← Chapters

အခန်း (၁၁-၂၀)

Vol. 5 Ch. 11-20

အခန်း (၁၁-၂၀)

Vol. 5 Ch. 11-20

Vol 5, အခန်း ၁၁။ မှော်စွမ်းအင်ကူးပြောင်းရေးကွန်ရက်

နျူမန်ထွက်သွားသည်။

သူ၏ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းမှုက မချောမွေ့လှသဖြင့် ထွက်သွားချိန်၌ အနည်းငယ် စိုးရိမ်နေခဲ့သည်။ ထိုရလာဒ်ကို သူ မကျေနပ်သည်မှာ ရှင်းပါ၏။

Frestech ကုန်သည်ကြီးများအသင်းမှာ ရူဒ်ဆန်ဘုရင့်တိုင်းပြည်၌ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရန် သဘောတူခဲ့ကာ မှော်စက်မှုနယ်ပယ်စနစ်တစ်ခု ကူညီ တည်ထောင်၍ ရူဒ်ဆန်တိုင်းပြည်ထံ မှော်စက်နည်းပညာများပိုမိုထောက်ပံ့ပေးမည်ဟု သဘောတူထားသော်လည်း ရှုယီက ဘုရင်ကြီးတဲရုစ် ဂရုအစိုက်ဆုံး စစ်ဘက်သုံးမှော်စက်များနှင့်ပတ်သက်သည့် အဖြေကိုမပေးခဲ့ပေ။

ရှုယီအနေနှင့် ရူဒ်ဆန်တိုင်းပြည်၏ မှော်စက်မှုနယ်ပယ် ပိုမိုပြီးပြည့်စုံလာပြီးနောက် ရူဒ်ဆန်တိုင်းပြည်ထံ စစ်ဘက်သုံးမှော်စက်နည်းပညာတစ်စိတ်တပိုင်းကို လွှဲပြောင်းပေးဖို့ စဉ်းစားမည်ဖြစ်ကြောင်း သဘောတူခဲ့ပါလျှင်တောင် 'ပြီးပြည့်စုံမှု'က မည်သည့်အချိန်၌ ဖြစ်လာမည်ဆိုသည်မှာ အင်မတန် မရေမရာဖြစ်ကျန်ခဲ့သည်။

ရှုယီ ဖော်ပြခဲ့သလို လမ်ပူရီတိုင်းပြည်ကဲ့သို့ အုတ်မြစ်တစ်ခုရှိဖို့ရာ မဆိုထားနှင့် အနည်းဆုံးနောက်ထပ် သုံးနှစ်လောက်ကြာလိမ့်မည်။

ရှုယီ၏ ခွင့်ပြုချက်ရရန်က အနည်းဆုံး ငါးနှစ်လောက်ကြာလိမ့်မည်။

ရူဒ်ဆန်တိုင်းပြည်အနေနှင့် ငါးနှစ်မစောင့်နိုင်ပေ။ နျူမန်မှာ ဘုရင်ကြီးတဲရုစ် ဆန္ဒမရှိလျှင်တောင် Frestech ကုန်သည်ကြီးများအသင်း ထံမှ တိုက်ရိုက် စစ်ဘက်သုံးမှော်စက်များဝယ်ယူရန် ရှုယီပေးခဲ့သည့် အဖြေကို လက်ခံရုံသာတတ်နိုင်ပြီး ရူဒ်ဆန်တိုင်းပြည်ကလည်း လမ်ပူရီတိုင်းပြည်ကဲ့သို့ အားကောင်းမှုကို စိတ်ချထားနိုင်မည်ဖြစ်သည်။

ခေတ်ကမတူတော့ရာ တိုက်ခိုက်ရန် ဓားများနှင့်ချပ်ဝတ်တို့ကိုသာ မှီခိုဖို့ မဖြစ်နိုင်တော့ပေ။ ၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်းထုတ် စွမ်းအားကြီး စစ်ဘက်သုံးမှော်စက်များက ဖယ်ထုတ်ထားလိုက်ပြီးဖြစ်သည်။

ရူဒ်ဆန်တိုင်းပြည်သာ ၎င်းတို့၏ အင်အားကို မတိုးပါလျှင် လမ်ပူရီတိုင်းပြည်အနောက်၌ ကျန်နေခဲ့ရန် မကြာလောက်တော့ပေ။

နှစ်ဘက်အကြား အင်အားကွာခြားမှုကြီးရှိလာလျှင် ထို'မဟာမိတ်'ဟူသည်က မည်သည့်အဓိပ္ပာယ်မှမရှိပေ။

သံတမန် ဟာကာနင်လည်း ထွက်ခွာသွားသော်လည်း နျူမန်ထွက်ခွာပုံနှင့် ခြားနားပါ၏။

နျူမန်နှင့်ယှဉ်လျှင် သံတမန်ဟာကာနင်မှာ ထွက်သွားစဉ်က အင်မတန် စိတ်ကျေနပ်နေသည်။

သူဟာ ရှုယီထံမှ နျူမန်ကဲ့သို့ စစ်ဘက်သုံးမှော်စက်များနှင့်ပတ်သက်၍ တူညီသော အဖြေရ‌ခဲ့သော်လည်း ကန်ဒရာအင်ပါယာက ၎င်းကို ဂရုမစိုက်သလို သံတမန်ဟာကာနင်ကပို၍ပင် ဂရုမထားပေ။

ထိုအစားသူဟာ ရှုယီက အိမ်သုံးမှော်စက်များစွာပေးမည်ဟု သဘောတူထားသောအချက်ကိုသာ ပို၍ ဂရုစိုက်လေသည်။

သူ၏ ရှုယီနှင့် သီးသန့်သဘောတူညီမှုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ အိမ်သုံးမှော်စက်များ စုစုပေါင်း အလုံးသုံးသောင်းကို ပုံမှန်ဈေးနှုန်း၏ ၉၀ရာခိုင်နှုန်းဖြင့် ရောင်းမည်ဖြစ်ရာ ရွှေဒင်္ဂါး ခုနစ်သိန်း‌လေးသောင်း ပမာဏအထိရှိမည်ဖြစ်သည်။

သံတမန်ဟာကာနင် လုပ်ဆောင်ခဲ့သည့် တွက်ချက်မှုတွင် သူသာ ကန်ဒရာအင်ပါယာသို့ ပြန်ရောက်ချိန်၌ မျိုးရိုးမြင့်များနှင့် ကုန်သည်တို့၏ အနှီထူးကဲသော အိမ်သုံးမှော်စက်များကို ဝယ်ယူလိုပုံနှင့် အလုံးသုံးသောင်းလုံးကို ရောင်းချနိုင်ခဲ့လျှင် သူဟာ ရွှေဒင်္ဂါး နှစ်သိန်းရရှိနိုင်လိမ့်မည်။

သူသာ အနည်းငယ်မျှ ပို၍ အကြင်နာကင်းလိုက်လျှင် အမြတ်အစွန်းပို၍ပင်ရနိုင်သေးသည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှ ထွက်လာချိန်တွင် သံတမန်ဟာကာနင်၏ မျက်နှာထက်၌ တောက်တောက်ပပအပြုံးတစ်ပွင့်ရှိနေလေ၏။

ရူဒ်ဆန်တိုင်းပြည်တွင် သူ၏ ကန်ဒရာအင်ပါယာ သံတမန်ရာထူးက မြင့်ပါသော်လည်း အာဏာအစစ်အမှန်မရှိသောကြောင့် ၎င်းမှ များများစားစား လုပ်ဆောင်နိုင်သည့်အရာမရှိပေ။

တစ်နှစ်အတွင်း အများဆုံး ရွှေဒင်္ဂါး လေးသောင်းငါးသောင်းတော့ရနိုင်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းသို့ ခရီးတစ်ခေါက်တည်းနှင့် ရွှေဒင်္ဂါးနှစ်သောင်း အမြတ်စွန်းကြီးကြီးမားမားရခဲ့၏။

ထို့အပြင် သူ့အနေနှင့် ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သည်မှ လုပ်ဆောင်ဖို့လည်း မလိုချေ။ ရှုယီမှာ ကာရာကာမြို့သို့ ကုန်စည်များပို့ဆောင်ပြီး ကန်ဒရာမြို့တော်သို့ပင် ပို့ဆောင်မည့် ယာဉ်တန်းတစ်စု လွှတ်ပေးမည်ဖြစ်သည်။

တစ်ခုတည်းသော သံတမန်ဟာကာနင်လုပ်ဆောင်ရမည်မှာ ကုန်ကျစရိတ်ပေးဆောင်ရန်နှင့် ၎င်းတို့အား ကန်ဒရာအင်ပါယာသို့ ဝင်ရောက်ဖို့ ကူညီရန်ဖြစ်သည်။

သူ့အနေနှင့် စရိတ်ထောက်ရခြင်းက သဘာဝ‌ဖြစ်ပြီး ကန်ဒရာအင်ပါယာသို့ ယာဉ်တန်းကို ဝင်ခွင့်ပြုရမည်ကလည်း သံတမန်ဟာကာနင်အတွက် လွယ်ကူသောကိစ္စဖြစ်သဖြင့် သူဟာ ထိုအခြေအနေကို လွယ်ကူလှစွာ သဘောတူခဲ့သည်။

အရာအားလုံးပြင်ဆင်ပြီးနောက်တွင် သံတမန်ဟာကာနင်အနေနှင့် ကာရာကာမြို့သို့ ပြန်စောင့်နေဖို့ပဲ လိုအပ်တော့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေးယာဉ်တန်းရောက်လာချိန်တွင် ၎င်းတို့မှာ ကန်ဒရာမြို့တော်သို့ သံတမန်ဟာကာနင်နောက်လိုက်မည်ဖြစ်ရု သူ့အနေနှင့် အိမ်၌ ပိုက်ဆံရေရုံသာရှိသည်။

သံတမန်ဟာကာနင်မှာ အပျော်ကြီးပျော်နေသော်လည်း ရှုယီ၏ ပျော်ရွှင်မှုကလည်း သူ့ထက် မလျော့ပါချေ။

ရူဒ်ဆန်တိုင်းပြည် ကိုယ်စားပြု နျူမန်နှင့် ဆွေးနွေးပြီးနောက်တွင် ၎င်းတို့အနေနှင့် စစ်ဘက်သုံးမှော်စက်များကို မရရှိခဲ့သော်လည်း မှော်စက်အပိုင်း၌ ပူးပေါင်းမှုကို ပိုမို လေးနက်ဖို့ ပြင်ဆင်ခဲ့ကြပါ၏။

ဘုရင်ကြီးတဲရုစ်ပေးထားသည့် အထောက်အပံ့များကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက် စက်ရုံများကို ရင်းနှီးမြှုပ်နှံရာ၌ဖြစ်စေ ဆိုင်ခန်းများ၌ ဖြစ်စေ အမြတ်အစွန်းများစွာ ရမည်ဖြစ်သည်။

ဥပမာပြောရသော် ရူဒ်ဆန်တိုင်းပြည်မှာ မှော်စက်များက အခွန်စနစ်အသစ်တစ်မျိုး ရလာမည့် ကုန်စည်အမျိုးအစားများဖြစ်လာဖို့ ဆုံးဖြတ်ခဲ့သည်။ ပုံမှန်စနစ်နှင့် အခွန်ကောက်တော့မည်မဟုတ်ပေ။

ထိုစနစ်ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ အကောက်ခွန် ၅ရာခိုင်နှုန်းအောက်သာပေးရပြီး ရူဒ်ဆန်တိုင်းပြည်၌ မှော်စက်များ ရောင်းချရာတွင် အခွန် ၃ရာခိုင်နှုန်း သက်သာမည်ဖြစ်၏။

၅ရာခိုင်နှုန်းနှင့် ၃ရာခိုင်နှုန်းကို အထင်မသေးပါနှင့်။

ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ ရူဒ်ဆန်တိုင်းပြည်တွင် ပထမနှစ်တစ်ဝက်စာ မှော်စက်များရောင်းချခြင်းမှ ရွှေဒင်္ဂါး သုံးသန်းကျော် အမြတ်အစွန်း ရရှိခဲ့သည်။

၅ရာခိုင်နှုန်းနှင့် ၃ရာခိုင်နှုန်းကို ထည့်ပေါင်းသော် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ရွှေဒင်္ဂါးသုံးသန်းနီးနီး သက်သာမည်ဖြစ်၏။ ၎င်းကို လျစ်လျူရှု၍မရပေ။

သံတမန်ဟာကာနင်ထံကမူ Frestech ကုန်သည်ကြီးများအသင်းမှာ မည်သည့် တိုက်ရိုက်အကျိုးအမြတ်မျှ မရချေ။ ထိုအစား Frestech ကုန်သည်ကြီးများအသင်း မှာ ကန်ဒရာအင်ပါယာသို့ ယာဉ်တန်းတစ်စုပို့ရမည်ဖြစ်သဖြင့် သံတမန်ဟာကာနင် အနေနှင့် ပို့ဆောင်ခကုန်ကျစရိတ်ပေးလျှင်တောင် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းအတွက် လူအင်အားပမာဏများစွာ ရင်းနှီးမြှုပ်နှံဖို့လိုလေသည်။ အဆုံး၌ ၎င်းမှ မည်သည့်ငွေမှ ရမည်မဟုတ်သလို ငွေတောင် ဆုံးလိမ့်မည်။

သို့သော် သံတမန်ဟာကာနင်နှင့် ပူးပေါင်းခြင်းအတွက် အဓိက ရည်ရွယ်ချက်မှာ Frestech ကုန်သည်ကြီးများအသင်းအား ကန်ဒရာအင်ပါယာ၏ ဈေးကွက်ကြီးကို ဖွင့်ရာ၌ ကူညီရန်ဖြစ်သည်။

လမ်ပူရီတိုင်းပြည်နှင့်ယှဉ်လျှင် ကန်ဒရာအင်ပါယာထံ၌ အပိုင်စားမြေမှာ ဆယ်ဆကျော်ပိုရှိပြီး လူဦးရေးလည်း ဆယ်ဆပိုများသဖြင့် ဈေးကွက်ကလည်း အဆများစွာ ပိုကြီးမားလိမ့်မည်။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များသာ ကန်ဒရာအင်ပါယာထံသို့ ချောမွေ့စွာဝင်ရောက်နိုင်ကာ ခိုင်ခိုင်မာမာရပ်တည်နိုင်ပါလျှင် Frestech ကုန်သည်ကြီးများအသင်း၏ အနာဂတ်အလားအလာကို ကိုယ်စားပြုလိမ့်မည်။

ဆုံးရှုံးမှု အနည်းအကျဉ်းကို ထည့်‌စဉ်းစားဖို့မလိုပေ။

ကောင်းကင်ယံရှိ နေ‌နှင့် ၎င်းထံမှ တောက်ပသောအလင်းရောင်ကျလာခြင်းကြောင့် လူတိုင်း၏ အရိပ်များကို ခြေထောက်၌ လာရောက်စုဆုံစေသည်။

မြေပြင်ပေါ်သို့ ကျရောက်သွားသော ချွေးစက်များက ပူကျစ်နေသောလမ်းမကို အနည်းငယ်စိုစွတ်စေသော်လည်း ၎င်းမှာ တမုဟုတ်ချင်း အငွေ့ပျံသွားကြသည်ချည်းသာ။

ရှုယီမှာ နဖူးထက်မှ ချွေးများကို သုတ်၍ မြေပြင်၌ ငုပ်တုတ်ထိုင်နေသူ အာကာလီကို မေးလိုက်သည်၊ "ဘယ်လိုလဲ? တုံ့ပြန်မှုရှိလား?"

အာကာလီက ချွေးများ လွှမ်းနေသလို သံသယရိပ်လည်းရှိသည့်မျက်နှာဖြင့် မော့ကြည့်လာသည်။

"ထူးဆန်းတယ်.... အဆင်ပြေလောက်မယ်ဆိုပေမယ့် ဘာလို့ တုံ့ပြန်မှုမရှိရတာလဲ?"

ရှုယီမှာ သူမရှေ့ရှိ တစ်မီတာခွဲ သစ်သားစင်္ကြံကိုကြည့်လိုက်ရာ ၎င်းထက်က မှော်အစီအရင်က မည်သည့်တုံ့ပြန်မှုမှမရှိသည်ကို တွေ့ရသည်။ သူလည်း မနေနိုင်အောင် မျက်မှောင်ကုပ်မိ၏၊ "ကျရှုံး.... သွားတာများလား?"

"မဖြစ်နိုင်တာ!" အာကာလီက အသံကိုမြှင့်၍ အခိုင်အမာ ခေါင်းခါသည်၊ "ကျွန်မတို့အဖွဲ့ ဒါကို အကြိမ်ပေါင်းရာချီ စမ်းသပ်ပြီး နောက်ဆုံး အကြိမ်ဒါဇင်ချီမှာ အကြိမ်တိုင်း အောင်မြင်ခဲ့တာ၊ ကျရှုံးမှာတော့ မဖြစ်နိုင်ဘူး!"

ရှုယီက ခေါင်းငြိမ့်ကာ၊ "အင်း ငါ မင်းတို့အစွမ်းအစကို ယုံပေမယ့် စိုးရိမ်စရာမလိုပါဘူး။ တစ်ခါလောက်ကျရှုံးတာက ဘာမှမဟုတ်ဘူး။ ပြောထားတာပဲ၊ မင်းတို့ကို စမ်းသပ်အဆင့်မှာ ကျရှုံးခွင့်‌ပြုတယ်၊ ဒါပေမယ့် အသုံးပြုနေတဲ့အဆင့်မှတော့ ဘာကျရှုံးမှုမှ မရှိရဘူးလို့။"

"မကျရှုံးဘူးလို့ ပြောပြီးပြီလေ!" အာကာလီက ခြေတစချက်ဆောင့်ကာ ရုတ်တရတ် ထရပ်သည်။ သူမက လမ်းမနံဘေးရှိ စင်မြင့်တစ်ခုကို ကြည့်ကာ ရုတ်တရတ် သူမ၏ မှော်အစွမ်းကိုသုံး၍ စင်္ကြံထံ ပျံသွားလိုက်ပါ၏။

ရှုယီလည်း မျက်လုံးများမလှိမ့်ဘဲ မနေနိုင်တော့ပေ။

ဤအာကာလီက မည်သည့်အချိန်က သူမ၏ စိတ်မရှည်မှုကို ပြောင်းလဲနိုင်လိုက်သနည်း?

စင်္ကြံအနီ၌ မှော်သုတေသနဌာန ယူနီဖောင်းများဝတ်ဆင်ထားသော လူငယ်မှော်ပညာရှင်များကို လိုက်ကြည့်ကာ ရှုယီမှာ အပြုံးဖြင့်မေးလိုက်သည်၊ "မင်းတို့တွေ ဒီစမ်းသပ်မှုကို အကြိမ်ပေါင်းရာချီလုပ်ထားခဲ့ပြီးသားလား?"

၎င်းတို့ တစ်ဦးကို တစ်ဦးကြည့်လိုက်ပြီးနောက် အသက်ပိုကြီးသည့် သုတေသီက တလေးတစားပြောလာသည်၊ "ဟုတ်ပါတယ် ဥက္ကဌ။ ခေါင်းတောင်အာကာလီက လွန်ခဲ့တဲ့နှစ်မှာ ဒီမှော်စွမ်းအင်ကူးပြောင်းရေးကွန်ရက်ကို စလေ့လာခဲ့တာ၊ သူမ မှော်စွမ်းအင်ကူးပြောင်းခြင်းကို စလေ့လာချိန်ကနေပြီး အကြိမ်ပေါင်း ရာချီစမ်းသပ်ခဲ့ပြီးပါပြီ။ နောက်တော့ ကူးပြောင်းရေး နယ်နမိတ်က တိုးတက်မှုဖြစ်လာပြီးနောက်မှာ မှော်စွမ်းအင်ကူးပြောင်းရေးကွန်ရက်ကို အကြိမ်ပေါင်းရာချီ စမ်းသပ်ခဲ့ပါတယ်။ အားလုံးကို ပေါင်းကြည့်ရင် ဒီခေါင်းစဉ်နဲ့ဆိုင်တဲ့ စမ်းသပ်မှု တစ်ထောင်ကျော်လုပ်ခဲ့တာပါ။"

"အိုး? ဒါက အာကာလီပြောခဲ့တာထက် နည်းတယ်မဟုတ်လား?" ရှုယီက အဝေးရှိ စင်္ကြံဘက်ကို လှည့်ကြည့်လိုက်သော် အာကာလီက ပျံသန်းရောက်ရှိသွားပြီး တစ်စုံတရာကို စစ်ဆေးရန် ငုံ့ကိုင်းနေသည်ကို တွေ့ရလေသည်၊ "အင်း ဒီလောက်စမ်းသပ်မှုတွေလုပ်ထားမှတော့ ဒီခေါင်းစဉ်နဲ့ အရမ်းကို ရင်းနှီးနေပြီး ဘာပြဿနာမှ မရှိလောက်ဘူးပေါ့။"

"ဟုတ်ပါတယ်!" ရှုယီ၏ အကဲဖြတ်မှုကိုကြားသော် လူငယ်သုတေသီများအားလုံး ရင်ကိုကော့ကာ ဂုဏ်ယူဟန်ရှိနေကြသည်၊ "ကျွန်တော်တို့ ဒီအပေါ်မှာ အတော်အားစိုက်ခဲ့တာမို့ သေချာပေါက် မကျရှုံးနိုင်ပါဘူး!"

"ဟုတ်ပါတယ်! ခေါင်းဆောင်အာကာလီရဲ့ ခေါင်းဆောင်မှုကြောင့် ကျွန်တော်တို့သေချာပေါက် အောင်မြင်မှာပါ!"

ရှုယီက ရယ်သည်။ ဤနှစ်များတလျှောက်လုံး အာကာလီမှာ မှော်သုတေသနဌာန၏ အဆင့်မြင့်သုတေသီဖြစ်လာရုံသာမက အခြားသုတေသီများ၏ စိတ်ထဲ၌လည်း လုပ်ပိုင်ခွင့်အလုံအလောက်ရထားပြီဖြစ်သည်။

အနည်းဆုံး သူမ ဦးဆောင်သည့် အဖွဲ့၏ စိတ်ထဲ၌ သူမထံတွင် အင်မတန်ကောင်းမွန်သည့် ပုံရိပ်ရှိပါ၏။

"သူတို့သာ အရင်က အာကာလီဘယ်လိုပုံစံမှန်းသိရင် သူမအပေါ် လက်ရှိ သူတို့မြင်နေတဲ့ အမြင်က ပြောင်းသွားမလား?" ရှုယီလည်း မနေနိုင်ဘဲ ထိုရယ်ရွှင်ဖွယ်အတွေးကို တွေးမိသည်။

သစ်သားစင်္ကြံဘက် ပြန်လှည့်လိုက်ရင်း ရှုယီမှာ ခံစားချက်များ မနေနိုင်အောင်ပြင်းထန်လာသည်။

ဤမှော်စွမ်းအင်ကူးပြောင်းရေးကွန်ရက်မှာ ကမ္ဘာမြေရှိ စွမ်းအင်ဇယားကို ကူးယူထားသည့်အစီစဉ်ဖြစ်သည်။ ရှုယီက ၎င်းကို အာကာလီထံသို့ ပြောပြထားရုံသာဖြစ်ရာ သူမက ၎င်းအပေါ် မြှုပ်နှံထားမည်ဟု ထင်မထားခဲ့ပေ။

ဤသစ်သားစင်္ကြံမှာ မှော်စွမ်းအင်ကူးပြောင်းရေးကွန်ရက် အခွဲအဖြာများအနက် တစ်ခုဖြစ်သည်။ ၎င်းက အင်မတန် စောလွန်းလှပြီး ပြည့်စုံသည်ဟု ယူဆရန် ဝေးကွာနေသော်လည်း ထိုအတွေးက အမှန်ဖြစ်လာနိုင်သည့် အဓိပ္ပာယ်ရသည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၂။ ငွေကြေး တောင်းခံခြင်း

အာကာလီမှာ အင်မတန်မြန်ဆန်စွာ လှုပ်ရှား‌ခဲ့ပြီး လေကဲ့သို့ ပြန်ကာ ပျံသန်းလာရန် သိပ်မကြာလိုက်ပေ။

သူမ ဆင်းလာချိန်တွင် စိတ်ထက်သန်ဟန်ဖြင့် လက်ယမ်းပြလာ၏၊ "ဟုတ်ပြီ ပြဿနာဖြေရှင်းပြီးပြီ"

ရှုယီက သစ်သားစင်မြင့်ကြံထံတိုးလာသည့် သူမကို တားကာ မေးလိုက်သည်၊ "ပြဿနာက ဘာတဲ့လဲ သေချာစစ်ကြည့်ခဲ့ရဲ့လား?"

အာကာလီလည်း ကြက်သေ,သေသွားသည်မှာ တစ်ယောက်ယောက်က ထိုသို့မေးလာသည်ကို အံ့ဩသွားသည့်နှယ်ပင်။ ထို့နောက်မှ သတိဝင်လာကာ ပြန်ဖြေပါ၏၊ "အိုး ဒါက မှော်အစီအရင်ကြိမ်နှုန်းကြောင့်ဖြစ်တဲ့ အမှားသေးသေးလေးပါပဲ။ ဒီလောက်ပူနေတော့ မှော်အစီအရင်ရဲ့ အပိုင်းတစ်ခုကို ပုံပျက်သွားစေပြီး အမှားဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ အခုနက စစ်ပြီး ပြန်ပြင်လိုက်လို့ ပြဿနာမရှိလောက်တော့ပါဘူး။"

"အင်း ပြဿနာကို သိရင်အဆင်ပြေတယ်။" ရှုယီက ခေါင်းငြိမ့်သည်၊ "ဒါပေမယ့် အာကာလီ မင်းတို့ အဖွဲ့ ပြောပုံအရဆို ဒီစမ်းသပ်မှုကို အကြိမ်တစ်ထောင်ကျော် လုပ်ပြီးပြီဆိုတော့ ဒီပြဿနာက အရင်က ဖြစ်ခဲ့လောက်မှာပဲ ဒါကို ဖြေရှင်းဖို့ နည်းလမ်းရှာတွေ့ပြီလား?"

အာကာလီက ရှုယီကို ကြည့်ရင်း အနည်းငယ် တုံ့ဆိုင်းနေလေသည်။

ရှုယီလည်း မျက်မှောင်ကုပ်လိုက်ပါ၏၊ "ဘာလဲ? မင်း ငါ့ရှေ့မှာ မပြောနိုင်တာ တစ်ခုခုများ ရှိနေလို့လား?"

"ဥက္ကဌ ရှင်က ကျွန်မကို ပြောခိုင်းတဲ့လူလေ။" အာကာလီက ရယ်မောလေသည်။

ရှုယီလည်း ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ၊ "ပြောလိုက်ပါ။ မင်းကို အဟန့်အတားဖြစ်စေတဲ့တစ်ခုခုများရှိနေလို့လား? ငါ့အထင်တော့ လုပ်ငန်းစုမှာ မင်းကို အဟန့်အတားဖြစ်စေနိုင်တဲ့လူမရှိပါဘူး၊ ဟုတ်တယ်မလား?"

"မသေချာပါဘူး အီဗီတာ ရှိတယ်လေ...." အာကာလီက ခါးသက်သက်ဟန်ကို ဖုံးဝှက်လျက်ဆိုလာသည်။

"အီဗီတာ?" ရှုယီ ရှုပ်ထွေးသွားသည်၊ "အီဗီတာက ဘာဖြစ်လို့လဲ? တကယ်ပဲပြဿနာရှိရင် ငါ့ကို တိုက်ရိုက်ပြောလို့မရဘူးလား?"

"ဒါကို ရှင့်ဆီ ပြောပြလို့မရဘူး။" အာကာလီက ပခုံးတစ်ချက်တွ့န်ပြီးနောက် ရှုယီကိုကြည့်ကာ သက်ပြင်းချလျက်ပြောသည်၊ "ကောင်းပြီလေ အမြဲတမ်း ပြောထားပြီးသားပဲ ရှင့်ကို ပြောလိုက်ရုံပေါ့။ ဥက္ကဌ ရှင်မှန်ပါတယ်၊ ကျွန်မတို့ ဒီပြဿနာကို သိထားပေမယ့်လည်း အီဗီတာရဲ့ အမိန့်ကြောင့် ဖြေရှင်းလို့ မရနိုင်ဘူး။"

ရှုယီက ရှုပ်ထွေးနေသံဖြင့်မေးလိုက်လေသည်၊ "ဘာလို့လဲ?"

"ဘာလို့လဲဆိုတော့ အီဗီတာက ကျွန်မတို့အနေနဲ့ သုတေသနကုန်ကျစရိတ်ကို တတ်နိုင်သလောက် လျှော့ချရမယ်လို့ပြောတယ်လေ။" အာကာလီက ကူရာမဲ့နေသံဖြင့်ဆိုသည်၊ "အီဗီတာက ကျွန်မတို့ မှော်သုတေသနဌာနက အရင်နှစ်က သုတေသနလုပ်တဲ့နေရာမှာ အရမ်းသုံးထားတော့ ဒီနှစ်ကစပြီး အဖွဲ့တစ်ဖွဲ့စီတိုင်းကို တတ်နိုင်သလောက် အသုံးစရိတ်လျှော့ချပြီး ကြုံရာကျပန်းမသုံးဖို့ ပြောထားတယ်။ ကျွန်မ ဒီပစ္စည်းနဲ့ပတ်သက်ပြီး ပြဿနာကို ရှာတွေ့ထားပေမယ့်လည်း စမ်းသပ်မှုတစ်ခုစီအတွက် ပစ္စည်းကြောင်းတဲ့အချိန်မှာ သဟဇာတဖြစ်မှုကိုလည်း လေ့လာဖို့လိုတာမို့ ငွေအတော်သုံးရမှာ။ အဆုံးကျတော့ ကျွန်မတို့လည်း ဒါကို လက်လျှော့လိုက်တယ်လေ။"

"အဓိပ္ပာယ်မရှိတာ!" ရှုယီက ရုတ်တရတ် ထအော်လိုက်ရာ အာကာလီနှင့် အခြားသုတေသီများကို ကြောက်ရွံ့သွားစေသည်၊ "အသုံးစရိတ်ထိန်းတာက မှန်ပါတယ်၊ ဒါပေမယ့် မင်းသာ ဒီအတွက်နဲ့ သုတေသနစံနှုန်းကို လျှော့ချလိုက်ရင် မြင်းရှေ့မှာ လှည်းထားသလို ဖြစ်နေမှာပဲ! အာကာလီ မင်းက စီနီယာသုတေသီတစ်ယောက်လေ၊ သုတေသနသာ ပြည့်ပြည့်စုံစုံမဖြစ်သွားရင် အဆုံးမှာ အမှားသေးသေးလေးတွေကြောင့် ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်နိုင်တာကို မသိဘူးလား?"

"ဒါက.... ကျွန်မ...."

အာကာလီမှာ ရှုယီ ထိုမျှ ဒေါသပေါက်ကွဲသည်ကို မြင်ဖူးသည်က ရှားသဖြင့် အနည်းငယ် ကြောင်အသွားသည်။

"မင်းရော ငါရော ပြောပြမယ် မင်းသာ သုတေသနစံနှုန်းကို မြှင့်ပြီး ပိုပြည့်စုံ‌အောင်လုပ်နိုင်နေသရွေ့ ငွေဘယ်လောက်သုံးသုံး သုံးရတာတန်တယ်! မင်းက နောက်ဆုံးအသုတ် မှော်လေပေးစက်တွေ ထုတ်လုပ်တော့ ရောင်းခဲ့တဲ့ အလုံးပေါင်း နှစ်သောင်းကျော်ကို ပြန်ယူခဲ့ရတာကို မေ့သွားတာလား?"

အာကာလီက လျှာတစ်လစ်ထုတ်လိုက်သည်၊ "မှတ်မိပါတယ်။ စတေးလ်ပြောတာတော့ အဲဒီ့ကနေပြီး ကျွန်မတို့လုပ်ငန်းစုက ရွှေဒင်္ဂါးတစ်သိန်းကျော် ရှုံးခဲ့တယ်ဆို?"

"ရွှေဒင်္ဂါးတစ်သိန်းလေးပဲ မဟုတ်ဘူး!" ရှုယီက အလေးအနက်ပြောသည်၊ "ပိုအရေးကြီးတဲ့အရာက အဲဒီ့အဖြစ်ကြောင့် ငါတို့လုပ်ငန်းစုရဲ့ အရင်ကပြီးပြည့်စုံနေပြီးသား ဂုဏ်သတင်းကို ပြင်းပြင်းထန်ထန်ထိခိုက်သွားစေခဲ့တာပဲ။ ဒါက ရွှေဒင်္ဂါးတစ်သိန်းလောက်လေးထက် ပိုအရေးကြီးတယ်! ဒီတော့ ထုတ်လုပ်နေတဲ့အချိန်မှာ အမှားတစ်ခုတောင်ရှိလို့မရဘူး၊ နားလည်လား?"

"နားလည်ပါတယ် နားလည်ပါတယ်" အာကာလီက ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်၊ "ဒါပေမယ့် ဥက္ကဌ၊ အီဗီတာက ကျွန်မတို့အနေနဲ့ သုတေသနကုန်ကျစရိတ်ကို ထိန်းရမယ်လို့ပြောထားတော့ သုတေသနအဖွဲ့တစ်ခုစီရဲ့ ရံပုံငွေကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတာတယ်။ ကြည့်ပါဦး...."

ရှုယီက နှာမှုတ်သည်၊ "ဒီပြဿနာကို ငါ သတိထားမိပြီးသားပါ။ မင်း သူမကို ဒီပြဿနာဖြေရှင်းဖို့ပြောလိုက်သုတေသနရံပုံငွေ တိုးတာနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိဘူးလို့။" ခေတ္တရပ်တန့်လိုက်ပြီးနောက်တွင် သူက မေးလေသည်၊ "တစ်သိန်းဆို လုံလောက်လား?"

အာကာလီက ထောက်ခံလိုက်၏၊ "လုံလောက်တာထက်ကိုပိုတယ်!"

ထို့နောက်တွင် အာကာလီက ရှုယီကို စိတ်လှုပ်တရှား ပွေ့ဖက်၍ အပြုံးကြီးကြီးဖြင့် ပြောလေသည်၊ "ဥက္ကဌ ရှင်က သဘောထားအကောင်းဆုံးဆိုတာ ကျွန်မသိသားပဲ။ ရှင်ကရွှေဒင်္ဂါးလေးတစ်ပြားတောင်မပေးတဲ့ အီဗီတာလို ကပ်စေးမနဲဘူး။"

အာကာလီနှင့် အနီးဝန်းကျင်ရှိ သုတေသီများထံရှိ စိတ်လှုပ်ရှားနေပုံကိုမြင်သော် ရှုယီ တစ်ချက်တွေးမိသွားသည်။ သူဟာ တစ်စုံတရာကို နားလည်သွားသည့်နှယ် အာကာလီကို ညွှန်ပြလာ၏၊ "ဟုတ်ပြီလေ အာကာလီ မင်းက ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပဲ။ မင်းက ငါ့ဆီကနေ သုတေသနရံပုံငွေပိုရဖို့ ဒီ အခွင့်အရေးကို သုံးချင်တာမို့လား?"

အာကာလီက ခပ်ဖွဖွရယ်ကာ ရှုယီလက်ကို လွှဲယမ်းလိုက်သည်၊ "ကျွန်မ ဒါကို တကယ်ပဲ အမျှော်အမြင်ရှိတဲ့ ဥက္ကဌဆီကနေ ဖုံးမထားနိုင်ဘူးပဲ။ ဒါပေမယ့် ဥက္ကဌ ရှင် စိတ်မကွက်ဘူးမို့လား?"

ရှုယီက အေးစက်စက်နှာမှုတ်ကာ၊ "မင်းက တကယ်ကို အတွေးများတဲ့ လူပဲ။ မင်းသာ သုတေသနရံပုံငွေပိုလိုချင်တယ်‌ဆိုရင် ဒီတိုင်းပြောလိုက်လေ၊ ငါဘယ်တုန်းက ကပ်စေးနဲဖူးလို့လဲ? ဒါပေမယ့် မင်းကိုပြောလိုက်မယ်နော်၊ မင်းကို တစ်သိန်းပေးနိုင်ပေမယ့်လည်း ဒါကို ပစ္စည်းပြဿနာဖြေရှင်းဖို့အတွက် သုံးရမယ်။ မင်းသာ တခြားနေရာတွေမှာ သုံးတယ်လို့ ရှာတွေ့ခဲ့ရင်တော့၊ ဟင်း ဟင်း...."

"မလုပ်ပါဘူး ဥက္ကဌရယ်၊ ကျွန်မက ဒါကို ဘယ်လိုများ ကြုံရာလျှောက်သုံးနိုင်မှာလဲ? ရှင် ကျွန်မကိုသိတာ အခုမှ ပထမဆုံးမှမဟုတ်တာ။" အာကာလီက အပြုံးဖြင့်ဆိုသည်။

ရှုယီက သက်ပြင်းချကာ၊ "မင်းကို သိတာ ပထမဆုံးနေ့မဟုတ်လို့ ဒီလိုလုပ်တာပေါ့။"

အာကာလီက တစ်ခုခုပြောလိုနေသေး‌မှန်းမြင်သော် ရှုယီက လက်ထောင်၍ စကားဖြတ်လိုက်သည်။

"ဟုတ်ပြီ ဒါကို ဒီမှာ အဆုံးသတ်လိုက်ကြရအောင်။ ငါတို့တွေ အဓိက ခေါင်းစဉ်ကို သွားဖို့ အချိန်ယူသင့်တယ်။ ဒီစမ်းသပ်မှုသာ အလုပ်မဖြစ်ရင် ရံပုံငွေပိုရရင်တောင် ဖြုန်းတီးရာကျလိမ့်မယ်။"

"ကျွန်မပြောပြီးပြီလေ၊ ကျရှုံးဖို့ မဖြစ်နိုင်ပါဘူးလို့။" အာကာလီက ယုံကြည်ချက်ရှိရှိဖြင့် သစ်သားစင်မြင့်ကြံထံသွားကာ ၎င်းထံရှိ ခလုတ်လေးတစ်ခုကို နှိပ်လိုက်ပါ၏။

စင်မြင့်ကြံထက်ရှိ မှော်အစီအရင်က အပြာရောင်အလင်းတစ်ပြဖြင့် ထွန်းလင်းလာ‌သည်။ ရှုယီ၊ အာကာလီနှင့် အခြားသုတေသီများက တစ်ဖက်စင်မြင့်ကို လှည့်ကြည့်လိုက်ကြ၏။

မှော်ပညာရှင်များအနေနှင့် ၎င်းတို့မှာ တစ်ဖက်စင်မြင့်ထံ ရောက်ရှိသွားသည့် ထိုစင်မြင့်ကြံထံမှ လေဒြပ်စင်မှော်အပြောင်းအလဲမှာ ၎င်းရှိ မှော်အစီရင်ထဲ ဝင်ရောက်သွားသည်ကို ခံစားနိုင်သည်။

တစ်ဖက်စင်မြင့်ထက်ရှိ မှော်အစီအရင် လင်းလက်လာရာ အားလုံးမှာ ၎င်းမှလာသည့် လေဒြပ်စင်မှော်အပြောင်းအလဲများကို ခံစားနိုင်သည်။ ၎င်းက စင်မြင့်ထံမှ ပျံ့နှံ့ကာ ဂရုတစိုက် မျဉ်းများ ဆွဲသားခြင်းမှ တဆင့် စင်မြင့်၏ အဘက်ဘက်ရှိ စစ်ဘက်သုံးမှော်စက်များထံ ပျံ့သွားသည်။

"ဝုန်း...."

မှော်ပန်ကာ စတင်မလည်လာခင်၊ မှော်လေပေးစက်က လေပြေအေးများ မထုတ်ပေးခင်နှင့် မှော်မီးဖို တောက်မလာခင်တွင် အသံပျော့ပျော့တစ်ခု ပေါ်လာသည်.....

တိတ်ဆိတ်နေခဲ့သည့် အိမ်သုံးမှော်စက်မျိုးစုံတို့ အားလုံးမှာ တစ်ချိန်တည်း စတင်နေကြတော့သည်။

ရှုယီမှာ အိမ်သုံးမှော်စက်တစ်လုံးစီကို ကြည့်လိုက်ပါ၏။ မှော်ပန်ကာ၏ ဒလက်များက အမြန်လည်နေကာ မှော်မီးဖို၏ မီးတောက်များက ပုံမှန်ထက် ပို‌အားကောင်း၍ မှော်လေပေးစက်မှလာသော လေပြေအေးများက ပုံမှန်ထက်ပိုပျော့နေသည်ကို တွေ့ရသည်....

လိုရင်းဆိုရသော် အိမ်သုံးမှော်စက်တစ်လုံးစီမှာ ပုံမှန်နှင့် ကွဲပြားစွာ လည်ပတ်နေကြသည်။

၎င်းကို မျှော်လင့်ထားပါ၏။

ပုံမှန် အခြေအနေတွင် ထိုအိမ်သုံးမှော်စက်များက မှော်သလင်းကျောက်များကို စွမ်းအားရင်းမြစ်အဖြစ် အသုံးပြုထားသည်။ သို့သော် ဤတစ်ကြိမ်တွင် ၎င်းတို့အားလုံးကို ဤသစ်သားစင်မြင့်နှင့် ချိတ်ဆက်ထားသဖြင့် အဓိကနေရာမှ လာသည့် ထိုမှော်စက်များအတွက် မှော်စွမ်းအင်ထံတွင် ခြားနားမှုတချို့ရှိသည်။

မှော်စွမ်းအားရုံမှ လာသည့် ဤမှော်စွမ်းအင်မှာ နှစ်ကီလိုမီတာ ဝေးသည်ကိုမဆိုထားနှင့်။ ထိုသို့သော အကွာအဝေးရှည်နှင့် ခြားနားမှုများရှိရန်က ပုံမှန်ပင်။

ထိုပြဿနာကို ဖြေရှင်းရန် မှော်စွမ်းအင်ကူးပြောင်းရေးကွန်ရက်ကို ပို၍ သုတေသနလုပ်ရမည့်အပြင် သတ်မှတ်စွမ်းအားတစ်ခုကို ကမ္ဘာမြေရှိ အီလက်ထရွန်နစ် ပစ္စည်းများကဲ့သို့ စံနှုန်းချမှတ်ဖို့လိုသည်။ ထိုနည်းဖြင့် အိမ်သုံးမှော်စက်များမှာ မှော်စွမ်းအင်ကူးပြောင်းရေးကွန်ရက်က်ု ပို၍ လွယ်ကူစွာ ဝင်ရောက်နိုင်သည်။

အဆုံးသတ်ပန်းတိုင်မှာ ကမ္ဘာမြေကကဲ့သို့ အိမ်တစ်အိမ်စီ၌ သစ်သားစင်မြင့်ရင်းမြစ်နေရာရှိရန်ဖြစ်ပြီး ထိုနည်းဖြင့်ဆိုလျှင် ၎င်းတို့၏ အိမ်သူံးမှော်စက်များအတွက် မှော်သလင်းကျောက်များကို ဝယ်ယူရန်မလိုအပ်လောက်တော့ပေ။

၎င်းက မှော်သလင်းကျောက်များဝယ်ယူမည့် အချိန်ကို သက်သာစေရုံသာမက ငွေလည်းသက်သာစေသည်။

ပိုအရေးကြီးသည်မှာ ၎င်းတို့အနေနှင့် အနှီအိမ်သုံးမှော်စက်များကိုအသုံးပြုသည့် အိမ်ထောင်စုတစ်ခုစီတိုင်းကို မှော်စွမ်းအင်ကူးပြောင်းရေးကွန်ရက်ထဲသို့ ဝင်ဆံ့စေနိုင်သည်။

ထိုမှော်စွမ်းအင်ကူးပြောင်းရေးကွန်ရက်ကို သဘာဝကျစွာပင် Frestech ကုန်သည်ကြီးများအသင်းက ထိန်းချုပ်ထားသဖြင့် ၎င်းထိန်းချုပ်မှုက ဖန်တီးပေးသော စွမ်းအားမှာ အင်မတန်ကြောက်မက်ဖွယ်ပင်။

စိုင်စ်နယ်မြေကြီးရှိ လူများထံ၌ လူမျိုးများနှင့် ပတ်သက်၍ ခိုင်မာသော အယူအဆမရှိကြပေ။ အခြေခံပညာရေးကိစ္စများအပြင် သာမန်ပြည်သူအများစုအတွက် တိုင်းပြည်တစ်တိုင်းပြည်ဟူသည် စကားလုံးတစ်လုံးမျှသာဖြစ်ပြီး အခွန်မည်မျှ ကောက်ခံခြင်းဟူသည်နှင့် မခြားနားပေ။

မှော်စွမ်းအင်ကူးပြောင်းရေးကွန်ရက်ကို ဖွဲ့စည်းလိုက်ကာ လူတိုင်း ၎င်းထံ ဝင်ရောက်လာသည်နှင့် ထိုကွန်ရက်ကို စွန့်ခွာရန် ခဲယဉ်းလိမ့်မည်။ ထို့အပြင် ထိုကွန်ရက်ရှိ လူများမှာ ကွန်ရက်ထံ၌ မရှိသူများနှင့် အင်မတန်ခြားနားလိမ့်မည်။

ဥပမာအား Frestech ကုန်သည်ကြီးများအသင်း၏ ရေပေးစနစ်နှင့် ပြသနိုင်သည်။

ရှုယီ၏ ကိုယ်ပိုင်နယ်မြေရှိ လူများအတွက် နေရာတွင် ရေပေးစနစ်က ရှိနေပြီးသားဖြစ်သည်။ နယ်မြေရှိ အိမ်ထောင်စုတိုင်းနီးပါးတွင် ထည့်သွင်းတည်ဆောက်ထားသော ရေပေးစနစ်ရှိပါ၏။

ရှုယီ၏ နယ်မြေအတွက် ၎င်းတို့မှာ မည်သည့်အချိန်၌မဆို ကမ္ဘာမြေရှိ ရေပေးစနစ်ကဲ့သို့ ရေသန့်ကိုရယူနိုင်သည်။

ထိုအဆင်ပြေမှုနှင့်တင် ရှုယီ၏ နယ်မြေ၌ အခြေချရန် နေရာအနှံ့မှ လာရောက်သူများစွာရှိလေသည်။

ရှုယီမှာ လွန်ခဲ့သည့် တစ်နှစ်မပြည့်ခင်ကတည်းက ရေပေးစနစ်ကို ချပြခဲ့သဖြင့် သူ၏ နယ်မြေတွင် လူနှစ်သိန်းမှ လူသုံးသိန်းအဖြစ် ချက်ချင်း ရောက်ရှိသွားခဲ့သည်။

လက်ရှိ လမ်းကြောင်းအတိုင်းဆိုလျှင် ဤနှစ်ကုန်သည်နှင့် ရှုယီ၏နယ်မြေ၌ စတက်တိန်းနယ်မြေ၏ လူဦးရေတစ်ဝက်ရှိလာနိုင်ကာ စတက်တိန်းနယ်မြေ၏ ပကတိမဏ္ဍိုင်ဖြစ်လာပေလိမ့်မည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၃။ လွတ်လပ်ခြင်းဆီသို့ ပထမခြေလှမ်း

မိုးကျလမ်းမထက်တွင် Frestech ကုန်သည်ကြီးများအသင်း၏ အသစ်ထုတ် တန်နှစ်ဆယ် အကြီးစားပို့ဆောင်ရေးမှော်ကားတန်းတစ်တန်းက ဖြတ်မောင်းသွားသည်။

အချင်းတစ်မီတာနှင့် အကျယ် သုံးဆယ်မီတာရှိသည့် တာယာကြီးများက ခိုင်ခံ့သောလမ်းမကို ဖြတ်မောင်းသွားကြသည်။ ၎င်းတို့က လမ်းမထက်ရှိ အခြားယာဉ်များနှင့် လမ်းသွားလမ်းလာများအားလုံးကို ဆွဲဆောင်နေသော အသံကျယ်ကျယ်ကို ဖန်တီးနေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ တောင်ပံတစ်ဝက်သင်္ကေနှင့် ထိုအားကောင်းသောယာဉ်တန်းကိုမြင်သော် လူတိုင်း သိနားလည်ဟန် ပြုံးလိုက်ကြသည်။

၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့သို့ ကုန်စည်များ တစ်ဖန်တင်ပို့ခြင်းဖြစ်ဟန်ရ၏။

ဘုရင်မကြီးဆယ်ဗီနီ ထီးနန်းယူလိုက်ကတည်းက Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်နှင့် စာချုပ်ချုပ်ဆိုခဲ့သဖြင့် ထိုမြင်ကွင်းက ပုံမှန်ပါပင်။

အထူးသဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ အိမ်ဟောင်း ဘန်တာမြို့အတွက် Frestech ကုန်သည်ကြီးများအသင်းထံမှ ရက်အနည်းငယ်ကြာတိုင်း ယာဉ်တန်းများလွှတ်လေ့ရှိသည်။

အိမ်သုံးမှော်စက်များကို တင်ပို့ခြင်းအပြင် ၎င်းတို့မှာ အခြားကုန်စည်များကိုလည်း တင်ပို့ကြသည်။

ဥပမာဆိုရသော် ထိုယာဉ်တန်းအတွက် အသစ်ထုတ် ကနဦးအလိုအလျောက် မှော်တွင်ခုံမှော်စက် အသုတ်ကို ပို့ဆောင်နေခြင်းပါပင်။

၎င်းတို့ကိုသာ တပ်ဆင်လိုက်လျှင် အသစ်ထုတ် မှော်လေပေးစက်စုဝေးလိုင်းဖြစ်လာလိမ့်မည်။

၎င်းမှာ ဘန်တာမြို့နှင့်အတူ Frestech ကုန်သည်ကြီးများအသင်း လုပ်ကိုင်နေခဲ့သော စီမံကိန်းများအနက်တစ်ခုဖြစ်သည်။

သို့သော် ခြားနားသည်မှာ ၎င်းအသစ်ထုတ်ကနဦးအလိုအလျောက် မှော်လေပေးစက်ထုတ်လုပ်လိုင်းမှာ ဘန်တာမြို့နှင့် အပြည့်အဝသက်ဆိုင်သည်။

ထိုအဓိပ္ပာယ်မှာ Frestech ကုန်သည်ကြီးများအသင်းက မှော်လေပေးစက်များထုတ်လုပ်ခြင်းမှာ တစ်ပြားမှ မရ‌ဟု ဆိုလိုသည်။

ပို၍ တိုက်ရိုက်ပြောရသော် Frestech ကုန်သည်ကြီးများအသင်းမှာ ထိုကနဦးအလိုအလျောက် မှော်လေပေးစက်ထုတ်လုပ်လိုင်းကို ၎င်းတို့၏ တွဲဖက် ဘန်တာမြို့သို့ ရောင်းချခဲ့ပြီးဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်တို့ ရင်းနှီးမြှုပ်နှံထားသည့် စက်ရုံများနှင့်ယှဉ်သော် ၎င်းမှာ လမ်ပူရီတိုင်းပြည် သီးသန့်ပိုင်ဆိုင်သော ပထမဆုံးထုတ်လုပ်ရေးလိုင်ဖြစ်သည်။ ဤနေရာ၌ လမ်ပူရီတိုင်းပြည်အတွက် ခိုင်မာထူးကဲမှုရှိသည်။

ယာဉ်တန်က မိုးကျတောင်ကြားနှင့် နီးကပ်လာချိန်တွင် လမ်းမ‌နံဘေး၌ ကြိုစောင့်နေကြသည့် အဖွဲ့တစ်ဖွဲ့‌ရှိလေသည်။ အောင်ပွဲခံခြင်းကို ပြသရန် လတ်ဆတ်သောပန်းပွင့်များနှင့် အနီရောင်ပိတ်စများတို့ဖြင့် ဆောက်ထားသော စင်မြင့်လေးတစ်ခုပင်ရှိနေရာ ၎င်းတို့မှာ အခမ်းအနားတစ်ခု ကျင်းပရန် စီစဉ်နေသည်က သိသာပေသည်။

ယာဉ်တန်းက မိုးကျတောင်ကြား အဝင်ဝ၌ ရပ်တန့်သွားခဲ့၏။ ဘန်တာမြို့၏ မြို့စား ကောင့်ထ်ဝယ်လ်မှာ ၎င်းတို့ကို ကြို‌ဆိုရန် ဘန်တာမြို့ အမှုထမ်းအဖွဲ့တစ်ဖွဲ့ကို ခေါ်လာခဲ့သည်။

ပထမဦးဆုံး မှော်ကားက ရပ်တန့်သွားပြီး တံခါးပွင့်ကာ ရှုယီက ပထမဆုံးထွက်လာသူဖြစ်သည်။

ဤပူးပေါင်းမှုအသစ်မှာ လမ်ပူရီတိုင်းပြည်အတွက် အရေးကြီးရုံသာမကဘဲ Frestech ကုန်သည်ကြီးများအသင်း အတွက်လည်း အင်မတန် အရေးကြီးလှပါ၏။ ၎င်းက နှစ်ဘက်အကြားရှိ ပူးပေါင်းမှုကို လေးနက်လိုက်စေခြင်းအား ကိုယ်စားပြုနေသဖြင့် သဘာဝကျစွာပင် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်းကိုယ်စား တက်ရောက်လာခြင်းပါပင်။

သူဟာ သူ၏မှော်ဆလွန်းနှင့် နှစ်ရက်ကျော်အကြာတည်းက ကြိုရောက်နေဖို့ စီစဉ်ထားပါသော်လည်း ဆန်နက်မြေရိုင်း၌ တစ်စုံတရာ ဖြစ်ပွားခဲ့သဖြင့် ဆန်နက်မြေရိုင်းကို အစားပြန်သွားရပေမည်။

ယာဉ်တန်းက ဆန်နက်မြို့တော်ကို ဖြတ်သွားစဉ်တွင် ရှုယီမှာ အကြီးစားပို့ဆောင်ရေးမှော်ကားကို ဤနေရာသို့ လာဖို့ ယူဆောင်လာခဲ့သည်။

ရှုယီထွက်လာစဉ်၌ ကောင့်ထ်ဝယ်လ်က ပြုံးရွှင်လျက် လက်များကိုဆန့်တန်းကာ ရှုယီကို ပွေ့ဖက်လာသည်။

"ဥက္ကဌရှု မတွေ့ရတာကြာပြီ။ ခင်ဗျား‌ကတော့ တကယ်ကို ပိုပြီး အားအင်ပြည့်နေပုံပဲ။"

ရှုယီက လက်လွှတ်ကာ ကောင့်ထ်ဝယ်လ်ကို ကြည့်လိုက်ပြီးနောက် အသာပြုံး၍ ဆိုလာသည် "မြို့စားအရှင် အချိန်ခဏလောက် မတွေ့ရပြီး‌တဲ့နောက်မှာ ခင်ဗျား အတော် ပိန်သွားသလိုပဲ။ ဘန်တာမြို့မှာ ခင်ဗျားကို ပင်ပန်းစေတဲ့ကိစ္စ အတော်များများရှိနေလို့လား?"

ကောင့်ထ်ဝယ်လ်က သက်ပြင်းချကာ ခေါင်းခါလိုက်သည်၊ "ဘန်တာမြို့က တိုးတက်မှုကာလအတွင်းမှာဆိုတော့ ကျုပ်က မြို့စားအနေနဲ့ အင်အားရှိသလောက် အကုန်လုပ်ရမှာပဲလေ။ ဒါက ဘုရင်မကြီး ကျုပ်ဆီ လွှဲပေးခဲ့တဲ့ အရေးကြီးတာဝန်တစ်ခုလည်း ဖြစ်နေသေးတော့ ဘယ်လိုလုပ် သူမကို စိတ်အပျက်ခံနိုင်ပါ့မလဲဗျာ?"

ရှုယီက ပြုံးကာ ပခုံးပုတ်လိုက်သည်၊ "အေးဆေးပေါ့ ဘန်တာမြို့က လက်ရှိမှာ အတော်ကို ချောချောမွေ့မွေ့နဲ့ တိုးတက်နေတာ။ ဘုရင်မကြီး ထီးနန်းရယူတုန်းကထက် အဆပေါင်းများစွာ ပိုအားကောင်းလာတော့ ခင်ဗျားရဲ့ မြို့စားအနေနဲ့ လုပ်ဆောင်ချက်ကြောင့်လည်း ဖြစ်မှာပေါ့။"

ကောင့်ထ်ဝယ်လ်က အပြုံးဖြင့် ခေါင်းငြိမ့်သည်၊ "ဒါအမှန်ပါပဲ။ မျှော်လင့်မထားတာတွေသာဖြစ်မလာရင် ့န်တာမြို့တော်ရဲ့ အခွန်ငွေက အရင်နှစ်ကထက် သုံးဆဖုစ်သွားလောက်တယ်၊ အရင်နှစ်အနည်းငယ်တုန်းက စံနှုန်းမြင့်တွေကိုတောင် ကျော်သွားလောက်တယ်။ အင်းပေါ့၊ ဒါက ဥက္ကဌရှုနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့ရဲ့ အထောက်အပံ့ကြီးကြောင့်ရတဲ့ ရလာဒ်ပဲလေ။ ပြောရရင် ကျုပ်အနေနဲ့ ဥက္ကဌရှုကို သေချာ ကျေးဇူးတင်သင်တာပေါ့။"

ရှုယီက လက်ယမ်းလိုက်သည်၊ "မလိုပါဘူး။ အဆုံးကျတော့လည်း ကျုပ်က ကုန်သည်တစ်ယောက်ပဲဆိုတော့ ခင်ဗျားတို့နဲ့ အလုပ်အတူလုပ်တာဟာ ငွေရှာချင်လို့ပါပဲ။"

ကောင့်ထ်ဝယ်လ်က ရယ်မောကာ ရှုယီကို အဓိပ္ပာယ်ပါပါကြည့်လိုက်လေသည်။

တကယ်တမ်းတွင် သူဟာ ရှုယီကို နားမလည်နိုင်ခဲ့သည့် အချိန်များစွာရှိပါ၏။

ရှုယီသာ တကယ်ကို သူပြောသလို ကုန်သည်တစ်ဦးသာဆိုလျှင် ငွေရှာရန် ထို့ပြုလုပ်ခြင်းကို ရှင်းပြဖို့လွယ်ပါ၏။

သို့သော် ကောင့်ထ်ဝယ်လ် အတွက် ၎င်းကို Frestech ကုန်သည်ကြီးများအသင်း၏ ရှုထောင့်နှင့် ငွေရှာခြင်း ရှုထောင့်မှ ကြည့်လိုက်လျှင် ရှုယီ၏ ရွေးချယ်မှုအများအပြားက အင်မတန် ထူးဆန်းလှပါ၏။

ဥပမာဆိုရသော် ရှုယီမှာ ဘန်တာမြို့ထံ ဤကနဦး အလိုအလျောက်‌ မှော်လေပေးစက်ထုတ်လုပ်ရေးလိုင်းကို ပေးပြီး ၎င်းတို့ကို အပြည့်အဝထိန်းချုပ်ခွင့်ပေးဖို့ သဘောတူခဲ့သည်။ ဤသည်က ဘန်တာမြို့ထံ မှော်လေပေးစက်များကို အမှီအခိုကင်းကင်းဖြင့် သုတေသနလုပ်ပြီး ထုတ်လုပ်မည့် အရည်အချင်းအား ပေး‌ခြင်းနှင့် ညီမျှ၏။

၎င်းက Frestech ကုန်သည်ကြီးများအသင်းထံမှ နည်းပညာကို ရယူကာ ၎င်းတို့ကိုယ်ပိုင်ထုတ်လုပ်နေကြသည့် အခြားလုပ်ငန်းစုများနှင့်ခြားနားသည်။ ဤတစ်ကြိမ်တွင် Frestech ကုန်သည်ကြီးများအသင်းက နည်းပညာပိုင်းအထောက်အပံ့သာပေးရုံမကဘဲ ကိရိယာတန်ဆာပလာ အပြည့်အစုံနှင့် နည်းပညာပိုင်းဝန်ထမ်းများကိုပါ ထောက်ပံ့ထားသည်။ နောက်ဆုံးတွင် ၎င်းတို့မှာ ယခင်ကကဲ့သို့ ပူး‌တွဲ ရင်းနှီးမြှုပ်နှံမှုနှင့် အမြတ်အစွန်းမျှဝေခြင်းတို့ဖြင့် စက်ရုံတွင် ပါဝင်စွက်ဖက်ခြင်းမရှိ‌ဘဲ အပြည့်အဝ လက်လွှတ်ပေးမည်ဖြစ်သည်။

ဤထုတ်လုပ်ရေးလိုင်းမှာ မှော်စက်မှုနယ်ပယ်တွင် အမှီအခိုကင်းလာသည့် လမ်ပူရီတိုင်းပြည်ကို ကိုယ်စားပြုနိုင်သည်။

ကောင့်ထ်ဝယ်လ်သာဆိုလျှင် ၎င်းက ဘန်တာမြို့အား ကူညီခြင်းနှင့် မခြားပေ။

အဘယ့်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်း၏ စက်မှုနယ်ပယ်၌ အကြွင်းမဲ့ လွှမ်းမိုးမှုနှင့်ဆိုလျှင် ၎င်းတို့ထိုသို့ မလုပ်ပါလျှင်တောင် မည်သူကမျှ တစ်ခုခုလာမပြောနိုင်ပေ။

သို့သော် ရှုယီက ထိုသို့သာ လုပ်ဆောင်ခဲ့ပါ၏။

ထိုမေးခွန်းကို တွေးဆမိချိန်တိုင်း ကောင့်ထ်ဝယ်လ်မှာ ဖြစ်နိုင်ချေ တစ်ခုတည်းကိုသာ စဉ်းစားမိသည်။ ၎င်းမှာ ရှုယီ၏ အစီစဉ်က ပုံမှန် ငွေကြေးရရှိမှုအတွက်မဟုတ်ဘဲ ပိုမိုမြင့်မားသည့် တစ်စုံတရာကို စောင့်ဆိုင်းနေခြင်းသာဖြစ်သည်။

ထိုပိုမြင့်မားသည့် အရာဟူသည်မှာ....

အန်ဗီမာမြို့တော်သို့ အစီရင်ခံစာတင်ရန် ပြန်သွားခဲ့စဉ်က ကောင့်ထ်ဝယ်လ်မှာ ဘုရင်မကြီးဆယ်ဗီနီနှင့် ယခင်ဘန်တာမြို့ မြို့စားအဖြစ် ရှုယီနှင့် အတူအရှိခဲ့ဆုံးသော ကောင့်ထ်စီယန်တို့ကို တွေ့ခဲ့ရသည်။ နှစ်ဦးသားက ရှုယီမှာ မှော်စက်မှုနယ်ပယ်တိုးတက်မှုကို အာရုံကြီးကြီးစိုက်ထားကာ ငွေရှာခြင်းက သူ့အတွက် ဒုတိယသာဖြစ်ကြောင်းပြောပြခဲ့လေသည်။

ကောင့်ထ်ဝယ်လ်ကဖြင့် ၎င်းအဖြေကို တကယ်မယုံကြည်ခဲ့ပေ။

သို့သော် ထိုရှင်းလင်းချက်အပြင် သူ့အနေနှင့် ပိုကောင်းမွန်သည့် တစ်ခုကို မစဉ်းစားမိ‌။

ယခင်က လမ်းကြောင်းအတိုင်းပင် ယာဉ်တန်းဆိုက်ရောက်သည်နှင့် ကောင့်ထ်ဝယ်လ်မှာ ဘန်တာမြို့ကိုယ်စားပြု၍ Frestech ကုန်သည်ကြီးများအသင်း ကိုယ်စား လာရောက်သော ရှုယီအတွက် ကြိုဆိုခြင်းအခမ်းအနားတစ်ခုကို ကျင်းပပေးရသည်။

ထိုအခမ်းအနား ပြီးဆုံးချိန်တွင် ကောင့်ထ်ဝယ်လ်မှာ လူများကို ယာဉ်တန်းအား မိုးကျတောင်ကြားထံ ယူဆောင်ခိုင်းရသည်။ အနားယူပြီးနောက်၌ မွန်းလွဲပိုင်းတွင် ထုတ်လုပ်ရေးလိုင်းကို ပြင်ဆင်ရသည်။ တစ်ချိန်တည်းမှာပင် သူနှင့် မြို့စားအိမ်တော်၏ အခြားအမှုထမ်းများမှာ ရှုယီကို ဘန်တာမြို့ထံ နေ့လည်စာအတွက် ဖိတ်ခေါ်ခဲ့ပါ၏။

နှစ်ဦးသားမှာ တူညီသည့် မှော်ဆလွန်းကို စီးနင်းလျက် မိုးကျလမ်းမထက် ဖြတ်သန်းနေကြသည်။

ရှုယီ လွန်ခဲ့သည့် သုံးလအကြာက ကောင့်ထ်ဝယ်လ်ထံ ပေးခဲ့သော မှော်ဆလွန်း၏ အမြန်နှုန်းကြောင့် ဘန်တာမြို့သို့ ရောက်ရန် တစ်နာရီအောက်သာ ကြာခဲ့သည်။

"အင်း" ရှုယီက ခေါင်းငြိမ့်သည်။

"ဘယ်လို အခြေနေရှိလဲ?" ကောင့်ထ်ဝယ်လ်က မေးလေသည်။

ရှုယီက ကောင့်ထ်ဝယ်လ်၏ စိုးရိမ်နေဟန်ကိုကြည့်ကာ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလေသည်၊ "ဒါက လုံးဝပြဿနာမဟုတ်ပါဘူး။ ကျုပ် တိုက်ခိုက်‌ခံနေရတဲ့ သားရဲလူမျိုးနွယ်စုတွေကို နှစ်သိမ့်ဖို့ လူတွေပို့ပြီး သူတို့ကို ဂရုစိုက်ပေးဖို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ နာမည်နဲ့ ကတိပေးခဲ့တယ်။ အခု အဲဒီသားရဲလူမျိုးတွေလည်း ငြိမ်ကျသွားပြီး ဘာမှ လုပ်မနေကြတော့ပါဘူး၊ ဒါပေမယ့်....."

ရှုယီ၏ မျက်နှာက လေးနက်လာကာ အလေးအနက် မေးလိုက်သည်၊ "မြို့စားအရှင် ဒီတစ်ခေါက် ဆန်နက်မြေရိုင်းမှာ ကျုပ် တပ်မှူး Lantisကို မတွေ့ခဲ့ရတော့ မျက်နှာချင်းဆိုင် မမေးနိုင်ခဲ့ဘူး။ ဘာလို့ စခ်တိုင်းပြည်က ဆန်နက်မြေရိုင်းကို အဲ့လောက်လွယ်လွယ်ကျူးကျော်နိုင်နေရတာလဲ? အနောက်ဘက်စစ်တပ်က ဆန်နက်မြေရိုင်းရဲ့ မြောက်ပိုင်းနယ်‌စပ်တွေကို စောင့်ရှောက်နေရတာမဟုတ်ဘူးလား? ပြီးတော့ ကျုပ်တို့လုပ်ငန်းစုက သူတို့အတွက် ခံတပ်တွေလည်း ဆောက်ထားပေးတယ်လေ။ သူတို့သာ စခ်တိုင်းပြည်ရဲ့ တိုက်ခိုက်မှုကို ဒီလိုမတားဆီးနိုင်ရင်တော့ လမ်ပူရီတိုင်းပြည်ကို ကျူးကျော်တာကနေ စခ်တိုင်းပြည်ကို တားနိုင်မှာမဟုတ်ဘူး။"

ဆန်နက်မြေရိုင်းရှိ ရုတ်တရတ် ကိစ္စမှာ စခ်တိုင်းပြည် မြောက်ပိုင်း နယ်စပ်အနီးရှိ မျိုးနွယ်စု ငါးစုကို စခ်တိုင်းပြည်မှ ကျူးကျော်ခံခဲ့ရခြင်းပင်။ ထိုမျိုးနွယ်စုငါးစုအား စခ်တိုင်းပြည်၏ စစ်တပ်မှ သတ်ဖြတ်ခဲ့ကြပြီး ဆန်နက်မြေရိုင်း၌ အဓိကရုဏ်းတစ်ခု ဖန်တီးခဲ့သည်။ သားရဲလူမျိုးအားလုံးမှာ ဆန်နက်မြေရိုင်း၌ ပူပန်နေကြသည်။

ထိုထိတ်လန့်ဖွယ်သတင်းကို ရပြီးနောက် ရှုယီမှာ ချက်ချင်း ဆန်နက်မြေရိုင်းသို့ ဦးတည်ကာ ထိုကိစ္စနောက်လိုက်တော့သည်။

သို့သော်လည်း ထိုအဖြစ်၌ ပြင်းထန်သော သက်ရောက်မှုများရှိလေရာ ရှုယီမှာ ဒေါသဖြစ်နေသည်။

"ဒါက...." ကောင့်ထ်ဝယ်လ်က ချောင်းတစ်ချက်ဟန့်၍ နေရခက်ဟန်ပြလာသည်၊ "တပ်မှူး လန်းတစ်လည်း ဒီလိုဖြစ်လာမယ်လို့ ထင်မထားခဲ့ဘူး.... စခ်တိုင်းပြည်က ဒီလို ရုတ်တရတ် တိုက်ခိုက်ပြီး လက်ရွေးစင်အဖွဲ့လေးတစ်ခု ပို့ခဲ့တော့ ပြန်စောင့်ကြည့်ဖို့ အရမ်းခက်သွားတာပဲ။"

"ဒီလိုလား?" ရှုယီက အေးစက်စက်ရယ်မောကာ ထိုခေါင်းစဉ်နောက် လိုက်နာခဲ့ခြင်းမရှိပေ။

တကယ်တမ်းတွင် လမ်ပူရီတိုင်းပြည်အနေနှင့် ဆန်နက်မြေရိုင်းကို စခ်တိုင်းပြည်အား ထိုအခွင့်အရေးပေးခဲ့သည်မှာ အနောက်ဘက်စစ်တပ်၏ ကယ်ပေါက်ဖြစ်သည်။ ၎င်းတို့မှာ ဤနယ်မြေကို စခ်တိုင်းပြည်နှင့် ခမ့်လမ်ပူရီတိုင်းပြည်အကြားရှိ စစ်အေး‌ဇုန်အဖြစ်သာ သတ်မှတ်ထားခဲ့သည်။

မည်သို့ဖြစ်စေ ဆန်နက်မြေရိုင်းရှိ လူမျိုးနွယ်မှာ သားရဲလူမျိုးများဖြစ်ကြသည်။ သားရဲလူမျိုးတို့မည်မျှ ဒဏ်ရာရသည်ဖြစ်စေ ၎င်းက လမ်ပူရီတိုင်းပြည်နှင့် မဆက်စပ်ပေ။

သို့သော် ရှုယီကတော့ ထိုသို့မစဉ်းစားပေ။

Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်သမားခုနစ်သောင်းကျော်ရှိနေကြပြီး တစ်သောင်းကျော်လောက်က သားရဲလူမျိုးများဖြစ်သည်။ ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်း၌ လျစ်လျူရှု၍ ်ရသော အင်အားပင်။

ရှုယီအနေနှင့် သားရဲလူမျိုးတို့၏ ခံစားချက်အရေးကို စဉ်းစားရမည်။

ထို့ပြင် Frestech ကုန်သည်ကြီးများအသင်းတွင် ဆန်နက်မြေရိုင်းရှိ ဆန်နက်မြို့တော်ရှိနေပြီး သူတို့အတွက် အင်မတန် အရေးကြီးလှသညိ။

နှစ်ပေါင်းများစွာ တည်ထောင်လာပြီးနောက် ဆန်နက်မြို့တော် Frestech ကုန်သည်ကြီးများအသင်းနှင့် တခြားလုပ်ငန်းစုတွေအတွက် အခြေစိုက်ဌာနဖြစ်နေပြီးသားဖြစ်ရာ အင်မတန်အရေးကြီးသည်။

ဆန်နက်မြို့တော်က ဆန်နက်မြေရိုင်း၌ရှိသဖြင့် ဆန်နက်မြေရိုင်းမှာ မတည်ငြိမ်ပါချေ၊ ဒါက ဆန်နက်မြို့တော် တိုးတက်မှု တည်ငြိမ်ရေးအတွက်များစွာ သက်ရောက်မှုရှိပေလိမ့်မည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၄။ ဘုရင်မကြီးက ပြောခိုင်းလိုက်တယ်

သို့သော် အနောက်ဘက်စစ်တပ်ကို ဒေါသဖြစ်ကာ စိတ်တိုင်းမကျ‌ခြင်းနှင့်ယှဉ်သော် ရှုယီ ပို၍ ဂရုစိုက်မိသည်မှာ ထိုသို့ပြုလုပ်သည့်အတွက် စခ်တိုင်းပြည်၏ အကြောင်းအရင်းပင်။

သားရဲလူမျိုးနွယ်စုငါးစုကို သတ်ဖြတ်သည်က ဆန်နက်မြေရိုင်းရှိ သားရဲလူမျိုးများအား ကြီးကြီးမားမားသက်ရောက်မှုရှိသော်လည်း ရှုယီမှာ ၎င်းမှ စခ်တိုင်းပြည်အတွက် မည်သည့်အဓိပ္ပာယ်မှမရှိပေ။

စခ်တိုင်းပြည်အတွက် ထိုသို့လုပ်ဆောင်ရန် အကြောင်းပြချက်မရှိဖို့ မဖြစ်နိုင်လေရာ အဘယ့်ကြောင့် အနောက်ဘက်စစ်တပ်ကို စွန့်စားတိုက်ခိုက်ပြီး စခ်တိုင်းပြည်ကို လုံးဝအထိအခိုက်မဖြစ်စေသည့် သားရဲလူမျိုးနွယ်စု ငါးစုကို သုတ်သင်ရန် ခံတပ်များကို ချိုးဖြတ်ရမည်နည်း။

သို့သော်လည်း ရှုယီမှာ ဤတစ်ခေါက်တွင် စခ်တိုင်းပြည်၏ အပြုအမူများ၏ အဓိပ္ပာယ်ကို မမြင်နိုင်ချေ။

၎င်းက ရလာဒ်အပေါ်၌သာ သီးသန့်မှီခိုနေသည်ဆိုလျှင် ၎င်းကြောင့် အထိခိုက်ရဆုံးမှာ သားရဲလူမျိုးနွယ်စုများအပြင် Frestech ကုန်သည်ကြီးများအသင်းသာရှိသည်။

ထိုအရေးကိစ္စကြောင့် Frestech ကုန်သည်ကြီးများအသင်း ခန့်အပ်ထားသည့် သားရဲလူမျိုးအလုပ်သမားအယောက်တစ်သောင်းမှာ ခံစားလို့မကောင်းကြတော့ပေ။ ၎င်းက ဤရက်များအတွင်း ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေကာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးကို နှေးကျသွားစေသည်။

သို့သော် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်းက စခ်တိုင်းပြည်အတွက် တိုက်ခိုက်ရန် စွန့်စားရလောက်အောင်အထိ အရေးပါသည်ဟု မခံစားမိပေ။

ထို့ကြောင့် အခြားရှင်းလင်းချက်တစ်ခုမှာ စခ်တိုင်းပြည်အနေနှင့် ၎င်းမှတဆင့် ဆန်နက်မြေရိုင်းရှိ အနောက်ဘက်စစ်တပ်၏ အင်အားနှင့် အကာအကွယ်တို့ကို ခန့်မှန်းရန် ကြိုးစားနေခြင်းသာဖြစ်ရမည်။

ဖြစ်နိုင်သည်မှာ စခ်တိုင်းပြည်အနေနှင့် ဆန်နက်မြေရိုင်းဘက်မှနေ၍ ကျူးကျော်ပြီးနောက် အနောက်ဘက် လမ်ပူရီတိုင်းပြည်ထဲသို့ ဝင်ရောက်မည်ဖြစ်သည်။

သို့သော် စခ်တိုင်းပြည်သာ ထိုသို့စဉ်းစားနေပါလျှင် ရှုယီအတွက် ၎င်းတို့မှာ စိတ်ကူးယဉ်နေပုံသာရှိသည်။

ဆယ်ဗီနီ ထီးနန်းဆက်ခံလိုက်ကတည်းက လမ်ပူရီတိုင်းပြည်နှင့် Frestech ကုန်သည်ကြီးများအသင်းမှာ တရင်းတနှီး အတူယှဉ်တွဲက အလုပ်လုပ်လာကြသည်။ ၂နှစ်တာလေးအတွင်း လမ်ပူရီတိုင်းပြည်က လုံးဝပြောင်းလဲသွားခဲ့ပါ၏။

စာရင်းများအရ အရင်နှစ်လေးတွင်ပင် လမ်ပူရီတိုင်းပြည်၏ သီးနှံအထွက်နှုန်းက တန်ပေါင်း ခြောက်သန်းနှင့် ရှစ်‌သိန်းသို့ရောက်ရှိခဲ့၏။ ၎င်းက ယခင် တန်ပေါင်း ငါးသန်း ကိုးသိန်းစံချိန်ကို ဖယ်ရှားပြီး အနီးဝန်းကျင်ဧရိယာတွင် သီးနှံအထွက်နှုန်း အမြင့်ဆုံးတိုင်းပြည်များထဲမှ တစ်တိုင်းပြည်ဖြစ်လာစေခဲ့သည်။

လမ်ပူရီတိုင်းပြည်မှာ ပြည်သူများကို အလွယ်လေးကျွေးထားနိုင်သာမက ကောက်ပဲသီးနှံပမာဏများစွာကို သိုလှောင်ထားနိုင်သလို ပမာဏကြီးတစ်ခုကိုလည်း တင်ပို့နိုင်သည်။

ယခင်နှစ်က ၎င်းတို့တင်ပို့ခဲ့သော ပမာဏကို သုံးသပ်လိုက်လျှင် လမ်ပူရီတိုင်းပြည်မှာ ရွှေဒင်္ဂါးခြောက်သိန်းရရှိခဲ့သည်။

သို့သော် မှော်စက်များအား တင်ပို့ခြင်းနှင့်ယှဉ်လျှင် ဆန်စပါးတင်ပို့ခြင်းမှ ရငွေမှာ မည်သည်မှပင်မဟုတ်ချေ။

စာရင်းများအရ ယခင်နှစ်နှင့်တင် Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ တည်ဆောက်ခဲ့သော လမ်ပူရီတိုင်းပြည်၏ မှော်စက် စက်ရုံများမှာ အိမ်သုံးမှော်စက် အလုံးရေခုနစ်သန်းထုတ်လုပ်ခဲ့သည်။

နှစ်သန်းနှင့် ခြောက်သိန်းကို တိုင်းပြည်၌ ရောင်းချခဲ့သည်မှလွဲ ကျန်သည့် အိမ်သုံးမှော်စက်ပေါင်း ငါးသန်းနီးနီးပို လမ်းကြောင်းများစွာမှတဆင့် ရူဒ်ဆန်တိုင်းပြည်၊ ဒရိတ်ခ်နယ်မြေ၊ မီရန်ဒိုနယ်မြေနှင့် အခြားတိုင်းပြည်များထံ တင်ပို့ခဲ့သည်။ ၎င်းက လမ်ပူရီတိုင်းပြည်အတွက် ရွှေဒင်္ဂါးခြောက်သန်းကျော် ကြောက်မက်ဖွယ်‌ဝင်ငွေကို ဖန်တီးပေးခဲ့သည်။

အနှီဝင်ငွေ ရင်းမြစ်နှစ်ခုမှ လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာမှာ အမြတ်ခွန် ရွှေဒင်္ဂါးနှစ်သိန်းထိ ရခဲ့သည်။

တိုင်းပြည်တွင်းမှလာသည့် အခြားအခွန်မျိုးစုံကြောင့် တိုင်းပြည်၏ ဘဏ္ဍာမှာ ရွှေဒင်္ဂါးသုံးသန်းကျော်ရရှိခဲ့သည်။

ထို့ကြောင့် ယခင်နှစ် ဆယ်ဗီနီ ထီးနန်းရယူခဲ့သည့် ပထမနှစ်အတွင်းတွင် လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာမှာ ကြောက်မက်ဖွယ်တိုးပွားလာကာ ရွှေဒင်္ဂါးခြောက်သန်းကျော်အထိရောက်ရှိသွားခဲ့သည်။

ထိုကြောက်မက်ဖွယ်အမြတ်ခွန်က လမ်ပူရီတိုင်းပြည်၏ နှစ်ရာချီသမိုင်းတွင် ဖြစ်ပွားခဲ့ဖူးသည်မှာ ပထမအကြိမ်ဖြစ်ပါ၏။

ငွေရှိခြင်းက ကိစ္စများကို ပိုမိုလွယ်ကူစေသည်။

လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာငွေက အမြဲတမ်း ပြတ်လပ်နေခဲ့သဖြင့် စစ်ဘက်ဆိုင်ရာကဲ့သို့သော အရာများတွင် ငွေများများစားစား မသုံးစွဲနိုင်ဖြစ်နေခဲ့ရသည်။ ၎င်းကြောင့် လမ်ပူရီတိုင်းပြည်မှာ စခ်တိုင်းပြည်ထံမှ ဖိနှိပ်ခံရပြီး ပြန်မတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်၏။

သို့သော် ယခု လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာငွေမှာ များစွာတိုးပွားလာရာ လမ်ပူရီတိုင်းပြည်အနေနှင့် ၎င်းတို့၏ စစ်တပ်ကို ငွေဖြင့် ရင်းနှီးမြှုပ်နှံနိုင်ပြီဖြစ်သည်။

ယခင်နှစ်က စစ်ဘက်ဆိုင်ရာရံပုံငွေမှာ ရွှေဒင်္ဂါးသုံးသိန်းအောက်လေးမှ တစ်သန်းနှင့် သုံးသိန်းအထိဖြစ်သွားခဲ့သည်! ၎င်းက စုစုပေါင်း တစ်သန်းတိတိတိုးလာခြင်းပင်!

ထိုသို့သော ရင်းနှီးမြှုပ်နှံမှုကြီးကြောင့် တော်ဝင်မိသားစုလက်အောက်ရှိ အဓိကစစ်တပ်များအား လက်နက်ကိရိယာအသစ်များထောက်ပံ့နိုင်ခဲ့သည်။ ထို့အပြင် ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ စစ်ဘက်သုံးမှော်စက်ပမာဏများစွာကိုလည်း ဝယ်ယူခဲ့ပါ၏။

မြောက်ဘက်စစ်တပ်တွင် ၎င်းက ပို၍ပင်သိသာလှသည်။

လက်နက်အပြည့်မြောက်ဘက်စစ်တပ်မှာ စခ်တိုင်းပြည်၏ သွေးဆာဝံပုလွေတပ်ရင်းနှင့် အကြိမ်ပေါင်းမနည်းတိုက်ခိုက်ခဲ့ပြီး တစ်ကြိမ်စီတိုင်း ပမာဏကြီးတစ်ခု အနိုင်ရနေခဲ့သည်။

မြောက်ဘက်စစ်တပ်မှာ ယခုတွင် သေမင်းတောင်တန်းများကို စောင့်ကြပ်နေပြီး စခ်တိုင်းပြည်ကမူ ရှေ့တစ်လှမ်းပင်မတိုးဝံ့ကြချေ။ ၎င်းတို့အနေနှင့် ယခင်ကကဲ့သို့ လမ်ပူရီတိုင်းပြည်ကို ကျူးကျော်ဖို့ကို ထည့်ပြောစရာပင် မလိုတော့ပေ။

နှစ်ဘက်စလုံး၏ စစ်ဘက်အင်အားက ပြောင်းပြန်ဖြစ်သွားသောကြောင့် ရှုယီမှာ စခ်တိုင်းပြည်အနေနှင့် အဘယ့်ကြောင့် ဆန်နက်မြေရိုင်း၏ သားရဲလူမျိုးများကို ရုတ်တရတ် ဆန့်ကျင်လှုက်ရှားလာသည်အား ရှုပ်ထွေးနေရသည်။

စခ်တိုင်းပြည်အနေနှင့် ၎င်းတို့၏ ပိုင်နက်ကို ကာကွယ်နိုင်သည်ကတင် လုံလောက်နေပြီဖြစ်ရာ လမ်ပူရီတိုင်းပြည်ကို ကျူးကျော်ရန် မည်သို့စဉ်းစားနေရသနည်း? ၎င်းက ထုံအလွန်းလှသည်မဟုတ်ပါလား?

ရှာယီမှာ စခ်တိုင်းပြည်၏ အပြုအမူများအပေါ် အတွေးနစ်နေကာ ကောင့်ထ်ဝယ်လ်လည်း ရှုယီ၏ မေးခွန်းများကြောင့် နေရခက်နေသဖြင့် ကားက တိတ်‌ဆိတ်သွားသည်။

သို့သော် သိပ်မကြာခင်တွင် မှော်ဆလွန်းက ရုတ်တရတ် ယမ်းခါလျက် ရှုယီလည်း အတွေးများထဲမှ ပြန်ထွက်လာသည်။

သူ၏ထိုင်ခုံနောက်ပြန်ကျခြင်းမှ ရလာသည့် နာကျင်မှုနှင့် ကားမှ လှုပ်ခါမှုကိုခံစားမိသော် ရှုယီက မျက်မှောင်ကုပ်ကြည့်လိုက်သည်။ ၎င်းတို့ ဖြတ်လာသည့် မိုးကျလမ်းမတွင် ချိုင့်ခွက် အကြီးအငယ်များရှိနေသဖြင့် ၎င်းကို ကျော်ဖြတ်ရန် ခက်ခဲခဲ့သည်မှာ မဆန်းချေ။

"မြို့စားအရှင် ကျုပ် အရင်တစ်ခေါက်လာတော့ မိုးကျလမ်းမက အရမ်းအဆင်ပြေပါတယ်။ ဘာလို့ လနည်းနည်းလေးနဲ့ ဒီလိုဖြစ်လာရတာလဲ?" ရှုယီလည်း မမေးဘဲ မနေနိုင်တော့ပေ။

ကောင့်ထ်ဝယ်လ်လည်း လှည့်ကြည့်လိုက်ပြီးနောက် ပို၍ပင် နေရခက်ဟန် ပေါ်လာသည်။

"ဒါက.... ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းရဲ့ သတ္တုရိုင်း ပို့ဆောင်ရေးမှော်ကားတွေက ဒီတလော ဒီလမ်းမကနေ သွားနေတာကြောင့် မိုးကျလမ်းမ ပျက်စီးသွားတာပါ။"

"ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းရဲ့ ပို့ဆောင်ရေးမှော်ကားတွေ?" ရှုယီလည်း စဉ်းစားကြည့်ပြီးနောက် နားလည်လိုက်သည်၊ "သူတို့က မြောက်ပိုင်းမှာရှိနဲ့ ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းရဲ့ သံမဏိစက်ရုံဆီပို့နေတာ မဟုတ်လား?"

"အင်း ဥက္ကဌရှု ဒီသံမဏိစက်ရုံက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းကြားက ပူးပေါင်းမှုပဲ၊ ခင်ဗျား ဒါကို မမေ့လောက်သေးပါဘူး။" ကောင့်ထ်ဝယ်လ်က ပြောသည်။

"မှတ်မိတာပေါ့။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအပြင် ဒါက ပထမဆုံးသံမဏိစက်ရုံတွေထဲက တစ်ခုပဲလေ။ ဒါက ကျုပ်ရဲ့ ဒီတစ်ကြိမ်မှော်လေပေးစက်ထုတ်လုပ်ရေးလိုင်း ပို့ဆောင်ရေးနဲ့လည်း နည်းနည်း ဆက်စပ်နေတယ်။" ရှုယီက လမ်းမကို ထပ်ကြည့်ကာ မျက်မှောင်ကုပ်၍ ပြောသည်၊ "ဒါပေမယ့် ပို့ဆောင်ရေးကားတွေ မိုးကျလမ်းကို ဒီလိုဖျက်စီးတာက အလုပ်ဖြစ်မှာမဟုတ်ဘူး။ မြို့စားအရှင် ခင်ဗျားလမ်းကို ပြန်ပြုပြင်ဖို့ စဉ်းစားထားသေးလား?"

"စဉ်းစားနေတုန်းပါပဲ။" ကောင့်ထ်ဝယ်လ်က ခေါင်းငြိမ့်ကာ ပြောသည်၊ "ပြီးတော့ ကျုပ်တို့က မိုးကျလမ်းမကို ပြုပြန်ဖို့ စီစဉ်ထားတာတင်မကဘူး ဒီအခွင့်အရေးကို ယူပြီး မိုးကျလမ်းမဆီ တခြားယာဉ်ကြောလမ်း ရှစ်လမ်း ပေါင်းထည့်ဖို့လည်း လုပ်ထားတယ်။ မိုးကျလမ်းမက ကျုပ်တို့ ဘန်တာမြို့ရဲ့ အဓိက ပို့ဆောင်ရေး‌လမ်းကြောင်းဖြစ်တာကြောင့် အရင်က အရမ်းကျဉ်းလွန်းတော့ လိုအပ်ချက်ကို မရောက်နိုင်ဘူးဖြစ်နေတာ။"

ရှုယီက ရယ်မောလေသည်၊ "တခြားနည်းလမ်းမရှိဘူး၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာလည်း ဒီမိုးကျလမ်းကို ဆောက်နေတုန်းက ငွေမရှိခဲ့ဘူး‌ဆိုတော့ လမ်းကို အဲ့လောက် မကျယ်နိုင်ခဲ့ဘူးလေ။ ဒါပေမယ့် မြို့စားအရှင်က ဒီကိစ္စကို အကောင်အထည်ဖော်တော့မှာ‌ဆိုတော့ တကယ်ပဲ ချီးကျူးရမှာပေါ့။"

"ဒါက ကျုပ်ရဲ့ မြို့စားအနေနဲ့ တာဝန်ပါပဲ။" ကောင့်ထ်ဝယ်လ်က အသာပြုံးကာဆိုသည်၊ "လမ်းပြင်တဲ့အကြောင်းပြောရရင် ဥက္ကဌရှု ခင်ဗျား ဘုရင်မကြီးက ဒီတလောကမှ အမိန့်တစ်ခုပေးထားတာကိုသိလား?"

"လမ်ပူရီတိုင်းပြည်ရဲ့ လမ်းတွေကို အားဖြည့်ဖို့ အ‌ဆိုပြုတာများလား?" ရှုယီက မေးသည်။

"ဟုတ်တယ်၊ ဘုရင်မကြီးက နောက်နှစ်မှာ လမ်းသစ် ဆယ့်သုံးလမ်းတည်ဆောက်ပြီး တိုင်းပြည်တစ်ခုလုံးကို ချိတ်ဆက်ဖို့ စီစဉ်ထားတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ ပို့ဆောင်ရေးကွန်ရက်ကို အားဖြည့်ဖို့နဲ့ တခြားလမ်းသုံးဆယ့်‌ကိုးလမ်းကိုလည်း ပြင်ဆင်တာတွေ တည်ဆောက်တာတွေလုပ်ဖို့ ပြင်ထားတယ်။ ဒီအစီစဉ်ကိုတိုင်းပြည်လွှတ်တော်က ခွင့်ပြုထားတော့ မကြာခင် အကောင်အထည်ဖော်လောက်တယ်။"

"ဒါက ကောင်းတာပေါ့။" ရှုယီက ပခုံးတွန့်သည်၊ "အဆုံးကျတော့လည်း လမ်ပူရီတိုင်းပြည်မှာ ငွေရှိနေပြီ‌ဆိုတော့ ဘုရင်မကြီးလည်း ကိစ္စအတော်များများလုပ်နိုင်ပြီပေါ့။"

"ဒါပေမယ့် ဒီအစီစဉ်အတွက် အရေးကြီးတဲ့ပြဿနာတစ်ခုကို မဖြေရှင်းရသေးဘူး။" ကောင့်ထ်ဝယ်လ်က ရှုယီကို တောက်တောက်ပပများလုံးများဖြင့်ကြည့်လာသည်။

ကောင့်ထ်ဝယ်လ်၏ အမူအရာကိုမြင်သော် ရှုယီမှာ မပြုံးလိုက်မိဘဲ မနေနိုင်တော့ပေ။

"ကျုပ်ပြောမယ် မြို့စားအရှင် ဘုရင်မကြီးက ကျုပ်အကြောင်း ခင်ဗျားကို စစ်မေးဖို့ ပို့လိုက်တာတော့ မဟုတ်ပါဘူးနော်? ကျုပ်နဲ့ ဘုရင်မကြီးရဲ့ ဆက်ဆံရေးနဲ့ဆိုရင် တိုက်ရိုက်မပြောနိုင်စရာဘာရှိလို့လဲ?"

ကောင့်ထ်ဝယ်လ်က ထူးထူးဆန်းဆန်းပြုံးသည်။ သူက ချောင်းတစ်ချက်ဟန့်ပြီးနောက် အလေးအနက်ဟန်ဖြင့် ဆိုလာ၏၊ "ဒီအစီစဉ်ရဲ့ ပြဿနာက လမ်းတွေ ပြုပြင်တည်ဆောက်တဲ့နေရာမှာ မူတည်နေတယ်၊ အဓိပ္ပာယ်ကတော့ ကျုပ်တို့တွေ ဘိလပ်မြေနဲ့ သံမဏိပမာဏကြီးတစ်ခုလိုတယ်ပေါ့။ ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းရဲ့ သံမဏိစက်ရုံက သံမဏိထုတ်ကုန်ပေါင်းစုံကိုထုတ်လုပ်နေတာလေ။ အရည်အသွေးက အဲ့လောက်မမြင့်ရင်တောင် လမ်းပြင်ဖို့တော့ လုံလောက်ပါတယ်။ ဒါပေမယ့် ဘိလပ်မြေကကျ....."

"ပြဿနာမရှိပါဘူး။ ကျုပ်က စတက်တိန်းနယ်မြေကနေ တစ်လျှောက်လုံး ဘိလပ်မြေသယ်ပို့ရတာ သဘောမကျလို့ လမ်ပူရီတိုင်းပြည်မှာ ဘိလပ်မြေစက်ရုံ အတော်များများ တည်ဆောက်ဖို့ စီစဉ်ထားတယ်။" ရှုယီက ပြောသည်။

ကောင့်ထ်ဝယ်လ်လည်း အံ့ဩသွားပြီးနောက် ပျော်ရွှင်မှုဖြင့်ပြည့်သွားပါ၏။

ရှုယီကို စမ်းသပ်ရန် ဘုရင်မကြီးက သူ့အားပို့ခဲ့ခြင်းမှာ အမှန်ပင်ဖြစ်သော်လည်း ရှုယီမှာ ချက်ချင်းကြီးသဘောတူလာမည်ဟု ထင်မထားခဲ့ချေ!

"ကျုပ်ကို အဲ့လိုမကြည့်ပါ‌နဲ့။" ရှုယီက ကောင့်ဝယ်လ်ကိုကြည့်လိုက်ပြီးနောက် အန်ဗီမာမြို့တော် ရှိရာကိုကြည့်လိုက်လေသည်။ သူက ခေါင်းခါ၍ ပြော၏၊ "ဘုရင်မကြီးကို ကျုပ်အနေနဲ့ လမ်ပူရီတိုင်းပြည်မှာ မှော်စက်မှုနယ်ပယ်တစ်ခုတည်ထောင်ဖို့ ကူညီမယ့် ရည်ရွယ်ချက်က ပြောင်းလဲသွားမှာမဟုတ်လို့ ဒါကို အဲ့လောက်စိတ်ပူမနေဖို့ ကူပြောပေးပါဦး။"

ကောင့်ထ်ဝယ်လ်က ရှုယီကို မျက်လုံးများထဲ ထူးဆန်းရိပ်ဖြင့် ကြည့်လာသည်။

"ဥက္ကဌရှု ကျုပ်အနေနဲ့ ဘုရင်မကြီးကို ဒီစကားတွေ တဆင့်ပြောပေးဖို့ မလိုပါဘူး၊ ခင်ဗျားကိုယ်တိုင် ပြောလိုက်တာက အကောင်းဆုံးပါပဲ။"

"ကိုယ်တိုင်ပြောရမယ်?" ရှုယီ အတန်ငယ် အံ့အားသင့်သွားသည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၅။ ရပ်နားခြင်း အခက်အခဲများ

ငါးရက်ကြာပြီးနောက် ရှုယီမှာ အန်ဗီမာမြို့တော်၏ လမ်းများတွင် ပေါ်လာသည်။

လမ်ပူရီတိုင်းပြည်၏ ဆက်တိုက်တိုးတက်မှုကြောင့် လမ်ပူရီတိုင်းပြည်၏ မြို့တော်ဖြစ်သော အန်ဗီမာမြို့တော်မှာ အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။

တိုက်ရိုက်အကျဆုံး ပြောင်းလဲမှုမှာ အန်ဗီမာမြို့တော်၏ လမ်းများအနီးတွင် အိမ်သုံး‌မှော်စက်များရောင်းချနေသော ဆိုင်များစွာ ရှိနေခြင်းပင်။

လမ်းမများ လမ်းကြားများ၌ လျှောက်နေရင်း အသုံးပြုနေကြသော အိမ်သုံးမှော်စက် ပေါင်းစုံကို မြင်နိုင်သည်။

ယခုတွင် နွေရာသီဖြစ်လေရာ အန်ဗီမာမြို့တော်သားများအနေနှင့် အပူရှိန်မှ လွတ်မြောက်ရန် အေးမြသည့်နေရာရှာဖို့အတွက် ၎င်းတို့၏ ပူလောင်နေသောအခန်းများထဲမှာ အတင်းထွက်ခွာစရာမလိုတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အနေနှင့် ရွှေဒင်္ဂါး နှစ်ဆယ် သုံးဆယ်ကုန်ကျသော မှော်လေပေးစက် ဝယ်ဖို့မတတ်နိုင်ပါလျှင်တောင် အနည်းဆုံး မှော်ပန်ကာတစ်လုံးတော့ တတ်နိုင်ကြပါ၏။

ရှုယီလည်း ဘေးဘီကိုကြည့်လိုက်သော် သူ၏ဘေးပတ်လည်ရှိ တံခါးများစွာပွင့်နေသည်ကို တွေ့လိုက်ရသည်။ ထိုအိမ်များအတွင်း၌ လက်ရှိတွင် လည်နေကြသော မှော်ပန်ကာ ပုံစံစုံအရောင်စုံများ ရှိနေသည်ကို မြင်နိုင်သည်။

ထိုမှော်ပန်ကာများအားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ လာခြင်းတော့မဟုတ်ပါချေ။

ရှုယီမှာ မှော်ပန်ကာနည်းပညာကို လူထုထံရောင်းချခဲ့သောကြောင့် လမ်ပူရီတိုင်းပြည်၌ ပေါ်ထွက်လာသော မှော်ပန်ကာ တံဆိပ်သစ်များစွာရှိလေသည်။

Frestech တံဆိပ်မှော်ပန်ကာအနေနှင့် လမ်ပူရီတိုင်းပြည်သားများ၏ စိတ်ထဲတွင် အရည်အသွေးအမြင့်ဆုံးဖြစ်ပါလျှင်တောင် အခြားတံဆိပ်များ၏ အရည်အသွေးနှင့် လုပ်ဆောင်ချက်က Frestech တံဆိပ်နှင့် နီးကပ်နေသရွေ့ အားကောင်းသော Frestech တံဆိပ်မှော်ပန်ကာနှင့်အတူ ယှဉ်ပြိုင်နိုင်ရန် ခွင့်ပြုထားသည်။

ယခင်လမှ စာရင်းများအရ လမ်ပူရီတိုင်းပြည်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ပန်ကာ ရောင်းအားမှာ တိုးလာခဲ့ပြီး ယခင်နှစ်နှင့်ယှဉ်သော် ၁၇%တိုးလာပါသော်လည်း ၎င်းတို့၏ လမ်ပူရီဘုရင့်ရှိ ဈေးကွက်ရှယ်ယာမှာ ၇၆%မှ ၅၃%အထိ ကျသွားသည်။

ဤနေရာရှိ အချက်အလက်များနှင့် ယှဉ်သော် လမ်ပူရီတိုင်းပြည်၏ စီးပွားရေးမှာ ပိုကောင်းမွန်လာပြီး မှော်ပန်ကာ ဝယ်ယူနိုင်သည့် မိသားစုများ ပိုမိုများပြားလာ‌သော်ငြား အခြားတံဆိပ်မှော်ပန်ကာများအနေနှင့် ပြိုင်ဘက်ဖြစ်လာသည့် အဓိပ္ပာယ်ကိုလည်း ဆောင်လေသည်။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ လက်ထဲမှ ဈေးကွက်အတော်များများကို လုယူထားကြသည်။

ခမ်နက်ဒ်အနေနှင့် Frestech ကုန်သည်ကြီးများအသင်း အဆင့်မြင့်အဖွဲ့ဝင်များကိုယ်စား ၎င်းအပေါ် စိုးရိမ်မှုတချို့ရှိ‌ကြောင်း ဖော်ပြခဲ့သည်။ သူ့အနေနှင့် ဈေးကွက်ရှယ်ယာများ လျော့ကျမှုကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းကိုကိုင်တွယ်၍ ထိုဈေးကွက်ရှယ်ယာများကို ပြန်လည်ရယူရန် နည်းလမ်းကောင်းတစ်ရပ်ရှာသင့်သည်ဟု ခံစားမိသည်။

သို့သော် ရှုယီက ထိုအကြောင်းကို လုံးဝဂရုမစိုက်ဘဲ ၎င်းကြောင့် အတော်အတန်ပင် ပျော်ရွှင်နေသေးသည်။

ထိုနံပါတ်နှစ်လုံးက လမ်ပူရီတိုင်းပြည်တွင် စီးပွားရေးတိုးတက်မှုရှိကြောင်း ပြနေရုံသာမက အခြားလုပ်ငန်းစုများအနေနှင့် မှော်ပန်ကာများနှင့်ပတ်သက်လျှင် ၎င်းတို့၏ နည်းပညာမှာ အဆင့်မြင့်လာသည့် အဓိပ္ပာယ်လည်း ရှိသည်။

ကုန်ကျစရိတ်များအကြောင်းကိုဂရုမစိုက်ဘဲ အရှုံးရှိသည့် စီးပွားရေးကိုပင်လုပ်ဆောင်နေသည့် လုပ်ငန်းစုများကို ဖယ်လိုက်ပြီး ရှုယီမှာ မှော်ပန်ကာများထုတ်လုပ်သည့် လမ်ပူရီတိုင်းပြည်ရှိ လုပ်ငန်းစုဆယ့်ခုနစ်စု၏ စိစစစ်သုံးသပ်ခြင်းကိုလုပ်ဆောင်ခဲ့သည်။ အနှီတံဆိပ်များ၏ မှော်ပန်ကာများထံတွင် Frestech တံဆိပ်မှော်ပန်ကာကဲ့သို့ တူညီသည့် စွမ်းဆောင်ရည်ရှိပြီး အများစုမှာ ထုတ်လုပ်မှုအသေးစိတ်များ၌သာ ကွဲပြားနေကြောင်း အတည်ပြုခဲ့သည်။

မှော်ပန်ကာများပြုလုပ်ရာတွင် ၎င်းတို့၏ ကိုယ်ပိုင်သု‌တေသနကို အသုံးပြုထားကာ ၎င်းတံဆိပ်ခြောက်ခုအား Frestech တံဆိပ်နှင့် အနည်းငယ် ကွဲပြားအောင်လုပ်ထားသည့် လုပ်ငန်းစုခြောက်ခုပင်ရှိနေသည်။

ထိုအရာက ၎င်းတို့၏မှော်ပန်ကာများကို ပိုကောင်းလာစေသည်ဟု မဆိုလိုသော်လည်း အနှီလုပ်ငန်းစုခြောက်ခုမှာ မှော်ပန်ကာများနှင့် ပတ်သက်၍ ဆန်းသစ်ပြောင်းလဲခြင်းများပြုလုပ်ခဲ့ကြောင်း သံသယဝင်စရာပင်မလိုပေ။

ထိုသည်မှာ ရှုယီ အရေးအထားဆုံးအရာဖြစ်သည်။

ဤတစ်ကြိမ် အန်ဗီမာမြို့တော်သို့ လာရောက်ပြီးနောက် ရှုယီမှာ ဆယ်ဗီနီကို ချက်ချင်းသွားမတွေ့ခဲ့ပေ။ သူဟာ အန်ဗီမာမြို့တော်၌ ထိုလုပ်ငန်းစုခြောက်ခုနှင့်ဆက်သွယ်ရန် Frestech ကုန်သည်ကြီးများအသင်း စီစဉ်ထားသည့် ကွန်ရက်ကို အသုံးပြုကာ ၎င်းတို့နှင့် အတူတကွတွေ့ဆုံဖို့ စုစည်းခဲ့သည်။

နှစ်ဘက်စလုံးက အန်ဗီမာမြို့တော်ရှိ ဇိမ်အကျဆုံးစားသောက်ဆိုင်၌ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ရှုယီမှ သူ၏ မှော်ဆလွန်းကို အန်ဗီမာမြို့တော်သို့ မောင်းလာခဲ့ပြီးနောက် ယခင်နှစ်က တည်ဆောက်ခဲ့သော ထိုစားသောက်ဆိုင်သို့ ဦးတည်လိုက်ရာ သူမျှော်လင့်မထားခဲ့သည့် ပြဿနာတစ်ရပ်နှင့် ကြုံကြိုက်ခဲ့ပါ၏။

ထိုနေရာ၌ ရပ်‌နားရန်နေရာမရှိခြင်းပင်!

ရှုယီမှာ မှော်ကားကို စားသောက်ဆိုင်၏ ရှေ့တံခါးမှ အနည်းငယ်အကွာတွင်ရပ်တန့်လိုက်ပြီး စားသောက်ဆိုင်အပြင်ဘက်၌ ရပ်ထားသည့် မှော်ကားမျိုးစုံနှင့် အလတ်စားခရီးသည်တင် မှော်ကားသုံးစီးတို့ကို ကြည့်လိုက်လေသည်။ ထို့နောက် မျက်နှာထက်တွင် ထူးဆန်းသည့်ဟန်ကို မဖော်ပြမိဘဲ မနေနိုင်တော့ပေ။

ကမ္ဘာမြေရှိ မြို့ကြီးတစ်မြို့တွင် စားသောက်ဆိုင်တစ်ဆိုင်၌ စားသောက်လိုပါက ရပ်နားရာနေရာများကို စိတ်ပူရမည်က သဘာဝပင်။

သို့သော် ဤလောကတွင်လည်း ဤပြဿနာဖြစ်လညမည်ဟု ထင်မထားခဲ့ချေ။

ပြောရလျှင် စိုင်စ်နယ်မြေကြီးရှိ မှော်စက်မှုနယ်ပယ်တိုးတက်မှု အမြန်နှုန်းက ရှုယီ၏ မျှော်မှန်းချက်ကို ကျော်လွန်နေပါ၏။

အနည်းဆုံး ဤလောကရှိလူများအနေနှင့် မှော်ဆလွန်းများကို အင်မတန် လျင်မြန်စွာလက်ခံလာကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ စာရင်းများအရ ဆယ်ဗီနီ ထီးနန်းဆက်ခံခဲ့သည့် နှစ်တစ်နှစ်နှင့် တစ်ဝက်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ဆလွန်းအစီးရေတစ်သောင်းကျော် ရောင်းချခဲ့သည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်းအတွက် အမြတ်ငွေ ရွှေဒင်္ဂါးသုံးသန်းကျော်ကို ထုတ်ပေးခဲ့၏။

ရှုယီမှာ ယခင်က ဤအရေအတွက်ကို ကြားချိန်တွင် ပျော်ရွှင်ခဲ့ပါသော်လည်း ယခုတွင် ထိုအရေအတွက်ကို အနည်းငယ် စိုးရိမ်နေပြီဖြစ်သည်။

သူ့အနေနှင့် သူ၏မှော်ဆလွန်းကို ရပ်နားရန် လမ်းကြားတစ်ခုရှာရမည် မရှာရမည်အား တုံ့ဆိုင်းနေစဉ်အတွင်း လူသုံးဦးက စားသောက်ဆိုင်အရှေ့မှ ရှုယီ၏ မှော်ဆလွန်းကို လှည့်ကြည့်လာကြသည်။ ၎င်းတို့က ချက်ချင်းပင် အပြုံးများလှစ်ဟလျက် လာနှုတ်ဆက်ကြတော့၏။

ရှေ့ရှိတစ်ဦးမှာ Frestech ကုန်သည်ကြီးများအသင်း၏ အန်ဗီမာမြို့တော် မန်နေဂျာ ဖလိမ်ပါပင်။

ကျန်နှစ်ဦးကမူ တစ်ယောက်ဝတ်ထားသည့် ယူနီဖောင်းအရ ထိုလူမှာ စားသောက်ဆိုင်၌ အလုပ်လုပ်နေသူဟု ပြောနိုင်သည်။ နောက်တစ်ဦးကိုတော့ ရှုယီလည်း မသိချေ။

ဖလိမ်က မှော်ဆလွန်း၏ ဘေးကို အမြန်ရောက်လာသည်။ ရှုယီလည်း သူ့အားကြည့်ရန် ပြတင်းချလိုက်ပြီးနောက် အခြားလူများကိုကြည့်၍ ဖလိမ်ထံ မျက်လုံးဖြင့် အရိပ်အကဲပြလိုက်လေသည်။

ဖလိမ်က ရှုယီကို တစ်ချက်အသာဦးညွှတ်လိုက်ပြီးနောက် လူငယ်ဝန်ထမ်းကို ညွှန်ပြကာ ပြောလာသည်၊ "ဥက္ကဌ စားသောက်ဆိုင်အရှေ့က ယာဉ်ရပ်နားနေရာက ပြည့်နေပြီ၊ သူ့ကို ရပ်နားဖို့ တခြားနေရာရှာခိုင်းလိုက်ပါ။"

ရှုယီလည်း ထိုဝန်ထမ်းကို တအံ့တဩကြည့်လိုက်လေသည်။ ဤစားသောက်ဆိုင်၌ သူ့အတွက် ကားရပ်နားပေးမည့် လူတစ်ယောက်ရှိမည်ဟုထင်မထားခဲ့ချေ၊ ၎င်းတို့မှာ တကယ်ကို ခေတ်မှီလှပါ၏။

ထွက်လာပြီးနောက် သူဟာ ဝန်ထမ်းလေးကို သော့တွဲပေးလိုက်ပြီးနောက် ရွှေဒင်္ဂါးတစ်ပြားလည်းပေးလိုက်သည်။

ထိုဝန်ထမ်းက သူ့လက်ထဲရှိ တောက်ပနေသော ရွှေဒင်္ဂါးကို မယုံနိုင်စွာကြည့်လိုက်ပြီးနောက် ရှုယီကို တုံ့တုံ့ဆိုင်းဆိုင်းကြည့်လာသည်။

"ယူလိုက်ပါ မင်းအတွက် ဘောက်ဆူးပဲ။" ရှုယီက အသာပြုံးကာပြောလိုက်၏။

ထိုဝန်ထမ်းက ရွှေဒင်္ဂါးကိုယူကာ ရှုယီကို ဦးညွှတ်လိုက်သည်။ ထို့နောက် မှော်ဆလွန်းထဲဝင်ကာ ကျွမ်းကျင်စွာ ကွေ့၍ စားသောက်ဆိုင်နံဘေးရှိ လမ်းကြားတစ်ခုထံ ဦးတည်လိုက်သည်။

"ဥက္ကဌ ပြန်တဲ့အခါကျရင် သူ့ကိုခေါ်လိုက်ရုံပဲ၊ ကားကို ပြန်ယူလာပေးလိမ့်မယ်။" ဖလိမ်က မှော်ဆလွန်းထံမှ လှည့်ကာ ရှုယီကို ရှင်းပြလာသည်။

ရှုယီလည်း ခေါင်းငြိမ့်လိုက်ပြီးနောက် သူမမှတ်မိခဲ့သည့် သက်လတ်ပိုင်းလူဘက် လှည့်လိုက်သည်။

"ဥက္ကဌ၊ မိတ်ဆက်ပေးပါရစေ။ ဒါက ရိဂ် ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ပါဆာရို ရိဂ်ပါ။" ဖလိမ်က ပြောသည်။

ထိုသက်လတ်ပိုင်းလူကြီးက ကျိုးနွံစွာပြုံးကာ ရှုယီထံ အသာဦးညွှတ်လာသည်။

"ဥက္ကဌရှု၊ ခင်ဗျားနဲ့ ဆုံရတာ ဂုဏ်ယူစရာပါ။"

"ရိဂ်ကုန်သည်ကြီးများအသင်း?" ရှုယီမှာ ထိုသက်လတ်ပိုင်းလူကို အသေအချာကြည့်လိုက်ပြီးနောက် ခေါင်းတစ်ချက်ငြိမ့်လိုက်သည်၊ "ဥက္ကဌရိဂ်, ခင်ဗျားတို့ လုပ်ငန်းစု မှော်ပန်ကာမှာရှိတဲ့ အလိုအလျောက် အဖွင့်အပိတ်စနစ်က အရမ်းကိုဆန်းသစ်လို့ ကျုပ်တော့ အတော်လေးစားမိတယ်။"

ဥက္ကဌ ရိဂ်က တစ်ချက်ရယ်သည်၊ "ဥက္ကဌရှုရဲ့ လက်ခံမှုကို ရနိုင်တာက ကျုပ်အတွက်တော့ ဂုဏ်ယူစရာပါ။ ဒါပေမယ့် ခင်ဗျားတို့ Frestech တံဆိပ် မှော်ပန်ကာနဲ့ယှဉ်ရင် ကျုပ်တို့ ရိဂ် တံဆိပ်မှော်ပန်ကာမှာ မယှဉ်နိုင်တဲ့အရာများစွာရှိပါတယ်ဗျာ။ ကျုပ်တို့အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ သင်ယူဖို့ လိုအပ်နေသေးပါတယ်။"

"တိုးတက်မှုရှိတာက ကောင်းမွန်တဲ့လက္ခဏာပါပဲ၊ ခင်ဗျားတို့သာ ဒီလိုဆက်တိုးတက်နေရင် ခင်ဗျားတို့ ရိဂ် တံဆိပ်မှော်ပန်ကာက ကျုပ်တို့ Frestech တံဆိပ်ကို အမှီလိုက်နိုင်ပြီး ကျော်ပါတက်သွားနိုင်တဲ့ နေ့ရှိလာမယ်လို့ ယုံကြည်တယ်။" ရှုယီက အပြုံးဖြင့်ပြောသည်။

ဥက္ကဌ ရိဂ်မှာ ရှုယီမျက်နှာထက်ရှိ အပြုံးကိုမြင်သော် သူ၏ မျက်လုံးများထဲတွင် သံသယရိပ်နှင့် စူးစမ်းရိပ်တို့ပေါ်လာသည်။

သူ၏ ဘဝအတွေ့အကြုံနှစ်များစွာနှင့်ဆိုလျှင် ရှုယီ၏ အပြုံးနှင့် ချီးကျူးမှုက စိတ်ရင်းပါသည်ဟု ပြောနိုင်၏။

သို့သော် ၎င်းက အင်မတန်ထူးဆန်းလှသည်။

ရိဂ်တံဆိပ် မှော်ပန်က ထိုသို့ အရွေ့လုပ်ဆောင်ခဲ့ခြင်းက Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်ပန်ကာဈေးကွက် တစ်စိတ်တပိုင်းကို လုယူသွားလိမ့်မည်သာ။

ကုန်သည်တစ်ဦး၏ အမြင်အရသုံးသပ်ရသော် ၎င်းတို့မှာ သေချာပေါက် ရိဂ်တံဆိပ်အား ပြိုင်ဘက်အဖြစ် သတ်မှတ်၍ ထိုကိစ္စကို ခံစား၍ ကောင်းလိမ့်မည်မဟုတ်ပေ။

သို့သော် ယခု ရှုယီက ဤမျှ ပျော်ရွှင်ပုံပေါ်နေသည်။ ထိုသည်မှာ သူ့အနေနှင့် တကယ်ကို ကောလဟာလများကဲ့သို့ အခြားလုပ်ငန်းစုများအား မှော်စက်မှုနယ်ပယ်၌ ရင်းနှီးမြှုပ်နှံရာတွင် အပြည့်အဝထောက်ခံပြီး တိုးတက်ချိန်တွင် အမှန်တကယ်ပျော်ရွှင်နေခြင်း ဖြစ်သည်လား?

သူသာ တကယ်ကို ထိုမျှ သဘောထားကြီးပါလျှင် Frestech ကုန်သည်ကြီးများအသင်းထံရှိ မှော်စက်မှုနည်းပညာအားလုံးကိုလည်း အခြားလုပ်ငန်းစုများထံသို့ အခမဲ့ပေးသင့်ပေသည်။

ဤသည်မှာ ရှုယီနှင့် သူ၏ ပထမဆုံးတွေ့ဆုံသောအကြိမ်ဖြစ်သော်လည်း ဥက္ကဌ ရိဂ်မှာ ထို အသက်သုံးဆယ်ပင် ပြည့်တတ်‌သေးဟန်မရှိသည့် လူငယ်ဥက္ကဌ၏ အတွေးများကို ဖောက်မမြင်နိုင်မှန်းသိလိုက်ရသည်။

ထိုသုံးဦးသားမှာ စားသောက်ဆိုင်ထဲသို့ အတူဝင်လာကြသည်။ ၎င်းတို့ဝင်လာချိန်တွင် ဥက္ကဌ ရိဂ်မှာ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် ရှုယီကို မေးလာသည်၊ "ဥက္ကဌရှု ကျုပ်မေးလို့ရမလား၊ ဒီတစ်ကြိမ်မှာဘာလို့များ ကျုပ်တို့ လုပ်ငန်းစုခြောက်ခုကို စုခေါ်လိုက်ရတာလဲ?"

ရှုယီက သူ့ကို ကြည့်လာသည်။ သူ့အနေနှင့် ဤ ဥက္ကဌရိဂ်မှာ အခြားလုပ်ငန်းစုငါးစုအတွက် လာခြင်းလား သို့မဟုတ် အချက်အလက်တချို့စုဆောင်းရန် အတွက် လာရောက်ခြင်းလား မသိရပါချေ။

"ကျုပ်တို့အားလုံး မှော်ပန်ကာတွေ ထုတ်လုပ်ကြတယ်ဆိုတော့ အားလုံးကို စုလိုက်ရတယ်ဆိုတာ မှော်ပန်ကာနဲ့ ဆိုင်ပါတယ်။" ရှုယီက အသာပြုံးကာဆိုသည်၊ "ဥက္ကဌ ရိဂ်, ခင်ဗျားတို့လုပ်ငန်းစုအပါအဝင် ဒီနေ့လာမယ့် လုပ်ငန်းစုခြောက်ခုလုံးဆီမှာ မူရင်းနည်းပညာရှိကြတယ်။ ကျုပ်အနေနဲ့ ခင်ဗျားတို့တွေ ထုတ်လုပ်ခဲ့တဲ့ နည်းပညာတွေကို အရမ်း လေးစားပြီးတော့ စိတ်လည်းဝင်စားပါတယ်။ ခင်ဗျားတို့ကို ဒီနေ့တွေ့ရတာက အဲဒီ့နည်းပညာအကြောင်း ဆွေးနွေးဖို့ပါပဲ။"

ထိုအဖြေကိုကြားသော် ဥက္ကဌ ရိဂ်၏ နှလုံးခုန်သံတစ်ချက်ချော်သွားပြီး အမူအရာက တင်းမာလာသည်။

ဖြစ်နိုင်တာ.... Frestech ကုန်သည်ကြီးများအသင်းက သူ့ရဲ့လုပ်ငန်းစုက ထုတ်လုပ်ထားတဲ့ ဆန်းသစ်တဲ့နည်းပညာ‌အပေါ် မျက်စိကျနေတာများလား?

အခြားလုပ်ငန်းစုခြောက်ခုထက် များစွာသာလွန်နေသော Frestech ကုန်သည်ကြီးများအသင်း၏ အင်အားနှင့် လမ်ပူရီတိုင်းပြည်၏ အထောက်အပံ့ကိုပါ ပေါင်းထည့်လိုက်ပါက Frestech ကုန်သည်ကြီးများအသင်းသာ ၎င်းတို့၏ ထူးကဲသောနည်းပညာကို ရယူလိုလျှင် ၎င်းတို့အနေနှင့် လုံးဝ ခုခံနိုင်မည်မဟုတ်ချေ။

ဥက္ကဌရိဂ်၏ အတွေးကို သူ၏ အမူအရာမှ ခန့်မှန်းမိလိုက်သယောင်ဖြင့် ရှုယီက အသာပြုံးကာ ပြောလာသည်၊ "စိတ်ပူစရာမလိုပါဘူး ဥက္ကဌ ရိဂ်။ ကျုပ်က စိတ်ဝင်စားရုံပါ၊ ခင်ဗျားတို့ကို လုံးဝ မထိခိုက်စေချင်ပါဘူး။ အဲ့အစား ဒီတစ်ခေါက်လာတာက ခင်ဗျားတို့အတွက် အကျိုးအမြတ်တွေပါ ယူလာတာပါ။"

ရှုယီ မျက်နှာထက်ရှိ သိမ်မွေ့သောအပြုံးကိုမြင်သော် ဥက္ကဌ ရိဂ်မှာ အဘယ့်ကြောင့်မှန်း မသိသော်လည်း စိတ်နည်းနည်းသက်သာသွားသည်။

သို့သော်လည်း ရှုယီ၏ ရည်ရွယ်ချက်ကို အတိအကျမသိခင်အထိ သူဟာ စိုးရိမ်နေမိဆဲပင်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၆။ မင်းဆီမှာ နည်းပညာရှိတာကြောင့် မင်းကို ရွေးချယ်ခဲ့တယ်

နာရီဝက်လေးအတွင်း ဥက္ကဌ ရိဂ်၏ စိတ်နှလုံးထဲရှိ သံသယနှင့် ပူပန်များ ပျောက်ကွယ်သွားသည်။

မှော်ပန်ကာလုပ်ငန်းစုခြောက်ခု၏ ဥက္ကဌများနှင့် ဆုံပြီးနောက် ရှုယီမှာ ၎င်းတို့နှင့်အတူ စကားစမြည်ပြောပြီး ချက်ချင်း အဓိက ခေါင်းစဉ်ထဲ ဝင်ရောက်လာသည်။

ဥက္ကဌခြောက်ဦး မထင်မှတ်ထားသည်မှာ ရှုယီက ဤတစ်ခေါက်၌ ၎င်းတို့အတွက် အကျိုးအမြတ်များယူဆောင်ရန် ရောက်‌လာခြင်းပင်။

ရှုယီမှာ ဥက္ကဌခြောက်ဦးအား Frestech ကုန်သည်ကြီးများအသင်းအနေနှင့် စိုင်စ်နယ်မြေရှိ အခြားတိုင်းပြည်များထံ အိမ်သုံးမှော်စက်များကို ဖြန့်ဝေဖို့ ပြင်ဆင်ထားကြောင်း ပြောခဲ့သည်။ ယခုတွင် ၎င်းတို့၏ အကြီးမားဆုံး ပန်းတိုင်မှာ ကန်ဒရာအင်ပါယာဖြစ်သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ ထုတ်လုပ်ရေးမှာ အကန့်အသတ်ရှိသဖြင့် ကန်ဒရာ‌ဈေးကွက်ကို ဖွင့်နိုင်ခဲ့ပါလျှင်တောင် ကန်ဒရာ အင်ပါယာ၏ လိုအပ်ချက်ကြီးများကို ဖြည့်ဆည်း‌ပေးရန် ၎င်းတို့အတွက် ခက်ခဲသည်။

ထို့ကြောင့် သူဟာ အိမ်သုံးမှော်စက်များထုတ်လုပ်သောအခြားလုပ်ငန်းစုများနှင့် အတူလုပ်ဆောင်ကာ ထိုဈေးကွက်ထဲသို့ အားလုံးကို ဝင်ရောက်လိုစေခြင်းဖြစ်သည်။

မှော်ပန်ကာများအတွက် ရှုယီမှာ ဤလုပ်ငန်းစု ခြောက်ခုကို ရွေးချယ်ထားခဲ့သည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ အမှာစာများထဲမှ တစ်စိတ်တပိုင်းကို ထိုလုပ်ငန်းစုခြောက်ခု ဖြည့်ဆည်း‌ဖို့ ပေးရန် ပြင်ဆင်ထားသည်။

ရှုယီ၏ အဆိုပြုချက်ကို ကြားသော် ဥက္ကဌ ရိဂ်အပါဝင် လုပ်ငန်းစုခြောက်ခုလုံး၏ ဥက္ကဌများထံ၌ လုံးဝမယုံကြည်နိုင်ဟန်များပေါ်လာလေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းက မလုံလောက်ပါလျှင်တောင် အမှာစာများကို ရနိုင်လျှင် စိုးရိမ်ဖို့ မလိုအပ်ဘူးမဟုတ်လား?

သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းက မလုံလောက်ဘူးပေါ့? အဲ့ဒါက မရိုးရှင်းဘူးလား၊ စက်ရုံတွေပိုဖွင့်ပြီး အလုပ်သမားတွေပိုစုဆောင်းလိုက်လေ!

Frestech ကုန်သည်ကြီးများအသင်းအတွက် ၎င်းတို့၏အင်အားနှင့် ထိုသည်က ကိတ်မုန့်အပိုင်းလေးတစ်ခုသာဖြစ်သည်လေ!

ဥက္ကဌခြောက်ဦးမှာ ရှုယီက မည်သည်ကို စဉ်းစားနေမှန်း နားမလည်ကြသလို ရှုယီမှ ၎င်းတို့အတွက် စာချုပ်များပင် ထုတ်ပေးလာသည်ကို မယုံကြည်နိုင်ကြသေးချေ။

ရှုယီထံ၌ မည်သည့် အကြံအစည်မှမရှိဘဲ သူတော်စင်တစ်ပါးဖြစ်နေခြင်းမဟုတ်ပါလျှင် သူဟာ လောကကြီး၏ ကယ်တင်သူပင်!

လမ်ပူရီတိုင်းပြည်မှာ အလျင်အမြန်ဖွံ့ဖြိုးလာခဲ့ပြီး တိုင်းပြည်ရှိ အိမ်သုံးမှော်စက် ဝယ်လိုအားက ဆက်တိုက်တိုးလာနေသော်လည်း လမ်ပူရီတိုင်းပြည်မှာ အဆုံးတွင် တိုင်းပြည်ငယ်လေးတစ်ခုသာဖြစ်ပြီး ပြည်တွင်းဝယ်လိုအားက အကန့်အသတ်ရှိလေသည်။

ထိုလမ်းကြောင်းနောက်လိုက်လာသော မှော်စက်လုပ်ငန်းစု ပေါ်ထွက်လာသဖြင့် လမ်ပူရီတိုင်းပြည်၌ မှော်စက်များထုတ်လုပ်သော လုပ်ငန်းစု ဆယ့်ခုနစ်ခုရှိနေပြီဖြစ်သည်။ လမ်ပူရီတိုင်းပြည်၏ ဈေးကွက်မှာ ပြည့်နေပြီဖြစ်သဖြင့် နောက်ထပ် တိုးတက်ဖို့ရန် ခက်ခဲလေသည်။

အနှီလုပ်ငန်းစုခြောက်ခု၌ ထူးကဲသည့် နည်းပညာအချို့ရှိသောကြောင့် ၎င်းတို့မှာ အခြားလုပ်ငန်းစုများထက် အနည်းငယ်ပိုကောင်းရုံသာဖြစ်၏။

၎င်းတို့အနေနှင့် ပထမဆုံးနှစ်အနည်းငယ်အတွင်း အလျင်အမြန်တိုးတက်ခဲ့သော်လည်း နှစ်အနည်းငယ်ပိုကြာပြီးနောက် လမ်ပူရီတိုင်းပြည်၏ ပြည်တွင်းဈေးကွက်ပြည့်‌သွားချိန်တွင် အကြပ်အတည်းကို အလျင်အမြန်ကြုံရ‌မည်ဖြစ်သည်အား မြင်နိုင်၏။

သို့သော် ယခုတွင် ရှုယီက ပေါ်လာပြီး ၎င်းတို့အား ပိုမိုကျယ်ပြန့်သည့်ဈေးကွက်ထံ ဦးဆောင်သွားလိုကြောင်း ပြလာသည်။

အနာဂတ်၌ ဖွံ့ဖြိုးဖို့ ရုန်းကန်ခဲ့ရသော အနှီလုပ်ငန်းစုခြောက်ခုအတွက် ဤသည်မှာ ၎င်းတို့အတွက် ကယ်တင်ရှင်တစ်ဦး ကိုယ်ထင်ပြလာခြင်းမဟုတ်ပေဘူးလား?

"ဥက္ကဌရှု ခင်ဗျားက ဘာလို့ ဒီလိုလုပ်မှာလဲ?" လုပ်ငန်းစုခြောက်စု ဥက္ကဌများ၏ စိတ်နှလုံးများထဲတွင် သံသယဖြင့်ပြည့်နေသော်လည်း မေးလာသူမှာ ဥက္ကဌရိဂ်ဖြစ်သည်။

"ဘာလို့လဲဆိုတော့ ခင်ဗျားတို့လုပ်ငန်းစုတွေက သုတေသနမှာ အချိန်နဲ့ ငွေကို မြှုပ်နှံခဲ့တာကြောင့် ကျုပ် ခင်ဗျားတို့ကို သဘောကျတယ်။" ရှုယီက အပြုံးဖြင့် ဆိုသည်၊ "ကျုပ်က အမြဲတမ်း နည်းပညာဆိုတာ တိုးတက်မှုရဲ့ နံပါတ်တစ် မဏ္ဍိုင်လို့ သတ်မှတ်ထားတာလေ။ ခင်ဗျားတို့အနေနဲ့ နည်းပညာ တိုးတက်ရာမှာ များများစားစား မြှုပ်နှံထားသရွေ့ အချိန်ကြာ တိုးတက်နိုင်မှာပဲ။ တခြားမှော်ပန်ကာလုပ်ငန်းစုတွေနဲ့ယှဉ်ရင် ခင်ဗျားတို့ရဲ့ လုပ်ငန်းစုခြောက်ခုက ဒါကို ပိုကောင်းကောင်းနားလည်ပြီး အမျှော်အမြင်ပိုရှိလောက်တာကြောင့် ကျုပ်က ခင်ဗျားတို့နဲ့အတူ အလုပ်လုပ်ဖို့ ဆန္ဒရှိတာပဲ။ ဒါမှမဟုတ်.... ခင်ဗျားတို့ကို ကူညီဖို့ ဆန္ဒရှိတာမျိုးပေါ့။"

ရှုယီ၏ အဖြေက တိုက်ရိုက်ကျလေရာ ဥက္ကဌခြောက်ဦးမှာ ၎င်းတို့၏ သံသယများကို ပြယ်လွင့်သွားစေသည်။

ဟုတ်တယ်လေ Frestech ကုန်သည်ကြီးများအသင်းရဲ့ အင်အားနဲ့ဆိုရင် Frestech ကုန်သည်ကြီးများအသင်းက သူတို့လုပ်ငန်းစုအသေးစားလေးတွေကို ဂရုစိုက်မှာတဲ့လား?

ထူးကဲတဲ့နည်းပညာ?

ဟာသပဲ! Frestech ကုန်သည်ကြီးများအသင်းရဲ့ ထူးကဲလှတဲ့ သုတေသနလုပ်နိုင်စွမ်းနဲ့ဆို သူတို့ဆန္ဒရှိရင် အဲဒီထူးကဲတဲ့နည်းပညာ‌ဆိုတာကို အလွယ်လေးဖန်တီးပြီး ပိုကောင်းအောင်တောင်လုပ်နိုင်လိမ့်မယ်။

သို့သော်လည်း ဤနွေရာသီ ဈေးကွက်၌ ဖြန့်ချီခဲ့သော Frestech တံဆိပ်မှော်ပန်ကာထံတွင် ထိုလုပ်ငန်းစုခြောက်ခု၏ မည်သည့်နည်းပညာမှ ရှိမနေရာ ၎င်းတို့ရှင်သန်ရန်အတွက် နေရာအချို့ချန်ထားသည်မှာ သိသာပါ၏။

၎င်းကိုသုံးသပ်ရုံနှင့် ရှုယီ၏ စိတ်ရင်းကိုမြင်နိုင်သည်။

၎င်းကို တွေးကြည့်ပြီးနောက် လုပ်ငန်းစုခြောက်ခု၏ ဥက္ကဌတို့မှာ ၎င်းတို့စိတ်နှလုံးထဲရှိ ကျောက်တုံးကို လွှတ်ချလိုက်နိုင်ပြီး ရှုယီပေးလာသည့် အဆိုပြုချက်ကို အလေးအနက်စဉ်းစားတော့သည်။

နောက်ဆုံးရလာဒ်မှာမူ နှစ်ဘက်စလုံးက ဤဆွေးနွေးမှုကို ဝမ်းသာနေကြသည်။

၎င်းတို့လက်မှတ်ရေးထိုးခဲ့သည့် နောက်ဆုံးစာချုပ်၌ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လမ်ပူရီတိုင်းပြည်နှင့် ရူဒ်ဆန်တိုင်းပြည်တို့၏ အပြင်ဘက်မှ အမှာစာများ လက်ခံရပါလျှင် မှော်ပန်ကာအမှာစာများ၏ တစ်စိတ်တပိုင်းကို ထိုလုပ်ငန်းစုခြောက်ခုထံ ပေးမည်ဖြစ်သည်။

ထို့နောက် အနှီလုပ်ငန်းစုခြောက်ခုအနေနှင့် တစ်နှစ်လျှင် မှော်ပန်ကာဆိုင်ရာ နည်းပညာတိုးတက်ရေးအတွက် ရွှေဒင်္ဂါးတစ်သိန်း မပြည့်တပြည့်ကို ရင်းနှီးမြှုပ်နှံရမည်ဖြစ်၏။

တစ်ချိန်တည်းမှာပင် လုပ်ငန်းစုခြောက်ခု၏ မှော်ပန်ကာများမှာ Frestech ကုန်သည်ကြီးများအသင်း၏ စံနှုန်းကို လိုက်နာရမည်ဖြစ်ပြီး တိတ်တဆိတ် ဆန့်ကျင်၍မရပါချေ။

ထိုအခြေအနေနှစ်ခုက လုပ်ငန်းစုခြောက်ခုအတွက် မည်သည့်အရာမှမဟုတ်ပေ။

၎င်းတို့အနေနှင့် မှော်ပန်ကာနည်းပညာတွင် ထိုတိုးတက်မှု လုပ်ဆောင်နိုင်ခဲ့သည်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိ‌သောကြောင့်သာဖြစ်သည်။

တစ်နှစ်လျှင် ရွှေဒင်္ဂါးတစ်သိန်းက ၎င်းတို့ လက်ရှိ ရင်းနှီးမြှုပ်‌နှံနေသည်ထက် ပိုများသော်လည်း အလွန်တရာ မြင့်မားနေခြင်းမဟုတ်သဖြင့် လက်ခံနိုင်ဖွယ်ရှိပါ၏။

၎င်းက ၎င်းတို့၏ တိုးတက်မှုအတွက် အင်မတန် အထောက်အကူဖြစ်မည်ဖြစ်သဖြင့် ငြင်းဆန်ရန် အကြောင်းအရင်းမရှိပေ။

အခြားအခြေအနေများကမူ မည်သည်မှပင် မဟုတ်နေချေ။

ယခုတွင် အခြားလုပ်ငန်းစုများမှာ Frestech ကုန်သည်ကြီးများအသင်း တီထွင်ခဲ့သည့် မှော်စက်အားလုံး၏ နည်းပညာကို Frestech ကုန်သည်ကြီးများအသင်း လွှဲပြောင်းပေးခြင်းမှ ရရှိခဲ့ခြင်းဖြစ်သည်။ ထုတ်လုပ်ရေးလိုင်းများနှင့် စံနှုန်းများမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ သင်ယူထားခြင်းဖြစ်သည်။

ထိုအချက်ကြောင့် ၎င်းတို့ထုတ်လုပ်ထားသည့် မှော်စက်များမှာ သဘာဝကျကျပင် Frestech ကုန်သည်ကြီးများအသင်း၏ စံနှုန်းများကို လိုက်နာရသဖြင့် မည်သို့များ ဆန့်ကျင်နိုင်ပါမည်နည်း?

ထို့ကြောင့် လုပ်ငန်းစုခြောက်ခု၏ ဥက္ကဌများမှာ စာချုပ်လက်မှတ်ထိုးရန် အင်မတန် ဝမ်းမြောက်နေလေ၏။

ဆွေးနွေးမှုပြီးနောက်တွင် ရှုယီက ၎င်းတို့၏ ညစာစားရန် ဖိတ်ကြားမှုကို ငြင်းဆို၍ မန်နေဂျာ ဖလိမ်နှင့်အတူ စားသောက်ဆိုင်မှ ထွက်ခွာသွားခဲ့သည်။

ဝန်ထမ်းလေးမှာ ရှုယီ၏ မှော်ဆလွန်းကို ပြန်မောင်းယူလာခဲ့ပြီး စားသောက်ဆိုင်ရှေ့၌ ရပ်နားထားပြီးဖြစ်၏။ သူဟာ ကားနံဘေး၌ စောင့်ပေးနေသယောင် ရပ်နေလေသည်။

ရှုယီမှာ ဆေးကြောထားပြီး အသစ်ကျပ်ချွတ်ဖြစ်လု‌နီးပါး မှော်ဆလွန်းကို ကြည့်လိုက်သည်။ သူလည်း မနေနိုင်ဘဲ တစ်ချက်ပြုံးရင်း ရင်ဝှက်ထဲမှ ရွှေဒင်္ဂါးတစ်ပြားထုတ်ယူလိုက်လေသည်။

ထိုလူငယ်လေးထံ၌ အမှန်တကယ် အမြင်ကောင်းရှိလေသည်။ သူဟာ ကားက ကီလိုမီတာ ရာချီမောင်းနှင်လာခဲ့ခြင်းကြောင့် ညစ်ပေရေနေသည်ကို မြင်သဖြင့် သူ့အတွက် အလျင်ဦးစွာ ဆေးကြောပေးခဲ့သည်။

မှန်ပါ၏၊ သူပေးခဲ့သည့် ရွှေဒင်္ဂါးမှာ အရေးကြီးဆုံး ကဏ္ဍတွင် ပါဝင်ခဲ့သည်ပင်။

ဝန်ထမ်းလေးက ရွှေဒင်္ဂါးကိုယူ၍ အပြုံးခပ်ကြီးကြီးဖြင့် တံခါးဖွင့်ကာ ရှုယီကို အထဲသို့ ဖိတ်လိုက်သည်။

ရှုယီမှာ ကားစက်နှိုးတော့မည်အပြုတွင် လူငယ်လေးက ရုတ်တရတ် ကိုယ်ကိုကိုင်းကာ စိတ်လှုပ်ရှားပုံဖြင့် မေးလာလေ၏၊ "မေးပါရစေ... ဧည့်သည်က Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုများလား?"

"အိုး? ငါ့ကိုသိတယ်လား?" ရှုယီ အတန်ငယ် အံ့ဩသွားပါ၏။

"⟨အန်ဗီမာတိုင်းမ်စ်⟩နဲ့ ⟨လမ်ပူရီ အပတ်စဉ်⟩တွေမှာ ခင်ဗျားရဲ့ ပုံကို ခဏခဏ ပြထားဖူးတော့ မှတ်မိသွားတာပါ။" ၎င်းကို ရှုယီမှ အတည်ပြုပေးလိုက်ပြီးနောက် ဝန်ထမ်းလေးမှာ အင်မတန် စိတ်လှုပ်ရှားနေတော့သည်။ တစ်ခဏ တုံ့ဆိုင်းနေပြီးနောက်တွင် သူက ရုတ်တရတ် စာရွက်တစ်ရွက်နှင့် ဘောပင်ထုတ်လာ၏၊ "လက်မှတ်လေးထိုးပေးလို့ရမလား?"

ရှုယီမှာ ပို၍ပင် အံ့ဩသွားလေသည်။

သူ့အနေနှင့် သူ၏ပရိသတ်တစ်ဦးကို တွေ့ရမည်ဟု မထင်ထားခဲ့ဖူးချေ။

ဝန်ထမ်းလေး၏ ငယ်ရွယ်၊ စိတ်လှုပ်ရှားကာ ပူပန်နေသော မျက်နှာကိုကြည့်ရင်း ရှုယီ အသာပြုံးပြလိုက်သည်။ ထို့နောက် ဘောပင်နှင့် စာရွက်ကိုယူ၍ နာမည်ရေးပေးလိုက်လေ၏။

ထိုဝန်ထမ်းလေးမှာ ၎င်းကို ဝမ်းမြောက်စွာ လှုပ်ယမ်းလျက်ဖြင့် ရှုယီကို တစ်ချက်ဦးညွှတ်ကာ ဘေးသို့ ဖယ်ပေးလာသည်။

ရှုယီမှာ ကားစက်နှိုးရန် အလျင်မလိုနေပေ။ သူလည်း ထိုဝန်ထမ်းလေးကို လက်ယမ်းပြ၍ လာခိုင်းလိုက်သည်။

ထိုဝန်ထမ်းလေးက ရှုပ်ထွေးနေဟန်ဖြင့် လျှောက်လာ၏၊ "တစ်ခုခု လိုလို့လားဗျ?"

ရှုယီမှာ သူ၏ မှော်ဆလွန်းကို ညွှန်ပြလိုက်သည်၊ "ဒီကားကို မင်းဆေးထားတာလား?"

ဝန်ထမ်းလေးကခေါင်းငြိမ့်လိုက်ပြီးနောက် ရုတ်တရတ် အတန်ငယ်ထိတ်လန့်သွားဟန်ပေါ်လာသည်။

"ဥက္ကဌရှု ကျွန်တော် ခင်ဗျားရဲ့ကားကို ဝင်ရှုပ်တယ်ဆိုပြီး အပြစ်တင်မှာတော့ မဟုတ်ပါဘူးနော်?"

"ငါက အဲ့လောက် သဘောထားမသေးသိမ်ပါဘူး။" ရှုယီက တစ်ချက်ပြုံးပြသည်၊ "မင်းက ဒါကို အတော်လေးသန့်ရှင်းအောင် လုပ်ပေးထားတာကြောင့် အတော်လေးစိတ်တိုင်းကျနေတာ။ မင်းကို ဒီခေါ်လိုက်တာ ဘာကြောင့်လဲဆိုတော့ ရုတ်တရတ် မေးချင်တာ တစ်ခုပေါ်လာလို့။ ပြောပါဦး အခု အန်ဗီမာမြို့မှာ ကားတွေဆေးဖို့အတွက် နေရာရှိလား?"

"ကားဆေးတဲ့နေရာ?" ဝန်ထမ်းလေးက မျက်မှောင်ကုပ်ကာ စဉ်းစားပြီးနောက် ခေါင်းခါ၏၊ "အဲ့လို နေရာမျိုးမရှိပါဘူး။ ဥက္ကဌရှု ထပ်ဆေးချင်သေးလို့လား? ခင်ဗျား ထပ်ဆေးချင်သေးရင် ကျွန်တော့်ကို လာရှာလို့ရပါတယ် အလကားဆေးပေးပါ့မယ်။"

"ဒါကို ပြောချင်တာမဟုတ်ဘူး။ အန်ဗီမာမြို့တော်မှာ ကားတွေဆေးဖို့ နေရာမရှိမှတော့... ဒါက အရမ်းကိုကောင်းတဲ့အခွင့်အရေးလို့မထင်ဘူးလား?"

"အရမ်းကောင်းတဲ့ အခွင့်အရေး?" ဝန်ထမ်းလေးက ရှုပ်ထွေးသွားသည်။

နံဘေးရှိ မန်နေဂျာ ဖလိမ်က အပြုံးဖြင့် ပြောလာသည်၊ "နားမလည်ဘူးလား? ဥက္ကဌက မင်းသာ ကားတွေဆေးကြောဖို့ ဆိုင်ဖွင့်မယ်ဆို ဒီလုပ်ငန်းက သေချာပေါက်ကောင်းပြီး မင်းလည်း ငွေအတော်လေးဝင်မယ်လို့ သတိပေးနေတာလေ။"

ဝန်ထမ်းလေး၏ မျက်လုံးများက ရုတ်တရတ် တောက်ပသွားသည်၊ "ဟုတ်သားပဲ! ကျွန်တော် ဒါကို ဘာလို့ မစဉ်းစားမိပါလိမ့်!"

မန်နေဂျာ ဖလိမ်က ရယ်သည်၊ "မင်းက ဥက္ကဌနဲ့ ဘယ်ယှဉ်နိုင်မှာလဲ?"

ဝန်ထမ်းလေးက မန်နေဂျာ ဖလိမ်၏ ဟာသကို လျစ်လျူရှုလိုက်သည်။ သူက ခေါင်းကို ကုတ်လျက် စိတ်လှုပ်ရှားစွာဖြင့် အကြိမ်ရေအနည်းငယ် လှည့်ပတ်နေပြီးမှ သက်ပြင်းတစ်ချက်ချလာသည်။

"ဆိုင်ဖွင့်ဖို့ကျတော့ ငွေအတော်ကုန်ကျမှာ၊ ကျွန်တော့်မှာ....ကျွန်တော့်မှာ အဲ့လောက် ပိုက်ဆံမရှိဘူး...."

"ဒါက ဖြေရှင်းဖို့ အလွယ်လေးပါ။" ရှုယီက မန်နေဂျာ ဖလိမ်ကို လှည့်ပြောလိုက်သည်၊ "ကားဆေးတာကို ကျုပ်တို့လုပ်ငန်းစုရဲ့ မှော်ဆလွန်းတွေအတွက် ဝန်ဆောင်မှုလို့ သတ်မှတ်လို့ရတယ်။ ဖလိမ်, ကျုပ် ဒါကို အန်ဗီမာမြို့တော်မှာ ပထမဆုံးစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ခင်ဗျားနဲ့ ဒီက... ဟုတ်သားပဲ မင်းနာမည်က?"

"နိုအာ! အယ်လိန် နိုအာပါ! ဥက္ကဌ!" ဝန်ထမ်းလေးက လျင်မြန်စွာ အသံကျယ်ကျယ်ဖြင့် ဆိုလာသည်။

"ဟုတ်ပြီ အယ်လိန် နိုအာ, မင်း ငါတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန် ဝန်ဆောင်မှုဌာနမှာ အလုပ်လုပ်ပြီး မှော်ဆလွန်းတွေအတွက် ဝန်ဆောင်မှု ထောက်ပံ့ပေးဖို့ ဆန္ဒရှိလား?" ရှုယီက မေးသည်။

နိုအာက အံ့ဩသွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးများ ပြူးကျယ်လာကာ ကျယ်လောင်စွာ ဆိုလေသည်၊ "ဆန္ဒရှိပါတယ်! ဆန္ဒရှိပါတယ်! Frestech ကုန်သည်ကြီးများအသင်းကို ဝင်ဖို့က ကျွန်တော့ရဲ့ အိပ်မက်ပါပဲ!"

"ဟုတ်ပြီ ဖလိမ်, ဒါကို မှတ်ထားလိုက်။ နိုအာ, မင်းအနေနဲ့ ဒီစားသောက်ဆိုင်က အလုပ်ကို တတ်နိုင်သမျှ မြန်မြန်အပြီးသတ်ပြီး ငါတို့လုပ်ငန်းစုရဲ့ ထုတ်ကုန်ဝန်ဆောင်မှုဌာနဆီ အစီရင်ခံဖို့ မျှော်လင့်တယ်။ မင်း ဖလိမ်ကို တိုက်ရိုက်ဆက်သွယ်လို့ရတယ် နားလည်ရဲ့လား?" ရှုယီက အမိန့်ပေးလိုက်၏။

"အင်း! နားလည်ပါတယ်!" နိုအာက ခေါင်းငြိမ့်လိုက်၏၊ "ဥက္ကဌ၊ ကျွန်တော် ခင်ဗျားကို ပြန်ပေးဖို့ သေချာပေါက် အကောင်းဆုံးလုပ်ပါ့မယ်!"

ရှုယီက အသာပြုံးလိုက်ပြီးနောက် မှော်ဆလွန်းကို စက်ပြန်နှိုးကာ မောင်းထွက်သွားတော့သည်။

နိုအာလည်း မှော်ဆလွန်းက ထောင့်ချိုးမှ ပျောက်ကွယ်သွားသည်ကို ငေးကြည့်နေရင်း တစ်အောင့်ကြာပြီးနောက် လေထဲသို့ လက်သီးလက်မောင်းများတန်းလိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၇။ သာမန်လူတစ်ယောက်ဖြစ်ဖို့က အဆင်ပြေပါတယ်

"ရှင် မှော်ပန်ကာလုပ်ငန်းစု ခြောက်ခုက ဥက္ကဌတွေနဲ့ တွေ့ခဲ့တယ်လို့ကြားတယ်နော်?"

"ဟုတ်တယ်"

"သူတို့အပြင်တခြားအိမ်သုံးမှော်စက် လုပ်ငန်းစုတချို့ကိုရွေးပြီး သူတို့ရဲ့ ဥက္ကဌတွေနဲ့ရောဆုံဖို့ စီစဉ်ထားတယ်လို့ ခန့်မှန်းမိတယ်။"

"အစီစဉ်တော့ရှိပါတယ်"

"ရှင်တကယ်ပဲ အဲဒီ့လုပ်ငန်းစုတွေနဲ့အတူ တခြားတိုင်းပြည်တွေရဲ့ ဈေးကွက်ထဲဝင်ဖို့ စီစဉ်နေတာလား?"

"ကျုပ်အမြဲ ဒီလိုလုပ်ဖို့စီစဉ်ထားခဲ့တာ ခင်ဗျားလည်း သေချာသိမှာပါ။"

"အင်း"

ဆယ်ဗီနီက ခေါင်းတစ်ချက်ငြိမ့်ကာ ဆက်မမေးတော့ပေ။ ခေါင်းငုံ့လျက်သာ ခုံပေါ်၌ တစ်စုံတရာကို ရေးနေလေသည်။

ရုတ်တရတ် အခန်းကျယ်ကြီးက တိတ်ဆိတ်သွား၏။

ရှုယီလည်း အလေးအနက်ရေးသားနေသည့် ဆယ်ဗီနီကို ငုံ့ကိုင်းကြည့်လိုက်ရာ ယခင်တစ်ခေါက်ကနှင့်ယှဉ်လျှင် သူမဟာ အနည်းငယ် ပိန်သွားကြောင်း တွေ့လိုက်ရသည်။

သူမ၏ မျက်နှာလေးက ချောင်ကျသွားပြီး ယခင်က သူမမှာ အကြွင်းမဲ့လှပနေခြင်းမျိုးမဟုတ်သော်လည်း လူများအတွက် ကြင်နာတတ်ပုံပေါ်လေသည်။

ယခုတွင် သူမက ပိန်ကျကျသွားရာ သူမ၏ သွင်ပြင်အရ ယခင်ကထက် အနည်းငယ်ပိုမို လှပလာဟန်ရှိသည်။

သို့သော် ၎င်းက သူမ၏ ကြင်နာတတ်ပြီး နူးညံ့တတ်သော သွင်ပြင်ကို ဖျက်ဆီး‌လိုက်သည်။ သိက္ခာရှိခြင်းကိုပါ ထည့်ပေါင်းလိုက်သော် သူမမျက်လုံးများထဲ ဒေါသရိပ်မရှိသော်လည်း သူမက အင်မတန်ကြင်နာတတ်သည့်ပုံမပေါ်တော့ဘဲ ပို၍ ဝင့်ကြွားလာပုံပေါ်သည်။

တကယ်တမ်းတွင် ၎င်းက နားလည်ဖို့မခက်ပေ။

၂နှစ်ကြာအောင် လမ်ပူရီတိုင်းပြည်၏ ထီးနန်းကို ဆက်ခံပြီးနောက် သူမဟာ ဘုရင်မတစ်ဦး၏ ဂုဏ်အသရေရှိလာပြီဖြစ်သည်။

မှန်ပါ၏ ရှုယီရှေ့မှောက်တွင် ဆယ်ဗီနီမှာ ယခင်ကကဲ့သို့ပင် သက်တောင့်သက်သာဖြစ်နေဆဲပင်။ ရှုယီကို သီးသန့်ခေါ်ခိုင်းတတ်သည့်ပုံမှာလည်း ယခင်ကကဲ့သို့ နာမည်တပ်ခေါ်ခိုင်းဆဲပင်။

တစ်အောင့်ကြာသည့်နောက် ဆယ်ဗီနီက စာရေးခြင်းကို ရပ်ကာ ရှုယီထံ စာရွက်တစ်ရွက်ပေးလာလေသည်။

"ဒါကို ဘယ်လိုထင်လဲ?"

ရှုယီမှာ အနည်းငယ် ရှုပ်ထွေးသွားရင်း ယူကြည့်လိုက်သော် အမိန့်တစ်ခုဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထိုအမိန့်၌ ဘုရင်မကြီး ဆယ်ဗီနီအမည်အရ လမ်ပူရီတိုင်းပြည်၏ မှော်စက်မှုနယ်ပယ်စီမံခန့်ခွဲရေးဌာနမှာ နည်းပညာအသစ် သုတေသနလုပ်ရာတွင် လမ်ပူရီတိုင်းပြည် မှော်စက်လုပ်ငန်းစုများကို ထောက်ပံ့မည်ဖြစ်သည်။ ၎င်းတို့မှာ အနှီလုပ်ငန်းစုများကို မှော်စက်နည်းပညာအသစ် ထုတ်လုပ်ရာ၌ ပိုမို ရင်းနှီးမြှုပ်နှံမည်ဖြစ်၏။

ထို့အပြင် ဆယ်ဗီနီ၏အမည်အရ တော်ဝင်မိသားစုမှာ လမ်ပူရီတိုင်းပြည်၏ မှော်စက်မှုနယ်ပယ်အား တိုးတက်စေခြင်းအတွက် အထူးဆုတစ်ခုအဖြစ် ရွှေဒင်္ဂါးငါးသောင်းကို ထုတ်ပေးမည်ဖြစ်သည်။ ၎င်းတို့မှာ ထိုဆုကို မှော်စက်များနှင့်သက်ဆိုင်သော မည်သည့်နည်းပညာ၌မဆို တိုးတက်မှုလုပ်ဆောင်ခဲ့သည့် လုပ်ငန်းစု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးထံ ပေးမည်ဖြစ်၏။

ရှုယီမှာ ထိုအမိန့်စာဖတ်ခြင်းကို အပြီးသတ်ကာ အနည်းငယ် အတွေးနစ်နေပြီးနောက် ပြောလာသည်၊ "ငါးသောင်း... ဒါက နည်းနည်းလောက် နည်းမနေဘူးလား?"

ဆယ်ဗီနီက ရှုယီကို မျက်လုံးများလှိမ့်ပြ၏၊ "ကျွန်မက ရှင့်လိုမှ မချမ်းသာတာ။ အဲဒီ့ ငါးသောင်းကို တော်ဝင်မိသားစုကထုတ်ပေးတာလေ၊ ကျွန်မလည်း ဒီ့ထက်ပိုမထုတ်နိုင်တော့ဘူး။"

"ဒါဆို... ကျုပ်လည်း ငွေနည်းနည်းလောက်ထုတ်ပေးပြီး ဆုကို တိုးလိုက်ရင်ရော?" ရှုယီက အကြံပြုသည်။

ဆယ်ဗီနီက ခေါင်းခါကာ၊ "ဟင့်အင်း ဒါက ကျွန်မတို့ လမ်ပူရီတိုင်းပြည်က သတ်မှတ်ထားတဲ့ တရားဝင်ဆုပဲ။ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းလို ကိုယ်ပိုင်လုပ်ငန်းစုတစ်ခု ပါဝင်လာတာက ဒီဆုရဲ့ သဘာဝကိုဖျက်စီးလိုက်‌လိမ့်မယ်၊ ဒါဆို မဟုတ်သေးဘူးလေ။"

ရှုယီလည်း ၎င်းက မှန်ကန်သည်ဟု စဉ်းစားမိသဖြင့် အကြံပြုလိုက်၏၊ "ဒါဆို ကျုပ် Frestech ကုန်သည်ကြီးများအသင်းရဲ့ နာမည်နဲ့လည်း အဆင့်မြင့်ဆုတစ်ခု ပြင်လိုက်ရမလား......"

ဆယ်ဗီနီ ပြန်မဖြေခင်တွင် ရှုယီက ထိုအကြံကို ခေါင်းခါလျက် ငြင်းပယ်လိုက်၏။

"ဟင့်အင်း ကျုပ်တို့အားလုံး မှော်စက်မှုနယ်ပယ်နဲ့ ချိတ်ဆက်ထားကြတာပဲ။ Frestech ကုန်သည်ကြီးများအသင်းက အခုတော့ အားသာချက်ရှိနေပြီ‌ဆိုပေမယ့်လည်း ဒီလိုလုပ်တာက တခြားလုပ်ငန်းစုတွေကို မကျေမနပ်ဖြစ်စေပြီး ရလာဒ်ကလည်း ကောင်းမှာမဟုတ်ဘူး။"

ဆယ်ဗီနီက တစ်ချက်ပြုံး၏၊ "ရှင်သိတာကောင်းတာပေါ့။ တကယ်တော့ ဒီလောက် စဉ်းစားဖို့မလိုပါဘူး၊ အခု ရှင်ကိုင်တွယ်နေတဲ့ နည်းလမ်းကလည်း ကောင်းပါတယ်။ အဲဒီတခြားလုပ်ငန်းစုတွေကို နည်းပညာမှာ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိနေသရွေ့ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ သဘောကျမှုရမယ်ဆိုတာကို နားလည်စေလိုက်ပြီး တခြားလုပ်ငန်းစုတွေရဲ့ ဈေးကွက်ထဲ အမြတ်အစွန်းကြီးကြီးမားမားရဖို့ ခေါ်သွားလိုက်ရင် အဲဒီ့လုပ်ငန်းစုတွေလည်း နည်းပညာတိုးတက်အောင်လုပ်တဲ့နေရာမှာ အတော်လေးအရေးထားလာလိမ့်မယ်လို့ထင်တာပဲ။"

ရှုယီက ရယ်မောလိုက်၏၊ "ဟုတ်သားပဲ၊ ကျုပ်အနေနဲ့ ကုန်သည်တွေကို ဘယ်သူထက်မဆို ကောင်းကောင်းနားလည်တာပဲ။ အကျိုးအမြတ်တွေကလွဲရင် ကုန်သည်တွေကို တကယ် စိတ်လှုပ်ရှားစေနိုင်မယ့်အရာ မရှိဘူးပဲ။"

ဆယ်ဗီနီက ရှုယီကို သေချာတစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရတ် သက်ပြင်းချလေသည်၊ "ပြောရင်းနဲ့ ရှင့်ကို ကျွန်မ ကျေးဇူးမတင်ရသေးဘူး။"

ရှုယီလည်း အံ့ဩသွား၏၊ "ဘာလို့ ရုတ်တရတ် ကျုပ်ကို ကျေးဇူးတင်ရမှာလဲ?"

"တိုင်းပြည်က မှော်စက်မှုနယ်ပယ်ရဲ့ လုပ်ငန်းစုတွေအတွက် တိုးတက်မှု လမ်းကြောင်းသစ်တစ်ခု ရှာပေးပြီး တိုင်းပြည်ကို ပိုပြီးတော့ မြန်မြန်တိုးတက်စေခဲ့တဲ့အတွက် ကျေးဇူးတင်ရမှာပေါ့။" ဆယ်ဗီနီက အလေးအနက်ပြောလာသည်၊ "တကယ်တော့ ကျွန်မ ဒီပြဿာနာကို စဉ်းစားပြီးသားပါ။ ကျွန်မတို့ လမ်ပူရီတိုင်းပြည်က ဘာပဲဖြစ်ဖြစ် တိုင်းပြည်ငယ်လေးတစ်ခုပဲဖြစ်ပြီး မှော်စက်မှုနယ်ပယ်က အခု ကျွန်မတို့တိုင်းပြည်မှာ မြန်မြန်တိုးတက်နေတော့ နောက်ဆုံးကျရင် တိုင်းပြည်နဲ့ပဲ အကန့်အသတ်ဖြစ်သွားမှာလေ။ အခုဆို ရှင်က ကျွန်မတို့လမ်ပူရီတိုင်းပြည်ကို ဆွဲခေါ်လာနိုင်တော့ တိုင်းပြည်အတွက် အကူအညီကြီးဖြစ်လာမှာပေါ့။"

ရှုယီလည်း အသာပြုံးကာ ခေါင်းခါပြီးနောက် ပြောလာ၏၊ "ကျုပ်မရှိရင်တောင် အဲဒီလုပ်ငန်းစုတွေက နောက်ဆုံးကျ လမ်ပူရီတိုင်းပြည်ကနေ ထွက်သွားမှာပဲ။ ကျုပ်က နည်းနည်းစောပြီး ခေါ်ပေးရုံပါပဲ ဘာမှမဟုတ်ပါဘူး။"

"ရှင်သာမရှိရင် မှော်စက်မှုနယ်ပယ်ဆိုတာလည်း လုံးဝရှိလာမှာမဟုတ်ဘူး‌မို့လား?" ဆယ်ဗီနီက ပြော၏။

ရှုယီက ပခုံးတစ်ချက်တွန့်သည်။ ထို့နောက် အပြုံးဖြင့် ဆိုလေ၏၊ "ကျုပ်ပြောမယ် ဆယ်ဗီနီ၊ ကျုပ်တို့ ဆက်ဆံရေးနဲ့ဆိုရင် ဒီလိုအရာတွေ ပြောဖို့မလိုဘူးမဟုတ်လား?"

"ကျွန်မတို့ ဆက်ဆံရေး?" ဆယ်ဗီနီ၏ မျက်လုံးများတောက်ပသွားရင်း ရှုယီကို ကြည့်လာသည်၊ "ရှုယီ ရှင် ကျွန်မတို့ကြားက ဆက်ဆံရေးကို ဘယ်လိုထင်လဲ?"

ဆယ်ဗီနီ၏ အလေးအနက်ဟန်ကိုမြင်သော် ရှုယီက မျက်မှောင်အသာကုပ်လေသည်။ စဉ်းစားပြီးနောက် ရိုးသားစွာ ဖြေလာ၏၊ "အနည်းဆုံး ကျုပ်စိတ်ထဲမှာတော့ ခင်ဗျားကို မိတ်ဆွေအနေနဲ့ပဲ အမြဲ ဆက်ဆံခဲ့တာပါ။"

"ကျွန်မတို့က မိတ်‌ဆွေတွေဆိုမှတော့ ဘာလို့ ကျွန်မကို တွေ့ဖို့ဆန္ဒမရှိရတာလဲ?" ဆယ်ဗီနီက ပြန်မေးသည်၊ "ကျွန်မ ဒီတစ်ခေါက် စာပို့လိုက်တာကြောင့်သာမဟုတ်ရင် ရှင် ကျွန်မကိုတွေ့ဖို့ အန်ဗီမာမြို့တော်ကို လာမှမဟုတ်ဘူးမို့လား?"

ရှုယီက စိတ်မပါစွာ တစ်ချက်ရယ်ကာ ဆယ်ဗီနီ၏ မေးခွန်းထုတ်နေသော အကြည့်ကို ရှောင်ဖယ်လိုက်၏။

ဆယ်ဗီနီအပြောက မှန်ပါ၏။ ဆယ်ဗီနီသာ ကောင့်ထ်ဝယ်လ်ကို ထိုစာပေးခိုင်းလိုက်ခဲ့ခြင်းကြောင့်မဟုတ်ပါက သူလည်း ဘန်တာမြို့၌ နှစ်ရက်မျှ နေပြီးနောက် စတက်တိန်းနယ်မြေသို့ ပြန်ကာ အန်ဗီမာမြို့တော်ထံ လုံးဝလာမည်မဟုတ်ပါချေ။

လုပ်ငန်းစု ခြောက်ခု၏ ဥက္ကဌများနှင့် တွေ့ဆုံရန်က အရေးကြီးသော်လည်း ထိုအရာများက ဥက္ကဌအနေနှင့် သူကိုယ်တိုင် ထွက်လာရန်မလိုပေ။

Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ အနေအထားနှင့်ဆိုလျှင် စကားအနည်းငယ်နှင့် ထိုဥက္ကဌခြောက်ဦးမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆွေးနွေးရန် စတက်တိန်းနယ်မြေသို့ပင် အပြေးလာကြလိမ့်မည်။

ရှုယီက သူမ၏ အကြည့်ကို ရှောင်နေသည်အား မြင်သော် ဆယ်ဗီနီလည်း သက်ပြင်းချလိုက်မိသည်။

"တကယ်တော့ ကျွန်မ ထီးနန်းဆက်ခံလိုက်ကတည်းက ရှင် ကျွန်မနဲ့ နည်းနည်းခွာနေသင့်တယ်လို့ ခံစားမိတာကို ကျွန်မသိပါတယ်။"

ရှုယီက ချောင်းတစ်ချက်ဟန့်ကာ ဆယ်ဗီနီကို လှည့်ကြည့်သည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီနောက် သူက လေးနက်ဟန်ဖြင့် ဆိုလာ၏၊ "ကျုပ် တကယ်ကို ဒီလိုစဉ်းစားမိတယ်။ ပြောရရင် ခင်ဗျားက အခု လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်မကြီးဖြစ်နေတော့ အရင်ကလို တခြားလူတွေကို ဂရုမစိုက်ဘဲ နေဖို့က မဖြစ်နိုင်တော့ဘူးလေ။ ကျုပ်အနေနဲ့ ကျုပ်တို့ကြားက ရင်းနှီးမှုကို ကာကွယ်ချင်တာကြောင့် ဒီလိုခွာနေရတာပါ။ ကျုပ်တို့သာ ပိုနီးကပ်နေရင် အဆင်ပြေမှာမဟုတ်ဘူး။"

ဆယ်ဗီနီမှာ တိတ်ဆိတ်သွားကာ ရှုယီကို အနည်းငယ်ကြည့်လာပြီးနောက် အသာခေါင်းငြိမ့်လေသည်။

"တကယ်တော့ ကျွန်မလည်း ဒါကို သိပါတယ်။ ကျွန်မက လမ်ပူရီတိုင်းပြည်ကို ကိုယ်စားပြုပြီး ရှင်က Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုတယ်လေ။ ကျွန်မတို့ လမ်ပူရီတိုင်းပြည်က ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ရင်းနှီးပေမယ့်လည်း နှစ်ဘက်စလုံးက အရမ်းရင်းနှီးနေတာကြောင့်ပဲ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားမှု ပဋိပက္ခလေးတွေရှိတယ်။ ဥပမာပြောရရင်.... ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ ဖက်စပ်ရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံတွေ ဆောက်ဖို့ ဆန့်ကျင်နေတဲ့ လူအတော်များများရှိတယ်မလား?"

"သူတို့ ဆန့်ကျင်ကြတယ်လား?" ရှုယီ၏ မျက်နှာထက် သရော်ဟန်ပေါ်လာလေသည်၊ "သူတို့က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို လမ်ပူရီတိုင်းပြည်ကနေ ထုတ်ပယ်ပြီး သူတို့ဘာသာ လုပ်ချင်တာလား? ဒါပေမယ့် အဲ့လူတွေ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမရှိဘဲနဲ့ လမ်ပူရီတိုင်းပြည်က သူတို့ဘာသာ မှော်စက် ငါးမျိုးလောက်ထက် ပိုပြီး ထုတ်လုပ်နိုင်စွမ်းမရှိဘူးလို့ရော စဉ်းစားမိကြရဲ့လား?"

"ကျွန်မ သေချာသိပါတယ် ဒါပေမယ့် အဲ့လူတွေက မသိဘူးလေ။" ဆယ်ဗီနီက သက်ပြင်းချလျက် နွမ်းနယ်ဟန်ပြလာသည်၊ "ကျွန်မက လမ်ပူရီတိုင်းပြည်ရဲ့ ဘုရင်မဆိုတော့ တိုင်းပြည်ရဲ့ အကျိုးအမြတ်ကို စဉ်းစားဖို့လိုတယ်။ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးတွဲရင်းနှီးမြှုပ်နှံရေးစက်ရုံတွေ ဆက်တည်ဆောက်ဖို့ ရွေးလချယ်တာက တိုင်းပြည်ရဲ့ အကျိုးတူပုဂ္ဂိုလ်တွေကို သစ္စာဖောက်နေပုံပေါ်နေတယ်လေ။"

ရှုယီမှာ အေးစက်စက်မပြုံးမိဘဲ မနေနိုင်တော့ပေ၊ "အိုင်း.. ဒီငတုံးတွေရဲ့ အတွေးတွေကို ချင့်ချိန်နေဖို့တောင် မလိုပါဘူး။"

ဆယ်ဗီနီက ခါးသက်သက်ပြုံးသည်၊ "ပြဿနာက ရှင်ပြောတဲ့ အဲဒီ့ငတုံးတွေက တိုင်းသူပြည်သားတွေရဲ့ အစိတ်ပိုင်းကြီးတစ်ခုကို ကိုယ်စားပြုနေတယ်လေ။"

ရှုယီက ဆယ်ဗီနီကို တစ်ခဏကြည့်လိုက်ရာ သူမထံရှိ နွမ်းနယ်နေဟန်ကိုမြင်သော် စိတ်ထဲ မနေနိုင်အောင် နာကျင်သွားမိသည်။

တကယ်တမ်းတွင် ဆယ်ဗီနီမှာ နှစ်ဆယ့်ငါးပင်မပြည့်သေးဘဲ လမ်ပူရီတိုင်းပြည်တစ်ခုလုံး၏ အရေးကြီးတာဝန်ကို ထမ်းဆောင်နေရသည်။ တော်ဝင်မိသားစု၏ အခြား မိသားစုဝင်အားလုံးမှာလည်း သေသူကသေ သီးသန့်နေသူကနေဖြစ်နေကြရာ သူမကို ကူညီမည့်လူလည်းမရှိပါချေ။ သူမဘာသာ တစ်ဦးတည်းသာ လုပ်ကိုင်နိုင်သည်။

"တကယ်တော့ စိတ်ပူဖို့မလိုပါဘူး။ တိုင်းပြည်က ဆက်တိုက် ဖွံ့ဖြိုးနေသရွေ့ ဘယ်သူမှ ကျွန်မကို မဆန့်ကျင်ရဲပါဘူး။" ဆယ်ဗီနီက ရုတ်တရတ် ဝင့်ကြွားဟန်အပြည့်ထုတ်ပြလာပြီး လျစ်လျူရှုမရနိုင်သည့် ရောင်ဝါက ပေါ်ထွက်လာသည်၊ "အခြေနေတစ်ခုလုံးအတွက် ဖြေရှင်းမရနိုင်မယ့်လူတစ်ယောက် တကယ်ပဲရှိနေရင်လည်း သူတို့ကို သင်ခန်းစာပေးလိုက်ဖို့လောက်ကို စိတ်ထဲမထားပါဘူး။"

ရှုယီမှာ မနေနိုင်အောင် အံ့ဩသွားရသည်။

ဆယ်ဗီနီမှာ ယခင်က ဤကဲ့သို့ အရိုးခိုက်လောက်သည့် ပုံစံမျိုးကို ပြဖူးသည်မှာ ရှားပါ၏။

အချိန်ကြာ ထီးနန်းဆက်ခံခဲ့ရလို့များ ဒီလိုဖြစ်လာတာလား?

သို့သော် ၎င်းက ဆယ်ဗီနီအတွက် ပြောင်းလဲမှုကောင်းတစ်ရပ်ပင်။

သူမက ယခင်ကကဲ့သို့ ကြင်နာနေလျှင် ထီးနန်းဆက်ခံခြင်းအတွက် အဆင်ပြေလှမည်မဟုတ်ပေ။

ရှုယီ၏ မျက်နှာထက်မှ အံ့ဩဟန်ကို ငုံ့ကြည့်ကာ ဆယ်ဗီနီက ရုတ်တရတ် တစ်ချက်ရယ်လိုက်သည်။ ထိုသည်က သူမ၏ မျက်နှာအား ပန်းလေးတစ်ပွင့် ပွင့်လန်းလာသည့်ဟန်နှယ် နေရောင်လို ထွန်းလင်းသွားပါ၏။

တစ်ခဏအတွင်းတွင် သူမဟာ ရုတ်တရတ် အေးစက်ပြီးလေးနက်သည့် ဘုရင်မအသွင်မှ သာမန်အိမ်နီးချင်းကောင်မလေးတစ်ယောက်နှယ် ပြောင်းလဲလို့သွားသည်။

လျင်မြန်လှသော အပြောင်းအလဲကိုမြင်သော် ရှုယီမှာ စိတ်ထဲရှိ လေးစားမှုကို ဖော်ပြလိုက်၏။ မည်သို့ဖြစ်စေ မိန်းကလေးများမှာ သူနားမလည်နိုင်သည့် ဖြစ်တည်မှုများဖြစ်ကြသည်။

ဆယ်ဗီနီက ရှုယီကိုကြည့်လိုက်ပြီးနောက် ရုတ်တရတ် နံဘေးရှိ ခလုတ်တစ်ခုကို နှိပ်လိုက်၏။

သိပ်မကြာလိုက် တော်ဝင်အစေခံနှစ်ဦးမှာ ဟင်းပွဲတချို့ ဝိုင်တချို့ဖြင့် ဝင်လာကြလေသည်။

ရှုယီလည်း ပြတင်းအပြင်ဘက်ကို တအံ့တဩကြည့်လိုက်ရာ မှောင်နေပြီဖြစ်ကြောင်း တွေ့ရလေသည်။

သူဟာ ဤမွန်းလွဲ၌ အန်ဗီမာမြို့တော်တွင် လူများစွာနှင့် ဆုံခဲ့သောကြောင့် ညစာ,စားပြီးနောက်မှ ဆယ်ဗီနီ၏ ဖိတ်ကြားချက်ကို လက်ခံခဲ့သည်။ ယခုတွင် ၎င်းတို့ အနည်းငယ်မျှသာ ပြောပြီးရာ ဤမျှ မှောင်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ရှုယီလည်း အလျင်အမြန်ထရပ်ကာ ထွက်သွားဖို့ ပြင်လိုက်သော်လည်း ဆယ်ဗီနီက သူ၏ လက်ကိုဆွဲကာ ထိုင်ချစေ၏။

"တစ်ယောက်နဲ့ တစ်ယောက်မတွေ့တာ ဒီလောက်ကြာနေပြီကို ရှင်မသွားခင် နည်းနည်းလောက် စကားပြောကြရင်ရော?"

ဆယ်ဗီနီ၏ မျက်လုံးများထဲရှိ အသနားခံနေဟန်ကို ကြည့်ရင်း ဆယ်ဗီနီမှ ၎င်းတို့၏ ဆက်ဆံရေးအကြောင်း မည်သို့ရှိသည်ကို ပြောခဲ့သည်အား စဉ်းစားကြည့်ရင်း ရှုယီ၏ နှလုံးသားက ပျော့ပျောင်းသွားကာ ခေါင်းငြိမ့်၍ ထိုင်ချလိုက်ပါ၏။

ဆယ်ဗီနီက ပျော်ရွှင်သွားဟန်ပြလာသည်။ သူမက လက်ယမ်းကာ အစေခံနှစ်ဦးကို ထွက်သွားစေပြီးနောက် ရှုယီအတွက် ကိုယ်တိုင် ဝိုင်တစ်ခွက် ငှဲ့ပေးလာသည်။ ထို့ကြောင့် သူမကိုယ်တိုင်အတွက် တစ်ခွက်ငှဲ့ကာ ရှုယီနှင့် ခွက်ချင်းတိုက်ရန်‌ မြှောက်လိုက်၏။

"လာလေ ရှုယီ ဒီည ကျွန်မတို့ရဲ့ အဆင့်အတန်းတွေကို မေ့ထားပြီး သူငယ်ချင်းတွေလို ပြောကြရအောင် ဟုတ်ပြီလား?"

ရှုယီက တစ်ချက်အသာပြုံးလိုက်ကာ၊ "ဟုတ်ပြီလေ ခင်ဗျားအတွက် ဒီလောက် စိတ်ဝင်စားလာဖို့ ရှားပါးတာကို ဘယ်လိုများ ကျုပ်က အဖော်မပြုပေးဘဲ နေနိုင်မှာလဲ?"

နှစ်ဦးသားက ၎င်းတို့၏ဝိုင်များကို တစ်ပြိုင်နက်တည်းသောက်ချလိုက်သည်။

ရှုယီမှာ အဆင်ပြေသော်လည်း ဆယ်ဗီနီ၏ မျက်နှာလေးကချက်ချင်း နီမြန်းလာတော့၏။ သူမထံ၌ ခံနိုင်ရည်များများစားစားမရှိသည်မှာ သိသာသော်လည်း ၎င်းက သူမ၏ မျက်နှာလေးကို ပိုမို ချစ်စဖွယ်ကောင်းလာစေသည်။

"ရှုယီ ကျွန်မတို့ ပထမဆုံး တွေ့တဲ့ အကြိမ်ကို မှတ်မိသေးလား?" ဆယ်ဗီနီက ငြင်သာစွာမေးလာသည်။

"ဒါပေါ့" ရှုယီက ဖြေသည်၊ "အဲ့တုန်းက ကျုပ် အန်ဗီမာမြို့တော်မှာ ပထမဆုံးရှိခဲ့ဖူးတဲ့ အကြိမ်ပဲ၊ စိုက်ပျိုးရေးသုံးမှော်စက်တွေ ရောင်းဖို့ စီစဉ်နေခဲ့တာလေ...."

....

ညက ပို၍မှောင်လာပြီး ဝိုင်နှင့်အတူ နှစ်ဦးသားက ယစ်မူးရင်း အတိတ်အကြောင်းကို ပြန်တူးဆွနေကြသည်။

၎င်းတို့မှာ ဝိုင်ကြောင့်လား အတိတ်ကြောင့်လားမသိတော့ဘဲ သောက်နေရင်း ရှုယီ၏ ခေါင်းမှာ မူးဝေလာ၏။ တစ်အောင့်ကြာပြီးနောက် သူဟာ ခုံကိုမှီချလိုက်ပြီး လုံးဝ လှုပ်မလာတော့ပေ။

ရှုယီ အိပ်ပျော်သွားသည်ကိုမြင်သော် မူးနေခဲ့သည့် ဆယ်ဗီနီက ရုတ်တရတ် မျက်လုံးများ တောက်ပလာသည်။ သူမ၏ မျက်နှာလေးက အတန်ငယ် နီမြန်းနေသော်လည်း လုံးဝ မူးနေဟန်မပေါ်ချေ။

သူမက ရှုယီကို ရှုပ်ထွေးနေဟန်ဖြင့် တစ်ခဏကြာကြည့်လိုက်ပြီးနောက် လက်ခုပ်တစ်ချက်တီးလိုက်ရာ အစေခံလေးနှစ်ဦး ပြန်ဝင်လာပါ၏။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၈။ အိပ်မက်တို့ရှိ အမှတ်အသားများ

အရှေ့ဘက်၌ အိပ်ခန်းအလွတ်တစ်ခန်းရှိနေသည်။

ထိုနေရာ၌ ရိုးရိုးရှင်းရှင်းကုတင်တစ်ခုနှင့် အိပ်ရာနံဘေးတွင် မော်နီတာများစွာတို့တင်ထားသော စားပွဲကြီးတစ်ခုရှိနေကာ မော်နီတာများထက်တွင် Window 7 desktop ရှိနေသည်။

ထိုတစ်ယောက်အိပ် ကုတင်၊ စားပွဲ‌နှင့် ၎င်းနံဘေးက ကွန်ပျူတာအပြင် မူကြမ်းမျိုးစုံရှိ Windows 7 desktopတို့ အားလုံးမှာ ရှုယီနှင့် အင်မတန်ရင်းနှီးနေပါ၏။

သို့သော် ထိုရင်းနှီးသောမြင်ကွင်းကြောင့် ရှုယီ၏ စိတ်ထဲ သံသယများစွာပြည့်သွားရသည်။

ထိုသည်မှာ ကမ္ဘာမြေ၌ရှိစဉ်က သူနေထိုင်ခဲ့သည့် အခန်းငယ်လေးဖြစ်သော်လည်း သူဟာ စိုင်စ်နယ်မြေကြီးသို့ ဝိဉာဉ်ကူးပြောင်းလာပြီး နှစ်များစွာကြာအောင်နေထိုင်ခဲ့သည်မှာ သိသာလှလေရာ မည်သို့မှာ ဤရင်းနှီးနေသည့် အခန်းငယ်လေးထံသို့ ပြန်ရောက်လာခဲ့ရသနည်း?

ရုတ်တရတ်ကြီး စိုင်စ်နယ်မြေကြီးကနေ ကမ္ဘာမြေကို ဝိဉာဉ်ပြန်ကူးပြောင်းလာတာများလား?

ဒါမှမဟုတ် သူ စိုင်စ်နယ်မြေကြီးမှာ ကုန်ဆုံးခဲ့တဲ့ နှစ်တွေက အိပ်မက်သက်သက်ပဲလား?

ရှုယီ မသေမချာဖြစ်နေချိန်၌ သူ၏နောက်မှ လက်နှစ်ဖက်ရောက်လာကာ ခါးကို တင်းကြပ်စွာ ဖက်ထားလေသည်။

"ရှုယီ ရှင် ကျွန်မကို ထားခဲ့မလို့လား?"

ဝမ်းနည်းမှုအပြည့်နှင့် ထိုရင်းနှီးနေသံကို ကြားသော် ရှုယီလှည့်ကြည့်လိုက်ရာ စတေးလ်ကို မြင်ရသဖြင့် အလျင်အမြန် ပြုံးလျက်ဆိုလိုက်၏၊ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ကိုယ်ကမင်းကို ဘယ်လိုများထားခဲ့ချင်ရမှာလဲ?"

"ဒါပေမယ့် ရှင်က အမြဲတမ်း စိုင်စ်နယ်မြေကြီးကနေ ထွက်ပြီး ကမ္ဘာမြေဆီပြန်ချင်နေတာက ကျွန်မကို စွန့်ပစ်ဖို့ပဲ မဟုတ်ဘူးလား? စတေးလ်က ဆက်ကာ ညည်းတွားလာ၏။

ရှုယီက ချက်ချင်း ခေါင်းခါပါ၏၊ "ဟင့်အင်း ကိုယ် ကမ္ဘာဆီ ပြန်ချင်ခဲ့တာက ကြာနေပါပြီ။ ကိုယ်ပြန်ရင်တောင် သေချာပေါက် မင်းကို ကိုယ်နဲ့အတူ ခေါ်သွားမှာပေါ့။ မင်းက ကိုယ့်ရဲ့ အရေးအပါဆုံးသူပဲလေ၊ ဘယ်လိုများ မင်းကို ထားခဲ့ချင်ရမှာတဲ့လဲ?"

စတေးလ်က နောက်ဆုံး၌ ပြုံးပြလာပါ၏။ ရှုယီ သက်ပြင်းချလိုက်လုဆဲဆဲတွင် ပိုများသည့် အသံများထွက်လာလေသည်။

"သခင် ကျွန်မကို စွန့်ပစ်တော့မှာလား?"

"သခင် ကျွန်မကို မလိုချင်ဘူးလား?"

"သခင် ကျွန်မ ရှင့်ကို လက်မထပ်ရသေးလို့ ထားခဲ့လို့မရဘူးနော်"

ရှုယီ လှည့်ကြည့်လိုက်သော် မျှော်လင့်ချက်အပြည့်နှင့် လဇ်, လင်ဒါနှင့် ဗီဗီယန်တို့၏ မျက်နှာလေးများကို တွေ့လိုက်ရသည်။ သူက အသာပြုံးကာ ဆိုပါ၏၊ "စိတ်ချပါ မင်းတို့အားလုံးက ငါ့မိသားစုပဲ၊ သေချာပေါက် မင်းတို့ကို မစွန့်ပစ်ပါဘူး။"

"ဥက္ကဌ ရှင် အရင်က ကျွန်မကိုလည်း ရှင့်ရဲ့မိသားစုဝင်အဖြစ်သတ်မှတ်ထားတယ်လို့ ပြောခဲ့တယ်လေ။" နောက်ထပ် အသံတစ်သံထွက်လာလေသည်။ ရှုယီ လှည့်ကြည့်လိုက်ရာ ၎င်းက ထရီဇာဖြစ်ကြောင်း တွေ့ရ၏။

ရှုယီမှာ အနည်းငယ်တုံ့ဆိုင်းနေသော်လည်း သူမ၏ ဝမ်းနည်းနေဟန်လေးကို မြင်သော် သူ၏ နှလုံးသားက မနေနိုင်အောင် ပျော့ပျောင်းသွားရသည်။

"အင်း ငါမင်းကိုအမြဲ ငါ့ရဲ့မိသားစုဝင်အဖြစ်သတ်မှတ်မှာပါ မင်းကို မစွန့်ပစ်ပါဘူး။"

ထရီဇာက တစ်ချက်ပြုံးလိုက်ပြီးနောက် နံဘေးမှ ကြည်လင်သော အသံထွက်လာသည်။

"အင်း ဥက္ကဌ ရှင် ကျွန်မနဲ့ မိတ်တောင်မလိုက်ရသေးတော့ ဒီတိုင်း ထွက်သွားလို့မရဘူးမို့လား?"

ရှုယီလည်း တအံ့တဩလှည့်ကြည့်လိုက်ရာ လက်ရှိတွင် သူမ၏ အဝတ်များကို ဖယ်ရှားနေသည့် အက်ဂ်နက်စ်ကို တွေ့လိုက်ရပါ၏။

"ဥက္ကဌ အကြီးအကဲတွေက ရှင်နဲ့ မိတ်လိုက်ဖို့ ကျွန်မကို အကြိမ်ပေါင်းမ‌နည်း တိုက်တွန်းနေကြတယ်။အခုက အခွင့်ကောင်းပဲ အခု မိတ်လိုက်ကြတာပေါ့။"

ရှုယီက မျက်မှောင်ကုပ်လိုက်ကာ၊ "အက်ဂ်နက်စ် ငါမင်းကို အကြိမ်များစွာ ပြောထားပြီးပြီလေ၊ မိတ်လိုက်တာလို့ မပြောပါနဲ့ဆို၊ နားထောင်မကောင်းဘူး။"

"ဘာပဲဖြစ်ဖြစ် အတူတူပဲမဟုတ်ဘူးလား? ရှုယီ ရှင် အက်ဂ်နက်စ်နဲ့အတူ အချိန်အကြာကြီး ရှိချင်နေခဲ့တာပဲ မဟုတ်ဘူးလား?"

ရှုယီကိုဖက်ထားခဲ့သည့် စတေးလ်က ရုတ်တရတ် သူမ၏လက်များကို ဖယ်ရှားကာ အဘယ့်ကြောင့်မှန်းမသိရပါဘဲ ရှုယီ၏ အဝတ်များအားလုံးကို ဆွဲချွတ်တော့သည်။

သူ လှည့်ကြည့်လိုက်ချိန်တွင် လဇ်, လင်ဒါ၊ ဗီဗီယန်နှင့် ထရီဇာတို့မှာ အက်ဂ်နက်စ်ကဲ့သို့ပင် အဝတ်များအားလုံးချွတ်ထားကြပြီး ရှုယီထံတိုးလာကြသည်။

"ဟေး! မင်းတို့ ဘာလုပ်နေကြတာလဲ?" ရှုယီ ထိတ်လန့်သွားပါ၏။ သူအော်လိုက်ချိန်တွင် လက်တစ်စုံက သူ၏ နောက်ကျောအောက် မြွေများကဲ့သို့လျှောဆင်းကာ သူ၏ ကိုယ်အောက်ပိုင်းတစ်ဝက်အောက်၌ မတ်မတ် ထောင်နေသော ညီငယ်လေးထံ ရွေ့လျားလာကြသည်။

"ဥက္ကဌရှု ရှင်က အမြဲ ကျွန်မနဲ့ အီလူရှာ တို့လို အသက်ကြီးကြီးမိန်းမတွေကို စိတ်ဝင်စားခဲ့တော့ ကျွန်‌မတို့က ဒီနေ့ရှင့်ကို ဖြည့်‌ဆည်းပေးမယ်။"

ရုတ်တရတ်ပေါ်လာသည့် အကြီးအကဲ လီဆန်ယာက ရှုယီ၏ ညီငယ်လေးကို ဆုပ်ကိုင်ကာ မျက်လုံးများက သွေးဆောင်မှုတို့ ပြည့်နှက်နေ၏။

နံဘေးရှိ အကြီးအကဲ အီလူရှာကလည်း ရောက်လာကာ ရှုယီကို ဆန္ဒအပြည့်မျက်လုံးများဖြင့် ပြုံးလျက်ကြည့်လာသည်။

ရှုယီ၏ နှုတ်ခမ်းများက ခြောက်သွေ့လာ၏။ သူဟာ အက်ဂ်နက်စ်၊ လဇ်, လင်ဒါနှင့် ကျန်သည့်လူများအားလုံး ရှေ့တိုးလာကာ သူ့အား ဝိုင်းရံလိုက်သည်ကို ကြည့်နေမိသည်။

……

အချိန်မည်မျှ ကုန်လွန်သွားမှန်းမသိဘဲ ရှုယီ ရုတ်တရတ် 'နိုးထ' လာပါ၏။

မျက်လုံးများဖွင့်လိုက်ချိန်တွင် ကောင်းမွန်စွာ ပြုလုပ်ထားသည့် ပန်းပွင့်ပုံစံကွက် ထုံးကျောက်အမိုးကို မြင်လိုက်ရသည်။

"ဒီတော့ အိပ်မက်ပေါ့....."

ရှုယီလည်း သက်ပြင်းချလိုက်ပြီးနောက် ပျော်ရမည်လား နောင်တရ,ရမည်လားပင် မသိတော့ပေ။

သူ၏ အိပ်မက်ကို စဉ်းစားမိချိန်တွင် ရှုယီ၏ မျက်နှာမှာ မထိန်း‌နိုင်အောင် နီမြန်းလာ၏။

သူဟာ သုံးဆယ်ကျော်နေပြီဖြစ်ရာ wet dreamကို မြင်မက်ခြင်းက တကယ်ကို ရှက်စဖွယ်ပင်။

သူ့အား ပို၍ ရှက်ရွံ့စေသည်မှာ စတေးလ်၊ လဇ်နှင့် လင်ဒါနှင့် အက်ဂ်နက်စ်တို့ အိပ်မက်ထဲ ပေါ်လာခြင်းအပြင် အဘယ့်ကြောင့် ဗီဗီယန်ကပါ ပေါ်လာရသနည်း? အဘယ့်ကြောင့် ထရီဇာလည်း ပေါ်လာရသနည်း?

ဖြစ်နိုင်တာက.... သူတို့အပေါ် သူ့ရဲ့မသိစိတ်ထဲကနေ ဆန္ဒတချို့ရှိနေတာများလား?

သို့သော် သူဟာ ဗီဗီယန်ကို အမြဲလိုလို ညီမ‌ငယ်လေးတစ်ဦးလိုသာ ဆက်ဆံခဲ့သည်ပင်!

ထရီဇာကမူ အင်မတန်လှပသော်လည်း ရှုယီထံ၌ သူမအပေါ် မည်သည့်အတွေးမှ မရှိခဲ့ပေ။

အဆုံး၌ ပေါ်လာခဲ့ကြသည့် အကြီးအကဲ လီဆန်ယာနှင့် အကြီးအကဲ အီလူရှာ တို့က သူ့အား ပို၍ပင် ရှုပ်ထွေးစေ၏။

ရှုယီအနေနှင့် ထိုအကြီးအကဲ နှစ်ဦးရှေ့မှောက်၌ ဝတ်လစ်စလစ်ဖြစ်နေခဲ့စဉ်က မတုံ့ပြန်ဘဲ မနေနိုင်အောင်ဖြစ်ခဲ့သော်လည်း ထိုသည်က သူ၏ ယောက်ျားသားအနေနှင့် တုံ့ပြန်မှုသာဖြစ်ကာ ထိုအကြီးအကဲများနှင့် တစ်စုံတရာဖြစ်ပွားလိုသည်ကို ကိုယ်စားမပြုချေ။

သူ့အတွက် ထိုသို့သော ကိုးရိုးကားယားအိပ်မက်ကို မြင်မက်မိခြင်းမှာ ယောက်ျားသားတစ်ဦး၏ အဆုံးမဲ့ဆန္ဒကြောင့်ဟုသာ ဆိုနိုင်သည်။ ထိုသည်က ထိုသို့သော ထူးဆန်းသည့်အရာ ဖြစ်ပွားနိုင်သည့် အိပ်မက်၏ အစည်းအတားမဲ့လောက၌နသာ ဖြစ်သည်။

"ငါ ရူးနေတာ ဖြစ်ရမယ်...." ရှုယီ၏ ပါးစပ်များ မဲ့ရွဲ့သွားကာ သက်ပြင်းမချမိဘဲ မနေနိုင်တော့ပေ။

သို့သော် သူ၏ လက်ကို လှုပ်ဖို့ ကြိုးစားကြည့်ချိန်၌ ရုတ်တရတ် နူးညံ့ပြီး နွေးထွေးသည့် အရာကို ခံစားမိသည်။

ရှုယီ၏ အမူအရာက အေးခဲသွားကာ တအံ့တဩငုံ့ကြည့်လိုက်ချိန်၌ အဖြူရောင်နှင့်ရောယှက်နေသော ပန်းရောင်အစက်လေးနှစ်စက်ကို တွေ့ရလေသည်။

"မဖြစ်နိုင်တာ....."

ရှုယီ၏ မျက်လုံးများ ရွေ့လျားသွားကာ သူ၏နံဘေး၌ ဝတ်လစ်စလစ်ဖြင့်လှဲလျောင်းနေသည့် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။

ဂရုတစိုက်ကြည့်လိုက်သော် ထိုမိန်းကလေးမှာ မနေ့ညက ဆယ်ဗီနီခေါ်ထားသည့် အစေခံလေးနှစ်ဦးအနက် တစ်ဦးဖြစ်ကြောင်း မှတ်မိသွားသည်။

"ငါ ဘာလုပ်မိတာလဲ...."

အစေခံလေး၏ ဝတ်လစ်စလစ် ခန္ဓာကိုယ်ကြည့်ရင်း ရှုယီမှာ တံတွေးခက်ခက်ခဲခဲ မြိုချကာ အနည်းငယ်နောက်တွန့်မသွားမိဘဲ မနေနိုင်တော့ပေ။

"အမ်းးး....."

သူ၏ နောက်မှ နောက်ထပ်အသံတစ်သံထွက်လာလေသည်။

နောက်ကျောမှ နူးညံ့သော ခံစားချက်ကြောင့် ရှုယီမှာ ကျောက်ရုပ်ဖြစ်သွား၏။

"ဒါက..... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"

ရှုယီလည်း ကြောင်ငေးကာ လှည့်လိုက်သော တူညီသည့် နှင်းဖြူရောင်ကို တွေ့လိုက်ရတော့သည်။

သူ၏ တခြားဘက်၌လည်း နောက်ထပ် ဝတ်လစ်စလစ် မိန်းကလေးတစ်ဦးရှိနေပြီး ၎င်းမှာ အစေခံလေးနှစ်ဦးအနက် နောက်တစ်ဦးဖြစ်ပါ၏။

ရှုယီလည်း ထိုဝတ်လစ်စလစ်မိန်း‌ကလေးကို ခဏကြာအောင် ကြည့်ကာ ၎င်းက သူ၏အိပ်မက်ကြောင့် ဖြစ်နိုင်မလား စဉ်းစားမိသည်။

သို့သော် အဘယ့်ကြောင့် ဤသို့ဖြစ်လာရသနည်း?

သူစဉ်းစားကြည့်နေချိန်၌ အတော်လေးခေါင်းကိုက်လာရသည်။

နာကျင်မှုက သူ၏အတွေးများကို ဖြတ်တောက်လိုက်သော်လည်း ထိုရင်းနှီးသည့် နာကျင်မှုက ဖြစ်ခဲ့သည့်များကို ချက်ချင်းပြန်ပေါ်လာစေသည်။

ယမန်နေ့ညက သူ့အား ဆယ်ဗီနီမှ ဆက်ခေါ်ကာ တော်ဝင်နန်းတော်၌ သောက်ရင်း စကားပြောဖို့ နေခိုင်းခဲ့သည်။

၎င်းမတိုင်ခင်က သူ့အနေနှင့် ဆယ်ဗီနီကို ပျော်ရွှင်စွာ စကားပြောနေခဲ့ကြောင်း မှတ်မိပါ၏။

နောက်ဖြစ်သည့် အရာကိုတော့ သူလည်း လုံးဝမမှတ်မိပေ။

သူ၏ ပတ်လည်မှ ဝတ်လစ်စလစ်အစေခံမလေးနှစ်ဦးကိုကြည့်ရင်း ရှုယီ၏ နှုတ်ခမ်းများ အကြိမ်ရေအချို့တွန့်သွားကာ ခါးသက်သက် မပြုံးမိဘဲ မနေနိုင်တော့ပေ။

သောက်ပြီးနောက်တော့ ရူးသွပ်သွားတာများလား?

ယမန်နေ့ညက မည်သည် ဖြစ်ပွားခဲ့ကြောင်းကို ရှုယီ ခေါင်းကိုက်ကိုက်ဖြင့် စဉ်းစားနေစဉ်တွင် အိပ်ခန်းတံခါးက ရုတ်တရတ် ပွင့်လာပြီး အစေခံလေးဦးနှင့် အမျိုးသမီးဝန်ကြီးတစ်ဦး လျှောက်ဝင်လာသည်။

ထိုအသံများက ရှုယီနံဘေး၌ အိပ်ပျော်နေသည့် အစေခံမလေးနှစ်ဦးကို နှိုးလိုက်သည်။ ထိုနှစ်ဦးမှာ ၎င်းတို့၏ ဝတ်လစ်စလစ်ခန္ဓာကိုယ်နှင့် ရှုယီကို ကြည့်လိုက်သော်လည်း ပူပန်သွားခြင်းမျိုးမရှိဘဲ မျက်နှာလေးများသာ အနည်းငယ် နီးမြန်းသွားသည်။ သို့သော်လည်း ၎င်းတို့မှာ အိပ်ရာပေါ်၌ ဆက်နေရန် မလုပ်ကြဘဲ အမြန် ထလိုက်ကြသည်။

ရှုယီ သက်ပြင်းတစ်ချက်ချ၏။ သူလည်း စိတ်ကို တည်ငြိမ်စေကာ မတ်မတ်ထိုင်၍ လျှောက်လာသည့် အမျိုးသမီးဝန်ကြီးကို ကြည့်လိုက်သည်။

"ဥက္ကဌရှု ကောင်းကောင်း အနားယူခဲ့ရဲ့လား?" အမျိုးသမီးဝန်ကြီးက မေးသည်။

သူမမျက်နှာထက်ရှိ မည်သည့်ခံစားချက်မှမရှိ‌သည့် အပြောင်းအလဲ မရှိဟန်ကိုမြင်သော် ရှုယီ ခေါင်းငြိမ့်လိုက်သည်၊ "မဆိုးပါဘူး။"

"အင်း" အမျိုးသမီးဝန်ကြီးလည်း ခေါင်းငြိမ့်လိုက်ပြီးနောက် ရှုယီ နံဘေးရှိ အစေခံမလေးနှစ်ဦးကို အော်လိုက်သည်၊ "မင်းတို့က ဘာလို့ ဥက္ကဌရှုကိုအိပ်ရာထရအောင် မကူတာလဲ? ဘာလို့ အိပ်ရာထဲမှာ ပျင်းရိနေကြတာလဲ?"

အစေခံမလေးနှစ်ဦးမှာ ကြောက်ရွံ့သွားပြီး မည်သည့်မှ မဝတ်ထားသည်ကိုပင် ဂရုမစိုက်ဘဲ ချက်ချင်း အိပ်ရာမှ ထွက်လာကြသည်။ ၎င်းတို့မှာ အရင်ဦးစွာ အဝတ်များဝတ်လိုက်ပြီးနောက် ရှုယီကို အိပ်ရာထဖို့ ကူညီကြ၏။

ရှုယီမှာ ယခင်ကလို ဤလောကကို မမြင်ဖူးသောသူမဟုတ်ရာ ဤအခြေအနေ၌ ဘာလုပ်သင့်မှန်းသိလေသည်။

သူဟာ ထိုအစေခံမလေးနှစ်ဦးကို အိပ်ရာထကူခွင့်ပြုကာ အဝတ်များဝတ်ကူခိုင်းထားလိုက်၏။

သူနှင့်အတူရှိနေခဲ့သည့် မိန်းကလေးနှစ်ဦးအကြင် အနည်းဆုံး အသက်သုံးဆယ်လောက်ရှိမည့် အမျိုးသမီးဝန်ကြီးနှင့် အစေခံငယ်လေး လေးဦးတို့ရှိသော်လည်း ရှုယီမှာ လုံးဝနေရမခက်သလို တည်ငြိမ်နေပါ၏။

ရှုယီ ဝတ်ဆင်ကာ ဆေးကြောပြီးနောက် အိပ်ရာထက်ရှိ အနီရောင်အမှတ်များကို လှည့်ကြည့်ကာ သူ့နောက်၌ ရပ်နေသော နေရခက်ဟန်ရှိသည့် အစေခံမလေးနှစဦးကိုကြည့်လိုက်၏။ ခေါင်းတစ်ချက်ငြိမ့်လျက် သူဟာ အမျိုးသမီးဝန်ကြီးကို ပြောလိုက်သည်၊ "ဘုရင်မကြီးရော? သူ ကျုပ်ကို တစ်ခုခုပြောသင့်တယ်မဟုတ်လား?"

အမျိုးသမီးဝန်ကြီးက ခေါင်းတစ်ချက်ငြိမ့်ကာ ဆိုလာသည်၊ "ဘုရင်မကြီးက နေမကောင်းလို့ အခုနားနေပါတယ်။ ဒါပေမယ့် ဥက္ကဌရှု ဖတ်ဖို့ အမိန့်စာတစ်ခု ပေးထားပြီးသားပါ။"

"သူမလည်း မူးနေတာလား?"

ရှုယီမှာ မျက်မှောင်အသာကုပ်ရင်း အမိန့်စာကိုယူလိုက်သည်။

အမိန့်စာကရှည်လျား၏။ ပထမပိုင်းမှာ ရှုယီနှင့် ဆယ်ဗီနီတို့၏ Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်အကြားပူးပေါင်းမှုကို ဆွေးနွေးထားခဲ့သော တရားဝင်ကိစ္စများဖြစ်သည်။ ၎င်းက အင်မတန် အခမ်းအနားဆန်လှသော်လည်း အဆုံး၌ စာတစ်ကြောင်းထည့်ရေးထား၏။

"ဘက်တီနဲ့ ကာရိုးက ကျွန်မအကြိုက်ဆုံး အစေခံတွေဆိုပေမယ့် ရှင်လည်း သူတို့ကို ကြိုက်မှတော့ ရှင့်ကိုပေးလိုက်ပါ့မယ်။ ကျွန်မ ရှင့်ရဲ့စရိုက်ကို သိတာမို့ ရှင် သူတို့ကို သေချာပေါက် ကောင်းကောင်းဂရုစိုက်မှာပဲ ဟုတ်တယ်မလား? သူတို့တွေ ရှင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေရမှာပါ။"

"ဘက်တီနဲ့ ကာရိုးလ်?" ရှုယီမှာ နီမြန်းနေသည့် မျက်နှာလေးများဖြင့် အစေခံမလေးများကို လှည့်ကြည့်လိုက်၏။

"ကျွန်မက ဘက်တီပါ" အနည်းငယ်ဝိုင်းသော မျက်နှာပေါက်ရှိပြီး မရင့်ကျက်ဟန်ပေါ်သည့် အစေခံမလေးက ဆိုလာ၏။

"ကျွန်မက ကာရိုးလ်ပါ" ကာရိုးလ်က အနည်းငယ် အရပ်ပိုရှည်ပြီး ဘက်တီထက် ပိုမို ပြည့်ဖြိုးသည့်အသွင်ရှိကာ ရင့်ကျက်သော ဆွဲဆောင်မှုရှိ၏။

ထိုနှစ်ဦးက မည်မျှပူပန်နေသည်ကိုကြည့်ရင်း ရှုယီလည်း အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ခေါင်းငြိမ့်လာသည်။

"မင်းတို့ စိတ်မရှိရင် ငါနဲ့လိုက်လာလို့ရပါတယ်။"

ဘက်တီနှင့် ကာရိုးလ်တို့၏ မျက်လုံးများကျယ်သွားကာ မျက်နှာလေးများတွင် ရွှင်ပျရိပ်တို့ပြည့်သွားသည်။

သို့သော် ၎င်းတို့ကို စနစ်တကျ လေ့ကျင့်ပေးထားရာ ရွှင်လန်းဟန်မပြဝံ့ဘဲ အမျိုးသမီးဝန်ကြီးကို ကြည့်လိုက်ကြ၏။

အမျိုးသမီးဝန်ကြီးလည်း ခေါင်းငြိမ့်လိုက်သည်၊ "ဘုရင်မကြီးက အမိန့်ပေးထားပြီးပြီ။ ဒီနေ့ကစပြီး မင်းတို့က ဥက္ကဌရှုနဲ့ဆိုင်သွားပြီ တော်ဝင်နန်းတော်နဲ့ မပတ်သက်တော့ဘူး။" ဘက်တီနှင့် ကာရိုးလ်မှာ ၎င်းတို့စိတ်ထဲရှိ ပျော်ရွှင်မှုကို မထိန်းနိုင်တော့ဘဲ ရွှင်ပျနေကြတော့၏။

ထိုနှစ်ဦးမည်မျှ ပျော်ရွှင်နေပုံနှင့် ကျန်သည့် အစေခံမလေး လေးဦး၏ အားကျမနာလိုနေဟန်တို့ကို မြင်သော် ရှုယီမှာ ခေါင်းခါ၍ စိတ်ထဲ ခါးသက်သက်ရယ်လိုက်သည်။

တစ်အောင့်ကြာသည့်နောက် သူဟာ ဘောပင်ယူကာ အမျိုးသမီးဝန်ကြီး သူ့ထံ လွှဲပေးထားသည့် အမိန့်စာထက်၌ စာအချို့ရေး၍ ပြန်ပေးလိုက်၏။

"ဘုရင်မကြီးဆီ ဒါကို ကူပြီး ယူသွားပေးပါဦး"

အမျိုးသမီးဝန်ကြီးကာ ကြည့်လာပြီးနောက် အမူအရာက အေးခဲသွားသည်။

"ဘက်တီနဲ့ ကာရိုးလ်ကို သဘောကျပါတယ်၊ ဒါပေမယ့် ဒီနည်းလမ်းကိုတော့ လုံးဝမကြိုက်ဘူး။"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၉။ ပြန်လည် ထွက်ခွာခြင်း

ရှုယီ တော်ဝင်နန်းတော်မှ ပြန်လာချိန်တွင် သူ့အားတချိန်လုံးစောင့်နေခဲ့သော မန်နေဂျာ ဖလိမ်ထံ၌ ထူးဆန်းသည့်ဟန်ရှိနေသည်။

ရှုယီမှာ ယမန်နေ့ညက ဘုရင်မကြီးနှင့်တွေ့ရန် တော်ဝင်နန်းတော်သို့ဝင်ခဲ့ပြီး ပြန်မလာရာ သူ့အနေနှင့် အင်မတန် ထူးဆန်းဟန်ရှိနေသည်။

ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်တို့က ရင်းနှီးသဖြင့် ဥက္ကဌနှင့် ဘုရင်မကြီးဆယ်ဗီနီတို့ ရင်းနှီးသည်က မထူးဆန်းရာ ဥက္ကဌအနေနှင့် တော်ဝင်နန်းတော်၌ အန္တရာယ်တချို့ ကြုံနေနိုင်မည်ကို စိုးရိမ်နေခဲ့သည်။

သို့သော်ရှုယီက ယခုတွင် မိန်းမငယ်လေးနှစ်ဦးနှင့်အတူ ပြန်လာရာ မန်နေဂျာ ဖလိမ်မှာ အတော်လေး အံ့ဩသွားပါ၏။

ရှုယီမှာ ဘက်တီနှင့် ကာရိုးလ်အမည်ရ ထိုမိန်းကလေးနှစ်ဦးမှာ သူ ခေါ်ဆောင်လာသည့် အစေခံသစ်လေးများဖြစ်သည်ဟု ဆိုသော်လည်း မန်နေဂျာ ဖလိမ်ထံ၌ အတွေ့အကြုံရှိရာ အကြည့်တစ်ချက်နှင့်တင် ထိုမိန်းကလေးနှစ်ဦးက အပျိုစင်ဘဝကို ဆုံးရှုံးထားကာစဖြစ်ကြောင်း ပြောနိုင်သည်။ သူဟာ ဘာဖြစ်ခဲ့သည်ကို အလွယ်လေး ခန့်မှန်းလိုက်နိုင်၏။

ရှုယီသာ သာမန်မျိုးရိုးမြင့် သို့မဟုတ် ကုန်သည်ကြီးတစ်ဦးဆိုလျှင် မန်နေဂျာ ဖလိမ်အနေနှင့် ထိုသည်က အင်မတန် ပုံမှန်ဖြစ်သောကြောင့် အံ့ဩမည်မဟုတ်ပေ။

ရှုယီ၏ အဆင့်အတန်းနှင့် မည်သူကမှ သူသဘောကျသည့် မိန်းကလေးနှစ်ဦးအား အိမ်ခေါ်သွားချင်ကို ဘာမှ ပြောမည်မဟုတ်။

သို့သော် ရှုယီမှာ အမြဲလိုလို မပျက်မစီးရှိနေပြီး ထိုကိစ္စတွင် ထိန်းသိမ်းတတ်သဖြင့် သူ၏ အိမ်၌ သူ့ဇနီးစတေးလ်သာရှိ၏။

ကျွန်များဖြစ်ကြသော လဇ်နှင့် လင်ဒါတို့ကိုမူ မည်သူကမှ အလေးအနက်မှတ်ယူထားမည်မဟုတ်ချေ။

သို့သော် ယခုတွင် ရှုယီက မိန်းကလေးနှစ်ဦးကို ပြန်ခေါ်လာခဲ့ရာ မန်နေဂျာ ဖလိမ်မှာ တကယ်ကို အံ့အားသင့်နေတော့သည်။

သူ့အား ပို၍ အံ့အားသင့်စေသည်မှာ ဥက္ကဌ ယမန်နေ့ညက နေခဲ့သည်က မျိုးရိုးမြင့် သို့မဟုတ် ကုန်သည်တို့၏ အိမ်မဟုတ်ဘဲ တော်ဝင်နန်းတော်ဖြစ်နေခြင်းပင်!

သူဟာ တော်ဝင်နန်းတော်၌ တစ်ညတာ နေခဲ့ပြီး မိန်းကလေးနှစ်ဦးကို အတူပြန်ခေါ်လာခဲ့သည်မှာ မယုံနိုင်စရာဖြစ်၏!

ထို့အပြင် ဘက်တီနှင့် ကာရိုးလ်တို့၏ အပြုအမူအရ ၎င်းတို့မှာ တော်ဝင်နန်းတော်၌ လေ့ကျင့်ပေးခံခဲ့ရသော အစေခံမလေးများဖြစ်ပြီး မည်သည့်နေရာမှာမှ ရှာမရနိုင်ချေ။

နှစ်ဦးစလုံးက လှပသည်ကို မဆိုထားနှင့် ၎င်းတို့မှာ တော်ဝင်နန်းတော်၌ပင် ရှားပါးလှသည်။

ဥက္ကဌအနေနှင့် တော်ဝင်နန်းတော်မှ ၎င်းတို့နှစ်ဦးကို ခေါ်လာနိုင်သည်မှာ ဘုရင်မကြီးနှင့် သဘောတူညီမှုရှိခဲ့လောက်သည်။ ထိုနှစ်ဦးအား ဘုရင်မကြီးက ဥက္ကဌထံ ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့ခြင်းဖြစ်နိုင်ပါ၏!

၎င်းသာမှန်ပါလျှင် ဘုရင်မကြီးနှင့် ဥက္ကဌတို့ အကြား ဆက်ဆံရေးမှာ သေချာပေါက် ပုံမှန်မဟုတ်ပေ။

ဘုရင်မကြီး ထီးနန်းဆက်ခံလိုက်ကတည်းက သူမဟာ တော်ဝင်နန်းတော်ကို စည်းကမ်းတင်းကြပ်စွာ ထိန်းချုပ်ထားခဲ့သည်။

သာမန်လူများမပြောနှင့် လမ်ပူရီတိုင်းပြည်၏ မျိုးရိုးမြင့်ကြီးများသည်ပင် တော်ဝင်နန်းတော်၏ အရေးကိစ္စများကို ဝင်မစွက်ဖက်ဝံ့ကြချေ။

သို့သော် ဥက္ကဌကဲ့သို့ လူငယ်တစ်ဦးက တော်ဝင်နန်းတော်၌ တစ်ညတာ နေခဲ့ရုံသာမက တော်ဝင်နန်းတော်၏ အစေခံမလေးနှစ်ဦးနှင့်ပင် တရင်းတနှီးဆက်ဆံရေးများရှိကာ သူနှင့်အတူပါ ခေါ်ဆောင်လာခဲ့သည်!

ထိုသည်က တကယ်ကို မယုံနိုင်ဖွယ်ရာပင်။

မန်နေဂျာ ဖလိမ်ထံရှိ အင်မတန် ထူးဆန်းနေပုံကိုမြင်သော် ရှုယီမှာ ဘာမှ မမြင်ခဲ့သလို ပြုမူနေလိုက်သည်။ သူက ချောင်းတစ်ချက်ဟန့်လိုက်ပြီး မန်နေဂျာ ဖလိမ်ကို အတွေးများထဲမှ ဆွဲထုတ်လိုက်သည်။

"ဖလိမ်, အန်ဗီမာမြို့တော်ရဲ့ ဝန်ဆောင်မှုဌာနကိစ္စ ဘယ်လိုရှိလဲ?"

ရှုယီက အလုပ်အကြောင်းပြောလာသည်ကိုကြားသော် မန်နေဂျာ ဖလိမ်မှာ ချက်ချင်း အတွေးများမှ အလည်ပြန်ရောက်လာပြီး စိတ်ငြိမ်ငြိမ်ထား၍ ပြန်ဖြေလေသည်၊ "ဥက္ကဌ ဒီကိစ္စကို အခြေခံအရတော့ ပြင်ဆင်ထားပြီးပါပြီ။ ဥက္ကဌမလာခင်က ဒါကို ပုံစံတကျ ကြေငြာဖို့ စဉ်းစားထားခဲ့ပေမယ့်လည်း အခု ဥက္ကဌက ဒီရောက်နေတာဆိုတော့ ဥက္ကဌကိုယ်တိုင် တရားဝင်အခမ်းအနားမှာ သဘာပတိလုပ်မယ်ဆိုရင်ရော?"

မန်နေဂျာ ဖလိမ်၏ မျက်နှာထက်မှ မျှော်လင့်နေဟန်ကိုတွေ့သော် ရှုယီခေါင်းခါလိုက်ပါ၏၊ "ဟင့်အင်း ကျုပ်မှာ တခြားလုပ်စရာရှိသေးတယ်။ ခင်ဗျား ဒီအခမ်းအနားကို စီစဉ်လိုက်ပါ။ ပြီးတော့ မှော်ဆလွန်း အရောင်းဝန်ဆောင်မှု ဝန်ထမ်းကိစ္စကို ခင်ဗျားလိုက်လုပ်စရာလိုသေးတယ်။ အဲဒီ နိုအာဆိုတဲ့ကောင်လေးကို ဒီတိုင်း လုပ်ခွင့်ပေးလိုက်။ တခြားကိစ္စတွေကတော့ လုပ်ငန်းစုကနေ ထိန်းသိမ်းရေးဝန်ထမ်းတချို့ လွှတ်လိုက်လို့ရတယ်။ အင်း.... နိုအာသာ သင်ယူဖို့ ဆန္ဒရှိမယ်ဆိုရင် သူ့ကို သင်ယူဖို့ ကူညီပေးလို့ရပါတယ်။ ဟေး ခင်ဗျား ဘာလို့ ကျုပ်ကို အဲ့လို ကြည့်နေရတာလဲ?"

မန်နေဂျာ ဖလိမ်ထံ၌ ထူးဆန်းဟန်ရှိနေသည်၊ "ဥက္ကဌ အဲ့ကလေးနိုအာကသာ အတော်လေးအရွယ်ရောက်နေတာကြောင့်မဟုတ်ရင် ကျုပ် တကယ်ကို ခင်ဗျားရဲ့ တရားမဝင်သားလို့ ထင်မိတော့မှာ။"

ရှုယီက သူ၏ခြေထောက်ကို မြှောက်ကာ မန်နေဂျာ ဖလိမ်ကို ကန်လိုက်သည်။ သူက အပြုံးဖြင့် ဆူငေါက်လိုက်၏၊ "ကျုပ်မှာသာ အဲ့လိုအရွယ်ရောက်ပြီးသား တရားမဝင်ကလေးရှိနေရင် စတေးလ်က ကျုပ်ကို သေချာပေါက် သတ်မှာပေါ့။"

မန်နေဂျာ ဖလိမ်က ရယ်မောလိုက်၏။ သူ၏ မျက်လုံးများကမူ နံဘေး၌ Frestech ကုန်သည်ကြီးများအသင်း၏ အဆောက်အဦးကို ခြုံကြည့်နေကြသော ဘက်တီနှင့် ကာရိုးလ်တို့ထံ မရောက်သွားဘဲ မနေနိုင်တော့ပေ။

ရှုယီမှာ သူ၏ ဆိုလိုရင်းကို နားလည်သဖြင့် သက်ပြင်းမချမိဘဲ မနေနိုင်တော့ပေ။ စတေးလ်သာ သူ၏ အန်ဗီမာမြို့တော် ခရီး‌ပြီးနောက် မိန်းမ‌နှစ်ဦး ခေါ်လာသည်ကို သိပါလျှင် သူမ မည်သို့ထင်မည်ကို တကယ်မသိတော့ချေ။

ထိုအတွေးများကို ခါထုတ်၍ ရှုယီမှာ မန်နေဂျာ ဖလိမ်ကို အမိန့်များ ဆက်ပေးနေလိုက်သည်၊ "ခင်ဗျား အဲဒီလုပ်ငန်းစုခြောက်ခုနဲ့ ပူးပေါင်းမှုကို နက်ရှိုင်းအောင်လုပ်ရမယ်။ မျှော်လင့်မထားတာသာ‌ ဖြစ်မလာရင် တခြားတိုင်းပြည်တွေက မှာယူမှုတွေက နှစ်လအတွင်း ရောက်လာမှာမို့ သူတို့ကို တစ်စိတ်တပိုင်းပေးရမှာပဲ။ အဲ့အချိန်ကျလာတဲ့အခါ ခင်ဗျားက သူတို့ရဲ့ တိုးတက်မှုနဲ့ ထုတ်ကုန်တွေရဲ့ အရည်အသွေးကို ကွပ်ကဲဖို့ တာဝန်ယူရလိမ့်မယ်။ ဒါက ကျုပ်တို့လုပ်ငန်းစုရဲ့ ပထမဆုံး အစမ်း ပူးပေါင်းမှုမို့ ဘာအမှားမှ ရှိလို့မဖြစ်ဘူး။"

"ဟုတ်ကဲ့ နားလည်ပါတယ်"

"ဒါ့အပြင် မဟာမှော်ပညာရှင် အီစန်ခယ် နဲ့အတူ လုပ်နေတဲ့ မှော်ပျံသန်းကားက အဆင့်သစ်တစ်ခုကို ရောက်နေပြီ။ လတစ်ဝက်အတွင်း ဌာနချုပ်က နည်းပညာဝန်ထမ်းတချို့လွှတ်ပြီး ဒီစီမံကိန်းကို တာဝန်ယူခိုင်းလိုက်။ ခင်ဗျားက အချိန်ကျလာရင် ဆက်သွယ်ပြီး သူတို့တွေ မဟာမှော်ပညာရှင် အီစန်ခယ်နဲ့အတူ ကောင်းကောင်းအလုပ်လုပ်နေကြောင်း သေချာအောင်လုပ်ရုံပဲ။"

"အင်း အရင်အပါတ်ကတင် မဟာမှော်ပညာရှင် အီစန်ခယ်က ဒီကိစ္စကို မေးလာသေးတယ်။"

"အလျင်မလိုဖို့ ပြောလိုက်ပါ။ ကျုပ်က ဒါကို သဘောတူထားပြီးမှတော့ သေချာပေါက် ကူညီပါမှာလို့။" ရှုယီက အလေးအနက်ပြောသည်၊ "ပြီးတော့ ဥက္ကဌ Erenလည်း မတိုင်ခင်က ကျုပ်ကို ဆက်သွယ်လာသေးတယ်။ သူ့အနေနဲ့ မှော်ပညာရှင်များအဖွဲ့အစည်းက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ မှော်စက်တချို့ ထုတ်လုပ်နိုင်ဖို့ မျှော်လင့်နေတာ။ ဒါကို သူနဲ့သဘောတူထားပြီမို့ ခင်ဗျား ဥက္ကဌ Erenနောက်လိုက်ပြီး ဘယ်အပိုင်းတွေမှာ ပူးပေါင်းချင်သလဲကို နားလည်အောင်လုပ်ထားလိုက်ပါ။"

"အင်း.... ကျုပ်တို့တွေ ဥက္ကဌ Erenနဲ့ ဆွေးနွေးရပိုလွယ်အောင်လို့ ဌာနချုပ်ကနေ သုတေသနပညာရှင်တစ်ယောက် ခေါ်သွားဖို့ လိုမယ်ထင်တယ်။"

"ပြဿနာမရှိဘူး၊ ကျုပ် ဌာနချုပ်ကို စာတစ်စောင်ရေးပြီး လူတွေပို့ခိုင်းလိုက်မယ်။ ပြီးတော့...."

....

ရှုယီက အချက်တစ်ခုစီတိုင်းကိုပြောလေရာ မန်နေဂျာ ဖလိမ်လည်း တစ်ချက်စီတိုင်းကို ချရေးလိုက်၏။

မန်နေဂျာ ဖလိမ် အနေနှင့် အန်ဗီမာမြို့တော်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ တာဝန်ခံဖြစ်ခဲ့သည်မှာ ယခုဆို ၂နှစ်ရှိပြီဖြစ်၏။ ဘုရင်ကြီးအဲရစ် ထီးနန်းဆက်ခံပြီး ဒုခ် Stagg ပြည်တွင်းစစ်ကို စတင်ချိန်၌ကပင် သူဟာ ဤနေရာ Frestech ကုန်သည်ကြီးများအသင်းရုံး၌ အလုပ်လုပ်ခဲ့ပြီး အင်မတန်ကောင်းမွန်သည့် စွမ်းဆောင်ရည်များကို ပြသခဲ့ပါ၏။

Frestech ကုန်သည်ကြီးများအသင်း အန်ဗီမာမြို့တော်သို့ ပြန်လာသည့် ၂နှစ်အတွင်း သူဟာ ဤနေရာ၌ သူ၏ အရည်အချင်းများကို အပြည့်အဝပြသခဲ့ပါ၏။ သူဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်သွယ်လိုသူတိုင်း၊ မှော်စက်ထုတ်လုပ်ခြင်းနှင့်ဆက်စပ်နေသူတိုင်းနှင့် ဆက်ဆံရေးများချောမွေ့စွာတည်ဆောက်ခဲ့ကာ အန်ဗီမာမြို့တော်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုကို ချောမွေ့စေရန် ကြီးမားသည့် အခန်းကဏ္ဍ၌ ပါဝင်နေသည်။

ရှုယီမှာ သူ၏ အရည်အချင်းကို အင်မတန် စိတ်ချသဖြင့် အရေးကြီးကိစ္စများစွာကို သူ့ထံပေးဖို့ ဆန္ဒရှိလေသည်။

သို့သော်လည်း မန်နေဂျာ ဖလိမ်မှာ အင်မတန် ရှုပ်ထွေးနေပါ၏။ ရှုယီ သူ့ထံပေးသမျှ အရာအားလုံးကို နားထောင်ပြီးချိန်တွင် မမေးဘဲ မနေနိုင်တော့ပေ၊ "ဥက္ကဌ ခင်ဗျားအနေနဲ့ အန်ဗီမာမြို့တော်ကို ခရီးတစ်ခေါက်လာဖို့ကတောင် အလုံအလောက်ခက်ခဲနေပြီကို ဒီလူတွေနဲ့ ကိုယ်တိုင်တွေ့ပြီး ဆွေးနွေးလိုက်တာက အကောင်းဆုံးပဲ မဟုတ်ဘူးလား? ခင်ဗျားကိုယ်တိုင် ဆွေးနွေးမယ်ဆို ကျုပ်ထက် အဆပေါင်းမနည်း ပိုသက်ရောက်မှုရှိမှာလေ။ ခင်ဗျား.... အန်ဗီမာမြို့တော်မှာ နောက်ရက်နည်းနည်းလောက် ထပ်နေဖို့ မစီစဉ်ထားဘူးလား?"

"အင်း ဒီနေ့ပြန်ဖို့ စီစဉ်နေတာ။"

"ဒီလောက် လောနေတာလား?" မန်နေဂျာ ဖလိမ် အံ့ဩသွားသည်၊ "မနေ့ကမှ လာတာ‌လေ။"

"ကျုပ် အဓိကကျတဲ့ ကိစ္စတွေကို လုပ်ပြီးသွားပြီ၊ တခြားဟာတွေက အရေးမကြီးဘူး။" ရှုယီက သာမန်ကာလျှံကာ ပြောလိုက်လေသည်၊ "ပြီးတော့ ကျုပ်မှာ အရေးကြီးလုပ်စရာရှိသေးတော့ ဒီမှာ အရမ်းကြာကြာနေလို့မရဘူး။"

မန်နေဂျာ ဖလိမ်မှာ အသာမျက်မှောင်ကုပ်ကာ ဥက္ကဌက အင်မတန် မရိုးမသားရှိလှသည်ဟု စဉ်းစားမိ၏။

မည်သို့ဖြစ်စေ သူဟာ အန်ဗီမာမြို့တော်၌ ရှိနေကတည်းက အချိန်နည်းနည်းလောက် ဖြုန်းသင့်သည့် အဓိပ္ပာယ်ပင်။

သို့သော် ဤမှာ ရှိနေခဲ့ပြီး တစ်ညတည်းပြီးနောက် ထွက်သွားတော့မည်။ သူ့အနေနှင့် အတော်အရေးကြီးသည့်ကိစ္စများကို တာဝန်ယူဖို့ ဆန္ဒမရှိဘဲ သူ့ထံ အားလုံးလွှဲပေးခဲ့သည်က တကယ်ကို ထူးဆန်းလွန်းလှ၏။

ယခု သူပြောနေသည့်ကိစ္စများက အရေးမကြီးပါလျှင် ဥက္ကဌခြောက်ဦးနှင့် တွေ့ဆုံခြင်းအား ဖလိမ်ထံ လွှဲပေးခဲ့သင့်ပေသည်။သူကိုယ်တိုင် သွားဖို့မလိုပေ။

အဘယ့်ကြောင့် တစ်ညလေးနှင့် ထွက်သွားရမည်နည်း? အဘယ့်ကြောင့် ယမန်နေ့က ဥက္ကဌ၏ အကောင်းမြင်မှုက ရုတ်တရတ်ကြီး ဤမျှ အ‌ဆိုးမြင်ဘက် ရောက်သွားရသနည်း?

ဖြစ်နိုင်တာက..... တော်ဝင်နန်းတော်က သူ့ကို ဒီလောက်အေးစက်သွားအောင် တစ်ခုခုလုပ်ခဲ့တာများလား?

မန်နေဂျာ ဖလိမ်မှာ ဘက်တီနှင့် ကာရိုးလ်တို့ကိုကြည့်၍ ရှုပ်ထွေးသွားသည်။

ပြောရလျှင် ဥက္ကဌ တော်ဝင်နန်းတော်၌ ညတာကို ကုန်ဆုံးခဲ့ခြင်းတွင် ကိစ္စကောင်း‌တစ်ခု ရှိရမည်.....

ရှုယီက မန်နေဂျာ ဖလိမ်၏ ထူးဆန်းသည့်အကြည့်ကို ကြည့်ရင်း မိမိ တစ်ခုခုမေ့လျော့သွားသည်လား စဉ်းစားကြည့်နေသည်။ ထို့နောက် သူဟာ ဆက်‌မနေတော့ဘဲ ထွက်ခွာဖို့ ပြင်ဆင်လိုက်၏။

ဘက်တီနှင့် ကာရိုးလ်တို့မှာ ငယ်စဉ်ကတည်းက တော်ဝင်နန်းတော်သို့ အပို့ခံခဲ့ရပြီး ၎င်းတို့၏မိဘများနှင့်ဆက်ဆံရေး ဖြတ်တောက်ပြီးသားဖြစ်သည်။ ၎င်းတို့တွင် အန်ဗီမာမြို့တော်၌လည်း သူငယ်ချင်းမိတ်ဆွေဟူ၍ မရှိသဖြင့် မည်သည့်အချိန်၌မဆို ထွက်သွားနိုင်ပါ၏။

ရှုယီက ထွက်သွားဖို့ ဆုံးဖြတ်လိုက်ရာ ၎င်းတို့နှစ်ဦးလည်း နာနာခံခံလိုက်ပါလာကြသည်။

ရှုယီ၏ မှော်ဆလွန်းထဲ၌ ထိုင်နေရင်း ထိုနှစ်ဦးမှာ အင်မတန် စိတ်လှုပ်ရှားနေပါ၏။

အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အနေနှင့် အရွယ်ရောက်ချိန်၌ပင် တော်ဝင်နန်းတော်မှ များများစားစား မထွက်ခွာလာဖူးသဖြင့် ယခင်ကအဝေးကနေသာကြည့်နိုင်ခဲ့သော မှော်ဆလွန်းထဲ၌ ထိုင်နေရပြီဖြစ်သည်။

၎င်းတို့ရှေ့ရှိ ဘဝသစ်ကို စဉ်းစားကြည့်ရင်း နှစ်ဦးသား အင်မတန်ပျော်ရွှင်နေသလို ပူလည်း ပူပန်နေပါ၏။

မှော်ဆလွန်းမောင်းနှင်နေသည့် ရှုယီမျက်နှာကိုကြည့်ရင်း ထိုနှစ်ဦးမှာ ပို၍ပင် ပူပန်လာကြသည်။

ဘုရင်မကြီးက ၎င်းတို့နှစ်ဦးကို ဥက္ကဌက နူးညံ့ကြင်နာ အမျိုးသမီးများကို မျှမျှတတဆက်ဆံပေးကာ အစေခံများကို အပြစ်ဒဏ်ပေးခြင်းများ မပြုသဖြင့် အင်မတန်ရှားပါးလှသည့် ယောက်ျားကောင်းပင်။

သူ၏သွင်ပြင်အရ ရှုယီ၏ အောက်ဘက်ရှိ ခပ်မှောင်မှောင်ဖြင့်တည်ငြိမ်နေ‌ဟန်ရှိသော ရှုယီမှာ အင်မတန် ပျော်ရွှင်ဟန်ပေါ်နေသည်။

"ဥက္ကဌက ငါတို့ကို မကျေနပ်နေတာလား?" ဘက်တီနှင့် ကာရိုးလ်တို့က စိတ်ထဲ ခန့်မှန်းလိုက်ကြ၏။

သို့သော် ရှုယီ ၎င်းတို့ သဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ ဘုရင်မကြီးက သူမတို့အား သူမ၏ အစီစဉ်နှင့် ပတ်သက်၍ ကူညီခိုင်းဖို့ ဆုံးဖြတ်ခဲ့သဖြင့် ၎င်းတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပြီးဖြစ်ရာ ပြောင်းလဲနိုင်စွမ်းမရှိကြပေ။

ယခုတွင် ၎င်းတို့က ရှုယီ၏ မှော်ဆလွန်းထဲ၌ ရှိရာ ပြောင်းလဲဖို့ရန် ပို၍ပင်မဖြစ်နိုင်ပေ။

၎င်းတို့နှစ်ဦးတတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရှုယီက ဘုရင်မကြီးဖော်ပြထားသကဲ့သို့ အမှန်တကယ်ကောင်းမွန်သူဖြစ်အောင် ဆုတောင်းရန်သာရှိသည်။

သို့သော် ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် အရာကို စဉ်းစားကြည့်ချိန်၌ နှစ်ဦးမှာ အိပ်မက်ထဲ ရှိနေခဲ့သလို ခံစားရသည်။

ဤဥက္ကဌရှုမှာ ယမန်နေ့ညက ဖြစ်ပွားခဲ့သည့်အရာကို တစ်ဘဝလုံး သိနိုင်မည်မဟုတ်ပေ...

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၂၀။ အမည်မသိလမ်းကြောင်း

နေက ၎င်းတို့နောက်တွင် ဝင်သွားကာ အဝေးရှိ အဆုံးမဲ့ပင်လယ်ပြင်အောက် ကျရောက်လုဆဲဆဲဖြစ်သည်။

နေဝင်ရီတရောအလင်းရောင်နှင့် ပင်လယ်ပြင်က လိမ္မော်ဖျော့ဖျော့တောက်ပနေသည်။ 'စွင့်ကားတောင်ပံ'၊ 'နံနက်ခင်းနေ'နှင့် 'အောင်ပွဲနတ်ဘုရားမအိုင်းရစ်'တို့၏ အဝါရောင်သုတ်ဆေးများကို အလင်းပြန်နေသည်မှာ အင်မတန်ကြည့်ကောင်းလှပါ၏။

နာဗီလ်က မျက်လုံးများကို မှေးကျဉ်းကာ သူ၏နောက်ဘက်မှ အ‌ဆုံးမဲ့ပင်လယ်ကို ကြည့်လိုက်ပြီးနောက် ရှေ့ရှိ ထပ်တူညီအဆုံးမဲ့သော ပင်လယ်ကို ကြည့်လိုက်လေသည်။ ပင်လယ်ပြင်က မှောင်မိုက်လာပြီဖြစ်ရာ သူလည်း ခေါင်းငြိမ့်၍ လက်ထောက်ကို ပြောလိုက်သည်၊ "အရှိန်လျှော့ပြီး ညရွက်လွှင့်ခြင်းထဲ ဝင်ဖို့ ပြောလိုက်တော့။"

လက်ထောက်မှာ ထိုအမိန့်ကိုရ၍ တစ်ခဏကြာပြီးနောက် စွင့်ကားတောင်ပံက နှေးကျသွားသည်။ ၎င်း၏ နောက်ဘက် ဘေးတစ်ဖက်စီမှ နံနက်ခင်းနေနှင့် အောင်ပွဲနတ်ဘုရားမအိုင်ရစ်လည်း အရှိန်လျော့သွားကာ တြိဂံပုံစံကို ထိန်းသိမ်းထားလေသည်။ ၎င်းတို့က အကန့်အသတ်မဲ့ပင်လယ်ပြင်၌ ရွက်လွှင့်ပြီး ရှေ့တူရူသို့ ဦးတည်သွားနေသည်။

နာဗီလ်က လက်ရန်းနေရာသို့လာကာ ပင်လယ်ကိုကြည့်ရန် မှီလိုက်သည်။

၎င်းတို့ကို၏ အမြန်နှုန်းကို လျှော့ချထားပြီး စွင့်ကားတောင်ပံကဖန်တီးသည့် လှိုင်းများက ပို၍ သေးငယ်သွားသော်လည်း ယခင်က နာဗီလ် ရွက်လွှင့်ဖူးသော မည်သည့် သင်္ဘောထက်မဆို အ‌ဆပေါင်းများစွာ ကြီးမားနေဆဲပင်။

၎င်းတို့ လှိုင်းတစ်ခုနှင့် ဆုံမိလျှင် ၎င်းမှ ရေမှုန်ရေမွှားများမှာ မီတာပေါင်းများစွာသို့ပင် ရောက်ရှိနိုင်သည်။

နာဗီလ်မှာ ပင်လယ်ပြင်၌ နှစ်များစွာ ကုန်ဆုံး၍ လှိုင်းတံပိုးများမှ လာသော ရေမှုန်ရေမွှားများ သင်္ဘောကို ရိုက်ခတ်ခြင်းအား ကြည့်ရှုခြင်းကို အမြဲလိုလိုနှစ်ခြိုက်ခဲ့သည်။

သို့သော်လည်း ယင်းမတိုင်ခင်က သူဟာ စွင့်ကားတောင်ပံကဲ့သို့သော သင်္ဘောမျိုးကို မမြင်ခဲ့ဖူးပါချေ။ ထိုသို့သော ပင်လယ်ပြင်မှ လှိုင်းလှုံးကြီးများနှင့်ပင် ၎င်းမှာ ရှေ့သို့ ဤမျှ ခိုင်ခိုင်ကြည်ကြည် ရွက်လွှင့်နေနိုင်ဆဲပင်။

တည်မြဲမှုနှင့် လုံခြုံမှု၊ ၎င်းက ယခင်သုံးလအတွင်း စွင့်ကားတောင်ပံထံမှ နာဗီလ် ရရှိခဲ့သော အနက်ရှိုင်းဆုံး ခံစားချက်ဖြစ်သည်။

နာဗီလ်ရွက်လွှင့်ခဲ့သော သစ်သားလှေများနှင့် ယှဉ်လျှင် စွင့်ကားတောင်ပံမှာ အဆပေါင်း ဆယ်ချီ ပိုမိုကြီးမားသည်။ ထို့အပြင် အပြည့်အဝသံမဏိဖြင့် ပြုလုပ်ထားသောကြောင့် ပင်လယ်ပြင်၌ ရွက်လွှင့်ရာတွင် အင်မတန်တည်ငြိမ်နေပါ၏။

ယခင်က ထိုသစ်သားလှေများနှင့် ရွက်လွှင့်ခဲ့ချိန်တွင် လှိုင်းလုံးကြီးတစ်ခုနှင့် ကြုံတိုင်း လှေမှာ ယမ်းခါနေမည်သာ။ ၎င်းက လှေမှာ မည်သည့်အချိန်၌မဆို မှောက်တော့မည်ဟု ခံစားရစေသည်။

သို့သော် စွင့်ကားတောင်ပံထက်တွင် သာမန်လှိုင်းတစ်လှိုင်းက လုံးဝ သက်ရောက်မှုမရှိပေ။ ကုန်းပတ်ပေါ်၌ ရှိနေခြင်းက ကုန်းမြေပေါ်၌ ရှိနေရခြင်းလိုပင်။

၎င်းတို့အနေနှင့် ပိုမိုကြီးမားကာ အားကောင်းသည့် လှိုင်းများနှင့် ကြုံရလျှင်တောင် စွင့်ကားတောင်ပံမှာ ရှေ့သို့ ခိုင်ခိုင်မာမာ ဆက်သွားနိုင်လိမ့်မည်။ ၎င်းက လုံးဝ ယမ်းခါနေမည်မဟုတ်သလို လူများကို အင်မတန် စိတ်ချစေ၏။

၎င်းကိုစဉ်းစားရင်း နာဗီလ်မှာ လွန်ခဲ့သည့် သုံးရက် ညဘက်၌ ဖြစ်သွားခဲ့သည်များကို မတွေးမိဘဲ မနေနိုင်တော့ချေ။

လွန်ခဲ့သည့် သုံးရက်အကြာက သင်္ဘောစုမှာ ညဘက်တွင် ပင်လယ်အော်တစ်ခုကို ဖြတ်သန်းသွားခဲ့ပြီး မုန်တိုင်းတစ်ခုနှင့် ရုတ်တရတ် ကြုံကြိုက်ခဲ့သည်။

ထိုမုန်တိုင်းမှာ ပြင်းထန်ပြီး အခြေအနေက ဆိုး၏။ ၎င်းတို့သာ ယခင်က ပင်လယ်ပြင်၌ ထိုသို့သော မုန်တိုင်းပြင်းပြင်းနှင့်ကြုံရမည်ဆိုလျှင် ရှင်လျက် ပြန်လာရန် မည်သည့်အခွင့်အရေးမှ ရှိမည်မဟုတ်ပေ။

သို့ရာတွင် ထိုမုန်တိုင်းခပ်ပြင်းပြင်းနှင့်ကြုံချိန်၌ မှော်သင်္ဘောကြီးသုံးစင်းမှာ ပုံမှန်သစ်သားလှေများထက်ကျော်လွန်နေသည့် စွမ်းရည်ကိုပြသခဲ့သည်။

သင်္ဘောကိုယ်ထည်က ခါယမ်းနေသော်လည်း သင်္ဘောက အင်မတန်တည်ငြိမ်စွာ ဆက်သွားနေဆဲပင်။

မှော်သင်္ဘောသုံးစင်းထံရှိ ပင်လယ်ပြင် ရာသီဥတုဆိုးအတွက် အထူးတလည် အသုံးပြုထားသော လေစွမ်းအားနှင့် ရေစွမ်းအား မှော်အစီအရင်တို့ကြောင့် မှော်သင်္ဘောသုံးစင်းမှာ အစမှ အဆုံးအထိ မည်သည့် အန္တရာယ်မှ မကြုံခဲ့ရချေ။

မုန်တိုင်းပြီးဆုံးကာ ပင်လယ်က ပုံမှန်ပြန်ဖြစ်သွားချိန်တွင် နာဗီလ်အပါအဝင် လူတိုင်းမှာ အနည်းငယ် မယုံကြည်နိုင်သလို ခံစားလိုက်ရသည်။

ထိုသင်္ဘောသုံးစင်း၏ လူများအားလုံးမှာ ပင်လယ်ပြင်ထက်၌ နှစ်များစွာ ကုန်ဆုံးခဲ့သော သင်္ဘောသားဟောင်းများဖြစ်ရာ သာမန်လူများထက်ပို၍ ပင်လယ်ပြင်၏ အန္တရာယ်များကို သိနားလည်လေသည်။ ထို့ကြောင့် လျှပ်တပြက်မုန်တိုင်းမှာ မည်မျှ အန္တရာယ်များကြောင်း သေချာသိသဖြင့် လူအများစုမှာ သေဆုံးတော့မည့်အကြောင်းကိုပင် စဉ်းစားထားကြသည်။

သို့သော် မည်သူကမှ ထိုသင်္ဘောသုံးစင်းမှာ ဤအန္တရာယ်ကို ထိုမျှ လွယ်လွယ်ကူကူ ကျော်ဖြတ်သွားနိုင်မည်ဟု မထင်ခဲ့ကြချေ။

သေခြင်းတရားမှ လွတ်မြောက်လာပြီးနောက် အားလုံးမှာ မှော်သင်္ဘောသုံးစင်း၏ စွမ်းဆောင်ရည်များကို နားလည်မှုနှင့် ယုံကြည်မှုတို့ ရှိလာကြ၏။

ပြောရလျှင် ၎င်းတို့ Frestech ဆိပ်ကမ်းမှ ထွက်လာစဉ်က လူတိုင်းမှာ ခရီးကြောင့် အနည်းငယ်ပူပန်နေကြပြီး ယခု ဤမုန်တိုင်းနှင့် ကြုံရပြီးသည်တွင် ယုံကြည်ချက်အပြည့်ဖြစ်လာတော့သည်။

လူတိုင်းမှာ ထိုစွမ်းအားကြီး မှော်သင်္ဘောသုံးစီးနှင့်အတူ လောက၏ အဝေးဆုံးထောင့်စွန်းများအထိပင် ရွက်လွှင့်နိုင်မည်ဟု ယုံကြည်နေကြသည်။

နာဗီလ်မှာလည်း ၎င်းကို ခိုင်ခိုင်မာမာယုံကြည်ပါ၏။

သို့သော် သူဟာ ဤသင်္ဘောစု၏ ကပ္ပတိန်ဖြစ်သောကြောင့် ကိစ္စများကို ပို၍ လက်တွေ့ကျကျ တွေးတောဖို့လိုသည်။

Frestech ဆိပ်ကမ်းမှ ထွက်ခွာလာကတည်းက ရက်နှစ်ဆယ်နီးနီးရှိနေပြီဖြစ်သည်။ ရေကြောင်းပြဇယားများအရ ၎င်းတို့မှာ ဤခရီး၏ တစ်ဝက်ကို ရောက်ရှိခဲ့ပြီဖြစ်သည်။

ယခု ကမ်းခြေများကို နီးကပ်လာလျှင် ရူဒ်ဆန်တိုင်းပြည်၏ နယ်နိမိတ်ကို ဝင်ရောက်တော့မည်ဖြစ်၏။

မျှော်လင့်မထားသည့်အရာများသာဖြစ်မလာလျှင် တစ်ပါတ်လောက် ရှေ့ဆက်သွားနေသရွေ့ နီရှီမြို့ကို ရောက်လောက်သည်။

တကယ်တမ်းတွင် ထိုမှော်သင်္ဘောသုံးစင်းအတွက် တစ်နာရီ လေးဆယ်ကီလိုမီတာ မြန်နှုန်းအပြည့်ကြောင့် ထိုမျှ ရှည်ကြာစွာ အသုံးပြုနေရန်မလိုပေ။ ၎င်းတို့အ‌နေနှင့် တစ်ပါတ်တာ ခရီးကို ပြုလုပ်နိုင်သည်။

သို့သော် ဤသည်က ၎င်းတို့၏ ပထမဆုံးအကြိမ်ဖြစ်ပြီး ဤသင်္ဘောစုက နီရှီမြို့ထံ ကုန်စည်များ သယ်ဆောင်သွားရုံတင်မကဘဲ လမ်းကြောင်းရှာကာ အနာဂတ်ခရီးများအတွက် အုတ်မြစ်များခင်းရန်လည်းဖြစ်သောကြောင့်ပင်။

ဤခရီးတစ်ခုလုံးတွင် နာဗီလ်မှာ အင်မတန်ဂရုစိုက်နေပြီး ၎င်းတို့၏အမြန်နှုန်းကို တင်းကြပ်စွာ ထိန်းချုပ်ထားသည်။ သူဟာ အနီးဝန်းကျင်ပင်လယ်ဧရိယာ၏ အသေးစိတ်များအားလုံးကို မှတ်တမ်းတင်၍ ရေကြောင်းပြဇယားများကို ဆွဲထားသောကြောင့် တစ်လျှောက်လုံး အတော်နှေးကွေးစွာ ဖြတ်သန်းလာကြသည်။

ဤမျှ နှေးနှေးသွားခြင်းက ပို၍ လုံခြုံသော်လည်း ပြဿနာ အတော်များများကို ယူဆောင်လာသည်။

ပထမပြဿနာမှာ ၎င်းတို့၏ ရိက္ခာများဖြစ်ပါ၏။

နာဗီလ်မှာ Frestech ဆိပ်ကမ်းမှ ထွက်လာချိန်တွင် ၎င်းတို့၏ခရီးအတွက် တစ်လအချိန်သတ်မှတ်ထားပြီး တစ်လတာ ရိက္ခာများကို ပြင်ဆင်ထားပါလျှင်တောင် ဤပင်လယ်ပျော်ခရီး၌ ရှောင်တိမ်းမရနိုင်သည့် မတော်တဆများစွာ ရှိသည်။ ၎င်းက သူတို့အား နာဗီလ် မျှော်လင့်ထားသလို ရိက္ခာသုံးစွဲမှုကို များစွာပိုမို မြန်ဆန်စေသည်။

မှော်သင်္ဘောများထံရှိ လက်ရှိ ရိက္ခာများနှင့် ၎င်းတို့ကို ဆယ်ရက်ပတ်လည်သာ ထောက်ပံ့ပေးနိုင်လိမ့်မည်။

သီအိုရီအရ သင်္ဘောစုကို နီရှီမြို့ထံ ရောက်နိုင်သည်အထိသာ လုံလောက်စေလောက်၏။

သို့သော် နောက်ထပ်မတော်တဆဖြစ်လာလျှင် ပြောရန်ခက်ခဲပါ၏။

အခြားရိက္ခာများကတော့ ပို‌၍ လွယ်ကူသော်ငြား ပင်လယ်ပြင်၌ အရေးအပါဆုံးအရာဖြစ်သော ရေသန့်ကုန်သွားသည်နှင့် ၎င်းတို့မှာ တကယ်ကို မည်သည်မှ တတ်နိုင်တော့မည်မဟုတ်ပေ။

အခြေအနေ၏ လေးနက်မှုကို စဉ်းစားရင်း နာဗီလ်မှာ မထွက်ခွာခင်က ဥက္ကဌပြောခဲ့သည်ကို မစဉ်းစားမိဘဲ မနေနိုင်တော့ပေ။ သူဟာ မှော်ရေသန့်စက်ထုတ်လုပ်ဖို့ စဉ်းစားထားကြောင်း ပြောခဲ့ပါ၏။

၎င်းတို့သာ ထိုအရာကို ထုတ်လုပ်နိုင်ပြီး အနာဂတ်ခရီးများ၌ ယူဆောင်လာနိုင်လျှင် များစွာပိုမို အဆင်ပြေလိမ့်မည်။

သို့သော် ယခုတွင်.... ၎င်းတို့၏လက်ရှိပြဿနာကို ဖြေရှင်းဖို့ လို၏။

နာဗီလ်က ၎င်းတို့ရှေ့ရှိ အကန့်အသတ်မဲ့ပင်လယ်ပြင်ကိုကြည့်ကာ စွင့်ကားတောင်ပံအလယ်ရှိ ကင်းလှည့်စင်ထံ မော့ကြည့်လိုက်သည်။ သူက မှော်ဆက်သွယ်ရေးကိရိယာကို ကောက်ယူကာ ပြောလိုက်၏၊ "မက်ဇ်, ငါ့အတွက် သေချာကြည့်။ ငါတို့နားမှာ ကျွန်းတစ်ကျွန်း,ကျွန်းများရှိရင် ငါ့ကို အချိန်မီပြော။ အဲဒီ့ကျွန်းတွေဆီသွားပြီး ရိက္ခာတွေ ထပ်ယူရမယ်။"

"သိပါပြီ!" မှော်ဆက်သွယ်ရေးကိရိယာထံမှ အင်မတန် ပေါ့ပါးသောအသံတစ်သံထွက်လာပြီးနောက် ပိုတိုးသော အသံဖြင့်ပြောလာလေသည်၊ "ဒါပေမယ့် ကပ္ပတိန် ဒီလောက်မှောင်နေတော့ ဘာမှ မမြင်ရဘူး"

"မပြောနဲ့တော့ ငါကြည့်စေချင်ရင် ကြည့်လိုက်။ ဒီနေ့မှမဟုတ်ဘူး၊ အခုကစပြီး နေ့တိုင်း အာရုံစိုက်ထားရမယ် နားလည်လား?" နာဗီလ်က အလေးအနက်ပြောလိုက်သည်။

"အိုး နားလည်ပါပြီ။ ဒါပေမယ့် ကျွန်တော် တစ်ချိန်လုံးကြည့်နေတာ အဲ့လောက်များတဲ့ကျွန်းတွေမတွေ့ပါဘူး။ ကျွန်တော်ပြောဦးမယ် ကပ္ပတိန် ကျွန်တော်တို့ ရွေးခဲ့တဲ့ လမ်းကြောင်းက ပြဿနာများ ရှိနေတာလား? ကျွန်တော်တို့သာ ကမ်းရိုးတန်းနဲ့နီးကပ်လာရင် ကျွန်းတွေ ပိုတွေ့ရမယ်လို့ ခံစားရတယ်။"

"ပြောဖို့ လိုသေးလို့လား?" နာဗီလ်က ဒေါသတကြီး ငေါက်လိုက်၏။

ဖြစ်နိုင်လျှင် ကမ်းရိုးတမ်းအနီး၌ ပို၍လုံခြုံကာ အထောက်အပံ့များပိုရရန် ပိုမိုလွယ်ကူကြောင်း သူလည်း သိလေသည်။

သို့သော် မှော်သင်္ဘောသုံးစင်းက ကောင်းမွန်လျှင်တောင် ပြဿနာတစ်ခုရှိသေး၏။ ၎င်းတို့က ကြီးမားလှပြီး သံမဏိနှင့်လုပ်ထားသဖြင့် အင်မတန်လေးလံလှကာ ရေထဲ၌ ပိုနစ်လေသည်။

၎င်းတို့သာ ကမ်းရိုးတန်းနှင့် အလွန်‌နီးကပ်သွားပါက ထိုဧရိယာနှင့် ရင်းနှီးနေလျှင် အဆင်ပြေသည်။ သို့သော် မရင်းနှီးပါက ကွယ်ဝှက်နေသော ကျောက်ဆောင်များစွာရှိပြီး ထိုကျောက်ဆောင်များနှင့် တိုးမိပါက ထိုနေရာ၌ တစ်နေလိမ့်မည်။

ထိုသို့သာ တကယ်ဖြစ်ပါလျှင် ဥက္ကဌကို ထပ်ကြည့်ရန် မျက်နှာပင် ရှိတော့မည်မဟုတ်။

ထို့အပြင် ဤသင်္ဘောစု၏ အဓိကတာဝန်မှာ ပင်လယ်လမ်းကြောင်းကို စစ်ဆေးဖို့ဖြစ်သည်။ ထို့ကြောင့် နာဗီလ်မှာ သိပ်မရှင်းလင်းသော လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့၏။

သို့သော် သူရွေးချယ်ခဲ့လမ်း၌ ရိက္ခာလှောင်ထားဖို့အတွက် သင့်တော်သော မည်သည့်ကျွန်းမှမရှိသဖြင့် ၎င်းတို့၏ ရိက္ခာများကို မဖြည့်တင်းနိုင်ပေ။

သူဟာ ဤကိစ္စကို စိတ်ပူသောကြောင့် မက်ဇ်က ထိုအကြောင်း ပါးစပ်ဆော့လာချိန်တွင် ခံစားချက်မကောင်းတော့ချေ။

မက်ဇ်မှာ နာဗီလ်၏ လက်လောက်မှ အဖွဲ့ဝင်ဟောင်းဖြစ်သဖြင့် သူ့အသံမကောင်းသည်ကို ကြားလိုက်ရသည်။

သူဟာ ကုန်းပတ်မှ ခေါင်းထုတ်ကြည့်လိုက်သော် နာဗီလ်မှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်ဖြစ်နေသည်ကို တွေ့ရလေသည်။ သူဟာ ထိုပြဿနာကို စဉ်းစားနေကြောင်းသိသဖြင့် မက်ဇ်လည်း လျှာတစ်လစ်ထုတ်ကာ မည်သည်ကိုမှ မဆိုတော့ဘဲ ပင်လယ်ကို လှည့်ကြည့်လိုက်သည်။

နေက မိုးကုပ်စက်ဝိုင်းထက်၌ လမ်းတစ်ဝက်ရောက်နေပြီး အရှေ့ဘက်ရှိ ပင်လယ်က မှိန်ဖျော့နေသေး၏။ မက်ဇ်၏ မျက်လုံးများကောင်းပြီး တယ်လီစကုပ်သုံးရလျှင်တောင် မည်သည်ကိုမှ မြင်နိုင်မည်မဟုတ်ပေ။

ဘေးဘီကိုကြည့်ရင်း မက်ဇ်မှာ တစ်စုံတရာကို ရေရွတ်လိုက်သည်။ တယ်လီစကုပ်ကို ချကာ နားတော့မည်အပြု၌ အနက်ရောင်အစက်များမှ တစ်စုက အဝေး၌ ပေါ်လာကာ အမြန်ချဉ်းကပ်လာနေသည်ကို တွေ့ရလေသည်။

မက်ဇ်လည်း အံ့ဩနေပြီးနောက် အမြန် တုံ့ပြန်လိုက်တော့သည်။ သူဟာ ထခုန်ကာ ကုန်းပတ်၌ အသံကျယ်ကျယ်ဖြင့် အော်လေ၏။

"ပင်လယ်ဓားပြတွေ!"

ထိုအော်သံစူးစူးက ကုန်းပတ်ပေါ်ရှိ လူတိုင်းထံ ပျံ့နှံ့သွားရာ အားလုံး တမုဟုတ်ချင်း အံ့ဩသွား‌ကြလေသည်။

ပင်လယ်ဓားပြတွေ၊ ထိုသည်မှာ ပင်လယ်ပြင်၌ နှစ်များစွာ ကုန်ဆုံးခဲ့ရသောလူများအတွက် မရင်းနှီးသည့် စကားလုံးမဟုတ်ပေ။

သို့သော် ၎င်းတို့မှာ ဤလမ်းကြောင်း၌ ဆယ်ရက်ကျော်ကြာ နေခဲ့ရပြီး ဤလမ်းကြောင်းက ပင်လယ်အနက်ပိုင်းမှာ ရှိသောကြောင့် အင်မတန် ငြိမ်းချမ်းနေခဲ့ရာ ပင်လယ်ဓားပြများအကြောင်း မေ့လုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

၎င်းတို့အနေနှင့် ရူဒ်ဆန်တိုင်းပြည် ပင်လယ်ဧရိယာထဲဝင်ကာ ပန်းတိုင်နှင့် သိပ်မဝေးတော့ချိန်တွင် ပင်လယ်ဓားပြများနှင့် ကြုံကြိုက်မည်ဟု ထင်မထားခဲ့ပေ။

မက်ဇ်၏ အော်သံကိုကြားသော် နာဗီလ် ရပ်တန့်သွားသည်။ သူဟာ အလျင် ကင်းထောက်စင်သို့ လှည့်လာပြီးနောက်ကြည့်လိုက်သော်လည်း အမှောင်ထဲ၌ မည်သည်ကိုမှ မတွေ့ရချေ။

တစ်ခဏတာ ငေးကြည့်ပြီးနောက် နာဗီလ်၏ မျက်နှာထက်တွင် မည်သည့်ကြောက်ရွံ့မှုမှရှိမနေဘဲ ပျော်ရွှင်မှုဖြင့် ပြည့်သွားသည်။

"ပင်လယ်ဓားပြတွေလား? ဟားဟား ကောင်းတယ်ကွာ!"

All Chapters