← Chapters

အခန်း (၇၁-၈၀)

Vol. 4 Ch. 71-80

အခန်း (၇၁-၈၀)

Vol. 4 Ch. 71-80

Vol 4, အခန်း ၇၁။ နတ်သူငယ်အမျိုးသမီးကြီးနှစ်ဦး

ရှုယီမှာ အဲရစ်၏ ခံစားချက်များကို ဘယ်တော့မှ သိရှိလိမ့်မည်မဟုတ်ပေ။

Frestech ကုန်သည်ကြီးများအသင်းအား ဖွဲ့စည်းလိုက်ကတည်းက လုပ်ငန်းစုတွင် ဂုဏ်အဆင့်မြင့်မြင့်တစ်ခုကို ရထားကာ အင်အား အပြည့်ရှိသည်ဟု သတ်မှတ်၍ရသည်။

အရှင် ဝိန်ထံမှ ကိုယ့်ပိုင်နယ်မြေကို ရရှိကာ စတက်တိန်းနယ်မြေ၏ တရားဝင် အရှင်တစ်ပါး ဖြစ်လာချိန်တွင် သူဟာ ဤမြေထက်ရှိ ဘုရင်တစ်ပါးနှင့် ညီမျှသော နေရာကို ရရှိလိုက်သည်။ ၎င်းက အဲရစ်ထံရှိ ဗလာထီးနန်းနှင့် မတူပေ။

စတက်တိန်းနယ်မြေမှာ ထူးခြားသောကြောင့် ရှုယီ ပြောင်းလဲချင်သလို ဤမြေကို ပြောင်းလဲနိုင်ပါ၏။ သူ့အနေနှင့် တစ်ယောက်ယောက်က ရုတ်တရတ် ပြဿနာရှာခြင်း သို့မဟုတ် မောင်းထုတ်ခြင်းကိုပင် စိုးရိမ်ပူပန်နေဖို့ မလိုပေ။

အနည်းဆုံးတော့ စတက်တိန်းနယ်မြေတွင် သူ့အား အမြင်ဖုံးကာ လာဆွမည့် အရှင်သခင်ဟူ၍ မရှိပါချေ။

ဒုခ်စတက်တိန်း အပါအဝင် အရှင်သခင်အားလုံးမှာ ရှုယီကို မြှောက်ပင့်ဖို့ ကြိုးစားနေကြသည်။ ၎င်းတို့အားလုံးသည် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့နှင့် အတူ ဆက်ဆံရေးကောင်းတစ်ခု ဖန်တီးလိုကြသည်။

၎င်းက မည်သည်အတွက်မှမဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်များ ဝယ်ယူဖို့အတွက်ပါပင်။

အရှင် ဝိန်နှင့် ကောင့်ထ် ဖရန်တို့၏ တိုက်ပွဲမှာ လေးလကြာမြင့်ခဲ့ပြီး အရှင် ဝိန်က နောက်ဆုံးအနိုင်ရကာ ကောင့်ထ် ဖရန်၏ နယ်မြေအားလုံးကို ယူဆောင်ခဲ့သည်။

စတက်တိန်းနယ်မြေတွင် နှစ်ဖက်စလုံး အားမနည်းဟု ယူဆရသော အရှင် ဝိန်နှင့် ကောင့်ထ် ဖရန်တို့အကြား တိုက်ပွဲမှာ ပုံမှန်ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ ၎င်းတို့နှစ်ဦးစလုံးက စတက်တိန်းနယ်မြေ၏ အရှင်သခင်များဖြစ်ပြီး ၎င်းတို့၏ နယ်မြေ၊ ၎င်းတို့၏ ပိုင်နက်နှင့် စစ်ဘက်အင်အားတို့မှာ အညီအမျှဖြစ်လောက်သည်ဟု ယူဆရသည်။ ၎င်းတို့အကြား ပဋိပက္ခများကိုပင် ကိစ္စလေးများဖြင့် ဖြေရှင်းခဲ့ရာ တစ်ဖက်က အပြတ်အသတ်ဖျက်ဆီးခံလိုက်ရသည့် အချိန်တစ်ခု ရှိလာဖို့ ရှားပါ၏။

စတက်တိန်းနယ်မြေ၏ အခြားအရှင်သခင်များသည် အရှင်ဝိန်နှင့် ကောင့်ထ် ဖရန်တို့၏ တိုက်ပွဲမှာ ထပ်တူကျ‌လိမ့်မည်ဟု ထင်ထားခဲ့ကြ၏။ ပုံမှန်တိုက်ခိုက်နေသည့် နှစ်လပြီးနောက် သုံးလမြောက်အစကတည်းက ကောင့်ထ် ဝိန်၏ ကိုယ်ပိုင်စစ်သည်များမှာ ရုတ်တရတ်ပိုမို အားကောင်းလာမည်ဟု မမျှော်လင့်ထားခဲ့ကြချေ။ ကောင့်ထ် ဖရန်၏ တပ်ဖွဲ့များက လုံးဝ ပြန်တိုက်ခိုက်နိုင်ခြင်းမရှိတော့ဘဲ နှစ်လ မပြည့်ခင်၌ အရှင် ဝိန်ကြောင့် ပျက်စီးခြင်းကို ဆိုက်ရောက်ကာ ကောင့်ထ်ဖရန် အသတ်ခံရသည်အထိပင် ဖြစ်သွားကြသည်။

ဤသည်က မည်သူကမှ မျှော်လင့်မထားသည့် ရလာဒ်ဖြစ်၏။

လိုက်လံမေးမြန်းပြီးနောက် စတက်တိန်းနယ်မြေ၏ အရှင်သခင်များသည် အရှင်ဝိန်၏ စစ်သည်များ ရုတ်တရတ် ပိုမို အားကောင်းလာရသော အကြောင်းပြချက်ကို သိရှိသွားကြတော့၏။ ၎င်းမှာ အရှင် ဝိန်က Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံး မှော်စက်ပမာဏ အမြောက်အများ ဝယ်ယူခဲ့ခြင်းကြောင့်ပင်။

အရှင် ဝိန်၏ ကိုယ်ပိုင်အစောင့်များမှာ စတက်တိန်းနယ်မြေ၌ သန်မာခြင်းကြောင့် နာမည်မကျော်ခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်အမျိုးမျိုးတို့ကြောင့် ၎င်းတို့၏ တိုက်ပွဲအင်အားက ပေါက်ကွဲထွက်သွားခဲ့သည်။ ကောင့်ထ် ဖရန်၏ စစ်သည်များ အပြတ်အသတ်ချေမှုန်းဖျက်ဆီးခံလိုက်ရသည်က စစ်ဘက်သုံးမှော်စက်များ၏ စွမ်းပကားကို သက်သေပြနေ၏။

တစ်ချိန်တည်းမှာပင် စတက်တိန်းနယ်မြေတောင်ပိုင်းရှိ Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များ ပိုင်ဆိုင်သော ဗစ်ကောင့်ထ် အန်ကလို၏ တပ်ဖွဲ့များကလည်း အရှင်သခင်များစွာကို ရှင်းလင်းပြီးဖြစ်သည်။ သူဟာ ရှုယီ၏ အပိုင်စားနယ်မြေထက်ပင် ပိုမိုကြီးမားသော စတုရန်းကီလိုမီတာ သုံးသိန်းကျော်သည့် နယ်မြေကြီးကို ရရှိခဲ့သည်။

ဗစ်ကောင့်ထ်အန်ကလို၏ စစ်သည်များကိုလည်း Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များနှင့် လက်နက်ဆင်ပေးထားသည်က ၎င်းတို့အား ဤမျှသန်မာလာစေခဲ့သည်။ အရှင် ဝိန်၏ စစ်သည်များအနေနှင့် ရုတ်တရတ် အားကောင်းလာသည်မှာ နားလည်ဖို့ မခက်လှပေ။

၎င်းတို့ လက်အောက်ငယ်သားများ၏ အင်အားတိုးလာစေရန် တိုက်ရိုက်အကျဆုံးနှင့် အရိုးရှင်းဆုံး နည်းလမ်းမှာ ၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များ တပ်ဆင်ပေးရန် ဖြစ်သည်။

ထို့ကြောင့် အရှင် ဝိန်က ကောင့်ထ် ဖရန်ကို အနိုင်ယူခဲ့သည်အား စောင့်ဆိုင်းမနေတော့ဘဲ စတက်တိန်းနယ်မြေ၏ အရှင်သခင်များစွာက Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်သွယ်ရန် လူများလွှတ်လာကြသည်။ ၎င်းတို့မှာ သူတို့ထံမှ စစ်ဘက်သုံးမှော်စက် အမျိုးမျိုးအား ဝယ်ယူလိုနေခြင်းပင်။

ထို့ကြောင့် ရှုယီ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရေးမပါဘဲ သူဟာ မျှော်လင့်ထားခဲ့သလို လက်နက်ကုန်သည်ဖြစ်လာတော့၏။

သို့သော် သူက လူတိုင်းထံကို သူ၏ လက်နက်များရောင်းခဲ့သည်တော့မဟုတ်ပေ။ ခမ်နက်ဒ်ထံ ညွှန်ကြားချက်များ ပေးချိန်‌တွင် သူသည် လက်ရှိတွင် အန်ကလိုနှင့် ဖြစ်စေ အရှင် ဝိန်နှင့် ဖြစ်စေ ပဋိပက္ခရှိသည့် အရှင်သခင်များထံ မရောင်းနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားလေသည်။

လက်စ်လိုင်းကို ပြန်ပို့ပြီးနောက်တွင် သူဟာ အချိန်အများစုကို မှော်လှေ ထုတ်လုပ်ရာ၌ သုံးစွဲလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် မဟာမှော်ပညာရှင်ကမ်မီလာနှင့်အတူ မှော်ပညာ လေ့လာရန် အချိန်အနည်းငယ် ရှာဖို့ စီမံခန့်ခွဲထားလေ၏။

မဟာမှော်ပညာရှင်ကမ်မီလာ၏ အကဲဖြတ်မှုအရ သူ၏ အင်အားမှာ မဟာမှော်ပညာရှင်အဆင့်၏ အဝင်သို့ ရောက်နေပြီဖြစ်သည်။ သူ့အနေနှင့် ကြိုးစားပြီး မှော်ပညာအပေါ် နားလည်မှု နက်ရှိုင်းလာသရွေ့ မည်သည့်အချိန်၌မဆို မဟာမှော်ပညာရှင် တစ်ဦးအဖြစ်သို့ ကျော်ဖြတ်ရောက်ရှိသွားမည်ပင်။

သာမန်မှော်ပညာရှင်များနှင့် မဟာမှော်ပညာရှင်တို့အကြား ခြားနားမှုက အင်မတန် ကြီးမားလှ၏။ ရှုယီဟာ မှော်ပညာကို ဂရုမစိုက်ပါလျှင်တောင် ဤကိစ္စကို အရေးပေးဖို့ လိုပါ၏။

သူ့ထံရှိ ရင်းမြစ်များက လက်ရှိတွင် စိုင်စ်နယ်မြေကြီးထံမှ မှော်ပညာရှင်အများစု ယှဉ်နိုင်သည့် အရာမဟုတ်ချေ။ သူ့ထံ၌ ကိုယ်တိုင်သင်ကြားပေးနေသော ပဉ္စမအဆင့် မဟာမှော်ပညာရှင်တစ်ဦး ရှိနေရုံသာမက မဟာမှော်ပညာရှင် တယ်လုချီနှင့်အတူ ပုံမှန်တိုင်ပင်ဆွေးနွေးမှုများပင် ပြုနိုင်သေးသည်။

၎င်းအပြင် ညတေးသံမျိုးနွယ်စု အကြီးအကဲ အီလူရှာ ဖြစ်စေ လရိပ်မျိုးနွယ်စု အကြီးအကဲ လီဆန်ယာ ဖြစ်စေ ၎င်းတို့နှစ်ဦးစလုံးမှာ ပုံမှန်အဆင့်တူ မဟာမှော်ပညာရှင်များထက် ပိုမို သန်မာ၏။ ထို့အပြင် ၎င်းတို့နှစ်ဦးက နတ်သူငယ်များဖြစ်သဖြင့် လူသားများကိုကျော်လွန်နေသည့် မှော်ပညာ နားလည်မှု ထူးထူးကဲကဲရှိလေရာ ရှုယီအတွက် အထောက်ကူ ကြီးကြီးမားမားဖြစ်ကြောင်း သံသယဝင်စရာပင် မလိုပေ။

Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းမှုကြောင့် ညတေးသံမျိုးနွယ်စု၌ သွက်လက်မှုများပြည့်ကာ မွေးဖွားမှုနှုန်းကလည်း အဆများစွာ တိုးလာကာ မျိုးနွယ်စု၏ လူဦးရေကို သုံးနှစ်တက်တိုက် တိုးပွားလာစေခဲ့သည်။ အကြီးအကဲ အီလူရှာ မှာ ယခုဆိုလျှင် Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် ရှုယီနှင့် မည်သည့်ပူးပေါင်းမှုကိုမဆို လက်ခံနေပြီဖြစ်၏။

သို့သော် ရှုယီက လူသားတစ်ဦးဖြစ်သဖြင့် သူ့အား လူသားတစ်ဦး၏ သက်တမ်းဖြင့် ကန့်သတ်ခံလိုက်ရကာ မကြာခင် သေဆုံးသွားမည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် သူမသည် ရှုယီအား မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာပြီး သက်တမ်းတိုးလာဖို့ အာရုံစိုက်ပေးနေသည်။

ရှုယီမှာ ယခင်က ဆန္ဒမရှိခဲ့သလို မှော်ပညာကို လေ့လာရာ၌ အာရုံစိုက်ထားရန် အချိန်အလုံအလောက်မရှိခဲ့သဖြင့် အကြီးအကဲ အီလူရှာထံတွင်လည်း အခြားရွေးချယ်စရာမရှိပေ။

သို့သော် ရှုယီသည် ယခု မှော်ပညာကို လေ့လာရန် ဆန္ဒရှိနေပြီဖြစ်ကတည်းက အကြီးအကဲအီလူရှာလည်း မဟာမှော်ပညာရှင်ကမ်မီလာထံ ပို၍ပင် အာရုံစိုက်လာရတော့သည်။

သို့သော် ဤ'အထူးအကြံပေး'နည်းလမ်းက..... ရှုယီကို အင်မတန် နေရခက်စေပါ၏။

“ကျုပ်ပြောမယ်.... အကြီးအကဲနှစ်ဦးတို့ ဒါတွေ အားလုံးကို ချွတ်ဖို့လိုလို့လား?” ရှုယီက သူ၏ ကိုယ်အောက်ပိုင်းကို ဖုံးထားသည့် အတွင်းခံကို ကိုင်ကာ မျက်နှာက နီမြန်းလျက် စကားပြောလိုက်ချိန်၌ နေရခက်နေလေသည်။

ဤသည်က စတက်တိန်းနယ်မြေရှိ ရှုယီ၏ ကုန်းမြင့်ဘေးအိမ်တော်မှ အိပ်ခန်းဖြစ်သော်‌လည်း ရှုယီ၊ အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာ တို့သာ လက်ရှိ အိပ်ခန်းထဲ၌ ရှိနေပါ၏။

“ဒါပေါ့ ရှင်အားလုံးကို ချွတ်ရမယ် မဟုတ်ရင် ရှင့်ရဲ့ အတွင်းဘက်ထဲက အရိုးနဲ့ မှော်စွမ်းအင် ချိန်ညှိမှု အခြေအနေကို ဘယ်လိုပြောပြနိုင်တော့မှာလဲ?” အကြီးအကဲ လီဆန်ယာက ရှုပ်ထွေးနေဟန်ဖြင့် ရှုယီကို ကြည့်လိုက်သည်။

“ဒါပေမယ့်.... ဒါက ခင်ဗျားတို့ကို အရိုအသေတန်တဲ့ပုံပေါ်နေတယ်....” ရှုယီမှာ ခက်ခဲနေသံဖြင့် ဆိုလေသည်။

“အရိုအသေတန်တယ်?” အကြီးအကဲ နှစ်ဦးမှာ အံ့ဩသွားသည်။ အကြီးအကဲ အီလူရှာ လည်း စဉ်းစားပြီးနောက် အပြုံးဖြင့် ခေါင်းခါလေ၏၊ “ဥက္ကဌရှု ရှင် အတွေးလွန်နေပြီ။ ရှင်က လူသား ကျွန်မတို့က နတ်သူငယ်တွေလေ မျိုးစိတ်မတူကြတော့ ရှင့်အနေနဲ့ ရှက်နေစရာမလိုပါဘူး။ ရှင်တို့ လူသားတွေရဲ့ အယူအဆအရ လီဆန်ယာနဲ့ ကျွန်မက နှစ်ရာချီ အသက်ကြီးကြီးမိန်းမတွေ‌ဆိုတော့ ကျွန်မတို့ရှေ့မှာ ရှက်နေဖို့လိုသေးလို့လား?”

အကြီးအကဲ လီဆန်ယာသည် ရှုယီ၏ ဆိုလိုရင်းကို နားလည်ကာ မျက်မှောင်ကုပ်လိုက်ပြီးနောက် ခေါင်းခါ၏၊ “ရှင့်ရဲ့ အသုံးမဝင်တဲ့ လူသား အရှက်ကို ကျွန်မတို့ နတ်သူငယ်တွေဆီမှာ သုံးဖို့ မလိုပါဘူး၊ ကျွန်မ‌တို့တွေက ရှင်တို့ လူသားတွေလို ညစ်ညစ်ပတ်ပတ် အတွေးတွေနဲ့ ပြည့်နေတာမဟုတ်ဘူး။”

ထိုသို့ ဆိုပြီးနောက် အကြီးအကဲ လီဆန်ယာက ရှုယီ၏ အောက်ပိုင်းတစ်ဝက်ကို ကြည့်လိုက်သည်၊ “ဥက္ကဌရှုက ကျွန်မတို့လို အသက်ကြီးကြီးနတ်သူငယ်အမတွေရှေ့မှာ နိုးထလာလိမ့်မယ်လို့ ထင်နေတာများလား? ရှင်တို့လူသားတွေ..... ဒါမှမဟုတ် အတိအကျပြောရရင် ရှင်တို့ လူသားအထီးတွေက တကယ်ကို မယုံကြည်နိုင်စရာ ဖြစ်တည်မှုတွေပဲ။”

ရှုယီလည် မျက်လုံးမလှန်ဘဲ မနေနိုင်တော့၊ ဒါက လူသားတွေအတွက် ပုံမှန်ပဲ မဟုတ်ဘူးလား?

အကြီးအကဲနှစ်ဦးက ၎င်းတို့ကိုယ်ကို အသက်ကြီးကြီး မိန်းမများဟု ခေါ်ဆိုသော်လည်း မည်သို့ဖြစ်စေ ၎င်းတို့၏ သွင်ပြင်များမှာ အစောပိုင်းအသက်နှစ်ဆယ်အရွယ်ရှိ လူသားမိန်းက‌လေးများနှင့် ဆင်တူသည်။ လူများက ၎င်းတို့ကို မည်သို့များ အသက်ရာချီရှိနေပြီးသား လူများအဖြစ် ဆက်သွယ်နိုင်မည်နည်း?

ထိုအပြင် နှစ်ဦးက နတ်သူငယ်အကြီးအကဲများလည်း ဖြစ်နေသေးသည်။ ၎င်းတို့ထံ၌ နတ်သူငယ်မိန်းကလေးတို့၏ အလှတရားရှိရုံသာမက သာမန် နတ်သူငယ်မိန်းကလေးများထံ၌ မရှိသည့် မြင့်မြတ်မှုနှင့် ဆန်းကြယ်မှုရှိနေရာ သာမန်လူသားမိန်းကလေးများထက်ပင် ပို၍ ဆွဲ‌ဆောင်မှုရှိလေသည်။

မျိုးနွယ်စုမတူ မျိုးစိတ်မတူသည်များမှာလည်း..... နတ်သူငယ်များက သားရဲလူမျိုးများကဲ့သို့ မဟုတ်ပေ။ လူသားများအတွက် ၎င်းတို့မှာ ယခင်က နယ်မြေကြီးကို အုပ်ချုပ်ခဲ့သောကြောင့် ၎င်းတို့ထံတွင် လူများလိုက်လာနေကြသော ပန်းတိုင်တစ်ခုရှိသည်။

မျိုးနွယ်စုစစ်ပွဲများအပြီးနောက်ရက်များတွင် လူသားများက နတ်သူငယ်များကို ကျွန်အဖြစ်ထားရှိခြင်းအား ဂုဏ်ဝင့်နေကြသဖြင့် နတ်သူငယ်များမှာ လူသားများထံမှ ပုန်းကွယ်ခဲ့ရသည်။

”ကောင်းပြီလေ ဥက္ကဌရှု အ‌ချိန်ဖြုန်းနေတာကိုရပ်ပြီး ချွတ်လိုက်တော့။” ရှုယီက တုံ့ဆိုင်းနေဆဲဖြစ်သည်ကိုမြင်သော် အကြီးအကဲ လီဆန်ယာလည်း တိုက်တွန်းလိုက်ပါ၏။

အကြီးအကဲ အီလူရှာက ရှုယီနှင့် အတူရှိခဲ့ဖူးချိန်ပိုကြာသဖြင့် သူ့ကို လေးစားကာ တိုက်တွန်းမနေပေ။

သို့သော် သူမက ရှုယီကိုကြည့်လိုက်ရင်း မျက်လုံးထဲရှိ ဆိုလိုရင်းမှာ ရှင်းလင်းလာသည်။

ထိုနှစ်ဦးက ညှိနှိုင်းဖို့ မစီစဉ်ထားကြောင်းမြင်သော် သူသာ အခုထွက်သွားပါက မဟာမှော်ပညာရှင်ကမ်မီလာကလည်း တွန်းအားပေးကာ ပြန်လာခိုင်းမည်ဖြစ်သဖြင့် ရှုယီ သက်ပြင်းသာ ချလိုက်မိသည်။ သူက နောက်ဆုံးအပိုင်းကို ချွတ်ကာ ရဲရင့်ဟန်ဖြင့် သေရမှာမကြောက်ရွံ့သည့်နှယ် ထိုနေရာ၌ ရပ်နေလိုက်ပါ၏။

အကြီးအကဲ အီလူရှာ နှင့် အကြီးအကဲ လီဆန်ယာ တို့၏ အကြည့်များက ရှုယီ၏ ခေါင်းမှ ခြေချောင်းအထိ ရွေ့လျားသွားပြီး အကြိမ်ရေများစွာ အကြည့်တဝဲဝဲဖြစ်နေတော့သည်။ ထို့နောက် နှစ်ဦးသားက ရွှင်ပျဟန်ဖြင့် အချင်းချင်းကြည့်ကာ ခေါင်းငြိမ့်ပြသည်။

“အရမ်းကောင်းတယ် ဥက္ကဌရှု ရှင့်ရဲ့ ခန္ဓာကိုယ်က အရမ်းကို ကောင်းပါတယ်။ မှော်စွမ်းအား ချိန်ညှိခြင်းအတွက် ဘာပြဿနာမှမရှိသရွေ့ ကျွန်မတို့ နတ်သူငယ်တွေရဲ့ အထူးမှော်ကျင့်ကြံခြင်းကို သင်ယူဖို့အတွက် ပြဿနာမရှိပါဘူး။ ဒါက မဟာမှော်ပညာရှင် မြန်မြန်ဖြစ်လာဖို့ အရမ်းကို အကူအညီဖြစ်လိမ့်မယ်။”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၇၂။ အရေးကြီး မေးခွန်းတစ်ခု

၂နှစ်နာရီကြာပြီးနောက် ရှုယီမှာ ချွေးများဖုံးလွှမ်းနေရင်း အခန်းထဲမှ ယိုင်တိုင်တိုင် ထွက်သွားသည်။

ရှုယီ၏ အားနည်းနေသော အသွင်ကိုမြင်သည်တွင် အပြင်၌ အတန်ကြာစောင့်ဆိုင်းနေခဲ့သည် စတေးမှာ အမြန်ရှေ့တိုးလာရင်း ထောက်ကူပေးလျက် တအံ့တဩမေးလိုက်လေသည်၊ “ရှင့်ကို အကြီးအကဲ နှစ်ယောက် ဘာများလုပ်လိုက်တာလဲ? သူတို့ ရှင့်ကို တကယ်ကြီး ဒီလိုဖြစ်သွားစေတာပဲ။”

ရှုယီမှာ ခက်ခက်ခဲခဲ ခေါင်းခါရင်း စကားပြောရန်ပင် အားမရှိတော့ချေ။

အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့မှာ သူ့အား အဝတ်များချွတ်ခိုင်းပြီးနောက် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ရှာဖွေရန် မှော်စွမ်းအား အသုံးပြုခဲ့သည်။ ၎င်းတို့မှာ သူ၏ အလျှို့ဝှက်ဆုံးနေရာကိုပင် အလွတ်မပေးချေ။

အကြီးအကဲ အီလူရှာ၏ အပြောအရ လူသားများနှင့် နတ်သူငယ်များက မျိုးနွယ်စုမတူကတည်းက ဆင်တူမှုရှိသော်လည်း ကိုယ်ခန္ဓာတွင် ခြားနားချက်များရှိပေသည်။

၎င်းခြားနားချက်များက မသိသာသလို အရေးမပါသော်လည်း ၎င်းတို့ ရှုယီကို ပေးခဲ့သည့် မှော်ကျင့်ကြံခြင်းနည်းတွင် ကြီးကြီးမားမား လွှမ်းမိုးမှုတစ်ခု ရှိနေသည်။ ၎င်းတို့အနေနှင့် ရှိသမျှ ခြားနားချက် တစ်ခုစီတိုင်းကို သေချာအောင် ပြုလုပ်ရမည်ဖြစ်၏။

မှန်ပေသည် ခန္ဓာကိုယ်တစ်ခုလုံး စစ်ဆေးခြင်းဆိုလျှင် ပိုမိုလွယ်ကူပါ၏။ သို့သော် ၎င်းကို စစ်ဆေးပြီးနောက် အကြီးအကဲနှစ်ဦးမှာ ရှုယီထံ မှော်စွမ်းအားများပို့လွှတ်၍ ခန္ဓာကိုယ်တွင်းရှိ မှော်စွမ်းအင်စီးကြောင်းတစ်ခုစီတိုင်းကိုပါ‌ စစ်ဆေးခဲ့သည်။ ၎င်းမှာ မှော်ပညာရှင်တိုင်း၏ ခန္ဓာကိုယ်များတွင် ဖြစ်ပေါ်နေသော မှော်စွမ်းအင်စီးကြောင်းတစ်ခုစီတိုင်းကို စစ်ဆေးရသည့် အဓိပ္ပာယ်ပင်။

ဤစစ်ဆေးမှုက မှော်ပညာကိုအသုံးပြုထားရာ အကြီးအကဲနှစ်ဦးနှင့်အတူ ညှိနှိုင်းဆောင်ရွက်နိုင်ရန် ရှုယီမှာ သူ၏ ကိုယ်ထဲရှိ လမ်း‌ကြောင်းတိုင်းမှ တဆင့် မှော်စွမ်းအင်များကို အကြီးအကဲတို့အတွက် ထပ်ခါထပ်ခါ ဆက်လက်ပို့ဆောင်ပေးနေခဲ့ရသည်။

မှော်ပညာကို လမ်းပြရုံသာဆိုလျှင် မှော်ပညာရှင်တစ်ဦးအတွက် ထိုမျှ မခက်ခဲလှပေ။ သို့သော် ပြဿနာမှာ ရှုယီကိုယ်က အထူးကျင့်ကြံခြင်းနည်းလမ်း‌နှင့် လိုက်လျောညီထွေဖြစ်နိုင်သည်လားကို သိရှိရန် အကြီးအကဲနှစ်ဦးမှာ ရှုယီအား ကိုယ်ထဲရှိ ဆဲလ်တစ်ခုစီတိုင်းသို့ မှော်စွမ်းအင် ပို့ဆောင်ထားစေသည်။

ဤနည်းလမ်းက ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းထက်ပင် ပို၍ စွမ်းအင်ကို လောင်ကျွမ်းစေသည်။ ရှုယီ၏ ကိုယ်ကာယကား မှော်ပညာရှင်များအကြား ကောင်းမွန်သည်ဟု ယူဆ၍ရနိုင်သော်လည်း သူဟာ ၎င်းကို အများဆုံး တစ်နာရီကြာသာ တောင့်ခံနိုင်ခဲ့၏။

အချိန်သုံးစွဲမှုကို အကောင်းဆုံးဖြစ်စေရန်နှင့် ပို၍ပြည့်စုံသော အချက်အလက်ကိုရရန် အကြီးအကဲနှစ်ဦးမှာ ရှုယီအား သူ့ထံရှိ စွမ်းအင်နှင့် မှော်စွမ်းအား အလုံးစုံကို အသုံးပြုစေခဲ့သည်။ နောက်ဆုံး သူထွက်လာချိန်တွင် အင်မတန် ပင်ပန်းလှရာ မည်သည်ကိုမှပင် မဆိုနိုင်တော့ချေ။

ရှုယီ၏ သွင်ပြင်ကိုမြင်သော် မဟာမှော်ပညာရှင်ကမ်မီလာကာ တင်းတင်းစေ့ပိတ်ထားသည့် အခန်းကို ကြည့်လိုက်မိသည်။ စဉ်းစားပြီးနောက် သူက ခေါင်းငြိမ့်ကာ ဆိုလေ၏၊ “နတ်သူငယ်တွေရဲ့ ထူးကဲတဲ့နည်းလမ်းတွေကို လူသားတစ်ဦးဆီ သင်ပေးစေချင်တာက သေချာပေါက် အင်မတန်ခက်ခဲမှာပဲ။ ဒီအတွက် နာကျင်မှုနည်းနည်းလောက် တောင့်ခံရတာက ကိစ္စမရှိပါဘူး။ စတေးလ် ရှုယီကို အနားယူဖို့ ခေါ်သွားလိုက်။ မျှော်လင့်မထားတာ တစ်ခုခုသာမဖြစ်ရင် ဒီည သူ့အတွက် လုပ်စရာ တစ်ခုခု ရှိနေလောက်တယ်။”

“ညကျရင် ထပ်ရှိသေးတာလား?” စတေးလ်က ပိတ်ထားသော တံခါးကို တအံ့တဩကြည့်ပြီးနောက် အားနည်းနေသည့် ရှုယီကို စိုးရိမ်စွာ ကြည့်လိုက်သည်။ သူမက မျက်မှောင်ကုပ်လေ၏၊ “ရှုယီ မတောင့်ခံနိုင်မှာ စိုးတယ်။”

မဟာမှော်ပညာရှင်ကမ်မီလာက အေးစက်စက် နှာမှုတ်သည်၊ “မဟာမှော်ပညာရှင်တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုလုပ် အဲ့လောက်လွယ်မှာလဲ? ဒီကောင်လေးက ငါ အဲ့အရွယ်မှာရှိတုန်းကထက် ပိုသန်မာနေပြီး နောက်မှာလည်း ဒီလူတွေအားလုံး ကူညီနေကြတာ၊ သူသာ ဒီနာကျင်မှုနည်းနည်းလေးလောက်ကိုတောင် မခံနိုင်ရင် မှော်ပညာ လေ့လာဖို့ကိုပါ လက်လျှော့လိုက်ရမယ်။”

မဟာမှော်ပညာရှင်ကမ်မီလာ၏ မျက်နှာထက်ရှိ အမူအရာကိုမြင်သော် စတေးလ်လည်း လျှာတစ်လစ်ထုတ်၍ မည်သည်ကိုမှ မဆိုတော့ပေ။ သူနှင့် လဇ်တို့ ရှုယီကို အတူ တွဲကူကာ လျှောက်သွားလိုက်သည်။

ရှုယီ အနားယူရာမှ နိုးထလာချိန်တွင် အပြင်ဘက်၌ မှောင်နေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ နေက အဝေးရှိ ပင်လယ်ထဲသို့ ဝင်ရောက်သွားကာ ရွှေရောင်အလင်းတန်းများကို ဖြန့်ကျက်လျက်ဖြင့် အခမ်းကို ရွှေရောင် သန်းနေစေသည်။

ခဏတာ ငေးမောနေပြီးနောက် ရှုယီလည်း သူ့အား စတေးလ်နှင့် လဇ်တို့ ရေချိုးကူနေခဲ့ပြီးသည်တွင် သူဟာ‌ ရေချိုးရင်း အိပ်ပျော်သွားကြောင်း သတိရလိုက်သည်။ သူ့ထံ၌ မည်သို့ အိပ်ရာထဲရောက်နေကြောင်း မှတ်ဉာဏ်လုံးဝမရှိပေ။

ရေချိုးခြင်းကို စဉ်းစားကြည့်ရင်း ရှုယီမှာ သူ၏ကိုယ်မှ ထူးထူးဆန်းဆန်းအနံ့ကိုရကာ စေးကပ်ကပ်ခံစားချက်က သက်တောင့်သက်သာမဖြစ်လှကြောင်း သိရှိလိုက်ရလေ၏။

မျက်မှောင်ကုပ်ကာ စောင်ကို လှန်လိုက်သော် သူဟာ အိပ်ရာထဲ လုံးဝ ဝတ်လစ်စလစ်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ကြည့်ရသည်မှာ စတေးလ်နှင့် လဇ်တို့က သူ့အား ရေချိုးကာ သယ်လာ‌ပြီးနောက် မည်သည်မှ မဝတ်ပေးဘဲ အိပ်ခိုင်းလိုက်ပုံပင်။

သို့သော် သူ့အပေါ်၌ ဖုံးအုပ်နေသည့် အနက်ရောင်အရည်များကို မြင်သော် သူ၏ ကိုယ်ကို အနက်ရောင်ဆီဖြင့် စွန်းပေနေပုံရ၏။ ၎င်းမှာ အရုပ်ဆိုးရုံသာမက အနံ့လည်း ဆိုးဝါးသည်။

“ဒါက အကြီးအကဲ အီလူရှာ ပြောခဲ့တဲ့ အညစ်အကြေးဆိုတာတွေ ဖြစ်ရမယ်။”

အကြီးအကဲ အီလူရှာ သူ့ထံပြောပြခဲ့သည့် စကားများကို စဉ်းစားကြည့်ပြီးနောက် ရှုယီ အကြံတစ်ခု ရသွားသည်။ သူက ခန္ဓာကိုယ်ကို မြန်မြန်ဆန်ဆန်လှည့်ပတ်နေသည့် သူ၏မှော်စွမ်းအားကို အသုံးပြုလိုက်၏။

သူ၏ မှော်စွမ်းအားမှာ ယခင်ကနှင့်စာလျှင် စီးဆင်းနေသည်က များစွာ ပိုမို မြန်ဆန်လာကာ ရွေ့လျားနေပုံက များစွာ ပိုမိုချောမွေ့နေသည်ကို တွေ့ရလေသည်။ ၎င်းက ယခင်ကကဲ့သို့ ပိတ်ဆို့နေသည့် ခံစားချက်နှင့် မတူဘဲ သူ့ကိုယ်တွင်းရှိ မှော်စွမ်းအားကို များစွာ ပို၍ ထိန်းချုပ်ရလွယ်ကူလာသည်။

၎င်းမှာ သူ၏ ခန္ဓာကိုယ်အတွက် အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့ လုပ်ဆောင်ပေးခဲ့သော 'သန့်စင်မှု'ကြောင့်ဖြစ်ရမည်။ လူသားများအား နတ်သူငယ်များနှင့် နီးစပ်အောင်လုပ်ဆောင်ခြင်းက နတ်သူငယ်များ၏ အထူးကျင့်ကြံခြင်းနည်းလမ်းကို အသုံးပြုဖို့ ပိုမိုလွယ်ကူစေသည်ဟု အဆိုရှိသည်။

သူ၏ ကိုယ်ကို သုတ်ဖို့ လက်ဆန့်လိုက်ရင်း ရှုယီမှာ မနေနိုင်အောင် မျက်မှောင်ကုပ်မိသွားသည်။ စဉ်းစားကြည့်ပြီးနောက် သူက မိမိကိုယ်ကို စောင်နှင့်ပတ်၍ ရေချိုးခန်းဆီသွားလိုက်လေသည်။

လမ်းတစ်လျှောက် မည်သူနှင့်မှ မဆုံချေ။ ရှုယီလည်း ဤအချိန်၌ အားလုံး ညစာစားနေလောက်မည်ဟု ခန့်မှန်းမိသဖြင့် သူ အိပ်မောကျနေကတည်းက သူတို့လည်း ညစာစားနေခြင်း ဖြစ်ရမည်။

သူ့အနေနှင့် အင်မတန် ဆာလောင်နေပါသော်လည်း ခန္ဓာကိုယ်ပတ်ပတ်လည်က သက်တောင့်သက်သာ မ‌ဖြစ်နေရာ အစာအိမ်အတွက် အချိန်မရှိပါချေ။

ရှုယီသည် အိမ်တော်ထဲရှိ ရေချိုးခန်းကြီးထဲဝင်သွားကာ မိမိကိုယ်ကိုရစ်ပတ်ထားသည့် စောင်အား ဆွဲချွတ်လိုက်တော့သည်။ သူဟာ ခန္ဓာကိုယ်ကို နှစ်ကြိမ်လောက် ရေသုံး၍ ဆေးကြောပြီးနောက် ကျယ်ဝန်းသော ရေချိုးကန်ထဲ ခုန်ဝင်လိုက်သည်။

“ပလုံ!”

ရေနွေးနွေးက ဘေးပတ်လည်၌ ဝန်းရံသွားရာ ရှုယီမှာ သူ၏ ကိုယ်အစိတ်အပိုင်းတိုင်းက ယခင်ကထက်စာလျှင် ပို၍ ထိလွယ်ရှလွယ်ဖြစ်လာသည်ဟု ခံစားရသည်။ သူ့အနေနှင့် ယခင်ကထက်စာလျှင် ရေ၏ အနွေးဓာတ်ကို ပိုကောင်းကောင်းခံစားနိုင်ပြီး ချွေးပေါက် တစ်ပေါက်စီတိုင်းက ရေ၏ လှုံ့ဆော်မှုကြောင့် အနည်းငယ် ပွင့်ဟလာကြသလိုပင်။

ထိတွေ့မှု၏ များစွာပိုမို စူးရှသော အာရုံ ရရှိနေခြင်းအပြင် ရှုယီသည် သူ၏ အခြားအာရုံများကလည်း ပိုမို စူးရှလာသည်ဟု ခံစားမိသည်။

ဥပမာဆိုရသော် ရေချိုးရာ၌ သူ၏ ဂန္ဓာရုံ(အနံ့အာရုံ)စူးရှမှုဖြင့် အခြားအနံ့တစ်ခု ရှိနေသည်ကို ရှာတွေ့လိုက်ရသည်။ ထို့အပြင် ရေနွေးငွေ့များ အုံ့ဆိုင်းနေသော ရေချိုးကန်ထဲတွင် သူ၏ စူးရှသော မျက်လုံးများက ဝတ်လစ်စလစ် သဏ္ဍာန်နှစ်ခု ရှိနေသည်ကိုပါ တွေ့လိုက်ရ၏......

ရှုယီ၏ မျက်လုံးများ ရုတ်တရတ် ပြူးကျယ်သွားကာ ထိတ်လန့်သွားလေသည်။ သူက ရုတ်တရတ် ထရပ်ကာ ထွက်ပြေးဖို့ ပြင်လိုက်၏။

“ဥက္ကဌရှု ကျွန်မအရင်က ပြောပြီးပြီလေ ရှင့်အနေနဲ့ တခြားလူသားတွေလို ရှက်ရွံ့နေလို့မရဘူး။ ဒါက အဓိပ္ပာယ်မရှိဘူးလို့။” အကြီးအကဲ လီဆန်ယာက ရေချိုးကန်ထဲ လှည့်လာသည်၊ “ရှင်က ကျွန်မတို့ ထင်ထားတာထက် ပိုစောစောနိုး‌လာတော့ ချောချောမွေ့မွေ့ဖြစ်သွားပုံပဲ။ လာပါ ကျွန်မတို့ကို အသေးစိတ်ထူးခြားချက်တွေ မြင်ခွင့်ပြုပါဦး။”

“လာလိုက်ပါ။ ဥက္ကဌရှု ကျွန်မတို့ ရှင့်ခန္ဓာကိုယ်ကို သုတေသန စတင်နေရုံပဲရှိသေးတယ်။ အချိန်သုံးစွဲမှုကို အကောင်းဆုံးလုပ်ဖို့လိုတာပေါ့။” အကြီးအကဲ အီလူရှာ၏ အသံလည်း ထွက်လာသည်၊ “ရှင်သာ တစ်ရက်ပိုစောပြီး မဟာမှော်ပညာရှင်ဖြစ်လာရင် ကျွန်မကို ပိုစိတ်ချရစေလိမ့်မယ်။”

ရှုယီမှာ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ခါးသက်သက်ပြုံး၍ လှည့်လိုက်တော့သည်။ အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့မှာ ဝတ်လစ်စလစ် ခန္ဓာကိုယ်များဖြင့် ထရပ်ကာ ရွေ့လျားလာကြသဖြင့် သူ၏ နှုတ်ခမ်းများ မနေနိုင်အောင် မဲ့ရွဲ့သွားတော့သည်။

“အကြီးအကဲ နှစ်ယောက် အလျင်အရမ်းလိုမနေဘူးလား? ကျုပ်အရင်ထွက်သွားလိုက်ပါ့မယ်။ ခင်ဗျားတို့ တစ်မွန်းလွဲလုံး အလုပ်များနေခဲ့တာ အနားယူဖို့ ရေချိုးရအောင် ထိုက်တန်ပါတယ်ဗျာ။”

ရေချိုးကန်ထဲရှိ ရေများက ရုတ်တရတ် ထိုးထွက်လာကာ လက်တစ်ဖက် ပုံစံပြောင်းလျက် ရှုယီ၏ ခြေထောက်ကို အတင်းဆွဲကာ ရပ်တန့်လိုက်သည်။

ရှုယီမှာ တအံ့တဩငုံ့ကြည့်လိုက်ရာ ရေစီးက အင်မတန် ထူးဆန်းနေကြောင်း တွေ့ရလေ၏။ သူလည်း မနေနိုင်ဘဲ သက်ပြင်းချကာ ချီးကျူးလိုက်တော့သည်၊ “အကြီးအကဲ လီဆန်ယာ, ခင်ဗျားရဲ့ ရေစွမ်းအားမှော်ပညာက တကယ်ကို ထိပ်တန်းပါပဲ။ ခင်ဗျားသာ ကျုပ်တို့ မှော်သုတေသနဌာနမှာ မှော်လှေတွေကို လေ့လာကူဖို့ ဆန္ဒရှိမယ်ဆိုရင် အရမ်းကောင်းမှာပဲ!”

“ဒါကို ဘေးချိတ်ထားပြီး နောက်မှ ဆွေးနွေးကြတာပေါ့။ အခု အရေးကြီးဆုံးက ရှင့် ခန္ဓာကိုယ် ဘယ်လိုရှိတယ်ဆိုတာ ကြည့်ဖို့ပဲ။” အကြီးအကဲ လီဆန်ယာ က ရှုယီကို သူမရှေ့ယူဆောင်ကာ သူ၏ ရင်ဘတ်ကို ပွတ်သပ်လိုက်ပြီး စိတ်တိုင်းကျစွာ ခေါင်းငြိမ့်သည်၊ “ကြည့်ရတာ အတော်အဆင်ပြေပုံပဲ။ အီလူရှာ ဘယ်လိုခံစားရလဲ?”

“မရှင်းလင်းသေးဘူး။” အကြီးအကဲ အီလူရှာက ခေါင်းခါသည်။ သူမသည်လည်း ရှုယီ၏ ရင်ဘတ်ကို လက်ချောင်းထိပ်ဖျားများရှိ ခရမ်းဖျော့အလင်းဖြင့် ထိလိုက်ပါ၏။

အကြီးအကဲ အီလူရှာ၏ အပြုအမူကိုမြင်သော် အကြီးအကဲ လီဆန်ယာ၏ လက်ချောင်းထိပ်များသည်လည်း ခရမ်းဖျော့အလင်းကို ထုတ်လွှတ်လာသည်။ အကြီးအကဲ အီလူရှာကဲ့သို့၊ မွန်းလွဲပိုင်းကကဲ့သို့ပင် ၎င်းတို့မှာ ရှုယီ၏ ကိုယ်ကို ဂရုတစိုက်ထိတွေ့နေကြတော့သည်။

၎င်းက မွန်းလွဲပိုင်း၌ အကြိမ်များစွာဖြစ်ပျက်ခဲ့သော်လည်း အကြီးအကဲများရှေ့၌ သူသာ ဝတ်လစ်စလစ်ဖြစ်နေခဲ့သဖြင့် ရှုယီမှာ ဤသို့ စူးစမ်းလေ့လာခြင်းကို လက်ခံနိုင်သည်။ ယခုတွင် အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့လည်း ဝတ်လစ်စလစ်ဖြစ်နေရာ ရှုယီမှာ မိမိကိုယ်ကို တည်ငြိမ်မထားနိုင်တော့သလို တုံ့ပြန်မှုများကိုလည်း မထိန်းချုပ်နိုင်တော့ပေ။

သိပ်မကြာလိုက် အကြီးအကဲ လီဆန်ယာက ရှုယီ၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို စူးစမ်းပြီးသွားပြီးနောက် လက်ချောင်းများက ရုတ်တရတ် အောက်ပိုင်းတစ်ဝက်ဆီရောက်လာသည်။ ရှုယီ၏ အောက်ပိုင်းတစ်ဝက်ရှိ အစွန်အဖျား XD ကို မြင်သော် သူမဟာ ရပ်တန့်လိုက်ပြီးနောက် ရုတ်တရတ် လက်ချောင်းကိုသုံး၍ ရှုယီ၏ ညီလေးကို ညွှန်ပြကာ‌ မေးလာသည်၊ “ဥက္ကဌရှု ရှင် တကယ်ပဲ ကျွန်မတို့အပေါ် ဆန္ဒဖြစ်မိတယ်လား?”

ရှုယီထံ၌ အင်မတန် နေရခက်ဟန်အပြုံး ရှိနေသည်၊ “တောင်းပန်ပါတယ်ဗျာ အကြီးအကဲတို့၊ ဒါက လူသားတွေအတွက် ပုံမှန်တုံ့ပြန်မှုပဲ ကျုပ်လည်း မထိန်းချုပ်နိုင်ဘူး။”

“ကျွန်မ ရှင့်ကို မေးနေတာ ဒါမဟုတ်ဘူး၊ ဆိုလိုတာက ရှင်တကယ်ပဲ ကျွန်မတို့အပေါ် ဆန္ဒဖြစ်မိလား? ကျွန်မသာ ရှင့်ကို ကျွန်မတို့နဲ့ မိတ်လိုက်ခွင့်ပြုမယ်ဆိုရင် ဆန္ဒရှိမှာလား?”

“မိတ်လိုက်တယ်?” ရှုယီမှာ အံ့ဩကာ အကြီးအကဲ လီဆန်ယာကို ကြည့်လိုက်သည်။ သူမက အင်မတန်လေးနက်နေကာ ကျီစယ်နေဟန်လည်း မရှိသလို ဖျားယောင်းနေဟန်လည်း မရှိဘဲ သူ့အား စာမေးပွဲမေးခွန်းမေးသလို ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ထို့နောက် အကြီးအကဲ အီလူရှာကိုကြည့်လိုက်ရာ သူမသည်လည်း ဤမေးခွန်းကို ဂရုစိုက်ကြောင်း တွေ့ရလေ၏။

ရှုယီမှာ အနည်းငယ် ရှုပ်ထွေးသွားပြီးနောက် ခံစားချက်များကို တည်ငြိမ်စေလိုက်သည်။ စဉ်းစားပြီးနောက် သူက ခေါင်းငြိမ့်ကာ ပြန်ဖြေပါ၏၊ “ဆန္ဒရှိမှာပါ..... ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့ အမြင်ကနေဆို အကြီးအကဲနှစ်ဦးက အရမ်းကို လှပတဲ့ နတ်သူငယ်အမျိုးသမီးတွေဆိုတော့ ကျုပ်ရဲ့ အနုသုခုမခံစားချက်နဲ့ အင်မတန် ကိုက်ညီပါတယ်။”

ရှုယီ၏ မျက်လုံးများက မနေနိုင်အောင် အကြီးအကဲ နှစ်ဦး၏ ဝတ်လစ်စလစ်ကိုယ်များကို ကူးလူးသွားကာ ခံတွင်းအပြည့် တံတွေးများ ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။

“ဒါပေမယ့် လူသားတွေက တိရိစ္ဆာန်မဟုတ်ဘူး၊ မိတ်လိုက်တဲ့နေရာမှာ တခြားဘက်ကိုလည်း ကြည့်ဖို့ လိုသေးတယ်။ စတေးလ်က ကျုပ်ရဲ့ ဇနီးဆိုတော့ သူမကို တာဝန်ယူဖို့လိုတယ်။ တခြားလူတွေနဲ့ အလွယ်လေး မိတ်လိုက်လို့မဖြစ်ဘူး၊ ဒီလိုဆို စတေးလ်ကို စိတ်ပျက်စေမှာပဲ။”

“ဒါပေမယ့် အက်ဂ်နက်စ်ပြောတာတော့ ရှင်က ရှင့်ရဲ့ အစေခံမလေးနှစ်ယောက်ဖြစ်တဲ့ လဇ်နဲ့ လင်ဒါတို့နဲ့ မိတ်လိုက်ခဲ့တယ်ဆို ဟုတ်လား?” အကြီးအကဲ အီလူရှာက ရုတ်တရတ် မေးသည်။

ရှုယီမှာ အင်မတန် နေရခက်သွား၏၊ “ဒါက..... သူတို့တွေ စတေးလ်ရဲ့ ခွင့်ပြုချက်ရထားတယ်ဆိုတော့..... မတူဘူးလေ.....”

“ကောင်းပြီလေ ဒါကို မစိုးရိမ်နဲ့တော့။ လိုရင်းပြောရရင် ရှင့်အနေနဲ့ နတ်သူငယ်အမျိုးသမီးတွေကို ဆန့်ကျင်မှာမဟုတ်ဘဲ သဘောတူမှာပဲ မဟုတ်လား?” အကြီးအကဲ လီဆန်ယာ က မေးသည်။

“အမှန်ပါပဲ ဒါပေမယ့် အကြီးအကဲ လီဆန်ယာ, ဘာလို့ ဒီလိုမေးရတာလဲ?” ရှုယီက ရှုပ်ထွေးစွာ မေးသည်။

“ဒါက အရမ်းကို အရေးပါတဲ့မေးခွန်းပဲ။” အကြီးအကဲ လီဆန်ယာ ထံ၌ လေးနက်ဟန်ရှိနေသည်၊ “ဥက္ကဌရှု၊ ရှင် နတ်သူငယ်မိန်းကလေးတစ်ဦးကို.....ရှင့်ဇနီးအဖြစ် လက်ခံဖို့ ဆန္ဒရှိလား?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၇၂။ အရေးကြီး မေးခွန်းတစ်ခု

၂နှစ်နာရီကြာပြီးနောက် ရှုယီမှာ ချွေးများဖုံးလွှမ်းနေရင်း အခန်းထဲမှ ယိုင်တိုင်တိုင် ထွက်သွားသည်။

ရှုယီ၏ အားနည်းနေသော အသွင်ကိုမြင်သည်တွင် အပြင်၌ အတန်ကြာစောင့်ဆိုင်းနေခဲ့သည် စတေးမှာ အမြန်ရှေ့တိုးလာရင်း ထောက်ကူပေးလျက် တအံ့တဩမေးလိုက်လေသည်၊ “ရှင့်ကို အကြီးအကဲ နှစ်ယောက် ဘာများလုပ်လိုက်တာလဲ? သူတို့ ရှင့်ကို တကယ်ကြီး ဒီလိုဖြစ်သွားစေတာပဲ။”

ရှုယီမှာ ခက်ခက်ခဲခဲ ခေါင်းခါရင်း စကားပြောရန်ပင် အားမရှိတော့ချေ။

အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့မှာ သူ့အား အဝတ်များချွတ်ခိုင်းပြီးနောက် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ရှာဖွေရန် မှော်စွမ်းအား အသုံးပြုခဲ့သည်။ ၎င်းတို့မှာ သူ၏ အလျှို့ဝှက်ဆုံးနေရာကိုပင် အလွတ်မပေးချေ။

အကြီးအကဲ အီလူရှာ၏ အပြောအရ လူသားများနှင့် နတ်သူငယ်များက မျိုးနွယ်စုမတူကတည်းက ဆင်တူမှုရှိသော်လည်း ကိုယ်ခန္ဓာတွင် ခြားနားချက်များရှိပေသည်။

၎င်းခြားနားချက်များက မသိသာသလို အရေးမပါသော်လည်း ၎င်းတို့ ရှုယီကို ပေးခဲ့သည့် မှော်ကျင့်ကြံခြင်းနည်းတွင် ကြီးကြီးမားမား လွှမ်းမိုးမှုတစ်ခု ရှိနေသည်။ ၎င်းတို့အနေနှင့် ရှိသမျှ ခြားနားချက် တစ်ခုစီတိုင်းကို သေချာအောင် ပြုလုပ်ရမည်ဖြစ်၏။

မှန်ပေသည် ခန္ဓာကိုယ်တစ်ခုလုံး စစ်ဆေးခြင်းဆိုလျှင် ပိုမိုလွယ်ကူပါ၏။ သို့သော် ၎င်းကို စစ်ဆေးပြီးနောက် အကြီးအကဲနှစ်ဦးမှာ ရှုယီထံ မှော်စွမ်းအားများပို့လွှတ်၍ ခန္ဓာကိုယ်တွင်းရှိ မှော်စွမ်းအင်စီးကြောင်းတစ်ခုစီတိုင်းကိုပါ‌ စစ်ဆေးခဲ့သည်။ ၎င်းမှာ မှော်ပညာရှင်တိုင်း၏ ခန္ဓာကိုယ်များတွင် ဖြစ်ပေါ်နေသော မှော်စွမ်းအင်စီးကြောင်းတစ်ခုစီတိုင်းကို စစ်ဆေးရသည့် အဓိပ္ပာယ်ပင်။

ဤစစ်ဆေးမှုက မှော်ပညာကိုအသုံးပြုထားရာ အကြီးအကဲနှစ်ဦးနှင့်အတူ ညှိနှိုင်းဆောင်ရွက်နိုင်ရန် ရှုယီမှာ သူ၏ ကိုယ်ထဲရှိ လမ်း‌ကြောင်းတိုင်းမှ တဆင့် မှော်စွမ်းအင်များကို အကြီးအကဲတို့အတွက် ထပ်ခါထပ်ခါ ဆက်လက်ပို့ဆောင်ပေးနေခဲ့ရသည်။

မှော်ပညာကို လမ်းပြရုံသာဆိုလျှင် မှော်ပညာရှင်တစ်ဦးအတွက် ထိုမျှ မခက်ခဲလှပေ။ သို့သော် ပြဿနာမှာ ရှုယီကိုယ်က အထူးကျင့်ကြံခြင်းနည်းလမ်း‌နှင့် လိုက်လျောညီထွေဖြစ်နိုင်သည်လားကို သိရှိရန် အကြီးအကဲနှစ်ဦးမှာ ရှုယီအား ကိုယ်ထဲရှိ ဆဲလ်တစ်ခုစီတိုင်းသို့ မှော်စွမ်းအင် ပို့ဆောင်ထားစေသည်။

ဤနည်းလမ်းက ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းထက်ပင် ပို၍ စွမ်းအင်ကို လောင်ကျွမ်းစေသည်။ ရှုယီ၏ ကိုယ်ကာယကား မှော်ပညာရှင်များအကြား ကောင်းမွန်သည်ဟု ယူဆ၍ရနိုင်သော်လည်း သူဟာ ၎င်းကို အများဆုံး တစ်နာရီကြာသာ တောင့်ခံနိုင်ခဲ့၏။

အချိန်သုံးစွဲမှုကို အကောင်းဆုံးဖြစ်စေရန်နှင့် ပို၍ပြည့်စုံသော အချက်အလက်ကိုရရန် အကြီးအကဲနှစ်ဦးမှာ ရှုယီအား သူ့ထံရှိ စွမ်းအင်နှင့် မှော်စွမ်းအား အလုံးစုံကို အသုံးပြုစေခဲ့သည်။ နောက်ဆုံး သူထွက်လာချိန်တွင် အင်မတန် ပင်ပန်းလှရာ မည်သည်ကိုမှပင် မဆိုနိုင်တော့ချေ။

ရှုယီ၏ သွင်ပြင်ကိုမြင်သော် မဟာမှော်ပညာရှင်ကမ်မီလာကာ တင်းတင်းစေ့ပိတ်ထားသည့် အခန်းကို ကြည့်လိုက်မိသည်။ စဉ်းစားပြီးနောက် သူက ခေါင်းငြိမ့်ကာ ဆိုလေ၏၊ “နတ်သူငယ်တွေရဲ့ ထူးကဲတဲ့နည်းလမ်းတွေကို လူသားတစ်ဦးဆီ သင်ပေးစေချင်တာက သေချာပေါက် အင်မတန်ခက်ခဲမှာပဲ။ ဒီအတွက် နာကျင်မှုနည်းနည်းလောက် တောင့်ခံရတာက ကိစ္စမရှိပါဘူး။ စတေးလ် ရှုယီကို အနားယူဖို့ ခေါ်သွားလိုက်။ မျှော်လင့်မထားတာ တစ်ခုခုသာမဖြစ်ရင် ဒီည သူ့အတွက် လုပ်စရာ တစ်ခုခု ရှိနေလောက်တယ်။”

“ညကျရင် ထပ်ရှိသေးတာလား?” စတေးလ်က ပိတ်ထားသော တံခါးကို တအံ့တဩကြည့်ပြီးနောက် အားနည်းနေသည့် ရှုယီကို စိုးရိမ်စွာ ကြည့်လိုက်သည်။ သူမက မျက်မှောင်ကုပ်လေ၏၊ “ရှုယီ မတောင့်ခံနိုင်မှာ စိုးတယ်။”

မဟာမှော်ပညာရှင်ကမ်မီလာက အေးစက်စက် နှာမှုတ်သည်၊ “မဟာမှော်ပညာရှင်တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုလုပ် အဲ့လောက်လွယ်မှာလဲ? ဒီကောင်လေးက ငါ အဲ့အရွယ်မှာရှိတုန်းကထက် ပိုသန်မာနေပြီး နောက်မှာလည်း ဒီလူတွေအားလုံး ကူညီနေကြတာ၊ သူသာ ဒီနာကျင်မှုနည်းနည်းလေးလောက်ကိုတောင် မခံနိုင်ရင် မှော်ပညာ လေ့လာဖို့ကိုပါ လက်လျှော့လိုက်ရမယ်။”

မဟာမှော်ပညာရှင်ကမ်မီလာ၏ မျက်နှာထက်ရှိ အမူအရာကိုမြင်သော် စတေးလ်လည်း လျှာတစ်လစ်ထုတ်၍ မည်သည်ကိုမှ မဆိုတော့ပေ။ သူနှင့် လဇ်တို့ ရှုယီကို အတူ တွဲကူကာ လျှောက်သွားလိုက်သည်။

ရှုယီ အနားယူရာမှ နိုးထလာချိန်တွင် အပြင်ဘက်၌ မှောင်နေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ နေက အဝေးရှိ ပင်လယ်ထဲသို့ ဝင်ရောက်သွားကာ ရွှေရောင်အလင်းတန်းများကို ဖြန့်ကျက်လျက်ဖြင့် အခမ်းကို ရွှေရောင် သန်းနေစေသည်။

ခဏတာ ငေးမောနေပြီးနောက် ရှုယီလည်း သူ့အား စတေးလ်နှင့် လဇ်တို့ ရေချိုးကူနေခဲ့ပြီးသည်တွင် သူဟာ‌ ရေချိုးရင်း အိပ်ပျော်သွားကြောင်း သတိရလိုက်သည်။ သူ့ထံ၌ မည်သို့ အိပ်ရာထဲရောက်နေကြောင်း မှတ်ဉာဏ်လုံးဝမရှိပေ။

ရေချိုးခြင်းကို စဉ်းစားကြည့်ရင်း ရှုယီမှာ သူ၏ကိုယ်မှ ထူးထူးဆန်းဆန်းအနံ့ကိုရကာ စေးကပ်ကပ်ခံစားချက်က သက်တောင့်သက်သာမဖြစ်လှကြောင်း သိရှိလိုက်ရလေ၏။

မျက်မှောင်ကုပ်ကာ စောင်ကို လှန်လိုက်သော် သူဟာ အိပ်ရာထဲ လုံးဝ ဝတ်လစ်စလစ်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ကြည့်ရသည်မှာ စတေးလ်နှင့် လဇ်တို့က သူ့အား ရေချိုးကာ သယ်လာ‌ပြီးနောက် မည်သည်မှ မဝတ်ပေးဘဲ အိပ်ခိုင်းလိုက်ပုံပင်။

သို့သော် သူ့အပေါ်၌ ဖုံးအုပ်နေသည့် အနက်ရောင်အရည်များကို မြင်သော် သူ၏ ကိုယ်ကို အနက်ရောင်ဆီဖြင့် စွန်းပေနေပုံရ၏။ ၎င်းမှာ အရုပ်ဆိုးရုံသာမက အနံ့လည်း ဆိုးဝါးသည်။

“ဒါက အကြီးအကဲ အီလူရှာ ပြောခဲ့တဲ့ အညစ်အကြေးဆိုတာတွေ ဖြစ်ရမယ်။”

အကြီးအကဲ အီလူရှာ သူ့ထံပြောပြခဲ့သည့် စကားများကို စဉ်းစားကြည့်ပြီးနောက် ရှုယီ အကြံတစ်ခု ရသွားသည်။ သူက ခန္ဓာကိုယ်ကို မြန်မြန်ဆန်ဆန်လှည့်ပတ်နေသည့် သူ၏မှော်စွမ်းအားကို အသုံးပြုလိုက်၏။

သူ၏ မှော်စွမ်းအားမှာ ယခင်ကနှင့်စာလျှင် စီးဆင်းနေသည်က များစွာ ပိုမို မြန်ဆန်လာကာ ရွေ့လျားနေပုံက များစွာ ပိုမိုချောမွေ့နေသည်ကို တွေ့ရလေသည်။ ၎င်းက ယခင်ကကဲ့သို့ ပိတ်ဆို့နေသည့် ခံစားချက်နှင့် မတူဘဲ သူ့ကိုယ်တွင်းရှိ မှော်စွမ်းအားကို များစွာ ပို၍ ထိန်းချုပ်ရလွယ်ကူလာသည်။

၎င်းမှာ သူ၏ ခန္ဓာကိုယ်အတွက် အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့ လုပ်ဆောင်ပေးခဲ့သော 'သန့်စင်မှု'ကြောင့်ဖြစ်ရမည်။ လူသားများအား နတ်သူငယ်များနှင့် နီးစပ်အောင်လုပ်ဆောင်ခြင်းက နတ်သူငယ်များ၏ အထူးကျင့်ကြံခြင်းနည်းလမ်းကို အသုံးပြုဖို့ ပိုမိုလွယ်ကူစေသည်ဟု အဆိုရှိသည်။

သူ၏ ကိုယ်ကို သုတ်ဖို့ လက်ဆန့်လိုက်ရင်း ရှုယီမှာ မနေနိုင်အောင် မျက်မှောင်ကုပ်မိသွားသည်။ စဉ်းစားကြည့်ပြီးနောက် သူက မိမိကိုယ်ကို စောင်နှင့်ပတ်၍ ရေချိုးခန်းဆီသွားလိုက်လေသည်။

လမ်းတစ်လျှောက် မည်သူနှင့်မှ မဆုံချေ။ ရှုယီလည်း ဤအချိန်၌ အားလုံး ညစာစားနေလောက်မည်ဟု ခန့်မှန်းမိသဖြင့် သူ အိပ်မောကျနေကတည်းက သူတို့လည်း ညစာစားနေခြင်း ဖြစ်ရမည်။

သူ့အနေနှင့် အင်မတန် ဆာလောင်နေပါသော်လည်း ခန္ဓာကိုယ်ပတ်ပတ်လည်က သက်တောင့်သက်သာ မ‌ဖြစ်နေရာ အစာအိမ်အတွက် အချိန်မရှိပါချေ။

ရှုယီသည် အိမ်တော်ထဲရှိ ရေချိုးခန်းကြီးထဲဝင်သွားကာ မိမိကိုယ်ကိုရစ်ပတ်ထားသည့် စောင်အား ဆွဲချွတ်လိုက်တော့သည်။ သူဟာ ခန္ဓာကိုယ်ကို နှစ်ကြိမ်လောက် ရေသုံး၍ ဆေးကြောပြီးနောက် ကျယ်ဝန်းသော ရေချိုးကန်ထဲ ခုန်ဝင်လိုက်သည်။

“ပလုံ!”

ရေနွေးနွေးက ဘေးပတ်လည်၌ ဝန်းရံသွားရာ ရှုယီမှာ သူ၏ ကိုယ်အစိတ်အပိုင်းတိုင်းက ယခင်ကထက်စာလျှင် ပို၍ ထိလွယ်ရှလွယ်ဖြစ်လာသည်ဟု ခံစားရသည်။ သူ့အနေနှင့် ယခင်ကထက်စာလျှင် ရေ၏ အနွေးဓာတ်ကို ပိုကောင်းကောင်းခံစားနိုင်ပြီး ချွေးပေါက် တစ်ပေါက်စီတိုင်းက ရေ၏ လှုံ့ဆော်မှုကြောင့် အနည်းငယ် ပွင့်ဟလာကြသလိုပင်။

ထိတွေ့မှု၏ များစွာပိုမို စူးရှသော အာရုံ ရရှိနေခြင်းအပြင် ရှုယီသည် သူ၏ အခြားအာရုံများကလည်း ပိုမို စူးရှလာသည်ဟု ခံစားမိသည်။

ဥပမာဆိုရသော် ရေချိုးရာ၌ သူ၏ ဂန္ဓာရုံ(အနံ့အာရုံ)စူးရှမှုဖြင့် အခြားအနံ့တစ်ခု ရှိနေသည်ကို ရှာတွေ့လိုက်ရသည်။ ထို့အပြင် ရေနွေးငွေ့များ အုံ့ဆိုင်းနေသော ရေချိုးကန်ထဲတွင် သူ၏ စူးရှသော မျက်လုံးများက ဝတ်လစ်စလစ် သဏ္ဍာန်နှစ်ခု ရှိနေသည်ကိုပါ တွေ့လိုက်ရ၏......

ရှုယီ၏ မျက်လုံးများ ရုတ်တရတ် ပြူးကျယ်သွားကာ ထိတ်လန့်သွားလေသည်။ သူက ရုတ်တရတ် ထရပ်ကာ ထွက်ပြေးဖို့ ပြင်လိုက်၏။

“ဥက္ကဌရှု ကျွန်မအရင်က ပြောပြီးပြီလေ ရှင့်အနေနဲ့ တခြားလူသားတွေလို ရှက်ရွံ့နေလို့မရဘူး။ ဒါက အဓိပ္ပာယ်မရှိဘူးလို့။” အကြီးအကဲ လီဆန်ယာက ရေချိုးကန်ထဲ လှည့်လာသည်၊ “ရှင်က ကျွန်မတို့ ထင်ထားတာထက် ပိုစောစောနိုး‌လာတော့ ချောချောမွေ့မွေ့ဖြစ်သွားပုံပဲ။ လာပါ ကျွန်မတို့ကို အသေးစိတ်ထူးခြားချက်တွေ မြင်ခွင့်ပြုပါဦး။”

“လာလိုက်ပါ။ ဥက္ကဌရှု ကျွန်မတို့ ရှင့်ခန္ဓာကိုယ်ကို သုတေသန စတင်နေရုံပဲရှိသေးတယ်။ အချိန်သုံးစွဲမှုကို အကောင်းဆုံးလုပ်ဖို့လိုတာပေါ့။” အကြီးအကဲ အီလူရှာ၏ အသံလည်း ထွက်လာသည်၊ “ရှင်သာ တစ်ရက်ပိုစောပြီး မဟာမှော်ပညာရှင်ဖြစ်လာရင် ကျွန်မကို ပိုစိတ်ချရစေလိမ့်မယ်။”

ရှုယီမှာ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ခါးသက်သက်ပြုံး၍ လှည့်လိုက်တော့သည်။ အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့မှာ ဝတ်လစ်စလစ် ခန္ဓာကိုယ်များဖြင့် ထရပ်ကာ ရွေ့လျားလာကြသဖြင့် သူ၏ နှုတ်ခမ်းများ မနေနိုင်အောင် မဲ့ရွဲ့သွားတော့သည်။

“အကြီးအကဲ နှစ်ယောက် အလျင်အရမ်းလိုမနေဘူးလား? ကျုပ်အရင်ထွက်သွားလိုက်ပါ့မယ်။ ခင်ဗျားတို့ တစ်မွန်းလွဲလုံး အလုပ်များနေခဲ့တာ အနားယူဖို့ ရေချိုးရအောင် ထိုက်တန်ပါတယ်ဗျာ။”

ရေချိုးကန်ထဲရှိ ရေများက ရုတ်တရတ် ထိုးထွက်လာကာ လက်တစ်ဖက် ပုံစံပြောင်းလျက် ရှုယီ၏ ခြေထောက်ကို အတင်းဆွဲကာ ရပ်တန့်လိုက်သည်။

ရှုယီမှာ တအံ့တဩငုံ့ကြည့်လိုက်ရာ ရေစီးက အင်မတန် ထူးဆန်းနေကြောင်း တွေ့ရလေ၏။ သူလည်း မနေနိုင်ဘဲ သက်ပြင်းချကာ ချီးကျူးလိုက်တော့သည်၊ “အကြီးအကဲ လီဆန်ယာ, ခင်ဗျားရဲ့ ရေစွမ်းအားမှော်ပညာက တကယ်ကို ထိပ်တန်းပါပဲ။ ခင်ဗျားသာ ကျုပ်တို့ မှော်သုတေသနဌာနမှာ မှော်လှေတွေကို လေ့လာကူဖို့ ဆန္ဒရှိမယ်ဆိုရင် အရမ်းကောင်းမှာပဲ!”

“ဒါကို ဘေးချိတ်ထားပြီး နောက်မှ ဆွေးနွေးကြတာပေါ့။ အခု အရေးကြီးဆုံးက ရှင့် ခန္ဓာကိုယ် ဘယ်လိုရှိတယ်ဆိုတာ ကြည့်ဖို့ပဲ။” အကြီးအကဲ လီဆန်ယာ က ရှုယီကို သူမရှေ့ယူဆောင်ကာ သူ၏ ရင်ဘတ်ကို ပွတ်သပ်လိုက်ပြီး စိတ်တိုင်းကျစွာ ခေါင်းငြိမ့်သည်၊ “ကြည့်ရတာ အတော်အဆင်ပြေပုံပဲ။ အီလူရှာ ဘယ်လိုခံစားရလဲ?”

“မရှင်းလင်းသေးဘူး။” အကြီးအကဲ အီလူရှာက ခေါင်းခါသည်။ သူမသည်လည်း ရှုယီ၏ ရင်ဘတ်ကို လက်ချောင်းထိပ်ဖျားများရှိ ခရမ်းဖျော့အလင်းဖြင့် ထိလိုက်ပါ၏။

အကြီးအကဲ အီလူရှာ၏ အပြုအမူကိုမြင်သော် အကြီးအကဲ လီဆန်ယာ၏ လက်ချောင်းထိပ်များသည်လည်း ခရမ်းဖျော့အလင်းကို ထုတ်လွှတ်လာသည်။ အကြီးအကဲ အီလူရှာကဲ့သို့၊ မွန်းလွဲပိုင်းကကဲ့သို့ပင် ၎င်းတို့မှာ ရှုယီ၏ ကိုယ်ကို ဂရုတစိုက်ထိတွေ့နေကြတော့သည်။

၎င်းက မွန်းလွဲပိုင်း၌ အကြိမ်များစွာဖြစ်ပျက်ခဲ့သော်လည်း အကြီးအကဲများရှေ့၌ သူသာ ဝတ်လစ်စလစ်ဖြစ်နေခဲ့သဖြင့် ရှုယီမှာ ဤသို့ စူးစမ်းလေ့လာခြင်းကို လက်ခံနိုင်သည်။ ယခုတွင် အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့လည်း ဝတ်လစ်စလစ်ဖြစ်နေရာ ရှုယီမှာ မိမိကိုယ်ကို တည်ငြိမ်မထားနိုင်တော့သလို တုံ့ပြန်မှုများကိုလည်း မထိန်းချုပ်နိုင်တော့ပေ။

သိပ်မကြာလိုက် အကြီးအကဲ လီဆန်ယာက ရှုယီ၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို စူးစမ်းပြီးသွားပြီးနောက် လက်ချောင်းများက ရုတ်တရတ် အောက်ပိုင်းတစ်ဝက်ဆီရောက်လာသည်။ ရှုယီ၏ အောက်ပိုင်းတစ်ဝက်ရှိ အစွန်အဖျား XD ကို မြင်သော် သူမဟာ ရပ်တန့်လိုက်ပြီးနောက် ရုတ်တရတ် လက်ချောင်းကိုသုံး၍ ရှုယီ၏ ညီလေးကို ညွှန်ပြကာ‌ မေးလာသည်၊ “ဥက္ကဌရှု ရှင် တကယ်ပဲ ကျွန်မတို့အပေါ် ဆန္ဒဖြစ်မိတယ်လား?”

ရှုယီထံ၌ အင်မတန် နေရခက်ဟန်အပြုံး ရှိနေသည်၊ “တောင်းပန်ပါတယ်ဗျာ အကြီးအကဲတို့၊ ဒါက လူသားတွေအတွက် ပုံမှန်တုံ့ပြန်မှုပဲ ကျုပ်လည်း မထိန်းချုပ်နိုင်ဘူး။”

“ကျွန်မ ရှင့်ကို မေးနေတာ ဒါမဟုတ်ဘူး၊ ဆိုလိုတာက ရှင်တကယ်ပဲ ကျွန်မတို့အပေါ် ဆန္ဒဖြစ်မိလား? ကျွန်မသာ ရှင့်ကို ကျွန်မတို့နဲ့ မိတ်လိုက်ခွင့်ပြုမယ်ဆိုရင် ဆန္ဒရှိမှာလား?”

“မိတ်လိုက်တယ်?” ရှုယီမှာ အံ့ဩကာ အကြီးအကဲ လီဆန်ယာကို ကြည့်လိုက်သည်။ သူမက အင်မတန်လေးနက်နေကာ ကျီစယ်နေဟန်လည်း မရှိသလို ဖျားယောင်းနေဟန်လည်း မရှိဘဲ သူ့အား စာမေးပွဲမေးခွန်းမေးသလို ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ထို့နောက် အကြီးအကဲ အီလူရှာကိုကြည့်လိုက်ရာ သူမသည်လည်း ဤမေးခွန်းကို ဂရုစိုက်ကြောင်း တွေ့ရလေ၏။

ရှုယီမှာ အနည်းငယ် ရှုပ်ထွေးသွားပြီးနောက် ခံစားချက်များကို တည်ငြိမ်စေလိုက်သည်။ စဉ်းစားပြီးနောက် သူက ခေါင်းငြိမ့်ကာ ပြန်ဖြေပါ၏၊ “ဆန္ဒရှိမှာပါ..... ဘာပဲဖြစ်ဖြစ် ကျုပ်ရဲ့ အမြင်ကနေဆို အကြီးအကဲနှစ်ဦးက အရမ်းကို လှပတဲ့ နတ်သူငယ်အမျိုးသမီးတွေဆိုတော့ ကျုပ်ရဲ့ အနုသုခုမခံစားချက်နဲ့ အင်မတန် ကိုက်ညီပါတယ်။”

ရှုယီ၏ မျက်လုံးများက မနေနိုင်အောင် အကြီးအကဲ နှစ်ဦး၏ ဝတ်လစ်စလစ်ကိုယ်များကို ကူးလူးသွားကာ ခံတွင်းအပြည့် တံတွေးများ ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။

“ဒါပေမယ့် လူသားတွေက တိရိစ္ဆာန်မဟုတ်ဘူး၊ မိတ်လိုက်တဲ့နေရာမှာ တခြားဘက်ကိုလည်း ကြည့်ဖို့ လိုသေးတယ်။ စတေးလ်က ကျုပ်ရဲ့ ဇနီးဆိုတော့ သူမကို တာဝန်ယူဖို့လိုတယ်။ တခြားလူတွေနဲ့ အလွယ်လေး မိတ်လိုက်လို့မဖြစ်ဘူး၊ ဒီလိုဆို စတေးလ်ကို စိတ်ပျက်စေမှာပဲ။”

“ဒါပေမယ့် အက်ဂ်နက်စ်ပြောတာတော့ ရှင်က ရှင့်ရဲ့ အစေခံမလေးနှစ်ယောက်ဖြစ်တဲ့ လဇ်နဲ့ လင်ဒါတို့နဲ့ မိတ်လိုက်ခဲ့တယ်ဆို ဟုတ်လား?” အကြီးအကဲ အီလူရှာက ရုတ်တရတ် မေးသည်။

ရှုယီမှာ အင်မတန် နေရခက်သွား၏၊ “ဒါက..... သူတို့တွေ စတေးလ်ရဲ့ ခွင့်ပြုချက်ရထားတယ်ဆိုတော့..... မတူဘူးလေ.....”

“ကောင်းပြီလေ ဒါကို မစိုးရိမ်နဲ့တော့။ လိုရင်းပြောရရင် ရှင့်အနေနဲ့ နတ်သူငယ်အမျိုးသမီးတွေကို ဆန့်ကျင်မှာမဟုတ်ဘဲ သဘောတူမှာပဲ မဟုတ်လား?” အကြီးအကဲ လီဆန်ယာ က မေးသည်။

“အမှန်ပါပဲ ဒါပေမယ့် အကြီးအကဲ လီဆန်ယာ, ဘာလို့ ဒီလိုမေးရတာလဲ?” ရှုယီက ရှုပ်ထွေးစွာ မေးသည်။

“ဒါက အရမ်းကို အရေးပါတဲ့မေးခွန်းပဲ။” အကြီးအကဲ လီဆန်ယာ ထံ၌ လေးနက်ဟန်ရှိနေသည်၊ “ဥက္ကဌရှု၊ ရှင် နတ်သူငယ်မိန်းကလေးတစ်ဦးကို.....ရှင့်ဇနီးအဖြစ် လက်ခံဖို့ ဆန္ဒရှိလား?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၇၃။ နိုင်ငံရေးအရ ထိမ်းမြားခြင်း

“သူတို့ကို ငြင်းလိုက်တာလား?” စတေးလ်က ရှုယီ ပခုံးပေါ် လက်များတင်လျက် စူးစမ်းလိုစွာ မေးမြန်းလာသည်။

အနှီ ဖြူစွတ်စွတ်နှင့် အားကောင်းသော လက်များမှ စတေးလ်၏ ကျင့်စဉ်ကောင်းနှင့် ထူးကဲစွာ ဖန်တီးထားသည့် လေစွမ်းအားမှော် အနှိပ်စက်ကြောင့် ရှုယီ၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပြေလျော့သွားသဖြင့် မညည်းမိဘဲ မနေနိုင်တော့ချေ။

သက်တောင့်သက်သာနိုင်မှုကြောင့် အကြိမ်ရေအချို့ ညည်းညူလိုက်ပြီးနောက် ဖြေဆိုလိုက်ပါ၏၊ “ငြင်းခဲ့တာပေါ့။ မင်းက ကိုယ့်ကို နတ်သူငယ် ဇနီးတစ်ယောက် ယူစေချင်လို့လား?”

“ဒါက ဘာမကောင်းတာမှ မရှိတာ။” စတေးလ်က အသာပြုံး၍ ဆိုသည် “နတ်သူငယ် မိန်းကလေးတွေက လှပပြီးတော့ လူသားမိန်းကလေးတွေနဲ့စာရင် အများကြီး ပိုအသက်ရှည်တာကြောင့် သူတို့နဲ့ အတူရှိသွားဖို့ အဆင်ပြေတယ်။ အက်ဂ်နက်စ်ကို ဥပမာကြည့်လိုက် သူမက အတော်ကို အဆင်ပြေလွန်းတယ်။ ဟုတ်သားပဲ၊ အကြီးအကဲ အီလူရှာဆီမှာ အက်ဂ်နက်စ်ကို လက်ထပ်ဖို့ ခွင့်တောင်းလိုက်ရင်ရော။ ဘာပဲဖြစ်ဖြစ် အက်ဂ်နက်စ်က အမြဲတမ်း ရှင်နဲ့အတူရှိရတာကို သဘောကျကြောင်းပြောနေတာပဲဆိုတော့ ရှင်သာ သူမကို လက်ထပ်ချင်မယ်ဆိုရင် သူမလည်း မဆန့်ကျင်လောက်ဘူးလို့ ကျွန်မထင်တယ်။ ပြီးတော့ သူမသာဆိုရင် ကျွန်မတို့နဲ့အတူရှိဖို့ အဆင်ပြေတာပဲ‌ဆိုတော့ ဒါမကောင်းဘူးလား?”

“ဘာကောင်းတာလဲ?” ရှုယီက သူမကို မပျော်ရွှင်စွာ ကြည့်လိုက်သည်၊ “ဟာသ မလုပ်နေပါနဲ့၊ ကိုယ်က လူသားလေ ဘယ်လိုလုပ် နတ်သူငယ်မိန်းကလေးတစ်ယောက်ကို လက်ထပ်လို့ရမှာလဲ? ပြီးတော့လည်း မင်းက ကိုယ့်ဇနီးဖြစ်နေပြီးသားကို ဘယ်လိုများ တခြားမိန်းမတစ်ယောက်နဲ့ လက်ထပ်နိုင်မှာလဲ?”

“ကျွန်မအနေနဲ့ ရှင် တခြားလူတွေနဲ့ လက်ထပ်မှာကို မဆန့်ကျင်ပါဘူး။”စတေးလ်က ရှုယီ၏ ပခုံးကိုမှီကာ နားဖျားကိုကပ်၍ ဆိုလိုက်သည်၊ “ဘာပဲဖြစ်ဖြစ် ကျွန်မလည်း အခု အရမ်းအလုပ်များနေတော့ အချိန်အများစုမှာ ရှင်နဲ့ အတူမရှိနေ‌နိုင်ဘူးလေ။ လဇ်နဲ့ လင်ဒါတို့လည်း ရှင့်အတွက် ကိစ္စနည်းနည်းလောက်ပဲ ကူညီနိုင်မှာဆိုတော့ မိန်းမ နည်းနည်းလောက် ထပ်ယူလိုက်တာက သိပ်မဆိုးဘူးမို့လား?”

ရှုယီက စတေးလ်ကို မျက်မှောင်ကုပ်ကြည့်လိုက်သည်၊ “မင်း အတည်ပြောနေတာလား? မမေ့နဲ့ မင်းက အခု ကိုယ့်ရဲ့ တစ်ဦးတည်းသော ဇနီးပဲ။ မင်း တကယ်ပဲ ကိုယ့်ကို မိန်းမနည်းနည်း ထပ်ယူစေချင်မယ်လို့မထင်ဘူး။”

“ဒါပေါ့.... ညာနေတာလေ။” စတေးလ်က ရယ်သည်၊ “ရှင့်ကို ကျွန်မတစ်ယောက်ပဲပိုင်ပြီး ရှင့်စိတ်ထဲမှာလည်း ကျွန်မပဲရှိဖို့ မျှော်လင့်တာပေါ့၊ ဒါပေမယ့် .... ဒီအတွေးက အရမ်းကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်။ ရှင့်ရဲ့ ဂုဏ်ပုဒ်နဲ့ဆို ရှင့်မှာ မိန်းမတစ်ယောက်ပဲရှိရင် ကျွန်မစိတ်က အရမ်း တစ်ကိုယ်ကောင်းဆန်တယ်လို့ ပြောမယ့် လူတွေ အများသားပဲ။ အဘိုးတောင်မှ ရှင့်ရဲ့ မိသားစုမှာ ရှင်တစ်ယောက်ပဲ ရှိတဲ့အကြောင်းပြောတယ်။ ဒီမိသားစုကို ပိုပြီးတိုးတက်လာစေဖို့အတွက် ရှင် မိန်းမနည်းနည်းလောက်ထပ်ယူပြီး ကလေးနည်းနည်းထပ်မွေးသင့်တယ်။”

“ကိုယ့်ကို မြင်းသားဖောက်သလို ဆက်ဆံနေတာလား?” ရှုယီက မျက်မှောင်ကုပ်ကာ ပခုံးပေါ်မှ စတေးလ်၏ လက်ကိုကိုင်၍ ဆွဲခေါ်လိုက်သည်။ သူက သူမအား ရှေ့သို့ ခေါ်ဆွဲလိုက်ကာ မျက်လုံးများထဲ လေးလေးနက်နက် စိုက်ကြည့်လိုက်ပါ၏၊ “တခြားလူတွေ ပြောတာ ဂရုမစိုက်နဲ့။ စတေးလ် ကိုယ့်ကို မင်း တကယ်ပဲ ဒီလိုဖြစ်လာစေချင်လို့လားဆိုတာ ပြောဖို့ပဲလိုတယ်? ရိုးသားစမ်းပါကွာ!”

စတေးလ်က ရှုယီ၏ အကြည့်ကို ရှောင်ကာ ခဏတာ တုံ့ဆိုင်းနေပြီးနောက် သက်ပြင်းအသာချ၍ ဆိုသည်၊ “ဒါပေါ့ တခြားလူတွေနဲ့ ဘယ်မျှဝေချင်ပါ့မလဲ၊ ဒါပေမယ့် အဘိုးပြောတာ မှန်သလို တခြား‌လူတွေ ပြောတာလည်း မှန်တယ်လေ။ ကျွန်မက.....”

“ကိုယ်ပြောပြီးပြီလေ တခြားလူတွေ ဘာစဉ်းစားလဲ မစိုးရိမ်နဲ့လို့။ မင်း ဆန္ဒမရှိသရွေ့ အဆင်ပြေပါတယ်။” ရှုယီမှာ အလေးအနက်ဆိုလိုက်သည်၊ “ကိုယ်က ယောက်ျားတစ်ယောက်ဖြစ်ပြီး မိန်းမလှပေါင်းများစွာ ရှိဖို့ကို စဉ်းစားဖူးပေမယ့်လည်း ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်ဇနီးအတွက် တာဝန်ယူဖို့လိုတယ်လေ။ မင်းက ကိုယ့်ဇနီးဆိုတော့ ကိုယ် မင်းရဲ့အတွေးတွေကို အမြဲဦးစားပေးမှာပါ။ တခြားမိန်းကလေးတွေက အဲ့လောက် အရေးမပါဘူး။ တကယ်တော့ မင်းသာ ကိုယ့်ကို ထပ်တလဲလဲမလုပ်ဘူးဆိုရင် ကိုယ် လဇ်နဲ့ လင်ဒါကို လက်တစ်ချောင်းနဲ့တောင် ထိမှာမဟုတ်ဘူး ဒါကို ယုံလား?”

စတေးလ်က ရှုယီကို ခဏတာ ငေးစိုက်ကြည့်လိုက်ပြီးနောက် မျက်လုံးများက ဝေဝါးလာ၍ တဖြည်းဖြည်း ခေါင်းငြိမ့်လာသည်။

“ယုံပါတယ်။ ရှုယီ ရှင်က အဲ့လိုလူမျိုးပဲ ဒီလောကမှာရှိတဲ့ ယောက်ျားအများစုနဲ့ ခြားနားတယ်။ အီဗီတာနဲ့ အာကာလီတို့ မှန်တယ်၊ ရှင့်ကို တွေ့ဆုံရပြီး ရှင့်ဇနီးဖြစ်လာရတာက တကယ်ကို ကျွန်မရဲ့ ကောင်းချီးလေးပါပဲ။”

“မင်း မှားနေပြီ မင်းကို တွေ့ဆုံခဲ့ရတာဟာ ကိုယ့်အတွက် ကောင်းချီးလေးတစ်ခုပါ။” ရှုယီက စတေးလ်၏ မျက်နှာလေးကို အပြုံးဖြင့် ဆွဲညစ်လိုက်သည်၊ “ဒီတော့ ဟိုဟိုသည်သည်တွေ လျှောက် မစဉ်းစားနေနဲ့၊ ကိုယ်က ကိုယ့်ဇနီးအဖြစ်နဲ့ မင်းကိုရတာကတင် စိတ်ကျေနပ်စရာဖြစ်နေပြီ၊ ဇနီးထပ်ယူဖို့ကို စိတ်မဝင်စားပါဘူး။ အကြီးအကဲ အီလူရှာနဲ့ အကြီးအကဲ လီဆန်ယာ တို့က နိုင်ငံရေးလက်ထပ်ပွဲကိုပဲ တောင်းဆိုခဲ့တာကို မပြောနဲ့ဦး။ ကိုယ် ဒီအပေါ်မှာ လုံးဝစိတ်မဝင်စားတဲ့အပြင် ဆန့်ကျင်တောင် ဆန့်ကျင်နေသေးတယ်။”

ရှုယီထံမှ သုံးသပ်ချက်ကိုကြားသော် စတေးလ်မှာ အံ့ဩလျက် လှုပ်ရှားသွားခြင်းကြောင့် နိုးထလာရသည်။

“ရှင်ပြောတာက.... အကြီးအကဲ အီလူရှာနဲ့ အကြီးအကဲ လီဆန်ယာတို့က ရှင့်ကို နိုင်ငံရေး ကိစ္စကြောင့် နတ်သူငယ်မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်စေချင်တာလား?” စတေးလ်က မျက်မှောင်ကုပ်သည်၊ “ဒါပေမယ့် သူတို့က နတ်သူငယ်တွေလေ ဒါမျိုးလုပ်လေ့ရှိလို့လား?”

“နတ်သူငယ်တွေက မင်းထင်သလို သီးသန့်‌ဖြစ်နေတာချည်းတော့ မဟုတ်ပါဘူး။ သူတို့က ဒီလိုဆိုရင် ကိုယ်နဲ့ ပူးပေါင်းဖို့တောင် ရွေးချယ်ခဲ့မှာ မဟုတ်ဘူး။” ရှုယီက အပြုံးဖြင့် ဆို၏၊ “ပြီးတော့လည်း ဒါက ကိုယ့်ရဲ့ ထင်မြင်ချက်လေးပဲ မဟုတ်ဘူး၊ အကြီးအကဲ အီလူရှာနဲ့ အကြီးအကဲ လီဆန်ယာ တို့က ဒါကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသား။”

“သူတို့ကိုယ်တိုင်က ဒီလက်ထပ်ပွဲကို နိုင်ငံရေးအကြောင်းပြချက် လက်ထပ်ပွဲလို့ ပြောခဲ့တာလား?” စတေးလ်က တအံ့တဩမေး၏။

“ဟုတ်တယ် သူတို့ ဒီလောက် တည့်တိုးဆန်ပေမယ့် အကြီးအကဲနှစ်ဦးက ဒီတောင်းဆိုမှုအတွက် အကြောင်းအရင်းက သူတို့မျိုးနွယ်စုနဲ့ ကိုယ့်အကြားက ဆက်ဆံရေးကို ခိုင်မာစေချင်တာကြောင့်လို့ပြောတယ်။ ကိုယ်သာ သူတို့ မျိုးနွယ်စုက မိန်းကလေးတွေနဲ့ မျိုးဆက်တွေ ရနိုင်ရင် အကောင်းဆုံးပေါ့၊ ဒီနည်းနဲ့ နတ်သူငယ်မျိုးနွယ်နှစ်ခုကို လူ့အသိုင်းအဝိုင်းထဲ ဝင်လာစေဖို့ ခွင့်ပြုနိုင်တယ်လေ။”

“ကြည့်ရတာ နည်းနည်း မှားနေသလိုပဲ။” စတေးလ်က အနည်းငယ် ရှုပ်ထွေးသွားသည်၊ “နတ်သူငယ်တွေက လူသားတွေကို အမြဲ အထင်သေးနေတာမဟုတ်ဘူးလား? လူသားတွေနဲ့စာရင် နတ်သူငယ်မျိုး‌နွယ်စုတွေမှာ နေဖို့ နတ်သူငယ် တစ်ပိုင်းတွေအတွက် ပိုခက်မယ် မဟုတ်လား? ဘာလို့ အကြီးအကဲနှစ်ယောက်က ဒီလိုတောင်းဆိုလာတာလဲ?”

“ပြောင်းလဲမှု သင်္ကေတတစ်ခု လုပ်ချင်တာကြောင့်လေ။ အကြီးအကဲ နှစ်ယောက်က ပြောတယ်၊ သူတို့သာ နတ်သူငယ်မျိုးနွယ်စုဝင်တွေကို လူ့အသိုင်းအဝိုင်းထဲ ဝင်ဆန့်စေချင်ပြီး နယ်မြေကြီးပေါ်မှာ ရှင်သန်နိုင်စေချင်ရင် ခြေတစ်လှမ်းတိုးဖို့ လိုတယ်တဲ့။ နတ်သူငယ်မျိုးနွယ်စု နှစ်စုက တခြားလူတွေကို လက်ခံမှာမဟုတ်တော့ ကိုယ်ကသာ မျိုးနွယ်စုနှစ်ခုစလုံးကနေ အသိအမှတ်ပြုခံထားရတဲ့လူဖြစ်တာကြောင့် အသင့်တော်ဆုံးဖြစ်နေတာပဲ။” ရှုယီက ရှင်းပြ၏။

“ဒီလိုလား?” စတေးလ်က မျက်မှောင်ကုပ်ကာ စဉ်းစားနေပြီးနောက် ခေါင်းငြိမ့်သည်၊ “ဒီအတွေးက နိုင်ငံရေးအကြောင်းပြချက်နဲ့ ပြည့်နေတယ်လို့ ရှင်ထင်တာ မဆန်းပါဘူး၊ သူတို့က ခံစားချက်တွေကို လုံးဝဂရုမစိုက်ဘူးပဲ။ ကျွန်မအထင် .... ရှင်သဘောတူသရွေ့ သူတို့ မျိုးနွယ်စုဆီကနေ နတ်သူငယ်မိန်းမလှလေးနှစ်ယောက်ကို ဒီတိုင်း ရွေးလိုက်လောက်တယ်။ ဘယ်လိုလဲ ရှုယီ ရှင် စိတ်လှုပ်ရှားလား?”

“ကျစ် ကိုယ် ဒီ၂နှစ်အတွင်းမှာ နတ်သူငယ် မိန်းမလှတွေကို မြင်ခဲ့ဖူးတာပဲ မဟုတ်လား? အက်ဂ်နက်စ်ကို ခဏခဏ တွေ့ရတာကိုမပြောနဲ့ဦး။ မနေ့ကတောင်....”

ရှုယီမှာ ရုတ်တရတ် ငြိမ်ကျသွားသည်။

သူဟာ စတေးလ်အား မည်သည်ကိုမှ မထိမ်ချန်ထားပါလျှင်တောင် သူမထံသို့ အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့မှာ ယမန်နေ့က သူ၏ ရှေ့မှောက်၌ ဝတ်လစ်စလစ် ဖြစ်နေခဲ့ကြကြောင်းကို ပြောရန် ရှက်ရွံ့‌မိလေသည်။

သိူ့သော် ဤအိမ်တော်၏ သခင်မအနေနှင့် စတေးလ်မှာ ယမန်နေ့က ထိုသို့သော ကိစ္စမျိုး မဖြစ်ဟု မသိဘဲ ဘယ်နေလိမ့်မည်နည်း? ရှုယီ ရုတ်တရတ် ရပ်တန့်သွားသည်ကိုမြင်သော် သူမလည်း သူပြောလိုသည့်အရာကို နားလည်လိုက်ကာ တိတ်တဆိတ် ရယ်မိပါ၏။

“ဘာလဲ? ရှုယီ? ရှင်က သာမန် နတ်သူငယ်မိန်းကလေးတွေကို အထင်သေးပြီး အကြီးအကဲ နှစ်ယောက်ကို သဘောကျနေလို့လား?”

စတေးလ်ပြုံးနေသည်ကိုမြင်သော် ရှုယီလည်း သူမ၏ တင်ပါးကို စိတ်တိုစွာ ရိုက်ကာ ခပ်တိုးတိုး ငေါက်လိုက်လေသည်၊ “ဘာ အဓိပ္ပာယ်မရှိတာလဲ! ဟုတ်ပြီ ဒီအကြောင်း ဆက်မပြောတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်မှ သဘောမတူတာ၊ ဒီတော့ မင်းလည်း တောင်တောင်အီအီ လျှောက်တွေးဖို့ မလိုဘူး နားလည်လား?”

စတေးလ်က ရှုယီ ရိုက်လိုက်သဖြင့် သူမ၏ ထုံသွားသော တင်ပါးကို ပွတ်ပြီးနောက် အပြုံးဖြင့် ပြောလိုက်သည်၊ “အကြီးအကဲ နှစ်ယောက် မပြန်ခင်က ရှင့်ကို ကြည့်သွားတဲ့ ပုံကို ကျွန်မမြင်လိုက်တယ်၊ သူတို့ လွယ်လွယ်နဲ့ လက်မလျှော့မှာပဲ စိုးတယ်။ နတ်သူငယ်တွေက ခေါင်းမာတဲ့နေရာမှာ နာမည်ကြီးတယ်လေ။ အကြီးအကဲ နှစ်ယောက်က ဆုံးဖြတ်လိုက်မှတော့ အရေးပါတာကြောင့် သေချာပေါက် ဒီရည်မှန်းချက်ကို ရအောင် ဘာမဆိုလုပ်မှာပဲ။”

ရှုယီက အေးစက်စက်နှာမှုတ်သည်၊ “ကိုယ် သဘောတူမှာ မဟုတ်ဘူး၊ သူတို့က ကိုယ့်ကို တွန်းအားပေးနိုင်မှာလား? ကိုယ့်ကို မတော်မတရားကျင့်ဖို့ နတ်သူငယ်မိန်းကလေးတွေကို ပို့လိုက်မှာတော့ မဟုတ်ဘူးမလား?”

စတေးလ်က ရယ်၏၊ “ဒါတော့ မသေချာဘူး။”

ရှုယီက သူမကိုကြည့်ကာ စဉ်းစားပြီးနောက် ထရပ်၍ အဝတ်ဝတ်ပြီး တံခါးဆီ လျှောက်သွားလိုက်သည်။

“ရှင် ဘယ်သွားမလို့လဲ အခု? ဒီအချိန်မှာ အနားမယူတော့ဘူးလား?” စတေးလ်က တအံ့‌တဩမေးလေသည်။

“ရုတ်တရတ် တစ်ခုခု စဉ်းစားမိလို့ပါ။” ရှုယီက လက်ယမ်းပြသည်၊ “တစ်ခုခုလိုတာရှိရင် ကိုယ့်ကိုဆက်သွယ်ဖို့ မှော်ဆက်သွယ်ရေးကိရိယာကို သုံးလိုက်နော်။”

ရှုယီလည်း ထိုသို့ပြောပြီးနောက် အိမ်တော်မှ ထွက်ခွာသွားသည်။ သူက မှော်ဆလွန်းထဲဝင်ကာ ဤမြေပိုင်နက်ထက် အသစ်တည်ဆောက်ထားသော Frestech ကုန်သည်ကြီးများအသင်း စီမံအုပ်ချုပ်ရေးဌာနသို့ မောင်းသွားလိုက်၏။

ရှုယီမှာ ခမ်နက်ဒ်ကို တိုက်ရိုက်ရှာကာ လက်ရှိ Frestech ကုန်သည်ကြီးများအသင်းနှင့် နတ်သူငယ်များအကြား ပူးပေါင်းမှုအားလုံးကို စာရင်းပြုစုခိုင်းလိုက်သည်။

“ဥက္ကဌ ကြည့်ပါဦး။ ကျွန်တော်တို့ လုပ်ငန်းစုက လက်ရှိမှာ ညတေးသံမျိုးနွယ်စုနဲ့ ပူးပေါင်းမှုအပေါ် အာရုံစိုက်ထားတယ်။ ဒီထဲမှာမှ ညတေးသံမျိုးနွယ်စု လည်ပတ်ပြီး နည်းပညာအထောက်အပံ့ပေးတဲ့ ပလက်စတစ်စက်ရုံရှိပေမယ့် တည်ဆောက်ဖို့ ကျွန်တော်တို့တွေ ရံပုံငွေလည်း ရင်းနှီးမြှုပ်နှံထားတဲ့ အရောင်းချန်နယ်တွေကနေ အထောက်အပံ့ကို ရယူနေတယ်။ ဒါ့အပြင် ကျွန်တော်တို့ လုပ်ငန်းစုရဲ့ တခြားစက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ ညတေးသံမျိုးနွယ်စု နတ်သူငယ်တွေကလည်း ပူးပေါင်းမှု တစ်စိတ်တစ်ပိုင်းပါပဲ။”

“လရိပ်‌မျိုးနွယ်စုကရော?” ရှုယီ မေးလေသည်။

“လရိပ်မျိုးနွယ်စုနဲ့က ပူးပေါင်းမှု ပိုနည်းပါတယ်၊ အဓိကတစ်ခုက မြေဩဇာစက်ရုံပဲ။ ဒါပေမယ့် မြေဩဇာစက်ရုံကို တည်ထောင်လာတာ ၂နှစ်ကျော်ပြီဆိုတော့ ဒီပူးပေါင်းမှုမှာ ပါဝင်နေတဲ့ ပမာဏနဲ့ ယှဉ်ရင် ညတေးသံမျိုးနွယ်စုက ပူးပေါင်းမှုထက်တောင် မနည်းပါဘူး။”

“ဒါဆို ဒီနတ်သူငယ် မျိုးနွယ်စု နှစ်ခုနဲ့ ပူးပေါင်းမှုထဲမှာ ပါဝင်နေတဲ့ ပမာဏ အတိအကျတစ်ခုကို ပြောလို့ရမလား?” ရှုယီက မေးလေသည်။

ခမ်နက်ဒ် အသာမျက်မှောင်ကုပ်လေ၏၊ “ဒီအတွက် စာရင်းအတိအကျမရှိပေမယ့် အရင်လရဲ့ ဘဏ္ဍာရေးအစီရင်ခံစာအရဆိုရင် ဒီမျိုးနွယ်နှစ်ခုနဲ့ သက်ဆိုင်နေတဲ့ စီမံကိန်းပမာဏက ရွှေဒင်္ဂါးငါးသိန်းဝန်းကျင်လောက် ဖြစ်နိုင်တယ်။ ကျွန်တော်တို့ လုပ်ငန်းစုက ဒီစီမံကိန်းတွေကနေ ရွှေဒင်္ဂါးတစ်သိန်းပတ်လည် အမြတ်ရမှာပါ။”

“ဒါဆို ညတေးသံမျိုးနွယ်စုနဲ့ လရိပ်မျိုးနွယ်စု‌တို့တွေလည်း ရွှေဒင်္ဂါးတစ်သိန်း ဝန်းကျင် အမြတ်ရမှာလား?”

“သူတို့နဲ့ ချုပ်ထားတဲ့ စာချုပ်အရဆိုရင် ကျွန်တော်တို့ထက် နည်းနည်းပိုများမှာပါ။ တစ်သိန်းခွဲကနေ နှစ်သိန်းလောက်အထိ ဖြစ်နိုင်တယ်။”

ထိုအဖြေကိုကြားသော် ရှုယီ၏ အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။

ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ တစ်လလျှင် ရွှေဒင်္ဂါးနှစ်သိန်းနီးပါး အမြတ်ရနေသည်။ ဤသည်ကတင် အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့အား နတ်သူငယ်မျိုးနွယ်၏ အကန့်အသတ်များကို ဘေးဖယ်ထားရန် လုံလောက်နေပေ၏။ ၎င်းတို့မှာ ရှုယီအား မှော်စွမ်းအား တိုးတက်ရန် ကူညီခဲ့ရုံသာမက နတ်သူငယ်မိန်းကလေးများနှင့်ပင် လက်ထပ်စေချင်နေသည်။

ကြည့်ရသည်မှာ နတ်သူငယ်များက ဒဏ္ဍာရီ၌ ဆိုထားသကဲ့သို့ တကယ်ကြီး ထိုမျှ ဘဝင်မမြင့်လောက်ပေ။

နတ်သူငယ်မျိုးနွယ်စုနှစ်စုသာ ထို့ထက်ပို အမြတ်ရလျှင် ၎င်းတို့မှာ သူ့အတွက် သေ‌သည်အထိ အလုပ်ပင် လုပ်ပေးမည်လားပင် မသိနိုင်တော့?

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၇၄။ ဘာနဲ့ပေးမှာလဲ?

ရှုယီထံမှ အငြင်းခံခဲ့ရပြီးနောက် အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာ ထိုကိစ္စကို ကျန်သည့်အချိန်များ၌ ဆက်မပြောတော့သော်လည်း ရှုယီ၏ လေ့ကျင့်မှုကို နတ်သူငယ်တို့၏ ထူးကဲကျင့်စဉ်နည်းလမ်းဖြင့် ကူညီရာ၌ အာရုံစိုက်ထားကြသည်။

လေ့ကျင့်ရာ၌ တစ်လလောက် အာရုံစိုက်ထားခဲ့ပြီးနောက် ရှုယီမှာ အခြားလူသားမှော်ပညာရှင်များထံမှ ထူးကဲကျင့်စဉ်နည်းလမ်းတစ်ခုကို ဖမ်းဆုပ်နိုင်သွားသည်။

နတ်သူငယ်များသည် လူသားများကို မှော်ပညာ သင်ကြားပေးသူများဖြစ်၏။ နတ်သူငယ်များအနေနှင့် နှစ်ထောင်ချီကျော် အားနည်းနေခဲ့သော်လည်း ၎င်းတို့၏ မှော်ပညာ လေ့လာမှုက လူသားများနှင့်ယှဉ်လျှင် များစွာ ပိုမို အဆင့်မြင့်ပါ၏။ နှစ်သောင်းချီကြာ စုဆောင်းမှုများကို ထည့်ပေါင်းလိုက်သော် ၎င်းက နတ်သူငယ်များအား မှော်ပညာအရာ၌ ထူး‌ချွန်သည့် အပိုင်းများ ရှိနေစေသည်။

၎င်းကျင့်စဉ်နည်းလမ်းမှာလည်း ထိုအထဲမှ တစ်ခုဖြစ်၏။

နတ်သူငယ်များ၏ နည်းလမ်းကို ဖမ်းဆုပ်ပြီးနောက် ရှုယီလည်း ၎င်းကို စမ်းသပ်လိုက်ရာ ယခင်က သူ၏ ကျင့်စဉ်နည်းလမ်းနှင့်စာလျှင် မှော်စွမ်းအား ပြန်လည်ရရှိခြင်းနှင့် တိုးများလာခြင်းတို့နောက် ရှင်းရှင်းလင်းလင်း ကွာခြားချက် တစ်ခု ရှိနေသည်ကို တွေ့ရလေသည်။

၎င်းမှာ အကြီးအကဲ နှစ်ဦးအား မှော်လှည့်ပတ်ခြင်းကို လိုက်လျောညီထွေဖြစ်စေရန် သူ၏ ခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ သန့်စင်ပေးစေဖို့ လိုအပ်ပါသော်လည်း ကျင့်စဉ်နည်းလမ်း၏ အားသာချက်များကို သံသယဝင်ဖို့ရန်ပင် မလိုပေ။

ယခင်က သူ၏ အမြန်နှုန်းအရ ရှုယီသာ တည်ငြိမ်သည့် နှုန်းထားတစ်ခုဖြင့် သူ၏ မှော်စွမ်းအားကို ဆက်လက် တိုးတက်စေပါလျှင် အသက်လေးဆယ်၌ အာကာပြင်မှော်စွမ်းအားကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး မဟာမှော်ပညာရှင်တစ်ဦး အမှန်တကယ် ဖြစ်လာလိမ့်မည်။

သို့သော် ဤကျင့်စဉ်နည်းလမ်းနှင့်အတူ ရှုယီ၏ မှော်စွမ်းအားမှာ များစွာ တိုးမြင့်လာပြီး အနည်းဆုံး အချိန်တစ်ဝက်သက်သာစေမည်ပင်။

အကောင်းမြင်ရသော် ရှုယီမှာ အသက်သုံးဆယ့်ငါးမပြည့်ခင်၌ မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာနိုင်သည်။

မှော်သုတေသနမှာမူ ရှုယီ၏ နားလည်မှုအပေါ် မှီခိုနေ၏။

သို့သော် ထိုပြဿနာက ရှုယီကို ခေါင်းအကိုက်‌စေဆုံးဖြစ်ပြီး မဟာမှော်ပညာရှင် ကမ်မီလာနှင့် အကြီးအကဲ နှစ်ဦးတို့ပါ ကူရာမဲ့နေသည့်အရာပင်။

ရှုယီသည် Frestech ကုန်သည်ကြီးများအသင်းနှင့် မှော်စက်မှုနယ်ပယ် ဖွံ့ဖြိုးရေးကို အမြဲ အရေးထားလေရာ သူ၏ မှော်ပညာအပေါ် စိတ်ဝင်စားမှုက အမြဲ ဒုတိယသာ ဖြစ်ခဲ့သည်။

ထို့ကြောင့် သူဟာ အခြားမှော်ပညာရှင်များကဲ့သို့ မှော်ပညာကို လေ့လာရာ၌ အားအကုန် စိုက်ထုတ်မည်မဟုတ်လေရာ မြန်နိုင်‌သလောက် မြန်မြန် မတိုးတက်ခဲ့ပေ။

တစ်ခုတည်းသော သက်သာရာမှာ ရှုယီက ထူးချွန် ပါရမီရှင်ဖြစ်ပြီး မှော်ပညာကို သာမန်မှော်ပညာရှင်တစ်ဦးထက်ပိုကောင်းကောင်း နားလည်နေ၏။

ပုံမှန် အားဖြင့် ဆိုရသော် သူ၏ မှော်စွမ်းအားကို ထိန်းထားနိုင်သရွေ့ သူ နားမလည်သည့် မှော်ပညာဟူ၍ မရှိချေ။

ထို့ကြောင့် အဆုံးတွင် သူ တကယ်ကို မဟာမှော်ပညာရှင်အဆင့်ထဲသို့ မဝင်ရောက်နိုင်ခင်တွင် သူ၏ မှော်စွမ်းအားမှာ မဟာမှော်ပညာရှင်တစ်ဦးအဆင့်သို့ ရောက်ရှိဖို့လို၏။

မှော်စွမ်းအားကို စုဆောင်းရာ၌ မည်သို့သော ဖြတ်လမ်းမှ မရှိပေ။ ရှုယီထံ၌ နတ်သူငယ်များ၏ ထူးကဲကျင့်စဉ်နည်းလမ်းရှိကာ သူ၏မှော်ပညာက နေ့စဉ်နေ့တိုင်း များစွာ တိုးတက်လာပါလျှင်တောင် နေ့စဉ် ကျင့်ကြံနေဖို့ လိုကာ အနည်းငယ်စီ စုဆောင်း‌၍ ထိုနေ့ရောက်လာဖို့ စောင့်ဆိုင်းရမည်ဖြစ်သည်။

မဟာမှော်ပညာရှင်ကမ်မီလာဖြစ်စေ အကြီးအကဲ နှစ်ဦးဖြစ်စေ ၎င်းနှင့် ပတ်သက်လာပါက မည်သည်ကိုမှ မလုပ်နိုင်ပေ။ ထို့ကြောင့် ရှုယီမှာ နတ်သူငယ်များ၏ ကျင့်စဉ်နည်းလမ်းကို နားလည်သွားချိန်တွင် အကြီးအကဲ နှစ်ဦးမှာ ၎င်းတို့၏ မျိုးနွယ်စုအသီးသီးသို့ ပြန်သွားကြ၏။

၎င်းတို့ မထွက်သွားခင်တွင် ၎င်းတို့မှာ ရှုယီထံ လက်ထပ်ပွဲကိစ္စအကြောင်းကို ထပ်မံမပြောခဲ့ကြသည်က ရှုယီအား ၎င်းတို့မှာ ထိုအတွေးကို လက်လျှော့လိုက်ပြီဟု စဉ်းစားမိစေသည်။

သူ၏ မှော်ပညာကို တိုးတက်စေရန် ရှုယီမှာ နှစ်လကျော်ကြာ နှောင့်နှေးနေခဲ့ရသည်။ အကြီးအကဲနှစ်ဦး ထွက်ခွာသွားချိန်တွင် သူဟာ မှော်ပညာကို အရူးအမူးလေ့လာခြင်းမှ ပုံမှန်ပြန်ဖြစ်သွားပြီး လုပ်စရာကိစ္စများ တစ်သီတစ်တန်းရှိနေကြောင်း တွေ့လိုက်ရလေ၏။

ဩဂုတ်လအလယ်တွင် ရာသီဥတု အပူအိုက်ဆုံးဖြစ်လာချိန်၌ ရှုယီမှာ ဆန်နက်မြေရိုင်းရှိ ထုတ်လုပ်ရေးအခြေစိုက်ဌာနတွင် ပေါ်လာသည်။

တကယ်တမ်းတွင် ဤနေရာအား ထုတ်လုပ်ရေးအခြေစိုက်ဌာနဟု ခေါ်ဖို့က မတိမကျဖြစ်နေသည်၊ အကြောင်းမှာ Frestech ကုန်သည်ကြီးများအသင်း လမ်ပူရီတိုင်းပြည်မှ ထွက်ခွာလာခဲ့ပြှးနောက် ဘန်တာမြို့ လုပ်ငန်းစုအားလုံး ၎င်းတို့နောက် လိုက်လာခဲ့ကြရာ စတုရန်း နှစ်ဆယ်ကီလိုမီတာ အောက်သာ ရှိခဲ့သည့် ဤထုတ်လုပ်ရေးအခြေစိုက်ဌာနက ဆယ်ဆကျော်ကျော် အရွယ်အစားတိုးလာခဲ့တော့သည်။

ယခုတွင် စက်ရုံ အကြီးအသေးမျိုးစုံ ပါရှိသည့် စက်မှုနယ်‌မြေတစ်ခုရှိနေသလို အမ်ရစ်ကုန်သည်ကြီးများအသင်း တည်ဆောက်ထားသည့် လူနေဧရိယာတစ်ခု ရှိကာ ဆိုင်ခန်းပေါင်းမျိုးစုံ ဝိုင်းရံနေသည့် ဈေးဝယ်ဧရိယာတစ်ခုလည်း ရှိသည်။

ထို့နောက် လုပ်ငန်းစုမျိုးစုံ အစောင့်တို့နှင့် အခြားစီမံခန့်ခွဲရေးဌာနများ၏ လေ့ကျင့်ရေးစခန်းမျိုးစုံ အားလုံးတို့ကြောင့် ဤနယ်မြေမှာ စတုရန်း တစ်ဆယ်ကီလိုမီတာကျော် နေရာယူထားကာ လမ်ပူရီတိုင်းပြည်ရှိ အလတ်ဆိုဒ် မြို့တစ်မြို့နှင့် ညီမျှလေသည်။

ဤနေရာ၌ စက်ရုံများစွာနှင့် လူဦးရေပမာဏကြီးတစ်ခု စုစည်းထားသည့် လုပ်ငန်းစု အစုံအလင် ရှိနေသောကြောင့် ဤနေရာ၏ ကြွယ်ဝမှုမှာ ယခင် ဘန်တာမြို့နှင့်ပင် ယှဉ်နိုင်လောက်သည်။

အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ခရုစ်သည် ဤနေရာ၌ မြို့သစ်တစ်မြို့ဆောက်တည်ကာ ၎င်း၏ ဘေးပတ်လည်၌ မြို့တံတိုင်းတစ်ခု တည်ဆောက်ဖို့ရာ အဆိုပြုခဲ့ပါ၏။ ၎င်းတို့အနေနှင့် မြို့ပတ်လည်တွင် အကာအရံများ ဖန်တီးမည်ဖြစ်ဂာ ၎င်းက မျက်ကန်း သားရဲလူမျိုးများ၏ နှောင့်ယှက်ထိပါးမှုကို တားဆီးရန် ကူညီနိုင်မည်ပင်။

သို့သော် ရှုယီက ၎င်းအဆိုပြုချက်ကို ငြင်းဆန်ခဲ့ပါ၏။

၎င်းအတွက် အဓိကအကြောင်းအရင်းမှာ ၎င်းက လုပ်ငန်းစုမျိုးစုံတို့ ဆောက်တည်ထားသည့် စီးပွားရေးနယ်မြေဖြစ်သောကြောင့် မြို့တစ်မြို့အတွက် အုတ်မြစ်ဖြစ်လာဖို့ရာ မရည်ရွယ်ထားပေ။

နေရာ၌ ခေါင်းဆောင်မရှိဘဲ လုပ်ငန်းအများစုက ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို နားထောင်ကြပါလျှင်တောင် အားလုံးကို ဤနေရာ၌ စုစည်းဖို့က ခက်ခဲပါ၏။

နောက်ပြီး ရှုယီမှာ ဤနေရာအား ရိုးရာမြို့တစ်မြို့ မဖြစ်လာစေချင်ပေ။ သူဟာ ဤနေရာ၌ လွတ်လပ်သောကုန်သွယ်ရေးစင်တာအဖြစ် ဖန်တီးချင်ကာ ၎င်းက စိုင်စ်နယ်မြေကြီးအတွက် မှော်စက်မှုနယ်ပယ်အချက်အချာ ဖြစ်လာလိမ့်မည်။

ရှုယီထံ၌ ရည်မှန်းချက်ရှိကာ Frestech ကုန်သည်ကြီးများအသင်းထံ၌ အင်အားရှိသည်။ ထို့ကြောင့် အစကတည်းက ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ လူတိုင်းနှင့်အတူ ဤအကြံကို ဝေမျှထားပြီးဖြစ်သည်။

ဤနေရာမှာ စီးပွားရေးမြို့တစ်ခု လွတ်လပ်သော မြို့တစ်ခု ဖြစ်လာမည်ပင်။

၎င်းက ရိုးရာမြို့တစ်မြို့ မဖြစ်နိုင်ပါလျှင်တောင် မြို့နာမည်တစ်ခုတော့ ယူလို့ရပါ၏။

ထို့ကြောင့် ၎င်းတို့လည်း ပျင်းပျင်းရှိလှရာ ဤနေရာကို ဆန်နက်‌မြို့ဟုသာ ခေါ်ကြသည်။

ဆန်နက်မြို့၌ မည်သည့် မြို့စားအိမ်တော်မှမရှိသလို မည်သည့်မြို့စောင့်မှလည်း မရှိချေ။ ကိစ္စအကြီးအသေး အားလုံးကို ဆန်နက်မြို့ရှိ လုပ်ငန်းစုများ ဖွဲ့စည်းထားသော စီးပွားရေးသမဂ္ဂက ဆုံးဖြတ်ရသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ အမြဲတမ်း အဖွဲ့အဝင်များအနက် တစ်ခုဖြစ်ရာ ရှုယီက ဥက္ကဌအနေနှင့် စီးပွားရေးသမဂ္ဂတွင် မြင့်မားသည့် နေရာ၌ ရှိ၏။ သူ့ထံ၌ ဆန်နက်မြို့တွင် အားကောင်းသော လွှမ်းမိုးမှုရှိပေသည်။

စစ်သည် သုံးသောင်းကျော်ကို ထိန်းချုပ်ရသည့် လမ်ပူရီတိုင်းပြည် အနောက်ဘက်စစ်တပ်၏ တပ်မှူး ဗာရီယန် လန်းတစ်မှာ ရှုယီကို မြင်တွေ့ချိန်၌ တရိုတသေရှိလှသည်။ သူဟာ ပုံမှန် အခြားကုန်သည်များနှင့် တွေ့ဆုံချိန်များကဲ့သို့ တသီးတသန့်ကြီး လုပ်မနေပေ။

“ဥက္ကဌရှု ကျုပ် စောင့်လာတာ အခုဆို တစ်လကျော်နေပြီ၊ ဒါပေမယ့် ဒီနေ့ ခင်ဗျားပေါ်လာမယ်လို့ မထင်ခဲ့မိဘူး။” ဗာရီယန် လန်းတစ်က ညည်းညူလိုဟန်ဖြင့် ဆို၏။

ရှုယီက ရယ်မောကာ၊ “အားနာပါတယ် တပ်မှူး လန်းတစ် ဒီတလော ကျုပ် အရေးကြီးကိစ္စတစ်ခုနဲ့ အလုပ်များနေခဲ့လို့ ထွက်မလာနိုင်ဖြစ်နေတာ။ ဒါပေမယ့် ခမ်နက်ဒ်ပြောတာတော့ ခင်ဗျား သူနဲ့ပြောတုန်းက ဝမ်းသာနေတယ်ဆိုတာကြောင့် ကျုပ်လည်း အဲ့လောက် စိုးရိမ်မနေတော့တာ။”

“ဒါပေါ့ ဒါပေါ့” တပ်မှူး လန်းတစ်မှာ ခေါင်းငြိမ့်လေသည်၊ “ကျုပ်ကသာ ဥက္ကဌရှုကို ဖိတ်လိုက်တဲ့လူဆိုတော့ စိုးရိမ်နေရမှာက ကျုပ်ပဲ ဖြစ်သင့်တာပါ။”

ရှုယီက အပြုံးဖြင့် ခေါင်းခါသည်၊ “တပ်မှူးရဲ့ စကားတွေက အရမ်းကို ပြင်းထန်နေပါပြီ။ ခင်ဗျားရဲ့ တောင်းဆိုမှုကို ခမ်နက်ဒ်က အသေးစိတ်ရှင်းပြထားပြီး အသေးစိတ်ပြောတာက အတော်တော့များတယ်။ ဒါက ပုံမှန် အပေးအ‌ယူတစ်ခုဖြစ်တာကြောင့် အခြေခံသဘောတရားအရ ကျုပ် မဆန့်ကျင်ပါဘူး။ ခင်ဗျားသာ ကျုပ်တို့လုပ်ငန်းစုရဲ့ စစ်ဘက်သုံးမှော်စက်တွေကို ဝယ်ယူချင်ရင် သဘောတူမှာဖြစ်ပြီး ရောင်းလည်းရောင်းချင်ပါတယ်၊ ဒါက ပုံမှန်ပဲလေ ဒါပေမယ့်....”.

တပ်မှူး လန်းတစ်သည်လည်း မည်သည်ကိုမှမဆိုဘဲ ရှုယီကို ကြည့်ကာ ဆက်ပြောမည်ကို စောင့်ဆိုင်းနေပါ၏။

တပ်မှူး လန်းတစ်က အစပျိုးကာ မပြောလာသည်ကိုမြင်သော် ရှုယီလည်း ချောင်းဟန့်ကာ ဆက်ပြောပါ၏၊ “ဒါပေမယ့် တပ်မှူး လမ်ပူရီတိုင်းပြည်ရဲ့ တော်ဝင်စစ်တပ်က ဝင်မစွက်ဖက်မှာ သေချာရဲ့လားဗျ? တပ်မှူး ကျုပ်က တော်ဝင်စစ်တပ်နဲ့ သဘောတူညီမှုတချို့ ရှိခဲ့ဖူးတာကို ခင်ဗျားသိလောက်မှာပါ ဒီတော့ ကျုပ်က တော်ဝင်စစ်တပ်ရဲ့ တားမြစ်ချက်တွေကို ရှင်းရှင်းလင်းလင်းသိထားတယ်။”

တပ်မှူး လန်းတစ်က တစ်ချက်ပြုံး၏၊ “ခမ်နက်ဒ်က ဒီပြဿာနာကို အကြိမ်များစွာ ပြောပြီးပြီ၊ ကျုပ်လည်း သူ့ကို စိတ်မပူဖို့ အမြဲပြောထားတယ်။ အခု ဥက္ကဌရှုကပါ ထပ်မေးလာတော့ ကျုပ်မှာလည်း တူညီတဲ့ အဖြေပဲ ရှိပါတယ်။ ဥက္ကဌရှု ခင်ဗျား ဒီကိစ္စကို စိတ်ပူဖို့ မလိုပါဘူး။ စစ်ဌာနချုပ်က သေချာပေါက် ဒီအပေးအယူမှာ ဝင်မပါတာကို ကျုပ်ရဲ့ နာမည်နဲ့ အာမခံနိုင်ပါတယ်။”

“ကောင်းပါပြီ၊ တပ်မှူးက သဘောတူညီမှုအဖြစ် နာမည်ကို သုံးနေမှတော့ ကျုပ်လည်း ယုံကြည်ပါတယ်။” ရှုယီက ခေါင်းတချက်ငြိမ့်ပြ၏၊ “ဒါဆို နောက်မေးခွန်းမေးရတာပေါ့။ တပ်မှူး ကျုပ်နည်းနည်း ပွင့်လင်းရမယ်ဆိုရင် ခင်ဗျားတို့ အနောက်ဘက်စစ်တပ်က ငွေများများစားစား မထုတ်နိုင်တာ သေချာတယ်။ ဒါ‌ဆို ကျုပ်တို့ လုပ်ငန်းစုဆီကနေ စစ်ဘက်သုံးမှော်စက်တွေ ဝယ်ယူဖို့ လိုအပ်တဲ့ ရွှေဒင်္ဂါးကို ဘယ်လို ပေးဖို့ စီစဉ်ထားလဲ?”

တပ်မှူး လန်းတစ်က ရှုယီ ထိုသို့မေးလာမည်ကို မျှော်မှန်းထားပြီးဖြစ်သည်မှာ ရှင်းပါ၏။ သူက ထိုမေးခွန်းကို ကြားပြီး‌နောက် တစ်ချက်ပြုံးရုံသာပြုံးကာ ရှုယီကို လက်ယမ်းပြ၍ ဘေးအခန်းဆီ ဦးဆောင် ခေါ်သွားလေသည်။

ဤအခန်းမှာ အင်မတန်ရိုးရှင်းပါသော်လည်း နံရံ၌ နံရံတစ်ခုလုံးကို ယူထားသော မြေပုံကြီးတစ်ခုကို ချိတ်ဆွဲထားပါ၏။

တပ်မှူး လန်းတစ်က မြေပုံဆီလျှောက်သွားကာ သစ်သားတုတ်တစ်ချောင်းကောက်ယူ၍ မြေပုံကို ညွှန်ပြလေသည်။

“ဥက္ကဌရှု ဒီမှာ ဘာကို မှတ်ထားသလဲ မြင်ရဲ့လား? ဒါက သံသတ္တုတွင်းပါ။” တပ်မှူး လန်းတစ်က ဆိုသည်။

ရှုယီက သစ်သားတုတ်ဖြင့် ညွှန်ပြနေသော မြေပုံပေါ်ရှိ အနီစက်လေးကိုကြည့်ကာ ခေါင်းတချက်ငြိမ့်ပြ၏။

တပ်မှူး လန်းတစ်က တုတ်ကို နောက်အနီစက်ထံ ရွှေ့လိုက်လေသည်။

“ဒီက အမှတ်ကိုရော မြင်ရဲ့လား? ဒါကလည်း နောက်ထပ် သံသတ္တုတွင်းပဲ။”

ရှုယီက ခေါင်းတခါ ထပ်ငြိမ့်လိုက်သော်လည်း စိတ်ထဲ ရှုပ်ထွေးသွားရ၏။

တပ်မှူး လန်းတစ်က မြေပုံရှိ သံသတ္တုတွင်း မြောက်များစွာ၊ မှော်သလင်းကျောက်တွင်းများစွာနှင့် သတ္တုပျော့တွင်း နှစ်တွင်းတို့ကို အကြိမ်များစွာ ညွှန်ပြခဲ့၏။

“ဥက္ကဌရှု ဒီတွင်းတွေနဲ့ဆို စစ်ဘက်သုံးမှော်စက်တွေအတွက် ပေးချေဖို့ လုံလောက်တယ်လို့ထင်လားဗျ?” တပ်မှူး လန်းတစ်က မေးလေ၏။

ရှုယီမှာ အံ့ဩသွားရသည်။ သူက တပ်မှူး လန်းတစ် ညွှန်ပြခဲ့သော အမှတ်များကိုကြည့်က တအံ့တဩမေးလိုက်ပါ၏၊ “တပ်မှူး ကျုပ်သာ အထင်မမှားရင် ခင်ဗျား ညွှန်ပြခဲ့တဲ့ မိုင်း‌တွင်းတွေက စခ်တိုင်းပြည်က မဟုတ်ဘူးလား?”

တပ်မှူး လန်းတစ်မှာ အန္တရာယ်ရှိစွာ တစ်ချက်ပြုံးလာလေ၏။

“စခ်တိုင်းပြည်ထဲမှာ ရှိနေတာဆိုရင်တော့ အဆင်ပြေပါတယ်။ ကျုပ်တို့ လမ်ပူရီတိုင်းပြည်မှာသာဆိုရင် ဒါတွေကို အပေးအယူ လုပ်လို့ရမှာမဟုတ်ဘူး။”

ရှုယီမှာ တပ်မှူး လန်းတစ်၏ စကားများနောက်ကွယ်မှ ရည်ရွယ်ချက်အမှန်ကို ဖမ်းမိကာ မနေနိုင်တော့ဘဲ မျက်လုံးများကို မှေးကျဉ်းလိုက်ပါ၏။

၎င်း တပ်မှူးမှာ..... အမှန်တကယ်ကို အရိုင်းဆန်လှ၏။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၇၅။ ရုန်းကန်မှု စံနှုန်း

တပ်မှူး လန်းတစ်၏ အစီအစဉ်မှာ ရှုယီခန့်မှန်းထားသလိုပါပင်။ သူဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းကာ စခ်တိုင်းပြည်ကို ကျူးကျော်ရန် မှော်စက်အကူအညီများ ရယူ၍ စခ်တိုင်းပြည်ထံမှ နယ်မြေကို ပြန်ယူမည်ဖြစ်၏။ ထို့နောက် သူဟာ Frestech ကုန်သည်ကြီးများအသင်းထံ ထိုစစ်ဘက်သုံးမှော်စက်များအတွက် ပေးချေရန် ထိုမြေရှိ သတ္တုတူးဖော်ခွင့်များအား လွှဲပေးမည်ဖြစ်သည်။

၎င်းက တကယ်ကို ရူးနှမ်းနေသလိုပင်။

ပထမဦးစွာ စခ်တိုင်းပြည်မှာ လမ်ပူရီတိုင်းပြည်ထက် အားကောင်းပေသည်။ သမိုင်းကြောင်း နှစ်ရာချီတွင် စခ်တိုင်းပြည်မှာ လမ်ပူရီတိုင်းပြည်အား အမြဲလိုလို ဖိနှိပ်နေခဲ့ပြီး လမ်ပူရီတိုင်းပြည်မှာမူ စခ်တိုင်းပြည်၏ ကျူးကျော်မှုကို ပြန်ခုခံနိုင်ရုံသာရှိခဲ့၏။

ဤအခြေအနေတွင် တပ်မှူး လန်းတစ်မှာ စခ်တိုင်းပြည် ပိုင်နက်ရှိ သတ္တုတူးဖော်ခွင့်များအား ပေးချေရန် အသုံးပြုမည်ဖြစ်ကြောင်း ရှုယီကိုပြောနေလေသည်။ *ဤသည်က အလှဆင် ကိတ်မုန့်ကျွေးတာထက်ပင် ပိုရယ်စရာကောင်းသေးသည်။

စခ်တိုင်းပြည်သာ ထိုမျှ ကျူးကျော်ရလွယ်နေလျှင် လမ်ပူရီတိုင်းပြည်အနေနှင့် နှစ်များစွာ အနိုင်ကျင့်ခံနေခဲ့ရမည်မဟုတ်ပေ။

နောက်တွင် နှစ်နိုင်ငံအကြား နိုင်ငံအင်အား မခြားနားပါလျှင်တောင် အနောက်ဘက်စစ်တပ်က စခ်တိုင်းပြည်ထံမှ ပိုင်နက်သိမ်းပိုက်ရန် Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံး မှော်စက်များ အထောက်အပံ့ကို ယူပါက တားမြစ်ချက်ကို ဆန့်ကျင်ခြင်းဖြစ်မည်မှာ သံသယဝင်ဖို့ပင် မလိုချေ။

လမ်ပူရီတိုင်းပြည်၏ တော်ဝင်စစ်တပ်မှာ အနောက်ဘက်စစ်တပ်အား ၎င်းတို့၏ အင်အားတိုးစေရန် Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်စက်များ ဝယ်ယူဖို့ ခွင့်ပြုနိုင်သော်လည်း စခ်တိုင်းပြည်ကို ၎င်းတို့ဘာသာ ကျူးကျော်ခွင့် သေချာပေါက် ပေးလိမ့်မည်မဟုတ်ပေ။

အကြောင်းက ၎င်းမှာ နှစ်နိုင်ငံအကြား စစ်ပွဲကို လှုံ့ဆော်သည်နှင့် မခြားသောကြောင့်ပင်။ လမ်ပူရီတိုင်းပြည်မှာ လတ်တလောတွင် မတည်ငြိမ်လှသလို အခြေအနေကလည်း မည်သည့်အခိုက်၌မဆို ပြည်တွင်းစစ်ဖြစ်သွားနိုင်သည်။ စစ်ဌာနချုပ်ဖြစ်စေ အထက်လူများကဖြစ်စေ သေချာပေါက် စခ်တိုင်းပြည်ကို သွားဆွရန် အစပျိုးမည်မဟုတ်ပေ။

ထိုအဓိက ပြဿနာနှစ်ရပ်ကို ဘေးထားလိုက်ပါက အင်မတန် အရေးကြီးသည့် ပြဿနာတစ်ခု ရှိပါသေး၏။ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးမှာ အနောက်ဘက်စစ်တပ်၏ လိုအပ်ချက်များကို လိုက်မမီနိုင်ပေ။

Frestech ကုန်သည်ကြီးများအသင်းမှာ သုံးနှစ်ကြာ စစ်ဘက်သုံးမှော်စက်များအား ထုတ်လုပ်ခဲ့သော်လည်း ရှုယီ၏စိတ်ထဲမှာ တင်းခံထားမှုကြောင့် ထိုမျှ များများစားစား ရင်းနှီးမြှုပ်နှံခြင်း မပြုခဲ့ကြပေ။ Frestech ကုန်သည်ကြီးများအသင်းအား စတက်တိန်းနယ်မြေထံသို့ ရွှေ့ပြောင်းလာပြီး စစ်ဘက်သုံးမှော်စက်များ ထုတ်လုပ်ရေး၌ အာရုံစိုက်ရန် တွန်းအားပေးခံရကာ ၎င်းတို့၏ ထုတ်လုပ်ရေး အတိုင်းအတာ တိုးတက်လာသည့်တိုင်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိထုတ်လုပ်ရေးကြောင့် Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုတို့၏ အစောင့်များအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်းမှလွဲကာ စတက်တိန်းနယ်မြေ၏ အရှင်သခင်များထံမှ မှာယူမှုများကိုပင် မဖြည့်ဆည်းနိုင်ချေ။ ၎င်းတို့ထံ၌ အနောက်ဘက်စစ်တပ်၏ စစ်သည်သုံးသောင်းတို့အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် မည်သည့်သော စွမ်းအင်မျိုးရှိပါမည်နည်း?

ထို့အပြင် ထိုပြဿနာများမရှိဘဲ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အနောက်ဘက်စစ်တပ်ကို လက်နက်ထောက်ပံ့ရန် စစ်ဘက်သုံးမှော်စက်များအား ထုတ်လုပ်ပေးနိုင်မည်ဆိုပါလျှင်တောင် အနောက်ဘက်စစ်တပ်မှာ ဤအစီအစဉ်ကို အစဉ်တိုင်း ချထားနိုင်မည်လား? ထိုအစား တပ်မှူး လန်းတစ်က ၎င်းအပေါ် တကယ်ပဲ အားစိုက်ထုတ်မည်လား?

ရှုယီမှာ အင်မတန် သံသယဖြစ်မိပါ၏။

တပ်မှူး လန်းတစ်က စိတ်ထဲရှိ အစီအစဉ်ကို အားတက်သရော ဖော်ပြလာခြင်းအား ကြားသိပြီးနောက် ရှုယီမှာ ခဏမျှ စဉ်းစား၍ တဖြည်းဖြည်း ခေါင်းခါလိုက်လေသည်။

သူ စိုးရိမ်နေခဲ့ရသည့် အခြားကဏ္ဍများကို မဆိုထားနှင့် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ ထုတ်လုပ်ရေးက အနောက်ဘက်စစ်တပ်၏ လိုအပ်ချက်ကို မမှီနိုင်ဖြစ်သည့် အချက်ကို အဓိကထားသည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ထိုကြီးမားသည့် မှာယူမှုကို တာဝန်မယူနိုင်ကြောင်း ဖော်ပြလိုက်၏။

တပ်မှူး လန်းတစ်သည် စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိဘဲ တစ်ချက် ပြုံးပြလာပေသည်၊ “ဒါက ကိစ္စမရှိပါဘူး တစ်ကြိမ်တည်းနဲ့ ကျုပ် ညီအစ်ကို သုံးသောင်းစလုံးကို လက်နက် တပ်ဆင်ပေးချင်တာမှ မဟုတ်ဘဲ။ နည်းနည်းချင်းစီသွားပြီး ဖြည်းဖြည်းချင်း လက်နက်ဆင်ပေးမှာပါ။”

ရှုယီက အတင်း ဖျစ်ညှစ်ပြုံးလိုက်ပါ၏။

၎င်းတို့သာ Frestech ကုန်သည်ကြီးများအသင်း အစောင့်များ၏ စံနှုန်းကို လိုက်နာပါလျှင် စစ်သည်တစ်ဦးကို လက်နက်ဆင်ရန် ရွှေဒင်္ဂါး တစ်‌ရာကျော် ကျသင့်သည်။

ထို့နောက် မှော်အမြောက်များ၊ မှော်လောင်ချာများနှင့် မှော်သံချပ်ကာ ယာဉ်များလည်း ပါရှိသေး၏။

အနောက်ဘက်စစ်တပ်သာ ဤစံနှုန်းအတိုင်း လိုက်နာသော် ၎င်းတို့အတွက် ရင်းနှီးမြှုပ်နှံရန် အနည်းဆုံးရွှေဒင်္ဂါး ဆယ်သန်း ကုန်ကျလိမ့်မည်။

ထို့နောက် လေ့ကျင့်ရေးကို ယူကြည့်သော် တစ်နှစ် ရွှေဒင်္ဂါး သိန်းချီ ကျနိုင်သလို ထိုထက်ပင် ပိုများနိုင်၏။

၎င်းကြီးမားသော သုံးစွဲမှုကြီးအား Frestech ကုန်သည်ကြီးများအသင်း မဆိုထားနှင့် လမ်ပူရီတိုင်းပြည်သည်ပင် မထောက်ပံ့‌နိုင်ပေ။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းသာ ထိုမျှ ငွေများစွာကို တကယ်ပဲ ထုတ်ပေးနိုင်လျှင် အဘယ့်ကြောင့် ၎င်းတို့နှင့် မသက်ဆိုင်သည့် အနောက်ဘက်စစ်တပ်ကို လျစ်လျူပြုကာ ၎င်းတို့၏ အစောင့်များကိုသာ မတပ်ဆင်ပေးဘဲ နေလိမ့်မည်နည်း?

ရှုယီမှာ ပူးပေါင်းရေး တံခါးပေါက်ကို ပိတ်လိုက်ပြီး ဖြစ်သော်ငြား တပ်မှူး လန်းတစ်၏ မျက်လုံးများထဲရှိ မျှော်တလင့်လင့်ဟန်ကို မြင်နေရရာ ဆန်နက်မြေရိုင်းရှိ အနောက်ဘက်စစ်တပ်၏ ကြီးမားသော လွှမ်းမိုးမှုကြောင့် ၎င်းတို့ကို ချက်ချင်းမငြင်းလိုက်ချေ။ စဉ်းစား‌ပြီးနောက် ပြောလိုက်ပါ၏။

“တပ်မှူး ဒီလိုဆိုရင်ရော? ခင်ဗျားက အနောက်ဘက်စစ်တပ်တစ်ခုလုံးကို တစ်ကြိမ်တည်း လက်နက်ဆင်ပေးချင်တာမျိုးမဟုတ်သလို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကလည်း ဒီလိုလုပ်ဖို့ အစွမ်းအစမရှိတော့ ကျုပ်တို့ရဲ့ ပူးပေါင်းမှုကို အရှည်ဆွဲထားပြီး နည်းနည်းစီ ဖြေရှင်းကြတာပေါ့။ ဘယ်လိုထင်လဲ? ပထမအသုတ်အတွက် ကျုပ်ထင်တာ ကျုပ်တို့ လုပ်ငန်းစုက....”

စခန်းမှ ထွက်ခွာလာပြီးနောက် ရှုယီမှာ မှော်ဆလွန်းထဲဝင်၍ မောင်းထွက်သွားသည်။ သူ၏ မျက်နှာထက်ရှိ အပြုံးက မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားပြီး ခါးသက်သက်ဟန်က အစားထိုး ဝင်ရောက်လာ၏။

သူနှင့် တပ်မှူး လန်းတစ်တို့ ဆွေးနွေးပြီးနောက် နောက်လတွင် Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ထပ်‌ဆင့်လေး ငါးရာ၊ အလတ်ဆိုဒ် မှော်အမြောက် ဆယ်လုံး၊ မှော်ချပ်ဝတ် အစုံတစ်ထောင်၊ တစ်ဦးကိုင်မှော်လောင်ချာ တစ်ရာနှင့် မှော်သံချပ်ကာယာဉ် ငါးစီးတို့ကို ထောက်ပံ့ရမည်ဖြစ်သည်။

၎င်း၌ တန်ဖို့း နှစ်သိန်းနီးနီးရှိပြီး အနောက်ဘက်စစ်တပ်ပေးလာသည့် ဈေးနှုန်းမှာ တပ်မှူး လန်းတစ်ထံမှ ကတိနှစ်ခုသာဖြစ်သည်။

တပ်မှူး လန်းတစ်မှာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အနောက်ဘက်စစ်တပ်၏ ထောက်ပံ့မှု အပြည့်အဝရရှိမည်ဟု ကတိပေးခဲ့သည်။ အနောက်ဘက်စစ်တပ်မှာ Frestech ကုန်သည်ကြီးများအသင်း ဆန်နက်မြေရိုင်း၌ လုပ်လိုသည် မှန်သမျှကို ကူညီမည်ဖြစ်၏။

Frestech ကုန်သည်ကြီးများအသင်းမှာ စတက်တိန်းနယ်မြေ၌ တစ်ခုခုလုပ်ဆောင်လိုလျှင်တောင် အနောက်ဘက်စစ်တပ်မှာ ၎င်းတို့ကို ထောက်ပံ့ပေးမည်ပင်။

တစ်ချိန်တည်းမှာပင် အနောက်ဘက်စစ်တပ်မှာ စခ်တိုင်းပြည်ကို ကျူးကျော်ဝင်ရောက်ပါက တပ်မှူး လန်းတစ်မှာ Frestech ကုန်သည်ကြီးများအသင်းထံသို့ သိမ်းဆည်းရမိသည့် ပိုင်နက်ရှိ သတ္တုတူးဖော်ခွင့် အားလုံးကို ပေးမည်ဖြစ်သည်။

ရှုယီမှာ စခ်တိုင်းပြည်အကြောင်း ကတိကို လျစ်လျူပြုထားသည်၊ ထိုအစား ပထမကတိကတင် သူ့အား စိတ်ကျေနပ်စေပါ၏။

အနောက်ဘက်စစ်တပ်၏ ထောက်ပံ့မှုနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ ဆန်နက်မြေရိုင်းတွင် ပြောရေးဆိုခွင့်ရသွားပြီဖြစ်သည်။ ဆန်နက်မြေရိုင်းရှိ Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုကိုလည်း များစွာ အထောက်အကူဖြစ်စေလိမ့်မည်။

စတက်တိန်းနယ်မြေအခြေအနေက မည်မျှ ဖရိုဖရဲဖြစ်နေပုံနှင့်ဆိုလျှင် ၎င်းတို့သာ အနောက်ဘက်စစ်တပ်၏ ထောက်ပံ့မှုရရှိပါက Frestech ကုန်သည်ကြီးများအသင်းမှာ ရှုယီ ရရှိထားသည့် နယ်မြေတွင် ပိုမို လုံခြုံလာလိမ့်မည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ၎င်း‌ ရွှေဒင်္ဂါး နှစ်သိန်းနီးနီးတန်သည့် စစ်ဘက်သုံးမှော်စက်များမှာ Frestech ကုန်သည်ကြီးများအသင်းမှ အနောက်ဘက်စစ်တပ်ထံပေးအက်သော ကာကွယ်ခဖြစ်၏။

၎င်းမှာ အနည်းငယ် ဈေးကြီးသော်လည်း အင်မတန် အသုံးဝင်သည်။

မှန်ပါ၏ ရှုယီမှာ ဤအခြေအနေကို များစွာ ကျေနပ်နေခြင်းတော့မရှိချေ။

သူဟာ Frestech ကုန်သည်ကြီးများအသင်းအား မည်သည်ကမှ လွှမ်းမိုးမသွားဘဲ ချောချောမွေ့မွေ့ တိုးတက်စေဖို့သာ လိုအပ်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းမှာ လက်တလောတွင် များစွာ အားမကောင်းလှသေးသဖြင့် အပေးအယူလုပ်ရန်သာ တတ်နိုင်သည်။

၎င်းအပေးအယူမှာ စစ်ဘက်ကိစ္စတင်မကဘဲ စီးပွားရေးလည်းပါ၏။

အနောက်ဘက်စစ်စခန်းမှ ထွက်ခွာလာပြီးနောက် ရှုယီမှာ မှော်ဆလွန်းကို ဆန်နက်မြို့ဆီ ပြန်မောင်းသွားလိုက်သည်။ အနားယူခြင်းအလျဉ်းမရှိဘဲ သူဟာ ဆန်နက်‌မြို့ရှိ လုပ်ငန်းစုများအားလုံး စုဝေးထားသော စီးပွားရေးသမဂ္ဂအစည်းအဝေးဆီ သွားလိုက်၏။

၎င်းအစည်းအဝေးတွင် စံနှုန်းများသတ်မှတ်မည့် ခေါင်းစဉ်တစ်ခုတည်းသာရှိသည်။

ဘန်တာမြို့ရှိ လုပ်ငန်းစုတစ်ခုစီတွင် Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုကြောင့် Frestech ကုန်သည်ကြီးများအသင်း ချမှတ်ထားသော မှော်စက်မှုနယ်ပယ် စံနှုန်းများ အားလုံးနီးပါးရှိသည်။ အခြားလုပ်ငန်းစုများမှာ ၎င်းတို့ကို သဘောတူရုံသာတတ်နိုင်သည်။

သို့သော် အခြေအနေပြောင်းလဲကာ Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်မှ ထွက်ခွာသွားသည်နှင့် မှော်စက်မှုနယ်ပယ်ကို ထိန်းချုပ်ထားသည့် မှော်စက်မှုနယ်ပယ် စီမံခန့်ခွဲရေးဌာနမှာ Frestech ကုန်သည်ကြီးများအသင်း ချမှတ်ထားသည်နှင့် ကွဲလွဲသော စံနှုန်းကို ချမှတ်လိုက်သည်။ ၎င်းတို့မှာ နိုင်ငံ၌ဖြစ်‌စေ အခြားတစ်နေရာရာ၌ဖြစ်စေ ထုတ်လုပ်ထားသည့် မှော်စက်များအနေနှင့် လမ်ပူရီတိုင်းပြည်၏ မှော်စက် စံနှုန်းကို လိုက်နာရမည်ဖြစ်ပြီး မဟုတ်ပါက ရောင်းချလို့မရနိုင်ပေ။

လမ်ပူရီတိုင်းပြည်တွင် ၎င်း၏ လွှမ်းမိုးမှုကိုမဆိုထားနှင့် ဆန်နက်မြေရိုင်း၏ မှော်စက်လုပ်ငန်းစုများတွင်လည်း ၎င်းက လွှမ်းမိုးမှုကြီးရှိသည်။

ထိုလုပ်ငန်းအများစုက လမ်ပူရီတိုင်းပြည်မှ နုတ်ထွက်သွားကြသော်လည်း ထိုလုပ်ငန်းများအနက် အများစုအတွက် အဓိက ဈေးကွက်မှာ လမ်ပူရီတိုင်းပြည်၌ ကျန်နေဆဲပင်။ အဓိက မှော်စက်သုံးစွဲသူများမှာ လမ်ပူရီတိုင်းပြည်သားများ ဖြစ်နေဆဲဖြစ်၏။

ယခုတွင် လမ်ပူရီတိုင်းပြည်၏ မှော်စက်မှုနယ်ပယ် စီမံခန့်ခွဲရေးဌာနမှာ ၎င်း စံနှုန်းသစ်များချမှတ်ထားပြီး အခြားလုပ်ငန်းစုများကို ထိုစံနှုန်းများအား လိုက်နာဖို့ တွန်းအားပေးကြသည်၊ မဟုတ်သည်ရှိသော် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း တည်ဆောက်ထားသည့် ရင့်သန်ပြီးသားဈေးကွက်ကို လက်လျှော့ရလိမ့်မည်သာ။

သို့ရာ၌ ၎င်းတို့၏ စံနှုန်းများကို ပြောင်းလဲရန် မည်မျှ လွယ်ကူလိမ့်မည်နည်း? လုပ်ငန်းအများစုအတွက် ၎င်းမှာ ၎င်းတို့၏ အုတ်မြစ်များကို လွှင့်ပစ်ခြင်းနှင့် ညီမျှသည်။ လုပ်ငန်းစုအများစုအတွက်မူ ၎င်းတို့၏ ထူးကဲမှုကို လွှင့်ပစ်ခြင်းနှင့် ညီမျှပါ၏။

သို့သော် ၎င်းတို့သာ မပြောင်းလဲပါက လမ်ပူရီတိုင်းပြည်၏ အဓိကဈေးကွက်ကို ဆုံးရှုံးရမည်ဖြစ်ရာ ၎င်းက ထိုလုပ်ငန်းစုများအတွက် သေလမ်းပင်။

အနှီကူရာမဲ့လုပ်ငန်းစုများမှာ အကူအညီတောင်းခံရန် Frestech ကုန်သည်ကြီးများအသင်းထံသာ လှည့်ကြည့်နိုင်ကြတော့သည်။

Frestech ကုန်သည်ကြီးများအသင်းသာ စံနှုန်းသစ်များကို လက်ခံဖို့ ဆန္ဒရှိကာ ၎င်းတို့ထုတ်လုပ်ရေးလိုင်းများအတွက် ပြောင်းလဲမှုကောင်းမရှိသည့် လုပ်ငန်းစုများကို ကူညီပါက အနှီ အခက်အခဲကို ကျော်လွှားနိုင်လောက်သည်။

သို့ရာ၌ ရှုယီမှာ ၎င်းတို့၏ အကြံများအတွက် အကဲဖြတ်မှုတစ်ခုသာ လုပ်ဆောင်ခဲ့သည်။

“ငတုံးတွေ!” ရှုယီထံ၌ ထိုလူများ မြင်ရခဲလှသည့် အေးစက်စက်ဟန်ရှိနေကာ အသံအနေအထားက အင်မတန်ပြင်းထန်နေပါ၏, “အဲဒီကောင်တွေက ခင်ဗျားတို့ကို စံနှုန်းပြောင်းလဲခွင့်ပြုမယ်လို့ တကယ်ထင်နေတာလား? ခင်ဗျားတို့က ဘန်တာမြို့က ခါးသီးတဲ့အတွေ့အကြုံတွေဆီကနေ မသင်ကြားခဲ့ရသေးဘူးလား? အဲဒီ လောဘကောင်တွေက လမ်ပူရီတိုင်းပြည်ကနေ သူတို့ကိုယ်တိုင်ကလွဲရင် အကုန်လုံးကို နှင်ထုတ်ချင်နေတာလေ!”

အစည်းအဝေးရှိ လုပ်ငန်းစုများမှာ တစ်ဦးကို တစ်ဦး ကူရာမဲ့စွာကြည့်လိုက်ကြသည်။

“ဥက္ကဌရှု၊ ကျုပ်တို့ နားလည်ပေမယ့် တခြားနည်းလမ်းမရှိဘူးလေ။”

“ဟုတ်တယ် ဥက္ကဌရှု ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအတွက် စံနှုန်းပြောင်းဖို့က မခက်ပါဘူး။ ထုတ်လုပ်ရေးမှော်စက်တွေကို ချိန်ညှိလိုက်ဖို့ပဲ လိုတာလေ။ မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနရဲ့ စံနှုန်းတွေကို ဖြည့်ဆည်းဖို့က မခက်လောက်ဘူး မဟုတ်လား?”

......

ထိုလူများက ကံစမ်းဖို့ကြိုးစားနေသည်ကိုမြင်သော် ရှုယီက အေးစက်စက်ရယ်၍ ခေါင်းခါသည်။

“မဟုတ်ဘူး၊ ခင်ဗျားတို့ရဲ့ စံနှုန်းတွေအပေါ် နားလည်မှုက တိမ်ပါးလွန်းတယ်။ ပြောပြမယ် စံနှုန်းရဲ့ အခက်အခဲက ရှင်ခြင်း သေခြင်း အခက်အခဲပဲ။ ခင်ဗျားတို့ ဌာနရဲ့ စံနှုန်းသစ်တွေကို လိုက်နာလိုက်တာနဲ့ ဌာနရဲ့ လက်ထဲ ကျရောက်သွားရမှာ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းတောင် ခံနိုင်မှာမဟုတ်ဘူး၊ ခင်ဗျားတို့လုပ်ငန်းစုတွေက ကျုပ်တို့ထက် ပိုအားကောင်းတယ် ထင်နေတာလား?”

အားလုံး တိတ်ဆိတ်သွားကာ တအောင့်ကြာပြီးနောက် ကိုယ်စားလှယ်တစ်ဦးက ရှုယီကို မေးလာသည်၊ “ဒါဆို.... ဥက္ကဌရှု ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှိလား?”

လူတိုင်းက မျှော်လင့်ချက်ပြည့်နေကြသည်ကိုမြင်သော် ရှုယီလည်း အပြုံးဖြင့် ဖြေလိုက်၏၊ “ရှင်းပါတယ် လမ်ပူရီတိုင်းပြည်က ကောင်တွေ ကျုပ်တို့ကို သူတို့ဈေးကွက်ထဲ ထပ်မရှိစေချင်‌မှတော့ ဒီဈေးကွက်ကို လက်လျှော့လိုက်ရုံပေါ့။”

“ဘယ်လိုလုပ်နိုင်မှာလဲ? ကျုပ်တို့လုပ်ငန်းစုထုတ် ထုတ်ကုန် ၉၀%လောက်ကို လမ်ပူရီတိုင်းပြည်ဆီရောင်းနေရတာလေ။ ဒီဈေးကွက်ကိုသာ လက်လျှော့ရင် သေဖို့ စောင့်နေရမှာလား?”

“ဟုတ်တယ် ကျုပ်တို့လည်း အတူတူပဲ”

“ကျုပ်တို့ရောပဲ”

......

“မမေ့နဲ့ မနှစ်က ဒီအချိန်မှာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအပြင် ခင်ဗျားတို့ လုပ်ငန်းစုတွေရဲ့ ထုတ်ကုန်တွေအားလုံးကို လမ်ပူရီတိုင်းပြည်မှာ ရောင်းချခဲ့ပေမယ့် တခြားနေရာတွေဆီရောင်းချတာကလည်း တစ်စိတ်တပိုင်းပါသေးတယ်။”

ရှုယီက ယုံကြည်မှုရှိရှိပြုံးသည်။

“ကျုပ်ကို ယုံပါ၊ လမ်ပူရီတိုင်းပြည်ဈေးကွက်ကို လက်လျှော့တာက နည်းနည်း ခံစားရပေမယ့် ဒီအခွင့်ရေးကို ယူပြီး ပိုကျယ်ဝန်းတဲ့ ဈေးကွက်တစ်ခုကို ကြိုဆိုလို့ရတယ်။ သိပ်မကြာဘူး၊ လမ်ပူရီတိုင်းပြည်ဈေးကွက်က ကျုပ်တို့အတွက် တစ်ဖန်ပြန်ပွင့်လာမယ်လို့ ကတိပေးတယ်။”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၇၆။ ဒေါသမီးလျှံ

“ဂျစ်ဂျစ်..... ဂျစ်ဂျစ်..... ဂျစ်ဂျစ်ဂျစ်....”

မှော်ပန်ကာထံမှ စိတ်ရှုပ်ဖွယ်ရာ အသံထွက်လာနေ၏။ ဒလက်များမှာ ရုတ်တရတ် နှေးကျသွားကာ တအောင့်ကြာပြီးနောက်၌ နားစူးလောက်ဖွယ်အသံဖြင့် ရပ်တန့်သွားလေသည်။

အဒေါ် အိုက်လီမန်က စားပွဲထက်ရှိ Quedec တံဆိပ် မှော်ပန်ကာကိုကြည့်၍ ကျယ်လောင်စွာ အော်လိုက်လေသည်၊ “အဘိုးကြီးရေ ဒီပန်ကာစုတ်ကတော့ ထပ်ပျက်သွားပြန်ပြီ!”

အဘိုးအို ကော့ချ်က အနောက်ခန်းမှ ချွေးတလုံးလုံးဖြင့် ထွက်လာကာ စားပွဲထက်ရှိ‌ မှော်ပန်ကာကို ကြည့်လိုက်ပြီးနောက် မနေနိုင်ဘဲ ဆဲရေးလိုက်လေသည်။

“ဒီ Quedec တံဆိပ် မှော်ပန်ကာစုတ်ကတော့ ဒီလမှာ ဘယ်နှခါတောင် ပျက်နေတာလဲ?”

အဒေါ် အိုက်လီမန်က အေးစက်စက်နှာမှုတ်သည်၊ “ရှင့်ကို မှော်ပန်ကာဝယ်ရင် Frestech တံဆိပ် ဝယ်ဖို့ ပြောထားတယ်လေ၊ ဒါပေမယ့် ရှင်မှ နားမထောင်တာ။ သုံးတိုင်း ပျက်နေတဲ့ ဒီ Quedec တံဆိပ် မှော်ပန်ကာကိုပဲ ယူယူလာနေတာ စိတ်မရှုပ်ဘူးလား?”

အဘိုး ကော့ချ်က သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်၏၊ “ကျုပ် ပြောပြီးပြီလေ Frestech တံဆိပ် ဝယ်လို့မရပါဘူးလို့ ဟုတ်ပြီလား? ကျုပ်တို့ လမ်ပူရီတိုင်းပြည်မှာ Frestech တံဆိပ် မှော်စက်တွေကို ဝယ်ဖို့ အရမ်းခက်တယ်ဆိုတာ မသိဘူးလား? ဘယ်နေရာကနေ တစ်လုံးလောက်ဝယ်စေချင်နေတာလဲ?”

“Frestech တံဆိပ်ကို ဝယ်လို့မရရင်တောင် အနည်းဆုံးတော့ Riggတံဆိပ် မှော်ပန်ကာကို ဝယ်သင့်ပါတယ်။ ဒါကို မဝယ်နိုင်သေးရင်လည်း Silband တံဆိပ် မှော်ပန်ကာက ဒီQuedec တံဆိပ်စုတ်ထက် ပိုကောင်းတယ်! ဘာလို့ ဒီအစုတ်အပျက်ကို ဝယ်ခဲ့ရတာလဲ?”

ပူလောင်နေချိန်တွင် လူများမှာ ဒေါသထွက်လွယ်လှရာ အဒေါ်အိုက်လီမန်ထံမှ ဤသို့ စိတ်အနှောင့်အယှက်ပြုခံရပြီးနောက် အဘိုးကော့ချ်မှာ ဒေါသအပြည့်ဖြစ်သွားရသည်။ သူဟာ လက်အား ဒေါသတကြီးခါယမ်း၍ အောင်လိုက်၏၊ “ကျုပ်ကို ဘယ်နှခေါက် ပြောစေချင်နေရတာလဲ? Frestech တံဆိပ်ကို မပြောနဲ့ဦး။ Rigg တံဆိပ်ဖြစ်ဖြစ် Sibandတံဆိပ်ဖြစ်ဖြစ် ဘယ်မှော်ပန်ကာကိုမှ ဝယ်မရဘူး! ပြောလိုက်မယ် အရင်လကနေစပြီး Quedecတံဆိပ် မှော်ပန်ကာကလွဲ၍ တခြားဘယ်တံဆိပ်တွေကိုမှ မရနိုင်ဘူး!”

အဒေါ်အိုက်လီမန်မှာ အံ့ဩသွားသည်၊ “ဒါဆို ဘာလို့ ကျွန်မ ဗစ်ကောင့်ထ် အန်းရစ်ခ် တို့နေရာမှာ သွားကူတော့ အစေခံအခန်းထဲမှာ Silband တံဆိပ်မှော်ပန်ကာ နှစ်လုံးကို တွေ့ရတာလဲ?”

“အဓိပ္ပာယ်မရှိတာ ကျုပ်က အရှင်ဗစ်ကောင့်ထ် အန်းရစ်ခ် ကို ယှဉ်နိုင်ပါ့မလား? သူတို့တွေက ဆယ်ဗီနီကုန်သည်ကြီးများအသင်းကနေ ဝယ်မှာပေါ့ ကျုပ်မှာ အဲဒီ့ အဆက်အသွယ်မရှိဘူးလေ။ ပြီးတော့လည်း Silband တံဆိပ် မှော်ပန်ကာက Quedec တံဆိပ်ထက် ရွှေဒင်္ဂါး သုံးပြားပိုပြီး ဈေးကြီးတော့ ပိုဈေးချိုတာကိုပဲ ရွေးဝယ်ခဲ့ရတာပေါ့။”

“ဈေးပေါတော့ ဘာဖြစ်လို့လဲ? အခု ပျက်သွားမှတော့ ဒီရွှေဒင်္ဂါးတွေလည်း အလကားဖြစ်ကုန်ပြီလေ!” အဒေါ် အိုက်လီမန်က ဒေါသတကြီးဆိုသည်။

“ဒီ Quedecတံဆိပ်ပန်ကာ စုတ်က ဒီလောက်အသုံးမဝင်ဖြစ်နေတာကို ဘယ်သိပါ့မလဲ?” အဘိုး ကော့ချ်က ဒေါသတကြီးလက်ယမ်းလိုက်၏၊ “ကောင်းပြီ ကောင်းပြီ၊ ပြောနေတာ ရပ်လိုက်တော့ အခု ဒါကို ပြင်ဖို့ ယူသွားလိုက်မယ်။ သောက်စုတ် တစ်ခါပြင်ရန် ငွေဒင်္ဂါး ဆယ်ပြားလောက်အထိ ကျတာ ဒါကို ပြင်တာနဲ့တင် ငွေဒင်္ဂါးဒါဇင်နဲ့ချီ သုံးခဲ့ပြီးနေပြီ။ စောစောသိရင် Riggတံဆိပ်ပဲ ဝယ်ခဲ့ပါတယ်။”

အဒေါ်အိုက်လီမန်က နှာမှုတ်လိုက်သော်လည်း ဆက်လက် ဆူဆောင့်မနေတော့ချေ။ သူမက အေးစက်စက်ဖြင့်သာ ပြောလိုက်လေသည်၊ “အဲဒီ Quedecကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းနဲ့ တခြားလုပ်ငန်းစုတွေကို တွန်းထုတ်ပြီး မှော်ပန်ကာဝယ်ဖို့ မရှာနိုင်အောင်ပါ ဖြစ်စေတယ်။ ရှေ့လျှောက် တစ်လုံးလောက် ဝယ်နိုင်ရင်တောင် Quedecကုန်သည်ကြီးများအသင်းဆီကနေ မဝယ်တော့ဘူး!”

အဘိုးကော့ချ်က ခေါင်းခါ၏။ ယခုတွင် မှော်စက်မှုနယ်ပယ်ကို လုပ်ငန်းစုဆယ်စုနှင့် ဌာနက ထိန်းချုပ်ထားသည်ဖြစ်ရာ အခြားလုပ်ငန်းစုများထုတ်လုပ်သည့် မှော်စက်များကလည်း Quedecကုန်သည်ကြီးများအသင်းကဲ့သို့ အမှိုက်များသာဖြစ်သည်။

Quedecကုန်သည်ကြီးများအသင်းထံမှ ပစ္စည်းများမဝယ်ယူဖို့ ဆုံးဖြတ်လိုက်လျှင် မှော်စက်များ မဝယ်ယူတော့ရန် ဆုံးဖြတ်လိုက်သည်နှင့် ညီမျှ၏။

သို့သော် အိမ်သုံးမှော်စက်များကို သုံးရာ၌ ကျင့်သားရသွားသည်နှင့် ၎င်းတို့ကို မသုံးရခြင်းက ထူးဆန်းနေက အင်မတန်ကို အဆင်မပြေလှဟု ခံစားနေရသည်။

၎င်းမှာ လမ်ပူရီတိုင်းပြည်၏ အခြားမြို့များအတွက် ကိစ္စမရှိသော်လည်း ဘန်တာမြို့သားများမှာ အိမ်သုံးမှော်စက်များ ယူဆောင်လာသည့် အဆင်ပြေပြေဘဝနှင့် နေသားကျနေပြီးဖြစ်သည်။ ၎င်းတို့သာ ယခင်က ဘဝများထံ ပြန်သွားရမည်ဆိုလျှင် လူအများစုမှာ အင်မတန် မသက်မသာ ခံစားရမည်သာ။

သို့သော် ၎င်းကို စဉ်းစားရင်း Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားမှော်စက်မှုလုပ်ငန်းများက ဘန်တာမြို့မှ ထွက်ခွာကာ လမ်ပူရီတိုင်းပြည်တစ်ခုလုံးမှ ထွက်ခွာသွားသဖြင့် ဘန်တာမြို့၏ ကြွယ်ဝမှုမှာ မရှိတော့လေပြီ။

ဘန်တာမြို့သားများ အနေနှင့် အလုပ်များ ရှာနိုင်ဆဲဖြစ်သော်လည်း ၎င်းတို့သာ ယခင်နှစ်များကကဲ့သို့ စိတ်ကျေနပ်ဖွယ် ဝင်ငွေ‌မြင့်မြင့် လိုချင်ပါလျှင် စိတ်ကူးယဉ်အတွေးသာဖြစ်သည်။

ဘန်တာမြို့၏ လူငယ်များမှာ ထွက်ခွာဖို့ ရွေးချယ်ကာ ဆန်နက်မြေရိုင်း၊ စတက်တိန်းနယ်မြေ၊ မီရန်ဒိုနယ်မြေ၊ ရူဒ်ဆန်တိုင်းပြည်နှင့် အခြားနေရာများသို့ ဦးတည်သွားကြသည်။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ ခြေလှမ်းအတိုင်းလိုက်သော လုပ်ငန်းစုများနောက်လိုက်၍ လစာမြင့်မြင့်နောက်လိုက်ကြ၏။ မည်သူကမှ ဘန်တာမြို့၌နေ၍ လုပ်ငန်းစုဆယ်ခုထံမှ ခေါင်းပုံမဖြတ်ခံချင်ကြချေ။

ဘန်တာမြို့၌ နေထိုင်သူများမှာ ဝင်ငွေများ လျော့ပါးကုန်ကြသည်။ ၎င်းတို့၌ မည်သို့များ အိမ်သုံးမှော်စက်များဝယ်ယူကာ ယခင်ကကဲ့သို့ သက်သာသည့်ဘဝ၌ နေထိုင်ရန် ငွေအလုံအလောက်ရှိပါမည်နည်း?

သို့သော် ၎င်းကိစ္စများမှာ သတင်းစာလုံးဝမဖတ်ဘဲ လမ်ပူရီတိုင်းပြည်အကြောင်း ဂရုမစိုက်သည့် အဒေါ် အိုက်လီမန် ဂရုစိုက်မည့် အရာမဟုတ်ချေ။ အဘိုး ကော့ချ်ပြောလျှင်လည်း အရေးမပါလှရာ သူ့အနေနှင့် ခေါင်းခါလျက် Quedec တံဆိပ်ပန်ကာကိုသာ ယူ၍ ထွက်သွားလိုက်တော့သည်။

သူဟာ Quedec ကုန်သည်ကြီးများအသင်း၏ မြို့ပြင်ရှိ ပြင်ဆိုင်ကို လမ်းလျှောက်သွားကာ ဆယ်ဗီနီကုန်သည်ကြီးများအသင်း ဖွင့်ထားသည့် ဆိုင်တစ်ဆိုင်ကို ဖြတ်သွားရသည်။

အဘိုး ကော့ချ်အနေနှင့် ယခင်က သာမန်အကြည့်များသာ ပေးနိုင်ပြီး များများစားစား အာရုံမစိုက်ခဲ့သော်လည်း အဒေါ် အိုက်လီမန်က ဆယ်ဗီနီကုန်သည်ကြီးများအသင်းအကြောင်း ထုတ်ပြောထားကာစဖြစ်သောကြောင့် အကြိမ်အနည်းငယ် မကြည့်ဘဲ မနေနိုင်လိုက်ချေ။

ဤတစ်ခေါက်တွင် ဆယ်ဗီနီကုန်သည်ကြီးများအသင်းရှိ ထုတ်ကုန်များက ယခင်ကထက် စာလျှင် ပိုနည်းလာကြောင်း သတိထားမိသွားသည်။

၎င်းကိုကြည့်သော် ဆိုင်မှာ အတွင်းထဲ၌ အိမ်သုံးမှော်စက်အချို့သာ ရှိကာ ဟာလာဟင်းလင်းဖြင့် ဆိုင်စာရေးများကလည်း ပို၍ နည်းပါးသွားသည်။

အဘိုး ကော့ချ်က ရပ်ကာ တစ်ချက်ကြည့်လိုက်ပြီး စူးစမ်းလိုမှုအား မထိန်းနိုင်စွာဖြင့် လျှောက်ဝင်သွားတော့သည်။

အဘိုး ကော့ချ်ဝင်လာသည်ကို မြင်သော် စာရေးက ရောက်လာပါသော်လည်း ၎င်းတို့၏ အပြုံးက အတင်းလုပ်ယူထားသည်မှန်း သိသာသည်။ ၎င်းတို့မှာ လုံးဝ ဖော်ရွေဟန် ပေါ်မနေဘဲ သူ့အား ကြိုဆိုချင်မနေပေ။

အဘိုး ကော့ချ်မှာ ပို၍ပင် သိလိုစိတ်များလာသည်။ သူဟာ ဆယ်ဗီနီကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှုက ကောင်းမွန်ကာ မည်သည့် ဖောက်သည်လာသည်ဖြစ်စေ ဖော်ရွေစွာ ပြုံးပြမြဲဖြစ်ကြောင်း လူများ ပြောခဲ့သည်ကို ကြားခဲ့သည်။ အဘယ့်ကြောင့် ယနေ့မှ ပြောင်းလဲသွားရသနည်း?

သူတို့က သူ့ကို အထင်သေးနေလို့များလား?

အဘိုး ကော့ချ်မှာ ရှုပ်ထွေးသွားရင်း ဟာလာဟင်းလင်းဖြစ်နေသည့် ဆိုင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူဟာ မနေနိုင်ဘဲ စာရေးကို မေးလိုက်မိပါ၏၊ “ဒီဆိုင်ထဲက အားလုံးကို ရောင်းလိုက်တာလား? ဘာလို့ ပစ္စည်းနည်းနည်းလောက် ထပ်မထည့်တာလဲ? ဒီလိုဆို အရမ်းဆိုးနေပုံပေါ်တယ်။”

ဆိုင်စာရေးနှစ်ဦးက တစ်ဦးကို တစ်ဦးကြည့်လိုက်ပြီးနောက် တစ်ဦးက သက်ပြင်းချကာ ဆိုလာသည်၊ “ဆိုင်ကို ပိတ်တော့မှာမို့ လက်ကျန်အသစ်တွေ ထပ်မထား‌တော့တာပါ။ ဒီက ဖောက်သည် မှော်ပန်ကာ ဝယ်ချင်လို့လား? ဒီမှာ Silband တံဆိပ် မှော်ပန်ကာ နှစ်လုံးပဲ ကျန်ပါတော့တယ်။ စိတ်ဝင်စားရင် သေချာပေါက် လျှော့ဈေးပေးမှာပါ။”

စာရေး၏ မျက်လုံးများက သူကိုင်ဆောင်ထားသည့် Quedec တံဆိပ်မှော်ပန်ကာအပေါ် ကျရောက်လာသည်ကို မြင်သော် အဘိုး ကော့ချ်မှာ မနေနိုင်ဘဲ ရှက်ရွံ့သွားမိသည်။ သူက Quedecတံဆိပ် မှော်ပန်ကာကို သူ၏ နောက်ကျော၌ ဝှက်လိုက်လေ၏။ စာရေး၏ အဖြေကို စဉ်းစားမိချိန်တွင် အံ့ဩသွားသည်။

“ပိတ်မယ်? ဘာလို့လဲ? ဒီက စီးပွားရေး မကောင်းလို့လား?”

“ကျွန်မတို့လည်း အသေးစိတ်ကို မသိပါဘူး၊ ဒါပေမယ့် တစ်ပါတ်အတွင်းမှာ ဆိုင်ပိတ်တော့မယ်ဆိုပြီး သတင်းရထားတယ်။” စာရေးက ဖြေသည်။

အဘိုး ကော့ချ်မှာ ရုတ်တရတ် ဒေါသဖြစ်သွားရသည်၊ “ဒီနေရာကို အဲဒီ စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနက ကောင်တွေက ပိတ်ရအောင် တွန်းအားပေးကြပြန်တာလား?”

သူဟာ စဉ်းစားပြီးနောက် မှားယွင်းနေသည်ဟု ခံစားမိလိုက်သည်။

ဤသည်မှာ မင်းသမီးလေး ဖွင့်ထားသည့် ဆိုင်ဖြစ်လေရာ ဌာနက မင်းသမီးလေး ဆယ်ဗီနီအား ဆိုင်ပိတ်ရန် မည်သို့ တွန်းအားပေးဝံ့မည်နည်း?

“ဒါကိုတော့ သေချာမသိပါဘူး မဖြေနိုင်လို့ တောင်းပန်ပါတယ်။” စာရေးက သေချာလေ့ကျင့်ပေးထားပုံရကာ ပြုံးနေမြဲဖြစ်သည်၊ “ဒီက ဖောက်သည်က Silband တံဆိပ် မှော်ပန်ကာ ဝယ်ချင်နေတုန်းပဲလား?”

အဘိုး ကော့ချ်က စာရေး ညွှန်ပြရာ ဘက်ကို ကြည့်လိုက်သော် စင်ပေါ်ရှိ Silban တံဆိပ် မှော်ပန်ကာကို တွေ့လိုက်ရသည်။

တောက်ပနေသည့် မှော်ပန်ကာ၏ ပလက်စတစ်အခွံဖြူသန့်သန့်ကိုကြည့်ရသော် ၎င်းအား သတ္တုစပ်များဖြင့် ဂရုတစိုက် ကာကွယ်ထားကြောင်း သိသာသည်။ ထို့နောက် သူဟာ မတူညီသည့် ထူထပ်မှုများရှိသော အပြင်အကာနှင့် Quedec တံဆိပ် မှော်ပန်ကာ ကြမ်းကြမ်းကိုကြည့်လိုက်ရာ အဘိုးကော့ချ်မှာ မနေနိုင်တော့ဘဲ စိတ်ထဲ ဒေါသကို ထိန်းမထားနိုင်တော့ပေ။

ခဏတာ ရပ်တန့်နေပြီးနောက် အဘိုး ကော့ချ်က ရုတ်တရတ် Quedec တံဆိပ် မှော်ပန်ကာကို ကြမ်းပေါ်ပစ်ချလိုက်တော့သည်။

“ဘန်း!”

အဘိုး ကော့ချ်မှာ အတော်အင်အားကောင်းလှပြီး Quedecတံဆိပ်မှော်ပန်ကာ မခိုင်ခံသဖြင့် ကြမ်းပေါ်တွင် အစိတ်စိတ် အမွှာမွှာဖြစ်သွားသည်။ ပန်ကာဒလက်များသည်ပင် အစိတ်စိတ်ဖြစ်သွားကြ၏။

ကြမ်းထက်ရှိ အစိတ်အပိုင်းများကိုကြည့်ရင်း အဘိုး ကော့ချ်မှာ သူ၏ ဒေါသကို မဖယ်ရှားနိုင်သေးကြောင်း တွေ့လိုက်ရလေသည်။ သူက သူ၏ ခြေထောက်ကို မြှောက်ကာ အကြိမ်များစွာ တက်နင်းဖိချေလိုက်ပြီး Quedec တံဆိပ်မှော်ပန်ကာက ယခင်ပုံစံနှင့် လုံးဝမ‌တူတော့မှသာ ရပ်လိုက်သည်။

စာရေးနှစ်ဦးမှာလည်း အဘိုး ကော့ချ်၏ ရုတ်တရတ် လုပ်ရပ်ကို အံ့ဩနေကြ၏။ Quedecတံဆိပ်မှော်ပန်ကာအား ရန်သူကဲ့သို့ နင်းချေနေသည်ကိုကြည့်ပြီးနောက် စာရေးနှစ်ဦးမှာ ရှုပ်ထွေးသွားသည်။

ဤရိုးစင်းဟန်ပေါ်သည့် သက်လတ်ပိုင်းလူက အဘယ့်ကြောင့် ဤမျှ ဒေါသဖြစ်နေရသနည်း?

ထို့အပြင် သူ၏ ဒေါသက ကျိုးကြောင်းမသင့်လှရာ သူဟာ မည်သူ့ကို ဒေါသဖြေနေသနည်း?

အဘိုး ကော့ချ် ဆက်မလုပ်သည်မှာ ကောင်းသည့် ကိစ္စပင်။ ရပ်တန့်လိုက်ပြီးနောက် သူက စာရေးကို ပြောလိုက်သည်၊ “ကျုပ် Siband တံဆိပ် မှော်ပန်ကာ တစ်လုံးဝယ်ချင်တယ် ထုပ်ပိုးပေးပါ!”

“အာ? အာ..... အိုး တစ်မိနစ်လောက်ပဲစောင့်” စာရေးက နောက်ဘက်ရှိ သိုလှောင်ခန်းထဲ ဝင်သွားသည်။

သူပြေးသွားချိန်တွင် အဘိုး ကော့ချ်က ရုတ်တရတ် အော်လိုက်သည်၊ “နေဦး”

စာရေးက ပြန်လှည့်လာကာ အဘိုး ကော့ချ်ကို ရှုပ်ထွေးစွာ ကြည့်လာ၏။

“မင်းတို့မှာ Silbandတံဆိပ် မှော်ပန်ကာ နှစ်လုံးပဲ ကျန်တော့တယ်လို့ ပြောခဲ့တယ်မို့လား?”

“အင်း.... ဟုတ်ပါတယ်”

“အဲ့နှစ်မျိုးအပြင်ရော? တခြားတံဆိပ်တွေရှိသေးလား?”

စာရေးက ကြမ်းပြင်ပေါ်ရှိ ကြေမွနေသော Quedecတံဆိပ်ကိုကြည့်ကာ ခေါင်းခါသည်။

“ဟင့်အင်း ကျွန်မတို့ဆိုင်မှာ Quedecတံဆိပ် မှော်ပန်မတင်ပါဘူး။ အဲဒါကို လိုချင်ရင် Quedec ကုန်သည်ကြီးများအသင်းဆီက ဝယ်လိုက်ပါ။”

“အဓိပ္ပာယ်မရှိတာ!” အဘိုး ကော့ချ်က ဒေါသတကြီးဆိုသည်၊ “ကျုပ်သေမယ်ဆိုရင်တောင် အဲဒီ့ Quedec ကုန်သည်ကြီးများအသင်းဆီက အစုတ်အပြတ်တွေကို ထပ်ဝယ်မှာ မဟုတ်တော့ဘူး! အဲဒီ့ Silband ပန်ကာ နှစ်လုံးစလုံး ယူလာခဲ့ပါ၊ ကျုပ် နှစ်လုံးစလုံးကို ဝယ်မယ်!”

စာရေးနှစ်ယောက်မှာ ငြိမ်ကျသွားတော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၇၇။ ကယ်ပါ

“မင်းသမီးလေး ဒါက ဆိုင်ကရတဲ့ နောက်ဆုံး ဘဏ္ဍာရေးအစီရင်ခံစာပါ၊ ကြည့်လိုက်ပါဦး”

ဆယ်ဗီနီမှာ ဆယ်ဗီနီ *သင်းထောက်လက်ထဲမှ ကုန်သည်ကြီးများအသင်း၏ ဘဏ္ဍာရေးအစီရင်ခံစာကိုယူ၍ သက်ပြင်းချသည်။ ကြည့်ရှုလိုက်ပြီးနောက် ခါးသက်သက်ရယ်မောလေ၏။

“လအနည်းငယ်အတွင်းမှာ ရွှေဒင်္ဂါးသောင်းချီဝင်မယ်လို့ မထင်ထားဘူး။ ဒီလူတွေက Frestech ကုန်သည်ကြီးများအသင်းကို မောင်းထုတ်နိုင်ဖို့ လုပ်နိုင်တာ အားလုံးလုပ်ခဲ့တာ မဆန်းတော့ပါဘူး။”

သင်းထောက်က ဆယ်ဗီနီကို ရှုပ်ထွေးစွာ ကြည့်လာသည်။ ဘာလို့ မင်းသမီးလေးက ဒီဘဏ္ဍာရေး အစီအရင်ခံစာကို မြင်ပြီးတော့ Frestech ကုန်သည်ကြီးများအသင်းကို ထည့်ပြောလာရတာလဲ?

ကောလဟာလတွေလိုမျိုး မင်းသမီးလေးက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် အဲဒီလုပ်ငန်းစုကို အဲ့လောက် သဘောကျနေတာလား?

“ရွှေဒင်္ဂါး သောင်းနဲ့ချီ ထုတ်ပြီး ကောက်ပဲသီးနှံတွေဝယ်ပြီးတော့ မြို့ပြင်မှာရှိတဲ့ ရွာတွေက လူတွေဆီ ပေးဝေလိုက်ပါ။ သူတို့တွေ မကြာခင်က ရေကြီးမှုနဲ့ ကြုံခဲ့ရတော့ ဒီကောက်ပဲသီးနှံတွေက ဒီအချိန်ကို ဖြတ်ကျော်ဖို့ အကူအညီရစေလိမ့်မယ်။” ဆယ်ဗီနီက ဆိုသည်။

“ဟုတ်ကဲ့” သင်းထောက်က တုံ့ပြန်မှုအဖြစ် ခေါင်းငြိမ့်လိုက်ပြီးနောက် အပြုံးဖြင့် ချီးကျူးလာသည်၊ “မင်းသမီးလေးက တကယ်ကို စိတ်သဘောထားပြည့်ဝတာပဲ။ အဲဒီရွာတွေက လူတွေက ကျုပ်တို့ပိုင်နက်က မဟုတ်ပေမယ့် သူတို့အတွက် တွေးပေးသေးတယ်။ တဂ်မြို့ရဲ့ အရှင်သာသိရင် သေချာပေါက် အရှက်ရမှာပဲ။”

“သူတို့က ကျွန်မ ပိုင်နက်နယ်မြေထဲက ပြည်သူတွေမဟုတ်ပေမယ့်လည်း လမ်ပူရီတိုင်းပြည်ကပဲလေ။ မင်းသမီးအနေနဲ့ သူတို့ကို ဂရုစိုက်ဖို့က ပုံမှန်ပါပဲ။” ဆယ်ဗီနီက ပုံမှန်အတိုင်း ပြောလိုက်သည်။

“ဒါပေမယ့် မင်းသမီးလေး....” သင်းထောက်က ရပ်တန့်လိုက်ပြီးနောက် ပြောလိုသည်များကို မြိုချလိုက်၏။

ဆယ်ဗီနီလည်း သူ့ကို သတိပေးအကြည့်ဖြင့်ကြည့်ကာ လက်ယမ်းလိုက်သည်၊ “ဟုတ်ပြီ ရှင် အဲကိစ္စအတွက် သွားပြင်ဆင်လို့ရပြီ။”

သင်းထောက်က အမြန်ခေါင်းငြိမ့်ပြီး ထွက်သွားလေသည်။

သူထွက်သွားသည်ကိုကြည့်ရင်း ဆယ်ဗီနီမှာ သက်ပြင်းချလိုက်ပြီးနောက် ခါးသက်သက်ပြုံးလေသည်။

ဆယ်ဗီနီကုန်သည်ကြီးများအသင်းကို ပိတ်သိမ်းခြင်းက သူမ၏ မူလရည်ရွယ်ချက်မဟုတ်ပေ။

ဆယ်ဗီနီမှာ ထုတ်ပယ်ခံလိုက်ရသော Frestech ကုန်သည်ကြီးများအသင်း ဦးဆောင်သည့် မှော်စက်လုပ်ငန်းစုများနှင့် ချိတ်ဆက်ရန် ဆယ်ဗီနီကုန်သည်ကြီးများအသင်းအား ပြတင်းတစ်ခုအဖြစ် အသုံးပြုဖို့ ကြိုးစားကာ ၎င်းတို့နှင့် လမ်ပူရီတိုင်းပြည် ဆက်ဆံရေးကို ဆက်လက်ခွင့်ပြုမည်ဟု စီစဉ်ထားခဲ့သည်။

သို့သော် သိပ်မကြာခင်က အဲရစ်မှာ သူမကို ဆင့်ခေါ်၍ စကားကြာကြာ ပြောခဲ့သည်။

ထိုစကားဝိုင်းတွင် အဲရစ်အနေနှင့် သူမအား နိုင်ငံအတွင်းရေးကိစ္စများတွင် ပါဝင်ပါက သူ၏ စည်းမျဉ်းများကို ခက်ခဲစေမည်ဖြစ်သောကြောင့် ဝင်မပါဖို့ မျှော်လင့်ကြောင်း ရှင်းရှင်းလင်းလင်းပြောခဲ့သည်။

ဆယ်ဗီနီသည် လုပ်ငန်းစုဆယ်ခုက မျိုးရိုးမြင့်ကြီးများ၏ အကျိုးအမြတ်ကိုသာ ကိုယ်စာပြုထားကြောင်း ဆိုခဲ့၏။ Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများကို ထုတ်ပယ်ခြင်းမှာ လမ်ပူရီတိုင်းပြည်အတွက် ဆိုးရွားလှရာ ဤသို့ လုပ်ဆောင်ရခြင်းမှာ ဆုံးရှုံးမှုသက်သာစေရန်ဖြစ်သည်။

အဲရစ်ကမူ ဆယ်ဗီနီ၏ အကြံကို လုံးဝ မထောက်ခံပေ။ သူဟာ လုပ်ငန်းစုဆယ်ခုက သူ့အား နိုင်ငံရှိ ရှေးရိုးစွဲ မျိုးရိုးမြင့်များ၏ အထောက်အပံ့ကို ပေးသောကြောင့် ဤအခြေအနေမှာ သူ ဆန့်ကျင်နိုင်မည့်အရာမဟုတ်သည်ကိုသာ ပြောခဲ့သည်။ သူ့လို ဘုရင်သည်ပင် မည်သည်ကိုမှ မလုပ်ဆောင်နိုင်လေရာ အာဏာများများစားစားမရှိသော မင်းသမီးဖြစ်သည့် ဆယ်ဗီနီကိုဆို ပြောနေရန်ပင်မလိုပေ။

သို့သော် အဲရစ်မှာ လက်ရှိနိုင်ငံ အခြေအနေကို သေချာသိပြီး ဤအခြေအနေကို စတင်ကာ ထိန်းချုပ်နေ‌ကြောင်းလည်း ဆိုပါ၏။

အဲရစ်မှာ လက်ရှိတွင် ဒုခ့်စတက်ဂျ် ဦးဆောင်သည့် မျိုးရိုးမြင့်များထံမှ အာဏာကို နည်းနည်းစီပြန်ယူကာ လမ်ပူရီတိုင်းပြည်ကို ထိန်းချုပ်ဖို့ ကြိုးစားနေကြောင်း ဆယ်ဗီနီကို ပြောခဲ့သည်။ သူ့အနေနှင့် ဆယ်ဗီနီမှာ ဤအတောအတွင်း သူ၏အစီစဉ်များကို ဖျက်စီးမည့် မည်သည့်လှုပ်ရှားမှုကိုမှ မလုပ်ဖို့ရာ မျှော်လင့်နေပါ၏။

ဆယ်ဗီနီမှာ အဲရစ်၏ အတွေးများကို လက်မခံပါသော်လည်း အဲရစ်မှာ ယခု ပလ္လင်ပေါ်ထိုင်နေသူဖြစ်လေသည်။ အဲရစ်၏ ညီမလေး အနေနှင့် သူမဟာ သူ့အား အပြည့်အဝထောက်ပံ့သင့်သည်ဖြစ်သဖြင့် အဲရစ်အပြောကို နားထောင်လိုက်သည်။

၎င်းနောက် ဆယ်ဗီနီမှာ ဆယ်ဗီနီကုန်သည်ကြီးများအသင်းကို ရပ်တန့်၍ လမ်ပူရီတိုင်းပြည်ရှိ ဆိုင်အားလုံးကို ပိတ်ချလိုက်၏။ သူမ၏ စက်ရုံများကိုလည်း လုပ်ငန်းစု ဆယ်ခုထံ လွှဲပြောင်းပေးခဲ့သည်။

ထိုအချက်သို့ ရောက်သည်အထိ ဆယ်ဗီနီ၏ ဆယ်‌ဗီနီကုန်သည်ကြီးများအသင်းအတွက် ကြိုးစားထားမှုအားလုံးမှာ သဲထဲရေသွန် ဖြစ်သွားသည်။

ဆယ်ဗီနီကုန်သည်ကြီးများအသင်းကို မတည်ထောင်ခင်က လမ်ပူရီတိုင်းပြည်အား လုပ်ငန်းစုဆယ်ခု သို့မဟုတ် မျိုးရိုးမြင့်ကြီးများက ထိန်းချုပ်ထားသည်။

ဆယ်ဗီနီအတွက် နိုင်ငံရှိ အခြေအနေမှာ ဆိုးရွားလာသည်သာရှိ၏။

၎င်းက ဆယ်ဗီနီ၏ စိတ်နှလုံးကို စိတ်ပျက်မှုဖြင့် ပြည့်စေ၏။

သူမအနေနှင့် အခြေအနေကို သူမ၏ အင်အားဖြင့် ပြောင်းလဲနိုင်မည်ဟု ထင်ခဲ့သော်လည်း လမ်းတစ်ဝက်၌ ရပ်တန့်လိုက်ရမည်ဟု မစဉ်းစားခဲ့မိပေ။

ရှုယီ ယခင်က သူမကို မည်သို့ 'နုံအသည်'ဟု ဆိုခဲ့သည်အား စဉ်းစားရင်း ဆယ်ဗီနီမှာ မနေနိုင်ဘဲ ခါးသက်သက်ရယ်မောမိသည်။

“အဲရစ်အနေနဲ့ သူ့အစီအစဉ်ကို ချောချောမွေ့မွေ့နဲ့ လှုပ်ရှားနိုင်ပြီး နိုင်ငံ ထိန်းချုပ်မှုကို တဆင့်ချင်းစီ ပြန်ယူနိုင်ဖို့ မျှော်လင့်မိတယ်။” ဆယ်ဗီနီက သက်ပြင်းချကာ ခေါင်းခါ၍ ထိုပြဿနာကို စိတ်ထဲမှ ထုတ်လိုက်သည်။

ဆယ်ဗီနီကုန်သည်ကြီးများ အသင်းကို ပိတ်ချလိုက်သောကြောင့် ဆယ်ဗီနီကုန်သည်ကြီးများအသင်းတွင် အလုပ်ပေးရန် စီစဉ်ထားသော ဒုက္ခသည်များအတွက် အစီစဉ်အသစ် လိုအပ်လာသည်။

သေချာတာပေါ့၊ ဆယ်ဗီနီသည် ၎င်းတို့အား အရှင်သခင်များထံမှ ဖျက်စီးခံရမည့် မူလနေရာများသို့ ပြန်ပို့မည်မဟုတ်ပေ။

သို့သော် ၎င်းတို့အား သူမ၏ ပိုင်နက်နယ်မြေ၌ ထားရှိခြင်းက မျိုးရိုးမြင့်များအကြား စည်းမျဉ်းချိုးဖောက်ရာကျပြီး အခြားလူများက တော်ဝင်မိသားစုကို အလွယ်လေး ပစ်မှတ်ထားလာနိုင်ကာ အဲရစ်ကို ပို၍ပင် ခက်ခဲစေနိုင်သည်။

ထို့ကြောင့် ဆယ်ဗီနီ စဉ်းစားပြီးနောက်တွင် ရှုယီကိုသာ အကူအညီတောင်းနိုင်ကြောင်း တွေ့လိုက်ရ၏။

ရှုယီက အမြဲတမ်း ဆယ်ဗီနီ၏ တောင်းဆိုချက်များကို လိုက်လျောခဲ့သည်မှာ ကိစ္စကောင်းပင်။ ထို တောင်းဆိုချက်ကို ရပြီးနောက် သူဟာ မည်သည်ကိုမှ မဆိုတော့ဘဲ ယင်းဒုက္ခသည်များကို ဂရုစိုက်ရာ၌ ကူညီဖို့ သဘောတူလာသည်။

ဆယ်ဗီနီ၏ မြေထဲသို့ ရောက်ရှိလာသည့် ဒုက္ခသည်များ ပိုများလာသည့်အချက်ကို ထည့်ပေါင်းရသော် ဆယ်ဗီနီ၏ ပိုင်နက်နယ်မြေထဲသို့ လွတ်မြောက်လာသည့် ဒုက္ခသည်မှာ အယောက် နှစ်ထောင်ကျော်သည်။

Frestech ကုန်သည်ကြီးများအသင်းသည်ပင် ထိုလူအားလုံးကို ကူညီဖို့ အခက်တွေ့ရလိမ့်မည်။ ရှုယီမှာ ဆန်နက်မြေရိုင်းရှိ အခြားလုပ်ငန်းစုများနှင့်အတူ ထိုဒုက္ခသည်အားလုံးကို ခေါ်ဆောင်သွားရန် လုပ်ဆောင်ခဲ့သည်။

သို့သော် ထိုဒုက္ခသည်များအား ၎င်းတို့ကို အုပ်ချုပ်ခဲ့သည့် မျိုးရိုးမြင့်များက မှော်စက်မှုစက်ရုံများတွင် အလုပ်လုပ်ဖို့ တွန်းအားပေးခဲ့သည် ဖြစ်ရာ ၎င်းတို့ထံ၌ ကျွမ်းကျင်မှု အနည်းငယ်ရှိပြီး ထိုလုပ်ငန်းစုများထံ ဝင်ဆန့်ရန် လွယ်ကူပေသည်။

ပြဿနာမှာ ဆယ်ဗီနီအနေနှင့် ၎င်းဒုက္ခသည်များကို သင့်လျော်သည့် အဆင့်အတန်းမည်သို့ ပေးရမည်အား စဉ်းစားဖို့လိုပါ၏။

ဒုက္ခသည်အများစုမှာ ၎င်းတို့ တစ်မိသားစုလုံးနှင့်အတူ လာကြပါသော်လည်း အချို့ထံ၌ အိမ်တွင် ကျန်ခဲ့သည့် မိသားစုနှင့် မိတ်ဆွေများ ရှိသေးသည်။ ထွက်သွားပြီးနောက်တွင် လမ်ပူရီတိုင်းပြည်သို့ ပြန်လာနိုင်မည်မဟုတ်လေသဖြင့် ၎င်းတို့အားလုံးကိုသာ ယခုပို့ဆောင်လိုက်ပြီး ပြန်လာချင်ကြလျှင် ၎င်းတို့၏ လမ်ပူရီတိုင်းပြည်ရှိ တရားဝင်အထောက်အထားကို ဆုံးရှုံးရနိုင်သည်။

ဤမေးခွန်းက ဆယ်ဗီနီအတွက် ထိုမျှ မခဲယဉ်းပေ။ သူမ၏ အဆင့်အတန်းနှင့်ဆိုလျှင် နိုင်ငံလွှတ်တော်ထံမှ နိုင်ငံသားခံယူခွင့်အဆင့်အတန်း တချို့ တောင်းဆိုဖို့ မခက်လှ။

တစ်ခုတည်းသော ပြဿနာမှာ ၎င်းတို့က အင်မတန် များနေ၏။

ဤပြဿနာကို ဖြေရှင်းရန် ၎င်းတို့အား အသုတ်လိုက် ခွဲသင့် မသင့်စဉ်းစားနေစဉ်တွင် သင်းထောက် ပိတ်သွားသည့် တံခါးက ရုတ်တရတ် ပွင့်လာသည်။

ဆယ်ဗီနီလည်း တအံ့တအဩ မော့ကြည့်လိုက်ရာ သင်းထောက်က ပြန်ရောက်လာပြီး သူနှင့် အတူ လူတစ်ယောက်ပါလာသည်ကို တွေ့ရလေ၏။

ထိုလူထံ၌ မည်သည့်အင်အားမှ ရှိပုံမရဘဲ သင်းထောက်က တွဲကူမှသာ ရပ်နိုင်သည်။ သူ၏ အဝတ်များမှာ စုတ်ပြတ်နေပြီး ဆံပင်ကလည်း ဆယ်ဗီနီ၏ ပိုက်နက်နယ်မြေထံ လွတ်မြောက်လာသည့် ဒုက္ခသည်တို့နှင့် ခြားနားသည်။

သို့သော် သေချာကြည့်ပါလျှင် ထိုလူက ၎င်းဒုက္ခသည်များနှင့် မတူသည်ကို ပြောနိုင်၏။

ဤလူ၏ အဝတ်များမှာ စုတ်ပြတ်နေသော်လည်း အင်မတန်အဆင့်မြင့်သောပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ ၎င်းအား သေသေသပ်သပ်ချုပ်ထားကာ ဒီဇိုင်းက အင်မတန်သစ်လွင်လှပြီး ဒုက္ခသည်တစ်ဦး ဝတ်ဆင်နိုင်သည့် အဝတ်မျိုးလုံးဝ မဟုတ်ပေ။

ထို့အပြင် သူဟာ ကျစ်လျစ်ပြီး သွေးများဖုန်များ ညစ်ပေရေနေလျှင်သော်မှ သူ၏ အသားအရေက အတော်လေးသင့်တင့်လှသည်ဟု ဆိုနိုင်၏။ သူဟာ ထို ကြမ်းတမ်းပြီး အသားအရေညစ်ထေးလှသည့် ဒုက္ခသည်များနှင့် လုံးဝမတူပေ။

“မင်းသမီးလေး” သင်းထောက်က ဆယ်ဗီနီကို ခေါ်လိုက်ပြီးနောက် ထိုလူအား နံဘေး၌ ထိုင်ရန် ကူဖို့ ပြင်လိုက်လေသည်။

ဆယ်ဗီနီမှာ လက်ရှိတွေ ထိုလူက မည်သူဖြစ်သည်ကို စဉ်းစားမိနေ၏။ သူဟာ ဤနေရာသို့ ခေါ်လာခံရလောက်အောင် သင်းထောက်နှင့် မည်မျှ ရင်းနှီးနေသနည်း? ထိုလူက သင်းထောက်အသံကိုကြားရာ ရုတ်တရတ် မော့ကြည့်လာလေသည်။

သူ၏ မျက်လုံးများက ဆယ်ဗီနီနှင့် ဆုံသွားချိန်တွင် ဆယ်ဗီနီက အံ့ဩသွားဟန်ပြလာသည်။ ထိုလူထံ၌ ရုတ်တရတ် အားအပြည့်ဖြစ်သွားကာ သင်းထောက်ထံမှ ရုန်းထွက်၍ ဆယ်ဗီနီရှေ့သို့ ပြေးလာပြီး ဒူးထောက်ချလေ၏။ သူက ဆယ်ဗီနီ၏ ခြေထောက်ကိုဖက်၍ အော်လေသည်။

“မင်းသမီးလေး! ကျွန်တော့်ကို ကယ်ပါ! ကျွန်တော့်ကို ကယ်ပါ! ကျွန်တော်တို့ တစ်မိသားစုလုံးကို..... အဲ့လူတွေ သတ်လိုက်ကြပြီ..... ကျွန်တော်လည်း..... အသတ်ခံရလုနီးပါး ဖြစ်ခဲ့တာ..... ကယ်ပါဦး.....”

ဆယ်ဗီနီမှာ အံ့ဩသွားပြီးနောက် အမြန်ပင် သူ့အား ထူမပေးလိုက်ပါသည်။ သူမက ဖုန်များ ညစ်ပေနေသည့် မျက်နှာထက် မျက်ရည်စီးကြောင်းတစ်ကြောင်းကျလာသည့် မျက်နှာကိုကြည့်လိုက်ရာ သူမ မမှားကြောင်းသိလိုက်ရသည်။ ဤလူမှာ မန်နေဂျာ ဒဲမာ၏ အထွေးဆုံးသား ဂျာဗန်ပင်။

မန်နေဂျာ ဒဲမာမှာ လမ်ပူရီဆယ့်သုံးအတွက် တာဝန်ထမ်းဆောင်စဉ်က ဆယ်ဗီနီသည် ငယ်ရွယ်သေးပြီး သူ၏ သားအငယ်ဆုံးကလည်း ဆယ်ဗီနီနှင့် သက်တူရွယ်တူ နီးပါးဖြစ်သောကြောင့် ၎င်းတို့မှာ အတူ ဆော့ကစားခဲ့ကြသည်။ ဆယ်ဗီနီနှင့် ဂျာဗန်မှာ အတော်လည်းလေး ရင်းနှီးလှသည်။

နှစ်ဦးမှာ အဆင့်အတန်းမတူသဖြင့် အရွယ်ရောက်လာချိန်၌ အနေစိမ်းသွားကြလျှင်တောင် မကြာခဏတော့ တွေ့ခဲ့ကြသည်။

မန်နေဂျာ ဒဲမာ၏ ယခင်နှစ် ဈာပနတွင် ဆယ်ဗီနီလည်း တက်ရောက်က ဂျာဗန်နှင့် အတန်ကြာ စကားဆိုခဲ့ပြီး သူ့ထံ၌ ဘဝကောင်းကောင်းရရန် မျှော်လင့်ခဲ့ပေသည်။

ဂျာဗန်မှာ သူ၏ ဖခင် ကွယ်လွန်ကာစဖြစ်သဖြင့် အင်မတန် ဝမ်းနည်းနေပုံ ပေါ်ခဲ့သော်လည်း မျိုးရိုးမြင့်သခင်လေးတစ်ဦး၏ စံပြပုံစံရှိနေဆဲပင်။

တစ်နှစ်အတွင်း သူဟာ ရုတ်တရတ် ဤသို့ ဖြစ်လာမည်ဟု မထင်မိခဲ့။

ဆယ်ဗီနီကို ပို၍ အံ့ဩသွားစေသည်မှာ သူပြောသည့် စကားများဖြစ်သည်။

“ဘာပြောလိုက်တယ်? ရှင်တို့ တစ်မိသားစုလုံး.... အသတ်ခံလိုက်ရတယ်?” ဆယ်ဗီနီက ဂျာဗန်ကို ထိတ်လန့်အံ့ဩစွာ ကြည့်လိုက်မိသည်၊ “သူတို့ သတ်ခံလိုက်ရပြီလို့ပြောနေတာလား? ရှင်တို့ တစ်မိသားစုလုံးကို သတ်ရလောက်အောင် ဘယ်သူက ရဲတင်းနေတာလဲ?”

ဂျာဗန်က ခေါင်းခါသည်၊ “ကျွန်တော်.... ကျွန်တော်မသိဘူး..... အိပ်နေတဲ့အချိန် ရုတ်တရတ် လူတွေအော်သံကြောင့်နိုးလာခဲ့တာ။ ပြီးတော့ ကျွန်တော်တို့အိမ်ထဲကို လူ‌အတော်များများ ဝင်လာပြီး မိသားစုလိုက်ကို သတ်သွားတာ။ ကျွန်တော်.... ကျွန်တော့်ကိုတော့ အစေခံတစ်ယောက်က အတင်းပုန်းခိုင်းထားခဲ့လို့.....”

ဂျာဗန်က ကောင်းကောင်း မပြောနိုင်သည်ကိုမြင်သော် ဆယ်ဗီနီမှာ မျက်မှောင်မကုပ်မိဘဲ မနေနိုင်တော့ပေ။

“ရှင် ဘာကိုမှ မသိဘူးလား?”

ဂျာဗန်က ငေးကြောင်လျက် ခေါင်းခါသည်၊ “ကျွန်တော်မသိဘူး.... ကျွန်တော် ဘာကိုမှ မသိဘူး..... မဟုတ်ဘူး! ဒီမှာ သဲလွန်စတချို့တော့ရှိရမယ်! အဖေမဆုံးခင်က မိသားစုမှာ တစ်ခုခုဖြစ်လာရင် မင်းသမီးလေးဆီလာပြီး ဒါကို ပေးဖို့ မှာထားခဲ့တယ်။”

ဂျာဗန်က ရင်ဘတ်ထဲနှိုက်ကာ သားရေဖြင့် ထုပ်ထားသည့် အထုပ်လေးတစ်ထုပ်ကို ထုတ်ယူလိုက်သည်။

သားရေမှာ ချွေးများသွေးများဖြင့် ညစ်ပေရေလျက် အင်မတန် ညစ်ပတ်ပုံပေါ်နေပါသော်လည်း ဆယ်ဗီနီက ဂရုမစိုက်ဘဲ ဂျာဗန်ထံမှ ယူလိုက်သည်။

မန်နေဂျာ ဒဲမာက မကွယ်လွန်ခင် ဂျာဗန်ကို ထိုသို့ပြောခဲ့ကတည်းက တစ်ခုခုမှားနေခဲ့တာ ရှိရမည်။

သားရေအိတ်ကို ဖွင့်ကြည့်လိုက်သော် အတွင်း၌ ချိတ်ပိတ်ထားသည့် စာတစ်စောင် စာအုပ်တစ်အုပ်နှင့် ပုလင်းလေးတစ်ပုလင်းကို မြင်တွေ့လိုက်ရသည်။ ပုလင်းထဲ၌ အမည်မသိခရမ်းရောင် အရည်တစ်ဝက်ရှိနေ၏။

ဆယ်ဗီနီလည်း ပုလင်းကိုကြည့်ရာ ၎င်းက ဘာမှန်းမသိသဖြင့် ဘေး၌ ချထားလိုက်၏။ စဉ်းစားပြီးနောက်တွင် ချိတ်ပိတ်ထားသော စာကို ဖွင့်လိုက်သည်။

ထိုစာကို ဖွင့်လိုက်သည်နှင့် ဆယ်ဗီနီ၏ မျက်လုံးများ ရုတ်တရတ် ကျဉ်းမြောင်းသွားပါ၏။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၇၈။ ဒိုင်ယာရီ

“မင်းသမီးလေး ဒီစာကိုမြင်ရင် ကျွန်တော်က အသူရာငရဲရဲ့ အနက်ဆုံးအပိုင်းမှာ အဆုံးမရှိ ဆင်းရဲဒုက္ခဝေဒနာကို ခံစားနေရလောက်ပါပြီ။”

“ကျွန်တော်ဘာကြောင့် အရှင်မင်းကြီးကို သတ်ဖို့ ဒုခ့်စတက်ဂျ် ကို ကူညီရအောင် ဆုံးဖြတ်ခဲ့တယ်ဆိုတာ စဉ်းစားနေဖို့မလိုပါဘူး၊ ဒါက ကျွန်တော်ရှင်သန်ရတဲ့ ကံကြမ္မာပါ။”

“ကျွန်တော် ခွင့်လွှတ်မှုကို မတောင်းခံသလို အရည်အချင်းလည်း မပြည့်ဝခဲ့ပါဘူး။ ဒီစာကို ချန်ခဲ့တာဟာ အမှန်တရားကို ဖုံးကွယ်ထားလို့ မရတော့ဘဲ မင်းသမီးလေးကိုလည်း ထပ်ပြီး လှည့်စားမခံစေချင်တဲ့ မျှော်လင့်ချက်နဲ့ပါ။”

“ဒီအချိန်မှာ အမှန်တရားကို ထုတ်ပြဖို့ ရွေးချယ်လိုက်တဲ့ အကြောင်းပြချက်က ကျွန်တော် တန်ဖိုးအထားရဆုံး မိသားစုက ကံကြမ္မာဆိုးနဲ့ ကြုံခဲ့ရလို့ပါ။ ဒုခ့်စတက်ဂျ်နဲ့ မင်းသားလေးအဲရစ်ကို ကူဖို့ ဆန္ဒရှိတာကလည်း သူတို့တွေက ကျွန်တော့် မိသားစုဝင်တွေရဲ့ အသက်နဲ့ ခြိမ်းခြောက်ထားတာကြောင့်ပါ။ ကျွန်တော့်ရဲ့ မိသားစုဝင်တွေသာမရှိတော့ရင် ဘာခြိမ်းခြောက်မှုမှလည်း မရှိပါဘူး။”

“ကျွန်တော်က မသိနားမလည်ဘဲ သူရဲဘောကြောင်တယ်။ ကျွန်တော့် မိသားစုအတွက် သူတို့နဲ့အတူ ဒီလို ဆိုးဝါးတဲ့လုပ်ရပ်ကို လုပ်ဖို့ သဘောတူခဲ့တယ်။ ကျွန်တော့်စိတ်ထဲ ဒါကိုလုပ်ရင် ကျွန်တော်မိသားစုကို အမှန်တရားဖုံးကွယ်ဖို့ သေလောက်အောင် ထောင်ချက်ဆင်နိုင်တယ်ဆိုတာကို သိနေခဲ့တာတောင်မှပေါ့။”

“မင်းသမီးလေး မင်းအနေနဲ့ အရမ်းဒေါသထွက်လောက်တယ် ဒါကို နားလည်ပါတယ်။ ကျွန်တော်ရဲ့ မကောင်းမှုတွေကို လုံးဝ ခွင့်လွှတ်လို့မရနိုင်ဘူး။ ကျွန်တော် ငယ်က‌တည်းက အရှင်မင်းကြီးအတွက် တာဝန်ထမ်းဆောင်ခဲ့ပြီး အရှင်မင်းကြီးကလည်း အမြဲတမ်း ကျွန်တော့်အပေါ် ကောင်းပေးပါတယ်။ ကျွန်တော့်အနေနဲ့ အရှင်မင်းကြီးကို အကြီးမားဆုံး သစ္စာရှိမှုပေးသင့်ပေးမယ့် နောက်ဆုံးအချိန်မှာ သစ္စာဖောက်မိခဲ့ပြီးတော့ အဆိပ်တောင် ကျွေးခဲ့မိပါတယ်။”

“အရှင်မင်းကြီးက အဆိပ်ကို သောက်တာကိုမြင်တော့ ကျွန်တော် သေဆုံးတော့မလိုပါပဲ။ အရှင်မင်းကြီး ကွယ်လွန်ပြီး မကြာခင်မှာပဲ ကျွန်တော့်ကိုယ်ကို သတ်သေဖို့ ရွေးချယ်ခဲ့တယ်။ ဒါကို လူအတော်များများက သစ္စာရှိတဲ့ လုပ်ရပ်လို့ ယူဆလောက်ကြပေမယ့် တကယ်တော့ ထွက်ပြေးတာပါပဲ။”

“ကျွန်တော် ဒီလုပ်ရပ်ကလာမယ့် စိတ်မလုံခြုံမှုကို တောင့်မခံနိုင်ဘူး၊ အရှင်မင်းကြီးက ကျွန်တော်အိပ်ချိန် ညတိုင်း ကြည့်နေမှာကို မခံစားနိုင်တာကြောင့် ထွက်ပြေးဖို့ ရွေးချယ်ပြီး နောက်ဆုံးမှာ သတ်သေလိုက်တာပါ။”

“မင်းသမီးလေး ဒီစာကိုမြင်ရင် ကျွန်တော့်ရဲ့ ကြိုသိစိတ်က မှန်လာပြီး ကျွန်တော့်မိသားစုကို ရှင်းလင်းလိုက်ကြတဲ့အဓိပ္ပာယ်ပါပဲ။ ဒီတော့ ကျွန်တော့်မိသားစုဝင်တချို့ ရှင်ကျန်ရစ်ပြီး ဒီစာကို မင်းသမီးလေးဆီလာပေးတာကြောင့် ကျွန်တော် ကံကောင်းတယ်လို့ ဆိုလိုတာပေါ့။”

“ကျွန်တော် ခွင့်လွှတ်မှုကို မမျှော်လင့်ပါဘူး၊ ဒါပေမယ့် ကျွန်တော့် မိသားစုဝင်တွေကိုတော့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ သူတို့က ကျွန်တော်တို့မိသားစုရဲ့ နောက်ဆုံးမျှော်လင့်ချက်ပါပဲ။ မင်းသမီးလေးအနေနဲ့ သူတို့ကို ခွင့်လွှတ်ဖို့အထိ စိတ်သဘောထားပြည့်ဝမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ရဲ့မိသားစုက ဒီကိစ္စတွေရဲ့ အခြေအနေတွေကို မသိကြသလို တန်ကြေးလည်း အလုံအလောက် ပေးသွားပြီးကြပါပြီ။”

“ကျွန်တော်ကတော့ ပြစ်မှုကို ဘယ်တော့မှ သန့်ရှင်းအောင် ဆေးကြောလို့ မရနိုင်တာကြောင့် အသူရာငရဲရဲ့ အနက်ဆုံးအပိုင်းမှာ ထာဝရ အကြီးမားဆုံး နာကျင်မှုကို ခံစားနေရမှာပါ။”

နောက်ဆုံးစာကြောင်းကို မြင်သော် ဆယ်ဗီနီ၏ စာရွက်ကိုကိုင်ထားသည့် လက်မှာ မနေနိုင်အောင် တုန်ယင်လာတော့သည်။

ဒေါသ၊ ထိတ်လန့်မှု၊ ပူပန်သောက၊ မကျေနပ်မှုနှင့် စိုးရိမ်ခြင်းတို့......နှင့် အခြား ခံစားချက်ပေါင်းစုံတို့က တပြိုင်နက်တည်း ဆယ်ဗီနီ၏ စိတ်ထဲ ဝင်ရောက်ရိုက်ခတ်ကာ သူမ၏ စိတ်အား ဗလာဖြစ်သွားစေပြီး တွေးတောနိုင်စွမ်းအလုံးစုံကို ဆုံးရှုံးလိုက်ရတော့သည်။

‘ဒီတော့ ခမည်းတော်က ဖျားနာမှုကြောင့် နတ်ရွာစံသွားတာ မဟုတ်ဘူးပေါ့’

‘ခမည်းတော်ကို တကယ်တမ်း မန်နေဂျာ ဒဲမာက အဆိပ်ခတ်ခဲ့တာပဲ!’

‘ဒုခ့်စတက်ဂျ်က ခမည်းတော်ကို သတ်ခဲ့ပြီး အဲရစ်က ကူညီတောင် ကူညီခဲ့သေးတယ်!’

ဆယ်ဗီနီ၏ မျက်နှာထက်မှ သွေးရောင်ပျောက်ကွယ်သွားကာ သူမ၏ အသားအရေလှလှသည်ပင် ဖြူဖျော့သွားပြီး အင်မတန် ထိတ်လန့်ဟန် ပေါ်နေသည်။

တစ်ခဏကြာပြီးနောက် ထိုဖြူဖျော့ဖျော့မျက်နှာက ရုတ်တရတ် နီရဲသွားပါ၏။ ဆယ်ဗီနီ၏ ခန္ဓာကိုယ်ကလည်း ရုတ်တရတ် တုန်ရီလာပြီးနောက် နှုတ်ခမ်းများကို ဖွင့်လိုက်ရာ ပါးစပ်ဖောင့်မှ သွေးစများထွက်လာသည်။

ဆယ်ဗီနီ၏ တုံ့ပြန်မှုကိုမြင်သော် နံဘေးရှိ သင်းထောက်နှင့် ဂျာဗန်တို့မှာ ထိတ်လန့်အံ့အားသင့်သွားကြသည်။

“မင်းသမီးလေး ဘာဖြစ်လို့လဲ? အဆင်ပြေရဲ့လား?”

သင်းထောက်က သူမကို ကူညီရန် ရှေ့တိုးသွားသော်လည်း ဆယ်ဗီနီမှာ သူမလက်ထဲရှိ စာကို အဝေးသို့ထားကာ သူတိုးလာသည်ကို ဟန့်တားရန် လက်ပြလိုက်သည်။

သက်ပြင်းပြင်းရှူလိုက်ကာ ဆယ်ဗီနီ၏ အမူအရာက တဖြည်းဖြည်း ပြန်ကောင်းလာပြီး မျက်လုံးများကလည်း ပုံမှန်တည်ငြိမ်မှုပြန်ရသွား၏။

သို့သော် ဂရုတစိုက်ကြည့်လိုက်လျှင် သူမ၏ အမူအရာက ပုံမှန်ကဲ့သို့ မနွေးထွေးနေဘဲ အရိုးစိမ့်လောက်အောင် အေးစက်မှုရှိနေသည်။

ဆယ်ဗီနီက ဂျာဗန်ကိုကြည့်လိုက်ပြီးနောက် သူမလက်ထဲရှိ စာကိုကြည့်လာ၏။ ထို့နောက် အသက်ပြင်းပြင်းရှူကာ စာကို အင်္ကျီရင်ဘတ်ထဲ ထည့်လိုက်လေသည်။ လက်ကိုင်ပဝါထုတ်ကာ နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်လိုက်ပြီးနောက် စာအုပ်ကို ဖွင့်လိုက်ပါ၏။

စာအုပ်မှာ မန်နေဂျာ ဒဲမာ၏ ဒိုင်ယာရီဖြစ်သည်။

ဤဒိုင်ယာရီမှာ လမ်ပူရီဆယ့်သုံး မသေဆုံးခင် သုံးလအကြာက စတင်ထားပြီး မန်နေဂျာ ဒဲမာ သေဆုံးသည့်နေ့၌ အဆုံးသတ်သည်။

ဤဒိုင်ယာရီအရ လမ်ပူရီဆယ့်သုံးမှာ လပေါင်းများစွာ အပြင်းဖျားနေခဲ့ပြီး အခြေအနေကလည်း အလျင်အမြန် ဆိုးလာသည်။

ဒိုင်ယာရီအစတွင် မန်နေဂျာ ဒဲမာ၏ စကားလုံးများက ပူပန်မှုဖြင့်ပြည့်နေ၏။

သို့သော် လမ်ပူရီဆယ့်သုံး မသေဆုံးခင် လဝက်လောက်တွင် ဒိုင်ယာရီထဲရှိ စကားအနေအထားက အေးစက်လာပြီး မန်နေဂျာ ဒဲမာနှင့် ဒုခ့်စတက်ဂျ် တို့၏ တွေ့ဆုံမှုများကို မှတ်တမ်းတင်ထားသည်။

လမ်ပူရီဆယ့်သုံးသေဆုံးခြင်း မရောက်ခင် ရက်အ‌နည်းငယ်မှာ လမ်ပူရီဆယ့်သုံး၏ နေ့စဉ်အပြောင်းအလဲများနှင့် မန်နေဂျာ ဒဲမာ၏ တုံ့ဆိုင်းမှုတို့ကို မှတ်တမ်းတင်ထား၏။

ထို့နောက် လမ်ပူရီဆယ့်သုံးကွယ်လွန်သွားပြီး ရက်များစွာအကြာ၌ မန်နေဂျာ ဒဲမာမှာ ခံဝန်ချက်ရှည်ကြီးကို ချန်ထားခဲ့သည်။ သူဟာ လမ်ပူရီဆယ့်သုံးသေဆုံးသည့် နေ့ အခြေအနေကို မှတ်တမ်းတင်ကာ ဒုခ့်စတက်ဂျ် က သူ့အားမည်သို့ တွန်းအားပေးခဲ့ပြီး သူက လမ်ပူရီဆယ့်သုံးကို မည်သို့ အဆိပ်ခတ်ခဲ့ကြောင်းအား အသေးစိတ်ရှင်းပြထား၏။

ဒိုင်ယာရီထဲတွင် ချန်ထားခဲ့သည့် ပုလင်းအကြောင်း ထုတ်ပြောထားသည်။

ဒိုင်ယာရီအရ ဤပုလင်းလေးထဲ၌ လမ်ပူရီဆယ့်သုံးကို သတ်ဖြတ်ခဲ့သည့် အဆိပ်ပါဝင်နေလေ၏။

ထို့နောက် မန်နေဂျာ ဒဲမာက ရှင်းလင်းသည့်သေတမ်းစာတစ်ခုရေးထားကာ သူ၏ မိသားစုဝင်များနှင့် သူ၏ဈာပနကို မည်သို့ စီစဉ်မည့်အကြောင်း အသေးစိတ်ရေးထားသည်။

ဒိုင်ယာရီထဲတွင် မန်နေဂျာ ဒဲမာက သူ့အနေနှင့် မိမိကိုယ်ကို မသတ်သေပါလျှင်တောင် မင်းသားလေးအဲရစ်နှင့် ဒုခ့်စတက်ဂျ် တို့က သူ့အား နှုတ်ပိတ်ရန် သတ်မည်ဖြစ်ဆဲကို သေချာသိကြောင်း ဖော်ပြထားသည်။

သူဟာ စိတ်မလုံခြုံမှု၏ နှိပ်စက်ကလူပြုခြင်းမှ ထွက်ပြေးရန် သတ်သေဖို့ ရွေးချယ်ခြင်းအပြင် မိသားစုအတွက် ချိန်ဆမှုများလည်း လုပ်ဆောင်ခဲ့၏။

ဒိုင်ယာရီအဆုံးတွင် ဒုခ့်စတက်ဂျ် နှင့် မင်းသားလေးအဲရစ်တို့က ကိစ္စများကို လုံခြုံစေရန် သူ၏ မိသားစုအား သုတ်သင်မည်ဖြစ်ကာ ထိုနည်းနှင့် ကိစ္စ၏ အမှန်တရားကို ဖုံးကွယ်ရန် ပိုလွယ်သွားမည်ဖြစ်ကြောင်းကို ဖော်ပြထား၏။

ဆယ်ဗီနီမှာ ၎င်းဒိုင်ယာရီကိုဖတ်ပြီးနောက် စာကိုဖတ်ထားပြီးဖြစ်သဖြင့် ရိုက်ခတ်မှုများများစားစားမရှိပေ။

သို့သော် ဒိုင်ယာရီထဲရှိ လမ်ပူရီဆယ့်သုံးကို မည်သို့ အဆိပ်ခတ်ခဲ့ကြောင်း ရေးထားသည့် အပိုင်းကို ဖတ်ပြီးနောက် ဆယ်ဗီနီမှာ မနေနိုင်အောင် တုန်ယင်လာသည်။

အားလုံးကို ဖတ်ပြီးနောက် ဆယ်ဗီနီမှာ ခဏတာ ငေးကြောင်မိသွားသည်။ ထို့နောက်မှသာ ဒိုင်ယာရီနှင့် ပုလင်းလေးကို အဝေးထား၍ ဂျာဗန်ကို ကြည့်လာသည်။

“မင်းသမီးလေး.....”

ဆယ်ဗီနီ၏ မျက်လုံးများထဲရှိ ရှုပ်ထွေးနေဟန်ကိုမြင်သော် ဂျာဗန်မှာ မနေနိုင်အောင် တုန်ယင်လျက် စိတ်နှလုံးထဲ ပူပန်မှုတို့ ပြည့်လာရသည်။

သူ့ဖခင်၏ စာထဲတွင် ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်ကြီးကို ရေးထားပုံရသည်၊ မဟုတ်ပါက မင်းသမီးလေး ဆယ်ဗီနီမှာ သွေးပင် အန်မိသည်အထိ ဖြစ်မည်မဟုတ်။

ဆယ်ဗီနီမှာ ဂျာဗန်ကို ရှုပ်ထွေးနေဟန်ဖြင့် တစ်ခဏကြည့်လိုက်ပြီးနောက် မည်သည်ကိုမှ မပြုလုပ်လာသည်မှာ ကောင်းသည့်အရာပင်။ သူမက သင်းထောက်ကို လှည့်ကြည့်၍ ပြောလိုက်၏၊ “ဂျာဗန်ကို ခေါ်သွားပြီး နည်းနည်းလောက် အနားယူခိုင်းလိုက်ပါ။ ပြီးတော့ ဂျာဗန် ဒီကိုရောက်လာတဲ့ သတင်းကို ပိတ်ထားလိုက် သူဒီမှာ ရှိတာ ဘယ်သူ့ကိုမှ မသိစေနဲ့ နားလည်တယ်မလား?”

သင်းထောက်က ခေါင်းငြိမ့်၏၊ “ဟုတ်ကဲ့”

“သွားတော့”

သင်းထောက်နှင့် ဂျာဗန်တို့ ထွက်သွားပြီး သူမတစ်ဦးတည်းသာ ကျန်ခဲ့ချိန်တွင် ဆယ်ဗီနီ၏ ကိုယ်မှာ ရုတ်တရတ် တုန်ရီလာကာ သူမ၏ လက်က ပါးစပ်ဆီရောက်သွား၏။

သူမ ဖယ်လိုက်ချိန်တွင် လက်ဖဝါးထက်၌ သွေး‌နီရောင်များရှိနေပါ၏။

ဤမျှ ထိတ်လန့်ဖွယ် သွေးနီရောင်များကို မြင်သော် ဆယ်ဗီနီ၏ မျက်နှာက အဆုံးမဲ့ ဝမ်းနည်းဟန်ကို ထုတ်ပြရင်း ရေရွတ်လေသည်၊ “အဲရစ် နင်က.... တကယ်ကို ရက်စက်တယ်လား?”

…….

ရူဒ်ဆန်တိုင်းပြည်၏ မြို့ ကာရာကာမြို့သို့ ဦးတည်နေသည့် လမ်းမထက်တွင် အနက်ရောင်မှော်ဆလွန်းတစ်စီး ပြေးလွှားနေသည်။

ဤလမ်းအား လွန်ခဲ့သည့် သုံးနှစ်အကြာက အမ်ရစ်ကုန်သည်ကြီးများအသင်းမှ တည်ဆောက်ထားပြီး ယခင်နှစ်က တိုးချဲ့ခဲ့သည်။ ယခုတွင် ၎င်းသည် မီတာနှစ်ဆယ်ကျော်ကျယ်သော လမ်းမျဉ်းဖြစ်ပြီး ရူဒ်ဆန်တိုင်းပြည်တွင် အကြီးဆုံးလမ်းဖြစ်သည်။

ဤလမ်း၏ မြောက်ဘက်အကျဆုံး အပိုင်းမှာ လမ်ပူရီတိုင်းပြည်နှင့် ရူဒ်ဆန်တိုင်းပြည်အကြား နယ်စပ်၌ရှိပြီး တောင်ဘက်အကျဆုံးအပိုင်းမှာ ရူဒ်ဆန်တိုင်းပြည်၏ အကြီးဆုံး ဆိပ်ကမ်းမြို့ နီရှီမြို့ံဖြစ်သည်။ အလယ်၌ ရူဒ်ဆန်တိုင်းပြည်မှ မြောက်နှင့် တောင်ကို ဆက်သွယ်နေသော ကာရာကာမြို့ရှိပါ၏။

ဤလမ်းမှ ဖြတ်သန်းသွားလာ‌နေသည့် မြင်းလှည်းများနှင့် ရံဖန်ရံခါ မှော်ကားများထံမှ ဤလမ်းမှာ လက်ရှိတွင် ရူဒ်ဆန်တိုင်းပြည်၌ အလုပ်အများဆုံးလမ်းဖြစ်ကြောင်း မြင်နိုင်သည်။

အချက်အလက်များကို ၎င်းကို သက်သေပြနေသည်။

ရူဒ်ဆန်တိုင်းပြည်၏ အစိုးရသည် ဤလမ်းမှာ ရူဒ်ဆန်တိုင်းပြည်တွင် အရေးအပါဆုံးပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ ၎င်းတို့သည် ထပ်လောင်းစခန်းကို တည်ထောင်ရုံသာမက ခရီးလမ်းတစ်လျှောက် ခရီးသွားတည်းခိုခန်းနှင့် အခြားဝန်ဆောင်မှုများကိုလည်း ပြင်ဆင်ပေးထားသည်။ လမ်းကို ကင်းလှည့်ရန်အတွက် တာဝန်ရှိသည့် တော်ဝင်စစ်တပ်မှ အစောင့်များပင် ချပေးထားသည်။

မှန်ပါ၏၊ ၎င်းအကျိုးအမြတ်များနှင့်အတူ ပါလာသည့် အားနည်းချက်များလည်း ရှိသည်။

အကျိုးအမြတ်များမှာ ဤလမ်းက ရူဒ်ဆန်တိုင်းပြည်တဝှမ်းကို ချိတ်ဆက်ထားကာ ဤလမ်းကြောင့် ရူဒ်ဆန်တိုင်းပြည်ကို အလျင်အမြန် တိုးတက်စေသည်။

အားနည်းချက်မှာ ရူဒ်ဆန်တိုင်းပြည်က ဤလမ်းအပေါ် များစွာ မှီခိုထားရခြင်းပင်။ တိုးတက်မှုအားလုံးက ဤလမ်းနှင့် ချိတ်ဆက်သည့် ဧရိယာများကို ဗဟိုပြုနေကာ အခြားဧရိယာများ၏ တိုးတက်မှုက ထိုမျှ မကောင်းလှပေ။

သို့သော် ဤသည်ကလည်း နောက် နှစ်အနည်းငယ် ကြာလျှင် တိုးတက်လာလိမ့်မည်။

ရူဒ်ဆန်တိုင်းပြည်မှာ အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် စာချုပ်အသစ်တွင် လက်မှတ်ထိုးပြီးသားဖြစ်ကာ ရူဒ်ဆန်တိုင်းပြည်ကို ဖြတ်၍ ပိုမို အတိုင်းအတာကြီးမားသော လမ်းသုံးလမ်း ဖောက်လုပ်ဖို့‌ တောင်းဆိုထားသည်။ ၎င်းက မြောက်နှင့် တောင်ကို ချိတ်ဆက်မည်ဖြစ်ရုံသာမက အရှေ့မှ အနောက်ကိုလည်း ချိတ်ဆက်မည်ဖြစ်၏။

၎င်းအပြင် ဤလမ်းကြီးလေးလမ်းကို ချိတ်ဆက်မည့် လမ်းလေးများကိုလည်း ဖောက်လုပ်ဖို့ လိုအပ်၏။ ပန်းတိုင်မှာ ရူဒ်ဆန်တိုင်းပြည်တစ်ခုလုံးကို လမ်းများနှင့် ချိတ်ဆက်ကာ ငါးနှစ်အတွင်း လမ်ပူရီတိုင်းပြည်ကဲ့သို့ တူညီသည့် အဆင့်ကိုရောက်ရန် ကြိုးစားရမည်ဖြစ်သည်။

“ရူဒ်ဆန်တိုင်းပြည်က အရေးကြီးပြဿနာတစ်ခုကို မေ့နေတာပဲ။” မှော်ဆလွန်း၏ နောက်ခုံ၌ ထိုင်နေသော ခမ်နက်ဒ် မှာ လမ်းတလျှောက် ပြေးဆွဲနေသည့် မြင်းလှည်းများကိုကြည့်ရင်း နံဘေးရှိ ရှုယီကို ပြောလေသည်၊ “လမ်းတွေပဲ ရှိတာက အသုံးမဝင်ဘူး၊ အရေးကြီးဆုံးအရာက သင့်တော်တဲ့ ယာဉ်တွေ ရှိဖို့လေ။ လမ်းအတော်များများကို ခင်းတာအပြင် ရူဒ်ဆန်တိုင်းပြည်အနေနဲ့ ကျွန်တော်တို့လုပ်ငန်းစုဆီကနေ မှော်ကားတွေ ပိုဝယ်သင့်တယ်။”

ရှုယီက အသာပြုံးသည်၊ “ခမ်နက်ဒ်, ငါတို့တွေ အလောင်းအစားတစ်ခု လုပ်ကြရင်ရော?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၇၉။ ပျူငှာမှု

ခမ်နက်ဒ် အံ့ဩသွား၏၊ “ဘာ အလောင်းအစားလဲ?”

“ရူဒ်ဆန်တိုင်းပြည်က ငါတို့လုပ်ငန်းစုဆီကနေ မှော်ကားတွေ မှာ မမှာကိုပေါ့။” ရှုယီမှာ လမ်းမပေါ်၌ ဖြတ်သွားကာစ အလတ်ဆိုဒ်ပို့ဆောင်ရေး မှော်ကားကို ညွှန်ပြလာသည်၊ “ငါက ပို့ဆောင်ရေးမှော်ကားတွေကိုပဲ ရည်ညွှန်းရုံပါ၊ ငါတို့ စီးနေတဲ့ မှော်ဆလွန်းတွေ မဟုတ်သေးဘူး။”

ခမ်နက်ဒ်မှာ မျက်ခုံးအသာတွန့်လိုက်သည်။ ခဏတာ စဉ်းစားပြီးနောက် အပြုံးဖြင့် ခေါင်းခါ၏၊ “ဟင့်အင်း ကျွန်တော် ဒီအလောင်းအစားကို မလုပ်ဘူး။ စဉ်းစားပြီးပြီ၊ ရူဒ်ဆန်တိုင်းပြည်က ကျွန်တော်ဆီကနေ မှော်ကားတွေ ဆက်မှာချင်လောက်မှာမဟုတ်တော့ဘဲ မှော်ကားစက်ရုံတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ အဆိုပြုလာလိမ့်မယ်။”

ရှုယီက ရယ်၍ ခမ်နက်ဒ်ကို ချီးကျူးဟန် ခေါင်းငြိမ့်ပြသည်။

“တွေ့လား မင်းနားလည်တာပဲ၊ ဒီတော့ ရူဒ်ဆန်တိုင်းပြည်ကလည်း ဒီလိုစဉ်းစားလိမ့်မယ်။ မှော်ကားတွေကို ငါတို့ဆီကနေ တိုက်ရိုက်ဝယ်တာထက်စာရင် မှော်ကားစက်ရုံတစ်ရုံတည်ထောင်ပြီး ငါတို့ဆီကနေ မှော်ကား‌ဘယ်လိုလုပ်သလဲ သင်ယူတာက ပိုပြီး အကျိုးရှိတယ်မဟုတ်လား?”

“ဒါက.... ဥက္ကဌ သဘောတူဖို့ စီစဉ်နေတာလား?” ခမ်နက်ဒ်မှာ မေးလိုက်ပြီးနောက် ပြုံးလာသည်၊ “ဟင့်အင်း ဒီလိုမေးရမှာမဟုတ်ဘူး။ ဥက္ကဌက အမြဲ ဒီလိုလုပ်နေကျ‌ဆိုတော့ သေချာပေါက် သဘောတူမှာပဲ။”

“မဟုတ်ဘူး မင်းမှားတယ် ဒီတစ်ခေါက် ငါသဘောမတူဘူး။” ရှုယီက ခပ်ဖြည်းဖြည်း ခေါင်းခါသည်။

ခမ်နက်ဒ်က တဖန် အံ့ဩသွားပြန်၏၊ “ဘာလို့လဲ? ဥက္ကဌက အမြဲတမ်း မှော်စက်တွေလေ့လာတဲ့နေရာမှာ လူတွေကို ပိုပါဝင်လာစေချင်ပြီး မှော်စက်မှုနယ်ပယ်မှာ လူပိုများလာစေချင်တာမဟုတ်ဘူးလား? အခု အတွေးတွေများပြောင်းသွားလို့လား?”

“ငါ့အတွေးတွေက ဘယ်တော့မှ မပြောင်းပါဘူး၊ ဒါပေမယ့် ငါတို့လုပ်ငန်းစုရဲ့ မှော်ကားတွေနဲ့ မှော်စက်တွေကြားမှာ ခြားနားချက်ကြီးတစ်ခုရှိတယ်။” ရှုယီက ဆိုသည်။

“ဘာခြားနားချက်လဲ?” ခမ်နက်ဒ်က စိတ်ရှုပ်ထွေးစွာ မေးလာ၏။

“နည်းပညာ ခြားနားချက်ပဲ။” ရှုယီက ပြောသည်၊ “အိမ်သုံးမှော်စက်တွေကိုတော့ ကိုယ်ပိုင်စံနမူနာကလွဲပြီး အလွယ်လေး လွှဲပေးဖို့ ဆန္ဒရှိပါတယ်၊ သူတို့ထဲပါတဲ့ နည်းပညာက အတော်ရိုးရှင်းတယ်လေ။ ငါတို့လုပ်ငန်းစုရဲ့ အကူအညီနဲ့ တခြားလုပ်ငန်းစုတွေလည်း အဲဒီနည်းပညာကို အလွယ်လေး နားလည်နိုင်တယ်။”

ခမ်နက်ဒ်လည်း ခဏတာ အတွေးထဲနစ်သွားပြီးနောက် မေးလေသည်၊ “ဒီတော့ ဆိုလိုတာက..... ဥက္ကဌအနေနဲ့ အခု မှော်ကားနည်းပညာကို မလွှဲပြောင်းပေးချင်တာဟာ သူတို့ နားလည်မှာမဟုတ်ဘူး ထင်လို့ပေါ့?”

“အင်း” ရှုယီက ခေါင်းငြိမ့်သည်၊ “မှော်ကားနည်းကညာက သာမန် အိမ်သုံးမှော်စက်တွေနဲ့ အတော်လေးမတူတာကို မင်းသိမှာပါ။ မှော်ကားကို ထုတ်လုပ်ဖို့ မလွယ်ကူသလို အသေးစိတ် အဆင့်ပေါင်းများစွာလိုအပ်လိုပြီး စနစ်တစ်ခုလုံးလည်းဖြစ်နေတယ်။ အလွယ်လေး နားလည်ဖို့မဖြစ်နိုင်ဘူး။”

ခမ်နက်ဒ်လည်း စဉ်းစား၍ ဖြည်းဖြည်းချင်းခေါင်းငြိမ့်သည်၊ “ဥက္ကဌအနေနဲ့ မှော်စက်တွေ ထုတ်လုပ်ဖို့အတွက် နည်းပညာ လွှဲပြောင်းပေးဖို့ကို ဆန္ဒမရှိတာ မဆန်းတော့ပါဘူး၊ သူတို့ နားမလည်မှာ စိုးရိမ်နေတာပဲ။”

“ထုတ်လုပ်ရေးမှော်စက်တွေက မှော်ကားတွေနဲ့ မတူဘူး။ ထုတ်လုပ်ရေးအတွက် စံပြုစနစ်တစ်ခု မရှိခင်မှာ ထုတ်လုပ်ရေးမှော်စက်တွေရဲ့ အရည်အသွေးက အလုပ်သမားတွေ ဘယ်လောက်ကျွမ်းကျင်တယ်ဆိုတာ အပေါ်မှာ မူတည်တယ်။ သိသာတာကိုပြောရမယ်ဆိုရင် ငါတို့လုပ်ငန်းစုရဲ့ လူပုလေးတွေကလွဲရင် ဒီအဆင့်ကိုရောက်နေတဲ့အလုပ်သမား များများစားစားမရှိဘူး။ အဲဒီ့လုပ်ငန်းစုအတော်များများလည်း အရင်က အတုခိုးဖို့ ကြိုးစားကြသေးတယ်မို့လား? ဘယ်လိုအဆုံးသတ်သွားတယ်ဆိုတာ မင်းလည်း မြင်ခဲ့မှာပဲ။”

ခမ်နက်ဒ်က ခါးသက်သက်ပြုံးသည်၊ “အင်း အဲဒီ့လုပ်ငန်းစုတွေက သူတို့ကိုယ်သူတို့ အထင်ကြီးလွန်းတယ်။ သူတို့အနေနဲ့ သူတို့ရဲ့ထုတ်လုပ်ရေးမှော်စက်တွေကို လုံးဝသုံးမရလို့ ကျွန်တော်တို့လုပ်ငန်းစုက နည်းပညာမထုတ်ပေးတာအတွက်နဲ့ အပြစ်တောင်တင်ကြပြီး သူတို့ရဲ့ ဆုံးရှုံးမှုတွေကို ဖြည့်ဆည်းပေးစေချင်နေကြတယ်။”

ရှုယီက ပခုံးတွန့်သည်၊ “ရူဒ်ဆန်တိုင်းပြည်ကတော့ အဆိုးကနေ အကောင်းကို သိဖို့ မျှော်လင့်မိတယ်။ တကယ်တော့ ငါက အမြဲ စိတ်ရင်းနဲ့လုပ်ခဲ့ပါတယ်၊ အရင်က ဆွေးနွေးခဲ့တဲ့ အမှာစာနှစ်ခုအပြင် သူတို့တွေကို ပြီးပြည့်စုံတဲ့ မှော်စက်မှုနယ်ပယ်တစ်ခု တည်ထောင်ဖို့လည်း ကူညီချင်တယ်။ သူတို့အနေနဲ့ အစီအစဉ်ကို လိုက်နာဖို့ ဆန္ဒရှိနေသရွေ့ကတော့ သူတို့လည်း မှော်ကားတွေကို စတင်နိုင်ဖို့ အချိန်သိပ်ကြာလိမ့်မှာ မဟုတ်ဘူး။”

ခမ်နက်ဒ်က ခဏမျှရပ်တန့်ပြီး ပြောရန် တုံ့ဆိုင်းနေသည်။

သူ့အနေနှင့် ရှုယီ၏ မျှော်လင့်ချက်များကို ထိုမျှ အကောင်းမြင်သည်ဟု မခံစားရပေ။

ရူဒ်ဆန်တိုင်းပြည်သည် လမ်ပူရီတိုင်းပြည်ထက် ပိုမိုထက်မြတ်ကာ မှော်စက်မှုနယ်ပယ်၏ တိုးတက်မှုကို များစွာထောက်ပံ့ပေးပါသော်လည်း အဆုံး၌ Frestech ကုန်သည်ကြီးများအသင်းမှာ ပြည်ပလုပ်ငန်းစုတစ်ခု ဖြစ်နေဆဲပင်။ ရူဒ်ဆန်တိုင်းပြည်၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် ယုံကြည်မှာက အကန့်အသတ်ရှိ၏။

ရှုယီထံ၌ စိတ်ရင်း ရှိပါလျှင်တောင် ရူဒ်ဆန်တိုင်းပြည်မှာ ၎င်းတို့အား ရှုယီ လုပ်ဆောင်စေလိုသည်ကို လုပ်ဆောင်ကြမည်မဟုတ်ပေ။

သို့သော် ရှုယီမျက်နှာထက်ရှိ ယုံကြည်ချက်ရှိနေဟန်ကိုမြင်သည်တွင် ခမ်နက်ဒ်မှာလည်း ယုံကြည်ချက်ရှိလာသည်။

ရှုယီနှင့်အတူ ဤမျှ အချိန်ကြာ အတူရှိလာခဲ့ပြီးနောက် သူဟာလည်း ရှုယီ၏ ယုံကြည်ချက်ခိုင်မာမှုဖြင့် မကြာခဏ ကူးစက်ခံရသည်။ ကိစ္စများကို လုပ်ဆောင်ချိန်တွင် ယုံကြည်ချက်လည်း ပြည့်နေမည်ဖြစ်ကာ ထိုမျှ လွယ်လွယ်ကူကူ လက်လျှော့မည်မဟုတ်ပေ။

ဤပြောင်းလဲမှုက ခမ်နက်ဒ်၏ အဖေ ကောင့်ထ် အမ်မာ၏ ခွင့်ပြုချက်ကို ရရှိစေခဲ့သည်။ သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ အလုပ်လုပ်ဆောင်ရန် သဘောတူကြောင်း ပြောခဲ့ခြင်းမှာ အင်မတန် ကောင်း‌မွန်သော ဆုံးဖြတ်ချက်ဖြစ်၏။

သူ၏ ဖခင်ကို စဉ်းစားရင်း ခမ်နက်ဒ်မှာ သဏ္ဍာန်တစ်ခုကို တွေးမိသွားသည်။

ရှုယီကိုကြည့်ကာ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ခမ်နက်ဒ်မှာ သာမန်ကာလျှံကာ ပြောသယောင် ဟန်ဆောင်လိုက်သည်၊ “ဟုတ်သားပဲ ဥက္ကဌ အချိန်ဇယားအရဆိုရင် နောက်လကျ ဥက္ကဌ လမ်ပူရီတိုင်းပြည်ကို သွားရမှာ မဟုတ်လား?”

“အင်း ဘာရွန်ရစ်ခ်တိုကျောင်းတော်က ကျောင်းသားတွေ ဒီနှစ် ဘွဲ့ရပြီလေ။ အရင်က စိုက်ပျိုးခဲ့တဲ့ အစေ့လေးတွေ ငါတို့ သုံးလို့ရနိုင်တဲ့အထိ ကြီးထွားလာပြီလားကို ကြည့်ရမယ်။”

ဘာရွန်ရစ်ခ်တိုကျောင်းတော်အကြောင်း ပြောရင်း ရှုယီမှာ မပြုံးမိဘဲ မနေနိုင်လိုက်ချေ။

ဘာရွန်ရစ်ခ်တိုကျောင်းတော်၌ ရင်းနှီးမြှုပ်နှံမှုမှာ ယခု အကောင်အထည်ပေါ်လာပြီဖြစ်သည်။ မှော်ပညာဌာနခွဲနှင့် အခြားဌာနခွဲများ၏ ကျောင်းသားများမှာ ဘွဲ့ရပြီးနောက် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ရမည်ဖြစ်၏။

ဤလူငယ်လေးများအား Frestech ကုန်သည်ကြီးများအသင်းက နည်းပြသွန်သင်ခဲ့ခြင်းကြောင့် ၎င်းတို့မှာ မှော်စက်မှုအင်ဂျင်နီယာ အသိပညာကိုပိုမိုလက်ခံကာ အနာဂတ်မျှော်လင့်ချက်ကို ကိုယ်စားပြုသည်။

ရှုယီက ၎င်းတို့ကို အရေးထားသဖြင့် ၎င်းတို့ဘွဲ့ရသည်နှင့် သူကိုယ်တိုင် သွားရောက်နှုတ်ဆက်မည်ဖြစ်သည်။

“သူတို့တွေ ဥက္ကဌကို စိတ်တိုင်းကျစေလောက်မယ်လို့ ထင်ပါတယ်” ခမ်နက်ဒ်က အပြုံးဖြင့် ခေါင်းငြိမ့်လိုက်၏။ ထို့နောက် ခဏတာ တုံ့ဆိုင်းနေပြီးနောက်တွင် မေးလိုက်သည်၊ “ဒါဆို ဥက္ကဌ အဲဒါပြီးရင် အားလပ်ချိန်နည်းနည်းလောက်ရှာဖို့ တောင်းဆိုလို့ရမလား?”

ရှုယီက ခမ်နက်ဒ်ကို တအံ့တဩကြည့်ပါ၏၊ “ဘာလဲ? လိုတာတစ်ခုခုရှိလို့လား?”

“ဒါက.....” ခမ်နက်ဒ်၏ အမူအရာက အနည်းငယ် ထူးဆန်းနေသည်၊ “ဆိုဖီယာက နောက်လကျရင် စေ့စပ်တော့မှာမို့ ဥက္ကဌကို သူမရဲ့ စေ့စပ်ပွဲ တက်စေချင်နေတာ။”

“ဆိုဖီယာက စေ့စပ်တော့မယ်?” ရှုယီမှာ အကြီးအကျယ် အံ့ဩသွားသည်၊ “သူမက နှစ်ဆယ်အောက်ပဲ ရှိသေးတာ မဟုတ်ဘူးလား? ဘယ်သူနဲ့ စေ့စပ်မှာလဲ?”

“မားကွစ္စ် သော်န်ရဲ့ သားအငယ်ဆုံးနဲ့ပါ” ခမ်နက်ဒ်က ဖြေသည်၊ “အသက်နှစ်ဆယ်က မငယ်တော့ပါဘူး၊ လက်ထပ်ရမယ့် အရွယ်ကို ရောက်နေပြီပဲ။ အမြဲတမ်း စောင့်နေလို့တော့ ဘယ်ရမလဲ ဟုတ်တယ်မလား?”

ခမ်နက်ဒ်၏ မျက်နှာထက်ရှိ လေးနက်စွာ ဆိုလိုချင်ပုံကိုကြည့်ရင်း ရှုယီက ခေါင်းခါ၍ သက်ပြင်းချသည်၊ “ဒါက သေချာပေါက် သူမရဲ့ အကြံမဟုတ်ဘဲ မင်းက ငါ့ကိုသွားစေချင်တာလား? ခမ်နက်ဒ်, ငါတကယ်ပဲ သူမရဲ့စေ့စပ်ပွဲကို သွားသင့်တယ် ထင်တယ်ပေါ့?”

“ဒါက မကောင်းတာလည်း ဖြစ်နိုင်ပေမယ့် ဆိုဖီယာကို နည်းနည်း စိတ်သက်သာရာရစေမယ်လို့ထင်တယ်။ သူမကို ကျေနပ်အံ့ဩစရာလည်း ဖြစ်စေနိုင်တာပေါ့။” ခမ်နက်ဒ်က မည်သည့် အမူအရာမှ မပါဘဲ ဆိုသည်။

ရှုယီလည်း သူ့ကိုကြည့်၍ ခါးသက်သက်ပြုံးကာ ခေါင်းခါ၏၊ “ခမ်နက်ဒ်၊ တကယ်တော့ မင်းလို မျိုးရိုးမြင့် အငယ်လေးတွေကို စာနာမိတဲ့ အချိန်တွေရှိတယ်။ မင်းတို့အနေနဲ့ ကိုယ်ပိုင်လက်ထပ်ပွဲကိုတောင် ဆုံးဖြတ်ခွင့်မရှိတာ တကယ်ကို နာကျင်စရာပဲ။”

“ဒါက ကျွန်တော်တို့ လုပ်ကိုလုပ်ရမယ့် တာဝန်ပါ။” ခမ်နက်ဒ်က ထူးမခြားနားစွာ ပြန်ဖြေသည်၊ “ပြီးတော့လည်း.... ဥက္ကဌ ခင်ဗျားသာ အဲ့တုန်းက သဘောတူဖို့ဆန္ဒရှိရင် ဆိုဖီယာလည်း ဒီလို ခံစားနေရမှာမဟုတ်ဘူး။”

“ငါအရင်က ရှင်းရှင်းလင်းလင်းပြောပြီးပြီလေ။ ဒီဘဝမှာ စတေးလ်ကိုပဲ ဇနီးအဖြစ်လက်ထပ်ချင်တယ်၊ တခြားမိန်းကလေးတွေအတွက် နေရာမရှိဘူး။ ဆိုဖီယာကို သဘောတူလိုက်ရင်တောင် သူမအနေနဲ့ ပျော်ရွှင်တဲ့ ဘဝတစ်ခုကို ငါနဲ့အတူ နေနိုင်မှာလား?” ရှုယီက ခေါင်းခါသည်။

ခမ်နက်ဒ်က တစ်ခုခု ပြောချင်နေသေးသည်ကိုမြင်သော် ရှုယီလည်း လက်ပြကာ ဖြတ်ပြောလိုက်၏။

“ဒါကို ထပ်မဆွေးနွေးတော့ဘူး။ ငါ လတ်တလောကတင် နတ်သူငယ် အကြီးအကဲနှစ်ဦးကြောင့် ရူးမလိုဖြစ်သွားသေးတယ်။ ရိုးရိုးသားသားပြောရရင် ဒီတစ်ခေါက် ရူဒ်ဆန်တိုင်းပြည်ဆီလာတာက ထွက်ပြေးတာတစ်မျိုးပဲ။”

ခမ်နက်ဒ် မပြုံးမိဘဲ မနေနိုင်တော့။

ယခင်တစ်ခေါက် နတ်သူငယ်အကြီးအကဲနှစ်ဦး ထွက်သွားပြီးနောက် တစ်လအကြာတွင် စတက်တိန်းနယ်မြေသို့ ပြန်ရောက်လာခဲ့ကြသည်။ ၎င်းတို့က ရှုယီကြည့်ရှုရန် နတ်သူငယ်အလှလေးများစွာ ခေါ်ဆောင်လာပြီး ၎င်းတို့ကြားမှ အဖော်တစ်ယောက် ရွေးဖို့ တောင်းဆိုခဲ့ကြ၏။

ရှုယီမှာ ၎င်းတို့အား သိသိသာသာငြင်းပယ်လိုက်သော်လည်း နတ်သူငယ်အကြီးအကဲနှစ်ဦးက သူ၏ အမြင်ကိုလုံးဝ ဂရုမစိုက်ပေ။ နတ်သူငယ်အလှလေးများအားလုံးမှာ ချန်ထားခံခဲ့ရကာ မထွက်ခွာခင် ရှုယီ၏ ဆုံးဖြတ်ချက်အတွက် စောင့်ဆိုင်းမည်ဟု ဆိုခဲ့၏။

ဤနတ်သူငယ်အလှလေးများ အားလုံးမှာ အင်မတန် စိတ်အားထက်သန်လှပြီး ရှုယီနောက် တစ်နေကုန် လိုက်နေကြ၏။

Frestech ကုန်သည်ကြီးများအသင်းတွင် ရှုယီနောက် တစ်နေကုန်လိုက်ပါနေသည့် နတ်သူငယ်အလှလေးများစွာရှိသည်။ အကြီးအကဲနှစ်ဦး၏ တောင်းဆိုမှုက လူတိုင်းထံပါ ပျံ့နှံ့သွားခဲ့၏။

လူတိုင်းက ရှုယီကို လေးစားနေကြပြီး သူ့အနေနှင့် ထိုနတ်သူငယ်အလှလေးများထဲမှ လက်တွဲဖော်များ ရွေးချယ်နိုင်သော်လည်း ရှုယီ၏ ပူပန်မှုကို နားလည်သူက အနည်းအကျဉ်းမျှသာရှိသည်။

ခမ်နက်ဒ်မှာ အဘယ့်ကြောင့် ရှုယီက ဇနီးတစ်ယောက်သာ ထားရှိရန် ခုခံနေကြောင်း နားမလည်သော်လည်း သူ၏ တင်းခံမှုကို ချီးကျူးကာ မည်သည်ကိုမှ မဆိုဘဲ ပြုံးရုံပြုံးလိုက်သည်။

သူ၏ စိတ်ထဲတွင်မူ သက်ပြင်းမချဘဲ မနေနိုင်ချေ။

ရှုယီမှာ ထိုနတ်သူငယ်အလှလေးများကြောင့်ပင် စိတ်လှူပ်ရှားခြင်းမရှိရာ ဆိုဖီယာက စိတ်လှုပ်မရှားစေသည်မှာ အံ့ဩစရာမရှိတော့ပေ။

ကြည့်ရသည်မှာ ဆိုဖီယာအတွက် အခွင့်အရေးလုံးဝ မရှိပုံပင်။

ခမ်နက်ဒ်လည်း ခါးသက်သက်သာရယ်ပြီးနောက် ရှေ့ရှိလမ်းကိုကြည့်လိုက်သော် အဝေးတွင် အင်မတန် ရင်းနှီးသည့် ကြော်ငြာဆိုင်းဘုတ်ကို မြင်လိုက်ရလေသည်။

၎င်းမှာ ကာရာကာမြို့ထံမှ တစ်ဆယ်ကီလိုမီတာ အဝေးတွင် Frestech ကုန်သည်ကြီးများအသင်း တပ်ဆင်ထားသည့် ကြော်ငြာဆိုင်းဘုတ်ဖြစ်၏။ ၎င်းကြော်ငြာဆိုင်းဘုတ်ကို မြင်ရခြင်းက ကာရာကာမြို့နှင့် နီးကပ်လာသည့် အဓိပ္ပာယ်ပါပင်။

ခမ်နက်ဒ်မှာ အလုပ်အတွက် ရူဒ်ဆန်တိုင်းပြည်ကို အကြိမ်များစွာ လာရောက်ဖူးသောကြောင့် ၎င်းနှင့် အင်မတန် ရင်းနှီးလှသည်။ ရှုယီကို လှည့်ပြောလိုက်မည်အပြုတွင် ရှုယီက ရှေ့ကို တအံ့တဩကြည့်နေ‌သည်အား တွေ့ရလေ၏။

ခမ်နက်ဒ်လည်း ခေါင်းလှည့်ကြည့်လိုက်ရာ ကြော်ငြာဆိုင်းဘုတ်ထံမှ မနီးမဝေးရှိ ဘူတာရုံတွင် လူတစ်စုက တစ်ယောက်ယောက်ကို ကြိုဆိုရန် ရပ်စောင့်နေကြသည်။

ဝေးလွန်းသောကြောင့် ရှင်းရှင်းလင်းလင်းမနေနိုင်ရာ အဘယ့်ကြောင့် ရှုယီကအံ့ဩသွားသည်ကို ခမ်နက်ဒ်လည်း နားမလည်နိုင်ပေ။

ရှုယီက ရုတ်တရတ် လှည့်လာကာ ခမ်နက်ဒ်ကို ထူးထူးဆန်းဆန်းကြည့်လာလေသည်၊ “ရူဒ်ဆန်တိုင်းပြည်ရဲ့ ပျူငှာမှုက.... အရမ်း မြင့်လွန်းနေတာ မဟုတ်ဘူးလား?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၈၀။ သို့နှယ် ဖွဲ့စည်းပုံကြီးတစ်ခု

ခမ်နက်ဒ်မှာ ရှုယီ၏ ရုတ်တရတ် အပြောကြောင့် ရှုပ်ထွေး‌သွားသော်ငြား မှော်ဆလွန်း ထိုအုပ်စုဆီ ချဉ်းကပ်သွားသည်နှင့် ခမ်နက်ဒ်လည်း ထိုနေရာ၌ ရပ်နေသည့် နျူမန်၏ အုပ်စုကို သွားရှာတော့သည်။

ရူဒ်ဆန်တိုင်းပြည်အတွက် Frestech ကုန်သည်ကြီးများအသင်းဆီသို့ အဓိက အဆက်အသွယ်အဖြစ် ခမ်နက်ဒ်မှာ အပေးအ‌ယူအတွက် ရူဒ်ဆန်တိုင်းပြည်ဆီလာရောက်တိုင်း နျူမန်ထံမှ အမြဲလက်ခံရရှိသည်။

ဤသည်မှာ ရှုယီ ဤနေရာသို့ ပထမဆုံး လာရောက်ချိန်ဖြစ်လေရာ သဘာဝကျစွာပင် နျူမန်က လာကြိုဖို့ တာဝန်ရှိသူဖြစ်သည်။

ရူဒ်ဆန်တိုင်းပြည်သို့ မလာခင်က ခမ်နက်ဒ်မှာ နျူမန်ကို ဆက်သွယ်ခဲ့ပြီး နျူမန်ကလည်း ရှုယီကို လာကြိုမည်ဟု ဆိုခဲ့သည်။

သို့သော် သူ့ရှေ့၌ ပေါ်လာသည့် အုပ်စုမှာ နျူမန်အပြင် ရူဒ်ဆန်တိုင်းပြည်မှ အရေးပါသူများစွာပါရှိနေသည်။

ဥပမာပြောရသော် နျူမန်အနီးရှိ လူနှစ်ဦးပင်။ တစ်ဦးမှာ ယခင်က ခမ်နက်ဒ်ထံ နျူမန် မိတ်ဆက်ပေးခဲ့သည့် စိုက်ပျိုးရေးနှင့် စီးပွားရေးဌာန၏ ခေါင်းဆောင်ဖြစ်သူ ဝင်ဒီဂိုး ဝစ်သာစပွန်းဖြစ်ပြီး နောက်တစ်ဦးမှာ မှော်စက်မှုနယ်ပယ်ဖွံ့ဖြိုးရေးဌာန ဘုတ်အဖွဲ့ခေါင်းဆောင် ဥက္ကဌ ဘာရီဝီစလေတို့ဖြစ်သည်။

ပြောရသော် ဤနှစ်ဦးမှာ ရူဒ်ဆန်တိုင်းပြည်ရှိ အရေးပါသူများဖြစ်ကြသည်။ ၎င်းတို့မှာ နျူမန်နှင့်အတူ ရပ်နေကြသော်လည်း ၎င်းတို့၏ အနေအထားက ထိုအဖွဲ့၏ အလယ်တွင် တည်ရှိသည်။

၎င်းတို့မှာ သိသာပေါ်လွင်မှုမရှိခြင်းမဟုတ်သော်လည်း အရေးအပါဆုံးဖြစ်ရန်တို့ လိုနေကြသေးသည်။

၎င်းတို့သုံးဦးထက် အဆင့်ပိုမြင့်သူများစွာလည်း အတူရှိနေသည်ကိုမြင်နိုင်ပါ၏။

သို့သော် ၎င်းက လူများကို ပို၍ပင် ရှုပ်ထွေးစေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကို ရူဒ်ဆန်တိုင်းပြည်က ကြိုဆိုကာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အမှုထမ်းများနှင့် ဘုရင်ကြီးထံမှပင် ချီးကျူးမှုများရရှိခဲ့သည်။

သို့သော်လည်း မည်သို့ဖြစ်စေ ၎င်းတို့ကို လာရောက်ကြိုဆိုသည့် ဤလူများမှာ အင်မတန် များလှသည်။ ရှုယီ အံ့ဩသွားသည်မှာ မဆန်းပေ။

လူအုပ်ကိုကြည့်ရင်း ခမ်နက်ဒ်က ခေါင်းခါသည်၊ “ဥက္ကဌ ခင်ဗျား စိတ်ပျက်သွားလောက်မှာကိုတော့ စိုးရိမ်မိတယ်။ သူတို့က ကျွန်တော်တို့ကို ကြိုဆိုဖို့ ရောက်နေတာမဟုတ်ဘူး။”

ရှုယီက ရယ်မော၍ လက်ကိုခါသည်၊ “ငါက နောက်နေတာပါ။ ငါတို့ Frestech ကုန်သည်ကြီးများအသင်းကို ကောင်းတယ်လို့ ယူဆလို့ ရပေမယ့်လည်း ရူဒ်ဆန်တိုင်းပြည်က ဒီလိုအရေးပါတဲ့လူတွေအားလုံးကို လာပြီး ကြိုဆိုစေရလောက်အောင်လုပ်ဖို့ အထိတော့ မျက်နှာမရသေးပါဘူး။”

သူဟာ ထိုသို့ပြောပြီးနောက် လူအုပ်ထဲရှိ နျူမန်ကိုကြည့်ကာ သက်ပြင်းချသည်၊ “ကြည့်ရတာ နျူမန်က အလုပ်များနေပုံပဲဆိုတော့ အရင်ဆုံး မြို့ထဲဝင်ပြီး နောက်မှ သူ့ကို ဆက်သွယ်ကြ‌တာပေါ့။”

“အင်း ကြည့်ရတာ ဒီလိုလုပ်ရုံပဲတတ်နိုင်တော့မယ်။” ခမ်နက်ဒ်က ခေါင်းငြိမ့်သည်။ ထို့နောက် ယာဉ်မောင်းအား အရှေ့၌ ပေါ်ထွက်လာပြီဖြစ်သည့် ကာရာကာမြို့ထံ ဦးတည်ခိုင်းလိုက်လေသည်။

၎င်းတို့ ထိုအဖွဲ့ကို ဖြတ်ကျော်သွားချိန်တွင် မှော်ဆလွန်းမှာ အနှီ လူအုပ်ခပ်ကြီးကြီးကြောင့် အရှိန်လျှော့လိုက်ရသည်။

ရှုယီနှင့် ခမ်နက်ဒ်တို့မှာ နျူမန် အလုပ်များနေသဖြင့် မနှောင့်ယှက်လိုသော်လည်း ၎င်းတို့မှော်ဆလွန်း ဖြတ်သန်းသွားမည်အပြု၌ နျူမန်က မှော်ဆလွန်းထဲထိုင်နေသည့် ရှုယီနှင့် ခမ်နက်ဒ်တို့ကို လာကြည့်မည်ဟု မထင်ထားခဲ့ပေ။

နျူမန်က အံ့ဩသွားပြီးနောက် ဝမ်းသာဟန် ပြလာသည်။ သူက လူအုပ်ထဲမှ တိုးထွက်၍ မှော်ဆလွန်းရှေ့ရောက်လာကာ ဟန့်တားလေသည်။

“ဥက္ကဌရှု၊ ခမ်နက်ဒ်, ဘာလို့ ဒီကိုရောက်နေရတာလဲ?” ပြတင်းတံခါး ချလိုက်ချိန်တွင် နျူမန်က ရှုယီနှင့် ခမ်နက်ဒ်ကို မြင်ကာ ကျေနပ်အံ့ဩဟန်ဖြင့် ဆိုလာသည်၊ “မနက်ဖြန်မှ လာမယ်လို့ ပြောထားတာမဟုတ်ဘူးလား?”

ရှုယီက ခမ်နက်ဒ်ကိုကြည့်လိုက်ရာ ခမ်နက်ဒ်က အလျင်အမြန်ဆိုလေသည်၊ “ဥက္ကဌက ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်ရဲ့ အခြေအနေကို စစ်ဆေးဖို့ တစ်ရက်စောရောက်ချင်နေတာနဲ့ပဲ။”

“အိုး ကြိုဆိုပါတယ် ကြိုဆိုပါတယ်။” နျူမန်က ဖော်ရွေစွာ ပြုံးလျက် ခေါင်းငြိမ့်သည်၊ “ဥက္ကဌရှုက ဒီအချိန်မှာ ဒီရောက်လာတော့ ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်မှာ ခဏကြာအောင် နေသင့်တယ်။ ခင်ဗျားတို့ သေချာပေါက် စိတ်တိုင်းကျစေမယ့် ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်ရဲ့ နေရာကောင်းတချို့ကို ကြည့်ဖို့ ခေါ်သွားပေးပါ့မယ်။”

“ကောင်းပြီလေ ကျုပ် စောင့်နေပါ့မယ်။” ရှုယီက အပြုံးဖြင့် ဆိုသည်။

ယခင်ကနှင့်ယှဉ်လျှင် ယခု နျူမန်ကိုမြင်ချိန်၌ နျူမန်မှာ သူ့အား မြှောက်ပင့်ရန် ကြိုးစားနေသည့်နှယ် အမြဲတစေ ဖော်ရွေလွန်းလှသည်။

အကြောင်းအရင်းကတော့ ရိုးရှင်းပါ၏၊ Frestech ကုန်သည်ကြီးများအသင်းက ရူဒ်ဆန်တိုင်းပြည်၌ မြှပ်နှံနေခြင်းကြောင့် အလုပ်များစွာ ရရှိလာကာ ရူဒ်ဆန်တိုင်းပြည်ထံ အကျိုးအမြတ်များစွာလည်း ယူဆောင်လာသည်ပင်။ ၎င်းက ရူဒ်ဆန်တိုင်းပြည်ထံ Frestech ကုန်သည်ကြီးများအသင်းကို မိတ်ဆက်ပေးခဲ့သည့် နျူမန်အတွက် အကဲဖြတ်မှုကောင်းကောင်းကို ယူဆောင်လာပေးကာ လွန်ခဲ့သည့် ၂နှစ်အတွင်း အကြိမ်များစွာ ရာထူးတိုးစေခဲ့သည်။

သူ၏ အဆင့်အတန်းက ရူဒ်ဆန်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌသာ ဖြစ်သေးသော်လည်း အာဏာအစစ်အမှန်ကတော့ များစွာ ပိုမို ကြီးမားသည်။

ထို့အပြင် ကောလဟာလအချို့အရ သူ၏ လုပ်ရပ်ကောင်းများကြောင့် ဘုရင်ကြီး၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ သူဟာ စိုက်ပျိုးရေးနှင့် စီးပွားရေးဌာန၏ ဒုခေါင်းဆောင်အထိပင် အဆင့်မြှင့်ခံခဲ့ရသည်။

ဤအဆင့်အတန်းကို ရူဒ်ဆန်တိုင်းပြည်၌ မြင့်မားသည်ဟု ယူဆနိုင်၏။ သူ့ကိုသာ အဆင့်မြှင့်နိုင်လျှင် နျူမန်မှာ ရူဒ်ဆန်တိုင်းပြည်၏ အဆင့်အမြင့်ဆုံးအထိ ခြေလှမ်းနိုင်မည်ဖြစ်သည်။

နျူမန်မှာ ဤရှား‌ပါးအခွင့်အရေးကို မည်သို့ ရရှိလာမှန်းသိသဖြင့် Frestech ကုန်သည်ကြီးများအသင်း အပေါ် အင်မတန် ဖော်ရွေပါ၏။

“နျူမန် သူတို့ကဘယ်သူတွေလဲ?” နျူမန်မှာ ရှုယီနှင့် စကားဆိုမည်အပြုတွင် အသံတစ်သံက နောက်မှ ထွက်လာသည်။

သုံးယောက်သားကြည့်လိုက်သော် ၎င်းက နျူမန်နှင့် အတူရပ်နေသူ ရူဒ်ဆန်တိုင်းပြည်၏ စိုက်ပျိုးရေးနှင့် စီးပွားရေးဌာနခေါင်းဆောင် ဝင်ဒီဂိုး ဝစ်သာစပွန်းဖြစ်ကြောင်း တွေ့လိုက်ရလေ၏။

သူဟာ နျူမန်နှင့်ဆိုလျှင် သာမန်အတိုင်းနေနိုင်သော်လည်း ခေါင်းဆောင် ဝစ်သာစပွန်းရှေ့တွင်မူ ရှုယီအနေနှင့် ကားထဲထိုင်နေရုံနှင့် မရတော့ပေ။ သူလည်း ကားထဲမှ ထွက်၍ အပြုံးဖြင့် ခေါင်းဆောင် ဝစ်သာစပွန်းကို အသာဦးညွှတ်လိုက်သည်။

နျူမန်က ရှုယီအား ခေါင်းဆောင် ဝစ်သာစပွန်းနှင့် မိတ်ဆက်ပေးပါ၏။ ခေါင်းဆောင် ဝစ်သာစပွန်းက ရှုယီကို တအံ့တဩကြည့်ပြီးနောက် ခေါင်းအသာငြိမ့်ကာ ချီးကျူးဟန် ပြလာသည်၊ “နျူမန် အရင်‌ကပြောတာ ကြားဖူးတယ်၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုက ငယ်ရွယ်ပြီး အလားအလာရှိတယ်ဆိုပြီးတော့ပေါ့၊ ဒါပေမယ့် မင်းက ဒီလောက် ငယ်နေမယ်လို့ မထင်ထားဘူး။ တကယ်ကို အံ့ဩစရာပဲ။”

ရှုယီက အသာပြုံးသည်၊ “ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်။ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်မှုနယ်ပယ်က ဝါနုသေးတာကြောင့် ကျွန်တော့်လို ဥက္ကဌအတွက် ငယ်ရွယ်နေဖို့က ပုံမှန်ပါပဲဗျာ။”

ခေါင်းဆောင် ဝစ်သာစပွန်းက ရယ်မောလေသည်၊ “ဥက္ကဌရှုမှာ တကယ်ပဲ ပင်ကို ဆွဲဆောင်မှုရှိတာပဲ။ မင်းက ကျုပ်တို့လို လူအိုကြီးတွေအနေနဲ့ မင်းတို့ လူငယ်တွေရဲ့ မှော်စက်မှုနယ်ပယ်ထဲ ဝင်မစွက်ဖက်သင့်ဘူးလို့ ပြောနေတာလား?”

“အဲ့လို အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။” ရှုယီက အပြုံးဖြင့် ခေါင်းခါသည်၊ “ရူဒ်ဆန်တိုင်းပြည်က မှော်စက်မှုနယ်ပယ် တိုးတက်မှုမှာ ခေါင်းဆောင်ရဲ့ ထောက်ပံ့မှုကို ချန်ခဲ့လို့မရပါဘူး။”

“ဥက္ကဌရှု နှိမ့်ချနေစရာမလိုပါဘူး။” ခေါင်းဆောင် ဝစ်သာစပွန်းက သက်ပြင်းချလျက် ဆိုသည်၊ “တကယ်တော့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ရူဒ်ဆန်တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ ရောက်လာပြီး ငါတို့နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို အရှိန်တက်ဖို့ ကူညီပေးခဲ့တာကြောင့် နိုင်ငံရဲ့ဘဏ္ဍာရေးရာအပေါ်က ဖိအားကို လျှော့‌ချပေးတဲ့နေရာရဲ့ အရေးကြီးအခန်းကဏ္ဍမှာ ပါဝင်နေတယ်။”

“အိုး? ကျွန်တော်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းလို လုပ်ငန်းစုလေးက အရှင်မင်းကြီးရဲ့ အာရုံစိုက်မှုကို ရမယ်လို့ မထင်ထားဘူး၊ တကယ်ကို ဂုဏ်ယူစရာတစ်ခုပါပဲ။” ရှုယီက အပြုံးဖြင့်ဆိုသည်၊ “ကျွန်တော် သိချင်မိတယ် အရှင်မင်းကြီးနဲ့ခေါင်းဆောင်တို့ ဘာများ ပြောခဲ့ကြသလဲကို။”

ခေါင်းဆောင် ဝစ်သာစပွန်းက နျူမန်ကိုကြည့်‌ပြီးနောက် ဖြေလာသည်၊ “အဓိကအနေနဲ့တော့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ နည်းပညာအကြောင်း မိတ်ဆက်တာပါ။ အရှင်မင်းကြီးက ဘန်တာမြို့အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဦးဆောင်မှုအောက်မှာ တစ်နှစ်တာလေးအတွင်း ဘယ်လို ကြွယ်ဝလာတယ်ဆိုတာကို အရမ်းစိတ်ဝင်စားနေပြီး ရူဒ်ဆန်တိုင်းပြည်မှာလည်း တူညီတဲ့ စီးပွားရေးမြို့တစ်ခုကို ဖန်တီးချင်နေတာ။ ဒါပေမယ့် မှော်စက်မှုလုပ်ငန်း အခြေခံအဆောက်အဦ ပမာဏတစ်ခုလိုအပ်တယ်ဆိုတော့ နည်းပညာ ထောက်ပံ့မှုကို လိုအပ်နေတဲ့ အဓိပ္ပာယ်ပေါ့။ ဒီတော့... ဥက္ကဌရှု Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကျုပ်တို့နဲ့အတူ ပူးပေါင်းနိုင်ဖို့ မျှော်လင့်ပါတယ်။”

ရှုယီက ခမ်နက်ဒ်နှင့်အတူ အမူအရာတချို့ ဖလှယ်ပြီးနောက် အပြုံးဖြင့် ခေါင်းငြိမ့်သည်၊ “ခေါင်းဆောင် စိတ်ပူဖို့ မလိုပါဘူး။ ဒီတစ်ခေါက် ကျွန်တော့်ရဲ့ ရူဒ်ဆန်တိုင်းပြည်ခရီးက ရူဒ်ဆန်တိုင်းပြည်မှာ မှော်စက်မှုလုပ်ငန်း အခြေခံအဆောက်အဦတွေ ဆောက်လုပ်မယ့်အကြောင်းကို မစ္စတာ နျူမန်နဲ့အတူ ဆွေးနွေးချင်လို့ပါ။ နည်းပညာအတွက်ကတော့..... နှစ်ဖက်စလုံးကို စိတ်တိုင်းကျစေမယ့် ရလာဒ်တစ်ခု ရှာတွေ့မယ်လို့ ယုံကြည်တယ်။”

“တကယ်ပဲလား? ဒါ‌ဆိုရင် ကောင်းတယ်။” ခေါင်းတောင် ဝစ်သာစပွန်းက အပြုံးဖြင့် ခေါင်းငြိမ့်ပြီးနောက် နျူမန်ကို ပြောလေသည်၊ “ဥက္ကဌရှုက ဒီရောက်နေမှတော့ မင်းလည်း ဒီမှာနေဖို့ မလိုတော့ဘူး။ ဥက္ကဌရှုကို ခေါ်သွားဖို့ တာဝန်ရှိတယ်။ သတိရဦး၊ ဥက္ကဌရှုကို စိတ်တိုင်းကျစေရမယ်နော် နားလည်ရဲ့လား?”

“ဟုတ်ကဲ့ပါ ခေါင်းဆောင် အားလုံး စီစဉ်ထားလိုက်ပါ့မယ်။”

နျူမန်ကို ပြောပြီးနောက် ဝစ်သာစပွန်းက ရှုယီကို လေးနက်ဟန်ဖြင့် လှည့်ကြည့်လာသည်၊ “ဥက္ကဌရှု အချိန်ရှိရင် မင်းနဲ့ စကားကြာကြာပြောချင်ပါတယ်။ ဒါကို လက်ခံနိုင်မလား?”

“စောင့်နေပါ့မယ်” ရှုယီက အပြုံးဖြင့် ဆိုသည်။

“ကောင်းပြီလေ ဥက္ကဌရှု၊ စီအီးအို ခမ်နက်ဒ်, ခင်ဗျားတို့တွေ ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်မှာ အချိန်ကောင်းလေးရဖို့ မျှော်လင့်ပါတယ်။”

ခေါင်းဆောင် ဝစ်သာစပွန်းက ခေါင်းတချက်ငြိမ့်ပြီးနောက် အဖွဲ့ထံ ပြန်လှည့်ထွက်သွားသည်။

လူအုပ်ထဲရှိ လူများက နျူမန် ထွက်လာချိန်တုန်းက မတုံ့ပြန်ကြသော်လည်း ခေါင်းဆောင်ဝစ်သာစပွန်းက ရှုယီနှင့် ခမ်နက်ဒ်တို့ကို စကားသွားပြောကြောင်း မြင်ကြသောအခါတွင် ထိုနှစ်ဦးက မည်သူမှန်း စူးစမ်းလိုကာ ကြည့်နေကြသည်။

နျူမန်က ၎င်းကို လျစ်လျူပြုကာ လူအချို့ကို နှုတ်ဆက်လိုက်ပြီးနောက် ထိုနှစ်ဦးနှင့်အတူ ကာရာကာမြို့ထံ ပြန်ရန် ပြင်ဆင်လိုက်သည်။

နှစ်ဦးသား မှော်ဆလွန်းထဲသို့ ပြန်ဝင်လုဆဲဆဲတွင် ၎င်းတို့ လမ်းအနောက်မှ မြေပြင်တစ်ခုလုံးကို လှုပ်ခါစေလောက်သည့် မြင်းခွာသံများကို ကြားလိုက်ရသည်။

မှော်ကားများ ထုတ်လုပ်လိုက်ကြတည်းက ရှုယီမှာ မြင်းခွာသံများစွာကို မကြားရတော့လေရာ မနေနိုင်ဘဲ သိလိုစိတ်ဖြင့် လှည့်ကြည့်မိသည်။

သူလှည့်ကာ အဝေးသို့ကြည့်လိုက်စဉ်၌ မြင်းလှည်းတစ်စီးကို ဆွဲလာသည့် မြင်းများ ဒါဇင်ချီရှိနေသည်။

(T/N: မြင်းလှည်းက အတော်ကြီးတာဖြစ်နိုင်ပါတယ်)

ပုံမှန်အားဖြင့် မြင်းလှည်းတစ်စီး၏ အမြန်နှုန်းမှာ တစ်နာရီ သုံးဆယ်ကီလိုမီတာကို ကျော်လွန်ရန် ခဲယဉ်းသော်လည်း ၎င်းမြင်းများက အင်မတန် ကောင်းမွန်လှပြီး မြင်းလှည်း အရည်အသွေးကလည်း ကောင်းမွန်သည်။ အားအပြည့်နှင့် ဆွဲနေရာ မှော်ကားလောက်တော့ မြန်ရန် မဖြစ်နိုင်သော်လည်း အတော်လေးမြန်မြန်တော့ ရွေ့နေဆဲပင်။

မြင်းလှည်းက အရှိန်ပြည့် ပြေးဆွဲနေချိန်တွင် အရှိန်အဟုန်က အင်မတန် အားကောင်းလှပြီး မှော်ကားများ ယှဉ်နိုင်ရန် မဖြစ်နိုင်ပေ။

မြင်းလှည်းက ရှေ့သို့ ပြေးဆွဲလာသည်ကိုမြင်သော် လမ်းသွားလမ်းလာများနှင့် အခြားယာဉ်များက မရှောင်တိမ်းနိုင်မည်ကို ထိတ်လန့်နေသဖြင့် လမ်းမှ ဖယ်လိုက်ကြသည်။

ပထမမြင်းလှည်း ရောက်လာခါနီးတွင် ဘေးမှ ထွက်လာသည့် ကလေးမလေးတစ်ဦးရှိနေပြီး သူမနောက်၌ လူငယ်အမျိုးသမီးတစ်ဦးရှိနေသည်။

လူငယ်အမျိုးသမီးက အော်လိုက်ကာ ထိုကလေးမလေးကို ပြန်ဆွဲခေါ်လိုက်ချင်ပါသော်လည်း အင်မတန် ဝေးလွန်းလှသည်။

မြင်းလှည်းက လုံးဝ အရှိန်မကျသွားဘဲ ပထမမြင်းခွာက ကလေးမလေး၏ ခေါင်းပေါ် ကျရောက်တော့နီးနီးဖြစ်သည်။

ရှုယီက အေးစက်စက်နှာမှုတ်လျက် သူ၏ မှော်စွမ်းအားကိုသုံးကာ မိန်းကလေး၏ ခေါင်းထက်၌ လေနံရံတစ်ခု ဖန်တီးလိုက်ပါ၏။

***

All Chapters