အခန်း (၁၅၁-၁၅၉)
Vol. 4 Ch. 151-159
Vol 4, အခန်း ၁၅၁။ ထုတ်လုပ်ရေးဟာ သော့ချက်ဖြစ်သည်
ရှုယီမှာ တမုဟုတ်ချင်း မှော်ဆလွန်း၏ အောက်ခြေမှ လာသော လေနှင့် မီးစွမ်းအားမှော်ပညာအရောအနှောကို ခံစားမိလိုက်သည်။
မှော်ဆလွန်းတစ်ခုလုံးက လေထဲ ပျံသွားကာ လမ်းသွားလမ်းလာများ၏ ခေါင်းထက်မှ ပွတ်ကာသီကာကျော်ဖြတ်သွားသည်။ အနှီထိတ်လန့်ကာ အသိစိတ်လွတ်သွားသည့် လမ်းသွားလမ်းလာများမှာ ၎င်းတို့နောက်၌ ကျန်ခဲ့ကာ ကြယ်ကြွေတစ်စင်းဖြစ်လာပြီး အန်ဗီမာမြို့တော်အပေါ်၌ ပျံနေတော့၏။
သူဟာ ဝေးကွာလာသည့် အန်ဗီမာမြို့တော်ကို ပြန်ကြည့်၍ သက်ပြင်းချလိုက်သည်။ ထို့နောက် မဟာမှော်ပညာရှင် အီစန်ခယ်ကို လှည့်ကာ အလေးအနက်ကြည့်လိုက်၏၊ "မဟာမှော်ပညာရှင်ကြီး ခင်ဗျား ဘယ်လောက်ပဲ စမ်းသပ်မှုလုပ်ချင်ချင် အရင်ဆုံး အပြစ်ကင်းတဲ့လူတွေရဲ့ လုံခြုံမှုကို စိုးရိမ်ပေးသင့်တယ်။"
မဟာမှော်ပညာရှင် အီစန်ခယ်မှာ ရှုယီကို စိတ်ဝင်စားဟန်ဖြင့် လှည့်ကြည့်လာသည်။
"ဥက္ကဌရှု မင်းကြည့်ရတာ နာမည်ကြီးပုဂ္ဂိုလ်ဖြစ်ဖူးပုံမရဘူး။"
ရှုယီမှာ မျက်နှာပျက်သွားကာ၊ "ဒါက နာမည်ကြီးပုဂ္ဂိုလ်ဖြစ်တာနဲ့ မဆိုင်ပါဘူး၊ ဘုရင်မကြီးဆယ်ဗီနီဆိုရင်တောင် တခြားလူတွေရဲ့ အသက်နဲ့ ဟာသလုပ်မှာမဟုတ်ဘူးလေ။*
မဟာမှော်ပညာရှင် အီစန်ခယ်က ခေါင်းခါလိုက်ပြီးနောက် အပြုံးဖြင့်ပြောသည်၊ "စိတ်အေးအေးထားပါ၊ ငါက မသေချာတဲ့အရာဆိုရင် ဒီလိုလူထူတဲ့နေရာမှာ ဒီလိုလုပ်မယ်ထင်လို့လား?"
"မဟာမှော်ပညာရှင်ကြီးအနေနဲ့ ယုံကြည်မှုရှိရင်တောင် မတော်တဆဆိုတာ အမြဲဖြစ်မှာပဲ။ အထူးသဖြင့် ဒီမပြည့်စုံသေးဘဲ ကျရာအတိုင်း စပ်ထားတဲ့ မှော်စက်ကို သုံးတဲ့အခါမှာပေါ့။
မဟာမှော်ပညာရှင် အီစန်ခယ်၏ လုပ်ရပ်များကြောင့် ဒေါသဖြစ်သွားသဖြင့် ရှုယီ၏ အသံမှာ အေးစက်ကာ အတော်လေး မာရေကျောရေရှိလှသည်။
မဟာမှော်ပညာရှင် အီစန်ခယ်မှာ ရှုယီ၏ အသံအနေအထားကြောင့် အံ့ဩသွားပုံရ၏။ ခဏရပ်တန့်လိုက်ပြီးနောက် သူဟာ ထိုကိစ္စကို ဆက်မပြောတော့ဘဲ မေးလိုက်သည်၊ "ဒါက မပြည့်စုံဘူးထင်လို့လား? ဘယ်အပိုင်းကိုပြောတာလဲ?"
"မတူတဲ့နေရာတွေများတယ်။" ရှုယီက ပြောသည်၊ "ပထမဆုံး ဒီဇိုင်းနဲ့ပတ်သက်ပြီး အမှားကြီးကြီးတစ်ခုရှိတယ်။ မဟာမှော်ပညာရှင်ကြီး ကျွန်တော့်အထင် ဒီမှော်ဆလွန်းအပေါ်မှာ ရေးဆွဲထားတဲ့ ပျံသန်းမှော်အစီအရင်ပေါ့၊ ဒါက ပျံသန်းနိုင်စွမ်းကို ဖန်တီးဖို့ လေစွမ်းအားမှော်ပညာကို တွန်းကန်အားအဖြစ်သုံးထားသလိုပဲ။ ဒါကို ကျွန်တော်တို့လုပ်ငန်းစုရဲ့ မှော်လေသင်္ဘောတွေကနေ အတုယူထားတာမဟုတ်လား?"
"လုံးဝကြီးတော့မမှန်ဘူး။" မဟာမှော်ပညာရှင် အီစန်ခယ်က ခေါင်းခါသည်၊ "မင်းတို့လုပ်ငန်းစုရဲ့ မှော်လေသင်္ဘောတွေအပြင် တချို့ရှေးဟောင်းမှတ်တမ်းတွေက မှော်ပျံသန်းစက်တွေကနေတဆင့်လည်း ယူထားတာ။ မင်းတို့လုပ်ငန်းစု မှော်လေသင်္ဘောကို မတီထွင်ခင်က ပျံသန်းစက်တွေဖန်တီးဖို့ မှော်ပညာကိုသုံးခဲ့တဲ့ မှော်ပညာရှင်တွေရှိခဲ့တယ်။ ပြီးတော့ အဲ့အပိုင်းမှာ နတ်သူငယ်တွေရဲ့ သုတေသနကပို နှံ့စပ်တာပေါ့လေ။ မှတ်တမ်းတွေအရဆို လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကျော် မျိုးနွယ်စု စစ်ပွဲတွေအတွင်းမှာ နတ်သူငယ်တွေက မီးစွမ်းအားတိုက်ခိုက်မှုတွေကို လုပ်နိုင်တဲ့ ဧရာမမှော်စွမ်းအားစစ်သင်္ဘောတောင် ပိုင်ခဲ့တယ်။ သူတို့တွေက မင်းရဲ့ မှော်လေသင်္ဘောတွေထက် ပိုအားကောင်းတာပေါ့။"
"ဒါဆို မဟာမှော်ပညာရှင်ကြီး နတ်သူငယ်တွေဆီမှာ ဒီမှော်စစ်သင်္ဘောတွေ ဘယ်နှစင်းရှိတယ်လို့ထင်လဲ?" ရှုယီက ပြန်မေးလိုက်၏။
မဟာမှော်ပညာရှင် အီစန်ခယ်မှာ အတန်ငယ်အံ့ဩသွားကာ စဉ်းစားကြည့်လိုက်ပြီးနောက် ခေါင်းခါ၏။
"မှတ်တမ်းတွေထဲမှာ တစ်ခုပဲ ရှိတာဆိုပေမယ့် အဲ့အချိန်တုန်းက နယ်မြေကြီးကို အုပ်ချုပ်ခဲ့တဲ့ နတ်သူငယ်တွေရဲ့ အာဏာနဲ့ဆိုရင် မှော်စစ်သင်္ဘောတစ်စင်းတည်း ရှိတာတော့ မဟုတ်လောက်ဘူးလို့ ထင်တယ်။"
"ဒီလိုလား?" ရှုယီက တစ်ချက်ပြုံးကာ၊ "သူတို့ဆီမှာ တစ်စင်းတည်းပဲရှိတာ မဟုတ်ရင်တောင် အများကြီးတော့ မဟုတ်လောက်ဘူးမို့လား? ကျွန်တော်တို့လုပ်ငန်းစုရဲ့ မှော်လေသင်္ဘောတွေက နတ်သူငယ်တွေရဲ့ မှော်စစ်သင်္ဘောတွေနဲ့ မယှဉ်နိုင်ပေမယ့်လည်း ပစ္စည်းအလုံအလောက်ရှိသရွေ့ကတော့ ကျွန်တော်တို့လုပ်ငန်းစုလည်း တစ်နှစ်ကို အစင်းပေါင်းဒါဇင်ချီတော့ ထုတ်လုပ်နိုင်မှာပဲလေ။ မှော်စစ်သင်္ဘောတွေထက် ဆိုးမှာလည်း မဟုတ်ဘူး။"
မဟာမှော်ပညာရှင် အီစန်ခယ်မှာ ရှုယီကို အလေးအနက်ကြည့်လိုက်ပြီးနောက် လက်ယမ်းလိုက်သည်၊ "အခုနက ခေါင်းစဉ်ဆီ ပြန်သွားကြတာပေါ့။ ဥက္ကဌရှု ငါ့ရဲ့ မှော်ပျံသန်းကားက မပြည့်စုံတော့ မင်းတို့လုပ်ငန်းစုရဲ့ မှော်လေသင်္ဘောတွေနဲ့ မယှဉ်နိုင်ဘူးလို့ ထင်လား?"
"ပျံသန်းတဲ့အပိုင်းမှာဆိုရင်တော့ ဟုတ်တယ်။" ရှုယီက ခေါင်းတစ်ချက်ငြိမ့်သည်။
မဟာမှော်ပညာရှင် အီစန်ခယ်မှာ အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားရသည်။
"ဘာလို့ မယှဉ်နိုင်ရတာလဲ? ငါ့ရဲ့မှော်ပျံသန်းကားက မြေပြင်ပေါ်မှာဆိုရင် ပိုမနှေးနေဘူးလေ။ ငါထည့်ထားတဲ့ မီးစွမ်းအားနဲ့ လေစွမ်းအားမှော်အစီအရင်တွေက တစ်နာရီကို ရှစ်ဆယ်ကီလိုမီတာကျော်နဲ့တောင် သွားနိုင်တယ်။ ဘယ်လိုလုပ် မင်းတို့လုပ်ငန်းစုရဲ့ မှော်လေသင်္ဘောတွေကို မယှဉ်နိုင်ဘဲ နေရမလဲ?"
ရှုယီမှာ လက်ညှိုးထောင်၍ ခါလိုက်ပြီးနောက် အသာပြုံးကာပြောသည်၊ "မဟာမှော်ပညာရှင်ကြီး၊ အမြန်နှုန်းက အရာရာမဟုတ်ပါဘူး။ မဟာမှော်ပညာရှင်ကြီးရဲ့ မှော်ပျံသန်းကားက အရမ်းမြန်မြန်သွားနိုင်ပြီး ပျံတာရော မြေပေါ်မှာ မောင်းတာပါလုပ်လို့ရနေရင်တောင် အရမ်းအရေးကြီးတဲ့ ပြဿနာရှိသေးတယ်။"
"ဘာများလဲ?"
"ကုန်ကျစရိတ်" ရှုယီက လေးနက်ဟန်ဖြင့်ဆိုသည်၊ "မဟာမှော်ပညာရှင်ကြီး ဘာလို့ သမိုင်းထဲမှာ နတ်သူငယ်တွေက မှော်စစ်သင်္ဘောတစ်စင်းပဲ ရှိတာလဲသိရဲ့လား? ကျွန်တော့်အနေနဲ့ နတ်သူငယ်တွေဆီမှာ တစ်စီးလောက်ပဲရှိတယ်လို့ မသေချာရင်တောင် သေချာပေါက် အများကြီးတော့ ရှိမှာမဟုတ်ဘူး၊ အကြောင်းအရင်းက ကုန်ကျစရိတ်ကြောင့်ပဲ။ မှတ်တမ်းတွေထဲက အမျိုးမျိုး ဖော်ပြချက်အရဆိုရင် အဲဒီမှော်စစ်သင်္ဘောက ရွှေဒင်္ဂါးတစ်သန်းထက်နည်းပြီး ကုန်ကျမှာမဟုတ်ဘူး။ နတ်သူငယ်တွေအနေနဲ့ အဲ့တုန်းက နယ်မြေကြီးကို အုပ်ချုပ်ခဲ့တယ်ဆိုရင်တောင် အများကြီးလုပ်ဖို့တော့ မဖြစ်နိုင်ဘူးလေ။"
မဟာမှော်ပညာရှင် အီစန်ခယ်မှာ ဤတစ်ခေါက်၌ ရှုယီကို မငြင်းဆန်တော့ဘဲ တိတ်ကျသွားသည်။
သူ့အနေနှင့် ရှုယီမှာ သူအစိုးရိမ်ရဆုံး အချက်ကို ထောက်ပြလာမှန်း နားလည်ပါ၏။
မှန်ပါ၏၊ ဤမှော်ပျံသန်းကားထံ၌ ကောင်းမွန်သည့်လုပ်ဆောင်ချက်ရှိသဖြင့် သူဟာ ရှုယီရှေ့၌ ဂုဏ်ယူစွာ ကြွားလုံးပင် ထုတ်ပြနိုင်ပြီး သူနှင့်အတူ ပိုမိုနက်ရှိုင်းသည့် ပူးပေါင်းမှုအတွက် ဆွေးနွေးချင်ခဲ့၏။
သူ့အနေနှင့် ဤမှော်ပျံသန်းကားကို ထုတ်လုပ်ရန် ရွှေဒင်္ဂါး နှစ်သိန်းကျော် ရင်းနှီးမြှုပ်နှံခဲ့ရသည်အား သေချာသိလေသည်။ ၎င်းက မှော်လေသင်္ဘောတစ်စင်းတည်ဆောက်ရန် ကုန်ကျသည့် ရွှေဒင်္ဂါးရှစ်ထောင်ထက် ဆယ်ဆကျော်ပိုများပါ၏။
"ဒါက မဟုတ်....."
"အများကြီးထုတ်လုပ်ဖို့က မဖြစ်နိုင်ဘူး။" ရှုယီမှာ မဟာမှော်ပညာရှင် အီစန်ခယ်ကို ဖြတ်ပြောလိုက်ပါ၏။
မဟာမှော်ပညာရှင် အီစန်ခယ်က မျက်မှောင်ကုပ်သည်၊ "ဥက္ကဌရှု မင်းအနေနဲ့ မှော်ပျံသန်းကားအကြောင်း အရာရာတိုင်းကို မသိသေးပါဘူး၊ ဘာလို့ အများကြီးထုတ်လုပ်ဖို့ မဖြစ်နိုင်တဲ့အကြောင်းပြောနေရတာလဲ?"
"အဲ့လောက်များများစားစားသိဖို့မလိုဘူးလေ။" ရှုယီက အသာပြုံးသည်၊ "မဟာမှော်ပညာရှင်ကြီး ဒီမှော်ပျံသန်းကားက ကျွန်တော်တို့လုပ်ငန်းစု မှော်လေသင်္ဘောတွေ ပျံသန်းတဲ့နေရာမှာ သုံးတဲ့ မှော်အစီအရင်တွေနဲ့ ဆင်တူနေတာ ရှင်းပါတယ်။ သုံးနေတဲ့ မှော်အစီအရင်အဆင့်ကတော့ ကျွန်တော်တို့မှော်လေသင်္ဘောရဲ့ မှော်အစီအရင်ထက် အများကြီး ပိုမြင့်တယ်။"
"ဟုတ်တယ် မှော်အစီအရင်တွေကို ငါကိုယ်တိုင် ရေးဆွဲထားတာမို့လို့ အဌမအဆင့်မှော်အစီအရင်အဆင့်မှာရှိတယ်။" မဟာမှော်ပညာရှင် အီစန်ခယ်က ဂုဏ်ယူစွာပြောပါ၏။
"ဒါကပြဿနာပဲ။" ရှုယီက ပြော၏၊ "ကျွန်တော်တို့လုပ်ငန်းစုရဲ့ မှော်လေသင်္ဘောတွေက တူညီတဲ့ မော်ဒယ်ကိုပဲ သုံးတာကြောင့် တတိယအဆင့်မှော်ပညာရှင် တစ်ဦးကတောင် အရည်အချင်းအလုံအလောက်ရှိသရွေ့ကတော့ မှော်လေသင်္ဘောအပေါ်မှာ မှော်အစီရင်ရေးဆွဲပေးလို့ရတယ်။ မဟာမှော်ပညာရှင်ကြီးရဲ့မှော်ပျံသန်းကာပေါ်က မှော်အစီအရင်ကတော့ အဆင့်မြင့်လွန်းပြီး အရမ်းလည်း ရှုပ်ထွေးတာကြောင့် အဆင့်နိမ့်ပညာရှင်တွေ နားလည်ဖို့ရော ရေးဆွဲဖို့ရော မဖြစ်နိုင်ဘူး။"
မဟာမှော်ပညာရှင် အီစန်ခယ်က တစ်ဖန်တိတ်ကျသွားပြန်သည်။
သူ့အနေနှင့် ရှုယီက အမှန်ကို ပြောနေမှန်းသိပါ၏။
ထိုမှော်အစီအရင်ကို ဖန်တီးပြီးနောက် နှစ်လအကြာတွင် သူ၏ လက်အောက်ရှိ အဆင့်မြင့်မှော်ပညာရှင်များအနက် သုံးဦးသာ ထိုနည်းလမ်းကို နားလည်သည်။
၎င်းက သူ့တစ်ဦးတည်းကိုသာ မှော်ပျံသန်းကား လုပ်နိုင်စေသဖြင့် များများစားစားမထုတ်လုပ်နိုင်ခဲ့ပေ။
တကယ်တမ်းတွင် သူ ယနေ့ရှုယီကို လာရှာသည်က ဤမှော်ပျံသန်းကား၌ ပူးပေါင်းရန်ဖြစ်သလို Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့၏ သုတေသန စွမ်းရည်ဖြင့် ဖြေရှင်းပေးနိုင်ရန် မျှော်လင့်နေခြင်းလည်းဖြစ်သည်။
သို့ရာတွင် ယခု ရှုယီက ထိုပြဿနာကို ထောက်ပြလာရာ မဟာမှော်ပညာရှင် အီစန်ခယ်မှာ ပြင်ဆင်ထားခဲ့သည့် ဆင်ခြေကို ပြန်မျိုချလိုက်ရသည်။
"မဟာမှော်ပညာရှင်ကြီး၊ ခင်ဗျားရဲ့ ကိုယ်ပိုင်မှော်စက်ကို ထုတ်လုပ်ချင်တဲ့ အတွေးကိုနားလည်သလို မဟာမှော်ပညာရှင်ကြီးအနေနဲ့ ကိုယ်ပိုင်နှစ်သိမ့်မှုအတွက် မှော်စက်တစ်မျိုးထုတ်လုပ်ချင်တာဆိုရင်တော့ ဒီမှော်ကားကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဒီမှော်ပျံသန်းကားကို အများကြီးထုတ်လုပ်ပြီး လူတော်တော်များများ ထိတွေ့နိုင်မယ့် ပုံမှန်မှော်စက်တစ်မျိုးဖြစ်လာစေချင်ရင်တော့ စဉ်းစားရမယ့် ပြဿနာ များစွာရှိနေသေးတယ်။" ရှုယီက အလေးအနက်ပြောသည်။
မဟာမှော်ပညာရှင် အီစန်ခယ်က မျက်မှောင်ကုပ်ပြီး အတွေးထဲသို့ နစ်ဝင်သွားသည်။
ထိုမှော်ပျံသန်းကားမှာ ၎င်းတို့ နှစ်ဦးအား အန်ဗီမာမြို့တော်အပြင်သို့ သယ်ဆောင်လာပြီးဖြစ်၏။
မဟာမှော်ပညာရှင် အီစန်ခယ်လည်း အတွေးနစ်နေရင်း အန်ဗီမာမြို့တော် အနောက်ဘက်ဆီသို့ မှော်ပျံသန်းကားကို ဆင်းသက်လိုက်သည်။
မှော်ပျံသန်းကားက မြေပြင်နှင့်ထိစဉ်တွင် တုန်ယင်သွားပြီးနောက် အနည်းငယ် စောင်းကာ ရပ်သွားသည်။ မဟာမှော်ပညာရှင် အီစန်ခယ်လည်း နောက်ဆုံး၌ အားလုံးကိုချင့်ချိန်ကာ ဆုံးဖြတ်လိုက်ပြီဖြစ်၏။
"ဟုတ်ပြီ ဥက္ကဌရှု ငါ ဒီတစ်ခေါက် လာတွေ့တာက Frestech ကုန်သည်ကြီးများအသင်းကို ငါ့ရဲ့မှော်ပျံသန်ကား ထုတ်လုပ်ရေးမှာ ပါဝင်ဖို့ ဖိတ်မလို့ပါ။" မဟာမှော်ပညာရှင် အီစန်ခယ်က ရှုယီကိုကြည့်လိုက်ပြီးနောက် အလေးအနက် ခံယူချက်အား ဆုပ်ကိုင်ထားသည်၊ "ဒီမှော်ပျံသန်းကားကိုသာ ထုတ်လုပ်နိုင်ပြီး ဒီကနေ အမြတ်စွန်းတွေရနိုင်မယ်ဆိုရင် မင်းတို့ Frestech ကုန်သည်ကြီးများအသင်းကို တစ်စိတ်တပိုင်း ခွဲပေးနိုင်ပါတယ်။"
ရှုယီလည်း ခဏတာ စဉ်းစားနေပြီးနောက် ခေါင်းခါကာမဟာမှော်ပညာရှင် အီစန်ခယ်ကို အံ့ဩသွားစေသည်။
"ဟင့်အင်း မဟာမှော်ပညာရှင်ကြီး၊ ခင်ဗျားသာ ဒါကို အတူသုတေသနလုပ်ဖို့ တရားဝင်ဖိတ်ကြားမှုတစ်ခုနဲ့တောင်းဆိုချင်ရင်လည်း ကျွန်တော့်အနေနဲ့ အားနာပါတယ်လို့ပဲ ပြောနိုင်မှာ စိုးရိမ်မိတယ်။"
မဟာမှော်ပညာရှင် အီစန်ခယ်မှာ အံ့ဩသွားလေသည်၊ "ဘာလို့လဲ?"
"ဘာလို့လဲဆိုတော့...." ရှုယီက ခေတ္တရပ်တန့်လိုက်ပြီးနောက် အမှန်ကို ပြောဖို့ ဆုံးဖြတ်လိုက်ပါ၏၊ "ဘာလို့လဲဆိုတော့ ဒီသုတေသနက လုံးဝကို ကျွန်တော့်အတွက် အချိန်၊ လုံ့လနဲ့ ငွေ ဖြုန်းတီးနေတာဖြစ်ပြီး ဘာအကျိုးအမြတ်မှလည်း မရှိလို့ပဲ။ ကျွန်တော်တို့သာ ဝင်ငွေအပိုင်းကနေ ဒါကိုစဉ်းစားရမယ်ဆို လက်မခံနိုင်ဘူး။"
မဟာမှော်ပညာရှင် အီစန်ခယ်မှာ အံ့ဩသွားပြီးနောက် အတန်ငယ် စိတ်အနှောင့်အယှက်ဖြစ်သွားပါ၏။
"ဥက္ကဌရှု မှော်စက် သုတေသနလုပ်တဲ့နေရာမှာ မင်းရဲ့လုပ်ငန်းစုကို မယှဉ်နိုင်ဘူးဆိုတာကို ဝန်ခံပေမယ့်လည်း ဒါက အချိန်၊လုံ့လနဲ့ ငွေဖြုန်းတီးတယ်လို့ ပြောတာကတော့ အရမ်းကို ရိုင်းပျနေတာ မဟုတ်ဘူးလား?"
ရှုယီ၏ အမူအရာက လုံးဝမပြောင်းလဲပေ၊ "ဒါက အမှန်ပဲလေ။ မဟာမှော်ပညာရှင်ကြီး, ကျွန်တော့်အနေနဲ့ လက်ရှိမှာ ဒီစီမံကိန်းကနေ လာမယ့် ဘယ်ဝင်ငွေကိုမှ မမြင်ရဘူး။ ဒီတော့ ကျွန်တော်တို့လုပ်ငန်းစုကိုယ်စားစဉ်းစားရမယ်ဆို လက်မခံနိုင်ပါဘူး။"
ရှုယီက ထိုမျှ ဆုံးဖြတ်ပြီးသားဖြစ်သည်ကိုမြင်သော် မဟာမှော်ပညာရှင် အီစန်ခယ်၏ မျက်နှာက အလျင်အမြန်အေးစက်သွားတော့သည်။
"ဥက္ကဌရှု မင်းအနေနဲ့ မှော်စက် အမျိုးစုံ ဖန်တီးတဲ့နေရာမှာ စိတ်ဝင်စားတော့ ငါနဲ့ပူးပေါင်းဖို့ သေချာပေါက် ထောက်ခံမယ်လို့ ထင်ခဲ့ပေမယ့် မင်းကလည်း တခြားကုန်သည်တွေလိုမျိုး အနှစ်သာရမဲ့နေမယ့်လို့ ထင်မထားဘူး။"
ရှုယီမှာ မနေနိုင်အောင် ပြုံးမိ၏။
မဟာမှော်ပညာရှင် အီစန်ခယ်မှာ လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအသိုင်းအဝိုင်းတွင် ငွေဖြင့် အတိုက်စားခံခဲ့ရဆုံးဖြစ်သလို ကုန်သည်များနှင့် အရင်းနှီးဆုံးလူဖြစ်ခဲ့သော်လည်း ယခုတွင် သူဟာ မိမိအား အနှစ်သာရမဲ့သည်ဟူ၍ အထင်သေးနေသဖြင့် တကယ်ကို ဟာသမြောက်လှသည်။
သို့သော် ရှုယီက ပြန်လည်မချေပပါချေ။ သူဟာ ခေါင်းခါလိုက်ပြီးနောက် ဆက်ပြော၏၊ "မဟာမှော်ပညာရှင်ကြီး၊ ခင်ဗျားအနေနဲ့ ကောက်ချက်ကို ဒီလောက်မြန်မြန်ဆွဲလိုက်ဖို့ မလိုပါဘူး။ လုပ်ငန်းစုရဲ့ အကျိုးအမြတ်တွေကနေဆို ခင်ဗျားနဲ့ ပူးပေါင်းရေးကို ငြင်းမှာဆိုပေမယ့် ကျွန်တော်ရဲ့ ကိုယ်ပိုင်အမြင်ကနေဆိုရင်တော့ ဒီသုတေသနကို ကူညီဖို့ အရမ်းဆန္ဒရှိပါတယ်။"
မဟာမှော်ပညာရှင် အီစန်ခယ်၏ မျက်လုံးများတောက်ပလာသည်၊ "ပြောချင်တာက....."
"မဟာမှော်ပညာရှင်ကြီးသာ ဆန္ဒရှိမယ်ဆိုရင် ဒီမှော်ပျံသန်းကားအတွက် အချက်အလက်တစ်ပိုင်းကို ကျွန်တော်နဲ့ မျှဝေလို့ရပြီး ကျွန်တော်က တချို့အပိုင်းတွေမှာ နည်းပညာပိုင်း အထောက်အပံ့တချို့ပေးပြီး ဒီမှော်ပျံသန်းကားကို အပြီးသတ်ဖို့ ကူညီလို့ရတယ်။" ရှုယီက ပြောသည်။
မဟာမှော်ပညာရှင် အီစန်ခယ်က မျက်မှောင်ကုပ်၏၊ "ဒါက မင်းတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းတာနဲ့ ဘာကွာလို့လဲ?"
"ကွာတာပေါ့။ မဟာမှော်ပညာရှင်ကြီးသာ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းမယ်ဆိုရင် ဒီမှော်ပျံသန်းကားတွေကို တစုတစည်းတည်း ထုတ်လုပ်ပြီးတဲ့အခါကျ အမြတ်အစွန်းတစ်စိတ်တပိုင်းကို မျှပေးရမှာဆိုပေမယ့် ကျွန်တော်နဲ့ပဲ ပူးပေါင်းမယ်ဆိုရင်တော့ ကျွန်တော်က နည်းပညာပိုင်းအထောက်အပံ့ကို အခမဲ့ပေးနိုင်တာမို့ ဒီအမြတ်အစွန်းတွေကို မျှဖို့မလိုတော့ဘူး။"
မဟာမှော်ပညာရှင် အီစန်ခယ်က တုံ့ဆိုင်းနေသည်ကိုမြင်သော် ရှုယီက ဆက်ပြောလေ၏၊ "ကျွန်တော်က ဒီအချက်အလက်ကို သိမ်းထားပြီး ကျွန်တော်တို့လုပ်ငန်းစုအနေနဲ့ ဒီမှော်ပျံသန်းကားကို မူပိုင်ခွင့်လျှောက်ထားမှာ ပူစရာမလိုပါဘူး။"
မဟာမှော်ပညာရှင် အီစန်ခယ်က ခေါင်းငြိမ့်သည်။ ရှုယီမှာ ထိုသို့အလျင်အဆိုပြုလာသဖြင့် သူလည်း စိတ်ချနိုင်သည်။
သို့သော် သူ့ထံ၌ သံသယတချို့ရှိနေဆဲပင်။
"ဥက္ကဌရှု ငါနဲ့ ပူးပေါင်းဖို့ကို မင်းရဲ့နာမည်နဲ့ပဲလုပ်ပြီး ဘာလို့ Frestech ကုန်သည်ကြီးများအသင်းနာမည်နဲ့ မလုပ်ဖို့ တင်းခံနေရတာလဲ?"
"အကြောင်းအရင်းက အရမ်းကိုရှင်းပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်အနေနဲ့ ဒီမှော်ပျံသန်းကားရဲ့ အနာဂတ်အကျိုးအမြတ်အပေါ် များများစားစား မမျှော်လင့်ထားလို့ပါပဲ။"
ထိုအဖြေကို ကြားသော် မဟာမှော်ပညာရှင် အီစန်ခယ်၏ အမူအရာမှာ မပြောင်းလဲဘဲ မနေနိုင်တော့ပေ။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၅၂။ နတ်ဆိုးနှစ်ကောင်၏ကျော်ကြားမှု
ပျံသန်းသွားသည့် မှော်ပျံသန်းကား အောက်ဘက်၌ တောက်ပလျက်ရှိသော အနီနှင့် အပြာရောင်အလင်းဖျော့ဖျော့ကိုကြည့်ကာ ရှုယီ သက်ပြင်းချလိုက်သည်။
မဟာမှော်ပညာရှင် အီစန်ခယ်က ရှုယီ၏ အကြံပြုချက်ကိုအဆုံး၌ သဘောတူကာ ရှုယီအား သူ၏ကိုယ်ပိုင်အမည်ဖြင့် အတူပူးပေါင်းစေခဲ့သည်။
သူ့ထံ၌ အခြား ရွေးချယ်စရာမရှိပေ။
လမ်ပူရီတိုင်းပြည်၌ မှော်စက်များထုတ်လုပ်နေသည့် အခြားလုပ်ငန်းစုများရှိပါလျှင်တောင် ၎င်းတို့ကိုယ်တိုင်သုတေသနလုပ်နိုင်သည်မှာ အနည်းစုသာရှိကာ မှော်ပျံသန်းကားကဲ့သို့ ရှုပ်ထွေးသည့်အရာကို ထုတ်လုပ်ရာတွင် ပါဝင်နိုင်မည့်သူ မရှိသလောက်ပါပင်။
အခြားလူများနှင့် မှော်ပျံသန်းကားအတွက် အလုပ်လုပ်ပြီး မှော်ပျံသန်းကား အဆုံးသတ်အမြန်နှုန်းကို တိုးမြှင့်ရန်မှာ မဟာမှော်ပညာရှင် အီစန်ခယ်အနေနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ လုပ်ဆောင်ဖို့သာ ရွေးစရာရှိသည်။
ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း အမည်ဖြင့်အလုပ်လုပ်ဖို့ ငြင်းပယ်ခဲ့သော်လည်း သူ၏ အမည်ဖြင့် ပူးပေါင်းရန် သဘောတူခဲ့သည်။ သူ၏ Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌအဖြစ် အထောက်အထားအရ ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းခြင်းဖြင့်မခြားနားပေ။
ထို့အပြင် သူသာ ရှုယီနှင့်ပူးပေါင်းလိုက်ပါက သူသည်လည်း နောက်တွင် အမြတ်အစွန်းများကို ဝေမျှနေဖို့မလိုတော့ပေ။ ထိုသည်မှာ မဟာမှော်ပညာရှင် အီစန်ခယ်အတွက် အင်မတန် အဆင်သင့်လှသဖြင့် ၎င်းကို မငြင်းတော့ချေ။
ရှုယီအနေနှင့်မှု ထိုမှော်ပျံသန်းကားကို ဖန်တီးရန်အချိန်၊ လုံ့လနှင့် ငွေ သုံးဖို့ ထိုက်တန်သည်ဟု မခံစားရချေ။
ရှုယီမှာ ထိုမှော်ပျံသန်းကို ထုတ်လုပ်လိုက်သည်နှင့် အမြတ်အစွန်းအသင့်အတင့်ရမည်ဟု ယုံကြည်သည်
သို့သော် ထိုမှော်ပျံသန်းကားက လေထဲတွင်ပျံနိုင်ပြီး မြေပေါ်၌ သွားနိုင်သည့် မှော်ဆလွန်းနှင့် မှော်လေသင်္ဘောတို့ ပေါင်းစပ်ထားသည်နှင့်တူပြီး အင်မတန်ကျယ်ပြန့်လှရာ သေချာကြညါလျှင် ထိုစွမ်းရည်များက အားနည်းပြီး လက်တွေ့မကျသည်ကို တွေ့ရပေမည်။
၎င်းက မှော်ဆလွန်း၏ အလေးချိန်နှင့် ဒီဇိုင်းတို့ဖြင့် ကန့်သတ်ထားသည်။ မှော်ပျံသန်းကားမှာ လေထဲ၌ ပျံသန်းနိုင်သော်လည်း လေထုအထက်တော့မရောက်နိုင်ပေ။
မဟာမှော်ပညာရှင် အီစန်ခယ် ပြသခဲ့သည့် အစမ်းမောင်းခြင်းကို သုံးသပ်ရသော် မှော်စွမ်းအားအပြောင်းအလဲအရ ထိုမှော်ပျံသန်းကားမှာ လေထဲတွင် မီတာတစ်ရာ အမြင့်ထက်မပိုသည့် အမြင့်ကိုသာ ရောက်နိုင်သည်ဟု ပြောနိုင်သည်။
ထိုသည်မှာ လေထဲသို့ မီတာရှစ်ရာအထိပင်ရောက်နိုင်သော မှော်လေသင်္ဘောများနှင့်ယှဉ်နိုင်ရန် ဝေးကွာလွန်းလှပါ၏။
မောင်းနှင်သည့်အပိုင်းတွင် လေစွမ်းအားမှော်အစီအရင်နှင့်အတူတကွ လုပ်ဆောင်ရန် ထည့်သွင်းထားသော မီးစွမ်းအားမှော်အစီအရင်ရှိကာ ပုံမှန် Frestech တံဆိပ်မှော်ဆလွန်းများထက် ပိုမြန်စေပါလျှင်တောင် ၎င်း၏ လက်ရှိ အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီလျှင် ရှစ်ဆယ်ကီလိုမီတာသာရှိသည်။ ၎င်းက ထိုမျှ မမြန်ချေ။
ကုန်ကျစရိတ်ကို သုံးသပ်ရုံနှင့် ထိုတိုးတက်မှုက ကုန်ကျစရိတ်နှင့်မထိုက်တန်ပေ။
မဟာမှော်ပညာရှင် အီစန်ခယ် အဆုံး၌ ချပြခဲ့သည့် ပစ္စည်းများအရ ရှုယီမှာ ဤမှော်ပျံသန်းကားအနေနှင့် အနည်းဆုံး ရွှေဒင်္ဂါးတစ်သောင်း ကုန်ကျစရိတ်ရှိမည်ဟု ခန့်မှန်းမိသည်။
တကယ်တမ်း လုပ်ဆောင်ချက်အပိုင်းတွင် ပျံသန်းနိုင်စွမ်းပေးထားသောကြောင့် ဆယ်ဆအထိ သုံးစွဲနှုန်း တိုးစေသော အဆင့်မြင့်မှော်အစီအရင် ခြောက်မျိုးကို တစ်ချိန်တည်း အသုံးပြုထားပါ၏။
၎င်းက ၎င်းထက် ပိုကြီးမားကာ သယ်ဆောင်နိုင်စွမ် ဆယ်ဆပိုမြင့်သည့် အသေးစားမှော်လေသင်္ဘောများ၏ စားသုံးမှုကိုပင် မယှဉ်နိုင်ပေ။
ထို့အပြင် ခရီးအရှည်ကြီးများ၌ ကား၏ ကိုယ်ထည်ကို ကန့်သတ်ထားသဖြင့် မှော်လေသင်္ဘောနှင့် ယှဉ်လျှင် များစွာ နိမ့်ကျပါ၏။
မှော်ပျံသန်းကား၏ ပျံသန်းနိုင်စွမ်းမှာ အားနည်းလှပြီး လုံးဝလက်တွေ့မကျဟု အဓိပ္ပာယ်ရသည်။
ရှုယီမှာ ဤမှော်ပျံသန်းကားကို ထုတ်လုပ်လိုက်ပြီးနောက် ဈေးကွက်တစ်ခုရှိလာပြီး ၎င်းကို နှစ်ခြိုက်သူများစွာ ရှိမည်အား သံသယမဝင်သော်လည်း ၎င်းက လူအနည်းစုအတွက် အရုပ်တစ်ရုပ်မျှသာဖြစ်သည်။ ရှုယီ၏ ရည်ရွယ်ချက်မှာ လူထုအတွက် ထုတ်လုပ်ရန်ဖြစ်ပပြီး လူတိုင်းကို မှော်စက်များ၏ အသိပညာအား နားလည်စေရန်ဖြစ်ရာ ၎င်းက ထိုရည်ရွယ်ချက်ကို အတန်ဆန့်ကျင်နေလေသည်။
ရှုယီမှာ သူ၏ အမည်ဖြင့် ပူးပေါင်းရန် မဟာမှော်ပညာရှင် အီစန်ခယ်အား သဘောတူခဲ့ပြီး သုတေသနပြီးစီးရန် မဟာမှော်ပညာရှင် အီစန်ခယ်အား Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနအချို့ကိုအသုံးပြု၍ မည်သည့်အကျိုးအမြတ်မှ မယူဘဲ မှော်စက်အသစ်ထုတ်လုပ်မည့် အကြံကိုသာ ထောက်ပံ့သည့်အဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း သဘောတူခဲ့သည်။
သူ့အနေနှင့် ဤလောကရှိ မှော်ပညာရှင်တိုင်းမှာ မဟာမှော်ပညာရှင် အီစန်ခယ်ကဲ့သို့ မှော်စက်များ ထုတ်လုပ်လာလိမ့်မည်ဟုပင် မျှော်လင့်နေသေးသည်။
ငွေအတွက်ဖြစ်စေ အခြားအရာတစ်ခုခုအတွက်ဖြစ်စေ မှော်စက်များကို သုတေသနလုပ်ဆောင်ရန် ဆန္ဒရှိနေသရွေ့ ရှုယီမှာ ၎င်းတို့ကို ကူညီဖို့ရန် ဆန္ဒရှိပါ၏။
မဟာမှော်ပညာရှင် အီစန်ခယ်က အဝေးသို့ ပျောက်ကွယ်သွားသည်ကိုကြည့်နေပြီးနောက် ရှုယီမှာ ရုတ်တရတ် ထူးဆန်းသည့်အတွေးတစ်ခုရသွားသည်။
အန်ဗီမာမြို့တော်မှာ လမ်ပူရီတိုင်းပြည်၏ မြို့တော်ဖြစ်ရာ မှော်ပညာရှင်များ လေထဲမှ တိုက်ခိုက်လာခြင်းကို ကာကွယ်ရန် အန်ဗီမာမြိုတော်အထက် ကောင်းကင်ကို ထိန်းချုပ်ခြင်းအတွက် စည်းမျဉ်းတချို့ရှိပြီး မှော်ပညာရှင်များကို လေထဲမှ တိုက်ခိုက်ခွင့်မပြုထားပေ။
သို့သော် မဟာမှော်ပညာရှင် အီစန်ခယ်မှာ ယခုတွင် မှော်ပျံသန်းကားနှင့် ပျံနေရာ ထိုစည်းမျဉ်းများကို ဖျက်ဆီးရာကျမနေဘူးလား?
သူ့အနေနှင့် ဆယ်ဗီနီနှင့် နောက်တစ်ကြိမ်တွေ့ပါက ထိုကိစ္စကို ပြောပြသင့်ပေသည်။
ရှုယီလည်း ခေါင်းခါကာ ထိုအတွေးကို လွှင့်ပစ်လိုက်တော့သည်။ သူဟာ ဘေးဘီကိုကြည့်လိုက်ရာ ကမ္ဘာမြေထံမှ ဆစ်ဒနီပြဇာတ်ရုံ၏ ခေါင်မိုးပုံတူကူးထားသည့် ဆန်းသစ်လကဇာတ်ရုံကို တွေ့လိုက်ရလေသည်။
ရှုယီ အတန်ငယ် အံ့ဩသွားလေ၏။
မဟာမှော်ပညာရှင် အီစန်ခယ် အန်ဗီမာမြို့တော်၌ ရှိထားသည့် အင်အားမှာ သူပြသထားသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းပါ၏။
သူ တော်ဝင်နန်းတော်မှ ထွက်ခွာလာချိန်တွင် စတေးလ်နှင့် အခြားလူများမှာ လက်ရှိ၌ ဆန်းသစ်လကဇာတ်ရုံ၌ ရှိနေကြောင်း သိခဲ့ရရုံသာမက ၎င်းတို့ကို ရှာဖွေဖို့သွားနေသည်ကိုပင် သိလေသည်။
ထိုသို့သော စွမ်းအားကြီးမဟာမှော်ပညာရှင်တစ်ဦးနှင့် ရန်သူဖြစ်မည့်အစား ပူးပေါင်းရန်က အကောင်းဆုံးရွေးချယ်မှုပါပင်။
အဝေးရှိ ခေါင်မိုးကိုကြည့်လိုက်ရင်း ရှုယီမှာ သူ၏ ခံစားချက်ကို ပြန်ရုတ်သိမ်း၍ ဆန်းသစ်လကဇာတ်ရုံထဲသို့ အမြန်လျှောက်ဝင်သွားတော့သည်။
သူဟာ နောက်ကျမှရောက်လာသောကြောင့် လက်မှတ်မရှိသဖြင့် အထဲသို့ဝင်ရန် အတန်ငယ်ခက်ခဲလေသည်။
စတေးလ်က အပေါ်မှ လှမ်းမြင်လိုက်သဖြင့်သာ တော်သေး၏။ ရှုယီလည်း သက်ပြင်းချကာ ရင်ထဲထိစေသည့် အပြုံးမျိုး ပြုံးလိုက်၏။
စတေးလ်မှာ အမြဲလိုလိုထပ်တူဖြစ်နေပြီး အခြားလူများကို ဂရုမစိုက်ဘဲ ရှုယီကို စိတ်အားထက်သန်စွာ အနမ်းပေးလာတော့သည်။
နှစ်ဦးသား ခွာလိုက်ပြီး စတေးလ် စကားပြောမည်အပြုတွင် ရုတ်တရတ် ရှုယီအရှေ့သို့ ပုံရိပ်တစ်ခုပေါ်လာကာ သူ့ထံ ပစ်ဝင်လာလေသည်။
ရှုယီမှာ သူ၏ နှုတ်ခမ်းများအပေါ် ဆင်းသက်လာသည့် နောက်ထပ် နှုတ်ခမ်းသားအိအိထွေးထွေးတစ်စုံကို ခံစားမိလိုက်သည်။
"အု"
ရှုယီ၏ မျက်လုံးများပြူးကျယ်သွားသော်လည်း စတေးလ်က မည်သည်ကိုမှ မပြောရုံမက ဆော့ကစားနေသည့်နှယ် ခိုးပြုံးနေသည်ကိုပင် မြင်ရလေ၏။
တစ်ခဏကြာသည့်နောက် အက်ဂ်နက်စ်မှာ ရှုယီ၏ နှုတ်ခမ်းများထံမှ ဖယ်ခွာလိုက်ပြီး စတေးလ်ကို လှည့်မေးလေသည်၊ "အစ်မစတေးလ် ညီမလုပ်တာ မှန်ရဲ့လား?"
စတေးလ်မှာ အသာပြုံးလိုက်ပြီးနောက် လျှာတစ်လစ်ထုတ်လိုက်လေသည်။ ထို့နောက် ပြန်ဖြေလာ၏၊ "အက်ဂ်နက်စ်၊ နင် တစ်ယောက်ယောက်ကို နမ်းတဲ့အခါ နင့်ရဲ့လျှာကိုလည်း ထုတ်ရမယ်။ ရှုယီက အဲဒါကို အရမ်းကြိုက်တာ။"
"တကယ်လား?" အက်ဂ်နက်စ်က ရှုယီဘက် လှည့်လာသည်မှာ စတေးလ်ထံမှ ရလိုက်သည့် 'ဗဟုသုတအသစ်'ကို စမ်းသပ်ကြည့်ချင်နေပုံရ၏။
ရှုယီက အက်ဂ်နက်စ် နီးကပ်လာသည်ကို လက်ယမ်း၍ တားဆီးလိုက်ပြီးနောက် စတေးလ်ကို ကြည့်လိုက်၏။
"စတေးလ်၊ အက်ဂ်နက်ကို မင်းသင်ပေးထားတာလား?"
စတေးလ်က နှာမှုတ်၍ သူမ၏ ရင်ဘတ်ထဲမှ စာအုပ်လေးတစ်အုပ်ထုတ်လိုက်လေသည်။
"ကျွန်မက လူတစ်ယောက်လို အကောင်းမမြင်တတ်ဘူးလေ။"
ရှုယီက စာအုပ်ကိုကြည့်လိုက်သော် အကြီးအကဲ အီလူရှာ သူ့အား ပေးထားသည့် « နတ်သူငယ်များနှင့် လူသားများအကြား ပေါင်းစည်းမှု သုတေသနအသေးစိတ် » ဖြစ်ကြောင်းတွေ့လိုက်ရရာ အနေရခက်သွားစေသည်။
"ဒါက.... အကြီးအကဲ အီလူရှာ ကိုယ့်ကိုပေးထားတာပါ၊ ကိုယ်..... ဟေး လဇ်, ဒါကို ဖယ်ထားလိုက်ဖို့ မင်းကို ပြောခဲ့တယ်မဟုတ်ဘူးလား? ဘာလို့ ထုတ်လာတာလဲ?" ရှုယီမှာ ခိုးရယ်နေသည့် လဇ်ကို မေးရန် လှည့်ကြည့်လိုက်သည်။
လဇ်မှာ ရှုယီကို ကြောက်ရွံ့နေသည့် ပုံမှန်အိမ်စေတစ်ဦးနှင့်မတူနေဘဲ အပြုံးဖြင့် ပြောလာသည်၊ "မဒမ်က သူ့ဘာသာရှာတွေ့ထားတာပါ ကျွန်မထုတ်ပေးတာမဟုတ်ဘူး။"
ရှုယီက မျက်လုံးများ လှိမ့်လိုက်မိသည်။
မထုတ်ပေးခဲ့ဘူးလား? မင်းပဲ စတေးလ်ကို အရင်ယူပေးခဲ့တာမဟုတ်ဘူးလား။
လဇ်နှင့် လင်ဒါမှာ စတေးလ်နှင့် အချိန်ကြာအတူရှိလာခဲ့သောကြောင့် ၎င်းတို့နှစ်ဦးက စတေးလ်အပေါ် ပို၍ ဘက်လိုက်ပါ၏။
"ကောင်းပြီလေ ကျွန်မ ဖုံးထားဖို့မလိုပါဘူး။" စတေးလ်က ရှုယီ၏ မျက်နှာကို အပြုံးဖြင့်ထိလိုက်သည်၊ "အက်ဂ်နက်စ်ကို လက်ခံလိုက်ပြီဆိုမှတော့ ဒါတွေကို လေ့လာရတော့မှာပဲလေ။ ဒါပေမယ့် အက်ဂ်နက်စ်နဲ့ ရှင် မဆွေးနွေးနိုင်တာ တချို့ရှိတယ်မလား? ဒီတော့ အရင်ဆုံး ကျွန်မ လေ့လာဖို့ ထားထားလိုက်၊ ပြီးမှ ကျွန်မ အက်ဂ်နက်စ်ကို သင်ပေးလိုက်မယ်။ မဟုတ်ရင် ရှင်တို့အတူ.... အဟွတ်၊ ရှင်တို့အတူရှိတဲ့အခါကျ အမှားတစ်ချို့လုပ်မိနိုင်တယ်။"
ရှုယီမှာ စတေးလ်ကို ထူးဆန်းစွာကြည့်လိုက်ရာ သူမ၏ အပြုံးကြီးကြီးကိုမြင်သော် မနေနိုင်ဘဲ မေးလိုက်၏၊ "စတေးလ်၊ မင်း တကယ်ပဲ စိတ်ထဲမထားဘူးလား?"
"အရင်က ဒါကို အခေါက်ပေါင်းမနည်း မေးခဲ့ပြီးပြီမဟုတ်ဘူးလား။" စတေးလ်က မျက်လုံးများလှိမ့်လိုက်သည်၊ "ထားပါတယ်၊ ဒါပေမယ့် အဲ့လောက်မဟုတ်ဘူး၊ နားလည်ရဲ့လား?"
ရှုယီက ခေါင်းခါလိုက်ပြီး တကယ်ကို နားမလည်ပေ။
"ဟုတ်ပြီလေ ရှင်က ထုံအနေတာကို သိထားပြီးသားပါ။"
စတေးလ်က သက်ပြင်းချကာ ရှုယီကို ထိုင်ချရန် ဆွဲလိုက်ပြီး ၎င်းတိုရှေ့ရှိ စင်မြင့်ကို အတိအကျမျက်နှာချင်းဆိုင်လိုက်သည်။
"အရင် ပြောပြီးပြီ ကျွန်မက ရှင့်ရဲ့တစ်ဦးတည်းသော မိန်းကလေးဖြစ်ချင်ပေမယ့် ရှင့်ရဲ့လက်ရှိ အထောက်အထားနဲ့ အဆင့်အတန်းအရဆို မဖြစ်နိုင်ဘူးလေ။ ဒီတော့ ကျွန်မ စိတ်ရှိပေမယ့်လည်း လက်မခံနိုင်လောက်တဲ့အထိတော့ မဟုတ်ပါဘူး။ ပြီးတော့ အနည်းဆုံးတော့ ကျွန်မဆီမှာ ရွေးချယ်စရာတချို့ရှိတာပဲ မဟုတ်ဘူးလား? ကြည့်လေ လဇ်နဲ့ လင်ဒါတို့က မိသားစုလိုပဲ ဖြစ်ပြီးသား၊ အက်ဂ်နက်စ်ကျတော့ ကျွန်မနဲ့တကယ်ရင်းနှီးပြီး လက်ခံပေးနိုင်တဲ့ တစ်ဦးတည်းသော နတ်သူငယ်မလေးပဲ။ ကျွန်မ ဟိုးအရင်တည်းက သူမကို မိသားစုလိုပဲ ဆက်ဆံခဲ့တာပါ။"
"ဒီအဓိပ္ပာယ်က..... နောက်ဆုံးကျတော့ အတင်းလက်ခံလိုက်ရတယ်ပေါ့?" ရှုယီက ငေးမောကာ မေးသည်။
"အရူး" စတေးလ်က ရှုယီ၏ နဖူးကို တို့၍ သက်ပြင်းချကာ ပြောလိုက်၏၊ "ဒါက ရှင့်အနေနဲ့ ကျွန်မ စရိုက်ကို နားလည်တာနဲ့မတူဘူး။ ကျွန်မသာ ဒါကို မခံနိုင်ရင် လက်ခံမယ်လို့ထင်လား? စိတ်နည်းနည်းရှိနေပေမယ့်လည်း ဘာကိုမှ မထိခိုက်ဘူးလို့ ပြောနေရုံပါ။ ပြီးတော့ ရှင်က ကျွန်မနဲ့ အက်ဂ်နက်စ် အရမ်းရင်းနှီးတာကြောင့် အက်ဂ်နက်စ်ကို ရွေးခဲ့တာ အရမ်းဝမ်းသာတယ်။ သူမက ကျွန်မဘေးမှာ နေပေးနိုင်တာကြောင့် အရမ်းစိတ်ချရတယ်။"
ရှုယီက သက်ပြင်းချ၏၊ "ကောင်းပြီလေ မင်းပြောတာကို ကိုယ်နားလည်ပါတယ်၊ ဒါက နတ်ဆိုးနှစ်ကောင်ရဲ့ကျော်ကြားမှုကို ရွေးချယ်ရုံပေါ့။"
"ဘာ နတ်ဆိုးနှစ်ကောင်ရဲ့ကျော်ကြားမှုလဲ? ဒါက ထူးဆန်းနေတယ်။" စတေးလ်က ရှုယီကို မျက်မှောင်ကုပ်ကာ ကြည့်လိုက်ပြီးနောက် စင်ဘက်သို့ ညွှန်ပြလိုက်သည်၊ "ကျွန်မသာ ရှင့်နောက်လိုက်နေတဲ့ မိန်းကလေးတွေကို စိတ်ပူရင် စိတ်ပူရလွန်းလို့ သေနေလောက်ပြီ။ ဥပမာပြောရရင် သူမ ရှင့်ကို တကယ်လက်ထပ်ချင်နေတဲ့အချိန်မှာ သူမကို မောင်းထုတ်ပြီး ရှင့်ကို မြင်ခွင့်မပေးဘဲ နေရမှာလား?"
"သူမ?"
ရှုယီက စင်မြင့်ကို လှည့်ကြည့်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၅၃။ ရူဒ်ဆန်တိုင်းပြည်၏ အခြားသောမျိုးနွယ်စုများ
စင်မြင့်ကြီး၏ အလင်းရောင်များက ရုတ်တရတ်ပျောက်ကွယ်ကာ ဆန်းသစ်လကဇာတ်ရုံမှာ အမှောင်ထဲကျရောက်သွားသည်။
လူအုပ်ထံမှ ခပ်ဖွဖွငိုညည်းသံတစ်ခုထွက်လာပြီးနောက် တိတ်ဆိတ်သွားကာ လေးလေးပင်ပင်အသံရှူသံသာကျန်ရစ်တော့သည်။
ပရိသတ်များ တိတ်ဆိတ်သွားသည်နှင့် စင်မြင့်၏ ဗဟိုထံမှ လာသော တုနှိုင်းမဲ့ကြည်လင်နေသော အသံတစ်သံရှိနေသည်။
အသံမှာ ရေနွေးစီးကြောင်းက တောင်တန်းများကို ဖြတ်သန်းစီးဆင်းနေသကဲ့သို့ အင်မတန်ကောင်းမွန်လှပြီး တမုဟုတ်ချင်း လူတိုင်း၏ နားများတွင် စွဲငြိသွားစေသည်။
အသံအနိမ့်အမြင့်ပြောင်းလဲသွားပြီးနောက် တစ်ယောက်ယောက်မှ နား'နားကပ်၍ တီးတိုးဆိုနေဟန်ဖြစ်ရာ နှလုံးသားကို ထိမိစေနိုင်သည်။ ထိုကြည်ကြည်လင်လင်အသံ၌ လူများကို နုတ်'ကလေးတစ်ခုပဲ လွဲချော်သွားမည်ကို ကြောက်ရွံ့သဖြင့် မည်သည့်အသံမှပသ် မထွက်မိစေအောင်လုပ်နိုင်သော ဆွဲဆောင်မှုရှိနေသည်။
သံစဉ်မဲ့ အသံတစ်ချို့ပြီးနောက် အားလုံး၏ အာရုံမှာ ဆွဲဆောင်ခံလိုက်ရပြီးဖြစ်သည်။ လူတိုင်းမှာ မှောင်မည်းမည်းစင်မြင့်ကို မကြည့်မိဘဲ မနေနိုင်တော့ပေ။
၎င်းက ထိုအသံလာရာဖြစ်၏။
ထိုစည်းချက်ကျကျ ဆိုညည်းသံက ၂မိနစ်မှ ၃မိနစ်အထိ ဆက်ရှိနေသည်။ လူတိုင်း ဆွဲဆောင်မှုရှိရှိသီဆိုသံတွင်နစ်မြုပ်နေချိန်၌ အသံအနိမ့်အမြင့်က ရုတ်တရတ်ပြောင်းသွားကာ စင်မြင့်ထက်သို့ အလင်းရောင်များကျရောက်လာပြီး စင်မြင့်တွင် အလင်းစက်ဝိုင်းတစ်ခုကို ဖန်တီးလိုက်လေသည်။
အလင်းစက်ဝိုင်း၏ ဗဟိုတွင် အလင်းရောင်ခြယ်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးရပ်နေပါ၏။
တလက်လက်တောက်ပနေခြင်းမရှိသည့် အလင်းရောင် စူးစူးအောက်တွင် ထိုအလင်းရောင်ဝတ်စုံမှ ဖောက်ထွင်းမမြင်နိုင်သော်လည်း သူမ၏ ထူးကဲသောသွင်ပြင်ကို ပြသနေဆဲဖြစ်သည်။ သူမ၏ စိတ်လှုပ်ရှားဖွယ်သီဆိုခြင်းကို ပေါင်းထည့်လိုက်သော် အင်မတန် ဆွဲဆောင်ပသာဒရှိလှ၏။
သူမ၏ ခေါင်းထက်ရှိ နားရွက်ချွန်ချွန်လေးများနှင့် နောက်ရှိ အမွေးပွပွအမြှီးကို ထည့်ပေါင်းလိုက်လျှင် သူမအပေါ် ဆန်းကြယ်သည့် ခံစားချက်တစ်ခုကို ဖန်တီးပေးလေသည်။
ရှုယီလည်း ခဏကြာ နားထောင်ကာ မပြုံးမိဘဲ မနေနိုင်တော့ပေ၊ "ကြည့်ရတာ အေဗရယ်က ငါသင်ပေးထားတဲ့ သီဆိုခြင်းနည်းလမ်းပဲ တတ်တာမဟုတ်သလို သူမရဲ့ ကိုယ်ပိုင်အမြင်ကိုပါ ပေါင်းထည့်ထားတာပဲ။"
"ဘယ်လိုလဲ? မကောင်းဘူးလို့ထင်လား?" စတေးလ်က ပြန်မေးလာသည်။
"ဟင့်အင်း အရမ်းကောင်းတယ်။" ရှုယီမှာ စင်မြင့်အောက်ဘက်ရှိ ဖမ်းစားခံထားရသည့် လူအုပ်ကြီးကို ညွှန်ပြလိုက်သည်၊ "လူအုပ်ရဲ့ တုံ့ပြန်မှုကိုကြည့်ပြီး ပြောလို့ရတယ်လေ။"
စတေးလ်မှာ စင်မြင့်ထက်မှ သီချင်းဆိုရင်း အံ့မခန်းလောက်အောင် ဆွဲဆောင်မှုရှိသော အေဗရယ် အား ကြည့်နေသည့် ရှုယီကို ကြည့်ရင်း နှုတ်ခမ်းများစေ့ကာပြုံးလိုက်သည်၊ "ဘယ်လိုလဲ? ရှုယီ ရှင် အေဗရယ်ကို စိတ်ဝင်စားနေပြီလား? ရှင်သာ သူမကို ရှင့်အခန်းထဲ ခေါ်သွားဖို့ သဘောတူရင် သူမသီချင်းဆိုတာကို ကိုယ်တိုင် ပိုပြီးနားထောင်လို့တောင်ရတယ်။"
"ဘာပေါက်ကရတွေပြောနေတာလဲ?" ရှုယီမှာ မပျော်မရွှင်ဖြင့် သူမကို စိုက်ကြည့်လိုက်ပါ၏၊ "ကိုယ့်မှာ အဲ့လောက် အင်အားအများကြီးရှိမယ်ထင်လို့လား? မင်းက မင်းကိုယ်မင်း စိန်ခေါ်ချင်နေတာလား?"
သူဟာ ထိုသို့ပြောပြီးနောက် စင်ပေါ်ရှိ အေဗရယ်ကို ပြန်လှည့်ကြည့်ကာ ခဏတာ အာရုံစိုက် နားထောင်ပြီးနောက် သက်ပြင်းချကာ ပြောလေ၏၊ "အေဗရယ်ရဲ့ စိတ်လှုပ်ရှားစရာအသံမျိုးကို ကိုယ်တစ်ယောက်တည်း ဘယ်လို အပိုင်သိမ်းနိုင်မှာလဲ? လူတိုင်းကို ကြားခွင့်ပေးပြီး တန်ဖိုးထားခိုင်းရမှာပေါ့။ ကြည့်လေ အေဗရယ်က အခု အရမ်းကို ကျေနပ်နေတာ သူမ အခုလုပ်နေတဲ့အရာကို အရမ်းသဘောကျနေမှာ အသေအချာပဲ။"
စတေးလ်လည်း စင်မြင့်ထက်ရှိ အေဗရယ် ကို လှည့်ကြည့်၍ ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ် အေဗရယ်က ကျွန်မကို တစ်ခေါက်ထက်မက ကျေးဇူးတင်နေတာ၊ သူမကို ဆန်နက်မြေရိုင်းကနေ ခေါ်ထုတ်ပေးပြီး သားရဲလူမျိုးတစ်ယောက်အနေနဲ့ ဒီလိုလူတွေအများကြီးရှေ့မှာ ဖျော်ဖြေဖို့ အခွင့်အရေးပေးလို့တဲ့လေ။ မဟုတ်ရင် ဆန်နက်မြေရိုင်းမှာ တစ်ချိန်လုံးနေရပြီး သာမန်မြေခွေးမလေးအဖြစ်တဲ့ပဲ သေသွားရမှာတဲ့။"
"သူမရဲ့ အသွင်အပြင်နဲ့တင် ဘာပဲဖြစ်ဖြစ် သာမန်လို့ သတ်မှတ်မရပါဘူး။" ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ပေ။ ခေတ္တရပ်တန့်လိုက်ပြီးနောက် စတေးလ်ကို အလေးအနက်မေးလာသည်၊ "အေဗရယ်ကို ဆန်နက်မြေရိုင်းကနေ ခေါ်လာတဲ့အကြောင်းပြောရင်း မေးမလို့ပဲ၊ အဲဒီ့ကိစ္စဘယ်လိုနေလဲ?"
"ဒီကိစ္စရဲ့အထက်မှ ကျွန်မရှိနေမှတော့ ချောချောမွေ့မွေ့ပဲပေါ့။" စတေးလ်က ရှုယီထံ ဂုဏ်ယူစွာပြုံးပြလာသည်။
"ဒီလိုလား?" ရှုယီလည်း အံ့ဩသွားပါ၏၊ "ရူဒ်ဆန် တိုင်းပြည်ရဲ့ သားရဲလူမျိုးတွေကို ဆက်သွယ်ခဲ့တာလား?"
"ဒါတင် မကဘူး။" စတေးလ်မှာ သူမ၏ လက်ယာဘက်ရှိ လက်ညှိုးကို အသာခါရင်း အပြုံးဖြင့် ပြောသည်၊ "ကျွန်မ ရူဒ်ဆန်တိုင်းပြည်ရဲ့ သားရဲလူမျိုးစု ခြောက်ခုနဲ့ အဆက်အသွယ်လုပ်ခဲ့ပြီး ရူဒ်ဆန် တိုင်းပြည်ရဲ့ နတ်သူငယ်မျိုးနွယ်စုတစ်ခုကိုပါ ရှာတွေ့ခဲ့တယ်။"
"နတ်သူငယ်တွေပါ တကယ်ကြီးရှိတာလား?" ရှုယီ အံ့ဩသွားသည်၊ "ဒါပေမယ့် အကြီးအကဲ အီလူရှာ နဲ့ အကြီးအကဲ လီဆန်းယာတို့တောင် ရူဒ်ဆန် တိုင်းပြည်ရဲ့ နတ်သူငယ်တွေ ပုန်းနေတဲ့နေရာကို မသိဘူးလေ။"
"ကျွန်မလည်း မတော်တဆတွေ့တာပါ။" စတေးလ်က အပြုံးဖြင့်ဆို၏၊ "ကျွန်မပြောရင်တောင် မယုံနိုင်လောက်ဘူး၊ ဒါပေမယ့် နတ်သူငယ်တွေကို သားရဲလူမျိုးတွေနဲ့ အဆက်အသွယ်လုပ်ခဲ့တာကြောင့် တွေ့ခဲ့ရတာပဲ။"
"ဒီလိုလား? ဘယ်လိုရှာတွေ့သွားတာလဲ?" ရှုယီ သိချင်သွားသည်။
"ရူဒ်ဆန် တိုင်းပြည်ရဲ့ နတ်သူငယ်တွေက ညတေးသံမျိုးနွယ်စုကထက်ပို ဖုံးကွယ်ထားကြပြီး ခြေရာလေးတစ်ခုတောင် ရှာဖို့ ခက်ပေမယ့် အတွင်းပိုင်းမှာ ဒီ 'အဇ်ရှာရာ မျိုးနွယ်စု'လို့ ခေါ်တဲ့ နတ်သူငယ်မျိုးနွယ်စုမှာ အရင်က သားရဲလူမျိုးစုတစ်ခုနဲ့ ပဋိပက္ခတချို့ဖြစ်ခဲ့တယ်လေ။ ကျွန်မ ဒီသားရဲလူမျိုးနွယ်စုနဲ့ ဆက်သွယ်ချက်တွေ တည်ဆောက်တော့ မတော်တဆ သတင်းတချို့ရခဲ့တာပဲ။ ဒီသဲလွန်စတွေနောက် လိုက်ရင်းကနေ နတ်သူငယ်မျိုးနွယ်စုကို ရှာတွေ့ခဲ့တာ။"
စတေးလ်မှာ ၎င်းကို ပေါ့ပေါ့ပါးပါးရှင်းပြနေသော်လည်း ရှုယီအနေနှင့် မိမိသည်ပင် ရူဒ်ဆန် တိုင်းပြည်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ အုတ်မြစ်များဖြင့် နတ်သူငယ်မျိုးနွယ်စု ခြေရာတစ်ခုပင် မရှာနိုင်ခဲ့ကြောင်း နားလည်ပါ၏။
ထိုသည်ကိုစဉ်းစားရင်း ရှုယီမှာ စတေးလ်၏ လက်ကို ကိုင်၍ နူးညံ့စွာ ပြောလိုက်လေသည်၊ "စတေးလ်၊ ခက်ခဲခဲ့ရပြီ။ ဒါက ကိုယ်လုပ်ခဲ့တဲ့အရာဖြစ်ရမှာ။"
စတေးလ်က ခေါင်းခါ၏၊ "ကျွန်မတို့ နှစ်ယောက်ကြားမှာ ခွဲခြားစရာလိုသေးလို့လား?"
ရှုယီ အံ့ဩသွားသည်။ သူသာ တကယ်ပဲ မည်သည်ကိုမှ မခွဲခြားချင်လျှင် အဘယ့်ကြောင့် ဆန်းသစ်လကဇာတ်ရုံအတွက် မိမိဘာသာ ပေးချေဖို့ရာ တင်းခံနေရသနည်း?
မှန်ပါ၏ ရှုယီမှာ ထိုသို့သော အဓိပ္ပာယ်မဲ့သည့်မေးခွန်းကို မေးမည်မဟုတ်။
နှစ်ဦးအကြား နူးနူးညံ့ညံ့ စကားလေးများပြောပြီးနောက် ရှုယီမှာ သားရဲလူမျိုးနွယ်စုခြောက်ခုနှင့် ရူဒ်ဆန် တိုင်းပြည်၏ အဇ်ရှာရာ မျိုးနွယ်စုအမည်ရ နတ်သူငယ်မျိုးနွယ်စုတို့၏ အကြောင်းကို မေးလိုက်သည်။
သူဟာ သားရဲလူမျိုးနွယ်စု ခြောက်ခု၏ လူဦးရေမှာ သုံးထောင်ပတ်လည်ရှိပြီး အဇ်ရှာရာ မျိုးနွယ်စုတွင် နတ်သူငယ် နှစ်ထောင်နီးနီးရှိကြောင်း စတေးလ်ထံမှ သိခဲ့ရလေသည်။ ၎င်းတို့မှာ ညတေးသံမျိုးနွယ်စုထက် ပို၍ ကြီးမားပါသော်လည်း လရိပ်မျိုးနွယ်စုထက်တော့ များစွာ သေးငယ်သည်။
သူသာ ၎င်းသားရဲလူမျိုးအားလုံးနှင့် နတ်သူငယ်တို့ကို Frestech ကုန်သည်ကြီးများအသင်းထံသို့ ခေါ်ဆောင်နိုင်ပါလျှင် Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ လူသားရင်းမြစ်ကို များစွာ တိုးတက်စေလာလိမ့်မည်။
နှိုင်းစာ၍ဆိုရသော် သားရဲလူမျိုးသုံးထောင်မှာ နတ်သူငယ် အယောက်တစ်ထောင်ထက်ပို၍ Frestech ကုန်သည်ကြီးများအသင်းထံ အကူအညီမဖြစ်စေပေ။
သို့သော် ထိုသားရဲလူမျိုးနွယ်စုခြောက်ခုနှင့် အဇ်ရှာရာ မျိုးနွယ်စုတို့အကြောင်း စတေးလ်ယူလာသည့် သတင်းအရ ထိုသားရဲလူမျိုးများမှာ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ အလုပ်လုပ်ရန် စိတ်ဝင်စားကြကာ ဝင်ရောက်လိုကြသည်။ မည်သို့ဖြစ်ဖြစ် ဆန်နက်မြေရိုင်းက အစဉ်အလာအဖြစ်ရှိနေလေ၏။
အဇ်ရှာရာ မျိုးနွယ်စု၏ နတ်သူငယ်များကမူ စတေးလ်ကိုဖြစ်စေ Frestech ကုန်သည်ကြီးများအသင်းကို ဖြစ်စေ မယုံကြည်ကြပေ။
စတေးလ်သာ ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့၏ ဥပမာကို အထောက်အထားမပြခဲ့လျှင် သူမအနေနှင့် အဇ်ရှာရာ မျိုးနွယ်စုကို ဆက်သွယ်ဖို့ အခွင့်အရေးပင်ရခဲ့မည်မဟုတ်ပေ။
"အင်း.... ဒီအတွက် အလျင်မလိုပါဘူး၊ သူတို့ကို ရှာတွေ့နိုင်ရင် အဆင်ပြေပြီ။" ရှုယီမှာ အပြုံးဖြင့် ဆို၏၊ "သူတို့ရဲ့ယုံကြည်မှုကို ရပြီး ပူးပေါင်းရေးဆွေးနွေးဖို့အတွက်ကတော့ အကြီးအကဲ အီလူရှာနဲ့ အကြီးအကဲလီဆန်းယာတို့ရဲ့ အကူအညီကို လိုတာပေါ့။ အဲဒီ့နတ်သူငယ် အကြီးအကဲ နှစ်ယောက်နဲ့ဆို အဇ်ရှာရာ မျိုးနွယ်စုက ကိုယ်တို့နဲ့ အနှေးနဲ့အမြန်ကို ပူးပေါင်းလာမှာပဲ။"
"ပြဿနာအတော်များများ မရှိလောက်ဘူးလို့လည်း ထင်တယ်။" စတေးလ်က ခေါင်းငြိမ့်ပါ၏၊ "ဟုတ်သားပဲ သားရဲလူမျိုးနဲ့ နတ်သူငယ်တွေအပြင် ရူဒ်ဆန် တိုင်းပြည်ဆီမှာ လူပုလေးတွေလည်း အရေအတွက် အတော်များရှိတယ်၊ လမ်ပူရီတိုင်းပြည်ထက်တောင်ပိုများတယ်။ ကျွန်မလည်း လူပုလေးတွေကို ဆက်သွယ်ဖို့ကြိုးစားခဲ့တော့ ရူဒ်ဆန် တိုင်းပြည်ရဲ့ တခြားလူပုလေးတွေဆီ သတင်းပို့ပေးခဲ့တယ်လေ။ သူတို့ရခဲ့တဲ့ တုံ့ပြန်မှုက အတော်လေးကောင်းတယ်။"
"အိုး?" ရှုယီ အင်မတန်စိတ်ဝင်စားသွားသည်၊ "ရူဒ်ဆန် တိုင်းပြည်ရဲ့ လူပုလေးတွေသာ ကိုယ်တို့ Frestech ကုန်သည်ကြီးများအသင်းထဲ ဝင်ဖို့ ဆန္ဒရှိရင်တော့ ဒါက တကယ်ကို ကောင်းမှာပဲ။"
ရှုယီသာ တကယ်တမ်းရွေးချယ်ရမည်ဆိုလျှင် အလိုချင်ဆုံးမှာ လူပုလေးများဖြစ်ပါ၏။
အဘယ့်ကြောင့်ဆိုသော် လူပုလေးများနှင့် ယှဉ်လျှင် သားရဲလူမျိုးများထံ၌ မည်သို့သော အထူးအရည်အချင်းမှ မရှိသလို ဉာဏ်ရည်လည်း နိမ့်ပါးသဖြင့် အရည်အချင်းများသင်ယူရာတွင် များစွာ ဆိုးရွားလေသည်။
နတ်သူငယ်များထံတွင်လည်း အထူးအမွေအနှစ်များရှိကာ ထိုလူပုလေးများကို ကျော်လွန်နေသည့် အရည်အချင်းများရှိပါသော်ငြား နတ်သူငယ်များ၏ ဘဝင်ခိုက်မှုက လူသားများလက်အောက်ကျရောက်ဖို့ ခက်ခဲသည်။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းကာ ရှုယီ၏ အကြံကို ကူညီထောက်ပံ့ဖို့ရာ ခဲယဉ်းပေလိမ့်မည်။
လူပုလေးများအနေနှင့်မူ မွေးရာပါ လက်မှုပညာအတတ်ကို ပိုင်ဆိုင်ရုံသာမက ဖျတ်လတ်တက်ကြွသည့် လက်များရှိပြီး အရည်အချင်းများကို မြန်ဆန်စွာသင်ယူနိုင်ကာ ကတိကဝတ်ကို အင်မတန်အလေးအနက်ထားသလို အင်မတန်စည်းလုံး၍ စည်းစနစ်လည်းကျ၏။ ၎င်းတို့မှာ လုပ်သားများနှင့် မှော်စက်မှုအင်ဂျင်နီယာများဖြစ်လာဖို့ အသင့်တော်ဆုံးဖြစ်သည်။
ထို့ကြောင့် နှိုင်းယှဉ်ရာတွင် ရှုယီမှာ ရူဒ်ဆန် တိုင်းပြည်၏ လူပုလေးများကို ပိုအလေးထားလေသည်။
"အင်း... ကြည့်ရတာ ကိုယ် ရူဒ်ဆန်တိုင်းပြည်ကိုသွားဖို့ အချိန်နည်းနည်း ရှာရမယ့်ပုံပဲ။" ရှုယီမှာ စဉ်းစားလိုက်ပြီးနောက် ပြောလာသည်၊ "အကြီးအကဲ အီလူရှာ နဲ့ အကြီးအကဲလီဆန်းယာတို့လည်း ကိုယ်နဲ့အတူလိုက်လာပြီး၊ ကမ်ဘီ၊ ခေါင်းဆောင် စီလူကာနဲ့ တခြားလူပုလေးတွေကိုပါ ခေါ်သွားရရင်တော့ အကောင်းဆုံးဖြစ်မှာပဲ၊ အဲ့နည်းနဲ့ဆို မျိုးနွယ်စုအားလုံးကို တပြိုင်တည်းရနိုင်ပြီ။"
ထိုသို့ပြောပြီးနောက် ရှုယီမှာ စင်မြင့်ကို ပြန်ကြည့်လိုက်သည်။
အေဗရယ်မှာ သီချင်း၏ အဆုံးသတ်ကို ချဉ်းကပ်လာပြီး သူမ၏ အသံလေးမှာလည်း ကဇာတ်ရုံကြီးထဲ၌ စွဲကျန်နေရာ ပို၍ ထင်ရှားပြီး သာလွန်နေဟန်ပေါ်သည်။
"ပြောကြည့် ဆန်းသစ်လဆပ်ကပ်အဖွဲ့ကို ရူဒ်ဆန်တိုင်းပြည်မှာ ဖျော်ဖြေခိုင်းမယ်ဆိုရင် ဘယ်လိုသဘောရလဲ?" ရှုယီက စတေးလ်ကို မေးလိုက်သည်။
စတေးလည်း အသာပြုံးသည်၊ "ရှင် ဒီလိုစဉ်းစားမိမယ်လို့ ကျွန်မခန့်မှန်းထားပြီးသားပါ၊ ဒီတော့ ဒါကို လမ်ပူရီတိုင်းပြည်က ရူဒ်ဆန်တိုင်းပြည်ရဲ့ သံတမန်နဲ့ ဆွေးနွေးခဲ့ပြီး ခွင့်ပြုချက်ရခဲ့တယ်။ သံတမန်က အရှင်မင်းကြီး တဲရုစ်ဆီ စာပို့ပြီးပြီမို့ ထင်မထားတာတွေသာ ဖြစ်မလာရင် ရူဒ်ဆန် တိုင်းပြည်ကနေ ဆန်းသစ်လဆပ်ကပ်အဖွဲ့အတွက် ဖိတ်ကြားလွှာရဖို့ သိပ်မကြာလောက်တော့ဘူး။"
"တကယ်လား?" ရှုယီ ရယ်မောလိုက်၏။ သူဟာ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ရာ စတေးလ်၏ မျက်နှာလေးထက် အနမ်းတစ်ပွင့်ခြွေလိုက်လေသည်၊ "စတေးလ်၊ မင်းက တကယ်ပဲ ကိုယ့်ကိုယ် နားလည်လွန်းတယ်။ မင်းက ကိုယ် ဘာမှတောင် မပြောရသေးခင်မှာ အရာအားလုံးပြင်ဆင်ထားတော့ တကယ်ကို အချိန် အတော်လေးသက်သာသွားပြီ။
စတေးလ်က အသာနှာမှုတ်၍ ဘဝင်ခိုက်နေဟန်ဖြင့် မေးကိုချီထားလေသည်။
"ဒါပေါ့ ဒီလိုမှမဟုတ်ရင် ကျွန်မက ရှင်နဲ့ ဘယ်လိုလုပ် လိုက်ဖက်မှာလဲ?"
ရှုယီလည်း တစ်ဖန်ရယ်လိုက်ပြန်သည်။ သူ့အနေနှင့် စတေးလ်ကို အနည်းငယ် ထပ်ချီးကျူးရန် ပြင်လိုက်သော်လည်း အေဗရယ်၏ သီချင်းသံက အဆုံးသတ်သွားသည်။
ကဇာတ်ရုံမှာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရတ် နားပင်းလောက်အောင် ဩဘာပေးလာသည်မှာ တဟုန်ထိုးပင်။
ထိုအားပေးသံလှိုင်းကြီးမှာ အေဗရယ်ထံ တိုက်ရိုက်ရည်ရွယ်နေသော်ငြား ထိုအချိန်၌ စတေးလ်ကိုလည်း ချီးကျူးလိုက်သလိုပါပင်။
ရှုယီမှာ စတေးလ်ကို အပြုံးဖြင့်ကြည့်ကာ သူ့အနေနှင့် ဤသို့သော ဇနီးကောင်းရထားသည်က တကယ်ကို ကံကောင်းလှသည်ဟု စဉ်းစားမိသည်။
သူဟာ လက်ခုပ်တီးကာ စင်မြင့်ထက်ရှိ အေဗရယ်ကို ချီးကျူးနေသော အက်ဂ်နက်စ်ကိုကြည့်လိုက်သလို နံဘေးရှိ လဇ်နှင့် လင်ဒါတို့ကိုလည်း ကြည့်လိုက်ပြီးနောက် ဤသီးသန့်အခန်းထဲ လျှောက်ခုန်ဆော့နေသည့် ဖရီးယာကိုပါ ကြည့်လိုက်သည်။ သူ၏စိတ်နှလုံးထဲ၌ ပျော်ရွှင်မှုတို့ ပြည့်သွားပါ၏။
သူ့အနေနှင့် သူ့ရှေ့ရှိ အရာကြောင့်နှင့်ပင် ပျော်ရွှင်ရန် လုံလောက်နေရာ မည်သို့များ ပို၍ လောဘတက်နိုင်ပါတော့မည်နည်း?
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၅၄။ မှော်ပညာရှင်အများဆုံးနဲ့ လုပ်ငန်းစု
ရှုယီမှာ အန်ဗီမာမြို့တော်၌ နောက်တစ်ပါတ်ကြာအထိ နေခဲ့သည်။
ဆယ်ဗီနီထံမှ နေ့တိုင်းဆင့်ခေါ်ခံရပြီး Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်တို့ ပူးပေါင်းမှုအကြောင်း ဆွေးနွေးခြင်းအပြင် ပိုအရေးကြီးသည့် ပထမဆုံး မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းရုံ တည်ဆောက်ခြင်း အသေးစိတ်ကိုပါ ဆွေးနွေးကြသည်။
ထိုမှော်စွမ်းအင်ပြန်လည်ဖြည့်တင်းရုံမှာ ကမ္ဘာမြေရှိ ဂတ်စ်ဖြည့်ရုံနှင့် တူညီ၏။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားအမျိုးမျိုးကို လမ်ပူရီတိုင်းပြည်၌ စုစုပေါင်း အစီးရေတစ်သောင်းရောင်းချခဲ့ပြီးဖြစ်ရာ Frestech တံဆိပ်မှော်ကားများက လမ်းတိုင်း၌ ရှိနေ၏။
သို့သော် မှော်ကားများမှာ သာမာန်အိမ်သုံးမှော်စက်များထက် မှော်စွမ်းအင်ပိုစားသည်။ Frestech တံဆိပ်မှော်ကားများရှိ စွမ်းအင်စည်အများစုမှာ မှော်သလင်းကျောက် ထုထည် လေးဆယ်လီတာထက်ပိုမသယ်နိုင်ပေ။
၎င်းတို့မှာ အရည်အသွေးမြင့်မှော်သလင်းကျောက်များဖြစ်ပါလျှင်တောင် မှော်ကားတစ်စီးကို သုံးစွဲပြီး ကီလိုမီတာ နှစ်ရာထက်ပို စွမ်းအားမပေးနိုင်ပေ။
ထို့ကြောင့် ယခုတွင် ထိုမှော်ကားများမှာ မြို့များအကြား၌ သွားလာနိုင်သည်ကိုသာ အာမခံနိုင်သည်၊ သို့မှသာ ၎င်းတို့၏မှော်သလင်းကျောက်များ ကုန်သွားချိန်၌ ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်၏။
ထိုသည်က ဆိုးဆိုးရွားရွားပင် မှော်ကားများ၏ အသုံးပြုမှုကို လျော့နည်းသွားစေသလို Frestech တံဆိပ် မှော်ကားများ၏ ရောင်းအားထုထည်ကိုလည်း အကန့်အသတ်ဖြစ်စေသည်။
၎င်းတို့သာ လမ်ပူရီတိုင်းပြည်တဝှမ်း၌ မှော်စွမ်းအားဖြည့်တင်းရေးရုံများ ကွန်ရက်ကို တည်ဆောက်နိုင်ပါလျှင် ထိုမှော်ကားများအား ပူပန်စရာမလိုဘဲ လမ်ပူရီတိုင်းပြည်တလျှောက် ပြေးဆွဲစေ၌ပြီး အသုံးပြုမှုပိုမိုတွင်ကျယ်လာစေလိမ့်မည်။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စွမ်းအားပြည်လည်ဖြည့်တင်းရေး ရုံများထံတွင် သန့်စင်ထားပြီးသား အဆီအနှစ်ပြည့် မှော်သလင်းကျောက်များရှိလေသည်။ ၎င်းမှော်သလင်းကျောက်များနှင့်ဆိုလျှင် တူညီသည့် ထုထည်လီတာလေးဆယ်မှာ မှော်ကားအား အကွာအဝေး နှစ်ဆရှိ နှစ်ရာကီလိုမီတာမှ ငါးရာကီလိုမီတာနီးနီး မောင်းခွင့်ပြုနိုင်လိမ့်မည်။
ထို့အပြင် ထိုအဆီအနှစ်ပြည့်မှော်သလင်းကျောက်မှာ ပဆင့်မြင့်မှော်သလင်းကျောက်များထက် အဆတစ်ဝက်အောက်မျှသာ ဈေးပိုများသဖြင့် ဒီတိုင်းတွက်ကြည့်ပါလျှင်တောင် ထိုသလင်းကျောက်များကို အသုံးပြုရန်က ပို၍ သက်ရောက်မှုရှိပါ၏။
၎င်းအပြင် ထိုအဆီအနှစ်ပြည့်မှော်သလင်းကျောက်အား မှော်ကားများ၌သာ အသုံးပြုနိုင်သည်မဟုတ်ပေ။
ရှုယီ၏ အစီစဉ်အရ Frestech ကုန်သည်ကြီးများအသင်း၏ အနာဂတ်မှော်စက်များမှာ ရှေ့လျှောက် ထိုအဆီအနှစ်ပြည့်မှော်သလင်းကျောက်ကိုသာ စွမ်းအားအထောက်အပံ့အဖြစ် မှတ်ယူတော့မည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့မှာ အခြားလုပ်ငန်းစုများ၏ မှော်စက်များကိုလည်း တူညီသည့် စံနှုန်းကို အသုံးပြုစေရန် ထိုစံနှုန်းကို မြှင့်တင်မည်ဖြစ်သည်။
ထိုသို့ဖြင့် ၎င်းက Frestech ကုန်သည်ကြီးများအသင်းအား သုတေသန ကုန်ကျစရိတ်များစွာ သက်သာစေမည်ဖြစ်၏။ ပို၍အရေးကြီးသည်မှာ Frestech ကုန်သည်ကြီးများအသင်းထုတ် ထိုအဆီအနှစ်ပြည့် မှော်သလင်းကျောက်များအနေနှင့် မှော်စက်များအတွက် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်လာပေလိမ့်မည်။
ရှုယီမှ ဆယ်ဗီနီထံ အဆိုပြုထားသည့် ထိုအကြံကို အသုံးပြုရသော် ၎င်းမှာ မှော်သလင်းကျောက်၏ အရေးကြီးစွမ်းအင်အရင်းမြစ်ကို ထိန်းချုပ်ခြင်းနှင့် ညီမျှလိမ့်မည်။
မှန်ပါ၏၊ ဆယ်ဗီနီမှာ အရူးအနှမ်းမဟုတ်သလို ထိုကိစ္စမှာ လမ်ပူရီတိုင်းပြည်တွင် လွှမ်းမိုးမှုကြီးတစ်ခုဖြစ်လာမည်အား မြင်နိုင်ပါ၏။ ထို့ကြောင့် ရှုယီမှာ လမ်ပူရီတိုင်းပြည်မှာ ထိုစွမ်းအင်စံနှုန်းကို အသုံးပြုရမည်ဟု အဆိုပြုလာစဉ်တွင် ဆယ်ဗီနီ ရှုယီထံမှ ပထမဆုံး တောင်းဆိုသည့်အရာမှာ မှော်သလင်းကျောက်သန့်စင်ရေးနည်းလမ်းဖြစ်ခဲ့သည်။
ရှုယီလည်း ၎င်းတို့၏ အခြေခံအုတ်မြစ်များ ပါရှိနေကတည်းက နည်းပညာကို လွှဲပေးရန် သဘောတူမည်မဟုတ်သော်ငြား လမ်ပူရီတိုင်းပြည်အား Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ အလုပ်လုပ်လာစေရန် လမ်ပူရီတိုင်းပြည်၌ မှော်သလင်းကျောက် သန့်စင်ရေးစက်ရုံသုံးရုံ တည်ဆောက်ရလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အဆီအနှစ်ပြည့်မှော်သလင်းကျောက်များကို သန့်စင်ခွင့်ပြုရမည်သာဖြစ်၏။
မှန်ပါ၏၊ ထိုနည်းလမ်း၌ နည်းပညာ၏ တစ်စိတ်တပိုင်း လွှဲပြောင်းခြင်း ပါဝင်နေသည်။ ထို့ကြောင့် ရှုယီမှာ နေ့စဉ်နေ့တိုင်း နည်းပညာ လွှဲပြောင်းခြင်းက မည်မျှ လေးနက်သည်ကို ဆွေးနွေးရန် ဆယ်ဗီနီနှင့် တွေ့နေခဲ့ရ၏။
ဆယ်ဗီနီမှာ သဘာဝကျကျပင် Frestech ကုန်သည်ကြီးများအသင်းက အရာအားလုံးကို လွှဲပြောင်းပေးလာပြီး ရှုယီအနေနှင့်လည်း လမ်ပူရီတိုင်းပြည်ထံမှ တတ်နိုင်သမျှ အနည်းအကျဉ်းသာ ရယူလိုစေရန် မျှော်လင့်မိပါ၏။
၎င်းကို အကြိမ်များစွာ ဆွေးနွေးပြီးနောက် နှစ်ဘက်စလုံးမှာ အဆီအနှစ်ပြည့်မှော်သလင်းကျောက်များအား အဆင့်ငါးဆင့်ခွဲဖို့ ဆုံးဖြတ်လိုက်ကြတော့သည်။
လမ်ပူရီတိုင်းပြည်နှင့်အတူ ပြုလုပ်မည့် မှော်သလင်းကျောက်သန့်စင်ရေးစက်ရုံများတွင် ၎င်းတို့မှာ ပထမနှင့် ဒုတိယအဆင့်သလင်းကျောက်များအတွက် နည်းပညာကို လွှဲပြောင်းပေးမည်ဖြစ်၏။ တတိယအဆင့်နှင့် အထက်တို့အား လက်ရှိ၌ ဖုံးကွယ်ထားမည်ဖြစ်သည်။
လမ်ပူရီတိုင်းပြည်အနေနှင့် ထိုအခွင့်အရေးများရရှိရန် Frestech ကုန်သည်ကြီးများအသင်းထံသို့ နှစ်ငါးဆယ်ကြာ မှော်သလင်းကျောက်တွင်းငါးတွင်း၌ တူးဖော်ခွင့်ပေးခဲ့ရသည်။
လက်ရှိ မှော်သလင်းကျောက်တွင်းငါးတွင်းက မည်သည်မှ မဟုတ်သည့် အခြေအနေကို ကြည့်လိုက်ပါလျှင် ရွှေဒင်္ဂါးတစ်သန်းအောက်သာရှိသည်။
သို့သော် ရှုယီက ဖွံ့ဖြိုးမည်ဟု ခန့်မှန်းထားသည့် အခြေအနေကို ကြည့်လိုက်လျှင် ထိုမှော်သလင်းကျောက်တွင်းငါးတွင်း၏ တန်ဖိုးမှာ အဆပေါင်းများစွာ သို့မဟုတ် အဆပေါင်းဒါဇင်ချီနှင့်များစွာ တိုးလာမည်ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းမှာ သဘာဝကျကျပင် အကျိုးအမြတ်အလုံအလောက်ရပါ၏။
ဆယ်ဗီနီနှင့် ဆွေးနွေးမှုများ အကြားတွင် ရှုယီမှာ မဟာမှော်ပညာရှင် အီစန်ခယ် နှင့်လည်း အကြိမ်များစွာ ဆုံခဲ့သည်။ သူ၏ မှော်စက်များအပေါ် နက်နက်နဲနဲကိုယ်တိုင်သိနားလည်ထားမှုကြောင့် သူဟာ မှော်ပျံသန်းကားအတွက် တန်ဖိုးရှိသည့်အကြံပြုချက်များစွာ ပေးကာ မဟာမှော်ပညာရှင် အီစန်ခယ် အား အထောက်အကူကြီးကြီးမားမားပေးခဲ့သည်။
မည်သည်ကိုမှ မဆိုဘဲ ရှုယီ အဆိုပြုထားသည့် အထောက်အကူ မှော်အစီအရင်ကို ပြောင်းလဲရုံကတင် ထိုမှော်ပျံသန်းကား၏ စားသုံးမှုကို ၃၀% လျှော့ချနိုင်ခဲ့သည်။
ထိုကိစ္စနှစ်ရပ်အပြင် ရှုယီထံ၌ ဤတစ်ခေါက် အန်ဗီမာမြို့တော်တွင် အခြားအရေးကြီးတာဝန်ရှိသေးသည်။ ၎င်းမှာ နှစ်စဉ်မှော်ပညာရှင် အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုရန်ဖြစ်ပါ၏။
မှန်ပါ၏၊ ရှုယီမှာ သာမာန် နဝမအဆင့်မှော်ပညာရှင်အဆင့်ကို ကျော်လွန်သွားပြီး အံ့မခန်း မဟာမှော်ပညာရှင်တစ်ဦးဖြစ်ရန် နီးစပ်လာပြီဖြစ်သည်။ သူဟာ မိမိကိုယ်တိုင် စာမေးပွဲ ဖြေဆိုမည်မဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်းမှ စုဆောင်းထားသော မှော်ပညာရှင်များအတွက်သာဖြစ်ပါ၏။
ယခင်နှစ်က ပြည်တွင်းစစ်ကြောင့် တွန်းအားပေးဖျက်သိမ်းခဲ့ရသော စာမေးပွဲမှလွဲ၍ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း Frestech ကုန်သည်ကြီးများအသင်း၏ မှော်ပညာရှင်များစွာမှာ လမ်ပူရီတိုင်းပြည်၏ အရည်အချင်းစစ်စာမေးပွဲကို ပါဝင်ရန် လာရောက်ခဲ့ဖူးပါ၏။
နှစ်စဉ်နှစ်တိုင်း Frestech ကုန်သည်ကြီးများအသင်း၏ ယူနီဖောင်းဖြင့် လာရောက်လေ့ရှိသော မှော်ပညာရှင်အုပ်စုကြီးမှာ အန်ဗီမာမြို့တော်၌ အုတ်အော်သောင်းတင်းဖြစ်စေလိမ့်မည်သာ။
ဤနှစ်၌ ပို၍ပင်ဆိုးပါ၏။
လူတိုင်းကို ရေတွက်ကြည့်သော် ဤနှစ် Frestech ကုန်သည်ကြီးများအသင်းမှာ စုစုပေါင်း လူတစ်ထောင်ကျော်အား စာမေးပွဲထံ ခေါ်လာခဲ့သည်!
အဆင့်မြင့်မှော်ပညာရှင်စာမေးပွဲအတွက် အရည်အချင်းမီသူ အယောက်နှစ်ရာသာရှိပြီး ကျန်သည်များက အဆင့်နိမ့်မှော်ပညာရှင်စာမေးပွဲ၌သာ ယှဉ်ပြိုင်မည့်လူများဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းနှင့်တင် မှော်ပညာရှင်တစ်ထောင်ကျော်ရှိသည်။ ၎င်းမှာ လူများကို ထိတ်လန့်စေရန် လုံလောက်၏။
အကြောင်းအရင်းအမျိုးမျိုးတို့ကြောင့် ရောက်မလာသည့် မှော်ပညာရှင်များစွာရှိသည်ကို မဆိုထားနှင့်။
၎င်းတို့အားလုံးကို ဤနေရာသို့ ခေါ်လာပါလျှင် အရေအတွက်က နှစ်ထောင်ကျော်သွားလိမ့်မည်။
လမ်ပူရီတိုင်းပြည် မပြောလေနှင့် စိုင်စ်နယ်မြေကြီး၌ပင် မှော်ပညာရှင်များစွာရှိသည့် ဒုတိယမြောက်လုပ်ငန်းစု မရှိပေ။
၎င်းတို့အနက် အများစုမှာ အဆင့်နိမ့်မှော်ပညာရှင်များသာ ဖြစ်ပါလျှင်တောင် ၎င်းကြောက်မက်ဖွယ်ပမာဏက ထိတ်လန့်စရာပင်။
၎င်းမှာ အခြား လုပ်ငန်းစုများနှင့် ကွဲပြား၏။ အခြားလုပ်ငန်းစုများမှာ ၎င်းတို့ကို ကာကွယ်ဖို့အတွက်သာ မှော်ပညာရှင်များကို ခန့်အပ်ထားခြင်းဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၌မူ သာမာန်အလုပ်အတွက် မှော်ပညာရှင်များကို ခန့်အပ်ထားခြင်းဖြစ်၏။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ယခင်ကနှင့် ထပ်တူ အန်ဗီမားမြို့ အနှံ့အပြား အရည်အချင်းစစ်စာမေးပွဲကို ကြော်ငြာရန် အသုံးပြုလေသည်။ ၎င်းတို့ Frestech ကုန်သည်ကြီးများအသင်းအတွက် မှော်ပညာရှင်များ စုဆောင်းချိန်တွင် အရည်အချင်းစစ်စာမေးပွဲသို့ လာရောက်ကြသော မှော်ပညာရှင်အများစုမှာ စိတ်လှုပ်ရှားသွားတတ်ကြသည်ပင်။
နောက်ဆုံးတွင် အပတ်စဉ်လိုက်ရှည်ကြာသော စာမေးပွဲက အဆုံးသတ်ကာ Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ပညာရှင် နှစ်ရာနှင့် ခြောက်ဆယ့်တစ်ဦး စုဆောင်းခဲ့ပါ၏။
ထို မှော်ပညာရှင် နှစ်ရာနှင့် ခြောက်ဆယ့်တစ်ဦးအကြားတွင် အယောက်ခုနစ်ဆယ်မှာ ဆဌမနှင့် အထက်အဆင့်များဖြစ်ပြီးကျန် တစ်ရာ ရှစ်ဆယ့်ရှစ်ဦးမှာ တတိယမှ ပဉ္စမအဆင့်အထိဖြစ်သည်။
တတိယအဆင့်အောက် မှော်ပညာရှင်များကိုမူ Frestech ကုန်သည်ကြီးများအသင်းမှာ လူငါးရာကျော်နှင့်စာချုပ်လက်မှတ်ရေးထိုးခဲ့ပါ၏။
ထိုမှော်ပညာရှင်များက တတိယအဆင့်မှော်ပညာရှင်စာမေးပွဲကို အောင်မြင်သည်နှင့် Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
၎င်းက Frestech ကုန်သည်ကြီးများအသင်းအတွက်ဖြစ်စေ မှော်ပညာရှင်များအတွက်ဖြစ်စေ နှစ်ဘက်စလုံးအတွက် ရွေးချယ်မှုကောင်းဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ထုတ်လုပ်နိုင်စွမ်းတိုးလာသောကြောင့် ၎င်းတို့ထဲဝင်ရောက်ရန် မှော်ပညာရှင်များစွာလိုအပ်သည်။
ထိုမှော်ပညာရှင်များအနက် အများစုထံ၌ တည်ငြိမ်သည့်ဝင်ငွေမရှိရာ မှော်ပညာရှင်များစွာမှာ ၎င်းတို့၏ မှော်သုတေသနကို ထောက်ပံ့ရန်အတွက်နှင့် ငွေရှာရန် နည်းလမ်းမျိုးစုံကို ရှာဖွေတတ်ကြသည်။
သို့သော် ၎င်းတို့၏ အဆင့်က မမြင့်လှသလို အားလည်းမကောင်းသောကြောင့် စွန့်စားမှုဖြစ်စေ အခြားလုပ်ငန်းစုများအတွက်ဖြစ်စေ လုပ်ဆောင်ပေးရုံဖြင့် မလုံလောက်ပေ။ ထို့ကြောင့် မှော်ပညာရှင်အများစုမှာ တိုးတက်ရန် တကယ်ကို ခက်ခဲသည်။
စိုင်စ်နယ်မြေကြီး၌ အရည်အချင်းရှိမှော်ပညာရှင်များစွာ ရှိသော်လည်း အများစုမှာ ငွေအလုံအလောက်မရှိသောကြောင့် လမ်းတစ်ဝက်တွင် လက်လျှော့ရုံသာ တတ်နိုင်ကြသည်။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ဤနေရာသို့ရောက်နေပြီး ထိုမှော်ပညာရှင်များကို အနည်းဆုံး တစ်နှစ်လျှင် ရွှေဒင်္ဂါး နှစ်ရာဝင်ရန် တည်ငြိမ်သည့် အလုပ်များပေးနိုင်ပါ၏။
Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာနရှိ မှော်ပညာဆိုင်ရာကိစ္စများစွာတွင် ပါဝင်ခြင်းက မှော်ပညာကို လေ့လာခြင်းနှင့် ညီမျှနေသည်ကို မဆိုထားနှင့်။
ထို့ကြောင့် စီးပွားရေးအခြေအနေမကောင်းကြသည့် အနှီမှော်ပညာရှင်အများစုအနေနှင့် Frestech ကုန်သည်ကြီးများအသင်း အတွက် အလုပ်လုပ်ပေးရန်မှာ အိပ်မက်လိုပင်ဖြစ်သည်။
မှော်သုတေသနဌာန၌ မဟာမှော်ပညာရှင်ကမ်မီလာနှင့် မဟာမှော်ပညာရှင် တယ်လုချီ တို့ပါ ရှိနေကြသည်ကို မဆိုထားနှင့်။
၎င်းတို့သာ မှော်သုတေသနဌာနသို့ဝင်ရောက်နိုင်ပါလျှင် အနှီမဟာမှော်ပညာရှင်နှစ်ဦးနှင့် အဆက်အသွယ်ရရန် အခွင့်အရေးပိုရှိလာမည်။
၎င်းတို့သာ ထိုမဟာမှော်ပညာရှင်နှစ်ဦးနှင့် မှော်ပညာကို ဆွေးနွေးနိုင်ပါလျှင် မှော်သုတေသန၌ ခြေလှမ်းကြီးကြီး လှမ်းနိုင်မည်မဟုတ်ပါလား?
ဖြစ်နိုင်သည်မှာ.... Frestech ကုန်သည်ကြီးများအသင်း၌ ဆယ်စုနှစ်များကြာအောင် အလုပ်လုပ်ရင်း လူတိုင်း ရိုသေလေးစားသော မဟာမှော်ပညာရှင်တစ်ဦးပင် ဖြစ်လာနိုင်သည်!
Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်ခဲ့ကြသည့် အနှီမှော်ပညာရှင်များမှာ ၎င်းတို့စဉ်းစားနေသည့် မဟာမှော်ပညာရှင်နှစ်ဦးက အရည်အချင်းစစ်စာမေးပွဲ အဆုံးသတ်နေ့၌ အန်ဗီမာမြို့တော်သို့ တိတ်တဆိတ် လာရောက်ခဲ့ကြမည်ဟု ထင်မထားခဲ့ကြချေ။
ရှုယီမှာ ထိုမဟာမှော်ပညာရှင်နှစ်ဦးကို မြင်ချိန်တွင် အင်မတန် အံ့ဩသွားသည်။
အနှီမဟာမှော်ပညာရှင်နှစ်ဦးက ဘန်တာမြို့အပြင်ဘက် မိုးကျဆောင်ကြား၌ မီးစွမ်းအားမှော်အင်ဂျင်အသစ်ကို လေ့လာနေခဲ့ကြသည် မဟုတ်လား? ၎င်းတို့ကြည့်ရာသည်မှာ အင်မတန် မြှုပ်နှံထားပုံပေါ်သောကြောင့် အချိန်ကြာတော့ ထွက်မလာလောက်ကြဟု ရှုယီထင်ခဲ့မိသည်။ လတစ်ဝက်အောက်လေးနှင့် ရုတ်တရတ် အန်ဗီမာမြို့တော်သို့ လာကြမည်ဟု ထင်မထားခဲ့ပေ။
ရှုယီလည်း ၎င်းတို့ထံ၌ မီးစွမ်းအားမှော်အင်ဂျင် တိုးတက်မှုအသစ်တချို့ရှိနေခြင်း သို့မဟုတ် ပြဿနာအချို့ကြုံနေသောကြောင့် သူနှင့်အတူ လာဆွေးနွေးခြင်းဟု စဉ်းစားမိလိုက်သည်။
သို့သော် မေးလိုက်ပြီးနောက် အံ့အားသင့်ဖွယ်သတင်းတစ်ခုကို ရလေရာ လုံးဝ အံ့အားသင့်လျက် ပျော်ရွှင်မှုဖြင့်လည်း ပြည့်နေတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 4 အခန်း ၁၅၅။ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ
ဟင်းလင်းပြင်က ရုတ်တရတ် တုန်ရီသွားကာ လှိုင်းဂယက်လေးများ ဖြစ်ပေါ်လာသည်။
၎င်းတို့ဘေးပတ်လည်ရှိ ဟင်းလင်းပြင်က ရေထဲသို့ ကျောက်စရစ်ခဲပစ်ထည့်လိုက်သလို လှိုင်းဂယက်လေးများထက်လျက် ပျံ့နှံ့သွား၏။ ဟင်းလင်းပြင်မှာ ထိုဂယက်လေးများ ဖြစ်ပေါ်လာခြင်းကြောင့် မရှင်းလင်းတော့ပေ။
ဂယက်လေးများ၏ ကြိမ်နှုန်းတိုးလာသည်နှင့် ဟင်းလင်းပြင်တစ်ခုလုံးက ပိုလို့ပင် အက်ကွဲလာ၏။ အဆုံးတွင် ဂယက်လေးများက အတူတကွစုစည်းလာကာ ဟင်းလင်းပြင်တစ်ခုလုံးကို အက်ကွဲသွားစေပြီး ခမ်းနားကြီးကျယ်လှသော တားမြစ်ဇုန်တစ်ခုဖန်တီးလိုက်သည်။
ရှုယီမှာ ထိုဟင်းလင်းပြင် အပြောင်းအလဲကိုကြည့်ရင်း မပြောဘဲ မနေနိုင်တော့ပေ။
“ဒါက ပုံမှန် ဟင်းလင်းပြင်မှော်ပညာနဲ့ ခြားနားတဲ့ပုံမပေါ်ဘူး မို့လား?”
မှော်စွမ်းအားစုစည်းရာတွင် အာရုံစိုက်ထားသည့် မဟာမှော်ပညာရှင်ကမ်မီလာကာ ရှုယီကို လျစ်လျူရှုထားရာ နံဘေးရှိ မဟာမှော်ပညာရှင် တယ်လုချီ က ရှုယီကို မျက်မှောင်ကုပ်ကြည့်လာသည်။
“စိတ်ရှည်ရှည်ထားပါ။ ပုံမှန်ဟင်းလင်းပြင်မှော်ပညာနဲ့ အရည်အသွေးခြားနားမှုရှိတယ်။”
“ရှိတယ်လား?”
ရှုယီလည်း ပါးစပ်ပိတ်ကာ မဟာမှော်ပညာရှင်ကမ်မီလာကို ဆက်ကြည့်နေလိုက်သည်။
မဟာမှော်ပညာရှင် တယ်လုချီက သူ့အား ကျေနပ်အားရနေသံဖြင့် မဟာမှော်ပညာရှင်ကမ်မီလာမှာ မဟာမှော်ပညာရှင် နယ်နမိတ်ကို ဖြတ်ကျော်၍ ဟင်းလင်းပြင်ဥပဒေသများကို နားလည်သွားပြီဟု ပြောလာချိန်တွင် သူ့နားကိုပင် သူ မယုံနိုင်ဖြစ်ခဲ့ရသည်။
ဟင်းလင်းပြင်ဥပဒေသများကိုနားလည်ခြင်းမှာ ခေါင်းဆောင် မှော်ပညာရှင်သာလုပ်နိုင်သည့် အရာဖြစ်သည်။ မဟာမှော်ပညာရှင်ကမ်မီလာသာ ထိုသို့ တကယ်ပဲ လုပ်နိုင်ပါလျှင် သူဟာ ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာပြီဟူသည့် အဓိပ္ပာယ်မဟုတ်ပေဘူးလား?
ယခင်နှစ်က မဟာမှော်ပညာရှင်ကမ်မီလာမှာ ဟင်းလင်းပြင်ဥပဒေသများကို နားလည်နေပြီဖြစ်သည့် သင်္ကေတတချို့ထုတ်ပြခဲ့ပြီးဖြစ်သော်လည်း သာမာန်မှော်ပညာရှင်တစ်ဦး၏ အမြင်ကနေသာ ဟင်းလင်းပြင်ဥပဒေသများကို ထိမိရုံဖြစ်သည်။ ၎င်းက ဟင်းလင်းပြင်ဥပဒေသများကို အစစ်အမှန်နားလည်ခြင်းနှင့် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကဲ့သို့ ကွာခြားသည်။
ထိုခြားနားချက်က မှော်ပညာရှင်တစ်ဦးအား မှော်ပညာလေ့လာခြင်းအပေါ် နှစ်များစွာ၊ ဆယ်စုနှစ်များစွာကြာအောင် အာရုံစိုက်မိစေပြီးမှ နားလည်မည်ဖြစ်၏။
ဘဝသက်တမ်းတလျှောက်လုံး ထိုကျော်ဖြတ်မှုမလုပ်နိုင်ဘဲ မဟာမှော်ပညာရှင်များအဖြစ်သာ ဆက်လက်ကျန်ရှိသည့် မဟာမှော်ပညာရှင်များစွာပင် ရှိနေသည်။
မဟာမှော်ပညာရှင်ကမ်မီလာမှာ ထိုနယ်နိမိတ်ကို ကျော်ဖြတ်ရန် တစ်နှစ်သာ အသုံးပြုခဲ့ရာ တကယ်ကို မယုံကြည်နိုင်ဖွယ်ရာပါပင်။
ထို့ကြောင့် မဟာမှော်ပညာရှင်ကမ်မီလာက သူ့ရှေ့မှောက်၌ ဟင်းလင်းပြင်ဥပဒေသများအား အသုံးပြုနေသည်ကိုမြင်နေရလျှင်တောင် ရှုယီ စိတ်ထဲ၌ သံသယအနည်းငယ် ဖြစ်မလာဘဲ မနေနိုင်တော့ပေ။
မဟာမှော်ပညာရှင်ကမ်မီလာနှင့် မဟာမှော်ပညာရှင် တယ်လုချီတို့က သူ့အပေါ် ဟာသများလုပ်နေကြလေသည်လား?
သူ၏ရှေ့ရှိ ပြိုကွဲနေသော ဟင်းလင်းပြင်၌ ရုတ်တရတ် အတက်အကျတစ်ခု ဖြစ်လာသည်။ ဟင်းလင်းပြင်တစ်ခုလုံးက ကျယ်ပြန့်လာပြီးနောက်မှ ကျုံ့သွားသည်မှာ အသက်ရှူလိုက်သလိုပင်။
ထိုသို့ အကြိမ်ရေများစွာ ထပ်ခါ ဖြစ်ပွားပြီးနောက် အသေးစားဟင်းလင်းပြင်က လုံးဝကျုံ့ဝင်သွားကာ အောက်ခြေကို မမြင်နိုင်သည့် အနက်ရောင် တွင်းတစ်တွင်းကို ဖန်တီးလိုက်သည်။
၎င်းမှာ မဟာမှော်ပညာရှင်ကမ်မီလာ၊ မဟာမှော်ပညာရှင် တယ်လုချီ, အကြီးအကဲ အီလူရှာ နှင့် အကြီးအကဲလီဆန်ယာတို့ ဟင်းလင်းပြင်မှော်ပညာကို ထုတ်ဖော်ချိန်၌ ရှုယီ အကြိမ်များစွာ မြင်ခဲ့ဖူးသည့် အရာဖြစ်သဖြင့် ထိုမျှ မအံ့ဩမိချေ။
ထိုအစား သူ၏ စိတ်ထဲ၌ သံသယက ပိုလို့နက်ရှိုင်းလာပါ၏။
ထိုပုံစံအတိုင်းသာဆိုလျှင် မဟာမှော်ပညာရှင်ကမ်မီလာ နားလည်ထားသည့် ဟင်းလင်းပြင်ဥပဒေသများက မည်သည့်အချိန်၌ ပေါ်ပေါက်လာမည်နည်း?
ထိုအတွေးက သူ၏စိတ်ထဲပေါ်လာပြီးနောက်တွင် ဟင်းလင်းပြင်မှာ တစ်ဖန်ပြောင်းလဲသွားပြန်သည်။
သာမာန်ဟင်းလင်းပြင်မန္တာန်မှာ ဟင်းလင်းပြင်ကို ချုံ့၍ ထိုဟင်းလင်းပြင်ရှိ အရာရာတိုင်းကို သက်ရောက်မှုရှိစေသည်။
ဟင်းလင်းပြင်မှော်ပညာ၌ ကျွမ်းကျင်သူ မှော်ပညာရှင်တစ်ဦးမှာ ဟင်းလင်းပြင်ချုံ့ခြင်းကို အသုံးပြု၍ လူတစ်ဦး၏ ခန္ဒာကိုယ်ကို ထိုဟင်းလင်းပြင်ထဲ ချုံ့ထည့်နိုင်ပြီး အခြားဟင်းလင်းပြင်၌ ပေါ်လာစေနိုင်သည်။ ၎င်းက နေရာရွှေ့ပြောင်းခြင်းမန္တာန်ပါပင်။
ဟင်းလင်းပြင်မှာ လက်ရှိတွင် အလင်းရောင်တစ်စိုးတစိမျှမရှိဘဲ နက်မှောင်နေပြီး အပြင်ပန်းတွင်လည်း မည်သည့်ကွာခြားချက်မှမရှိရာ ရှုယီမှာ ထိုဟင်းလင်းပြင်ထံမှ မည်သည့်ဒြပ်စင်မှော်စွမ်းအင်ကိုမှ ရုတ်တရတ် မခံစားနိုင်တော့ပေ။
ထိုသည်က မဖြစ်နိုင်သည့်အရာပင်!
ဒြပ်စင်မှော်စွမ်းအင်မှာ မည်သည့်ဟင်းလင်းပြင်၌မဆိုတည်ရှိပြီး မှော်ဒြပ်စင်အပြောင်းအလဲများရှိသည်မှာ သဘာဝပင်။
သို့သော် ရှုယီ မည်သို့ အာရုံစူးစိုက်သည်ဖြစ်စေ ထိုဟင်းလင်းပြင်ထံမှ ဒြပ်စင်မှော်စွမ်းအင်တစ်ခုလေးကိုပင် မရှာနိုင်ချေ။
ထိုသည်မှာ.... ဤဟင်းလင်းပြင်က ပျောက်ကွယ်သွားသည့်နှယ်ဖြစ်၏!
ရှုယီမှာ လေထဲရှိ တူးထုတ်ထားဟန်ရသော ပုန်းကွယ်နေသောဟင်းလင်းပြင်ကိုကြည့်လိုက်သည်။ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် သူဟာ မဟာမှော်ပညာရှင်ကမ်မီလာကို မေးလိုက်ပါ၏၊ “အဘိုး၊ ကျွန်တော့်ရဲ့့မှော်အစွမ်းကိုသုံးပြီး စစ်ဆေးလို့ရမလား?”
မဟာမှော်ပညာရှင်ကမ်မီလာက တစ်ချက်ရယ်၏၊ “သွားလေ၊ မင်း ဒဏ်ရာရမှာကို ပူစရာမလိုပါဘူး။”
“အဘိုးရဲ့ထိန်းချုပ်မှုက အလုံအလောက်မကောင်းနေမှာကိုပဲ စိုးရိမ်တာပါ။” ရှုယီက စိတ်ထဲ ရေရွတ်လိုက်ပြီးနောက် သူ၏မှော်အစွမ်းကို ထုတ်ဖော်လိုက်လေသည်။
သူစတင်လိုက်ချိန်တွင် အင်မတန်ဂရုတစိုက်ဖြင့် နံဘေးမှ စူးစမ်းရန် မှော်စွမ်းအင်အမျှင်တစ်ခုကို သုံးလိုက်သည်။
အနီးဝန်းကျင်ဟင်းလင်းပြင်က ပုံမှန်ဖြစ်ပြီး သူ၏ မှော်အစွမ်းဝင်ရောက်သွားရာ သဘာဝဒြပ်စင်မှော်အပြောင်းအလဲကို ခံစားမိလိုက်သည်။ သို့သော် သူ၏ မှော်စွမ်းအင်က ဟင်းလင်းပြင်အစွန်းသို့ ရောက်လာသည်နှင့် မည်သည့်ဒြပ်စင်မှော်စွမ်းအင်ကိုမှ အာရုံမခံနိုင်တော့ပေ။ ထိုမှော်စွမ်းအင်မှာ တမုဟုတ်ချင်းပျောက်ကွယ်သွားပြီး အသူတရာချောက်နက်ထဲ ကျဆင်းသွားသည့်နှင့် ရှုယီနှင့် ချိတ်ဆက်မှုအားလုံး ပြတ်တောက်သွားပါ၏။
ရှုယီလည်း ထိတ်လန့်သွားသည်။
၎င်းမှာ သူ့ထံမှလာသော မှော်စွမ်းအင်ဖြစ်ရာ ဟင်းလင်းပြင်အစွန်းကို ထိလိုက်သည်နှင့် ဝါးမြိုခံလိုက်ရမည်ဟု ထင်မထားခဲ့ပေ။ ထိုသည်က အင်မတန်မယုံကြည်နိုင်ဖွယ်ရာပင်။
ခေတ္တရပ်တန့်လိုက်ပြီးနောက် ရှုယီမှာ လက်မလျှော့ဘဲ သူ၏မှော်စွမ်းအားကို တိုးမြှင့်လိုက်သည်။
သို့သော် မှော်စွမ်းအင်က ထိုဟင်းလင်းပြင်အစွန်းသို့ တစ်ဖန်ရောက်လာသည်နှင့် မတိုင်ခင်ကကဲ့သို့ ချိတ်ဆက်မှုအားလုံး ပြတ်တောက်သွားသည်။
သူ ထပ်မံကြိုးစားကြည့်မည်အပြု၌ မဟာမှော်ပညာရှင် တယ်လုချီ က ရပ်တန့်ဖို့ လက်ပြလာသည်။
“ဟုတ်ပြီ ကြိုးစားကြည့်နေတာရပ်လိုက်တော့။ ငါ့ရဲ့ မှော်စွမ်းအင်ကို ပို့ရင်တောင် မင်းလိုပဲ ဒီဟင်းလင်းပြင်ကို လုံးဝထိနိုင်မှာမဟုတ်ဘူး။”
မဟာမှော်ပညာရှင် တယ်လုချီ တောင် ဒါကို မလုပ်နိုင်ဘူးလား?
ရှုယီက မဟာမှော်ပညာရှင်ကမ်မီလာကို တအံ့တဩကြည့်လိုက်သည်။ သူ့ထံ၌ အပြုံးခပ်ဖျော့ဖျော့သာရှိသော်လည်း ထိုအပြုံး၌ ဘဝင်ခိုက်မှုများ ပြည့်နေသည်ကို တွေ့ရလေသည်။
ရှုယီလည်း ဟင်းလင်းပြင်ကို ပတ်သွားလိုက်သော် သူ့အား အံ့အားသင့်စေသော အရာကို တွေ့ရလေသည်။
ယခင်က မဟာမှော်ပညာရှင် ပေးခဲ့သော ရှင်းလင်းချက်အရ မှော်ပညာရှင်များ ဟင်းလင်းပြင်ကို သက်ရောက်စေမည့် ဟင်းလင်းပြင်မှော်ပညာကို အသုံးပြုချိန်တွင် ဟင်းလင်းပြင်မှာ သဘာဝကျကျပင် စက်လုံးတစ်ခု ဖြစ်ပေါ်လာစေလိမ့်မည်။
သို့သော် မဟာမှော်ပညာရှင်ကမ်မီလာ ယခုထိန်းချုပ်ထားသည့် ဟင်းလင်းပြင်မှာ တကယ်ကို ကုဗတုံးတစ်တုံးဖြစ်သည်။
၎င်းကတင် မဟာမှော်ပညာရှင်ကမ်မီလာအနေနှင့် ဤနေရာကို မည်မျှ ထိန်းချုပ်နိုင်ကြောင်းပြသနေ၏။
“ဒါပေမယ့် အဲဒါက ဘာအသုံးဝင်တာများရှိနေတာလဲ?” ရှုယီမှာ ကုဗတုံးဟင်းလင်းပြင်ကို ရှုပ်ထွေးနေဟန်ဖြင့်ကြည့်ရင်း မနေနိုင်ဘဲ မေးလိုက်သည်၊ “အဘိုး အဲဒီ့ ဟင်းလင်းပြင်ဥပဒေသဆိုတွေက ဟင်းလင်းပြင်ကို ဆန္ဒရှိသလို ကွေးနိုင်တာလား?”
“အဓိပ္ပာယ်မရှိတာ ဘယ်လိုလုပ် ဒီလောက် ရိုးရှင်းမှာတဲ့လဲ?” မဟာမှော်ပညာရှင်ကမ်မီလာမှာ ရှုယီကို စိုက်ကြည့်လာသည်၊ “ငါက ကနဦး ဟင်းလင်းပြင်ဥပဒေသတွေကိုပဲ နားလည်သေးတာကြောင့် ဟင်းလင်းပြင်ကို ဒီလောက် လွယ်လွယ်ထိန်းချုပ်နိုင်နေတာပဲ။ ဒီဟင်းလင်းပြင်မန္တာန်က အကျဉ်းချခြင်းလို့ ငါခေါ်ခဲ့တဲ့ဟာလေ။ ငါ့ရဲ့လွှမ်းမိုးမှုအောက် ရောက်နေသရွေ့ ဟင်းလင်းပြင်အလုံးစုံကို အပြည့်အဝ ချုပ်ကိုင်ထားလိမ့်မယ်။ ဒီဟင်းလင်းပြင်မှာ ကျန်တာမပြောနဲ့ဦး ငါ့အနေနဲ့ အချိန်ကိုတောင် ထိန်းချုပ်နိုင်တယ်။ ဘယ်လိုလဲ? ကြောက်သွားပြီလား?”
“စွမ်းအားကြီးလိုက်တာ! အရမ်း စွမ်းအားကြီးတာပဲ!” ရှုယီ ခေါင်းငြိမ့်၏။
ဟင်းလင်းပြင်မှော်ပညာကို နားလည်မှု အနည်းငယ်ရှိထားသည့် နဝမအဆင့်မှော်ပညာရှင် တစ်ဦးအနေနှင့် ရှုယီမှာ မဟာမှော်ပညာရှင် ကမ်မီလာ ဖော်ပြလာသည်က မည်မျှ စွမ်းအားကြီးကြောင်း နားလည်လေသည်။
မဟာမှော်ပညာရှင်ကမ်မီလာအနေနှင့် အဆင့်မြင့်မှော်ပညာရှင်များစွာအတွက် အခက်ခဲဆုံးအရာဖြစ်သည့် ဤမျှအရေးအပါဆုံးသော အခိုက်အတန့်ကို ချိုးဖျက်ရန် ၂နှစ်အောက်သာ အသုံးပြုခဲ့အတွက် ရှုယီမှာ အင်မတန် ဝမ်းသာလှသည်။
မဟာမှော်ပညာရှင်ရှိနေခြင်းကြောင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လူများစွာအား သတိထားလာစေကာ ၎င်းတို့ကို တိုက်ရိုက် ဆန့်ကျင်လုပ်ရှားမှုများ မပြုလာစေနိုင်တော့ပေ။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းထံ၌ မဟာမှော်ပညာရှင် တယ်လုချီသာမက ဖုံးကွယ်ထားသည့် မဟာမှော်ပညာရှင် ရူနာနှင့် ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာသည့် မဟာမှော်ပညာရှင်ကမ်မီလာပါရှိနေပြီဖြစ်သည်!
စိုင်စ်နယ်မြေကြီးတစ်ခုလုံးကို ဖယ်လိုက်လျှင် လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့နှင့်တင် ၎င်းတို့မှာ သေချာပေါက် ပြိုင်ဘက်မရှိတော့ပြီ!
“အပျော်မစောပါနဲ့ဦး” မဟာမှော်ပညာရှင် တယ်လုချီက ရှုယီ၏ ပျော်ရွှင်မှုအပေါ် ရေအေးတစ်ပုံးလောင်းချလိုက်ပါ၏၊ “ကမ်မီလာက ဒီအဆင့်ကို ရောက်နေပြီဆိုပေမယ့်လည်း ခေါင်းဆောင်မှော်ပညာရှင် မဖြစ်လာခင် ဌာနချုပ်ရဲ့ ခွင့်ပြုချက်ရဖို့လိုသေးတယ်။”
ရှုယီ အံ့အားသင့်သွားသည်၊ “သူ့ဘာသာ အလုံအလောက်သန်မာနေရင် ရပြီမဟုတ်ဘူးလား? ဘာလို့ ဌာနချုပ်ဆီကနေ ခွင့်ပြုချက်ယူဖို့ လိုဦးမှာလဲ?”
“ဘာလို့လဲဆိုတော့ ဌာနချုပ်ရဲ့ခွင့်ပြုချက်နဲ့မှာ အားလုံးက ခေါင်းဆောင်မှော်ပညာရှင်အဖြစ် အသိအမှတ်ပြုမှာမို့လေ။” မဟာမှော်ပညာရှင်ကမ်မီလာက ရှင်းပြလာသည်၊ “ကောင်လေး မင်း ငါ့ကို ခေါင်းဆောင်မှော်ပညာရှင်ဖြစ်လာစေချင်တာက မင်းတို့လုပ်ငန်းစုမှာ မှော်ပညာရှင်တွေပိုစုဆောင်းချက်လို့ပဲလေ။ ဒါပေမယ့်လည်း တခြားလူတွေကသာ ငါ့ကို ခေါင်းဆောင်မှော်ပညာရှင်အဖြစ် အသိအမှတ်မပြုရင် လူတွေကို ခြောက်လှန့်ဖို့ ခေါင်းဆောင်မှော်ပညာရှင် ခေါင်းစဉ်ကို သုံးလို့ရမှာ မဟုတ်ဘူး။” မဟာမှော်ပညာရှင်ကမ်မီလာက နှာမှုတ်ကာ ပြောလာသည်။
ရှုယီက ရယ်မောရင်းဖြင့် အတည်ပြုခြင်းမရှိသလို ငြင်းလည်း မငြင်းပယ်လာပေ။
“အဘိုးနဲ့ မဟာမှော်ပညာရှင် တယ်လုချီတို့ ရုတ်တရတ် အန်ဗီမာမြို့တော်ကို ရောက်လာတာ မဆန်းပါဘူး၊ ဒါပြီးရင် ဌာနချုပ်ကို ခရီးထွက်ရဦးမှာမဟုတ်လား?”
“ဟုတ်တယ်၊ ဒါက ဌာနချုပ်ရဲ့ ခွင့်ပြုချက် ယူဖို့တင်မကဘူး နောက်ထပ် ခေါင်းဆောင်မှော်ပညာရှင်အဆင့်ကို ရောက်ဖို့ ငါ့ရဲ့ ခွန်အားကို ခိုင်ခံ့အောင်လုပ်ဖို့လည်းပါတယ်။” မဟာမှော်ပညာရှင်ကမ်မီလာက ဆိုသည်။
မဟာမှော်ပညာရှင် တယ်လုချီက ရုတ်တရတ် သက်ပြင်းချလာ၏၊ “ကမ်မီလာက ခေါင်းဆောင်မှော်ပညာရှင်ဖြစ်ပြီး ဟင်းလင်းပြင်ဥပဒေသတွေကို နားလည်နေပြီလေ။ ငါက စတုတ္ထအဆင့်မဟာမှော်ပညာရှင်အဆင့်မှာပဲရှိသေးပြီး အဆင့်မတက်တာလည်း ကြာနေပြီ။ ကမ်မီလာ၊ ခင်ဗျားက ကျုပ်တို့ လမ်ပူရီတိုင်းပြည်ရဲ့ ရာစုနှစ်ချီသမိုင်းမှာ ပထမဆုံး ခေါင်းဆောင်မှော်ပညာရှင်ပဲ၊ ကျုပ်တို့ လေးယောက်ကတော့ အနာဂတ်မှာ ခင်ဗျားကို မော့ကြည့်နေရုံပဲ တတ်နိုင်တော့တယ်။”
မဟာမှော်ပညာရှင်ကမ်မီလာက ရယ်လေသည်။ သူက မဟာမှော်ပညာရှင် တယ်လုချီ၏ ပခုံးကိုပုတ်လိုက်ပြီးနောက် ရှုယီကို ညွှန်ပြလာ၏၊ “ခင်ဗျား ကြိုးစားမှ ရမယ်၊ မဟုတ်ရင် ဆယ်နှစ်အတွင်းမှာ ဒီကောင်လေးက ခင်ဗျားကို လိုက်မှီတော့မှာ။ ဒါပေမယ့် စိုးရိမ်ဖို့တော့မလိုပါဘူး၊ ကျုပ် ဒီနှစ်တွေအတွင်းမှာ ဒီလောက်မြန်မြန် ကျော်ဖြတ်နိုင်သွားတာက မှော်သုတေသနဌာနအတွက် သုတေသနတွေလုပ်ခဲ့တာကြောင့်ပဲ။ မှော်စက်တွေကို လေ့လာတာက တကယ်တမ်း ကျုပ်ရဲ့ မှော်ပညာနားလည်နိုင်စွမ်းကို တိုးလာစေတာ သိသွားတယ်လေ။ အခုတော့ ခင်ဗျား နားမလည်နိုင်လောက်သေးပေမယ့် ခဏလောက်နေလိုက်ရင် သိလာပါလိမ့်မယ်။”
မဟာမှော်ပညာရှင် တယ်လုချီက ခေါင်းငြိမ့်သည်၊ “အင်း တကယ်တော့ ကျုပ်လည်း ဒီလို ခံစားနေမိပြီးသားပါ။ ဥပမာပြောရရင် ရှုယီက အမြဲတမ်း ကျုပ်တို့ မှော်သုတေသနဌာန သုတေသီတွေကို တိကျတဲ့အချက်အလက် အတိုင်းအတာတွေယူဖို့ တောင်းဆိုပြီး ကျုပ်တို့အနေနဲ့ ပြသဖို့ အချက်အလက် အပြည့်အစုံရှိစေဖို့ မျှော်လင့်နေတာကြောင့်ပဲ။ ကျုပ် မှော်သုတေသနလုပ်တဲ့နေရာက ဒီစိတ်ကို သုံးသပ်လိုက်တော့ ကျုပ်ရဲ့ မှော်ပညာကို နားလည်နိုင်မှုက အရင်ကထက် အများကြီး ပိုနက်ရှိုင်းလာတာ သိလိုက်ရတယ်လေ။”
“တကယ်လား?” ရှုယီ အင်မတန်ပျော်ရွှင်သွားသည်၊ “မဟာမှော်ပညာရှင် တယ်လုချီ, ဖြစ်နိုင်တာတော့ နှစ်အနည်းငယ်အတွင်းမှာ ခင်ဗျားလည်း ခေါင်းဆောင်မှော်ပညာရှင် ဖြစ်လာနိုင်တယ်မလား? ဒါက တကယ်ကို ကောင်းတာပဲ! ကျုပ်တို့ လုပ်ငန်းစုမှာသာ ခေါင်းဆောင်မှော်ပညာရှင်နှစ်ဦးရှိမယ်ဆိုရင် အနာဂတ်မှာ ကျုပ်တို့ လုပ်ငန်းစုအပေါ် ဘယ်လိုအကြံတွေကို ဘယ်သူထုတ်လာရဲမလဲ ကြည့်ချင်မိတယ်ဗျာ!”
မဟာမှော်ပညာရှင်ကမ်မီလာနှင့် မဟာမှော်ပညာရှင် တယ်လုချီတို့က တစ်ဦးကိုတစ်ဦး အပြုံးဖြင့် ကြည့်လိုက်ကြသည်။
လူငယ်မျိုးဆက်အတွက် ရှုယီကို မဟာမှော်ပညာရှင်ကမ်မီလာ ကြည့်ပုံနှင့် ခြားနားကာ မဟာမှော်ပညာရှင် တယ်လုချီ၏ အကြည့်၌ ဆုံးဖြတ်ချက်တို့ပြည့်နေ၏။
ကမ်မီလာက နှစ်အနည်းငယ်အတွင်း ဤမျှမြန်မြန်ကျော်ဖြတ်နိုင်ကတည်းက အဘယ့်ကြောင့် သူလည်း မဖြစ်နိုင်ရမည်နည်း!
ထိုသို့စဉ်းစားရင်း မဟာမှော်ပညာရှင် တယ်လုချီက ရှုယီကို ထူးဆန်းစွာကြည့်လိုက်သည်။
သူသာ အနာဂတ်၌ ကမ်မီလာကဲ့သို့ သူ၏အင်အားကို တိုးမြှင့်နိုင်ခဲ့ပါလျှင် ၎င်းက အနာဂတ်တွင် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးရမည့် အကြောင်းအရင်းအမှန်ဖြစ်လာနိုင်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၅၆။ သွေးကြွေးကို သွေးနဲ့ပဲ ဆပ်ရမယ်။
မဟာမှော်ပညာရှင်ကမ်မီလာမှာ ဟင်းလင်းပြင်ဥပဒေသများကိုနားလည်ပြီး မဟာမှော်ပညာရှင်အဆင့်၏ နယ်နမိတ်ကို ချိုးဖြတ်လိုက်သည်မှာ မဟာမှော်ပညာရှင်ကမ်မီလာ၊ မဟာမှော်ပညာရှင် တယ်လုချီ နှင့် ရှုယီသာ သိသည့်အရာဖြစ်ပြီး မည်သူကမှမသိချေ။
၎င်းက အမှန်ဖြစ်လျှင်တောင် မဟာမှော်ပညာရှင်ကမ်မီလာမှာ ဌာနချုပ်၏ ခွင့်ပြုချက်မရှိဘဲ မိမိကိုယ်ကို ခေါင်းဆောင်မှော်ပညာရှင်အဖြစ် အလျင်စလိုကြေညာခြင်းကဟာသဖြစ်လောက်သည်ဟု ခံစားရသည်။
ထို့ကြောင့် သူဟာ ရှုယီအား ၎င်းကို လျှို့ဝှက်ထားရန် အတင်းအကြပ်အမိန့်ပေးကာ အများဆုံး စတေးလ်ကိုသာ ပြောခိုင်းသည်။ မဟာမှော်ပညာရှင်ကမ်မီလာလည်း နောက်တွင် တိတ်တဆိတ်ပင် ကောင်းကင်မြို့ရှိ မှော်ပညာရှင်များအဖွဲ့အစည်းဌာနချုပ်သို့ တစ်ဦးတည်း ဦးတည်လိုက်သည်။
မဟာမှော်ပညာရှင် တယ်လုချီမှာ မဟာမှော်ပညာရှင်ကမ်မီလာကို ပို့ပြီးနောက် သူလည်း သုသေတနဆက်လုပ်ရန် ဘန်တာမြို့သို့ ပြန်လာလိုက်သည်။
မဟာမှော်ပညာရှင်ကမ်မီလာက အဆင့်တက်သွားသဖြင့် သူလည်း မှော်စက်များသုတေသနလုပ်ရာတွင် အလေးအနက်စိတ်ဝင်စားနေပြီဖြစ်သည်။
သူဟာ Frestech ကုန်သည်ကြီးများအသင်းကို ဝင်ရောက်ပြီး ထိုသုတေသနလုပ်ခြင်းက ရှုယီအနေနှင့် ကာရက်စ်ခါကျွန်း သားများ၏ ဘဝကို ပြောင်းလဲပေးခြင်းအား ကျေးဇူးတင်သောကြောင့်ဟု ဆိုရပါလျှင် ယခုတွင် သူဟာ သူ၏ ကိုယ်ပိုင်မှော်စွမ်းအားတိုးတက်ရန် ပို၍ အားစိုက်နေပြီဖြစ်သည်။
သူ၏ စိတ်ဆောင်မှုနှင့် တွန်းအားက ခြားနားသောကြောင့် ရလာဒ်များက သေချာပေါက် ကွဲပြားသည်။
ရှုယီမှာ မဟာမှော်ပညာရှင် တယ်လုချီ အနေနှင့် မီးစွမ်းအားမှော်အင်ဂျင်တွင် သေချာပေါက် တိုးတက်မည်ဟု ယုံကြည်သည်။
သူ့အနေနှင့်မူ မဟာမှော်ပညာရှင်ကမ်မီလာနှင့် မဟာမှော်ပညာရှင် တယ်လုချီတို့ ယူလာသည့် သတင်းကောင်းကိုကြားပြီးနောက် တည်ငြိမ်သွားသည်။
မှန်ပါ၏ ရှုယီမှာ ဒီတိုင်းလေး ထိုင်နေလိုက်သည်တော့လည်း မဟုတ်ပေ။
သူဟာ မှော်စွမ်းအင် ပြန်လည်ဖြည့်တင်းရေးရုံများအတွက် ဆယ်ဗီနီနှင့်လည်း ဆက်လက်ဆွေးနွေးနေခဲ့ပါ၏။
ဆယ်ဗီနီက ဤကိစ္စတွင် ရဲတင်းမှုကို ခိုင်ခိုင်မာမာပြသခဲ့သည်။
ရှုယီမှာ ၎င်းတို့အနေနှင့် မှော်စွမ်းအားပြန်လည်ဖြည့်တင်းရုံတစ်ရုံဆောက်ကာ မကျယ်ပြန့်ခင် အချိန်တချို့ကြာ စမ်းသပ်မှုလုပ်မည်ဟု အဆိုပြုခဲ့ပါ၏။
သို့သော် ဆယ်ဗီနီမှာ နည်းပညာ လွှဲပြောင်းရေးကိစ္စကို ရှုယီနှင့်အတူ သတ်မှတ်ပြီးနောက် လမ်ပူရီတိုင်းပြည်အတွင်း တစ်ကြိမ်တည်းနှင့် မှော်စွမ်းအားပြန်လည်ဖြည့်တင်းရေးရုံ ဆယ်ရုံတည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါ၏။
အနှီ မှော်စွမ်းအားပြန်လည်ဖြည့်တင်းရေးရုံဆယ်ရုံအတွက် ဆယ်ဗီနီ ရွေးထုတ်ထားသည့် လမ်ပူရီတိုင်းပြည်မြေပုံရှိ တည်နေရာကို သုံးသပ်ရသော် ဆယ်ဗီနီမှာ ထိုကိစ္စအတွက် ဂရုတစိုက်စဉ်းစားပေးထားသည်ကို မြင်နိုင်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုမှော်စွမ်းအားပြန်လည်ဖြည့်တင်းရေးရုံ ဆယ်ရုံအားလုံးမှာ အရေးကြီးနေရာများ၌ ရှိနေပြီး မှော်ကားများ ပြည်လည်ဖြည့်တင်းမှုလိုအပ်သည့် နေရာများအားလုံး၌ ရှိနေခြင်းကြောင့်ပင်။
အနှီမှော်စွမ်းအား ပြန်လည်ဖြည့်တင်းရေးရုံများအား အပြီးသတ်ပြီးသည်နှင့် မှော်ကားတစ်စင်းမှာ လမ်ပူရီတိုင်းပြည်၏ အစိတ်အပိုင်းတိုင်းကို ရောက်နိုင်သည်ဟု မဆိုသာသော်လည်း မှော်ကားပြည်လည်ဖြည့်တင်းရေး ပြဿနာအများစုကို ဖြေရှင်းပေးလိမ့်မည်။
ရှုယီမှာ ဆယ်ဗီနီ၏ ရဲတင်းသော အစီစဉ်ကို ထောက်ခံပါ၏။
၎င်းသာ ဖြစ်နိုင်လျှင် သူ့အနေနှင့် လမ်ပူရီတိုင်းပြည်၌ စွမ်းအင်စံနှုန်းကို မြှင့်တင်ချင်သည်။ သူ့အနေနှင့် ၎င်းကို Frestech ကုန်သည်ကြီးများအသင်းနှင့်အတူတွဲလုပ်ကိုင်နေကြသော ရူဒ်ဆန်တိုင်းပြည်နှင့် အခြားနိုင်ငံများတွင်ပါ မြှင့်တင်လိုလေသည်။
သူသာ ထိုနိုင်ငံများ၌ အုတ်မြစ်ကောင်းတစ်ခုတည်ဆောက်နိုင်ပါလျှင် အနှီနိုင်ငံများတွင် မှော်စက်မှုစနစ်များ ဖွံ့ဖြိုးရေးလုပ်ဆောင်ရာ၌ ရှုယီအတွက် အထောက်အကူ ကြီးကြီးမားမားဖြစ်လာလိမ့်မည်။
မှန်ပါ၏၊ ၎င်းကို တစ်ဆင့်ချင်းသွားဖို့လိုလေသည်။
ရှုယီ၏ လက်ရှိ ဦးစားပေးပန်းတိုင်မှာ ၎င်းကို လမ်ပူရီတိုင်းပြည်၌ ဖြန့်ကျက်ရန်ဖြစ်ရာ အခြားနိုင်ငံများအနေနှင့် စောင့်ဆိုင်းဖို့လိုသည်။
ဆယ်ဗီနီနှင့် ဆွေးနွေးပြီးနောက် ရှုယီ၏ အန်ဗီမာမြို့တော်တော်ရှိ ကိစ္စမှာ တရားဝင်အဆုံးသတ်သွားပြီဖြစ်သည်။
သို့ရာတွင် ဆယ်ဗီနီနှင့် ၎င်းမှော်စွမ်းအားပြန်လည်ဖြည့်တင်းရေးရုံ စာချုပ်၌ လက်မှတ်ထိုးပြီးနောက် စတေးလ်တို့နှင့်အတူ စတက်တိန်းနယ်မြေသို့ ပြန်ရန် စီစဉ်လိုက်ချိန်တွင် ရုတ်တရတ် သတင်းဆိုးတစ်ခု ထွက်လာခဲ့သည်။
အန်ကလိုနှင့် ဒုခ်ဝိန်းတို့က စစ်ကြေညာခဲ့ကြ၏။
သုံးရက်ကြာပြီးနောက် ရှုယီ၏ ဆန်နက်မြေရိုင်းနှင့် စတက်တိန်းနယ်မြေ နယ်နိမိတ်ကို နီးကပ်လာချိန်တွင် ရှုယီ၏ မျက်နှာထက်၌ လေးနက်ဟန်ရှိနေသည်။
Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်ခေါင်းဆောင် ဟာ့ထ်က ထိုနေရာ၌ စောင့်ဆိုင်းနေသည်။
“အခု အခြေနေဘယ်လိုလဲ?” ရှုယီက စတက်တိန်းနယ်မြေ၏ နယ်စပ်ရှိ လမ်းကို စောင့်ကြပ်နေသည့် ဒုခ် ဝိန်း၏ စစ်သည်များကိုကြည့်ရင်း လေးနက်စွာဖြင့် ထိုသို့မေးလိုက်လေသည်။
“မကောင်းပါဘူး။” ဟာ့ထ်က ခေါင်းခါလေသည်၊ “ဒုခ် ဝိန်းက ဥက္ကဌဆီပေးထားတဲ့ နယ်မြေအားလုံးကို ပြန်ယူလိုက်လို့ သူဝင်လို့မရတဲ့ ကျုပ်တို့လုပ်ငန်းစုရဲ့ အဓိက အခြေစိုက်ဌာနပဲ ကျန်တော့တယ်။ သူက ကျုပ်တို့နယ်မြေနဲ့ ချိတ်ဆက်နေတဲ့ လမ်းတွေအားလုံးကို ပိတ်ချထားပြီး အခြေစိုက်ဌာနကို စစ်တပ်ကြီးတစ်ခုနဲ့ ဝိုင်းထားတော့ လုံးဝ ထိုးဖောက်လို့မရဘူး။”
“ဟမ့် ဒီလူက အရင်တစ်ခေါက် ရှုံးသွားပြီးနောက်မှာ ငါတို့ကို အထင်မသေးရဲတော့ဘူးပဲ။” ရှုယီက နှာမှုတ်လိုက်ပြီးနောက် ရုတ်တရတ် ဟာ့ထ်၏ အပြောရှိ ပြဿနာတစ်ခုကို ရုတ်တရတ် ရှာတွေ့သွားသည်၊ “သူက ကျုပ်တို့နယ်မြေနဲ့ ချိတ်ဆက်နေတဲ့ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားတယ်လို့ပြောခဲ့တာလား? သူ့အနေနဲ့ ကုန်းလမ်းတွေကို ပိတ်လို့တော့ရပေမယ့် ရေလမ်းကျတော့ ဘယ်လိုပိတ်နိုင်မှာလဲ?”
ဟာ့ထ်က ခါးသက်သက်ပြုံးလာသည်၊ “ဒုခ်ဝိန်း တိုက်ခိုက်တော့ စခ်တိုင်းပြည်ရဲ့ ရေကြောင်းတပ်ဖွဲ့က ဆန်နက်မြေရိုင်းရဲ့ မြောက်ဘက်ကမ်းရိုးတန်းကနေ ဆင်းချလာပြီး ကျုပ်တို့အခြေစိုက်ဌာနအပြင်ဘက် ကမ်းရိုးတန်းကိုပိတ်ချထားတာ။ ကျွန်းသခင် စမီလ်တန်က ကူညီဖို့ ကြိုးစားပေမယ့်လည်း အရမ်းဝေးနေတော့ ဖောက်မဝင်နိုင်ဘူး။”
“စခ်တိုင်းပြည်ကလည်း ပါချင်တာလား?” ရှုယီက အနောက်ဘက်ကမ်းရိုးတန်းကိုကြည့်ကာ အေးစက်စက်ပြုံး၍ ပြုံး၍ပြောလေသည်၊ “ဘာလို့ ဒုခ် ဝိန်းက ဒီလောက် အတင့်ရဲလာတာလဲလို့ စဉ်းစားနေတာ၊ ဒီတော့ သူက စခ်တိုင်းပြည်နဲ့ လျှို့ဝှက်ပြီး ကြံနေခဲ့တာကိုး။”
ဟာ့ထ်က သက်ပြင်းချသည်၊ “ဥက္ကဌ၊ ဒါက အဓိက အကြောင်းအရင်းလို့တော့ ကျုပ်မထင်ဘူး။ အကြီးဆုံးပြဿနာက ကျုပ်တို့က အရမ်းကို ပေါ့ဆနေခဲ့တာပဲ။”
“အိုး?”
“ကျုပ်တို့သာ အရမ်းမပေါ့ဆခဲ့ရင် ဒုခ် ဝိန်းလည်း ဒီလို ရုတ်တရတ် တိုက်ခိုက်မှုလုပ်ပြီး ကျုပ်တို့လုပ်ငန်းစုက ထုတ်လုပ်ထားကာစ စစ်ဘက်သုံးမှော်စက် ပမာဏကြီးတစ်ခုကို ယူသွားမှာမဟုတ်ဘူးလေ။ သူ့အတွက် ကျုပ်တို့ကို ဒီလိုပိတ်ထားဖို့တောင် ဖြစ်နိုင်မှာမဟုတ်ဘူး။ ဒီစစ်ဘက်သုံးမှော်စက်တွေရဲ့ အကူအညီမပါရင် ဒုခ် ဝိန်းရဲ့ လက်အောက်ခံတွေက ဘာမှ ပြောဖို့တောင် ထိုက်တန်တာမဟုတ်ဘူး။”
ရှုယီက ခေါင်းငြိမ့်၏။ သူဟာ ဒုခ် ဝိန်းထံ၌ ထိုအစီစဉ်က အချိန်ကြာတည်းက ရှိနေခဲ့ပြီး လှုပ်ရှားရန် သူအဝေးသို့ သွားချိန်အား စောင့်နေခဲ့ခြင်းဖြစ်ရမည်ဟု စဉ်းစားမိလိုက်သည်။
အကြောင်းအရင်းမှာ သူ မရှိချိန်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ တုံ့ပြန်မှုပိုနှေးသောကြောင့်ပင်။ ၎င်းက သူ့အား အရေးပါသည့် ထိုစစ်ဘက်သုံးကုန်စည်များကို လုယူနိုင်ခွင့်ပေးလိုက်ပြီး လက်နက် အားသာသွားစေသည်။
သူဟာ ယခင်တစ်ခေါက်က Frestech ကုန်သည်ကြီးများအသင်းနှင့် တိုက်ခိုက်မှုကို သင်ခန်းစာယူထားသည်မှာ သိသာသည်။ သူ့အနေနှင့် စစ်ဘက်သုံးမှော်စက်များ၏ အရေးပါပုံကိုပင် လေ့လာထားသောကြောင့် ၎င်းတို့ကို ထိပ်တန်းဦးစားပေးနေရာ၌ ထားလေသည်။
“ဟာ့ထ်, ခင်ဗျားပြောခဲ့တဲ့ အခြေအနေအရဆို ကျုပ်တို့ရဲ့ အဓိက အခြေစိုက်ဌာနက အခု အဆင်ပြေလောက်မယ်မဟုတ်လား?”
“ဒါပေါ့” ဟာ့ထ်က ရင်ကိုမောက်လျက် ဂုဏ်ယူဟန်ပြလာသည်၊ “ကျုပ်တို့ အစောင့်တွေမှာ လူတစ်ထောင်ပဲရှိပြီး ဒုခ် ဝိန်းဆီမှာ လူသောင်းချီရှိပေမယ့်လည်း သူတို့အနေနဲ့ သေချာပေါက် ကြွယ်ဝခြင်းမြစ်ကို မဖြတ်နိုင်ဘူးလေ! ကျုပ်အနေနဲ့ တိုက်ခိုက်ဖို့ လူနှစ်ရာကိုတောင် ဦးဆောင်နိုင်ပြီး သူ့အနေနဲ့လည်း လုံးဝတားနိုင်မှာမဟုတ်ဘူး!”
ရှုယီလည်း မပြုံးမိဘဲ မနေနိုင်တော့ပေ။
ဟာ့ထ်က သူရဲကောင်းဆန်ဆန်ပြောလာသော်လည်း သူသာ ဒုခ်ဝိန်း၏ စစ်သည်ထောင်ချီခံတပ်ကို ထိုးဖောက်ရန် Frestech ကုန်သည်ကြီးများအသင်း အစောင့်နှစ်ရာကို ဦးဆောင်ခေါ်သွားမည်ဆိုပါလျှင် ၎င်းက သူနှင့် အခြားအစောင့်တို့၏ ရဲရင့်မှုအပေါ် မူတည်မည်မဟုတ်ဘဲ ၎င်းတို့ကို တိုက်ခိုက်ခြင်းအပေါ် မူတည်ပါ၏။
ထိုအတွေးပေါ်လာချိန်တွင် ရုတ်တရတ် ကောင်းကင်မှ အရိပ်တစ်ခု ဖြတ်ပျံလာလေသည်။
တစ်အောင့်ကြာပြီးနောက် ၎င်းအရိပ်ကြီးက ရှုယီ၏ အဖွဲ့ ခေါင်းများထက်၌ ပျံနေလေ၏။
မော့ကြည့်လိုက်သော် အလတ်စားမှော်လေသင်္ဘောကို တွေ့ရလေသည်။
မှော်လေသင်္ဘောက တဖြည်းဖြည်း ဆင်းသက်လာကာ ရှုယီနှင့် မနီးမဝေးတွင် ရပ်လိုက်သည်။
တံခါးပွင့်လာချိန်တွင် အဖွဲ့တစ်ဖွဲ့ထွက်လာသည်။
ရှုယီကြည့်လိုက်ရာ Frestech လယ်ခင်း၏ သာမာန်လယ်သမားများဖြစ်ကြောင်းတွေ့လိုက်ရ၏။
၎င်းတို့၏ အဝတ်များက နွမ်းပါးနေပြီး ၎င်းတို့ကမူ မျက်တွင်းများချောင်ကျလျက် လတ်တလော စိုးရိမ်ပူပန်စွာ နေခဲ့ရသည်မှာ ထင်ရှားသည်။
ရှုယီကို မြင်ပြီးနောက် မှိန်ဖျော့ဖျော့မျက်လုံးများနှင့် နွမ်းနယ်ဟန်ရှိနေခဲ့ကြသော ထိုလယ်သမားများမှာ ချက်ချင်း အားအင်ပြန်ရသည့်နှယ်ဖြစ်သွားကြသည်။ ၎င်းတို့၏ မျက်လုံးများလည်း တောက်ပလာကာ ယုံကြည်ချက်ရှိရှိ မပြုံးဘဲ မနေနိုင်တော့သလို ရှေ့သို့ လျှောက်လာကြလေ၏။
“ဥက္ကဌ ပြန်လာပြီပဲ!”
“ကောင်းလိုက်တာ! ဥက္ကဌ ပြန်လာပြီ!”
“ဟားဟား ဥက္ကဌ ပြန်လာပြီ၊ အဲဒီကောင် ဒုခ် ဝိန်းကတော့ သေချာပေါက် ကံကြမ္မာကောင်းမရှိလောက်တော့ဘူး!”
“ဥက္ကဌ ခင်ဗျား ကျုပ်တို့အတွက် လက်စားချေပေးမှရမယ်!”
......
ရှုယီက လူတိုင်းကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် လေးနက်ဟန်ဖြင့် ပြောလာသည်၊ “အားလုံးပဲ စိတ်ချပါ၊ ခင်ဗျားတို့ အားလုံးက ကျုပ်တို့လုပ်ငန်းစုရဲ့ အလုပ်သမားတွေမို့ ခင်ဗျားတို့ရဲ့ အကျိုးအမြတ်က ကျုပ်တို့လုပ်ငန်းစုရဲ့ အကျိုးအမြတ်ပါပဲ။ အခု ခင်ဗျားတို့အနေနဲ့ ဒုခ်ဝိန်းဆီကနေ အရှက်ခွဲခံရတော့ ကျုပ်တို့ လုပ်ငန်းစုက သေချာပေါက် တရားမျှတမှုပြန်ရှာပေးမှာပါ။ အားလုံး ဘယ်လောက်ပဲ ဆုံးရှုံးသွားသည်ဖြစ်စေ ကျုပ်တို့ လုပ်ငန်းစုက ဒီအတွက် အလျော်ပြန်ပေးမှာပါ။”
“ဒါပေမယ့် ကျွန်မရဲ့မိသားစုက....” ဖုန်မှုန့်များပေကျံနေသည့် မျက်နှာနှင့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက ငိုကြွေးလာလေသည်၊ “ကျွန်မရဲ့ မိသားစုက အဲဒီ့သောက်ကောင်တွေဆီမှာ အသတ်ခံလိုက်ရတာလေ! ဘယ်လိုများ ပြန်လျော်ပေးနိုင်မှာလဲ....”
အားလုံး၏ စိတ်က ၎င်းအပေါ် ကျရောက်သွားလေသည်။
ဒုခ် ဝိန်း၏ ရုတ်တရတ်တိုက်ခိုက်မှုက လူတိုင်းကို သတိထားမိစေသည်။ ရှုယီလက်အောက်ရှိ နယ်မြေသစ်များသို့ ရောက်လာကြသည့် လူများမှာ သတိထားနေကြပြီး လူတိုင်း လွတ်မြောက်နိုင်ခဲ့သည်တော့ မဟုတ်ပေ။
၎င်းတို့မှာ အလျင်အမြန် တုံ့ပြန်ခဲ့ကြပြီး ကံကောင်းကြသောကြောင့်သာ ရှင်သန်နိုင်ခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်း၏ ကယ်ဆယ်ရေး အဖွဲ့ထဲသို့ ရောက်လာခြင်းဖြစ်သည်။ မဟုတ်ပါက ၎င်းတို့လည်း ၎င်းတို့၏မိသားစုဝင်များကဲ့သို့ ဒုခ် ဝိန်းလက်အောက်၌ သေကြေခဲ့ကြလိမ့်မည်သာ။
ရှုယီက အသက်ပြင်းပြင်း ရှူလိုက်ပါ၏။ သူဟာ မျက်လုံးများကို ကျဉ်းမြောင်း၍ လေးနက်စွာပြောလေသည်၊ “လူတွေရဲ့ အသက်ကို ပြန်လျော်ပေးလို့မရနိုင်ပေမယ့်လည်း အဲ့ကောင်တွေအနေနဲ့ သွေးကြွေးကို သွေးနဲ့ပဲ သေချာပေါက် ပြန်ဆပ်မယ်လို့ ကျူပ်အာမခံနိုင်ပါတယ်!”
ထိုလူများကို နှစ်သိမ့်ပေးပြီးနောက် ရှုယီမှာ ဟာ့ထ်အား အစောင့်တချို့ကို ဆန်နက်မြေရိုင်းထဲသို့ စောင့်ကြပ်ခိုင်းရန် ထည့်ပေးခိုင်းလိုက်သည်။
အစီစဉ်များအရ ထိုလူများအား ဆန်နက်မြေရိုင်းသို့ပို့ဆောင်ပေးကာ လက်ရှိအတွက် ပြင်ဆင်ထားပြီးသား Frestech ကုန်သည်ကြီးများအသင်း အဆောက်အဦးများ၌ နေရမည်ဖြစ်သည်။
အနာဂတ်အတွက်ကိုမူ ဒုခ်ကို ရှင်းထုတ်ပြီးနောက်မှ ဆက်ပြောကြလိမ့်မည်ဖြစ်၏။
ထိုလူများကအား အစောင့်များက လိုက်လံစောင့်ရှောက်၍ ခေါ်ဆောင်သွားသည်ကို ကြည့်နေပြီးနောက် ရှုယီမှာ မှော်လေသင်္ဘောမှ ထွက်လာသည့် အီဗီတာဘက်လှည့်လိုက်သည်။ သူမဟာ အင်မတန် ပင်ပန်းနေပုံရပြီး မျက်နှာလေးက ဖျော့တော့နေသည်ကိုမြင်သော် သူလည်းသက်ပြင်း မချမိဘဲ မနေနိုင်တော့ပေ။
ထိုနူးနူးညံ့ညံ့မိန်းကလေးမှာ ဤရက်များအတွင်း စစ်မြေပြင်၌ လူများကို လိုက်လံစောင့်နေရသည်။ သူမအနေနှင့် ရှင်ကျန်သူများကို ရှာဖွေရန် မှော်လေသင်္ဘောကို အသုံးပြုနေခဲ့ရသောကြောင့် ပင်ပန်းနေလောက်ပါ၏။
ရှုယီ ကြည့်လာသည်ကိုမြင်သော် အီဗီတာက သူ့ထံ ဖျော့ဖျော့လေး ပြုံးပြလာလေသည်။
“ဥက္ကဌ တောင်းပန်ပါတယ်၊ ကျွန်မ အနေနဲ့ ရှင် ဂရုအစိုက်ဆုံး နည်းပညာဝန်ထမ်းတွေကို ကယ်ချင်ပေမယ့်လည်း ဒီလူတွေကို မြင်တော့ သူတို့ရဲ့ ကယ်ဖို့ တောင်းပန်သံတွေကို မငြင်းနိုင်ခဲ့ဘူး......”
ရှုယီက လက်ယမ်းလိုက်ကာ၊ “မင်း လုပ်တာ အရမ်းကောင်းပါတယ်၊ ကျုပ်ကို တောင်းပန်ဖို့ မလိုပါဘူး။” သူဟာ ထိုသို့ပြောပြီးနောက် အီဗီတာထံ လက်ထုတ်ပေးလာသည်၊ “ဒီရက်တွေအတွင်း ကောင်းကင်မှာပဲ ပျံနေခဲ့ရတော့ ရထားတာ နည်းနည်းပါးပါးရှိလောက်မှာပေါ့။”
“အင်း” အီဗီတာက သူ့အတွက် စာရွက်ပိုင်းလေး တစ်ခုထုတ်ပေးလာပါ၏။
ရှုယီ ၎င်းကိုဖွင့်ကြည့်လိုက်ချိန်တွင် ၎င်းက စတက်တိန်းနယ်မြေ မြောက်ပိုင်း မြေပုံဖြစ်ကြောင်း တွေ့လိုက်ရသည်။
၎င်းက ပုံမှန် မြေပုံမျိုးနှင့် ခြားနားနေပြီး ဤမြေပုံထက်၌ အထူးအမှတ်အသားများစွာရှိနေပါ၏။
“ဥက္ကဌ ဒါက ကျွန်မ စုံစမ်းခဲ့တဲ့ ဒုခ်ဝိန်းရဲ့ စစ်ဘက်ပုံစံမျိုးပဲ။ ဒါတွေက စစ်ဘက်သုံး အထောက်အကူ သိုလှောင်ရုံတွေပဲ၊ တခြားနေရာတွေကိုတော့ ကျွန်မလည်း သေချာမသိတော့ဘူး ဒါပေမယ့် သူ စစ်ဘက်သုံးအထောက်အကူတွေကို သိမ်းထားလိုက်တဲ့ပုံပဲ။
ရှုယီမှာ အီဗီတာက မြေပုံထက်ရှိ အမှတ်အသားများအား ရှင်းပြနေခြင်းကို စိတ်ရှည်စွာနားထောင်ပြီးနောက် လက်သီးဆုပ်ကာ မြေပုံကို မြေထက်သို့ ပစ်ချလိုက်သည်။
“အရမ်းကောင်းတယ်။ အီဗီတာ ကျုပ်တို့ ဒုခ်ဝိန်းကို ဒီတစ်ခေါက် အနိုင်ယူတဲ့အခါ မင်းကသေချာပေါက် အကူညီကောင်းကောင်းဖြစ်မှာပဲ။”
သူဟာ ထိုသို့ပြောပြီးနောက် ထရပ်လိုက်သည်။ ဘေးဘီကိုဝေ့ကြည့်လိုက်ရင်း အသံကိုမြှင့်ကာအော်လေ၏၊ “ညီအစ်ကိုတို့ ကျုပ် ပြန်လာပြီဆိုတော့.... ပြန်လည်ထိုးစစ်ကို စလိုက်ကြတာပေါ့!”
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၅၇။ ကူရာမဲ့
အဝေး၌ အားကောင်းသော ပေါက်ကွဲမှုတစ်ခုဖြစ်သွားသည်။
၎င်းမှာ ဝေးလံလှသည့်ဟန်ရှိသော်လည်း ခန်းမ၏ လှုပ်ခါမှုက ထိုပေါက်ကွဲမှုမည်မျှပြင်းထန်ကြောင်းပြနေသည်။
သူ၏တင်ပါးအောက်ရှိခုံမှ တုန်ယင်မှုကိုခံစားရသော် ဒုခ် ဝိန်းမျက်နှာပျက်သွားသည်။
ပေါက်ကွဲမှုပြီးနောက် သူဟာ မျက်နှာထက် တူညီသည့် မှုန်မှိုင်းဟန်ရှိသော သက်လတ်ပိုင်းလူကို ကြည့်ကာ အလေးအနက်ပြောလိုက်သည်၊ “ဗိုလ်ချုပ် ခယ်လာ, ဘယ်အချိန် ခင်ဗျားရဲ့မှော်ပညာရှင်တွေကို လွှတ်နိုင်မှာလဲ?”
ဗိုလ်ချုပ် ခယ်လာအမည်ရှိ သတ်လတ်ပိုင်းလူက မျက်မှောင်ကုပ်ကာပြတင်းအပြင်ကိုကြည့်လိုက်သည်။
ထို့နောက် သူ့အား မျက်မှောင်ပိုကုပ်လာစေသော အဝေးမှ နောက်ထပ်ပေါက်ကွဲမှုတစ်ခုဖြစ်လာ၏။
ခေတ္တရပ်တန့်လိုက်ပြီးနောက်တွင် သူက ဖြေလိုက်သည်၊ “ဒုခ်ဝိန်း စိတ်ချပါ။ နိုင်ငံက တပ်ကူတွေ လာနေပါပြီ၊ ရက်နည်းနည်းကြာရင်ရောက်တော့မှာ။ သူတို့တွေ ကျုပ်ရဲ့အစီရင်ခံစာတွေရထားတာကြောင့် နိုင်ငံက လုံလောက်တဲ့စစ်သည်တွေ သေချာပေါက် ပို့ပေးမှာပါ။”
ဒုခ် ဝိန်းက နှာမှုတ်ကာဖြင့်၊ “ဗိုလ်ချုပ် ခယ်လာ, ကျုပ် ခင်ဗျားကို သတိပေးနေတာ၊ စခ်တိုင်းပြည်သာ တပ်ကူအလုံအလောက်မပို့ပေးနိုင်လို့ Frestech ကုန်သည်ကြီးများအသင်းကို ကျုပ်တို့ အနိုင်မယူနိုင်ဘူးဆိုရင် မယဉ်ကျေးလို့ဆိုပြီး အပြစ်လာမတင်ပါနဲ့။”
ဗိုလ်ချုပ် ခယ်လာ၏ မျက်လုံးများထဲတွင် ဒေါသရိပ်ဖြတ်ပြေးသွားကာ ဒုခ် ဝိန်းကိုကြည့်လာ၏။ ထိုလူမှာ စတက်တိန်းနယ်မြေ၏ ရုပ်သေး ဒုခ်လေးသာဖြစ်ရာ စခ်တိုင်းပြည်၏ အကူအညီမရှိပါလျှင် အစောင့်နှစ်ထောင်တည်းရှိသည့် Frestech ကုန်သည်ကြီးများအသင်းကို ခုခံဖို့ပင် မဝံ့ရဲချေ။
ထိုသို့ အသုံးမဝင်သူမှာ တကယ်ကြီး စခ်တိုင်းပြည်၏ ပထမဆုံးသော ရေတပ်ဖွဲ့ တပ်မှူးကို ဒေါသထွက်ပြဝံ့နေသည်! သူဟာ တကယ်ကို ကောင်းကင်နှင့် မြေကြီး၏ အတိမ်အနက်ကို မသိခြင်းဖြစ်ရပေမည်!
ဤကိစ္စပြီးနောက်တွင် သူ့အနေနှင့် ဤဒုခ် ဝိန်းအား အသေအချာ ချင့်ချိန်ခိုင်းရန် စစ်ဌာနချုပ်သို့ တင်ပြရမည်။
၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို ဖယ်ရှားလိုက်လျှင်တောင် ဤ ဒုခ် ဝိန်းကို ချန်ထားခဲ့၍မရပေ။
ထိုအတွေးများက ဗိုလ်ချုပ် ခယ်လာ၏စိတ်ထဲ ဖြတ်သွား၏။ သူ စကားပြောတော့မည်အပြုတွင် အပြင်ဘက်မှာ ပိုမိုအားကောင်းသည့် ပေါက်ကွဲသံတစ်ချက် ထွက်လာခဲ့သည်။
ထိုအသံအရ ဤတစ်ခေါက်မှာ အတော်လေး နီးကပ်လာပြီဖြစ်၏။
ဗိုလ်ချုပ် ခယ်လာ၏ အမူအရာက တစ်ဖန်ပြောင်းလဲသွားပြန်သည်။
အနှီ Frestech ကုန်သည်ကြီးများအသင်းထံ၌ အစောင့် နှစ်ထောင်အောက်သာရှိသော်လည်း ၎င်းတို့ကို ကိုင်တွယ်ရန် အင်မတန်ခက်ခဲလှသည်။
အဘယ့်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်းထံ၌ ပုံမှန်လူသားစစ်သည်များထက် များစွာ အားကောင်းသော နတ်သူငယ်နှင့် လူပုလေးစစ်သည်များစွာ ရှိခြင်းကြောင့်ပင်။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအားလုံးမှာ စစ်ဘက်သုံးမှော်စက်များ တပ်ဆင်ထားကြလေသည်။ ၎င်းတို့၏ တိုက်ပွဲအင်အားမှာ ကြောက်မက်ဖွယ်အဆင့်ထိ တိုးမြှင့်ထားသည်ပင်။
ဒုခ် ဝိန်းအနေနှင့် ယခင်က လူတစ်သောင်းနှင့်ပင် ကြွယ်ဝခြင်းမြစ်၏ အကာအကွယ်များကို မထိုးဖောက်နိုင်ခဲ့ပေ။ ဗိုလ်ချုပ် ခယ်လာမှာ ဒုခ် ဝိန်း လက်အောက်ခံများ၏ တိုက်ပွဲအင်အားကို အထင်သေးလေ၏။
သို့သော် နိုင်ငံ၏ ပထမဆုံးရေတပ်ဖြင့် ပင်လယ်မှ တိုက်ခိုက်ရန် သူကိုယ်တိုင် ဦးဆောင်လာချိန်တွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက မည်မျှ အားကောင်းကြောင်း ကြုံတွေ့ခံ့ရသည်။
ပထမရေတပ်မှာ ထိုတစ်ကြိမ်၌ သင်္ဘောကြီး အစင်းသုံးဆယ်ကျော် လွှတ်ခဲ့ပါ၏။ လက်ရွေးစင်စစ်သည် ငါးထောင်ရှိခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်ဌာနရှိရာ ကမ်းရိုးတန်းကိုပင် မချဉ်းကပ်နိုင်ခဲ့ပေ။
သင်္ဘောများက ကမ်းရိုးတန်းမှ တစ်ကီလိုမီတာအဝေးသို့ရောက်လာသည်နှင့် မှော်ထပ်ဆင့်လေးများနှင့် မှော်လောင်ချာတို့၏ တိုက်ခိုက်မှုကို တွေ့ကြုံရလေသည်။
တိုက်ခိုက်မှုတစ်ခုလေးနှင့်တင် ပထမရေတပ်မှာ သင်္ဘောခုနစ်စီးနှင့် စစ်သည်တစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသည်။ ဗိုလ်ချုပ် ခယ်လာထံ၌ ပထမရေတပ်နှင့် ပင်လယ်သို့ ပြန်ဆုတ်ရန်ကလွဲ ရွေးစရာမရှိတော့ချေ။
ယခုတွင် ပထမရေတပ်မှာ ပင်လယ်ကို ပိတ်ဆို့ရန်သာ ၎င်းတို့ အင်အားကို မှီခိုနေရလေသည်။
Frestech ကုန်သည်ကြီးများအသင်းထံ၌သာ လူအလုံအလောက်ရှိပါက ဗိုလ်ချုပ် ခယ်လာမှာ ၎င်းတို့ကို ပိတ်ဆို့ရန် ယုံကြည်ချက် ရှိလိမ့်မည်မဟုတ်ပေ။
၎င်းကို စဉ်းစားရင်းဗိုလ်ချုပ် ခယ်လာမှာ ရုတ်တရတ် ဒုခ် ဝိန်းအနေနှင့် Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌရှုယီ၏အမိန့်များကို နာနာခံခံနားထောင်ခဲ့ခြင်းက ကျိုးကြောင်းသင့်သည်ဟု ခံစားမိလိုက်သည်။
ထိုသို့စဉ်းစားရင်း ဗိုလ်ချုပ် ခယ်လာမှာ သူ၏ခေါင်းထဲရှိ ဒေါသကို ဖိနှိပ်ကာ ဒုခ် ဝိန်းထံ အလေးအနက်ပြောလာသည်၊ “ဒုခ် ဝိန်း, ဒီအချိန်မှာ အတွင်းပိုင်းပဋိပက္ခတွေ ဖြစ်ခွင့်မပြုဘဲ Frestech ကုန်သည်ကြီးများအသင်းကို ဘယ်လို အနိုင်ယူရမလဲ ဆိုတာ စဉ်းစားသင့်တယ်။ ကျုပ်တို့နိုင်ငံကို နောက်ထပ်စာတစ်စောင် အခုပဲပို့ပြီး တပ်ကူတွေ မြန်မြန်ပို့ပေးဖို့ တိုက်တွန်းလိုက်ပါ့မယ်။ ခင်ဗျားတို့ဘက်ကတော့.... တတ်နိုင်သလောက် သူတို့ကို ပိတ်ထားပေးပါ။”
Frestech ကုန်သည်ကြီးများအသင်း စတင်ကာ ပြန်လည်တိုက်ခိုက်ချိန်တွင် ဗိုလ်ချုပ် ခယ်လာမှာ ဒုခ် ဝိန်းအား Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကိုရင်ဆိုင်ရန် စစ်သည်များ စေလွှတ်စေခဲ့၏။
သို့သော်လည်း ရလာဒ်က သနားဖွယ်ပင်ကောင်းလွန်းလှသည်။
ဒုခ် ဝိန်းမှာ စစ်သည်ငါးထောင် လွှတ်ခဲ့သော်လည်း စစ်သည် နှစ်ရာလေးကို ရင်ဆိုင်ရချိန်တွင် လုံးဝပြန်လည်မတိုက်ခိုက်နိုင်ခဲ့ချေ။
၎င်းတို့ ဒုခ် ဝိန်း၏စစ်သည်များနှင့် ဆုံကြချိန်တွင် ၎င်းတို့ထံရှိ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များနှင့် စစ်ဘက်သုံးမှော်စက်များတို့၏ စွမ်းပကားမှာ အဆင့်တူပင်မဟုတ်လေရာ ၎င်းတို့အနေနှင့် ရန်သူကို ငါးကြိမ်လောက်တိုက်ခိုက်လိုက်ရုံနှင့် အပြတ်အသတ်အနိုင်ယူနိုင်ခဲ့သည်။
၎င်းတို့သာ ဒုခ် ဝိန်း၏ စစ်သည်တပ်ဖွဲ့ကြီးထဲ ပြေးဝင်လာလျှင် ၎င်းတို့ထံရှိ စွမ်းအားကြီးမှော်သံချပ်ကာယာဉ်များကြောင့် တိုက်ခိုက်ကာ လွတ်မြောက်နိုင်သည်။ ဒုခ် ဝိန်း၏ လက်အောက်ငယ်သားများမှာ ၎င်းတို့ထွက်သွားသည်ကိုကြည့်ရင်း မည်သည်ကိုမှ မလုပ်နိုင်ခဲ့ပေ။
ထိုသို့ တစ်ပတ်လောက်ဖြစ်နေပြီးနောက် Frestech ကုန်သည်ကြီးများအသင်းအစောင့်များမှာ လူတစ်ဦးပင် မဆုံးရှုံးခဲ့ပါချေ။ ထိုအစား ဒုခ် ဝိန်း လွှတ်ခဲ့သည့် စစ်သည်ငါးထောက်မှာ ပျက်စီးသွားကြပြီး တစ်ထောင်သာကျန်တော့သဖြင့် လုံးဝ မလိုက်နိုင်တော့ပေ။
ဒုခ် ဝိန်းမှာ ထိုအစောင့်နှစ်ရာအား ထောက်ချောက်ဆင်မည့်အကြံကို လက်သာလျှော့လိုက်ရတော့၏။ သူဟာ သူ၏နယ်မြေအကာအကွယ်များကို အားဖြည့်၍ ထိုအစောင့်နှစ်ရာကို တတ်နိုင်သမျှ ပိတ်ဆို့ထားဖို့ ကြိုးစားခဲ့သည်။
ထိုနည်းလမ်းကအတော်လေး သက်ရောက်မှုရှိပါ၏။
အစောင့်နှစ်ရာမှာ သန်မာပါသော်လည်း လူနည်းလွန်းလှသည်။ ၎င်းတို့မှာ ထိုစွမ်းအားကြီး အကာအကွယ်များကို ဆန့်ကျင်မည့် ခွန်အား အလုံအလောက် မထုတ်နိုင်ကြသဖြင့် ဤအတောအတွင်း ဒုခ် ဝိန်း၏ နယ်မြေကို ကျူးကျော်ဖို့ ရှားပါးလွန်းသည်။
သို့ရာတွင် ဒုခ် ဝိန်းနှင့် ဗိုလ်ချုပ် ခယ်လာတို့ စိတ်ချနေချိန်၌ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့အတွက် များစွာပိုမို ခေါင်းခဲစေမည့် တိုက်ခိုက်ရေးနည်းလမ်းတစ်ခုကို ယူလာခဲ့သည်။
ထို့အပြင် ၎င်းတို့အနေနှင့်လည်း ထိုနည်းလမ်းကို ကိုင်တွယ်ရန် နည်းလမ်းမရှာနိုင်ကြချေ။
စခ်တိုင်းပြည်အား တတ်နိုင်သမျှမြန်မြန် မှော်ပညာရှင်များလွှတ်ပေးရန် တိုက်တွန်းဖို့ရာ ကတိပေးပြီးနောက် ဗိုလ်ချုပ် ခယ်လာမှာ ဒုခ် ဝိန်း၏ အိမ်တော်မှ ထွက်သွားလေသည်။
မြင်းပေါ်တက်ပြီးနောက် ဗိုလ်ချုပ် ခယ်လာမှာ အဝေးရှိ ကောင်းကင်သို့ မနေနိုင်အောင်ကြည့်လိုက်မိ၏။
ထိုနေရာ၌ အဝေးမှ အလျင်အမြန်လာနေသော 'တိမ်မည်း'ထုတစ်ခုရှိနေသည်။
ထို'တိမ်မည်း'မှာ Frestech ကုန်သည်ကြီးများအသင်းမှ ဒုခ် ဝိန်း၏နယ်မြေသို့ လွှတ်လိုက်သည့် မှော်လေသင်္ဘောပါပင်။
လေထဲတွင် မီတာရာချီပျံသန်းနိုင်နေသော ထိုဧရာမအရာကိုကြည့်ရင်း ဒုခ် ဝိန်း၏ လက်အောက် မှော်ပညာရှင်များမှာ မည်သည်ကိုမှ မလုပ်နိုင်ကြတော့ပေ။ ဗိုလ်ချုပ် ခယ်လာထံလည်း ဤအချိန်တွင် မည်သည့်စွမ်းအားကြီး မှော်ပညာရှင်ကိုမှ ခေါ်မလာခဲ့သဖြင့် မည်သည်ကိုမှ မလုပ်နိုင်ချေ။
မည်သည့်ခြိမ်းခြောက်မှုမှ မရှိခဲ့သည့် ဤအခြေအနေတွင် အနှီ မှော်လေသင်္ဘောမှာ ဒုခ် ဝိန်း၏ နယ်မြေနှင့် ကမ်းရိုးတန်းနှင့် မနီးမဝေးတွင် Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်ဌာနကို ပိတ်ဆို့ထားသည့် စခ်တိုင်းပြည်၏ ပထမဆုံးရေတပ်ကို ပြဿနာကြီးကြီးမားမားဖြစ်စေသည်။
အနှီမှော်လေသင်္ဘောက နေ့စဉ်နေ့တိုင်း ရစ်ဝဲနေပြီး တစ်ခေါက်ပြီးတစ်ခေါက် မှော်အမြောက်ဆံများ ပစ်လွှတ်ကာ မြေပြင်ထက်တွင် အားကောင်းသည့် ပေါက်ကွဲမှုများကို ဖန်တီးနေသည်။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်း၏ သတင်းက အင်မတန် တိကျ၏။ အချိန်တိုင်း ၎င်းတို့မှာ ဒုခ် ဝိန်း၏ စစ်တပ်စခန်းတစ်ခု သို့မဟုတ် ရိက္ခာသိုလှောင်ရုံကို ပစ်မှတ်ထားနေသည်။
၎င်းတို့ ပစ်လွှတ်လိုက်သည့် အချိန်၌ အနှီ မှော်လေသင်္ဘောများက ဒုခ် ဝိန်းကို ဆုံးရှုံးမှုများစွာ ဖန်တီးပေးသည်။
တစ်ချိန်တည်းမှာပင် ၎င်းတို့မှာ ပထမဆုံးရေတပ်ကိုလည်း နှစ်ကြိမ်ပင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
ပထမဆုံးရေတပ်မှာ လျင်မြန်သွက်လက်ပြီး ကြီးမားသောတိုက်ခိုက်မှုများကို ရှောင်တိမ်းခဲ့သော်လည်း ၎င်းတို့ထံ ပစ်လွှတ်လာတိုင်း ပထမရေတပ်အနေနှင့် ရှောင်တိမ်းရမည်ဖြစ်သဖြင့် ဗိုလ်ချုပ် ခယ်လာ၏ စိတ်ထဲ ဒေါသများ ပြည့်လာစေသည်။
ထိုပြိုင်ဘက်ကင်းပြီး ရဲရင့်သည့် စခ်တိုင်းပြည် ပထမရေတပ်မှာ တကယ်ကြီး မှော်လေသင်္ဘောတစ်စင်းထံမှ ဤသို့သော အခြေအနေထဲသို့ တွန်းအားပေးအပို့ခံရလေရာ တကယ်ကို ရှက်ရွံ့ဖွယ်ရာပင်!
သို့သော်လည်း သူဟာ စိတ်ထဲရှိ ဒေါသကို မြိုသိပ်ထားရုံသာတတ်နိုင်ပြီး မည်သည်ကိုမှ မလုပ်နိုင်ပေ။
မှော်လေသင်္ဘောက အမြင့်၌ ပျံသန်းနေရာ လေပေါ်ပျံနိုင်သည့် အဆင့်မြင့်မှော်ပညာရှင်တစ်ဦးဦးမှ ရောက်မလာလျှင် ၎င်းတို့ကို လုံးဝ ပြန်လည်ခြိမ်းခြောက်နိုင်ဖွယ်ရာမရှိပေ။
ဗိုလ်ချုပ် ခယ်လာ၏ လက်အောက်၌ ထိုသို့သော မှော်ပညာရှင်မျိုးမရှိချေ။ သဘာဝကျကျပင် သူ့အနေနှင့် ရစ်ဝဲနေသော မှော်လေသင်္ဘောကိုကြည့်နေရုံသာတတ်နိုင်ပြီး မည်သည်မှ မလုပ်နိုင်ပေ.....
“စစ်ဌာနချုပ်ကနေ စွမ်းအားကြီးမှော်ပညာရှင်တွေကို လွှတ်လိုက်ရင် ပြပွဲကောင်းကောင်းကြည့်ရမှာပါ။”
ဗိုလ်ချုပ် ခယ်လာက အဝေး၌ ပျံသန်းနေသော မှော်လေသင်္ဘောကိုကြည့်ပြီးနောက် ပို၍ပင် မြောက်ဘက်ကျသောနေရာကို ကြည့်လိုက်သည်။
၎င်းက မှော်လေသင်္ဘောဖြစ်စေ အစောင့်နှစ်ရာဖြစ်စေ ၎င်းတို့ကို ထောက်ပံ့နေသည့် အခြေစိုက်ဌာနသာမရှိလျှင် မည်သည်ကိုမှ လုပ်နိုင်မည်မဟုတ်သလို ပြင်းထန်သည့် ခြိမ်းခြောက်မှုများလည်း ဖြစ်စေနိုင်မည်မဟုတ်ကြောင်း သေချာသိပါ၏။
သို့သော် ပြဿနာမှာ ၎င်းတို့ထံ၌ နောက်မှ ထောက်ပံ့ပေူနေသည့် စွမ်းအားကြီး အခြေစိုက်ဌာနရှိနေသဖြင့် မည်သည့်စိုးရိမ်စရာမှ မရှိဘဲ ဒုခ် ဝိန်း၏ နယ်မြေကို တိုက်ခိုက်နိုင်လေသည်။
ဤအခြေစိုက်စခန်းမှာ ဆန်နက်မြေရိုင်းရှိ ဆန်နက်မြို့ဖြစ်ပါ၏။
စခ်တိုင်းပြည်မှ Frestech ကုန်သည်ကြီးများအသင်းကို ဒုခ် ဝိန်းနှင့် အတူတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ချိန်တွင် စစ်ဌာနချုပ်မှာ ချီတာတပ်ရင်းကို ဆန်နက်မြေရိုင်းနယ်စပ်သို့ လွှတ်ရန် စီစဉ်ထားပြီးသားဖြစ်ပါ၏။ ၎င်းတို့မှာ ဆန်နက်မြေရိုင်းကို တိုက်ခိုက်၍ ဆန်နက်မြို့ကို ယူမည်ဖြစ်သည်။
သို့သော် ချီတာတပ်ရင်း နယ်စပ်သို့ရောက်လာချိန်တွင် ဆန်နက်မြေရိုင်း၌ ဆောက်တည်ထားသော ခံတပ်များဖြင့် တားဆီးခံခဲ့ရသည်။
Frestech ကုန်သည်ကြီးများအသင်းမှ အနောက်ဘက်စစ်တပ်နှင့်အတူ ထိုခံတပ်များကိုတည်ဆောက်ရန် အတူအလုပ်လုပ်ကိုင်နေချိန်က စခ်တိုင်းပြည်မှာ လုံးဝဂရုမစိုက်ခဲ့ချေ။ အကြောင်းမှာ ထိုခံတပ်များက လုံးဝမမြင့်လှသလို ချိတ်ဆက်ထားခြင်းမရှိသဖြင့် ၎င်းတို့လည်း ထွက်သွားထွက်လာလုပ်နိုင်သည်။ ၎င်းက ဆန်နက်မြေရိုင်းထဲဝင်မည့်လမ်းကို လုံးဝ မပိတ်ဆို့ထားပေ။
သို့သော် ချီတာတပ်ရင်း လှုပ်ရှားချိန်၌ အနှီ အသုံးမဝင်ဟုထင်ရသော ခံတပ်များမှာ ချီတာတပ်ရင်းအပေါ် ပြင်းထန်သည့် ခြိမ်းခြောက်မှုကို ထုတ်ပြခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းမှာ ထိုခံတပ်များတွင် စွမ်းအားကြီးစစ်ဘက်သုံးမှော်စက်များစွာကို ထားရှိထား၏။ ထိုခံတပ်များကြောင့် အောက်ဘက်မှ ထိုခံတပ်များကို တိုက်ခိုက်လာသော ချီတာတပ်ရင်းအား တားဆီးရန်မှာ အင်မတန်လွယ်ကူလှသည်။
ချီတာတပ်ရင်းမှာ ငါးကြိမ်တိုက်ခိုက်ခဲ့ပြီး ထိုပြင်းထန်သည့် မီးစွမ်းအားကို ဖြတ်ကျော်ခဲ့သူမှာ လူတစ်ထောင်သာရှိကာ မြေပြင်ပေါ်၌ အလောင်းများ ခြောက်ထောင်ကျော်ရှိနေခဲ့၏။
ထိုခံတပ်များနောက်ကွယ်တွင် အနောက်ဘက်စစ်တပ်က စောင့်နေပြီးသားပင်။ ချီတာတပ်ရင်းထံ၌ ခံတပ်ကို ချိုးဖျက်ရန် အခွင့်အရေးလုံးဝမရှိပေ။
ပိတ်ဆို့ထားသည့် ဆန်နက်မြေရိုင်း၏ မြောက်ဘက်တိုက်ခိုက်မှုကြောင့် Frestech ကုန်သည်ကြီးများအသင်းအစောင့်များနှင့် မှော်လေသင်္ဘောတို့မှာ ၎င်းတို့အား ဆက်တိုက် အနိုင်ကျင့်နေနိုင်ပြီး ဒုခ် ဝိန်းနှင့် ဗိုလ်ချုပ် ခယ်လာတို့ကို ပြဿနာအတော်များစေသည်ဟု ဆိုလိုသည်။
မြောက်ဘက်မှ အဝေးကိုကြည့်လိုက်ရင်း ဗိုလ်ချုပ် ခယ်လာမှာ ကောင်းကင်ရှိ မှော်လေသင်္ဘောကို မော့ကြည့်မိသည်။ သူ၏ စိတ်ထဲ၌ မေးခွန်းတစ်ခု ပေါ်လာပါ၏။
Frestech ကုန်သည်ကြီးများအသင်းမှာ အနောက်ဘက်စစ်တပ်ကို ကာကွယ်ရန် ကူညီစေခိုင်းနိုင်ရာ အဘယ့်ကြောင့် အနောက်ဘက်စစ်တပ်အား ဒုခ် ဝိန်း၏ နယ်မြေထဲသို့ ဝင်ရောက် မသောင်းကြမ်းခိုင်းရသနည်း?
၎င်းတို့သာ အနောက်ဘက်စစ်တပ်ကို Frestech ကုန်သည်ကြီးများအသင်း အစောင့်များနည်းတူ စစ်ဘက်သုံးမှော်စက်များ တပ်ဆင်ပေးနိုင်လျှင် ဒုခ် ဝိန်း၏ စစ်သည်များနှင့် ပထမရေတပ်တို့မှာ ၎င်းတို့ကို လုံးဝတားဆီးနိုင်မည်မဟုတ်ပေ။
သူ့ထံ၌ရှိသည့် သတင်းအရ Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌရှုက ထိုသို့လုပ်နိုင်သည်။
သို့ဖြစ်ရာ ရှုယီမှာ အဘယ့်ကြောင့် ဤသို့ ဆုံးဖြတ်ခဲ့ရသနည်း?
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၅၈။ အကောင်းမြင်သော ရှုယီ
“ဘာလို့လဲ?” ရှုယီက သံသယအပြည့်ရှိနေသူ ဥက္ကဌခရုစ်ကိုကြည့်လိုက်သည်၊ “ဒါက မရှင်းဘူးလား? ဒီလိုငွေအများကြီး ကုန်ကျမှာကြောင့်ပဲလေ။”
“ငွေအများကြီး?” ဥက္ကဌ ခရုစ်၏ မျက်နှာမှာ မဲ့ရွဲ့သွားသည်၊ “ဒါက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ သေရေးရှင်ရေးနဲ့ဆိုင်တာကို ခင်ဗျားက ငွေသုံးရမှားစိုးရိမ်ကြောင်းပြောနေတယ်ပေါ့? ခင်ဗျားမှာ ငွေမရှိတာကျနေတာပဲ!”
ရှုယီ အပြုံးဖြင့်လက်ယမ်းလိုက်သည်၊ “အရမ်းစိတ်မလှုပ်ရှားပါနဲ့။ ငွေကရှိပေမယ့် ကြုံရာကျပန်းမသုံးချင်လို့ပါနော်? မမေ့ပါနဲ့ဦး ဒီကိစ္စပြီးရင် ကျုပ်ရဲ့နယ်မြေ ပြန်လည်တည်ဆောက်ရေးအတွက် ငွေအတော်များများသုံးရမှာ။ အခုငွေအားလုံးသုံးလိုက်ရင် နောက်ဘာလုပ်ရမှာလဲ?”
ဥက္ကဌခရုစ်က ရှုယီကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။
“ကျုပ်ပြောမယ်... ဘာတွေများစဉ်းစားနေတာလဲ? ဒီအချိန်မှာ ဘယ်လိုများ ပြန်လည်တည်ဆောက်ရေးကို ဦးစားပေးနေနိုင်ရတာလဲ? ခင်ဗျားတို့လုပ်ငန်းစုရဲ့ အခြေစိုက်ဌာနကို လက်ရှိမှာ ဒုခ်ဝိန်းရဲ့ စစ်တပ်တွေနဲ့ စခ်တိုင်းပြည်က ကောင်တွေအားလုံး ဝိုင်းထားကြတာကို အရေးမထားဘဲနဲ့လေ။ ခင်ဗျားအနေနဲ့ မတောင့်ခံနိုင်တော့ဘဲ ခံတပ်တွေကို သူတို့ ဖြတ်ကျော်လာကြပြီး ခင်ဗျားရဲ့ အခြေစိုက်ဌာနကို ဝါးမြိုလိုက်မှာ မကြောက်ဘူးလား?”
ရှုယီက သူ့ကိုကြည့်လိုက်၏၊ “အမှန်တရားကို ကြားချင်လား?”
“အဓိပ္ပာယ်မရှိတာ!”
“ဟုတ်ပြီလေ ရိုးသားရရင်.... ကျုပ် မစိုးရိမ်ပါဘူး။” ရှုယီ၏ အဖြေက ဥက္ကဌခရုစ်အား မနေနိုင်အောင် မျက်လုံးများ ပြူးသွားစေသည်။
ရှုယီ၏ အဖြေမှာ တကယ်ကို ရူးနှမ်းလှသည်!
သတင်းရင်းမြစ်များစွာ အရ Frestech ကုန်သည်ကြီးများအသင်းကို ဝိုင်းထားသည့် ဒုခ် ဝိန်းနှင့် စခ်တိုင်းပြည်စစ်သည်တို့မှာ သုံးသောင်းကျော်သည်။ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များမှာ လူတစ်ထောင်သာ ရှိ၏။
မည်သို့ ကြည့်ရှုသည်ဖြစ်စေ ခွန်အားအရာ၌ ခြားနားနေလိမ့်မည်။ အဘယ့်ကြောင့် ရှုယီက ၎င်းကို လုံးဝ မစိုးရိမ်ရသနည်း?
“ဘာလို့ စိုးရိမ်စရာလိုမှာလဲ? ခင်ဗျားပြောပြီးသားလေ နှစ်ဘက်ကြားမှာ ခြားနားမှုရှိမှတော့ စိုးရိမ်နေတော့ရော ဘာလုပ်မှာလဲ?” ရှုယီက ပြန်မေးသည်။
ဥက္ကဌခရုစ်မှာ ရှုယီကြောင့် ဒေါသထွက်ကာ ရူးသွားတော့မလိုပင်။
“ဟေး မင်းတို့ Frestech ကုန်သည်ကြီးများအသင်းအစောင့်တွေက ရန်သူတွေထက်ပိုပြီး အားကောင်းတယ်လို့ ထင်နေတာများလား?”
မည်သူက ရှုယီ ခေါင်းငြိမ့်လာမည်ဟု ထင်ထားပါနည်နည်း။
“အင်းလေ အဲ့လိုထင်ပါတယ်”
ဥက္ကဌခရုစ်မှာ မိမိနှဖူး မိမိရိုက်မိသွားသည်။ သူ့အနေနှင့် ရှုယီမှာ ရူးနေပြီဟုပင် စဉ်းစားမိလေသည်။ မဟုတ်ပါက မည်သို့များ ဤသို့အဓိပ္ပာယ်မရှိသည့်အရာကို ပြောလာမည်နည်း?
“သံသယမဝင်ပါနဲ့။” ရှုယီက အပြုံးဖြင့် လက်ယမ်းလာသည်၊ “ခရုစ်၊ ခင်ဗျားက ကျုပ်တို့ လုပ်ငန်းစုအနေနဲ့ စစ်ဘက်သုံးမှော်စက် အမျိုးမျိုးထုတ်လုပ်ထားတာကြောင့် စစ်မြေပြင်က အရင်ကနဲ့မတူတာကို သတိမထားမိဘူးလား? ကျန်တာကိုမပြောနဲ့ဦး၊ အရင်နှစ်ကတင် လမ်ပူရီတိုင်းပြည်ပြည်တွင်းစစ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျား သိလောက်မှာပါ။”
ဥက္ကဌခရုစ်က မျက်မှောင်ကုပ်ကာ, “ဘာလဲ? ခင်ဗျားက ဘုရင်မ ဆယ်ဗီနီအနေနဲ့ ဒုခ့်စတက်ဂျ် ကို အနိုင်ယူဖို့ အစောင့်ငါးထောင်ကို ဦးဆောင်သွားတဲ့အကြောင်းပြောမလို့လား? ဟုတ်တယ်လေ၊ ဘုရင်မဆယ်ဗီနီရဲ့ အစောင့်တွေက ခင်ဗျားတို့လုပ်ငန်းစုဆီကနေ စစ်ဘက်သုံးမှော်စက် ပမာဏကြီးတစ်ခုလောက်ရခဲ့တာကြောင့် အရမ်းသန်မာနေကြတာပဲ။ ဒါပေမယ့် ဘုရင်မဆယ်ဗီနီမှာက အစောင့်ငါးထောင်ကျော်ရှိပြီး ခင်ဗျားတို့လုပ်ငန်းစုမှာက နှစ်ထောင်ပဲရှိတာ ဘယ်လို ယှဉ်လို့ရမှာလဲ?”
“မမေ့နဲ့ဦး အဲဒါက တစ်နှစ်ကြာခဲ့ပြီ။ ကျုပ်တို့လုပ်ငန်းစုရဲ့ စစ်ဘက်သုံးမှော်စက်တွေက အရင်နှစ် ဘုရင်မ ဆယ်ဗီနီရဲ့အစောင့်တွေရခဲ့တဲ့ စစ်ဘက်သုံးမှော်စက်တွေနဲ့ ယှဉ်လို့မရဘူး။” ရှုယီက အသာပြုံး၍ ဆိုသည်။
“ပြောချင်တာက စစ်ဘက်သုံးမှော်စက်တွေက အခု ပိုအားကောင်းလာပြီလို့လား?” ဥက္ကဌခရုစ်က မျက်မှောင်ကုပ်ထားဆဲပင်၊ “ဒါပေမယ့် မမေ့နဲ့ဦး၊ ဒုခ် ဝိန်းကလည်း ခင်ဗျားတို့ လုပ်ငန်းစု ထောက်ပံ့ထားတဲ့ စစ်ဘက်သုံးမှော်စက်တွေကို သုံးနေတာလေ။”
“ဒုခ် ဝိန်းရဲ့စစ်တပ်ကို အသစ်လွင်ဆုံးနဲ့ အဆင့်အမြင့်ဆုံး မှော်စက်တွေ ပေးမယ်လို့ ထင်နေတဲ့အထိ ကျုပ်က ရူးနေပြီလို့ ထင်နေတာတော့ မဟုတ်ဘူးမလား?” ရှုယီက ဥက္ကဌခရုစ်ကို မျက်လုံးလှန်ပြသည်၊ “ပြီးတော့လည်း ကျုပ်က ဒီရက်တွေအတွင်း ဘာတွေလုပ်နေခဲ့တယ်လို့များထင်လို့လဲ? ပြောပြမယ်၊ ဒုခ် ဝိန်းရဲ့ လက်နက်တိုက် အများစုကို ကျုပ်တို့ရဲ့ အထူးတိုက်ခိုက်ရေးအဖွဲ့တွေနဲ့ မှော်လေသင်္ဘောတွေက ဖျက်ဆီးထားခဲ့ပြီးပြီ။ ဘာအထောက်အကူမှ မရှိနေတဲ့ အချိန်မှာ ဒုခ် ဝိန်းရဲ့ စစ်ဘက်သုံးမှော်စက်တွေက သုံးရက်ထက်ပိုမခံတော့ဘူး။ စစ်ဘက်သုံးမှော်စက် အထောက်အပံ့မရှိရင် သူ့ရဲ့စစ်သည်တွေက လက်နက်မရှိတာနဲ့ ဘာခြားတော့မှာလဲ?”
ဥက္ကဌခရုစ်မှာ ပါးစပ်ဟလိုက်သော်လည်း လုံးဝ မငြင်းနိုင်တော့ပေ။
ရှုယီက လုံးဝ မှန်ပါ၏။
လမ်ပူရီတိုင်းပြည်၏ ယခင်နှစ် ပြည်တွင်းစစ်နှင့် စတက်တိန်းနယ်မြေ၏ အရှင်သခင်များအကြား တိုက်ခိုက်မှုအပြီးတွင် လူတိုင်းမှာ တစ်ချက်ကို သေချာသိကြသည်။
Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဘက်သုံးမှော်စက်များမှာ နယ်မြေကြီးရှိ တိုက်ခိုက်ရေးနည်းလမ်းများကို ပြောင်းလဲလိုက်ပြီပင်။
လက်ရှိတိုက်ပွဲများတွင် မည်သူ့ထံ၌ လူပိုများသည်၊ မည်သူ့ထံ၌ လက်နက်ကောင်းများပိုရှိသည် သို့မဟုတ် မည်သူ့ထံ၌ ပိုကောင်းသည့် လေ့ကျင့်ထားသော စစ်သည်များရှိသည်က အရေးမပါဘဲ မည်သူ့ထံ၌ ပိုကောင်းသည့် စစ်ဘက်သုံးမှော်စက်များရှိသည်က အရေးမပါချေ။
ထိုသို့နှိုင်းယှဉ်ရာတွင် မည်သူကများ စစ်ဘက်သုံးမှော်စက်များကို ထုတ်လုပ်သည့် Frestech ကုန်သည်ကြီးများအသင်းကို ယှဉ်နိုင်ပါမည်နည်း?
ဥက္ကဌခရုစ် မယုံကြည်နိုင်ဖြစ်နေသည့် တစ်ခုတည်းသောအရာမှာ Frestech ကုန်သည်ကြီးများအသင်းထံ၌ ရှိသည့် အစောင့်မှာ နည်းပါးလှသောကြောင့်ပင်။
မဟုတ်ပါက ဒုခ် ဝိန်းက စခ်တိုင်းပြည်နှင့် အတူတွဲလုပ်ဆောင်လျှင်တောင် ဥက္ကဌခရုစ်အနေနှင့် ထိုလူ့ထံတွင် အခွင့်အရေးတစ်ခုပင် ရမည်ဟု မထင်မိချေ။
မှန်ပါ၏ ထိုသို့ဆိုပါလျှင် ဒုခ် ဝိန်းကလည်း ဤသို့ ရူးရူးနှမ်းနှမ်းရွေးချယ်မှုကို လုပ်မည်မဟုတ်ပေ။
ဥက္ကဌခရုစ်မှာ ဒုခ် ဝိန်း၏ အစီစဉ်ကို ခန့်မှန်းနိုင်ပါသည်။
သူ့အနေနှင့် ရှုယီထွက်သွားသည့် အချိန်၌ Frestech ကုန်သည်ကြီးများအသင်း အခြေစိုက်ရာ ဌာနအားလုံးကို ယူဆောင်ရန် စခ်တိုင်းပြည်နှင့်အတူ လျှို့ဝှက် လုပ်ဆောင်လိုခဲ့သည်။ သူဟာ ဝန်ထမ်းအားလုံးကို ယူဆောင်ကာ Frestech ကုန်သည်ကြီးများအသင်းကို လုံးဝ ဝါးမြိုပစ်မည်ဖြစ်၏။
သူသာ Frestech ကုန်သည်ကြီးများအသင်းကို ထိန်းချုပ်နိုင်ပါလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ သူ၏ အကြီးမားဆုံး နောက်ခံဖြစ်လာလိမ့်မည်။
ရှုယီက တုံ့ပြန်ပြီး ပြန်လည်တိုက်ခိုက်လိုပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်း၏ အထောက်အပံ့မရှိဘဲ မည်သည်ကိုမှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။
သို့သော် ဒုခ် ဝိန်းအနေနှင့် သူ၏စစ်သည်အားလုံးနှင့်ပင် Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်ဌာန အကာအကွယ်ကို မချိုးဖြတ်နိုင်သလို ပန်းတိုင်ကို မရောက်နိုင်မည်ဟုလည်း မထင်ထားခဲ့ပါချေ။
ယခုတွင် ဒုခ် ဝိန်းမှာ ပြိုလဲလုနီးပါးဖြစ်နေပြီဖြစ်သည်။
သူသာ လက်လျှော့လိုက်လျှင် ရှုယီက သူ့အား သေချာပေါက် အလွတ်ပေးမည်မဟုတ်။ သူ့အနေနှင့် အာဏာအလုံးစုံကို ဆုံးရှုံးရမည်သာမက အသက်ကိုပင် ထိန်းထားနိုင်လောက်မည်မဟုတ်ပေ။
သူသာ ဆက်လက်တိုက်ခိုက်လျှင် Frestech ကုန်သည်ကြီးများအသင်းကို အနိုင်ယူစရာနည်းလမ်းမရှိပေ။
ဥက္ကဌခရုစ် ခန့်မှန်းစရာမလို၊ ဒုခ် ဝိန်း၏ တစ်ခုတည်းသောနည်းလမ်းမှာ စခ်တိုင်းပြည်ကို တောင်းပန်ရန်သာဖြစ်သည်ကို သေချာသိပါ၏။
သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို အနိုင်ယူရန် စခ်တိုင်းပြည်ထံမှ တပ်ကူများကိုသာ မျှော်လင့်ထားနိုင်တော့သည်။
သို့သော် ထိုသို့လုပ်ပါလျှင် စခ်တိုင်းပြည်က ၎င်းတို့အနက် အများစုကိုယူဆောင်ကာ ဒုခ် ဝိန်းအတွက် များများစားစားကျန်မည်မဟုတ်တော့။
ဤအခြေအနေတွင် ရှုယီကို နားထောင်ခဲ့စဉ်ကထက် ပို၍ မကောင်းတော့မည်အပြင် ပိုပင် ဆိုးဝါးသွားလိမ့်မည်။
ဥက္ကဌခရုစ်မှာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို စိုးရိမ်နေလေသည်။ သူဟာ ဒုခ် ဝိန်းကြောင့် မပူပန်သော်လည်း စခ်တိုင်းပြည်ကြောင့် စိုးရိမ်နေပါ၏။
စခ်တိုင်းပြည်မှာ လမ်ပူရီတိုင်းပြည်ကို နှစ်ရာနှင့်ချီ၍ ဖိနှိပ်ထားနိုင်ခဲ့ရာ ၎င်းတို့နိုင်ငံအင်အားကို အထင်သေး၍ မရပါချေ။
စခ်တိုင်းပြည်သာ Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့ရင်းနှီးမြှုပ်နှံဖို့ ထိုက်တန်သည်ဟု ခံစားရလျှင် Frestech ကုန်သည်ကြီးများအသင်းတစ်ခုတည်းနှင့် ၎င်းတို့ကို တားဆီးနိုင်မည်မဟုတ်ပေ။
“ခင်ဗျားရဲ့ စိုးရိမ်မှုတွေက ကျိုးကြောင်းဆီလျော်ပါတယ်၊ ဒီတော့ ကျုပ်အနေနဲ့ စခ်တိုင်းပြည်ရဲ့ တပ်ကူတွေမရောက်ခင် ဒီမှာ အရာအားလုံးကို ဖြေရှင်းရမှာ။” ရှုယီက ခေါင်းငြိမ့်၍ ဥက္ကဌခရုစ်၏ အမြင်ကို သဘောတူလာသည်။
ဥက္ကဌခရုစ်က ခါးသက်သက်ရယ်လေ၏၊ “ဘယ်လို ဖြေရှင်းမှာလဲ? ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်နှစ်ထောင်နဲ့လား? ရှုယီ ခင်ဗျားဘာလို့ ကျုပ်ကို နားထောင်ပြီး ဘုရင်မဆယ်ဗီနီဆီက အကူညီတောင်းတာမျိုးမလုပ်ရတာလဲ? ခင်ဗျားနဲ့ ဘုရင်မတို့ရဲ့ ကိုယ်ရေးကိုယ်တာဆက်ဆံရေးဖြစ်ဖြစ် Frestech ကုန်သည်ကြီးများအသင်းရဲ့ လမ်ပူရီတိုင်းပြည်အပေါ် အရေးပါမှုကြောင့်ပဲဖြစ်ဖြစ် ဘုရင်မက ဒီတိုင်းထိုင်ကြည့်နေမှာမဟုတ်ပါဘူး။”
“တစ်ချက်၊ ဝိဉာဉ်ကို ဆင့်ခေါ်ရတာက ပြန်ပို့ရတာထက် ပိုလွယ်တယ်။” ရှုယီက ခေါင်းခါသည်၊ “ကျုပ်က Frestech ကုန်သည်ကြီးများအသင်းကို လူတွေဆီကနေ ကန့်သတ်မခံစေချင်ဘူး။ ဒါကြောင့် ဒီကိစ္စကို ကျုပ်တို့ရဲ့ ကိုယ်ပိုင်အင်အားနဲ့ ဖြေရှင်းရလိမ့်မယ်။”
ဥက္ကဌခရုစ်က တစ်ဖန် မျက်မှောင်ကုပ်သည်။
“ခင်ဗျားဆီမှာ အဲဒီစွမ်းအားကြီးရန်သူကို ဖယ်ရှားနိုင်မယ့် အင်အားရှိတာ မတွေ့ရဘူး။”
ရှုယီက ပြုံးကာ ဆက်မပြောတော့ပေ။ သူက ဥက္ကဌခရုစ်၏ အနောက်ကိုကြည့်၍ မေး၏၊ “ခင်ဗျားခေါ်လာတဲ့လူတွေက ယုံကြည်ရလား?”
ဥက္ကဌခရုစ်က သက်ပြင်းချလိုက်ပြီးနောက် ခေါင်းငြိမ့်၏၊ “စိတ်ချပါ၊ ကျုပ် သူတို့ကို ခေါ်လာမှတော့ သေချာပေါက် ယုံကြည်ရပါတယ်။”
“ကောင်းတယ်။”ရှုယီက နံဘေးရှိ ဟာ့ထ်ဘက် လှည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ “သူတို့ကို ပစ္စည်းတွေ ပေးလိုက်ပါ”
ဟာ့ထ်လည်း အမိန့်ကိုလိုက်နာရန် ထွက်သွားသည်။
သိပ်မကြာလိုက် ဟာ့ထ်နှင့် မှော်လောင်ချာများသယ်လာသော လူသားအစောင့်နှစ်ရာရောက်လာလေသည်။ ၎င်းတို့က ထိုအရာများအား ဥက္ကဌခရုစ် ခေါ်လာသည့် အမ်ရစ်ကုန်သည်ကြီးများအသင်းအစောင့် တစ်ထောင်ထံပေးလိုက်ပါ၏။
ဟာ့ထ်နှင့် Frestech ကုန်သည်ကြီးများအသင်းက သူ၏ လက်အောက်ငယ်သားများကို မှော်လောင်ချာမည်သို့ အသုံးပြုရမည်အား သင်ကြားပေးနေသည်ကို ကြည့်ရင်း ဥက္ကဌခရုစ်က ရှုယီကို မေးလိုက်သည်၊ “ခင်ဗျား ကျုပ်ကို မှော်လောင်ချာ တစ်ထောင် ပေးချင်တာ သေချာရဲ့လား?”
“ဒါပေါ့ ဒါက ခင်ဗျားတို့လုပ်ငန်းစုအစောင့်တွေရဲ့ အခကြေးပဲ၊ တွန့်တိုနေလို့မရနိုင်ဘူးလေ။” ရှုယီက အပြုံးဖြင့် ပြော၏။
ဥက္ကဌခရုစ်က ခေါင်းငြိမ့်ကာ၊ “ခင်ဗျားသာ ကျုပ်ကို ဒါတွေပေးမယ်လို့ သဘောမတူလာရင် ကျုပ်တန်ဖိုးထားရတဲ့အစောင့်တွေကို ဒီရေဆိုးမြောင်းထဲ ခေါ်လာမှာကို မဟုတ်ဘူး။”
“ကျုပ်တို့လုပ်ငန်းစုရဲ့ အစောင့်တွေက အဖိုးမတန်ဘူးထင်လို့လား?” ရှုယီက တစ်ချက်ရယ်၍ အဝေးကိုကြည့်ရန် မှန်ပြောင်းတစ်ခုယူလိုက်သည်။
ယခုတွင် သူနှင့် ဥက္ကဌခရုစ်တို့ အပါအဝင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်နှစ်ရာနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်း အစောင့်တစ်ထောင်တို့မှာ စွင့်ကားတောင်ပံသင်္ဘောထက်၌ ရှိနေကြသည်။
စွင့်ကားတောင်ပံမှာ ဆန်နက်မြေရိုင်း၏ အနောက်မြောက်ဘက် မြစ်ဆုံဆယ်ခုတွင် ရွက်လွှင့်နေသည်။ ၎င်းတို့သာ နောက်ထပ် ငါးဆယ်ကီလိုမီတာ ထပ်သွားလျှင် စခ်တိုင်းပြည်၏ ပင်လယ်ပြင်သို့ ဝင်ရောက်လာမည်ဖြစ်သည်။
ရှုယီက ရှေ့သို့ တစ်အောင့်ကြာကြည့်လိုက်ပြီးတောက် ရုတ်တရတ် သူ၏ကိုယ်ပေါ်မှ မြည်သံထွက်လာသည်။
ရှုယီလည်း ရင်ဘတ်ထဲမှ မှော်ဆက်သွယ်ရေးကိရိယာလေးကို ထုတ်လိုက်၏။
ချိတ်ဆက်သွားချိန်တွင် အီဗီတာ၏ နူးညံ့သောအသံလေးက မှော်ဆက်သွယ်ရေးကိရိယာမှ ထွက်လာပါ၏။
“ဥက္ကဌ ကျွန်မ စခ်တိုင်းပြည်ကို မြင်နေရပြီ။ သူတို့ အခု စွင့်ကားတောင်ဘက်ကနေ ၁၁နာရီနေရာမှာ ရှိနေပြီး နှစ်ဆယ်ကီလိုမီတာပဲ ဝေးတော့တယ်။”
“ဟုတ်ပြီ လက်ခံရရှိတယ်။ ဆက်ကြည့်ပြီး အပြောင်းအလဲရှိလာရင် ဆက်သွယ်ပေးပါဦး။” ရှုယီ ပြောလိုက်၏။
“ဟုတ်ကဲ့”
ရှုယီလည်း ဖုန်းချ၍ လှည့်လိုက်သော် သူ့လက်ထဲရှိ မှော်ဆက်သွယ်ရေးကိရိယာကို စူးစူးစမ်းစမ်း ကြည့်နေသည့် ဥက္ကဌခရုစ်အား မြင်လိုက်ရပြီးနောက် ဂုဏ်ယူစွာ ပြုံးလိုက်မိသည်။
“ခေတ်ပေါ် အရေးခင်းတွေက အချက်အလက်ပေါ်မှာ မူတည်နေတာ။ ကျုပ်တို့က ဒီအပိုင်းမှာ စခ်တိုင်းပြည်ကို လုံးဝ ဦးဆောင်ထားမှတော့ အနိုင်ယူဖို့ကို စိုးရိမ်စရာလိုမယ်ထင်လို့လား?”
သူ့အနေနှင့် ထိုသို့ပြောပြီးနောက် ဥက္ကဌခရုစ် တုံ့ပြန်လာသည်ကို ဂရုမစိုက်ဘဲ နံဘေး၌ တစ်ချိန်လုံးစောင့်နေခဲ့သည့် နာဗီလ်ကို အမိန့်ပေးလိုက်သည်၊ “အနောက်မြောက်ဘက် ၁၁နာရီ အားအပြည့်နဲ့သွားမယ်!”
နာဗီလ်က လှည့်ထွက်သွား၏။
တစ်အောင့်ကြာပြီးနောက် စွင့်ကားတောင်ပံမှာ ရုတ်တရတ် တုန်ယင်လာကာ ၎င်း၏ ဆယ့်ငါးနုတ် အမြန်နှုန်းပြည့်ဖြင့် ထွက်ခွာ၍ အကန့်အသတ်မဲ့ပင်လယ်ထက်ရှိ အနောက်မြောက်ဘက်ကို ဦးတည်လိုက်တော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 4, အခန်း ၁၅၉။ အခြေအနေတည်ငြိမ်စေခြင်း (Vol 4 «ထီးနန်း» အဆုံးသတ်)
တစ်နာရီကြာပြီးနောက် ပျဉ်ချပ်များက ဆန်နက်ဆိပ်ကမ်း၏ အနောက်မြောက် ငါးဆယ်ကီလိုမီတာ ပင်လယ်တစ်ဝှမ်း မျောနေကြသည်။
ပင်လယ်ထဲသို့ မမြုပ်သေးသည့် သင်္ဘောအများအပြားရှိနေပြီး ရေဝဲကြီးများကို ဖန်တီးနေကြသည်။ ထိုရေဝဲများက စခ်တိုင်းပြည် ပထမသင်္ဘောစု၏ အချိန်မှီ မဆုတ်ခွာနိုင်သော စစ်သည်များကို ပင်လယ်ကြမ်းပြင်သို့ စုပ်ယူနေ၏။
ပင်လယ်ပြင်မှာ သွေးရောင်စွန်းထင်းလျက် လောင်ကျွမ်းခြင်းကြောင့် အနက်ရောင်ဖြစ်လာသည်။ ၎င်းက စခ်တိုင်းပြည်၏ ပထမရေတပ်မှာ သမိုင်း၌သာ ကျန်ရစ်၍ အရိပ်အယောင်ပင် မကျန်ဘဲ ပျောက်ကွယ်သွားသည့် အဓိပ္ပာယ်ပင်။
စခ်တိုင်းပြည်၏ ပထမရေတပ်မှ အဆင့်မြင့်မှော်ပညာရှင် တချို့မှာ ကောင်းကင်၌ ပျံဝဲနေကြသည်။ ၎င်းတို့အားလုံးက ပင်လယ်ပြင်ကို မယုံကြည်နိုင်စွာ ငုံ့ကြည့်နေပြီး ပင်လယ်ပြင်၌ တောင်တန်းတစ်ခုလို မျောနေသည့် ဧရာမစွင့်ကားတောင်ပံသင်္ဘောအား ကြည့်ရင်း မျက်လုံးများထဲ ထိတ်လန့်မှုတို့ ပြည့်လာ၏။
စွင့်ကားတောင်ပံမှာ ၎င်းတို့ရှေ့ ပေါ်ထွက်လာကာစသာဖြစ်သည်။ ၎င်းတို့မှာ ကြီးမားလှသည့်သင်္ဘောနှင့် ထိုသင်္ဘောအား အပြည့်အဝ သတ္တုဖြင့် လုပ်ထားသောကြောင့် အံ့အားသင့်နေခဲ့ကြသည်။
ထိုသင်္ဘောအား အစီရင်ခံစာထဲ၌တွေ့ခဲ့ကြရာ Frestech ကုန်သည်ကြီးများအသင်းပိုင် ဧရာမမှော်သင်္ဘောမှန်းသိသဖြင့် ချက်ချင်း တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြသည်။
သို့သော် စွင့်ကားတောင်ပံသင်္ဘောမှာ နှစ်ကီလိုမီတာ အကွာ၌ ရှိနေချိန်တွင် ၎င်းထံမှ မီးတောက်များထွက်လာမည်ဟု ထင်မထားခဲ့ကြပေ။ ထို့နောက် ကောင်းကင်က စွင့်ကားတောင်ပံမှ လာသည့် မှော်ရောင်လင်းလက်နေသော မှော်အမြောက်ဆံများဖြင့် ဖုံးလွှမ်းသွားတော့သည်။
ထိုသို့သော အပြည့်အသိပ် တိုက်ခိုက်မှုကြောင့် လွတ်မြောက်ရန် လုံးဝ အခွင့်အရေးမရှိတော့ပေ။
စခ်တိုင်းပြည်၏ ပထမရေတပ်သင်္ဘောများမှာ လုံးဝ သစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ၎င်းတို့မှာ ပုံမှန်ငါးဖမ်းလှေများနှင့်ယှဉ်လျှင် မီးတောက်များကို ခံနိုင်ရည်ပိုရှိကာ ရိုက်ချက်များကို ခံနိုင်ရည်ရှိပါသော်လည်း မှော်အမြောက်ဆံများ ရိုက်ခတ်လာပြီးနောက် ချက်ချင်းပင် ပျက်စီးမှုကြီးကို လက်ခံလိုက်ရသည်။
တိုက်ခိုက်မှာ တစ်ကြိမ်တည်းနှင့်တင် စခ်တိုင်းပြည်၏ ပထမရေတပ်မှာ တိုက်ခိုက်ရန် အင်အားအလုံးစုံကို ဆုံးရှုံးလိုက်ရတော့သည်။
ဒုတိယမြောက် မှော်အမြောက်ဆံများ ရောက်လာချိန်တွင် ၎င်းတို့မှာ လုံးဝမရှောင်တိမ်းနိုင်သလို ရှောင်တိမ်းရန် အစွမ်းအစလည်းမရှိတော့ပေ။ ၎င်းတို့အားလုံး နစ်မြုပ်သွားဖို့ရာ သိပ်မကြာလိုက်ပါချေ။
ပထမရေတပ်၏ ထိုလက်ရွေးစင်တပ်ဖွဲ့မှာ ပင်လယ်တဝိုက်တွင် ပြိုင်ဘက်ကင်းဟု ယူဆရသော ရေတပ်ဖြစ်ပြီး စွင့်ကားတောင်ပံ၏ သဲကြီးမဲကြီးတိုက်ခိုက်မှုကို ငါးမိနစ်ထက် ပိုမခံနိုင်ဘဲ အမြစ်ပြတ်သုတ်သင်ခံလိုက်ရ၏!
ထိုဖြစ်စဉ်အတောအတွင်း ၎င်းတို့မှာ ပြန်ပင် မတိုက်ခိုက်နိုင်ခဲ့ပေ!
မှော်ပညာရှင်များမှာ ထွက်ပြေးလိုပါလျှင်တောင် စစ်တပ်ဥပဒေများ၏ ပြင်းထန်မှုနှင့် ၎င်းတို့၏ အစီရင်ခံစာများကို စဉ်းစားမိပြီးနောက်၌ ဆက်နေကာ အချင်းချင်းကြည့်လျက် လှုပ်ရှားဖို့ ပြင်ဆင်လိုက်လေသည်။
မှော်ပညာရှင်များစွာ အတူလုပ်ဆောင်ခြင်းဖြင့် စွင့်ကားတောင်ပံကို ရယူနိုင်ပါ၏။
၎င်းတို့သာ ထိုစွင့်ကားတောင်ပံသင်္ဘောကို ရယူနိုင်လျှင် ထိုသင်္ဘောများ၏ ဆုံးရှုံးမှုကို လျစ်လျူရှု၍ ရနိုင်သည်။
သို့ရာတွင် ထိုမှော်ပညာရှင်များ ၎င်းတို့၏ မှော်စွမ်းအင်ကို စုစည်းလိုက်ကြကာ မန္တာန်များထုတ်ဖော်တော့မည်အပြုတွင် ၎င်းတို့ရှေ့ရှိ နေရာက ရုတ်တရတ် ကွေးဝင်သွား၏။ ထိုနေရာက ၎င်းတို့ အနက်အရှိုင်းကိုပင် မမြင်နိုင်သည့် အမှောင်ထုအဖြစ်ပြောင်းလဲသွားသည်။
စခ်တိုင်းပြည် မှော်ပညာရှင်များမှာ တပြိုင်နက်တည်း လေအေးများ ရှူရှိုက်လိုက်ကြလေ၏။
“တကယ်ကြီး ဟင်းလင်းပြင် မှော်ပညာပဲ! သူတို့ဆီမှာ မဟာမှော်ပညာရှင်ရှိတယ်!”
ထိုမှော်ပညာရှင်များက တစ်ဦးကိုတစ်ဦးကြည့်ကာ မည်သည့်တုံ့ဆိုင်းမှုမှမရှိဘဲ မြောက်ဘက်ရှိ စခ်တိုင်းပြည်ထံ ပျံပြေးကြတော့သည်။
ရှုယီလည်း သူ၏ လက်ကို ရုတ်၍ မှော်အစွမ်းကို ရပ်တန့်လိုက်သည်။
အံ့ဩမင်တက်နေသည့် ဥက္ကဌခရုစ်ကို ကြည့်ရင်း ရှုယီက တစ်ချက်မျှ ပြုံးလိုက်၏၊ “ခင်ဗျား ကျုပ်တို့လုပ်ငန်းစုရဲ့ အင်အားကို သံသယရှိနေတုန်းပဲလား?”
ဥက္ကဌခရုစ်က သက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် ခံစားနေသံဖြင့် ပြောလာသည်၊ “ရှုယီ ခင်ဗျားက တကယ်ကို မကောင်းဆိုးဝါးပဲ။ Frestech ကုန်သည်ကြီးများအသင်းကို တစ်ယောက်တည်း တည်ထောင်ခဲ့တာကလည်း မကောင်းဆိုးဝါးဖြစ်စေတယ်။”
ရှုယီက ရယ်လိုက်ပြီးနောက် နာဗီလ်ကို အမိန့်ပေးလိုက်သည်။ “ပြန်လှည့်”
စွင့်ကားတောင်ပံက ပင်လယ်၌ လှပသော လခြမ်းကွေးသဏ္ဍာန်ဖန်တီး၍ စတက်တိန်းနယ်မြေ၏ ပင်လယ်ဘက် ပြန်လှည့်သွားသည်။
နှစ်ရက်ကြာပြီးနောက် စွင့်ကားတောင်ပံ သင်္ဘောမှာ စခ်တိုင်းပြည်၏ ဗိုလ်ချုပ်ခယ်လာ ဦးဆောင်သော ပထမရေတပ်၏ အဓိကတပ်ဖွဲ့ကို စတက်တိန်းနယ်မြေ၏ အနောက်မြောက်ပင်လယ်၌ တိုက်ခိုက်ခဲ့လေ၏။
စွင့်ကားတောင်ပံမှာ မည်သို့သော ထိခိုက်မှုမှမရှိဘဲ စခ်တိုင်းပြည် ပထမရေတပ်၏ သင်္ဘောသုံးစင်းသာ လွတ်မြောက်သွားပြီး ကျန်သည်တို့မှာ အားလုံး နစ်မြုပ်သွားကြသည်။
Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်ပင်လယ်က ပြန်ပွင့်သွားပါ၏။
ငါးရက်ကြာပြီးနောက် Frestech ကုန်သည်ကြီးများအသင်းနှင့် အတူအလုပ်လုပ်ကြသော အမ်ရစ်ကုန်သည်ကြီးများအသင်း၊ အာမန်နီ ကုန်သည်ကြီးများအသင်း၊ ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်း၊ ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစု ခြောက်စုတို့က အစောင့်ငါးထောင်ကို ခန့်အပ်ကာ ရုတ်တရတ် Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ဌာနမှ နေ၍ တိုက်ခိုက်လာကြသည်။
ထို ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကြောင့် ဒုခ် ဝိန်း၏ စစ်သည်များမှာ လုံးဝမခုခံနိုင်ဘဲ တမုဟုတ်ချင်း အကာအကွယ်များ ပျက်စီးသွားကြတော့သည်။
ဒုခ် ဝိန်း၏ Frestech ကုန်သည်ကြီးများအသင်းကို ပိတ်ဆို့ထားမှုက အပြီးသတ်သွားလေသည်။
တစ်ပတ်ကြာပြီးနောက် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ထိုးစစ်ကို ဆက်လက်လုပ်ဆောင်ကာ ဒုခ် ဝိန်းကို လေးကြိမ်အနိုင်ယူ၍ နောက်ဆူံးတွင် သူ၏ အိမ်တော်ကိုပါ တိုက်ခိုက်ခဲ့သည်။
ဒုခ် ဝိန်းမှာ အခြေအနေ ဆိုးနေကြောင်း သိသဖြင့် အချိန်မီထွက်ပြေးသွားကာ ခြေရာတစ်ခုပင် မကျန်ခဲ့ပေ။
ဒုခ် ဝိန်း၏ အမိန့်မရှိတော့သလို အထောက်အပံ့များလည်း မရှိကြတော့ဘဲ စစ်ဘက်သုံးမှော်စက်များ၏ အင်အားကို အသုံးမပြုနိုင်ကြတော့သည့်နောက် ဒုခ် ဝိန်း၏ စစ်သည်များမှာ လုံးဝ မခုခံနိုင်ကြတော့ချေ။
ဒုခ် ဝိန်းကို အနိုင်ယူအပြီး လတစ်ဝက်ကြာပြီးနောက်တွင် ရှုယီမှာ မျှော်မှန်းထားသလို ဒုခ် ဝိန်း၏ နယ်မြေအားလုံးကို ယူဆောင်ခဲ့သည်။ ၎င်းတို့ မထင်မှတ်ထားသည်မှာ သူဟာ မရပ်တန့်ဘဲ အိမ်နီးနားချင်း အရှင်သခင်နှစ်ဦးကိုပါ တိုက်ခိုက်ခဲ့သည်။
ဆယ်ရက်တာလေးအတွင်း ရှုယီလက်အောက်ရှိ ကိုယ်ပိုင်အစောင့်များမှာ ထိုအရှင်သခင်နှစ်ဦးကို အနိုင်ယူ၍ ၎င်းတို့ နယ်မြေအားလုံးကို ယူဆောင်လိုက်တော့သည်။
ထို့နောက် ရှုယီမှာ ပြန်လည်စုစည်းရန် ရက်နှစ်ဆယ် အချိန်ယူခဲ့၏။
လူတိုင်းက ရှုယီမှာ မရပ်တန့်ဘဲ ဒုခ် ဝိန်း လုပ်ဆောင်သလို အခြားအရှင်သခင်များကို ဆက်လက်တိုက်ခိုက်မည်မဟုတ်ဟု ထင်နေခဲ့ကြချိန်တွင် ရှုယီက ရုတ်တရတ် တစ်ဖန် လှုပ်ရှားလာသည်။
ဤလှုပ်ရှားမှုက ထိတ်လန့်စေခဲ့၏။
တစ်လအတွင်း ရှုယီမှာ အရှင်သခင် ခုနစ်ဦးကို တိုက်ခိုက်ရန် သူ၏ ကိုယ်ပိုင်အစောင့်များကို လွှတ်၍ ထိုအရှင်သခင်ခုနစ်ဦးထံမှ နယ်မြေအားလုံးကို ယူဆောင်ခဲ့သည်။
ထိုတိုက်ခိုက်မှု အလုံးစုံအတွင်း စစ်ဘက်သုံးမှော်စက်များ၏ ကြီးမားသော မီးစွမ်းအားကြောင့် အရှင်သခင်များမှာ လုံးဝ မခုခံနိုင်ခဲ့ကြချေ။ အားလုံး ချွင်းချက်မရှိ အနိုင်ယူခံလိုက်ကြရ၏။
ထိုအချိန်တွင် စတက်တိန်းနယ်မြေ အရှင်သခင်များ နားလည်သွားကြသည်။
ရှုယီမှာ ဒုခ် ဝိန်း မဟုတ်သော်လည်း ဒုခ် ဝိန်းထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်!
ထို့ကြောင့် စတက်တိန်းနယ်မြေ၏ ကျန်သောအရှင်သခင်များအားလုံး ၎င်းတို့၏ အင်အားများကို စုစည်း၍ ရှုယီကို အနိုင်ယူရန် အစီစဉ်ဆွဲလိုက်ကြသည်။
သို့ရာတွင် ရက်စက်သောလက်တွေ့က ၎င်းတို့၏နောက်ဆုံးမျှော်လင့်ချက်ကို ဖျက်ဆီးလိုက်သည်။
ရှုယီမှာ စစ်သည်ငါးထောင်သာ လွှတ်ခဲ့ပြီး ထိုအရှင်သခင်များ လွှတ်လိုက်သည့် စစ်သည်လေးသောင်းကို အလွယ်လေး အနိုင်ယူခဲ့ပါ၏။
ထို့အပြင် ရှုယီ၏ စစ်သည်များမှာ တစ်ချိန်လုံး တက်ကြွနေပြီး အမြဲ ထိုအားသာချက်ကို ထိန်းသိမ်းထားပါ၏။
ရှုယီ၏ ကိုယ်ပိုင်စစ်သည်များရှေ့တွင် အရှင်သခင်တို့၏ စစ်သည်များမှာ ကလေးများက လူကြီးများကို တိုက်ခိုက်နေသလိုပင်။ ၎င်းတို့မှာ အနိုင်သာယူခံလိုက်ရပြီး လုံးဝ ပြန်မတိုက်ခိုက်နိုင်ခဲ့ကြပေ။
ထိုတိုက်ပွဲက အရှင်သခင်များ၏ ခုခံမည့် အတွေးအားလုံးကို ချေဖျက်လိုက်လေသည်။ ထိုတိုက်ပွဲအပြီးတွင် ၎င်းတို့အများစုမှာ ရှုယီကို အရှုံးပေးဖို့သာ ရွေးချယ်လိုက်ကြသည်။ အနည်းစုမှာ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို တိတ်တဆိတ်စုဝေး၍ စတက်တိန်းနယ်မြေမှ ပြေးကာ ဒုခ် ဝိန်းကဲ့သို့ ခြေရာပင် မကျန်ပျောက်ကွယ်သွားကြသည်။
နှစ်လအောက်အတွင်း ရှုယီမှာ စတက်တိန်းနယ်မြေ၏ အရှင်သခင် အားလုံးကို အနိုင်ယူခဲ့သည်။ သူဟာ ဒုခ် ဝိန်း မဖြစ်နိုင်ဟု ထင်ထားသည့်အရာကို ရယူခဲ့ပြီး စတက်တိန်းနယ်မြေတစ်ခုလုံးကို သူ၏ထိန်းချုပ်မှုအောက်သို့ ကျရောက်စေခဲ့သည်။
သို့သော် အားလုံးထင်မှတ်မထားသည်မှာ ရှုယီက အားလုံး ဒုခ်စတက်တိန်းဖြစ်လာရန် တောင်းဆိုမှုကို ငြင်းပယ်ခဲ့သည်။ ထိုအစား သူဟာ စတက်တိန်းနယ်မြေအစိုးရကောင်စီအဖြစ်ဖွဲ့စည်း၍ စတက်တိန်းနယ်မြေကွန်ဂရက်ဟု ခေါ်ဆိုသော စတက်တိန်းနယ်မြေရှိ ကိစ္စကြီး ကိစ္စငယ် အလုံးစုံကို ဂရုစိုက်ပေးရန် တာဝန်ရှိသူအဖြစ်လုပ်ဆောင်ဖို့သာ ကြေညာခဲ့ပါ၏။
တစ်ချိန်တည်းမှာပင် ရှုယီက ကောင့်ထ်အန်ကလိုကို ဤအစိုးရကောင်စီဥက္ကဌအဖြစ် ထောက်ခံခဲ့သည်။ သူဟာ လူငယ်အရှင်သခင်များစွာကို ထောက်ခံခဲ့သလို စတက်တိန်းနယ်မြေပြည်သူများကိုလည်း အစိုးရကောင်စီသို့ ဝင်ရောက်ရန် အဆိုပြုခဲ့သည်။ ၎င်းတို့သည်လည်း နယ်မြေကို စီမံခန့်ခွဲမှု ကောင့်ထ်အန်ကလိုအား အကူအညီဖြစ်စေမည့် ကော်မတီအဖွဲ့ဝင်များဖြစ်လာလိမ့်မည်။
ရှုယီကိုယ်တိုင်ကမူ အထူးအကြံပေးအဖြစ်ဖြင့်သာနေပြီး အစိုးရလုပ်ငန်းများတွင် တိုက်ရိုက် ပါဝင်မည်မဟုတ်ပေ။ သူဟာ လိုအပ်သည့်အချိန်မှသာ အကြံပေးမည်ဖြစ်သည်။
မှန်ပါ၏၊ ဤသည်က သူ၏ အပြောသာရှိသေးသော်လည်း အားလုံးမှာ သူ၏ စတက်တိန်းနယ်မြေအပေါ် လက်ရှိ ထိန်းချုပ်မှုနှင့်ဆိုလျှင် မည်သို့များ လက်ရှိ အစိုးရကိစ္စများတွင် ပါဝင်ခြင်းကို မည်သို့ ရှောင်တိမ်းနေနိုင်မည်နည်း?
တိုက်ရိုက်သာပြောရလျှင် ရှုယီထံ၌ ဒုခ်စတက်တိန်း ရာထူးမရှိသော်လည်း တကယ်တမ်း ဒုခ်စတက်တိန်းသာဖြစ်သည်။
၎င်းကို ပို၍ အကျယ်ချဲ့ရသော် သူ၏ စတက်တိန်းနယ်မြေအပေါ် ထိန်းချုပ်မှုကြောင့် ဤနိုင်ငံ၏ ရှင်ဘုရင်ဟု ဆို၍ရနိုင်သည်။
ပြတင်းမှဖြတ်၍တိုက်ခတ်လာသည့် လေပြည်တစ်သွဲ့နှင့်အတူ အေးစိမ့်မှုက ချဉ်းနင်းဝင်ရောက်လာသည်။
ရှုယီမှာ လက်ထဲရှိ အစီရင်ခံစာမှ အကြည့်လွဲကာ ပြတင်းအပြင်ကို ကြည့်လိုက်သည်။
ပြတင်းအပြင်ဘက်၌ အစိမ်းရောင်များရှိနေသေးသော်လည်း ဒီဇင်ဘာလအဆုံးသတ်ဖြစ်၍ ဆောင်းလယ်ရောက်နေပြီဖြစ်သည်။
လမ်ပူရီတိုင်းပြည်မှ ထွက်ခွာလာခဲ့ချိန်မှစ၍ ယခုထိဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် စတက်တိန်းနယ်မြေ၌ ရှိနေသည်မှာ ၂နှစ်ရှိပြီဖြစ်၏။
ယခုမှသာလျှင် ၎င်းတို့အနေနှင့် ခြေကုပ်အမှန် ရယူနိုင်ခဲ့ခြင်းပင်။
စတက်တိန်းနယ်မြေ၌ Frestech ကုန်သည်ကြီးများအသင်း ကြုံတွေ့ခဲ့သမျှကို စဉ်းစားမိလိုက်တိုင်း ရှုယီမှာ မနေနိုင်အောင် ခံစားချက်ပြင်းပြလာသည်။
Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လမ်ပူရီတိုင်းပြည်မှ ထွက်ခွာကာ စတက်တိန်းနယ်မြေသို့ ဝင်ရောက်ခဲ့စဉ်က အလုံအလောက် မသန်မာသေးသော်လည်း ရှုယီမှာ အခိုင်အမာရပ်တည်ခြင်းက အရေးကြီးဆုံးဟု ဆုံးဖြတ်ခဲ့သည်။
သို့သော် အချက်အလက်ကျကျဆိုလျှင် ဤ၂နှစ်တာအတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ စတက်တိန်းနယ်မြေကို ရယူရန် အခွင့်ပေါင်းများစွာ ရှိခဲ့ပါ၏။
ထိုသို့မလုပ်ဆောင်ခဲ့ခြင်းမှာ ရှုယီအနေနှင့် မစွန့်စားလိုသောကြောင့်သာဖြစ်သည်။
သို့သော် စတက်တိန်းနယ်မြေ၌ လွန်ခဲ့သည့် ၂နှစ်က အခြေအနေများပြောင်းလဲသွားသည်နှင့် Frestech ကုန်သည်ကြီးများအသင်းမှာ ရှုယီ ထိုသို့ မစွန့်စားလိုခဲ့သောကြောင့် တန်ကြေးကြီးကြီးမားမားပေးဆပ်ခဲ့ရလေသည်။
ဒုခ် ဝိန်းက Frestech ကုန်သည်ကြီးများအသင်းကို ချောင်းမြောင်းတိုက်ခိုက်လာချိန်တွင် ခြိမ်းခြောက်မှုကြီးကြီးမားမားမရှိခဲ့သော်လည်း စခ်တိုင်းပြည်နှင့်အတူ Frestech ကုန်သည်ကြီးများအသင်း၏ နယ်မြေကို ယူဆောင်ဖို့ အတူတွဲလုပ်ဆောင်ချိန်တွင် ဆုံးရှုံးမှုများစွာ ဖြစ်ခဲ့ပါ၏။
ရှုယီအနေနှင့် စီးပွားရေးဆုံးရှုံးမှုများကို ထိုမျှ ဂရုမစိုက်ပေ။
Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ဒုခ် ဝိန်းနှင့် စခ်တိုင်းပြည်ကို ကိုင်တွယ်ခြင်းကြောင့် ရွှေဒင်္ဂါးသုံးသန်းကျော်ဆုံးရှုံးခဲ့ရလျှင်တောင်။ ထို့နောက် ပြန်လည်တည်ဆောက်ရေးနှင့် နောက်ကလိုက်သည့် စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများကြောင့် နောက်နှစ်တွင် ရွှေဒင်္ဂါးဆယ်သန်းနီးနီး ရင်းနှီးမြှုပ်နှံရမည်ဟု ခန့်မှန်းထားလျှင်တောင်၊ ရှုယီမှာ ၎င်းအတွက် မနာကျင်ပါချေ။
သူ့အား နာကျင်စေသည်မှာ တိုက်ပွဲအတွင်း လူ့အသက်များဆုံးရှုံးခြင်းပါပင်။
“အရင်က ငါသာပိုပြီး ပြတ်သားခဲ့ရင် ဒီလူတွေအနေနဲ့ အသက်မဆုံးရှုံးခဲ့ရတာလည်းဖြစ်နိုင်လောက်မလား?”
အပြင်ဘက်၌ ကြွေဆင်းနေကြသော သစ်ရွက်နီနီများကိုကြည့်ရင်း ရှုယီမျက်လုံးထဲ မှိန်ဖျော့နေသည်။ တစ်အောင့်ကြာပြီးနောက် ၎င်းတို့က တစ်ဖန်ပြတ်သားမှုအပြည့်ဖြစ်သွားလေ၏။
“ဘာပဲဖြစ်ဖြစ် ငါ့စိတ်ကို ပြင်ဆင်ပြီးမှတော့ အနာဂတ်မှာ တုံ့ဆိုင်းနေလို့မရဘူး။”
ရှုယီမှာ လက်သီးဆုပ်လိုက်ပြီးနောက်မှ ဖြေလျှော့လိုက်တော့သည်။
စတက်တိန်းနယ်မြေ ထိန်းချုပ်မှုကို ရယူပြီးနောက် သူ့အနေနှင့် ဒုခ် စတက်တိန်းရာထူးကိုရယူရန် သို့မဟုတ် ရှင်ဘုရင်ဖြစ်လာရန်ပင် အဆိုပြုလာသည့် လူများစွာရှိခဲ့သည်။
ရှုယီက အားလုံးကို ငြင်းပယ်ခဲ့ပါ၏။
သူ၏ စိတ်က ယခင် အတွေ့အကြုံမှ ပြောင်းလဲသွားကာ ယခုတွင် တာဝန်ယူရန် ဆန္ဒရှိသော်လည်း လက်ရှိ Frestech ကုန်သည်ကြီးများအသင်းအင်အားနှင့်ဆိုလျှင် စတက်တိန်းနယ်မြေကို ထိန်းချုပ်ပြီး အခြားအင်အားများက စတက်တိန်းနယ်မြေ၏ အမွေအနှစ်များကို တပ်မက်ခြင်းမှ ရပ်တန့်နိုင်ရန် ပြဿနာမရှိသလို သူ့အနေနှင့် စတက်တိန်းနယ်မြေကို အပြင်ပန်း၌ ထိန်းချုပ်ဖို့ မဖြစ်နိုင်ပေ။
“ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ကံကြမ္မာကို တခြားလူတွေ အဆုံးအဖြတ်ပေးတာမခံနိုင်ဘူး၊ ငါ့ရဲ့လက်ထဲမှာပဲ ဆုပ်ကိုင်ထားရမယ်။”
ရှုယီက အပြင်၌ ကြွေကျနေသော သစ်ရွက်ရဲရဲများနှင့် ဗလာဖြစ်နေသည့်သစ်ပင်ကို ကြည့်ကာ ရုတ်တရတ် တစ်စုံတရာကိုသတိပြုမိသွားသည်။
သူ၏လက်ကို မြှောက်လိုက်သော် အပြင်ဘက်၌ ဆောင်းဦးသဘာဝအရ ကြွေကျနေသည့် သစ်ရွက်နီတို့မြင်ကွင်းမှာ ရုတ်တရတ် ကျောက်တုံးမှန်သလို ဂယက်လေးများထသွားသည်။
ထိုအချိန်၌ ရှုယီ အဆင့်တက်သွားပါ၏။
(Vol 4 «ထီးနန်း»အဆုံးသတ်)