အမွှာရွှေသန္ဓေ
Vol. 17 Ch. 246
ကြည်လင်သည့်ကန်ရေပြင်တွင် လှပသည့်သဏ္ဌာန်တစ်ခု ပေါ့ပါးစွာ ကူးခတ်နေသည်။ သူ့လှုပ်ရှားမှုက ငါးတစ်ကောင် ရေကိုထိုးခွဲနေသကဲ့သို့ သွက်လက်မြန်ဆန်သည်။ အလွန်တရာ ကြည့်ကောင်းသည်။
ထိုသဏ္ဌာန်က ရေထဲတွင် ပက်လက်လှန်၍ လှိုင်းနှင့်အတူ လွင့်မျောရင်း ထိုအခိုက်အတန့်ကို ဇိမ်ယူနေသည်။
ကမ်းစပ်တွင် လုယန်က စိတ်ပျက်နေပုံရသည်။
"နတ်မယ်၊ ဒီနေရာမှာ ရေမကူးဘဲနေလို့မရဘူးလား"
"ငါရေကူးတဲ့ကိစ္စတောင် နင်ကဝင်ရှုပ်နေတယ်ပေါ့။ ရော့...ခံလိုက်စမ်း"
နတ်မယ်စိတ်ကောက်သွားပြီး လက်နှစ်ဘက်ကို ဆုပ်လိုက်သည်။ လက်ချောင်းများကြားမှ ရေစီးကြောင်းတစ်ခု လုန်ယန်ဆီသို့ ထိုးထွက်သွားသည်။ လုယန် အလွယ်တကူ ရှောင်တိမ်းလိုက်သည်။
"ခင်ဗျားရေကူးတာကို အပြစ်မပြောပါဘူး။ ဒါပေမယ့် ကျုပ်ရဲ့သိစိတ်နယ်မြေထဲမှာတော့ ရေမကူးနဲ့လေ။ ကျုပ်ဦးနှောက်တစ်ခုလုံး ရေတွေပြည့်နေသလို ဖြစ်နေတယ်"
လုယန် တကယ်စိတ်ညစ်နေသည်။ ဘာဖြစ်နေမှန်းမသိတော့။ နတ်မယ်ပြန်လာကတည်းက ရေကစားရသည်ကို အတော်ပျော်နေဟန်ရှိသည်။ သူ့သိစိတ်နယ်မြေထဲမှာပင် ရေကန်တစ်ခု ဖန်တီးထားသည်။
"သွား သွား သွား သွား။ နင်ဆက်ပြီး လေ့ကျင့်လိုက်ပါ။ ငါတစ်ယောက်တည်းနေချင်တယ်"
နတ်မယ်က သိစိတ်နယ်မြေမှ တင်းတွန်းထုတ်သည်။ ထိုနေရာကို သူ့အပိုင်လိုသဘောထားနေသည်။
အပြင်ဘက်တွင် လုယန်သည် တကယ်လေ့ကျင့်ရေးဆင်းနေသည်။ ယခု ရွှေသန္ဓေအဆင့် တောဝက်ရိုင်းသုံးကောင်က သူ့ကိုဝိုင်းထားသည်။ မုန်ကျင်းကျိုးနှင့် လင်းယုန်ငါးယောက်က သစ်ပင်တစ်ပင်ပေါ်မှ စောင့်ကြည့်နေသည်။
တောဝက်ရိုင်းများက အားအပြည့်ဖြင့် တဟုန်ထိုးဝင်လာသည်။ လုယန် သူတို့တိုက်ခိုက်မှုကိုရှောင်၍ ဘေးမှတိုက်ခိုက်ရန် ကြိုးစားသည်။ သို့သော် ဝက်ရိုင်းများ ပူးပေါင်းတိုက်ခိုက်မှုက အကွက်စေ့လှသည်။ သူ့ကို ဘေးမှတိုက်ခိုက်ခွင့်မပေးကြ။
"ဘုန်း"
ဝက်တစ်ကောင် သူ့ကို ကိုယ်လုံးဖြင့်ဝင်တိုက်သည်။ အတောဝေးဝေးသို့ လွင့်ထွက်သွားသည်။ ဖုန်မှုန်များ လေထဲသို့တက်လာသည်။
"ချကြဟေ့ ဝက်ရိုက်တွေ။ သူ့ကို အသေဆော်ပစ်ကြ"
မုန်ကျင်းကျိုးက ဝမ်းသာအားရ အော်ဟစ်နေသည်။
"သခင်လေးလု အဆင်ပြေပါ့မလား။ ဝက်ရိုင်းတွေထဲက တစ်ကောင်က ရွှေသန္ဓေအလတ်တန်းဆင့်ပါ။ ကျန်တဲ့နှစ်ကောင်က အခြေခံအဆင့်တွေ"
ကိုယ်ချင်းစာနာစိတ်ပိုရှိသည့် လင်းယုန်တောင်သူရဲကောင်းငါးယောက်က လုယန်အတွက် စိုးရိမ်ကြသည်။
"အဆင်ပြေပါ။ သူအဆင်ပြေပါတယ်။ ဒါလောက်မှ သူမဖြေရှင်းနိုင်ရင် ကျုပ်တို့မျိုးဆက်ရဲ့ နံပတ်တစ်နေရာနဲ့ ဘယ်ထိုက်တန်မှာလဲ။ သူ့နေရာကို ကျုပ်ရသွားမှာပေါ့"
မုန်ကျင်းကျိုး လက်ဝှေ့ယမ်းပြသည်။
ပြီးခဲ့သည့်တိုက်ပွဲတွင် လုယန်ကသူ့ကို သစ်ပင်ပေါ်မှကန်ချပြီး သားရဲများကို ရင်ဆိုင်ခိုင်းသည်။ ယခု သူ့အလှည့်ဖြစ်သည်။
ဝက်ရိုင်းများ လုနောက်သို့ ဆက်လိုက်သွားရန်ပြင်သည်။ သို့သော် ဖုန်မှုန့်များ ရှင်းသွားချိန်တွင် လုယန်ကို မတွေ့တော့။
ရုတ်တရက် ဝက်ရိုင်းများ အန္တရာယ်အငွေ့အသက်ကို အာရုံခံမိသဖြင့် ခုန်ရှောင်ရန် ပြင်ကြသည်။ သို့သော် နောက်ကျသွားသည်။ အေးစိမ့်သည့်အလင်းတန်းတစ်ခု မြေပြင်မှ ထိုးထွက်လာသည်။ သုံးပေအရှည်ချင်ဖုန်းဓားက ဝက်ရိုင်းတစ်ကောင်၏ဝမ်းဗိုက်ကို ထိုးဖောက်သွားသည်။
ဝက်ရိုင်း ပြန်ခုခံရန်ကြိုးစားသည်။ သို့သော် လုဘန်က လက်ကောက်ဝန်ကို ဖြတ်ခနဲလှည့်၍ သူ့ဓားပညာကို ထုတ်သုံးသည်။
"ခွဲဓား"
ဝက်ရိုင်းကို အလယ်တည့်တည့်မှ နှစ်ပိုင်းခွဲဖြတ်လိုက်သည်။
ဓားတစ်ချက်ဖြင့် ရွှေသန္ဓေအလတ်တန်းဆင့်နတ်ဆိုးသားရဲ သေသွားသည်။
တောနက်ထဲတွင် ရက်ဆက်လေ့ကျင့်ပြီးဖြစ်သည်။ ရွှေသန္ဓေသားရဲမျိုးစုံ တစ်ဒါဇင်ကျော်ဖြင့် လုယန်တိုက်ခိုက်ခဲ့သည်။
သူကောင်းစွာနားလည်လိုက်သည်က တာအိုလမ်းစဉ်ဂိုဏ်းမှ အကိုအမများနှင့် တိုက်ခိုက်ရသည်နှင့်လုံးဝ ကွာခြားနေခြင်းပင်ဖြစ်သည်။ အပြင်လောက ရွှေသန္ဓေအဆင့်များက ကိုင်တွယ်ဖြေရှင်းရ အရမ်းလွယ်ကူသည်။
ယခုချိန်မှစ၍ သူ့ကိုယ်သူယုံကြည်မှုပြန်ရရန် တာအိုလမ်းစဉ်ဂိုဏ်းပြင်ပမှ ပြိုင်ဘက်များကိုသာ သူရှာဖွေသင့်သည်။
"ငါနင့်ကို အမြဲပြောခဲ့သားပဲ။ နင့်ထက်အဆင့်မြင်တဲ့လူတွေကို နင်စိန်ခေါ်နိုင်စွမ်းရှိပါတယ်လို့။ နင်အရင်ကကြုံခဲ့ရတဲ့ ပြိုင်ဘက်တွေက ပုံမှန်ထက်အရမ်းလွန်ကဲလွန်းလို့သာပါ"
နတ်မယ်က သိစိတ်နယ်မြေမှ လှမ်းပြောသည်။
သူပထမဆုံး ပြန်ရှင်သန်ချိန်တွင် လုယန်ခန္ဓာကိုယ်ဖြင့် အမှန်တကယ် ကျင့်စဉ်အဆင့်မြင့်သူများကို စိန်ခေါ်၍ သူ့အစွမ်းကို ကြွားလုံးထုတ်ချင်ခဲ့သည်။
သို့သော် တာအိုလမ်းဉ်ဂိုဏ်းတပည့်များက ထိုမျှဘီလူးသရဲဆန်နေမည်ဟု သူမထင်ခဲ့။ ရှေးဟောင်းခေတ်ပါရမီရှင်များနှင့်ယှဉ်လျှင်ပင် ထိပ်တန်းအဆင့်ရှိသည်။ သူလုံးဝမနိုင်။
ကံကောင်းထောက်မစွာဖြင့် နောက်ပိုင်းတွင် ထူးခြားသည့် သူ့ဉာဏ်ပညာအားကိုး၍ ဝိညာဉ်ပြောင်းအဆင့်တစ်ယောက်ကို လုယန်ခန္ဓာကိုယ်ဖြင့် စိန်ခေါ်အနိုင်ယူပြီး သူ့သိက္ခာအဖတ်ဆယ်နိုင်ခဲ့သည်။
ကျန်သည့်တောဝက်ရိုင်းနှစ်ကောင် သူတို့ခေါင်းဆောင်သေသွားသည်ကိုမြင်ပြီးနောက် ကြောက်လန့်တကြား ထွက်ပြေးကြသည်။
"သူတို့နောက်ကိုလိုက်၊ မလွတ်စေနဲ့"
လုယန် မုန်ကျင်းကျိုးကို အော်ဟစ်သတိပေးလိုက်သည်။
"ငါသိပါတယ်။ မင်းပြောစရာမလိုပါဘူး"
မုန်ကျင်းကျိုး သစ်ပင်ပေါ်မှခုန်ဆင်း၍ လုယန်နှင့် ဝက်ရိုင်းတစ်ကောင်စီ တာဝန်ခွဲယူ၍ လိုက်သွားသည်။
ထိုဝက်ရိုင်းသုံးကောင်သည် ဤတောထဲတွင် လှည့်ပတ်ကျက်စား၍ လူသားများကို အလစ်ဝင်တိုက်ခိုက်လေ့ရှိသည့် နတ်ဆိုးသားရဲများဖြစ်သည်။ သူတို့လက်ချက်ကြောင့် လူပေါင်းများစွာ သေခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက် အလွတ်မပေးဖို့ ဆုံးဖြတ်ထားသည်။
လမ်းပြငါးယောက် ထိုနေရာတွင်စောင့်လျက်ကျန်ခဲ့သည်။ သိပ်မကြာလိုက်။ မနီးမဝေးမှ တိုက်ခိုက်သံများကြားရသည်။ တိုက်ပွဲက မြန်မြန်ပြီးသွားသည်။
သူတို့အသိပြန်ဝင်လာချိန်တွင် လုယန်နှင့် မုန်ကျင်းကျိုးတို့ ဝက်တစ်ကောင်စီဆွဲ၍ ပြန်ရောက်နေပြီဖြစ်သည်။
"ဒီညအတွက် ညစာကတော့ သေချာသွားပြီပဲ"
........
ညရောက်လာသည်။ ရသာသုံးမျိုးမီးတောက် ထိုးတက်လာသည်။ လူအားလုံးမျက်နှာသို့ အနီရောင်အလင်း ဟပ်နေသည်။ မီးပုံပေါ်တါင် ဝက်ရိင်တးစ်ကောင်ကင်ထားသည်။ အဆီများ တရှဲရှဲကျလာသဖြင့် မီးတောက်များ ပိုအားကောင်းလာသည်။
"ကျုပ်တို့တစ်သက် မီးတောက်စစ်နဲ့ကင်ထားတဲ့အသားကို စားရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ အားလုံးက သခင်လေးလုကျေးဇူးတွေပါ"
လုယန် အသက်ငယ်ငယ်နှင့် မီးတောက်စစ်တစ်မျိုး ကျွမ်းကျင်နေသည်ကို လမ်းပြငါးယောက် အံ့ဩနေကြသည်။
လုယန်က အသားကင်ရင်း အလုပ်များနေသည်။ လမ်းပြငါးယောက်က ကျန်သည့်ဝက်ရိုင်းနှစ်ကောင်ကို ခုတ်ထစ်နေကြသည်။
အတွင်းသန္ဓေ၊ အရေပြား၊ အစွမ်၊ အရိုး။ အားလုံးက နတ်ဆိုးတောင်ကြားတွင် ဈေးကောင်းကောင်းရနိုင်သည့် အဖိုးတန်ပစ္စည်းများဖြစ်သည်။
အတွင်းသန္ဓေကို ဆေးဖော်စပ်ရတွင် အဓိကပါဝင်ပစ္စည်းအဖြစ် သုံနးိုင်သည်။ အရေပြားကို ဝိညာဉ်လက်နက် လုပ်နိုင်သည်။ အစွမ်ကို အဆင့်တန်းမြင့်အဆင်တန်ဆာအဖြစ်သုံးနိုင်သည်။ အရိုးကို စွပ်ပြုတ်လုပ်နိုင်သည်။
"ဒါကိုကြည့်ပါဦး၊ ဒီဝက်ရိုင်းနတ်ဆိုးမှာ ရွှေသန္ဓေနှစ်ခုရှိတယ်"
လမ်းပြတစ်ယောက်က တအံ့တဩ အော်ပြောသည်။
"ဘာရယ်၊ ဘယ်လိုဖြစ်နိုင်မှာလဲကွာ"
နှာကောက်ခေါင်းဆောင် အမြန်ပြေးလာပြီး စစ်ဆေးကြည့်သည်။
လုယန်နှင့် မုန်ကျင်းကျိုးတို့လည်း စိတ်ဝင်စားသွားသည်။ လုပ်လက်စအလုပ်များကို ရပ်လိုက်သည်။
အမွှာရွှေသန္ဓေကို တာအိုလမ်းစဉ်ဂိုဏ်းတွင်သာ သူတို့မြင်ဖူးသည်။ အပြင်လောကတွင် ထိုရွှေသန္ဓေမျိုးရှိသည်ဟု တစ်ခါမှမကြားဖူး။
မြေပေါ်တွင် ရွှေသန္ဓေနှစ်ခု ချထားသည်။ တစ်ခုက ရွှေရောင်တောက်နေသည်။ တစ်ခုက မည်းနက်နေသည်။ အစွန်းရောက်သည့် တောက်ပမှုနှင့်အမှောင်ထုကို ကိုယ်စားပြုနေသည့် တာအိုအနှစ်သာရမျိုး ရှိနေသယောင် ထင်ရသည်။
ကြည့်လေလေ ထူးဆန်းလေးနက်သည့် အနန္တစည်းသဘောတရားများ ပါနေသယောင် ထင်ရလေဖြစ်သည်။
ရတနာဆန်းများဖြစ်သည်။
"အမွှာရွှေသန္ဓေနတ်ဆိုးသားရဲကို ငါအနိုင်ယူနိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး"
လုယန် သူ့စွမ်းအားသူ အံ့ဩနေသည်။
မုန်ကျင်းကျိုးလည်း ထိုသန္ဓေများကို ထူးခြားသည်ဟုထင်နေသည်။ အနက်ရောင်ရွှေသန္ဓေပိုင်ရှင်ဟု သူတစ်ခါမှမကြားဖူး။
ရွှေသန္ဓေများကို ကိုးဆင့်ခွဲထားသည်။ ပထမဆင့်မှ နဝမဆင့်ထိရှိသည်။ ပထမဆင့်က အတောက်ပဆုံး ရွှေရောင်အဝင်းဆုံးဖြစ်သည်။ နဝမအဆင့်က အမှိန်ဆုံးဖြစ်သော်လည်း ရွှေရောင်သာဖြစ်သည်။
ယခု ဘာမှမထူးခြားသည့် ဤဝက်ရိုင်းတွင် အနက်ရောင်ရွှေသန္ဓေတစ်ခု အပိုပါနေသည်။ ရှေးဟောင်းသွေးဆက်လား သို့မဟုတ် ထူးခြားသည့်ကံကြမ္မာမျိုး ကြုံခဲ့၍လားမသိ။
"ဒီဝက်ရိုင်းက ရှေးဟောင်းတောင်ထမ်းဝက်မျိုးဆက်ပါ။ ပုခုံးပေါ်မှာ တောင်ကုန်းနှစ်ခု ထမ်းနိုင်တဲ့စွမ်းအားရှိတယ်။ ကျုပ်သိသလောက် ဒီမျိုးနွယ်ဟာ သတ္တိအပြည့်ရှိပေမယ့် ဦးနှောက်မရှိလို့ နတ်ဆိုးမျိုးနွယ်ကြားမှာ အဆင့်နိမ့်တယ်လို့ သတ်မှတ်ကြတဘ်"
နှာကောက်ခေါင်းဆောင်က တွေးတွေးဆဆပြောသည်။ တောအုပ်ထဲတွင် အချိန်ကြာမြင့်စွာနေခဲ့သူဖြစ်၍ နတ်ဆိုးသားရဲများအကြောင်း နှံ့စပ်သည်။
"ဒါဆို ဒီကောင်က ထူးခြားတဲ့ကံကြမ္မာတစ်ခုခု ကြုံခဲ့လို့ပဲဖြစ်မယ်"
မုန်ကျင်းကျိုး သုံးသပ်သည်။
"ဒီတောနက်ထဲမှာ အမွှာကြာပန်းဆိုတဲ့ ရတနာတစ်မျိုးရှိတယ်လို့ ကြားဖူးတယ်။ ကြာစေ့နှစ်ခုမှာ တစ်ခုက အရောင်တောက်ပြီး တစ်ခုကအနက်ရောင်ဖြစ်နေတယ်။ ဒီကြာပန်းကိုစားရင် ယင်နဲ့ယန်ကို ပြောင်းပြန်လှန်နိုင်တယ်။ လူတစ်ယောက်ရဲ့ အခြေခံတည်ဆောက်မှုကို ပြောင်းလဲနိုင်တယ်။ ဒီကောင်က အဲဒီ့ကြာပန်းကို အမှတ်မထင်စားမိလို့ ရွှေသန္ဓေနှစ်ခုဖြစ်နေတာများလား"
နှာကောက်ခေါင်းဆောင် မုန်ကျင်းကျိုးအမြင်ကို ခေါင်းငြိမ့်ထောက်ခံသည်။
"ဒီလိုဆိုရင် ဒီဝက်ရိုင်းတကယ်ကံကောင်းတာပဲ။ ဒီတောအုပ်မှာ အမွှာကြာပန်းကို လာရှာကြတဲ့လူတွေ အများကြီးပါ။ ရှာမတွေ့ကြဘူး။ ဒီဝက်ရိုင်းက စားခွင့်ကြုံသွားတယ်"
အားလုံး၏စိတ်ထဲ အပျော်စိတ်များ နိုးကြားလာသည်။ နောက်ထပ် အမွှာကြာပန်း ရှိနိုင်သေးသည်။ ဤဝက်ရိုင်းတွင် သဲလွန်စရှာပြီး ခြေရာခံ၍လိုက်လျှင် အမွှာကြာပန်းကို တွေ့ကောင်းတွေ့နိုင်သည်။
"နတ်မယ်၊ ခင်ဗျားတစ်ခုခုတွေးမိတာရှိလား။ ဒီအမွှာရွှေသန္ဓေရဲ့ဇစ်မြစ်ကို ပြောပြနိုင်လား"
လုယန် ထာဝရနတ်မယ်ကို တိတ်တဆိတ်မေးလိုက်သည်။
"အမွှာရွှေသန္ဓေတဲ့လား။ အဲဒီအနက်ရောင်နဲ့ဟာက သည်းခြေကျောက်မဟုတ်ဘူးလား"
နတ်မယ် အတော်တွေးမရအောင် ဖြစ်နေသည်။ သတ္တိအပြည့်ရှိသည့် ထိုတောင်ထမ်းဝက်က အချိန်ကြာမြင့်စွာ သည်းခြေရည်စွန့်ထုတ်ခဲ့၍ သည်းခြေကျောက်တည်လာခြင်းသာဖြစ်သည်။
ထိုအဖြစ်မျိုး ရှေးဟောင်းခေတ်က သူမကြာခဏမြင်ဖူးသည်။
ဤလူစုက ထိုမျှကြာအောင် ဘာတွေဆွေးနွေးနေကြသည်မသိ။
လုယန် - "..."
(**ဝက်များ၏ သည်းခြေရည်အိတ်သည့် အကောင်အရွယ်အစားနှင့်စာလျှင် အတော်ကြီးပါသည်)