← Chapters

အခန်း (၁၃၁-၁၄၀)

Vol. 4 Ch. 131-140

အခန်း (၁၃၁-၁၄၀)

Vol. 4 Ch. 131-140

Vol 4, အခန်း ၁၃၁။ ဘုရင်မက လက်ထပ်သင့်တယ်

ဆယ်ဗီနီ၏ ထီးနန်းတက်ပွဲပြီးကတည်းက လမ်ပူရီတိုင်းပြည်၏ ထီးနန်းဆက်ခံသူမှာ နိုင်ငံ၏ လူများစွာအတွက် ပြဿနာဖြစ်လာခဲ့သည်။

လမ်ပူရီဆယ့်သုံးနှင့် ဘုရင်ကြီးအဲရစ်တို့ သေဆုံးပြီးနောက် ဆယ်ဗီနီ ထီးနန်းလွှဲယူလိုက်ပြီးချိန်တွင် လမ်ပူရီတိုင်းပြည် တော်ဝင်မိသားစု၏ ဆက်ခံသူများမှာ ဆယ်ဗီနီ၏ ဒုတိယအကြီးဆုံးအစ်ကို မီဖန်းနှင့် အဲရစ်၏ သားတော်ဖြစ်သူ မင်းသားလေးဝီလျံတို့သာ ကျန်ခဲ့သည်။

မင်းသားလေး မီဖန်းက လက်ထပ်ပြီးဖြစ်သော်လည်း လက်ရှိတွင် မည်သည့် ကလေးမှမရှိသလို ဘုရင်မဆယ်ဗီနီသည်လည်း လက်မထပ်ရသေးပေ။

ဤသည်က ဘုရင်မဆယ်ဗီနီသာ တစ်ခုခုဖြစ်သွားလျှင် ထီးနန်းဆက်ခံရန် အရည်အချင်းရှိမည့်သူမှာ မင်းသားလေးဝီလျံနှင့် မင်းသားလေးမီဖန်းသာ ရှိသည့် အဓိပ္ပာယ်ပင်။

သို့သော် မင်းသားလေးဝီလျံမှာ ဘုရင်ကြီးအဲရစ်၏သားတော်ဖြစ်၏။ ဘုရင်ကြီးအဲရစ်က လမ်ပူရီဆယ့်သုံးကို အဆိပ်ခတ်ခဲ့ပြီး မင်းသားလေး ဝီလျံက ဘုရင်မဆယ်ဗီနီနှင့် ပြည်တွင်းစစ်ကို စတင်ခဲ့ဖူးသဖြင့် ဘုရင်ကြီးအဲရစ်၏ သားတော် မင်းသားလေးဝီလျံမှာ ဆက်ခံသူ စာရင်းမှ အလိုအလျောက်ဖယ်ရှားခံလိုက်ရပြီဖြစ်သည်။

ထို့အပြင် မင်းသားလေး မီဖန်းမှာ နိုင်ငံ၌ အသုံးမကျဟု လူသိများ၏။ လမ်ပူရီဆယ့်သုံး အဆိပ်ခတ်ခံခဲ့ရချိန်၌ဖြစ်စေ ဆယ်ဗီနီ ထီးနန်းဆက်ခံချိန်ကဖြစ်စေ ဤမင်းသားလေးမှာ မည်သည့်အမြင်တစ်ချက်ကိုမှ မပြခဲ့ပေ။ သူဟာ သူ၏နယ်မြေ၌သာ အပြင်လောကနှင့် အဆက်အဆံမရှိဘဲ နေပါ၏။

ထိုလူအတွက် ထီးနန်းကိုဆက်ခံဖို့ မဖြစ်နိုင်ပေ။

ထို့ကြောင့် ဤသို့ဆိုလျှင် လမ်ပူရီတိုင်းပြည်၌ ထီးနန်းဆက်ခံဖို့အတွက် သင့်တော်သူတစ်ဦးမှ မရှိချေ။

အစပိုင်းတွင် မည်သူကမှ ထိုကိစ္စကို ဂရုမစိုက်ခဲ့ကြ။

သို့သော် လမ်ပူရီတိုင်းပြည်က တဖြည်းဖြည်းတည်ငြိမ်လာပြီး နိုင်ငံက ဘုရင်မဆယ်ဗီနီ၏ အုပ်ချုပ်မှုအောက်၌ အမြန်အဆန် ကြွယ်ဝလာပြီး နေ့စဉ်နေ့တိုင်းနိုင်ငံအင်အားတိုးလာခြင်းကြောင့် လမ်ပူရီတိုင်းပြည်သားများမှာ ဆယ်ဗီနီ၏ အမျှော်အမြင်ရှိရှိ အုပ်ချုပ်မှုကို ချီးကျူးနေကြစဉ်တွင် သူမ၏ ဆက်ခံသူကိစ္စကိုလည်း စိုးရိမ်စပြုလာကြသည်။

လမ်ပူရီတိုင်းပြည်ရှိ သတင်းစာအားလုံးက ၎င်းကို ဆွေးနွေးနေကြပြီး အားလုံး တူညီသည့် ကောက်ချက်ကို ဆွဲကြ၏။

ဘုရင်မအတွက် ဤပြဿနာကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ လက်ထပ်ရန်ပင်။

ဘုရင်မဆယ်ဗီနီ ကလေးမွေးပေးလိုက်သည်နှင့် ထိုလူမှာ သဘာဝကျကျပင် ထီးနန်းဆက်ခံရန် အသင့်တော်ဆုံးလူဖြစ်လာလိမ့်မည်။

ကောက်ချက်ဆွဲကြပြီးနောက် နိုင်ငံရှိ လူအများအပြားမှာ ထိုကိစ္စအတွက် ကသောင်းကနင်းတစ်ခု စတင်ဖန်တီးလာသည်။

ဘုရင်မ ဆယ်ဗီနီက လမ်ပူရီတိုင်းပြည်၏ ဘုရင်မဖြစ်ရာ သူမ၏ အဆင့်အတန်းကို ဖော်ပြနေဖို့မလိုပေ။

ဘုရင်မဆယ်ဗီနီအား အကြွင်းမဲ့လှပသည်ဟု သတ်မှတ်မရနိုင်သော်လည်း သူမ၏ တက်ကြွသောအကျင့်စရိုက်နှင့် နွေးထွေးသည့် အပြုံးတို့ကြောင့် ပထမတန်းအလှလေးတစ်ဦးဖြစ်နေဆဲပင်။ သူမ၏ ဘုရင်မ အဆင့်အတန်းကို ဘေးချိတ်ထားလိုက်ပြီး မိန်းကလေးတစ်ဦးအဖြစ်သာ ရှုမြင်မည်ဆိုလျှင်တောင် အင်မတန် ထူးချွန်ထက်မြတ်လှသည်။

ဤသို့သော မြင့်မြတ်လှသည့် အဆင့်အတန်း၊ လှပသောမျက်နှာနှင့် တက်ကြွသည့်အကျင့်စရိုက်ရှိကာ ဤနှစ်မှ သက်တော် နှစ်ဆယ့်‌လေးနှစ်သာ ရှိသေးသော ဘုရင်မမှာ လက်ထပ်ခြင်းမပြုရသေးသလို သတ်မှတ်ထားသည့် အပေါင်းအဖော်ပင်မရှိလေရာ လမ်ပူရီတိုင်းပြည်မဆိုထားနှင့် စိုင်စ်နယ်မြေကြီး၌ပင် ရှားပါးလှသည်ဟု သတ်မှတ်၍ရသည်။

ထို့အပြင် ဘုရင်မက အမြဲတမ်း ဂုဏ်သတင်းကောင်းရှိပြီး ကောလဟာလပင် မရှိဖူးချေ။

ဤသည်ကို မှန်သည်ဟု ယူဆ၍တော့မရ။

လမ်ပူရီဆယ့်သုံး အသက်ရှိစဉ်အခါက မင်းသမီးလေးဆယ်ဗီနီမှာ ရှုယီနှင့် အချိန်ကြာညောင်းစွာ အတူရှိနေခဲ့သဖြင့် ပြည်သူများအကြား သူမနှင့် ရှုယီအကြောင်း ကောလဟာလများရှိဖူးသည်။

သို့သော် ထိုကောလဟာလများက အမြဲပြောင်းလဲနေ၏။ အရေးအကြီးဆုံးအရာမှာ ရှုယီ လက်ထပ်၍ ကလေးတစ်ယောက်ရပြီးနောက် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ကြသည်ပင်။

ပြောရလျှင် မည်သို့ဖြစ်ဖြစ် မင်းသမီးလေးဆယ်ဗီနီဖြစ်စေ ဘုရင်မဆယ်ဗီနီဖြစ်စေ ဇနီးရှိပြီးသား လူတစ်ယောက်ကို လက်ထပ်ဖို့တော့ မဖြစ်နိုင်ပေ။

လမ်ပူရီတိုင်းပြည်ရှိ လူအများစု၏ စိတ်ထဲ၌ Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီတို့က အမြဲတမ်း ဂုဏ်သတင်းကောင်းရှိသော်လည်း ဤနေရာ၌ အခွင့်အရေးရှိရန် မဖြစ်နိုင်။

သို့သော် ရှုယီမှလွဲ၍ ဘုရင်မဆယ်ဗီနီမှာ အခြားအမျိုးသားတစ်ဦးကို ချဉ်းကပ်သည့် လက္ခဏာမျိုး မပြဖူးပေ။

ဤသည်က လမ်ပူရီတိုင်းပြည်ရှိ လူအများကြား ပူပန်မှုကို ဖြစ်စေသည်။

ဘုရင်မသာ လက်မထပ်ဘဲ ဆက်ရှိနေလျှင် လမ်ပူရီတိုင်းပြည် ဆက်ခံသူပြဿနာက ပုန်းကွယ်နေသည့် အန္တရာယ်ကြီးဖြစ်လာပေလိမ့်မည်သာ။

ထို့ကြောင့် ပြည်သူများစွာမှာ ဆယ်ဗီနီ၏ လက်ထပ်ပွဲကို ဂရုစိုက်လာရုံသာမက ဝန်ကြီးများနှင့် မျိုးရိုးမြင့်အားလုံးတို့လည်း အများရှေ့ဖြစ်စေ သီးသန့်ဖြစ်စေ စတင်ပြောလာကြသည်။ ၎င်းတို့မှာ ဘုရင်မဆယ်ဗီနီအား ထိုအကြောင်း အကြံများပေးလျက် လက်ထပ်ပွဲကိစ္စကို အသေအချာစဉ်းစားလိမ့်မည်ဟု မျှော်လင့်နေကြသည်။

ဆယ်ဗီနီ စတက်တိန်းနယ်မြေသို့ ရောက်လာချိန်တွင် ရှုယီထံ တိတ်တဆိတ် ညည်းညူလာခဲ့သည်။ သူမထံ၌ စတက်တိန်းနယ်မြေသို့ လာရခြင်းအကြောင်း၏ အခြားအရေးပါသောအကြောင်းပြချက်မှာ ထိုလူများကို ရှောင်ရှားရန်ဖြစ်၏။

“သူတို့အားလုံး ဘာတွေစဉ်းစားနေမှန်းတော့မသိဘူး၊ အားလုံးက ကျွန်မ လက်ထပ်မှာကို မြင်ဖို့စောင့်စားနေကြတာ... ဟုတ်ပါပြီ သူတို့က ဘုရင်တစ်ပါးရှာပြီး ကျွန်မလက်ထပ်ပြီး ကလေးမွေးပေးဖို့ မျှော်လင့်နေကြတာလေ။ သူတို့က ကျွန်မကို ဘယ်လိုဆက်ဆံနေကြတာလဲ? ကလေးမွေးတဲ့စက်လိုလား?”

ဆယ်ဗီနီ ယခင်က သူ့ထံ မည်သို့ ညည်းညူခဲ့ဖူးသည်ကိုစဉ်းစားရင်း ရှုယီမှာ မနေနိုင်ဘဲ တစ်ချက်ပြုံးမိသည်။

စတေးလ်ကို အပြုံးဖြင့် လှည့်ကြည့်ကာ ရှုယီ ပြောလိုက်ပါ၏၊ “ဘာလဲ? ဆယ်ဗီနီက ခင်ပွန်းတစ်ယောက်လိုအပ်နေရင်တောင် ကိုယ့်လို လက်ထပ်ပြီးသားယောက်ျားဆီ လှည့်လာဖို့မဖြစ်နိုင်ဘူးလေ။ ဘာ‌ကို စိုးရိမ်နေတာလဲ?”

စတေးလ်က တစ်ချက် နှာမှုတ်ကာ၊”လိုအပ်ရင် သူမ ဘာမဆို လုပ်နိုင်တယ်ဆိုတာ ကျွန်မသေချာသိတယ်။”

ရှုယီမှာ မနေနိုင်ဘဲ မျက်လုံးများလှိမ့်လိုက်ကာ၊ “ဒါကို စိုးရိမ်နေမယ့်အစား နတ်သူငယ်တွေကို စိုးရိမ်သင့်တယ်။ အရင်တစ်ခေါက်က အကြီးအကဲ လီဆန်ယာ ကိုယ့်ကို နောက်ဆုံး ရာဇသံပေးခဲ့တယ်။ ကိုယ်သာ တစ်နှစ်အတွင်း နတ်သူငယ်လက်တွဲဖော်တစ်ယောက် မရွေးနိုင်ရင် သူမက ပိုပြီး အားကောင်းတဲ့နည်းလမ်းတွေသုံးဖို့ စဉ်းစားမိနိုင်တယ်တဲ့လေ။”

“အားကောင်းတဲ့နည်းလမ်း?” စတေးလ်က ရှုယီကို ကြည့်ရင်း ရယ်ရသလိုခံစားလိုက်ရသည်၊ “ဘယ်လိုအားကောင်းတာလဲ? နတ်သူငယ်မလေးတွေကို ကိုယ့်ကိုယ်ကို ရှင်ဆီရောက်လာအောင် တွန်းအားပေးမှာလား?”

ရှုယီက ပခုံးတွန့်၏၊ “ဒါက မသေချာပါဘူး။ အကြီးအကဲလီဆန်ယာ အကျင့်နဲ့ဆို အဲ့လိုလည်း ဖြစ်နိုင်လောက်တယ်။”

စတေးလ်က တစ်ချက်ပြုံးသည်၊ “ဒါက ရှင့်အတွက် ကိစ္စကောင်းပဲ မဟုတ်လား? ရှင် စောင့်နေပြီမဟုတ်လား?”

ရှုယီက မျက်လုံးများလှိမ့်ပြလိုက်သည်၊ “ကိုယ်သာတကယ်ပဲ ဒါကို စောင့်နေမယ်ဆို အကြီးအကဲ လီဆန်ယာက ဘယ်လိုလုပ် နောက်ဆုံး ရာဇသံကို ပေးမှာတဲ့လဲ?”

“ရှင်က အားအပြည့်နဲ့ ဆက်ဆံခံရမှာကို ကြိုက်နေတာလည်း ဖြစ်နိုင်တာပဲလေ။” စတေးလ်က အသာပြုံးသည်။

ရှုယီလည်း ဒေါသအပြည့်ဖြစ်သွားရ၏။ သူဟာ စတေးလ်ကို ကောက်ပွေ့၍ သူ၏ အခြားလက်ဖြင့် သူမ၏ ကြီးမားကာ ပျော့အိသည့် တင်ပါးများကို ရိုက်ချလိုက်ပါ၏။

“မင်းကမှ အားအပြည့်နဲ့ ဆက်ဆံခံရတာကို သဘောကျတဲ့လူလို့ ထင်တာပဲနော်! ကိုယ်က အဲဒါကို အခုမလုပ်လောက်ဘူးလို့ ယုံနေတာလား?”

စတေးလ်က ရှုယီကို ဆွဲဆောင်မှုရှိရှိ မျက်စိတစ်ဖက်မှိတ်ပြသည်၊ “လာလေ နွေးထွေးစွာကြိုဆိုပါတယ်။”

ရှုယီ၏ စိတ်နှလုံးထဲ၌ ဆန်တက်လာသည့် မကောင်းဆိုးဝါးမီးတောက်တစ်ခုရှိနေသည်။ သူဟာ စတေးလ်ကို ကောက်ပွေ့၍ မှော်အစွမ်းသုံးကာ စတေးလ်ကို သယ်ရင်း အိမ်တော်ထံ ပျံသွားဖို့ပြင်လိုက်သည်။

သို့သော် ၎င်းတို့ လှုပ်ရှားတော့မည်အပြုတွင် တစ်ချိန်တည်းမှာပဲ အမူအရာများ ပြောင်းလဲသွားကြ၏။

ရှုယီ တက်သွားတော့မည့်အပြု၌ သူ၏ မှော်စွမ်းအားက ရုတ်တရတ် ထွက်လာကာ ဘေးပတ်လည်တွင် အပြာရောင်မှော်အကာရံတစ်ခုကို ဖန်တီးလိုက်သည်။

အနီးရှိ ပင်လယ်၌ ဝဲဂယက်နှယ် ထွက်လာသည့် ဧရာမ ရေပန်းကြီးတစ်ခုရှိနေကာ ၎င်းတို့နှစ်ဦးထံ ပျံလာသည်။

ထို‌ဝဲဂယက်က မှော်အကာအရံကို ရိုက်ခတ်၍ အသံတစ်ချက်ထွက်လာသည်။

ရှုယီ၏ လေထဲ၌ရှိနေသည့် ကိုယ်တစ်ဝက်က ရုတ်တရတ် အားကောင်းကောင်းဖြင့် လွင့်ပျံသွားတော့သည်။

ရှုယီသာ သူ၏ မှော်စွမ်းအင်အားလုံးကို မသုံးဘဲ ၎င်းတို့ကို နှေးကွေးစေမည့် ပျံသန်းမှော်ပညာကို သုံးလိုက်လျှင် တောင်ကုန်းနှင့် ရိုက်မိသွားနိုင်သည်။

ရှုယီမှာ မိမိကိုယ်ကိုတည်‌ငြိမ်အောင်လုပ်လိုက်ရုံသာတတ်နိုင်၏။ သူက လက်ထဲရှိ စတေးလ်ကို ငုံ့ကြည့်လိုက်ရာ သူမက ထိတ်လန့်နေသော်လည်း ဒဏ်ရာမရကြောင်း မြင်လိုက်ရသဖြင့် စိတ်သက်သာသွားသည်။

ဝေ့ဝဲကြည့်လိုက်သော် အရိပ်တစ်ခုလေးပင် မမြင်ရချေ။

သူ့အား ပို၍ အံ့ဩစေသည်မှာ ၎င်းတို့ဘေးပတ်လည်၌ မည်သို့သော မှော်ဒြပ်စင်စွမ်းအင် အတက်အကျမှ ရှိမနေခြင်းပင်။

၎င်းတိုက်ခိုက်မှုက ရုတ်တရတ်ကြီးရောက်လာခဲ့သည်သာ။ သူနှင့် စတေးလ်တို့က ရေဝဲတိုက်ခိုက်လာချိန်၌ မှော်ဒြပ်စင်စွမ်းအင်အတက်အကျကို အာရုံခံမိလိုက်ခြင်းကြောင့်သာ မဟုတ်ပါလျှင် ဤထက်ပိုဆိုးနေလောက်ပြီဖြစ်၏။

သို့သော် ရန်သူက အဘယ်၌ရှိနေသနည်း?

ထိုသို့စဉ်းစားလိုက်ချိန်၌ ပင်လယ်မှ ရေစီးကြောင်းနှစ်ခု ထွက်လာပြီး ရှုယီနှင့် စတေးလ်တို့ရှိရာဘက် အမြန် ပျံလာကြသည်။

ရှုယီက စတေးလ်ကို လွှဲပေးပြီး လေထဲတွင် သူမဘာသာ မျောနေစေလိုက်သည်။ သူဟာ လက်မြှောက်၍ ရေနဂါးတစ်‌ကောင် ရှေ့တိုးလာချိန်၌ အခြားမှော်အကာအရံကိုဖန်တီးလိုက်၏။

ရေနဂါးနှစ်‌ကောင်က အတူတကွ တိုက်လိုက်ရာ ရှုယီလည်း တုန်ယင်သွားသည်။ သူဟာ သူ၏ မှော်စွမ်းအားက တိုက်မိခြင်းမှ အားလျော့လာသည်ကို ခံစားလိုက်ရသဖြင့် မတုန်လှုပ်မိဘဲ မနေနိုင်တော့ပေ။

ဤလူမှာ ၎င်းတို့၏ မြင်ကွင်း၌ မရှိသည်မှာ သိသာလှပြီး အဝေးမှနေ၍ ရေနဂါးများဖြင့် တိုက်ခိုက်နေသော်လည်း ဤသို့သောကြောက်မက်ဖွယ်စွမ်းအားကို ထုတ်ပြနိုင်နေဆဲဖြစ်သည်။

တစ်ဘက်၏ မှော်ပညာက ရှုယီကို သေချာပေါက် ကျော်လွန်နေသည်အား မြင်ကြည့်နိုင်သလို မဟာမှော်ပညာရှင်အဆင့်ပင် ဖြစ်နိုင်၏။

၎င်းကို စဉ်းစားမိပြီး ရှုယီမှာ အံ့ဩ ဒေါသဖြစ်လာသည်။ ဘေးဘီကို ကြည့်လျက် အသံနက်နက်ဖြင့် အော်လိုက်၏၊ “ခင်ဗျားက မဟာမှော်ပညာရှင်တစ်ဦးအနေနဲ့တောင် ဒီလိုပုန်းနေမှတော့ မှော်ပညာရှင်အားလုံးအတွက် တကယ်ကို အရှက်ရစရာပဲ!”

သူအသံဆုံးသွားချိန်၌ အမှောင်ထုထဲမှ ရယ်သံတစ်ချက်ထွက်လာသည်။

ထို့နောက် ရှုယီနှင့် မနီးမဝေး ဟင်းလင်းပြင်၌ အာကာပြင် ဆုတ်ပြဲသွားသလို အခြေကို မြင်ရန် နက်ရှိုင်းလွန်းလှသည့် အက်ကြောင်းတစ်ခုပေါ်လာသည်။

ထိုရယ်သံက အက်ကြောင်းမှလာပြီးနောက် အနက်ရောင်ပုံရိပ်တစ်ခု ပေါ်လာ၏။

“မှော်ပညာရှင်တွေအတွက် အရှက်ရစရာကိုပြောမယ်ဆိုရင် ဥက္ကဌရှု ကုန်သည်တစ်ဦးဖြစ်တာကို အခိုင်အမာရပ်တည်နေပြီး ကုန်သည်တစ်ဦးအဆင့်အတန်းက မှော်ပညာရှင်တစ်ဦးထက် ပိုအရေးပါတယ်လို့ ပြောနေတဲ့ မင်းကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ?”

ရှုယီ၏ စတေးလ်၏လက်ကို ကိုင်ထားသော လက်က လက်တစ်ချောင်းဖြင့် သူမလက်ဖဝါးထက် အကြိမ်ရေတချို့ ရေးဆွဲလိုက်သည်။ ထို့နောက် သူဟာ အက်ကြောင်းမှ ထွက်လာသည့် ပုံရိပ်ကို စိုက်ကြည့်ကာ ထိုလူက မဟာမှော်ပညာရှင်ဖြစ်လောက်ကြောင်း သေချာနေ၏။ သူဟာ လေးလေးနက်နက်ဆိုလိုက်လေသည်၊ “အနည်းဆုံးတော့ ကျုပ်က လူတစ်ယောက်ကို ချုံခိုတိုက်တာမျိုး မလုပ်ဖူးဘူးလေ။ ခင်ဗျားက မဟာမှော်ပညာရှင်ဖြစ်ပေမယ့် ဒီလိုလုပ်နေတုန်းပဲဆိုတော့ မရှက်ဘူးလား?”

“ရှက်ရမယ်?” ထိုလူက ခြောက်ကပ်ကပ် နှစ်ချက်ခန့်ရယ်သည်၊ “ငါ ရူနာက အမြဲတမ်း ကျုပ်လုပ်ချင်တာကို လုပ်ခဲ့တာ ရှက်တယ်ဆိုတာလိုမျိုး အဓိပ္ပာယ်မရှိတာတွေကို ဘယ်လိုဂရုစိုက်နေရမှာလဲ။ အခုနက ငါ ပုန်းနေတော့ ဒီမိန်းကလေးနဲ့ အရင်ကစားချင်လို့ပဲ။ မင်းရဲ့ လုပ်ဆောင်ချက်ကို သုံးသပ်ရရင် မင်းရဲ့မှော်အစွမ်းက ကောင်းတယ်လို့ ယူဆရတာပဲ၊ မင်းက လမ်ပူရီတိုင်းပြည်ရဲ့ အရည်အချင်းအရှိဆုံးလူငယ်မှော်ပညာရှင်လို့ သတ်မှတ်ခံထားရတာ အံ့ဩစရာမရှိပါဘူး။ မင်းက စီးပွားရေးလုပ်တဲ့နေရာမှာပဲ အချိန်အများကြီးနဲ့ စွမ်းအင်တွေကို သုံးချင်နေတာ နှမျောစရာပဲ။ မင်းသာ မှော်ပညာ လေ့လာတဲ့နေရာမှာ အချိန်အားလုံးကို မြှုပ်နှံထားရင် ဆယ်နှစ်မပြည့်ခင် ငါ့ကို ကျော်တက်နိုင်ပါတယ်။”

“ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် ဒီလိုပြောတဲ့လူများနေပြီဆိုတော့ ထပ်ပြီး ခင်ဗျားကို မပြောစေချင်တော့ဘူး။” ရှုယီက အေးစက်စက်ဆို၏။

“အိုး? ဒီလိုလား? ငါက လူတွေနဲ့ စကားတွေ ဖြုန်းတီးရတာမကြိုက်ဘူး အထူးသဖြင့် သေတော့မယ် လူနဲ့ပေါ့။” ထိုလူ၏ အသံက တဖြည်းဖြည်းအေးစက်လာသည်၊ “အခု နာနာခံခံနဲ့ မင်းရဲ့ သေဆုံးမှုကို လက်ခံလိုက်!”

ထိုလူ၏ လက်ထဲတွင် မှော်အလင်းတစ်ခု တောက်ပလာကာ ရှုယီကို အသက်ပြင်းပြင်းရှူထုတ်မိသွားစေသည်။

တစ်ဖက်၏ မှော်စွမ်းအားက သူနှင့် စတေးလ်တို့ကို ကျော်လွန်နေရာ ဤသည်က ဤလောကသို့ ကူးပြောင်းလာပြီးကတည်းက ကြုံခဲ့ဖူးသည့် အခက်ခဲဆုံးတိုက်ပွဲပါပင်။

သို့သော် စတေးလ်၏ အိတ်ကပ်ထဲရှိ မှော်ဆက်သွယ်ရေးကိရိယာ တောက်ပလာသည်ကို မြင်သော် ရှုယီ၏ စိတ်မှာ သက်သာသွားသည်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၃၂။ ကမ္ဘာပျက်ကိန်း တရားစီရင်ခြင်း

“ဟုန်း!”

ဧရာမမီးလုံးကြီးတစ်လုံးက ရှုယီကို ကျော်ဖြတ်ကာ တောင်ကုန်းကို ရိုက်ခတ်သွားပြီး ဧရာမပေါက်ကွဲသံကို ဖန်တီးလျက် တောင်ကုန်း၌ ကြောက်မက်ဖွယ်တွင်းကြီးတစ်တွင်းကို ဖန်တီးလိုက်၏။

ရှုယီနှင့် စတေးလ်တို့လည်း ပျံဆင်းလာပြီး နှစ်ဦးသား အသက်လုရှူနေကြသည်။

၎င်းတို့ ရုတ်တရတ် ပေါ်လာသည့် ဤမဟာမှော်ပညာရှင်တိုက်ခိုက်နေခဲ့သည်မှာ သုံးမိနစ်အောက်သာရှိသေးသော်လည်း နှစ်ယောက်သားမှာ ကျွမ်းကျင်သမျှ အားလုံးကို သုံးပြီးနေပြီး အနီးကပ်တိုက်ခိုက်မှုများစွာလည်း လုပ်ပြီးဖြစ်သည်။

အခြားနည်းလမ်းမရှိပေ၊ မဟာမှော်ပညာရှင်တစ်ဦးက သာမန်မှော်ပညာရှင်တစ်ဦးနှင့် ခြားနားပါ၏၊ နှစ်ဦးအကြား ယှဉ်နိုင်စရာမရှိပေ။

ရှုယီမှာ မဟာမှော်ပညာရှင်ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့လျှင်တောင် ဤအဆင့်ကို မချိုးဖြတ်နိုင်ခင် မဟာမှော်ပညာရှင်နှင့် ပြိုင်ဘက်မဟုတ်ချေ။

သို့သော် နှစ်ဦးသားမှာ ဒီတိုင်းထိုင်ပြီး သေဖို့ စောင့်မနေနိုင်ပေ။

မဟာမှော်ပညာရှင်ကမ်မီလာ၏ သင်ကြားမှုများကြောင့် နှစ်ဦးမှာ မဟာမှော်ပညာရှင်တစ်ဦး၏ မှော်ပညာထိန်းချုပ်မှုကို သေချာနားလည်ထားသည်။ ထိုနားလည်မှုကြောင့် ထိုမဟာမှော်ပညာရှင်၏ အပြင်းအထန်တိုက်ခိုက်မှုအောက်၌ ၎င်းတို့ကိုယ်ကိုယ်ထိန်းထားနိုင်ခြင်းပင်။

နှစ်ဦးက သူ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းက အပြင်းအထန် ဒဏ်ရာရခြင်းမှ ရှောင်ရန် အထိအခိုက်အပိုင်းကို ဆန့်ကျင် ကာကွယ်ဖို့ မှော်အစွမ်းများ တစ်ခါတရံသုံးလာသည်ကို မြင်သော် မဟာမှော်ပညာရှင်က ရုတ်တရတ် ရယ်မောလိုက်လေ၏။

“ငါပြောမယ် မင်းတို့နှစ်ယောက် မကြာခင် လက်လျှော့လိုက်သင့်တယ်။ မင်းတို့ကို တစ်ယောက်ယောက်လာကယ်မယ်ထင်မနေနဲ့။ မင်းတို့ ဒီလိုဆက်လုပ်နေရင်တောင် ငါက ဒီတစ်ဝိုက်မှာ အာကာပြင်သီးခြားအစီအရင်ကို ချထားပြီးသားဆိုတော့ ဒီကနေ ထွက်သွားမယ့် ဘာအသံမှရော ပုံရိပ်မှရော ရှိမှာမဟုတ်တာကြောင့် ဘယ်သူကမှ မင်းတို့ ဘာဖြစ်နေမှန်း သိမှာမဟုတ်ဘူး။”

ရှုယီက အေးစက်စက်နှာမှုတ်၏။ တကယ်တမ်း ထို‌မဟာမှော်ပညာရှင်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေစဉ်၌ သူဟာ ဤအစီအရင်၏ တည်ရှိမှုကို သတိထားမိပြီးဖြစ်သည်။

ဤမဟာမှော်ပညာရှင် မှန်ပါ၏ ဤအစီအရင်မှာ အသံများ ပုံရိပ်များအားလုံးကို ပိတ်ဆို့ထားသည်။ ဤသည်မှာ ရှုယီ ယခင် တစ်ခေါက် အကြီးအကဲလီဆန်ယာနှင့် ပြောခဲ့စဉ်အချိန်ကို သက်သေပြနေသည်။

ဤသည်က နေ့ဘက်ဆိုလျှင် ဤဟင်းလင်းပြင်ဆိုင်ရာ မူမမှန်မှုက အခြားလူများ၏ အာရုံကို အလွယ်လေးဆွဲဆောင်နိုင်ပါ၏။

သို့သော် ယခုက ညဘက်ဖြစ်ပြီး ရှုယီ၏ ကိုယ်ပိုင်နယ်မြေဖြစ်ရာ မည်သူကမှ ရှိလိမ့်မည်မဟုတ်ပေ။ ညကို အကာအကွယ်ယူထားခြင်းအား ပေါင်းလိုက်လျှင် မည်သူကမှ ဤနေရာရှိ မူမမှန်မှုကို သတိပြုမိလိမ့်မည်မဟုတ်။

မှန်ပါ၏ ရှုယီမှာ ဤသည်ကို မျှော်မှန်းထားပြီးဖြစ်ရာ ချက်ချင်းပင် တုံ့ပြန်မှုတစ်ခုကို ရှာတွေ့ထား၏။

၎င်းတို့ ယခုလုပ်ဆောင်ရန် လိုသည်မှာ တတ်နိုင်သမျှ အချိန်ဆွဲထားဖို့ပင်။

၎င်းကိုစဉ်းစားရင် ရှုယီက ရပ်တန့်၍ ညာလက်ကို ထောင်လိုက်သည်။

ထိုမဟာမှော်ပညာရှင်က အံ့ဩသွားပြီးနောက် အပြုံးဖြင့်ဆိုလာ၏၊ “ဘာလဲ? နောက်ဆုံးတော့ အရှုံးပေးလိုက်တာလား?”

ရှုယီက သက်ပြင်းချ၍ ခေါင်းငြိမ့်ကာ ပြောသည်၊ “ကျုပ်တို့တွေ ဒီနေ့ မလွတ်နိုင်လောက်သလို သေတော့မယ်‌ဆိုပေမယ့် ကျုပ်တို့ကို နည်းနည်းလောက် နားလည်အောင် လုပ်ပေးနိုင်မလား။ ကျုပ်တို့ အရင်က မဆုံခဲ့ဖူးသလို ခင်ဗျားကို ဘယ်လို ဆန့်ကျင်ခဲ့မှန်း မသိတာတောင် ဘာလို့ ကျုပ်တို့ကို လုပ်ကြံဖို့ ရောက်နေတာလဲ?”

ထိုမဟာမှော်ပညာရှင်က ဆိုးရွားလှသောအသံဖြင့် ခပ်အက်အက်ရယ်သည်။

“မင်းတို့ တကယ်ကိုပဲ ငါ့ကို မဆန့်ကျင်ခဲ့ပေမယ့် မင်း.... မဟုတ်ဘူး ဥက္ကဌရှု မင်း လူအများကြီးကို ဆန့်ကျင်ခဲ့တယ်။ ဟုတ်ပြီ မင်းကသေတော့မယ်‌ဆိုမှတော့ မင်းကို ပြောပြမယ်။ ငါမင်းကို ဒီတစ်ခေါက် သတ်ဖို့လာတာဟာ ဒုခ် စတက်တိန်း ဖိတ်လိုက်တာကြောင့်ပဲ။ ဘယ်လိုဖြစ်တာလဲဆိုတော့ ငရဲကိုရောက်မှ ဖြည်းဖြည်းချင်းစဉ်းစားလိုက်တော့!”

သူ၏ အသံဆုံးသည်နှင့် ထိုမဟာမှော်ပညာရှင်က လက်ကိုတဖန် ယမ်းလိုက်ရာ စတေးလ်နှင့် ရှုယီတို့ထံသို့ မရေတွက်နိုင်သည့် အနီရဲရဲမီးလုံးများ ကျလာသည်။

ရှုယီနှင့် စတေးလ်တို့လည်း အချင်းချင်းကြည့်လိုက်ကြသည်။ ၎င်းတို့က လက်များချ၍ မခုခံသလိုနေလိုက်ကြ၏။

ထိုနှစ်ဦး၏ တုံ့ပြန်ပုံကိုကြည့်ရင်း ထိုမဟာမှော်ပညာရှင်မှာ တဖန် အပြုံးကြီးကြီးပြုံးလာသည်။

ဒုခ် စတက်တိန်းက ရှုယီကို ရှင်းရန် ရွှေဒင်္ဂါးငါးသိန်းထုတ်ပေးလာသည်။ သူဟာ ၎င်းက ခက်ခဲလွန်းလိမ့်မည်ဟု ထင်ခဲ့ပါသော်လည်း အင်မတန် လွယ်လှမည်ဟု ထင်မထားပေ။

“ဟုန်းဟုန်း ဟုန်းဟုန်း”

ရှုယီနှင့် စတေးလ်ထံ ကျဆင်းသွားသည့် မီးလုံးများမှာ ပေါက်ကွဲသံကြီးများကို ဖန်တီးလိုက်ကြလေသည်။

၎င်းမဟာမှော်ပညာရှင်က ရယ်မောလေ၏။ ဤလူနှစ်ဦးမှာ ခုခံရမည်ကို လက်လျှော့လိုက်ပြီး ဤမီးတောက်ကြီးများဖြင့် ထိခိုက်ခံလိုက်ရရာ အလောင်းများက လောင်ကျွမ်းသွားလောက်သာ်။

အင်မတန် လှသည့် ထိုစတေးလ်အမည်ရှိ မိန်းကလေးကတော့ နှမျောစရာကောင်းလှစွာ အသားကင်တုံးအဖြစ်ပြောင်းလဲသွားတော့မည်ဖြစ်ရာ ကောင်းကင်ဘုံ၏ လက်ဆောင်များကို ဖြုန်းတီးနေသလိုပင်။

သို့သော် သူ၏ အမူအရာက တစ်အောင့်ကြာပြီးနောက် ပြောင်းလဲသွားပါ၏။

မီးလုံးများ ရိုက်ခတ်သွားပြီးနောက် အသံရှင်းလင်းစွာ ထွက်လာ၏။ ၎င်းတို့ကိုသာရိုက်ခတ်သွားလျှင် လောင်ကျွမ်းသွားကာ အားကောင်းသည့် ပေါက်ကွဲသံထွက်လာပေမည်မဟုတ်ပေ။

မီးတောက်များ ပြန့်ကျဲသွားချိန်၌ မဟာမှော်ပညာရှင်က ထိုနှစ်ဦး၏ ဘေးပတ်လည်၌ ကာကွယ်ထားသည့် အပြာရောင် အကာအရံကို တွေ့လိုက်ရသည်။

ထိုမီးလုံးများက ၎င်းကို ထိမှန်နေပြီး နှစ်ဦးကို လုံးဝ မထိခိုက်စေပေ။

၎င်းမဟာမှော်ပညာရှင်က အပြာရောင်အကာရံကိုကြည့်ရင်း အမူအရာက အတန်ငယ်ပြောင်းလဲသွားပါ၏။ သူဟာ အေးစက်စက်နှာမှုတ်၏၊ “ဟမ့် မဟာမှော်ပညာရှင်ကမ်မီလာက တကယ်ကို ကပ်စီးမနဲဘူးပဲ၊ သူက တကယ်ပဲ ဒီလိုအဖိုးတန်တဲ့ မှော်အကာအရံကို မင်းတို့ကိုပေးခဲ့တယ်ပေါ့။”

စတေးလ်နှင့် ရှုယီတို့က အချင်းချင်းပြုံး၍ကြည့်လိုက်သည်။

မဟာမှော်ပညာရှင်ကမ်မီလာမှာ ဆင်းရဲ၍ နာမည်ကြီးရာ မည်သို့များ ဤသို့သော တန်ဖိုးကြီးမှော်အကာအရံကို ၎င်းတို့ထံ ပေးခဲ့မည်နည်း။

တကယ်တမ်း ၎င်းတို့သုံးနေသည့်အရာမှာ မဟာမှော်ပညာရှင် ကမ်မီလာထံမှ မဟုတ်ပေ။ ထိုသည်မှာ အကြီးအကဲ အီလူရှာက မင်္ဂလာလက်ဖွဲ့အဖြစ်ပေးထားသည့် အရာပင်။

ဤပင်လယ်ပြာအကာအရံမှာ ညတေးသံမျိုးနွယ်စု၌ နှစ်ထောင်ချီ ကျော်ဖြတ်လာသည့် ရတနာဖြစ်ပြီး စွမ်းအားကြီးမှော်အကာအကွယ်ဟု ဆိုနိုင်၏။ ယခုတွင် အကြီးအကဲ အီလူရှာက လိမ်ညာခဲ့ပုံမရပေ။

၎င်းမဟာမှော်ပညာရှင်က ရှုယီနှင့် စတေးလ်ကို ကြည့်လိုက်ပြီးနောက် အေးစက်စက်ပြုံး၍ ဆိုလာသည်၊ “အရမ်းကောင်းတယ် မင်းတို့ဆီမှာ ဒီရတနာရှိနေမှတော့ မင်းတို့ကို သတ်ပြီးရင် ပစ္စည်းကောင်းလေးနည်းနည်းရသွားတာပေါ့။ ပြောလိုက်မယ် ဒီလိုအရာတွေရှိရင်တောင် မင်းတို့ လွတ်ဖို့ မဖြစ်နိုင်ပါဘူး။ မင်းတို့ရဲ့ သေခြင်းတရားကို လက်ခံဖို့ တိုက်တွန်းတယ် ငါမင်းတို့ကို ချန်ခဲ့မှာ အပြည့်အစုံ.....”

သူ့စကားမဆုံးခင်တွင် ၎င်းမဟာမှော်ပညာရှင်မှာ တစ်စုံတရာကို လွတ်သွားသည်အား သတိထားမိလိုက်သည်။ သူမော့ကြည့်လိုက်ရာ မီးတောက်တိုင်ကြီးတစ်ခုက သူ့ထံရုတ်တရတ် ပြုတ်ကျလာသည်အား တွေ့လိုက်ရပါ၏။

“ကမ္ဘာပျက်ကိန်း တရားစီရင်ခြင်း!”

ထိုမဟာမှော်ပညာမှာ ကြက်သေ,သေသွားသည်။

ဤသည်က တားမြစ်မီးစွမ်းအားမန္တာန်ဖြစ်သည်!

ရုတ်တရတ်ဖြစ်လွန်းလှပြီး ရှောင်တိမ်းဖို့ အချိန်မရှိသဖြင့် မှော်စွမ်းအားအလုံးစုံကိုစုစည်း၍ မှော်အကာအရံတစ်ခု ဖန်တီးလိုက်လေသည်။

“ဟုန်း!”

၎င်းမှာ ရှုယီ ကမ္ဘာမြေထက်၌ ကြည့်ခဲ့ဖူးသည့် ရုပ်ရှင်များထဲမှ နောက်ဆုံး အဆုံးအဖြတ်ဇာတ်ဝင်ခန်းကဲ့သို့ပင် ဧရာမ မီးတောက်တိုင်ကြီးကျလာပြီး ထိုမဟာမှော်ပညာရှင်ကို အပြည့်အဝဝိုင်းရံလိုက်တော့သည်။

ဤမီးတောက်တိုင်က ဘေးပတ်လည်ကို လင်းထိန်သွားစေရာ ထိုမဟာမှော်ပညာရှင်၏ ပုံသဏ္ဍာန်က အင်မတန် ထင်ရှားနေသည်။

ဘေးမှကြည့်သော် အနှီမဟာမှော်ပညာရှင်မှာ မီးတောက်များဝိုင်းခံထားရသဖြင့် တရားစီရင်ခြင်းခံရသော နတ်ဘုရားကဲ့သိုပင်။

ပြောရလျှင် အနှီမဟာမှော်ပညာရှင်မှာ အင်မတန်သန်မာလှပါ၏။ သူဟာ ဤရုတ်တရတ်ဆန်ဆန် တားမြစ်မီးစွမ်းအားမန္တာန်ကြောင့်သတိကြီးကြီးထားသော်လည်း ၎င်းတို့ကို ဟန့်တားနိုင်ပါ၏။

သူ၏ အဝတ်များမှာ လုံးဝပျက်စီးသွားခြင်းမရှိဘဲ အနည်းငယ် ဖျော့တော့နေခြင်းနှင့် မတိုင်ခင်ကလို ဘဝင်မြင့်ခြင်းမရှိသည်မှ လွဲလျှင် အတော်အဆင်ပြေနေပါသေး၏။

အနှီမဟာမှော်ပညာရှင်က ကောင်းကင်ကိုကြည့်၍ ဒေါသတကြီးအော်လေသည်၊ “ဘယ်က မဟာမှော်ပညာရှင်လဲ? မင်းက တိုက်ခိုက်ဖို့ တားမြစ်မန္တာန်တစ်ခုကို သုံးရလောက်အောင် အရှက်မဲ့တာပဲ! မင်းက ငါတို့ မဟာမှော်ပညာရှင်တွေရဲ့ သံလိုစည်းမျဉ်းကို ချိုးဖျက်နေတာပဲ!”

“ဟမ့်!”

ခပ်ပြင်းပြင်းနှာမှုတ်သံဖြင့် မဟာမှော်ပညာရှင်ကမ်မီလာမှာ တဖြည်းဖြည်း ကောင်းကင်မှကျလာပြီး ရှုယီ၊ စတေးလ်နှင့် ထိုလူအကြားရပ်သွားသည်။ သူက ထိုမဟာမှော်ပညာရှင်ကို အေးစက်စက်ကြည့်ပြီး ပြောလိုက်၏၊ “ရူနာ မင်းကတကယ်ပဲ ငါ့ရဲ့ မြေးမနဲ့ သူ့ခင်ပွန်းကို လုပ်ကြံဖို့ကြိုးစားနေပြီးတော့ မှော်ပညာရှင်တွေကြားက သံလိုစည်းမျဉ်းတွေကို ငါ့ဆီ လာပြောချင်နေသေးတာလား? မင်းမှာ ပြောဖို့ မျက်နှာရောရှိသေးရဲ့လား?”

“မဟာမှော်ပညာရှင်ကမ်မီလာ?” အနှီမဟာမှော်ပညာရှင်၏ အမူအရာကပြောင်းလဲသွား၏၊ “မင်းငါ့ကို မှတ်မိတယ်လား?”

“အဓိပ္ပာယ်မရှိတာ! မဟာမှော်ပညာရှင်တွေကြားထဲမှာ မင်းလို အမှိုက်ကလွဲရင် တခြားဘယ်မဟာမှော်ပညာရှင်ကများ တစ်ယောက်ယောက်ကို လုပ်ကြံတဲ့အထိ အရှက်မရှိဘဲနေမှာလဲ! မင်းကတကယ်ပဲ မှော်ပညာရှင်တွေကြားက သံလိုစည်းမျဉ်းတွေကို ငါနဲ့ပြောချင်သေးတယ်ပေါ့?”

အနှီ ရူနာအမည်ရှိ မဟာမှော်ပညာရှင်က မဟာမှော်ပညာရှင် ကမ်မီလာကို သေချာကြည့်လိုက်ပြီးနောက် ရုတ်တရတ် အံ့ဩဟန်ပြလာသည်။ သူက မဟာမှော်ပညာရှင်ကမ်မီလာကို လက်ညှိုးထိုး၍ မယုံကြည်နိုင်ဟန်ဖြင့် ကျယ်လောင်စွာဆိုလာ၏၊ “မင်း..... မင်း.... မင်း တကယ်ကြီး ဟင်းလင်းပြင်ဥပဒေသတွေကို နားလည်သွားတာလား? မင်းငါ့ရဲ့ ဟင်းလင်းပြင်အစီအရင်ကိုဖျက်ဆီးလိုက်ပြီး ငါသတိမထားမိတာ မအံ့ဩတော့ပါဘူး။”

မဟာမှော်ပညာရှင်ကမ်မီလာက အေးစက်စက်ပြုံး၏၊ “ဘာလဲ? မင်းကြောက်နေတာလား? ပြောပြလိုက်မယ်၊ ငါ ဟင်းလင်းပြင် ဥပဒေသတွေကိုနားမလည်သေးပေမယ့် မင်းနဲ့ ရင်ဆိုင်ဖို့တော့ လုံလောက်တာထက်ပိုတယ်! ဒီတော့ ငါ့အတွက် မင်းရဲ့သေဆုံးမှုကို လက်ခံလိုက်ရုံပဲပေါ့!”

အနှီမဟာမှော်ပညာရှင်ကမ်မှလာက စတင်တော့မည်ကို မြင်သော် ရူနာ၏ မျက်နှာက ဖျော့တော့သွားတော့သည်။

သူ့အနေနှင့် ရှုယီနှင့် စတေးလ်ကို လုပ်ကြံရန် ဒုခ် စတက်တိန်းပေးလာသည့် အလုပ်ကို လက်ခံခဲ့ခြင်းမှာ ဒုခ် စတက်တိန်းက သူ့အား ရွှေဒင်္ဂါးငါးသိန်းဈေးနှုန်း‌ပေးလာပြီး ရှုယီနှင့် စတေးလ်တို့ကို ထုတ်ဖော်မခံရဘဲ သတ်နိုင်မည်ဟု ယုံကြည်သောကြောင့်ဖြစ်ပါ၏။

တစ်ခုခုဖြစ်လာပြီး သူ့ကို ရှာတွေ့သွားလျှင် မည်သည့်ပြဿနာမှ မရှိဘဲ ထွက်ပြေးရန် ယုံကြည်ချက်ရှိသည်။

Frestech ကုန်သည်ကြီးများအသင်းရှိ အသန်မာဆုံးမှော်ပညာရှင်မှာ မဟာမှော်ပညာရှင်ကမ်မီလာဖြစ်၏။

သတင်းများအရ မဟာမှော်ပညာရှင်ကမ်မီလာက စတုတ္ထအဆင့်မဟာမှော်ပညာရှင်ဖြစ်၏။ သူဟာ တစ်ဆင့်ပိုမြင့်သော်လည်း ထိုမျှ မသန်မာသဖြင့် အနိုင်မယူနိုင်လျှင်တောင် အလွယ်လေးထွက်ပြေးနိုင်သေးသည်။

သို့သော် မဟာမှော်ပညာရှင်ကမ်မီလာ၏ မှော်စွမ်းအားက သတင်းများကထက် ပိုမြင့်နေမည်ဟု ထင်မထားပေ။

သူဟာ စတုတ္ထအဆင့်မဟာမှော်ပညာရှင်အဆင့်ကို ကျော်လွန်နေရုံသာမက ပဉ္စမအဆင့်ကိုပင်ရောက်နေကာ ဟင်းလင်းပြင်ဥပဒေသကိုပင် နားလည်နေပြီဖြစ်သည်!

မဟာမှော်ပညာရှင် ကမ်မီလာက ခေါင်းဆောင်မှော်ပညာရှင်အဆင့်မရောက်သေးပါလျှင်တောင် ဟင်းလင်းပြင်ဥပဒေသများကို နားလည်နေကတည်းက သူ၏ မှော်ပညာကို နားလည်နိုင်စွမ်းက သူ့ကို များစွာကျော်လွန်နေသည့် အဓိပ္ပာယ်ပင်။

မဟာမှော်ပညာရှင်ကမ်မီလာသာ ဟင်းလင်းပြင်ဥပဒေသများကို နားမလည်သေးလျှင် သူလည်း အလွယ်လေးထွက်ပြေးနိုင်သော်ငြား ယခု မဟာမှော်ပညာရှင်ကမ်မီလာက နားလည်နေပြီဖြစ်ရာ မဟာမှော်ပညာရှင်ကမ်မီလာသာ အလွတ်မပေးလျှင် ဟင်းလင်းပြင်မှော်စွမ်းအားမီ လွတ်မြောက်ရန်မဖြစ်နိုင်ပေ။

မဟာမှော်ပညာရှင်ကမ်မီလာက သတိပေးချက်မရှိ ကမ္ဘာပျက်ကိန်း တရားစီရင်ခြင်းကို အသုံးပြု၍ သူ့ကို ထိုတားမြစ်မန္တာန်၏ ဒဏ်ရာများကို ခံစားစေခဲ့သည်အား မဆိုထားနှင့်။

သူဟာ ဤတားမြစ်မန္တာန်ကို ဟန့်တားရန် သူ၏စွမ်းအားကို အသုံးပြုနိုင်ပါလျှင်တောင် မှော်စွမ်းအားတစ်ဝက်ကိုသုံးရမည်ပင်။ သူပြန်တိုက်ခိုက်လိုလျှင်တောင် အင်အားမရှိပေ။

၎င်းကိုစဉ်းစားရင်း ရူနာ၏ မျက်နှာက ဖျော့တော့၍ နှလုံးသားထဲ နောင်တများပြည့်လာသည်။

သူသာ မဟာမှော်ပညာရှင်ကမ်မီလာက ထိုမျှ သန်မာမှန်းသိလျှင် ထိုရွှေဒင်္ဂါးငါးသိန်းကိုယူ၍ ရှုယီကို လာသတ်မည်မဟုတ်ပေ။

မဟာမှော်ပညာရှင်ကမ်မီလာ၏ လက်ထဲ စုစည်းထားသည့် မှော်ဒြပ်စင်စွမ်းအင်ကိုမြင်သော် ရူနာမှာ စိတ်ထဲ သက်ပြင်းချ၍ သူ၏ ကံကြမ္မာကိုလက်ခံရန် လက်များချထားလိုက်သည်။

ရှုယီက ရုတ်တရတ် အော်လာ၏၊ “နေပါဦး!”

မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို မျက်မှောင်ကုပ်၍ ကြည့်လာသည်၊ “ဘာလုပ်မို့လဲ?”

ရှုယီက မဟာမှော်ပညာရှင်ကမ်မီလာ၏ လက်ကို အမြန်ဖိချ၍ အပြုံးဖြင့်ဆို၏၊ “အဘိုး၊ ဒါက အစစ်အမှန် တိုက်ပွဲအတွေ့အကြုံအတွက် အခွင့်ကောင်းမဟုတ်ဘူးလား? အရင်က အဘိုး ဟိုလူတွေကို တိုက်ခိုက်ခိုင်းချိန်က သူတို့ရဲ့ စိတ်ထဲက ပါအောင် မတိုက်ခိုက်နိုင်ခဲ့ဘူးလေ။ အခု သက်ရှိ ပစ်မှတ်ရှိနေပြီ‌ဆိုတော့ သေချာပေါက် ပျော်ကြမှာပဲ”

“သူတို့?” ရှုယီမျက်နှာထက်ရှိ အပြုံးကိုမြင်သော် မဟာမှော်ပညာရှင်ကမ်မီလာမှာ ချက်ချင်းနားလည်သွားသည်။ သူက ရူနာကိုကြည့်၍ ခေါင်းငြိမ့်၏၊ “မဆိုးဘူး တကယ်ကောင်းတဲ့ ပစ်မှတ်ပဲ။”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၃၃။ ဆယ်မိနစ်ပေးမယ်

ရူနာမှာ ရှုယီနှင့် မဟာမှော်ပညာရှင်ကမ်မီလာတို့ သူ့ကိုကြည့်လာသည့်မျက်လုံးများ၌ မည်သို့သော ရည်ရွယ်ချက်ကောင်းမှ မပါနေသည်ကိုမြင်သော် နှလုံးသားက တဖြည်းဖြည်း အေးစက်လာပါ၏။

သို့သော်လည်း ဤအခြေအနေက သူ့အတွက် လုံးဝ ဆိုးဝါးနေလေသည်။ သူဟာ အနိုင်မရနိုင်သလို ထွက်လည်း မပြေးနိုင်ဘဲ ၎င်းတို့ ဆန္ဒရှိသလို လုပ်ခိုင်းရန်သာ တတ်နိုင်၏။

မဟာမှော်ပညာရှင်ကမ်မီလာသာ သူ့ကို သတ်မည်ဆိုလျှင် သူ့ထံ၌ အခွင့်ရေးလုံးဝမရှိပေ။ ထိုအစားတစ်ဖက်က သူ့ကို ကိုင်တွယ်ရန် နည်းလမ်းတချို့ သုံးချင်လျှင် ရှင်သန်နိုင်ရန် အခွင့်အရေးရှိပါ၏။

ထိုသို့စဉ်းစားရင်း ရူနာမှာ လူသေပြာမှုန်များလို မျက်နှာနှင့် နှလုံးသားကသေဆုံးသွားသော်လည်း စိတ်မြန်မြန်ပြောင်းကာ မည်သည့်အခွင့်ရေးကိုမဆို ယူရန် ပြင်လိုက်သည်။

မဟာမှော်ပညာရှင်ကမ်မီလာက သူ့ကို ဆက်ကြည့်နေရာ ဟင်းလင်းပြင်မန္တာန်များကို သုံး၍ လွတ်မြောက်ရန် မှော်စွမ်းအားစုစည်းဖို့ အခွင့်ရေးမရှိပေ။

ရူနာလည်း စိတ်ရှည်ရှည် စောင့်နေလိုက်သည်။

သူ့အား အံ့အားသင့်စေသည်မှာ စတေးလ်အမည်ရှိ မိန်းကလေးက သံသေတ္တာငယ်တစ်လုံးထုတ်၍ ထိုသေတ္တာ၌ တစ်ခုခုကို တီးတိုးပြောလိုက်ခြင်းပင်။

ရူနာမှာ ထိုသေတ္တာလေးထံမှ လာသည့် မှော်အရိပ်အယောင်ကို မခံစားရရာ ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်ထားသည့် မှော်စက်အသစ်တစ်မျိုးဖြစ်လောက်သည်။

သို့သော် ထိုသေတ္တာလေးထံ၌ မည်သို့သော အသုံးဝင်ပုံရှိနေသနည်း။

ဆယ်မိနစ်လောက်ကြာပြီးနောက် တောင်ကုန်းထံမှ ခြေသံများထွက်လာသည်။ အသံများအရ လူတစ်ရာလောက်ရှိပေမည်။

ရူနာမှာ မအံ့ဩဘဲ ပျော်ရွှင်သွားပါ၏။

ဤအခြေအနေန၌ လူပိုများလေ ပို၍ ဖရိုဖရဲဖြစ်လေ ဖြစ်ပြီး ပို၍ ဖရိုဖရဲဖြစ်လေ လွတ်မြောက်ဖို့ အခွင့်အရေးပိုရလေပင်။

ခြေသံများက တောင်ကုန်းကို ပတ်ကာ ဤဘက်သို့ ဆင်းလာကြသည်။ မိနစ်အချို့ကြာပြီးနောက် ပင်လယ်နှင့် ချိတ်ဆက်ထားသည့် လမ်းကြောင်းမှ ထွက်လာသည့် စစ်သည်တန်းတစ်တန်းရှိနေသည်။

ရူနာလည်း ကြည့်လိုက်ရင်း အံ့ဩသွားပါ၏။

ထိုစစ်သည်များက လေးရာမှ ငါးရာလောက်ရှိပြီး တစ်ဦးစီ၌ မှော်အစီအရင်မံထားပုံရသည့် မှော်စွမ်းအား အရိပ်အယောင်နှင့် ချပ်ဝတ်တန်ဆာရှိရုံသာမက မှော်စွမ်းအား အပြောင်းအလဲဖြစ်နေသည့် ထူးထူးဆန်းဆန်းအရာများကိုသယ်ဆောင်ထားသည်။ ၎င်းတို့အားလုံး မှော်စက်များဖြစ်သည်မှာ သိသာပါ၏။

သူ့အနေနှင့် စစ်ဘက်သုံးမှော်စက်မျိုးစုံရှိကြောင်း သိထားပြီးသားဖြစ်သော်လည်း ဤသို့သော စစ်ဘက်သုံးမှော်စက်အပြည့်အစုံကိုမြင်သော် ရူနာမှာ အနည်းငယ် အံ့ဩနေသည်။

“ဒါက မဟာမှော်ပညာရှင် ရူနာလား?” ရှုယီမှာ ရုတ်တရတ် ပြောလာသည်။

ရူနာက မျက်မှောင်ကုပ်ကာ နှာမှုတ်လာသည်၊ “ဘာလဲ? ဥက္ကဌရှုက ပြောစရာရှိလို့လား?”

ရှုယီမှာ ခပ်ဖျော့ဖျော့ပြုံး၍ ပုံစံချထားသည့် Frestech ကုန်သည်ကြီးများအသင်းအစောင့်များကို ညွှန်ပြလာသည်၊ “မဟာမှော်ပညာရှင် ရူနာ ခင်ဗျားအနေနဲ့ အဘိုးရဲ့လက်ထဲကနေ မလွတ်နိုင်မှန်း သိလောက်မယ်လို့ယုံပါတယ်။ ဒါပေမယ့် ကျုပ် ခင်ဗျားကို လွတ်မြောက်ဖို့ အခွင့်ရေးတစ်ခုပေးမယ်။”

ရှုယီ၏ အသံအနေအထားမှာ မယဉ်ကျေးသဖြင့် ရူနာကြားသော် ဒေါသဖြစ်သွားသော်လည်း ဤအခြေအနေ၌ သူ့အနေနှင့် မည်သည်ကိုမှ မလုပ်နိုင်ပေ။

သူဟာ အဝေးရှိ Frestech ကုန်သည်ကြီးများအသင်းအစောင့်များကိုကြည့်ကာ မျက်ခုံးများမြောက်တက်သွားသည်၊ “ဘာအခွင့်အရေးလဲ?”

“ခင်ဗျားအနေနဲ့ ဒီအစောင့်တွေရဲ့ တိုက်ခိုက်မှုအောက်မှာ ဆယ်မိနစ်ကြာတောင့်ခံနေနိုင်ရင် ကျုပ်က ခင်ဗျားကို လွှတ်ပေးဖို့ အဘိုးဆီမှာ တောင်းဆိုပေးမယ်။ ဘယ်လိုထင်လဲ?”

ရူနာက အံ့ဩသွားပြီးနောက် ဒေါသထွက်လာသည်။

သူဟာ လေးစားထိုက်သော မဟာမှော်ပညာရှင်တစ်ဦးဖြစ်ပါ၏! ရှုယီမှာ တကယ်ကြီး.... သူ့အား လုပ်ငန်းစုအစောင့်များ၏ တိုက်ခိုက်‌မှုအောက်၌ ဆယ်မိနစ်ကြာတောင့်ခံစေချင်နေသည်လား?”

ဟာသပဲ!

သူဟာ ဤသာမန်စစ်သည်များကို လက်ချောင်းလေးတစ်ချောင်းနှင့်တင် သတ်နိုင်သည်!

ရှုယီ၏ အခွင့်ပေးမှုက သူ့အတွက် အကြီးမားဆုံး အရှက်ရဖွယ်ပင်!

သို့သော် ထို့နောက် သူဟာ ပျော်ရွှင်မှုဖြင့်ပြည့်နှက်သွား၏။

ရှုယီမှာ သူ့အား ဤသို့ အထင်သေးလာသည်က အကောင်း‌ဆုံး အခွင့်အလမ်းပါပင်။

ရူနာက ရှုယီကို ပြန်မဖြေဘဲ မဟာမှော်ပညာရှင် ကမ်မီလာကို မေးသည်၊ “မဟာမှော်ပညာရှင် ကမ်မီလာ ခင်ဗျား ဘာပြောတာလဲ?”

မဟာမှော်ပညာရှင် ကမ်မီလာက ပခုံးတွန့်လာ၏၊ “ရှုယီက ဒီနေရာမှာ တာဝန်ရှိသူပဲ။”

“ကောင်းတယ်” ရူနာက ရှုယီထံ ပြန်လှည့်လာသည်၊ “ဥက္ကဌရှု ခင်ဗျားရဲ့စကားကို တည်မှာလား?”

ရှုယီက အပြုံးဖြင့်ဆို၏၊ “ကျုပ် မလုပ်ရင်တောင် ခင်ဗျား ဘာလုပ်လို့ရမှာလဲ?”

“ခင်ဗျား.....” ရူနာက ဒေါသပြည့်သွားရသည်။ သူဟာ ရှုယီကို လက်ညှိုးထိုး၍ ဆဲရေးလိုက်ချင်သော်ငြား မည်သည်ကိုမှ မဆိုနိုင်ချေ။

အခြေအနေက ခိုင်မာလာပြီး ဤအခြေအနေန၌ သူဟာ ရှုယီ၏ စကားများကိုသာ လိုက်နာနိုင်ပါ၏။

၎င်းကိုစဉ်းစားရင်း ရူနာမှာ သူ၏ဒေါသမီးတောက်များကို ဖိနှိပ်၍ လေးနက်စွာ ပြောလိုက်ပါ၏၊ “ဟုတ်ပြီလေ ဥက္ကဌရှု ခင်ဗျားရဲ့ စကားကို တည်ဖို့ မျှော်လင့်ပါတယ်။ ခင်ဗျားလုပ်ငန်းစုရဲ့ အစောင့်တွေကို စ'တိုက်ခိုင်းလိုက်ပါတော့။ ဟမ့် ဆယ်မိနစ်မပြောနဲ့ ဒီလိုသာမန်လူတွေရဲ့ တိုက်ခိုက်မှုတွေကို ဆယ်နာရီထက်ကြာအောင်တောင် လှုပ်ရှားစရာမလိုဘဲ ခံယူနိုင်တယ်! ဥက္ကဌရှု မင်းက မဟာမှော်ပညာရှင်တွေကို အထင်သေးလွန်းသွားပြီ!”

“ဒီလိုလား?” ရှုယီက တစ်ချက်ပြုံးပါ၏၊ “ကျုပ် အဘိုးကို ဘယ်တုန်းကမှ အထင်မသေးခဲ့ဖူးပါဘူး။”

ရူနာက မဟာမှော်ပညာရှင်ကမ်မီလာကို အပြုံးဖျော့ဖျော့ဖြင့်ကြည့်ရင်း ရုတ်တရတ် ခံစားချက်မကောင်းတော့ပေ။

ဤ Frestech ကုန်သည်ကြီးများအသင်းအစောင့်များက ထူးဆန်းတာတစ်ခုခုများရှိနေတာလား?

သို့သော် အဝေးရှိ စစ်သည်များကို လှည့်ကြည့်လိုက်ရာတွင် ရူနာမှာ စိတ်သက်သာသွားရသည်။

ဤလူများထံ၌ စစ်ဘက်သုံးမှော်စက်များရှိနေလျှင်တောင် သာမန်လူများထက် အနည်းငယ်ပိုမိုသန်မာနေရုံကလွဲ ဘာမှ မဟုတ်ပါချေ။ ၎င်းတို့က သူ့လိုမျိုး မဟာမှော်ပညာရှင်တစ်ယောက်ကို ခြိမ်းခြောက်နိုင်မယ်တဲ့လား?

“ဟုတ်ပြီ စခိုင်းလိုက်ပါတော့။” ရူနာက လက်ယမ်းလိုက်သည်။

“မဟာမှော်ပညာရှင် ရူနာ ခင်ဗျား အသင့်ဖြစ်တာ သေချာရဲ့လား?”

“ပေါက်ကရတွေ! စခိုင်းလိုက်တော့!”

“ကောင်းပါပြီ”

ရှုယီက စတေးလ်၏ လက်ထဲမှ မှော်ဆက်သွယ်ရေးကိရိယာကို ယူလိုက်သည်။

“ခေါင်းဆောင် ဟာ့ထ်, တိုက်ခိုက်မှုကို စလိုက်တော့”

၎င်းအမိန့်ပေးပြီး ရှုယီမှာ စတေးလ်ကို ခေါ်၍ မဟာမှော်ပညာရှင်ကမ်မီလာနှင့်အတူ စောင့်ကြည့်ရန် ခပ်ဝေးဝေးထပ်သွားလိုက်သည်။

ရူနာက ထိုသုံးဦးကို တအံ့တဩကြည့်လိုက်၏။ သူကသာ အတိုက်ခိုက်ခံရမည့်သူဖြစ်လေရာ အဘယ့်ကြောင့် ၎င်းတို့က ခပ်ဝေးဝေးသို့ သွားနေရပါသနည်း?

အထူးသဖြင့် မဟာမှော်ပညာရှင်ကမ်မီလာဖြစ်သည်။ ၎င်းဟာ ထိုမျှဝေးဝေးကို သွားလိုက်ပါလျှင် သူ ရုတ်တရတ် ဟင်းလင်းပြင်မှော်ပညာနှင့် ထွက်ပြေးသွားမည်ကို မစိုးရိမ်လေခြင်းလား?

သို့သော် ၎င်းနောက်၌ ရူနာမှာ ၎င်းကို စဉ်းစားနေရန် အချိန်မရှိကြောင်း အံ့ဩစွာသိရှိလိုက်ရသည်။

အစောင့်များထံမှ မှော်အလင်းရောင် ဖုံးအုပ်နေသည့် မြှားအစင်းများစွာရှိနေပြီး သူ့ထံ မိုးများသဖွယ် ကျဆင်းလာသည်။

ရူနာက အေးစက်စက်ရယ်လိုက်၏။

၎င်းတို့မှာ မီးစွမ်းအားမှော်ပညာရှိ အဆင့်နိမ့် မှော်မြှားလေးများသာဖြစ်ရာ၊ ထိုသည်တို့ကိုသုံး၍ မဟာမှော်ပညာရှင်တစ်ဦးကို ခြိမ်းခြောက်လိုနေသည်လား?

ဟာသပဲ!

ရူနာက လုံးဝမလှုပ်ရှားဘဲ မိမိ၏ ဘေးပတ်လည်၌ မှော်အကာအရံတစ်ခု ဖန်တီးဖို့သာ မှော်စွမ်းအားကို အသုံးပြုလိုက်သည်။

ကောင်းကင်ယံ၌ ပြည့်လျှံနေသည့် မှော်မြှားများမှာ မှော်အကာအရံထက် ကျဆင်းလာပြီး အကာအရံ၌ ဂယက်လေးတစ်ခုပင် မထသွားစေပေ။

ထိုမှော်မြားများထံ၌ တတိယအဆင့် မီးစွမ်းအားမှော်အစီအရင်သာရှိရာ မဟာမှော်ပညာရှင်တစ်ဦး၏ မှော်အကာအရံကို မချိုးဖျက်နိုင်သည်က သေချာပါ၏။

ရူနာလည်း Frestech ကုန်သည်ကြီးများအသင်းအစောင့်များက ထိုမှော်မြားများအား ဆက်လက်ပစ်လွှတ်နေသည်ကို အေးစက်စက်ပြုံးကာသာ ကြည့်နေလိုက်သည်။ သူဟာ အဝေးရှိ ရှုယီကို လှည့်ကြည့်၍ အေးစက်စက် ရယ်ပါ၏။

“ဥက္ကဌရှု မင်းအနေနဲ့ ဒီကလေးကစားစရာလေးတွေက ငါ့ကို အရှုံးပေးအောင်လုပ်နိုင်မယ်လို့ စဉ်းစားမိတဲ့အထိ မနုံအသင့်ဘူးလေ၊ ဟုတ်ပြီလား?”

ရှုယီလည်း အသာပြုံး၍ ပြန်မဖြေပါချေ။

ရူနာက ဒေါသအပြည့်ဖြစ်သွားသည်။ တကယ်တမ်းတွင် ရှုယီက ထိုသို့ အထင်သေးနေရာ ဤအခြေအနေကြောင့်သာမဟုတ်ပါလျှင် သူ့အနေနှင့် ရှုယီကို သွေးသင်ခန်းစာပေးရန် ရှေ့ရှိ အစောင့်ရာချီကို ဖျက်ဆီးပြီးနေလောက်ပြီဟု တွေးမိသည်။

သို့သော် တစ်အောင့်ကြာသည့်နောက် ရူနာမှာ မိမိကသာ အတော်လေး နုံအနေခဲ့ကြောင်း သိလိုက်ရတော့၏။

မှော်ထပ်ဆင့်လေးတစ်မျိုးတည်းက ရူနာအတွက် ခြိမ်းခြောက်မှုမဟုတ်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များမှာ မရပ်မနားဘဲ မြှားများကို ဆက်ပစ်နေလေ၏။

ဤကြိမ်နှုန်းမြှင့်တိုက်ခိုက်မှုအောက်တွင် ရူနာ၏ မှော်အကာအရံလုံးဝ အားမပျော့သွားပါလျှင် ဤမှော်အစွမ်းက အနှီမှော်မြားများကို ခုခံနေရင်းမှ အလျင်အမြန် လျော့ကျလာသည်အား ခံစားမိသည်။

ရူနာလည်း တွက်ချက်လိုက်သော် ဤအမြန်နှုန်းနှင့်ဆိုလျှင် သူ၏ လက်ကျန် မှော်အစွမ်းက ဆယ်မိနစ်ပင်ခံတော့မည်မဟုတ်ကြောင်း သိကာ အံ့ဩသွားသည်!

ထိုသို့စဉ်းစားရင်း ရူနာမှာ စိတ်ထဲရှိ ထိတ်လန့်မှုကို ဖိနှိပ်ထားရုံသာ တတ်နိုင်တော့သည်။ သူ၏လက်ကို မြှောက်၍ မီးလုံး အမြောက်အများပစ်လွှတ်လျက် သူ့ထံကျရောက်လာသည့် မှော်မြားများကို လောင်ကျွမ်းစေလိုက်သည်။

ခုခံရန် မှော်အကာအရံကိုသာ အသုံးပြုခြင်းနှင့် ယှဉ်သော် ၎င်းက မှော်စွမ်းအားအသုံးပြုမှုပိုနည်း၏။

ရှုယီတို့ သုံးယောက်အဖွဲ့မှာ ရူနာ၏ ရုတ်တရတ်လှုပ်ရှားမှုကို တွေ့လိုက်ပြီး မပြုံးမိဘဲ မနေနိုင်ကြတော့ပေ။

“အဘိုး ဒီမဟာမှော်ပညာရှင် ရူနာက တကယ်ကို အဘိုးထက် ပိုဆိုးတာပဲ။ အဘိုး ပထမဆုံးတစ်ခေါက် အစောင့်တွေနဲ့ တိုက်ခိုက်တုန်းက ဒါကို သတိပြုမိဖို့ တစ်မိနစ်ဝက်လောက်လေးပဲ သုံးခဲ့ရပေမယ့် သူကတော့ သုံးမိနစ်တိတိကိုကြာတယ်။” စတေးလ်က အပြုံးဖြင့်ဆိုသည်။

မဟာမှော်ပညာရှင်ကမ်မီလာက အပြုံးဖြင့် မုတ်ဆိတ်ကို သပ်လိုက်ပြီးနောက် ခေါင်းငြိမ့်ကာ ဆိုသည်၊ “အင်း ဒါနဲ့ဆိုရင် ဒီကောင်တော့ တတိယတိုက်ခိုက်ရေးလှိုင်းအထိတောင် မလုပ်နိုင်လောက်ဘူး။”

ရှုယီက ဤစကားဝိုင်းအတွင်း ဝင်မပါဘဲ တိုက်ပွဲကို အခိုင်အမာစောင့်ကြည့်နေလိုက်သည်။

Frestech ကုန်သည်ကြီးများအသင်းအစောင့်များမှာ မဟာမှော်ပညာရှင်ကမ်မီလာကို အကြိမ်များစွာ တိုက်ခိုက်ခဲ့သော်လည်း ၎င်းတို့က လေ့ကျင့်ရန်အတွက်သာ တိုက်ခိုက်နေကြ၏။ မဟာမှော်ပညာရှင်ကမ်မီလာနှင့် Frestech ကုန်သည်ကြီးများအသင်းအစောင့်များအားလုံးမှာ သိက္ခာ‌စောင့်ထိန်းနေရသဖြင့် အင်အား အပြည့်အဝကို မသုံးကြပေ။

သို့သော် ဤတစ်ကြိမ် ရူနာကို တိုက်ခိုက်ချိန်တွင် စောင့်‌ထိန်းနေစရာမလိုရာ သဘာဝကျစွာပင် Frestech ကုန်သည်ကြီးများအသင်းအစောင့်များမှာ ၎င်းတို့၏ အတိုက်အခိုက်စွမ်းအားအပြည့်ကို အသုံးပြုနိုင်ပါ၏။

ဤအခြေအနေကို သုံးသပ်ကြည့်လျှင် အစောင့်များမှာ မဟာမှော်ပညာရှင်ကမ်မီလာနှင့် လေ့ကျင့်ချိန်ကထက် များစွာပိုမို အားကောင်းလာသည်မှာ သံသယဝင်စရာပင်မလိုပေ။

ရူနာမှာ အနည်းဆုံးတော့ တတိယအဆင့် မဟာမှော်ပညာရှင် ဖြစ်ပါသော်လည်း အစောင့်များ၏ တိုက်ခိုက်မှုအောက်၌ ထပ်မံ၍ မတောင့်ခံနိုင်တော့ရာ ပြန်လည်တိုက်ခိုက်ရန် တွန်းအားပေးခံလိုက်ရသည်။

သို့ရာ၌ ရူနာမှာ ဤပြဿနာက အင်မတန် နောက်ကျနေပြီဖြစ်သည်ကို သိလိုက်ရသည်။

ရူနာက ပြန်လည်တိုက်ခိုက်ရန် သူ၏ မှော်ပညာကို အသုံးပြုလိုက်ချိန်တွင် Frestech ကုန်သည်ကြီးများအသင်းအစောင့်များက ၎င်းတို့၏ တိုက်ခိုက်ပုံကို တစ်ဖန်ပြောင်းလိုက်ကြပြန်၏။

အစောင့်တစ်ဝက်မှာ ရူနာကို မြားမိုးများဖြင့် ဆက်လက်တိုက်ခိုက်နေစဉ်၌ ကျန်တစ်ဝက်က ကျောဘက်ရှိ တစ်ဦးချင်းပစ်မှော်လောင်ချာကို ယူကာ လေအလယ်ရှိ ရူနာကို ချိန်ရွယ်ထားကြသည်။

အနှီမှော်လောင်ချာများထံမှ မှော်အလင်းရောင်ကို မြင်သော် ရူနာမှာ အေးစက်စက်နှာမှုတ်လိုက်သည်။

ဤထူးဆန်းသည့် အရာများမှာ သိသိသာသာပင် မှော်မြားများထက် ပို‌အားကောင်းသော်ငြား သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမှ မဖြစ်စေပေ။

မှော်အစီအရင်တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် မှော်စွမ်းအားအသုံးပြုနေစဉ်၌ ရူနာမှာ သူ၏မှော်အကာအရံကို ထိန်းသိမ်း၍ တစ်ဦးချင်းပစ်မှော်လောင်ချာများထံမှ ပစ်လွှတ်လာသည့် အမြောက်ကျည်ဆံများကို တားဆီးနေ၏။

ရူနာမှာ ထိုမှော်လောင်ချာများ၏ စွမ်းအားကို ကြုံတွေ့ရန် ထိုသို့လုပ်လိုက်ခြင်းဖြစ်ရာ ၎င်းတို့အား မည်သို့ ကိုင်တွယ်ရမည်ကို နားလည်နိုင်သည်။

သို့ရာ၌ ပထမအမြှောက်ကျည်က မှော်အကာအရံကို လာရောက်ထိမှန်ချိန်တွင် ရူနာ စိတ်တွင်း နောင်တတို့ ပြည့်လျှမ်းသွားရသည်။

မှော်လောင်ချာမှာ ထိုမျှ ကြီးမားပုံမပေါ်သလို အမြောက်ကျည်များကလည်း သေးငယ်သော်ငြား မှော်အကာအရံကို ထိမှန်ချိန်၌ စွမ်းအားကြီးပေါက်ကွဲမှု တစ်ရပ်ဖြစ်ပေါ်လာသည်။ ဤစွမ်းအားမှာ တကယ်တမ်း ဆဌမ သို့မဟုတ် သတ္တမ မဟာမှော်ပညာရှင်တစ်ဦးကိုပင် ယှဉ်နိုင်၏။

ရူနာမှာ တတိယအဆင့် မဟာမှော်ပညာရှင်ဖြစ်ပြီး ၎င်း ဆဌမ သို့မဟုတ် သတ္တမအဆင့် မဟာမှော်ပညာရှင်များက သူ့အတွက် မည်သို့သော ခြိမ်းခြောက်မှုမှ မရှိပါလျှင်တောင် သူ့အနေနှင့် ဤစွမ်းအားကို ကာကွယ်ရန် မှော်စွမ်းအား အတော်များများ အသုံးပြုဖို့ လိုအပ်သည်။

အမြောက်ကျည်တစ်ခုတည်း ပစ်ခြင်းမဟုတ်‌ဘဲ အခုနှစ်ရာကျော်နေခြင်းဟူလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။

ထိုအမြှောက်ကျည် နှစ်ရာ၏ တစ်ဝက်ကျော်က ရူနာ၏ မှော်အကာအရံကို လာရောက်ထိမှန်ချိန်တွင် သူ၏ ဘေးပတ်လည်၌ ပေါ်လာသည့် မီးတောက်များမှာ ကောင်းကင်ယံရှိ မီးရှူးမီးပန်းများနှယ်ပင်။

မရေတွက်နိုင်သော ပေါက်ကွဲမှုများ ထွက်ပေါ်လာကာ ရူနာလည်း သူ၏ မှော်အစွမ်း အပိုင်းကြီးကြီးမားမားကို အသုံးပြုလိုက်မိပြီး မှော်အစွမ်း၏ သုံးပုံတစ်ပုံအောက်သာ ကျန်ရှိတော့ကြောင်း သိလိုက်ရသည်။

ရူနာမှာ အကြီးအကျယ် ထိတ်လန့်သွားရတော့သည်။

သူ့အနေနှင့် မတိုင်ခင်က ရှုယီနှင့် စတေးလ်တို့အား တိုက်ခိုက်နေစဉ်တွင် မည်သည့် မှော်စွမ်းအားမှ မကုန်ဆုံးခဲ့ပေ။

သူ၏ အကြီးမားဆုံး သုံးစွဲမှုမှာ မဟာမှော်ပညာရှင်ကမ်မီလာ၏ တားမြစ်‌မီးစွမ်းအား မန္တာန်၊ ကမ္ဘာပျက်ကိန်း တရားစီရင်ခြင်းကို တားဆီးခဲ့မှုသာ ဖြစ်သည်။

၎င်းတားမြစ်မန္တာန်နှင့်တင် သူ့ မှော်စွမ်းအား၏ သုံးပုံတစ်ပုံကို သုံးစွဲခဲ့ရ၏။

သို့သော် မည်သို့‌ဖြစ်စေ ၎င်းက တားမြစ်မန္တာန်ဖြစ်သည်လေ။ ၎င်းကို ခုခံရန် သူ၏မှော်စွမ်းအား တစ်ဝက်အောက်ကို သုံးနိုင်ခဲ့သည်ပင် ဂုဏ်ယူနေမိစေဖို့ ကောင်းကောင်း လုံလောက်နေပြီးသားဖြစ်သည်။

သို့သော် ၎င်းနောက်၌ သာမန်စစ်သည် ရာချီက ပစ်လွှတ်လာသည့် မှော်မြှားများနှင့် အမြောက်ကျည်များကို ခုခံရုံလေးနှင့် သူဟာ ကမ္ဘာပျက်ကိန်း တရားစီရင်ခြင်းကို ကာကွယ်စဉ်ကထက် ပိုများသော မှော်စွမ်းအားကို သုံးစွဲခဲ့လေသည်!

မည်သို့များ ဖြစ်နိုင်ပါမည်နည်း!

သာမန်စစ်သည်များထံမှ ငါးမိနစ်အောက်တိုက်ခိုက်မှုများမှာ တားမြစ်မန္တာန်တစ်ခုကို ယှဉ်လို့ရနိုင်နေသည်လား?

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၃၄။ သေမလား ငါ့အတွက် အလုပ်လုပ်ပေးမလား?

သို့သော်လည်း ဤသည်က အစသာရှိသေးသည်။

မရေတွက်နိုင်လောက်သော ဒုံးပျံများက ရူနာ၏ မှော်အကာအရံဆီ လာရိုက်ခတ်လျက် မီးပွားများ ပေါ်ထွက်လာပြီးနောက် တောင်ကုန်းအစွန်းသို့ အလတ်စားပို့ဆောင်ရေးမှော်ကားတစ်စီးရောက်လာသည်။

ထိုမှော်ကားထက်၌ ကုန်စည်များစွာရှိနေပြီး လမ်းကို တုန်ယင်နေစေသည်အထိ အင်မတန်လေးလံနေသည်မှာ သိသာသည်။

မှော်ကားက တောင်ကုန်းဆီရောက်လာချိန်တွင် ရူနာလည်း တစ်ချက်ကြည့်လိုက်ရာ ဤမှော်ကား၏ နောက်ဘက်၌ ပျားလဘို့ကဲ့သို့ ထူးဆန်းဟန်ရှိ ခပ်ထူထူဆလင်ဒါ ဆယ့်ခြောက်ခုကို တွေ့လိုက်ရသည်။

ဤအရာကိုသာ နှိုင်းကြည့်လျှင် တစ်ခုစီက Frestech ကုန်သည်ကြီးများအသင်းအစောင့်များ သုံးလိုက်သည့် မှော်လောင်ချာနှင့်ဆင်တူသော်လည်း ၎င်းတို့မှာ အဆများစွာ ပိုကြီးပါ၏။

ဤ ဆလင်ဒါကြီးဆယ့်ခြောက်ခုအား ပုံစံကွက် လေးခုစီ စီစဉ်ထားပြီး စင်ထက်၌ ထောင်ထားသည်။

မှော်ကားက တောင်ကုန်းအစွန်းသို့ ရောက်လာပြီး ဆလင်ဒါများ၏ အနက်ရောင်တွင်းများက ကမ်းခြေ၌ လေထဲမျောနေသူ ရူနာကို တည့်တည့်ချိန်လာကြတော့သည်။

ရူနာမှာ မှော်ကားနှင့် ၎င်းထက်ရှိ တွင်းနက် ဆယ့်ခြောက်တွင်းတို့ကို ကြည့်လိုက်ရင်း ပထမဆုံးအကြိမ် ပူပန်စပြုလာတော့သည်။

မည်သည့်အချိန်၌မဆို ထိုတွင်းများ၏ အနက်ပိုင်းမှ နတ်ဆိုးနဂါးတစ်ကောင် ထွက်လာတော့မလိုပါပင်။

ရူနာ ထိုသို့စဉ်းစားမိချိန်၌ အောက်ဘက်ရှိ Frestech ကုန်သည်ကြီးများအသင်းအစောင့်များထံမှ အသံတို နှစ်သံနှင့် အသံရှည်သုံးသံတို့က ရှင်းလင်းစွာထွက်ပေါ်လာသည်။ ထို့နောက် မှော်ကားများ၏ နောက်ဘက်ရှိ‌ မှော်လောင်ချာများက ရုတ်တရတ် တုနှိုင်းမဲ့လှပကာ စူးရှလွမ်းလှသော မှော်အလင်းရောင်ဖြင့် တောက်ပလာတော့သည်။

“ဟုန်း!”

ဆယ့်ခြောက်ခေါက် ပစ်လွှတ်လိုက်ခြင်းဖြစ်သော်လည်း တစ်ချိန်တည်းနီးပါး ပစ်လွှတ်ခြင်း ဖြစ်သောကြောင့် ၎င်းထံမှ ခပ်လျော့လျော့အသံတစ်ချက် ထွက်လာသည်။

ထိုမှော်လောင်ချာ ဆယ့်ခြောက်ခုထံမှ အလင်းမှာ အစောင့်များ ပစ်လွှတ်လိုက်သည့် မှော်လောင်ချာများထက် ပိုမို အားကောင်းလှသည်။ ရူနာ၏ အမူအရာသည်လည်း အင်မတန် အရုပ်ဆိုးလာတော့၏။

သူ့အနေနှင့် ဤအမြောက်ကျည်များ၏ စွမ်းအားက အရှေ့တစ်ခေါက် ကျည်များထက် ဆယ်ဆထက်မနည်းပိုအားကောင်းမည်ကို သေချာနေသည်။

ဖြစ်နိုင်ပါလျှင် ရှောင်တိမ်းဖို့ နည်းလမ်းရှာတွေ့ပါက အကောင်းဆုံးဖြစ်လိမ့်မည်။

သိူ့သော် သူဟာ ရှုယီအား Frestech ကုန်သည်ကြီးများအသင်း အစောင့်များ၏ တိုက်ခိုက်မှု အလုံးစုံကို ခံယူပါမည်ဟု ကတိပေးထားခဲ့ပြီး အနှီ အမြောက်ကျည် ဆယ့်ခြောက်ခုက အင်မတန် မြန်ဆန်လှရာ ပစ်လိုက်သည်နှင့် မကြာခင် သူ့ရှေ့ရောက်လာသဖြင့် ရှောင်တိမ်းဖို့ အချိန်လုံးဝမရတော့ပေ။

ထိုအမြှောက်ကျည်ဆယ့်ခြောက်ခုထံ၌ ကြီးမားလှသည့် ပစ်ကွင်းရှိနေသည်ကို မဆိုထားနှင့်။ သူသာ ၎င်းတို့ကို ရှောင်တိမ်းလိုက်လျှင်ပင် ရှောင်တိမ်းနိုင်ဦးမည်မဟုတ်ပေ။

အလုံအလောက် ပြင်ဆင်ထားခြင်းမရှိဘဲ သူဆိုလျှင်တောင် အထိအခိုက် ရှိမရှိကို အာမ,မခံနိုင်ချေ။

မျက်တောင်တစ်ခတ်စာအတွင်း ရူနာက ရုတ်တရတ် အမျှော်အမြင်အရှိဆုံး ဆုံးဖြတ်ချက်ကို ချလိုက်သည်။ သူက ရပ်တန့်၍ မှော်အစွမ်းအားလုံးကိုစုစည်းကာ သူ၏မှော်အကာအရံထဲသို့ အလုံးစုံ ထည့်သွင်းလိုက်ပါ၏။

“ဟုန်း ဟုန်း ဟုန်း!”

၎င်းတို့သုံးဦးမှာ ရူနာ၏ မှော်အကာအရံကို ထိသွားပြီး ချက်ချင်းပင် တုနှိုင်းမဲ့တောက်ပလွန်းလှသော အလင်းတစ်ပြကို ထုတ်လွှတ်လာသည်။

၎င်းပြင်းထန်သည့်ပေါက်ကွဲမှုက ပင်လယ်၌ လှိုင်းများကို ဖန်တီးကာ တည်ငြိမ်သည့် ညချမ်းပင်လယ်အထက် မီတာနှစ်ရာအကျော်ကို ရောက်ရှိသွားစေသည်။ ဤသည်ကပင် ထိုပေါက်ကွဲမှု သုံးခုက မည်မျှ စွမ်းအားကြီးလှကြောင်းကို ပြသဖို့ လုံလောက်နေပါ၏။

လေထဲရှိ ရူနာမှာ တုန်ရီသွားရင်း ပါးစပ်ထဲ ခပ်ချိုချို အရသာထွက်ပေါ်လာသည်။ သူ၏လည်ချောင်းထဲ၌ တကယ်တမ်း သွေးများရှိနေပါ၏။

ရူနာသာ လုံလုံလောက်လောက် လျင်မြန်စွာ မတုံ့ပြန်ခဲ့ဘဲ ထိုသွေးကို ဖိနှိပ်မထားလိုက်ပါလျှင် ထိုလူများရှေ့၌ အရူးလုပ်ခံရလိမ့်မည်။

အမြောက်ကျည်သုံးခုအား မှော်အကာအရံက တားဆီးထားသော်လည်း ရူနာမှာ ထိုအမြောက်ကျည်သုံးခု၏ စွမ်းအားကြီး တိုက်ခိုက်မှုကြောင့် ပေါက်ကွဲအားကို ကာဆီးနိုင်ခဲ့သော်လည်း ပေါက်ကွဲမှု၏ ကြောက်မက်ဖွယ် ရိုက်ခတ်အားကိုလုံးဝမဟန့်တားနိုင်ခဲ့ကြောင်း သိလိုက်ရသည်။ သူဟာ ထို ရိုက်ခတ်လှိုင်းများ သူ့ထံ လာရောက် ရိုက်ခတ်ခြင်းမှ ဒဏ်ရာများကို မကာကွယ်နိုင်တော့ပေ။

ရူနာမှာ သူ၏ မှော်အစွမ်းကို စစ်ဆေးချိန်၌ ပို၍ပင် အံ့ဩသွားရသေး၏။

ထိုအမြောက်ကျည်သုံးခုထံမှ ထိမှန်ခံခဲ့ရပြီးနောက်တွင် မှော်စွမ်းအား ငါးပုံတစ်ပုံအောက်သာ ကျန်ရှိတော့သည်ကို တွေ့ရလေသည်။

၎င်းက ထိုအမြောက်ကျည်သုံးခု၏ စွမ်းအားလေးမှာ တားမြစ်‌မန္တာန် ကမ္ဘာပျက်ကိန်း တရားစီရင်ခြင်းထပ် အနည်းငယ်မျှသာ ပိုအားနည်းရုံရှိသည်ဟု ဆိုလိုပါ၏။

“လှလိုက်တာ!” ရှုယီမှာ အဝေးမှနေ၍ တိုက်ပွဲကို စောင့်ကြည့်ကာ လက်ခုပ်နှစ်ချက်တီးလိုက်ပြီးနောက် ချီးကျူးလာသည်၊ “ခင်ဗျားက တကယ်ကို မဟာမှော်ပညာရှင်တစ်ဦးပဲ၊ ဒီလိုစွမ်းအားကြီး တိုက်ခိုက်မှုကိုတောင် တားဆီးနိုင်တယ်။ မဟာမှော်ပညာရှင် ရူနာ, ခင်ဗျား နောက်ထပ် တိုက်ခိုက်မှုကို တောင့်ခံနိုင်တာနဲ့ မတိုင်ခင်က ကတိကို တည်ပေးပြီး ခင်ဗျားကို လွှတ်ပေးမယ်။”

ရူနာက အသက်ရှူကာ သူ၏ရင်ဝသို့ ဆန်တက်လာသည့် သွေးများကို ဖိနှိပ်ထားလိုက်သည်။ သူက ရှုယီကို တည်ငြိမ်စွာ ကြည့်လိုက်၏၊ “လာ‌”

ရှုယီလည်း ခေါင်းငြိမ့်၍ လက်ထဲရှိ မှော်ဆက်သွယ်ရေးကိရိယာထံ စကားလုံးအ‌ချို့ပြောလိုက်သည်။

ရူနာမှာ စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့ပါသော်လည်း Frestech ကုန်သည်ကြီးများအသင်း အစောင့်များက ဆက်မတိုက်ခိုက်လာတော့သည်ကို သိလိုက်ရသည်။ သူလည်း မနေနိုင်ဘဲ အတန်ငယ် အံ့ဩကာ မေးလိုက်မိ၏၊ “ဥက္ကဌရှု နောက်ဆုံးတိုက်ခိုက်မှုကရော? ဘာလို့ မလာကြသေးတာလဲ?”

ရှုယီက အပြုံးဖြင့် ပြန်မေး၏၊ “မဟာမှော်ပညာရှင် ရူနာ ခင်ဗျား ဒီလောက်တောင် သေချင်နေတာလား?”

ရူနာလည်း အံ့ဩသွားပြီးနောက် ဒေါသဖြစ်သွားရ၏၊ “ဘယ်သူက သေဖို့ ဆန္ဒရှိမှာလဲ? ဥက္ကဌရှုက ကျုပ်ကို စော်ကားဖို့ ကြိုးစားနေတာလား?”

“မဟုတ်ပါဘူး ဒီလိုအဓိပ္ပာယ်မဟုတ်ပါဘူး။” ရှုယီက ခေါင်းခါ၏၊ “ဒါပေမယ့် မဟာမှော်ပညာရှင် ရူနာ, ခင်ဗျားအနေနဲ့ အချက်အလက်တစ်ခုကို သေချာသိသင့်တယ်။ ခင်ဗျားမှာ မှော်စွမ်းအားများများစားစားမကျန်တော့ဘဲနဲ့ ခုနက တိုက်ခိုက်မှု နှစ်ခုကို ကျော်လွန်နေတဲ့ နောက်‌ဆုံးတိုက်ခိုက်မှုစွမ်းအားကို တားဆီးနိုင်မယ်ဆိုတာ သေချာလို့လား?”

ရူနာလည်း ခဏတာ တိတ်ဆိတ်သွားပြီးနောက် နှာမှုတ်သည်၊ “အဓိပ္ပာယ်မရှိတာ! ဒါက မင်းရဲ့ အကြောင်းပြချက်လေ ငါသဘောမ‌တူချင်ပေမယ့် မင်းက သဘောတူမှာတဲ့လား? မဟာမှော်ပညာရှင် ကမ်မီလာကရော သဘောတူမှာတဲ့လား?”

“ဒါကတော့ မသေချာပါဘူး။” ရှုယီက အသာပြုံး၍ ဆို၏၊ “တကယ်တော့ ခင်ဗျားအနေနဲ့ သေဆုံးခြင်းကံကြမ္မာကနေ လွတ်မြောက်ဖို့ တခြားနည်းလမ်းတစ်ခုရှိပါသေးတယ်။”

ရူနာက မျက်လုံးများ ကျဉ်းမြောင်၍ ရှုယီကို ကြည့်ကာ တစ်ချက်ရယ်လာ၏၊ “ဥက္ကဌရှု ကျုပ်က အဲ့လောက် စွမ်းအားကြီးတဲ့လူမဟုတ်တာကို ဝန်ခံပေမယ့်လည်း အနည်းဆုံးတော့ မဟာမှော်ပညာရှင်တစ်ယောက် ဖြစ်နေသေးတယ်လေ။ မင်းသာ ငါ့ကို အရှက်ရစေဖို့ ဒီနည်းလမ်းသုံးချင်တာဆိုရင် စဉ်းတောင် မစဉ်းစားကြည့်လိုက်နဲ့!”

“ကျုပ် ပြောပြီးသားပါ ကျုပ် ခင်ဗျားကို အရှက်ခွဲချင်တာမဟုတ်ဘဲ အပေးအယူလုပ်ချင်တာလေ။” ရှုယီက ခေါင်းခါကာ ဆိုသည် “မဟာမှော်ပညာရှင် ရူနာ, ခင်ဗျားကို လူဘယ်‌နှယောက်က ကျုပ်ကို သတ်ခိုင်းဖို့ ငွေပေးပြီး တောင်းဆိုလာခဲ့သလဲဆိုတာ မေးကြည့်လို့ရမလား?”

“ဘာလို့ ဒါကို စိတ်ဝင်စားနေတာလဲ?” ရူနာကလည်း ပြန်မေးသည်။

“ကျုပ် ဘယ်လောက် တန်တယ်ဆိုတာ သိချင်လို့ပါ။” ရှုယီက ပခူံးတစ်ချက်တွန့်သည်။

ရူနာလည်း နှုတ်ခမ်းများ ကွေးညွတ်လျက်ဖြင့်၊ “ရွှေဒင်္ဂါး ငါးသိန်း? ဘယ်လိုလဲ မင်းက အတော်လေးတန်တယ်မဟုတ်လား?”

“ငါးသိန်းတည်းလား?” ရှုယီမှာ တအံ့တဩ မျက်လုံးများပြူးလိုက်မိသည်၊ “ဒါက မနည်းလွန်းဘူးလား? ကျုပ်က အဲ့လောက်မတန်လို့များလား?”

ရူနာ၏ မျက်လုံးများလည်း ပြူးကျယ်ကာ ရှုယီကို မယုံနိုင်စွာ ကြည့်လာသည်၊ “ဥက္ကဌရှု မင်းက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား? ငါးသိန်းက အတော်ကို များတဲ့ပမာဏလေ၊ ဒါလေးနဲ့မလုံလောက်ဘူးလို့ ခံစားနေရတယ်ပေါ့?”

“ဒါပေါ့” ရှုယီလည်း မည်သည့်ယဉ်ကျေးမှုမှ မပြဘဲ ပြောလိုက်သည်၊ “ပြောပြပါရစေ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းတစ်လကို ရွှေဒင်္ဂါးတစ်သန်းကျော်ဝင်နေပြီး ကျုပ်က ဥက္ကဌအနေနဲ့ တစ်နှစ်ကို ငါးသန်းကျော် ရှာနိုင်တယ်။ အခု ကျုပ်က ရွှေဒင်္ဂါးငါးသိန်းပဲ တန်တယ်လို့ ပြောနေတာလား? ဒါက ကျုပ်ကို အထင်သေးလွန်းနေတာ မဟုတ်ဘူးလား?”

“တစ်နှစ်ကို ရွှေဒင်္ဂါးငါးသန်း?” ရူနာက ရှုယီကို အံ့အားတသင့် ကြည့်လိုက်ကာ၊ “လာနောက်နေတာလား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? မင်းတို့ လမ်ပူရီတိုင်းပြည်ရဲ့ ဘဏ္ဍာရေးဌာနကတောင် နှစ်တိုင်းအဲ့လောက်မှ မရတာကိုလေ? ဘယ်လိုလုပ် လူတစ်ယောက်က တစ်နှစ်ကို လမ်ပူရီတိုင်းပြည်တစ်ခုလုံးထက် ပိုပြီး ငွေဝင်နိုင်မှာလဲ?”

“ဒါက မထူးဆန်းပါဘူး။” ရှုယီက ရယ်လျက်ဆို၏၊ “တကယ်တော့ လမ်ပူရီတိုင်းပြည်ရဲ့ ဘဏ္ဍာရေးက ကျုပ်အတွက် အရမ်းကို နည်းပါးလွန်းတယ်။ လမ်ပူရီတိုင်းပြည်မှာ နိုင်ငံ ဘဏ္ဍာထက် ငွေပိုရနေတဲ့ ကုန်သည်တွေနဲ့ မျိုးရိုးမြင့်တွေ အတော်များများရှိတာက လျှို့ဝှက်ချက်မှ မဟုတ်တာ။ မဟာမှော်ပညာရှင် ရူနာ, ခင်ဗျားက ဒီကိစ္စကို အံ့ဩနေတော့ ခင်ဗျားက ဘာမှမသိဘူးလို့ပဲ.... ကျုပ် ပြောနိုင်တော့တယ်။”

“မင်း.....” မဟာမှော်ပညာရှင် ရူနာမှာ ဒေါသအပြည့်ဖြစ်သွားသော်လည်း ရှုယီ၏ ဤအပိုင်း၌ စွပ်စွဲမှုက မမှားကြောင်း သိလိုက်ရသည်။

၎င်းကို စဉ်းစားကြည့်ရင်း ရူနာမှာ သူ၏စိတ်ထဲရှိ ဒေါသကို ဖိနှိပ်၍ ရှုယီထံ အလေးအနက်မေးမြန်းလိုက်လေသည်၊ “ကောင်းပြီ မင်းက ဒီလို ရောက်တတ်ရာရာတွေ ပြောလာမှတော့ ဘာကို တကယ်ပြောချင်နေတာများလဲ?”

“ကျုပ်က မေးကြည့်ချင်ရုံပါ၊ ရွှေဒင်္ဂါးငါးသိန်း‌ရဖို့၊ တကယ် ရမယ်လို့ ပြောဖို့တောင်ခက်တာလေးအတွက်နဲ့ ဒီလို စွန့်စားမှုကြီးတွေ ကျော်ဖြတ်နေမယ့်အစား တစ်နှစ်ကို အနည်းဆုံး ရွှေဒင်္ဂါးတစ်သောင်း၊ ဒါမှမဟုတ် ရွှေဒင်္ဂါး သုံးသောင်းကနေ ငါးသောင်းအထိတောင်ရဖို့ကို စိတ်ဝင်စားလား? ပြီးတော့ ခင်ဗျားအနေနဲ့ မတူညီတဲ့ သုတေသနပေါင်းစုံအတွက် ပစ္စည်းတွေ ရင်းနှီးမြှုပ်နှံဖို့ကိုလည်း ပူစရာတောင် လိုမှာမဟုတ်ဘူးလေ?”

နံဘေးရှိ မဟာမှော်ပညာရှင်ကမ်မီလာနှင့် စတေးလ်တို့မှာ ချက်ချင်းပင် ရှုယီ၏ ဆိုလိုရင်းကို နားလည်သွားပြီး တပြိုင်တည်း မျက်မှောင်ကုပ်လိုက်မိကြ၏။

“ရှုယီ ဒီကောင်က မင်းကို သတ်ချင်နေတာလေ၊ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ?” မဟာမှော်ပညာရှင်ကမ်မီလာမှာ အလေးအနက်ဆိုလာတော့သည်။

“ဟုတ်တယ် ရှုယီ သူ အခုနကလေးတင်မှာ ကျွန်မတို့ကို သတ်တော့မလိုဖြစ်သွားတာကို ဘယ်လိုလုပ် ကျွန်မတို့အတွက် အလုပ်လုပ်ခွင့် ပေးနိုင်ရမှာလဲ?”

ရှုယီက လက်ယမ်းပါ၏၊ “ဒါက ဘာမှမဟုတ်ပါဘူး၊ သူက အဝယ်ခံလိုက်ရရုံတင်။ တခြားလူတွေက သူ့ကိုဝယ်နိုင်မှတော့ ကျွန်တော်လည်း တစ်ထေရာတည်း လုပ်လို့ရလောက်မှာပဲလေ။ မမေ့နဲ့ဦး ကျွန်တော့်မှာ ငွေအတော်များများရှိတယ်။”

စတေးလ်လည်း ရှုယီကို မျက်လုံးများလှိမ့်၍ မည်သည်ကိုမှ မဆိုတော့ပေ။

သူမအနေနှင့် ရှုယီက ဆုံးဖြတ်ချက်ချလိုက်ကတည်းက ပြောင်းလဲဖို့ လွယ်တော့မည်မဟုတ်သည်ကို သိပါ၏။

မဟာမှော်ပညာရှင်ကမ်မီလာလည်း စဉ်းစား၍ မျက်မှောင်ကုပ်နေမိသော်ငြား မည်သည်ကိုမှ ဆိုမလာပေ။

ထိုနှစ်ဦးက ကန့်ကွက်ခြင်းမရှိတော့သည်ကိုမြင်သော် ရှုယီလည်း အဝေးရှိ ရူနာကို ဆက်မေးလိုက်လေသည်၊ “ဘယ်လိုလဲ? မဟာမှော်ပညာရှင် ရူနာ, ဒီအလုပ်ကို စိတ်ဝင်စားလား?”

ရူနာမှာလည်း ခဏတာ တိတ်ဆိတ်နေပြီးနောက် ရှုယီကို မေးလာ၏၊ “ဥက္ကဌရှု၊ မင်းက မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းအတွက် ငါ့ကို အလုပ်လုပ်စေချင်နေတာလား? ဟမ့်! မင်းက တကယ်ကို နုံချာချက်ပဲ!”

“မဟုတ်ပါဘူး မဟုတ်ပါဘူး ကျုပ်က လုံးဝကို မနုံချာဘူးနော်။” ရှုယီက အပြုံးဖြင့် ခေါင်းခါ၏၊ “ခင်ဗျား အခုနကပဲ ပြောလိုက်တယ်လေ၊ ဘယ်သူကမှ သေဖို့ ဆန္ဒမရှိကြဘူးဆို။ ခင်ဗျားရဲ့ အခြေအနေအရဆို ခင်ဗျားသာ ကျုပ်ရဲ့ တောင်းဆိုမှုတွေကို သဘောမတူရင် သေဖို့ တစ်လမ်းပဲ ရှိတော့တယ်။ အခုနက ကျုပ်နဲ့ စတေးလ်ကို ခင်ဗျား သတ်ချင်နေတော့ ကျုပ် ခင်ဗျားကို သတ်လိုက်မယ်‌ဆိုရင်တောင် ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် ကျုပ်က ခင်ဗျားကို အခွင့်အရေးတစ်ခုပေးဖို့ ဆန္ဒရှိနေတာကြောင့် သဘောထားကြီးတယ်လို့တောင် သတ်မှတ်လို့ရတယ်။ ဟုတ်ပြီ ခင်ဗျားအခု ရွေးလိုက်တော့ သေမှာလား ဒါမှမဟုတ် ကျုပ်အတွက် အလုပ်လုပ်မှာလား?”

ရူနာမှာ ခါးသက်စွာ ရယ်မောလိုက်လေသည်၊ “ငါ့မှာ ရွေးစရာရော ရှိနေလို့လား?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၃၅။ အစိတ်အပိုင်းကို သုံးရလွယ်ရန် လုပ်ဆောင်ခြင်း

အံ့အားသင့်ဖွယ်သတင်းတစ်ခုက စတက်တိန်းနယ်မြေတစ်ခုလုံး၌ အလျင်အမြန် ပျံ့နှံ့သွားသည်။

ကောင့်ထ်ဝိန်မှာ ဒုခ် စတက်တိန်းကို တရားဝင်စစ်ကြေညာလိုက်၏!

ယခင်က လမ်းကြောင်းအရ ကောင့်ထ်ဝိန်မှာ ဒုခ် စတက်တိန်းကို တစ်နေ့စစ်ကြေညာမည်မှန်း လူတိုင်းသိကြသည်သာ။

သို့သော် မည်သူကမှ ထိုနေ့က မြန်မြန်ရောက်လာမည်ဟု ထင်မထားကြချေ။

ကောင့်ထ်ဝိန်မှာ မြန်မြန်ဆန်ဆန်တိုးတက်လာပါလျှင်တောင် သူ့အနေနှင့် ပိုအားနည်းသည့် အရှင်သခင်များကိုဝါးမြိုပြီး အင်အားတိုးလာပါလျှင်တောင် သူ၏ နယ်မြေက မတည်ငြိမ်သေးပေ။ ထို့အပြင် တိုက်ပွဲများစွာ ဆင်နွှဲပြီးနောက် သူဟာ ရပ်တန့်၍ သူ၏ခွန်အားကို ပြန်လည်ဖြည့်တင်းသင့်ရာ မည်သို့များ နယ်မြေတစ်ခုလုံးရှိ အသန်မာဆုံးဖြစ်သူ ဒုခ် စတက်တိန်းကို စစ်ကြေညာလာရသနည်း?

ဒုခ် စတက်တိန်းမှာ နှစ်သုံးဆယ်ကြာ ဒုခ်ဖြစ်ခဲ့သည်ကိုမဆိုထားနှင့် မည်သူကမှ သူ့ထံ၌ အင်အားမည်မျှ သိမ်းထားသည်ကို မခန့်မှန်းနိုင်ပေ။

ကောင့်ထ်ဝိန်အနေနှင့် ဒုခ် စတက်တိန်းနှင့် စစ်ပွဲစတင်ရန် အလျင်စလို ရွေးချယ်လိုက်ပုံမှာ တကယ်ကို မထက်မြတ်လှချေ။

သို့သော် ကောင့်ထ်ဝိန်မှာ အခြားအရှင်သခင်များကို တိုက်ခိုက်စဉ်ကကဲ့သို့ ကောင့်ထ်ဝိန်နှင့် ဒုခ် စတက်တိန်းတို့ တိုက်ခိုက်ကြချိန်တွင် ဒုခ် စတက်တိန်း၏ စစ်သည်များမှာ အရှင်ဝိန်၏ တိုက်ခိုက်မှုများကို မဟန့်တားနိုင်ကြပေ။ ၎င်းတို့မှာ တစ်ဦးကိုတစ်ဦး အနိုင်ယူခံရပြီးနောက် ဆက်တိုက် ဆုတ်ခွာနေရလေ၏။

လတစ်ဝက်တာလေးအတွင်း ကောင့်ထ်ဝိန်၏ စစ်တပ်မှာ ဒုခ် စတက်တိန်း၏ အပိုင်စားနယ်မြေထဲသို့ ကီလိုမီတာ နှစ်ရာအထိ တိုးလာပြီး ဒုခ် စတက်တိန်းလက်အောက်ရှိ နယ်မြေသုံးပုံတစ်ပုံကို ရယူထားတော့သည်။

လူတိုင်းက ကောင့်ထ်ဝိန်နှင့် ဒုခ် စတက်တိန်းတို့အကြား စစ်ပွဲတွင် နှစ်ဘက်စလုံးက အချင်းချင်း ထိခိုက်ရစေမည် သို့မဟုတ် ကောင့်ထ်ဝိန်အား ဒုခ် စတက်တိန်းက သင်ခန်းစာကောင်းကောင်းပေးလိုက်မည်ဟု မျှော်မှန်းထားကြသော်လည်း အခြေအနေကို မြင်ပြီးနောက်တွင် အားလုံးတိတ်ဆိတ်ကြကုန်၏။

များမကြာမီ ဒုခ်အသစ်တစ်ဦးအတွက် တောင်းဆိုမှုများရှိလာကြသည်။

ကောင့်ထ်ဝိန်အား မတားဆီးနိုင်သည်ကို မြင်ကြရသော အရှင်သခင်များကမူ ကောင့်ထ်ဝိန်ကို ဒုခ် စတက်တိန်းအသစ်ဖြစ်လာဖို့ စတင်ထောက်ခံလာကြတော့၏။

ကောင့်ထ်ဝိန်ကို ချီးကျူးသည့် အရှင်သခင်အချို့ပင် ရှိနေသေးသည်။ ၎င်းတို့က စတက်တိန်းနယ်မြေမှာ အမှန်တကယ်ပေါင်းစည်းနိုင်သွားသည့် ပထမဆုံးအကြိမ်ဖြစ်၍ စတက်တိန်းနယ်မြေကို ဒုခ်အစစ်အမှန်တစ်ဦးနှင့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေနိုင်သည်ဟုပင် ဆိုနေကြသည်။

ကောင့်ထ်ဝိန်သာ ၎င်းကို အောင်မြင်‌လျှင် စတက်တိန်းနယ်မြေသမိုင်း၌ အကြီးမြတ်ဆုံး ဒုခ်ဖြစ်လာလိမ့်မည်။ သူ့အနေနှင့် သေချာပေါက် စတက်တိန်းနယ်မြေသမိုင်း၌ ရေးထွင်းခံရပေလိမ့်မည်။

ရုတ်တရတ် စတက်တိန်းနယ်မြေရှိ အခြေအနေက ပြောင်းလဲသွားပါ၏။

ဒုခ် စတက်တိန်းမှာ အရှင်သခင်အချို့၏ ထောက်ပံ့မှုရရှိခဲ့သော်လည်း ကောင့်ထ်ဝိန်နှင့် ဒုခ် စတက်တိန်းအကြား စစ်ပွဲစတင်ပြီးနောက်တွင် ဒုခ် စတက်တိန်းကို ထောက်ခံခဲ့ကြသည့် အရှင်သခင်များက ဘက်ပြောင်းကုန်ကြသည်။

မျက်တောင်တစ်ခတ်စာအတွင်း ကောင့်ထ်ဝိန်ကသာ ဒုခ် စတက်တိန်းအသစ်ဖြစ်လာဖို့အတွက် တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်လာပါ၏။

သို့သော် ကောင့်ထ်ဝိန်မှာ လက်ရှိတွင် မည်သို့သော ပျော်ရွှင်မှုကိုမှ မခံစားရချေ။

“ဥက္ကဌရှု ဒါက ကျုပ်တို့ရဲ့ နောက်တိုက်ပွဲအတွက် ဗျူဟာတွေပါ တစ်ချက်ကြည့်ပါဦး” ကောင့်ထ်ဝိန်မှာ စာအုပ်ထူတစ်အုပ်ကို လွှဲပေးရင်း အင်မတန် တရိုတသေပြုမူနေလေသည်။

၎င်းက ရှုယီထံ မာနဝင့်ကြွားပြပြီး ဒေါသတကြီးနှင့် သူ၏နယ်မြေထဲ ဝင်တိုက်စဉ်ကနှင့် အပြတ်အသတ်ခြားနားနေသည်။ လက်ရှိ ကောင့်ထ်ဝိန်မှာ ရှုယီကို မည်သည့် ဝင့်ကြွားမှုမှ ပြသမနေနိုင်ဘဲ အင်မတန်တရိုတသေပြုမူကာ အရိုအသေတန်မှုလေးတစ်စွန်းတစကိုပင် မပြသဝံ့ပေ။

တစ်ခါတရံတွင် ကောင့်ထ်ဝိန်မှာ သူ၏ အပြုအမူကြောင့် အင်မတန် ဒေါသဖြစ်ပြီး ရှက်ရွံ့နေတတ်သည်။

သို့သော် မည်သည်ကိုမှ မတတ်နိုင်ပေ။

အခြားလူများရှေ့မှောက် အထူးသဖြင့် စတက်တိန်းနယ်မြေ၏ အခြားအရှင်သခင်များရှေ့တွင် သူဟာ အင်မတန်အင်အားကြီးပြီး ဒုခ် စတက်တိန်းကိုပင် အနိုင်ယူနိုင်ကာ စတက်တိန်းနယ်မြေ၌ အကျော်ကြားဆုံးလူဖြစ်လာပါ၏။

သူ့အနေနှင့် ထိုအရာအားလုံးကို Frestech ကုန်သည်ကြီးများအသင်း၏ အထောက်အပံ့ကြောင့် လုပ်ဆောင်နိုင်ခဲ့ကြောင်း သေချာသိလေသည်။

သူသာ Frestech ကုန်သည်ကြီးများအသင်း၏ ထောက်ပံ့မှုကို ဆုံးရှုံးလိုက်ရပါက အခြားအရှင်သခင်များနှင့် မခြားတော့ဘဲ မည်သည့်အရာမှ ရှိနေမည်ပင် မဟုတ်ပေ။

ရှုယီသာ စိတ်တိုင်းမကျလျှင် သူ့အား အစားထိုးရန် အခြားအရှင်သခင်ကို ထောက်ပံ့လိုက်နိုင်၏။

သူ စစ်ဘက်သုံးမှော်စက်ထောက်ပံ့မှုကို ဖြတ်တောက်လိုက်သည်နှင့် တိုက်ပွဲစွမ်းအားက သုညဖြစ်ကာ သူ့ထံရှိ အရာရာတိုင်းက ဆပ်ပြာပူဖောင်းလေးတစ်ခုလို ပေါက်သွားမည်သာ။

ကောင့်ထ်ဝိန်အနေနှင့် သူ၏ နယ်မြေ၊ လူအင်အားနှင့် အထောက်အပံ့တို့က စတက်တိန်းနယ်မြေရှိ မည်သည့်အရှင်သခင်ကိုမဆို ယှဉ်နိုင်ရန် လုံလောက်သည်ဟု ထင်သောကြောင့် စစ်ဘက်သုံးမှော်စက်များကို လက်လျှော့လိုက်ချင်သော အချိန်များရှိခဲ့သည်။ သူဟာ ဒုခ် စတက်တိန်းထက်ပင် အားနည်းမနေပေ။

သို့သော် သူသာ စစ်ဘက်သုံးမှော်စက်များကို တကယ်ဆုံးရှုံးလိုက်ရပါက တစ်ဘက်ကို အနိုင်ယူရမ် စစ်ဘက်သုံးမှော်စက်များ အသုံးပြုခြင်းကို ကျင့်သားရနေပြီးသား သူ၏စစ်သည်များ၏ တိုက်ပွဲအင်အား ကျဆင်းသွားပေလိမ့်မည်။ ယခင်ကနှင့် ယှဉ်နိုင်တော့မည်မဟုတ်ပေ။

စစ်ဘက်သုံးမှော်စက်များကို အသုံးပြုရခြင်းမှာ ရေငတ်ပြေရန် အဆိပ်သောက်ရခြင်းနှင့်တူသည်။

သူသာ ၎င်းကိုမသုံးလျှင် သေလိမ့်မည်ဖြစ်သော်ငြား ဆက်သုံးနေပါလျှင်လည်း အ‌ဆုံးသတ်သွားမည်သာ။

ကောင့်ထ်ဝိန်မှာ ဤအခြေအနေ‌ကြောင့် အင်မတန်ကူရာမဲ့နေသည်။ သူ့အနေနှင့် ၎င်းကိုဖြေရှင်းဖို့ မည်သည့်‌နည်းလမ်းမှ မတွေ့သဖြင့် အချိန်ကုန်လွန်လာသည်နှင့် ထိုအခြေအနေအတွက် အဖြေရှာခြင်းကို လက်လျှော့လိုက်တော့သည။

သူလည်း ဆုံးဖြတ်ချက်ချပြီးသားပင်။ ရှုယီက သူ့အား အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးချချင်နေကတည်းက သူဟာ အသုံးဝင်သည့် အစိတ်အပိုင်းအဖြစ် ကြိုးစားရလိမ့်မည်။

မည်သို့ဖြစ်စေ ရှုယီမှာ ငွေရှာရာ၌သာ စိတ်ဝင်စားပုံပေါ်ပြီး အရှင်သခင်တစ်ဦးဖြစ်ခြင်းနှင့် သူ့နယ်မြေရှိ လူတိုင်း၏ ဘဝများကို အဆုံးအဖြတ်ပေးရန် အခွင့်အရေးရခြင်းကို စိတ်မဝင်စားချေ။

ရှုယီ သူ့အား မှာထားသည့် အ‌ရာများကို လုပ်ဆောင်နေသရွေ့ သူဟာ သေချာပေါက် စတက်တိန်းနယ်မြေတွင် အသန်မာဆုံး ဒုခ်ဖြစ်လာလိမ့်မည်။

သို့သော်လည်း အဓိကမှာ သူဟာ ရှုယီကိုနားထောင်ရလိမ့်မည်။

ရှုယီမှာ တိုက်ပွဲဗျူဟာများကို အချိန်အနည်းငယ်ကြာကြည့်ပြီးနောက်၌ ဘေးချထားလိုက်သည်။

“ကောင့်ထ်ဝိန် ခင်ဗျားရဲ့ နည်းဗျူဟာတွေကို ကျုပ် ဂရုမစိုက်ပါဘူး။ ခင်ဗျားအနေနဲ့ ကျုပ်လိုချင်တဲ့ ပန်းတိုင်ကို အရယူနိုင်မလားပဲ သိချင်တာ။ အဲဒီပန်းတိုင်ကိုရောက်ဖို့ဆို ကျုပ် ဒါမှမဟုတ် Frestech ကုန်သည်ကြီးများအသင်းဆီကနေ ခင်ဗျား ဘာအထောက်အပံ့ကိုပဲ လိုသည်ဖြစ်စေ သေချာပေါက် အကောင်းဆုံး လုပ်ပေးမှာပဲ။”

ရှုယီမျက်နှာထက်ရှိ လေးနက်နေဟန်ကိုမြင်သော် ကောင့်ထ်ဝိန်မှာ စိတ်ထဲ ဆဲရေးလိုက်မိသည်။

ဤရှုယီမှာ တကယ်ကို အတုအယောင်အဆန်ဆုံးလူပါပင်!

သူ့အနေနှင့် စတက်တိန်းနယ်မြေကို သေချာပေါက် ထိန်းချုပ်ချင်နေသော်လည်း မိမိကိုတော့ အခြားအရှင်သခင်များနှင့် ရင်ဆိုင်တိုက်ခိုက်ခိုင်းကာ သူကတော့ နောက်၌ မည်သည်ကိုမှ မလုပ်ဆောင်ဘဲ ပုန်းအောင်းနေလေသည်။

ကောင့်ထ်ဝိန်ဟာ ထိုသို့တွေးလိုက်သော်လည်း ပြုံးပြလိုက်ပြီးနောက်တွင် ခေါင်းတစ်ချက် ငြိမ့်ပြ၏၊ “ဟုတ်ပါတယ် ဥက္ကဌရှု ဒါတွေက ကျုပ်တို့လိုအပ်နေတဲ့ အထောက်အပံ့တွေပါ တစ်ချက်ကြည့်ပါဦး။”

ရှုယီလည်း အထောက်အကူစာရင်းကိုယူ၍ သေချာကြည့်လိုက်လေသည်။

တစ်ချက်ကြည့်ရုံလေးနှင့်တင် သူဟာ မျက်မှောင်တင်းတင်းကုပ်မိ‌ရသည်။

“ကောင့်ထ်ဝိန် မှော်မြှားအတွက် အကုန်အကျက မြင့်လွန်းမနေဘူးလား? လတစ်ဝက်တာလေးအတွင်းနဲ့ ဒုခ် စတက်တိန်းကို ၅ကြိမ်တိုက်ခိုက်ခဲ့ပြီး မှော်မြှားတစ်သောင်းတောင် သုံးပြီးနေပြီလား? ရလာဒ်တွေအရဆို ဒုခ် စတက်တိန်းက လူတစ်သောင်းအောက်ပဲ ဆုံးရှုံးခဲ့ရတာလေ။ ခင်ဗျားက ရန်သူတစ်ယောက်ကို သတ်ဖို့အတွက်လေးနဲ့ ရွှေဒင်္ဂါးဆယ်ပြားကျော် ကုန်ကျတဲ့ မှော်မြှားတစ်စင်းကို သုံးတယ်လား?”

ကောင့်ထ်ဝိန်က အလေးအနက်ပြောလာသည်၊ “ဥက္ကဌရှု တိုက်ပွဲအခြေအနေက ဆုံးဖြတ်ဖို့ခက်ပါတယ်။ ဒုခ် စတက်တိန်းရဲ့ စစ်သည်တွေမှာက အကာအကွယ်အင်အားအလုံအလောက်ရှိ‌တာကြောင့်မို့ သူတို့ကို ထိခိုက်စေဖို့ မှော်မြှားတွေအတွက်ခက်ခဲပြီး အတော်လေး သုံးလိုက်ရတာပါ။”

“ဒီလိုလား? ခင်ဗျားဆီမှာ ဒါကို ဖြေရှင်းဖို့ နည်းလမ်းတချို့များရှိလား?” ရှုယီမေးလိုက်လေသည်။

“ရှိပါတယ်။ တစ်ဘက်မှာ ကျုပ်တို့ရဲ့ ပုံမှန်စစ်ဘက်သုံးမှော်စက်တွေကို ခုခံဖို့ နည်းလမ်းတွေရှိတော့ ဥက္ကဌရှုက ကျုပ်ကို အဆင့်မြင့်စစ်ဘက်သုံးမှော်စက်တွေပေးတာနဲ့ သေချာပေါက် ဒုခ် စတက်တိန်းကို အလွယ်လေး အနိုင်ယူနိုင်တယ်။” ကောင့်ထ်ဝိန်က အကြောက်အရွံ့ကင်းစွာ ပြောသည်။

“အိုး?” ရှုယီမှာ ကောင့်ထ်ဝိန်ကို တစ္ဆေဆန်ဆန်ပြုံးလျက် ကြည့်လိုက်သည်၊ “ခင်ဗျားက ဘယ်လို အဆင့်မြင့် စစ်ဘက်သုံးမှော်စက်မျိုးကို လိုချင်တာများလဲ?”

“အဲ့လောက် အဆင့်မြင့်ဖို့တော့ မလိုပါဘူး။ အရင်တစ်ခေါက်က ခင်ဗျားတို့လုပ်ငန်းစုရဲ့ အစောင့်တွေဆီကနေ မှော်လောင်ချာတွေရဲ့ စမ်းသပ်မှုကို မြင်ခဲ့ရတာ အတော်လေး အားကောင်းတာပဲ။ ကျုပ်တို့ လက်အောက်ငယ်သားတွေဆီမှာသာ ဒီလိုမှော်လောင်ချာတွေရှိမယ်ဆိုရင် ဒုခ် စတက်တိန်းရဲ့စစ်တပ်ကလည်း ခုခံနိုင်လောက်မှာ မဟုတ်ဘူး။”

ရှုယီမှာ သူ၏ထိုင်ခုံလက်ရန်းကို ထိကာ ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်လေသည်၊ “ဒီမှော်လောင်‌ချာတွေကို ခင်ဗျားဆီပေးဖို့တော့ မဖြစ်နိုင်တာ‌တော့ မဟုတ်ပေမယ့် ကောင့်ထ်ဝိန် ကျုပ်တို့လုပ်ငန်းစု ခင်ဗျားကို ပေးထားခဲ့တဲ့ စစ်ဘက်သုံးအများစုကို အကြွေးနဲ့ဝယ်ထားတာလေ။ မှော်လောင်ချာတွေက တကယ်ကို အရမ်းအားကောင်းပေမယ့်လည်း ဈေးအတော်ကြီးတာ။ မှော်လောင်ချာ တစ်ခုနဲ့တင် ရွှေဒင်္ဂါး ခုနစ်ရာကျပြီး အမြှောက်ကျည်တစ်ခုကို ရွှေဒင်္ဂါးသုံးဆယ်ရှိတယ်။ ဒါကို တကယ်ပဲ တတ်နိုင်လို့လား?”

ကောင့်ထ်ဝိန်မှာ စိတ်ထဲ နှာမှုတ်လိုက်သည်။ မင်းပဲ မင်းအတွက် ငါ့အသက်ကို ရင်းဖို့ ဒီစစ်ဘက်သုံးမှော်စက်တွေကို အကြွေးနဲ့ ရောင်းပေးခဲ့တာမဟုတ်ဘူးလား၊ ဘာလို့ ဒီလို စကားတွေ ဖြုန်းတီးနေရတာလဲဟု တွေးလိုက်၏။

မှန်ပါ၏၊ သူ့အနေနဲ့ ၎င်းကို ထုတ်တော့မပြောရဲပေ။

ကောင့်ထ်ဝိန်မှာ စဉ်းစားပြီးနောက် ဖြေလိုက်သည်၊ “ဒါက ဥက္ကဌရှု၊ စည်းမျဉ်းဟောင်းကိုလိုက်နာပြီး ခင်ဗျားကို နယ်မြေတချို့ ပေးမယ်ဆိုရင်ရော?”

ရှုယီက ခေါင်းခါ၏၊ “ကျုပ်မှာ နယ်မြေများများရှိလာတော့လည်း ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ ကျုပ်ဆီမှာရှိတဲ့ လက်ရှိ နယ်မြေကတင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းတိုးတက်ဖို့ လုံလောက်နေပြီမို့ ထပ်ပေးလည်း ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။”

ကောင့်ထ်ဝိန်မှာ ချက်ချင်း လက်များဖြန့်လိုက်လေသည်၊ “ဒါဆို ကျုပ်တို့ ဘာလုပ်နိုင်မှာမို့လဲ? ကျုပ်မှာ အဲ့လောက် ငွေမရှိဘူး။”

ကောင့်ထ်ဝိန်က ထိုသို့ပြုမူလာသည်ကိုမြင်သော် ရှုယီလည်း မပြုံးမိဘဲ မနေနိုင်တော့ပေ။

ကောင့်ထ်ဝိန်မှာ သူ့အနေနှင့် အားလုံး‌ပုံအောထားသည်ကို သေချာသိသည်။ ရှုယီမှာ ယခု သူ့အားထိုသို့ လုပ်မည်မဟုတ်သလို အချိန်ခဏတာလေးအတွင်း အသုံးပြုရန် အခြားအရှင်သခင်အား ရှာနိုင်မည်မဟုတ်ပေ။

“ကျုပ်က နယ်မြေမလိုသလို ငွေလည်း မချို့တဲ့နေဘူး၊ ကျုပ်အလိုချင်ဆုံးအရာက လူတွေပဲ။” ရှုယီက လေးနက်စွာ ပြောလာသည်။

“လူတွေလား?”

“ဟုတ်တယ် ကောင့်ထ်ဝိန် နောက်ထပ် စာချုပ်ချုပ်ရအောင်။ ဒီနေ့ကစပြီး ခင်ဗျား နယ်မြေပိုရတာနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက အဲဒီ့နယ်မြေက လူတစ်ဝက်ကို ခင်ဗျားကို ယူခွင့်ပေးမယ်။ ရှင်းရှင်းပြောရမယ်ဆို ကျုပ်က တစ်ဝက်လိုချင်တယ်။”

“တစ်ဝက်လား?” ကောင့်ထ်ဝိန်၏ မျက်နှာက အတန်ငယ် အရုပ်ဆိုးသွားသည်၊ “ဒါက မများလွန်းဘူးလား? ခင်ဗျားသာ လူငယ်တွေအားလုံးကိုယူလိုက်ရင် ကျုပ် နယ်မြေအတွက်ကရော?”

“ခင်ဗျား စိုးရိမ်ဖို့ မလိုဘူးမို့လား?” ရှုယီက အပြုံးဖြင့် လက်ယမ်းပါ၏၊ “ကျုပ်က လူငယ်တွေကို မလိုအပ်ပါဘူး။ အဲ့အစား ကျုပ်တို့ လုပ်ငန်းစုမှာ စက်ရုံအတော်များများရှိတော့ ကျုပ်တို့လိုအပ်နေတာက အရွယ်ရောက်ပြီးသား အမျိုးသမီးတွေပဲ။”

“တကယ်လား?” ကောင့်ထ်ဝိန်မှာ ရှုယီကို ရှုပ်ထွေးစွာ ကြည့်လိုက်ပါ၏။

ကလေးများမွေးပေးခြင်းကလွဲလျှင် ထိုအမျိုးသမီးများကို မည်သည့်အတွက် အသုံးပြုနိုင်ပါမည်နည်း?

သူသာ မိန်းမရွေးချင်လျှင် လူငယ်မိန်းကလေးများက ပို၍ ဆွဲဆောင်မှုရှိမည်မဟုတ်ဘူးလား?

ထိုသို့စဉ်းစားလိုက်ပြီး ကောင့်ထ်ဝိန်မှာ ရုတ်တရတ် တစ်စုံတရာကို စဉ်းစားမိသွားသည်။ သူ ရှုယီကို ယခင်ကပေး‌ခဲ့သော လဇ်နှင့် လင်ဒါမှာ ရှုယီ၏ နံဘေး၌ ရှိနေဆဲဖြစ်သော်လည်း ၎င်းတို့ကိုကြည့်ရသည်မှာ ရှုယီ၏ နှစ်ခြိုက်မှုရပုံမပေါ်ပေ။

ဖြစ်နိုင်သည်က.... ရှုယီမှာ အထူးဝါသနာရှိနေတာလား။

ရှုယီမှာ ကောင့်ထ်ဝိန်၏ စိတ်တွင်းရှိ ထူးထူးဆန်းဆန်းအတွေးများကို လျစ်လျူရှုကာ ကောင့်ထ်ဝိန်အတွက် ပြင်ဆင်ထားပြီးသား စာချုပ်ကို ထုတ်၍ ပေးလိုက်သည်။

ကောင့်ထ်ဝိန်လည်း အချိန်အနည်းငယ်ကြာကြည့်လိုက်ပြီးနောက် မိမိ၏ အမည်ကို ရေးထိုးလိုက်တော့၏။

မည်သို့ဖြစ်စေ သူဟာ ရှုယီ၏ စီမံမှုများကိုသာ နားနားထောင်နိုင်သည်ဖြစ်ရာ ဆက်ကြည့်နေလျှင်လည်း အဓိပ္ပာယ်မရှိပေ။

စာချုပ် လက်မှတ်ထိုးပြီးနောက်၌ နှစ်ဦးသားမှာ ပူးပေါင်းမှုကို အနည်းငယ် ဆွေးနွေးလိုက်ပြီးနောက် ကောင့်ထ်ဝိန်က ရှုယီ၏ အိမ်တော်မှ ထွက်ခွာသွားတော့သည်။

ကောင့်ထ်ဝိန် ထွက်သွားပြီးနောက်တွင် ရှုယီလည်း ထရပ်ကာ အိပ်ခန်းဆီပြန်လိုက်သည်။

တံခါးဖွင့်လိုက်ချိန်၌ အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့က ကြည့်လာကြ၏။

အကြီးအကဲ လီဆန်ယာမှာ ရှုယီကို ကြည့်ပြီးနောက် ပြောလေသည်၊ “ချွတ်လိုက်တော့”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၃၆။ မှော်ရုပ်လုံးဖော်ခြင်းကောင်းချီး

ရှုယီက တုံ့ဆိုင်းမနေဘဲ အတွင်းခံအပါအဝင် အဝတ်အားလုံးကို ချွတ်ချလိုက်သည်။ သူဟာ အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့ရှေ့၌ မွေးကင်းစကလေးငယ်သဖွယ် အရာရာတိုင်းကို ပြသထား၏။

ထိုအကြီးအကဲနှစ်ဦး၏ အမူအရာက လုံးဝမပြောင်းလဲဘဲ ရှုယီကို ရှေ့တိုးရန် လက်ယပ်ခေါ်လိုက်သည်။ ၎င်းတို့က ရှုယီ၏ ကိုယ်ကို ပထမဦးစွာ အစမှအဆုံးကြည့်လိုက်ပြီးနောက် ရှုယီ၏ အရေပြား တစ်လက်မစီတိုင်းကို စူးစမ်းရန် လက်ချောင်းများသုံးလိုက်ကြသည်။

ဤတစ်ခေါက် ဆန်းစစ်မှုက ကွဲပြား၏။ ယခင်တစ်ခေါက်က ရှုယီအနေနှင့် နတ်သူငယ်တို့၏ ထူးကဲသော တရားရှုမှတ်ခြင်းနည်းလမ်းကို လေ့လာရန်အလို့ငှာ ဆန်းစစ်ခြင်းက ကွဲပြားနေသည်။

ဤဆန်းစစ်မှုအပြီးတွင် ထိုအကြီးအကဲနှစ်ဦး၏ လက်ချောင်းများထိပ်၌ အပြာဖျော့ဖျော့ မှော်အလင်းက တစ်ပြိုင်တည်းပေါ်လာသည်။ ၎င်းတို့၏ လက်ချောင်းများက ရှုယီ၏ ကိုယ်ကို ပွတ်ဆွဲသွားကာ ၎င်းအပေါ်၌ အပြာရောင်ဖျော့ဖျော့များ ချန်ခဲ့သည်။

ထိုအပြာဖျော့အမှတ်များက တောက်ပလာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်မှာ ရှုယီကိုယ်ထဲ တိုက်ရိုက်ဝင်သွားသလိုပါပင်။

ကြည့်ရသည်မှာ အကြီးအကဲနှစ်ဦးထံတွင် ဖြတ်သန်းခများစွာ ယူတော့မည်ပုံလိုပင်။ ၎င်းတို့မှာ ရှုယီ၏ ကိုယ်ထက်၌ မျဉ်းကြောင်း နှစ်ဆယ်အောက်သာ အတူတကွရေးဆွဲလိုက်သော်လည်း ၎င်းတို့လက်များကို ရုတ်ပြီးနောက်တွင် အင်မတန်ပင်ပန်းနေသည့်နှယ် အသက်ဖြည်းဖြည်း ရှူထုတ်လာလေသည်။

“ရှုယီ စလိုက်၊ ကြည့်ရအောင်။” အကြီးအကဲ လီဆန်ယာက ပြော၏။

ရှုယီက ခေါင်းငြိမ့်သည်။ အတွေးတစ်ချက်ဖြင့် သူဟာ ကိုယ်ထဲရှိ မှော်စွမ်းအင်စီးဆင်းမှုကို စတင်လိုက်ရာ သူ၏ ဝတ်လစ်စလစ်ကိုယ်ပေါ်တွင် အပြာရောင်မျဉ်းများစွာတောက်ပလာသည်မှာ အပြည့်အဝဖုံးအုပ်လုနီးပါးပင်။

ဤမျဉ်းကြောင်းများအားလုံးက သူ၏ ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားကာ သူ၏မျက်နှာမှလွဲ၍ တင်ပါးကိုပင် ဖြတ်သန်းကာ ပျံ့နှံ့သွားလေသည်။

ရှုယီမှာ အပြာရောင်အလင်းဖြင့် ဖုံးအုပ်ခံလိုက်ရပုံရှိရာ အပြာရောင်တောက်နေသည့် လူတစ်ဦးနှယ် အင်မတန် ထူးဆန်းနေတော့သည်။

“အင်း အတက်အကျက တည်ငြိမ်တယ်။ ကြည့်ရတာ ပြဿနာမရှိလောက်မယ့် ပုံပဲ။” အကြီးအကဲ လီဆန်ယာက ခေါင်းငြိမ့်ပြီးနောက် ဆက်ပြောသည်၊ “ရှုယီ ဟင်းလင်းပြင်မှော်စွမ်းအားကို သုံးဖို့ ကြိုးစားကြည့်။”

ရှုယီမှာ ခဏတာတုံ့ဆိုင်းနေပြီးနောက် သူ၏မှော်စွမ်းအင်အားလုံးကို ထုတ်ဖော်လိုက်တော့သည်။ သူ၏ကိုယ်ထက်ရှိ အပြာရောင်အလင်း‌တန်းများမှာ တုံ့ပြန်လာပုံရကာ မှော်စွမ်းအင်က အင်မတန်ချောချောမွေ့မွေ့ ဖြတ်သန်းစီးဆင်းနေသည်ဟု ခံစားရသည်။ အတွေးတစ်ခုလေးနှင့် သူဟာ အားလုံးကို လက်ယာဘက်၌ စုစည်းလိုက်ရ အလင်းရောင်ကိုပင် စုပ်ယူနေသည့် အနက်ရောင်အလုံးလေးတစ်လုံးပေါ်လာတော့သည်။

“မရပ်လိုက်နဲ့ ဆက်လုပ်။” အကြီးအကဲ လီဆန်ယာက အမိန့်ပေးလာ၏။

ရှုယီလည်း သူ၏ မှော်စွမ်းအားကို ဆက်သုံးလိုက်ရာ သူ၏ ညာဘက်လက်ဝါး၌ အနက်ရောင်အလုံးမှာ မျောနေပြီး လုံးဝ ရွေ့လျားခြင်းမရှိပေ။

၎င်းကို မြင်သော် အကြီးအကဲ အီလူရှာက အသာပြုံး၍ ခေါင်းငြိမ့်သည်၊ “ဥက္ကဌရှု ရှင့်မှာ တကယ်ကို မှော်ပညာနဲ့ ပတ်သက်လာရင် ချွင်းချက်ပါရမီကို ရှိနေတာပဲ။ လတစ်ဝက်လေးနဲ့တင် ဟင်းလင်းပြင်မှော်စွမ်းအားနဲ့စပ်လျဉ်းပြီး ဒီလောက်တောင် တိုးတက်နေပြီ။

အကြီးအကဲ လီဆန်ယာကလည်း ခေါင်းငြိမ့်သည်၊ “အမ်း မဆိုးဘူး။ ဒီနှုန်းနဲ့ဆို နေရာရွေ့ပြောင်းတာကို ကျွမ်းကျင်လာနိုင်ဖို့ လတစ်ဝက်တောင် မလိုလောက်တော့ဘူး။”

အကြီးအကဲနှစ်ဦး ပြီးကာစတွင် ရှုယီ၏ ညာလက်ထဲရှိ အနက်ရောင်အလုံးထက်၌ လျပ်တပြက်အလင်းတစ်ခု ပေါ်လာကာပြီးနောက် လှုပ်ခါသွားသည်။

ရှုယီက ခါးသက်သက်ပြုံးကာ ဆိုသည်၊ “အကြီးအကဲတို့ ကျုပ်ကို ချီးကျူးတာ အရမ်းစောလွန်းနေပြီ။ ကျုပ် ထပ်ပြီး မတောင့်ခံနိုင်တော့ဘူး။”

“ဒါက ဘာမှမဟုတ်ပါဘူး။ ဆက်ထိန်းထားပြီး ဘယ်လောက်ကြာကြာထိန်းနိုင်မယ်ဆိုတာ ကြည့်နေလိုက်။” အကြီးအကဲ အီလူရှာက ဆိုသည်။

“ဟုတ်ပါပြီ ကျုပ် ကြိုးစားကြည့်မယ်။”

ရှုယီမှာ သူ၏မှော်ပညာကို အားအပြည့်ဆက်လက်သုံးစွဲနေပြီး အခြေခံအကျဆုံး ဟင်းလင်းပြင်မန္တာန်၊ ဝါးမြိုဘောလုံးကို အားအပြည့်ထိန်းထားတော့သည်။

သို့ရာတွင် ၎င်းကို ထိန်းသိမ်းရန် လိုအပ်သည့် မှော်စွမ်းအားက ကြောက်မက်ဖွယ်ပင်။ သူ၏ မှော်ပညာက ပုံမှန်နဝမအဆင့်ကို ကျော်လွန်နေပြီဖြစ်ပါလျှင်သော်မှ မဟာမှော်ပညာရှင်အဆင့်ကို မရောက်သေးသောကြောင့် မဟာမှော်ပညာရှင်တစ်ဦးကဲ့သို့ ဝါးမြိုဘောလုံးကို ဆန္ဒရှိသလို မကိုင်တွယ်နိုင်ရာ သူ၏မှော်စွမ်းအားကို အလျင်အမြန်ကုန်ဆုံးစေသည်။

နောက်ထပ် ၂မိနစ်ကြာ ထိန်းထားပြီးနောက် ဝါးမြိုဘောလုံးထက်တွင် အဖြူရောင်မျဉ်းများထပ်ပေါ်လာသည်။ ၎င်းတို့ များလာလေလေ ဝါးမြိုဘောလုံးက ပိုမို ပြင်းထန်စွာ တုန်ခါလာလေလေဖြစ်နေတော့၏။

ရှုယီက ဝါးမြိုဘောလုံး၏ အသွင်သဏ္ဍာန်ကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး ပြိုကွဲမသွားသည်ကို မြင်သော် အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့က အံ့ဩဟန်များ ဖလှယ်လိုက်ကြလေသည်။

ဟင်းလင်းပြင် မှော်ပညာမှာ နားလည်ရန် အခက်ခဲဆုံး မှော်ပညာဖြစ်ပါ၏။ ဟင်းလင်းပြင်မှော်ပညာကို နက်နက်ရှိုင်းရှိုင်း နားလည်နေသည့် မဟာမှော်ပညာရှင်တစ်ဦးသည်ပင် ဟင်းလင်းပြင်မန္တာန်များကို ထိန်းချုပ် အသုံးပြုရန် အင်မတန်ခက်ခဲသည်အား တွေ့ရပေလိမ့်မည်။

ရှုယီကဲ့သို့ မှော်စွမ်းအားကုန်ဆုံးနေလျှင်သော်မှ ဝါးမြိုဘောလုံး၏ ယေဘုယျအသွင်သဏ္ဍာန်ကို ထိန်းထားနိုင်သည့် အခြေအနေတစ်ခုမှာ အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

သို့သော်လည်း ရှုယီက ထိုသို့လုပ်ဆောင်ပြီး ၂မိနစ်ကျော်ပင် ထိန်းထားနိုင်ခဲ့ပါ၏။ ရှုယီ၏ မှော်စွမ်းအားနှင့် ဒြပ်စင်မှော်စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းမှာ အံ့အားသင့်ဖွယ်အဆင့်တစ်ခုထိရောက်နေပြီဖြစ်သည်ကို မြင်နိုင်သည်။

၎င်းကိုသုံးသပ်ရသော် ရှုယီမှာ တကယ်ကို ထူးချွန်လှသည့် မှော်ပညာပါရမီရှင်တစ်ဦးပါပင်။

အကြီးအကဲနှစ်ဦးစလုံးမှာ နောင်တရဟန်များပြသလာကြသည်။

ရှုယီသာ မှော်ပညာလေ့လာခြင်း၌ အချိန်နှင့် လုံ့လ၏ပိုစိုက်ဖို့ ဆန္ဒရှိပါလျှင် သို့မဟုတ် အနည်းငယ်သာပို၍ အာရုံစိုက်လိုက်ရုံလေးနှင့် သူ၏မှော်ပညာအောင်မြင်မှုက သေချာပေါက် လက်ရှိ အဆင့်ကို ကျော်လွန်နေပေလိမ့်မည်။

သူသာ ထိုသို့လုပ်ဖို့ ဆန္ဒရှိပါက မဟာမှော်ပညာရှင်ပင် ဖြစ်နေလောက်ပြီဖြစ်သည်။ မည်သို့များ မတိုင်ခင်ကကဲ့သို့ မဟာမှော်ပညာရှင် ရူနာ၏ လုပ်ကြံမှုကို ခံရလုနီးပါး ဖြစ်ခဲ့ပါမည်နည်း?

ရှုယီမှာ အန္တရာယ်ကြုံခဲ့ရခြင်းကြောင့်သာ မဟုတ်လျှင် အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့မှာ သူ့အား မှော်ပညာရှင်နှင့် မဟာမှော်ပညာရှင်အကြား နယ်နမိတ်ကို ချိုးဖြတ်ရာ၌ ကူညီရန် ဤ မှော်ရုပ်လုံးဖော်ခြင်းကောင်းချီးမျိုးကို အသုံးပြုလိမ့်မည်မဟုတ်သောကြောင့် ဟင်းလင်းပြင်မှော်ပညာကို အကန့်အသတ်များဖြင့်သာ အသုံးပြုနိုင်မည်မဟုတ်လား?

မှော်ရုပ်လုံးဖော်ခြင်းကောင်းချီးမှာ နတ်သူငယ်များ၏ လျှို့ဝှက်ချက်ဖြစ်ပြီး သာမာန်အခြေအနေများတွင် အကြီးအကဲနှစ်ဦးအနေနှင့် လူသားတစ်ဦးအပေါ် အသုံးပြုရန် မဖြစ်နိုင်ပေ။

သို့သော် ရှုယီမှာ မျိုးနွယ်စုနှစ်စုထံ အကျိုးအမြတ်များစွာကို ယူဆောင်ပေးခဲ့သဖြင့် သူ့ထံ တစ်ခုခုဖြစ်လာပါလျှင် မျိုးနွယ်စုနှစ်ခုအတွက် အပြင်းအထန်ရိုက်ခတ်နိုင်ပြီး အနာဂတ်ကိုပါ သက်ရောက်နိုင်သည်။

မျိုးနွယ်စုနှစ်ခု၏ အခြေအနေမှာ အင်မတန်ကောင်းမွန်ပြီး မျိုးနွယ်စုဝင်များ၏ ဘဝများက များစွာ ပြောင်းလဲသွားကာ လူ့အသိုင်းအဝိုင်းထဲ ဝင်ဆန့်ရန် အခွင့်အရေးရှိလာပြီး နယ်မြေကြီးထက်၌ ဆက်လက်နေထိုင်ခွင့်ရှိလာရမည်။

အကြီးအကဲနှစ်ဦး အနေနှင့် ဤအခွင့်ကောင်းကို လက်လွှတ်ဖို့ ဆန္ဒမရှိပေ။

၎င်းအတွက် သော့ချက်မှာ ရှုယီသာ ဖြစ်သည်။

ရှုယီသာ သေရေးရှင်ရေးဖြစ်ပါလျှင် Frestech ကုန်သည်ကြီးများအသင်း၏ ခေါင်းဆောင်အသစ်အနေနှင့် သူ့ကဲ့သို့ နတ်သူငယ်မျိုးနွယ်စုနှစ်ခု၏ တိုးတက်မှုကို စဉ်းစားပေးနိုင်မည်မဟုတ်သလို အကြီးအကဲနှစ်ဦးအတွက်လည်း ရှုယီကို ယုံကြည်ခဲ့သည့်အတိုင်း လူသားတစ်ယောက်ကို ယုံကြည်ဖို့ ခက်ခဲပါ၏။

ထို့ကြောင့် ရှုယီမှာ သေချာပေါက် မတော်တဆဖြင့် ဆုံးပါးသွား၍မရချေ။

ထိုသို့ဖြင့် အကြီးအကဲ နှစ်ဦးမှာ နတ်သူငယ်တို့၏ နှစ်ထောင်ချီ လျှို့ဝှက်ချက်ကိုပင် ထုတ်ဖော်ကာ ဤမှော်ရုပ်လုံးဖော်ခြင်းကောင်းချီးကို ရှုယီအတွက် အသုံးပြုခဲ့၏။ ၎င်းတို့အနေနှင့် ရှုယီမှာ သူ၏ ဘဝကို အန္တရာယ်ရှိ အခြေအနေတစ်ခု၌ပင် ဆက်ထိန်းထားနိုင်ရန် မျှော်လင့်နေကြသည်။

မှော်ရုပ်လုံးဖော်ခြင်းကောင်းချီးမှာ မှော်ပညာရှင်တစ်ဦး၏ မှော်စွမ်းအားစီးဆင်းမှုကို ယာယီအားဖြင့် တိုးပေးနိုင်ပြီး ၎င်းတို့၏ မှော်စွမ်းအားကို တမုဟုတ်ချင်းတိုးကာ ၎င်းတို့အသုံးပြုနိုင်သည့် မန္တာန်များ၏ အဆင့်ကိုပါ တိုးစေသည်။

ရှုယီမှာ မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာရန် လျာထားခံရပြီးဖြစ်သဖြင့် သူ၏ အဆင့်တိုးလာလျှင် ပုံမှန်အားဖြင့် ဟင်းလင်းပြင်မန္တာန်များကို အသုံးပြုနိုင်ပါ၏။

လက်ရှိ ရလာဒ်အရ ရှုယီ၏ ထူးချွန်ထက်မြတ်လှသော မှော်ပညာပါရမီကြောင့် အရာရာတိုင်းမှာ ချောချောမွေ့မွေ့ဖြစ်နေသည်။

မှော်ရုပ်လုံးဖော်ခြင်းကောင်းချီးနှင့် မဟာမှော်ပညာရှင်ကမ်မီလာ၏ တင်းတင်းကြပ်ကြပ်သင်ကြားမှုတို့ကြောင့် သူ့အနေနှင့် ဟင်းလင်းပြင်မန္တာန်များအားလုံးအကြား အရေးအပါဆုံး နေရာရွှေ့ပြောင်း မန္တာန်ကို လေ့လာရန် သိပ်ကြတော့မည်မဟုတ်ပေ။

ဤသည်မှာ မှော်ပညာရှင်တစ်ဦးကို အကွာအဝေးတစ်ခုသို့ နေရာရွှေ့ပြောင်းပေးနိုင်သည့် မန္တာန်ဖြစ်ရာ ကျဉ်းထဲကြပ်ထဲရောက်နေစဉ်တွင် ရှုယီ၏ အသက်ကို ကယ်ဆယ်ဖို့ လုံလောက်လိမ့်မည်။

ရူနာမှာ မဟာမှော်ပညာရှင်ကမ်မီလာနှင့် ဆုံချိန်၌ မထွက်ပြေးနိုင်တော့သော်လည်း ဤသည်က မဟာမှော်ပညာရှင်ကမ်မှလာက မ‌ဟာမှော်ပညာရှင်အဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေပြီး ခေါင်းဆောင်မှော်ပညာရှင်အဆင့်ရောက်ရှိရန် ခြေတလှမ်းအကွာသာ လိုအပ်တော့သောကြောင့်ဖြစ်သည်။ သူဟာ ဟင်းလင်းပြင် ဥပဒေသများကို ထိတွေ့နေနိုင်ပြီးဖြစ်သဖြင့် ရူနာမှာ ထွက်ပြေးရန် နေရာရွှေ့ပြောင်းရေးကို အသုံးမပြုနိုင်ခဲ့ခြင်းပါပင်။

ပုံမှန်အားဖြင့် ဆိုရသော် ရှုယီကို လုပ်ကြံမည့် ခေါင်းဆောင်မှော်ပညာရှင်အဆင့် မှော်ပညာရှင်တော့ ရှိလိမ့်မည်မဟုတ်ပေ။

တိုက်ရိုက် ပဋိပက္ခတွေ အတွက်ကရော?

Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်တိုက်ခိုက်ခြင်းအတွက် မည်သည့် အကျိုးအမြတ်များရှိသနည်း?

လက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ အာဏာနှင့် ခေါင်းဆောင် မဟာမှော်ပညာရှင်တစ်ဦးရောက်လာပါလျှင်တောင် ထိုမျှ ကောင်းမွန်စွာ လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။

ထိုအတွေးများ အကြီးအကဲနှစ်ဦး၏ စိတ်ထဲဖြတ်သွားစဉ်တွင် ရှုယီမှာ မတောင့်ခံနိုင်တော့ချေ။ ဝါးမြိုဘောလုံးက တုန်ယင်လာပြီးနောက် အလျင်အမြန်လှုပ်ခါကာ ခြေရာလက်ရာပင်မကျန်အောင် ပျောက်သွားတော့၏။

၎င်းကိုမြင်သော် အကြီးအကဲ အီလူရှာနှင့် အကြီးအကဲ လီဆန်ယာတို့၏ မျက်လုံးများ၌ နောက်ထပ် အံ့အားသင့်ဟန် ပေါ်လာပြန်သည်။

တကယ်တမ်းတွင် ၎င်းတို့မှာ ရှုယီ၏ မန္တာန်ထိန်းချုပ်မှု ပျက်ပြယ်ချိန်အတွက် ပြင်ဆင်ထားပြီးသားဖြစ်ပါ၏။

သို့သော် ရှုယီက ဤအခြေအနေတွင် ဝါးမြိုဘောလုံးအား တည်ငြိမ်စွာ ပျောက်ကွယ်စေလျက် သူ၏မှော်စွမ်းအားကို အနည်းငယ်စီ ပြန်ဆွဲယူမည်ဟု ထင်မထားခဲ့ချေ။

၎င်းကို သုံးသပ်ရသော် ရှုယီ၏ မှော်စွမ်းအားထိန်းချုပ်မှုမှ အံ့အားသင့်ဖွယ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

သို့သော်လည်း အကြီးအကဲနှစ်ဦးအတွက် ရှုယီ၏ မှော်ပညာပါရမီမြင့်‌လေ ပိုကောင်းလေပါပင်။

ရှုယီမှာ အင်မတန်မကျေနပ်နေပုံရကာ ညာဘက်လက်ကို ကြည့်နေပါ၏။ သူက သက်ပြင်းချ၍ ခေါင်းခါသည်၊ “တကယ်ကို နှမျောစရာပဲ။ ကျုပ်အနေနဲ့ အခု ဒီဝါးမြိုဘောလုံးကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး။ နေ‌ရာရွှေ့ပြောင်းမန္တာန်ကို ကျွမ်းကျင်ဖို့ဆို ပိုလို့တောင် ခက်ခဲနေဦးမယ်။”

အကြီးအကဲ အီလူရှာက အသာပြုံးကာ ဆိုသည်၊ “မဟုတ်ပါဘူး ဥက္ကဌရှု ဝါးမြိုဘောလုံးက အခြေခံအကျဆုံး ဟင်းလင်းပြင်မန္တာန်ဖြစ်ပေမယ့်လည်း ဟင်းလင်းပြင်မန္တာန်အားလုံးရဲ့ အခြေခံတွေကို ကိုယ်စားပြုတယ်လေ။ ရှင့်ကို ဒီမန္တာန်သုံးခွင့်ပြုတာက ဟင်းလင်းပြင် မှော်စွမ်းအားရဲ့ ဝိသေသလက္ခဏာတွေကို တွေ့ကြုံခွင့်ရစေ‌ပြီး ဟင်းလင်းပြင်မန္တာန်တွေသင်ကြားရာမှာ ပိုလွယ်ကူစေဖို့ပဲ။”

“ဟုတ်တယ် သီအိုရီအရဆို ရှင့်အနေနဲ့ ဟင်းလင်းပြင်မန္တာန်ကို ထိန်းချုပ်နိုင်နေသရွေ့ ဘယ်ဟင်းလင်းပြင်မန္တာန်ကိုမဆို သုံးလို့ရနိုင်တယ်။ ရှင်သာ ဝါးမြိုဘောလုံးကို နားလည်နိုင်ရင် သေချာပေါက် နေရာရွှေ့ပြောင်းမန္တာန်ကို သုံးလို့ရတယ်။” အကြီးအကဲ လီဆန်ယာက ထပ်ပေါင်းဆိုသည်။

“ကျုပ်ဆီမှာ မှော်စွမ်းအားအလုံအလောက်ရှိရင်လား?” ရှုယီက မျက်မှောင်ကုပ်လိုက်ပြီးနောက် ခါးသက်သက်ပြုံး၍ဆိုပါ၏၊ “ပြဿနာက ကျုပ်ဆီမှာ မှော်စွမ်းအား အလုံအလောက်မရှိတာပဲ။ကျုပ်အနေနဲ့ ဒီဝါးမြိုဘောလုံးကိုတောင် အချိန်တိုတိုလေးပဲ ထိန်းချုပ်နိုင်တာ ဘယ်လိုလုပ် နေရာရွှေ့ပြောင်းမန္တာန်ရဲ့ စားသုံးမှုကြီးကို ခံနိုင်ရည်ရှိပါ့မလဲ?”

“ကျွန်မတို့က ရှင့်ကို ဘာအတွက် မှော်ရုပ်လုံးဖော်ခြင်းကောင်းချီးပေးခဲ့တယ် ထင်လဲ?” အကြီးအကဲ လီဆန်ယာက ရှုယီကို စိုက်ကြည့်လာသည်၊ “ပြောလိုက်မယ် မှော်ရုပ်လုံးဖော်ခြင်းကောင်းချီးက ရှင့်ရဲ့မှော်စွမ်းအားစီးဆင်းမှုနဲ့ ဒြပ်စင်မှော်စွမ်းအင် ထိန်းချုပ်မှုကို တိုးလာ‌နိုင်စေရုံတင်မကဘူး အရေးအကြီးဆုံးကတော့ မှော်ရုပ်လုံးဖော်ခြင်းကောင်းချီးကြောင့် ရှင် နေရာရွှေံပြောင်းမန္တာန်ကို သုံးတဲ့အခါ ရှင့်ကို ရိုက်ခတ်လာမယ့် ဟင်းလင်းပြင်ဒြပ်စင်မှော်စွမ်းအင်ကို လျှော့ချပေးနိုင်တယ်။ ရှင်က အခု ဝါးမြိုဘောလုံးကို သုံးမိနစ်ကြာအောင် ထိန်းထားနိုင်တော့ နေရာရွှေ့ပြောင်း မန္တာန်ကို သုံးမိနစ်နဲ့အထက်ပိုပြီး အသုံးပြုလို့ရတယ်လေ။”

“သုံးမိနစ်? ဘယ်လောက်သွားနိုင်မှာမို့လဲ?” ရှုယီက အရေးအကြီးဆုံးမေးခွန်းကို မေးလိုက်သည်။

“ကျွန်မလည်း အခုမသိဘူး။” အကြီးအကဲ လီဆန်ယာမှာ ခေါင်းခါသည်၊ “နေရာရွှေ့ပြောင်းအမြန်နှုန်းက ဟင်းလင်းပြင်စွမ်းအားအပေါ် မှော်ပညာရှင်ရဲ့ နားလည်မှုနဲ့ နေရာရွှေ့ပြောင်းမန္တာန်မှာပဲ မူတည်နေတာ မှော်ပညာရှင်တစ်ယောက်စီအတွက် ခြားနားတယ်၊ ဒါပေမယ့် ရှင့် ပါရမီနဲ့ဆို အဲ့လောက်ဆိုးမယ်လို့တော့မထင်ပါဘူး။ သုံးမိနစ်သာဆိုရင် .... အနည်းဆုံး ကီလိုမီတာ‌လောက်ရှိမှာပေါ့။”

“တစ်ကီလိုမီတာ....” ရှုယီမှာ ခဏတာစဉ်းစားပြီးနောက် ခေါင်းငြိမ့်လေသည်၊ “ဒါက ထွက်ပြေးဖို့ လုံလောက်ပါတယ်။

“ပုံမှန်အားဖြင့်တော့ ပြဿနာ မရှိလောက်ဘူး။” အကြီးအကဲ အီလူရှာက ခေါင်းငြိမ့်ကာပြောသည်၊ “တကယ်တော့ အရေးအကြီးဆုံးအရာက ရှင့်ကိုယ်ရှင် အန္တာရာယ်ထဲ မတိုးဝင်မိစေဖို့ပဲ။ ရှင့်ရဲ့ မှော်ပညာ ပါရမီနဲ့ဆို ရှင့်အနေနဲ့ မဟာမှော်ပညာရှင်တစ်ယောက်ဖြစ်လာဖို့ နှစ်နည်းနည်းထက် ပိုမကြာ‌လောက်ဘူးလို့ ယုံကြည်တယ်။ အဲ့အချိန်ဆိုရင် မှော်ရုပ်လုံးဖော်ခြင်းကောင်းချီးရဲ့ အကူအညီမပါရင်တောင် နေရာရွှေ့ပြောင်းမန္တာန်ကို အလိုရှိသလို သုံးလို့ရလောက်တယ်။”

ရှုယီလည်း ရယ်မောကာ အကြီးအကဲ အီလူရှာက သူ့အား အထင်ကြီးလွန်းနေသည် ထင်လိုက်သည်။

သူ့အနေနှင့် မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာရန် ခြေတစ်လှမ်းသာကွာတော့ပါသော်လည်း ထိုခြေလှမ်းက လှမ်းဖို့ အင်မတန် ခက်ခဲလှသည်။

နဝမအဆင့်မှော်ပညာရှင်အဖြစ်သာ ကျန်ရှိနိုင်ပြီး နောက်ဆုံးခြေလှမ်းကို မလှမ်းလာနိုင်တော့သည့် မှော်ပညာရှင်များစွာရှိသည်။

သူ့အနေနှင့် အခက်အခဲကိုကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ချက်ရှိသော်လည်း နှစ်အနည်းငယ်မျှသာ ကြာလိမ့်မည်ဟု ပြောရန်မှာ..... အာမခံဖို့ မဝံ့ရဲလှချေ။

လှည့်လိုက်သော် အကြီးအကဲ လီဆန်ယာက အသာမျက်မှောင်ကုပ်ရင်း အတွေးနက်နေသည်ကို တွေ့ရလေသည်။

ရှုယီလည်း တအံ့တဩမေးလိုက်ပါ၏၊ “ဘာများလဲ? အကြီးအကဲ လီဆန်ယာ၊ ပြဿနာရှိလို့လား?”

အကြီးအကဲ လီဆန်ယာက ခဏတာ တိတ်ဆိတ်နေပြီးနောက်၌ ရုတ်တရတ် မေးလာသည်၊ “ရှုယီ ရှင် ကျွန်မနဲ့ မိတ်လိုက်ချင်လား?”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၃၇။ တစ်ခုကိုတော့ ရွေးရမည်

ရှုယီမှာ ထိတ်လန့်သွားသည်။

“လီ.... အကြီးအကဲ လီဆန်ယာ၊ ခင်ဗျား..... ဘာပြောလိုက်တာ?”

အကြီးအကဲ အီလူရှာမှာ ရှုယီကဲ့သို့ မအံ့ဩသွားသော်လည်း အကြီးအကဲလီဆန်ယာကို တအံ့တဩကြည့်လိုက်ပြီး မည်သည်မှတော့ မမေးပေ။

“ရှင် ကျွန်မနဲ့ မိတ်လိုက်ချင်လာလို့ မေးတာ။” အကြီးအကဲ လီဆန်ယာကာ ပေါ့ပေါ့ပါးပါးထပ်မေးလိုက်ပြီးနောက် ရှုယီ၏ ခန္ဓာကိုယ်အောက်ပိုင်းကို ညွှန်ပြလာသည်၊ “ကျွန်မက ရှင့်အတွက် ကျွန်မတို့မျိုးနွယ်စုက မိန်းမလှလေးတွေ တကူးတက ပို့ပေးခဲ့ပေမယ့် ရှင်က ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူးလေ။ ဒါပေမယ့် ကျွန်မနဲ့ အီလူရှာ ရှေ့ကျတော့ လက္ခဏာ တချို့ပြတာကိုး။ ဒီတော့ ရှင်က ကျွန်မတို့နဲ့ မိတ်လိုက်ဖို့ကို ပိုပြီးစိတ်ဝင်စားတာဖြစ်နိုင်မယ်လို့ ထင်တယ်။”

“မဟုတ်ပါဘူး မဟုတ်ပါဘူး မဟုတ်ပါဘူး....” ရှုယီက အမြန်လက်ယမ်းလိုက်၏၊ “အကြီးအကဲ လီဆန်ယာ ခင်ဗျား အထင်လွဲနေပြီ တကယ်ကို အထင်လွဲနေပါပြီ! တကယ်ကို! ကျုပ်က....”

ထောင်မတ်နေသည့် သူ၏ ညီငယ်လေးကို ငုံ့ကြည့်လိုက်ပြီး အကြီးအကဲနှစ်ဦးကိုကြည့်လိုက်သော် ရှုယီမှာ အကြီးအကဲနှစ်ဦး ဝတ်လစ်စလစ်ဖြစ်နေပုံအား မြင်ခဲ့ဖူးပြီးဖြစ်လျှင်သော်မှ ရှက်ရွံ့မှုကြောင့် မျက်နှာမှာ နီမြန်းလာသည်။

“ဒါက.... ဒါက ယောက်ျားတစ်ယောက်ရဲ့ ဗီဇပါပဲ။ ကျုပ် ခင်ဗျားနဲ့ အကြီးအကဲ အီလူရှာကို အကြိမ်များစွာ ရှင်းပြပြီးပြီလေ။ ကျုပ်ဆီမှာ ဒီလိုအဓိပ္ပာယ်မရှိဘူး။ ဒါက ဗီဇပဲ.... ကျုပ် လုံးဝမထိန်းချုပ်နိုင်ဘူး!”

“ကျွန်မလည်း ပြောပြီးပြီ ရှင့်ကို အပြစ်တင်နေတာမဟုတ်ပါဘူး။” အကြီးအကဲ လီဆန်ယာက ခေါင်းခါပါ၏၊ “ဒါက ရှင်တို့ လူသားအထီးတွေအတွက် ပုံမှန်တုံ့ပြန်မှုဆိုတာ သိပေမယ့် ဒါက ပုံမှန်တုံ့ပြန်မှု ဖြစ်နေတာကြောင့်ပဲ ရှင့်အနေနဲ့ ကျွန်မတို့နဲ့အတူ မိတ်လိုက်ချင်နေတယ်လို့ ဆိုလိုနေတာပဲ မဟုတ်လား? ရှင့်အနေနဲ့ ပုံမှန် လူသားအထီးတွေလို နတ်သူငယ်မ အငယ်လေးတွေကို စိတ်ဝင်စား‌လောက်ပေမယ့် ဒါကို သုံးသပ်ရရင် ကြည့်ရတာ ရှင်က ကျွန်မနဲ့ အီလူရှာတို့လို အသက်ပိုကြီးတဲ့ နတ်သူငယ်အမျိုးသမီးတွေကိုပို စိတ်ဝင်စားတယ်မဟုတ်လား?”

ရှုယီ၏မှာ မိမိကိုယ်ကို တွင်းတစ်တွင်း တူးလိုက်နိုင်ဖို့ မျှော်လင့်နေမိသည်။ သူဟာ အဝတ်များကိုသာ အမြန်ဆွဲယူလျက် ဖြစ်သလို ဝတ်လိုက်တော့သည်။

ဝတ်ဆင်ပြီးနောက် ရှုယီမှာ မိမိကိုယ်ကို တည်ငြိမ်ဖို့ တွန်းအားပေးလိုက်လေသည်။

အကြီးအကဲနှစ်ဦး၏ မေးခွန်းအပြည့်ဖြင့် အကြည့်များကိုကြည့်ကာ ရှုယီလည်း ချောင်းဟန့်ပြီးနောက် အလေးအနက်ပြောလိုက်၏၊ “အကြီးအကဲ လီဆန်ယာ, ကျုပ်သာ တကယ်‌ရွေးရမယ်ဆို နတ်သူငယ်မိန်းမငယ်လေးတွေကို ပိုသဘောကျတာပါ။ ဒါပေါ့ ဒါက ခင်ဗျားနဲ့ အကြီးအကဲ အီလူရှာက အိုနေပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘဲ ခင်ဗျားတို့နှစ်ယောက်စလုံးက ဆွဲဆောင်မှုအပြည့်ရှိတယ်လို့ထင်ပါတယ်။ ခင်ဗျားတို့က တခြား နတ်သူငယ်မလေးအများစုထက်ပိုပြီးတောင် ထက်မြတ်နေသေးတယ်။”

“ဒါဆို ဘာလို့ ငြင်းရတာလဲ?” အကြီးအကဲ လီဆန်ယာထံ၌ ရှုပ်ထွေးဟန်ရှိနေသည်၊ “ရှင့်အနေနဲ့ အီလူရှာနဲ့ ကျွန်မက ဆွဲဆောင်မှုရှိတယ်လို့ ထင်သလို ရှင့်ရဲ့ ခန္ဓာကိုယ်ကတောင် ဒါကို ပြလာတာကို ဘာလို့ ကျွန်မနဲ့ မိတ်လိုက်ဖို့ ဆန္ဒမရှိရတာလဲ?”

“ဒါတွေက လုံးဝကို ကွဲပြားနေတဲ့ ကိစ္စတွေပဲ!” ရှုယီမှာ အသံကိုမြှင့်လိုက်လေသည်၊ “အကြီးအကဲ လီဆန်ယာ၊ အကြီးအကဲ အီလူရှာ,ကျုပ် စိတ်ထဲမှာ ခင်ဗျားတို့ နှစ်ယောက်က ဂုဏ်ယူစရာအကြီးအကဲတွေဖြစ်ပြီး မဟာမှော်ပညာရှင်ကမ်မီလာလို အနေအထားမျိုးမှာရှိတယ်။ ကျုပ်ဆီမှာ ထူးကဲတဲ့ တုံ့ပြန်မှုပြီး ခင်ဗျားတို့နဲ့အတူ..... တကယ်မိတ်လိုက်ချင်ရင်တောင် သေချာပေါက် ဒါကို လက်ခံနိုင်မှာ မဟုတ်ဘူး။”

အကြီးအကဲ လီဆန်ယာမှာ မျက်‌မှောင်ကုပ်၍ ခေါင်းခါပါ၏၊ “ရှင်တို့ လူသားတွေက တကယ်ကို ထူးဆန်းပြီး ဆန့်ကျင်ဘက်ဖြစ်နေတဲ့ မျိုးနွယ်စုပဲ။ ရှင် တကယ်ပဲ ဆန္ဒ‌ရှိနေပေမယ့် ဒီလိုမလိုအပ်တဲ့ စိုးရိမ်မှုကြောင့် ငြင်းတယ်။ အီလူရှာနဲ့ ကျွန်မက ရှင့်ရဲ့ အကြီးအကဲတွေမဟုတ်သလို သွေးရင်းတော်စပ်မှုလည်း မရှိတာကို ရှင့်ရဲ့ ပူပန်စရာတွေက ဘယ်ကနေရောက်လာမှန်း နားကိုမလည်တော့ဘူး။”

“ဒါက.... ကျုပ်စိတ်ထဲမှာ ရှိရုံပါ။ ကျုပ်အနေနဲ့.... ခင်ဗျားတို့နဲ့အတူ မိတ်လိုက်ဖို့ ဒီမျဉ်းကို မဖြတ်နိုင်ဘူး။” ရှုယီက ဆိုသည်။

အကြီးအကဲ လီဆန်ယာနှင့် အကြီးအကဲ အီလူရှာတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သက်ပြင်းချလာကြသည်၊ “ဟုတ်ပြီ ရှင်က ကျွန်မနဲ့ အီလူရှာကို စိတ်ဝင်စားမှတော့ ရှင် ကျွန်မနဲ့ မိတ်လိုက်ဖို့ ရွေးချယ်ပြီး နတ်သူငယ်အမျိုးသမီးတွေနဲ့ မိတ်လိုက်တဲ့အပိုင်းမှာ ရင်းနှီးလာမယ်လို့ထင်တယ်။ ပြီးတော့ ရှင်တကယ် ချစ်မြတ်နိုးတဲ့ မိန်းကလေးတစ်ယောက်ကိုရွေးပြီးသူမနဲ့ မျိုးဆက်တစ်ယောက်ကို မွေးပေးပေါ့။ အခု‌ဆို ကြည့်ရတာ ရှင်တို့ လူသားတွေက အတွေးလွန်နေတာကို ကျွန်မနားမလည်နိုင်တော့ဘူးပဲ။”

ရှုယီက ခါးသက်သက်ရယ်၏။ အကြီးအကဲ လီဆန်ယာမှာ ထိုကိစ္စလေးအတွက်နှင့် သံသရာလည်နေလေသည်။

ထို နတ်သူငယ်မလေးများမှာ ဤနေရာ၌ နှစ်တစ်ဝက်ကြာအောင် ရှိနေခဲ့ပြီး သူကလည်း အမြဲ ၎င်းတို့ကို ငြင်းဆန်ခဲ့၏။ အကြီးအကဲ လီဆန်ယာမှာ စိတ်မရှည်လှသဖြင့် ရည်ရွယ်ချက်ရောက်ရန် မိမိကိုယ်ကို အသုံးချဖို့ကိုပါ တုံ့ဆိုင်းမနေတော့ပေ။

၎င်းချဉ်းကပ်မှုက အကြီးအကဲ လီဆန်ယာနှင့် အကြီးအကဲ အီလူရှာတို့အကြား အကျင့်စရိုက်ကွာခြားပုံကို သေချာလေးပြသနေသည်။

သို့သော် အကြီးအကဲ အီလူရှာကို လှည့်ကြည့်လိုက်စဉ်တွင် သူမ၏ မျက်လုံးများက သူ၏ ကိုယ်အောက်ပိုင်းတစ်ဝက်ကိုကြည့်ရင်း အတွေးနစ်နေသည်ကို မြင်လိုက်ရပါ၏။

“အကြီးအကဲ အီလူရှာမှာလည်း ဒီအတွေးရှိနေတာများလား?” ရှုယီမှာ ရုတ်တရတ် အေးစက်မှုကို ခံစားလိုက်ရသည်။

သူ့အနေနှင့် အကြီးအကဲ လီဆန်ယာနှင့် အကြီးအကဲ အီလူရှာတို့မှာ မဟာမှော်ပညာရှင်ကမ်မီလာကဲ့သို့ အားကောင်းသည့် နတ်သူငယ်မဟာမှော်ပညာရှင်များဖြစ်သည်ကို သေချာသိသည်။

ရှုယီ၏ စိုးရိမ်မှုများက ဖြစ်မလာချေ။ အကြီးအကဲနှစ်ဦးက ခဏတာ တုံ့ဆိုင်းနေပြီးနောက် အကြီးအကဲ လီဆန်ယာမှာ သက်ပြင်းချကာ နောင်တရပုံပေါ်လာသည်၊ “ကျွန်မက လူသားအထီးတွေနဲ့ မိတ်လိုက်ဖို့ စိတ်ဝင်စားမိပေမယ့်လည်း ဥက္ကဌရှုက ဆန္ဒမရှိနေမှတော့ မေ့လိုက်ပါတော့လေ။ ဒါပေမယ့် ဥက္ကဌရှု အီလူရှာ နဲ့ ကျွန်မတို့ပေးတဲ့ အဆိုပြုချက်ကို ရှင်စဉ်းစားဖို့ အချိန်တစ်နှစ်ပေးဖို့ သဘောတူထားတယ်။ တစ်‌နှစ်က ရောက်လာတော့မှာဆိုတော့ ရှင် ဆုံးဖြတ်ချက်ချဖို့ ဆန္ဒမရှိရင် အီလူရှာ နဲ့ ကျွန်မက ရှင့်ရဲ့ ရွေးချယ်ခွင့်ကို ယူပြီး ကူရွေးပေးမှာပါ။ ရှင့်အနေနဲ့ အချိန်ကျလာရင် နောင်တမရဖို့ မျှော်လင့်ပါတယ်။”

ရှုယီမှာ ခါးသက်သက် မပြုံးလိုက်မိဘဲ မနေနိုင်တော့ပေ။

၎င်းကြောင့် သူဟာ အကြီးအကဲနှစ်ဦးနှင့်အတူ ကြိမ်ဖန်များစွာ ငြင်းခုံခဲ့ရပြီးဖြစ်သည်။

သို့သော် သူမည်သို့ ပြောသည်ဖြစ်စေ အကြီးအကဲ နှစ်ဦးမှာ ရှုယီအား နတ်သူငယ်မလေးတစ်ဦးနှင့် အတူရှိဖို့ ရွေးချယ်ခိုင်းသည်မှာ ၎င်းတို့အနေနှင့် ရှုယီအား နတ်သူငယ်မလေးတစ်ဦးနှင့်အတူ ဆက်ခံသူတစ်ဦး မွေးထုတ်ပေးလိုသောကြောင့်ပင်။ ဤကိစ္စက အရေးကြီးအဓိပ္ပာယ်ရှိပြီး ၎င်းတို့အတွက် အရေးကြီးလှသဖြင့် ရှုယီအား ငြင်းပယ်ခွင့်မပေးကြချေ။

ရှုယီမှာ ထိုကိစ္စကို အမြဲ ခုခံနေခဲ့သော်လည်း ယခုတွင် အကြီးအကဲ လီဆန်ယာမှာ ထိုအတွက်နှင့် မိမိကိုယ်ကို ပေးအပ်ရန် ဆန္ဒရှိနေသည်ကို မြင်သဖြင့် ရှုယီလည်း စိတ်လည်း အနည်းငယ် ပြေလျော့မသွားဘဲ မနေနိုင်လိုက်ပေ။

ဖြစ်နိုင်သည်မှာ... နတ်သူငယ်မလေးတစ်ဦးနှင့် အတူရှိရန်က လက်ခံနိုင်လောက်သည့် အရာဖြစ်မလား?

ရှုယီကို တကယ်စိုးရိမ်စေသည့်အရာမှာ သူ့အနေနှင့် မြင်းသားဖောက်သလို အသုံးချခံရမည်ကို ငြင်းဆန်လိုခြင်းပင်။

သို့ရာ၌ သူ့အနေနှင့် ထိုကိစ္စကို ရှောင်ရန် အကြီးအကဲ လီဆန်ယာ ပို့လာသည့် နတ်သူငယ်မလေးများနှင့် အနည်းငယ် အဆက်အသွယ်ရှိလျှင်တောင် မည်သူ့ကို ရွေးချယ်သည်ဖြစ်စေ မြင်းသားဖောက်သလိုသာဖြစ်မည်ပင်....

“ဒါက မသေချာပါဘူး။” စတေးလ်က အပြုံးဖြင့် ခေါင်းယမ်း၏၊ “ရှုယီ ရှင် လူတစ်ယောက်ကို မေ့သွားပြီလား။ သူမကို ရွေးရင် မြင်းသားဖောက်ဖို့ အသုံးချခံရသလို ခံစားရမှာမဟုတ်ဘူး။”

အကြီးအကဲ နှစ်ဦး ထွက်ခွာသွားပြီးနောက် စတေးလ်က ပုံမှန်လို ရှုယီကို အခြေနေလာမေးခြင်းဖြစ်သည်။

ရှုယီက မည်သည်ကိုမှ မကွယ်ဝှက်ထားပါချေ။ သူဟာ အကြီးအကဲ လီဆန်ယာပြောသမျှတိုင်းနှင့် စိတ်ထဲရှိ စိုးရိမ်မှုများကိုပါ စတေးလ်ထံ ပြောပြ‌သည်။

တကယ်တမ်းတွင် အကြီးအကဲများက နတ်သူငယ်မလေးတစ်ဦးနှင့် အတူရှိရန် ရှုယီကို ရွေးချယ်ခိုင်းရာတွင် ငြင်းပယ်လိမ့်မည်ဟု ရှုယီ ထင်မှတ်မိခဲ့သူအနေဖြင့် စတေးလ်မှာ တကယ်တမ်း မည်သည့်ကန့်ကွက်မှုမှ ပြုမလာချေ။ ထိုအစား သူမက ထိုကိစ္စ၌ အင်မတန် တက်ကြွကာ ရှုယီအား တတ်နိုင်သမျှ မြန်မြန်ရွေးချယ်ဖို့ တိုက်တွန်းနေတတ်သည်။

စတေးလ်၏ အတွေးများအရ ရှုယီမှာ သူ၏ အဆင့်အတန်းနှင့် မိန်းမများစွာ ရယူခြင်းမှာ မထူးဆန်းလှပေ။ မည်သို့ဖြစ်ဖြစ် သူမအနေဖြင့် လဇ်နှင့် လင်ဒါတို့အား ရှုယီ၏ မိန်းကလေးများအဖြစ်သတ်မှတ်ထားပြီးဖြစ်ရာ ရှုယီ နတ်သူငယ်မိန်းကလေးတစ်ဦးကို ရွေးချယ်လျှင် ပိုမို စိတ်ဝင်စားလာသည်သာရှိသည်။

ရှုယီမှာ ၎င်းကြောင့် ရယ်ရမည်လား ငိုရမည်လားပင် မသိ‌တော့သော်လည်း သူ၏ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို လျော့ကျစေပါ၏။ သူ့အနေနှင့် မြင်းသားဖောက်သလို အသုံးချခံရမည်ကိုသာ စိုးရိမ်နေရုံဖြစ်သည်။

သို့ရာ၌ စတေးလ်မှာ ယခုတွင် ရှုယီ မေ့နေသူတစ်ဦးရှိသည်ဟု ဆိုလာသည်။

“ဘယ်သူများလဲ?”

“အက်ဂ်နက်စ်ပေါ့” စတေးလ်က အပြုံးဖြင့် ဆို၏။

ရှုယီလည်း အံ့ဩသွားပြီးနောက် ရုတ်တရတ် နားလည်လိုက်သည်။

မှန်ပါ၏ နတ်သူငယ်မိန်းကလေးဆိုလျှင် သူနှင့် အရင်းနှီးဆုံးက အက်ဂ်နက်စ်ဖြစ်သည်။

ဤသည်မှာ ရှုယီ ဆုံခဲ့ဖူးသည့် ပထမဆုံးသော နတ်သူငယ်မလေးဖြစ်ပါ၏။ သူမနှင့် ရှုယီတို့ သိကျွမ်းလာခဲ့သည်မှာ ယခုဆိုလျှင် လေးနှစ်ကျော်ပြီဖြစ်ရာ အင်မတန် ရင်းနှီးလှသောကြောင့် အချင်းချင်း မရင်းမနှီးသလို လုံးဝမခံစားရတော့ပေ။

သို့သော် နှစ်ဘက်စလုံးက အင်မတန်ရင်းနှီးနေသဖြင့် ရှုယီမှာ မသိစိတ်ထဲတွင် အက်ဂ်နက်စ်က နတ်သူငယ်ဖြစကြောင်းကို ငြင်းပယ်ထားမိသည်။

သူသာ အက်ဂ်နက်စ်နှင့် အတူရှိရမည်ဆိုလျှင် မြင်းသားဖောက်ရန် အသုံးချခံရသလို မခံစားရလောက်တော့ပေ။

သို့သော်.....

“ဘယ်လိုလုပ်ဖြစ်မှာလဲ၊ ကိုယ်က အက်ဂ်နက်စ်ကို အမြဲတမ်း ဗီဗီယန့်လို ညီမငယ်လေးတစ်ယောက်အနေနဲ့ပဲ ဆက်ဆံခံတာ။ ကိုယ်သာ သူမနဲ့ အတူရှိရင် အရမ်းမထူးဆန်းသွားဘူးလား?” ရှုယီက ခေါင်းခါရင်း ထိုသို့ပြော၏။

စတေးလ်က အသာပြုံးကာ ရှုယီ၏ မျက်နှာကို လက်ချောင်းလေးနှင့် ထိုးလိုက်သည်၊ “ကျွန်မ မသိဘူးလို့ မထင်နဲ့၊ ရှင် အရင်က အက်ဂ်နက်စ်ကြောင့် စိတ်လှုပ်ရှားခဲ့ဖူးတယ် မဟုတ်လား? အဲ့လောက်လှပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးကို ဘယ်ပုံမှန်ယောက်ျားရဲ့ စိတ်မလှုပ်ရှားဘဲ နေမလဲ?”

ရှုယီမှာ နေရခက်စွာ ပြုံးလိုက်သည်။

သူ့အနေနှင့် ယခင်က အက်ဂ်နက်စ်ကြောင့် အမှန်ကို စိတ်လှုပ်ရှားဖူးသော်လည်း သူမအား အချိန်ကြာသိလာပြီးနောက်တွင် မိသားစုဝင်တစ်ဦးလိုသာ ဆက်ဆံနေမိပြီးသားဖြစ်သည်။ သူဟာ ဗီဗီယန်ကဲ့သို့ပင် သူမအား ညီမငယ်လေးတစ်ဦးလို ဆက်ဆံခဲ့ပါ၏။

“တကယ်တော့ ရှင် ဗီဗီယန်လို့ပြောလိုက်တာပဲ....” စတေးလ်၏ မျက်နှာထက် ထူးထူးဆန်းဆန်းအပြုံးတစ်ခုရှိနေသည်၊ “ရှုယီ ရှင်သိလား ဗီဗီယန်က ရှင့်ကို အနာဂတ်မှာ သေချာပေါက် လက်ထပ်မယ်လို့ အခေါက်ပေါင်းများစွာ ပြောခဲ့ပေမယ့် ရှင်က သူမကို ညီမလေးတစ်ယောက်လိုပဲ ဆက်ဆံတယ်လို့ ပြောတယ်။ ဗီဗီယန်သာ သိရင် သေချာပေါက် အရမ်းနာကျင်သွားမှာပဲ။”

(T/N: စတေးလ်ကို သနားလာလို့ >< )

ရှုယီလည်း ခါးသက်သက်သာ ပြုံးလိုက်နိုင်သည်၊ “စတေးလ် ကိုယ့်မှာ အခု မင်းရှိနေသလို လဇ်နဲ့ လင်ဒါလည်း ရှိနေတာက လုံလောက်နေပါပြီ။ ကိုယ့်မှာသာ ထပ်ရှိလာရင် စွမ်းအင်၊ အချိန် ဖြစ်ဖြစ် ဒါမှ မဟုတ် ပိုအရေးအကြီးဆုံး စိတ်ခံစားချက်တွေဖြစ်ဖြစ် လုံလောက်မှာ မဟုတ်တော့ဘူး။ ကိုယ့်အနေနဲ့တာဝန်မဲ့ပြီး မင်းကို နာကျင်စေမယ့်လူဖြစ်မလာဖို့ပဲ မျှော်လင့်တယ်။”

“ရှင်....” စတေးလ်က ရှုယီ မျက်နှာကို လှမ်းထိလိုက်သည်။ ထို့နောက် သိမ်မွေ့စွာ ပွတ်သပ်၍ မျက်လုံးများထဲ ချစ်မြတ်နိုးမှုများရှိနေ၏၊ “ရှုယီ ရှင်က တစ်ခါတလေ အရမ်းကို သိမ်မွေ့ပြီး တခြားလူတွေကို အရမ်းစဉ်းစားပေးတတ်တာပဲ။ တကယ်တော့ လဇ်, လင်ဒါနဲ့ ဗီဗီယန်တို့လို လူအတော်များများက ရှင့်ဘေးမှာ ရှိနေဖို့ပဲ လိုအပ်ပြီး အရမ်းကို ပျော်ရွှင်နေကြမှာ။ ရှင်သာ ဒီအတွေးကို ဆက်ထိန်းထားပြီးတော့ သူတို့နဲ့ဆက်ဆံရေးကို မဆုံးဖြတ်နိုင်ရင် သူတို့ကို အမြဲနာ‌ကျင်စေလိမ့်မယ်၊ နားလည်ရဲ့လား?”

ရှုယီက အံ့ဩသွားသည်၊ “တကယ်လား?”

“ဒါပေါ့” စတေးလ်က သက်ပြင်းချကာ ဆို၏၊ “ရှင်သိလား၊ ကျွန်မ ဗီဗီယန် တိတ်တိတ်လေးငိုနေတာကို အကြိမ်ပေါင်းများစွာ တွေ့ခဲ့ပြီးပြီ။ သူမကို မေးလိုက်တော့ ရှင်က ဒီတလော သူမကို စကားပြောတာရှားပြီး လာတွေ့တာလည်း နည်းလွန်းတယ်တဲ့။ ရှင်က သူမကို သဘောမကျတော့ဘူးလို့ ခံစားမိပြီး ကြောက်နေတာ။”

ရှုယီမှာ ခဏတာ ရပ်တန့်သွားပြီးနောက် သက်ပြင်းချလျက် ဆိုလာသည်၊ “ဒီလိုဆို သူသာ ကိုယ့်ကို တကယ်လက်ထပ်လိုက်ရင်တောင် ကိုယ့်မှာ သူမနဲ့အတူကုန်ဆုံးဖို့ အချိန် များများစားစားမရှိတော့ ပိုအထီးကျန်ပြီး ကြောက်‌ရွံ့နေရမှာ မဟုတ်ဘူးလား?”

“ဟင့်အင်း မတူဘူးလေ။ ဗီဗီယန်က ရှင့်ဆီကနေ လုံခြုံမှုတစ်ခုကို လိုအပ်နေပြီး အခုက အမည်အရဆို သူမက ရှင့်ရဲ့ အစေခံပဲ။ သူမကို စွန့်ပစ်မှာ ကြောက်နေပေမယ့် ရှင်သူမကို လက်ထပ်လိုက်မယ်ဆို အနည်းဆုံးတော့ အတော်လေး စိတ်သက်သာရာရသွားမှာပေါ့။”

ရှုယီ တိတ်ဆိတ်သွားသည်။

သူဟာ စက်များနှင့်ပတ်သက်လာလျှင် ထက်မြတ်ပြီး မှော်ပညာ၌လည်း ပါရမီအသင့်အတင့်ရှိသော်ငြား ယောက်ျား မိန်းမဆက်ဆံရေးများတွင် မည်သည့် အရည်အချင်းမှမရှိပေ။

စတေးလ်၏ သတိပေးချက်ကြောင့်သာ မဟုတ်ပါက သူ့အနေနှင့် ဗီဗီယန်တွေးတောနေသည့်အရာကိုပင် သိလိမ့်မည်မဟုတ်။

ခဏတာ စဉ်းစားပြီးနောက်၌ ရှုယီက သက်ပြင်းချကာ ဆို၏၊ “ဒါ‌ဆို အက်ဂ်နက်စ်ကရော? သူမက ဗီဗီယန်နဲ့ မတူဘူးမို့လား?”

“အက်ဂ်နက်စ်က ဗီဗီယန်ထက်ပိုကောင်းတဲ့ တောက်ပပြီး အလားအလာရှိတဲ့ နတ်သူငယ်မလေးပဲ။ သူမက ရှင့်ကို သဘောကျပြီး ရှင်နဲ့အတူရှိချင်တဲ့အကြောင်းတွေ ပြောခဲ့တော့ ဒါက သူမရဲ့ ရည်ရွယ်ချက်အမှန်တွေဖြစ်ပြီး တခြားဘာအတွေးမှမရှိတာကို ယုံကြည်သွားတယ်။ ကျွန်မအထင် ရှင်သာ မဖြစ်မနေနဲ့ နတ်သူငယ်မလေးတစ်ယောက် ရွေးရတော့မယ်ဆိုရင် အက်ဂ်နက်စ်က အကောင်းဆုံးရွေးချယ်မှုပဲ။”

ရှုယီ ခေါင်းငြိမ့်ပါ၏။ ခဏတာ စဉ်းစားပြီးနောက်တွင် မေးလိုက်သည်၊ “ဒီတော့ မင်းကရော စတေးလ် မင်းရဲ့ အတွေးအမှန်ကရော?”

စတေးလ်က အသာပြုံးသည်၊ “ရှင့်ဇနီးအနေနဲ့ အရေးအကြီးဆုံးက ကျွန်မ ခင်ပွန်းကို ထောက်ပံ့ပေးဖို့ပဲ မဟုတ်လား? ရှင့်အနေနဲ့ ဘာမဆိုလုပ်ချင်တာလုပ်နိုင်တယ် ဘာရွေးချယ်မှုပဲလုပ်လုပ် ကျွန်မ ထောက်ပံ့ပေးမှာ။”

ရှုယီက စတေးလ်၏ မျက်နှာလေးကို အပြုံးဖြင့် ဆွဲညှစ်လိုက်သည်။ သူ့အနေနှင့် စတေးလ်မှာ ဆုံးဖြတ်ချက်ချပြီးသော်လည်း သူကတော့ အပြည့်အဝ လက်မလွှတ်နိုင်ဟု ထင်မိသည်။

၎င်းနှင့် ပတ်သက်လာလျှင် သူဟာ အင်တာနက်ဝတ္တုများထဲရှိ မောင်းမဆောင်တစ်ခု ဖန်တီးသူ အမျိုးသားဇာတ်လိုက်သာဖြစ်ပါက ပိုကောင်းလိမ့်မည်ဟု ခံစားနေရသည်။ အနည်းဆုံးတော့ သူ့ထံ၌ မည်သို့သော စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမှ ရှိနေမည်မဟုတ်သဖြင့် ရွေးချယ်မှုကို များစွာ လွယ်ကူစေနိုင်ပါ၏။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၃၈။ ဘုရင်တစ်ပါးဖြစ်လာရုံပဲ

နွေရာသီ၏ အပူဆုံးအပိုင်းကုန်လွန်သွားသည်နှင့် ကောင့်ထ်ဝိန်နှင့် ဒုခ်စတက်တိန်းအကြား တိုက်ပွဲက ပို၍ပြင်းထန်လာသည်။

ဒုခ် စတက်တိန်းမှာ ရှုယီကို လုပ်ကြံရန် မဟာမှော်ပညာရှင်အဆင့်ရှိ ရူနာကို လွှတ်လိုက်သည်က Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ကောင့်ထ်ဝိန်ကို ပိုမိုထောက်ပံ့လာစေ၏။ ၎င်းတို့မှာ ကောင့်ထ်ဝိန်ထံ စစ်ဘက်သုံးမှော်စက်များ အတည်တကျထောက်ပံ့ပေးရုံသာမက လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်နှင့် အခြားနိုင်ငံများမှ ရင်းမြစ်ပမာဏကြီးတစ်ခုကိုဝယ်ယူပြီး ကောင့်ထ်ဝိန်၏ ပူပန်မှုများကို ဖြေရှင်းဖို့ ပူးပေါင်းကာ ဒုခ် စတက်တိန်းကို တိုက်ခိုက်ရာ၌ အပြည့်အဝအာရုံစိုက်ခွင့်ပြုထားလေသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ပထမဆုံးအကြိမ် အရှင်သခင်များအကြားတိုက်ခိုက်မှု၌ပင် ပါဝင်လာသည်။ ကောင့်ထ်ဝိန်နှင့် ဒုခ် စတက်တိန်းအကြားတိုက်ပွဲတွင် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ လက်ရွေးစင်အစောင့်များကို တိုက်ပွဲတွင်းဝင်ရောက်ဖို့ ရွေးချယ်ထားခဲ့၏။

ကောင့်ထ်ဝိန်၏ စစ်သည်များကိုပင် ကျော်လွန်နေသော Frestech ကုန်သည်ကြီးများအသင်းအစောင့်များ၏ အင်အားအပြည့် တိုက်ခိုက်စွမ်းအားနှင့် ဒုခ် စတက်တိန်းထံ၌ အခွင့်အရေးမရှိပေ။

နှစ်လတာလေးအတွင်း ကောင့်ထ်ဝိန်မှာ စတက်တိန်းနယ်မြေ၏ မြို့ ဖာရာဒေးမြို့ထဲသို့ ဦးဆောင်၍ ကျူးကျော်သွား၏။

ခုခံရန် မျှော်လင့်ချက် မရှိတော့သည်ကိုမြင်သော် ဒုခ် စတက်တိန်းမှာ တည်ဆောက်ရန် ဆယ်စုနှစ်များစွာ ကြာခဲ့သည့် နယ်စားအိမ်တော်ကို မီးရှို့ကာ ပြာများအဖြစ် မိမိကိုယ်ကို အလောင်ကျွမ်းခံခဲ့သည်။

၎င်းနောက် စတက်တိန်းနယ်မြေ၏ အရှင်သခင်များက ကောင့်ထ်ဝိန်ထံ အညံ့ခံလာကာ သူ့အား ဒုခ်ဝိန်းအမည်ဖြင့် ဒုခ်စတက်တိန်းအသစ်အဖြစ် ရွေးကောက်လိုက်ကြတော့သည်။

ဒုခ် ဝိန်း နယ်စားဖြစ်လာပြီးနောက် သူဟာ နယ်မြေထဲရှိ အခြားအရှင်သခင်များအားလုံးကို ၎င်းတို့၏ စစ်တပ်များအား စွန့်လွှတ်၍ နယ်စားအိမ်တော်၏ အလုပ်ကို လက်ခံဖို့ အဆိုပြုခဲ့သည်။

အရှင်သခင်အများစုက သဘောတူကြပြီး ငြင်းဆိုသည့် အရှင်သခင် အနည်းငယ်သာရှိသည်။

၎င်းတို့ကြားတွင် လက်ရှိ စတက်တိန်းနယ်မြေတောင်ပိုင်း၌ ကျော်ကြားနေသူ ဗစ်ကောင့်ထ် အန်ကလိုလည်း အပါအဝင်ဖြစ်သည်။

ဒုခ်ဝိန်းကို ခုခံသူက သာမာန်အရှင်သခင်တစ်ဦးဆိုလျှင် ၎င်းအား အညှာအတာမရှိ ရိုက်ပြီးနေလောက်ပြီပင်။

တကယ်တမ်းလည်း ဒုခ်ဝိန်း၏ စစ်သည်များက ထိုသို့ လုပ်ဆောင်ခဲ့ကြပါ၏။

လက်နက်ချရန် အမိန့်ပေးပြီး တစ်ပတ်တွင် ဒုခ်ဝိန်းက သူ၏ အမိန့်ကို ဆန့်ကျင်သည့် အရှင်သခင်များအား ကွပ်မျက်ရန် စစ်သည်များ ချက်ချင်းစေလွှတ်လိုက်သည်။ သူဟာ ထိုအရှင်သခင်များကို အလွယ်လေး အနိုင်ယူခဲ့ပြီး ကိုယ်တိုင်အတွက် နယ်မြေအားလုံးကို သိမ်းပိုက်ခဲ့သည်။

သို့သော် သူ၏အမိန့်ကို ဆန့်ကျင်သူ ဗစ်ကောင့်ထ် အန်ကလိုအတွက် ဒုခ်ဝိန်းက ကွဲပြားစွာ ပြုမူကာ မည်သည့် လုပ်ရပ်မှ လုပ်မလာပေ။ နှစ်ဘက်စလုံးက ၎င်းတို့အကြားမည်သည့် ပဋိပက္ခမှ မရှိသည့်နှယ် ကန့်သတ်ထားကြသည်။

တကယ်တမ်းတွင် စတက်တိန်းနယ်မြေရှိလူတိုင်းမှာ ဗစ်ကောင့်ထ် အန်ကလိုဖြစ်စေ ဒုခ်ဝိန်းဖြစ်စေ ၎င်းတို့၏ အကြီးမားဆုံး ထောက်ပံ့သူက Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် ရှုယီဖြစ်သည်ကို သိကြလေသည်။

ထိုအရှင်သခင်နှစ်ဦးက စတက်တိန်းနယ်မြေတွင် မုန်တိုင်းများအား ဆင့်ခေါ်နိုင်သည်ဟု မထင်လေနှင့်။ ၎င်းတို့သာ တစ်စုံတရာကို လုပ်ဆောင်လိုလျှင် Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် ရှုယီ မည်သို့ ခံစားရမည်ကို ထည့်တွက်ရပေမည်။

ဤသည်က မည်သူမှ မငြင်းပယ်နိုင်သည့် အချက်ပင်။

Frestech ကုန်သည်ကြီးများအသင်း၏ အထောက်အပံ့က နှစ်ဘက်စလုံးအတွက် အရေးပါ၏။ Frestech ကုန်သည်ကြီးများအသင်းသာ တစ်ဖက်ကို ထောက်ပံ့ခြင်းရပ်တန့်လိုက်လျှင် ထိုဘက်၏ ကံကြမ္မာက တစ်ဘက်ထံမှ အနိုင်ယူခံရခြင်းဖြစ်လိမ့်မည်။

ရှင်းလင်းစွာဆိုရသော် Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် ရှုယီကသာလျှင် စတက်တိန်းနယ်မြေ၏ အခြေအနေကို အမှန်တကယ် ဆုံးဖြတ်နိုင်ပါ၏။

လူတိုင်း စိတ်ရှုပ်ထွေးနေကြသည်မှာ Frestech ကုန်သည်ကြီးများအသင်းက ဤမျှ သန်မာလှသည်ဆိုလျှင် အဘယ့်ကြောင့် ၎င်းတို့၏ စစ်သည်များကို လွှတ်၍ အရှင်သခင်အားလုံးကို ကွပ်မျက်ခြင်းမျိုး မလုပ်ဆောင်ရသနည်း? အဘယ့်ကြောင့် ဗစ်ကောင့်ထ် အန်ကလိုနှင့် ဒုခ်ဝိန်းတို့၏ အင်အားများကို ထောက်ပံ့ဖို့ ရွေးချယ်ခဲ့ရသနည်း?

ဖြစ်နိုင်သည်မှာ သူ့အနေနှင့် တစ်ဘက်ကိုထောက်ပံ့ကာ စတက်တိန်းနယ်မြေတစ်ခုလုံးအား အုပ်ချုပ်ရန် ကူညီခြင်းဖြင့် အကျိုးအမြတ်ပိုမို ရစေခြင်းပင်။

“တကယ်တော့ ကျုပ် ဒါကိုလုပ်လို့ရပါတယ်။” ရှုယီက ဘယ်ဘက်၌ထိုင်နေသည့် အန်ကလိုနှင့် ရှေ့တည့်တည့်၌ ထိုင်ကာ သူ့အား အလေးအနက်ကြည့်နေသူ ဒုခ်ဝိန်းတို့ကို ကြည့်လိုက်သည်။

မည်သူကမှ မမြင်လျှင် စတက်တိန်းနယ်မြေ ထိန်းချုပ်မှုအတွက် တိုက်ခိုက်နေကြသည့် ဗစ်ကောင့်ထ် အန်ကလိုနှင့် ဒုခ်ဝိန်းတို့က အေးအေးချမ်းချမ်းနှင့် မျက်နှာချင်းဆိုင်ထိုင်နေကြလိမ့်မည်ဟု မည်သူကမှ ယုံကြည်လိမ့်မည်မဟုတ်ပေ။ နှစ်ဦးစလုံး၏ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ရှိနေသည်မှာ ရန်သူမဟုတ်ကြဘဲ မိတ်ဆွေများလိုပါပင်။

“ဒါကို မလုပ်တာက ကျုပ်အနေနဲ့ စတက်တိန်းနယ်မြေကို အတော်လေးထိခိုက်သွားစေလိမ့်မယ်လို့ ခံစားမိတာကြောင့်ပဲ၊ ဒါက စတက်တိန်းနယ်မြေက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ တိုးတက်မှုကို အကျိုးရှိစေမှာမဟုတ်ဘူး။” ရှုယီက ဆက်ပြောသည်။

အန်ကလိုက လဘက်ရည်တစ်ငုံသောက်လိုက်ပြီးနောက် ပြုံးနေသော်လည်း မျက်လုံးများထဲ စူးရှဟန်ရှိနေသူ ဒုခ်ဝိန်းကို ကြည့်လိုက်မိသည်။ သူက အသာပြုံးကာ ဆို၏၊ “ဥက္ကဌရှု ခန့်မှန်းကြည့်တာပေါ့။ ခင်ဗျားရဲ့ အကြီးမားဆုံးစိုးရိမ်မှုက စတက်တိန်းနယ်မြေအနေနဲ့ ပြည်တွင်းစစ်ဖြစ်ပြီး လူဦးရေကို ထိခိုက်မှုကို မဟုတ်လား?”

“အမှန်ပဲ။” ရှုယီက ခေါင်းငြိမ့်သည်၊ “ကျုပ်တို့ လုပ်ငန်းစုမှာ လူ‌တွေကို အလိုအပ်ဆုံးပဲ။ စတက်တိန်းနယ်မြေရဲ့ လူဦးရေက ကျုပ်အတွက် အရမ်းကို အရေးပါတယ်၊ ကျုပ်အနေနဲ့ စစ်ပွဲကြောင့် သူတို့ကို မဆုံးရှုံးချင်ဘူး။”

အန်ကလိုမှာ မျက်နှာအနည်းငယ်ပျက်သွားကာ၊ “ဥက္ကဌ ရိုသေသမှုနဲ့ပြောရမယ်ဆို ခင်ဗျားက ကောင့်ထ်ဝိန်ကို ထောက်ပံ့ခဲ့တာကြောင့်သာမဟုတ်ရင် ကောင့်ထ်ဝိန်မှာ တခြားအရှင်သခင်တွေကို တိုက်ခိုက်ဖို့ သတ္တိရှိမှာတောင်မဟုတ်ဘူး။ နောက်ဆုံးမှာ ဒုခ် စတက်တိန်းကိုပါ စိန်ခေါ်ခဲ့တာကိုဆို ပြောမနေပါနဲ့တော့။”

မျက်နှာချင်းဆိုင်ရှိ ဒုခ်ဝိန်းက မျက်မှောင်ကုပ်၍ အန်ကလိုကို ဒေါသတကြီးစိုက်ကြည့်လာသည်၊ “ဘာလဲ? ဗစ်ကောင့်ထ် အန်ကလို ခင်ဗျားက ကျုပ်ကို အထင်သေးနေတာလား? အခု ဘယ်သူက ပိုကောင်းသလဲဆိုတာကို မြင်ချင်လို့လား?”

အန်ကလိုက ဒုခ်ဝိန်းကို အထင်အမြင်သေးစွာကြည့်၍ နှာမှုတ်လျက်ဆိုသည်၊ “ဥက္ကဌရှု ကျုပ်ကို တားနေလို့သာမဟုတ်ရင် ခင်ဗျားရဲ့*ရောင်စုံအဖွဲ့လေးကို ဆုတ်ပြဲအောင် ရိုက်ပြီးနေလောက်ပြီ။”

(*T/N: ရောင်စုံအဖွဲ့ = ကောင့်ထ်ဝိန်ရဲ့ စစ်သည်တွေထဲမှာ ဟိုနယ်မြေကရော ဒီနယ်မြေကရော လူတွေအစုံပါနေလို့ပါ)

ဒုခ်ဝိန်းမှာ ဒေါသဖြစ်သွားရသည်။ သူက ရုတ်တရတ် ထရပ်၍ အန်ကလိုကို လက်ညှိုးထိုး၏၊ “ဟုတ်ပြီလေ ငါတို့ ချက်ချင်းတိုက်ကြတာပေါ့! ဘယ်သူက ရောင်စုံအဖွဲ့လေးရှိတယ်ဆိုတာကို မြင်ရလိမ့်မှာပဲ!”

အန်ကလို ပြောကာနီးဆဲဆဲတွင် ရှုယီက ရုတ်တရတ် အေးစက်စက်နှာမှုတ်လိုက်ရာ နှစ်ဦးသားကာ ရပ်တန့်၍ ရှုယီဘက် လှည့်လာ၏။

“ခင်ဗျားတို့ အချင်းချင်းမုန်းနေကြလည်း ဂရုမစိုက်ပေမယ့် ကျုပ် ဒီမှာ ရှိနေမှတော့ ထိုင်ပြီးစကားပြောရမယ်လေ!” ရှုယီက အေးစက်စွာကြည့်လိုက်ရာ နှစ်ဦးသားကာ တစ်‌ဦးကိုတစ်ဦး စိုက်ကြည့်ပြီးနောက် ပြန်ထိုင်ချလာသည်။

နှစ်ဦး၏ ဒေါသထွက်နေပုံကိုမြင်သော် ရှုယီမှာ အသာမျက်မှောင်ကုပ်လိုက်မိသည်။

ဤလူနှစ်ဦးထံ၌ ဤသို့သော သဘောထားများရှိနေရာ မည်သို့များ အတူတကွအလုပ်လုပ်၍ စတက်တိန်းနယ်မြေကို အတူ တိုးတက်စေနိုင်မည်နည်း?

တကယ်တမ်း ဖြစ်နိုင်လျှင် ရှုယီမှာ စတက်တိန်းနယ်မြေရှိ အရှင်သခင်များစွာ ခန့်မှန်းထားကြသည့် အရာကို လုပ်ချင်ပါ၏။ သူဟာ Frestech ကုန်သည်ကြီးများအသင်းအစောင့်များကို အသုံးပြုကာ စတက်တိန်းနယ်မြေကို ရှင်းလင်း၍ အားလုံး သူ၏ထိန်းချုပ်မှုအောက် ရောက်သွားစေချင်သည်။ ထိုနည်းဖြင့် သူဟာ စတက်တိန်းနယ်မြေကို မည်မျှ တိုးတက်စေချင်သည်ဖြစ်စေ သူလုပ်ချင်ရာကို လုပ်နိုင်ပြီး ယခုကဲ့သို့ ချုပ်တည်းထားစရာမလိုပေ။

သို့သော် လူအင်အားပြဿနာက စက်ရုံများရှိ အလုပ်သမားများသာမကဘဲ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကိုပါ ပူပန်နေရခြင်းပင်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက ဆက်လက် တိုးပွားနေရာ လူသုံးထောင်အထိ ရှိနေပြီဖြစ်သည်။

၎င်းတို့၏ စစ်ဘက်သုံးမှော်စက်များအပါအဝင် လေ့ကျင့်ရေးနှင့် အရည်အသွေးမြင့်မားမှုတို့ကြောင့် ထိုစစ်သည်သုံးထောင်မှာ လူပုလေးနှင့် နတ်သူငယ်စစ်သည်ပမာဏများစွာနှင့်အတူ အင်မတန် ကြောက်မက်ဖွယ်ကောင်းလှသည်။ တကယ့် တိုက်ပွဲတွင် ၎င်းတို့မှာ ရန်သူတစ်သောင်းကိုပင် အလွယ်လေး အနိုင်ယူနိုင်ပါ၏။

သို့သော် လူမလုံလောက်ခြင်းကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ဌာနကို ကာကွယ်နိုင်သော်လည်း စတက်တိန်းနယ်မြေတစ်ခုလုံးကို မသိမ်းပိုက်‌နိုင်ပေ။

ထို့ကြောင့် ရှုယီမှာ စတက်တိန်းနယ်မြေ၌ သူ၏ ကိုယ်စားပြုများအဖြစ်ထားရန် အလုံအလောက်အားကောင်းသည့် အရှင်သခင်များကို ရှာရပေမည်။ ထိုကိုယ်စားပြုများမှတဆင့် သူဟာ စတက်တိန်းနယ်မြေအတွက် ပြန်လည် ဖွဲ့စည်းရေးအစီအစဉ်ကို အောင်မြင်လိမ့်မည်။

ထိုအချက်ကြောင့် အန်ကလိုနှင့် ဒုခ်ဝိန်းတို့ကို ရွေးချယ်ခြင်းတွင် အားသာချက်နှင့် အားနည်းချက်ဟူ၍ ရှိလာသည်။

အန်ကလိုထံတွင် ထူးခြားသည့် အရည်အချင်းများရှိသလို အခြေအနေကို ရှင်းရှင်းလင်းလင်းရှိကာ ရှုယီနှင့် တူညီသည့် အတွေးများလည်းရှိသည်။ သူသာ ၎င်းနှင့်အတူ အလုပ်လုပ်ကိုင်မည်ဆိုလျှင် ရှုယီအနေဖြင့် စတက်တိန်းနယ်မြေအတွက် သူ၏အစီအစဉ်ကို အလွယ်လေး ရယူနိုင်ပေမည်။

သို့သော် အန်က‌လို၏ ချို့ယွင်းချက်က ရှုယီ အင်မတန်စိုးရိမ်နေခဲ့ရသည့် အရာပင်။ ထိုသည်မှာ သူ၏ ရည်ရွယ်ချက်များက အင်မတန်မြင့်မားကာ ပြောရမည်ဆိုလျှင် ရည်မှန်းချက်ကြီးလှ၏။ ထိုကဲ့သို့သော လူမျိုးမှာ ဖိနှိပ်ထားရန် ခက်ခဲပြီး ရှေ့လျှောက် ရှုယီ၏ စီစဉ်မှုများကို နာခံလိမ့်မည်မဟုတ်ပေ။

ကောင့်ထ်ဝိန်မှာ အဘက်ဘက်တွင် အန်ကလိုထက် နိမ့်ကျသော်လည်း ရှုယီကို နာခံလေရာ ရုပ်သေးရုပ်အနေနှင့် အင်မတန် သင့်တော်လှပေသည်။

ရှုယီထံ၌ ထိုနှစ်ဦးကို ဖယ်ခွာဖို့ အရည်အချင်းမရှိသဖြင့် ၎င်းတို့နှစ်ဦးစလုံးကို ထောက်ပံ့ပြီး ၎င်းတို့အကြား မျှခြေတစ်ခု ဖန်တီးဖို့ ရွေးချယ်ခဲ့သည်။

အနည်းဆုံးတော့ ဤအခြေအနေတွင် ထိုနှစ်ဦးအနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အထောက်အပံ့ကိုရထားခြင်းကြောင့် ရှုယီအပေါ် အလုံအလောက် လိုက်လျောကြလိမ့်မည်။

ရှုယီမှာ ထိုနှစ်ဦးကို ၎င်းကြောင့် တစ်ပြိုင်နက်တည်း ဆင့်ခေါ်နိုင်၏။

ခေတ္တရပ်တန့်လိုက်ပြီးနောက် ရှုယီက အန်ကလိုကို ပြောလိုက်လေသည်၊ “အန်ကလို ခင်ဗျားရဲ့ အိပ်မက်က စတက်တိန်းနယ်မြေသားတွေကို ဘဝကောင်းမှာ နေရအောင်လုပ်ဖို့ဆိုတာကို ကျုပ်မှတ်မိသေးတယ် ဟုတ်တယ်မလား?”

အန်ကလိုက ခေါင်းငြိမ့်သည်၊ “ဟုတ်တယ် ဒါက ဘယ်တော့မှ မပြောင်းလဲမယ့် ရည်ရွယ်ချက်ပဲ။ ဒါပေမယ့် ဥက္ကဌရှု စတက်တိန်းနယ်မြေက အခုဆို တစ်နှစ်ကြာအောင် စစ်ပွဲမီးလျှံထဲ နေခဲ့ရတော့ အခုဆို အဲဒါက ကျုပ်လိုချင်တဲ့အရာပဲ။”

ရှုယီက ခေါင်းငြိမ့်လိုက်သော်လည်း ပြန်မဖြေပေ။ သူက ဒုခ်ဝိန်းကို လှည့်မေးလိုက်ပါ၏၊ “ဒါ‌ဆို ဒုခ်ဝိန်းကရော? ဘာလိုချင်လဲ?”

ဒုခ်ဝိန်းက နှုတ်ခမ်းများစေ့လိုက်၏၊ “ကျုပ်ဆီမှာ အဲ့လို ရည်ရွယ်ချက်မြင့်မြင့်မားမားမရှိပါဘူး၊ ကျုပ်ဘာသာကျုပ် ပိုကောင်းတဲ့ဘဝမှာ နေချင်ရုံပဲ။”

“အမှိုက်ပဲ!” အန်ကလိုက အသာနှာမှုတ်၏။

ဒုခ်ဝိန်းက သူ့ကို စိုက်ကြည့်၍ တစ်ဖန် ဒေါသထွက်လုနီးပါးဖြစ်လာသည်။

ရှုယီက သူ့ကို တားဖို့ လက်ယမ်းလိုက်ပါ၏။

“ကောင်းတယ် ခင်ဗျားတို့ဆီမှာ တောင်းဆိုချက် မြင့်မြင့်မားမားမရှိတော့ အများကြီးပိုရိုးရှင်းသွားတာပေါ့။ အန်ကလို ခင်ဗျား ဘန်တာမြို့ကို အလည်ရောက်ဖူးတော့ Frestech ကုန်သည်ကြီးများအသင်းရဲ့ လွှမ်းမိုးမှုကြောင့် ဘန်တာမြို့က ကြီးကြီးမားမားပြောင်းလဲလာခဲ့ပြီး လူတွေရဲ့ဘဝလည်း အတော်‌လေးတိုးတက်လာခဲ့ကြတာကို သိလောက်မယ်လို့ ထင်ပါတယ်။”

အန်ကလိုက ခေါင်းငြိမ့်သည်။ သူက လမ်ပူရီတိုင်းပြည်ရှိရာဘက်လှည့်လိုက်ရာ မျက်လုံးများထဲစွဲလမ်းမှုတချို့ရှိနေသည်။

“အဲ့တုန်းကဘန်တာမြို့က တကယ်ကို ကျုပ် မြင်ဖူးသမျှထဲ စွမ်းအင်နဲ့ တက်ကြွမှုအရှိဆုံး မြို့ပဲ။ ကျုပ်တို့ စတက်တိန်းနယ်မြေက မြို့တိုင်းသာ ဘန်တာမြို့လို ဖြစ်လာမယ်ဆို သေရမယ်ဆိုရင်တောင် ဘာကိုမှ ညည်းညူမိမှာမဟုတ်ဘူး။”

“ခင်ဗျား သေဖို့ မလိုပါဘူး။” ရှုယီက တစ်ချက်ပြုံး၏၊ “ခင်ဗျားသာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ အတူအလုပ်လုပ်သရွေ့ စတက်တိန်းနယ်မြေက ဘန်တာမြို့လိုဖြစ်လာလိမ့်မယ်။ စတက်တိန်းနယ်မြေကလူတွေလည်း အင်အားအပြည့်နဲ့ ဘန်တာမြို့က လူတွေလို တက်ကြွလာမှာပဲ။”

အန်ကလိုမှာ ခဏတာ တိတ်ဆိတ်နေပြီးနောက် အသာခေါင်းငြိမ့်၏။

“ဥက္ကဌရှု ခင်ဗျားမှာ ဒီလိုအစွမ်းအစရှိတာကို ကျုပ်ယုံကြည်ပါတယ်။ အခု ကျုပ်ရဲ့ကိုယ်ပိုင်နယ်မြေက လူတွေရဲ့ ဘဝအခြေအနေက ကောင်းကင်ဘုံမှာ ရှိနေရတာနဲ့ကို မခြားတော့ဘူး။ ခင်ဗျားသာ ကျုပ်တို့ စတက်တိန်းနယ်မြေရဲ့ ပြည်သူအားလုံးကို ဒီလိုဘဝမျိုးရစေနိုင်မယ်ဆိုရင် ကျုပ်ကို ဘာပဲလုပ်စေချင်သည်ဖြစ်စေ ကျုပ်ဆန္ဒရှိမှာပါ။ ခင်ဗျားက.... ဒုခ် စတက်တိန်းဖြစ်လာရင်တောင် ကန့်ကွက်စရာမရှိဘူး။”

ဒုခ်ဝိန်းက နှာမှုတ်သည်၊ “ဒါဆို ကျုပ်က ဘာလုပ်ရမှာလဲ? ကောင့်ထ်ပြန်လုပ်ရမှာလား?”

အန်ကလို၏ မျက်လုံးများက အေးစက်သွား၏၊ “ဘာလဲ? ခင်ဗျားက ဥက္ကဌရှုကို ယှဉ်ဖို့ အရည်အချင်းရှိလို့လား?”

“ဒါပေါ့ မရှိပါဘူး၊ ဒါပေမယ့် ကျုပ်က ဒုခ် စတက်တိန်းဖြစ်နေမှတော့ ဘယ်လိုလုပ် ကျုပ်နေရာကို ဥက္ကဌရှုလက်ထဲ ကျရောက်ခွင့်ပေးနိုင်မှာလဲ?” ဒုခ်ဝိန်းက ဆိုသည်။

အန်ကလိုမှာ အနည်းငယ် ရှုပ်ထွေးသွားသည်၊ “ခင်ဗျားက ဘာပြောနေတာလဲ?”

“ရှင်းရှင်းလေးပါ” ဒုခ်ဝိန်းက ရုတ်တရတ် စိတ်လှုပ်ရှားလာသည်၊ “ကျုပ်သာဆို ဥက္ကဌရှု ဆန္ဒရှိရင် ဘုရင်ဖြစ်လာလို့ရတယ်လို့!”

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၃၉ ။ နတ်သူငယ်လက်တွဲဖော်

“ဘုရင်?”

ထိုစကားလုံးမှာ ရှုယီ၏စိတ်ထဲ တစ်စက္ကန့်မျှသာ ရောက်လာပြီးနောက် အဝေးသို့ ပစ်လွှတ်ခံလိုက်ရတော့သည်။

ရှုယီမှာ သူ့ထံ၌ နိုင်ငံရေးအတွက် မည်သည့်အရည်အချင်းမှမရှိကြောင်း သေချာသိသည်။ သူသာ ဘုရင်ဖြစ်လာပါက ကိစ္စကောင်းဖြစ်မည်မဟုတ်ချေ။

ထို့ကြောင့် ဒုခ် စတက်တိန်းမတိုင်ခင်က လူများစွာက သူ့အား ၎င်းကို တိတ်တဆိတ်ပြောခဲ့ကြသည်။ Frestech ကုန်သည်ကြီးများအသင်းမှာ ဆန်နက်မြေရိုင်းနှင့် စတက်တိန်းနယ်မြေရှိ ပိုင်နက်နယ်မြေကြီးကို ထိန်းချုပ်ထားလေရာ သူဟာ အမှီအခိုကင်းနိုင်ငံတစ်နိုင်ငံကိုတည်ထောင်နိုင်ပြီး ဘုရင်ဖြစ်လာနိုင်သော်ငြား ရှုယီကမူ ထိုအကြံပြုချက်များကို ငြင်းပယ်ခဲ့သည်။

တစ်ချက်မှာ သူဟာ ဘုရင်ဖြစ်လာရန် စိတ်မဝင်စားပေ။

ဒုတိယမှာ လက်ရှိ Frestech ကုန်သည်ကြီးများအသင်း အင်အားနှင့် နိုင်ငံတည်ထောင်သည်က မမှန်ပေ။ Frestech ကုန်သည်ကြီးများအသင်း၏ ဘက်ပေါင်းစုံက နိုင်ငံတစ်နိုင်ငံကိုထောက်ပံ့ရန် လုံလောက်အောင် မသန်မာသေးပေ။

ထို့ကြောင့် အစကတည်းက ရှုယီဟာ Frestech ကုန်သည်ကြီးများအသင်းကို သာမာန်လုပ်ငန်းစုတစ်ခုအဖြစ်သတ်မှတ်ထားခဲ့၏။

အခြားလုပ်ငန်းစုများနှင့် တစ်ခုတည်းသော ခြားနားမှုမှာ စစ်ဘက်သုံးမှော်စက်များရှိခြင်းပင်။

သို့သော် ရှုယီအတွက် အရေးအကြီးဆုံးမှာ အိမ်သုံးမှော်စက်များသာဖြစ်၏။

သူ၏ အန်ကလိုနှင့် ဒုခ်ဝိန်းတို့ဖြင့် ဆွေးနွေးမှုမှတဆင့် ၎င်းတို့မှာ စတက်တိန်းနယ်မြေအနေနှင့် ၎င်း၏ တည်ငြိမ်မှုကို ထိန်းသိမ်းမည်ဖြစ်သလို ပြည်သူများကိုလည်း ပျော်ရွှင်ဖွယ်ဘဝရစေရန် ဆုံးဖြတ်ခဲ့ကြသည်။ စတက်တိန်းနယ်မြေ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ဦးတည်ရာကို ဆုံးဖြတ်ပြီးနောက် ရှုယီမှာ အန်ကလိုနှင့် ဒုခ်ဝိန်းထံ အစီစဉ်များကို ပေးကာ မည်သို့ အတူတကွအလုပ်လုပ်ရမည်အား ဆုံးဖြတ်ခိုင်းလိုက်၏။ ထို့နောက် မှော်ကားထဲဝင်ကာ စတက်တိန်းနယ်မြေမှ ထွက်လာလိုက်သည်။

ဆန်နက်မြေရိုင်းကို ဖြတ်သန်းသွားချိန်တွင် ရှုယီက ထုံးစံအတိုင်း ဆန်နက်မြို့ကို စစ်ဆေးခဲ့လိုက်သည်။ ဆန်နက်မြို့အား အစီအစဉ်တစ်ခုနှင့် တိုးတက်ဖွံ့ဖြိုးစေဖို့ ဆုံးဖြတ်ပြီးနောက် မြောက်ဘက်ရှိ ဆန်နက်မြေရိုင်းနှင့် စခ်တိုင်းပြည်အကြားရှိ နယ်စပ်ဆီသွားလိုက်သည်။

လများစွာကြာ‌ဆောက်လုပ်ရေးလုပ်ပြီးနောက် မြောက်ဘက်ရှိ ခံတပ်များမှာ အသွင်စပေါ်လာပြီဖြစ်သည်။

အားဖြည့်ကွန်ကရစ်ခံတပ်ကြီးက မြောက်ဘက်ဆန်နက်မြေရိုင်းတစ်ခုလုံးကို ကာရံထားကာ ဆန်နက်မြေရိုင်းထဲဝင်လာနိုင်သည့် စခ်တိုင်းပြည်လမ်းကြောင်းများအားလုံးကို ဖြတ်တောက်လိုက်၏။

ရှုယီမှာ တပ်မှူး လန်းတစ်နှင့် ဆွေးနွေးကာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ခံတပ်များ ထောက်ပံ့ခြင်းကို ဆက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ တပ်မှူး လန်းတစ်က ရံပုံငွေအလုံအလောက်ရှိသရွေ့ အနောက်ဘက်စစ်တပ်မှာ ကနဦးခံတပ်များကို နောက်နှစ်တွင် အပြီးသတ်ပြီး သုံးနှစ်အတွင်း အလုံးစုံပြီးမြောက်စေကာ စခ်တိုင်းပြည် ကျူးကျော်ခြင်း မျှော်လင့်ချက်အားလုံးကို ဖြတ်တောက်မည်ဟု ရှုယီကို အာမခံခဲ့သည်။

ရှုယီလည်း တပ်မှူး လန်းတစ်ကို နှုတ်ဆက်ပြီးနောက် စတက်တိန်းနယ်မြေကို မပြန်ခဲ့ပေ။ ထိုအစား မြောက်ဘက်ကို ဆက်ဦးတည်၍ လမ်ပူရီတိုင်းပြည်ထဲ မောင်းဝင်သွားလိုက်သည်။

ရှုယီမှာ ဆယ်ဗီနီက နန်းတက်ပွဲအတွက် အထူးတလည် ဖိတ်ကြားလွှာ ပေးပို့ခဲ့စဉ်ကပင် လမ်ပူရီတိုင်းပြည်သို့ မပြန်ခဲ့ပေ။ ထို့ကြောင့် ဤတစ်ကြိမ်တွင် မရောက်သည်မှာ တစ်နှစ်ကြာပြီဖြစ်၏။ ဤသည်မှာ ဝိဉာဉ်‌ကူးပြောင်းလာခဲ့ပြီး နှစ်များစွာကြာ နေထိုင်ခဲ့သည့် သူ၏ ဒုတိယဇာတိအဖြစ်သတ်မှတ်ထားသော နိုင်ငံသို့ ပထမဆုံးအကြိမ်ပြန်လာခြင်းပါပင်။

သုံးနာရီကြာမောင်းနှင်ခဲ့ပြီးနောက် ရှုယီမှာ မိုးကျလမ်းမပေါ် တက်သွားကာ မြောက်ဘက် မိုးကျတောအုပ်ထဲသို့ ဦးတည်လိုက်သည်။

ဘန်တာမြို့ ပတ်ဝန်းကျင်ဧရိယာများ မည်မျှတိုးတက်လာသည်ဖြစ်စေ မိုးကျတောအုပ်အနေနှင့် ၎င်း၏ ရှေးဟောင်းခံစားချက်ကို ထိန်းသိမ်းထားဆဲပင်။ ရှုယီမှာ လူပုလေး မျိုးနွယ်စုများအတွက် ဖွင့်လှစ်ထားခဲ့သည့် တစ်ဆယ်ကီလိုမီတာအောက် လမ်းထက်၌သာ သူ၏မှော်ကားကို မောင်းနှင်လိုက်နိုင်သည်။ တစ်ခဏကြာပြီးနောက် ရွေးစရာမရှိတော့ဘဲ မှော်ကားကို ရပ်တန့်၍ မိုးကျတောအုပ်ထဲသို့ ပျံသန်းသွားတော့သည်။

အစွန်းကို ရောက်ချိန်၌ ရှုယီထံ ပုံရိပ်တစ်ခုက ပစ်ဝင်လာ၏။

ရှုယီမှာ လေပြေကဲ့သို့ မိမိ၏ ထွေးပွေ့မှုထဲ ပစ်ဝင်လာသယကို တစ်ချက်ပြုံးပြလိုက်ချိန်တွင် နူးနူးညံ့ညံ့ နှုတ်ခမ်းတစ်စုံက ရှုယီမျက်နှာထက် ကျရောက်လာသည်။

ရှုယီမှာ မိမိမျက်နှာကို ကူရာမဲ့စွာ ထိလိုက်သည်။ သူဟာ သူ၏ ရင်ခွင်ထဲရှိ တုနှိုင်းမဲ့ရွှင်ပျစွာ ပြုံးနေသည့် အက်ဂ်နက်စ်ကို ကြည့်၍ သက်ပြင်းချကာဆိုလေသည်၊ “အက်ဂ်နက်စ် မင်းက ရုတ်တရတ်ကြီး ဒီလောက် ကြင်နာပြနေတော့ ငါကျင့်သားမရတော့ဘူး။”

အက်ဂ်နက်မှာ အင်မတန် အံ့ဩသွားသည်။

“ရှင်မကြိုက်ဘူးလား? ဒါပေမယ့် ဗီဗီယန်ပြောတာတော့ လူသားအထီးတွေက သူတို့ရဲ့ ချစ်သူ‌အနေနဲ့ တွေ့ဆုံတဲ့အခါ အနမ်းပေးရင် အရမ်းသဘောကျတယ်လို့ ပြောခဲ့တာကို။”

“အင်း.... မကြိုက်တာတော့ မဟုတ်ပါဘူး ဒါပေမယ့် မင်းက....” အက်ဂ်နက်စ်မျက်နှာထက်ရှိ ပူပန်နေပုံလေးကိုမြင်သော် ရှုယီ၏ နှလုံးသားက နူးညံ့သွားတော့သည်။ သူက သူမခေါင်းကိုပုတ်၍ အပြုံးဖြင့် ပြောလေ၏၊ “ထားပါတော့ မင်းပျော်ရင်ရပြီ။”

အက်ဂ်နက်စ်က ချက်ချင်း ရွှင်ပျစွာပြုံးလာကာ၊ “အင်း ရှင်လည်း ပိုရင် ပိုတောင်ကောင်းဦးမယ်။”

အက်ဂ်နက်စ်၏ မျက်နှာလေးထက်ရှိ အပြစ်ကင်းစင်၍သော အပြုံးခပ်ရွှင်ရွှင်လေးကို မြင်သည်တွင် ရှုယီ စိတ်ထဲ သက်ပြင်းချမိသည်။

ဤမျှ သန့်စင်ကာ လှပသည့် နတ်သူငယ်မလေးက ညတေးသံမျိုးနွယ်စု၊ အထူးသဖြင့် အကြီးအကဲ အီလူရှာ ကြောင့်နှင့် သူ့နောက်လိုက်ဖို့ ရွေးချယ်ခဲ့သည်။ ဤသည်က တကယ်ပဲ အဆင်ပြေသည်လား?

စတေးလ်နှင့် ပြောပြီးနောက် ရှုယီမှာ အက်ဂ်နက်စ်က တကယ်ကို အတော်လေး ကောင်းမွန်သည့်ရွေးချယ်မှုဖြစ်ကြောင်း သိသွသည်။

သို့သော် စဉ်းစားပြီးနောက် ရှုယီမှာ အက်ဂ်နက်စ်နှင့် စကားပြောကာ သူ၏ အတွေးအမှန်များကို ထုတ်ပြ၍ အက်ဂ်နက်စ်ကို ရွေးချယ်စေခဲ့သည်။

အက်ဂ်နက်စ် ဆန္ဒမရှိသရွေ့ ရှုယီမှာ အကြီးအကဲ အီလူရှာ နှင့် အကြီးအကဲ လီဆန်ယာတို့ သူ့ကို မည်သို့ တွန်းအားပေးပေး ၎င်းတို့၏ ရည်ရွယ်ချက်နောက်မလိုက်သလို သူနှင့်အတူရှိဖို့ နတ်သူငယ်မိန်းကလေးတစ်ဦးလည်း ရွေးမည်မဟုတ်ဟု ဆုံးဖြတ်ခဲ့ပါ၏။

သို့သော် ရှုယီ အတွေးများကို ချပြချိန်၌ အက်ဂ်နက်စ်က ပျော်ရွှင်စွာဖြင့် သဘောတူကြောင်း ပြသခဲ့သည်။

အက်ဂ်နက်စ်မှာ ၎င်းကို ရှုယီထံ ဖော်ပြပြီးသားဖြစ်ကြောင်း ပြောခဲ့၏။ သူမအနေနှင့် ရှုယီနှင့် အတူရှိသည်ကို ကျင့်သားရနေပြီဖြစ်သလို သူနှင့်အတူရှိရသည်အား ပျော်ရွှင်သဖြင့် သူနှင့်အတူ နေနိုင်ရန် အမြဲ ဆန္ဒရှိခဲ့သည်။

ယခု ရှုယီက သူမနှင့် အတူရှိဖို့ ရွေးချယ်လာရာ သူ၏ ကိုယ်ပိုင်ဆန္ဒအလျောက်ဖြစ်စေ နတ်သူငယ်‌မျိုးနွယ်စု၏ တွက်ဆမှုကြောင့်ဖြစ်စေ သူမ ဆန္ဒရှိပါ၏။

အက်ဂ်နက်စ်က ၎င်းကို မငြင်းဆန်သဖြင့် ရှုယီမှာ စတေးလ်နှင့်အတူ လေးလေးနက်နက် ထပ်ပြောခဲ့သည်။ ထို့နောက် သူဟာ အကြီးအကဲ အီလူရှာ နှင့် အကြီးအကဲ လီဆန်ယာထံ သူ၏ ရွေးချယ်မှုကို ဖော်ပြ၍ အက်ဂ်နက်စ်အား သူ၏လက်‌တွဲဖော်ဖြစ်လာမည့် နတ်သူငယ်မျိုးနွယ်ကိုယ်စားပြု ဖြစ်လာရန် ဆုံးဖြတ်ခဲ့သည်။

အကြီးအကဲ အီလူရှာက ရှုယီ၏ ရွေးချယ်မှုကို မအံ့ဩသော်လည်း အကြီးအကဲ လီဆန်ယာမှာ အနည်းငယ် မကျေမနပ်ဖြစ်သွား၏။

သူမအနေနှင့် လရိပ်မျိုးနွယ်စုထံမှ နတ်သူငယ်အလှလေးများစွာကို ရွေးခဲ့သော်လည်း ရှုယီက ၎င်းတို့ထဲမှ မည်သူ့ကိုမှ မရွေးသောကြောင့်ပင်။ အဆုံး၌ သူက ညတေးသံမျိုးနွယ်စုထံမှ ထူးထူးခြားခြားမရှိလှသည့် ထိုမိန်းမငယ်လေးအက်ဂ်နက်စ်ကို ရွေးချယ်ခဲ့သည်။

သို့သော် ရှုယီက ထိုသို့ ရွေးချယ်ဖို့ ဆန္ဒရှိလာသဖြင့် အကြီးအကဲလီဆန်ယာမှာ သဘာဝကျကျပင် အခြားမည်သည့် ကန့်ကွက်မှုမှ လုပ်မလာပေ။

အကြီးအကဲ အီလူရှာလည်း မည်သည်ကိုမှ မကန့်ကွက်ပေ။

ထို့ကြောင့် သဘောတူညီမှုအဖုံဖုံရပြီးနောက် ဤလောက၌ ရှုယီပထမဆုံးဆုံခဲ့ရသည့် နတ်သူငယ်မလေး အက်ဂ်နက်စ်မှာ အကြီးအကဲ အီလူရှာနှင့် အကြီးအကဲလီဆန်ယာတို့အတွက် နက်ရှိုင်းသောမျှော်လင့်ချက်နှင့် အဓိပ္ပာယ်ဖြစ်လာသည်။

နတ်သူငယ်များအရ အက်ဂ်နက်စ်မှာ ယခုတွင် ရှုယီ၏ လက်တွဲဖော်ဖြစ်သည်။ ယနေ့မှစတင်၍ သူမဟာ ရှုယီတစ်ဦးနှင့်သာ အတူရှိရမည်ဖြစ်ပြီး နတ်သူငယ်ဖြစ်စေ လူသား‌ဖြစ်စေ ဆန့်ကျင်ဘက်လိင်ဟူသမျှနှင့် အတူ ရှိနေ၍ မရတော့ပေ။

ထို့ကြောင့် ရှုယီကို ယခုမြင်သော် အက်ဂ်နက်စ်မှာ သူမ၏ သဘောထားကို ပြောင်းလိုက်သည်။ သူမမှာ နတ်သူငယ်တစ်ဦးအဖြစ်မှ ရှက်ရွံ့မှုပင်မရှိဘဲ ရှုယီအတွက် ကြင်နာမှုကို ပြသလာတော့သည်။

လရိပ်မျိုးနွယ်စု မိန်းကလေးများမှာ ရှုယီကို ပို၍ပင် ကြင်နာပြကြသော်လည်း အက်ဂ်နက်စ် ၎င်းတို့နှင့် ခြားနားသည်။ ရှုယီ ကျင့်သားမရနိုင်ပေ။

မိုးကျတောအုပ်ကို အက်ဂ်နက်စ်နှင့် အတူ ဖြတ်လျှောက်သွားစဉ်၌ ရှုယီမေးလိုက်ပါ၏၊ “ဖရီယာ ဒီမှာ ကစားရတာ ပျော်နေရဲ့လား?”

အက်ဂ်နက်စ်က အပြုံးဖြင့် ခေါင်းငြိမ့်သည်၊ “အင်း ဖရီယာ ဒီမှာ အရမ်းပျော်နေတာ နေ့တိုင်းကိုပဲ။ ဒီရက်တွေအတွင်း သူမနဲ့အတူ တောနက်ပိုင်းထဲသွားပြီး အပင်နဲ့ တိရိစ္ဆာန်မျိုးစုံကို ပြတော့ တကယ်ကို သဘောကျနေတာလေ။ ဒီနေ့လေးတင် တစ်မနက်လုံး ဝက်ဝံနက်ကြီးတစ်ကောင်နဲ့ ကစားခဲ့သေးတယ်။”

“ဝက်ဝံနက်ကြီး?” ရှုယီ ထိတ်လန့်သွား၏။ ၎င်းက အန္တရာယ်များသည်ဟု ပြောတော့မည်ဆဲဆဲတွင် သတိရသွားသည်။ မိုးကျတောအုပ်မှာ ညတေးသံမျိုးနွယ်စု၏ အိမ်ဖြစ်ကာ နတ်သူငယ်များထံ၌ အပင်များနှင့် တိရိစ္ဆာန်များကို စကားပြောနိုင်သည့် အရည်အချင်းရှိသည်။ မိုးကျတောအုပ်ရှိ တိရစ္ဆာန်များက လူသားများအတွက် အန္တရာယ်များသော်လည်း ညတေးသံမျိုးနွယ်စု နတ်သူငယ်များအတွက်မူ ၎င်းတို့ကိုယ်တိုင်ပျိုးထောင်ထားသည့် အိမ်မွေးအကောင်လေးများလိုပါပင်။

သူမနှင့်အတူ အက်ဂ်နက်စ်ရှိသောကြောင့် ဖရီယာ အန္တရာယ်များမည်ကို စိုးရိမ်နေဖို့ မလိုတော့ပေ။

သို့သော်....

“ဖရီယာက ဝက်ဝံနက်ကြီးကိုမြင်တော့ မကြောက်သွားဘူးလား? မငိုဘူးလား?” ရှုယီက သိလိုစွာမေးလိုက်၏။

“ဟင့်အင်း” အက်ဂ်နက်စ်က ခေါင်းခါကာ၊ “ဖရီယာက အရမ်းကို ရဲရင့်တာ။ ဝက်ဝံနက်ရဲ့ ကျောပေါ်တောင် တက်ပြီး လည်ပင်းခွစီးရဲတယ်။”

ရှုယီ ၎င်းကို စဉ်းစားမိသော် ခေါင်းမခါမိဘဲ မနေနိုင်တော့ပေ။

ဖရီယာမှာ ငယ်ကတည်းက အင်မတန် ရဲရင့်ပြီး ငိုသည်ကလည်း ရှားပါ၏။

ယခုတွင် ၂နှစ်ကျော်ပြီဖြစ်ရာ သူမ၏ ထူးခြားသောလက္ခာများက ဘာသာပေါ်လာလေပြီ။

မိန်းကလေးတစ်ဦးအနေနှင့် ဤစရိုက်မျိုးက ရှုယီ စိတ်တိုင်းကျသောအရာပင်။

ဖရီယာအား မိုးကျတောအုပ်၌ လာရောက်ဆော့ကစားရန် အကြီးအကဲ အီလူရှာ ဖိတ်ခေါ်ခဲ့ခြင်းပင်။

စတေးလ်က အနည်းငယ်စိုးရိမ်နေခဲ့သော်လည်း ရှုယီက နှစ်သိမ့်ပေးခဲ့သည်။

ဖရီယာက ရှုယီ၏ ဆက်ခံသူဖြစ်သဖြင့် အရွယ်ရောက်လာပြီးနောက်တွင် Frestech ကုန်သည်ကြီးများအသင်းကို တာဝန်ယူရလိမ့်မည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် နတ်သူငယ်တို့၏ ဆက်ဆံရေးက အင်မတန် အရေးကြီးလှ၏။ ဖရီယာအား ငယ်စဉ်ကတည်းက နတ်သူငယ်များနှင့် ထိတွေ့ဆက်ဆံကာ ရင်းနှီးခွင့်ပေးခြင်းက ပိုမိုကောင်းမွန်ပြီး အနာဂတ်၌ များစွာ အထောက်အကူဖြစ်စေလိမ့်မည်။

တကယ်တမ်းတွင် အကြီးအကဲ အီလူရှာ က ရှုယီကို မိုးကျတောအုပ်သို့ ဖိတ်ကြားခဲ့သည်မှာ သေချာပေါက် ၎င်းကြောင့်ဖြစ်၏။

ထို့အပြင် ၎င်းတို့အားလုံးကို မေ့ထားလိုက်ပါလျှင်တောင် မိုးကျတောအုပ်နှင့် ညတေးသံမျိုးနွယ်စုထံ၌ စူးစမ်းစရာနှင့် ပျော်ရွှင်ဖွယ်ရာများစွာရှိလေရာ သေချာပေါက် ဖရီယာကို ပျော်ရွှင်စေလိမ့်မည်။

လက်ရှိ မြင်ကွင်းကိုသုံးသပ်ရလျှင် ဖရီယာမှာ ဤနေရာနှင့် အတော်လေးကျင့်သားရနေပြီဖြစ်သည်။

အက်ဂ်နက်စ် သူနှင့် လိုက်လာခြင်းကြောင့် ရှုယီမှာ မိုးကျတောအုပ်ကို ဖြတ်ကျော်လျှောက်လာရင်း လမ်းနှင့် အင်မတန်ရင်းနှီးသွားသည်။ တောအုပ်ကို ကျော်လာ‌သော် ညတေးသံမျိုးနွယ်စုအား ကာကွယ်ပေးထားသည့် ပုံရိပ်ယောင်အစီအရင်ထံ အမြန်ရောက်လာ၏။

အက်ဂ်နက်စ်မှာ ထိုပုံရိပ်ယောင်အစီအရင်ကို ဖွင့်လိုက်မည်အပြုတွင် ရုတ်တရတ် တစ်စုံတရာကို စဉ်းစားမိသွားသည်။ သူမက ရှုယီကို လှည့်မေးကာ၊ “ဟုတ်သားပဲ ဥက္ကဌ ကျွန်မတို့ ဘယ်တော့ မိတ်လိုက်ကြမှာလဲ?”

ရှုယီမှာ ၎င်းကြောင့် ချော်လဲတော့မလိုပင် ဖြစ်သွားရသည်။ သူက အက်ဂ်နက်စ်ကို တအံ့တဩကြည့်လိုက်ပြီးနောက် ခါးသက်သက်ရယ်၏၊ “ငါပြောမယ် အက်ဂ်နက်စ်.... မင်းက မိန်းကလေးလေ၊ မိတ်လိုက်တာလိုမျိုးကို ဒီတိုင်းပြောလိုက်လို့မရဘူး ဟုတ်ပြီလား?”

“တကယ်ကြီးလား?” အက်ဂ်နက်စ်မှာ ရှုပ်ထွေးသွားလေသည်၊ “မိတ်လိုက်တာက သက်ရှိတွေ အားလုံးလုပ်နေကြတဲ့ အရာပဲလေ၊ ဘယ်လိုလုပ် ပြောလို့မရတာလဲ? အကြီးအကဲက ရှင်ကျွန်မနဲ့အတူ ရှိဖို့ ရွေးချယ်လိုက်ကတည်းက ကျွန်မတို့ မိတ်လိုက်ရလိမ့်မယ်လို့ ပြောထားတယ်။ ဒီတော့ ကျွန်မ သေချာမေးချင်တာ၊ ဘယ်တော့ ကျွန်မတို့.....”

“တော်တော့!” ရှုယီမှာ မနေနိုင်ဘဲ အသံကိုမြှင့်၍ အက်ဂ်နက်စ်ကို ဖြတ်ပြောလိုက်သည်။ သူက လေးနက်နေဟန်ဖြင့် အက်ဂ်နက်စ်ကို ပြောလာ၏၊ “အက်ဂ်နက်စ်, မင်းက နတ်သူငယ်ဖြစ်ပြီဆိုပေမယ့် ငါနဲ့အတူဖြစ်သွားပြီဆိုမှတော့ လူသားနည်းလမ်းအတိုင်း လေ့လာရမယ်။ ငါတို့ လူသားတွေအတွက် မိတ်လိုက်တာက သာမာန်ကာလျှံကာလေး ပြောလို့ရတဲ့ စကားမဟုတ်ဘူး၊ အထူးသဖြင့် မိန်းကလေးတစ်ယောက်အတွက်ပေါ့။ အင်း.... ငါ့အတွက် မင်းကို ဒီလိုအရာတွေပြောတာက မကောင်းတော့ အချိန်ရှိရင် ဗီဗီယန်ဆီမှာ လေ့လာလိုက်ပါ။ ဒါမှမဟုတ် စတေးလ်ကို မေးပြီး လူသားမိန်းကလေးတွေလုပ်တာကို သင်ခိုင်းလို့ရတယ်။ ဥပမာ....မင်း ငါ့ကိုမြင်တော့ အနမ်းပေးတာက လူသားမိန်းကလေးတစ်ယောက် လုပ်လောက်မယ့် အရာပဲ၊ နားလည်ရဲ့လား?”

အက်ဂ်နက်စ်မှာ နားလည်ဟန်မရသော်လည်း စဉ်းစားပြီးနောက် ခေါင်းငြိမ့်လာဆဲပင်၊ “ဟုတ်ပြီလေ သူတို့ဆီက သင်လိုက်မယ်။”

“အင်း.... ဒါဆို.... ငါတို့ ဘယ်အချိန် ... အဟင်း၊ ဒါက လေထုအခြေအနေပေါ် မူတည်တယ် ငါ့ကိုလွှဲထားလိုက်ပါ။”

“အင်း ဟုတ်ပြီလေ”

အက်ဂ်နက်စ်က မည်သည်ကိုမှ နားမလည်သော်ငြား ခေါင်းငြိမ့်လိုက်ဆဲဖြစ်သည်ကို မြင်သော် ရှုယီမှာ အနည်းငယ် လိပ်ပြာမလုံမဖြစ်မိဘဲ မနေနိုင်တော့ပေ။

ယခုအရွယ် အက်ဂ်နက်စ်မှာ အသက်မပြည့်သေးသည့် လူသားမိန်းကလေးတစ်ယောက်အရွယ်နှင့် ညီမျှသည်။ သူမက လူ့အသိုင်းအဝိုင်းအကြောင်း မည်သည်ကိုမှ မသိသဖြင့် လူသားမိန်းကလေးတစ်ဦးကြောင်း ပိုလို့ပင် အသိနည်းသေးသည်။

ထိုသို့သော သန့်စင်ကာ တုံးအသည့် မိန်းမငယ်လေးနှင့် အတူရှိနေရခြင်းက တကယ်ကို ပြစ်မှုတစ်ခုပင်။

***

မှော်စက်မှုအင်ပါယာ

Vol 4, အခန်း ၁၄၀။ ရှုပ်ထွေးမှုမှာ မကောင်းလှပါ

ဖရီယာမှာ မိုးကျတောအုပ်၌ ဆော့ကစားရသည်ကို အင်မတန်ပျော်ရွှင်နေသည်။ ရှုယီက သူမရှေ့ပေါ်လာပြီး သူမကို ခေါ်သွားမည်အပြုတွင် သူမက မျက်ရည်ဝဲလျက် မထွက်သွားချင်ကြောင်း ပြောလာသည်။

ရှုယီနှင့် အက်ဂ်နက်စ်တို့က ကစားရန်ပြန်ခေါ်လာမည်ဟု အကြိမ်များစွာ ကတိပေးပြီးမှသာ ဖရီယာဟာ ရှုယီနှင့်အတူ တုံ့တုံ့ဆိုင်းဆိုင်းထွက်သွားတော့၏။

ရှုယီလည်း အကြီးအကဲ အီလူရှာကို ခါးသက်စွာ ပြုံးပြလိုက်ရသည်၊ “ကြည့်ရတာ အကြီးအကဲအနေနဲ့ ဖရီယာနဲ့ ဆက်ဆံရေးကို လုံးဝစိတ်ပူဖို့ မလိုတော့ပုံပဲ။ အဲ့အစားဖရီယာအရွယ်ရောက်လာမှ နတ်သူငယ်တွေကို ဘက်လိုက်မှာကိုပဲ စိုးရိမ်နေရတော့မယ်။”

အကြီးအကဲ အီလူရှာ က အသာပြုံးသည်၊ “ကလေးတွေက အစင်ကြယ်ဆုံးပဲ၊ သူမက သူမအပေါ်ကောင်းတဲ့လူအပေါ် ကောင်းမှာပဲလေ၊ ဒါပေမယ့် သူမလေးအရွယ်ရောက်လာပြီးနောက်ကျ မတူတော့ဘူး။ ဖရီယာက ဘာပဲဖြစ်ဖြစ် လူသားပဲလေ၊ အရွယ်ရောက်လာတဲ့အခါကျရင် လူသားတွေဘက်ကနေ ကိစ္စတွေကို စဉ်းစားမှာပဲဆိုတော့ ဥက္ကဌရှုအနေနဲ့ ပူစရာမလိုပါဘူး။ ကျွန်မအနေနဲ့ သူမလေးကို အရွယ်ရောက်လာတဲ့အခါ ဥက္ကဌရှုလိုမျိုး နတ်သူငယ်တွေကို ညီညီမျှမျှ ဆက်ဆံစေချင်ပါတယ်။”

“စိတ်ချပါ သူက ကျုပ်သမီးပဲလေ။” ရှုယီက အပြုံးဖြင့် ဖြေသည်။

မိုးကျတောအုပ်သို့ ဤတစ်ခေါက်ခရီးတွင် ဖရီယာကို လာရောက် ခေါ်ယူခြင်းအပြင် ရှုယီထံ၌ အခြားတာဝန်လည်း ရှိပါ၏။ ၎င်းမှာ ညတေးသံမျိုးနွယ်စုနှင့် Frestech ကုန်သည်ကြီးများအသင်းကြား ပူးပေါင်းမှုအသစ်ကို အကြီးအကဲ အီလူရှာ နှင့် ဆွေးနွေးဖို့ရန်ဖြစ်၏။

ညတေးသံမျိုးနွယ်စုမှာ ပလက်စတစ်ထုတ်လုပ်ခြင်း သုတေသန၌ အောင်မြင်မှုတစ်ခုရှိလာပြီး အင်မတန်မာကျော ခိုင်ခံ့သည့် ထုတ်ကုန်သစ်ကို ဖန်တီးခဲ့လေသည်။ တစ်ချိန်တည်းမှာပင် နတ်သူငယ်များ၏ ထူးဆန်းသော မှော်ပညာကြောင့် ဤထုတ်ကုန်သစ်ထံ၌လည်း ခုခံမှုကြီးတစ်ခုရှိသဖြင့် သံမဏိနေရာတွင် အစားထိုးရန်ပင် အတိုင်းအတာတစ်ခုအထိ အသုံးပြုနိုင်သည်။ ၎င်းကို ရှုယီက 'သံမဏိ ပလက်စတစ်'ဟု အမည်မှဲ့ထား၏။

၎င်း သံမဏိပလက်စတစ်ကို Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်အများစု၌ တချို့အစိတ်အပိုင်းများကို အစားထိုးရန် အသုံးပြုနိုင်သည်။

၎င်းက ထိုမှော်စက်များ၏ ကုန်ကျစရိတ်ကို လျှော့ချပေးရုံသာမက ၎င်းတို့၏ အလေးချိန်နှင့် စွမ်းအင်သုံးစွဲခြင်းကိုလည်း လျှော့ချပေးသည်။

အရိုးရှင်းဆုံးမှော်ပန်ကာကို ဥပမာယူကြည့်လျှင် မှော်အစီအရင်ပါဝင်သည့် သော့ချက်အစိတ်အပိုင်းများမှလွဲ၍ အခြားအစိတ်အပိုင်းများ၌ သာမာန်ပလက်စတစ်ကိုအသုံးပြုကြသည်။ ၎င်းကို သံမဏိပလက်စတစ်ဖြင့် ပြုလုပ်ပါလျှင် မှော်ပန်ကာ၏ အလေးချိန်ကို သုံးပုံတစ်ပေါ့ လျှော့ချပေးကာ ကုန်ကျစရိတ်က ငွေဒင်္ဂါးရှစ်ပြားပိုနည်းသွားသည်။

များများစားစားဟုတ်ပုံမရလျှင်ဆောင် နွေကုန်လွန်သွားသည့် တစ်လတာလေးအတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ နိုင်ငံအသီးသီး၌ မှော်ပန်ကာ အလုံးရေ ခုနစ်သိန်းအထိရောင်းရခဲ့သည်။ ပစ္စည်းပြောင်းလဲမှုလေးနှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါးသောင်းချီသက်သာသွားပါ၏။

ထို့အပြင် သံမဏိပလက်စတစ်၏ ပုံသွင်းနိုင်စွမ်း အားကောင်းမှုကြောင့် မှော်ပန်ကာ ပုံစံများ ပိုများလာသည်။ နောက်နှစ်နွေ ရောက်လာချိန်တွင် အရောင်းမြှင့်တင်ရမည့် မှော်ပန်ကာ အမျိုးကွဲများ ပို၍ထွက်လာမည်ပင်။

ရှုယီနှင့် အကြီးအကဲ အီလူရှာ တို့၏ ဆွေးနွေးမှုက အဓိကအားဖြင့် သံမဏိပလက်စတစ်ပူးပေါင်းခြင်းအကြောင်းပါပင်။

ခမ်နက်ဒ် ပေးထားခဲ့သည့် စာရင်းအရ Frestech ကုန်သည်ကြီးများအသင်းမှာ တန်ပေါင်းသုံးသိန်းနှင့် အစိတ်အပိုင်း မျိုးကွဲ ခုနစ်ဆယ့်ခြောက်မျိုးကို ဝယ်ယူဖို့ အဆိုပြုခဲ့သည်။

ပြဿနာမှာ လက်ရှိ ညတေးသံမျိုးနွယ်စု၏ ထုတ်လုပ်နိုင်စွမ်းက Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုတို့၏ ပုံမှန်လိုအပ်ချက်များကို လိုက်မမှီနိုင်ပေ။ ၎င်းတို့ထံ၌ Frestech ကုန်သည်ကြီးများအသင်းထုတ် သံမဏိပလက်စတစ်မှာယူမှုကို ဖြည့်ဆည်းရန် လိုအပ်သည့် လူအင်အားမရှိပေ။

ရှုယီမှာ ၎င်းကို နားလည်မှုအချို့ရှိသဖြင့် အကြီးအကဲ အီလူရှာ နှင့် ဆွေးနွေးရာတွင် ပူးပေါင်းရေးကို ဆွေးနွေးခြင်းအပြင် အခြားအရေးကြီးသည့်အရာမှာ ညတေးသံမျိုးနွယ်စု ပလက်စတစ်စက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းကို တိုးလာစေခြင်းပင်။

ညတေးသံမျိုးနွယ်စု၏ ပလက်စတစ်စက်ရုံက Frestech ကုန်သည်ကြီးများအသင်း၏ အခြားစက်ရုံများနှင့် အတူရှိခဲ့ဖူးပြီး ၎င်းတို့ထံမှ လုပ်ဆောင်နိုင်စွမ်းကို များစွာ တိုးတက်လာစေရန် မည်သို့ လည်ပတ်ရမည်အား လေ့လာခဲ့ပါလျှင်တောင် ရှုယီအတွက် လုံလောက်ဖို့ ဝေးကွာနေသေးသည်။

“အကြီးအကဲ အီလူရှာ ကျုပ်ရဲ့ လေ့လာမှုတွေအရဆိုရင် စီမံခန့်ခွဲမှုအဆင့်တစ်ခုလေးနဲ့တင် ညတေးသံမျိုးနွယ်စုစက်ရုံက လုပ်ဆောင်နိုင်စွမ်းကို ၃၀ရာခိုင်နှုန်း ဒါမှမဟုတ် ပိုလို့တောင် တိုးလာစေနိုင်သေးတယ်။ ခင်ဗျားသာ စက်ရုံရဲ့ စီမံခန့်ခွဲရေးကို အားကောင်းလာစေချင်တယ်ဆို နတ်သူငယ်မျိုးနွယ်စု ရောင်းရင်းတွေကို ပိုကြိုးကြိုးစားစား လုပ်စေရင် ညတေးသံမျိုးနွယ်စုရဲ့ ဝင်ငွေက အတော်လေးတိုးလာလိမ့်မယ်လို့ ထင်တယ်။” ရှုယီက စိတ်ရင်းဖြင့် ဆိုသည်။

အကြီးအကဲ အီလူရှာ က အသာခေါင်းငြိမ့်၍၊ “ကျွန်မ နားလည်ပါတယ်၊ ဒါပေမယ့် ဥက္ကဌရှု ကျွန်မတို့ နတ်သူငယ်တွေက လွတ်လပ်မှုနောက်ကိုပဲလိုက်ကြတယ်။ တကယ်တမ်း စက်ရုံမှာ စီမံခန့်ခွဲတာကတင် ကျွန်မတို့ မျိုးနွယ်ဝင်အတော်များများကို ဖိအားများနေရစေပြီးသားလေ။ နည်းနည်းလောက် ပိုအားကောင်းဖို့ဆိုရင် မျိုးနွယ်ဝင်တွေကို လက်ခံလာအောင် မလုပ်နိုင်ဘူးလို့ ခံစားမိတယ်။”

ရှုယီက တအံ့တဩဆိုသည်၊ “သူတို့က ဒါကိုတောင် သည်းမခံနိုင်ကြဘူးလား? ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း စက်ရုံတွေက အလုပ်သမားတွေရဲ့ အားကောင်းတဲ့အလုပ်နဲ့ယှဉ်ရင် ညတေးသံမျိုးနွယ်စုစက်ရုံက အတော်လေး လိုအပ်နေသေးတယ်လေ။”

“တခြားနည်းလမ်းမရှိဘူး၊ ဒါက ကျွန်မတို့ နတ်သူငယ်တွေရဲ့ သဘာဝပဲ။ ကျွန်မအနေနဲ့လည်း သူတို့ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ ထူးကဲမှုကို ဖိနှိပ်ထားဖို့က ခက်ခဲတယ်။ ဥက္ကဌရှု ကျွန်မ ရှင်တို့လုပ်ငန်းစုနဲ့အတူ ပလက်စတစ်စက်ရုံတည်ထောင်ဖို့ ရွေးချယ်တုန်းက ကျွန်မတို့ မျိုးနွယ်ဝင်တွေရဲ့ ဘဝကို ပိုကောင်းလာစေချင်လို့ပဲ။ ဒါပေမယ့် ကျွန်မတို့သာ မျိုးနွယ်ဝင်ကို ဒီအတွက်နဲ့ ဖိနှိပ်သလိုခံစားမိစေရင် ရှေ့နောက် မညီတာတွေပဲ ဖြစ်သွားမှာမဟုတ်ဘူးလား?” အကြီးအကဲ အီလူရှာ က ပြန်မေးသည်။

ရှုယီက ခေါင်းခါ၍ အနည်းငယ် ကူရာမဲ့သလို ခံစားလိုက်ရပါ၏။

လူသားတစ်ဦးအနေနှင့် သူ့အတွက် နတ်သူငယ်တို့၏ လွတ်‌လပ်သော သဘာဝကို နားလည်ရန် ခက်ခဲလှသည်။

သို့သော်လည်း အကြီးအကဲ အီလူရှာ မှာ သူ့ထံ ထိုအကြောင်းပြောလာကတည်းက ပြဿနာမှာ အတော်လေးပြင်းထန်သည့် အဓိပ္ပာယ်ပင်။

၎င်းတို့သာ ဆက်လက်တွန်းအားပေးနေလျှင် ပြဿနာများစွာ ဖြစ်လာလိမ့်မည်။

စဉ်းစားပြီးနောက် ရှုယီက အကြံပြုလိုက်ပါ၏၊ “ဒါဆို ဒီလိုလုပ်ကြတာပေါ့။ အကြီးအကဲ အီလူရှာ , ကျုပ်တို့တွေ စက်ရုံရဲ့ စီမံခန့်ခွဲမှုကို အားဖြည့်မယ်ဆိုပေမယ့် သူတို့ အလုပ်လုပ်ဖို့ကို တွန်းအားပေးမှာမဟုတ်ဘူး။ အဲ့အစား ကျုပ်တို့လုပ်ငန်းစုလက်အောက်က စက်ရုံတွေလိုမျိုးလုပ်ပြီး သူတို့ရဲ့ အောင်မြင်မှုအလိုက် ဆုလာဘ်တွေ ပေးရမယ်။ သူတို့ အလုပ်ပိုကြိုးစားရင် ပစ္စည်းများများပိုရလာနိုင်မယ်။ မလုပ်ချင်လည်း ကိစ္စမရှိဘူး ဆု'လျော့ရရုံပေါ့။ ဘယ်လိုထင်လဲ?”

အကြီးအကဲ အီလူရှာ မှာ အသာမျက်မှောင်ကုပ်လိုက်လေသည်၊ “ဒါပေမယ့် စက်ရုံရဲ့ ဝင်ငွေကို မျိုးနွယ်ဝင်တွေကြားမှာ အညီအမျှခွဲထားတော့ ခြားနားမှုက မရှိဘူး။”

“အာ?”

ညတေးသံမျိုးနွယ်စုနှင့် ဤတစ်ကြိမ်ပူးပေါင်းပြီးနောက် ဤသည်မှာ ညတေးသံမျိုးနွယ်စု စက်ရုံ၏ ဝင်ငွေ ခွဲဝေခြင်းအစီစဉ်ကို ကြားဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

အဆုံး၌ ညတေးသံမျိုးနွယ်စု စက်ရုံ၏ဝင်ငွေအား မျိုးနွယ်စုအကြားတွင် အညီအမျှ ခွဲဝေထားသည်။ ထိုနတ်သူငယ်များက အလုပ်ကြိုးစားရန် စိတ်မဝင်စားခြင်းမှာ အံ့ဩစရာမရှိပေ။

ဤသို့သော နည်းဗျူဟာနှင့်ဆိုလျှင် မည်သို့သော စိတ်အားထက်သန်မှုအရိပ်အယောင်မှပင် ရှိမည်မဟုတ်ချေ။

“ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး။” ရှုယီက ခေါင်းခါ၏၊ “အကြီးအကဲ အီလူရှာ ရိုသေသမှုနဲ့ပြောရရင် ခင်ဗျားရဲ့ လက်ရှိ ဝေစုခွဲပုံက ကျိုးကြောင်းမသင့်ဘူး။ ခင်ဗျားသာ ညတေးသံမျိုးနွယ်စုရဲ့စက်ရုံကို ဝင်ငွေပိုကောင်းလာစေချင်ပြီး မျိုးနွယ်ဝင်တွေကို ပိုကောင်းတဲ့ဘဝမှာ နေထိုင်စေချင်ရင်‌ ကျေးဇူးပြုပြီး ကျုပ်ရဲ့ အကြံပြုချက်ကို နားထောင်ပါ။ ခင်ဗျားအနေနဲ့ ဒီဝေစုခွဲဝေပုံကို ဖျက်သိမ်းပြီး ကျုပ်တို့လုပ်ငန်းစုရဲ့ စက်ရုံတွေလို မျိုးနွယ်ဝင်တစ်ယောက်ချင်းစီအလိုက် ဆုပေးသင့်တယ်၊ ဒါက သူတို့ကို ပိုပြီး အားဖြစ်စေတာပေါ့။”

အကြီးအကဲ အီလူရှာ က ဆန့်ကျင်ခြင်းမပြုဘဲ ခဏတာစဉ်းစားလိုက်ပြီးနောက်တွင် အသာခေါင်းငြိမ့်လာသည်၊ “ကျွန်မ အရင်က ဒီပြဿနာကို စဉ်းစားထားပြီးသားဆိုပေမယ့် အမြဲတမ်း ဥက္ကဌရှုနဲ့ အရင်ဆွေးနွေးချင်နေခဲ့တာ။ ဥက္ကဌရှုက ဒီပုံစံနဲ့ပတ်သက်ပြီး ပြဿနာရှိတယ်လို့ ခံစားရမှတော့ ကျွန်မလည်း ပြောင်းလဲဖို့ကြိုးစားကြည့်နိုင်ပါတယ်။”

“တတ်နိုင်သမျှ မြန်မြန်တော့လုပ်ရမယ်။” ရှုယီက ချက်ချင်းသတိပေးလိုက်လေသည်။

ရှုယီ၏ နတ်သူငယ်များကို နားလည်ပုံအရ အကြီးအကဲ အီလူရှာ၏ 'ကြိုးစားကြည့်မည်'ဟူသည်က တစ်နှစ် ၂နှစ်လောက်ကြာနိုင်သည်။

ရှုယီ၏ တိုက်တွန်းမှုကိုကြားပြီးနောက် အကြီးအကဲ အီလူရှာ က စဉ်းစားကာ ပြောလာသည်၊ “ဟုတ်ပါပြီ ကျွန်မ နှစ်ဝက်အတွင်း ပြောင်းလိုက်ပါ့မယ်။”

ရှုယီမှာ မျက်လုံးများ မလှန်မိဘဲ မနေနိုင်တော့ပေ၊ “နှစ်တစ်ဝက်က ကြာလွန်းတာပေါ့။ ဒီလိုဆိုရင်ရော အကြီးအကဲ အီလူရှာ, ကျုပ်ကို ယုံကြည်တယ်‌ဆိုရင် ကျုပ်တို့လုပ်ငန်းစုက စီမံခန့်ခွဲရေးဝန်ထမ်းတချို့ပို့‌ပြီး ခင်ဗျားတို့ ညတေးသံမျိုးနွယ်စုရဲ့စက်ရုံအတွက် ပုံစံပြောင်းခိုင်းလိုက်မယ်လေ။ ဒါကို ဘယ်လိုသဘောရလဲ?”

အကြီးအကဲ အီလူရှာ မှာ ၎င်းကို အလေးအနက်စဉ်းစားပြီးနောက် အသာခေါင်းငြိမ့်ပါ၏၊ “ဟုတ်ပြီလေ”

အကြီးအကဲ အီလူရှာ သဘောတူသည်ကိုမြင်သော် ရှုယီလည်း စိတ်အေးသွားသည်။

ညတေးသံမျိုးနွယ်စု၏ စက်ရုံများ ထုတ်လုပ်နိုင်စွမ်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ အကျိုးအမြတ်များနှင့်သက်ဆိုင်နေသလို ညတေးသံမျိုးနွယ်စု၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၎င်းတို့အကြား အနာဂတ်ဆက်နွယ်ချက်တို့နှင့်လည်း ပတ်သက်နေသဖြင့် ရှုယီမှာ ၎င်းကို အလေးအနက်သုံးသပ်ရပေမည်။

ထို့အပြင် ညတေးသံမျိုးနွယ်စုမှာ သော့ချက်ပလက်စတစ်ထုတ်ကုန် ထုတ်လုပ်ရေးကို ထိန်းချုပ်ထားပြီး ၎င်းက ရှုယီ စိတ်ထဲရှိ စက်မှုစနစ်တွင် အင်မတန်အရေးပါသောနေရာ၌ ရှိနေသဖြင့် ရှုယီ ဂရုမစိုက်ဘဲ မနေနိုင်ပေ။

ပလက်စတစ်စက်ရုံ၏ ထုတ်လုပ်နိုင်စွမ်းတိုးလာခြင်းမှာ စီမံခန့်ခွဲရေးကို တိုးတက်လာစေခြင်းအပြင် ၎င်းကို တိုးတက်စေသည့် အခြားရွေးချယ်စရာနှစ်မျိုးလည်း ရှိသေးသည်။

တစ်မျိုးမှာ Frestech ကုန်သည်ကြီးများအသင်းအတွက် ပလက်စတစ်သုံးမှော်စက်များကို ထုတ်လုပ်ပြီး လုပ်ဆောင်နိုင်စွမ်းတိုးလာရန်ဖြစ်၏။

ဥပမာဆိုရသော် ယခု အဓိက ထုတ်လုပ်ရေးလိုင်းတွင် အရေးအကြီးဆုံး တပ်ဆင်ခြင်းမှာ ပလက်စတစ်ဖျော်ရည်နှစ်တန်ကို သယ်ဆောင်ရသည့် နှစ်တန် မာကျောခြင်းအိုးဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာနမှာ နတ်သူငယ်မှော်ပညာရှင်များနှင့်အတူတကွ လုပ်ဆောင်ကာ ပလက်စတစ်ထုတ်လုပ်ခြင်းအတွက် အရေးအပါဆုံး မှော်အစီအရင်ကို အဆင့်မြှင့်ခဲ့သည်။ မှော်စက်ဖွံ့ဖြိုးရေးဌာနနှင့် အတူ အလုပ်လုပ်ခြင်းကြောင့် ၎င်းတို့မှာ ငါးတန်မာကျောခြင်းအိုးအသစ်ကို အောင်အောင်မြင်မြင်ထုတ်လုပ်ခဲ့သည်။

၎င်းနှင့်တင် ပုံမှန်ပလက်စတစ်ထုတ်လုပ်နိုင်စွမ်းက ရုတ်တရတ် နှစ်ဆဖြစ်သွားသည်။

ထို့နောက် အခြားသက်ဆိုင်ရာမှော်စက်များကြောင့် ပလက်စတစ်စက်ရုံ၏ ထုတ်လုပ်ရေးမှာ စက်များ အသုံးပြုရာတွင် များစွာ တိုးတက်လာသည်။

အခြားနည်းလမ်းမှာ လူများပိုမိုစုဆောင်းခြင်းပင်။

ညတေးသံမျိုးနွယ်စု၏ စုစုပေါင်း လူဦးရေက နှစ်စဉ်တိုးပွားလာကာ အကြီးအကဲ အီလူရှာ ကို ပျော်ရွှင်စေသော်လည်း တိုးပွားမှုနှုန်းက နှစ်များစွာ၌ နတ်သူငယ် ဆယ်ဦးအောက်‌လေးသာရှိသည်။ ၎င်းတို့၏ လူဦးရေက လူတစ်ထောင်ကျော်ရုံမျှသာရှိသဖြင့် အင်မတန် ကန့်သတ်ခံထားရ၏။

ထို့ကြောင့် ရှုယီမှာ အကြီးအကဲ အီလူရှာ အား Frestech ကုန်သည်ကြီးများအသင်းထံမှ လေ့လာကာ လုပ်ဆောင်နိုင်စွမ်းတိုးမြှင့်ရန် ညတေးသံမျိုးနွယ်စုမှ လူများအပြင် ဝန်ထမ်းတချို့ကိုပါ စုဆောင်းဖို့ အကြံပြုခဲ့သည်။

၎င်းတို့လည်း Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ အခြားနေရာများတွင် ပလက်စတစ်ထုတ်စက်ရုံများကို တည်ဆောက်ရန် အသုံးစရိတ်မျှ‌ဝေနည်းကိုအသုံးပြုကာ ထပ်တူလုပ်ဆောင်နိုင်ခြင်းကြောင့်လည်းဖြစ်နိုင်သည်။ ၎င်းတို့အနေနှင့် ပလက်စတစ်ထုတ်လုပ်ခြင်းအလုပ်အကိုင်ကို အခြားလူများထံပေးရမည်ဖြစ်ရာ အဓိကနည်းပညာကို ထိန်းသိမ်းထားရုံသာဖြစ်လာလိမ့်မည်။

အကြီးအကဲ အီလူရှာမှာ ရှုယီ၏ အကြံပြုချက်ကြောင့် စိတ်လှုပ်ရှားကာ အလေးအနက်စဉ်းစားမည်ဟု ဆိုခဲ့သည်။

မှန်ပါ၏ နတ်သူငယ်တို့၏ အလေ့အထအရ အကြီးအကဲ အီလူရှာ ၏ 'အလေးအနက်စဉ်းစားခြင်း'မှာ အနည်းဆုံး နှစ်ဝက်ကြာလိမ့်မည်။

ရှုယီက ၎င်းကြောင့် ကူရာမဲ့နေ၏။

၎င်းတို့၏ ကနဦး ဆွေးနွေးမှုပြီးဆုံးသွားပြီးနောက် မှောင်နေပြီဖြစ်သည်။

ရှုယီလည်း အကြီးအကဲ အီလူရှာမှ ဆက်နေရန် တောင်းဆိုမှုကို မငြင်းဆန်ဘဲ မထွက်သွားခင် ဤနေရာ၌ တစ်ညကုန်ဆုံးဖို့ ဆုံးဖြတ်လိုက်သည်။

အရာအားလုံးက ပထမတွင် ပုံမှန်ဖြစ်နေသော်လည်း ညစာစားပြီးနောက် အကြီးအကဲ အီလူရှာ က ရုတ်တရတ် ရှုယီကို ဘေးသို့ဆွဲကာ စာအုပ်ပါးလေးတစ်အုပ်ပေးလာသည်။

အကြီးအကဲ အီလူရှာ မျက်နှာထက်မှ ထူးဆန်းနေဟန်ကိုမြင်သော် ရှုယီမှာ အင်မတန်ရှုပ်ထွေးလျက် စာအုပ်ကို ယူလိုက်သည်။

သို့သော် ဖတ်ကြည့်လိုက်ချိန်၌ ရှုယီမှာ ချော်လဲတော့မလိုပင်ဖြစ်သွားသည်။

စာအုပ်အဖုံးထက်တွင် ရှုယီ လုံးဝနားမလည်သည့် နတ်သူငယ် ဘာသာစကားရှိနေသော်လည်း ခေါင်းစဉ်အနီး၌ ရေးထိုးထားသည်မှာ စိုင်စ်နယ်မြေ၏ ယေဘုယျဘာသာစကားဖြင့်ဖြစ်သည်။

၎င်းရေးထိုးထားသည့်စာ၏ အဓိပ္ပာယ်မှာ စာအုပ် အမည်ပါပင်။

အမည်မှာ..... ⟨ နတ်သူငယ်များနှင့် လူသားများအကြားပေါင်းစည်းရေး အသေးစိတ်သုတေသန ⟩ ဟူ၍ဖြစ်၏။

စာအုပ်ကို ဖွင့်လိုက်သည်နှင့် အတွင်းတွင် ရုပ်

ပုံများနှင့် စာကြောင်းများရှိနေရာ ၎င်းက နတ်သူငယ်မျိုးနွယ်စု၏ အတွင်းနှင့်အပြင်အတွက် ညစ်ညမ်းစာအုပ်တစ်အုပ်ပင် ဖြစ်ပေလိမ့်မည်.....

All Chapters