အခန်း (၆၁-၇၀)
Vol. 5 Ch. 61-70
Vol 5, အခန်း ၆၁။ ပင်လယ်ပြင်က ငြီးငွေ့ဖွယ်ဘဝ
နွေအဦးပိုင်းတွင် အဆုံးမဲ့ပင်လယ်ပြင်မှာ အဆုံးမရှိပြောင်းလဲနေသည်။
မုန်တိုင်းတစ်ခုရှိလာသည်နှင့် တိမ်များက ကျဲပါးကာ နေလည်း ထွက်လာလိမ့်မည်။ ထို့နောက် စိုထိုင်းကာ အေးမြသော ပင်လယ်ပြင်ကို တိမ်များက ဖုံးအုပ်ကာ နတ်မိမယ်နယ်မြေကဲ့သို့ ဖြစ်လာလိမ့်မည်။
သူ့ရှေ့တွင် ကခုန်နေသော ပုံရိပ်တစ်ခု ပေါ်လာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားသည်ကို မြင်သော် လက်စ်လိုင်း တံတွေးထွေးလိုက်သည်။ သူ၏တံတွေးမှာ ပင်လယ်ပြင်မှ စင်လာသော ရေငန်ကြောင့် ငန်ကျိကျိဖြစ်နေ၏။
၎င်းက မိုးကြိုးလျှပ်စီးကျွန်းမှ မီတာရှစ်ရာဝေးကာ အနီးဆုံးကမ်းရိုးတန်းမှ ကီလိုမီတာသုံးရာထက်ပိုဝေးသည်။
ဘေးဘီကိုကြည့်လိုက်သော် သင်္ဘောတစ်စီးမဆိုထားနှင့် တစ္ဆေတစ်ကောင်ပင် မမြင်နိုင်ပေ။
ပင်လယ်စင်ရော်အုပ်များနှင့် ပင်လယ်မျက်နှာပြင်ထက်၌ သွင်ပြင်စစ်များနှင့် မမြင်နိုင်သော ငါးနှင့် ပင်လယ်သားရဲတို့အပြင် ဘေးပတ်လည်၌ ပြန့်ကျဲနေသော ကျွန်းငယ်လေးများတချို့ကိုသာ မြင်နိုင်သည်။
ဤနေရာက ညှို့မှိုင်းနေသော်လည်း စွန့်ပစ်မြေမဟုတ်ပေ။
အနီးဝန်းကျင်ပင်လယ်ပြင်ရှိ ငါးအုပ်ကြီးများကို မြင်သော် လက်စ်လိုင်းမှာ ဤခရီးက အလဟဿမဖြစ်ဟု နားလည်လိုက်သည်။
ကမ်းရိုးတန်းများအနီးရှိ ငါးများမှာ နှစ်ပေါင်းများစွာ ငါးဖမ်းသမားများ ဖမ်းဆီးမှုကြောင့် ကျဲပါးနေသော်လည်း ပင်လယ်အနက်ပိုင်း၌ အရသာရှိသော ငါးများနှင့် ပင်လယ်သားရဲများ မရေတွက်နိုင်အောင်ရှိသည်။ ပင်လယ်၏ သံယံဇာတများသာရှိလျှင် လူတို့၏ ဘဝများ မည်မျှ ပိုကောင်းလာမည်ကိုပင် စိတ်ကူးကြည့်နိုင်ပါ၏။
လက်စ်လိုင်းမှာ ယခင်က ချမ်းသာချင်လျှင် ပင်လယ်ထွက်ရမည်ဟူသည့် အရာမျိုးကို ကြားခဲ့ဖူးခြင်းအား မအံ့ဩတော့ပေ။
သူမြင်ရသည့် ငါးသိုက်ကြီးနှင့်တင် အနည်းဆုံး ရွှေဒင်္ဂါးသောင်းချီစာ ရောင်းရနိုင်သည်။ ၎င်းက သာမန်လူတစ်ဦးအား ၎င်းတို့၏ လိုအပ်ချက်အတွက် တစ်ဖန်ပူပန်စရာမလိုတော့ရန် လုံလောက်၏။
ငါးများမှာ အဆုံးမဲ့ဟန်ပေါ်နေသည်ကို မဆိုထားနှင့် ခရီးတလျှောက် ငါးအုပ်များစွာ မရေတွက်နိုင်အောင် မြင်ခဲ့ရသည်။ ထိုငါးများကို ရောင်းမည့် လမ်းကြောင်းတစ်ခု ရှာနိုင်လျှင် လူပေါင်းများစွာ ချမ်းသာလာရန် လုံလောက်သည်။
ဟုတ်ပါ၏၊ လက်စ်လိုင်းအနေနှင့် မိုးကြိုးလျှပ်စီးကျွန်းမှ အစောင့်တပ်သားများကို ဦးဆောင်၍ ပင်လယ်အနက်ပိုင်းထဲသို့သွားခြင်းဟာ ငါးရှာဖို့ မဟုတ်ပေ။
ယခုတစ်ကြိမ်တွင် သူ၏အဓိကတာဝန်မှာ ကမ်းရိုးတန်းအနီးရှိ ပင်လယ်ဓားပြများကို ချေမှုန်းရန်ဖြစ်ပြီး မိုးကြိုးလျှပ်စီးကျွန်း၏ လွှမ်းမိုးမှုဧရိယာကို ပိုမိုချဲ့ထွင်ရန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ သူသည် ပင်လယ်ဓားပြဘုရင်၏ အမည်ကို ယူကာ ကမ်းရိုးတန်းတွင် သူ၏ဂုဏ်သိက္ခာကို မြှင့်တင်ခဲ့သည်။
၎င်းကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့သူလို့ ဆိုရနိုင်သည်ပေါ့။
ရူဒ်ဆန်တိုင်းပြည် ကမ်းရိုးတန်းမှ ပင်လယ်ဓားပြတွေအားလုံးကို သုတ်သင်ပြီးနောက် လက်စ်လိုင်းသည် အရှေ့မျက်နှာစာ အစောင့်တပ်ကို ဦးဆောင်ခဲ့၏။ လမ်းတစ်လျှောက်တွင် သူကြားသိသမျှ ပင်လယ်ဓားပြများကိုလည်း တိုက်ခိုက်ခဲ့သည်။
ရလဒ်နှင့် ပတ်သက်လျှင်တော့ ......
အလတ်စား အစောင့်အကြပ်မှော်သင်္ဘော နှစ်ဆယ်နှင့်အတူ မှော်သင်္ဘောများနှင့် မှော်စက်လှေ တစ်ရာနီးပါး၊ မရေမတွက်နိုင်သော မှော်ထပ်ဆင့်လေးများ၊ မှော်လောင်ချာများနှင့် မှော်အမြောက်များ၊ အစောင့်အဖွဲ့များဖြင့် ၎င်းတို့သည် ထိုအသေးအဖွဲသစ်သားလှေများကို မည်သည်မှပင်မလိုဘဲ ဖြိုလှဲပစ်ခဲ့ကြသည်။ ၎င်းက ရိုးရိုးလေးနှင့် လှံကိုင်ထားသော ပင်လယ်ဓားပြများ ယှဉ်နိုင်သည့်အရာထက် ပိုပါ၏။
၎င်းတို့သည် မည်သည့်ပင်လယ်ဓားပြများဖြစ်ပါစေ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်စုကိုထိပင် မထိနိုင်ခဲ့ကြပေ။ ၎င်းတို့မှာ မရေမတွက်နိုင်သော မြှားများနှင့် မှော်ဒုံးပျံများ၏ တိုက်ခိုက်မှုအောက်တွင် နစ်မြုပ်နေခဲ့ရပြီး တစ္ဆေများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တစ်လအတွင်း လက်စ်လိုင်း ဦးဆောင်သော Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့မှာ ကန်ဒရာအင်ပါယာ၏ တောင်ဘက်ပင်လယ်ပြင်တွင် ၎င်းတို့အတွက် နာမည်ကောင်းတစ်ခု ဖန်တီးခဲ့သည်။
ဤပင်လယ်ပြင်တွင် သံဖြင့်ပြုလုပ်ထားသော ထူးဆန်းသည့် သင်္ဘောများက လူအများစုအတွက် နတ်ဆိုးများနှင့်တူသည်။
ပြီးခဲ့သည့်လဝက်တွင်၊ လက်စ်လိုင်း၏အစောင့်သင်္ဘောများ နီးကပ်လာသည်ကို ပင်လယ်ဓားပြများကြားသိသရွေ့ ၎င်းတို့၏ ပထမဆုံးရွေးချယ်မှုမှာ ပြေးရန်ဖြစ်သည်။ ခုခံဖို့ ဘယ်တုန်းကမှ မတွေးဝံ့ခဲ့ကြချေ။
ထို့ကြောင့် လက်စ်လိုင်းသည် လွန်ခဲ့သည့် တစ်လခွဲအတွင်း တိုက်ပွဲတစ်ပွဲမျှ မကြုံခဲ့ရဘဲ အမြဲတမ်း ငြိမ်သက်နေခဲ့ရသည်။
၎င်းက လက်စ်လိုင်းကို အနည်းငယ် ငြီးငွေ့လာစေသည်။
သူဟာ ပင်လယ်ဓားပြဖြစ်ရန် ဆုံးဖြတ်စဉ်က၊ လမ်ပူရီတိုင်းပြည်မှ ထွက်ခွာလိုခဲ့သည်ပင်။
ယခုတွင် သူသည် ဤမျှလောက်ကြာအောင် ပင်လယ်ပြင်တွင် နေခဲ့ရသည့် ဤဘဝမျိုးကို မြတ်နိုးမိသွားပြီဖြစ်ကြောင်းကို သိလိုက်ရသည်။
ပင်လယ်ပြင်ရှိ ဘဝသည် မတည်မငြိမ်ဖြစ်ပြီး ခက်ခဲကြမ်းတမ်းသော်လည်း၊ ဤအကန့်အသတ်မဲ့ပင်လယ်ပြင်တွင် တစ်နေ့လုံးရှိနေခြင်းက သူ့အား ယခင်က မခံစားဖူးသော ပေါ့ပါးမှုနှင့် လွတ်လပ်မှုတို့ကို ခံစားရစေသည်။
ပင်လယ်ဓားပြများနှင့် တိုက်ခိုက်ခြင်းကလည်း ကျေနပ်အားရစေသည်။ မကောင်းမှုများစွာကို ပြုလုပ်ခဲ့သော ပင်လယ်ဓားပြများ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး သူသည် အပြစ်တစ်စုံတစ်ရာကိုမျှ မခံစားရဘဲ ပျော်ရွှင်မှုကိုသာ ခံစားခဲ့ရသည်။
သူ့အား မပျော်စေသည့်တစ်ခုတည်းသောအရာမှာ ရှုယီပေးထားသည့် Frestech ကုန်သည်ကြီးများအသင်း အစောင့်တပ်မှာ ကြံ့ခိုင်လွန်းခြင်းပင်။ ၎င်းက သန်မာလွန်းသဖြင့် ပင်လယ်ဓားပြများဟာ ၎င်းတို့ကို လုံးဝ မတိုက်ခိုက်နိုင်ပေ။
ယင်းက ကလေးများကို အနိုင်ကျင့်သလိုမျိုး ခံစားရစေပြီး ၎င်းမှ ပျော်ရွှင်မှုကို မရယူနိုင်ပါပေ။
သူဟာ ဤအချက်ကို သယ်ယူပို့ဆောင်ရေးသင်္ဘောစု၏ ခေါင်းဆောင် နာဗီလ်ထံသို့ပြောပြခဲ့ရာ ၎င်းက တိုက်ရိုက်မဟုတ်သော်လည်း နာဗီလ်ဆီမှ ရှင်းရှင်းလင်းလင်း ငြင်းဆန်ခံခဲ့ရသည်။
“ပင်လယ်ပြင်မှာ ငြိမ်းချမ်းမှုဆိုတာ လူတိုင်းအလိုချင်ဆုံးပါပဲ ဘယ်သူက သေခြင်းတရားကို လိုချင်မှာလဲ?"
လက်စ်လိုင်းမျာ ရူးသွပ်သူမဟုတ်သောကြောင့် ၎င်းကို နားလည်သော်လည်း ဤအရာက သူ့ကို ငြီးငွေ့ခြင်းမှ မတားဆီးနိုင်ခဲ့ပေ။
“ဝါးး”
ပူနွေးသော နေရောင်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည် သို့မဟုတ် ပင်ပန်းလွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လက်စ်လိုင်းမှာ ရုတ်တရက် မောပန်းလာပြီး မနေနိုင်ဘဲသမ်းဝေလိုက်၏။
သူ့ရှေ့က ငြိမ်သက်နေသည့် လှိုင်းလုံးတွေအား ကြည့်လိုက်ရင်း လက်စ်လိုင်းမှာ သူတို့ကိုယ်သူတို့ သေခြင်းတရားကို ရှာမည်မဟုတ်ဟု သေချာသည့်အတွက် သူတစ်ရေးတစ်မော အိပ်သင့်သည်ပင်။
ရှုယီ နာဗီလ် ကို ပေးခဲ့သည့် ရည်ရွယ်ချက်အရ၊ သူ၏ နောက်တာဝန်မှာ ကန်ဒရာအင်ပါယာ၏ တောင်ဘက်ပင်လယ်များကို လုံး၀ ထိန်းချုပ်ဖို့ဖြစ်ပြီး စိုင်စ်နယ်မြေကြီး၏ ပင်လယ်ပြင်တဝှမ်းလုံးကို ချိတ်ဆက်မှု ဖန်တီးဖို့ ဖြစ်ပါ၏။
ဤတာဝန်သည် အလွန်ခက်ခဲပြီး ရှည်လျားသည်၊ ၎င်းအား တစ်လ သို့မဟုတ် နှစ်လအတွင်း အပြီးသတ်နိုင်မည်မဟုတ်ပေ။
လက်စ်လိုင်းမှာ လမ်ပူရီတိုင်းပြည်သို့ ဘယ်တော့မှ ပြန်ဖြစ်မည်မဟုတ်ကြောင်း နှင့် ပင်လယ်ပြင်တွင် ဆက်နေရန် ဖြစ်နိုင်ကြောင်း သိသဖြင့် ရှုယီ၏တာဝန်ကို လုံးဝဆန့်ကျင်ခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ ၎င်းကို သူ့ဘဝ၏တာဝန်အဖြစ်သာ ခံယူထားမည်ဖြစ်သည်။
မှန်ပါ၏၊ ၎င်းက နေ့ခင်းတစ်ရေးတစ်မောအိပ်ဖို့ အချိန်ရှာရတာကို မထိခိုက်စေပါချေ။
သို့သော်၊ သူ၏သီးသန့်ခန်းထဲသို့ ဝင်ရန်ပြင်ဆင်သောအခါ လက်စ်လိုင်းမှာ ရုတ်တရက် သင်္ဘောကိုယ်ထည်လှုပ်ခါသွားကာ အရှိန်လျော့သွားသည်ကို ခံစားလိုက်ရသည်။
ဤအသံသည် လျှို့ဝှက်သန္တာကျောက်တန်းအချို့ကို ထိမိသွားပုံမပေါ်ပေ၊ သင်္ဘောသားများသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခြင်းဖြစ်လောက်သည်။
လက်စ်လိုင်းလည်း ရွက်တိုင်ကို မျှော်ကြည့်ကာ သူ၏ မှော်ဆက်သွယ်ရေးကိရိယာကို ထုတ်ယူလိုက်သည်။
"အခြေအနေက ဘယ်လိုလဲ"
ရွက်တိုင်ပေါ်ရှိလူ၏အသံသည် အနည်းငယ်စိုးရိမ်နေပုံရသည်။
"ဆရာ၊ ကျွန်တော်တို့ရှေ့မှာ ချီတက်လာနေပုံရတဲ့ သင်္ဘောတွေ အများကြီးရှိတယ်"
"အိုး?" ရုတ်တရက် လက်စ်လိုင်းမှာ အံ့အားသင့်သွားပြီး "ဟားဟား၊ ကောင်းတယ်! သူတို့ရဲ့သေခြင်းကိုရှာနေတဲ့ မျက်ကန်းပင်လယ်ဓားပြတချို့လား။ ဒီသခင်က အခုပဲ ပျင်းနေတာ အခု လူတွေကို ငါ့ဆီ ပို့လိုက်တော့ အရမ်းကောင်းတယ်!”
ပင်လယ်ပြင်တွင် သင်္ဘောသားများနှင့် အချိန်အတော်ကြာ နေခဲ့ရပြီး၊ အန်ဗီမာမြို့တော် နှင့် ဘန်တာမြို့တို့၏ မျိုးရိုးမြင့် မိန်းမပျိုလေးများအားလုံး၏ နူးညံ့သိမ်မွေ့ပြီး မြင့်မြတ်သော ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ အနည်းငယ် ညစ်ညမ်းနေပြီဖြစ်သည်။
ကင်းထောက်ကမူ လက်စ်လိုင်းကဲ့သို့ စိတ်လှုပ်ရှားမနေဘဲ၊ သူ့လေသံမှာ အနည်းငယ် ထိတ်လန့်ဟန်ရှိ၏။
"ဆရာ၊ ကြည့်ရတာ.....သူတို့က ပင်လယ်ဓားပြတွေ မဟုတ်သလိုပဲ၊ ကန်ဒရာအင်ပါယာရဲ့ အလံကို ကျွန်တော်မြင်နေရတယ်...။
"မဟုတ်တာ?" လက်စ်လိုင်းက အံ့အားသင့်သွားပြီး “သူတို့မှာ ကန်ဒရာအင်ပါယာရဲ့ အလံတွေ တကယ်ရှိတာလား။ မင်းမမှားတာသေချာလား"
သူ့အသံပြန်မထွက်လာခင်မှာ ကင်းထောက်က ခဏငြိမ်သွားသည်။
"ဟုတ်ပါတယ်၊ ဒီလက်အောက်ငယ်သားက အမှားအယွင်းမရှိပါဘူး၊ ဒါက တကယ်ကို ကန်ဒရာအင်ပါယာရဲ့ ရွှေခြင်္သေ့နဲ့အစိမ်းရောင်နောက်ခံအလံပါပဲ။"
လက်စ်လိုင်းက စဉ်းစားကာ မျက်မှောင်ကုပ်လိုက်၏။ ထို့နောက် အနီးနားရှိ လက်ရန်းကို တွန်းကာ အရှိန်ပြင်းပြင်းဖြင့် ဆောင့်နင်း၍ ရုတ်တရက် အမြင့်သို့ ပျံတက်သွားသည်။
ထို့နောက် လေထဲတွင် ခြေလှမ်းများစွာလှမ်းကာဖြင့် သူ့လက်သည် အမြင့်ဆုံးလက်ရန်းသို့ ရောက်ရှိသွားကာ လေထဲတွင် ဆယ်မီတာကျော်မြင့်သော ကင်းထောက်ကုန်းပတ်ထဲသို့ ရောက်နေပြီဖြစ်သည်။
"ငါ့ကိုပေး။" လက်စ်လိုင်းက အဝေးကြည့် မှန်ပြောင်းကို ယူကာ သူညွှန်ပြသည့် လမ်းကြောင်းအတိုင်း ကြည့်လိုက်သည်။
အဝေးကြည့် မှန်ပြောင်း၏ မှန်ဘီလူးမှ တစ်ဆင့် သင်္ဘောသုံးဆယ် သို့မဟုတ် လေးဆယ်သည် လျင်မြန်စွာ ဦးတည်ရာသို့ ဦးတည်နေကြောင်းကို သူမြင်လိုက်ရသည်။
ဤလှေများသည် လက်စ်လိုင်းမြင်ခဲ့သည့် အကြီးဆုံး ပင်လယ်ဓားပြလှေထက် နှစ်ဆပိုကြီးသည်၊ ၎င်းတို့သည် သူ့လက်အောက်ရှိ အစောင့်မှော်သင်္ဘောများနှင့် ယှဉ်လျှင်ပင် ပို၍သေးငယ်နေမည်မဟုတ်ပေ။
လက်စ်လိုင်းသည် ပင်လယ်ပြင်တွင် အချိန်အတော်ကြာ နေခဲ့ဖူးသော်လည်း ဤမျှကြီးမားသော သစ်သားလှေကြီးကို မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ထို့အပြင် ဤသစ်သားလှေများသည် သူတို့နှင့်အတူတူပင်ဖြစ်၍ ၎င်းတို့နှင့်အတူ လှေငယ်တစ်ရာကျော်ပါရှိပြီး ပင်လယ်ကိုဖြတ်ကာ လျင်မြန်စွာ ရွေ့လျားသွားကြသည်။ ရွက်လွှင့်နေစဉ် ၎င်းတို့က အတော်လေး အားကောင်းနေပုံရသည်။
၎င်းတို့၏ အရှိန်အဝါကိုကို သုံးသပ်ရင်း လက်စ်လိုင်းဟာ ပင်လယ်ဓားပြတွေထံ၌ ဤသို့ကြောက်စရာကောင်းသည့် စွမ်းအားမျိုးမရှိခြင်းကြောင့် ၎င်းတို့ဟာ ပင်လယ်ဓားပြတွေ မဟုတ်ဘူးဆိုတာ သေချာသွားသည်။
ဤဧရိယာတွင် ကန်ဒရာအင်ပါယာ၏ရေတပ်မှလွဲ၍ ပင်လယ်ပြင်ပေါ်တွင် ဤမျှအားကောင်းသောတပ်ဖွဲ့ရှိရန် မဖြစ်နိုင်ပေ။
ထိုသင်္ဘောများပေါ်ရှိ အစိမ်းရောင်နောက်ခံအလံပါရှိသော ဧရာမရွှေခြင်္သေ့ကြီးကို မြင်လိုက်ရသောအခါ လက်စ်လိုင်းမှာ ထိုသင်္ဘောများက ကန်ဒရာအင်ပါယာ၏ သင်္ဘောများပိုင်ကြောင်း ပို၍သေချာလာခဲ့သည်။
သို့သော် ၎င်းက သူ့ကို များစွာစိတ်ရှုပ်စေ၏။ ကန်ဒရာ အင်ပါယာ၏ ရေတပ်စုသည် အဘယ်ကြောင့် ရုတ်တရက် ထွက်လာပြီး သူ့ကို ရှာနေသနည်း။
"ဆရာ၊ သူတို့က ကျွန်တော်တို့ရဲ့ အကွာအဝေးကိုရောက်ခါနီးပြီ၊ ဘာလုပ်ရမလဲ။ သူတို့ကို တိုက်မှာလား။" ကင်းထောက်က ရုတ်တရက် တုန်လှုပ်နေသည့် အသံနှင့် မေး၏။
"မင်းရဲ့ ဖင်ကို တိုက်လေ!" လက်စ်လိုင်းက သူ့ကို စိုက်ကြည့်လိုက်၏။
အခြားတစ်ဖက်မှာ ကန်ဒရာအင်ပါယာ၏တရားဝင်ရေတပ်ဖြစ်ရာ၊ အကယ်၍ ၎င်းတို့တကယ်တိုက်ခိုက်ပါက ကန်ဒရာ အင်ပါယာကိုစစ်ကြေညာခြင်းနှင့်တူညီမည်ဖြစ်သည်။
လက်စ်လိုင်းက ငြီးငွေ့နေတယ်ဆိုလျှင်တောင် ဤသို့မိုက်မဲသည့်အရာကို လုပ်မည်မဟုတ်ပေ။
ရှုယီကလည်း ကန်ဒရာအင်ပါယာနှင့် ပူးပေါင်းရန် ကြိုးပမ်းနေသည်ကို မဆိုထားနှင့်။ လက်စ်လိုင်းသာ တကယ် ထိုသို့လုပ်ခဲ့မည်ဆိုလျှင် ဖြစ်နိုင်ချေ အားလုံးကို ဖြတ်ပစ်လိုက်ခြင်းနှင့် အတူတူပါပင်။
"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ?
သူတို့ကို ကျွန်တော်တို့ရဲ့ အန္တရာယ်အကွာအဝေးထဲအထိ လွှတ်ထားသင့်တာလား” ကင်းထောက်ကက နည်းနည်းတော့ ကြောက်သွားသည်။
လက်စ်လိုင်းသည် မှန်ပြောင်းထဲမှ ချဉ်းကပ်လာနေသော လှေတစ်ရာကို တစ်ချက်ကြည့်ရင်း တွေးကြည့်ပြီးနောက် နက်ရှိုင်းသော အသံဖြင့် ဆို၏ “အမိန့်ချလိုက်ပါ၊ သင်္ဘောအားလုံးကို ရပ်ခိုင်းလိုက်။ ဒါပေမယ့် သူတို့ အချိန်မရွေး ငါ့အမိန့်အတိုင်း လိုက်နာဖို့ ပြင်ဆင်ထားသင့်တယ်”
ကင်းထောက်က အမိန့်ချလိုက်၏။
လက်စ်လိုင်းသည် ခဏမျှ တိတ်တဆိတ် စောင့်ဆိုင်းရင်း ၎င်းတို့မှာ ချဉ်းကပ်လာစဉ် လှေများ တဖြည်းဖြည်း နှေးကွေးလာသည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် ရွက်တိုင်ပေါ်မှ ခုန်ဆင်းကာ ကုန်းပတ်ရှေ့သို့ သွားလိုက်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောသည် ပင်လယ်ပြင်တွင် လုံးဝရပ်တန့်သွားပြီး ကန်ဒရာအင်ပါယာ၏သင်္ဘောများသည် ၎င်းတို့၏ထိရောက်သောအကွာအဝေးသို့ ဝင်ရောက်ခဲ့သည်။ သူတို့သည် ရှေ့သို့ ဆက်တိုးလာကာ ပထမဆုံး အလတ်တပ်ဖွဲ့၏ မှော်လေသင်္ဘော မှ မီတာငါးရာအကွာတွင် ရပ်တန့်သွားကြသည်။
ရှေ့တွင်ရပ်နေသော လက်စ်လိုင်းလည်း မျက်မှောင်ကုပ်လိုက်၏။
ဤအကွာအဝေးတွင် ဆိုလျှင် ၎င်းတို့ လိုချင်သလောက် မြှားများစွာ ပစ်နိုင်နေပြီဖြစ်သည်။
ကင်ဒရာအင်ပါယာရေတပ်မှ ယင်းကိုလုပ်ဆောင်ခြင်းသည် အချိန်မရွေးတိုက်ခိုက်လာနိုင်သည်ဟု ဆိုလိုသည်။
ခဏအကြာတွင် တစ်ဖက်၏ ရှေ့ဆုံးသင်္ဘောမှ အသံတစ်ခုထွက်ပေါ်လာ၏။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၆၂။ မရိုးဖြောင့်သော လွတ်မြောက်မှု
"ရှေ့က သင်္ဘောတွေ၊ ငါတို့က ကန်ဒရာအင်ပါယာရဲ့ တတိယတော်ဝင်ရေတပ်ပဲ မင်းတို့ကို ရပ်ပြီး အစစ်ဆေးခံဖို့ အမိန့်ပေးနေတယ်! ဆန့်ကျင်မယ်ဆိုရင် အကျိုးဆက်က မင်းတို့ရဲ့ကိုယ်ပိုင်အမှားပဲ!"
လက်စ်လိုင်း မျက်မှောင်ကုပ်ထားသည်က ပို၍တင်းလာသည်။
၎င်းက တစ်ဖက်၏ အသံက မယဉ်မကျေးဖြစ်နေသောကြောင့်မဟုတ်ဘဲ တစ်ဖက်မှာ ငါးရာမီတာ အဝေးရောက်နေဆဲဖြစ်ပြီး အသံက လေထုထဲမှတဆင့် ရှင်းလင်းစွာ ကြားနေရဆဲဖြစ်သောကြောင့်ပင်။
ဤသို့ဖြစ်ရန် တစ်ဖက်သင်္ဘောတွင် အသံမြှင့်ခြင်းမှော်ပညာနှင့် မှော်ပညာရှင်တစ်ဦးရှိသည်က သိသာ၏။
၎င်းတို့ကဲ့သို့ Frestech ကုန်သည်ကြီးများအသင်း၏ မှော်အသံချဲ့နည်းပညာကို တပ်ဆင်ထားခြင်းမဟုတ်ပေ။
နံဘေးမှ အဖွဲ့ဝင်ထံမှ အသံချဲ့စက်ကို ယူကာ လက်စ်လိုင်းမှာ လည်ချောင်းရှင်းလိုက်ပြီးနောက် ၎င်း၏ အသံကို စမ်းလိုက်သည်။ ထို့နောက် အသံမြှင့်၍ပြော၏၊ "တစ်ဘက်က ရေတပ် ခင်ဗျားတို့က ကျုပ်တို့နယ်နိမိတ်ထဲ ရောက်လာပြီးနေပြီ။ ရှေ့တိုးမှာကို ရပ်လိုက်ပါတော့ မဟုတ်ရင် ကျုပ်တို့ ခုခံတိုက်ခိုက်ရလိမ့်မယ်။ ဒါက သတိပေးချက်ပဲ။"
ကန်ဒရာအင်ပါယာ တတိယတော်ဝင်ရေတပ်၏ တပ်မှူး ကန်ဒေါမှာ ပထမသင်္ဘော၏ ကုန်းပတ်၌ရပ်နေရင်း အနည်းငယ် အံ့ဩသွားပြီးနောက် ဒေါသတို့ ပြည့်သွားရသည်။
ဒီလူတွေက သူတို့အတွက် ဘာကကောင်းမှန်းကို မသိကြဘူးပဲ!
သူဟာ ကန်ဒရာအင်ပါယာ၏ တတိယရေတပ်မှ ပထမတပ်ဖွဲ့ကို ဦးဆောင်လာပြီး ကန်ဒရာအင်ပါယာ တော်ဝင်စစ်တပ်၏ ဆန္ဒကို ကိုယ်စားပြုနေသော်လည်း တစ်ဘက်လူမှာ ဤမျှ အတင့်ရဲနေသည်။ သူဟာ ခုခံတိုက်ခိုက်မည်ဟုပင်... ပြောဝံ့နေသေး၏။
သူက ပြောရဲတယ်ပေါ့လေ!
ကန်ဒေါမှာ အေးစက်စက်နှာမှုတ်၍ မျက်ခုံးတစ်ချက်ပင့်ကာ ဒုတပ်မှူးကို တစ်ဘက်သို့ အော်ခိုင်းလိုက်သည်။
ဒုတပ်မှူးလည်း နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်ပြီးနောက် မှော်ပညာရှင် ချထားသည့် မှော်အစီအရင်ရှိ သူ၏အသံကို ဆက်လက်မြှင့်လိုက်သည်၊ "ဟိုဘက်က လူတွေ ဒါက ငါတို့ရဲ့ နောက်ဆုံး သတိပေးချက်မဟုတ်ဘူး။ ဒီစစ်ဆေးမှုကို လက်ခံဖို့ရပ်တန့်ရလိမ့်မယ်။ ခုခံရဲရင် ချက်ချင်းတိုက်ခိုက်မယ်!"
လက်စ်လိုင်းမှာ မနေနိုင်ဘဲ ခေါင်းခါလိုက်၏။ သူ့အနေနှင့် ၎င်းတို့ကိုယ်ကို ကန်ဒရာအင်ပါယာ၏ တတိယတော်ဝင်ရေတပ်ဟု ခေါ်ကြသူများမှာ ကျိုးကြောင်း ဆင်ခြင်ရန် မစီစဉ်ထားဟု စဉ်းစားမိလိုက်သည်။
သို့သော် ၎င်းတို့အနေနှင့် ဤနေရာသို့ သင်္ဘောအစီးရေ တစ်ရာကျော်နှင့် ရောက်လာကတည်းက ကျိုးကြောင်းဆင်ခြင်ဖို့ မစီစဉ်ထားသည်မှာ ရှင်းလင်းပါ၏။
မှန်ပါသည် ထိုသို့စဉ်းစားမိသည်က မှန်ပုံပေါ်လေသည်။
ကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ်မှာ ကန်ဒရာအင်ပါယာပတ်လည်ရှိ ပင်လယ်ပြင်ကို စောင့်ကြပ်ရသည်။ယခုတွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုက ၎င်းတို့၏ ပိုက်နက်ကို ဖြတ်သန်းလာရာ ပင်လယ်ဓားပြအဖွဲ့များစွာကို ဖျက်ဆီး၍ အားလုံးကို သုတ်သင်ခဲ့လျှင်တောင် ၎င်းက ကန်ဒရာအင်ပါယာတော်ဝင်ရေတပ်အတွက် ပါးချလိုက်ခြင်းပင်။
ပင်လယ်ပြင်၌ ကျွန်းမည်မျှရှိရှိ ၎င်းက ကန်ဒရာအင်ပါယာတော်ဝင်ရေတပ်၏ ကိစ္စဖြစ်ပြီး မည်သူကမှ ၎င်းတို့ကို စီမံခန့်ခွဲခြင်း မပြုနိုင်ပေ။
ပေါ်ထွက်လာသည့် ဆန်းကြယ်သော ဤသင်္ဘောစုကသာ အခြားပင်လယ်ဓားပြအဖွဲ့ဖြစ်နေလျှင် ကိုင်တွယ်ရန်လွယ်ကူ၏။ တော်ဝင်ရေတပ်အနေနှင့် သတိပေးစရာပင်မလိုဘဲ တိုက်ရိုက်တိုက်ခိုက်လိုက်ရုံပင်။
သို့သော် သတင်းအရ ၎င်းဆန်းကြယ်သော သင်္ဘောစုမှာ ဤနယ်မြေ၌ ပေါ်ထွက်လာပြီးနောက် ပင်လယ်ဓားပြများကိုသာ ပစ်မှတ်ထားခဲ့သည်။ ၎င်းတို့အနေနှင့် သာမန်ငါးဖမ်းလှေများ ကုန်သည်လှေများကို တိုက်ခိုက်ခြင်းမရှိခဲ့ရာ ပင်လယ်ဓားပြများကိုသာ ပစ်မှတ်ထားကြပုံပင်။
ထို့အပြင် ၎င်းတို့ရထားသည့်သတင်းအရ ၎င်းဆန်းကြယ်သော သင်္ဘောစုမှာ တိုင်းပြည်ငယ်လေးတစ်ခုမှ လုပ်ငန်းစုတစ်စုနှင့် ချိတ်ဆက်ထားပုံရသည်။
နယ်မြေကြီးရှိ အင်ပါယာနှစ်ခုအနက် တစ်ခုဖြစ်သော ကန်ဒရာအင်ပါယာအနေနှင့် ၎င်း တိုင်းပြည်ငယ်များလုပ်ငန်းစုများကို မျက်လုံးထဲမထည့်သော်လည်း ဂုဏ်သတင်းတော့ ရယူလိုဆဲပင်။
ထို့ကြောင့် ကန်ဒရာအင်ပါယာ၏ တတိယတော်ဝင်ရေတပ်မှာ ၎င်းဆန်းကြယ်သင်္ဘောစုကို ရှာပြီးနောက် ၎င်းတို့မှာ ပုံမှန်အတိုင်း ဆွေးနွေးဖို့ ကြိုးစားကြမည်ဖြစ်သည်။
၎င်းတို့အနေနှင့် တတိယရေတပ်တစ်ခုလုံးကို ထုတ်လာသည်မှာလည်း တစ်ခုခုဖြစ်ပွားမည်အား စိုးရိမ်နေခြင်းကြောင့်မဟုတ်ပေ။
လမ်းကြောင်းမျိုးစုံမှ ရသည့် သတင်းများမှတဆင့် ဤဆန်းကြယ်သင်္ဘောမှာ အင်မတန်စွမ်းအားကြီး၏။ ဤနယ်ပယ်ရှိ ပင်လယ်ဓားပြများမှာ ၎င်းတို့၏တိုက်ခိုက်မှုကို လုံးဝမထိန်းနိုင်ပေ။
ကန်ဒေါမှာ မူလက မယုံကြည်ခဲ့သလို ၎င်းကို ကောလဟာလအဖြစ်သာ သတ်မှတ်ထားခဲ့ပြီး အနှီပင်လယ်ဓားပြများက ၎င်းတို့ရန်သူ၏ အင်အားကို ၎င်းတို့၏ ရှုံးနိမ့်မှုကြောင့် ချဲ့ကားပြောသည်ဟု ခံစားနေကြရသည်။
သို့သော် ကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ်သင်္ဘောများထက်ပင် ပိုကြီးမားသည့် သင်္ဘောအစင်းနှစ်ဆယ်က ပင်လယ်ပြင်၌ ပေါလောပေါ်နေသည့် ဧရာမသတ္တုသင်္ဘောများဖြစ်ပုံရ၍ သတ္တုရောင်မည်မျှ တောက်ပနေသည်ကို မြင်သော် သူလည်း အံ့အားသင့်သွားရသည်။
သတ္တုဖြင့် အပြည့်အဝပြုလုပ်ထားသော ဤသင်္ဘောမှာ သူ၏ အသိပညာကိုကျော်လွန်နေသည်။
သူ့အတွက် မည်သည့်သတ္တုပင်ဖြစ်စေကာမူ ကြောက်မက်ဖွယ်အလေးချိန်ရှိသည်ပင်။ ထိုသို့သော သင်္ဘောတစ်စင်း၏ အလေးချိန်မှာ ပို၍ပင် ကြီးမားနိုင်သော်လည်း ပင်လယ်ပြင်၌ ပေါလောမျောနေရာ မယုံနိုင်စရာပင်!
ဤသင်္ဘောက ပင်လယ်ပြင်၌ မည်သို့ရွက်လွှင့်ပြီး လူများပြောကြသလို အံ့မခန်းမြန်ဆန်နေခြင်းကို ကန်ဒေါလည်း လုံးဝနားမလည်နိုင်ပေ။
သို့သော် ၎င်းက ကန်ဒေါ၏ ယုံကြည်မှုကို မသက်ရောက်နိုင်ပေ။
သူဟာ မိုးကြိုးထစ်ချုန်းအဆင့်ဧရာမစစ်သင်္ဘောကြီး သုံးဆယ့်ရှစ်စင်း၊ ဝဲဂယက်အဆင့် အလတ်စား စစ်သင်္ဘော သုံးဆယ့်ခုနစ်စင်းနှင့် စစ်သည်တစ်သောင်းကျော်ရှိ တတိယရေတပ်တစ်ခုလုံးကို ဦးဆောင်ခဲ့ရသည်။
၎င်းတို့၏ သင်္ဘောအစင်းနှစ်ဆယ်မဆိုထားနှင့် ၎င်းတို့ထံ၌ အရေအတွက် နှစ်ဆရှိပါလျှင်တောင် တစ်ဘက်ကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိသည်ပင်။
သို့သော်ငြားလည်း.....
လက်စ်လိုင်းအတွက် ကန်ဒေါ ယုံကြည်ချက်ရှိရှိ ဦးဆောင်နေသော သင်္ဘောအစင်းရေတစ်ရာမှာ သစ်သားတုံးအပုံတစ်ပုံနှင့် မခြားပေ။
ဤနှစ်လအတွင်း သူဟာ ပင်လယ်ဓားပြပေါင်းများစွာကို အလွယ်လေးအနိုင်ယူကာ ပင်လယ်ပြင်၌ တိုက်ခိုက်ခြင်းကို အတွေ့အကြုံရခဲ့သည်။
ပင်လယ်ဓားပြများ၏ သင်္ဘောများက ကန်ဒရာအင်ပါယာ၏ ရေတပ်ကို မယှဉ်နိုင်ဘဲ အရည်အသွေးနှင့် တိုက်ပွဲအင်အားအရ များစွာ ပိုအားနည်းလျှင်တောင် အနှီတိုက်ပွဲများစွာမှ တဆင့် လက်စ်လိုင်းမှာ သူဦးဆောင်နေသော Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုမှာ လုံးဝခြားနားသည့် တိုက်ခိုက်နည်းကို အသုံးပြုကြကြောင်း သိလေသည်။
မြှားပစ်ခြင်းနှင့် အချင်းချင်း တိုက်ခိုက်ကြခြင်းဟူသည့် ပုံမှန်တိုက်ခိုက်နည်းတို့နှင့်စာလျှင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့၏ တိုက်ခိုက်နည်းမှာ အဆပေါင်းများစွာ ပို၍အားကောင်းသည်။
တစ်ဘက်မှာလည်း မှော်အမြောက်များကဲ့သို့သော စစ်ဘက်သုံးမှော်စက်များကို တပ်ဆင်ထားခြင်းမရှိလျှင် လက်စ်လိုင်းအနေနှင့် တစ်ဘက်က သူတို့အပေါ်လုံးဝ ခြိမ်းခြောက်နိုင်စွမ်းမရှိရာ မစိုးရိမ်နေပေ။
ထိုသို့စဉ်းစားရင်း လက်စ်လိုင်းမှာ အင်မတန်တည်ငြိမ်လှစွာ စဉ်းစားလိုက်သည်။ သူဟာ တစ်ချက်ပြုံး၍ တစ်ဘက်၏ သတိပေးချက်ကို ဂရုမစိုက်ဘဲ လက်ထဲရှိ မှော်အသံချဲ့စက်ကို မြှောက်လိုက်လေသည်။
"ဟယ်လို ကန်ဒရာအင်ပါယာရဲ့ တော်ဝင်ရေတပ် ကျေးဇူးပြုပြီး ကျုပ်တို့ကိုယ်ကို မိတ်ဆက်ပေးပါရစေ။ ကျုပ်တို့က စတက်တိန်းနယ်မြေရဲ့ Frestech ကုန်သည်ကြီးများအသင်းက အစောင့်သင်္ဘောစုပါ၊ ဒီပင်လယ်ပြင်မှာ ဖြတ်သွားရုံပါပဲ ကန်ဒရာအင်ပါယာကို တိုက်ခိုက်မယ့် ရည်ရွယ်ချက်မရှိပါဘူး။ ရွက်လွှင့်ခြင်းရဲ့ တင်းကြပ်တဲ့စည်းမျဉ်းတွေကြောင့် ခွင့်လွှတ်ပေးပါ၊ ဒါပေမယ့် ကျုပ်တို့အနေနဲ့ ကျုပ်တို့သင်္ဘောထဲကို ဝင်ပြီး စစ်ဆေးခွင့်မပြုနိုင်ပါဘူး။"
လက်စ်လိုင်း၏ စကားလုံးများက အတော်လေးနှိမ့်ချထားသည်ဟု ယူဆနိုင်နေရာ သူ့အနေနှင့် ကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ်ကို တိုက်ခိုက်လိုခြင်းမရှိကြောင်း သိသာလှသည်။
သို့သော် ကန်ဒေါက ၎င်းကိုကြားချိန်၌ အခြားအဓိပ္ပာယ်ကောက်မိသွား၏။
"ဟမ့်! မင်းတို့က ရှာဖွေခွင့်ပေးဖို့ ဆန္ဒမရှိဘူးပေါ့? ဒိုလီ သူတို့ကို နောက်ဆုံးတစ်ခေါက် သတိပေးလိုက် နားမထောင်ရင် မယဉ်ကျေးနေနဲ့တော့!"
ဒိုလီအမည်ရ ဒုတပ်မှူးမှာ ခေါင်းငြိမ့်လာသည်။ သူ စကားဆိုမည်အပြု၌ ရုတ်တရတ် တစ်ဘက်ရှိ သံမိစ္ဆာကြီး အစင်းနှစ်ဆယ်က တဖြည်းဖြည်းဆုတ်ခွာနေသကဲ့သို့ တုန်ရီလာသည်ကို ရုတ်တရတ်တွေ့လိုက်ရသည်။
ကန်ဒေါ၏ အမူအရာက ချက်ချင်း ပျက်သွားတော့၏။
"သူတို့က တကယ်ကြီးထွက်ပြေးချင်နေတာလား? ဒါက စိတ်ကူးယဉ်နေတာသပ်သပ်ပဲ! ငါ့အမိန့်ကို ပို့လိုက် ချက်ချင်းတိုက်ခိုက်မယ်လို့!"
ဒုတပ်မှူး ဒိုလီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူ့အနေနှင့် တစ်ဘက်က မည်သည့်ရန်လိုမှုမှမပြသလို ၎င်းတို့ကိုယ်ကိုလည်း မည်သူဖြစ်ကြောင်း ချပြထားသည်ဟု ထင်မိသည်။ ၎င်းတို့မှာ ပုံမှန်လုပ်ငန်းစုတစ်ခုလက်အောက်မှ အစောင့်တပ်ဖွဲ့ဖြစ်ရာ ဤသို့ တိုက်ခိုက်လိုက်လျှင် ကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ် ဂုဏ်သတင်းအပေါ် သက်ရောက်မှုတချို့ ရှိလာနိုင်သည်။
ကန်ဒေါအား ဖြောင်းဖျတော့မည်အပြု၌ ဒိုလီမှာ သူ၏ တပ်မှူးက တစ္ဆေတွေ့လိုက်သလို မှင်သက်နေသည်ကို မြင်လိုက်ရသည်။
သူ၏ အကြည့်နောက်လိုက်ကြည့်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းက သူ့အား ထိတ်လန့်သွားစေ၏။
အစပိုင်းတွင် အနှီသင်္ဘောအစင်းနှစ်ဆယ်မှာ ဖြည်းဖြည်းချင်းသာ ဆုတ်ခွာနေခဲ့သော်လည်း မျက်တောင်တစ်ခတ်တာအတွင်း သူလှည့်လိုက်ချိန်၌ ၎င်းသင်္ဘောနှစ်ဆယ်မှာ ကွေ့ဖို့ လုံးဝပင်မလိုအပ်ဘဲ အမြန်အဆန်ရွက်လွှင့်သွားကြသည်။
အနှီသင်္ဘောအစင်းနှစ်ဆယ်က ငြိမ်သက်သော ပင်လယ်ပြင်၌ ဧရာမလှိုင်းကြီးများ အခုနှစ်ဆယ်ဖန်တီးခဲ့ပြီး ၎င်းတို့ကမူ မီတာရာချီအဝေးသို့ ရောက်နေပြီဖြစ်သည်။
ဒိုလီမှာ အံ့အားသင့်ရင်း ထိုသင်္ဘောနှစ်ဆယ် အမြန်ရွက်လွှင့်သွားသည်ကို ကြည့်နေလိုက်မိသည်။ တပ်မှူးမှာ သူ့အား တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့သော်လည်း တစ်ဘက်က မီတာတစ်ထောင်ကျော်အကွာလောက်ရောက်နေပြီး ၎င်းတို့မြှားများ၏ နယ်နိမိတ်မှ လွတ်သွားသဖြင့် မည်သို့များတိုက်ခိုက်နိုင်မည်နည်း?
ထို့အပြင် တစ်ဘက်၏ ကြောက်မက်ဖွယ် အမြန်နှုန်းအရ အမှီလိုက်ရန် မဖြစ်နိုင်ပေ။
ကန်ဒေါမှာ ဧရာမလှိုင်းကြီးများဖန်တီးသွားသော သင်္ဘောအစင်းနှစ်ဆယ်ကို ခဏမျှ တအံ့တဩကြည့်နေပြီးနောက်မှ တုံ့ပြန်လာသည်။ သူက ဒေါသတကြီးအော်၏၊ "ဘာတွေကြောင်နေတာလဲ! ငါ့အတွက် လိုက်ကြတော့! ငါတို့ သေချာပေါက် သူတို့ကို လွတ်ခွင့်ပေးလို့မရဘူး!"
ဒိုလီမှာ စိတ်ထဲ ခါးသက်သက်ရယ်လိုက်သော်ငြား တပ်မှူး၏ အမိန့်ကို ပို့ လိုက်ဆဲပင်။
သို့သော် ဤအမိန့်ကို သင်္ဘောတစ်ရာထံ ပို့ရန်မှာ လွယ်ကူသည့်အရာမဟုတ်ပေ။
ကန်ဒရာအင်ပါယာ တတိယတော်ဝင်ရေတပ်၏ သင်္ဘောအားလုံး ထိုအမိန့်ကိုလက်ခံရပြီးနောက်၌ ဖြည်းဖြည်းချင်းစတင် ရွေ့လျားကြသည်။ ထိုအချိန်၌ ဒိုလီမှာ ရုတ်တရတ် ပင်လယ်ပြင်၌ တောက်ပသည့် အစက်လေးများစွာကို မြင်လိုက်ရသည်။
၎င်းတောက်ပသောအစက်များမှာ မူလ၌ ကောင်းကင်ရှိ ကြယ်များနှင့် ဆင်တူသော်လည်း နီးကပ်လာချိန်တွင် ပင်လယ်ပြင်၌ ဝဲပျံသော မီးတောက်များဖြစ်သွားသည်။
ဒိုလီမှာ ဤဆန်းကြယ်သော သင်္ဘောစု၏ ကောလဟာလအချို့ကို သတိရကာ ထိတ်လန့်သွားသည်။ သူ အော်မည့် ဆဲဆဲတွင် ကောင်းကင်ရှိမီးတောက်များက နိမ့်ဆင်းလာကာ သူနှင့် တပ်မှူးတို့ရှိနေကြသည့် သင်္ဘောမှ မီတာနှစ်ရာအဝေးထိကျလာသည်ကို တွေ့လိုက်ရ၏။
"ဟုန်း ဟုန်း ဟုန်း ဟုန်း ဟုန်း ဟုန်း ဟုန်း!"
မရေတွက်နိုင်သော နားပင်းလောက်ဖွယ်ပေါက်ကွဲသံများ မြည်ဟီးလာသည်။ တစ်ဘက်၏ ထွက်ပြေးမှုကြောင့် ပင်လယ်ပြင်၌ လှိုင်းများ ရှိနေပြီးသားဖြစ်သော်လည်း ယခုတွင် ကောင်းကင်ယံကို ရေတန်းကြီးများစွာဖြင့် ဖြည့်လိုက်သည်။
အနှီရေတန်းကြီးများမှာ လေထဲတွင် မီတာနှစ်ဆယ်အမြင့်လောက်အထိရောက်နေသည်မှာ ပင်လယ်အောက်ခြေရှိ ဧရာမရေတံခွန်စီးကြောင်းများကဲ့သို့ပင်။
အနှီပေါက်ကွဲမှုများနှင့်အတူ မီတာများစွာမြင့်သော လှိုင်းများအားလုံး ပျံ့နှံ့သွားကြသည်။ ၎င်းက ခဏအတွင်းမှာပင် ၎င်းတို့ထံရောက်လာကာ ၎င်းတို့အောက်ရှိ မိုးထစ်ချုန်းအဆင့် ဧရာမစစ်သင်္ဘောမှာ လှိုင်းများကြောင့် ယမ်းခါသွားသည်။
ပိုသေးသည့် ဝဲဂယက်သင်္ဘောများမှာမူ လှိုင်းများကြောင့် လှုပ်ခါပြီး အများစုက မှောက်လုနီးနီးဖြစ်နေသည်။
ဒိုလီလည်း ကန်ဒေါကို အနည်းငယ် ကြောက်ရွံ့မှုဖြင့် ကြည့်လိုက်သော်လည်း တပ်မှူး၏ မျက်နှာထက်ရှိ မှောင်မိုက်နေဟန်နှင့် အဆုံးမဲ့ ဒေါသပြည့်နေသည့် မျက်လုံးများကိုသာ တွေ့လိုက်ရသည်။
ဤတိုက်ခိုက်မှုမှာ သိသိသာသာကိုပင် အနှီသင်္ဘောစုထံမှဖြစ်ပြီး ၎င်းတို့အတွက် သတိပေးချက်ဖြစ်၏။
ကန်ဒရာအင်ပါယာ၏ ဤနှစ်များတလျှောက်လုံး တည်ထောင်ခဲ့သော တော်ဝင်ရေတပ်မှာ ပင်လယ်ပြင်၌ တစ်ချိန်လုံး ပြိုင်ဘက်ကင်းဖြစ်ခဲ့ရာ မည်သည့်အချိန်ကများ ဤသို့ ပြက်ရယ်ပြုခံဖူးပါမည်နည်း?
သို့သော် ကန်ဒေါအနေနှင့် တစ်ဘက်က ညှာတာပေးခဲ့သည်ကို သိသည်။ မဟုတ်ပါက ၎င်းတို့ရေတပ်သင်္ဘောများ အပေါ် ဆင်းသက်လာသည့် အားကောင်းသော တိုက်ခိုက်မှုများ၏ အကျိုးဆက်ကို စိတ်ကူးကြည့်နိုင်သည်။
ခဏတာ တိတ်ဆိတ်နေပြီးနောက် ကန်ဒေါ၏ လက်သီးက သင်္ဘော၏ လက်ရန်းကို ထိခတ်ရင်း သွားများကိုကြိတ်လျက် စကားလုံးများစွာကို ညှစ်ပြောလိုက်သည်။
"ကောင်းပြီလေ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်သင်္ဘောစု၊ မင်းတို့ကို ငါအမှတ်ရနေမယ်!"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၆၃။ တောင်ပင်လယ်တစ်ခုလုံးအား ဖွင့်လှစ်ခြင်း
လက်စ်လိုင်းက သူ၏လက်ထဲရှိ အဝေးကြည့်မှန်ပြောင်းကိုချကာ ကျေကျေနပ်နပ်ခေါင်းငြိမ့်လိုက်သည်။
အနီးဆုံးမှော်ဒုံးပျံက ကန်ဒရာအင်ပါယာ တော်ဝင်ရေတပ်ထံမှ အနည်းဆုံးနှစ်ရာမီတာအဝေးသို့ ကျသွားခဲ့ရာ ၎င်းတို့အတွက် မည်သည့် ထူးထူးခြားခြားဆုံးရှုံးစရာမှမရှိပေ။ သူဟာ ၎င်းရလာဒ်ကို အင်မတန်စိတ်တိုင်းကျကာ စိတ်ချပါ၏။
လက်စ်လိုင်းအနေနှင့် ကန်ဒရာအင်ပါယာတော်ဝင်ရေတပ်၏ တိုက်ပွဲ အင်အားကို ဂရုမစိုက်လျှင်တောင် ၎င်းတို့က ကန်ဒရာအင်ပါယာ၏ တော်ဝင်စစ်တပ်ကို ကိုယ်စားပြုသည်။ ၎င်းတို့သာ တစ်ဘက်ကို ထိခိုက်စေလျှင် ကန်ဒရာအင်ပါယာကို စစ်ကြေငြာခြင်းနှင့် ညီမျှ၏။
လက်စ်လိုင်း ဘယ်လောက်ပဲ ရဲရင့်နေပါစေ၊ သူ ဒီလို ရိုင်းစိုင်းတဲ့ လုပ်ရပ်မျိုး လုပ်မှာ မဟုတ်ပါဘူး။
"ဆရာ လက်စ်လိုင်း၊ ကျွန်တော်တို့ ထွက်ပြေးလာမှတော့ သူတို့ကို ခြောက်ဖို့ မှော်ဒုံးပိုတွေကို ဘာလို့ ပစ်ခဲ့တာလဲ။ အကျိုးမရှိဘူးလေ၊ ဒါက ကန်ဒရာအင်ပါယာ တော်ဝင်ရေတပ်ကို ဒေါသထွက်စေလိမ့်မယ်။ အနာဂတ်ကျရင် ဒီပင်လယ်ပြင်မှာ လှုပ်ရှားချင်တယ်ဆိုရင်တော့ လွယ်မှာမဟုတ်ဘူး။”
ကင်းထောက်က လက်စ်လိုင်း ဆီမှ မှန်ပြောင်းကိုယူပြီး အဝေးကို လှမ်းကြည့်ရင်း အနည်းငယ် စိတ်ပူသွားသည်။
လက်စ်လိုင်းက ရယ်မောလိုက်သည်။ ဒီလိုမေးချင်ရင် ဘယ်သူ့ကိုမေးသင့်သည်ဟု တွေးနေမိ၏။
အကယ်၍ ၎င်းသည် သူ၏စိတ်ကူးနှင့်ဆုံးဖြတ်မှုအပေါ် အခြေခံပါက၊ ကန်ဒရာအင်ပါယာ တော်ဝင်ရေတပ်နှင့် မည်သည့်ပဋိပက္ခကိုမျှ သူအလိုမရှိသည်မှာ ထင်ရှားသည်။
တစ်ဖက်မှ ၎င်းတို့၏သင်္ဘောကို ရှာဖွေခွင့်မပြုသောကြောင့် တိုက်ရိုက်ထွက်ပြေးခြင်းသည် အလွန်ကောင်းသောရွေးချယ်မှုဖြစ်နေပြီဖြစ်သည်။
သူလွတ်နေပြီဆိုတော့ ပြေးဖို့ပဲ အာရုံစိုက်သင့်သည်။
ကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ်မှ မည်မျှပင် ပြဿနာဖြစ်စေရန် ဆန္ဒရှိပါစေ၊ ၎င်းတို့ကို ဤပင်လယ်ပြင်ကျယ်တွင် ရှာတွေ့ရန် လွယ်ကူမည်မဟုတ်ပေ။
သူတို့ကြားက အမြန်နှုန်း ကွာခြားချက်ကို လိုက်မှီခဲ့မည်ဆိုလျှင်တောင် ကန်ဒရာအင်ပါယာ တော်ဝင်ရေတပ်မှာ ၎င်းတို့ကို ဘယ်တော့မှ ဖမ်းနိုင်မည် မဟုတ်သည်ကိုမဟုတ်သည်ကိုပြောစရာပင်မလိုပေ။
ကန်ဒရာအင်ပါယာ တော်ဝင်ရေတပ်များမှာ တုံးတုံးအအမဟုတ်ကြောင်း သူယုံကြည်သည်။ သူတို့၏ အမြန်နှုန်း ကွာခြားချက်ကို မြင်ပြီး လိုက်ဖမ်းဖို့ စိတ်ကူးကို စွန့်လွှတ်မှာ သေချာပါ၏။
သို့သော် ယခု ထွက်ပြေးလာစဉ်တွင် တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်ခဲ့ခြင်းကြောင့် ၎င်းတို့အား သတိပေးရန်သာ ဖြစ်သော်လည်း၊ ယင်းက ကိစ္စရပ်တစ်ခုလုံးကို လုံးဝကွဲပြားသော အဓိပ္ပာယ်တစ်ခု ဖြစ်စေခဲ့သည်။
အကယ်၍ ကန်ဒရာအင်ပါယာ တော်ဝင်ရေတပ်သည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်သားများကိုရှာဖွေနေပါလျှင်၊ ဤ မှော်ဒုံးပျံများကိုပစ်လွှတ်ခြင်းက ကန်ဒရာအင်ပါယာ တော်ဝင်ရေတပ်ကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ခဲ့ပြီး ကန်ဒရာအင်ပါယာ တော်ဝင်ရေတပ်ပ်အတွက် စိန်ခေါ်မှုတစ်ခုဟု ယူဆနိုင်သည်။
ကန်ဒရာအင်ပါယာဘက်က ၎င်းကို လုံးဝလက်မခံဘဲ စုံစမ်းစစ်ဆေးပါလိမ့်မည်။
ပိုဆိုးသည်မှာ လက်စ်လိုင်းက သူ၏ ကိုယ်ပိုင်အထောက်အထားကို ထုတ်ဖော်ပြသထားခြင်းကြောင့် ၎င်းတို့ဟာ Frestech ကုန်သည်ကြီးများအသင်း လက်အောက်ရှိ အစောင့်တပ်သားများဖြစ်ကြောင်း တစ်ဖက်က သိထားသည်။
ကန်ဒရာအင်ပါယာအနေနှင့် ၎င်းတို့ကို ကျယ်ပြန့်သည့်ပင်လယ်ပြင်၌ ရှာမတွေ့လျှင်တောင် Frestech ကုန်သည်ကြီးများအသင်းကိုရှာဖို့ သူတို့အတွက် ပြဿနာမရှိပါချေ။
ရှုယီပြောသည့် ထူးဆန်းစကားတွေအရ ၎င်းကို ဘုန်းကြီးက ပြေးလို့ရပေမယ့် ဘုန်းကြီးကျောင်းက ပြေးလို့မရဟူသည့် အဓိပ္ပာယ်လိုပင်။
ဒါကြောင့် လက်စ်လိုင်းက သူတို့ရဲ့ လုပ်ရပ်တွေဟာ လုံးဝမလိုအပ်ဘဲ မိုက်မဲသည်ဟုတောင် ယူဆသည်။
သို့သော် ၎င်းတို့အားလုံးက ရှုယီ၏ တိုက်တွန်းမှု ဖြစ်၏။
စတက်တိန်းနယ်မြေမှထွက်ခွာသောအခါ ရှုယီသည် လက်စ်လိုင်းနှင့် သီးသန့်စကားပြောခဲ့သည်။ ကန်ဒရာအင်ပါယာပင်လယ်ထဲသို့ ဝင်ရောက်ပြီးနောက် ယနေ့ဖြစ်ရပ်များအား စီစဉ်စေခဲ့သည်။
လက်စ်လိုင်းဟာ ထိုအချိန်တုန်းက ရှုယီ၏ ကြမ်းတမ်းသည့် အကြံအစည်ကို လက်ခံခဲ့သော်လည်း ယနေ့ တကယ်လုပ်ပြီးနောက်တွင်တော့ ဤနည်းလမ်းဟာ လွန်လွန်းသည်ဟု ခံစားမိကာ..... ရူးနှမ်းလွန်းလှသည် ......
သူတို့ ထွက်သွားစဉ် ယုံကြည်မှုအပြည့်ရှိနေခဲ့သည့် ရှုယီ၏အပြုံးကိုတွေးပြီး လက်စ်လိုင်း ခါးသီးစွာရယ်မောလိုက်၏။ ထိုလူ၏ အတွေးအမြင်တွေကို ပိုပိုပြီး နားလည်ရ ခက်လာသည်ဟု ခံစားမိသည်။
သူ့အနေနှင့် ထိုသို့လုပ်ရန် မည်သည့်နေရာက ယုံကြည်ချက်ရလာခဲ့သည်ကို နားမလည်ချေ။ သူသာ ကန်ဒရာအင်ပါယာကို ဒေါသဖြစ်စေလျှင် လက်တုံ့ပြန်ခံရမည်သာမက ကန်ဒရာအင်ပါယာ၌ မှော်စက်ဈေးကွက်ကြီးတစ်ခုတည်ထောင်မည့် သူ၏ အကြံကပင် ဖျက်ဆီးခံလိုက်ရမည်ကို စိတ်ပူခြင်းမရှိလေရော့လား?
ရှုယီပြောပြခဲ့သည့် ရေရှည်စီမံကိန်းအကြောင်း စဉ်းစားမိချိန်တွင် သူ့နံဘေးရှိ ကင်းထောက်က ရုတ်တရတ် အော်လာ၏။
ဆရာ လက်စ်လိုင်း ကြည့်လိုက်!"
လက်စ်လိုင်းမှ ကင်းထောက် ညွှန်ပြသည့်နေရာကို ကြည့်လိုက်ရာ အဝေးရှိ အပြာရောင်ကောင်းကင်၌ အရိပ်တစ်ခုက အမြန်ပျံသန်းလာသည်ကိုမြင်လိုက်ရသည်။
အနှီရင်းနှီးပြီးသားအရိပ်ကိုမြင်သော် လက်စ်လိုင်းလည်း အသာ အသက်ရှူထုတ်လိုက်မိပါ၏။
"ဒီလူကတော့ ရောက်လာပြီပဲ။"
ငါးမိနစ်ကြာသည့်နောက် မှော်လေသင်္ဘောမှာ လက်စ်လိုင်း ရှိနေသည့် အလတ်စားမှော်သင်္ဘောပေါ် ဆင်းသက်လာသည်။
အလတ်စား မှော်သင်္ဘောမှာ အနည်းငယ်နစ်သွားသော်လည်း ပင်လယ်ပြင်၌ ခိုင်ခိုင်မြဲမြဲ ပေါ်နေဆဲဖြစ်ရာ လက်စ်လိုင်း၏ လှုပ်ရှားနေသောစိတ်ကို အနည်းငယ်တည်ငြိမ်သွားစေသည်။
မှော်လေသင်္ဘောတံခါး ပွင့်လာကာ ရှုယီက ပထမဆုံးထွက်လာ၏။
၎င်းတို့ ရှုယီကို မြင်ချိန်တွင် ကုန်းပတ်ပေါ်ရှိ အဖွဲ့ဝင်များအားလုံး တရိုတသေ ဦးညွှတ်လိုက်ကြ၏။
အနီးဝန်းကျင်တိုင်းပြည်များ၌ Frestech ကုန်သည်ကြီးများအသင်း ပို၍ပို၍ လွှမ်းမိုးလာသည်နှင့်အမျှ Frestech ကုန်သည်ကြီးများအသင်းရှိ လူတိုင်းမှာ ရှုယီကို ပို၍ပို၍ လေးစားလာကြသည်။
လက်စ်လိုင်းမှာ သာမန် ဝန်ထမ်းများကဲ့သို့ မဟုတ်သော်လည်း ရှုယီက မှော်လေသင်္ဘောထဲမှာ ယုံကြည်ချက်ရှိရှိပြုံးကာ ထွက်လာသည်ကို မြင်ချိန်တွင် မနေနိုင်အောင် ခံစားချက်ပြင်းထန်လာသည်။
ရှုယီအား ပထမဆုံးတွေ့ခဲ့စဉ်က လုပ်ငန်းစုလေးတစ်ခု၏ ဥက္ကဌသာဖြစ်ပြီး မည်သည့်ကျော်ကြားမှုမှမရှိသော မှော်ပညာရှင်လေးတစ်ဦးသာပင်။ သူ၏ အဆင့်အတန်းက လက်စ်လိုင်းကို ယှဉ်နိုင်ရန် ဝေးကွာလွန်းလှ၏။
သို့သော် ငါးနှစ်တာအတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်တိုင်းပြည်များကိုပင် သက်ရောက်နိုင်သော ပထမတန်းစားလုပ်ငန်းစုဖြစ်လာကာ ရှုယီက စွမ်းအားကြီး မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။
ဤပြောင်းလဲမှုက လက်စ်လိုင်း ယခင်က စိတ်ကူးခဲ့ခြင်းမရှိဖူးသော အရာပါပင်။
သူ့အနေနှင့် ရှုယီ၏ လက်အောက်၌ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးနေရမည်ဟု ဘယ်တုန်းကမှ မစဉ်းစားဖူးချေ။
ဤခံစားချက်များက လက်စ်လိုင်း မျက်နှာထက်ရှိ အပြုံးကိုတော့ မသက်ရောက်ခဲ့။ သူဟာ ရှေ့တိုး၍ ရှုယီ၏ ရင်ဘတ်ကို လက်သီးဖြင့် ဖွဖွထိုးလိုက်ပြီး ပြုံးကာ ဆို၏၊ "ရှုယီ မင်း လာတာ အရမ်းနောက်ကျတယ်။ မင်းသာ နည်းနည်းစောစောလာလိုက်ရင် ပြဇာတ်ကောင်းလေးတစ်ပုဒ်ကို မြင်ရလောက်မှာ။"
"အမ်?" ရှုယီက ရှုပ်ထွေးဟန်ပြလာသည်။
လက်စ်လိုင်းကမူ ယခုနကမှ ကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ်ထံသို့ ပြေးသွားခဲ့ခြင်းအကြောင်းပြောပြလိုက်၏။
ပြောပြီးသည့်နောက် ရှုယီ၏ အမူအရာက မပြောင်းလဲဘဲ မေးရုံသာမေးလာသည် "ဘယ်သင်္ဘောမှ လုံးဝမထိခိုက်တာ သေချာလား? ဘယ်သူမှ မသေတာရောသေချာလား?"
လက်စ်လိုင်းက ပခုံးတွန့်ကာ၊ "ငါက လုပ်ပိုင်ခွင့်နဲ့ဆုံးဖြတ်နိုင်တဲ့နေရာမှာ မဆိုးပါဘူး။ စိတ်ချ သူတို့ဘာ အဆုံးအရှုံးမှမရှိခဲ့တာ သေချာတယ်။ ဒါပေမယ့် ရှုယီ... သူတို့ အဆုံးအရှုံးမရှိခဲ့ရင်တောင် ဒီလိုလုပ်လို့ ဒေါသဖြစ်ပြီး ငါတို့သင်္ဘောစုနဲ့ လုပ်ငန်းစုတစ်ခုလုံးအတွက် အဆိုးဖြစ်လာနိုင်မယ်ဆိုတာ သေချာတယ်။"
ရှုယီက တစ်ချက်ရယ်လိုက်၏၊ "သူတို့ကို ဒေါသဖြစ်စေတာက အသေအချာကြီးတော့ မဆိုးပါဘူး။ ဒါက ကျုပ်ရဲ့အစီစဉ်ကို ပိုလွယ်ကူသွားစေတယ်လို့ ပြောရင် ယုံလား?"
လက်စ်လိုင်းက ခေါင်းခါသည်။ သူဟာ မယုံကြည်ဟု ပြောလိုက်လိုသော်လည်း ရှုယီမျက်နှာထက်ရှိ ဆန်းကြယ်သောအပြုံးကြောင့် သူ၏ စကားများကို ပြန်မြိုချလိုက်ရသည်။
ရှုယီ Frestech ကုန်သည်ကြီးများအသင်းကို စတင်လိုက်တည်းက ရူးကြောင်ကြောင်အရာများစွာကို လုပ်ခဲ့သော်လည်း နောက်ဆုံးရလာဒ်များမှာ အမြဲတမ်း သူ၏ဆုံးဖြတ်ချက် မှန်ကန်ကြောင်းပြခဲ့သည်။ မည်သို့ဖြစ်စေ သူဟာ Frestech ကုန်သည်ကြီးများအသင်းအတွက် အကျိုးအမြတ်များစွာ ရစေလိမ့်မည်။
သို့သော် ဤတစ်ကြိမ်၌ စိုင်စ်နယ်မြေကြီး၏ အင်ပါယာနှစ်ခုအနက် တစ်ခုကို ဒေါသဆွလိုက်ရာ မီးနှင့်ကစားခြင်းကို မစိုးရိမ်ပေဘူးလား?
ရှုယီကမူ လက်စ်လိုင်း၏ အတွေးများကို အာရုံမထားပေ။ သူဟာ အစောင့်သင်္ဘောစုအကြောင်းသားမေးလိုက်ရာ Frestech ကုန်သည်ကြီးများအသင်း အစောင့်သင်္ဘောစုက ဘေးပတ်လည် ကီလိုမီတာရာချီ၏ အရှင်သခင်ဖြစ်လာပြီး မည်သည့်ပင်လယ်ဓားပြကမှ စိန်မခေါ်ဝံ့သည်ကို သိရချိန်၌ စိတ်ချသွားသည်။
"ကောင်းတယ် ဒါပေမယ့် ဒါက မလုံလောက်သေးဘူး။ လက်စ်လိုင်း ကျုပ်အနေနဲ့ ခင်ဗျား ကန်ဒရာအင်ပါယာပင်လယ်ပြင်နဲ့ စိုင်စ်နယ်မြေကြီး၏ အရှေ့တောင်ပင်လယ်ပြင်ကိုသုံးလအတွင်း ထိန်းချုပ်နိုင်ဖို့ မျှော်လင့်တယ်။" ရှုယီက ဆိုသည်။
လက်စ်လိုင်းက အသာမျက်မှောင်ကုပ်၏၊ "ဒါက မဖြစ်နိုင်လောက်ဘူး။ ပင်လယ်ဓားပြတွေပဲဆို ပြဿနာမရှိပေမယ့် အခုက ကန်ဒရာအင်ပါယာတော်ဝင်ရေတပ်လည်း ပါနေတော့ ငါတို့ကလည်း အပြည့်အဝခုခံခဲ့တာမို့ သေချာပေါက်ကန်ဒရာအင်ပါယာပင်လယ်ပြင်က ငါတို့ရဲ့ လှုပ်ရှားမှုကို ကန့်သတ်ခံရလိမ့်မယ်။ တကယ်ကို သူတို့နဲ့ တိုက်ခိုက်နိုင်မှာမဟုတ်ဘူး..."
ရှုယီက အပြုံးဖြင့်လက်ယမ်းလိုက်သည်၊ "တကယ်တော့ ကျုပ်ရဲ့ သီးသန့်တောင်းဆိုချက်က ကျုပ်အနေနဲ့ ခင်ဗျားကို စိုင်စ်နယ်မြေကြီးရဲ့ တောင်ပင်လယ်ကနေ ဖြတ်သွားနိုင်မယ့် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖန်တီးစေချင်တာပဲ။ ကျုပ်တို့တွေ စတက်တိန်းနယ်မြေကနေ တောင်ပင်လယ်ပြင်ကို လုံလုံခြုံခြုံသွားနိုင်ပြီး နယ်မြေကြီးရဲ့ အရှေ့တောင်ကမ်းရိုးတန်းကို ကုန်စည်တွေတင်ပို့နိုင်ဖို့ ခင်ဗျားကို အာမခံစေချင်တယ်။"
လက်စ်လိုင်းက မျက်ခုံးပင့်ကာဖြင့်၊ "ဘာလဲ? မင်း ထပ်ပြီးတော့တောင် ဖြန့်ကျက်ဖို့ စီစဉ်ထားတာလား?"
ရှုယီလည်း တစ်ချက်ပြုံးလိုက်သည်၊ "မမေ့ပါနဲ့ သူတို့ကမှ ကျုပ်တို့ဆီ ကိုယ်တိုင် တိုးဝင်လာတာလေ။"
လက်စ်လိုင်းမှာ မနေနိုင်ဘဲ အပြုံးဖြင့် ခေါင်းခါ၏၊ "ကောင်းပြီ ကန်ဒရာအင်ပါယာရဲ့တော်ဝင်ရေတပ်က ဘာအရှုပ်အထွေးမှ မဖြစ်စေသ၍ တောင်ပင်လယ်ပြင်ကို ထိန်းချုပ်ဖို့က မခက်လောက်ပါဘူး။ ဒါပေါ့ ငါ့လက်အောက်မှာ အခု သင်္ဘောနဲ့ လူအင်အားအလုံအလောက်မရှိတော့ ဒီနယ်မြေကြီးကို သူတို့နဲ့ပဲ ထိန်းချုပ်ဖို့က ခက်တယ်။ မင်းအနေနဲ့ ငါ့ကို လူနဲ့သင်္ဘောတွေပေးဖို့ လိုတယ်။"
"ကျုပ်တို့က အခုပြဿနာကို ဖြေရှင်းနေတာဆိုပေမယ့် လက်စ်လိုင်း ခင်ဗျားလည်း ဒီသင်္ဘောတွေနဲ့တင် ပင်လယ်ပြင်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်တာ သိလောက်မှာပါ။ အကောင်းဆုံးနည်းလမ်းက မိုးကြိုးလျှပ်စီးကျွန်းလို ကျွန်းတွေရဲ့ အစိတ်အပိုင်းကြီးကို ထိန်းချုပ်ပြီး ကျွန်းတစ်ခုစီတိုင်းမှာ ကျုပ်တို့လုပ်ငန်းစုပိုင် အခြေစိုက်စခန်းတည်ဆောက်ဖို့ပဲ။ အဲ့နည်းလမ်းနဲ့ ပင်လယ်ပြင်တင်မကဘဲ သင်္ဘောတွေကို အထောက်အပံ့ပေးဖို့လည်း ပိုလွယ်ကူသွားစေမယ်။"
"အင်း ဒီနည်းလမ်းက အလုံခြုံဆုံးပဲ။" လက်စ်လိုင်းလည်း ခေါင်းငြိမ့်လိုက်၏၊ "ဒါပေမယ့် ဒါက ပမာဏပေါင်းများစွာ ကုန်ကျမှာဆိုတော့ သေချာရဲ့လား?"
ရှုယီက သွားဖြီးပြရင်း ရယ်ကာပြောသည်၊ "လက်စ်လိုင်း မမေ့နဲ့ ပင်လယ်ပြင်မှာ အဆုံးမဲ့ရင်းမြစ်တွေရှိတယ်။ ဒီရင်းနှီးမြှုပ်နှံမှုက ကြီးမားပေမယ့်လည်း ဝင်ငွေကလည်း အရမ်းကိုများတယ်။"
လက်စ်လိုင်းမှာ မျက်လုံးမလှန်မိဘဲ မနေနိုင်တော့ပေ။
သူမေ့သွားခဲ့သည်၊ ဤလူရှုယီက အင်မတန်စံထားရသော ကုန်သည်တစ်ဦးဖြစ်ရာ သူလုပ်သည့် စီးပွားရေးက မည်သို့များအရှုံးရှိမည်နည်း?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၆၄။ တူညီသည့် လမ်းကို ပြန်လာခြင်း
လက်စ်လိုင်းနှင့် တွေ့ဆုံပြီးနောက် ရှုယီနှင့် အီဗီတာတို့ အဖွဲ့မှာ သင်္ဘောပေါ်၌ ခဏမျှ အနားယူကာ နောက်နေ့မနက်တွင် မှော်လေသင်္ဘောဖြင့် ထွက်သွားကြသည်။
သို့သော်လည်း ၎င်းတို့မှာ စတက်တိန်းနယ်မြေထံ ပြန်မလာဘဲ နောက်ထပ် အရှေ့ဘက်ကိုဆက်ဦးတည်သွား၏။
အရှေ့ဘက်ရှိ အဆုံးမဲ့ပင်လယ်ပြင်ကိုကြည့်နေရင်း လက်စ်လိုင်းမှာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူဟာ ရှုယီက တကယ်ကို ရည်မှန်းချက်ကြီးလှသည်ဟု စဉ်းစားမိ၏။
Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်နှင့် ပတ်ဝန်းကျင်တိုင်းပြည်များရှိ အခြေအနေများကို တည်ငြိမ်အောင် မည်သို့လုပ်ဆောင်မည်ကို အခြားသူများက စဉ်းစားနေကြဆဲအချိန်တွင် သူသည် ကန်ဒရာအင်ပါယာကို မျက်စိကျနေသည်။
ယခုလည်း သူသည် တစ်နေရာရာကို အာရုံစိုက်နေသည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ထုတ်ကုန်များကိုနယ်မြေကြီး၏အဝေးဆုံးအရှေ့ခြမ်းသို့ယူဆောင်လာလိုသည်။
သို့သော် ရှေ့က ပင်လယ်သည် အဆုံးမရှိဖြစ်ပြီး ရှုယီ၏ လက်ရှိပန်းတိုင်က အလွန်ဝေးကွာသည်။
ပထမဦးစွာ သူရောက်ရှိနိုင်သည်ဖြစ်စေ မရောက်နိုင်သည်ကို မပြောဘဲ၊ လိုရာခရီးကို ချောချောမွေ့မွေ့ရောက်ရန်ကပင် အလွန်စိုးရိမ်စရာ ပြဿနာတစ်ခုဖြစ်သည်။
တကယ်တမ်း ရှုယီကလည်း ၎င်းကို အနည်းငယ် စိတ်ပူနေခဲ့သည်
၎င်းသည် အီဗီတာဒီဇိုင်းဆွဲထားသော မှော်လေသင်္ဘော၏ ပထမဆုံး ခရီးရှည်ဖြစ်သည်။ စတက်တိန်းနယ်မြေမှ လက်စ်လိုင်းနှင့်တွေ့ဆုံခဲ့ရာ ကန်ဒရာအင်ပါယာ၏ပင်လယ်ပြင်ကနေ ကီလိုမီတာ သုံးထောင်ကျော် ခရီးနှင်ခဲ့ကြသည်။
မြေပုံပေါ်တွင် အခြေခံ၍ ၎င်းတို့၏ ဦးတည်ရာကို ရောက်ရှိလိုပါက နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်သည် ကီလိုမီတာ နှစ်ထောင်ကျော် ခရီးနှင်ရမည်ဖြစ်သည်။
ဆိုလိုသည်မှာ ဤခရီးသည် တစ်လမ်းတည်း ကီလိုမီတာ ငါးထောင်ကျော် အကွာအဝေးကို ကျော်သည်။
လက်ရှိ စိုင်စ်နယ်မြေကြီးတွင်၊ ကီလိုမီတာငါးထောင်ကျော်ခရီးသည် မဖြစ်နိုင်သလောက်ပင်။
သို့သော်၊ ရှုယီ၏ မှော်လေသင်္ဘောအဖွဲ့၏ မှော်လေသင်္ဘော်မှာ တစ်နာရီကီလိုမီတာတစ်ရာကျော်အမြန်နှုန်းနှင့်ဆက်လက်ပျံသန်းနိုင်မှုအားကောင်းသောကြောင့် ဤခရီးစဉ်သည်ဖြစ်နိုင်သည်။
"အီဗီတာ၊ ကျုပခတို့ ဘယ်လောက်ရောက်လာပြီလဲ"
အီဗီတာ သည် ပြတင်းပေါက်မှတစ်ဆင့် မှော်လေသင်္ဘောအောက်ရှိ ပင်လယ်ကို ငုံ့ကြည့်နေပြီး အဝေးမှ မြေပြင်ကို ခပ်ဝါးဝါးမြင်နေရသည်။ ရှုယီ၏ အသံကိုကြားတော့ သူမက ပြုံးပြီး ပြန်လှည့်လာကာ "ကျွန်မတို့ ကီလိုမီတာ ခြောက်ရာကျော် ပျံသန်းနေပြီလေ။ ဥက္ကဌ၊ ကျွန်မရဲ့ခန့်မှန်းချက်အရဆို၊ ဒီနေ့ ကန်ဒရာအင်ပါယာရဲ့ဧရိယာကနေ ထွက်နိုင်လောက်တယ်။”
"အိုး? အဲဒါက တော်တော်မြန်တာပဲ။” ရှုယီက ပြုံးပြသော်လည်း သူ့အကဲဖြတ်ချက်ကို သူ့စိတ်ထဲတွင် အမှန်တကယ် သဘောမတူပေ။
ကမ္ဘာပေါ်ရှိ လေယာဉ်များသည် တစ်နာရီလျှင် ကီလိုမီတာ တစ်ထောင်၊ ကီလိုမီတာ ငါးထောင်ဖြင့် ပျံသန်းနိုင်ပြီး သွားလာရန် နေ့တစ်ဝက်သာ ကြာမြင့်မည်ဖြစ်သည်။
သို့သော် မှော်လေသင်္ဘောဟာ တစ်နာရီကို ကီလိုမီတာ တစ်ရာလောက်သာ ရောက်နိုင်သည်။ ကီလိုမီတာ ငါးထောင်ခရီးကို လုံးဝမရပ်လျှင်တောင်မှ နာရီငါးဆယ်ကျော်လောက် အချိန်ယူရမည်ပင်။ ပထဝီဝင်အရ ကန့်သတ်ထားသည့် မှော်ကားများဖြင့် ကုန်းပေါ်ခရီးသွားခြင်းနှင့် နှိုင်းယှဉ်ပါက မှော်လေသင်္ဘောသည် ပိုမိုမြန်ဆန်သည်။
စိုင်စ်နယ်မြေကြီး၏ ရှေးဟောင်းမြင်းလှည်းကိုမူ ပြောစရာပင်မလိုဘဲ မှော်လေသင်္ဘောက ၎င်းနှင့်ဆို လုံးဝခြားနားသည့်သယ်ယူပို့ဆောင်ရေးအဆင့်ဖြစ်သည်။
အမြန်နှုန်းကို နှိုင်းယှဉ်မည့်အစား ရှုယီသည် ပျံသန်းမှုလမ်းကြောင်း၏ တိကျမှုကို ပိုဂရုစိုက်သည်။
စိုင်စ်နယ်မြေကြီးတွင် ဂြိုလ်တုလမ်းညွှန်စနစ်များမှတစ်ဆင့် ၎င်းတို့သည် လမ်းကြောင်းမှန်ပေါ်၌ ပျံသန်းနိုင်မည်ဟု အာမခံနိုင်သည့် ကမ္ဘာပေါ်ရှိ လေယာဉ်များကဲ့သို့ တူညီသည့်လေယာဉ်များ မရှိပေ။ သူတို့၏ ပန်းတိုင်ကို ရောက်အောင်သေချာအောင်လုပ်ဖို့က လေယာဉ်မှူး၏ ဆုံးဖြတ်မှုအပေါ် မူတည်သည်။
အီဗီတာ၏အဖွဲ့သည် မှော်လေသင်္ဘောစီးရာတွင် အတွေ့အကြုံရှိသော်လည်း ဤသည်က ၎င်းတို့၏ ပထမဆုံးသော အကွာအဝေးစမ်းသပ်မှုဖြစ်သောကြောင့် ၎င်းတို့အတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်။
သို့သော် ၎င်းတို့သည် စတက်တိန်းနယ်မြေမှ ကီလိုမီတာနှစ်ထောင်ကျော်သွားခဲ့ကာ နော်တွန်နယ်မြေတွင် ရှုရီကိုရှာဖွေခဲ့သဖြင့် ယင်းအတွက် အရည်အချင်းရှိသည်ဟုဆိုလိုသည်။ ထို့ကြောင့် ရှုယီက ၎င်းကို ဂရုစိုက်သော်လည်း သူစိတ်မပူပါချေ။
“ဥက္ကဋ္ဌ၊ ညခင်း ရှစ်နာရီဝန်းကျင်လောက်ထိ အချိန်ယူရမှာပေါ့။ ဘာမှမမှားဘူးဆိုရင် မနက်ရောက်တဲ့အခါ နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ကို ဝင်လောက်တယ်။” အီဗီတာသည် သူမ၏ အစီအစဉ်ကို ရှုယီအား ရှင်းပြလိုက်သည်။
ရှုယီသည် နေဝင်ချိန်ကြောင့် အရှေ့ဘက်ရှိ မှောင်စပြုလာသော ကောင်းကင်ကို မော့ကြည့်ကာ ခေါင်းယမ်းလိုက်သည်။
"မဟုတ်ဘူး အီဗီတာ၊ မင်းခန့်မှန်းထားတဲ့ ရှစ်နာရီမပြည့်ခင် အမှောင်ထဲမှာ ငါတို့ရောက်နေမှာ၊ ဒီအမှားကို ပြင်ဆင်သင့်တယ်။"
"ရှစ်နာရီတောင် မပြည့်ဘူးလား။ ဘာလို့လဲ?" အီဗီတာက ရှုပ်ထွေးစွာမျက်မှောင်ကုပ်လိုက်သည်။
ရှုယီသည် ဂြိုလ် လည်ပတ်မှုအပေါ်အခြေခံ၍ အီဗီတာ ကိုရှင်းပြရန်မဆုံးဖြတ်မီ စဉ်းစားလိုက်သည်။
ဤနေရာတွင် ရှစ်နှစ်ကြာနေထိုင်ပြီးနောက်၊ကမ္ဘာမြေကြီးနှင့်တူသော နေရာများစွာရှိကြောင်း ရှုယီ တွေ့ရှိခဲ့ပြီးဖြစ်သည်။ အထင်ရှားဆုံးမှာ ဂြိုလ်၏လှည့်ပတ်မှုနှင့် ပတ်လမ်းဖြစ်သည်။
ညဘက် ကြယ်တွေကို ကြည့်လိုက်စဉ်တွင် ကမ္ဘာပေါ်မှ အနေအထားတူတဲ့ နက္ခတ်တာရာတွေ အများကြီး ရှိနေသည်ကို တွေ့ရသည်။
ရှုယီက သူ ကမ္ဘာပေါ်၌ ရှိနေဆဲဟု အမြဲတမ်း သံသယဝင်နေသော်လည်း အပြိုင်စကြာဝဠာထဲ၌သာဖြစ်သည်။
ရှုယီ၏ နက္ခတ္တဗေဒဆိုင်ရာ အခြေခံအသိပညာကို နားထောင်သောအခါ အီဗီတာ နားမလည်ပါချေ။
သို့သော် ၎င်းက ရှုယီပြောသည့်အရာများကို လေးလေးနက်နက် နားထောင်ပြီး စဉ်းစားဖို့ အဟန့်အတားမဖြစ်စေပေ။
"ဥက္ကဌ၊ ရှင်ပြောတဲ့အတိုင်း တကယ်ဖြစ်ခဲ့ရင်၊ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်ကနေ စတက်တိန်းနယ်မြေ
ကို ပြန်ရောက်တဲ့အခါ ညတာ ပိုရှည်လာမှာ မဟုတ်ဘူးလာ။ ဒါမှမဟုတ် ကျွန်မတို့ နေ့ခင်းဘက်မှာ ပြင်ထားရင် နေ့တာပိုရှည်မှာ မဟုတ်ဘူးလား”
“ဒီလိုပေါ့။” ရှုယီက ခေါင်းညိတ်လိုက်သည် "ဒါပေမယ့် ကျုပ်တို့ ပျံသန်းနေတဲ့ အမြန်နှုန်းက ခြေထောက်အောက်က ဂြိုလ်ရဲ့ လှည့်ပတ်မှုထက် အများကြီး နှေးကွေးနေတာမို့ အချိန်အတိုင်းအတာတစ်ခုအထိ နှောင့်နှေးနိုင်ပြီး နောက်ဆုံးမှာ ညဘက်ကိုပဲ ကျရောက်သွားမှာပါ။"
“ဒါဆို ဆိုလိုတာက ...... မှော်လေသင်္ဘောသာ မြန်မြန်ဆန်ဆန် ပျံသန်းနိုင်မယ်ဆိုရင် နေရောင်အောက်မှာ အမြဲတမ်း နေသွားရမှာ မဟုတ်ဘူးလား။" အီဗီတာ ၏ မျက်လုံးက တောက်ပနေသည်။
ရှုယီက ပြောလိုက်၏ “သီအိုရီအရ ဒီလိုပါပဲ၊ ဒါပေမယ့် ဂြိုဟ်က အရမ်းမြန်တဲ့ အရှိန်နဲ့ လှည့်နေပြီး ဖမ်းရခက်တယ်။ နေရောင်အောက်မှာ တကယ်နေချင်တယ်ဆိုရင် ရိုးရှင်းတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ မြောက်ဘက်စွန်း ဒါမှမဟုတ် တောင်ဘက်စွန်းကို ရောက်ရင် နှစ်တစ်ဝက်အတွင်း နေမ၀င်သောနေရာကို တွေ့ရလိမ့်မယ်။"
အီဗီတာက မျက်မှောင်ကုပ်၍ စဉ်းစားလိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူမသည် စာရွက်အချို့ကို ကောက်ယူပြီး ၎င်းပေါ်တွင် မနေနိုင်စွာ စာအနည်းငယ်ရေးလိုက်သည်။
အီဗီတာ မည်မျှ အာရုံစူးစိုက်ထားသည်ကိုမြင်တော့ ရှုယီသည် ခပ်ဖျော့ဖျော့ပြုံးကာ အိမ်ရှေ့ခန်းမှ ထွက်လာခဲ့သည်။
သူ့တွင် ဤအခြေခံနက္ခတ္တဗေဒအသိပညာကို အီဗီတာ အား ယာယီအားဖြင့် ပြောပြရန် အစီအစဉ်မရှိပါ။
မှော်လေသင်္ဘောကို စတင်တီထွင်ချိန်မှစ၍ ရှုယီသည် အီဗီတာ ကို အသိပညာပေးခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ သူမ၏ လောကအမြင်ကို တတ်နိုင်သမျှ ပြောင်းလဲရန်ဖြစ်သည်။
မှော်လေသင်္ဘောသည် ရှုယီ၏ အနာဂတ်အစီအစဉ်အတွက် အလွန်အရေးကြီးသောအစိတ်အပိုင်းဖြစ်သောကြောင့် ရှုယီသည် အီဗီတာအပေါ် မြင့်မားသောမျှော်လင့်ချက်များထား,ထားသဖြင့် သူမ၏အခက်အခဲအချို့ကိုလွတ်မြောက်နိုင်လိမ့်မည်ဟုမျှော်လင့်သည်။
နားနေခန်းဖြစ်သည့် မှော်လေသင်္ဘော၏ အလယ်ခန်းသို့ ပြန်ရောက်သောအခါ၊ ရှုယီသည် ညဘက်တာဝန်ကျသည့် သုတေသီနှစ်ဦးမှလွဲ၍ အခြားသူများ အိပ်နေပြီကို တွေ့ရှိခဲ့သည်။
ခရီးဝေးအတွက် အစပထမတွင် စိတ်လှုပ်ရှားခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူတိုင်း မောပန်းသွားကြသည်။ ညဘက်အမြန်နှုန်းဖြင့် မောင်းနှင်ရန်ရွေးချယ်ခွင့်ရှိသည်မှာ ကောင်းမွန်သောအရာဖြစ်သည် သို့မှသာ လူတိုင်း အိပ်စက်အနားယူရန် အချိန်ရှိမည်ဖြစ်သည်။
ရှုယီသည် အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ရာ ခပ်ဖျော့ဖျော့ အပြာရောင်နှင့် အနီရောင်မီးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော ထောင့်တွင် အာကာလီသည် စူးစိုက်စိုက်စိုက်ကြည့်ကာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
"ဟေးအာကာလီ နောက်ကျနေပြီ မင်းအိပ်မပျော်ဘူးလား။ ဘာလုပ်နေတာလဲ"
ရှုယီ၏အသံကိုကြားတော့ အာကာလီသည် အမူရာမဲ့စွာ ကြည့်လာပြီးနောက် ရုတ်တရက် စိတ်လှုပ်ရှားစွာ ပြုံးပြလိုက်သည်။
သူမ ပြောခါနီးတွင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသဖြင့် အသံကို လျှော့လိုက်ပြီး ရှုယီထံ လက်ဝှေ့ယမ်းလိုက်သည်။
“ဥက္ကဌ လာကြည့်ပါဦး”
"မဟုတ်ပါဘူးနော်?" ရှုယီသည် စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ရာ အာကာလီ ရှေ့ရှိ စားပွဲပေါ်တွင် အပြာရောင်နှင့် အနီရောင် မီးတောက်များ လင်းထိန်နေသော ချပ်ပြားတစ်ချပ်ကို တွေ့လိုက်ရသည်။
"ဒါဘာလဲ?" ရှုယီသေသေချာချာကြည့်လိုက်တော့ ဤ ချပ်ပြားဟာ အာကာလီ၏ အကွာအဝေးရှည်နေရာချထားခြင်းစနစ်တွင်သုံးသည့် အစီအစဥ်တွေနှင့် ဆင်တူသော်လည်း မျက်နှာပြင်ကမူ နည်းနည်းကြီးလွန်းသည်ကို တွေ့လိုက်ရသည်။။
"ဥက္ကဌ ဒီမီးရောင်ကို မြင်လား" အာကာလီက မေး၏။
"အင်း၊ မြင်တယ်၊ သူတို့ကကော။ ဒီမီးလုံးတွေက တစ်ခုခုကို ကိုယ်စားပြုတာလား” ရှုယီက ပြောသည်။
အာကာလီ က တခစ်ခစ်ရယ်ရင်း “ဥက္ကဌ၊ ကျွန်မတို့ ဘယ်လို ဘေးကင်းစွာ ပြန်လာရမယ်ဆိုတာကို မစိုးရိမ်ဘူးလား။ ပြောပြမယ်၊ ကျွန်မတို့ပြန်သွားတဲ့အခါကျ ကျိန်းသေပေါက် လမ်းမပျောက်ေစရဘူး"
"အိုး? ဒါကဘာလဲ? အံ့ဩစရာပဲ?"
“ဒီမီးတွေက လမ်းတစ်လျှောက်မှာ ပစ်ချလိုက်တဲ့ မှော်ပဲ့တင်ထပ်ခြင်းစစ်ဆေးကိရိယာလေးတွေကို ကိုယ်စားပြုတယ်။ ကြည့်လိုက်၊ ကျွန်မတို့နဲ့ အနီးဆုံးက အစက်က ကျွန်မချလိုက်တဲ့ အစက်ပဲ။ ဒီနေရာအခြေအနေပေါ် မူတည်ပြီး ဒါတွေက ကျွန်မတို့ဆီကနေ အနောက်တောင်ဘက် မီတာလေးထောင့်သုံးရာ အကွာမှာရှိလောက်တယ်။ တစ်နည်းပြောရရင် ကျွန်မ ပစ်ချလိုက်ကတည်းက ပျံသန်းခဲ့တာဟာ အရှေ့မြောက် မီတာ လေးထောင့်သုံးရာ ရှိပြီ။ ကြည့်လိုက်၊ ဒီနေရာကို ထောက်လှမ်းရေးဇုန်ကနေ ထွက်သွားတော့မှာမို့လို့ ဒီအစက်က ပျောက်ကွယ်တော့မယ်။"
ရှုယီက ချပ်ပြားပေါ်က မီးရောင်တွေကို ကြည့်ကာ "ဒါဆို မင်း ဘယ်လို ခွဲခြားလဲ။ မင်း ပစ်ချလိုက်တဲ့ မှော်ပဲ့တင်ထပ်ခြင်းစမ်းသပ်ကိရိယာက ဘယ်အလင်းကို ကိုယ်စားပြုတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။"
"ဒါက အရမ်းရိုးရှင်းပါတယ်၊ မှော်ပဲ့တင်ထပ်ခြင်းစမ်းသပ်ကိရိယာတွေမှာရှိတဲ့ မှော်အစီအရင်မှာ သေးငယ်တဲ့ပြောင်းလဲမှုအနည်းငယ်ရှိနေသရွေ့ ဒီ ထိန်းချုပ်နေရာက သူတို့ကို ကောက်ယူပြီး အမျိုးအစားခွဲလိမ့်မယ်။"
အာကာလီ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားပြီး ဝင့်ကြွားနေဟန် အကြည့်ကို မြင်လိုက်ရတော့ ရှုယီလည်း အသက်အောင့်ထားမိသည်။
လမ်းပျောက်မသွားစေရန်အတွက် အီဗီတာ အား အခြေခံပထဝီဝင်ကို ရှင်းပြနေချိန်တွင် အာကာလီ သည် သူမ၏နည်းပညာတွင် ကြီးမားသောအောင်မြင်မှုများ ထပ်မံရရှိနေလိမ့်မည်ဟု သူဘယ်သောအခါမှ မတွေးခဲ့မိပါ။
အာကာလီ၏ အကြံက ယခုအချိန်တွင် အကြမ်းထည်ဖြစ်နေပါလျှင်ပင်၊ ၎င်းကို မှန်ကန်စွာ လမ်းညွှန်ထားနိုင်သရွေ့၊ ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများသည် လွန်စွာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေလိမ့်မည်။
ရှုယီအတွက်၊ အာကာလီ တီထွင်ခဲ့သော ဤမှော်နေရာချထားခြင်းစနစ် သည် ကမ္ဘာမြေကြီးမှ လမ်းညွှန်စနစ်များထက် ပို၍ပင် ထိတ်လန့်စရာကောင်းသော အကျိုးသက်ရောက်မှုရှိသည် ။
၎င်းကိုတွေးပြီး ရှုယီက မတ်တပ်ထရပ်ကာ အရှေ့ခန်းကို ပြန်သွား၍ လေးနက်တဲ့အကြည့်နှင့် အံ့သြတကြီး မျှော်ကြည့်နေသော အီဗီတာ ကို ပြောလိုက်သည်။
"လမ်းကြောင်းပြောင်းပြီး၊ မြေပြင်ဆီ ဦးတည်လိုက်"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၆၅။ နော့ဇ်ဒိုမူမှ ကြိုဆိုပါ၏
ဂါဇာမှာ မြို့၏အနောက်ဘက်သို့ လမ်းကို ငေးမျှော်ကြည့်လိုက်သော်လည်း သူမြင်လိုသည့် ပုံရိပ်ကို မတွေ့လေရာ မနေနိုင်ဘဲ သက်ပြင်းချမိသည်။ သူဟာ ခေါင်းခါလိုက်ပြီးနောက် ခေါင်းပြန်ငုံ့သွားပါ၏။
သူ ငါးရက်ကြာ စောင့်နေခဲ့ရသည်။
စတက်တိန်းနယ်မြေမှ ပြန်လာပြီးနောက် တစ်လခွဲအကြာတွင် သူဟာ Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌရှုယီ၏ ရောက်ရှိမှုကို စောင့်ဆိုင်းရင်း ခေါင်းကိုအမြဲမော့နေခဲ့ရသည်။
သဘောတူညီချက်အရ ရှုယီသည် လလယ်တွင် နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်သို့ လာမည်ဟု ကတိပြုခဲ့သည်။ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန် တစ်လခွဲကြာ စုံစမ်းရန် လာရောက်မည်ဖြစ်သည်။
ထိုစဉ်က ဂါဇာ အရမ်းစိတ်လှုပ်ရှားခဲ့၏။
ပြောရလျှင် သူဟာFrestech ကုန်သည်ကြီးများအသင်းအား နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စားမှုရှိပြီး ၎င်းတို့နှင့် ပတ်သက်သော အချက်အလက်များကို မေးမြန်းပြီးနောက် ရရှိခဲ့သော အချက်အလက်များကြောင့် စတက်တိန်းနယ်မြေ သို့သွား၍ အခြားတိုင်းပြည်များထက် များစွာအဆင့်မြင့်သော အဆောက်အဦများကို မြင်ပြီးနောက်တွင် Frestech ကုန်သည်ကြီးများအသင်းအပေါ် လေးစားမှု တိုးလာခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ပူးပေါင်းကာ ဖွံ့ဖြိုးတိုးတက်နေသမျှ နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်သည် ၎င်းတို့ဘာသာ ရပ်တည်နိုင်သည့် တိုင်းပြည်တစ်ခု ဖြစ်လာနိုင်မည်ဟု အခိုင်အမာ ယုံကြည်ထားသည်။ သို့မှသာ ပတ်ဝန်းကျင်တိုင်းပြည်များ၏ ၎င်းတို့အပေါ်ထားရှိသည့် ကန့်သတ်ချက်များမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် သူသည် နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည် သို့ ခရီးထွက်လာရန် ရှုယီအား အပြင်းအထန် တောင်းဆိုခဲ့သည်။
သို့သော် ရှုယီမှာ ယခင်က အလုပ်ရှုပ်နေခြင်းကြောင့် ထိုဖိတ်ကြားချက်ကို ငြင်းပယ်ခဲ့၏။ သို့သော် ခရီးထွက်လာရန် အချိန်ရှာထားမည်ဟု ပြောခဲ့သည်။
လွန်ခဲ့သော တစ်လခွဲခန့်က အမ်းရစ်ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဌ ရီလိုင်း ထံမှ ရှုယီ၏စာကို လက်ခံရရှိခဲ့သည်။ လလယ်တွင် သူလာမည်ဟု ပြောသည်ကို ဂါဇာကြားပြီးနောက် နှစ်ရက်ကြိုတင်ကာ တွေ့ဆုံရန် စီစဉ်ထားသော ရှုယီကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။
သို့သော် ယခု ဇူလိုင်လ ၁၁ ရက်မှာ သဘောတူထားသည်ထက် ငါးရက်ကျော်သွားသော်လည်း ရှုယီနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုသူများအား မတွေ့ရသေးပါချေ။
၎င်းက ဂါဇာကို အင်မတန်စိတ်ပျက်စေသည်။
ဥက္ကဌရှုက သူ့စကားကို ဆန့်ကျင်ခဲ့တာ များလား။
သို့မဟုတ် လုံလောက်သော ရိုးသားမှုကို မပြနိုင်ခဲ့ခြင်းကြောင့် သူ၏တောင်းဆိုမှုကို ခေတ္တဆန့်ကျင်သွားခြင်း ဖြစ်နိုင်ပါသလား။
၎င်းကို တွေးပြီးနောက် ဂါဇာမှာ ယင်းက အကြောင်းပြချက်ဟု မထင်ပေ။
Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မိမိတို့၏ ရိုးသားမှုကို ပြသရန်အတွက် ဂါဇာသည် နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ကိုယ်စား အမ်းရစ် ကုန်သည်ကြီးများအသင်းကို ကီလိုမီတာငါးထောင်ကျော်ရှည်သည့် လမ်းကို တည်ဆောက်ရန် အဆိုပြုခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ရိုးသားမှုကို မမြင်ရန် မဖြစ်နိုင်ပေ။
ဟုတ်ပါ၏၊ ၎င်းက သူတို့၏ပူးပေါင်းဆောင်ရွက်မှုအတွက် အကြီးမားဆုံး အဟန့်အတားကိုလည်း ညွှန်ပြနေသည်။
၎င်းမှာ ဝေးလွန်းနေခြင်းပင်။
နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်သည် စိုင်စ်နယ်မြေကြီး၏ အရှေ့တောင်ဘက်တွင်ရှိပြီး စတက်တိန်းနယ်မြေသည် အနောက်တောင်ဘက်တွင်ရှိသည်။
နှစ်တိုင်းပြည်ကြား ကီလိုမီတာ ငါးထောင်ကျော် ဝေးကွာပြီး ကုန်းမြေပေါ်တွင် ဖြတ်သန်းရမည့် အတားအဆီး အမျိုးမျိုးကို ဖော်ပြထားခြင်းမရှိသော်လည်း စုစုပေါင်းခရီးအရှည် ကီလိုမီတာတစ်သောင်းကျော်လျှင်ပင် ထူးဆန်းမည်မဟုတ်ပေ။
ကီလိုမီတာ ငါးထောင်သည် စိုင်စ်နယ်မြေကြီးရှိ လူများစွာအတွက် မိုးကုပ်စက်ဝိုင်းနှင့်တူသော အကွာအဝေးဖြစ်ပြီး ကီလိုမီတာ တစ်သောင်းကျော်ကိုဆိုလျှင် ဆိုဖွယ်ရာမရှိပေ။
နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်အနေနှင့် Frestech ကုန်သည်ကြီးများအသင်းအကြောင်း ကြားသိနိုင်ရခြင်းမှာ ၎င်းတို့၏ အားကောင်းသည့် ထောက်လှမ်းရေးကွန်ရက်ကြောင့်ဖြစ်သလို ဂါဇာသည် Frestech ကုန်သည်ကြီးများအသင်းအား အထူးအာရုံစိုက်နေခြင်းကြောင့်လည်းဖြစ်သည်။
နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်နှင့် စတက်တိန်းနယ်မြေရှိ လူအများစုအတွက်၊ ၎င်းတို့သည် အခြားတိုင်းပြည်၏အမည်ကို ယခင်က မကြားဖူးခဲ့ပါချေ။
၎င်းတို့ကြားက သဘာဝအကွာအဝေးကြောင့် ပူးပေါင်းဆောင်ရွက်မှုဟာ မဖြစ်နိုင်သလောက်ပါပင်။
ဂါဇာအနေနှင့် Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့ ဟွားယွဲ့ ကုန်သည်ကြီးများအသင်းနှင့်အတူ Frestech ကုန်သည်ကြီးများအသင်းတစ်ခုလုံးကို ပြောင်းလဲနိုင်သည်ဟု အခိုင်အမာယုံကြည်ခြင်းကြောင့်သာ မဟုတ်ပါက၊ ဤကိစ္စသည် မည်သည့်အခါမျှ ရှိလာမည်မဟုတ်ပါ။
"ဘာပဲဖြစ်ဖြစ် ငါ နောက်ထပ်ငါးရက်လောက် စောင့်မယ်" ဂါဇာသည် အဝေးရှိလမ်းကိုကြည့်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။
ဥက္ကဌရှုမှာ ဒီလထဲ လာမည်ဟု ပြောခဲ့သလို ရှုယီနှင့် ခဏတာ ဆက်သွယ်ဖူးခြင်း၏ နားလည်မှုအရ ထိုသို့သေချာပေါက် လုပ်မည်ဟု သိနေသည်။
ကတိ အမြဲစောင့်ထိန်းနေသည့် ကုန်သည်တစ်ယောက်အနေနှင့် ၎င်းကိုတောင် မလုပ်နိုင်ခဲ့ဘူးဆိုလျှင် ဂါဇာက ရှုယီအား လုံးဝစိတ်ပျက်မသွားလျှင်တောင် ရှုယီ၏ အကျင့်စရိုက်အပေါ် သံသယရှိနေလိမ့်မည်။
ရှုယီ ရောက်လာပြီးနောက် မည်သို့ ဆက်ဆံရမည်ကို ဂါဇာတွေးနေချိန်တွင် ပတ်ဝန်းကျင်မှ ကျယ်လောင်သည့်အသံတစ်ခု ကြားလိုက်ရသည်။
ဂါဇာ ကြည့်လိုက်ချိန်တွင် သူရောက်နေသော စားသောက်ဆိုင်၏ အောက်ထပ်မှ လမ်းပေါ်ရှိလူတိုင်း ကောင်းကင်ကို မော့ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
"ဘာတွေ အရမ်းထူးဆန်းနေတာလဲ" ဂါဇာလည်း ကောင်းကင်ကို မော့ကြည့်ကာ အံ့အားသင့်သွား၏ "ဒါ.....ဒါက Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်လေသင်္ဘော မဟုတ်ဘူးလား"
အကြည့်တစ်ချက်ဖြင့် ဂါဇာက မှတ်မိလိုက်သည်။ မည်းမှောင်နေသည့် တိမ်တိုက်လို ကောင်းကင်မှာ ပျံသန်းနေသော အရာမှာ စတက်တိန်းနယ်မြေ၌ ရှိစဉ်က သူမြင်ခဲ့ရသည့် မှော်လေသင်္ဘောပင်။
ထိုအချိန်က ဂါဇာသည် ကောင်းကင်တွင် ထိန်းချုပ်နိုင်သည့် အစွမ်းထက်သော မှော်စက်ကြောင့် အလွန်တုန်လှုပ်သွားခဲ့သည်။
ဤအံ့သြဖွယ်မှော်စက်မျိုးသည် နတ်သူငယ်များ၌သာရှိသော လေသင်္ဘောများနှင့်တူသည်။
သို့သော် နတ်သူငယ်တို့၏ သမိုင်းတစ်လျှောက်၌ ငါးစီးသာရှိခဲ့၏။ ရှုယီအဆိုအရ ဤ မှော်လေသင်္ဘောကို အမှန်တကယ် အမြောက်အမြား ထုတ်လုပ်နိုင်သည် ။
အကယ်၍ မှော်လေသင်္ဘော၏ဖွံ့ဖြိုးတိုးတက်မှုမပြီးပြတ်သေးဟု ရှုယီကပြောနေခြင်းကြောင့်သာမဟုတ်ပါက ဂါဇာသည် ထိုအချိန်တွင်ချက်ခြင်းအမှာစာပေးခဲ့လိုက်မိလိမ့်မည်။
ရှုယီပြောသည့်စကားအရ မှော်လေသင်္ဘောသည် အစုလိုက်အပြုံလိုက်ထုတ်လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် စျေးနှုန်းသည် ရွှေဒင်္ဂါးတစ်သောင်းကျော်ကမည်မဟုတ်ပေ။
စိုင်စ်နယ်မြေကြီးမှလူအများစုအတွက်၊ ရွှေဒင်္ဂါးတစ်သောင်းသည် များပြားလှသည်မှာ သေချာပါသည်။
သို့သော် ဂါဇာနှင့် ဟွားယွဲ့ ကုန်သည်ကြီးများအသင်းအတွက်၊ ၎င်းက သူတို့လျစ်လျူရှုနိုင်သည့် အရေအတွက် နည်းနည်းပါးပါးမျှမဟုတ်သော်ငြား မှော်လေသင်္ဘောလိုမျိုး အံ့သြစရာကောင်းသည့် မှော်စက်တစ်လုံးကို ဝယ်လိုက်ခြင်းက အရမ်းတန်သည်။
နတ်သူငယ်တို့စီးသော လေယာဉ်တစ်စင်းစီမှာ ရွှေဒင်္ဂါးသန်းသုံးဆယ်လောက် ကုန်ကျသည်ဟု သိထားရသည်ပင်။
မှော်လေသင်္ဘောသည် ၎င်းတို့နှင့် မနှိုင်းယှဉ်နိုင်သော်လည်း၊ ဈေးနှုန်းကွာခြားချက်သည် စွမ်းဆောင်ရည်ကွာခြားချက်ထက် အဆပေါင်းများစွာ ကုန်ကျစရိတ်ပိုမိုသက်သာစေသည်။
မှောင်မိုက်သောတိမ်တိုက်နှင့်တူသော မှော်လေသင်္ဘောကို ဂါဇာ ကြည့်နေရင်း လေထဲတွင် ဖိအားများဖန်တီးပေးလာသည်။ မြို့အပြင်ဘက်ရှိ နေရာကွက်လပ်တစ်ခုတွင် ဖြည်းညှင်းစွာ ဆင်းသက်လာသည်ကို သူမြင်လိုက်ရသောအခါတွင် နှလုံးသားသည် ရင်ခုန်သံများဖြင့် ပြည့်နှက်နေ၏။
ဟွားယွဲ့ ကုန်သည်ကြီးများအသင်း၌သာ တစ်ရာလောက်ရှိရင်..... မဟုတ်၊ သူတို့အနေနှင့် ဤမှော်လေသင်္ဘောဆယ်စင်းပဲလိုသည်၊ ၎င်းနှင့်ပင် တိုင်းပြည်၏ အခြားလုပ်ငန်းစု အခုနှစ်ဆယ်လောက်ကို အနိုင်ယူရန် ယုံကြည်ချက်ရှိသည်။
၎င်းကိုတွေးပြီး ဂါဇာမှာ အကြာကြီးမခံစားခဲ့ရသော စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရသည်။ ထို့နောက် မတ်တပ်ထရပ်ကာ အောက်ထပ်သို့ မဆင်းမီ လက်ကိုဝှေ့ယမ်းလိုက်သည်။
သူ့နောက်တွင်ရှိနေသည်မှာ လက်နက်အပြည့်တပ်ဆင်ထားသော အစောင့်အဖွဲ့ဖြစ်သည်။
မှော်လေသင်္ဘောမှာ တူညီသည့် လက်နက်အပြည့်တပ်ဆင်ထားသော အဖွဲ့တစ်ခုက ဝိုင်းရံထားလိုက်ချိန်၌ အပြင်ဘက်သို့ သက်ဆင်းလာသည်။
သို့သော် ထိုစစ်သည်များမှာ ဝိုင်းထားပုံမရချေ။ ၎င်းတို့က အတန်းနှစ်တန်းစီ၍ မှော်လေသင်္ဘောတံခါးပွင့်လာမည်ကို စောင့်နေကြ၏။ ၎င်းတို့မှာ ခေါင်းများမော့ထားကြသော်လည်း ကြိုဆိုနေဟန်သာရသည်။
ရှုယီ မှော်လေသင်္ဘောမှ ထွက်လာပြီး အပြင်ဘက်ရှိ ဖွဲ့စည်းပုံကိုမြင်ချိန်တွင် မနေနိုင်အောင် အနည်းငယ် အံ့ဩသွားရသည်။
သူ့အနေနှင့် နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်မှာ အတော်လေးထူးဆန်းသည့်တိုင်းပြည်ရေးစနစ်နှင့် တိုင်းပြည်ဖြစ်ကာ လုပ်ငန်းစုဆယ့်သုံးစု အတူတကွထိန်းချုပ်ထားသည်ဟု ကြားသိထားသော်လည်း ဟွားယွဲ့ ကုန်သည်ကြီးများက ဤမျှများပြားလှသည့် တပ်ဖွဲ့များ လွှတ်လိုက်ချိန်တွင် အနည်းငယ် အံ့ဩသွားသည်။
သို့သော် အဝေးမှ ဂါဇာလျှောက်လာသည်ကိုမြင်သည်တွင် ရှုယီ၏ အံ့အားသင့်ဟန်က အပြုံးသို့ပြောင်းလျက် သွားနှုတ်ဆက်လိုက်သည်။
"ဥက္ကဌရှု ခင်ဗျား တကယ်ပဲကျုပ်ကို အချိန်အကြာကြီးစောင့်ရအောင်လုပ်တာပဲ။" ဂါဇာလည်း တစ်ချက်ရယ်ကာ ရင်ထဲမှလာသော အသံကျယ်ဖြင့် ပြောလိုက်၏။
ရှုယီလည်း အသာပြုံး၍ ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလာကာ ဂါဇာကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
"လမ်းခုလတ်မှာ မတော်တဆတစ်ခုရှိခဲ့လို့ အချိန်နည်းနည်း ပုပ်သွားတာပါ။"
"မတော်တဆ?" ဂါဇာ၏ မျက်ခုံးများပင့်တက်သွား၏။
"ဘာမှမဟုတ်ပါဘူး မတော်တဆသေးသေးလေးပါပဲ။" ရှုယီက အပြုံးဖြင့် ခေါင်းခါလိုက်ပြီး ဂါဇာကိုရှင်းပြဖို့တော့ မစီစဉ်ထားပေ။
တကယ်တမ်းတွင် မည်သည့်မတော်တဆမှမဖြစ်ဘဲ အာကာလီ၏ ရှာဖွေမှုအသစ်ကို အဆင့်မြှင့်နေခဲ့ခြင်းကြောင့် ရက်များစွာနောက်ကျသွားရုံဖြစ်သည်။ သူဟာစိုင်စ်နယ်မြေကြီးတစ်ဝိုက်ပျံသန်း၍ အာကာလီကို တစ်ခေါက်ပြီးတစ်ခေါက် မှော်ပဲ့တင်ထပ်ခြင်းစမ်းသပ်မှုကိရိယာလေးများကို ချစေခဲ့သည်။
ထိုသို့ သွားလိုက်ရပ်လိုက်လုပ်ရင်း အချိန်အတော်လေးဖြုန်းခဲ့မိ၏။
ဂါဇာလည်း သဘာဝကျကျပင် ဆက်မမေးချေ။ သူဟာ ရှုယီကို ဟွားယွဲ့ကုန်သည်ကြီးများအသင်းနှင့် နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ကိုယ်စား ကြိုဆိုလိုက်ပြီးနောက် ရှုယီနှင့် မှော်လေသင်္ဘောမှ လူတစ်စုကို နေ့လည်စာစားရန် မြို့ထဲဖိတ်ခေါ်လိုက်သည်။
ဤတွေ့ဆုံပွဲတွင် ဂါဇာမှာ ရှုယီနှင့် စကားပြောရင်း နောက်ရက်အနည်းငယ်အတွင်း ရှုယီအတွက် စီစဉ်ထားသည်များကို မိတ်ဆက်ပေးလိုက်သည်။
ရှုယီလည်း မူလက စိတ်ရှည်စွာနားထောင်နေသော်ငြား ဂါဇာက သူနှင့် အခြားလုပ်ငန်းစုဆယ့်ခုနစ်အကြား တွေ့ဆုံရန် စီစဉ်ထားသည်ကို ပြောချိန်တွင် စကားဖြတ်ပြောလိုက်သည်။
"ဥက္ကဌဂါဇာ ကျုပ်ရဲ့ ဒီတစ်ခေါက် နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ကို လာတဲ့ခရီးက အစမ်း စစ်ဆေးမှုလေးတွေလုပ်ဖို့ပါပဲ။ ပူးပေါင်းမှုအတွက်ကတော့ အရင်ဆုံး အခြေအနေဘယ်လိုရှိတယ်ဆိုတာကို ကြည့်ဖို့လိုသေးတာကြောင့် ဒီစီးပွားရေးဆွေးနွေးမှုကို အဆုံးမှာပဲထားဖို့ မျှော်လင့်တယ်။"
ဂါဇာလည်း အသာမျက်မှောင်ကုပ်မိသည်။ သူ့အနေနှင့် ရှုယီက ပထမတွင်စစ်ဆေးပြီးနောက်မှ ဆုံးဖြတ်ချက်ချသည်ကို သိပါ၏။
ဤသည်က နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်၏ အခြေအနေကသာ သူ့ကိုစိတ်တိုင်းမကျစေခဲ့လျှင် သူလည်း ပူးပေါင်းဖို့ပင်မစဉ်းစားဘဲ လှည့်ပြန်လောက်သည့် အဓိပ္ပာယ်ပင်။
၎င်းကိုစဉ်းစားပြီးနောက် ဂါဇာလည်း အပြုံးဖြင့် ခေါင်းတစ်ချက်ငြိမ့်လိုက်၏၊ "ဟုတ်ပါပြီ ဥက္ကဌရှုက ကျုပ်တို့ နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုအနေအထားနဲ့ပတ်သက်ပြီး စိတ်တိုင်းကျရမယ်လို့ ကျုပ်ယုံတယ်။"
ရှုယီလည်း သူ့အား အဓိပ္ပာယ်ပါပါပြုံးကာ ကြည့်လိုက်ပြီးနောက် ခေါင်းခါသည်။
"ဥက္ကဌဂါဇာ ကျုပ်အနေနဲ့ ကွဲလွဲဖို့ မေတ္တာရပ်ခံချင်တယ်။"
ဂါဇာလည်း အံ့ဩကာ မပျော်မရွှင်ဖြစ်သွားသည်။
"ဥက္ကဌရှု ခင်ဗျားစိတ်တိုင်းမကျတာတစ်ခုခုများရှိလို့လား?"
ဤဥက္ကဌရှုမှာ ယခုမှ ရောက်ကာစဖြစ်ပြီး နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ကို စိတ်တိုင်းမကျသည်မှာ အတော်ကို ဇီဇာကြောင်သူပင်။
သို့ရာတွင် ရှုယီ၏ အဖြေက ဂါဇာကိုအံ့ဩကာ ပြန်ပင်မဖြေတတ်အောင်ဖြစ်သွားစေ၏။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၆၆။ ပထမဆုံး ဆိပ်ကမ်းတစ်ခု တည်ဆောက်ပါ
နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်၏ ရင်းနှီးမြှုပ်နှံမှု အခြေနေမှာ ရှုယီအမြင်တွင် လိုအပ်ချက်များစွာရှိသော်လည်း အရေးအကြီးဆုံးတစ်ခုမှာ လမ်းကြောင်းပြဿနာဖြစ်သည်။
မြို့တော်အားလုံးနှင့် မြို့ငယ်များစွာကို ချိတ်ဆက်ပေးသည့် လမ်းများရှိသော လမ်ပူရီတိုင်းပြည် မဆိုထားနှင့် ရူဒ်ဆန်တိုင်းပြည်၊ ဒရိတ်ခ်နယ်မြေနှင့် အဓိကလမ်းမအနည်းငယ်သာရှိသော အနီးဝန်းကျင်တိုင်းပြည်များမှာ နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ယှဉ်နိုင်သည့် အရာမဟုတ်ပေ။ နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ရှိ လမ်းကြောင်းပြဿနာမှာ စိုင်စ်နယ်မြေကြီး၏ နယ်မြေအများစုထက် ပိုဆိုးနေပါ၏။
အကြောင်းအရင်းမှာ ၎င်းတို့က နယ်မြေကြီး၏ အရှေ့တောင်ထောင့်တွင်ရှိနေခြင်းဖြစ်သည်။ ရာသီဥတုက တစ်နှစ်ပတ်လည်လုံး ပူနွေးစိုစွတ်၍ ကုန်းမြေအား တောအုပ်ဖြင့် ဖုံးအုပ်ထားကာ မိုးလည်းများသည်။ ၎င်းက မြေကို အတော်လေးနူးညံ့စေပြီး ပို့ဆောင်ဆက်သွယ်ရေးအတွက် မကောင်းမွန်ပေ။
ဟွားယွဲ့ကုန်သည်ကြီးများအသင်းအပါအဝင် လုပ်ငန်းစုဆယ့်သုံးခုမှာ တိုင်းပြည်ကိုဖြတ်၍ ကျောက်စရစ်နှင့် မြေဆီလမ်းများ တည်ဆောက်ရန် ဘဏ္ဍာငွေများစွာ အသုံးပြုကြသော်လည်း ထိုမျှ အဆင်မပြေချေ။ ထို့အပြင် ဤရာသီဥတု၌ ထိန်းသိမ်းရန်ခက်ခဲရာ ထိုမျှ များများစားစားပိုကောင်းလာခြင်းမရှိချေ။
ရှုယီအတွက် အရှည်ဆုံးလမ်းမှာ နှစ်ရာကီလိုမီတာရှည်၍ ငါးမီတာသာကျယ်သည်ကို မဆိုထားနှင့် ၎င်းက ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကိုလည်း မကိုင်တွယ်နိုင်ပေ။
ထို့ကြောင့် သူ့ထံရှိ ဂါဇာအတွက် ပထမဆုံးကိစ္စရပ်မှာ နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်အနေနှင့် ဤပြဿနာကို ဖြေရှင်းဖို့ မျှော်လင့်ခြင်းဖြစ်၏။
ဂါဇာမှာ ရှုယီ အဆိုပြုလာသည့်ကိစ္စရပ်ကို မအံ့ဩသော်လည်း ကူရာတော့မဲ့သွားပါ၏။
ဒုဥက္ကဌ ရီလိုင်းကိုသွားရှာစဉ်က သူဟာ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ဆက်သွယ်ကာ နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ကို လာ၍ လမ်းများဖောက်လုပ်စေချင်ခဲ့သည်။
ဂါဇာ ယခင်နှစ်က စီးပွားရေးခရီးကြောင့် မီရန်ဒိုနယ်မြေသို့သွားကာ မီရန်ဒိုနယ်မြေထံ ယူဆောင်လာသည့် လမ်းများ၏ အကျိုးအမြတ်ကို ကြုံတွေ့ရစဉ်တွင် ထိုထူးဆန်းသည့် အသစ်အဆန်းကြောင့် စိတ်လှုပ်ရှားခဲ့ရသည်။
နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်၌သာ အနှီဘိလပ်မြေလမ်းများရှိလျှင် ၎င်းတို့၏ ပို့ဆောင်ဆက်သွယ်ရေးအခြေအနေကို စိုးရိမ်ဖို့မလိုတော့သည့် အဓိပ္ပာယ်ပင်။
အရည်အချင်းရှိ ကုန်သည်တစ်ဦးအနေနှင့် ဂါဇာမှာ ပို့ဆောင်ဆက်သွယ်ရေးကောင်းက လုပ်ငန်းစုတစ်ခုအတွက် မည်မျှ အရေးပါကြောင်းသိပါ၏။
ထို့ကြောင့် ဒုဥက္ကဌ ရီလိုင်းကို တွေ့ပြီးနောက် အစီစဉ်ကြီးတစ်ခုကို ကတိပေးခဲ့သော်လည်း ဒုဥက္ကဌ ရီလိုင်းထံမှ အငြင်းပယ်ခံရခဲ့သည်ကို မအံ့ဩခဲ့ပေ။
ဟာသပဲ!
နယ်မြေကြီးရဲ့ အနောက်နဲ့အရှေ့ကမ်းရိုးတန်းတွေကို ချိတ်ဆက်မယ့်လမ်းဖောက်မယ်လား? ဒါက ဘယ်လိုများ အမ်ရစ်ကုန်သည်ကြီးများအသင်းနဲ့ နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်တို့လို အသေးအဖွဲလေးတွေ ဖြေရှင်းနိုင်မယ့် ပြဿနာဖြစ်မလဲ?
၎င်းတို့မှာ ကန်ဒရာအင်ပါယာကြီးကို ရှောင်ရှားရမည်ကို မဆိုထားနှင့်။ အခြေခံအကျဆုံး ရံပုံငွေ ပြဿနာကိုပင် ဖြေရှင်းရန် အစွမ်းအစမရှိပေ။
ဂါဇာမှာ ခြေတလှမ်းပြန်ဆုတ်ကာ အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနှင့် လမ်းဖောက်ရန် နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ကို ဝင်ရောက်ပြီး ပို့ဆောင်ဆက်သွယ်ရေးပြဿနာကို ဖြေရှင်းရန် ကူညီနိုင်မည်ဟု မျှော်လင့်နေသည်။
သို့သော် အမ်ရစ်ကုန်သည်ကြီးများအသင်းက သုံးသပ်ပြီးနောက်၌ ဤအဆိုပြုချက်ကို ငြင်းဆိုခဲ့သည်။
အဆုံး၌ အမ်ရစ်ကုန်သည်ကြီးများအသင်း၏ အဓိကလုပ်ငန်းမှာ လမ်ပူရီတိုင်းပြည်၌ ရှိပြီး ၎င်းက နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်မှ ကီလိုမီတာ ငါးထောင်ကျော်ဝေးကွာသည်။
စိုင်စ်နယ်မြေကြီး၏ လက်ရှိနည်းပညာအဆင့်နှင့် ဤအကွာအဝေးမှာ မထိပင်မထိနိုင်သော အကွာအဝေးဖြစ်သည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့၏အလုပ်သမားများနှင့် မှော်စက်များကို ယူဆောင်လာနိုင်ပါလျှင်တောင် အနှီလမ်းများခင်းရာ၌ လိုအပ်သည့် အရေးကြီးပစ္စည်များကို ပို့ဆောင်ရန် အင်မတန်ခက်ခဲသည်။
ကီလိုမီတာ ငါးထောင်ကျော်အကွာအဝေးမှာ မည်သည့်ကုန်စည်ကိုမဆို ပို့ဆောင်မည့်ကုန်ကျစရိတ်က လူများလက်မခံနိုင်သည့် အမှတ်သို့ရောက်နေလိမ့်မည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ဂါဇာထံ ကုန်ကျစရိတ်အသေးစိတ်ကို ရှင်းပြထားရာ ဂါဇာအနေနှင့် ၎င်းတို့၏ ပူပန်မှုများက မှန်ကန်ကြောင်းဝန်ခံရပေမည်။
သို့သော် ယခု ရှုယီက နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်သို့ ရောက်လာပြီး ပထမဆုံး သူပြောလာသည့် ပြဿနာက ပို့ဆောင်ဆက်သွယ်ရေးပြဿနာပါပင်။
၎င်းက ဂါဇာကို အင်မတန် ကူရာမဲ့သွားစေသည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ဤပြဿနာကို ဖြေရှင်းလိုပါလျှင်တောင် ကူညီရန်ဆန္ဒမရှိပေ။
Frestech ကုန်သည်ကြီးများအသင်းကို ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပြီး လုပ်ငန်းစုဆယ့်သုံးစုကို မှော်စက်မှုနယ်ပယ်ထဲသို့ ဝင်ခွင့်ပြုရန် ရှုယီမှာ ပို့ဆောင်ရေးပြဿနာ၌ စည်းကမ်းတင်းကြပ်ထားသည်။
၎င်းက သေဖို့လမ်းသာရှိသည်။
အချုပ်ဆိုရသော် ရှုယီမှာ လမ်းအခြေအနေနှင့်ပတ်သက်သော ပြဿနာများကို ဖော်ပြပြီးနောက် စိတ်အေးသွားရသည်။
ဂါဇာကို အပြုံးဖြင့် ခဏမျှ ကြည့်ပြီးနောက်တွင် ရှုယီ ရုတ်တရတ် ပြောလိုက်၏၊ "ဥက္ကဌ ဂါဇာ ခင်ဗျားအနေနဲ့ ဒီပြဿနာကိုဖြေရှင်းဖို့က တကယ်တော့မခက်ပါဘူး။ ခင်ဗျားအနေနဲ့ အရင်ဆုံး ပင်လယ်နက်ဆိပ်ကမ်းကို တည်ဆောက်ဖို့ပဲလိုတာ။
ဂါဇာလည်း အံ့ဩကာ၊ "ပင်လယ်နက်ဆိပ်ကမ်း? ဒါက ဘယ်လိုသက်ဆိုင်နေလို့လဲ?"
"သက်ဆိုင်တာပေါ့" ရှုယီလည်း အသာပြုံးလိုက်သည်၊ "ပင်လယ်နက်ပိုင်းဆိပ်ကမ်းကောင်းကောင်းတစ်ခုလောက်မရှိရင် ဘယ်လိုလုပ် ကျုပ်တို့လုပ်ငန်းစုရဲ့ အတိုင်းအတာကြီး ပို့ဆောင်ရေးသင်္ဘောတွေအနေနဲ့ ကုန်စည်တွေကို ယူလာလို့ရမှာလဲ?"
ဂါဇာမှာ အံ့ဩသွားပြီးနောက် မျက်လုံးများပင် တုန်ရီလာသည်။
"ဥက္ကဌရှု ခင်ဗျား... ခင်ဗျားပြောတာက... ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ တကယ်ပဲ ဆန္ဒရှိတယ်ပေါ့?"
"အင်း ကျုပ် ဒီမှာ ရင်းနှီးမြှုပ်နှံဖို့ကို အရမ်းစိတ်ဝင်စားပါတယ်၊ မဟုတ်ရင် ဒီတလျှောက်လုံး ကျုပ်က ဘာအတွက် လာခဲ့ရမှာလဲ?" ရှုယီက ပြန်မေး၏။
ဂါဇာလည်း ခေါင်းတဆတ်ဆတ်မငြိမ့်ဘဲ မနေနိုင်တော့ပေ။
မှန်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်းတည်ရှိရာ စတက်တိန်းနယ်မြေမှလာရန် ကီလိုမှာ ငါးထောင်ကျော်ရှိသည်။
ရှုယီမှာ ဤနေရာသို့လာရန် သူ၏မှော်လေသင်္ဘောကိုစီးနင်း၍ အချိန်သက်သာခဲ့ပါလျှင်တောင် အလွယ်လေး လာနိုင်သည့် အကွာအဝေးမျိုးမဟုတ်သေးပေ။
ရှုယီကိုယ်တိုင် ဤနေရာသို့ရောက်လာခြင်းကပင် သူ၏ စိတ်ရင်းနှင့် ဆုံးဖြတ်ချက်ကို ပြသဖို့လုံလောက်ပေသည်။
"ဒီကိုမလာခင်မှာ ကျုပ် အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ခရုစ်နဲ့ ပြောခဲ့တယ်။" ရှုယီက ဆက်ပြောသည်၊ "ကျုပ်အနေနဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ ပူပန်မှုကိုသေချာသိတယ်လေ။ ပြောရရင် ကီလိုမီတာ ထောင်ချီဝေးတဲ့နေရာတစ်ခုမှာ လမ်းခင်းဖို့က ပြဿနာများပေမယ့် ဥက္ကဌခရုစ်နဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ လူတိုင်းကို စိတ်တိုင်းကျစေနိုင်မယ့် အစီစဉ်တစ်ခု စဉ်းစားမိထားတယ်။"
ရှုယီထံမှ စကားများကိုကြားသော် ဂါဇာ၏ အသံက မနေနိုင်အောင်တုန်ရီလာပြီး မျှော်လင့်ဟန်ဖြင့်မေးလေ၏၊ "ဘာ အစီစဉ်တွေလဲ မေးလို့ရမလား?"
"ဥက္ကဌဂါဇာ ကျုပ် အခုနကပြောခဲ့တဲ့အထဲမှာ ကျုပ် စိတ်တိုင်းမကျဆုံးအရာက ပို့ဆောင်ဆက်သွယ်ရေးပြဿနာဆိုတော့ ကျုပ်အနေနဲ့ ဒီမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ခင် ဒီပြဿနာကို ဖြေရှင်းဖို့လိုတယ်။ ကျုပ် ဒါကို ဥက္ကဌခရုစ်နဲ့ဆွေးနွေးခဲ့ပြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ အရင်ဆုံး ဒီနေရာမှာ လမ်းခင်းဖို့ လိုအပ်တဲ့ ပစ္စည်းစက်ရုံတွေတည်ဆောက်ပြီး အဲ့ပစ္စည်းတွေကို ထုတ်လုပ်ရမယ်။ ဒါက အချိန်နဲ့ ကုန်ကျစရိတ် အတော်များများ သက်သာစေလိမ့်မယ်။"
ဂါဇာမှာ ၎င်းကို တိတ်တဆိတ်စဉ်းစားပြီးနောက် ရှုယီ၏ အစီစဉ်ကို နားလည်ကာ ချီးကျူးဟန်ပြလာသည်။
"ဥက္ကဌရှု ဒါက အပြည့်စုံဆုံးအစီစဉ်ပါပဲ။ ကျုပ်အနေနဲ့ ခင်ဗျားက ကျုပ်တို့တိုင်းပြည်အတွက် စဉ်းစားပေးဖို့ ဆန္ဒရှိတာကို အရမ်းဝမ်းသာမိတယ်။"
ရှုယီ တစ်ချက်ပြုံးလိုက်၏၊ "ကျုပ်ပြောပြီးသားပါ ကျုပ်အနေနဲ့ အချိန်နဲ့ စွမ်းအင်တွေဖြုန်းတီးရတာမကြိုက်ဘူးလို့လေ။ ကျုပ် ဒီကို ရောက်နေမှတော့ သေချာပေါက် ဒီကိစ္စကို အပြီးသတ်ရမှာပေါ့။ ဒီစက်ရုံတွေ ဆောက်လုပ်ဖို့ ပစ္စည်းနဲ့ လူအင်အားလိုအပ်မှုမျိုးစုံကြောင့်နဲ့ ကန်ဒရာအင်ပါယာအပါအဝင် တိုင်းပြည်များစွာကိုလည်း ဖြတ်လာရဦးမှာဆိုတော့ ဒါက အတော်ကို အဆင်မပြေဘူးလေ။ ဒီတော့ ကျုပ်အနေနဲ့ ပိုအဆင်ပြေမယ့် ရေကြောင်းပို့ဆောင်ရေးကို သုံးပြီး ပင်လယ်ကနေပဲ ပစ္စည်းနဲ့ လူအင်အားယူလာဖို့ ဆုံးဖြတ်လိုက်တာပဲ။
"ရေကြောင်းပို့ဆောင်ရေး?" ဂါဇာလည်း အနည်းငယ်စဉ်းစားပြီးနောက် တစုံတရာကိုစဉ်းစားမိသွားသည်၊ "ဥက္ကဌရှု ခင်ဗျားတို့ လုပ်ငန်းစုမှာ ရှိတဲ့ ဧရာမသံသင်္ဘောကြီးသုံးစင်းအကြောင်း ပြောနေတာဖြစ်ရမယ် ဟုတ်ရဲ့လား? သူတို့က... သူတို့က ကီလိုမီတာငါးထောင်ကျော် ပင်လယ်ပြင်ကို ဖြတ်ပြီး စတက်တိန်းနယ်မြေကနေ ဒီကိုလာနိုင်မှာလား?"
ရှုယီက အသာပြုံးသည်၊ "ဥက္ကဌဂါဇာ ခင်ဗျားဒါကို စိတ်ပူဖို့မလိုပါဘူး။ ကျုပ်က ခင်ဗျားကို ဧရာမမှော်သင်္ဘောကြီးတွေအတွက် သင့်တော်မယ့် ဆိပ်ကမ်းတစ်ခု အမြန်ဆောက်ပေးဖို့ တောင်းဆိုနေရုံပါပဲ။ ဒါကို လုပ်ပေးနိုင်မလား?"
ဂါဇာမှာ မနေနိုင်ဘဲ အသာနှာမှုတ်ကာ၊ "ဥက္ကဌရှု ကျုပ်တို့က မှော်စက်တွေနဲ့ ပတ်သက်လာရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို မယှဉ်နိုင်ပေမယ့်လည်း တခြားအပိုင်းတွေမှာတော့ ဘာပြဿနာမှမရှိပါဘူး။ ဒါက ဆိပ်ကမ်းလေးတစ်ခုပဲ တိုင်းပြည်နဲ့ဆွေးနွေးဖို့တောင်မလိုဘူး ကျုပ်တို့ ဟွားယွဲ့ကုန်သည်ကြီးများအသင်းနဲ့တင် ဒီပြဿနာကို ဖြေရှင်းနိုင်တယ်။"
"ကောင်းတယ်" ရှုယီ ခေါင်းငြိမ့်သည်၊ "ဒီဆိပ်ကမ်းကို ဆောက်တည်မယ့် နေ့က ကျုပ်တို့ရဲ့ ပူးပေါင်းမှု တရားဝင်စတင်မယ့် ပထမဆုံးနေ့ပဲ။"
ဂါဇာလည်း အလေးအနက်ဖြင့် ခေါင်းငြိမ့်လိုက်သည်။
ဆိပ်ကမ်းတစ်ခုတည်ဆောက်ခြင်းမှာ ဟွားယွဲ့ကုန်သည်ကြီးများအသင်းအတွက် မခက်ခဲသော်လည်း သူ့အနေနှင့် ရှုယီ၏ ပြီးပြည့်စုံဟန်ထင်ရသော အစီစဉ်ကို အနည်းငယ် သံသယဖြစ်မိသည်။
မည်သည်ကိုမှမဆိုထားနှင့် လူနှင့် ရင်းမြစ်အားလုံးကိုပို့ဆောင်ရန် ရေကြောင်းပို့ဆောင်ရေးကို အသုံးပြုခြင်းကပင် သူ့အား ယုံကြည်ရဟန်မပေါ်စေပေ။
အဆုံးမဲ့ပင်လယ်ပြင်မှာ အဆုံးမဲ့အန္တရာယ်တို့ပြည့်နေ၏။ Frestech ကုန်သည်ကြီးများအသင်း အနေနှင့် စတက်တိန်းနယ်မြေမှ ရူဒ်ဆန်တိုင်းပြည်သို့ ကုန်စည်များပို့ဆောင်ခဲ့ဖူးလျှင်တောင် ၎င်းက နှစ်ထောင်ကီလိုမီတာသာ ဝေးကွာသည်။
ဤနေရာမှ စတက်တိန်းနယ်မြေကိုဆိုလျှင် မျဉ်းဖြောင့်အတိုင်း ကီလိုမီတာငါးထောင်ကျော်ပြီး ပင်လယ်ပြင်၌ သွားလာခြင်းက မြေပြင်ကထက် ပို၍ခရီးတိုသော်လည်း ကီလိုမီတာ ခြောက်ထောင်ကျော်လောက်ရှိနေဆဲပင်။
ဤကြောက်မက်ဖွယ်အကွာအဝေးနှင့် လမ်းတလျှောက် မည်သည့်မတော်တဆမှမဖြစ်ဟု အာမခံရန် ခဲယဉ်းလှသည်။
သို့သော်လည်း ရှုယီထံရှိ ယုံကြည်ချက်ရှိရှိ အပြုံးကိုမြင်သော် မည်သို့များ ဂါဇာအနေနှင့် ထို စိတ်မချမ်းမြေ့စရာများကို ပြောနိုင်မည်နည်း။
မည်သို့ဖြစ်စေ သူ့အနေနှင့် ဆိပ်ကမ်းကြီးတစ်ခုသာ ရင်းနှီးမြှုပ်နှံဖို့လိုကာ ၎င်းက အများဆုံး ရွှေဒင်္ဂါးသိန်းချီသာကုန်ကျသည်။
ကျန်ခက်ခဲသည့်အပိုင်းအားလုံးကို Frestech ကုန်သည်ကြီးများအသင်းက ဖြေရှင်းလိမ့်မည်။
ထိုသို့စဉ်းစားရင်း ဂါဇာမှာ အနည်းငယ်စူးစမ်းလိုလာ၏။
သူ၏ စိတ်တွင် မျှော်လင့်ချက်တို့ပြည့်နေလျှင်တောင် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်မှာ စတက်တိန်းနယ်မြေမှ ဝေးကွာလှကြောင်းသိပါ၏။ ပုံမှန်ပတ်ဝန်းကျင်ကိုပါထည့်ပေါင်းလိုက်လျှင် Frestech ကုန်သည်ကြီးများအသင်းအတွက် အင်မတန်ဆွဲဆောင်မှုရှိသည့်အရာမျိုးမရှိပါချေ။
သို့သော် ရှုယီမှာ သူ၏ဖိတ်ကြားချက်ကို သဘောတူရုံသာမက ကိုယ်တိုင်ပင်လာရောက်၍ ဤအစီစဉ်ကြီးကို ကြေငြာလာသည်။
သူမည်သို့ကြည့်ကြည့် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်က ဤမျှမထိုက်တန်လှပေ။
"ဥက္ကဌဂါဇာ ကျုပ်တို့တွေ အကြိုအစီစဉ်ကို ဆွေးနွေးပြီးပြီဆိုတော့ ပူးပေါင်းမှုရဲ့ အသေးစိတ်ကို ဆွေးနွေးကြတာပေါ့။" ရှုယီက ဆက်ပြော၏၊ "ကျုပ်တို့ လုပ်ငန်းစုရဲ့ အကြီးစားပို့ဆောင်ရေး မှော်သင်္ဘောတွေက ဒီကို ခရီးရှည်ကြီးထွက်လာရမှာဆိုတော့ သဘာဝကျကျပဲ လက်ဗလာနဲ့ပြန်သွားလို့မရဘူးလေ။ ကျုပ်တို့ အနေနဲ့ ခင်ဗျားတို့နေရာကနေ ပစ္စည်းတချို့ယူသွားဖို့လိုတယ် ဒါက ကျုပ်တို့ ကုန်သည်တွေမှာရှိသင့်တဲ့ သဘောထားပဲ မဟုတ်ဘူးလား?"
ရှုယီမျက်နှာထက်ရှိ အပြုံးကိုမြင်သော် ဂါဇာမှာ သူ့စိတ်ထဲရှိ ဖရိုဖရဲဖြစ်နေသောအတွေးများကို အမြန်ဖိနှိပ်ထားလိုက်ရသည်။
သူ့အနေနှင့် ရှုယီက နောက်ဆုံး၌ အရေးကြီးဆုံးပြဿနာကို ပြောလာကြောင်း သိပါသည်။
ရှုယီမှာပရဟိတလုပ်နေခြင်းမဟုတ်သလို Frestech ကုန်သည်ကြီးများအသင်း အနေနှင့်လည်း မည်သည်မှမရဘဲ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်သို့ တလျှောက်လုံးလာမည်မဟုတ်ပေ။
ကုန်သည်တစ်ဦးအနေနှင့် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်ထံမှ လိုအပ်သည့်အရာကို ရယူခြင်းမှာ ပုံမှန်ပါပင်။
သို့သော် ဂါဇာမှာ ရှုယီလိုအပ်သည့်အရာကို မသိပေ၊ ၎င်းက နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည် မတတ်နိုင်မယ့် အရာတစ်ခုခုများဖြစ်နေလောက်မလား?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၆၇။ ကီလိုမီတာငါးထောင်ကျော်၏ ပူးပေါင်းမှု
သို့ရာတွင် အချက်အလက်များက ဂါဇာမှာ ကိစ္စများကို အပြည့်အဝ အတွေးလွန်ကြောင်း သက်သေပြနေသည်။
ရှုယီ နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ထံမှ အလိုရှိသော အရာမှာ ၎င်းတို့တတ်နိုင်သည့် အရာဖြစ်ရုံတင်မကဘဲ.. ဥက္ကဌဂါဇာသည်ပင် နားကြားမှားခဲ့သည်ဟု သံသယဖြစ်သည်အထိ ရိုးရှင်းခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ရှုယီမှာ နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်ျထံမှ Frestech ကုန်သည်ကြီးများအသင်း လိုအပ်နေသည့် သတ္တုရိုင်းအချို့နှင့် မှော်ပစ္စည်းများကိုသာ အလိုရှိသောကြောင့်ပင်။
ရှုယီ အလိုရှိသည့် သတ္တုရိုင်းများနှင့် မှော်ပစ္စည်းများမှာ အင်မတန်ရိုးရှင်းသည့်အရာများဖြစ်ကြသည်။ ၎င်းအား နေရာအနှံ့၌ မတွေ့နိုင်ရာ မှော်သလင်းကျောက်များကဲ့သို့ အဖိုးမတန်သလို နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်၌လည်း ရှားပါးရင်းမြစ်မဟုတ်သဖြင့် အလွယ်လေး ကုန်သွယ်နိုင်ပါ၏။
အနှီရင်းမြစ်များကို ကုန်သွယ်ရင်းဖြင့် ရှုယီမှာ ဂါဇာအား ဟွားယွဲ့ကုန်သည်ကြီးများအသင်းထံ အိမ်သုံးမှော်စက်နည်းပညာအချို့ ထောက်ပံ့ပြီး အိမ်သုံးမှော်စက် တည်ဆောက်နည်းအချို့ကို ကျွမ်းကျင်အောင် ထောက်ပံ့ပေးမည်ဟု ကတိပေးခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ငါးထောင်ကီလိုမီတာအဝေးရှိ နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်၌ ခြေကုပ်ယူနိုင်မည်ဟု သေချာစေရန်နှင့် နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်အနေဖြင့် အကြိုမှော်စက်မှုနယ်ပယ်တစ်ခု တည်ထောင်နိုင်မည်ကို သေချာစေရန်အလို့ငှာ ဘိလပ်မြေစက်ရုံနှင့် သံမဏိစက်ရုံအသေးစားတို့ကို တည်ဆောက်ဖို့ စီစဉ်ထားကြသည်။
ထို့အပြင် နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်၏ မြေမျက်နှာသွင်ပြင် အကန့်အသတ်ကြောင့် တိုင်းပြည်၌ ၎င်းတို့ လယ်စိုက်နိုင်သည့်နေရာအချို့သာရှိသဖြင့် အစားအစာမှာ ၎င်းတို့အတွက် အမြဲ ပြဿနာဖြစ်နေသည်။ ရှုယီမှာ စတက်တိန်းနယ်မြေထံမှ အစားအသောက်ပမာဏများစွာ ပို့ဆောက်နိုင်ကာ အရေးအပါဆုံးထိုပြဿနာကို ဖြေရှင်းဖို့ ကူညီမည်ဖြစ်ကြောင်း သဘောတူညီခဲ့၏။
ယင်းမတိုင်ခင်က နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်မှာ ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ဖြေရှင်းရန် ကန်ဒရာအင်ပါယာထံမှ ကောက်ပဲသီးနှံများကို တင်သွင်းနေခဲ့ရ၏။
သို့သော် ကန်ဒရာအင်ပါယာထံမှ ကောက်ပဲသီးနှံတင်သွင်းရန်က အင်မတန်ဈေးကြီးလှသည်။ ဥပမာအဖြစ် ဂျုံကို ယူကြည့်ပါလျှင် အနည်းဆုံး တစ်တန်ကို ရွှေဒင်္ဂါးသုံးဆယ့်လေးပြားကျပြီး အများဆုံး သုံးဆယ့်ရှစ်ပြားရှိ၏။
နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်အား လုပ်ငန်းစုဆယ့်သုံးစုဖြင့် ဖွဲ့စည်းထားကာ ၎င်းတို့၏ အခြားစီးပွားရေးလမ်းကြောင်းများမှတဆင့် သစ်သားနှင့် ဆေးရွက်ပင်တို့ကဲ့သို့သော ရှားပါးရင်းမြစ်များကို ဝယ်ယူရန် ငွေပမာဏများစွာသုံးစွဲရသော်လည်း ယခင်နှစ်က အစားအစာအတွက်နှင့်တင် ရွှေဒင်္ဂါး တစ်သန်းသုံးသိန်းနှင့် ခုနစ်သောင်း သုံးခဲ့ရသည်။ ၎င်းက တစ်တိုင်းပြည်လုံး၏ ငွေကြေး လေးပုံတစ်ပုံထက်ပင်ပိုများ၏။
ရှုယီမှ ဂါဇာနှင့် ယာယီရရှိထားသော သဘောတူညီချက်အရ စတက်တိန်းနယ်မြေမှ အစားအစာတန်ဖိုးမှာ ကန်ဒရာအင်ပါယာကထက် များစွာပို၍ ဈေးနည်းလိမ့်မည်။
တူညီသည့် ဂျုံအတွက် Frestech ကုန်သည်ကြီးများအသင်းမှာ တစ်တန်ကို ရွှေဒင်္ဂါးနှစ်ဆယ့်ရှစ်ပြားသာ သတ်မှတ်ထားသည်။ ၎င်းက ကန်ဒရာအင်ပါယာထက်က ရွှေဒင်္ဂါး ခြောက်ပြားပိုနည်းပါ၏။
အစားအစာအတွက် အခြား နှိမ့်ထားသည့် ဈေးနှုန်းများကိုပါ ထည့်ပေါင်းသော် ၎င်းတို့အားလုံးနှင့် နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်သာ ၎င်းတို့အစားအစာများတင်သွင်းရန် Frestech ကုန်သည်ကြီးများအသင်းကို ပြောင်းလိုက်လျှင် အနည်းဆုံး တစ်နှစ်ကို ရွှေဒင်္ဂါး သုံးသိန်းသက်သာနိုင်သည်။
ဂါဇာကမူ စဉ်းစားပင်မစဉ်းစားဘဲ ချက်ချင်း ထိုအစီစဉ်ကို သဘောတူခဲ့သည်။
သို့သော် သူဟာ သံသယလည်းအလွန်ရှိနေသည်။ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ကီလိုမီတာ ငါးထောင်ကျော်အဝေးရှိ စတက်တိန်းနယ်မြေမှ အစားအစာများပို့ဆောင်ခြင်းဖြစ်သော်လည်း ၎င်းတို့၏ ဈေးနှုန်းက မိမိတို့ အိမ်နီးချင်းကန်ဒရာအင်ပါယာထက် များစွာ နည်းနေသည်။ ပို့ဆောင်ခပို ထည့်တွက်လိုက်လျှင် ၎င်းက ဆုံးရှုံးမှုကြီးတစ်ခုဖြစ်လာနိုင်သည်မဟုတ်ပါလား?
သို့သော် ရှုယီမှာ သူ၏အကြောင်းပြချက်ကို ဂါဇာထံမရှင်းပြတော့ဘဲ Frestech ကုန်သည်ကြီးများအသင်း၌ အစားအစာပို့ဆောက်ရန် ပြဿနာမရှိရန်သာ ကတိပေးလိုက်သည်။ ၎င်းက နော့ဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်၏ သုံးသပ်မှုမျိုးစုံကို သေချာပေါက် ကျော်လွှားနိုင်ပါ၏။
ဂါဇာမှာ သံသယအနည်းငယ်ရှိနေသေးသော်လည်း မည်သည်ကိုမှ မပြောချေ။
မည်သို့ဖြစ်ဖြစ် အစားအစာသဘောတူညီမှုက နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်၏ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းရေးအတွက် အရေးပါသည့် အစိတ်အပိုင်းမဟုတ်ပေ။
Frestech ကုန်သည်ကြီးများအသင်းကသာ ကုန်စည်များ သယ်ယူပို့ဆောင်ရေး၌ မည်သည့်ပြဿနာမှ မရှိပါက နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်အနေနှင့် ၎င်းထံမှ အတော်လေး ခြွေတာနိုင်မည်က ကိစ္စကောင်းပင်။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းထံ၌ ၎င်းကို လိမ်လည်မည့် အကြောင်းအရင်းလည်းမရှိသလို ၎င်းကလည်း မည်သူ့အတွက်မှ ကောင်းမည်မဟုတ်ပေ။
ဂါဇာမှာ ရှုယီက သေချာပေါက် ထိုသို့သော ဦးနှောက်မဲ့သည့်အရာမျိုးကို လုပ်မည်မဟုတ်ဟု ယုံကြည်သည်။
ရှုယီနှင့် ဂါဇာတို့မှာ ယခုမှ ဆုံကြခြင်းဖြစ်ရာ အင်မတန် အကန့်အသတ်ရှိသည့် ဆက်သွယ်မှုဟု ယူဆနိုင်သည်။
သို့သော် ဂါဇာ သို့မဟုတ် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်အတွက် ဖိအားအများဆုံးကိစ္စမှာ တတ်နိုင်သမျှမြန်မြန် သင့်တော်သည့် ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့ရန်ပင်။
မဟုတ်ပါက Frestech ကုန်သည်ကြီးများအသင်း၏ အကြီးစားပို့ဆောင်ရေး မှော်သင်္ဘောများမှာ ကမ်းကပ်ခြင်းမပြုနိုင်ပေ။ Frestech ကုန်သည်ကြီးများအသင်း အတွက် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်နှင့် ဆက်သွယ်မှုရရှိရန် ခက်ခဲသဖြင့် သဘာဝကျကျပင် ပူးပေါင်းနိုင်မည်မဟုတ်ချေ။
ယခင်က ဂါဇာထံရှိ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်မှ ရူဒ်ဆန်တိုင်းပြည်၏ လမ်းကွန်ရက်ထံသို့ လမ်းဖောက်ပြီး စတက်တိန်းနယ်မြေနှင့် ချိတ်ဆက်နိုင်မည့် အတွေးကို လက်ရှိတွင် အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းမရှိသဖြင့် ခေတ္တသာဘေးဖယ်ထားနိုင်၏။
ဆွေးနွေးမှုများပြီးနောက် ရှုယီမှာ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်၏ တစ်ပတ်တာ စစ်ဆေးမှုကို ဂါဇာ၏ ဖိတ်ကြားမှုအောက်၌ လုပ်ဆောင်ခဲ့သည်။
နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်မှာ စတက်တိန်းနယ်မြေထက် အနည်းငယ်ကြီးမားသော်လည်း ၎င်းက လမ်ပူရီတိုင်းပြည် သို့မဟုတ် ရူဒ်ဆန်တိုင်းပြည်နှင့် မယှဉ်နိုင်ပေ။ ၎င်းအား စိုင်စ်နယ်မြေကြီး၌ တိုင်းပြည်ငယ်တစ်ခုဟုသာ သတ်မှတ်နိုင်သဖြင့် အကြမ်းဖျဉ်းစစ်ဆေးမှု လုပ်ဆောင်ရန် လွယ်ကူပါ၏။
ဤသည်မှာ ရှုယီ၏ ပထမဆုံးအကြိမ်ရောက်ရှိလာခြင်းဖြစ်သဖြင့် လေးလေးနက်နက် မစစ်ဆေးခဲ့ပေ။ သူဟာ မှော်လေသင်္ဘော၌သာ လိုက်ပါစီးနင်းရင်း နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်အထက် ကောင်းကင်ယံ၌ လှည့်လည်ရင်း နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်ရှိ ပတ်ဝန်းကျင် အခြေခံကို နားလည်အောင်လုပ်ခဲ့သည်။
ဤစစ်ဆေးမှုပြီးသည့်နောက် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်အတွက် ရှုယီထံရှိ အကဲဖြတ်မှုကို အနည်းငယ် ထုတ်ပြလိုက်သည်။
၎င်းက နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်၏ ပတ်ဝန်းကျင်မှ လာခြင်းမဟုတ်ပေ။ အထူးသဖြင့် လှည့်ပတ်ကြည့်ကာ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်တဝှမ်းရှိ မိုးသစ်တောများနှင့် ဗွက်အိုင်များကို မြင်ပြီးနောက် ရှုယီ၏ အကဲဖြတ်မှု ရလာသည်။
နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်အတွက် သူ၏ အကဲဖြတ်မှုထွက်ပေါ်လာသော အကြောင်းအရင်းမှာ ၎င်းကို ထိန်းချုပ်ထားသည့် ဟွားယွဲ့ ကုန်သည်ကြီးများအသင်း ကိုယ်စားပြုထားသော လုပ်ငန်းစု ဆယ့်သုံးခုကြောင့်ဖြစ်သည်။
အနှီလုပ်ငန်းစုဆယ့်သုံးခုမှာ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်ရှိ အထွေထွေ အခြေနေကို ထိန်းချုပ်ထားသော်လည်း ၎င်းတို့မှာ ကုန်သည်များဖြစ်သဖြင့် ရှုယီအတွက် ပြောရလွယ်စေသည်။ သူ့အနေနှင့် လမ်ပူရီတိုင်းပြည် သို့မဟုတ် ရူဒ်ဆန်တိုင်းပြည်ရှိ မျိုးရိုးမြင့်များနှင့် ပြောဆိုခြင်းကဲ့သို့ စွမ်းအင်ဖြုန်းတီးဖို့ မလိုတော့ပေ။
နှစ်ဘက်စလုံးမှာ ဆွေးနွေးရာ၌ အင်မတန်လက်တွေ့ကျကာ မည်သည့် စကားအပိုမှ ပြောဖို့မလိုလောက်သည်အထိဖြစ်၍ အင်မတန် အကျိုးရှိလှသည်။ တစ်ပါတ်တာ အတွင်း ၎င်းတို့မှာ စီးပွားရေးသဘောတူညီမှုများစွာအတွက် အသေးစိတ်များ ဆုံးဖြတ်ပြီးဖြစ်၏။
ထို့အပြင် ရက်အနည်းငယ်အတွင်း ဟွားယွဲ့ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုသုံးခုတို့ အတူတကွ အလုပ်လုပ်ကိုင်ခြင်းဖြင့် ဆိပ်ကမ်းတစ်ခုအတွက် နေရာရွေးချယ်ထားပြီးသလို ပစ္စည်းနှင့် လုပ်သားများလည်း ပြင်ဆင်ပြီးဖြစ်သည်။
ရှုယီမှာ ဤရလာဒ်ကို မနေနိုင်ဘဲ ချီးကျူးမိပါ၏။
မှန်ပါ၏၊ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်ထံ၌ ဘိလပ်မြေ၊ ကွန်ကရစ် သို့မဟုတ် သံမဏိချောင်းများ သို့မဟုတ် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဆောက်လုပ်ရေး နည်းပညာမရှိသဖြင့် စိုင်စ်နယ်မြေကြီးရှိ အစဉ်အလာအကျဆုံးဆိပ်ကမ်းတစ်ခုကိုသာ တည်ဆောက်နိုင်သည်။ ၎င်းတို့အနေနှင့် စတက်တိန်းနယ်မြေ သို့မဟုတ် ဆန်နက်မြေရိုင်းတို့ရှိ အမ်ရစ်ကုန်သည်ကြီးများအသင်း ဆောက်လုပ်ပြီးစီးပြီးသား ခိုင်မြဲသည့် ဆိပ်ကမ်းကို မတည်ဆောက်နိုင်ပေ။
ရှုယီက ၎င်းကို တကယ်တမ်း ဂရုမစိုက်ပေ၊ ဤသည်က Frestech ကုန်သည်ကြီးများအသင်း၏ အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောများ ကမ်းကပ်နိုင်လောက်သည်အထိ လုံလောက်သည်။
နောက် ဘာဖြစ်မည်ဆိုသည်ကိုတော့ ဖြည်းဖြည်းချင်းစဉ်းစားနိုင်၏။
တစ်ပါတ်တာက အမြန် ကုန်ဆုံးကာ ရှုယီမှာ နောက်ဆုံးတွင် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်ရှိ စစ်ဆေးမှုအတိုလေးကို ပြီးစီးသွားသည်။
မှော်လေသင်္ဘောက ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း ဝန်ထမ်းများကို ဝေဟင်ပေါ်သို့ ဖြည်းဖြည်းချင်း ခေါ်ဆောင်သွားကာ မြေပြင်ရှိ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည် ကိုယ်စားလှယ်များက အစက်လေးများဖြစ်သွားချိန်တွင် ရှုယီနံဘေးမှ အီဗီတာမှာ အသာမျက်မှောင်ကုပ်လိုက်သည်။ သူမက ရှုယီကို ကြည့်ရင်း စကားဆိုရန် တုံ့ဆိုင်းနေပါ၏။
"ဘာများလဲ? ပြောချင်တာရှိရင် ပြောလေ ဘာလို့ ထိန်းချုပ်နေမှာလဲ?" ရှုယီက အပြုံးဖြင့်ပြော၏။
အီဗီတာမှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် အသာပြောသည်၊ "ဥက္ကဌ တကယ်တော့ ကျွန်မအမြဲ သိချင်နေတာ ဘာလို့ ရှင့်အနေနဲ့ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်နဲ့ အလုပ်လုပ်ဖို့ စိတ်အားထက်သန်နေရတာလဲ? ဒီနေရာက ကျွန်မတို့ အခြေစိုက်နေရာနဲ့ အရမ်းလှမ်းပြီးတော့ မှော်လေသင်္ဘောနဲ့ လာရင်တောင် ရောက်ဖို့ ရက်ပေါင်းများစွာကြာတယ်။ ကျွန်မတို့တွေ အကြီးစားပို့ဆောင်ရေး မှော်သင်္ဘောများကို သုံးရင်တောင် ပင်လယ်ပြင်မှာ ခရီးအတွက် အနည်းဆုံးတစ်လကြာလိမ့်မယ်။ ဒီပူးပေါင်းမှုရဲ့ အကွာအဝေးနဲ့တင် အရမ်းကို အဆင်မပြေဘူးလို့ ကျွန်မခံစားရတယ်။"
"အင်း ကျုပ်လည်း အရမ်းဝေးပြီး အရမ်းအဆင်မပြေဘူးလို့ ခံစားရတယ်။" ရှုယီက ခေါင်းငြိမ့်၏။
အီဗီတာက အံ့ဩကာ၊ "ဒါဆိုရင် ဘာလို့?..."
ရှုယီက လက်များဖြန့်လိုက်ကာ၊ "ဘာလို့လဲဆိုတော့ ကျုပ် ဈေးကွက်တွေ ပိုလိုအပ်နေလို့ပဲ။ ကျုပ်တို့လုပ်ငန်းစုရဲ့ အမြင်က အနီးဝန်းကျင်တိုင်းပြည်လေးတွေဆီမှာပဲ ကျနေရင် ကျုပ်တို့ရဲ့ အလားအလာက မကျယ်ပြန့်ဘူးလို့ မထင်ဘူးလား?"
အီဗီတာမှာ ပို၍ပင် မျက်မှောင်ကုပ်သွားပါ၏။
"ဒါပေမယ့် ရှင်သာ ဈေးကွက်ပိုဖွင့်ချင်ရင် ကန်ဒရာအင်ပါယာက ပိုကောင်းတဲ့အခွင့်အရေးလို့ ကျွန်မထင်တာပဲ။ ပြီးတော့ ရှင့်မှာ ဒီအတွေးရှိပြီးသား မဟုတ်ဘူးလား? ဘာလို့ လက်လျှော့မှာလဲ?"
"ဘယ်သူက လက်လျှော့မယ်ပြောလို့လဲ?" ရှုယီက ပြန်မေးသည်၊ "နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံတာက ကန်ဒရာအင်ပါယာဈေးကွက်ဖွင့်တာနဲ့ မဆန့်ကျင်နေတော့ တစ်ချိန်တည်း လုပ်လို့ရတယ်။"
"ဒါပေမယ့် ရှင်က အစောင့်သင်္ဘောစုကို ကန်ဒရာအင်ပါယာရေတပ်နဲ့ တိုက်ခိုက်ခိုင်းလိုက်တော့ ကန်ဒရာအင်ပါယာရဲ့ သင်္ဘောစုက ဒီလိုအပြတ်အသတ် တိုက်ခိုက်မှာ မဟုတ်ဘူးလား?"
ရှုယီက ပခုံးတစ်ချက်တွ့န်သည်၊ "ဒါက ဘာမှ မဟုတ်ပ့ဘူး ကန်ဒရာအင်ပါယာအတွက် သင်္ကေတလေးတစ်ခုသက်သက်ပဲ။"
"သင်္ကေတ?" အီဗီတာက ပဟေဠိဖြစ်သွား၏၊ "ဘာသင်္ကေတလဲ?"
ရှုယီက ပြန်မဖြေဘဲ ပြုံးလိုက်၏။
ဘာ သင်္ကေတလဲ?
မှန်ပါ၏ ပြောရလျှင် ကန်ဒရာအင်ပါယာ၏ သင်္ဘောစုက Frestech ကုန်သည်ကြီးများအသင်း၏ အသစ်ထုတ် မှော်သင်္ဘောများထံမှာ တစ်ချက်လေးမှပင် တိုက်ခိုက်ခံရခဲ့ခြင်းမရှိပေ။
ကန်ဒရာအင်ပါယာဘက်ကသာ အလုံအလောက်ထက်မြတ်လျှင် ဤဖြစ်ရပ်မှ ရှုယီပေးချင်သည့် မက်ဆေ့ကို နားလည်လိမ့်မည်။
ထို့နောက် ၎င်းတို့လုပ်သင့် လုပ်ဖြစ်မည့် အရာနောက်တစ်မျိုးမှာ သိသာလာလိမ့်မည်။
ရှုယီမှာ ကန်ဒရာအင်ပါယာရှိသည့် အနောက်မြောက်ဦးတည်ဘက်ကို မှော်လေသင်္ဘောပြတင်းမှကြည့်ရင်း စိတ်ထဲ၌ မျှော်လင့်ချက်အနည်းငယ်ရှိနေ၏။
ဤဧရာမ ရှေးဟောင်းအင်ပါယာမှာ သူစိတ်တိုင်းကျမည့် အဖြေပေးလောက်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၆၈။ ဘန်တာမြို့ရှိ မြို့တော် မွမ်းမံမှုများ
ရှုယီမှာ ကန်ဒရာအင်ပါယာထံမှ တုံ့ပြန်မှုအမျိုးစုံအားလုံးအတွက် ပြင်ဆင်ထားခဲ့သည်။ သူဟာ စိုင်စ်နယ်မြေကြီးတစ်ခုလုံးရှိ နှစ်ခုတည်းသော အင်ပါယာများအနက် တစ်ခုကို တိုက်ခိုက်ရန်ပင် ပြင်ဆင်ထားကာ
Frestech ကုန်သည်ကြီးများအသင်း ကိုလုံးဝပိတ်ဆို့စေခဲ့သည်။
ကန်ဒရာအင်ပါယာ၏ တုံ့ပြန်မှုမှာ.... မည်သည့်တုံ့ပြန်မှုမှ လုံးဝမရှိခြင်းပင်။
မှန်ပါ၏ ရှုယီ၏ နိုဇ်ဒိုမူ စီးပွားရေးသမဂ္ဂတိုင်းပြည်မှ စတက်တိန်းနယ်မြေသို့ အပြန်ခရီးတွင် မိုးကြိုးလျှပ်စီးကျွန်း၌ ရပ်တန့်ခဲ့သလို မီရန်ဒိုနယ်မြေ၌လည်း ရပ်တန့်ခဲ့ခြင်းကြောင့် ပြန်ရောက်ရန် လတစ်ဝက်ကြာခဲ့သည်။
သို့သော် သူ စတက်တိန်းနယ်မြေသို့ ပြန်ရောက်လာချိန်တွင် Frestech ကုန်သည်ကြီးများအသင်းအစောင့်သင်္ဘောစုနှင့် ကန်ဒရာအင်ပါယာ၏ တတိယတော်ဝင်ရေတပ်တို့အကြား ပဋိပက္ခအပေါ် တုံ့ပြန်သည့် မည်သည့်သတင်းမှ မရခဲ့ပေ။
လတစ်ဝက်ကြာ စိတ်ရှည်ရှည်စောင့်ဆိုင်းခဲ့ပြီးနောက်တွင်သော်မှ ကန်ဒရာအင်ပါယာ၏ အပြင်ပန်း၌ မည်သည့်သတင်းမှ မရပေ။ ၎င်းက ထိုကိစ္စလုံးဝမဖြစ်ပွားခဲ့သလိုပင်။
ရှုယီမှာ ၎င်းကို အင်မတန်ရှုပ်ထွေးနေပါ၏။
ကန်ဒရာအင်ပါယာမှာ နယ်မြေကြီးရှိ အင်ပါယာနှစ်ခုအနက် တစ်ခုဖြစ်ရာ လူတိုင်း၏ အမြင်၌ ထိ၍မရနိုင်သော နာမည်ကျော်လူများရှိသည်။ ယခုတွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုက ၎င်းတို့ကို သွားဆွလိုက်ပြီး တိုက်ခိုက်ခြင်းပင် ပြုခဲ့သေးသည်ကို မည်သည့်တုံ့ပြန်မှုမှ မလာလေဘူးလား?
ကန်ဒရာအင်ပါယာရဲ့တော်ဝင်ရေတပ်က သူတို့ နိုင်မယ်လို့ မထင်လို့များလား?
ရှုယီမှာ ကန်ဒရာအင်ပါယာက ၎င်းကို လက်ခံမည်ဟု မယုံကြည်ပေ။ ကန်ဒရာအင်ပါယာ တုံ့ပြန်မည်ကို တားမြစ်နေသည့် အရာတစ်ခုခုက နောက်ကွယ်၌ရှိရမည်။
သို့သော် ၎င်းက ရှုယီကို ထိုမျှ ခက်ခဲစေသည့် ပြဿနာမဟုတ်ပေ။ သူ့အနေနှင့် ကန်ဒရာအင်ပါယာ၏ အာရုံကိုသာ ဆွဲဆောင်လိုသဖြင့် တစ်ခုခုလုပ်ဆောင်ရန် မစီစဉ်ထားပေ။
အဆုံး၌ ၎င်းက အချိန်ကောင်းမဟုတ်သေးပေ။
ကန်ဒရာအင်ပါယာဈေးကွက်ကို ဖွင့်လှစ်ရန် လိုအပ်သော်လည်း တစ်ချိန်တည်းမှာပင် Frestech ကုန်သည်ကြီးများအသင်းမှာ အနီးဝန်းကျင်တိုင်းပြည်များရှိ ၎င်းတို့၏ အုတ်မြစ်ကို တည်မြဲစေဖို့ရန် လိုအပ်သည်။
ဩဂုတ်လသို့ ဝင်ရောက်လာပြီး တစ်နှစ်ပတ်လုံး ပူနွေးနေသော စတက်တိန်းနယ်မြေဖြစ်စေ လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်နှင့် အနီးဝန်းကျင်တိုင်းပြည်ငယ်များဖြစ်စေ အားလုံးမှာ နွေရာသီ၏ အပူနွေးဆုံး အပိုင်းကို ရောက်လာကြပြီဖြစ်ပါ၏။
နေ့လည်ခင်းတွင် လမ်းထွက်လျှောက်နှင့်တင် နေရောင်အောက်၌ ချွေးများဖုံးလွှမ်းလာလိမ့်မည်။
ထို့ကြောင့် ဤအချိန်တွင် လူအများစုမှာ ၎င်းတို့၏ အိမ်များ၌ ပုန်းအောင်းနေကြလိမ့်မည်သာ။ ၎င်းတို့မှာ မှော်ပန်ကာများ သို့မဟုတ် မှော်ပေးစက်များမှ ယူဆောင်လာပေးသော အေးစိမ့်မှုကို ခံစားရင်း နေ့ခင်းတစ်ရေးအိပ်ကြပြီး အပြင်မထွက်ကြပါချေ။
သို့သော် ယနေ့ မွန်းလွဲပိုင်း၌ ဘန်တာမြို့၏ ဂုဏ်အယူရဆုံး မြို့စားကောင့်ထ်ဝယ်လ်မှာ နေရောင်အောက်တည့်တည့်၌ ရပ်နေဪ၏။ သူ့အနေနှင့် မိမိရှေ့ရှိ ဆောက်လုပ်ရေးဆိုက်တွင် အာရုံထားရင်း သူ့ထံ ရောက်လာသော အပူရှိန်ကို ခံစားနေရသည်။
Frestech ကုန်သည်ကြီးများအသင်းလက်အောက်ရှိ မှော်အင်ဂျင်နီယာများက ယူနီဖောင်းဖြင့် လှုပ်ရှားနေကြကာ ဘန်တာမြို့မှ ရွှေဒင်္ဂါး တစ်ထောင့်သုံးရာဖြင့်ဝယ်ယူထားသော မှော်ရေစုပ်စက်ကြီးကို ထည့်သွင်းနေသည်ကိုကြည့်ရင်း ကောင့်ထ်ဝယ် ခေါင်းတစ်ချက်ငြိမ့်လိုက်၏။ သူဟာ မိမိနံဘေးရှိ Frestech ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဌဟိန့်ဇ်ဘက် လှည့်လိုက်လေသည်။
"ဟေး ဒုဥက္ကဌဟိန့်ဇ်၊ ဒီတိုးတက်မှုနဲ့ဆို ဒီနှစ်မှာ ကျုပ်တို့ ဘန်တာမြို့သားတွေ ရေရှင်ရနိုင်တော့မှာပေါ့?"
ဟိန့်ဇ်က အသာပြုံး၍ ခေါင်းငြိမ့်သည်၊ "ဟုတ်ပါတယ် မြို့စားအရှင်။ ဘာမှ အမှားအယွင်းမရှိရင် ဒီတိုးတက်မှုအဆင့်ကို ထိန်းထားနိုင်သရွေ့ ဘန်တာမြို့သားတွေအနေနဲ့ ပထမဆုံးနှင်းမကျခင်မှာ ရေရှင်အသန့်ကို ရပါလိမ့်မယ်။"
"အရမ်းကောင်းတယ်" ကောင့်ထ်ဝယ်က ချီးကျူးဟန်ပြကာ ခေါင်းငြိမ့်သည်၊ "ဒီရေစနစ်ကိုသာ ထည့်သွင်းနိုင်ရင် ကျုပ်တို့ ဘန်တာမြို့သားတွေရဲ့ လူနေမှုအဆင့်အတန်းကို ကြီးကြီးမားမားမြှင့်တင်ပေးလိမ့်မယ်။ ကျန်တာမပြောနဲ့ဦး၊ အနည်းဆုံး ဆောင်းရာသီရဲ့ အအေးဆုံးအချိန်တွေမှာ ရေဆွဲဖို့ အပြင်ထွက်စရာမလိုတော့သလို ရေအတွက်နဲ့ အဝေးက ဆန်ဒီမြစ်ဆီလည်း သွားဖို့မလိုတော့ဘူး။"
"ဟုတ်တယ် ဒီရေစနစ်က လူတွေရဲ့ ရေလိုအပ်မှုကို ဖြေရှင်းပေးနိုင်တယ်။ ပြီးတော့ ဒီရေစနစ်မှာ နတ်သူငယ်တွေရဲ့ ထူးကဲတဲ့ သန့်စင်ခြင်းမှော်ပညာပါတာမို့ ရေက အရမ်းကို သန့်ရှင်းတယ်။ ဒါက ဆန်ဒီ မြစ်နဲ့ ရေတွင်းတွေဆီက ရေထက်တောင် အများကြီးသန့်သေးတယ်။" ဟိန့်ဇ်က ရှင်းပြရင်း ဆက်ပြောလိုက်သည်။
"ဒီရေစနစ် ကျုပ်တို့ စတက်တိန်းနယ်မြေမှာ ရေပန်းစားလာပြီးနောက်တော့ စတက်တိန်းနယ်မြေသားတွေကြားက ရောဂါဖြစ်နှုန်းလည်း အတော်ကိုလျော့ကျသွားတယ်။ ပြီးတော့ ကျုပ်တို့ စတက်တိန်းနယ်မြေရဲ့ ဆေးဝါးစနစ်ကြောင့် စတက်တိန်းနယ်မြေသားတွေကြားက ရုတ်တရတ်ဖြစ်တဲ့ရောဂါတွေကနေ သေဆုံးနှုန်းလည်း အတော်ကို လျော့ကျသွားတာလေ။"
ကောင့်ထ်ဝယ်လ်က အသာခေါင်းငြိမ့်သည်။ သူဟာ ရုတ်တရတ် ဟိန့်ဇ်ကိုကြည့်ကာ ခံစားချက်ပြည့်နေသည့်အသံဖြင့် ဆိုလေသည်၊ "ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းသာ အဲ့တုန်းက ဘန်တာမြို့ကနေ ထွက်မသွားခဲ့ရင် အတော်ကောင်းမှာ။ ဒါဆို ဒီအကျိုးအမြတ်ကို ပထမဆုံးခံစားရမယ့် လူတွေက ကျုပ်တို့ ဘန်တာမြို့သားတွေဖြစ်မှာပဲ။"
ဟိန့်ဇ်က ပြုံးရုံသာပြုံးကာ မည်သည်မှ မဆိုပေ။
ထိုစဉ်က Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ဘန်တာမြို့မီ ထွက်ခွာခဲ့ရသည်မှာ စတက်ဂ်ျမိသားစု၏ တွန်းအားပေးမှုကြောင့်ဖြစ်ရာ ရွေးချယ်စရာမရှိဘဲ ဘန်တာမြို့နှင့် လမ်ပူရီတိုင်းပြည်ကနေပါ ထွက်ခွာခဲ့ရသည်။
သို့သော် ပိုနက်ရှိုင်းသည့် အကြောင်းအရင်းများကိုကြည့်လိုက်ပါလျှင် ရှုယီထံ၌ ဤအစီစဉ်ရှိနေပြီးသားဖြစ်ကာ လမ်ပူရီတိုင်းပြည်မှ ထွက်ခွာဖို့ ၎င်းကို အခွင့်အရေးယူခဲ့ခြင်းပင်။
ရှုယီ၏ စိတ်တွင်း၌ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုကို ကိစ္စအမျိုးမျိုးကြောင့် နှောင့်နှေးမည်ကို မလိုလားပေ၊ အထူးသဖြင့် စီးပွားရေးနှင့်ပင် မသက်ဆိုင်သည့် စတက်ဂ်ျမိသားစုကဲ့သို့သော အရာများဖြစ်သည်။
လမ်ပူရီတိုင်းပြည်မှ ထွက်ခွာခြင်းမှာ Frestech ကုန်သည်ကြီးများအသင်းအတွက် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်စေခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လက်ရှိ စတက်တိန်းနယ်မြေကို ထိန်းချုပ်နိုင်နေပြီး ရှုယီ၏ ဆန္ဒနောက်လိုက်လာစေရာ နှောင့်နှေးမှုများအတွက် စိတ်ပူဖို့မလိုတော့ပေ။
ကောင့်ထ်ဝယ်လ်၏ စကားလုံးများထံတွင် Frestech ကုန်သည်ကြီးများအသင်းကို လမ်ပူရီတိုင်းပြည်ထံ ပြန်လာစေလိုသည့် ဆိုလိုရင်းတစ်ခုရှိသည်၊ သို့သော် ၎င်းကို ရှုယီလက်ခံမည်မဟုတ်သည်အား ဟိန့်ဇ်မှာသေချာပါ၏။
ဟိန့်ဇ်၏ မျက်နှာထက်မှ အမူအရာကိုမြင်သော် ကောင့်ထ်ဝယ်လ်လည်း သက်ပြင်းချလိုက်သည်။ သူဟာ ဤကိစ္စကို ဆက်မပြောတော့ဘဲ ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ရေစနစ်၏ အဓိကပြဿနာများအကြောင်းမေးမြန်းလေသည်။
ဘန်တာမြို့မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ ရေစနစ်ကို ဝယ်ယူ၍ ၎င်းတို့၏ ရေ အနေအထားကို တိုးမြှင့်သည်မှာ ဘန်တာမြို့အတွက်ဖြစ်စေ လမ်ပူရီတိုင်းပြည်တစ်ခုလုံးအတွက်ဖြစ်စေ လမ်ပူရီတိုင်းပြည်ရှိ လူတိုင်း၏ အာရုံကို ဆွဲဆောင်ထားသော အင်မတန်အရေးပါသည့် စမ်းသပ်မှုတစ်ခုဖြစ်သည်။
လမ်ပူရီတိုင်းပြည်ရှိ လူအများစုမှာ စတက်တိန်းနယ်မြေ၌ Frestech ကုန်သည်ကြီးများအသင်း တပ်ဆင်ထားသည့် ရေစနစ်အကြောင်းကို ကြားရုံသာကြားခဲ့ဖူးပြီး ၎င်းတို့ကိုယ်တိုင်မြင်ခဲ့ဖူးခြင်းမရှိပါချေ။
ကောင့်ထ်ဝယ်လ်မှ စတက်တိန်းနယ်မြေထံ ကိုယ်တိုင်လာရောက်ကာ မိမိတိုင်းပြည်သို့ ပြန်ရောက်ပြီးနောက်တွင် တိုင်းပြည်လွှတ်တော်ထံ တင်ပြခဲ့ပြီး တိုင်းပြည်လွှတ်တော်၏ ခွင့်ပြုချက်ကို အလျင်အမြန်လက်ခံရခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို ချပြထားပြီးဖြစ်သဖြင့် အင်မတန် အဆင်ပြေကာ အကျိုးသက်ရောက်မှုကောင်းသည်။
လတစ်ဝက်တာလေးနှင့် ၎င်းတို့မှာ ဘန်တာမြို့ရှိ ရေစည်တစ်ဝက် ပြီးစီးသွားပြီဖြစ်၏။
ယခုတွင် မှော်ရေစုပ်စက်ကို အပြီးသတ်လိုက်သည်နှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ အချက်အလက်များအရ လူငါးထောင် သုံးရန်ပင် လုံလောက်သည်။
မှန်ပါ၏ ၎င်းက ကနဦးသာရှိသေးသည်။
Frestech ကုန်သည်ကြီးများအသင်းနှင့် ဘန်တာမြို့အကြား သဘောတူညီမှုအရ Frestech ကုန်သည်ကြီးများအသင်းမှာ ရေစနစ်တစ်ခုတည်ဖောင်ကာ ဘန်တာမြို့ အနောက်မြောက်ဘက်ရှိ ဆန်ဒီ မြစ်၏ မြစ်စုန်ဆည်တစ်ခု တည်ဆောက်မည်ဖြစ်သည်။ ၎င်းက ဘန်တာမြို့၏ ရေစနစ်အတွက် အသုံးပြုမည့် ရေလှောင်ကန်တစ်ခုကို ဖန်တီးရန် ဟန့်တားလိမ့်မည်။
ရေစနစ်၏ နောက်ပိုင်းများပတွက် အနည်းဆုံး ဘန်တာမြို့တဝှမ်း၌ ရေလှောင်ကန် အခုနှစ်ဆယ်တည်ဆောက်မည်ဖြစ်ပါ၏။
၎င်းက ဘန်တာမြို့၏ မြို့သူမြို့သားများကို နေ့စဉ်ရေ ထောက်ပံ့ပေးမည်သာမက အနာဂတ်၌ ဘန်တာမြို့ပတ်လည်ရှိ ရွာငယ်လေးများထံလည်း ရောက်ရှိကာ ဘန်တာမြို့ရှိ လူတိုင်းကို ရေစနစ်၏ အကျိုးအမြတ်များ ခံစားရစေမည်ဖြစ်သည်။
ထို့အပြင် ရှုယီ၏ အကြံပြုချက်အောက်၌ ကောင့်ထ်ဝယ်လ်မှာ ဘန်တာမြို့ မိလ္လာစနစ်တစ်ခုလုံးကို ပြောင်းလဲဖို့လည်း စီစဉ်ထား၏။ သူဟာ ရှုယီပြောထားသည့် မည်သည့်မိလ္လာကိုမှ မြင်ကွင်း၌မပြမည့် အချက်ကို လုပ်ဆောင်လိုသည်။
၎င်းက ရေစနစ်ထက်ပင် ကြီးမားသည့် စီမံကိန်းတစ်ခုပါပင်။
မြို့စားအိမ်တော် ဝန်ထမ်းများ၏ ခန့်မှန်းခြေအရ ၎င်းပြဿနာကို ဖြေရှင်းရန် အနည်းဆုံး ငါးနှစ်ကြာမည်ဖြစ်သည်။
အနှီစီမံကိန်းနှစ်ခု၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုများအတွက်မူ အနည်းဆုံး ရွှေဒင်္ဂါးသုံးသန်းကုန်ကျမည်ဖြစ်၏။
၎င်းက ယခင်ဘန်တာမြို့ဖြစ်ပါလျှင် အနှီရင်းနှီးမြှုပ်နှံမှုကြီးကို တောင့်ခံနိုင်မည်မဟုတ်သော်လည်း ယခု ဘန်တာမြို့မှာ ၎င်းကို လုံးဝလက်မခံနိုင်သည်အထိတော့ မဟုတ်ပေ။
မြို့စားအိမ်တော်ထံမှ ယခင်နှစ်အစီရင်ခံစာများအရ ဘန်တာမြို့မှာ ၎င်းတို့၏ အခွန်ရင်းမြစ်မျိုးစုံထံမှ တစ်နှစ်ကို ရွှေဒင်္ဂါးသုံးသန်းကျော် ဝင်နေခဲ့သည်။
၎င်းတို့ တိုင်းပြည်ကိုပေးသည့်အပိုင်းနှင့် အသုံးစရိတ်များကို နုတ်လိုက်ပါလျှင်တောင် ရွှေဒင်္ဂါးတစ်သန်းနှင့်နှစ်သိန်းက အပိုအလျှံအဖြစ်ကျန်နေသေးသည်။
ထိုသို့သော ဘဏ္ဍာရေးကြောင့် ကောင့်ထ်ဝယ်လ်ထံ အနှီစီမံကိန်းကြီးနှစ်ခုကို လက်ခံရန် ယုံကြည်ချက် အလုံအလောက်ရှိပါ၏။
ကောင့်ထ်ဝယ်လ်အတွက် အနှီစီမံကိန်းနှစ်ခုကိုသာ အပြီးသတ်နိုင်လျှင် ၎င်းကို သူ၏ အရေးပါသော အောင်မြင်မှုများအဖြစ်သတ်မှတ်နိုင်သည်။ ၎င်းက သူ့အား တစ်တိုင်းပြည်လုံးရှိ ထိပ်တန်းလူများထဲမှ တစ်ဦးဖြစ်လာရန် အကူအညီဖြစ်စေလိမ့်မည်။
လမ်ပူရီတိုင်းပြည်တစ်ခုလုံးအတွက် ဘန်တာမြို့မှာ အင်မတန်စမ်းသပ်ချင်စရာကောင်းလှသော မြေဖြစ်ပါ၏။
အနှီစီမံကိန်းနှစ်ခုကသာ ဘန်တာမြို့၌ ရလာဒ်ကောင်းများပြလာပါလျှင် ဘုရင်မကြီးဆယ်ဗီနီကိုယ်တိုင် တိုင်းပြည်အဆင့်အထိ ယူဆောင်လာပေးမည်ဟု ကောင့်ထ်ဝယ်လ်ကို ပြောခဲ့သည်။
လမ်ပူရီတိုင်းပြည်၏ နှစ်စဉ်ဝင်ငွေမှာ ယခင်နှစ်က ရွှေဒင်္ဂါးခုနစ်သန်းအထိရောက်ခဲ့သဖြင့် ဘုရင်မကြီးဆယ်ဗီနီကို ယုံကြည်ချက်များစွာ ရှိလာစေ၏။
ရေစနစ် ပြင်ဆင်ခြင်းနှင့် ပိုက်များက မတူညီသည့် သံမဏိပိုက်အရွယ်အစားပမာဏများစွာကို လိုအပ်မည်ဖြစ်သောကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ အိုင်ရီလန် ကုန်သည်ကြီးများအသင်းနှင့် အလုပ်လုပ်ခဲ့သည်။ မြို့စားအိမ်တော်၏ အမှာစာများကြောင့် ၎င်းတို့မှာ ဘန်တာမြို့အပြင်ဘက်တွင် သံမဏိပိုက်များကို အထူးတလည် ထောက်ပံ့မည့် သံမဏိပိုက်စက်ရုံကို တည်ထောင်ရမည်ဖြစ်သည်။
၎င်းတို့၏ သဘောတူညီမှုအရ ဘန်တာမြို့မှာ ဈေးကွက်တန်ဖိုးအတိုင်း သံမဏိပိုက်မျိုးစုံကို ဝယ်ယူမည်ဖြစ်သော်လည်း ဦးစားပေးဆက်ဆံမှုအနည်းငယ်တော့ ရယူမည်ဖြစ်သည်။
ဤပူးပေါင်းမှုတွင် အိုင်ရီလန် ကုန်သည်ကြီးများအသင်းမှာ ဗဟိုအနေအထား၌ အံ့ဖွယ်ရှိနေသည်။ အိုင်ရီလန် ကုန်သည်ကြီးများအသင်းမှာ သံမဏိပိုက် သုတေသနလုပ်ခြင်းနှင့် ကွန်ကရစ်ထုတ်လုပ်ရေး၌ အင်မတန်ကောင်းမွန်ပြီး Frestech ကုန်သည်ကြီးများအသင်းထက်ပင် ဆိုးမနေပေ။
၎င်းကို မည်သို့ ဆွေးနွေးခဲ့သည့်အကြောင်း စဉ်းစားကြည့်ရင်း အိုင်ရီလန် ကုန်သည်ကြီးများအသင်းထံ၌ Frestech ကုန်သည်ကြီးများအသင်းထံရှိသည်ထက် အားမနည်းသော နည်းပညာရှိနေသည်ကို တွေးမိသဖြင့် ကောင့်ထ်ဝယ်လ်မှာ ဟိန့်ဇ်ကို မကြည့်မိဘဲမနေနိုင်တော့ပေ။
အိုင်ရီလန် ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုက Frestech ကုန်သည်ကြီးများအသင်း၏ ထောက်ပံ့မှုနှင့် ဝေးကွာနေခြင်းမရှိပါချေ။
ရှုယီ ဆုံးဖြတ်ချက်ချစဉ်က ထိုနေ့ကကြောင့် Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ဘန်တာမြို့ထံမှ မည်သည့် အကျိုးအမြတ်များမှ ထပ်မရတော့မည့်ကို စဉ်းစားခဲ့မိပါသလား?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၆၉။ ဘုရင်မကြီးက.... ကိုယ်ဝန်ရှိနေတယ်?
ကောင့်ထ်ဝယ်လ်မှာ အတွေးလွန်နေခဲ့သည်။
သူ၏ အမြင်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ အိုင်ရီလန် ကုန်သည်ကြီးများအသင်းကို လေ့ကျင့်ပေးခဲ့သော်လည်း ၎င်းတို့မှာ ၎င်းတို့ကို ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဘက်တစ်ဦးဖန်တီးခဲ့ပြီး အကျိုးအမြတ်ပမာဏ မြောက်များစွာ ဆုံးရှုံးစေခဲ့သည်။ ၎င်းက ဒုက္ခရှာခြင်းနှင့် မခြားပေ။
သို့သော် ရှုယီအတွက် ဆန့်ကျင်ဘက် ခံစားချက်ရှိပါ၏။
"ဟေး ဖရီးမန်း, ဒါက တကယ်ကို အံ့အားသင့်စေတာပဲ။"
ရှုယီက သူ့လက်ကောက်ဝတ်လောက်ထူသည့် ပိုက်ကိုယူလိုက်ပြီး အတွင်းထဲကို ကြိမ်ဖန်များစွာ ဂရုတစိုက်ကြည့်လိုက်သည်။ သူက ဖရီးမန်း၏ လက်ထဲကနေ၍ Vernier Caliper ကို အကြိမ်အနည်းငယ် တိုင်းတာဖို့တောင် ယူလိုက်သေး၏။
“ဒီ P2 သံမဏိပိုက်က တူညီတဲ့အဆင့်မှာရှိပြီးသားမဟုတ်ဘူး ကျုပ်တို့အလုပ်ရုံဆွေးနွေးပွဲမှာ လုပ်ထားတာထက်တောင် ပိုကြီးနေပြီ။ ဖရီးမန်း၊ ခင်ဗျားဒါကိုဘယ်လိုလုပ်ခဲ့လဲဆိုတာ ပြောပြနိုင်မလား။"
ဖရီးမန်းက ရိုးရိုးရှင်းရှင်း ပြုံးပြပြီး ခေါင်းကုတ်ကာ "ဘာမှမဟုတ်ပါဘူး၊ ကျုပ်တို့က လိုအပ်တာတွေကို တိုးလိုက်ရုံပဲ"
ရှုယီက ခေါင်းညိတ်လိုက်ကာ "အွန်း၊ ပြောတာကောင်းတယ်။ လက်မှုပညာဆိုတာက ကိုယ့်အတွက် လိုအပ်ချက်တွေ တိုးလိုက်တာပါပဲ။ ဒီ P2 သံမဏိပိုက်ကနေ၊ ဒီသံမဏိပိုက်နဲ့ပတ်သက်ရင် ခင်ဗျားရဲ့ အိုင်ရီလန် ကုန်သည်ကြီးများရဲ့ အရည်အချင်းက ကျုပ်တို့လုပ်ငန်းစုထက် မဆိုးဘူးလို့ ကျုပ်ပြောနိုင်တယ်။"
ထိုသို့ပြောပြီးနောက် ရှုယီသည် သူ့ကို မနေနိုင်ဘဲ ချီးကျူးလိုက်၏။ သူသည် ကျယ်လောင်စွာဖြင့် ဖရီးမန်း၏ ပခုံးကို ပုတ်လိုက်ကာ၊ "ဒါကို နှစ်ပေါင်းများစွာ ကျုပ်မျှော်လင့်ထားခဲ့တာ ခင်ဗျားသိလား ဒါပေမယ့် ခင်ဗျားရဲ့ အိုင်ရီလန် ကုန်သည်ကြီးများအသင်းက ဒါကို ပထမဆုံးလုပ်မယ်လို့ မထင်ခဲ့ဘူး။"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဥက္ကဋ္ဌ ရှု၊ ချီးကျူးတာ လွန်နေပြီ။" ဖရီးမန်းက သူ့လက်ခါနေလေသည်။
ဖရီးမန်းမှာ ရှုယီနှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ပြီး နက်ရှိုင်းစွာ အဆက်အသွယ်ရှိခဲ့သည်။ ထို့ကြောင့် ရှုယီထံတွင် ဤမျှော်လင့်ချက် အမြဲရှိနေကြောင်း သူ ရှင်းရှင်းလင်းလင်း သိလိုက်သည်။ သူက မှော်စက်မှုနယ်ပယ်ကို Frestech ကုန်သည်ကြီးများအသင်းတစ်ခုတည်းအား မပိုင်စေချင်ဘဲ၊ Frestech ကုန်သည်ကြီးများအသင်းထက် ပိုသော သို့မဟုတ် တူညီသော အရည်အချင်းများရှိသည့် အခြားလုပ်ငန်းစုများရှိပါက အကောင်းဆုံးဖြစ်မည်ဟု ထင်နေသည်သာ။
ဖရီးမန်းသည် ရှုယီ၏ အတွေးကို လွန်စွာ ရှုပ်ထွေးနေသည်၊ လုပ်ငန်းစုတစ်ခုမှာ ၎င်းတို့၏ ပြိုင်ဘက်များကို ၎င်းတို့ထက် အားကောင်းစေလိုခြင်း မရှိသောကြောင့် ဖြစ်သည်။
သို့သော် ဖရီးမန်းသည် ဤအရာက ရှုယီ၏နှလုံးသားမှလာကြောင်း ရှင်းရှင်းလင်းလင်းသိသည်။
ဤကဲ့သို့မဟုတ်ပါက Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်နည်းပညာကို လွှဲပြောင်းပေးနိုင်မည်မဟုတ်ပေ။ မဟုတ်ပါက သူသည် ယခုရရှိသည့် အမြတ်ငွေထက် အဆများစွာ ရရှိမည်ဖြစ်သည်။
သံမဏိပိုက်ကြောင့် အိုင်ရီလန်ကုန်သည်ကြီးများအသင်းသည် Frestech ကုန်သည်ကြီးများအသင်း၏ ပံ့ပိုးကူညီမှုကို မစွန့်ခဲ့ပါ။
လက်ရှိ အိုင်ရီလန်ကုန်သည်ကြီးများအသင်းတွင်ပင် ရှုယီ၏ အကြံပြုချက်မှတစ်ဆင့်၊ သံမဏိပိုက်များနှင့် ပြဿနာများကို ဖြေရှင်းပေးသော Frestech ကုန်သည်ကြီးများအသင်းမှ မှော်အင်ဂျင်နီယာနှစ်ဦးအား ငှားရမ်းခဲ့သည်။
ယခုအခါ အိုင်ယာလန်ကုန်သည်ကြီးများအသင်း၏ ရလဒ်များသည် လူပုလေး မှော်အင်ဂျင်နီယာများ သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်း၏ ပံ့ပိုးကူညီမှုကို ဘေးဖယ်ထား၍ မရနိုင်ပါ။
ထို့ကြောင့် ကောင့်ထ်ဝယ်လ်သည် အိုင်ရီလန် ကုန်သည်ကြီးများအသင်းမှ ၎င်းတို့၏ အင်အားဖြင့် စျေးကွက်၏အစိတ်အပိုင်းတစ်ခုကို ခိုးယူသွားကာ Frestech ကုန်သည်ကြီးများအသင်း အကျိုးခံစားခွင့်များ ဆုံးရှုံးစေသည်ဟုတွေးနေချိန်တွင်၊ ရှုယီသည် ဤအရာကို တမင်တကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဖရီးမန်း မှာ ရှင်းရှင်းလင်းသိခဲ့သည်။
ထို့ကြောင့် ဖရီးမန်း သည် ရှုယီရှေ့မှာပင် ကျိုးနွံပြီး နှိမ့်ချစွာ ပြုမူခဲ့သည်။
ယခု သူ့ထံရှိသမျှ အရာအားလုံးကို ရှုယီက ပေးထားသည်ဟု အမြဲလိုလို ခံစားရ၏။ မဟုတ်ပါက သူဟာ သူ့မိသားစုအား နေ့စဥ်ကျွေးမွေးရမည်ကို စိုးရိမ်ရင်း ဘန်တာမြို့အပြင်ဘက်က ရွာတစ်ရွာမှာ လယ်သမားအဖြစ် ရှိနေဦးမည်သာဖြစ်သည်။
"ဥက္ကဌ ရှု ......" ဖရီးမန်း က ရုတ်တရက် မတွန့်ဆုတ်ဘဲ "မြိုစားအရှင်နဲ့ ကျုပ်သွားပြောရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီစတီးပိုက်စက်ရုံကို တာဝန်ခံရမှာ။ ကျုပ်တို့ရဲ့ အိုင်ရီလန်ကုန်သည်ကြီးများအသင်းမှာ နည်းပညာဆိုင်ရာ ပြဿနာများများ မရှိပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ နှိုင်းယှဉ်လို့မရနိုင်တဲ့ တခြားအချက်တွေ အများကြီးရှိတယ်။ ခင်ဗျားရဲ့လုပ်ငန်းစုက ဦးဆောင်မယ်ဆိုရင်လည်း ကျုပ်တို့က အပြည့်အဝထောက်ခံဖို့ ဆန္ဒရှိပါတယ်!”
ဖရီးမန်း၏ မျက်နှာပေါ်ရှိ ရှုပ်ထွေးသောအကြည့်ကို မြင်လိုက်ရပြီး ရှုယီက အပြုံးမပျက် အမူအရာပြလိုက်သည်။ ထို့နောက် ခေါင်းယမ်းပြီး ဖရီးမန်း၏ ပခုံးကို ပုတ်လိုက်၏။
"ဒီလောက်မတွေးပါနဲ့ ဖရီးမန်း။ ဒီကိစ္စကို ဆုံးဖြတ်ထားပြီးသား၊ စိတ်တိုင်းကျ ပြောင်းလဲလို့မရဘူးလေ။ ကောင့်ထ်ဝယ်လ်က ခင်ဗျား အိုင်ရီလန် ကုန်သည်ကြီးများအသင်းကို အရမ်းယုံကြည်ပြီး ခင်ဗျားအပေါ် မျှော်လင့်ချက်ထားလို့ ဘုရင်မကြီးကိုတောင် ဒီကိစ္စမှာအာရုံစိုက်ခဲ့တယ်။ ခင်ဗျားရဲ့လုပ်ငန်းစုက ဒီအချိန်မှာ ကောင်းကောင်းလုပ်နိုင်ရင် မကြာခင်မှာ တကယ့်ပထမတန်းစားလုပ်ငန်းစု ဖြစ်လာနိုင်မယ်လို့ ကျုပ်ယုံကြည်တယ်။"
“ဒါပေမယ့်......”
“ဘာဒါပေမယ့်မှ မလုပ်နဲ့တော့” ရှုယီ သူ့လက်ကို ဝှေ့ယမ်းပြီး ဖရီးမန်းကို ဖြတ်ပြောကု "ဖရီးမန်း၊ ကျုပ်လိုချင်တာကို ခင်ဗျားသိသင့်တယ်။ ခင်ဗျားရဲ့ အိုင်ရီလန် ကုန်သည်ကြီးများအသင်းက ဒီစက်ရုံကို ဦးဆောင်ဖို့ အရည်အချင်းပြည့်မီလို့ အရမ်းဝမ်းသာပြီး ကျေးဇူးတင်ပါတယ်။ ကောင့်ထ်ဝယ်လ်ရဲ့ ဘုရင်မကြီး ဆယ်ဗီနီတို့က ခင်ဗျားရဲ့စွမ်းဆောင်ရည်အတွက် အရမ်းမျှော်လင့်ထားတာမို့ ဒီတာဝန်ကိုယူချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ ပစ်ပယ်လို့မရဘူး။ ကျုပ်ဆိုလိုတာကို နားလည်ရဲ့လား"
ဖရီးမန်းက ဖြည်းညင်းစွာ ခေါင်းညိတ်ပြပြီးနောက် အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
"ကျုပ်နားလည်ပါတယ်၊ ဒါပေမယ့်..... ဥက္ကဋ္ဌ ရှု၊ အနာဂတ်မှာ ထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုခုရှိနေရင် ကျုပ်တို့ကို ဆက်လက်ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။"
ရှုယီ ဖရီးမန်း ကို စိတ်ချစေသည့် အပြုံးအား ထုတ်ပြလိုက်သည်။
စတီးပိုက်စက်ရုံ၏ အသေးစိတ်အချက်အလတ်များစွာကို ၎င်းတို့နှစ်ဦး ဆွေးနွေးခဲ့ကြပြီးနောက် ဖရီးမန်း က တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသည်။
"ဥက္ကဋ္ဌ ရှု၊ ဘုရင်မကြီးနဲ့ စကားပြောဖြစ်တဲ့အခါ ကျုပ်မေးသင့်လား မမေးသင့်လား မသိတဲ့မေးခွန်းတစ်ခုရှိတယ်။"
"အန်? ဘာများလဲ? ဘုရင်မကြီးနဲ့ သက်ဆိုင်နေလား" ရှုယီက မေးသည်။
"အွန်း.....ဥက္ကဌ ရှု၊ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ဘုရင်မကြီးကို တွေ့ခဲ့သေးလား"
“ဟင့်အင်း” ရှုယီခေါင်းယမ်းလိုက်သည်။ သူ စဉ်းစားကြည့်တော့ ဆယ်ဗီနီကို မတွေ့ရသည် တစ်နှစ်ခွဲလောက်ရှိပြီပင်။
ဆယ်ဗီနီသည် ဤနှစ်ဝက်အတွင်း သူ့ကို စာများနှင့် ရုံးစာများဖြင့်သာ ဆက်သွယ်ခဲ့သည်။ ရှုယီ ထိုအကြောင်းကို တွေးလိုက်သောအခါတွင် အနည်းငယ် စိတ်ပျက်သွားပြီး သက်ပြင်းချလိုက်သည်။
ဆယ်ဗီနီသည် ထီးနန်းရယူပြီးနောက် အဆုံးတွင် ယခင်နှင့်မတူတော့ပေ။
သူတို့၏ ခင်မင်ရင်းနှီးမှုက ပိုပို ဝေးကွာလာနိုင်ပြီး အနှေးနှင့်အမြန် ပုံမှန်လူများအတိုင်းဖြစ်သွားလိမ့်မည်။
ရှုယီက သူတို့ဟာ အမြဲတမ်း သူငယ်ချင်းဖြစ်နိုင်ပြီး နောက်ဆုံးမှာ ရန်သူတွေဖြစ်လာမှာမဟုတ်ဘူးဟု အမြဲမျှော်လင့်ခဲ့၏။
သို့သော် ရှုယီမှာ ဒီတစ်ခုတည်းသော မျှော်လင့်ချက်အတွက် ယုံကြည်မှု သိပ်မရှိခဲ့ပေ......
"ခက်ဗျားတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ လအတော်ကြာနေပြီပေါ့" ဖရီးမန်းက သူ့မျက်ခုံးများကို တွမ့်ချိုးကာ "ခင်ဗျားဆီက ဘုရင်မကြီးနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ ရနိုင်မယ်လို့ ထင်ခဲ့တာ။"
ရှုယီအနည်းငယ် အံ့သြသွားပြီး "ဘုရင်မကြီးနဲ့ ပတ်သက်ပြီး ဘာအချက်အလက်တွေ သိချင်တာလဲ။ သတင်းစာတွေက ဘုရင်မကြီးအကြောင်း မဖော်ပြဘူးလား”
လမ်ပူရီတိုင်းပြည်တော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မြို့အသီးသီးရှိ သတင်းစာများလည်း ကြီးထွားလာခဲ့သည်။
လမ်ပူရီတိုင်းပြည်ရှိ သတင်းစာလုပ်ငန်းသည် အတော်လေး တိုးတက်နေပြီဖြစ်သည်။ ဘန်တာမြို့တွင် "ဘန်တာတိုင်းမ်စ်" တစ်ခုတည်းမဟုတ်တော့ဘဲ အခြားအသေးစားသတင်းစာတိုက်လေးခုရှိသည်။
လမ်ပူရီတိုင်းပြည်၏မြို့တော် အန်ဗီမာမြို့တော်တွင် ဘာရွန်ဟားနက်စ် ဖွင့်လှစ်ထားသော «အန်ဗီမာတိုင်းမ်စ်» နှင့် « လမ်ပူရီအပတ်စဉ် »အပြင် အခြားသောသတင်းစာတိုက် 30ရှိသည်။
သတင်းစာများစွာသည် တစ်ပြိုင်နက်ထွက်ပေါ်လာသဖြင့်၊ သဘာဝအတိုင်း အန်ဗီမာမြို့တော်မှာ အချက်အလက်များဖြင့် ပြည့်နှက်နေသည်။
ဘုရင်မကြီးဆယ်ဗီနီကဲ့သို့ လူတိုင်းအာရုံစိုက်ခံရသောတစ်စုံတစ်ယောက်အတွက်၊ သူမဟာ နေ့စဉ်သတင်းစာများတွင် သဘာဝအလျောက်ပေါ်လာသည်။
ဘုရင်မကြီး၏ အရေးကိစ္စများကို ဖော်ပြသော သတင်းစာအချို့ ရှိ၏။ ယနေ့တွင် ဘုရင်မကြီးဝတ်စားထားပုံ၊ ဘာရေမွှေးသုံးသည်၊ သို့မှမဟုတ် အစေခံအပြောင်းအလဲလိုမျိုး အတင်းအဖျင်းများကို သတင်းစာလေးများမှာ ဖော်ပြတတ်သည်။
ဘုရင်မကြီး စားသည့် အစားအသောက်ကိုပင် အလွတ်မပေးပေ။
ဤအခြေအနေတွင် မည်သူမဆို ဘုရင်မကြီး အကြောင်းကို သိချင်လျှင် သတင်းစာဖတ်ရန်သာ လိုတော့သည်။ ဖရီးမန်းက ဘာကြောင့် ဒီအကြောင်းကို ရောက်လာတာလဲ။
ဖရီးမန်မျက်နှာ၌ အလွန်ထူးဆန်းတဲ့ အမူအရာရှိနေသည်၊ “ပြဿနာက ...... လွန်ခဲ့တဲ့ တစ်လလောက်က သတင်းစာတွေမှာ ဘုရင်မကြီး ပတ်သက်တဲ့ အချက်အလက်တွေကို မဖော်ပြခဲ့ဘူး။ သူမဂရုစိုက်တဲ့ လုပ်ငန်းတချို့အကြောင်းကိုပဲ သတင်းပို့ပြီး ဘုရင်မကြီးနဲ့ပတ်သက်တဲ့ တခြားအချက်အလက်တွေ မရှိဘူး။”
ရှုယီက မနေနိုင်စွာပြုံးကာ "အွန်း၊ ဖရီးမန်း၊ ခင်ဗျားက အတင်းအဖျင်းပြောတာကို ကြိုက်တဲ့သူလို့ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ အတင်းအဖျင်းပြောတာက ကောင်းပေမယ့် ဘာလို့ ဘုရင်မကြီးအတင်းကို ပြောချင်တာလဲ"
ဖရီးမန်းက ခေါင်းခါလိုက်ပြီး “ဒါက ထူးဆန်းတယ်လို့ ခံစားရတယ်။ အဲ့ဒါမတိုင်မီက သတင်းစာတွေမှာ ဘုရင်မကြီးရဲ့ နေ့စဉ်ဘဝနဲ့ဆိုင်တဲ့ ကိစ္စရပ်ပေါင်းစုံကို အစီရင်ခံကြပြီး ဘုရင်မကြီးကတောင် ပြောခဲ့သေးတယ်။ ဘယ်လိုပါလိမ့်.....ဘုရင်မကြီးက ငါတို့တိုင်းပြည်သားတွေနဲ့ နီးနီးကပ်ကပ်ရှိပါစေဆိုပြီးတော့လေ။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်လလောက်ကစပြီး ဘုရင်မကြီးနဲ့ ပတ်သက်တဲ့သတင်းတစ်ခုမှ ထွက်မလာခဲ့ဘူး။ ဒီထူးဆန်းတာကို ကျုပ်တင်မကဘူး လူတိုင်းတွေ့ကြတယ်”
"ဟုတ်လား?" ရှုယီက မျက်မှောင်ကုပ်လိုက်ပြီး ဤအခြေအနေမှာ အနည်းငယ် လွဲနေပြီဟု ခံစားလိုက်ရသည်။
ပြည်သူများက သူမနှင့် ပိုမိုရင်းနှီးစေရန်အတွက် သူမကိုယ်သူမ အတင်းအဖျင်းစကားများပြောသည်မှာ ရှုယီထိုအချိန်က ဆယ်ဗီနီထံ ပေးခဲ့သော အကြံပြုချက်ဖြစ်သည်။ တစ်လလောက်ကြာပြီး ဒီသတင်းထပ်မထွက်သည်က သဘာဝအားဖြင့်တော့ နည်းနည်းထူးဆန်းသည်။
ထိုအကြောင်းကိုတွေးပြီးနောက် မည်သည်မှမစဉ်းစားနိုင်တော့ပေ။
အခြားနည်းလမ်းမရှိပါ၊ ဤအချိန်အတောအတွင်း ဆယ်ဗီနီကို သူ လုံးဝမတွေ့ခဲ့ရဘဲ အချိန်အနည်းငယ်သာရှိ၍ တစ်ခုခုလိုအပ်ပါက စာတစ်စောင်ပို့လိုက်ရုံပင်။
ဆယ်ဗီနီထံ၌ ဖြစ်ပျက်ခဲ့သမျှကို အခြားသူတွေက မသိလျှင်၊ သူလည်း မသိသည်မှာ သဘာဝဖြစ်၏။
ရှုယီလည်းဘာမှ မသိဟန်တူသည်ကို မြင်လိုက်ရသဖြင့် ဖရီးမန်း သည် အနည်းငယ် တုံ့ဆိုင်းသွားကာ လှည့်လာသည်။ သူက ရုတ်တရက် ရှုယီအနားကိုရောက်လာကာ "ဥက္ကဌ ရှု၊ သီးသန့်သတင်းဌာနတွေကနေတစ်ဆင့် ပို့ထားတဲ့ သတင်းတွေ အများကြီးရှိတယ်.....ဘုရင်မကြီးက.....ကိုယ်ဝန်ရှိနေပြီ!"
"ဘာ?!" ဖရီးမန်းကို ထိတ်လန့်စွာကြည့်ရင်း ရှုယီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ဆယ်ဗီနီမှာ....တကယ် ကိုယ်ဝန်ရှိနေတာလား?
ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!
မဟုတ်ဘူး! ဒါက အတုဖြစ်ရမယ်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၇၀။ ဒါက ငါနဲ့ မသက်ဆိုင်ဘူး
ရှုယီမှာ အိုင်ရီလန်ကုန်သည်ကြီးများအသင်း၏ သံမဏိပိုက်စက်ရုံမှ ထွက်လာချိန်တွင် တည်ငြိမ်မှုပြန်ရသွားသည်။
သို့သော် ထိုအခိုက်၌ သူ၏ စိတ်ထဲ မေးခွန်းပေါင်းများစွာပြည့်နေလေသည်။
သူ ဖရီးမန်း ကိုသိလာသည်မှာ အချိန်တိုလေးမဟုတ်သလို သူဟာ လေးနက်သည့်လူဖြစ်ကြောင်း သိထားသဖြင့် ပေါက်ကရစကားပြောမည်မဟုတ်ပေ။
ဖရီးမန်းထံမှ သတင်းက အတင်းအဖျင်းသတင်းများထံမှဖြစ်သော်လည်း ၎င်းသတင်းများမှာ လူတိုင်း သတိပြုမိပြီး ယုံကြည်ကိုးစားမှုပမာဏတစ်ခုရှိသော အရာဟု ဖရီးမန်းက ဆိုခဲ့သည်။
ဒီသတင်းဟာ ကောလဟာလသာ ဖြစ်ခဲ့မယ်ဆိုရင် ကောင်းပါ၏။
ဒါပေမယ့် အမှန်တကယ်ဖြစ်ခဲ့ရင်.....
ရှုယီ၏အမူအရာမှာ မနေနိုင်လောက်အောင် ရှုပ်ထွေးပြီး ထူးဆန်းလာသည်။
ဒီကိစ္စက ရယ်စရာကောင်းလွန်းတယ် မဟုတ်လား။
ဆယ်ဗီနီက အမြဲတမ်း တစ်ကိုယ်တည်းသမား ဖြစ်ခဲ့သည်။
ဆယ်ဗီနီ၏ လက်ထပ်ခြင်းနှင့်ပတ်သက်၍ လမ်ပူရီတိုင်းပြည်တွင် ထင်ကြေးများစွာရှိ၏။ ဘုရင်မကြီးကို အခြေကျစေပြီး ထီးနန်းကို ဆက်ခံမည့် ကလေးတစ်ဦးကို မွေးဖွားပေးနိုင်မည်ဟု မျှော်လင့်သော လူများစွာ ရှိသည်။
ဆယ်ဗီနီ ထီးနန်းမတက်မီက လမ်ပူရီ တိုင်းပြည်သည် ကမောက်ကမ နှစ်ခုကို ကြုံတွေ့ခဲ့ရသည်။ တိုင်းပြည်တော်ရှိလူတိုင်းသည် ဆက်ခံခြင်းပြဿနာနှင့်ပတ်သက်၍ နောက်ထပ်ပြဿနာများကို မမြင်ချင်ကြပေ။
ဘုရင်အဲရစ်က သားတစ်ယောက်ကို ရခဲ့လျှင်တောင်မှ ထီးနန်းကို ရယူဖို့ မဖြစ်နိုင်ချေ။။ သဘာဝအတိုင်း အသင့်တော်ဆုံး ရွေးချယ်မှုမှာ ဘုရင်မကြီးဆယ်ဗီနီ မွေးဖွားပေးသော ကလေးဖြစ်သည်။
ဆယ်ဗီနီသာ လက်ထပ်ရန် ဆုံးဖြတ်ပြီး သူမရွေးချယ်မှုကို လူတိုင်းအား ကြေညာပါက၊ လမ်ပူရီတိုင်းပြည် တစ်ခုလုံးသည် ပျော်ရွှင်စွာ ကခုန်နေမည်ဖြစ်သည်။
သို့သော် ယခု ဆယ်ဗီနီသည် သူမ၏ အိမ်ထောင်ရေးကို မဆုံးဖြတ်ရသေးဘဲ ကိုယ်ဝန်ရှိနေပြီဟု သတင်းများ ထွက်ပေါ်နေရာ၊ လမ်ပူရီတိုင်းပြည်၏ တုံ့ပြန်မှုသည် ခန့်မှန်းရခက်နေပေလိမ့်မည်။
စိုင်စ်နယ်မြေကြီးမှ လူများ၏ ပွင့်လင်းသောအသိုင်းအဝိုင်းသည်ပင်လျှင် အရှုပ်အထွေးဖြစ်နေတတ်သည်။
အပေါ်ယံမှာတော့ လူတိုင်းက အစဉ်အလာကို ထိန်းသိမ်းဖို့ မပျက်မကွက် အစွမ်းကုန် ကြိုးစားကြသည်ပင်။
မျိုးရိုးမြင့်များသည် လက်ထပ်ပြီးနောက် အရှုပ်များ ရှိသော်လည်း တော်ဝင်မိသားစုအတွက်ကမူ မသင့်လျော်ပေ။
တိုင်းပြည်တစ်ခု၏အုပ်ချုပ်သူအနေဖြင့် တော်ဝင်မိသားစုသည် ကြီးမြတ်သောအာဏာနေသော်လည်း အလွန်အကန့်အသတ်ရှိသည်။
ဆယ်ဗီနီက မင်းသမီးလေးတစ်ပါးသာ ဖြစ်နေသေးလျှင်တောင် ဤသတင်းမှာ အင်မတန်ခဲကပ်လှသည်။ သူမဟာ လက်ရှိ၌ မြင့်မြတ်သော ဘုရင်မတစ်ပါးဖြစ်နေသည်ကို မဆိုနှင့် လမ်ပူရီတိုင်းပြည်တစ်ခုလုံးရှိ အာဏာအကြီးဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။
ယခုတွင် လက်မထပ်ခင် ကိုယ်ဝန်ရသည့် သတင်းက ပျံ့နှံ့သွားလေရာ ၎င်းက ပေါက်ကွဲမှုတစ်ခုလိုပင်။
ရှုယီအနေနှင့် ဤသတင်းကို အတည်ပြုလိုက်သည်နှင့် လမ်ပူရီတိုင်းပြည်တစ်ခုလုံး၊ အနီးဝန်းကျင်တိုင်းပြည်များပင် အားလုံး ထိတ်လန့်ကုန်ကြလိမ့်မည်ကို စိတ်ကူးကြည့်နိုင်သည်။
လူပေါင်းများစွာ စိတ်ပူနေကြသည့် မေးခွန်းမှာ ရှုယီစိတ်ထဲရှိ ဒုတိယမေးခွန်းဖြစ်ပါ၏။
ဆယ်ဗီသာ တကယ်ပဲ ကိုယ်ဝန်ရထားသည်ရှိသော် သူမဗိုက်ထဲရှိ ကလေး၏ ဖခင်ဖြစ်သူက မည်သူဖြစ်သနည်း?
၎င်းက ရှုယီ မစဉ်းစားကြည့်နိုင်သည့်အရာပင်။
သူဟာ ဆယ်ဗီနီကိုနားလည်ကာ သူမ၏ အကျင့်စရိုက်ကို လေးလေးနက်နက်သိရှိထားပြီး သူမက မည်သည့်အမျိုးသားကိုမှ လွယ်လွယ်ကူကူသဘောမကျသော်လည်း လူတစ်ယောက်ကို သဘောကျသည်နှင့် အင်မတန် ခိုင်ခိုင်မာမာရှိလိမ့်မည်။
ဆယ်ဗီနီထံရှိ လမ်ပူရီတိုင်းပြည်ကို ထိန်းချုပ်သည့် အကြွင်းမဲ့အာဏာနှင့်ဆိုလျှင် တစ်ယောက်ယောက်ကို သဘောကျပါက အလွယ်လေးဝန်ခံနိုင်ပေသည်။
ရှုယီအနေနှင့် ဆယ်ဗီနီ၏ ဖွင့်ဟဝန်ခံမှုကို ငြင်းဆန်မည့်သူ ရှိလိမ့်မည်မဟုတ်ဟု ယုံကြည်သည်။
ဆယ်ဗီနီ၏ မျိုးရိုးမြင့်အဆင့်အတန်းကို မဆိုနှင့် စတေးလ်ထက်သာ အနည်းငယ်နိမ့်ပါးသည့် သူမ၏ သွင်ပြင်နှင့် နူးညံ့သော ပုံစံနှင့်တင် ယောက်ျားအားလုံး စိတ်ကူးယဉ်နေသည့် ပုံစံဖြစ်သည်။
မှန်ပါ၏ ရှုယီအတွက်မူ သူမ၏ ဘုရင်မတစ်ပါးအနေနှင့် အဆင့်အတန်းက အတော်လေး အဟန့်အတားဖြစ်စေသည်။
ထိုသို့ဆိုလျှင် အဘယ့်ကြောင့် ဆယ်ဗီနီက ၎င်းကို ဖုံးကွယ်ကာ တိတ်တဆိတ်ကိုယ်ဝန်ဆောင်ထားရသနည်း?
သူမက ဘုရင်မလေ၊ ဒါကို သူ့ဘာသာ ဆက်ပြီးဖုံးကွယ်ထားဖို့ စီစဉ်ထားတာလား?
ရှုယီမှာ ဆယ်ဗီနီ၏ ထိုသို့ လုပ်သောအကြောင်းအရင်းက်ု နားမလည်နိုင်ပေ။ ထို့ကြောင့် စတေးလ်ကို မြင်စဉ်တွင် စဉ်းစားမိနေသည့် မေးခွန်းများကို မနေနိုင်စွာ ထုတ်ပြောလိုက်သည်။
"မိန်းမတစ်ယောက်က ကလေးရပြီး ကလေးအဖေရဲ့ အထောက်အထားကို ထုတ်ပြဖို့ ဆန္ဒမရှိဖြစ်နေတယ် ဟုတ်လား?" စတေးလ်က ရှုယီကို တအံ့တဩကြည့်လာပြီးနောက် ပြုံးသည်၊ "ဘာလဲ? နောက်ဆုံးတော့ ဘုရင်မကြီးရဲ့ သတင်းကို ရှင်ကြားသွားပြီပေါ့လေ?"
ရှုယီလည်း အံ့ဩသွားကာ၊ "မင်းသိတယ်လား?"
"ဒါပေါ့" စတေးလ်က အသာပြုံးသည်၊ "မမေ့နဲ့ဦး ကျွန်မရှင့်လိုမှမဟုတ်တာ ကျွန်မက ပုံမှန်ဆို လမ်ပူရီတိုင်းပြည်မှာ ရှိနေကျလေ။"
"အင်း" ရှုယီက ခေါင်းငြိမ့်ကာ၊ "ဒီတော့ မင်းလည်း ဖရီးမန်းလို သိတာကြာနေပြီပေါ့?"
အဘယ့်ကြောင့်ဆိုသော် ဆန်းသစ်လကုန်သည်ကြီးများအသင်း၏ အဓိကလုပ်ငန်းဖြစ်သည့် အခြားမျိုးနွယ်စု အလုပ်သမားစာချုပ်များဖြစ်စေ ဆန်းသစ်လအဖွဲ့၏ ဖျော်ဖြေရေးဖြစ်စေ အားလုံးက လမ်ပူရီတိုင်းပြည်၌ အဓိက အခြေခံထားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် စတေးလ်မှာ ပုံမှန်အားဖြင့် လမ်ပူရီတိုင်းပြည်၌ နေရပြီး ရှုယီထက် ဤနေရာကို အကြိမ်ပေါင်းမနည်းလာရောက်ရသည်။
"ဒါကို ဖရီးမန်းဆီကနေ ကြားခဲ့တာလား?" စတေးလ်က ရှုယီကို တအံ့တဩကြည့်လိုက်ပြီးနောက် အသာမျက်မှောင်ကုပ်ကာ၊ "သူ့ကြည့်ရတာ အတင်းအဖျင်းပြောရတာကို ကြိုက်တဲ့ပုံမပေါက်ပါဘူး။ ဒါဆို ဘာဖြစ်လို့ ရှင့်ကို ဒီကောလဟာလအကြောင်း ပြောပြရတာလဲ?"
"အာ... ကိုယ့်က သူ့ကို ဆယ်ဗီနီအကြောင်းပြောရင်းက သူလည်း ကောလဟာလကို စဉ်းစားမိရင်း ပြောမိတာများလားပဲ?"
စတေးလ်လည်း စဉ်းစားပြီးနောက် ခေါင်းခါသည်၊ "ဖြစ်နိုင်တာက...."
"စတေးလ် မင်း ဒီကောလဟာကို မှန်တယ်လို့ထင်လား...."
"ဒါနဲ့ ပတ်သက်ပြီးလူအများ ယုံကြည်လက်ခံနိုင်စွမ်းများများစားစားမရှိပါဘူး။" စတေးလ်က ခေါင်းခါလိုက်ရာ ရှုယီ သက်ပြင်းချတော့မည်ဆဲဆဲတွင် သူမ၏ နောက်ပြောသော စကားလုံးများက ရှုယီကို ထခုန်မိမတတ်ဖြစ်သွားစေသည်၊ "ဒီကိစ္စက မှန်နေတာကြောင့် လူအများ ယုံကြည်လက်ခံစရာလိုမနေတာလေ။"
"တကယ်လား? တကယ်ကြီး အမှန်ပဲလား?" ရှုယီက မယုံကြည်နိုင်ဟန်ဖြင့် စတေး၏ ပခုံးကို အထိတ်တလန့်ဆွဲယူလိုက်ကာ၊ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! ဆယ်ဗီနီက တကယ်ကြီး ကိုယ်ဝန်ရနေတာတဲ့လား? ကလေး အဖေက ဘယ်သူဖြစ်မှာလဲ? မင်း နောက်နေတာတော့ မဟုတ်ဘူးမို့လား?"
စတေးလ်က သူမ၏ ပခုံးကို တင်းတင်းကြပ်ကြပ်ကိုင်ထားသည့် ရှုယီ၏ လက်များကို လှည့်ကြည့်လိုက်သည်။ ရှုယီက အားအတော်များများသုံးထားသောကြောင့် အနည်းငယ် နာကျင်မှုကို ခံစားနေရသဖြင့် အသာမျက်မှောင်ကုပ်လိုက်ပါ၏။
သို့သော် ရှုယီ၏ အမူအရာကိုမြင်ချိန်တွင် အသာပြုံးလိုက်မိသည်။
"ဟေး ရှုယီ ရှင်ဘာလို့အဲ့လောက် စိတ်လှုပ်ရှားနေရတာလဲ? ဆယ်ဗီနီက တကယ် ကိုယ်ဝန်ရနေရင်တောင် ရှင် ဒီလောက် စိတ်လှုပ်ရှားနေဖို့ မလိုဘူးမို့လား?"
"အင်? အာ... အို .... အမ်း.... ဟုတ်တာပေါ့၊ ဟုတ်တာပေါ့...."
ရှုယီမှာ အံ့ဩသွားကာ ခဏကြာပြီးနောက် သူ့ဘာသာရေရွတ်လျက် လွှတ်ပေးလိုက်သည်။
တစ်ခဏကြာသော် သူဟာ လေးနက်ဟန်ပေါ်လာပြီး ဆယ်ဗီနီကို မေးလေသည်၊ "မင်းက ဒါမှန်တယ်လို့ ဘယ်လိုသေချာနေရတာလဲ?"
စတေးလ်က သူမ၏ ပခုံးကို ဖိရင်း ရှုယီကို လေးလေးနက်နက်အဓိပ္ပာယ်ပါပါ ပြုံးပြလာသည်။
"ကျွန်မကိုယ်တိုင်မြင်ခဲ့ရတာလေ။ ဒါပေါ့ ဘုရင်မကြီး ဆယ်ဗီနီလည်း ကျွန်မမြင်တာကို သိတာမို့ သူမလည်း ကျွန်မကို မြင်စေချင်တာပဲ။ တကယ်တော့ သူမကိုယ်တိုင်ပြောပြတာပါ။"
ရှုယီ၏ စိတ်က ဆယ်ဗီနီက စတေးလ်ကို ခေါ်ကာ ဗိုက်ကြီးကြီးနှင့် ဆယ်ဗီနီ၏ သွင်ပြင်ကို တွေးမိသွားသော်လည်း ၎င်းက အင်မတန် မယုံကြည်နိုင်ဖွယ်ခံစားရသည်။
"ဒါက... သူမက တစ်ခုခုပြောလာသေးလား?" ရှုယီက မေး၏။
"တစ်ခုခု? ရှင်က ကလေးအဖေကို မေးတာလား? နှမျောစရာပဲ ဒါပေမယ့် ဘုရင်မကြီးက မပြောပြသလို ကျွန်မလည်း မမေးခဲ့ဘူး။ ကျွန်မရဲ့ ခန့်မှန်းချက်အရတော့ သူမက ဒီသတင်းကို ဖွင့်ပြဖို့ ကျွန်မကို ခေါ်ပြီး ရှင့်ကိုပါ ပြောပြစေချင်တာထင်တယ်။"
ရှုယီလည်း အံ့ဩသွားသည်၊ "ဘာလို့လဲ? သူမသာ ပြောပြချင်ရင် ကိုယ့်ကိုဆက်သွယ်လိုက်ရုံပဲလေ။ ဘယ်လိုလုပ် ဒီလို ခက်ခဲတဲ့နည်းနဲ့ ပြောတာလဲ?"
စတေးလ်က ရှုယီကိုကြည့်ကာ ဆွဲဆောင်နေဟန် ပြုံးလိုက်သည်။ သူမက သက်ပြင်းချ၍ ခေါင်းခါပြီးနောက် ထရပ်လေ၏။
"ကျွန်မ ဒါကို မဆွေးနွေးချင်ဘူး။ ဘုရင်မကြီး ဒီလိုလုပ်တာက သူမဆီမှာ ကိုယ်ပိုင်အတွေးအယူအဆတွေရှိနေတဲ့ အဓိပ္ပာယ်ပဲလေ။ သူတို့ ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့မှ မဆိုင်တာ။"
ရှုယီက ကဇာတ်ရုံအခန်းမှ လျှောက်ထွက်သွားသည့် စတေးလ်ကို ငေးကြည့်နေမိသည်။
သူ့ထံ၌ စူးရှသည့် အာရုံရှိရာ စတေးလ်က အနည်းငယ်ထူးဆန်းသည်ဟု ပြောနိုင်သည်။ သူမ၏ အသံအနေအထားအရ ရွှင်ပျနေဟန်မပေါ်ချေ။
ရှုယီလည်း စဉ်းစားပြီးနောက် မိမိခေါင်းကို မိမိပြန်ရိုက်လိုက်မိသည်။
သေလိုက်ပါတော့! သူက စတေးလ်ရှေ့မှာ တခြားမိန်းမတစ်ယောက် ကိုယ်ဝန်ရှိကြောင်းပြောရင်း အရမ်းစိတ်လှုပ်ရှားနေတော့ သူမ ဘယ်ပျော်တော့မှာလဲ။
တစ်ဘက်လူက ရှုယီနဲ့ ဆက်ဆံရေးကောင်းတာကို မပြောနဲ့ဦးလေ။
ထိုသို့စဉ်းစားရင်း ရှုယီလည်း အမြန်ထရပ်ကာ စတေးလ်နောက်လိုက်သွားသည်။ သူက သူမလက်ကို ဆွဲကာ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်ပါ၏။
"စတေးလ် ကိုယ်တောင်းပန်ပါတယ်။"
"တောင်းပန်တယ်?" စတေးလ်က ရှုယီကို တအံ့တဩကြည့်လိုက်မိသည်၊ "ဘာလို့တောင်းပန်နေတာလဲ?"
"ဘာမှမဟုတ်ပါဘူး ကိုယ်က ဂရုမစိုက်သလိုဖြစ်သွားလို့ တောင်းပန်တာပါ။" ရှုယီက ဆိုသည်။
စတေးလ်က ရပ်တန့်ကာ ရှုယီကို ခေတ္တမျှကြည့်လိုက်၏။ ထို့နောက် ရုတ်တရတ် အနည်းငယ် ကူရာမဲ့သလို ရှုပ်ထွေးစွာ ပြုံးပြရင်း ရှုယီမျက်နှာထက် လက်များဖြင့် သပ်၍ လေးလေးနက်နက်နမ်းရှိုက်လိုက်တော့သည်။
တအောင့်ကြာသည့်နောက်မှ နှစ်ဦးသားမှာ မောဟိုက်စွာ ခွဲခွာလိုက်ကြသည်။ စတေးလ်၏ အပြုံးက ပုံမှန်အတိုင်း ပြန်တောက်ပလာပြီး ရှုယီကို အသာပုတ်၍ ပြုံး၍ဆိုသည်၊ "ရှင်တကယ် စိတ်မကောင်းရင် ဒီအဆင့်ကို ရှေ့ဆက်ပြီး ပုံဖော်ကြတာပေါ့။ ဒါက ကျွန်မတို့ ဆန်းသစ်လအဖွဲ့အတွက် အရေးပါတဲ့ ခြေလှမ်းမို့ ရှင်သာ ဝင်ရှုပ်ရင် တစ်သက်လုံး ခွင့်မလွှတ်ဘူးနော်။"
ရှုယီက ရယ်၍ အားပါပါဖြင့် မိမိရင်ဘတ်ကို ပုတ်ကာ ယုံကြည်ချက်ရှိရှိပြောသည်၊ "စိတ်ချပါ ကိုယ်ဒီမှာရှိနေမှတော့ သေချာပေါက် လူတိုင်းအပေါ်မှာ အနက်ရှိုင်းဆုံး အမြင်ကို ချန်ရစ်ပြီး သူတို့ မေ့ချင်ရင်တောင် မေ့လို့မရနိုင်အောင် လုပ်မယ်လို့ အာမခံတယ်။"
စတေးလ်က တစ်ချက်ပြုံးပြ၍ ရှုယီလက်ကို တစ်ဖန်ကိုင်လိုက်သည်။
"ဒါဆို သွားကြတာပေါ့။"
နှစ်ဦးမှာ လက်တွဲ၍ ခန်းမထံ ဆင်းသွားကြသည်။ ၎င်းတို့မှာ ယူနီဖောင်းနှင့် ဝန်ထမ်းပေါင်းများစွာကို ကျော်ဖြတ်သွားပြီးနောက် ခန်းဆီးနှစ်ခုကို ဖြတ်ကု အနှိုင်းမဲ့ကြီးမားလှသည့် ခန်းမကြီးတစ်ခု အလယ်သို့ ရောက်လာသည်။
ဝေ့ဝဲကြည့်လိုက်သော် ဘန်တာမြို့၊ အနီးဝန်းကျင်မြို့များ၏ အရေးပါသူအားလုံးနှင့် လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်၊ ဒရိတ်ခ်နယ်မြေ၊ မီရန်ဒိုနယ်မြေနှင့် အခြားတိုင်းပြည်များမှ အရေးကြီးပုဂ္ဂိုလ်များစွာ အားလုံးရောက်နေကြသည်။ လွန်ခဲ့သည့် သုံးလကမှ အပြီးသတ်ခဲ့သည့် ဤတုနှိုင်းမဲ့ကြီးမားလှသော ဘန်တာကဇာတ်ရုံမှာ လုံးဝ ပြည့်နှက်နေသည်။
ဤသည်က Frestech ကုန်သည်ကြီးများအသင်းနှင့် ဆန်းသစ်လကုန်သည်ကြီးများအသင်းတို့ ပူးတွဲ စပွန်ဆာပေးထားသော သတင်းစာရှင်းလင်းပွဲဖြစ်ကာ အနှီလုပ်ငန်းစုနှစ်ခုက ပူးတွဲထုတ်လုပ်ထားသော ထုတ်ကုန်သစ်ကို ကြေငြာမည်ဖြစ်သည်။
ထိုဆန်းကြယ်သည့် ထုတ်ကုန်အတွက်မူ ရှုယီက Frestech ကုန်သည်ကြီးများအသင်းကိုယ်စား သတင်းစာများ၌ အချက်တစ်ချက်သာ ပြောခဲ့သည်။
"ဒါနဲ့ဆိုရင် ခင်ဗျားတို့ ဘဝတွေ ပိုပြီး အရောင်စုံလာလိမ့်မယ်။"