← Chapters

မိတ်ဆွေသစ်များ

Vol. 18 Ch. 265

မိတ်ဆွေသစ်များ

Vol. 18 Ch. 265

တောအုပ်အတွင်းပိုင်းတစ်နေရာတွင် ဖရိုဖရဲဖြစ်နေသည့်သဏ္ဌာန်များ တောအုပ်အပြင်ပိုင်းဆီ ဒယိမ်းဒယိုင်ပြေးလာကြသည်။ သွေးများလည်း အဆက်မပြတ်ထွက်နေသည်။

"ဟူး...ဟူး..."

"သောက်တလွဲကွာ။ ရွှေသန္ဓေအဆင့်သားရဲတွေက တစ်ကိုယ်တည်းနေတတ်ကြတာပါ။ အဖွဲ့လိုက် တစ်ခါမှ မလှုပ်ရှားပါဘူး။ ဘာလို့ ဒီလောက်ရွှေသန္ဓေအဆင့်တွေအများကြီး ရှိနေရတာလဲ"

စုန့်ဟွာ ပြေးနေရင်းမှ ညည်းညူလိုက်သည်။

"ဘယ်သူသိနိုင်မှာလဲ။ အခု ဒါတွေအရေးမကြီးဘူး။ ပြေးသာပြေး"

"အဲဒါ မင်းတို့အမှားကွ။ ပြီးခဲ့တဲ့တစ်ခေါက် အဝေးပို့မှော်အ‌ဆောင်သုံးပြီး အသစ်ထပ်မဝယ်ဘဲ အားလုံးကို တောထဲအတင်းပြန်ခေါ်လာတာ"

"ဒီလိုဖြစ်လာမယ်မှန်း ငါဘယ်သိမလဲ။ ရွှေသန္ဓေအဆင့်သားရဲတွေ အဖွဲ့လိုက်လူပ်ရှားတာမျိုး မြင်ဖူးလားလို့ ဟိုသက်တော်စောင့်နှစ်ယောက်ကို မေးကြည့်ပါ"

"သခင်လေးတို့၊ ရန်ဖြစ်မနေကြပါနဲ့တော့ အခုအရေးကြီးဆုံးက တောအုပ်အစွန်ကိုရောက်ဖို့ပဲ။ ဒါမှ အန္တရာယ်ကလွတ်မှာ။ အပြစ်တင်ချင်ရင် နောက်မှတင်ကြပါ"

သက်တော်စောင့်နှစ်ယောက် ချွေးများရွှဲနစ်နေသည်။ ထိုသခင်လေးများသည် အလုပ်အကျွေးပြုရခက်မှန်း သူတို့သိသည်။ ပြီးခဲ့သည့်တ်စခေါက်က နတ်ဝိညာဉ်အဆင့် အစွယ်‌ခြောက်ချောင်းဆင်ဖြူနှင့် တွေ့ခဲ့သည်။ ဤတစ်ကြိမ် ဘာကြောင့်မှန်းမသိဘဲ ရွှေသန္ဓေထိပ်တန်းအဆင့် သားရဲများကို ရန်စမိသည်။

ဘယ်လိုကံကြမ္မာမျိုးလဲမသိတော့။

သက်တော်စောင့်လုပ်ခဲ့သည့် သက်တမ်းတစ်လျှောက် ထိုမျှထူးဆန်းသည့်အခြေအနေမျိုး သူတို့မကြုံးဖူးခဲ့။ သူတို့အဖော်တစ်ယောက် လိုက်လာသည့်သားရဲများ၏ ခြေသည်းချက်ကြောင့် သေသွားပြီးဖြစ်သည်။

"အာဝူး.."

နောက်မှလိုက်နေသည့် သားရဲများတွင် သွေးဆာရက်စက်သည့်အကြည့်နှင့် မျက်လုံးတစ်ဘက်လတ်သင်းကွဲဝံပုလွေတစ်ကောင်ပါသည်။ ထိုဝံပုလွေက သက်တော်စောင့်တစ်ယောက်ကို သတ်ခဲ့ခြင်းဖြစ်သည်။

ထိုဝံပုလွေတွင် သွေးနီရောင် ခြေလေးချောင်းရှိသည်။ သူ့ပြေးနှုန်းက အလွန်လျင်မြန်ပြီး ပျံသန်းနေသယောင်ထင်ရသည်။

ဆွဲဆွဲငင်ငင်တစ်ချက်အူလိုက်ပြီး‌နောက် အရှိန်ကိုထပ်မြှင့်၍ စုန့်ဟွာတို့နောက်သို့ အတင်းထိုးလိုက်သည်။

"သောက်ခွေး၊ အဲဒါ တိမ်နီဝံပုလွေပဲ။ အရင်က ဝံပုလွေဘုရင်ဖြစ်ခဲ့ဖူးပုံရတယ်။ ဝံပုလွေခေါင်းဆောင်သစ်က သူ့ကိုအနိုင်ယူပြီး မောင်းထုတ်လိုက်တာပဲ"

စုန့်ဟွာ ကျိန်ဆဲလိုက်သည်။

စုန့်ဟွာစကားကြောင့် သင်းကွဲဝံပုလွေအကြည့်က ပိုအေးစက်လာသည်။ နောက်ခြေနှစ်ချောင်းကို ကန်ထုတ်ပြီး ခုန်ပျံလိုက်သည်။ စုန့်ဟွာလည်ပင်းကို ကိုက်ခဲရန် ဝင်လာသည်။

စုန့်ဟွာနောက်လှည့်ကြည့်ချိန်တွင် ထိုအဖြစ်ကိုမြင်ပြီးနောက် မျက်နှာဖြူရော်သွားသည်။ သေခြင်းအရိပ်ကို သူမြင်နေရပြီဖြစ်သည်။

သေတော့မည်ဟု တွေးနေချိန်တွင် သူ့ဘေးမှ ဓားအော်သံတစ်ချက် ကြားလိုက်ရသည်။

"ဖျောင်း"

ဓားသံက တိုသည်။ အားပြင်းသည်။ ထူးခြားသည့် ညှို့ငင်စွမ်းတစ်ခုပါသည်။ ဓားပညာကျွမ်းကျင်သူသာ ထိုဓားချက်မျိုး ထုတ်နိုင်သည်။

ဓားဦးက သင်းကွဲဝံပုလွေထံ တိုးဝင်သွားသည်။ ဝံပုလွေသားရဲ လန့်ဖျတ်သွားပြီး ရှောင်တိမ်းရန် ကြိုးစားသည်။

သို့သော် ဓားချက်ကမြန်လွန်းသဖြင့် သူမရှောင်နိုင်တော့။

သွေးနီရောင်ပါးစပ်ကိုဟ၍ ဓားကိုထိပ်တိုက်ရင်ဆိုင်ရသည်။

ချင်ဖုန်းဓားက ဝံပုလွေ၏သွားများနှင့် ထိခတ်သွားသည်။ ကျောရိုးထဲစိမ့်လောက်သည့် စူးရှသည့် ပွတ်တိုက်သံတစ်ခု ပေါ်လာသည်။

သင်းကွဲဝံပုလွေပါးထဲတွင် သွေးများပြည့်နက်သွားသည်။ ချွန်ထက်သည့်သူ့သွားများ တစ်ဝက်လျော့သွားသည်။

လုယန် ဓားကိုနောက်တစ်ကြိမ် ခုတ်သည်။

ထိုအချိန်တွင် တစ်ခြားလူသုံးယောက်လည်း ကျန်နေသည့်သားရဲသုံးကောင်ကို ရင်ဆိုင်သည်။

ရုတ်တရက် အင်အားအကူရောက်လာသဖြင့် စုန့်ဟွာတို့လူစု မင်သက်မိနေသည်။ ကူတိုက်ရမလား ဆက်ပြေးရမလား နေရာတွင်ရပ်နေရမလား မခွဲခြားတတ်တော့။

သူတို့ သိပ်တွေးချိန်မရလိုက်။ သင်းကွဲဝံပုလွေ၏ဦးခေါင်း လွင့်ပျံသွားသည်။ သေသွားသည်မှာ သံသယဖြစ်စရာမလို။

လုယန် ချင်ဖုန်းဓားကို ပြန်သိမ်းသည်။ ဝံပုလွေသွေးစက်တစ်ချို့ သူ့မျက်နှာပေါ် စင်ကျန်ခဲ့သည်။

"သတိထား၊ ကောင်းကင်မှာ နောက်ထပ်သားရဲတစ်ကောင်ရှိတယ်"

စုန့်ဟွာ အော်ဟစ်လိုက်သည်။

ရွှေသန္ဓေအဆင့်ရောက်လျှင် သားရဲများ ကောင်းကင်တွင် ပျံသန်းနိုင်သည်။ စုန့်ဟွာတို့လူစု လေထဲမှထွက်ပြေးရန် ကြိုးစားခဲ့သည်။ သို့သော် နတ်ဆိုးငှက်ကြီးတစ်ကောင် ကောင်းကင်တွင်ဝဲနေသဖြင့် အခက်ကြုံခဲ့သည်။ ပျံသန်းထွက်ပြေးသူမှန်သမျှကို တိုက်ခိုက်ခံရမည်ဖြစ်သည်။

လုယန်ကိုမြင်သည်နှင့် နတ်ဆိုးငှက်က တောင်ပံတစ်ချက်ခတ်၍ မြားတစ်စင်းပမာ လုယန်ဆီ ထိုးစိုက်လာသည်။

လုယန် နတ်ဆိုးငှက်ကို သတိထားမိပြီးဖြစ်သည်။ မော့မကြည့်တော့ဘဲ ချင်ဖုန်းဓားကို အသာမြှောက်လိုက်သည်။ မနက်ပိုင်း အကြောဆန့်သည့်ပုံစံလို ထင်ရသည်။ နတ်ဆိုးငှက်က ဓားဦးနှင့်ဝင်တိုက်မိသည်။ ဦးခေါင်းဟက်တက်ကွဲသွားသည်။

"မင်းတို့အဆင်ပြောရဲ့လား"

လုဟန် စိုးရိမ်စိတ်ဖြင့် လှမ်းမေးသည်။

"ခင်ဗျားက ဘယ်သူလဲ"

စုန့်ဟွာတို့လူစု အံ့အားသင့်နေသည်။ လုယန်လို အခြေတည်ထိပ်တန်းအဆင့်တ်စယောက်က သင်းကွဲဝံပုလွေနှင့် နတ်ဆိုးငှက်ကို ဘယ်လိုသတ်ဖြတ်နိုင်သည်မသိ။

"ကျွတ်..ငါမင်းထက် နှေးနေသေးတာပဲ"

မုန်ကျင်းကျိုးလည်း သားရဲတစ်ကောင်သတ်ပြီးဖြစ်သည်။ သူ့လက်သီးနှစ်ဘက်တွင် သွေးများနီရဲနေသည်။

"မုန်ကျင်းကျိုးလား"

စုန့်ဟွာ မျက်လုံးပြူးသွားသည်။

"မင်းက...စုန့်မိသားစုက စုန့်ဟွာလား"

မုန်ကျင်းကျိုး ဇဝေဇဝါမျက်နှာဖြင့် ပြန်မေးသည်။ သူ့ရှေ့မှလူက ဖရိုဖရဲပုံစံဖြင့် ဖုန်မှုန့်မြေမှုန့်အလူးလူးဖြစ်နေသည်။ သူမှတ်မိသည့် စုန့်သခင်လေးနှင့်မတူဘဲ ဒုက္ခသည်တစ်ယောက်နှင့် ပိုတူနေသည်။

စုန့်မိသားစုသည် မုန်မိသားစုလောက် နာမည်မကျော်သော်လည်း နန်းမြို့တော်တွင် အဆင့်အတန်းမြင့်သည့် မိသားစုကြီးတစ်ခုဖြစ်သည်။ မုန်ကျင်းကျိုး စုန့်ဟွားနှင့် နောက်ဆုံးအတူရှိခဲ့ချိန်က အပျော်စီးလှေပေါ်တွင်ဖြစ်သည်။ သီချင်းဆို၍ ကခုန်နေခဲ့ကြသည်။ နန်းတွေ့က‌ချေသည်များထက်ပင် ပိုသာသည်။

"ဟုတ်တယ်၊ ကျုပ်ပါ"

ကယ်တင်ရှင်များကြားတွင် မုန်ကျင်းကျိုးပါနေမည်ဟု သူထင်မထား။ မုန်ကျင်းကျိုးပျောက်နေသည်မှာ တစ်နှစ်ကျော်ကြာပြီဟု သူကြားသိထားသည်။

သို့သော် မုန်ကျင်းကျိုး၏ တည်ငြိမ်ခံ့ညားနေသည့်သွင်ပြင်အရ သူပျောက်သွားသည့်ကိစ္စက သံသယဖြစ်စရာကောင်းနေသည်။

"သူက မုန်ကျင်းကျိုးလား။ မုန်မိသားစုရဲ့ အကြီးဆုံးသားပေါ့"

စုန့်ဟွားနောက်မှလူများလည်း တအံ့တဩဖြစ်နေသည်။ သူတို့က စုန့်မိသားစု မျိုးနွယ်ခွဲများဖြစ်၍ မုန်ကျင်းကျိုးနှင့် တစ်ခါမှမတွေ့ဖူးကြ။

"မင်းရန်သူတွေက အဲလောက်တောင်များတာလား။ ဒီလိုတော့နက်ထဲမှာတောင် လာတိုးတယ်ပေါ့"

လုယန် စပ်စုလိုက်သည်။

မုန်ကျင်းကျိုး မျက်စောင်းထိုးသည်။

"မင်းဘိုးအေ ရန်သူလားကွ။ ငါမိတ်ဆက်ပေးမယ်။ သူက စုန့်ဟွာတဲ့။ နန်းမြို့တော် စုန့်မိသားစုက တတိယသားတော်ပဲ။ ငါ့ထက် အသက်နည်းနည်းကြီးတယ်။ အရင်က မြို့တော်မှာ ငါနဲ့တွက်ဖက်တွေပဲ။ သူတို့လည်း ငါတို့လို တောနက်ထဲမှာ လေးကျင့်ရေးလာဆင်းတာဖြစ်မယ်။ မဟုတ်ရင်လည်း အတွေ့အကြုံရတစ်ချို့ရချင်လို့ ဖြစ်မှာပေါ့"

"တွေ့ရတာ ဝမ်းသာပါတယ်။ တာအိုလမ်းစဉ်ဂိုဏ်းက လုယန်ပါ"

"တာအိုလမ်းစဉ်ဂိုဏ်း"

စုန့်ဟွာ တအံ့တဩရေရွတ်လိုက်သည်။ သို့သော် အမြန်ဣန္ဒေဆည်လျက် ချက်ချင်းလက်ဆုပ်အရိုအသေပြုသည်။

"ဒါဆို တာအိုလမ်းစဉ်ဂိုဏ်းကမိတ်ဆွေပေါ့။ ဒီလိုစွမ်းရည်မျိုးရှိနေတာ မဆန်းတော့ပါဘူး"

ထိုသို့ဆိုလျှင် မုန်ကျင်းကျိုး တစ်နှစ်ကျော်ပျောက်နေခြင်းသည် တာအိုလမ်းစဉ်ဂိုဏ်းသို့သွား၍ လေ့ကျင့်နေခြင်းဖြစ်လိမ့်မည်။

ဤကိစ္စက ပေါ့သေးသေးမဟုတ်။ မုန်မိသားစုတစ်ခုတည်းပင် အတော်ပြဿနာပေးနိုင်နေပြီဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းက ထိုထက်ပိုကြောက်စရာကောင်းသည်။ ယခု မုန်ကျင်းကျိုးက ထိုနောက်ခံနှစ်ခုလုံးရှိနေသည်။ နောင်တစ်ချိန် သူ့ရန်သူများ တစ်လောကလုံးတွင် ပြည့်နေပေလိမ့်မည်။

မုန်ကျင်းကျိုး မျက်မှောင်ကျုံ့သွားသည်။

"မင်းစိတ်ထဲ အတော်ရိုင်းတဲ့အတွေးတစ်ခုခု ရှိနေသလိုပဲနော်"

"မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး"

သိပ်မကြာမီ ထောင်ယော်ယဲ့နှင့် အရိုးရိုင်းလည်း သက်ဆိုင်ရာသားရဲများကို အဆုံးသတ်နိုင်ခဲ့သည်။

"ကျွန်မတို့သားရဲတွေကိုလည်း ရှင်းပြီးပါပြီ"

ထိုနှစ်ယောက်လည်း အခြေတည်ထပ်တန်းအဆင့်များဖြစ်ပြီး တိုက်ခိုက်ပြီးနောက်မှာပင် အင်္ကျီများ အစုတ်အပြဲမရှိသည်ကို စုန့်ဟွာ သတိထားမိသည်။

လုယန်တို့လေးယောက်သည် နှစ်လလုံးလုံး တောနက်ထဲတွင်သာ လေ့ကျင့်နေခဲ့သည်။ တောင်ကြားမြို့သို့ သုံးခေါက်သာပြန်သည်။ ကျန်သည့်အချိန်အားလုံး တော်အုပ်ထဲတွင်သာ ကိုယ်ရည်သွေးရင်း ကုန်ဆုံးခဲ့သည်။

ထို့ကြောင့် ယခု သာမန်ရွှေသန္ဓေထိပ်တန်းအဆင့်သားရဲများသည် သူတို့ကို အန္တရာယ်ပေးနိုင်စွမ်းမရှိတော့။

"စုန့်သခင်လေး။ ပြောပါဦး။ ရွှေသန္ဓေသားရဲအုပ်စုက မင်းတို့နောက်ကို ဘာလို့ဒေါသတကြီး လိုက်နေတာလဲ"

မုန်ကျင်းကျိုးက ပျင်းရိပျင်းတွဲ မေးလိုက်သည်။

စုန့်ဟွားသည် အရိုးရိုင်းလို နတ်ဆိုးသားရဲများ၏အမုန်းတရားကို လှုံ့ဆော်နိုင်သည့် သွေးဆက်မျိုးလည်းမရှိ။ ရွှေသန္ဓေသားရဲတစ်ကောင်နှစ်ကောင်ဆိုလျှင် နားလည်နိုင်သေးသည်။ သို့သော်ယခု သူတို့နောက်သို့ သားရဲငါးကောင်လိုက်လာခြင်းဖြစ်သည်။

စုန်ဟွားတို့လူစု မချိပြုံးပြုံးလိုက်သည်။

"ငါတို့လည်း ဘာကြောင့်မှန်း သေချာမသိပါဘူး။ ခါတိုင်းထက် တောနည်းနည်းပိုနက်တဲ့နေရာကို ဝင်ခဲ့ရုံပါပဲ။ ငါတို့အားထုတ်မှုကိုပြဖို့ နည်းနည်းအရည်သွေးမြင့်တဲ့ နတ်ဆိုးသားရဲတွေ အမဲလိုက်ဖို့ တွေးခဲ့တာပါ။

အတော်ထူးဆန်းတယ်။ တောနက်ပိုင်းမှာ ရွှေသန္ဓေအဆင့်သားရဲတွေရှိတတ်ပါတယ်။ ဒါပေမယ့် မတွေ့တာတောင် အတော်ကြာပြီ။ နောက်ဆုံးအခြေအနေကတော့ မင်းမြင်တဲ့အတိုင်းပဲလေ။ ငါးကောင်တစ်ပြိုင်တည်းပေါ်လာတယ်။ တစ်ကောင်က ငါတို့သက်တော်စောင့်တစ်ယောက်ကို ဝါးမျိုသွားတယ်။

မင်းတို့ကူညီပေးတာ ကျေးဇူးပါ။ မဟုတ်ရင် ဒီနေ့ ဒီတောထဲမှာပဲ ငါသေခဲ့မယ်ထင်တယ်"

အန္တရာမှလွတ်လာပြီဖြစ်၍ စုန့်ဟွာ စိတ်သက်သာရာရသွားသည်။ သေခါနီးအခြေအနေကြုံခဲ့ရသဖြင့် နတ်ဆိုးချုပ်တောင်ကြားသို့ပြန်ပြီး လှေပျံပျံစီး၍ မိသားစုဆီပြန်သွားဖို့သာ သူဆုံးဖြတ်လိုက်သည်။

ဤခရီးမှ ရလာသည့်အကျိုးအမြတ်များက သူတို့မိသားစုဆီ ပြန်အစီရင်ခံဖို့ လုံလောက်ပြီးဖြစ်သည်။ နောက်ထပ် စွန့်စားစရာမလိုတော့။

လုယန်တို့အဖွဲ့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်သည်။ ဤတောနက်ထဲတွင် လူမသိသူမသိ အပြောင်းအလဲတစ်ခု ရှိနေသည်မှာ သေချာသည်။

All Chapters