← Chapters

နတ်ဆိုးတောင်ကြားမှ တန်ဖိုးကြီးပစ္စည်းများ

Vol. 18 Ch. 257

နတ်ဆိုးတောင်ကြားမှ တန်ဖိုးကြီးပစ္စည်းများ

Vol. 18 Ch. 257

လုယန်၏တောင်းဆိုချက်ကို တစ်ခြားသုံးယောက် ချက်ချင်းလက်ခံကြသည်။ အရေးကြီးဆုံးအစိတ်အပိုင်းက ကြာပွင့်သာဖြစ်သည်။ ကြာစေ့များက သိပ်အဖိုးမတန်လှ။

ထိုကြာစေ့များ ပြန်စိုက်လျှင်လည်း အမွှာကြာပန်းဖြစ်မလာနိုင်။ အမွှာကြာပန်းဖြစ်စဉ်က ပုံသေမရှိ။ ပုံမှန်ကြာပင်တစ်ပင်သည်လည်း တစ်ချို့အခြေအနေကြောင့် အမွှာကြာပန်းဖြစ်လာနိုင်သည်။

နတ်မယ်ပြောစကားအရ ကြာပင်အားလုံးတွင် 'အမွှာမြစ်များ'ပုန်းကွယ်နေသည်ဟုဆိုသည်။ ထိုအမွှာမြစ်များကို အသက်သွင်းနိုင်ဖို့သာ အဓိကကျသည်။

"ဒါဆို ဒီလိုပဲ ဆုံးဖြတ်ကြမယ်။ အကိုလုက ကြာစေ့ကိုယူ။ ကျွန်မတို့သုံးယောက်က ကြာပွင့်ကိုရောင်းပြီး ဝိညာဉ်ကျောက်တွေ ညီတူညီမျှခွဲဝေယူမယ်"

ထောင်ယော်ယဲ့က ကြာစေ့ရှစ်စေ့ထုတ်ပြီး လုယန်ကို ပေးသည်။

ကြားစေ့များက ထူးခြားသည့်ရနံ့မျိုး ရှိသည်။ လုယန် နမ်းကြည့်သည်။ အနံ့က နှစ်လိုဖွယ်ကောင်းသည်။

....

ရွှေစီးပွားနယ်မြေအသင်းဆိုင်၏ တာဝန်ခံက ဖောက်သည်များကို ပုံမှန်အတိုင်း ကြိုဆိုနှုတ်ဆက်နေသည်။ ဝတ်ရုံနက်ခေါင်းစွပ်နှင့်လူသုံးယောက် ဝင်လာသည်ကိုမြင်သဖြင့် သူသံသယဖြစ်သွားသည်။

"ကျုပ်ပါ"

ဝတ်ရုံနက်တစ်ယောက်က လေသံခပ်အုပ်အုပ်ပြောသ်။

"မုန်သခင်လေးလား

သူ့အသံကို ဆိုင်တာဝန်ခံ ချက်ချင်းမှတ်မိသည်။ အတူပါလာသူများကလည်း တာအိုလမး်စဉ်ဂိုဏ်းတပည့်များသာ ဖြစ်ရမယ်"

သို့သော် တတိယမြောက် ဝတ်ရုံနက်လူက ဘယ်သူလဲ။

ထောင်ယောက်ယဲ့ ဝတ်ရုံနက်သုံးယောက်နောက်တွင် စိတ်ပျက်လက်ပျက်ရပ်နေသည်။

ထိုသုံးယောက်၏မျက်နှာကို နတ်ဆိုးချုပ်တောင်ကြားမှ အခြေတည်အဆင့်စွမ်းအားရှင်အားလုံး မှတ်မိထားသည်။ မြင်သည်နှင့် အမဲလိုက်ခံရမည်။

ထို့ကြောင့် မျက်နှာကိုဖုံးအုပ်ထားကြရသည်။

ထောင်ယော်ယဲ့သည် တောနက်ထဲတွင် ထိုလူများကို နောက်‌ကျောသာပြခဲ့သည်။ ထို့ကြောင့် ဘယ်သူမှမမှတ်မိနိုင်သဖြင့် လွတ်လပ်စွာ လျှောက်သွားနိုင်သည်။

ဆိုင်တာဝန်ခံက သူတို့ဘာကြောင့်ရုပ်ဖျက်ထားလဲ မေးခွန်းမထုတ်။ ထိုကိစ္စသည် သူတို့အရောင်းအဝယ်ကို မထိခိုက်။

လေးယောက်လုံးကို ဧည့်ခန်းထဲသို့ ခေါ်သွားသည်။ မုန်ကျင်းကျိုး အမွှာကြာပန်းကို ဆွဲထုတ်လိုက်ချိန်တွင် သူ့မျက်လုံးများ အရောင်လက်လာသည်။ အများပြောနေကြသည့် အမွှာကြာပန်းက မုန်ကျင်းကျိုဆီတွင် ရှိနေမ်ညဟု သူထင်မထားခဲ့။

"ကျုပ်တို့ ဒါကိုရောင်းချင်တယ်။ ဝိညာဉ်ကျောက် ဘယ်လောက်ရမလဲ"

"လေးသောင်းပါ"

မုန်ကျင်ကျိုး မျက်မှောင်ကျုံ့သွားသည်။ နည်းလွန်းသည်ဟု ယူဆသည်။ ဖီးနစ်သွေးကျောက်တစ်လုံးအတွက် ဝိညာဉ်ကျောက်ငါးသိန်းပေးခဲ့ဖူးသည်။

ထောင်ယော်ယဲ့က ခေါင်ငြိမ့်သည်။ ဈေးသင့်သည်ဟု ယူဆသည်။ မုန်ကျင်းကျိုး ဈေးနည်းသည်ဟု တွေးသည်မှာ သူကချမ်းသာလွန်းပြီး ဝိညာည်ကျောက်တန်ဖိုးကို သေချာနားမလည်သောကြောင့်ဖြစ်သည်။

"သခင်လေးမုန် ဒီဈေးကိုး နည်းတယ်လို့ယူဆရင် မကြာခင် ကျုပ်တို့ဆိုင်က အခြေတည်အဆင့်တွေအတွက် အဓိကထားပြီ လေလံပွဲတစ်ခု လုပ်စရာရှိပါတယ်။ အမွှာကြာကို လေလံတင်ရောင်းကြည့်ရင် အဆင်ပြေမှာပါ။ ဘယ်လိုသဘောရလဲ"

မုန်ကျင်းကျိုး ခဏစဉ်းစားသည်။

"ကောင်းပြီလေ၊ လေလံတင်မယ်"

သူလေလံပွဲမသွားဖြစ်သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။

နောက်တစ်ရက်တွင် အဝင်လက်မှတ်ကိုယ်စီဖြင့် လေလံပွဲသို့ သူတို့လေးယောက် ရောက်လာသည်။

အမွှာကြာပန်းကို လေလံပစ်မည်ဟုလည်း ရွှေစီးပွားအသင်းက ကြေညာထားသည်။ ထို့ကြောင့် အခြေတည်သန္ဓေထိပ်တန်းအဆင့်နှင့် ရွှေသန္ဓေအကြိုအဆင့်များစွာ စိတ်ဝင်စားကြသည်။ ဘေးပတ်လည်ကို လှည့်ကြည့်ချိန်တွင် ရင်းနှီးနေသည့်မျက်နှာများစွာ မြင်ရသည်။

လေလံပွဲကို ရှောင်ယွဲ့ဟူသည့် ရှားပါးအလှပိုင်ရှင် မိန်းကလေးတစ်ယောက်က တင်ဆက်သည်။ ဆွဲဆောင်မှုရှိသည့် သူ့ခန္ဓာကောက်ကြောင်းက လူအများ၏အာရုံကို ထိန်းချုပ်ထားနိုင်သည်။

သေမင်းနှုတ်ခမ်းဝတွင် လမ်းလျှောက်နေကြသည့် နတ်ဆိုးချုပ်တောင်ကြားမှ ကျင့်ကြံသူများအတွက် ထိုပွဲက အတော်မနောခွေ့စရာဖြစ်နေသည်။

မိတ်ဆက်စကားပြောပြီးနောက် ရှောင်ယွဲ့က ပထမဆုံးလေလံပစ္စည်းကို စတင်ကြေညာသည်။

"ပထမဆုံးပစ္စည်းက သာမန်မဟုတ်ပါဘူး။ နတ်ဆိုးချုပ်တောင်ကြားက လေလံပွဲသမိုင်းတလျှောက်မှာ ထူးခြားတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်။ စတွေ့တဲ့အချိန်က ကျွန်မတောင် မင်သက်မိသွားပါတယ်"

အနီရောင်အဝတ်စကို ဖယ်ရှားလိုက်သည်။ ပထမလေလံပစ္စည်းပေါ်လာသည် ဆံပင်တုတစ်ခုဖြစ်သည်။

"ဒီဆံပင်တုကို သခင်ကွမ်က သုံးရက်သုံးညကြာအောင် သေချာသွန်းလုပ်ထားတာဖြစ်ပါတယ်။ ဆံပင်ပုံကိုလည်း လိုသလိုပြောင်းလဲနိုင်တယ်။ ဆံပင်ပေါက်နှုန်းကိုလည်း မြန်ဆန်စေပါတယ်။ တစ်နည်းပြောရရင် ရက်ပိုင်းအတွင်း ဆံပင်ပြန်ပေါက်စေနိုင်တဲ့ မှော်ရတနာတစ်ခုပါ။

ပြီးတော့ ဒီပစ္စည်းက တိုက်ခိုက်တဲ့အခါ ခုခံနိုင်တဲ့ဂုဏ်သတ္တိတစ်ချို့လည်း ပါဝင်ပါတယ်"

ပထမလေလံပစ္စည်းကြောင့် ပရိတ်သတ်၏မျက်လုံးများ ချက်ချင်းအရောင်လက်သွားသည်။

အားလုံးက လုယန်ကြောင့် ခေါင်းတုံးဘဝရောက်သွားသူများဖြစ်သည်။ ယခုအချိန် သူတို့အလိုအပ်ဆုံးက ဆံပင်တုဖြစ်သည်။

တကယ့်ပစ္စည်းကောင်းတစ်ခုဖြစ်သည်။

နတ်ဆိုးချုပ်တောင်ကြားတွင် ဆံပင်တုများ၏ဈေးနှုန်းက ထူးထူးခြားခြား တဟုန်ထိုးမြင့်တက်နေသည်။ ထိုဆံပင်တုများက သာမန်ပစ္စည်းများသာဖြစ်သည်။ ယခုလေလံပစ္စည်းနှင့် နှိုင်းယှဉ်၍မရ။

သာမန်ဆံပင်တုအတွက် ငွေကုန်ခံမည့်အစား ငွေနည်းနည်းပိုပေး၍ ပစ္စည်းကောင်းကို ရအောင်ဝယ်သည်က ပိုကောင်းသည်။

လုယန်နှင့် မုန်ကျင်းကျိုးတို့က အမူအရာပြောင်းလဲခြင်းမရှိ။ သူတို့ခေါင်းတုံးဖြစ်ခဲ့သည်က တစ်ခြားလများထက်ပိုစောသည်။ ယခု ဆံပင်သစ်များပေါက်နေပြီဖြစ်သည်။ ခေါင်းတုံးမဟုတ်တော့။

ထို့ပြင် ဤဆံပင်တုလက်ရာ လီဟော်ရန်၏လက်ရာထက် များစွာညံ့ဖျင်းသည်။

"ကြမ်းခင်းဈေး၊ ဝိညာဉ်ကျောက်ငါးသောင်းပါ"

"ငါးသာင်း"

"ခြောက်သောင်း"

"ရှစ်သောင်း"

"တစ်သိန်း"

ဆံပင်တုဈေးနှုန်း တစ်သိန်းအထိ မြင့်တက်သွားသည်။ တစ်ခါမှမကြုံဖူးသည့် ဈေးနှုန်းဖြစ်သည်။

တစ်သိန်းဆိုသည်မှာ အမြင့်ဆုံးအနေအထားဖြစ်သည်။

ထိုစဉ် နောက်ထပ်စကားသံတစ်ခုပေါ်လာသည်။

"တစ်သိန်းခွဲ"

အသံရှင်ကို အားလုံး လှည့်ကြည့်ကြသည်။ လုယန်၏အရဟတ်လက်သီးချက် ပထမဆုံးခံခဲ့ရသည့် တုန်ဟွမ်ချမ်းဖြစ်သည်။

ရွှေသန္ဓေအကြိုအဆင့်ဖြစ်၍ သူငွေလျှံသည်။ ဆံပင်ပုံပြောင်းဖို့ ဝိညာဉ်ကျောက်တစ်သိန်းခွဲနှင့် သူလဲနိုင်သည်။

"ဒုတိယလေလံပစ္စည်းကတော့ တာအိုလမ်းစဉ်ဂိုဏ်းက ဆေးပညာရှင်သခင်ဝူမိန်ရဲ့ ဆေးပုလင်းဖြစ်ပါတယ်"

"အကိုဝူလား"

ရင်းနှီးနေသည်နာမည်ကြောင့် လုယန် အံ့အားသင့်သွားသည်။ အကိုဝူကို သူကောင်းကောင်းသိသည်။ ကျွဲဆယ်ကောင်အားဆေးသည် အကိုဝူ၏ဖန်တီးချက်ဖြစ်သည်။

အကိုဝူသည် ဆေးပညာရော အဆိပ်ပညာပါ ကျွမ်းကျင်သူဖြစ်သည်။

ပရိတ်သတ်မျာလည်း စိတ်လှုပ်ရှားမှုကြောင့် လှုပ်လှုပ်ရွရွဖြစ်လာသည်။

"တာအိုလမ်းစဉ်ဂိုဏ်းက ပစ္စည်းတဲ့လား"

"မသေမျိုးငါးဂိုဏ်းက ပစ္စည်းတွေဟာ တွေ့ရခဲတယ်။ ထူးခြားတဲ့ဆေးလုံးမျိုးပဲ ဖြစ်ရမယ်"

"ဘာဆေးလုံးတွေပါလိမ့်"

"မသေမျိုးငါးဂိုဏ်းက ပစ္စည်းတွေ လေလံပွဲမှာပေါ်မလာတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ ပြီးခဲ့တစ်ခေါက်က‌ တာအိုလမ်းစဉ်ဂိုဏ်းက လေလံပစ္စည်းဟာ ဓာတ်ငါးမျိုးဂိုဏ်းထက်တောင် ပိုပြီးစွမ်းအားကြီးတယ်။ ဒါလည်း ထူးခြားတဲ့ပစ္စည်းပဲဖြစ်မယ်"

အပြင်လောက အဆင့်နိမ့်ကျင့်ကြံသူများသည် တာအိုလမ်းစဉ်ဂိုဏ်းအကြောင်း သိပ်မသိကြမှန်း ထင်ရှားနေသည်။

ရှောင်ယွဲ့က အညိုရောင်ဈေးလုံးများပါသည့် ကျောက်စိမ်းပုလင်းတစ်လုံး ထုတ်ပြသည်။ ဆေးစွမ်းအင်ရောင်သုံးခု လှည့်ပတ်နေသည်။ မွှေးပျံ့သည့်ရနံ့တစ်မျိုးထွက်နေသည်။ သာမန်ဆေးလုံးများမဟုတ်မှန်း သိသာနေသည်။

"ဒါက ဥပုသ်ဆေးတွေပဲ"

ပရိတ်သတ်ကြီး စိတ်ပျက်လက်ပျက်ညည်းညူကြသည်။

တာအိုလမ်းစဉ်ဂိုဏ်း စွမ်းအားကြီးချင်ကြီးမည်။ သို့သော် ဘာထူးမည်နည်း။ အနံ့ပြောင်းလဲထားသည့် ဥပုသ်ဆေးများသည် ဘာမှမထူးခြားနိုင်။

ရှောင်ယွဲ့က ပရိတ်သတ်တုံပြန်မှုကို အံ့ဩခြင်းမရှိဘဲ ပြုံး၍ရှင်းပြသည်။

"တောနက်ထဲမှာ နတ်ဆိုးသားရဲတွေကို အမဲလိုက်တဲ့အခါ အရေးကြီးဆုံးနည်းလမ်းက အဆိပ်ကိုသုံးဖို့ပါ။ ဒါပေမယ့် နတ်ဆိုးသားရဲတွေဟာ ပင်ကိုယ်ဗီဇအရ အာရုံခံစွမ်းရည် ထက်မြက်တယ်။ အဆိပ်တွေကို ခွဲခြားသိပြီး ရှောင်ရှားနိုင်တယ်။

ဒီဥပုသ်ဆေးတွေ အသုံးဝင်တာက အဲဒီ့နေရာပါ။

ဒါက သာမန်ဆေးလုံးတွေမဟုတ်ပါဘူး။ 'ဆေး'လို့ခေါ်တာကိုက မှားနေပါတယ်။ အတိအကျပြောရရင် အဆိပ်တွေပါ။ ဆေးလုံးတော့ ဆေးလုံးပါပဲ။ ဒါပေမယ့် သူတို့ရဲ့အာနိသင်က အဆိပ်ပါ။

ဒီအဆိပ်ဟာ သာမန်ဥပုသ်ဆေးတွေထက် အဆထောင်သောင်းချီပြီး အာနိသင်ပြင်းထန်ပါတဘ်။

စဉ်းစားကြည့်ကြပါ။ ဒီဆေးလုံးကို နတ်ဆိုးသားရဲတစ်ကောင်စားလိုက်မယ်ဆို ဘာဖြစ်လာမလဲ။ အဆိပ်ဆေးလုံး ထောင်သောင်းချီပြီး စားလိုက်တာနဲ့ညီမျှပါတယ်။ ဘယ်သားရဲမှ မခံနိုင်ပါဘူး။ ချက်ချင်းဗိုက်ပွင့်သွားပါလိမ့်မယ်။

အရှင်းဆုံးပြောရရင် ဒါဟာ အသေသတ်နိုင်တဲ့ဆေးပါ"

ပရိတ်သတ်ကြီး မင်သက်မိသွားသည်။ ဥပုသ်ဆေးများကို ထိုနည်းလမ်းဖြင့်သုံးနိုင်သည်ဟု တစ်ခါမှမတွေးဖူးခဲ့ကြ။

"အကိုဝူက ဆေးစပ်ရင်း အမှားအယွင်းဖြစ်ပြီး ဒီလိုကြောင်တောင်တောင်ဆေးလုံးတွေ ထွက်လာလို့ စရိတ်ကာမီအောင် ဒီမှာထုတ်ရောင်းတာဖြစ်မယ်။ အကိုဝူကလည်း ဒီလိုလုပ်မယ့်လူမျိုးပဲ"

လုယန် အကျိုးအကြောင်း သုံးသပ်နေသည်။

ဝူမိန်၏နောက်ခံကို မသိကြသူများက ထိုဆေးလုံးများသည် သခင်ဝူ ဂရုတစ်စိုက် ဖော်စပ်ထားသည်ဟု ထင်ကြသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှလူဖြစ်၍ အရည်အသွေးကလည်း စိတ်ချရသည်။

မကြာမီ ဗိုက်ပွင့်ဥပုသ်ဆေးကို ဝိညာဉ်ကျောက်ခြောက်ထောင်ဖြင့် ရွှေသန္ဓေအဆင့်တစ်ယောက်က ရသွားသည်။

တာအိုလမ်းစဉ်ဂိုဏ်းတပည့်များဖြစ်၍ လုယန်တို့အဖွဲ့သည် ပစ္စည်းကောင်းများစွာ မြင်ဖူးပြီးဖြစ်သည်။ နောက်ထပ်လေလံတင်သည့်ပစ္စည်းများက စိတ်ဝင်စားစရာမကောင်းလှ။

"ခြောက်ခုမြောက်လေလံပစ္စည်းကတော့ သက်တမ်းနဲ့အရည်အသွေး အတိအကျမသိတဲ့ အနီရောင်ပိုးချည်အဝတ်တစ်ခုဖြစ်ပါတယ်"

ရှောင်ယွဲ့က ရှည်လျားသည့်အနီရောင်ပိုးထည်တစ်ခု ထုတ်ပြသည်။

"ဟမ်...ဒါကို ငါသိနေသလိုပဲ"

နတ်မယ် ခပ်တိုးတိုးရေရွတ်လိုက်သည်။

All Chapters