သွေးဆက်အမုန်းတရား
Vol. 18 Ch. 260
"ဒီလိုမဖြစ်သင့်ဘူး။ အရင်တုန်းက ငါသင်ပေးတဲ့အတိုင်း ရွတ်ဆိုလိုက်ရင် ဘာပြဿနာမှမပေါ်ဖူးပါဘူး။ ဘာတွေဖြစ်နေတာပါလိမ့်"
သူ့အမှားသူသိသဖြင့် နတ်မယ် အဖြေရှာသည်။ နောင်တစ်ချိန် ထိုအမှားမျိုးထပ်မဖြစ်အောင် ဖြေရှင်းနည်းတစ်ခု ရှာရမည်။
"နားလည်ပြီ။ ငါသိခဲ့တဲ့ ရှေးဟောင်းခေတ်အရိုင်းတွေက ပထမဆုံးအရိုင်းမျိုးဆက်တွေပဲ။ ငါ့တိုက်ရိုက်ကောင်းချီးပေးထားတဲ့ သန့်စင်တဲ့သွေးဆက်ကို ပိုင်ဆိုင်တယ်။
နှစ်သုံးသိန်းကြာသွားတော့ ရှေးဟောင်းအရိုင်းသွေးဆက်ထဲက ငါ့ကောင်းချီးစွမ်းအင် သိသိသာသာလျော့ပါးသွားမယ်။ ဒါကြောင့်အခု အရည်အသွေးအတော်နိမ့်နေတာဖြစ်မယ်။
ငါ့ကောင်းချီး အားကောင်းတဲ့အချိန်မှာ ဒီသွေးဆက်စွမ်းအားက နတ်ဆိုးတွေကို နှိပ်ကွပ်ခဲ့တယ်။ ဒါပေမယ့်အခု ကောင်းချီးစွမ်းအားနိမ့်သွားတော့ နတ်ဆိုးတွေက ဒါကိုတန်ပြန်တိုက်ခိုက်လာတာဖြစ်မယ်။
ဒီနတ်ဆိုးတွေက အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ကြတာပဲ။ ဒီသားရဲကောင်တွေကို ချီလင်မသေမျိုး ဘယ်လိုများစီမံအုပ်ချုပ်ခဲ့တာလဲ။ သူတို့ကငါ့ကို လုံးဝလေးစားမှုမရှိကြဘူးပဲ"
တွေးလေလေ သူဒေါသထွက်လာလေဖြစ်သည်။ ချီလင်မသေမျိုးနှင့်တွေ့လျှင် ကောင်းကောင်းသင်ခန်းစာပေးပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
"နတ်မယ်၊ အရိုးရိုင်းရဲ့ အရိုင်းသွေးဆက်ကို ပြန်ငြိမ်သွားအောင်လုပ်လို့ရမယ့် နည်းလမ်းမျိုးရှိလား"
သွေးဆက်လှုံ့ဆော်သည့်ကိစ္စကြောင့် ပြဿနာဖြစ်လာနိုင်သည်ကို လုယန် ကြိုတွေးမိသည်။
နတ်မယ်အသက်ရှိစဉ်က မိုက်ရူးရဲဆန်လွန်းသည်ကိစ္စများ လုပ်ခဲ့သဖြင့် ရန်သူများရှိနေသည်မှာ မဆန်းလှ။
အတိတ်တစ်ချိန်က အရာအားလုံးကို ထိန်းချုပ်နိုင်သည်မှာ ထာဝရနတ်မယ် အသက်ရှိနေသောကြောင့်သာဖြစ်သည်။
နတ်မယ်မရှိတော့သည်နှင့် သူ့ရန်သူများ စူးစမ်းရှာဖွေလာမည်။
နတ်မယ်စဉ်းစားသည်။
"အရင်က ဒီပြဿနာမျိုးကို ငါမတွေးခဲ့ဖူးဘူး။ ငါစဉ်းစားပါရစေဦး။...'ချီလင်မသေမျိုးဟာ ခွေးသူတောင်းစားပါ'လို့အော်ရင်လည်း အဆင်မပြေလောက်ဘူး။ အမုန်းတရားတွေ ပိုဆွဲခေါ်သလို ဖြစ်လိမ့်မယ်။
အဲ..ဟုတ်ပြီ။ 'ထာဝရနတ်မယ် အမြဲရှင်သန်ပါစေ'လို့ အရိုးရိုင်းကို ဆက်တိုက်အော်ခိုင်းပါ။ သူ့သွေးဆက် ထပ်ပြီးနိုးကြားလာမယ်။ နောက်ဆုံးကျရင် နတ်ဆိုးသားရဲတွေကို နှိပ်ကွပ်နိုင်တဲ့ အတိုင်းအတာထိ ရောက်လာမယ်လေ"
ထိုနည်းလည်း ယုံချင်စရာသိပ်မကောင်းဟု လုယန်တွေးလိုက်သည်။
"တိုက်ကြတာပေါ့။ ရွှေသန္ဓေအဆင့်သားရဲခြောက်ကောင်ပဲရှိတာ။ ငါတို့လေးယောက် ရှင်းနိုင်ပါတယ်"
လုယန် သက်ပြင်းချလိုက်သည်။ လှည့်စားနိုင်သည့် သူ့စွမ်းရည်လည်း အလုပ်မဖြစ်တော့သဖြင့် တိုက်ပွဲအစီအစဉ် စတင်ပုံဖောက်သည်။
"ငါနဲ့မုန်ကျင်းကျိုး နတ်ဆိုးသားရဲနှစ်ကောင်စီ တိုက်ခိုက်မယ်။ ညီမထောင်နဲ့ အရိုးရိုင်း၊ မင်းတို့က တစ်ကောင်စီရှင်းပါ။ ဟိုနှစ်ကောင်က မင်းတို့တာဝန်ပဲ"
သူတို့သည် တောအုပ်ထဲသို့ တိုက်ပွဲအတွေ့အကြုံလာရှာခြင်းဖြစ်သည်။ ယခု သူတို့အစီအစဉ်ထက် နည်းနည်းစော၍ တွေ့ကြုံရသည်သာရှိသည်။ သိပ်မဆန်းပြားလှ။
ထောင်ယော်ယဲ့နှင့်အရိုးရိုင်း ကြီးမားသည့်ဖိအားတစ်ခုကို ခံစားနေရသည်။ ရွှေသန္ဓေအဆင့်သားရဲများကို သူတို့တစ်ခါမှ မတိုက်ခိုက်ဖူးကြ။
အရိုးရိုင်းက စိတ်ဖိအားအများဆုံးဖြစ်သည်။ စိတ်ပျက်နေသည့်လေသံဖြင့်
"အကိုလု၊ အကိုအစီအစဉ်ကိုတော့ ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့် တစ်ခုတော့မေးချင်တယ်"
"ဘာလဲ"
"ဒီသားရဲခြောက်ကောင်က ကျုပ်ကိုပစ်မှတ်ထားနေကြသလိုပဲ။ ဘယ်လိုတိုက်ခိုက်ကြမှာလဲ"
"...ငါတို့သုံးယောက် အရင်တိုက်ခိုက်ပြီး မင်းအတွက် တစ်ကောင်ချန်ထားမှာပေါ့"
ဆယ်မီတာရှည်သည့် စပါးကြီးမြွေတစ်ကောင် တရှူးရှူးနှာမှုတ်၍ လျှာကိုတဖျတ်ဖျတ်လှုပ်ခါနေသည်။ မျက်လုံးများက အေးစက်သည်။ ခန္ဓာကိုယ်ကို ရစ်ခွေထားပြီး မြေပေါ်တွင် လျင်မြန်စွာလှုပ်ရှား၍ အရိုးရိုင်းကို ရစ်ပတ်ရန် ကြိုးစားနေသည်။
အရိုးရိုင်းကို သူတစ်ခါမှမမြင်ဖူး။ သို့သော် ထိုလူသည် အလွန်အန္တရာယ်များကြောင်း သတ်ပ်စဖို့လိုကြောင်း သူ့သွေးဆက်ဗီဇစိတ်က ပြောနေသည်။
ထို့ကြောင့် ဤလူသားကို သူသတ်ရမည်။
ထိုလူက အခြေတည်ထိပ်တန်းအဆင့်သာရှိသည်။
အရိုးရိုင်းကို သူတင်းကြပ်စွာရစ်ပတ်လိုက်သည်။ အရိုးရိုင်း အသက်ရှူကြပ်လာသည်။ မျက်နှာက အပြာရောင်သန်းလာသည်။ ရုတ်တရက် တစ်ကိုယ်လုံး ပေါ့ပါးသွားသလို မြွေနတ်ဆိုး ခံစားလိုက်ရသည်။ အရိုးရိုင်း သူရစ်ခွေထားသည့် ကိုယ်ထည်ကြားမှ ပျောက်သွားသည်။
မြွေနတ်ဆိုး မျက်လုံးသူငယ်အိမ်များ ကျုံ့သွားသည်။ တစ်ခုခုမူမမှန်ကြောင်း ရိပ်စားမိသည်။
ပုံရိပ်ယောင်တစ်ခုထဲသို့ ကျသွားခြင်းဖြစ်သည်။
"နင့်ပြိုင်ဘက်က ငါပါ"
ကျော့ရှင်းသည့် သဏ္ဌာန်တစ်ခု သူေ့နာက်တွင် ရပ်နေသည်။ အနီရောင်စက္ကူထီးတစ်လက် ကိုင်ထားသည်။ ပန်းချီကားထဲမှ နတ်သမီးတစ်ယောက်နှင့် တူသည်။
မြွေနတ်ဆိုး ချက်ချင်းနောက်လှည့်ပြီး ထောင်ယော်ယဲံကို တိုက်ခိုက်ရန်ပြင်လိုက်သည်။ သို့သော် မိန်းကလေးသဏ္ဏာန်များ သူ့ဘေးပတ်လည်တွင် ထပ်ပွားလာသည်။
နောက်ထပ် ပုံရိပ်ယောင်တစ်ခုထဲသို့ သူကျသွားခြင်းဖြစ်သည်။
.......
လုယန် ဓားကိုကိုင်၍ နတ်ဆိုးနှစ်ကောင်ဆီ ဖြေးညှင်းစွာလျှောက်သွားသည်။ ဓားဦးက မြေပြင်တွင် မျဉ်းဖြောင့်တစ်ကြောင်း တရွတ်တိုက်ဆွဲလာသည်။
ရုတ်တရက် ဓားကိုဖျတ်ခနဲ ပင့်မြှောက်လိုက်သည်။ မြေကြီးတစ်ချို့ နတ်ဆိုးသားရဲနှစ်ကောင်မျက်လုံးထဲ ပြေးဝင်သွားသည်။
နတ်ဆိုးနှစ်ကောင် ဝိညာဉ်အာရုံဖြန့်၍ လုယန်ကိုရှာသည်။
သို့သော် ရှာမရ။ ဓားတစ်လက်ပါးစပ်တွင်ကိုက်ထားသည့် ကျားတစ်ကောင်ကိုသာ မြင်လိုက်ရသည်။
လုမိသားစု အရိပ်တုလက်သီးပညာများထဲမှ ကျားလက်သီးပညာဖြစ်သည်။
နတ်ဆိုးနှစ်ကောင် ခဏမင်သက်မိသွားသည်။ အဖြစ်အပျက်ထိုသို့ပြောင်းလဲသွားမည် ထင်မထားကြ။
ခဏတာ အာရုံလွင့်သွားသည့်အချိန်တွင် ဓားကိုက်ထားသည့်ကျားက ရှေ့သို့ခုန်အုပ်သည်။ နတ်ဆိုးနှစ်ကောင်၏လည်ပင်းကို လှီးဖြတ်ရန် ကြိုးစားသည်။
နတ်ဆိုးများအမြန်ရှောင်တိမ်းသည်။ သို့တိုင်အောင် ချင်ဖုန်းဓားက သူတို့အရေပြားကို ပွတ်ထိသွားသည်။ သူတို့အလေးထားသည့် အမွှေးအမျှင်ကြားတွင် ပြတ်ရှရာတစ်ခု ပေါ်လာပြီး သွေးများစီးကျလာသည်။
ထိုနတ်ဆိုးနှစ်ကောင်လည်း အချဉ်မဟုတ်။ ဒဏ်ရာတဝိုက်မှ ကြွက်သားများကို ညှစ်လိုက်သည်နှင့် ချက်ချင်းအနာကျက်သွားသည်။
ရွှေသန္ဓေအဆင့်ရောက်လျှင် ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးကို ထိန်းချုပ်နိုင်သည်။
ထို့ကြောင့်လည်း ရွှေသန္ဓေအဆင့်ရောက်မှ သူတို့၏ခန္ဓာကိုယ်ပေါင်းစပ်တိုက်ကွက် ပြည့်စုံမည်ဟု လုယန်ပြောခဲ့ခြင်းဖြစ်သည်။
ကျားလက်သည်းများက အရိုးအသားကို ချိုးဖျက်ဆုတ်ဖြဲနိုင်လောက်အောင် ထက်မြက်သည်။ ယခု ပါးစပ်တွင် ချင်ဖုန်းဓားရှိနေသဖြင့် တိုက်ခိုက်စွမ်းအား သိသိသာသာတိုးတက်လာသည်။
ကျားကို ဓားတပ်ပေးခြင်းဖြစ်သည်။
နတ်ဆိုးနှစ်ကောင် ကျားကိုရှာကြသည်။ သို့သော် မတွေ့ရပြန်။
ဘယ်ရောက်သွားသည်မသိ။
နတ်ဆိုးတစ်ကောင် ချက်ချင်းရိပ်စားမိပြီး မြေပြင်ကိုစိုက်ကြည့်လိုက်သည်။ ဝိညာဉ်အာရုံဖြင့် စစ်ဆေးရန်ပြင်နေစဉ် ကျားက မြေထဲမှပေါ်လာပြီး ဓားဖြင့်ပင့်ထိုးသည်။
နတ်ဆိုးသားရဲ၏ ရှေ့ခြေတစ်ချောင်း ပြတ်ထွက်သွားသည်။
သားရဲနျစ်ကောင် တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်သည်။ သို့သော် ကျားက မြေထဲသို့ ပြန်ခုန်ဝင်သွားသည်။
မြေအောင်းပညာတတ်ထားသည့် လုယန်အတွက် မြေပြင်သည် မြေပြင်မဟုတ်။ ရေကန်တစ်ခုဖြစ်သည်။
.........
အရိုးရိုင်းက ကြေးခွံပါသည့် သားရဲတစ်ကောင်ကို ရင်ဆိုင်သည်။ လူတစ်ရပ်စာမြင့်သည်။ ငါးကဲ့သို့ အကြေးခွံမျိုးရှိသည်။ သို့သော် ကြေးခွံများပို၍စိပ်သည်။ သင်းခွေချပ်ကြေးခွံများနှင့် ပိုတူသည်။
(**သင်းခွေချပ်သည် တွင်းအောင်းတွားသွားသတ္တဝါတစ်မျိုးဖြစ်သည်။ ကြေးခွံများက ငါးကြေးခွံထက်ထူထဲ၍ မာကျောသည်)
နတ်သိုးသားရဲက တစ်ချက်ဟိန်းဟောက်၍ အရိုးရိုင်းဆီ ပြေးဝင်လာသည်။
အရိုးရိုင်းလည်း အညံ့မခံဘဲ အော်ဟစ်မာန်သွင်းလိုက်သည်။
"ထာဝရနတ်မယ် ကျုပ်ကိုကောင်းချီးပေးပါ"
သားရဲထံ ပြေးဝင်သွားသည်။
ထိုမျှရဲတင်းသည့်လူသားမျိုး နတ်ဆိုးသားရဲ တစ်ခါမှမမြင်ဖူး။ အခြေတည်ထိပ်တန်းအဆင့်လောက်ဖြင့် သူ့ရုပ်ခန္ဓာစွမ်းအားကို လာယှဉ်ရဲသည်။
"ဘုန်း"
နားကွဲမတတ်မြည်ဟိန်းသံတစ်ခု ထွက်လာသည်။
နှစ်ယောက်လုံး ခြေလှမ်းဆယ်ဆယ်လှမ်းစာခန့် နောက်ပြန်လွင့်ထွက်သွားသည်။ ခြေလှမ်းငြိမ်အောင် မထိန်းနိုင်ကြ။ သစ်ပင်တစ်ချို့နှင့် တိုက်မိပြီးမှ ကိုယ်ရှိန်သပ်နိုင်ကြသည်။
နတ်ဆိုးသားရဲ အံ့အားသင့်သွားသည်။ ထိုလူသား၏ခန္ဓာကိုယ်က သူ့လောက်မာကျောနေမည်ဟု ထင်မထား။
အရိုးရိုင်း အသက်ကိုပင်ပန်းစွာရှူနေရသည်။ အားသက်ရောက်မှုက ပြင်းထန်သည်။ သို့သော် ထာဝရနတ်မယ်နာမည်ကို အဆက်မပြတ်အာ်ဟစ်ရင်း သူ့ခန္ဓာကိုယ် ပိုသန်မာလာသည်ကို ခံစားရသည်။
"ထာဝရနတ်မယ် ကောင်းချီးပေးပါ"
အော်ဟစ်မာန်သွင်းရဲ နတ်ဆိုးသားရဲဆီ နောက်တစ်ကြိမ်ပြေးဝင်သွားပြန်သည်။
.......
မုန်ကျင်းကျိုးလည်း လုယန်လိုပင် အခြေတည်အဆင့် နတ်ဆိုးသားရဲနှစ်ကောင်ကို ရင်ဆိုင်နေရသည်။ လူဝူသွေးဆက် ကျားနတ်ဆိုးတစ်ကောင်နှင့် ခေါင်းကိုးလုံးခြင်္သေမျိုးဆက် သားရဲတစ်ကောင်ဖြစ်သည်။ နှစ်ကောင်လုံးက အင်အားကြီးသည့်ပြိုင်ဘက်များဖြစ်သည်။
(**လူဝူသည် တရုတ်ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးဖြစ်သည်။ ခွန်လွန်တောင်တန်းများကို စောင့်ရှောက်သည့် သားရဲဟုဖော်ပြလေ့ရှိသည်။ လူဝူသည် ကျားခန္ဓာကိုယ်နှင့် တောင်ပံများပါသည်။ တစ်ခါတစ်ရံ အမြီးများစွာပါသည်ဟုလည်း ဆိုကြသည်)
ထိုနတ်ဆိုးသားရဲများသည် လုယန်ရင်ဆိုင်နေသည့် သားရဲများထက်ပင် ပိုအန္တရာယ်များသည်။
နတ်ဆိုးသားရဲနှစ်ကောင် မုန်ကျင်းကျိုးကို အေးစက်စက်စိုက်ကြည့်နေသည်။ သူတို့သွေးဆက်စွမ်းအားက မုန်ကျင်းကျိုးကိုသတ်ဖို့ ဆွဲဆောင်နေသည်။ အရိုးရိုင်းကိုသတ်နိုင်ဖို့ ထိုလူသည် အဟန့်အတားဖြစ်သည်။
ထိုစိတ်သည် သွေးဆက်ထဲမှ အမုန်းတရားမျိုးဖြစ်သည်။ ဘယ်တော့မှ မကျေလည်နိုင်၊ သေသည်အထိ အဆုံးမသတ်နိုင်သည့် မုန်းတီးစိတ်ဖြစ်သည်။
"ကျွတ်...ငါ့ကံက ဘာလို့ဒီလောက်ဆိုးနေရတာလဲကွာ"
မုန်ကျင်းကျိုး ခပ်တိုးတိုးညည်းညူလျက် သူ့အိတ်ကပ်ထဲသို့ လက်စမ်းလိုက်သည်။ နတ်ဆိုးနှစ်ကောင် ရင်ထိတ်သွားသည်။ စွမ်းအင်အားလုံးစုစည်း၍ မုန်ကျင်းကျိုး ဘယ်လိုလက်နက်မျိုး ဆွဲထုတ်လာ ရှောင်တိမ်း၍ တန်ပြန်တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။
ထိုစိတ်ဓာတ်သည် ရှေးဟောင်းသွေးဆက်စိတ်ဓာတ်ဖြစ်သည်။
မုန်ကျင်းကျိုးက အရောင်တောက်ပသည့် ပစ္စည်းတစ်ခုကို ဖျတ်ခနဲဆွဲထုတ်၍ အဝေးသို့လွှင့်ပစ်လိုက်သည်။ နတ်ဆိုးများကို ချိန်ရွယ်ပစ်ခတ်ခြင်းပင်မဟုတ်။
ရွှေသန္ဓေအဆင့်ကြားမှာပင် ထူးကဲ့သည့်အမြင်အာရုံရှိသည့် ခြင်္သေ့နတ်ဆိုးက ထိုပစ္စည်းကိုမြင်သည်နှင့် ချက်ချင်းနောက်လှည့်၍ ပြေးလိုက်သွားသည်။
ကျားနတ်ဆိုး နေရာတွင် မင်သက်မိ၍ ကျန်နေခဲ့သည်။
"လူသား၊ မင်းခုနကပစ်လိုက်တာ ဘာလဲ"
"ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်ပါ"
ကျားနတ်ဆိုး ချက်ချင်းနောက်လှည့်၍ ခြင်္သေနောက်သို့ ပြေးလိုက်သွားသည်။
သွေးဆက်အမုန်းတရား သွေးဆက်စိတ်ဓာတ်သည် ထိုမျှအရေးပါပုံမပေါ်။