← Chapters

မစားကောင်းမသောက်ကောင်း

Vol. 17 Ch. 248

မစားကောင်းမသောက်ကောင်း

Vol. 17 Ch. 248

"အဝေးပို့မှော်အဆောင်ကို ဒီလိုလည်းသုံးလို့ရတယ်ပေ့ါ"

လင်းယုန်တောင်သူရဲကောင်းငါးယောက် မင်သက်မိနေကြသည်။

တီကောင်ဘုရင်မျက်လုံးထဲမှ စိတ်ပျက်သည့်အရိပ်ကို သူတို့အာရုံထဲတွင် မြင်နေသေးသည်။

ထိုနတ်ဝိညာဉ်အဆင့်၏ ဖြစ်လာမည့်ကံကြမ္မာက ထင်ရှားနေသည်။

နတ်ဆိုးချုပ်တောင်ကြားမြို့ ချမှတ်ထားသည့် စည်းမျဉ်းက ရှင်းလင်းသည်။ စုစည်းခြင်းအဆင့်အောက်တွင် တောင်ကြားမြို့သို့ ချဉ်းကပ်လာသူမှန်သမျှ သေမည်။ နတ်ဝိညာဉ်အဆင့်နတ်ဆိုးသည် စွမ်းအားကြီးသော်လည်း နတ်ဆိုးချုပ်တောင်ကြားမြို့အကာအကွယ်ကိုတော့ မထိုးဖောက်နိုင်။

"ဘာကိုလဲ၊ သုံးလို့ရတယ်ဆိုတာ ရှင်းနေတာပဲ မဟုတ်ဘူးလား"

လုယန် အံ့အားသင့်သွားသည်။ နတ်ဆိုးသားရဲများသည် ဦးနှောက်နည်း၍ ထိုနည်းလမ်းကို မတွေးမိခြင်းဖြစ်မည်ဟု သူထင်ခဲ့သည်။ သို့သော်ယခု လင်းယုန်တောင်သူရဲကောင်းငါးယောက်လည်း တွေးနိုင်ပုံမရ။

မုန်ကျင်းကျိုးကို ကြည့်ပါ။ သူဆိုလျှင် ချက်ချင်းစဉ်းစားမိသည်။

"ဒီတောထဲမှာ ရွှေသန္ဓေနှင့် နတ်ဝိညာဉ်အဆင့်သားရဲတွေ တကယ်အဲလောက်ပေါတာလား"

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကြုံခဲ့ရသည်များကို လုယန်ပြန်စဉ်းစားသည်။ သူတို့တမင်သွားရှာသည့် သားရဲများအပြင် လှည့်လည်သွားလာနေသည့် နတ်ဆိုးသားရဲတစ်ချို့နှင့်လည်း ကြုံခဲ့ရသည်။ အားလုံးက ရွှေသန္ဓေအဆင့်ဖြစ်သည်။

ယနေ့ညက ပိုထူးဆန်းသည်။ နတ်ဝိညာဉ်အဆင့်တစ်ကောင် ပေါ်လာသည်။

မုန်ကျင်းကျိုးတွင် အဝေးပို့မှော်အဆောင်ရှိနေ၍ တော်သေးသည်။ မဟုတ်လျှင် လုယန် ယွမ်ကျိအရိပ်တုလက်သီးကို သုံးရတော့မည်။

လင်းယုန်လေးဟုခေါ်သည့် နှာကောက်ခေါင်းဆောင် ခေါင်းခါသည်။

"မဖြစ်နိုင်ဘူး။ ဒီတောထဲမှာ လူဖြစ်ဖြစ် နတ်ဆိုးဖြစ်ဖြစ် အများစုက အခြေတည်အဆင့်ပဲ။ အခုလိုသာ ရွှေသန္ဓေအဆင့်တွေ အလစ်တိုက်ခိုက်နေမယ်ဆိုရင် ဘယ်သူမှ ဒီကိုလာရဲမှာမဟုတ်ဘူး"

လုယန် တွေးကြည့်ပြီးနောက် လက်ခံဠိုက်သည်။ သူတို့နှင့်တိုးခဲ့သည့် နတ်ဆိုးသားရဲများသည် ကံဆိုး၍သာဖြစ်သည်။ သို့သော် တစ်ခြားအခြေတည်အဆင့်များဆိုလျှင်လည်း နတ်ဆိုးများလက်ချက်ကြောင့် သေသွားပြီးဖြစ်လိမ့်မည်။

"သခင်လေးတို့နှစ်ယောက် နတ်ဆိုးသားရဲတွေ အများကြီးသတ်ခဲ့လို့ သခင်လေးတိုဲ့့အနံ့က သူတို့ကိုဆွဲဆောင်ခဲ့တာဖြစ်မယ်"

နှာကောက်ခေါင်းဆောင် သုံးသပ်သည်။

သူကျိတ်၍ သက်ပြင်းချနေသည်။ သူတို့ငါးယောက်သည် အခြေတည်ထိပ်တန်းဆင့်များဖြစ်သော်လည်း အဆင့်တူနတ်ဆိုးများကိုတိုက်ခိုက်ဖို့ အတော်လေးကြိုးစားရသည်။ သို့သော် ဤလူငယ်နှစ်ယောက်က ရွှေသန္ဓေအခြေခံမှအလတ်တန်းဆင့်ထိ နတ်ဆိုးသားရဲများကို ဟင်းရွက်လှီးသလို အလွတ်တကူ သတ်ဖြတ်နိုင်သည်။

ကွာခြားချက်က ကြီးမားလွန်းသည်။

"သခင်လေးတို့ မနက်အာရုဏ်ချိန် ဂိတ်ဖွင့်တဲ့အခါ မြို့ထဲကိုပြန်နား၊ အဝတ်တွေကိုလဲပြီး၊ အနံ့တွေကိုဆေးကြေားပစ်ဖို့ အကြံပြုချင်ပါတယ်"

လုယန် ခေါင်းငြိမ့်လိုက်သည်။ ထိုခေါင်းဆောင်အကြံက သင့်တော်သည်။ ဤရက်ပိုင်းအတွင်း သူတို့ခုနစ်ယောက်လုံးပင်ပန်းခဲ့သည်။ တိုက်ခိုက်သည်။ သို့မဟုတ် တိုက်ခိုက်ရန်သွားသည်ိ။ စိတ်အတော်ပင်ပန်းခဲ့သည်။

သူ့စိတ်စွမ်းအားက အဆင့်တူထဲတွင် တစ်ခြားလူများထက် များစွာသာလွန်သည်။ အလွယ်တကူမကုန်ခမ်းနိုင်။ သို့သော် မုန်ကျင်းကျိုးနှင့်လမ်းပြငါးယောက်က ခြေကုန်လက်ပမ်းကျနေသည်

ပုံမှန်ဆိုလျှင် သူလည်း မပင်ပန်းသင့်။ သို့သော် သူ့သိစိတ်နယ်မြေတွင် ထာဝရနတ်မယ်က နေ့တိုင်းဒုက္ခပေးနေသည်။ ထို့ကြောင့် စိတ်စွမ်းအားတစ်စိတ်တစ်ပိုင်းကို နတ်မယ်နှင့်ဖြေရှင်းဖို့ ရှေးဒဏ္ဍာရီများ နားထောင်ဖို့ ခွဲထားရသည်။

ရှေးဒဏ္ဍာရီများက မသေမျိုးများအကြောင်းသာမဟုတ်။ နဂါးမျိုးနွယ် ဖီးနစ်မျိုးနွယ်ပါရမီရှင်တို့ကြား မနာလိုဝန်တိုစိတ်ဖြင့် ပြိုင်ဆိုင်ကြခြင်း၊ ထိုဟာရမ်မီးကြောင့် ချီလင်မသေမျိုး ပင်လယ်ရပ်ခြားသို့ ထွက်ပြေးခဲ့ရသဖြင့် မီးချီလင်ဟု နာမည်ပြောင်တွင်ခြင်း၊ မသေမျိုးတို့၏အဆင့်အတန်းကို မြှင့်တင်ဖို့ ယှဉ်ပြိုင်တိုက်ခိုက်ပွဲများလျှော့ချခြင်း၊ အချိန်မသေမျိုး ထာဝရနတ်မယ်ချက်ပေးသည့် ဟင်းများကြောင့် ဒုက္ခရောက်ခြင်း၊ နှိုင်းယှဉ်ဆက်စပ်မှုသဘောတရားကို နားလည်လာခြင်း၊ ကိုးဆမသေမျိုးက ပထမဆုံးမသေမျိုးအဖြစ် သက်သေပြဖို့ မှတ်တမ်းများ ကိုယ်တိုင်ရေးသားခဲ့သဖြင့် နှောင်းခေတ်လူများက သမိုင်းဝင်မှတ်တမ်းများအဖြစ် တူးဖော်ပြီး သူ့ကိုတရားဝင်းအသိအမှတ်ပြုကြခြင်းများ ပါဝင်သည်။

အရိုးသားဆုံးပြောရလျှင် ထိုဒဏ္ဍာရီအားလုံးက မသေမျိုးများနှင့်ဆက်စပ်နေသည့် အကြောင်းအရာများဖြစ်သည်။ လေလံတင်ရောင်းလျှင် မိုးထိခေါင်ခိုက်မည့် ဈေးနှုန်းရနိုင်သည်။

ရှေးဟောင်းသမိုင်းလေ့လာသည့် သက်ကြားအိုကြီးများ ထိုအကြောင်းမျိုးကြားလျှင် စိတ်လှုပ်ရှားလွန်း၍ အိပ်ပျော်မည်ပင်မထင်။ ထိုဇာတ်လမ်းအကြောင်းအရာများက လက်ရှိနားလည်ထားသည့် ရှေးဟောင်းခေတ်သမိုင်းကို ပြောင်းပြန်လှန်ပစ်နိုင်သည်။

သို့သော် လုဘန်အတွက်တော့ တစ်နေ့နေ့ သူအိပ်ယာနိုးလာချိန် ရှေးခေတ်မသေမျိုးလေးယောက် သူ့ဘေးတွင်ရပ်နေပြီး အေးစက်စက်ပြုံး၍ 'မင်းသိတာများလွန်းသွားပြီ၊ အခုမင်းသေလိုက်တော့'ဟု ပြောလာမည်ကို စိုးရိမ်နေသည်။

သူသည် ထာဝရအရိယဖလပိုင်ဆိုင်ထားသူမဟုတ်။

အကယ်၍ အမယွမ်အချိန်မီရောက်လာခဲ့သော် အနည်းဆုံးတော့ သူ့အလောင်းကို ကောက်နိုင်ကောင်းပါ၏ဟု ဖြေတွေးတွေးရသည်။

သူထိုသို့စိုးရိမ်နေကြောင်း ထာဝရနတ်မယ်ကို ထုတ်ပြောလိုက်သည်။ နတ်မယ်က ခပ်အေးအေးလေသံဖြင့်

"အိုး..ယင်ထန်တို့ သဘောကောင်းပြီး ပေ့ါပေါ့ပါးပါးနေတတ်တဲ့လူတွေပါ။ နင့်ကိုသူတို့ဒီလိုမလုပ်ပါဘူး။ ငါ့ကိုကြည့်လေ။ ငါဒီလောာက်အများကြီးသိတဲ့လူတောင် ကောင်းကောင်းအသက်ရှင်နေတာပဲမဟုတ်လား"

ဝိညာဉ်အသွင်ဖြင့်ရှိနေသည့် ထာဝရနတ်မယ်ကို လုယန် အသံတိတ်ကြည့်နေသည်။ သူသေသည်မှာ နှစ်သုံးသိန်းကြာခဲ့ပြီး အသက်ပြန်ရှင်လာသည်အချိန်က နှစ်လသာရှိသေးကြောင်း သတိပေးလိုက်ချင်သည်။

ဤရက်ပိုင်းအတွင်း ကြမ်းတမ်းသည့်တိုက်ပွဲများ နွှဲခဲ့ပြီးနောက် လုယန်နှင့်မုန်ကျင်းကျိုးတို့၏ တိုက်ပွဲအတွေ့အကြုံ များစွာတိုးတက်လာသည်။ အသေတိုက်ကွက်များ ထုတ်သုံးရာတွင် သိသိသာသာကျွမ်းကျင်လာသည်။

ကျင့်စဉ်စွမ်းအားလည်း ပုံမှန်တိုးတက်နေသည်။ အခြေတည်ထိပ်တန်းအဆင့် ကျင့်စဉ်အခြေခံ ခိုင်မာလာသည်။ ရွှေသန္ဓေအဆင့်သို့ တဖြေးဖြေးချဉ်းကပ်လာသည်။

"ဘာလို့ မင်းရဲ့တိုက်ပွဲအတွေ့အကြုံက ငါ့ထက်ပိုသာသလိူ ဖြစ်နေတာလဲ"

မုန်ကျင်းကျိုး အံ့ဩနေသည်။ သူ့စိတ်ထင်နေခြင်းသက်သက်မဟုတ်ဟု တွေးနေသည်။

လုယန် မရယ်မပြုံးမျက်နှာဖြင့် ပြန်ပြောသည်။

"ညသန်းခေါင်ကနေ မနက်ပိုင်းအထိ ဂိုဏ်းအကိုအမတွေရိုက်တာခံရရင် မင်းလည်းအဲလို တိုးတက်လာမှာပါ"

သူအရိုက်ခံနေရချိန်တွင် ထိုသကောင့်သားက ဘေးမှလက်ခုပ်လက်ဝါးတီး၍ အားပေးနေခဲ့သည်ကို သူမှတ်မိသည်။

မုန်ကျင်းကျိုး အတွေးနက်သွားဟန်ရှိသည်။

"ဒီလိုနည်းလမ်းလည်း တကယ်အလုပ်ဖြစ်တယ်ပေါ့"

ဘယ်သူ့ထက်မှ မနိမ့်ကျခဲ့ဖူးသဖြင့် လုယန်သူ့ထက်သာသည်ကို လက်မခံနိုင်ဖြစ်နေသည်။

ထိုညအနားယူရသည်က သိပ်မငြိမ်းချမ်းလှ။ ရွှေသန္ဓေအဆင့်သားရဲတစ်ကောင် အလစ်ဝင်တိုက်သေးသည်။ ညကင်းတာဝန်ကျသည့် မုန်ကျင်းကျိုးက လက်သီးချက်များဆက်တိုက်သုံး၍ အသေသတ်လိုက်သည်။

ယုန်တစ်ကောင်ဖြစ်သည်။ အိမ်မွေးဝက်အရွယ်အစားရှိသည်။ ရှေ့သွားနှစ်ချောင်းက သုံးလေးလက်မလောက်ရှည်သည်။ မျက်လုံးက ပတ္တမြားလိုနီရဲနေသည်။

"ငါတို့က ဒီလောက်တောင်အမုန်းခံနေရပြီလားကွာ။ ညတောင်ကောင်းကောင်းမနားရဘူး"

မုန်ကျင်းကျိုး ယုန်သေကို ဒေါသတကြီး ပိတ်ကန်လိုက်သည်။ တိုက်ခိုက်နေစဉ်က သူသတိတစ်ချက်လွတ်သွားသဖြင့် ထိုယုန်က သူ့ဆံပင်တစ်ချို့ကို ကိုက်ဖြတ်ခဲ့သည်။

ခန္ဓာကိုယ်ကျင့်ကြံမှုကို ဆံပင်များမာကြောသည်အထိ လေ့ကျင့်ထား၍သာ သူအထိအခိုက်မရှိခြင်းဖြစ်သည်။

လမ်းပြငါးယောက်လည်း ရှင်းမပြနိုင်ကြ။ သူတို့အတွေ့အကြုံ နည်းသေးသည်။ နတ်ဆိုးသားရဲများကို ထိုမျှအဆက်မပြတ်အမဲလိုက်သူမျိုး တစ်ခါမှမမြင်ဖူးကြ။

"အဲလိုတော့ မဟုတ်လောက်ပါဘူး။ တကယ်တမ်းပြောရရင် ဒီနေရာက တောအုပ်ရဲ့အပြင်ပိုင်းပါ။ ရွှေသန္ဓေနတ်ဆိုးသားရဲတွေ ဒီလောက်များများမရှိသင့်ဘူး။ သူတို့ ဒီကိုလာတာ သိပ်အကျိုးမရှိနိုင်ဘူး"

"ထားလိုက်ပါတော့။ ပြန်ရောက်မှပဲ ဆွေးနွေးကြမယ်"

လုယန် အနားယူဖို့အတွက် အားလုံးကိုခေါ်၍ နတ်ဆိုးချုပ်တာင်ကြားသို့ပြန်သည်။

တောင်ကြားဂိတ်တံခါးသို့ ရောက်လာချိန်တွင် လူများပြောဆိုနေသံကိုကြားရသည်။

"မင်းကြားပြီးပြီလား၊ မနေ့ညက နတ်ဝိညာဉ်အဆင့်နတ်ဆိုးသားရဲတစ်ကောင် ညအမှောင်ကို အကာအကွယ်ယူပြီး မြို့တော်ကို လာတိုက်ခိုက်တယ်တဲ့။ ဒါပေမယ့် ညစောင့်တာဝန်ကျတဲ့ ဝိညာဉ်ပြောင်းအဆင့်စွမ်းအားရှင်က အသေရိုက်သတ်လိုက်တယ်"

"တကယ်လား၊ ဒီနတ်ဆိုးက မူးနေတာများလား။ နတ်ဝိညာဉ်အဆင့်နဲ့ လာတိုက်ခိုက်ရဲတယ်ပေါ့"

နတ်ဆိုးနယ်မြေနယ်စပ်ကို စောင့်ကြပ်နေသည့် အဓိကမြို့ကြီးခြောက်ခုထဲမှ တစ်ခုဖြစ်၍ စုစည်းခြင်းအဆင့်တစ်ချို့ မလှုပ်ရှားဘဲ နတ်ဆိုးချုပ်တောင်ကြားမြို့ကို ထိုးဖောက်နိုင်မည်မဟုတ်။

သို့သော် အရင်က ထိုအဖြစ်မျိုးရှိခဲ့ဖူးသည်။ မူးနေသည့်နတ်ဆိုးတစ်ချို့ နတ်ဆိုးချုပ်တောင်ကြားကို သွေးတိုးလာစမ်းကြသည်။ ကံကောင်းသူများက အသဲအသန်ထွက်ပြေးရသည်။ ကံမကောင်းသူများက နောက်တစ်နေ့တွင် ဟင်းအိုးထဲရောက်သည်။ တစ်မြို့လုံးပွဲတော်တည်ကြသည်။

"အင်း...ဒါအမှန်ပါ။ မနေ့ကထက်ဒီနေ့ အစောင့်အကြပ်တွေ ပိုများနေတာ မင်းသတိထားမိလား။ နတ်ဆိုးမျိုးနွယ်က အချီကြီးလှုပ်ရှားဖို့အတွက် မနေ့ညက ငါတို့အင်အားကို စမ်းသပ်ဖို့ ဓားစားခံတစ်ယောက်လွှတ်လိုက်တာလို့ အထက်ပိုင်းအရာရှိတွေ သံသယဖြစ်တယ်။

"ငါတို့ နောက်တစ်ကြိမ် တိုက်ခိုက်ရတော့မှာလား"

"အဲလိုတော့မဖြစ်နိုင်လောက်ဘူး။ စမ်းသပ်ရုံသက်သက်ပဲနေမှာပါ။ ပြီးတော့ ကောလဟာလတစ်ခုလည်းကြားတယ်"

"ဘယ်လိုကြားတာလဲ"

"မနေ့ညကနတ်ဆိုးကို အဝေးပို့မှော်အဆောင်နဲ့ ပို့လိုက်တာတဲ့"

"ဟုတ်လား၊ အဝေးပို့မှော်အဆောင်ကို ဒီလိုလည်း သုံးလို့ရတယ်ပေါ့"

"ဒါကြောင့်မို့ ကောလဟာလလို့ ငါပြောတာပေါ့"

"ဒါဆိုဒီနေ့ ငါတို့ဟင်းကောင်းကောင်းစားရလောက်သလေား"

နတ်ဆိုးချုပ်တောင်ကြားမြို့သည် ဂိတ်တံခါးတွင် သတ်ဖြတ်သည့် နတ်ဆိုးသားရဲတို့၏အသားကို လူတိုင်းအတွက် ခွဲဝေပေးလေ့ရှိသည်။

"ငါတော့ မထင်ဘူး"

"ဘာလို့လဲ"

"သေသွားတဲ့နတ်ဆိုးက တီ‌ကောင်လေ။ မင်းဘယ်လိုစားမှာလဲ"

လုယန်၏သိစိတ်နယ်မြေမှ ထာဝရနတ်မယ် အံ့အားသင့်သွားသည်။

"ဟေ့...နင်တို့ခေတ်ကလူတွေက တီကောင်မစားဘူးလား"

"...နတ်မယ်၊ သူတို့ပြောတာ ခင်ဗျားကိုယ်တိုင်ကြားသားပဲ"

All Chapters