← Chapters

အခန်း (၅၁-၆၀)

Vol. 5 Ch. 51-60

အခန်း (၅၁-၆၀)

Vol. 5 Ch. 51-60

Vol 5, အခန်း ၅၁။ အဆုံးမြင့် လမ်းကိုယူခြင်း

"ဥက္ကဌရှု နောက်ဆုံးတစ်ခေါက်တုန်းက ကျုပ်ကို ကတိပေးထားခဲ့တဲ့.... အဲဒီ့ ပုံစံသစ်မီးစွမ်းအားအင်ဂျင်မှော်ဆလွန်းရော အခုဘာဖြစ်သွားပြီလဲ? ဒီတစ်ခေါက်.... အိုး မဟုတ်သေးဘူး အရင်လကပဲ ထွက်လာရမှာ မဟုတ်ဘူးလား?"

ဘာရွန် ဘယ်လီက စိတ်ပူပန်ဟန်ရှိနေသော်လည်း မျက်လုံးများထဲ လေးစားမှုအရိပ်အယောင်ရှိနေဆဲဖြစ်သည်ကို မြင်သော် ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ပေ။ သူဟာ ကိစ္စကြီးများက တကယ်ကို ခန့်မှန်းရန်ခက်ခဲသည်ဟု စဉ်းစားမိလိုက်ပါ၏။

သူ့အနေနှင့် ဤဘာရွန် ဘယ်လီကို ပထမဆုံးမြင်တွေ့ခဲ့သည့် အချိန်က သူဟာ ဘန်တာမြို့ကို စတက်ဂ်ျမိသားစုကိုယ်စား လာခဲ့သည်။ သူက ဘန်တာမြို့ရှိ စတက်ဂ်ျမိသားစု၏ မြေကို စီမံခန့်ခွဲရာ၌ ဗစ်ကောင့်ထ်လက်စ်လိုင်းနေရာဝင်လာပြီး ပထမဆုံးလုပ်ခဲ့သော အရာမှာ Frestech ကုန်သည်ကြီးများအသင်းကို ထိုမြေမှ မောင်းထုတ်ခဲ့ခြင်းပင်။

ဘာရွန် ဘယ်လီမှာ ယခင်က အင်မတန်ဘဝင်မြင့်ပြီး ရှုယီကို မြင်ချိန်တိုင်း အထင်သေးနေခဲ့သည်မှာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို မျက်လုံးထဲပင် မထည့်သယောင်ပင်။

သို့သော်လည်း လေးနှစ်တာကြာပြီးသည့်နောက် စတက်ဂ်ျမိသားစုမှာ လမ်ပူရီတိုင်းပြည်၏ ပြည်တွင်းစစ်ပွဲ၌ ပျောက်ကွယ်သွားပြီး သမိုင်းကြောင်းအဖြစ်သာကျန်တော့သည်။

ရှုယီမှ ဆယ်ဗီနီထံ တောင်းဆိုခဲ့သော လက်စ်လိုင်းကြောင့်သာမဟုတ်လျှင် စတက်ဂ်ျမိသားစုမှာ သေလမ်းတစ်လမ်းသာ ရှိတော့မည်။

ယခု ဧရာမစတက်ဂ်ျမိသားစု၌ လူအနည်းငယ်သာ ကျန်ရှိပြီး တိုက်ရိုက်မျိုးဆက်၌ လက်စ်လိုင်းအပြင် ဘာရွန် ဘယ်လီသာ ရှိတော့သည်။

ဆယ်ဗီနီမှာ ရှုယီကို လေးစားသောအားဖြင့် ဘာရွန် ဘယ်လီ၏ မျိုးရိုးအမည်ကို ချန်ထားပေးခဲ့ရုံသာမက သူ၏ ဘွဲ့နှင့် မြို့အပြင်ဘက်ရှိ ပိုင်နက်လေးကိုပါ ချန်ထားပေးခဲ့သည်။

၎င်းက ယခင်ကနှင့်စာလျှင် စတက်ဂ်ျမိသားစုရဲ့ ဖျက်ဆီးလွှမ်းမိုးမှုမရှိတော့ဘဲ ဘာရွန် ဘယ်လီ၏ ဘဝမှာ ယခင်ကနှင့် မပြောင်းလဲသွားပေ။

တချိန်တည်းမှာပင် လက်စ်လိုင်း၏ အထူးတောင်းဆိုနှုကြောင့် ရှုယီမှာ ဘာရွန် ဘယ်လီကို ထွက်လမ်းတစ်ခုပေးခဲ့၏။ သူဟာ ဘန်တာမြို့၏ မှော်စက်လုပ်ငန်းစုများနှင့်အတူ ပူးပေါင်းခွင့်ပေးထားကာ တစ်နှစ်ကို ရွှေဒင်္ဂါး သောင်းချီရစေကာ သင့်‌တင့်သော ဘဝကို ပေးအပ်ခဲ့၏။

မှန်ပါ၏ ၎င်းတို့ ပထမဆုံး ဆုံတွေ့ကြစဉ်ကနှင့်စာလျှင် ဘာရွန် ဘယ်လီမှာ ယခု ရှုယီကို တွေ့ချိန်၌ လုံးဝဘဝင်မြင့်မနေတော့ပေ။ ထိုအစား သူ့အား လေးစားကာ ရံဖန်ရံခါ ဖားယားတတ်သေးသည်။

"ဒီလတော့ မျှော်လင့်ချက်မရှိပေမယ့် အရာအားလုံး ချောချောမွေ့မွေ့ဖြစ်သွားတဲ့အခါကျရင် စမ်းသပ်မှုက နောက်လမှာ အောင်မြင်လောက်တယ်။" ရှုယီက ခေါင်းခါ၍ ပြန်ဖြေသည်။

"နောက်လရှိသေးတာလား?" ဘာရွန် ဘယ်လီ၏ မျက်နှာ၌ စိတ်ပျက်မှုများဖြင့်ပြည့်‌သွားသည်၊ "ကျုပ်က အဲ့ကောင်တွေကို ခင်ဗျားတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်း ဒီလထုတ်မယ့် မှော်ဆလွန်းအသစ်က တစ်နာရီကို တစ်ရာကီလိုမီတာအထိပါ ရောက်မှာလို့တောင် ကြွားခဲ့သေးတယ်။"

"ရှုယီက တစ်ချက်ရယ်မောလိုက်သည်၊ "အေးဆေးပေါ့ မှော်ဆလွန်းအသစ်ထွက်လာတာနဲ့ ခင်ဗျားကို တစ်စီးပေးမှာဆိုတော့ အဲ့လူတွေရှေ့မှာ မျက်နှာရမှာပါ။ ဘယ်လိုလဲ?"

ဘာရွန် ဘယ်လီက အပြုံးဖြင့် ခေါင်းခါသည်၊ "အင်း အင်း။ ဥက္ကဌရှု ခင်ဗျားက အမြဲ ကြင်နာတတ်တာကို ကျုပ်နားလည်ပါတယ်ဗျာ။ ဒါပေမယ့်.... နည်းနည်းလောက်ပိုမြန်နိုင်မယ်ဆိုရင်တော့ တတ်နိုင်သမျှ မြန်ပေးဖို့ မျှော်လင့်တယ်။"

ထိုသို့ပြောပြီးနောက် ဘာရွန် ဘယ်လီမှာ ဆန်းကြယ်စွာ ဘေးဘီကိုကြည့်လိုက်ပြီး ရှုယီနံဘေးသို့လာ၍ အသံတိုးကာပြောသည်၊ "အရှင်မင်းသား ဖရန့်ခ်ကလည်း ဒီမှော်ဆလွန်းအသစ်ကို အရမ်းစိတ်ဝင်စားနေတာလေ။"

"အိုး?" ရှုယီ၏ မျက်ခုံးများမြင့်တက်သွားသည်၊ "အရှင်မင်းသားဖရန့်ခ်ကလည်း ဒီအကြောင်းသိတယ်ပေါ့?"

ဘာရွန် ဘယ်လီက တစ်ချက်ရယ်ကာ အင်မတန် ယုံကြည်ချက်ရှိပုံပေါ်လာ၏။

"မတိုင်ခင်က သူ့ဆီ စာရေးခဲ့တယ်လေ၊ အထူးသဖြင့် ဒီမှော်ဆလွန်းရဲ့ အားသာချက်တွေအကြောင်းပြောဖို့ပေါ့။ မင်းသားလေး ဖရန့်ခ်ရဲ့ အဖြေကတော့ ဒီအပေါ်မှာ အရမ်းကို စိတ်ဝင်စားနေပြီး သူ့အတွက်လည်း တစ်စီးလောက်ရနိုင်မလားတောင် မေးနေသေးတယ်။"

ရှုယီလည်း အသာခေါင်းငြိမ့်လိုက်သည်။ စဉ်းစားကြည့်ပြီးနောက် သူက ပြောလေသည်၊ " ဘယ်လီ အရှင်မင်းသားဖရန့်ခ်ကို ပြောလိုက်ပါ။ သူသာ မှော်ဆလွန်းကိုစိတ်ဝင်စားရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက နောက်ဆုံးပေါ် မှော်ဆလွန်းတစ်စီး အခမဲ့ပေးဖို့ ဆန္ဒရှိပါတယ်လို့။ သူသာ စွမ်းအားအပိုင်းကို စိတ်ဝင်စားရင် နောက်လ မီးစွမ်းအားအင်ဂျင်မှော်ဆလွန်းအသစ်ထုတ်လုပ်တဲ့အခါကျ တတ်နိုင်သမျှ မြန်မြန် တစ်စီးလောက်အလကားပေးနိုင်တယ်။"

"အလကား?" ဘာရွန် ဘယ်လီမှာ မနာလိုအားကျဟန်ပေါ်လာသည်၊ "ဥက္ကဌရှု ခင်ဗျား ကျုပ်ကိုရော တစ်စီးလောက်ပေးလို့ရမလား? အိုင်း အိုင်း ခင်ဗျားရဲ့ နောက်ဆုံးပေါ် မှော်ဆလွန်းက ရွှေဒင်္ဂါးထောင်ချီကုန်ကျမှာ ကျုပ်လည်း အခုငွေကြပ်နေလို့ပါ ဟဲဟဲ...."

ရှုယီက သူ့အား တည်ငြိမ်စွာကြည့်လိုက်၏။

"ခင်ဗျားသာ အရှင်မင်းသားဖရန့်ခ်ကို ကျုပ်တို့လုပ်ငန်းစုဆီက လက်ဆောင်ယူအောင်လုပ်နိုင်ရင် ခင်ဗျားကို မီးစွမ်းအားမှော်အင်ဂျင်မှော်ဆလွန်းအသစ် နှစ်စီးပေးဖို့တောင် ပြဿနာမရှိဘူး။"

"ဒါက..." ဘာရွန် ဘယ်လီ၏ အမူအရာက ခါးသက်သွားသည်၊ "ဧကရာဇ်က မင်းသမီးလေးတွေရဲ့ လိုအပ်ချက်တွေကိုတောင် စည်းကမ်းတင်းကြပ်ထားတာဆိုတော့ တခြားလူတွေရဲ့ လက်‌ဆောင်တွေကို လက်ခံဖို့ ခွင့်မပြုထားဘူး ကုန်သည်တွေဆို မပြောပါနဲ့တော့။ အရှင်မင်းသားဖရန့်ခ်ကလည်း ဒီအပေါ်မှာ စောင့်ထိန်းရမှာ များတာကြောင့် ဒီတောင်းဆိုချက်က မဖြစ်နိုင်....."

"ခင်ဗျားလုပ်နိုင်ရင်ပေးမယ် မလုပ်နိုင်ရင်တော့ ပြောစရာမရှိဘူးပေါ့။" ရှုယီက ဘာရွန် ဘယ်လီကို တိုက်ရိုက်ဖြတ်ပြောလိုက်သည်။

ဘာရွန် ဘယ်လီက ခါးသက်သက်ရယ်ပါ၏။ သူဟာ စက်ဝိုင်းပုံစံပတ်သွားနေရင်း တီးတိုးရေရွတ်နေသေးသည်။

ရှုယီကမူ အပြုံးဖြင့် ခေါင်းခါကာ သတိပေးလိုက်ပါ၏၊ "ဘယ်လီ ကျုပ်က မင်းသားလေးဖရန့်ခ်အနေနဲ့ မှော်ဆလွန်းကို အလကားယူရမယ်လို့ချည်းပြောနေတာ မဟုတ်ဘူးလေယ ကျုပ်က သူ့ကို မှော်ဆလွန်းရစေချင်ရုံပဲ ဘယ်လောက်ရမယ်ဆိုတာကို ဂရုမစိုက်ဘူး ကျုပ်ပြောတာ နားလည်ရဲ့လား?"

ဘာရွန် ဘယ်လီမှာ ရုတ်တရတ် ရပ်တန့်ကာ မျက်လုံးများတောက်ပလာပါ၏၊ "တကယ်ကြီးလား?"

ရှုယီက အသာပြုံး၍ ခေါင်းငြိမ့်သည်။

ဘာရွန် ဘယ်လီမှာ တမုဟုတ်ချင်း စိတ်လှုပ်ရှား၍ တစ်ချက်ရယ်လိုက်သည်။ သူ၏စိတ်က ပြန်လည်လာပြီးနောက် ကျယ်လောင်စွာ ဆိုလေ၏၊ "ဒီက အများကြီးပိုလွယ်သွားပြီ! ဥက္ကဌရှု ကျုပ်သာ ဒီကိစ္စမှာကူညီရင် ခင်ဗျား...."

"ပြဿနာမရှိဘူး ကျုပ်ပေးတဲ့ ကတိကိုတည်မှာပါ"

"ကောင်းပြီလေ!" ဘာရွန် ဘယ်လီက ရှုယီ ကတိမတည်မှာကို ကြောက်နေသော်လည်း ချက်ချင်းပြန်ဖြေလိုက်ပါ၏၊ "ဥက္ကဌရှု ခင်ဗျား သတင်း‌ကောင်းသာစောင့်နေလိုက်ပါ!"

ဘာရွန် ဘယ်လီက ပျော်ရွှင်စွာ ထွက်သွားသည်ကိုကြည့်ရင်း ရှုယီမှာ မနေနိုင်အောင်ပြုံးကာ ခေါင်းခါမိသည်။

အနှီ ဘာရွန် ဘယ်လီထံ၌ မည်သည့်အရည်အချင်းမှ မရှိပါသော်လည်း ရှုယီအတွက် အရေးကြီးသည့် အရာတစ်ခုတော့ရှိပါ၏။ ၎င်းမှာ သူ၏ အဒေါ်တော်စပ်သူမှာ ကန်ဒရာအင်ပါယာ၏ အရှင်ကောင့်ထ်တစ်ဦးနှင့် လက်ထပ်ထားခြင်းပင်။

ထို့အပြင် သူ၏ အဒေါ်မှ မွေးပေးထားသည့် သမီးဖြစ်သူ ဘာရွန် ဘယ်လီ၏ ဝမ်းကွဲတော်စပ်သူမှာ ကန်ဒရာအင်ပါယာ၏ တတိယမင်းသား ဖရန့်ခ် ဒဲဘွာ၏ အမြင်ကို ဖမ်းစားခဲ့ရာ သူ၏ မင်းသမီးအတွက် ခေါ်‌ဆောင်ခဲ့သည်။

ထို့ကြောင့် ဘာရွန် ဘယ်လီမှာ တကယ်တမ်းတွင် ကန်ဒရာအင်ပါယာ၏ မင်းသားလေးနှင့် ဆက်စပ်နေသည့် အဓိပ္ပာယ်ပင်။ အနှီနှစ်ဦးမှာ စာအလဲအလှယ်ပင်ရှိပြီး အတော်ကို အပြောအဆိုကောင်းကြသည်။

လက်စ်လိုင်းက Frestech ကုန်သည်ကြီးများအသင်းအတွက် ပင်လယ်ကို ထွက်သွားစဉ်တွင် သူဟာ ရှုယီအား ဘာရွန် ဘယ်လီ၏ ဆွေမျိုးအကြောင်းပြောပြခဲ့ရာ ရှုယီလည်း ချက်ချင်းသုံးလိုက်သည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ကန်‌ဒရာအင်ပါယာဈေးကွက်ကိုဖွင့်ရန် ကြိုးစားနေခဲ့သည်။ ၎င်းတို့အနေနှင့် သံတမန်ဟာကာနင်နှင့်အတူ တံခါးကိုဖွင့်နိုင်ခဲ့ပါလျှင်တောင် မင်းသားများအနက်တစ်ဦးနှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ပါက ၎င်းမှာ ကန်ဒရာအင်ပါယာ၏ ဈေးကွက်ကို ဖွင့်ရန် Frestech ကုန်သည်ကြီးများအသင်းအတွက် သံသယဖြစ်စရာမလိုအောင် အကူအညီဖြစ်လိမ့်မည်။

ရှုယီအနေနှင့် နှစ်ခုအကြားကွာဟချက်က ကြီးမားလွန်းလှသဖြင့် အရှင်မင်းသား ဖရန့်ခ်အား တကယ်တမ်းတွင် ဂရုစိုက်ဖို့ မမျှော်လင့်ထားပါချေ။

ထို့ကြောင့် သူဟာ ဖရန့်ခ်အား မှော်စက်များကို စိတ်ဝင်စားလာစေချင်ရုံသာဖြစ်ပါ၏။ သူသာ မှော်စက်များကို လက်ခံနိုင်ပြီး အသုံးပြုလာနိုင်သရွေ့ သူဟာစံပြဖြစ်လာကာ မှော်စက်များလည်း ကန်ဒရာအင်ပါယာ၌ အမြန်အဆန် ကျော်ကြားလာလိမ့်မည်။

အခြားမှော်စက်များက ငယ်စဉ်ကတည်းက သာလွန်သည့် ဘဝ၌နေထိုင်ခဲ့ရသည့် မင်းသားဖရန့်ခ်ကို မလှုပ်ရှားစေနိုင်လောက်သော်လည်း မြင်းလှည်းများထက် များစွာသာလွန်သည့် မှော်ဆလွန်းများကိုမူ သူစိတ်ဝင်စားလောက်မည်ဟု ရှုယီ သေချာသည်။

မင်းသားဖရန့်ခ်မှာ အသက်သုံးဆယ်ပင်မပြည့်တတ်သေးရာ လူငယ်တစ်ဦးသာဖြစ်နေဆဲဖြစ်၏။

ဤအရွယ်အမျိုးသားတစ်ဦးမှာ မည်သို့များ ပြိုင်ကားများကို စိတ်မဝင်စားဘဲရှိမည်နည်း?

ရှုယီအနေနှင့် ဘာရွန် ဘယ်လီက မင်းသားဖရန့်ခ်ကို မှော်ဆလွန်းရယူစေရန် မည်သို့လုပ်ဆောင်မည်အား မသိသော်လည်း မင်းသားဖရန့်ခ် မှော်ဆလွန်းတစ်စီးရသည်နှင့် နောက်ပိုင်းရှိလာမည့် အာရုံစိုက်မှုတို့ကြောင့် ရှုယီမှာ မှော်ဆလွန်းက ကန်‌ဒရာအင်ပါယာ၏ မျိုးရိုးမြင့်အသိုင်းအဝိုင်းတွင် အမြန်ကျယ်ပြန့်လာမည်ကို ယုံကြည်ချက်ရှိသည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်းကို ကန်ဒရာအင်ပါယာ၏ အထက်ပိုင်းအသိုင်းအဝိုင်း၏ မျက်လုံးများထဲ တရားဝင် ဝင်ရောက်သွားစေလိမ့်မည်။

သာမန်အိမ်သုံးမှော်စက်များမှာ လမ်းကြောင်းအနိမ့်ဆိုလျှင် ဈေးကြီးသော မှော်ဆလွန်းများနှင့် ရှုယီမှာ လမ်းကြောင်းအမြင့်ကို လျှောက်လှမ်းနေရသည်။

နည်းလမ်းနှစ်ခုစလုံးက တူညီသည့်ပန်းတိုင်းကို ရည်ရွယ်နေခြင်းကြောင့် သူဟာ မှော်စက်များအား ကန်ဒရာအင်ပါယာ၌ ရောင်းချနိုင်မည်မဟုတ်ဟု မယုံကြည်ပေ။

"ဟေး ရှုယီ ဒီလောက် ပြုံးနေတာ ဘာရွန် ဘယ်လီဆီကနေတဆင့် မင်းသားဖရန့်ခ်နဲ့ ဆက်ဆံ‌ရေးတည်ဆောက်နိုင်သွားလို့များလား?" ရှုယီနောက်မှ အသံတစ်သံထွက်လာသည်။

လှည့်ကြည့်လိုက်သော် ၎င်းက အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌခရုစ်ဖြစ်ကြောင်း တွေ့ရလေ၏။

ရှုယီ၏ ယုံကြည်ချက်ရှိရှိအပြုံးနှင့်စာလျှင် ဥက္ကဌခရုစ်၏ အပြုံးမှာ အနည်းအားတင်းထားရပြီး အနည်းငယ် နောင်တရနေဟန်ရှိ၏။

ရှုယီမှာ ထိုနောင်တက မည်သည့်နေရာကလာသည်ကို သိနိုင်သည်။

အမ်ရစ်ကုန်သည်ကြီးများအသင်း၏ လမ်းမများမှာ ကန်ဒရာအင်ပါယာရှိမည်သည့် အဆင့်မြင့်အဖွဲ့ဝင်ကိုမှ မဆွဲဆောင်နိုင်ခဲ့ပေ။ လူအချို့မှာ ထိုအကြောင်းမေးလာပါလျှင်တောင် လမ်းများက တိကျသည့် ဝင်ငွေကို မယူဆောင်လာနိုင်သဖြင့် မည်သူကမှ ဆက်တိုက်မေးမနေတော့ပေ။

လပေါင်းများစွာကြာပြီးနောက်၌ မည်သည့်ပြောင်းလဲမှုမှ မရှိသဖြင့် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ကန်ဒရာအင်ပါယာသို့ဝင်ရောက်ရန် အားထုတ်မှုကို ကျရှုံးသည်ဟု ယူဆနိုင်သည်။

၎င်းတို့မှာ ကန်ဒရာအင်ပါယာဈေးကွက်ကို စီစဉ်ထားသလို မဖွင့်နိုင်ခဲ့ရာ ဥက္ကဌ ခရုစ်၏ အမူအရာက ကြည့်မကောင်းသည်က မဆန်းလှချေ။

"အဲ့လိုတော့ ယူဆလို့မရသေးပါဘူး ဒါပေမယ့် ပြဿနာတော့ မများလောက်ဘူး။" ရှုယီက အပြုံးဖြင့် ဖြေ၏၊ "ဘာလဲ? ခင်ဗျားတို့ ဘာတိုးတက်မှုမှ မရှိသေးလို့လား?"

ဥက္ကဌခရုစ်က သက်ပြင်းချ၏၊ "ဟုတ်တယ်။ ငါတကယ်ကို နားမလည်တော့ဘူး ငါတို့ လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်၊ ဒရိတ်ခ်နယ်မြေနဲ့ မီရန်ဒိုနယ်မြေတို့လို တိုင်းပြည်လေးတွေတောင် လမ်းတွေရဲ့ အရေးပါမှုကို နားလည်နိုင်ပေမယ့် လာလို့ ကန်‌ဒရာအင်ပါယာလို အင်ပါယာကြီးတစ်ခုက နားမလည်နိုင်ရတာလဲ?"

ရှုယီက ပခုံးတစ်ချက်တွန့်သည်၊ "ကန်ဒရာအင်ပါယာက ကြီးမားလွန်းတာကြောင့် လမ်းရဲ့အကျိုးကျေးဇူးကိုနားမလည်နိုင်တာလည်း ဖြစ်နိုင်တယ်။ ကျုပ်တို့ လမ်ပူရီတိုင်းပြည် အရင်က လမ်းတွေဖောက်တော့ ကျုပ်တို့လည်း အရင်ဆုံး တံတိုင်းဆီ ပြေးဝင်သွားရတာပဲမဟုတ်လား? ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက လမ်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အစပျိုးခဲ့တာကြောင့်သာမဟုတ်ရင် လမ်ပူရီတိုင်းပြည်သားတွေက အကျိုးကျေးဇူးကို နားလည်နိုင်ပါ့မလား။"

"ဟုတ်တယ် ကျုပ်တို့သာ ကန်‌ဒရာအင်ပါယာဆီကို လမ်းတစ်လမ်းဖောက်နိုင်ရင် ကန်ဒရာအင်ပါယာက လူတွေအနေနဲ့ လမ်းတွေရဲ့ ကောင်းကျိုးကို နားလည်လာမယ်လြို အာမခံနိုင်တယ်။" ဥက္ကဌခရုစ်က ရှုယီကိုကြည့်ကာ ပြောဖို့ တုံ့ဆိုင်းနေသည်။

ရှုယီလည်း မနေနိုင်ဘဲ ပြုံးမိ၏၊ "ဟုတ်ပြီ ခရုစ် ပြောချင်တာရှိရင် ပြောလိုက်ပါ။ မင်းသားဖရန့်ခ်နဲ့ ဆက်ဆံရေးကိုသုံးချင်တယ်ဆိုရင်တော့ အရမ်းစောနေသေးတယ်လို့ပဲ ပြောနိုင်မယ်။"

ရှုယီ၏ သူ့အတွေးများကိုဖောက်မြင်နေခြင်းကြောင့် ဥက္ကဌခရုစ်မှာ လုံးဝနေရခက်ဟန်မရှိပေ။ သူက တစ်ချက်သာရယ်ကာပြောသည်၊ "မင်းသားဖရန့်က မှော်ဆလွန်းတွေကို စိတ်ဝင်စားနေပြီဆိုတော့ အများပြည်သူသုံးလမ်းမှာ ကားမောင်းတာက ကျောက်စရစ်တွေ ဖုန်တွေနဲ့လုပ်တဲ့လမ်းတွေမှာမောင်းတာထက် ပိုကောင်းမယ်ဆိုတာကို နားလည်လာလောက်မှာပါ။"

ရှုယီမှာ လက်ရှိတည်ဆောက်နေသည့် ဘန်တာမြို့ ပြိုင်ကွင်းကိုညွှန်ပြ၍ အပြုံးဖြင့်ပြောသည်၊ "ကျုပ် ဒီပြိုင်ပွဲကိုစလိုက်မယ်ဆိုရင် ဘယ်လိုထင်လဲ?"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၅၂။ လှိုင်းကြီးများ ကမ်းခြေကို ရိုက်ခတ်ခြင်း

ရှုယီမှာ စိုင်စ်နယ်မြေကြီး၌ ကားပြိုင်ပွဲကိုမည်သို့ ဖြန့်ကျက်လိုသည်ဖြစ်စေ မှော်ဆလွန်းများမှာ ကျော်ကြားဖို့ ဝေးကွာပြီး အုတ်မြစ်ကောင်းမရှိသဖြင့် ကားပြိုင်ပွဲများက လူများများစားစားကို မဆွဲဆောင်မိခဲ့ပေ။

နွေဦး စက်ဘီးပြိုင်ပွဲနှင့် ၎င်းနောက် စတင်ကျင်းပမည့် စက်ဘီးပ စက်ဘီးပြိုင်ပွဲပတ်လမ်းတို့နှင့်ယှဉ်သော် ၎င်းကို အာရုံစိုက်သူမှာ ကွာခြားလှသည်။

စက်ဘီးပြိုင်ပွဲများက လူများစွာ၏ အာရုံစိုက်မှုကို ရပါလျှင်တောင် ၎င်းမှာ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများစက်ဘီးစီးဝါသနာပါသူများနှင့်သာ ကန့်သတ်ခံထားရသည်။

ဤပြိုင်ပွဲသို့လာသည့် လူအများစုမှာ ယှဉ်ပြိုင်ရန်ရောက်လာသူများသာဖြစ်သည်။

သို့သော်လည်း ယခုတွင် Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုခုနစ်ခုက ၎င်းတို့၏အသင်းများအတွက် ဤပြိုင်ပွဲမှ အဖွဲ့ဝင်များရွေးချယ်မည်ဟု ကြေငြာထားရာ လူများစွာက ၎င်းကို ခြေနင်းတုံးသဖွယ် မြင်ကြသည်။

ဤနွေဦးပြိုင်ပွဲက ယခင်နှင့်စာလျှင် များစွာပို၍ တက်ကြွနေကြရာ အနာတရဖြစ်သွားကြသော လူများစွာပင်ရှိလေသည်။

ရှုယီမှ မြို့စား ကောင့်ထ်ဝယ်လ်ကို ကြိုတင်အသိပေးထား၍သာ တော်ကာကျသည်၊ ထို့ကြောင့်သာ ဘန်တာမြို့က ပြင်ဆင်ထားပြီး ပြိုင်ပွဲကို ချောမွေ့စေမည်ဖြစ်သည်။

၎င်းမှာ ဤပြိုင်ပွဲနှင့် နောက်ကျင်းပမည့် ပြိုင်ပွဲ၌ အနိုင်ရမည့်လူမှာ ဆုကြေးငွေအဖြစ် ရွှေဒင်္ဂါးငါးသောင်းရမည်ဖြစ်သောကြောင့်လည်းပါသည်။ ၎င်းက လူများစွာကို လောဘဖြစ်စေကာ ၎င်းတို့ကိုယ်တိုင် ဤပြိုင်ပွဲက ခြေနင်းတုံးဖြစ်လာသလို တွေးမိစေ၏။

၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ စက်ဘီးရောင်းအားထုထည်ကိုလည်း တိုးလာစေသည်။

နှစ်တိုင်း နွေဦး၌ Frestech ကုန်သည်ကြီးများအသင်း၏ စက်ဘီးရောင်းအားအရေအတွက်က ၎င်းတို့၏ အကြီးမားဆုံး စုပြုံတိုးမှုဖြစ်လာစေသည်။ ပြိုင်ပွဲများ၏ လွှမ်းမိုးမှုကြောင့် Frestech တံဆိပ်စက်ဘီးနျားမှာ အနီးဝန်းကျင်တိုင်းပြည်များ၌ ရောင်းအားထုထည် နှစ်ဆနီးပါးဖြစ်သွားခဲ့သည်!

ဧပြီလနှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ စက်ဘီးအစီးရေ သုံးသောင်းလေးထောင်ရောင်းချခဲ့ပြီးဖြစ်သည်။

စက်ဘီးအစီးရေ သုံးသောင်းလေးထောင်အတွက် Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါးလေးသိန်း အမြတ်အစွန်းရခဲ့သည်။

ထို့အပြင် ၎င်းက Frestech ကုန်သည်ကြီးများအသင်းတင်မဟုတ်ပေ။ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ပြိုင်ပွဲကျင်းပြသည့် အခြားလုပ်ငန်းစုခုနစ်ခုမှာလည်း ရောင်းအားအရေအတွက် များစွာမြင့်မားလာသည်ကို မြင်ကြရသည်။

လူတို့၏အတွေးများအရ ထိုလုပ်ငန်းစုခုနစ်ခုမှာ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ပြိုင်ပွဲလက်ခံကျင်းပရန် အရည်အချင်းမီသဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ လက်ခံမှုကို ရထားသည့် အဓိပ္ပာယ်ပင်။

ထိုသို့ဖြစ်သဖြင့် ၎င်းတို့ထုတ်လုပ်ခဲ့သည့် စက်ဘီးများက Frestech တံဆိပ်ကို မယှဉ်နိုင်ပါလျှင်တောင် ၎င်းတို့ထံတွင် ကိုယ်ပိုင်အမှတ်ကောင်းများရှိသည်။

၎င်းတို့၏ စက်ဘီးဈေးနှုန်းများက Frestech တံဆိပ်ထက် ပိုနည်းသည့်အချက်ကိုပါ ထည့်ပေါင်းလိုက်သော် သဘာဝကျစွာပင် လူများစွာက ဝယ်ယူလာကြသည်။

သို့သော် ဤဖြစ်စဉ်နောက်၌ လိုက်လာသည့်အရာလည်း ရှိပါ၏။

အနှီလုပ်ငန်းစုခုနစ်ခုက စက်ဘီးပြိုင်ပွဲ၌ Frestech ကုန်သည်ကြီးများအသင်းနှင့်ပူးပေါင်းခြင်းဖြင့် ရောင်းအားတိုးလာသည်ကို သိပြီးနောက် အခြားစက်ဘီးလုပ်ငန်းများမှာ ဒီတိုင်းမနေနိုင်ကြတော့ပေ။ ၎င်းတို့မှာ ပြိုင်ပွဲဝင်ရန် မျှော်လင့်ချက်ဖြင့် Frestech ကုန်သည်ကြီးများအသင်းကို ရှာဖွေကာ လျှောက်လွှာများလွှဲပေးခဲ့ကြ၏။

ရှုယီက ၎င်းအတွက်ပြင်ဆင်ထားပြီးသားဖြစ်ရာ ပြိုင်ပွဲသို့ ဝင်ရောက်ရန်လိုအပ်သော အရည်အချင်းများကို မြန်မြန် ထုတ်ပြလာသည်။

အနှီစည်းမျဉ်းများအရ စက်ဘီးပြိုင်ပွဲမှာ နောက်သုံးတာအတွင်း လုပ်ငန်းစုဆယ့်နှစ်ခုအဖြစ် တိုးသွားသော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ ပါဝင်လိုသော လုပ်ငန်းစုများကို တင်းကြပ်စွာ စိစစ်ထားသည်။

ထိုစိစစ်မှုအတွင်း အရေးအကြီးဆုံးသောအရာမှာ ထိုလုပ်ငန်းစုများကထုတ်လုပ်သည့် စက်ဘီးများအနေနှင့် စံနှုန်း ကိုက်မကိုက်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ထိုစံနှုန်းနှင့်ကိုက်ညီသည့် လုပ်ငန်းစုများကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြိုင်ပွဲ၏ တစိတ်တပိုင်းဖြစ်ပြီးသား ၎င်းလုပ်ငန်းစု ခုနစ်ခုသည်ပင် နှစ်စဉ် စိစစ်ခံရမည်ဖြစ်သည်။

၎င်းတို့သာ စံနှုန်းနှင့်မကိုက်ညီလျှင် ထုတ်ပယ်ခံရမည်ဖြစ်သည်။

နောက်တွင် ပါဝင်သည့်လုပ်ငန်းစုများထံ၌ ၎င်းတို့၏ ပြိုင်ပွဲအသင်းအတွက် ပြီးပြည့်စုံ၍အသုံးဝင်သည့် အစီအစဉ် ရှိရမည်ဖြစ်၏။

ပြိုင်ပွဲများ၌ ကျွမ်းကျင်အသင်းကို ပါဝင်စေခြင်းအပြင် ၎င်းတို့နှင့်အတူ အလုပ်တွဲလုပ်ရန် ဝန်ထမ်းမျိုးစုံကိုလည်း ထားရှိရမည်ဖြစ်ကာ စီမံခန့်ခွဲရေးအဖွဲ့နှင့် အရေးအကြီးဆုံးသော သုတေသနအဖွဲ့တို့ကိုပါ ထားရှိရမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းကြေငြာခဲ့သည့် စံနှုန်းများမှာ အင်မတန်ကျယ်ပြန့်ပြီး ရှုပ်ထွေးကာ အသေးစိတ်များစွာဖြင့် အင်မတန် စည်းကမ်းကြပ်ထားလေသည်။

Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းကို ⟨ ဘန်တာတိုင်းမ်စ် ⟩မှတဆင့် ကြေငြာချိန်တွင် စက်ဘီးအကြောင်း မည်သည်မှ မသိသူတစ်ဦးသည်ပင် အမ်ရစ်ကုန်သည်ကြီးများအသင်းက ပါဝင်လိုသည့် လုပ်ငန်းစုများကို အင်မတန် စည်းကမ်းတင်းကြပ်ထားကြောင်း နားလည်သည်။ ထို့အပြင် လူများ မလေးစားဘဲမနေနိုင်သည့် ကျွမ်းကျင်သူတစ်ဦး၏ ခံစားချက်လည်းရသည်။

ပါဝင်လိုသည့် လုပ်ငမ်းစုများအတွက် Frestech ကုန်သည်ကြီးများအသင်းချမှတ်ထားသည့် တင်းကြပ်သော လိုအပ်များမှာ ၎င်းတို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်သော်လည်း အခွင့်အရေးလည်းဖြစ်နေပြန်သည်။

Frestech ကုန်သည်ကြီးများအသင်း ထံ၌ ထိုသို့မြင့်မားသည့် စံနှုန်းများရှိရာ ၎င်းတို့သာ ပါဝင်မည့် အခွင့်အရေးများ ရနိုင်လျှင် ၎င်းက ၎င်းတို့၏လုပ်ငန်းစုအင်အားကို အားလုံးထံ သက်သေပြနိုင်မည်မဟုတ်ပါလား?

လုပ်ငန်းစုတစ်ခု ပြိုင်ပွဲအတွက် အရည်အချင်းမပြည့်မီနိုင်လျှင် မည်သူကမှ ၎င်းတို့စက်ဘီးများကို ဝယ်ယူရန် ဆန္ဒရှိမည်မဟုတ်ဟု ပြောဆိုရန်မှာ ချဲ့ကားရာမကျချေ။

ဤသည်က အနှီလုပ်ငန်းစုများအတွက် သေတမ်းစာတစ်ခုပါပင်။

၎င်းကိုသာ ရှုထောင့်တစ်ခုမှ ကြည့်လိုက်လျှင် Frestech ကုန်သည်ကြီးများအသင်း ဦးဆောင်ထားသည့် ပြိုင်ပွဲက အနှီစက်ဘီးလုပ်ငန်းစုများ၏ သေခြင်းနှင့် ရှင်ခြင်းကို ထိန်းချုပ်ထားပါ၏။

"ဒါတော့ မဟုတ်ဘူး။"

စတေးလ်မှာ ⟨ Frestech စက်ဘီးပြိုင်ပွဲ စည်းမျဉ်းများ ⟩ ထံမှ အကြည့်လွှဲ၍ ရှုယီကို အသာ‌မျက်မှောင်ကုပ်လျက် မော့ကြည့်လာသည်။

"ဒီစံနှုန်းတွေက တကယ်ကို တင်းကြပ်ပေမယ့်လည်း ဒါက ရှင်းရှင်းလင်းလင်း ပိုင်းခြားတဲ့မျဉ်းကို အမှတ်အသားပြုတယ်လေ။ ဒီတော့ ဒါက ဒီမျဉ်းကို မကျော်ဖြတ်နိုင်တဲ့ လုပ်ငန်းစုတွေအနေနဲ့ စက်ဘီးတွေကို ရောင်းနိုင်မှာ မဟုတ်တဲ့ အဓိပ္ပာယ်မဟုတ်ဘူးလား? ဒါက အဲဒီလုပ်ငန်းစုတွေအတွက် သေခြင်းတရားသပ်သပ်ပဲ။"

ရှုယီက ပခုံးတစ်ချက်တွန့်၏၊ "သူတို့သာ စံနှုန်းမမှီရင် လုပ်ငန်းစုတစ်ခုက ဒီလိုပဲ ကျဆုံးသွားတာက မမှားပါဘူး။"

"ဒါပေမယ့် ဒီလုပ်ငန်းစုသာ ကျဆုံးသွားရင် ပိုအားကောင်းတဲ့ လုပ်ငန်းစုတွေကို သန်မာလာစေပြီး နယ်ပယ်တစ်ခုလုံးကို ထိန်းချုပ်မယ့် လုပ်ငန်းစုနည်းနည်းပဲ ကျ‌န်တော့မှာပေါ့။ လုပ်ငန်းစုအသေးလေးတွေအတွက် ရှင်သန်စရာနေရာတောင် ရှိမှာမဟုတ်လောက်တော့ဘူးဆိုတော့ ဒီနယ်ပယ်အတွက် ဆိုးဝါးမနေဘူးလား?"

ရှုယီမှာ စတေးလ်ကို လေးစားကြောင်းပြရန် လက်မမထောင်ပြမိဘဲ မနေနိုင်တော့ချေ။

စတေးလ်မှာ ဤအပိုင်း၌ အတွေ့အကြုံမရှိခဲ့ဖူးသော်လည်း ဤဖွံ့ဖြိုးရေးလမ်းကြောင်းက သူမ၏မျက်လုံးများ စူးရှကြောင်း ပြနေသည်ကို မြင်နိုင်သည်။

"ကမ်းခြေကို လှိုင်းရလာရင် စစ်ထုတ်တာကပဲ သဲထဲကနေ ရွှေအစစ်ကို ယူနိုင်မှာလေ။ အရည်အချင်းမရှိတဲ့ လုပ်ငန်းစုကတော့ အထုတ်ပယ်ခံရပြီး လက်ရွေးစင်တွေပဲကျန်ခဲ့မှာမို့ စက်ဘီးနယ်ပယ်တိုးတက်မှုကို မြှင့်တင်ဖို့ ပိုလွယ်ကူလာလိမ့်မယ်။ "ရှုယီက အလေးအနက်ပြော၏။

စတေးလ်မှာ ခေါင်းလေးစောင်း၍ ရှုယီကို ခဏမျှ ကြည့်နေပြီးနောက် အသာပြုံး၍ ပြောလာသည်၊ "ရှုယီ ဒါက ရှင့် စမ်းသပ်မှုတွေထဲက တစ်ခုလား? ရှင် ဒါကို သေချာပေါက် တခြားနယ်ပယ်မှုတွေအတွက်လုပ်မှာပဲ မဟုတ်လား?"

ရှုယီက မည်သည်ကိုမှ မဖြေဘဲ ပြုံးသည်။

စတေးလ် ရှုယီနှင့် လက်ထပ်ထားသည်က နှစ်များစွာကြာနေပြီဖြစ်ရာ မည်သို့များ ရှုယီ၏ အတွေးများကို ဖောက်မမြင်ဘဲနေပါမည်နည်း။ သူမက ခေါင်းခါ၍ အပြုံးဖြင့် ပြောသည်၊ "ကျွန်မ တကယ်ပဲ ရှင့်ခေါင်းထဲမှာ ဘာရှိတယ်ဆိုတာကို မသိတဲ့ အချိန်တွေရှိတယ်။ ဘာလို့ အမြဲတခြားလူတွေနဲ့ မတူတဲ့အရာတွေကို စဉ်းစားရတာလဲ? တခြားလူတွေက သူတို့ ငွေဘယ်လောက်ရမယ်ဆိုတာကို စဉ်းစားရင် စဉ်းစားမယ် ဒါပေမယ့် ရှင်က အဲ့လို အဝေးက အရာတွေကို စဉ်းစားနေတာပဲ။"

ရှုယီက အသာပြုံး၍ ဆိုသည်၊ "ဒါကတော့ ကိုယ်တို့ရဲ့ ပန်းတိုင်တွေ မတူတာကြောင့်ပဲလေ။ နောက်ပိုင်းပနခးတိုင်တစ်ခုနဲ့ သေချာပေါက် ကိုယ်က သူတို့ထက် ဝေးဝေး မြင်ရမှာပါ။"

စတေးလ်က ရှုယီထံ မျက်လုံးများလှန်ပြလိုက်သည်၊ "ရှင့်ကို နည်းနည်းလောက် ချီးကျူးလိုက်တာနဲ့ ခေါင်းထဲရောက်သွားတော့တာပဲ။ ကောင်းပြီ ကြီးမြတ်တဲ့ ဥက္ကဌရှု ရှင်လုပ်ချင်တဲ့အရာတွေနဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး။ ကျွန်မဆီမှာ ရှင့်ရဲ့ အစီစဉ်တွေနဲ့ပတ်သက်ပြီး ဘာအကြံမှ မရှိတော့ပေမယ့် နည်းနည်းစိုးရိမ်နေတယ်။ ရှင်ပြောခဲ့တဲ့ လက်ရွေးစင်အကျဆုံးလုပ်ငန်းစုတွေပဲ ကျန်မယ်ဆိုတာကြောင့် အဲဒီ့လုပ်ငန်းစုတွေနဲ့ ပတ်သက်ပြီး ပြဿနာတွေရှိလာရင် ဘယ်လိုလုပ်မလဲ?"

ရှုယီလည်း ခေါင်းခါလိုက်သည်၊ "ကိုယ်က အရမ်းရက်စက်တယ်လို့မပြောပါနဲ့၊ ဒါပေမယ့် ဒီအတွက် ပြင်ဆင်ထားပြီးပြီ။ သူတို့သာ ကိုယ့်ရဲ့အကူအညီမပါဘဲ မတိုးတက်နိုင်တာကြောင့်လေ ကိုယ့်ကိုအပြစ်တင်လို့မရဘူး။"

"အင်း ကောင်းတယ် ရှင်က တကယ်ပဲ အားလုံးကို တွေးထားပြီးသားမို့ ကျွန်မမှာ ပြဿနာမရှိပါဘူး။"စတေးလ်က ခေါင်းငြိမ့်သည်။ ထို့နောက် ပြိုင်ပွဲအတွက် စည်းမျဉ်းအထူကြီးကို ချကာ သူမ၏ ကိုယ်ပိုင်အိတ်ကို မွှေနှောက်လိုက်ပြီးနောက် ရှုယီထံ စဉ်းလဲစွာ ပြုံးပြလာသည်။

"မျက်လုံးမှိတ်လိုက်။"

ရှုယီလည်း အသာပြုံး၍ နာနာခံခံမျက်လုံးများပိတ်လိုက်ပါ၏။

ဤသို့သော ကစားနည်းမျိုးမှာ သူနှင့် စတေးလ်တို့ မကြာခဏ ကစားနေကျဖြစ်ပြီး ၎င်းက ဤစုံတွဲအကြား ချစ်ခြင်းကို ထိန်းသိမ်းပေးထားသည်။

စတေးလ်က ပစ္စည်းများစွာကို ထုတ်၍ စားပွဲပေါ် တင်လိုက်သည်အား ကြားနေရသည်။

တစ်ခဏမျှ ကြာပြီးနောက် စ‌တေးလ်၏ အသံထွက်လာပါ၏။

"ဟုတ်ပြီ ဖွင့်လိုက်တော့"

ရှုယီမှာ စားပွဲကိုကြည့်ရန် မျက်လုံးများဖွင့်လိုက်ချိန်တွင် စားပွဲပေါ်၌ *frisbeeကဲ့သို့သော ခပ်ဝိုင်းဝိုင်းအရာတစ်ခုကို တွေ့လိုက်ရသည်။ (*frisbee = လေထဲပစ်ပြီး ကစားလို့ရတဲ့ disc)

"ဒါက ဘာလဲ?" ရှုယီက သံသယဖြင့်မေးလိုက်သည်။

"ဒါကအရမ်းကို ဆန်းကြယ်တဲ့အရာပဲ စောင့်သာကြည့်နေလိုက်"

စတေးလ်က ဝင့်ကြွားဟန်ဖြင့် ရှုယီကို မျက်လုံးတစ်ဖက်မှိတ်ပြလာသည်။ ထို့နောက် ထိုခပ်ဝိုင်းဝိုင်းအရာကို ဖိချလိုက်ရာ သူမလက်ထံမှ ခရမ်းရောင်အလင်းတစ်ပြပေါ်ထွက်လာ၏။

မှော်ပညာကြောင့် ထိုခပ်ဝိုင်းဝိုင်းအရာ ပတ်လည်တွင် ခရမ်းရောင်တောက်ပလာသည်။

စတေးလ်၏ မှော်အစွမ်းဖြင့် အစပျိုးပေးထားသော ထိုခပ်ဝိုင်းဝိုင်းအရာထက်တွင် မှော်အစီအရင်တစ်ခုရှိနေသည်မှာ ထင်ရှားသည်။

သို့သော် ဤသည်က ရှုယီ၏ ခရမ်းရောင်တောက်ပသောအစီအရင်ပို မြင်ဖူးသည့် ပထမဆုံးအကြိမ်ပါပင်။ ရှုယီမှာ ထိုအရောင်နှင့် ဒြပ်စင်တစ်မျိုးကို မစဉ်းစားနိုင်သဖြင့် ဤမှော်အစီအရင်က မည်သည်ဖြစ်ကြောင်းမသိပေ။

ရုတ်တရတ် အခန်း၌ ပြတ်သားသော ရယ်သံတစ်ချက် ထွက်လာသည်။

ရှုယီအံ့အားသင့်သွား၏။

အခန်းထဲတွင် စတေးလ်နှင့် သူသာရှိသော်လည်း ထိုရယ်သံ ရုတ်တရတ် ထွက်လာသည့်အခါ အသံက အင်မတန်စူးရှလှသည်။

သူ ကြည့်လိုက်စဉ်တွင် ထိုချပ်ပြားထံမှ လာသည့် ခပ်ဖျော့ဖျော့အလင်းကို မြင်လိုက်ပြီးနောက် ပုံရိပ်နှစ်ခု ပေါ်ထွက်လာပါ၏။

ရှုယီ ကြည့်လိုက်သော် ထိုပုံရိပ်များမှာ ဆန်းသစ်လဆပ်ကပ်အဖွဲ့၏ အကျော်ကြားဆုံး အဖွဲ့ဝင်များဖြစ်ကြောင်း သိလိုက်သည်။ ၎င်းမှာ မြေခွေးမျိုးနွယ်အဆိုတော် အေဗရယ်နှင့် လရိပ်မျိုးနွယ်စုမှ ကျော်ကြားသည့် နတ်သူငယ်မလေး ဘရောင်းနီယာတို့ ဖြစ်၏။

မိန်းကလေးနှစ်ဦးမှာ အလင်းရောင်ထဲ၌ ပြုံးနေကြသည်။ အသံကရှင်းလင်းရုံသာမက ၎င်းတို့မျက်နှာထက်ရှိ အသေးငယ်ဆုံးအစိတ်အပိုင်းများကိုလည်း လက်ရှိ၌ ၎င်းတို့နှစ်ဦး ရှိနေသကဲ့သို့ မြင်နိုင်သည်။

နှစ်ဦးသားမှာ ရှုယီနှင့် စတေးလ်တို့ ထိုနေရာ၌ ရှိမနေသကဲ့သို့ စကားပြောနေလေသည်။

ရှုယီမှာ လေထဲမျောနေသော အေဗရယ်နှင့် ဘရောင်းနီယာကို ကြည့်လိုက်ရင်း မျက်နှာထက် အံ့အားသင့်ဟန်မပေါ်လာဘဲမနေနိုင်တော့ပေ။

"ဒါက... ဘယ်အချိန်တုန်းကများ စိုင်စ်နယ်မြေကြီးမှာ ဟိုလိုဂရမ် စီမံကိန်းတွေလိုမျိုး အမြင့်ဆုံးနည်းပညာပေါ်လာရတာလဲ?"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၅၃။ ပုံရိပ်ယောင် အစီအရင်

စတေးလ်က ရှုယီကိုကြည့်ရင်း ပြုံးလိုက်ကာ၊ သူမထုတ်ပြလိုက်သည့်အရာက ရှုယီကို ထိုမျှ အံ့ဩသွားစေခြင်းအား ဂုဏ်ယူနေသော်လည်း ရှုယီ၏ စကားများကိုကြားသော် ခေါင်းကိုမထိမိဘဲ မနေနိုင်တော့ပေ။

"*ဟိုလိုဂရမ်‌ပရောဂျက် နည်းပညာ? ဘာများလဲ?"

(*ဟိုလိုဂရမ်‌ပရောဂျက် နည်းပညာ = *ဟိုလိုဂရမ်‌ပရောဂျက် နည်းပညာ)

"အမ်?" ရှုယီလည်း အံ့အားသင့်ပြီးမှ အမြန်တုံ့ပြန်လာသည်။

မှန်ပါ၏ ၎င်း frisbeeမှာ ကမ္ဘာမြေ၏ ဟိုလိုဂရမ်‌ပရောဂျက် နည်းပညာနှင့် ဆင်တူသော်လည်း ၎င်းပရောဂျက်တော့မဟုတ်ပေ။

အနည်းဆုံးတော့ စွမ်းအင်ရင်းမြစ်နှင့် ပရိုဂျက်တာမရှိသဖြင့် ပုံရိပ်မှာ frisbeeထံမှ တိုက်ရိုက်လာသည့်ပုံပေါ်သည်။

ရိုးသားရလျှင် ၎င်းမှာ ကမ္ဘာမြေရှိ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားများထံမှ ဟိုလိုဂရမ်များနီးပါးပင်။

သို့သော် ကမ္ဘာမြေ၌ ထိုသို့သော အစွန်းရောက်နည်းပညာမရှိသဖြင့် စိုင်စ်နယ်မြေကြီး၌လည်း ရှိမည်မဟုတ်ပေ။

အရေးအကြီးဆုံးအရာမှာ frisbeeထက်တွင် မှော်အစီအရင်တစ်ခုရှိနေသည်က သေချာပြီး ၎င်းက စတေးလ်၏ မှော်အစွမ်းဖြင့် လက်ရှိ၌ လည်ပတ်နေသည်။

သို့သော် ၎င်းက မည်သို့သော ထူးဆန်းသည့် မှော်အစီအရင်ဖြစ်ပါသနည်း? ၎င်းထံ၌ တကယ်ကြီး ဤသို့ ဆန်းကြယ်သောသက်ရောက်ပုံရှိနေသည်လား?

"ရှင်မသိဘူးလား?" စတေးလ်က ဝင့်ကြွားစွာပြုံး၍ရှင်းပြသည်၊ "ဒါက အရင်တစ်ခေါက်က အကြီးအကဲ အွန်ဒင်းဆီကနေ သင်ခဲ့တဲ့ ပုံရိပ်ယောင် အစီအရင်ပဲ။"

"အကြီးအကဲ အွန်ဒင်း?" ရှုယီ၏ အမူအရာက အနည်းငယ်ထူးဆန်းလာသည်။

ရှုယီမှာ အဇ်ရှာရာမျိုးနွယ်စုသို့သွား၍ အကြီးအကဲ အွန်ဒင်းနှင့် ဆုံကာ လုမီကို Frestech ကုန်သည်ကြီးများအသင်းထံပြန်ခေါ်လာပြီး အကြီးအကဲ အွန်ဒင်းနှင့် ပူးပေါင်းရေးသဘောတူညီမှုရထားပြီးကတည်းက သူမဟာ စတက်တိန်းနယ်မြေသို့ အကြိမ်များစွာ လာခဲ့သည်။ ရှုယီမှာ သူမကို အမြဲ စတေးလ်နှင့်အတူ မြင်ရ၏။

သူမအနေနှင့် စတေးလ်ကို သဘောကျနေခြင်း သို့မဟုတ် အခြားရည်ရွယ်ချက်တချို့ရှိခြင်းကြောင့်လည်း ဖြစ်‌နိုင်သည်၊ အကြီးအကဲ အွန်ဒင်းမှာ အမြဲ စတေးလ်နှင့် အင်မတန်နီးကပ်ကာ နတ်သူငယ်မျိုးနွယ်၏ ထူးကဲသော မှော်မန္တာန်အချို့ကိုပင် သင်ပေးခဲ့သည်။

ရှုယီက ၎င်းကို မမေးခဲ့ဖူးသော်လည်း ယခုတွင် ဤပုံရိပ်ယောင်အစီအရင်ကလည်း ၎င်းတို့အနက် တစ်ခုဖြစ်ပုံပေါ်သည်။

ရှုယီမှာ သိလိုစွာဖြင့် ထို frisbeeထံတိုးသွားကာ ၎င်းပေါ်ရှိ မှော်အစီအရင်ကို ငုံ့ကြည့်လိုက်သော်လည်း ဖောက်ထွင်းမမြင်နိုင်သည်ကို တွေ့လိုက်ရသည်။

"ဒီပုံရိပ်ယောင်အစီအရင်က ဘယ်လိုအလုပ်လုပ်တာလဲ? ဘာလို့ အေဗရယ် နဲ့ ဘရောင်းနီယာက ဒီလို မှတ်တမ်းတင်ထားနိုင်တာလဲ?" ရှုယီ မေးလိုက်သည်။

"ဒီမှော်အစီအရင်က အဲ့လောက်မရှုပ်ထွေးပါဘူး။ ပြင်ဆင်လိုက်တာနဲ့ သတ်မှတ် ဧရိယာအတွင်းက ဖြစ်လာမယ့် ပုံရိပ်အားလုံးကို မှတ်တမ်းတင်လို့ရတယ်။ ပြီးရင် နောက်တစ်နည်းသုံးပြီး မှတ်တမ်းတင်ထားတဲ့ ပုံရိပ်ကို ပြန်ပြလို့ရတယ်။"

"ဒါက ကင်မရာပဲ မဟုတ်ဘူးလား...." ရှုယီ ရေရွတ်လိုက်၏။ သူဟာ စတေးလ်ကို သူမ၏ မှော်အစွမ်းဆက်သုံးခိုင်းထားကာ လေထဲရှိ အေဗရယ်နှင့် ဘရောင်းနီယာတို့ကို ပတ်လျှောက်နေလိုက်သည်။

အသေအချာကြည့်ပြီးနောက် ပုံရိပ်ယောင်အစီအရင်၏ ပုံရိပ်မှာ လုံးဝ သုံးဖက်မြင်ဖြစ်နေကြောင်း တွေ့လိုက်ရကာ ကင်မရာတစ်လုံးဖန်တီးထားသည့် ပုံအပြားလိုမဟုတ်ပေ။

ပုံရိပ်က ထိုအချိန်အတွင်း အေဗရယ်နှင့် ဘရောင်းနီယာတို့ လုပ်ဆောင်ခဲ့သည့် အရာရာတိုင်းကို ပြသနေ၏။ ထို့အပြင် ၎င်းမှာ အင်မတန်ကြည်လင်ကာ ထောင့်တိုင်းကို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ထားလေသည်။

ရှုယီမှာ တိတ်တဆိတ် တစ်ချက်ကြည့်လိုက်သော် ၎င်းတို့ အဝတ်များရှိအဟများမှ တဆင့် အတွင်းခံကိုပင် သေချာမြင်နိုင်နေသည်။

"ဒီအရာကိုသာ ဓားပြတစ်ယောက်သုံးမယ်ဆို သေချာပေါက် ကိရိယာကောင်းတစ်ခုဖြစ်မှာပဲ။" ရှုယီမှာ သက်ပြင်းမချမိဘဲ မနေနိုင်တော့ပေ။

စတေးလ်ကို ရပ်ခိုင်းလိုက်ပြီးနောက် ရှုယီ ခဏတာစဉ်းစားကာ မေးလိုက်သည်၊ "စတေးလ် မင်းမှာ ကိုယ့်ကို ဒါကိုကြည့်ခိုင်းရတဲ့ အကြံတချို့တလေများ ရှိနေတာလား?"

"ဒါပေါ့" စတေးလ်က frisbeeကို ယူလိုက်သည်၊ "ကြည့်လိုက် ကျွန်မ ဒီပုံရိပ်ယောင်အစီအရင်ကို လေ့လာပြီးတဲ့နောက်မှာ ဒီမှော်အစီအရင်က သူ့ရဲ့ နယ်နိမိတ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ ပုံရိပ်တွေကို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်နိုင်သလို အသံကိုတောင် မှတ်တမ်းတင်နိုင်တဲ့ အကြောင်း အမြဲစဉ်းစားနေခဲ့တာ။"

"ကျွန်မသာ ဒီမှော်အစီအရင်ထဲမှာ အေဗရယ်နဲ့ တခြားလူတွေကို ကခိုင်းဆိုခိုင်းရင် ဒါကိုလည်း မှတ်တမ်းတင်နိုင်မှာပဲ မဟုတ်လား? ဒါဆို ဆန်းသစ်လအဖွဲ့ရဲ့ လှပတဲ့ ဖျော်ဖြေမှုကို ကြည့်ဖို့ အခွင့်အရေးမရခဲ့တဲ့ လူတွေကိုပါ ကြည့်လို့ရဖို့ မှတ်တမ်းတင်ထားတဲ့ ပုံရိပ်ယောင်အစီအရင်တွေနဲ့ ရုပ်သံလွှင့်လိုက်ရုံပဲမဟုတ်လား?"

ရှုယီမှာ မနေနိုင်အောင် ရယ်မောရင်း ချီးကျူးလိုက်သည်၊ "စတေးလ် မင်းက တကယ်ကို အရမ်းထက်မြတ်တာပဲ! အဟုတ်ပဲ ဒါက အရမ်းကောင်းတဲ့အကြံ ကိုယ်တကယ်ကို အရမ်းအားပေးတယ်။ ဒါပေမယ့်.... စတေးလ် ဒီပုံရိပ်ယောင်အစီအရင်မှာ သုံးလို့ရတဲ့ နေရာတွေထပ်ရှိသေးတယ်။"

"အိုး? ရှင် ဘာတွေစဉ်းစားမိတာလဲ? မြန်မြန်ပြောပြပါဦး" စတေးလ်က သူ့အား စိတ်လှုပ်ရှားဟန်ဖြင့်တိုက်တွန်းလာသည်။

ရှုယီထံ၌ အခြားလူများမစဉ်းစားနိုင်ဘဲ အမြဲလိုလို အင်မတန် အကျိုးရှိသည့် အံ့ဖွယ်အကြံဉာဏ်များရှိရာ ၎င်းက စတေးလ် ကောင်းစွာ နားလည်သည့် အရာဖြစ်လေသည်။

"ကြည့်လိုက် မင်းက အဆိုနဲ့ အကကို လူတွေအတွက် မှတ်တမ်းတင်ဖို့ ဒီပုံရိပ်ယောင် အစီအရင်ကို သုံးချင်တယ်ဆိုမှတော့ ဒီပုံရိပ်ယောင်အစီအရင်ကို ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ တစ်ခုခု မှတ်တမ်းတင်ဖို့အတွက် သုံးမယ်လို့ စဉ်းစားဖူးလား?"

"ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာ?" စတေးလ်ကရှုပ်ထွေးစွာ မေးလာ၏။

"ဥပမာ ပြောရရင်... ကိုယ်တို့ ဇာတ်လမ်းအပြည့်အစုံတစ်ပုဒ်လောက် မှတ်တမ်းတင်ဖို့ ဒီမှော်အစီအရင်ကို သုံးလို့ရတယ်။ မင်းမှာ ဝတ္ထုတွေဖတ်ဖို့ အချိန်အားတဲ့အခါ လူတွေက ဒီဇာတ်လမ်းကို ဖျော်ဖြေပြရင် ဘယ်လောက် ကောင်းမယ်ဆိုပြီး စဉ်းစားဖူးလား? လူတွေသာ မင်းရှေ့မှာ အဲဒီ့ဇာတ်လမ်းကို သရုပ်ဖော်ပြမယ်ဆို မင်းကြည့်ချင်လောက်မလား?"

"ဒါပေါ့!" စတေးလ်က ချက်ချင်း ပြန်ဖြေသည်၊ "ဒါပေမယ့် ဒါက သရုပ်ဖော်ပြတာနဲ့ ဘာဆိုင်လို့လဲ? ကျွန်မက အဆို၊ အကနဲ့ ဖြစ်ရပ်တွေကို မှတ်တမ်းတင်ဖို့ ပြောနေရုံပါ။ လိုရင်းပြောရရင် ဒါက ကျွန်မတို့ ဆန်းသစ်လအဖွဲ့ရဲ့ လုပ်ဆောင်ချက်ဖြစ်နေသရွေ့ အားလုံးကို မှတ်တမ်းတင်ရမယ်။ အဲ့နည်းနဲ့ လူတွေကပိုပြီး ကျွန်မတို့ ဆန်းသစ်လအဖွဲ့ရဲ့ ဖျော်ဖြေမှုကို တန်ဖိုးထားလာမှာဖြစ်သလို ဖျော်ဖြေမှုနဲ့ ကောင်မလေးတွေကိုလည်း လူတွေ ပိုသိလာလိမ့်မယ်။"

"မဟုတ်ဘူး မဟုတ်ဘူး ကိုယ်က သီချင်းဆိုတဲ့အကြောင်းပြောနေတာမဟုတ်ဘူး။" ရှုယီက ခေါင်းခါသည်၊ "တကယ်တော့ ပြဇာတ်ရဲ့ ဖျော်ဖြေပုံက အရမ်းကို ထူးဆန်းနေတော့ သာမန်ဘဝနဲ့ လုံးဝ အံမဝင်ဘူးလေ။ အဆို၊ အကလုပ်နေတဲ့အချိန် တစ်ယောက်ယောက် ပြန်တုံ့ပြန်လာတာကို မြင်ဖူးလား?"

"ဒါက အမူအရာလေးပါပဲ။" စတေးလ်က နှုတ်ခမ်းဆူကာဖြင့်၊ "ဘာလို့ ရှင်က ဒါကို သဘောမကျတာလဲ?"

"ဒါက ကိုယ် သဘောကျ မကျနဲ့ မဆိုင်ပါဘူး၊ လူတွေအတွက် အဲ့ပြဇာတ်က လက်တွေ့မကျဘူးလို့ပဲ ပြောတာ။ ကိုယ်ပြောချင်တာက ကိုယ်တို့ ဒီပုံရိပ်ယောင်အစီအရင်ကို သုံးပြီး လက်တွေ့ဘဝနဲ့ အတော့်ကိုတူတဲ့ မြင်ကွင်းတစ်ခုလောက် မှတ်တမ်းတင်လိုက်ပြီး ဒီနည်းလမ်းနဲ့ ဇာတ်လမ်းကို ပြောပြမယ်လေ။ လူအတော်များများက ဒါကို ကြည့်ချင်လိမ့်မယ်လို့ မထင်ဘူးလား?"

စတေးလ်မှာ အတွေးထဲနစ်သွားပြီး တစ်ခဏအကြာတွင် မသေချာဟန်ဖြင့် ခေါင်းငြိမ့်လာသည်။

"ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ကျွန်မကြိုးစားကြည့်နိုင်တယ်။"

"စိတ်အေးအေးထားပါ၊ မင်းသာ ဒီလိုလုပ်ရင် လူတိုင်း သဘောကျမယ်ဆိုတာ ကိုယ်သေချာတယ်။" ရှုယီက ရိုးသားစွာ ဆိုသည်၊ "စတေးလ် အခု ဒီပုံရိပ်ယောင်အစီအရင်က မင်းအတွက် စိတ်ဝင်စားစရာလေးတစ်ခု ဖြစ်ရင် ဖြစ်နေလိမ့်မယ်၊ ဒါပေမယ့် ကိုယ့်အမြင်မှာတော့ အကြီးအကဲ အွန်ဒင်းဆီက မင်းသင်ခဲ့ရတဲ့ ဒီပုံရိပ်ယောင်အစီအရင်ဟာ စိုင်စ်နယ်မြေကြီးက ဖျော်ဖြေရေးနယ်ပယ်ကို လုံးဝ ပြောင်းလဲလိုက်လိမ့်မယ်။"

"အဲ့လောက်ကြီးတောင်လား?" စတေးလ်မှာ တကယ်တမ်း သူ့ကို မယုံပါချေ။

ရှုယီက ရယ်မောလိုက်၏၊ "ဒါက မင်း ယုံတာ မယုံတာနဲ့ပဲ ဆိုင်တယ်။ ဘယ်လိုလဲ ကိုယ် အကြံပေးတဲ့ နည်းလမ်းကို စဉ်းစားပြီး တစ်ခုလောက် မှတ်တမ်းတင်ကြည့်ရုံပဲလေ။ ကိုယ် မင်းအတွက် ဇာတ်ညွှန်းတစ်ခုရေးဖို့ အချိန်နည်းနည်းရှာပြီး မင်းက ဒါကို သရုပ်ဖော်ဖို့ လူတချို့ ရှာလိုက်။"

"ဇာတ်ညွှန်း?" စတေးလ်က ရှုယီကို တအံ့တဩကြည့်လိုက်သည်၊ "ရှင်က ဇာတ်ညွှန်းရေးနိုင်တယ်လား?"

ရှုယီက အသာနှာမှုတ်၍ မေးကိုမော့လိုက်သည်။

"ကိုယ်က အရာအားလုံးကို လုပ်နိုင်တယ်!"

"ဟုတ်ပါပြီ ကြည့်ပါဦး ဘယ်လောက်တောင် ဝင့်ကြွားနေတာလဲ။" စတေးလ်က ရှုယီ၏ နှာခေါင်းကို လက်ဖြင့် ပြုံး၍ ထိလိုက်သည်။ စဉ်းစားကြည့်ပြီးနောက် ရှုယီကို လက်ဝေ့ယမ်းပြလာ၏၊ "ဟုတ်ပြီ ကျွန်မ ဒါကိုစဉ်းစားပြီး စမ်းသပ်ကြည့်လိုက်မယ်။ ရှင် ပြောတာကတော့.... ကျွန်မအတွက် ဇာတ်ညွှန်းရေးပေးဖို့ တစ်ပါတ်အချိန်ပေးမယ်။ ဘယ်လိုလဲ? လုပ်နိုင်လား?"

ရှုယီက ရုတ်တရတ် ခြေထောက်များကို စုကာ စတေးလ်ထံ အလေးအနက် အရိုအသေပေးလိုက်၏။

"ကျွန်တော်မျိုး သေချာပေါက် ဒီတာဝန်ကို ပြီးမြောက်စေရပါမယ်! ကျွန်တော့်ရဲ့ ဘုရင်မလေး!"

စတေးလ်က တစ်ချက်ရယ်၏၊ "ဒါကို ဆယ်ဗီနီအတွက် သိမ်းထားသင့်တယ်။"

စတေးလ်က ထိုသို့ ပြောပြီးနောက် အမြန်ထွက်သွားသည်။

လမ်းလျှောက်နေရင်း သူမက မည်သို့ စဉ်းစားနေ‌သည်ကိုမြင်သော် ရှုယီမှာ လမ်းလျှောက်ရင်း တစ်ခုခုနှင့် တိုက်မိမည်ကို စိုးရိမ်သွားသည်။

စားပွဲပေါ်၌ စတေးလ်ထားခဲ့သော frisbeeကိုလှည့်ကြည့်လိုက်ပြီး ရှုယီမှာ အသက်ပြင်းပြင်းရှူကာ အနည်းငယ် စိတ်လှုပ်ရှားလာ၏။

စတေးလ်က သူ့အား ပုံကြီးချဲ့သည်ဟု ထင်နိုင်သော်လည်း ၎င်းက ပုံကြီးချဲ့ခြင်းမဟုတ်သည်ကို သူက သေချာသိပါ၏။

ဤပုံရိပ်ယောင်အစီအရင်ထံတွင် ထိုသို့သော စွမ်းရည်ရှိရာ ကမ္ဘာမြေရှိ မရေတွက်နိုင်သော မှတ်တမ်းတင်မှုအားလုံးကို အစားထိုးနိုင်ပြီး ၎င်းတို့ထက်ပင် ပိုကောင်းနေသေးသည်။

ဤ ပုံရိပ်ယောင်အစီအရင်နှင့် ရှုယီမှာ ယခင်က ကမ္ဘာမြေ၌သာ တည်ရှိခဲ့သော ဖျော်ဖြေရေးနည်းလမ်းများစွာကို စဉ်းစားကြည့်နိုင်သည်။

သူ စတေးလ်ထံ ပြောပြခဲ့သည့် ဇာတ်ကားဟူသည်မှာလည်း ၎င်းတို့အနက် တစ်ခုသာဖြစ်သည်။ ဒရာမာများ၊ ဖျော်ဖြေရေး ပရိုဂရမ်များ၊ ဖျော်ဖြေပွဲများ....နှင့် အခြားသော အမျိုးပေါင်းစုံရှိသည်။ လိုရင်းဆိုရသော် သူဟာ ယခင်က ရုပ်မြင်သံကြား၌ ရှိခဲ့သည့် ရှိုးများအားလုံးကို တုပနိုင်သည်။

ရှုယီမှာ ကမ္ဘာမြေမှ သတင်းချန်နယ်များအကြောင်းကိုပင် စဉ်းစားမိ၏။

သူသာ ၎င်းကို ဆွဲထုတ်လိုက်လျှင် စိုင်စ်နယ်မြေကြီးတစ်ခုလုံး၌ ရှိလာမည့် လွှမ်းမိုးနိုင်စွမ်းက သေချာပေါက် ကမ္ဘာကို တုန်လှုပ်စေလိမ့်မည်။

"အကြီးအကဲ အွန်ဒင်းရဲ့ မှော်ပညာက ဒီလို လွှမ်းမိုးမှုကြီး ရှိလာမယ့်အရာကို ပေါ့ပေါ့ပါးပါးထုတ်ပေးလိုက်မယ်လို့ ထင်မထားဘူး။ နတ်သူငယ်တွေက နယ်မြေကြီးအပေါ်မှာ‌ ရှေးအကျဆုံးမျိုးနွယ်ဖြစ်ဖို့ တကယ်ကို ထိုက်တန်ပါပေတယ် သူတို့က တန်ဖိုးရှိ ရတနာများစွာကိုဖုံးကွယ်ထားကြတာပဲ။"

ရှုယီမှာ မနေနိုင်ဘဲ ခံစားချက်ပြင်းထန်လာကာ စားပွဲ၌ ထိုင်ချလိုက်သည်။ သူဟာ အတွေးများကို စုစည်းလိုက်ပြီးနောက် ⟨ Frestech စက်ဘီးပြိုင်ပွဲစည်းမျဉ်းများ ⟩ကို ကြည့်ကာ စာတန်းတချို့ ထပ်ဖြည့်လိုက်သည်။

ဤပြိုင်ပွဲ၌ ရှုယီ အင်မတန် အရေးပေးထားသည့် အင်မတန်ကွာဝေး‌သည့် ပန်းတိုင်တစ်ခုရှိပါ၏။

ဤစက်ဘီးပြိုင်ပွဲကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ စက်ဘီးနယ်ပယ်တွင် အကြွင်းမဲ့ ခွင့်ပြုချက်ကို ကိုင်ဆောင်ထားရမည်ပင်။

၎င်းတို့သာ မှော်ဆလွန်းနယ်ပယ်၌ ၎င်းပုံစံကို အသုံးပြုခဲ့လျှင် Frestech ကုန်သည်ကြီးများအသင်းမှာ တူညီသည့် အာဏာကိုရရှိဦးမည်သာ။

မှန်ပါ၏ ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်များနှင့် ပတ်သက်လာလျှင် အကြွင်းမဲ့သာလွန်မှုရှိသောကြောင့်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ပတ်သက်လျှင် တူညီသည့် အာဏာအဆင့်ရှိသော အခြားမည်သည့်လုပ်ငန်းစုမဆို ရှိလာပါက ၎င်းတို့မှာ မယဉ်ကျေးနေဘဲ Frestech ကုန်သည်ကြီးများအသင်းကို အာဏာအတွက် တိုက်ခိုက်ကြလိမ့်မည်။

သို့သော် ရှုယီ၏ စိတ်ထဲ၌ ၎င်းက သူတကယ်ကို မြင်ချင်သော အရာပင်။

လက်ရှိ Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက်မှုနယ်ပယ်၌ ပြိုင်ဘက်ကင်းလှသည်။

၎င်းတို့သာ အချိန်ကြာရှည်လှစွာ ပြိုင်ဘက်ကင်းနေလျှင် အထီးကျန်လာလိမ့်မည်။

ရှုယီက ၎င်းကိုစဉ်းစားနေချိန်တွင် တံခါးမှ အသံတိုးတိုးထွက်လာသည်။

ကြည့်လိုက်သော် တံခါးမှတဆင့် ချောင်းကြည့်နေသော ခေါင်းလေးကို မြင်လိုက်ရ၏။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၅၄။ အနာဂတ်အိပ်မက်များ

ရှုယီ ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ အပြုံးဖြင့် ပြောသည်၊ "ဟေး ဗီဗီယန် မင်းဝင်လာချင်ရင်ဝင်လာခဲ့ ဘာလို့ ကုပ်ချောင်းချောင်းလုပ်နေရတာလဲ?"

တံခါးအပြင်ဘက်မှ ခပ်တိုးတိုးရယ်သံတစ်ခုထွက်လာကာ ဗီဗီယန်ပေါ်လာလေသည်။ သူမက ပထမဦးစွာ ရှုယီကို ညစ်ကျယ်ကျယ်ပြုံးပြလိုက်ပြီးနောက် ဘယ်လက်ကို ယမ်းလိုက်သည်။

"ဝင်လာခဲ့ ပုန်းမနေနဲ့ သခင်က နင့်ကိုမြင်နိုင်တယ်။"

"အမ်?" ရှုယီမှာ ဗီဗီယန်ကို တအံ့တဩကြည့်လိုက်ပါ၏၊ "တစ်ယောက်ယောက် ပုန်းနေလို့လား?"

ဗီဗီယန် လက်ဖြင့်ဆွဲလိုက်သော် သူမထက်ပို၍ပင် နူးညံ့သည့် ပုံရိပ်တစ်ခုက တံခါးနောက်မှ ထွက်ပေါ်လာသည်။

ရှုယီလည်း အနည်းငယ်ရှုပ်ထွေးသွားပါ၏၊ "ထရီဇာ မင်းလည်း ဒီရောက်နေတာလား? ဘာလဲ? တစ်ခုခုလိုအပ်တာရှိလို့လား?"

ထရီဇာက ရှုယီကိုကြည့်ကာ အံကြိတ်လိုက်ပြီးနောက် ဗီဗီယန်နောက်လိုက်ဝင်လာသည်။

နှစ်ဦးသားက ရှုယီရှေ့၌ ရပ်နေပါသော်လည်း ထရီဇာမှ ခဏကြာ မည်သည်ကိုမှမဆိုဘဲ တိတ်ဆိတ်နေလေသည်။

နံဘေးရှိ ဗီဗီယန်က မနေနိုင်အောင် တိုက်တွန်းလာလေ၏၊ "ဟေး ထရီဇာ, မြန်မြန်ပြောလိုက်။ သခင်က အခု..."

ရှုယီမှာ မနေနိုင်ဘဲ မျက်မှောင်ကုပ်ရင်း ရုတ်တရတ် ဆိုလိုက်သည်၊ "ဗီဗီယန် ငါ မင်းကို အကြိမ်ပေါင်းမနည်း ပြောပြီးပြီလေ သခင်လို့ ထပ်ခေါ်ခွင့်မပြုတော့ဘူးလို့? မင်းရဲ့ ကျွန်ဆိုတဲ့ အဆင့်အတန်းကို အရင်လကပဲ ဖယ်ပြီးသွားပြီ။"

ဗီဗီယန်က လျှာတစ်လစ်ထုတ်လိုက်ပြီးနောက် အပြုံးဖြင့်ဆိုသည်၊ "နှုတ်ကျိုးနေပြီလေ။ ပြီးတော့လည်း ဥက္ကဌလို့ခေါ်တာက သခင်နဲ့ ကျွန်မကြားက အကွာအဝေးကို ပိုဝေးစေတယ်လို့...ခံစားရတယ်။"

ရှုယီလည်း ခေါင်းမခါမိဘဲ မနေနိုင်တော့ပေ၊ "ဒါက မင်း ငါ့ကို ဘယ်လိုခေါ်တယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ မင်း ဒီမှာ ရှိတာပဲ နှစ်တွေကြာလှနေပြီကို ခေါ်တဲ့ ပုံစံပြောင်းသွားတာနဲ့ပဲ မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မဆက်ဆံတော့မှာ မို့လို့လား?"

ဗီဗီယန်က ခေါင်းစောင်းကာ စဉ်းစားလိုက်ပြီးနောက် ရှုယီနံဘေးသို့ ရောက်လာသည်။ သူမက ရှုယီလက်မောင်းကို ဆွဲကိုင်ယမ်းကာ ပြောလေ၏၊ "နည်းနည်းလောက်ပဲထပ်ပြီး သခင်လို့ ခေါ်ခွင့်ပေးပါ ဒါကို သက်တောင့်သက်သာ မဖြစ်ဘူးလို့ မခံစားဖူးဘူးလေ။"

"ကြိုက်သလိုသာလုပ်တော့။" ရှုယီမှာ ကူရာမဲ့စွာ မျက်လုံးလှန်လိုက်ပြီးနောက် ထရီဇာဘက်လှည့်လာသည်၊ "ဟုတ်ပြီ ထရီဇာ, မင်းတစ်ခုခုလိုအပ်ရင် ပြောသာပြော။ မင်းလည်း ဒီမှာ ရှိလာတာ နှစ်တွေကြာနေပြီဆိုတော့ ငါက တုံ့ဆိုင်းတဲ့လူတွေကို သဘောမကျတာသိမှာပါ။ တိုက်ရိုက်ပြောရင် ပိုကောင်းမယ်။"

ထရီဇာက ခပ်တိုးတိုး ပြန်ဖြေပြီးနောက် ခဏမျှ တုံ့ဆိုင်းနေပြီးမှ တိုးညင်းညင်းပြောလာသည်၊ "ဥက္ကဌ ကျွန်မ... ကျွန်မ စစ်ဘက်သုံးမှော်စက်ဌာနထဲဝင်ချင်လို့။ ရှင်...ခွင့်ပြုပေးနိုင်မလား?"

"အိုး? ဘာလို့လဲ?" ရှုယီမှာ မျက်မှောင်အသာကုပ်ရင်း မေးလာသည်။

ထရီဇာက နှုတ်ခမ်းကိုက်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလေ၏၊ "ဥက္ကဌ အရင်တစ်ခေါက်က ကျွန်မပြောခဲ့တဲ့ ကိစ္စကို မှတ်မိသေးလား?"

"အရင်တစ်ခေါက်က?" ရှုယီက စဉ်းစားပြီးနောက် တုံ့ပြန်လာသည်။ ယခင်တစ်ခေါက်ဟူသည်မှာ ထရီဇာက သူမ၏ နောက်ခံအကြောင်း ပြောလာခြင်းဖြစ်ကြောင်း သိလိုက်၏။

ထရီဇာက ဤကိစ္စကို လျှို့ဝှက်ချက်ကြီးတစ်ခုနှယ်အမြဲ သတ်မှတ်ထားသော်လည်း ယခုတွင် သူမဟာ ဗီဗီယန်ရှေ့၌ ထိုသို့ပြောလာခြင်းက အနည်းငယ်ထူးဆန်းနေ၏။

ရှုယီ ဗီဗီယန်ကို လှည့်ကြည့်လိုက်သည်။ သူမက တစ်ချိန်လုံး ထရီဇာနှင့် ရှုယီကြား လှည့်ကြည့်ရင်း စူးစမ်းလိုဟန်ဖြင့် မည်သည်ကိုမှ နားမလည်ကြောင်း သိသာလှသည်ကို တွေ့ရ၏။

"အဟင်း မှတ်မိပါတယ်။ ဒါက စစ်ဘက်သုံးမှော်စက်ဌာနကို ဝင်ချင်တာနဲ့ ဘာဆိုင်လို့လဲ?" ရှုယီက ဆက်မေးလာသည်။

ထရီဇာက အသက်ပြင်းပြင်းရှူလိုက်၏။ သူမက သူမ၏ အတန်ငယ်စိတ်လှုပ်ရှားနေပုံကို တည်ငြိမ်အောင်လုပ်ကာ လေးနက်ဟန်ဖြင့် ပြောလာသည်၊ "ကျွန်မရဲ့ ကိုယ်ပိုင်စွမ်းအားကိုသုံးပြီး စခ်တိုင်းပြည်ကို အနိုင်ယူတဲ့နေရာမှာ ထောက်ပံ့ချင်လို့ပါ!"

ဗီဗီယန်၏ မျက်နှာထက်ရှိ စူးစမ်းလိုဟန်က နက်ရှိုင်းလာကာ မေးလိုက်တော့မည်အပြုတွင် ရှုယီက လက်ထောင်၍ တားလိုက်၏။

ရှုယီမှာ ထရီဇာကို ခေတ္တမျှကြည့်လိုက်သော် သူမ၏တည်ငြိမ်နေပုံ ပြတ်သားနေပုံကို မြင်လိုက်ရသဖြင့် ဤတစ်ကြိမ်၌ ဆုံးဖြတ်ချက်ချလိုက်ကြောင်း နားလည်လိုက်သည်။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရှုယီလည်း အသာခေါင်းငြိမ့်လိုက်သည်၊ "ဟုတ်ပြီ မင်းက ဒီလိုဆုံးဖြတ်လိုက်မှတော့ မင်းကိုကူညီမှာပေါ့။ ဒါပေမယ့် ဥက္ကဌအနေနဲ့ မင်းကို အကြံပြုပေးတာပဲတတ်နိုင်တယ်၊ စစ်ဘက်သုံးမှော်စက်ဌာနထဲ ဝင်နိုင် မဝင်နိုင်ဆိုတာကတော့ ခေါင်းဆောင်အီဗီတာရဲ့ လက်ခံမှုအပေါ် မူတည်လိမ့်မယ်။ မင်း သူမဆီ ပုံမှန်လျှောက်လွှာတစ်ခု တင်ပေးထားလိုက်ရုံပဲ။"

ထရီဇာ၏ မျက်နှာထက်၌ ပျော်ရွှင်ဟန်ပေါ်လာကာ ခေါင်းငြိမ့်၍ ရှုယီကို အရိုအသေပေးလာသည်။

"ဥက္ကဌ ကျေးဇူးတင်ပါတယ်!"

ရှုယီက လက်ယမ်းလိုက်သည် "ဟုတ်ပြီ ပြန်သွားပြီး ပြင်ဆင်ထားတော့၊ ဒီကိစ္စကို အီဗီတာဆီပြောပြဖို့ အချိန်နည်းနည်းရှာထားလိုက်မယ်။"

ထရီဇာက ရှုယီကို နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြီးနောက် ဗီဗီယန်ကိုကြည့်လာသည်။

ဗီဗီယန်မှာ အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးနောက် ထရပ်ကာ ရှုယီကို အရိုအသေပေးလိုက်ပါ၏။ ထို့နောက် အနှီမိန်းကလေးနှစ်ဦးမှာ လက်ချင်းတွဲလျက် ထွက်ခွာသွားတော့သည်။

ထရီဇာက တံခါးမှထွက်သွားသည်ကိုကြည့်ရင်း ရှုယီမျက်နှာထက်၌ ညစ်ကျယ်ကျယ်အပြုံးတစ်ခု ရုတ်တရတ်ပေါ်လာသည်။

"အိုင်း သူမက အဆုံးထိ မတောင့်ခံနိုင်တော့တာလား?"

၎င်းတို့သာ သေချာတွက်ကြည့်လျှင် အကြီးစားနှင့် အလတ်စား ပို့ဆောင်ရေးမှော်ကားတို့မှာ မှောဆလွမ်းထက် အတော်အတန် ပိုမို ငွေကြေးကုန်ကျသော်လည်း ရောင်းအားအရေအတွက်ကို တွက်ချက်လိုက်ပါက ပို့ဆောင်ရေးမှော်ကားများကို မှော်ဆလွန်းနှင့်ယှဉ်လျှင် ပမာဏ ဆယ်ဆကျော်လောက် ရောင်းရသည်။

ဤနှစ် မေလနှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ အစီးရေ ငါးသိန်းအထိ ရောင်းရခဲ့သည်။

အကြီးစားပို့ဆောင်ရေးမှော်ကားကို ဈေးကွက်မှ နှစ်လတာ ထုတ်ပယ်ထားသော်လည်း အစီးရေနှစ်သိန်းရောင်းရဆဲဖြစ်ကာ အလတ်စားပို့ဆောင်ရေးမှော်ကားကို ယှဉ်နိုင်လုနီးနီးဖြစ်၏။

ထို့အပြင် အကြီးစားပို့ဆောင်ရေးမှော်ကား၏ ရောင်းအားထုထည်ကြီးထွားမှုက တဖြည်းဖြည်းချင်း အလတ်စားပို့ဆောင်ရေးမှော်ကားကို ကျော်လွန်လာသည်။ ထိုလမ်းကြောင်းအရဆိုလျှင် နှစ်ဆုံး၌ အလတ်စားပို့ဆောင်ရေးမှော်ကား ရောင်းအားပမာဏကို‌ ကျော်လွန်ကာ အနီးဝန်းကျင်တိုင်းပြည်များရှိ လမ်းမများထက်တွင် အဓိက အင်အားဖြစ်လာလိမ့်မည်။

မှန်ပါ၏၊ အကျော်ကြားဆုံး အသေးစားပို့ဆောင်ရေးမှော်ကားများနှင့် ယှဉ်သော် အကြီးစားနှင့် အလတ်စား ပို့ဆောင်ရေးမှော်ကားများ၏ ရောင်းအားပမာဏက နည်းနေပါသေး၏။

အသေးစား ပို့ဆောင်ရေးမှော်ကားမှာ Frestech ကုန်သည်ကြီးများအသင်း၏ အတည်ငြိမ်ဆုံး ထုတ်ကုန်ဖြစ်သည်။ ၎င်းက မှော်ဆလွန်းကဲ့သို့ သေးငယ်သော်လည်း ကုန်စည်ပို့ဆောင်ရန် အသုံးပြု၍ရသည်။

တစ်စီး‌လျှင် ရွှေဒင်္ဂါး‌တစ်ထောင်ကျော် အမြင့်ဆုံးဈေးကွက်ရောင်းအားကို ရည်ရွယ်ထားသော မှော်ဆလွန်းနှင့်ယှဉ်သော် အသေးစားပို့ဆောင်ရေးမှော်ကားမှာ ဈေးနှုန်းများစွာပိုနည်းသည်။ ၎င်းက တစ်စီးဝယ်ဖို့ ရွှေဒင်္ဂါး ငါးရာမှ ခြောက်ရာပတ်လည်သာ ကုန်ကျလေ၏။

ထိုဈေးနှုန်းကို နည်းသည်ဟု မသတ်မှတ်နိုင်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ သက်ရောက်ခြင်းကို ခံခဲ့ရကာ ပိုမိုကြွယ်ဝလာကြသည့် ပုံမှန်အိမ်ထောင်စုများအတွက် ၎င်းက မတတ်နိုင်သည့် ဈေးနှုန်းမဟုတ်ပါချေ။

ဥပမာဆိုရသော် Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် အခြားမှော်စက်လုပ်ငန်းစုများရှိ အလုပ်သမားများမှာ လစဉ် လစာ ရွှေဒင်္ဂါးနှစ်ဆယ်ကျော်ရပါ၏။

တစ်နှစ်လျှင် ၎င်းတို့၏ နှစ်စဉ်ဝင်ငွေက ရွှေဒင်္ဂါးနှစ်ရာကျော်သည်။

၎င်းတို့မိသားစု၏ အခြားမိသားစုဝင်များကိုပါ ထည့်ပေါင်းလိုက်သော် တစ်နှစ်ပြီးနောက် အသေးစားပို့ဆောင်ရေး မှော်ကားတစ်စီးဝယ်ယူရန် မခက်တော့ပေ။

ထို့အပြင် လူများထိုင်နိုင်သည့် မှော်ဆလွန်းနှင့်စာလျှင် အသေးစားပို့ဆောင်ရေးမှော်ကားမှာ လူလေးယောက်ထိုင်ခုံအပြင် ကုန်စည်ချရာနေရာလည်းပါသေးသည်။ ၎င်းက မိသားစုတစ်ခု အတွက် သို့မဟုတ် နယ်နိမိတ်တို ကုန်စည်ပို့ဆောင်ရန်အတွက် အင်မတန်သင့်တော်ပါ၏။

ထို့ကြောင့် အသေးစား‌ပို့ဆောင်ရေးမှော်ကားထွက်လာသည်နှင့် လူတိုင်းက အကြီးအကျယ်ကြိုဆိုကြလေသည်။

အသေးစားပို့ဆောင်ရေးမှော်ကား ထွက်လာသည့် တစ်နှစ်အောက်အတွင်း အနီးဝန်းကျင်တိုင်းပြည်များတွင် အစီးရေ တစ်သိန်းကျော် ရောင်းချခဲ့ပြီးဖြစ်သည်။

အသေးစားပို့ဆောင်ရေးမှော်ကား၏ အမြတ်အစွန်းက မှော်ဆလွန်းကို မယှဉ်နိုင်ပါလျှင်တောင် ရောင်းအားပမာဏကြီးမားမှုကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းထံမှ ရွှေဒင်္ဂါးရှစ်သန်းအထိပင် ရရှိခဲ့ပြီးဖြစ်သည်။

ထို့အပြင် ရောင်းအားပမာဏတိုးတက်မှုက အကြီးစားပို့ဆောင်ရေးမှော်ကားကို ကျော်လွန်နေသည်။ ရှုယီ၏ ခန့်မှန်းခြေအရ ၎င်းမှာ Frestech တံဆိပ် ပို့ဆောင်ရေးမှော်ကားများအတွက် အဓိကရောင်းအား မကြာခင်မှာ ဖြစ်လာလိမ့်မည်။

ရောင်းအားများထောက်ပံ့ပေးသည့် ဖောက်သည်များအကြားတွင် လူအိုကြီးဆာကိုဇီကလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

လွန်ခဲ့သည့်လကမှ ဝယ်ယူထားသည့် Frestech တံဆိပ် အသေးစားပို့ဆောင်ရေးမှော်ကားကို မောင်းနှင်ကာ တစ်နာရီလျှင် ခုနစ်ဆယ်ကီလိုမီတာနှုန်းဖြင့် မီရန်ဒိုနယ်မြေနှင့် နော်တန်နယ်မြေကြားမှ လမ်းမတွင် သွားနေရင်း လူအိုကြီး ဆာကိုဇီက အင်မတန် ခံစားချက်ကောင်းနေသည်။

သူဟာ လွန်ခဲ့သည့် သုံးနှစ်အကြာက ပို့ဆောင်ရေးလုပ်ငန်းကို စတင်ခဲ့ကာ လွန်ခဲ့သည့် သုံးနှစ်က ဝယ်ယူခဲ့သော အလတ်စားမှော်ကားကို မောင်းနှင်ခဲ့သောကြောင့် တစ်နာရီ ငါးဆယ်ကီလိုမီတာထက် ကျော်မမောင်းနိုင်ခဲ့ပေ။ ထို့ကြောင့် လူအိုကြီးဆာကိုဇီမှာ ကားမောင်းခြင်း၏ သာယာမှုကို မတွေ့ကြုံနိုင်ခဲ့ပေ။

သို့သော် လွန်ခဲ့သည့် တစ်လအကြာက ဤအသေးစားပို့ဆောင်ရေးမှော်ကားကို လက်ခံရရှိခဲ့ချိန်တွင် လူအိုကြီး ဆာကိုဇီမှာ အသေးစားပို့ဆောင်ရေးမှော်ကားက အလတ်စားပို့ဆောင်ရေးမှော်ကားထက် များစွာပိုမို သွက်ကာ ထိန်းချုပ်ရပိုကောင်းကြောင်းသိရှိသွားသည်။

အရေးအကြီးဆုံးအရာမှာ အသေးစားပို့ဆောင်ရေးမှော်ကား၏ မြန်နှုန်းပြည့်မှာ တစ်နာရီကို ရှစ်ဆယ်ကီလိုမီတာအထိပင် ရောက်နိုင်ခြင်းဖြစ်သည်။ အင်အားအပြည့်ရောက်သွားသည်နှင့် အမြန်နှုန်းက ယူဆောင်လာသည့် လှုပ်ရှားမှုက တစ်နာရီလျှင် ငါးဆယ်ကီလိုမီတာသာရောက်နိုင်သော အလတ်စားပို့ဆောင်ရေးမှော်ကားကို များစွာ ကျော်လွန်သွားသည်။

မှန်ပါ၏၊ သူ့အိမ်၌ ရှိသော အသစ်ဝယ်ထားသည့် မှော်ဆလွန်းနှင့်စာလျှင် အသေးစားပို့ဆောင်ရေးမှော်ကား၏ သက်တောင့်သက်သာနိုင်မှာက များစွာ လိုအပ်နေသေး၏။

ယခင်လက သူ၏အငယ်ဆုံး‌သား လက်ထပ်ပွဲကြောင့် လူအိုကြီးဆာကိုဇီမှာ အသစ်ဝယ်ထားသည့် မှော်ဆလွန်းကို သူ့အတွက် မင်္ဂလာလက်ဖွဲ့အဖြစ် သတ်မှတ်ခဲ့ရသည်က နှမျောဖွယ်ပင်။

သူ၏ အငယ်ဆုံးသားမှာ မင်္ဂလာပွဲ၌ ကြွားလုံးထုတ်နိုင်ကာ သူ၏ ချွေးမ မိသားစုကလည်း လူအိုကြီးဆာကိုဇီကို အပြုံးကြီးကြီးဖြင့် ကြိုဆိုကြသော်ငြား ၎င်းက သူ၏ အကြီးဆုံးသားနှင့် တတိယသားတို့ကို ဘက်လိုက်သည်ဟု ပြောထွက်လာစေခဲ့သည်။

လူအိုကြီးဆာကိုဇီမှာ သူ၏သားများကို ဆူငေါက်ခဲ့သော်လည်း သူ၏ အငယ်ဆုံးသားလက်ထပ်ပွဲပြီးသွားသည်နှင့် သူ၏ပို့ဆောင်ရေးအလုပ်ကို ဆက်လုပ်နေခဲ့သည်။

သူ၏အစီစဉ်အရ သူသာ သုံးနှစ်လောက် အလုပ်ပိုလုပ်လိုက်လျှင် သူ၏အကြီးဆုံးသားနှင့် အငယ်ဆုံးသားတို့အတွက် မှော်ဆလွန်းတစ်စီးစီဝယ်ပေးဖို့ လုံလောက်နိုင်သည်။

သူသာ အနည်းငယ်ကြိုးစားလုပ်ကိုင်လိုက်လျှင် သူကိုယ်တိုင်အတွက်ပင် တစ်စီးဝယ်နိုင်၏။ အသက်ခြောက်ဆယ့်ငါးရောက်ပြီးနောက် တရားဝင်အငြိမ်းစားယူချိန်တွင် မှော်ဆလွန်းကိုမောင်းနှင်ကာ သူ၏ဇနီးသည်နှင့်အတူ လျှောက်လည်နိုင်သည်။

လူအိုကြီးဆာကိုဇီ အနာဂတ်ကို စိတ်ကူးယဉ်နေစဉ်တွင် အသေးစားပို့ဆောင်ရေးမှော်ကားက ရုတ်တရတ် တုန်ရီကာ အသံကျယ်ကြီးထွက်လာသည်။

လူအိုကြီးဆာကိုဇီမှာ အံ့အားသင့်သွားပြီးနောက် စိတ်ကူးယဉ်နေရာမှ နိုးထလာသည်။

သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ သူ စိတ်လွတ်နေချိန်၌ ကျောက်ခဲ သို့မဟုတ် တစ်ခုခုကို ဖြတ်မောင်းလာမိခြင်းဖြစ်ကြောင်း ပြောနိုင်၏။

စဉ်းစားလိုက်ပြီးနောက် လူအိုကြီးဆာကိုဇီက ခေါင်းခါလိုက်သည်။ ထို့နောက် သူဟာ နံဘေးရှိ ခရီးသည်ခုံမှ သစ်ရွက်တစ်ခု ယူကာ ပါးစပ်ထဲထည့်လိုက်သည်။

နှစ်ခေါက်မျှ ဝါးပြီးနောက် သူ၏ ပါးစပ်ထဲ၌ အရသာပြင်းပြင်းဖြင့်ပြည့်သွားရာ သူ့စိတ်ကို တမုဟုတ်ချင်း လှုပ်ခါသွားစေပြီး သူ့ရှေ့ရှိ မြင်ကွင်းကို ကြည်လင်လာစေ၏။

ဤသစ်ရွက်မှာ လူအိုကြီးဆာကိုဇီ ပို့ဆောင်ရေးများလုပ်နေစဉ်နှစ်များ၌ မကြာခဏ အသုံးပြုခဲ့သည့် အရာဖြစ်ကာ ၎င်းက သူ၏‌စိတ်ကို လှုပ်ခါ၍နိုးထစေပြီး ပင်ပန်းနွမ်းနယ်စွာ မောင်းနှင်ခြင်းအတွက် အင်မတန်သင့်လျော်သည်။

သို့သော် လူအိုကြီးဆာကိုဇီမှာ ၎င်းက ကြာရှည်မခံသည်ကိုသိသည်။ သူ ပင်ပန်းလာချိန်တွင် တတ်နိုင်သမျှ မြန်မြန်အနားယူဖို့နေရာရှာခြင်းက အကောင်းဆုံးပင်။

လမ်းမကို ငုံ့ကြည့်လိုက်သော် မည်သည့်သင်္ကေတကိုမှ မတွေ့သဖြင့် လူအိုကြီးဆာကိုဇီမှာ မျက်‌မှောင်ကုပ်မိသွားသည်။ ထို့နောက် သူ မောင်းနှင်နေသည့်လမ်းက ထိုမျှ မဖွံ့သေးကြောင်း သတိရသွား၏။ စတက်တိန်းနယ်မြေရှိ မတူညီသော ဝန်ဆောင်မှုဌာနများစွာရှိသော လမ်းများနှင့် ခြားနားကာ မီရန်ဒိုနယ်မြေရှိ ဤလမ်းမကို အပြည့်အဝမခင်းရသေးသဖြင့် အခြေအနေက လိုအပ်နေသည်မှာ သံသယပင် ဝင်စရာမလိုပေ။

စတင်ကတည်းက ဤအခြေအနေကို များစွာကြုံဖူးသဖြင့် လူအိုကြီးမှာ စိုးရိမ်မနေပေ။ သူ့ရှေ့ရှိ လမ်းမအခြေအနေနှင့် ရာသီဥတုကိုကြည့်ရင်း သူဟာ လမ်းမအနီး၌ ရပ်နားဖို့ နေရာတစ်ခုရှာရန် ပြင်ဆင်လိုက်သည်။

နွေဦးနှောင်းပိုင်းဖြစ်သဖြင့် ညအချိန်၌ အနည်းငယ် အေးသော်လည်း ကားထဲ၌ ညတာကိုကုန်ဆုံးရန် ပြဿနာမရှိပါချေ။

သို့သော်လည်း ထောင့်ချိုးကို ဖြတ်လာစဉ်၌ လူအိုကြီးဆာကိုဇီမှာ ရှေ့ရှိလမ်းမမှ ဆိုင်းဘုတ်ရှည်တစ်ခုကို တွေ့ရာ အံ့ဩသွားသည်။

ထိုဆိုင်းဘုတ်ထက်၌ ရင်းနှီးသည့် စကားလုံးများရှိနေပါ၏။

Frestech မှော်စွမ်းအားဖြည့်တင်းရေးရုံ။

လူအိုကြီး ဆာကိုဇီ၏ စိတ်နှလုံးထဲ ပျော်ရွှင်မှုတို့ ပြည့်သွားသည်။ သူဟာ ခြေနင်းကို နင်းချလိုက်ရာ အသေးစားပို့ဆောင်ရေးမှော်ကားက ရှေ့သို့ အ‌မြန်တိုးသွားပြီး ဆိုင်းဘုတ်အနီးရှိ အသစ်ဆောက်ထားသော အဆောက်အဦထံ ရောက်လာသည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၅၅။ အိမ်အဝေးမှ အလုပ်သမားများ

အသေးစားပို့ဆောင်ရေးမှော်ကားမှာ အသံတိုးတိုးပေးပြီးနောက် မှော်စွမ်းအင်ဖြည့်ရုံ၌ ရပ်တန့်လိုက်သည်။

လူအိုကြီး ဆာကိုဇီက လမ်းနံဘေးကိုကြည့်လိုက်သော် ဤဝေးလံသည့် ဆောက်ထားသည်ကမကြာသေးသော မှော်စွမ်းအင်ဖြည့်တင်းရုံတွင် လူများပြည့်နေကြောင်းတွေ့လိုက်ရသည်။ မှော်စွမ်းအင်ဖြည့်တင်းရုံအပြင်ဘက်၌ ရပ်စောင့်နေကြသူမျာပင်ရှိကာ သူ၏ အသေးစားပို့ဆောင်ရေးမှော်ကားကို‌ မှော်သလင်းကျောက်များမဖြည့်နိုင်ဖြစ်သွားစေသည်။

"ဒီမှာဘာတွေဖြစ်နေတာလဲ?"

လူအိုကြီးဆာကိုဇီလည်း စိတ်ရှုပ်ထွေးစွာ ထွက်ကာ လျှောက်သွားလိုက်သည်။

သူ၏ မျက်လုံးများက ထိုနေရာ၌ စုဝေးနေကြသူများထံ ရောက်ရှိသွားကာ ထိုလူအုပ်ထဲ၌ သူမှတ်မိသူတစ်ဦးကို အံ့အားသင့်ဖွယ်တွေ့လိုက်ရလေသည်။

ထိုလူမှာ လမ်ပူရီတိုင်းပြည်၏ အနောက်မြောက်ပိုင်းရှိ မြို့လေးတစ်မြို့မှ လူဖြစ်၏။ လူအိုကြီးဆာကိုဇီ အာမန်နီကုန်သည်ကြီးများအသင်းအတွက် ပစ္စည်းများ ပို့ဆောင်ပေးစဉ်က သူဟာ မသိလိုက်ပါဘဲ ထိုလူနှင့် ရင်းနှီးလာခဲ့သည်။

"ဒီကောင်က ဘာအတွက်နဲ့ ဒီထိရောက်လာရတာပါလိမ့်?"

လူအိုကြီးဆာကိုဇီမှာ သူ၏စိတ်ထဲရှိ သိလိုစိတ်ကို မဖိနှိပ်ထားနိုင်သဖြင့် ၎င်းတို့ထံ သွားလိုက်သည်။

မေးမြန်းပြီးနောက် မှော်စွမ်းအားဖြည့်တင်းရုံရှိ ယခု လူများမှာ လမ်ပူရီတိုင်းပြည်၏ အနောက်မြောက်ပိုင်းမှ လူများဖြစ်ကြောင်းသိလိုက်ရ၏။

၎င်းတို့၏ ပန်းတိုင်က နော်တန်နယ်မြေရှိ နော့ဆက်စ်မြို့လေးဖြစ်သည်။ ၎င်းတို့အားလုံးမှာ နော့ဆက်စ်မြို့လေးရှိ အန်ကဲ မှော်ကုန်သည်ကြီးများအသင်း၏ မှော်လေပေးစက်,စက်ရုံသစ်၌ အလုပ်လုပ်ဖို့ ထိုနေရာသို့ သွားကြမည်ဖြစ်သည်။

လူအိုကြီးဆာကိုဇီမှာ အတန်ငယ်အံ့ဩသွား၏။

"အလုပ်လုပ်ချင်ရင် အနောက်မြောက်ခရိုင်မှာပဲ အလုပ်တချို့ ရှာလိုက်လို့ရတယ်မဟုတ်ဘူးလား? ဘာလို့ နော်တန်နယ်မြေအထိတောင် လာဖို့လိုအပ်နေမှာလဲ? ဒါက အနောက်မြောက်ခရိုင်ကနေဆို နှစ်ထောင်ကီလိုမီတာကျော်တောင် ဝေး‌တယ်လေ။"

လူအိုကြီး ဆာကိုဇီ၏ အသိဖြစ်သူမှာ လာ့ဒ်ဆက်ခ်အမည်ရကာ အနောက်မြောက်ပိုင်း၌ နှစ်သုံးဆယ်ကျော်ကြာ လယ်သမားဟောင်းဖြစ်ခဲ့သည်။ သူက ရိုးစင်းသည့် အပြုံးတစ်ခုပေးရင်း ပြန်ဖြေလာပါ၏၊ "အနောက်မြောက်ခရိုင်က လုပ်ငန်းစုလေးတွေပဲရှိပြီးတော့ သူဌေးကလည်း ဝမ်းတွင်းမည်းတယ်လေ။ လစာက အပြင်ပန်းမှာ နည်းတဲ့ပုံမပေါ်ရင်တောင် တကယ်တမ်း ၇၀ကနေ ၈၀%အထိ ဖြတ်လိုက်တော့ တစ်လကို ရွှေဒင်္ဂါးငါးပြားတောင်မရပါဘူး။ ဒီ အန်ကဲ မှော်ကုန်သည်ကြီးများအသင်းက အလုပ်သမားတွေလာစု‌ဆောင်းတော့ တစ်လကို ရွှေဒင်္ဂါးဆယ်ပြားပေးမယ်‌ဆိုတာနဲ့ စဉ်းစားကြည့်ပြီးရောက်လာတာပဲ။"

"တစ်လကို ရွှေဒင်္ဂါးငါးပြားတောင် မရနိုင်ဘူးလား?" လူအိုကြီး ဆာကိုဇီ၏ မျက်လုံးများပြူးကျယ်သွားသည်၊ "ဘယ်လုပ်ငန်းစုက ဒီလောက်တောင် ကပ်စေးနဲဝံ့ရတာလဲ? သူတို့အတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိတဲ့သူရော ရှိသေးရဲ့လား?"

လာ့ဒ်ဆက်ခ်မှာ ခါးသက်သက်ရယ်မောလိုက်ကာ ခေါင်းခါသည်၊ "ခင်ဗျားတို့ ဘန်တာမြို့မှာတော့ အလုပ်မဖြစ်ပေမယ့် ဒါက ကျုပ်တို့ အနောက်မြောက်ပိုင်းမှာတော့ ပုံမှန်ကိစ္စပဲလေ။ ကျုပ်တို့ အနောက်မြောက်ပိုင်းက စက်ရုံတွေမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ လုပ်ငန်းစုတွေရှိတော့ တိုင်းပြည်က အဲဒီ့မှော်စက်လုပ်ငန်းစုတွေကြောင့်သာမဟုတ်ရင် ကျုပ်တို့မြို့သေးသေးလေးကို လာမယ့် လုပ်ငန်းစုတောင်ရှိမှာမဟုတ်ဘူး။ ဒါကြောင့် ကျုပ်တို့လိုလူတွေအတွက် အလုပ်ရတာကတင် ကျေးဇူးတင်နေပြီ ဘယ်လိုလုပ် တွက်ကပ်နေနိုင်မှာလဲ? ပြီးတော့လည်း ဘာပဲဖြစ်ဖြစ် ဒါက လယ်စိုက်တာထက်တော့ ပိုကောင်းနေတုန်းပဲမဟုတ်လား?"

ထိုသို့ပြောရလျှင် လာ့ဒ်ဆက်ခ်မှာ ငွေဒင်္ဂါးရှစ်ဆယ်ပြားသုံး၍ ဝယ်ထားသည့် အဝတ်များကို လူအိုကြီးဆာကိုဇီထံ အပြုံးမျက်နှာဖြင့် ကြွားဝါလိုက်သည်။ ၎င်းတို့မှာ သူ၏ဘဝ၌ ဝတ်ဖူးခဲ့သမျှထဲ အကောင်းဆုံးအဝတ်များဟုပင်ပြောလာသေးသည်။

လာ့ဒ်ဆက်ခ်မျက်နှာထက်မှ ရိုးစင်းသည့် အပြုံးကို မြင်သော် လူအိုကြီး ဆာကိုဇီမှာ မနေနိုင်အောင် ဝမ်းနည်းလာမိသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ထွက်ပေါ်လာမှုကြောင့် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များမှာအလျင်အမြန် တိုးတက်လာခဲ့သည်။

နှစ်အနည်းငယ်အတွင်း ဘန်တာမြို့သားတို့၏ ဘဝကလည်း လုံးဝပြောင်းလဲသွားခဲ့၏။

လူအိုကြီးဆာကိုဇီကို ဥပမာယူကြည့်နိုင်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း သူဟာ ငှားရမ်းခပေးချေဖို့ အလုပ်လုပ်နေခဲ့ရပြီး နှစ်စဉ် အစားအစာဝယ်ဖို့ရန်ပင် မလောက်ငှသဖြင့် မကြာခဏ ဗိုက်ဟောင်းလောင်းနေခဲ့ရသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းပေါ်ထွက်လာမှုကြောင့် နှစ်များစွာ ကြာသည့်နောက် လူအိုကြီးဆာကိုဇီ ပူပန်နေရသောအရာမှာ မည်သည့် မှော်ဆလွန်းဝယ်သင့်သည့် အကြောင်းသာ ရှိတော့သည်။

အစားအစာနှင့် အဝတ်အထည်တို့ကဲ့သို့သော အခြေခံ ဘဝနေထိုင်ရေးအခြေအနေများအတွက်ကိုမူ ထပ်မံမစဉ်းစားတော့ပေ။

လူအိုကြီးဆာကိုဇီမှာ အခြားလူများကလည်း သူ့ကဲ့သို့ဖြစ်မည်ဟု ထင်ခဲ့သော်ငြား လာ့ဒ်ဆက်ခ်ကို မြင်ပြီးနောက် လမ်ပူရီတိုင်းပြည်တွင် ယခင်ကကဲ့သို့ ချို့တဲ့နေဆဲလူများရှိကြောင်း သိလိုက်ရသည်။ လူတိုင်းက သူ့ကဲ့သို့ ဘဝ‌ကောင်း၌ မနေရပါချေ။

ထိုသို့စဉ်းစားရင်း လူအိုကြီးဆာကိုဇီမှာ မနေနိုင်ဘဲ စိတ်ထဲ ပျော်ရွှင်နေမိသည်။

Frestech ကုန်သည်ကြီးများအသင်း ဘန်တာမြို့၌ ပေါ်ထွက်လာသည်က ကိစ္စကောင်းတစ်ရပ်ပင်။ ၎င်းကသာ အခြားမြို့ သို့မဟုတ် အခြားတိုင်းပြည်၌သာဆိုပါက သူဟာ ယခင်ကကဲ့သို့ပင် ချို့တဲ့နေမည်မဟုတ်ပါလား?

ဘေးပတ်လည်ရှိလူများကို လှည့်မေးလိုက်သော် ထိုလူများထံ၌ လာ့ဒ်ဆက်ခ်နှင့် ခြားနားသည့် အကြောင်းပြချက်တချို့ရှိသော်လည်း ခြုံပြောရပါလျှင် အန်ကဲမှော်ကုန်သည်ကြီးများအသင်းက ၎င်းတို့ကိုစိတ်လှုပ်ရှားစေမည့် ပိုမြင့်သည့်လစာကို ကမ်းလှမ်းခဲ့သည်။

လူအိုကြီးဆာကိုဇီမှာ အံ့ဩနေမိဆဲပင်။

"ခင်ဗျားတို့သာ တကယ်ပဲ လစာမြင့်မြင့်လိုချင်ရင် လမ်ပူရီတိုင်းပြည်မှာ ရွေးလို့ရတဲ့ လုပ်ငန်းစုတွေအများကြီးရှိနေတာပဲလေ။ ကျန်တာမပြောနဲ့ဦး ဘန်တာမြို့က လုပ်ငန်းစုတွေနဲ့တင် ဝင်ဝင်ချင်း ရွှေဒင်္ဂါးဆယ်ပြား အနည်းဆုံးရတယ်။ ပြီးတော့ Frestech ကုန်သည်ကြီးများအသင်းကြောင့် သူတို့ပေးတဲ့ အကျိုးအမြတ်တွေအားလုံးကလည်း အရမ်းကောင်းတာမို့ ဘာလို့ ဒါတွေကို ထည့်မစဉ်းစားကြတာလဲ?"

လာ့ဒ်ဆက်ခ်နှင့် ကျန်သူတို့မှာ တစ်ဦးကိုတစ်ဦးကြည့်ရင်း ခါးသက်သက်ပြုံးလိုက်ကြသည်။

"တခြားနည်းလမ်းမရှိဘူးလေ။ ဘန်တာမြို့ရဲ့ လုပ်ငန်းစုတွေက ပိုကောင်းတဲ့လစာနဲ့ အကျိုးအမြတ်‌တွေပေးထားပေမယ့်လည်း လိုအပ်ချက်တွေက ပိုမြင့်ကြတယ်။ ကျုပ်တို့က အနိမ့်ဆုံး နည်းပညာအလုပ်သမားအရည်အချင်းတောင်မရှိတော့ ဘယ်လိုလုပ် အဲ့လိုလုပ်ငန်းစုကောင်းတွေကို ဝင်နိုင်ပါ့မလဲ။"

လူအိုကြီးဆာကိုဇီက သက်ပြင်းချကာ ဖြည်းဖြည်းချင်းခေါင်းငြိမ့်လေသည်။

တကယ်ကိုပင် Frestech ကုန်သည်ကြီးများအသင်း၏ ဦးဆောင်မှုကြောင့် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့တော်များ၏ မှော်စက်လုပ်ငန်းစုများမှာ လစာကောင်းကောင်းနှင့် အကျိုးအမြတ်များပေးပါသော်လည်း ၎င်းက ထိုလုပ်ငန်းစုများ၏ ဝန်ထမ်းများအပေါ်လိုအပ်ချက်ကိုပါ မြင့်လာစေသည်။

သာမန် အလုပ်သမားများသာ ဘန်တာမြို့၏ လုပ်ငန်းစုများထံ ဝင်ရောက်လိုလျှင် မည်သည့် နည်းပညာအရည်အချင်းမှ မရှိပါက အလုပ်မဖြစ်ပါချေ။

"ဒီအဓိပ္ပာယ်က.... အန်ကဲမှော်ကုန်သည်ကြီးများအသင်းကတော့ ဘာလိုအပ်ချက်မှ မရှိဘူးလို့ဆိုလိုတာပေါ့?" လူအိုကြီးဆာကိုဇီက မေးသည်။

"မသိဘူး။ သူတို့ လူစုချိန်တုန်းက ကျုပ်တို့ သန်မာပြီးကျန်းမာသရွေ့ အဆင်ပြေတယ်လို့ပြောတာပဲ။" လာ့ဒ်ဆက်ခ်က ဆိုသည်။

"ဒါဆို သူတို့ ဘာလုပ်စေချင်တယ်ဆိုတာကိုရော ပြောလာခဲ့သေးလား?"

"ရိုးရှင်းတဲ့ အရာတချို့မို့ ပေါ့ပေါ့ပါးပါးသင်ပေးနိုင်တယ်လို့ ပြောခဲ့တယ်။"

"အိုး...."

လူအိုကြီး ဆာကိုဇီက ခေါင်းငြိမ့်ပြလိုက်သည်။ ဤအန်ကဲ မှော်ကုန်သည်ကြီးများအသင်း၏ နော်တန် နယ်မြေရှိ စက်ရုံမှာ ရိုးရှင်းဆုံးသော တပ်ဆင်ရေးစက်ရုံများသာဖြစ်လောက်သည်။ မှော်လေပေးစက်၏ အစိတ်အပိုင်းများကို နော်တန်နယ်မြေ၌ မလုပ်ဆောင်နိုင်ပေ။

၎င်းကို စဉ်းစားရင်း မှန်သည်ဟု ခံစားလိုက်မိ၏။

မှော်လေပေးစက်မှာ ထုတ်လုပ်ဖို့ ရှုပ်ထွေးလှကာ ပြင်ဆင်ဖို့ လိုအပ်သည့် အရာအားများစွာရှိသည်။

Frestech ကုန်သည်ကြီးများအသင်း၌ ပြီးပြည့်စုံသော မှော်လေပေးစက် ထုတ်လုပ်ရေးစနစ်တစ်ခုရှိသည်ကလွဲ အခြားလုပ်ငန်းစုများမှာ ယခုတွင် ထိုအစွမ်းအစမရှိသေးပေ။ ၎င်းတို့အနေနှင့် လုပ်ငန်းစုမျိုးစုံထံမှ အစိတ်အပိုင်းများဝယ်ယူပြီး တပ်ဆင်ကာ ၎င်းတို့ဘာသာ ထုတ်လုပ်နိုင်ရုံသာရှိသည်။

ထို့အပြင် အစိတ်အပိုင်းထုတ်လုပ်ရေးစက်ရုံများကို အဓိကအားဖြင့် ဆန်နက်မြေရိုင်းနှင့် ဘန်တာမြို့တို့၌ စုစည်ထား၏။ နော်တန်နယ်မြေ၌ အန်ကဲ မှော်ကုန်သည်ကြီးများအသင်းကဲ့သို့ စက်ရုံတစ်ရုံတည်ဆောက်ရန်မှာ ဤနေရာသို့ တပ်ဆင်ရမည့် အစိတ်အပိုင်းများကို ပို့ပေးနိုင်ရုံသာရှိသောကြောင့်ဖြစ်သည်။

နော်တန်နယ်မြေ၌ ဒေသတွင်း အစိတ်အပိုင်းများထုတ်လုပ်ရန် နည်းပညာပြဿနာကို ဖြေရှင်းဖို့လိုသည်။

လက်ရှိ ဆိုရသော် Frestech ကုန်သည်ကြီးများအသင်းမှလွဲ၍ ထိုပြဿနာကို ကိုယ်တိုင်ဖြေရှင်းနိုင်သည့် လုပ်ငန်းစု တစ်ခုမှ မရှိသေးပေ။

ထိုသို့စဉ်းစားရင်း လူအိုကြီးဆာကိုဇီမှာ ကီလိုမီတာ နှစ်ထောင်ဝေးသည့် နော်တန်နယ်‌မြေသို့ အလုပ်အတွက် လာ့ဒ်ဆက်ခ် အပြေးလာရဖို့က လိုအပ်ကြောင်း သိလိုက်ရသည်။

"ဒီအဓိပ္ပာယ်က..... ဒီမှာ နှစ်နည်းနည်းလောက် အလုပ်လုပ်ဖို့ စီစဉ်ထားတဲ့ အဓိပ္ပာယ်ပေါ့?" လူအိုကြီး ဆာကိုဇီက မေးလိုက်သည်။

လာ့ဒ်ဆက်ခ်က ခေါင်းငြိမ့်ကာ၊ "အင်း ဖြစ်နိုင်ရင် နှစ်ပေါင်းများစွာကို ဒီမှာ အလုပ်လုပ်ချင်တာ။ ကြည့်ပါဦး အနည်းဆုံးတစ်လကို ရွှေဒင်္ဂါးဆယ်ပြားရပြီး အန်ကဲ မှော်ကုန်သည်ကြီးများအသင်းက ကျုပ်တို့ရဲ့ အစားအစာနဲ့ နေစရိတ်ကို ပေးမှာလေ။ စုဆောင်းထားနိုင်ရင် တစ်နှစ်ကို ရွှေဒင်္ဂါးတစ်ရာရမှာပဲ။ ဒါက များလွန်းတော့ နှစ်နည်းနည်းလောက်လုပ်လိုက်ရင် ဘာမဆိုရနိုင်ပြီ။"

လာ့ဒ်ဆက်ခ် အနေနှင့် တစ်နှစ် ရွှေဒင်္ဂါးတစ်ရာမျှသာရခြင်းကို ဤမျှ စိတ်လှုပ်ရှားနေခြင်းက အတန်ငယ် မသိနားမလည်ရာကျသော်လည်း လူအိုကြီး ဆာကိုဇီက အပြုံးဖြင့်တုံ့ပြန်လိုက်သည်။

သို့သော် သူဟာ လွန်ခဲ့သည့် နှစ်အနည်းငယ်က တစ်နှစ်ကို ရွှေဒင်္ဂါးတစ်ရာရနိုင်ခဲ့ပုံကို စဉ်းစားမိရင်း ပို၍ စိတ်လှုပ်ရှားကာ သက်တောင့်သက်သာဖြစ်သွားသည်။

နှစ်ဦးသား ခဏတာ စကားပြောနေကြ၏။ လာ့ဒ်ဆက်ခ်မှာ လူအိုကြီး ဆာကိုဇီထံ၌ ပို့ဆောင်ရေးမှော်ကားနှစ်စီးရှိကာ ထိုမှော်ကားနှစ်စီးဖြင့် တစ်နှစ်ကို ရွှေဒင်္ဂါးရာချီဝင်ကြောင်း သိလိုက်ရချိန်တွင် မနေနိုင်လောက်အောင် အလွန်အမင်း အားကျသွားရသည်။

လူအိုကြီးဆာကိုဇီကမူ သူ့အား ဤ အသေးစား သို့မဟုတ် အလတ်စားပို့ဆောင်ရေးမှော်ကားကို ဝယ်ကာ မိမိဘာသာ ကုန်စည်များပို့ဆောင်နိုင်ရန် နှစ်များစွာအလုပ်လုပ်ခဲ့ရကြောင်း ပြောရင်း နှစ်သိမ့်ပေးလာသည်။

အနာခံရန် ဆန္ဒရှိသရွေ့ သူ့ကဲ့သို့ တစ်နှစ်တွင် ရွှေဒင်္ဂါးရာချီရနိုင်ရန် ကြာမည်မဟုတ်ချေ။

လာ့ဒ်ဆက်ခ်လည်း ၎င်းကို အသေအချာ သဘောတူလိုက်၏။

ထို့ကြောင့် နှစ်ဦးသားမှာ ၎င်းတို့၏ လှပသော အနာဂတ်ကို တွေးတောရင်း ပို၍ပင် ရင်းနှီးလာကြသည်။

သို့သော် နောက်ကျနေပြီဖြစ်ရာ အန်ကဲ မှော်ကုန်သည်ကြီးများအသင်းအတွက် ၎င်းတို့ကို စုဆောင်းခဲ့သည့် လာ့ဒ်ဆက်ခ်၏ အဖွဲ့တာဝန်ခံမှာ အားလုံးကို နောက်နေ့မနက်စောစောထွက်ခွာနိုင်ရန် အနားယူခိုင်းလိုက်သည်။

လူအိုကြီးဆာကိုဇီက ကောင်းကင်ကိုကြည့်ကာ သူလည်း အနားယူသင့်သည်ဟု ခံစားမိသွားသည်။ နှစ်ဦးသားက မထွက်ခွာခင် အချိန်ရှိပါလျှင် နော့ဆက်စ်မြို့၌ ဆုံကြရန် သဘောတူလိုက်ကြ၏။

လူအိုကြီး ဆာကိုဇီက မှော်စွမ်းအားဖြည့်တင်းရုံထဲ ပထမဆုံးဝင်ကာ သူ၏ အသေးစားပို့ဆောင်ရေးမှော်ကားအတွက် စံပြုမှော်သလင်းကျောက်အချို့ကို ထည့်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူဟာ နောက်ရက်အနည်းငယ်အတွက် အထောက်အပံ့လောက်ငှစေရန် နေ့စဉ်အသုံးအဆောင်နှင့် အစားအစာအချို့ကိုပါ ဝယ်ထားလိုက်သည်။

ဤနေရာမှာ မီရန်ဒိုနယ်မြေ၌ ဖြစ်ကာ နော်တန်နယ်မြေနှင့် ထိုမျှမဝေးပါသော်လည်း စတက်တိန်းနယ်မြေမှ ကီလိုမီတာ နှစ်ထောင်ဝေးလာသော်လည်း မှော်စွမ်းအားဖြည့်တင်းရေးရုံများက အခြားတစ်ခုနှင့်မတူပေ။ ၎င်းက အပြည့်အစုံရှိကာ ရေသန့်ထောက်ပံ့ပေးသည့် မှော်ရေစုပ်စက်ပင်ရှိ‌သေးသည်။

လူအိုကြီးဆာကိုဇီမှာ ထိုရေကို မျက်နှာသစ်ကာ ပလုတ်ကျင်းဖို့ရန် အသုံးပြုခဲ့ပါ၏။ မှော်စွမ်းအားဖြည့်တင်းရေးရုံ အနီးက မြေကွက်လပ်ကို လာ့ဒ်ဆက်ခ်နှင့် ကျန်သူများ ဦးထားသည်အားမြင်သော် သူဟာ အိပ်ဖို့ရန်အတွက် မိမိ၏ အသေးစားပို့ဆောင်ရေးမှော်ကားထံသို့သာ ပြန်ရန် ပြင်လိုက်သည်။

သန့်စင်ခန်းမှ ထွက်လာချိန်၌ လူတစ်စုက မှော်စွမ်းအားဖြည့်တင်းရေးရုံသို့လာနေသည်ကို ရုတ်တရတ် တွေ့ရလေသည်။

တာဝန်ခံလူကြီးက မှော်စွမ်းအားဖြည့်တင်းရေးရုံ အပြင်ဘက် မြေကွက်လပ်ရှိ အလုပ်သမားအုပ်စုကိုကြည့်လာပြီးနောက် ကျယ်လောက်စွာ ပြောလာ၏၊ " မာကာလင်းကုန်သည်ကြီးများအသင်းက လူတွေစုဆောင်းနေပါတယ်၊ အနိမ့်ဆုံးလစာက တစ်လကို ရွှေဒင်္ဂါးဆယ့်နှစ်ပြားရမှာပါ! ဆန္ဒရှိမယ့်လူရှိရင် ကျုပ်နဲ့အခုပဲလိုက်ခဲ့ကြပါ!"

လူအိုကြီး ဆာကိုဇီက အံ့ဩသွားပြီးနောက် ပြုံးလာသည်။

အိုင်း ကြည့်ရတာ ပြဇာတ်ကောင်းလေးတစ်ပုဒ်လာတော့မှာပဲ။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၅၆။ လူများအား လုယူခြင်း

ထိုလူကြီး၏ အသံက အိပ်ဖို့ ပြင်နေကြသူများကို နိုးသွားစေသည်။ လာ့ဒ်ဆက်ခ်အပါအဝင် ၎င်းတို့၏ အဖွဲ့မှာ ထိုလူကြီးကို နိုးကြားဟန်တစ်ဝက် မျှော်လင့်နေဟန်တစ်ဝက်ဖြင့် တအံ့တဩကြည့်လိုက်ကြသည်။

တစ်လလျှင် ရွှေဒင်္ဂါးဆယ့်နှစ်ပြားမှာ အန်ကဲမှော်ကုန်သည်ကြီးများအသင်းထက် ရွှေဒင်္ဂါးနှစ်ပြားပိုများပါ၏။

ထိုရွှေဒင်္ဂါးနှစ်ပြားမှာ အနောက်မြောက်ခရိုင်တွင် မိသားစုတစ်စုအတွက် တစ်လလုံးစာ အစားအသောက်မပူရသည်အထိ လုံလောက်ပါ၏။

လူအုပ်ထံမှ အေးစက်စက်နှာမှုတ်သံထွက်လာကာ အသက်လေးဆယ်ပတ်လည် သက်လတ်ပိုင်းလူတစ်ဦးထွက်လာလေသည်။

အရှိန်အဝါဖြစ်စေ အဝတ်အစားဖြစ်စေ ထိုသက်လတ်ပိုင်းလူမှာ လာ့ဒ်ဆက်ခ်နှင့် စုဆောင်းထားသော ကျန်အလုပ်သမားတို့နှင့် ခြား‌နားနေပါ၏။

လူအိုကြီးဆာကိုဇီက တစ်ချက်ကြည့်ကာ ၎င်းက လာ့ဒ်ဆက်ခ်ပြောခဲ့သော အန်ကဲမှော်ကုန်သည်ကြီးများအသင်းမှ တာဝန်ခံ မန်နေဂျာ ယိုဒယ်လ် ဖြစ်လောက်သည်ဟု ခန့်မှန်းလိုက်သည်။

ယိုဒယ်လ်က အဖွဲ့ရှေ့ကိုလာကာ ၎င်းတို့ကို အေးစက်စက်ကြည့်လိုက်ရင်း ထိုလူကြီးထံ အကြည့်များသက်ဆင်းသွားသည်။ သူဟာ အေးစက်စွာဆိုလာ၏၊ "ဘာလဲ? မာကာလင်းကုန်သည်ကြီးများအသင်းက စည်းမျဉ်းတွေကို မလိုက်နာတာလား?"

"စည်းမျဉ်း?" ထိုလူကြီးက အေးစက်စက်ရယ်မောကာ၊ "ကျုပ်တို့က ဘယ်လိုများစည်းမျဉ်းတွေကို မလိုက်နာတာလဲ? ဒီလူတွေက ခင်ဗျားတို့ အန်ကဲမှော်ကုန်သည်ကြီးများအသင်းရဲ့ အလုပ်သမားတွေဖြစ်မလာသေးဘူးမဟုတ်လား?"

"သူတို့က ကျုပ်တို့လုပ်ငန်းစုနဲ့ စာချုပ်လက်မှတ်ထိုးပြီးပြီ ဘယ်လိုများကျုပ်တို့ဝန်ထမ်းမဟုတ်ရမှာလဲ?" ယိုဒယ်လ်က ဒေါသတကြီးဆိုသည်။

"အိုး? ဘာစာချုပ်လဲ? တစ်ချက်လောက်ကြည့်ပါရစေ။" ထိုလူကြီးက လက်ဖြန့်လာ၏။

"ဖီ! ခင်ဗျားက ဘယ်လိုလူစားလဲ! ဘယ်အရည်အချင်းများ ကြည့်လို့ရမလဲ?" ယိုဒယ်လ်က ချက်ချင်းဒေါသတကြီးပြောသည်။

ထိုလူကြီးက ဒေါသမဖြစ်ဘဲ အပြုံးဖြင့်ပြောလေ၏၊ "မထုတ်ပြရင် ဘာမှမရှိလို့ပေါ့။ ဒီလိုဆိုမှတော့ ကျုပ်တို့က မျှတတဲ့ ပြိုင်ဘက်တွေပဲလေ စည်းမျဉ်းချိုးဖောက်စရာလုံးဝမရှိပါဘူး။"

သူဟာ ထိုသို့ပြောပြီးနောက် ယိုဒယ်လ်ကို လျစ်လျူရှုကာ ရှုပ်ထွေးနေသည့် အလုပ်သမားများဘက် လှည့်၍ အသံကျယ်ကျယ်ဖြင့် ဆိုလာသည်၊ "အခုနက ပြောတာကို သေချာကြားကြရဲ့လား? ခင်ဗျားတို့အနေနဲ့ ကျုပ်တို့ရဲ့ မာကာလင်းကုန်သည်ကြီးများအသင်းကိုဝင်ဖို့ ရွေးချယ်လိုက်တာနဲ့ တစ်လကို ရွှေဒင်္ဂါးဆယ့်နှစ်ပြားလောက်ကတော့ အာမခံမှာပါ။"

ထိုသို့ဆိုပြီးနောက် သူဟာ ယိုဒယ်လ်ဘက်လှည့်ကာ တစ်ချက်ရယ်သည်၊ "ဒါက အန်ကဲမှော်ကုန်သည်ကြီးများအသင်းပေးတဲ့ ရွှေဒင်္ဂါးဆယ်ပြားထက်တော့ အများကြီးကောင်းတာပေါ့။ ပြီးတော့ ကျုပ်တို့ ဥက္ကဌက ခင်ဗျားတို့ ကောင်းကောင်းလုပ်သရွေ့ လစာတိုးပေးနိုင်တယ်လို့လည်း ပြောထားတယ်။"

ယိုဒယ်လ်မှာ စိတ်ထဲထောင်းခနဲဖြစ်သွားသော်ငြား နိုးနိုးကြားကြားလည်းဖြစ်လာ၏။

ထိုလူအနေနှင့် ၎င်းတို့လုပ်ငန်းစုမှ အလုပ်သမားများကို မည်သည့်လစာပေးမည်ဖြစ်ကြောင်းသိသလို ၎င်းတို့ နော်တန်ကုန်သည်ကြီးများအသင်းသို့ဝင်ရောက်တော့မည့်ကြားက ဖြတ်လုလာသည်။ သူဟာ သူနှင့်အတူ ဤအလုပ်သမားအားလုံးကို ခေါ်ဆောင်လာသည်က ပြင်ဆင်ထားကြောင်း သိသာပါ၏။

အချုပ်ဆိုရသော် ယိုဒယ်လ်ဖြစ်စေ အန်ကဲမှော်ကုန်သည်ကြီးများအသင်းဖြစ်စေ အခြားလုပ်ငန်းစုက ဤနေရာ၌ ရှိနေမည်ဟု မထင်ထားသဖြင့် ၎င်းတို့နှင့်ရင်ဆိုင်ရန် ပြင်ဆင်ထားခဲ့ခြင်းမရှိချေ။

လမ်ပူရီတိုင်းပြည်၌သာဆိုပါလျှင် အန်ကဲ မှော်ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုကြောင့် သူဟာ ၎င်းတို့နှင့် ရင်ဆိုင်ရန် နည်းလမ်းတစ်ရာလောက်ရှိသည်။ သို့သော်လည်း ၎င်းက လမ်ပူရီတိုင်းပြည်မှ နှစ်ထောင်ကီလိုမီတာ အဝေးရှိ မီရန်ဒိုနယ်မြေ၌ဖြစ်ပြီး မာကာလင်း ကုန်သည်ကြီးများအသင်းမှာ မီရန်ဒိုနယ်မြေရှိ ကျော်ကြားသော လုပ်ငန်းစုကြီးတစ်ခုဖြစ်သည်။ ၎င်းတို့၏ ဤနေရာရှိ လွှမ်းမိုးမှုမှာ အဆင့်တူ၌မရှိသဖြင့် သဘာဝကျကျပင် သူလည်း မခုခံနိုင်ပေ။

ယိုဒယ်လ်က ၎င်းနှင့်ပတ်သက်၍ မည်သို့ ရင်ဆိုင်ရမည်ကို စဉ်းစားနေစဉ်တွင် မာကာလင်း ကုန်သည်ကြီးများအသင်း၏ လူများမှာ အလုပ်သမားများကို ဖျောင်းဖျဖို့ စတင်ကြိုးစားနေကြပြီဖြစ်သည်။ ၎င်းတို့အသုံးပြုခဲ့သည့် စကားလုံးများကို သုံးသပ်ရသော် မာကာလင်း ကုန်သည်ကြီးများအသင်းက လစာပိုကောင်းကောင်းပေးရုံသာမက ပိုကောင်းသည့် အကျိုးအမြတ်များလည်း ပေးသေးသည်။ ၎င်းမှာ သံသယဝင်စရာမလို‌အောင် အန်ကဲ မှော်ကုန်သည်ကြီးများအသင်း ကမ်းလှမ်းထားသည်ထက် ပို၍ ဆွဲဆောင်မှုရှိပါ၏။

အလုပ်သမားများကို တုံ့ဆိုင်းစေသည့် တစ်ခုတည်းသော အရာမှာ ဤမာကာလင်း ကုန်သည်ကြီးများအသင်းက မီရန်ဒိုနယ်မြေလုပ်ငန်းစုဖြစ်ကာ အန်ကဲ မှော်ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်လုပ်ငန်းစုတစ်ခုဖြစ်နေခြင်းပင်။ ၎င်းတို့က ထိုသူတို့နှင့် ရင်းနီးကျွမ်းဝင်မှုမရှိသည်မှာ သံသယဝင်စရာပင်မလိုချေ။

သို့သော် မာကာလင်းကုန်သည်ကြီးများအသင်း၏ လူများက မီရန်ဒိုနယ်မြေ၌ အလုပ်လုပ်မည်ဖြစ်သဖြင့် နော်တန်နယ်မြေသို့ သွားဖို့ လိုတော့မည်မဟုတ်ဟု ပြောလာစဉ်တွင် လူအတော်များများက စိတ်လှုပ်ရှားပုံပေါ်လာသည်။

အလုပ်သမားများစွာက မာကာလင်းကုန်သည်ကြီးများအသင်းထံမှ ဖြောင်းဖျခံလိုက်ရလုဆဲဆဲဖြစ်သည်ကိုမြင်သော် ယိုဒယ်လ်မှာ အင်မတန်ပူပန်လာသည်။

သို့သော် သူဟာ အန်ကဲ မှော်ကုန်သည်ကြီးများအသင်း၏ (HR)လူ့စွမ်းအားရင်းမြစ်ဌာနရှိ ဒုမန်နေဂျာသာဖြစ်ပြီး လုပ်ပိုင်ခွင့်များများစားစားမရှိသဖြင့် များများစားစားလုပ်၍မရနိုင်ပေ။

ကူရာမဲ့နေသည်ကို ခံစားရသော် သူဟာ အလုပ်သမားများထံ ပြောရုံသာတတ်နိုင်သည်၊ "ဒီ မာကာလင်းကုန်သည်ကြီးများအသင်းဆီကနေ အရူးလုပ်မခံနဲ့။ သူတို့ရဲ့ စကားကောင်းလေးတွေကိုပဲ မကြည့်နဲ့၊ တကယ်တမ်း လုပ်ငန်းစုထဲဝင်ရင် ဒီကတိကို ဖြည့်ဆည်းပေးနိုင်ကြမှာမဟုတ်ဘူး။ ခင်ဗျားတို့ အရင်က အနောက်မြောက်ပိုင်းမှာ ဘာတွေကြုံခဲ့ရတယ်ဆိုတာ မမေ့နဲ့ဦး။"

၎င်းကိုကြားသော် အလုပ်သမားများမှာ တစ်ဖန် တုံ့ဆိုင်းလာပြန်သည်။

ယိုဒယ်လ် ဖော်ပြခဲ့သလိုပင် အနောက်မြောက်ပိုင်း၌ နာကျင်ခံစားခဲ့ကြပြီးသည့်နောက် ၎င်းတို့မှာ အင်မတန် သတိထားလာကြတော့သည်။

တစ်ဘက်တွင် အန်ကဲမှော်ကုန်သည်ကြီးများအသင်းမှာ အန်ဗီမာမြို့တော် လုပ်ငန်းစုတစ်ခုဖြစ်ကာ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ပူးပေါင်းထားကြသောကြောင့် ပို၍ပင် ယုံကြည်မှုနှင့် ထိုက်တန်ပါပေ၏။

အလုပ်သမားများက စိတ်ယိုင်သွားကြပြန်သည်ကိုမြင်သော် ထိုလူကြီးက အေးစက်စက်နှာမှုတ်လိုက်၏။ သူက ရင်ဘတ်ထဲမှ စာရွက်စာတမ်းတစ်ခုကိုထုတ်၍ ကျယ်လောင်စွာဆိုသည်၊ "ဒီလူရဲ့ စကားတွေကို နားမယောင်ကြပါနဲ့။ ကျုပ် အားလုံးပြောပြမယ်၊ ကျုပ်တို့ မာကာလင်းကုန်သည်ကြီးများအသင်းက မီရန်ဒိုနယ်မြေမှာ ပထမတန်းစားလုပ်ငန်းစုဖြစ်ပြီး ဒုခ်ရဲ့ အသိအမှတ်ပြုမှုကို ရထားတယ်။ ဒါ့အပြင် အရင်လကတင် ကျုပ်တို့နယ်မြေမှာ Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ လုပ်ငန်းစုငါးခု ဖွင့်လှစ်ဖို့ ပူးပေါင်းရေးစာချုပ်မှာ လက်မှတ်ထိုးထားပြီးပါပြီ။ မဟုတ်ရင် ကျုပ်တို့ လူလိုနေဦးမယ် ထင်ကြလို့လား?"

ဤမာကာလင်းကုန်သည်ကြီးများအသင်းကလည်း Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းထားသည်ကို ကြားသော် အလုပ်သမားများ၏ မျက်နှာထက်ရှိ သံသယဟန်က ပြေလျော့သွားလေ၏။

ဤ မာကာလင်းကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်း၏ အသိအမှတ်ပြုမှုကို ရရှိထားသဖြင့် ၎င်းတို့မှာ အလုပ်သမားများကိုလှည့်ဖျားမည့် လုပ်ငန်းစုလေးမဟုတ်ရာ အနည်းဆုံးတော့ ၎င်းတို့ကမ်းလှမ်းလာသည်က ယုံကြည်ရသည်။

ယိုဒယ်လ်ကလည်း အင်မတန်အံ့အားသင့်သွားသည်။ သူဟာ မာကာလင်း ကုန်သည်ကြီးများအသင်းက မီရန်ဒိုနယ်မြေရှိ Frestech ကုန်သည်ကြီးများအသင်း၏ မိတ်ဖက်များအနက်တစ်ဦးဖြစ်မည်ဟု ထင်မထားခဲ့ချေ။

ထိုသည်က မာကာလင်းကုန်သည်ကြီးများအသင်းမှာ မီရန်ဒိုနယ်မြေရှိ ထိပ်တန်းလုပ်ငန်းစုများအနက် တစ်ခုဖြစ်သည့်အဓိပ္ပာယ်ပင်၊ မဟုတ်ပါက Frestech ကုန်သည်ကြီးများအသင်းထံမှ ရွေးချယ်ခံခဲ့ရမည်မဟုတ်ပေ။

သို့သော် ထိုအချက်ကို သုံးရလျှင် အန်ကဲ မှော်ကုန်သည်ကြီးများအသင်းမှာ မာကာလင်း ကုန်သည်ကြီးများအသင်း ရှေ့၌ အားသာချက်ရှိမနေပေ။ ၎င်းတို့ယှဉ်နိုင်သည့်တစ်ခုတည်းသောအရာမှာ အလုပ်သမားကိုပေးသည့် လစာများနှင့် အကျိုးအမြတ်သာဖြစ်သည်။

ထို့အပြင် ၎င်းအပိုင်း၌ ယိုဒယ်လ်ထံတွင် မည်သည့်လုပ်ပိုင်ခွင့်မှမရှိရာ အလုပ်သမားများကို မည်သည့်အာမခံချက်မှမပေးနိုင်သဖြင့် ပြုသမျှနုနေရသည်။

"မမေ့နဲ့! မင်းတို့အားလုံး ကျုပ်တို့လုပ်ငန်းစုနဲ့ စာချုပ်လက်မှတ်ထိုးထားပြီးသား! ကျုပ်တို့နဲ့ မလိုက်လာရင် စာချုပ်ချိုးဖောက်ရာကျသွားမယ်!" ဤရက်စက်မှုကြောင့် ယိုဒယ်လ်မှာ စာချုပ်သာထုတ်လိုက်နိုင်သည်။

သို့သော်လည်း ဥပ‌ဒေအကြောင်းမသိကြသည့် အလုပ်သမားများအတွက် အနှီစာချုပ်များက မည်သည့် တွန်းအားမှ မဖြစ်စေပါချေ။

ထို့အပြင် ယိုဒယ်လ်၏ ခြိမ်းခြောက်မှုကိုကြားပြီးနောက် မာကာလင်းကုန်သည်ကြီးများအသင်းထံမှ လူက အပြုံးဖြင့် လက်ယမ်းပြလာသည်၊ "စိုးရိမ်ဖို့မလိုပါဘူး။ ခင်ဗျားတို့ စာချုပ်ကိုချိုးဖောက်လိုက်ရင်တောင် ကျုပ်တို့ မာကာလင်းကုန်သည်ကြီးများအသင်းက ခင်ဗျားတို့အတွက် လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်။ ကျုပ်အထင်... ခင်ဗျားတို့ လျော်ကြေးက အဲ့လောက်တော့ မများလောက်ဘူးမို့လား?"

နောက်ဆုံးစကားလုံးများက ယိုဒယ်လ်ကို ရည်ညွှန်းလေသည်။

ယိုဒယ်လ်က သူ့အား ဒေါသအပြည့်ဖြင့် ကြည့်လာ၏၊ "ကျုပ်ပြောမယ် ဘာလို့ ခင်ဗျားက ကျုပ်တို့ဆီကနေ ဒီအလုပ်သမားတွေကို လုယူ‌ချင်နေရတာလဲ? သူတို့က Frestech ကုန်သည်ကြီးများအသင်းဆီက ကျွမ်းကျင်မှုမြင့်တဲ့ အလုပ်သမားတွေလည်းမဟုတ်ဘူး ဒီလိုလုပ်ဖို့ ထိုက်တန်လို့လား?"

"ဒါပေါ့။" ထိုလူကြီးက ခေါင်းငြိမ့်ကာ ဆိုလာသည်၊ "ကျုပ်တို့နယ်‌မြေမှာ မှော်စက်တွေနဲ့ အလုပ်လုပ်ဖို့ အသားကျနေတဲ့ အလုပ်သမားတွေက အမ်ပရစ္စတန်မြို့မှာပဲရှိတယ် တခြားနေရာမရှိဘူး။ ဒီအလုပ်သမားတွေက အဲ့လောက်မကျွမ်းကျင်ပေမယ့်လည်း အ‌နည်းဆုံးတော့ ဒီအလုပ်လုပ်ရင်း လွယ်လွယ်လေးသင်လိုက်လို့ရတာပဲလေ။ ကျုပ်တို့တွေ Frestech ကုန်သည်ကြီးများအသင်းဆီက ကျွမ်းကျင်ဆင့်မြင့်တဲ့ အလုပ်သမားတွေကို လုယူလို့မရမှတော့ ဒီလူတွေက ကျုပ်တို့အတွက် အရမ်းကို အရေးပါနေတာပဲလေ။"

ယိုဒယ်လ်မှာ ဤလူကြီး၏ အပြောကမှန်သောကြောင့် မည်သည်မှ ပြောစရာမရှိတော့ပါချေ။

မီရန်ဒိုနယ်မြေမှာ မှော်စက်များနှင့် အလုပ်လုပ်ရာ၌ ကျွမ်းကျင်သည့် အလုပ်သမားများကို အနှံ့အပြားတွေ့နိုင်သော မှော်စက်မှုနယ်ပယ်ခိုင်ခံ့သည့် လမ်ပူရီတိုင်းပြည်နှင့် မတူပါချေ။ Frestech ကုန်သည်ကြီးများအသင်း အမ်ပရစ္စတန်မြို့၌ စတင်ခဲ့သည်မှာ တစ်နှစ်မျှသာရှိသေး‌သဖြင့် မှော်စက်မှုနယ်ပယ်က မီရန်ဒိုနယ်မြေတစ်ခုလုံးကို မပျံ့နှံ့သေးလေရာ ကျွမ်းကျင်သူများရှာဖွေဖို့ ခက်ခဲသည်။

သို့သော် ၎င်းက ယိုဒယ်လ်အနေနှင့် ဤအလုပ်သမားများကို ပေးလိုက်ရမည်ဟုတော့ မဆိုလိုပေ။ အနှီအလုပ်သမားများက မာကာလင်းကုန်သည်ကြီးများအသင်း‌ထံမှ ပို၍ပို၍ ဖြားယောင်းခံလာနေရကာ အလုပ်သမားနှစ်ဦးက ထပင်ရပ်ကာ မာကာလင်းကုန်သည်ကြီးများအသင်းနှင့်အတူ လိုက်သွားရန် ပြင်လိုက်သည်ကို မြင်သော် ယိုဒယ်လ် အင်မတန်ပူပန်သွားရသော်လည်း ၎င်းကိုဖြေရှင်းဖို့ နည်းလမ်းမစဉ်းစားနိုင်ပါချေ။

မာကာလင်းကုန်သည်ကြီးများအသင်းမှလူက ယိုဒယ်လ်ကို ကြည့်ကာ ဝင့်ကြွားစွာ ပြုံးလာလေ၏။

"ကျုပ်ပြောမယ်နော် အလျင်လိုဖို့မလိုပါဘူး။ ခင်ဗျားတို့ အန်ကဲမှော်ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်ကဆိုတော့ ဘယ်အချိန်မဆို အဲ့တိုင်းပြည်ကနေ ပိုကျွမ်းကျင်တဲ့ အလုပ်သမားတွေရှာလို့ရပါတယ်။ ဒီအဖွဲ့ကိုသာ ကျုပ်တို့ မာကာလင်းကုန်သည်ကြီးများအသင်းဆီပေးလိုက်ရင် ကျုပ်တို့က ရှေ့လျှောက် ခင်ဗျားကို သေချာပေါက် ကျေးဇူးတင်နေမှာပါ။"

"ဘယ်သူက ခင်ဗျားကျေးဇူးအတင်ခံဖို့ လိုအပ်နေလို့လဲ!" ယိုဒယ်လ်မှာ စိတ်ထဲ ဆဲရေးလိုက်မိသည်။ စဉ်းစားကြည့်ပြီးနောက် သူ၏မျက်နှာက အေးစက်ကာ နောက်ဆုံးနည်းလမ်းကို သုံးဖို့ ရင်ဝှက်ထဲ နှိုက်လိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် လူအုပ်ကိုဖြတ်ကာ မှော်စွမ်းအားဖြည့်တင်းရေးရုံထံမှ အရမ်းမကျယ်သည့် ကြည်ကြည်လင်လင် အသံတစ်သံထွက်လာသည်။

"အလုပ်သမားလိုနေရင်က ပြဿနာမရှိပေမယ့် တခြားလုပ်ငန်းစုဆီကနေ လုယူနေတာကတော့ အရမ်းလွန်သွားပြီ။ ဒီ မာကာလင်းကုန်သည်ကြီးများအသင်းက မိတ်ဆွေ ခင်ဗျားတို့ ဥက္ကဌ ဆီဂူလာကို ကျုပ်က ခင်ဗျားတို့ ချဉ်းကပ်မှုနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ ပြောလိုက်ပါ။"

မာကာလင်းကုန်သည်ကြီးများအသင်းမှ လူများ ကြောင်အသွားကြသည်။

ဒီလူက ဘယ်သူမို့လဲ? သူ့လေသံက ဒီလောက်တောင်ကြီးတယ်ပေါ့လေ?

သူက တကယ်ကြီး... သူတို့ရဲ့ ချဉ်းကပ်မှုနဲ့ ပတ်သက်လို့ မပျော်မရွှင်ဖြစ်တယ်လို့ ပြောရဲတယ်လား?

သူ မပျော်မရွှင်ဖြစ်တော့ရော ဘယ်သူက ဂရုစိုက်နေလို့လဲ?

လူကြီး၏မျက်နှာကသာ တစ်စုံတရာကိုစဉ်းစားမိသလိုဖြင့် ပြောင်းလဲသွားသည်။

ယိုဒယ်လ်က ထိုအသံကိုကြားသည့်နောက် အံ့ဩကာ မျက်နှာထက် ဝမ်းပန်းတသာဖြစ်နေဟန် ထင်ဟပ်လာသည်။

ဤသို့သော အထက်လူကြီးတစ်ဦးက ဤနေရာ၌ ပေါ်လာမည်ဟု ထင်မထားခဲ့ပါချေ။ သူသာ ထောက်ခံနေသရွေ့ ပြဿနာအားလုံးကို အလွယ်လေးဖြေရှင်းနိုင်ပါ၏!

ဘေးမှ အပျော်ကြည့်နေသည့် လူအိုကြီးဆာကိုဇီလည်း ထိုအသံကိုကြားပြီးနောက် မှင်သက်သွားကာ အမူအရာက ထူးဆန်းလာသည်။

ဤသို့ဝေးလံသည့် မှော်စွမ်းအားဖြည့်တင်းရေးရုံ၌ အသိတစ်ဦးနှင့် ဆုံကာ ပြဇာတ်လေးတစ်ပုဒ်ကြည့်ရမည်ဟု ထင်မထားခဲ့ချေ။

ပို၍ အရေးကြီးဆုံးက ထိုသူနှင့် အမှတ်မထင်တွေ့ဆုံခြင်းပါပင်!

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၅၇။ ဂုဏ်ယူစရာ ပုဂ္ဂိုလ်

ရှုယီမှာ မှော်စွမ်းအားဖြည့်တင်းရုံမှ ဖြည်းဖြည်းချင်းထွက်လာကာ မျက်လုံးများက လူတိုင်းကိုကြည့်လာသည်။ သူဟာ လူအိုကြီး ဆာခိုဇီထံ၌ ခဏမျှ ရပ်တန့်သွားပြီးနောက် ခေါင်းတစ်ချက်ငြိမ့်ပြလိုက်လေ၏။ နောက်တွင် လမ်းဖွင့်ပေးလာသော လူအုပ်ကိုကျော်ဖြတ်၍ ယိုဒယ်လ်၏ ဘေးသို့ရောက်လာလေသည်။

"မန်နေဂျာ ယိုဒယ်လ်, ခင်ဗျားတို့လုပ်ငန်းစုက ဒီတစ်ခေါက် ခင်ဗျားတစ်ယောက်တည်းကို ပို့လိုက်တာလား?"

မန်နေဂျာ ယိုဒယ်လ်မှာ အသက်လေးဆယ်ကျော်ကာ အတွေ့အကြုံရှိသော်လည်း ဤနေရာ၌ ရှုယီကို ဆုံရချိန်တွင် မနေနိုင်အောင် စိတ်လှုပ်ရှားသွားရသည်။

သို့သော် ရှုယီ၏‌ မေးခွန်းကိုကြားသည့်နောက် မနေနိုင်ဘဲ မျက်နှာထက်တွင် နေရခက်ဟန် ပေါ်လာပါ၏။

"ဒါက... လုပ်ငန်းစုက လူအများစုက နော်တန်နယ်မြေမှာ ဖွင့်ထားတဲ့ စက်ရုံအသစ်တွေအတွက် ပြင်ဆင်နေတာကြောင့် ဒီအလုပ်သမားအဖွဲ့.... Ke.... ဥက္ကဌက ပြဿနာရှိမယ်လို့ မထင်တာကြောင့် ကျွန်တော်နဲ့ အကူနည်းနည်းပဲ ပို့လိုက်တာပါ"

ရှုယီမှ ယိုဒယ်လ်၏ အကြည့်နောက် လိုက်ကြည့်လိုက်သော် လူအုပ်ထဲ၌ အန်ကဲမှော်ကုန်သည်ကြီးများအသင်း ယူနီဖောင်းဝတ်ဆင်ထားသည့် လူငယ်များစွာကို တွေ့လိုက်ရသည်။ သူက ခေါင်းငြိမ့်ကာ မေးလာလေ၏၊ "ဒါဆို ဒီလူတွေကို လမ်ပူရီတိုင်းပြည်ကနေ ခေါ်လာတုန်းက မီရန်ဒိုနယ်မြေကို ဖြတ်သွားချိန်မှာ ခွင့်ပြုချက်ရခဲ့လား?"

"ဥက္ကဌရှု စိတ်ချပါ ကျုပ်တို့ လုပ်ဆောင်ရမယ့် အရာတွေအားလုံးကို အပြည့်အဝကိုင်တွယ်ထားတာမို့ သေချာပေါက် အမှားလုံးဝမရှိပါဘူး။" ယိုဒယ်လ်က ထို့နောက်တွင် မာကာလင်း ကုန်သည်ကြီးများအသင်းမှ လူကြီးကို ကြည့်ကာ အေးစက်စက်ပြောလိုက်သည်၊ "ကျုပ်တို့ကို ဆက်တိုက်နှောင့်ယှဉ်နေတဲ့ ဒီလူနဲ့လည်း ဆုံရသေးတယ်။"

ရှုယီက အသာပြုံး၍ ထိုလူဘက်လှည့်ကြည့်လိုက်သည်။

"ဥက္ကဌ ဆီဂူလာက အခုဘယ်မှာလဲ? ခင်ဗျားဘာလုပ်နေတယ်ဆိုတာ သူသိလား?"

ထိုလူက စထွက်လာကတည်းက ရှုယီကို ကြည့်နေခဲ့ပြီး ယိုဒယ်လ်မှ သူ့ကို 'ဥက္ကဌရှု'ဟု ခေါ်လိုက်ချိန်တွင် စိတ် အမြန်ပြန်လည်လာပြီးနောက် အမူအရာပြောင်းလဲသွားရသည်။

ရှုယီက ၎င်းတို့၏ ဥက္ကဌကို မည်မျှ လွယ်လွယ်ပြောလိုက်သည်ကိုကြားသော် သူ၏ ခန့်မှန်းချက်ကို ပို၍ပင် သေချာသွားပါ၏။ သူဟာ ရှုယီကိုကြည့်၍ ဂရုတစိုက်မေးလေသည်၊ "မေးပါရစေ... ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုလား?"

ရှုယီက တစ်ချက် ပြုံးလိုက်ကာ၊ "ဘာလဲ? ကျုပ်ကို သတိထားမိပြီလား?"

ရှုယီ၏ အတည်ပြုချက်ကိုကြားသော် ထိုလူနှင့် ဘေးပတ်လည်ရှိလူတိုင်းမှာ လေအေးများမရှူရှိုက်မိဘဲ မနေနိုင်ကြတော့ပေ။

လွန်ခဲ့သည့်နှစ်များအတွင်း အနီးဝန်းကျင်တိုင်းပြည်များရှိ အကျော်ကြားဆုံးလူအကြောင်းပြောရပါလျှင် ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုယီမှလွဲ မည်သူကမှ မဖြစ်နိုင်ပေ။

ရှုယီမှာ ကိစ္စများကို သိုသိုသိပ်သိပ်ကိုင်တွယ်တတ်သော်လည်း Frestech ကုန်သည်ကြီးများအသင်း လုပ်ဆောင်ခဲ့သည့် အရာအားလုံးမှာ အင်မတန် ကျော်ကြားသည်။ ၎င်းက လူတိုင်း၏ မျက်လုံးများကို Frestech ကုန်သည်ကြီးများအသင်းအပေါ် စူးစိုက်လာစေခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းကို လက်တစ်ဘက်တည်းဖြင့် တည်ထောင်ခဲ့သည့် ဥက္ကဌအနေနှင့် ရှုယီမှာ လူတိုင်း အာရုံစိုက်ထားကြသူဖြစ်သည်။

အနီးဝန်းကျင်တိုင်းပြည်များ၌ ရှုယီ၏ အနေအထားက သာမန်လုပ်ငန်းစုဥက္ကဌတစ်ဦးထက်ပင် ကျော်လွန်နေပြီဟု ဆိုနိုင်သည်။

အဘယ့်ကြောင့်ဆိုသော် ၎င်းမတိုင်ခင်က မည်သူကမှ လုပ်ငန်းစုတစ်ခုမှာ တိုင်းပြည်တစ်တိုင်းပြည်၏ အတက်အကျကို သက်ရောက်စေနိုင်မည်ဟု မထင်ထားခဲ့ချေ။ ၎င်းက အနီးဝန်းကျင်တိုင်းပြည်များကိုပင် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်သည်။

ထို့အပြင် ၎င်းတို့၏ လွှမ်းမိုးမှုက သိသာသောနှုန်းဖြင့် တိုးတက်နေ၏။

လွှမ်းမိုးမှုအရာတွင် Frestech ကုန်သည်ကြီးများအသင်းမှာ လုပ်ငန်းစုတစ်ခုအဆင့်ကို ကျော်လွန်နေပြီးသားဖြစ်သည်။ ၎င်းတို့မှာ အနီးဝန်းကျင်တိုင်းပြည်များစွာက အရေးထားကြသည့် တည်ရှိမှုတစ်ခုဖြစ်လာ၏။

ယခုတွင် ဤ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ လူတိုင်းက အင်မတိအင်မတန်အလေးထားသော အရေးကြီးပုဂ္ဂိုလ် ရှုယီက ၎င်းတို့ရှေ့၌ ပေါ်ထွက်လာပြီဖြစ်သည်။

ထိုလူကြီးက ခေါင်းခေါင်းဆောင်ဖြစ်ရာ အမြန်ဆုံး တုံ့ပြန်လိုက်ပါ၏။ သူဟာ ချက်ချင်းပင် တအံ့တဩတုံ့ပြန်လာပြီး ပထမဦးစွာ ရှုယီကို သံသယဖြင့်ကြည့်၍ တလေးတစားဦးညွှတ်လာသည်။

ယိုဒယ်လ်၏ တုံ့ပြန်မှုအရ ရှုယီက အတုဟုမထင်ရပါချေ။

"ဒီသေးနုပ်တဲ့လူ ဂဲဘ်က ဥက္ကဌရှုကို နှုတ်ဆက်ပါတယ်။"

၎င်းတို့ခေါင်းဆောင်ပြုမှုပုံကိုမြင်သော် မာကာလင်း ကုန်သည်ကြီးများအသင်းမှ ကျန်သူများအားလုံးလည်ူ ရှုယီကို အရိုအသေပေးလာကြသည်။

ရှုယီက လက်ယမ်း၍ ၎င်းကို ဆက်ဂရုစိုက်မနေတော့ဘဲ မေးလေ၏၊ "ဟုတ်ပြီ ဂဲဘ်၊ ခင်ဗျားက ဒီနေ့ အန်ကဲမှော်ကုန်သည်ကြီးများအသင်းက အလုပ်သမားတွေကိုလုဖို့ ဒီကိုရောက်နေတာပဲ ဥက္ကဌဆီဂူလာကရော ဒါကိုသိလား?"

ဂဲဘ်၏ အမူအရာက ပြောင်းလဲကာ နေရခက်ဟန်ပေါ်လာပြီးနောက် ခေါင်းခါ၍ ပြောလေသည်၊ "မဟုတ်ပါဘူ ဥက္ကဌက ကျွမ်းကျင်အလုပ်သမားတချို့ စုဆောင်းဖို့ နည်းလမ်းရှာစေချင်တာမို့ ကျုပ်တို့ လုပ်နေတာတွေကို မသိပါဘူး။"

ရှုယီက မည်သည်ကိုမှ မဆိုဘဲ ပြုံးလိုက်သည်။

ဥက္ကဌဆီဂူလာမှာ ဤအကြောင်းကိုသိရုံသာမက ဤသို့ပြုလုပ်ရန် စီစဉ်ထားသူပင် ဖြစ်သေးသည်။ မဟုတ်ပါက မည်သို့များ ဤလူတွေအနေနှင့် ယခုနေရာအထိ‌လာရောက်ကာ အန်ကဲ မှော်ကုန်သည်ကြီးများအသင်းထံမှ လူများကို လုယူရန် သတ္တိရှိပါမည်နည်း။

ဂဲဘ်၏ စကားလုံးများက သူ၏ ဥက္ကဌဆီဂူလာကို ဤအဖြစ်ထဲ ဝင်ပါလာခြင်းမှ ကူညီရန်သာ ဖြစ်သည်။

ရှုယီက မည်သည်ကိုမှ မပြောသည်ကိုမြင်သော် ဂဲဘ်က အံကြိတ်ကာ ဆက်ပြောသည်၊ "ဥက္ကဌရှု ဒီနေ့ကိစ္စက ကျုပ်တို့‌လက်အောက်သားတွေရဲ့အမှားဖြစ်ပြီး ခင်ဗျားကို ဆန့်ကျင်ခဲ့မိတာမို့ ကျုပ်တို့လုပ်ငန်းစုကိုတော့ ဗွေမယူလိုက်ပါနဲ့ဗျာ။ ဒီကိစ္စကို အရေးယူချင်တယ်ဆိုရင် ဥက္ကဌနဲ့ တွေ့ပြီး ကျုပ်ကို အပြစ်ပေးခိုင်းလို့ရပါတယ်။"

ရှုယီက ခေါင်းခါသည်၊ "ဒီလိုဒုက္ခခံစရာမလိုပါဘူး။ ကျုပ်မှာ တခြားလုပ်စရာရှိသေးလို့ ဥက္ကဌဆီဂူလာကို ခင်ဗျားနဲ့အတူ တွေ့ဖို့ အချိန်မရှိသေးဘူး။ အင်း... တစ်ခုခုပြောရမယ်ဆိုရင်တော့ ဒီနေ့ကိစ္စကို ဒီမှာပဲရပ်လိုက်ကြတာပေါ့။ ဥက္ကဌ ဆီဂူလာကို ကျွမ်းကျင်အလုပ်သမားပြဿနာအတွက် ကျုပ်က လက်ရှိ မီရန်ဒိုနယ်မြေမှာ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ရေးသင်တန်းကျောင်းဖွင့်ဖို့ စီစဉ်နေတယ်လို့ပြောလိုက်ပါ၊ ဒါဆို အချိန်မီပြင်ဆင်နိုင်တာပေါ့။"

"တကယ်ကြီးလား?" ဂဲဘ်က ပျော်ရွှင်ဟန်ပေါ်လာသည်၊ "ဥက္ကဌက ဒါကိုသိရင် သေချာပေါက် အတော်ဝမ်းသာသွားမှာပဲ။"

ရှုယီလည်း ခေါင်းငြိမ့်လိုက်ပြီးနောက် ဂဲဘက်ကို လက်ဝေ့ယမ်းပြလိုက်သည်။

ဂဲဘ်လည်း နားလည်ကာ ချက်ချင်း အခြားလူများကိုခေါ်၍ ထွက်သွားတော့၏။

ယိုဒယ်လ်က တစ်စုံတရာ ပြောလိုက်ချင်သော်လည်း ရှုယီက တားဆီးလာသည်။

ဂဲဘ်တို့အဖွဲ့ မှော်စွမ်းအားဖြည့်တင်းရေးရုံအပြင်ဘက် ညအမှောင်ထဲ ပျောက်ကွယ်သွားချိန်တွင် ရှုယီက ယိုဒယ်လ်ကို အလေးအနက်ပြောလာပါ၏၊ "ဒီကိစ္စကို ဒီမှာပဲရပ်လိုက်ပါ၊ မာကာလင်းကုန်သည်ကြီးများအသင်းက ရှေ့လျှောက် ခင်ဗျားကို ပြဿနာမဖြစ်စေတော့လောက်ပါဘူး။ ပြီးတော့လည်း ဥက္ကဌ အန်ကဲကို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက နော်တန်နယ်မြေမှာ စောင့်ကြည့်ခံနေရတာမို့ နော်တန်နယ်မြေမှာဆို အဲ့လောက်မကူညီနိုင်တဲ့အကြောင်း ကူပြောပေးပါဦး။ ဒါပေမယ့် ကျုပ်လုပ်နိုင်တာ ရှိရင်တော့ ပြောဖို့ မစိုးရိမ်ပါနဲ့။"

ယိုဒယ်လ်က အသာပြုံး၍ ခေါင်းငြိမ့်လာသည်၊ "ဥက္ကဌရှု ဥက္ကဌက သေချာပေါက် ကျုပ်တို့ လုပ်ငန်းစုအတွက် ကူညီခဲ့တဲ့အပေါ် အလေးအနက်သတိရနေမှာပါ။"

ရှုယီမှာ မပြုံးမိဘဲ မနေနိုင်လိုက်ပေ။ အန်ကဲအီရန်၏ ထိုးထွင်းဉာဏ်ကို စဉ်းစားကြည့်သော် သူ့အား ပထမဆုံးအကြိမ် ဆုံတွေ့ချိန်က အရှက်တရားသာဖြစ်ပေလိမ့်မည်။

သို့သော် ရှုယီမှာ မဟာမှော်ပညာရှင်တစ်ဦးဖြစ်ပြီး အန်ကဲအီရန်မှာ ဤနှစ်များအတွင်း စတုတ္ထအဆင့်မှော်ပညာရှင်မှ ပဉ္စမအဆင့်ထိသာ ရောက်ခဲ့သည်။

မှော်စွမ်းအားအရာတွင် ရှုယီမှာ သူ့ထက် နှစ်ဆနှစ်ဆကျော်ပိုသာပြီး မှော်စက်မှုနယ်ပယ်တွင် ရှုယီနေရာကို မယှဉ်နိုင်သည့်အချက်က ပြောဖို့ပင် မလိုနေချေ။

နော်တန်နယ်မြေက Frestech ကုန်သည်ကြီးများအသင်းနှင့် သိသိသာသာမပူးပေါင်းလိုသော်လည်း ၎င်းတို့ ပူးပေါင်းလိုသည့် အန်ကဲမှော်ကုန်သည်ကြီးများအသင်းမှာ နော်တန်နယ်မြေသို့ Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် ရှုယီ၏ ခွင့်ပြုချက်မပါဘဲ ဝင်ခွင့်မရှိချေ။

ရှုယီသာ ဆန္ဒမရှိလျှင် အန်ကဲမှော်ကုန်သည်ကြီးများအသင်းမှာ နော်တန်နယ်မြေနှင့် ချောချောမွေ့မွေ့ပင် ပူးပေါင်းနိုင်မည်မဟုတ်သဖြင့် သုံးလလောက်တည်မြဲနေရန်ပင် ပြဿနာရှိလိမ့်မည်။

ထို့ကြောင့် ယိုဒယ်လ်၏ စကားလုံးများကို စကားစမြည်ပြောသည်ဟု မယူဆနိုင်ပေ။ အန်ကဲ အီရန်မှာ အန်ကဲ မှော်ကုန်သည်ကြီးများအသင်းကို ရှုယီ၏ အကူအညီနှင့် ထောက်ပံ့မှုကြောင့် နှစ်စဉ်ဝင်ငွေ ရွှေဒင်္ဂါးသိန်းချီနှင့် အန်ဗီမာမြို့တော်၏ ပထမတန်းလုပ်ငန်းစုအဖြစ် တိုးမြှင့်နိုင်ခဲ့သည်။

ယိုဒယ်လ်မှ ရှုယီကို ထိုကိစ္စ၏ အကူအညီအတွက် တစ်ဖန် ကျေးဇူးတင်လိုက်မည်အပြုတွင် သူဟာ ရှုယီ စကားများ၏ တခြားအဓိပ္ပာယ်ကိုရုတ်တရတ် သတိထားမိကာ မအံ့ဩမိဘဲ မနေနိုင်တော့ပေ။

"ဥက္ကဌရှု ဒီမှာ ရုတ်တရတ်ပေါ်လာတာ နော်တန်နယ်မြေကို သွားဖို့တော့ မဟုတ်ပါဘူးနော်? ဒီလိုဆိုရင် ဥက္ကဌကလည်း အခု နော်တန်နယ်မြေမှာ အလုပ်အတွက် ရောက်နေတာဆိုတော့ သေချာပေါက် သူ့ကိုသွားတွေ့ရင် အရမ်းပျော်နေမှာပဲ။"

ရှုယီက ခေါင်းခါကာ၊ "မဟုတ်ဘူး ကျုပ်မှာ တခြားလုပ်စရာရှိသေးတာမို့ အဲ့လောက်မအားသေးဘူး။ ဥက္ကဌ အန်ကဲ ကျုပ်ကို တွေ့ချင်တယ်ဆို ကျုပ် စတက်တိန်းနယ်မြေကို ပြန်ရောက်မှ လာရှာလို့ရပါတယ်။"

ယိုဒယ်လ်မှာ ကူရာမဲ့စွာသာ ခေါင်းငြိမ့်ပြလိုက်နိုင်သည်။

ရှုယီက သူလုပ်မည့်အရာကို မပြောသဖြင့် သူလည်း မမေးနိုင်ပေ။

ရှုယီမှာ ယိုဒယ်လ်ကို စကားတချို့ပြောပြီးနောက် ချန်ခဲ့ကာ လူအိုကြီး ဆာကိုဇီထံလျှောက်လာသည်။

"ဟေး လူအိုကြီးဆာကိုဇီ ကျုပ်မှတ်မိတာသာမှန်ရင် ဒီနှစ် ခင်ဗျား ခြောက်ဆယ်ကျော်ပြီမို့လား? ဘာလို့ ဒီလောက်ကြိုးစားပြီးတော့ ဝေးလွန်းတဲ့နေရာကို ရောက်လာရတာလဲ?

ရှုယီက သူ့အား တကယ်ကြီး နာမည်တပ်ခေါ်လိုက်သည်ကိုကြားသော် လူအိုကြီးဆာကိုဇီ၏ မျက်နှာက ရှက်ရွံ့ နီရဲသွားပြီးနောက် အပြုံးဖြင့်ဆိုလေသည်၊ "ဒါကလည်း ဘဝပဲလေ။ ဥက္ကဌရှု ဘာလို့ ခင်ဗျားလို့ ထူးမြတ်တဲ့လူက ဒီနေရာကို လာရတာလဲ?"

ရှုယီက သူ့နောက်ရှိ မှော်စွမ်းအားဖြည့်တင်းရေးရုံကို ညွှန်ပြကာ ၊"ဒါက ကျုပ်တို့လုပ်ငန်းစု နောက်ဆုံးတစ်ခေါက်က ဆောက်ထားတဲ့ မှော်စွမ်းအားဖြည့်တင်းရေးရုံဆိုတော့ ကျုပ်လည်း ဖြတ်သွားရင်း စစ်ဆေးကြည့်ချင်လို့ပါပဲ။"

"အိုး...." လူအိုကြီးဆာကိုဇီမှာ ရှုယီ၏ အဖြေက ရှင်းပြချက်တစ်ခုဖြစ်ကာ အဘယ့်ကြောင့် ဤ‌နေရာကို လာရကြောင်းကိုတော့ ရှင်းမပြဟု တွေးလိုက်သည်။

သို့သော်လည်း ဥက္ကဌအနေနှင့် သူ့အတွက် ဤတစ်လျှောက်လုံး မှော်စွမ်းအားဖြည့်တင်းရေးရုံတစ်ရုံအတွက် လာရောက်ခြင်းတော့ မဖြစ်တန်ရာ။

"လူအိုကြီး ဆာကိုဇီ အပြင်ဘက်က အသေးစားပို့ဆောင်ရေးမှော်ကားက ခင်ဗျားဟာလား?" ရှုယီက မေးသည်။

"အင်း ဒီနှစ်ကတင်ဝယ်လိုက်တာလေ။" အသေးစားပို့ဆောင်ရေးမှော်ကားအကြောင်းပြောရင်းနှင့် လူအိုကြီးဆာကိုဇီမှာ စိတ်လှုပ်ရှားလာသည်။ သူဂာ ရှုယီကို အသေးစားပို့ဆောင်ရေးမှော်ကား၏ ကောင်းကြောင်းများအားဆက်တိုက်ပြောရင်း တစ်ချိန်လုံး သူ၏အသံထဲ၌ ချီးကျူးလိုသည့် အသံအနေအထားများပါ ပါဝင်နေပါ၏။

ရှုယီမှာ ထိုနေရာ၌ ခေတ္တမျှ အသာပြုံး၍ ရပ်နေလိုက်ပြီးနောက် ရုတ်တရတ် လက်‌ပြကာ တားလိုက်သည်။

"လူအိုကြီးဆာကိုဇီ ကောင်းကြောင်းတွေအပြင် လိုအပ်ချက်တချို့ပါ ပြောဖို့တောင်း‌ဆိုပါတယ်ဗျာ။ ကျုပ်တို့အတွက် ချို့ယွင်းချက်တွေကို သိတာက ပိုပြီး တိုးတက်စေနိုင်ပါတယ်။"

လူအိုကြီး‌ဆာကိုဇီမှာ နေရခက်စွာဖြင့် ခေါင်းကုတ်၍ အနည်းငယ် တုံ့ဆိုင်းနေသည်။

"ဒါက... ပြစ်ချက်တွေတော့ ရှိပေမယ့် အဲ့လောက် အရေးမကြီးပါဘူး... ပြောရရင် ပြီးပြည့်စုံနေဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ။"

"မဟုတ်ပါဘူး ထုတ်လုပ်သူအနေနှင့် ပြီးပြည့်စုံမှုနောက် လိုက်ဖို့လိုတယ်လေ။" ရှုယီက အလေးအနက်ပြောလေ၏။

ရှုယီ၏ မျက်နှာထက်ရှိ လေးနက်နေပုံကိုမြင်သော် လူအိုကြီးဆာကိုဇီက ကူရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ထို့နောက် ယခင်လအတွင်း ကြုံခဲ့ရသည့် အသေးစားပို့ဆောင်ရေးမှော်ကားနှင့် ပတ်သက်သော ပြဿနာများနှင့် တိုးတက်သင့်သည့်နေရာများကို ပြောပြလိုက်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌကို Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များအကြောင်း ပြစ်ချက်ပြောသည်က သူ့အား အတန်ငယ် ထူးဆန်းလာစေရာ ပြဿနာအားလုံးကိုပြောပြပြီးနောက် အင်မတန်စိတ်ကျေနပ်သွားမိသည်။

သူဆိုလျှင်တောင် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်ခဲ့သည့် မှော်စက်များအပေါ် အမြဲ တင်းကြပ်ကြောင်း နားလည်လေသည်။

သူဟာ ထိုပြဿနာများကို အာရုံစိုက်လာရာ Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့ကို ပြင်ဆင်လောက်သည်။

နှစ်ဦးသားမှာ အသေးစား‌ပို့ဆောင်ရေးမှော်ကားအကြောင်းပြောရင်း ရှုယီက ရုတ်တရတ် ခေါင်းစဉ်ပြောင်းလိုက်သည်၊ "လူအိုကြီးဆာကိုဇီ ခင်ဗျား နော်တန်နယ်မြေကို ကုန်စည်တွေပို့ဆောင်နေတာလား?"

"အင်း ဘာလို့လဲ?"

"နော်တန်နယ်မြေမှာ ရက်နည်းနည်းလောက်နေဦးမှာလား?" ရှုယီကမေး၏။

"မနေဘူးပေါ့ နော်တန်နယ်မြေမှ ဘာလုပ်စရာမှ မရှိဘူးလေ။" လူအိုကြီးဆာကိုဇီက ခေါင်းခါသည်။

"ဒါဆို ချက်ချင်းထွက်သွားဖို့ရောလိုအပ်လား?"

"မဟုတ်ပါဘူး။ နော်တန်နယ်မြေကို ပတ်ကြည့်ဖို့ အခွင့်အရေးလိုချင်သေးတယ်။"

"ကောင်းတယ် ခင်ဗျားမှာ အားလပ်ချိန်ရှိရင် အလုပ်တစ်ခု ကူညီခိုင်းချင်လို့ပါ။ အဆင်ပြေလောက်မလား?"

လူအိုကြီးဆာကိုဇီမှာ အနည်းငယ် အံ့အားသင့်သွားသည်၊ "ဥက္ကဌရှု အလုပ်နဲ့ပတ်သက်ပြီး တစ်ယောက်ယောက်ကို ကူညီစေချင်ရင် ခင်ဗျားဆီမှာ လူတွေများတာပဲ။ ဘာလို့ ကျုပ်ကိုလိုနေဦးမှာလဲ?"

"ဘာလို့လဲဆိုတော့ ကျုပ် တစ်ခုတွေးမိပြီး ဒါနဲ့ သင့်တော်မယ့်လူမရှိလို့ပါ။ အခု ခင်ဗျားနဲ့ မတော်တဆဆုံတော့ ခင်ဗျားက ဒီအလုပ်နဲ့ သင့်တော်လောက်တာကြောင့် တောင်းဆိုတာပါ။ ဒါပေါ့ ခင်ဗျားအဆင်မပြေရင်လည်း ကိစ္စမရှိပါဘူးဗျာ။"

"မဟုတ်ပါဘူး မဟုတ်ပါဘူး အရမ်းကို အဆင်ပြေပါတယ် ကျုပ်က ခင်ဗျားကို ကူညီဖို့ အရမ်းကိုဝမ်းသာနေတာလေ။" လူအိုကြီး ဆာကိုဇီက အမြန်ပြောလာသည်၊ "ဥက္ကဌရှု အဲ့အလုပ်ကဘာအလုပ်များလဲ? ပြောပါ"

ရှုယီက အသာပြုံး၍ ပြောလေသည်၊ "ကောင်းပါပြီ ဒီအလုပ်က အဲ့လောက်တော့ မခက်ပေမယ့် ရိုးရှင်းတာတော့လည်းမဟုတ်ဘူး အချိန်နည်းနည်းလောက်တော့ ယူရမယ်...."

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၅၈။ အဆင့်အတန်းခြားနားခြင်း

နောက်နေ့မနက် အဘိုးအို ဆာခိုဇီနှင့် အခြားလူများ အိပ်နေဆဲအချိန်တွင် ရှုယီမှာ မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းရုံမှ ထွက်ခွာပြီး နော်တန်နယ်မြေလမ်းမထက်သို့ ဦးတည်နေပြီဖြစ်သည်။

၎င်း ငွေရောင်မှော်ဆလွန်းကိုမောင်းနှင်၍ အရှေ့ဘက်ကိုဦးတည်သည့် အမ်ရစ်ကုန်သည်ကြီးများအသင်း တည်ဆောက်ထားသော လမ်းကိုဖြတ်ရာ ငါးရာကီလိုမီတာအဝေးရှိ နော်တန် နယ်မြေ နယ်စပ်ကိုရောက်ရန် တစ်မနက်ခင်းသာကြာခဲ့သည်။

ဤနေရာ၌ လမ်းမရှိတော့သဖြင့် ရှုယီမှာ မှော်ဆလွန်းကို မြေလမ်း၌သာဖြတ်မောင်းရသည်။ သူ့ရှေ့ရှိ မြေလမ်းနံဘေး၌ သာမန်ပုံစံ အနက်ရောင်မြင်းလှည်းတစ်စီးရှိနေပါ၏။

ရှုယီလည်း သူ၏ မှော်ဆလွန်းကို နံဘေးရှိ သစ်တောထံမောင်းလိုက်ကာ ထိုအနက်ရောင်မြင်းလှည်ထံသွားဖို့ ထွက်လာလိုက်သည်။

ထိုမြင်းလှည်း၏ ခန်းဆီးက ပွင့်လာပြီး ဝိုင်ရေချိန်ကိုက်ခြင်းမှလာသော သက်တောင့်သက်သာမျက်နှာထွက်လာသည်။

ရှုယီက မှော်ဆလွန်းကို တောအုပ်ထဲ၌ ထားခဲ့သည်ကိုမြင်သော် ဘာရွန် ဘယ်လီက နှုတ်ခမ်းသပ်လိုက်ပြီးနောက် နောင်တရဟန်ပြလာသည်။

"ဒီလိုကားကောင်းမျိုးကို ဒီမှာထားခဲ့ရင် တစ်ယောက်ယောက် ခိုးသွားမှာ မကြောက်ဘူးလား?"

ရှုယီက သူ့အား ဟာသတွေ့သည့်နှယ်ကြည့်လိုက်သည်၊ "ကြည့်ရတာ ခင်ဗျားက ခင်ဗျားရဲ့မှော်ကားတွေကို အမြဲကာကွယ်ပုံပဲနော်?"

ဘာရွန် ဘယ်လီမှာ ထိုမျှ မတောင့်တင်းလှသည့် သူ၏ ရင်ဘတ်ကို ပုတ်ပြ၍ ဝင့်ကြွားစွာဆိုလာသည်၊ "ဒါပေါ့။ ကျုပ်ရဲ့ မှော်ဆလွန်းသုံးစီးက ကျုပ်ရဲ့ရတနာတွေပဲ ပုံမှန်အနေနဲ့ တခြားလူတွေကို ထိခွင့်ပေးမပေးတတ်ဘူး။"

"သူတို့ ပျက်စီးသွားရင်ရော အလုပ်သမားတွေကို ထိခွင့်မပေးဘူးလား?" ရှုယီက ထိုသို့ပြောလာပြီး ဘာရွန် ဘယ်လီ မျက်နှာထက်မှ ခါးသက်သက်ဟန်ကို လျစ်လျူရှုလိုက်သည်။ သူဟာ တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် ယာဉ်မောင်းကို ခေါင်းငြိမ့်ပြကာ ပြောသည်၊ "ကောင်းပြီ သွားမယ်"

ယာဉ်မောင်းက ဘာရွန် ဘယ်လီကိုကြည့်လာရာ ဘာရွန် ဘယ်လီမှာ နွမ်းနယ်စွာ ခေါင်းငြိမ့်ပြသည်၊ "သူပြောတာကို နားထောင်လိုက်"

ယာဉ်မောင်းက လက်များကို လှုပ်ခါလိုက်ရာ ဇက်ကြိုးများ ယမ်းသွားပြီး အနက်ရောင်မြင်းလှည်းနှင့်အတူ မြင်းနှစ်ကောင်က မြောက်ဘက်သို့ ဦးတည်လိုက်ကြသည်။

ဤအနက်ရောင် မြင်းလှည်းမှာ ထိုမျှ ထူးခြားဟန်မပေါ်သော်လည်း အတွင်းပိုင်းအပြင်အဆင်များက ဇိမ်ကျဟန်ရှိ၏။ ကြမ်းပြင်ထက်၌ အမွှေးပွတစ်ခုရှိနေကာ အင်မတန်နူးညံ့လှသည်။ မြေလမ်းက မည်မျှ မချောမွေ့သည်ဖြစ်စေ အထဲမှာ ထိုင်နေခြင်းက လုံးဝ သက်တောင့်သက်သာ မဖြစ်ခြင်းမျိုးမရှိလာပေ။

ထို့အပြင် နွေရာသီအစပိုင်း ဖြစ်ကာ အပြင်ဘက်၌ ပူနွေးနေသော်လည်း မြင်းလှည်းအတွင်းပိုင်း၌ အတန်ငယ် အေးစိမ့်နေပါ၏။ ၎င်းက မြင်းလှည်းတစ်ခုလုံးကို အဆင်ပြေသော အပူချိန်ဖြင့် ဖြည့်ပေးထားလေသည်။

ယခင်က ရှုယီမှာ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဖူလာ မော်ဂန်၏ ကိုယ်ပိုင်မြင်းလှည်း၌ ထိုင်နေရင်းဖြင့်သာ ဤသို့သော ဇိမ်ကျမှုကို ခံစားဖူးသည်။ ကျန်သည့်အချိန်အများစုတွင် မြင်းလှည်း၏ လှုပ်ယမ်းမှုမှ ကိုက်ခဲမှုများသာ ခံစားခဲ့ရ၏။

မှော်ဆလွန်းကို ထုတ်လုပ်လိုက်ပြီးကတည်းက ရှုယီမှာ မြင်းလှည်းကို တစ်ခါပြန်မစီးဖြစ်တော့ပေ။

မှော်ဆလွန်းများနှင့် ပို့ဆောင်ရေးမှော်ကားတို့ ပေါ်လာပြီးနောက် လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်တိုင်းပြည်များတို့မှာ မြင်းလှည်းများကို လုံးဝ ဖယ်ရှားထားလုနီးနီးပင် ဖြစ်နေခဲ့သည်။

ခေါင်းမာသည့်လူတချို့အပြင် လူအနည်းစုသာ မြင်းလှည်းများနှင့် ထွက်ဖို့ ရွေးချယ်တတ်ကြသည်။

ဤတစ်ကြိမ် မြင်းလှည်းစီးနင်းခြင်းမှာ တွက်ကြည့်ရသော် ရှုယီအတွက် သုံးနှစ်ကြာပြီးမှ ပထမဆုံး စီးရခြင်းပင်။

မြင်းလှည်းအနက်မှာ မခင်းထားရသေးသည့် လမ်းကို နှစ်နာရီကြာဖြတ်သွားပြီးနောက်ဆုံး၌ ရပ်သွားလေသည်။

ရှုယီနှင့် ဘာရွန် ဘယ်လီတို့ မြင်းလှည်းထဲမှ ထွက်လာရာ အိမ်တော်ကြီးတစ်ခုရှေ့၌ ရောက်နေခြင်းဖြစ်ကြောင်းသိလိုက်ကြသည်။

ထိုအိမ်တော်မှာ နေရာကြီးကြီးယူထားကာ မြင်းလှည်းက အိမ်တော်ဝင်ပေါက် တည့်တည့်၌ ရှိ‌သဖြင့် အဝေးရှိ အဆောက်အဦးများထံမှ အရိပ်များကိုပင် မြင်နေရသည်။

ရှုယီလည်း အသာမျက်မှောင်ကုပ်လိုက်သည်။

အိမ်တော်၏ အဆောက်အဦးများမှာ ဤမျှ ဝေးကွာလှကတည်းက အဘယ့်ကြောင့် ဘာရွန် ဘယ်လီနှင့် သူ့အား ဝင်ပေါက်သို့ ခေါ်လာခြင်းမရှိရသနည်း?

ဒါက ကန်ဒရာအင်ပါယာ တတိယမင်းသား ဖရန့်ခ် ဒဲဘွာရဲ့ ဧည့်ဝတ်ပြုပုံလား?

အိမ်တော်ဝင်ပေါက်အား သံဖြင့် ပြုလုပ်ထားသည်။ နှစ်ဦးသား ရောက်လာချိန်တွင် တံခါး၌ အဟလေးတစ်ခုသာ ကျန်ခဲ့ရာ ဝင်ရမည်လား ထွက်ရမည်လား မသိကြတော့ပါချေ။

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ယာဉ်မောင်းမှာ ၎င်းတို့ကို ကြည့်လာပြီးနောက် ထူးမခြားနားသည့်အသံဖြင့် ပြောသည်၊ "ကိုယ့်ဘာသာ ဝင်သွားလို့ရတယ် မန်နေဂျာ ကိုမို စောင့်နေတယ်။"

ရှုယီနှင့် ဘာရွန် ဘယ်လီတို့မှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်မိသည်။ ၎င်းတို့ မေးလိုက်မည်အပြုတွင် ယာဉ်မောင်းက မြင်းဇက်ကြိုးတစ်ချက် ဆွဲ၍ မြင်းလှည်းနှင့်အတူ ထွက်ခွာသွားတော့သည်။

အဝေးသို့ ဦးတည်သွားသော အနက်ရောင်မြင်းလှည်းကိုကြည့်ရင်း ဘာရွန် ဘယ်လီ၏ အမူအရာက အနည်းငယ် ပျက်သွားကာ မနေနိုင်ဘဲ နှာတစ်ချက်မှုတ်လိုက်၏။

သို့သော် ရှုယီက သူ၏နံဘေး၌ ရှိနေသည်ကို စဉ်းစားမိပြီး ချက်ချင်းပင် နေရခက်စွာပြုံးလိုက်၏။

"ဒါက... ဥက္ကဌရှု... ကျုပ်လည်း ဒီလိုဖြစ်မယ်လို့ ထင်မထားခဲ့ဘူး...."

ရှုယီက ခေါင်းခါသည်။ သူဟာ အဝေးရှိ အဆောက်အဦများကို လှည့်ကြည့်လိုက်ပြီး ဤအကွာအဝေးက သူနှင့် ကန်‌ဒရာအင်ပါယာ၏ တတိယမင်းသားတို့အကြား အဆင့်အတန်းကွာခြားပုံကို ကိုယ်စားပြုသည်ဟု စဉ်းစားမိလိုက်သည်။

"လုံလောက်ပြီ သွားကြတာပေါ့။" ရှုယီက တံခါးကိုဖွင့်ကာ ထူးမခြားနားဟန်ဖြင့် လျှောက်ဝင်သွားသည်။

ဘာရွန် ဘယ်လီမှာ အံ့ဩသွားပြီးနောက် သူ့နောက်သို့ အမြန်လိုက်သွားပါ၏။

အိမ်တော်၏ အဆောက်အဦများထံသို့ နှစ်ကီလိုမီတာမှ သုံးကီလိုမီတာပတ်လည်ကွာဝေးသည်။ ရှုယီ၏ ခြေလှမ်းများက တည်မြဲနေပြီး အမြန်လျှောက်သွားခြင်းမဟုတ်သဖြင့် ရောက်ရှိရန် နာရီဝက်နီးနီးကြာခဲ့သည်။

၎င်းတို့ နီးကပ်လာချိန်တွင် အဆောက်အဦက အင်မတန်ကြီးမားလှသည်ကို တွေ့လိုက်ရသည်။ ဘယ်မှ ညာသို့ ကြည့်လိုက်သော် အဆောက်အဦမှာ လေးရာမီတာမှ ငါးရာမီတာအထိ ကျယ်ဝန်းပြီး မည်မျှ နက်ရှိုင်းသည်ကို မမြင်နိုင်ပေ။ ဥယျာဉ်ရှေ့တွင် ဆံတစ်ဝက်ဖြူနေသည့် ငါးဆယ်ပတ်လည် သက်လတ်ပိုင်းလူတစ်ဦးရှိနေ၏။

နှစ်ဦးသား ဖြည်းဖြည်းချင်းနီးကပ်လာသည်ကိုမြင်သော် သက်လတ်ပိုင်းလူကြီးမှာ ရွှင်ပြဟန်မပေါ်ဘဲ အေးစက်စက်ပြောလာ၏၊ "ဂိတ်ကနေ ဒီကိုရောက်ဖို့ နာရီဝက်တောင်ကြာခဲ့တာပဲ။ အရှင်မင်းသားက အရမ်းကြာအောင် စောင့်နေရရင် မင်းတို့ ပြစ်မှုကြီးတစ်ခု ကျူးလွန်မိလောက်တယ်။"

ရှုယီက အသာပြုံးကာ၊ "ဒါပေမယ့် တတိယအရှင့်သားက ဒီမှာ မရှိဘူးမို့လား?"

သက်လတ်ပိုင်းလူကြီးမှ အနည်းငယ်အံ့ဩသွားပြီးနောက် နှာမှုတ်ကာ အထဲသို့ ပြန်လှည့်ဝင်သွားလိုက်သည်။

ရှုယီက အံ့ဩနေသည့် ဘာရွန် ဘယ်လီကို ပခုံးပုတ်၍ လိုက်သွားတော့သည်။

ထိုသက်လတ်ပိုင်းလူကြီး၏ နောက်မှ အခန်းထဲသို့ ဝင်လာကြချိန်တွင် သူဟာ လက်ဝဲဘက်ရှိ ကုလားထိုင်နှစ်လုံးကို ညွှန်ပြကာ ထိုင်ခိုင်းလေသည်။

ရှုယီ ဝေ့ဝိုက်ကြည့်လိုက်သော် ထိုသက်လတ်ပိုင်းလူကြီးမှလွဲ အစေခံတစ်ဦးပင် ဤနေရာ၌ မရှိကြောင်း တွေ့လိုက်ရ၏။

ကြည့်ရသည်မှာ ဤနေရာရှိ မည်သူကမှ ၎င်းတို့ကို ဧည့်သည်အဖြစ် သတ်မှတ်ထားကြပုံမပေါ်ပေ။

ရှုယီမှာ ရုတ်တရတ် ဘာရွန် ဘယ်လီထံ တောင်းတောင်းပန်ပန်ပြုံးပြလိုက်ရသည်။

ဘာရွန် ဘယ်လီက အတန်ငယ် ရှုပ်ထွေးသွားပါ၏။

ရှုယီကို သူခေါ်လာခဲ့ပြီး ဤသို့ ဆက်ဆံခံနေရလေရာ သူကသာ ရှုယီအပေါ် အမှားပြုမိသူဖြစ်လေသည်။ အဘယ့်ကြောင့် ရှုယီက သူ့အား အားနာနေရသနည်း?

သူဟာ ရှုယီ မည်သို့ စဉ်းစားနေသည်ကို နားမလည်ပေ။ ဘာရွန် ဘယ်လီတစ်ဦးတည်းသာ လာပါလျှင် သူ၏ မင်းသားဖရန့်ခ်နှင့် ရင်းနှီးမှုကြောင့် ဤသို့ဆက်ဆံခံရဖို့ရန် မဖြစ်နိုင်ပါပေ။

ဤသို့သော ဆက်ဆံမှုရခြင်းအကြောင်းအရင်းမှာ ရှုယီအနေနှင့် မင်းသားဖရန့်ခ်၏ အမြင်တွင် သူ၏အဆင့်အတန်းက မည်သည်မှ မဟုတ်သည်ကို သေချာသောကြောင့် မင်းသားဖရန့်ခ်က ရည်ရွယ်ချက်ရှိရှိလုပ်သည်ဟု မထင်ပါချေ။ သဘာဝကျစွာပင် သူဟာ သူ့အား အထူးတလည် ဆက်ဆံဖို့လိုမည်မဟုတ်။

ဤအခြေအနေတွင် ဤအတွက် အဓိက အကြောင်းအရင်းမှာ ကိုမိုအမည်ရသည့် အနှီသက်လတ်ပိုင်းလူကြီး ဖြစ်လောက်ပါ၏။

၎င်းကို စဉ်းစားမိပြီးနောက် ရှုယီမှာ ကုလားထိုင်တွင် အသာပြုံး၍ ထိုင်ကာ ထိုသက်လတ်ပိုင်းလူကြီးကို ကြည့်လိုက်လေသည်။

သက်လတ်ပိုင်းလူကြီးကမူ ချောင်းတစ်ချက်ဟန့်၍ ထူးမခြားနားလှစွာသောအသံဖြင့် ပြောလာပါ၏၊ "ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးမယ် ကျုပ်က ကိုမို၊ အရှင်မင်းသားရဲ့ အိမ်တော်က အိမ်တော်ထိန်းပါ။ ဥက္ကဌရှု ရှင်းရှင်းပြောရရငိ ခင်ဗျားက လက်ရှိမှာ အရှင်မင်းသားနဲ့‌တွေ့ဖို့ အရည်အချင်းမရှိသေးတာမို့ တစ်ခုခုလိုအပ်ရင် ကျုပ်ကို ပြောလို့ရတယ်။"

ဘာရွန် ဘယ်လီက ရှုယီကို အတန်ငယ်စိုးရိမ်စွာကြည့်လိုက်မိသည်။

ရှုယီ၏ လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်တိုင်းပြည်များရှိ အဆင့်အတန်းကြောင့် သူဟာ မည်သည့်အချိန်က ဤသို့ ဆက်ဆံခဲ့ဖူးပါမည်နည်း?

ဘာရွန် ဘယ်လီသာဆိုလျှင် ဒေါသဖြင့် အင်္ကျီလက်ကို ခါယမ်းကာ ထွက်သွားလောက်သည်။

သို့သော် ရှုယီက မည်သို့သော ထူးထူးဆန်းဆန်းအမူအရာကိုမှ မပြဘဲ ထပ်တူညီစွာ ပြုံးနေမြဲပင်။

"ဟုတ်ပြီ ဒါပေမယ့် ပြဿနာတစ်ခုတော့ရှိတယ်။ အိမ်တော်ထိန်းကိုမို၊ တတိယအရှင်မင်းသားအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ခင်ဗျားချပေးနိုင်လို့လား?"

"အရေးကြီးတယ်?" အိမ်တော်ထိန်းကိုမိုက အေးစက်စွာ ခေါင်းခါလာသည်၊ "ခင်ဗျားနဲ့ ကျုပ်က အရှင်မင်းသားကိုယ်တိုင် ဆုံးဖြတ်ချက်ချ‌ရလောက်တဲ့အထိ အရေးကြီးတာမျိုးကို ဆွေးနွေးနိုင်မယ်လို့တော့ မထင်ဘူး။"

"ဒါက မသေချာပါဘူး။" ရှုယီက ထူးထူးဆန်းဆန်းတစ်ချက်ပြုံးလိုက်ကာ၊ "အရှင်မင်းသားအတွက် မှော်ဆလွန်းလေးတစ်စီးပဲဆိုရင်တော့ အရေးကြီးမှာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဒီတစ်ခေါက် ကျုပ်လာတာက တတိယအရှင်မင်းသားကို ပြိုင်ပွဲလမ်းကြောင်းတစ်ခုလုံးနဲ့အတူ ပြိုင်ကားအသင်းတစ်ခုလုံးကိုပေးဖို့ပဲ ၊ တတိယအရှင့်သားအနေနဲ့ သူတို့ကို မောင်းရတာ အရမ်းပျော်မယ်လို့ ကျုပ်အာမခံတယ်။"

ဘာရွန် ဘယ်လီ၏ မျက်လုံးများပြူးကျယ်ကာ အံ့အားသင့်သွားသည်။

ဒီလူရှုယီက တကယ်ကို ရက်ရောတာပဲ။

မှော်ဆလွန်းတစ်စီးမှာ သာမန်လူများအတွက် အင်မတန်ဈေးကြီးသော်လည်း ကန်ဒရာအင်ပါယာ၏ တတိယမင်းသားအတွက် ရွှေဒင်္ဂါးထောင်ချီလောက်က ငွေသုံးနေခြင်းဟုပင် မယူဆနိုင်ပေ။

သို့သော် ရှုယီမှ ပြိုင်ပွဲလမ်းကြောင်း တစ်ခုလုံးကိုပေးအပ်ခြင်းမှာ ရွှေဒင်္ဂါးသောင်းနှင့်ချီထိုက်တန်သည်။

ပြိုင်ကားအသင်းတစ်ခုလုံးပါ ပါဝင်နေသည်ကို ပြောဖို့ပင် မလိုတော့ပေ။

ဤသည်က ဘာရွန် ဘယ်လီ အမြဲ အိပ်မက်,မက်ခဲ့ရသည့် အရာပါပင်!

သို့သော် ဘာရွန် ဘယ်လီ သိသလောက်ဆိုပါက ပြိုင်ကားအသင်း၌ စက်ပစ္စည်းများသာမက စိစစ်သူများ၊ မှော်စက်မှုအင်ဂျင်နီယာများနှင့် အခြားကျွမ်းကျင်သူအမျိုးမျိုးတို့လည်းပါဝင်ပေသည်။

ထိုလူများ၏ တန်ဖိုးနှင့်တင် ပြိုင်ပွဲလမ်းကြောင်းတစ်ခုလုံးကို ကျော်လွန်နေပါ၏။

Frestech ကုန်သည်ကြီးများအသင်းထံမှ ဤအသင်းကိုခန့်အပ်ရန် အနည်းဆုံး ရွှေဒင်္ဂါးသုံးသောင်းကုန်ကျပေမည်။

ဤသို့သော ထိတ်လန့်ဖွယ်ကုန်ကျစရိတ်က ဘာရွန် ဘယ်လီ၏ လက်ရှိ ဝင်ငွေနှင့်ပင် တတ်နိုင်သည့် အရာမဟုတ်ပါချေ။

သို့သော်လည်း အိမ်တော်ထိန်းကိုမိုမှ ၎င်းကိုကြားပြီးသည့်နောက် အမူအရာကလုံးဝမပြောင်းလဲသွားသည်မှာ သေလူတစ်ဦးလိုပါပင်။

"ဒါက အရှင်မင်းသားအတွက် အပန်းဖြေစရာလေးတစ်ခုပဲမို့ အရေးကြီးတဲ့ဆုံးဖြတ်ချက်လို့ သတ်မှတ်မရသလို အရှင်မင်းသားကိုလည်း အံ့အားသင့်သွားစေမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းက ဒါကိုပေးဖို့ ဆန္ဒရှိနေမှတော့ အရှင်မင်းသားကလည်း သ‌ဘောတူမှာမို့ ကိုယ်စားလက်ခံပေးထားလို့ရပါတယ်။"

ဘာရွန် ဘယ်လီမှာ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိ၏၊ လက်ခံလိုက်သရွေ့တော့ အဆင်ပြေပါသည်။

ရှုယီ၏ ပန်းတိုင်ကလည်း ထိုအရာပင်၊ အိမ်တော်ထိန်းကိုမိုက မင်းသားဖရန့်ခ်အစားလက်ခံလိုက်သရွေ့ သူ၏ တာဝန်ပြီးမြောက်သည့် အဓိပ္ပာယ်ပင်။

သို့သော် ရှုယီမှာ စိတ်တိုင်းကျဟန်မပေါ်ဘဲ အိမ်တော်ထိန်းကိုမိုကိုကြည့်၍ ပြောလိုက်၏၊ "အိမ်တော်ထိန်းကိုမို, ကျုပ်အနေနဲ့ ပြိုင်ကားတွေရဲ့ စိတ်ကျေနပ်မှုကို အရှင်မင်းသားနားလည်ဖို့ တကယ်ပဲ ဆုတောင်းပါတယ် ဒါကြောင့် အရှင်မင်းသားအနေနဲ့ မှော်ဆလွန်းတစ်စီး စီးနေတာကို မြင်နိုင်ဖို့ မျှော်လင့်တယ်။ ဒီလိုမှပဲ ကျုပ်လက်ဆောင်က အဓိပ္ပာယ်ရှိတာကို ပြောနိုင်မှာပေါ့။"

၎င်းကိုကြားသော် ဘာရွန် ဘယ်လီ၏ အမူအရာပြောင်းလဲသွားလေသည်။

အိမ်တော်ထိန်းကိုမိုမှာ အံ့ဩနေပြီးနောက် ဒေါသဟန်ပေါ်လာကာ အော်လေ၏၊ "အတင့်ရဲလိုက်တာ! မင်းကိုယ်မင်း ဘာထင်နေလို့လဲ? အရှင်မင်းသားအနေနဲ့ မင်းရဲ့ ပစ္စည်းကို လက်ခံဖို့ ဆန္ဒရှိတာဟာ ဘာရွန် ဘယ်လီရဲ့ မျက်နှာကြောင့်ပဲ မင်းက ဒီလိုတောင်းဆိုချက်မျိုး ပေးဖို့အထိ အတင့်ရဲတယ်ပေါ့လေ?"

ရှုယီက ပခုံးတစ်ချက်တွန့်လေသည်၊ "ကျုပ်က ကုန်သည်တစ်ဦးပါ။ ကုန်သည်တစ်ဦးအတွက် သဘာဝကျကျပဲ ကျုပ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကနေ ပြန်ရတာကို မြင်ချင်တာပဲလေ။ ကျုပ်အနေနဲ့ တတိယအရှင်မင်းသားကို ဒီတစ်ခေါက် ဒီလက်ဆောင်ပေးတဲ့အကြောင်းအရင်းက တတိယအရှင့်သားအနေနဲ့ ပြိုင်ကားမောင်းတာကို နှစ်သက်မှာ မျှော်လင့်ထားလို့ပဲ။ ကျုပ်ကတော့ ဒီတောင်းဆိုမှုကို မလွန်ဘူးလို့ ထင်ပါတယ်?"

အိမ်တော်ထိန်းကိုမိုမှာ ဒေါသဖြစ်သွားသည်၊ "မင်းက တကယ်ကို ဘဝင်မြင့်နေပါလား! မင်းက ငါ့ကိုခြိမ်း‌ခြောက်ချင်တယ်ပေါ့?"

"မဟုတ်ပါဘူး ကျုပ်က အမှန်ကိုပြောနေရုံပါပဲ။" ရှုယီက အိမ်တော်ထိန်းကိုမိုကို အပြုံးဖြင့်ကြည့်လိုက်သည်မှာ သူ၏ စကားလုံးများနောက်ကွယ်ရှိ အဓိပ္ပာယ်ကို နားလည်နေခြင်းမရှိသယောင်ပင်။

"ကောင်းတယ်! အရမ်းကောင်းတယ်!" အိမ်တော်ထိန်းကိုမိုက ဒေါသဖြင့် ပြုံးလိုက်သည်၊ "ကျုပ်အနေနဲ့ စတက်တိန်းနယ်မြေလေးတစ်ခုက ကုန်သည်တစ်ယောက်လေးအနေနဲ့ ဒီလိုစကားတွေကို ကျုပ်ရှေ့မှ ပြောဝံ့မယ်လို့ ထင်မထားခဲ့ဘူး။ မင်းက ကျုပ်ကို မျက်လုံးထဲမထည့်တာပဲ! အရှင်မင်းကြီးသာ မင်းရဲ့စကားတွေကိုကြားရင် ဘယ်လိုအပြစ်ဒဏ်မျိုးလာမယ်ဆိုတာ စဉ်းစားဖူးလား?"

"ဟင့်အင်း အဲ့အစား အိမ်တော်ထိန်းကိုမို တတိယအရှင့်သားသာ ကျုပ်က တစ်နှစ်ကို ရွှေဒင်္ဂါးတစ်သန်းကျော် ဒါမှမဟုတ် ရွှေဒင်္ဂါးသန်းချီရဖို့ နည်းလမ်းရှိတယ်ဆိုတာကိုသာ သိရင် အရမ်းကျေးဇူးတင်နေမှာမဟုတ်ဘူးလား?" ရှုယီက အပြုံးဖြင့်ပြောသည်။

"တစ်နှစ်ကို ရွှေဒင်္ဂါးသန်းချီ?"

အိမ်တော်ထိန်းကိုမိုနှင့် ဘာရွန် ဘယ်လီတို့မှာ အံ့ဩသွားရင်း ရှုယီကို ရူးနှမ်းနေသည့်နှယ် ကြည့်လာကြသည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၅၉။ ကျုပ်ကို လာခေါ်ဖို့ လူစောင့်နေတာ

"ခင်ဗျား တကယ်ပဲ မင်းသာဖရန့်ခ်ကို တစ်နှစ်မှာ သန်းချီနေအောင် ရအောင်လုပ်ပေးဖို့ ယုံကြည်ချက်ရှိလား? ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းတောင် နှစ်တိုင်း အဲ့လောက်ပဲ ရတာမဟုတ်ဘူးလား?"

ဘာရွန် ဘယ်လီက ရှုယီကို မယုံကြည်နိုင်ဟန်ဖြင့် မေးလာပြီးနောက် မြင်းလှည်းနောက်၌ ပျောက်ကွယ်သွားသော မင်းသားဖရန့်ခ်၏ အိမ်တော်ကို မျက်လုံးများထဲ အနည်းငယ် စိုးရွံ့နေဟန်ဖြင့် ကြည့်လိုက်သည်။

ရှုယီ၏ အိမ်တော်ထိန်း ကိုမိုနှင့်တွေ့စဉ်က သဘောထားမှာ အင်မတန်ခိုင်မာပြီး စကားလုံးများကလည်း ဘာရွန် ဘယ်လီအတွက် ကြွားလုံးထုတ်နေပုံပေါ်သည်။ သူဟာ မန်နေဂျာ ကိုမိုက ဒေါသဖြစ်ပြီး မောင်းထုတ်မည်ဟု ထင်ခဲ့မိသည်။

သို့သော် မည်သည်ကြောင့်မှန်းမသိဘဲ၊ အိမ်တော်ထိန်း ကိုမို ဟာ စိတ်တည်ငြိမ်မှုမရသေးခင် ပထမတွင် မယုံကြည်နိုင်လောက်တဲ့အကြည့်နှင့်သာ ကြည့်နေခဲ့သည်။ သို့ရာ၌ သူဟာ ရှုယီကို တိကျသည့်အဖြေမပေးဘဲ ထိုအရာအားလုံးအား မင်းသားဖရန့်ခ်ထံ လွှဲပြောင်းပေးမည်ဟုဆိုကာ ခံစားချက်ကင်းမဲ့စွာ ပြောခဲ့ပြီး အရှင်မင်းသားကိုသာ ဆုံးဖြတ်စေမည်ဖြစ်သည်။

ထို့နောက် အိမ်တော်ထိန်း ကိုမိုက ၎င်းတို့အား တိုက်ရိုက် လိုက်ပို့ခဲ့သည်။

ဘာရွန် ဘယ်လီ သည် ငြိမ်သက်၍ ပြုံးကာပင်ရှိနေသော ရှုယီကိုကြည့်ကာ ဥက္ကဌရှုသည် အမှန်တကယ်ရူးနေပြီဟု ထင်နေမိသည်။

သူ့အနေနှင့် လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်တိုင်းပြည်များ၌ မည်မျှ ကျော်ကြားသည်ဖြစ်စေ မင်းသားဖရန့်ခ်မှာ ကန်ဒရာအင်ပါယာ၏ မင်းသားဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းက များစွာကွဲပြားလေရာ အဘယ့်ကြောင့် ဤသို့သော ရဲတင်းသည့်စကားများကို အိမ်တော်ထိန်းကိုမိုရှေ့မှောက်၌ ပြောဝံ့ပါသနည်း?

ဘာရွန် ဘယ်လီ၏ အကြည့်ကို အာရုံခံမိသော် ရှုယီ အသာပြုံးလိုက်သည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ နှစ်စဉ်ဝင်ငွေမှာ ယမန်နှစ်က သန်းနှစ်ဆယ်နီးပါးရှိခဲ့ပြီး သန်းပေါင်းများစွာမှာ လွန်ခဲ့သည့်နှစ်များစွာ အကြာကသာဖြစ်သည်။

သို့သော် စဉ်းစားကြည့်ရင်း ဘာရွန် ဘယ်လီကို တည်ငြိမ်နေစေရန် ရှုယီမှာ ရှင်းပြချက်တစ်ခု‌ပေးလိုက်ပါ၏။

"ကျုပ်သေချာပေါက် ဒါကို လုပ်နိုင်မယ်ဆိုတာတော့ မသေချာပေမယ့် မင်းသားဖရန့်ခ်အတွက် ဖြစ်နိုင်ချေကို ပြောနေရုံပါပဲ။ ပြိးတော့ မင်းသားဖရန့်ခ်အနေနဲ့ ကျုပ်တို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိနေသရွေ့ သူ့ကို တစ်နှစ်မှာ ရွှေဒင်္ဂါးသန်းချီရအောင်ကူညီနိုင်ဖို့က ခက်ခဲတဲ့အရာမဟုတ်သလို သူလည်း အဲ့ထက်တောင် ပိုလုပ်နိုင်မှာပါ။"

"ဒီလောက်သေချာတယ်ပေါ့လေ?" ဘာရွန် ဘယ်လီက အသာ‌မျက်မှောင်ကုပ်လိုက်မိသည်။

"ဒါပေါ့။" ရှုယီ မျက်နှာထက်၌ ယုံကြည်ချက်ရှိရှိ အပြုံးတစ်ခု ရှိနေသည်၊ "နောက်ဆုံးကျတော့လည်း ကန်ဒရာအင်ပါယာဆိုတာက လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်နဲ့ အနီးဝန်းကျင်တိုင်းပြည်‌တွေ စုပေါင်းလိုက်တာထက် အဆပေါင်းများစွာ ပိုကြီးမားတော့ လူလည်း ဆယ်ဆကျော်ပိုများတာပေါ့။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက တိုင်းပြည်ငယ်လေးတွေမှာ ဒီလောက်များတဲ့ ငွေတွေရနိုင်နေတာမို့ ကန်ဒရာအင်ပါယာမှာလည်း ပိုလို့တောင်ရနိုင်သေးတယ်လေ။"

"ဒါက အတော်ကို ကျိုးကြောင်းသင့်ပေမယ့် ဥက္ကဌရှု မင်းသားဖရန့်ခ်က ခင်ဗျားမှာ ဒီလိုအစွမ်းအစရှိမယ်လို့ မယုံနိုင်ဘူး။ သူသာ ခင်ဗျားက ကြွားနေရုံပဲလို့ ခံစားမိတာဆိုရင် ဘာလုပ်မှာလဲ?"

ရှုယီက တည်ငြိမ်စွာရယ်မောလိုက်သည်၊ "မင်းသားဖရန့်ခ်ဆီမှာ ဒီလိုရဲဝံ့မှု‌နဲ့ အမြင်လေးတောင်မရှိရင် ကျုပ်တို့ လုပ်ငန်းစုနဲ့ပူးပေါင်းဖို့ အရည်အချင်းမမီတာပဲပေါ့။"

ဘာရွန် ဘယ်လီမှာ အသက်ပြင်းပြင်းမရှိုက်မိဘဲ မနေနိုင်လိုက်ပေ။

ဤရှုယီ၏ အသံအနေအထားက တကယ်ကို အားကောင်းလှသည်။

မင်းသားဖရန့်ခ်က မည်သို့သော လူမျိုးဖြစ်သနည်း၊ သူဟာ ကန်ဒရာအင်ပါယာ၏ လေးစားခံရသောမင်းသားလေးပင်!

စိုင်စ်နယ်မြေကြီး၌ပင် သူဟာ ထိပ်တန်းမှ လူများအနက်တစ်ဦးဖြစ်သည်။

ထိုအနှိုင်းမဲ့ မြတ်၍ မြင့်သော ပုဂ္ဂိုလ်တစ်ဦးကို ရှုယီက တကယ်ကို.... အရည်အချင်းမရှိဟု ပြောသေးသည်!

ဘာရွန် ဘယ်လီ စဉ်းစားနေသည့်အရာကို ခန့်မှန်းနိုင်နေသည့်နှယ် ရှုယီက ပြုံး၍ ပြောလေသည်၊ "သံသယဝင်ဖို့မလိုပါဘူး ဒါက ကျုပ်ရဲ့ ကုန်သည်တစ်ယောက်အနေနဲ့ အကဲဖြတ်မှုပဲ။ မင်းသားဖရန့်ခ်သာ ကျုပ်တို့လုပ်ငန်းစုနဲ့ပူးပေါင်းမှုအကျိုးအမြတ်ကို မမြင်နိုင်ရင် သူဟာ အရည်အချင်းမမီတဲ့ ကုန်သည်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါက သူ့ရဲ့ မင်းသားတစ်ပါးအဖြစ်နဲ့ မသက်ဆိုင်ဘူး။"

ဘာရွန် ဘယ်လီက ခေါင်းခါ၏။ မင်းသားဖရန့်ခ်ကသာ သူထင်နေသကဲ့သို့ရိုးရှင်းနေပါလျှင် ဤပြဿနာကို ဖြေရှင်းရန်များစွာလွယ်ကူလိမ့်မည်ဟု စဉ်းစားမိသည်။

၎င်းတို့အ‌နက် မည်သူကမှ ကျန်ခရီးတွင် စကားမဆိုကြပေ။

အနက်ရောင်မြင်းလှည်းက ၎င်းတို့ကို ကန်ဒရာအင်ပါယာနှင့် နော်တန်နယ်မြေတို့၏ နယ်စပ်သို့ ခေါ်ဆောင်သွားကာ ထိုနေရာ၌ ချန်ထားရစ်ခဲ့သည်။

နှစ်ဦးသားက နယ်စပ်သို့ ဖြတ်၍ နော်တန်နယ်မြေ၌ ရှုယီချန်ထားခဲ့သော မှော်ဆလွန်းကိုရှာဖွေရန် ၎င်းတို့၏ မှတ်ဉာဏ်ကို အားကိုးလိုက်ကြ၏။

၎င်းတို့ ဝင်လိုက်ချိန်တွင် ဘာရွန်ဘယ်လီက မည်မျှ စိတ်ထက်သန်နေသည်ကိုမြင်သော် ရှုယီမှာ ပြုံးပြ၍ သူ့အား မောင်းသူခုံ၌ထိုင်ရန် လက်ဟန်ပြလိုက်သည်။

ဘာရွန်ဘယ်လီမှာ အားနာမှုမရှိဘဲ ဝင်ထိုင်ကာ စတီယာရင်ဘီးကို ကိုင်လိုက်၏။

"ဟေး ဥက္ကဌရှု ဒါက ခင်ဗျားရဲ့ ကိုယ်ပိုင်မှော်ဆလွန်းဆိုတော့ ရောင်းချနေတဲ့ မှော်ဆလွန်းတွေထက် အများကြီးပိုအားကောင်းမှာပဲ မဟုတ်လား?"

ရှုယီက မည်သည်ကိုမှ မဆိုဘဲ ပြုံးပြလိုက်သည်။

ဘာရွန်ဘယ်လီ၏ စိတ်လှုပ်ရှားမှုက နာရီဝက်ကြာပြီးနောက် လုံးဝပျောက်ကွယ်သွားပါ၏။

သူဟာ စတီယာရင်ဘီးကို ရိုက်၍ ရှုယီကို ဒေါသတကြီး အပြစ်တင်လာသည်၊ "ကျုပ်ပြောမယ်... ဥက္ကဌရှု ဒါက ခင်ဗျားရဲ့ ကိုယ်ပိုင် ယာဉ်လေ! မြန်မြန်မောင်းမရရင်ကတော့ အဆင်ပြေပါသေးတယ် ဒါပေမယ့် ဘာလို့ ထိုင်ရတာ သက်တောင့်သက်သာ မရှိရတာလဲ? ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌလေ သူတို့က ခင်ဗျားအတွက်နဲ့တင် အကောင်းဆုံးယာဉ်ကို လုပ်ပေးသင့်တာမဟုတ်ဘူးလား?"

ရှုယီ တစ်ချက်ပြုံးလိုက်ကာ၊ "ဘာလဲ? ကျုပ်သုံးတဲ့ ကားက ရောင်းတဲ့ကားတွေထက် ပိုကောင်းမယ်ထင်လို့လား?"

"ဒါပေါ့!" ဘာရွန်ဘယ်လီက အသံကိုမြှင့်လိုက်သည်၊ "ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ သင်္ကေတပဲလေ! ခင်ဗျား သုံးတဲ့ မှော်ဆလွန်းကတောင် ဒီလိုဖြစ်နေရင် လူတွေက Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်ဆလွန်းတွေကို ယုံကြည်နေကြဦးမယ်ထင်လို့လား?"

"အိုး?" ရှုယီက အနည်းငယ် အံ့ဩဟန်ပြလာသည်၊ "ဒါက ခင်ဗျားရဲ့ အတွေးလား ဒါမှမဟုတ် မှော်ဆလွန်း ဝယ်တဲ့ လူတွေအားလုံးရဲ့ အတွေးလား?"

"ဒါက ပုံမှန်လူတစ်ယောက်ရဲ့ အတွေးပဲ မဟုတ်ဘူးလား?" ဘာရွန်ဘယ်လီက ရှုယီကို တအံ့တဩကြည့်လိုက်ကာ၊ "ဘယ် ဥက္ကဌကများ သူတို့လုပ်ငန်းစုက အဆိုးဆုံးပစ္စည်းကို သုံးမှာလဲ?"

ရှုယီမှာ သူ၏ မေးစေ့ကို သပ်ကာ အတွေးထဲနစ်သွားသည်။

"ဒါက တကယ်ကို ကျိုးကြောင်းဆီလျော်တာပဲ။ ကြည့်ရတာ ကျုပ်ရဲ့ ကိုယ်ပိုင်သက်တောင့်သက်သာဖြစ်မှုကို ဂရုမစိုက်မိတာနဲ့ပတ်သတ်ပြီး ပြဿနာနည်းနည်းတော့ ရှိတဲ့ပုံပဲ။ ဟုတ်ပြီလေ ကျုပ် ပြန်ရောက်တဲ့အခါ သူတို့ကို ကျုပ်အတွက် သီးသန့် ဇိမ်ခံကားတစ်စီး ဒီဇိုင်းဆွဲခိုင်းလိုက်မယ်။"

"ဒီလိုမှပေါ့။" ဘာရွန်ဘယ်လီမှာ စတီယာရင်ဘီးကို တစ်ဖန်ပုတ်လိုက်သည်၊ "ဒီအခြေနေဆိုးတဲ့ကားက ဘယ်လိုလုပ် ခင်ဗျားအဆင့်အတန်းနဲ့ ကိုက်ညီပါ့မလဲ? ပြောပြမယ် ကျုပ်ကို ခင်ဗျား ဒီကား‌ပေးမယ်ဆိုရင်တောင် ဒီကားကို မလိုချင်ဘူး။"

"ဒီတော့ အခု ဒါကို ခင်ဗျားဆီပေးလိုက်မယ်ဆိုရင်ရောလိုချင်လား?" ရှုယီက အပြုံးဖြင့်မေးသည်။

"အာ?" ဘာရွန်ဘယ်လီမှာ အံ့ဩနေပါ၏၊ "ခင်ဗျား ခင်ဗျားနောက်နေတာလား?

ဘာရွန်ဘယ်လီမှာ တစ်ခဏကြာအောင် ငြိမ်သက်နေသည်။ သူဟာ မိမိလက်ထဲရှိ စတီယာရင်ဘီးကို ကြည့်လိုက်ပြီးနောက်၌ ရှုယီကို မယုံကြည်နိုင်စွာ ကြည့်လာ၏။

"ဒါက ခင်ဗျားရဲ့ကားလေ ကျုပ်ကို တကယ်ကြီးပေးချင်လို့လား?"

"သေချာပါတယ် ခင်ဗျားလိုချင်ရဲ့လား?" ရှုယီက မေးလိုက်၏။

"အင်း!" ဘာရွန်ဘယ်လီမှာ တုံ့ဆိုင်းမှုမရှိ ပြန်‌ဖြေလာသည်၊ "ဒီကားက ဆိုးနေရင်တောင် ခင်ဗျားအရင်က သုံးခဲ့တဲ့ ကိုယ်ပိုင်ကားပဲလေ! ဒီကားက အဲ့လောက်မကောင်းရင်တောင် အဲ့တစ်ချက်နဲ့တင် စုဆောင်းဖို့ ထိုက်တန်နေပါပြီ။"

"သဘောကျရင်တော့ အဆင်ပြေတာပေါ့။" ရတနာအချို့ရသကဲ့သို့ ပြုမူနေသည့် ဘာရွန်ဘယ်လီကို ကြည့်ရင်း ရှုယီ တစ်ချက်အသာပြုံးလိုက်မိသည်။ သူဟာ ပြတင်းအပြင်ဘက်သို့ ဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် ဘာရွန်ဘယ်လီကို ပြောလေ၏၊ "ကောင်းပြီလေ ရှေ့ကို နည်းနည်းလောက်ဆက်သွားပြီးရင် ကျုပ်ကို ချန်ထားခဲ့လို့ရပြီ။"

"အမ်?" ဘာရွန်ဘယ်လီမှာ တစ်ဖန် အံ့ဩသွားပြန်၏၊ "ခင်ဗျားကို ချန်ထားခဲ့ရမယ်? ဒါက နော်တန်နယ်မြေလေ ခင်ဗျား စတက်တိန်းနယ်မြေကို ပြန်မှာ မဟုတ်ဘူးလား? အခု မပြန်သေးရင်တောင် နော့ဆက်စ်မြို့ကို အရင်သွားသင့်တာမဟုတ်လား?"

"ကျုပ်ပြောတာကိုပဲ လုပ်ပါ" ရှုယီက ဆို၏။

"ရှုယီမျက်နှာထက်ရှိ အမူအရာကိုမြင်သော် ဘာရွန်ဘယ်လီမှာ မိမိဘာသာ ရေရွတ်လျက်သာ ရှုယီ ပြောသည့်အတိုင်းလိုက်နာလိုက်တော့သည်။ သူဟာ နော့ဆက်စ်မြို့မှ အနောက်ဘက်သို့ ဦးတည်သည့် လမ်းမထက် အနည်းငယ် ဆက်သွားလိုက်သည်။

တောင်တန်းတစ်ခုကို ဖြတ်လာပြီး ရေကန်ငယ်လေးတစ်ခုကို ရောက်ချိန်၌ ရှုယီမှာ ဘာရွန်ဘယ်လီကို ရပ်ခိုင်းလိုက်တော့သည်။

ရှုယီ ထွက်လာသည်ကိုမြင်သော် ဘာရွန်ဘယ်လီလည်း စဉ်းစားပြီးနောက် ထွက်လာသည်။

သူ့အနေနှင့် အဘယ့်ကြောင့် ရှုယီက ဤသို့သော ဝေးလံခေါင်သီသည့်နေရာ၌ ချန်ခဲ့စေလိုကြောင်းကို အင်မတန်သိလိုနေသည်။

ရှုယီမှာ ရေကန်နံဘေးသို့ တဖြည်းဖြည်းရောက်လာပြီး ပတ်ကြည့်လြိပ်သည်။ ထို့နောက် သူ့ရင်ဘတ်ထဲမှ လက်ပတ်နာရီတစ်လုံးကို ကြည့်ရန် ထုတ်ယူလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ဘာရွန်ဘယ်လီလည်း သူ့အ‌ကြည့်နောက်လိုက်ကာ ကောင်းကင်ကိုကြည့်လိုက်သော်လည်း အဖြူရောင်တိမ်များနှင့် ကောင်းကင်ပြာကိုသာ တွေ့ရသည်။

ပျံသန်းသွားလာနေသည့် ငှက်အချို့ကို မြင်ရခြင်းမှလွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။

"ဥက္ကဌရှု ဘာတွေ.... လုပ်နေတာများလဲ?" ဘာရွန်ဘယ်လီမှာ မမေးကြည့်ဘဲ မနေနိုင်တော့ပေ။

"ကျုပ်ကို လာခေါ်မယ့် လူကိုစောင့်နေတာပါ။" ရှုယီက အပြုံးဖြင့် ပြန်ဖြေသည်။

"လူစောင့်နေတာလား?" ဘာရွန်ဘယ်လီမှာ ရှုပ်ထွေးစွာဖြင့် ဘေးဘီကို‌ဝေ့ကြည့်လိုက်သည်။ သူဟာ လမ်းမကို ခေတ္တမျှကြည့်လိုက်သော်လည်း မှော်ဆလွန်းမပြောနှင့် မြင်းလှည်းတစ်စီးပင်မရှိရာ မည်သည်ကိုမှ မတွေ့ရပေ။

နှစ်ဦးသားမှာ ရေကန်ဘေး၌ ခေတ္တမျှကြာအောင် ရပ်နေကြ၏။ ဘာရွန်ဘယ်လီမှာ သူ၏စိတ်ထဲမှ စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ချိန်၌ ရှုယီ၏ အမူအရာက ပြောင်းလဲကာ ကောင်းကင်ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူလည်း ကောင်းကင်သို့ သူ့အကြည့်နောက်လိုက်ကာ ကြည့်လိုက်၏။

အနောက်ဘက် ကောင်းကင်ယံ၌ အ‌နက်ရောင်အစက်လေးတစ်ခု ရုတ်တရတ်ပေါ်လာသည်။

၎င်းမှာ မူလက အနက်ရောင်အစက်လေးတစ်ခုသာဖြစ်သော်လည်း နောက်၌ အမြန်ပိုကြီးလာလေ၏။

မိနစ်ပိုင်းစာလေးအတွင်း အနက်ရောင်အစက်မှာ ကြီးမားသည့်အရာတစ်ခုဖြစ်လာသည်။ ၎င်းမှာ ၎င်းတို့နှစ်ဦး၏ အထက်၌ လွင့်မျောနေသည့် တိမ်ထုကြီးတစ်ခုနှယ် ရပ်နားရာသို့ တဖြည်းဖြည်းရောက်လာကြသည်။

ဘာရွန်ဘယ်လီလည်း အနည်းငယ် ထပ်ကြည့်ရန် မော့လိုက်ရာ တအံ့တဩ မအော်မိဘဲ မနေနိုင်တော့ပေ၊ "ဥက္ကဌရှု ဒါက.... ဒါက ကြည့်ရတာ ခင်ဗျားတို့ လုပ်ငန်းစုရဲ့ မှော်လေသင်္ဘောဖြစ်နေပုံပဲ!"

သူ့အသံထွက်လာသည်နှင့် ကောင်းကင်ရှိ အနည်းဆုံး မီတာရာချီ‌ဝေးသော မှော်လေသင်္ဘောမှာ စတင်ဆင်းသက်လာတော့သည်။

မူလက အင်မတန်နှေးကွေးလှသော်လည်း နောက်၌ ပိုမြန်လာသည်။ မြေပြင်ကိုရောက်ချိန်၌ ၎င်းက မြန်နေရာမှ နှေးသွားကာ ၎င်းတို့ နှစ်ဦးနှင့် ဆယ်မီတာအောက်အကွာ မြက်ခင်းပြင်ထပ်သို့ သစ်ရွက်လေးတစ်ရွက်နှယ် သက်ဆင်းလာသည်။

"ဟုတ်ပြီ လူတွေက အခုဒီရောက်နေပြီ။ ဘာရွန်ဘယ်လီ ကျုပ် ခင်ဗျားကို ဒီမှော်ဆလွန်းပေးလိုက်တယ်ဆိုပေမယ့်လည်း စတက်တိန်းနယ်မြေကို ခရီးထွက်ပြီး လွှဲပြောင်းရေးလုပ်ရိုးလုပ်စဉ်တွေကို လုပ်လိုက်ရင် အကောင်းဆုံးပေါ့။ မဟုတ်ရင် လမ်ပူရီတိုင်းပြည်က အများပြည်သူလမ်းဥပဒေတွေ ထုတ်ပြန်တဲ့အခါကျ ပြဿနာတချို့ကြုံနေရဦးမယ်။"

"အာ? အိုး...." ဘာရွန်ဘယ်လီမှာ ငေးကြောင်ကြောင်ဖြင့်သာ ခေါင်းငြိမ့်လိုက်မိသည်။ မှော်လေသင်္ဘောကို ကြည့်ရင်း သူဟာ တစ်စုံတရာပြောလိုက်လိုသော်ငြား မည်သည်ကို ပြောရမည်မှန်းမသိပါချေ။

"ဟုတ်ပြီ ကျုပ်အခု သွားတော့မှာ ခင်ဗျားမြန်မြန်မောင်းသွားသင့်တယ်။ ဒီနေရာက လမ်ပူရီတိုင်းပြည်နဲ့ အဲ့လောက်မဝေးပေမယ့်လည်း မှော်ဆလွန်းနဲ့ ပြန်ရောက်ဖို့ဆို တစ်နေ့လုံးကြာမှာပဲ။"

ရှုယီမှာ ဘာရွန်ဘယ်လီကိုလက်ယမ်းပြလိုက်ပြီးနောက် မှော်လေသင်္ဘောထက်သို့ လျှောက်ဝင်သွားလိုက်တော့သည်။

မှော်လေသင်္ဘော၏ တံခါးမှာ ဖွင့်ထားပြီးသားပင်။ ရှုယီမှာ မှော်လေသင်္ဘော၏ လှေကားပေါ်တက်လိုက်ပြီးနောက် ဘာရွန်ဘယ်လီကို နောက်ဆုံးတစ်ကြိမ် လက်ဝေ့ယမ်းပြကာ တံခါးပိတ်လိုက်ပါ၏။

တစ်ခဏကြာသည့်နောက် မှော်လေသင်္ဘောက တုန်ခါသွားကာ မြေပြင်မှ ထွက်ခွာသွားလေသည်။

၎င်းက မြေပြင်မှ နှစ်ဆယ်မီတာအကွာ၌ လွင့်မျောနေစဉ်တွင် မှော်လေသင်္ဘောက ရပ်တန့်သွားပြီးနောက် လေထဲ၌ အမြန် ပျံသန်းနေတော့၏။

ဤတစ်ကြိမ်၌ ၎င်းက အင်မတန် မြန်ဆန်စွာ ရွေ့လျားနေသည်။ မျက်တောင်တစ်ခတ်စာ အတွင်းတွင် ၎င်းက ကောင်းကင်၌ မီတာတစ်ရာကျော်ကာ မီတာတစ်ထောင်ကျော်သို့ ရောက်နေပြီဖြစ်သည်။

ကောင်းကင်၌ ဝေးဝေးသို့ ပျံသန်းကာ အနက်ရောင်အဖြစ် ပြောင်းလဲသွားပြီးနောက် လုံးလုံးပျောက်ကွယ်သွားသော မှော်လေသင်္ဘောကြီးကို ကြည့်ရင်း ဘာရွန်ဘယ်လီမှာ မနေနိုင်ဘဲ တံတွေးမြိုချလိုက်သည်။

သေစမ်း! ဒါကို ခန့်ညားတယ်လို့ ခေါ်တာပဲ!

မှော်လေသင်္ဘောနှင့်ယှဉ်ပါက မှော်ဆလွန်းက ဘာအရေးနည်း? ၎င်းက ကလေးများအတွက် အရုပ်တစ်ရုပ်သာဖြစ်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၆၀။ အကွာအဝေးရှည် မှော်နေရာချထားခြင်းစနစ်

မှော်လေသင်္ဘောကို ချပြကာစတွင် အာကာလီမှာ အပြုံးဖြင့် ရောက်လာသည်။

"ဟေး ဥက္ကဌ ကျွန်မလုပ်ထားတဲ့ မှော်နေရာချထားခြင်းစနစ်က အဆင်ပြေရဲ့လား?"

ရှုယီမှာ သူ၏ရင်ဘတ်ထဲမှာ အိတ်ဆောင်နာရီကဲ့သို့သောအရာတစ်ခုကို ထုတ်ယူကာ ၎င်းထက်ရှိ အပြာရောင်ဖျော့ဖျော့အလင်းကိုကြည့်လိုက်ပြီးနောက် အသာပြုံးကာ ခေါင်းငြိမ့်ပြသည်။

"အင်း ဒါက တကယ်ကို မဆိုးပါဘူး၊ ဒါပေမယ့် မင်းက သတ်မှတ်ထားတဲ့ အချိန်ထက် ငါးမိနစ်နောက်ကျနေတယ်။"

အာကာလီမှာ သူမ၏ နှုတ်ခမ်းများကို ဖိကပ်လိုက်ကာ၊ "ငါးမိနစ်တည်းလေ! ဥက္ကဌ မမေ့နဲ့ဦး ရှင် ကျွန်မတို့ကို ပျံသန်းလာခိုင်းတာက ကီလိုမီတာထောင်ချီအဝေးကနေပြီး အရင်က မရောက်ဖူးခဲ့တဲ့ နေရာတစ်ခုဆီကိုလေ။ ဒါက အတော်ကို ခက်ခဲတဲ့ကိစ္စပဲ ငါးမိနစ်လေးကို ဘာလို့ထည့်တွက်နေမှာလဲ?"

"အရင်က ပြောထားပြီးသားလေ စမ်းသပ်ချက်အားလုံးက အကြွင်းမဲ့ပြီးပြည့်စုံမှုအတွက် ရည်ရွယ်ထားရမယ်လို့။" ရှုယီမှာ ခေါင်းခါလိုက်သည်။ ထို့နောက် သူဟာ စိတ်ပြေသွားဟန်မရသော အာကာလီကိုကြည့်ကာ အပြုံးဖြင့် ပြောလေသည်၊ "ဒါပေါ့ ဒီစမ်းသပ်မှုရဲ့ ရလာဒ်တွေက ကောင်းပါတယ်။ မင်းတီထွင်ခဲ့တဲ့ အကွာအဝေးရှည် မှော်နေရာချထားခြင်းစနစ်မှာ ကောင်းကျိုးတွေ ရှိရုံတင်မကဘဲ မှော်လေသင်္ဘောကလည်း ပထမဆုံးအကြိမ် ကီလိုမီတာ နှစ်ထောင်ကျော် ပျံသန်းခြင်းကို အောင်မြင်ခဲ့တယ်။ ဒီတော့..."

ရှုယီက တမင်သက်သက် သူ၏ အသံကို ဆွဲပြောလိုက်သည်အားကြားသော် အာကာလီ၏ အဖွဲ့နှင့် မှော်လေသင်္ဘောအဖွဲ့သားတို့အားလုံး နားစွင့်ထားကြလေသည်။

ဥက္ကဌ၏ အလေ့အကျင့်များအရ သူဟာ သေချာပေါက် ဤတစ်ကြိမ်၌ ဆုပေးလိမ့်မည်ဖြစ်သောကြောင့်ပင်။

မျှော်လင့်ထားသည့်အတိုင်း ရှုယီမှာ တစ်ချက်ရပ်တန့်လိုက်ပြီးနောက် အပြုံးဖြင့် ဆက်ပြောသည်၊ "ငါ မင်းတို့ကို ဒုတိယအဆင့်ဆုပေးမယ်။ ဒါကို လုပ်ငန်းစုဆီ ပြန်ရောက်တာနဲ့ မှတ်ထားလိုက်လို့ရပြီ။"

"ယေး!"

"ကောင်းတယ်ဟေး!"

"ဥက္ကဌ ဥက္ကဌက အကောင်းဆုံးပါပဲ!"

"ဟားဟား....."

....

လူတိုင်း စိတ်လှုပ်တရှား ထခုန်လိုက်ကြသည်။

ရှုယီထံမှ ဒုတိယအဆင့်ဆုကို ရရှိခြင်းမှ ဘောနပ်ကြီးတစ်ခုနှင့် အကျိုးအမြတ်များဖြစ်ရုံသာမက အရေးကြီးဆုံးအရာမှာ ၎င်းတို့၏ သုတေသနအပေါ် ရှုယီ၏ လက်ခံမှုကိုပါ ရရှိလိုက်ခြင်းဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနပညာရှင်များအတွက် ၎င်းက အကြီးမားဆုံးဂုဏ်ယူဖွယ်ရာပင်။

ရှုယီမှာ သုတေသနပညာရှင်တို့နှင့်အတူ အောင်ပွဲခံနေသော အာကာလီကိုကြည့်၍ မေးလိုက်သည်၊ "ဟုတ်သားပဲ ကျုပ်ပို့လိုက်တဲ့ အချက်ပြကိုဘယ်လောက်ဝေးဝေးမှာ တွေ့လိုက်တာလဲ?"

အာကာလီမှာ ရပ်တန့်၍ စဉ်းစားပြီးနောက် ပြန်ဖြေပါ၏၊ "မီတာ ငါးထောင်ပတ်လည်လောက်ရှိမယ် တစ်ချက်လောက်ကြည့်ပါရစေဦး။"

အာကာလီက မှော်လေသင်္ဘောရှေ့သို့ သွားကာ သိပ်မကြာလိုက်ဘဲ ရှုယီ၏ အိတ်ဆောင်နာရီနှင့် ဆင်တူသော်လည်း ၎င်းအထပ်၌ စက်ဝိုင်းကြီးတချို့ရှိသော နာရီတစ်လုံးကို ထုတ်လိုက်သည်။ သူမက ၎င်းထက်ရှိ အချက်အလက်များကို ညွှန်ပြကာ ဆိုလာ၏၊ "ကြည့်လိုက် နံပါတ်အရေအတွက်အတိအကျက ငါးထောင့်ခြောက်ရာနဲ့ ခုနစ်ဆယ့်သုံးမီတာပဲ။ တိကျတဲ့ ဒသမမှတ်တွေကတော့.... အဟမ်း လက်ရှိမှာ တိတိကျကျ မတိုင်းတာနိုင်သေးဘူး။"

"အင်း မီတာကို ရောက်နိုင်တာကတင် အတော်လေးအဆင်ပြေနေပါပြီ အနာဂတ်မှာ ပိုကောင်းအောင်လုပ်နိုင်တယ်။" ရှုယီက ခေါင်းငြိမ့်ရင်း သူမကို အားပေးလိုက်ပါ၏။

ဤတစ်ကြိမ်တွင် ရှုယီမှာ အာကာလီအတွက် စိတ်ရင်းဖြင့် တန်ဖိုးထားမှုကို ခံစားလိုက်ရသည်။

သူ့အနေနှင့် မှော်စွမ်းအင်ကူးပြောင်းခြင်းကို အခြေခံ၍ အကွာအဝေးကိုတိုင်းတာနိုင်မည့် ကိရိယာတစ်ခုအား ဖန်တီးရန် မှော်သုတေသနဌာနသုတေသီများကို အဆိုပြုချိန်က အာကာလီအနေနှင့် ဤခေါင်းစဉ်ထဲ နက်နက်ရှိုင်းရှိုင်းနစ်ဝင်သွားခဲ့မည်ဟု ထင်မထားခဲ့ပါချေ။

ဤ အကွာအဝေးရှည်မှော်နေရာချထားခြင်းစနစ်၏ နောက်ကွယ်မှ နိယာမမှာ အာကာလီ၏ မှော်ပဲ့တင်ထပ်ခြင်းနည်းပညာမှ လာသည်။

မှော်အစီအရင်နှစ်ခု၏ ပဲ့တင်ထပ်ခြင်းနှင့်အတူ ၎င်းမှာ နှစ်ဘက်စလုံးကို နယ်နိမိတ်တစ်ခုအတွင်း၌ အတူတကွ ပဲ့တင်ထပ်စေနိုင်သည်။ နောက်တွင် ဒြပ်စင်မှော်စွမ်းအင်လှိုင်းများ၏ ကြိမ်နှုန်းနှင့် အလျင် ကောက်ချက်ဆွဲခြင်းမှတဆင့် အခြားမှော်အစီအရင်၏ ဦးတည်ဘက်နှင့် အကွာအဝေးကို ရှာတွေ့နိုင်သည်။

၎င်းမှာ ရှုယီ ယခင်က ဘယ်တုန်းကမှ မတွေးခဲ့ဖူးသော အရာဖြစ်သော်လည်း အာကာလီမှာ ၎င်းကို တွေးခဲ့ဖူးပါ၏။ ၎င်းက သူမ၏ ထက်မြတ်မှုကို အမှန်ပင် တန်ဖိုးထားလာစေသည်။

ဤအကွာအဝေးရှည် မှော်နေရာချထားခြင်းစနစ်မှာ အစပိုင်းအဆင့်၌သာရှိသေးပြီး မှော်ပဲ့တင်ထပ်ခြင်းနည်းပညာ၏ အကန့်အသတ်များကြောင့် ခြေရာကောက်အကွာအဝေးမှာ အင်မတန်တိုတောင်းကာ နှစ်ကီလိုမီတာပင် မကျော်နိုင်သေးပေ။ သို့သော်လည်း ထိုစနစ်၏ အသွင်အပြင်က ရိုးရှင်းစွာပင် စိုင်စ်နယ်မြေကြီးအတွက် တိုးတက်မှုလက္ခဏာပါပင်။

အာကာလီ၏အဖွဲ့သာ မှော်ပဲ့တင်ထပ်ခြင်းနည်းပညာကို ဆက်လက်လေ့လာပါလျှင် ဤမှော်နေရာချထားခြင်းစနစ်မှာ တိုးတက်လာလိမ့်မည်။ ၎င်းက သူ၏ ယခင်လောကအဆင့်ကိုပင်ရောက်ကာ ထိုသို့သော အရာများစွာ၌ နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးလာလိမ့်မည်။

ဥပမာ ရှုယီက မင်းသားဖရန့်ခ်နှင့် တွေ့ဆုံ၍ ကန်ဒရာအင်ပါယာသို့ ဝင်ရောက်မည့် အခွင့်အရေးအတွက် အီဗီတာကို စတက်တိန်းနယ်မြေမှ တလျှောက်လုံး မှော်လေသင်္ဘောအား ပျံသန်းလာစေခဲ့သည်။ ၎င်းက အကွာအဝေးရှည်ပျံသန်းနိုင်စွမ်းကို စစ်ဆေးန်နှင့် အကွာအဝေးရှည်မှော်နေရာချထားခြင်းစနစ်နှင့်အတူ ရှုယီကို ခေါ်ဆောင်လာရန်ပါဖြစ်သည်။

ဤစနစ်သာမရှိလျှင် မှော်လေသင်္ဘောအတွက် မီတာရာချီသည့် လေထဲမှ မရင်းနှီးသည့်‌နေရာ၌ ရှိနေသော ရှုယီကို ရှာတွေ့ရန် မဖြစ်နိုင်ပေ။

မှန်ပါ၏ ၎င်းက ၎င်းတို့၏ နော်တန်နယ်မြေကို နားလည်နေခြင်းကြောင့်မဟုတ်ပါက မှော်လေသင်္ဘောမှာ ရှုယီနားပင် လုံးဝကပ်နိုင်မည်မဟုတ်။

ဤသည်မှာ ရှုယီ ကြိုတင်စုဆောင်းထားသော နော်တန်နယ်မြေ မြေ‌ပုံအရဖြစ်သည်။

ထိုသို့စဉ်းစားရင်း ရှုယီမှာ ဘေးဘီကို ဝေ့ကြည့်လိုက်သည်။ သူဟာ အီဗီတာကို မတွေ့ရသဖြင့် မှော်လေသင်္ဘော၏ အရှေ့ဘက် အခန်းထဲသို့ လှည့်ထွက်သွားလိုက်သည်။

အလယ်အခန်းနှင့်ယှဉ်လျှင် အရှေ့ခန်းမှာ များစွာပိုသေးပြီး ထိန်းချုပ်နေရာနှင့် ရိုးရိုးရှင်းရှင်း ထိုင်ခုံနှစ်ခုံသာရှိသည်။

အီဗီတာက အလယ်ခုံ၌ ထိုင်ကာ လက်ရှိတွင် စာအုပ်ဖတ်ရာ၌ အာရုံစိုက်နေ၏။

"ဟေး အီဗီတာ မင်း ဘာတွေအလုပ်များနေတာလဲ? ကျုပ်ကို လာတွေ့ဖို့တောင် အချိန်မရဘူးပေါ့?" ရှုယီက စနောက်လိုက်သည်။

အီဗီတာက တုန်ရီသွားပြီးနောက် အမြန်လှည့်လာသည်။ ရှုယီကို တွေ့ချိန်တွင် တောက်တောက်ပပပြုံးကာ ထရပ်လိုက်၏။

"ဆောရီးပါ ဥက္ကဌရယ် ကျွန်မက မတူညီတဲ့ပတ်ဝန်းကျင်မှာ လေသင်္ဘောဆင်းသက်တာနဲ့ ထွက်ခွာတာကနေ အချက်အလက်တွေစုဆောင်းနေရုံမို့ လာမတွေ့ခဲ့တာပါ။ တကယ်ကို ကျွန်မအမှားပါပဲ။"

"ရပါတယ် ကျုပ်က နောက်နေရုံပါ။" ရှုယီက လက်ဝေ့ယမ်းလိုက်သည်။ သူ၏မျက်လုံးများက အီဗီတာ ရှေ့ရှိ စာအုပ်ထူထူပေါ် ကျရောက်လာကာ မေးလေသည်၊ "ဒါက ဒီကိုလာတဲ့လမ်းမှာ ခင်ဗျားစုဆောင်းခဲ့တဲ့ အချက်အလက်တွေလား?"

"ဟုတ်ပါတယ်။" အီဗီတာက မျက်လုံးများထဲမှ စိတ်လှုပ်ရှားဟန်တချို့ဖြင့် ခေါင်းငြိမ့်လိုက်သည်၊ "ဥက္ကဌ တကယ်တော့ အရင်က ကျွန်မတို့ ဒီအကွာအဝေးရှည်လေယာဉ်စစ်ဆေးမှုကို စမ်းသပ်ခဲ့ဖူးလောက်တယ်။ ဒီခရီးကနေတဆင့် မှော်လေသင်္ဘောမှာရှိတဲ့ ပြစ်ချက်များစွာကို ကျွန်မတွေ့ခဲ့ရသေးတယ်လေ။ ကျွန်မတို့သာ ပြန်ရောက်လို့ ဒီပြစ်ချက်တွေကို တိုးတက်အောင်လုပ်မယ်ဆို မှော်လေသင်္ဘောက အရင်ကထက် အများကြီးပိုကောင်းလာလိမ့်မယ်လို့ ကျွန်မယုံကြည်တယ်!"

ရှုယီက မပြုံးမိဘဲ မနေနိုင်တော့ပေ၊ "ကျုပ်ပြောမယ် အီဗီတာ, မှော်လေသင်္ဘောက ခင်ဗျားရဲ့ အဖိုးတန်ဆုံး လက်ရာပဲ၊ ဘယ်လိုလုပ် ဒီပြစ်ချက်တွေအားလုံးရှာတွေ့တာကို အရမ်းပျော်နေရတာလဲ?"

အီဗီတာ၏ သိမ်မွေ့ဟန်က ယုံကြည်ချက်ရှိရှိ တစ်ချက်ပြုံးပြလာသည်။

"ဥက္ကဌ ရှင် ကျွန်မတို့ကို အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးတာပဲ၊ စမ်းသပ်ခြင်းဆိုတာက ပြဿနာတွေကို ရှာဖွေတဲ့ဖြစ်စဉ်ဖြစ်ပြီး ပြဿနာတွေကို ပိုရှာတွေ့တာက စမ်းသပ်မှုကို ပြည့်ပြည့်စုံစုံလုပ်လိုက်တဲ့ အဓိပ္ပာယ်ပဲလေ။ ကျွန်မတို့သာ ဒီအကွာအဝေးရှည်စမ်းသပ်ပျံသန်းမှုသာ မလုပ်ခဲ့ရင် ဒီပြစ်ချက်တွေအားလုံးကို ရှာတွေ့ခဲ့မှာမဟုတ်ဘူး။ ဒါဆို ထုတ်လုပ်တဲ့အခါမှာ အသုံးပြုတဲ့အခါမှာ ပြဿနာတွေဖြစ်လာပြီး.... မတော်တဆတွေတောင်... ဖြစ်နိုင်တယ်....."

ထိုသို့ပြောရင်း အီဗီတာ၏ အမူအရာက အနည်းငယ် လေးနက်လာသည်။

"ဥက္ကဌ ရှင်က မှော်လေသင်္ဘောကို သာမန်လူတွေကိုလည်း ကောင်းကင်မှာ ပျံသန်းခွင့်ပေးချင်တဲ့ မျှော်လင့်ချက်နဲ့ သုံးချင်တာမဟုတ်လား။ ဒါဆို မှော်လေသင်္ဘောက ပြဿနာ‌တစ်ခုခုရှိရင် မှော်ပညာရှင်တွေလို လေထဲ မပျံနိုင်တဲ့ သာမန်လူတွေကျတော့ မတော်တဆအပြင်းအထန်ဖြစ်နိုင်သလို လူတိုင်းက ဒါကို တောင့်ခံနိုင်မှာမဟုတ်ဘူး။"

"ဒီတော့ မင်းက မှော်လေသင်္ဘောကို အစုလိုက်အပြုံလိုက်ထုတ်လုပ်ဖို့ အမြဲဆန့်ကျင်ခဲ့ပြီး ဘုရင်မကြီးဆယ်ဗီနီနဲ့ သဘောတူညီချက်ကို ကျုပ်ဆန့်ကျင်တာတောင် စိတ်မကွက်ဘဲ နေခဲ့တာပေါ့?" ရှုယီက အပြုံးဖြင့်မေးသည်။

"ဟုတ်တယ်။" အီဗီတာက လေးနက်ဟန်ဖြင့် ခေါင်းတစ်ချက်ငြိမ့်သည်၊ "မှော်လေသင်္ဘောနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုခုရှိလာရင် အကျိုးဆက်တွေက အရမ်းပြင်းထန်လောက်တယ်။ ဒီတော့ ကျွန်မ အရမ်း အရမ်း အရမ်းကို ဂရုစိုက်ရမယ်။"

အီဗီတာက "အရမ်း"ဟူသည့်စကားကို သုံးကြိမ်သုံးလိုက်သည်အား ကြားသော် ရှုယီမှာ အီဗီတာကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် ရုတ်တရတ် ထရယ်လိုက်မိသည်။

"ကောင်းတယ် အရမ်းကောင်းတယ်! အီဗီတာ ကျုပ် တကယ်ပဲ မင်းနဲ့ပတ်သက်ပြီး မမှားခဲ့ဘူး။ မှော်လေသင်္ဘောလိုမျိုး တိကျပြီး ကောင်းမွန်တဲ့မှော်စက်တစ်ခုကို လေ့လာတာက မင်းနဲ့ တကယ်ပဲ လိုက်ဖက်ပါတယ်။"

"ဟမ့်! ဥက္ကဌ ရှင်က ကျွန်မရဲ့ သုတေသနကျတော့ မကောင်းသလို မတိကျဘူးလို့ပြောချင်တာလား?"

နောက်မှ အာကာလီ၏ မကျေနပ်သော အသံထွက်လာ၏။

ရှုယီလှည့်ကြည့်လိုက်သော် ရုတ်တရတ်ပေါ်လာသည့် အာကာလီမှာ အနည်းငယ်ရယ်ရွှင်ဖွယ်ကောင်းသည်ဟု ခံစားမိသည်။ သူက ခေါင်းခါ၍ ဆို၏၊ "ဒါက မတူညီတဲ့ ပုံစံမျိုးပါပဲ။ မင်းရဲ့သုတေသနကျတော့ ရဲတင်းပြီး ရူးသွပ်တဲ့ အတွေးမျိုး လိုအပ်ပေမယ့်လည်း အီဗီတာရဲ့ သုတေသနကျတော့ အနုအရင့် ရှုထောင့်တွေကိုသုံးသပ်ဖို့ လိုအပ်တယ်။ မင်းက အီဗီတာရဲ့သုတေသနဲ့ မလိုက်ဖက်သလို သူမကလည်း မင်းရဲ့သုတေသနနဲ့ မလိုက်ဖက်ဘူး။"

အာကာလီက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်၏၊ "ဒီလိုမှပေါ့။"

ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ပေ။ သူဟာ အီဗီတာဘက်လှည့်ကာ လက်လှမ်းလိုက်သည်။

"လမ်းမှာ မြေမျက်နှာသွင်ပြင်ကို မှတ်တမ်းတင်ဖြစ်ခဲ့လောက်မှာပေါ့? မြေပုံကို ကြည့်ရအောင်"

အီဗီတာက သဘောတူကာ ထိန်းချုပ်နေရာအောက်ဘက်မှ စာအုပ်လေးတစ်အုပ်ထုတ်ကာ ရှုယီဆီပေးလိုက်သည်။

၎င်းစာအုပ်လေးကို ဖွင့်လိုက်သော် ကောင်းမွန်စွာ ဆွဲသားထားသည့် မြေပုံများစွာကို ရှုယီတွေ့လိုက်ရ၏။

နောက်ဆုံး‌မြေပုံမှာ မီရန်ဒိုနယ်မြေ၏ အရှေ့ပိုင်းနှင့် နော်တွန်နယ်မြေ၏ အနောက်အလယ်ပိုင်းတို့ ပါဝင်သည်။

သို့သော် အနှီမြေပုံများမှာ မှော်လေသင်္ဘောက စတက်တိန်းနယ်မြေမှ တစ်ဖြောင့်တည်း ပျံသန်းလာကာ မီရန်ဒိုနယ်မြေ နော်တွန်နယ်မြေတို့ကို လှည့်ပတ်ရန် အချိန်မလုံလောက်သဖြင့် မ‌ပြည့်စုံသေးပေ။

ရှုယီမှာ ထိုမြေပုံများကို ယူ၍ ယခင်က ပြုလုပ်ထားသည့် စတက်တိန်းနယ်မြေ၏ ရိုးရှင်းသော မြေပုံတစ်ခုကို ထုတ်ယူလိုက်သော် မြေပုံ၌ ကြီးကြီးမားမားခြားနားချက် အတော်အတန်ရှိနေကြောင်း တွေ့ရလေသည်။

သေချာစဉ်းစားကြည့်သော် ထိုကြီးကြီးမားမားခြားနားချက်များအတွက် အကြောင်းအရင်းနှစ်ရပ်ရှိသည်ဟု ခံစားလိုက်ရသည်။

တစ်ခုမှာ စိုင်စ်နယ်မြေကြီးရဲ့ ရိုးရှင်းသော မြေပုံကို ရေးဆွဲခဲ့သူက လိုအပ်ချက်များအားလုံးကို မဖြည့်နိုင်ခြင်းပင်။ ထို့ကြောင့် မြေပုံကိုဆွဲချိန်တွင် တိကျသည့် အချက်အလက်မရှိသဖြင့် ဆွဲသားထားသည့်မြေပုံမှာ မတိကျနေခြင်းဖြစ်သည်။

နောက်အကြောင်းအရင်းတစ်ခုမှာ အီဗီတာထံ၌ ထိုပုဂ္ဂိုလ်ကဲ့သို့ တူညီသည့် မြေပုံဆွဲသားခြင်း ကျွမ်းကျင်မှုမရှိခြင်းပင်။

သို့သော် ထိုဗဟုသုတပိုင်းက စိုင်စ်နယ်မြေကြီး၌ အရေးမပါသလို ရှုယီကလည်း မလေ့လာခဲ့သောကြောင့် သဘာဝကျကျပင် အီဗီတာကို လမ်းညွှန်မပေးနိုင်ခဲ့ပေ။

သို့သော် အီဗီတာ၏ မြေပုံများထံ၌ အမှားအချို့ ရှိနေသဖြင့် အကြည့်တစ်ချက်နှင့် မြင်နိုင်သလို ညွှန်လည်းပြနိုင်သညိ။

၎င်းတို့အားလုံး အနည်းငယ်မျှ ဝိုင်းဖွဲ့နေကြပြီးနောက် အာကာလီက ရုတ်တရတ်မေးလာ၏၊ "ဥက္ကဌ ရှင်ဘာလို့ မြေပုံဆွဲတာကို ဒီလောက် ဂရုစိုက်နေရတာလဲ? ဘာပဲဖြစ်ဖြစ် ယေဘုယျတည်နေရာကတင် လုံလောက်နေပြီလို့ ထင်တာပဲ။"

"မဟုတ်ဘူး လုံလောက်ဖို့ဝေးသေးတယ်။" ရှုယီက အလေးအနက်ဖြင့် ခေါင်းခါသည်၊ "တိကျတဲ့ မြေပုံတစ်ခုက ကိစ္စတွေကို ကျုပ်တို့အတွက် ပိုပြီး အဆင်ပြေစေတယ်။ ကျန်တာမပြောနဲ့ဦး အနည်းဆုံးတော့ ကျုပ်တို့ တစ်ဖန်ပြန်လာတဲ့အခါကျရင် ဘာအလွဲမှ မရှိလောက်ဘူးပေါ့။ ဒါပေါ့ တခြားလုပ်ဆောင်ချက်တွေများစွာရှိသေးတယ်....."

အာကာလီက ပခုံးတစ်ချက်တွန့်ကာ ဥက္ကဌမှာ စိတ်ထဲ ဇာတ်ကွက်တစ်ခုရှိလောက်သည်ဟု စဉ်းစား‌လိုက်သော်လည်း သူမကတော့ ၎င်းကို စိတ်မဝင်စားပေ။ သူမဟာ မြေပုံကို တစ်ဖန်ကြည့်၍ မေးသည်၊ "ဒါဆို နောက်ထပ် ဘယ်ကိုသွားသင့်လဲ? ဥက္ကဌ ရှင်မတိုင်ခင်က ကျွန်မတို့ကို ပိုပြီးတောင်ဝေး‌တဲ့ နေရာဆီ ခေါ်သွားဖို့လိုတယ်လို့ ပြောခဲ့တယ်လေ။"

"အင်း အဲ့နေရာက ဒီကနေဆို ကီလိုမီတာ ရာချီ ဒါမှမဟုတ် ကီလိုမီတာ တစ်ထောင်လောက်ရှိတယ်။" ရှုယီမှာ မြေပုံနှစ်ခုကို ထုတ်ကာ ၎င်းတို့ထက်ရှိ နေရာနှစ်ခုကို ညွှန်ပြလာသည်။

"ဒီမှာ ဒါက ဒီနေရာပဲ"

အာကာလီနှင့် အီဗီတာတို့မှာ ၎င်းကိုကြည့်လိုက်ပြီးနောက် အံ့ဩဟန်များပြလာကြသည်။

"ဥက္ကဌ ဒါက ပင်လယ်မဟုတ်ဘူးလား?"

***

All Chapters