးတန်းကို ညွှန်ပြလာပြီး ဆိုသည်၊ “ကျွန်တော်တို့သာ ဒီမှာ ဆိပ်ကမ်းတစ်ခု တည်ဆောက်ရင် အဓိပ္ပာယ်တစ်ခုခုရှိမယ်လို့ထင်လား?”

မဟာမှော်ပညာရှင်တယ်လုချီက ရှုယီ ညွှန်ပြသည့်နေရာကို ကြည့်လိုက်ကာ မျက်လုံးများတောက်ပလာပြီးနောက်မှ ပြန်မှိန်သွားသည်။

“ဒါက လက်တွေ့မကျဘူး။ ကျွန်းတစ်ခု တကယ်ရှိရင် ကာရက်စ်ခါကျွန်းအ‌တွက် ထင်ရှားမှုကြီးဖြစ်လာမယ်‌ဆိုပေမယ့်လည်း ဆန်နက်မြေရိုင်း‌ရှိနေပြီး အရက်စက်ဆုံးသားရဲလူမျိုးတွေရဲ့ နေရပ်နဲ့ နီးကပ်နေတယ်။ အဲ့မှာ ဆိပ်ကမ်းတစ်ခု ဆောက်ဖို့က အခြေခံအရ မဖြစ်နိုင်ဘူး။”

“မဖြစ်နိုင်တာ မရှိပါဘူး။” ရှုယီက အသာပြုံးကာ ပြောသည်။ “တကယ်တော့ ကျွန်တော်က ဒီပြဿနာကို ဖြေရှင်းပြီးသား။ အားလုံး ချောချောမွေ့မွေ့ ဖြစ်နေသရွေ့ အနှေးနဲ့အမြန် အကြီးမားဆုံးပြဿနာဖြစ်တဲ့ သားရဲလူမျိုးတွေကို တာဝန်ယူပြီး ဒီဆိပ်ကမ်းကို ချောချောမွေ့မွေ့ တည်ထောင်နိုင်တယ်။”

မဟာမှော်ပညာရှင်တယ်လုချီက မျက်မှောင်ကုပ်သည်၊ “ငါတို့တွေ စစ်ပွဲတစ်ခု ဆင်နွှဲဖို့ မလိုဘူးမလား? သားရဲလူမျိုးတွေက အတော်သန်မာပြီး ဆန်နက်မြေရိုင်းရဲ့ အနက်ပိုင်းမှာရှိတာဆိုတော့ သူတို့ကို ရှင်းဖို့က အရမ်းခက်မှာပဲ။ ဒါက ကာရက်စ်ခါကျွန်း အတွက်ဆိုရင်..... ငါဖြစ်နေရင်တောင် ဒါကို ထိုက်တန်တယ်လို့ထင်မှာမဟုတ်ဘူး။ တခြားနည်းလမ်းကိုစဉ်းစားဖို့ ပိုကောင်းတယ်။”

“မဟုတ်ပါဘူး မဟာမှော်ပညာရှင်ကြီး။ ကျွန်တော်က ဒါကို ကာရက်စ်ခါကျွန်း သူကျွန်းသားတွေရဲ့ ဘဝအခြေနေတိုးတက်ဖို့အတွက်ချည်းသပ်သပ်ပဲ လုပ်တာမဟုတ်ဘူး၊ တခြားအရေးကြီး အကြောင်းရင်းတစ်ခုရှိတယ်။ ဒါပေမယ့် လက်ရှိ ကျွန်တော့်အတွက် ဒါကို လုပ်ဖို့ အရေးကြီးဆုံးအကြောင်းအရင်းက ကာရက်စ်ခါကျွန်းရဲ့ အားကောင်းတဲ့ ဗျူဟာအရေးပါမှုအတွက်ပဲ။”

“ဗျူဟာအရေးပါမှု?” မဟာမှော်ပညာရှင်တယ်လုချီက ရှုယီကို တအံ့တဩကြည့်လာသည်။

ကာရက်စ်ခါကျွန်း၌ မွေးဖွားခဲ့သည့် သူ့လိုလူတစ်ဦးအတွက် ကြားဖူးခဲ့သည့် သုံးသပ်ချက်အားလုံးမှာ အနုတ်သဘောသာဆောင်သည်။ ယခုက တစ်စုံတဦးမှ ၎င်းကို 'ဗျူဟာအရေးပါမှု'နှင့် ၎င်းကိုချိတ်ဆက်ပြလာသည့် ပထမဆုံးအကြိမ်ပါပင်။

ဒီရှုယီက.... တကယ်အတည်ကြီးပြောနေတာလား?

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၃၈။ တော်လှန်သူများ

မဟာမှော်ပညာရှင် တယ်လုချီမှာ စတက်တိန်းနယ်မြေမှ ထွက်သွားချိန်တွင် အင်မတန် စိတ်ကျေနပ်နေသည်။

သူဟာ‌ မှော်သုတေသနဌာနသို့ ဝင်ရောက်ခဲ့ပါသော်လည်း လမ်ပူရီတိုင်းပြည်၏ မဟာမှော်ပညာရှင်ငါးဦးအနက် တစ်ဦးအနေနှင့် သူ၏ လုပ်ရပ်များအား လူတိုင်းက အာရုံစိုက်လာလျှင် လုပ်ဆောင်လိုသည်ကို လုပ်ဆောင်၍ မရနိုင်ချေ။

မှော်သုတေသနဌာနသို့ ဝင်ရောက်ခြင်းက ကိစ္စများစွာကို လွှမ်းမိုးလိမ့်မည်ဖြစ်ရာ သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းထဲ မဝင်ရောက်နိုင်ခင် ထိုအရာများကို ဂရုစိုက်ရန် လမ်ပူရီတိုင်းပြည်သို့ ပြန်ရမည်ဖြစ်၏။

စဉ်းစားရမည့် အရာများစွာရှိနေသဖြင့် ရှုယီက သူ့အား မဟာမှော်ပညာရှင်နှင့် ထပ်တူဖြစ်စေရန် မစီစဉ်ထားချေ။ ရှုယီမှာ သူ့အား စတက်တိန်းနယ်မြေသို့ ပြောင်းရွှေ့မလာစေချင်ဘဲ လမ်ပူရီတိုင်းပြည်၌သာ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးစေချင်၏။

ရှုယီမှာ မဟာမှော်ပညာရှင် တယ်လုချီ တစ်ဦးနှင့်သာ သက်ဆိုင်သည့် သုတေသနဌာနတစ်ခု တည်ထောင်ဖို့ပင် အဆိုပြုခဲ့သည်၊ ထိုသို့ဖြင့် သူဟာ အန်ဗီမာမြို့တော်၌ နေနိုင်ပြီး ပြောင်းရွှေ့ဖို့ပင် လိုအပ်လိမ့်မည်မဟုတ်တော့ပေ။

သို့သော် ၎င်းအား မဟာမှော်ပညာရှင် တယ်လုချီက ငြင်းဆိုခဲ့ပါ၏။

အကြောင်းမှာ မဟာမှော်ပညာရှင် တယ်လုချီအတွက် Frestech ကုန်သည်ကြီးများအသင်းကို ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကတည်းက အပြင်ပန်းသာ မလုပ်ဆောင်လို၍ဖြစ်သည်။ သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းအတွက် အမှန်တကယ် အလုပ်လုပ်သင့်ပြီး ထောက်ကူမှုများ ပြုလုပ်ရမည်။

ထို့ကြောင့် ၎င်းကို ဆွေးနွေးပြီးနောက်တွင် မဟာမှော်ပညာရှင် တယ်လုချီမှာ မိုးကျတောင်ကြားရှိ မှော်သုတေသနဌာနခွဲသို့ ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်ကာ ထိုနေရာ၌ သော့ချက်သုတေသနပညာရှင်ဖြစ်လာမည်ပင်။

ကာရက်စ်ခါကျွန်း အပေါ်ထားသည့် မဟာမှော်ပညာရှင် တယ်လုချီ၏ အာရုံစိုက်မှုကြောင့် ဝင်ရောက်ပြီးနောက် ရယူခဲ့သည့် သုတေသနစီမံကိန်းမှာ မှော်လှေဖြစ်လေသည်။

ရှုယီထံမှ ပို့ဆောင်ရေးလုပ်နိုင်စွမ်းမှာ တန်တစ်သောင်းကျော်ကြောင်း ကြားလိုက်ရချိန်တွင် မဟာမှော်ပညာရှင် တယ်လုချီမှာ မှော်လှေများအပေါ် စိတ်အားထက်သန်မှု ပြည့်နှက်သွားသည်။ သူက တမုဟုတ်ချင်းပင် ယခင်က မှော်လှေများကို အင်မတန်စိတ်ဝင်စားခဲ့သည့် မဟာမှော်ပညာရှင်ကမ်မီလာကို ကျော်လွန်သွားတော့၏။

ကာရက်စ်ခါကျွန်းအတွက် ရှုယီပေးအပ်ခဲ့သည့် ဖွံ့ဖြိုးရေးစီမံကိန်းကို မဟာမှော်ပညာရှင် တယ်လုချီက ခွင့်ပြုချက် ပေးခဲ့ပါ၏။ သူဟာ Frestech ကုန်သည်ကြီးများအသင်းထဲ ဝင်ရောက်ရာတွင် ပို၍ပင် ပြတ်သားနေတော့သည်။

မဟာမှော်ပညာရှင် တယ်လုချီအား လိုက်ပို့ပြီး သိပ်မကြာခင်တွင် ကုန်းမြင့်ထက်ရှိ ရှုယီ၏ အိမ်တော်သို့ ရောက်လာသည့် အခြားဧည့်သည် ရှိနေလေသည်။

၎င်းမှာ အချိန်တစ်ခုအထိ မမြင်တွေ့ခဲ့ရသော အန်ကလိုဖြစ်ပေ၏။

ဧည့်ကြိုခန်း၌ အန်ကလိုကို တွေ့သောအခါ ရှုယီမှာ အန်ကလိုက သူနှင့် နောက်ဆုံးတစ်ခေါက် တွေ့စဉ်ကနှင့်စာလျှင် များစွာ ပြောင်းလဲသွားကြောင်း တွေ့ခဲ့ရသည်။

သူ၏အသားအရေက ပို၍ ညိုမှောင်ထူထဲလာရုံသာမက သူသည်လည်း များစွာ ပိန်ကျသွားပြီး ကိုယ်ခန္ဓာတည်ဆောက်ပုံက အတော်အတန် ပြောင်းလဲသွားပေ၏။ သူ၏ဘေးပတ်လည်ရှိ ပေါ်ထွက်နေသော အရှိန်အဝါကလည်း အင်မတန် သိသိသာသာပြောင်းလဲသွားသည်ပင်။

ယခင် အန်ကလိုက သူ့အတွက် ထက်မြဟန်ရှိပြီး လူများအား သူ၏ မျက်လုံးထဲရှိ လူရည်လည်မှုကို မြင်စေနိုင်ကာ ဤလူက ရိုးရှင်းသည့်လူတစ်ဦးမဟုတ်ကြောင်း နားလည်နိုင်သည်။

ထို့အပြင် ထိုစဉ်က အန်ကလို၌ ရည်မှန်းချက်များ အပြည့်ရှိခဲ့လေသည်။ သူဟာ ပန်းတိုင်အတွက် အလုပ်ကြိုးစားကာ အမြဲတမ်း စိတ်အားထက်သန်နေသည်။

သိူ့ရာတွင် လက်ရှိ အန်ကလိုက ရုတ်တရတ် အင်မတန်တည်ငြိမ်လာပြီး လုံးဝ စူးရှထက်မြဟန်ရှိမနေချေ။

သူ့အားကြည့်ရင်း လူများက သူ၏ ဖြစ်တညှ်မှုကို လျစ်လျူရှု၍ သူ၏အရည်အချင်းများအား မြင်နိုင်မည်မဟုတ်လောက်။

သို့သော် ရှုယီ သူ့အား အသေအချာကြည့်လိုက်သည့်နောက် အမူအရာ၌ဖြစ်စေ အရှိန်အဝါ၌ဖြစ်စေ လက်ရှိ အန်ကလိုက ယခင်ကထက်ပို၍ များစွာပိုမိုနက်နဲလာသည်။ သူဟာ ပို၍လေးနက်လာခြင်းကြောင့် မည်သူကမှ မည်သို့သော အထင်သေးခြင်းကိုမှ မပြဝံ့သည်လည်း ဖြစ်နိုင်သည်။

ရှုယီအား ပို၍ အံ့ဩစေသည်မှာ သူရှေ့တိုးသွားချိန်၌ သူ့ထံမှ သွေးနံ့ဖျော့ဖျော့ရလိုက်ခြင်းပင်။ ၎င်းက လူများအား သူ့ထံရှိ အန္တရာယ်အငွေ့အသက်ကို ခံစားမိစေ၏။

သို့သော် ၎င်းက ရှုယီစိတ်ထဲ၌ တစ်စက္ကန့်မျှသာကြာပြီးနောက် တည်ငြိမ်သွားသည်။

မည်သူဖြစ်ဖြစ် အန်ကလိုကဲ့သို့ တစ်နှစ်လောက် တူညီသည့် အခြေအနေကို ကြုံတွေ့ရပါက သူပြောင်းလဲသလို ပြောင်းလဲသွားမည်သာ။

ထိုသို့စဉ်းစားရင်း ရှုယီလည်း ပြုံး၍ လဇ် ပြင်ဆင်ပေးထားသည့် ဝိုင်ကို သယ်သွားလိုက်၏။

“ဘယ်လိုလဲ? တစ်ယောက်နဲ့ တစ်ယောက် မတွေ့တာ တစ်နှစ်လောက်ကြာပြီးတော့ အဆင်ပြေနေခဲ့ရဲ့လား?”

အန်ကလိုက ဝိုင်ကိုယူကာ အသာပြုံးလိုက်ရင်း မျက်နှာထက်ရှိ လေးနက်နေဟန်က အနည်းငယ် ပြေလျော့သွားသည်။

“အဆင်ပြေပါသေးတယ်၊ အနည်းဆုံးတော့ အရာအားလုံးက ကျုပ်ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ။”

“ဒီလိုလား? ကောင်းပါတယ်လေ။” ရှုယီက ခေါင်းငြိမ့်ကာ ဝိုင်တစ်ငုံသောက်လိုက်ပြီးနောက် တိတ်ဆိတ်သွားသည်။

သူ စကားမပြောသလို အန်ကလိုလည်း စကားမဆိုချေ။ နှစ်ဦးသားက တိတ်တဆိတ် ဝိုင်သာသောက်နေကြ၏။

ဝိုင်ပုလင်းလိုက် လက်စသတ်ပြီးချိန်တွင် ရှုယီက မည်သည်ကိုမှ မဆိုသည်ကို မြင်သော် အန်ကလိုက မနေနိုင်တော့ဘဲ မေး‌လာသည်၊ “ဥက္ကဌရှု ကျုပ်အထင်..... ဒီတစ်ခေါက် ကျုပ်လာရတဲ့ အကြောင်းအရင်းကို ခင်ဗျား သိလောက်မှာပါ။”

ရှုယီက ဝိုင်ကိုချ၍ ခေါင်းတစ်ချက် ငြိမ့်ပြလိုက်ပါ၏။

“လက်နက်တွေထပ်လိုချင်လို့လား?”

“ဟုတ်တယ်”

“လက်နက်တွေထပ်ပေးဖို့က ပြဿနာမရှိပါဘူး၊ ဒါပေမယ့် အန်ကလို.....” ရှုယီက ခေတ္တရပ်တန့်ပြီးနောက် မျက်မှောင်ကုပ်ကာ ဆက်ပြောသည်၊ “အရင်တစ်ခေါက် ခင်ဗျား ကျုပ်တို့လုပ်ငန်းစုဆီကနေ လက်နက်တွေဝယ်တော့ စုစုပေါင်း ရွှေဒင်္ဂါး သုံးသိန်းခြောက်သောင်းကို မပေးချေရသေးဘူး။ ကျုပ်သာ ခင်ဗျားကို ဆက်ထောက်ပံ့ပေးနေရင်..... လုပ်ငန်းစုထဲက တခြားလူတွေကို ကျုပ် ဘာမှ ပြောနိုင်မှာ မဟုတ်တော့ဘူး။”

အန်ကလိုက ရှုယီ ၎င်းကို ဆွဲပြောလာမည်အား မျှော်မှန်းထားပါသဖြင့် အံ့ဩမသွားချေ။ သူက ခေါင်းငြိမ့်ကာ ပြောလိုက်သည်၊ “အင်း ကျုပ်နားလည်ပါတယ်၊ ဒါပေမယ့် ဥက္ကရှု ဒါက ခင်ဗျားအတွက် ရင်းနှီးမြှုပ်နှံမှု တစ်ခုပဲမဟုတ်လား? ရလာဒ်တွေကိုသုံးသပ်ရရင် ခင်ဗျားရဲ့ရင်းနှီးမြှုပ်နှံမှုတွေက အရမ်းအောင်မြင်ခဲ့တာ‌ပဲ။ အနည်းဆုံးတော့ ဒါက ခင်ဗျား ဒီမှာ ထိုင်ပြီး ကျုပ်နဲ့အတူ ဝိုင်ဘယ်လိုသောက်တယ်ဆိုတာကနေ သက်သေပြနေတယ်လေ။”

“အင်း ကျုပ်လက်ခံပါတယ်” ရှုယီက ခေါင်းငြိမ့်ကာဆိုသည်၊ “ဒါပေမယ့် ကျုပ်အနေနဲ့ ခင်ဗျားမပါလည်း ဒါကို ရယူနိုင်ဆဲပါပဲ၊ ပိုကောင်းတဲ့ရလာဒ်တွေတောင်ရနိုင်သေးတယ်။ ပြီးတော့ ကျုပ်တို့ လုပ်ငန်းစုက ဒီကိုရောက်လာဖို့ ပြဿနာတွေမကြုံဘဲမနေခဲ့ရဘူး၊ ဒီတော့ ကျုပ်ကိုပြောပါ ခင်ဗျားဆီမှာ ဆက်ပြီးရင်းနှီးမြှုပ်နှံဖို့ အကျိုးအမြတ်တွေရော ရှိရဲ့လား?”

“ဒါပေါ့!” အန်ကလိုက သူ၏ ရင်ဘတ်ကို ပုတ်ကာ ယုံကြည်ချက်ရှိရှိပြောလေသည်၊ “ကျုပ်က နယ်မြေရဲ့ တခြားအရှင်သခင်တွေနဲ့ ခြားနားတာကြောင့်၊ ကျုပ်သာ ဒီနယ်မြေရဲ့ အရှင်သခင်ဖြစ်လာသရွေ့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းပြီး ကျုပ်တို့ စတက်တိန်းနယ်မြေမှာ မှော်စက်မှုနယ်ပယ်ကို အရေးအပါဆုံးနယ်ပယ်ဖြစ်လာစေဖို့ ကျုပ်ရဲ့အာဏာအလုံးစုံကိုသုံးမှာပါ! ကျုပ်ကလွဲရင် ဒီလိုလုပ်မယ့်လူ ဘယ်သူမှမရှိဘူး။ ခင်ဗျားတို့ရဲ့ လမ်ပူရီတိုင်းပြည်က ဘုရင်ကြီးတောင်မှပေါ့!”

အန်ကလိုက လမ်ပူရီတိုင်းပြည်၏ ဘုရင်ကြီးအကြောင်း ထုတ်ပြောလာသည်ကို ကြားသော် ရှုယီမှာ ခါးသက်သက် မပြုံးလိုက်မိဘဲ မနေနိုင်ချေ။

“ဟုတ်ပါပြီ ခင်ဗျားရဲ့ စကားက ကျိုးကြောင်း အရမ်းဆီလျော်တာကိုတော့ ဝန်ခံပါတယ်၊ ဒါပေမယ့် အန်ကလို, ခင်ဗျားက ဗစ်ကောင့်ထ်လေးတစ်ယောက်ပဲဖြစ်ပြီး ခင်ဗျားရဲ့နယ်မြေကလည်း ကျုပ်တို့ Frestech ဦးပိုင်မြေလောက်တောင် မကြီးတာကို ကျုပ်က ဘယ်လိုလုပ် ခင်ဗျားက ဒီနယ်မြေရဲ့ အုပ်ချုပ်သူဖြစ်လာမယ်လို့ ယုံကြည်နိုင်မှာလဲ?”

“ခင်ဗျား ကျုပ်ကို ထောက်ပံ့ပြီး လက်နက်အလုံအလောက်ပေးနေသရွေ့ ဒါက အချက်အလက်ဖြစ်လာမယ်လို့ အာမခံနိုင်ပါတယ်!” အန်ကလိုက အထင်အမြင်သေးဟန်ဖြင့် အေးစက်စက်ရယ်လာသည်၊ “နယ်မြေအရှင်သခင်တွေရဲ့ ဦးနှောက်ထဲမှာ အဆီပဲရှိတယ်၊ သူတို့ရဲ့ စစ်တပ်တွေက သိုးအုပ်လေးတစ်အုပ်ပါပဲ ဘယ်လိုလုပ် သူတို့ကျုပ်ကို တားနိုင်မှာလဲ?”

“အမ်း..... ဒါကိုလက်ခံပါတယ်။ ခင်ဗျား ဒီနှစ်နဲ့တင် အရှင်သခင် အကြီးစားအသေးစား ဆယ်ယောက်ထက်ပိုပြီး တိုက်ခိုက်ခဲ့သလို အမြဲလည်း အနိုင်ရတော့ ဒီတိုက်ပွဲအင်အားက တကယ်ကို ထိတ်လန့်ဖွယ်ရာပါပဲ” ရှုယီက ခေါင်းငြိမ့်၍ ချီးကျူးလာသည်။

“ဒီတော့ ခင်ဗျား ကျုပ်ကို ဆက်ထောက်ပံ့နေသရွေ့ ခင်ဗျား ရလာဒ်ကို ခန့်မှန်းနေဖို့တောင် လိုမှာမဟုတ်ဘူး။”

ရှုယီက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းငြိမ့်လာသည်၊ “ကောင်းပြီလေ ရိုးရိုးသားသားပြောရရင် ခင်ဗျားကို လာတွေ့ချိန်မှာ ဆုံးဖြတ်ပြီးသားပါ။ ကျုပ် ခင်ဗျားကို ဆက်ထောက်ပံ့နိုင်ပါတယ်၊ ဒါပေမယ့် အန်ကလို, ကျုပ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ ဘာမှပြန်ရတာကို မတွေ့ရတာက အဓိပ္ပာယ်မရှိဘူး၊ ခင်ဗျား ဒါကို နားလည်လောက်မှာပါ။”

အန်ကလိုက ပြုံးကာ ရှုယီအတွက် စာရွက်ထူထူတစ်ထပ် ထုတ်ပေးလာသည်။

ရှုယီ ကြည့်လိုက်သော် ၎င်းတို့က သံသတ္တုတွင်း နှစ်တွင်းနှင့် မှော်သလင်းကျောက်တွင်း လေးတွင်းတို့၏ စာချုပ်များဖြစ်ကြောင်းတွေ့လိုက်ရကာ ၎င်းတို့ကို ရမည်မှာ သူ၏ Frestech ကုန်သည်ကြီးများအသင်းဖြစ်ပါ၏။

“မိုင်းတွင်း‌ ခြောက်တွင်း‌? ဒါက အတော်များတာပဲ။” ရှုယီက ထိုစာချုပ်များကို လှမ်းယူ၍ အန်ကလိုကိုကြည့်ကာ အသာပြုံး၍ပြောလိုက်သည်၊ “ကျုပ်ရဲ့ မှတ်ဉာဏ်သာမမှားရင် ဒီမိုင်းတွင်းခြောက်တွင်းကို ခင်ဗျား ထိန်းချုပ်တာ မဟုတ်ဘူးလေ၊ ဒီတော့ ဘယ်လိုများ ကျုပ်တို့ လုပ်ငန်းစုကို ပေးနိုင်တာလဲ?”

“သူတို့ကို အခု ကျုပ် မထိန်းချုပ်ထားပေမယ့် အနာဂတ်မှာတော့ ဖြစ်မလာနိုင်တဲ့ အဓိပ္ပာယ်မဟုတ်ဘူးလေ။ “ အန်ကလိုက အသာပြုံးသည်၊ “ဥက္ကဌရှုက ကျုပ်ရဲ့ တောင်းဆိုမှုကို သဘော‌တူနေသရွေ့ ကျုပ်လည်း နောက်နှစ်တစ်ဝက်ကျရင် ဒီစာချုပ်ခြောက်ခုမှာ တဖြည်းဖြည်း သက်ရောက်မှုရှိလာရမယ်လို့ အာမခံတယ်။”

“အိုး? ဒီလိုလား?” ရှုယီလည်း စာချုပ်ခြောက်ခုကိုကြည့်ပြီးနောက် ဖြည်းဖြည်းချင်းခေါင်းငြိမ့်လိုက်သည်၊ “ကောင်းပြီလေ သဘောတူတယ်။”

အန်ကလိုက ချက်ချင်း ရယ်မောလာကာ၊ “ဟုတ်ပြီ ဥက္ကဌရှုက အမျှော်အမြင်ရှိတဲ့လူဆိုတာ ကျုပ်သိပါတယ်၊ ခင်ဗျားက တကယ်ကို တည့်တိုးဆန်တာပဲ။ ဒါ‌ဆို စည်းမျဉ်းဟောင်းတွေအရ ကျုပ် မနက်ဖြန် ကုန်စည်တွေစုဆောင်းဖို့ လူတွေလွှတ်လိုက်ပါ့မယ်။ ဒါ့အပြင်..... ဥက္ကဌရှု ခင်ဗျား စစ်ဘက်သုံးမှော်စက်အသစ်တချို့ ထုတ်လုပ်နေတယ်လို့ ကျုပ်ကြားထားတယ်?”

ရှုယီက ခေါင်းခါ၍ သာမန်ကာလျှံကာ ပြောလိုက်၏၊ “မှတ်ချက်မရှိ”

အန်ကလိုက ရှုယီကို ခဏတာကြည့်ပြီးနောက် ရုတ်တရတ် ပြုံးလိုက်သည်။

“ကောင်းပြီလေ ဒါဆို ဒီတိုင်းပဲ ထားလိုက်ကြတာပေါ့။ ဥက္ကဌရှုသာ ရှေ့လျှောက် ကျုပ်နဲ့ ဆွေးနွေးချင်ရင် ကျုပ်လည်း နားထောင်ဖို့ ဝမ်းသာမိမှာပါ။”

အန်ကလိုက ထရပ်လိုက်ပြီးနောက် ထိုသို့ပြောကာ ရှုယီကို ဦးညွတ်ပြီး ထွက်သွား၏။

ရှုယီလည်း သူ့အား ဆက်မထား‌လိုသော်ငြား တံခါးဆီရောက်သွားချိန်၌ ရုတ်တရတ် ပြောလိုက်သည်၊ “အန်ကလို, ကျုပ်ကြားထားတယ်..... နယ်မြေ တောင်ပိုင်းမှာ ခင်ဗျားကို သစ္စာဖောက်လို့ ခေါ်တဲ့လူတွေ အများကြီးရှိတယ်ဆို?”

အန်ကလိုက တုန်ယင်သွားကာ ခေတ္တမျှ ရပ်တန့်နေပြီးနောက် လှည့်လာသည်။ သူ၏ မျက်နှာက ရေသေကဲ့သို့ တည်ငြိမ်နေကာ အေးစက်စက်နှာမှုတ်၍ ဆိုလာ၏၊ “သူတို့က အနိုင်ယူခံလိုက်ရပြီးတော့ အူနေတဲ့ ခွေးတွေသာသာပါပဲ၊ အာရုံစိုက်ဖို့ မလိုပါဘူး။”

“အိုး? ဒီလိုလား?”

အန်ကလိုမှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ရုတ်တရတ် သက်ပြင်းချလျက် အသံတိုးတိုးဖြင့် ပြောလာသည်၊ “လူအတော်များများက ကျုပ်ကို ဒီလိုခေါ်ကောင်း ခေါ်နိုင်လောက်ပေမယ့် ဒီနိုင်ငံရဲ့ လူဘယ်နှယောက်ကများ ဒီနေရာကို နိုင်ငံတစ်နိုင်ငံလို့ သတ်မှတ်ကြလို့လဲ? စတက်တိန်းနယ်မြေလား? ဟ.... ဒီလိုနယ်မြေလို့ ခေါ်တာမျိုး ရှိဖူးလို့လား?”

အန်ကလို မျက်နှာထက်ရှိ ခါးသက်သက်ဟန်ကိုမြင်ပြီး ယခင်က အန်ကလို ပြသခဲ့သည့် ဝမ်းနည်းမှုကို စဉ်းစားမိသော် ရှုယီလည်း စိတ်ထဲသက်ပြင်းချလိုက်သော်ငြား သူ့အား နှစ်သိမ့်ပေးမည့် မည်သည်ကိုမှ မလုပ်လိုက်ပါချေ။

“ကောင်းပြီလေ၊ ကျုပ်က သစ္စာဖောက်ဆိုလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် နိုင်ငံက လူအများစုကို ဖိနှိပ်နေတဲ့ အမှိုက်ကောင်တွေနဲ့ယှဉ်ရင် သူတို့ကို လွှင့်ပစ်ပြီး နည်းလမ်းအသစ်နဲ့ စတင်တာကမှ ပိုကောင်းမယ်။ ကျုပ်အနေနဲ့ ဒီနိုင်ငံကလူတွေကို ဘဝအစစ်အမှန်နဲ့ နေဖို့ ကူညီနိုင်နေသရွေ့ စော်ကားမှုနည်းနည်းလေးကို ဘာအတွက် ထည့်တွက်နေတော့မှာလဲ?”

အန်ကလိုက အိမ်တော်အပြင်ဘက် ညအမှောင်ထဲ ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ရှုယီမှာ ခေါင်းခါကာ သက်ပြင်းချပါ၏။

အန်ကလိုကဲ့သို့ လူမျိုးမှာ ကမ္ဘာမြေ၌ အကြိမ်များစွာ ထွက်ပေါ်လာခဲ့ဖူးပြီး ၎င်းတို့အား အချိန်အများစုတွင် တော်လှန်သူများဟု ခေါ်ဆိုပြသည်။

စိုင်စ်နယ်မြေကြီးတွင် ရှုယီ၏ သမိုင်းကြောင်း နားလည်မှုအရ သူဟာ ပထမဆုံးဖြစ်ပါ၏။

ကမ္ဘာမြေ၌ တော်လှန်သူများအတွက် ရလာဒ်အကောင်းအဆိုးရှိသော်ငြား အန်ကလိုအတွက် ဆိုလျှင်ရော?

ရှုယီမှာ အကောင်းမမြင်နိုင်ပါချေ။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၃၉။ အမြန်နှုန်းစုံ ပြိုင်ဘီး

ယခုတွင် ဆောင်းဦးရာသီရောက်လာပြီဖြစ်ရာ နှစ်စဉ်စက်ဘီးပြိုင်ပွဲ အချိန်ကျလာပြီဖြစ်၏။

အဘိုး ဆာခိုဇီက ခပ်စောစောထွက်လာကာ လွန်ခဲ့သည့် တစ်နှစ်အကြာက ဝယ်ယူထားခဲ့သည့် Frestech တံဆိပ် အမျိုးသားစတိုင် နှစ်ဆယ့်ရှစ်စက်ဘီးကို စီးလာသည်။ သူက မက်ဆီလန်ရွာမှ ထွက်ခွာလာပြီး မိုးကျလမ်းထဲ ဆင်းသွားသည်။

သူ့လိုပင် စက်ဘီးစီးရန် စောစောနိုးလာသူများစွာရှိပါ၏။ ၎င်းတို့ ရွာမှ ထွက်ခွာချိန်တွင် အဘိုး ဆာခိုဇီ ပတ်လည်တွင်စုဝေးကာ လေးဆယ်ကီလိုမီတာအဝေးက ပြိုင်ပွဲအစဖြစ်ရာ ဘန်တာမြို့သို့ ဦးတည်လိုက်ကြသည်။

မက်ဆီလန်ရွာမှာ ၎င်းတို့နောက်၌ ပို၍ သေး‌ကျန်ခဲ့ပြီး တစ်ချိန်လုံး အဘိုး ဆာခိုဇီ၏ ဘေးမှ စီးနင်းလာသည့် ဆမ်က မနေနိုင်ဘဲ ပြောလာသည်၊ “ဟေး အဘိုး တကယ်ကြီး ဒီပျက်စီးနေတဲ့နှစ်ဆယ့်ရှစ်စတိုင်စက်ဘီးလေးနဲ့ စက်ဘီးပြိုင်ပွဲထဲ ဝင်ဖို့ စီစဉ်ထားတာလား?”

အဘိုး ဆာခိုဇီက သူနှင့် အနည်းငယ်သာ ဆက်နွယ်နေသည့် အနှီလူငယ်မျိုးဆက်လေးကိုကြည့်ကာ အေးစက်စက်နှာမှုတ်လိုက်ပါ၏၊ “ဘာလဲ? ဒါက မကောင်းလို့လား?”

“ကောင်းပါတယ်..... ဒါပေမယ့် ဒီစက်ဘီးလေးနဲ့တင်..... လုံးဝ မြန်မြန်စီးလို့မရဘူးလေ၊ ဘယ်ပြိုင်ပွဲမှာ ဝင်ပါမှာမို့လဲ?” ဆမ်က မျက်မှောင်ကုပ်ကာ ဆိုလာသည်။

အဘိုး ဆာခိုဇီက အပြုံးဖြင့် ဆိုသည်၊ “ဟေး ငါက မင်းတို့ လူငယ်တွေလို နိုင်အောင်လုပ်နေတာ မဟုတ်ဘူးကွ။ လေ့ကျင့်ခန်းလုပ်ချင်ရုံပဲ၊ နိုင်သည်ဖြစ်စေ မနိုင်သည်ဖြစ်စေ ဂရုမစိုက်ဘူး၊ အဆုံးထိလုပ်နိုင်ရင် တော်ကာ ကျပြီ။”

“အိုး..... ဒီလိုကိုး။” ဆမ်က ခေါင်းငြိမ့်သည်၊ “ဒါပေမယ့် လေ့ကျင့်ချင်ရင် ဒီလိုအရမ်းလေးတဲ့ နှစ်ဆယ့်ရှစ်မော်ဒယ်စက်ဘီးကို စီးဖို့မလိုပါဘူး။ ကြည့်ဦး ကျွန်တော်ဟာက ဘယ်လောက်ပေါ့လိုက်လဲ၊ အရမ်းပေါ့တော့ စီးရလွယ်တယ်။”

သူကိုယ်တိုင် သက်သေပြရန် ဆမ်က ခြေနင်းများထက် နင်းချကာ အဘိုး ဆာခိုဇီထံမှ အဝေးကို သွားလိုက်သည်။

အဘိုး ဆာခိုဇီလည်း အပြုံးဖြင့် ခေါင်းခါလိုက်ပါ၏။ အရှိန်လျှော့လိုက်သည့် ဆမ်ကို မှီလာချိန်တွင် သူက အောက်ဘက်မှ စက်ဘီးကို ကြည့်လိုက်သော် ထိုစက်ဘီးမှာ Frestech ကုန်သည်ကြီးများအသင်း အမှတ်အသား(logo)မရှိနေကြောင်း တွေ့လိုက်ရသည်။

“ဒါပေါ့ ဒီစက်ဘီးက အန်ဂထ်ကုန်သည်ကြီးများအသင်းကနေ အသစ်ထုတ်လုပ်ထားတဲ့ဘီးလေ။ အန်ဂထ်ကုန်သည်ကြီးများအသင်းက စက်ဘီးတွေကို အထူးပြုထားတာဆိုတော့ ကျွန်တော်စီးနေတဲ့ဘီးကို ဒီပြိုင်ပွဲအတွက် တကူးတကလုပ်ထားတာပဲ။ သူတို့က Frestechတံဆိပ်ထက် ဆယ်ပေါင်လောက်ပိုပေါ့စေမယ့် အရမ်းပေါ့တဲ့သတ္တုစပ်အသစ်ကိုသုံးထားတာလေ။ ပြီးတော့ ပုံစံကိုလည်း ပိုကောင်းအောင်လုပ်ထားတော့ Frestech တံဆိပ်ထက် စီးရပိုလွယ်ပြီး အတော်လည်း ပိုမြန်တယ်။”

ဆမ်က သူ၏နောက်သို့ ဝင့်ကြွားစွာ ညွှန်ပြလာသည်။

“ကြည့်လိုက် ကျွန်တော်တို့ရွာမှာ အန်ဂထ် တံဆိပ်နဲ့ လူအတော်များတယ်၊ ဒါတွေအားလုံးက ဒီနှစ်ရဲ့ စက်ဘီးပြိုင်ပွဲအတွက်ပဲ။

အဘိုး ဆာခိုဇီက နောက်ကို ကြည့်လိုက်ရာ သူ၏နောက်ရှိ အုပ်စုထဲတွင် လက်ထောင်ပြလာသည့် မက်ဆီလန်ရွာမှ လူငယ်ဆယ်ဦးကို တွေ့လိုက်ရပါ၏။

၎င်းတို့ အောက်ကိုကြည့်လိုက်ချိန်တွင် ၎င်းတို့စီးနင်းနေကြသည့် စက်ဘီးများထံ၌ ဆမ်အောက်မှ စက်ဘီးနှင့် အမှတ်အသားတူရှိနေပြီး အားလုံး အန်ဂထ်ကုန်သည်ကြီးများအသင်းထံမှ ဖြစ်သည်ကို တွေ့ရလေသည်။

အဘိုး ဆာခိုဇီမှာ မျက်မှောင်မကုပ်မိဘဲ မနေနိုင်တော့ချေ၊ “အန်ဂထ်တံဆိပ်က Frestech တံဆိပ်ထက် ပိုကောင်းနေလို့လား? ငါတော့ မယုံဘူး။”

ဆမ်က ရယ်မောကာ၊ “အဘိုး နောက်ကျကျန်နေခဲ့ပြီ။ Frestech ကုန်သည်ကြီးများအသင်းက အကောင်းဆုံးမှော်စက်လုပ်ငန်းစုဆိုပေမယ့် သူတို့ ထုတ်လုပ်တဲ့ မှော်စက်အားလုံး အကောင်းဆုံးဖြစ်နေတာတော့မဟုတ်ဘူး။ ကြည့်လေ ဒီစက်ဘီးက အကြီးမားဆုံး ဥပမာပဲ။”

ဆမ်က စက်ဘီးစီးနေချိန်၌ မည်မျှ အေးဆေးပုံပေါ်နေသည်ကိုကြည့်ရင်း အဘိုး ဆာခိုဇီမှာ ငြင်းဆန်လိုက်ချင်သော်လည်း မည်သို့ လုပ်ရမည်မှန်းမသိချေ။

တစ်နေ့နေ့တွင် အခြားမှော်စက်လုပ်ငန်းများက Frestech ကုန်သည်ကြီးများအသင်းကို ကျော်လွန်သွားရန် စိတ်ကူးကြည့်၍ပင် မရဟုသာ ထင်မိရုံဖြစ်သည်။ ဤနှစ်များအတွင်း ဘန်တာမြို့သားများကို Frestech ကုန်သည်ကြီးများအသင်းက နက်ရှိုင်းစွာ လွှမ်းမိုးထားပါ၏။ လူတိုင်းမှာ မှော်စက်များကိုဆိုရသော် Frestech ကုန်သည်ကြီးများအသင်းက အကြွင်းမဲ့ ဦးဆောင်နေခြင်းအား ကျင့်သားရနေပြီဖြစ်သည်။

လူတိုင်း၏ စိတ်နှလုံးထဲတွင် Frestech တံဆိပ် မှော်စက်များကသာ အကောင်းဆုံးဖြစ်၏။ အခြားလုပ်ငန်းစုများထံမှာ မှော်စက်များဟာ Frestech တံဆိပ်၏ အောက်ခြေ၌သာ ရှိသည်။

စက်ဘီးများအား မှော်စက်စစ်စစ်ဟု မယူဆနိုင်သော်လည်း Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို အလျင်ဦးစွာ ထုတ်လုပ်ခဲ့ခြင်းပင်။ ယခု အခြားလုပ်ငန်းစုများက ၎င်းတို့ကို ကျော်တက်သွားရာ အဘိုး ဆာခိုဇီအတွက် လက်ခံရန် ခက်ခဲလှ၏။

“ဘာက လက်ခံဖို့ ခက်ခဲတာလဲ?” ဆမ်ကဲ့သို့ လူငယ်တစ်ဦးက အဘိုး ဆာခိုဇီ၏ အတွေးများကို အထင်သေးနေ၏၊ “Frestech ကုန်သည်ကြီးများအသင်းက အားကောင်းပေမယ့် သူတို့အတွက် တခြားလုပ်ငန်းစုတွေဆီကနေ ကျော်တက်ခံရတာက ပုံမှန်ပဲလေ။ ပြီးတော့လည်း ဥက္ကဌရှုက တခြားလုပ်ငန်းစုတွေအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ကျော်တက်စေချင်တယ်လို့တောင် ပြောထားတာကို၊ အဘိုးက ဘာလို့ လက်မခံနိုင်ရတာလဲ?”

“အမှန်ပဲ၊ Frestech ကုန်သည်ကြီးများအသင်းက လများစွာအတွင်းမှာ လှုပ်ရှားမှုတစ်ခုတောင် မလုပ်ခဲ့ဘူးလေ။ ကျွန်တော့်အမြင်အရဆို Frestech ကုန်သည်ကြီးများအသင်းကို မကြာခင် ပိတ်လောက်တယ်။” နောက်ထပ် လူငယ်လေးကလည်း ထပ်ပေါင်းပြော၏။

“သူတို့ မပိတ်ပါဘူး၊ ဒါပေမယ့် လုပ်ငန်းစုအ‌သစ်တွေအားလုံးက အားကောင်းကြတယ်။ ပြီးတော့ သူတို့က Frestech ကုန်သည်ကြီးများအသင်းရဲ့ နည်းပညာကို ယူထားတာဆိုတော့ အနှေးနဲ့အမြန် ကျော်တက်သွားကြမှာပဲ လို့ထင်တယ်။”

“အင်း.... ဒါက တကယ်အတော်ကို ကောင်းပါတယ်။ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပစ္စည်းတွေက ကောင်းပေမယ့်လည်း ဈေးကြီးတယ်။ တခြားလုပ်ငန်းစုတွေက သူတို့ထက် ပိုကောင်းတဲ့မှော်စက်တွေကို လုပ်နိုင်ရင် Frestech တံဆိပ်က သူတို့ရဲ့ ဈေးနှုန်းကို လျှော့ချလိမ့်မယ်လို့ထင်တယ်။”

“ဟုတ်တယ် ဥက္ကဌရှုက ပြိုင်ဘက်တွေပိုပြီး ထွက်ပေါ်လာစေချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား? ပြီးတော့ ဒီအခြေအနေနဲ့ဆို ဥက္ကဌရှု သူ့ရဲ့ နည်းပညာကို လွှဲပြောင်းတာဟာ ကိုယ်တိုင် ပြိုင်ဘက်ကို ဖန်တီးတာပဲ မဟုတ်ဘူးလား? ငါသာဆိုရင် သူက သူ့ရဲ့ကိုယ်ပိုင် အကျိုးဆက်တွေကို ရိတ်သိမ်းခဲ့တာလို့ပဲ ပြောမှာ။”

“ဟုတ်တယ် ဥက္ကဌရှုက တကယ်ကို တုံးအတာပဲ၊ ဘာလို့ ဒီလိုလုပ်ရတာလဲ? သူသာ နည်းပညာကို မဖြန့်ပေးခဲ့ရင် Frestech ကုန်သည်ကြီးများအသင်းက ငွေတွေဆက်ရှာနိုင်နေဦးမှာပဲနော်!”

“သူက ဆန္ဒရှိတယ်ထင်လို့လား? ငါကြားတာတော့ ဒီတစ်ခေါက် ဘုရင်ကြီးက......”

“တော်တော့!” အဘိုး ဆာခိုဇီက ရုတ်တရတ် ဒေါသတကြီးအော်ကာ လူငယ်များ၏ ဆွေးနွေးမှုကို ဖြတ်တောက်လိုက်ပါ၏။

ဆမ်နှင့် အခြားလူများလည်း အံ့ဩသွားကြသည်။ အဘိုး ဆာခိုဇီ၏ မျက်နှာထက်ရှိ မှောင်မိုက်နေဟန်ကိုမြင်သော် ၎င်းတို့အားလုံး တိတ်ဆိတ်နေဖို့ သိလိုက်လေသည်။

“မင်းတို့ ဘာမှ မသိပါဘူး!” အဘိုး ဆာခိုဇီက ဆက်ကာ ဆူငေါက်လိုက်သည်၊ “အဲဒီ့လို အရေးကြီးပုဂ္ဂိုလ်တွေရဲ့ အတွေးတွေကို ဘယ်လိုများခန့်မှန်းနေနိုင်ရတာလဲ? ဥက္ကဌရှု တွန်းအားပေးခံရတာ ဟုတ်ဟုတ် မဟုတ်ဟုတ် ငါက Frestech ကုန်သည်ကြီးများအသင်းကို ဆက်ထောက်ခံနေမှာပဲ။ မင်းတို့အားလုံး ဒါကို စဉ်းစားကြည့်သင့်တယ်။ Frestech ကုန်သည်ကြီးများအသင်းသာ မရှိရင် မင်းတို့ ဒီလို အလုပ်ကောင်းကောင်းရနိုင်မယ်ထင်လို့လား? ဒီလို ဘဝကောင်းကောင်းနေနိုင်မယ်ထင်လို့လား? မင်းတို့က Frestech ကုန်သည်ကြီးများအသင်းကို မကောင်းဘူး၊ ဥက္ကဌရှုက တုံးအတယ်လို့တောင် ပြောရဲသေးတယ်? ငါပြောမယ် ဒါကို ထပ်ကြားရင် မင်းတို့မိဘတွေအစား ငါက မင်းတို့ကို သေလောက်အောင် ရိုက်ပစ်လိုက်မယ်!”

အဘိုးဆာခိုဇီက မက်ဆီလန်ရွာ၌ ဩဇာအနည်းငယ်ရှိလေပြီး ယခုတွင် ဘယ်ထရိုနှင့်အတူ ပို့ဆောင်ရေးလုပ်ငန်းစုတစ်ခု စတင်ပြီး ငွေအသင့်အတင့်ရနေပြီဖြစ်ရာ ၎င်းတို့မှာ လူငယ်အတော်များများ၏ စံပြများဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့အပေါ်၌ ဟန့်တားနိုင်စွမ်းရှိသည်။

ယခုတွင် သူက ၎င်းတို့အားပြန်လည် အပြစ်တင်နေရာ လူငယ်များမှာ နှုတ်ဆိတ်နေရုံသာတတ်နိုင်ပြီး ပြန်‌မပြောဝံ့ကြတော့ချေ။

သို့သော် ၎င်းတို့မှာ စိတ်ထဲ၌ မကျေနပ်ကြသေးချေ။

ဆမ်က မပီမပြင်ဆိုလာ၏၊ “Frestech ကုန်သည်ကြီးများအသင်းကို ကျေးဇူးတင်တာကတော့ ရပါတယ်၊ ဒါပေမယ့် ပစ္စည်းကောင်းက ပစ္စည်းကောင်းပဲလေ၊ ကျွန်တော်တို့ကို မဝယ်အောင် လုပ်လို့မှမရတာ ဟုတ်တယ်မလား?”

အဘိုး ဆာခိုဇီက ဆမ်အောက်မှ အန်ဂထ်တံဆိပ် စက်ဘီးကို အေးစက်စက်ကြည့်ပြီးနောက် အေးစက်စက်နှာမှုတ်လိုက်သည်၊ “မမေ့နဲ့၊ ဒီ အန်ဂထ်ကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းဆီကနေ လုယူထားတဲ့ နည်းပညာနဲ့ လုပ်ထားတာပဲလေ ဘာတွေ ဂုဏ်ယူနေတာလဲ?”

ဆမ်က ၎င်းကို မငြင်းဆန်နိုင်သလို ငြင်းဆန်ဖို့ မဝံ့ရဲသဖြင့် နာခံစွာသာ ပါးစပ်ပိတ်လိုက်သည်။

အနှီအဖွဲ့က တိတ်တဆိတ် နင်းနေသော်လည်း အတော်လေးမြန်ကြသည်။ ၂နာရီအောက်လေးအတွင်း ၎င်းတို့မှာ ဘန်တာမြို့အနောက်ဂိတ်သို့ ရောက်နေပြီဖြစ်၏။

ပြိုင်ပွဲတရားဝင်မစတင်ခင် တစ်နာရီအောက် လိုသေးသော်လည်း ဂိတ်အပြင်ဘက် နေရာ၌ လူများအပြည့်ဖြစ်နေပြီဖြစ်သည်။

သဘာဝကျကျပင် စက်ဘီး စီးနေကြသလို တွန်းနေသူများလည်းရှိသည်။

အဘိုး ဆာခိုဇီက ဝေ့ဝဲကြည့်လိုက်ရာ ပါဝင်ကြသည့် လူများစွာက အန်ဂထ်တံဆိပ် စက်ဘီးများ သုံးနေကြသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့အထဲ အခြားတံဆိပ်များ ရောပါနေသည်လည်း ရှိ၏။ ၎င်းက ယမန်နှစ်ကကဲ့သို့ မည်သည့်နေရာကိုကြည့်ကြည့် Frestech တံဆိပ်စက်ဘီးများရှိနေခြင်းနှင့် မတူချေ။

အဘိုး ဆာခိုဇီက ဝေ့ဝဲကြည့်နေသည်ကို ဆမ်မြင်သော် မရယ်မောမိဘဲ မနေနိုင်တော့ပေ။

အဘိုး ဆာခိုဇီက သူ့ကိုစိုက်ကြည့်လာသော်လည်း သူက တစ်ခုခုပြောရန်ကို အင်မတန် ပင်ပန်းနေပါ၏။

၎င်းတို့၏ အဖွဲ့ တစ်အောင့်ကြာစောင့်ဆိုင်းနေပြီးနောက် လူများစွာမှာ လမ်းဆုံရှိ စင်္ကြံနေရာမှ ရုတ်တရတ် ရောက်လာကြသည်။ ၎င်းမှာ တကယ်ကို Frestech ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဌ ဟိန့်ဇ်၊ စက်ဘီးဌာန၏ မန်နေဂျာဘရူးနှင့် ဆာခိုဇီ ထင်မြင်ချက် အနည်းငယ်ရှိထားသည့် လူငယ်တစ်ဦးဖြစ်သော်လည်း သူ၏ အမည်ကို မစဉ်းစားမိချေ။

ဟိန့်ဇ် စင်‌မြင့်ထက်တက်လာပြီးနောက် သူက စက်ဘီးပြိုင်ပွဲဆိုင်ရာ စည်းမျဉ်းသစ်များကို ကြေညာလိုက်ပြီးနောက် သူ၏နေရာသို့ ဘရူးကို လာစေလိုက်သည်။

ယခင်ပြိုင်ပွဲတစ်ခုစီ၏ အခမ်းအနားအရ Frestech ကုန်သည်ကြီးများအသင်း၏ စက်ဘီးဌာန မန်နေဂျာဘရူးမှာ မိန့်ခွန်း‌တိုလေးပြောရန် စင်မြင့်ထက်သို့လာရမည်ဖြစ်သည်။ သူက စက်ဘီးပြိုင်ပွဲ၏ အရေးပါမှုကို ပြောရမည်ဖြစ်သော်လည်း စက်ဘီးအရောင်းမြှင့်တင်ရာ၌ အကူအညီဖြစ်မည့် ကြေညာမှုများကိုပါ ဆိုလာမည်ဖြစ်သည်။

သို့ရာ၌ လူများ မမျှော်လင့်ထားသည်မှာ ဘရူးတက်လာပြီးနောက် ထိုအကြောင်းမပြောခဲ့ပေ။ သူက အားလုံးထံ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဤပြိုင်ပွဲကို အသုံးပြုကာ စက်ဘီးမော်ဒယ်အသစ် ထုတ်ပြမည်ဟုသာ ကြေညာလာ၏။

လူတိုင်းက ဟိန့်ဇ်နှင့် ဘရူးတို့နှင့်အတူ ထွက်လာသည့် လူငယ်လေးက စက်ဘီးမော်ဒယ်သစ်တစ်ခု ထုတ်ယူလာသည်ကိုမြင်သော် အံ့ဩသွားကြသည်။

“ဒါက ကျွန်တော်တို့လုပ်ငန်းစုရဲ့ အသစ်ထုတ် အမြန်နှုန်းစုံ စက်ဘီးပါ။ ကိုယ်ထည်က ပေါ့ပါးရုံတင်မကဘဲ စီးလို့လည်းလွယ်ပြီးတော့ လမ်းတွေကို ဖြတ်သန်းသွားလာဖို့အတွက် အထူးတာယာတွေပါရှိပါတယ်။ ဒီစက်ဘီးကို စီးနေတဲ့အချိန်မှာ လုံးဝ နောက်ကျကျန်နေခဲ့မှာမဟုတ်သလို ခပ်မြန်မြန်ပဲ မြန်နှုန်းအပြည့်ထိ ရောက်နိုင်ပါတယ်။ ဒီစက်ဘီးကို ဂီယာချိန်းစနစ်သစ်လည်း တပ်ဆင်ထားတာကြောင့်.....”

ဘရူးက နံဘေးရှိ လူငယ်ကို လက်ယမ်းပြလိုက်ရာ ထိုလူငယ်က အလွယ်လေးပင် စက်ဘီးကို မြှောက်လိုက်လေ၏။

၎င်းစက်ဘီးကို မြှောက်ရာ၌ မည်မျှ အေးဆေးနေသည်ကိုမြင်သော် လူတိုင်းမှာ အနှီဘီးက အင်မတန် ပေါ့ပါးကြောင်း နားလည်လိုက်သည်။

“အားလုံးပဲကြည့်ကြပါ ဂီယာအပြောင်းအလဲက အနောက်တာယာမှာရှိပြီး ထိန်းချုပ်ရမှာတွေက လက်ကိုင်တွေပေါ်မှာပါ။ အဆင်ပြေပြေချိန်ညှိမှုကနေတဆင့် ဘီးတွေဆီကို ပို့မယ့် အားပမာဏကိုထိန်းချုပ်နိုင်ပြီး အမြန်နှုန်းကို ချိန်ညှိလို့ရပါတယ်။ ဘယ်လို အဆင်ပြေပြေအသုံးပြုမယ်ဆိုတာက အားလုံးပဲ ဘယ်လိုစီးမလဲ ဆိုတာအပေါ် မူတည်နေမှာပါ။”

စင်အောက်ရှိလူများ အံ့ဩနေကြသည်ကိုမြင်သော် ဘရူးက ပြုံးကာ နောက်ထပ်သတင်းတစ်ခုကို ကြေညာလာပါ၏။

“ဒီ အမြန်နှုန်းစုံစက်ဘီးရဲ့ သရုပ်ကို ပြသဖို့အတွက် ကျွန်တော်တို့ ရွေးချယ်ထားတဲ့ ကစားသူကတော့ ဒီက အဲလက်စ် ဖြစ်ပါတယ်၊ သူက အားလုံးနဲ့အတူ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်မှာပါ။ သူ့ရဲ့ ရလာဒ်ကိုတော့ ပြိုင်ပွဲမှာ ထည့်တွက်မှာမဟုတ်ပါဘူး။ ဒီတော့ အားလုံးပဲ သူ ပထမနေရာ လုမှာကို စိတ်ပူဖို့မလိုပါဘူးဗျာ။ ဒါပေမယ့်..... ကျွန်တော်တို့ ဆုလာဘ် တစ်ခု ပေါင်းပေးမှာပါ။ အဲလက်စ်မရောက်ခင် ပန်းတိုင်ကို ရောက်တဲ့ ဘယ်သူမဆို ကျွန်တော်တို့ စက်ဘီးဌာနဆီကနေ အထူးဆု ရွှေဒင်္ဂါးတစ်ရာကို ရပါမယ်!”

စင်အောက်ဘက်၌ ရုတ်ရုတ်သဲသဲဖြစ်သွားလေ၏။

ထိုလူ မရောက်ခင် အပြီးသတ်နိုင်သရွေ့ ရွှေဒင်္ဂါးတစ်ရာ ရနိုင်မည်ဖြစ်လေသည်။ ဤသည်က လူတိုင်းအတွက် ကြီးမားသော ဖျားယောင်းမှုပါပင်။

အဘိုး ဆာခိုဇီက တူညီသည့်ရွာမှ လူငယ်လေးများကို ကြည့်လိုက်သော် ၎င်းတို့အားလုံးက ကြိုးစားကြည့်ရန် စိုင်းပြင်းနေကြောင်း တွေ့လိုက်ရသည်မှာ ပြိုင်ပွဲဝင်စိတ်ဓာတ်အပြည့်ဖြစ်နေသလိုပင်။

“ဟေး မင်းတို့က ဒီ အဲလက်စ်ကို အလွယ်လေး ကျော်တက်နိုင်မယ်ထင်လို့လား? နုံအချက်!” အဘိုး ဆာခိုဇီမှာ စိတ်ထဲ အေးစက်စက်ရယ်မောလိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, ၄၀။ ဒါဆို မပူးပေါင်းဘဲနေကြတာပေါ့

ဆမ်၏မျက်နှာက မှောင်မိုက်နေရင်း စက်ဘီးကို အစမျဉ်းရှိရာဆီ တွန်းသွားလိုက်သည်။

အပြုံးနှင့် အဲလက်စ်မှာ လူတိုင်း၏ ဂုဏ်ပြုခြင်းကို ခံနေရသည်အား မြင်သော် ဆမ်က မြေပြင်ထက် တံတွေးထွေး၍ အသံတိုးတိုးဖြင့် ဆဲရေးလိုက်ပါ၏။

၎င်းက ပန်းတိုင်ကို ပထဆုံးရောက်သည့် အဲလက်စ်အား ဆဲရေးခြင်းမဟုတ်ဘဲ သူ၏နံဘေးမှ အန်ဂထ်တံဆိပ်စက်ဘီးကို ဖြစ်သည်။

ဤသောက်စက်ဘီးကြောင့်သာ မဟုတ်ပါလျှင် သူ့အနေနှင့် အဆုံးမှတ်သို့ ပထဆုံးရောက်မည်ပင်။ သူဟာ ပထမဖြစ်ခြင်းအတွက် ဆုလာဘ်များစွာ ရမည်သာမက အပိုဆောင်းဆု ရွှေဒင်္ဂါးတစ်ရာပါရလောက်သည်။

သို့သော် အရာအားလုံးကို ဤသောက်စက်ဘီးက ဖျက်ဆီးခဲ့သည်သာ!

ဤသောက်စက်ဘီး၏ ချိန်းကြိုးကသာ ပြိုင်ပွဲအတွင်း မရပ်မနား ပြုတ်ကျ‌ကာ ပြန်တင်ရန် ရပ်တန့်စေခဲ့ခြင်းများမရှိခဲ့ပါလျှင် အချိန်အားလုံးကိုဖြုန်းတီးကာ အဆုံးမှတ်သို့ နောက်ကျမှ ရောက်လာမည်မဟုတ်ပေ။

ပြောရလျှင် ယခင်နှစ် ဆမ် ဝင်ပြိုင်ခဲ့စဉ်က သူဟာ ချန်ပီယံမဖြစ်ခဲ့သော်လည်း သုံးနာရီမပြည့်ခင်တွင် ကီလိုမီတာခြောက်ဆယ် ရောက်ခဲ့သည်။ သူဟာ ထိပ်ဆုံးဆယ်နေရာပင် ရခဲ့သေးပါ၏။

ဤနှစ်နှင့် ယခင်နှစ်ကြား ခြားနက်ချက်ကို စဉ်းစားရင်း ဆမ်၏ စိတ်နှလုံး၌ ဒေါသတို့ ပြည့်လွှမ်းလာရသည်။ သူဟာ စက်ဘီး၏ နောက်ဘီးကို မကန်မိဘဲ မနေနိုင်တော့။

သို့သော် သူ့ထံမှ ကန်ချက်တစ်ချက်လေးနှင့် နောက်ဘီးမှ ဂလောက်ဂလောက်မြည်သံများစွာ ထွက်လာပြီး ဝက်အူများစွာ ပြုတ်ထွက်ကုန်၏။

၎င်းနောက် စက်ဘီး၏ နောက်ဘီးကိုယ်ထည်တစ်ခုလုံး ပြုတ်ကျကာ မြေပြင်ပေါ် သက်ဆင်းသွား၏။

ဆမ်က မြေပြင်ထက်ရှိ နောက်ဘီးကို တအံ့တဩ စိုက်ကြည့်နေပြီး မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်သွားသည်။

အမှားရှိလို့လား!

သူ ဤဘီးကို လွန်ခဲ့သည့် တစ်ပတ်လောက်ကမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲအတွက် ပြင်ဆင်ရန်အလို့ငှာ ကီလိုမီတာ ငါးရာထက်ကျော်အောင်ပင် မစီးနင်းခဲ့ချေ။ ဒါက တကယ်ကြီး ဒီလောက် ဆိုးတယ်လား?

“ဟားဟား ဒီမှာ ငါ့ထက်တောင် ပိုဆိုးတဲ့လူရှိနေသေးတယ်။” သူ၏ နောက်မှ သရော်ရယ်မောသံထွက်လာရာ ဆမ်လည်း ဒေါသအပြည့်မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။

သူ၏နောက်တွင် သူနှင့် ရွယ်တူ လူငယ်လေးများစွာ ရှိနေပြီး ၎င်းတို့၏ စက်ဘီးများကို အဆုံးသတ်မျဉ်းဆီ တွန်းလာကြသည်။

ဆမ်ကြည့်လိုက်သော် ထိုလူများအားလုံး အန်ဂထ်တံဆိပ် စက်ဘီးများကို တွန်းထားကြောင်း တွေ့ရလေ၏။

“ဟေး မင်းတို့စက်ဘီးတွေအားလုံးလည်း ပျက်သွားတာလား?” ဆမ်မှာ ဒေါသမထွက်တော့ဘဲ တအံ့တဩ မမေးဘဲ မနေနိုင်တော့ပေ။

ထိုလူများက တစ်ဦးကို တစ်ဦးကြည့်လိုက်ပြီးနောက် ခါးသက်သက်ပြုံးလာကြသည်။

“ဟုတ်တယ်၊ လမ်းတစ်ဝက်ရောက်ပြီးတော့ ခြေနင်းပြုတ်သွားတာကြောင့် လုံးဝ မြန်မြန်သွားလို့မရတော့ဘူး။”

“မင်းက ခြေနင်းပဲပြုတ်သွားတာ။ ငါ့ကိုကြည့်ဦး၊ ငါ့ရဲ့ လက်ကိုင်တန်းတွေ လိမ်ကောက်သွားလို့! ဦးတည်ဘက်ကိုတောင် မထိန်းချုပ်နိုင်တော့ဘူး။

“မေ့လိုက်တော့၊ အနည်းဆုံးတော့ မင်းရဲ့စက်ဘီးက အပြည့်အဝရှိနေသေးတယ်။ ငါ့ကိုကြည့် ငါတစ်လမ်း‌လုံး လမ်းလျှောက်လာခဲ့ရတာ၊ အစိတ်အပိုင်းတွေအားလုံး ပြုတ်တယ်ကုန်တယ်လေ။ (LOL) ငါ့ရဲ့ နောက်ဘီးကတော့ ဒီက ညီအစ်ကိုလို မပြုတ်သွားပေမယ့်လည်း ငါသာ နည်းနည်းပိုနင်းလိုက်ရင် တစ်ခုလုံး ပြုတ်ထွက်ကြကုန်လောက်တယ်။”

“အိုင်း ငါရောပဲ။ ပြဿနာတွေအတော်များလို့ ဒီကို လမ်းလျှောက်လာရတယ်။”

“ငါရောပဲ။”

“ငါလည်း အတူတူပဲ.....”

......

အားလုံး ညည်းညူလိုက်ကြပြီးနောက်တွင် လူငယ်လေးတစ်ဦးက ကောင်းကင်ကိုကြည့်ရင်း သက်ပြင်းချသည်၊ “ငါ့အမေပြောတာကို နားထောင်ပြီး Frestech တံဆိပ်ဝယ်ခဲ့ရမှာ။ ဒီသောက် အန်ဂထ်တံဆိပ်စက်ဘီးလေးက -ျီးထုပ်နဲ့ အရည်အသွေးတူတူပဲ။”

“ဟုတ်တယ်၊ ငါ Frestech တံဆိပ် စက်ဘီးကို ၂နှစ်ကျော်ကြာသုံးခဲ့ပြီး‌ နေ့တိုင်းအလုပ်ကို စီးသွားပြီး တစ်နေ့ကို ကီလိုမီတာ နှစ်ဆယ်နီးနီး စီးခဲ့တာပဲ။ တစ်လျှောက်လုံး နည်းနည်းပွန်းပဲ့တာလေးနဲ့ ညစ်ပတ်သွားတာလေးအပြင် စက်ဘီးသစ်နဲ့ မခြားဘူး၊ ဒီလို ကျိုးပဲ့လုနီးနီး ဖြစ်ဖို့မပြောနဲ့။”

“အင်း ငါ့ရဲ့ Frestech တံဆိပ် စက်ဘီးလည်း အတူတူပဲ။ ဘယ်လမ်းကြမ်းမှာမဆို စီးလို့ရပြီး အရမ်းခိုင်လို့ ပြဿနာဖြစ်တာလည်း ရှားတယ်။”

“ငါရောပဲ။ အိုင်း ဘာလို့ Frestech ကုန်သည်ကြီးများအသင်းက သူတို့ရဲ့ အမြန်နှုန်းစုံစက်ဘီးကို စောစော မချပြခဲ့ရတာလဲကွာ? ဒါသာစောစောထွက်ခဲ့ရင် ဒီသောက် အန်ဂထ်စက်ဘီးကိုဝယ်ပြီး ရွှေဒင်္ဂါးဆယ်ပြား ဖြုန်းခဲ့မှာမဟုတ်ဘူး။”

“ဟုတ်တယ် Frestech ကုန်သည်ကြီးများအသင်းသာ စက်ဘီးကို စောစောထုတ်ပြခဲ့ရင် ငါလည်း တခြားလုပ်ငန်းစုဆီက ဘာမှ မဝယ်ပါဘူးကွာ။”

“ဟုတ်တယ် ဟုတ်တယ်.....”

......

လူတိုင်းက Frestech တံဆိပ်စက်ဘီး၏ အရည်အသွေးနှင့် ခံနိုင်ရည်ကို နှစ်နှစ်ခြိုက်ခြိုက် ပြန်ပြောနေကြသည်အား ကြားသော် ဆမ်မှာ မနေနိုင်ဘဲ ခါးသက်သက်ရယ်မောလိုက်၏။

သူဟာ အဘိုးဆာခိုဇီအား Frestech ကုန်သည်ကြီးများအသင်းကိုပဲ အသိအမှတ်ပြုပြီး အသစ်များကို နားမလည်ကာ နောက်ကျကျန်ခဲ့ခြင်းအတွက် ပြက်ရယ်ပြုခဲ့မိသည်။ ယခုတွင် သူ့အား သင်ခန်းစာတစ်ခုသင်ပေးလိုက်သလိုပင်၊ ဆမ်မှာ အဘိုး ဆာခိုဇီက မှန်ကြောင်း သိရှိလိုက်ရပါတော့၏။

“ဟေး အားလုံးပဲ ဒါကို ဒီတိုင်းမေ့ပစ်လိုက်လို့မရဘူးမို့လား?” လူတစ်ဦးက ရုတ်တရတ်ပြောလာသည်။

“အမ်? ဘာအဓိပ္ပာယ်လဲ?”

“ကြည့် ဒီက အဟောင်းဆုံး အန်ဂထ်စက်ဘီးတောင် လတစ်ဝက်ထက် ပိုမဟောင်းဘူး‌မလား? အခုတော့ စက်ဘီးတွေက ဒီလိုဖြစ်နေပြီး အချိန်တိုလေးအတွင်း ပြဿနာဖြစ်သွားတော့ အန်ဂထ်ကုန်သည်ကြီးများအသင်းဆီကနေ လျော်ကြေးမတောင်းသင့်ဘူးလား?”

'လျော်ကြေး'ဟူသည့် ဝေါဟာရကိုကြားသော် အားလုံးစိတ်လှုပ်ရှားလာသည်။ တစ်ဦးတည်းကသာ အနည်းငယ် စိုးရိမ်နေ၏။

“ကြည့်ရတာ အန်ဂထ်ကုန်သည်ကြီးများအသင်းက နောက်ခံတောင့်ပုံပဲ၊ ဘယ်လိုလုပ် လျော်ကြေးတောင်းကြမှာလဲ?”

“ဟမ့် သူတို့နောက်ခံ ဘယ်လောက် တောင့်တောင့် ငါတို့ကို ဒီလိုအစုတ်အပြတ်ထုတ်ကုန်တွေ ရောင်းနိုင်သေးတယ်လေ? သူတို့က လျော်ကြေးပေးဖို့ မရဲဘူးလား? ဒါ‌ဆို ငါတို့က ပြဿနာရှာမှာပေါ့! ငါတို့သာ ပြဿနာလုံလုံလောက်လောက် ဖန်တီးလိုက်ရင် ဘယ်သူက သူတို့ လုပ်ငန်းစုက ပစ္စည်းတွေကို ဝယ်တော့မှာလဲ!”

“ဟုတ်တယ်! ဒီလိုလုပ်ကြမယ်!”

“ဟုတ်တယ်၊ ဒါတွေကို လုပ်သင့်တယ်......”

ဤလူငယ်များ အန်ဂထ်ကုန်သည်ကြီးများအသင်းထံမှ လျော်ကြေးမည်သို့ ယူမည့်အကြောင်း ဆွေးနွေးနေကြစဉ်တွင် အန်ဂထ် ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ဗီရို အန်ဂထ်၏ မျက်နှာထက်၌ ဒေါသရိပ်တို့ရှိနေကာ ဟိန့်ဇ်ထံမှ လျော်ကြေးတောင်းနေ၏။

“ဒုဥက္ကဌ ဟိန့်ဇ်၊ ခင်ဗျား ကျုပ်တို့ကို ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စက်ဘီးအသစ်အကြောင်း လုံးဝမပြောခဲ့ဘူးပေါ့? ခင်ဗျားသာ ဒီထုတ်ကုန်သစ်ကို ရုတ်တရတ် ချပြလိုက်ရင် ကျုပ်တို့ လုပ်ငန်းစုရဲ့ စက်ဘီးရောင်း‌အားအပေါ် ဘယ်လောက် သက်ရောက်သွားမယ်ဆိုတာ မသိဘူးလား? ဖြစ်လာမယ့် ဆုံးရှုံးမှုအတွက် ကျုပ်တို့ကို လျော်ကြေးပေးရင်ရော?”

ဟိန့်ဇ်က အသာမျက်မှောင်ကုပ်ကာ မျက်နှာထက်ရှိ ဥက္ကဌ အန်ဂထ်ထံမှ တံတွေးများကို သုတ်ပြီးနောက် တည်ငြိမ်စွာ ပြောလာသည်၊ “ကျုပ်တို့ လုပ်ငန်းစုက ထုန်ကုန်သစ်ထုတ်ကာ ခင်ဗျားတို့ကို အရင် သတင်းပေးဖို့ မလိုအပ်နေဘူးမို့လား?”

ဥက္ကဌ အန်ဂထ်က ဒေါသထွက်သွား၏၊ “လိုတာပေါ့! မေ့သွားပြီလား? ဥက္ကဌရှုက နည်းပညာလွှဲပြောင်းစာချုပ်မှာ လက်မှတ်ထိုးတော့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ နည်းပညာအားလုံးကို ဝေမျှပြီး ကျုပ်တို့နဲ့အတူ သုတေသနလုပ်ရမယ်လို့ ရှင်းရှင်းလင်းလင်းရေးထားတယ်လေ။ ခင်ဗျားတို့က ထုတ်ကုန်သစ်ထုတ်ရုံတင်မကဘူး သက်ဆိုင်ရာနည်းပညာတစ်ခုကိုမှ ကျုပ်တို့နဲ့ မမျှဝေတော့ စာချုပ်ဖျက်ဖို့များ စီစဉ်နေတာလား?”

ဟိန့်ဇ်ကခေါင်းခါသည်၊ “ဒါက ထုတ်ကုန်သစ် တိတ်တိတ်လေးထုတ်တာမဟုတ်ပါဘူး၊ ဒါက ခင်ဗျားတို့ ထုတ်လုပ်လိုက်တဲ့ စက်ဘီးသစ်နဲ့ နည်းပညာတူတူပဲ။”

“အဓိပ္ပာယ်မရှိတာ!” ဥက္ကဌ အန်ဂထ်က ဒေါသတကြီးဆို၏၊ “တခြားအရာတွေတူရင်လည်း ထားပါတော့ ဒါပေမယ့် ဂီယာဘောက်စ်က ဘာများလဲ?”

ဟိန့်ဇ်က အမူအရာမပြောင်းမလဲဖြင့် ခေါင်းခါသည်၊ “အရမ်းကို အားနာမိပါတယ်၊ ဂီယာဘောက်စ်ကို ကျုပ်တို့ လုပ်ငန်းစုက ဖန်တီးထားတာမဟုတ်ဘူး။ ကျုပ်တို့မှာ အဲဒီနည်းပညာမရှိတော့ ကျုပ်တို့ ထုတ်ပေးချင်ရင်တောင် ထုတ်ပေးလို့မရဘူးလေ။”

“မဖြစ်နိုင်တာ!” ဥက္ကဌ အန်ဂထ်က အခိုင်အမာဆို၏၊ “ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီပစ္စည်းကို မတီထွင်ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ? ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအပြင် ဒီလို သုတေသနစွမ်းရည်ရှိတဲ့ လုပ်ငန်းစုရှိသေးလို့လား?”

ဟိန့်ဇ်က အံ့ဩသလိုပြုမူကာ ဥက္ကဌ အန်ဂထ်ကို ကြည့်လိုက်သည်၊ “ဥက္ကဌ အန်ဂထ်, ဥက္ကဌရှုက ခင်ဗျားကို မှော်စက်မှုနယ်ပယ်မှာ အရေးအပါဆုံးနဲ့ အခြေခံအကျဆုံးအရာဟာ နည်းပညာ ဖန်တီးတာလို့ သတိပေးခဲ့တာကို ကျုပ် သေချာမှတ်မိတယ်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ နည်းပညာသစ်ထုတ်လုပ်ဖို့ အစွမ်းအစရှိတော့ ခင်ဗျားတို့ အန်ဂထ်ကုန်သည်ကြီးများအသင်းအနေနဲ့ ပြဿနာတစ်ခုမှ မရှိလောက်ဘူးလို့ ယုံကြည်ချက်ရှိရှိ ပြောခဲ့တယ်လေ။”

ဥက္ကဌအန်ဂထ်၏ အမူအရာကအေးခဲသွားကာ ခဏမျှ တိတ်ဆိတ်နေပြီးနောက်တွင် အနေရခက်စွာ လက်ယမ်းလိုက်၏၊ “ဒါကို မေ့လိုက်ပါ။ လိုရင်းပြောရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီမှာ ဂီယာဘောက်စ်နည်းပညာရှိနေမှတော့ ကနဦးသဘောတူညီမှုအရ ကျုပ်တို့နဲ့ မျှဝေသင့်တယ်။”

“ကျုပ် အခုနကပဲ ပြောပြီးပါပြီ၊ ဒါက ကျုပ်တို့ လုပ်ငန်းစုရဲ့ နည်းပညာမဟုတ်ပါဘူး။ ဒီတိုင်း ပေးလိုက်လို့မရဘူးလေ။ ဒါက မူပိုင်ခွင့် ကာကွယ်မှုရှိတဲ့ တစ်ခုပဲ။”

ဟိန့်ဇ်က အခိုင်အမာဖြစ်နေသည်ကိုမြင်သော် ဥက္ကဌ အန်ဂထ်၏ စိတ်ပြောင်းကာ အသံအနေအထားကို ပြောင်းလဲလိုက်၏၊ “ဟုတ်ပြီ၊ ဒီနည်းပညာက ဘယ်လုပ်ငန်းစုကလာတယ်ဆိုတာ ကျုပ်ကိုပြောပါ၊ သူတို့ဆီက ယူလိုက်မယ်။”

ဟိန့်ဇ်က ခေါင်းခါသည်၊ “စိတ်မကောင်းပါဘူး၊ တစ်ဖက်က ဒါကို လျှို့ဝှက်ချက်အဖြစ်ထားချင်တာကြောင့်..... ကျုပ်လည်း ဘာမှ လုပ်လို့မရဘူး။”

ဥက္ကဌ အန်ဂထ်က ဒေါသဖြစ်သွားကာ၊ “ဒုဥက္ကဌ ဟိန့်ဇ်၊ ဒါက ဘာအဓိပ္ပာယ်လဲ? ကျုပ်က ခင်ဗျားကို နည်းပညာ လွှဲပေးခိုင်းတော့ ခင်ဗျားတို့ လုပ်ငန်းစုက ပိုင်တာမဟုတ်ဘူးလို့ပြောတာကြောင့် ထားလိုက်ပါ၊ ဒါပေမယ့် အခု ဘယ်လုပ်ငန်းစုက ထုတ်လုပ်ထားလဲမေးတော့ ကျုပ်ကို မပြောပြချင်ဘူးပေါ့? ခင်ဗျား ကျုပ်တို့နဲ့ ဆက်ပြီးရော ပူးပေါင်းချင်သေးရဲ့လား? ဟမ်?”

ဟိန့်ဇ်၏ မျက်နှာက မှောင်မိုက်သွားပြီး အေးစက်စက်နှာမှုတ်ကာ ဆိုလာသည်၊ “ဥက္ကဌ အန်ဂထ်, ခင်ဗျားကို သတိပေးရမယ် ခင်ဗျားကသာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းချင်တဲ့သူပါ၊ ကျုပ်တို့ လုပ်ငန်းစုက ခင်ဗျားတို့နဲ့ ပူးပေါင်းချင်တာမဟုတ်ဘူး။ ခင်ဗျားက ကျုပ်တို့နဲ့အတူ မပူးပေါင်းချင်တော့ဘူးလို့ ပြောလာတယ်ပေါ့? ကောင်းပြီလေ ဒါဆို ဒီပူးပေါင်းမှုကို အဆုံးသတ်ကြတာပေါ့၊ ကန့်ကွက်စရာမရှိပါဘူး!”

“အမ်?” ဥက္ကဌ အန်ဂထ်မှာ ပုံမှန်အားဖြင့် ပြုံးနေပြီး အမြဲကြင်နာတတ်သည့် ဟိန့်ဇ်က အင်မတန် ယုံကြည်ချက်ပြင်းလွန်းနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

၎င်းတို့က တကယ်ကြီး ပူးပေါင်းမှုကို ရပ်တန့်ချင်သည်လား? ဥက္ကဌအန်ဂထ်ပင် မဆိုထားနှင့် လုပ်ငန်းစုဆယ်စုအနက် မည်သည့်လုပ်ငန်းစု ဥက္ကဌကမှ ထိုသို့ မပြောဝံ့ပေ။

သူသာ ဟိန့်ဇ်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့ထံမှ ၎င်းတို့လုပ်ငန်းစုဆယ်စုအား နည်းပညာ မျှဝေပေးခြင်းကို တကယ်ဖြတ်တောက်လိုက်ပါလျှင် သူ၏နောက်ကွယ်ရှိလူများက အလောင်းအပြည့်အစုံနှင့်တောင် ချန်မထားလောက်ချေ!

ထိုသည်ကိုစဉ်းစားရင်း ဥက္ကဌ အန်ဂထ်က ချွေးအေးများ ပြန်လာတော့သည်။ သူက ခေါင်းနောက်ကို ကုတ်၍ အမြန်ပြုံးပြလိုက်ပါ၏။

“ဒါက..... ဒုဥက္ကဌဟိန့်ဇ် ကျုပ်က ဒီတိုင်းပြောလိုက်ရုံပါ၊ အတည်မယူပါနဲ့။ အဲဒီ့လုပ်ငန်းစုက လျှို့ဝှက်ထားချင်မှတော့ ခင်ဗျား မပြောတာက မှန်ပါတယ်။ ဒါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဂုဏ်သိက္ခာနဲ့ဆိုင်တယ်၊ ကျုပ် အရမ်းလွန်သွားတယ် အားနာပါတယ်။”

ဟိန့်ဇ်က နှာမှုတ်လိုက်သည်၊ “အရမ်းနောက်ကျသွားပြီ!”

ထိုသို့ပြောပြီးနောက် ဟိန့်ဇ်က ဥက္ကဌ အန်ဂထ်အတွက် စာရွက်စာတမ်းတစ်ခု ထုတ်ယူလိုက်သည်။

“ဒါက ကျုပ်တို့ ဥက္ကဌ လက်မှတ်ထိုးထားတဲ့ စာရွက်စာတမ်းပါ အခု အကျိုးရှိပြီပေါ့။ ကျုပ်က ဥက္ကဌကို တရားဝင်ကိုယ်စားပြုပြီး ကျုပ်တို့ လုပ်ငန်းစုတွေကြားက နည်းပညာမျှဝေရေး သဘောတူညီမှုကို ရပ်လိုက်ပြီလို့ ပြောချင်ပါတယ်။ ကျုပ်တို့ အရင်က လက်မှတ်ထိုးခဲ့တဲ့ စာချုပ်တွေအားလုံး အခု ကန့်သတ်ချိန်ကုန်သွားပြီ!”

“အာ?” ဥက္ကဌ အန်ဂထ်က ဟိန့်ဇ်ကို ငေးကြည့်ရင်း သူ့နားပင် သူ မယုံနိုင်ဖြစ်နေ၏။

Frestech ကုန်သည်ကြီးများအသင်းက.... တကယ်ကြီး သူတို့ကြားထဲက စာချုပ်ကို ဖျက်သိမ်းတယ်လား?

ရူးနေတာပဲဖြစ်ရမယ်!

***

All Chapters