ရှေးဟောင်းအမွေအနှစ်ပညာကို လွယ်လွယ်မပြောနိုင်ပါ
Vol. 18 Ch. 263
မြွေနတ်ဆိုးသေသည်နှင့် လုယန်ဘက်တော်သားများ စိတ်အားတက်ကြွလာသည်။ အရှိန်မြှင့်၍ တိုက်ပွဲကို တစ်ချီတည်း အဆုံးသတ်လိုက်သည်။
"အရိုင်းမျိုးနွယ်တိုက်ခိုက်ရေးပညာ၊ အားတစ်ခုနှင့် စွမ်းရည်ဆယ်ခုကိုလွှမ်းမိုးမယ်"
အရိုးရိုင်း အော်ဟစ်မာန်သွင်း၍ ဘယ်ညာလက်သီးနှစ်ဘက်ဖြင့် ကြွေးခွံသားရဲ၏ဦးခေါင်းကို ကြိတ်ချေလိုက်သည်။
ပုံရိပ်ယောင်စက်ကွင်းကျနေသည့် စပါးကြီးမြွေလည်း ဆင်ခြင်သိစိတ်ပျောက်ပြီး သူ့ကိုယ်တစ်ဝက်ကို သူ့ဘာသာဝါးမျိုနေသည်။ သူအသိပြန်ဝင်လာချိန်တွင် နောက်ကျသွားပြီဖြစ်သည်။
လုယန်က နတ်ဆိုးသားရဲနှစ်ကောင်ကို ဓားတစ်ချက်တည်းသတ်ဖြတ်လိုက်သဖြင့် မုန်ကျင်းကျိုးစိတ်ထဲ အပြိုင်အဆိုင်စိတ်ဓာတ်များ မြင့်တက်လာသည်။ ကောင်းကင်တုန်ခြောက်ကွက်ဖြင့် ကျားနှင့်ခြင်္သေ့နတ်ဆိုး နှစ်ကောင်လုံးကို အတင်းသတ်ဖြတ်လိုက်သည်။ ထွက်ပြေးခွင့် လုံးဝမပေး။
မုန်ကျင်းကျိုး၊ အရိုးရိုင်းနှင့် ထောင်ယော်ယဲ့တို့သုံးယောက် အသက်ကိုမောပန်းစွာ ရှူရှိုက်နေရသော်လည်း မျက်နှာတွင် အပြုံးပန်းများဝေနေသည်။
မည်သို့ဆိုစေ တိုက်ပွဲကို သူတို့နိုင်ခဲ့ပြီဖြစ်သည်။
လုယန်က စွမ်းအင်သိပ်မကုန်။ နတ်မယ်၏စွမ်းအားကိုသာ သုံးခဲ့ခြင်းဖြစ်သည်။
"ပယ်ဖျက်မယ်"
တိုက်ပွဲပြီးသွားသဖြင့် နတ်မယ်၏အသွင်ကို ဆက်ထိန်းထထားဖို့မလိုတော့။
မူလအသွင်ပြန်ပြောင်းပြီးနောက် စိတ်အတွေးများ ပိုဖျတ်လတ်လာသလို လုယန်ခံစားရသည်။ ခုနကလို တစ်လမ်းသွားအတွေးမျိုး မရှိတော့။
"ခုနက ငါဘာလုပ်လိုက်မိတာလဲ"
သူ့ရူးကြောင်ကြောင် လုပ်ရပ်များကို ပြန်တွေးမိသဖြင့် လုယန် ကြောက်ချွေးပြန်လာသည်။
"နင်ခုနက လုပ်လိုက်တာ သိပ်ကောင်းတယ်။ ငါ့ပုံစံနဲ့ အတော်တူပါတယ်"
နတ်မယ် လက်မထောင်ပြ၍ မသေမျိုးဖြစ်လာနိုင်ခြရှိသည့်လုယန်ကို ချီးကျူးသည်။
"အဲဒါ အကြီးဆုံးပြဿနာပဲ"
ခုနက နတ်မယ်အသွင်ပြောင်း၍ တိုက်ခိုက်ချိန်တွင် သူ့စွမ်းအားများ ပေါက်ကွဲထွက်မတတ် သိသိသာသာတိုးခဲ့ပါသည်။
ပဲဝါလက်သီးသုံးလျှင် အခြေတည်အဆင့်တွင် သူ့ကိုဘယ်သူမှယှဉ်နိုင်ဟု အာမခံနိုင်သည်။
သို့သော် ပေးဆပ်ရသည့်တန်ကြေးက ကြီးလွန်းသည်။
ရူးကြောင်ကြောင် ရယ်ခဲ့သည်။ ရူးကြောင်ကြောင်စကားများ ပြောခဲ့သည်။ တရားလွန်လုပ်ရပ်များ မလုပ်ခဲ့မိ၍ တော်သေးသည်။ လုပ်ခဲ့မိ၍ ထိုအကြောင်း သတင်းပေါက်သွားလျှင် သူဘယ်သူ့ကိုမှ မျက်နှာပြရဲမည်မဟုတ်တော့။
ပဲဝါလက်သီးကို တားမြစ်ပညာရပ်အဖြစ် သဘောထား၍ မတတ်သာသည့်အခြေအနေမှသာသုံးရန် လုယန် ကျိတ်ဆုံးဖြတ်လိုက်သည်။
"နတ်မယ်၊ နောက်ကို ခင်ဗျားပုံစံမျိုး ကျုပ်လက်လွတ်စပယ် တုပလို့မဖြစ်ဘူး။ အန္တရာယ်များလွန်းတယ်"
သူသက်ပြင်းချလိုက်သည်။ စွမ်းအားကို သူ့ဦးနှောက်နှင့် အလဲအလှယ်လုပ်ရသလို ခံစားမိသည်။
"ငါတော့ ဘာအန္တရာယ်မှရှိတယ်မထင်ပါဘူး"
နတ်မယ် တွေးမရအောင်ဖြစ်သွားသည်။
"လေးစားပါတယ် လုယန်။ ခေါင်းကိုးလုံးမြွေကိုတောင် သတ်နိုင်ခဲ့တယ်ပေါ့။ မင်းရဲ့အရိပ်တုလက်သီး ဒီလောက်စွမ်းမယ် ထင်မထားဘူးကွာ"
မုန်ကျင်းကျိုး တဟားဟားအော်ရယ်နေသည်။
"မင်းရဲ့ လုမိသားစုအရိပ်လက်သီးပညာကို ငါမသင်နိုင်တာဆိုးတယ်ကွာ။ မဟုတ်ရင် ငါ့အဖေ ဒါမှမဟုတ် ငါ့အဘိုးအဖြစ် အသွင်ပြောင်းပြီး သူတို့စွမ်းအားကို ငှားသုံးလိုက်မယ်။ ဘယ်သူမှ ငါ့ကိုယှဉ်နိုင်မှာမဟုတ်ဘူး"
မုန်ကျင်းကျိုး တကယ်ဝမ်းနည်းနေပုံရသည်။
"ဒါပေမယ့် ငါတွေးမရတာတစ်ခုရှိတယ်"
"ဘာလဲ"
"ခေါင်းကိုးလုံးမြွေက ရင်ဆိုင်ဖို့ခက်တယ်လေ။ ခုနက အဝေးပို့မှော်အဆောင်တစ်ခုသုံးပြီး နတ်ဆိုးချုပ်တောင်ကြားကိုပို့လိုက်ရင် ရတာပဲမဟုတ်လား"
မုန်ကျင်းကျိုး တကယ်တွေးမရ။ လုယန်ကလည်း အရိပ်တုလက်သီးသုံး၍ သူရဲကောင်းဆန်ဆန်် လှုပ်ရှားခဲ့သည်။ တကယ်ထိုသို့လုပ်ဖို့ လိုအပ်သလော။
လုယန် - "..."
သူ့စိတ်ကို နတ်မယ်က တဖြေးဖြေးလွှမ်းမိုးလာသည်။ ထို့ကြောင့် သူ့ဦးနှောက် ကောင်းကောင်းအလုပ်မလုပ်တော့ခြင်း ဖြစ်သည်။
"အကိုလု၊ အခုနက အသွင်ပြောင်းလိုက်တာ ဘယ်သူ့ပုံစံလဲ"
ထောင်ယော်ယဲ့က စပ်စုသည်။ အကိုလု ထိုမျှချစ်စရာကောင်းသည့် မိန်းကလေးတစ်ယောက်နှင့် သိကျွမ်းနေမှန်း သူမသိခဲ့။
"ဒါက ရှေးဟောင်းအမွေအနှစ်တစ်ခုပါ။ လွယ်လွယ်ပြောပြလို့မရဘူး"
လုယန် မရှင်းမရှင်းဖြေသည်။ သူ့စကားက မှားသည်ဟုလည်း မဆိုသာ။
နတ်မယ်အကြောင်း သိသူနည်းလေ ပိုကောင်းလေဖြစ်သည်။
နတ်မယ်ကို ဘယ်သူသတ်ခဲ့မှန်း ဘယ်လိုနည်းလမ်းသုံးခဲ့မှန်း ဘာရည်ရွယ်ချက်ရှိမှန်း ယခုထိမသိသေး။
နတ်မယ်အကြောင်း သိထားသူမှန်သမျှကို ထိုလူသတ်သမားက ပစ်မှတ်ထားလာနိုင်သည်။
ယခုလက်ရှိ နတ်မယ်အကြောင်းသိသူ ငါးယောက်သာရှိသည်။ လုယန်၊ မုန်ကျင်းကျိုး၊ အရိုးရိုင်း၊ ယွမ်ကျိနှင့် ထာဝရအရှင်။
မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့က ရွေးချယ်စရာမရှိ။ နတ်မယ် ပြန်ရှင်သန်ချိန်တွင် သူတို့နှစ်ယောက်လုံး ရှိနေခဲ့သည်။
ယွမ်ကျိကတော့ ပြောစရာမလို။ သူနှင့်နောက်ကွယ်ကကြိုးကိုင်သူ ဘယ်သူပိုကြောက်စရာကောင်းမှန်း သေချာမသိနိုင်။
ထာဝရအရှင်က တာအိုလမ်းစဉ်ဂိုဏ်းမှ ထွက်ခွာခွင့်မရှိ။ ပို၍ဘေးကင်းသည်။
"ကဲ..တိုက်ပွဲသိမ်းပစ္စည်းတွေ စစ်ဆေးကြည့်ရအောင်"
မုန်ကျင်းကျိုး အားလုံးကိုခေါ်၍ သားရဲများကိုစုစည်း၍ အဖိုးတန်သည့်ပစ္စည်းရှိမရှိ ကြည့်သည်။
မုန်ကျင်းကျိုးတွင် ရတာနာများ ဝိညာဉ်ကျောက်များ မရှားပါးပါ။ ထိုသို့ သိမ်းယူရသည်ကို ပျော်ရွှင်ခြင်းဖြစ်သည်။
ခေါင်းကိုးလုံးမြွေက လုယန်ကြောင့် မီးသွေးတုံးဖြစ်သွားသည်။ နတ်ဆိုးသန္ဓေလည်း နှစ်ခြမ်းကွဲသွားပြီဖြစ်၍ အသုံးမဝင်တော့။ ထိုမြွေတွင် အကောင်းအတိုင်းကျန်သည့်ပစ္စည်း ရှာမတွေ့။
ဓားတစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သည့် သားရဲနှစ်ကောင်ကလည်း သိပ်မထူးခြားလှ။ နတ်ဆိုးသန္ဓေ၊ အရေခွံနှင့် တစ်ခြားပစ္စည်းတစ်ချို့သာရသည်။
မုန်ကျင်းကျိုးသတ်ခဲ့သည့် ကျားနတ်ဆိုးတွင် တန်ဖို့ရှိသည့်အစိတ်အပိုင်း အတော်များများပါသည်။ ကျားရိုးများနှင့် ကာမအားတိုးစေသည့် ကျားလိင်အင်္ဂါ။ သို့သော် မုန်ကျင်းကျိုးအတွက် လုံးဝအသုံးမတည့်။
ကျားနတ်ဆိုးနှင့် ခြင်္သေ့နတ်ဆိုးတို့၏ သွေးများက အတော်အဖိုးတန်သည်။ ဆေးပညာကျွမ်းကျင်သူတစ်ယောက် ထိုသွေးကို မူလအဆင့်ထိသန့်စင်၍ သန့်စင်သည့် လူဝူသွေးနှင့် ခေါင်းကိုးလုံးခြင်္သေ့သွေးတစ်စက် ထုတ်လုပ်နိုင်သည်။
စပါးကြီးသည်းခြေက အဆိပ်ကိုနိုင်သည်။ ဈေးကောင်းရသည်။
လေးယောက်ထဲတွင် ထောင်ယော်ယဲ့က အဆင်းရဲဆုံးဖြစ်သည်။ တစ်ခြားသုံးယောက်က ထာဝရဂိုဏ်းဖြိုခွင့်သည့်နေရာတွင် သူလျှိုလုပ်၍ အဓိကနေရာမှ ထမ်းဆောင်ခဲ့သည်။
ထိုစွမ်းဆောင်ချက်အားလုံးက ကျိုးဆောင်မှတ်များပင်ဖြစ်သည်။
ထောင်ယော်ယဲ့လည်း မစ်ရှင်များစွာ ပြီးမြောက်ခဲ့ပါသည်။ သို့သော် ထာဝရဂိုဏ်းမစ်ရှင်နှင့် ယှဉ်မရ။
အရိုးရိုင်းက ကြေးခွံသားရဲ၏ အကြေးခွံများကို ခွာထုတ်သည်။ ထိုကြေးခွံများသည် မာကြောသည်။ ဆုပ်ကိုင်ဖို့မလွယ်။ သံချပ်ကာလုပ်ဖို့ အလွန်ကောင်းသည့် ကုန်ကြမ်းပစ္စည်းများဖြစ်သည်။
"ဒါတွေကို ပြန်ယူသွားပြီး ညီလေးဟော်ရန်ကို ပြကြည့်ရအောင်"
အရိုးရိုင်း ကြေးခွံများကို ကျောက်စိမ်းတံဆိပ်ထဲ ထည့်သည်။
လေးယောက်သား နေရာရှင်း၍ မီးပုံတစ်ခုဖန်တီးပြီး ညစာအတွက် ပြင်ဆင်ကြသည်။
မနက်ပိုင်းလေ့လံပွဲမှထွက်လာပြီး တောနက်ထဲသို့ မွန်းတည့်ချိန်တွင်ရောက်သည်။ တိုက်ပွဲက နေ့ခင်းဘက်တွင် ဖြစ်ပွားသည်။ တစ်နေကုန် အလုပ်များခဲ့သဖြင့် အနားယူဖို့ လိုအပ်နေသည်။
အထူးသဖြင့် ထိုကဲ့သို့ အသားကောင်းများစွာ ရထားပြီးမှ ပွဲတော်မတည်လျှင် ဖြုန်းတီးရာကျသည်။
"ခြင်္သေ့ကို စားလို့ရပါ့မလား။ အလယ်ပိုင်းတိုက်နယ်မှာ ခြင်္သေ့ခေါင်းလို့ခေါ်တဲ့ ရိုးရာဟင်းတစ်မျိုးရှိတယ်လို့ ကြားဖူးတယ်။ တစ်ခါမှတော့ မစားဖူးဘူး"
အရိူးရိုင်းက ပြောသည်။
ထောင်ယော်ယဲ့ ခဏစဉ်းစားသည်။
"ရှင်ကြားဖူးတဲ့ ခြင်္သေ့ခေါင်းဆိုတာ အခုကျွန်မတို့မှာရှိနေတာနဲ့ တူပါ့မလား"
"နှစ်ခုလုံးကို ခြင်္သေ့ခေါင်းလို့ ခေါ်တာပဲမဟုတ်လား"
"...အင်း ခြင်္သေ့ခေါင်းပါပဲ။ ငါတို့ဒီနေ့ ခြင်္သေ့သားစားကြတာပေါ့"
(**တရုတ်အရှေ့ပိုင်းမှ အသားလုံးနှပ်တစ်မျိုးကို ခြင်္သေ့ခေါင်းဟု ခေါ်ပါသည်။ ဝက်သားလုံး သို့မဟုတ် အမဲသားလုံးကို ဟင်းသီးဟင်းရွက်များဖြင့် နှပ်ခြင်းဖြစ်သည်)
အားလုံး အလုပ်အတူလုပ်ကြသည်။ ခြင်္သေ့သားကို အရိုးရိုင်း တစ်ခါမှမစားဖူးသော်လည်း အရိုင်းမျိုးနွယ်တွင်ရှိစဉ်က တစ်ခြားသားရဲများကို သူမကြာခဏကိုင်တွယ်ခဲ့ဖူးသည်။ အရေဆုတ်ဝမ်းခွဲသည့်ဖြစ်စဉ်များက သိပ်မကွာခြားလှ။ ထို့ကြောင့် ခြင်္သေ့ဖျက်ဖို့ သူတာဝန်ယူသည်။
လုယန်က သစ်ပင်ကြီးတစ်ပင် ခုတ်လှဲပြီး ချင်ဖုန်းဓားဖြင့် သုံးမီတာအရှည် တံစို့တစ်ချောင်းဖန်တီးသည်။
မုန်ကျင်းကျိုးက အော်တိုအသားကင်မှော်စက်ဝန်း တည်ဆောက်ပြီး ကင်မည့်စင်ကို ပြင်သည်။
ထောင်ယော်ယဲ့က အသားအရသာပိုကောင်းစေရန် အနီးအနားမှ စားကောင်းသည့်သစ်သီးသစ်ရွက်များကို ရှာဖွေသည်။
အရိုးရိုင်း ခြင်္သေ့အမွှေးများကိူ ဆွဲနှုတ်သည်။ အတွင်းအင်္ဂါများကို ဖယ်ထုတ်သည်။ အရိုးမျိုးနွယ်၏ လျှို့ဝှက်ဆော့ချဉ်ရည်တစ်မျိုး သုတ်လိမ်းသည်။ လုယန်က ခြင်္သေ့ကို တံစို့ထိုး၍ ကင်သည့်စင်ပေါ်တင်သည်။ ရသာသုံးပါးမီးတောက်ဖြင့် မီးပျိုးသည်။
ကြီးမားသည့် အော်တိုအသားကင်မှော်စက်ဝန်းတွင် တံစို့တံက ဖြေးညှင်းစွာ လည်ပတ်နေသည်။ အစီများက မီးတောက်စစ်ပေါ်ကျပြီး တရှဲရှဲမြည်နေသည်။ သွားရေယိုစရာ အမွှေးနံ့မျိုး ထွက်လာသည်။
အရိုးရိုင်း ခြင်္သေ့ကိုကြည့်ပြီး အတွေးနက်နေသည်။
"အရိုးရိုင်း၊ ဘာတွေးနေတာလဲ"
သူ့ဇာတိမြေကို လွမ်းနေသည်ဟု လုယန် ထင်လိုက်သည်။
"အသားကင်မှော်စက်ဝန်းက အသားတုံးလေးတွေကင်ဖို့ပဲ အဓိကသုံးတာ။ သိုးကင်လို ခြင်္သေ့ကင်လို အကောင်ကြီးတွေ တစ်ကောင်လုံးကင်တဲ့အခါ သိပ်အဆင်မပြေဘူး။ အပူရှိန် မညီမျှဘူး။ အသားကင်တဲ့လူအတွက် တကယ်မလွယ်ဘူး"
"ဒါဆို မင်းတွေးနေတာက..."
အရိုးရိုင်း ဘာပြောချင်မှန်း လုယန်နားမလည်သေး။
"တောင်ပိုင်းနယ်စပ်က ဂိုဏ်းတစ်ချို့ဟာ အလောင်းထိန်းချုပ်တဲ့ပညာမှာ ကျွမ်းကျင်တယ်လို့ ကြားဖူးတယ်။ ဒီပညာမျိုးသင်ပြီး အသားကင်တဲ့နေရာမှာ အသုံးချလို့ရနိုင်မလားလို့ပါ။
ဥပမာပြောရရင် သိုးတစ်ကောင်အလောင်းကို မီးပေါ်မှာ သူ့ဘာသာလှည့်ပတ်ပြီးကင်နေအောင် ထိန်းချုပ်တာမျိုးပေါ့"
လုယန် - "..."
တာအိုလမ်းစဉ်ဂိုဏ်းမှာ ဦးနှောက်မှန်တဲ့လူ ငါတစ်ယောက်ပဲရှိတာလား။