အခန်း (၁၁၁-၁၂၀)
Vol. 4 Ch. 111-120
Vol 4, အခန်း ၁၁၁။ Frestech ကုန်သည်ကြီးများအသင်း ပြန်လာပြီ
သက္ကရာဇ် ၃၇၈၅ခုမှာ အတော်လေး ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကုန်လွန်သွားခဲ့သည်။
လမ်ပူရီတိုင်းပြည်မှာ ပြည်တွင်းစစ်မှ ဖရိုဖရဲဖြစ်သွားခဲ့သော်လည်း ဘုရင်မ ဆယ်ဗီနီ ထီးနန်းဆက်ခံလိုက်ကတည်းက အခြေအနေမှာ တည်ငြိမ်သွားသည်။
ဤနှစ်၏ ပထမဆုံးနေ့၌ သူမ၏ မိန့်ခွန်းတွင် ဘုရင်မ ဆယ်ဗီနီသည် လမ်ပူရီတိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးမှုအတွက် သူမ၏ အစီအစဉ်များနှင့် မျှော်လင့်ချက်များကို လူတိုင်းထံ စိတ်အားထက်သန်ဖွယ်စကားလုံးများသုံး၍ ဖော်ပြခဲ့သည်။ သူမအနေနှင့် မှော်စက်မှုနယ်ပယ် ဖွံ့ဖြိုးရေးတွင် အာရုံစိုက်ကာ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန် မှော်စက်မှုနယ်ပယ်ကို အပြည့်အဝတိုးတက်စေဖို့ လုပ်ဆောင်မည်ဖြစ်ကြောင်း ကတိပေးခဲ့ပါ၏။
နောက်ပိုင်း လုပ်ဆောင်ခဲ့သည့် အပြုအမူများက ဘုရင်မဆယ်ဗီနီ၏ ကတိကို သက်သေပြခဲ့သည်။
ဘုရင်မဆယ်ဗီနီမှာ ဌာနမှချမှတ်ထားသည့် ပြည်တွင်းမှော်စက်မှုနယ်ပယ် ကန့်သတ်ချက်များနှင့် တားဆီးချက်မျိုးစုံတို့ကို ကိုင်တွယ်ကာ လုပ်ငန်းစုဆယ်ခုမှ ချမှတ်ထားခဲ့သော အခွင့်အရေးများကို ဖယ်ထုတ်ခဲ့သည်။
အနှီလုပ်ငန်းစုဆယ်ခုကို ထုတ်ပြန်ချက်မှ ဖယ်ထုတ်လိုက်ကာ ၎င်းတို့၏ ပိုင်ရှင်များက ပုန်ကန်ထကြွပြီးနောက် နိုင်ငံလွှတ်တော်မှာ ယခုတွင် အနှီလုပ်ငန်းစုဆယ်ခု၏ ကျန်ရစ်ပစ္စည်းများအား လူထုလေလံပွဲလုပ်ကာ ရောင်းချခဲ့သည်။ မှော်စက်မှုနယ်ပယ်နှင့် သက်ဆိုင်သည့် လုပ်ငန်းစုဖြစ်နေသရွေ့ ၎င်းတို့မှာ လေလံပွဲတွင် ပါဝင်နိုင်သည်။
ဘုရင်မ ဆယ်ဗီနီက မှော်စက်မှုနယ်ပယ်ကို အပြည့်အဝထောက်ခံသည့် ရည်ရွယ်ချက်အား ထုတ်ပြခဲ့သလို မင်းသမီးလေးဖြစ်စဉ်က ချပြခဲ့သည့် သဘောထားအရ လေလံပွဲစတင်သည်နှင့် နိုင်ငံတဝှမ်းမှ လုပ်ငန်းစုများစွာ ရောက်ရှိလာကြတော့သည်။ ၎င်းတို့အားလုံးမှာ ဤအခွင့်အရေးကိုယူ၍ အင်မတန်ကြွယ်ဝသော မှော်စက်မှုနယ်ပယ်ကို ဝင်ရောက်လိုကြသည်။
သို့သော် ဤအချိန်တွင် မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနနှင့် စီးပွားရေးဌာနတို့မှာ လူများစွာ၏ အာရုံကို ဆွဲဆောင်နိုင်မည့် တစ်စုံတရာအား ကြေညာလိုက်သည်။
အကြောင်းအရာများမှာ ရိုးရှင်းလှပါသည်၊ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းပေါ် တင်းကြပ်ထားသည့် အရာအားလုံးအား ဖယ်ရှားမည်ဖြစ်သည်။
ဤထုတ်ပြန်ချက်ကို ⟨ လမ်ပူရီ အပတ်စဉ် ⟩ ထုတ်ပြန်လိုက်ရာ နိုင်ငံတဝှမ်း ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။
ဤထုတ်ပြန်ချက်သည် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လမ်ပူရီတိုင်းပြည်ကို ပြန်လာတော့မည်ကဲ့သို့ ဖြစ်နေသောကြောင့်ပင်။
Frestech ကုန်သည်ကြီးများအသင်းမှာ ငါးနှစ်အောက်မျှသာ တည်ထောင်ခဲ့ရသော်လည်း လမ်ပူရီတိုင်းပြည်၏ လူများအားလုံးထဲတွင် လေးနက်သောအမြင်ကို ချန်ထားခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းမှာ ထိုမျှ အသုံးဝင်ကာ ဆန်းသစ်လှသည့် မှော်စက်များအားလုံးကို ယူဆောင်လာခဲ့ခြင်းသာမကပေ။ ပို၍ အရေးကြီးသည်မှာ လုပ်ငန်းစုတစ်ခု၏ အင်အားဖြင့် နယ်စပ်ရှိ ဘန်တာမြို့ကဲ့သို့ မြို့လေးတစ်မြို့မှာ နိုင်ငံတွင် အကြွယ်ဝဆုံးမြို့ဖြစ်လာခဲ့ရသည်။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်း၏ အင်အားနှင့်အတူ လမ်ပူရီတိုင်းပြည်တစ်ခုလုံးမှာ များစွာ ပြောင်းလဲခဲ့သည်။
ယခင်က လမ်ပူရီတိုင်းပြည်မှာ အင်မတန်ချို့တဲ့လှသဖြင့် လူအများစုအနေနှင့် ၎င်းတို့၏ ဝမ်းစာကိုပင် ဖြည့်နိုင်ခဲ့ခြင်းမရှိကြချေ။
သို့သော် Frestech ကုန်သည်ကြီးများအသင်း ယူဆောင်လာသည့် စိုက်ပျိုးရေးသုံးမှော်စက်များစွာနှင့်အတူ ၎င်းက နိုင်ငံရှိ လူတို့၏ အခြေခံအကျဆုံးသော မရှိမဖြစ်လိုအပ်သည်များကို ပထမဆုံး ဖြေရှင်းခဲ့သည်။ ထို့နောက် ဒဏ္ဍာရီလာနတ်သူငယ်များနှင့် ပူးပေါင်းမှုက မြေဩဇာကို ဆောင်ယူလာခြင်းကြောင့် လမ်ပူရီတိုင်းပြည်၏ ကောက်ပဲသီးနှံများကို များစွာပိုမို ကြွယ်ဝလာစေတော့သည်။
လမ်ပူရီတိုင်းပြည်ရှိ သီးနှံအထွက်နှုန်းက ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့ရုံသာမက အပိုအလျှံများစွာပင် ရှိသေးသည်။ ဤ၂နှစ်တာအတွင်း ၎င်းတို့မှာ အခြားနိုင်ငံများထံ ကောက်ပဲသီးနှံများကို တင်ပို့နေခဲ့သည်။
လွန်ခဲ့သည့် နှစ်ကတင် လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာငွေများမှာ အနီးဝန်းကျင်နိုင်ငံများထံ ကောက်ပဲသီးနှံရောင်းရာမှ ရွှေဒင်္ဂါးနှစ်သိန်း ဝင်ငွေရရှိခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း မတိုင်ခင်က လမ်ပူရီတိုင်းပြည်၌ အစာစားရန် မလုံလောက်သဖြင့် သေဆုံးသွားခဲ့သူများစွာ ရှိပေ၏။ ၎င်းတို့အနေနှင့် အခြားနိုင်ငံများထံမှ ကောက်ပဲသီးနှံများကို အနည်းဆုံး ရွှေဒင်္ဂါးနှစ်သိန်း ဈေးကြီးပေးဝယ်ခဲ့ရသည်။
၎င်းတို့အားလုံးကို ပေါင်းထည့်လိုက်သော် ၎င်းက ရွှေဒင်္ဂါးလေးသိန်းအထိဈေးရှိ၏။
Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်တွင် မှော်စက်မှုနယ်ပယ် ဖွံ့ဖြိုးရေးကို ရှေ့ဆောင်ခဲ့သည်သာမက နိုင်ငံ၏ ဘဏ္ဍာရေးကိုလည်း များစွာ အားကောင်းလာစေသည်။ ၎င်းတို့ထံ၌ ယခုတွင် ဘဏ္ဍာငွေပြတ်လပ်ခြင်းကြောင့် လုပ်ဆောင်ရန် ဆိုင်းထားရသည့် စီမံကိန်းများအား ရင်းနှီးမြှုပ်နှံဖို့ ငွေရှိလာရာ နိုင်ငံ၏ အခြေအနေများကို များစွာ တိုးတက်စေခဲ့သည်။
ဥပမာဆိုရသော် Frestech ကုန်သည်ကြီးများအသင်းသည် အရေးကြီးဘိလပ်မြေကို ယူဆောင်လာခဲ့ခြင်းပင်။ Frestech ကုန်သည်ကြီးများအသင်းနှင့် အတူလုပ်ကိုင်သည့် အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ နိုင်ငံတဝှမ်း လမ်းမ တစ်ရာကျော်ဖောက်လုပ်ခဲ့ကာ စုစုပေါင်း ကီလိုမီတာတစ်သောင်းကျော်အထိ ရောက်ခဲ့၏။ လမ်ပူရီတိုင်းပြည်၏ မြို့တစ်မြို့စီအား ဤချောမွေ့သောလမ်းဖြင့် ချိတ်ဆက်ထားရာ ယခုတွင် လမ်ပူရီတိုင်းပြည် ပို့ဆောင်ဆက်သွယ်ရေးက အင်မတန် အဆင်ပြေလာသည်။
ဥပမာ အာမန်နီ ကုန်သည်ကြီးများအသင်းက လက်ရှိတွင် Frestech ကုန်သည်ကြီးများအသင်း ထောက်ပံ့ပေးထားသော အထည်အလိပ်မှော်စက်ကြီးများကို အသုံးပြုကာ အဝတ်အစားအရေအတွက်များစွာကို ဖန်တီးနေပါ၏။ အဝတ်များ၏ ဈေးနှုန်းမြင့်မြင့်က လျော့ကျသွားရာ လမ်ပူရီတိုင်းပြည်ရှိ လူအများစွာမှာ အဝတ်အသစ်များ ဝတ်နိုင်လာသည်။
ဥပမာဆိုရသော်.....
......
သို့သော် ၎င်းတို့၏ အခြားလုပ်ငန်းစုများနှင့် ပူးပေါင်းမှုကို ယှဉ်ရသော် နိုင်ငံသားများထံသို့ Frestech ကုန်သည်ကြီးများအသင်း ယူဆောင်လာသည့် တိုက်ရိုက်ပြောင်းလဲမှုမှာ အကြီးမားဆုံးဖြစ်ပါ၏။
ငွေအနည်းငယ်ရှိသည့် မိသားစုတစ်ခုဖြစ်နေသရွေ့ ၎င်းတို့ထံတွင် အိမ်သုံးမှော်စက်ပေါင်းများစွာ ရှိနေလိမ့်မည်။
၎င်းအိမ်သုံးမှော်စက်များမှာ ၎င်းမိသားစုများ၏ နေထိုင်မှုအဆင့်အတန်းကို ပြောင်းလဲပေးခဲ့သည်။ ၎င်းက သူတို့၏ ဘဝများအတွက် ပြောင်းလဲမှုကြီးတစ်ခုကို ယူဆောင်လာသည်ဟုပင် ဆို၍ရသည်။
အခြားတံဆိပ်များထံမှ တချို့တံဆိပ်များကြောင့် အနှီအိမ်သုံးမှော်စက်များအားလုံးကို Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ခဲ့ခြင်းမဟုတ်ပါလျှင်တောင် အနှီအိမ်သုံးမှော်စက်များအားလုံးကို Frestech ကုန်သည်ကြီးများအသင်းက ယူဆောင်လာခဲ့သည်။
၎င်းတို့အိမ်ရှိ အိမ်သုံးမှော်စက်များကို ကြည့်လိုက်သောအခါတွင် လမ်ပူရီတိုင်းပြည်သားများမှာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့၏ ဘဝများထံသို့ ကောင်းသော ပြောင်းလဲမှုများယူဆောင်လာသည်ကို သတိရမိကြလိမ့်မည်။
တစ်နှစ်ကျော်ကြာအောင် ဘုရင်ကြီး အဲရစ်နှင့် ဒုခ့်စတက်ဂျ် တို့က လမ်ပူရီတိုင်းပြည်ကို အတင်းထွက်သွားစေခဲ့လေရာ လမ်ပူရီတိုင်းပြည်သားများမှာ ထိုအတွက် ဒေါသနှင့် ဝမ်းနည်းမှုကို ခံစားခဲ့ရသည်။
တစ်နှစ်ကျော်ကြာအောင် လုပ်ငန်းစုဆယ်ခုမှ ယူဆောင်လာသည့် ပြဿနာကြောင့် အားလုံး၏ ဘဝများအား ပြောင်းလဲမှုအဆင့်များစွာအထိ ဆိုးဆိုးရွားရွားထိခိုက်စေခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းကို လွမ်းဆွတ်နေကြသူများရှိပါ၏။
ထို့ကြောင့် မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနနှင့် စီးပွားရေးဌာနတို့က Frestech ကုန်သည်ကြီးများအသင်းအပေါ် တင်းကြပ်မှုများကို လျှော့ပေါ့ပေးမည်ဟု ကြေညာလိုက်ချိန်တွင် လမ်ပူရီတိုင်းပြည်ရှိ လူအားလုံး စိတ်ထဲ မနေနိုင်အောင် ဩဘာပေးမိကြလေသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ ပြန်လာပြီပင်!
၎င်းတို့၏ ဘဝများမှာ တစ်ဖန်ပြန်လည် ကောင်းမွန်လာတော့မည်!
ထို့အပြင် ၎င်းအကြား၌ အပျော်ရွှင်ကြဆုံးမှာ သေချာပေါက် ဘန်တာမြို့သားများဖြစ်ပေသည်။
ထို့ကြောင့် ⟨ ဘန်တာတိုင်းမ်စ် ⟩မှ ဘန်တာမြို့တွင် Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှုဌာနကို စတင်လည်ပတ်တော့မည့်အကြောင်း ကြေညာလာချိန်၌ ဘန်တာမြို့မှာ ပျော်ရွှင်မှုများပြည့်သွားကြသည်။
သက္ကရာဇ် ၃၈၇၅ခု၏ ဖေဖော်ဝါရီ ၆ရက်နေ့တွင် Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှုဌာနမှာ တစ်ဖန် ဖွင့်လှစ်လာပါ၏။ ၎င်းတို့မှာ အပြည့်ဝိုင်းရံထားကြရာ ဘန်တာမြို့အစောင့်များ အားလုံးနီးပါးကိုပင် လွှတ်လိုက်ကြရပြီး စစ်သည်များအကြား၌ အထူးသံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားရသည့် လက်ရွေးစင်များပင်ရှိနေသည်။ ဘန်တာမြို့သားများအားလုံး ဘန်တာမြို့မှ ပြင်ဆင်ထွက်ခွာကာ ဘန်တာမြို့၏ အနောက်ဘက်ဂိတ်နှင့် ဆန်ဒီမြစ်အနီးရှိ Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှုဌာနသို့ ရောက်လာကာ ဝိုင်းရံထားကြလေသည်။
အားလုံးက ခေါင်းများပြူထွက်ကာ ရှေ့သို့ မျှော်ကြည့်လျက် Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှုဌာနက လုပ်ငန်းအတွက် ဖွင့်လှစ်မည့်အခိုက်ကို မြင်လိုနေကြသည်။
ဘန်တာမြို့သားများအတွက် Frestech ကုန်သည်ကြီးများအသင်းမှာ ဘဝကောင်းတစ်ခုနှင့် အဓိပ္ပာယ်တူပါသည်။
Frestech ကုန်သည်ကြီးများအသင်း ဘန်တာမြို့၌ ရှိခဲ့စဉ်အခါက ဘန်တာမြိုတော်ရှိ လူတိုင်း ပျော်ရွှင်ဖွယ်ဘဝတွင် နေထိုင်ခဲ့ကြရသည်။ Frestech ကုန်သည်ကြီးများအသင်း ထွက်သွားရပြီးချိန်တွင် ဘန်တာမြို့မှာ လောင်းရိပ်ဖြင့် အဖုံးကွယ်ခံရကာ လူအများစု၏ ဘဝများက များစွာ ပို၍ ဆိုးရွားလာခဲ့သည်။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်း ပြန်လာပြီဖြစ်သဖြင့် ဘဝက သေချာပေါက် တစ်ဖန် ပြန်လည်ကောင်းမွန်တော့မည်ဖြစ်သည်!
မနက်ခင်း ဆယ်နာရီတွင် မီတာသုံးဆယ်အမြင့်ရှိကာ အလွှာခုနစ်လွှာခွဲခြမ်းထားသည့် အမ်ရစ်ကုန်သည်ကြီးများအသင်း ဆောက်လုပ်ထားသော စကျင်ကျောက်အထုပ်ကြီးတစ်ခုဟန်ရှိ ကြီးကျယ်ခမ်းနားဟန်ကိုပေးစွမ်းနေသည့် Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှုဌာနမှာ တံခါးများ ဖွင့်လိုက်တော့သည်။
တံခါးများထဲမှ ရှုယီထွက်လာသည်ကိုမြင်ချိန်တွင် လူအားလုံးမှာ နားပင်းလောက်အောင် ဩဘာပေးလာကြတော့၏။
ဤအသံကျယ်ကြီးက ဘန်တာမြို့တဝှမ်း မြည်ဟီးလုနီးပါးဖြစ်ကာ ဆန်ဒီ မြစ်မျက်နှာပြင်တွင်ပင် လှိုင်းဂယက်လေးများထလာစေသည်။
လူတိုင်းကို အံ့အားသင့်စေသည်မှာ ရှုယီက ဝေ့ဝဲကြည့်လျက် နံဘေးကို တိုးကာ လူတစ်ဦးကို ထွက်လာဖို့ ဖိတ်လိုက်သည်။
ယနေ့မှာ Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှုဌာန အဖွင့်နေ့ဖြစ်သဖြင့် အဓိကဇာတ်လိုက်မှာ ရှုယီဖြစ်လေရာ သူ့အနေနှင့် အဘယ့်ကြောင့် ဤသို့လုပ်ရသနည်း?
သို့သော် လူတိုင်း ထွက်လာသူကိုမြင်တွေ့ချိန်တွင် အားလုံးအံ့ဩသွားပြီးနောက် မတိုင်ခင်ကထက်ပင် ပိုကျယ်သော ဩဘာသံများပေးလာတော့သည်။
“ဘုရင်မ ကြည့်ရတာ ခင်ဗျားရဲ့ အဆင့်အတန်းက ဒီလူတွေရဲ့ မျက်လုံးထဲမှာ ပိုမြင့်နေသလိုပဲ။” လူများက အင်မတန် ရွှင်ပျစွာ ဩဘာပေးနေကြသည်ကိုမြင်သော် ရှုယီလည်း ဝမ်းနည်းနေဟန်ဖြင့် မဆိုဘဲ မနေနိုင်တော့ချေ။
ဆယ်ဗီနီက သူ့အားကြည့်လိုက်၏၊ “ဒါပေါ့။ ကျွန်မသာ သူတို့မျက်လုံးထဲ ဒီလိုနေရာကိုမယူထားရင် ဘယ်လိုလုပ် ဘုရင်မဖြစ်နေဦးမှာလဲ?”
ရှုယီက ရယ်ပေ၏၊ “ဆယ်ဗီနီ ခင်ဗျား ဘုရင်မ ဖြစ်လာပြီးတဲ့နောက်မှာ အရင်ကထက် စာရင်ပိုပြီး ယုံကြည်ချက်ပြည့်လျှံနေသလိုပဲနော်။”
ဆယ်ဗီနီက အသာအယာပြုံးသည်။ သူမ စကားဆိုတော့မည်အပြုတွင် ဝန်ကြီးဟုထင်ရသည့် ဆယ်ဗီနီ့နောက်မှ လူအိုကြီးတစ်ယောက်မှာ ရှုယီကို ဒေါသတကြီးကြည့်လာသည်၊ “ဥက္ကဌရှု ခင်ဗျားက ဘယ်လိုလုပ် ဘုရင်မကို နာမည်တပ်ခေါ်ရဲရတာလဲ? ခင်ဗျားကို ဘုရင်မက အရေးထားတာနဲ့ပဲ ရိုင်းစိုင်းလို့ရနိုင်မယ်ထင်နေလား!”
ရှုယီမှာ ထိုဝန်ကြီးကို တအံ့တဩကြည့်လိုက်ပြီးနောက် ဆယ်ဗီနီကို ကြည့်လေ၏။
ဆယ်ဗီနီမှာ လူအိုကြီးမမြင်နိုင်သည့်ဘက်ကိုလှည့်ကာ ရှုယီထံ လျှာထုတ်ပြလိုက်၏။ ထို့နောက် ဝန်ကြီးဘက်ပြန်လှည့်ကာ ဘုရင်မတစ်ပါးထံ၌ ရှိသင့်သည့် အိန္ဒြေကိုပြန်ရသွားကာ အသာအယာပြုံးလျက် ခေါင်းခါလေ၏၊ “ဒါက ဥက္ကဌရှု နှုတ်ကျိုးနေလို့ပါ စိတ်ထဲမထားနဲ့။”
၎င်းဝန်ကြီးမှာ တစ်ခုခုဆိုလိုက်ချင်သော်လည်း ဆယ်ဗီနီက အသာမျက်မှောင်ကုပ်လိုက်သည်ကို တွေ့သဖြင့် ပါးစပ်ပိတ်လိုက်လေသည်။
ဝန်ကြီးထံရှိ သူ့ကိုကြည့်နေသော ခပ်စူးစူးအကြည့်ကိုမြင်သော် ရှုယီမှာ စိတ်ထဲ ခါးသက်သက်ရယ်မိသည်။
သူဖြစ်စေ ဆယ်ဗီနီဖြစ်စေ ဆန္ဒမရှိပါလျှင်တောင် ယခု ဆယ်ဗီနီက လမ်ပူရီတိုင်းပြည်၏ ဘုရင်မဖြစ်လေရာ ၎င်းတို့အကြားရှိ ဆက်ဆံရေးမှာ ယခင်ကကဲ့သို့ သန့်စင်၍ တည့်တိုးဆန်လို့မရနိုင်တော့ပေ။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၁၂။ အထူးဈေးရောင်းပွဲတော်
Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှာဌာနအား ဘန်တာမြို့တွင် ဖွင့်လှစ်လိုက်သည်မှာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လမ်ပူရီတိုင်းပြည်သို့ တရားဝင်ပြန်လာသည့် အဓိပ္ပာယ်ပင်။
ဘုရင်မ ဆယ်ဗီနီက ဤဖွင့်ပွဲအခမ်းအနားကို ကိုယ်တိုင်လာရန် မအားလပ်လှသည့်နန်းတက်ပွဲပြီးနောက် အချိန်ရှာခဲ့လေရာ ၎င်းက လမ်ပူရီတိုင်းပြည်အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို မည်မျှ အရေးထားကြောင်းပြနေလေသည်။
လမ်ပူရီတိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့ လက်မှတ်ရေးထိုးထားသည့် သဘောတူညီမှုများအရ Frestech ကုန်သည်ကြီးများအသင်း လမ်ပူရီတိုင်းပြည်သို့ ပြန်လာပြီးနောက်တွင် လမ်ပူရီတိုင်းပြည်မှာ အနှီလုပ်ငန်းစုဆယ်ခု ခိုးယူထားသည့် နယ်ပယ်အားလုံးကို Frestech ကုန်သည်ကြီးများအသင်းထံ ပြန်ပေးမည်ဖြစ်သည်။
သို့သော် ၎င်းကို အကောင်အထည်ဖော်ချိန်၌ အနှီနယ်ပယ်များမှာ လမ်ပူရီတိုင်းပြည်ကွန်ရက်၏ အစိတ်အပိုင်းအချို့ကို ချိတ်ဆက်ထားခြင်းမှ မရှောင်တိမ်းနိုင်ကြချေ။
ဥပမာဆိုရသော် Frestech ကုန်သည်ကြီးများအသင်း၏ အုတ်မြစ်ဖြစ်ခဲ့ဖူးသော မိုးကျတောင်ကြားဖြစ်၏။ ၎င်းတို့အားလုံးကို Frestech ကုန်သည်ကြီးများအသင်းထံပေးထားသော်လည်း မိုးကျတောင်ကြားတွင် လမ်ပူရီတိုင်းပြည်မှ ချမှတ်ထားသည့် အထူးအုပ်ချုပ်ရေးဇုန်တစ်ခုရှိကာ မိုးကျတောင်ကြား တဝိုက် ဧရိယာများကို အထူးစီမံခန့်ခွဲသည်။
အမည်အရ ၎င်းမှာ မိုးကျတောင်ကြားနှင့် အနီးဝန်းကျင်လုပ်ငန်းစုများ၏ လိုအပ်ချက်ကို စီစဉ်ပြီး ၎င်းတို့၏လုပ်ငန်းစုများကို အုပ်ချုပ်ရာ၌ ကူညီကာ အချိန်နှင့် အားထုတ်မှုကိုသက်သာစေမည်ဖြစ်၏။
သို့သော် လက်တွေ့တွင် ဤအထူးအုပ်ချုပ်ရေးဌာနထံ၌ မိုးကျတောင်ကြားနှင့် အနီးဝန်းကျင်ဧရိယာတို့တွင် အထူးစီမံခန့်ခွဲခွင့်များရှိ၏။ ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းဖြစ်စေ ဆန်နက်မြေရိုင်းမှ ပြန်လာကြသည့် လုပ်ငန်းစုများဖြစ်စေ ၎င်းဌာနထံမှ စီမံခန့်ခွဲခံရလိမ့်မည်သာ။
အခြားလုပ်ငန်းစုများအတွက် ၎င်းကို လက်ခံနိုင်ကြပါ၏။
သို့သော် Frestech ကုန်သည်ကြီးများအသင်းအတွက်မူ ပြောင်းလဲမှုက သိသာလှသည်။
ယခင်က မိုးကျတောင်ကြားမှာ ရှုယီ၏ ကိုယ်ပိုင်နယ်မြေဖြစ်လေရာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် မိုးကျတောင်ကြားကို မည်သို့ပြောင်းလဲသည်ဖြစ်စေ ထိုနေရာ၌ လွတ်လပ်မှုနှင့် ကိုယ်တိုင်လုပ်ပိုင်ခွင့်ရှိပါ၏။
သို့သော် ယခု ဤဌာနရှိနေလေရာ Frestech ကုန်သည်ကြီးများအသင်းက တစ်ခုခုလုပ်ဆောင်လိုပါလျှင် ထိုဌာနထံသို့ လျှောက်လှဲချက်တင်ရမည်ဖြစ်၏။
ဥပမာ ၎င်းတို့၏ ယခင်က ထုတ်လုပ်နှုန်းကို ပြန်ရစေရန်အလို့ငှာ ရှုယီမှာ မိုးကျတောင်ကြား၌ သံမဏိစက်ရုံသစ်တစ်ရုံ တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့သည်။
သို့သော် သံမဏိစက်ရုံတစ်ရုံတည်ဆောက်ရန် ၎င်းတို့အနေနှင့် ဘန်တာမြို့ထံ လျှောက်လွှာတင်ကာ တည်ဆောက်ခြင်းမစခင်တွင် ခွင့်ပြုချက်များစွာ ရယူရမည်ဖြစ်၏။
ဌာနနှင့် ဘန်တာမြို့နှင့် ဘန်တာမြို့က Frestech ကုန်သည်ကြီးများအသင်းထံမှ လျှောက်လွှာအားလုံးကို ခွင့်ပြုပြီး အမြန်လုပ်ဆောင်ပါလျှင်တောင် အားလုံး ခွင့်မပြုခင် တစ်လနီးနီးကြာမည်ပင်။
ရှုယီအတွက် ၎င်းမှာ အင်မတန် ကြီးမားသည့်ပြဿနာဖြစ်သည်။
ထို့အပြင် ၎င်းတို့အနေနှင့် ခွင့်ပြုချက်အတွက် အချိန်ကို သတ်သတ်မှတ်မှတ်မထားနိုင်ရာ ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ အစီစဉ်များကို မတူညီသည့်အဆင့်များအထိ ထိခိုက်စေလိမ့်မည်။ ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းကလည်း ယခင်နှင့် တူလိမ့်မည်မဟုတ်တော့။
သို့သော် ရှုယီအနေနှင့် ၎င်းခြားနားမှုများကို မျှော်လင့်ထားပြီးသားဖြစ်ရာ ထိုမျှ စိတ်ထဲမထားနေချေ။
အရေးအကြီးဆုံးမှာ သူ၏စိတ်က ယခင်ကနှင့် ခြားနားနေခြင်းဖြစ်၏။
လမ်ပူရီတိုင်းပြည်မှ မောင်းထုတ်မခံခဲ့ရခင် အချိန်က သူ့အနေနှင့် လမ်ပူရီတိုင်းပြည်ကို တတ်နိုင်သမျှမြန်မြန်တိုးတက်ကာ စွမ်းအားကြီးမှော်စက်မှုနယ်ပယ်နှင့် နိုင်ငံတစ်နိုင်ငံ ဖန်တီးဖို့ရန် ကူညီချင်ခဲ့ပါ၏။
မှန်ပါ၏ ၎င်းအကြံတွင်တောင် တစ်ကိုယ်ကောင်းဆန်မှုကြီးကြီးမားမားရှိလေသည်။
လမ်ပူရီတိုင်းပြည်သာ ပိုမိုသန်မာလာပါလျှင် စိုင်စ်နယ်မြေကြီးရှိ မှော်စက်မှုနယ်ပယ်က အလျင်အမြန်တိုးတက်လာမည်ဖြစ်သောကြောင့်ပင်။
လမ်ပူရီတိုင်းပြည်သာ ကန်ဒရာ သို့မဟုတ် မာလိုအင်ပါယာတို့ကဲ့သို့ သန်မာလာနိုင်ပြီး နယ်မြေကြီးထက်၌ စွမ်းအားအကြီးဆုံးတိုင်းပြည်ဖြစ်လာလျှင် မှော်စက်မှုနယ်ပယ်က နယ်မြေကြီးတဝှမ်း သေချာပေါက် တိုးတက်လာလိမ့်မည်။
အချိန်ကျလာလျှင် ရှုယီ၏ နယ်မြေကြီးထက်၌ မှော်စက်မှုနယ်ပယ်တစ်ခုဖန်တီးမည့် အိပ်မက်က အိပ်မက်တစ်ခုသာ ဖြစ်နေတော့မည်မဟုတ်ပေ။
သို့ရာတွင် သူ့အား လမ်ပူရီတိုင်းပြည်မှ နှင်ထုတ်ကာ စိုင်စ်နယ်မြေကြီးထက် အုတ်မြစ်တစ်ခု ရှာဖွေစေလိုက်ကတည်းက ရှုယီ၏ စိတ်လည်း ပြောင်းလဲမှုကို မရှောင်တိမ်းနိုင်တော့ချေ။
လက်ရှိရှုယီအတွက် သူ၏ကိုယ်ပိုင်ခံစားချက်များကို ဘေးချိတ်ကာ Frestech ကုန်သည်ကြီးများအသင်း၏ ရှုထောင့်မှကြည့်လိုက်လျှင် လမ်ပူရီတိုင်းပြည်က နယ်မြေကြီး၏ သာမန်နိုင်ငံတစ်နိုင်ငံသာဖြစ်သည်။ အခြားနိုင်ငံများနှင့်ယှဉ်လျှင် ၎င်းထံ၌ရှိသော အကြီးမားဆုံးအားသာချက်မှာ ရင့်သန်ပြီးသား ဈေးကွက်နှင့် မှော်စက်မှုနယ်ပယ်ရှိနေခြင်းပင်။
၎င်းမှလွဲ၍ အလားအလာအရ လမ်ပူရီတိုင်းပြည်မှာ ရူဒ်ဆန်တိုင်းပြည်ကိုပင် မယှဉ်နိုင်ချေ။
မှန်ပါ၏ အခြားနိုင်ငံများကိုကျော်၍ လမ်ပူရီတိုင်းပြည်ထံ၌ ရှိခဲ့သော အားသာချက်က Frestech ကုန်သည်ကြီးများအသင်းပြန်လာပြီးနောက် အမြန်ပေါ်ထွက်လာတော့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှုဌာနကို ဘန်တာမြို့၌ ဖွင့်လိုက်ကတည်းက တစ်ပါတ်အတွင်းတွင် လမ်ပူရီတိုင်းပြည်မှလာသော မှာယူမှုအရေအတွက်များစွာရှိလေသည်။
လမ်ပူရီတိုင်းပြည်သားများ အနေနှင့် ၂နှစ်ကျော်ကြာအောင် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များကို မဝယ်ယူနိုင်ခဲ့ကြချေ။ ၎င်းတို့မှာ ဤ၂နှစ်အတွင်း လုပ်ငန်းစုဆယ်ခု၏ အိမ်သုံးမှော်စက်များ၏ ညှဉ်းဆဲမှုကိုသာ ခံစားနိုင်ခဲ့သည်။ ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ပြန်လာပြီဖြစ်ရာ ၎င်းမှာ လူတိုင်း၏ ပစ္စည်းများဝယ်ယူလိုခြင်းအပေါ် စိတ်အားထက်သန်မှုကို ပြန်လည်ထွန်းတောက်လာစေသည်။
“အားလုံးပဲ မလောကြပါနဲ့ ကျေးဇူးပြုပြီး တန်းစီပေးကြပါ! မရှုပ်ထွေးကြပါစေနဲ့!”
ဝန်ဆောင်မှုဌာန၏ ဝန်ထမ်းများမှာ အော်လန်ကိုကိုင်ကာ အော်နေရင်း အသံများပင် ပြာလာကြသည်။
“အားလုံးပဲ စိတ်ချကြပါ။ ကျွန်တော်တို့လုပ်ငန်းစုအနေနဲ့ ဒီနေ့ အထူးအရောင်းပွဲတော်အတွက် ကုန်စည်အလုံအလောက်ပြင်ဆင်ထားပြီးသားမို့ အားလုံး လိုချင်တာကို ဝယ်နိုင်မယ်လို့ ကတိပေးပါတယ်။ ကျွန်တော်တို့ အားလုံးကို မှာယူနိုင်ဖို့ တောင်းဆိုပေးမှာပါ၊ ကျေးဇူးပြုပြီး လူအိုတွေနဲ့ ကလေးတွေကို ဂရုစိုက်ပါ ဒဏ်ရာမရပါစေနဲ့!”
ဝန်ဆောင်မှုဌာန၏ ခန်းမမှာ စတုရန်းတစ်ထောင်မီတာရှိသဖြင့် အတော်လေး ကျယ်ဝန်းသည်ဟု သတ်မှတ်နိုင်ပါ၏။
သို့ရာတွင် ယခု ဤခန်းမ၌ လူများစွာဖြင့် လုံးဝပြည့်နေရာ တစ်နေရာစာပင် မလပ်နေချေ။
ဤလူများက လက်ထဲ၌ ရွှေဒင်္ဂါးများကိုင်လျက် ခန်းမထဲရှိ ရုံးခန်းများစွာထံ အပြေးနှင်လာခဲ့ရကြသည်။
ရုံးခန်းတစ်ခုစီတိုင်း၌ တွန်းတိုက်နေသူများစွာရှိပြီး လူတစ်ဦးစီက မျက်နှာထက် အရိုင်းဆန်မှု အဆင့်တစ်မျိုးစီရှိနေကြရာ လက်ရှိတွင် ပြင်းထန်သည့် အထွဋ်အမြတ်တိုက်ပွဲကို တိုက်ခိုက်နေကြသလိုပင်။
မှန်ပါ၏ Frestech တံဆိပ်မှော်စက်များကို လိုချင်သူများအတွက် ၎င်းက ယနေ့၏စစ်ပွဲဖြစ်သည်။
လွန်ခဲ့သည့် သုံးရက်အကြာက Frestech ကုန်သည်ကြီးများအသင်းမှာ ⟨ ဘန်တာတိုင်းမ်စ် ⟩မှတဆင့် ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပြီး ဘန်တာမြို့ထံ Frestech ကုန်သည်ကြီးများအသင်းပြန်လာခြင်းအတွက် အောင်ပွဲခံရန် အထူးဈေးရောင်းပွဲတော်တစ်ခု ကျင်းပမည်ဟု ဆိုခဲ့သည်။
အနှီအထူးဈေးရောင်းပွဲတော်၌ နောက်ဆုံးပေါ်Frestech တံဆိပ်မှော်စက်များရှိမည်ဖြစ်ရုံသာမက အကျိုးအမြတ်များနှင့် အထူးဈေးနှုန်းများပါရှိသည်။
နောက်ဆုံးပေါ် Frestech တံဆိပ် မှော်လေပေးစက်ကို ဥပမာယူနိုင်၏။ ၎င်းက ပုံမှန်အားဖြင့် ရွှေဒင်္ဂါးသုံးဆယ့်နှစ်ပါးရှိသော်လည်း ယနေ့အထူးဈေးနှုန်းမှာ ရွှေဒင်္ဂါး နှစ်ဆယ့်ကိုးပြား၊ ငွေဒင်္ဂါး ကိုးဆယ့်ကိုးပြားနှင့် ကြေးဒင်္ဂါး ကိုးဆယ့်ကိုးပြားတို့ဖြစ်သည်။
လူများစွာက ၎င်းဈေးနှုန်းကို သံသယဖြစ်နေကြပါသော်လည်း ၎င်းမှာ အားလုံး၏ နားလည်မှုကို အဟန့်အတားမဖြစ်စေပေ။ ဤအထူးဈေးရောင်းပွဲတော်၌ နောက်ဆုံးပေါ်မော်ဒယ် Frestech တံဆိပ် မှော်ပေးစက်မှာ ပုံမှန်ထက် ရွှေဒင်္ဂါး နှစ်ပြားပိုကာ ဈေးချိုသည်။
အခြား Frestech တံဆိပ် အိမ်သုံးမှော်စက်များ၏ လျှော့ဈေးမျိုးစုံကိုပါထည့်ပေါင်းလိုက်သော် အရောင်းပွဲတော်နေ့၌ ဘန်တာမြို့သားများသာမက အနီးအနားမြို့ရှိလူများပင် အပြေးရောက်လာကြသည်။
မှောင်နေဆဲဖြစ်နေချိန်တွင်တောင် အပေါ်ထပ်အင်္ကျီဝတ်ထားသူများနှင့် စောင်ခြုံထားသူများစွာက ဝန်ဆောင်မှုဌာနအပြင်၌ စောင့်ဆိုင်းနေကြသည်။
မနက်ခင်း ရှစ်နာရီ ဝန်ဆောင်မှုဌာနမှ တံခါးများဖွင့်လိုက်ချိန်၌ မျက်တောင်တစ်ခတ်စာအတွင်းတွင် လူလှိုင်းကြီးက တဟုန်ထိုးထက်လာ၏။
ပထမနှင့် ဒုတိယထပ်က လူများနှင့်စာလျှင် တတိယထပ်ရှိ ခန်းမတွင် လူပိုနည်းလေသည်။
သို့သော် ပထမနှင့် ဒုတိယအထပ်ရှိ လူများနှင့်ယှဉ်ပါက မီတာတစ်ထောင်ရှိသော ဤခန်းမတွင် လူနှစ်ထောင်ကျော်ရှိသည်။ ၎င်းတို့ကို ကြည့်လိုက်လျှင် အတော်လေးလူထူထပ်နေသည့် ပုံရှိ၏။
၎င်းက အောက်ထပ်ရှိ ဝယ်သူများနှင့် ခြားနားနေကာ တတိယထပ်ရှိ လူများက လမ်ပူရီတိုင်းပြည် တဝှမ်းမှလာသည့် ကုန်သည်များဖြစ်လေသည်။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းပြန်လာပြီဖြစ်ရာ ၎င်းအတွက် အထိရှအလွယ်ကြဆုံးလူများက အနံခံအာရုံကောင်းမွန်သည့် ကုန်သည်များဖြစ်ကြသည်။
Frestech ကုန်သည်ကြီးများအသင်း လမ်ပူရီတိုင်းပြည်၌ ရှိနေဆဲအချိန်က ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းကို အားကိုးရင်း အတော်လေး ရထားခဲ့ပါ၏။ ယခုတွင် ပြန်လာကြပြီဖြစ်ရာ ၎င်းတို့လည်း ပထမဆုံး အကျိုးအမြတ်ရသူဖြစ်ချင်နေကြ၏။
“ဥက္ကဌရှု ဒီနေ့လို သက်ဝင်လှုပ်ရှားလှတဲ့ လူအုပ်ကြီးကို မြင်နေရတော့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ တစ်နေ့တည်းနဲ့တင် အတော်လေး ဝင်ငွေရလောက်မယ်။” ဝဖိုင်ဖိုင့်ကုန်သည်တစ်ဦးက ရှုယီအား အပြုံးခပ်ကြီးကြီးပြုံး၍ ပြောလာသည်။
“ခင်ဗျားရဲ့စကားတွေ အားလုံးကတော့ မမှန်ပါဘူး။ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒီနေ့တစ်ရက်ပဲ အမြတ်အစွန်းများများရမှာမဟုတ်ဘူး။ နေ့တိုင်းကို ရမှာပဲ ဟုတ်တယ်မလား ဥက္ကဌရှု?” နောက်ထပ် ကုန်သည်က အပြုံးဖြင့် ဆိုလာသည်။
“ကောင်းပြီလေ Frestech ကုန်သည်ကြီးများအသင်းက သေချာပေါက် ငွေရမှာပါ။ ဒါပေမယ့် ကျုပ်ရဲ့ ဥက္ကဌရှုအပေါ် နားလည်မှုအရဆိုရင် သူက ဘယ်လောက်များများရနိုင်မယ်ဆိုတာကို လုံးဝဂရုမစိုက်လောက်ပါဘူး။ အဲ့အစား သူက ကျုပ်တို့နိုင်ငံက ပြည်သူတွေရဲ့ ဘဝတွေကို အသုံးဝင်တဲ့ Frestech တံဆိပ် မှော်စက်တွေနဲ့ အဆင့်မြှင့်ပေးချင်နေတာ မဟုတ်လား?”
“ဟုတ်တယ် ဟုတ်တယ် ဘယ်လိုလုပ် ဥက္ကဌရှုရဲ့ ပန်းတိုင်က ကျုပ်တို့လိုမျိုး ပေါ့ပျက်ပျက်နိုင်နေမှာလဲ? ကျုပ်တို့က ကျုပ်တို့ ငွေဘယ်လောက်များများရှာနိုင်သလဲဆိုတာကိုပဲ ဂရုစိုက်နေပေမယ့် ဥက္ကဌရှုကတော့ အမြဲတမ်း လူတွေရဲ့ ဘဝကို ဘယ်လိုတိုးတက်အောင်လုပ်ရမယ်ဆိုတာကို စဉ်းစားနေတာ။ မဟုတ်ရင် သူ့အနေနဲ့ ကိုယ်ချင်းစာစိတ်ရှိရှိနဲ့ အဲဒီ့နည်းပညာတွေကို လွှဲပြောင်းပေးနေမှာမဟုတ်ဘူးမို့လား?”
နောက်ဆုံး ကုန်သည်၏အပြောက 'နည်းပညာလွှဲပြောင်းပေးခြင်း'ဟူသည့် ခေါင်းစဉ်ကို ပြောင်းလဲသွားရာ ရှုယီလည်း အပြုံးဖြင့် လက်ယမ်းလိုက်သည်၊ “မဟုတ်ပါဘူး ခင်ဗျားတို့ ကျုပ်ကို ချီးကျူးလွန်းနေပါပြီ။ ကျုပ်က အမြဲတမ်း ကျုပ်က ကုန်သည်ဆိုတဲ့ အဓိကထားပြီး ဒီအထောက်အထားက မျိုးရိုးမြင့်တစ်ယောက်ဖြစ်တာထက် ပိုပြီး အရေးကြီးတယ်လို့ ထင်နေတာပါ။ ခင်ဗျားတို့လည်း ကျုပ်အတွေးကို နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။”
ရှုယီ ဘေးပတ်လည်ရှိ ကုန်သည်များမှာ တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် ခေါင်းငြိမ့်လာကြ၏။
လွန်ခဲ့သည့် ၂နှစ်အကြာက တော်ဝင်လွှတ်တော်မှာ ရှုယီ၏ မျိုးရိုးမြင့်အထောက်အထားကို ပြန်ယူလိုချိန်တွင် ရှုယီက သူ့၏ ကုန်သည်အထောက်အထားမှာ မျိုးရိုးမြင့်အထောက်အထားထက် ပိုမို အရေးပါကြောင်း ဆိုခဲ့သဖြင့် လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
ထိုကတည်းက လမ်ပူရီတိုင်းပြည်ရှိ ကုန်သည်များအားလုံးမှာ ရှုယီအပေါ် ပြင်းထန်သည့် ကရုဏာစိတ်များပေါ်လာခဲ့ကြသည်။
စိုင်စ်နယ်မြေကြီး၌ ကုန်သည်အဆင့်အတန်းမှာ နိမ့်ပါးသော်လည်း ယခုတွင် ရှုယီကဲ့သို့ အရေးကြီးပုဂ္ဂိုလ်တစ်ဦးက ကုန်သည်အဆင့်အတန်းမှာ မျိုးရိုးမြင့်အဆင့်အတန်းထက် ပို၍အရေးကြီးသည်ဟု ကြေညာခဲ့ရာ သံသယပင်ဝင်စရာမလိုလောက်အောင် ၎င်းက ကုန်သည်အားလုံး၏ စိတ်နှလုံးကို ရိုက်ခတ်သွားလေသည်။
ထိုလူများ၏ မျက်နှာထက်ရှိ စိတ်လှုပ်ရှားနေဟန်များကိုမြင်သော် ရှုယီက အသာပြုံး၍ ဆက်ပြောသည်၊ “ဒီတော့ ကျုပ်အနေနဲ့ ကုန်သည်တစ်ယောက်ဖြစ်တယ်ဆိုတာကို အလေးထားနေကတည်းက ကျုပ်ရဲ့ ကုန်သည်တစ်ဦးအနေနဲ့ ဦးစားပေးကလည်း ငွေရှာဖို့ပါပဲ။ ကျုပ်က လူတွေရဲ့ဘဝကို အဆင့်မြှင့်ပေးချင်တယ်လို့ ခင်ဗျားတို့ပြောခဲ့ပေမယ့် ဒါက အတိအကျကြီးမဟုတ်ပါဘူး။ ကျုပ်တို့အားလုံးက ကုန်သည်တွေပဲမို့ ဘာကိုမှ ဖုံးကွယ်နေစရာမလိုပါဘူး။ ကုန်သည်တစ်ဦးအနေနဲ့ ဘယ်သူက ဝင်ငွေမရချင်ဘဲနေမှာတဲ့လဲ?”
ကုန်သည်များက တစ်ဦးကိုတစ်ဦးကြည့်လိုက်ပြီးနောက် အော်ရယ်လာတော့သည်။
“ဒါပေါ့ ငွေဝင်တယ်ဆိုတာက တခြားလူတွေရဲ့ဘဝကို တိုးတက်အောင်လုပ်ပေးတာနဲ့မှ ဆန့်ကျင်မနေတာ။ ကျုပ် ငွေရှာနေချိန်မှာ လူတွေရဲ့ဘဝကလည်း ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဖန်တီးထားတဲ့ နည်းပညာတိုးတက်လာတာနဲ့အညီ တိုးတက်နေကြတာကြောင့် ဒါက ဆန့်ကျင်ဘက်တော့ ဖြစ်မနေဘူးပေါ့။ ပြီးတော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း ငွေဝင်လာတာနဲ့ ကျုပ်တို့လည်း ထုတ်ကုန်သစ်တွေထုတ်လုပ်နိုင်ပြီး ဆက်လက်ချပြနိုင်တာပေါ့လေ။”
ဝေ့ဝဲကြည့်လိုက်ပြီးနောက် ရှုယီ၏ မျက်နှာက ရုတ်တရတ် လေးနက်သွားသည်၊ “ဒီတော့ ကျုပ်အနေနဲ့ နည်းပညာ လွှဲပြောင်းတဲ့နေရာမှာ တစ်ခုကို အလေးထားဖို့လိုတယ်။ နည်းပညာကိုရဖို့ကတော့ မခက်ပေမယ့် ကျွမ်းကျင်ဖို့ကျတော့ နှံ့နှံ့စပ်စပ်လေ့လာဖို့လိုအပ်ပြီး ဒါကပဲ သော့ချက်ဖြစ်နေတာလေ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းလို ထုတ်ကုန်တစ်မျိုးထုတ်လုပ်နိုင်တဲ့ လုပ်ငန်းစုတစ်ခုရှိလာရင် ကျုပ်တို့ လုပ်ငန်းစုလည်း အဲဒီလုပ်ငန်းစုက အလိုရှိတဲ့ ဘယ်နည်းပညာကိုမဆို လွှဲပေးနိုင်ပါတယ်။”
ရှုယီ၏ စကားများကို ကြားသော် ဘေးပတ်လည်ရှိ ကုန်သည်များ၏ မျက်လုံးများမှာ တမုဟုတ်ချင်း တောက်ပသွားသည်။
ကုန်သည်တစ်ဦးက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ရှုယီကို ဂရုတစိုက်ဖြင့်မေးလာသည်၊ “ဥက္ကဌရှု ဒါဆို.... ထုတ်လုပ်ရေးမှော်စက်တွေအတွက် နည်းပညာကိုရော လွှဲပြောင်းပေးဖို့ ဆန္ဒရှိလားဗျ?”
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၁၃။ နည်းပညာအား ပေါ့ပေါ့လေး လွှဲပြောင်းမရနိုင်
“ငါ့အထင် သူတို့ ပိုပြီး ရဲတင်းလာလိမ့်မယ်။” ရှုယီက အပြုံးဖြင့် ခေါင်းခါသည် “ငါ သူတို့အတွက် စစ်ဘက်သုံးမှော်စက်နည်းပညာ လွှဲပြောင်းရေးကို အဆိုပြုဖို့ ပြင်ဆင်ထားပေမယ့် သူတို့က လုံးဝပြောမလာကြဘူးလေ။”
ခမ်နက်ဒ်မှာ မနေနိုင်ဘဲ ပြုံးလျက် ပြော၏၊ “ဥက္ကဌ အတွေးလွန်နေပါပြီ။ စစ်ဘက်သုံးမှော်စက်တွေကို လွှဲပေးဖို့မပြောနဲ့ဦး သူတို့ကို အလကားပေးရင်တောင် ယူရဲကြမှာမဟုတ်ဘူး။ သူတို့က ဒီအရာတွေကို ဘာအတွက် ယူမှာလဲ? ပုန်ကန်ဖို့ ပြင်ဆင်ထားကြလို့လား? မမေ့နဲ့ဦး လမ်ပူရီတိုင်းပြည်က ပြည်တွင်းစစ်ကို ကြုံထားကာစရှိသေးတာမို့လို အခု ဒါကို အရမ်းဂရုစိုက်နေလောက်တယ်။ သူတို့သာ စစ်ဘက်သုံးမှော်စက်နည်းပညာကို တောင်းဆိုရဲရင် သူတို့ကို မနက်ဖြန်ပဲ တော်ဝင်အစောင့်တွေ လာမခေါ်လောက်ဘူးထင်လား?”
ရှုယီက ရယ်မောကာဖြင့်၊ “ဒီတော့ ဆိုလိုတာက ငါ့အနေနဲ့ ဆယ်.... ဘုရင်မကို ငါ့ဆီကနေ လာတောင်းဆိုတဲ့အထိ စောင့်နေရုံပဲ တတ်နိုင်တယ်ပေါ့?”
“အဲ့လိုပေါ့” ခမ်နက်ဒ်လည်း စဉ်းစားလိုက်ပြီးနောက် အသာမျက်မှောင်ကုပ်သည်၊ “နှစ်သစ်ကူးမှာ အန်ဗီမာမြို့တော်မှာ ရှိနေတုန်းက စစ်ဌာနချုပ်ကနေ ဒီကိစ္စကို ပြောဖို့ ကျွန်တော့်ဆီ လူတွေလွှတ်လိုက်ပြီးသားပါ။ ဥက္ကဌ ဒီအကြောင်း ဘယ်သူကမှ လာမပြောကြဘူးလား?”
“ဟင့်အင်း ပြီးတော့ ဆယ်.... ကျစ်၊ ဘုရင်မတောင်မှ ဒီအကြောင်း မပြောလာသေးဘူး။” ရှုယီက ခေါင်းခါသည်။
“ဒါက ထူးဆန်းတာပဲ။ ဘုရင်မအနေနဲ့ ပြည်တွင်းစစ်ပွဲမှာတုန်းက စစ်ဘက်သုံးမှော်စက်တွေရဲ့ အင်အားကို သိလောက်ပြီး ဖြစ်မှာပဲကို ဘာလို့ ဒီနည်းပညာကြောင့် မလှုပ်ရှားရတာလဲ?” ခမ်နက်ဒ်က အနည်းငယ် ရှုပ်ထွေးနေသည်။
“သူတို့တွေ စိတ်လှုပ်ရှားတာတော့ သေချာပေမယ့် ဒါကို မပြောလာတဲ့အကြောင်းအရင်းက မပြင်ဆင်ရသေးတာကြောင့် ဖြစ်လောက်မယ်။” ရှုယီက ဆိုသည်။
“မပြင်ဆင်ရသေးဘူး? သူတို့ ဘာပြင်ဆင်စရာများလိုလို့လဲ?” ခမ်နက်ဒ်က ပို၍ပင် ရှုပ်ထွေးသွား၏။
ရှုယီလည်း ပြုံးရင်း ၎င်းတို့ထံ၌ ပြင်ဆင်ဖို့လိုအပ်သည့်အရာများစွာရှိသည်ဟု စဉ်းစားလိုက်သည်။
ပထမဦးစွာ ၎င်းက နည်းပညာကိုကြည့်ရှုခြင်းဖြစ်သည်။
စစ်ဘက်သုံးမှော်စက်များက အတော်လေး ရိုးစင်းပုံရှိသော်လည်း တကယ်တမ်း စစ်ဘက်သုံးမှော်စက်များကို ပြုလုပ်ရန်အတွက်မူ လက်ရှိ Frestech ကုန်သည်ကြီးများအသင်းအတွက် ရိုးစင်းလှလျှင်တောင် မှော်ထပ်ဆင့်လေး နည်းပညာမရှိလျှင် ထိုမျှ လွယ်ကူမည်မဟုတ်ပေ။
၎င်းမှာ စစ်ဘက်သုံးမှော်စက်များအနေနှင့် ပြီးပြည့်စုံသည့် စက်မှုစနစ်ဖြင့်သာ ထုပ်လုပ်နိုင်သည့် အစိတ်အပိုင်းများရှိ စက်မှု တည်ဆောက်ပုံလိုအပ်သောကြောင့်ဖြစ်သည်။
မည်သည်ကိုမှ မဆိုထားနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ထောက်ပံ့မှုမရှိဘဲ မှော်စက်မှုနယ်ပယ်မှာ လမ်ပူရီတိုင်းပြည်၌ ကောင်းစွာ ဖွံ့ဖြိုးနိုင်သော်ငြား ၎င်းတို့မထုတ်လုပ်နိုင်မည့် အခြေခံပစ္စည်းများရှိနေဆဲပင်။
ဥပမာဆိုရသော်.... သံမဏိဖြစ်၏။
လုပ်ငန်းစုဆယ်ခုအနေနှင့် ယခင်က Frestech ကုန်သည်ကြီးများအသင်းထံမှ အိမ်သုံးမှော်စက်များအတွက် နည်းပညာကိုယူဆောင်ခဲ့သော်လည်း သံမဏိက မှော်စက်များထက် ငွေအဝင်နည်းသောကြောင့် ၎င်းကို စိတ်မဝင်စားခဲ့ပေ။
ထို့နောက် ရှုယီက ပစ္စည်းအချို့ကို ဖုံးကွယ်ထားသည့် အချက်ကိုပါ ပေါင်းထည့်လိုက်သော် လမ်ပူရီတိုင်းပြည်မှာ ထိုအပိုင်းအတွက် ယခင်က နည်းပညာမရှိခဲ့ဖူးချေ။
လုပ်ငန်းစုဆယ်ခုမှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်နည်းပညာအားလုံးကို နားလည်ပြီဟုဆိုကြသော်လည်း မှော်စက်များထုတ်လုပ်ရာတွင် Frestech ကုန်သည်ကြီးများအသင်းထံမှ အထောက်အပံ့ကိုလိုအပ်နေသည့် နေရာများစွာ ရှိနေပါ၏။
လွန်ခဲ့သည့် ၂နှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ အမည်အရ လမ်ပူရီတိုင်းပြည်၌ မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနနှင့် စီးပွားရေးဌာနထံမှ အပိတ်ပင်ခံထားခဲ့ရပါလျှင်တောင် တကယ်တမ်း လမ်ပူရီတိုင်းပြည်ထဲသို့ ၎င်းတို့၏ထုတ်ကုန်များစွာက စီးဆင်းသွားခဲ့သေးပါ၏။
သံမဏိပမာဏကြီးတစ်ခုကလည်း ၎င်းတို့အနက်တစ်ခုဖြစ်သည်။ အရေးကြီးဆုံးအရာမှာ ဌာနနှစ်ခုမှာ မြေဩဇာကိုလည်း ပိတ်ပင်ရန် မည်သည့်အကြောင်းအရင်းမှ မရှာနိုင်ခဲ့ခြင်းဖြစ်သည်။
ပြောရမည်ဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းမရှိလျှင် လမ်ပူရီတိုင်းပြည်၏ မှော်စက်မှုနယ်ပယ်အတွက် မည်သည့်အဓိပ္ပာယ်မှမရှိချေ။
ယခုတွင် လမ်ပူရီတိုင်းပြည်မှာ စစ်ဘက်သုံးမှော်စက်များ၌ စိတ်ဝင်စားနေသော်လည်း ၎င်းမတိုင်ခင် လမ်ပူရီတိုင်းပြည်အနေနှင့် သင့်တော်သော စက်ရုံများ ရှိရန် သေချာအောင်လုပ်ရမည်ဖြစ်၏။
၎င်းရှုထောင့်မှ အနှီကုန်သည်များအနေနှင့် Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ရေးမှော်စက်များကို ၎င်းတို့ထံ လွှဲပေးမည်ဟု မျှော်လင့်နေကြခြင်းမှာ တကယ်တမ်းတွင် အင်မတန်လက်တွေ့ကြသော အတွေးဖြစ်ပါ၏။
ရှုယီအနေနှင့် လမ်ပူရီတိုင်းပြည်၏ မှော်စက်မှုနယ်ပယ်ကို ထိန်းချုပ်မည်ဟု မစီစဉ်ထားလေရာ ၎င်းက မဖြစ်နိုင်သည်ကို ပြောစရာပင်မလိုချေ။
သူနှင့် ဆယ်ဗီနီတို့၏ ဆက်ဆံရေးက ကောင်းပါလျှင်တောင် လမ်ပူရီတိုင်းပြည်က သေချာပေါက် ထိုသို့ဖြစ်ခွင့်ပြုမည်မဟုတ်။
ထို့ကြောင့် သူ ထိန်းချုပ်နိုင်သည့် အခြေအနေများတွင် ရှုယီမှာ လမ်ပူရီတိုင်းပြည်ထံသို့ ထုတ်လုပ်ရေးမှော်စက်နည်းပညာတချို့ကို ဖွင့်ချပေးဖို့ ဆုံးဖြတ်ထားပါ၏။ သူ့အနေနှင့် လမ်ပူရီတိုင်းပြည်အား ပြီးပြည့်စုံသည့် မှော်စက်မှုစနစ် တည်ဆောက်နိုင်ရန် ကူညီပေးမည်ဖြစ်သည်။
အနည်းဆုံး.... သူဟာ မှော်ထပ်ဆင့်လေးအချို့ကို Frestech ကုန်သည်ကြီးများအသင်းထံမှ ဝယ်ယူခိုင်းမည့်အစား ၎င်းတို့ကို ပြုလုပ်ခွင့်ပြုမည်သာ။
ထို့ကြောင့် အနှီကုန်သည်များက ထုတ်လုပ်ရေးမှော်စက်များအကြောင်းမေးလာကြချိန်တွင် ရှုယီမှာ ၎င်းတို့အား သူ၏ ရည်ရွယ်ချက်ကို ပေါ့ပေါ့လေးပြောပြလိုက်ခြင်းပင်။ အနံခံအာရံစူးရှသည့် ထိုကုန်သည်များမှာ ရေထဲရှိ သွေးနံ့ခံသော ငါးမန်းများကဲ့သို့ပင်။
ရိုးစင်းသည့်ဆွေးနွေးမှုပြီးနောက် ရှုယီမှာ ထိုကုန်သည်များအား ၎င်းတို့အတွက် အစိတ်အပိုင်းများ ထုတ်လုပ်ပေးသည့် ထုတ်လုပ်ရေးမှော်စက်တချို့ထုတ်လုပ်ခြင်းအတွက် နည်းပညာ လွှဲပြောင်းပေးမည်ဟု ကြေညာခဲ့ပါ၏။
အတိအကျဆိုရသော် အစိတ်အပိုင်းထုတ်လုပ်ခြင်းလုပ်ငန်းတွင် အကောင်းဆုံးသောလုပ်ငန်းစုမှာ အိုင်ရီလန် ကုန်သည်ကြီးများအသင်းဖြစ်ပါ၏။ ၎င်းတို့ထံတွင် Frestech ကုန်သည်ကြီးများအသင်းထုတ်သည့်အရာများထက် အနည်းငယ်မျှသာဆိုးသည့် ကောင်းမွန်သော အစိတ်အပိုင်းများရှိသော်လည်း ၎င်းတို့၏အစိတ်အပိုင်းများအတွက် အသုံးပြုသည့် ထုတ်လုပ်ရေးမှော်စက်များအားလုံးကို Frestech ကုန်သည်ကြီးများအသင်းထံမှ ယူဆောင်ထားခြင်းဖြစ်၏။
Frestech ကုန်သည်ကြီးများအသင်းသာ ၎င်းတို့၏ ထုတ်လုပ်ရေးမှော်စက်များအထောက်အပံ့နှင့် ဝန်ဆောင်မှုကိုသာ ဖြတ်တောက်လိုက်လျှင် အိုင်ရီလန် ကုန်သည်ကြီးများအသင်းမှာ ချက်ချင်း ပျက်စီးသွားလိမ့်မည်။
ရှုယီမှာ ထိုထုတ်လုပ်ရေးမှော်စက်များ ပြုလုပ်ခြင်းအတွက် နည်းပညာကို လုပ်ငန်းစုတချို့ထံ လွှဲပေးဖို့ စီစဉ်ထားခဲ့ပါ၏။
ဤနည်းပညာမှာ အိမ်သုံးမှော်စက်များအား ပြုလုပ်ခြင်းကဲ့သို့ မရိုးရှင်းရခြင်းမှာ ဤအပိုင်းတွင် ပြဿနာက နည်းပညာမဟုတ်ဘဲ ကျွမ်းကျင်လုပ်သားများကြောင့်သာဖြစ်၏။
Frestech ကုန်သည်ကြီးများအသင်းထံ၌ လူပုလေးပန်းပဲဆရာများစွာရှိကာ လူပုလေးများထံရှိ သံပုံသွင်းခြင်း သဘာဝအရည်အချင်းနှင့် လူပုလေးများက Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ကြီးထွားလာသည့်အချက်ကို ပေါင်းလိုက်လျှင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဤအပိုင်း၌ ပြဿနာမရှိချေ။
သို့သော် ၎င်းက ထုတ်လုပ်ရေးမှော်စက်များကို ထုတ်လုပ်လိုသည့် လုပ်ငန်းစုအသစ်တစ်ခုဖြစ်လျှင် ၎င်း၏ နည်းပညာကို ရရှိခြင်းအပြင် ကျွမ်းကျင်လုပ်သားပြဿနာကိုဖြေရှင်းဖို့က ခက်ခဲလှပါ၏။
ရှုယီမှာ ထိုထုတ်လုပ်ရေးမှော်စက်များ၏ လိုအပ်ချက်များကို ကုန်သည်များထံ အတိအလင်းရှင်းပြပြီးသားဖြစ်ရာ ၎င်းတို့အားလုံးမှာ ဤအပိုင်း၌ ကူရာမဲ့နေကြလေသည်။
လူပုလေးများအနေနှင့် နတ်သူငယ်များကဲ့သို့ မာနမကြီးကြကာ လူသားများအတွက် အလုပ်လုပ်ပေးကြလိုသော်လည်း လူပုလေး ပန်းပဲဆရာက အနည်းငယ်သာရှိပါ၏။
Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းလူပုလေးများကို ရရှိထားသည်မှာ တကယ်တမ်းက တိုက်ဆိုင်မှုသာဖြစ်၏။
အခြားလုပ်ငန်းစုများအတွက် ၎င်းကို အတုခိုးဖို့ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။
သို့သော် ရှုယီမှာ ၎င်းအတွက် ပြင်ဆင်ထားပြီးသားဖြစ်သောကြောင့် အနှီကုန်သည်များအတွက် အဖြေနှစ်မျိုးရှိပါ၏။
ပထမတစ်ခု လမ်ပူရီတိုင်းပြည် သို့မဟုတ် အခြားနိုင်ငံများမှ လူပုလေးပန်းပဲဆရာများကို ပိုမို စုဆောင်းရန်ဖြစ်သည်။
ဤသည်က ရှုယီကူညီနိုင်သည့် အရာဖြစ်ပါ၏။
Frestech ကုန်သည်ကြီးများအသင်းထံ၌ လူပုလေး ပန်းပဲဆရာများစွာ ရှိသောကြောင့် ၎င်းက လူပုလေးများအား ၎င်းတို့၏ အပေါင်းအသင်းများကို သွေးဆောင်လာအောင်လုပ်ကာ သဘောတူခိုင်းဖို့က လွယ်ကူပါ၏။
သို့သော် လူပုလေးပမာဏက အကန့်အသတ်ရှိသောကြောင့် ၎င်းက ယာယီအဖြေသာဖြစ်ရာ လိုအပ်သည့် လုပ်သားအရေအတွက်များစွာကို ဖြည့်ဆည်းဖို့ မဖြစ်နိုင်ပေ။
ထို့ကြောင့် ရှုယီက သူ့အနေနှင့် ထက်ထက်သန်သန် ညွှန်းပေးထားသည့် အစီစဉ်ဖြစ်သော ဒုတိယနည်းလမ်းကို ပေးခဲ့သည်။
ဤနည်းလမ်းမှာ ယခင်က လမ်ပူရီတိုင်းပြည်မှ တွန်းထုတ်ခံခဲ့ရခြင်းကြောင့် ရပ်တန့်ခဲ့ရသည့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်ရေး သင်တန်းကျောင်းများဖွင့်ကာ ရှုယီ၏ အစီစဉ်ကို လိုက်နာဖို့ရန် ဖြစ်သည်။
ဤနည်းလမ်းမှာ လမ်ပူရီတိုင်းပြည်တဝှမ်းတွင် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်ရေးသင်တန်းကျောင်းများဖွင့်ရင်း ကျောင်းသားများထံ အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုများ သင်ကြားပေးဖို့ဖြစ်၏။
ဥပမာဆိုရသော် ရှုယီ ယခင်က တည်ထောင်ခဲ့သော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်ရေးသင်တန်းကျောင်းဖြစ်ကာ ၎င်းက ဖိစက်၊ ဖြတ်စက်များနှင့် အခြားစက်မျိုးစုံတို့ဖြင့် မည်သို့ အလုပ်လုပ်ကိုင်ရသည်ကို သင်ကြားပေးခြင်းပင်။
၎င်းသင်တန်းကျောင်းများ၌ သင်ယူကာ အချိန်အနည်းငယ်ကြာအောင် လုပ်ငန်းစုတစ်ခု၌ အလုပ်လုပ်ပြီးနောက်တွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာလိမ့်မည်။
ဤအစီစဉ်၏ အရေးကြီးဆုံးအပိုင်းမှာ အချိန်ကြာ ထိန်းသိမ်းထားနိုင်ရန်နှင့် ပို၍ပို၍ကျွမ်းကျင်သည့် လုပ်သားများပေါ်လာကာ ကျွမ်းကျင်လုပ်သား လုပ်ဦးရေများစွာရှိလာရန်ဖြစ်သည်။
၎င်းတို့သာ ဤစနစ်ကို အချိန်ကြာရှည်စွာ ထိန်းထားလျှင် လမ်ပူရီတိုင်းပြည်ထံ၌ လူ့အရင်းအမြစ်အတွက် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အုတ်မြစ်တစ်ခု ရှိလာမည်ဖြစ်သလို ၎င်းတို့ကိုယ်တိုင်အပေါ် အပြည့်အဝမှီခိုကာ မှော်စက်များ ထုတ်လုပ်ဖန်တီးနိုင်မည်ဖြစ်၏။
မှန်ပါ၏ အခြားလုပ်ငန်းစုများက ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်ရေးမှော်စက်များကို ဖန်တီးချင်လျှင် မဖြစ်နိုင်တာမျိုး မဟုတ်တော့ပေ။
ဝက်အူရစ်ပြုလုပ်ခြင်းအတွက် အရေးအပါဆုံးစက်ကို ကြည့်လျှင် မှော်ချည်လုံးရစ်စက်မှာ ဈေးနှုန်းအတိအကျ ရွှေဒင်္ဂါး ရှစ်သိန်းရှိပါ၏။
အနှီကုန်သည်များ၏ အမူအရာက ရှစ်သိန်းဟူသည့် ဈေးနှုန်းကို ကြားပြီးနောက် ပြောင်းလဲသွားကြသော်လည်း အနှီနည်းပညာအတွက် ပေးချေချင်ကြသည့် ကုန်သည်သုံးဆယ့်ခုနစ်ဦး ရှိနေဆဲဖြစ်သည်က ရှုယီ မထင်မှတ်ထားသည့် အရာပင်။
၎င်းမှာ မှော်ချည်လုံးရစ်စက်လေးအတွက် Frestech ကုန်သည်ကြီးများအသင်းက ထိတ်လန့်ဖွယ် ရွှေဒင်္ဂါးသန်းနှစ်ဆယ်ကျော် အမြတ်ရလိုက်သည့် အဓိပ္ပာယ်ပင်!
ရှုယီသာ ထုတ်လုပ်ရေးမှော်စက်နည်းပညာအားလုံးကို လွှဲပြောင်းပေးမည့်ဆန္ဒရှိပါက ဤဝင်ငွေကို.... စိတ်ကူးကြည့်ဖို့ရန်ပင် ခက်ခဲလှသည်။
မှန်ပါ၏..... ၎င်းကလည်း မဖြစ်နိုင်ပေ။
၎င်း၏တစ်စိတ်တပိုင်းကို လွှဲပြောင်းပေးခြင်းက ပြဿနာမရှိသော်လည် ၎င်းတို့အားလုံးကို လွှဲပြောင်းခြင်းက သူ၏ခြေလက်များကို ချိုးပစ်ခြင်းနှင့် ညီမျှပါ၏။ သဘာဝကျကျပင် ရှုယီအတွက် ဤသို့သော မိုက်မဲသည့်အရာမျိုးကို လုပ်ဆောင်ရန် မဖြစ်နိုင်ချေ။
အနှီလက်တွေ့မကျသည့် အတွေးများကို လွှင့်ပစ်ရန် ခေါင်းခါလိုက်ကာ ရှုယီမှာ စာရွက်စာတမ်းပုံထဲ နစ်မြုပ်နေသည့် ခမ်နက်ဒ် နှင့် တွက်ချက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့် ဆာဘက်စ်တို့ကို ကြည့်လိုက်၏။
“ဘယ်လိုလဲ? ဒီနေ့ ဝင်ငွေကရော?” ဆာဘက်စ်က မျက်နှာထက်တွင် စိတ်လှုပ်ရှားကာ အနီရောင်သန်းနေပုံဖြင့် မော့ကြည့်လာသည်။
“ဥက္ကဌ ဒီတစ်မနက်တည်းနဲ့ ကျွန်တော်တို့တွေ ရခဲ့တဲ့ မှာယူမှုတွေက မှော်လေပေးစက် ၇၃၉၃လုံး၊ မှော်ရေခဲသေတ္တာ ၈၃၄၉လုံး၊ မှော်မီးဖို ၂၃၂၃၅လုံး၊ မှော်ရေနွေးအိုး ၁၅၉၇၈လုံး၊ မှော်မီးအိမ် ၄၈၃၂၃လုံး......”
“စုစုပေါင်းကို ပြောစမ်းပါ” ရှုယီက လက်ယမ်းကာ ဖြတ်ပြောလိုက်သည်။
ဆာဘက်စ်လည်း ရပ်တန့်ကာ ငုံ့ကြည့်လိုက်၏။ တံတွေးများ ခက်ခက်ခဲခဲမျိုချလိုက်ပြီးနောက် ဖြေလာလေသည်၊ “ဥက္ကဌ တစ်မနက်တည်းနဲ့ ကျွန်တော်တို့ ရွှေဒင်္ဂါးတစ်သန်းကျော် ဝင်ခဲ့တယ်။”
၎င်းတို့မှာ အနည်းငယ် ပြင်ဆင်ထားခဲ့ပါလျှင်တောင် တကယ်တမ်း အရေအတွက်ကို ကြားပြီးနောက် ခမ်နက်ဒ်နှင့် အခန်းထဲရှိ Frestech ကုန်သည်ကြီးများအသင်း၏ အခြားစီမံခန့်ခွဲရေး ဝန်ထမ်းများမှာ မနေနိုင်ဘဲ ပင့်သက်ရှိုက်လိုက်မိကြ၏။
လမ်ပူရီတိုင်းပြည်ရှိ လုပ်ငန်းအများစုအတွက် တစ်နှစ်အတွင်း ရွှေဒင်္ဂါးတစ်သန်းလုပ်နိုင်ပါက ၎င်းကို လုပ်ငန်းစုကြီးတစ်ခုဟု သတ်မှတ်ဖို့ရန်လုံလောက်သည်။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ထိုမျှအထိရောင်းချနိုင်ရန် တစ်မနက်ခင်းသာ အသုံးပြုခဲ့ပါ၏။
စုစုပေါင်း အမြတ်အစွမ်းက အထူးဈေးရောင်းပွဲတော်ကြောင့် ကျဆင်းနေပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များမှာ အမြဲတမ်း အမြတ်အစွန်းများများရသည်။ ထို့ကြောင့် ရွှေဒင်္ဂါးတစ်သန်းရောင်းအားအတွက် Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါးသုံးသိန်းကျော် အမြတ်ရခဲ့ပါ၏။
တစ်မနက်တည်းနှင့် ရွှေဒင်္ဂါးသုံးသိန်းဟူသည်မှာ ကြောက်မက်ဖွယ် အတွေးမျိုးပင်။ ခမ်နက်ဒ်နှင့် ဆာဘက်စ်အပါအဝင် စိတ်လှုပ်ရှားနေကြသော လူတိုင်း၏ မျက်နှာများကိုကြည့်ရင်း ရှုယီလည်း အသာပြုံးလိုက်မိသည်။ သူသည်လည်း အနည်းငယ် ဝမ်းသာမိသော်ငြား စိတ်တော့မလှုပ်ရှားပေ။
ကမ္ဘာမြေကြီးတွင် တစ်နေ့တည်းနှင့် ယွမ်သန်းတစ်ရာရှိ ကြောက်မက်ဖွယ် ရောင်းအားမှတ်တမ်းများပင် ရှိသည်။
ယွမ်သန်းတစ်ရာမှာ ရွှေဒင်္ဂါး တစ်သိန်းနှင့်ညီမျှ၏။ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဤပန်းတိုင်ကိုရောက်ရန် လိုအပ်နေပါသေးသည်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၁၄။ အလိုအလျောက် ထိန်းချုပ်မှော်ဖိစက်
လမ်ပူရီတိုင်းပြည်အခြေအနေက တဖြည်းဖြည်းတည်ငြိမ်လာပြီး ဘုရင်မဆယ်ဗီနီ၏ အမျှော်အမြင်ရှိရှိအုပ်ချုပ်မှုကြောင့် နိုင်ငံကြွယ်ဝမှုကလည်း တိုးတက်လာသည်။
သို့သော် စတက်တိန်းနယ်မြေရှိ အခြေအနေက ဆန့်ကျင်ဘက်ပင်။
ရှုယီနှင့်အတူ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု လုပ်ပြီးနောက် ကောင့်ထ်ဝိန်မှာ နယ်မြေ စတုရန်းခြောက်ရာကီလိုမီတာနီးနီး ဆုံးရှုံးခဲ့ကာ Frestech ကုန်သည်ကြီးများအသင်းနှင့် အတူတည်ဆောက်ထုးသည့် စက်ရုံ၌ ထိန်းချုပ်မှုအချို့ရှိခဲ့သော်လည်း ယခုတွင် ၎င်းတို့က အပြည့်အဝထိန်းချုပ်လိုက်ပြီပင်။
သို့သော် ရှုယီ၏ သူ့အပေါ်ထားသည့်ကတိက များစွာပိုမို အထောက်အကူဖြစ်လှသည်။
Frestech ကုန်သည်ကြီးများအသင်းမှာ သူ့အတွက် ပထမဆုံး စစ်ဘက်သုံးမှော်စက်များကို ထောက်ပံ့ပေးထားသောကြောင့် အခြားအရှင်သခင်များနှင့် တိုက်ခိုက်ချိန်တွင် ကောင့်ထ်ဝိန်မှာ လက်နက်အရာ၌ အားသာနေပါ၏။
သူ့အနေနှင့် ယခင်ကကဲ့သို့ အပြတ်အသတ်ကျော်လွန်နေခြင်းမရှိလျှင်တောင် စတက်တိန်းနယ်မြေ၏ အရှင်သခ်င်များအကြား တိုက်ခိုက်မှုများကို ဆုံးဖြတ်ပေးသည့်အရာမှာ မည်သူ့ထံတွင် ပိုများကာ ပိုကောင်းသည့် စစ်ဘက်သုံးမှော်စက်များရှိကြောင်းဖြစ်သည်။
ကောင့်ထ်ဝိန်ထံ၌ Frestech ကုန်သည်ကြီးများအသင်း အထောက်အပံ့ရှိရာ ဤအရာ၌ အခြားအရှင်သခင်များကို ကျော်လွန်နေသည်။
ထို့ကြောင့် နှစ်သစ်ကူးရောက်လာသည်နှင့် ကောင့်ထ်ဝိန်မှာ သူ့အား ယခင်က တိုက်ခိုက်ခဲ့ကြသည့် အရှင်သခင်လေးပါးကို တိုက်ခိုက်ကာ ထိုစစ်ပွဲ၌ အောင်မြင်မှုများစွာ ရရှိခဲ့သည်။
သူ၏ ဆက်တိုက် အောင်မြင်မှုမှတဆင့် ကောင့်ထ်ဝိန်လည်း ထိုအရှင်သခင်လေးပါး၏ ဆန့်ကျင်မှုကိုပါ အပြတ်အသတ်အနိုင်ယူရန် သုံးလသာကြာမြင့်ခဲ့၏။
ကောင့်ထ်ဝိန်မှာ ၎င်းအရှင်သခင်လေးပါးထံမှ နယ်မြေအများစုကို ယူလိုက်ရာ ယခုတွင် စတက်တိန်းနယ်မြေမြောက်ပိုင်းတွင် အသန်မာဆုံး အရှင်သခင်ဖြစ်နေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် စတက်တိန်းနယ်မြေတောင်ပိုင်း၌ ထိုးထွက်လာသည့် စစ်ပွဲလည်းရှိ၏။
ယခင်နှစ်က တည်တည်မြဲမြဲတိုက်ခိုက်နေခဲ့သည့် အန်ကလိုမှာ သက္ကရာဇ် ၃၈၇၅ခုသို့ ဝင်ရောက်လာပြီး မကြာမီ အရိုင်းဆန်စွာ ချဲ့ထွင်လာတော့သည်။
သူ့ထံ၌လည်း Frestech ကုန်သည်ကြီးများအသင်း၏ အထောက်အပံ့ရှိခြင်းကြောင့် အန်ကလို၏ လက်အောက်ငယ်စားများအားလုံးမှာ စတက်တိန်းနယ်မြေတောင်ပိုင်းရှိ အနှောင့်အယှက်အားလုံးကို သုတ်သင်ခဲ့သည်။
လေးလတာလေးအတွင်း သူဟာ မြို့တစ်မြို့ ၊ စစ်သည်ငါးထောင်နှင့် စတုရန်းတစ်ထောင်မီတာအောက်ရှိသည့် နယ်မြေလေးမှသည် မြိုငါးမြို့၊ စစ်သည်နှစ်သောင်းနှင့် စတုရန်းတစ်သောင်းကီလိုမီတာကျော်နယ်မြေကြီးကို ပိုင်ဆိုင်နေပြီဖြစ်၏။
စတက်တိန်းနယ်မြေတွင် အန်ကလိုမှာ အားအကောင်းဆုံး အရှင်သခင်နှစ်ပါးအနက်တစ်ပါးဖြစ်လာကာ မြောက်ပိုင်း၌ ကောင့်ဝိန်ဖြစ်ပြီး တောင်ပိုင်း၌ အန်ကလိုဖြစ်ပေ၏။
လူတိုင်းမှာ ဤအရှင်သခင်နှစ်ပါးအကြား သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ပွဲရှိလာမည်ဟု ယုံကြည်နေကြသည်။
အကြောင်းအရင်းမှာ အနှီအရှင်သခင်နှစ်ပါးက နိုင်ငံ၌ ပြိုင်ဘက်ကင်းနေခြင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ အထောက်အပံ့ရှိခြင်းကြောင့်ပင်။
သို့သော် ၎င်းတို့သာ တိုက်ခိုက်ပါက မည်သူအနိုင်ရမည်နည်း?
လူအများစုက ဤကိစ္စကို စဉ်းစားနေချိန်တွင် ရုတ်တရတ် အဖြေရသွားသည်။
Frestech ကုန်သည်ကြီးများအသင်းက ပို၍ ထောက်ပံ့ခံရသူမှာ အနိုင်ရမည့်သူဖြစ်၏။
Frestech ကုန်သည်ကြီးများအသင်းက မည်သူကို ထောက်ပံ့မည်နည်း?
ရှုယီထံတွင် ယခု မည်သူ့အား ထောက်ပံ့ရမည်ကို တွေးရန် အချိန်မရှိချေ။
နှစ်သစ်ကူးပြီးနောက် သူဟာ အလုပ်များနေသည့် ကာလအတွင်းကျရောက်သွားကာ ထိုကိစ္စများကို တွေးတောနေရန် အားလပ်ချိန်မရတော့ပေ။
အရှင်ဝိန်ထံမှ စတုရန်း ခြောက်ရာ ကီလိုမီတာ မြေကွက်ကို ရရှိပြီးနောက် သူ၏ အပိုင်စားနယ်မြေက အဆများစွာ ပိုတိုးသွားသည်။
သို့သော် ဤနယ်မြေကို ထိန်းချုပ်ရန် သူလုပ်ရမည့် အရာများစွာရှိသည်။
အကြောင်းမှာ ၎င်းကို ရယူနိုင်ရန် သူ့အနေနှင့် ကြီးမားသည့် ပြယုဂ်တစ်ခု၌ ရင်းနှီးမြှုပ်နှံဖို့လိုအပ်သည်။ လက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ အင်အားနှင့်ဆိုလျှင် ၎င်းကိုမအောင်မြင်နိုင်သလို လုံးဝလိုအပ်မည်လည်းမဟုတ်ပေ။
ဤနယ်မြေကို ရရှိပြီးနောက်တွင် ရှုယီ ပထမဆုံးလိုအပ်သည့်အရာမှာ လူဦးရေကို ရေတွက်ရန်ဖြစ်သည်။ စတုရန်း ခြောက်ရာကီလိုမီတာအတွက် နောက်ဆုံးအချက်အလက်တွင် ထိုနေရာ၌ နေထိုင်သူ အယောက်သုံးသောင်းသာရှိသည်။
လူအယောက်သုံးသောင်းအကြား၌ အသက်ဆယ့်ခြောက်နှင့် လေးဆယ်အရွယ်ကြား လူငယ် လူရွယ်မှာ အယောက်တစ်ထောင်အောက်သာရှိ၏။
တကယ်တမ်းတွင် ယခင်က လူငယ်လူရွယ်အနည်းအကျဉ်းသာ ရှိခဲ့ခြင်းမဟုတ်သော်လည်း ကောင့်ထ်ဝိန်က အရှင်သခင်များနှင့် တိုက်ခိုက်နေခဲ့ပြီး ထိုမြေရှိ လူငယ်လူရွယ်အားလုံးကို စုဆောင်းခဲ့သောကြောင့် လူတစ်ထောင်နီးနီး ရှိခြင်းက အတော်လေးအဆင်ပြေသည်ဟု ယူဆနိုင်သည်။
ရှုယီလိုအပ်နေသည့် လူအင်အားမှာ ရိုးရိုးစက်များကို လည်ပတ်မည့် အလုပ်သမားများဖြစ်သောကြောင့် လူငယ်လူရွယ်ဖြစ်နေရမည်ဟု မဆိုလိုပါချေ။
လူရေတွက်ပြီးနောက် ရှုယီမှာ အလုပ်အတူတူလုပ်နိုင်မည့်လူများအားလုံးကို စုစည်းပြီး စတင်လေ့ကျင့်ပေးတော့သည်။ နောက်ဆုံးတွင် သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံများသို့ဝင်ရောက်၍ ရိုးရှင်းသည့် စက်များလည်ပတ်ရာအလုပ်ကို လုပ်ဆောင်ရန် အကောင်းဆုံးကျွမ်းကျင်မှုရှိသည့် လူ တစ်သောင်းကိုးထောင်ကို ရွေးချယ်ခဲ့၏။
ဤစတက်တိန်းနယ်မြေဒေသခံများမှာ ပျင်းရိကြသော်လည်း ရှုယီမှ တွန်းအားပေးထားသည့် လေ့ကျင့်ရေးကြောင့် စည်းမျဉ်းအတော်အသင့်ကို လေ့ကျင့်ပြီးဖြစ်သည်။ ရှုယီ၏ အရှင်သခင်တစ်ယောက်အဖြစ် အဆင့်အတန်း အဟန့်အတားကိုပါ ပေါင်းလိုက်သော် ၎င်းတို့အားလုံးမှာ စက်ရုံများ၌ ကောင်းကောင်း အလုပ်လုပ်လာကြသည်။
၎င်းတို့မှာ အရှင်ဝိန်၏လက်အောက်၌နေစဉ်ကနှင့် ခြားနားနေသည်ကို ပြောစရာပင်မလိုတော့ပါချေ။ ရှုယီ၏အမိန့်များအောက်၌ ၎င်းတို့ကို စက်ရုံများတွင် အလုပ်လုပ်ရန် တွန်းအားပေးထားသော်လည်း Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့အား လစာနှင့် အကျိုးအမြတ်များပေးဆဲပင်ဖြစ်သည်။
ရိုးရှင်းသည့်စက်ပိုင်းဆိုင်ရာ အလုပ်များသာလုပ်ရခြင်းကြောင့် ၎င်းတို့၏လစာများက အခြားအလုပ်သမားများထက် ပိုနည်းသော်လည်း အနည်းဆုံးတစ်လကို ရွှေဒင်္ဂါးငါးပြားရသလို အကျိုးအမြတ်များလည်းရသည်။ ဤသည်မှာ ဆင်းရဲသည့် စတက်တိန်းနယ်မြေသားများ အိပ်မက်ပင်မမက်ဖူးသော အရာဖြစ်ရာ ၎င်းတို့ကို ပျော်ရွှင်စေလေသည်။
ယခုတွင် ဤအလုပ်သမားများထံ၌ အလုပ်လုပ်ခြင်းအတွက် စိတ်အားထက်သန်မှုပိုရှိလာကာ ၎င်းတို့၏ လုပ်ဆောင်စွမ်းကလည်း အလျင်အမြန်တိုးလာသည်။
ဤအလုပ်သမားများက ထိုရိုးရှင်းသည့်အလုပ်များကို လုပ်ခြင်းကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ပိုမိုကျွမ်းကျင်သောအလုပ်သမားများမှာ ပိုမိုအားလပ်သွားရာ စက်ရုံများ၏ ထုတ်လုပ်နိုင်စွမ်းကိုများစွာ တိုးလာစေပါ၏။
တစ်ချိန်တည်းမှာပင် Frestech ကုန်သည်ကြီးများအသင်းမှာ နှစ်သစ်၏ ပထမအစပိုင်းလအချို့၌ စက်ရုံအသစ်များတွင် ရင်းနှီးမြှုပ်နှံခဲ့လေသည်။
ဤစက်ရုံများ အပြီးသတ်ကာ ထုတ်လုပ်ရေးလိုင်းများအား လည်ပတ်လိုက်နေသရွေ့ Frestech ကုန်သည်ကြီးများအသင်း၏ လုပ်နိုင်စွမ်းမှာ များစွာ တိုးလာမည်သာ။
စာရင်းများအရ ဤနှစ်၏ ဒုတိယတစ်ဝက်၌လည်း Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းမှာ ယခင်နှင့်စာလျှင် နှစ်ဆအထိ မြန်လာသည်။
ထိုသို့ဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းပြဿနာကို များစွာ အထောက်အကူဖြစ်နေပါ၏။
မှန်ပါ၏ ဤပြဿနာကို အပြည့်အဝ ဖြေရှင်းရန် ငွေများနှင့် လူများရင်းနှီးမြှုပ်နှံခြင်းဖြင့် မလုံလောက်ပေ။
“ဥက္ကဌ ကြည့်လိုက်ပါဦး ဒါက ကျွန်တော်တို့အဖွဲ့ ဒီတလော ဖန်တီးနေကြတဲ့ အလိုအလျောက်မှော်ရိုက်စက်ပါ။” စန်ချယ်လီထံ၌ စိတ်လှုပ်ရှားဟန်ရှိနေကာ ထူးထူးဆန်းဆန်းသဏ္ဍာရှိစက်ကို ညွှန်ပြလာ၏၊ “သံမဏိပြားတွေကို ထည့်ပြီး အချက်အလက်ကို အချိန်မီဖြည့်သွင်းလိုက်တာနဲ့ သံမဏိပြားကို အလိုရှိသလို ပုံစံပြောင်းလို့ရတယ်။”
မိတ်ဆက်ပေးပြီးနောက် စန်ချယ်လီမှာ အလုပ်သမားနှစ်ဦးကို တစ်မီတာရှည်ပြီး ရှစ်ဆယ်စင်တီမီတာကျယ်ကာ ခုနစ်မီတာ နက်သည့် သံမဏိပြားကို ဤထုတ်လုပ်ရေးမှော်စက်အနားသို့ မ'ခိုင်းလိုက်သည်။ ထို့နောက် သူဟာ ထိန်းချုပ်ခုံဟုယူဆရသည့်အပေါ်ရှိ ခလုတ်များစွာကို နှိပ်လိုက်၏။
မှော်စက်က စတင်လည်ပတ်လာရာ သံမဏိပြားကို ထည့်သွင်းလိုက်သည်။ ထို့နောက် မူမမှန်အနားမပြိုင်စတုဂံပုံသဏ္ဍာန်ကို ဖန်တီးရန် မူမမှန် ဦးခေါင်း ကျဆင်းလာသဖြင့် သံမဏိပြားသည် တစတစ ရွေ့လျားသွားသည်။
ဤအရွယ်အစားရှိ သံမဏိပြားမှာ အလတ်စားအရွယ် မှော်မြေတူးစက်၏ အင်မတန် အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သည်။
ယခင်က ဤအစိတ်အပိုင်းကို ပြုလုပ်ရန် ထုတ်လုပ်ရေးမှော်စက်နှင့်အတူ ကျွမ်းကျင်အလုပ်သမားနှစ်ဦးကို လိုအပ်ကာ အပြီးသတ်ရန် အနည်းဆုံး နာရီဝက်ကြာပါ၏။ သို့သော် ယခုတွင် ဤအလိုအလျောက် မှော်ဖိစက်မှာ သံမဏိပြားသာလိုအပ်ပြီး လည်ပတ်မည့် မည်သည့်အလုပ်သမားကိုမှမလိုတော့သလို အပြီးသတ်ရန်လည်း ငါးမိနစ်အောက်သာကြာတော့သည်။
လုပ်နိုင်စွမ်း၌ ကြီးမားသည့်ခြားနားမှုရှိလာမည်ကို သံသပင်ဝင်ဖို့မလိုတော့ချေ။
ရှုယီမှာ ရိုက်နှိပ်ပြီး သံမဏိပြားကို မြင်ချိန်၌ အံ့ဩသွားသည်။
ဤအလိုအလျောက် မှော်ဖိစက်မှာ အင်မတန်အကြမ်းဆန်ပုံပေါ်သော်လည်း အင်မတန် အသုံးဝင်လှသည်။
အစိတ်အပိုင်းများကို ပြုလုပ်ရန် အစီစဉ်ရေးဆွဲပြီးသား အချက်အလက်များကို အသုံးပြုနိုင်သည်က CNC ဖိစက်တစ်လုံး၏ အဆင့်သို့ ရောက်လုနီးပါး ပါပင်!
ကမ္ဘာမြေကြီးတွင် စစ်မှန်သည့် ကွန်ပြူတာထိန်းချုပ်ဖိစက်ကို ဖန်တီးရန် ဆယ်စုနှစ်များစွာ ကြာခဲ့ပါသော်လည်း ဤသို့ ကွန်ပြူတာ အခြေခံအုတ်မြစ်ပင်မရှိသည့် စိုင်စ်နယ်မြေကြီးရှိ စန်ချယ်လီက တကယ်ကြီး ကွန်ပြူတာထိန်းချုပ်ဖိစက်နှင့် ခပ်ဆင်ဆင်တူသည့် တစ်ခုကို ဖန်တီးခဲ့သည်!
ဤသည်မှာ တကယ်.... တကယ်ကို အင်မတန် အံ့အားသင့်စရာပင်!
ရှုယီမှာ သူ၏စိတ်နှလုံးထဲရှိ ပျော်ရွှင်မှုကိုပင် ဖိနှိပ်မနေနိုင်တော့ဘဲ ရယ်မောလိုက်၏။ သူဟာ စန်ချယ်လီ၏ ကျောကို အားပြင်းပြင်းရိုက်ချလိုက်ရာ သူ၏အသံနှင့် လုပ်ရပ်များ၌ စိတ်လှုပ်ရှားမှုက ရှင်းရှင်းလင်းလင်းပါနေသည်။
အန်ဗီမာမြို့တော်တွင် ဤလူကို ခေါ်လာခဲ့စဉ်က သူ၏ မှော်အစီအရင်ရေးဆွဲနိုင်စွမ်းကြောင့်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူ့အနေနှင့် ဤအပိုင်း၌ ရလာဒ်များရှိလာမည်ဟု မျှော်လင့်ထားခဲ့သော်လည်း စန်ချယ်လီအတွက် ၂နှစ်ကြာ လေ့လာနေခဲ့ပြီးနောက် ဤမျှ အံ့ဩဖွယ်ရာပစ္စည်းကို ထုတ်လုပ်နိုင်မည်ဟု မထင်ထားခဲ့ပေ။
“အရမ်းကောင်းတယ်! စန်ချယ်လီ! အရမ်ကောင်းတယ်!” ရှုယီလည်း ရယ်ရင်း စန်ချယ်လီ၏ ပခုံးကို ပုတ်လိုက်သည်၊ “ဒီအလိုအလျောက် မှော်ဖိစက်ကို ဒီနှစ်ရဲ့ .... မဟုတ်ဘူး နှစ်ပေါင်းများစွာအတွင်း ငါတို့လုပ်ငန်းစုရဲ့ အကြီးမားဆုံးတီထွင်မှုလို့ သတ်မှတ်သင့်တယ်! ဒါရဲ့ပုံစံနဲ့ဆို မှော်စက်မှုနယ်ပယ်ရဲ့ မျက်နှာစာကို လုံးဝပြောင်းလဲနိုင်မှာပဲ! စန်ချယ်လီ ငါ့ရဲ့ ဥက္ကဌအဖြစ် အဆင့်အတန်းနဲ့ဆိုရင် ငါမင်းကို ပထမအဆင့်ဆု ချီးမြှင့်ရမှာပေါ့!”
“တကယ်ကြီး ပထမအဆင့်ဆုတဲ့!”
“ဘုရားသခင် ပထမအဆင့်ဆုတဲ့! ဒီဆုရခဲ့တဲ့ တစ်ယောက်တောင် အတော်ကြာနေပြီမဟုတ်လား?”
“အချိန်ကြာတာမဟုတ်ဘူး ဘယ်သူမှကိုမရဖူးသေးတာ!”
.....
ဘေးပတ်လည်ရှိလူများအားလုံး အံ့အားသင့်နေကြသည်။
ဤတစ်ခေါက် စန်ချယ်လီ ပြုလုပ်ခဲ့သည့် အလိုအလျောက်မှော်ဖိစက်က အင်မတန် အားကောင်းလှသည်ကို သိကြသော်လည်း ဥက္ကဌမှာ ထိုမျှ အလေးထားလိမ့်မည်ဟု ထင်မထားခဲ့ကြချေ။ သူဟာ စန်ချယ်လီထံ Frestech ကုန်သည်ကြီးများအသင်း၌ မည်သူမှပင် မရခဲ့ဖူးသည့် ပထမအဆင့်ဆုကြီးကို ပေးမည်ဖြစ်သည်!
စန်ချယ်လီ၏ မျက်နှာလည်း စိတ်လှုပ်ရှားမှုကြောင့် နီရဲလာကာ စကားပင်မပြောဘဲ ခေါင်းသာငြိမ့်နိုင်တော့၏။
သူဟာ စိတ်ထဲတွင် အမြဲတမ်း ရှုယီအား အလေးအနက် ကျေးဇူးတင်ကာ စိတ်မလုံမှု ခံစားနေခဲ့ရသည်။
အလေးအနက်ကျေးဇူးတင်နေခဲ့ရခြင်းမှာ ရှုယီက သူ့အား သူ၏ဘဝရှိ အနက်ရှိုင်းဆုံးချောက်ထဲမှ ဆွဲထုတ်ကာ သူ၏အိပ်မက်ကို ဖြည့်ဆည်းပေးဖို့ ကူညီခဲ့ပြီး သူ လုပ်လိုသည့်အရာကို လုပ်ဆောင်ရန် အေးဆေးသည့် ဤသို့သော ပတ်ဝန်းကျင်မျိုးလေးပေးထားခြင်းကြောင့်ပါပင်။
သူ့အနေနှင့် စိတ်မလုံဖြစ်နေရခြင်းမှာ အချိန်ကြာညောင်းစွာ ရှုယီကို အနည်းငယ်မျှသာ ပြန်ပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါ၏။
ရှုယီ၏ ဤအလိုအလျောက်ဖိစက်အပေါ် စိတ်တိုင်းကျမှုနှင့် သူ့ထံ ပထမဆုပင်ပေးလာသည်ကိုမြင်သော် သဘာဝကျကျပင် စန်ချယ်လီ၏ စိတ်ထဲ လှုပ်ရှားမှုတို့ ပြည့်လာရသည်။
သူဟာ ရှုယီ၏ အကျင့်စရိုက်အရ ရုတ်သိမ်းခိုင်းလျှင် သေချာပေါက် ရုတ်သိမ်းမည်မဟုတ်သည်ကို သိသောကြောင့် ဤဆုကို ပြန်ရုတ်သိမ်းခိုင်းခြင်းမပြုချေ။
အရေးကြီးဆုံးအရာမှာ ဤရှားပါးလှသည့် ပထမအဆင့် ဆုလာဘ် သူ၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် ထောက်ပံ့မှုများအပေါ် အကောင်းဆုံးသက်သေဖြစ်ရာ ၎င်းက သူ၏စိတ်နှလုံးထဲရှိ ရှုယီအတွက် စိတ်မလုံဖြစ်ခြင်းကို ဖြေလျှော့ရာတွင် အကူအညီဖြစ်လိမ့်မည်။
အနီးဝန်းကျင်ရှိ အလုပ်သမားများဖြစ်စေ စန်ချယ်လီဖြစ်စေ ၎င်းတို့မှာ ရှုယီလောက်တော့ စိတ်မလှုပ်ရှားနေကြချေ။
ကမ္ဘာမြေမှ လာသည့် သူ့အတွက် ဤစက်၏ ဆိုလိုရင်းကို လူတိုင်းထက် ပိုသိပါ၏။
Frestech ကုန်သည်ကြီးများအသင်းသာ ကမ္ဘာမြေ၌ တူညီသည့် စက်ရုံများရှိနိုင်ပြီး ၎င်းတို့၏ ထုတ်လုပ်ရေးကို အလိုအလျောက်လုပ်ဆောင်နိုင်ပါက Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းပြဿနာကို အမှန်တကယ် ဖြေရှင်းနိုင်လိမ့်မည်။
ဤအလိုအလျောက် မှော်ဖိစက်မှာ အစသာရှိသေးသော်လည်း ပထမခြေလှမ်းကို လှမ်းနိုင်နေသရွေ့ Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ဤလမ်းကြောင်းထက်တွင် အခိုင်အမာလျှောက်လှမ်းနိုင်မည်ဟု ယုံကြည်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၁၅။ သွားမှာလား နေမှာလား
အဘိုး ဖရေလီယာအနေနှင့် ဤအတောအတွင်း ဒွိဟဖြစ်နေလေသည်။
ပြောရလျှင် သူ့အား ဘန်တာမြို့၌ မွေးဖွားခဲ့ရာ သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးနေပါလျှင်တောင် သူ၏လက်ကျန်ဘဝ၌ နေထိုင်ရန် ဘန်တာမြို့သို့ ပြန်သွားရမည်သာဖြစ်သည်။
ဤအတွေးမှာ လမ်ပူရီတိုင်းပြည် ဖရိုဖရဲဖြစ်နေစဉ်က လက်တွေ့မကျလှသဖြင့် အဘိုး ဖရေလီယာမှာ ဤအတွေးကို နှလုံးသားအခြေ၌သာ ဖိနှိပ်ထားခဲ့ရသည်။
သို့သော် ဘုရင်မ ဆယ်ဗီနီ ထီးနန်းဆက်ခံလိုက်ကတည်းက လမ်ပူရီတိုင်းပြည် အခြေအနေမှာ နေ့တိုင်း နေ့တိုင်း ပိုမိုကောင်းမွန်လာသည်။ ဘန်တာမြို့ထံမှ သတင်းများလည်း တစ်ရက်ကုန်လွန်သွားတိုင်း ပိုမိုကောင်းမွန်လာသဖြင့် အဘိုး ဖရေလီယာ၏ သေဆုံးနေခဲ့သော နှလုံးသားက ပြန်လည်ရှင်သန်လာသည်။
သူ့အား ဘန်တာမြို့၌ မွေးဖွားခဲ့ပြီး နှစ်ငါးဆယ်နီးနီး နေထိုင်ခဲ့သဖြင့် မတူညီသည့်နေရာ၌ သေဆုံးရပါလျှင် သက်တောင့်သက်သာ မဖြစ်သလိုခံစားရသည်။
ယခုတွင် ဘန်တာမြို့အခြေအနေက ကောင်းနေသဖြင့် ထွက်သွားခဲ့သော Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများလည်း ဘန်တာမြို့သို့ ပြန်လာကာ စက်ရုံများနှင့် ဆိုင်များပြန်ဖွင့်နေပြီဖြစ်သည်။ ဘန်တာမြို့မှာ ယခင်ကကဲ့သို့ပင် တစ်ရစ်ချင်း ပြန်လည် ကြွယ်ဝလာနေပြီး ယခင်ကလို ကြွယ်ဝတော့မည်ဖြစ်ပါ၏။
ဘန်တာမြို့၌ အလုပ်များစွာ ရှိသဖြင့် ၎င်းတို့သာ ပြန်လာပါက အလုပ်မှန်ကို ရှာရန်က ပြဿနာမရှိပေ။
ဝင်ငွေက ဤနေရာ၌ နေသကဲ့သို့ မကောင်းနိုင်သော်လည်း ၎င်းမှာ သူ၏ မိတ်ဆွေများနှင့် ဆွေမျိုးများစွာ ရှိနေသည့် အိမ်ဖြစ်လေသည်။
သို့သော် သူ၏ ဇနီးဖြစ်စေ သူ၏ သား အာချီနှင့် သား၏ ဇနီး လီယာတို့ဖြစ်စေ ၎င်းတို့က သူ၏ အတွေးကို ဆန့်ကျင်နေလေသည်။
သူ၏ ဇနီးအရဆိုလျှင် သူတို့၏ မိသားစုမှာ ဤနေရာ၌ နှစ်ပေါင်းများစွာ နေထိုင်လာပြီးနောက် ဤနေရာ၌ နေထိုင်သည်ကို ကျင့်သားရနေသလို ကောင်းမွန်သော ဘဝလည်းရှိပါသည်။
ထို့အပြင် ၎င်းတို့သာ ဤနေရာ၌ နေမည်ဆိုလျှင် တစ်မိသားစုလုံး Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်များရှိကြမည်သာ။ အဘိုး ဖရေလီယာထံတွင် Frestech လယ်မြေ၌ မြေကွက် မူတစ်ရာကျော်ရှိပြီး Frestech လယ်မြေအတွက် အလုပ်လုပ်ရုံနှင့်တင် ဝင်ငွေက တစ်နှစ်ကို ရွှေဒင်္ဂါးသုံးရာ အထိ ရသည်။
၎င်းတို့သာ ဘန်တာမြို့သို့ ပြန်သွားပါလျှင် လယ်စိုက်ခြင်းအပြင် မည်သည့် ကျွမ်းကျင်မှုမှ မရှိသော ဤနှစ်ဦးအတွက် ဘန်တာမြိုတော်၌ အလွယ်လေး အလုပ်ရှာနိုင်လျှင်တောင် အခြေခံအကျဆုံး အလုပ်လေးသာဖြစ်လိမ့်မည်။ ၎င်းတို့၏ လစာများက ယခုနှင့်ပင် ယှဉ်နိုင်မည်မဟုတ်သည့် တစ်လ ရွှေဒင်္ဂါးဆယ်ပြားထက်ပိုရမည်မဟုတ်။ အများဆုံး တစ်နှစ်လျှင် ရွှေဒင်္ဂါးတစ်ရာဝင်ငွေရမည်။
၎င်းအပြင် အာချီနှင့် လီယာတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံ၌ ကျွမ်းကျင်အလုပ်သမားများ ဖြစ်ကြလေသည်။ အာချီမှာ သူ၏ အလုပ်မှတဆင့် ဒုတိယအဆင့် နည်းပညာဝန်ထမ်းဖြစ်လာပြီး စက်ဘီးစက်ရုံ၌ ကျွမ်းကျင်မှုမြင့်မားသည့် လုပ်သားဟု ယူဆနိုင်သည်။ သူဟာ တစ်လလျှင် ရွှေဒင်္ဂါး နှစ်ဆယ့်သုံးပြားရရှိကာ အပိုဆုကြေးမျိုးစုံနှင့် အကျိုးအမြတ်များကို ပေါင်းလျှင် သူ၏ဝင်ငွေမှာ တစ်နှစ် ရွှေဒင်္ဂါးသုံးရာအထိ ရောက်နိုင်ပါ၏။
လီယာမှာ သူနှင့် မယှဉ်နိုင်ပါသော်လည်း Frestech ကုန်သည်ကြီးများအသင်းလက်အောက်ရှိ အိမ်သုံးမှော်စက် စက်ရုံတစ်ရုံတွင် အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ သူမ၏ လစာက တစ်နှစ်လျှင် ရွှေဒင်္ဂါးနှစ်ဆယ်ရှိပြီး အပိုဆုကြေးနှင့် အကျိုးအမြတ်အမျိုးမျိုးတို့ကို ထည့်ပေါင်းလိုက်သော် တစ်နှစ်ကို ရွှေဒင်္ဂါး နှစ်ရာကျော်အထိ ရရှိသည်။
၎င်းတို့သာ ဤဘဝကို လက်လျှော့ကာ ဘန်တာမြို့သို့ ပြန်သွားလိုက်လျှင် ၎င်းတို့၏ကျွမ်းကျင်မှု၊ အတွေ့အကြုံတို့နှင့် အလုပ်ကောင်း ရှာနိုင်ပြီး ပိုမြင့်သည့် လစာပင်ရနိုင်လောက်သော်လည်း အာချီနှင့် လီယာတို့အနေနှင့် လစာပိုမြင့်သော လုပ်ငန်းစုလေးများ၌ အလုပ်လုပ်ကိုင်ရခြင်းထက် Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်ဆက်လုပ်ရသည်က ပိုကောင်းသည်ဟု ထင်ကြသည်။
အခြားလုပ်ငန်းစုများနှင့်စာလျှင် Frestech ကုန်သည်ကြီးများအသင်း၏ အလားအလာက သံသယဝင်စရာမလိုလောက်အောင် အကောင်းဆုံးဖြစ်ပါ၏။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းထံ၌ အင်မတန် တိကျသည့် မြှင့်တင်ရေး စနစ်ရှိပါ၏။ သင့်အနေနှင့် အလုပ်ကြိုးစားရန် ဆန္ဒရှိကာ Frestech ကုန်သည်ကြီးများအသင်းအတွက် အချိန်ကြာ အလုပ်လုပ်ပေးနေသရွေ့ သင်၏ လစာကလည်း ၎င်းအလိုက် တိုးလာမည်ပင်။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းအား အခြားလုပ်ငန်းစုများ မယှဉ်နိုင်သည့် အရာတစ်ခု ရှိပါသေး၏၊ ၎င်းမှာ အကျိုးအမြတ်အစီစဉ်ပါပင်။
အရိုးရှင်းဆုံးတစ်ခုမှာ သင့်အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၌ အငြိမ်းစားယူရမည့် အရွယ်ရောက်လာသည်နှင့် အလုပ်လုပ်ကိုင်ခဲ့သည့် နှစ်အရေအတွက် အလိုက် အငြိမ်းစားလစာရမည်ဖြစ်သည်!
ဤအငြိမ်းစားလစာအား Frestech ကုန်သည်ကြီးများအသင်းမှလွဲ၍ မည်သူကမှ မပေးချေ။
နောက်တွင် အားကျစရာ အကျိုးအမြတ်များလည်း ရှိပါသည်။ ဥပမာဆိုရသော် နှစ်စဉ် အားလပ်ရက်များတွင် အသုံးဝင်သော လက်ဆောင်များရှိသလို အလုပ်သမားသမဂ္ဂကပေးသည့် ခရီးသွားခပေးချေမှု ပမာဏတစ်ခုကိုလည်း ရရှိကာ အလုပ်သမားများအတွက် ဆေးဝါး ကုန်ကျစရိတ် သတ်မှတ်ထားသည့် ပမာဏိကိုလည်းပေးသည်.....
၎င်းတို့သာ တူညီသည့် လစာအတွက် အလုပ်လုပ်မည်ဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ခြင်းက ပို၍ အကျိုးအမြတ်ရမည်မှာ သံသယပင် ဝင်စရာမလိုချေ။
အခြားလုပ်ငန်းစုများက လစာ နှစ်ဆပေးလျှင်တောင် ၎င်းတို့အား မပြောင်းလဲဟု သတ်မှတ်မရနိုင်လောက်ကြောင်း တိတ်တဆိတ်ပြောနေကြသည့် Frestech ကုန်သည်ကြီးများအသင်းအလုပ်သမားများလည်း ရှိသေးသည်။
Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်ကိုင်ခြင်းမှာ အခြားလုပ်ငန်းစုများ၌ အလုပ်လုပ်ခြင်းထက် ပို၍ သက်သာပါ၏။
ထို့ကြောင့် ၎င်းတို့၏ ရေရှည်စီမံကိန်းကို စဉ်းစားရင်း အာချီနှင့် လီယာတို့မှာ Frestech ကုန်သည်ကြီးများအသင်းမှ ထွက်ခွာပြီး ဘန်တာမြို့သို့ပြန်ကာ အခြားအလုပ်ရှာဖို့ မစဉ်းစားကြချေ။
အဘိုး ဖရေလီယာအနေနှင့် ၎င်းတို့ကို မဖြောင်းဖျနိုင်သောကြောင့် ဖျားယောင်းဖို့ ကြိုးစားခဲ့ပါ၏။ Frestech ကုန်သည်ကြီးများအသင်း လမ်ပူရီတိုင်းပြည်သို့ ပြန်သွားပြီးနောက် လမ်ပူရီတိုင်းပြည်တွင် စက်ရုံများစွာ ဖွင့်လှစ်မည်ဖြစ်သလို အလုပ်သမားများစွာလည်း စုဆောင်းမည်ဖြစ်သည်။
သို့သော် အချက်အလက်များက အဘိုး ဖရေလီယာ၏ အိပ်မက်များကို ရက်ရက်စက်စက်ချိုးဖျက်လိုက်သည်။
⟨ လမ်ပူရီအပတ်စဉ် ⟩ နှင့် ⟨ ဘန်တာတိုင်းမ်စ် ⟩တို့ရှိ သတင်းများအရ Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်နှင့် စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းစာချုပ်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်ရှိ လုပ်ငန်းစုများတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
၎င်းက လူများကို ထိုမျှ မအံ့ဩစေပေ။
လူများကို အံ့ဩစေသည်မှာ ဤသတင်းအရ စက်ရုံများမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်တို့ ပူးတွဲ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြသော်လည်း လမ်ပူရီတိုင်းပြည်မှာ ကိုင်တွယ်မည့်ဘက်ကပင်။ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် နည်းပညာပိုင်းအထောက်အပံ့ကိုသာ ထောက်ပံ့ပေးမည်ဖြစ်ပြီး အမြတ်အစွန်း၏ ဝေစုတစ်ခုကို ရရှိမည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းမှာ မည်သည့် စက်ရုံအပိုင်းကိုမှ ထိန်းချုပ်မည်မဟုတ်ပေ။
ဤသည်မှာ စက်ရုံများအနေနှင့် အမည်အရဖြစ်စေ လက်တွေ့အရဖြစ်စေ လမ်ပူရီတိုင်းပြည်နှင့်သာ အလုံးစုံသက်ဆိုင်ပြီး Frestech ကုန်သည်ကြီးများအသင်းနှင့် မသက်ဆိုင်သည့် အဓိပ္ပာယ်ပါပင်။
၎င်းတို့သာ ထိုစက်ရုံများ၌ အလုပ်လုပ်ပါက Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်တို့ အတူဖွင့်ထားသည့် လုပ်ငန်းစုထံမှ လစာရမည်ဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းနှင့်တော့ မသက်ဆိုင်ချေ။
ဤစက်ရုံများကို ဖွင့်လှစ်ခြင်းအပြင် ၎င်းတို့၏ စာချုပ်အရ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့ တစ်ဦးတည်းပိုင်သည့် မည်သည့်စက်ရုံတွင်မှ ရင်းနှီးမြှုပ်နှံမည်မဟုတ်ပေ။ ထိုအဓိပ္ပာယ်မှာ ၎င်းတို့အနေနှင့် လမ်ပူရီတိုင်းပြည်ထံ ပြန်သွားလျှင်တောင် Frestech ကုန်သည်ကြီးများအသင်းမှ ထွက်ခွာပြီးသား ဖြစ်မည်ဖြစ်ဆဲပင်။
သတင်းများကြောင့် အဘိုး ဖရေလီယာ၏ မိသားစုကို ဖြောင်းဖျမည့် နောက်ဆုံးမျှော်လင့်ချက်လေးကပျောက်ကွယ် သွားတော့သည်။
ထို့ကြောင့် အဘိုး ဖရေလီယာမှာ အတော်လေး ရှုပ်ထွေးတေ၏။
သူ့အနေနှင့် ဘန်တာမြို့သို့ ပြန်ကာ အခြေချနေချင်သည်။
သူ့အတွက် ငွေမည်မျှ ဝင်သည်က အရေးမကြီးသလို ဤနှစ်များအတွင်း Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ခြင်းမှ ငွေအတော်လေးရထားပေသည်။
သူနှင့် သူ၏ဇနီးနှင့်တင် ရွှေဒင်္ဂါး ငါးရာကျော် စုမိထားပါ၏။
ထို့အပြင် အာချီနှင့် လီယာတို့က သားလေးတစ်ယောက် မွေးပေးထားရာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အတော်လေးသုံးစွဲထားသော်လည်း ၎င်းတို့ လစာမြင့်မြင့်နှင့် အပိုဆုကြေးများကြောင့် အနည်းဆုံး ရွှေဒင်္ဂါးတစ်ထောင် အထိစုမိထားသည်။
ဤငွေများနှင့် ၎င်းတို့ ဘန်တာမြို့သို့ ပြန်ပြီးနောက် ဘာမှ မလုပ်ပါလျှင်တောင် လက်ကျန်ဘဝကို ပျော်ရွှင်စွာ နေထိုင်သွားနိုင်သည်။
ပြောရလျှင် ၎င်းတို့မိသားစု၏လယ်၌ နေခဲ့စဉ်က ၎င်းတို့၏ ဝင်ငွေမှာ ဝမ်းစာဖြည့်ဖို့ရန်ပင် မလုံလောက်သော်လည်း ရှင်သန်နေခဲ့ကြသေးသည်မဟုတ်ပါလား?
မှန်ပါ၏ အဘိုး ဖရေလီယာအနေနှင့် သူသာ ၎င်းကို အိမ်၌ပြောလိုက်လျှင် သူ၏ ဇနီးက အညှာအတာမဲ့ ဆူငေါက်မည်ကို သိပါ၏။
၎င်းက ယခင်ကသာဖြစ်သည်! ယခုက ယခုပင်!
ယခုတွင် ၎င်းတို့၏ ဝမ်းစာကို ဖြည့်နိုင်နေကာ ကောင်းကောင်းအိပ်၊ အဝတ်ကောင်းကောင်းဝတ်ကာ အလုပ်ကောင်းကောင်းလုပ်ရင်း ဝင်ငွေများများရှိနေလေပြီ။ ၎င်းတို့က အဘယ့်ကြောင့် ဝမ်းစာမဖြည့်နိုင်ခဲ့ရုံလောက်လေးနှင့် ဘန်တာမြို့သို့ မပြန်ဘဲနေရမည်နည်း?
၎င်းတို့က မပြောသော်လည်း သူ၏သားနှင့် သူ၏ဇနီးတို့၏ အမူအရာအရ အဘိုး ဖရေလီယာမှာ မည်သည်မှ ပြောစရာမရှိပေ။”
“အားလုံး ဒီမှာအဆင်ပြေနေပေမယ့် ဘယ်မိသားစုဝင်မှမရှိဘူးလေ!” အဘိုး ဖရေလီယာက စိတ်ထဲ ညည်းညူလိုက်သည်။
ဘန်တာမြို့မှ လူများစွာမှာ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ စတက်တိန်းနယ်မြေသို့ ပြောင်းရွှေ့လာကြသော်လည်း အဘိုး ဖရေလီယာ၏ မိသားစုဝင်များစွာက သူ၏ဇာတိမြို့၌ ကျန်နေခဲ့ပြီး သူ၏ဇနီး၊ သားနှင့် ချွေးမတို့သာ သူနှင့်အတူ လိုက်လာခဲ့ကြသည်။
သူဟာ နှစ်များစွာကြာအောင် မိတ်ဆွေအသစ်တချို့ဖွဲ့ခဲ့သော်လည်း ဤသည်က သွေးရင်းဆွေမျိုးများနှင့် ခြားနားပါ၏။
လမ်းမများနှင့် မှော်ကားများ ရှိပြီး ဘန်တာမြို့ကို ပြန်ဖို့ သိပ်ကြာမည်မဟုတ်ပါလျှင်တောင် အတူနေခြင်းနှင့် ခြားနားလေသည်။
နွေဦး ကောက်ရိတ်သိမ်းခြင်း၏ အလုပ်များသော အချိန်မှာ ကုန်လွန်သွားပြီဖြစ်သလို လယ်၌ လုပ်စရာများများစားစားမရှိခြင်းကြောင့် အဘိုး ဖရေလီယာမှာ နေ့တိုင်း နေ့လည်စာစားပြီးနောက်တွင် လမ်းလျှောက်ထွက်လည်တတ်သည်။
အစာချေခြင်းအပြင် သူ့အနေနှင့် အိမ်မှာနေရင်း ဇနီးသည်နှင့် ဤကိစ္စကို မငြင်းခုံလိုသောကြောင့်ဖြစ်၏။
ပြောရပါက Frestech ကုန်သည်ကြီးများအသင်း ဤနေရာသို့ရောက်လာသည့် နှစ်များအတွင်း ဤနေရာမှာ ကျက်တီးမြေမဟုတ်တော့ဘဲ အတော်လေးသန့်ရှင်းကာ လှပနေပါ၏။
ရှုယီ အဆိုပြုထားသည့် လှပသောဘဝယူဆချက်နှင့်အတူ နတ်သူငယ်များမှာ ဤနှစ်များအတွင်း မြေကို ပုံစံပြောင်းလဲခဲ့သည်။ ယခု ရှုယီ၏ နယ်မြေ၌ နေရာအနှံ့သို့သွားသော လမ်းမများရှိသဖြင့် ပို့ဆောင်ဆက်သွယ်ရေး အင်မတန်အဆင်ပြေနေပြီး သူဟာ သူ့နယ်မြေ၏ အဆင်အပြင်ကို မည်သို့သော အရှုပ်အထွေးမှ မရှိအောင် စီစဉ်ထားသည်။
ရှုယီက သန့်ရှင်းရေးအဖွဲ့ကို ဖွဲ့စည်းကာ စတက်တိန်းနယ်မြေဒေသခံများအား သူ့နယ်မြေ၏ ဧရိယာများကို ရှင်းလင်းရန် ခန့်အပ်ထားခြင်းကြောင့် နယ်မြေမှာ တစ်ချိန်လုံး အင်မတန်သန့်ရှင်းနေသည်။
မည်သူမဆို ဤနေရာသို့ရောက်သည်နှင့် ပင့်သက်မရှိုက်မိဘဲ နေနိုင်မည် မဟုတ်ပေ။
ဤနေရာမှာ ဒဏ္ဍာရီများ၌ ဖော်ပြထားသည့် ကောင်းကင်ဘုံကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းလှသည်!
ထို့အပြင် ဤသည်က သူ၏ဇနီး၊ အာချီနှင့် လီယာတို့ ဤနေရာမှ မခွာချင်သည့် အဓိကအကြောင်းအရင်းများထဲမှ တစ်ရပ်လည်းဖြစ်သည်။
ဤနေရာရှိ လူနေမှုအဆင့်အတန်းများမှာ စိုင်စ်နယ်မြေကြီးတဝှမ်းတွင် ၎င်းတို့အနေနှင့် မည်သည့်နေရာတွင်မှ ပိုကောင်းသည့်ပုံစံကို ရှာမတွေ့နိုင်လောက်သည့် အရာဖြစ်သဖြင့် အဘယ့်ကြောင့် ၎င်းတို့အနေနှင့် ဤနေရာမှ ခွာရမည်နည်း?
အဘိုး ဖရေလီယာသည်ပင် ဤအချက်က သူ့အား ဤနေရာမှ ခွာရန် စိတ်ပြင်ဆင်ရာ၌ ခက်ခဲစေခဲ့ကြောင်းကို ဝန်ခံရပေမည်။
အနီးဝန်းကျင်ရှိ လှပသောမြင်ကွင်းကို ကြည့်ရင်း အဘိုး ဖရေလီယာမှာ အသက်ပြင်းပြင်းရှူလိုက်ရာ ဤနေရာရှိ လေထုက အင်မတန် လတ်ဆက်လှသည်ကို သိလိုက်ရသည်။
ဤသည်မှာ နတ်သူငယ်များကြောင့်ဖြစ်သလို ဥက္ကရှု၏ အခိုင်အမာ လုပ်ဆောင်မှုကြောင့်လည်းဖြစ်သည်။
ဤဝန်းကျင်ကို ထိန်းသိမ်းရန် Frestech ကုန်သည်ကြီးများအသင်းမှာ တစ်နှစ်တည်းနှင့် ရွှေဒင်္ဂါးတစ်သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး ယခုတွင် တစ်နှစ်လျှင် ရွှေဒင်္ဂါးတစ်သိန်းမြှုပ်နှံနေရသည်။
Frestech ကုန်သည်ကြီးများအသင်းမှလွဲ၍ ၎င်းတို့၏နယ်မြေကိုထိန်းသိမ်းရန် ထိုသို့ငွေပမာဏများစွာ သုံးစွဲသည့် အခြားလုပ်ငန်းစုဖြစ်စေ မျိုးရိုးမြင့်ဖြစ်စေ မရှိပါချေ။
“Frestech ကုန်သည်ကြီးများအသင်းက လုပ်ငန်းစုကောင်းတစ်ခုဖြစ်ပြီး ဥက္ကဌရှုကလည်း အကောင်းဆုံး ဥက္ကဌနဲ့ ကောင်းမွန်တဲ့ အရှင်သခင်ဖြစ်ပေမယ့် ဒီမှာ ဘယ်ဆွေမျိုးမှ မရှိနေဘူးလေ။” အဘိုး ဖရေလီယာက ခါးသက်သက် ပြုံး၍ ခေါင်းခါသည်၊ “ဘန်တာမြို့က ဆွေမျိုးတွေသာ ဒီကို ရွှေ့လာနိုင်ရင် ကောင်းမယ်။”
အဘိုး ဖရေလီယာထံတွင် ထိုအတွေးမျိုး ကြိမ်ဖန်များစွာ ရှိခဲ့သော်လည်း ၎င်းက အခြေခံအားဖြင့် မဖြစ်နိုင်သည်ကို သူသိပါ၏။
ထို့ကြောင့် သူ၏ခေါင်းထဲ ဤအတွေးတစ်ဖန်ပေါ်လာချိန်တွင် သူ့အနေနှင့် ကူရာမဲ့စွာ ခေါင်းခါရင်း သက်ပြင်းချရုံသာတတ်နိုင်သည်။
သို့သော်လည်း ခေါင်းခါလိုက်ပြီးနောက် အလျင်အမြန်မောင်းချလာသည့် အလတ်ဆိုဒ် မှော်ခရီးသည်တင်ကားတစ်စီးကို တွေ့လိုက်ရသည်။
Frestech လယ်မြေ၏ ဂိတ်ထဲ ဝင်လာပြီးနောက် မှော်ကားက မှတ်တိုင်တစ်ခုထံ တဖြည်းဖြည်းရောက်လာသည်။
အဘိုး ဖရေလီယာမှာ မှော်ကားထဲမှ ခုန်ဆင်းလာသည့် ပထမဆုံးလူကို မြင်ချိန်တွင် ကြက်သေ,သေသွား၏။
မဖြစ်နိုင်တာ!
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၁၆။ ဘန်တာမြို့မှ ဆွေမျိုးများ
မှော်ကားမှ ထွက်လာသူမှာ ထော်ရက်စ်ဆိုသူဖြစ်ပြီး အဘိုး ဖရေလီယာ၏ ဒုတိယဦးလေး၏ အကြီးဆုံးသားဖြစ်သည်။ သူဟာ ဖရေလီယာထက် ၂နှစ်ငယ်ပြီး ဖရေလီယာ၏ ဝမ်းကွဲညီဖြစ်ပါ၏။
၎င်းတို့နှစ်ဦးမှာ ရွယ်တူလောက်ရှိပြီး တူညီသည့် ရွာ၌နေထိုင်ခဲ့ကြသောကြောင့် ငယ်ကတည်းက အတူကစားခဲ့ကြရာ အတော်လေး ရင်းနှီးပေသည်။
အဘိုး ဖရေလီယာအနေနှင့် ဤဆွေမျိုးများကို တွေ့ရန် ဘန်တာမြို့သို့ ပြန်သွားချင်နေရာ သူဟာ သူပြောနေခဲ့သည့် ဆွေမျိုးများထဲမှ တစ်ဦးပင်ဖြစ်၏။
ဖရေလီယာ စတက်တိန်းနယ်မြေကို ရောက်နေသည့်မှ နှစ်အနည်းငယ်ကြာနေသောကြောင့် ဤနှစ်များအတွင်း အကြိမ်ရေ အနည်းငယ်မျှသာ ဆုံခဲ့ကြသည်။
၎င်းတို့ဆုံခဲ့သည့် နောက်ဆုံးအချိန်မှာ နှစ်သစ်ကူး ဘန်တာမြို့သို့ ပြန်ချိန်ကဖြစ်၏။
ရုတ်တရတ် မှော်ကားထဲမှ ထော်ရက်စ်ထွက်လာသည်ကိုမြင်သော် အဘိုး ဖရေလီယာမှာ ပထမ၌ အံ့အားသင့်သွားပြီးနောက် ထိတ်လန့်သွားသည်။
ထော်ရက်စ် ရုတ်တရတ်ရောက်လာရလောက်အောင် အိမ်၌ တစ်ခုခုဖြစ်နေသည်လား?
သူ့ဒုတိယဦးလေး၏ ခန္ဓာကိုယ်က အမြဲဆိုးရွားနေလေ့ရှိရာ ၎င်းက အဘိုးအိုတစ်ယောက် မတော်တဆတစ်ခုခုဖြစ်သွားလို့များလား?
ထိုသို့တွေးတောရင်း အဘိုး ဖရေလီယာမှာ အလျင်အမြန်သူ့ထံ ဦးတည်လိုက်သည်။
သို့သော် နီးကပ်လာချိန်တွင် ထော်ရက်စ် ဝမ်းနည်းနေသည်ကို လုံးဝမတွေ့ရဘဲ ဘေးဘီကို စိတ်လှုပ်တရှားကြည့်နေပါ၏။ သူဟာ တစ်ကြိမ်ပြီးတစ်ကြိမ် တအံ့တဩအော်ဟစ်ရင်း ဤနေရာရှိ သန့်ရှင်းလှပသောဝန်းကျင်ကြောင့် အံ့အားသင့်နေသည်မှာ သိသာလှသည်။
အဘိုး ဖရေလီယာ၏ စိတ်ထဲတွင် သိလိုစိတ်များပြည့်လာကာ ကြည့်နေလိုက်သည်။ ထော်ရက်စ်နောက်၌ ကားထဲမှထွက်လာနေကြသော ရင်းနှီးသည့် အခြားလူများစွာကိုပါ တွေ့လိုက်ရလေ၏။ ၎င်းတို့အားလုံးမှာ ထော်ရက်စ်လာခဲ့သော ရိုဗာတိုကျေးရွာမှ လာကြသည့် ရွာသူရွာသားများဖြစ်ကာ ဖရေလီယာနှင့်အတူ ကြီးပြင်းခဲ့ကြသည်။
ဤလူများထံ၌ ထော်ရက်စ်ကဲ့သို့ တူညီသော မျက်နှာအမူအရာရှိကာ ဘေးဘီကို တအံ့တဩငေးကြည့်ရင်း အင်မတန် နှစ်ခြိုက်ပုံပေါ်နေကြသည်။
အဘိုး ဖရေလီယာလည်း အင်မတန်အံ့အားသင့်သွားပါ၏။
အဘယ့်ကြောင့် ဤလူများက ရုတ်တရတ် ဒီကိုရောက်လာရသနည်း?
ဘန်တာမြို့မှ ဤနေရာသို့ လာရောက်ဖို့ များစွာ ပိုလွယ်ကူလာပြီဖြစ်သော်လည်း ရောက်ရှိရန် အများဆုံး တစ်ရက်လောက်တော် အချိန်ယူရဆဲပင်။
မည်သည့် အရေးကြီးကိစ္စမှမရှိလျှင် ၎င်းတို့အနေနှင့် ဤနေရာကို အဘယ့်ကြောင့်လာပါမည်နည်း?
အဘိုး ဖရေလီယာမှာ ထော်ရက်စ်၏ နံဘေးသို့ အမြန်သွားကာ ပခုံးကိုရိုက်လိုက်သည်။
ထော်ရက်စ်မှာ ပထမက အံ့ဩသွားသော်လည်း လှည့်ကြည့်၍ ဖရေလီယာကို မြင်သော် ဆွဲဖက်ကာ အပြုံးခပ်ကြီးကြီးဖြင့်ဆိုလိုက်သည်၊ “ဟေး ဖရေလီယာ ငါလည်း ဒီကိုလာမယ်လို့ မင်းမထင်ထားဘူးမို့လား?”
သူ၏ တုံ့ပြန်ပုံကိုမြင်သော် ဖရေလီယာမှာ ပို၍ပင် စိတ်ချသွားသည်။
ကြည့်ရသည်မှာ ဆိုးဆိုးရွားရွား မည်သည်မှ မဖြစ်ခဲ့ပုံပင်။
နှစ်ယောက်မှာ အနည်းငယ်ဖက်လိုက်ပြီးနောက်မှ လွှတ်လိုက်ကြ၏။ ဖရေလီယာက ချက်ချင်းမေးလိုက်လေသည်၊ “မင်း ဒီကိုလာမယ်လို့ ငါ မထင်ထားဘူး။ ဒါပေမယ့် ထော်ရက်စ် ဘာလို့ ရုတ်တရတ်ကြီး ရောက်လာရတာလဲ? မင်း ငါ့ကို လာရှာတာလား?”
“လာရှာတာလို့ ပြောလည်း မမှားပါဘူး။” ထော်ရက်စ်က ပြုံးလျက်ဆိုသည်၊ “ငါက ဒီမှာဆို လူသစ်ဖြစ်သလို ဘာနဲ့မှလည်း မရင်းနှီးတော့ ငါ့ကို လိုက်ပြပေးဖို့ မင်းကို လိုအပ်နေတာ။ အိုင်း ဖရေလီယာ၊ ဒီမှာ ရှိနေတာ နှစ်များစွာကြာနေပြီပဲ ဒီနေရာက ဘယ်လိုလဲဆိုတာ ပြောပြပါဦး? ဘန်တာမြို့ထက် ပိုကောင်းလား?”
ဖရေလီယာမှာ သူ၏ မေးခွန်းကြောင့် အနည်းငယ် ရှုပ်ထွေးသွားသည်။
“ငါပြောမယ်....ထော်ရက်စ် မင်း ဒါကို ဘာလို့မေးနေရတာလဲ? ဒီမှာနေဖို့ စီစဉ်ထားလို့လား?”
“ဒါပေါ့!” ထော်ရက်စ်က ခေါင်းငြိမ့်သည်၊ “ငါ ဒီတစ်ခေါက် ဒီကိုလာတာက အလုပ်အတွက်ဆိုတော့ ဒီမှာနေဖို့ပဲပေါ့။ ဒါပေမယ့် မင်းစိတ်ချလို့ရပါတယ် Frestech ကုန်သည်ကြီးများအသင်းက ငါတို့ အလုပ်သမားတွေအတွက် လူနေရပ်ကွက်တွေ ပြင်ဆင်ထားပြီး အခြေအနေက အရမ်းကောင်းတယ်လို့ ပြောထားတာကြောင့် မင်းအနေနဲ့ ငါမင်းအိမ်မှာ နေမှာကို စိတ်ပူစရာမလိုပါဘူး။”
“ငါ ဒါကို စိတ်မပူပါဘူး။” ဖရေလီယာက လက်ယမ်း၍ မျက်မှောင်ကုပ်ကာ ဆက်မေးလေသည်၊ “ငါပြောချင်တာက.... မင်းဒီမှာ အလုပ်လုပ်ချင်လို့လား?”
“ဟုတ်တယ် ငါတင်မကဘူး။ အီဒူကာရဲ့မိသားစု၊ လိုပက်ဇ်ရဲ့ မိသားစုဝင်သုံးယောက်နဲ့ ဒီလူဒဲရဲ့ မိသားစုတို့လည်း ဒီကို ပြောင်းလာကြတာ။” ထော်ရက်စ်က ဖရေလီယာ၏ ပခုံးကို အားပြင်းပြင်းဖြင့် ပုတ်ကာ ခပ်ကြီးကြီးပြုံးလျက်ပြောသည်၊ “ဘယ်လိုလဲ? ဖရေလီယာ, ဒီလူအို အပေါင်းအဖော်ကြီးတွေ ဒီရောက်လာတာ ပျော်ရဲ့လား?”
ဖရေလီယာက ထော်ရက်စ်ကို မယုံကြည်နိုင်စွာကြည့်လိုက်ကာ အတန်ငယ်ကြာပြီးနောက်မှ တုံ့တုံ့ဆိုင်းဆိုင်းမေးလာသည်၊ “မင်းပြောတာက.... မင်းပြောတာက သူတို့ မိသားစုတွေ ဒီမှာအလုပ်လာလုပ်တယ်လို့လား? ဘယ်လိုလုပ်.... ဘယ်လိုလုပ်.... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
“ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ?” ထော်ရက်စ်က ဖရေလီယာကို ကြည့်ကာ၊ “ဘာလဲ? မင်းက ငါတို့ လာတာကို မကြိုက်ဘူးလား?”
“မဟုတ်ပါဘူး မဟုတ်ပါဘူး! ငါမင်းတို့ကိုကြိုဆိုပါတယ်! အရမ်းကိုပဲ! ငါ မင်းတို့ကို လုံးဝကြိုဆိုတယ်! ဟုတ်သားပဲ ပြန်ပြီး စန်နာကို ဟင်းကောင်းကောင်း ပြင်ခိုင်းထားလိုက်မယ် ငါတို့ ဒီနေ့လည်ကျ သောက်ကြတာပေါ့။ အာ မဟုတ်ဘူး မင်းတို့ အခုမှ လာတာဆိုတော့ အရင်ဆုံး အစီရင်ခံသင့်တယ် မဟုတ်လား? Frestech ကုန်သည်ကြီးများအသင်းက အားလုံးစီစဉ်ပေးထားတယ်မလား? ဟုတ်သားပဲ ဒီကို ဘယ်လိုရောက်လာတာလဲ? အာ မဟုတ်သေးပါဘူး မှော်ကားနဲ့လာကြတာပဲကို ငါမေးတာက.....”
အဘိုး ဖရေလီယာမှာ အံ့အားသင့်ကာ စိတ်လှုပ်ရှားနေသောကြောင့် မည်သည်ကို ပြောရမည်မှန်းမသိတော့ချေ။
ဖရေလီယာ၏ ကူရာမဲ့နေပုံကိုကြည့်ရင်း ထော်ရက်စ်က ရယ်လိုက်ပြီးနောက် ခေါင်းခါလေ၏၊ “ဟုတ်ပြီ ဖရေလီယာ, မင်း စိုးရိမ်စရာမလိုပါဘူး။ Frestech ကုန်သည်ကြီးများအသင်းက အားလုံးစီစဉ်ပေးထားတယ်။ တာဝန်ရှိတဲ့လူကတော့ ငါတို့ကို လိုက်ပြပြီးရင် အိမ်တွေပြင်ဆင်ပေးမယ်ပြောတယ် စိတ်ပူဖို့မလိုဘူး။ Frestech ကုန်သည်ကြီးများအသင်းက ဒီလိုပြောထားမှတော့ သူတို့ အရာအားလုံးကို ပြင်ဆင်ထားမှာပဲလေ။”
“အင်း အင်း Frestech ကုန်သည်ကြီးများအသင်းက အမြဲတမ်း စကားတည်ပါတယ်။ ဟုတ်သားပဲ သူတို့ဘာလို့ အဲဒီအဆောက်အဦးသစ်တွေ ဆောက်ထားလဲလို့ စဉ်းစားနေတာ၊ ဒီတော့ မင်းတို့အားလုံးအတွက် ပြင်ဆင်ထားတာပေါ့။ ပြောပြမယ် ထော်ရက်စ်, အိမ်တွေက အရမ်းလှပြီး မရှိမဖြစ်လိုအပ်တဲ့ အိမ်သုံးမှော်စက်တွေအားလုံးနဲ့ပြည့်နေတာကွ။ ရေပေးစနစ်နဲ့လည်း ချိတ်ထားသေးတယ်။ အချိန်ကျလာရင် လမ်းမီးတွေလည်း ထားတော့မှာဆိုတော့ အများကြီး ပိုအဆင်ပြေတာပေါ့။ ပြီးတော့.....”
ဖရေလီယာ၏ မိတ်ဆက်ပေးသံကိုကြားသော် ထော်ရက်စ်မှာ ပို၍ပို၍ စိတ်လှုပ်ရှားလာလေ၏။
Frestech ကုန်သည်ကြီးများအသင်းထံမှ တာဝန်ရှိသူအနေနှင့် ၎င်းတို့မလာခင်က ဤနေရာရှိ ပတ်ဝန်းကျင်ကောင်းကြောင်း ပြောပြခဲ့ပါသော်လည်း ပတ်ဝန်းကျင်ကို ၎င်းတို့ကိုယ်တိုင်မြင်တွေ့ကာ ဖရေလီယာကဲ့သို့ ယုံကြည်ရသူတစ်ဦးက မိတ်ဆက်ပေးလာသဖြင့် သူဟာ နေထိုင်ရေးအခြေအနေများမှာ Frestech ကုန်သည်ကြီးများအသင်း ကြော်ငြာထားသလို ကောင်းမွန်သည်ဟု ယုံကြည်ပေသည်။
အဘိုး ဖရေလီယာအပြောကို နားထောင်ကြည့်လိုက်ရုံနှင့် ဤနေရာရှိ ပတ်ဝန်းကျင်မှာ ကြော်ငြာထားသည်ထက်ပင် ပိုကောင်းနေနိုင်သည်!
ထိုသို့စဉ်းစားရင်း ထော်ရက်စ်၏ စိတ်နှလုံး၌ စိတ်လှုပ်ရှား ပျော်ရွှင်မှုတို့ ပြည့်သွား၏။
Frestech ကုန်သည်ကြီးများအသင်း လူများစုဆောင်းစဉ်က သူ့ထံ၌ လျှောက်လွှာတင်ရန် အတွေးရှိခဲ့သည်က ကိစ္စကောင်းပင်။
ယခုတွင် သူရောက်နေပြီဖြစ်ရာ လူနေမှုအဆင့်အတန်းများက ဘန်တာမြို့ထက်ပင် များစွာ ပိုမိုကောင်းမွန်နေသည်ကို တွေ့ရလေသည်။
ဘန်တာမြို့ရှိ အခြေအနေများမှာ လမ်ပူရီတိုင်းပြည်ရှိ နေရာအများစုထက် ပိုမိုကောင်းမွန်နေပြီးသားဖြစ်သည်မှာ ယခင်က Frestech ကုန်သည်ကြီးများအသင်းနှင့် မြို့စားအိမ်တော်တို့၏ အားထုတ်မှုများကြောင့်ဖြစ်သည်။
ထို့အပြင် သူနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ လက်မှတ်ထိုးထားသည့် သဘောတူညီမှုအရ သူဟာ ဂဟေဆက်သူအဖြစ် Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောကျင်းများအနက်တစ်ခုသို့ ဝင်ရောက်ရလိမ့်မည်။
သူ၏ ဒုတိယအဆင့်ဂဟေဆက်သူ အရည်အချင်းနှင့်ဆိုလျှင် သင်္ဘောကျင်းထဲ ဝင်ရောက်လိုက်သည်နှင့် လစဉ် ရွှေဒင်္ဂါးနှစ်ဆယ် လစာရရှိလိမ့်မည်ဖြစ်သည်။
သူသာ ပထမနှစ်၌ လုပ်ဆောင်မှုကောင်းရှိခဲ့လျှင် ၎င်းလစဉ်လစာက နောက်နှစ်၌ ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြားအဖြစ်တိုးသွားမည်ပင်။
ရှားပါးသည်ဟု ယူဆနိုင်သော သူ၏ ဂဟေဆက်ကျွမ်းကျင်မှုနှင့် ဘန်တာမြို့တွင် လစာပိုမြင့်သည့် အလုပ်ရှာနိုင်သော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ အခြားလုပ်ငန်းစုများထက်ပို၍ စွဲမက်ဖွယ်ကောင်းပေသည်။
ဤနေရာသို့ လာပြီးနောက် ၎င်းကိုမြင်သော် ထော်ရက်စ်မှာ သူ၏ ရွေးချယ်မှုကို ပို၍ပင် နောင်တမရနေပေ။
သူသာ ဤသို့သော လှပသည့်ဝန်းကျင်၌ နေနိုင်လျှင် ရွှေဒင်္ဂါးဆယ်ပြား ဖြစ်နေလျှင်တောင်.... ဟုတ်ပြီ ရွှေဒင်္ဂါးဆယ်ပြားကျ နည်းနည်းများသွားပြီ၊ သို့သော် ရွှေဒင်္ဂါးငါးပြားအထိ နည်းပါးလျှင်တောင် သူသေချာပေါက် နေလိုပါ၏။
ထော်ရက်စ်ကဲ့သို့ အလုပ်သမားအသစ်များအတွက် တာဝန်ရှိသူက အမည်စာရင်း ကောက်ကာ လူတိုင်းကို စုစည်းဖို့ ပြင်ဆင်လာသည်နှင့် အဘိုးဖရေလီယာမှာ အရာအားလုံးကို မမိတ်ဆက်ပေးလိုက်ရချေ။
ထော်ရက်စ်လည်း အပြုံးကြီးကြီးဖြင့် ဖရေလီယာ၏ ပခုံးကို ပုတ်လိုက်သည်၊ “ငါမင်းကို ညကျ သောက်ဖို့လာရှာမယ်။”
ထို့နောက် သူဟာ လူအုပ်ထဲပြေးကာ အဖွဲ့နှင့်အတူ တန်းစီနေတော့သည်။
ထော်ရက်စ်က စည်းမျဉ်းများကို သေချာလိုက်နာနေသည်အား မြင်သော် အဘိုး ဖရေလီယာမှာ မပြုံးမိဘဲ မနေနိုင်တော့ပေ။
ဤထော်ရက်စ်ထံ၌ ငယ်စဉ်ကတည်းက ကြီးကြီးမားမားကိုယ်ကျင့်စရိုက်ရှိကာ အသက်ငါးဆယ်နီးနီးဖြစ်လာသည့်အချိန်၌ပင် သူဟာ မည်သည်ကိုမှ မကြောက်ရွံ့ဆဲဖြစ်၏။ ယခုတွင် ဤသို့ စည်းမျဉ်းများကို နာနာခံခံလိုက်နာနေရာ သူ့အနေနှင့် ဤနေရာကို အင်မတန်စိတ်တိုင်းကျ၍ Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်ရခြင်းကို အလေးထားသည်အား မြင်နိုင်ပါ၏။
မှန်ပါ၏ ဖရေလီယာအနေနှင့် သူ၏ အတွေးကို များစွာ နားလည်ပေသည်။
ဤနေရာသို့လာကာ လှပသည့် ဝန်းကျင်ကို မြင်တွေ့ပြီးနောက် Frestech ကုန်သည်ကြီးများအသင်းပေးသည့် လစာကောင်းများနှင့် အကျိုးအမြတ်များကြောင့် မည်သူက ဤသို့သော အလုပ်ကောင်းတစ်ခုကို လက်လွှတ်ချင်ပါမည်နည်း?
ထော်ရက်စ်အနေနှင့် ဤနေရာ၌ နေထိုင်ကာ သူ ပြောခဲ့သည့် အခြားမိသားစု သုံးစုလည်း နေထိုင်မည်ကို စဉ်းစားကြည့်ရင်း ဖရေလီယာ၏ စိတ်ထဲရှိ တိမ်စိုင်များမှာ လွင့်ပျယ်လျက် ခံစားချက်လည်း များစွာ ပိုကောင်းလာ၏။
ထော်ရက်စ်က မှော်ကားထဲ တစ်ဖန်ပြန်ဝင်လိုက်သည်ကို မြင်သော် ဖရေလီယာလည်း ရယ်ရင်း အိမ်ဆီ ပြန်ဦးတည်လိုက်တော့သည်။
ထော်ရက်စ်က ဒီည လာသောက်မယ်ပြောခဲ့တယ်မလား? အိုင်း အိုင်း၊ အဲ့လူရဲ့ ခံနိုင်ရည်က အရမ်းဆိုးတော့ ဒီညမှာ သေချာပေါက် လေးဘက်ထောက်ပြန် ရလောက်မှာပဲ!
မှော်ကားက အဘိုး ဖရေလီယာထံမှ လုံးဝမတူညီသည့် ဦးတည်ဘက်သို့ မောင်းထွက်သွားသည်။
ဖရေလီယာလည်း သူ၏မိသားစုနေထိုင်ရာ ရပ်ကွက်သို့ ပြန်လာပြီး ထော်ရက်စ်နှင့် အလုပ်သမားအသစ်များကို သယ်ဆောင်လာသည့် မှော်ကားကမူ စက်မှုနယ်မြေရှိ စက်ရုံများထံ ဦးတည်သွား၏။ ၎င်းတို့မှာ သူတို့အား စက်ရုံများကို ကြည့်ရအောင် စီစဉ်ထားခြင်းပင်၊ ထိုမှသာ ၎င်းတို့အနေနှင့် ရှေ့လျှောက် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ခြင်းကို နားလည်မည်ဖြစ်သည်။
၎င်းတို့မှာ ဘန်တာမြို့မှ ဤနေရာသို့ တလျှောက်လုံးလာခဲ့သော်လည်း သေချာပေါက် ဤနေရာမှာ နေ၍ အလုပ်လုပ်ရမည့် အဓိပ္ပာယ်တော့မဟုတ်ပါပေ။
သို့သော် စက်ရုံတစ်ရုံစီ ဖြတ်သန်းပြီးနောက် မှော်ကားဆယ်စီးထဲရှိ အလုပ်သမား နှစ်ရာ ခုနစ်ဆယ့်ခြောက်ဦးတို့မှာ ဤစက်ရုံများ၏ အလုပ်အကိုင်အခြေအနေကို အင်မတန် စိတ်တိုင်းကျနေတော့သည်။
စက်ရုံတစ်ရုံစီမှာ အင်မတန်သန့်ရှင်း၍ အစီစဉ်တကျလုပ်ဆောင်ရာ အင်မတန်ချောမွေ့ဟန်ရှိသည်။
အလုပ်သမားအားလုံးမှာ ဤဧရာမစက်ရုံရှိ ဝက်အူရစ်လေးတစ်ခုနှယ် အလုပ်လုပ်ချိန်၌ ၎င်းတို့၏ ကိုယ်ပိုင်အပိုင်းများကို လုပ်ဆောင်ကြသည်။
ယခင်က ၎င်းတို့ အလုပ်လုပ်ခဲ့သည့် ဖရိုဖရဲ အလုပ်လုပ်ပုံရှိပြီး ရှုပ်ထွေးလှသောစက်ရုံများနှင့်ယှဉ်လျှင် Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံမှာ အဆပေါင်းမည်မျှအထိ အစီစဉ်ကျသည်ကိုပင် မသိရချေ။
နောက်တွင် လူနေရပ်ကွက်များ၏ အခြေအနေကို တွေ့မြင်ပြီးနောက် အလုပ်သမားအားလုံးမှာ တဖြည်းဖြည်း နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်ကြတော့သည်။
သူတို့ နေမှဖြစ်မယ်!
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၁၇။ စွင့်ကား တောင်ပံ
ထော်ရက်စ် လည်ပတ်ဖို့ လိုအပ်သည့် သင်္ဘောကျင်းမှာ ပင်လယ်ဘေး၌ ရှိသော်လည်း ၎င်းက သူတို့ နောက်ဆုံးလည်ပတ်သည့်နေရာဖြစ်သည်။
မှော်ကားထဲမှ ထွက်လာကြပြီး ထော်ရက်စ်မှာ သင်္ဘောကျင်းထဲ ခရီးရောက်မဆိုက်တွင်ပင် ပင်လယ်ကိုကြည့်လျက် လေနုအေးများကို ရှူရှိုက်လိုက်သည်။
ပင်လယ်ပြင်ကျယ်ကိုဖြတ်၍ သင်္ဘောကျင်းဖြင့်ပိတ်ဆို့ထားသော ပင်လယ်မှ တဖြည်းဖြည်း ထွက်လာသည့် အနည်းဆုံး ငါးဆယ်မီတာရှည်သည့် ငါးထပ်မြင့် သင်္ဘောများရှိနေကြသည်။
ဤဧရာမသင်္ဘောကြီး ရွေ့လျားသွားချိန်တွင် ပင်လယ်ကိုဖြတ်၍ တောင်တစ်လုံး တဖြည်းဖြည်းရွေ့လာသကဲ့သို့ ဖြစ်နေလေ၏။
မီတာနှစ်ရာအဝေးနှင့်တောင် ထော်ရက်စ်မှာ သူ၏ရှေ့မှလာသည့် အားကောင်းသော ဖိအားတစ်ရပ်ကို ခံစားမိ၏။
ထော်ရက်စ်၏ ဘဝ၌ မြင်ဖူးသမျှထဲ အကြီးဆုံးမှော်သင်္ဘောမှာ ပေါ်တာ ကုန်သည်ကြီးများအသင်း အသုံးပြုခဲ့သည့် သင်္ဘောဖြစ်ခဲ့ပြီး ၎င်းက မီတာသုံးဆယ်ရှည်၍ ငါးမီတာ မြင့်သည်။
ထိုသင်္ဘောမှာ ဆန်ဒီမြစ်ကိုဖြတ်ချိန်၌ အင်မတန်ကြီးမားလှပုံရှိ၏။
သို့သော် ထိုသင်္ဘောကိုသာ ဤနေရာ၌ ထားလိုက်ပါလျှင် သေးငယ်ပုံပေါ်နေလိမ့်မည်။
ထော်ရက်စ်မှာ တံတွေးမျိုချလျက် အခြားလူများဘက် လှည့်ကြည့်လိုက်သော် ၎င်းတို့ကလည်း ၎င်းဧရာမသင်္ဘောကြီးကို ငေးကြည့်နေကြသည်အား တွေ့လိုက်ရသည်။
စဉ်းစားကြည့်လိုက်ရင်း ထော်ရက်စ်မှာ မနေနိုင်တော့ဘဲ အနှီဧရာမသင်္ဘောကြီးကို ညွှန်ပြလျက် ၎င်းတို့အား လိုက်ပြနေသူ Frestech ကုန်သည်ကြီးများအသင်းမှ ဘက်ဆာကာကို မေးလိုက်သည်၊ “ကျုပ်ပြောဦးမယ်.... ကျုပ်တို့ သင်္ဘောကျင်းထဲဝင်ရင် ဒီဧရာမသင်္ဘောကြီးတွေ ဆောက်ဖို့အတွက် တာဝန်ကျမှာလား?”
ဘက်ဆာကာက ထော်ရက်စ်ကို အပြုံးဖြင့်ကြည့်လိုက်ကာ သူ၏ တုံ့ပြန်မှုကို လုံးဝ ထူးဆန်းနေပုံမရချေ။
ဤသည်မှာ အလုပ်သမားများ၏ ပဉ္စမမြောက်အဖွဲ့ဖြစ်ပြီး အလုပ်သမားအဖွဲ့တစ်ဖွဲ့စီကလည်း ဤ 'စွင့်ကား တောင်ပံ'ပုံစံ မှော်သင်္ဘောမျိုးကို မြင်ကြချိန်တွင် သူ့ရှေ့ရှိ လူများကဲ့သို့ အားလုံး မှင်သက်နေကြသည်သာ။
“ဟုတ်ပါတယ် ကျွန်တော်တို့ သင်္ဘောကျင်းက လက်ရှိမှာ ဒီလို မှော်သင်္ဘောအကြီးစားမျိုးကို လုပ်တဲ့နေရာမှာ အာရုံစိုက်ထားတာလေ။ ခင်ဗျားက ဂဟေဆက်သူလား?”
ထော်ရက်စ်က အတည်ပြုပြီးနောက် ဘက်ဆာကာမှာဆက်ပြောလာသည်၊ “ဒီအကြီးစား ပို့ဆောင်ရေးမှော်သင်္ဘောတွေမှာ ဂဟေဆက်စရာနေရာအတော်များများပါတယ်။ ခင်ဗျားလို ဂဟေဆက်သူတစ်ယောက်အနေနဲ့ သင်္ဘောကျင်းထဲဝင်ရင် အတော်လေး အသုံးချခံရမှာပဲပေါ့။”
ထော်ရက်စ်မှာ သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို သပ်လိုက်ပြီးနောက် မှော်သင်္ဘောကြီးများကို မော့ကြည့်ရင်း ဝမ်းနည်းမိဘဲ မနေနိုင်တော့ပေ။
ဤသို့သော သင်္ဘောကြီးအား တည်ဆောက်ခြင်းဖြစ်စဉ်၌ သူသာ ပါဝင်နိုင်ပါလျှင် တကယ်ကို ကောင်းမွန်လှပေမည်!
ဤလူများမှာ အကြီးစားမှော်သင်္ဘောကို မြင်၍အံ့အားသင့်နေရာမှ တဖြည်းဖြည်း ပြန်လည်လာကြပြီးနောက် ဘက်ဆာကာက ၎င်းတို့ကိုခေါ်ကာ သင်္ဘောကျင်းထဲ ခေါ်သွားဖို့ ပြင်လိုက်သည်။
သင်္ဘောကျင်းမှာ ၎င်းတို့ လည်ပတ်ရန်လိုအပ်သည့် နောက်ဆုံး စက်ရုံဖြစ်သည်။ ဤအလုပ်သမားများကို လမ်းညွှန်ပေးပြီးနောက် သူ့အနေနှင့် အနှီအလုပ်သမားအသစ်များအား တရားဝင်အလုပ်သမားစာချုပ် လက်မှတ်ရေးထိုးရန် ဝန်ထမ်းရေးရာစီမံခန့်ခွဲရေးဌာနသို့ ဦးဆောင် ခေါ်သွားရမည်ဖြစ်သည်။ ထို့နောက် သူ့အနေနှင့် နေရာထိုင်ခင်းများနှင့် နေ့စဉ်လိုအပ်ချက်များကို ပြင်ဆင်ပေးရမည်။
လုပ်စရာများစွာရှိနေဆဲဖြစ်သဖြင့် အချိန်ကို အသုံးဝင်အောင်လုပ်ဆောင်ဖို့လိုသည်။
သို့သော် သူ စတင်လှုပ်ရှားလိုက်ရုံအချိန်၌ အဖြူသန့်သန့်မှော်ဆလွန်းတစ်စီးက အမြန်မောင်းချလာသည်။ ထိုလူများကို ဖြတ်မောင်းသွားပြီးနောက် မှော်ဆလွန်းက ရုတ်တရတ် ရပ်တန့်သွား၏။
ထော်ရက်စ်၏ အဖွဲ့လည်း ဘက်ဆာကာက လေးနက်ဟန်ပြလာသည်ကိုမြင်သော် ရှုပ်ထွေးသွားကာ မတ်မတ်မရပ်မိဘဲ မနေနိုင်တော့ချေ။
ကားတံခါးပွင့်လာချိန်တွင် လူတစ်ဦးထွက်လာပါ၏။
ထိုလူကိုမြင်ပြီးနောက် ဘက်ဆာကာက ယဉ်ယဉ်ကျေးကျေးဦးညွတ်လိုက်ရာ ထော်ရက်စ်နှင့် ကျန်လူများ စိတ်လှုပ်ရှားလာကြသည်။
“ဥက္ကဌရှု! ဒါ ဥက္ကဌရှုပဲ!”
“ဥက္ကဌရှု ဟယ်လို! ကျုပ်ကို မှတ်မိသေးလား? ကျုပ်တို့ရွာကို အရင်သုံးနှစ်က ခင်ဗျား လာစစ်ဆေးတော့ ခင်ဗျားကို ဦးဆောင်ပြီးလိုက်ပြခဲ့တာ ကျုပ်လေ!”
“ဥက္ကဌရှု ကျုပ်တို့ကို လာတွေ့တာလား?”
“ဥက္ကဌရှု ကျုပ် ဒီနေရာကို အရမ်းစိတ်တိုင်းကျပါတယ် ကျုပ် သေချာပေါက် နေမှာ!”
“ဥက္ကဌရှု.....”
......
ရှုယီလည်း ထိုလူများကိုကြည့်၍ အသာပြုံးလိုက်သည်။ သူက လက်ထောင်လိုက်ရာ အားလုံးရပ်တန့်သွားပြီး ရှုယီကို ကြည့်ကာ ပြောလာမည်အား စောင့်ဆိုင်းနေကြ၏။
“အားလုံးပဲ ခင်ဗျားတို့အနေနဲ့ ကျုပ်က ဘန်တာမြို့ကို ကျုပ်ရဲ့ ဒုတိယဇာတိအဖြစ်သတ်မှတ်ထားတာကို သိကြမှာပါ။ ကျုပ်ဇာတိမြို့က လူတွေအဖြစ်နဲ့ အားလုံးက ဒီကိုရောက်နေပြီဆိုမှတော့ ဒီမှာ အချိန်ကောင်းလေးတစ်ခုရဖို့ မျှော်လင့်ပါတယ်။ ခင်ဗျားတို့သာ ဒီပတ်ဝန်းကျင်ကိုစိတ်တိုင်းကျပြီး ကျုပ်တို့ လုပ်ငန်းစုနဲ့အတူ နေထိုင်ဖို့ ဆန္ဒရှိကြတယ်ဆိုရင် ကျုပ်က Frestech ကုန်သည်ကြီးများအသင်းကိုယ်စား ခင်ဗျားတို့ကို နွေးနွေးထွေးထွေးကြိုဆိုပါတယ်!”
“ဟား ဟား စိတ်ချပါ ဥက္ကဌရှု ကျုပ်တို့ သေချာပေါက် နေမှာပါ”
“အမှန်ပဲ! ဒီနေရာက အရမ်းကိုကောင်းတယ်လေ ကျုပ်ဖြင့် ဒီမှာနေပြီး အလုပ်လုပ်ရဖို့ကို မစောင့်နိုင်တော့ဘူး!”
“ဟုတ်တယ် ဟုတ်တယ် ဒီမှာနေတာက သေချာပေါက် အတော်လေးသက်တောင့်သက်သာဖြစ်မှာပဲ ကျုပ် သေချာပေါက် နေမှာ!”
.....
လူတိုင်းက ပတ်ဝန်းကျင်နှင့် Frestech ကုန်သည်ကြီးများအသင်းကို ချီးကျူးကြရုံသာမက ရှုယီကိုလည်း ချီးကျူးကြသည်။
ရှုယီလည်း ၎င်းတို့၏ ချီးကျူးမှုကို အသာပြုံး၍ လက်ခံပြီးနောက် ဘက်ဆာကာကိုကြည့်လိုက်လေသည်။
ဘက်ဆာကာမှာ ချက်ချင်းနားလည်သွားပြီး အသံကျယ်ဖြင့်ဆိုလာပါ၏၊ “ဥက္ကဌ စိတ်ချပါ ကျွန်တော်သေချာပေါက် အဝေးကလာတဲ့ ကျွန်တော်တို့ ဧည့်သည်တွေအတွက် အရာအားလုံးကို ပြင်ဆင်လိုက်ပါ့မယ်။ သူတို့ သေချာပေါက် ဒီမှာ ပျော်စရာဘဝကို ပိုင်ဆိုင်ရမှာပါ။”
ရှုယီလည်း ခေါင်းငြိမ့်လိုက်ပြီးနောက် ထော်ရက်စ်၏ အဖွဲ့ကို အပြုံးဖြင့် ပြောလိုက်လေသည်၊ “ကောင်းတယ် ဒါဆို အားလုံး ဒီမှာနေပြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ ပျော်စရာအချိန်လေးရဖို့ မျှော်လင့်ပါတယ်။”
ရှုယီမှာ ထိုသို့ပြောလာပြီးနောက် လက်ယမ်းလိုက်သော်လည်း မှော်ဆလွန်းထဲတော့ ပြန်မဝင်သွားပေ။ သူ၏ ပုံသဏ္ဍာန်က မြင့်တက်သွားကာ လေထဲ၌ မီတာနှစ်ရာကျော်အထိ အမြန်ပျံသန်းသွားပြီး ဧရာမမှော်သင်္ဘော၏ ကုန်းပတ်၌ သက်ဆင်းလိုက်ပါ၏။
အစီရင်ခံစာတစ်ခုအား ဖတ်ရှုနေသည့် ကုန်းပတ်ပေါ်ရှိ နာဗီလ်က ရှုယီ ဆင်းသက်လာသည်ကိုမြင်ကာ လာပြောလေ၏၊ “ဥက္ကဌ ကြည့်ရတာ ဘန်တာမြို့က အလုပ်သမားတွေကို စုဆောင်းတဲ့နေရာမှာ အတော်လေး အရေးထားနေသလိုပဲ။”
“ဒါပေါ့” ရှုယီက ခေါင်းငြိမ့်လေသည်၊ “ဘန်တာမြို့ဟာ နယ်မြေကြီးမှာဆို ငါတို့Frestech ကုန်သည်ကြီးများအသင်းကလွဲရင် မှော်စက်မှုနယ်ပယ်အုတ်မြစ်အခိုင်မာဆုံးရှိတဲ့နေရာပဲ။ အဲ့နေရာက အလုပ်သမားတွေဆီမှာ မှော်စက်တွေနဲ့ပတ်သက်လာရင် အတွေ့အကြုံများတော့ အဲ့က အလုပ်သမားစုဆောင်းတာက ငါတို့လုပ်ငန်းစုရဲ့ အင်အားကို တိုးမြှင့်ဖို့ တိုက်ရိုက်အကျဆုံးနည်းလမ်းဖြစ်တာမို့ ငါ့အတွက် အရေးပါတာပေါ့။”
“ဒါပေမယ့်.... ဘန်တာမြို့နဲ့ လမ်ပူရီတိုင်းပြည်လည်း ဒီလိုကျွမ်းကျင်လုပ်သားအတော်များများလိုအပ်နေတာ မဟုတ်ဘူးလား? ကျွန်တော်တို့သာ ဒီလိုလုပ်ရင်....” နာဗီလ်က ခဏမျှရပ်တန့်သွားပြီးနောက် ထူးဆန်းဟန်ပြလာလေသည်။ “ဘုရင်မ ဆယ်ဗီနီကရော မကျေမနပ်မဖြစ်လောက်ဘူးလား?”
ရှုယီက ရယ်မောသည်၊ “ကျုပ်အနေနဲ့ လမ်ပူရီတိုင်းပြည်မှာ မှော်စက်လုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း ဆယ့်သုံးကျောင်း တည်ထောင်ဖို့ကူညီခဲ့သလို ကျုပ်တို့လုပ်ငန်းစုရဲ့ အကျွမ်းကျင်ဆုံးမှော်စက်မှုအင်ဂျင်နီယာတွေနဲ့ အလုပ်သမားတွေကို ဆရာ၊ဆရာမတွေအဖြစ် ထောက်ပံ့ပေးထားတာပဲလေ။ ကျုပ်က လမ်ပူရီတိုင်းပြည်ဆီကနေ အလုပ်သမားနည်းနည်းလောက်စုဆောင်းရုံပဲကို ဘုရင်မက စိတ်ထဲမထားပါဘူး။ ပြီးတော့ ဒီအလုပ်သမားတွေက သူတို့ရဲ့ လွတ်လပ်တဲ့ဆန္ဒနဲ့ရောက်လာတာဖြစ်ပြီး ကျုပ်က တွန်းအားမပေးခဲ့ဘူးလေ။”
နာဗီလ်မှာ မနေနိုင်ဘဲ ခေါင်းယမ်းမိ၏။
ရှုယီက ၎င်းတို့ကို တွန်းအားမပေးခဲ့သော်လည်း ၎င်းတို့ကို ဤသို့သော အခြေနေကောင်းများပေးပါက စိတ်မလှုပ်ရှားမည့်လူရှိမည်လား?
ထို့အပြင် မည်သူဖြစ်စေ ပိုကောင်းသည့် နေထိုင်လုပ်ကိုင်ရေးအခြေအနေကို ကြုံကြိုက်ရလျှင် မည်သို့များ ဖြားယောင်းမှုကို ခုခံနိုင်မည်နည်း?
သူဟာ စတက်တိန်းနယ်မြေရှိ ငါးဖမ်းသင်္ဘောများ၏ အကြီးဆုံးပိုင်ရှင်ဖြစ်ခဲ့ဖူးပြီး သူ၏ ဘဝအား အင်မတန်ကောင်းမွန်သည်ဟု ယူဆရသည်။ သို့သော် သူဟာလည်း အံ့အားသင့်ဖွယ်အခြေအနေများကြောင့် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ဖို့လာခဲ့သည်မဟုတ်ပါလား?
“ဒီတစ်ခေါက် ခရီးရော ဘယ်လိုဖြစ်ခဲ့လဲ?” ရှုယီက နာဗီလ်ကို မေးသည်။
နာဗီလ်က လက်ထဲရှိ အစီရင်ခံစာကို ရှုယီထံပေးကာ အပြုံးဖြင့် ခေါင်းငြိမ့်၏၊ “အရမ်းကောင်းတယ်။ ဥက္ကဌ ကျွန်တော်တို့တွေ ကမ်းရိုးတန်းကနေ တစ်ရာကီလိုမီတာအဝေးထိရောက်အောင်သွားခဲ့ပြီး သင်္ဘောကလည်း အတော်ချောချောမွေ့မွေ့ ရွက်လွှင့်တယ်။ မုန်တိုင်းနဲ့ ကြုံရရင်တောင် ဖြန့်ကျက်မထားတဲ့တောင်ပံတွေက အားကောင်းလာပြီး အန္တရာယ်တစ်စွန်းတစ်စလေးတောင်မရှိဘူး။”
ထိုသို့ပြောရင်း နာဗီလ်မှာ သူ၏ နံဘေးရှိ လက်ရန်းကိုပုတ်ကာ ခံစားချက်များပြည့်နေဟန်ရှိနေ၏။
“တကယ်တော့ ဒီတစ်ခေါက် ကျွန်တော်တို့ကြုံခဲ့တဲ့ မုန်တိုင်းက လုံးဝသေးမနေဘူး။ ကျွန်တော်တို့သာ အရင်ကလို သစ်သားငါးဖမ်းလှေတွေပေါ်မှာဆိုရင် အသက်ရှင်နိုင်မယ့် အခွင့်အရေးက အတော်ကိုနိမ့်နေမှာပဲ။ ဒါပေမယ့် ဒီမုန်တိုင်းရှေ့က ဖြန့်ကျက်ထားသော တောင်ပံများကတော့ တစ်လက်မလေးထက်ကို မပိုသလိုပဲ၊ လုံးဝကို ခြိမ်းခြောက်မှုလေးတောင် မဖြစ်စေဘူး။”
ရှုယီက ရယ်၏၊ “ဒါပေါ့ စွင့်ကား တောင်ပံကို ကျုပ်တို့လုပ်ငန်းက သုတေသနပညာရှင်တွေ၊ စက်မှုအင်ဂျင်နီယာတွေဆီက အလုပ်နဲ့ သုတေသနတွေကနေ တည်ဆောက်ထားတာလေ။ ဒါက ကျုပ်တို့လုပ်ငန်းစုရဲ့ အင်အားအလုံးစုံကို သုံးထားတော့ ကျုပ်တို့အနေနဲ့ မုန်တိုင်းလေးတစ်ခုကိုတောင် မတားနိုင်ရင် တကယ်ကို စိတ်ပျက်စရာကောင်းမှာပဲလေ။”
နာဗီလ်က ခေါင်းတစ်ချက်ငြိမ့်သည်, “ဟုတ်တယ် ဥက္ကဌ။ ကျွန်တော်အရင်ကဆို ပင်လယ်ထွက်တိုင်း အမြဲစိတ်လှုပ်ရှားခဲ့ရတာ၊ ကျွန်တော်သာ ပင်လယ်အောက်ခြေမှာ အမြှုပ်နှံခံလိုက်ရရင် ဘယ်သူက သိမှာလဲလို့လေ၊ ဒါပေမယ့် ဒီစွင့်ကား တောင်ပံ သင်္ဘောကြောင့် ဒီသင်္ဘောပေါ်မှာ ရှိတဲ့အချိန်က မြေပြင်ပေါ်မှာ ရှိနေတဲ့အချိန်လို ချောမွေ့နေပြီး လုံးဝ စွန့်စားစရာမရှိဘူးလို့ ခံစားရတယ်။ ဒီ စွင့်ကား တောင်ပံနဲ့ဆို ပင်လယ်အနက်ပိုင်းထဲအထိပါ ရွက်လွှင့်နိုင်လောက်မယ်လို့ခံစားရတယ်!”
“ကောင်းတယ်! ခင်ဗျားရဲ့ သတ္တိက ချီးကျူးထိုက်တာပဲ!” ရှုယီက သူ၏ပခုံးအားပုတ်လိုက်သည်၊ “ရှေ့လျှောက် ကျုပ်တို့လုပ်ငန်းစုက ပင်လယ်အနက်ပိုင်း လေ့လာရေးသင်္ဘောစုကိုဖွဲ့စည်းတဲ့အခါ ခင်ဗျားကို ဒီသင်္ဘောစုရဲ့ တပ်မှူးအဖြစ် သေချာပေါက် ခန့်ထားမယ်!”
နာဗီလ်မှာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကျယ်လောင်စွာ ပြောလာသည်၊ “ဥက္ကဌရဲ့ ယုံကြည်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော်သေချာပေါက် ဒီသင်္ဘောစုကို ဦးဆောင်ပြီး ပင်လယ်အနက်ပိုင်းကို စူးစမ်းပါ့မယ်!”
ရှုယီက ပြုံးလိုက်ပြီးနောက် လက်ယမ်းကာ၊ “ဟုတ်ပြီ အဲဒီသင်္ဘောစုကို မဖွဲ့စည်းခင် အချိန်အကြာကြီးရှိသေးတယ်။ ဒါမတိုင်ခင် ကျုပ်တို့အနေနဲ့ ကျုပ်တို့ရဲ့ ပထမဆုံးကမ်းလွန်ပင်လယ်ခရီးရှည်ကို အပြီးသတ်ဖို့လိုတယ်။”
နာဗီလ်က ရယ်ကာ၊ “ဥက္ကဌကို အစီရင်ခံပါတယ်၊ စွင့်ကား တောင်ပံသင်္ဘောကို ပြင်ဆင်ထားပြီးပါပြီ ကျေးဇူးပြုပြီး အမိန့်ပေးလိုက်ပါ!”
ရှုယီလည်း ခေါင်းငြိမ့်ပြီးနောက် လေးနက်စွာဆိုလာ၏၊ “ဟုတ်ပြီ ထွက်တော့!”
နာဗီလ်မှာ ရင်ဝှက်ထဲမှ နေ၍ လက်ဖဝါးအရွယ်ခန့် မှော်ဆက်သွယ်ရေးကိရိယာကိုထုတ်ယူကာ အော်ပြောလိုက်သည်၊ “အားလုံးပြင်ထားတော့ စွင့်ကား တောင်ပံ ထွက်မယ်!”
မှော်ဆက်သွယ်ရေးကိရိယာထံမှ လာသည့် များစွာသော 'နားလည်ပါပြီ'ဟူသည့် အဖြေများရှိနေကာ တစ်အောင့်ကြာပြီးနောက်တွင် ဧရာမသင်္ဘောကြီးက ရုတ်တရတ် တုန်ခါသွားသည်။ ၎င်းတို့မှာ ကျောက်ချထားသည့် ဆိပ်ကမ်းမှခွာ၍ အဆုံးမဲ့ပင်လယ်ထဲသို့ ထွက်လိုက်ကြ၏။
ထိုဖြန့်ကျက်ထားသော တောင်ပံများသင်္ဘောအား သုတေသနပညာရှင်များစွာနှင့် မှော်စက်မှုအင်ဂျင်နီယာတို့၏ သုတေသနဖြင့် တည်ဆောက်ထားသည်။ ၎င်းက အလုပ်သမားငါးထောင်လို၍၊ ရွှေဒင်္ဂါးနှစ်သန်း သုံးသိန်းနှင့်ကိုးသောင်း ရင်းနှီးမြုပ်နှံခဲ့ရပြီး ပြီးဆုံးရန် ရှစ်လတာကြာမြင့်ခဲ့သည်။
ဤဧရာမမှော်သင်္ဘောက သီအိုရီအရ ပင်လယ်ပြင်ထဲသို့ ရွက်လွှင့်နိုင်သည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်မှုနည်းပညာတွင် နောက်ထပ် အဓိက အရွေ့တစ်ခုကို ကိုယ်စားပြုနေသည်။
ဤသည်က မှော်သင်္ဘောတစ်စင်းသာဖြစ်သော်လည်း မတူညီသည့် နည်းပညာအစိတ်အပိုင်းများစွာပါရှိသည်။
သယ်ဆောင်နိုင်စွမ်းကြီးမားသည့် ဤအကြီးစားမှော်သင်္ဘော၏ အောင်မြင်မှုကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ပြီးပြည့်စုံသော မှော်စက်မှုစနစ်တစ်ခုကို တည်ဆောက်ခြင်း၌ ပထမခြေလှမ်း,လှမ်းလိုက်ပြီဟု ဆိုလိုရုံတင်မကပေ။ ၎င်းက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အတိုင်းအတာကြီးမားသည့် မှော်စက်များကို တည်ဆောက်နိုင်ကာ ကမ္ဘာမြေရှိ စက်မှုစနစ်နှင့် ပိုမိုနီးကပ်လာပြီး ရှုယီ၏ အိမ်မက်ကို ခြေတစ်လှမ်းပို၍ နီးကပ်လာသည်ဟုလည်း အဓိပ္ပာယ်ရသည်။
ထို့ကြောင့် စွင့်ကား တောင်ပံ သင်္ဘောက ဆိပ်ကမ်းမှခွာကာ အဆုံးမဲ့ပင်လယ်ထံဦးတည်သွားချိန်တွင် ရှုယီက တံတားပေါ်၌ ရပ်၍ မိုးကုပ်စက်ဝိုင်းအထက်ရှိ နေရောင်နီနီကို ကြည့်ရင်း ဆံပင်များအကြားဖြတ်တိုက်သွားသည့် ပင်လယ်လေညင်းကို ခံစားမိနေသည်။ သူဟာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ယုံကြည်မှုက အားကောင်းကောင်းဖြင့် ပြည့်နှက်နေသည်ဟုပင် ခံစားမိနေသည်။
ဤလောကသို့ ကမ္ဘာမြေ၏ ဆန်းကြယ်သောနည်းပညာကို ယူဆောင်လာနိုင်မည့် နေ့တစ်နေ့ ရှိလာပေလိမ့်မည်!
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၁၈။ ကာရက်စ်ခါကျွန်း၏ ပြောင်းလဲမှု
လေစွမ်းအားမှော်အင်ဂျင်၏ ထိရောက်မှုနှင့် အတိုင်းအတာကြီး ရေစွမ်းအားမှော်အစီအရင်တို့၏ ထောက်ပံ့မှုတို့ကြောင့် ‘စွင့်ကားတောင်ပံ'သင်္ဘောမှာ တစ်နာရီသုံးဆယ်ကီလိုမီတာအမြန်နှုန်းကိုရောက်နိုင်ရာ အမြန်နှုန်းထား ဆယ့်ငါးကျော်သည်။
ကမ္ဘာမြေ၏ ပင်လယ်ပြင်သွားသင်္ဘောများနှင့် ခြားနားချက်ကြီးရှိနေသော်လည်း မှော်သုတေသနဌာနထံတွင် လေစွမ်းအားမှော်အင်ဂျင်များနှင့် ပတ်သက်လာပါက တိုးတက်မှုအတွက် နေရာများစွာကျန်နေသေးသည်။ ထို့အပြင် မီးစွမ်းအားမှော်အင်ဂျင်လေ့လာခြင်းနှင့်အတူ ချိတ်ဆက်မှုလည်း ရှိသောကြောင့် ၎င်းကို တိုးတက်စေရန် ထိုမျှ အချိန်မကြာသလို အင်အားကလည်း တစ်ဖန်တိုးသွားလိမ့်မည်။
အရေးကြီးဆုံးအရာမှာ ၎င်းတို့က မှော်သင်္ဘောများ၏ အခြေ၌ ရေခုခံမှုကို လျှော့ချပေးသည့် ရေစွမ်းအားမှော်အစီအရင်များကို အသုံးပြုထားခြင်းဖြစ်သည်။ အတိုင်းအတာကြီး ရေစွမ်းအားမှော်အစီပရင်အား မှော်လှေအောက်ခြေ၌ ထားခြင်းက ၎င်း၏ အကြိုတိုးတက်မှု၌သာ ရှိသေး၏။ နောင်ထပ် တိုးတက်သွားသည်ဖြစ်စေ သို့မဟုတ် အခြားရေစွမ်းအားမှော်အစီအရင်များကို အသုံးပြုသည်ဖြစ်စေ မှော်လှေ၏ အမြန်နှုန်းမှာ သံသယပင်မလိုဘဲ တိုးသွားမည်ဖြစ်သည်။
ရှုယီမှာ မှော်လှေများ၏ အမြန်နှုန်းက ကမ္ဘာမြေရှိ သင်္ဘောများကို လိုက်မှီပြီး ကျော်လွန်ပင် ကျော်လွန်သွားနိုင်လောက်သည်ဟု ယုံကြည်ချက်ရှိသည်။
အကြောင်းမှာ နှိုင်းယှဉ်ကြည့်လျှင်အတိုင်းအတာကြီးမှော်အစီအရင်များကို အသုံးပြုခြင်းမှာ ကမ္ဘာမြေ၌ မရှိခြင်းကြောင့်ဖြစ်သည်။
ရေစွမ်းအားမှော်အစီအရင် အကူအညီကြောင့် ရေစီးကြောင်းဖြင့် လွှမ်းမိုးခံထားရသည့် မှော်လှေများမှာ လျော့ပါးလာသည်။ ၎င်းက ပင်လယ်ပြင်တွင် မုန်တိုင်းရိုက်ခတ်မှုနှေးသွားစေပြီး များစွာပို၍ လုံခြုံလာစေသည်။ ၎င်းက မြေပြင်၌ လှမ်းလျှောက်ရသကဲ့သို့ တည်ငြိမ်ကာ မည်သို့သော အံ့အားသင့်စရာမှလည်းမရှိပေ။
စွင့်ကား တောင်ပံက အင်မတန် ချောမွေ့စွာ ရွက်လွှင့်နေသဖြင့် ကပ္ပတိန် နာဗီလ်ကိုပင် အတန်ငယ် ပျင်းရိလာစေသည်။
သူဟာ ပင်လယ်အနီး၌ မွေးဖွားလာခဲ့ပြီး ငယ်ကတည်းက မိဘများနှင့်အတူ ငါးဖမ်းထွက်ကာ ပင်လယ်၌ တစ်ဘဝလုံးစာနီးပါးနေထိုင်ခဲ့ရသည်။ သူ့အနေနှင့် ပင်လယ်ပြင်ရှိ အန္တရာယ်များကာ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဘဝနှင့် ကျင့်သားရပြီးဖြစ်သော်လည်း ယခုတွင် စွင့်ကား တောင်ပံသင်္ဘောကို ထိန်းချုပ်ခြင်းက အင်မတန် တည်ငြိမ်အေးဆေးနေရာ နေသားမကျနိုင်ဖြစ်နေမိသည်။
သူ့အပြင် မဟာမှော်ပညာရှင် တယ်လုချီ၏ ဇာတိ ကာရက်စ်ခါကျွန်း မှ စုဆောင်းထားသည့် အဖွဲ့အများစုသည်လည်း ငယ်ကတည်းက ပင်လယ်ဘေးတွင် နေထိုင်ခဲ့ကြသည်။
၎င်းတို့ စွင့်ကား တောင်ပံထက်၌ ရှိနေကြချိန်တွင် ၎င်းတို့ကျင့်သားရနေပြီးသား သစ်သားလှေများ၏ အတွေ့အကြုံနှင့် လုံးဝခြားနားနေသည်။
ယှည်ကြည့်သော် ၎င်းတို့ စွင့်ကား တောင်ပံပေါ်သို့ ရောက်လာချိန်၌ အင်မတန် တည်ငြိမ်အေးဆေးနေခဲ့သည်။
မှန်ပါ၏ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့အား စိတ်လှုပ်ရှားမှုဖြင့် ထောက်ပံ့ပေးနိုင်ကြသည်။
အသေးစားမှော်မြန်နှုန်းမြှင့်လှေများမှာ အမြန်နှုန်းကိုသာ မှီခိုကြရသည်။ ၎င်းတို့ထံ၌ ရေစွမ်းအားအစီအရင်များရှိသော်လည်း စွင့်ကား တောင်ပံကဲ့သို့ တည်ငြိမ်ရန် လိုအပ်နေသေးသည်။
နောက်ဆုံးပေါ် အသေးစား မှော်မြန်နှုန်းမြင့်လှေများမှာ တစ်နာရီလျှင် ငါးဆယ်ကီလိုမီတာအထိပင်သွားနိုင်သည်။ ၎င်း၏ တည်ဆောက်မှုက များစွာပိုမိုသေးငယ်သောကြောင့် ပင်လယ်ပြင်ကို မြန်နှုန်းမြင့်မြင့်ဖြင့် ဆက်သွားသည်ရှိသော် လှိုင်းများနှင့် ကြုံကြိုက်ချိန်၌ ပျံပင်တက်သွားနိုင်ပါ၏။
၎င်းက စွင့်ကား တောင်ပံထက် အဆပေါင်းများစွာပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းလှသဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ အဖွဲ့များထံ၌ အချိန်ရှိလျှင် ထိုစိတ်လှုပ်ရှားမှုအတွက် မှော်မြန်နှုန်းမြင့်လှေများ(speed boat)ကို စီးတတ်ကြသည်။
ထို့အပြင် မဟာမှော်ပညာရှင်ကမ်မီလာက ဤသို့သော လှုပ်ရှားမှုမျိုးကို အင်မတန်သဘောကျလှ၏။
အားလပ်နေလျှင် မဟာမှော်ပညာရှင်ကမ်မီလာမှာ ပြိုင်ကားမစီးနေပါက မှော်မြန်နှုန်းမြင့်လေများစီးနေလိမ့်မည်။
၎င်းကို မည်သို့ကြည့်ကြည့် သူဟာ အသက်ခြောက်ဆယ်ကျော်နေပြီးသား အဘိုးအိုနှင့်မတူဘဲ စိတ်လှုပ်ရှားမှုနောက်လိုက်တတ်သည့် လူငယ်တစ်ဦးလိုပင်။
မဟာမှော်ပညာရှင်ကမ်မီလာ၏ အံ့အားသင့်စရာဝါသနာအကြောင်းစဉ်းစားမိချိန်တွင် ရှုယီမှာ စိတ်ထဲ မနေနိုင်ဘဲ ရေရွတ်မိသည်၊ “မဟာမှော်ပညာရှင်ဖြစ်လာပြီးနောက်မှာ ခန္ဓာကိုယ်တင်ပဲ ငယ်ရွယ်လာတာမဟုတ်ဘဲနဲ့ စိတ်ရော ငယ်ရွယ်လာတာများလား?”
သို့သော် မဟာမှော်ပညာရှင် တယ်လုချီကို မြင်ချိန်တိုင်း ရှုယီမှာ မဟာမှော်ပညာရှင်ကမ်မီလာကသာ ထူးထူးခြားခြားဖြစ်နေသည်ကို သတိရသွားတတ်သည်။
စွင့်ကားတောင်ပံမှာ လေးနာရီကျော်ကြာ ရွက်လွှင့်နေခဲ့ပြီးနောက် နောက်ဆုံး မမှောင်ခင်တွင် ကာရက်စ်ခါကျွန်း ရှိ သင်္ဘောဆိပ်သို့ ဆိုက်ရောက်လာသည်။
သူဆင်းလိုက်ချိန်တွင် မဟာမှော်ပညာရှင် တယ်လုချီနှင့် ကာရက်စ်ခါကျွန်း ၏ အရှင်သခင် စမီလ်တန်တို့ ရောက်လာသည်။
“ဥက္ကဌရှု ကာရက်စ်ခါကျွန်းကနေ ပြန်လည်ကြိုဆိုပါတယ်။” စမီလ်တန်က ရှုယီကို အပြုံးခပ်ကြီးကြီးဖြင့် ဖက်လာသည်။
ကာရက်စ်ခါကျွန်းအား ပင်လယ်ဓားပြကျွန်းဟု သိထားသဖြင့် စမီလ်တန်မှာ အရှင်သခင်ဖြစ်ရာ လူများစွာက 'ပင်လယ်ဓားပြဘုရင်'အဖြစ် ခေါ်ဝေါ်ကြသည်။
သို့သော် ရှုယီနှင့် တွေ့ဆုံချိန်တွင် ဤကြမ်းတမ်းဟန်ရှိသည့် လူက အင်မတန်ဖော်ရွေလှ၏။ သူ့ထံ၌ အမြဲ အပြုံးခပ်ကြီးကြီးရှိနေရာ မျက်နှာထက်ရှိ အမာရွတ်ရှည်ကြီးကပင် ထိုမျှ ခက်ထန်နေဟန် မပေါ်စေတော့ပေ။
ရှုယိလည်း ပြန်ဖက်၍ အပြုံးဖြင့် ပြောလိုက်လေ၏၊ “အရှင် စမီလ်တန်, ကျုပ် ထပ်ပြီး ခင်ဗျားကို နှောင့်ယှက်ဖို့ လာရပြန်ပြီ”
စမီလ်တန်က ရယ်မောလိုက်ကာ ၊”ကျုပ်အနေနဲ့ ဥက္ကဌရှုရဲ့ အနှောင့်အယှက်တွေကို ကြိုဆိုပါတယ်။ ကျွန်းပေါ်က လူတိုင်းကလည်း ဒါကို ကြိုဆိုကြသလို ဥက္ကဌရှု ကျုပ်တို့ကို ပို,ပိုပြီး လာနှောင့်ယှက်ကြဖို့ မျှော်လင့်နေကြတာလေ။”
ရှုယီလည်း အသာအယာပြုံး၏။ သူ့အနေနှင့် ကာရက်စ်ခါကျွန်းသို့ရောက်တိုင်း အမြဲ အကျိုးအမြတ်များစွာ ယူဆောင်လာသောကြောင့် ၎င်းတို့အားလုံးကြိုဆိုကြခြင်းဖြစ်သည်ဟု စဉ်းစားလိုက်သည်။
မဟာမှော်ပညာရှင် တယ်လုချီမှတဆင့် ကာရက်စ်ခါကျွန်းနှင့် အဆက်အသွယ်ရှိလာခဲ့ပြီးနောက် ကာရက်စ်ခါကျွန်းသို့မရောက်ရှိခင်၌ပင် Frestech ကုန်သည်ကြီးများအသင်းမှာ ကာရက်စ်ခါကျွန်းထံ ရွှေဒင်္ဂါးတစ်သိန်းတန် ကုန်စည်များပေးပို့ခဲ့ပါ၏။
ရှုယီ ပထမဆုံးအကြိမ် ကာရက်စ်ခါကျွန်းသို့ သွားစဉ်က ရွှေဒင်္ဂါးငါးသောင်းတန်သည့် အိမ်သုံးမှော်စက်အမျိုးမျိုးတို့ကို ယူဆောင်သွားသည့်အပြင် ကျွန်းကို အသေးစိတ်စစ်ဆေးပြီးနောက် စက်ရုံနှစ်ရုံနှင့် မိုင်းတွင်းတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။
စက်ရုံနှစ်ရုံတို့မှာ ဘိလပ်မြေစက်ရုံနှင့် အသေးစားသံမဏိစက်ရုံတို့ဖြစ်ပြီး မိုင်းတွင်းအား ကျေနပ်အားရဖွယ်ဟု ယူဆနိုင်သည်။
ကာရက်စ်ခါကျွန်းမှာ စတုရန်းကီလိုမီတာတစ်သောင်းပင်မကျော်လှကာ မကြီးမားလှသော်လည်း သံသတ္တုတံင်းတစ်တွင်းရှိပြီး အပြင်ပန်းတွင် သဘာဝသံသတ္တုရှိကာ အင်မတန် သတ္တုတွင်းထွက်ကြွယ်ဝလှသည်။
ရှုယီမှာ မဟာမှော်ပညာရှင် တယ်လုချီနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်၍ မဟာမှော်ပညာရှင် တယ်လုချီကို Frestech ကုန်သည်ကြီးများအသင်းထံ ခေါ်ဆောင်ဖို့သာ ကာရက်စ်ခါကျွန်းကို ထောက်ပံ့ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် ကာရက်စ်ခါကျွန်းရှိ သံသတ္တုရိုင်းများကို မြင်တွေ့ပြီးနောက်တွင် ရှုယီမှာ သူ၏ အစီအစဉ်ကို ကျွန်းဆီသို့ ချက်ချင်းပြောင်းလိုက်တော့သည်။ သူ့အနေနှင့် ကာရက်စ်ခါကျွန်းကို ပင်လယ်အနီးရှိ Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်ဌာနအဖြစ်ပြောင်းလဲဖို့ရန် စတင်စဉ်းစားတော့သည်။
အနှီစက်ရုံနှစ်ရုံနှင့် မိုင်းတွင်းတို့ကို အပြီးသတ်ပြီးနောက် မိုင်းတွင်းမှ ထုတ်လုပ်ပေးသည့် သံသတ္တုပမာဏကြီးတစ်ခုနှင့် ဘိလပ်မြေစက်ရုံနှင့် အသေးစားသံမဏိစက်ရုံတို့မှ ထုတ်ကုန်များကြောင့် ရှုယီမှာ ကာရက်စ်ခါကျွန်းတွင် ဆိပ်ကမ်းကြီးတစ်ခုကို ဦးဆုံးတည်ဆောက်ခဲ့လေသည်။
အပြင်ဘက်ရှိ ဆိပ်ခံတံတားမှာ တစ်ဝက်ပင်မပြီးသေးပါသော်လည်း ၎င်းက အကြီးစားမှော်လှေ သုံးစီးကို ကျောက်ချစေနိုင်သည်။
ရှုယီ၏ အစီအစဉ်အရ ဤဆိပ်ခံတံတားမှာ အကြီးစားမှော်လှေ ဆယ်စီးကို ထိန်းနိုင်မှသာ အဆင်ပြေလိမ့်မည်။
ရှုယီနှင့် စမီလ်တန်တို့ နှုတ်ဆက်ပြီးနောက် သူဟာ မဟာမှော်ပညာရှင် တယ်လုချီဘက်လှည့်ကာ မှော်ပညာရှင်တစ်ဦးကဲ့သို့ နှုတ်ဆက်လိုက်သည်။
“မြင့်မြတ်တဲ့ မဟာမှော်ပညာရှင်ကြီး ဒီလောက်နောက်ကျနေပြီကို ထွက်လာဖို့ လိုအပ်လို့လားဗျာ?”
မဟာမှော်ပညာရှင် တယ်လုချီက အသာပြုံးသည်၊ “မင်းကအခု ငါ့ရဲ့ဥက္ကဌဖြစ်နေပြီလေ၊ ငါသာ ထွက်ပြီးမနှုတ်ဆက်ရင် အရမ်း အရိုအသေတန်ရာကျမှာပေါ့။”
ရှုယီမှာ လက်ယမ်းကာဖြင့်၊ “ယဉ်ကျေးလွန်းနေပါပြီဗျာ။ ကျွန်တော် ပြောပြီးသားပဲ၊ မဟာမှော်ပညာရှင်ကြီးက မှော်သုတေသနဌာနရဲ့ အထူးသုတေသနပညာရှင်မို့လို့ တခြားအလုပ်သမားတွေလိုမျိုး ကျွန်တော့်ကို ဥက္ကဌတစ်ယောက်အနေနဲ့ ဆက်ဆံစရာမလိုပါဘူး။”
“ဒါပေမယ့် ငါ မင်းဆီကနေ လစာတွေယူနေတာပဲ မဟုတ်ဘူးလား?” မဟာမှော်ပညာရှင် တယ်လုချီမှာ သူ၏နောက်ရှိ လင်းထိန်နေသည့် ကာရက်စ်ခါကျွန်းကို ညွှန်ပြလာသည်၊ “ပြီးတော့လည်း ကျန်တာကို မပြောနဲ့ဦး၊ မင်း ကာရက်စ်ခါကျွန်းဆီကို ယူလာပေးတဲ့ အပြောင်းအလဲတွေနဲ့တင် ငါ့အနေနဲ့ မင်းအပေါ် ယဉ်ကျေးဖို့ အရည်အချင်းမီနေပါပြီ။”
မဟာမှော်ပညာရှင် တယ်လုချီမှာ သူ၏စိတ်ရင်းဖြင့် ပြောလိုက်သည်။
သူ့အား ကာရက်စ်ခါကျွန်းပေါ်၌ မွေးဖွားခဲ့ရာ ကာရက်စ်ခါကျွန်း၏ ခေါင်းပါးခြင်းအပေါ် စိတ်မပျော်ဖြစ်နေခဲ့ရသည်။
ဤကျွန်းငယ်လေးမှာ နည်းပညာအဆင့်နိမ့်သည့် စိုင်စ်နယ်မြေကြီးအတွက်ပင် ဝေးလံလှသောကြောင့် အတော်လေး သီးသန့်ဖြစ်တည်နေသည်။
ကာရက်စ်ခါကျွန်း၏ မြေက မဖြစ်ထွန်းသောကြောင့် ဒေသခံများမှာ အမြဲ ချို့တဲ့နေခဲ့ရပြီး ပင်လယ်ဓားပြများဖြစ်လာဖို့အထိ တွန်းအားပေးခံခဲ့ရသည်။
ရေကြောင်းခရီးက စိုင်စ်နယ်မြေကြီး၌ မတိုးတက်သေးသည်ကို ထည့်ပြောစရာပင်မလိုချေ၊ ၎င်းကြောင့် ဒေသခံများမှာ ပင်လယ်ဓားပြအနေနှင့်ပင် များများစားစားမလုယူနိုင်ဘဲ နေထိုင်နိုင်နေရုံမျှသာဖြစ်ခဲ့သည်။
သို့သော် ရှုယီက ကာရက်စ်ခါကျွန်းပေါ်၌ အာရုံစိုက်လာပြီးနောက်တွင် ကာရက်စ်ခါကျွန်းပေါ်ရှိ ပတ်ဝန်းကျင် လုံးဝပြောင်းလဲသွားရန် သုံးနှစ်သာ ကြာခဲ့သည်။
ကာရက်စ်ခါကျွန်း၌ ယခင်က သစ်သားနှင့် ရွှံ့အိမ်အနည်းငယ်သာရှိခဲ့ပြီး လူများမှာ နေထိုင်နိုင်ရုံသာဖြစ်ကာ မိုးဒဏ်ကို ကာကွယ်ဖို့ရန် အကန့်အသတ်ရှိနေခဲ့သည်။
သို့သော် ရှုယီက ကာရက်စ်ခါကျွန်း၌ ဘိလပ်မြေစက်ရုံနှင့် သံမဏိစက်ရုံတို့ကို တည်ဆောက်လိုက်ပြီးနောက် ဆိပ်ခံတံတားတည်ဆောက်နေစဉ်တွင် ဒေသခံများ၏ အိမ်များကိုပါ စတင်ပြောင်းလဲပေးနေလေသည်။
ရှုယီ ခေါ်လာသည့် အမ်ရစ်ကုန်သည်ကြီးများအသင်း အလုပ်သမားများ၏ လုပ်ဆောင်မှုကြောင့် ယခုတွင် ကာရက်စ်ခါကျွန်း၌ လှပကာ ကြံ့ခိုင်သည့် အိမ်များစွာရှိနေပြီဖြစ်သည်။ အိမ်များ၌ Frestech ကုန်သည်ကြီးများအသင်း ပို့ဆောင်ပေးသည့် အိမ်သုံးမှော်စက်များလည်း ပြည့်နေလေရာ ဒေသခံတို့၏ ဘဝများကို အဆပေါင်းမရေတွက်နိုင်လောက်အောင် ပိုကောင်းလာစေသည်။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းမှာ ကောက်ပဲသီးနှံများ၊ ဆီ၊ ဆားနှင့် အခြားသော လိုအပ်သည်များကို လစဉ် ပမာဏများစွာ ပေးပို့ခဲ့သည်။ ကာရက်စ်ခါကျွန်းရှိ လူများမှာ စိုးရိမ်စရာမလိုဘဲ ၎င်းတို့၏ ဘဝများကို နေနိုင်သွားကြ၏။
မဟာမှော်ပညာရှင် တယ်လုချီမှာ ဒေသခံတို့၏ ဘဝများကို အမြဲ ပြောင်းလဲပေးခဲ့လိုသော်လည်း ထိုသို့ မလုပ်နိုင်ခဲ့ချေ။
ယခုတွင် ရှုယီ ယူဆောင်လာသည့် အပြောင်းအလဲများကို မြင်တွေ့ရသဖြင့် ရှုယီကို အင်မတန် ကျေးဇူးတင်မိသည်။
ထို့အပြင် သူ့၏အနေနှင့် မူလက ကျေးဇူးတင်မှုကြောင့် Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်ဖို့ ရွေးချယ်ခဲ့ပါလျှင်တောင် မှော်စက်များကို စတင်ထုတ်လုပ်ပြီးတောက်၌ သူဟာ ဤအလုပ်ကို ပို၍ပို၍ နှစ်ခြိုက်လာသည်ကို သိရှိလိုက်ရသည်။
ထို့ကြောင့် မဟာမှော်ပညာရှင် တယ်လုချီမှာ ရှုယီကို အပြည့်အဝလက်ခံလာကာ 'ဥက္ကဌ'ဟုခေါ်ဆိုရန်ပင် တုံ့ဆိုင်းမနေတော့ပေ။
ဤတစ်ခေါက် စွင့်ကားတောင်ပံ၏ ခရီးတွင် ၎င်းတို့အတွက် နေ့စဉ်လိုအပ်သည်များကို တစ်လစာအဖြစ် ကာရက်စ်ခါကျွန်းထံ ယူဆောင်လာခဲ့သည်။
ရှုယီမှာ မဟာမှော်ပညာရှင် တယ်လုချီကို နှုတ်ဆက်ကာ စမီလ်တန်ထံ ကိစ္စတချို့ ပြောပြီးနောက်တွင် စမီလ်တန်က လက်ယမ်းလိုက်ရာ ပြင်ဆင်ထားသည့် ကျွန်းသားများက သင်္ဘောထံ တက်လာကြသည်။ ၎င်းတို့မှာ နေ့စဉ်လိုအပ်သည်များကို အဖွဲ့နှင့်အတူ ထုတ်ယူလိုက်ကြ၏။
အားလုံး ထုတ်ယူပြီးချိန်တွင် ရှုယီမှာ မဟာမှော်ပညာရှင် တယ်လုချီနှင့် စမီလ်တန်တို့ကို အချက်ပြလိုက်သည်။ သုံးဦးသား သင်္ဘောပေါ် အတူတက်၍ အောက်ခြေကုန်းပတ်ရှိ သိုလှောင်ခန်းတစ်ခုဆီ သွားလိုက်သည်။
တံခါးကို ဖွင့်ကာ မဟာမှော်ပညာရှင် တယ်လုချီနှင့် စမီလ်တန်တို့ အထဲကိုကြည့်လိုက်ပြီးနောက် နှစ်ဦးစလုံး လေအေးများရှူရှိုက်လိုက်ကြသည်။
၎င်းတို့၏ အကြည့်ထဲ ဝင်ရောက်လာသည်မှာ စစ်ဘက်သုံးမှော်စက်မျိုးစုံဖြင့် ပြည့်နေသည့် သိုလှောင်ခန်းဖြစ်လေသည်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၁၉။ ပင်လယ်တဝိုက်ဧရိယာကို ထိန်းချုပ်ခြင်း
မဟာမှော်ပညာရှင်တယ်လုချီက မည်သည်ကိုမှမဆိုချေ။ စမီလ်တန်မှာ ဤစစ်ဘက်သုံးမှော်စက်များကို တွေ့လိုက်ပြီး မျက်လုံးများတောက်ပလျက် ကျေနပ်ဟန်ပေါ်လာသည်။ ထို့နောက် သူဟာ မှော်လောင်ချာလေးကို ကိုင်ကာ ခဏတာကြည့်ပြီးနောက် ရှုယီဘက်လှည့်လာသည်။
“ဥက္ကဌရှု ခင်ဗျား ဒါတွေကို ကျုပ်တို့ဆီပေးမှာလား?”
ရှုယီမှာ မနေနိုင်အောင်စိတ်ထဲ မျက်လုံးလှိမ့်မိရ၏။
ဤစမီလ်တန်မှာ တကယ်ကို ယခင်က ပင်လယ်ဓားပြလုပ်ခဲ့ဖူးပါ၏။ သူ့အနေနှင့် အရေးကြီးနေ့စဉ်လိုအပ်သည်များအားလုံးကို ကာရက်စ်ခါကျွန်းသို့ပို့ဆောင်ချိန်က ထိုမျှ ဝမ်းသာဟန်မပြခဲ့ချေ။ ယခုတွင် ဤလက်နက်များကို ယူလာရာ အင်မတန်ရွှင်ပျနေဟန်ရှိသည်မှာ သိသာလှသည်။
မှန်ပါ၏၊ ရှုယီမှာ ခေါင်းငြိမ့်ရင်း တူညီစွာပြုံးထားလေသည်။
“ဟုတ်ပါတယ် ဒါပေမယ့် ဒါကတော့ အခမဲ့မဟုတ်ပါဘူး။ အရှင် စမီလ်တန်, လက်ရှိမှာ စစ်ဘက်သုံးမှော်စက်အတွက် ဝယ်လိုအားများလွန်းနေတာလေ။ တခြားလူတွေရဲ့ မှာယူမှုကြီးတွေထဲကနေ နည်းနည်းလောက် ယူဖို့က ခက်ခဲနေတော့ အခမဲ့ရဖို့အတွက် မဖြစ်နိုင်ဘူးပေါ့။”
“အင်း ကျုပ် ဒါကို နားလည်ပါတယ်။” စမီလ်တန်က ခေါင်းတစ်ချက်ငြိမ့်ပြီးနောက် အပြုံးခပ်ကြီးကြီးဖြင့်ဆိုသည်၊ “ဥက္ကဌရှု ခင်ဗျား ဘာကိုမှ ပြောဖို့ မလိုပါဘူး၊ ကျုပ်တို့ကျွန်းက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ အကူအညီတွေ အလုံအလောက်လက်ခံထားပြီးပြီပဲ။ ကျွန်းပေါ်က ညီအစ်ကိုတွေလည်း ခင်ဗျားရဲ့ အကူညီကြောင့် ဒီလိုကောင်းမွန်တဲ့ဘဝမှာ နေထိုင်နိုင်တာလေ။ တကယ်ကိုပဲ စကားတွေ အကုန်ခံစရာမလိုပါဘူး။ ခင်ဗျားအနေနဲ့ ခင်ဗျားအတွက် တစ်ခုခု လုပ်ပေးစေချင်ရင် ပြောသာပြောလိုက်ပါ။ ကျုပ်က ကြမ်းကြမ်းတမ်းတမ်းဆိုပေမယ့် အခြေခံဓလေ့တွေက ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုတော့ သိပါတယ်။”
မဟာမှော်ပညာရှင် တယ်လုချီ၏ မျက်နှာထက်၌ နက်နက်နဲနဲတွေးတောနေပုံပေါ်လာပြီးနောက် ခေါင်းတစ်ချက်ငြိမ့်လေသည်၊ “ဥက္ကဌရှု မင်းက ကုန်သည်တစ်ယောက်ဆိုတော့ အရှုံးရှိမယ့် အလုပ်မျိုးကို လုပ်မှာ မဟုတ်သလို ငါတို့လည်း လုပ်ခွင့်မပြုနိုင်ဘူး။ ငါ့မှာ မဟာမှော်ပညာရှင်တစ်ယောက်အနေနဲ့ တန်ဖိုးတစ်ချို့ရှိပေမယ့်လည်း အဲ့လောက်များများ ငါ့အပေါ်မှာ သုံးစွဲဖို့က မထိုက်တန်ပါဘူး။ ဒီလိုကျွန်းကို ဒီလိုအာရုံစိုက်ပေးလာတဲ့ မင်းမှာလည်း အစီစဉ်တချို့ရှိမှာပဲ အားလုံးဒါကို နားလည်ပေးနိုင်ပါတယ်။”
ရှုယီလည်း ကူရာမဲ့စွာ လက်များဖြန့်၍ မိမိကိုယ့်ကိုသရော်ဟန် တစ်ချက်ပြုံးပြလိုက်သည်၊ “ကြည့်ရတာ ကျွန်တော်က သရုပ်ဆောင်မတော်ပုံပဲ၊ ကိစ္စတွေကို အရမ်းသိသာအောင် လုပ်မိပြီ။”
စမီလ်တန်က လက်ယမ်းကာ၊ “ဟုတ်ပါပြီ ဥက္ကဌရှု ဒါကို ပြောဖို့မလိုပါဘူး။ ခင်ဗျားဘာပဲ လုပ်ချင်ချင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ကျုပ်တို့ကိုပေးထားတဲ့ အကူအညီနဲ့တင် အားလုံးဘဝကောင်းနဲ့နေနိုင်ဖို့ လုံလောက်နေပါပြီ။ ကျုပ်တို့အတွက် ကျုပ်တို့ အသက်တွေကိုပေးရင်တောင် ပုံမှန်ပါပဲ၊ ဒါက လူတိုင်းနားလည်နေတဲ့ အခြေခံအကျဆုံးစည်းမျဉ်းပဲလေ။ ရှင်းရှင်းပြောပါ ခင်ဗျားအနေနဲ့ ကျုပ်တို့ကို ဘာများလုပ်စေချင်လဲ?”
မဟာမှော်ပညာရှင် တယ်လုချီထံမှ မေးခွန်းထုတ်နေဟန်ကို မြင်သော် ရှုယီက အပြုံးဖြင့် ခေါင်းခါသည်၊ “စိတ်ချပါ မဟာမှော်ပညာရှင်ကြီး ကျွန်တော်က ကျွန်းပေါ်က လူတွေကို ကျွန်တော့်အတွက်နဲ့ အသက်ပေးခိုင်းမှာမဟုတ်ပါဘူး။ ကုန်သည်တစ်ဦးအနေနဲ့ ဒီနည်းလမ်းက အကျိုးမရှိသလို ကျွန်တော့်အတွက် ဘာအကျိုးအမြတ်မှ မရှိဘူးလို့ပဲ အမြဲခံစားရတယ်။”
မဟာမှော်ပညာရှင် တယ်လုချီနှင့် စမီလ်တန်တို့မှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ရင်း သိလိုဟန်များပြလာကြသည်။
“ဒါဆို ကျုပ်တို့ကို ဘာများလုပ်ပေးစေချင်လဲ? ဒါက တခြား၏တစ်ခုခုဆိုရင် ဘာလို့များ ဒီစစ်ဘက်သုံးမှော်စက်တွေကို ပို့ပေးရတာလဲ?” စမီလ်တန်က မေးလာသည်။
“အမ်း.... ခင်ဗျားတို့အနေနဲ့ အဲဒီနေရာတွေမှာ ဘာအန္တရာယ်မှမကြုံလောက်ဘူးဆိုတာကို အာမ မခံနိုင်ကတည်းက ဘာစွန့်စားစရာမှ မရှိတာမဟုတ်တော့ဘူးလေ။” ရှုယီက လက်ယမ်းကာ နှစ်ဦးသားကို ရှေ့တိုးလာစေလိုက်သည်။
နှစ်ဦးကလည်း ရှုပ်ထွေးသွားကာ တိုးလာကြသည်။ ရှုယီက စာရွက်တစ်ရွက်ထုတ်ကာ သိုလှောင်ခန်း၏ ကြမ်းပြင်၌ ဖြန့်ချလိုက်သည်။
သိုလှောင်ခန်းထဲရှိ မှော်မီးအိမ်များ၏ တောက်ပသောအလင်းကြောင့် နှစ်ယောက်သားငုံ့ကြည့်လိုက်ရာ ထိုစာရွက် မြေပုံတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဂရုတစိုက်ကြည့်လိုက်သော မြေပုံ၏ အများစုကို ပင်လယ်ဖြင့် ဖုံးလွှမ်းထားတာကာ မြေနေရာက အနည်းငယ်သာရှိနေသည်။
ဤမြေများမှာ သဘာဝကျစွာပင် ကျွန်းများဖြစ်သည်။
နှစ်ဦးက မြေပုံ ညာဘက်စွန်းရှိ ကမ်းရိုးတန်းကိုကြည့်လိုက်ပြီးနောက် အမှတ်တစ်ခုမှတ်ထားသည့် ကျွန်းကို ကြည့်လာကြသည်။
“ဒါက ကျုပ်တို့ ကာရက်စ်ခါကျွန်းလား?” စမီလ်တန်က ကျွန်းကို ညွှန်ပြကာ တအံ့တဩမေးလာသည်၊ “ဘာလို့ ဒီပုံစံက အရမ်းထူးဆန်းနေရတာလဲ?”
“ဘာလဲ? အရှင်က ကျွန်းကို အပေါ်စီးကနေကြည့်ရင် ဘယ်လိုပုံရှိမှန်း မသိဘူးလား?” ရှုယီက အပြုံးဖြင့် မေးသည်၊ “ဒါက တကယ်ကို ပန်းတစ်ပွင့်ပုံနဲ့တူပြီး အပေါ်ကနေကြည့်ရင် အရမ်းကြည့်ကောင်းတယ်။”
မဟာမှော်ပညာရှင် တယ်လုချီက အသာခေါင်းငြိမ့်သည်၊ “ဟုတ်တယ် ဒါက တကယ်ကို ကာရက်စ်ခါကျွန်းပဲ။ အရင်က ငါ အကြိမ်များစွာ ပျံသွားကြည့်ဖူးတယ် ဒီပုံစံက အတိအကျကို ကျွန်းနဲ့တူတူပဲ။”
စမီလ်တန်က ရှုယီကို လှည့်မေးလာသည်၊ “ဒါက လေထဲကနေ ဆွဲထားတဲ့ မြေပုံလား? ဒီဘေးပတ်လည်က အရာတွေကျတော့ အနီးအနားကျွန်းတွေဖြစ်လောက်မှာပေါ့?”
“အင်း ဒါက မှော်လေသင်္ဘောကနေ တစ်ယောက်ယောက်ကို ဆွဲခိုင်းထားတဲ့ မြေပုံပါ။ မဟာမှော်ပညာရှင်ကြီး ဘယ်လိုထင်လဲဗျ?” ရှုယီလည်း မေးလိုက်သည်။
မဟာမှော်ပညာရှင် တယ်လုချီက မြေပုံကိုကြည့်ကာ အမူအရာက လေးနက်လာပါ၏။
“ဒီအသေးစိတ်ပြမြေပုံကို လေထဲကနေပဲ ဆွဲလို့ရနိုင်မယ်၊ တိတိကျကျဆွဲဖို့ဆိုရင်တော့ မှော်လေသင်္ဘောက ဒီအတွက် အကောင်းဆုံးပဲ။ ဒါပေမယ့် ဥက္ကဌရှု ဒီတိကျတဲ့မြေပုံကို ဘာလို့ ဆွဲခိုင်းခဲ့တာလဲ?”
စမီလ်တန်ကလည်း ရှုယီကို စိတ်ဝင်စားဟန်ဖြင့် ကြည့်လာသည်မှာ ရှုယီအတွေးကို ခန့်မှန်းနိုင်နေသလိုပင်။
မျှော်လင့်ထားသလို ရှုယီက တစ်ချက်ပြုံးကာ မြေပုံကို အကြိမ်များစွာညွှန်ပြ၍ ပြောလာသည်၊ “မဟာမှော်ပညာရှင်ကြီးနဲ့ အရှင်တို့ ဆန်နက်မြေရိုင်းရဲ့ ကမ်းရိုးတန်းနဲ့ စတက်တိန်းနယ်မြေကနေ ကြည့်လိုက်ရင် စုစုပေါင်း ကျွန်းကြီး ကျွန်းငယ် သုံးဆယ့်လေးကျွန်းရှိတယ်။ ကာရက်စ်ခါကျွန်းထက် အတော်လေးပိုကြီးတဲ့ ကျွန်းက ခြောက်ကျွန်းရှိပေမယ့် ဒီကျွန်းတွေကြားမှာ ကာရက်စ်ခါကျွန်းအပြင် လူနေထိုင်တဲ့ ကျွန်းဆယ့်နှစ်ကျွန်းပဲရှိတာ။ ကျန်တဲ့ ကျွန်း နှစ်ဆယ့်နှစ်ကျွန်း အားလုံးက စွန့်ပစ်ခံ ကျွန်းတွေချည်းပဲ။”
စမီလ်တန်က မျက်ခုံးတစ်ဖက်ပင့်ကာ၊ “ဥက္ကဌရှု ခင်ဗျားက ကျုပ်တို့ကို ခင်ဗျားအတွက် ဒီကျွန်းတွေ ယူပေးစေချင်တာလား?”
ရှုယီမှာ အသာပြုံးလိုက်လေသည်၊ “အတိအကျပြောရရင် ဒီကျွန်းတွေအားလုံးကို ကျုပ်ထိန်းချုပ်မှုထဲ ရောက်စေချင်တာပါ။ ဒီကျွန်းတွေကိုတော့ စိတ်မဝင်စားပါဘူး၊ ကျုပ် စိတ်ဝင်စားတာက ဒီကျွန်းတွေပေါ်က ရင်းမြစ်တွေပါပဲ။ ကာရက်စ်ခါကျွန်းမှာက သံသတ္တုရိုင်းရင်းမြစ်ကောင်းတစ်ခုရှိတော့ ဒီကျွန်းတွေဆီမှာလည်း တူညီတဲ့ အရေးကြီးရင်းမြစ်တွေရှိနိုင်တယ်။”
“အင်း ဒါတော့မှန်တယ်။” စမီလ်တန်က ခေါင်းငြိမ့်သည်၊ “ဒီကနေ သိပ်မဝေးတဲ့ ဆာစွန်လို့ခေါ်တဲ့ ကျွန်းတစ်ကျွန်းဆီမှာ သံသတ္တုရိုင်းတွေရှိတယ်လို့ သိထားတယ်။ အရင်က စုံစမ်းဖို့ရောက်လာတဲ့ ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်ကလူတွေ ရှိပေမယ့်လည်း ဆာစွန် ကျွန်းကနေ သယ်ယူပို့ဆောင်ဖို့ မရနိုင်တာကို သိတော့ ဘယ်သူကမှ ဂရုမစိုက်တော့ဘူးလေ။”
“ငါလည်း ဒါကို တန်တယ်လို့ မထင်ဘူး။” မဟာမှော်ပညာရှင် တယ်လုချီက မျက်မှောင်ကုပ်လိုက်သည်၊ “ဥက္ကဌ အဲဒီကျွန်းတွေဆီကနေ ရင်းမြစ်နေ ရိတ်သိမ်းချင်တယ်ဆိုရင် အတော်လေး အကုန်အကျများပြီး အဆင်မပြေလောက်ဘူးလို့ထင်တယ်။”
“အဲ့လိုတွေးနေတာက ရေကြောင်းပို့ဆောင်ရေး အလုံအလောက် မဖွံ့ဖြိုးသေးတာကြောင့်ပါပဲ။” ရှုယီက ခေါင်းခါလိုက်ပြီးနောက် သူ၏ ခြေထောက်ကို ညွှန်ပြလာသည်၊ “ဒါပေမယ့် အခု မှော်ပညာရှင်ကြီးကိုယ်တိုင် ဘယ်နေရာမှာ ရပ်နေတယ်ဆိုတာကို မြင်ရရဲ့လား?”
မဟာမှော်ပညာရှင် တယ်လုချီနှင့် စမီလ်တန်တို့မှာ အံ့ဩသွားကြသည်။ ထို့နောက် ၎င်းတို့မှာ လက်ရှိတွင် ဧရာမ မှော်သင်္ဘောကြီးတစ်ခုပေါ်ရှိ အောက်ကုန်းပတ် သိုလှောင်ခန်း၌ ရှိနေကြသည်ကို သတိရသွားသည်။
ဤစွင့်ကားတောင်ပံမှော်သင်္ဘောမှာ အင်မတန်ကြီးမားလှသည်။ ၎င်းတို့ လက်ရှိ ရောက်နေသည့် သိုလှောင်ရုံကတင် အကြီးစားသစ်သားလှေတစ်စီးကို သိုလှောင်နိုင်နေပြီဖြစ်၏။
ဤသို့သော အတိုင်းအတာကြီး မှော်သင်္ဘောကြောင့် ၎င်းတို့မှာ အနှီသစ်သားလှေများထက် ပို၍ အဆဒါဇင်ချီများစွာသော ကုန်စည်များကို သယ်ယူပို့ဆောင်နိုင်ပေသည်။
ဤမှော်သင်္ဘောကြီးမှာ ပင်လယ်ပြင်၌ အန္တရာယ်များစွာ ပိုနည်းသည့် အချက်ကိုပေါင်းထည့်ကာ တွက်ချက်ကြည့်လိုက်ပါက ကုန်ကျစရိတ်မှာ ရေကြောင်းပို့ဆောင်ရေး များစွာ အန္တရာယ်ပိုရှိစဉ်ကထက် ပိုနည်းသွားပါ၏။ ၎င်းက ယခင်ကကဲ့သို့ မတန်သည်လည်းမဟုတ်တော့ပေ။
ရှုယီက ယုံကြည်ချက်ရှိနေသည်မှာ မဆန်းပေ၊ အကြောင်းမှာ သူ့ထံ၌ စွင့်ကားတောင်ပံသင်္ဘောရှိနေခြင်းကြောင့်ပင်။
နှစ်ဦးသားက နားလည်ပုံပြလာသည်ကိုမြင်သော် ရှုယီမှာ တစ်ချက်ပြုံးလေသည်။ သူ၏လက်ချောင်းက မြေပုံကို ဖြတ်၍ စက်ဝိုင်းပုံတစ်ခုဆွဲလိုက်လေသည်။
“တကယ်တော့ ကျွန်းပေါ်က ရင်းမြစ်တွေနဲ့စာရင် ပိုအရေးကြီးတာက ဒီ ပင်လယ်ဧရိယာပဲ။”
မဟာမှော်ပညာရှင် တယ်လုချီနှင့် စမီလ်တန်တို့မှာ တစ်ဖန်ရှုပ်ထွေးဟန်များ ပြလာလေသည်။
ဤပင်လယ်ဧရိယာက ပင်လယ်ရေသာရှိသည်မဟုတ်ပါလား၊ မည်သည်က အရေးကြီးနေသနည်း?
“ကျုပ်ရှင်းပြနိုင်သေးဘူး၊ ဘာကြောင့် ဒီပင်လယ်ဧရိယာ အရေးကြီးကြောင်းကို နားလည်ဖို့ဆို ပင်လယ်က ပြိုင်ပွဲတွေ ပိုပြင်းထန်လာတဲ့အချိန်ကို စောင့်ကြည့်ရမယ်။” ရှုယီက အသာပြုံးကာဆိုပါ၏၊ “ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျုပ် ဒီပင်လယ်ဧရိယာကို လိုအပ်နေတော့ အားလုံးထိန်းချုပ်နိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့။ အရှင် စမီလ်တန်, ကျုပ်အတွက် ဒီလိုလုပ်ပေးနိုင်မလား?”
စမီလ်တန်က မြေပုံကိုကြည့်က အတွေးထဲနစ်သွားသည်။ ထို့နောက် သိုလှောင်ရုံရှိ စစ်ဘက်သုံးမှော်စက်များကို လှည့်ကြည့်လိုက်ပြီးနောက် သိုလှောင်ရုံ၏ မျက်နှာကျက်နှင့် ကြမ်းပြင်ကို လှည့်ကြည့်လေသည်။ ၎င်းတို့အားလုံးပြီးနောက်တွင် သူဟာ ရှုယီထံ လေးလေးနက်နက်ဟန်ဖြင့် ဆိုလာသည်၊ “ဒီစစ်ဘက်သုံးမှော်စက်တွေအပြင် ကျုပ် လှေတွေလည်း လိုတယ်။ ဒီလိုလှေကြီးကြီးဆို အကောင်းဆုံးဖြစ်လိမ့်မယ်၊ ဒါဆို အဲ့ဒါကို လုပ်နိုင်မှာ သေချာတယ်။”
ရှုယီက ရယ်သည်၊ “ခင်ဗျားကို လှေအများကြီးပေးတာက ပြဿနာမရှိပေမယ့် စွင့်ကားတောင်ပံလို ကြီးတဲ့တစ်ခုပေးဖို့တော့ နည်းလမ်းမရှိဘူး။ ဒီသင်္ဘောက ကျုပ်တို့လုပ်ငန်းစုရဲ့ အားအင်အလုံးစုံကိုသုံးထားပြီး ရှစ်လအတွင်းမှာ တစ်စီးလေးပဲပြီးတယ်။ နောက်ထုတ်မယ့်ဟာတွေကိုလည်း ကျုပ်တို့လုပ်ငန်းစုရဲ့ ပင်လယ်ခရီးအတွက် သုံးမှာဆိုတော့ အချိန်တိုအတွင်း ခင်ဗျားဆီ တစ်စီးပေးဖို့က မဖြစ်နိုင်ပါဘူး။”
“အိုး...” စမီလ်တန်မှာ အတန်ငယ်စိတ်ပျက်သွားသည်၊ “ဒီသင်္ဘောကြီးမရှိရင် ပင်လယ်ပြင်မှာ အဟန့်အတားအင်အားကို ဖန်တီးဖို့ အများကြီးခက်ခဲလိမ့်မယ်။ ပင်လယ်ပြင်ရဲ့ ကိစ္စတွေက အရမ်းကိုရိုးရှင်းပါတယ်၊ အကြီးဆုံးသင်္ဘောရှိတဲ့လူက အသံအကျယ်ဆုံးပြောခွင့်ရတာပဲ။ ကျုပ်တို့မှာလည်း ဒီလိုသင်္ဘောကြီးရှိလာမယ်ဆိုရင် မောင်းလိုက်ရုံနဲ့ တခြား ပင်လယ်ပြင်က လှေတွေ ကျိုးနွံသွားလိမ့်မယ်။”
ရှုယီက ပြုံး၍ သူ၏ပခုံးကို ပုတ်လိုက်သည်၊ “အရမ်းစိတ်ပျက်သွားဖို့ မလိုပါဘူး။ ကျုပ်အနေနဲ့ ဒီလိုသင်္ဘောကြီးမျိုး မထောက်ပံ့ပေးနိုင်ပေမယ့်လည်း ပိုသေးတဲ့သင်္ဘောတွေတော့ ထောက်ပံ့ပေးနိုင်ပါတယ်။ သူတို့က စွင့်ကားတောင်ပံထက်တော့ ပိုသေးပေမယ့်လည်း ခင်ဗျားသတိထားနေတဲ့ သင်္ဘောတွေနဲ့ယှဉ်ရင်ဆော့ အတော်လေး ကြီးနေတုန်းပါပဲ။ လုပ်ဆောင်ချက်မှာလည်း တခြားသင်္ဘောတွေအားလုံး မယှဉ်နိုင်တာကို အာမခံတယ်။” စမီလ်တန်၏ မျက်လုံးများတောက်ပလာသည်၊ “တကယ်လား? ဥက္ကဌရှု ခင်ဗျားကျုပ်ကို မှော်မြန်နှုန်းမြင့်လှေလေးတွေရော ပေးဖို့ စီစဉ်ထားတာလား?”
ရှုယီက တစ်ချက်ရယ်သည်၊ “ဒါက ခင်ဗျားရဲ့ စိတ်ရင်း ဘယ်လောက်ပြနိုင်တယ်ဆိုတာအပေါ် မူတည်ပါတယ်။”
စမီလ်တန်မှာ ချက်ချင်း လက်သီးဆုပ်ကိုမြှောက်ကာ ရင်ဘတ်ကို ထု၍ အလေးအနက်ဆိုလာသည်၊ “ဥက္ကဌရှု မဟာမှော်ပညာရှင်ကြီး တယ်လုချီရှေ့မှောက်မှာ ကျုပ်၊ စမီလ်တန်က ခင်ဗျားအတွက် ဒီပင်လယ်ပြင်ရဲ့ လက်မစီတိုင်းကို ယူဆောင်ပေးပါ့မယ်လို့ ကတိပြုတယ်။ ပင်လယ်မှာကူးနေတဲ့ ငါးတောင်ကျုပ်ရဲ့ခွင့်ပြုချက်ကိုတောင်း.... မဟုတ်ဘူး ခင်ဗျားရဲ့ ခွင့်ပြုချက်ကို တောင်းရလိမ့်မယ်!”
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၂၀။ ဆန်နက်ဆိပ်ကမ်း
စွင့်ကား တောင်ပံသင်္ဘောမှာ ကာရက်စ်ခါကျွန်း ၌ တစ်ညတာ ရပ်နားထားသည်။
နောက်နေ့မနက်၌ သုံးသောင်းသုံးထောင်တန်သည့် ပစ္စည်းများနှင့် စစ်ဘက်သုံးမှော်စက်မျိုးစုံကို သယ်ဆောင်လာသည်။ စွင့်ကား တောင်ပံကတစ်ဖန်ထွက်ခွာက ကာရက်စ်ခါကျွန်း ၏ မြောက်ဘက် ရှစ်ဆယ်ကီလိုမီတာပတ်လည်သို့ ဦးတည်ကာ ကာရက်စ်ခါကျွန်း ထက်ပင် ပို၍ကြီးမားသည့် ကျွန်းတစ်ကျွန်းကို ဖြတ်၍ အရှေ့ဘက်သို့ ဦးတည်သွားသည်။
၎င်းက ကမ်းခြေမှနေ၍ ကီလိုမီတာနှစ်ရာဝေးကွာနေပြီးသားဖြစ်ရာ စွင့်ကားတောင်ပံ၏ အမြန်နှုန်းကြောင့် မွန်းလွဲတွင် ကမ်းရိုးတန်းကို ကိုယ်စားပြုနေသည့် အနက်ရောင်မျဉ်းကို မြင်နေရသည်။
နာဗီလ်က လက်ထဲရှိ တယ်လီစကုပ်ကို ချကာ သူ၏ ဘေးရှိ ရှုယီကို အပြုံးဖြင့် ပြောလေ၏၊ “ဥက္ကဌ ကျွန်တော်တို့ ရည်ရွယ်ထားတဲ့နေရာကို ချောချောမွေ့မွေ့ ရောက်လောက်ပါတယ်။ ဒီနယ်နိမိတ်ရှည်ပင်လယ်ခရီးကို တစ်ဝက်လောက်အောင်မြင်ပြီလို့ ယူဆနိုင်တယ်။”
ရှုယီက အသာပြုံးကာ ခေါင်းငြိမ့်လိုက်ပြီး နေဝင်ရီတရောချိန်နီးလာသဖြင့် အနည်းငယ်မှောင်လာသောကောင်းကင်ကို မနေနိုင်ဘဲ မော့ကြည့်မိသည်။
ဤနယ်နိမိတ်ရှည်ပင်လယ်ခရီး၏ ရည်ရွယ်ချက်မှာ စွင့်ကားတောင်ပံ၏ ရွက်လွှင့်နိုင်စွမ်းကို စမ်းသပ်ခြင်းအပြင် နာဗီလ်နှင့် အဖွဲ့ကို ရွက်လွှင့်ခြင်းပင်လယ်ခရီး ခပ်ကြာကြာ အတွေ့အကြုံတချို့ ရနိုင်စေရန်ဖြစ်သည်။
နည်းပညာအရ မတိုးတက်သေးသည့် စိုင်စ်နယ်မြေကြီးတွင် အကန့်အသတ်မဲ့ပင်လယ်ပြင်၌ သွားလာခြင်းက ဦးတည်ဘက်ကို အကဲဖြတ်သည့် အတွေ့အကြုံကို မှီခိုရသည်။ ၎င်းတို့အနေနှင့် ကမ္ဘာမြေကြီး၌ကဲ့သို့ GPSကို အားမကိုးနိုင်ပေ။
နာဗီလ်အနေနှင့် ကမ်းရိုးတန်းကို မြင်တွေ့ချိန်၌ ထိုမျှ ပျော်ရွှင်နေရခြင်းမှာ သူ့ကဲ့သို့ ဤနေရာရှိ ပင်လယ်များနှင့် ရင်းနှီးသည့် ကပ္ပတိန်သည်ပင် စွင့်ကားတောင်ပံက ၎င်း၏ ဦးတည်ရာကို အတိအကျရောက်လာနိုင်မည်ဟု အပြည့်အဝ ယုံကြည်ချက်မရှိခဲ့ခြင်းကြောင့်ပင်။
ဤလောက၏ နည်းပညာရ ဂြိုလ်တုများ၏ အတိအကျ ထောက်ပြခြင်းမှ ဝေးကွာသဖြင့် ရှုယီမှာ နာဗီလ်လုပ်ဆောင်မှု၏ အစိတ်အပိုင်းတစ်ခုခုကို အပြစ်ရှာမနေနိုင်ပေ။
သူ့အနေနှင့် အခြေအနေအပေါ် ကူရာမဲ့သယောင် ခံစားနေရပါလျှင်တောင် နာဗီလ်၏ လုပ်ဆောင်မှုကို ရိုးရိုးသားသားချီးကျူးပေးနေဆဲဖြစ်၏။
ပြောရလျှင် နာဗီလ်ကဲ့သို့ ကပ္ပတိန်တစ်ဦးကို ရှာရန် ရှုယီမှာ အချိန်အတော်သုံးစွဲခဲ့ရသည်။
ပင်လယ်ပြင်၌ ရွက်လွှင့်ရာတွင် ကျွန်းကျင်သည့် အဖွဲ့တစ်ဖွဲ့အားရရှိရန် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့အား ၎င်းတို့ကိုယ်တိုင် တဖြည်းဖြည်း လေ့ကျင့်ပေးဖို့ လိုအပ်သည်။
“အကုန်အကျကရော ဘယ်လောက်ရှိလဲ?” ရှုယီက စဉ်းစားပြီးနောက် နာဗီလ်ထံ ၎င်းကို မေးမြန်းလိုက်သည်။
“အဆင်ပြေနေတုန်းပါပဲ” နာဗီလ်က စိတ်အေးပုံဖြင့် ပြန်ဖြေလိုက်သည်၊ “ ကျွန်တော်တို့ လုပ်ခဲ့တဲ့ စမ်းသပ်ခရီးလိုပဲ လက်ရှိ သုံးစွဲခဲ့တာ မှော်သလင်းကျောက် ခုနစ်ဆယ့်သုံးတန်ပတ်လည်ပါပဲ။ လမ်းကြောင်းအတွက် တွက်ထားတာကတော့ တစ်ကီလိုမီတာကို မှော်သလင်းကျောက် တစ်ရာ့ငါးဆယ် ကီလိုဂရမ်လောက်ရှိမယ်။”
“တစ်ရာ့ငါးဆယ် ကီလိုဂရမ်လောက်?” ရှုယီလည်း စဉ်းစားပြီးနောက် ခေါင်းငြိမ့်သည်၊ “အင်း ဒါက မဆိုးဘူး။ ဒီအကုန်အကျလောက် လက်ခံလို့ရတယ်။”
မှော်သုတေသနဌာန သတ်မှတ်ထားသည့် မှော်သလင်းကျောက်စံနှုန်းအသစ်အရ Frestech ကုန်သည်ကြီးများအသင်း သန့်စင်ထားသည့် မှော်သလင်းကျောက် တစ်ကီလိုဂရမ်တွင် မှော်စွမ်းအား 1Evပါဝင်လေသည်။
မှော်စွမ်းအား 1EVမှာ Frestech တံဆိပ် နောက်ဆုံးပေါ်မှော်ပန်ကာကို သုံးရက်ကြာ စွမ်းအားပေးရန် လုံလောက်ပါ၏။
ဤစွင့်ကားတောင်ပံမှာ မှော်ပန်ကာထက် အဆများစွာပို၍ ကုန်ကျသဖြင့် ပင်လယ်ပြင်၌ တစ်ကီလိုမီတာ ရွက်လွှင့်ခြင်းက မှော်စွမ်းအား တစ်ရာ့ငါးဆယ် Evကို သုံးရသည်။
Frestech ကုန်သည်ကြီးများအသင်း၏ သန့်စင်ပြီးမှော်သလင်းကျောက် တစ်တန်လျှင် ရွှေဒင်္ဂါးနှစ်ဆယ်ကုန်ကျစရိတ်ကြောင့် တစ်ကီလိုမီတာကို မှော်သလင်းကျောက် တစ်ရာ့ငါးဆယ်ကီလိုဂရမ်နှုန်းက ရွှေဒင်္ဂါးသုံးပြား သုံးစွဲရသည်ဟု ဆိုလိုသည်။
ရှုယီအတွက် ဤသို့သော ပို့ဆောင်ရေးသင်္ဘောမှာ တစ်ကီလိုမီတာအတွက် ရင်းမြစ် ရွှေဒင်္ဂါးသုံးပြားသာ ကုန်ကျခြင်းက မည်သည့်ကုန်ကျစရိတ်မှ မရှိခြင်းနှင့်တောင် ညီမျှနေသေးသည်။
၎င်းကိုသာ ကမ္ဘာမြေ၌ထားလိုက်လျှင် စိတ်ကူးယဉ်ဖြစ်လာလိမ့်မည်။
မှန်ပါ၏ ၎င်းမှာ မှော်သလင်းကျောက်များကို စိုင်စ်နယ်မြေကြီးတဝှမ်း၌ ရှာတွေ့နိုင်သောကြောင့်ပင်။ ထို့ကြောင့် ဤအရာများမှာ တန်ဖိုးမရှိသလို သာမန်မှော်သလင်းကျောက်များမှာ လူများအတွက် ကျောက်ခဲများလိုပင်။
Frestech ကုန်သည်ကြီးများအသင်း၏ လက်အောက်တွင် လက်ရှိ မတူညီသည့် မှော်သလင်းကျောက်တွင်း ဆယ့်ခုနစ်တွင်းရှိသော်လည်း ၎င်းတို့မှာ ရွှေဒင်္ဂါးတစ်သန်းအောက်သာ ဝင်ငွေရရှိသည်။
မှော်သလင်းကျောက်သန့်စင်ခြင်းကုန်ကျစရိတ်မှာ အဓိကအားဖြင့် မှော်သလင်းကျောက်များ တူးဖော်ခြင်းအပေါ်ကိုသာ အာရုံစိုက်ထားပြီး အခြားရင်းနှီးမြုပ်နှံမှုများမရှိရာ အတော်လေးဈေးပေါလှသည်။
၎င်းကို သုံးသပ်ရသော် တန်ပေါင်းသုံးထောင် သယ်ဆောင်နိုင်စွမ်းရှိသည့် စွင့်ကားတောင်ပံသင်္ဘောထံ၌ ကြောက်မက်ဖွယ် ပို့ဆောင်ရေးကုန်ကျစရိတ်က နည်းပါးလှသည်။
သို့သော် လွန်ခဲ့သည့် ၂နှစ်က Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများ၏ မှော်စက်များ ကျော်ကြားလာစဉ်တွင် လူများဟာ မှော်သလင်းကျောက် သုံးစွဲမှုကို စတင် ဂရုစိုက်လာကြသည်။
ဈေးကွက်တွင် သာမန်မှော်သလင်းကျောက်ဈေးနှုန်းက မပြောင်းလဲခဲ့ပါသော်လည်း အလယ်အလတ်နှင့် အဆင့်မြင့် အရည်အသွေးရှိ မှော်သလင်းကျောက်များထံတွင် သိသိသာသာပြောင်းလဲမှုတချို့ရှိခဲ့သည်။
ထို လက္ခာများအရ စိုင်စ်နယ်မြေသားများမှာ တဖြည်းဖြည်းနှင့် မှော်သလင်းကျောက်များ၏ အရေးပါပုံကိုသတိပြုမိလာကြသည်။
ရှုယီမှာ ထိုလမ်းကြောင်းကို သဘာဝကျစွာ မြင်နိုင်နေလေရာ ဤ၂နှစ်အတွင်း မှော်သလင်းကျောက်များကို အရူးအမူး ဝယ်ယူခဲ့ပါ၏။ သူဟာ အီဗီတာကို အနာဂတ်ရှိ စွမ်းအင်အပေါ် တိုက်ခိုက်ရေးအတွက်ပြင်ဆင်ဖို့အတွက်လေးနှင့် မှော်သလင်းကျောက်သန့်စင်ရေးသုတေသနကို ဆက်လုပ်ရန်အားပေးခဲ့လေသည်။
စွင့်ကားတောင်ပံထံ ပြန်လာခြင်းမှာ ရွေ့လျားရန် စွမ်းအားအသုံးပြုခြင်းအပြင် ဤသင်္ဘောကြီးထက်၌ ကုန်ကျရမည့် အခြားနေရာများရှိနေသေးသောကြောင့်ပင်။
အခြားကုန်ကျစရိတ်များမှာ အဖွဲ့၏ နေ့စဉ်လိုအပ်ချပ်များအပြင် ခရီးသည်အခန်းများ၏ အသေးစိတ်အဖုံဖုံအပေါ် အဓိကထား၍လည်းဖြစ်သည်။
ဥပမာ ယမန်နေ့က မဖွင့်ခဲ့သည့် သိုလှောင်ရုံဂိတ်တစ်ခုရှိပြီး အကြောင်းအရင်းမှာ လျော့တိလျော့ရဲဖြစ်နေသည့် ဝက်အူရစ်ဖြစ်သည်။
ထိုအစီအရင်ခံမှုကို ကြားချိန်တွင် ရှုယီ၏ မျက်နှာ မှောင်ကျသွားသည်၊ “သိုလှောင်ရုံရဲ့ ဝက်အူရစ်တွေအတွက် တာဝန်ရှိတာ ဘယ်သူများလဲ? သူတို့နာမည်ကိုချရေးပြီး ဒုတိယအဆင့် သတိပေးချက်ပေးပြီးတော့ ဒီလအတွက် အပိုဆုကြေးကိုပါ နုတ်လိုက်။ အဲ့လူရဲ့ တာဝန်ရှိသူကတော့ ဒီလရဲ့ အပိုဆုကြေးကိုပါဆုံးရှုံးပြီး တတိယအဆင့် သတိပေးချက်ရမယ်။”
နာဗီလ်က တိတ်တဆိတ်လျှာထုတ်ကာ ထိုဥက္ကဌမှာ တကယ်ကို တင်းကြပ်လှသည်ဟု တွေးမိလိုက်သည်။
၎င်းက လျော့တိလျော့ရဲဝက်အူရစ်လေးတစ်ခုသာဖြစ်သော်လည်း သူဟာ ထိုသို့သော ပြင်းထန်သည့် အပြစ်ကိုပေးလာကာ တာဝန်ရှိသူကိုပင် အပြစ်ပေးခဲ့သည်။
သို့သော် စဉ်းစားကြည့်ရာတွင် စွင့်ကားတောင်ပံက ကြီးမားပြီး ဤအမှားအယွင်းများဖြစ်နိုင်သည့် နေရာရှိသော်လည်း အန္တရာယ်ရှိသည့် ပင်လယ်ပြင်ကို သွားလာရာတွင် တတ်နိုင်သမျှ တင်းကြပ်ထားသည့် အကောင်းဆုံးဖြစ်သည်။
စွင့်ကားတောင်ပံအပေါ်၌ အချိန်အများဆုံးကုန်ဆုံးခဲ့သည့် လူအနေနှင့် နာဗီလ်မှာ ယူ၏ လုပ်ဆောင်မှုများကို အင်မတန်ထောက်ခံပါ၏။
နာဗီလ်သည်လည်း စွင့်ကားတောင်ပံ၏ အခြား ပြဿနာသေးသေးလေးများကို တင်ပြရာ ရှုယီမှာ တုံ့ဆိုင်းမှုမရှိ အပြစ်များပေးခဲ့လေသည်။
ရှုယီ၏ ကိစ္စများကို လုပ်ဆောင်ပုံကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ဆိပ်ကမ်းသို့ စွင့်ကားတောင်ပံ ဆိုက်ရောက်သည်နှင့် ထိုအပြစ်များကို သေချာပေါက် ပြဌာန်းမည်ဖြစ်သည်။
၎င်းတို့မှာ စည်းကမ်းတင်းကြပ်သော်လည်း နာဗီလ်မှာ အပြစ်ပေးခံရသူများက လုံးဝမညည်းညူမည်ကို သေချာသိသည်။
ရှုယီမှာ ကိစ္စများကို မျှမျှတတဆောင်ရွက်သောကြောင့် Frestech ကုန်သည်ကြီးများအသင်းတွင် အကြွင်းမဲ့အာဏာရှိသည်။ အမှားလုပ်သူများကို အပြစ်ပေးမည်ဖြစ်သလို ထိုက်တန်သူများကိုလည်း ဆုလာဘ်ချီးမြှင့်ရန် တုံ့နှေးနေမည်မဟုတ်ပေ။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းများ တိတ်တဆိတ်ဆွေးနွေးနေကြချိန်တွင် ၎င်းတို့ အလုပ်ကြိုးစားရန် ဆန္ဒရှိသရွေ့ ကောင်းကောင်းဆုချခံရမည်မှာ သေချာသည်ဟု ခံစားကြရသည်။
နာဗီလ် ရှုယီထံ အစီအရင်ခံနေစဉ်တွင် စွင့်ကားတောင်ပံမှာ ပင်လယ်ကို တည်ငြိမ်သည့်နှုန်းထားဖြင့် ဖြတ်သန်းနေသည်။
ရှုယီက နာဗီလ်ကိုနားထောင်နေရင်း နီးကပ်လာသည့် ကမ်းရိုးတန်းကိုကြည့်လိုက်ရာ အဝေးမှ အနက်ရောင်မီးခိုးငွေ့များထွက်လာကြောင်း တွေ့ရလေသည်။
ရှုယီလည်း အံ့အားသင့်ကာ နာဗီလ်ထံမှာ မှန်ဘီလူးကို ယူရင်း ကမ်းရိုးတန်းကိုကြည့်လိုက်လေသည်။
မှန်ဘီလူးမှတဆင့် ကမ်းရိုးတန်းရှိ ပုံသဏ္ဍာန်များစွာကို မြင်တွေ့ရသော်လည်း ဝေးလံလှသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
နာဗီလ်သည်လည်း ကမ်းရိုးတန်းထက်ရှိ ဖြစ်ပွားနေသည့် ထူးဆန်းသည့်အရာများကို သတိထားမိသည်။ ရှုယီကို မေးမည်အပြု၌ ကမ်းရိုးတန်းမှ ပေါက်ကွဲမှုတစ်ခု ရောက်လာ၏။
ထိုမျှ အဝေးမှ ပေါက်ကွဲမှုဟာ ဤမျှ ရှင်းလင်းနေရာ မည်မျှအထိ ကျယ်လောင်သည်ကို ပြသနေသည်။
ရှုယီနှင့် နာဗီလ်သာ ၎င်းကို သတိထားမိရုံသာမက အခြားအဖွဲ့ဝင်များအားလုံးလည်း ကမ်းရိုးတန်းကိုလှည့်ကြည့်၍ အားလုံးအံ့ဩနေကြတော့သည်။
ရှုယီလည်း မှန်ဘီလူးကိုချကာ နာဗီလ်ထံ လေးနက်စွာ ပြောလိုက်လေ၏၊ “မြန်မြန်လှုပ်ရှားဖို့ အမိန့်ပေးလိုက်တော့ ကျုပ်တို့ ဆန်နက်ဆိပ်ကမ်းကို အမြန်သွားဖို့လိုတယ်!”
နာဗီလ်မှာ အမြန်ပြန်ဖြေလိုက်ပြီးနောက် မှော်ဆက်သွယ်ရေးကိရိယာကိုထုတ်၍ အရှိန်မြှင့်ရန် အဖွဲ့ကို အမိန့်ပေးလိုက်လေသည်။
တစ်အောင့်ကြာပြီးနောက် စွင့်ကားတောင်ပံက တုန်ယင်လာကာ ဧရာမသင်္ဘောကြီးမှာ တဖြည်းဖြည်းချင်း စတင်၍ မြန်မြန်ရွေ့လာတော့သည်။ ၎င်းက တစ်နာရီ သုံးဆယ်ကီလိုမီတာမှ တစ်နာရီ လေးဆယ်ကီလိုမီတာကျော် အမြန်နှုန်းအထိ ဖြစ်သွား၏။
ဤသည်မှာ စွင့်ကားတောင်ပံ၏ လက်ရှိ အမြန်ဆုံးနှုန်းထားဖြစ်ပြီး ၎င်းတို့၏ အကုန်အကျက များစွာတိုးကာ ပုံမှန်အကုန်အကျထက် နှစ်ဆတက်သွားနိုင်သဖြင့် ပုံမှန်ဆိုလျှင် လှုပ်ရှားမည်မဟုတ်ပေ။
ထို့အပြင် ဤအနေအထားက သင်္ဘောကြီးတစ်ခုလုံးအပေါ် ဖိအား အဆများစွာ ပိုလာသဖြင့် ထိန်းချုပ်မှုမှ အလွယ်လေးလွတ်သွားနိုင်သည့် အပိုင်းများရှိသည်။
သို့သော် ဤအခြေအနေတွင် ၎င်းကို များများစားစားဂရုမစိုက်နိုင်ကြချေ။
ကမ်းရိုးတန်းကို အမြန်ချဉ်းကပ်လာသော် ရှုယီမှာ မှန်ဘီလူးမှတဆင့် ကမ်းရိုးတန်းရှိ အခြေအနေကို မြင်နိုင်နေရာ သူ၏အမူအရာက မှောင်မိုက်နေတော့သည်။
ဤဆန်နက်ဆိပ်ကမ်းအား အဆုံးမဲ့ပင်လယ်အနီး၌ တည်ဆောက်ထားရာ ရည်ရွယ်ချက်မှာ ဆန်နက်မြေရိုင်းရှိ စက်ရုံတိုင်းကို ဆိပ်ကမ်းအနီးရှိ ပင်လယ်နှင့် ချိတ်ဆက်ပြီး ရေကြောင်းပို့ဆောင်ရေးမှတဆင့် နယ်မြေကြီးထက်ရှိ အခြားနေရာများကို ပို့ဆောင်နိုင်ရန်ဖြစ်သည်။
ဤဆိပ်ကမ်းမှာ ဆန်နက်မြေရိုင်း၏ ပင်လယ်ပြတင်းပင်လယ်ပြတင်းပေါက်ဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများလက်အောက်ရှိ စက်ရုံများစွာအတွက် အင်မတန်အရေးပါလှသည်။
၎င်းကို ယခင်နှစ်ကတည်ဆောက်ခဲ့ပြီး ယခုအထိ ဆိပ်ကမ်းက တစ်ဝက်သာပြီးမြောက်သေးသည်။ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းအပေါ် ရွှေဒင်္ဂါးသုံးသန်းကျော် ရင်းနှီးမြှုပ်နှံထားပြီးသားဖြစ်၏။
ထို့အပြင် ဤဆိပ်ကမ်းကို အသုံးပြုရန် Frestech ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းတို့မှာ ဆန်နက်မြေရိုင်းတစ်ခုလုံးမှတဆင့် လမ်းတစ်လမ်းတည်ဆောက်ခဲ့ပြီး ကီလိုမီတာငါးရာကျော် ရှည်လျားသည်။
ဤလမ်းနှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါးတစ်သန်းနီးနီးကုန်ကျခဲ့ပါ၏။
ထို့ကြောင့် ရှုယီမှာ ဤဆိပ်ကမ်းအပေါ် မည်မျှအရေးထားသည်ကို မြင်နိုင်သည်။
သို့သော်လည်း ယခုတွင် လက်ထဲ၌ လက်နက်ကိုင်ထားသည့်လူများစွာက ဆိပ်ကမ်း၌ ပတ်ပြေးနေကြလေသည်။
အပြင်ဘက်မှ ပျံလာပြီး ဆိပ်ကမ်းထက်ဆင်းသက်သွားသည့် မီးလုံးများစွာရှိနေကာ ဆိပ်ကမ်းတွင် မီးတောက်ပင်လယ်ကြီးတစ်ခုကို ဖန်တီးနေသည်။