← Chapters

မူထန်မြက်

Vol. 18 Ch. 266

မူထန်မြက်

Vol. 18 Ch. 266

နှစ်လကြာလေ့ကျင့်ပြီးနောက် လေးယောက်လုံး တောနက်အကြောင်း ကောင်းကောင်းသိထားပြီးဖြစ်သည်။

ပုံမှန်အားဖြင့် ရွှေသန္ဓေအဆင့်သားရဲများသည် မာနထောင်လွှားကြသည်။ အရိုင်းမျိုးနွယ်သွေးဆက်လို အားလုံးမုန်းတီးသည့် စွမ်းအင်မျိုးပေါ်မလာလျှင် စုပေါင်းတိုက်ခိုက်မှုမျိုး မလုပ်ကြ။

"တကယ်ထူးဆန်းတာပဲ။ ကျုပ်သွေးဆက်ဟာ သားရဲတွေကိုး နှိပ်ကွပ်နိုင်ရမှာ။ ဒါပေမယ့် ခုနကတိုက်ပွဲမှာ အဲလိုမျိုးမခံစားခဲ့ရဘူး"

ခုနက စုန့်ဟွာတို့နောက်လိုက်လာသည့် သားရဲများအား တိုက်ခိုက်ရသည့်အတွေ့အကြုံကို အရိုးရိုင်းပြန်သတိရလာသည်။

သားရဲများအပေါ် သူတို့မျိုးနွယ်သွေးဆက်သည် အမြဲသက်ရောက်မှုရှိ။ သွေးဆက်နှိုးဆွပြီးကတည်းက ထိုအခြေအနေမျိုး တစ်ခါမှ သူမကြုံဖူး။

လုယန် မျက်မှောင်ကျုံ့၍ အကြောင်းရင်းကို စဉ်းစားသည်။

"အဲ...ဒါကဘာလဲဟ"

စူးရှသည့်အော်သံတစ်ခုက လုယန်အတွေးစများကို ဖြတ်တောက်လိုက်သည်။

"စုန့်ဝူကောင်း၊ မင်းဘာလို့အော်နေတာလဲကွ"

စုန့်ဟွားက သူ့အဖော်ကို လှမ်းမာန်မဲလိုက်သည်။ အားလုံးက အတွေးနစ်နေကြစဉ် သူ့အော်သံကြောင့် အာရုံပျက်သွားကြသည်။

"ဒါကိုကြည့်ပါဦး"

ဟုန်ဝူကောင်းက မြေပေါ်တွင်ထိုင်၍ တုန်တုန်ရင်ရင်ဖြင့် ဗိုက်ဖွင့်ထားသည့် သားရဲကောင်ကို လက်ညှိုးထိုးပြနေသည်။

လုယန်တို့အဖွဲ့အတွက် ကျေးဇူးတုံ့ပြန်ဖို့ နတ်ဆိုးသန္ဓေထုတ်ပေးရန် သူကြိုးစားခဲ့သည်။ သို့သော် ထူးဆန်းသည့်သန္ဓေကို မြင်လိုက်ရသဖြင့် အကြောက်ကြီးကြောက်သွားသည်။

ဗိုက်ခွဲထားသည် သင်းကွဲဝံပုလွေဆီ လုယန်လျှောက်လာပြီး စစ်ဆေးကြည့်သည်။ ဒန်ထန်နေရာတွင် နတ်ဆိုးသန္ဓေတစ်ခုရှိသည်။ နည်းနည်းအရောင်မှိန်သည် အဝါရောင်သစ်ရွက်ခြောက်များ ရစ်ပတ်ထားသည်။ သစ်ရွက်များက ပါးလွာပြီး အထပ်လိုက်ရှိနေသည်။ အဖြူရောင်ချည်မျှင်နှင့်တူသည် အရာများဖြင့်ချိတ်ဆက်ထားသည်။ ချွဲကပ်ရှုပ်ထွေးနေသည်။

လုယန် ညာလက်တွင် ဝိညာဉ်စွမ်းအားထုတ်၍ ထူးဆန်းသည့်သန္ဓေကို ထုတ်ယူလိုက်သည်။

"ဒီသန္ဓေက ပုံမှန်ပါပဲ။ သစ်ရွက်တွေက မူမမှန်ဖြစ်နေတာ"

"တစ်ခြားကောင်တွေကို ခွဲကြည့်ရအောင်"

အားလုံး သားရဲများကို ဗိုက်ခွဲကြည့်သည်။ အဖြေချက်ချင်းသိရသည်။ သားရဲငါးကောင်လုံး၏သန္ဓေတွင် နွမ်းခြောက်နေသည့် အဝါရောင်သစ်ရွက်များ ရစ်ပတ်နေသည်။

လုယန် သူ့ဖတ်သမျှမှတ်သမျှ ပြန်စဉ်းစားကြည့်သည်။ သို့သော် ထိုသက်ရွက်များကို ခွဲခြားမသိ။

"ဒီသစ်ရွက်မျိုး မြင်ဖူးတဲ့လူရှိလား"

ဗဟုသုတနှံ့စပ်သည့် မုန်ကျင်းကျိုးပင် ခေါင်းခါနေသည်။

ထောင်ယော်ယဲ့နှင့် အရိုးရိုင်းလည်း ခေါင်းခါသည်။ သူတို့လည်း မသိ။

စုန့်မိသားစုဝင်များက သူတို့လောက်ပင် အတွေ့အကြုံမရှိ။ တွေ့ရများသည့် ဝိညာဉ်ပင်များလောက်သာ သိကြသည်။

နတ်ဆိုးချုပ်တောင်ကြားတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သည့် သက်တော်စောင့်နှစ်ယောက်လည်း ထိုသစ်ရွက်မျိုး မမြင်ဖူးကြ။

"ဒါမျိုးကို စာအုပ်တစ်အုပ်မှာ ကျုပ်မြင်ဖူးသလိုလိုပဲ။ ...မူထန်မြက်လို့ ခေါ်သလားမသိဘူး"

စုန့်ဝူကောင်းက ခပ်တိုးတိုးရေရွတ်သည်။

"မူထန်မြက်"

အားလုံး စုန့်ဝူကောင်းကို လှည့်ကြည့်ကြသည်။

စုန့်ဝူကောင်း အနေရခက်လာသည်။ ပင်ကိုယ်စရိုက်အရ ကြောက်တတ်သူဖြစ်ပြီး လူမှုပေါင်းသင်းဆက်ဆံရေးထက် စာအုပ်များဖတ်ရသည်ကိုသာ သူနှစ်သက်သည်။ ယခုလို လူပေါင်းများစွာ စိုက်ကြည့်ခံနေရသည့်အဖြစ်မျိုး သူမကြုံဖူး။

"ဝူကောင်း၊ မင်းဒီသစ်ရွက်အကြောင်းသိလား"

"နည်းနည်းရင်းနှီးတယ်လို့ ထင်လို့ပါ။ သေချာတော့မသိဘူး။ ကျမ်စာတိုက်က မဟာယုခေတ်ရှေးမှတ်တမ်းစာအုပ်ထဲမှာ မြင်ဖူးတာ။ သမားတော်တစ်ယောက်ရဲ့ မှတ်စုပါ။ မူထန်မြက်လို့ခေါ်တဲ့ ဝိညာဉ်ဆေးပင်အကြောင်း ဖော်ပြထားတဲ့။ ဆွဲထားတဲ့ပုံက ဒါနဲ့တူတယ်။

အရင်တုန်းက မူထန်မြက်ဟာ လမ်းဘေးမြက်တွေလိုပေါက်ခဲ့တာတဲ့။ ကိုယ်ယောင်ဖျောက်နိုင်စွမ်းရှိတယ်။ ဘေးပတ်လည်က အပင်တွေရဲ့ပုံစံမျိုး ပြောင်းလဲနိုင်တယ်။

အရွယ်ရောက်လာတဲ့အခါ သားရဲတွေကို အဟာရအဖြစ်စားသုံးပြီး ကိုယ်ပိုင်ကြီးထွားနှုန်းကို မြှင့်တင်တယ်။

ပြီးတော့ သားရဲကောင်ရဲ့ ကိုယ်ထဲမှာ ကပ်ပါးကောင်အဖြစ်နေနိုင်တယ်။ သားရဲတွေရဲ့လှုပ်ရှားမှုကို ထိန်းချုပ်ပြီး သူတို့အစာစားဖို့ အမဲလိုက်ခိုင်းနိုင်တယ်တဲ့။

"မူ"ဆိုတဲ့စာလုံးဟာ ကပ်ပါးကောင်စရိုက်သဘာဝကို ရည်ညွှန်းတယ်။ ထိန်းချုပ်တယ်လို့ အဓိပ္ပါယ်ရတယ်။

အလောင်းထိန်းချုပ်တဲ့ ပညာတွေကို သိကြတယ်မဟုတ်လား။ အဲဒီ့ပညာရပ်တွေကို တီထွင်ခဲ့တဲ့ ကျင့်ကြံသူဟာ မူထန်မြက်ရဲ့ စရိုက်သဘာဝကနေ စိတ်ကူးရခဲ့တာလို့ ပြောကြတယ်"

"မကောင်းဆိုးဝါးမြက်ပင်ပဲ"

မုန်ကျင်းကျိုး မျက်မှောင်ကျုံ့သွားသည်။ မူထန်မြက်သည် ယုတ်ညံ့သည့်သဘောမျိုးရှိသည်။

"နတ်မယ်၊ မူထန်မြက်အကြောင်း ခင်ဗျားကြားဖူးလား"

လုယန် နတ်မယ်ကို တိတ်တဆိတ်မေးလိုက်သည်။

"လွဲနေတာလေးနည်းနည်းတော့ရှိတယ်။ ဒါပေမယ့် ခြုံပြောရရင် သူပြောသွားတာ အတော်လေးတိကျပါတယ်"

နတ်မယ်က အတည်ပြုသည်။

လူအားလုံးစိတ်ဝင်စားနေသဖြင့် စုန့်ဝူကောင်း ရှင်းပြနေရင်း ပို၍စိတ်အားထက်သန်လာသည်။

"အကိုစုန့်ဟွာ၊ ဒီမူထန်မြက်က အရမ်းရျားတယ်။ စုစည်းခြင်းအဆင့်ကျင့်ကြံသူတွေတောင် မမြင်ဖူးကြဘူး။ ဒီမြက်က သူတို့ကျင့်ကြံမှုအတွက်လည်း အကျိုးရှိတယ်လေ။ ကျုပ်တို့သာ ဒါကိုရလို့ မိသားစုဆီပြန်ယူသွားပြီး ဘိုးဘေးကို လက်ဆောင်ပေးနိုင်ရင် စုန့်မိသားစုမှာ ကျုပ်တို့ရာထူးတည်မြဲဖို့ သေချာလောက်တယ်။

ဒီကိစ္စကို ကောင်းကောင်းစီမန်နိုင်ရင် အကိုစုန့် မျိုးနွယ်ခေါင်းဆောင်ရာထူးတောင် ရနိုင်တယ်"

"ဒီမြက်က တကယ်ဒီလောက်ထူးခြားတာလား"

"ထူးခြားတာပေါ့။ ကျုပ်ဖတ်တဲ့ ရှေးမှတ်တမ်းကို စုစည်းခြင်းအဆင့် သမားတော်တစ်ယောက် ရေးခဲ့တာ။ သူ့တစ်သက်တာမှာ မူထန်မြက် နှစ်ပင်ပဲတွေ့ဖူးတယ်တဲ့။ မှတ်တမ်းထဲမှာလည်း မူထန်မြက်ကို မူထန်ဆေးလုံးသန့်စင်လိုက်ရင် စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို အဆင့်ငယ်တစ်ခု တိုးမြှင့်ပေးနိုင်တယ်လို့ ဖော်ပြထားတယ်"

စုန့်ဟွာမျက်လုံးများ အရောင်တောက်လာသည်။ တကယ်တန်ဖိုးကြီးသည့် ရတနာဖြစ်သည်။ သို့သော် သူချက်ချင်း ငြိမ်ကျသွားသည်။

"အခုတောင် ငါတို့က မူထန်မြက်အမဲလိုက်တာ ခံရလုနီးပါးကြုံခဲ့တာ။ ငါတို့စွမ်းရည်နဲ့ ဒါကို အသက်ရှင်လျက်ရအောင် ဘယ်လိုယူနိုင်မှာလဲ။ ငါတို့ဦးလေးတွေကို သတင်းပို့ပြီး အကူအညီတောင်းတာက ပိုကောင်းပါတယ်"

"ဦးလေးတွေကို ဖြေရှင်းလိုက်ရင် ကျုပ်တို့ဘယ်လိုနာမည်ကောင်းရမှာလဲ။ စိတ်မပူပါနဲံ အကိုစုန့်ဟွာ၊ မူထန်မြက်ကို ကျုပ်တို့ကိုယ်တိုင် ရအောင်ယူနိုင်ခြေ တကယ်ရှိပါတယ်"

"ဘယ်လိုယူမှာလဲ"

"မူထန်မြက်က သားရဲဆယ်ကောင်အထိ ထိန်းချုပ်နိုင်တယ်။ ဒီသားရဲငါးကောင်က ရွှေသန္ဓေအဆင့်တွေပါ။ ဒီတော့ ရွှေသန္ဓေအဆင့်သားရဲတွေကိုပဲ ထိန်းချုပ်နိုင်သေးတဲ့သဘောပဲ။ ဒါကြောင့် သူထိန်းချုပ်ထားတဲ့ ရွှေသန္ဓေသားရဲ ငါးကောင်ပဲကျန်တော့မယ်။

မုန်သခင်လေးတို့ အကူအညီနဲ့ဆိုရင် ဒီငါးကောင်ကို စိုးရိမ်စရာမလိုပါဘူး"

စုန့်ဟွာ စဉ်းစားကြည့်သည်။ ကျိုးကြောင်းဆီလျော်သည်ဟု တွေးမိသည်။

မုန်မိသားစုနှင့် တာအိုလမ်းစဉ်ဂိုဏ်းကျင့်ကြံသူတို့တွင် တူညီသည့်အချက်တစ်ခုရှိသည်။ ကျင့်စဉ်အဆင့်မြှင့်ဖို့ ဆေးလုံးများကို မသုံးကြ။

ထို့ကြောင့် မုန်မိသားစုရောတာအိုလမ်းစဉ်ဂိုဏ်းပါ မူထန်မြက်ကို သူတို့နှင့် အပြိုင်လုကြမည်မဟုတ်။

"ဒါဆိုဒီလိုလုပ်ကြမယ်။ မူထန်မြက်ကို ငါရရင် ငါ့မိသားစုကို အစီရင်ခံတင်ပြပြီး မင်းတို့လေးယောက်ကို ဆုကြေးများများ ပေးခိုင်းမယ်"

စုန့်မိသားစုသည် ကတိတည်သည်ဟူ နာမည်ကြီးသည်။ သူတို့ကတိကို လုံးဝမဖျက်။

စုန့်ဟွာက ဘာကိုမှဖုံးကွယ်ခြင်းမရှိ။ သူ့ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပြောသည်။

အကယ်၍ တစ်ခုခုဖုံးကွယ်ထားပြီး နောက်ပိုင်းမှ မုန်ကျင်းကိုးသိသွားလျှင် မုန်နှင့်စုန့်မိသားစုကြား ဆက်ဆံရေးပျက်စီးသွားမည်။ အကောင်းထက်အဆိုးက ပိုများလိမ့်မည်။

အဖွဲ့ကိုယ်စားပြုအနေဖြင့် မုန်ကျင်းကျိုး သဘောတူလိုက်သည်။ အစောပိုင်းက အန္တရာယ်ကြီးလွန်းသည့် မူထန်မြက်ကို ရှင်းလင်းပစ်ဖို့ သူရည်ရွယ်ခဲ့သည်။ ထိုမြက်ပင်ကို အမဲလိုက်၍ အဟာရစားသုံးခွင့်ပေးထားလျှင် ထိခိုက်ပျက်စီးမှုများစွာ ဖြစ်လာနိုင်သည်။

"ငါတို့တိုက်ခိုက်ခံရတာ ဒီဘက်ပဲ။ ဒီတော့ မူထက်မြက်က ဒီဘက်မှာပဲ ရှိလောက်တယ်"

စုန့်ဝူကောင်းက သူတို့ထွက်ပြေးလာသည့်လမ်းကြောင်းကို ပြန်စဉ်းစား၍ ပြောသည်။ ပြေးလာသည့်အချိန်တွင် သူသည် စိတ်အငြိမ်ဆုံးလူဖြစ်၍ လမ်းကြောင်းကို မှတ်မိနေသည်။

"သွားကြစို့"

အနားယူပြီးနောက် တောနက်ပိုင်းသို့ ဦးတည်လိုက်ကြသည်။

လူဆယ်ယောက် တောနက်ကို ဖြတ်သန်းနေကြသည်။ ဝိညာဉ်အာရုံကို အလှည့်ကျဖြန့်ကျက်သည်။ မူထန်မြက်၏သဲလွန်စကို ရှာသည်။

"ရှေးမှတ်တမ်းမှာပြောထားတာက မူထန်မြက်ဟာ မှောင်မဲစိုထိုင်းတဲ့ ပတ်ဝန်းကျင်မျိုးကို ပိုကြိုက်တယ်တယ်။ အဲလိုနေရာတွေ ဦးစားပေးပြီးရှာပါ"

စုန့်ဝူကောင်းက ပြောသည်။

"သိပြီ"

.....

"တွေ့ပြီဟေ့၊ ဟိုနွယ်အိုင်အလယ်မှာပဲ"

စုန့်ဟွာ အော်ဟစ်လိုက်သည်။ သူ့အသံက စိတ်လှုပ်ရှားရိပ်ပြည့်နေသည်။

"သတိထားကြပါ။ မူထန်မြက်ထိန်းချုပ်ထားတဲ့ သားရဲတွေ ဒီနားမှာရှိနေနိုင်တယ်"

လုယန်က အားလုံးကို ဝိညာဉ်သိစိတ်မှ သတိပေးသည်။

သူ့စကားဆုံးသည်နှင့် သူတို့အထက်မှ သားရဲများဟိန်းဟောက်သံကို ကြားလိုက်ရသည်။

"ဂါး"

ခံ့ညားထည်ဝါသည့် သားရဲငါးကောင် အထက်ကောင်းကင်တွင် ပေါ်လာသည်။

"အစီအစဉ်အတိုင်း နှစ်ယောက်စီတွဲကြ။ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းကလူတွေ ဦးဆောင်မယ်။ စုန့်မိသားစုကလူတွေ ကူပေး။ သက်တော်စောင့်နှစ်ယောက်က သားရဲတစ်ကောင် တာဝန်ယူကြ"

"နားလည်ပါပြီ"

အားလုံး ချက်ချင်းလှုပ်ရှားကြသည်။ လုယန် သားရြတစ်ကောင်ကို ရင်ဆိုင်သည်။ စုန့်ဝူကောင်းက ကူညီသည်။ စုန့်ဟွားက မုန်ကျင်းကျိုးကို အားဖြည့်ပေးသည်။

"ရွှီး"

ချင်ဖုန်းဓားကို ဆွဲထုတ်လိုက်သည်။ ငွေရောင်အလင်းက တောင်ပသည့်လခြမ်းပမာ လေထုကို ထိုးခွဲသွားသည်။

ဓားအလင်းက ထက်မြက်သည့် လူသတ်စွမ်းအရိပ်အသွင်ပြောင်း၍ သားရဲကို ရင်ဆိုင်သည်။

ထောင်ယော်ယဲ့က နွံအိုင်အလယ်မှ မူထန်မြက်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် စိတ်ထဲတွင် တစ်မျိုးတစ်မည်ခံစားနေရသည်။

တစ်ခုခုမူမမှန်ဟု ခံစားရသော်လည်း ဘာကမူမမှန်သည်ကို သူမပြောတတ်။

All Chapters