အခန်းး (၆၁-၇၀)
Vol. 4 Ch. 61-70
Vol 4, အခန်း ၆၁။ သီးသန့်(တစ်ဦးချင်းပစ်) မှော်လောင်ချာ
ရှုယီမှာ အံ့ဩသွားသည်၊ “ဒီလောက်အများကြီးလား?”
ဟာ့ထ်က ခါးသက်သက်ပြုံးကာ ဆို၏၊ “ဟုတ်ပါတယ် ကျုပ်လည်း အဲ့ဘက်က ကောင်တွေ ရူးသွပ်နေမယ်လို့ မထင်ထားခဲ့ဘူး။ ကျုပ်တို့ တပ်ဆင်ထားတဲ့ ကိရိယာတွေကို ယူချင်တဲ့လူတွေ အတော်များတယ်။”
ရှုယီမှာ ပြောစရာမဲ့သွားသည်။
ဤတစ်ခေါက် Frestech ကုန်သည်ကြီးများအသင်းမှာ ဆန်နက်မြေရိုင်းသို့ သားရဲလူမျိုးများအား ရှင်းလင်းရန် အစောင့်များအား ပို့ဆောင်ခဲ့သလို စစ်ဘက်သုံးမှော်စက်အသစ်များကိုပါ စမ်းသပ်စေခဲ့သည်။
ပထမတွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ သီးသန့် လှုပ်ရှားချိန်က စိတ်ဝင်စားမှုမရှိခဲ့ကြချေ။ သို့သော် ဆယ်ဗီနီ၏ အစောင့်များနှင့် အခြားလုပ်ငန်းစုများ၏ အစောင့်များနှင့်အတူ အလုပ်လုပ်ရင်း အကြိမ်များစွာ အတူတိုက်ခိုက်ခြင်းမှတဆင့် Frestech ကုန်သည်ကြီးများအသင်း အစောင့်များ၏ တိုက်ပွဲအင်အားကို လူများစွာက ထိတ်လန့်အံ့အားသင့်နေကြတော့၏။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များ အသုံးပြုသော စစ်ဘက်သုံးမှော်စက်များကို စိတ်ဝင်စားလာကြသည်။
ပထမတွင် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ခရုစ် တစ်ဦးသာ စစ်ဘက်သုံးမှော်စက်အချို့ ဝယ်ယူရန် ရှုယီထံ တောင်းဆိုခဲ့သော်လည်း နောက်တွင် ပို၍ပို၍ အတူတကွ လုပ်ဆောင်လာရင်း အာမန်နီကုန်သည်ကြီးများအသင်း၊ ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်းနှင့် ဆန်နက်မြေရိုင်းသို့ ပြောင်းရွှေ့လာကြသော အခြားလုပ်ငန်းစုများမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်များကို တောင်းဆိုလာခဲ့ကြသည်။
ထိုလုပ်ငန်းစုများ၏ အစောင့်များအား စစ်ဘက်သုံးမှော်စက်များ တပ်ဆင်ပေးကာ ၎င်းတို့၏ တိုက်ပွဲအင်အား တိုးတက်လာသည်ကို တွေ့ရသည့် အခါတွင် စစ်ဘက်သုံးမှော်စက်များမှာ ပို၍ ရေပန်းစားလာပြီး အမှာစာများလည်း ပိုဝင်လာသည်။
Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လွန်ခဲ့သည့် နှစ်တစ်ဝက် လမ်ပူရီတိုင်းပြည်မှ ထွက်လာရခြင်းကြောင့် အမြတ်အစွန်းများ ထိခိုက်ခဲ့သော်လည်း ယခုတွင် စစ်ဘက်သုံးမှော်စက်များအတွက် ဈေးကွက် ဖွင့်လှစ်လိုက်ခြင်းကြောင့် ၎င်းတို့၏ အမြတ်စွန်းမှာ ယခင်နှစ်ကို ကျော်လွန်သွားပါ၏။
လွန်ခဲ့သည့် လနှင့်တင် Frestech ကုန်သည်ကြီးများအသင်း၏ အသားတင်အမြတ်စွန်းမှာ ရွှေဒင်္ဂါးတစ်သန်းကျော်သွားသည်။
အိမ်သုံးမှော်စက်များအတွက် ယခင်ကနှင့်ယှဉ်လျှင် အနည်းငယ် တိုးလာကာ ရွှေဒင်္ဂါး လေးသိန်းအထိရောက်သော်လည်း ယခင်နှစ် တူညီသောအချိန်နှင့် ယှဉ်လျှင် လိုအပ်နေဆဲဖြစ်သည်။
၎င်းအပြင် ထုတ်လုပ်ရေးမှော်စက်ဌာန၏ အမြတ်ငွေများမှာ မှော်ဆလွန်းများနှင့် အကြီးစားပို့ဆောင်ရေး မှော်ကားများမှ တိုးလာပြီး ရွှေဒင်္ဂါးသုံးသိန်းကျော်သွားသည်။
ကျန်သည့် အမြတ်ငွေ သုံးသိန်းမှာ တစ်နှစ်ပင်မပြည့်သေးသည့် Frestech ကုန်သည်ကြီးများအသင်း၏ စစ်လက်နက်ဌာနထံမှလာ၏။
အများစုမှာ အခြားလုပ်ငန်းစုကြီးများ၏ အစောင့်များထံသို့ စစ်ဘက်သုံးမှော်စက်များ ရောင်းချခြင်းမှလာသည်ပင်။
ဤတစ်ခေါက် ဟာ့ထ်မှာ ဆန်နက်မြေရိုင်းထံသို့အစောင့်နှစ်ရာကို ဦးဆောင်သွားချိန်တွင် Frestech ကုန်သည်ကြီးများအသင်း၏ နောက်ဆုံးပေါ် စစ်ဘက်သုံးမှော်စက်ကို အရောင်းမြှင့်တင်ရန် ကြိုးစားဖို့ ရည်ရွယ်ချက်ဖြင့် ယူဆောင်သွားခဲ့သည်။
ရှုယီမှာ အခြားလုပ်ငန်းစုများအနေနှင့် ၎င်းကို အင်မတန်စိတ်ဝင်စားမည်ဟု သေချာသော်လည်း ဟာ့ထ်က အမှာစာ တစ်သီကြီး ပြန်ယူလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အိတ်ကို ဖွင့်ကြည့်လိုက်သော် အတွင်း၌ အမှာစာစုစုပေါင်း သုံးဆယ့် ခုနှစ်ခုကို တွေ့လိုက်ရပါ၏။
ဆန်နက်မြေရိုင်းသို့ ပြောင်းရွှေ့လာကြသည့် လုပ်ငန်းစုများအပြင် လမ်ပူရီတိုင်းပြည်၌ ရှိနေဆဲ လုပ်ငန်းစုအချို့လည်း ပါဝင်သည်။
“သူတို့သာ လမ်ပူရီတိုင်းပြည်အတွင်းကနေ ဝယ်ချင်ရင် အကောက်ခွန်ကြောင့် ပိုပြီး ဈေးကြီးမယ်လို့ ပြောခဲ့သေးလား?” ရှုယီက ဟာ့ထ်ကို မေးလိုက်ပါ၏။
“ပြောခဲ့ပေမယ့် အဲဒီ့လုပ်ငန်းစုတွေကနေ ပို့လိုက်တဲ့ လူတွေက ဈေးနှုန်းက ကိစ္စမရှိဘူး ကုန်စည်တွေကိုလိုချင်ရုံပဲလို့ ပြောတယ်လေ။” ဟာ့ထ်က ဖြေလေသည်။
ရှုယီလည်း လမ်ပူရီတိုင်းပြည်ထံမှ အမှာစာ တစ်ဆယ့်သုံးခုကို ယူကာ ရယ်မောလိုက်၏။
“ဟာ့ထ်, ပြောပါဦး.....ဒီလုပ်ငန်းစုတွေနဲ့ နောက်မှာ မျိုးရိုးမြင့်ကြီးတွေ ဘယ်လောက်များရှိလဲ?”
ဟာ့ထ်က ပြုံးဖြဲဖြဲလုပ်ပြ၏၊ “ဥက္ကဌ ခင်ဗျား မှားနေမှာကို စိုးရိမ်မိပါတယ်။ ကျုပ် အမြင်အရတော့ မျိုးရိုးမြင့်တွေ နောက်ကွယ်မှာ မရှိတဲ့ လုပ်ငန်းစု ဘယ်လောက်များရှိလဲလို့ မေးသင့်တာ။”
“အင်း ခင်ဗျား မှန်တယ်။” ရှုယီက အမှာစာတစ်ခုစီကို ကြည့်ရှုလိုက်ပြီးနောက် ခေါင်းခါသည်၊ “ထားလိုက်ပါတော့ သူတို့နောက်မှာ ဘယ်လိုမျိုးရိုးမြင့်မျိုး ရှိသလဲ ကျုပ်တို့ ဂရုမစိုက်ပါဘူး။ သူတို့တွေ ငွေပေးမယ်လားဆိုတာကိုပဲ သိဖို့လိုတာ။ ဟာ့ထ် သူတို့ကို အမှာစာတွေက ဘယ်လို သွားလဲဆိုတာ ရှင်းပြခဲ့လား?”
“ပြောခဲ့ပါတယ်။” ဟာ့ထ်က ခေါင်းငြိမ့်ကာ၊ “သူတို့ရဲ့ ကုန်စည်တွေကို ယူဖို့ ဆန်နက်မြေရိုင်းဆီ လူတွေလွှတ်ပြီး ကုန်စည်အတွက် ငွေနဲ့ လဲလှယ်မှာပါ။ နောက်ပိုင်း ဘာဖြစ်မလဲဆိုတာကိုတော့ ကျုပ်တို့ ဂရုစိုက်ဖို့ မလိုပါဘူး။”
“အရမ်းကောင်းတယ် ကြည့်ရတာ အဲဒီ့ မျိုးရိုးမြင့်တွေက ကျုပ်နဲ့ သင့်တော်တဲ့ အာရုံကို ဆွဲဆောင်ဖို့ ဆန္ဒမရှိတဲ့ပုံပဲ။” ရှုယီက အတွေးထဲနစ်သွားပြီးနောက် ဟာ့ထ်ကို ပြောလေ၏၊ “တစ်ဖက်က ဝယ်ချင်နေမှတော့ ကျုပ်တို့လည်း မရောင်းချင်စရာ မရှိပါဘူး။ ခဏနေကျရင် ခမ်နက်ဒ်ကို ဒီအမှာတွေ ပေးလိုက်ပါ သူဂရုစိုက်လိုက်လိမ့်မယ်။”
ဟာ့ထ်က ခေါင်းငြိမ့်၏။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူက ရင်ဘတ်ထဲမှ စာတစ်စောင်ကို ထုတ်ပေးလာသည်။
ရှုယီလည်း ထိုစာပေါ်၌ အမှတ်အသားရှင်းရှင်းလင်းလင်း မရှိသဖြင့် အနည်းငယ် ရှုပ်ထွေးသွားလေသည်။ ဖွင့်ကြည့်လိုက်သောအခါ ၎င်းက လက်ရှိ လမ်ပူရီတိုင်းပြည်၏ အနောက်ဘက်စစ်တပ် တပ်မှူး ဗာရီယန် လန်းတစ်ထံမှ ဖြစ်နေ၏။
ရှုယီမှာ ဤတပ်မှူး လန်းတစ်ကို ဆယ်ဗီနီ၏ မိတ်ဆက်ပေးမှုမှ တဆင့် တစ်ကြိမ်သာ တွေ့ဆုံးဖူးသော်လည်း အဘယ့်ကြောင့် သူက စာတစ်စောင်ရေးကာ ဟာ့ထ်ကို ယူလာခိုင်းရင်း ဆန်းကြယ်သလို လုပ်ဆောင်နေရသနည်း?
စာကို ဖွင့်လိုက်ပြီးနောက် ရှုယီ နားလည်လိုက်သည်။
ဤစာထဲတွင် မည်သည့် အာလာပသလ္လာပ စကားမှ ပါမနေချေ။ ဤစာ၌ အဓိပ္ပာယ်တစ်ခုသာရှိပြီး ၎င်းမှာ အနောက်ဘက်စစ်တပ်က Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်များ ဝယ်ယူလိုခြင်းပင်။
စာကို ပြီးအောင် ဖတ်ပြီးနောက် ရှုယီမှာ မျက်မှောင်ကုပ်လိုက်ပါ၏၊ “တော်ဝင်စစ်တပ်က တပ်ဖွဲ့တွေမှာ သူတို့ကိုယ်တိုင် အုပ်ချုပ်ဖို့ အခွင့်အရေးရှိကြောင်း ကြားဖူးပေမယ့်လည်း တော်ဝင်စစ်တပ်ဆီကနေ ခွင့်ပြုချက်ရဖို့ လိုသေးတယ်မဟုတ်လား? တပ်မှူး လန်းတစ်အနေနဲ့ ကျုပ်တို့ လုပ်ငန်းစုဆီကနေ ဒီစစ်ဘက်သုံး မှော်စက်တွေဝယ်ချင်တာက တော်ဝင်စစ်တပ်ရဲ့ ခွင့်ပြုချက်ရခဲ့လို့လား?”
“ကျုပ်လည်း မသေချာပါဘူး၊ ဒါပေမယ့် တပ်မှူး လန်းတစ် ပို့လိုက်တဲ့ လူပြောတာတော့ လမ်ပူရီတိုင်းပြည်ရဲ့ အတွင်းရေးတွေကို ဂရုစိုက်ဖို့ မလိုဘူးတဲ့။ အနောက်ဘက်စစ်တပ်ကသာ ဒီ လက်နက်ပြဿနာကို ဖြေရှင်းနိုင်ရင် တော်ဝင်စစ်တပ်ကလည်း ဝမ်းသာမှာဖြစ်ပြီး သေချာပေါက် ဆန့်ကျင်မှာ မဟုတ်ဘူးတဲ့လေ။” ဟာ့ထ်က ဆိုပါ၏။
“ဒါပေမယ့် ဒါက ပြဿနာပဲ။” ရှုယီက ခေါင်းခါသည်၊ “လမ်ပူရီတိုင်းပြည်က ဒီခွင့်ပြုချက်ကို လွှဲပြောင်းပေးတာဟာ တော်ဝင်စစ်တပ်ဆီမှာ ငွေကြေးမလုံလောက်တာကြောင့် နိုင်ငံမှာရှိတဲ့ စစ်တပ်အားလုံးကို လက်နက်အလုံအလောက် မထောက်ပံ့နိုင်လို့ပဲ။ အနောက်ဘက်စစ်တပ်ကသာ သူတို့ဘာသာ လက်နက်တပ်ဆင်ချင်ရင် ဒါက အကြံကောင်းပဲဆိုပေမယ့် သူတို့ ငွေတွေက ဘယ်ကနေ လာမှာလဲ?”
“တပ်မှူး လန်းတစ် ပို့လိုက်တဲ့လူက စကားတချို့ ပါးလိုက်သေးတယ်။ တပ်မှူး လန်းတစ်က Frestech ကုန်သည်ကြီးများအသင်းကသာ ဆန်နက်မြေရိုင်းမှာ တိုးတက်ချင်ရင် အနောက်ဘက်စစ်တပ်ရဲ့ အကူအညီကို မေ့ထားလို့ မရဘူးလို့ ပြောလိုက်တယ်။ Frestech ကုန်သည်ကြီးများအသင်းသာ အနောက်ဘက်စစ်တပ်ကို လက်နက်ပြဿနာ ဖြေရှင်းပေးရင် အနောက်ဘက်စစ်တပ်ကလည်း ဒီကျေးဇူးကို ပြန်ဆပ်မှာပါတဲ့။”
“အိုး?” ရှုယီက ဟာ့ထ်ကို ထူးထူးဆန်းဆန်းကြည့်လိုက်သည်၊ “ဒါကို ခြိမ်းခြောက်တာလို့ ယူဆရမလား စိတ်ရင်းနဲ့ ပူးပေါင်းဖို့ တောင်းဆိုတယ်လို့ ယူဆရမလား?”
“ကျုပ် မသိဘူး” ဟာ့ထ်က ခေါင်းခါသည်၊ “ဒါပေမယ့် အနောက်ဘက်စစ်တပ်ရဲ့ ဆန်နက်မြေရိုင်းအပေါ် လွှမ်းမိုးမှုက သံသယဖြစ်စရာမရှိဘူး။ သားရဲလူမျိုးတွေ ဒီနှစ်တွေတလျှောက်လုံးကြာအောင် ဆန်နက်မြေရိုင်းပေါ်မှာ ဒီလို ရိုးရိုးသားသားပြုမူနေတာဟာ အနောက်ဘက်စစ်တပ်ကလည်း အခန်းကဏ္ဍကြီးကြီးမှာပါနေတယ်။ ကျုပ်တို့ လုပ်ငန်းစုသာ အနောက်ဘက်စစ်တပ်ရဲ့ ထောက်ပံ့မှုကိုရမယ်ဆိုရင် ဆန်နက်မြေရိုင်းမှာ တိုးတက်ဖို့က အများကြီး ပိုအဆင်ပြေသွားပြီ။”
“အင်း..... ဒါက အမှန်ပဲလို့ ကျုပ်ယုံပါတယ်၊ ဒါပေမယ့် ပြဿနာက..... ဘယ်လို ပူးပေါင်းရမှာလဲ?” ရှုယီက မျက်မှောင်ကုပ်ရင်း လက်ထဲရှိ စာကို ကြည့်လိုက်သည်။ ခဏတာ စဉ်းစားကြည့်ပြီးနောက် သူက ပြောသည်၊ “ဟုတ်ပြီ ကျုပ် အရင်ဆုံး တပ်မှူး လန်းတစ်ဆီ ပြန်စာရေးလိုက်မယ်။ ကျုပ်ကို ကူပြီး သူ့ဆီ ယူသွားပေးပါဦး။ ဘာပဲဖြစ်ဖြစ် အရင်ဆုံး ဆက်ဆံရေးတည်ဆောက်တာက ဘာထိခိုက်မှုမှ မရှိဘူးလေ။”
“အင်း ကျုပ်လည်း ဒီလိုထင်တယ်။” ဟာ့ထ်က သဘောတူကြောင်း ပြရန် ခေါင်းငြိမ့်သည်။
အမှာစာများကို ဖတ်ရှုပြီးနောက် ရှုယီမှာ ဟာ့ထ်အား ခမ်နက်ဒ်ထံ အစီရင်ခံခိုင်းလိုက်သော်လည်း အရင်ဆုံး အင်မတန် အရေးကြီးသည့် မေးခွန်းကို မေးလိုက်ပါ၏။
“သီးသန့် မှော်လောင်ချာတွေရော ဘယ်လိုလဲ”
ထိုမေးခွန်းကို ကြားသော် ဟာ့ထ်မှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်သွားသည်။
“အရမ်းကို အသုံးဝင်ပါတယ်!” ဟာ့ထ်မှာ ချဲ့ကားထားသံဖြင့်ဆိုလာသည်၊ “ဥက္ကဌ ကျုပ်တို့ အဲဒါတွေကို ထုတ်သွားချိန်မှာ တခြားလုပ်ငန်းစုတွေက နားမလည်ဘဲ ကြမ်းတမ်းပြီးတော့ သုံးရခက်ပြီး အားနည်းမယ်လို့ ထင်နေခဲ့ကြတာ သိလား? ကျုပ်တို့က ဒီလို အမှိုက်ကို ထုတ်လုပ်ဖို့ အချိန်ဖြုန်းခဲ့တယ်လို့ ထူးထူးဆန်းဆန်း ထင်နေကြတာလေ။”
“နောက်တော့ရော?” ရှုယီက အပြုံးဖြင့် မေးသည်။
“နောက်တော့ မျက်ကန်း သားရဲလူမျိုး တချို့က ကျုပ်တို့ကို လာတိုက်ခိုက်ချိန်မှာ အဲ့လူတွေ ကြောင်အကုန်ကြတယ်လေ။” ဟာ့ထ်က ရယ်မောလေသည်၊ “ဥက္ကဌ မမြင်ခဲ့ရလို့သာ၊ ဒါပေမယ့် ကျုပ် မှော်လောင်ချာကို သယ်ပြီး အမြောက်ဆန်တစ်လုံးပဲ ပစ်လိုက်တာ သားရဲလူမျိုး တစ်ရာကျော် လွင့်ထွက်ကုန်တာလေ။ ကျန်တဲ့ သားရဲလူမျိုးတွေအားလုံးလည်း ပြန်တိုက်ဖို့ ကြောက်သွားကြတော့ တစ်ခေါက်ပစ်စာမှာတင် သတ်ခံလိုက်ကြရရော။ ဒါက ကျုပ် အနိုင်ရဖူးသမျှထဲ အလွယ်ဆုံး တိုက်ခိုက်မှုပဲ၊ ဘာမှ မလုပ်ခဲ့ရဘူးလို့တောင် ပြောလို့ရတယ်။”
ရှုယီမှာ ထိုမျှ ပျော်ရွှင်မနေဘဲ တအံ့တဩမေးလိုက်သည်၊ “သားရဲလူမျိုးတစ်ရာလေးအတွက်နဲ့ အမြောက်ဆံ တစ်သုတ်စာကို သုံးလိုက်တယ်လား? ကျုပ်ပြောမယ် ဟာ့ထ်, အမြောက်ဆန်တစ်ခုစီကို ဘယ်လောက်ကုန်ကျလဲ သိလား?”
ရှုယီ၏ မျက်နှာအမူအရာကိုမြင်သော် ဟာ့ထ်မှာ ၎င်းက ဆိုးဝါးကြောင်း သိလိုက်တော့သည်။ စဉ်းစားပြီးနောက် သူက နေရခက်စွာ ခေါင်းကုတ်လိုက်၏၊ “ဒါက..... ဥက္ကဌ ကျုပ်တို့ ပထမဆုံး အကြိမ်အသုံးပြုတာမို့ သူတို့ ဝယ်ချင်လာအောင် ထိတ်လန့်စရာ သက်ရောက်မှုကို ဖန်တီးရမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား? အမြောက်ဆန် တစ်သုတ်စာ ပစ်လိုက်ပြီး သားရဲလူမျိုး တစ်ရာကျော် လွင့်ထွက်သွားတော့ အတော်ကို ထိတ်လန့်စရာမြင်ကွင်း ဖန်တီးလိုက်နိုင်တယ်လေ။ ကြည့်ပါဦး ဒီအမှာစာတွေအားလုံးမှာ အများစုက မှော်လောင်ချာကို ဝယ်ချင်နေကြတာ။”
ရှုယီက မျက်လုံးများ လှိမ့်လိုက်၏၊ “ဒီအရာတွေကို အခုမှ ထုတ်လုပ်ကာစပဲရှိသေးတော့ အစုလိုက်အပြုံလိုက်ထုတ်လုပ်ဖို့က လိုနေသေးတယ်။ ဒီအမှာစာတွေကိုပဲ ကြည့်ပြီး ကုန်စည်တွေကို လုံးဝထုတ်လို့မရဘူး။ ခင်ဗျားရဲ့ တစ်သုတ်စာအတွက် ကျုပ်တို့ လုပ်ငန်းစုက ခင်ဗျားတို့ အသုံးပြုခဲ့တဲ့ အမြောက်ဆန်တွေလုပ်ဖို့ တစ်ပါတ်လုံးသုံးခဲ့ရတာလေ။ ပြီးတော့ အမြောက်ဆန် တစ်ခုစီကလည်း လုပ်ဖို့ကို ရွှေဒင်္ဂါး ရှစ်ပြားကနေ ဆယ်ပြားအထိ ကုန်ကျတော့ ခင်ဗျားတို့ တစ်သုတ်စာဆို ဘယ်လောက်တောင် ကုန်ကျသွားပြီလဲ?”
ဟာ့ထ်၏ အမူအရာက အရုပ်ဆိုးလာ၏။
“ဒါက..... ကျုပ်တို့ဆီမှာ တစ်ရာ ရှိပြီး ငါးဆယ်ကို ပစ်ခဲ့တော့...... ရွှေဒင်္ဂါး လေးရာကနေ ငါးရာအထိ သုံးခဲ့မိတယ်။”
သူ ဖြုန်းတီးခဲ့သည့် ရွှေဒင်္ဂါးများကို တွက်ရင်း ဟာ့ထ်၏ အမူအရာက ပို၍ အရုပ်ဆိုးလာသည်။
“ဒါက..... ဥက္ကဌ အဲ့တုန်းက အဲ့လောက်များမယ် မထင်ထားလို့ပါ..... စိတ်မကောင်းပါဘူး ကျုပ်အမှားကြောင့် လုပ်ငန်းစုကို အကြီးကြီးဆုံးရှုံးရအောင် လုပ်မိပြီ။ ကျုပ်ရဲ့ လစာထဲက နုတ်လိုက်လို့ရ......”
ဟာ့ထ်မှာ သူ၏ လစာထဲမှ နုတ်၍ရကြောင်း ပြောလိုက်မည်အပြုတွင် ရုတ်တရတ် သူ၏ နှစ်စဉ်လစာနှင့် အကျိုးအမြတ်များက မြှင့်သော်လည်း ရွှေဒင်္ဂါးလေးရာအထိ မရောက်ကြောင်း သတိရသွားသည်။
၎င်းကိုသာ တကယ်နုတ်လိုက်လျှင် သူဟာ ဤနှစ်အတွက် အခမဲ့ အလုပ်လုပ်ပေးလိုက်ခြင်း ဖြစ်သွားမည်သာ။
“ဟုတ်ပြီ မပြောနဲ့တော့။” ရှုယီက လက်ယမ်းကာ၊ “ကျုပ်တို့ လုပ်ငန်းစုက ရွှေဒင်္ဂါးရာချီလေးကိုတော့ ခံနိုင်ရည်ရှိပါတယ် ဂရုမစိုက်ဘူး။ ဒါပေမယ့် ရင်းမြစ်တွေကို ဒီလို ဖြုန်းတီးတဲ့ အလေ့အကျင့်မျိုး မရှိစေချင်ရုံပဲ။ ခင်ဗျားအနေနဲ့ သားရဲလူမျိုး အယောက်တစ်ရာကို အမြောက်ဆန် နည်းနည်းနဲ့ ရှင်းလို့ရတယ်၊ တစ်ပြိုင်တည်း ငါးဆယ်လုံး ပစ်စရာမလိုဘူး။ ဒါက အရမ်း ဖြုန်းတီးရာကျတယ်။”
“ဟုတ်ပါတယ် ဟုတ်ပါတယ် ဥက္ကဌ မှန်ပါတယ် ကျုပ် ဒါကို သေချာ မှတ်ထားပါ့မယ်။” ဟာ့ထ်က ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်၏။
ရှုယီက ထိုခေါင်းစဉ်ကို ဆက်မပြောတော့ဘဲ ကိစ္စတချို့ မေးမြန်းကာ ဟာ့ထ်ထံမှ မှော်အမြောက်ဆန် အင်အားမှတ်စုကို ယူ၍ အစောင့် အခြေစိုက်စခန်းမှ ထွက်သွားသည်။
ရှုယီ ထွက်လာချိန်တွင် ပင်လယ်ဘက်ဦးတည်လိုက်၏။ သူက အသစ်တည်ဆောက်ထားသည့် Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာနဆီ ဦးတည်လိုက်လေသည်။
သူဝင်သွားချိန်၌ ထွက်လာသည့် မဟာမှော်ပညာရှင် ကမ်မီလာနှင့် သွားဆုံသည်။
ရှုယီကို မြင်သော် မဟာမှော်ပညာရှင်ကမ်မီလာ၏ မျက်လုံးများ တောက်ပသွား၏။ သူက ရင်ဘတ်ထဲ မွှေနှောက်ကာ တစ်စုံတရာကို ထုတ်ယူလိုက်သည်။
“ဟေး ကောင်လေး မင်းကို နည်းနည်း ပျော်စရာကောင်းတာလေးတစ်ခု ပေးမယ်။”
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၆၂။ မှော်လောက,က ဆဲလ်ဖုန်း
ရှုယီလည်း ရှုပ်ထွေးစွာ လက်ဖြန့်ပေးလိုက်သော် မဟာမှော်ပညာရှင်ကမ်မီလာက နှစ်ဆယ်စင်တီမီတာရှည်၍ ငါးစင်တီမီတာ အကျယ်ရှိ ငွေဖြူရောင် သတ္တုသေတ္တာလေး ပေးလာသည်ကို တွေ့ရသည်။
အနှီသတ္တုသေတ္တာလေးက အင်မတန်ပေါ့ပါးသဖြင့် ထုတ်လုပ်ထားကာစ ပေါ့ပါးသည့် ရှားပါးကမ္ဘာမြေဒြပ်စင်သတ္တုစပ်အသစ်ကို သုံးထားခြင်းဖြစ်လောက်သည်။
ဤရှားပါး ကမ္ဘာမြေဒြပ်စင်သတ္တုစပ် အသစ်မှာ ပေါ့ပါးရုံသာမက အင်မတန်လည်း ခိုင်ခံ့လှပြီး အတော်ကောင်းမွန်သည့် မှော်စွမ်းအင်ထိုးဖောက်မှုလည်းရှိသည်။ မှော်အစီအရင်များအား ၎င်းရှားပါးကမ္ဘာမြေဒြပ်စင် သတ္တုစပ်၌ ထားလိုက်ပါက ထိုမှော်အစီအရင်မှာ သာမန်သတ္တုအပေါ်၌ ထားစဉ်ကနှင့် ယှဉ်လျှင် သက်ရောက်မှုက ပိုမိုကောင်းမွန်ပါ၏။
Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များမှာ ၎င်းတို့၏ မှော်အစီအရင်ဗဟိုချက်နှင့် ယခင်ထုတ်ကုန်များ အားလုံးအတွက် ၎င်းရှားပါးကမ္ဘာမြေဒြပ်စင်သတ္တုစပ်ကို တဖြည်းဖြည်း အသုံးပြုလာနေသည်။
ဤနှစ်နွေ ဈေးကွက်သို့ သွားမည့် ဒလက်မဲ့ အရှိန်ပြောင်း မှော်ပန်ကာ မျိုးဆက်သစ်အတွက် မှော်အစီအရင် ဗဟိုချက်အား ၎င်းရှားပါးကမ္ဘာမြေဒြပ်စင်သတ္တုစပ်မှ ပြုလုပ်မည်ဖြစ်သည်။
မှော်သုတေသနဌာန၏ ရလာဒ်များအရ ဤပြောင်းလဲမှုကြောင့် မှော်ပန်ကာသစ်၏ အထွက်နှုန်းမှာ ၁၇ရာခိုင်နှုန်း တိုးသွားမည်ဖြစ်သည်။ ၎င်းက မှော်အစီအရင်အဆင့် တစ်ဆင့် တိုက်ရိုက်တိုးခြင်းထက်ပင် သာ၍ ကောင်းမွန်ပါ၏။
မီရန်ဒိုနယ်မြေထံမှ ရှားပါးကမ္ဘာမြေဒြပ်စင် များများစားစားမရှိသောကြောင့် ပြုလုပ်ထားသည့် သတ္တုစပ်လည်း များများစားစားမရှိပေ။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းသတ္တုစပ်များ၏ အသုံးပြုမှုကို ဂရုစိုက်ကြပြီး ပို၍ပင် ကပ်စေးနဲနေတော့သည်။ ၎င်းအား စွမ်းအားအထောက်အပံ့ကို တည်ဆောက်ရန်နှင့် မှော်စမ်းသပ်မှုအချို့ကို လုပ်ဆောင်မှသာ အသုံးပြုသည်။
မဟာမှော်ပညာရှင် ကမ်မီလာမှာ မှော်သုတေသနဌာန၏ ထိပ်တန်းသုတေသနပညာရှင်ဖြစ်ပြီး သုတေသနပစ္စည်းမျိုးစုံကို သုံးဖို့ အခွင့်အရေးရှိသော်လည်း သူသည်ပင် ၎င်းတို့ကို သာမန်ကျလျှံကာ သုံးလေ့မရှိပေ။
ထိုသို့ဆိုလျှင်..... ဤသတ္တုသေတ္တာကို မည်သည့်အတွက် အသုံးပြုထားသနည်း?
“မှော်စွမ်းအင်နည်းနည်း ထည့်ကြည့်ရင် သိလိမ့်မယ်။” မဟာမှော်ပညာရှင် ကမ်မီလာက သတ္တုသေတ္တာလေးကို ညွှန်ပြကာ ရှုယီထံ အပြုံးဖြင့် ဆိုလာ၏။
“ဒါက အဘိုးလုပ်ထားတဲ့ မှော်စက်အသစ်လား?” ရှုယီမှာ ဤသည်က မည်သည့် စက်အမျိုးအစားဟူသည်ကို မပြောနိုင်သဖြင့် အင်မတန် ရှုပ်ထွေးနေလေသည်။
“စမ်းကြည့် စမ်းကြည့်ပြီးရင် သိလိမ့်မယ်။” မဟာမှော်ပညာရှင် ကမ်မီလာက သူ့ကို တိုက်တွန်းလာသည်။
ရှုယီမှာ မဟာမှော်ပညာရှင် ကမ်မီလာက အသက်ရလာလေ ကလေးပိုဆန်လာလေဖြစ်သဖြင့် ဆွံ့အနေရ၏။ သူက မျက်လုံးလှန်လိုက်ပြီးနောက် ထိုသတ္တုသေတ္တာလေးထဲသို့ မှော်စွမ်းအင် ပို့လွှတ်လိုက်လေသည်။
သေတ္တာလေးက မျှော်လင့်ထားသလို မှော်အစီအရင်တစ်ခု၏ အလင်းကို ထုတ်လွှတ်လာသည်။
သို့သော် မျှော်မလင့်ထားစွာဖြင့် သတ္တုသေတ္တာလေးရှိ အဟ'လေးထံမှ ထွက်လာသည့် ထိုအလင်းမှာ ပုံမှန်မှော်ဒြပ်စင်လေးပါး၏ အလင်းမဟုတ်ဘဲ ထူးထူးဆန်းဆန်း ခရမ်းအလင်းဖြစ်သည်။
ရှုယီ ကြောင်အနေစဉ်တွင် ရုတ်တရတ် ထိုသတ္တုသေတ္တာလေးထံမှ ရင်းနှီးနေသည့် အသံတစ်သံထွက်လာ၏။
“ရှုယီ..... ကြားရလား? ဟေး? အဲ့မှာ ရှိနေသေးလား? ရှုယီ အဘိုးက ရှင့်ဘေးမှာလား?”
“စတေးလ်?!” ရှုယီမှာ တမုဟုတ်ချင်း အံ့အားသင့်သွားပါ၏။
၎င်းက ပုံမှန်အသံနှင့် အနည်းငယ် ခြားနားနေသောိလည်း ရှုယီမှာ စတေးလ်အသံဖြစ်ကြောင်း အလွယ်လေး ပြောနိုင်ပေသည်။
ရှုယီလည်း သူ၏ လက်ထဲရှိ သတ္တုသေတ္တာလေးကို တအံ့တဩကြည့်လိုက်မိ၏။ ဒီအရာက အသံတွေကို မှတ်တမ်းတင်နိုင်တာလား? စတေးလ်ရဲ့ အသံကို မှတ်တမ်းတင်ထားတာလား?”
သို့သော်လည်း သူ၏ ခန့်မှန်းချက်မှာ မှားယွင်းနေကြောင်း သိလိုက်ရတော့သည်။
စတေးလ်၏ အသံက သတ္တုသေတ္တာလေးထံမှ တစ်ဖန်ထွက်ပေါ်လာ၏။
“ရှင်လား ရှုယီ? ရှင့်အသံကိုကြားရတယ်။ ရှင် အဘိုးရဲ့ဘေးမှာလား? အဘိုးက ရှင့်ကို သူ့ရဲ့ မှော်ဆက်သွယ်ရေးစက်ပေးလိုက်တာလား?”
ရှုယီမှာ အံ့ဩသွားရသည်။
ဒီအရာမှာ မှတ်တမ်းတင်ထားခြင်းမဟုတ်ဘဲ ပစ္စုပ္ပန်အချိန်၌ စတေးလ်၏ အသံကို ပို့လွှတ်ပေးနေသည်လား?
ရှုယီမှာ စိတ်ငြိမ်ငြိမ်ထား၍ သတ္တုသေတ္တာလေးထံ ပြောလိုက်သည်၊ “ဟုတ်တယ် ကိုယ်ပါ။ စတေးလ် မင်းလည်း တခြား မှော်ဆက်သွယ်ရေးစက်ကို ကိုင်ထားတာလား? မင်း ကိုယ်နဲ့ တကယ့်အချိန်မှာ စကားပြောနေရတာလား?”
“ဟုတ်တယ် ဘယ်လိုသိလဲ?” စတေးလ်ထံ၌ အံ့ဩနေသံရှိနေ၏၊ “အဘိုးပြောပြထားတာလား?”
ရှုယီမှာ မဟာမှော်ပညာရှင် ကမ်မီလာကို ကြည့်လိုက်ရာ မျက်နှာထက် အံ့ဩဟန်ရှိနေကြောင်း တွေ့လိုက်ရလေ၏။
“မဟုတ်ပါဘူး အဘိုးက ဒီဟာပေးလိုက်ရုံပဲ။ အခု မင်းအိမ်မှာလား?”
“အင်း အိမ်မှာ။ အာကာလီလည်း ကျွန်မနဲ့အတူရှိတယ်။ သူမက ကျွန်မဆီကို ဒီမှော်ဆက်သွယ်ရေးစက်ယူလာပြီး ရှင့်ကို ကျေနပ်အံ့ဩစရာလေး တစ်ခု ပေးမယ်လို့ ပြောခဲ့တာ။” စတေးလ်၏ အသံက ရွှင်ပျနေသည်၊ “ဒီဟာက တကယ်ကောင်းတာပဲ။ ကျွန်မ အိမ်မှာဆိုပေမယ့်လည်း ရှင့်ကို စကားပြောနိုင်တော့ တကယ် အဆင်သင့်လိုက်တာနော်။”
“အင်း ဒါက တကယ်ကို အဆင်သင့်တယ်။ ဒါပေမယ့် အာကာလီကို ပြောပေးပါဦး မှော်သုတေသနဌာနရဲ့ သုတေသနပညာရှင် တစ်ယောက်အနေနဲ့ ဥက္ကဌဖြစ်တဲ့ ကိုယ့်ဆီကနေ သုတေသနရလာဒ်ကို ဖုံးကွယ်ထားတယ်နော်လို့။ ဒီလ သူမရဲ့ အပိုဆုကြေး(ဘောနပ်စ်)ကို နုတ်လိုက်မယ်လို့။” ရှုယီက ဆိုသည်။
“ဘာကို မူတည်ပြီးတော့လဲ!” စတေးလ် ရယ်လိုက်ချိန်တွင် အာကာလီက စိုးရိမ်စွာဖြင့် မယုံမကြည်ပြောလာသည်၊ “ဥက္ကဌ ဒါက မဟာမှော်ပညာရှင် ကမ်မီလာရဲ့ အကြံပါ။ သူက ရှင့်ဆီကနေ ဖုံးကွယ်ထားချင်တာလေ၊ ဘာလို့ သူ့ရဲ့ အပိုဆုကြေးကို အရင်မနုတ်တာလဲ!”
ရှုယီက ရယ်သည်၊ “ဂရုမစိုက်ဘူး ကျုပ် ဒီလ ခင်ဗျားရဲ့ အပိုဆုကြေးကို လျှော့လိုက်မှာ!”
“ကျွန်မ မလုပ်ပါဘူး ဥက္က.....”
အာကာလီ၏ အသံက ရုတ်တရတ် ရပ်သွားသော်လည်း ၎င်းမှာ ရှုယီက သတ္တုသေတ္တာလေးထဲသို့ မှော်စွမ်းအင်ထည့်ခြင်းကို ရပ်တန့်လိုက်ခြင်းကြောင့်ဖြစ်သည်။
လက်ထဲရှိ သာမန်ပုံစံသတ္တုသေတ္တာလေးကို ကြည့်ရင်း ရှုယီမှာ ကျေနပ်အားရဟန် အပြည့်ဖြစ်နေသည့် မဟာမှော်ပညာရှင် ကမ်မီလာကို ကြည့်လိုက်ပါ၏။
“အဘိုး ဒီအရာကို လေ့လာဖို့ ဘယ်လိုစဉ်းစားမိတာလဲ? အထဲက မှော်အစီအရင်ကရော? ဒါကို ရေပန်းစားအောင်လုပ်ဖို့ ရည်မှန်းချက်လေးဘာလေးရောရှိလား? ဒီဆက်သွယ်ရေးစက်ရဲ့ နတ်နိမိတ်က အများဆုံး ဘယ်လောက်ရှိလဲ? တစ်ချိန်တည်းမှာ လူဘယ်နှယောက် ပြောနိုင်လဲ? မတူညီတဲ့ လူတွေရဲ့ ကြိမ်နှုန်းတွေကို ခွဲခြားလို့ရလား? ဗဟိုရုံလေးတစ်ခု ဆောက်ပြီးတော့.....”
“ခဏနေဦး!” မဟာမှော်ပညာရှင် ကမ်မီလာက အသံမြှင့်၍ ရှုယီ၏ မေးခွန်းကို ဖြတ်တောက်လိုက်သည်။
မဟာမှော်ပညာရှင် ကမ်မီလာက ရှုယီကို မျက်မှောင်ကုပ်ကာ ကြည့်ပြီးနောက် ရှုပ်ထွေးနေဟန်ဖြင့် မေးမြန်းလာသည်၊ “ဒီပစ္စည်းအသစ်ကြောင့် မင်းအရမ်း အံ့ဩသွားမယ်ထင်နေတာ၊ ဒါပေမယ့် မင်းကြည့်ရတာ လုံးဝ မအံ့ဩဘဲ။ ဒါနဲ့ ရင်းနှီးနေသလိုတောင် ခံစားနေရပုံပေါ်တာကို တွေ့လိုက်ရတယ်နော်? တစ်ယောက်ယောက်က မင်းကို ကြိုပြောထားလို့များလား?”
ရှုယီက တစ်ချက် ရယ်၏။ ဤဆဲလ်ဖုန်းမှာ ကမ္ဘာမြေတွင် အင်မတန် ရေပန်းစားလှပြီး ဤအရာက ဝေါ်ကီတော်ကီတစ်ခုကဲ့သို့ အကြမ်းဆန်လှသည်ဖြစ်ရာ သူ့ကို အံ့ဩစေမည်မဟုတ်ပေ။
သို့သော် ရိုးသားရလျှင် အနည်းငယ်တော့ အံ့ဩခဲ့ပါ၏။ ဤမှော်ဆက်သွယ်ရေးစက်ကြောင့် အံ့ဩခြင်းမဟုတ်ဘဲ ဤသို့သက်ရောက်မှု ရှိနိုင်သည့် မှော်အစီအရင်တစ်ခု ရှိနေသောကြောင့်ဖြစ်သည်။
ဤအရာကိုသာ သူလိုချင်သလို နည်းလမ်းအတိုင်း ထုတ်လုပ်နိုင်ပါလျှင် သူဟာ ဤလောက၌ ဆဲဖုန်းလ်များ ဖန်တီးနိုင်မည်လား?
စိုင်စ်နယ်မြေကြီးကဲ့သို့ မှော်လောကရှိ ဆဲလ်ဖုန်းကို စဉ်းစားကြည့်သော် ရှုယီ၏ အမူအရာက မနေနိုင်ဘဲ အနည်းငယ် ထူးဆန်းလာတော့၏။
“ဘယ်သူကမှ ကြိုမပြောပါဘူး ဒါပေမယ့် အရင်က တစ်ယောက်နဲ့ တစ်ယောက် လွယ်လွယ်ဆက်သွယ်လို့ရမယ့် မှော်စက်တစ်ခု လုပ်ချင်တယ်လို့ အဘိုး ပြောခဲ့ဖူးတယ်မဟုတ်လား?” ရှုယီက မေးသည်။
“ပြောခဲ့တာလား?” မဟာမှော်ပညာရှင် ကမ်မီလာက မျက်မှောင်တွန့်ကာ စဉ်းစားရင်း ယခင်က ၎င်းကို ရှုယီထံ ပြောခဲ့ဖူးသည်လားအား မမှတ်မိနိုင်ဖြစ်နေရ၏။
သို့သော် ၎င်းက အရေးမပါလှပေ။ ၎င်းနှင့်ယှဉ်လျှင် ရှုယီမှာ သူဂရုစိုက်သည့် အရာများစွာကို ပြောလိုက်ရုံသာဖြစ်သည်။
“ဒီထဲမှာ အသေးစားအာကာပြင်အစီအရင်ရှိတယ်။ ဒီအစီအရင်က ကူးပြောင်းရေးအစီအရင်တစ်ခု ဆိုပေမယ့် လေ့လာကြည့်ပြီးတဲ့နောက်မှာ ဒါကို အာကာပြင်ကနေတဆင့် အသံကိုပဲ ပေးပို့ပေးမယ့် မှော်အစီအရင်တစ်ခု အဖြစ် ပြောင်းလိုက်တယ်။” မဟာမှော်ပညာရှင် ကမ်မီလာက ပြောသည်။
“အာကာပြင် အစီအရင်?” ရှုယီက အသက်ပြင်းပြင်းရှူလိုက်ပါ၏။
အာကာပြင်အစီအရင်များမှာ မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာပြီးနောက်မှ ရင်းနှီးလာနိုင်သည့် အရာဖြစ်သည်။ သို့သော်လည်း မဟာမှော်ပညာရှင်အတွက်ပင် အာကာပြင်အစီအရင်များက အင်မတန် ခက်ခဲနေဆဲဖြစ်သည်။
မဟာမှော်ပညာရှင်တစ်ဦး၏ အာကာပြင်အစီအရင်ကို ဖမ်းဆုပ်မှုမှာ သူ၏စွမ်းအားကို ထုတ်ဖော်ပြသခြင်းပါပေ။
အာကာပြင်အစီအရင်များကြားတွင် ကူးပြောင်းရေးအစီအရင်များမှာ ခက်ခဲသည့် မှော်အမျိုးအစားပင်။
၎င်းမတိုင်ခင်က စိုင်စ်နယ်မြေကြီး၏ မှော်ပညာရှင်များမှာ ကူးပြောင်းရေးအစီအရင်များကို ဖန်တီးဖို့ရန် ကူးပြောင်းရေး မှော်ပညာကို အသုံးပြုခဲ့ပြီး လူသားတွေကို နေရာကူးပြောင်းပို့ဆောင် ပေးခဲ့ဖူးသည်။
သို့သော် ပြီးပြည့်စုံသော ပို့ဆောင်ရေးအစီအရင်မှာ တည်ဆောက်ရန် အင်မတန်ခက်ခဲလှပြီး ထိန်းသိမ်းရန်လည်း များစွာ ဈေးကြီးလှ၏။ ထို့ကြောင့် စိုင်စ်နယ်မြေကြီးတစ်ခုလုံးတွင် ကူးပြောင်းရေးမှော်အစီအရင် နှစ်ဆယ်အောက်ကို ထိန်းသိမ်းထားသည့် နိုင်ငံအနည်းငယ်မျှသာရှိသည်။
မှော်ပညာရှင်များအဖွဲ့အစည်း ဌာနချုပ်ရှိရာ ကောင်းကင်မြို့၌ပင် ကူးပြောင်းရေးမှော်အစီအရင် နှစ်ခုသာ ကျန်ရှိ၏။
မဟာမှော်ပညာရှင် ကမ်မီလာမှာ ကူးပြောင်းရေးအစီအရင်ကို အသုံးပြုနိုင်ဖို့ အံ့ဩဖွယ်မရှိသော်လည်း ၎င်းကို အသံကူးပြောင်းနိုင်သည့် အစီအရင်တစ်ခုအဖြစ် ကူးပြောင်းနိုင်သည့် အချက်က တကယ်ကို အံ့ဩဖွယ်ရာပင်။
ရှုယီမှာ မဟာမှော်ပညာရှင် မဟုတ်သေးသလို အာကာပြင်အစီအရင်များကို မသုံးနိုင်သေးရာ မဟာမှော်ပညာရှင် ကမ်မီလာက ၎င်းအား မည်သို့ အောင်မြင်ခဲ့ကြောင်း နားမလည်ပေ။
သို့သော် ၎င်းက မည်မျှခက်ခဲခဲ့သည်ဆိုကြောင်းကို နားမလည်ဖို့ မတားမြစ်နိုင်ချေ။
ကမ္ဘာမြေရှိ ဆဲလ်ဖုန်းများမှာ အသံလှိုင်းများကို အဓိပ္ပာယ်ပြန်ပြီး ၎င်းတို့ကို အခြားဆဲလ်ဖုန်းရှိ ပြောင်းလဲပို့ဆောင်ရန် တိကျသည့် စက်မှုတူရိယာများသုံးထားသည်။
၎င်း၏ ခက်ခဲနက်နဲမှုမှာ ကိုယ်ပိုင်အထောက်အထား ရှိသည်။
ကမ္ဘာမြေတွင် ဆဲလ်ဖုန်းကို ဖန်တီးရန် ရှာဖွေတွေ့ရှိသူများစွာရှိခဲ့သည်။ သို့သော် ဤနေရာအတွက် မဟာမှော်ပညာရှင် ကမ်မီလာက မှော်အစီအရင်လေးတစ်ခုကို ပြောင်းလဲကာ ဤစမ်းသပ်မှုကို အပြီးသတ်လိုက်ခြင်းက ရှုယီကို အံ့မခန်းဟု ခံစားရစေသည်။
လက်ထဲရှိ သတ္တုသေတ္တာလေးကိုကြည့်ရင်း ရှုယီမှာ ရုတ်တရတ် အကြံရသွားသည်။
“အဘိုး ဒီတစ်ခေါက် သုတေသနမှာ အာကာလီနဲ့ အတူလုပ်ခဲ့တာလား?”
“အင်း ဒါကြောင့် မင်းကိုငါလာရှာတော့ စတေးလ်ဆီကို တခြားမှော်ဆက်သွယ်ရေးစက် ပေးဖို့ အာကာလီကို ခိုင်းခဲ့ရတာပေါ့။” မဟာမှော်ပညာရှင် ကမ်မီလာမှာ သက်ပြင်းချ၍ဆိုသည်၊ “သူမရဲ့ အသံအနေအထားအရတော့ စတေးလ်က အတော်လေးပျော်နေပုံဆိုပေမယ့် မင်းက အဲ့လောက် အံ့ဩမသွားဘူးပဲ။ ဒါက ငါ့ကို တကယ် စိတ်ဓာတ်ကျစေတယ်။”
ရှုယီက ရယ်မောသည်၊ “ကျွန်တော် အရမ်းအံ့ဩပါတယ်၊ ဒါပေမယ့် ကျွန်တော့ အံ့ဩမှုက စတေးလ်နဲ့ မတူနေရုံပဲ။ အဘိုး အဘိုးက အာကာလီနဲ့ အလုပ်အတူလုပ်မှတော့ သူမ ပုံမှန်လေ့လာနေတဲ့ မှော်အစီအရင်ပဲ့တင်ထပ်ခြင်းကို သိလောက်မှာပါ။ ကျွန်တော့် ခန့်မှန်းချက်သာမမှားရင် သတ္တုသေတ္တာအတွင်းထဲက မှော်ပညာကသာ ကျွန်တော်နဲ့ စတေးလ်နဲ့ အတူတူပဲဖြစ်ရမယ်?”
မဟာမှော်ပညာရှင် ကမ်မီလာက အသာပြုံးကာ၊ “ဒီကောင်လေးက တကယ်ထက်တာပဲ၊ ဘာလဲ? ဒီအတွက် အမြင်လေးများရှိလို့လား?”
“လတ်တလောတော့ ဒါကို ဒီနေ့မှသိတာကြောင့် ဘာအမြင်မှမရှိပါဘူး။” ရှုယီက ခေါင်းခါ၍ သက်ပြင်းချကာဆိုသည်။ “ဒါပေမယ့် အဘိုး..... ဒီအရာက လောကမှာ ဘယ်လို များများစားစား လွှမ်းမိုးနိုင်သွားမလဲ စိတ်ကူးကြည့်လို့တောင်မရဘူးနော်။”
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၆၃။ ကန်တိုနာ ခက်ခဲသည့်ရွေးချယ်မှုကို ကြုံဆုံရခြင်း
ရာသီဥတုက နွေဦးကို ဝင်ရောက်လုဆဲဆဲဖြစ်သည်။
အတိတ်က ဤအချိန်ဆိုလျှင် ကန်တိုနာမှာ အလုပ်အများဆုံးဖြစ်ခဲ့သော်လည်း အပျော်ရွှင်ဆုံး အချိန်လည်း ဖြစ်ပါ၏။
အကြောင်းမှာ ကန်တိုနာကုန်သည်ကြီးများအသင်းထံ၌ လယ်သုံးမှော်စက် ဆယ်မျိုးရှိသောကြောင့်ပင်။ ထို့ကြောင့် နွေဦးကောက်ရိတ်ချိန်ရောက်လာလျှင် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များ၌ ကန်တိုနာကုန်သည်ကြီးများအသင်းကို ရိတ်သိမ်းခြင်းနှင့် ကူညီဖို့ ဖိတ်ကြားထားသော လူများစွာရှိခဲ့သည်။
အင်မတန်အလုပ်များခဲ့သော်လည်း ငွေအတော်ဝင်ရုံသာမက ကန်တိုနာကုန်သည်ကြီးများအသင်းအတွက်လည်း နာမည်အတော်ရစေသည်။ ထို့ကြောင့် ကန်တိုနာကုန်သည်ကြီးများအသင်းမှာ စိုက်ပျိုးရေးသုံးမှော်စက်အနည်းငယ်သာ ရှိသည့် လုပ်ငန်းစုလေးတစ်ခု မဟုတ်တော့သော်လည်း ကန်တိုနာက ဤအလုပ်၌ အရေးထားဆဲဖြစ်ပါ၏။
သို့ရာတွင် ဤနှစ်၌ ကန်တိုနာမှာ တကယ်ကို စိုးရိမ်ပူပန်နေရလေသည်။
၎င်းမှာ မည်သည့်အတွက်ကြောင့်မှမဟုတ် မြို့စားအိမ်တော်က စည်းမျဉ်းသစ်တစ်ရပ် ထုတ်ပြန်လိုက်သောကြောင့်ပင်။
မြို့စားအိမ်တော်မှာ နွေဦးကောက်ရိတ်သိမ်းမှု ချောမွေ့စွာလုပ်ဆောင်နိုင်ရန်အတွက် မြို့စားအိမ်တော်မှ သတ်မှတ်ထားသည့် အိမ်သုံးမှော်စက်များကို ဘန်တာမြို့၌ အသုံးပြုဖို့ရန် တောင်းဆိုထား၏။
တံဆိပ်မှာမူ အသေအချာကိုပင် ဌာနက ရွေးထုတ်ထားသည့် ဟာယာဒါကုန်သည်ကြီးများအသင်း၏ တံဆိပ်ဖြစ်လေသည်။
လူတိုင်းအနေနှင့် မြို့စားအိမ်တော်က ဤစည်းမျဉ်းထုတ်ဖော်ခြင်း အကြောင်းရင်းကို သိသော်လည်း ကန်တိုနာထံတွင် ရွေးစရာမရှိပေ။
အခြားလုပ်ငန်းစုများမှာ ဘန်တာမြို့တွင် ဆက်မနေနိုင်သောကြောင့် ထွက်ခွာသွားကြသော်လည်း ကန်တိုနာကုန်သည်ကြီးများအသင်းတည်ထားသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာမူ ဘန်တာမြို့ရှိ မြေများ၌ မူတည်နေပြီး ဘန်တာမြို့မှ ထိန်းချုပ်ထားသည့် မြေကို ရှောင်လွှဲနိုင်ခြင်းမရှိပေ။
ကန်တိုနာလည်း ဘန်တာမြို့မှ ထွက်သွားဖို့ ပြင်ဆင်ထားပါသော်ငြား ကန်တိုနာကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်ကို ဒီတိုင်းလေး ချန်ထား၌မရပေ။ အခြားမြို့များ၌ လက်ရှိအခြေအနေနှင့် လုပ်ငန်းအသစ်တစ်ခုဖွင့်လှစ်ရန် အချိန်အနည်းငယ် စောင့်သည်က ပိုကောင်းပါ၏။
မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာမှာ နိုင်ငံတဝှမ်းလုံးသို့ စည်းမျဉ်းများ ဖြန့်ကျက်ထားပြီးဖြစ်သည်။ ၎င်းတို့မှာ တိုးတက်မှုစံနှုန်းများကို အာမခံရန် ဌာနက ရွေးချယ်ပေးထားသည့် တံဆိပ်ကို အသုံးပြုဖို့ လိုအပ်ကြောင်း ထုတ်ပြန်ထား၏။
ဤသို့ တွန်းအားပေးခံရသော် ကန်တိုနာကုန်သည်ကြီးများအသင်းလည်း လယ်သုံးမှော်စက် ဆယ်စုံစာဝယ်ယူ၍ ရွှေဒင်္ဂါးတစ်သောင်းနီးနီး သုံးစွဲခဲ့လေသည်။
ကန်တိုနာအနေနှင့် ၎င်းက သူတို့၏ လုပ်ငန်းကို ရှေ့ဆက်စေနိုင်မည်ဟု ထင်ခဲ့ပါသော်လည်း ကန်တိုနာကုန်သည်ကြီးများအသင်း မက်ဆီလန် ကျေးရွာ၌ ကောက်ရိတ်သိမ်းမှု စတင်တော့မည်အပြုတွင် ၎င်းမှော်စက်များ၌ ပြဿနာပေါင်းစုံ ပေါ်ပေါက်လာလေသည်။ ၎င်းက သူတို့အား မက်ဆီလန် ကျေးရွာ၌ မူတစ်ရာပင် မပြီးနိုင် ဖြစ်သွားစေ၏။
ပြောရလျှင် ယခင်နှစ်များ၌ ကန်တိုနာကုန်သည်ကြီးများအသင်း အင်အားအပြည့်ဖြစ်နေသ၍ တစ်မနက်တည်းနှင့်တင် မက်ဆီလန်ကျေးရွာ မြေကွက်များကို ပြီးစေနိုင်လိမ့်မည်။
ဟာယာဒါတံဆိပ် လယ်သုံးမှော်စက်ထံမှ မရပ်တန့်သွားခင် မရှေးမနှောင်း၌ စူးရှရှအသံထွက်လာသည်ကို ကြားရကာ မကြာလိုက်ဘဲ မှော်အစီအရင်တစ်လင်းလာသဖြင့် ကန်တိုနာ မျက်မှောင်ကုပ်မိသွားသည်။
ဟာယာဒါ မှော်စက်များကို သုံးရသည့် သုံးရက်အတွင်း အလုံးနှစ်ဆယ်အနက် ဆယ့်သုံးလုံးမှာ ပြဿနာများပေါ်လာပြီး ခြောက်လုံးမှာ ပြင်းထန်သဖြင့် လုံးဝပင် သုံး၍မရချေ။
အလွန်ကျူးဆုံးအရာမှာ နှစ်မျိုးစ အဓိကအစိတ်အပိုင်းနှစ်ခုမှာ ပျက်စီးသွားခြင်းပင်!
ဤပြဿနာမှာ တကယ်ကို မယုံနိုင်စရာပင်။ အနှီ *bearingက အသေးစား မှော်ကောက်ရိတ်စိတ်၏ အစိတ်အပိုင်းတိုင်းကို ချိတ်ဆက်ထားသည်ဟု သိရ၏။ ၎င်းကို အကောင်းဆုံး ပစ္စည်းများဖြင့် ပြုလုပ်ထားသင့်သော်လည်း ဤ ဟာယာဒါ တံဆိပ် မှော်စက်မှာ နှစ်ရက်ကြာသုံးပြီးနောက် ပျက်စီးသွားသဖြင့် အရည်အသွေး မည်မျှဆိုးကြောင်းမြင်နိုင်သည်။
(*bearing = စက် ချောမောစွာလည်စေသော ဘီးနှင့်ဝင်ရိုးကြားခံထားသည့် ဘောစေ့များပါသောကွင်း)
“ဥက္ကဌ ဒီကို လုပ်ဖို့ နည်းမရှိတော့ဘူး။” ကန်တိုနာကုန်သည်ကြီးများအသင်း အလုပ်သမားများထဲမှ တစ်ဦးက သူ၏ လက်ထဲရှိ အသေးစားမှော်ကောက်ရိတ်စက်ကို ပစ်ကာ ညည်းညူလာသည်၊ “ဒါသာ ဆက်တိုက်ပျက်နေရင် အလုပ် လုံးဝ လုပ်ရမှာကို မဟုတ်တော့ဘူး။”
“ဟုတ်တယ် ဥက္ကဌ ကျုပ်လက်ထဲက တစ်ခုကလည်း ဆက်ပြီးတောင့်ခံနိုင်ဦးမယ်လို့ မထင်ဘူး။” မနီးမဝေးမှ အလုပ်သမားတစ်ဦးကလည်း ခါးသက်သက်ပြုံးပြလာပါ၏၊ “နားထောင်ကြည့် ဘာအသံများလဲ? ကျုပ်ထင်တယ် မကြာခင်....”
သူ့အပြောပင် မဆုံးခင်တွင် သူကိုင်ထားသည့် အသေးစားမှော်ကောက်ရိတ်စက်က ထူးထူးဆန်းဆန်း အဖြူရောင်အလင်းထွက်လာပြီးနောက် အလင်းရောင်က ပျောက်ကွယ်သွားပါ၏။ ၎င်းအသံလည်း ရပ်သွားကာ စက်ကလည်း ရပ်နေသည်။
အားလုံးက တစ်ဦးကိုတစ်ဦးကြည့်လိုက်သည်။ သူက ကန်တိုနာရှေ့ရောက်လာကာ ခေါင်းခါပါ၏။
“ဥက္ကဌ ကျုပ် ဒါကို ဆက်မလုပ်နိုင်တော့ဘူး။ ဘာကိုသောက် ဟာယာဒါတံဆိပ် မှော်ကောက်ရိတ်စက်လဲ အပျက်အစီးပုံသက်သက်ပဲ။”
“ဟုတ်တယ် ဒါက မဆိုးရင်တောင် လုပ်နိုင်စွမ်းက Frestech ကုန်သည်ကြီးများအသင်းကို မယှဉ်နိုင်နေဘူး။ ကျုပ်တို့တွေ Frestech ကုန်သည်ကြီးများအသင်းဆီက စက်တွေရထားတာ သုံးနှစ်လောက်ကြာတာတောင် တစ်ခုမှ မပျက်သွားတာကို မပြောနဲ့ဦး။ အများဆုံး ပြဿနာ အသေးအမွှားလေးတွေပဲ ရှိခဲ့တာ။”
“ဟုတ်တယ် Frestech တံဆိပ် မှော်ကောက်ရိတ်စက်တွေက သုံးရလွယ်တယ်။ ဘယ်လိုများ ဒီသောက် ဟာယာဒါတံဆိပ်တွေလို မြန်မြန် ပျက်ပါ့မလဲ။ ဥက္ကဌ Frestech တံဆိပ်တွေသာ ထုတ်လိုက်ပါတော့ မဟုတ်ရင် ဒါကို လုံးဝ မလုပ်နိုင်လောက်တော့ဘူး။”
“ဟုတ်တယ် ဟုတ်တယ် ဥက္ကဌ Frestech တံဆိပ်တွေသာ ထုတ်လိုက်ပါတော့။ ဒီအစုတ်အပြတ်တွေကို အဲဒါအစား ဘာလို့ သုံးရမှာလဲ?”
“ဥက္ကဌက စည်းမျဉ်းအသစ်တွေကို စိုးရိမ်နေတာ.....”
“ဘာစည်းမျဉ်းလည်း ကိုယ့်ဘာသာသုံးတာကို မြို့စားအိမ်တော်က ဘာတွေ ဂရုစိုက်မှာလဲ။”
“ဒါက ပြောရခက်တယ်.....”
......
ကန်တိုနာက မျက်မှောင်ကုပ်ကာ မက်ဆီလန်ကျေးရွာ ဝင်ပေါက်သို့ ကြည့်လိုက်သော် လူတစ်ယောက်က စက်ဘီးအမြန်နင်းကာ လာနေသည်ကို တွေ့ရလေ၏။
ထိုလူက လယ်ထဲသို့ ရောက်လာရာ ကန်တိုနာ၏ အဖွဲ့လည်း ၎င်းထံသွားလိုက်သည်။
“ဟေး မာကာရိုဘာလို့ အခုမှ ပြန်လာတာလဲ? မြန်မြန်ပြန်လာနိုင်အောင်လို့ လူထုပို့ဆောင်ရေးနဲ့လာဖို့ ပြောခဲ့တယ် မဟုတ်လား? ဘာလို့ စက်ဘီးစီးလာတာလဲ?” ကန်တိုနာက ပူပန်စွာ မေးသည်။
မာကာရိုလည်း စက်ဘီးကို ချ၍ ခါးသက်သက်ပြုံးကာ လက်များ ဖြန့်လိုက်သည်၊ “လူထုပို့ဆောင်ရေးအခကြေးငွေတွေက တက်သွားလို့ မတန်ဘူးထင်လို့ပါ။ ပြီးတော့လည်း ဒီနေရာက မြို့နဲ့ သိပ်မဝေးတော့ စက်ဘီးပဲ စီးလာလိုက်တာ။”
“တက်သွားပြန်ပြီလား?” လူများက အံ့ဩသွားသည်၊ “အရင်လကပဲ တိုးထားတာမဟုတ်ဘူးလား? ထပ်တက်သွားတယ်ပေါ့? ဒီတစ်ခေါက် ဘယ်လောက်တောင်တက်သွားတာလဲ?”
“ခရီးတစ်ထောက်ကို ငွေဒင်္ဂါးသုံးဆယ်.....” မာကာရိုက သက်ပြင်းချကာဆိုသည်၊ “ခရီးတစ်ပတ်စာဆို ငွေဒင်္ဂါးခြောက်ဆယ်ဆိုတော့ ဒါကို ဖြုန်းတီးတာလို့ ထင်လား မထင်ဘူးလား?”
“သေစမ်း; ငွေဒင်္ဂါးနှစ်ဆယ်အထိတက်ထားတာကို ငွေဒင်္ဂါးသုံးဆယ်တက်သွားတယ်လား? ရူးနေတာမဟုတ်ဘူးလား? ဒီလောက် ဈေးကြီးမှတော့ ဘယ်သူက စီးမှာလဲ!”
“ဖာဆန်ရထားလုံးလုပ်ငန်းစု နုတ်ထွက်သွားတော့ ဈေးတက်လာမယ်ဆိုတာသိပါတယ်။ ဒါပေမယ့် ဒီလောက်ကြီး တက်သွားမယ်လို့ မထင်ထားဘူး! အရင်က ခရီးတစ်ထောက်ကို ငွေဒင်္ဂါးရှစ်ပြားပဲ ရှိတာမို့လား!”
“ဖာဆန်ရထားလုံးလုပ်ငန်းစုက တကယ်ကို တစ်ခုခုပဲ။ သူတို့ ကောင်းကောင်းလုပ်နေတာပဲကို ဘာလို့ ရပ်လိုက်ရတာလဲ? အခု ငါတို့ လူထုပို့ဆောင်ရေးစနစ်ကိုတောင် မစီးနိုင်တော့ဘူး။”
“ဖာဆန်ရထားလုံးလုပ်ငန်းစုကို အပြစ်တင်လို့ မရဘူးလေ။ ⟨ ဘန်တာတိုင်းမ်စ် ⟩ က ပြောထားခဲ့တာကို မြင်ခဲ့တယ်မဟုတ်လား? မြို့စားအိမ်တော်ရဲ့ မူဝါဒတွေက နုတ်ထွက်ဖို့ တွန်းအားပေးတာကြောင့်ပဲ၊ မဟုတ်ရင် သူတို့ အရာအားလုံးကို ဆုံးရှုံးသွားမှာပေါ့။ ဖာဆန် ရထားလုံးလုပ်ငန်းစုက ငွေဝင်စရာမလိုဘူးထင်နေတာလား?”
“ဒါဆို လူထုပို့ဆောင်ရေးစနစ်ကို ပေးထားတဲ့ လာဖာရယ်ကုန်သည်ကြီးများအသင်းလည်း ဈေးနှုန်းကို ဒီလောက်တိုးလို့ မရဘူးမို့လား? သူတို့က လူတွေကို စီးဖို့ ခွင့်မပြုဘဲနေတာလား?”
“မြို့စားအရှင်ကို သတ္တိရှိရင်သွားပြောလေ။ မမေ့နဲ့ ငါတို့ Frestech တံဆိပ် မှော်စက်တွေကို သုံးလို့မရနိုင်တဲ့ အကြောင်းအရင်းက မြို့စားအိမ်တော်ရဲ့ စည်းမျဉ်းတွေကြောင့်ပဲ။”
“မြို့စားအိမ်တော်က အဲဒီသောက်ကောင်တွေ အရှက်မဲ့လွန်းတယ်!”
“ရှူး..... ပေါက်ကရမပြောနဲ့.....”
.....
ကန်တိုနာက ၎င်းတို့ကို ဖြတ်ပြောပြီးနောက် မာကာရိုကို မေးလိုက်သည်၊ “လူထုပို့ဆောင်ရေးကို စိတ်မပူပါနဲ့။ မာကာရို မင်း ဟာယာဒါကုန်သည်ကြီးများအသင်းကို မေးပြီးပြီလား? ဘာပြောလိုက်လဲ?”
မာကာရိုက ခေါင်းငြိမ့်၍ ဖြေဆိုလေသည်၊ “ကျွန်တော်မေးခဲ့ပါတယ်၊ သူတို့ ကြည့်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်တဲ့။”
“ဒါဆို ဘယ်အချိန်လွှတ်မယ်လို့ ပြောခဲ့လဲ?” ကန်တိုနာက မေး၏။
“သူတို့က ကျုပ်တို့ကို တာဝန်ခံစေချင်နေတာလား?” အားလုံး အံ့ဩသွားသည်၊ “ဟာသပဲ! အဲဒီ ဟာယာဒါ တံဆိပ် မှော်စက်တွေကို ဝယ်ထားတာ တစ်လတောင်မပြည့်သေးဘူးမို့လား? အာမခံကာလအတွင်းမှာ ရှိသေးတာကို ပြင်ဖို့ ငွေပေးစေချင်နေတယ်ပေါ့?”
“ဟုတ်တယ် ဒါက မလွန်ဘူးလား? Frestech ကုန်သည်ကြီးများအသင်းက ခြောက်လတာ အခမဲ့ဝန်ဆောင်မှုပေးပြီး နောက်သုံးနှစ်စာအတွက် ရွေးချယ်ခံဝန်ဆောင်မှုတွေပေးခဲ့တယ်။ ဒီ သောက် ဟာယာဒါကုန်သည်ကြီးများအသင်းက အခမဲ့ထိမ်းသိမ်းခွင့်တောင် မပေးတာလား? သူတို့ ဘယ်လိုများ စီးပွားလုပ်ကြမလဲ?”
“ဟုတ်တယ် ဒီ ဟာယာဒါ ကုန်သည်ကြီးများအသင်းကို Frestech ကုန်သည်ကြီးများအသင်းနဲ့ ယှဉ်ကြည့်ရင် ခင်ဗျား ဥက္ကဌရှုကို ကြည့်ရတာဒေါသဖြစ်လား? သူတို့က ဘယ်လိုလုပ် Frestech ကုန်သည်ကြီးများအသင်းကို ယှဉ်ဖို့ ဘယ်လိုလုပ်အရည်အချင်းရှိမှာလဲ? သူတို့က ထိုက်တန်လို့လား?”
“ဒါဆို ဘာလုပ်ရမှာလဲ? ဒီတိုင်း လက်ခံရမှာလား?”
လက်အောက်ငယ်သားများ၏ မေးခွန်းထုတ်နေပုံကိုမြင်သော် ကန်တိုနာလည်း မျက်မှောင်ကုပ်မိသည်။ စဉ်းစားပြီးနောက် သူက မာကာရိုကို မေးလေ၏၊ “ဘယ်လောက်ကျမယ်လို့ ပြောသေးလဲ?”
“မပြောခဲ့ဘူး။” မာကာရိုက ဟာယာဒါ ကုန်သည်ကြီးများအသင်း၏ အဖြေကို ပြန်ပြောပြသည်၊ “သူတို့ပြောတာတော့ ပြဿနာလေးတစ်ခုဆိုရင် သူတို့ဆီ ပြင်ပေးဖို့ ရွှေဒင်္ဂါးနှစ်ပြား ပို့လိုက်လို့ရတယ်။ တစ်ယောက်ယောက်ကို ပို့ပေးရမယ်ဆိုရင် ရွှေဒင်္ဂါးသုံးပြားကျမယ်။ ပြဿနာကြီးရင်တော့ ရွှေဒင်္ဂါး ဆယ်ပြားကနေ နှစ်ဆယ်အထိ ဖြစ်ပြီး အခြေအနေပေါ်မူတည်တယ်တဲ့။”
၎င်းကိုကြားသော် အနီးနားရှိ အလုပ်သမားများမှာ မနေနိုင်တော့ဘဲ တစ်ဖန် ဆဲရေးလိုက်ကြပြန်သည်။
ဟာယာဒါ ကုန်သည်ကြီးများအသင်း မှော်ကောက်ရိတ်စက် အလုံးနှစ်ဆယ်တွင် ဆယ့်ငါးခုက ပျက်နေသည်။ ထို့အပြင် တစ်ခုကမှ ပြဿနာလေးတစ်ခုပင် ဟုတ်ပုံမရ။
၎င်းက ၎င်းတို့အားလုံးကိုသာ ပြင်ပါလျှင် ကန်တိုနာကုန်သည်ကြီးများအသင်း အနေနှင့် ရွှေဒင်္ဂါး နှစ်ရာအနည်းဆုံးကုန်ကျမည့် အဓိပ္ပာယ်ပင်။
“ဥက္ကဌ ကျုပ်အထင် ဒါတွေကိုပြင်ရင်တောင် ပြန်ပျက်ဖို့ သိပ်မကြာလောက်ဘူးလို့ထင်တယ်။ ပြီးတော့ ဒါရဲ့ လုပ်နိုင်စွမ်းကြောင့် အဲ့လောက်များများ ကောက်ရိတ်နိုင်မယ်လို့ မထင်ဘူး။”
“ဟုတ်တယ် ဒါတွေကိုသာဆက်သုံးနေရင် ရမယ့် ပိုက်ဆံက ပြင်ရမယ့် စရိတ်နဲ့တောင် မကာမိနိုင်လောက်တော့ဘူး။”
“ဒါပေမယ့် ဒါတွေကို မသုံးရင် ဒီနှစ် ဘာလုပ်ရတော့မှာလဲ?”
“ဘာလုပ်ရမှာလဲ? သေချာပေါက် ဘာကိုမှ လုပ်လို့မရဘူး။”
“ဒါကို ဆက်မလုပ်နိုင်တော့ဘူးပေါ့? ဒါက ငါတို့လုပ်ငန်းစုရဲ့ အခြေခံအကျဆုံး ဝန်ဆောင်မှုပဲကို။”
.....
အဖွဲ့က ကန်တိုနာကို တစ်ဖန်ကြည့်လာပြန်၏။
ဤအချိန်တွင် ၎င်းတို့အနေနှင့် ဥက္ကဌကို ဆုံးဖြတ်ခိုင်းရမည်ဖြစ်၏။
ကန်တိုနာမှာ မနေနိုင်ဘဲ ခါးသက်သက်ရယ်ကာ သူသည်လည်း ဘာလုပ်ရမည်မှန်း သိမနေချေ။
၎င်းတို့သာ ဟာယာဒါကုန်သည်ကြီးများအသင်းမှော်စက်များကို ဆက်သုံးနေလျှင် ပြင်ဆင်ရန် ကုန်ကျစရိတ်နှင့် ငွေအနည်းငယ်သာ ရပေမည်။
သို့သော်လည်း ၎င်းတို့သာ မသုံးလျှင် ၎င်းတို့လုပ်ငန်းစုထံရှိ အခြေခံအကျဆုံးနှင့် အတည်ငြိမ်ဆုံးနယ်ပယ်ကို လက်လျှော့ရမည်ဟု ဆိုလို၏။
ဤပြဿနာကို ဖြေရှင်းမည့် တစ်ခုတည်းသောနည်းမှာ Frestech တံဆိပ် မှော်စက်များကို အသုံးပြုခြင်းပင်။
သို့သော် မြို့စားအိမ်တော်၏ စည်းမျဉ်းများက ထိုသို့ မလုပ်ဝံ့အောင်ဖြစ်စေလေသည်။
“အဘိုး ဆာခိုဇီရဲ့ အကြံကို နားထောင်ပြီး လမ်ပူရီတိုင်းပြည်ကို လက်လျှော့လိုက်ဖို့ တခြားလုပ်ငန်းစုတွေဆီကနေ လေ့လာခဲ့သင့်တာ။ နိုင်ငံက ဒီလူတွေကြောင့် ပျက်စီးနေပြီ ဆက်လုပ်နိုင်စရာ နည်းလမ်းမရှိတော့ဘူး။”
ကန်တိုနာလည်း သက်ပြင်းချကာ စဉ်းစား ပြီးနောက် ခေါင်းခါလေ၏။ သူဟာ မာကာရိုအား ဟာယာဒါကုန်သည်ကြီးများအသင်းဆီ ပြန်သွားကာ လူတစ်ယောက်ပို့ခိုင်းရန် ခိုင်းမည်အပြုတွင် မက်ဆီလန် ကျေးရွာ အဝင်မှ မောင်းဝင်လာသည့် အနက်ရောင်မှော်ဆလွန်းကို တွေ့လိုက်ရလေ၏။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၆၄။ သွေးသံတရဲရဲ ပဋိပက္ခ
အနှီမှော်ဆလွန်းမှာ အင်မတန် ရင်းနှီးဟန်ပေါ်လှသည်။ နီးကပ်လာချိန်တွင် ကန်တိုနာလည်း ၎င်းက ဘာရွန် ရိုဗာ၏ ကားဖြစ်ကြောင်း မှတ်မိသွားသည်။
ယခင်တစ်ခေါက် ဘာရွန် ရိုဗာနှင့် ဆုံချိန်က သူဟာ ဤမှော်ဆလွန်းကို ကန်တိုနာထံ ကြွားခဲ့သေးသည်။ သူဟာ ဤကားအား ဆန်နက်မြေရိုင်းရှိ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ဆလွန်းစက်ရုံထံမှ ပို့ဆောင်ရန် မလွယ်ဟုပင် ဆိုခဲ့သည်။
လမ်ပူရီတိုင်းပြည်၏ စီးပွားရေးဌာနက မှော်စက်များ တင်သွင်းမို့ကို ကန့်သတ်ထားသောကြောင့် ဤမှော်ဆလွန်းကို တင်သွားလာဖို့ အတော်အားစိုက်လိုက်ရ၏။
ဤမှော်ဆလွန်းက ကွင်းထဲသို့ အလျင်အမြန်ရောက်လာပြီး တံခါးဖွင့်၍ ဘာရွန် ရိုဗာဆင်းလာလေသည်။
ကန်တိုနာ သွားတော့မည်အပြုတွင် ဘာရွန် ရိုဗာ၏ မျက်လုံးများက သူ့ထံကျရောက်လာတော့၏။ သူက အလျင်အမြန်ရောက်လာ၍ မေးသည်၊ “ဟေး ကန်တိုနာ ဒီနေ့ ငါ့ရဲ့နယ်မြေမှာ ကောက်ရိတ်ပေးဖို့ လာမယ်လို့ သဘောတူထားတယ်မဟုတ်ဘူးလား? ဘာလို့ ဒီမှာပဲ ရှိနေရသေးတာလဲ?”
ကန်တိုနာလည်း ခါးသက်သက်ရယ်၍ ကွင်းကို ညွှန်ပြလေ၏၊ “ကျွန်တော်တို့ယူလာတဲ့ မှော်စက်အသစ်တွေက ပြဿနာဖြစ်နေလို့ ဘာလုပ်မလဲ စဉ်းစားနေကြတာ။”
“မှော်စက်အသစ်တွေ?” ဘာရွန် ရိုဗာလည်း ကြည့်လိုက်ရာ နားလည်သွားတော့သည်၊ “ဟာယာဒါကုန်သည်ကြီးများအသင်းဆီက ယူလာတဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေလား?”
“အင်း ကျွန်တော်တို့ ဒီမှာ စမ်းသပ်ပြီး ပြဿနာမရှိရင် တခြားနေရာတွေမှာ ကောက်ရိတ်ဖို့ လုပ်ထားပေမယ့် ဒီအသေးစားမှော်ကောက်ရိတ်စက်အများစု ပျက်နေကြတာ တွေ့မှာပါ။ ကျွန်တော်တို့ အရှင့်ရဲ့ လယ်ကွင်းတွေကို ကောက်ရိတ်ပေးချင်ရင်တောင် ဘာမှ မလုပ်နိုင်ဘူး။” ကန်တိုနာက ကူရာမဲ့စွာ ဆိုလာသည်။
ဘာရွန် ရိုဗာလည်း နှုတ်ခမ်းများကို သရော်ဟန် တွန့်ကွေးကာ ပြောလေ၏၊ “ဒီဟာယာဒါကုန်သည်ကြီးများအသင်းကို ကိုဒက်မိသားစုက တည်ထောင်ထားတယ်လို့ ပြောထားသားပဲ။ သူတို့က ဒီအကြောင်းမှမသိတာ ဒီတော့ ဘယ်လိုလုပ် သူတို့ရဲ့ မှော်စက်တွေက ကောင်းနိုင်ပါ့မလဲ?”
“ကျွန်တော့်မှာလည်း ရွေးစရာမရှိဘူး။ မြို့စားအိမ်တော်က ဟာယာဒါ ကုန်သည်ကြီးများအသင်းရဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေကိုပဲ သုံးလို့ရမယ်လို့ စည်းမျဉ်းသတ်မှတ်ထားတယ်။ စီးပွားရေးဌာနနဲ့ စိုက်ပျိုးရေးဌာနကလည်း ဒီစည်းမျဉ်းတွေ ထုတ်လိုက်တယ်။ ကျွန်တော်တို့ လုပ်ငန်းစုလည်း သူတို့ကို လိုက်နာဖို့ကလွဲ ဘာမှ မတတ်နိုင်ဘူး။” ကန်တိုနာက သက်ပြင်းချကာဆိုသည်။
ဘာရွန် ရိုဗာက သူ့ကိုကြည့်လာသည်၊ “ဒါဆို မင်းဘာလုပ်မှာလဲ? ဒီနှစ် မင်းတို့လုပ်ငန်းစုက ကောက်ရိတ်သိမ်းဖို့ မကူတော့ဘူးလား? ငါ့ရဲ့ လယ်ထဲက ဂျုံတွေအားလုံးကို ဘယ်သူက ရိတ်သိမ်းပေးမှာလဲ?”
ကန်တိုနာက လက်များဖြန့်၍ ခါးသက်သက်ပြုံးကာ ခေါင်းခါသည်၊ “ကျွန်တော်လည်း ကူညီချင်ပေမယ့် အခြေအနေက မကောင်းဘူး။ နှစ်ရက်လောက်ထပ်စောင့်ပေးပြီး ဟာယာဒါကုန်သည်ကြီးများအသင်းက ဒီမှော်စက်တွေပြင်ဖို့ လူတွေလွှတ်လိုက်ရင် ကျွန်တော်ချက်ချင်း အရှင့်ရဲ့ လယ်ကို ရိတ်သိမ်းဖို့ လူတွေလွှတ်လိုက်ပါ့မယ်။”
“အဓိပ္ပာယ်မရှိတာပဲ! ငါ စောင့်နိုင်ပေမယ့် ကွင်းထဲက ဂျုံတွေက စောင့်နိုင်မှာမဟုတ်ဘူး။ သူတို့ကိုသာ မရိတ်သိမ်းရင် ရက်နည်းနည်းကြာတာနဲ့ ပုပ်သွားမှာပေါ့!” ဘာရွန် ရိုဗာက ဒေါသတကြီးဆိုလေ၏။
“တခြားနည်းမှမရှိတာ။ စိုက်ပျိုးရေးသုံးမှော်စက်တွေမပါဘဲ လူတွေလွှတ်လိုက်ရုံနဲ့ ဘာမှ အသုံးမဝင်ဘူးလေ။”
“စိုက်ပျိုးရေးသုံးမှော်စက်တွေမရှိဘူးလို့ ဘယ်သူပြောလဲ?” ဘာရွန် ရိုဗာက ခေါင်းခါသည်၊ “မင်းအရင်က ဝယ်ထားတဲ့ Frestech တံဆိပ်မှော်စက်တွေကို လွှင့်ပစ်လိုက်မယ်ဆိုတာ မယုံဘူး။ သွားယူလာပြီး ငါ့နောက်လိုက်ခဲ့။ ငါတို့သာ မြန်မြန်သွားနိုင်ရင် ဒီနေ့ပဲ ဂျုံတွေကို ရိတ်သိမ်းနိုင်လောက်တယ်။”
“ဒါက အလုပ်မဖြစ်နိုင်ဘူး။” ကန်တိုနာက တအံ့တဩဆိုသည်၊ “မြို့စားအိမ်တော်က ဘယ်သူ့ကိုမှ ဟာယာဒါတံဆိပ်ကလွဲပြီး ဘယ်တံဆိပ်ကိုမှ သုံးခွင့်မပြုဘူးလို့ စည်းကမ်းကျပ်ထားတယ်လေ။”
“ဘယ်သူက ဒီသောက်စည်းမျဉ်းတွေကို ဂရုစိုက်နေမှာလဲ!” ဘာရွန် ရိုဗာက ဆဲရေးလိုက်၏၊ “ပြီးတော့ ဒါက ငါ့ရဲ့နယ်မြေပဲ ဘန်တာမြို့ရဲ့နယ်မြေ တစိတ်တပိုင်းလို့ သတ်မှတ်လို့မရဘူး။ ငါ့မြေမှာ ငါသုံးချင်တဲ့ တံဆိပ်ကို သုံးမှာပဲ မြို့စားအိမ်တော်က လုံးဝဝင်ရှုပ်လို့မရဘူး။”
“ဒါက.....”
ကန်တိုနာက တုံ့ဆိုင်းနေဆဲဖြစ်သည်ကိုမြင်သော် ဘာရွန် ရိုဗာက တစ်ချက် တိုက်တွန်းလိုက်၏၊ “ဟုတ်ပြီ လေမဖြုန်းတော့နဲ့ မြန်မြန်လုပ်။ Frestech တံဆိပ် အိမ်သုံးမှော်စက်တွေသွားယူဖို့ လူတွေလွှတ်လိုက်။ ငါတို့ ဒီနေ့ ငါ့ကွင်းထဲက ဂျုံတွေအားလုံးကို ရိတ်သိမ်းဖို့လုပ်ရမယ်။”
“ဟုတ်တယ် ဥက္ကဌ အရှင်ဘာရွန်က ဒီလိုပြောနေပြီပဲ လုပ်ကြတာပေါ့”
“ဟုတ်တယ် အရှင်ဘာရွန်မှန်ပါတယ်။ ဒါက အရှင့်ရဲ့ နယ်မြေဖြစ်တာကြောင့် မြို့စားအိမ်တော်က စီမံလို့မရဘူး။”
“အင်း ဥက္ကဌ မြန်မြန်ဆုံးဖြတ်ပါ။ မြန်မြန်သွားဖို့လိုနေပြီ ကိစ္စတွေ နှောင့်နှေးလို့မဖြစ်ဘူး။”
......
အလုပ်သမားများအားလုံး သဘောတူပြီး ဘာရွန် ရိုဗာထံမှ တိုက်တွန်းမှုကြောင့် ကန်တိုနာလည်း ခဏမျှ စဉ်းစားပြီး ခေါင်းငြိမ့်လေ၏။
“ဟုတ်ပြီလေ ကျွန်တော်တို့ ဒီလိုလုပ်ကြမယ်! ဒါပေမယ့် အရှင်ဘာရွန်၊ မြို့စားအိမ်တော်ကသာ ပြဿနာရှာရင်.....”
“ငါတာဝန်ယူမယ် မင်းဆီ မကျစေရဘူး စိတ်ချထားလို့ရတယ်။” ဘာရွန်ရိုဗာလည်း ဖြတ်ပြောသည်၊ “အဲဒါကို မတွေးနေနဲ့တော့ အသင့်ပြင်လိုက် အတူသွားကြမယ်။ ငါ့နယ်မြေကလူတွေ ပြင်နေကြပြီး မင်းတို့ကိုစောင့်နေတာ။”
ဘာရွန် ရိုဗာက ကတိပေးလာသည်ကို မြင်သော် ကန်တိုနာလည်း စိတ်ချသွားသည်။ သူက ဝန်ထမ်းများဆီ လက်ယမ်းပြလိုက်၏၊ “ကောင်းပြီ ညီအစ်ကိုတို့ ပြင်လိုက်ကြရအောင် အလုပ်အတွက် အဆင်သင့်လုပ်ကြတော့!”
အလုပ်သမားများအားလုံးက ဩဘာပေးလိုက်ပြီးနောက် လူစုခွဲသွားကြတော့သည်။ ၎င်းတို့အားလုံး မက်ဆီလန် ကျေးရွာရှိ ကန်တိုနာကုန်သည်ကြီးများအသင်း၏ သိုလှောင်ရုံဆီ ဦးတည်လိုက်ကြ၏။
၎င်းတို့မှာ တားမြစ်ထားသည့် Frestech တံဆိပ် စိုက်ပျိုးရေးသုံးမှော်စက်များကို ထုတ်ယူလိုက်ရာ လူတိုင်း ခံစားချက်ပိုကောင်းလာကြသည်။
၎င်းတို့မှာ ဤမှော်စက်များကို ၂နှစ်ကျော် အသုံးပြုခဲ့ပြီး သုံးနှစ်နီးပါးပင်ဖြစ်နေပြီဖြစ်ရာ အင်မတန်ရင်းနှီးလှပါ၏။
၎င်းကို အချိန်ကြာအသုံးပြုလာရင်း Frestech ကုန်သည်ကြီးများအသင်း စိုက်ပျိုးရေးသုံးမှော်စက်များမှာ ပြဿနာအဖြစ်နည်းလှသဖြင့် ၎င်းတို့ကို အသုံးပြုရန် စိတ်ချပါ၏။ မည်သည့်အခိုက်အတန့်၌မဆို ပျက်သွားမည်ကို စိုးရိမ်နေရသည့် ဟာယာဒါ တံဆိပ်နှင့်မတူချေ။
လူတိုင်း ပြင်ဆင်ထားခြင်းနှင့်အတူ ဘာရွန် ရိုဗာလည်း မှော်ဆလွန်းပေါ်တက်၍ လမ်းကြောင်းကို ဦးဆောင်လိုက်သည်။ ဤအဖွဲ့က ဘာရွန် ရိုဗာ၏ နယ်မြေသို့ လမ်းတလျှောက်ဦးတည်သွားကြသည်။
ဘာရွန် ရိုဗာ၏နယ်မြေသို့ ရောက်ရှိရန် သိပ်မကြာလိုက်ပေ။ ၎င်းတို့၏ စိုက်ပျိုးရေးသုံးမှော်စက်များကို စက်နှိုးလိုက်သည်နှင့် မည်သည့် ညွှန်ကြားချက်မှ မလိုအပ်ဘဲ အဝါရောင်သမ်းနေသော ဂျုံကွင်းကြီးတစ်ခုလုံး ပတ်၍မောင်းနှင်ကာ ကောက်ရိတ်သိမ်းနေကြတော့သည်။
၎င်းတို့မှာ နှစ်တိုင်း နွေဦးနှင့် ဆောင်းဦးကောက်ရိတ်ချိန်တွင် ထိုသို့ လုပ်ဆောင်ခဲ့ကြလေရာ ဘာရွန် ရိုဗာဖြစ်စေ ကန်တိုနာဖြစ်စေ သို့မဟုတ် အလုပ်သမားများဖြစ်စေ အားလုံး ၎င်းနှင့် ရင်းနှီးကြပါ၏။
၎င်းတို့အနေနှင့် ရင်းနှီးကာ သုံးရလွယ်သည့် Frestech တံဆိပ် စိုက်ပျိုးရေးသုံးမှော်စက်များကို အသုံးပြုနေကြသောကြောင့် လုပ်နိုင်စွမ်းက ပုံမှန်ပြန်ဖြစ်သွားတော့သည်။ ဘာရွန် ရိုဗာ၏ တစ်ဆယ်ဟက်တာအောက် လယ်မြေ၏ အများစုကိုရိတ်သိမ်းဖို့ တစ်နာရီကျော်ကျော်သာ ကြာလိုက်၏။
နေမဝင်ခင် အပြီးသတ်နိုင်တော့မည်ကို မြင်သော် ဘာရွန် ရိုဗာမှာ ခံစားချက်ကောင်းနေတော့သည်။
စိုက်ပျိုးရေးသုံးမှော်စက်ပေါများခြင်းနှင့် မြေဩဇာအသုံးပြုမှုတို့ကြောင့် လမ်ပူရီတိုင်းပြည်၏ ကောက်ပဲသီးနှံ အထွက်နှုန်းမှာ တိုးလာကာ စိုက်ပျိုးဖို့ ဖိအားလျော့သွားသော်လည်း ၎င်းတို့ မျိုးရိုးမြင့်များအတွက် အရေးအကြီးဆုံးတာဝန်မှာ နှစ်စဉ် နွေဦးနှင့် ဆောင်းဦး ရိတ်သိမ်းရရှိသည့် ကောက်ပဲသီးနှံများကို လက်လွှဲပေးရန်ပင်။
ဤတာဝန်ကို အပြီးမသတ်နိုင်သည်နှင့် တော်ဝင်လွှတ်တော်ထံမှ သတိပေးခံရလိမ့်မည်ဖြစ်သည်။ ပြင်းထန်သည့် သတိပေးချက်တစ်ခုမှာ ၎င်းတို့၏ အဆင့်လျှောခြင်း သို့မဟုတ် နယ်မြေကို ဆုံးရှုံးရစေခြင်းတို့ ဖြစ်နိုင်၏။
ထို့ကြောင့် ဘာရွန် ရိုဗာမှာ လွှဲပြောင်းပေးရန် ကောက်ပဲသီးနှံများ ဝယ်ယူဖို့ ငွေအလုံအလောက်ရှိသော်လည်း သူ၏ ကိုယ်ပိုင်လယ်မြေကို အရေးထားဆဲပင်။
မည်သို့ဖြစ်ဖြစ် ဤအရေးကြီးဆုံးပြဿနာကို ဖြေရှင်းရန် သူ၏ ကိုယ်ပိုင်လယ်မြေကို အသုံးပြုဖို့က သာ၍ အဆင်ပြေပါ၏။
ကန်တိုနာလည်း အတော်ခံစားချက်ကောင်းနေသည်။
သူ၏ ငယ်သားများက Frestech တံဆိပ် စိုက်ပျိုးရေးသုံး မှော်စက်များနှင့် အကျွမ်းတဝင် ရိတ်သိမ်းနေကြသည်ကိုကြည့်ရင်း ကန်တိုနာကုန်သည်ကြီးများအသင်းက ထပ်တူညီနေဆဲဖြစ်ကာ ပြဿနာမရှိဟု အဓိပ္ပာယ်ပေါ်လာလေသည်။
သူ စိုးရိမ်ရမည့် တစ်ခုတည်းသောအရာမှာ မြို့စားအိမ်တော်၏ စည်းမျဉ်းဟူသည်တို့ ဖြစ်၏။
သို့သော် ကန်တိုနာမှာ သူ ပူပန်နေသည့်အရာက ခပ်မြန်မြန်ရောက်ရှိလာမည်ဟု မထင်ထားခဲ့ချေ။
နေဝင်ကာနီး ဘာရွန် ရိုဗာ၏ လယ်မြေရှိ ဂျုံများကို ရိတ်သိမ်း၍ ပြီးစီးလုနီးပါး၌ အလတ်ဆိုဒ်ပို့ဆောင်ရေးမှော်ကားနှစ်စီးမှာ ဘာရွန် ရိုဗာ၏ နယ်မြေရှိရာနှင့် ချိတ်ဆက်ထားသည့် လမ်းသို့တက်လာကာ လယ်ကွင်းများအနီးတွင် ရပ်တန့်လိုက်လေသည်။
ကားများရပ်သွားချိန်၌ မြို့စားအိမ်တော်၏ သင်္ကေတဝတ်ဆင်ထားသည့် လူအမြောက်အများ ခုန်ဆင်းလာသည်။ ပို့ဆောင်ရေးမှော်ကား၏ နောက်ကျောဘက်တွင် မြို့စောင့် စစ်သည်များစွာလည်း ထွက်ပေါ်လာလေသည်။
မြို့စားအိမ်တော်ထံမှ ဝန်ထမ်းများဟု ထင်ရသည့် လူများမှာ ဘာရွန် ရိုဗာနှင့် ကန်တိုနာဆီ လျှောက်လာကြသည်။ မြို့စောင့်စစ်သည်များကမူ လယ်ကွင်းများထံသွား၍ စိုက်ပျိုးရေးသုံးမှော်စက်များကို အသုံးပြုနေကြသည့် ကန်တိုနာကုန်သည်ကြီးများအသင်း၏ အလုပ်သမားများကို ရပ်တန့်ဖို့ အမိန့်ပေးလိုက်သည်။
၎င်းကိုမြင်သော် ဘာရွန် ရိုဗာမှာ ဒေါသအပြည့်ဖြစ်သွားသည်။ သူက မြို့စားအိမ်တော်မှ ဝန်ထမ်းများကို အော်ဟစ်လိုက်ပါ၏၊ “ဘာလုပ်နေကြတာလဲ? ဒါက ငါ့နယ်မြေပဲ ဒီမှာ ပြဿနာရှာဖို့ အတင့်ရဲနေကြတယ်ပေါ့?”
အကြီးအကဲဖြစ်သူက တင်းမာနေဟန်ဖြင့် ဘာရွန် ရိုဗာကို ပြောလာသည်၊ “ဘာရွန် ရိုဗာ ခင်ဗျားရဲ့ လယ်ကွင်းတွေကို ရိတ်သိမ်းဖို့ ခွင့်ပြုထားတဲ့ စိုက်ပျိုးရေးသုံးမှော်စက် တံဆိပ်ကလွဲပြီး တခြားတံဆိပ်တွေကို သုံးနေကြတယ်ဆိုတဲ့ သတိပေးစာရခဲ့တယ်။ ဒါက မြို့စားအိမ်တော်ရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်နေတာကြောင့် ဒီအပြုအမူကိုရပ်တန့်ဖို့ ကျုပ်တို့ ဒီရောက်နေရတာပဲ။”
“အဓိပ္ပာယ်မရှိတာ!” ဘာရွန် ရိုဗာက ဒေါသဖြစ်သွားသည်၊ “ဒါက ဒီအရှင်ရဲ့ ကိုယ်ပိုင်နယ်မြေပဲကွ! ဒီအရှင်လုပ်ချင်တာကို လုပ်လို့ရတယ်၊ မြိုစားအိမ်တော်ရဲ့ စည်းမျဉ်းတွေက ဒီအရှင့်အတွက် အရေးပါလို့လား? ဘာအပေါ် အားကိုးပြီး ရောက်လာတာလဲ?”
ဝန်ထမ်း၏ မျက်နှာထားက မပြောင်းလဲသွား။ သူက ရင်ဘတ်ထဲ လက်လှမ်း၍ ဘာရွန်ရိုဗာအတွက် စာရွက်တစ်ရွက် ထုတ်ပေးလာသည်။
“ဒါက နိုင်ငံရဲ့ တော်ဝင်လွှတ်တော်ဆီက စည်းမျဉ်းအသစ်ပါ။ နွေဦးကောက်ရိတ်သိမ်းမှုကို ပိုချောမွေ့စေဖို့ မျိုးရိုးမြင့်တွေအားလုံးကို မြို့စားအိမ်တော်နဲ့ ပူးပေါင်းပြီး မြို့စားအိမ်တော်ရဲ့ စည်းမျဉ်းတွေကို လိုက်နာစေချင်ကြတယ်။ ဘာရွန် ရိုဗာ ကျေးဇူးပြုပြီး ကျုပ်တို့အလုပ်ကို ပူးပေါင်းပေးပါ။”
ဘာရွန် ရိုဗာက စာရွက်ကိုယူလိုက်သော် တော်ဝင်လွှတ်တော်မှ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့ဩသွားပါ၏။
တော်ဝင်လွှတ်တော်ကပဲ မျိုးရိုးမြင့်တွေဆီမှာ သီးသန့်အခွင့်အရေးရှိတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား? ဘာလို့ ရုတ်တရတ်ကြီး သဘောထားပြောင်းလိုက်ရတာလဲ?”
ရှုပ်ထွေးနေသော ဘာရွန် ရိုဗာကို လျစ်လျူရှုရင်း ထိုဝန်ထမ်းက ကန်တိုနာကို ကြည့်ကာ လက်ယမ်းသည်။
“လုပ်လိုက်”
မြို့စောင့်စစ်သည်များက လယ်ကွင်းဆီတိုးသွားကြပြီး လှုပ်ရှားကာ ကန်တိုနာကုန်သည်ကြီးများအသင်း အလုပ်သမားများကို ဘေးတွန်းပို့လိုက်ကြရင်း ၎င်းတို့၏ စိုက်ပျိုးရေးသုံးမှော်စက်များကို လက်လွှတ်စေလိုက်ကြသည်။
၎င်းမှာ Frestech တံဆိပ် အိမ်သုံးမှော်စက်များကို ယူဆောင်လိုနေကြသယောင်ပင်!
ကန်တိုနာမှာ အံ့ဩကာ ဒေါသထွက်သွား၏။ သူက ထိုဝန်ထမ်းကို ကျယ်လောင်စွာ မေးလိုက်လေသည်၊ “ဘာလုပ်နေတာလဲ? ဘာကို အားကိုးပြီး ကျုပ်ပစ္စည်းကို ယူမှာလဲ?”
“ခင်ဗျားရဲ့ ပစ္စည်း?” ဝန်ထမ်းက အေးစက်စက်ရယ်၏၊ “ခင်ဗျားတို့ ကန်တိုနာကုန်သည်ကြီးများအသင်းက မြို့စားအိမ်တော်ရဲ့ စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း န့်ကျင့်ပြီး ခွင့်ပြုတံဆိပ်အစား တခြားတံဆိပ်ကို သုံးနေတာပဲ။ တခြားတံဆိပ် စိုက်ပျိုးရေးသုံးမှော်စက်ကို နိုင်ငံပိုင်အဖြစ် သိမ်းတာအပြင် ကန်တိုနာကုန်သည်ကြီးများအသင်း အနေနဲ့ မြို့စားအိမ်တော်ဆီကနေ စစ်ဆေးတာကို ခံရမယ်။ ကျုပ် သတိပေးနေတာ ခင်ဗျားသာ မပူးပေါင်းပေးရင် ခင်ဗျားကို အခုပဲ ဆွဲခေါ်သွားဖို့ အခွင့်အရေးရှိတယ်!”
ကန်တိုနာ၏ စိတ်ထဲ ဒေါသဖြင့်ပြည့်သွားသော်လည်း သူဟာ သာမန်ပြည်သူတစ်ဦးသာဖြစ်သည်။ သူဟာ မြို့စားအိမ်တော်မှ ပို့လိုက်သည့်လူများကို မခုခံဝံ့သဖြင့် ဘာရွန်ရိုဗာကိုသာ အကူအညီတောင်းရန် ကြည့်လိုက်နိုင်၏။
ကန်တိုနာ၏ အမူအရာနှင့် ထိုဝန်ထမ်းများ၏ ဘဝင်ခိုက်နေသည့် သဘောထားကြောင့် ဒေါသဖြစ်နေသည်ကိုပါ ထည့်ပေါင်းလိုက်သော် ဘာရွန်ရိုဗာမှာ များများစားစား ဂရုစိုက်မနေတော့ဘဲ အော်လိုက်သည်၊ “မင်းတို့အားလုံး ရပ်လိုက်! ဒါက ငါ့ရဲ့ ကိုယ်ပိုင်နယ်မြေမှာ ဒီမှာ တစ်ခုခုလုပ်ဖို့ ငါ့ကို ခွင့်တောင်းမှရမယ်! မင်းတို့ အခုလုပ်နေတာကို သဘောမတူဘူး ဒီတော့ ရပ်လိုက်!”
မြို့စောင့်စစ်သည်များလည်း ရပ်တန့်ကာ ဝန်ထမ်းများကို ကြည့်လိုက်ကြ၏။
ဝန်ထမ်းက ဘာရွန်ရိုဗာကို ကြည့်ကာ တစ်ချက်ရယ်၏၊ “အရှင်ဘာရွန် ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ။”
ဘာရွန်ရိုဗျာလည်း သူ့ကိုယ်သူအားပေးလိုက်၏၊ “မင်းက ဘာလဲ? ငါ့ကို ဒီလိုပြောရဲတယ်ပေါ့? မင်းမှာ အရည်အချင်းရှိရင် မြို့စားကာမာဒိုကို လာပြောခိုင်းလိုက်!”
ထိုဝန်ထမ်းက ခေါင်းခါ၍ ဘာရွန်ရိုဗာကို လျစ်လျူရှုလိုက်လေသည်။ သူဟာ မြို့စောင့်စစ်သည်များအား ဆက်လုပ်ရန် လက်ပြလိုက်ပါ၏။
ထိုမြို့စောင့်စစ်သည်များလည်း ၎င်းကိုမြင်သည်နှင့် တစ်ဖန်စလိုက်ရာ ကန်တိုနာကုန်သည်ကြီးများအသင်း အလုပ်သမားများမှာ မနေနိုင်တော့ဘဲ ရှေ့တိုးလာကြတော့သည်။
၎င်းတို့အနေနှင့် ထိုစိုက်ပျိုးရေးသုံးမှော်စက်များကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့သောကြောင့် ၎င်းကို တန်ဖိုးထားကြသည်။ ယခုတွင် တစ်ယောက်ယောက်က ယူသွားတော့မည်ဖြစ်ရာ တင်းမခံနိုင်ကြချေ။
ဘာရွန်ရိုဗာက ၎င်းတို့ကို ထောက်ပံ့နေရာ ဤအခွင့်အရေးဖြင့် ၎င်းတို့သာ ပြန်မယူဘဲ ထိုအစောင့်စစ်သည်များကို ယူဆောင်ခွင့်ပြုလိုက်လျှင် မည်သို့များ ပြန်ရနိုင်မည်နည်း?
နှစ်ဘက်စလုံးက စတင် ရုန်းကန်ကြတော့၏။
ထိုအစောင့်စစ်သည်များက အမိန့်ရထားခြင်းဖြစ်သော်လည်း အားအရမ်းမသုံးဝံ့သဖြင့် နှစ်ဘက်စလုံးမှာ မတိုးသာ မဆုတ်သာဖြစ်နေသည်။
“သတိပေးနေတယ် သူတို့ကို မြန်မြန်ရပ်ခိုင်းလိုက်! မဟုတ်ရင် မယဉ်ကျေးလို့ဆိုပြီး အပြစ်မတင်နဲ့!” ဘာရွန်ရိုဗာက ကွင်းထဲတွင် ရုန်းကန်နေကြသည့် အစောင့်စစ်သည်များနှင့် ကန်တိုနာကုန်သည်ကြီးများအသင်း အလုပ်သမားများကို ညွှန်ပြရင်း ထိုဝန်ထမ်းကို စူးစူးဝါးဝါးပြောလိုက်၏။
ထိုဝန်ထမ်းက အေးစက်စက်ရယ်လေ၏၊ “ဘာရွန်ရိုဗျာ ခင်ဗျားက မြို့စားအိမ်တော်နဲ့ တော်ဝင်လွှတ်တော်ကို ဆန်ကျင်ချင်တာလား?”
“ငါအဲ့လောက်ဂရုမစိုက်ဘူး! ဒါက ငါ့ရဲ့နယ်မြေ၊ ဒီမှာ ငါပြောသမျှကို ထည့်တွက်ရတယ်! မင်းထွက်မသွားရင်.....”
သနားချင့်စဖွယ် အော်ညည်းသံက ဘာရွန်ရိုဗာ၏ စကားများကို ဖြတ်တောက်လိုက်သည်။
လူတိုင်း အသံလာရာနေရာကိုကြည့်လိုက်သော် ကန်တိုနာကုန်သည်ကြီးများအသင်းထံမှ အလုပ်သမားများအနက်တစ်ဦးမှာ နောက်ကျောရှိ အသေးစားမှော်ကောက်ရိတ်စက်ရှေ့တွင် ရောက်နေသည်။
ထိုအလုပ်သမား၏ လည်ပင်းအနောက်မှ ဓားသွားထက်ထက် ဝင်ရောက်ကာ ရှေ့သို့တိုင် ရောက်နေ၏။
သွေးများက လယ်ကွင်းကို အနီရောင်စွန်းထင်းသွားစေသည်။၏
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၆၅။ အတိုက်အခံ ဒီရေ
ဘုရင်ကြီးအဲရစ်မှာ ပေါက်ကွဲလောက်အောင် ခေါင်းများကိုက်ခဲနေသဖြင့် နှဖူးကို ဖိလိုက်သည်။
၎င်းအတွက် အကြောင်းအရင်းမှာ ပထမဆုံး လပေါင်းများစွာ ကောင်းကောင်းမအိပ်ရသေးခြင်းကြောင့် ဖြစ်ပြီး ဒုတိယအနေနှင့် သူ့ရှေ့တွင် အမြဲတစေ စာရွက်စာတမ်းများ အပုံလိုက်ရှိနေခြင်းကြောင့်ပင်။
စာရွက်စာတမ်းများ များစွာရှိပုံပေါ်သော်လည်း ၎င်းတို့အားလုံးမှာ တူညီသည့် အကြောင်းအရာများသာဖြစ်၏။ ၎င်းတို့မှာ မတိုင်ခင်က ဘန်တာမြို့၌ ဖြစ်ပွားခဲ့သည့် သွေးသံတရဲရဲ ပဋိပက္ခအကြောင်းပြောနေကြခြင်းဖြစ်သည်။
ယေဘုယျအမြင်မှ ကြည့်ရှုလျှင် ဤပဋိပက္ခမှာ မတော်တဆဖြစ်ကာ အာရုံစိုက်ဖို့ရန် မထိုက်တန်လှချေ။ ဘုရင်ကြီးအတွက် ခေါင်းမကိုက်ရန်မှာ မဖြစ်နိုင်လှပေ။
သို့သော် ပြဿနာမှာ ၎င်းနောက်ကွယ်ရှိ ရှုပ်ထွေးသော အဓိပ္ပာယ်က အင်မတန် အရေးပါလှသောကြောင့်ဖြစ်၏။ ၎င်းက လမ်ပူရီတိုင်းပြည်ရှိ လူအချို့ကို ပိုအားကောင်းအောင် တုံ့ပြန်လာစေပြီး ပို၍ ပြင်းထန်စေသည်။
ဤပဋိပက္ခမှာ အပြင်ပန်းတွင် အင်မတန်ရိုးရှင်းလှဟန်ရှိပြီး ဘန်တာမြို့၏ အစောင့်များက တာဝန်ထမ်းဆောင်နေရင်း သာမန်ပြည်သူတစ်ဦးကို မတော်တဆသတ်မိခြင်းပင်။
ဤအရာမှာ လမ်ပူရီတိုင်းပြည် သမိုင်း၌ အကြိမ်များစွာ ဖြစ်ပွားခဲ့ဖူးသည်။ သာမန်ပြည်သူများ၏ ပါးစပ်ပေါက်များကို မပိတ်ခင် ထိုကိစ္စများကို ဖြေရှင်းရန် ငွေအနည်းငယ် ပေးလိုက်ရုံသာ။
သို့သော် ဤကိစ္စမှာ ဖြစ်ပွားသည်နှင့် ချက်ချင်းပျံ့နှံ့သွားခဲ့သည်။ များမကြာမီ နိုင်ငံရှိ လူတိုင်းနီးပါးက ၎င်းကိုအာရုံစိုက်ကြ၏။
ဤပဋိပက္ခအတွက် အကြောင်းပြချက်မှာ မြို့စောင့်များက ဘန်တာမြို့၏ ကောက်ရိတ်သိမ်းရာတွင် အခြားလုပ်ငန်းစုများ၏ စိုက်ပျိုးရေးသုံးမှော်စက်များကို အသုံးပြုရန် တားမြစ်ထားသည့် မြို့စားအိမ်တော်၏ စည်းမျဉ်းများကို လိုက်နာကြခြင်းပင်။
ထိုကိစ္စပြီးနောက် လမ်ပူရီတိုင်းပြည်ရှိ သတင်းစာအားလုံးမှာ စေ့စပ်သောသတင်းများပေးလာကြသည်။ ၎င်းကို လိုက်နာကြသော သတင်းစာများစွာရှိပြီး ပဋိပက္ခ၏ နှစ်ဘက်စလုံး၏ဇာတ်ကြောင်းကို ရေးကာ လူတိုင်းကို ဤပဋိပက္ခအတွက် အကြောင်းတရားအား သိခွင့် ပေးလိုက်ကြတော့၏။
၎င်းအတွက် အကြောင်းပြချက်ကို သိရှိသွားခြင်းဖြင့် နိုင်ငံရှိလူများစွာထံမှ အားကောင်းသောတုံ့ပြန်မှုတစ်ရပ်ကို ရရှိခဲ့သည်။
ဘန်တာမြို့၏ မြို့စားအိမ်တော်မှာ လူများအား ဤကောက်ရိတ်သိမ်းချိန်အတောအတွင်း စိုက်ပျိုးရေးသုံးမှော်စက် တံဆိပ်တစ်မျိုးတည်းကိုသာ အသုံးပြုခိုင်းခဲ့သည်လား?
ဤမေးခွန်းမှာ လူတိုင်း၏ သံသယ အူတိုင်ဖြစ်သည်။
လူအများစုအတွက် ကောက်ရိတ်သိမ်းချိန်၏ ရည်ရွယ်ချက်မှာ တတ်နိုင်သမျှမြန်မြန် ကောက်ရိတ်နိုင်ရန် ဖြစ်သည်။ ကောက်ပဲသီးနှံများအား ရိတ်သိမ်းနိုင်သရွေ့ မည်သည့် စိုက်ပျိုးရေးသုံးမှော်စက် တံဆိပ်ကို သုံးသည်ဖြစ်စေ အရေးမပါချေ။
နိုင်ငံ၌ တံဆိပ်နှစ်ခုတည်း ရှိခြင်းကို မဆိုထားနှင့်။ တစ်ခုမှာ ကန်တိုနာကုန်သည်ကြီးများအသင်း အသုံးပြုခဲ့သည့် Frestech တံဆိပ်ဖြစ်ရာ မြို့စောင့်များက နိုင်ငံပိုင်အဖြစ်သိမ်းယူသည်ကို ခံခဲ့ရပြီး ဤသွေးသံတရဲရဲ ပဋိပက္ခကို ဖြစ်သွားစေ၏။
ကျန်တစ်ခုမှာ ဟာယာဒါတံဆိပ်ဖြစ်၏။ ၎င်းမှာ ဘန်တာမြို့၌ အကြံပြုခံထားရသည်သာမက မှော်စက်မှုနယ်ပယ် စီမံခန့်ခွဲရေးဌာနမှ အခြားမြို့တိုင်းတွင် အသုံးပြုဖို့ အကြံပေးထားသည့် တံဆိပ်ပင်။
တစ်ချိန်တည်းမှာပင် ဟာယာဒါကုန်သည်ကြီးများအသင်းမှာ စိုက်ပျိုးရေးဌာနက ရွေးချယ်ထားသည့် တံဆိပ်ဖြစ်၏။ ဤနှစ် နွေဦး ကောက်ရိတ်ချိန်မတိုင်ခင်တွင် ၎င်းအား နိုင်ငံရှိမြို့များစွာ၌ အရောင်းမြှင့်တင်က မြို့များ၌ အသုံးပြုရန် အကြံပြုထားလေ၏။
စီးပွားရေးနှင့် စိုက်ပျိုးရေး ဌာနများက ဟာယာဒါတံဆိပ်ကို သုံးဖို့ရန် တွန်းအားမပေးခဲ့သော်လည်း စီးပွားရေးနှင့် စိုက်ပျိုးရေးဌာန နှစ်ခုစလုံးမှ အကြံပြုထားခြင်းဖြစ်သောကြောင့် နိုင်ငံရှိ မြို့အများစုမှာ Frestech တံဆိပ်မှ ဟာယာဒါတံဆိပ်သို့ ပြောင်းလဲထားကြသည်။
၎င်းက ပထမတွင် များများစားစားမဟုတ်သော်လည်း ဘန်တာမြို့ရှိ ပဋိပက္ခပြီးနောက် အတိုက်အခံက တစ်သီတစ်တန်းကြီးရောက်လာတော့သည်။
၎င်း အတိုက်အခံအတွက် အဓိက အကြောင်းအရင်းနှစ်ရပ်ရှိပါ၏။ တစ်ခုမှာ မြို့စားအိမ်တော်ဖြစ်စေ၊ မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာဖြစ်စေ စိုက်ပျိုးရေးဌာနဖြစ်စေ သို့မဟုတ် စီးပွားရေးဌာနဖြစ်စေ လူများကို တံဆိပ်တစ်မျိုးတည်း အသုံးပြုဖို့ တွန်းအား ပေး၍မရနိုင်ခဲ့ပေ။
လူများသာ တစ်စုံတရာကို ဝယ်ယူလိုပါက ၎င်းတို့၏ အခွင့်အရေးသာဖြစ်၏။
လူများကို တွန်းအားပေးခြင်းက ဤအခြေခံနိယာမကို ဆန့်ကျင်နေလိမ့်မည်။
အခြားအကြောင်းအရင်းမှာ ဟာယာဒါ တံဆိပ်၏ အရည်အသွေးကို အဓိက မှီတည်နေပါ၏။
သတင်းစာ မျိုးစုံထံမှ သတင်းများအရ ဟာယာဒါတံဆိပ်၏ ကောင်းမွန်သော ဆန်းစစ်မှုမရှိပါချေ။
ဘန်တာမြို့၌ ပေါ်ပေါက်ခဲ့သည့် ပဋိပက္ခ၏ အကြောင်းပြချက်မှာ ဟာယာဒါ တံဆိပ်၏ မှော်စက်များက အင်မတန် နုံချာလှသောကြောင့်ဖြစ်သည်။ ကန်တိုနာကုန်သည်ကြီးများအသင်း၏ ဟာယာဒါ တံဆိပ် အသေးစားမှော်ကောက်ရိတ်စက်များ တစ်ဝက်ကျော် ပျက်သွားသောကြောင့် ၎င်းတို့အား မြို့စားအိမ်တော်၏ စည်းမျဉ်းများကို ချိုးဖျက်ကာ ၏Frestech တံဆိပ်ကို အသုံးပြုရန် တွန်းအားပေးခံခဲ့ရခြင်းဖြစ်၏။
မြို့စားအိမ်တော်မှာ အတည်ပြုဖို့ ကြိုးစားခဲ့ပြီး ကန်တိုနာကုန်သည်ကြီးများအသင်း အလုပ်သမားများနှင့် ဤပဋိပက္ခကို ဖန်တီးခဲ့ခြင်းက ဤအဖြစ်ဆိုးကို ဖြစ်စေခဲ့သည်ပင်။
ဟာယာဒါတံဆိပ် မှော်စက်များကသာ အရည်အသွေးကောင်းပါက မည်သို့များ ဤသို့ ဖြစ်လာနိုင်မည်နည်း?
ထို့အပြင် ဘန်တာမြို့၌သာမက အခြားမြို့များတွင်လည်း ဟာယာဒါတံဆိပ်၏ လုပ်ဆောင်မှုက ညံ့ဖျင်းလှသည်။
သတင်းစာမျိုးစုံက ဟာယာဒါတံဆိပ်မှော်စက်များမှာ နေရာအမျိုးမျိုး၌ ပြဿနာမျိုးစုံကို ဖြစ်ပွားစေခဲ့ကာ ပုံမှန် ကောက်ရိတ်နှုန်းကို မဆက်လက်နိုင်ဖြစ်သွားစေကြောင်း ဖော်ပြထားသည်။
ဟာယာဒါတံဆိပ်၏ ပြဿနာများကြောင့် Frestech တံဆိပ် စိုက်ပျိုးရေးသုံးမှော်စက်အသုံးပြုနေသည့် မြို့များစွာရှိ၏၊ ထိုမှသာ ၎င်းတို့လည်း လိုက်မှီနိုင်မည်သာ။
မဟုတ်ပါက လမ်ပူရီတိုင်းပြည်၏ ဆောင်းဦး ကောက်ရိတ်သိမ်းချိန် ကောက်ပဲသီးနှံ အထွက်နှုန်းအား များစွာ ထိခိုက်သွားစေနိုင်၏။
သတင်းစာအများစုမှာ ဟာယာဒါကုန်သည်ကြီးများအသင်းအား ကောင်းကောင်း ရှုံ့ချထားသည်။
လူအများစုက ဟာယာဒါ ကုန်သည်ကြီးများအသင်းကို မေးခွန်းထုတ်ကြ၏။ အဘယ့်ကြောင့် ဟာယာဒါ ကုန်သည်ကြီးများအသင်းအနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ပြီးပြည့်စုံသောနည်းပညာကို အသုံးပြုပြီး ဤသို့ အရည်အသွေးညံ့လှသော စိုက်ပျိုးရေးသုံးမှော်စက်များကို ထုတ်လုပ်ကာ ဌာနက အဘယ့်ကြောင့် ထောက်ပံ့နေသနည်း?
၎င်းက Frestech တံဆိပ်ကို ယှဉ်နိုင်မည်ဟု ပြောခဲ့သည် မဟုတ်ပေဘူးလား ? အနည်းဆုံး လုပ်ဆောင်မှုကို သင့်တင့်စွာထားသင့်သည် မဟုတ်လား?
သို့သော် အချို့သတင်းစာများကမူ မတူညီသည့် ရှုထောင့်မှ ရေးသားထားသည်။
ဟာယာဒါတံဆိပ်က အရည်အသွေးညံ့ဖျင်းသောကြောင့် ၎င်းသတင်းစာများလည်း ငြင်းခုံမည်မဟုတ်သည်မှာ သံသယပင်မလိုပေ။ ၎င်းတို့က Frestech ကုန်သည်ကြီးများအသင်းကို ပြဿနာအဖြစ်ထားကာ Frestech ကုန်သည်ကြီးများအသင်းက ဟာယာဒါကုန်သည်ကြီးများအသင်းထံသို့ နည်းပညာအပြည့်အဝမပေးခြင်းကြောင့် ဟာယာဒါတံဆိပ်၏ အရည်အသွေးက ညံ့သွားသည်ဟု ဆိုထားကြ၏။
Frestech ကုန်သည်ကြီးများအသင်းက ဌာနနှင့်ချုပ်ဆိုထားသော စာချုပ်အရ နည်းပညာအားလုံးကို လွဲပြောင်းခြင်းမရှိဘဲ ပူးပေါင်းမှုကို လမ်းတစ်ဝက်၌ ဖြတ်တောက်ရန် ရွေးချယ်ခဲ့သည်။ ၎င်းက မှော်စက်မှုနယ်ပယ် စီမံခန့်ခွဲရေးဌာနနှင့် လုပ်ငန်းစုဆယ်ခုကို အရှုပ်အထွေးထဲ ထားသလိုဖြစ်သွားသည်။
ဤလုပ်ငန်းစု ဆယ်ခုမှာ ဤမှော်စက်များအား လုပ်နိုင်ရုံမျှသာဖြစ်၏။
အနာဂတ်၌ ပိုကောင်းသည့် မှော်စက်များလုပ်နိုင်မည့် ထိုလုပ်ငန်းစုဆယ်ခု၏ တိုးတက်မှုကို ထောက်ပံ့ရန် လမ်ပူရီတိုင်းပြည်သားများမှာ Frestech တံဆိပ်မှော်စက်များကို ကန့်သတ်သင့်၏။ ၎င်းတို့အနေနှင့် လူတိုင်းက လုပ်ငန်းစုဆယ်ခုကို ပိုစိတ်ရှည်ရှည်ထားကာ ထောက်ပံ့ရန် မျှော်လင့်နေကြ၏။
သို့သော် ၎င်းရှုထောင့်ကို လူများစွာက ဆဲရေးကြသည်ပင်။
မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနက Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်စက်ဈေးကွက်ကို လုယူလိုခဲ့သည်။ နည်းပညာကို လုယူပြီးနောက် ကောင်းကောင်းမွန်မွန်ပင် အသုံးမပြုနိုင်ဘဲ ယခုမှ Frestech ကုန်သည်ကြီးများအသင်းကို အပြစ်တင်နေသည်လား?
ဤသည်က မတူညီသည့် ကားချပ်ကို ရေးခြယ်ဖို့ ကြိုးစားနေခြင်းပင်!
⟨ လမ်ပူရီအပတ်စဉ် ⟩၌ ဖြန့်ချိခဲ့သော ဆောင်းပါးတစ်ခုမှာ လုပ်ငန်းစုဆယ်ခုကို ဒေါသတကြီး ဖော်ပြထားသည်။
ဤဆောင်းပါးမှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်ဖွံ့ဖြိုးရေးဌာနခေါင်းဆောင် မှော်စက်မှုအင်ဂျင်နီယာ ကမ်ဘီနှင့် အင်တာဗျူးဖြစ်၏။
အင်တာဗျူးတွင် ကမ်ဘီက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လုပ်ငန်းစုဆယ်စုထံသို့ သက်ဆိုင်ရာနည်းပညာကို အားလုံးပေးထားခဲ့ပြီး မည်သည်ကိုမှ ထိမ်ချန်မထားကြောင်း ဆိုထားသည်။
၎င်းတို့၏ မှော်စက်များ Frestech တံဆိပ်ထက် နိမ့်ကျနေသည့် အကြောင်းအရင်းမှာ ၎င်းတို့၏ အရည်အချင်းက Frestech ကုန်သည်ကြီးများအသင်းထက် ဆိုးဝါးကာ နောက်ထပ် အရေးကြီး အကြောင်းအရင်းမှာ ၎င်းတို့က အလုပ်သမားများနှင့် ပစ္စည်းများကို ခို'ထားခြင်းကြောင့်ပင်။
ဤပြဿနာကို ဖြစ်စေခဲ့သည့် မှော်ကောက်ရိတ်စက်အား ဥပမာယူကြည့်ပါ။ Frestech ကုန်သည်ကြီးများအသင်း အသေးစားမှော်ကောက်ရိတ်စက်အား အင်မတန်ခိုင်မာသည့် သံမဏိသတ္တုစပ်ဖြင့် ပြုလုပ်ထားရာ တစ်တန်ကို ရွှေဒင်္ဂါး နှစ်ရာကုန်ကျသည်။
ဟာယာဒါကုန်သည်ကြီးများအသင်း၏ အသေးစား မှော်ကောက်ရိတ်စက်အား လုပ်ငန်းစု ဆယ်ခုထဲမှ ဒက်ထ်ရိုက်ကုန်သည်ကြီးများအသင်း သန့်စင်ထားသည့် သံမဏိထုတ်ကုန်များဖြင့် ပြုလုပ်ထားသည်။ မာကျောမှု၌ဖြစ်စေ၊ တောင့်ခံမှု၌ ဖြစ်စေ သို့မဟုတ် သံချေးတက်ခြင်းတို့ဖြစ်စေ ၎င်းတို့အားလူံးမှာ Frestech တံဆိပ်၏ သံမဏိထုတ်ကုန်ထက် နိမ့်ကျနေ၏။ တစ်တန်စီကို ရွှေဒင်္ဂါး ငါးဆယ်ထက်ပိုမကျနိုင်ပေ။
ဟာယာဒါတံဆိပ် အသေးစားမှော်ကောက်ရိတ်စက်များ၏ အကြီးဆုံးပြဿနာမှာ ပျက်စီးနေသော အစိတ်အပိုင်းများပင်။ အရေးအပါဆုံး ဝင်ရိုး ပျက်စီးခြင်းမှာ သံမဏိ အရည်အသွေး နိမ့်သောကြောင့်ပင်။
⟨ လမ်ပူရီအပတ်စဉ် ⟩က ကမ်ဘီပေးထားသည့် အချက်အလက်များကို ဖော်ပြကာ Frestech တံဆိပ် အသေးစားမှော်ကောက်ရိတ်စက်များနှင့် ဟာယာဒါတံဆိပ် ကောက်ရိတ်စက်များကို ယှဉ်ထားသည်။
အချက်အလက်က ပျင်းရိဖွယ်ကောင်းပုံပေါ်သော်လည်း ၎င်းက အင်မတန်ပညာရသည်။
၎င်းယှဉ်ကြည့်သော ဟာယာဒါတံဆိပ်က အလုပ်သမားနှင့် ပစ္စည်းများကို ခို'ထားလေရာ အရည်အသွေးကောင်းဖို့ မဖြစ်နိုင်ပေ။
၎င်းရလာဒ်များဖြင့် ကမ်ဘီ၏ အချက်အလက်ကို မေးခွန်းထုတ်ခဲ့သည့် သတင်းစာများအပြင် မည်သူကမှ ဟာယာဒါ ကုန်သည်ကြီးများအသင်းအတွက် ပြောပေးခြင်းမရှိချေ။
ထိုသို့ဖြင့် ဘန်တာမြို့ရှိ ပဋိပက္ခဖြစ်ပြီး တစ်လမပြည့်ခင်တွင် လမ်ပူရီတိုင်းပြည်၌ ဟာယာဒါ ကုန်သည်ကြီးများအသင်းကို သပိတ်မှော်သည့် လှုပ်ရှားမှုများ ထွက်ပေါ်လာတော့၏။ နိုင်ငံရှိ မြို့အားလုံးက ဟာယာဒါ ကုန်သည်ကြီးများအသင်းထံမှ စိုက်ပျိုးရေးသုံးမှော်စက်ဟူသမျှကို အသုံးပြုမည်မဟုတ်ကြောင်း ကြေညာလိုက်ကြသည်။
၎င်းနောက် ထိုလှုပ်ရှားမှုများမှာ လုပ်ငန်းစုဆယ်ခုက ထုတ်လုပ်သည့် မှော်စက်များကို အတိုက်အခံလုပ်သည်အထိပင် ရောက်လာသည်။
အားလုံး၏ အမြင်တွင် ဟာယာဒါ ကုန်သည်ကြီးများအသင်း၏ မှော်စက်များက ဤမျှညံ့ဖျင်းနေသဖြင့် လုပ်ငန်းစုဆယ်ခု၏ အခြားလုပ်ငန်းစုများလည်း စိတ်ပျက်ဖွယ် မှော်စက်များကိုသာ လုပ်လိမ့်မည်ဟုပင်။
ထို့အပြင် ၎င်းမတိုင်ခင်က အနှီလုပ်ငန်းစုများ၏ ထုတ်ကုန်များကို ဆန့်ကျင်ကြောင်း ဖော်ပြထားသည့် အသံများစွာ ရှိလေ၏။ ယခုတွင် ၎င်းတို့မှာ ဤအခွင့်အရေးကို သုံး၍ ၎င်းတို့၏ လွှမ်းမိုးမှုကို ချဲ့ထွင်လိုက်တော့သည်။
ဘုရင်ကြီးအဲရစ် ရှေ့ရှိ စာရွက်စာတမ်းများအနက် အများစုမှာ မတူညီသောမြို့များ၏ မြို့စားအိမ်တော်များထံမှ လာသည်။ ၎င်းတို့မှာ မှော်စက်မှုနယ်ပယ် စီမံခန့်ခွဲရေးဌာနအား ထိုလုပ်ငန်းစုဆယ်ခုမှ ထုတ်လုပ်သည့် မှော်စက်များ၏ အရည်အသွေးကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ဖို့ တောင်းဆိုထားသည်။
မဟုတ်ပါက နိုင်ငံရှိ မြို့များစွာမှာ ထိုလုပ်ငန်းစုများ၏ မှော်စက်များကို တင်သွင်းရန် ငြင်းဆိုမည်ဖြစ်၏။
ထိုစာရွက်စာတမ်းများတွင် ပို၍ တိုက်ရိုက်ဆိုထားသူများပင် ရှိ၏။
ဥပမာဆိုရလျှင် ဆိုဝယ်လ်မြို့၏ ကောင့်ထ် စီယန်က သူ၏စာတမ်း၌ ဆိုဝယ်လ်မြို့အနေနှင့် ဌာန၏ စီမံခန့်ခွဲမှုကို လက်ခံမည်မဟုတ်ဘဲ ၎င်းတို့မြို့၏ မှော်စက်လုပ်ငန်းစုများ ဖွံ့ဖြိုးမှုကိုသာ ထောက်ပံ့မည်ဟု ကြေညာထားသည်။
ဆိုဝယ်လ်မြို့ကဲ့သို့ တူညီသည့် ဆုံးဖြတ်ချက်ချထားသော အခြားမြို့များလည်း ရှိရာ လမ်ပူရီတိုင်းပြည်၏ သုံးပုံတစ်ပုံအထိပင်။
သူသာ စာတမ်းများပို့သော အခြားမြို့များကိုပါ ထည့်ပေါင်းလိုက်လျှင် နိုင်ငံ၌ မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနကို ထောက်ခံသည့် မြို့ တစ်မြို့ပင် မရှိပေ။
ရှေ့ရှိ စာတမ်းများကို ကြည့်ရင်း ဘုရင်ကြီးအဲရစ်မှာ တဖန် ခေါင်းကိုက်လာရပြန်သည်။ သူဟာ မနေနိုင်ဘဲ မျက်မှောင်ကုပ်၍ ကူကယ်ရာမဲ့လှစွာဖြင့် ဆဲရေးလိုက်တော့သည်။
သူဟာ အမည်အရ လမ်ပူရီတိုင်းပြည်၏ ဘုရင်ဖြစ်သော်လည်း သူ ထိန်းချုပ်နိုင်သည့် အရာက အနည်းအကျဉ်းသာရှိ၏။
မျိုးရိုးမြင့်များနှင့် ဆန္ဒထုတ်ဖော်ခဲ့သည့် ထိုမြို့များအားသဘောထားပြောင်းအောင် လုပ်ဆောင်ရမည်ကို မဆိုထားနှင့် မှော်စက်မှုနယ်ပယ် စီမံခန့်ခွဲရေးဌာ၊ စီးပွားရေးဌာန၊ စိုက်ပျိုးရေးဌာနနှင့် သူ၏ ထိန်းချုပ်မှုအောက် ရှိသင့်သော ဌာနများကိုပင် လွှမ်းမိုးနိုင်ခြင်းမရှိပေ။
“ဆယ်ဗီနီသာ ဘုရင်မဖြစ်လာပြီး ရှုယီနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့ရဲ့ ထောက်ခံမှုကို ရမယ်ဆိုရင် သူမက ငါ့ထက်ပိုများ ကောင်းနေလိမ့်မလား?”
တံခါးအပြင်ဘက်မှ ဒုခ့်စတက်ဂျ်၏ ရင်းနှီးနေသော ခြေသံများကို ကြားသော် ဘုရင်ကြီးအဲရစ်မှာ ခါးသက်သက် ရယ်မောမိလိုက်လေသည်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၆၆။ ဒီမြေပေါ်မှာ သူက ဘုရင်ပဲ
“အရှင်မင်းကြီး ဒါက တကယ်တော့ အခွင့်အရေးတစ်ခုပါ။” ဒုခ့်စတက်ဂျ်က ယုံကြည်ချက်ရှိစွာ ပြုံးရင်း ပြောလေသည်။
“အခွင့်အရေး?” ဘုရင်ကြီးအဲရစ်က ဒုခ့်စတက်ဂျ်ကို ရှုပ်ထွေးစွာ ကြည့်လိုက်ပါ၏။
နိုင်ငံရှိ အခြေအနေမှာ ဤမျှ ဆိုးနေပြီဖြစ်သည်ကို သူက အခွင့်အရေးဟု ခေါ်ဆိုနေသည်လား? ဘာအခွင့်အရေးလဲ?
“အရှင်မင်းကြီး မေ့သွားပြီလား? မင်းသမီးလေးဆယ်ဗီနီက ထီးနန်းကို လက်လျှော့လိုက်ကတည်းက အရှင့်အတွက် အများကြီး ပိုရိုးရှင်းစွာစေပေမယ့်လည်း နိုင်ငံထဲမှာ ဒါကြောင့်ပဲ ပုန်းကွယ်နေကြတဲ့ အရှင့်ကို ဆန့်ကျင်သူ အတော်များများရှိသေးတယ်။ သူတို့ အရင်က မလှုပ်ရှားတော့ သူတို့ကို မရှာနိုင်သလို တစ်ခုခု လုပ်ဖို့လည်း ခက်ခဲခဲ့တာ။ အခု ဒီကိစ္စကြောင့် သူတို့ကို ကိုင်တွယ်ဖို့ အခွင့်ရေးကောင်းရလာပြီမဟုတ်လား?”
ဒုခ့်စတက်ဂျ် မျက်နှာထက်ရှိ အန္တရာယ်များသော အပြုံးကို မြင်သော် ဘုရင်ကြီး အဲရစ်မှာ စိတ်ထဲ အေးစက်စက် ခံစားမိလိုက်ရသည်။
ဤအပြုံးနှင့် မယုံနိုင်ဖွယ် အန္တရာယ်ကင်းပုံပေါ်သည့် ဒုခ့်စတက်ဂျ်မှာ တကယ်တမ်းတွင် ကြမ်းတမ်းသည့် စိတ်နှလုံးသားရှိပေ၏။
ဤအခြေအနေမှာ သူ့အတွက် သဘောထားကွဲလွဲသူများကို ဖယ်ထုတ်ရန် အခွင့်အရေးကောင်းဖြစ်နိုင်သောကြောင့် သူဟာ သေချာပေါက် ညှာတာပြလိမ့်မည်မဟုတ်ပေ။
သို့သော် ဘုရင်ဖြစ်သည့် သူနှင့် လမ်ပူရီတိုင်းပြည်အတွက် ၎င်းက အမှန်တကယ် အခွင့်အရေးကောင်းပေလား?
ထီးနန်း မရယူခင်ကဆိုလျှင် အဲရစ်ထံ၌ နိုင်ငံအကြောင်း အတွေးတစ်ခုသာရှိသည်။ ယခု ဘုရင်ဖြစ်လာသည်မှာ တစ်နစ်နီးပါးရှိနေရာ နိုင်ငံ၏ အခြေနေမှန်ကို နက်နက်ရှိုင်းရှိုင်း နားလည်ပါ၏။
သူဟာ Frestech ကုန်သည်ကြီးများအသင်းက သူ့အတွက် ထီးနန်းရယူရန် မထောက်ခံခြင်းကြောင့် အင်မတန် မပျော်မရွှင်ဖြစ်ခဲ့ပြီး ထီးနန်းဆက်ခံလိုက်သည်နှင့် Frestech ကုန်သည်ကြီးများအသင်းကို ဖြေရှင်းနိုင်မည်ဟု ခံစားမိခဲ့သည်။
သူဟာ ထိုသို့ တကယ်ကို လုပ်ဆောင်ခဲ့ပါ၏။
Frestech ကုန်သည်ကြီးများအသင်းအား ၎င်းမျိုးရိုးမြင့်များက ပစ်မှတ်ထားခဲ့ကြသော်လည်း သူဟာ ၎င်းတို့ကို များစွာ ထောက်ပံ့ခဲ့ပါ၏။
ယခင်က ပြဿနာရှိသည်ဟု မခံစားမိသော်လည်း အချိန်ကုန်လွန်လာသည်နှင့် ဘန်တာမြို့မှာ Frestech ကုန်သည်ကြီးများအသင်းကို ဆုံးရှုံးလိုက်ရပြီး လမ်ပူရီတိုင်းပြည် တစ်ခုလုံးသည်ပင် ၎င်းတို့ကို ဆုံးရှုံးသည့် ရလာဒ်များကို ပြသနေခဲ့သည်။
ဤပဋိပက္ခ မထွက်ပေါ်လာလျှင်တောင် အဲရစ်မှာ ရရှိထားသည့် အစီရင်ခံစာများမှ Frestech ကုန်သည်ကြီးများအသင်းထံရှိ လွှမ်းမိုးမှုကို မြင်ရသည်။
ဤလွှမ်းမိုးမှုက အချိန်အများစုတွင် တိုက်ရိုက်ကျပြီး အပြုသဘောဆောင်သည်။
အဲရစ်သည်ပင် Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့ ဤမျှမြန်မြန်ဖွံ့ဖြိုးနိုင်ရန် အရေးကြီးအခန်းကဏ္ဍတစ်ခု၌ ပါဝင်နေသည်ဟု ဆိုနိုင်၏။
ထို့အပြင် လမ်ပူရီတိုင်းပြည်တစ်ခု၏ ဘဏ္ဍာငွေမှာ သိသိသာသာတိုးတက်လာခြင်းက Frestech ကုန်သည်ကြီးများအသင်းနှင့် များစွာ သက်ဆိုင်နေသည်။
လမ်ပူရီတိုင်းပြည်၏ ဘုရင်နေရာမှကြည့်ကာ လမ်ပူရီတိုင်းပြည်ဘက်မှ တွေးဆကြည့်လိုက်လျှင် အဲရစ်မှာ သူ၏ဖခမည်းတော် လမ်ပူရီဆယ့်သုံး လုပ်ဆောင်ခဲ့သည့်အတိုင်း Frestech ကုန်သည်ကြီးများအသင်းကို ခိုင်ခိုင်မာမာ ထောက်ပံ့ခဲ့သင့်သည်။
သို့သော် ယခု ကိစ္စများကို ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။
ထို့အပြင် လုပ်ငန်းစုဆယ်ခုကို ဖန်တီးခဲ့ကာ သူ့အား ထောက်ပံ့သည့် မျိုးရိုးမြင့်များက Frestech ကုန်သည်ကြီးများအသင်းကို လမ်ပူရီတိုင်းပြည်မှ ထွက်ခွာသွားစေသည်။ ၎င်းအား ဤနေရာ၌ ဆက်ထားချင်ပါလျှင်တောင် မဖြစ်နိုင်ပေ။
သူ့ကို ထောက်ပံ့သော စတက်ဂျ်မိသားစု ဦးဆောင်သည့် မျိုးရိုးမြင့်များမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်စက်ဈေးကွက်အားလုံးနီးပါးကို ယူဆောင်ခဲ့ပြီး ၎င်းမှ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
အဲရစ်မှာ လမ်ပူရီတိုင်းပြည်၏ ဘုရင်ဖြစ်ပါလျှင်တောင် သေချာပေါက် အာဏာအစစ်ကို ထိန်းချုပ်ထားပြီး လမ်ပူရီတိုင်းပြည်တစ်ခုလုံး နီးပါးအား ထိန်းချုပ်ထားသည့် ရှေးရိုးစွဲ မျိုးရိုးမြင့်အဖွဲ့ကို ဆန့်ကျင်မည်မဟုတ်ပေ။
မည်သည်ကိုမှ မဆိုထားနှင့် အဲရစ်ထံ၌ ဒုခ့်စတက်ဂျ်ကိုယ်စားပြုသော စတက်ဂျ်မိသားစုကို ကိုင်တွယ်ရန် ယုံကြည်ချက်မရှိချေ။
အဲရစ်က တိတ်ဆိတ်နေသည်ကိုမြင်သော် ဒုခ့်စတက်ဂျ်မှာ သူ၏ အတွေးအမှန်များကို မခန့်မှန်းလိုက်ပေ။ သူက တုံ့ဆိုင်းနေသည်ဟုသာ ထင်သဖြင့် အပြုံးဖြင့် ဆိုပါ၏၊ “အရှင်မင်းကြီး အရှင်က နိုင်ငံမှာ အဓိကရုဏ်းဖြစ်လာနိုင်တာကို စိုးရိမ်နေမှန်းသိပါတယ်။ ဒါပေမယ့် စိတ်ချပါ။ ဒီကိစ္စအတွက် ကျုပ်ဆီမှာ ပြီးပြည့်စုံတဲ့ အစီစဉ်တွေ ရှိပြီးသားပါ၊ ဒါက အရှင့်ကို ဆန့်ကျင်တဲ့ လူတွေကို တဖြည်းဖြည်းနဲ့ အကျိုးရှိရှိ ကိုင်တွယ်နိုင်တယ်။ သေချာပေါက် ဘာအမှားမှ ရှိမှာမဟုတ်ဘူး။”
အဲရစ်လည်း စိတ်ထဲသက်ပြင်းချကာ သူလုံးဝ မဆန့်ကျင်နိုင်မှန်း သိသွားသည်။
ဒုခ့်စတက်ဂျ်မှာ သူ့ထံ ဤကိစ္စ လာပြောကတည်းက လှုပ်ရှားနေပြီး ဖြစ်လောက်ရာ ယခုမှ သူ့ထံ တရားဝင် သတင်းလာပို့ခြင်းဖြစ်သည်။
မည်သို့ဖြစ်ဖြစ် နိုင်ငံရှိ အာဏာအလုံးစုံအား သူ ထိန်းချုပ်ထားသည်ဖြစ်ရာ တော်ဝင်နန်းတော်ရှိ တော်ဝင်အစောင့်များကပင် သူ၏ အမိန့်ကိုနာခံကြ၏။ အဲရစ်ထံ၌ ကန့်ကွက်မှုရှိမရှိက အဘယ်မှာ အရေးပါမည်နည်း?
ခဏတာ တိတ်ဆိတ်နေပြီးနောက် အဲရစ်က ခေါင်းငြိမ့်ကာ၊ “ကောင်းပြီလေ ဒါဆို ဒုခ်ရဲ့ အကြံအတိုင်းပဲ လိုက်လုပ်ကြတာပေါ့။”
ဒုခ့်စတက်ဂျ်မှာ ၎င်းကို မျှော်လင့်ထားပြီးသား ဖြစ်သောကြောင့် အဲရစ်ကို အသာပြုံးပြ၍ အရိုအသေပေးလိုက်လေသည်။
“ဒါဆိုအရှင်မင်းကြီး အနားယူလိုက်ပါဦး။ ကျုပ် အရင်သွားပါတော့မယ်။”
ဒုခ့်စတက်ဂျ် ထွက်သွားသည်ကို ကြည့်ရင်း အဲရစ်၏ မျက်နှာမှာ မှောင်မိုက်သွားသည်။ သူက လက်သီးဆုပ်လိုက်ရာ လက်ထဲရှိ ဖောင်တိန်ထံမှ ထောက်ကနဲ အသံထွက်လာ၏။
ဘန်တာမြို့ရှိ ဆူပူမှုက ကီလိုမီတာ ရာချီအဝေးရှိ စတက်တိန်းနယ်မြေကို မည်သည့် ပြဿနာမှ မဖြစ်စေပေ။
လမ်ပူရီတိုင်းပြည်တစ်ခုလုံးကို ထိတ်လန့်စေခဲ့သည့် ဘန်တာမြို့ ပဋိပက္ခမှာ နွေဦး ကောက်ရိတ်နှုန်းကို များစွာ ပိုနှေးသွားစေသော်လည်း Frestech ဦးပိုင်မြေ၏ ဟက်တာတစ်သိန်းမြေ၌မူ ကောက်ရိတ်သိမ်းပြီးခဲ့သည့်မှာ လတစ်ဝက်ကျော်နေပြီပင်။
ယခင်နှစ်ကနှင့် ယှဉ်လျှင် Frestech ကုန်သည်ကြီးများအသင်းမှာ စိုက်ပျိုးရေးသုံးမှော်စက်များကို အဆင့်မြှင့်လိုက်သည်။ ယခုတွင် အလတ်စား စိုက်ပျိုးရေးသုံးမှော်စက်အသစ်များရှိနေရာ ယခင်နှစ်ကထက် ကောက်ရိတ်နိုင်စွမ်းတိုးလာသည်။
ယခုနှစ်တွင် လယ်မြေ နှစ်သောင်းဟက်တာပိုလာ ပါလျှင်တောင် ဤနှစ်ကောက်ရိတ်နှုန်းမှာ ယခင်နှစ်ကထက် သုံးရက်ပိုနည်းပါ၏။
မျိုးဆက်သစ် စိုက်ပျိုးရေးသုံးမှော်စက်များမှာ ဝေဖန်မှုကောင်းများရခဲ့သည်။ ကောင့်ထ် ဝိန်က အလုံးဒါဇင်ချီ မှာယူခဲ့သည်သာမက ရူဒ်ဆန်တိုင်းပြည်၊ မီရန်ဒိုနယ်မြေနှင့် ကီလိုမီတာ တစ်ထောင်ကျော်အကွာက ဒရိတ်ခ်နယ်မြေတို့သည်ပင် ကိုယ်စားလှယ်များလွှတ်ခဲ့သည်။ ၎င်းတို့က Frestech ကုန်သည်ကြီးများအသင်းထံ အလုံးပေါင်းတစ်ထောင်ကျော်အထိ မှာယူသွားကြသည်။
ထိုအမှာစာများ၏ တန်ဖိုးက စုစုပေါင်း ရွှေဒင်္ဂါးသုံးသန်းအထိ ရှိ၏။ ၎င်းက ဤနှစ် Frestech ကုန်သည်ကြီးများအသင်း ရောင်းချခဲ့သည့် ပထမဆုံး မှာယူမှုကြီးကို ကိုယ်စားပြုသည်။
စစ်ဘက်သုံးမှော်စက်များမှာမူ အရှင် ဝိန်ထံမှ မြေနှင့် လဲလှယ်ရန်အလို့ငှာ Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ၎င်းတို့၏ ရောင်းအားထုထည်ကို များစွာ လျှော့ချလိုက်ရသည်။ ၎င်းတို့မှာ ရင်းနှီးသည့် လုပ်ငန်းစုများကိုသာ ရောင်းပေးကြတော့သည်။ စုစုပေါင်းပမာဏက ရွှေဒင်္ဂါးတစ်သန်းကျော် ကျဆင်းသွားကာ ဆက်လက်ကျဆင်းနေဆဲဖြစ်၏။
သို့သော် ကောင့်ထ် ဝိန်ထံ ပို့ဆောင်ပေးခဲ့သည့်စစ်ဘက်သုံးမှော်စက်များကို ရေတွက်ကြည့်လျှင် လက်နက်ဌာန၏ စုစုပေါင်း အမြတ်အစွန်းမှာ ရွှေဒင်္ဂါးနှစ်သန်းကျော်ပါ၏။
အိမ်သုံးမှော်စက်များနှင့် နှစ်အစပိုင်း၌ ရောင်းချခဲ့သော အခြားမှော်စက်များကိုပါ ထည့်ပေါင်းလျှင် ငါးလအောက်နှင့် Frestech ကုန်သည်ကြီးများအသင်း၏ ရောင်းအားမှာ ရွှေဒင်္ဂါးခုနစ်သန်းကိုပင် ထိုးဖောက်သွားသည်။
Frestech ကုန်သည်ကြီးများအသင်းထံ၌ အမြတ်အစွန်းက များလေရာ ၎င်းရွှေဒင်္ဂါးခုနစ်သန်းထံမှ အသားတင် အမြတ်ငွေ ရွှေဒင်္ဂါးသုံးသန်းအထိရရှိလေသည်။
၎င်းက ရှုယီကို အနည်းငယ် အံ့ဩသွားစေ၏။
Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ရေးအခြေစိုက်ဌာနသစ်တစ်ခု တည်ဆောက်ကာ ဈေးကွက်ကို ထပ်မံ ဖွင့်လှစ်လိုက်ကတည်းက လုပ်ငန်းစု၏ ရောင်းအားနှင့် အမြတ်အစွန်းများမှာ များစွာ လျော့ပါးသွားလိမ့်မည်သာ။
သို့သော် ဤအခြေအနေအရ ယခင်နှစ်ကနှင့်ယှဉ်သော် ယခင်နှစ် အစပိုင်း ငါးလတွင် အသားတင်အမြတ် ရွှေဒင်္ဂါး လေးသန်းနှင့်သုံးသိန်းမှ ယခု သုံးသန်းကျော်လောက် လျော့ပါးသွားသော်လည်း များစွာလျော့ပါးသွားခြင်းတော့မဟုတ်ချေ။ သူ့အနေနှင့် ၎င်းကို လက်ခံနိုင်ရုံသာမက ရှုယီ နှင့် လုပ်ငန်းစု၏ အဆင့်မြင့်ပိုင်း အဖွဲ့ဝင်အားလုံးကိုပင် အံ့ဩသွားစေသည်။
ဤအခြေအနေ၌ ထိုသို့သော အမြတ်အစွန်းမြင့်မြင့်ရရှိလေရာ လောက၏ မှော်စက်များအတွက် ဆန္ဒက မလျော့ပါးသွားကြောင်း သက်သေပြဖို့ လုံလောက်၏။
၎င်းတို့အနေနှင့် လမ်ပူရီတိုင်းပြည် ဈေးကွက်မှ တွန်းထုတ်ခံခဲ့ရသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုနှင့် အခြားနေရာများနှင့် နိုင်ငံများတွင် ဈေးကွက်များဖွင့်လှစ်ခဲ့သည်။ ၎င်းတို့၏ အလားအလာက များစွာ ပိုမို ကျယ်ပြန့်လာပါ၏။
ရူဒ်ဆန်တိုင်းပြည်၊ မီရန်ဒိုနယ်မြေ၊ ဒရိတ်ခ်နယ်မြေနှင့် စခ်တိုင်းပြည်၌ပင် Frestech တံဆိပ် မှော်စက်များက ဒီရေလှိုင်းကြီးတစ်ခုကို ကိုယ်စားပြုနေသည်။ ၎င်းက အဆင့်မြင့်ဆုံးကုန်စည်များကို ကိုယ်စားပြုကာ မိသားစုများစွာက Frestech တံဆိပ်မှော်စက်များ ပိုင်ဆိုင်ခြင်းကို ဂုဏ်ယူဖွယ်ရာအဖြစ် သတ်မှတ်ကြသည်။
ဤလမ်းကြောင်းနှင့် ထိုနိုင်ငံများရှိ မှော်စက်ဈေးကွက် အများစုကို လမ်ပူရီတိုင်းပြည်၌ကဲ့သို့ ယူဆောင်ရန် သိပ်ကြာတော့မည်မဟုတ်ပေ။
အဘယ့်ကြောင့် ဈေးကွက်အားလုံးမဟုတ်ရသနည်း?
မှန်ပါ၏ အကြောင်းမှာ ရှုယီက အခြားလုပ်ငန်းစုများကိုလည်း မှော်စက်များထုတ်လုပ်ရန် နေရာအချို့ ချန်ထားပေးသောကြောင့်ပင်။
သို့သော် ရှုယီအတွက် ဤအတောအတွင်း အရေးကြီးဆုံးမှာ Frestech ကုန်သည်ကြီးများအသင်း၏ ရောင်းအားနှင့် အမြတ်များမဟုတ်ပေ။ သူဟာ ငွေမည်မျှရမည်ကို ဂရုမစိုက်ဘဲ မည်မျှ သုံးစွဲခဲ့သည်ကိုသာ ဂရုစိုက်ပါ၏။
တိတိကျကျပြောရလျှင် သူဟာ ဒုခ် စတက်တိန်းအတွက် မည်မျှ သုံးစွဲခဲ့ရသနည်း။
အရှင်ဝိန်က ၎င်းကို သာမန်ကာလျှံကာဆိုလျှင်တောင် အပြင်လူဖြစ်သည့် ရှုယီကို နယ်မြေပေးရန် ဒုခ်စတက်တိန်း၏ ခွင့်ပြုချက်ရဖို့က သေချာပေါက် မလွယ်လှချေ။
အရှင်ဝိန်နှင့် စာချုပ် လက်မှတ်ထိုးပြီးနောက် တစ်လတာလေးအတွင်း ရှုယီမှာ ဒုခ်စတက်တိန်းကို ခုနစ်ကြိမ်တွေ့ဆုံခဲ့ရကာ ရွှေဒင်္ဂါးတစ်သန်းပမာဏ သုံးစွဲပြီးမှ ထိုကိစ္စကို ဆုံးဖြတ်ချက်ချခဲ့လေသည်။
ယနေ့မှာ ဒုခ်စတက်တိန်းက ရှုယီအား ဖော်ရွေပေးခဲ့သော နေ့ဖြစ်၏။
စတက်တိန်းနယ်မြေ၏ ထုံးတမ်းများအရ စိုင်စ်နယ်မြေ၏ ထုံးတမ်းများအရ မျိုးရိုးမြင့်မဟုတ်သူများက ကိုယ်ပိုင်နယ်မြေ မရနိုင်။
ထို့ကြောင့် အရှင်စတက်တိန်းထံမှ မြေတစ်ပိုင်းကို ရှုယီထံ လွှဲပြောင်းပေးရန် လိုအပ်သည့် လုပ်ဆောင်ချက်မှာ ရှုပ်ထွေး၍ ခက်ခဲသည်။
ပထမဆုံး အရှင်ဝိန်က သူ၏အမည်အောက် နယ်မြေအားလုံးကို ဆက်လက်မစီမံတော့ဟုကြေညာကာ ရှုယီအား သူကမ်းလှမ်းထားသည့် မြေကို နယ်မြေထံ ပြန်လည်ယူဆောင်ရသည်။
ထို့နောက် ဒုခ်စတက်တိန်းက Frestech ကုန်သည်ကြီးများအသင်း၏ ထူးကဲသော လုပ်ဆောင်ချက်ကို အသိအမှတ်ပြု၍ ၎င်းတို့အား စတက်တိန်းနယ်မြေ၏ ပြန်လည်ဖွဲ့စည်းရာ၌ ထောက်ပံ့ကူညီခြင်းအတွက် ချီးကျူးရမည်ဖြစ်၏။ ရှုယီမှာ ဥက္ကဌအနေနှင့် အထောက်အကူကြီးကြီးမားမား လုပ်ဆောင်ပြီး စတက်တိန်းနယ်မြေသားတစ်ဦးအဖြစ် အသိအမှတ်ပြုခံရရန် ဂုဏ်ယူနေခြင်းဖြစ်သလို အရှင်ဟူသည့် ခေါင်းစဉ်းလည်းပါသည်။
၎င်းနောက် ဒုခ်စတက်တိန်းက အရှင်ဝိန်ပေးထားသည့် မြေကို ရှုယီထံ အရှင်သခင်ဖြစ်လာခြင်းအတွက် ချီးမြှောက် ဂုဏ်ပြုကာ ကိုယ်ပိုင်နယ်မြေဖြစ်လာစေရန် ပြန်ပေးရသည်။
၎င်းဖြစ်စဉ်ပြီးနောက် ထိုမြေကို ရှုယီ၏ ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြတော့သည်။
ဒုခ်စတက်တိန်းထံမှ အရှင် ဂုဏ်ပုဒ်နှင့် ကိုယ်ပိုင်နယ်မြေသဘောတူညီမှုကို၏ ရယူပြီးနောက် ထိုအခိုက်မှစ၍ ဤနယ်မြေမှာ ရှုယီ၏ ကိုယ်ပိုင်မြေဖြစ်လာသည်။
အခြေအနေက လမ်ပူရီတိုင်းပြည်ကနှင့် ကွဲပြားပါ၏။
ရှုယီထံ ဤနယ်မြေကို ကာကွယ်ရန်နှင့် စီစဉ်ရန် အာဏာ အလုံအလောက်ရှိနေသရွေ့ သူဟာ ဤနယ်မြေ၏ ဘုရင်ဖြစ်နေလိမ့်မည်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၆၇။ ဘုရင်ကြီးအဲရစ်က လှုပ်ရှားချင်နေတာလား?
လမ်ပူရီတိုင်းပြည်၌ရှိစဉ်က ရှုယီမှာ မိုးကျတောင်ကြားကို သူ၏ နယ်မြေအဖြစ်ရရှိခဲ့ပါသော်လည်း ထိုစဉ်က မျိုးရိုးမြင့်တစ်ဦးအဖြစ် ကျင့်သားမရသေးချေ။ သူဟာ မိုးကျတောင်ကြားကို သူ၏ ထုတ်လုပ်ရေးအခြေစိုက်ဌာနအဖြစ်သာ သတ်မှတ်ထားဖြင့် မျိုးရိုးမြင့်ဟု လုံးဝမခံစားမိခဲ့ပေ။
ထို့ကြောင့် ထွက်ခွာဖို့ တွန်းအားပေးခံရစဉ်က သူ၏ မျိုးရိုးမြင့် အထောက်အထားကို စွန့်လွှတ်၍ သူ၏နယ်မြေကို ပြန်လွှဲပေးခဲ့ခြင်းပင်။ သူ့ထံ၌ မျိုးရိုးမြင့်တစ်ဦးဖြစ်ခြင်း သို့မဟုတ် ကိုယ်ပိုင်နယ်မြေ ပိုင်ဆိုင်ခြင်းနှင့် ပတ်သက်သည့် မည်သို့သော ခံစားချက်မှ လုံးဝမရှိပေ။
သို့သော် ဤအချိန်၌ ခြားနားပါ၏။
စတက်တိန်းနယ်မြေမှာ လမ်ပူရီတိုင်းပြည်နှင့် မတူပေ။ စတက်တိန်းနယ်မြေ၏ ဒုခ်စတက်တိန်း ကိုယ်စားပြုထားသော အထက်တန်းစားများထံ၌ ညီညွတ်မှုမည်သည်မရှိပေ။
ထို့ကြောင့် ရှုယီ၏ ကိုယ်ပိုင်နယ်မြေမှာ သူပိုင်ဆိုင်သည့် နယ်မြေသာဖြစ်သည်။
အရှင်ဝိန်၏ အပြောအရ မည်သူကမှ ထိုမြေပေါ်တွင် ရှုယီလုပ်သမျှကို ဂရုစိုက်မည့်လူမရှိချေ။ သူ့အနေနှင့် လူများကို သတ်ဖြတ်ညှင်းပန်းနေလျှင်တောင် အရည်အချင်းမမှီသဖြင့် သူ့ထံ တစ်ခုခု ပြောနိုင်မည့်လူတစ်ဦးမှ မရှိပေ။
ရှုယီကတော့ သူ၏ မြေထက် မည်သူ့ကိုမှ သတ်ဖြတ်မည်မဟုတ်သော်လည်း ထိန်းချုပ်မှုကင်းမဲ့သော ခံစားချက်ကို လိုအပ်ပါ၏၊ အကြောင်းမှာ ၎င်းဖြင့်သာ ဤနယ်မြေနှင့်ပတ်သက်၍ လုပ်ဆောင်လိုသည်များကို လုပ်ဆောင်နိုင်မည်ဖြစ်၏။ မိုးကျတောင်ကြားအတွက် အစီစဉ်များ လုပ်ဆောင်ချိန်က ကန့်သတ်ခံခဲ့ရသဖြင့် ပြီးပြည့်စုံခြင်းမရှိခဲ့သည်နှင့် မတူညီပေ။
ထို့အပြင် ဤနယ်မြေမှာ ဟက်တာ နှစ်သိန်းလေးသောင်းကျော်ကာ စတုရန်း ကီလိုမီတာ နှစ်ထောင်ကျော်၏။ ၎င်းက စတုရန်းတစ်ဆယ်ကီလိုမီတာသာ ရှိသည့် မိုးကျတောင်ကြားထက် အဆများစွာကြီးမားလေသဖြင့် သူ့အတွက် အစီစဉ်ချရန် နေရာပိုရသည်။
မှန်ပါ၏ ထိန်းချုပ်မှု အဆင့်ကလည်း သူပိုင်ဆိုင်သည့် အင်အား၌ မူတည်နေသည်ကိုလည်း သိလေသည်။
သူ့ထံ၌ သူ၏နယ်မြေကို ကာကွယ်ရန် အင်အား အလုံအလောက်မရှိပါလျှင် လိုအပ်လာချိန်၌ အရှင် ဝိန်က မည်သည့်ကျင့်ဝတ်မှ မပြဘဲ ဤမြေကို ပြန်၍ ဝါးမြိုသွားလိမ့်မည်။
ထို့ကြောင့် ဤမြေ၏ အရှင်သခင် တရားဝင်ဖြစ်လာပြီးနောက် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို တဖန်ပြန်လည် ဖွဲ့စည်းကာ အတော်ဆုံးလက်ရွေးစင်အစောင့်ငါးရာကို သူ၏ ကိုယ်ပိုင်အစောင့်များဖြင့် ခေါ်ဆောင်လိုက်သည်။
အက်ဂ်နက်စ်ပြောသလို မာနကြီးရာ၌ အကျော်ကြားဆုံး အစောင့်များသည်ပင် သူ၏ ကိုယ်ပိုင်အစောင့်များဖြစ်လာဖို့ ကမ်းလှမ်းခြင်းကို လုံးဝ ငြင်းပယ်ခြင်းမရှိကြပေ။ ထိုအစား ရှုယီ၏ ကိုယ်ပိုင်အစောင့်များ ဖြစ်လာမည်ဟု ကြားချိန်၌ အင်မတန် ပျော်ရွှင်သွားကြသည့် နတ်သူငယ်စစ်သည်များစွာ ရှိကြသည်။
ရှုယီက နတ်သူငယ်အစောင့်ခေါင်းဆောင် ဖူရီယိုကို ထိုအကြောင်းမေးလိုက်ချိန်တွင် ၎င်းက အကြီးအကဲ အီလူရှာ၏ ပထမနေရာ၌ ထားသည့် အဓိပ္ပာယ်ဟု ဆိုခဲ့သည်။ ထို့အပြင် သူဟာ ညတေးသံမျိုးနွယ်စုရှိ နတ်သူငယ်အားလုံး လက်ခံသည့် လူသားဖြစ်သဖြင့် ရှုယီကို အသိအမှတ်ပြုကြသောကြောင့် သူ၏ အစောင့်ဖြစ်လာခြင်းက နတ်သူငယ်စစ်သည်များအတွက် လုံးဝအရှက်ရစရာမရှိပေ။ ရှုယီမှာ ၎င်းတို့မျိုးနွယ်စု၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည့် တစ်စုံတစ်ယောက်ဖြစ်သည်ဟု ခံစားရသောကြောင့် ရှုယီက ၎င်းတို့၏ အသက်များအားကမ်းလှမ်းလာခြင်းကို လုံးဝစိတ်မကွက်ပေ။
ထိုအစား Frestech ကုန်သည်ကြီးများအသင်းအတွက် အစောင့်ဖြစ်ခြင်းက ၎င်းတို့အတွက် လက်ခံဖို့ခက်ခဲသည်။
Frestech ကုန်သည်ကြီးများအသင်းက ရှုယီနှင့် အပြည့်အဝသက်ဆိုင်နေခြင်း မဟုတ်သောကြောင့် ရှုယီအပြင် တခြားလူသားများထံ ၎င်းတို့၏ အသက်များကို ရောင်းချနေသလိုသာ ခံစားရသည်။
လူပုလေး စစ်သည်များအတွက်တော့ မည်သည့် ပြဿနာမှမရှိပေ။
ရှုယီက သူ၏ ကိုယ်ပိုင်အစောင့်များကို ဖွဲ့စည်းကြောင်း ပြသကာ ကန့်သတ် ပမာဏရှိလာချိန်တွင် စတက်တိန်းနယ်မြေသို့ Frestech ကုန်သည်ကြီးများအသင်းနှင့် လိုက်ပါလာကြသော လူပုလေးဆယ့်သုံးဦးက ပြိုင်ပွဲကြီးတစ်ခု ကျင်းပလိုက်ကြသည်။ ၎င်းတို့အနေနှင့် အတော်ဆုံးလက်ရွေးစင် လူပုလေးစစ်သည်များကသာ ရှုယီ၏ ကိုယ်ပိုင်အစောင့်အဖြစ် ဝင်ရောက်နိုင်သည်ဟု သတ်မှတ်လိုက်ကြ၏။
လူသားအစောင့်တွေလား?
မေးဖို့လိုသေးလို့လား? လုပ်ငန်းစုအစောင့်များအပေါ် ဆက်ဆံမှုက ဤမျှ ကောင်းမွန်နေရာ သဘာဝကျကျပင် ရှုယီ၏ ကိုယ်ပိုင်အစောင့်များအတွက် ဆက်ဆံမှုက သာ၍ကောင်းမွန်ပါ၏။
ရှုယီက ကိုယ်ပိုင်အစောင့်များ စုဆောင်းနေသည်ကို ကြားချိန်တွင် လုပ်ငန်းစု၏ လူသားအစောင့်များ စုစည်းလာကြသည်ကို မဆိုထားနှင့် ထိုသတင်းကို ကြားပြီး မတူညီသည့်နေရာမှ ရောက်လာကြသည့် လက်ရွေးစင်လူသားစစ်သည်များစွာလည်း ရှိလေသည်။
သို့သော် ရှုယီက သူ၏ ကိုယ်ပိုင်အစောင့်များကို သူမသိသည့် လူများမဖြစ်စေချင်သောကြောင့် ထိုလူများထဲမှ တစ်စိတ်တစ်ပိုင်းကိုသာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအဖြစ် ရွေးချယ်လိုက်သည်။
ရှုယီကို အံ့အားသင့်စေသည်မှာ အကြီးအကဲ လီဆန်ယာက ရှုယီ ကိုယ်ပိုင်အစောင့်များ စုစည်းနေကြောင်း ကြားပြီးနောက် ရှုယီ၏ ကိုယ်ပိုင်အစောင့်များအဖြစ် ဝင်ရောက်လိုသော နတ်သူငယ်စစ်သည် နှစ်ရာကို ပို့လိုက်လေသည်။
ရှုယီလည်း စဉ်းစားပြီးနောက် အကြီးအကဲ လီဆန်ယာ၏ စေတနာကို ပစ်ပယ်လိုက်၏။
အဆုံး၌ အကြီးအကဲ လီဆန်ယာလည်း နတ်သူငယ်စစ်သည်နေရာကို ပြန်မလာခိုင်းတော့ရာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များထဲသို့သာ ဝင်လိုက်ကြတော့သည်။
အဆုံးတွင် ရှုယီက လုပ်ငန်းစုအစောင့်များထံမှ အတော်ဆုံးလက်ရွေးစင်အစောင့်ငါးရာ ထုတ်ယူခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက တစ်ထောင့်နှစ်ရာမှ တစ်ထောင့်ငါးရာအထိဖြစ်သွားတော့သည်။
မှန်ပါ၏ ၎င်းတို့က ကျင့်သားမရသေးသလို မျိုးနွယ်စုအဖုံဖုံမှ အစောင့်အသစ်လေးများကလည်း Frestech ကုန်သည်ကြီးများအသင်းအစောင့်များ၏ စစ်ဘက်သုံးမှော်စက်များနှင့် မရင်းနှီးကြသောကြောင့် တိုက်ပွဲအင်အားက ယခင်က တစ်ထောင့်နှစ်ရာနှင့်တော့ မယှဉ်သာချေ။
သို့သော် ရှုယီကတော့ စိတ်မပူပေ။
ဆန်နက်မြေရိုင်းရှိ သားရဲလူမျိုးများက ပေါင်းပင်များလိုပင်။ ၎င်းတို့ထံ၌ သန်မာသည့် အသက်အင်အားများရှိကာ အကြိမ်မည်မျှ အရှင်းလင်းခံရသည်ဖြစ်စေ ပေါ်ထွက်လာသည့် *မျက်ကန်း သားရဲလူမျိုးတစ်ချို့ရှိနေဆဲပင်။
(T/N: *မျက်ကန်းသားရဲလူမျိုး = တကယ်မျက်လုံးကန်းနေတာမဟုတ်ဘဲ အကျိုးရလာဒ်ကို မချင့်ချိန်တတ်တာကိုပြောတာပါ။
p.sအရှေ့မှာ ပါထားသေးတော့ သိတဲ့လူလည်း သိမှာပေမယ့် တကယ်မျက်လုံးကန်းတယ်ထင်နေမှာစိုးလို့ပါနော်)
ထိုသားရဲလူမျိုးများက ပိုမိုကြီးထွားလာနေပြီး ကာကွယ်မှုအားကောင်းပြီးသား ထုတ်လုပ်ရေးအခြေစိုက်ဌာနကို မည်သည့် ခြိမ်းခြောက်မှုမှ မဖြစ်ပွားစေနိုင်သော်လည်း ၎င်းတို့မှာ ယခုမှ လုပ်ငန်းစုကို ဝင်ရောက်ကာစ အစောင့်များ လေ့ကျင့်ရေးအတွက် အသုံးဝင်လှသည်။
သူ၏ ဂုဏ်အဆင့်ခေါင်းစဉ်နှင့် မြေကို ရပြီးနောက် ရှုယီအား အမြဲ အလုပ်များနေစေသည့် ကိစ္စများစွာ ပေါ်လာသည်။ နောက်ဆုံး ကိုယ်ပိုင်အစောင့်များနှင့် လုပ်ငန်းစု၏ အစောင့်တို့ကို ဖြေရှင်းပြီးနောက် Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှု နောက်အစီစဉ်များကို ဂရုစိုက်ပြီးချိန်တွင် လပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်သည်။
ဇူလိုင်လသို့ ဝင်ရောက်လာပြီးနောက် စတက်တိန်းနယ်မြေရှိ နွေအပူက ဆက်လက်တိုးလာသော်ငြား ရှုယီမှာ ဤအတောအတွင်း အားလပ်ချိန်ရှာဖို့ ခက်ခဲနေကြောင်း သိလိုက်ရပေ၏။
ဘန်တာမြို့နှင့် လမ်ပူရီတိုင်းပြည်ကို အာရုံစိုက်ရန် အချိန်ရလာချိန်တွင် လမ်ပူရီတိုင်းပြည်ရှိ အခြေအနေက များစွာ ပြောင်းလဲနေပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။
လအနည်းငယ်အတွင်း လမ်ပူရီတိုင်းပြည်ထံ၌ ဂုဏ်ပုဒ်များ ဆုံးရှုံးခဲ့ကြသော မျိုးရိုးမြင့်ကြီး၊ မျိုးရိုးမြင့်လေးများစွာ ရှိနေပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုနှင့် ကိုယ်ပိုင်နယ်မြေများကိုပါ ဆုံးရှုံးထားကြ၏။
တော်ဝင်လွှတ်တော်က ထူးထူးဆန်းဆန်း အကြောင်းပြချက်များစွာ ပေးထား၏။ ၎င်း၏ကိုယ်ပိုင်နယ်မြေ၌ နွားတစ်ကောင် သတ်လိုက်ပြီးနောက် နိုင်ငံဥပဒေများကို ဆန့်ကျင်သည်ဟုဆိုကာ ဂုဏ်ပုဒ်ကို ဆုံးရှုံးလိုက်ရသည့် ဗစ်ကောင့်ထ်တစ်ဦးပင် ရှိသည်။
ပြောရလျှင် ယခင်က လယ်လုပ်ကိုင်ရန် အဆင်မပြေဘဲ နွားတစ်ကောင်စီက လမ်ပူရီတိုင်းပြည်အတွက် အင်မတန် အရေးပါလှလျှင်တောင် မျိုးရိုးမြင့်တစ်ဦးအနေနှင့် ၎င်း၏ မြေ၌ နွားတစ်ကောင်သတ်ခြင်းအား ကိစ္စလေးတစ်ခုဟုသာ သတ်မှတ်၍ရသည်။
၎င်းက နိုင်ငံ ဥပဒေကို ဆန့်ကျင်နေလျှင်တောင် တော်ဝင်လွှတ်တော်က မည်သို့များ သာမန်လူများထက် ပိုမို အခွင့်အရေးရသည့် မျိုးရိုးမြင့်များကို ဥပဒေကြောင့် အပြစ်ပေးနိုင်မည်နည်း?
လမ်ပူရီတိုင်းပြည်မှာ စိုက်ပျိုးရေးသုံးမှော်စက်များကို အသုံးပြုနေကြပြီးဖြစ်သည်ကို မဆိုထားနှင့်။ ကျွဲနွားတို့ကို ရှားပါးနေရာများ၌သာ အသုံးပြုကြသဖြင့် မည်သို့သော အရေးပါသည့် နေရာတွင်မှ မရှိပေ။
အမဲသားမှလုပ်သည့်အစားအသောက်များလည်း လမ်ပူရီတိုင်းပြည်ရှိ စားသောက်ဆိုင် အဖုံဖုံတို့၏ စားပွဲများထက် ပေါ်ထွက်လာပြီးဖြစ်သည်။
ဤအခြေအနေတွင် မျိုးရိုးမြင့်တစ်ဦးက နွားတစ်ကောင်သတ်ခြင်းအတွက် နိုင်ငံဥပဒေကို ချိုးဖောက်လိုက်ခြင်းကြောင့် သူ၏ ခေါင်းစဉ်ကို ဆုံးရှုံးလိုက်ပြီး အပြင်းအထန် အပြစ်ပေးခံရကာ ထောင်နန်းပင်စံနေရလေသည်လား?
၎င်းက ဟာသတစ်ခုပါပင်!
သို့သော်လည်း ၎င်းက လက်ရှိ လမ်ပူရီတိုင်းပြည်၌ အချက်အလက်တစ်ခုဖြစ်သည်။
အာဏာများများစားစားမရှိသည့် မျိုးရိုးမြင့်လေးများအပြင် အာဏာအစစ်အမှန်ရှိသည့် မျိုးရိုးမြင့် မိသားစုကြီးနှစ်ခုသည်ပင် အပြစ်ပေးခံခဲ့ရ၏။
ထိုမျိုးရိုးမြင့်ကြီးနှစ်ဦးထံ၌ ကျယ်ဝန်းသောကိုယ်ပိုင်နယ်မြေများရှိပြီး တစ်ဦးက မြို့တစ်ခု၏ မြို့စားပင်ဖြစ်နေရာ ၎င်းတို့၏ အာဏာအား လျှော့တွက်၍ မရနိုင်။
သို့သော်လည်း လမ်ပူရီတိုင်းပြည်၏ လွှတ်တော်နှင့် တော်ဝင်လွှတ်တော်တို့ အတူတကွလုပ်ဆောင်၍ ၎င်းမျိုးရိုးမြင့်ကြီးနှစ်ဦးကို မည်သည်မှ မလုပ်ဆောင်နိုင်ခင်တွင် ဖမ်းဆီးခဲ့သည်။ ထိုကတည်းက ၎င်းတို့ထံမှ မည်သည့်သတင်းများမရတော့ပေ။
၎င်းကို ကြားသိပြီးနောက် ရှုယီ အင်မတန် ပျော်မြူးသွားလေ၏။
သူ့အနေနှင့် လမ်ပူရီတိုင်းပြည်မှ ထွက်ခွာခဲ့သည်မှာ ကောင်းသည့်အရာပင်၊ မဟုတ်ပါက သူဟာ ဖမ်းခံခဲ့ရသည့် မျိုးရိုးမြင့်များထဲမှ တစ်ဦးဖြစ်နိုင်၏။
ယခုတွင် သူဟာ စတက်တိန်းနယ်မြေ၏ အရှင်သခင်တစ်ဦးဖြစ်ရာ မည်သူကမှ သူ့ကို လာမဖမ်းဝံ့ပေ။
တစ်ချိန်တည်းမှာပင် အနည်းငယ် ရှုပ်ထွေးသလို ခံစားနေရ၏။
ထိုသို့ ဖြစ်ခဲ့ကြသည့် မျိုးရိုးမြင့် အများစုမှာ ယခင်က ဆယ်ဗီနီကို ထောက်ခံခဲ့သူများဖြစ်သည်။ အဲရစ် ဘုရင်ဖြစ်လာချိန်တွင် ရှုယီမှာ ယခင်က အဲရစ်အား မထောက်ခံခဲ့သည့် ထိုမျိုးရိုးမြင့်များကို ကိုင်တွယ်ရန် ဆင်ခြေအချို့ ရှာလိမ့်မည်ဟု ထင်ခဲ့သည်။
ဧကရာဇ်အတွက် သူ၏ မှူးမတ်များကို ပြောင်းလဲဖို့က မထူးဆန်းလှ။
သို့ရာတွင် ထိုစဉ်က အဲရစ်မှာ မည်သည်ကိုမှ မလုပ်ခဲ့ဘဲ လမ်ပူရီတိုင်းပြည်ကလည်း တစ်နှစ်လောက် ငြိမ်းချမ်းနေခဲ့၏။
ရှုယီလည်း ၎င်းက ပြီးပြီဟု ထင်ခဲ့သော်လည်း အဲရစ်က ရုတ်တရတ် လှုပ်ရှားလာမည်ဟု မထင်ထားပေ။
လမ်ပူရီတိုင်းပြည်ရှိ အခြေအနေက သွေးသံတရဲရဲပဋိပက္ခကြောင့် ဆိုးရွားနေရာ ယခင်က မင်းသမီးလေး ဆယ်ဗီနီကို ထောက်ခံခဲ့ကြသည့် မျိုးရိုးမြင့်များစွာက ၎င်းကို အခွင့်အရေးယူ၍ ဘုရင်ကြီးအဲရစ်ကို ဆန့်ကျင်ကာ ပြောဆိုနေကြပါလျှင်တောင် ယခု လှုပ်ရှားလိုက်လျှင် အင်မတန် သိသာနေမည်ဟု အဲရစ်မစဉ်းစားမိလေဘူးလား?
သူသာ ထိုသို့လုပ်လျှင် သူ့အား ဆန့်ကျင်ခဲ့သည့် မျိုးရိုးမြင့်များအား ကိုင်တွယ်လိုက်နိုင်မည်မှာ သံသယဝင်ဖို့ရန်ပင် မလိုပါသော်လည်း မျိုးရိုးမြင့်များစွာကို ဒေါသဖြစ်စေပြီး ကသောင်းကနင်းများ ပိုမို ဖန်တီးမိမည်အား အဲရစ် မစိုးရိမ်ပေဘူးလား?
ရှုယီမှာ အခြားမျိုးရိုးမြင့်များကို နားမလည်သော်လည်း အနည်းဆုံးတော့ ဘာရွန်ဟားနက်စ်မှာ ဤအခြေအနေကို အင်မတတ် စိတ်ပျက်နေမည်အား နားလည်သည်။
⟨ အန်ဗေးဗာတိုင်းမ်စ် ⟩နှင့် ⟨ လမ်ပူရီအပတ်စဉ် ⟩တို့တွင် လက်ရှိ ဘန်တာမြို့၌ ဖြစ်ပွားနေသည့် ကိစ္စများအပေါ် တိုက်ရိုက် တိုက်ခိုက်မှုများရှိနေလေ၏။
၎င်းက ဘုရင်ကြီးအဲရစ်ဟု တိုက်ရိုက် မဖော်ပြထားသော်လည်း စာတန်းများအကြား ဆိုလိုရင်းက အင်မတန်ရှင်းလင်းလှသည်။
⟨ အန်ဗီမာတိုင်းမ်စ် ⟩နှင့် ⟨ လမ်ပူရီအပတ်စဉ် ⟩တို့၏ ခေါင်းဆောင် အယ်ဒီတာချုပ်မှာ အမြဲတမ်း ဘာရွန်ဟားနက်စ်ဖြစ်နေခဲ့သော်လည်း သူဟာ သူ၏နောက်ကွယ်ရှိ မျိုးရိုးမြင့်များကို ကိုယ်စားပြုသည်။
ယခု ဤသတင်းစာနှစ်ခုက ဤအချက်ကိုထောက်ပြပြီး ဤမှ ပြတ်သားသော ဆောင်းပါးကို ဖြန့်ချိလိုက်ရာ ဘာရွန်ဟားနက်စ်နောက်ကွယ်၌ ရပ်တည်နေကြသော မျိုးရိုးမြင့်ကြီးများမှာ အင်မတန် မကျေမနပ်ဖြစ်နေကြောင်း ရှင်းလင်းနေသည်။
သို့သော် လမ်ပူရီတိုင်းပြည်တစ်ခုလုံး သို့မဟုတ် ပိုမို အတိအကျဆိုရသော် လမ်ပူရီတိုင်းပြည်ရှိ မျိုးရိုးမြင့်အားလုံးကို အံ့အားသင့်စေသည်မှာ ထိုဆောင်းပါးနှစ်ခုမဟုတ်ဘဲ သတင်းတစ်စဖြစ်နေသည်။
ဒုခ့်စတက်ဂျ်၏သားဖြစ်သူ စတက်ဂျ်မိသားစု၏ အမွေခံဖြစ်ခွင့်ရှိသည့် လက်စ်လိုင်းစတက်ဂျ်အား ဒုခ့်စတက်ဂျ်က စတက်ဂျ်မိသားစုထံမှ ထုတ်ပယ်လိုက်ခြင်းဖြစ်၏။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၆၈။ ပင်လယ်ရှိ သံမဏိခံတပ်
ရှုယီမှာ သူ့ရှေ့၌ အေးဆေးပြုံးကာ ထိုင်နေသော ဗစ်ကောင့်ထ် လက်စ်လိုင်းကို ကြည့်ကာ စိတ်ထဲ ဒေါသဖြစ်သလို ရယ်ချင်သလိုလည်း ခံစားရသည်။
“ကျုပ်ပြောမယ်..... လက်စ်လိုင်း မိသားစု အမွေကိုဆက်ခံဖို့ အခွင့်အရေးရအောင် အကောင်းဆုံးကြိုးစားပြီး စတက်ဂျ်မိသားစုတစ်ခုလုံးကို ထိန်းချုပ်မယ်လို့ ခင်ဗျား ပြောခဲ့တယ်မဟုတ်လား? ဘာဖြစ်သွားတာလဲ? ဘာလို့ မိသားစုထဲက အထုတ်ခံလိုက်ရတာလဲ?”
“မဟုတ်ဘူး မဟုတ်ဘူး မင်းတစ်ခုကို နားလည်ဖို့ လိုနေပြီ။ မောင်းထုတ်ခံလိုက်ရတာမဟုတ်ဘဲ ငါ့ဘာသာထွက်လာတာပါ။” ဗစ်ကောင့်ထ်လက်စ်လိုင်းကာ လက်တစ်ချောင်းထောင်ကာ ၎င်းလက်ချောင်းကို လှုပ်ခါလိုက်သည်၊ “အဲ့နှစ်ခုက လုံးဝမတူဘူးလေ၊ အမှားမလုပ်နဲ့။”
ရှုယီလည်း မပြုံးမိဘဲ မနေနိုင်တော့ချေ၊ “ဘာကွာလို့လဲ? လိုရင်းပြောရရင် ခင်ဗျားက စတက်ဂျ်မိသားစုကနေ ထွက်သွားဖို့ တွန်းအားပေးခံခဲ့ရပြီး လမ်ပူရီတိုင်းပြည်မှတောင် မနေနိုင်တော့လို့ ကျုပ်ရဲ့နေရာကို လာရတာလေ။ ကျုပ်ပြောမယ် ဒုခ့်စတက်ဂျ်က ခင်ဗျားအပေါ် မရက်စက်လွန်းဘူးလား? ခင်ဗျားက ဘာပဲဖြစ်ဖြစ် သူ့ရဲ့ သားပဲလေ။”
“ငါ့ အဖေလို မျိုးရိုးမြင့်ကြီးတစ်ဦးအတွက် သူ့ရဲ့သားက မင်းထင်နေသလို အရေးပါမနေဘူး။”
ဗစ်ကောင့်ထ်လက်စ်လိုင်း.... ဟုတ်သည် စတက်ဂျ်မိသားစုထံမှ အထုတ်ပယ်ခံလိုက်ရချိန်တွင် တော်ဝင်မိသားစုက သူ၏ ခေါင်းစဉ်ကို ဖယ်ရှားလိုက်ပြီဖြစ်ရာ ဗစ်ကောင့်ထ်တစ်ဦးမဟုတ်တော့ပေ။
လက်စ်လိုင်းက များများစားစားဆုံးရှုံးလိုက်ရဟန်မပေါ်နေဘဲ ထူးထူးဆန်းဆန်း စိတ်အေးနေသည်။ ၎င်းမှာ သူ၏ဖခင်က မိသားစုထံမှ ထုတ်ပယ်လိုက်ခြင်းမှာ ပျော်ရွှင်ဖွယ်ရာတစ်ခု ဖြစ်နေသလိုပင်။
“ပျော်ဖို့ ထိုက်တန်တာပေါ့။” လက်စ်လိုင်းက အသာပြုံးကာ ဆိုသည်၊ “ငါသာ အဲ့အိမ်မှာ နေပြီး အဲဒီမွန်းကျပ်စရာလေထုကို ရှူရှိုက်ရင်း ငါ့အဖေဦးဆောင်တဲ့ အဲဒီလူတွေကနေ တခြားလူတွေကိုဆန့်ကျင်ဖို့ အကွက်ချနေတာတွေကို ကြည့်နေရရင် အရင်အတော်ကြာတည်းက ဖျားနာနေလောက်ပြီ။ ငါက မိသားစုကို ပြောင်းလဲဖို့ အခွင့်အရေးယူချင်တာဆိုပေမယ့် ငါ့အဖေက ငါ့အတွေးတွေကို ရိပ်မိပြီးဖြစ်နေတာကြောင့် ဘာအခွင့်အရေးမှ မရလိုက်ဘူးလေ။”
“ဒါဆို ခင်ဗျားစိတ်မပျက်ဘူးလား?” ရှုယီမှာ အနည်းငယ် ရှုပ်ထွေးသွားပါ၏၊ “အခု ခင်ဗျားကို မောင်းထုတ်လိုက်တော့ ရှေ့လျှောက် စတက်ဂျ်မိသားစုကို ပြောင်းလဲဖို့ အခွင့်အရေးမရှိတော့ဘူး မဟုတ်လား?”
“အခွင့်အရေးမရှိလည်း အဆင်ပြေပါတယ်။” လက်စ်လိုင်းက ပခုံးတွန့်သည်၊ “အဖေနဲ့ မိသားစုက လူတွေက သူတို့ လမ်းကြောင်းကို ရွေးချယ်ပြီးပြီလေ။ ငါ့မှာ ဒါကို ပြောင်းလဲဖို့ အခွင့်အရေးမရှိနေမှတော့ ထွက်လာရုံပဲ။ တကယ်တော့ ဒါလည်း ကောင်းပါတယ်၊ ဘာလို့လဲဆိုတော့ အဆုံးကျရင် ငါက စတက်ဂျ်မိသားစုက မျိုးဆက်လေ။ ငါ ရှင်သန်နေသရွေ့ ငါ့အဖေလည်း တည်ရှိနေမှာပဲ။ ငါ့အဖေနဲ့ ကျန်တဲ့လူတွေ ဘာဖြစ်မယ်ဆိုတာကတော့ ငါနဲ့ မဆိုင်ဘူး။”
ရှုယီက မျက်မှောင်ကုပ်ရင်း လက်စ်လိုင်းကို ကြည့်လိုက်၏။ သူဟာ ကမ္ဘာမြေတွင် သမိုင်းစာအုပ်အချို့ကို ဖတ်ရှုခဲ့ကြောင်းသတိရသွားသည်၊ သမိုင်းတွင် မတူညီသည့် မင်းသားများကို ထောက်ပံ့ဖို့ ရွေးချယ်ခဲ့သည့် မတူညီသော အငယ်ပိုင်းမျိုးဆက်တို့၏ ဆုံးဖြတ်ချက်တစ်ခုကြောင့် ဖျက်ဆီးခံရခြင်းမှ ရှောင်နိုင်ခဲ့သော မိသားစုကြီး များစွာရှိသည်။
ထိုကဲ့သို့ တစ်ဖက်ကို အနိုင်ယူလိုက်လျှင်တောင် တစ်ဖက်ကတော့ ကျန်ရှိနေမည်သာ။ ၎င်းတို့၏ မိသားစုကို ဆက်လက်တိုးတက်စေရန် အခွင့်အရေးတစ်ခု ရှိနေပြီး အဆိုးဆုံး ၎င်းတို့မိသားစု၏ မျိုးဆက်ကတော့ တည်ရှိနိုင်မည်ဖြစ်ဆဲပင်။
ဒုခ့်စတက်ဂျ်က လက်စ်လိုင်းကို ထုတ်ပယ်ခဲ့သည်။ ဤသည်မှာ လက်စ်လိုင်း၏ နိုင်ငံရေးအမြင်က ကျန် စတက်ဂျ်မိသားစုဝင်များနှင့် ခြားနားနေသောကြောင့်ဖြစ်သော်လည်း လွတ်မြောက်ခြင်းကို တွေးဆမိခြင်းလည်း ဖြစ်နိုင်၏။
သို့သော် ဤမေးခွန်းကို မေးမြန်းရန်တော့ ရှုယီထံ နည်းလမ်းမရှိပေ။ စဉ်းစားလိုက်ပြီးနောက် သူက မေးလေသည်၊ “ကောင်းပြီလေ အခု ခင်ဗျား လမ်ပူရီတိုင်းပြည်ကနေ မောင်းထုတ်ခံလိုက်ရပြီး ကျုပ် နေရာကိုလာမှတော့ ဒီမှာ လုပ်စရာတစ်ခုခုများရှာချင်လို့လား?”
“အင်း ငါအမြဲတမ်း မင်း ထုတ်လုပ်ထားတဲ့ မှော်စက်တွေကို စိတ်ဝင်စားနေခဲ့တာ။ ပြီးတော့ မင်းတို့လုပ်ငန်းစုက ကောင်းတာလေးတစ်ခု တီထွင်ထားတယ်လို့လည်း ကြားထားတော့ တစ်ချက်လာကြည့်တာပေါ့ကွာ။” လက်စ်လိုင်းက ဖြေသည်။
“ဘာကို ကြည့်ချင်တာလဲ?” ရှုယီက သိလိုစွာ မေးမြန်းလိုက်လေ၏။
“ငါ့ရဲ့ အချိန်အတိုင်းအဆသာ မမှားရင် အရင်တစ်ခေါက်တုန်းက ဟားနက်စ်ကို မင်းပြောခဲ့တယ်။ အဲဒီ့အရာက ဒီနေ့ ပင်လယ်ထဲကို ဝင်မယ်လို့လေ။ လာ တစ်ချက် သွားကြည့်ကြတာပေါ့။” လက်စ်လိုင်းက ထရပ်ကာ လျှောက်ထွက်သွားသည်။
ရှုယီက အံ့ဩသွားကာ၊ “ဒီတော့ ဒါကို ကြည့်ဖို့ လာတာပေါ့လေ?”
ရှုပ်ထွေးသည့် အကြည့်နှင့် လက်စ်လိုင်းကိုကြည့်ရင်း ရှုယီမှာ ခေါင်းခါကာ ထရပ်၍ လိုက်သွားတော့သည်။
ထွက်လာချိန်တွင် ရှုယီထံ လျှောက်လာသည့် ပုံရိပ်လေးတစ်ခု ရှိကာ သူ၏ ခြေထောက်ကို လာဆွဲဖက်သည်။
“ပါး.....ပါး၊ ပါး......ဖက်.....”
ရှုယီလည်း ငုံ့ကိုင်း၍ ဖရီယာကို ကောက်မကာ ပါးလေးကို တစ်ချက် မွှေးမွှေးပေးလိုက်ပါ၏။
ဖရီယာမှာ တစ်နှစ်နှင့် သုံးလ ရှိနေပြီဖြစ်သည်။ သူမက သူမဘာသာ မည်သို့လမ်းလျှောက်ရမည်ကို သင်ယူကာစဖြစ်ပြီး တစ်နေ့လုံး အိမ်တော်ကို လှည့်ပတ်သွားလာရခြင်းအား သဘောကျပေသည်။
ရှုယီလည်း အားလပ်ချိန်တွင် သူမနှင့်အတူ မြက်ခင်းတစ်လျှောက် လျှောက်သွားရသည်ကို သဘောကျသည်။ ရှုယီထံ၌ သူမနှင့် အတူကုန်ဆုံးရန် အချိန်များများစားစား မရှိပါလျှင်တောင် သူမက ရှုယီနှင့် အတော်ရင်းနှီးပါ၏။
ရှုယီ၏ မုတ်ဆိတ်များနှင့် ထိမိသောအခါ ဖရီယာမှာ ကလေးဆန်ဆန် ကြည်လင်စွာ ရယ်နေတော့လေသည်။
ရှုယီက ဖရီယာကို ကျီစယ်နေသည်အား ကြည့်ရင်း လက်စ်လိုင်းမှာ ရင်ဘတ်ထဲနှိုက်၍ အနီရောင်သလင်းကျောက်စိမ်းလေးတစ်တုံးထုတ်ကာ ပစ်ပေးလိုက်သည်။
“ဒီမှာ ဖရီယာ ယူလိုက်။ ဦးဦးလက်စ်လိုင်းက ဒီတစ်ခေါက် အိမ်ကနေ မြန်မြန်ထွက်လာတော့ ပိုကောင်းတဲ့ လက်ဆောင်မယူလာမိဘူး၊ အပြစ်မတင်ဘူးမလား?”
ရှုယီနှင့် လက်စ်လိုင်းတို့ကြားက ဆက်ဆံရေးနှင့်ဆိုလျှင် ယဉ်ကျေးနေဖို့ မလိုပေ။ ရှုယီက မည်သည်ကိုမျှ မဆိုဘဲ ဖရီယာ ကိုင်ထားသော ဈေးပေါဟန်မပေါ်သည့် သလင်းကျောက်စိမ်းကိုကြည့်ကာ လှည့်မေးလိုက်လေ၏၊ “ပြောရရင် လက်စ်လိုင်း၊ ဒုခ့်စတက်ဂျ် ခင်ဗျားကို ကန်ထုတ်လိုက်တုန်းက အရေးကြီး အကြောင်းအရင်းတစ်ချက်က ခင်ဗျား လက်မထပ်ရသေးတာကြောင့်လည်း ပါမယ်လို့ ခံစားမိတယ်နော်?”
လက်စ်လိုင်း၏ အမူအရာက ပြောင်းလဲသွားရင်း ရှုယီကို ကြည့်ကာ အေးစက်စက်နှာမှုတ်လေသည်၊ “ဘာလဲ? အခု မင်းလက်ထပ်ပြီး သမီးတစ်ယောက်ပါရှိလာတော့ ငါ့ကို လက်ထပ်ဖို့ တတွတ်တွတ်ပြောနေကြတဲ့ လူတွေနဲ့ အတူတူဖြစ်လာတာပေါ့?”
ရှုယီက ပခုံးတွန့်သည်၊ “ဒီအတွက် အရမ်းပျင်းလွန်းနေတယ် ဒါက ခင်ဗျား ကိစ္စလေ။ ဒုခ့်စတက်ဂျ်က သေချာက်ပေါက် ခင်ဗျားကို စတက်ဂျ်မိသားစုရဲ့ မျိုးဆက်ပြန့်ပွားစေချင်လောက်မယ်လို့ ခံစားရရုံပါ။ ခင်ဗျားသာ မိန်းကလေးတစ်ယောက်လောက်ကို အိမ်ခေါ်သွားလိုက်ရင် သူ သေချာပေါက် ပျော်ရွှင်ပြီး ခင်ဗျားကို အိမ်တောင် ပြန်ခေါ်လောက်တယ်။”
“ကျုပ်က ကလေးမွေးပေးဖို့ တာဝန်ရှိတဲ့ မြင်းတစ်ကောင်မဟုတ်ဘူး။” လက်စ်လိုင်းက နှာမှုတ်လိုက်သည်၊ “ပြီးတော့လည်း ခုနကပဲပြောတယ်လေ၊ သူတွန်းအားပေးလို့ ထွက်လာတာမဟုတ်ဘဲ ကိုယ့်ဘာသာထွက်လာတာပါဆို၊ ဒါက မတူဘူး။”
ရှုယီက သူဟာ ကံဆိုးသည်ဟုသာ သတ်မှတ်၍ ခေါင်းခါကာ မည်သည်ကိုမှ မဆိုတော့ချေ။ ဖရီယာက မဆင်းချင်တော့သည့်ကို မြင်သော် ဖရီယာနောက်သို့ လိုက်ရန် တာဝန်ရှိသည့် လဇ်အား မှော်ဆလွန်းကို မောင်းခိုင်းဖို့ ခေါ်လိုက်၏။ လက်စ်လိုင်းနှင့်အတူ မှော်ဆလွန်းထဲ ဝင်လိုက်ပြီးနောက် ၎င်းတို့မှာ အိမ်တော်တည်ရှိရာ ကုန်းမြင့်အောက်ရှိ ဆိပ်ခံတံတားဆီ မောင်းသွားလိုက်သည်။
ဤဆိပ်ခံတံတားအား Frestech ကုန်သည်ကြီးများအသင်း စတက်တိန်းနယ်မြေသို့ ရောက်ကာစအချိန်နှင့် ယှဉ်လျှင် ချဲ့ထားလေရာ ယခင်က အောက်ခံတိုင် သုံးတိုင်မှ ခုနစ်တိုင်ဖြစ်သွားသည်။
တိုင်များအပြင် မနီးမဝေး၌ စတုရန်းမီတာ တစ်သိန်းကျော်သည့် သင်္ဘောကျင်းတစ်ခုရှိသည်။
သင်္ဘောကျင်းရှိ ကုန်းမြင့်အနီးတွင် လှေအကြီးအသေးများ တစ်ရာကျော်ရှိ၏။
သစ်သားလှေအနည်းငယ်အပြင် အများစုမှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်လှေများဖြစ်ကြသည်။
မှန်ပါ၏ မှော်လှေများမှာ အကြီးအသေးများရှိသည်။ အသေးများမှာ အများဆုံး လူငါးဦးဆန့်ပြီး သစ်သာလှေအသေးများနှင့် အရွယ်အစားတူညီ၏။
အကြီးများမှာ ဆယ်မီတာရှည်ကာ လေးမီတာမှ ငါးမီတာအထ် ကျယ်၍ လူဒါဇင်ချီထိုင်နိုင်သလို ကုန်တင်များကိုလည်း ပြဿနာမရှိဘဲ တင်ဆောင်နိုင်သည်။
ရှုယီက ဖရီယာကို ချီလျက် ထွက်လာကာ ပင်လယ်၌ ရပ်သွားသည့် မှော်လှေကို ညွှန်ပြလိုက်သည်။ သူက တဖက်မှ ထွက်လာသည့် လက်စ်လိုင်းကို မေးလိုက်ပါ၏၊ “ဒီအတွက်လာတာလား?”
“မဟုတ်ဘူးပေါ့” လက်စ်လိုင်းက ခေါင်းခါသည်။ သူက ကြည့်လိုက်ပြီး ရုတ်တရတ် တစ်ချက်ပြုံး၏၊ “ဟုတ်ပြီ ရှုယီ၊ ဟားနက်စ် ငါ့ကို ပြောပြီးသားမို့လို့ လျှို့ဝှက်ထားဖို့ မလိုပါဘူး။ မြန်မြန်ပြောပြ မင်းရဲ့ မှော်လှေအသစ်က ဘယ်တော့ သမုဒ္ဒရာထဲ သွားမှာလဲ? ငါ အခု ဒါကို ကြည့်ဖို့ စောင့်နေတာ။”
“အဲ့လူ ဟားနက်စ်ကတော့ တကယ်ကို မယုံရဘူးပဲ။” ရှုယီက မျက်လုံးများလှိမ့်လိုက်သည်။ ထို့နောက် ဖရီယာကို လဇ်ထံပေး၍ အဝေးမှ သင်္ဘောကျင်းဆီ လျှောက်သွားတော့၏။
ထိုနေရာ၌ တစ်စုံတရာကိုပြင်ဆင်နေကြသလို စုဝေးနေသည့် Frestech ကုန်သည်ကြီးများအသင်း ယူနီဖောင်းဝတ် လူတစ်စုရှိနေသည်။
ရှုယီရောက်လာသည်ကိုမြင်သော် အခမ်းအနားကို တာဝန်ယူထားသည့် ခမ်နက်ဒ် က ရှေ့ထွက်လာ၏။
“ဥက္ကဌ အားလုံးပြင်ပြီးပြီ။ ဥက္ကဌ ကြေညာဖို့ စောင့်နေကြတာ။”
ထိုသို့ပြောပြီးနောက် ခမ်နက်ဒ် က နောက်နားလေး၌ ရပ်နေသော လက်စ်လိုင်းကို ခေါင်းငြိမ့်ပြသည်။
နှစ်ဦးက အန်ဗီမာမြို့တော်၏ မျိုးရိုးမြင့်မိသားစုကြီးများထံမှ လာကြသည်ဖြစ်သောကြောင့် အချင်းချင်းသိသည်မှာ သဘာဝပင်။
ရှုယီနှင့် ဆက်ဆံရေးမှ တဆင့် နှစ်ဦးလည်း ယခု ရင်းနှီးနေပြီဖြစ်၏။
ရှုယီက ဘေးရှိ နာရီကို ကြည့်လိုက်ရာ သတ်မှတ်ချိန်နှင့် ဆယ်မိနစ်သာလိုတော့သည်ကို တွေ့သဖြင့် ခေါင်းငြိမ့်လိုက်သည်၊ “ဟုတ်ပြီလေ အားလုံးပြင်ပြီးမှတော့ စကြတာပေါ့။”
ခမ်နက်ဒ်လည်း တုံ့ပြန်ပြီးနောက် အမိန့်ပေးလိုက်လေသည်။
သိပ်မကြာလိုက် အဆုံးမဲ့ပင်လယ်ကြီးကို ချိတ်ဆက်ထားသည့် တူးမြောင်းက တဖြည်းဖြည်း တံခါးများပွင့်လာသည်။ ထက်မြသော လှေဦးနှင့် လှေတစ်စင်းက သင်္ဘောကျင်းထဲမှ တဖြည်းဖြည်း ထွက်လာပြီး သိပ်မကြာခင် နေရောင်ခြည်အောက် ရုပ်လုံးပေါ်လာတော့သည်။
ကြည့်ရင်း လက်စ်လိုင်းက မနေနိုင်ဘဲ လေအေးများရှူရှိုက်မိသွာူသည်။
သူဟာ ဟားနက်စ်ထံမှ မှော်လှေများအား အရွယ်စုံလုပ်ထားကြောင်း သိခဲ့ပြီးဖြစ်သော်လည်း မှော်လှေတစ်စင်းက ဤမျှကြီးမားမည်ဟု မထင်ထားချေ။
ရေမျက်နှာပြင်ကို သုံးသပ်ကြည့်လျှင် ရေအထက် မှော်လှေ၏ အပိုင်းမှာ ငါးမီတာရှည်ပေသည်။ မှော်လှေကို ထုတ်ပြလိုက်ချိန်တွင် ၎င်းက မီတာ ငါးဆယ်ကျော်ရှည်ပါ၏။
ရှုထောင့်ကြောင့် လက်စ်လိုင်းမှာ ဤမှော်လှေက မည်မျှ ကျယ်ဝန်းသည်ကို မမြင်နိုင်ပါသော်လည်း ပုံသဏ္ဍာန်ဖြင့် ခန့်မှန်းရသော် နှစ်ဆယ်မီတာလောက်ကျယ်မည်မှာ ဖြစ်နိုင်လောက်၏!
၎င်း၏ ရှုထောင့်များကို ဆုံးဖြတ်ပြီးနောက် လက်စ်လိုင်းမှာ သူ၏ လှေအကြောင်းဗဟုသုတများကို စဉ်းစားမိသည်။ စိုင်စ်နယ်မြေကြီး၏ သမိုင်းတွင် ဤမျှကြီးမားလှသော သင်္ဘောမရှိကြောင်း သူသိသည်။
အံ့ဩဖွယ်အကောင်းဆုံး မယုံနိုင်ဖွယ်ပင် ဖြစ်ရသည့်အရာမှာ ဤမှော်လှေအား တကယ်ကြီး သံမဏိဖြင့်ပြုလုပ်ထားသည်ပင်!
ဤဧရာမလှေကြီးအား သံမဏိဖြင့် ပြုလုပ်ထားရာ မည်မျှ လေးနင့်နေမည်ကို စိတ်ကူးကြည့်နိုင်၏။
ဤမျှ ကြောက်မက်ဖွယ်အလေးချိန်၌ ရေပေါ်,ပေါ်နိုင်သည်မှာ လက်စ်လိုင်း၏ အမြင်ကို လုံးဝ ဖြိုခွဲလိုက်သည်။
ဤမှော်လှေအပြင်ဘက်ရှိ သံမဏိအလွှာကိုကြည့်ရင်း လက်စ်လိုင်းမှာ မနေနိုင်ဘဲ ထိတ်လန့်သွားသည်။
ဤမှော်လှေမှာ တကယ်ကို ပင်လယ်၌ လွတ်လပ်စွာ ရွေ့လျားနိုင်သော သံမဏိခံတပ်ကြီးတစ်ခုပါပင်။
ဤမှော်လှေကိုသာ ပင်လယ်ထဲလွှတ်လိုက်ပါက သေချာပေါက် ရန်သူအားလုံးကို အမြစ်ပြတ်သုတ်သင်နိုင်လိမ့်မည်!
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၆၉။ ပင်လယ်ပြင်မှ အိပ်မက်များ
လူများစွာက လက်စ်လိုင်း၏ အနာဂတ် အစီစဉ်များကို ရှုပ်ထွေးနေကြသော်လည်း ရှုယီကတော့ ပို၍ အံ့ဩမိပါသည်။
အကြောင်းမှာ လက်စ်လိုင်းက အဆုံးမဲ့ပင်လယ်ကို ပတ်သွားကာ ပင်လယ်ပြင်ကို အုပ်စိုးသူတစ်ဦးဖြစ်လာလိုသောကြောင့်ပင်!
လက်စ်လိုင်း၏ အတွေးကိုကြားသော် ရှုယီမှာ စိတ်ကူးမိနေသဖြင့် မည်သည်ကိုမှ မဆိုနိုင်လုနီးပါးပင် ဖြစ်သွားရသည်။
ပင်လယ်ကို အုပ်စိုးသူ?
သူဟာ ပင်လယ်ကို ထိပင်မထိနိုင်ရာ မည်သို့များ အုပ်စိုးသူဖြစ်လာနိုင်မည်နည်း!
ဤလောက၏ လက်မှုအတတ်နည်းစနစ်များ၏ ကန့်သတ်မှုများကြောင့် ကြီးမားကာ ပင်လယ်ပြင်ကို ရွက်လွှင့်ဖို့ အလုံအလောက် ခိုင်ခံ့သည့် သင်္ဘောကြီးများကို မလုပ်နိုင်ခဲ့ကြပေ။
စိုင်စ်နယ်မြေကြီး၏ သမိုင်းတွင် ကန်ဒရာအင်ပါယာကသာ ၎င်းကို တစ်ကြိမ် ကြိုးစားအားထုတ်ခဲ့ဖူးသည်။ ၎င်းတို့မှာ သစ်သားလှေကြီး အစင်းနှစ်ဆယ် ဆောက်လုပ်ကာ ပင်လယ်ပြင်ဆီ ခရီးတစ်ထောက် လွှင့်ရန် သင်္ဘောစုတစ်စု ဖွဲ့စည်းခဲ့၏။ ၎င်းတို့အနေနှင့် ပင်လယ်ပြင်မှတဆင့် အခြားဒဏ္ဍာရီလာ နယ်မြေကြီးကို အရောက်သွားချင်သည်။
သို့သော် ဤသင်္ဘောစုမှာ ဦးတည်သွားသည့် သုံးရက်လေးနှင့် မုန်တိုင်းဒဏ်ခံလိုက်ရသည်။ အဆုံးတွင် သစ်သားလှေ အစင်းနှစ်ဆယ်မှာ မုန်တိုင်းကြောင့် ပျက်စီး၍ ခရီးသို့ လိုက်ပါသွားကြသူအများစုမှာ သေဆုံးခြင်းသို့ ဆိုက်ရောက်ကြရသည်။ ကံကောင်းသူ ဆယ်ဦးမျှသာ လွတ်မြောက်လာခဲ့၏။
ထိုကတည်းက စိုင်စ်နယ်မြေကြီး၏ လူများမှာ ပင်လယ်ကို ရွက်လွှင့်မည့် အိပ်မက်အား လက်လျှော့ကာ အဆုံးမဲ့ပင်လယ်ကို တားမြစ်ဇုန်အဖြစ်ပင် စာရင်းသွားထားခဲ့တော့သည်။
ပင်လယ်နားနေကာ ကမ်းခြေမှ ငါးဖမ်းထွက်သူများမှလွဲ ပုံမှန်အားဖြင့် မည်သူကမှ အဆုံးမဲ့ပင်လယ်သို့ ခြေတစ်လှမ်းပင် မလှမ်းဝံ့ကြချေ။
ယခု လက်စ်လိုင်းက ပင်လယ်ပြင်၏ အုပ်စိုးသူဖြစ်လာချင်ကြောင်းပြောရာ.... ၎င်းကပင်လယ်အနားဖြစ်ရုံဆိုလျှင် လူတစ်ဦး၏ ရေတပ်အင်အားနှင့် မဆိုင်သလို ကမ်းရိုးတန်းအနီးက အင်အားနှင့်လည်း ဆိုင်မည်မဟုတ်။
“ရှုယီ ဒါက စိုင်စ်နယ်မြေကြီးရဲ့ အယူအဆဟောင်းပဲ၊ မရှိတော့တာပဲကြာပြီ။” လက်စ်လိုင်းက ရှုယီကို ရှုပ်ထွေးစွာကြည့်ကာ၊ “တကယ်ကို ထူးဆန်းတယ်၊ ဒီမှော်လှေကို ကိုယ်တိုင်စဉ်းစားမိပြီး ထုတ်လုပ်တဲ့လူက မင်းပဲလေ။ အခု မင်းက အပျော်စီးသင်္ဘောတစ်စင်း ဒီဇိုင်းဆွဲဖို့ ယုံကြည်ချက် မရှိဘူးပြောနေသေးတယ်လား?”
“ဒါက ဘာလို့လဲဆိုတော့ ကျုပ်ကပဲ ဒါကို ဖန်တီးခဲ့တာကြောင့် ဘယ်သူထက်မဆို အကန့်အသတ်ကို ကောင်းကောင်းပိုသိတယ်။” ရှုယီက လေးနက်စွာဆိုသည်၊ “ဒီမှော်လှေက သစ်သားလှေတွေထက်စာရင် မုန်တိုင်းကို ပိုကောင်းကောင်း တောင့်ခံနိုင်ပြီး ဒါတွေနဲ့ ပင်လယ်ထွက်ဖို့ ပိုလုံခြုံမယ်ဆိုတာကို သေချာပေမယ့်လည်း ဘာအန္တရာယ်မှ မရှိဘူးလို့ ပြောတာကတော့ ချဲ့ကားနေတာပဲ။ ပင်လယ်မှာ ခင်ဗျား အသက်ရှင်ကျန်ရစ်မယ်လို့ အာမ,မခံနိုင်ဘူး။”
“မင်း အပြောအရဆိုရင်တော့ ဒါက သစ်သားလှေတွေထက် အများကြီး ပိုကောင်းတယ်မဟုတ်လား? ဒီတော့ ဘာလို့ ဒါကို လုပ်ဖို့ အားစိုက်မှုအကုန်သုံးခဲ့သေးလဲ?” လက်စ်လိုင်းက မျက်မှောင်ကုပ်ကာ အနည်းငယ် စိတ်ပျက်ဟန်ပေါ်လာသည်၊ “ဒီအရာနဲ့ဆိုရင် ငါ့ ငယ်ငယ်က အိပ်မက်တွေလို အဆုံးမဲ့ပင်လယ်ပြင်ကို ရွက်လွှင့်လို့ရနိုင်တယ်။”
“ခင်ဗျား ဒီအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါမယ်လို့ အာမခံနိုင်ပါတယ်၊ ဒါပေမယ့် အခုတော့ မဟုတ်ဘူး။” ရှုယီက ခေါင်းခါကာ လေးနက်ဟန်ဖြင့် ဆိုလိုက်၏၊ “ခင်ဗျားကို ပိုကောင်းတဲ့ အကြံတစ်ခုပေးလိုက်မယ် ခင်ဗျားရဲ့ အိပ်မက်တွေကို နည်းနည်း ပိုလက်တွေ့ကျအောင်လုပ်ပြီး အရင်ဆုံး ဒီလောက်အဝေးကြီးကို မဆုံးဖြတ်နဲ့ဦး။ ပင်လယ်ပြင်ကို ခရီးရှည်ထွက်တယ်ဆိုတာက စုဆောင်းပြီးလုပ်ဖို့လိုတဲ့ အရာပဲ တစ်လှမ်းချင်းစီသွားပြီး နည်းနည်းစီ ပြင်ဆင်ထားသင့်တယ်။”
လက်စ်လိုင်းက ရှုယီကို ပြန်ကြည့်လာကာ၊ “ငါက တုံးအတယ်လို့ မင်းထင်နေတာလား? သေချာပေါက် ငါက ကန်ဒရာအင်ပါယာက အဲ့ငတုံးတွေလို ပင်လယ်အနက်ပိုင်းကို တည့်တည့်သွားမှာတော့ မဟုတ်ဘူးပေါ့။ ငါက ပင်လယ်အနက်ပိုင်းကို မင်းထုတ်လုပ်ထားတဲ့ မှော်လှေနဲ့ နည်းနည်းချင်း စူးစမ်းရှာဖွေချင်တာ။ ငါက ငတုံးလို့ ရှေ့တိုးသွားလိမ့်မယ် ထင်လို့လား?”
ရှုယီလည်း မျက်လုံး မလှန်ဘဲ မနေနိုင်တော့ပေ။
ဤအချိန်တစ်လျှောက်လုံး သူဟာ ဘာအတွက်မှမဟုတ်ဘဲ စိတ်ပူခဲ့ရလေသည်။
“ကောင်းပြီလေ ဒါဆို ခင်ဗျားရဲ့ အစီစဉ်အတိအကျက ဘာလဲ?” ရှုယီက မေးသည်၊ “ကျုပ်တို့ လုပ်ငန်းစုထုတ် ဒီအလတ်ဆိုဒ် မှော်လှေက ရွှေဒင်္ဂါး ရှစ်သိန်း ဈေးနှုန်းမှာရှိတယ်၊ လတ်တလော ခင်ဗျား ဒီလောက် ငွေအများကြီးကို ထုတ်ပေးနိုင်မယ်လို့ မထင်ဘူး။”
“ရွှေဒင်္ဂါးရှစ်သိန်း?” လက်စ်လိုင်းမှာ အံ့ဩသွားလေသည်၊ “ဒီလောက် ဈေးကြီးတယ်လား?”
“ဒါပေါ့” ရှုယီက ဝင့်ကြွားစွာဆိုသည်၊ “ဒီအလတ်ဆိုဒ် မှော်လှေက တန်ပေါင်း ငါးထောင်အထိ တောင့်ခံနိုင်ပြီး ကုန်တင်နေရာအတွက် တန်ပေါင်း သုံးထောင်ရှိတယ်။ ဒီအဓိပ္ပာယ်က ခရီးတစ်ထောက်စာအတွက် ကုန်တင်တာက ကုန်းပေါ်မှာထက် အဆတစ်ရာပိုကောင်းကောင်း သွားနိုင်တဲ့ အဓိပ္ပာယ်ပဲ။ ဒါကို ဈေးကြီးတယ်လို့ထင်တယ်လား? ဒါက အရမ်းကို ဈေးပေါလွန်းတယ်လို့ ကျုပ်တော့ထင်တယ်။”
“တစ်ကြိမ်ကို ကုန်စည် တန်ပေါင်း သုံးထောင်တင်နိုင်တယ်လား?” လက်စ်လိုင်းက ပင်လယ်ပြင်ရှိ အခမ်းအတားကိုကြည့်ကာ လက်ရှိတွင် ရေလှိုင်းများတစ်လျှောက် တဖြည်းဖြည်း ရွေ့လျားနေသည့် မှော်လှေကို ကြည့်ပြီးနောက် ခေါင်းငြိမ့်သည်။ ဒီလိုဆိုရင် အတော်လေး တန်တာပေါ့။ ဒါပေမယ့် ရှုယီ ကြည့်ရတာ ငါ့ရဲ့ ခန့်မှန်းခြေ မှားသွားပုံပဲ။ ငါ လိုအပ်နေတာက ဒီလို ကုန်တင်မှော်သင်္ဘောအမျိုးအစားမဟုတ်ဘဲ ပိုသေးပိုမြန်တဲ့ဟာ၊ စစ်သည်တွေကို တင်ဆောင်နိုင်တာမျိုးပေါ့။”
“စစ်မှော်သင်္ဘောလား?” ရှုယီက မျက်မှောင်ကုပ်ကာ လက်စ်လိုင်းကို တအံ့တဩကြည့်သည်၊ “ဘာလဲ? ခင်ဗျား ပင်လယ်ဓားပြဖြစ်လာချင်လို့လား?”
လက်စ်လိုင်းက ရယ်လိုက်သော်ငြား အဖြေမပေးချေ။
သူ၏ မျက်နှာထက်ရှိ ထူးထူးဆန်းဆန်းအပြုံးကို ကြည့်ရင်း ရှုယီလည်း မမေးတော့ပေ။ ခဏတာ စဉ်းစားပြီးနောက် သူဟာ ခေါင်းငြိမ့်ကာ ပြောလေ၏၊ “တကယ်တော့ ရှင်းပါတယ်။ ကျုပ်တို့ လိုအပ်တဲ့ ပြောင်းလဲမှုလေးနည်းနည်းလောက် လုပ်ဖို့ပဲ လိုအပ်ပြီးတော့ ဒီလိုအပ်ချက်ကို ရောက်ဖို့ လက်နက်နဲ့ အကာအကွယ်တွေ ပေါင်းထည့်လိုက်ရုံပဲ။”
“ကောင်းတယ် ငါက ဒီအလတ်ဆိုဒ် မှော်လှေတွေထက် ပိုသေးတာ တချို့ကို လိုနေတာ၊ သူတို့အပေါ်မှာ မှော်လက်နက်တွေထားဖို့လည်း လိုတယ်။ ဥပမာပြောရရင် မှော်အမြောက်တစ်ခုတင်ထားတဲ့ မှော်လှေလေး တစ်စင်းပေါ့၊ ပိုမြန်ရင် ပိုကောင်းမယ်။ ဘယ်လိုထင်လဲ ရှုယီ? လုပ်နိုင်လောက်လား?”
ရှုယီလည်း လက်ဖြန့်လိုက်သည်၊ “လုပ်နိုင်ပေမယ့် ကျုပ်တို့ လုပ်ငန်းစုရဲ့ လက်ရှိ ထုတ်လုပ်ရေးအင်အားနဲ့ နှစ်ဝက်တွင်း လုပ်ဖို့ မဖြစ်နိုင်ဘူး။ ခင်ဗျား အလျင်လိုနေရင် သေချာပေါက် အလုပ်မဖြစ်ဘူး။ ပြီးတော့ ခင်ဗျားရဲ့ တောင်းဆိုမှုကြောင့် ကုန်ကျစရိတ်က ဒီအလတ်ဆိုဒ်မှော်လှေထက် ပိုနည်းပေမယ့်လည်း တစ်စီးကို လေးသိန်း ကျနေတုန်းပဲ။ ခင်ဗျား လိုချင်တာသေချာရဲ့လား?”
“သေချာပေါက်ပဲပေါ့။” လက်စ်လိုင်းက ခေါင်းတစ်ချက်ငြိမ့်ပြီးနောက် ရှုယီအတွက် ရင်ဘတ်ထဲမှ ရွှေလက်မှတ်တစ်ခု ထုတ်လိုက်သည်၊ “ဒါက ပထမ မှာယူမှုအတွက်၊ တတ်နိုင်သမျှ မြန်မြန် ပို့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။”
ရှုယီလည်း ကြည့်လိုက်သော် ၎င်းက ခီမဲရာကုန်သည်ကြီးများအသင်းထံမှ ရွှေဒင်္ဂါး ငါးသောင်းတန်လတ်မှတ်တစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ၎င်းကို ရွှေဒင်္ဂါး ငါးသိန်းပတ်လည် ကုန်ကျမည့် စစ်ဘက်သုံးမှော်လှေအတွက် စရံအဖြစ် သုံးမည်ဖြစ်သည်။
သို့သော် ရှုယီမှာ လက်စ်လိုင်း လုပ်ဆောင်ဖို့ စီစဉ်နေသည်က ဘာမှန်း နားမလည်ပေ။
လှေများကို ဝယ်ယူလိုက်ရုံနှင့်မရဘဲ ထိန်းသိမ်းစရိတ်မှာ နည်းသည်ဟု မသတ်မှတ်နိုင်။ သူသာ အကျိုးအမြတ် အလုံအလောက်မရနိုင်လျှင် ၎င်းက ထားရှိရန် ကောင်းမွန်သည့် အရာမဟုတ်နိုင်ပေ။
ရှုယီလည်း မှော်လှေများကို လေ့လာခြင်းအပေါ် အာရုံစိုက်ကာ Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနလုပ်ငန်းစဉ်အား တိုးတက်စေချင်ပြီး လက်ရှိ မှော်စက်မှုနယ်ပယ်ကို ဖွံ့ဖြိုးစေချင်နေသည်။ တစ်ဖက်တွင် သူသည် Frestech ကုန်သည်ကြီးများအသင်းအတွက် ကုန်စည်များ သယ်ယူပို့ဆောင်ရာ၌ အသုံးပြုရန် ပင်လယ်ပြင်ပို့ဆောင်ရေး သင်္ဘောစုတစ်ခု ဖွဲ့စည်းဖို့ စီစဉ်ထား၏။
သို့သော် လက်စ်လိုင်းက စစ်ဘက်သုံးမှော်လှေအချို့ကို ဝယ်ယူလိုနေသည်။ သူသာ ပင်လယ်ဓားပြအဖြစ် လှည့်ပတ်သွားလာမည်မဟုတ်လျှင် ဤအရာက အောက်ခြေမဲ့တွင်းကြီးတစ်တွင်းဖြစ်လာမည် ဖြစ်ရာ သူ့အနေနှင့် ငွေသာ ပို၍ ရင်းနှီးမြှုပ်နှံနိုင်ရုံသာရှိလိမ့်မည်။
လက်စ်လိုင်းအား စတက်ဂျ်မိသားစုမှ ထုတ်ပယ်ခြင်းမခံခဲ့ရဘဲ စတက်ဂျ်မိသားစု၏ ဘဏ္ဍာငွေ အထောက်အပံ့ရှိနေလျှင်တောင် ဤသို့သော စီးပွားရေးဆုံးရှုံးမှုမျိုးကို လုပ်ဆောင်ရန် ခက်ခဲပေသည်။
ယခုတွင် ဤမြေအား လမ်ပူရီတိုင်းပြည်က ပြန်ယူဆောင်သွားလေရာ ဤ ဘဏ္ဍာရေးရင်းမြစ်ကို ရရှိဖို့ မဖြစ်နိုင်တော့ပေ။
သို့သော် လက်စ်လိုင်းက ရှုယီထံ သူ၏အစီစဉ်များကို ရှင်းပြဖို့ မစီစဉ်ထားလေရာ ရှုယီလည်း ဆက်မမေးနေတော့ချေ။
ဤပို့ဆောင်ရေးမှော်လှေများကို ဂရုမစိုက်သည့် လက်စ်လိုင်းနှင့်ယှဉ်လျှင် ရှုယီက အတော်လေး ဂရုစိုက်ပါ၏။
အလတ်ဆိုဒ်ပို့ဆောင်ရေး မှော်လှေများကို ပြုလုပ်နိုင်ခြင်းမှာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် နည်းပညာအရာတွင် အရွေ့တစ်ခု လုပ်လာနိုင်မည့် အဓိပ္ပာယ်ပင်။
ပထမဆုံးမှာ အင်ဂျင်နည်းပညာဖြစ်၏။
မှော်ကားနှင့် မှော်လှေ နှစ်ခုစလုံးတွင် တူညီသည့် သီအိုရီရှိသော တူညီသည့် လေအားမှော်အင်ဂျင်ကို အသုံးပြုထားပါသော်လည်း လက်တွေ့ဘဝတွင် ခြားနားမှုကြီးတစ်ခုရှိသည်။
မှော်သုတေသနဌာနဖြစ်စေ မှော်စက်ထုတ်လုပ်ရေးဌာနဖြစ်စေ မှော်ကားနှင့် မှော်လှေတို့၏ အင်ဂျင်များအတွက် သုတေသနကို ခွဲခြားထားသည်။
ယခုတွင် မှော်လှေ ပြီးစီးသွားကာ ပင်လယ်ပြင်သို့ ထွက်ခွာနေရာ မှော်လှေအင်ဂျင် တိုးတက်မှု၌ ကြီးမားသောအရွေ့တစ်ခုရှိကြောင်း ပြသဖို့ လုံလောက်သည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ လေစွမ်းအားမှော်အင်ဂျင် သုတေသနမှာ အမြင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီး ၎င်းက မှော်ကားအင်ဂျင်ဖွံ့ဖြိုးမှု အမြန်နှုန်းကို တိုးလာစေမည်ဟု ဆိုလို၏။
ဥပမာဆိုရသော် မှော်လှေအင်ဂျင် (တိုးတက်မှု) အရွေ့နှင့်အတူ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားအင်ဂျင်မှာလည်း တိုးတက်လာသည်။ စမ်းသပ်မှုများအတွင်း ၎င်းတို့မှာ ကုန်စည်တန်ပေါင်း နှစ်ဆယ်ကျော်ကို ပို့ဆောင်နိုင်သည့် မှော်ကားတစ်စင်းကို ထုတ်လုပ်ခဲ့သည်။
သို့သော် လေအားမှော်အင်ဂျင်၏ သဘာဝ အားနည်းချက်ကြောင့် အမြန်နှုန်းနှင့် ပတ်သက်လာလျှင် မည်သို့သော တိုးတက်မှုကြီးကြီးမားမားမှ မလုပ်နိုင်ခဲ့ပေ။
၎င်းက မီးစွမ်းအားမှော်အင်ဂျင်၏ သုတေသနအပေါ်မူတည်နေပါ၏။
သုတေသနအပြင် အလတ်ဆိုဒ်ပို့ဆောင်ရေးမှော်သင်္ဘော၏ အောင်မြင်မှုမှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်ကြီးများ ပြုလုပ်သည့် အရည်အချင်း၌လည်း တိုးတက်လာသည့် အဓိပ္ပာယ်ရှိ၏။ ဥပမာဆိုရသော် အခြေခံအကျဆုံး သံမဏိဂဟေဆက်ခြင်း၊ အစိတ်အပိုင်းကြီးများကို ပုံသွင်းခြင်းနှင့် မှော်စက်ကြီးများ၏ တစ်ခုလုံးစာဒီဇိုင်း..... အခြားအပိုင်းများလည်း ပါသည်။ ၎င်းတို့အားလုံးကို အလတ်ဆိုဒ်မှော်လှေ၏ ဒီဇိုင်းနှင့် ဆောက်လုပ်ရေးအတောအတွင်း အဆင့်တိုးမြှင့်ခဲ့ပြီး ဖြစ်၏။
ဤအလတ်ဆိုဒ်မှော်လှေမှာ ရှုယီထံမှ လာသောအကြံဖြစ်ပြီး လုပ်ဆောင်ဖို့ရန် ၂နှစ်နီးပါး ကြာမြင့်ခဲ့သည်။
ကမ္ဘာမြေ၌တွင်ပင် ၎င်းကို အင်မတန် မြန်ဆန်သည်ဟု သတ်မှတ်နိုင်ပါ၏။
သို့သော် အုတ်မြစ်အခြေခံလုံးဝမရှိသည့် စိုင်စ်နယ်မြေကြီးအတွက် ၎င်းမှာ ဆန်းကြယ် အမြန်နှုန်းပင်။
ယခုတွင် ပထမဆုံး အလတ်ဆိုဒ်မှော်လှေထွက်လာရာ ဒုတိယတစ်ခုကို ပြုလုပ်မည့် အချိန်က များစွာ မြန်သွားမည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းသာ ၎င်းတို့၏ သင်္ဘောစုကို အပြီးသတ်ပြီးချိန်တွင် စိုင်စ်နယ်မြေကြီး၏ အစိတ်အပိုင်းတိုင်းသို့ ကုန်တင်များကို ပိုမို လွယ်ကူစွာ ပို့ဆောင် နိုင်တော့မည်ဖြစ်၏။
ရူဒ်ဆန် တိုင်းပြည်ကို ဥပမာယူကြည့်ပါ။
လက်ရှိ Frestech ကုန်သည်ကြီးများအသင်းအတွက် ရူဒ်ဆန် တိုင်းပြည်ထံသို့ ကုန်စည်များတင်ပို့ရန်မှာ စတက်တိန်းနယ်မြေ၏ မြေမျက်နှာသွင်ပြင်ကြောင့် ဆန်နက်မြေရိုင်းထဲကိုသာ သွားရောက်နိုင်ကာ လမ်ပူရီတိုင်းပြည်သို့ ဝင်၍ ဘန်တာမြို့ တောင်ဘက်သို့ လှည့်ပတ်ပြီးမှ ရူဒ်ဆန်တိုင်းပြည်ကို ဝင်ရောက်နိုင်သည်။
ဤခရီးမှာ တစ်ထောင်ကီလိုမီတာ နီးနီးရှိပါ၏။ မြင့်မားသည့် ကုန်ကျစရိတ်ကို မဆိုထားနှင့် လမ်ပူရီတိုင်းပြည်သို့ ဖြတ်သန်းခြင်း အကောက်ခွန်များကြောင့် ပို့ဆောင်ရေးကုန်ကျစရိတ်က အင်မတန် မြင့်မားလှသည်။
သို့သော် ၎င်းတို့၏ သင်္ဘောစုကို အပြီးသတ်နိုင်သည်နှင့် ကုန်စည်များကို သင်္ဘောများပေါ်တင်ဆောင်၍ စတက်တိန်းနယ်မြေ၏ တောင်ပိုင်းထံတွင် အနည်းငယ် လှည့်ပတ်ပြီးနောက် ရူဒ်ဆန် ဘုရင့်နိုင်၏ တောင်ကမ်းရိုးတန်းကို သက်ဆင်းနိုင်မည်ဖြစ်သည်။
၎င်းတို့အနေနှင့် မည်သည့် အခကြေးငွေကိုမှ လုံးဝပေးဆောင်ဖို့မလိုဘဲ မှော်လှေ၏ အားကောင်းသော သယ်ယူနိုင်စွမ်းနှင့်အတူ လှေတစ်စင်းမှာ များစွာသော ပို့ဆောင်မှုများလုပ်ဆောင်နိုင်သဖြင့် ကုန်ကျစရိတ်လည်း များစွာ လျော့ကျသွားမည်သာ။
ထို့အပြင် ပင်လယ်မှ တဆင့်ပို့ဆောင်ခြင်းကြောင့် ထပ်မံသွားရောက်နိုင်ကာ သမုဒ္ဒရာအနီး စိုင်စ်နယ်မြေကြီး၏ အခြားနိုင်ငံအချို့ထိပါ ရောက်ရှိနိုင်လေသည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကို ရှုယီ လိုသလို နယ်မြေကြီးတလျှောက် ဖြန့်ကျက်ရန် အင်မတန် အထောက်အကူဖြစ်ပေလိမ့်မည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေး အင်အားက ကောင်းကောင်း မလုံလောက်သေးပေ။ ဤအောင်မြင်မှုနှင့်ဆိုလျှင်ပင် နောက်ထပ် အလတ်ဆိုဒ်ပို့ဆောင်ရေးမှော်လှေအား ပြီးစီးရန် လပေါင်းများစွာ ကြာမြင့်လိမ့်မည်။
သင်္ဘောစုတစ်ခုစုစည်းရန်မှာ အစောဆုံး နှစ်များစွာ ကြာမြင့်လိမ့်မည်။
၎င်းကို စဉ်းစားရင်း ရှုယီလည်း မနေနိုင်တော့ဘဲ လက်စ်လိုင်းကို စိတ်ရှုပ်စွာ ကြည့်
လိုက်လေတော့၏။
သူဟာ အလျင်လိုနေပြီဖြစ်လေသော်လည်း ဤလူက ဖျက်လို့ ဖျက်ဆီးလာလုပ်နေသည်။
ဤသည်က တကယ်ကို အချိန်ဖြုန်းခြင်းပင်!
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၇၀။ ခိုင်မာသော ရပ်တည်ချက်
စတက်ဂျ်မိသားစုမှ လက်စ်လိုင်း ထွက်ခွာလာခြင်းသည် ရှုယီအတွက်တော့ တကယ်တမ်း ပြင်းထန်သည့် ကိစ္စမဟုတ်ပေ။
ရှုယီမှာ ယခင်က လက်စ်လိုင်းနှင့် တွေ့ဆုံချိန်တွင် လက်စ်လိုင်း၏အတွေးများက စတက်ဂျ်မိသားစုနှင့် ကွဲပြားကြောင်း နားလည်ပေသည်။ လက်စ်လိုင်းက အမြဲတမ်းလိုလို သူ့မိသားစု၏ ချဉ်းကပ်မှုကို ဆန့်ကျင်ခဲ့၏။
မိသားစုအမွေကို ဆက်ခံခွင့်အတွက် လက်စ်လိုင်း တိုက်ခိုက်ဖို့ ပြန်သွားချိန်တွင် သူဟာ မိသားစုခေါင်းဆောင် ဖြစ်လာပြီးနောက်၌ စတက်ဂျ်မိသားစု၏ အတွေးများကို တဖြည်းဖြည်းပြောင်းလဲပေးကာ သူ၏ အတွေးများအတိုင်း ပြောင်းလဲစေချင်ခဲ့သည်။
ယခု ကျရှုံးသွားသော်လည်း သူ၏ ကိုယ်ရေးကိုယ်တာအချက်ရ ၎င်းက လွတ်မြောက်သွားသည့် အဓိပ္ပာယ်မဟုတ်ပေ။
အဆုံးတွင် သူဟာ ဒုခ့်စတက်ဂျ်၏ သားဖြစ်သည်။ ဒုခ့်စတက်ဂျ်၏ သူ့သားအတွက် ခံစားချက်မှာ ပေါ့တီးပေါ့ပျက်ဖြစ်နေလျှင်တောင် သူ့ထံ၌ မိသားစု သွေးရှိကတည်းက သူ့ထံ မည်သည့်မှ လုပ်ဆောင်ဖို့ရန် မဖြစ်နိုင်ချေ။
လက်စ်လိုင်းမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ အနည်းဆုံး အလတ်ဆိုဒ် စစ်ဘက်သုံးမှော်လှေဆယ်စင်း ရယူလိုခဲ့ပြီး ၎င်းက ငွေအမြောက်အများလိုအပ်ပါ၏။ ဒုခ့်စတက်ဂျ်၏ ခွင့်ပြုချက်မရှိဘဲ လက်စ်လိုင်းအတွက် မိသားစုမှ ထွက်ခွာလာချိန်တွင် များပြားလှသော ငွေကို ထုတ်လာဖို့ မဖြစ်နိုင်ပေ။
ဖြစ်နိုင်သည်မှာ ရှုယီ ခန့်မှန်းထားသလို ဒုခ့်စတက်ဂျ်က လက်စ်လိုင်းကို စတက်ဂျ်မိသားစုအတွက် လွတ်လမ်းတစ်ခု ပေးဖို့ ထုတ်ပယ်လိုက်ခြင်းဖြစ်၏။
ထို့ကြောင့် ရှုယီသည် လက်စ်လိုင်း ထုတ်ပယ်ခံရခြင်းကို ဂရုမစိုက်ပေ။ လက်စ်လိုင်း ပင်လယ်ဓားပြဖြစ်လာသည်ဖြစ်စေ ကုန်သွယ်သူဖြစ်လာသည်ဖြစ်စေ ရှုယီကတော့ မိတ်ဆွေတစ်ဦးအနေနှင့် ထောက်ပံ့ပေးမည်သာ။
၎င်းအပြင် ဤသည်က ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအတွက် များများစားစား မထိခိုက်သွားချေ။
သို့သော်လည်း ဤကိစ္စက စတက်ဂျ်မိသားစုနှင့် လမ်ပူရီတိုင်းပြည်တစ်ခုလုံးအတွက်ပင် နက်ရှိုင်းသော လွှမ်းမိုးမှုတစ်ခုရှိသည်။
လမ်ပူရီတိုင်းပြည်၏ မျိုးရိုးမြင့်များသည် ဒုခ့်စတက်ဂျ်က လက်စ်လိုင်းမှာ သူ၏ နိုင်ငံရှိ အခြားမျိုးရိုးမြင့်များအပေါ် ဆန့်ကျင်နေခြင်း အမြင်ကို သဘောမတူနေသဖြင့် သားကိုပင် မိသားစုထဲမှ ထုတ်ပယ်လိုက်ကြောင်းကြားခဲ့ရသည်။
ထိုအခါ ဒုခ့်စတက်ဂျ်အနေနှင့် သူ၏သားကိုပင် ဂရုမစိုက်သဖြင့် အခြားလူများကိုဆို ပို၍ပင် ရက်စက်မည်ဖြစ်သည်ဟု နားလည်သွားကြသည်။
အချက်အလက်များက ၎င်းကို သက်သေပြနေ၏။
လက်စ်လိုင်း ထုတ်ပယ်ခံရသော သတင်းများ ပျံ့နှံ့သွားပြီးနောက် ဒုခ့်စတက်ဂျ်မှာ ပို၍ပင် မြန်မြန် လှုပ်ရှားတော့သည်။
တစ်လတာလေးအတွင်း လမ်ပူရီတိုင်းပြည်ရှိ မျိုးရိုးမြင့် အရေအတွက် များစွာမှာ စွဲချက်အတင်ခံရပြီး ပါဝင်သည့် အဆင့်များကလည်း ပိုမိုကျယ်ပြန့် နက်ရှိုင်းလာပါ၏။
ရာထူးနှင့် ဂုဏ်ပုဒ်များ ဆုံးရှုံးခဲ့သော မြို့စားများဖြစ်ခဲ့ကြသည့် ကောင့်ထ်လေးဦးသာမက 'လမ်ပူရီသိမ်းငှက်'ဟု အမည်တွင်သူ တော်ဝင်စစ်တပ်ရှိ ဝန်ကြီးများအနက် တစ်ဦးဖြစ်သည့် ဒုခ်ဖက်စ်တာလင်သည်လည်း ပုန်ကန်မှုဖြင့် အစွပ်စွဲခံခဲ့ရပြီးနောက် အကျဉ်းချခံခဲ့ရသည်။
မျိုးရိုးမြင့်များအနက် အဆင့်မြင့်ဟု သတ်မှတ်ရသော ဒုခ်တစ်ဦးသည်ပင် မလွတ်မြောက်နိုင်ချေ။ ၎င်းက ဤတစ်ခေါက်တွင် ဒုခ့်စတက်ဂျ် ဦးဆောင်သည့် ရှေးရိုးစွဲအဖွဲ့က မည်သို့ ရည်မှန်းကာ ဆုံးဖြတ်ထားသည်ကို သက်သေပြနေရုံဖြစ်၏။
သို့သော်လည်း ၎င်းက လမ်ပူရီတိုင်းပြည်၌ အားကောင်းသော ခုခံမှုတစ်ခုကို ဖန်တီးလိုက်ပေသည်။
လမ်ပူရီတိုင်းပြည်ရှိ လတ်တလော လုပ်ရပ်များအကြောင်း ဝေဖန်ထားသော သတင်းစာများအပြင် အစွပ်စွဲခံရသည့် မျိုးရိုးမြင့်များစွာကလည်း ပြန်တိုက်ခိုက်လာကြသည်။
နိုင်ငံလွှတ်တော်၏ တပ်ဖွဲ့များက မြို့စားများအနက် တစ်ဦး၏ အိမ်တော်ထဲ ဝင်ရောက်ကာ ဖမ်းမည်အပြုတွင် မြို့စား၏ ကိုယ်ပိုင်အစောင့်များထံမှ ခုခံမှုနှင့် ကြုံတွေ့ခဲ့ကြရသည်။
နှစ်ဘက်စလုံးတိုက်ခိုက်ကြပြီး နိုင်ငံလွှတ်တော်၏ တပ်ဖွဲ့များထံ၌ ဒဏ်ရာရသူ တစ်ရာကျော် ရှိပြီးနောက်မှ ထိုမြို့စားကို ဖမ်းလိုက်နိုင်သည်။
မျိုးရိုးမြင့်တစ်ဦး၏ အစောင့်များနှင့် နိုင်ငံလွှတ်တော်၏ တပ်ဖွဲ့များ ခိုက်ရန်ဖြစ်ပွားခြင်းမှာ သံသယပင် ဝင်စရာမလိုသည့် အရေးကြီးကိစ္စတစ်ရပ်ဖြစ်သည်။ နိုင်ငံ ဥပဒေအရ ၎င်းအား ပုန်ကန်မှုဟု သတ်မှတ်နိုင်ပေ၏။
သို့ရာတွင် ဤအခြေအနေ၌ ၎င်းကို မည်သည်မှ မဟုတ်ဟု ယူဆ၍ရသည်။
ဤကိစ္စမှာ ဖြူးစ်တစ်ခုကဲ့သို့ပင် လမ်ပူရီတိုင်းပြည်ရှိ တင်းမာသော အခြေအနေကို ထွန်းညှိပေးနေ၏။
အဖမ်းခံရမည်ဟု ယူဆထားသော နောက်မျိုးရိုးမြင့်များအတွက် နိုင်ငံလွှတ်တော်၏ တပ်ဖွဲ့များမှာ ပို၍ပင် ပြင်းထန်သည့် ခုခံမှုကို ကြုံတွေ့ရကာ အသေအပျောက် ပိုဖြစ်လာခဲ့သည်။
၎င်းတို့၏ တပ်ဖွဲ့များက ဤတာဝန်ကို အပြီးမသတ်နိုင်တော့ကြောင်း သိသွားချိန်တွင် နိုင်ငံလွှတ်တော်မှာ တော်ဝင်စစ်တပ်ကိုပင် လှုပ်ရှားစေသည်။
သို့သော်လည်း ၎င်းက ပို၍ အားကောင်းသည့် တုံ့ပြန်မှုကို ဖြစ်ပွားစေသည်။
လမ်ပူရီတိုင်းပြည်၏ အခြေခံဥပဒေများအရ နိုင်ငံအစောင့်စစ်တပ်အား နိုင်ငံကို ကာကွယ်ရန်အတွက်သာ အသုံးပြုနိုင်ပြီး နိုင်ငံ၏ မျိုးရိုးမြင့်များကို ဆန့်ကျင်ဖို့ အသုံးမပြုနိုင်ပေ။ လက်ရှိတွင် ဒုခ့်စတက်ဂျ်မှာ ဤအင်အားကို သုံး၍ တားမြစ်မှုကို ချိုးဖြတ်လိုက်ရာ နိုင်ငံရှိ မျိုးရိုးမြင့်အားလုံး၏ ဒေါသကို ဆွမိလေတော့သည်။
မျိုးရိုးမြင့်လေးများကို ဥပေက္ခာပြုနိုင်သော်လည်း ဒုခ့်စတက်ဂျ်နှင့် အဆင့်တူ အင်အားရှိ မျိုးရိုးမြင့်ကြီးများမှာ မရှေးမနှောင်းမှာပင် သူ့ထံမှ ပစ်မှတ်ထားခံရမည်ကို သိသဖြင့် စတင် လှုပ်ရှားကြတော့၏။
ရုတ်တရတ် လမ်ပူရီတိုင်းပြည်က အင်မတန် တင်းမာလာတော့သည်။ သတိပေးထားသော သတင်းစာများစွာပင် ရှိလာ၏။ လက်ရှိ အခြေအနေနှင့် ၎င်းတို့သာ ဂရုမစိုက်လျှင် ပြည်တွင်းစစ်က စတင်လာနိုင်ချေရှိသည်။
“ဘုန်း!”
အဲရစ်သည် စားပွဲကို ရိုက်ချ၍ ထခုန်လိုက်၏။ သူက ရှေ့ရှိ ဒုခ့်စတက်ဂျ်ကို ဒေါသတကြီးကြည့်ကာ လည်ချောင်းထဲရှိ အဆဲစကားများကို အားသုံးလျက် မျိုချလိုက်ရ၏။ သူ့ထံ၌ မှောင်မိုက်နေဟန်ရှိကာ အသံတိုးတိုးဖြင့် အော်လိုက်သည်၊ “ဒုခ့်စတက်ဂျ် ဒီကိစ္စကို ဖြေရှင်းဖို့ ခင်ဗျားကို ယုံခဲ့တာကြောင့် ခင်ဗျားကို အားလုံးပေးပြီး ဘာမေးခွန်းမှ မထုတ်ခဲ့ဘူး။ ဒါပေမယ့် အခုကြည့်ဦး! နိုင်ငံက ဘယ်လိုဖြစ်သွားပြီလဲ မြင်ရဲ့လား? ဘာလုပ်ချင်လို့လဲ? ပြည်တွင်းစစ် ဖြစ်စေချင်တာလား?”
ဤသည်က အဲရစ်၏ ဒုခ့်စတက်ဂျ်ကို ပထမဆုံးအကြိမ် အော်ခြင်းဖြစ်ရာ ဒုခ့်စတက်ဂျ်လည်း သူ့အား အံ့ဩဟန်စွက်၍ ကြည့်လာ၏။ ထို့နောက် အသာပြုံးကာ ဆိုသည်၊ “အရှင်မင်းကြီး စိတ်ချပါ အရာအားလုံးက ကျုပ်လက်ထဲမှာပဲ။ ဒီလူတွေက အားနည်းလို့ အူပြနေရုံပါပဲ ဘာမှမလုပ်နိုင်ဘူး။”
“ဒါက ဘာကိုမှ လွှမ်းမိုးမသွားနိုင်သေးဘူးလား?”အဲရစ်က ရှေ့ရှိ စားပွဲထက်မှ စာရွက်စာတမ်းများကို ရိုက်ချ၍ ဒေါသတကြီးဆိုလိုက်၏၊ “ကိုလာဘိုမြို့က သူတို့မြို့ရဲ့ လွတ်လပ်ရေးကိုတောင် ကြေညာလိုက်ပြီ! ဒါက မဆိုင်ဘူးထင်လို့လား?”
ဒုခ့်စတက်ဂျ်မှာ စာရွက်စာတမ်းများကိုကြည့်၍ မျက်မှောင်အသာကုပ်ကာ ပြုံးသည်၊ “အရှင်မင်းကြီး ကောင့်ထ် အာနိုးက ဒီလိုလုပ်လိုက်မှတော့ သူ့ကို အလွတ်ပေးလို့မရဘူးလေ။ စိတ်ချပါ ကျုပ် ကိုလာဘိုမြို့ဆီ ဒုတိယစစ်တပ်ကို ပို့ပြီးသား၊ လတစ်ဝက်အတွင်း ကိုလာဘိုမြို့က နိုင်ငံရဲ့ အုပ်ချုပ်မှုပြန်ရတာကို မြင်ရမယ်လို့ ကျုပ်ယုံတယ်။”
“ဒုတိယစစ်တပ်ကို ပို့ပြီးသားလား?” အဲရစ်က ဒုခ့်စတက်ဂျ်ကိုကြည့်၍ အေးစက်စက်မေးလိုက်သည်။
“ဟုတ်ပါတယ် အရှင်မင်းကြီး။”
အဲရစ်က ခေတ္တရပ်တန့်ကာ တမင် စောင့်နေလိုက်သော်လည်း ဒုခ့်စတက်ဂျ်က လုံးဝမရှင်းပြလာသည်ကိုမြင်သော် သူလည်း ဒေါသမဖြစ်ဘဲ မနေနိုင်တော့ချေ။
လမ်ပူရီတိုင်းပြည်၏ ကာကွယ်ရေးတပ်မှာ နိုင်ငံကို စတင်ဖွဲ့စည်းကတည်းက တော်ဝင်မိသားစု၏ ကိုယ်ပိုင်စစ်တပ်ဖြစ်ခဲ့ရာ ၎င်းတို့ကို တော်ဝင်မိသားစု၏ ဝှက်ဖဲဟု ယူဆနိုင်သည်။
သို့ရာတွင် အဲရစ် ထီးနန်းဆက်ခံလိုက်ပြီးနောက် နိုင်ငံ၏ ကာကွယ်ရေးစစ်တပ်မှာ တဖြည်းဖြည်း ဒုခ့်စတက်ဂျ်၏ ထိန်းချုပ်မှုအောက် ကျရောက်သွားတော့သည်။
အတော်ဆုံး လက်ရွေးစင် ပထမစစ်တပ်က သစ္စာရှိနေသေးကာ ဘုရင်၏ အမိန့်ကိုသာ နာခံသော်လည်း ဒုတိယစစ်တပ်ကိုတော့ ဒုခ့်စတက်ဂျ်က ထိန်းချုပ်လိုက်ပြီးဖြစ်သည်။ အဲရစ်၏ အခြေခံအမိန့်များကိုပင် ဒုတိယစစ်တပ်ထဲ မရောက်နိုင်အောင် တားဆီးထား၏။
လမ်ပူရီဆယ့်သုံး ရှင်သန်နေစဉ်က သူဟာ တတိယစစ်တပ်ကို ဆိုဝယ်လ်မြို့သို့ ပို့ဆောင်ခဲ့သည်။
အမည်အရ မြောက်ဘက်နယ်စပ်အစောင့်အားကို ဖြည့်တင်းရန်နှင့် စခ်တိုင်းပြည် ကျူးကျော်လာမည်ကနေ ကာကွယ်လိုခြင်းဖြစ်သည်။
သို့သော် ယခင်အဲရစ်အတွက် ဆိုဝယ်လ်မြို့၏ မြို့စားမှာ ဆယ်ဗီနီကို ထောက်ပံ့ခဲ့သော ကောင့်ထ် စီယန်ဖြစ်လေသည်။ လမ်ပူရီဆယ့်သုံးက တတိယစစ်တပ်ကို ဆိုဝယ်လ်မြို့၏ မြို့စားအမိန့်ကိုသာ နာခံဖို့ အမိန့်ပေးထားသဖြင့် ၎င်းမှာ သံသယပင်မလိုလောက်အောင် ဆယ်ဗီနီအား ထီးနန်းရယူရန် ထောက်ပံ့ခြင်းဖြစ်သည်။
၎င်းကြောင့် အဲရစ်က ဆုံးဖြတ်လိုက်ပါ၏။ ဒုခ့်စတက်ဂျ်၏ ဦးဆောင်မှုအောက်တွင် သူဟာ စွန့်စားမှုများလုပ်ကာ လမ်ပူရီဆယ့်သုံးကို အဆိပ်ရည်တိုက်ကျွေးလျက် ဒုခ့်စတက်ဂျ် အကူအညီနှင့် ထီးနန်းယူကို ယူဆောင်ခဲ့လေသည်။
ထိုအခိုက်တွင် အဲရစ်မှာ သူ၏ လုပ်ရပ်များက မှန်ကန်သည်ဟု ထင်ထားသော်လည်း ယခုပြန်ကြည့်လိုက်သော် လမ်ပူရီဆယ့်သုံး တတိယစစ်တပ်ကို ပို့ဆောင်ခဲ့သည်မှာ အံ့ဖွယ်နည်းလမ်းတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရ၏။
တတိယစစ်တပ်သာ အန်ဗီမာမြို့တော်၌ ကျန်ရှိနေခဲ့မည်ဆိုလျှင် ဒုခ့်စတက်ဂျ် လက်ထဲ ရောက်နေလောက်ပြီဖြစ်၏။
၎င်းသာ တကယ်ဖြစ်လာသည်ရှိသော် အဲရစ်မှာ ဒုခ့်စတက်ဂျ်ရှေ့၌ မည်သို့သော ယုံကြည်ချက်မှ မရှိပေ။
ထိုသို့စဉ်းစားရင်း အဲရစ်၏ အမူအရာက အနည်းငယ် လေးနက်သွားပြီးနောက် ပြောလိုက်လေသည်၊ “သူတို့ကို ရပ်ဖို့ ချက်ချင်း အမိန့်ပေးလိုက်။ ကိုယ်တော်ရဲ့ အမိန့်မပါဘဲ ဘယ်သူ့ကိုမှ ကိုလာဘိုမြို့ကို ဆန့်ကျင်လှုပ်ရှားဖို့ ခွင့်မပြုဘူး။”
ဒုခ့်စတက်ဂျ်မှာ အံ့ဩသွားတော့သည်၊ “အရှင်မင်းကြီး၊ အရှင်က ကောင့်ထ်အာနိုးကို အလွတ်ပေးပြီး ကိုလာဘိုမြို့က လွတ်လပ်ရေးကြေညာမှာကို စောင့်ကြည့်နေမလို့လား?”
“ဒီလိုတော့ မဖြစ်နိုင်ဘူးပေါ့။” အဲရစ်က ခေါင်းခါသည်၊ “ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဒီလောက်ထိ ရက်စက်ဖို့ မလိုဘူး။ ကောင့်ထ်အာနိုးက ဒီလိုလုပ်ဖို့ ရွေးချယ်လိုက်မှတော့ သူ့မှာ အကြောင်းရင်းရှိမှာပဲ....”.
ထိုသို့ဆိုရင်း အဲရစ်က ဒုခ့်စတက်ဂျ်ကို နက်နဲစွာကြည့်လိုက်သည်။
“ကောင့်ထ်အာနိုးရဲ့ ပူပန်မှုကို ဖြေရှင်းပေးနိုင်သရွေ့ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်။ စစ်တပ်သုံးပြီး နိုင်ငံကို ပြည်တွင်းစစ်အခြေအနေထဲ ကျရောက်သွားအောင် လုပ်ဖို့ မလိုဘူး။”
အဲရစ်၏ အလေးအနက်ဟန်ကိုမြင်သော် ဒုခ့်စတက်ဂျ်မှာ မျက်မှောင်ကုပ်လိုက်၏၊ “အရှင်မင်းကြီး၊ အရှင်က နိုင်ငံပုန်ကန်မှု ကျူးလွန်ခဲ့တဲ့ အဲ့လူကို ခွင့်လွှတ်ပေးဖို့ စီစဉ်နေတာလား?”
အဲရစ်က သူ့အား တည်ငြိမ်စွာ ကြည့်လိုက်သည်၊ “ကောင့်ထ်အာနိုးက စိတ်မလုံမခြုံဖြစ်နေသလားဆိုတာကို မဆုံးဖြတ်ရသေးဘူးလေ။”
“ဒါပေမယ့်....”
“ဘာ ဒါပေမယ့်မှ မရှိဘူး။” အဲရစ်က ဒုခ့်စတက်ဂျ်ကို မည်သည့်ကျင့်ဝတ်မှ မပြဘဲ ဖြတ်ပြောလိုက်၏။
ဒုခ့်စတက်ဂျ်လည်း အဲရစ်ကိုကြည့်ပြီးနောက် ခေါင်းငုံ့လိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး ကျုပ် ဒုတိယစစ်တပ်ဆီ အမိန့်ပါးလိုက်ပါ့မယ်။”
အဲရစ်ထံ၌ အခြားအမိန့်များ ရှိနေဦးမည်လား ကြည့်ရန် ခဏတာ စောင့်ဆိုင်းနေပြီးနောက် ဒုခ့်စတက်ဂျ် ပြန်ထွက်သွားတော့၏။
တံခါး ပိတ်သွားသည်ကို ကြည့်ရင်း အဲရစ်မှာ မိမိခန္ဓာကိုယ်က ပျော့ပျောင်းသွားသည်ကို ခံစားလိုက်ရရာ ခုံပေါ် ပြန်ကျသွားလေ၏။
သူဟာ မသိလိုက်ပါဘဲ လက်ကို ဆုပ်လိုက်သော် မည်သည့် အင်အားမှရှိမနေသည်ကို တွေ့လိုက်ရ၏။ သူဟာ လုံးဝ အားအင်မဲ့နေကာ ချွေးအေးများဖြင့် ဖုံးအုပ်နေတော့သည်။
ဤသည်က ပထမဆုံး ဒုခ့်စတက်ဂျ်ရှေ့၌ အားကောင်းသောရပ်တည်ချက်ကို ပြသခြင်းပင်။
သူဟာ အင်မတန်စိတ်လှုပ်ရှားနေပြီး ခန္ဓာကိုယ်ကလည်း အနှီတိုက်ပွဲပြီးနောက် အားအင်အလုံးစုံ ဆုတ်ယုတ်သွားသော်ငြား အင်မတန် စိတ်လက်ပေါ့ပါးနေတော့သည်။
ခုံ၌ မှီထိုင်နေရင်း မျက်နှာကျက်ကို ခဏတာကြည့်ကာ အဲရစ်မှာ
သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
သူဟာ တစ်နှစ်တာမျှ ဘုရင်ဖြစ်ခဲ့ပြီဖြစ်သော်လည်း ယနေ့မှသာ ဘုရင်တစ်ပါးကဲ့သို့ ပြုမူမိသလို ခံစားရသည်။