← Chapters

ဗုဒ္ဓကိုယ်တော်စုဝေးပွဲ

Vol. 17 Ch. 253

ဗုဒ္ဓကိုယ်တော်စုဝေးပွဲ

Vol. 17 Ch. 253

အမွှာကြာပန်းသည် သန္ဓေတည်ဆောက်ရာတွင် အရေးပါသည်။ ဘယ်သူမှ လက်မလျှော့ချင်ကြ။ အခြေတည်အဆင့်များစွာ ရှုပ်ထွေးသည့်တိုက်ပွဲတင် ပါဝင်တိုက်ခိုက်နေကြသည်။

လင်းယုန်တောင်သူရဲကောင်းငါးယောက်က ကိုယ့်အဆင့်ကိုယ်သိကြသည်။ သူတို့စွမ်းရည်က တောနက်ထဲ ရှင်သန်နေထိုင်ဖို့သာ သင့်တော်သည်။ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ အဆင့်မမီ။

လုယန်နှင့်မုန်ကျင်းကျိုးတို့၏စွမ်းရည်ကို သိထားပြီးဖြစ်၍ တစ်ခြားဘယ်သူမှ ယှဉ်နိုင်လိမ့်မည်ဟု သူတို့မထင်။

တစ်ချို့ကျင့်ကြံသူများက ကိုယ့်ထက်အဆင့်ငယ်တစ်ဆင့် မြင့်သူများကို အနိုင်ယူနိုင်ကြောင်း ကြွားလုံးထုတ်ကြသည်။ ကြီးမားသည့် စွမ်းရည်တစ်ခုလို သတ်မှတ်ကြသည်။

ဤကိုယ်တော်လေးနှစ်ပါးက အဆင့်ကြီးတစ်ဆင့်သာသည့် ပြိုင်ဘက်များကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ထိုစွမ်းအားမျိုး ကောလဟာလသာ ကြားဖူးသည်။ လက်တွေလုံးဝမမြင်ဖူး။

"ဒီနှစ်ယောက်က စွန်စီးဘုံကျောင်းကများ ဖြစ်မလား"

"စွန်စီးဘုံကျောင်းက လူသစ်နှစ်ယောက် တစ်ပြိုင်တည်းခေါ်ပါ့မလား"

"သူတို့စွမ်းရည်အရဆို မဖြစ်နိုင်စရာတော့ မရှိဘူးနော်"

တာအိုလမ်းစဉ်ဂိုဏ်း မျိုးဆက်တူများထဲတွင် မုန်ကျင်းကျိုး ဒုတိယအဆင့်ဖြစ်သည်။ မသေမျိုးငါးဂိုဏ်းလုံး၏ မျိုးဆက်တူများကြားမှာပင် ဒုတိယဟု သတ်မှတ်နိုင်သည်။ ထူးခြားသည့် သူ့တိုက်ခိုက်စွမ်းအားကြောင့် ကျင့်ကြံသူအတော်များများ သတိထားမိလာပြီး သူ့ကိုဝိုင်းတိုက်ကြသည်။ ရွှေသန္ဓေအဆင့်များလည်း ဝင်လာသည်။

"လုယန်၊ ရပ်ကြည့်ပြီး ပျော်မနေနဲ့ကွ"

မုန်ကျင်းကျိုး အရဟတ်လက်သီးဖြင့်တိုက်ခိုက်နေရင်း လုယန်ကို အကူအညီလှမ်းခေါ်သည်။

"ကြီးမြတ်တဲ့မုန်ကျင်းကျိုးက ရန်သူတစ်ရာကို တစ်ကိုယ်တော်တိုက်ခိုက်နိုင်မယ်လို့ ထင်ခဲ့လို့ပါကွာ"

လုယန် စနောက်ရင်း တိုက်ပွဲထဲသို့ဝင်လာသည်။

အခြေတည်ထိပ်တန်းအဆင့်လေးယောက် လုယန်ကို ပြိုင်တူတိုက်ခိုက်သည်။ လုယန်က လှည့်ပင်မကြည့်။ ဘေးသို့ရှောင်တိမ်းရင် ထိုလေးယောက်၏ ဝမ်းဗိုက်များကို လက်ခုံဖြင့် အသာရိုက်လိုက်သည်။ လေးယောက်လုံး ဗိုက်ထဲမှ ချက်ချင်းပျို့တက်လာပြီး အပြင်းအထန် ထိုးအန်နေကြရသည်။

"သူ့ကိုမြန်မြန်တားကြဟေ့"

လုယန်လည်း မုန်ကျင်းကျိုးလိုပင် စွမ်းအားကြီးကြောင်း အားလုံးနားလည်သွားသည်။ အမွှာကြာပန်းတိုက်ပွဲအတွက် ခြိမ်းခြောက်နိုင်သည့် လူတစ်ယောက်ဖြစ်သည်။

"တောင်ခွဲလက်ဝါး"

နောက်တစ်ယောက်က လုယန်ကို တိုက်ခိုက်သည်။ အကြိမ်များစွာ လေ့ကျင့်ထားသည့် သူ့လက်ဝါးများက နက်ပြာရောင်သန်းနေသည်။ သံမဏိလိုမာကျောသည်။ မီးဖိုထဲထိုးထည့်လျှင်ပင် အရည်မပျော်နိုင်။

"မြေပြင်ထောင်ဆွဲ"

လုယန် လက်ညှိုးဖြင့် မြေပေါ်တွင် စက်ဝိုင်းဆွဲလိုက်သည်။ တောင်ခွဲလက်ဝါးသမား ချက်ချင်းပျောက်သွားသည်။ မြေတိုက်ခန်းထဲ ရောက်သွားသည်။

မမြင်နိုင်သည့်လက်တစ်ဘက်က သူ့ကိုအတင်းဆွဲခေါ်သွားသလို ခံစားရသည်။

ခြောက်ခြားစရာကောင်းသည့် ပညာကြောင့် လူတိုင်းထိတ်လန့်သွားကြသည်။ ထိုပညာကို ဘယ်လိုရင်ဆိုင်ရမည် မသိကြတော့။

"ပန်းချီတာအိုတပည့်လား"

တစ်ယောက်က တအံ့တဩပြောသည်။ လုယန်၏ပညာရပ်က ပန်းချီကျွမ်းကျင်သည့်၊ စုတ်တစ်ချက်ဆွဲရုံဖြင့် အစစ်အမှန်ပြောင်းနိုင်သည့် စာပေကျင့်ကြံသူတို့၏ ပညာရပ်နှင့်တူသည်။

"ဒီလူက ဗုဒ္ဓကိုယ်တော်မဟုတ်ဘူးလား။ ဘာလို့ တာအိုစာပေပညာကို တတ်နေတာလဲ"

လုယန် ဘာမှရှင်းမပြဘဲ ပြုံးရုံပြုံး၍ တိုက်ခိုက်နေသည့် လူအုပ်အလယ်တွင် စက်ဝိုင်းများ အဆက်မပြတ်ဆွဲသည်။ သူ့လှုပ်ရှားပုံက ခြံဝန်းထဲ အေးအေးလူလူလမ်းလျှောက်နေသည်နှင့်တူသည်။

သူ့အနားရောက်လာသူတိုင်း မြေတိုက်ထဲရောက်သွားသည်။

"ငါ့ဓားကိုမြည်းကြည့်စမ်း။ ကောင်းကင်တုန်ဓားတဲ့ကွ"

တွမ်ဟုန်ချန်း အလစ်ဝင်တိုက်သည်။ ကောင်းကင်တုန်ဓားက တောက်ပလွန်းသဖြင့် ကြည့်ရသည်ပင် မျက်စိတ်ကျိန်းသည်။

"အရဟတ်လက်သီး"

လုယန် ညာခြေကို တစ်ဝက်ထိုင်အနေအထားသို့ ကွေးထားပြီး ဘယ်ခြေကိုဆန့်လိုက်သည်။ တစ်ကိုယ်လုံးမှစွမ်းအားကို ဘယ်လက်သီးဆီပို့သည်။ ရှေ့သို့တစ်ချက်ထိုးလိုက်သည်။ ကောင်းကင်တုန်ဓား ဘေးသို့ချော်ထွက်သွားပြီး တုန်ဟွမ်ချန်းမျက်နှာကို လက်သီးချက်ထိသည်။

တုန်ဟွမ်းချင်း တောင်တစ်လုံးနှင့် ဆောင့်မိသလို ခံစားလိုက်ရသည်။ လက်သီးအားက ပြင်းလွန်းသည်။ တားဆီးမရ။ ခုခံသည့်နည်းလမ်းအားလုံး အလုပ်မဖြစ်။

"ဒုက္ခပင်လယ်ဟာ အဆုံးမရှိဘူး။ ခေါင်းတစ်ချက်လှည့်တာနဲ့ ကမ်းခြေပဲ"

လုယန် ဆက်တိုက်ခိုက်သည်။ တွမ်ဟုန်ချန်းစိတ်ထဲ အရိုးများ တစ်စစီပြုတ်ထွက်နေသလို ခံစားရသည်။ နောက်သို့လွင့်ထွက်သွားပြီး သူ့မြင်ကွင်းများ အမှောင်ကျသွားသည်။

"ဟာ..ဒါကဘာလဲ"

သတိလစ်ခါနီး အာရုံမှောင်မိုက်သွားခြင်းမျိုးမဟုတ်။ အနက်ရောင်အရာတစ်ခုက သူ့မြင်ကွင်းဖုံးနေခြင်းဖြစ်သည်။

"ဆံပင်တွေ...ဒါဘယ်သူ့ဟာလဲ"

သူ့ခေါင်းကို လက်ဖြင့်အလိုလိုစမ်းမိသည်။

ပြောင်ချောနေသည်။

'ဒါဘယ်သူ့ခေါင်းလဲ၊ ငါ့ဆံပင်တွေ ဘယ်ရောက်သွားတာလဲ'

နောက်ဆုံးတွင် သူဂရုတစိုက် သ,ထားခဲ့သည့်ဆံပင်များ ဘာဖြစ်သွားသည်ကို နားလည်လာသည်။

ထိပ်တန်းစွမ်းအားရှင်တစ်ယောက်အတွက် အရေးကြီးဆုံးက ခံ့ညားထည်ဝါသည့်သွင်ပြင်မျိုး ထိန်းထားဖို့ဖြစ်သည်။

ထိုသွင်ပြင်မျိုးရှိဖို့ ဆံပင်လည်း မရှိမဖြစ် လိုအပ်သည်။

ယခု သူ့ဆံပင် မရှိတော့။ သူ့သွင်ပြင် တစ်ဝက်ပျက်စီးသွားသည်။

"သတိထားကြဟေ့၊ သူ့အရဟတ်လက်သီးက ဆံပင်ကျွတ်အောင်လုပ်နိုင်တယ်"

တွမ်ဟုန်ချန်း အားလုံးကို အော်ဟစ်သတိပေးသည်။

အလစ်ဝင်တိုက်ဖို့ချောင်းနေသည့် အန်းကောမျက်မှာ ဖြူရော်သွားသည်။

အမွှာကြာပန်းမရသည်က ကိစ္စမရှိ။ တစ်ခြားနည်းလမ်းဖြင့် သန္ဓေတည်ဆောက်၍ရသည်။ သို့သော် ဆံပင်ဆုံးရှုံးလျှင် အကြီးအကျယ်ပြဿနာတက်မည်။

ပြေးရမည်။

သူချက်ချင်း နောက်လှည့်ထွက်ပြေးသည်။

"ထွက်ပြေးချင်တယ်ပေါ့"

လုယန်တွင် ရန်သူကိုအလွတ်ပေးတတ်သည့် အကျင့်မရှိ။ နောက်မှ အဆက်မပြတ်ပြေးလိုက်သည်။

"ငါ့နောက်ကိုမလိုက်နဲ့။ အမွှာကြာပန်းကို ငါမလိုချင်တော့ပါဘူး"

အန်းကော ထိတ်လန့်တကြားအော်ဟစ်၍ အရှုံးပေးသည့်အဓိပ္ပယ်ဖြင့်ပြောသည်။

"ခုနက ငါ့ကိုအလစ်တိုက်ခိုက်ဖို့ ချောင်းနေတာမဟုတ်လား။ ဒီလိုနည်းလမ်းမျိုး ငါအကြိမ်ကြိမ် သုံးဖူးတယ်ကွ"

သူသုံးမည့် ညစ်ပတ်သည့်နည်းလမ်းမျိုးကို အန်းကောသုံးနေသည်ဟု လုယန်ယူဆသည်။

"အန်းကောကိုမထိနဲ့ကွ"

အန်းကောအလှကို စွဲလမ်းနေသူတစ်ယောက်က တားဆီးရန်ကြိုးစားသည်။ လုယန်၏လက်သီးနှစ်ချက်ဖြင့် လွင့်ထွက်သွားသည်။ ဆံပင်များ အတန်းလိုက်ကျကျန်ခဲ့သည်။

"ရပ်လိုက်စမ်း လူယုတ်မာ"

"လူတွေကို ဒုက္ခမပေးနဲ့ကွ"

တစ်ယောက်ပြီးတစ်ယောက် တားဆီးသည်။ အရဟတ်လက်သီးထိပြီး လွင့်ထွက်သွားသည်။

"ငါ့ကို ခေါင်းတုံးဆံတောက်ပုံစံ လုပ်ပေးလို့ရမလား"

တစ်ယောက်က မဝံ့မရဲတောင်းဆိုသည်။

လုယန် ခေါင်းငြိမ့်သည်။ အရဟတ်လက်သီးကို လေးရက်လေ့ကျင့်ပြီးဖြစ်၍ ဆံပင်ပုံစံကို သူ့စိတ်ကြိုက် ပြောင်းလဲနိုင်လာသည်။

"ငါ့ကိုလည်း အဲလိုလုပ်ပေးပါ"

လုယန် တာဝန်ကျေသည်။ ထိုလူလွင့်ထွက်သွားသည်။

ရေကန်တစ်ခုလုံး ဝရုန်းသုန်းကားဖြစ်နေသည်။ အန်းကောက ရေကန်ကို လှည့်ပတ်ပြေးသည်။ လုယန်က နောက်မှလိုက်သည်။ လူအားလုံး လက်သီးနှစ်ချက်စီထိ၍ ခေါင်းတုံးဖြစ်သွားကြသည်။

ကံကောင်းထောက်မစွာဖြင့် အန်းကော၏တာအိုကာကွယ်သူ ပေါ်လာပြီး အန်းကောကိုဆွဲခေါ်ထွက်ပြေးသွားသည်။ လုယန်လက်သီးချက်မှ လွတ်သွားသည်။

"နောက်တစ်ယောက်"

ပစ်မှတ်ပျောက်သွားပြီးနောက် ပစ်မှတ်အသစ်ကို လုယန်ချက်ချင်းတွေ့သည်။

သူ့လက်သီးစွမ်းအားက မူလအရဟတ်လက်သီးနှင့် တန်းတူရှိသည်။ ဆံပင်ဖယ်ရှားသည့် အာနိသင်ကြောင့် ပိုပြည့်စုံသွားသည်။ ဗုဒ္ဓလက်သီးသိုင်းအစစ်ဖြစ်သည်မှာ ထင်ရှားနေသည်။ အဆင့်မြင့်ဘုန်းကြီးများပင် "ဗုဒ္ဓပညာအမွေအစစ်ပေတကား"ဟု ချီးကျူးထောပမာပြုကြပေလိမ့်မည်။

လူအားလုံး ကြိုက်ကြိုက်မကြိုက်ကြိုက် လုယန်၏လက်သီးနှစ်ချက်စီ ရကြသည်။

လုယန်က သူ့လမ်းကြောင်းတစ်လျှောက် မြက်ရိတ်သမားကဲ့သို့ ဆံပင်တစ်ချောင်းမှမကျန်အောင် ရှင်းလင်းသွားသည်။

"ဒီကောင့်ကို အရင်ဖြို့ကြမယ်ဟေ့"

လူအုပ်ကြီး ဒေါသတကြီး အော်ဟစ်ကြသည်။ အမွှာကြာပန်းကိစ္စမေ့ထားပြီး လုယန်ကို ပစ်မှတ်ထားကြသည်။ ထို့ကြောင့် မုန်ကျင်းကျိုးက တစ်ယောက်တည်း အလွတ်ကျန်နေခဲ့သည်။

လင်းယုန်တောင်သူရဲငါးယောက် ထိုမြင်ကွင်းကိုကြည့်၍ ထိတ်လန့်တုန်လှုပ်သွားပြီး နောက်ကျောတွင် ချွေးပြန်လာသည်။ ကျင့်ကြံသူလူစု၏ဒေါသက သူ့တို့အပေါ်ကျလာမည်စိုးသဖြင့် အသာငြိမ်နေကြသည်။

မိုးနတ်မင်းသိပါသည်။ သူတို့သည် လမ်းပြသက်သက်ဖြစ်သည်။ လုယန်နှင့် အကျိုးတူစီးပွားဖက်မဟုတ်ပါ။

"ဒီမှာဘာတွေဖြစ်နေတာလဲ'

နူးညံ့သည့်စကားသံတစ်ခုပေါ်လာသဖြင့် နှာကောက်ခေါင်းဆောင် လန့်သွားသည်။ တစ်ယောက်ယောက် သူတို့ဆီ မြားဦးလှည့်လာပြီဟုထင်သဖြင့် ငါးယောက်လုံး ချက်ချ်ငးခုန်ထပြီး နောက်လှည့်ကြည့်သည်။ ယောက်ျားတစ်‌ယောက်နှင့် မိန်းမတစ်ယောက်ကို တွေ့ရသည်။ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိ။

ယောက်ျားက ထွားကျိုင်းသန်မာသည်။ လူရိုင်းတစ်ယောက်နှင့်တူသည်။ မိန်းမက ခန္ဓာကိုယ်သွယ်သည်။ နုပျိုသည်။ အသက်သိပ်မကြီးသေး။

အရိုးရိုင်းနှင့် ထောင်ယော်ယဲ့ဖြစ်သည်။

သိပ်မကြာသေးမီက သူတို့နှစ်ယောက် ယွမ်ကျိနှင့် တွေ့ခဲ့သည်။ လုယန်နှင့်မုန်ကျင်းကျိုး တောနက်ထဲတွင် အောင်မြင်မှုများစွာရနေကြောင်း သူတို့ထံမှ သွားလေ့လာသင့်ကြောင်း ယွမ်ကျိက အကြံပေးသည်။

လှေပျံစီးလိုက် မြင်းရထားစီးလိုက် ခရီးထွက်ခဲ့ပြီး နောက်ဆုံးတွင် နတ်ဆိုးချုပ်တောင်ကြားသို့ သူတို့ရောက်သည်။

ရောက်ရောက်ချင်းပင် အမွှာကြာပန်းပွင့်တော့မည့်အကြောင်း သတင်းကြား၍ အပျော်လာကြည့်ခြင်းဖြစ်သည်။

မမျှော်လင့်ဘဲ ရွှံနွံထဲတွင် ခေါင်းတုံးအုပ်စု အပြင်းအထန်တိုက်ခိုက်နေသည်ကို မြင်ကြရသည်။ ဗုဒ္ဓကိုယ်တော်များစုဝေးပွဲတစ်ခုလို ဖြစ်နေသည်။

အကျိုးအကြောင်း မေးမြန်းကြည့်ပြီးနောက် လုယန်က ခေါင်းတုံးရိတ်နိုင်သည့် မှော်စွမ်းအားတစ်မျိုးသုံးခဲ့သဖြင့် လူအားလုံး ဒေါသထွက်ပြီး ဝိုင်းဝန်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

အရိုးရိုင်း ချက်ချင်းနားလည်သွားသည်။

"ကျုပ်သဘောပေါက်ပြီ။ ရန်သူအများကြီးကို မကြောက်မရွံ့ရင်ဆိုင်ရဲတဲ့ အကိုလုရဲ့သတ္တိမျိုး အမယွမ်က ကျုပ်တို့ကို သင်ယူစေချင်တာပဲ"

All Chapters