← Chapters

သားအမိမြစ်နှင့် အမွှာကြာပန်း

Vol. 18 Ch. 256

သားအမိမြစ်နှင့် အမွှာကြာပန်း

Vol. 18 Ch. 256

"ငါအမြင်ဆုံးဩဇာကို ရခဲ့တုန်းက ဂြိုလ်တစ်ခုလုံး ငါ့အုပ်ချုပ်မှုအောက်မှာရှိတယ်။ ဒီဂြိုလ်ကို ငါ့စိတ်ကြိုက် ထိန်းချုပ်နိင်တယ်။ လောကကြီးအတွက် အကျိုးကျေးဇူးတွေ ယူဆောင်ပေးနိုင်တယ်။

ဒီအမွှာကြာပန်းလည်း ငါစိုက်ပျိုးခဲ့တဲ့ မျိုးစိတ်အသစ်တစ်ခုပဲ"

"အဲလိုလား"

နတ်မယ်က လုယန်သိစိတ်နယ်မြေတွင် မရပ်မနား ပြောနေသည်။ အစက သူ့စကားများကို လုယန်အရေးမစိုက်။ ဆူညံသံတစ်ခုလိုသာ သဘောထားခဲ့သည်။ သို့သော်ယခု သူစိတ်ဝင်စားလာသည်။

ထူးခြားသည့်ရတနာများသည် ရှေးဟောင်းခေတ်ကတည်းက မပြောင်းမလဲ အမြဲတည်ရှိခဲ့ခြင်းဖြစ်မည်ဟု လုယန်အမြဲထင်ခဲ့သည်။ ဥပမာ တွေ့ရများသည့် ဂျင်ဆင်းလို၊ လင်ဇီးမှိုလို ဆေးဘက်ဝင်မျိုးစိတ်များနှင့် ဂန္ဓမာပန်းလို လမ်းဘေးမျက်များပင် ခေတ်အဆက်ဆက်လူ့သမိုင်းတွင် မှတ်တမ်းရှိခဲ့သည်။

သဘာဝရတနာဟုခေါ်သဖြင့် သဘာဝအတိုင်း ဖြစ်ပေါ်နေရမည်သာဖြစ်သည်။

နောက်ပိုင်းမျိုးဆက်များတွင် စွမ်းအားရှင်တစ်ယောက် ရတနာတစ်မျိုးဖန်တီးခဲ့သည်ဟု သူမကြားဖူး။

ယခု ကြားဖူးပြီဖြစ်သည်။

"ထပ်ပြောပြပါဦး။ နောက်ခံဇာတ်လမ်းက ဘယ်လိုလဲ"

စိတ်အားထက်သန်စွာ သူမေးလိုက်သည်။

သူ့သဘောထားကြောင့် နတ်မယ် ဝင့်ကြွားစွာပြုံးလိုက်သည်။ မသေမျိုးတစ်ယောက်ကို ထိုသို့ပင် ဆက်ဆံသင့်သည်။

"ဒီအကြောင်းပြောရရင် ငါ့စွမ်းရည်တွေကို အရင်ပြောမှဖြစ်မယ်။

ငါမသေမျိုးဖြစ်ပြီးမှ ဒီကိစ္စဖြစ်လာတာပါ။ နင်သိလား၊ ငါက ရှေးဟောင်းခေတ်မှာ အရမ်းနာမည်ကျော်တယ်။ ငါ့ကို ရှိခိုးပူဇော်ချင်တဲ့ဘူတွေ အများကြီးရှိတယ်။

ငါ့ကိုကိုးကွယ်တဲ့ မိန်းကလေးကျင့်ကြံသူတစ်ယောက်က ငါ့ဆီလာပြီးတောင်းဆိုတယ်။ သူက ကလေးအမွှာလိုချင်တာ။ ဒါပေယ့် ဒီကိစ္စက လူသားတစ်ယောက်စွမ်းဆောင််နိုင်စွမ်းထက် ကျော်နေတယ်။ ဒီတော့ သူငါ့ဆီလာတယ်။

ငါစည်းစားကြည့်တယ်။ သူ့ဆန္ဒကို ဖြည့်ဆည်းပေးတာ ဘာပြဿနာမှမဖြစ်နိုင်ဘူးလို့တွေပြီ အလုပ်စလုပ်တယ်"

ဆန္ဒတိုင်းကို ဖြည့်ဆည်းပေးမည်မဟုတ်သည့် ဉာဏ်ရည်မြင့်မားသည့် မသေမျိုးတစ်ယောက်အသွင်ဖြင့် သူပြောသည်။

"အစက သူအမွှာမွေးဖို့ ဆေးတစ်လုံးဖော်စပ်ပေးလိုက်ဖို့ပါပဲ။ ဒါပေမယ့် ကိုးဆမသေမျိုး တစ်ခါကပြောဖူးတာကို ပြန်သတိရလာတယ်။ လူတစ်ယောက် ဆုတောင်းပြည့်ရင် နောက်ထပ်လူဆယ်ယောက် လာဆုဆောင်းကြမယ်တဲ့။

ကလေးမွေးချင်တယ်ဆိုတာ အမြဲဖြစ်နေမယ့်ဆန္ဒပဲ။ အမွှာလိုချင်တာ တစ်ယောက်တည်းတော့ မဖြစ်နိုင်ဘူး။

ဆေးလုံးဖော်ပေးလိုက်ရင်တောင် တစ်ခြားလူတွေ ဒီလိုထပ်ပြီးတောင်းဆိုလာရင် ငါဘယ်လိုလုပ်မလဲ။ ဆေးလုံးတွေ အဆက်မပြတ်လုပ်ပေးနေရရင် အတောဒုက္ခများမှာ။

တစ်ခါတည်းနဲ့ အပြီးဖြေရှင်းနိုင်မယ့်နည်းလမ်းကို ငါစဉ်းစားတယ်။ မိုးမြေဝိညာဉ်ကို ငှားသုံးပြီး တာအိုသဘာဝနဲ့ ကိုက်ညီအောင် တစ်ချို့စည်းမျဉ်းတွေကို ပြောင်းလဲတယ်။ နင်အခုနားမလည်နိုင်သေးတဲ့ နည်းလမ်းမျိုးစုံသုံးပြီး မြစ်တစ်ခုကို မသေမျိုးရတနာအဖြစ် ငါအသွင်ပြောင်းလိုက်တယ်။

ဒီမြစ်ရေကိုသောက်တဲ့လူမှန်သမျှ ကလေးအမွှာ သန္ဓေဆောင်နိုင်မယ်။

ဒီမဖြစ်ကို အမွှာကြာပန်းမြစ်လို့ ငါနာမည်ပေးခဲ့တယ်"

လုယန် ခဏအသံတိပ်နေပြီးနောက် ပြန်မေးသည်။

"အဲဒီ့နောက်ပိုင်း တစ်ခြားစိတ်ကူးမျိုး ရုတ်တရက်ပေါ်လာပြီး "သားအမိမြစ်"လို့ခေါ်တဲ့ နောက်ထပ်မြစ်တစ်စင်းတော့ ခင်ဗျားမဖန်တီးခဲ့ဘူးမဟုတ်လား။ အဲဒီ့မြစ်ရေသောက်တဲ့ မိန်းမတိုင်း ကိုယ်ဝန်ဆောင်ပြီး မိန်းကလေးတွေမွေးတဲ့မြစ်ဆိုတာလေ"

"ဟင့်အင်း၊ အဲလိုမဟုတ်ဘူး..."

လုယန် စိတ်သက်သာရာရသွားသည်။

"ငါက အမွှာကြာမြစ်မတိုင်ခင် သားအမိမြစ်ကို အရင်ဖန်တီးခဲ့တာ။ သားအမိမြစ်အကြောင်း နင်ဘယ်လိုသိနေတာလဲ။ ရှေးကျမ်းစာထဲမှာ မှတ်တမ်းတင်ထားလို့လား"

နတ်မယ် စိတ်ဝင်စားသွားသည်။

"ငါအိပ်မက်မက်ခဲ့တာလို့ပဲ မှတ်လိုက်ပါ"

(**သားအမိမြစ်သည် 'အနောက်သို့ခရီးသွားခြင်း" (စွန်းဝူခုန်း)ဇာတ်လမ်းထဲမှ မြစ်တစ်ခုဖြစ်သည်)

ထာဝရနတ်မယ် ထိုကိစ္စ သိပ်မတွေးတော့ဘဲ ဆက်ပြောသည်။

"မြစ်ထဲမှာနေတဲ့ သတ္တဝါတွေက မြစ်အာနိသင်လွှမ်းမိုးမှုခံရတယ်။ ဝိညာဉ်သန္ဓေပြောင်းသွားတယ်။ တိုးတက်လာတယ်လို့လဲ ပြောလို့ရပါတယ်။

အထူးခြားဆုံးက ကြာပင်ပေါ့။ အရင်က ရိုးတံတစ်ခုမှာ ကြာတစ်ပွင့်ပဲ။ အမွှာကြာမြစ်ကို သန့်စင်ပြီးတော့ ကြာပန်းတွေက အမွှာဖြစ်လာတယ်။

ငါလည်း ဒီကြာပန်းကို စိတ်ဝင်စားလို့ နာမည်‌ပေးလိုက်တယ်"

"အမွှာကြာပန်းလား"

"အမွှာညီအမကြာပန်းပါ။

"..."

"ယင်ထန်မသေမျိုးက ဒီအကြောင်းသိသွားတော့ နာမည်ပြောင်းကိုပြောင်းဖို့ အကြံပေးတယ်။ "အမွှာညီအမကြာပန်း"ဆိုတာ မသေမျိုးတစ်ယောက်ရဲ့ ဖန်တီးမှုအရောင်အဝါမျိုး မရှိတော့ဘူးတဲ့။ ဒါကြောင့် အမွှာကြာပန်းလို့ပဲ နာမည်ပေးပါလို့ပြောတယ်။

ငါလည်း ဒီနာမည်ကောင်းတယ်ထင်လို့ လက်ခံလိုက်တယ်။

အမွှာကြာပန်းရဲ့ ကြာစေ့တွေက အရသာသိပ်ကောင်းတယ်။ ယင်ထန်တို့အတွက် မကြာခဏ ငါစွပ်ပြုတ်လုပ်ပေးတယ်"

ကြာစေ့သည် သားသမီးမွေးဖွားနှုန်းကောင်းစေသည်ဟု သူပြောခဲ့သည်မှာ စကားလုံးသက်သက်မဟုတ်။ တကယ်ဖြစ်နိုင်ခြေရှိသည်။

"ရှေးဟောင်းခေတ်အဆုံးသတ်သွားတဲ့အချိန် သားအမိမြစ်နဲ့ အမွှာကြာမြစ် ဘယ်ကိုရောက်သွားလဲ ငါမသိတော့ဘူး။ တစ်ခြားမသေမျိုးရတနာအဖြစ် သန့်စင်ခံလိုက်ရပြီလား၊ ဒါမှမဟုတ် တစ်ခြားတစ်ယောက်က ဝှက်ထားလိုက်ပြီလားပဲ။ ငါမသိတော့ဘူး"

အမွှာကြာပန်းသည် ပထမအဆင့်သန္ဓေတည်ဆောက်ရာတွင် ကူညီပေးနိုင်သည့် ရတနာဖြစ်သည်။ သဘာဝအလျောက် ပေါ်လာသည်ဟု အမြဲယူဆခဲ့ကြသည်။ မသေမျိုးတစ်ယောက်ဖန်တီးထားသည့်အရာဟု ဘယ်သူမှမတွေးခဲ့ဖူး။ ထိုကြာပန်း၏မူလအသုံးကလည်း သန္ဓေတည်ဆောက်ဖို့မဟုတ်။ စွပ်ပြုတ်လုပ်ဖို့ဖြစ်နေသည်။

"အမွှာကြာနဲ့ သန္ဓေတည်ဆောက်တာက ဘာမှထူးထူးခြားခြားမဟုတ်ပါဘူး။ နင်ငါနဲ့သာနေပါ။ ပြိုင်ဘက်ကင်းသန္ဓေ ဘယ်လိုတည်ဆောက်ရမလဲဆိုတာ ငါနင့်ကိုသင်ပေးမယ်"

နတ်မယ်က အမွှာကြာနှင့် သန္ဓေတည်ဆောက်သည်ကို အထင်ကြီးဟန်မတူ။ ထိုနည်းလမ်းဖြင်ရလာသည့်သန္ဓေများသည် သူသင်ပြပေးမည့်သန္ဓေထက် များစွာပိုညံ့သည်ဟု ယုံကြည်သည်။

ပထမဆင့်သန္ဓေများကြားမှာပင် အရည်အသွေးကွဲပြားမှုအမျိုးမျိုးရှိသည်။

လုယန် မျက်ခွံလှန်ကြည့်၍ နတ်မယ်ကို လျစ်လျူရှုလိုက်သည်။ ကြာပန်းခွဲဝေဖို့သာ ပြန်အာရုံစိုက်သည်။

"အမွှာကြာပန်းက သန္ဓေတည်ဆောက်ဖို့အတွက် ရည်ရွယ်တာဆိုတော့ ငါတို့လေးယောက် ဒါကို အတူတူစောင့်ကြည့်ကြမလား။ သန္ဓေတည်ဆောက်ဖို့ အတွေးအမြင်ရတဲ့လူ ကြာပန်းကိုယူပေါ့။ ဘယ်လိုသဘောရလဲ"

မုန်ကျင်းကျိုးက အကြံပြုသည်။

ကျန်သုံးယောက်လည်း သဘောတူသည်။ မုန်ကျင်းကျိုး ပန်းအိုးတစ်လုံးရှာပြီး ကြာပန်းကို အိုးထဲထည့်လိုက်သည်။ လေးယောက်လုံးဝိုင်းထိုင်၍ အမွှာကြာပန်းကို စိုက်ကြည့်နေကြသည်။

ထိုမြင်ကွင်းက အတော်ထူးဆန်းနေသည်။ နတ်ဆိုးဂိုဏ်းတစ်ခုမှ လျှို့ဝှက်ဆုတောင်းပူဇော်ပွဲမျိုးနှင့် တူနေသည်။

သူတို့အားလုံး တရားဝင်လမ်းမှန်ဂိုဏ်းဖြစ်သည် တာအိုလမ်းစဉ်ဂိုဏ်းတပည့်များဖြစ်၍သာ ကံကောင်းသည်။ ဘယ်သူမှ သံသယဝင်ကြမည်မဟုတ်။

လုယန် အာရုံအပြည့်စိုက်၍ ကြာပန်းကိုကြည့်သည်။ ဆရာတူအကိုနှစ်လို့ အလွန်တရာစွမ်းအားကြိးသည့် ယင်ယန်သန္ဓေတစ်ခု တည်ဆောက်ရန် မျှော်လင့်ထားသည်။

မုန်ကျင်းကျိုးက ကြာပန်းပုံစံကို စိတ်ထဲစွဲသွားအောင်ကြည့်သည်။ အချိန်ကြာလာသည်နှင့်အမျှ အမွှာကြာပန်းက ဓာတ်သတ္တိများ ပြောင်းပြန်ပြောင်းလဲနိုင်သည့် အာနိသင်ပေါ်လာမည်။ ထိုအခွင့်အရေးကို အသုံးချ၍ ယင်နှင်ယန်ကို ပြောင်းပြန်လုပ်မည်။ တစ်ကိုယ်တော်ဝိညာဉ်မြစ်ကို ဟာရမ်ဝိညာဉ်မြစ်အဖြစ် သူပြောင်းပစ်ချင်သည်။

ထောင်ယော်ယြ့က သူ့ပုံရိပ်ယောင်များထဲမှ ယင်ယန်အပြောင်းအလဲကို တိုးမြှင့်ချင်သည်။ ပို၍ထူးခြားဆန်းကြယ်အောင် လုပ်ချင်သည်။ အမွှာကြာမျှ အတွေးအမြင်များ သူ့ပုံရိပ်ယောင်ထဲ ပေါင်းစပ်နိုင်လျှင် အားလုံးပြည့်စုံသွားမည်။

အရိုးရိုင်းက ကြာပန်းများနှင့်ပတ်သက်သည့် ကဗျာစာသားများကို စဉ်းစားနေသည်။

"နွံဖြင့် မညစ်ညမ်းသော၊ ရေကြည်ဖြင့်သန့်စင်သော"

"အဆုံးစမဲ့ရွက်စိမ်းများ၊ အတုမဲ့အနီရောင်ပန်းပွင့်များ နေရောင်ဖြင့်အလင်းဖြာနေသည်"

မကြာမီ အဓိကအချက်တစ်ချက် အရိုးရိုင်းစဉ်းစားသည်။

"ဒီကြာပန်းကို စားလို့ရလား။ ကင်လို့ရလား"

သူတို့လေးယောက် နှစ်ရက်လုံးလုံး ထိုအတိုင်းထိုင်နေကြသည်။

ကြာပန်းကိုစိုက်ကြည့်ရလွန်းသဖြင့် လုယန်မျက်လုံးများ ကျိန်းစပ်လာသည်။ ယွမ်ကျိပေးလိုက်သည် မျက်စဉ်းကို သုံးလိုက်မှ အတော်နေသာထိုင်သာရှိသွားသည်။

"မင်းတို့ အမြင်တစ်ခုခုရပြီလား"

ကျန်သုံးယောက် ခေါင်းခါသည်။ သူတို့လည်း ဘာထိုးထွင်းအမြင်မှ ရကြပုံမပေါ်။

သူတို့သန္ဓေတည်ဆောက်နိုင်ခွင့်သည် အမွှာကြာနှင့် ဆက်နွယ်မှုမရှိကြောင်း ထင်ရှားသွားသည်။ အတင်းကြိုးစားလျှင်လည်း အလုပ်မဖြစ်နိုင်။

"ဒါကို ဒီအတိုင်းတော့ စွန့်ပစ်လိုက်လို့မဖြစ်ဘူး။ ငါတို့ ကြိုးကြိုးစားစားနဲ့ ရအောင်ယူထားရတာ။ ရွှေစီးပွားဆိုင်ကို သွားရောင်းပြီး ဝိညာဉ်ကျောက်ကို ခွဲယူကြမယ်လေ"

ထောင်ယော်ယဲ့က အကြံပြုသည်။

"အဲဒါအဆင်ပြေတယ်"

မုန်ကျင်းကျိုးနှင့် အရိုးရိုင်းလည်း သဘောတူသည်။

လုယန်က လက်မြှောက်၍ တစ်ခြားတစ်ခုတောင်းဆိုသည်။

"ကြာစေ့တွေကို ငါလိုချင်တယ်။ ဝိညာဉ်ကျောက်တွေမယူတော့ဘူး။ အဆင်ပြေလား"

နတ်မယ်က ကြာစေ့ကိုလိုချင်၍ သူ့သိစိတ်နယ်မြေတွင် သောင်းကျန်းနေသောကြောင့်ဖြစ်သည်။

ထိုမသေမျိုး စိတ်ကျေနပ်စေရန် ကြာစေ့များကိုယူဖို့ လုယန်ဆုံးဖြတ်လိုက်ရသည်။

All Chapters