← Chapters

အခန်း (၈၁-၉၀)

Vol. 4 Ch. 81-90

အခန်း (၈၁-၉၀)

Vol. 4 Ch. 81-90

Vol 4, အခန်း ၈၁။ ကန်ဒရာအင်ပါယာ သံအမတ်

မြင်းခွာကျရောက်ကာ လေနံရံသို့ ရိုက်ခတ်သွားသော်လည်း ရှေ့သို့ လုံးဝမတိုးနိုင်တော့သည်မှာ ခိုင်ခံ့သည့် နံရံကို နင်းထားရသလိုပင်။

လေနံရံထံ၌ ခွာကို ပြန်ခုန်ထွက်သွားစေသော ပျော့ပျောင်းကာ အားကောင်းသည့် အင်အားပါရှိ၏။ ပထမမြင်းမှာ နောက်သို့ လုံးဝ ပြန်ကန်ထွက်သွားကာ ဒုတိယမြင်းနှင့် တိုက်မိသွားသည့်နောက် မိန်းမငယ်လေးရှေ့၌ ရှုယီ ထားပေးထားသော လေနံရံတစ်ခုထံသို့ မြင်းလှည်းကို ကန်ထွက်လာစေသည်။

“ဟုန်း!”

မြင်းက အင်မတန် လျင်မြန်စွာ ရွေ့လျားသွားပြီး ၎င်းတိုက်ခိုက်မှုကြောင့် ရှုယီမှာ အညှာပေးခဲ့သော်လည်း သူ့အတွက် အတော်လေး အားကောင်းနေဆဲပင်။ မြင်းလှည်းတစ်ခုလုံးမှာ နံဘေးသို့ ရိုက်ခတ်၍ ဘီးဝင်ရိုးများလည်း ပြုတ်ထွက်ကုန်သည်။

မြင်းလှည်းမှာ လေနံရံနှင့် တိုက်မိကာ ပြုတ်မကျခဲ့သော်လည်း ဤမျှအားကောင်းသည့် ခွန်အားကို အလွယ်လေး မခံနိုင်ပေ။ မြင်းလှည်းရှေ့၌ ထိုင်နေသည့် မောင်းသူလည်း မြေပြင်ပေါ်ကျကာ သွေးများ အန်ထုတ်လိုက်သည်။

ရှုယီက ၎င်းမောင်းသူကို အေးစက်စက်ကြည့်၍ စာနာမှုလည်း လုံးဝပြမနေချေ။

ဤလူမှာ တကယ်ကြီး လူထူထပ်သောနေရာ၌ မြင်းလှည်းကို ထိုမျှ မြန်မြန်မောင်းဝံ့ပြီး လူ့အသက်များကိုလည်း ဂရုမစိုက်ပေ။ သူ့အား သင်ခန်းစာတစ်ခု ပြရန်အတွက် အဆင်ပြေလှ၏။

သို့သော် ဤယာဉ်မောင်းမှာ မြင်းလှည်းထဲရှိ ပုဂ္ဂိုလ်ကြောင့် လူများ၏ အသက်ကို လျစ်လျူရှုရလောက်အောင် ရဲတင်းသည်ကို ရှုယီလည်း သိပေသည်။

ရှုယီ၏ မျက်လုံးများက နောက်ရှိ မြင်းလှည်းကိုကြည့်ကာ အေးစက်သွားသည်။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးသွားကာ ကြောက်ရွံ့ပြီး မှင်တက်နေသည့် ကလေးမလေးကို ကောက်မလိုက်သည်။ ထို့နောက် နံဘေးရှိ လူငယ်အမျိုးသမီးထံသွားကာ အသံတိုးတိုးဖြင့် ဆိုလိုက်၏၊ “မြန်မြန်သွား မရပ်လိုက်နဲ့!”

လူငယ် အမျိုးသမီးမှာ ကြောင်အနေပြီးနောက် ရှုယီကို ကျေးဇူးတင်စွာကြည့်ကာ ခပ်တိုးတိုး ကျေးဇူးတင်လိုက်သည်။ သူမက ကလေးမလေးကို ချီ၍ နံဘေးရှိ ကွင်းထဲပြေးကာ တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

ထို့နောက် ရှုယီက ပထမမြင်းလှည်းကြောင့် ရပ်တန့်သွားသည့် ယာဉ်တန်းကိုကြည့်ကာ စိတ်ထဲ အေးစက်စက်တစ်ချက် ရယ်မောလိုက်ပါ၏။

ဤလူများ ထိုမျှ ဘဝင်မြင့်နေသည်မှာ နောက်ခံတစ်ခုရှိနေခြင်းက ရှင်းလင်းလေသည်။

၎င်းကို သုံးသပ်ကြည့်လျှင် ကြည့်ရသည်မှာ ရူဒ်ဆန်တိုင်းပြည်၏ အဖွဲ့က ဤယာဉ်တန်းရှိ တစ်စုံတ‌စ်ဦးကို လာကြိုခြင်းဖြစ်မည်။

ရူဒ်ဆန်တိုင်းပြည်ထံမှ လာသူများကို အကဲဖြတ်ကြည့်ရသော် ယာဉ်တန်းထဲရှိလူမှာ တကယ်ကို အင်မတန် အရေးပါလှသည်။

လိုရင်းဆိုရလျှင် သူဟာ ဤတစ်ခေါက် ပြဿနာအတော်ရှာလိုက်မိပြီပင်။

သို့သော် ရှုယီမှာ သူလုပ်ခဲ့သမျှ အရာတိုင်းအတွက် ဘယ်တော့မှ နောင်တမရပေ။ ဤအခြေအနေတွင် သူ့ထံ၌ ရွေးချယ်စရာတစ်ထောင်လောက် ရှိနေလျှင်တောင် ထပ်တူသာ ပြုလုပ်မည်ဖြစ်ဆဲပင်။

၎င်းကို စဉ်းစားရင်း သူဟာ အနည်းငယ်လောက်ပိုသန်မာပြီး ၎င်းတို့ကို အနည်းမျှပိုမို အပြစ်ပေးရမည်။

“လယ်သမားကောင်! မင်းက လမ်းပိတ်ရဲတယ်ပေါ့!”

ရှုယီက ပထမမြင်းလှည်းကိုကြည့်လိုက်ချိန်တွင် အော်သံနိမ့်နိမ့်နှင့် အက်ကွဲသံတချို့ပေါ်လာသည်။

အသံက လေကိုဖြတ်သွားသည်အား ကြာသော် ၎င်းက ကြာပွတ်တစ်ချောင်းဖြစ်သည်ကို သိလိုက်ရရာ ရှုယီ မျက်လုံးများ အေးစက်သွားသည်။ သူက သူ၏မှော်အစွမ်းကိုသုံး၍ မှော်အကာအရံတစ်ခု ဖန်တီးလိုက်လေ၏။

ကြာပွတ်က မှော်အကာအရံကိုရိုက်ခတ်မိရာ အကာအရံကြောင့် အစိတ်စိတ်အမွှာမွှာဖြစ်သွားလေသည်။ ဒုတိယမြင်းလှည်းမှ ကြာပွတ်ကို ထုတ်လိုက်သူမှာ ရှုယီ၏ မှော်အကာအရံ၏ တန်ပြန်မှုနှင့် ရိုက်ခတ်မိကာ သွေးများအန်ထုတ်၍ မြေပေါ်ကျသွားသည်။

“မှော်ပညာရှင်?!”

အားလုံး အံ့အားသင့်သွားသည်။

မှော်ပညာရှင်များမှာ စိုင်စ်နယ်မြေကြီး၌ မရှားလှသော်လည်း ၎င်းတို့မှာ သာမန်လူများထက် များစွာပိုမိုသန်မာသည်ကို လူတိုင်းသိသည်။ ရှုယီက မှော်ပညာရှင်တစ်ဦးဖြစ်ကာ အင်မတန်သန်မာသည်ကိုမြင်သော် ယာဉ်တန်းထက်ရှိ ရှေ့တိုးရန်ပြင်နေသူများမှာ ရပ်တန့်သွားကာ ရှုယီကို တုံ့တုံ့ဆိုင်းဆိုင်းကြည့်နေတော့သည်။

သို့သော် ထိုလူများမှာ နောက်ဆုတ်ရန် မစီစဉ်ထားပေ။ ထိုအစား ရှုယီကို ချိန်ရွယ်ရန် လေး'များထုတ်လိုက်ကြတော့သည်။

၎င်းကိုကြည့်ရသော် ရှုယီ လှုပ်ရှားလိုက်သည်နှင့် ၎င်းတို့မှာ တုံ့ဆိုင်းခြင်းမရှိ ပစ်လွှတ်လိုက်နိုင်သည်။

နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက်ကြည့်ကာ အခြေအနေပေါက်ကွဲထွက်လာမည်ကို စောင့်နေကြသည်။ နျူမန်က ရုတ်တရတ် ရှေ့တိုးလာပြီး ရှုယီရှေ့ ရပ်လိုက်လေ၏။ သူက ယာဉ်တန်းဆီသို့ ပူပန်နေဟန်ဖြင့် အော်လိုက်တော့သည်၊ “အထင်လွဲနေကြပြီ! ဒါက အထင်လွဲနေကြတာပါ!”

ထိုသို့ပြောလိုက်ပြီးနောက် သူက ရှုယီကို မျက်လုံးဖြင့် အချက်ပြလာလေ၏။

ရှုယီလည်း နားလည်လိုက်သည်။ မည်သို့ဖြစ်ဖြစ် ဤသည်က ရူဒ်ဆန်တိုင်းပြည် ပိုင်နက်နယ်မြေဖြစ်ရာ သူ့အနေနှင့် နျူမန်ကို မျက်နှာသာပေးသင့်သည်လေ။ သူလည်း ခေါင်းငြိမ့်၍ လှည့်ထွက်လိုက်တော့သည်။

သို့သော် သူက ၎င်းကို ချေပလိုက်ချင်လျှင်တောင် တစ်ဖက်ကတော့ ထိုသို့ လုပ်ဆောင်ချင်သည့်အဓိပ္ပာယ်မဟုတ်ချေ။

သူလှည့်လိုက်ချိန်တွင် သူ၏ နောက်မှ အေးစက်စက် ရယ်သံထွက်လာ၏။

“ဟမ့် အရှင်သခင် ဟာကာနင်ရဲ့ လမ်းကို ပိတ်ရဲပြီး ငါတို့လူတွေကို အနာတရဖြစ်စေခဲ့ပြီး ဒီလိုလေး ထွက်သွားချင်တာလား?”

ရှုယီမှာ မျက်ခုံးများ အသာတွန့်ချိုးသွားတော့သည်။ သူ့အနေနှင့် ၎င်းတို့ကို လျစ်လျူပြုကာ ထွက်သွားချင်သော်လည်း သူ၏နောက်မှာ မှော်ဒြပ်စင်စွမ်းအင်လှိုင်းများ ရှိနေလေရာ အမူအရာမှာ ပြောင်းလဲသွားတော့၏။

လှည့်လိုက်သော် သူ့ထံပျံသန်းလာနေသည့် မီးလုံးကြီးတစ်လုံးကို တွေ့လိုက်ရသည်။

ရှုယီ၏ စိတ်နှလုံးထဲ ဒေါသများပြည့်သွားရတော့၏။

ဤသည်မှာ စတုတ္ထအဆင့် မီးစွမ်းအားမန္တာန် ပေါက်ကွဲမီးလျှံမန္တာန်ဖြစ်သည်။ သူ့ထံ၌သာ သတိမရှိနေပါက မသေလျှင်တောင် ဒဏ်ရာ အပြင်းအထန်ရနိုင်ပါ၏။

ထို့အပြင် ဤမန္တာန်စွမ်းအားနှင့် သူ့၏ နံဘေးရှိ နျူမန်ကိုလည်း ထိခိုက်သွားနိုင်သည်။

တစ်ဖက်ရှိ မှော်ပညာရှင်က နျူမန်ကို အနာတရဖြစ်စေမည်အား ဂရုမစိုက်သလို ရှုယီသေမည်လားပင် ဂရုမစိုက်လေရာ အတော်လေး ဘဝင်ခိုက်လှသည်။

ရှုယီက နှာမှုတ်၍ မှော်စွမ်အားအလုံးစုံကို ထုတ်ဖော်လိုက်တော့သည်။ သူဟာ တမုဟုတ်ချင်း ပဉ္စမအဆင့် ရေအကာအရံမန္တာန်ကို ဖန်တီး၍ သူကိုယ်တိုင်နှင့် နျူမန်ကို ကာထားလိုက်သည်။

မီးလုံးကြီးက အပြာဖျော့ရေအကာအရံကို ရိုက်ခတ်မိချိန်၌ ချက်ချင်း ဝါးမြိုခံလိုက်ရကာ မီးစလေးတစ်စပင် မကျန်တော့ပေ။

ရှုယီလည်း မန္တာန်လာရာဘက်ကိုကြည့်လိုက်သော် တတိယမြင်းလှည်း၏ ခေါင်မိုးထက်၌ ပေါ်လာသူ အသက်ငါးဆယ်အရွယ် မှော်ပညာရှင်တစ်ဦးကို တွေ့လိုက်ရသည်။ သူဟာ သူ၏ပေါက်ကွဲမီးလျှံမန္တာန်ကို အလွယ်လေး ကိုင်တွယ်လိုက်နိုင်မည်ဟု မထင်ထားခဲ့သဖြင့် တအံ့တဩ‌ကြည့်နေသည်။

ရှုယီက သရော်ဟန်ပြုံး၍ ကြည့်လာသည်ကိုမြင်သော် ထိုမှော်ပညာရှင်မှာ အနည်းငယ် ဒေါသဖြစ်သွား၏။ သူ၏ မျက်လုံးများက အာရုံစိုက်ထားကာ လက်ကိုမြှောက်၍ လက်ဖဝါး၌ မီးစများကို အလျင်အမြန် စုစည်းလိုက်လေသည်။

ကြည့်ရသည်မှာ ဤမှော်ပညာရှင်က မီးမန္တာန်များကို အာရုံစိုက်ထားပြီး သူ လတ်တလော ထုတ်ဖော်လိုက်သည့် မန္တာန်ကို သုံးသပ်ရသော် သူဟာ မီးမန္တာန်များကို အတော်ကျွမ်းကျင်သည်။

သို့သော် ရှုယီမှာ သူ့အား မည်သို့များ မှော်အစွမ်းကို စုစည်းနေရန် အချိန်ပေးပါမည်နည်း? လက်ကိုမြှောက်လိုက်ရင်း တစ်ဖက်က ပစ်လွှတ်ခဲ့သော မီးလုံးထက် များစွာ ပို‌မိုသေးငယ်သည့် မီးလုံးတစ်လုံးကို ပစ်လွှတ်လိုက်တော့သည်။

ဤမီးလုံးကိုမြင်သော် မှော်ပညာရှင်မှာ အံ့အားသင့်သွား၏။ သူက အလျင်အမြန်ပင် မှော်စွမ်းအား စုစည်းနေမှုကို ရပ်တန့်၍ လေစွမ်းအားထိန်းချုပ်မန္တာန်ကိုပင် အသုံးပြုကာ မြင်းလှည်းခေါင်မိုးမှ ခုန်ဆင်းလိုက်တော့သည်။

ဟာသပဲ! ဒါက အဌမအဆင့်မီးတောက်ပြင်းကျည်ဆံ မန္တာန်လေ! သူ့ရဲ့လက်ရှိ အဆင့်နဲ့ ခုခံဖို့ဆိုတာ မဖြစ်နိုင်နေဘူး။

သို့ရာတွင် ထိုမီးတောက်ပြင်းကျည်ဆန်က မြင်းလှည်းကို ဖြတ်သွားလုဆဲဆဲ၌ ဦးတည်ဘက်ပြောင်းကာ ခုန်ဆင်းသွားကာစ မှော်ပညာရှင်၏ နောက်ကျောကို ရိုက်ခတ်သွားတော့၏။

“ဟုန်း!”

ထိုမှော်ပညာရှင်မှာ မန္တာန်စွမ်းအားကြောင့် လေထဲလွင့်သွားပြီး မြေပြင်ပေါ် ရိုက်ခတ်ကျဆင်းသွားသည်။ သူ၏ နောက်ကျောရှိ အဝတ်များက ပြာအဖြစ်လောင်ကျွမ်းသွားကာ နောက်ကျော နီနီကို ပြသနေတော့သည်။

ရှုယီနှင့် ၎င်းမှော်ပညာရှင်၏ တိုက်ခိုက်မှုမှာ တစ်စက္ကန့်မျှသာကြာပြီး ထိုအချိန်၌ လူတိုင်း မျက်တောင်တစ်ခါခတ်စာသာရှိကာ မြေပြင်ရှိ အနှီမှော်ပညာရှင်မှာ ဝက်သေတစ်ကောင်နှယ်ဖြစ်သွားသည်။ ၎င်းက လူအုပ်ကြီးကို တမုဟုတ်ချင်း မှင်တက်သွားစေ၏။

ရှုယီနံဘေးရှိ နျူမန်က မှော်ပညာရှင်ကိုကြည့်လိုက်သည်။ သူက ခက်ခက်ခဲခဲလှည့်ကာ အသက်ပြင်းပြင်းရှူ၍ ရှုယီကို အထိတ်တလန့်ကြည့်လိုက်သည်၊ “ဥက္ကဌရှု ခင်ဗျား.... ခင်ဗျား သူ့ကို သတ်လိုက်တာလား?”

ရှုယီက ခေါင်းခါသည်၊ “သူ မသေလောက်ပါဘူး၊ ဒဏ်ရာအပြင်းအထန်တော့ ရလောက်တယ်။”

“ဒါက....” နျူမန်က မြေပြင်ထက်ရှိ မလှုပ်‌တော့သော မှော်ပညာရှင်ကိုကြည့်လိုက်ပြီးနောက် ရှုယီဘက်ပြန်လှည့်လာသည်။ သူက အချိန်ကြာကြည့်ပြီးမှ ပြော၏၊ “ဥက္ကဌရှု..... ခင်ဗျား....ခင်ဗျားတော့ ဒုက္ခတွေ့ပြီ.....”

“ဒီလိုလား?” ရှုယီမှာ အင်မတန် တည်ငြိမ်နေပါ၏။

ဤယာဉ်တန်းထဲ၌ အရေးပါသူ တစ်ဦး ရှိလောက်မည်ကို ခန့်မှန်းထားပြီးသား‌ဖြစ်သော်လည်း အရာအားလုံးလုပ်ဆောင်လိုက်ပြီးကတည်းက ၎င်းကို နောင်တရရင်း အချိန်ဖြုန်းနေမည်မဟုတ်ပေ။

ဘေးပတ်လည်ရှိလူများမှာ နောက်ဆုံး တုံ့ပြန်လိုက်ကြသည်။ ယာဉ်တန်း၏ လူများက အလျင်အမြန်ပင် ရှုယီ ဒဏ်ရာပေးလိုက်သည့် မှော်ပညာရှင်အား ကုသနေကြပြီး ရူဒ်ဆန်တိုင်းပြည်မှ အဖွဲ့လည်း ရောက်လာသည်။

တစ်ဖွဲ့က ထိုလူများကို ရှင်းပြရန် ယာဉ်တန်းဆီသွားလိုက်စဉ်တွင် ကျန်တစ်ဖွဲ့က ရှုယီထံရောက်လာကာ အင်မတန် ဒေါသဖြစ်နေပုံရသည်။

ရှုယီနှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောနေခဲ့သူ ခေါင်းဆောင် ဝစ်သာစပွန်းသည်ပင် ရှုယီကို ကြည့်လာချိန်၌ မှောင်မိုက်နေဟန် ရှိ၏။

“ဥက္ကဌရှု မင်း ဘာလုပ်နေတာလဲ?” ခေါင်းဆောင် ဝစ်သာစပွန်းက စူးရှသည့် အသံဖြင့်ဆိုသည်၊ “အထဲမှာ ထိုင်နေတဲ့လူက ကန်ဒရာအင်ပါယာကနေ လာတဲ့ သံအမတ် ဟာကာနင်ဆိုတာကို သိရဲ့လား! သူက ကန်ဒရာအင်ပါယာ တစ်ခုလုံးကို ကိုယ်စားပြုတယ်ကွ! မင်းအနေနဲ့ ကန်ဒရာအင်ပါယာ ဆန့်ကျင်ချင်လည်း ရပေမယ့် ငါတို့ ရူဒ်ဆန်တိုင်းပြည်ကိုတော့ မဆွဲထည့်နဲ့လေ!”

ခေါင်းဆောင် ဝစ်သာစပွန်း၏ စကားများကိုကြားသော် အနီးဝန်းကျင်ရှိ ရူဒ်ဆန်တိုင်းပြည် အမှုထမ်းတို့၏ အမူအရာများမှာ ထူးဆန်းလာလေ၏။

အဆုံးတွင် ရုတ်တရတ်ပေါ်လာသည့် ဤစွမ်းအားကြီးလူငယ် မှော်ပညာရှင်မှာ မည်သို့သော ဥက္ကဌမျိုးဖြစ်ပါသနည်း? ထို့အပြင် ကြည့်ရသည်မှာ သူဟာ ရူဒ်ဆန်တိုင်းပြည်မှ ဖြစ်ပုံမပေါ်ပေ။

၎င်းကိုစဉ်းစားရင်း လူတိုင်း ငြိမ်ကျသွားတော့သည်။

သံအမတ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့သူမှာ ရူဒ်ဆန်တိုင်းပြည် မှော်ပညာရှင်ဆိုလျှင် ဤကိစ္စက အခက်တွေ့စရာဖြစ်မည်။ သို့သော် ဤမှော်ပညာရှင်က ရူဒ်ဆန်တိုင်းပြည်ထံမှ မဟုတ်ကတည်းက ၎င်းတို့၏ အပြစ်တင်မှုကို ရှောင်တိမ်းနိုင်မည်။

၎င်းတို့အနေနှင့် သံအမတ် ဟာကာနင်၏ ဒေါသကို လျော့နည်းစေနိုင်သရွေ့ ရူဒ်ဆန်တိုင်းပြည်နှင့် ကန်ဒရာ အင်ပါယာအကြား ဆက်သွယ်ရေးကို ထိခိုက်လောက်မည်မဟုတ်ပေ။

သို့သော် ၎င်းတို့သည်လည်း အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသည်။

ခေါင်းဆောင် ဝစ်သာစပွန်းမှာ ဒေါသဖြစ်နေသော်လည်း ရှုယီအပေါ် အတော်လေးယဉ်ကျေးသည်ဟု ယူဆနိုင်နေဆဲပင်။

ဒီဥက္ကဌရှုက ဘယ်သူများလဲ?

“ကန်ဒရာအင်ပါယာက သံအမတ်?” ခေါင်းဆောင် ဝစ်သာစပွန်း၏ စကားများကိုကြားသော် ရှုယီမှာ တမုဟုတ်ချင်း နားလည်လိုက်သည်။

ရူဒ်ဆန်တိုင်းပြည်အနေနှင့် ထိုမျှ ကြိုဆိုသည့် အဖွဲ့ကို အလွန်အကျူးလွှတ်ထားသည်မှာ မဆန်းပေ။ ဤတလျှောက်လုံး ယာဉ်တန်းထဲရှိ ပုဂ္ဂိုလ်မှာ ကန်ဒရာအင်ပါယာမှ ရူဒ်ဆန်တိုင်းပြည်ထံ စေလွှတ်လိုက်သော သံအမတ်ဖြစ်သည်။

ရူဒ်ဆန်တိုင်းပြည်မှာ ရာနှင့်ချီရှိနေသည့် နိုင်ငံလေးများထဲမှာ တစ်ခုဖြစ်ပြီး ကန်ဒရာအင်ပါယာမှာ စိုင်စ်နယ်မြေကြီးရှိ အင်ပါယာကြီးနှစ်ခု အနက် တစ်ခုဖြစ်သော ဧရာမ တည်ရှိမှုကြီးတစ်ခုဖြစ်ပေ၏။

ဆက်နွယ်မှုတစ်ခု တည်ဆောက်နိုင်ကာ ကန်ဒရာတိုင်းပြည်နှင့်အတူ သံတမန်ရေးရာ ဆက်သွယ်မှုများ တည်ဆောက်နိုင်ရန် ကန်ဒရာ အင်ပါယာက သံတမန်တစ်ဦး စေလွှတ်လိုက်ခြင်းမှာ ရူဒ်ဆန်တိုင်းပြည်အတွက် အင်မတန် အရေးကြီးသည့် ကိစ္စဖြစ်လေသည်။

ရှုယီက လက်မြှောက်ကာ ခေါင်းဆောင် ဝစ်သာစပွန်းကို ဖြတ်ပြောလိုက်၏။ သူက အပြုံးဖြင့်ဆိုသည်၊ “ခေါင်းဆောင် စိတ်ချလို့ရပါတယ်။ ကျွန်တော် ဒီကိစ္စအတွက် တာဝန်ယူမှာပါ။ ရူဒ်ဆန်တိုင်းပြည်နဲ့ မသက်ဆိုင်စေရပါဘူး။”

၎င်းကိုကြားသော် ခေါင်းဆောင်ဝစ်သာစပွန်းနှင့် အခြား ရူဒ်ဆန်တိုင်းပြည်သားများက စိတ်လျှော့ သက်ပြင်းချလိုက်ကြ၏။

သို့သော်လည်း ခေါင်းဆောင် ဝစ်သာစပွန်းမှာ စိတ်ထဲ အနည်းငယ် ရှက်ရွံ့နေမိသည်။

သူဟာ ရှုယီက ရူဒ်ဆန်တိုင်းပြည်၌ အချိန်ကောင်းလေးတစ်ခု ရှိရန် ဆန္ဒရှိရုံဖြစ်သော်လည်း ယခုတွင် သူ့အား ဤသို့ ရောင်းထုတ်လိုက်ခြင်းမှာ အင်မတန် လွန်လှသည်။

“ဥက္ကဌရှု..... ဒါက.....”

ခေါင်းဆောင် ဝစ်သာစပွန်း၏ မျက်နှာထက်ရှိ ဟန်ပန်ကိုမြင်သော် ရှုယီမှာ သဘာဝကျစွာပင် သူ၏ ဆိုလိုရင်းကို နားလည်လိုက်ပါ၏။ သူက အပြုံးဖြင့် လက်ယမ်းလေသည်၊ “ခေါင်းဆောင် စိတ်ထဲထည့်ဖို့ မလိုပါဘူး။ ဒါက ကျွန်တော့်ကိစ္စဆိုတော့ ခေါင်းဆောင်နဲ့ မဆိုင်ဘူးလေ။ ကျွန်တော်ပဲ ဖြေရှင်းပါရစေ၊ ဖြစ်လာမယ့် အကျိုးဆက်တွေအားလုံးကို လက်ခံပါ့မယ်။”

ခေါင်းဆောင် ဝစ်သာစပွန်းထံ၌ ရှက်ရွံ့ဟန်ရှိနေသည်။ စဉ်းစားကြည့်ပြီးနောက် သူဟာ မည်သည်ကိုမှ မဆိုဘဲ သက်ပြင်းချရင်း ဘေးဖယ်နေလိုက်တော့သည်။

အခြား ရူဒ်ဆန်တိုင်းပြည် အမှုထမ်းများက ခေါင်းဆောင် ဝစ်သာစပွန်းကို တအံ့တဩကြည့်လိုက်ပြီးနောက် လမ်းကြောင်းတစ်ခုလုပ်ပေးရန် ဘေးတိုးလိုက်ကြရင်း ရှုယီက ကန်ဒရာအင်ပါယာ ယာဉ်တန်းဆီ လျှောက်သွားသည်ကို ကြည့်နေကြတော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၈၂။ တကယ်ကြီး ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့!

နံဘေးမှလာသော လက်တစ်ဖက်မှာ ရှုယီ၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

ရှုယီ လှည့်ကြည့်လိုက်သော် နျူမန်၏ တုံ့ဆိုင်းနေဟန်ကို တွေ့ရ၏။

“ဥက္ကဌရှု.... ခင်ဗျား....” နျူမန်က ခဏတာ တုံ့ဆိုင်းနေပြီးနောက် ချက်ချင်း စိတ်မြန်မြန် ထိန်းလိုက်သည်၊ “ဒီနေရာကနေ မြန်မြန် ထွက်သွားသင့်တယ်။ ခင်ဗျားက မှော်ပညာရှင်ဆိုတော့ ခမ်နက်ဒ် နဲ့အတူ ထွက်သွားရင် ခင်ဗျားကို တားနိုင်မယ့်လူမရှိဘူး။ ခင်ဗျား စောင့်မယ်ဆိုရင်တော့ အဲ့အခွင့်အရေးမရလောက်တော့ဘူး။”

ရှုယီမှာ နျူမန်ကို တအံ့တဩကြည့်လိုက်သည်။ သူဟာ နျူမန်က ထိုမျှ သူ့အကြောင်း စိတ်ရင်းနှင့် စဉ်းစားပေးမည်ဟု မထင်ထားခဲ့ပေ။

ရှုယီမှာ အနည်းငယ် လှုပ်ရှားသွားသော်လည်း အပြုံးဖြင့် ခေါင်းခါလေသည်၊ “ဟင့်အင်း မထွက်သွားဘူး။ ခမ်နက်ဒ်နဲ့ ကျုပ် ထွက်သွားနိုင်ရင်တောင် ရူဒ်ဆန်တိုင်းပြည်မှာရှိတဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ လုပ်ငန်းပေါင်းစုံကို မထားခဲ့နိုင်ဘူး။ ပြီးတော့ ကျုပ်တို့ အခုထွက်သွားရင် ရူဒ်ဆန်တိုင်းပြည်ကို လက်လျှော့လိုက်တာနဲ့ ညီမျှတယ်၊ ကျုပ်က ဒါကို လက်ခံလိမ့်မယ်ထင်လို့လား?”

နျူမန်မှာ အံ့ဩနေ၏။ ရှုယီက သူ၏လက်ကို တွန်းဖယ်ကာ ယာဉ်တန်းဆီ ဆက်လျှောက်သွားလိုက်သည်။

ကန်ဒရာသံတမန်၏ ယာဉ်တန်းထံ ရှင်းပြဖို့ ရောက်နေကြသည့် ရူဒ်ဆန်တိုင်းပြည် အမှုထမ်းများမှာ အပြစ်သားခေါင်းဆောင် ရှုယီ ရောက်လာသည်ကိုမြင်သော် အားလုံးရပ်တန့်သွားကြ၏။

သဘာဝကျစွာပင် ရူဒ်ဆန်တိုင်းပြည် အမှုထမ်းများထံ၌ ရှုယီကို ဖမ်းဆီးကာ သံအမတ် ဟာကာနင်ထံ လက်လွှဲပေးနိုင်လောက်သည့် လက်အောက်ငယ်သားများရှိသည်။

သို့သော်လည်း ရှုယီက စွမ်းအားကြီးမှော်ပညာရှင်ဖြစ်ကာ ၎င်းတို့လည်း သံတမန်ကို နှုတ်ဆက်ရန် ရောက်လာကာစဖြစ်သဖြင့် ဤကိစ္စကို မမျှော်လင့်ထားရာ ရှုယီကို တိုက်ခိုက်ဝံ့သည်အထိ အင်အား အလုံအလောက်မရှိပါပေ။

ကန်ဒရာအင်ပါယာ၏ ယာဉ်တန်းမှာ လူများလည်း ရှုယီကြောင့် အံ့အားသင့်နေသဖြင့် လှုပ်ပင်မလှုပ်ရဲကြချေ။

ထို့ကြောင့် ၎င်းတို့အဖွဲ့မှာ ရှုယီ တိုးကပ်လာသည်ကို မလှုပ်ရှားဝံ့ဘဲ နိုးနိုးကြားကြား ကြည့်နေရုံသာ တတ်နိုင်သည်။

ထူးဆန်းသည့် အကြည့်များကိုမြင်သော် ရှုယီမှာ အနည်းငယ် ထူးဆန်းသွားမိရ၏။

ဤလောကသို့ လာရောက်စဉ်ကတည်းက စွမ်းအားကြီးမှော်ပညာရှင်များမှာ အများစုနှင့် ခြားနားကြောင်းကို လူများစွာထံမှ သင်ယူခဲ့ရသည်။

သို့သော် ၎င်းမတိုင်ခင်တွင် သူဟာ စန်ခိုင်ဆာကျောင်း၌ ပညာလေ့လာကာ သာမန်လူများထက် မှော်ပညာရှင်များနှင့် ပို၍ အဆက်အသွယ်ရှိခဲ့ပါ၏။

စန်ခိုင်ဆာကျောင်းမှ ဘွဲ့ရပြီးနောက် မဟာမှော်ပညာရှင်ကမ်မီလာအတွက် အလုပ်လုပ်ခဲ့ကာ မှော်ပညာရှင်များစွာနှင့် အဆက်အသွယ်လုပ်ခဲ့သည်ပင်။

ထို့နောက် Frestech ကုန်သည်ကြီးများအသင်းကို စတင်ကာ တစ်ချိန်လုံး မှော်ပညာရှင်များနှင့် အဆက်အသွယ်လုပ်ခဲ့သည်။ သူ့အနေနှင့် လမ်ပူရီတိုင်းပြည်၏ မဟာမှော်ပညာရှင် ငါးဦးစလုံးနှင့်ပင် နက်နဲသည့် ဆက်ဆံရေးများရှိသည်။

၎င်းက ဤလောက၌ မှော်ပညာရှင်များမှာ မရှားဟု အယူအဆလွဲတစ်ခုရှိသွားစေကာ မဟာမှော်ပညာရှင်များကိုပင် ထိုမျှ မဟုတ်ဟု ယူဆစေသည်။

သို့သော် ဤလက်ရှိ အခြေအနေ၌ စွမ်းအားကြီး မှော်ပညာရှင်တစ်ဦးထံတွင် စွမ်းအားကြီး ခြိမ်းခြောက်နိုင်စွမ်းရှိသည်ကို သေချာ နားလည်သွားစေ၏။

သူဟာ လူတစ်ဦးတည်းသာဖြစ်သော်လည်း သူနှင့် ယှဉ်ပြိုင်နိုင်သည့် မှော်ပညာရှင် မရှိသောကြောင့် ပြိုင်ဘက်ကင်း ဖြစ်တည်မှု ဖြစ်လာတော့သည်။

သို့သော် ဤသည်မှာလည်း ရူဒ်ဆန်တိုင်းပြည်စစ်သည်များနှင့် ကန်ဒရာအင်ပါယာသံတမန် ခေါ်ဆောင်လာသည့် စစ်သည်များထံတွင် ရိုးရာဓားများသာရှိနေပြီး ၎င်းတို့ကလည်း မှော်ပညာရှင်တစ်ဦးကို မည်သို့မျှ မထိခိုက်စေနိုင်သောကြောင့်ပင်။

၎င်းကသာ စစ်ဘက်သုံးမှော်စက်များနှင့် Frestech ကုန်သည်ကြီးများအသင်း အစောင့်များသာဆိုပါက ရှုယီမဆိုထားနှင့် မဟာမှော်ပညာရှင်တစ်ဦးရှိနေပါလျှင် ယခု ဤစစ်သည်များကဲ့သို့ ရှုယီကို ကြောက်ရွံ့နေလိမ့်မည်မဟုတ်ပေ။

မဟာမှော်ပညာရှင်ကမ်မီလာလည်း ယခင်က စိတ်အားတက်ကြွကာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို ရန်စခဲ့သေး၏။

တိုက်ရိုက်တိုက်ပွဲတွင် နောက်ဆုံးရလာဒ်မှာ မဟာမှော်ပညာရှင်ကမ်မီလာအနေနှင့် အစောင့်တစ်ရာကို တန်ပြန် ခံစစ်သာတိုက်ခိုက်နိုင်ပြီး တိုက်ခိုက်ရန် မှော်စွမ်းအား အသုံးပြုဖို့ ခက်ခဲစေလေသည်။

မဟာမှော်ပညာရှင်ကမ်မီလာသာ အလျင် လှုပ်ရှား၍ စွမ်းအားကြီး အဆင့်မြင့်မန္တာန် သို့မဟုတ် တားမြစ်မန္တာန်တစ်ခုကို သုံးကာ ထိုအစောင့်များကို မသတ်ပါလျှင် ၎င်းအစောင့်များထံ၌ စစ်ဘက်သုံးမှော်စက်များတွင် မှော်စွမ်းအားရှိနေသရွေ့ မဟာမှော်ပညာရှင်ကမ်မီလာလည်း သူ၏ မှော်စွမ်းအားကိုသုံးပြီး သေဆုံးခြင်းကိုသာ စောင့်ဆိုင်းနေရလိမ့်မည်။

၎င်းစစ်ဘက်သုံးမှော်စက်များ၏ ကုန်ကျစရိတ်မှာ နေရာအနှံ့ရှာဖွေနိုင်သည့် မှော်သလင်းကျောက်များဖြစ်ရာ ကုန်ကျစရိတ်က အင်မတန်နည်းပါး၏။

အကြိမ်များစွာ တိုက်ခိုက်ပြီးနောက် မဟာမှော်ပညာရှင်ကမ်မီလာမှာ သက်ပြင်းတစ်ချက်ချ၍ မပြောဘဲမနေနိုင်တော့ချေ။

“တိုက်ပွဲကို အဆုံးအဖြတ်လုပ်တဲ့ မှော်ပညာရှင်ခေတ်က ပြီးဆုံးတော့မှာပဲ။”

မှန်ပါ၏ ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအတွက်သာဖြစ်သည်။

နယ်မြေကြီးတွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကဲ့သို့ စစ်ဘက်သုံးမှော်စက်များ အပြည့်အဝတပ်ဆင်ပေးထားခံရသည့် အခြားစစ်တပ်မရှိပေ။ ရူဒ်ဆန်တိုင်းပြည်၌ တစ်ယောက်လောက် ရှာရန်ပင်မဖြစ်နိုင်လေရာ ရှုယီလည်း သဘာဝကျကျပင် စိုးရိမ်မနေပေ။

ရှုယီလည်း လူအုပ်အလယ်ကို လျှောက်သွားကာ ဝေ့ဝဲကြည့်လိုက်ရင်း နောက်ဆုံး၌ ဈေးအကြီးအဆုံးနှင့် ဇိမ်အကျဆုံးဖြစ်ပုံရသည့် အလယ်က မြင်းလည်းကို တွေ့သွားသည်။

“သံတမန် ဟာကာနင်၊ ခင်ဗျား ထွက်မလာတော့ ကျုပ်က ဒီကိစ္စကို ဒီမှာ အဆုံးသတ်သွားပြီလို့ သတ်မှတ်လိုက်ရင်ရော ဘယ်လိုလဲ?”

ဘေးဝန်းကျင်ရှိ လူများမှာ အံ့ဩသွားကြသည်။ ရှုယီက ဤနေရာသို့ တောင်းပန်ရန် ရောက်လာသည်ဟု ထင်ခဲ့ကြသော်လည်း သူဟာ သံတမန် ဟာကာနင်ကို ထိုလေသံဖြင့် ဆိုလိုက်မည်ဟု ထင်မထားကြပေ။

သူ့အနေနှင့် သံတမန် ဟာကာနင်ကို သိကတည်းက သူ၏ အဆင့်အတန်းကို ကောင်းစွာ သိမည်သာ။

သူ့အနေနှင့် ဤသို့သော သဘောထားမျိုးရှိနေသည်က မည်သည့်နေရာမှ ထိုသတ္တိမျိုးရလာသနည်း?

မြင်းလှည်းထံမှ အေးစက်စက်ရယ်သံထွက်လာလေသည်။

“အသေးအဖွဲ အဆင့်နိမ့် မှော်ပညာရှင်လေးတစ်ဦးက ကျုပ်ကို စကားပြောဖို့ ဘယ်လိုအရည်အချင်းရှိလို့လဲ? ဆာရ် ကူရာဘင်, ကျုပ်က ဧကရာဇ်ရဲ့ ခင်ဗျားတို့ ဘုရင်ကြီးအပေါ် စိတ်ရင်းနဲ့ အသိအမှတ်ပြုမှုကို ကန်ဒရာအင်ပါယာကနေ ယူဆောင်ပြီး ရောက်လာပေမယ့် ဒီလိုအဆက်ဆံခံလိုက်ရတာကို တစ်ခုခုလုပ်သင့်တယ်လို့ မထင်ဘူးလား?”

နံဘေးရှိ ဆံပင်ဖြူဖြူနှင့် လေးနက်နေဟန်ရှိ ရူဒ်ဆန်တိုင်းပြည် အမှုထမ်းက ရှုယီကိုကြည့်ကာ အသံပြင်းပြင်းဖြင့်ဆိုလာသည်၊ “ဒီက မှော်ပညာရှင် မင်းရဲ့ အပြစ်ကို မင်းသိရဲ့လား?”

ရှုယီက ပခုံးတွန့်သည်၊ “ဘာ အပြစ်လဲ?”

ရူဒ်ဆန်တိုင်းပြည်၏ ပြည်ပရေးရာဌာန ခေါင်းဆောင် ကောင့်ထ် ကူရာဘင်၏ မျက်နှာမှာ မှောင်မိုက်သွားသည်၊ “မင်းက အရှင် ဟာကာနင်ရဲ့ ယာဉ်တန်းဆီသွားပြီး အရှင် ဟာကာနင်ရဲ့ လက်အောက်ငယ်သားကိုတောင် ထိခိုက်စေခဲ့တာကို ဘာ အပြစ်မှ မရှိဘူးလို့ ပြောဝံ့သေးတယ်လား?”

ရှုယီက အပြုံးဖြင့် ခေါင်းခါသည်၊ “ကျုပ်ရဲ့ ပြဿနာကို မစုံစမ်းခင် ဆာရ် ကူရာဘင်ကို သံတမန် ဟာကာနင်ရဲ့ ပြစ်မှုအကြောင်း အရင်စုံစမ်းဖို့ တောင်းဆိုပါတယ်၊ ဟုတ်ပြီလား? ကျုပ်သာ အချိန်မီ မတုံ့ပြန်လိုက်ရင် အပြစ်ကင်းတဲ့ ကလေးမလေးက နင်းချေခံလိုက်ရ‌လောက်ပြီ။ ပြီးတော့လည်း ကျုပ်က သူ့ရဲ့ လက်အောက်ငယ်သားကို ထိခိုက်စေခဲ့တယ်လို့ ပြောခဲ့တယ်နော်? လူတိုင်း သူတို့ကသာ ကျုပ်ကို အရင်တိုက်ခိုက်တာကို ရှင်းရှင်းလင်းလင်းမြင်တာပါ၊ ဒါကို ကိုယ့်ကိုယ်ကို ကာကွယ်တာလို့ သတ်မှတ်လို့ရတယ်။”

အတင့်ရဲလိုက်လေ!” ကောင့်ထ် ကူရာဘင်က အော်သည်၊ “အဲ့ဒီကလေးမလေးက ရှေ့တိုးလာတာ သေဖို့ထိုက်တန်တယ်။ ဘယ်လိုလုပ် သံတမန် ဟာကာနင်နဲ့ ဆိုင်မှာလဲ? မင်းကြောင့် သံတမန် ဟာကာနင် လန့်သွားတာက ပြစ်မှုကြီးပဲ!”

“အိုး? ရှုယီက မျက်ခုံးပင့်လေသည်၊ “ဒီတော့ ဆာရ် ကူရာဘင်အနေနဲ့ ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်ရဲ့ ပြည်သူတွေရဲ့ အသက်က လုံးဝ အရေးမကြီးဘူးလို့ ထင်တယ်လား? ဒါက သံတမန် ဟာကာနင် ထိတ်လန့်သွားတာနဲ့တောင် မယှဉ်နိုင်ဘူးပေါ့? ဟုတ်ပြီလေ ကျုပ်အနေနဲ့ သံတမန် ဟာကာနင်ကို ထွက်လာဖို့ခွင့်တောင်းပါတယ်။ အရှင်သံတမန်က ဘယ်လောက်တောင် လန့်သွားသလဲ ကြည့်ပါရစေ။ သေတာထက်တောင် ပိုလန့်သွားတာလား?”

ကောင့်ထ် ကူရာဘင်၏ မျက်နှာထားက အေးစက်လာပြီးနောက် ဒေါသဖြစ်လာကာ ရှုယီကို ဒေါသတကြီး လက်ညှိုးထိုးလိုက်လေ၏၊ “မင်းက ဘယ်နေရာကနေ လာတာလဲ။ ဒီလို ဘဝင်ခိုက်နေဝံ့‌ရလောက်အောင်လို့! တစ်ယောက်ယောက် သူ့ကို ငါ့အဝေးကနေ ခေါ်သွားစမ်းပါ!”

လူတိုင်းက ကောင့်ထ် ကူရာဘင်ကို ကြည့်လိုက်သော်လည်း မည်သူကမှ မလှုပ်ရှားဝံ့ပေ။

ကောင့်ထ် ကူရာဘင်လည်း ထိုမှသာ အသိရသွားသည်။ ဤမှော်ပညာရှင်က အင်မတန်သန်မာလှရာ ၎င်းတို့၏ အဖွဲ့အနေနှင့် သူ့အား လုံးဝ ကိုင်တွယ်နိုင်မည်မဟုတ်။

ထိုသို့ စဉ်းစားရင်း ကောင့်ထ် ကူရာဘင်က စိတ်ထဲရှိ ဒေါသကို ဖိနှိပ်ကာ ရှုယီကို လေးနက်နေဟန်ဖြင့် ပြောလိုက်သည်၊ “မင်းအနေနဲ့ သံတမန် ဟာကာနင်ကို တောင်းပန်ဖို့ တိုက်တွန်းတယ်၊ မဟုတ်လို့ ဒီကိစ္စကြီးသွားရင် မင်းက စွမ်းအားကြီးမှော်ပညာရှင်ဖြစ်နေရင်တောင် ငါတို့ ရူဒ်ဆန်တိုင်းပြည်နဲ့ ကန်ဒရာအင်ပါယာတို့ရဲ့ ဒေါသကို တောင့်ခံနိုင်လိမ့်မှာ မဟုတ်ဘူး။

ရှုယီက ပခုံးတွန့်သည်။ သူ့အနေနှင့် ကောင့်ထ် ကူရာဘင်၏ စကားများကို လုံးဝဂရုမစိုက်ဘဲ သံတမန် ဟာကာနင်၏ မြင်းလှည်းရှေ့ကိုပင် တိုးသွားလိုက်သေးသည်။

သံတမန် ဟာကာနင် အစောင့်များမှာ နိုးကြားစွာဖြင့် ရှုယီကို ကြည့်ရင်း မြင်းလှည်းကို ဝိုင်းထားလိုက်ကြတော့သည်။

ရှုယီက တစ်ချက်ပြုံးပြပြီးနောက် မြင်းလှည်းထံ ပြောလိုက်၏၊ “သံတမန် ဟာကာနင်, ခင်ဗျားသာ မြင်းလှည်းထဲ ဆက်ပုန်းနေမယ်ဆိုရင် ခင်ဗျားက ဒီကိစ္စကို ဖြေရှင်းရာမှာ စိတ်ရင်းမပါတဲ့ အဓိပ္ပာယ်ပဲ၊ ကျုပ်တကယ်ပဲ ခင်ဗျားကို စိတ်ပျက်မိလိမ့်မယ်။”

မြင်းလှည်းထံမှ နှာမှုတ်သံတစ်ချက် ထွက်လာသည်၊ “စိတ်ပျက်မယ်? မင်းက ဘယ်လိုများ အရည်အချင်းမီနေလို့လဲ?”

“ရှင်းပါတယ် ဒါကြောင့်လေ…”

ရှုယီက ရုတ်တရတ် လက်ဝေ့ယမ်းလိုက်ရာ မရေတွက်နိုင်သော အပြာဖျော့ရောင် လေဓားသွားများ ထွက်ပေါ်လာသည်။

မြင်းလှည်း ပတ်လည်ရှိ လူများမှာ ထိတ်လန့်သွားကြတော့၏။ ၎င်းတို့အနေနှင့် လေဓားသွားများကို ပိတ်ဆို့ထားလိုက်ချင်သော်လည်း မည်သည်ကိုမှ မလုပ်နိုင်ကြောင်း သိလိုက်ကြသည်။

ထို့အပြင် ထိုလေဓားသွားများမှာ အင်မတန် မြန်ဆန်လှ၏။ ၎င်းတို့ အသိဝင်လာချိန်တွင် လေဓားသွားများက ၎င်းတို့ကို ဖြတ်သွားပြီးဖြစ်သည်။

“ဖူး ဖူး ဖူး ဖူး”

လေဓားသွားဆယ်ခုက မြင်းလှည်းကို ရိုက်ခတ်ကာ ဖြတ်တောက်လိုက်တော့၏။ မြင်းလှည်းက အက်ကွဲသံများထွက်လာပြီး မြင်းလှည်းခေါင်မိုးမှာ ဖြတ်တောက်ခံလိုက်ရကာ ကျန်သည့် နံရံလေးခုလည်း ပြုတ်ကျလာ၏။

မြင်းလှည်းထဲ၌ ကြမ်းခင်းတစ်ခုသာ ကျန်တော့ကာ ထိုနေရာ၌ ဝဖိုင့်ဖိုင့်နှင့် ဇိမ်ကျနေဟန်ရှိ သက်လတ်ပိုင်းလူကြီးတစ်ဦး ထိုင်နေသည်။

ထိုသက်လတ်ပိုင်းလူက ရှုယီကို ခဏတာ ငေးမောကြည့်နေပြီးနောက်မှ သူ၏ ပုံသဏ္ဍာန်နှင့် မလိုက်ဖက်စွာ ကျွမ်းကျင်လိမ္မာမှုနှင့်အတူ ခုန်လိုက်သည်။ သူက ရှုယီကို လက်ညှိုးထိုး၍ ဒေါသတကြီး အော်လေ၏၊ “မင်းက ငါ့ကို ဆန့်ကျင် လှုပ်ရှားရဲတယ်ပေါ့လေ? ငါ ဘယ်သူမှန်းသိရဲ့လား? ပြောပြလိုက်မယ် မင်းတော့ သေပြီပဲ! ငါက သေချာပေါက် မင်းကို ကွပ်မျက်စင်ပေါ် တင်ပစ်မယ်! မဟုတ်ဘူး၊ ငါမင်းကို ညှင်းပန်းခံရအောင် အကျဉ်းချပစ်မယ်!”

ရှုယီက မနေနိုင်ဘဲ အံ့ဩသွားပါ၏။

သံတမန် ဟာကာနင်မှာ ကန်ဒရာအင်ပါယာအတွက် လာရောက်ခြင်းဖြစ်ကတည်းက သူ့အတွက် ဤနိုင်ငံငယ်လေးတွင် တသီးတသန့် ပြုမူနေရန် သူ့အတွက် ကျိုးကြောင်းဆီလျော်ပါ၏။ သို့သော် ယခုတွင် ထိုသို့ ပြုမူနေရာ သူဟာ ရာဇဝတ်ကောင်နှင့် မခြားသဖြင့် လူများကို အံ့ဩသွားစေသည်။

ရူဒ်ဆန်တိုင်းပြည် အမှုထမ်းများကိုကြည့်ရင်း သူဟာ ၎င်းတို့အားလုံးက မျက်မှောင်ကုပ်ထားသော်လည်း အံ့ဩမနေကြောင်း တွေ့လိုက်ရတော့သည်။ သံတမန် ဟာကာနင်က အမြဲ ထိုသို့ ပြုမှုခဲ့သည်ကို မြင်နိုင်၏။

“အိုင်း သံတမန်တစ်ယောက်က နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုရုံတင်မကဘူး အဲဒီနိုင်ငံကို သူတို့ ဘယ်လိုမြင်ကြတယ်ဆိုတာကိုပါ ကိုယ်စားပြုတယ်။ သံတမန် ဟာကာနင်ရဲ့ အဆင့်နဲ့ဆို ကြည့်ရတာ ကန်ဒရာအင်ပါယာက ရူဒ်ဆန်တိုင်းပြည်ကို လုံးဝ ဂရုမစိုက်တဲ့ ပုံပဲ။”

ရှုယီမှာ သံတမန် ဟာကာနင်အကြောင်း မည်သည်ကိုမှ မဆိုနိုင်ကြသည့် ရူဒ်ဆန်တိုင်းပြည် အမှုထမ်းများကိုကြည့်ပြီး ခေါင်းမခါဘဲ မနေနိုင်တော့ပေ။

ရူဒ်ဆန်တိုင်းပြည်အနေနှင့် ကန်ဒရာအင်ပါယာရှေ့မှောက် ဒူးထောက်ရသည်ကို နားလည်နိုင်စရာရှိသော်လည်း ၎င်းတို့၏ ဒူးထောက်မှုရလဒ်မှာ စိတ်ကူးထားသလို မကောင်းမွန်ပေ။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၈၃။ အရှင်မင်းကြီး ဘုရင် တဲရုစ်

ရှုယီမှာ ရူဒ်ဆန်တိုင်းပြည်၏ တော်ဝင်နန်းတော်ထဲသို့ အလည်အပတ်ထွက်သလို လျှောက်ဝင်လာသည်။ လျှောက်လာနေစဉ်တွင် သူဟာ ဝေ့ဝိုက်ကြည့်ကာ အင်မတန် အေးဆေးဟန်ပေါ်နေ၏။

မြို့ပြင် ယာဉ်ရပ်နားရုံတွင် သံအမတ် ဟာကာနင်မှာ စိတ်မချနိုင်သော်လည်း သူ၏ အဖွဲ့က ရှုယီကို မည်သည့်မှ မလုပ်နိုင်သလို ရှုယီကလည်း လက်လျှော့ရန် ဆန္ဒမရှိသဖြင့် တင်းမာသည့် အခြေအနေတစ်ရပ်ကိုသာ ဖန်တီးမိသည်။

၎င်းမတိုးသာ မဆုတ်သာ အခြေအနေက ကာရာကာမြို့၏ အစောင့်များနှင့် တော်ဝင်နန်းတော်အစောင့်များ ရောက်လာသည့်တိုင် မပျက်စီးသွားခဲ့ပေ။

သို့ရာတွင် သံအမတ် ဟာကာနင် အပါအဝင် လူတိုင်းကို အံ့ဩစေသည်မှာ ဤကိစ္စက ရူဒ်ဆန်တိုင်းပြည်၏ ဘုရင်ကြီး တဲရုစ်အား နိုးကြားစေဖို့ရာ လုံလုံလောက်လောက် အရေးကြီးပါသော်လည်း သူ၏ တုံ့ပြန်မှုမှာ အားလုံး မျှော်မှန်းထားသည်နှင့် ကွဲပြားပေသည်။

ရှုယီသည် သံအမတ် ဟာကာနင်၏ ယာဉ်တန်းကို တိုက်ခိုက်ဝံ့သူ အဆင့်နိမ့်မှော်ပညာရှင်တစ်ဦးပင်။ သူဟာ ကန်ဒရာအင်ပါယာမှ ဖြစ်နေကတည်းက ဘုရင်ကြီး တဲရုစ်မှာ သံအမတ် ဟာကာနင်ကို သံသယပင် ဝင်စရာမလိုအောင် အလေးပေးရမည် သို့မဟုတ် အနည်းဆုံး ဤရဲတင်းသူ မှော်ပညာရှင်ကို အကျဉ်းချထားရမည်သာ။

အရာအားလုံးသာ မျှော်လင့်ထားသည့်အတိုင်းဖြစ်သွားပါလျှင် အရှင်မင်းကြီးက ဤမှော်ပညာရှင်ကို သံအမတ် ဟာကာနင်၏ ဒေါသကို ဖြေလျှော့ရန် လွှဲပေးမည်ဖြစ်သည်။

ရူဒ်ဆန်တိုင်းပြည်ကဲ့သို့ နိုင်ငံငယ်လေးတစ်ခုအတွက် ကန်ဒရာအင်ပါယာကို ရင်ဆိုင်ရစဉ်တွင် ဦးညွှတ်ထားဖို့ ရွေးချယ်သည်က ပုံမှန်ပင်။

သံအမတ် ဟာကာနင်မှာ ရူဒ်ဆန်တိုင်းပြည်အနေနှင့် ထိုနည်းအတိုင်းသာ အမြဲပြုမှုသဖြင့် ရူဒ်ဆန်တိုင်းပြည်အပေါ် ဘဝင်ခိုက်စွာ ပြုမူလေသည်။

သို့သော်လည်း ဘုရင်ကြီး၏ အမိန့်နှင့်အတူ တော်ဝင်အစောင့်များရောက်လာချိန်တွင် ရှုယီကို ဂရုစိုက်ဖို့ မစီစဉ်ထားဘဲ သံအမတ် ဟာကာနင်နှင့် ရှုယီကို တော်ဝင်နန်းတော်ထံ ဝင်ခိုင်းရုံသာရှိသည်။

ဤအဆုံးသတ်က လူတိုင်းကို အင်မတန် အံ့အားသင့်သွားစေ၏။

ဘုရင်ကြီး ၎င်းကို ကိုင်တွယ်သည့် နည်းလမ်းမှာ ရှုယီအား သံအမတ် ဟာကာနင်နှင့် တစ်တန်းတည်း ထားရာကျသောကြောင့်ပင်။

ပြောရလျှင် သံအမတ် ဟာကာနင်မှာ ရူဒ်ဆန်တိုင်းပြည်အတွက် ကန်ဒရာအင်ပါယာ၏ သံအမတ်ဖြစ်သည်။ ရူဒ်ဆန်တိုင်းပြည်လေးအတွက် သူဟာ အင်မတန် ထူးကဲသည့် ဧည့်သည်တော်ဖြစ်ပါ၏။

ရှုယီကို မည်သို့များ အဆင့်တူ၌ ထားနိုင်ရသနည်း?

၎င်းက ရူဒ်ဆန်တိုင်းပြည် အမှုထမ်းများကို ရှုပ်ထွေးသွားစေရုံသာမက သံအမတ် ဟာကာနင်သည်ပင် ရှုပ်ထွေးက အနည်းငယ် ဒေါသထွက်မိလေ၏။

ဒီ ဘုရင်တဲရုစ်က ဒီသောက်မှော်ပညာရှင်လေးကို ကာကွယ်ချင်နေတာလား?

သူက ဒီသံအမတ် ဟာကာနင်ရဲ့ ဒေါသကို မစိုးရိမ်ဘူးလား?

ခမ်နက်ဒ်မှာ မနီးမဝေးရှိ သံအမတ် ဟာကာနင်ကိုကြည့်ကာ မျက်လုံးထဲ အမုန်းတရားများပြည့်နှက်သွားပြီး မျက်မှောင် မကုပ်ဘဲ မနေနိုင်တော့ပေ။ သူက နံဘေးရှိ ရှုယီကို အသံတိုးတိုးဖြင့် ပြောလိုက်လေ၏၊ “ဥက္ကဌ ဘာလို့ ဒီလိုလုပ်တာလဲ?”

“ဘာလဲ? အရမ်းစိတ်ရှုပ်သွားလို့လား?” ရှုယီက အပြုံးဖြင့် ပြန်မေးသည်။

“ဟုတ်တယ်” ခမ်နက်ဒ်က ခေါင်းငြိမ့်သည်၊ “ဥက္ကဌက တဇွတ်ထိုးဆန်ပြီး ဖြောင့်မတ်တဲ့လူမှ မဟုတ်တာ။ အမေနဲ့ သမီးကို ကယ်ပြီးရင် ဒီတိုင်း ထွက်သွားနိုင်တာပဲကို ဘာလို့ ဒီ သံအမတ်ဟာကာနင်နဲ့ ထိပ်တိုက်တွေ့ဖို့ ရွေးချယ်လိုက်ရတာလဲ? ဥက္ကဌအနေနဲ့ သူ့ အဆင့်အတန်းကို မခန့်မှန်းနိုင်တာတော့ မယုံဘူး။”

ရှုယီက အသာပြုံးသည်၊ “မင်းမှန်တယ် ငါ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တာ။”

ခမ်နက်ဒ်က မျက်မှောင်ကုပ်လေသည်၊ “ဒါက.... မလိုဘူး မဟုတ်လား? ကန်ဒရာအင်ပါယာကလာတဲ့ သံတမန်နဲ့ ထိပ်တိုက်တွေ့တာကနေ ဘာအကျိုးအမြတ်ရတာကိုမှ မတွေ့ပါဘူး။”

“ဒါပေါ့ ဘာအကျိုးအမြတ်မှမရှိဘူး။” ရှုယီက အပြုံးဖြင့် ခေါင်းခါသည်၊ “ဒါပေမယ့် ဒါက လူတချို့ရဲ့ သဘောထားကို မြင်တွေ့ဖို့ ဖြစ်နိုင်တယ်။”

“သဘောထား?” ခမ်နက်ဒ်က ရူဒ်ဆန်တိုင်းပြည် အမှုထမ်းများကိုကြည့်ကာ ခါးသက်သက်ရယ်သည်၊ “ဥက္ကဌ ဒီသဘောထားကို သိရအောင် လုပ်ဖို့ မလိုဘူး ထင်တာပဲနော်။ ကန်ဒရာအင်ပါယာ အရှေ့မှာတော့ ရူဒ်ဆန်တိုင်းပြည်ပဲဖြစ်ဖြစ် လမ်ပူရီတိုင်းပြည်ပဲဖြစ်ဖြစ် ရွေးချယ်စရာမရှိဘူးလေ။”

“မဟုတ်ဘူး ငါက ဒီလူတွေရဲ့ သဘောထားကို ဂရုမစိုက်ပါဘူး။ ငါတကယ် ဂရုစိုက်တာက အထဲမှာရှိတယ်။” ရှုယီက တော်ဝင်နန်းတော်ကို ညွှန်ပြသည်၊ “ဒီလက်ရှိ အခြေအနေအရ ရလာဒ်က အတော်ကောင်းပုံပဲ။”

ခမ်နက်ဒ်က တော်ဝင်နန်းတော်ကို တအံ့တဩကြည့်‌လိုက်ပြီးနောက် ရှုယီကို လေးစားမှုပြည့်နေသည့် မျက်လုံးများဖြင့် လှည့်ကြည့်လိုက်လေသည်။

၎င်းက ရှုယီ၏ တဇွတ်ထိုးလုပ်ခြင်းဟု ထင်ခဲ့သော်လည်း ဤမျှ အထိ စဉ်းစားထားမည်ဟု ထင်မထားခဲ့ပေ။

ဤမျက်လုံးများကြောင့် ခမ်နက်ဒ်မှာ ရှုယီကို မယှဉ်နိုင်ချေ။

ရူဒ်ဆန်တိုင်းပြည်၏ တော်ဝင်နန်းတော်မှာ လမ်ပူရီတိုင်းပြည်ထက် များစွာပိုမိုကြီးမားသော်လည်း ၎င်းတို့မှာ တော်ဝင်အစောင့်တပ်မှူး၏ ဦးဆောင်မှုဖြင့် ခန်းမတစ်ခု အပြင်ဘက်တွင် ရပ်တန့်လိုက်ရသည်။

“အရှင် သံတမန်၊ ဥက္ကဌရှု ကျေးဇူးပြုပြီး ဝင်ပါ။ အရှင်မင်းကြီးက အထဲမှာ စောင့်နေပါတယ်။”

ထွက်လာသူမှာ သံတမန် ဟာကာနင်နှင့် ရှုယီတို့ကို ဖိတ်ခေါ်လိုက်သည့် တော်ဝင်အထိန်းတော်ဖြစ်သည်။ အခြား ရူဒ်ဆန်တိုင်းပြည်အမှုထမ်းများမှာ တကယ်ကြီး အပြင်၌ ဆက်နေကြရ၏။

ရှုယီက ခမ်နက်ဒ်ကို လက်ယမ်းပြပြီးနောက် သံတမန် ဟာကာနင်နှင့်အတူ ခန်းမထဲ ဝင်သွားတော့သည်။

ဤခန်းမမှာ အင်မတန် ကြီးမားကာ တံခါးမှ အတွင်းအကျဆုံး အပိုင်းအထိ အနည်းဆုံး ငါးဆယ်မီတာ ရှိပါ၏။

၎င်းတို့ လျှောက်လာပြီးနောက် တံခါးဆီ ဦးတည်နေသော အနီရောင်ကတ္တီပါစကြီးကို မြင်ရကာ ကြမ်းပြင်အထက်သို့ မြင့်သွားသည့် စင်္ကြံလမ်းတစ်ခု ရှိနေသည်။

ဤစင်္ကြံလမ်းထက်တွင် ပလ္လင်ကြီးတစ်ခုရှိကာ အသက်သုံးဆယ်ဝန်းကျင် လူငယ်လေးတစ်ဦးထိုင်နေပါ၏။

လူငယ်က မကိုဋ်(သရဖူ)ကိုပန်ဆင်ထားရာ ရူဒ်ဆန်တိုင်းပြည်၏ ဘုရင်ကြီး လိုဘော့နီ တဲရုစ်ဖြစ်သည်မှာ ထင်ရှားသည်။

ဤသည်မှာ ရှုယီ၏ ဘုရင်ကြီးတဲရုစ်ကို ပထမဆုံး မြင်ဖူးသည့် အကြိမ်ဖြစ်သည်။

ခမ်နက်ဒ်ထံမှ ဘုရင်ကြီး တဲရုစ်အကြောင်း ရရှိသည့် အချက်အလက်များအရ ဤဘုရင်ကြီးတဲရုစ်မှာ လေးဆယ်ပင်မပြည့်သေးသော်လည်း အင်မတန် စွမ်းအားကြီးသည့် ဘုရင်ဟု သိရ၏။

ယခုသူ့အားမြင်သော် ရှုယီအနေနှင့် ဤအကဲဖြတ်မှုကို သဘောတူရန် အကြည့်တစ်ချက်သာလိုသည်။

သူ၏ သွင်ပြင်နှင့် အပြုအမူအရ သူဟာ အရာအားလုံးကို ထိန်းချုပ်ရသည်အား သဘောကျကာ အခြားလူများကို ကိစ္စများကို စည်းရုံးခွင့်ပြုရသည်အား မကြိုက်သူဖြစ်လောက်သည်။

ရှုယီလည်း မနေနိုင်အောင် အသာမျက်မှောင်ကုပ်မိရသည်။

ဤကိုယ်ကျင့်စရိုက်နှင့် ဘုရင်တစ်ပါးနှင့် အဆင်ပြေဖို့ မလွယ်ပေ။

ရှုယီနှင့် သံတမန်ဟာကာနင်တို့ ဝင်လာသော်လည်း ဘုရင်ကြီးတဲရုစ်က လုံးဝမလှုပ်ရှားပေ။ ပလ္လင်ရှေ့သို့ နှစ်ဦးရောက်လာချိန်တွင် သူက ထရပ်၍ အပြုံးကြီးကြီးဖြင့် ကြိုဆိုသည်။

“သံတမန် ဟာကာနင် မင်းက ကိုယ်တော့်ရဲ့ မိတ်ဆွေဟောင်းဆိုတော့ ထုံးတမ်းတွေ မလိုအပ်တော့ပါဘူး။”

သံတမန်ဟာကာနင်၏ အလေးပြုမှုက အင်မတန်ပျင်းရိနေကာ ဘုရင်ကြီးတဲရုစ်က ထူမပေးလိုက်ချိန်တွင် ချက်ချင်းထရပ်၍ အပြုံးဖြင့် ပြောလေ၏၊ “အရှင်မင်းကြီး အရှင့်ကို ထပ်တွေ့ရတာ အရမ်းကို ဂုဏ်ယူမိပါတယ်။ အင်ပါယာကို ပြန်ရောက်ပြီး‌တော့ ဧကရာဇ်က ဒီက အခြေအနေအကြောင်း ကျွန်တော့်ကို ကိုယ်တိုင်မေးခဲ့တယ်။ ကျွန်တော်လည်း ဧကရာဇ်အရှေ့မှာ အရှင့်ရဲ့ အမျှော်အမြင်ကို အပြည့်အဝချီးကျူးခဲ့တော့ ဧကရာဇ်က အရမ်းကို လေးစားနေတာ။ ဖြစ်နိုင်ရင် ကျွန်တော်တို့ ကန်ဒရာအင်ပါယာက သေချာပေါက် ရူဒ်ဆန်တိုင်းပြည်နဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းလောက်တယ်။”

“အိုး? ဒါက တကယ်ကို ကောင်းတာပေါ့” ဘုရင်ကြီး တဲရုစ်က နှစ်ချက်ခန့်ရယ်ကာ ရှုယီဘက်လှည့်လာသော်လည်း မည်သည်ကိုမှ မဆိုပေ။

ရှုယီက ဘုရင်ကြီးတဲရုစ်ကို အလျင်အမြန်ပင် သာမန်လူတစ်ဦးက ဘုရင်တစ်ပါးကို ဦးညွှတ်သကဲ့သို့ ဦးညွှတ်လိုက်သည်။

“Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုက အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်”

“Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ?” သံတမန် ဟာနာကင်က ရှုယီကို တအံ့တဩကြည့်သည်၊ “မင်းက မှော်ပညာရှင် မဟုတ်ဘူးလား?”

“အရှင် သံတမန်၊ လုပ်ငန်းစုတစ်ခုရဲ့ ဥက္ကဌက မှော်ပညာရှင် မဖြစ်ရဘူးလို့ ဘယ်သူကမှ မပြောခဲ့ဘူးမို့လား?” ရှုယီက အပြုံးဖြင့် ပြန်မေးသည်။

အနှီသံတမန် ဟာနာကင်မှာ နောက်ဆုံး၌ ရှုယီ၏ အထောက်အထားကို သိရှိသွားသည်။ ကြည့်ရသည်မှာ သူက ရူဒ်ဆန်တိုင်းပြည်၌ သိပ်ကျော်ကြား ပုံမရပေ။ မဟုတ်ပါက ထိုအမှုထမ်းများသာ ရှုယီအကြောင်း တစ်ခုခုသိလျှင် သေချာပေါက် ပြောကြမည်သာ။

သံတမန် ဟာနာကင်၏ အမူအရာက ရှုံ့မဲ့ကာ အသာနှာမှုတ်လေသည်၊ “မှော်ပညာရှင်ပဲ ဖြစ်ဖြစ် ဥက္ကဌပဲဖြစ်ဖြစ် ငါ့ကို ဆန့်ကျင်လို့ ဒီနေ့ သေရလိမ့်မယ်!”

ထိုသို့ပြောပြီးနောက် သံတမန် ဟာနာကင်က အသံကိုမြှင့်၍ ဘုရင်ကြီး တဲရုစ်ကို ပြောလေ၏၊ “အရှင်မင်းကြီး ဒီ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌက တကယ်တော့ ကျွန်တော့်ရဲ့ ယာဉ်တန်းကို ဟန့်တားဖို့ မှော်ပညာကို သုံးခဲ့ပြီး ကျွန်တော့်ရဲ့ ငယ်သားနှစ်ယောက်ကိုတောင် ဒဏ်ရာရစေခဲ့တယ်၊ သူတို့ကို ကျွန်တော်တို့ ဘယ်လို ကိုင်တွယ်ရမယ်လို့ထင်ပါသလဲ?”

ဘုရင်ကြီး တဲရုစ်က အံ့ဩသွားဟန်ရှိသော်လည်း အပြုံးဖြင့် သံတမန် ဟာနာကင်ကို ခေါင်းငြိမ့်ပြလေသည်။ ထို့နောက် သူက ရှုယီကို အပြုံးဖြင့် ပြောလိုက်၏၊ “ဥက္ကဌရှု တွေ့ရတာ ဝမ်းသာပါတယ်။”

ဘုရင်ကြီးတဲရုစ်က ရှုယီကို ကျေနပ်စွာပြုံးပြနေသည်အား မြင်သော် သံတမန် ဟာနာကင်က အင်မတန် မကျေမနပ်ဖြစ်ကာ နှာမှုတ်လေ၏၊ “အရှင်မင်းကြီး ဒီနေ့ကိစ္စတွေကို သေချာလေး ကိုင်တွယ်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဒီနေ့မှ ကန်ဒရာအင်ပါယာကနေ ရောက်လာခဲ့ပြီး လမ်းမှာ ဒီကိစ္စနဲ့ ကြုံခဲ့ရတော့ ဒါကို ကျွန်တော် ကိုယ်စားပြုထားတဲ့ ကန်ဒရာအင်ပါယာနဲ့ ကျွန်တော် ကိုယ်တိုင်ကို အမျက်လာဆွတာလို့ သတ်မှတ်လိုက်လို့ရတယ်။ ဒါကိုသာ အရှင့်အနေနဲ့ ကောင်းကောင်းမကိုင်တွယ်ပေးရင် အင်ပါယာကို တင်ပြပြီး ဆုံးဖြတ်ခိုင်းလိုက်ပါ့မယ်။

ဘုရင်ကြီး တဲရုစ်က ရှုယီကို စကားဆိုနေသောကြောင့် ရှုယီကို မျက်နှာချင်းဆိုင်ထားချိန်တွင် သံတမန် ဟာနာကင်ကို ကျောပေးထားသလိုဖြစ်နေ၏။

ရှုယီအနေနှင့် သံတမန် ဟာနာကင်၏ စကားများကို ကြားချိန်တွင် ဘုရင်ကြီး တဲရုစ်၏ မျက်နှာထက်၌ ဒေါသ အရိပ်အယောင်ရှိနေသည်ကို သေချာမြင်နိုင်သည်၊ သို့သော်လည်း သံတမန် ဟာနာကင်ဘက်လှည့်လိုက်ချိန်၌ အပြုံးတစ်ခု လှစ်ဟပြလာ၏။

“သံတမန် ဟာနာကင် ဒီကိစ္စကို ဆွေးနွေးဖို့ ဘေးကို သွားကြရင်ရော?”

ဘုရင်ကြီး တဲရုစ်က သံတမန် ဟာနာကင်ကို နံဘေး၌ အသံပျော့ပျော့ဖြင့် ပြောနေသည်ကို ကြည့်ရင်း ရှုယီမှာ အသာ မပြုံးလိုက်မိဘဲ မနေနိုင်ချေ။

သူ၏ အလောင်းအစားက မှန်ပါ၏။

ခဏတာ ကြာပြီးနောက် သူဟာ ဘုရင်ကြီးတဲရုစ်နှင့် သံတမန် ဟာနာကင်တို့ မည်သည်အား ဆွေးနွေးသည်ကို မသိတော့သော်လည်း သံတမန် ဟာနာကင်၏ ဒေါသထွက်ခဲ့သော မျက်နှာထက်၌ အပြုံးကြီးကြီးရှိနေသည်။ သူဟာ ဘုရင်ကြီးတဲရုစ်နှင့် အတူလျှောက်လာကာ အင်မတန် ဂုဏ်ယူဟန်ပေါ်နေပြီး ယခင်ကလို မှားယွင်းနေပုံမပေါ်တော့ချေ။

ရှုယီ နံဘေးရောက်လာသည်တွင် သံတမန် ဟာနာကင်က သူ့ကို စိုက်ကြည့်လာ၏၊ “အရှင်မင်းကြီးက မင်းအတွက် အကူအညီတောင်းလိုက်တာကြောင့် ဒီနေ့တော့ လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် ရှုယီ မမေ့နဲ့ မင်း ငါ့ရှေ့ ထပ်မပေါ်လာတာကောင်းမယ်၊ မဟုတ်လို့ကတော့ ငါ မင်းကို သေချာပေါက် ဒီနေ့လုပ်ခဲ့တာတွေအတွက် တန်ကြေးပြန်ပေးရအောင်လုပ်မှာ။”

ရာဇဝတ်ကောင်နှင့် မခြားသည့် ထိုစကားများကို ပြောကာ သံတမန် ဟာနာကင်မှာ ဘုရင်ကြီး တဲရုစ်ကို ဦးတည်ကြည့်ပြီးနောက် ထွက်သွားတော့သည်။

သူထွက်သွားသည်ကိုကြည့်ရင်း ရှုယီက ဘုရင်ကြီး တဲရုစ်ကို တအံ့တဩကြည့်လိုက်လေသည်၊ “အရှင်မင်းကြီး ဘာ မှော်ပညာများသုံးလိုက်တာလဲဗျ? အရှင်က တကယ်ပဲ ဒီလူအနေနဲ့ ကျွန်တော့်ကို လွယ်လွယ်လေး လွှတ်ပေးအောင် လုပ်ခဲ့တာပဲနော်?”

“ကိုယ်တော်က မှော်ပညာရှင်မဟုတ်တော့ ဘယ်လို မှော်ပညာကို သုံးနိုင်မှာလဲ?” ဘုရင်ကြီး တဲရုစ်၏ အသက်လေးဆယ်နီးနီး ယောက်ျား‌တစ်ယောက်ပုံမပေါ်သော ဘုရင်ကြီး တဲရုစ်၏ ငယ်ရွယ်နုနယ်သော မျက်နှာက စဉ်းလဲသည့် အပြုံးကို ထုတ်ပြလာသည်၊ “ဒါပေမယ့် ဘယ်သူပဲဖြစ်ဖြစ် ရွှေဒင်္ဂါး နှစ်သိန်းလောက် အလျော်ရရင် သူတို့စိတ်ထဲက ရန်ငြှိုးကို ဖြေပေးလိုက်ကြမှာပဲလို့ မထင်ဘူးလား? ဥက္ကဌရှု?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၈၄။ မည်သည်ကိုမှ မပူပန်

“ရွှေဒင်္ဂါး နှစ်သိန်း?” ရှုယီမှာ ဘုရင်ကြီးတဲရုစ်ကို တအံ့တဩကြည့်လိုက်မိသည်။ သူဟာ မနေနိုင်အောင် ခေါင်းခါရင်း သက်ပြင်းချကာ ဆို၏၊ “အရှင်မင်းကြီး အရှင်က တကယ်ကို သဘောထားကြီးတာပဲ။ ဒါပေါ့ သံအမတ် ဟာကာနင်ရဲ့ အာသီသက တကယ်ပဲ ကြီးမားတယ်။”

“သူ့ရဲ့ အာသီသက အမြဲကြီးမားနေတာပဲလေ။” ဘုရင်ကြီး တဲရုစ်က ပြုံးသည်၊ “ဒါပေမယ့် မင်းအတွက်နဲ့ ရွှေဒင်္ဂါးနှစ်သိန်းကို တစ်ကြိမ်တည်းသုံးခဲ့ရတာပဲ။”

“ကျွန်တော့်အတွက်?” ရှုယီသည် ပို၍ပင် အံ့ဩသွားပါ၏၊ “အရှင်မင်းကြီး ကျွန်တော့်မှာ အဲ့လောက် အထင်ကြီးစရာမရှိပါဘူး.... ဒီကိစ္စကို ဖြေရှင်းဖို့ ရွှေဒင်္ဂါးနှစ်သိန်း သုံးရလောက်အောင်အထိ။”

“ရွှေဒင်္ဂါးနှစ်သိန်းကို တခြားလူတွေအတွက် များလွန်းတယ်လို့ သတ်မှတ်နိုင်ပေမယ့် မင်းအတွက်က များလို့လား?” ဘုရင်ကြီး တဲရုစ်က ရှုယီကို သေချာကြည့်လိုက်သည်၊ “ဥက္ကဌရှု ကိုယ်တော့်ရဲ့ ခန့်မှန်းချေသာ မမှားရင် မင်းတို့ Frestech ကုန်သည်ကြီးများအသင်း၏ အရင်နှစ် အမြတ်အစွန်းက အနည်းဆုံး ရွှေဒင်္ဂါး ငါးသန်းကျော်တယ်မို့လား?”

ရှုယီက အတည်မပြုသလို ငြင်းလည်း မငြင်းဘဲအသာပြုံးသည်။

“ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အမြတ်က ကောင်းတယ်လို့တော့ ဝန်ခံပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့လည်း အတော်လေး သုံးရတယ်လေ။ ပြီးတော့..... အရှင်မင်းကြီး ဒါက ဘယ်လိုလုပ် အရှင်မင်းကြီးအနေနဲ့ ရွှေဒင်္ဂါးနှစ်သိန်းပေးဖို့ ဆန္ဒရှိတာနဲ့ သက်ဆိုင်နေမှာလဲ?”

ဘုရင်ကြီးတဲရုစ်က ခေါင်းခါသည်၊ “ဥက္ကဌရှု၊ ကိုယ်တော့်အထင် ဒီလိုမျိုး အသုံးမဝင်တဲ့စကားတွေပြောပြီး အချိန်မဖြုန်းသင့်ဘူး။ မင်းက ကိုယ်တော့်ရဲ့ စိတ်ရင်းကို ထုတ်ပြစေချင်နေတော့ ကိုယ်တော်လည်း ပြပြီးပြီ။ နှစ်သိန်းက မင်းအတွက် မများပေမယ့်လည်း ကိုယ်တော်နဲ့ ရူဒ်ဆန်တိုင်းပြည်အတွက်တော့ ဒီတိုင်းလေး လွှင့်ပစ်လို့ရလောက်တဲ့ ပမာဏတစ်ခုမဟုတ်ဘူး။ ကိုယ်တော်က စိတ်ရင်းကို အလုံအလောက်ပြပြီးပြီဆိုတော့ ဥက္ကဌရှု အနေနဲ့ကရော?”

ရှုယီမှာ အနည်းငယ် အံ့ဩသွားသည်။

သူ့အနေနှင့် ဘုရင်ကြီး တဲရုစ်အကြောင်း ယခင်က ခမ်နက်ဒ်ထံမှ ကြားခဲ့ဖူးကာ ရူဒ်ဆန်တိုင်းပြည်အကြောင်းကို အတန်ငယ် စူးစမ်းခဲ့သဖြင့် ရှုယီမှာ ဘုရင်ကြီးအဲရစ်က ရည်မှန်းချက်အပြည့်နှင့် အမြင်ရှိသူဟု ပြောနိုင်လေရာ ဤကိစ္စကို အသုံးပြု၍ ဘုရင်ကြီး တဲရုစ်နှင့် ရူဒ်ဆန်တိုင်းပြည် တစ်ခုလုံး Frestech ကုန်သည်ကြီးများအသင်းကို မည်သို့ ဆက်ဆံမည်အား စမ်းသပ်ခြင်းဖြစ်သည်။

ရှုယီသည် ဘုရင်ကြီး တဲရုစ်က ဤမျှ တည့်တိုးဆန်က ရှုယီထံ သူ၏ သဘောထားအား ဤမျှ တည့်တည့်ဖော်ပြလာမည်ဟု မထင်ထားခဲ့ပေ။

ဘုရင်ကြီးတဲရုစ်ပြောသလိုပင် သူဟာ သံတမန် ဟာကာနင်၏ ဒေါသကို ဖြေလျော့ရန် ရွှေဒင်္ဂါး နှစ်သိန်းပေးခဲ့သည်မှာ ရှုယီအား စိတ်ရင်းကို အလွန်အကျူးပြသခြင်းပင်။

ရှုယီမှာ ခဏတာ တိတ်ဆိတ်နေပြီးနောက် အပြုံးက ပျောက်ကွယ်သွားပြီး ဘုရင်ကြီးတဲရုစ်ကို လေးနက်ဟန်ဖြင့် ခေါင်းငြိမ့်ပြသည်၊ “အရှင်မင်းကြီး ကျွန်တော်ပြောရမယ်ဆိုရင် အရှင့်ရဲ့ သဘောထားက ကျွန်တော့်ကို အတော်လေး အံ့အားသင့်စေပါတယ်။ တကယ်တမ်း ကျွန်တော်က ဒီကိုလာတော့ အရှင် ဘာတွေးနေမယ်မှန်း မသိတာကြောင့် အတော်လေး စိုးရိမ်နေခဲ့တာ။”

“အခု နားလည်သွားပြီလား?” ဘုရင်ကြီးတဲရုစ်က အပြုံးဖြင့်ဆို၏။

“ဟုတ်ပါတယ်။ ကျွန်တော်က ကုန်သည်တစ်ယောက်‌ဆိုတော့ ဒီရွှေဒင်္ဂါးနှစ်သိန်းကနေ အရှင်မင်းကြီးရဲ့ စိတ်ရင်းကို သေချာခံစားမိတယ်။ ကျွန်တော့်အနေနဲ့ အရှင့်ရဲ့ စိတ်ရင်းကို တုံ့ပြန်ရမယ်ဆိုတာက အရမ်းကို သိသာပါတယ်။” ရှုယီက ခဏမျှ ရပ်တန့်လိုက်ပြီးနောက် မေးလေသည်၊ “အရှင်မင်းကြီး ကျေးဇူးပြုပြီး အရှင့်ရဲ့ အတွေးကိုပြောပေးပါ၊ ဒါမှမဟုတ်လည်း တောင်းဆိုချက်ပေးပါ။”

“ကိုယ်တော်က မင်းဆီကနေ စစ်ဘက်သုံးမှော်စက်တွေ လိုချင်တယ်ဆိုရင်ရော?” ဘုရင်ကြီးတဲရုစ်က အပြုံးဖြင့် မေးလေသည်။

“ဒါကတော့ မဖြစ်နိုင်ဘူး။” ရှုယီက အခိုင်အမာဖြင့် ခေါင်းခါသည်၊ “ကျွန်တော်တို့ လက်ရှိမှာ ဒီနည်းပညာကို လွှဲပြောင်းလို့မရနိုင်ဘူး၊ လုံးဝကို ဆွေးနွေးဖို့ မရှိပါဘူး။”

“ဒီလိုလား?” ဘုရင်ကြီးတဲရုစ်က အသာနှာမှုတ်ကာ၊ “ဥက္ကဌရှု မမေ့ပါနဲ့ မင်းက ကိုယ်တော့ရဲ့ တော်ဝင်နန်းတော်ထဲမှာနော်။ ကိုယ်တော့်ဆီက အမိန့်တစ်ခုနဲ့တင် အလွယ်လေး ဖမ်းလိုက်လို့ရတယ်။ မင်းရဲ့ ဘဝကို စစ်ဘက်သုံးမှော်စက်နည်းပညာနဲ့ လဲလှယ်တဲ့နေရာမှာ သုံးဖို့ မဖြစ်နိုင်ဘူးလား?”

“မဖြစ်နိုင်ပါဘူး” ရှုယီမှာ သူ၏ အသံထဲတွင် ခြိမ်းခြောက်မှု လုံးဝမပါသောကြောင့် ထိတ်လန့်သွားခြင်းမရှိဘဲ အေးဆေးပြုံးကာ ပြောလိုက်သည်၊ “အရှင်မင်းကြီး၊ အရှင့်အနေနဲ့ တကယ်လိုချင်တာက စစ်ဘက်သုံးမှော်စက်လေးတွေလို ရိုးရှင်းတာမဟုတ်တော့ ဒီလို လုပ်မှာမဟုတ်ပါဘူး။”

“မင်းက ကိုယ်တော့်ကို တကယ်ပဲ နားလည်တယ် ထင်တယ်ပေါ့?” ဘုရင်ကြီးတဲရုစ်က မျက်လုံးများ ကျဉ်းမြောင်း၍ အလေးအနက်ပြောသည်၊ “ဥက္ကဌရှု မင်းရဲ့တန်ဖိုးကို အထင်မသေးနဲ့။ ကိုယ်တော့်အတွက် မင်းတစ်ယောက်ထဲဆီမှာ ဖုံးကွယ်နေတဲ့ တန်ဖိုးက ကိုယ်တော်တို့နိုင်ငံရဲ့ စစ်တပ်နှစ်တပ်ထက်တောင် ပိုကြီးမားသေးတယ်။”

“အိုး? ကျွန်တော်က အရှင်မင်းကြီးအတွက် ဒီလောက် အရေးပါတယ်လား?” ရှုယီက အသာပြုံး၍ ဆိုသည်၊ “ဒါပေမယ့် ဒါကြောင့်နဲ့ အရှင်က ကျွန်တော့်အသက်ကို သုံးပြီး ခြိမ်းခြောက်မှာ မဟုတ်ဘူးမို့လား?”

ဘုရင်ကြီးတဲရုစ်က နှာမှုတ်သည်၊ “မင်းမှန်တယ်။ မင်းမှာ သေတာထက် ရှင်ဖို့ အသုံးဝင်တဲ့ဘဝရှိတယ်။ အနည်းဆုံး မင်းမှာရှိတဲ့ တန်ဖိုးအားလုံးကို မယူခင် မသေဖို့ မျှော်လင့်မိပါတယ်။

ရှုယီက ရယ်မောကာ လက်များဖြန့်လိုက်သည်၊ “ကောင်းပြီလေ ကျွန်တော် အခု ဒီကိုရောက်နေပြီပဲ။ အရှင်မင်းကြီးက ကျွန်တော့်ရဲ့ တန်ဖိုးကို ဘယ်လိုရယူချင်လဲ?”

ဘုရင်ကြီး တဲရုစ်က ရှုယီကို ကြည့်လိုက်ပြီးနောက် တစ်ဖန် ပြုံးကာ ခေါင်းခါသည်၊ “ကိုယ်တော် တကယ်ပဲ မင်းကို သာမန်ကုန်သည်တစ်ယောက်အဖြစ် မသတ်မှတ်နိုင်ဘူး။ ဟုတ်ပြီ ဒီအတွက် စကား‌လုံးတွေ ထပ်မဖြုန်းတီးတော့ဘူး စီးပွားရေးအကြောင်းပြောကြ‌တာပေါ့။ ဥက္ကဌရှု၊ ဥက္ကဌရှုတို့ Frestech ကုန်သည်ကြီးများအသင်း အဆိုပြုထားတဲ့ စီမံကိန်းနှစ်ခုအတွက် ကိုယ်တော်က ရူဒ်ဆန်တိုင်းပြည်ရဲ့ ဘုရင်အဖြစ်နဲ့ သဘောတူတယ်ဆိုပေမယ့်လည်း အသေးစိတ်ကို ဆွေးနွေးဖို့တော့လိုအပ်တယ်။”

“ခွင့်ပြုပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အရှင်မင်းကြီးက ဘာအသေးစိတ်တွေကို ဆွေးနွေးချင်တာများလဲ?”

“နိုင်ငံရဲ့ ဌာနနဲ့တော့ အသေးစိတ်အချက်တွေကို ဆွေးနွေးလို့ရတယ်၊ ကိုယ်တော်က ယေဘုယျအကြံပေးချင်ရုံပဲ။”

ရှုယီက ခေါင်းငြိမ့်သည်၊ “ကျေးဇူးပြုပြီး ပြောပါ အရှင်မင်းကြီး”

“ပထမဆုံး ဒါက နီရှီ‌မြို့ရဲ့ ဆိပ်ကမ်းနဲ့ ဆိုင်တယ်။ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒါကို ကြာရှည်ငှားရမ်းတာက ပြဿနာတော့မဟုတ်ပေမယ့် Frestech ကုန်သည်ကြီးများအသင်းရဲ့ သင်္ဘောတွေချည်းကိုပဲ ကမ်းကပ်ဖို့ ဆိပ်ကမ်းကို သုံးနေတာမျိုးကို သဘောမတူနိုင်ဘူး။”

“အိုး? ဘာလို့များလဲ?” ရှုယီက မေးသည်။

“ဘာလို့လဲဆိုတော့ ဒါက ကိုယ်တော်တို့ ရူဒ်ဆန်တိုင်းပြည်ရဲ့ မြေဖြစ်တာကြောင့်ပဲ ကိုယ်တော်ရဲ့ ဆိုလိုရင်းကို နားလည်ရဲ့လား?” ဘုရင်ကြီးတဲရုစ်က လေးနက်စွာဆိုသည်။

ရှုယီလည်း စဉ်းစားပြီးနောက် ခေါင်းငြိမ့်သည်၊ “နားလည်ပါတယ်။ အရှင်မင်းကြီးအနေနဲ့ ဒီဆိပ်ကမ်းက ကျွန်တော်တို့လုပ်ငန်းစုရဲ့ အဆိုပြုချက်ကို လက်ခံလိုက်တာနဲ့ သူ့ရဲ့ အချုပ်အခြာအာဏာကို ဆုံးရှုံးသွားမယ်လို့ ထင်နေတာပေါ့?”

“မင်းနားလည်ရင် ကောင်းတယ်”

“ဒါဆို အရှင်မင်းကြီးက ဘာကို အဆိုပြုချင်တာလဲ?” ရှုယီက မေးသည်၊ “ကျွန်တော်တို့သာ ဒါကို ပုံမှန် ဆိပ်ကမ်းတစ်ခုအဖြစ် သုံးမယ်ဆိုရင် ကျွန်တော်တို့ လုပ်ငန်းစုအနေနဲ့ အရှင့်ဆီကနေ ငှားရမ်းဖို့ မလိုတော့ဘူးလို့ မထင်ဘူးလား?”

“ဒါပေါ့ ကိုယ်တော်တို့က မင်းတို့ Frestech ကုန်သည်ကြီးများအသင်းကို အခွင့်အရေးတချို့ ပေးမှာပါ။” ဘုရင်ကြီး တဲရုစ်က ဆိုသည်၊ “ကိုယ်တော်က နီရှီ‌မြို့က ဆိပ်ကမ်းအတော်များများမှာ Frestech ကုန်သည်ကြီးများအသင်းကို ဦးစားပေးဖို့ ခွင့်ပြုမယ်၊ ဒါပေမယ့် မင်းတို့လှေတွေ မရှိရင်တော့ တခြားလှေတွေလည်း ပုံမှန်လို ကမ်းကပ်နိုင်တယ်။ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ စီမံခန့်ခွဲရေးကြေး တစ်ခုလောက်ကိုပေးဖို့ပဲ လိုအပ်တယ် ဘယ်လိုထင်လဲ?”

ရှုယီက အသာမျက်မှောင်ကုပ်သည်၊ “ဒါဆို ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ လှေတွေရောက်လာပြီး တခြားသင်္ဘောတွေက အဲဒီ့မှာ ကမ်းကပ်ထားတာကို မြင်ရင်ရော ဘာဖြစ်မှာလဲ?”

“ဒါက ရှင်းပါတယ် ကိုယ်တော်တို့ကို ကြိုသတင်းပေးပေါ့။” ဘုရင်ကြီး တဲရုစ်က လက်ယမ်းလိုက်၏၊ “ဒီအသေးစိတ်အချက်တွေကို နီရှီမြို့ရဲ့ မြို့စားအိမ်တော်နဲ့ ဆွေးနွေးလို့ရတယ်။ ကိုယ်တော်က အကြံပေးရုံပဲ၊ ကျန်တာကို ကိုယ်တိုင်ဆွေးနွေးနိုင်တယ်။”

ရှုယီလည်း စဉ်းစားကြည့်သည်။ ၎င်းနည်းလမ်းက မပြည့်စုံသော်လည်း လက်ခံနိုင်သေးသဖြင့် ခေါင်းငြိမ့်လိုက်ပါ၏။

“ဒါဆို ဆုံးဖြတ်လိုက်ပြီဆိုတော့ ကျွန်တော်တို့လုပ်ငန်းစုက အရှင်မင်းကြီးရဲ့ အကြံကို လိုက်နာပြီး ကျန်တာကို နီရှီ‌မြို့ရဲ့ မြို့စားအိမ်တော်နဲ့ ဆွေးနွေးလိုက်ပါ့မယ်။ ဒါ‌ဆို အရှင်မင်းကြီး ဒုတိယစီမံကိန်းအတွက်ကိုရော ဘယ်လိုထင်လဲဗျ?”

“ဒုတိယစီမံကိန်း.... ဒီစီမံကိန်းကိုတော့ ဘာအမြင်မှ မရှိပေမယ့် ဥက္ကဌရှု၊ မင်းတို့ လုပ်ငန်းစု ရွေးချယ်ထားတဲ့ နည်းလမ်းတချို့ကို သဘောမတူဘူး။”

“အိုး? အရှင်မင်းကြီးဆီမှာ ပူးပေါင်းရေးနည်းလမ်းနဲ့ ပတ်သက်ပြီး စိတ်တိုင်းမကျတဲ့ နေရာတွေရှိတာလား?”

“စိတ်တိုင်းမကျတာတော့မဟုတ်ပါဘူး။ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ရူဒ်ဆန်တိုင်းပြည်က အိမ်သုံးမှော်စက်မှုစက်ရုံ ဆယ့်ခုနစ်ခုမှာ ရင်းနှီးမြှုပ်နှံထားပြီး ရူဒ်ဆန်တိုင်းပြည် ပြည်တွင်း လုပ်သား စုစုပေါင်း ခြောက်ထောင့်လေးရာ့နဲ့ နှစ်ဆယ့်သုံးယောက်ကို စုဆောင်းထား‌တယ်။ မင်းတို့က နိုင်ငံသားတွေအတွက် အလုပ်အကိုင်ပြဿနာကို ဖြေရှင်းပေးထားပြီး လူတွေရဲ့ လူနေမှုအဆင့်အတန်းကိုလည်း အများကြီး တိုးတက်စေခဲ့တာကြောင့် အရမ်းကို စိတ်တိုင်းကျပါတယ်။”

ရှုယီက အပြုံးဖြင့် ဆိုသည်၊ “အရှင်မင်းကြီးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပေမယ့် ဒါက ကျွန်တော်တို့ရဲ့ ပုံမှန်အလုပ်ပဲမို့ ချီးကျူးမှုနဲ့ ထိုက်တန်တာမရှိပါဘူး။”

“မင်းတို့ Frestech ကုန်သည်ကြီးများအသင်း မရောက်လာခင်က ဒီအရာတွေမရှိဘူးလေ။” ဘုရင်ကြီးတဲရုစ်က ခေါင်းခါသည်၊ “ကိုယ်တော်သာ မင်းတို့ Frestech ကုန်သည်ကြီးများအသင်း ရူဒ်ဆန်တိုင်းပြည်ဆီ ယူဆောင်လာတဲ့ အပြောင်းအလဲတွေကိုသာ မမြင်ရင် ဒီနေ့ မင်းမှာ ကိုယ်တော်နဲ့ စကားပြောဖို့ အခွင့်အရေးရှိမယ်ထင်လို့လား?”

“ကျွန်တော့်ဆီမှာသာ တန်ဖိုးမရှိရင် ကျွန်တော်လည်း ဒီကို လာမှာမဟုတ်ပါဘူး။” ရှုယီက အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

ဘုရင်ကြီးတဲရုစ်က ရယ်မောသည်၊ “ဥက္ကဌရှုက တကယ်ကို သာမန် ကုန်သည်တွေနဲ့ ခြားနားတာပဲ။ ဟုတ်ပြီလေ ကိုယ်တော်ကတော့ မင်းဆီမှာရှိတဲ့ တန်ဖိုးကို မငြင်းပယ်သလို မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ တန်ဖိုးကို အလေးထားပါ‌တယ်၊ ဒါပေမယ့် ဥက္ကဌရှု မထင်ဘူးလား..... မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ကိုယ်တော်တို့ ရူဒ်ဆန်တိုင်းပြည်မှာ အရမ်းဂရုစိုက်လွန်းပြီး လှုပ်ရှားတာ နှေးနေတယ်လို့လေ?”

ရှုယီက အသာမျက်မှောင်ကုပ်၏၊ “အရှင်မင်းကြီး ဆိုလိုတာက.....”

ဘုရင်ကြီး တဲရုစ်က လက်ယမ်းလေသည်၊ “ကိုယ်တော့်ရဲ့ ဆိုလိုရင်းက ရှင်းပါတယ်၊ ကိုယ်တော်တို့ ရူဒ်ဆန်တိုင်းပြည်က လမ်ပူရီတိုင်းပြည်မဟုတ်ဘူး။ ကိုယ်တော်ကလည်း အိုပြီး နတ်ရွာစံသွားတဲ့ လမ်ပူရီဆယ့်သုံးနဲ့ လက်ရှိ အသုံးမဝင်တဲ့ အဲရစ်နဲ့ မတူဘူး။ မင်းအနေနဲ့ လမ်ပူရီတိုင်းပြည်မှာ ကြုံတွေ့ရတဲ့ အရာမျိုးတွေကို ရူဒ်ဆန်တိုင်းပြည်မှာ ကြုံတွေ့ရမှာကို စိုးရိမ်နေစရာမလိုပါဘူး။”

ရှုယီက ပြုံးကာ မည်သည်ကိုမှ မဆိုပေ။

တကယ်တမ်း ဘုရင်ကြီးတဲရုစ်မှာ မှန်ပါ၏။ Frestech ကုန်သည်ကြီးများအသင်းအား လမ်ပူရီတိုင်းပြည်၌ ဖိနှိပ်ခံခဲ့ရသောကြောင့် ရှုယီမှာ ရူဒ်ဆန်တိုင်းပြည်၌ ရင်းနှီးမြှုပ်နှံခြင်းကို ပို၍ပင် ဂရုစိုက်ခဲ့သည်။ သူဟာ လွန်ခဲ့သည့် ၂နှစ် လမ်ပူရီတိုင်းပြည်၌ လုပ်ဆောင်ခဲ့သလို စက်ရုံများ အနှံ့အပြား ရင်းနှီးမြှုပ်နှံခြင်းမပြုတော့ဘဲ ရူဒ်ဆန်တိုင်းပြည်၌ ပြောင်းလဲမှုတစ်ခုရှိလာမည်ကို ကြောက်ရွံ့နေလေသည်။

ရှုယီမျက်နှာအမူအရာကိုမြင်သော် ဘုရင်ကြီးတဲရုစ်က လေးနက်စွာဆိုလေသည်၊ “ဥက္ကဌရှု ကိုယ်တော်က မင်းနဲ့ Frestech ကုန်သည်ကြီးများအသင်း ရဲ့ တန်ဖိုးကို သေချာသိသလို မှော်စက်မှုနယ်ပယ်က နိုင်ငံတစ်နိုင်ငံဆီကို ဘယ်လို ပြောင်းလဲမှုတွေ လွှမ်းမိုးမှုတွေ ယူဆောင်လာနိုင်တယ်ဆိုတာ သေချာသိပါတယ်။ ဒါကြောင့် ကိုယ်တော့်အနေနဲ့ မင်းကို ကာကွယ်ဖို့ သံတမန် ဟာနာကင်နဲ့ ကန်ဒရာအင်ပါယာကို ခုခံဖို့ ဆန္ဒရှိသွားမိတာပဲ။ ကိုယ်တော်ကတော့ ကိုယ်တော့်ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်းလုပ်ပြီးပြီ၊ မင်းက ဘာကို စိုးရိမ်နေတာလဲ?”

ရှုယီက ခဏတာ စဉ်းစားနေပြီးနောက် ဘုရင်ကြီးတဲရုစ်ကို ကြည့်ကာ အသံတိုးတိုးဖြင့် မေးလေသည်၊ “ကောင်းပါပြီ အရှင်မင်းကြီး၊ အရှင့်အနေနဲ့ ကျွန်တော်နဲ့ ကျွန်တော့် လုပ်ငန်းစုကို အတိအကျ ဘာများလုပ်စေချင်တာပါလဲ?”

“ရှင်းရှင်းလေးပါ ကိုယ်တော်တို့ကို အိမ်သုံးမှော်စက်နည်းပညာ အစုံပေးပြီး ကိုယ်တော်တို့ နိုင်ငံအနေနဲ့ မှော်စက်မှုနယ်ပယ်မှာ ပါရမီရှင်တွေ ဖန်တီးဖို့ ကူညီပြီး ကိုယ်တော်တို့ နိုင်ငံက မှော်စက်မှုနယ်ပယ်ရဲ့ တိုးတက်မှုကို မြှင့်တင်ပေး။ ကိုယ်တော့်ရဲ့ ပန်းတိုင်က ရူဒ်ဆန်တိုင်းပြည်က မြို့တစ်မြို့စီတိုင်းကို အရင်က ဘန်တာမြို့လိုမျိုး ကြွယ်ဝမှုရစေဖို့ပဲ!”

ဘုရင်ကြီးတဲရုစ်၏ မျက်လုံးများထဲရှိ တောက်ပမှုနှင့် မျက်နှာထက်ရှိ ခိုင်မာသောယုံကြည်မှုကိုမြင်သော် ရှုယီမှာ ရုတ်တရတ် မည်သည်ကို ဆိုရမည်ကိုပင် မသိတော့ပေ။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၈၅။ ဖွင့်လှစ်ထားပြီးသား ဈေးကွက်ကောင်း

ရှုယီ တော်ဝင်နန်းတော်မှ ထွက်လာချိန်တွင် ခမ်နက်ဒ် ရောက်လာ၏။

“ဘယ်လိုလဲ? ဥက္ကဌ အရှင်မင်းကြီးက ဥက္ကဌကို ဘာမှ မလုပ်လိုက်ဘူးမို့လား? အဲဒီသံတမန် ဟာကာနင်က တော်ဝင်နန်းတော်ထဲကနေ ထွက်လာတာကြာပြီ၊ သူ ခက်ခဲအောင်လုပ်သေးလား?” ခမ်နက်ဒ်က ရှုယီကို ကြည့်လိုက်ရာ သူ့ထံ၌ မည်သည့် အနာတရမှမရှိသည်ကို မြင်သဖြင့် စိတ်ချသွားတော့သည်။

သို့သော် ရှုယီက အသာမျက်မှောင်ကုပ်လိုက်သည်ကိုမြင်သော် သူက အနည်းငယ် စိုးရိမ်သွားရင်း မေးလေ၏၊ “သံတမန်ဟာကာနင်က ဥက္ကဌကို လက်ခံဖို့ ခက်တဲ့ လွန်လွန်ကျူးကျူးတောင်းဆိုမှု လုပ်ခဲ့လို့လား?”

ရှုယီက နောက်ဆုံးတွင် သူ၏ လွင့်နေသော စိတ်ကို ပြန်ရလာပြီး ခေါင်းခါလေ၏၊ “မဟုတ်ပါဘူး အရှင်မင်းကြီးက ဒီကိစ္စကို ငါ့အတွက် ဖြေရှင်းပြီးပြီ၊ အခု ဘာပြဿနာမှ မရှိတော့ဘူး။”

“ဒါဆို.... ဘာလို့ ဒီမျက်နှာထားရှိနေရသေးတာလဲ?” ခမ်နက်ဒ်က ရှုပ်ထွေးစွာမေးလိုက်သည်။

“အံ့ဩနေသေးလို့ပါ။” ရှုယီက နန်းတော်အဝင်ကို ပြန်လှည့်ကြည့်လိုက်သည်၊ “အရှင်မင်းကြီးရဲ့ ငါ့အပေါ် သဘောထားက အတော်ကောင်းတယ်၊ အင်း.... အရမ်းကောင်းတယ်လို့ ယူဆလို့ရလောက်တယ်၊ ငါ မျှော်မှန်းထားတာထက်တောင် ပိုကောင်းတယ်။”

“ဒီလိုလား?” ခမ်နက်ဒ်က အနည်းငယ် ရှုပ်ထွေးသွားလေသည်၊ “ရူဒ်ဆန်တိုင်းပြည်က အမြဲတမ်း ဒီမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကို ထောက်ပံ့နေတာပဲလေ၊ ဘုရင်မှာ ဒီလိုကောင်းတဲ့သဘောထားရှိဖို့က.... လိုအပ်လို့လား?”

“ဒါကို ငါလည်းမသိဘူး။” ရှုယီက ပခုံးတွန့်၏၊ “ဖြစ်နိုင်တာတော့ ဘုရင်ကြီးတဲရုစ်က ငါတို့ Frestech ကုန်သည်ကြီးများအသင်းဆီမှာ ရှိတဲ့ ပုန်းကွယ်နေတဲ့ အလားအလာကို သေချာ‌မြင်နေနိုင်တာပဲ။”

ရှုယီက တော်ဝင်နန်းတော်ကိုပြန်လှည့်ကြည့်ကာ စိတ်နှလုံးသားထဲ ခံစားချက်တို့ ပြည့်သွားသည်။

ဘုရင်ကြီးတဲရုစ်အနေနှင့် သူနှင့် Frestech ကုန်သည်ကြီးများအသင်းအပေါ် ဤမျှ အရေးထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရှုယီနှင့် သူ၏ စကားဝိုင်းတွင် ဘုရင်ကြီးတဲရုစ်မှာ သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းက ရူဒ်ဆန်တိုင်းပြည်ရှိ စက်ရုံများတွင် ရင်းနှီးမြှုပ်နှံခြင်းအား အပြည့်အဝထောက်ပံ့သည်ကို ရှင်းရှင်းလင်းလင်းပြောပြခဲ့သည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ရူဒ်ဆန်တိုင်းပြည်နှင့်အတူ တုံ့ဆိုင်းခြင်းမရှိဘဲ ပူးပေါင်းကာ ရူဒ်ဆန်တိုင်းပြည်၌ မှော်စက်မှုနယ်ပယ်ကို ပူး‌တွဲတည်ထောင်နိုင်ဖို့ကို မျှော်လင့်နေပေသည်။

ဘုရင်ကြီးတဲရုစ်မှာ Frestech ကုန်သည်ကြီးများအသင်းအား အခွင့်အရေးတချို့ကို ပေးနိုင်ကြောင်းကိုပါ ရှုယီအား သဘောတူပေးခဲ့သည်။

ဤသဘောတူညီမှုက ရှုယီအား ယခင် လမ်ပူရီဆယ့်သုံးကို မစဉ်းစားမိဘဲ မနေနိုင်အောင်ဖြစ်စေလေသည်။

Frestech ကုန်သည်ကြီးများအသင်း လမ်ပူရီတိုင်းပြည်၌ ပျောက်ကွယ်သွားချိန်တွင် လမ်ပူရီဆယ့်သုံးက ရှုယီအား ကတိ‌မပေးထားခဲ့သော်လည်း ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို သူ၏ အပြုအမူများမှ တဆင့် မြောက်များစွာသော အထောက်အပံ့များ ပေးအပ်ခဲ့သည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်းအား ခွင့်ပြုချက်တချို့လည်း ပေးခဲ့ပါ၏။

သို့သော် လမ်ပူရီဆယ့်သုံးမှာ Frestech ကုန်သည်ကြီးများအသင်းအပေါ် အင်မတန်ရှေးရိုးစွဲကာ ဘန်တာမြို့ထံ ပေးခဲ့သည့် အခွင့်အရေးများကို ကန့်သတ်ထားပြီး ၎င်းတို့မှာ အင်မတန် တင်းကြပ်သည့် အခွင့်အရေးများပင်။

ထို့နောက် လမ်ပူရီဆယ့်သုံး ကွယ်လွန်သွားကာ မင်းသားလေးအဲရစ် ထီးနန်းကိုဆက်ခံချိန်တွင် Frestech ကုန်သည်ကြီးများအသင်းသည် ထိုအခွင့်အရေးများကို ဆုံးရှုံးခဲ့ရုံမျှမက လမ်ပူရီတိုင်းပြည်မှပင် ရှေးရိုးစွဲ မျိုးရိုးမြင့်များကြောင့် မောင်းထုတ်ခံခဲ့ရလေသည်။

ယခုတွင် ဘုရင်ကြီးတဲရုစ်မှာ Frestech ကုန်သည်ကြီးများအသင်းကို အပြည့်အဝထောက်ပံ့ရန် ကတိပြုလာပြီး အခွင့်အရေးတချို့ပေးလာသည်ကို ရှုယီအနေနှင့် ဝမ်းသာပါသော်လည်း ထိုမျှတော့ စိတ်မလှုပ်ရှားပေ။

အဆုံးတွင် ရူဒ်ဆန်တိုင်းပြည်မှာ တစ်စုံတစ်ဦး၏ နိုင်ငံ ဖြစ်နေဆဲပင်။ ဘုရင်ကြီးတဲရုစ်အနေနှင့် လက်ရှိတွင် Frestech ကုန်သည်ကြီးများအသင်းကို ထောက်ပံ့သော်လည်း မည်မျှကြာသည်အထိ ထောက်ပံ့မည်ကိုတော့ အာမခံချက်မရှိပေ။ သူ့အနေနှင့် ရုတ်တရတ် အခြေအနေကြောင့် သဘောထားပြောင်းလိုက်ခြင်းမျိုးရှိနိုင်၏။

နောက်တွင် ဘုရင်ကြီးတဲရုစ်သာ ရုတ်တရတ် ကွယ်လွန်သွားပါလျှင် ရူဒ်ဆန်တိုင်းပြည်ကို ဆက်ခံမည့် ဘုရင်မှာ Frestech ကုန်သည်ကြီးများအသင်းကို ထပ်တူ မဆက်ဆံနိုင်လောက်ပေ။

လမ်ပူရီတိုင်းပြည်၏ ပွဲများအတိုင်း ထပ်ဖြစ်လာသည်ရှိသော် Frestech ကုန်သည်ကြီးများအသင်းမှာ ပိုလို့ပင် ဆုံးရှုံးမှုများ ခံရနိုင်သည်။

မှန်ပါ၏၊ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့က လက်လျှော့မည်မဟုတ်ပေ။

စိုးရိမ်မှုက ရှိသော်လည်း Frestech ကုန်သည်ကြီးများအသင်းတိုးတက်မှုနှင့် စိုင်စ်နယ်မြေကြီးရှိ မှော်စက်မှုနယ်ပယ် ဖွံ့ဖြိုးမှုတို့အတွက် ရှုယီမှာ ရူဒ်ဆန်တိုင်းပြည်နှင့်အတူ ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်သည်။

ဘုရင်ကြီးတဲရုစ်နှင့် ဆွေးနွေးမှုအရ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ရူဒ်ဆန်တိုင်းပြည်ရှိ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်မည်ဖြစ်ရုံသာမက အိမ်သုံးမှော်စက်နည်းပညာများကို ပိုမို ထုတ်လုပ်မည်ဖြစ်ကာ ရူဒ်ဆန်တိုင်းပြည်နှင့်အတူ ပူးတွဲ အိမ်သုံးမှော်စက် စက်ရုံများတည်ထောင်မည်ဖြစ်၏။

တစ်ချိန်တည်းမှာပင် ရူဒ်ဆန်တိုင်းပြည်တွင် ရှုယီ၏ အကြံပြုချက်အရ မှော်စက်မှုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းကျောင်းများစွာတည်ထောင်ပြီး မှော်စက်မှုနယ်ပယ်၌ အလုပ်လုပ်ရန် လူများကို လေ့ကျင့်ပေးမည်ဖြစ်သည်။

ထို့အပြင် ရှုယီသည် ဘုရင်ကြီးတဲရုစ်နှင့် သဘောတူညီမှုတစ်ခုလည်း လုပ်ဆောင်ခဲ့သေး၏။ အရာအားလုံး ချောချောမွေ့မွေ့ဖြစ်သွားသည်နှင့် Frestech ကုန်သည်ကြီးများအသင်းမှာ ထုတ်လုပ်ရေးမှော်စက်နည်းပညာကို ရူဒ်ဆန်တိုင်းပြည်ထံသို့ပင် လွှဲပြောင်းပေးနိုင်ကာ ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်ရေးမှော်စက်များ ပြုလုပ်ခွင့်ပေးနိုင်သည်။

ရူဒ်ဆန်တိုင်းပြည်၌ မှော်စက်မှုနယ်ပယ်၏ အုတ်မြစ်များတည်ထောင်ရန်မှာ ရှုယီ၏ ကတိဆိုပြီးသား အလုပ်ပင်ဖြစ်‌သည်။

ထုတ်လုပ်ရေး မှော်စက်မှာ အရေးအကြီးဆုံး အုတ်မြစ်ပင်။ ၎င်းတို့ထံ၌ ထိုအရာရှိနေသရွေ့ ရူဒ်ဆန်တိုင်းပြည်မှာ။ ဒီဇိုင်းဆွဲကာ မှော်စက်အသစ်များထုတ်လုပ်နိုင်ပြီး Frestech ကုန်သည်ကြီးများအသင်းအပေါ် အပြည့်အဝ မှီခိုနေဖို့ရန် မလိုတော့ပေ။

သို့သော် ဤပန်းတိုင်မှာ အနည်းငယ် အလှမ်းကွာနေသေးပါ၏။ ထို့ကြောင့် နှစ်ဖက်စလုံးအနေနှင့် ယာယီသဘောတူညီချက်သာ ရောက်ရှိသေးပြီး ရှေ့လျှောက်မှ ၎င်းကို ထပ်မံစဉ်းစားမည်ဖြစ်သည်။

တကယ်တမ်းတွင် ရှုယီထံ၌ အချိန်ကြာ ပူးပေါင်းမှုအတွက် မျှော်လင့်ချက် များများစားစားမရှိပေ။

လမ်ပူရီတိုင်းပြည်၏ အတွေ့အကြုံအရ စိုင်စ်နယ်မြေကြီး၏ နောက်ပြန်ဆွဲနေသော နိုင်ငံရေးစနစ်ကြောင့် နိုင်ငံများအတွက် ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ထိန်းသိမ်းထားဖို့ရန် ခက်ခဲသည်။

ဘုရင်ကြီးတဲရုစ်မှာ ယခုတွင် Frestech ကုန်သည်ကြီးများအသင်းကို ထောက်ပံ့သော်လည်း ဆက်လက် ထောက်ပံ့မည်လားကိုတော့ မည်သူကမှ အာမ,မခံနိုင်ပေ။

ရှုယီအတွက် Frestech ကုန်သည်ကြီးများအသင်း၏ အရေးအပါဆုံး အမြုတေမှာ လက်ရှိ စတက်တိန်းနယ်မြေတွင် သူပိုင်ဆိုင်ထားသည့် ကိုယ်ပိုင်နယ်မြေဖြစ်သည်။

“နျူမန်ရော?” ရှုယီ ဝေ့ဝဲကြည့်လိုက်သည်။ သူ နန်းတော်ထဲ မဝင်ခင်က ခမ်နက်ဒ်နှင့်အတူ စောင့်ဆိုင်းနေခဲ့သည့် နျူမန်ကို ရှာမတွေ့သဖြင့် မအံ့ဩမိဘဲ မနေနိုင်တော့ပေ။

ခမ်နက်ဒ်ထံ၌ အံ့ဩဟန်ရှိနေလေ၏၊ “နျူမန်က ခင်ဗျားနဲ့ သံတမန်ဟာနာကင်တို့ကြားက တင်းမာနေတဲ့ ဆက်ဆံရေးကို ဖြေလျှော့ဖို့ လူတစ်ယောက်ကိုသွားရှာမယ်လို့ ပြောခဲ့တယ်။”

“အိုး? ဒီလိုလား? ကြည့်ရတာ နျူမန်က ငါတို့ကို အတော်လေး အရေးထားတဲ့ပုံပဲ။” ရှုယီက ပြုံးကာ နျူမန် ချန်ထားခဲ့သည့် လက်အောက်ငယ်သားနှစ်ဦးကိုကြည့်ပြီးနောက် ခမ်နက်ဒ်ကို ပြောလေသည်၊ “နျူမန် မရှိမှတော့ ရူဒ်ဆန်တိုင်းပြည်နဲ့အတူ ဆွေးနွေးတဲ့အကြောင်းကို မစိုးရိမ်ဘဲ နေကြတာပေါ့။ ဆိုင်က အခြေအနေကို သွားကြည့်ကြမယ်လေ။”

“ဟုတ်ပါပြီ” ခမ်နက်ဒ်က ခေါင်းငြိမ့်ကာ ရှုယီနှင့်အတူ မှော်ဆလွန်းထဲ ဝင်လိုက်သည်။

ဤလက်အောက်ငယ်သားနှစ်ဦးမှာ နျူမန်၏ အမိန့်များရခဲ့လောက်၏။ နှစ်ဦးသားက ၎င်းတို့ကို မတားဆီးဘဲ မှော်ဆလွန်းတစ်စီးထဲသို့ဝင်၍ ၎င်းတို့နောက် နီးကပ်စွာ လိုက်ပါလာသည်။

ရှုယီမှာ နောက်လှည့်၍ အပြုံးဖြင့် မနေနိုင်ဘဲ ပြောလိုက်ပါ၏၊ “နျူမန်ရဲ့ မှော်ဆလွန်းကို ရူဒ်ဆန်တိုင်းပြည်မှာ ရှားတယ်လို့ ပြောလို့ရတယ်မဟုတ်လား?”

“တကယ်တော့ အဲ့လောက်မရှားပါဘူး။” ခမ်နက်ဒ်က ခေါင်းခါသည်၊ “ဆိုင်ရဲ့ စာရင်းတွေအရ ကျွန်တော်တို့ လုပ်ငန်းစုက ရူဒ်ဆန်တိုင်းပြည်မှာ မှော်ဆလွန်း ခုနစ်ရာနဲ့ လေးဆယ့်ခြောက်စီးရောင်းခဲ့တယ်။ အဲ့ထဲက လေးရာနဲ့ နှစ်ဆယ့်ငါးစီးကို တခြားဒေသက အရှင်သခင်တွေနဲ့ ကုန်သည်တွေ ဝယ်ကြပြီး သုံးရာနဲ့ နှစ်ဆယ့်တစ်စီးကို ကာရာကာမြို့မှာ ရောင်းခဲ့ရတယ်။ ကျွန်တော့်အထင် မကြာခင် နောက်ထပ် မှော်ဆလွန်းကို တွေ့ရလောက်သေးတယ်။”

“ဒီမြို့မှာ အစီးသုံးရာရှိတော့ တကယ်တမ်း မနည်းဘူးပဲ။” ရှုယီက ခေါင်းငြိမ့်သည်၊ “ဒါပေမယ့် ဒီနေရာက စုစုပေါင်းက ဘန်တာမြို့နဲ့ ယှဉ်ရင်တော့ အတော်‌လိုနေသေးတယ်၊ သိပ်သည်းမှုက တကယ်လိုအပ်သေးတယ်။”

“ကျွန်တော်တို့လုပ်ငန်းစုက ရူဒ်ဆန်တိုင်းပြည်မှာ ဒီနှစ်အစကမှ မှော်ဆလွန်းတွေကို စရောင်းတာမို့ တခြားနည်းမရှိဘူးလေ။ ပြီးတော့ အကောက်ခွန်ခတွေကြောင့် မှော်ဆလွန်း‌ဈေးနှုန်းက ဘန်တာမြို့ကထက် အများကြီးပိုများနေတာကလည်း ရောင်းအားကို ထိခိုက်စေတယ်။”

အနက်ရောင်သီးသန့်မှော်ဆလွန်းတစ်စီးဖြတ်သန်းလာ၏။ ၎င်းက ရှုယီနှင့် ခမ်နက်ဒ်တို့ ထိုင်နေသော မှော်ဆလွန်းကို ဖြတ်သွားချိန်တွင် မှော်ဆလွန်း၏ ယာဉ်မောင်းကာ ကြည့်လာကာ ရှုယီနှင့် ခမ်နက်ဒ်ကို တွေ့သဖြင့် အံ့ဩသွားသည်။

ရှုယီလည်း တစ်ဖက်ကို ပြုံးပြလိုက်ရာ တစ်ဖက်ကလည်း မချိပြုံး၊ပြုံး၍ အမြန်မောင်းထွက်သွားလေ၏။

“ရောင်းအားကို စိုးရိမ်နေဖို့မလိုပါဘူး၊ အနှေးနဲ့အမြန် ရူဒ်ဆန်တိုင်းပြည်မှာ မှော်ဆလွန်းက ရေပန်းစားလာမယ်လို့ ငါယုံတယ်။”

ရှုယီ၏ မျက်လုံးများက အဝေးသို့ မောင်းနှင်သွားသည့် အနက်ရောင်မှော်ဆလွန်းရှိရာထံ ရွှေ့သွားပြီးနောက် နံဘေးရှိ ဆိုင်များနှင့် အဆောက်ဦများကိုကြည့်လိုက်လေသည်။ သူဟာ ထိုအဆောက်အဦများ အတွင်းဘက်၌ အသုံးပြု‌နေသော အိမ်သုံးမှော်စက်များကို တွေ့လိုက်ရလေသည်။

နွေလယ်ခေါင်ဖြစ်သောကြောင့် မှော်ပန်ကာများ နေရာအနှံ့ရှိသည်။ ဆောင်းရာသီ၏ ရေပန်းအစားဆုံး အိမ်သုံး‌မှော်စက်များဖြစ်ကြသည့် မှော်လေပေးစက်များနှင့် မှော်ရေခဲစက်များလည်း ရှိလေသည်။

လမ်း၏ နံဘေးတွင် စက်ဘီးများစီးနေကြသူ လူအတော်များများရှိပြီး လမ်းလျှောက်နေသူများက အနည်းအကျဉ်းသာရှိသည်။

“ကြည့်လိုက် ခမ်နက်ဒ်, ဒီလုပ်ငန်းစုတွေက လမ်ပူရီတိုင်းပြည်ဈေးကွက် ဆုံးရှုံးရမှာနဲ့ သူတို့ အမြတ်တွေအားလုံး ဆုံးမှာကို‌ ကြောက်နေခဲ့တာ။ ဒါကိုမြင်လား၊ ဒီကလူတွေက မှော်စက်တွေကို သေချာလက်ခံကြတာပဲ။ ရူဒ်ဆန်တိုင်းပြည် ဈေးကွက်က လမ်ပူရီတိုင်းပြည်ထက်တောင် ပိုကြီးနိုင်လောက်တယ်။”

“ဟုတ်တယ်။” ခမ်နက်ဒ်က အပြုံးဖြင့် ခေါင်းငြိမ့်သည်၊ “ကျွန်တော်တို့လုပ်ငန်းစုရဲ့ အားစိုက်မှုတွေကနေဆ‌င့် နောက်ဆုံးတော့ ရူဒ်ဆန်တိုင်းပြည်မှာ ဈေးကွက်ကို ဖွင့်ခဲ့ပြီ။ ဒီလုပ်ငန်းစုတွေကလည်း တကယ်တမ်း အတော်လေး ငွေဝင်နေပြီး ကျွန်တော်တို့လုပ်ငန်းစုက ဈေးကွက်ကို ဖွင့်ထားတော့ သူတို့လည်း ဒီကနေရတဲ့ အမြတ်တွေအတွက် ပြေးလာနေကြပြီလေ။”

“ဘာလဲ? မင်းက သူတို့ကို မကျေနပ်လို့လား?”

“မဟုတ်ပါဘူး စိတ်မကောင်းဖြစ်လို့ပါ” ခမ်နက်ဒ်က ခေါင်းခါသည်၊ “ဥက္ကဌ ကျွန်တော် ခင်ဗျားနဲ့ ဒီလောက်ကြာအောင် အလုပ်အတူလုပ်ခဲ့တာကြောင့် ခင်ဗျား ဘာတွေးနေမှန်းသိတယ်။ ခင်ဗျားက အဲဒီ့လုပ်ငန်းစုတွေဟာ အနာဂတ် မှော်စက်မှုနယ်ပယ်ကို ကိုယ်စားပြုကြတာကြောင့် မကျဆုံးစေချင်ဘူးမို့လား?”

ရှုယီက ရယ်မောသည်၊ “အမှန်ပဲ အရမ်းကောင်းတယ် ခမ်နက်ဒ်။ မင်းက ငါ စဉ်းစားတဲ့အရာကို ကောင်းကောင်း သိတာကြောင့် လုပ်ငန်းစုတစ်ခုလုံး မင်းကို ကိုင်တွယ်ခွင့်ပြုထားတာက ပြဿနာရှိမှာ မဟုတ်တာကို ငါသိတယ်။”

ခမ်နက်ဒ်လည်း ခါးသက်သက်ပြုံး၍ ခေါင်းခါသည်၊ “ဒါက ဖြစ်မှာမဟုတ်ဘူး။ အနည်းဆုံးတော့ ကျွန်တော်က ရူဒ်ဆန်တိုင်းပြည်ရဲ့ ဘုရင်ရဲ့ သဘောထားကို မစမ်းသပ်နိုင်သလို ကန်ဒရာအင်ပါယာရဲ့သံတမန်ကိုလည်း ဆန့်ကျင်တာလိုမျိုး ရူးရူးနှမ်းနှမ်းကို မလုပ်နိုင်ဘူး။”

ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ပေ။

ခမ်နက်ဒ်က မပြောခဲ့သော်လည်း ရှုယီ ယခု လုပ်ဆောင်ခဲ့သည်မှာ အင်မတန် စွန့်စားထားရသည်ဟု ထင်သဖြင့် ရှုယီကို သွယ်ဝိုက်စွာ သတိပေးနေလိုက်သည်။

မှော်ဆလွန်းအား ကာရာကာမြို့တွင် အင်မတန် မြန်ဆန်စွာ မောင်းနှင်ခြင်းမပြုခဲ့သော်လည်း အနောက်ဘက်ရှိ အလုပ်အများဆုံး စီးပွားရေးလမ်းထံသို့ မြို့တစ်ဝက်ကို ကျော်ဖြတ် ရောက်ရှိသွားဖို့ မကြာလိုက်ပေ။

Frestech ကုန်သည်ကြီးများအသင်း၏ ကာရာကာမြို့ရှိ ဆိုင်ရောင်းအားမှာ ထိုလမ်း၌သာ တည်ရှိသည်။

နှစ်ဦးသား ဆိုင်ရှေ့ကို ထွက်သွားကာ လျှောက်ဝင်သွားချိန်တွင် အတွင်းဘက်မှလာသည့် အင်မတန်ရင်းနှီးနေသံတစ်ခုရှိနေ၏။

“ထုတ်လို့ ပြောရင် ထုတ်ရမယ်လေ! ငါ ဘယ်သူလဲသိရဲ့လား? ငါ မပျော်မရွှင်ဖြစ်ရင် မင်းရဲ့ဆိုင်ကို ဖျက်ဆီးဖို့ ငါက လူတွေကို ခိုင်းလိုက်လို့ရတယ်ဆိုတာ ယုံလား!”

ထိုအသံကိုကြားသော် ရှုယီနှင့် ခမ်နက်ဒ်တို့က တစ်ဦးကိုတစ်ဦးကြည့်ကာ ခါးသက်သက်ပြုံးလိုက်ကြသည်။

ရန်သူများက တကယ်ကို လမ်းကျဉ်းလေး၌ ဆုံကြသည်ပင်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၈၆။ မှော်ပညာရှင် အဆင့်အတန်းက ဒုတိယ

ရှုယီမှာ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် လျှောက်သွားလိုက်ဆဲပင်။

Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ကာရာကာမြို့တွင် ရူဒ်ဆန်တိုင်းပြည် ဈေးကွက်ကို ဖွင့်လှစ်ရန် အတော်များများ ရင်းနှီးမြှုပ်နှံထားလေသည်။ ဤဆိုင်အား အလုပ်အများဆုံး စီးပွားရေးလမ်း၌ နေရာချထားရုံသာမက အင်မတန်လည်းကြီးမားလှပြီး လမ်း၏ ရှေ့မျက်နှာစာ၌ နျူမန်နှင့် ဆက်ဆံရေးကြောင့် ငှားရမ်းထားခဲ့သည်။

သို့သော် ဤ ဧရာမဆိုင်က တကယ်တမ်းတွင် လတ်တလော၌ ဗလာဟင်းလင်းဖြစ်နေပြီး မတူညီသော အဝတ်များကို ဝတ်ဆင်ထားကြသူများက ၎င်းကို ဝိုင်းရံထားလေသည်။

လူအုပ်ထဲမှ ရင်းနှီးနေသည့် အသံထွက်လာ၏။

“မင်းတို့ မန်နေဂျာကို ထွက်လာခိုင်းလိုက်! ဒါက ဘယ်လိုဆိုင်မျိုးလဲ? ငါဝယ်ချင်တာမရှိနေဘူး။ ပြောလိုက်မယ် ဒီနေ့ ငါဝယ်ချင်တာမရရင် ဒီဆိုင်ကို ပိတ်ချလိုက်တဲ့အထိသာ စောင့်နေလိုက်တော့!”

အသံကျယ်ကျယ်က စာရေးအား ဆူပူနေသည်ကိုကြားသော် ရှုယီလည်း မျက်နှောင်ကုပ်ကာ လူအုပ်ထဲ ဖြတ်လျှောက်သွားတော့သည်။

“သံတမန် ဟာကာနင်၊ ဒီလောက် အချိန်တိုလေးအတွင်း ပြန်တွေ့ရမယ်လို့ ထင်မထားဘူး။ ဒါက လောကကြီးဟာ ကျဉ်းကျဉ်းလေး‌ပဲလို့ ခံစားရစေတယ်။

ရှုယီ ပြောလိုက်သည်နှင့် လူတိုင်း၏ အာရုံကို ဖမ်းစားသွားသည်။

သံတမန်ဟာကာနင်က ရှုယီကို လှည့်ကြည့်လာရင်း မျက်လုံးများ မှေးကျဉ်းလိုက်၏။ သို့ရာတွင် သူဟာ အံ့ဩသွားဟန်ဖြင့် အသံကိုမြှင့်လာသည်၊ “အိုင်းယား ဒါက ဥက္ကဌရှု မဟုတ်လား? ဘာလဲ? အရှင်မင်းကြီးက တကယ်ပဲ သဘောထားကြီးကြီးနဲ့ လွှတ်ပေးလိုက်တယ်ပေါ့?”

သူ၏ အသွင်ပြင်ကိုမြင်သော် ရှုယီက ချက်ချင်း နားလည်သွား၏။

ဤလူမှာ ရှင်းလင်းစွာပင် ဤနေရာသို့ တမင်ပြဿနာရှာရန် ရောက်လာခဲ့ခြင်းပင်!

သူ၏ ပန်းတိုင်ကိုရရှိသွားကတည်းက ရှုယီမှာ သူ့အား ပြဿနာဖြစ်စေမည့်အရာကို မဆွဘဲ မနေနိုင်တော့ပေ။ စဉ်းစားပြီးနောက် သူဟာ အပြုံးဖြင့် ရှေ့တိုးလိုက်သည်။

“အရှင်မင်းကြီးက တကယ်ကို စိတ်သဘောထားပြည့်ဝပါတယ်။ ဒါပေမယ့် ကျုပ်လည်း သံတမန်ဟာကာနင်ကို ဆန့်ကျင်ခဲ့တာအပေါ် ခွင့်လွှတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရမယ်။ အရှင် သံတမန် မတိုင်ခင်က ကျုပ်ဂရုမထားမိဘူးဖြစ်သွားတယ် ခွင့်လွှတ်ပါ။ အခု အရှင်က ကျုပ် လုပ်ငန်းစုရဲ့ ဆိုင်ကို ရောက်နေတာဟာ ကျုပ်တို့ လုပ်ငန်းစုရဲ့ ဂုဏ်ယူစရာပါပဲ။ လက်ဆောင်အနေနဲ့ ဆိုင်မှာ ရှိတာကို ရွေးလိုက်လို့ရပါတယ်၊ ကျုပ်တို့လုပ်ငန်းစုအနေနဲ့ အရှင့်ကို အခမဲ့ပေးမှာပါ။ ဘယ်လိုထင်လဲ?”

သံတမန် ဟာကာနင်မှာ ရှုယီ၏ တရိုတသေပြုမူပုံကြောင့် ရှုပ်ထွေးသွားသည်။ သူ ရှုယီကိုကြည့်လိုက်ရာ အပြုံးက စိတ်ရင်းဖြစ်နေသည်ကို တွေ့သဖြင့် မတိုင်ခင်ကကဲ့သို့ မာနကြီးသလို ပြုမူမနေတော့ပေ။

သူ့အနေနှင့် ပြုံးနေသည့်လူတစ်ဦးကို ပါးမရိုက်နိုင်သလို ဘုရင်ကြီးတဲရုစ်ထံမှ လျော်ကြေးအလုံအလောက် ရထားပြီးဖြစ်သဖြင့် သံတမန်ဟာကာနင်မှာ မည်မျှ ဆိုးယုတ်နေပါစေ ရှုယီကို အတင်းပြဿနာရှာ၍ မရနိုင်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းက ကာရာကာမြို့၌ ဆိုင်တစ်ဆိုင်ဖွင့်ထားသည်ကို ကြားသောအခါ ဤနေရာသို့ အထူးတလည်လာရောက်ခဲ့သည်။ သူ့အနေနှင့် မည်သည်ကိုမှ မလုပ်ဘဲ ထွက်မသွားနိုင်ပေ။

ရှုယီကို ဤမျှ လွယ်လွယ်အလျှော့ပေးလိုက်ခြင်းက မသက်မသာဖြစ်စေသည်။

ထိုသို့စဉ်းစားရင်း သံတမန်ဟာကာနင်၏ မျက်လုံးကျဉ်းများက ဘေးဘီကိုဝေ့ဝဲသွားပြီးနောက် အေးစက်စက်နှာမှုတ်လိုက်၏၊ “ဥက္ကဌရှုက ဒါကို လွယ်လွယ်လေး ပြောနေတာပဲ။ ကျုပ် လိုချင်တာက ခင်ဗျားတို့ ဆိုင်မှာမရှိဘူး။”

“အိုး? သံတမန်က ဘယ်ထုတ်ကုန်အပေါ် မျက်စိကျနေသလဲဆိုတာ မေးလို့ရမလား? အရှင် ဖြစ်နေသရွေ့ သေချာပေါက် ထောက်ပံ့ပေးပါ့မယ်။” ရှုယီက အပြုံးဖြင့်ဆိုသည်။

“မင်းက ဒီလိုပြောတဲ့လူနော်။ ဟုတ်ပြီလေ ဒီကိုလာတဲ့လမ်းတလျှောက်မှာ မှော်ဆလွန်းအတော်များများကို တွေ့ခဲ့ရပြီး အတော်လေးကောင်းမွန်တယ်လို့ ခံစားမိတယ်။ ကန်ဒရာအင်ပါယာရဲ့ သံတမန်အနေနဲ့ ငါ့ဆီမှာသာ မှော်ဆလွန်းတစ်စီးလေးတောင် ရှိမနေရင် အဆင့်အတန်းနဲ့ မညီတော့ဘူး။ အဲ့လိုမထင်ဘူးလား ဥက္ကဌရှု?”

ရှုယီလည်း ရယ်၍ ခေါင်းငြိမ့်သည်၊ “ဟုတ်ပါတယ် သံတမန်ရဲ့ အထောက်အထားနဲ့ဆို မြင်းလှည်းလေးပဲ စီးနေရတာက အရှင့်အတွက် မသင့်တော်လှပါဘူး။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ နောက်ဆုံးပေါ် မော်ဒယ် မှော်ဆလွန်းကသာ အရှင့်ရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီမှာပေါ့။ စိတ်ချထားလိုက်ပါ အရှင်သံတမန်၊ ဒီဆိုင်မှာ ဒီထုတ်ကုန်မရှိပေမယ့် ချက်ချင်း ရုံးချုပ်ကို တစ်စီး ပြင်ဆင်ခိုင်းလိုက်ပါ့မယ်။ အရှင်သံတမန်လိုချင်တဲ့ ဘယ်လိုပုံစံ ဒီဇိုင်းပဲ ဖြစ်ဖြစ် ပေးနိုင်ပါတယ်။”

သံတမန် ဟာကာနင်က ရှုယီကို မျက်မှောင်ကုပ်၍ ကြည့်သည်။

ရှုယီ၏ ရိုသေလေးစားနေဟန်သည် မတိုင်ခင်က သူ ဘဝင်ခိုက်စွာ ပြုမူပုံနှင့် ခြားနား၏။

ထို့အပြင် ဘုရင်ကြီး တဲရုစ်ကြောင့် ကိုယ်ကျင့်တရားစောင့်ထိန်းရမည်လည်းရှိရာ ဝေးဝေးလံလံ ထပ်မသွားနိုင်တော့။

စဉ်းစားပြီးနောက် သံတမန်ဟကာနင်က လက်ထောင်ကာ ဆိုင်ပတ်လည်ကိုညွှန်ပြသည်။

“အခုမှော်ဆလွန်းမရှိမှတော့ လတ်တလောမှာ ဒီထဲက ပစ္စည်းနည်းနည်းနဲ့ ကစားဖို့ ပေးလိုက်ပေါ့။

ရှုယီက အပြုံးဖြင့်ဆိုသည်၊ “ဒါက ပိုလွယ်ပါတယ်။ ဒီမှာရှိနဲ့ အိမ်သုံးမှော်စက်တစ်ခုခုဖြစ်နေသရွေ့ အမျိုးစုံတိုင်းကို ပေးလို့ရတယ်။”

သံတမန်ဟာကာနင်က တဖြည်းဖြည်း ခေါင်းငြိမ့်သည်၊ “ဒါက.... မင်းသိပါတယ်.... ငါ့ဆီမှာက လက်အောက်ငယ်သားတွေများပြီး အိမ်မှာလည်း မိတ်ဆွေအတော်များတော့လေ....”

“အိမ်သုံးမှော်စက် တစ်မျိုးစီရဲ့ အလုံးတစ်ရာစီဆိုရင်ရော?”

ဟာကာနင်မှာ သူ့အား ထောက်ချောက်ဆင်လိုလျှင်တောင် ရှုယီက ဤမျှ ရဲတင်းလိမ့်မည်ဟု ထင်မထားပေ။

သူ့အနေနှင့် တစ်မျိုးကို ဆယ်ခုစီဆိုလျှင် လုံလောက်ပြီဟု ထင်ခဲ့သော်လည်း ရှုယီက တစ်မျိုးကို တစ်ရာစီ ပေးလာမည်ဟု ထင်မထား‌ခဲ့။

ဈေးနှုန်းများကို လှည့်ပတ်ကြည့်ရှုခဲ့စဉ်က ဈေးအပေါဆုံးမှော်ပန်ကာမှာ ရွှေဒင်္ဂါး ခြောက်ပြားသာရှိပြီး ဈေးအကြီးဆုံး မှော်လေပေးစက်မှာ အနည်းဆုံး ရွှေဒင်္ဂါး သုံးဆယ်ရှိ၏။

တစ်မျိုး အခုတစ်ရာစီဆိုသည်မှာ စုစုပေါင်း တန်ဖိုး ရွှေဒင်္ဂါး နှစ်သောင်းကျော်သည်!

ထို့အပြင် ရှုယီပေးမည့် မှော်ဆလွန်းကိုပါထည့်ပေါင်းလိုက်သော် ရှုယီ သူ့အားပေးနေသည်မှာ ရွှေဒင်္ဂါးသုံးသောင်းကျော် တန်ကြေးရှိ ကုန်စည်များဖြစ်လေ၏!

ကုန်စည်များ၏ တန်ဖိုးကို အလျင်အမြန်ရေတွက်ပြီးနောက် သံတမန် ဟာကာနင်၏ မျက်နှာက ထပ်မံသုန်မှုန်မနေတော့ဘဲ ပြုံးကာ ရှုယီကို ခေါင်းငြိမ့်ပြသည်၊ “ကောင်းတယ် ကောင်းတယ် ကောင်းတယ်၊ ဒါကို ဒီမှာ ချန်ထားကြတာပေါ့။” သူက ရှုယီ၏ ပခုံးကို ပုတ်ပြီးနောက် ထိုသို့ပြောကာ ချီးကျူးလေသည်။ “ဥက္ကဌရှုက နားလည်လွယ်သူဖြစ်နေမှတော့ အားလုံး အဆင်ပြေသွားတာပေါ့။ ကောင်းတယ် မတိုင်ခင်က ကျုပ်တို့အကြားမှာ ဖြစ်ပျက်ခဲ့သမျှကို ထားလိုက်ကြ‌တာပေါ့။”

ရှုယီက အသာပြုံး၍ ခေါင်းငြိမ့်၏၊ “အရှင် သံတမန်ရဲ့ သဘောထားကြီးမားမှုအတွက် အများကြီး ကျေးဇူးတင်ပါတယ်။”

သံတမန်ဟာကာနင်က နှစ်ချက်ခန့် ရယ်မောပြီးနောက် ရုတ်တရတ် ဘေးကိုကြည့်လိုက်သည်၊ “ဒါပေမယ့် ဥက္ကဌရှု ခင်ဗျားနဲ့ ကျုပ်ကြားက ကိစ္စကို ထားလိုက်လို့ရပေမယ့်လည်း ခင်ဗျားနဲ့ ကျုပ် လက်အောက်ငယ်သားတွေကြားက ကိစ္စကိုတော့ မေ့လိုက်လို့မရဘူး။”

ရှုယီက နံဘေး၌ တိတ်တဆိတ်ရပ်နေသည့် သံတမန်ဟာကာနင် ညွှန်ပြသော သက်လတ်ပိုင်းလူကိုကြည့်ကာ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

လေထဲရှိ ဒြပ်စင်မှော်စွမ်းအင်အရ ထိုသက်လတ်ပိုင်းလူမှာ မှော်ပညာရှင်တစ်ဦးဖြစ်ကာ အတော်လေးသန်မာလှသည်ကို အလွယ်လေး ပြောနိုင်၏။

“ဒီတစ်ယောက်က....”

“ကျုပ် ဒီကိုရောက်လာတာက ကျုပ် ညီအတွက် တရားမျှတမှုယူမလို့ပဲ။” သက်လတ်ပိုင်းလူက လေးနက်စွာဆိုသည်။

“ခင်ဗျား ညီ?” ရှုယီက ထိုသက်လတ်ပိုင်းလူကို တအံ့ဩကြည့်လိုက်သည်။ သူလည်း မြင်းလှည်းမှ ခုန်ချကာ တိုက်ခိုက်ခံခဲ့ရသည့် မှော်ပညာရှင်ကို သတိရကာ ထိုနှစ်ဦးက ဆင်တူနေသည်ကို မြင်ရသဖြင့် ချက်ချင်း ဆက်စပ်ကြည့်မိသွားသည်။

“ဟုတ်တယ် ကျုပ်ညီက ခင်ဗျားကြောင့် ဒဏ်ရာအပြင်းအထန် ရသွားတာ အခု သတိမေ့နေတုန်းပဲ။ ဥက္ကဌရှု ဒီကိစ္စကို ဘယ်လို ပြန်ဆပ်ဖို့ စီစဉ်ထားလဲ?” သက်လတ်ပိုင်းလူက လေးနက်စွာ မေးလေ၏။

“တရားမျှတမှု? ပြန်ဆပ်ရမယ်?” ရှုယီက သူ့ကိုကြည့်ကာ အေးစက်စက်ရယ်သည်၊ “ခင်ဗျားညီက ကျုပ်ကို အရင်တိုက်ခိုက်ခဲ့ပြီး အရမ်းလည်း ပြင်းထန်တယ်။ အဆုံးကျတော့ သူ ကျုပ်ကြောင့် ဒဏ်ရာပြင်းသွားပြီး သူ့အသက်ကို ကျုပ်မယူလိုက်တာကတင် သူ့အတွက် ကံကောင်းနေပြီ ခင်ဗျားက တရားမျှတမှု တောင်းနေတာလား? ခင်ဗျားက ကျုပ်ကို ပေးဆပ်စေချင်နေတယ်ပေါ့? ဟာသပဲ!”

သက်လတ်ပိုင်းလူ၏ မျက်နှာက မှောင်မိုက်သွားပြီး သံတမန်ဟာကာနင်ဘက်လှည့်လိုက်သည်။

သံတမန်ဟာကာနင်လည်း နောက်တစ်လှမ်းဆုတ်သွားကာ ကြားဝင်မည့်ပုံမပေါ်ပေ။

သက်လတ်ပိုင်းလူလည်း ခေါင်းငြိမ့်၍ ခြေတစ်လှမ်းတိုးလာ၏။ သူက ရှုယီရှေ့သို့ လာကာ ဒေါသတကြီးဆိုသည်၊ “ဘယ်သူ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ခင်ဗျားက ကျုပ်ညီငယ်ကို ဒဏ်ရာပြင်းပြင်းရစေခဲ့တယ်။ ကျုပ်တို့အားလုံးက မှော်ပညာရှင်တွေဖြစ်တော့ မှော်ပညာရှင်တစ်ဦးအဖြစ်နဲ့ ခင်ဗျားကို တရားဝင်စိန်ခေါ်တယ်!”

ထိုသို့ပြောလိုက်ချိန်တွင် လူတိုင်း ပင့်သက်ရှိုက်မိသွားကြသည်။

မှော်ပညာရှင်များမှာ စစ်သည်တော်များနှင့် ခြားနားလေသည်။ မှော်ပညာရှင်များအနေနှင့် ၎င်းတို့၏ အဆင့်အတန်းကို အမြဲတမ်း တန်ဖိုးထားလေရာ နှစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်သည့် အခြေအနေမျိုးက ရှားပါးသည်။

ဤမှော်ပညာရှင်မှာ ရှင်းလင်းစွာပင် အတော်လေးသန်မာလှပြီး Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုမှာလည်း အားကောင်းသည့် မှော်ပညာရှင်တစ်ဦးပင်။ နှစ်ဦးသာ ယှဉ်ပြိုင်တိုက်ခိုက်ပါက တကယ်ကို အတော်လေး ကြည့်ကောင်းလိမ့်မည်။

ရှုယီက လုံးဝမတုံ့ပြန်ဘဲ မျက်လုံးများ မှေးကျဉ်း၍ သက်လတ်ပိုင်းလူကိုကြည့်လိုက်ပြီးနောက် ခေါင်းခါသည်၊ “ကျုပ် ငြင်းတယ်”

လူအုပ်က တစ်ဖန် ပင့်သက်ရှိုက်လိုက်ပြီး သက်လတ်ပိုင်းလူက အံ့ဩဟန်ပြလာသည်၊ “ဥက္ကဌရှု၊ ခင်ဗျား.... ခင်ဗျားက မှော်ပညာရှင်တွေရဲ့ ဂုဏ်သိက္ခာကို လျစ်လျူ‌ရှုနေတာလား? ခင်ဗျားက ကျုပ် စိန်ခေါ်တာကို ငြင်းတယ်၊ ခင်ဗျား.... ခင်ဗျားက မှော်ပညာရှင်တွေရဲ့ အရှက်ရစရာပဲ!”

ရှုယီက ပခုံးတွန့်၏၊ “စိတ်မကောင်းပါဘူး၊ ကျုပ်က ကုန်သည်တစ်ယောက်‌လေ ကျုပ်ရဲ့ မှော်ပညာရှင်အဆင့်အတန်းက ဒုတိယပဲ။ ခင်ဗျား ပြောချင်တာ ပြောလို့ရတယ်။”

ရှုယီ၏ အဖြေကို ကြားသော် လူအုပ်ကြီးနှင့် သက်လတ်ပိုင်းလူတို့မှာ ကြောင်အသွားတော့သည်။

စိုင်စ်နယ်မြေကြီးတွင် မှော်ပညာရှင်များနှင့် ကုန်သည်များအကြား၌ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကဲ့သို့ ခြားနားမှုရှိသည်။

သေချာသည်မှာ မှော်ပညာရှင်များက ကောင်းကင်ဘုံဖြစ်ကာ ကုန်သည်များက ကမ္ဘာမြေကြီးပင်။

ငွေအတွက် မှော်ပညာနှင့် စီးပွားရေးကို ပေါင်းစပ်ထားသည့် မှော်ပညာရှင်များစွာရှိသော်လည်း ၎င်းတို့၏ အဆင့်အ‌တန်းကို ပြောကြချိန်တွင် လူတိုင်းက မှော်ပညာရှင်တစ်ဦးဖြစ်သည်ကိုသာ အလေးပေးပြောဆိုကာ ကုန်သည်ဖြစ်သည်ဟု မဆိုကြပေ။

မှော်ပညာရှင်များအတွက် ကုန်သည်တစ်ဦးဖြစ်ရခြင်းမှာ ၎င်းတို့ထံ၌ ရွေးစရာမရှိခြင်းကြောင့်ဖြစ်ပြီး ရှက်စဖွယ်ကိစ္စဖြစ်၏။

သို့သော် ရှုယီမှာ သိသိသာသာကို စွမ်းအားကြီးမှော်ပညာရှင်တစ်ဦးဖြစ်ပြီး ကုန်သည်ဖြစ်သည်ကို အသားပေးထားသည်။ ထို့အပြင် သူ၏ မှော်ပညာရှင် အထောက်အထားက..... ဒုတိယသာ ဖြစ်သည်ဟုပင် ဆိုသေး၏!

ဤသည်က ယေဘုယျအသိအမြင်ကို ဆန့်ကျင်နေသည်။

သက်လတ်ပိုင်းလူက ရှုယီကို ငေးကြောင်ကြည့်နေပြီးနောက်၌ ခက်ခက်ခဲခဲ တုံ့ပြန်လာသည်၊ “ရှု.... ဥက္ကဌရှု၊ ခင်ဗျား.... ခင်ဗျားက မှော်ပညာရှင် အားလုံးကို ဒီလိုမျိုး အရှက်ရစေတာပဲ!”

“ကျုပ်မှာ ဒီလိုအဓိပ္ပာယ်မရှိသလို မဟာမှော်ပညာရှင်တွေ အများကြီးရှေ့မှာလည်း ပြောခဲ့ပြီးသား။ သူတို့တောင် ဒါကို သ‌ဘောမတူတာမျိုးမရှိတာကို ခင်ဗျားက ဒီလိုပြောဖို့ အရည်အချင်းရှိလို့လား?”

သက်လတ်ပိုင်းလူမှာ Frestech ကုန်သည်ကြီးများအသင်း၌ မဟာမှော်ပညာရှင်နှစ်ဦးရှိသည်ကို သတိရသွားကာ မည်သည်ကိုမှ မလုပ်နိုင်တော့ပေ။

သူသာ ရှုယီ၏ စကားလုံးများက မှော်ပညာရှင်အားလုံးကို အရှက်ရဖွယ်ဖြစ်စေသည်ဟု ခံစားရပါလျှင် ထိုမှော်ပညာရှင်နှစ်ဦးက ၎င်းတို့၏ အမြင်ကို ဖော်ပြဖို့ရန် ပို၍ အခွင့်အရေး‌ရှိလေသည်။

“ဟုတ်ပြီလေ ရိုးသားရရင် ကျုပ် အခု အရမ်းအလုပ်များနေ‌တော့ ခင်ဗျားနဲ့ ယှဉ်တိုက်ဖို့ အချိန်မရှိဘူး။” ထိုသက်လတ်ပိုင်းလူက မည်သည်မှ ပြောစရာမရှိတော့သည်ကို မြင်သော် ရှုယီလည်း ဆက်ပြောလိုက်၏၊ “ခင်ဗျားသာ မှော်ပညာရှင်တစ်ဦးရဲ့ နည်းလမ်းနဲ့ ပြဿနာတွေကို ဖြေရှင်းချင်ရင်.... ကောင်းပြီလေ၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီမှာ ကျုပ်နေရာကို အစားဝင်မယ့် မှော်ပညာရှင်အတော်များများရှိတယ်။ ခင်ဗျားအနေနဲ့ မဟာမှော်ပညာရှင်နှစ်ဦးနဲ့ တိုက်ခိုက်ချင်ရင်တောင် အဆင်ပြေပါတယ်။ သေချာ‌တာပေါ့..... ခင်ဗျား မလုပ်ရဲမှာကိုပဲ စိုးရိမ်တာ....”

ရှုယီ၏ ကျီစားဟန်ကိုမြင်ကာ Frestech ကုန်သည်ကြီးများအသင်း မှော်သုတေသနဌာန၏ ကြောက်မက်ဖွယ်မှော်ပညာရှင်တို့နှင့် ကြောက်မက်ဖွယ် မဟာမှော်ပညာရှင်နှစ်ဦးကို စဉ်းစားမိသော် သက်လတ်ပိုင်းလူ၏ မျက်နှာမှာ ဖျော့တော့သွားသည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၈၇။ အဆင့်မနိမ့်ကျသော ဈေးကွက်

သံတမန် ဟာကာနင်မှာ သက်လတ်ပိုင်းမှော်ပညာရှင်နှင့် ထွက်သွားသည့်နောက် ခမ်နက်ဒ်သည် ရှုယီအား မျက်မှောင်ကုပ်၍ မနေနိုင်စွာ မေးမြန်းလိုက်သည်၊ “ဥက္ကဌ ခင်ဗျားအနေနဲ့ သံတမန် ဟာကာနင်ကို မဆန့်ကျင်ချင်တာ နားလည်ပေမယ့်..... ဒါတွေအားလုံးကို တစ်ပြိုင်နက်တည်းပေးလိုက်တော့ များလွန်းမနေဘူးလား?”

“ရွှေဒင်္ဂါးသုံးသောင်းတည်းလေ မများပါဘူး။” ရှုယီက အပြုံးဖြင့်ဆိုသည်။

“ဒါက ဘယ်သူ့ကို ပေးတယ်ဆိုတာ အပေါ်မှာ မူတည်တယ်လေ။” ခမ်နက်ဒ်က လေးနက်ဟန်ဖြင့် ဆိုသည်၊ “ဒါက ပုံမှန်လို ကျွန်တော်တို့ လုပ်ငန်းစုဆီ အကျိုးအမြတ်‌တွေ ယူလာပေးနိုင်ရင် များတယ်လို့ မယူဆနိုင်ဘူးပေါ့။ ဒါပေမယ့် ဒီ သံတမန် ဟာကာနင်က.... ကျွန်တော်တို့ကို ဘာအကူအညီမျိုးမှ ပေးမယ်လို့ မမြင်မိဘူး။”

ရှုယီက ရယ်မောလေသည်။ “မင်းနဲ့ ငါ နှစ်ယောက်စလုံး သံတမန် ဟာကာနင်ဆီကနေ ဘာကိုမှ မရဘူးလို့ ခံစားရပေမယ့်လည်း သူ့ရဲ့ အဆင့်အတန်းကို စဉ်းစားရမယ်လေ။”

“သူက ကန်ဒရာအင်ပါယာကနေ ရူဒ်ဆန်တိုင်းပြည်ဆီ စေလွှတ်လိုက်တဲ့ သံတမန်လေးတစ်ယောက်ပဲ မဟုတ်ဘူးလား၊ ဘယ်လောက် အရေးပါလို့လဲ?” ခမ်နက်ဒ်က မျက်ခုံးများပို၍ပင် တွန့်ချိုးလာကာ ရှုပ်ထွေးဟန်ပေါ်နေသည်၊ “ပိုပြီး ပွင့်လင်းရရင် သူ့ကို ရူဒ်ဆန်တိုင်းပြည်လို နိုင်ငံလေးတစ်ခုဆီ သံတမန်အဖြစ် လွှတ်လိုက်ကတည်းက သူ့အနေနဲ့ ကန်ဒရာအင်ပါယာမှာ ဘာတန်ဖိုးမှ မရှိတဲ့ အဓိပ္ပာယ်ပဲလေ။ သူ့ဆီမှာ ရင်းနှီးမြှုပ်နှံတာကို အကျိုးရှိတယ်လို့ သတ်မှတ်လို့မရဘူး။”

“ဒါဆို မင်းမှားသွားပြီ” ရှုယီက ခေါင်းခါ၏၊ “ဒီသံတမန်ဟာကာနင်မှာ ဘာအရည်အချင်းမှ မရှိသလို အစွမ်းအစလည်း နည်းပေမယ့် သံတမန်တစ်ယောက်ဖြစ်တာက ကိစ္စတစ်ခုကို ရှင်းပြနေတယ်။ ရူဒ်ဆန်တိုင်းပြည်က လမ်ပူရီတိုင်းပြည်လို နိုင်ငံငယ်လေးတစ်ခုဆိုပေမယ့် သံတမန်ဖြစ်ပြီး ကန်ဒရာအင်ပါယာရဲ့ ပုံရိပ်နဲ့ ဆန္ဒကို ကိုယ်စားပြုတယ်၊ ဒါက သေချာပေါက် လူတိုင်းလုပ်နိုင်တဲ့အရာမဟုတ်ဘူးလေ။”

ခမ်နက်ဒ်က အနည်းငယ် အံ့ဩသွားသည်၊ “သံတမန်ဟာကာနင်ဆီမှာ ထူးကဲတဲ့ အရည်အချင်းတချို့ ရှိနေလို့များလား?”

“သူ့ဆီမှာ သူ့ကိုယ်တိုင်အတွက် ဘာအရည်အချင်းမှ မရှိပါဘူး။” ရှုယီက အသာအယာပြုံးသည် “ဒါပေမယ့် ဒီသံတမန်ဆီမှာ အရမ်းကို ထူးချွန်တဲ့ အစ်မတစ်ယောက်ရှိပြီး လက်ရှိမှာ ဧကရာဇ်ရဲ့ အနှစ်ခြိုက်ဆုံး ကိုယ်လုပ်တော်ပဲ။ အခု ဘာလို့ ဒီလူက သံတမန်ဖြစ်လာနိုင်တယ်ဆိုတာကို နားလည်ပြီလား?”

ခမ်နက်ဒ်မှာ ချက်ချင်း နားလည်လိုက်၏။

သို့သော် စဉ်းစားကြည့်ရင်း တစ်ခုခုလွဲနေသလို ခံစားနေရသည်။

“ဥက္ကဌ ဒါက ရူဒ်ဆန်တိုင်းပြည်ကို ပထမဆုံးရောက်ဖူးတာလေ၊ ဘယ်လိုလုပ် သံတမန်ဟာကာနင်အကြောင်း ဒီလောက်သိနေရတာလဲ? ရူဒ်ဆန်တိုင်းပြည်အကြောင်း အချက်အလက်ကို‌ တခြားဌာနတွေကနေတဆင့် ရထားခဲ့တာလား?”

“မဟုတ်ဘူး သံတမန်ရဲ့ သတင်းကို ဘုရင်ကြီးတဲရုစ်ကိုယ်တိုင်ဆီကနေ ရတာပဲ။”

ခမ်နက်ဒ်မှာ အံ့ဩသွားလေသည်၊ “တကယ်ကြီး ဥက္ကဌကို ပြောခဲ့တဲ့လူက ဘုရင်ကြီးတဲရုစ်လား? ဘာလို့ သူက ဒီသတင်းတွေအားလုံးကို ပြောပြခဲ့တာလဲ?”

“ဒါက သူ ငါ့ကိုပြတဲ့ စိတ်ရင်းတွေထဲက တစ်ခုလေ။” ရှုယီက အပြုံးဖြင့်ဆို၏၊ “ငါ့ရဲ့ လေ့လာချက်အရတော့ ဘုရင်ကြီးတဲရုစ်က တကယ်တော့ ဒီသံတမန်နဲ့ ပတ်သက်ပြီး အရမ်းကို စိတ်တိုင်းမကျ‌ဖြစ်နေပေမယ့် ကန်ဒရာအင်ပါယာကကြောင့် သည်းခံနေရတာပဲ။”

ခမ်နက်ဒ်က ခေါင်းခါသည်၊ “ဒီလူကို ဘယ်သူကမှ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သည်းမခံနိုင်ဘူး။”

“သူ့ကို အထင်မသေးနဲ့” ရှုယီက ပြောသည်၊ “သူက ဘယ်လောက် အသုံးမဝင်ဘဲနေနေ သူ့ရဲ့ အဆင့်အတန်းကြောင့် ငါတို့ Frestech ကုန်သည်ကြီးများအသင်းကို ကန်ဒရာအင်ပါယာထဲ ဝင်ရောက်ဖို့ ကူညီနိုင်လိမ့်မယ်။ ငါက သူ့ကို အိမ်သုံးမှော်စက်တွေ အများကြီးပေးလိုက်တယ် ထင်နေတာလား၊ ဒါပေမယ့် ငါကတော့ အရမ်းနည်းတယ်ထင်နေတာ။ စဉ်းစားကြည့် ခမ်နက်ဒ်, ဒီသံတမန်ရဲ့ ကိုယ်ကျင့်စရိုက်နဲ့ဆို မှော်ဆလွန်းတွေနဲ့ အိမ်သုံးမှော်စက်တွေ ရရင် ကန်ဒရာအင်ပါယာကို ပြန်ပြီးတဲ့နောက်မှာ ဘာလုပ်လိမ့်မလဲ?”

ခမ်နက်ဒ်လည်း စဉ်းစားကြည့်ပြီးနောက် မျက်လုံးများ တောက်ပသွားသည်။

“ကျွန်တော် နားလည်ပြီ ဒီသံတမန်က သေချာပေါက် ကြွားမှာပေါ့! ပြီးတော့ ဒါက ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကို ကြော်ငြာအများကြီး လုပ်ပေးတာနဲ့ ညီမျှတယ်!”

“အခုတော့ ငါဘာလို့ ဒီလောက် သဘောကောင်းပေးလိုက်ရတယ်ဆိုတာကို နားလည်ပြီပေါ့?” ရှုယီက အပြုံးဖြင့်ဆိုသည်။

ခမ်နက်ဒ်လည်း ခေါင်းငြိမ့်ကာ မနေနိုင်ဘဲ ပြောလိုက်မိ၏၊ “ဥက္ကဌ ကျွန်တော် ဝန်ခံရမယ်၊ ကျွန်တော်က အမြင်ရှိတဲ့နေရာမှာ ဥက္ကဌကို ယှဉ်နိုင်ဖို့ အတော်လေး လိုနေသေးတယ်။ ခင်ဗျားက ယာဉ်တန်းထဲက သံတမန်ဟာကာနင်ကို မြင်ပြီးကတည်းက ဒါကို စဉ်းစားထားပြီးနေတာလား?”

ရှုယီက ခပ်ရေးရေးပြုံးပြီး လက်ခါကာ ထိုမေးခွန်းကို မဖြေပေ။

“ဟုတ်ပြီ ငါ့ကို မြှောက်ပင့်နေတာရပ်လိုက်တော့။ နျူမန် ငါတို့ကို လာမရှာခင် ဒီကကိစ္စတွေကို အရင်ကိုင်တွယ်ရမယ်။”

Frestech ကုန်သည်ကြီးများအသင်း၏ ကာရာကာမြို့ရှိ အဓိက ဆိုင်သည် ဤနေရာ၌ ရှိနေခဲ့သည်မှာ တစ်နှစ်ကြာပြီဖြစ်သော်လည်း ဤသည်က ရှုယီ ပထမဆုံး လာစစ်ဆေးသည့် အချိန်သာဖြစ်သည်။

ရှုယီ မရောက်ခင်က ဤနေရာကို အသိပေးထားပြီးဖြစ်သည်။ ရှုယီက ရူဒ်ဆန်တိုင်းပြည် မှော်စက်ဈေးကွက်၏ အကဲဖြတ်မှုလုပ်ရန် ရောက်နေသည်ကို သိထားသဖြင့် ၎င်းတို့မှာ ပြင်ဆင်ထားပြီးဖြစ်၏။

ရှုယီက အမိန့်ပေးခဲ့ရာ ဤဆိုင်၏ တာဝန်ခံက ရှုယီအတွက် ဘဏ္ဍာစာရင်းကို ထုတ်ယူလာသည်။

သို့သော်လည်း ရှုယီက အရေအတွက် အတိအကျကို ဂရုမစိုက်ပေ။ သူက ၎င်းတို့ကို ကြည့်ရုံသာ ကြည့်လိုက်ပြီးနောက် ခမ်နက်ဒ်ကို ပေးကာ စုစုပေါင်းရောင်းအား တင်ပြချက်ကို အာရုံစိုက်လိုက်၏။

ဤတင်ပြချက်အရ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ရူဒ်ဆန်တိုင်းပြည်၌ စတင် မရောင်းချခင်က ရူဒ်ဆန်တိုင်းပြည်၌ လည်ပတ်နေသည့် Frestech တံဆိပ် မှော်စက်များ ရှိနေပြီးသားပင်။

သို့သော် အများစုမှာ နျူမန်နှင့် ၎င်းတို့၏ ဆက်ဆံရေးကြောင့်သာ ထို မှော်စက်များကို ရူဒ်ဆန်တိုင်းပြည်၌ ရောင်းချရန် ယူလာခဲ့ခြင်းကြောင့် ရောင်းချခဲ့သည်က ထိုမျှ မများပေ။ အလွန်ဆုံး ရောင်းအားနှင့် ပတ်သက်လာပါက ရွှေဒင်္ဂါး နှစ်သိန်းကို မကျော်လွန်ပေ။

Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဤဆိုင်ကို ကာရာကာမြို့၌ တည်ထောင်ကာ အခြားမြို့များစွာတွင် ဆိုင်ခွဲမြောက်များစွာ ဆောက်တည်လိုက်ချိန်တွင် Frestech တံဆိပ် မှော်စက်များ၏ ရောင်းအား ရူဒ်ဆန်တိုင်းပြည်၌ တဟုန်ထိုးတက်လာတော့သည်။

လွန်ခဲ့သည့် လကတင် အဓိကဆိုင်နှင့် ဆိုင်ခွဲများ၌ ရောင်းချခဲ့သည့် အလုံးရေ သုံးသိန်း ခုနစ်သောင်းကျော်ကာ ရွှေဒင်္ဂါး ငါးသန်းကျော် ရောင်းအားအထိ ရောက်ရှိခဲ့သည်။

ရူဒ်ဆန်တိုင်းပြည်၏ အခွန်များကာ အမြတ်အစွန်းက လမ်ပူရီတိုင်းပြည်၌ ရောင်းစဉ်ကထက် ပိုနည်းသော်လည်း ၎င်းတို့၏ အမြတ်အစွန်းမှာ ရွှေဒင်္ဂါး နှစ်သန်းကျော်ထိ ရောက်ရှိနေဆဲပင်။

ထို့အပြင် အိမ်သုံးမှော်စက်များ ပိုမို ရေပန်းစားလာသည်နှင့် ၎င်းတို့၏ ရောင်းအားများလည်း ဆက်လက်တိုးတက်နေသည်။

ပထမလတွင် ၎င်းတို့၏ ရောင်းအားမှာ ရွှေဒင်္ဂါးတစ်သိန်းအထိသာ ရောက်ရှိခဲ့သော်လည်း ယခင်လက ရွှေဒင်္ဂါး ခုနစ်သိန်း ကျော်ခဲ့၏။

ဤသည်မှာ ရူဒ်ဆန်တိုင်းပြည်ရှိ တစ်နှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုဖြစ်သည်။

၎င်းအတိုင်း ဆက်သွားနေကာ ရူဒ်ဆန်တိုင်းပြည်သားများက Frestech တံဆိပ်မှော်စက်များကို လက်ခံလာကြလျှင် ၎င်းတို့၏ ရောင်းအားက သေချာပေါက် ဆက်လက်တိုးတက်နေမည်ပင်။

လမ်ပူရီတိုင်းပြည်ရှိ အခြေအနေသာ မပြောင်းလဲခဲ့လျှင် လမ်ပူရီတိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်းအတွက် ပထမဈေးကွက်ဖြစ်လိမ့်မည်။

လက်ရှိ လမ်းကြောင်းအရ ရူဒ်ဆန်တိုင်းပြည်မှာ မကြာခင်တွင် လမ်ပူရီတိုင်းပြည်ကို ကျော်လွန်ကာ Frestech ကုန်သည်ကြီးများအသင်းအတွက် အရေးအပါဆုံး ဈေးကွက်ဖြစ်လာတော့မည်။

သို့သော် ရှုယီ စဉ်းစားလိုက်ပြီးနောက် သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ရူဒ်ဆန်တိုင်းပြည်ဌာနခွဲ ဥက္ကဌ မား‌လော့ခ်ကူးလ်ကို ပြောလိုက်သည်၊ “နောက်လကစပြီး တခြားလုပ်ငန်းစု‌တွေရဲ့ အိမ်သုံးမှော်စက်တွေကို ဆိုင်တွေမှာ စ'ထားခိုင်းလိုက်ပါ။ ပြီးတော့လည်း ခင်ဗျားအနေနဲ့ သူတို့ကိုလည်း အရောင်းမြှင့်တင်ဖို့ သေချာအောင် လုပ်ပေးလိုက်၊ ဒါမှ တခြားအိမ်သုံးမှော်စက်တံဆိပ်တွေအနေနဲ့ ရောင်းအားအသင့်အတင့်ရကြမှာ။

ကူးလ်မှာ အံ့အားသင့်သွားသည်၊ “ဘာလို့လဲ? ဒါက ကျုပ်တို့ ဆိုင်ပဲလေ ဘာလို့ တခြားလုပ်ငန်းစုတွေရဲ့ ပစ္စည်းတွေကို ရောင်းပေးဖို့ လိုမှာလဲ?”

“ဒါက ကျုပ်တို့နဲ့ တခြားလုပ်ငန်းစုတွေကြားက သဘောတူညီချက်ပဲ ခင်ဗျားအနေနဲ့ လိုက်နာဖို့ပဲလိုတယ်။”

ကူးလ်မှာ ရှုပ်ထွေးသွားပါသော်လည်း ရှုယီက Frestech ကုန်သည်ကြီးများအသင်း၌ အဆင့်အတန်းမြင့်သဖြင့် မည်သည်ကိုမှ မဆိုနိုင်တော့ဘဲ စိတ်ထဲ၌သာ သံသယများကို ဆက်ထားလိုက်တော့သည်။

ရှုယီက သူ့အား ဖွံ့ဖြိုးရေးအစီစဉ်အပေါ် အပြောင်းအလဲ တချို့ကို ပြောပြလိုက်ပြီးနောက် နျူမန်က အပြေးရောက်လာသည်။

ရှုယီနှင့် ခမ်နက်ဒ်တို့ လုံခြုံနေကြသည်ကိုမြင်သော် နျူမန်မှာ စိတ်သက်သာရာရကာ သက်ပြင်းရှည်ကြီးချလိုက်ပါ၏။

“ဥက္ကဌရှု သံတမန်ဟာကာနင်က ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ဆိုင်ကို ရောက်လာတယ်ကြားလို့ သေလောက်အောင် လန့်သွားတာ။ ဒါပေမယ့် သူနဲ့ ခင်ဗျားမဆုံခဲ့တာ ကောင်းတဲ့အရာပဲ။”

“မဟုတ်ပါဘူး ကျုပ်နဲ့ တွေ့ပြီး စကားနည်းနည်းလောက် ပြောခဲ့သေးတယ်။” ရှုယီက အပြုံးဖြင့်ဆိုသည်။

နျူမန်၏ အမူအရာက ပြောင်းလဲသွားလေ၏။ သူက ရှုယီကို ရှုပ်ထွေးစွာ ကြည့်လာပြီးနောက် မေးတော့သည်၊ “ဒါဆို.... ဥက္ကဌရှု၊ သူ ခင်ဗျားကို ပြဿနာရှာသေးလား?”

ရှုယီက ပခုံးတစ်ချက်တွန့်၏၊ “သံတမန်ဟာကာနင်က ကျိုးကြောင်းသင့်လျော်တဲ့လူပါ။ ကျုပ် အထင်လွဲနေတာကို ဖြေရှင်းပြီးပြီး ကျုပ်တို့ကြား ဘာပြဿနာမှ မရှိတော့သလို မိတ်ဆွေကောင်းတွေတောင် ဖြစ်သွားပြီ။”

နျူမန်က ရှုယီကို ထူးဆန်းစွာ ကြည့်လာ၏။

သံတမန်ဟာကာနင်မှာ 'ကျိုးကြောင်းဆီလျော်သည်'ဟူသော စကားကို လုံးဝမဆက်စပ်နိုင်ပေ၊ ထို့ကြောင့် ရှုယီ မည်သို့ကိုင်တွယ်လိုက်သနည်း?

သို့သော် နျူမန်က ရှုယီ အဆင်ပြေနေလျှင် အဆင်ပြေသဖြင့် ထိုသံသယများကို လွှင့်ပစ်လိုက်တော့သည်။

ရှုယီထံ မလာခင်က သူဟာ ဘုရင်ကြီးတဲရုစ်ထံမှ ရူဒ်ဆန်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌအဖြစ် ရှုယီနှင့် ပိုမိုနက်ရှိုင်းသည့် ပူးပေါင်းမှုကို ဆွေးနွေးဖို့ရန် အမိန့်ရခဲ့သည်။

ဤအမိန့်ကို ရခြင်းက သံသယဝင်စရာပင် မလိုအောင် ဘုရင်ကြီးတဲရုစ်က Frestech ကုန်သည်ကြီးများအသင်းကို လက်ခံလိုက်ကာ သူ၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် ထောက်ပံ့မှုကို ပြသခြင်းဟု အဓိပ္ပာယ်ရသည်။

ဤသည်က နျူမန်အတွက် အင်မတန် ကောင်းမွန်သည့် သတင်းဖြစ်သည်။

သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်မျိုးစုံကို ရူဒ်ဆန်တိုင်းပြည်ထံ မိတ်ဆက်ပေးခဲ့သောကြောင့် သူ၏ လုပ်ဆောင်မှုကောင်းအတွက် အဆင့်မြှင့်ခံခဲ့ရသည်။

ယခုတွင် အရှင်မင်းကြီးက Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ အပြည့်အဝပူးပေါင်းရန် ဆုံးဖြတ်လိုက်သဖြင့် အရှည်ကြာဆုံး စာချုပ်ရှိသူဖြစ်ပြီး ၎င်းတို့ကို အကောင်းဆုံး နားလည်သူအဖြစ်ဖြင့်လည်းကောင်း ရူဒ်ဆန်တိုင်းပြည်ရှိ မှော်စက်များအကြောင်းကို အကောင်းဆုံး နားလည်သူအဖြစ်ဖြင့်လည်းကောင်း သူ့အနေနှင့် ဤပူးပေါင်းမှုကို ကိုင်တွယ်ရန် တာဝန်ရှိသူဖြစ်လာ၏။

အရှင်မင်းကြီး၏ အမိန့်အရ ဤကိစ္စက သူ့အတွက် အရေးကြီးသည်မှာ ရှင်းလင်းသည်။

ထို့နောက် သူ့အနေနှင့် ဤပူးပေါင်းမှုကိုလုပ်ဆောင်နိုင်သရွေ့ ဘုရင်ကြီး၏ ချီးကျူးမှုကို ရရှိကာ အဆင့်ထပ်မြှင့်ခံရနိုင်ရန် အခွင့်အရေးရှိသည်။ တစ်နေ့၌ ရူဒ်ဆန်တိုင်းပြည်၏ အထွဋ်အထိပ်ကို ရောက်ရန်မှာ အိပ်မက်တစ်ခု မဟုတ်တော့ပေ။

ထိုသို့စဉ်းစားရင်း နျူမန်မှာ ရှုယီအပေါ် အင်မတန်ကြင်နာကာ အပြည့်အဝပြုံး၍ ဆိုလိုက်၏၊ “ဥက္ကဌရှု အရှင်မင်းကြီးရဲ့ အမိန့်အရ ကျုပ်က ရူဒ်ဆန်တိုင်းပြည်အနေနဲ့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းရာမှာ ဆွေးနွေးဖို့ လွှတ်လိုက်တဲ့ ကိုယ်စားလှယ်ပဲ။ ဥက္ကဌရှု ကျုပ်တို့ ဘယ်စီမံကိန်းက စကြမလဲ?”

ရှုယီက စဉ်းစားပြီးနောက် မြောက်ဘက်ကို ညွှန်ပြသည်၊ “ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်ရဲ့ စက်ရုံကို အရင်တစ်ချက်ကြည့်ကြတာပေါ့။ ဥက္ကဌ ရူဒ်ဆန် ခင်ဗျားတို့ စက်ရုံတွေမှာ ထုတ်လုပ်နေတဲ့ မှော်စက်အရည်အသွေးက အတော်လေး စိုးရိမ်စရာဖြစ်နေတယ်လို့ ကြားထားတယ်.....”

နျူမန်၏ အမူအရာက အင်မတန် နေရခက်လာသည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၈၈။ ဝမ်းသာဖွယ် ပူးပေါင်းမှု

အချက်အလက်များက ဘုရင်ကြီးတဲရုစ်၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် ထောက်ပံ့မှုမှာ အပြောနှင့် မပြီးသွားသည်ကို သက်သေပြနေသည်။

ရှုယီကိုယ်စားပြုသည့် Frestech ကုန်သည်ကြီးများအသင်းနှင့် ရူဒ်ဆန်တိုင်းပြည်တို့၏ ဆွေးနွေးမှုများတွင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အကျိုးအမြတ်များစွာ ရရှိသည်။ ရူဒ်ဆန်တိုင်းပြည်ရှိ အဖွဲ့အစည်းကြီးများက Frestech ကုန်သည်ကြီးများအသင်း၏ အဆိုပြုချက် အားလုံးကို ထောက်ခံသည်မှာ ဘုရင်ကြီးတဲရုစ်ထံမှ အထူးညွှန်ကြားချက်ဖြစ်ကြောင်း ရှင်းလင်းလှသည်။

ရူဒ်ဆန်တိုင်းပြည်၌သာ လတစ်ဝက်လောက်နေပြီးနောက် ရှုယီကိုယ်စားပြုသည့် Frestech ကုန်သည်ကြီးများအသင်း နှင့် ရူဒ်ဆန်တိုင်းပြည်တို့အကြား စာချုပ်သုံးခု လက်မှတ်ထိုးပြီးဖြစ်သည်။

ပထမဆုံး ၎င်းတို့မှာ မြို့ငါးမြို့‌တွင် ပူးပေါင်းမှုကို စတင်မည်ဖြစ်သည်။ ၎င်းတို့အနေနှင့် နှစ်ဘက်စလုံး အဓိက ထောက်ခံထားသော အိမ်သုံးမှော်စက်ရုံ နှစ်ဆယ်ကျော်ကို ရင်းနှီးမြှုပ်နှံကာ လက်ရှိ Frestech ကုန်သည်ကြီးများအသင်းထံရှိ အိမ်သုံးမှော်စက်အားလုံးကို ထုတ်လုပ်မည်ဖြစ်၏။

၎င်းတို့ လက်မှတ်ထိုးခဲ့သည့် စာချုပ်အရ Frestech ကုန်သည်ကြီးများအသင်းမှာ ရံပုံငွေများနှင့် နည်းပညာကို ပေးမည်ဖြစ်ပြီး ရူဒ်ဆန်တိုင်းပြည်က မြေကွက်နှင့် ဦးစားပေးဆက်ဆံမှုပေးရမည်ဖြစ်သည်။ နောက်ဆုံး အမြတ်အစွန်းတွင် Frestech ကုန်သည်ကြီးများအသင်းက အဓိက ၇၀ရာခိုင်နှုန်း ယူကာ ထိုစက်ရုံနှစ်ဆယ်ကျော်ကို အကြွင်းမဲ့ထိန်းချုပ်ခွင့်ရှိသည်။

သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ရူဒ်ဆန်တိုင်းပြည်ထံ နည်းပညာအားလုံးကို ချပြရန်လိုအပ်သည်။ ၎င်းတို့အနေနှင့် ပြည်တွင်း ရူဒ်ဆန်တိုင်းပြည်အလုပ်သမားများကိုသာ စုဆောင်းနိုင်ပြီး Frestech ကုန်သည်ကြီးများအသင်းအနေနှင့် နည်းပညာဝန်ထမ်းသာ‌ ထောက်ပံ့နိုင်ပါ၏။

တစ်ချိန်တည်းမှာပင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ထိုအလုပ်သမားများကို မှော်စက်‌များ ထုတ်လုပ်ရာတွင် မည်သို့ အလုပ်လုပ်ပုံရှိသည်ကို သင်ကြားပေးဖို့လိုသည်၊ ထို့ကြောင့် ၎င်းတို့မှာ ကာရာကာမြို့တွင် မှော်စက်လုပ်ငန်းဆိုင်ရာကျွမ်းကျင်ရေးသင်တန်းကျောင်းကို ဖွင့်လှစ်မည်ဖြစ်သည်။

ဤမှော်စက်လုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းအား ရူဒ်ဆန်တိုင်းပြည်က ထိန်းချုပ်၍ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် သင်ကြားရေးပစ္စည်းများကိုသာထောက်ပံ့မည်ဖြစ်ပြီး မည်သည်ကိုမှ ဝင်စွက်ဖက်မည်မဟုတ်ပေ။

ဒုတိယအနေနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ နီရှီမြို့တွင် ရူဒ်ဆန်တိုင်းပြည်နှင့် သဘောတူညီမှုတစ်ခု ရှိခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းက နီရှီမြို့ရှိ ဆိပ်ကမ်းကို ချဲ့ထွင်ရာတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်၏။

ဤဆောက်လုပ်ရေး ပြီးနောက် ဆိပ်ကမ်းမှာ နီရှီမြို့ထံ အမြတ်အစွန်းအားလုံး ပေးမည်ဖြစ်သလို နီရှီမြို့က ၎င်းကို အကြွင်းမဲ့အုပ်ချုပ်ခွင့်ရလာမည်ဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ ဤဆိပ်ကမ်းရှိ ဆိပ်ခံတံတားဆယ်ခုအနက် ခုနစ်ခုတွင် အကြွင်းမဲ့ ဦးစားပေးခံရခွင့်များကိုရထားသည်။ Frestech ကုန်သည်ကြီးများအသင်း၏ လှေများ လာသည်နှင့် အခြားလှေများက ဖယ်ပေးရမည်ပင်။

ဤစာချုပ်၌ သေချာပေါက် မည်သည့်ဥပဒေမှမရှိသော်လည်း ရှုယီ၏ နီရှီမြို့ မြို့စားနှင့် သီးသန့်ဆွေးနွေးမှုများအရ နီရှီမြို့မှာ ဆိပ်ခံတံတားနှစ်ခုကို Frestech ကုန်သည်ကြီးများအသင်းအတွက် တစ်ချိန်လုံး အလွတ်‌ထားပေးမည်ဖြစ်သည်။

ထိုကိစ္စကို ရှုယီ နီရှီမြို့စားနှင့် ဆွေးနွေးချိန်တွင် အဘယ့်ကြောင့် ရှုယီက အတင်းအကြပ်ဖြစ်နေရခြင်းအပေါ် ရှုပ်ထွေးနေခဲ့သည်။

ဘုရင်ကြီးတဲရုစ်က Frestech ကုန်သည်ကြီးများအသင်းကို အပြည့်အဝထောက်ခံကာ တတ်နိုင်သမျှ အကောင်းဆုံး လိုအပ်ချက်များ ဖြည့်ဆည်းဖို့ အမိန့်ပေးထားခဲ့သော်ငြား သူသည်လည်း ရူဒ်ဆန်တိုင်းပြည်မှာ ဆိပ်ကမ်းကို ထိန်းချုပ်ရမည်ဖြစ်သောကြောင့် စိတ်ဖိစီးနေသည်။

ရှုယီ၏ တောင်းဆိုမှုမှာ အကန့်အသတ်ကို ရောက်နေပြီဖြစ်ရာ ဘုရင်ကြီးက စုံစမ်းဖို့ဆုံးဖြတ်လျှင် အရာအားလုံးပြိုကွဲသွားလိမ့်မည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ ငွေကြေးတိုက်ခိုက်မှုနှင့် နီရှီမြို့စားမှာ အဆုံးတွင် ရှုယီ၏ တောင်းဆိုမှုကို သဘောတူလိုက်သည်။

မည်သို့ဖြစ်စေ ၎င်းတို့အနေနှင့် ဆိပ်ကမ်း၏ ထိန်းချုပ်မှုကို ရထားဆဲဖြစ်ရာ မည်သို့ စီမံခန့်ခွဲမည်ကိုသာ အနည်းအကျဉ်း ပြောင်းလဲလိုက်ရုံရှိသည်။

ထို့အပြင် နီရှီမြို့မှာ ရူဒ်ဆန်တိုင်းပြည်တောင်ပိုင်းရှိ အကြီးမားဆုံး ဆိပ်ကမ်းမြို့ဖြစ်ပါသော်လည်း စိုင်စ်နယ်မြေကြီးအတွက် မည်သည့် ရေကြောင်း ပို့ဆောင်ဆက်သွယ်ရေးမှ မရှိသဖြင့် နှစ်စဉ် နီရှီမြို့ကို လာသည့် လှေအနည်းငယ်သာရှိသည်။

ရှုယီမှာ ဤဆိပ်ကမ်းကြီးကို တည်ဆောက်ရန် ရုတ်တရတ် ရွှေဒင်္ဂါးသုံးသန်း ရင်းနှီးမြှုပ်နှံလာခြင်းက မြို့စား နားမလည်နိုင်သည့်အရာဖြစ်သည်။

ဘုရင်ကြီးတဲရုစ်အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကိုထောက်ပံ့ကာ ဤဆိပ်ကမ်းကိုတည်ဆောက်ခြင်းက မည်သည့် ဆိုးကျိုးမှမရှိဘဲ ရူဒ်ဆန်တိုင်းပြည်ထံသို့ အကျိုးအမြတ်များ ယူလာမည့်ဟု ထင်နေပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်း ထိုသို့ လုပ်ဆောင်ရသည့် အကြောင်းအရင်းကြောင့် စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။

တတိယအဓိက စာချုပ်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် မစပ်ဆိုင်နေပေ။

ဤစာချုပ်တွင် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း ကိုယ်စား ရူဒ်ဆန်တိုင်းပြည်ကို အခြားလုပ်ငန်းစု သုံးဆယ်ကို စတင် စစ်ဆေးဖို့ တောင်း‌ဆိုထားကာ ၎င်းက ရူဒ်ဆန်တိုင်းပြည်ဈေးကွက်ကို ဖွင့်လှစ်မည့် အဓိပ္ပာပင်။

ဤလုပ်ငန်းစုသုံးဆယ်မှာ ဘန်တာမြို့မှ ဆန်နက်မြေရိုင်းဆီသို့ Frestech ကုန်သည်ကြီးများအသင်းနောက် လိုက်ပါလာကြသည့် မှော်စက်လုပ်ငန်းစုများဖြစ်၏။

ပြောရလျှင် ဤနောက်ဆုံး သဘောတူညီမှုက ရှုယီအတွက် အရေးပါဆုံးတစ်ခုဖြစ်သည်။

သူ့အနေနှင့် ရူဒ်ဆန်တိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့၏ ပူးပေါင်းရေးကို မစိုးရိမ်ဘဲ ရူဒ်ဆန်တိုင်းပြည်က အခြားလုပ်ငန်းစုများကို ငြင်းပယ်ကာ ၎င်းတို့ကိုယ်ပိုင်နိုင်ငံ၏ မှော်စက်မှုနယ်ပယ် ဖွံ့ဖြိုးရေးကို အဟန့်အတားဖြစ်မည်အား စိုးရိမ်နေလေသည်။

သို့သော် ရှုယီမှာ ဘုရင်ကြီးတဲရုစ်၏ ရဲတင်းမှုကို လျှော့တွက်ထားခဲ့သည်။ ရှုယီ၏ တောင်းဆိုမှုအား ကြားသိပြီးနောက် ဘုရင်ကြီးတဲရုစ်က သုံးရက်တာလေးအတွင်း ဆုံးဖြတ်ချက်ချကာ ထိုလုပ်ငန်းစု သုံးဆယ်အတွက် ဈေးကွက်ကို ဖွင့်လှစ်၍ ၎င်းတို့အား ဦးစားပေးဆက်ဆံ‌မှုပေးအပ်ကာ ရူဒ်ဆန်တိုင်းပြည်၌ ၎င်းတို့၏ထုတ်ကုန်များကို ဖြန့်ချိရင်း ထိုထုတ်ကုန်များ၏ ပုံမှန်လည်ပတ်ခြင်းကို အာမခံရန် သူ၏ အာဏာအလုံးစုံကို အသုံးပြုခဲ့သည်။

သို့သော် ဘုရင်ကြီးတဲရုစ်က တင်းကြပ်သည့်စည်းမျဉ်းတချို့ ချထား၏။ ဤတစ်ခေါက် လုပ်ငန်းစု သုံးဆယ့်ခြောက်စုမှလွဲ၍ အခြားမည်သည့်လုပ်ငန်းစုကိုမှ ရူဒ်ဆန်တိုင်းပြည်တွင် ဝင်ခွင့်ပြုမည်မဟုတ်တော့ပေ။

တစ်ချိန်တည်းမှာပင် ဘုရင်ကြီးတဲရုစ်မှာ အခြားလုပ်ငန်းစု သုံးဆယ့်ငါးခုကို Frestech ကုန်သည်ကြီးများအသင်း နည်းတူ ရူဒ်ဆန်တိုင်းပြည်၌ အနည်းဆုံး စက်ရုံ အရုံနှစ်တယ် တည်ဆောက်ဖို့ရန် အဆိုပြုခဲ့သည်။

ရှုယီလည်း ၎င်းကို သဘောတူလေ၏။

ယခုတွင် ၎င်းလုပ်ငန်းစုများက လမ်ပူရီတိုင်းပြည်၌ ၎င်းတို့၏ အကြီးမားဆုံး ဈေးကွက်ကို ဆုံးရှုံးခဲ့ပြီဖြစ်ရာ ဒရိတ်ခ်နယ်မြေ၊ မီရန်ဒိုနယ်မြေနှင့် စတက်တိန်းနယ်မြေတို့ရှိ သေးငယ်ပြီး မဖွံ့ဖြိုးသေးသော ဈေးကွက်များ၌သာ အသင့်လိုက်မျောနေရုံလေးသာ တတ်နိုင်သဖြင့် ၎င်းတို့အတွက် များစွာ ခက်ခဲလေသည်။

ယခုတွင် ရူဒ်ဆန်တိုင်းပြည်မှာ ၎င်းတို့အတွက် ဈေးကွက် ဖွင့်လှစ်ပေးဖို့ ဆန္ဒရှိနေလေရာ ၎င်းတို့အား ရေနှင့် မီးမှ ကယ်‌တင်ပေးသည်နှင့် မခြားလှပေ။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်း၏ ရူဒ်ဆန်တိုင်းပြည်နှင့် ပူးပေါင်းမှုမှာ ၎င်းတို့၏ အကျိုးအမြတ်များအတွက် အကူအညီဖြစ်လိမ့်မည် ဖြစ်သဖြင့် အခြားလုပ်ငန်းစု သုံးဆယ်ကျော်မှာ အဘယ်သို့များ သဘောမတူနိုင်ဘဲ ရှိမည်နည်း။

အနှီ အရေးပါဆုံး သဘောတူညီမှုသုံးခုအပြင် ရှုယီ၏ Frestech ကုန်သည်ကြီးများအသင်းနှင့် ရူဒ်ဆန်တိုင်းပြည်တို့မှာ သေးငယ်သော သဘောတူညီမှုများလည်း လုပ်ဆောင်ခဲ့သည်။

ဥပမာဆိုရသော် Frestech ကုန်သည်ကြီးများအသင်းက မှော်စက်များကို အတူတကွ သုတေသနပြုပြီး ထုတ်လုပ်ရန် ရူဒ်ဆန်တိုင်းပြည်၏ မှော်ပညာဌာနနှင့် အလုပ်လုပ်မည်ဖြစ်၏။

ဥပမာဆိုရသော် ရူဒ်ဆန်တိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ တောင်းဆိုချက်များကို လိုက်နာကာ ရူဒ်ဆန်တိုင်းပြည်ရှိ လူပုလေးများနှင့် နတ်သူငယ်များကို ရှာဖွေမည်ဖြစ်၏။ ဆက်သွယ်မှု လုပ်ဆောင်ပြီးနောက် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းအား စုဆောင်းခွင့်ပြုမည်ပင်။

ဥပမာ ဆိုရသော်.....

......

လိုရင်းဆိုရလျှင် လတစ်ဝက်ကြာပြီးနောက် ရှုယီနှင့် ခမ်နက်ဒ်တို့မှာ ဘုရင်ကြီးတဲရုစ် ကျင်းပသော ပွဲကို တက်ရောက်ခဲ့ကြသည်။ နျူမန်က ၎င်းတို့ကို ကာရာကာမြို့မှ လိုက်ပို့ပေးပြီးနောက် နှစ်ဦးသားမှာ ဤတစ်ခေါက် ရူဒ်ဆန်တိုင်းပြည်ခရီးကို စိတ်တိုင်းကျနေကြသည်။

ရှုယီလည်း နောက်လှည့်ကာ မှော်ဆလွန်း၏ ပြတင်းနောက် အဝေးတွင် မှေးမှိန်ကျန်ခဲ့သည့် ကာရာကာမြို့ကို ကြည့်လိုက်သည်။ သူဟာ မနေနိုင်ဘဲ ခံစားချက်အပြည့်ဖြင့် ဆိုလာသည်၊ “ပြောရရင် အ‌မျှော်အမြင်၊ ရဲတင်းမှု၊ လှုပ်ရှားတတ်မှုနဲ့ ကြိုမြင်တတ်တဲ့နေရာမှာ ဘုရင်ကြီးတဲရုစ်က လက်ရှိ ဘုရင်အဲရစ်ကိုမပြောနဲ့ အရှင်မင်းကြီး လမ်ပူရီဆယ့်သုံးထက်တောင် အများကြီး ပိုကောင်းတယ်။”

နံဘေးရှိ ခမ်နက်ဒ်က ခါးသက်သက်ပြုံး၍ ခေါင်းခါသည်၊ “တခြားနည်းလမ်းမရှိဘူးလေ၊ ဘုရင်ကြီးအဲရစ်က အရင်က ဘာထူးချွန်တဲ့အစွမ်းအစကိုမှ ထုတ်ပြဖို့ နည်းလမ်းမရှိခဲ့သလို လမ်ပူရီဆယ့်သုံးက မင်းသမီးလေး ဆယ်ဗီနီကို သူ့ရဲ့ဆက်ခံသူဖြစ်စေချင်နေခဲ့တာ။ ပြီးတော့ ဘုရင်ဖြစ်လာပြီးတဲ့နောက်မှာ လမ်ပူရီတိုင်းပြည်ကို စတက်ဂျ်မိသားစုက ထိန်းချုပ်လိုက်တော့ သူလုပ်ချင်ရင်တောင် ဘာကိုမှ လုပ်လို့မရနိုင်ဘူး။”

ရှုယီက ရယ်မောလေသည်၊ “လမ်ပူရီတိုင်းပြည်ကို အဲ့လူတွေ ဖျက်ဆီးနေတော့ အခြေအနေက ဆိုးသည်ထက် ဆိုးလာနေပြီ။ အောင်မြင်ခဲ့တဲ့ ကိုလာဘိုမြို့ကို ဖြေရှင်းခဲ့ပေမယ့်လည်း ငါ ရခဲ့တဲ့ သတင်းအရဆို လမ်ပူရီတိုင်းပြည်ရဲ့ အတွင်းပိုင်းအခြေအနေက ပြိုလဲတော့မယ်လေ။ သူတို့သာ ဂရုမစိုက်ရင် ပြည်တွင်းစစ်ဖြစ်လာနိုင်တယ်။”

ခမ်နက်ဒ်သည် စဉ်းစားလိုက်ပြီးနောက် ခေါင်းခါသည်၊ “ဒါက မသေချာပါဘူး ဥက္ကဌ ကိုလာဘိုမြို့ရဲ့ အခြေအနေကို ဘယ်လိုဖြေရှင်းခဲ့လဲ သိရဲ့လား?”

“ကိုလာဘိုမြို့ရဲ့ မြို့စားက အရှုံးပေးခဲ့တယ်လို့ ကြားထားတာ မဟုတ်ဘူးလား?”

“သူ အရှုံးပေးခဲ့ပေမယ့်လည်း ဒီဆုံးဖြတ်ချက်ကို ချဖို့ ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းက ဘုရင် အဲရစ်အနေနဲ့ ဒုခ့်စတက်ဂျ် စေလွှတ်ခဲ့တဲ့ အစောင့်တပ်ကို တားခဲ့လို့ပဲ။ သူ့အနေနဲ့ နိုင်ငံမှာ ပြည်တွင်းစစ် မဖြစ်စေချင်ဘဲ ငြိမ်းချမ်းရေးကို လိုအပ်တယ်ဆိုတာ‌ ဖော်ပြပြီး ဒီကိစ္စကို ဖြေရှင်းခဲ့တာပဲ။ ဒီတော့ ဘုရင်အဲရစ်က ဒီကိစ္စကို ဆက်လိုက်နေမှာမဟုတ်ကြောင်း ကတိပေးခဲ့ပြီး ကိုလာဘိုမြို့စားကလည်း အရှုံးပေးခဲ့တယ်။”

“ကတိပေးတယ်?” ရှုယီထံ၌ ထူးဆန်းနေဟန်ရှိကာ ခေါင်းမယမ်းမိဘဲ မနေနိုင်တော့ပေ၊ “ကိုလာဘိုမြို့စားက သုံးနှစ်သားကလေးမှမဟုတ်တာကို ဒီကတိကို တကယ်ကြီး ယုံကြည်တယ်လား?”

ခမ်နက်ဒ်က ခပ်သာသာပြုံးသည်၊ “ဥက္ကဌ ဘုရင်အဲရစ်က ဘုရင်တစ်ပါးအနေနဲ့ ကတိပေးတာကို မျိုးရိုးမြင့်တစ်ယောက်အနေနဲ့ ဆန့်ကျင်လိုက်လို့ကတော့ သူရဲ့ ဂုဏ်အဆင့်ကို ပြင်းပြင်းထန်ထန်ရိုက်ခတ်မှာလေ။ ဒီတော့ အကြွင်းမဲ့ လိုအပ်နေတာ မဟုတ်သရွေ့ သူလည်း သူ့ရဲ့ကတိကို ဆန့်ကျင်မှာ မဟုတ်ဘူး။”

“အချက်အလက်တွေက သက်သေပြနေတယ်၊ ကိုလာဘိုမြို့ကို ချွေးသိပ်ပြီး ဘုရင်အဲရစ်က ဒီကိစ္စကို စုံစမ်းဖို့ မစီစဉ်ထားဘူး။ ပြီးတော့ ကိုလာဘိုမြို့က ပုန်ကန်မှုကလည်း စတက်ဂျ် မိသားစုကို ဆန့်ကျင်ပြီး သတင်းစကားတစ်ခု ပို့ခဲ့တဲ့ မျိုးရိုး‌မြင့်တွေပဲ။ အခု ဘုရင် အဲရစ်က သူတို့လိုချင်တဲ့ တုံ့ပြန်မှုပေးလာတာကြောင့် လူတိုင်းက အကြောင်းအရင်းမရှိဘဲ ပြဿနာ ဖန်တီးမှာ မဟုတ်ဘူးလေ။”

ရှုယီက အသာမျက်မှောင်ကုပ်သည်၊ “ဒီလိုသာဆိုရင် ဘုရင်အဲရစ်က စတက်ဂျ်မိသားစုကို ဖိနှိပ်လိုက်တဲ့ အဓိပ္ပာယ်မဟုတ်ဘူးလား? စတက်ဂျ်မိသားစုက လုံးဝ မတုံ့ပြန်ဘူးလား?”

“အနည်းဆုံး လတ်တလောတော့ စတက်ဂျ်မိသားစုက ဘာကိုမှ မပြောသေးဘူး။ ဒုခ့်စတက်ဂျ် က ကိုလာဘိုမြို့ကို တိုက်ခိုက်ဖို့ စီစဉ်ထားပြီးသား ဒုတိယစစ်တပ်ကို ပြန်ခေါ်ရမယ့် အမိန့်ကို နာခံရုံတင်မကဘူး နိုင်ငံရဲ့ တည်ငြိမ်မှုက အားလုံးအထက်မှာ ရှိတာကိုလည်း ညွှန်ပြခဲ့တယ်၊ စတက်ဂျ်မိသားစုက ဘုရင်အဲရစ်ရဲ့ ဆုံးဖြတ်ချက်တွေကို အပြည့်အဝထောက်ပံ့မှာပဲ။”

ထိုသို့ပြောလိုက်စဉ်တွင် ခမ်နက်ဒ်မှာ ရုတ်တရတ် စိတ်လှုပ်ရှားလာလေ၏။

“ခင်ဗျားသိလား? ဥက္ကဌ၊ ဘုရင်အဲရစ်က အရင်ကနဲ့ ယှဉ်ရင် ပိုပြီး လုံ့လရှိလာပြီ။ သူက နိုင်ငံက ကိစ္စတွေအပေါ် သူ့ရဲ့အမြင်ကို စတင်ဖော်ပြလာရုံတင်မကဘူး ခိုင်မာတဲ့ရပ်တည်ချက်ကို ပြသဖို့ ဒုခ့်စတက်ဂျ်ရဲ့ အကြံပြုချက်အတော်များများကို ငြင်းပယ်ခဲ့ပြီး တဖြည်းဖြည်းနဲ့ ဘုရင်တစ်ပါးရဲ့ ရဲရင့်မှုနဲ့ ဂုဏ်သိက္ခာကို ပြလာတယ်။ ကျွန်တော့်အထင် ဒီလိုဆက်ဖြစ်နေသရွေ့ ကျွန်တော်တို့ လမ်ပူရီတိုင်းပြည်လည်း ပိုသန်မာလာဖို့ မျှော်လင့်ချက်ရှိပြီပဲ။”

ခမ်နက်ဒ်၏ ရွှင်ပျပျအပြုံးကိုမြင်သော် ရှုယီမှာ စိတ်ထဲ၌ အပြည့်အဝ သဘောမတူမိပေ။

ပထမဦးဆုံး သူဟာ ကမ္ဘာမြေမှ လာသူဖြစ်သောကြောင့် လမ်ပူရီတိုင်းပြည်အကြောင်း များများစားစားဂရုမစိုက်နေပေ။ သူ့အနေနှင့် ဤအပြောင်းအလဲမှ ခမ်နက်ဒ်ကဲ့သို့ များများစားစား ပျော်ရွှင်မှုကို ခံစားရမည်မဟုတ်ပေ။

ဒုတိယ သူ့အနေနှင့် ဘုရင်အဲရစ်၏ ပြောင်းလဲမှုမှာ ထိုမျှကောင်းမွန်မည်ဟု မထင်‌ချေ။

သူ့ထံ၌ အရည်အချင်းနှင့် ရဲဝံ့မှုရှိပါလျှင် Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်မှ မောင်းထုတ်ခံခဲ့ရမတဲ့လား?

သူသာ လမ်ပူရီတိုင်းပြည်ကို ဘုရင်ကြီးတဲရုစ်က ရူဒ်ဆန်တိုင်းပြည်အား ထိန်းချုပ်သလို ထိန်းချုပ်နိုင်ပြီး Frestech ကုန်သည်ကြီးများအသင်းကို ထောက်ပံ့ပါလျှင် ရူဒ်ဆန်တိုင်းပြည်၌ Frestech ကုန်သည်ကြီးများအသင်း ရင်းနှီးမြှုပ်နှံခဲ့သော ရွှေဒင်္ဂါးဆယ်သန်းမှာ လမ်ပူရီတိုင်းပြည်က ရနေလောက်ပြီဖြစ်သည်။ ၎င်းက လမ်ပူရီတိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူဖြစ်လိမ့်မည်သာ။

အရေးကြီးဆုံးပြဿနာမှာ သူ့အနေနှင့် စတက်ဂျ် မိသားစုကို ဖိနှိပ်၍ လမ်ပူရီတိုင်းပြည်ကို မျှခြေ၌ ပြန်‌ဖြစ်စေကာ တစ်ဖန် ထိန်းချုပ်လိုခြင်းပင်။ ဤအကြံက မဆိုးလှသော်လည်း.... ထိုသို့ တကယ်ပဲ လုပ်နိုင်မည်လား?

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၈၉။ ဘုရင်တစ်ပါး၏ ဂုဏ်အဆင့်

အဲရစ်မှာ အသက်ပြင်းပြင်းရှူကာ တစ်မိနစ်တာမျှ အနားယူရန် မျက်လုံးများမှိတ်လိုက်ပြီးနောက် တစ်ဖန် ပြန်ဖွင့်လိုက်၏။ သူက ရေအေးဇလုံထဲ စိမ်ထားသည့် ပဝါကို ကောက်ယူ၍ မျက်နှာကို နှစ်ချက်ခန့်ပုတ်ကာ မိမိကိုယ်ကို လန်းဆန်းအောင်လုပ်ပြီးနောက် စာတမ်းများကို ဆက်ကြည့်နေ‌လိုက်သည်။

ဒုခ့်စတက်ဂျ်အား ယခင်တစ်ယောက် ကိုလာဘိုမြို့ကို ကိုင်တွယ်ရန် ဒုတိယစစ်တပ် လွှတ်ခြင်းမှ အတင်းအကြပ်တားဆီးပြီးနောက်တွင် အဲရစ်မှာ တစ်စုံတရာကို နားလည်သွားသလိုပင်။ သူဟာ ယခင်က နိုင်ငံရေးကိစ္စများကို အသစ်တဖန်နားလည်ကာ မတူညီသည့် အမြင်ဖြင့်မြင်လာ၏။

သူ့အနေနှင့် ဒုခ့်စတက်ဂျ် အပေါ် အားကိုးမှု များစွာ နည်းပါးလာကာ အရေးကြီးသည့်အရာ မရှိသရွေ့ ဒုခ့်စတက်ဂျ် ကို လုံးဝအခေါ်မလွှတ်ဘဲ အချိန်အများစုကို သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချိန်အတိုင်း အသုံးပြုသည်။

သေချာပါသည် သူဟာ အခြားဝန်ကြီးများကို ၎င်းတို့၏ အမြင်အတွက် သုံးသပ်ခိုင်းမြဲဖြစ်သလို သူ၏ကိုယ်ပိုင်ဉာဏ်ရည်တိုးတက်ရန်လည်း ဖတ်ရှုပါ၏။ သူဟာ တော်ဝင်နန်းတော်မှ ထွက်ခွာကာ လူအများကြားနားလည်နိုင်ရန်ပင် ရောနှောနေတတ်သည်။

လိုရင်းဆိုရသော် သူဟာ မိမိကိုယ်ကို ပိုမို ရင်းနှီးမြှုပ်နှံကာ ဘုရင်တစ်ပါး၏ ကဏ္ဍထဲပိုဝင်လာသလို ဘုရင်တစ်ပါး၏ ဂုဏ်အသရေနှင့် တင့်တယ်မှုတို့ကိုလည်း ခံစားမိလာ၏။

မှန်ပါ၏ ၎င်းက သူ့အနေနှင့် ဖိအားကို နက်နက်ရှိုင်းရှိုင်းခံစားရသည့် အဓိပ္ပာယ်လည်းဖြစ်သည်။

နိုင်ငံရေးအကြောင်း ပိုလေ့လာရင်း အဲရစ်မှာ ယခင်က သူချခဲ့သည့် ဆုံးဖြတ်ချက်ကို ပို၍ ပို၍ နောင်တရလာသည်။

အမျိုးမျိုးသော အချက်အလက်များအရ အဆိုးဆုံးသော အမှားအယွင်းမှာ Frestech ကုန်သည်ကြီးများအသင်းကို ဆက်လက် ထိန်းသိမ်းမထားမိခြင်းပင်။

နှစ်တစ်ဝက် ကုန်လွန်သွားပြီး လမ်ပူရီတိုင်းပြည်၏ အမြတ်ခွန်က ရွှေဒင်္ဂါးတစ်သန်းအထိပင် မရောက်ချေ။

ဤလမ်းကြောင်းအရ နှစ်ဆုံးတွင် လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာရေးအခွန်မှာ တစ်သန်းကျော်ရုံသာရှိပြီး ရွှေဒင်္ဂါးတစ်သန်းခွဲကို သေချာပေါက် ကျော်လွန်နိုင်လိမ့်မည်မဟုတ်ပေ။

ယခင်နှစ်များ၌ အနည်းဆုံး နှစ်သန်းရခဲ့ပြီး ယခင်နှစ်က သုံးသန်းကို ကျော်ခဲ့ချိန်များနှင့် ယှဉ်လျှင် လမ်ပူရီတိုင်းပြည်မှာ ယခုတွင် များစွာ ဆင်းရဲနေပြီဖြစ်၏။

အဲရစ်သည် နိုင်ငံရေးနှင့် ပို၍ရင်းနှီးလာသဖြင့် သဘာဝကျစွာပင် ၎င်းအတွက် အကြောင်းအရင်းကို သိလေသည်။

Frestech ကုန်သည်ကြီးများအသင်း ရှိစဉ်အခါက နိုင်ငံ အမြတ်ခွန်၏ သုံးပုံနှစ်ပုံမှာ Frestech ကုန်သည်ကြီးများအသင်း ကိုယ်စားပြုသည့် မှော်စက်မှုနယ်ပယ်မှ လာပေသည်။

ဘန်တာမြို့ တစ်မြို့တည်းနှင့် နှစ်စဉ် အခွန် ရွှေဒင်္ဂါးတစ်သန်းရွှေဒင်္ဂါးတစ်သန်းပေးခဲ့ရာ လမ်ပူရီတိုင်းပြည်၏ ယခင် နှစ်စဉ်အမြတ်ခွန်ကို ယှဉ်နိုင်လုနီးပါးပင်။

ဆိုရသော် Frestech ကုန်သည်ကြီးများအသင်းမှာ။ဤနေရာ၌ အရေးကြီးကဏ္ဍတွင် ပါဝင်ပေသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း လမ်ပူရီတိုင်းပြည်မှ ထွက်ခွာသွားကတည်းက ဘန်တာမြို့နှင့် လမ်ပူရီတိုင်းပြည်ရှိ မှော်စက်မှုလုပ်ငန်း အများစုမှာ နိုင်ငံမှ ထွက်ခွာသွားကြသည်။ ၎င်းက လမ်ပူရီတိုင်းပြည်ရှိ မှော်စက်မှုနယ်ပယ် လွှမ်းမိုးမှုကို ကျဆင်းသွားစေသလို အမြတ်ခွန်ကိုပါ လျော့ကျသွားစေသည်။

သေချာသည်မှာ ၎င်းကလည်း မှော်စက်မှုနယ်ပယ်ကို ထိန်းချုပ်နေသော လုပ်ငန်းစုဆယ်စုနှင့် သက်ဆိုင်သည်။

စာရင်းများအရ ထိုလုပ်ငန်းစုဆယ်ခုမှာ နွမ်းပါးသည့် နယ်ပယ်တို့ကြောင့် အရှုံးများကို ရင်ဆိုင်နေရသဖြင့် ၎င်းတို့ပေးသည့် အခွန်က အတော်လေး သနားစရာပင်။

အဲရစ်သည် မှော်စက်မှုနယ်ပယ်က Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများ ထွက်ခွာသွားခြင်းကြောင့် ထိခိုက်ရခြင်းကို စိတ်ထဲ၌ သိသော်လည်း ၎င်းတို့၏ ငွေများဆုံးရှုံးရခြင်းဟုဆိုရလျှင် မည်သည်ကိုမှ ပြောရန် မဖြစ်နိုင်ချေ။

အဲရစ်၏ သီးသန့်သတင်းအရ ရော့ခီဖယ်လာကုန်သည်ကြီးများအသင်းနှင့်တင် ယခင်လက ရွှေဒင်္ဂါးနှစ်သိန်းကျော် အမြတ်ရခဲ့သည်။

သို့သော် ယခင်လက ရော့ခီဖယ်လာကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါးခုနစ်သောင်းကျော် ဆုံးရှုံးခဲ့ရကြောင်း စီးပွားရေးဌာနကို တင်ပြခဲ့သည်။ ထို့ကြောင့် ရော့ခီဖယ်လာကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့ ပေးသင့်သလောက် အခွန် ရွှေဒင်္ဂါး ရှစ်သောင်းကျော်ကို ပေးရန် မလို‌တော့ရုံသာမက ရွှေဒင်္ဂါးသုံးသောင်း အထူး ထောက်ပံ့ကြေးပင် ရရှိခဲ့ကြသည်။

၎င်းကြောင့် ရော့ခီဖယ်လာကုန်သည်ကြီးများအသင်းအနေနှင့် ရွှေဒင်္ဂါး ဆယ့်နှစ်သိန်းနီးနီး ဝင်ခဲ့၏။

အပိုရွှေဒင်္ဂါးဆယ့်နှစ်သိန်း မည်သည့်နေရာသို့ သွားသည်လဲဆိုသည် အတွက်တော့.....

ရော့ခီဖယ်လာကုန်သည်ကြီးများအသင်း နောက်ကွယ်မှ စတက်ဂျ်မိသားစုအကြောင်း စဉ်းစားလိုက်မိတိုင်း အဲရစ်မှာ စိတ်ထဲ မနေနိုင်အောင် ဒေါသဖြစ်လာရသည်။

“ဒီသောက်ကပ်ပါးကောင်တွေကတော့!” အဲရစ်မှာ စိတ်ထဲ ဆဲရေးပြီးနောက် ကူရာမဲ့စွာ တစ်ချက် ခါးသက်သက်ရယ်လိုက်မိသည်။

ဒုခ့်စတက်ဂျ် မှာ ဤအတောအတွင်း အပြင်ပန်း၌ သူ့အပေါ် အင်မတန် ဖော်ရွေနေကာ သူ့ထံရှိ မည်သည့်အကြံပြုချက်ကိုမှ မဆန့်ကျင်သလို အမိန့်တိုင်းကို လုပ်ဆောင်နေသော်လည်း သူ၏ နိုင်ငံအပေါ် လတ်တလော ထိန်းချုပ်မှုက လုံလောက်ဖို့ လိုအပ်ဣသေးသည်ကို အဲရစ်သိပေသည်။

စတက်ဂျ်မိသားစု ဦးဆောင်သည့် ရှေးရိုးစွဲ မျိုးရိုးမြင့်များကို ရင်ဆိုင်ရန် အလုံအလောက်မသန်မာသေးချိန်တွင် အဲရစ်အနေနှင့် သည်းခံရုံသာတတ်နိုင်၏။

၎င်းမတိုင်ခင် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ၏ အပိုင်ဖြစ်သည့် အာဏာကို ဒုခ့်စတက်ဂျ် လက်ထဲမှ နည်းနည်းချင်းစီ ပြန်ယူရန်သာရှိသည်။

“ဒေါက် ဒေါက် ဒေါက်”

တံခါးခေါက်သံထွက်လာ၏။

အဲရစ်လည်း တံခါးကိုကြည့်ကာ မပြုံးမိဘဲ မနေနိုင်တော့ချေ။

နောက်ဆုံးတွင် ဒုခ့်စတက်ဂျ်မှာ ဝင်လာရန် တံခါးခေါက်ဖို့ လိုအပ်ကြောင်း သင်ယူလိုက်ပြီဖြစ်၏။

“ဝင်လာခဲ့” အဲရစ်က ဆိုသည်။

တံခါးမှာ အသာအယာပွင့်သွားပြီး ဒုခ့်စတက်ဂျ် လှမ်းဝင်လာလေသည်။

“အရှင်မင်းကြီး” ဒုခ့်စတက်ဂျ် က ရှုယီကို တစ်ချက်ဦးညွှတ်သည်၊ “ရုတ်တရတ် ကျွန်တော့်ကို ဆင့်ခေါ်လိုက်တာ တစ်ခုခုများ လိုအပ်လို့လား?”

“အင်း ကိုယ်တော် အမိန့်တစ်ခု အခုပဲ ရေးပြီးတာ ကြည့်လိုက်ပါဦး။” အဲရစ်က မင်'ပင် မခြောက်သေးသည့် စာရွက်တစ်ရွက် ကမ်းပေးလိုက်သည်။

ဒုခ့်စတက်ဂျ်လည်း ၎င်းကိုယူလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်နှင့် မျက်‌မှောင်ကျုံ့သွားသည်။ ဤအမိန့်မှာ မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနကို ရည်ရွယ်ထားသည်။

အကြောင်းအရာ အနှစ်ချုပ်မှာ အဲရစ်အ‌နေနှင့် ဌာနကို ပြန်လည်ဖွဲ့သည်းလိုကာ ဌာနက စီမံခန့်ခွဲနေသည့် လုပ်ငန်းစုအားလုံးကို တစ်ဖန် စစ်ဆေးလိုခြင်းပင်။

တိုက်ရိုက်အကျဆုံးမှာ လုပ်ငန်းစုတစ်ခုစီက ၎င်းတို့၏ ဘဏ္ဍာရေးများကို အစစ်ဆေးခံဖို့ လိုအပ်သည်။

လုပ်ငန်းစုတစ်စုက အလုံအလောက် ငွေမရလျှင် ဌာနက ထိုလုပ်ငန်းစုအတွက် ၎င်းတို့၏ ဆုံးရှုံးမှုကို အမြတ်များအဖြစ် ပြောင်းလဲမည့် နည်းလမ်းစဉ်းစားရမည်ဖြစ်၏။

ဌာနက ထိုသို့ မလုပ်နိုင်ပါလျှင် ဥပဒေချိုးဖောက်ခြင်းဟု ယူဆမည်ဖြစ်သည်။

လုပ်ငန်းစုတစ်ခုက အလုံအလောက်မသန်မာသလို အမြတ်မရှာနိုင်လျှင် မှော်စက်မှုနယ်ပယ်၏ ကောင်းမွန်သောတိုးတက်ရေးကို မြှင့်တင်ရန် အလို့ငှာ ဌာနအနေနှင့် ထိုလုပ်ငန်းစု၏ လုပ်ငန်းအခွင့်အရေးများကို ဖယ်ရှား‌ကာ နယ်ပယ်ပြောင်းလဲရန် တွန်းအားပေးဖို့ အခွင့်အရေးရှိ၏။

အပြင်ပန်းမှဆိုလျှင် ထိုအမိန့်နှင့် ပတ်သက်ပြီး မည်သည်ကမှ မှားယွင်းမနေချေ။

သို့သော် သေချာစဉ်းစားကြည့်ပါလျှင် ဌာန၏ အဓိက အဖွဲ့ဝင်များမှာ စတက်ဂျ်မိသားစုမှဖြစ်ပြီး လုပ်ငန်းစုဆယ်ခုက မှော်စက်မှုနယ်ပယ်ကို ထိန်းချုပ်ထားသဖြင့် ဤအမိန့်မှာ၎င်းတို့ကို ပစ်မှတ်ထားနေကြောင်း သံသယပင် ဝင်စရာမလိုချေ။

သို့သော် ၎င်းလုပ်ငန်းစုများက ဒုခ့်စတက်ဂျ်‌ ဦးဆောင်သည့် ရှေးရိုးစွဲ အဖွဲ့အစည်း၏ စိတ်ဝင်စားမှုကို ကိုယ်စားပြုနေ၏။ အဲရစ် ဤသို့ လုပ်ဆောင်ခြင်းမှာ ၎င်းတို့ကို ပစ်မှတ်ထားဖို့ ကြိုးစားနေကြောင်း သိသာသည်။

ဒုခ့်စတက်ဂျ်က မျက်လုံးများ မှေးကျဉ်းလျက် အဲရစ်ကို ကြည့်လာ၏။

“အရှင်မင်းကြီး ဒါက မသင့်တော်လောက်ပါဘူး”

“အိုး? ဘာက မသင့်တော်တာများလဲ?”

“လုပ်ငန်းစုတစ်ခုက အလုံအလောက်မသန်မာသလို အမြတ်မရှာနိုင်ရင်တောင် သူတို့က နိုင်ငံရဲ့ မှော်စက်မှုနယ်ပယ်ကို အထောက်အကူဖြစ်စေနေတုန်းပါပဲ။ သူတို့ရဲ့ လုပ်ငန်းအခွင့်အရေးကို ဖယ်ရှားဖို့က သူတို့ရဲ စိတ်အားထက်သန်မှုကို အတော်လေး ရိုက်ခတ်သွားလိမ့်မယ်။ အရှင်မင်းကြီးပဲ မြို့တိုင်းကို ဘန်တာမြို့အ‌ဖြစ်ပြောင်းလဲဖို့က အကောင်းဆုံးဖြစ်မယ်လို့ ပြောခဲ့တာပဲ မဟုတ်လား? ဒီလိုဆိုကတည်းက သူတို့ကို ပိုပြီး ထောက်ပံ့သင့်ပါတယ်။”

အဲရစ်မှာ စိတ်ထဲ အေးစက်စက် တစ်ချက်ရယ်သွမ်းလိုက်သည်။

ဒုခ့်စတက်ဂျ်၏ အားပေးမှုမှာ ထိုလုပ်ငန်းစုများအထောက်အပံ့ကို နိုင်ငံတော်ဘဏ္ဍာမှ ပေး‌အပ်နေခြင်းပင်။

နိုင်ငံတော်ဘဏ္ဍာမှာ ကျဆင်းသွားပြီး ၎င်းအကူအညီကိုပါ ခွဲပေးလျှင် နိုင်ငံတော် ဘဏ္ဍာမှာ ပိုလို့ပင် ဆိုးရွားလာလိမ့်မည်။

ဤမျှကြာအောင် ဘုရင်ဖြစ်လာပြီးနောက် ရှုယီမှာ ငွေအသုံးပြုမှု၏ အရေးပါပုံကို သေချာသိလေ၏။

လမ်ပူရီတိုင်းပြည်တွင် ဖွံ့ဖြိုးမှုလိုအပ်နေသည့် အပိုင်းများစွာရှိသော်လည်း တစ်ခုစီက ရံပုံငွေပမာဏကြီးတစ်ခုစီ လိုအပ်သည်။

အဲရစ်မှာ ထိုလုပ်ငန်းစုဆယ်ခုများထံမှ သို့မဟုတ် အတိအကျဆိုရသော် နိုင်ငံတော်ဘဏ္ဍာက ပိုင်ဆိုင်သင့်သည့် ငွေကို ရှေးရိုးစွဲအဖွဲ့ မျိုးရိုးမြင့်များထံမှ ရယူကာ နိုင်ငံတိုးတက်ရန် အသုံးပြုမည်ဖြစ်သည်။

“စီးပွားရေးဆိုတာက တိုက်ပွဲကွင်းပြင်တစ်ခုလိုမျိုးဖြစ်ပြီး လုပ်ငန်းစုတစ်ခုက အမြတ်မရနိုင်ရင် ဒီတိုက်ပွဲကွင်းပြင်နဲ့ မသင့်တော်တဲ့ အဓိပ္ပာယ်ပဲ။ နိုင်ငံရဲ့ အရင်ဘဏ္ဍာတွေကို သူတို့ကို ကူညီဖို့နဲ့ ဖြုန်းတီးမယ့်အစား ဈေးကွက်ရဲ့ထုံးတမ်းနောက်လိုက်ပြီး သူတို့ကို ပျောက်ကွယ်သွားအောင်လုပ်တာက ပိုကောင်းတယ်။ အဲ့လိုမထင်ဘူးလား ဒုခ့်စတက်ဂျ်?” အဲရစ်က ပြန်မေးလေ၏။

ဒုခ့်စတက်ဂျ်မှာ အဲရစ်ကို ခဏတာ တိတ်တဆိတ်ကြည့်နေလိုက်သည်။ အဲရစ် ပူပန်လာချိန်တွင် သူက ရုတ်တရတ် တစ်ချက်ပြုံးကာ အသာခေါင်းငြိမ့်၏၊ “အရှင်မင်းကြီး အရမ်းကိုမှန်ပါတယ် ဒါဖြစ်စေရမယ်။”

ထိုအဖြေကိုကြားသော် အဲရစ်မှာ မိမိနားကိုပင် မိမိ မယုံနိုင်လုနီးပါးဖြစ်သွားသည်။

သူ၏ ဤအမိန့်မှာ စတက်ဂျ်မိသားစုကို ကိုယ်စားပြုသည့် မျိုးရိုးမြင့်များကို ရည်ရွယ်ထားခြင်းဖြစ်ရာ အဲရစ်အနေနှင့် ဒုခ့်စတက်ဂျ်ထံမှ အတင်းခုခံမှုအတွက် ပြင်ဆင်ထားခဲ့သည်။ သူဟာ သူ၏ ဆင်ခြေများကို ပြင်ဆင်ထားသလို ဤအမိန့်ကို အတင်းအကြပ်လုပ်ဆောင်ဖို့ပင် ပြင်ဆင်ထားပြီးသားဖြစ်သော်လည်း ဒုခ့်စတက်ဂျ်က သဘောတူမည်ဟု မထင်ထားခဲ့ပေ!

အဲရစ်က ဒုခ့်စတက်ဂျ်ကို ငေးမောကြည့်လိုက်ရင်း စိတ်ထဲ မေးခွန်းများစွာ ထွက်ပေါ်လာသည်။

“အရှင်မင်းကြီး တခြားအရေးကြီးကိစ္စတွေရှိသေးလား?” ဒုခ့်စတက်ဂျ်က ရုတ်တရတ် မေးလေသည်။

“အာ? အာ.... မရှိ.... မရှိသေးဘူး.....” အဲရစ်က ခေါင်းခါကာ ကြောင်အမ်းအမ်းဖြေလိုက်၏။

“အရှင်မင်းကြီးမှာ ဘာပြောစရာမှမရှိတော့ဘူးဆိုတော့ ကျွန်တော်သွားပါတော့မယ်။”

ဒုခ့်စတက်ဂျ် လျှောက်ထွက်ကာ တံခါးပိတ်လိုက်ချိန်တွင် အဲရစ်မှာ သူ၏ ငေးကြောင်မှုမှ ပြန်မလည်လာသေးချေ။

ဘာလို့ ဒုခ့်စတက်ဂျ်က ဒါကို မဆန့်ကျင်တာလဲ? သူတကယ်ပဲ လက်ခံလိုက်တာ ဖြစ်နိုင်လား?

အဲရစ်မှာ စိတ်ထဲ အံ့ဩကာ ပျော်ရွှင်နေသည်။

သူ့အတွက် နောက်ဆုံးမှာ ဒုခ့်စတက်ဂျ်ကိုယ်တိုင်တောင် တိုက်ရိုက်မဆန့်ကျင်တော့လောက်တဲ့အထိ ဘုရင်တစ်ပါးရဲ့ ဂုဏ်အဆင့်ရှိလာတာလား?

လျှောက်ထွက်သွားသူ ဒုခ့်စတက်ဂျ်မှာတော့ မျက်နှာထက် မည်သည့် စိတ်လှုပ်ရှားမှုမှ ရှိမနေဘဲ အင်မတန် တည်ငြိမ်နေသည်။

သို့သော် ထောင့်၌ ပတ်ပြေးနေသည့် ကောင်လေးကို မြင်ချိန်တွင် နွေးထွေးစွာ ပြုံးပြလိုက်၏။

“အရှင်မင်းသားလေး အရှင်မင်းကြီးက အလုပ်လုပ်နေတာ အခု သွားနှောင့်ယှက်လို့မရဘူး။” ဒုခ့်စတက်ဂျ်မှာ ထိုကောင်လေးကို အပြုံးဖြင့် ကောက်ချီရင်း ထိုသို့ပြောလေသည်။

ထိုကောင်ငယ်လေးက အဲရစ်၏ အကြီးဆုံးသား မင်းသားလေး ဝီလျံဖြစ်သည်။ သူဟာ ငါးနှစ်ပင် မရှိသေးသော်လည်း အင်မတန်ဉာဏ်ထက်ကာ လူများစွာက နောက်တက်မည့် ဘုရင်အလောင်းအလျာအဖြစ် လျာထားကြသည်။

“ဘာလို့ ဖခမည်းတော်က ထပ်ပြီး အလုပ်လုပ်နေတာလဲ....” မင်းသားလေး ဝီလျံက နှုတ်ခမ်းဆူကာ အင်မတန် မှားယွင်းဟန်ပေါ်နေသည်၊ “သူက တစ်နေကုန် အလုပ်လုပ်နေတော့တာပဲ ဘုရင်တစ်ပါးဖြစ်ဖို့က အဲ့လောက် တကယ်အလုပ်များတာလား?”

ဒုခ့်စတက်ဂျ်က ပြုံးသည်၊ “ဟုတ်ပါတယ် ဘုရင်တစ်ပါးဖြစ်တာက ဒီလောက် အလုပ်များတာပေါ့။ အရှင်မင်းသားလေး အရှင်မင်းကြီးကို အနားရစေချင်လား?”

“သေချာပေါက် အနားရစေချင်တာပေါ့ ဒီလိုဆို ခမည်းတော်ဆီမှာ ကျွန်တော်နဲ့ အတူကစားဖို့ အချိန်ရပြီလေ။” မင်းသားလေး ဝီလျံက ဆို၏။

“ဒါဆို ကျွန်တော်တို့ အရှင်မင်းကြီးကို ကောင်းကောင်းနားခွင့်ရအောင် လုပ်ပေးကြရင်ရော?” ဒုခ့်စတက်ဂျ်၏ မျက်နှာထက်၌ သိမ်‌မွေ့သော အပြုံးတစ်ခုရှိနေသော်လည်း မျက်လုံးကျဉ်းများထဲ၌ အေးစက်စက်အလင်းတစ်ခု ရှိနေပါ၏။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၉၀။ ပုန်ကန်မှု

ရူဒ်ဆန်တိုင်းပြည်နှင့်အတူ ၎င်းတို့၏ ဆွေးနွေးမှု ပြီးသည့်နောက် ရှုယီနှင့် ခမ်နက်ဒ်တို့မှာ ရူဒ်ဆန်တိုင်းပြည်မှ အတူထွက်ခွာလာကြသည်။

ခမ်နက်ဒ်မှာ မီရန်ဒိုနယ်မြေ အမ်ပရစ္စတန်မြို့ရှိ Frestech ကုန်သည်ကြီးများအသင်း စက်ရုံများကို စစ်ဆေးဖို့ သွားရောက်ရန် အချိန်စီစဉ်ထားလိုက်ကာ ရှုယီကလည်း ထိုအချိန်ဇယားကို လိုက်နာ၍ လမ်ပူရီတိုင်းပြည်ထဲ ဝင်သွားသည်။

ဘန်တာမြို့မှ ထွက်ခွာလာခဲ့သည်မှာ နှစ်တစ်ဝက်ရှိနေပြီဖြစ်ရာ ပြန်ချိန်၌ ဝမ်းမနည်းမိဘဲ မနေနိုင်တော့ပေ။

အပြင်ပန်းတွင် ဘန်တာမြို့မှာ သူ နောက်ဆုံးတစ်ခေါက် ရှိစဉ်ကနှင့် များစွာ မပြောင်းလဲသွားပါသော်လည်း ရှုယီအနေနှင့် မပြောင်းလဲသောကြောင့် ခံစားနေရသည်။

သူနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ ဘန်တာမြို့၌ ရှိနေခဲ့စဉ်က တစ်နေ့စီဖြတ်သန်းကာ ပြောင်းလဲသွားသည့် အချိန်များကိုစဉ်းစားကြည့်မိသည်။ နှစ်တစ်ဝက်အကြာကို သွားကြည့်လိုက်လျှင် အရာရာတိုင်းမှာ ပြောင်းလဲနေလောက်သည်။

သို့သော် ယခုတွင် ရှုယီမှာ နှစ်တစ်ဝက်ကြာပြီးမှ လာသော်လည်း ဘန်တာမြို့က မပြောင်းလဲချေ။ ၎င်းက ဘန်တာမြို့အနေနှင့် အရှုပ်ထဲကျရောက်ခဲ့ပြီး လွန်ခဲ့သည့် နှစ်တစ်ဝက်အတွင်း လုံးဝမတိုးတက်ခဲ့သည်ကို ပြသနေပေသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က သက်ဝင်လှုပ်ရှားနေခဲ့သော် ဤမြို့မှာ ရုတ်တရတ် သေလုအောင် တိတ်ဆိတ်လာခဲ့သည်။

ထိန်းသိမ်းထားခြင်းမရှိသဖြင့် အက်ရာများအပြည့်ဖြစ်နေသည့် မိုးကျလမ်းကိုကြည့်ရင်း ရှုယီမှာ ခေါင်းမခါမိဘဲ မနေနိုင်တော့ပေ။

ဤလမ်းမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်က ဘန်တာမြို့၌ အရေးအပါဆုံးလမ်းဖြစ်ခဲ့ပြီး ဘန်တာမြို့သားများအတွက် ကြွယ်ဝခြင်းလမ်းဟုပင် ခေါ်ခဲ့ကြသည်။ နေ့အခါတွင် လမ်း၏ မည်သည့်နေရာ၌မဆို ဖြတ်သန်းသွားလာနေကြသော မြင်းလှည်းနှင့် မှော်ကားများစွာရှိခဲ့ကာ ခြေလျင်လျှောက်သွားကြသူများလည်း မရေတွက်နိုင်အောင်ပင်။

သို့သော် ယခုတွင် ရှုယီအနေနှင့် လမ်းနံဘေး၌ ဆယ်မိနစ်ကြာ ရပ်နေခဲ့ပြီး ဖြတ်သွားသည့် မြင်းလှည်းသုံးစီးကိုသာ တွေ့ရလေသည်။ ထိုအထဲမှ နှစ်စီးမှာ ပုံစံဟောင်းခရီးသည်တင် မြင်းလှည်းများဖြစ်ပြီး တစ်စီးကသာ ကုန်တင်မြင်းလှည်းဖြစ်သည်။

မိုးကျတောင်ကြားရှိခဲ့ရာ လမ်း၏ အနောက်ဘက်အဝေးကို ကြည့်လိုက်ရင်း ရှုယီမှာ အရှေ့ဘက်ကိုပြမ်လှည့်လိုက်သော် ဘန်တာမြို့ဖြစ်သည့် အစက်လေးတစ်စက်ကိုမြင်ရပြီး မနေနိုင်အောင် ခေါင်းယမ်းမိတော့သည်။

သူ့အနေနှင့် ယခင်က ဤမြို့နှင့် မည်မျှ ရင်းနှီးခဲ့သည်ဖြစ်စေ ယခုတွင် ဤမြို့နှင့် သီးခြားဖြစ်နေပြီဖြစ်လေရာ ဤမြို့တိုးတက်မှုက သူနှင့် မည်သို့မျှ မသက်ဆိုင်တော့ချေ။ သူ့အနေနှင့် ၎င်းကို စီမံခန့်ခွဲရန် အစွမ်းအစလည်းမရှိသလို အခွင့်အရေးလည်းမရှိ။

လမ်ပူရီတိုင်းပြည်က ဘန်တာမြို့အား မည်သို့ ပြောင်းလဲ စေခဲ့သည်ဖြစ်စေ ရလာဒ်မှာ ဘန်တာမြို့နှင့် လမ်ပူရီတိုင်းပြည်တို့ကြောင့်သာဖြစ်သည်။ ရှုယီ ဂရုစိုက်စရာမလို။

သို့သော် ရှုယီအတွက် ဂရုစိုက်ရမည့်လူများရှိသေးပြီး ၎င်းတို့မှာ ဘာရွန် ရစ်ခ်တိုမှော်ကျောင်းတော်သားများဖြစ်ကြ၏။

လွန်ခဲ့သည့် သုံးနှစ်အကြာက Frestech ကုန်သည်ကြီးများအသင်းမှာ ထိုနေရာ၌ အထူးရံပုံငွေကို သုံးခဲ့ပြီး ကျောင်းသားများ၏ ပညာရေးကို ဆက်နိုင်ရန် ကူညီဖို့အတွက် အခကြေးငွေပေးဖို့ သုံးခဲ့သည်။

ယခု သုံးနှစ်ကြာပြီးနောက် ကျောင်းသား နှစ်သုတ်မှာ ဘွဲ့ရပြီဖြစ်သလို အများစုက Frestech ကုန်သည်ကြီးများအသင်း အတွက် အလုပ်လုပ်နေကြ၏။

ယခုတွင် မှော်စက်များအတွင်း မှော်အစီအရင်များရေးဆွဲရာ၌ တာဝန်ရှိသော မှော်ပညာရှင် အများစုမှာ ဘာရွန်ရစ်ခ်တို မှော်ကျောင်းတော်မှ ကျောင်းသားများဖြစ်ကြသည်။

ယခုတွင် သုံးနှစ်တာကျော်ဖြတ်ခဲ့ပြီး ရံပုံငွေရရှိသော ကျောင်းသားများလည်း ဘွဲ့ရပြီဖြစ်သည်။ ရှုယီ ဘန်တာမြို့သို့ ပြန်ရောက်လာသည်မှာ ထိုကျောင်းသားများကို ဆုံတွေ့ရုံသာဖြစ်သည်။

ယခင်က ဘွဲ့ရခဲ့သည့် ကျောင်းသားနှစ်သုတ်မှာ သာမန်ကျောင်းသားများသာဖြစ်၏။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း စု‌ဆောင်းခဲ့သော အခြားမှော်ပညာရှင်များနှင့်မခြားပေ။

သို့သော် ဤနှစ် ဘွဲ့ရသူများအား ရှုယီက နှစ်စကတည်းက သင်ကြားပေးခဲ့ခြင်းပင်။ မှော်ပညာအကြောင်း လေ့လာနေစဉ်သုံးနှစ်တာအတွင်း ၎င်းတို့မှာ စက်မှုအင်ဂျင်နီယာသီအိုရီကိုလည်း လေ့လာရသလို မတူညီသည့် ဗဟုသုတနှစ်မျိုးကို တစ်ညီတည်းလေ့လာခဲ့ရသည်။

ဤသုံးနှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ ထိုကျောင်းသားများအား အတွေ့အကြုံအမှန်ရဖို့ အခွင့်အရေးလည်းပေးခဲ့၏။ ထိုနည်းနှင့် ၎င်းတို့ ဘွဲ့မရခင်တွင်ပင် မှော်စက်များအပေါ် အခြေခံ အသိပညာရရန် အခွင့်အရေးရှိနေပြီဖြစ်သည်။

ဤသို့သော မှော်ပညာရှင်မျိုးက ရှုယီအတွက် အမှန်ကို အရေးပါလေသည်။ မှော်ပညာနှင့် စက်မှု နှစ်မျိုးစလုံး၏ ဗဟုသုတရှိ မှော်အင်ဂျင်နီယာ..... ၎င်းတို့မှာ စောင့်ဆိုင်းစာရင်းထက်၌ ရှိသည်။

ရှုယီအနေနှင့် အသုံးဝင်သောမှော်အင်ဂျင်နီယာတချို့ကို အမှန်တကယ် လေ့ကျင့်ပေးနိုင်ရန် ကြာလိမ့်မည်မဟုတ်ဟု ယုံကြည်မိသည်။

ရှုယီမှာ ဘာရွန်ရစ်ခ်တိုမှော်ကျောင်းတော်သို့ အင်မတန် ချောမွေ့စွာ ဝင်ရောက်သွား၏။

ဘာရွန်ရစ်ခ်တိုမှော်ကျောင်းတော်မှာ ဤ‌နှစ်များတွင် Frestech ကုန်သည်ကြီးများအသင်းထံမှ ရံပုံငွေများရရှိခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်း လမ်ပူရီတိုင်းပြည်မှ ထွက်ခွာသွားသည့် နှစ်၌ပင် ရံပုံငွေ မပြတ်လပ်ခဲ့ပေ။ ထို့ကြောင့် မည်သည့်အခြေအနေ၌ဖြစ်ဖြစ် ဘာရွန်ရစ်ခ်တိုမှော်ကျောင်းတော်မှာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို အမြဲတမ်း ထောက်ခံသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့စိုက်ပျိုးခဲ့သည့် အစေ့များကို ပျိုးကြဲချင်နေရာ ဘာရွန်ရစ်ခ်တို မှော်ကျောင်းတော်အနေနှင့် ၎င်းကို လုံးဝငြင်းပယ်မည်မဟုတ်ပေ။

ကျောင်းသားများမှာ ပို၍စိတ်လှုပ်ရှားနေကြကာ မစောင့်နိုင်တော့ဟုပင် ပြော၍ရသည်။

Frestech ကုန်သည်ကြီးများအသင်းထံမှ သုံးနှစ်တာရံပုံငွေလက်ခံထားသောအခါ အစပိုင်း၌ ၎င်းတို့ထံ မည်သည့် ခံစားချက်ရှိနေသည်ဖြစ်စေ ဘွဲ့ယူပြီးနောက် Frestech ကုန်သည်ကြီးများအသင်းထဲ ဝင်ရောက်ရန် အားလုံးဆုံးဖြတ်ထားပြီးသားပင်။

ထို့အပြင် ၎င်းတို့မှာ ဤသုံးနှစ်တာအတွင်း မှော်ပညာနှင့် မှော်စက်မှုအင်ဂျင်နီယာ ဗဟုသုတကို လေ့လာခဲ့လေရာ ၎င်းတို့အတွက် မှော်စက်များနှင့် အလုပ်လုပ်ခြင်းက အသင့်တော်ဆုံးဖြစ်သည်ကို နားလည်သွားစေသည်။

မှော်စက်များနှင့် ပတ်သက်လာလျှင် နယ်မြေကြီးတစ်ခုလုံး၌ Frestech ကုန်သည်ကြီးများအသင်းကို ယှဉ်နိုင်မည့် အခြား လုပ်ငန်းစု ရှိဦးမည်လား?

Frestech ကုန်သည်ကြီးများအသင်းထံ၌ လစာကောင်း၊ ဆက်ဆံမှုကောင်းနှင့် အကျိုးမြတ်ကောင်းများရှိရာ Frestech ကုန်သည်ကြီးများအသင်း အတွက် အလုပ်လုပ်နိုင်ရန်မှာ လူများစွာ၏ အိပ်မက်ဖြစ်သည်။

ယခု ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းသို့ တိုက်ရိုက်ဝင်နိုင်သဖြင့် ၎င်းကိုငြင်းပယ်ချင်သည့် ကျောင်းသားတစ်ဦးတလေမျှပင်မရှိချေ။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ရံပုံငွေကို လက်ခံထားသည့် ကျောင်းသားအားလုံးမှာ ရှုယီရောက်လာချိန်၌ ကြိုဆိုကြလေသည်။

လူတစ်ဦး၏ ဘွဲ့ယူချိန်အတွင်း ထိုလူဟာ အမြဲ ခံစားချက်ပြည့်နေတတ်ပြီး အတန်းဖော်များအကြောင်းစဉ်းစားမိချိန်၌ မျက်ရည်ကျလာသည့် မိန်းကလေးအချို့လည်း ရှိမည်ဖြစ်သည်။ သို့သော်လည်း ဤနှစ် ဘာရွန်ရစ်ခ်တို မှော်ကျောင်းတော်ဘွဲ့ယူခြင်းမှာ ယခင်ကနှင့် မတူညီဘဲ ပျော်ရွှင်ဖွယ်မြင်ကွင်းဖြစ်နေ၏။

သို့သော်လည်း..... ဤပျော်ရွှင်ဖွယ်မြင်ကွင်းမှာ သံချပ်ကာအပြည့်ဖြင့် အပြေးရောက်လာကြသည့် ဘန်တာမြို့အစောင့်များကြောင့် နှောင့်ယှက်ခံလိုက်ရသည်။

“ခင်ဗျားတို့ ဒီကို ဘာလာလုပ်ကြတာလဲ?” ဘန်တာမြို့၏ အစောင့်ခေါင်းဆောင် 'ချိုပင်'က ၎င်းတို့ကို ဦးဆောင်လာသည်အားမြင်သော် ဘာရွန် ရစ်ခ်တို မှော်ကျောင်းတော်၏ ဌာနမှူး ဖို့ဒင်းမှာ အံ့အားသင့်သွားသည်။

ဒီမြို့စောင့်တွေ ကိုယ်တိုင်လာရအောင် ဘာတွေဖြစ်နေလို့လဲ?

သို့သော် ချိုပင်က ဖို့ဒင်း၏ စကားများကို လျစ်လျူရှုကာ ကျောင်းသားများ ဝိုင်းရံခံနေရသူ ရှုယီကို လှည့်ကြည့်လိုက်သည်။ လက်တစ်ချက် ယမ်းလိုက်သော် သူ၏နောက်ရှိ မြို့စောင့်များက ကျောင်းသားများကို ဘေးသို့တွန်းဖယ်လျက် ရှုယီကို ဝိုင်းလိုက်ကြလေ၏။

ရန်လိုနေသည့် ငြီးငွေ့ဖွယ် မြို့စောင့်များကိုမြင်သော် လူတိုင်း ကြောင်အသွားကြသည်။

ရှုယီမှာ ပို၍ပင် ရှုပ်ထွေးနေရင်း ချိုပင်ကို တအံ့တဩကြည့်ကာ မေးလိုက်သည်၊ “တပ်မှူး ချိုပင် ဘာလုပ်နေတာလဲ? ကျုပ်က ပြစ်မှုကျူးလွန်ခဲ့လို့လား?”

Frestech ကုန်သည်ကြီးများအသင်းအား ယခင်က လမ်ပူရီတိုင်းပြည်မှ မောင်းထုတ်ထားသော်လည်း ၎င်းမှာ မှော်စက်မှုနယ်ပယ် စီမံခန့်ခွဲရေးဌာနနှင့် ကိစ္စတစ်ခုသာဖြစ်ပြီး ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ မည်သည့်အမှားကိုမှ မရှာဖွေနိုင်ပေ။

လမ်ပူရီတိုင်းပြည်က အလောင်းအစားကြီးတစ်ခု လုပ်ဖို့ ဆန္ဒရှိမည်မဟုတ်သည်ကို မဆိုထားနှင့်၊ ထို့ကြောင့် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့မှာ လမ်ပူရီတိုင်းပြည်မှ အေးအေးချမ်းချမ်းထွက်သွားခဲ့သည်။

လမ်ပူရီတိုင်းပြည် အစိုးရ၏ဘက်တွင် ရှုယီမှာ နိုင်ငံသားတစ်ဦးဖြစ်နေဆဲဖြစ်သလို Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည် လုပ်ငန်းစုတစ်ခုပင်။

ရှုယီအနေနှင့် လမ်ပူရီတိုင်းပြည်သို့ ဆန္ဒရှိသလို ပြန်လာနိုင်ပါ၏။ သူဟာ ယခင်က အကြိမ်များစွာ ပြန်လာခဲ့ပြီး မည်သည့်ပြဿနာမှ မရှိခဲ့ချေ။

ဘာလို့ ဒီနေ့မှ တစ်ခုခုလာဖြစ်နေရတာလဲ?

ချိုပင်က တင်းမာနေဟန်ဖြင့် ကျယ်လောင်စွာဆိုသည်၊ “ရှုယီ မင်းကို မခုခံဘဲ လက်လျှော့ဖို့ တိုက်တွန်းတယ်။ မဟုတ်ရင် မင်းကို နေရာမှာတင် ကွပ်မျက်ဖို့ အခွင့်အရရေးရှိတယ်!”

“ကျုပ်ကို ကွပ်မျက်မယ်?” ရှုယီမှာ မရယ်ဘဲ မနေနိုင်တော့သလို ဘေးပတ်လည်ရှိ အစောင့်များကိုကြည့်ပြီးနောက် ခေါင်းခါ၏၊ “ကျုပ်ပြောမယ် တပ်မှူးချိုပင် ခင်ဗျား ကျုပ်ရဲ့ မှော်အစွမ်းကိုသိလောက်မှာပါ၊ ဒီလိုတစ်ခုခုပြောဖို့က ဟာသမြောက်တယ်လို့ မထင်ဘူးလား?”

ချိုပင်လည်း ၎င်းကို နားလည်သဖြင့် စိတ်ရှုပ်ပုံပေါ်သွားသည်။ ခဏတာရပ်တန့်ပြီးနောက် သူက အော်သည်၊ “ရှုယီ မင်းကို သတိပေးနေတာ၊ မင်းရဲ့မှော်ပညာက အားကောင်းနေရင်တောင် မင်းက လူတစ်ယောက်တည်းပဲမို့ လမ်ပူရီတိုင်းပြည်တစ်ခုလုံးကို မတိုက်ခိုက်နိုင်ဘူး။ မင်းသာ ထက်မြတ်ရင် အခုအရှုံးပေးပြီး မင်းရဲ့ဘဝကို ထိန်းသိမ်းထားနိုင်တယ်။ ခုခံဝံ့ရင်တော့ ညှာတာမပေးတာအတွက်နဲ့ ငါ့ကို အပြစ်မတင်နဲ့!”

ရှုယီက ပခုံးတွန့်ရင်း ဆရာ ဆရာမများ၊ ကျောင်းသားများနှင့် ဌာနအဖွဲ့ဝင်များကိုကြည့်လိုက်ရာ ၎င်းတို့လည်း သူ့လို စိတ်ရှုပ်ထွေးနေကြသည်ကို တွေ့လိုက်သည်။

“ကျုပ်ပြောမယ်..... တပ်မှူးချိုပင်၊ ခင်ဗျားက ကျုပ်ကို ဖမ်းချင်တယ်ပြောနေတာဆိုတော့ ကျုပ်အပြစ်က ဘာများမို့လို့လဲ? လူတစ်ယောက်ကို အကြောင်းအရင်းမရှိဘဲ ဖမ်းလို့ရတယ်လား?”

ချိုပင်၏ မျက်နှာက သုန်မှုန်သွားသည်၊ “ရှုယီ မင်းရဲ့ ပြစ်မှုက အ‌ကြီးလေးဆုံးဖြစ်တဲ့ ပုန်ကန်မှုပဲ! ဒါကို ပြင်းထန်တဲ့ပြစ်မှုလို့ သတ်မှတ်နိုင်တယ်၊ ဒါပေမယ့် အရှင်မင်းကြီးက မင်းကို သေခြင်းတရားကနေ ခွင့်လွှတ်ပေးတယ်။ မင်း ငါတို့နဲ့လိုက်ပြီး အရှင်မင်းကြီးကို တွေ့တာနဲ့ မင်းအသက်ကို ထိန်းသိမ်းထားနိုင်တယ်။”

ထိုအသံထွက်လာသည်နှင့် ဘေးပတ်လည်ရှိလူများမှာ ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။

ပုန်ကန်မှု?

ရှုယီ ဘယ်တုန်းက ပုန်ကန်မှုကို ကျူးလွန်လိုက်တာလဲ?

ရှုယီမှာ ပို၍ပင် ရှုပ်ထွေးနေသည်။

“ကျုပ်က ပုန်ကန်မှုကျူးလွန်ခဲ့လို့လား? ဘယ်နိုင်ငံကိုလဲ?”

“အရှင်မင်းကြီးနဲ့တွေ့ရင် မင်းအပြစ်တွေကို သိရမယ်။ အခု မင်းအနေနဲ့ မတိုက်ခိုက်ဘဲ လက်လျှော့ဖို့ပဲလိုတယ်။” ချိုပင်က တင်းကြပ်နေသံဖြင့်ဆို၏၊ “မင်းကို အခု သတိပေးနေတာ ပြန်မတိုက်နဲ့၊ မဟုတ်လို့ကတော့ မင်းကို ပုန်ကန်မှုနဲ့ စွပ်စွဲပြီး ဖမ်းဝရမ်းကလည်း နိုင်ငံအနှံ့ပြန့်သွားမယ်။ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ကျန်နေသေးတဲ့ လုပ်ငန်းတွေကို နိုင်ငံလွှတ်တော်ကနေ နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းယူလိုက်မှာမို့ ဒါကို စဉ်းစားဖို့ တိုက်တွန်းတယ်။”

ရှုယီက စိတ်ထဲ အေးစက်စက်ရယ်မောလိုက်သည်။

အဆုံးတွင် လမ်ပူရီတိုင်းပြည်ရှိ ထိုလူများမှာ သူချန်ထားခဲ့သည့် နယ်ပယ်၏ အမှုန်အမွှားလေးကို ဖယ်ရှားလိုနေကာ သူ့အတွက် မည်သည်ကိုမှ မချန်ထားလိုကြချေ။ (*T/N - ရှုယီ ပြောချင်တာက လမ်ပူရီမှာ ချန်ထားခဲ့တဲ့ သူ့ရဲ့ စည်သွပ်သီးစက်ရုံတို့ဘာတို့ကို ပြောချင်တာထင်ပါတယ်)

သို့သော် သူဟာ အနည်းငယ် ထူးဆန်းနေဆဲပင်။

လမ်ပူရီတိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်းအပေါ် ဆိုးရွားခဲ့သော်လည်း ၎င်းတို့၏ ဆက်ဆံရေးကိုတော့ တကယ်မဖြတ်တောက်ခဲ့ပေ။

လွန်ခဲ့သည့် လအနည်းငယ်ကပင် အစိုးရက Frestech ကုန်သည်ကြီးများအသင်းအပေါ် အတော်လေး ကြင်နာပြခဲ့သေးသည်။

Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံများတွင် ရင်းနှီးမြှုပ်နှံချင်နေသည့် မြို့နှစ်မြို့ပင် ရှိခဲ့သေးသည်။

ထိုလက္ခဏာများအားလုံးက ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်ဆံရေးပြန်လည်ဆောက်တည်လိုကြောင်းကို ပြနေ၏။

ရှုယီသည် ထိုပြောင်းလဲမှုများဖြစ်စေခဲ့သည့် အဲရစ်၏ သဘောထားပြောင်းလဲသွားသည်ကို စဉ်းစားလိုက်သည်။

သို့သော် ယခုတွင် ကြည့်ရသည်မှာ သူဟာ ဤသို့သော ပုန်ကန်မှုဟူသည့် စွဲချက်က ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို လမ်ပူရီတိုင်းပြည်၌ သေလမ်းပေါ်တွန်းပို့မည့်ပုံပင်။

ဘုရင်အဲရစ်ရဲ့ သဘောထားက ရုတ်တရတ် ပြောင်းလဲသွားတာလား?

ချိုပင်က ရှုယီကို စဉ်းစားရန် အချိန်မပေးချေ။ သူ၏ အသံထွက်လာကာ လက်ယမ်းလိုက်သည်နှင့် ရှုယီကို ဝိုင်းရံထားသည့် အစောင့်များ ရှေ့တိုးလာကြသည်။

၎င်းကိုမြင်သော် ၎င်းတို့အနေနှင့် သူ့အား ဖမ်းဆီးချင်နေကြသည်မှာ ရှင်းလင်းပေသည်။

ရှုယီလည်း မျက်မှောင်ကုပ်ကာ လှုပ်ရှားရန် မှော်စွမ်းအင်ကို စုစည်းလိုက်သည်။

သူ့အတွက် အစောင့်များကို ဖမ်းဆီးခွင့်ပြုရန် မဖြစ်နိုင်ပေ၊ သူ့အနေနှင့် ဘုရင်အဲရစ်၏ သဘောထားကို မသေချာလှ။

သူဟာ ဤနေရာတွင် ပြန်ဆုတ်ခွာနိုင်ဆဲဖြစ်သော်လည်း သူသာ တကယ် အန်ဗီမာမြို့တော်ကို သွားလိုက်လျှင် ထိုနေရာ၌ သူ့အား ထိန်းသိမ်းထားမည့်လူပိုများသည်။

သို့သော် အခြားပြဿနာရှိသေး၏။

လမ်ပူရီတိုင်းပြည်မှာ သူ့ထံရှိ မှော်စွမ်းအားကို သေချာသိထားသော်လည်း ဖမ်းဆီးရန် အသေးအဖွဲ့မြို့စောင့်လေးတစ်ဦးကို စေလွှတ်လိုက်သည်မှာ မဖြစ်နိုင်သည့် တာဝန်ပင်။

လမ်ပူရီတိုင်းပြည်မှာ မည်သည်ကိုများ တွေးတောနေပါသနည်း?

၎င်းတို့အနေနှင့် လမ်ပူရီဘုရင်ငံမှ သူ့အား အတင်းအကြပ်မောင်းထုတ်နေချင်ကြသည်လား?

ရှုယီစိတ်ထဲ အတွေးပေါင်းစုံပြည့်နှက်နေချိန်၌ ကျောင်းတော်အပြင်ဘက်မှ လာသည့် မြင်းခွာသံများကို ကြားလိုက်ရသည်။

တစ်ခဏကြာပြီးနောက် သံချပ်ကာမြင်းတပ်တစ်တပ်မှာ ကျောင်း‌ဂိတ်ကိုဖြတ်၍ ချီတက်လာလေ၏။

ခေါင်းဆောင်၏ မျက်နှာကိုမြင်သော် ရှုယီမှာ အံ့ဩသွားလေသည်။

“မဖြစ်နိုင်တာ? ဘာလို့ သူက ဒီရောက်နေတာလဲ?”

***

All Chapters