← Chapters

ပြည့်စုံသွားသည် ပေါင်းစပ်တိုက်ခိုက်နည်း

Vol. 17 Ch. 254

ပြည့်စုံသွားသည် ပေါင်းစပ်တိုက်ခိုက်နည်း

Vol. 17 Ch. 254

"တစ်ဆိတ်လောက်ပါရှင့်။ ဟိုရွှံ့တောထဲက ခေါင်းတုံးနဲ့လူနှစ်ယောက်ကို ရှင်တို့သိလား"

ထောင်ယော်ယဲက နှာကောက်ခေါင်းဆောင်ကို မေးလိုက်သည်။

သူနားမလည်အောင်ဖြစ်နေသည်။ လုယန်နှင့်မုန်ကျင်းကျိုး ခေါင်းတုံးရိတ်ထားသည်ကို သူမမြင်ဖူး။

ဘယ်လိုအမှားအယွင်းဖြစ်၍ ခေါင်းတုံးဖြစ်သွားကြမှန်းမသိ။

သူခဏပြန်စဉ်းစားသည်။ လုယန်တို့နှစ်ယောက်ရှိနေလျှင် တစ်ခြားဘယ်အရာမှ သူ့ကိုအံ့အားသင့်အောင် မလုပ်နိုင်ကြောင်း သူနားလည်လာသည်။

လင်းယုန်တောင်သူရဲကောင်းငါးယောက်က ထောင်ယော်ယဲ့နှင့်အရိုးရိုင်းကို နယ်ဝေးမှ လက်စားချေရန်‌ရောက်လာသူများဟု ယူဆသဖြင့် ချက်ချင်းခေါင်းခါ၍ မသိကြောင်းပြောသည်။

"ကျုပ်တို့လည်း အခုမှရောက်တာပါ။ သူတို့ကို မသိပါဘူး။ တစ်ယောက်က လုယန်ဆိုတာပဲ သိတယ်။ ဗုဒ္ဓဂိုဏ်းတပည့်ဖြစ်မယ်ထင်တယ်။ အရဟတ်လက်သီးပညာ ကျွမ်းကျင်တယ်။ သူ့လက်သီးထိတဲ့လူတိုင်း ဆံပင်ကျွတ်သွားတယ်"

ထောင်ယောင်ယဲ့ - "..."

လုယန်နှင့် မုန်ကျင်းကျိုး ဘယ်အချိန်က ဘုန်းကြီးဖြစ်သွားသည်မသိ။

ဘယ်ဗုဒ္ဓဂိုဏ်းက ထိုနှစ်ယောက်ကို လက်ခံရဲလောက်အောင် မျက်လုံးကန်းမည်နည်း။

သူသိသလောက်တော့ စွန်စီးဘုံကျောင်း၏ ကျောင်းထိုင်သည် တာအိုဝစီပိတ်ကို ကလေးကဝဟုခေါ်၍ နှိပ်ကွပ်မည်ဟု အမြဲကြုံးဝါးခဲ့သည်။ အရိုးရိုင်းလည်း ခဏစဉ်းစားပြီး လုယန်နှင့်မုန်ကျင်းကျိုးတို့ ထိုသို့လုပ်ရသည့်ရည်ရွယ်ချက်ကို နက်နက်နဲနဲသဘောပေါက်လာသည်။

"ခရီးထွက်တဲ့အချိန်မှာ ကိုယ့်နောက်ခံကို ဖုန်းကွယ်ထားဖို့လိုတယ်။ အကိုလုနဲ့ အကိုမုန်က သူတို့လုပ်ရပ်တွေ ထင်ရှားလွန်းရင် တာအိုလမ်းစဉ်ဂိုဏ်း နာမည်ထိခိုက်မှာစိုးလို ခေါင်းတုံးရိတ်ပြီး ဗုဒ္ဓကိုယ်တော်တွေအဖြစ် ဟန်ဆောင်ခဲ့တာပဲ"

အမယွမ်သည် တကယ်ထူးခြားသည်ဟု သူတွေးမိသည်။ လုယန်နှင့်မုန်ကျင်းကျိုးထံမှ သင်ယူရန် သူတို့ကို နတ်ဆိုးချုပ်တောင်ကြားသို့ လွှတ်သည့်အချိန်တွင် ယခုအခြေအနေကို ကြိုမြင်ပြီးဖြစ်မည်။

ဟုတ်ပါသည်။ ယခုပင် သူတို့နှစ်ယောက် နည်းနည်းသင်ယူလိုက်ရပြီဖြစ်သည်။

"ခင်ဗျားက သူတို့ကိုသိလို့လား"

ထောင်ယော်ယဲ့နှင့် အရိုးရိုင်းတို့အမူအရာကို အကဲခတ်၍ နှာကောက်ခေါင်းဆောင်က မေးသည်။

"ကျွန်မက ထောင်ယော်ယဲ့ပါ။ သူက အရိုးရိုင်းတဲ့။ ဟိုနွံတောထဲကလူတွေက လုယန်နဲ့ မုန်ကျင်းကျိုးပါ။ ကျွန်မတို့လေးယောက်လုံး တာအိုလမ်းစဉ်ဂိုဏ်းက တပည့်တွေပါ"

"တာအိုလမ်းစဉ်ဂိုဏ်း"

လမ်းပြငါးယောက် အံ့အားသင့်သွားသည်။ လုယန်တို့နှစ်ယောက်၏နောက်ခံက ထိုမျှကြီးမားလိမ့်မည်ဟု ထင်မထားကြ။

သေချာတွေးကြည့်လျျင်လည်း ဖြစ်သင့်ပါသည်။ ပထမအဆင့်ဂိုဏ်းများမှ တပည့်များကို ထိုလူငယ်နျစ်ယောက် အလွယ်တကူ အနိုင်ယူနိုင်သည်။ ထို့ကြောင့် သူတို့နောက်ခံသည် ပထမအဆင့်ဂိုဏ်းများထက် ပို့တောင့်တင်း၍သာဖြစ်ရမည်။

သို့သော် တာအိုလမ်းစဉ်ဂိုဏ်းတပည့်များဟု သိလိုက်ရသည်က တကယ်အံ့ဩစရာကောင်းလွန်းသည်။

တာအိုလမ်းစဉ်ဂိုဏ်း။

မသေမျိုးဂိုဏ်းကြီးငါးဂိုဏ်းစာရင်းဝင်။

နှစ်ပေါင်း တစ်သိန်းနှစ်သောင်း သမိုင်းရှိခဲ့ပြီး မဟာရှားနိုင်ငံထက်ပင် သက်တမ်းရင့်၍ ခန့်မှန်းမရသည့် အခြေခံအင်အားများရှိသည့်ဂိုဏ်း။

ထိုဂိုဏ်း၏စွမ်းအားက ပြိုင်ဘက်ကင်းပြီး မသေမျိုးငါးဂိုဏ်း၏ ဥသျှောင်ဟု ကောလဟာလပင် ဆိုကြသည်။

အားအကြီးဆုံး ဂိုဏ်းဖြစ်သည်။

နှာကောက်ခေါင်းဆောင် သက်ပြင်းချသည်။ ရန်သူမဟုတ်မှန်းသိရသဖြင့် ဝမ်သားသွားသည်။

ထို့နောက် သူတို့ငါးယောက်ကို မုန်ကျင်းကျိုးက လမ်းပြအဖြစ်ငှားရမ်းခဲ့ကြောင်း၊ လုယန်တို့နှစ်ယောက် အမွှာကြာပန်းယူဖို့ ဤနေရာသို့ရောက်လာခြင်းဖြစ်ကြောင်း ရှင်းပြလိုက်သည်။

"သန္ဓေတည်ဆောက်ပို့ပေါ့"

ထောင်ယော်ယဲ့ ခေါင်းငြိမ့်သည်။ သူနှင့်အရိုးရိုင်းလည်း အခြေတည်ထိပ်တန်းအဆင့်ရောက်ခါနီးပြီဖြစ်သည်။ သန္ဓေတည်ဆောက်ဖို့ တောနက်ထဲတွင် အခွင့်အရေးရှာသင့်သည်။

"အကိုလုက တိုက်ခိုက်ရင်းနဲ့ သန္ဓေတည်ဆောက်နိုင်မဲ့ အခွင့်အရေးတစ်ခု ရှာနေတာလား။ ဒါကြောင့် အားလုံးရဲ့ဒေါသကိုဆွပြီး ဝိုင်းတိုက်လာအောင် တမင်လုပ်ခဲ့တာများလား"

ထောင်ယော်ယဲ့ လုယန်ကို သံသယဖြင့်ကြည့်နေသည်။ ဖြစ်နိုင်သည်ဟု တွေးမိသည်။

လုယန် အတော်ဖိအားများနေသည်။

သူဤနေရာသို့လာသည်မှာ အမွှာကြာပန်းယူဖို့သာဖြစ်သည်။ အရဟတ်လက်သီးကလည်း ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ သုံးခဲ့ခြင်းဖြစ်သည်။

ထိုလက်သီးကြောင့် အခြေတည်အဆင့်တစ်ရာနီးပါးနှင့် ရွှေသန္ဓေအဆင့်ဆယ်ယောက်ကျော်၏ ဒေါသကို ရင်ဆိုင်ရမည်ဟု ထင်မထား။

မုန်ကျင်းကျိုး အတော်ရင်ထဲထိသွားသည်။ ခုနက လုယန်ကို သူအကူအညီတောင်းခဲ့သည်။ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ရန်သူအားလုံးကို လုယန်က ဆွဲခေါ်သွားသည်။ ယခု သူ့ကိုအရေးစိုက်နေသူ တစ်ယောက်မှမရှိတော့။

သစ္စာတရား ကြီးမားလွန်းပေသည်။

"မိတ်ဆွေတို့၊ ကျုပ်တို့ကြားမှာ နားလည်မှုတစ်ခု လွဲနေတာဖြစ်မှာပါ။ လက်မှုပညာကျွမ်းကျင်ပြီး ဆံပင်တုတွေလုပ်တတ်တဲ့ ကျုပ်မိတ်ဆွေတစ်ယောက်ရှိတယ်။ ဒီကိစ္စပြီးသွားရင် ခင်ဗျားတို့ကို သူ့ဆီခေါ်သွားပေးနိုင်ပါတယ်"

"ငရဲကိုသွားလိုက်တော့"

ဘယ်သူမှ သူရှင်းပြသည်ကို နားမထောင်ကြ။ အုံလိုက်ကျင်းလိုက် ပြေးဝင်လာသည်။

လုယန်၏ တိုက်ခိုက်စွမ်းရည်က ထူးခြားပါသည်။ ရွှေသန္ဓေထိပ်တန်းအဆင့်များကို ရင်ဆိုင်တိုက်ခိုက်နိုင်သည်။ သို့သော်ယခု ပြိုင်ဘက်အရေအတွက် များလွန်းသဖြင့် သူ့စွမ်းအား မလုံလောက်သေးသလိုခံစားရသည်။

သူထိုသိုခံစားနေရချိန်တွင် ဝိုင်းတိုက်ခိုက်သူများက သူ့စွမ်းအားက ခန့်မှန်းမရဟု တွေးနေကြသည်။ အခြေတည်ထိပ်တန်းအဆင့်သာရှိသော်လည်း အားလုံးကို သက်တောင့်သက်သာ ရင်ဆိုင်နေသည်။ ရွှေသန္ဓေအဆင့်ကျင့်ကြံသူများပင် ထိုသို့တိုက်ခိုက်နိင်မည်မဟုတ်။

"မြေအောင်းပညာ"

လုယန် မြေအောင်းပညာသုံး၍ ထွက်ပြေးရန် ကြိုးစားသည်။

"သူမြေထွက်ပြေးပညာကို သုံးနေပြီ"

လူအုပ်ထဲမှ မြေဓာတ်မှော်ပညာကျွမ်းကျင်သူတစ်ယောက်က လုယန်သုံးသည်နည်းလမ်းကို သတိထားမိသွားသည်။

မြေပြင်ကို ချက်ချင်းတိုက်ခိုက်ကြသည်။ လုယန် ပြန်ထွက်လာသည်။

လေးဘက်လေးတန်မှ ရန်သူများကို ကာကွယ်နေရင်း ရေကန်ဘေးတွင်ရပ်နေသည့် ထောင်ယော်ယဲ့နှင့် အရိုးရိုင်းကို လုယန် သတိထားမိသွားသည်။ ကယ်တင်ရှင်များ တွေ့လိုက်သလို ခံစားရသည်။

"ညီလေးအရိုးရိုင်း၊ ငါ့ကိုလာကယ်ပါဦး။ ညီမထောင်ယော်ယဲ့က ကမ်းစပ်ကနေ ကူညီပါ"

လုယန် အော်ဟစ်လိုက်သည်။

အရိုးရိုင်း ရွှံ့တောထဲသို့ ခုန်ဝင်လာသည်။

မုန်ကျင်းကျိုးလည်း အတားအဆီးများကို ချိူးဖျက်၍ လုယန်ဘေးသို့ ရောက်လာသည်။

ထာဝရဂိုဏ်းမှ သုံးယောက်အဖွဲ့ ပြန်စုစည်းမိကြသည်။ ပြင်းထန်သည့်စွမ်းအင်ရောင် ထုတ်လွှတ်ကြသည်။

"မင်းတို့ဘာလုပ်ရမယ်ဆိုတာ သိပါတယ်နော်"

လုယန် ရန်သူများကိုကြည့်ရင်းပြောသည်။ မုန်ကျင်းကျိုးနှင့် အရိုးရိုင်းက ခေါင်းငြိမ့်သည်။

"ပေါင်းစပ်မယ်"

သုံးယောက်လုံး သံပြိုင်အော်ဟစ်လိုက်သည်။ သူတို့၏ ပေါင်းစပ်တိုက်ကွက်ကို ပုံဖော်ကြသည်။

ဤတစ်ကြိမ်တွင် လုယန်က အဓိကခန္ဓာကိုယ်ဖြစ်သည်။ မုန်ကျင်းကျိုးနှင့် အရိုးရိုင်းကို တစ်ဘက်စီ ကိုင်ထားသည်။

ဘေးမှကျင့်ကြံသူများ ခဏတုံ့ဆိုင်းသွားကြသည်။ ထိုတိုက်ခိုက်မှုပုံစံမျိုး သူတို့တစ်ခါမှမမြင်ဖူး။

ကန်စပ်မှ ထောင်ယောင်ယဲ့လည်း ကြောင်တက်တက်ဖြစ်သွားသည်။ သူလည်း ထိုပုံစံမျိုးကို မမြင်ဖူး။ ထို့ပြင် လုယန်ပြောသည် ကမ်းစပ်မှကူညီပါဆိုသည့်စကားကို သူနားမလည်။

လုယန် နှာခေါင်းတစ်ချက်ရှုံ့၍ ဓားစွမ်းအင်ကို မုန်ကျင်းကျိုးနှင့် အရိုးရိုင်းဆီ ပို့လွှတ်လိုက်သည်။ ထူးခြားသည့် ဓားနှစ်လက်လို ဖြစ်လာသည်။

"ငါတို့စွမ်းအားကို ပြကြမယ်ဟေ့"

လုယန် အော်ဟစ်လိုက်သည်။

ဓားဝိညာဉ်မြစ်ပိုင်ရှင်ဖြစ်သော်လည်း ချင်ဖုန်းဓားကို သူမသုံး။ အားလွန်ကဲ၍ လူသတ်မိမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ယခု မုန်ကျင်းကျိုးနှင့် အရိုးရိုင်းရှိနေသဖြင့် ထိုကိစ္စ စိုးရိမ်စရာမလို‌တော့။

ထိုနှစ်ယောက်က အသွားတုံးလက်နက်များလိုပင် ဖြစ်သည်။ ဓားစွမ်းအင်ထပ်ထည့်ပေးရုံသာရှိသည်။ လူသတ်မိမည်မဟုတ်။

လပေါင်းများစွာ လုယန်ကျင့်ကြံခဲ့သည့် ဓားနှစ်လက်ပညာက ယခု အသုံးတည့်လာသည်။ မုန်ကျင်းကျိုးတို့နှစ်ယောက်ကို ဝှေ့ယမ်းနေသည်။

ထာဝရဂိုဏ်းကို ဖြိုခွဲ၍ တာအိုလမ်းစဉ်ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ဤစကြာလှည့်ပညာရပ်ကို သူတို့လေ့ကျင့်ခဲ့သည်။ ဤတစ်ကြိမ်တွင် အချိန်ပိုကြာကြာ လှည့်နိုင်လာသည်။

"သူတို့နဲ့ဝေးဝေးနေပါ။ ဒီနည်းလမ်းကို သူတို့ကြာကြာမသုံးနိုင်ပါဘူး"

တိုက်ပွဲအတွေ့အကြုံရင့်သည့် တွမ်ဟုန်ချန်းက အားနည်းချက်ကို ချက်ချင်းသတိထားမိသည်။

မှန်သည်။ သူတို့သုံးယောက် ဇွဲကောင်းကောင်းဖြင့် လေ့ကျင့်ထားသော်လည်း အချိန်ကြာကြာလှည့်တ်နေပြီးနောက် သူတို့ပင်ပန်းလာကြသည်။

"အကိုလု၊ ကျုပ်အန်ထွက်တော့မယ်"

အရိုးရိုင်း သိစိတ်အာရုံမှ လှမ်းပြောသည်။

"ငါလည်းအတူတူပဲကွ"

မုန်ကျင်းကျိုးလည်း ထပ်ပြောသည်။

"ညီမထောင်ကို ယုံကြည်ကြပါ"

လုယန်က ခပ်အေးအေး တုံ့ပြန်သည်။

လုယန်၏ရည်ရွယ်ချက်ကို နားလည်သွားသဖြင့် ထောင်ယော်ယဲ့ အနီရောင်စက္ကူထီးကိုဖွင့်ပြီး နှုတ်ခမ်းပေါ် လက်နှစ်ချောင်းတင်၍ မှော်မန္တာန်တစ်ခု ခပ်တိုးတိုးရွတ်ဆိုလိုက်သည်။ ပုံရိပ်ယောင်တစ်ခု ဖန်တီးသည်။

အာရုံဆွဲဆောင်နိုင်သည့် ပုံရိပ်ယောင်က ရွံနွံ့တောကို ဖုံးအုပ်သွားသည်။

သူကျွမ်းကျင်သည်က ပုံရိပ်ယောင်ပညာဖြစ်သည်။

သို့သော် သူ့ပစ်မှန်က ရန်သူများမဟုတ်။ လုယန်တို့သုံးယောက်ဖြစ်သည်။

သုံးယောက်လုံး၏ မူးဝေနေသည့်ခံစားချက်များ ချက်ချင်းပျောက်ကွယ်သွားသည်။ ဘေးပတ်လည်ကို အာရုံမခံနိုင်တော့ဘဲ တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားရသည်။ ထို့ကြောင့် ခေါင်းမူးသည့်ဝေဒနာ ပျောက်သွားသည်။

လုဘန် 'နှလုံးသဘာဝဉာဏ်အလင်းပညာ'ကို တမင်တကာအသုံးမပြုဘဲထားသည်။ ပုံရိပ်ယောင်ထဲတွင် အလိုက်သင့်စီးမျောသည်။

အပြင်လောကတွင် သူတို့သုံးယောက် ဆက်၍တိုက်ခိုက်နေသည်။ သို့သော်ယခု သူတို့ခန္ဓာကိုယ်ကို ထောင်ယော်ယဲ့က ထိန်းချုပ်ထားသဖြင့် သူတို့သိစိတ်အာရုံက အပြင်ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ပြတ်နေသည်။

ခေါင်းမူးသည့်ပြဿနာ မရှိတော့။

ထို့ကြောင့် ပေါင်းစပ်စကြာလှည့်တိုက်ကွက်က ဟာကွက်မရှိပြည့်စုံသွားသည်။

All Chapters