နေမလား သွားမလား
Vol. 015 Ch. 1491
ကောင်းကင်နတ်တံခါးအထက်တွင် ဂိတ်တစ်ခုလုံးက တုန်ခါနေသည်။
အလွန်တောက်ပသော နတ်အလင်းများ ထွက်ပေါ်လာနေပြီး ချက်ချင်းပင် မရေတွက်နိုင်သည့် အလင်းတန်းများက နေရာအနှံ့မှ ရိုက်ခတ်လာသည်။ ထိပ်သီးပုဂ္ဂိုလ်များသည်ပင် အလင်းများကြောင့် မျက်လုံးများ ကန်းသွားတော့မလို ဖြစ်လာရသည်။
“အဲဒါက ဘာကြီးလဲ” လူအများက သူတို့၏ မျက်လုံးများကို ဖုံးကွယ်ရင်း ရေရွတ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများကို ခပ်မှေးမှေးသာ မနည်းဖွင့်ထားရပြီး ထိုမြင်ကွင်းကို တစ်ဖန်ထပ်ကြည့်ရန် ကြိုးစားလိုက်ကြကာ သူတို့သည် ကြီးမားသည့် ကြယ်သုံးခုဖြင့် ဖွဲ့စည်းထားသော ကြယ်မြေပုံတစ်ခုရှိနေပြီး ၎င်းမှ မရေတွက်နိုင်သည့် မဟာလမ်းစဉ် အလင်းတန်းများက ထွက်ပေါ်နေသည်။
ထို့ပြင် ဤကြီးမားသည့် ကြယ်သုံးခုမြေပုံသည် ကျွယ်ရှန်းဝင်္ကပါအတွင်းသို့ ပေါင်းစပ်သွားခဲ့သည်။ ဂူတုံးလျှိုသည် ထိုကြယ်မြေပုံ၏ အလယ် ဝင်္ကပါအတွင်း၌ ထိုင်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှနေ၍ အားကောင်းသည့် အသက်ဓာတ်များ ထွက်ပေါ်နေပြီး ပြိုင်ဘက်ကင်း ပုံရိပ်တစ်ခုကို ခပ်ဝါးဝါးမြင်နိုင်ပေသည်။ ယင်းပုံရိပ်က ဂူထျန်းရှင်းနှင့် တူနေ၏။
ဂူတုံးလျှို၏ ခန္ဓာကိုယ်အနီးတွင် များပြားလှသော ပုံရိပ်ယောင်များ ထွက်ပေါ်လာကာ အားလုံးသည် နတ်အလင်းများ စီးဆင်းမှုအတိုင်း လှည့်ပတ်နေကြသည်။ ထိုမျှသာမက များပြားလှသည့် ရန်ဟောင်တန်ခိုးရှင်များက သူ့အနီးတွင် စက်ဝိုင်းပုံ ဝန်းရံလိုက်ကာ သူတို့၏ စွမ်းအားများကို ဂူတုံးလျှို၏ ခန္ဓာကိုယ်အတွင်း အရူးအမူး ပေါင်းစပ်ထည့်သွင်းပေးနေကာ ကြယ်မြေပုံအား အသက်သွင်းနေခဲ့သည်။
ထိုသည်က မည်သည့်အရာနည်းဟု ထိုထိပ်သီးပုဂ္ဂိုလ်များက ဇဝေဇဝါ တွေးလိုက်ကြသည်။ သူတို့သည် ကောင်းကင်နတ်တံခါးမှ မရေတွက်နိုင်သည့် တန်ခိုးရှင်များ ကျွယ်ရှန်းဝင်္ကပါအတွင်းသို့ ခြေချလာကြကာ ဝင်္ကပါမျက်လုံးနေရာများတွင် ရပ်နေကြသည်ကို တွေ့ရှိလိုက်ကြရသည်။ ဝင်္ကပါမျက်လုံးတစ်ခုချင်းစီသည် ကြယ်မြေပုံ၏ နေရာတစ်ခုကို ကိုယ်စားပြုနေသည်။
ဘုန်း......
လောကကြီးက အော်မြည်နေပြီး ကောင်းကင်နတ်တံခါး ပြိုကျပျက်စီးလာနေသည်။ ကောင်းကင်နတ်တံခါး၏ အားလုံးသော စွမ်းအားများကို ထိုကြောက်မက်ဖွယ် ဝင်္ကပါက ဝါးမျိုပစ်နေကာ ကြယ်မြေပုံက ကြီးမားသထက် ကြီးမားလာနေပြီး ကောင်းကင်ဘုံကိုးဆင့်ဆီသို့ပင် အလင်းများ ဖြာထွက်နေခဲ့သည်ဟု ထင်မှတ်ရသည်။
ဘုန်း.. ဘုန်း... ဘုန်း…
ကောင်းကင်မှ မဟာလမ်းစဉ်သည် ယင်းနှင့် တစ်သားတည်း ဖြစ်နေသည်ဟု ထင်မှတ်ရသည်။ မရေတွက်နိုင်သော နတ်အလင်းများက အောက်သို့ ကျဆင်းလာကာ ဝင်္ကပါမှ တောက်ပသော နတ်အလင်းများကို ထုတ်လွှတ်နေသည်။ ယင်းတို့က ဆက်လက်၍ ရွေ့လျားနေခဲ့ပြီး အနန္တအကွာအဝေးထိ ကျယ်ပြန့်လာခဲ့သည်။
အချို့သော တန်ခိုးရှင်များက ကောင်းကင်သို့ မော့ကြည့်လိုက်လျှင် ကောင်းကင်မှ အလင်းတန်းများ ထွက်ပေါ်လာသည်ကို မြင်ရပြီး ရုတ်ခြည်းပင် အလင်းတန်းများက အမြင်အာရုံကို ထိုးဖောက်သွားတော့မလို ထင်မှတ်ရသည်။
ဟောက်ထျန်းမြို့တစ်ခုလုံးက တုန်ခါနေကာ အဆုံးမဲ့ မဟာလမ်းစဉ် အသက်ဓာတ်တို့က ဝင်္ကပါဆီသို့ တစ်ဟုန်ထိုးပြေးဝင်သွားကာ ယင်းနှင့် ပေါင်းစပ်သွားသည်။
ထိုအချိန်တွင် ကောင်းကင်ထက်၌ ပုံရိပ်တစ်ခုက ရပ်နေခဲ့သည်။ ယင်းသည် ကောင်းကင်တွင် တစ်ယောက်တည်း ရပ်နေပြီး သူ့ ဘေးမှ အလင်းတန်းများက တိုးထွက်လာနေကာ ခဏချင်းအတွင်းတွင် အလင်းများက အဆုံးမဲ့ အကွာအဝေးအထိ ပျံ့နှံ့သွားကာ ကောင်းကင်သို့ ထိုးထွက်သွားခဲ့သည်။
သူမ၏ အာရုံခံစားနိုင်မှုက အားကောင်းလှကာ အဝေးထိပင် ရောက်ရှိနိုင်သော်လည်း သူမသည် ထိုအလင်းတို့၏ လှုပ်ရှားမှုကို ဖမ်း၍ အာရုံမခံနိုင်သည်ကို တွေ့ရှိခဲ့သည်။
“လမ်းစဉ်ဝင်္ကပါ” သူမက ဝင်္ကပါကို ငုံ့ကြည့်ရင်း ရေရွတ်လိုက်သည်။ ကြယ်မြေပုံက ကျွယ်ရှန်းဝင်္ကပါနှင့် ပေါင်းစပ်သွားကာ ဝင်္ကပါအသစ် ဖြစ်ပေါ်လာသည်။
ကောလာဟလများအရ ဂူထျန်းရှင်း အပြင်ဘက်လောကသို့ ခရီးသွားခဲ့စဉ်က သူသည် မဟာလမ်းစဉ်ဘုံသုံးထောင်၏ တည်နေရာအညွှန်းများ ပါရှိသည့် ရတနာမြေပုံ ဝင်္ကပါတစ်ခုကို ရရှိခဲ့သည်ဟု ဆိုပေသည်။ အချို့သော လူများသည် ထိုရတနာ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လျှင် ဘုံသုံးထောင်မှ မည်သည့်နေရာကိုမဆို ဦးဆောင်နိုင်မည်ဟုပင် ဆိုကြသည်။
သို့သော် ဂူထျန်းရှင်းက လူရှေ့၌ မည်သည့်အခါကမှ အသုံးမပြုဖူးခဲ့သလို မည်သူကမှ မမြင်ဖူးခဲ့သည့်အတွက် ခဏမျှသာ ထွက်ပေါ်ခဲ့သည့် အတင်းအဖျင်း ဖြစ်သွားခဲ့ကာ နောက်ပိုင်း၌ မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ကြသည်။
ယခုတွင် ကြည့်ရသည်မှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကောလာဟလများမှာ အမှန်ဖြစ်ပုံရသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်နှင့် ခရမ်းရင့်ကောင်းကင် နန်းတော်သခင်တို့သည် အနည်းငယ် သွေးဆုတ်သွားခဲ့ကာ သူတို့သည် ကောင်းကင်စွမ်းအားမှ ကြောက်မက်ဖွယ် အင်အားကို ခံစားမိကြပေသည်။
ကောင်းကင်နတ်တံခါးမှ လူများက ထွက်ပြေးလိုကြပေသည်။
“ဆက်လုပ်တော့” ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်က အော်ဟစ်လိုက်သည်။ သူ၏ လက်ချောင်းက ကောင်းကင်သို့ ညွှန်ပြခဲ့ကာ ချန်းချိုးစုတ်တံကို သူ့လက်မှ လွှတ်လိုက်သည်။ မရေတွက်နိုင်သည့် သတ်ဖြတ်ခြင်းအလင်းများက အဆုံးမဲ့ နေရာတစ်ခုလုံးကို ဖုံးလွှမ်းထားကာ အောက်သို့ တစ်ဟုန်ထိုး ကျဆင်းလာသည်။ ချန်းချိုးစုတ်တံက ကောင်းကင်မှ ထိုးဆင်းလာကာ ဝင်္ကပါကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။
ဘုန်း…
ကမ္ဘာဖျက်မိုးကြိုးက ကောင်းကင်ကို လွှမ်းခြုံသွားပြီး နတ်ဘုရားပြစ်ဒဏ် မိုးကြိုးများက မိုင်ထောင်သောင်းချီသည့် ဟောက်ထျန်းမြို့ကို လွှမ်းမိုးသွားခဲ့သည်။ ကောင်းကင်နတ်တံခါးအထက် ကောင်းကင်မှ နတ်ဘုရားပြစ်ဒဏ် မိုးကြိုးများက ပို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်သခင်သည် ခရမ်းရင့်နတ်တူကို ကိုင်စွဲထားကာ အောက်သို့ ရိုက်ချလိုက်သည်။
ခဏလေးအတွင်း၌ အလွန် ထူထဲသည့် ခရမ်းရင့်မိုးကြိုးများက ကောင်းကင်ကို ထိုးဖောက်လာကာ အောက်ဘက်သို့ တရကြမ်းကျဆင်းလာခဲ့သည်။ အောက်ဘက်ရှိ အရာအားလုံးမှာ ကောင်းကင်မိုးကြိုးများအတွင်း ရှင်းလင်းသုတ်သင်ပစ်ခံရတော့မလိုပင် ဖြစ်သည်။
ဟောက်ထျန်းမြို့ရှိ လူတိုင်းသည် သူတို့၏ ရိုးတွင်းခြင်ဆီအတွင်းမှပင် အေးစိမ့်လာခဲ့ကြသည်။ ထိုတိုက်ခိုက်မှုသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှကာ ဟောက်ထျန်းမြို့ကိုသာ ပစ်မှတ်ထားလျှင် ထိုမိုးကြိုးတစ်ချက်တွင် မရေတွက်နိုင်သော လူများ လောကကြီးထဲမှ ကွယ်ပျောက်သွားရပေလိမ့်မည်။
အနည်းငယ် နီးကပ်သည့် နေရာမှ စောင့်ကြည့်နေသူများသည် တိုက်ပွဲကို ဆက်လက် ကြည့်မနေရဲတော့ဘဲ ထွက်ပြေးကြရလေသည်။ ထိုအဆင့်ရှိ စစ်ပွဲမျိုးကို အနီးကပ် ခပ်ကြာကြာ စောင့်ကြည့်နိုင်လိမ့်မည် မဟုတ်ပေ။ တိုက်ခိုက်မှု၏ နောက်ဆက်တွဲကပင် သူတို့၏ အသက်များကို အန္တရာယ်ဖြစ်စေနိုင်ပေသည်။
“လမ်းဖွင့်ပေးလိုက်ကြ” အဆုံးမဲ့ နတ်အလင်းထဲမှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ကျွယ်ရှန်းဝင်္ကပါမှ ပုဂ္ဂိုလ်အချို့ လေထဲသို့ ရပ်လာကြသည်။ သူတို့သည် ကျန်းချန်ကျီနှင့် ဟွားကျန့်ရှန်တို့ ဖြစ်ကြပြီး တစ်ယောက်က ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များထံ ဦးတည်နေကာ အခြားတစ်ယောက်မှာ ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များထံ သွားခဲ့သည်။ ဝမ်မိသားစုခေါင်းဆောင်သည်လည်း ယင်းကျောင်းတောင်မှ တန်ခိုးရှင်များထံ ဦးတည်လိုက်သည်။
နတ်အလင်းတန်းသုံးခုသည် ကောင်းကင်ကို ဖြတ်သန်းထိုးဖောက်ကာ လူအများကို မျက်လုံးဖွင့်ရ ခက်ခဲရန်ပင် ပြုလုပ်နေသည်။
ရီဖူရှင်းသည်လည်း ဝင်္ကပါတွင်း၌ ရှိနေသည်။ သူက ထိုပုဂ္ဂိုလ်သုံးဦးကို မော့ကြည့်လိုက်သည့်အခါ မွန်းကျပ်သလို ခံစားလာရသည်။
ကောင်းကင်နတ်တံခါးသည် 'နတ်' ဟူသော အမည်နာမနှင့် ထိုက်တန်ပေသည်။
တန်ခိုးရှင်များသည် ကောင်းကင်ထက်သို့ မော့ကြည့်နေကြသည်။ သူတို့က ကျန်းချန်ကျီသည် ကမ္ဘာဖျက်မုန်တိုင်းကို ဖြတ်သန်းသွားကာ ဟွားကျန့်ရှန်၏ လက်ချောင်းက ချန်းချိုးစုတ်တံဆီ ထိုးဖောက်သွားပြီး ဝမ်မိသားစုခေါင်းဆောင်မှ အသွင်ပြောင်းထားသည့် နတ်လက်နက်သည် ယင်းကျောင်းတောင်၏ လှံရှည်နှင့် ထိပ်တိုက်တွေ့ဆုံသွားကြသည်ကို တွေ့ရှိလိုက်ကြရ၏။
တောက်ပနေသည့် အလင်းတန်းသုံးခုက ကောင်းကင်ကို ဖြတ်ကာ ဝင်္ကပါအတွင်းမှ လူများသည် ကောင်းကင်ထက်ရှိ ကမ္ဘာဖျက်မိုးကြိုးဝင်္ကပါက ပျက်စီးသွားသည်ကို မြင်တွေ့လိုက်ကြရ၏။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ အားလုံးသော တန်ခိုးရှင်များသည် တကွဲတပြား လွင့်စဉ်သွားကြသည်။ ခရမ်းရင့်ကောင်းကင်နန်းတော် သခင်သည်ပင် သွေးတစ်လုတ်အန်ထုတ်လိုက်ရ၏။ လေဟာနယ်ထဲမှ အလင်းတန်းတစ်ခုသည် ကောင်းကင်ဆီသို့ ရိုက်ခတ်သွားပြီး သွေးစီးကြောင်းများ ကျဆင်းလာသည်။
အခြားနှစ်ဖက်တွင်လည်း အခြေအနေအတူတူပင် ဖြစ်သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ယင်းကျောင်းတောင်မှ လူများ ခင်းကျင်းထားသည့် တိုက်ကွက်များသည် တိုက်ရိုက် ဖျက်ဆီးခံလိုက်ရကာ တန်ခိုးရှင်အများအပြားပင် ဒဏ်ရာ ရရှိသွားကြသည်ကို မြင်ရကာ ထိုတိုက်ခိုက်မှုက မည်မျှ အားကောင်းသည်ကို သိရှိနိုင်ပေသည်။
“ကောင်းကင်နတ်တံခါးဂိုဏ်း အဓွန့်ရှည် တည်တံ့ပါစေ”
ထိုအချိန်တွင် ကောင်းကင်အောက် ဝင်္ကပါမှ အသံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံသည် လေထုကို တုန်ခါသွားစေသည်။
ထိုစကားများကို ပြောပြီးနောက် အခြား နတ်အလင်းတစ်ခုသည် ထိုတန်ခိုးရှင်ထံမှ ထွက်ပေါ်လာကာ ကောင်းကင်သို့ ထိုးထွက်သွားခဲ့သည်။
“ကောင်းကင်နတ်တံခါးဂိုဏ်း အဓွန့်ရှည် တည်တံ့ပါစေ” နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာပြန်သည်။
“ကောင်းကင်နတ်တံခါးဂိုဏ်း အဓွန့်ရှည် တည်တံ့ပါစေ....”
အသံများက တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်လာကာ တောက်ပသည့် နတ်အလင်းများ ထိုးထွက်လာသည်။ ယင်းသည် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာစေသည်။
များပြားလှသည့် ရန်ဟောင်များသည် ချက်ချင်းပင် ခြိမ်းခြောက်နိုင်သော မဟာလမ်းစဉ် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များအား တိုက်ခိုက်လိုက်ကြသည်။
ကောင်းကင်နတ်တံခါးမှ အလွန်များပြားသည့် ရဲရင့်သော တန်ခိုးရှင်များသည် နတ်တစ္ဆေပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို ထိုးဖောက်သွားကြသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များ အားလုံး ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားကြသည်။ များပြားလှသည့် ရန်ဟောင်ပုဂ္ဂိုလ်များသည် ခပ်တိုးတိုး ညည်းညူလိုက်ကာ ပြည်ထောင်ဘုရင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်သခင်သည် ပထမဆုံး တိုက်ခိုက်မှု၌ပင် ဒဏ်ရာ ရခဲ့ကြသည်။ ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များသည် ဝင်္ကပါအကူအညီနှင့် သူတို့၏ အားအကောင်းဆုံး တိုက်ခိုက်မှုများကို ဖော်ထုတ်ကြပြီး ကောင်းကင်ကို ထိုးဖောက်လိုက်ကြသည်။
သို့သော် သူတို့ထဲမှ အချို့သည် ထိုတိုက်ခိုက်မှု၌ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြသည်။
ထိုအချိန်တွင် အလွန်ကြီးမားသည့် ခရမ်းရွှေကြွက်ဘုရင်သည် လူအုပ်ကြီး၏ အထက်၌ ပေါ်ပေါက်လာသည်။ ၎င်းသည် သူ၏ ကြီးမားသော ပါးစပ်ကြီးကို ဖွင့်ကာ လမ်းကို ပိတ်ဆို့၍ ရန်ဟောင်တန်ခိုးရှင် တစ်ယောက်ကို ဝါးမျိုလိုက်သည်။
ဂူတုံးလျှိုသည် ကောင်းကင်သို့ မော့ကာ ခရမ်းရွှေကြွက်ဘုရင်အား တစ်ချက်ကြည့်လိုက်သည်။ ခဏအကြာတွင် မရေတွက်နိုင်သည့် လေဟာနယ်အလင်းတန်းများက ကောင်းကင်သို့ တိုက်ရိုက် ထိုးတက်သွားကာ ဝင်္ကပါအတွင်းမှ အားလုံးသော အလင်းတန်းများက တစ်ချိန်တည်း ထိုးထွက်လာခဲ့သည်။
ဖူး.......
အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး များပြားလှသည့် ရန်ဟောင်ပုဂ္ဂိုလ်များ၏ ခန္ဓာကိုယ်က ကောင်းကင်ထက်သို့ ထိုးဖောက်သွားခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်များက ပေါက်ကွဲထွက်ကာ သွေးစက်များသည် ကောင်းကင်မှ ကျဆင်းလာခဲ့ပြီး အလင်းရောင်များထဲ၌ ပျောက်ဆုံးသွားခဲ့ပေသည်။
“အဲဒါ ဘာဖြစ်တာလဲ”
လူအများသည် ထိတ်လန့်တုန်လှုပ်သွားကြပေသည်။ အော်မြည်သံများသည် လေဟာနယ်ကိုပင် တုန်ခါလာစေပြီး ခရမ်းရွှေကြွက်ဘုရင်သည် မရေတွက်နိုင်သော နတ်အလင်းများဖြင့် ထိုးဖောက်ခံလိုက်သည်ကို မြင်တွေ့လိုက်ရပေသည်။
သူ၏ ကြီးမားသော ခန္ဓာကိုယ်တွင် ဖြတ်ရှရာ သွေးစီးကြောင်းများ ပေါ်ပေါက်လာသည်။ သူ၏ ခန္ဓာကိုယ်ကြီးသည် အဝေးသို့ ချက်ချင်း လွင့်စဉ်သွားခဲ့သည်။ သူက လမ်းကြောင်း အပြင်ဘက်သို့ ရောက်ရှိသွားခဲ့၏။
သန့်စင်သည့် အလင်းက ကောင်းကင်နတ်တံခါးကို လွှမ်းခြုံထားပြီး ဝင်္ကပါက လှည့်ပတ်နေကာ မရေတွက်နိုင်သော အလင်းများနှင့်အတူ ကောင်းကင်သို့ ဦးတည်သွားခဲ့သည်။ လူတစ်စုသည် ဦးတည်ရာ အနှံ့မှ ပေါ်ထွက်လာကာ တိမ်တိုက်များကြားသို့ ဦးတည်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဝင်္ကပါတစ်ခုလုံးသည် မရေတွက်နိုင်သည့် ကြောက်မက်ဖွယ်အလင်းများ ထုတ်လွှတ်နေပြီး ကောင်းကင်နေရာအနှံ့သို့ ရိုက်ခတ်သွားခဲ့သည်။
“ကောင်းကင်နတ်တံခါး ပြန်လာတဲ့နေ့က ခင်ဗျားတို့ မျိုးဖြုတ်ခံရမယ့်နေ့ပဲ” အလွန်လေးနက်လှသည့် အသံများက တစ်ချိန်တည်းတွင် ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ နတ်အလင်းများက လမ်းကြောင်းဖွင့်ပေးလိုက်ပုံရသည်။ ထိုအချိန်၌ ကြီးမားသော ဝင်္ကပါအလယ်တွင် ကောင်းကင်နတ်တံခါးမှ မရေတွက်နိုင်သည့် တန်ခိုးရှင်များမှာ နတ်အလင်းများထဲ ချက်ချင်း ဝင်ရောက်လိုက်ကာ ကောင်းကင်နှင့် မြေကြီးအကြား၌ အလင်းအလျင်ဖြင့် ပျောက်ကွယ်သွားပေသည်။ သူတို့ကို မည်သူကမှ မရပ်တန့်ခဲ့ဘဲ သူတို့သည် မည်သည့် အနှောင့်အယှက်မှ မရှိဘဲနှင့် အဝေးဆုံးတစ်နေရာသို့ ထွက်ခွာသွားခဲ့ကြသည်။
“သူတို့ကို တားစမ်း” ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်၏ ဒေါသတကြီးအော်ဟစ်သံက ထွက်ပေါ်လာသည်။ သူသည် ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်အားလုံးကို ဝင်္ကပါဖြင့် လွှမ်းခြုံခံထားရသည်ကို ထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်။ ထိုအခိုက်တွင် သူတို့သည် မရေတွက်နိုင်သော နတ်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်သို့ ရိုက်ခတ်သွားခဲ့သည်။
သူတို့က ကောင်းကင်နတ်တံခါးတစ်ခုလုံးကိုပင် အဝေးသို့ ယူဆောင်သွားချင်နေသည်။
များပြားလှသည့် တန်ခိုးရှင်များက တိုက်ခိုက်မှုကို ဖော်ထုတ်ခဲ့သော်လည်း သူတို့ဘေးမှ ကြောက်မက်ဖွယ် နတ်အလင်းများက သူတို့၏ တိုက်ခိုက်မှုကို တားဆီးထားလိုက်ကာ အနန္တနတ်အလင်းများက ကာကွယ်ပေးထားကာ ထွက်ခွာသွားခဲ့သည်။ သူတို့က လက်ဦးမှုယူကာ ထွက်သွားနိုင်သော်လည်း ထိုသို့ မလုပ်ခဲ့ပေ။ ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်တော်သည် ကောင်းကင်နတ်တံခါးကို သုတ်သင်ချင်နေသည့်အတွက် သူတို့က မည်သည့်တန်ဖိုးမှ မပေးဆပ်စေဘဲ ထွက်ခွာသွားနိုင်ပါမည်နည်း။
၎င်းသည် အသေအကြေ အပျောက်အဆုံးများ ရှိခဲ့ပြီး ဒဏ်ရာများ ရရှိစေခဲ့ကာ အချို့လူများသည် မဟာလမ်းစဉ် လေဟာနယ်စွမ်းအားများ၏ တိုက်ခိုက်မှုကြောင့် သူတို့ ကောင်းကင်အာဏာစက်ဘုံမှ ထွက်ခွာသွားနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရလျှင်ပင် တွေဝေခြင်း မရှိခဲ့ပေ။
“လမ်းစဉ်ဝင်္ကပါစွမ်းအားက သူတို့ကို ကောင်းကင်အာဏာစက်ဘုံရဲ့ အဝေးကို ပို့ပေးလိုက်လိမ့်မယ်” လူအများသည် စိတ်ထဲ၌ တုန်ယင်စွာ ရေရွတ်လိုက်ကြသည်။ ကောင်းကင်နတ်တံခါးတစ်ခုလုံးကို ရွှေ့ပြောင်းသွားလိမ့်မည် ဖြစ်သည်။
ကောင်းကင်နတ်တံခါးက ပြန်ရောက်လာသည့်နေ့၌ သူတို့က အမြစ်ဖြတ် သုတ်သင်ခံကြရပေလိမ့်မည်။
ထိုမရပ်တန့်နိုင်သော နတ်အလင်းတန်းများက အဆုံးမဲ့ကောင်းကင်လေဟာနယ်သို့ တစ်ဟုန်ထိုး ထွက်ခွာ ပျောက်ကွယ်သွားခဲ့သည်။ သူတို့သည် မဟာလမ်းစဉ်ဝင်္ကပါကို ဖွင့်လှစ်ကာ ကောင်းကင်နတ်တံခါး၏ တန်ခိုးရှင်များအားလုံးကို အဝေးသို့ ခေါ်ဆောင်သွားခဲ့ပေသည်။
ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်သည် ကောင်းကင်သို့ မော့ကြည့်လိုက်သော်လည်း သူ၏ ခန့်ညားသော မျက်နှာတွင် လွန်စွာအရှက်ရမှုတို့နှင့် ပြည့်နှက်နေခဲ့သည်။ သူက ထိုပုဂ္ဂိုလ် ကောင်းကင်အာဏာစက်ဘုံ၏ အနာဂတ်အကြောင်း ဟောပြောစဉ်အချိန်ကို ပြန်သတိရခဲ့သည်။ ကောင်းကင်နတ်တံခါး၏ ကံကြမ္မာသည် ဖျက်ဆီးခံရလုနီးပါးဖြစ်ခဲ့သည်။ ထို့နောက် မှေးမှိန်နေရာမှ ပြန်လည် လင်းလက်လာခဲ့၏။
ထိုအနာဂတ်ဟောကိန်းက ယခု အဖြစ်အပျက်ကိုများ ညွှန်းဆိုခဲ့သည်လား။
ကောင်းကင်နတ်တံခါးမှ လူတိုင်း ထွက်ခွာသွားပြီး ကောင်းကင်နတ်တံခါးက ပျက်စီးသွားခဲ့သည်။ သူတို့၏ အနာဂတ်က ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သော်လည်း ကောင်းကင်နတ်တံခါးမှ လူအားလုံး ထွက်ခွာသွားခဲ့ပေသည်။
ဟောက်ထျန်းမြို့မှ လူတို့သည်လည်း ကောင်းကင်သို့ မော့ကြည့်နေခဲ့ကြသည်။ သူတို့သည် မရေတွက်နိုင်သည့် နတ်အလင်းများ ကောင်းကင်သို့ ဖြတ်သန်းကာ တောက်ပနေသည်ကို မြင်တွေ့လိုက်ရပြီး အဆုံးမဲ့တောက်ပနေသည့် အလင်းများက ကောင်းကင်တွင် ပေါ်ထွက်လာသည်။ သူတို့အားလုံးသည် နတ်အလင်းများနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
ဤဝင်္ကပါသည် သူတို့ကို ကောင်းကင်အာဏာစက်ဘုံမှ တိုက်ရိုက် ခေါ်ဆောင်သွားနိုင်သည်လား။
ထိုတောက်ပသည့် လမ်းစဉ်ဝင်္ကပါက ထိုသို့ လုပ်ဆောင်နိုင်ပုံရလေသည်။
ဤဝင်္ကပါသည် အလွန် အစွမ်းထက်လှသော်လည်း သူတို့ မည်သည့်အတွက်ကြောင့် ဂူထျန်းရှင်းနှင့် တိုက်ပွဲတွင် အသုံးမပြုခဲ့ရသနည်းဟု လူတိုင်းက ထိတ်လန့်အံ့အားသင့်ကာ တွေးတောလိုက်ကြသည်။
ထိုနှစ်က တိုက်ပွဲအတွင်း ဝင်္ကပါနည်းစနစ်ကို မဖော်ပြခဲ့ပေ။
ဂူထျန်းရှင်းသည် ထိုအချိန်က ဤဝင်္ကပါကို လေ့လာခဲ့သော်လည်း သူက ဝင်္ကပါကို မအောင်မြင်သေးခင် သူက သေဆုံးသွားခဲ့ရသဖြင့် သူ၏ သူငယ်ချင်းနှစ်ယောက်နှင့် ထားရစ်ခဲ့သည်။
“အဲဒီ တိုက်ခိုက် ပိတ်ဆို့ခံထားရတဲ့လူတွေရော ကောင်းကင်အာဏာစက်ဘုံကနေ ထွက်ခွာသွားနိုင်လား” တစ်ယောက်က တီးတိုးပြောဆိုလိုက်သည်။
“မကောင်းတော့ဘူး...” ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်က ထိုတီးတိုးသံကို ကြားပြီးနောက် အော်လိုက်သည်။ သူ၏ မျက်နှာက ဖြူဖျော့သွားကာ ချက်ချင်းလှည့်၍ အဝေးသို့ လျှောက်သွားခဲ့သည်။ သူက အမိန့်ပေးလိုက်၏။ “ပြန်သွားကြမယ်”
ခရမ်းရင့်ကောင်းကင်နန်းတော်သခင်သည်လည်း သတိပြုမိပေသည်။ ယခင်က တရကြမ်းတိုက်ခိုက်ခဲ့သည့် ပုဂ္ဂိုလ်ကြီးသုံးယောက်သည် ကြောက်မက်ဖွယ် အင်အားတို့နှင့် ပိတ်ဆို့တားဆီးထားခြင်းကို ခံရသည်။
ပုဂ္ဂိုလ်ကြီးသုံးယောက်သည် ကောင်းကင်အာဏာစက်ဘုံမှ ထွက်ခွာမသွားနိုင်ခြင်း မဟုတ်လျှင် သူတို့က ထွက်ခွာသွားရန် မည်သည့်အခါမှ ဆန္ဒမရှိခဲ့သည်လား။
***