ထာဝရမျိုးဆက်ဖြစ်တဲ့ ငါ့လက်ထောက်ကို အနိုင်ကျင့်ရဲသလား
Vol. 18 Ch. 269
ယွမ်ကျိကို သူချက်ချင်းမဆင့်ခေါ်သေး။ ယွမ်ကျိစရိုက်အရ တိုက်ခိုက်မကြည့်သေးဘဲ ဆင့်ခေါ်လျှင် အဆူအငေါက်ခံရနိုင်သည်။ သူနှင့်မူထန်မြက် ဘယ်သူအရင်ရိုက်ခံရမလဲတော့မသိ။
ထို့ကြောင့် နည်းနည်းမျက်နှာကောင်းရဖို့ ရွှေသန္ဓေအဆင့်ပြိုင်ဘက်တစ်ချို့ကို အရင်ဖြိုချခြင်းသည် အကောင်းဆုံးဖြစ်လိမ့်မည်။
"တိုက်ကြ"
မူထန်မြက် အမိန့်ပေးလိုက်သည်။ လူသားနှင့်သားရဲထိန်းချုပ်ခံများ အော်ဟစ်ကြုံးဝါး၍ ပြိုင်ဝင်တိုက်ကြသည်။
ကျင့်ကြံသူများက ရွံ့အလူးလူးဖြစ်နေသဖြင့် မူလရုပ်သွင်ကို ခွဲခြားမရ။
တစ်ယောက်က တဝီဝီလည်ပတ်နေသည့် ရွှေရောင်အပြားတစ်ခု ကိုင်ထားသည်။ ထိသည်နှင့် အသားကို အလွယ်တကူ ဖြတ်တောက်နိုင်စွမ်းရှိသည်။
နောက်တစ်ယောက်က စုတ်ပဲ့ဟောင်းနွမ်းနေသည့် ခွက်တစ်လုံးကိုင်ထားသည်။ သူတောင်းစားခွက်နှင့်တူသည်။
သားရဲတစ်ကောင်က တောင်ပံဖြန့်၍ ကောင်းကင်သို့တက်သွားပြီး ကြိုးကြာအော်သံတစ်ချက်ပေးသည်။
'တောအုပ်လမ်းညွှန်'စာအုပ်တွင် တောနက်အတွင်းပိုင်း၌ ငှက်နဂါးအသွင်ပြောင်းလဲနိုင်ခြေရှိသည်။ ရွှေသန္ဓေထိပ်တန်းအဆင့် ကြိုးကြာဖြူတစ်ကောင်ရှိသည်ဟု ဖော်ပြထားကြောင်း လုယန်မှတ်မိသည်။ ရွှေသန္ဓေထိပ်တန်းကျင့်ကြံသူတစ်ချို့ ထိုငှက်၏လက်ချက်ဖြင့် သေခဲ့သည်။
နောက်သားရဲတစ်ကောင်ကား ကျားလိုလို ကျားသစ်လိုလိုဖြ်စသည်။ အမြီးငါးချောင်းပါသည်။ နဖူးတွင် ဦးချိုတစ်ချောင်းပါသည်။ ကျောက်တုံးချင်းပွတ်တိုက်သည့်အသံမျိုး အော်ဟစ်သည်။
လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့် ရွှေသန္ဓေအလတ်တန်းဆင့် ရှေးဟောင်း'ကျန်း'သားရဲဖြစ်သည်။
မြင်းနှင့်တူသည့် သားရဲတစ်ကောင်လည်းရှိသည်။ မျက်လုံးများ အနက်ရောင်ဖြစ်သည်။ လူ့သီချင်းဆိုသံမျိုး အော်မြည်သည်။
ရွှေသန္ဓေအလတ်တန်းဆင့် ရှေးဟောင်းလုရှူသားရဲဖြစ်သည်။
"မင်းမှာ သားရဲတွေ ဒီလောက်အများကြီးရှိနေတာတောင် ငါ့ကိုလိုချင်သေးတယ်ပေါ့"
လုယန် ရယ်မောလိုက်သည်။ ဝိုင်းရန်ထားသည့် ရန်သူများအလယ်တွင် တည်ငြိမ်စွာရပ်နေသည်။
"ဒီလိုလောဘမျိုးဟာ မသေမျိုးလမ်းစဉ်မှာ ဝေးဝေးမရောက်နိုင်ဘူးကွ"
ကျင့်ကြံသူများသည် လောဘမလွန်ကဲသင့်ကြောင်း နတ်မယ်က လုယန်ကို အထပ်ထပ်သတိပေးခဲ့သည်။ လေဘသည် ယာယီကျေနပ်မှုကို ပေးနိုင်သော်လည်း ရေရှည်အောင်မြင်မှုအတွက် အဟန့်အတားဖြစ်စေသည်။
"မင်းအတွက်ပဲ မင်းစိတ်ပူပါ"
မူထန်မြက်က အရေးမစိုက်။
ရွှေစက်ဝိုင်းပြား ပျံထွက်လာသည်။ လည်ပတ်နေရင်းမှ လျှပ်စီးအလင်းများ ထုတ်လွှတ်သည်။ မြေပြင်တွင် အက်ကြောင်းတစ်ခု ဖြစ်လာသည်။
"ချွင်"
ချင်ဖုန်းဓားက လေထဲတွင် စက်ဝိုင်းပြားကို ကြားဖြတ်ရင်ဆိုင်သည်။
သို့သော် စက်ဝိုင်းပြား နှစ်ခုကွဲထွက်သွားပြီး ချင်ဖုန်းဓားကို ရှောင်ကွင်းသွားသည်။ လုယန်ဆီ ဦးတည်ပျံဝင်လာသည်။
လုယန် နောက်သို့ဆက်တိုက်ဆုတ်သည်။ ရွှေစက်ဝိုင်းပြားနှစ်ခုက အဆက်မပြတ်လိုက်သည်။ သူဘယ်နေရာရှောင်ရှောင် နောက်မှတောက်လျှောက်လိုက်သည်။ ပွတ်ကာသီကာလွတ်သွားသည်က လေးငါးကြိမ်ရှိသည်။
ချင်ဖုန်းဓားဖြင့် နောက်တစ်ကြိမ် ကာကွယ်ချိန်တွင် စက်ဝိုင်းပြားက လေးခုခွဲထွက်လာသည်။ အရှိန်လုံးဝလျော့မသွား။
"ကြည့်ရတာ ဒီရွှေစက်ဝိုင်းပြားတွေက ထိတဲ့အချိန်မှာ ပွားသွားပြီး ငါ့နောက်ကို ခြေရာခံလိုက်လာတဲ့ပုံပဲ"
ရွှေစက်ဝိုင်းပြားများ၏ စရိုက်လက္ခဏာကို သူချက်ချင်းသုံးသပ်မိသည်။ အတော်အခက်တွေ့နေသည်။
"မြေအောင်းပညာ်"
သူမြေထဲသို့ အောင်းသွားသည်။ ရွှေစက်ဝိုင်းပြားများ မြေကိုရိုက်ခတ်သည်။ ဆက်မရွေ့လျားနိုင်တော့။
သူသက်ပြင်းချ၍ လွတ်လမ်းရှာရန် ပြင်နေစဉ်မှာပင် အလင်းတန်းတစ်ခု မြေပြင်ကို ထိုးဖောက်လာသည်။ သူ့ကို မလှုပ်နိုင်အောင် ထိန်းချုပ်သည်။
အလင်းတန်းက သူ့ကို မြေထဲမှ ဆွဲထုတ်လိုက်သည်။
သူမော့ကြည့်သည်။ အကြောင်းရင်းမှန်ကို နားလည်သွားသည်။ ခွက်စုတ်၏စွမ်းအားဖြစ်သည်။
မလှုပ်မရှားနိုင်သည့် သူ့အခြေအနေကို အခွင့်ကောင်းယူ၍ သားရဲများစွာ သူ့ကိုဆွဲဖြဲရန် ခုန်ပျံဝင်လာကြသည်။
"ဒါက ထိန်းချုပ်ရတနာဖြစ်မယ်"
အတွေးဖြင့်ထိန်းချုပ်၍ ဓားစွမ်းအင်ရောင် ထုတ်လွှတ်လိုက်သည်။ ဘေးပတ်လည်ကို ရိုက်ခတ်သွားသည်။ မြေပြင်ကိုပြောင်းပြန်လှန်၍ သားရဲများတိုက်ခိုက်မှုကို ယာယီတားဆီးလိုက်သည်။
ဓားစွမ်းအင် နောက်တစ်ကြိမ် ပြန်ထုတ်သည်။ အထက်မှခွက်စုတ်ကို ချိန်ရွယ်၍ ခုတ်ဖြတ်သည်။
တောက်ပသည့် ဓားစွမ်းအင်နှင့် ခွက်စုတ် ရင်ဆိုင်တွ့သည်။ ရုတ်တရက် ခွက်ကပြန့်ကားလာပြီး အောက်ခြေတွင် ချိုင့်ခွက်တစ်ခု ပေါ်လာသည်။
ခွက်ပိုင်ရှင်၏လက်ဝါး အရောင်တောက်လာသည်။ ခပ်မှိန်မှိန်လျှပ်စီးအလင်းပါသည့် လက်ဝါးချက်များစွာ ရိုက်ထုတ်သည်။ လုယန်က အရဟတ်လက်သီးဖြင့် တန်ပြန်တိုက်ခိုက်သည်။
ကြိုးကြာအော်သံ အထက်ကောင်းကင်တွင် မြည်ဟိန်းသါားသည်။ ကြိုးကြာဖြူ ထိုးဆင်းလာသည်။ သူ့နှုတ်သီးက ဓားတစ်လက်ပမာ လုယန်ကို ထိုးဖောက်ရန်ချိန်ရွယ်ထားသည်။
"ချင်ဖုန်းဓား၊ သွားတော့"
ခွက်စုတ်ပိုင်ရှင်နှင့် ရင်ဆိုင်နေရင် ချင်ဖုန်းဓားကို စိတ်ဖြင့်ထိန်းချုပ်၍ အထက်မှတိုက်ခိုက်မှုကို ရင်ဆိုင်သည်။
သူ့ဝိညာဉ်အာရုံကို ဖြန့်ကြည့်လိုက်သည်။ ထိန်းချုပ်ခံလူသားနှင့်သားရဲများစွာ အသေတိုက်ကွက်ထုတ်ရန်ပြင်နေသည်ကို တွေ့လိုက်ရသည်။
ထိုတိုက်ခိုက်မှုများကြောင့် သူမသေနိုင်သော်လည်း အပြင်းအထန်ဒဏ်ရာရနိုင်သည်။
တိုက်ပွဲအရှိန်မြင့်လာချိန်တွင် လုယန်အာရုံတွင် အလင်းစက်ဝန်းတစ်ခုပေါ်လာသည်။ ထူထဲသည့်မြူကြားတွင် အလင်းစက်ဝန်းတစ်ခု လွှမ်းခြုံနေသလို ထင်ရသည်။ သူဖောက်ထွက်မမြင်နိုင်။
မြူများကို ရှင်းထုတ်၍ သေချာကြည့်ရန် ကြိုးစားချိန်တွင် ကျန်းသားရဲက တိုက်ခိုက်သည်။
မြေပြင်ကိုခွာဖြင့် ကုတ်ခြစ်လိုက်ပြီးနောက် လုယန်ကို ဦးချိုဖြင့်ဆောင့်ရန် ပြေးဝင်လာသည်။
ကျန်းသားရဲဦးချိုကို ချင်ဖုန်းဓားဖြင့် ခုတ်ဖြတ်ပစ်နိုင်ခဲ့သော်လည်း လုယန် ဒဏ်ရာရသွားသည်။ ဦးချိုတိုက်ချက်က သူ့ခါးကိုထိုးဖောက်သွားပြီး သွေးများတရဟောစီးကျလာသည်။
သွေးတိတ်ဆေးတစ်ခု အမြန်သောက်လိုက်သည်။
လုရှူသားရဲက လေထဲမှဆင်းလာသည်။ ခွာလေးဘက်ဖြင့် လုယန်ကို နင်းခြေရန်ကြိုးစားသည်။
လုယန် လက်ဝါးနှစ်ဘက်ကို ပင့်ရိုက်လိုက်သည်။ လုရှူလွင့်ထွက်သွားသည်။ လုယန်လည်း မသက်သာလှ။ လက်မောင်းနှစ်ဘက် ပေါက်ကွဲထွက်မတတ်ခံစားရသည်။
အဆက်မပြတ်တိုက်ခိုက်ခံရသဖြင့် လုယန်အခြေအနေ ဆိုးသထက်ဆိုးလာသည်။ နောက်ထပ်ဆေးတစ်လုံးသောက်ချိန်ပင်မရ. သူနှင့်အလင်းစက်ဝန်းကြားမှ မြူထုက ပိုသိပ်သည်းလာသည်။
"အခြေတည်ထိပ်တန်းအဆင့်နဲ့ ရွှေသန္ဓေအဆင့်တွေရဲ့ အမြင့်ဆုံးတိုက်ကွက်တွေအများကြီး ခုခံနိုင်တယ်။ မင်းအရသာ ဘယ်လိုရှိမလဲ ငါတကယ်မြည်းကြည့်ချင်နေပြီကွာ"
မူထန်မြက်က မှတ်ချက်ပေးသည်။ လုယန်ကို သူပိုသဘောကျလာသည်။ လုယန်စွမ်းအားကြီးလေ သူ့ကိုစားပြီးနောက် မူထန်မြက် ပိုသန်မာလေ ဖြစ်လာမည်။
ဝိညာဉ်ပင်များ အသိဉာဏ်ရဖို့ အလွန်ခက်ခဲသည်။ သို့သော် အသိဉာဏ်ရလာသည်နှင့် သူတို့စွမ်းရည်က မယုံနိုင်လောက်အောင် ကြီးမားသည်။
"ငါအတော်ရွံလာပြီ။ သောက်ရေးမပါတဲ့ မြက်တစ်ပင်က ထာဝရမျိုးဆက်ရဲ့ ဒုခေါင်းဆောင်ကို အနိုင်ကျင့်ရဲတယ်ပေါ့။ ငါဒေါသမထွက်တတ်ဘူး ထင်နေလို့လား"
လုယန် ဒဏ်ရာရသည်ကို မြင်သဖြင့် နတ်မယ် ဒေါသထွက်သွားသည်။
"လုယန်၊ အမွှာကြာစေ့ကိုသုံးပြီး ငါ့ကိုကိုယ်ပွားတစ်ခုလုပ်ပေး။ အဲဒါက ဗောဓိသစ်စေ့ထက်ပိုကောင်းတယ်"
လုယန် ခဏမင်သက်မိသွားသည်။ ထို့နောက် မျက်လုံးများ အရောင်လက်လာသည်။ ခေါင်းတစ်ချက်ငြိမ့်၍ မြေထဲသို့အောင်းသွားသည်။
"မြေအောက်မှာ ထပ်ပုန်းချင်တယ်ပေါ့။ ဘာအကျိုးထူးမှာလဲ"
မြေအောင်းပညာဖြင့် ထွက်ပြေးရန်ကြိုးစားသည်ဟု မူထန်မြက်ထင်လိုက်သည်။
လုယန် အမွှာကြာစေ့ကို အမြန်ထုတ်၍ သစ်ပင်စိုက်မှော်ပညာကို အသက်သွင်းသည်။
မြေပြင်မှ ကြာတစ်ပွင့်ထိုးထွက်လာသည်။ ကြာရွက်များပေါ်တွင် လုယန်နှစ်ယောက် ရပ်နေသည်။ တစ်ယောက်က အစစ်၊ တစ်ယောက်က ကြာမြစ်ဖြင့် ဖန်တီးထားသည့် ကိုယ်ပွားဖြစ်သည်။
"ဒါပဲလေ။ ငါလိုချင်တာ အဲဒီပညာပဲပေါ့"
ကိုယ်ပွားပညာအစွမ်းကို မြင်ရသဖြင့် မူထန်မြက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ငါမသေမျိုးတောင် မလေ့လာနိုင်တဲ့ပညာကို နင်ကေလေ့လာနိုင်မယ် ထင်နေတာလား"
ကြာမြစ်လုယန်က ကိုယ့်ကိုယ်အထင်ကြီးနေသည့် မူထန်မြက်ကို လှောင်ပြုံးပြုံး၍ ကြည့်နေသည်။
ကြာမြစ်လုယန် အကြောတစ်ချက်ဆန့်လိုက်သည်။ သူ့မူလပုံစံက ထိုထက်ပိုကောင်းသည်ဟု ယူဆသည်။
လက်ဖျောက်တစ်ချက်တီးလိုက်သည်။ ခန္ဓာကိုယ်အပြင်ပိုင်းက ပန်းရောင်ပွင့်ချပ်များအသွင် ပြောင်းသွားသည်။ ပွင့်ချပ်များ ကြွေကျသွားချိန်တွင် ထာဝရနတ်မယ်၏ မူလပုံစံအစစ်ပေါ်လာသည်။
အမြဲတမ်းပြုံးနေတတ်သည့် ကောင်မလေးက ယခု ထိန်းချုပ်ခံလူသားများ သားရဲများကို အလိုမကျဟန်ဖြင့် မျက်မှောင်ကျုံ့၍ ကြည့်နေသည်။
"ညစ်ပတ်စုတ်ပြတ်နေတဲ့ကောင်တွေပဲ။ နင်တို့ကိုရိုက်ရမှာ ငါ့လက်သနတယ်။ လုယန်၊ ငါ့စားပွဲခင်းထုတ်ပေး။ အဲဒါကို လက်နက်အဖြစ်သုံးမယ်"
စားပွဲခင်းက ခိုင်ခံ၍ အကြမ်းခံသည်။ နတ်မယ်၏ သက်တမ်းရင့်ပစ္စည်းဖြစ်သည်။ အကောင်းဆုံးလက်နက်ဖြစ်သည်။
စကားပြောနေရင်း နတ်မယ်က တိုက်ခိုက်နေချိန် ရှင်းရှင်းလင်းလင်း ဖြစ်စေရန် သူ့ဆံပင်ရှည်ကို ဆံထုံးထုံးလိုက်သည်။
လုယန် ကျောက်စိမ်းတံဆိပ်ထဲမှ အနီရောင်ပိုးထည်ကိုထုတ်၍ နတ်မယ်ကို လှမ်းပေးသည်။
ပိုးထည်ကို ကိုင်ထားရင်း နတ်မယ်မျက်လုံးများက အတိတ်ကို အောက်မေ့တသနေဟန်ရှိသည်။ ပိုးထည်စကို တစ်ချက်ခါလိုက်သည်။ အသက်ဝင်လာသယောင်ထင်ရသည်။ မီးကဲသို့ နီရဲ၍ နဂါးတစ်ကောင်လို ရှည်လျားပြီး ပေါ့ပါးစွာ လွင့်ပျံနေသည်။
"သွားတော့"
ပိုးစအစွန်းတစ်ဘက်ကို ဆုပ်ကိုင်၍ ဖြတ်ခနဲ ဆန့်ထုတ်လိုက်သည်။ နောက်အစွန်းတစ်ဘက်က ထက်မြက်သည့်ဓားသွားတစ်ခုလို လေထုကို ထိုးခွဲသွားပြီး ကျန်းသားရဲ နှစ်ပိုင်းပြတ်ထွက်သွားသည်။
"နင့်ဘိုးဘေးတွေ ငါ့ရှေ့မှာ အသက်တောင်မရှူရဲဘူး။ နင်ကများ လုယန်ကို ဒုက္ခပေးရဲတယ်ပေါ့"