အခန်း (၇၁-၈၀)
Vol. 5 Ch. 71-80
Vol 5, အခန်း ၇၁။ ဆန်းသစ်လအဖွဲ့၏ နေ့စဉ်ဘဝ
ကဇာတ်ရုံရှိ မီးရောင်အားလုံး ပိတ်ကျသွားကာ ကဇာတ်ရုံတစ်ခုလုံး မှောင်မိုက်သွားသည်။
လူအုပ်ထဲရှိ လူများမှာ အံ့ဩသွားပြီးနောက် တစ်ဖန်တိတ်ဆိတ်သွားပြန်၏။
လူတိုင်းမှာ စင်မြင့်အလယ်ဗဟိုသို့ မျက်တောင်ပင်မခတ်ဘဲ ကြည့်နေကြလေသည်။
၎င်းတို့အားလုံးမှာ ရှုယီ ထိုသို့ပြောလိုက်ကတည်းက သေချာပေါက် မည်သူမှ မျှော်မှန်းထားလောက်မည်မဟုတ်သည့်အရာကို သေချာပေါက်လုပ်မည်ဟု ခိုင်ခိုင်မာမာယုံကြည်ကြလေသည်။
Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့၏ ထုတ်ကုန်အသစ်များကို ကြေငြာပုံမှာ ဤမျှကြီးကျယ်ခမ်းနားသော အရာတစ်ခုကို တစ်ခါမျှ မလုပ်ဖူးကြချေ။
လူတွေကို ပိုသိချင်လာစေချင်သည်ကတော့ ဆန်းသစ်လကုန်သည်ကြီးများအသင်းမှာ ၎င်းတို့ကြေညာမည့် ထုတ်ကုန်ပါပင်။
ဆန်းသစ်လကုန်သည်ကြီးများအသင်းဥက္ကဌသည် ရှုယီ၏ ဇနီးဖြစ်နေဆဲပင်ဖြစ်သော်ငြားလည်း ၎င်းက ဆန်းသစ်လကုန်သည်ကြီးများအသင်းနှင့် ပူးတွဲကြေငြာမည့် ကုန်ပစ္စည်းအသစ်နှင့် မသက်ဆိုင်ပေ။
ဆိုလိုသည်မှာ ဤလျှို့ဝှက်ဆန်းကြယ်သောထုတ်ကုန်သည် ဆန်းသစ်လကုန်သည်ကြီးများအသင်းနှင့် သေချာပေါက်ဆက်စပ်နေပါသည်။
ဒါပေမယ့် ဆန်းသစ်လကုန်သည်ကြီးများအသင်း ဘာတွေလုပ်ခဲ့လဲ။
လမ်ပူရီတိုင်းပြည်ရှိ အခြားလူမျိုး အလုပ်သမားများကို ကိုယ်စားပြုတာဝန်ယူခြင်းအပြင် ဆန်းသစ်လကုန်သည်ကြီးများအသင်း၏ အခြားသောလုပ်ငန်းမှာ ဆန်းသစ်လအဖွဲ့နှင့် သက်ဆိုင်ပါသည်။
Frestech ကုန်သည်ကြီးများအသင်း၏ အဓိကထုတ်ကုန်များဖြစ်သည့် မှော်စက်များနှင့် အဆိုပါလုပ်ငန်းများ မည်သို့ဆက်စပ်နေသနည်း။
အားလုံးစောင့်မျှော်နေကြစဉ် ခန်းမကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။
အသက်ရှူသံအနည်းငယ်သာကြားနိုင်သည့် ဤအမှောင်ထုတွင် အပြာနုရောင်အလင်းတန်းအချို့သည် အလယ်ဗဟိုဇာတ်ခုံကို ရုတ်တရက် လင်းထိန်သွားစေခဲ့သည်။ စင်မြင့်တစ်ခုလုံး မီးထွန်းထားပြီး စင်နှင့်အနီးဆုံး အတန်းအနည်းငယ်ကိုလည်း မီးထွန်းထားသည်။
ထိုအပြာရောင်အလင်းတန်းသည် စင်မြင့်ပေါ်မှ လင်းထိန်သွားစေကာ ခေါင်မိုးရှိ နေရာလွတ်ဘက်သို့ ပြန့်ကျဲသွားသည်။
လူတိုင်းက ဘာလဲဆိုတာ သိချင်လာသည့်အခါ အလင်းရောင်ကနေ ငြိမ့်ညောင်းသော သံစဉ်တစ်ခုပေါလာ၏။ ထိုသံစဉ်နှင့်အတူ စင်မြင့်အထက်၌ ကခုန်စပြုသည့် ပုံရိပ်များ ရုတ်တရက် လင်းလက်လာသည်။
ထိုပုံရိပ်များကို လေထဲ၌ မြင်လိုက်ရသည်တွင် လူတိုင်း အံ့အားသင့်သွားပြီး မျက်နှာထက် စူးစမ်းချင်စိတ်များ ပြည့်နှက်လာကြသည်။
ထိုရုပ်ပုံများက တကယ့်လူတွေနဲ့ မတူတော့ဘဲ သေသေချာချာကြည့်လိုက်လျင် ထိုလူများဟာ လေထဲ၌ လွင့်မျောနေသည်ကို တွေ့ရလိမ့်မည်။
ပုံရိပ်များကခုန်နေသည်တွင် လူတိုင်း သေချာမြင်နိုင်ကြသည်။ ၎င်းတို့မှာ လေ၌ မျောလွင့်နေကြသည့် ပုံရိပ်ယောင်များသာဖြစ်ကြပြီး အစစ်အမှန်များမဟုတ်ကြပေ။
သို့သော် ပုံရိပ်ယောင်များက အင်မတန်ရှင်းလင်းလှသောကြောင့် ၎င်းတို့ အဝတ်များ၏ လှုပ်ရှားမှုက ကခုန်နေသည့် နောက်ကွယ်မှ အမြှီးများကို ထုတ်ပြနေခြင်းမှလွဲ လူအစစ်နှင့်မခြားချေ။
မှန်ပါ၏ ဆန်းသစ်လအဖွဲ့၏ ဖျော်ဖြေမှုများကို ပုံမှန်ကြည့်နေကြသူဆိုလျှင် ၎င်းတို့မှာ ဆန်းသစ်လအဖွဲ့ဝင်များ၏ ခေါင်းဆောင်များဖြစ်သည်ကို သတိပြုမိကြပေလိမ့်မည်။
အကကို ဦးဆောင်သူမှာ Metalliအမည်ရ အေဗရယ်ကဲ့သို့ ဆန်းသစ်လအဖွဲ့ထံမှ မြေခွေးမလေးဖြစ်သည်။
လူတိုင်းက လေထဲ၌ ယိမ်းယိုင်ခြင်းမရှိ ကခုန်နေကြသည့် ပုံရိပ်များကိုကြည့်ရင်း သံသယများပြည့်လာကြသည်။
၎င်းတို့သာ ပုံရိပ်ယောင်များဖြစ်ပါလျှင် ၎င်းတို့ကို မည်သို့ပြုလုပ်ထားပါသနည်း?
လူအုပ်ထဲရှိ အတွေ့အကြုံ အနည်းငယ်ရှိသူများမှာ ယခင်က ပုံရိပ်ယောင်မှော်ပညာအကြောင်း ကြားခဲ့ဖူးသော်လည်း ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆန်းသစ်လကုန်သည်ကြီးများအသင်း၏ ပူးတွဲ ကြေငြာမတိုင်ခင် အထူးသဖြင့် ပုံရိပ်ယောင်မှော်အစီအရင်ကို အသုံးပြုနေကြသည်? ၎င်းက အင်မတန်ဖြုန်းတီးရာမကျနေဘူးလား?
ထို့အပြင် ၎င်းမှော်အစီအရင်က ချပြမည့် ထုတ်ကုန်သစ်နှင့် မည်သို့ ဆက်စပ်နေပါသနည်း?
၎င်းတို့က လူများထံ အနှီအစီအရင်များကို ရောင်းချနေခြင်းဖြစ်သည်လား? ထို့အပြင် ၎င်းတို့သာ ဝယ်လိုက်ပါက ပြန်ပြောင်း၍ မရတော့လောက်မည်မဟုတ်ပါလား....
အားလုံး စဉ်းစားနေစဉ်တွင် စင်မြင့်ထက်ရှိ အက,က အဆုံးသတ်ကာ ပုံရိပ်များလည်း တဖြည်းဖြည်းချင်းရပ်တန့်သွားသည်။
အားလုံး၏ အတွေးအရ အကပြီးသည်နှင့် အနှီပုံရိပ်များက သေချာပေါက် ပျောက်ကွယ်သွားရမည်ပင်။
သို့သော် နောက်ဖြစ်လာသည့်အရာက လူတိုင်းကို အံ့ဩသွားစေသည်။
သီချင်းပြီးကာ ပုံရိပ်များက အကကို ရပ်တန့်လိုက်သော်လည်း ပုံရိပ်များက မပျောက်ကွယ်ဘဲ နှစ်ယောက် သုံးယောက် အဖွဲ့,ဖွဲ့၍ စကားပြောရင်း ထွက်သွားကြသည်။
အနှီပုံရိပ်များထံမှ စကားပြောနေကြသည့် ချိုမြမြအသံများကိုကြားပြီး ရွှတ်နောက်နောက်နှင့် ချိုမြိန်သည့် အပြုံးလှလှလေးများကို ကြည့်ရသော် ၎င်းတို့မှာ ၎င်းတို့ဘာသာ စကားပြောနေကြပုံရသည်။
တစ်အောင့်ကြာသည့်နောက် ပေါ်ထွက်လာသည့် နောက်ထပ် ပုံရိပ်က စကားပြောနေကြသော သားရဲလူမျိုးမိန်းကလေးများထံလျှောက်လာသည်။
ဆန်းသစ်လအဖွဲ့နှင့် ရင်းနှီးသူများက အနှီပုဂ္ဂိုလ်ကို အကြည့်တစ်ချက်နှင့် သတိပြုမိသွားသည်၊ ၎င်းက ဆန်းသစ်လအဖွဲ့၏ ကကွက်တာဝန်ခံ လူသားအန္တရာယ် အိုင်လင်း ဆိုဖီယာဖြစ်သည်။ ဆန်းသစ်လအဖွဲ့၏ ဖျော်ဖြေမှုအားလုံးကို သူမက စီစဉ်ပေးပါ၏။
အိုင်လင်း ဆိုဖီယာက သားရဲလူမျိုးမိန်းကလေးများရှိရာဘက် ရောက်လာကာ လက်ခုပ်တစ်ချက်တီးလိုက်ပြီးနောက် အားလုံးတိတ်ကျသွားပြီး သူမကိုကြည့်လာသည်။
အိုင်လင်း ဆိုဖီယာမှာ ထိုမိန်းကလေးများ ဖျော်ဖြေခဲ့သော အကနှင့်ပတ်သက်၍ ပြီးပြည့်စုံခြင်းမရှိသည့် အပိုင်းများကို ထောက်ပြလိုက်သည်။ သားရဲလူမျိုးမိန်းကလေးများလည်း အသေအချာနားထောင်ရင်း လေးနက်ဟန်များ ထုတ်ပြနေကြ၏။
ထိုအချိန်၌ အလင်းတစ်ဖြတ်နှင့် စင်မြင့်ထက်ရှိ ပုံရိပ်များ ပျောက်ကွယ်သွားသည်။ ၎င်းက အဝတ်လဲခန်းအဖြစ် မြင်ကွင်းပြောင်းသွား၏။
လက်ရှိ မြင်ကွင်း၌ လူတစ်ဦးသာရှိသည်။ သူမဟာ အဝတ်လဲခန်း၏ ပြတင်းနားရပ်ကာ လက်ထဲ၌ ရေကရားကိုကိုင်ရင်း ပြတင်းဘောင်ထက်ရှိ ပန်းအိုးထဲမှ ပန်းများကို ရေလောင်းနေသည်။
ရေလောင်းနေစဉ်အတွင်း သူမဘာသာလည်း ရေရွတ်နေသေးပါ၏။
သူမ၏ အမူအရာအရ သူမဟာ ကလေးတစ်ယောက်ကို ဂရုစိုက်နေသကဲ့သို့ပင်။
ထို့နောက် မြင်ကွင်းကပြောင်းကာ အားလုံးရှေ့၌ အပြင်ဘက် မြင်ကွင်းပေါ်လာသည်။
၎င်းက သားရဲလူမျိုးမလေး သုံးဦးမှာ လေ့ကျင့်ခန်းလုပ်နေသဖွယ် လှုပ်ရှားကာ ခုန်ပေါက်နေသည့် လေ့ကျင့်ရေးနေရာလေးတစ်ခုဖြစ်သည်။
မြင်ကွင်းက တစ်ဖန်ပြောင်းသွားပြန်၏။
....
မြင်ကွင်းအပြောင်းအလဲများစွာ ဖြစ်ပြီးနောက် အလင်းရောင်က မှောင်မိုက်ကာ တစ်အောင့်အကြာတွင် စကားအတန်းလိုက်ထွက်လာသည်။
"ဆန်းသစ်လအဖွဲ့၏ နေ့စဉ်ဘဝ"
အနှီစာလုံးကြီးများကို မြင်ပြီးသည့်နောက် မြင်ကွင်းက တစ်ဖန်ပြောင်းလဲကာ ဆန်းသစ်လအဖွဲ့၏ မြင်ကွင်းများစွာရှိနေသည်။
သို့သော် ၎င်းက ပုံမှန်ဖျော်ဖြေမှုနှင့် ခြားနားနေပါ၏။ အလင်းမျက်နှာပြင်ထက်ရှိ မြင်ကွင်းအားလုံးက ဆန်းသစ်လအဖွဲ့၏ နေ့စဉ်ဘဝများနှင့် ဆက်စပ်နေလေသည်။
၎င်းက သားရဲလူမျိုးမလေးများ၏ နေ့စဉ်ဘဝကို အဓိက ပြထား၏။ ၎င်းတို့ လုံ့လတစိုက်လေ့ကျင့်နေကြသည့် မြင်ကွင်းများအပြင် ၎င်းတို့ အားလပ်ချိန်များနှင့် နေ့စဉ်ဘဝ၏ ပျော်ရွှင်မှု ပူပန်မှုတို့လည်း ပါဝင်သည်။
မြင်ကွင်းပြောင်းသွားသည်ကိုမြင်သော် လူများက ရုတ်တရတ် အနှီသားရဲလူမျိုးမလေးများမှာ ၎င်းတို့နှင့် မခြားနားကြောင်းသိလိုက်ရသည်။ ၎င်းတို့က သားရဲလူမျိုးဖြစ်နေခြင်းမှလွဲ လူသားများနှင့် မခြားပါချေ။
၎င်းတို့မှာ တူညီသည့် စားစရာများကိုစား၍ တူညီသည့်ပုံစံအတိုင်းအိပ်ကာ လူညီသည့် ပျော်ရွှင်ဖွယ်ဖြစ်ရပ်များ ပူပန်မှုများလည်းရှိပေသည်။
တစ်ခုတည်းသော ခြားနားချက်မှာ ၎င်းတို့က လူသားများနှင့် ရုပ်ရည်မတူခြင်းသာရှိ၏။
သို့သော် ဆန်းသစ်လမျိုးနွယ်စု၏ သားရဲလူမျိုးမလေးများအားလုံးကို ဂရုတစိုက်ရွေးချယ်ထားလေသည်။ ၎င်းတို့အားလုံးများ လှပပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်ထား၏။ ယခုတွင် ၎င်းတို့က နေ့စဉ်ဘဝကို အားလုံးထံ ချပြလိုက်ရာ ၎င်းက ဆန်းသစ်ပြီး မိမိတို့နှင့် ရင်းနှီးလာသလို ခံစားကြရသည်။
မသိလိုက်ပါဘဲ လူများမှာ ၎င်းတို့၏ လှုပ်ရှားမှုတိုင်းဖြင့် ဆွဲဆောင်ခံလိုက်ရ၏။ ၎င်းတို့မှာ ထိုမိန်းကလေးများ၏ သောကများကို စတင်ဂရုစိုက်လာကြကာ ပျော်ရွှင်စရာအတွက် ပျော်ရွှင်မှုကို လိုက်လံခံစားပေးကြလေသည်။
၎င်းတို့အနေနှင့် ထိုမိန်းကလေးအနည်းစု၏ နေ့စဉ်ဘဝနှင့်အတူ မတော်တဆ ထိခိုက်ကံခေမှုတချို့ကိုလည်း တစ်ခါတရံတွေ့ကြရပေလိမ့်မည်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၇၂။ ဖျော်ဖြေရေးနည်းလမ်းသစ်
သဘာဝကျစွာပင် ရှုယီမှာ မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို ချပြလိုက်သည်နှင့် ရောင်းထွက်နိုင်ကာ အားလုံးနှင့်အတူတကွ ကျော်ကြားလာမည်ဟု မျှော်လင့်ခဲ့သည်။ ၎င်းက ကမ္ဘာမြေမှ ရုပ်မြင်သံကြားနှင့် ထပ်တူ စိုင်စ်နယ်မြေကြီး၏ ဖျော်ဖြေရေးနည်းလမ်းကို ပြောင်းလဲကာ လူများ၏ ဘဝကို ပို၍ အရောင်စုံလာစေလိမ့်မည်။
သို့သော် အမှန်တရားမှာ သိသိသာသာမဖြစ်နိုင်ပေ။
ပထမဦးစွာ မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို ဖန်တီးလိုက်သော်လည်း အစုလိုက်အပြုံလိုက် မထုတ်နိုင်သေးပေ။ ၎င်း၏ကုန်ကျစရိတ်ကို လက်ရှိ၌ ကောင်းစွာ မထိန်းချုပ်နိုင်သဖြင့် မှော်ပုံရိပ်ယောင်ပရိုဂျက်တာမှာ ရွှေဒင်္ဂါးခုနစ်ဆယ်ကုန်ကျစရိတ်မြင့်မြင့်ရှိသော ထုတ်ကုန်ကြေငြာပွဲရှိ ထုတ်ကုန်တစ်ခုလိုပါပင်။
မိမိရှေ့မှောက်တွင် လူတစ်ယောက် ရောက်နေသကဲ့သို့သော ၃၆၀ဒီဂရီပုံရိပ်ကို ပြသနိုင်သည့် အရည်အသွေးမြင့်ပုံရိပ်တစ်ခုရှိသော Frestech ကုန်သည်ကြီးများအသင်းထံမှ ပရိုဂျက်တာမှာ အင်မတန်ကောင်းမွန်သော လုပ်ဆောင်နိုင်စွမ်းရှိသဖြင့် ဈေးနှုန်းကို ရွှေဒင်္ဂါးတစ်ရာ့ငါးဆယ်အဖြစ်သတ်မှတ်ထားသည်။
ဤများပြားလှသောဈေးနှုန်းက သာမန်မိသားစုများတတ်နိုင်သည့် ပမာဏမဟုတ်ပေ။
လမ်ပူရီတိုင်းပြည်၏ စီးပွားရေးက တိုးတက်လာပြီဖြစ်ကာ မိသားစုများစွာ၏ ဝင်ငွေများက တိုးလာပြီဆိုလျှင်တောင် ဤမှော်ပုံရိပ်ယောင်ပရိုဂျက်တာကြောင့် ရွှေဒင်္ဂါးတစ်ရာ့ငါးဆယ်ကို သုံးစွဲခြင်းက မှန်ကန်ပုံမရပေ။
ထို့ကြောင့် ထုတ်ကုန်ကြေငြာပွဲ၌ ရှုယီ ဈေးနှုန်းကိုကြေငြာပြီးသည့်နောက်တွင် ဤမှော်ပုံရိပ်ယောင်ပရိုဂျက်တာမှာ အခြားထုတ်ကုန်များအားလုံး ကြေငြာစဉ်ကကဲ့သို့ ပမာဏကြီးကြီးမားမား ချက်ချင်းရောင်းထွက်သွားခြင်းမျိုး မရှိပါချေ။ မျိုးရိုးမြင့်နှင့် ကုန်သည်ကြီးများတချို့ကသာ ဝယ်ယူရန် စိတ်ဝင်စားကြောင်းပြခဲ့ကြသည်။
ဈေးနှုန်းအပြင် မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို ပမာဏကြီးကြီးမားမား မရောင်းရခြင်း အဓိက အကြောင်းအရင်းမှာ ရှုယီနှင့် စတေးလ်တို့ကလည်း ထိုသို့ မဖြစ်စေလိုသောကြောင့်ပင်။
အကြောင်းအရင်းက အင်မတန်ရိုးရှင်းပါ၏၊ မှော်ပုံရိပ်ယောင်ပရိုဂျက်တာမှာ ပြုလုပ်ရန် မခက်ခဲသော်လည်း ပြပွဲများပြုလုပ်ရန် လိုအပ်ချက်မြင့်မြင့်ရှိသည်။
စိုင်စ်နယ်မြေကြီး၌ ဤသို့သော ရုပ်သံလွှင့်နည်းမျိုး ပထမဆုံး ပေါ်ထွက်လာသည့်အကြိမ်ဖြစ်သဖြင့် ဤနယ်ပယ်၌ အရည်အချင်းရှိသူ မရှိပေ။ ရှုယီလည်း ကမ္ဘာမြေမှ အတွေ့အကြုံနှင့် စမ်းသပ်မှုများမှ တဆင့် ပထမပြပွဲမှာ မှတ်တမ်းတင်ရုပ်ရှင်ဖြစ်ရမည်ဟု ဆုံးဖြတ်ကာ ဆန်းသစ်လအဖွဲ့၏ နေ့စဉ်ဘဝကို ထုတ်လုပ်ခဲ့သည်။
သို့သော် ဤ လေးဆယ်မိနစ်သာရှည်သည့် မှတ်တမ်းကို ပြုလုပ်ရန် တစ်လကြာ ပြင်ဆင်ခဲ့ရသည်။
ဆန်းသစ်လအဖွဲ့၏ သားရဲလူမျိုးမလေးများမှာ လူတို့ရှေ့၌ ဖျော်ဖြေခြင်းကို အတွေ့အကြုံရှိသော်လည်း ဤသည်က ဤသို့သော ပရိုဂရမ်မျိုး၌ ပထမဆုံး ပါဝင်ခြင်းဖြစ်သဖြင့် ဘာလုပ်ရမည်မှန်း မသိနေကြချေ။
ရှုယီက ပုံမှန်အတိုင်းသာ ပြုမူရန်၊ ဘာလုပ်ရမည်ဆိုသည်တို့ကို အကြိမ်များစွာ ပြောခဲ့ခြင်းကြောင့်မဟုတ်ပါက ရုပ်ရှင်က အဆုံး၌ အင်မတန်ဆိုးရွားနေပေလိမ့်မည်။
ကမ္ဘာမြေရှိ ပရိုဂရမ်ကြွယ်ဝသော အဆင့်သို့ရောက်ရန် ရှည်ကြာဦးမည်ပင်။
သို့သော် မည်သို့ဖြစ်စေ ဤမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခြင်း၏ အောင်မြင်မှုက ရှုယီအတွက် အင်မတန် အရေးပါလှသည်။
အဘယ့်ကြောင့်ဆိုသော အဇ်ရှာရာမျိုးနွယ်စုထံမှ သူရရှိခဲ့သည့် ပုံရိပ်ယောင်အစီရင်ကြောင့် စိုင်စ်နယ်မြေကြီးမှ ကမ္ဘာမြေကကဲ့သို့ ဖျော်ဖြေရေးနည်းလမ်းရှိလာလိမ့်မည်။ ၎င်းက ကမ္ဘာမြေနှင့် ဤလောကကို ပိုမိုနီးစပ်လာစေလိမ့်မည်ပင်။
တစ်ချိန်တည်းမှာပင် ဤမှော်ပုံရိပ်ယောင် ပရိုဂျက်တာများမှာ ဤထုတ်ကုန်ပြပွဲ၌ ရောင်းချရန် မဖွင့်လှစ်ထားသော်လည်း ရလာဒ်ကောင်းနှစ်ခုရရှိခဲ့သည်။
ပထမ၊ ဤမှတ်တမ်းမှတဆင့် ဆန်းသစ်လအဖွဲ့၏ သားရဲလူမျိုးမလေးများကို လူများစွာက နားလည်လာစေသည်။
ထုတ်ကုန်ကြေငြာပွဲပြီးသည့်နောက် ဆန်းသစ်လကုန်သည်ကြီးများအသင်းမှာ မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို ဘန်တာမြို့၏ အပိုင်းသစ် ဇိမ်ခံလမ်းမဘက်ကျရာ အများစု၌ ထည့်သွင်းရန် စီစဉ်လိုက်တော့သည်။ မကြာခင်တွင် နေ့စဉ်နေ့တိုင်း ဆန်းသစ်လအဖွဲ့၏ နေ့စဉ်ဘဝ ပထမအပိုင်းကို ရုပ်သံလွှင့်တော့မည်ဖြစ်သည်။
ဤရုပ်ရှင်မှ တဆင့် ဘန်တာမြို့သားများမှာ ဆန်းသစ်လအဖွဲ့၏ သားရဲလူမျိုးမလေးများနှင့် ပိုမို ကျွမ်းဝင်လာရာ ဘန်တာမြို့၌ ၎င်းတို့မှာ ပို၍ မြန်မြန်ကျော်ကြားလာတော့သည်။
စတေးလ်၏ အစီစဉ်အရ ဆန်းသစ်လကုန်သည်ကြီးများအသင်းမှာ အန်ဗီမာမြို့တော်နှင့် လမ်ပူရီတိုင်းပြည်၏ အခြားမြို့များ၌ တူညီသည့် မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို ထည့်သွင်းကာ တူညီသည့် မှတ်တမ်းကို ပြသမည်ဖြစ်သည်။ ၎င်းတို့မှာ လမ်ပူရီတိုင်းပြည်ရှိ လူတိုင်းအား ဆန်းသစ်လအဖွဲ့အကြောင်း ပို၍ လေ့လာသိရှိစေမည်ဖြစ်သည်။
လက်ရှိ ရိုက်ကူးထားသည့် ဆန်းသစ်လအဖွဲ့၏ နေ့စဉ်ဘဝဒုတိယအပိုင်းအပြင် ဆန်းသစ်လ ကုန်သည်ကြီးများအသင်းမှာ ရှုယီ၏ အကြံပြုချက်အရ ကမ္ဘာမြေကကဲ့သို့ ဒရာမာအချို့ကိုလည်း ရိုက်ကူးမည်ဖြစ်သည်။ ၎င်းတို့ကိုလည်း ဤမှော်ပုံရိပ်ယောင်ပရိုဂျက်တာမှ တဆင့် ရုပ်သံလွှင့်မည်ဖြစ်သည်။
ရှုယီ အဆိုပြုထားသည့် ပုံစံအရ အနှီဒရာမာများ၏ ပထမအပိုင်းအချို့ကိုသာ ရုပ်သံလွှင့်မည်ဖြစ်သည်။ ၎င်းတို့သာ ဆက်ကြည့်ချင်ပါလျှင် ကဇာတ်ရုံများ၌ ကြည့်ရှုရန် လက်မှတ်ဝယ်ယူခြင်း သို့မဟုတ် အိမ်၌ ကြည့်ရန်အတွက် မှော်ပုံရိပ်ယောင်ပရိုဂျက်တာနှင့် သက်ဆိုင်ရာ ရုပ်ရှင်၏ မှော်အစီအရင်ကို ဝယ်ယူဖို့ လိုသည်။
မှန်ပါ၏၊ ရှုယီ၏ နောက်ဆုံးရည်ရွယ်ချက်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ထိုမှော်ပုံရိပ်ယောင်ပရိုဂျက်တာများအတွက် သုတေသနက လေးနက်လာသည်နှင့် မှော်ပုံရိပ်ယောင်ပရိုဂျက်တာ အသေးစားအချို့ကို ထုတ်လုပ်ကာ ထုတ်လုပ်ရေးကုန်ကျစရိတ် များစွာ လျှော့ချကာ မိသားစုများစွာကို တစ်ခုလောက် ဝယ်နိုင်အောင်လုပ်ဆောင်ပေးမည်ဖြစ်သည်။
သို့သော် နှိုင်းယှဉ်ရပါလျှင် ဤမှော်ပုံရိပ်ယောင်ပရိုဂျက်တာ၏ လုပ်ဆောင်ပုံက ရုပ်မြင်သံကြားစက်နှင့် မတူဘဲ VCRနှင့် ပိုတူသည်။
တိပ်များအနေနှင့်မူ ဖလင်များပါဝင်သည့် မှော်အစီအရင်များရှိသည်။
ဒုတိယအနေနှင့် ၎င်းက အဇ်ရှာရာမျိုးနွယ်စုနှင့်အတူ ပူးပေါင်းရေးကို လေးနက်လာစေသည်။
ဤပုံရိပ်ယောင်အစီအရင်က အဇ်ရှာရာမျိုးနွယ်စုထံမှ လာခဲ့သောကြောင့် ဤမှော်ပုံရိပ်ယောင်ပရိုဂျက်တာကို ထုတ်လုပ်ချိန်က ရှုယီမှာ အဇ်ရှာရာမျိုးနွယ်စုကို ဘေးဖယ်မထားဘဲ အကြီးအကဲ အွန်ဒင်းနှင့် ပူးပေါင်းရေးကို အလျင်ဦးစွာ အဆိုပြုခဲ့သည်။
နောက်ဆုံး၌ ၎င်းတို့၏ ဆွေးနွေးမှုအရ အကြီးအကဲ အွန်ဒင်းမှာ အဇ်ရှာရာမျိုးနွယ်စု နတ်သူငယ်ငါးဦးကို လွှတ်ကာ ၎င်းတို့အနက် နှစ်ဦးအား မှော်သုတေသနဌာနသို့ ဝင်ရောက်စေ၍ ပုံရိပ်ယောက်မှော်အစီအရင်ကို လေ့လာရာ၌ အာရုံစိုက်စေခဲ့သည်။ ကျန်သုံးဦးမှာ ဆန်းသစ်လကုန်သည်ကြီးများအသစ်ကို ဝင်ရောက်ကာ မှော်ပုံရိပ်ယောင်ပရိုဂျက်တာနှင့် ဆက်စပ်သည့် အလုပ်ကို ကူစေသည်။
Frestech ကုန်သည်ကြီးများအသင်းနှင့် ဆန်းသစ်လကုန်သည်ကြီးများအသင်းတို့မှာ အဇ်ရှာရာမျိုးနွယ်စုနှင့် သဘောတူညီမှုများအား လက်မှတ်ရေးထိုးခဲ့ပါ၏။
စာချုပ်များအရ Frestech ကုန်သည်ကြီးများအသင်းမှ မှော်ပုံရိပ်ယောင် ပရိုဂျက်တာတစ်ခု ရောင်းချလိုက်သည်နှင့် အဇ်ရှာရာ မျိုးနွယ်စုကို အခကြေးငွေ ရွှေဒင်္ဂါးတစ်ပြား ပေးရမည်ဖြစ်သည်။
ဆန်းသစ်လကုန်သည်ကြီးများအသင်း ပုံရိပ်ယောင်မှော်အစီအရင်မှ အကျိုးအမြတ်ရချိန်တိုင်း အဇ်ရှာရာမျိုးနွယ်စုကို ဝင်ငွေ ၅ရာခိုင်နှုန်း ပေးရမည်ပင်။
အကြီးအကဲ အွန်ဒင်းမှာ ဤမှော်အစီအရင်ကို စတေးလ်အား သင်ပြခဲ့စဉ်က ထိုမျှ မတွေးတောခဲ့မိသော်လည်း အဇ်ရှာရာမှာ ဤပုံရိပ်ယောင်မှော်အစီအရင်မှနေ၍ အကျိုးအမြတ်ရမည်ဟု ထင်မထားခဲ့ပေ။
သို့သော် သူမက ဤဝင်ငွေကို မငြင်းဆန်ပါချေ။
အဇ်ရှာရာမျိုးနွယ်စု အကြီးအကဲအနေနှင့် သူမဟာ ရှုယီက ၎င်းတို့နှင့် ဤသို့ ဆက်ဆံရေးခိုင်မာစေလိုနေသည်ကို မည်သို့ မမြင်ဘဲ ရှိမည်နည်း။
၎င်းက သူမရည်ရွယ်ချက်နှင့် ကိုက်ညီနေရာ မည်သို့များ ငြင်းဆန်နိုင်မည်နည်း?
မှန်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်းနှင့် အဇ်ရှာရာမျိုးနွယ်စုအကြား အဓိကပူးပေါင်းမှုက ထိုသို့ မဟုတ်သော်လည်း ရူဒ်ဆန်တိုင်းပြည်တွင်တော့ ထိုသို့ဖြစ်သည်။
အောက်တိုဘာအကုန်တွင် စတက်တိန်းနယ်မြေမှာ တောင်ဘက်၌ ရူဒ်ဆန်တိုင်းပြည်ဘက် ဦးတည်သော အခြားလမ်းကို ဖောက်လုပ်ခဲ့သည်။
ဤလမ်းက စတက်တိန်းနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်ကြား နယ်စပ်ရှိ တောင်ကုန်းများကို ဖြတ်သွားမည်ဖြစ်သည်။ ၎င်းက ရူဒ်ဆန်တိုင်းပြည်နှင့် စတက်တိန်းနယ်မြေ၏ မြောက်နှင့်တောင် နယ်စပ်အသီးသီးကြား အရေးပါသည့် ချိတ်ဆက်မှုဖြစ်သည်။
ထိုသည်က မြောက်ပိုင်းရှိ လရိပ်မျိုးနွယ်စုနှင့် ချိတ်ဆက်ထားသော စထရူ လမ်းမနှင့် ထပ်တူညီသည်။ တောင်ပိုင်းရှိ စထရူ လမ်းမသည်လည်း နတ်သူငယ်မျိုးနွယ်စုတစ်ခုနှင့် ချိတ်ဆက်ထားသော်ငြား ဤသည်ကမူ ရူဒ်ဆန်တိုင်းပြည်ရှိ အဇ်ရှာရာ မျိုးနွယ်စုဖြစ်သည်ပင်။
ဤလမ်းမကြောင့် အဇ်ရှာရာ မျိုးနွယ်စုကို အားလုံးထံ ချပြလိုက်ရသည်။
ရူဒ်ဆန်တိုင်းပြည်သားများမှာ နောက်ဆုံးတွင် ၎င်းတို့၏ တိုင်းပြည်၌ နတ်သူငယ်များရှိသည်ကို သိလိုက်ရကာ ၎င်းက နတ်သူငယ်အတော်နည်းပါးသည့် အင်မတန်ရှေးကျသည့် မျိုးနွယ်စုဖြစ်နေသည်။
ဤ တွေ့ရှိမှုက ရူဒ်ဆန်တိုင်းပြည်သားများကို အချိန်ကြာ စိတ်လှုပ်ရှားသွားစေသည်။ အဝေးမှာ အဇ်ရှာရာမျိုးနွယ်စုကို ကြည့်ရရုံဖြင့် လာသူများပင် ရှိနေသည်။
သို့သော် အကြီးအကဲ အွန်ဒင်းက အဇ်ရှာရာမျိုးနွယ်စုကို လူသားများထံ ချပြလိုက်ပါလျှင်တောင် အဇ်ရှာရာမျိုးနွယ်စုတစ်ခုလုံးကို လူသားများအတွက် ဖွင့်လှစ်ပေးမည့်အဓိပ္ပာယ်မဟုတ်သည်က နှမျောစရာဖြစ်၏။
အဇ်ရှာရာမျိုးနွယ်စု၏ ပုံရိပ်ယောင် မှော်အစီအရင်ထံ ရောက်လာကြသည့် လူသားများမှာ ပုံရိပ်ခပ်ဝါးဝါးများသာ မြင်နိုင်ပြီး အတွင်း၌ ဘာရှိသည်ကို မမြင်ကြရချေ။
အတိုချုံးရသော် အဇ်ရှာရာ မျိုးနွယ်စုသတင်း ရူဒ်ဆန်တိုင်းပြည်တလျှောက် ပြန့်နှံ့သွားပြီးနောက် ရူဒ်ဆန်တိုင်းပြည်က အဇ်ရှာရာမျိုးနွယ်စု အနီးတစ်ဝိုက် ငါးရာကီလိုမီတာမှာ အထူးနတ်သူငယ်နယ်မြေဖြစ်ကြောင်း ကြေငြာခဲ့သည်။အဇ်ရှာရာမျိုးနွယ်စုမှ ခွင့်ပြုချက်ရထားသူကလွဲလျှင် ကျန်သူများ လွတ်လွတ်လပ်လပ်ဝင်ရောက်ခွင့်မပြုပေ။
ထိုသတင်းကို ကြေငြာလိုက်သည်နှင့် ၎င်းက ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။
ဤသည်က လူသားများ၏ နယ်မြေဖြစ်ရာ အဘယ့်ကြောင့် နတ်သူငယ်များအတွက် အထူးနယ်မြေတစ်ခု သတ်မှတ်ထားပေးဖို့ လိုအပ်ပါမည်နည်း?
ဤသည်က မျိုးနွယ်စုစစ်ပွဲများမတိုင်ခင် နတ်သူငယ်များ နယ်မြေကြီးကို အုပ်ချုပ်စဉ်ကနှင့်မတူလေရာ လူသားများက နတ်သူငယ်များအတွက် လိုက်လျောစရာလိုအပ်လို့လား?
ရူဒ်ဆန်တိုင်းပြည်မှာ ထိုကိစ္စအတွက် နောက်မှ ရှင်းပြချက်ပေးလာသည်။
ရူဒ်ဆန်တိုင်းပြည်ဘက်မှ မျိုးနွယ်စုစစ်ပွဲများအပြီး နှစ်ပေါင်းထောင်ချီကုန်လွန်သွားခဲ့ရာ လူသားများက စိုင်စ်နယ်မြေကြီးကို ထိန်းချုပ်ထားပြီဖြစ်ပြီး နတ်သူငယ်များက ရှားပါးမျိုးနွယ်စုဖြစ်လာသည်ကို ထောက်ပြလာသည်။
ထိုသို့ဖြစ်နေလေရာ အဘယ့်ကြောင့် ၎င်းတို့က နတ်သူငယ်များကို နေရာအနည်းငယ်ပေး၍ လူသားများနှင့် ဟန်ချက်ညီညီနေထိုင်ခွင့်မပြုရမည်နည်း?
ရှင်းပြချက်အရ ဘုရင်ကြီးတဲရုစ်မှာ ရူဒ်ဆန်တိုင်းပြည်ကိုယ်စား မေးခွန်းတစ်ခုမေးခဲ့သည်။
"မျိုးနွယ်စုစစ်ပွဲတွေကတည်းက နဂါးတွေနဲ့ တောင်ပံမျိုးနွယ်တွေလည်း နယ်မြေကြီးမှာ မရှိတော့ဘူး။ သွေးနှောတွေကလည်း ဒဏ္ဍာရီဖြစ်လာပြီး နတ်သူငယ်တွေကိုတော့ တစ်ခါတလေ မြင်နိုင်ပေမယ့် များများစားစားကျန်တာမရှိဘူး။ ဒီလိုဆက်ဖြစ်နေရင် နတ်သူငယ်တွေ ပျောက်ကွယ်သွားတာမပြောနဲ့ဦး သားရဲလူမျိုးနဲ့ လူပုလေးတွေလည်း ပျောက်ကွယ်သွားမှာပဲ။"
"လူသားတွေအနေနဲ့ နယ်မြေကြီးကို အုပ်ချုပ်တာက ကောင်းပေမယ့်လည်း ဒီလောကမှာ လူသားတွေပဲကျန်တာကို မြင်ချင်လို့လား? ဒီလိုလောကမျိုးက ကျုပ်တို့ကိုယ်တိုင်ကလွဲ တခြားအသိဉာဏ်ရှိ မျိုးနွယ်တွေကို ရှာတွေ့နိုင်တော့မှာမဟုတ်လို့ အထီးကျန်စရာပဲ။"
"ကျုပ်တို့အနေနဲ့ နယ်မြေကြီးကို ထိန်းချုပ်ပြီးသားဆိုမှတော့ ဘာလို့ ပိုသည်းခံပြီး တခြားမျိုးနွယ်စုတွေနေဖို့ နေရာနည်းနည်းလောက် မပေးနိုင်ရမှာလဲ? နတ်သူငယ်တွေ နယ်မြေကြီးကို ထိန်းချုပ်ပြီး အရင်က တောင်ပံမျိုးနွယ်စုတွေ နယ်မြေကြီးကို ထိန်းချုပ်ချိန်က သူတို့တွေအနေနဲ့ တခြားမျိုးနွယ်စုတွေ အားလုံးကို မသတ်ဖြတ်ခဲ့ဘူး။ ဒီလိုဆိုမှတော့ ဘာလို့ ကျုပ်တို့ လူသားတွေက ဒီလိုလုပ်ရမှာလဲ?"
"ကျုပ်တို့အနေနဲ့ ကျုပ်တို့ လူသားတွေဟာ သည်းခံတတ်တဲ့ မျိုးနွယ်စုတစ်ခု၊ တခြားမျိုးနွယ်စုအားလုံးနဲ့ အတူယှဉ်တွဲနေနိုင်တဲ့ သဘောထားကြီး မျိုးနွယ်စုဆိုတာ တခြားမျိုးနွယ်စုအားလုံးကို ပြသဖို့လိုတယ်။"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၇၃။ နတ်သူငယ်မြို့လေး
ထိုထုတ်ပြန်ချက်ကို ကြေညာလိုက်သည်နှင့် ကွဲပြားသည့် တုံ့ပြန်ချက်များရခဲ့သည်။
သဘောတူညီသူများမှာ ဘုရင်ကြီးတဲရုစ်က လုံးဝမှန်ကန်သည်ဟု ခံစားကြရ၏။ လူသားများက နယ်မြေကြီးကို ထိန်းချုပ်လိုက်သဖြင့် ၎င်းတို့မှာ ပို၍ ခံနိုင်ရည်ရှိကာ အခြားမျိုးနွယ်စုများ တည်ရှိနိုင်ရန် နေရာပေးသင့်ပြီး လူတိုင်းကိုအတူတကွ ယှဉ်တွဲနေထိုင်ခွင့်ပြုသင့်သည်။
ဆန့်ကျင်သူများမှာ ၎င်းတို့၏မျိုးနွယ်စုမှလွဲ ကရုဏာသက်စရာမလိုဟု ခံစားကြရသည်။
လူသားများက အခြားမျိုးနွယ်စုများအပေါ် ကောင်းမွန်ပါလျှင်တောင် အခြားမျိုးနွယ်စုများမှာ လူသားများနှင့် အတူတကွယှဉ်တွဲမနေထိုင်နိုင်ပေ။
နတ်သူငယ်များ နယ်မြေကြီးကို အုပ်ချုပ်စဉ်က ၎င်းတို့အနေနှင့် အခြားမျိုးနွယ်စုအားလုံးကို မသတ်ခဲ့ပါသော်လည်း ဖော်ရွေခြင်းလည်းမရှိပါချေ။ အနည်းဆုံး လူသားများ ပေါ်ထွက်လာစဉ်က နတ်သူငယ်များမှာ ၎င်းတို့ကို ဖိနှိပ်ဖို့ ကြိုးစားခဲ့သည်။
လူသားများက အမြန်ဖွံ့ဖြိုးလာကာ မျိုးနွယ်စုစစ်ပွဲမှတဆင့် နယ်မြေကြီးကို ထိန်းချုပ်ခဲ့ခြင်းကြောင့်မဟုတ်ပါလျှင် မည်သူကမှ မည်သို့ဖြစ်မည်မှန်း မသိပေ။
သို့သော် မည်သည့်ဘက်ဖြစ်စေ ၎င်းက ဘုရင်ကြီးတဲရုစ်၏ ဆုံးဖြတ်ချက်ကို မသက်ရောက်နိုင်ချေ။
ရူဒ်ဆန်တိုင်းပြည်မှာ ၎င်းတို့၏ အနောက်တောင်ပိုင်း၌ အထူးနတ်သူငယ်နယ်မြေတစ်ခု တည်ထောင်ခဲ့ရာ ၎င်းက သာမန်လူများစွာအတွက် အခွင့်အရေးတစ်ခုဖြစ်သည်။
နတ်သူငယ်များမှာ ယခင်က လူသားလောက၌ ပေါ်ထွက်လာဖို့ ရှားပါးသဖြင့် နတ်သူငယ်များပေါ်လာသော သတင်းထွက်သည့်နေရာများမှာ ကောလဟာလသာဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း ပေါ်ထွက်လာကာ နတ်သူငယ်များနှင့် စတင်အတူအလုပ်လုပ်ကိုင်ခြင်းကြောင့် ၎င်းတို့မှာ မပျောက်ကွယ်သေးဘဲ ရှင်သန်နေကြဆဲဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ပထမဆုံးတုံ့ပြန်ချက်အရ လူအများစုမှာ မကြောက်ရွံ့ဘဲ အားရအံ့ဩသည်က ပိုပါ၏။
နတ်သူငယ်များ၌ မျိုးနွယ်ဝင် အနည်းငယ်မျှသာရှိပြီး လူသားများက နှစ်ထောင်ချီကြာ နယ်မြေကြီးကို ထိန်းချုပ်လာခဲ့ရာ နတ်သူငယ်များ ပြန်လည်တိုက်ခိုက်လာမည်ကို ကြောက်နေဖို့ လိုဦးမည်တဲ့လား?
ထို့ကြောင့် လူသားများမှာ နတ်သူငယ်များကို စူးစမ်းလိုစိတ်က ပိုများပါ၏။
အက်ဂ်နက်စ် ဘန်တာမြို့၌ စပေါ်လာစဉ်က သူမမှာ ဤစူးစမ်းလိုစိတ်ကြောင့် အုတ်အော်သောင်းတင်းဖြစ်စေခဲ့သည်။
ယခုတွင် ရူဒ်ဆန်တိုင်းပြည်က အထူးနတ်သူငယ်နယ်မြေဖန်တီးကြောင်း ကြေညာလိုက်ရာ လူအများစုက ၎င်းကို ဆန်းသစ်သည်ဟု မြင်ကြသည်။ ၎င်းတို့မှာ ၎င်းကို အန္တရာယ်ဟုထင်ကာ ဆန့်ကျင်ကြသည့် လူသားများနှင့်မတူပေ။
အဆုံး၌ နတ်သူငယ်များသာ အင်မတန်သန်မာနေပါက လူသားများထံမှ နယ်မြေကြီး၏ ထိန်းချုပ်မှုကို ပြန်လည်ရယူလောက်ပြီး မဟုတ်ပါလား?
ရူဒ်ဆန်တိုင်းပြည် တောင်ပိုင်းရှိ ရာသီဥတုမှာ စတက်တိန်းနယ်မြေကနှင့် ဆင်တူသောကြောင့် စတက်တိန်းနယ်မြေကကဲ့သို့ မနွေးထွေးလျှင်တောင် ပင်လယ်ရေမျက်နှာပြင်အမြင့်က ပို၍ မြင့်မားသဖြင့် နိုဝင်ဘာလအစတွင် နယ်မြေကြီးရှိ အခြားနယ်မြေများကဲ့သို့ ဆောင်းရာသီအစပိုင်းကို မခံစားရပေ။ ၎င်းက သိမ်မွေ့ကာ သက်သာသည့် အပူချိန်ကို ထိန်းသိမ်းထားသည်။
ဤရာသီဥတုကြောင့် အလုပ်သမားများ လုပ်နိုင်စွမ်းက အမြင့်ဆုံးဖြစ်နေလေသည်။
လတစ်ဝက်တာအတွင်း ရူဒ်ဆန်တိုင်းပြည်၏ အနောက်တောင်ပိုင်းခရိုင်ရှိ အထူးနတ်သူငယ်နယ်မြေ၌ တည်ဆောက်ထားသည့် အိမ်ခြေများစွာရှိသည်။ ၎င်းကိုကြည့်ကြည့်ပါက ၎င်းက မြေပြင်မှ အညွန့်ပေါက်နေသလို အိမ်တန်းပင်။
သေချာကြည့်ကြည့်လျှင် အနှီအိမ်များ၏ ပုံစံက လူသားများ ဆောက်လုပ်ထားသော အိမ်များနှင့် ခြားနားနေသည်ကို မြင်ရမည်။
အနှီအိမ်များအား အမ်ရစ်ကုန်သည်ကြီးများအသင်းက အဇ်ရှာရာမျိုးနွယ်စု၏ ပုံကြမ်းများအတိုင်း ဆောက်လုပ်ထားသောကြောင့်ပင်။ ၎င်းတို့မှာ နတ်သူငယ်များနေထိုင်ရန် ဆောက်လုပ်ထားပါသဖြင့် နတ်သူငယ်များ၏ စတိုင်ဖြစ်သည်။
ရူဒ်ဆန်တိုင်းပြည်မှာ ၎င်းဟာ အထူးနတ်သူငယ်နယ်မြေဖြစ်လာမည်ဟု ကြေညာပြီးနောက် အကြီးအကဲ အွန်ဒင်းမှာ ရှုယီထံမှ တဆင့် အမ်ရစ်ကုန်သည်ကြီးများအသင်းကို ဆက်သွယ်ကာ အဇ်ရှာရာမျိုးနွယ်စုအတွက် ဤနေရာ၌ အိမ်များကို ဆောက်လုပ်ဖို့ ဖိတ်ခေါ်ခဲ့သည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနှင့် အဘယ့်ကြောင့် အဇ်ရှာရာမျိုးနွယ်စုက ထိုသို့ပြုလုပ်လိုသည်ကို မသိသော်လည်း ရှုယီကမူ အကြီးအကဲ အွန်ဒင်းနှင့် သီးသန့်စကားဝိုင်းမှတဆင့် သူမ၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။
ညတေးသံမျိုးနွယ်စုအကြီးအကဲ အီလူရှာ နှင့် လရိပ်မျိုးနွယ်စု အကြီးအကဲလီဆန်ယာတို့လိုပင် အကြီးအကဲ အွန်ဒင်းသည်လည်း လူသားများနှင့် ပူးပေါင်းရေးကို ထောက်ခံပါ၏။ ထို့ကြောင့် ဤ Frestech ကုန်သည်ကြီးများအသင်းနှင့် ရူဒ်ဆန်တိုင်းပြည်တို့နှင့် စာချုပ်မှ တဆင့် ၎င်းတို့မှာ နတ်သူငယ်များအပိုင် နယ်မြေတစ်ခု ရလိုက်ပြီဖြစ်သည်။
သို့သော် အကြီးအကဲ အီလူရှာ နှင့် အကြီးအကဲလီဆန်ယာတို့၏ ချဉ်းကပ်မှုနှင့် ကွဲပြားသည်က အကြီးအကဲ အွန်ဒင်းမှာ အဇ်ရှာရာမျိုးနွယ်စု၏ ကံကြမ္မာကို Frestech ကုန်သည်ကြီးများအသင်း လက်ထဲ မထည့်ထားလိုသည်က သေချာသည်။
၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ရင်းနှီးသော ပူးပေါင်းမှုရှိလျှင်တောင် အကြီးအကဲ အွန်ဒင်းထံ၌ သူမ၏ ကိုယ်ပိုင်အစီစဉ်ရှိသည်။
၎င်းတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းအား ရှားရှားပါးပါးမြင်ရခဲသော နတ်သူငယ်စတိုင်လ်အိမ်များကို ဆောက်လုပ်စေသည့် အကြောင်းအရင်းမှာ လူသားများနှင့် မျက်နှာချင်းဆိုင်ရန် စီစဉ်နေသော နတ်သူငယ်တို့၏ သဘောထားကို ပြသဖို့ဖြစ်သည်။
ထိုအိမ်များဆောက်လုပ်ပြီးနောက် ၎င်းတို့က စုစုပေါင်း အလုံး ရှစ်ရာကျော်ရှိရာ နတ်သူငယ်နှစ်ထောင်ကျော် ပြောင်းရွှေ့လာခွင့်ရနိုင်သည်။
ဤအတိုင်းအတာက လူသားများအကြားရှိ မြို့ငယ်လေးတစ်မြို့စာရှိသည်။
မှန်ပါ၏၊ ဤနေရာက မြို့ငယ်တစ်ခုဖြစ်လာကာ အထူးနတ်သူငယ်မြို့ဖြစ်သည်။
"အကြီးအကဲ အွန်ဒင်း ခင်ဗျားသာ တကယ်ပဲ တစ်နေ့ကျ ဒီမှာ နတ်သူငယ်မြို့တော်တစ်ခု ဖြည်းဖြည်းချင်း ဆောက်တည်သွားဖို့ စီစဉ်ထားတယ်ဆိုရင် အိမ်အရေအတွက် အလုံအလောက်ရှိရုံနဲ့ မလုံလောက်ဘူး။" အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ခရုစ်က အဝေးရှိ အလုပ်များနေသော အလုပ်သမားများကို ကြည့်လိုက်ပြီးနောက် အကြီးအကဲ အွန်ဒင်းဘက် လှည့်ပြောလိုက်သည် "ပြီးပြည့်စုံတဲ့ မြို့တော်တစ်ခုအတွက် လူနေအိမ်တွေအပြင် ဈေးဆိုင်ပေါင်းစုံ၊ စားသောက်ဆိုင်တွေ၊ အများပြည်သူဌာနတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ အားလုံးထဲမှာ အရေးအကြီးဆုံး အလုပ်ရုံတွေ စက်ရုံတွေမှာ အလုပ်လုပ်မယ့် ဒေသခံတွေအတွက် နေရာလိုတယ်။"
အကြီးအကဲ အွန်ဒင်းက အသာပြုံး၍ ခေါင်းငြိမ့်သည်၊ "ကျွန်မနားလည်ပြီ။ ဥက္ကရှုနဲ့ စကားပြောတုန်းက ဒါကို ပြောဖူးတယ်။ ဥက္ကဌရှုနဲ့ သဘောတူညီချက်အရဆို ကျွန်မတို့ အဇ်ရှာရာမျိုးနွယ်စုက မြို့ပြင်ဘက်မှာ မှော်စက် စက်ရုံနှစ်ရုံဆောက်ဖို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ အတူအလုပ်လုပ်ရမှာ။"
"မှော်စက် စက်ရုံတွေ?" ဥက္ကဌခရုစ်က အကြီးအကဲ အွန်ဒင်းကို တအံ့တဩကြည့်လာသည်။
သူ့အနေနှင့် အကြီးအကဲ အွန်ဒင်းက Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းသည်ကို မအံ့ဩသလို မှော်စက် စက်ရုံ၌ ရင်းနှီးမြှုပ်နှံကြသည်ကိုလည်း မအံ့ဩပေ။
သို့သော် ထိုသို့ဆိုလျှင် နတ်သူငယ်များပိုင်သည့် ဤနေရာက လူသားတို့၏ အငွေ့အသက်ဖြင့် ပြည့်လာမည်မဟုတ်ပါလား။ ဤနေရာကို နတ်သူငယ်များနှင့် ဆိုင်သည့် နယ်မြေတစ်ခုအဖြစ်ပြောင်းသည့် အကြီးအကဲ အွန်ဒင်း၏ ဆန္ဒကို ဆန့်ကျင်ရာမကျနေဘူးလား?
အကြီးအကဲ အွန်ဒင်းက ဥက္ကဌခရုစ်ကို ကြည့်ကာ သူ့အတွေးများကို ခန့်မှန်းလိုက်နိုင်သည်။ သူမက အပြုံးဖြင့်ဆိုပါ၏၊ "ဒီစက်ရုံနှစ်ရုံက မန်နေဂျာတွေ အလုပ်သမားတွေအားလုံးက ကျွန်မတို့ မျိုးနွယ်စုကပဲဖြစ်မှာလေ၊ ဘယ်လူသားမှ မပါဘူး။"
"အိုး...." ဥက္ကဌခရုစ်လည်း ခေါင်းငြိမ့်လိုက်သည်။ သူဟာ ညတေးသံမျိုးနွယ်စု၏ ပလက်စတစ်ထုတ်ရုံနှင့် လရိပ်မျိုးနွယ်စု၏ မြေဩဇာစက်ရုံတို့ကို စဉ်းစားမိသွားသည်၊ ၎င်းတို့အား နတ်သူငယ်များက ထိန်းချုပ်ထားသော်လည်း လူသားတစ်ဦးမှ မပါသည်တော့မဟုတ်ပေ။
ဤအကြီးအကဲ အွန်ဒင်းမှာ ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့ထက် ပို၍ နှံ့စပ်ပုံပေါ်သည်။
မှန်ပါ၏ ၎င်းက သူနှင့်လည်း မဆိုင်နေပေ။ သူ ဂရုစိုက်သည့်အရာမှာ အနှီစက်ရုံနှစ်ရုံ တည်ဆောက်ဖို့သာပင်။
"ဒါပေါ့ ကျွန်မတို့ စက်ရုံနှစ်ရုံတည်ဆောက်ချိန်မှာ ရှင်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ပစားပေးထားမှာပါ။ ပြောရရင် ဒီအပိုင်းမှာဆို ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ အတွေ့အကြုံကြွယ်ဝတာပဲ မို့လား?"
အကြီးအကဲ အွန်ဒင်း၏ စကားလုံးများနှင့် အပြုံးကာ ဥက္ကဌခရုစ်ကို စိတ်ချသွားစေသည်။
ဥက္ကဌခရုစ်လည်း တစ်ချက်ရယ်ကာ ရင်ဘတ်ကိုပုတ်၍ ယုံကြည်ချက်ရှိရှိဆိုလေ၏၊ "စိတ်ချပါ အကြီးအကဲ။ ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းက စက်ရုံတွေတည်ဆောက်တဲ့နေရာမှာပဲ အတွေ့အကြုံရှိတာမဟုတ်ဘူး မြို့တစ်ခုလုံးတည်တဲ့နေရာမှာလည်း အတွေ့အကြုံရှိပါတယ်။ ခင်ဗျားသာ ကျုပ်တို့ကို ယုံကြည်ဖို့ ဆန္ဒရှိရင် ကျုပအနေနဲ့ ဒီ အဇ်ရှာရာမြို့ နောက်ဆုံးမှာ ဖြစ်လာမယ့်ပုံစံကို ခင်ဗျား စိတ်တိုင်းကျစေရမယ်လို့ ကတိပေးတယ်။"
အကြီးအကဲ အွန်ဒင်းက အသာပြုံး၍ ခေါင်းငြိမ့်ကာ မည်သည်မှတော့ မဆိုပေ။
၎င်းတို့အနေနင့် မြို့လေးကို အပြီးမသတ်ရသေးရာ မြို့တော်တစ်ခုလုံးကို ဆွေးနွေးဖို့က အရမ်းစောနေသေးသည်။
မှန်ပါ၏ သူမအနေနှင့် ဥက္ကဌခရုစ်၏ အပြောကို မငြင်းဆန်ခဲ့ပေ။
လက်ရှိ ဘန်တာမြို့မှာ အနီးဝန်းကျင်တိုင်းပြည်များရှိ မြို့တော်များအတွက် စံပြဖြစ်ပြီး အပြောင်းအလဲများက ရှုယီ၏ အစီစဉ်မှလာသော်လည်း ၎င်းကို တည်ဆောက်သူများမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းပါပင်။ ထို့ကြောင့် ဥက္ကဌခရုစ်က မြို့တော်တစ်ခု တည်ဆောက်ရာ၌ အတွေ့အကြုံကြွယ်သည်ဟူသည်က ကြွားဝါနေခြင်းလုံးဝမဟုတ်ပေ။
နှစ်ဦးမှာ အိမ်ဆောက်လုပ်ရေးအတွက် အနည်းငယ်ကြာ ဆွေးနွေးခဲ့သည်။ ရှုယီနှင့် အက်ဂ်နက်စ်တို့က အဝေးရှိ အလုပ်နေရာ၌ လှည့်ပတ်စစ်ဆေးနေကြ၏။
ရှုယီမှာ နောက်ပူးပေါင်းမှုအဆင့်ကို အကြီးအကဲ အွန်ဒင်းနှင့် ဆွေးနွေးဖို့ လာခဲ့ပြီး အက်ဂ်နက်စ်က ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့၏ ဆန္ဒကို ကိုယ်စားပြုဖို့ လိုက်လာခြင်းပင်။
အကြီးအကဲ အီလူရှာ နှင့် အကြီးအကဲလီဆန်ယာတို့မှာ ပျော်ရွှင်ကာ အဇ်ရှာရာမျိုးနွယ်စု၏ လူ့အသိုင်းအဝိုင်းသို့ဝင်ရောက်ကာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းမည့် ဆုံးဖြတ်ချက်ကို ထောက်ခံကြသည်။ ၎င်းတို့က အက်ဂ်နက်စ်ကို မျိုးနွယ်စုနှစ်ခု ကိုယ်စားပြုကာ ဤနေရာသို့ လာစေသည်က အဇ်ရှာရာမျိုးနွယ်စုအတွက် ထောက်ခံကြောင်းပြရုံမက အက်ဂ်နက်စ်က ရှုယီ၏ ဇနီးတစ်ဦးဖြစ်သောကြောင့် Frestech ကုန်သည်ကြီးများအသင်းကို ထောက်ပံ့ကြောင်းပြခြင်းလည်းဖြစ်သည်။
ရှင်းရှင်းဆိုရသော် အက်ဂ်နက်စ်မှာ နတ်သူငယ်များနှင့် ရှုယီအကြား ပေါင်းကူးဖြစ်လာကာ အကြီးအကဲ အီလူရှာ နှင့် အကြီးအကဲလီဆန်ယာတို့က သူမအား ဝင်ပါစေချင်သည့် အခန်းကဏ္ဍ၌ ဝင်ပါနေရသည်။
နှစ်ဦးသားချဉ်းကပ်လာသည်ကိုမြင်သော် အကြီးအကဲ အွန်ဒင်း၏ မျက်လုံးများက အက်ဂ်နက်စ်၏ ဝမ်းဗိုက်ထက် ကျရောက်လာပါ၏။ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူမက ရှုယီဘက် ပြန်လှည့်လာကာ အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။
"ဥက္ကဌရှု လူသားတွေနဲ့ နတ်သူငယ်တွေက စတင် ပူးပေါင်းလာကြပြီဆိုပေမယ့်လည်း မျိုးနွယ် ကွဲပြားမှုရှိတော့ နတ်သူငယ်တစ်ပိုင်း မွေးထုတ်ပေးဖို့က မလွယ်ဘူး။ ရှင်သာ စိတ်မရှိရင် ကျွန်မတို့ မျိုးနွယ်စုဆီမှာ ရှင် လေ့လာနိုင်မယ့် ပစ္စည်းတချို့ရှိတယ်။ ဒါက ရှင်နဲ့ အက်ဂ်နက်စ်အတွက် အကူအညီဖြစ်လောက်မှာပါ။"
ရှုယီ၏ မျက်နှာက နီရဲကာ မနေနိုင်ဘဲ ချောင်းဟန့်မိသွားသည်။
အကြီးအကဲ အီလူရှာ နှင့် အကြီးအကဲ လီဆန်ယာတို့က အက်ဂ်နက်စ်အား ရှုယီထံ ပေးဖို့ ဆုံးဖြတ်လိုက်သည်မှာ တစ်နှစ်ကြာပြီဖြစ်သည်။ ရှုယီက ၎င်းကို ယခင်က ခုခံခဲ့သော်လည်း အက်ဂ်နက်စ်နှင့် အတူရှိလာပြီး စတေးလ်ကလည်း ၎င်းကို လုံးဝမဆန့်ကျင်သည့်နောက် ဖိအား မျိုးစုံတို့ကြောင့် ရှုယီမှာ အက်ဂ်နက်စ်နှင့် တစ်သားတည်းဖြစ်လာခဲ့သည်။
၎င်းတို့၏ ပထမဆုံးအကြိမ်ပြီးဆုံးခဲ့သည်မှာ ခြောက်လကြာပြီဖြစ်သော်လည်း အက်ဂ်နက်စ်က မည်သည့် တုံ့ပြန်ချက်မှ မပြသေးပေ။ ၎င်းက လူသားများနှင့် နတ်သူငယ်တို့ကြားက ဇီဝကမ္မဗေဒကို ရှုယီအားသံသယဖြစ်လာစေသောကြောင့် ဤအပိုင်း၌ ပြဿနာအချို့ ရှိလောက်သည်။
ယခုတွင် အကြီးအကဲ အွန်ဒင်းက ရုတ်တရတ် ထိုအချက်ကို ဆွဲထုတ်လာရာ ရှုယီမှာ အနည်းငယ် ရှက်ရွံ့သွားလျှင်တောင် ခေါင်းငြိမ့်ကာ အကြီးအကဲ အွန်ဒင်းကို ကျေးဇူးတင်ကြောင်း ပြလိုက်သည်။
"ကောင်းပါပြီ အကြီးအကဲ အွန်ဒင်း အက်ဂ်နက်စ်နဲ့ ကလေးရဖို့က ကျုပ်ရဲ့ မျှော်လင့်ချက်လည်း ဖြစ်တော့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် သေချာပေါက် ဒါတွေကို ကြည့်လိုက်ပါ့မယ်။"
အကြီးအကဲ အွန်ဒင်းမှာ နံဘေး၌ ရှက်သွေးဖြန်းနေသော အက်ဂ်နက်စ်ကိုကြည့်ကာ အံ့ဩသွားသည်။
နတ်သူငယ်များနှင့် လူသားများမှာ မတူညီသော မျိုးနွယ်စုများဖြစ်ကာ ပုံမှန်အခြေအနေတွင် အက်နက်စ်က ၎င်းကြောင့် ရှက်သွေးဖြာမနေသင့်ပေ။ ယခု သူမက ထိုတုံ့ပြန်မှုပြလာရာ သူမအနေနှင့် လူသားများအတိုင်းစဉ်းစားနေတတ်နေပြီဖြစ်သည်ကို ပြသနေ၏။
၎င်းကို သုံးသပ်ကြည့်လျှင် ဤလူသားရှုယီက သူမအပေါ် မည်မျှ လွှမ်းမိုးမှုရှိသည်ကို ပြသနေသည်။
အကြီးအကဲ အီလူရှာ နှင့် အကြီးအကဲလီဆန်ယာတို့နှင့် ဆုံစဉ်က ထိုအကြီးအကဲနှစ်ဦးမှာ ရှုယီကို မည်သို့ချီးကျူးနေပုံကို စဉ်းစားကြည့်ရင်း အကြီးအကဲ အွန်ဒင်းလည်း သက်ပြင်းချလိုက်မိသည်။
"ဥက္ကဌရှု ရှင်နဲ့ အက်ဂ်နက်စ်တို့ရဲ့ ကလေးက နှစ်ဘက်စလုံးက လက်ခံလာမယ့် ပထမဆုံး နတ်သူငယ်တစ်ပိုင်းဖြစ်လာနိုင်တယ်။"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၇၄။ ရုပ်ရှင်နှင့် ဖျော်ဖြေရေးအခြေစိုက်ဌာန
နတ်သူငယ်များနှင့် လူသားတို့ စိုင်စ်နယ်မြေကြီး၌ တည်ရှိခဲ့သည်မှာ နှစ်ငါးထောင်ကျော်ပြီဖြစ်သည်။
အနှီနှစ်ပေါင်းငါးထောင်တွင် မျိုးနွယ်စုနှစ်ခုကြားဆက်ဆံရေးကို ကောင်းမွန်သည်ဟု မယူဆနိုင်ပေ။
နတ်သူငယ်များ နယ်မြေကြီးကို ထိန်းချုပ်စဉ်က မျိုးနွယ်စုအချို့မှလွဲ အခြားသော မျိုးနွယ်စုအားလုံးက ၎င်းတို့အောက်ရှိနေကာ မျက်လုံးထဲမထည့်ဟု ဆိုကြသည်။ လူသားများကလည်း ချွင်းချက်မဟုတ်ပေ။
မျိုးနွယ်စုစစ်ပွဲများစတင်ပြီး လူသားများမှ နယ်မြေကြီးအပေါ် ထိန်းချုပ်မှု ရယူလိုက်ပြီးနောက် နတ်သူငယ်များမှာ တဖြည်းဖြည်းချင်း ပုန်းကွယ်ကာ နှစ်ဘက်အကြား ဆက်ဆံရေးက ပို၍ တင်းမာလာသည်။
ပုံမှန်အခြေအနေတွင် အနှီမျိုးနွယ်စုနှစ်ခု အတူတကွဖြစ်လာရန် နည်းလမ်းမရှိပေ။
သို့သော် ချို့ယွင်းချက်ဟူသည်က အမြဲရှိနေ၏။
သမိုင်းကြောင်း နှစ်ပေါင်းငါးထောင်တွင် နတ်သူငယ်များမှ နယ်မြေကြီးကို ထိန်းချုပ်စဉ်ကဖြစ်စေ လူသားများ နယ်မြေကြီးကို ထိန်းချုပ်ချိန်ကဖြစ်စေ လူသားများနှင့် နတ်သူငယ်များ အတူတကွဖြစ်လာသည့် သာဓကများစွာ ရှိခဲ့သည်။
သို့သော် အနှီမျိုးနွယ်စုများ၏ ညီညွတ်မှုကို နှစ်ဘက်စလုံးက အမြဲငြင်းဆန်ကြသည်။
နတ်သူငယ်များမှာ လူသားသွေးနှင့် ၎င်းတို့သွေးဆက်အား အားဖျော့စေသည်ကို ဆန့်ကျင်ပြီး လူသားများကမူ အနှီလူသားများမှာ ၎င်းတို့မျိုးနွယ်ကို သစ္စာဖောက်သည်ဟု ထင်ကြသည်။
အနှီလူသားနှင့် နတ်သူငယ်ပေါင်းစည်းရေးမှ မွေးလာသော နတ်သူငယ်တစ်ပိုင်းများကို မျိုးနွယ်နှစ်ခုစလုံးက ခွဲခြားဆက်ဆံကြကာ အနီနတ်သူငယ်တစ်ပိုင်းတို့၏ အနေအထားကို အင်မတန် နိမ့်ကျစေသည်။ ၎င်းတို့မှာ လူထုအသိအမှတ်ပြုခြင်းကို ရရှိခြင်းက ရှားပါးပါ၏။
အကြီးအကဲ အွန်ဒင်းမှ ရှုယီနှင့် အက်ဂ်က်နစ်တို့မွေးမည့် ကလေးအနေနှင့် စိုင်စ်နယ်မြေကြီးသမိုင်းတွင် နှစ်ဘက်စလုံးက လက်ခံပေးမည့် ပထမဆုံးသော နတ်သူငယ်တစ်ပိုင်းဖြစ်လာမည်ဟူသည့် အပြောက အလိမ်အညာမဟုတ်ပေ။
မှန်ပါ၏ ၎င်းက ရှုယီနှင့် အက်ဂ်နက်စ်တို့ထံရှိ အဆင့်အတန်းနှင့်လည်း ဆက်စပ်နေလေသည်။
ရှုယီ၏ လူ့အသိုင်းအဝိုင်းရှိ အနေအထားက ထိပ်တန်းဟု မယူဆနိုင်သော်လည်း သူ၏ Frestech ကုန်သည်ကြီးများအသင်းဥက္ကဌ အဆင့်အတန်းနှင့် မဟာမှော်ပညာရှင်အဖြစ် စွမ်းအားကြောင့် လူ့အသိုင်းအဝိုင်း၌ ပြောဆိုရန် အရည်အချင်းတချို့ရှိပေသည်။
သူ့အနေနှင့် မည်သူနှင့် ကလေးရရ လူသားများ၏ မတူညီသော အကြည့်များကို ခံရဖို့ မဖြစ်နိုင်ပေ။
အက်ဂ်နက်စ်၏ ဘက်ကမူ...
တကယ်တမ်းယှဉ်ကြည့်လျှင် လူသားများက နတ်သူငယ်များထက်စာလျှင် နတ်သူငယ်တစ်ပိုင်းများကို ပို၍ သည်းခံတတ်ကြသည်။
အဘယ့်ကြောင့်ဆိုသော် နတ်သူငယ်အများစုအတွက် လူသားများကဲ့သို့သော အဆင့်နိမ့်မျိုးနွယ်စုနှင့် အတူရှိနေခြင်းက ၎င်းတို့အတွက် ရှက်စဖွယ်ဖြစ်သည်။
နတ်သူငယ်တစ်ပိုင်းတို့၏ သွင်ပြင်က အရှက်ရဖွယ်သာဓကနှင့်ညီမျှသဖြင့် သဘာဝကျကျပင် ၎င်းတို့မှာ နတ်သူငယ်များအကြား ခွဲခြားဆက်ဆံခံရသည်။
သို့သော် အက်ဂ်နက်စ်မှာ ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့မှ ရှုယီနှင့် အတူဖြစ်သွားစေဖို့ မျှော်လင့်ကာ လွှတ်ပေးထားသူဖြစ်သည်။
တိုက်ရိုက်ကျကျဆိုရလျှင် ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့မှာ အက်ဂ်နက်စ်အား ရှုယီနှင့် တတ်နိုင်သမျှအမြန်ဆုံးအတူရှိကာ ကလေးမွေးထုတ်ပေးစေလိုကာ ညတေးသံမျိုးနွယ်စု၊ လရိပ်မျိုးနွယ်စုတို့နှင့် ရှုယီ သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်းအကြားရှိ ဆက်ဆံရေးကို ဆွဲထားလိုသည်။
ပို၍ ရိုင်းရိုင်းပြောရလျှင် ၎င်းက လုံးဝကို တိုင်းပြည်ရေးအရလက်ထပ်ခြင်းဖြစ်သည်။
ထိုသို့ဖြစ်လေရာ အခြားနတ်သူငယ်မျိုးနွယ်စုများက နတ်သူငယ်တစ်ပိုင်းများကို မဆိုထားနှင့် ရှုယီနှင့် အက်ဂ်နက်စ်တို့မှ မွေးလာမည့် နတ်သူငယ်တစ့်ပိုင်းလေးကို မည်သူကမှ ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့အာ ဆန့်ကျင်လျက် ခွဲခြားဆက်ဆံမည်မဟုတ်ပေ။
အဇ်ရှာရာမျိုးနွယ်စုအနေနှင့်မူ.....
အကြီးအကဲ အွန်ဒင်းက ရှုယီ အက်ဂ်နက်စ်၏ နား,နားကပ်ပြောနေကာ ရှက်သွေးဖြာနေကြလျက် နောက်၌ သူမက သဘောတူလိုက်ဟန်ပြုံးလာသည်ကို ကြည့်နေရသည်။
သူမအနေနှင့် အကြီးအကဲ အီလူရှာ နှင့် အကြီးအကဲလီဆန်ယာတို့ထံရှိ အစီစဉ်ကို သိကာ လက်ခံပါသော်လည်း ဤရက်အနည်းငယ်အတွင်း ၎င်းတို့ကို လေ့လာကြည့်ခြင်းမှတဆင့် ရှုယီနှင့် အက်ဂ်နက်စ်တို့၏ မျိုးဆက်ဆိုင်ရာ ထူးခြားချက်ဟူသည်ကမရှိပေ၊ အနည်းဆုံး ရှုယီနှင့် အက်ဂ်နက်စ်တို့ အတူပျော်ရွှင်နေကြရုံသာ။
အက်ဂ်နက်စ်က ရှုယီကို အမှန်တကယ်ချစ်မြတ်နိုးသည်မှာ သေချာပြီး ၎င်းက အကြီးအကဲ အီလူရှာ ၏ အမိန့်ကြောင့် တွန်းအားပေးခံရခြင်းမဟုတ်ပါပေ။
ထို့အပြင် ရှုယီကလည်း အက်ဂ်နက်စ်ကို စိတ်ရင်းဖြင့် ဆက်ဆံပေးပြီး ကျင့်ဝတ်ဖောက်ပြားသည့် မည်သို့သောအရာကိုမှ မလုပ်ဆောင်ခဲ့ပေ။
၎င်းကြောင့် ရှုယီအပေါ် အကြီးအကဲ အွန်ဒင်း ထားရှိသည့် ချီးကျူးလိုစိတ်က နက်ရှိုင်းလာခဲ့သည်။
နတ်သူငယ်များကို ဤသို့ စိတ်ရင်းဖြင့် ဆက်ဆံပေးနိုင်သော လူသားတစ်ယောက်အား အကြီးအကဲ အီလူရှာ နှင့် အကြီးအကဲလီဆန်ယာတို့ လေးစားကြသည်က မဆန်းပေ။
မှန်ပါ၏၊ အကြီးအကဲ အွန်ဒင်း၏ ရှုယီအပေါ် လက်ခံမှုကလည်း သူ၏ အဇ်ရှာရာ မျိုးနွယ်စုအပေါ် စိတ်ရင်းဖြင့် ထောက်ပံ့ပေးထားခြင်းကြောင့် အဓိကဖြစ်သည်။
ရူဒ်ဆန်တိုင်းပြည်က အထူးနတ်သူငယ်နယ်မြေဖန်တီးရန် စွန့်စားခဲ့သည့် အဓိက အကြောင်းအရင်းမှာ Frestech ကုန်သည်ကြီးများအသင်းကိုယ်စား ရူဒ်ဆန်တိုင်းပြည်ထံ ရှုယီကမ်းလှမ်းခဲ့သည့် အခြေအနေကြောင့်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းမှ ရူဒ်ဆန်တိုင်းပြည်ထံသို့ အိမ်သုံးမှော်စက်နည်းပညာများ ပိုမို လွှဲပြောင်းပေးမည်သာမက ပို၍ပြည့်စုံသော မှော်စက်မှုနယ်ပယ်တစ်ခု တည်ထောင်ရာ၌ ကူညီကာ ပူးပေါင်းရေးစီမံကိန်းများ ပိုပေးလာမည်ဖြစ်သည်။
ရူဒ်ဆန်တိုင်းပြည်အား ဆုံးဖြတ်ချက်ချစေခဲ့သည့် သော့ချက်မှာ Frestech ကုန်သည်ကြီးများအသင်း ထပ်မံကမ်းလှမ်းလာသော အခြားအခြေအနေကြောင့်ဖြစ်သည်။
၎င်းက ရူဒ်ဆန်တိုင်းပြည်ထံ စစ်ဘက်သုံးမှော်စက်နည်းပညာ တစ်စိတ်တပိုင်းလွှဲပြောင်းပေးခြင်းပင်။
၎င်းမတိုင်ခင်က စစ်ဘက်သုံးမှော်စက်ဆိုင်ရာ နည်းပညာကို Frestech ကုန်သည်ကြီးများအသင်းနှင့် ယခင် ရင်းနှီးမှုကြောင့် လမ်ပူရီတိုင်းပြည်ထံသာ ပေးခဲ့သည်။
လမ်ပူရီတိုင်းပြည် ပြည်တွင်းစစ်၊ စတက်တိန်းနယ်မြေပြည်တွင်းစစ်နှင့် လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့ကြား တိုက်ပွဲများစွာမှတဆင့် အနီးဝန်းကျင်တိုင်းပြည်များမှာ စစ်ဘက်သုံးမှော်စက်များ၏ ကြောက်မက်ဖွယ်စွမ်းပကားကို နားလည်နေကြပြီးဖြစ်သည်။ သဘာဝအလျောက် ၎င်းတို့မှာ စစ်ဘက်သုံးမှော်စက်များကို အလိုရှိကြပါ၏။
၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ ဝယ်ယူနိုင်သော်လည်း ဝယ်ယူခြင်းထက် ၎င်းတို့ကိုယ်တိုင် ဤနည်းပညာကို ဆုပ်ကိုင်ထားခြင်းက ပို၍ ယုံကြည်စိတ်ချရသည်။
ထို့ကြောင့် ၎င်း၏ တစ်စိတ်တပိုင်းရှိသော လမ်ပူရီတိုင်းပြည်ဖြစ်စေ မည်သည်မှမရှိသော ရူဒ်ဆန်တိုင်းပြည်ဖြစ်စေ၊ အနီးဝန်းကျင်တိုင်းပြည်များ သို့မဟုတ် လမ်ပူရီတိုင်းပြည်၏ ရန်သူဖြစ်ကာ Frestech ကုန်သည်ကြီးများအသင်းနှင့်လည်း ညိစွန်းထားဖူးသော စခ်တိုင်းပြည်ဖြစ်စေ အားလုံး စစ်ဘက်သုံးမှော်စက်နည်းပညာကို အလိုရှိကြသည်။
သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်းက ဤနည်းပညာကို အင်မတန်တင်းကြပ်ထားပြီး တစ်ခုလေးပင် ထုတ်မပေးခဲ့ပေ။
အခြားတိုင်းပြည်များမှာ ကူရာမဲ့၍ Frestech ကုန်သည်ကြီးများအသင်းကို ဘာမှမလုပ်နိုင်ကြချေ။
ယခု Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ရူဒ်ဆန်တိုင်းပြည်ထံ အပိုင်းတစ်ခုပေးဖို့ ဆန္ဒရှိရာ ဘုရင်ကြီးတဲရုစ်မှာ ရှုယီပေးသည့် မည်သို့သော အခြေအနေကိုမဆို သဘောတူဖို့ ဆန္ဒရှိလိမ့်မည်။
နတ်သူငယ်များအတွက် နယ်မြေတစ်ချို့ စီစဉ်ပေးခြင်းကိုမဆိုထားနှင့် ရှုယီအနေနှင့် ရူဒ်ဆန်တိုင်းပြည်ထံမှ ပိုင်နက်အချို့ရယူလိုလျှင်တောင် ဘုရင်ကြီးတဲရုစ်အနေနှင့် ချက်ချင်းသဘောတူနိုင်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အခြားတောင်းဆိုမှုအရ ရူဒ်ဆန်တိုင်းပြည်ရှိ သတ္တုတွင်းထွက်ဈေးကွက်များပိုမို ဖွင့်လှစ်ရန်က အနည်းငယ် အရေးပါ၏။
ထို့အပြင် ရှုယီက ဤအခြေအနေကို အသုံးမပြုခဲ့လျှင်တောင် အဇ်ရှာရာ မျိုးနွယ်စုထံ၌ ရှိသည့် အရာများနှင့်တင် ဘုရင်ကြီးတဲရုစ်မှာ Frestech ကုန်သည်ကြီးများအသင်း ရှေ့တန်းတင်ထားသည့် အခြေအနေကို သဘောတူထားပြီးဖြစ်သည်။
လိုရင်းဆိုရသော် Frestech ကုန်သည်ကြီးများအသင်း၊ အဇ်ရှာရာ မျိုးနွယ်စုနှင့် ရူဒ်ဆန်တိုင်းပြည်တို့မှာ လမ်းကြောင်းသုံးခုပူးပေါင်းရေးအထိ ရောက်ရှိလာပြီဖြစ်သည်။ ရူဒ်ဆန်တိုင်းပြည်က အရေးအကြီးဆုံးစစ်ဘက်သုံးမှော်စက်နည်းပညာကို အလိုရှိကာ အဇ်ရှာရာမျိုးနွယ်စုက ရူဒ်ဆန်တိုင်းပြည်ထံမှ ၎င်းတို့၏ပိုင်နက်နယ်မြေအထောက်အပံ့နှင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းခွင့်ရရှိခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အကျိုးအမြတ်များမှာမူ....
"အကြီးအကဲ ကျုပ်အထင် ခင်ဗျားအနေနဲ့ ကျုပ်အရင်တစ်ခေါက်က ပို့ခဲ့တဲ့ မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို ကြည့်ပြီးလောက်ပြီမို့လား?" ရှုယီက အကြီးအကဲ အွန်ဒင်းနှင့်အတူ နတ်သူငယ်တပိုင်းများအကြောင်း အနည်းငယ် ဆွေးနွေးပြီးနောက် ခေါင်းစဉ်ပြောင်းလိုက်သည်၊ "အဲဒီ့က ပုံရိပ်ယောင်တွေကို ကြည့်ပြီးတော့ ခင်ဗျား ဘယ်လိုထင်လဲ?"
အကြီးအကဲ အွန်ဒင်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်၊ "အရမ်းကို စိတ်ဝင်စားဖို့ကောင်းတယ်။ ဥက္ကဌရှု ကျွန်မအနေနဲ့ ရှင်က ပုံရိပ်ယောင်အစီအရင်ကို ဒီလိုသုံးမယ်လို့ ထင်မထားခဲ့ဖူးဘူး။ ဝန်ခံရမယ် ရှင်တို့ လူသားတွေက တကယ်ကို မျိုးနွယ်စုတွေအားလုံးကြားမှာ တီထွင်ဆန်းသစ်အတတ်ဆုံးဆိုပြီး ချီးကျူးခံရဖို့ ထိုက်တန်ပါပေတယ်။"
နံဘေးရှိ ဥက္ကဌ ခရုစ်က တစ်ချက်ရယ်လိုက်ပြီးနောက် ခေါင်းခါကာ ပြောသည်၊ "မဟုတ်ပါဘူး မဟုတ်ပါဘူး အကြီးအကဲရေ၊ ခင်ဗျားမှားနေပြီ။ ကျုပ်တို့လူသားတွေက တီထွင်ဆန်းသစ်တာမဟုတ်ဘဲ ဥက္ကဌရှုကိုက တီထွင်ဆန်းသစ်တာပါ။ ကျန်တာတော့ မပြောဝံ့ပေမယ့် မှော်စက်ပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုမှာဆို ဥက္ကဌရှုကို ယှဉ်နိုင်မယ့်လူကို မရှိပါဘူး။"
"ခရုစ်ရယ် ဒါက ချဲ့ကားရာကျလွန်းနေပါပြီဗျာ" ရှုယီက အသာပြုံးရင်း ခေါင်းခါသည်၊ "ကျုပ်က ကိစ္စတွေကို နည်းနည်းပိုစဉ်းစားကြည့်တော့ ကျုပ်ခေါင်းထဲမှာ ပိုထူးဆန်းတဲ့ အတွေးတချို့ ရှိနေတာပါပဲ။"
ဥက္ကဌခရုစ်က မျက်လုံးလှန်ကာ၊ "ဒါဆို ဘာလို့ ကျုပ်ခေါင်းထဲမှာကျတော့ ဒါမျိုး ထူးဆန်းတဲ့အကြံတွေမရှိတာလဲ?"
ရှုယီက အသာပြုံးလိုက်သည်။ ခင်ဗျားဆီမှာသာ ကျုပ်လို ထူးဆန်းတဲ့အကြံတွေရှိနေရင် ခင်ဗျားကလည်း ကမ္ဘာမြေကလာတယ်လို့ ကျုပ် သံသယဖြစ်မိမှာပဲ။"
"အကြီးအကဲ ခင်ဗျားအနေနဲ့ ဒါကို စိတ်ဝင်စားမှတော့ ဒီမှော်ပုံရိပ်ယောင်ပရိုဂျက်တာကို အားလုံးကြိုဆိုကြလိမ့်မယ်လို့ထင်တယ်... လူသားတွေပဲ မဟုတ်ဘဲ နယ်မြေကြီးရဲ့ မျိုးနွယ်စုအားလုံးပေါ့။ ဒါမှမဟုတ် ဒီနည်းလမ်းကို လက်ခံလာကြလိမ့်မယ်။"
"အင်း ကျွန်မယုံပါတယ်။" အကြီးအကဲ အွန်ဒင်းက တစ်ချက်ခေါင်းငြိမ့်သည်။
ရှုယီလည်း ခေတ္တရပ်တန့်ပြီးနောက် ပြောလိုက်၏၊ "ကျုပ်တို့ ပူးပေါင်းရေးကို ဆွေးနွေးတုန်းက ခင်ဗျားတို့မျိုးနွယ်စုမှာ ကျုပ်တို့နဲ့ မှော်စက်အသစ်တချို့ထုတ်လုပ်တဲ့နေရာမှာ ပူးပေါင်းဖို့ ထုတ်သုံးလို့ရမယ့် အထူးမှော်ပညာတချို့ရှိတယ်လို့ပြောခဲ့တယ်နော်။ ဒါက ပြဿနာမဟုတ်ပေမယ့် မှော်ပုံရိပ်ယောင် ပရိုဂျက်တာကို မြင်ပြီးနောက်တော့ ကျုပ်မှာ တခြားအကြံပေါ်လာတယ်။"
"အိုး? ဘာအကြံလဲ?"ဤတကြိမ်၌ စိတ်မရှည်သူမှာ ဥက္ကဌခရုစ်ဖြစ်သည်။
ရှုယီလည်း ပြုံးကာ ဆောက်လုပ်နေသည့် နတ်သူငယ်မြို့လေးကို လှည့်ကြည့်လိုက်သည်။ သူက သူ့လက်ကို စက်ဝိုင်းပုံလုပ်ကာ မြှောက်၍ မြို့တစ်ခုလုံးကို ခြုံငုံလိုက်သည်။
"အကြီးအကဲ ဒီမြို့ကိုဆောက်ပြီးရင် ဒီတိုင်းထားရမှာ နှမျောစရာကောင်းတယ် မထင်ဘူးလား?"
အကြီးအကဲ အွန်ဒင်းက အသာမျက်မှောင်ကုပ်လိုက်ကာ၊ "ဥက္ကဌရှု ရှင် ဘာပြောချင်တာလဲ?"
ရှုယီက အကြီးအကဲ အွန်ဒင်းကို အလေးအနက် ပြန်လှည့်ကြည့်လာသည်။
"အကြီးအကဲ ခင်ဗျားအနေနဲ့ နတ်သူငယ်တွေကို တကယ်ပဲ ကျုပ်တို့ လူ့အသိုင်းအဝိုင်းမှာ ဝင်ဆံ့စေချင်ရင် ခင်ဗျားတို့ ပုံရိပ်ယောင်အစီအရင်နောက်မှာ ဆက်တိုက်ပုန်းနေလို့မရသလို ဒီနတ်သူငယ်မြို့မှာပဲ နေပြီး ဝင်လာမယ့် လူသားတွေအားလုံးကို ငြင်းပယ်မရတာ သံသယတောင်ဝင်စရာမလိုဘူး။ ခင်ဗျားတို့အနေနဲ့ နည်းနည်းလောက် ဖွင်ြပေးပြီး လူသားတွေအနေနဲ့ ခင်ဗျားတို့ နတ်သူငယ်တွေကို နားလည်လာအောင် ခွင့်ပြုပေးဖို့ လုပ်သင့်တယ်၊ ဒီလိုဆို လူသားတွေလည်း နတ်သူငယ်တွေကို ပိုလက်ခံလာလိမ့်မယ်။"
အကြီးအကဲ အွန်ဒင်းလည်း စဉ်းစားပြီးနောက် သူမ၏ အမြင်ကိုမပြောဘဲ ပြန်မေးလာသည်၊ "ဒါဆို ဥက္ကဌရှု ကျွန်မတို့ ဒါကို လုပ်သင့်တယ်လို့စဉ်းစားမိလဲ?"
"ရှင်းပါတယ်။" ရှုယီက အလုပ်များနေသော အလုပ်နေရာကို လှည့်ကြည့်ပြီးနောက် အသံကိုမြှင့်လိုက်သည်၊ "ကျုပ် အကြံအရ ဒီမှာ ရုပ်ရှင်နဲ့ ဖျော်ဖြေရေးအခြေစိုက်ဌာနတစ်ခု တည်ဆောက်ရင်ရော?"
"ရုပ်ရှင်နဲ့ ဖျော်ဖြေရေး အခြေစိုက်ဌာန?"
အကြီးအကဲ အွန်ဒင်းနှင့် ဥက္ကဌရှုတို့ နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦးကြည့်လိုက်မိကြသည်။
ဤစကားစုအရ... တစ်လုံးစီကိုနားလည်သော်လည်း ထိုစကားလုံးများကို အတူစုလိုက်သော်... မည်သည့်အဓိပ္ပာယ်ရသနည်း?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၇၅။ ပင်လယ်ပြင်ရှိ တိုင်းပြည်
နယ်မြေကြီး၏ ဖျော်ဖြေရေးနယ်ပယ်ကို ပြောင်းလဲရန် မှော်စက်မှုနယ်ပယ်၏ အာဏာကို အသုံးပြုခြင်းမှာ ရှုယီထံရှိ တစ်ခုတည်းသော ဗျူဟာမဟုတ်ပေ။
ဤလောကသို့ ကူးပြောင်းလာစဉ်က ဤလောက၏ ဖျော်ဖြေရေးလောကမှာ ကမ္ဘာမြေကြီးနှင့်ယှဉ်လျှင် လိုအပ်ချက်များသည်ဟု ပြောရမည်။ ရှုယီမှာ ဤလောက၏ ဖျော်ဖြေရေးလောကကို ပြောင်းလဲနိုင်မည့် မှော်စွမ်းအားကို အသုံးပြုမည်ဟု ဆုံးဖြတ်ခဲ့သည်။
သူဟာ စန်ခိုင်ဆာကျောင်းတော်ရှိ မှော်ပီယာနိုကို လုပ်ဆောင်ခဲ့ကာ ၎င်းက စမ်းသပ်မှုလေးတစ်ခုသာဖြစ်သည်။
နောက်မှ Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ကာ မှော်စက်များ ပျံ့နှံ့လာချိန်တွင် ဤအတွေးက ရှုယီစိတ်ထဲ၌ ပို၍ပင် ခိုင်မာလာသည်။
သို့သော် သူဟာ ဤကိစ္စကို ချပြရန် အကြံကောင်းကို ရှာမတွေ့နိုင်ပေ။
ဤအကြိမ်တွင် အကြီးအကဲ အွန်ဒင်းထံမှ လေ့လာထားသည့် ပုံရိပ်ယောင် မှော်အစီအရင်နှင့် မှော်ပုံရိပ်ယောင်ပရိုဂျက်တာတို့ကြောင့် ရှုယီမှာ ကိုးကားစရာခံစားမိသည်။ သူဂာ ချက်ချင်းပင် ကမ္ဘာမြေကြီး၏ ဖျော်ဖြေရေးနယ်ပယ်မှ မရေတွက်နိုင်လောက်သော အတွေးများကို ဆွဲထုတ်လိုက်သည်။
ရုပ်ရှင်နှင့် ဖျော်ဖြေရေး အခြေစိုက်ဌာနတစ်ခု တည်ဆောက်ခြင်းက ရုပ်ရှင်ဇာတ်ကားများ ဖန်တီးဖို့ ပို၍ အဆင်ပြေစေလိမ့်မည်။
ဤရုပ်ရှင်နှင့် ဖျော်ဖြေရေးအခြေစိုက်ဌာနကို တည်ဆောက်ရန် နေရာကိုမူ ရှုယီ တွက်ဆကြည့်ပြီးနောက် သူ့အနေနှင့် အဇ်ရှာရာ မျိုးနွယ်စုနှင့်အတူ လုပ်ဆောင်ကာ ဤနေရာ၌ ဆောက်တည်နိုင်မည်ဟု ခံစားမိပါ၏။
ပြောရလျှင်လည်း ပုံရိပ်ယောင်မှော်အစီအရင်က အဇ်ရှာရာ မျိုးနွယ်စုထံမှ လာသည့်ပင်။ သို့ဖြစ်ရာ ၎င်းတို့သာ ဤနေရာ၌ ရုပ်ရှင်နှင့် ဖျော်ဖြေရေး အခြေစိုက်ဌာနကို ဤနေရာ၌ တည်ဆောက်လိုက်လျှင် ရုပ်ရှင်များ စတင်ထုတ်လုပ်ချိန်၌ အဇ်ရှာရာ မျိုးနွယ်စုထံရှိ ပုံရိပ်ယောင် မှော်အစီအရင် ထိန်းချုပ်မှုနှင့် ပို၍ အဆင်ပြေလာစေလိမ့်မည်။
ဒုတိယအနေနှင့် ရှုယီမှာ လူသားတို့နှင့် အဇ်ရှာရာ မျိုးနွယ်စု၏ ဆက်ဆံရေးကို ခိုင်မာစေလိုပြီး နတ်သူငယ်များအား လူသားများနှင့် ပိုမိုနီးစပ်လာရန် တိုက်တွန်းချင်သည်။
ရှုယီ၏ အစီစဉ်အရ အရာအားလုံးချောချောမွေ့မွေ့ဖြစ်သွားခဲ့လျှင် ဤရုပ်ရှင်နှင့် ဖျော်ဖြေရေး အခြေစိုက်ဌာနမှာ အနာဂတ်တွင် ကျော်ကြားသည့် နေရာတစ်ခု ဖြစ်လာလိမ့်မည်။ ၎င်းက ကမ္ဘာမြေရှိ ရုပ်ရှင်မြို့များကဲ့သို့ လူများစွာ၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်ပင်။
အဇ်ရှာရာ မျိုးနွယ်စုမှာ လူသားပမာဏများစွာကို ကြိုဆိုရန် အဆင်မပြေသေးသော်လည်း ဤရုပ်ရှင်နှင့် ဖျော်ဖြေရေးအခြေစိုက်ဌာနနှင့် ရုပ်ရှင်များ ပို၍ ကျော်ကြားလာသည်နှင့် အဇ်ရှာရာ မျိုးနွယ်စုမှာ လူသားများနှင့် ဆက်သွယ်မှုကို လက်ခံလာပြီး လူ့အသိုင်းအဝိုင်း၌ ပို၍ ဝင်ဆံ့လာမည်ဖြစ်သည်။
အသေးစိတ်နှင့် ရုပ်ရှင်နှင့် ဖျော်ဖြေရေးတို့၏ အကျိုးအမြတ်များကို ရှင်းပြပြီးနောက် အကြီးအကဲ အွန်ဒင်းမှာ စဉ်းစားကြည့်လိုက်သော်လည်း ချက်ချင်းသဘောမတူခဲ့ပေ။ သူမအနေနှင့် အလေးအနက်စဉ်းစားရမည်ဟုသာ ဆိုခဲ့သည်။
ရှုယီက ဤအဖြေနှင့် ပတ်သက်၍ အင်မတန်စိတ်ကျေနပ်ပါ၏။
ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့ကို အချိန်ကြာသိလာပြီးနောက် ရှုယီမှာ နတ်သူငယ်တို့၏ ကိုယ်ကျင့်စရိုက်ကို သေချာနားလည်နေလေပြီ။
နတ်သူငယ်များက အင်မတန်ဝင့်ကြွားကာ ၎င်းတို့ လုပ်ဆောင်ဖို့ ဆန္ဒမရှိလျှင် ချက်ချင်းငြင်းဆိုလိမ့်မည်သာ။
အကြီးအကဲ အွန်ဒင်းက ၎င်းကို စဉ်းစားကြည့်မည်ဖြစ်လေရာ သူမအနေနှင့် စိတ်လှုပ်ရှားသွားသည်မှာ သိသာပါ၏။
အနာဂတ်၌ သူမကို မည်သို့ ဖြောင်းဖျရမည်ဆိုသည်ကိုမူ စတေးလ်ထံ ချန်ထားရလိမ့်မည်။
ပြောရလျှင် ဤရုပ်ရှင်နှင့် ဖျော်ဖြေရေး အခြေစိုက်ဌာနနှင့် စိုင်စ်နယ်မြေကြီးရှိ ဖျော်ဖြေရေးနယ်ပယ်ကို မြှင့်တင်ခြင်းမှာ ရှုယီ အကြံပြုဖို့လိုအပ်ရုံအရာသာဖြစ်ပြီး အသေးစိတ်အတိအကျကိုမူ စတေးလ်နှင့် သူမ၏ ဆန်းသစ်လ ကုန်သည်ကြီးများအသင်း၌ ချန်ထားရလိမ့်မည်။
ရှုယီကရော? သူ့အနေနှင့်မူ Frestech ကုန်သည်ကြီးများအသင်းနှင့် မှော်စက်မှုနယ်ပယ်တို့ တိုးတက်စေရန် အင်အားပိုမိုစိုက်ထုတ်ရမည်သာ။
အဇ်ရှာရာ မျိုးနွယ်စုနှင့် ရူဒ်ဆန်တိုင်းပြည်တို့နှင့် လမ်းကြောင်းသုံးသွယ် ပူးပေါင်းမှုမှ တဆင့် Frestech ကုန်သည်ကြီးများအသင်း ရရှိခဲ့သော အကြီးမားဆုံး အကျိုးအမြတ်မှာ ရူဒ်ဆန်တိုင်းပြည်၏ သတ္တုတွင်းထွက်ရင်းမြစ် ဝေစုများစွာ တိုးတက်လာခြင်းဖြစ်သည်။
၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ ဝယ်လိုအား တိုးလာခြင်းကို ဖြည့်ဆည်းရန် လုံလောက်သလို ထုတ်လုပ်ရေးအတိုင်းအတာကိုလည်း တိုးနိုင်သည်။ အလိုအလျောက် ထုတ်လုပ်ရေးမှော်စက်များကို စတင်ကာ ပိုမိုအသုံးပြုလာသည်နှင့် ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးကို ဆက်တိုက်တိုးတက်လာစေလိမ့်မည်။
သက္ကရာဇ် ၃၇၈၅၏ နောက်ဆုံးလတွင် Frestech ကုန်သည်ကြီးများအသင်းမှာ အပူချိန်ပြောင်းမှော်လေပေးစက် အလုံးပေါင်း ခုနှစ်ထောင့် နှစ်ရာ့ဆယ့်ကိုးလုံးကို ထုတ်လုပ်ခဲ့သည်။ ယခင်နှစ်က သုံးထောင့် တစ်ရာ့ငါးလုံးနှင့် ယှဉ်လျှင် နှစ်ဆပိုလာပါ၏။
Frestech တံဆိပ် အိမ်သုံးမှော်စက်များအနေနှင့် အနီးဝန်းကျင်တိုင်းပြည်များတွင် ၎င်းတို့၏ ရောင်းအားကို စိုးရိမ်နေရန်မလိုပေ။ ၎င်းတို့အနေနှင့် မည်မျှများများ ထုတ်လုပ်နိုင်သည်ဖြစ်စေ ရောင်းရမည်ဖြစ်ရာ ၎င်းတို့၏ ဝင်ငွေက ထုတ်လုပ်ရေးအလိုက်တိုးတက်လာသည်။
နောက်ဆုံးလတွင် Frestech ကုန်သည်ကြီးများအသင်းမှာ အိမ်သုံးမှော်စက်များနှင့်တင် ရွှေဒင်္ဂါး တစ်သန်းတစ်သိမ်းသုံးသောင်းရရှိခဲ့သည်။ ၎င်းက ယခင်နှစ်ကထက်ဖြစ်စေ တမြန်နှစ်ကထက်ဖြစ်စေ များစွာတိုးလာပါ၏။
နှစ်ကုန်တွင် Frestech ကုန်သည်ကြီးများအသင်း၏ ဒီဇင်ဘာလ အကျိုးအမြတ်မှာ ရွှေဒင်္ဂါးနှစ်သန်းလေးသိန်းသုံးသောင်းကို ကျော်လွန်သွားခဲ့၏။ နှစ်စဉ်အကျိုးအမြတ်ကို ပြောရလှိင် ၎င်းတို့မှာ နှစ်စပိုင်း၌ စီမံကိန်းဆွဲထားသည့် သန်းနှစ်ဆယ်ကို အလွယ်လေးချိုးဖျက်ကာ ရွှေဒင်္ဂါး နှစ်ဆယ့်ခြောက်သန်းနှင့် ခုနစ်သိန်းအထိရောက်ရှိလာ၏။
ဤကြောက်မက်ဖွယ်အကျိုးအမြတ်ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ အနီးဝန်းကျင်တိုင်းပြည်များတွင် လုပ်ငန်းစုဟောင်းများစွာကို ကျော်လွန်လျက် ပထမတန်းစားလုပ်ငန်းစုဖြစ်လာခဲ့သည်။
လွှမ်းမိုးမှုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ပို၍ပင် အားကောင်းပါ၏။
Frestech ကုန်သည်ကြီးများအသင်းနှင့် အမြဲလိုလိုခိုင်မာသော ဆက်သွယ်မှုရှိသည့် လမ်ပူရီတိုင်းပြည်ဖြစ်စေ ပိုနက်ရှိုင်းသော ဆက်သွယ်မှုထဲ ဝင်ရောက်လာကာစ ရူဒ်ဆန်တိုင်းပြည်ဖြစ်စေ၊ ဒရိတ်ခ်နယ်မြေ၊ မီရန်ဒိုနယ်မြေ၊ အခြားတိုင်းပြည်များနှင့် ယခင်က Frestech ကုန်သည်ကြီးများအသင်းနှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသော စခ်တိုင်းပြည်ပင်ဖြစ်စေ အားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းလိုကြသည်။
ရှုယီအနေနှင့် ခြေတစ်လှမ်းတည်းဖြင့် ဤတိုင်းပြည်များ၌ လှိုင်းများမဖန်တီးနိုင်သော်လည်း အနည်းဆုံး မည်သူကမှ ဤတိုင်းပြည်များ၌ သူ၏ စကားကို လျစ်လျူမရှုနိုင်ပါချေ။
Frestech ကုန်သည်ကြီးများအသင်း၏ အနှီတိုင်းပြည်များ၏ မှော်စက်မှုနယ်ပယ်ရှိ အားကောင်းသော လွှမ်းမိုးမှုကို မဆိုထားနှင့်၊ Frestech ကုန်သည်ကြီးများအသင်းတစ်ခုတည်း၌ ရှိသော အင်အားကိုပင် လျစ်လျူရှုမရနိုင်ပေ။
ကောင့်ထ်ဝိန်းနှင့် ပဋိပက္ခ၊ ထို့အပြင် စခ်တိုင်းပြည်၏ ခြုံခိုတိုက်ခိုက်မှုမှ ဆုံးရှုံးမှုတို့ကြောင့် ရှုယီမှာ စတက်တိန်းနယ်မြေရှိ အခြေအနေကို ထိန်းညှိပြီးနောက်တွင် Frestech ကုန်သည်ကြီးများအသင်း အစောင့်များ၏ အင်အားကို ကြီးမားစွာ တိုးမြှင့်ပေးခဲ့သည်။
နှစ်ဆုံး၌ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များမှာ လူပေါင်းနှစ်ထောင်ရှိရာမှ လူပေါင်းခြောက်ထောင်ကျော်အထိ တိုးသွားခဲ့၏။
စုဆောင်းထားသည့် အပိုလေးထောင်အနက် လူပုလေး ရှစ်ရာ၊ သားရဲလူမျိုး တစ်ထောင့်ငါးရာ ရှိပြီး ကျန်သူတို့မှာ နယ်ပယ်အသီးသီးမှ စုဆောင်းထားသော လူသားများဖြစ်ကြသည်။
နတ်သူငယ်များမှာမူ... ညတေးသံမျိုးနွယ်စုနှင့် လရိပ်မျိုးနွယ်စုတို့ထံမှ Frestech ကုန်သည်ကြီးများအသင်း၏ လူစုဆောင်းမှုကို တုံ့ပြန်ထားသည့် နတ်သူငယ်များစွာ ရှိသော်လည်း ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်ထဲသို့ မဝင်ရောက်ကြပေ။ ၎င်းတို့က ရှုယီ၏ လက်အောက်ငယ်သားများ တိုက်ရိုက်ဖြစ်လာဖို့သာရွေးချယ်ပြီး ရှုယီ၏ ကိုယ်ပိုင်အစောင့်များ အဖြစ်ဝင်ရောက်ခဲ့ကြသည်။
နတ်သူငယ်များများစားစားမရှိဘဲ အရေအတွက်သုံးရာသာရှိသော်လည်း ၎င်းနတ်သူငယ်များမှာ စိုင်စ်နယ်မြေကြီး၌ အင်အားကြီးမားခြင်းအတွက် အမြဲကျော်ကြားခဲ့သည်။ သို့ဖြစ်ရာ လူများစွာအတွက် ၎င်းတို့မှာ လူပုလေးရှစ်ရာ သို့မဟုတ် သားရဲလူမျိုး တစ်ထောင့်ငါးရာတို့ထက်ပင် ပို၍ သန်မာသေးသည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း အစောင့်များ သို့မဟုတ် ရှုယီထံရှိ ကိုယ်ပိုင်အစောင့်ထောင်ချီတို့ရှိ မျိုးနွယ်အသီးသီးမှ စစ်သည်များကြောင့် Frestech ကုန်သည်ကြီးများအသင်းထံတွင် လျစ်လျူရှုမရနိုင်သော အင်အားတစ်ခု ရှိလာသည်။
ထို့အပြင် ၎င်းတို့ တပ်ဆင်ထားသော စစ်ဘက်သုံးမှော်စက်များနှင့် အနှီစစ်ဘက်သုံးမှော်စက်များ အသုံးပြုဖို့ လိုအပ်သည့် လေ့ကျင့်ရေးရှည်လျားမှုတို့ကြောင့် ၎င်းတို့၏ တိုက်ပွဲအင်အားမှာ သဘာဝကျစွာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။
အနီးဝန်းကျင်တိုင်းပြည်များ၌ အများသဘောရှိပါ၏။
Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အစောင့်တစ်ထောင်သာ စေလွှတ်ခဲ့လျှင်တောင် ၎င်းတို့မှာ အခြားမည်သည့်တိုင်းပြည်ရှိ စစ်သည်သောင်းချီကိုဖြစ်စေ အလွယ်လေး အနိုင်ယူနိုင်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များက ဤနယ်မြေကိုကျော်လွန်လာခြင်းကြောင့် အခြားတိုင်းပြည်များ၏ စစ်တပ်များမှာ တူညီသည့်အတိုင်းအတာ၌ပင် မရှိပါချေ။
သို့သော် ရှုယီအတွက် ၎င်းက လုံလောက်ခြင်းမှ ဝေးကွာသည်။
"အားလုံးပဲကြည့်ကြပါ ဒီအနီရောင်အစက်လေးတွေက အစောင့်သင်္ဘောစုတွေအနေနဲ့ အဆုံးမဲ့ပင်လယ်ပြင်မှာ တွေ့ခဲ့တဲ့ အဖိုးတန်ကျွန်းစုတွေပါ။ စုစုပေါင်း သုံးဆယ့် ခုနစ်ကျွန်းရှိတယ်။"
Frestech ကုန်သည်ကြီးများအသင်း အခြေစိုက်ဌာန၏ အဓိက စည်းဝေးခန်းမတွင် ရှုယီမှာ သစ်သားဘုတ်ပြားကြီးရှေ့၌ ရပ်ကာ မြေပုံကို ညွှန်ပြရင်း ပြောလေသည်။
"လက်စ်လိုင်းရဲ့ တင်ပြချက်တွေအရ ဒီကျွန်းတွေမှာ သတ္တုတွင်းထွက်ရင်းမြစ်ကောင်းကောင်းရှိပြီး မှော်စွမ်းအင်ရင်းမြစ်ကြွယ်ဝတော့ ကျင့်ကြံဖို့ အရမ်းကို သင့်တော်တယ်။ အရေးကြီးဆုံးကတော့ ဒီကျွန်းတွေကို ဘယ်သူကမှ ထိန်းချုပ်မထားတာပဲ။"
ညာဘက် ပထမနေရာ၌ ထိုင်နေသူ ဟိန့်ဇ်က တစ်ချက်ရယ်လိုက်ကာ၊ "ဒါပေါ့ ဒီကျွန်းတွေက ကမ်းရိုးတန်းကနေ ကီလိုမီတာ ရာနဲ့ချီဝေးကွာတော့ အဲ့လောက်အဝေးကြီးကို ဘယ်တိုင်းပြည်ကမှ သွားထူထောင်ရလောက်အောင် ပျင်းရိမနေဘူးလေ။ ကျန်တာမပြောနဲ့ဦး၊ ဒါမျိုးက အရမ်းစွန့်စားရာကျပြီး လူတွေနဲ့ ရင်းမြစ်တွေပို့ဆောင်ဖို့လည်း အကုန်အကျများလွန်းတယ်။"
"အင်း" ရှုယီက ခေါင်းငြိမ့်၏၊ "ဒါပေမယ့် ကျုပ်တို့အတွက်တော့ ဒီပြဿာနာမျိုးမရှိပါဘူး။ အခု ကျုပ်တို့မှာ ပို့ဆောင်ရေးမှော်သင်္ဘောကြီး ငါးစင်းရှိတော့ ဝန်ထမ်းနဲ့ ကုန်စည်တွေကို အဲ့ဒီ့ကျွန်းတွေဆီ အလွယ်လေး ပို့ဆောင်နိုင်တယ်။ ဒါပေမယ့် အရေးကြီးပြဿနာတစ်ခုရှိတာက လူမလုံလောက်တာပဲ။"
အစည်းဝေးခန်းမထဲရှိ လူများမှာ ကူရာမဲ့စွာ တစ်ဦးကို တစ်ဦးကြည့်လိုက်ကြသည်။
၎င်းတို့လုပ်ငန်းစုမှာ ယခင်နှစ်တည်းက လူများကို စုဆောင်းခဲ့ပါလျှင်တောင် သပိတ်မှောက်ခြင်းကြောင့် ရှုယီမှာ လူပေါင်း တစ်သောင်းရှစ်ထောင် ထုတ်ပယ်ခဲ့သည်။ ၎င်းက ပြန်လည်ထူထောင်နေဆဲလုပ်ငန်းစုဖြစ်နေသည်အထိ ဆုံးရှုံးမှုကြီးဖြစ်ခဲ့သည်ပင်။
Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်း တိုးတက်လာသည့် အဓိကအကြောင်းအရင်းမှာ စန်ချယ်လီက အလိုအလျောက် ထုတ်လုပ်ရေးမှော်စက်များနှင့်ပတ်သက်ပြီး အောင်မြင်မှုရရှိကာ လူများစွာလိုအပ်သည့် အလုပ်များ၌ အစားထိုးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
သို့သော် လူအင်အားနေရာ၌ အလိုအလျောက်ထုတ်လုပ်ရေးမှော်စက်များကို အစားထိုးမရနိုင်သည့် မှော်စက်များ ထုတ်လုပ်ရေးတွင် အဆင့်များစွာ ရှိသဖြင့် Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်သမားများ လိုအပ်နေဆဲပင်။
ထို့အပြင် ရှုယီပြောခဲ့သည် လူမလုံလောက်ခြင်းမှာ အလုပ်သမားများတင်မက အစောင့်များလည်းပါသည်။
ကမ်းရိုးတန်းထံမှ ကီလိုမီတာရာချီရှိပြီး Frestech ကုန်သည်ကြီးများအသင်း အခြေစိုက်ရာမှ ကီလိုမီတာ တစ်ထောင်ကျော်ကွာသော ကျွန်းများကို ထူထောင်ရန် အစောင့်များချထားဖို့က မရှိမဖြစ်လိုအပ်သည်ပင်။
သို့သော် ကျွန်း သုံးဆယ့်ခုနစ်ကျွန်းအတွက် အစောင့်အလုံအလောက်စီစဉ်ရန် ကျွန်းတစ်ကျွန်းစီ၌ အစောင့်တစ်ရာ ချထားလျှင်တောင် အစောင့် လေးထောင်နီးနီးရှိနေပြီဖြစ်သည်။
၎င်းတို့အနေနှင့် ဤသို့ တကယ်ကြီးစီစဉ်လိုက်လျှင် မည်သူက ၎င်းတို့၏ အဓိကအခြေစိုက်ရာ၊ ကုန်သည်ယာဉ်တန်းများနှင့် စက်ရုံပေါင်းများစွာကို ကာကွယ်မည်နည်း?
အနှီနေရာများမှာ လူအင်အားအတော်လေးလိုအပ်ပြီး လျော့နေ၍မရပေ။
"လူအင်အားပြဿနာကို အချိန်တိုအတွင်း ဖြေရှင်းလို့မရနိုင်တော့ ဒီအခြေနေကို ဖြေရှင်းဖို့ တခြားနည်းသုံးဖို့ ဆုံးဖြတ်ခဲ့သည်။" ရှုယီက ဆက်ပြောလိုက်သည်။
လူတိုင်း ရှုယီထံလှည့်ကြည့်လိုက်ကြသည်။
ဥက္ကဌ၏ အကြံများမှာ ပုံမှန်အားဖြင့် လူများမယုံကြည်နိုင်အောင် ထူးဆန်းကာ လူတစ်ချို့ကမူ ရူးသွပ်သည်ဟုပင် ထင်ကြသော်လည်း အချက်အလက်မျိုးစုံက သူ၏ အတွေးများမှာ ရလာဒ်ကောင်းများပေးပြီး အဆုံး၌ အကောင်းဖြစ်ခဲ့သည်ချည်းသာ။
"အဲဒီ့ကျွန်းတွေမှာ အစောင့်အလုံအလောက်ရှိဖို့က လက်တွေ့မကျပေမယ့်လည်း ကျုပ်တို့ ဒီအကြံကို လက်လျှော့ရလိမ့်မယ်။ ကျုပ်ရဲ့ နည်းလမ်းက ဒီကျွန်းတွေပေါမှာ လုံလောက်တဲ့ အကာအရံတွေတည်ဆောက်ပြီး ဘာအစောင့်မှ မချထားဖို့ဘဲ။ အဓိက အကာအရံမီာပဲ အစောင့်သင်္ဘောစုကို ချထားမယ်။"
"လက်စ်လိုင်းက အစောင့်သင်္ဘောတစ်စီးကို ဦးဆောင်နေပြီဆိုပေမယ့်လည်း လုံလောက်ဖို့ဝေးသေးတယ်။ ကျုပ်အနေနဲ့ အစောင့်သင်္ဘောစုကို ဒီက ပင်လယ်ပြင်ကို အပြည့်အဝထိန်းချုပ်စေချင်တာပဲ။ တိုက်ရိုက်ပြောရရင် ပင်လယ်ပြင်ကို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥယျာဉ်အဖြစ်ပြောင်းဖို့ပေါ့။ ကျုပ်တို့ရဲ့ နောက်ဆုံးပန်းတိုင်က ဒီကျွန်းတွေကို သုံးပြီး ပင်လယ်ပြင်ကို အစောင့်သင်္ဘောတွေနဲ့ထိန်းချုပ်လိုက်ရင် ဒီပင်လယ်ပြင်က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပင်လယ်ပြင်တိုင်းပြည်ဖြစ်လာလိမ့်မယ်!"
"ဘုန်း!"
ရှုယီမှာ သစ်သားဘုတ်ပြားထက်ရှိ ပင်လယ်ပြင်မြေပုံကို ရိုက်ချလိုက်ရာ အစည်းဝေးခန်းမထဲရှိ လူတိုင်း၏ အမူအရာက နေရခက်သလိုဖြစ်သွားသည်။
ဥက္ကဌရဲ့ ရည်မှန်းချက်က... အရမ်းကြီး ကြီးလွန်းမနေဘူးလား....
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၇၆။ ပြန်လည်ပြင်ဆင်ရေးအစီအစဉ်
ရှုယီ၏ ရည်မှန်းချက်က ကြီးမားသည်ဖြစ်စေ မကြီးမားသည်ဖြစ်စေ ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ အခြားလူများအတွက် ပြဿနာတစ်ရပ်မဟုတ်ပေ။
ထိုအစား ဆန့်ကျင်ဘက်ဖြစ်ကာ Frestech ကုန်သည်ကြီးများအသင်း၏ အဆင့်မြင့်အဖွဲ့ဝင်များက ၎င်းတို့ဥက္ကဌထံ၌ ဤသို့သော ရည်မှန်းချက်ရှိကြောင်းကို သိချင်နေခဲ့ကြသည်။
အဘယ့်ကြောင့်ဆိုသော် ရည်မှန်းချက်ကို အခြားရှုထောင့်မှဆိုလျှင် အကြံကြီးသည်ဟု ခေါ်ဆိုသောကြောင့်ပင်။
ရည်မှန်းချက်မရှိ အမြင်ကျဉ်းသော ဥက္ကဌတစ်ဦးနှင့် ယှဉ်ပါက ရည်မှန်းချက်နှင့် အနာဂတ်အစီစဉ်ရှိသော ဥက္ကဌကိုသာ လိုချင်ကြသည်။
ထိုသို့ဖြစ်လေရာ Frestech ကုန်သည်ကြီးများအသင်းမှာ ယခုကဲ့သို့ အမြန်ဆက်လက်တိုးတက်နေပေလိမ့်မည်။ ၎င်းက အနီးဝန်းကျင်တိုင်းပြည်များ၌ ပထမတန်းစားလုပ်ငန်းစုဖြစ်လာရုံသာမက စိုင်စ်နယ်မြေကြီးတစ်ခုလုံး၌တွင်ပင် ပထမဆုံးလုပ်ငန်းစုဖြစ်လာလိမ့်မည်။
Frestech ကုန်သည်ကြီးများအသင်း ပိုမိုအားကောင်းလာသည်နှင့်အမျှ ဤလုပ်ငန်းစု၏ ထိပ်တန်းအဆင့်အဖွဲဝင်များလည်း သဘာဝအလျောက် လုပ်ငန်းစုကဲ့သို့ တူညီသည့် အံ့ဖွယ်အကျိုးအမြတ်ပမာဏကို ရလိမ့်မည်။
၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အပေါ် အမြင်များအရ ဥက္ကဌနောက်လိုက်ကာ နယ်မြေကြီးတလျှောက် မှော်စက်များကို ဖြန့်ကျက်လိုက်သည်နှင့် ၎င်းက မိမိတို့အတွက် လုံလောက်နေပြီဖြစ်သည်ကို မဆိုထားနှင့်။
သက္ကရာဇ် ၃၈၇၅၏ နောက်ဆုံးလက မြန်မြန်ကုန်လွန်သွားကာ နှစ်သစ်ကူးပြီးနောက် Frestech ကုန်သည်ကြီးများအသင်းက အလုပ်သမားများ စတင်၍ ထပ်မံစုဆောင်းတော့သည်။
၎င်းက မထူးဆန်းပါပေ၊ Frestech ကုန်သည်ကြီးများအသင်းမှာ လွန်ခဲ့သည့် ၂နှစ်အတွင်း အလုပ်သမားများအမြဲစုဆောင်းနေခဲ့သည်။ ၎င်းအတွက် ၎င်းတို့၏ လိုအပ်ချက်က ဘယ်တုန်းကမှ ရပ်တန့်မသွားခဲ့ဖူးချေ။
သို့သော် ဤလူစုဆောင်းမှုက ယခင်ကနှင့် ကွဲပြားကာ ရင်းမြစ်များအတွက် အလုပ်သမားများစုဆောင်းခြင်းကို အဓိကထား,ထားသည်။
အင်မတန်စည်းကမ်းတင်းကြပ်သော အခြေအနေလည်းရှိကာ ၎င်းက မိမိတို့မှာ ကီလိုမီတာ တစ်ထောင် သို့မဟုတ် နှစ်ထောင်ပင်ရှိသည့် အိမ်မှ အဝေး၌ အလုပ်လုပ်ဖို့ ဆန္ဒရှိသော အလုပ်သမားများကို လိုအပ်သည်။
တစ်ချိန်တည်းမှာပင် Frestech ကုန်သည်ကြီးများအသင်းမှာ အစပိုင်း၌ အလုပ်က အင်မတန်ခက်ခဲမည်ဖြစ်ကာ အိမ်ပြန်ရန်လည်း မလွယ်ကူဟု ပြောထားသဖြင့် အထီးကျန်မှုကို မည်သို့ ခံစားကာ တောင့်ခံရမည်ကို နားလည်နေရမည်ပင်။
ဤလိုအပ်ချက်က လူများစွာ၏ အာရုံကို ဆွဲဆောင်သွားသည်၊ အဘယ့်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်း လူများစုခဲ့စဉ်က အင်မတန်ကောင်းမွန်သော အခြေအနေပေးခဲ့သော်လည်း ယခုတွင် အလုပ်က ရှားပါးခက်ခဲမည်ဟု ပြောခဲ့သည်။
သို့သော် ဤလိုအပ်ချက်က ကြေညာထားသည့် လစာနှင့်ယှဉ်လျှင် ရုတ်တရတ် အရေးမကြီးဖြစ်လာပါ၏။
အနည်းဆုံးတော့ တစ်နှစ်ကို ရွှေဒင်္ဂါးသုံးရာ ရသည်လေ။
ဤလစာအား လက်ရှိ ဘန်တာမြို့၌ မြင့်မားသည်ဟု ယူဆ၍ မရသော်လည်း လမ်ပူရီတိုင်းပြည်၌ဖြစ်စေ ရူဒ်ဆန်တိုင်းပြည်၌ ဖြစ်စေ အမှန်တကယ် မြင့်မားလှသည်ဟု ယူဆနိုင်သည်။
ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်း တစ်ပြိုင်တည်း အလုပ်သမား တစ်သောင်းရှစ်ထောင် ထုတ်ပယ်စဉ် အခြားလုပ်ငန်းစုများမှာ ထိုလူများအတွက် တိုက်ခိုက်ခဲ့ကြသည်။ ၎င်းက မှော်စက်မှုနယ်ပယ်ရှိ လစာကို ရုတ်တရတ် မြင့်တက်လာစေသဖြင့် ပုံမှန်အလုပ်သမားများအတွက် ရွှေဒင်္ဂါးနှစ်ဆယ်အား လစာကောင်းဟု ယူဆ၍ရနိုင်နေပြီဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ လစာမှာ ဘယ်တုန်းကမှ အခြားလုပ်ငန်းစုများ၏ လစာထက် မမြင့်ဖူးခဲ့သော်လည်း အကျိုးအမြတ်က အခြားမည်သည့် လုပ်ငန်းစုထက်မဆို အမြဲတစေ ကောင်းမွန်သည်။
အချို့ ကိုယ်ပိုင်အတွေးအမြင်များအရ Frestech ကုန်သည်ကြီးများအသင်း အတွက် အလုပ်လုပ်ပေးခဲ့စဉ်က တစ်လလျှင် ရွှေဒင်္ဂါးဆယ်ပြားလစာအတွက် အလုပ်လုပ်ခဲ့ခြင်းမှာ တစ်လလျှင် ရွှေဒင်္ဂါးနှစ်ဆယ်စာအတွက် အလုပ်လုပ်ခြင်းထက် ပိုကောင်းပါ၏။
ယခု Frestech ကုန်သည်ကြီးများအသင်းက အလုပ်သမားများစုဆောင်းရန် ရွှေဒင်္ဂါးသုံးရာကို ကမ်းလှမ်းလာရာ ဤသည်က Frestech ကုန်သည်ကြီးများအသင်း၏ အစဉ်အလာကို ချိုးဖျက်ရာကျရုံသာမက မှော်စက်မှုနယ်ပယ်၏ ပျမ်းမျှ လစာကိုပင် တိုးလိုက်ကြသည်။
ဤသတင်းပျံ့သွားချိန်တွင် တိုင်းပြည်ပေါင်းစုံရှိ Frestech ကုန်သည်ကြီးများအသင်း၏ လူစုဆောင်းရေးနေရာများသို့ အပြေးလာသူများ မရေတွက်နိုင်အောင် ရှိနေ၏။
သို့သော် နှစ်သစ်ကူးကုန်လွန်သွားပြီးနောက်တစ်လတွင် Frestech ကုန်သည်ကြီးများအသင်းမှာ လူနှစ်ထောင်သာ စုဆောင်းခဲ့ပြီး ၎င်းကလည်း အစပိုင်း Frestech ကုန်သည်ကြီးများအသင်း၏ မျှော်မှန်းချက်ထက် များစွာ နည်းနေသည်။
၎င်းက ရှုယီကို အတန်ငယ် စိတ်ပျက်စေပြီး အတန်ငယ် ရှုပ်ထွေးစေ၏။
ဇာတိမြို့မှ ကီလိုမီတာ တစ်ထောင်နှစ်ထောင် အဝေး အဆုံးမဲ့ပင်လယ်ပြင်ရှိ ကျွန်းလေးတစ်ကျွန်းထက်၌ အလုပ်လုပ်ခြင်းမှာ လူများကို သက်တောင့်သက်သာမဖြစ်စေသော်လည်း လက်ခံရန် မခက်ခဲပေ။
လာရောက်သူ နှစ်သောင်းကျော်ရှိသော်လည်း သွားဖို့ ဆန္ဒရှိသူမှာ နှစ်ထောင်မျှသာရှိသည်။ ၎င်းက ၁၀% အောက်ဖြစ်ကာ အင်မတန်နည်းပါးလှ၏။
ထို့အပြင် လူအယောက်နှစ်ထောင်ရှိပါလျှင်တောင် အားလုံးသွားနိုင်မည့် အဓိပ္ပာယ်မဟုတ်ပေ။
အဆုံးမဲ့ပင်လယ်ပြင်ရှိ ရင်းမြစ်များကို တူးဖော်ရန် ပင်လယ်ပြင်ကို ထိန်းချုပ်ဖို့ ၎င်းတို့အား လိုအပ်သည်။ ရှုယီမှာ ဤကိစ္စကို အင်မတန်ဂရုစိုက်သဖြင့် ၎င်းတို့အနေဖြင့် အလုပ်သမားများကို ယုံကြည်ဖို့ လိုအပ်ရုံသာမက အထူးကျွမ်းကျင်မှုများလည်း လိုအပ်ပေသည်။
ဥပမာပြောရသော် ၎င်းတို့မှာ အထီးကျန်မှုကို တောင့်ခံနိုင်ဖို့၊ ကြမ်းတမ်းသည့်က ကျွန်းပေါ်၌ နေနိုင်ဖို့နှင့် အခြားသော အရည်အချင်းများရှိရန် လိုအပ်သည်...
ရှုယီ၏ ခန့်မှန်းခြေအရ စုဆောင်းထားသည့် လူနှစ်ထောင်အနက် လေးပုံတစ်ပုံလောက်က ကျွန်းဆီသွားနိုင်လျှင်ပင် အဆင်ပြေလိမ့်မည်။
အဓိကအင်အားများကမူ Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမားဟောင်းများထံမှ လာလိမ့်မည်ပင်။
သို့သော် ၎င်းတို့သာ အနှီအလုပ်သမားဟောင်းများကို ရွေးချယ်လိုက်လျှင် လက်ခံမည့်သူ များများစားစားရှိမည့်မဟုတ်ပေ။
ရှုယီကမူ ၎င်းတို့ကို အားအင်အပြည့်ဖြင့် ၎င်းတို့အား ကျွန်းများထံ ပြောင်းရွှေ့ပေးနိုင်သော်လည်း တည်ငြိမ်မှုရှိစေရန်တော့ လုပ်ဆောင်ရန်ဆန္ဒမရှိပေ။
"ကြည့်ရတာ အစီစဉ်ကို နှောင့်နှေးထားရမယ့်ပုံပဲ။" ရှုယီမှာ သူ့အား လူစုဆောင်းရေးတင်ပြချက်ပေးလာသည့် ခမ်နက်ဒ် အားကြည့်ကာ မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
နံဘေးရှိ ခမ်နက်ဒ် က ရှုယီကိုကြည့်ကာ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက်၌ အလေးအနက်ပြောလာသည်၊ "ဥက္ကဌ တကယ်တော့... ခင်ဗျားသာ လစာကို နည်းနည်းလောက် တိုးဖို့ ဆန္ဒရှိမယ်ဆိုရင်၊ ဥပမာ ရွှေဒင်္ဂါးသုံးရာကနေ လေးရာအထိ ပေးလိုက်မယ်ဆိုရင် ပြဿနာ မရှိလောက်ဘူးလို့ ကျွန်တော်ထင်တယ်။"
"မဟုတ်ဘူး။" ရှုယီက ပြတ်သားစွာ ခေါင်းခါလိုက်ကာ၊ "ဒီလစာကို သတ်မှတ်ထားတာက လုပ်ငန်းစုရဲ့ လစာတည်ဆောက်ပုံတစ်ခုတည်းကြောင့်မဟုတ်ဘဲ နယ်ပယ်တစ်ခုလုံးကြောင့်လည်း ပါတယ်။ ငါတို့သာ ဒါကို ရုတ်တရတ် တိူးလိုက်ရင် တခြားလုပ်ငန်းစုတွေ ခက်ခဲသွားမယ်။"
ခမ်နက်ဒ် က ခါးသီးစွာ ရယ်မောလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
Frestech ကုန်သည်ကြီးများအသင်းမှ လူများကိုခေါ်ဆောင်ရန် ဤလုပ်ငန်းစုများ၌ မြင့်မားသောလုပ်ခလစာကိုအသုံးပြုရာတွင် လွဲချော်မှုတစ်စုံတစ်ရာမရှိဟု ဆိုလိုသည်ဖြစ်ရာ မိမိတို့၌လည်း လွဲချော်မှုများမရှိသင့်ပါ။
သို့သော် ရှုယီနှင့် အချိန်အတော်ကြာ အလုပ်လုပ်ပြီးနောက် ခမ်နက်ဒ် ဟာ ရှုယီ၏ နှလုံးသားထဲရှိ ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း သိလာသည်။ ရှုယီအတွက် အရေးကြီးဆုံးအရာမှာ မှော်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်ကို သူသိပါ၏၊ Frestech ကုန်သည်ကြီးများအသင်းကို ဤအရာမှ အနည်းငယ် ခံစားခွင့်ပေးမည်ကို သူ ဂရုမစိုက်ပါချေ။
ထို့အပြင် ရှုယီလည်း မှန်သည်။ Frestech ကုန်သည်ကြီးများအသင်း၌ပင် ပင်လယ်ပြင်သို့ ပို့သည့် အလုပ်သမားတို့၏ လုပ်ခက အရမ်းများနေလျှင်၊ ပြည်တွင်းမငြိမ်မသက်ဖြစ်စေမည့် ပြည်တွင်းလစာဖွဲ့စည်းပုံအား ထိခိုက်မည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ လစာစံနှုန်းကို အစုလိုက်အပြုံလိုက် လျှော့ချပြီးနောက် ပြန်လည်သတ်မှတ်ထားသည်၊ ထို့ကြောင့် တစ်နှစ်မပြည့်မီတွင် ၎င်းကို ချိုးဖျက်ရန်မှာ မမှန်ပါ။
ရှုယီက ပြုံးပြုံးရွှင်ရွှဖြင့် ပြောလိုက်၏ “ကောင်းပြီ၊ အဲဒါကို သေသေချာချာ စဉ်းစားတာက ကောင်းတယ်။ ဒီကျွန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ငါတို့ သိပ်အလျင်စလို လုပ်လို့မရဘူး။ တခြားဘာကိုမှ မပြောနဲ့ဦး၊ အနည်းဆုံးတော့ ငါတို့မှာ မှော်သင်္ဘောတွေ အများကြီး တောင်မရှိဘူး မဟုတ်လား”
ခမ်နက်ဒ် က ခေါင်းညိတ်ကာ “ဟုတ်ပါတယ် ဥက္ကဌ၊ လောလောဆယ် ကျွန်တော်တို့မှာ သယ်ယူပို့ဆောင်ရေး မှော်သင်္ဘောကြီး ရှစ်စင်းပဲ ရှိတယ်၊ အစုလိုက်အပြုံလိုက် ရေကြောင်းပို့ဆောင်ရေးကို ကျွန်တော်တို့ မပံ့ပိုးနိုင်သေးဘူး။ မှော်သင်္ဘောတွေကို တိုက်ခိုက်တဲ့နေရာမှာလည်း သင်္ဘောနှစ်စီးနဲ့ လုံလောက်ပေမယ့် ကျွမ်းကျင်သူ မလုံလောက်ဘူး။ ကြီးမားလွန်းတဲ့ တောင်ပိုင်းပင်လယ်ပြင်ကို အခုထိန်းချုပ်ဖို့က ခက်ခဲလွန်းပါတယ်။”
“အဲဒါဆို ငါတို့ ဒါကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်မယ်၊ အရင်ဆုံး စတက်တိန်းနယ်မြေ အနီးမှာရှိတဲ့ ပင်လယ်တွေကနေ ဖွံ့ဖြိုးပြီး နယ်မြေကြီးရဲ့ တောင်ပိုင်းပင်လယ်ဆီကို တစ်ဆင့်ပြီးတစ်ဆင့် တက်သွားမယ်။ တစ်ချိန်တည်းမှာပဲ၊ ငါတို့ လူတွေကို လေ့ကျင့်ပေးပြီး သင်္ဘောတွေ ထပ်တည်ဆောက်ပြီးတော့ မကြာခင်မှာ လုံလောက်တဲ့ အစောင့်သင်္ဘောတွေကို ပြင်ဆင်ရမယ်။”
ခမ်နက်ဒ် က ရှုယီကို တွေးဆဆ ကြည့်ကာ "ဗစ်ကောင့်ထ် လက်စ်လိုင်း လက်အောက်ခံ စစ်သင်္ဘောတွေက မလုံလောက်ဘူးလား"
"ဟုတ်တယ်။" ရှုယီက အထူးအသုံးအနှုန်းများ မပါဘဲ ခေါင်းညိတ်ပြလိုက်ရုံသာဖြစ်သည်။
ယခုအခါ လက်စ်လိုင်း သည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအောက်တွင် နာမည်ရခဲ့ကာ ၎င်းတို့၏ အစောင့်တပ်ဖွဲ့ကို ဦးဆောင်ခဲ့သော်လည်း သူ့လက်အောက်တွင် ကြာရှည်နေမည်မဟုတ်ကြောင်း ရှုယီ သိထားသည်။
အချိန်တန်သောအခါ၊ သူသည် Frestech ကုန်သည်ကြီးများအသင်းမှ ထွက်ခွာပြီး သူ့ပိုင်သော သင်္ဘောစုကို တည်ဆောက်နိုင်ဖွယ်ရှိသည်။
ရှုယီသည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို ပထမဦးစွာ ၎င်းတို့၏ ဆက်ဆံရေးကြောင့် လည်းကောင်း၊ ဒုတိယ အနေဖြင့် လက်စ်လိုင်း ၏ အရည်အချင်းများနှင့် Staggမိသားစုထံမှ အမွေဆက်ခံခဲ့သော အရင်းအမြစ်များကြောင့် ဖွဲ့စည်းခြင်းဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ကို ဦးဆောင်နေသူမှာ ပင်လယ်ပြင်တွင် အတွေ့အကြုံများစုဆောင်းရန် နှစ်ဖက်စလုံး လိုအပ်သောကြောင့် ရှုယီနှင့် လက်စ်လိုင်း အကြား ပူးပေါင်းဆောင်ရွက်မှုဟု ယူဆနိုင်သည်။
အခြေအနေတွေ ပြောင်းလဲသွားသည့်အတွက် ရှုယီနှင့် ခမ်နက်ဒ် တို့ဟာ ၎င်းတို့၏ အစီအစဉ်များကို လိုက်လျောညီထွေစွာ ပြောင်းလဲခဲ့ကြ၏။
အကြောင်းမှာ ယင်းမတိုင်မီက Frestech ကုန်သည်ကြီးများအသင်းသည် စတက်တိန်းနယ်မြေ ဝန်းကျင်ရှိ ကျွန်းများကို ဂရုတစိုက်ရှာဖွေခဲ့သည်။၎င်းတို့တွင် ဤကျွန်းစုများ၏ အရင်းအမြစ်များဆိုင်ရာ ကိန်းဂဏာန်းများ ရှိသောကြောင့် ဤအစီအစဉ်အတွက် ကောင်းမွန်သော အစမှတ်တစ်ခုဖြစ်သည်။
ရှုယီ၏ အစီအစဉ်အရ Frestech ကုန်သည်ကြီးများအသင်းသည် အဆိုပါကျွန်းများပေါ်တွင် အခြေစိုက်စခန်းငယ်တစ်ခု တည်ထောင်ပြီး ကာကွယ်ရေးအနည်းငယ်ကို စီစဉ်ပေးမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် အဆိုပါကျွန်းများကို စတက်တိန်းနယ်မြေ အတွက် ခုခံကာကွယ်ရေးကျွန်းများဖြစ်လာစေရန် ချိတ်ဆက်ပေးမည်ဖြစ်သည်။
အကယ်၍ စခ်ဘုရင့်နှင့် ကောင့်ထ်ဝိန်းတို့သည် Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ရန် အတူတကွ လုပ်ဆောင်ခဲ့သည့် အခြေအနေမျိုး ထပ်မံ ပေါ်ပေါက်လာပါက၊ Frestech ကုန်သည်ကြီးများအသင်း၏အခြေစိုက်စခန်းကိုမတိုက်ခိုက်မီ ကျွန်းများ၏ခံစစ်မျဉ်းကိုဖြတ်ကျော်ရမည်ဖြစ်သည်။
ထို့နောက်တွင်၊ ရှုယီ၏အစီအစဉ်မှာ ကန်ဒရာအင်ပါယာသို့မရောက်ရှိမီ ရူဒ်ဆန်တိုင်းပြည်၏တောင်ဘက်ပင်လယ်များအထိ ကျွန်းကွင်းဆက်ကို တိုးချဲ့ရန်ဖြစ်သည်။ နောက်ဆုံးတွင်၊ သူသည် စိုင်စ်နယ်မြေကြီး၏ တောင်ဘက်ပင်လယ်များတွင် စက်ဝိုင်းခြမ်းသဏ္ဍာန်ကို ဖန်တီးပြီး တောင်ပိုင်းကမ်းခြေကို ဝိုင်းပတ်ထားမည်ဖြစ်သည်။
ဤပန်းတိုင်ကို အရောက်လှမ်းနိုင်ရန်၊ သယံဇာတ အမျိုးမျိုးရှိသော ကျွန်းများ ရှိရုံမျှဖြင့် မလုံလောက်ဘဲ၊ ဗျူဟာမြောက် ကျွန်းများကို အသုံးပြုရန် လိုအပ်ပါသည်။
ဤကဲ့သို့ပင်၊ ဤအစီအစဉ်တစ်ခုလုံး၏ ရင်းနှီးမြှုပ်နှံမှုသည် ထိတ်လန့်စရာကောင်းသော ပမာဏသို့ ရောက်ရှိသွားသည်။
ရှုယီနှင့် ခမ်နက်ဒ် တို့သည် ဤအစီအစဉ်အတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ရွှေဒင်္ဂါးသန်းတစ်ရာကျော်ရှိမည်ဟု အကြမ်းဖျင်းခန့်မှန်းခဲ့ကြ၏။
"ကောင်းပ်ပြီ ဥက္ကဌ၊ ဒီအစီအစဉ်ကို တစ်နှစ် နှစ်နှစ်လောက်နဲ့ ပြီးမြောက်အောင် မလုပ်နိုင်ဘူး၊ ဖြည်းဖြည်းချင်းပဲ လုပ်လို့ရတယ်။" ခမ်နက်ဒ် က သက်ပြင်းချလိုက်သည်။
ရှုယီက ပြုံးပြရင်း “ဟုတ်ပါတယ်၊ ငါတို့ ဒီအစီအစဉ်ကို အချိန်တိုအတွင်းမှာ ပြီးမြောက်နိုင်မယ်လို့ မထင်ခဲ့ဘူး။ တိုတိုပြောရရင်တော့ ဒီလမ်းကြောင်းအတိုင်း ပြင်းပြင်းထန်ထန် ကြိုးစားဖို့ပဲလိုတယ်။”
ခမ်နက်ဒ် ကလည်း ပြုံးပြကာ စကားပြောခါနီးတွင် တံခါးကို ပြင်းပြင်းထန်ထန် ခေါက်သံကြားလိုက်ရသည်။
ခမ်နက်ဒ် က "မျက်မှောင်ကုပ်၍ 'ဝင်ခဲ့"ဟု ပြောလိုက်ပါ၏။
တံခါးပွင့်လာပြီး ခမ်နက်ဒ် ၏ အတွင်းရေးမှူးက ထူးဆန်းသည့် အမူအရာဖြင့် ဝင်လာခဲ့သည်။ ရှုယီထံကို မကြည့်ခင် ခမ်နက်ဒ် ကို အရင်ကြည့်လာ၏။ အသက်ပြင်းပြင်းရှူရင်း နောက်ဆုံးတွင် ထိတ်လန့်တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက်နေသော ထူးဆန်းသောအသံဖြင့် ပြောလိုက်သည်။ "အရှင်..... ဥက္ကဌ ...... ဘုရင်မကြီး ဆယ်ဗီနီ... သူ ကိုယ်ဝန်ရှိနေကြောင်း ကြေညာလိုက်ပြီ"
ခမ်နက်ဒ်သည် ထိတ်လန့်သွားသော်လည်း ရှုယီကို လှည့်ကြည့်ရင်း ဘာမှ မပြောပေ။
ရှုယီအံ့သြသွားသည်။ သူသည် အရှေ့မြောက်ဘက်ရှိ အန်ဗေးမာမြို့တော်ဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ဘာမှ မပြောဘဲ အကြာကြီးထိုင်နေလိုက်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၇၇။ အရေးမကြီး
ဘုရင်မကြီးဆယ်ဗီနီမှာ ကိုယ်ဝန်ရကြောင်း ကြေညာလိုက်ရာထိုသတင်းက လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်တိုင်းပြည်များကို အံ့အားသင့်သွားစေသည်။
စိုင်စ်နယ်မြေကြီးမှာ ၎င်းနှင့်ပတ်သက်၍ ကမ္ဘာမြေကနှင့်စာလျှင် ပို၍ပွင့်လင်းသော်လည်း လက်မထပ်ခင် ကိုယ်ဝန်ရခြင်းကို လက်ခံခြင်းတော့ မရှိကြသေးဆဲဖြစ်သည်။ ၎င်းက လမ်ပူရီတိုင်းပြည်၏ ဘုရင်မကြီးဖြစ်နေရာ ဆိုဖွယ်ပင်မရှိတော့ပေ။
လူများကို ပို၍ အံ့အားသင့်စေသည်မှာ ဘုရင်မကြီးဆယ်ဗီနီမှ ၎င်းကို ကြေညာစဉ်တွင် ကိုယ်ဝန်က ရှစ်လတာပင်ရှိပြီဟု ကြေညာခဲ့ခြင်းပင်။
ကိုယ်ဝန် ဆယ်လရှိပြီ၊ အခု ကိုယ်ဝန်ရှစ်လရှိနေပြီဆိုတော့ ကလေးမမွေးခင် နှစ်လပဲ လိုတော့တာလား။
လမ်ပူရီတိုင်းပြည်၏ လက်ရှိပြည်တွင်းရေးအခြေအနေအရ၊ ဤအရာသည် ကြီးမားသောအရှုပ်တော်ပုံတစ်ခုဟု ယူဆထားသော်လည်း ဤကလေးကို ဆယ်ဗီနီအား ဖယ်ရှားသင့်သည်ဟု မည်သူမျှ အကြံပေးဝံ့ခြင်းမရှိပေ။
မြင့်မြတ်သော၊ ဘုရင်မကြီးမှာ ကိုယ်ဝန်ရှိနေပြီဟု ကြေညာထားသောကြောင့် ဤအရှုပ်တော်ပုံသည် ခိုင်လုံသော အမှန်တရားတစ်ခု ဖြစ်လာပြီး ကလေးအား ဖယ်ရှားခံရခြင်း ရှိ၊ မရှိသည် အရေးမကြီးပါချေ။
နှစ်အချက်၊ လမ်ပူရီတိုင်းပြည်၏ လက်ရှိအခြေအနေအရ၊ ဘုရင်မကြီးဆယ်ဗီနီ၏ သားတော်သာလျှင် ထီးနန်းကို သိမ်းပိုက်ပိုင်ခွင့်ရှိကြောင်း ထင်ရှားသည်။ တော်ဝင်မိသားစုက တခြားသူများကို ယှဉ်လို့မရပါချေ။
မတိုင်ခင်က ဘုရင်မကြီး၏ အိမ်ထောင်ရေးကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်း အကြံဉာဏ်ပေးခဲ့ကြသူများစွာရှိခဲ့ပြီး ကလေးမွေးဖို့ နောက်လကို ဆုံးဖြတ်ပေးခဲ့ပါ၏။
ကိုယ်ဝန်ရှိနေကြောင်း ကြေညာခြင်းသည် အရှုပ်တော်ပုံတစ်ခုဖြစ်သော်လည်း၊ အခြားရှုထောင့်မှကြည့်မည်ဆိုလျှင်၊ ဤအရာသည် လူအများအလိုရှိသည့်အတိုင်း ဘုရင်မကြီးက နောက်ဆုံးတွင် ကလေးယူတော့မည်ဖြစ်သည်။
ဘုရင်မနှင့် မိဖုရားကြား ကွာခြားချက်မှာ မိဖုရားသည် အမျိုးသမီးဖြစ်ပြီး နောက်ဆုံးတွင် ဖွားမြင်သော ကလေးသည် သူမထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကလေးအတွက် စိုးရိမ်ရမည်မဟုတ်။ သူမမွေးသရွေ့တော့ သူ့ကလေး ဖြစ်သွားမှာ သေချာပါ၏။
ဘုရင်မကြီးမှာ ကိုယ်ဝန်ရှိကြောင်း ကြေညာပြီး မကြာခင်မှာပင်၊ လမ်ပူရီတိုင်းပြည်ရှိ သတင်းစာအားလုံးက ထိုကိစ္စကို စတင်ဖော်ပြခဲ့ပါတယ်။ ၎င်းတို့အားလုံးက ထိုကိစ္စကို ဖြည်းဖြည်းချင်း ဖြန့်ပြီးရင်း ဖြန့်ခဲ့ကြ၏။
လမ်ပူရီတိုင်းပြည်၏ ဆက်ခံသူအဖြစ် နောက်ဆုံးတွင် သတ်မှတ်ခံခဲ့ရသော အရာသည် ပျော်ရွှင်ခြင်းနှင့် မထိုက်တန်ပေ၍လော။
ကလေးရဲ့အဖေက ဘယ်သူလဲ။ အဲဒါ လုံးဝ အရေးမကြီးဘူးပါဘူး ဟုတ်ပြီလား!
"အိုင်း၊ ဆယ်ဗီနီရဲ့ ပြည်သူ့ဆက်ဆံရေး စီမံခန့်ခွဲမှုက တော်တော်ကောင်းပုံရတယ်။" ရှုယီသည် သူ့လက်ထဲရှိ "လမ်ပူရီအပတ်စဉ်" ကို ချလိုက်ပြီး သူ့ရှေ့တွင် ဗိုက်ကို ပွတ်သပ်နေသောစတေးလ်ကို ပြုံးလျက်ကြည့်လိုက်သည်၊ "ဒီသတင်းစာတွေဖတ်တာတောင် ဆယ်ဗီနီရဲ့ဗိုက်ထဲက ကလေးအဖေက ဘယ်သူလဲဆိုတာ အရေးမကြီးဘူးလို့ ခံစားရတယ်။"
သူမက ရှုယီကို လေးလေးနက်နက် အဓိပ္ပါယ်ပါပါ အကြည့်ဖြင့် ကြည့်နေရင်း "ရှင် ဒီကိစ္စကို တကယ် ဂရုမစိုက်ဘူးလား"
ရှုယီက ခေါင်းကိုခါလိုက်ပြီး "ဆယ်ဗီနီက ကိုယ့်မိတ်ဆွေမို့ လုံးဝ ဂရုမစိုက်ဘူးလို့ ပြောရင် ဒါဟာ အတုအယောင်ပဲ၊ ဒါပေမယ့် ဒါက သူ့ရွေးချယ်မှုပဲ။ သူငယ်ချင်းတစ်ယောက်အနေနဲ့ ဒီအချိန်မှာ သူ့ကို အပြည့်အ၀ ထောက်ခံသင့်တာကလွဲကြီး ဂရုမစိုက်ပါဘူး။"
ရှုယီက ပြုံးလျက် ပြောရင်း စတေးလ်၏ နံဘေးကို လာကာ သူ့လက်ကို စတေးလ်၏ ဗိုက်ပေါ် တင်လိုက်သည်၊ "ဆယ်ဗီနီရဲ့ဗိုက်ထဲက ကလေးအဖေက ဘယ်သူလဲဆိုတာကို ဂရုစိုက်ရတာနဲ့ နှိုင်းယှဉ်ရင် သူ့အဖေက ကိုယ်ကလွဲလို့ တခြားသူမဟုတ်တာကြောင့် ဒီဗိုက်ထဲက ကလေးအကြောင်း ပိုသိချင်တယ်"
သူမဗိုက်ပေါ်ရှိ ရှုယီ၏လက်ကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သေးသည်။ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပါးစပ်ထဲရှိ စကားလုံးများကို မျိုချလိုက်၏။ ခေတ္တရပ်ပြီးသည်တွင် သူမက ပြောလိုက်သည် "ဒါကိုပြောရရင် ရှုယီ၊ ယောက်ျားလေးလား၊ မိန်းကလေးလား"
ရှုယီက ပခုံးတွန့်လိုက်ကာ "ကိစ္စမရှိပါဘူး၊ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်သူတို့ကို သဘောကျမှာပါ။ ဒါပေမယ့် ကိုယ်တို့မှာ ဖရီယာ ရှိပြီးသားမို့လို့ သူ့ကို မောင်ငယ်လေးတစ်ယောက်ပေးလိုက်တာ ပိုကောင်းတယ်လို့ ခံစားရတယ်။ ယောက်ျားလေးရော မိန်းကလေးပါ အစုံအလင်ရှိတာပေါ့”
"ဒါက ပြဿနာမဟုတ်ဘူး၊ လဇ် နဲ့ လင်ဒါက သူ့အတွက် မောင်လေးနှစ်ယောက်ကို ပေးထားပြီးသားပါ၊ သူမမှာ မလစ်ဟင်းပါဘူး"
ရှုယီရယ်လိုက်သည်။ ဖရီယာသည် လွန်ခဲ့သော နှစ်နှစ်ခန့်ကပင် မွေးဖွားခဲ့ပုံကို တွေးတောရင်း စတေးလ်, လဇ်, သို့မဟုတ် လင်ဒါ တို့ကို တွေ့ခဲ့ရသောကြောင့် သူ့ကိုယ်သူ သံသယဝင်သွားခဲ့သည်။
သို့သော် လဇ် နှင့် လင်ဒါဟာ ကိုယ်ဝန်ရှိရုံသာမက လွန်ခဲ့တဲ့ နှစ်လက သားလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။
အခုလည်း စတေးလ်၏ကိုယ်ဝန်ရှိနေသည်ပင်။ ၎င်း၏ အကျင့်စာရိတ္တမှာ အမှားအယွင်းမရှိဟု ဆိုလိုရသော် ဤသည်က လွန်ခဲ့သော နှစ်နှစ်က ခြွင်းချက်တစ်ခုသာဖြစ်သည်။
“အင်း၊ မှန်တယ်။ ကောင်းပြီ၊ မင်း ဖရီယာကို ညီမလေးတစ်ယောက် ပေးသင့်တယ်၊ သူ သဘောကျမယ်လို့ ကိုယ်ထင်တယ်" ရှုယီက ပြုံးပြီးပြော၏။
စတေးလ်က အနည်းငယ် ခေါင်းယမ်းပြီးနောက် “မဟုတ်ဘူး၊ သားလေးရချင်တယ်။ ဖရီယာမှာ မောင်ငယ်လေးနှစ်ယောက်ရှိနေပြီဆိုပေမယ့် နောက်ဆုံးကျတော့ သူတို့က ကျွန်မဆီကနေ လာခဲ့ကြတာမဟုတ်ဘူးလေ”
ရှုယီလည်း စတေးလ်ကို မော့ကြည့်လိုက်သည်။ သူသည် စတေးလ်အား အကြိမ်ကြိမ်ပြောခဲ့ပြီး ဖရီယာသည် ၎င်း၏တစ်ဦးတည်းသော ဆက်ခံသူဖြစ်မည်ဟု အတည်ပြုထားသော်လည်း ၎င်းကို သူမနှလုံးသားထဲတွင် လုံး၀ မယုံကြည်ခဲ့သေးပေ။
လဇ် နှင့် လင်ဒါသည် သားလေးနှစ်ယောက်ကို မွေးဖွားပြီးနောက်၊ စတေးလ်သည် ဤကိစ္စတွင် ပို၍ပင် တင်းမာလာသည်။
ရှုယီကမူ အရမ်းထူးဆန်းတယ်ဟု ခံစားရသည်။ သာမာန်အားဖြင့် စိုင်စ်နယ်မြေကြီးသည် ကျားမရေးရာကို သိပ်ဂရုမစိုက်ဘဲ ဆယ်ဗီနီပင်လျှင် လမ်ပူရီတိုင်းပြည်၏ထီးနန်းကို အတားအဆီးအတားအဆီးမရှိဘဲ သိမ်းပိုက်နိုင်သည်၊ ထို့ကြောင့် သူမသည် သားယောက်ျားကို မွေးဖွားရန် အဘယ်ကြောင့် လိုအပ်နေသေးသနည်း။
သို့သော် ရှုယီက ဒီကိစ္စကို စတေးလ်နှင့် ငြင်းခုံခဲ့ဖူး၏။ စတေးလ်သည် ရက်ရောသော်လည်း သူမသည် မိန်းမဖြစ်နေဆဲဖြစ်ပြီး အချို့အရာများကို အသေးအမွှားလေးတင်းကြပ်ထားသည်မှာ မထူးဆန်းကြောင်း သူသိသည်။
ရှုယီက “ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ် ဖရီယာက ပျော်ရွှင်နေမယ်လို့ ကိုယ်ထင်တယ် ဟုတ်ပါတယ်၊ ကိုယ်လည်းအတူတူပါပဲ။”
သူမ၏ မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်နေသော အကြည့်အနည်းငယ်ကို ထုတ်မပြမီ ခေါင်းညိတ်ပြလိုက်သေးသည်။
ရှုယီက လက်ခုပ်တီးပြီးနောက် ဘက်တီက တံခါးနောက်ကနေ ထွက်လာသည်။
"ဆရာ၊ အမိန့်ရှိပါ"
ဘက်တီ နှင့် ကာရို တို့ကို ရှုယီ စတက်တိန်းနယ်မြေသို့ပြန်ပို့ပြီးနောက် ၎င်းတို့အား အိမ်ဖော်မဖြစ်စေခဲ့ပေ။ သို့သော် သူတို့နှစ်ယောက်က သူတို့ကိုယ်တိုင် အစပျိုးပြီး တာဝန်ယူခဲ့သည်။
အရင်တုန်းက လဇ် နဲ့ လင်ဒါ တို့နှင့် ဆင်တူသည့်အရာ များစွာရှိခဲ့သည်။
"ပင်ပန်းနေသေးလို့ အနားယူဖို့ ခေါ်သွားပါ" ရှုယီ က ပြောသည်။
ဘက်တီသည် စတေးလ် ကိုကူညီရန် အသွားတွင် သူမလက်ကို ဝှေ့ယမ်းကာ ငြင်းပယ်ခဲ့သည်။
“မဟုတ်ဘူး၊ ကျုပ်ဒီမှာ ခဏအနားယူမယ်။ နောက်မှလာလည်တဲ့ ဧည့်သည်ရှိသေးတယ်၊ သူတို့ကို ဖျော်ဖြေရမှာပေါ့"
"ဧည့်သည်? ဒိုရန်အဖွဲ့ကလူတွေလား။ သူတို့ ဒီမှာ ရောက်နေပြီလား။” ရှုယီက မေးသည်။
“အင်း၊ ကျွန်မ အဆိုပြုထားတဲ့ အစီအစဉ်ကို သူတို့ အရမ်းစိတ်ဝင်စားတယ်။ သူတို့ ဒီနေ့ လာမယ်လို့ လွန်ခဲ့တဲ့ တစ်ပတ်က အကြောင်းပြန်ခဲ့တယ်၊ ဒါကြောင့် သူတို့ ဒီကို မကြာခင် ရောက်သင့်တယ်လို့ ကျွန်မ ထင်ပါတယ်”
"ဒီလိုပါပဲ....." ရှုယီသည် စတေးလ်၏ဗိုက်ကို ကြည့်ပြီး အနားယူရန် အတင်းအကြပ် မခိုင်းခဲ့ပေ။ သူက ဘက်တီ ဘက်လှည့်ပြီး “ကောင်းပြီ ဘက်တီ၊ စတေးလ်ကို ဂရုစိုက်ပေးပါ။ ဒါပေမယ့်မင်းကိုယ်မင်း အရမ်း မပင်ပန်းပါစေနဲ့။ ကိုယ်ဝန်ရှိနေတာကို၊ အနားယူပြီး ဂရုစိုက်ဖို့လိုတယ်။"
ထို့နောက် "အေးအေးဆေးဆေး အနားယူပါ၊ ဒါပထမဆုံးအကြိမ်မဟုတ်ပေမယ့် ငါဘာလုပ်ရမယ်မှန်းမသိဘူး" ဟု ခပ်ဖျော့ဖျော့ပြုံးပြနေသေးသည်။
“အန်။” ရှုယီက မပြောခင် နံရံပေါ်က မှော်နာရီကို ကြည့်လိုက်တယ်၊ “အာကာလီရဲ့အဖွဲ့ ဘယ်လောက်အထိ ရောက်နေပြီလဲဆိုတာကို ကျုပ်လည်း ကြည့်သင့်ပါတယ်။ နေ့ခင်းဘက်ပြန်လာတဲ့အခါ ဒိုရန် အဖွဲ့ နဲ့ ဆွေးနွေးမှုအကြောင်း ပြောပြလို့ရတယ်။ မင်းအတွက် အကြံဉာဏ်တချို့ တွေးနိုင်လိမ့်မယ်"
"ရပါပြီ၊ သွားလို့ရပါပြီ" ဘက်တီက တဆတ်ဆတ်ခေါင်းညိတ်နေလေ၏။
ရှုယီသည် ထွက်ခွာရန် မထလာမီ ဘက်တီကို နောက်ထပ် အမိန့်ပေးခဲ့သည်။
အိမ်ပြင် ထွက်လာသောအခါတွင် အလတ်စားမှော်ခရီးသည်တင်ကားတစ်စီးက အိမ်အပြင်ဘက် လမ်းမပေါ်မှ လျင်မြန်စွာ ဝင်လာသည်ကို တွေ့လိုက်ရသည်။
ရှုယီသည် လှည့်ထွက်သွားမည်ကို ရပ်လိုက်ပြီး အလတ်စားမှော်ခရီးသည်တင်ကားတစ်စီးထဲမှ လူများစွာ ထွက်လာသည်ကို ကြည့်လိုက်သည်။
၎င်းတို့ထဲမှ သုံးဦးသည် ကုန်သည်များ၏အဝတ်အစားများ ဝတ်ဆင်ထားသော လူလတ်ပိုင်းအမျိုးသားများဖြစ်ပြီး ကျန်တစ်ဦးမှာ ငယ်ရွယ်ပြီး လှပသော မိန်းကလေးများဖြစ်သည်။
ထိုလူများ ထွက်လာပြီးနောက် ရှုယီဆီသို့ ချက်ချင်း ဦးတည်သွားကြသည်။ လူလတ်ပိုင်း ကုန်သည် သုံးယောက်ကမူ ရှုယီထံသို့ လက်ဆွဲနှုတ်ဆက်ကာ သူတို့၏မျက်နှာပေါ်တွင် ကျယ်ပြောသော အပြုံးများဖြင့်။
"မင်း ဥက္ကဌ ရှုယီ ဖြစ်ရမယ် ဟုတ်လား။ မင်းနဲ့တွေ့တာ ငါတို့ဂုဏ်ယူတယ်" အဝဆုံး လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့မျက်နှာပေါ်တွင် ကြင်နာတတ်ပြီး သော အပြုံးတစ်ခု ရှိနေပြီး ရှုယီ၏လက်ကို ဆုပ်ကိုင်ကာ အပြင်းအထန် လှုပ်ယမ်းလိုက်သည်။ "ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ၊ ကျုပ်က ဒိုရန် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဗာနွန် ရန်းဒေါ့ဖ် ဖြစ်ပြီး ဒီနှစ်ယောက်က ကျုပ်လက်ထောက်တွေပါ။"
အခြားလူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက်ကလည်း သူတို့ကိုယ်သူတို့ မမိတ်ဆက်မီ တူညီသောအပြုံးများဖြင့် ရှုယီထံသို့ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
ရှုယီက သူတို့နှစ်ယောက်ကို ပြုံးပြီး ခေါင်းညိတ်ပြကာ သူတို့နောက်ဘက်က ချောမောလှပသည့် ကောင်မလေးများဆီ အမြင်ရောက်သွား၏။
ဥက္ကဌ ရန်းဒေါ့ဖ် က ပြုံးပြုံးရွှင်ရွှင်နဲ့ သူတို့ကို လက်ညှိုးထိုးပြပြီး “သူတို့က ငါတို့ ဒိုရန် အဖွဲ့ မှာ အလှဆုံး မိန်းကလေးတွေပါ။ ကခုန်ခြင်း၊ သီချင်းဆိုခြင်း၊ တူရိယာတီးမှုတ်ခြင်း စတဲ့နေရာတွေမှာ အထူးချွန်ဆုံးပဲ။ ဥက္ကဌ ရှု သူတို့အပေါ် ဘယ်လိုထင်လဲ"
မိန်းကလေးများ၏ မျက်လုံးများသည် ရှုယီကို စူးစိုက်ကြည့်နေကြသည်။ သူ့ကို လှမ်းကြည့်နေတာကို မြင်တော့ သူတို့အားလုံးက မျက်လူံးမှိတ်ပြပြီး တပ်မက်ဖွယ်ပုံစံကို ထုတ်ဖော်ဖို့ ကြိုးစားကြ၏။ သူတို့က ရှုယီကို စိတ်ဝင်စားထားခြင်းအား ဖုံးကွယ်မထားနိုင်ပေ။။
ရှုယီက ခေါင်းသာညိတ်ပြလိုက်ကာ “သူတို့အားလုံးက ထူးချွန်ပေမယ့် ဥက္ကဌ ရန်းဒေါ့ဖ်၊ ဇာတ်ကောင်တွေရဲ့ လိုအပ်ချက်တွေက သူတို့ရဲ့ အသွင်အပြင်နဲ့ သူတို့ရဲ့ အရည်အချင်းတွေပေါ်မှာ မမူတည်ပါဘူး၊ သရုပ်ဆောင်မှုပေါ်မှာလည်း မူတည်ပါတယ်။ ဒါက ခင်ဗျားကို နောက်မှပြောမယ့် အကြောင်းအရာပဲ၊ ကျုပ် ဘာမှ မပြောတော့ဘူး။"
“ဟုတ်ပါတယ် ဟုတ်ပါတယ် အစီအစဉ်တွေကို သေချာနားထောင်မှာ။ ပြောသမျှကို ကျုပ်တို့လုပ်မှာပါ။ ဥက္ကဌ ရှု စိတ်ချလို့ရနိုင်ပါတယ်၊ ခင်ဗျားက ကျုပ်တို့ ဒိုရန် ကုန်သည်ကြီးများအသင်းဆီ ဒီအခွင့်အရေးကို ပေးဖို့ ဆန္ဒရှိတာကြောင့် အစွမ်းကုန် လုပ်ဆောင်သွားမှာ သေချာပါတယ်။”
ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ ခင်ဗျားကို ဒီအခွင့်အရေးပေးနေတာ ကျုပ်မဟုတ်ဘူး။ ဒီကိစ္စအတွက်၊ စတေးလ် နဲ့ သူမရဲ့ ဆန်းသစ်လကုန်သည်ကြှးများအသင်းက လုံးလုံးလျားလျား ကိုင်တွယ်နေတာပါ၊ ကျုပ် ဒါကို လုံးဝ စွက်ဖက်ခြင်း မရှိပါဘူး။”
ဥက္ကဌ ရန်းဒေါ့ဖ် က ရယ်မောလိုက်ပြီး "ဥက္ကဌ ရှု၊ ၏ ခင်ဗျားနောက်နေတာဖြစ်မယ်။ သခင်မက ခင်ဗျားမိန်းမပဲမို့ သူ့ကိစ္စက ခင်ဗျားကိစ္စပဲမဟုတ်လား"
ရှုယီက ခေါင်းခါပြပြီး ရှင်းပြရန် ပျင်းလွန်းသဖြင့် စံအိမ်ကြီးကို လက်ညှိုးထိုးပြကာ "ကောင်းပြီ၊ ခင်ဗျားကို သူ စောင့်နေတုန်းပဲ၊ သွားတော့။ ဂရုစိုက်စရာတွေ ကျန်နေသေးလို့ မင်းနဲ့ အတူရှိမှာ မဟုတ်ဘူး”
ဥက္ကဌ ရန်းဒေါ့ဖ် က သူ့လက်ကို အမြန်ဝှေ့ယမ်းပြီး သူတို့ကို လမ်းကြောင်းဖွင့်ခိုင်းလိုက်သည်။
"ဥက္ကဌ ရှု၊ ခင်ဗျား ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်ရှုပ်နေရမယ်၊ ကျုပ်တို့ကို စိတ်မဆိုးပါနဲ့"
ရှုယီက ခေါင်းညိတ်ကာ ထွက်သွားသည် ။ ခဏလောက် လမ်းလျှောက်ပြီးနောက် ရန်းဒေါ့ဖ် ၏အဖွဲ့သည် အိမ်ခန်းထဲသို့ ဝင်သွားသည်ကို ကြည့်ရင်း မနေနိုင်စွာ မျက်မှောင်ကုပ်လိုက်၏။
ဤဒိုရန်အဖွဲ့သည် လမ်ပူရီတိုင်းပြည်တော်၏ အကျော်ကြားဆုံးအဖွဲ့ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့ကို ဦးစွာရှာဖွေရန်မှာ သာမာန်ဖြစ်သည်။
သို့သော် ၎င်းတို့နှင့်အဆက်အသွယ်ရှိသည့် အချိန်တိုလေးအတွင်းမှာ ရှုယီက သူတို့အပေါ် အထင်ကြီးလောက်စရာမရှိပါဘူး။ ထိုလှပသောမိန်းကလေးများမှာ ပထမအထင်အမြင်ကောင်းကို ချန်မထားဘဲ အောက်တန်းကျသောခံစားချက်ကို ပေးခဲ့သည်။
ဒါပေမယ့် ဒါကိုတွေးကြည့်တော့ ရှုယီ ဇီဇာကြောင်လွန်းတာကို တွေ့လိုက်ရတယ်။
အောက်တန်းကျတဲ့အကြောင်း ပြောရင် ကမ္ဘာပေါ်က ဖျော်ဖြေရေး လုပ်ငန်းက သူတို့ထက် ယုတ်မာတယ်၊ ဒါပေမယ့် လူတွေက ဖျော်ဖြေတဲ့ ပရိုဂရမ်တွေ မဖြစ်အောင် သူတို့ မတားပါဘူး။
ရှုယီအပေါ် မည်ကဲ့သို့ အောက်တန်းကျသော အထင်အမြင်မျိုးရှိစေကာမူ စတေးလ် ၏ လိုအပ်ချက်များနှင့် ကိုက်ညီနေသရွေ့ ၎င်းသည် ကောင်းမွန်ပါသည်။
နောက်ဆုံးတော့ ဒါက သူနဲ့မဆိုင်ဘူးလေ။
ဒါကိုတွေးပြီး ရှုယီက ပြုံးပြုံးလေးနဲ့ ခေါင်းယမ်းလိုက်ပြီး မြင့်မားတဲ့ တောင်ထွတ်တစ်ခုပေါ်ရှိ အခြားအဆောက်အအုံတစ်ခုဆီ ဦးတည်သွားလိုက်တယ်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၇၈။ အချက်ပြမျှော်စင်
၎င်းမျှော်စင်မှာ အဝေးကနေလျှင်ပင် အတော်လေး မြင့်မားနေပုံပေါ်ကာ နီးကပ်လာပါက ထိုသံမဏိမျှော်စင်က မီတာနှစ်ဆယ်ကျော်မြင့်ကြောင်း တွေ့ရလိမ့်မည်။ မျှော်စင်၏ အထွဋ်အထိပ်ကိုသာ မော့ကြည့်လိုက်ဖို့ လိုအပ်ပါပေ၏။
ဤသံမဏိမျှော်စင်မှာ မြေနေရာ စတုရန်းတစ်ရာမီတာကျော်ယူကာ မြင့်မားလှပုံကြောင့် အတော်အတန် အသိအမှတ်ပြုဖွယ်ရာပင်။
ရှုယီမှာ မျှော်စင်နှင့်နီးလာချိန်တွင် Frestech ကုန်သည်ကြီးများအသင်း ယူနီဖောင်းဝတ်ထားသော မှော်ပညာရှင်တို့က အလုပ်လုပ်နေကြသည်ကို မြင်လိုက်ရသည်။ ၎င်းတို့ကို နှုတ်ဆက်မည်အပြု လူအုပ်ထံမှ ထွက်လာသော ကလေးဆန်ဆန်အသံကို ကြားလိုက်၏။
"ဟင့်အင်း! တက်သွားချင်တယ်! တက်သွားချင်တယ်လို့!"
ရှုယီသည် ဖရီယာ၏အသံဖြစ်ကြောင်း ချက်ချင်းပြောနိုင်သောကြောင့် အံ့အားသင့်သွားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း အာကာလီ ၏ အကူအညီမဲ့သော အသံသည် လူအုပ်ထံမှ ထွက်ပေါ်လာသည်။
“ဖရီယာ၊ အဲဒါက အရမ်းမြင့်ပြီး အရမ်းအန္တရာယ်များတယ်။ တက်ချင်ရင် မင်းကြောက်မှာကြောက်တယ်"
"သမီးမကြောက်ဘူး! သမီးနဲ့အတူ အန်တီ အာကာလီ ပါရင် အန္တရာယ် လုံးဝမရှိပါဘူး။”
"ဒါပေမယ့် အရမ်းမြင့်ပြီး လေအရမ်းတိုက်နေတယ်၊ မင်းအေးလိမ့်မယ်"
“မဟုတ်ဘူး! အန်တီ အာကာလီ က မှော်ပညာရှင်တစ်ယောက်ပဲ၊ သမီးကို ကာကွယ်ပေးမှာ မဟုတ်လား။”
အာကာလီက ပိုလို့တောင် အကူအညီမဲ့သွားသလို ခံစားရသည်။
"ဒါပေမယ့် ငါ့မှာ လုပ်စရာရှိတယ်။"
ဖရီယာသည် ရုတ်တရက် "ဟမ်! အဖေ အလုပ်ရှိတယ်၊ အမေ အလုပ်ရှိတယ်၊ အန်တီ အာကာလီ အလုပ်ရှိတယ်။ အားလုံး သမီးနဲ့ မကစားဘူး! သမီးကိုမလိုချင်ကြဘူး!"
ဖရီယာ၏အသံသည် အစပိုင်းတွင် ဒေါသနှင့်ပြည့်နေသော်လည်း နောက်ပိုင်းတွင် ငိုသံအဖြစ်သို့ ပြောင်းလဲသွားသည်။
ဘေးနားက ဖရီယာ နှင့် အာကာလီ စကားကို တိတ်တဆိတ် နားထောင်ဖို့ စီစဉ်နေတဲ့ ရှုယီက အဲဒီ့မှာ ဆက်မနေနိုင်တော့ဘဲ ချောင်းဟန့်ပြီး ထွက်လာခဲ့သည်။
"ဖရီယာ၊ မင်းဒီမှာ ဘာလုပ်နေတာလဲ"
ရှုယီ၏အသံကိုကြားတော့ အားလုံး၏ မျက်လုံးများက သူ့ဆီသို့ ရောက်သွားကြသည်။
ဖရီယာ က ၎င်းကိုကြားသော် ငိုတာရပ်ပြီး လူအုပ်ထဲရှိ အပေါက်ထဲကနေ ထွက်လာသည်။ ရှုယီကိုတွေ့သောအခါ တောက်ပသော အပြုံးကို ချက်ချင်းထုတ်ပြပြီး သူ့ထံ ခုန်ဆင်းလိုက်သည်။
"ဖေဖေ!"
ရှုယီက သူမကို ပွေ့ချီပြီး မျက်လုံးထောင့်မှာ ကျလာတဲ့ မျက်ရည်တွေကို မြင်တော့ သူ့မှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။ ထို့နောက် နူးညံ့သောလေသံဖြင့် ပြောလိုက်၏၊ ၊ “ဖရီယာ မင်းကဘာလို့ဒီကိုလာတာလဲ။ မင်းအိမ်မှာ မင်းမောင်လေးတွေနဲ့ ဘာလို့ မကစားတာလဲ။"
“မောင်မောင်လေးတွေက စကားတောင် မပြောတတ်ဘူး၊ သူတို့နဲ့ မကစားချင်ဘူး” ဖရီယာက နှုတ်ခမ်းစူလိုက်၏၊ "အိမ်မှာနေရတာ မပျော်ဘူး၊ ဒါကြောင့် အန်တီ ကာရိုက သမီးကို လိုက်ပို့ပေးခဲ့တာ"
ရှုယီက သူမကို ခေါင်းညိတ်ပြပြီး လူအုပ်ထဲမှာ ကာရိုကို တွေ့လိုက်သည် ။ သူက ဖရီယာကို အာကာလီဘက်သို့ သယ်ဆောင်သွားသည်။
အာကာလီသည် ကူကယ်ရာမဲ့အကြည့်ဖြင့် သူမ၏လက်များကိုဖြန့်ကာ "ဥက္ကဌ၊ ဖရီယာက အချက်ပြမျှော်စင်ပေါ်တက်ကြည့်ဖို့ အခိုင်အမာပြောထားပေမယ့် ကျွန်မသဘောမတူဘူး"
ရှုယီက ဖရီယာ ကို ပြုံးပြပြီး မေး၏ "ဖရီယာ၊ ဘာလို့ တက်ချင်တာလဲ"
"အရမ်းမြင့်နေလို့ပါ" ဖရီယာ က ရိုးရိုးသားသား အသံနှင့် ပြော၏။ “မြင့်တဲ့နေရာတွေကို ကြိုက်တယ်။ ဖေဖေ၊ အန်တီ အာကာလီ က သမီးကို ခေါ်လာဖို့ ဆန္ဒမရှိဘူး၊ ဖေဖေက သမီးကို အစားပြန်ခေါ်လာရင်ရော
ဖရီယာ၏ တောင်းပန်သည့်အကြည့်ကို မြင်လိုက်ရသဖြင့် ရှုယီက သူမကို မငြင်းနိုင်ဘဲ ခေါင်းညိတ်ပြလိုက်သည်။
ဖရီယာ သည် သူမ၏ ဂုဏ်ယူသောအကြည့်ဖြင့် အာကာလီ ကိုလက်ဝှေ့ယမ်းကာ ဝမ်းသာအားရပြောလာသည်။
အာကာလီလည်း ကူကယ်ရာမဲ့ ခါးသီးသော ရယ်မောခြင်းကိုသာ ပေးနိုင်ခဲ့သည်။
“ကောင်းပြီ ဖရီယာ၊ မင်း အန်တီ ကာရို နဲ့ ခဏလောက်ကစားလိုက်။ အန်တီ အာကာလီ နဲ့ တစ်ခုခုပြောစရာရှိသေးလို့၊ ပြီးသွားရင်တော့ တက်လို့ရတယ်။”
ဖရီယာက သဘောတူပြီးနောက် ရှုယီ၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ တွန်းလှဲချလိုက်သည်။ သူမသည် ကာရိုလ်ထံသို့သွားကာ ထိုနေရာတွင် နာခံမှုဖြင့် ရပ်၍ ရှုယီကို မျှော်လင့်သောအကြည့်ဖြင့် ကြည့်နေသည်။
အာကာလီမှာ ဤ အသွင်အပြင်ကို ကြည့်ပြီး မနေနိုင်အောင် ရယ်မောလိုက်သည်။
"ဥက္ကဌ၊ ဖရီယာကိုတွေ့တိုင်း ကျွန်မကလေးယူချင်မိပါတယ်။ ဖရီယာလို ချစ်စရာကောင်းတဲ့ တစ်ယောက်လောက် ရှိနိုင်ရင် နေ့တိုင်း အရမ်းပျော်နေမိလိမ့်မယ်။
ရှုယီက ရယ်မောကာ "အဲဒါက ဖရီယာကို မင်းခေါင်းကိုက်နေတဲ့အချိန်မှာ မမြင်ဖူးလို့ပဲ။ အိုး၊ မဟုတ်ဘူး၊ မင်း အဲဒါကို အခုပဲ ကြုံဖူးတယ်၊ ဘယ်လိုလဲ။ မင်းက ချစ်စရာလို့ ထင်နေသေးလား"
"ထင်ပါတယ်။" အာကာလီက "ဖရီယာက အရမ်းချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်ပါ၊ သူစိတ်ပျက်နေရင်တောင် စိတ်အနှောင့်အယှက်ဖြစ်မှာ မဟုတ်ဘူး။ ပြီးတော့ ဖရီယာက အကြောင်းပြချက်မရှိဘဲသူမ ငိုတာကို တစ်ခါမှမတွေ့ဖူးဘူး။"
"အဲဒါက စတေးလ်နဲ့ ငါက သူ့ကို ကောင်းကောင်း သင်ပေးလို့။" ရှုယီက မဆိုင်းမတွ ရယ်မောပြီး "ဒါပေမယ့် အာကာလီ၊ မင်း ကလေးမွေးချင်ရင် အရင်လက်ထပ်ရမယ်"
"ဘယ်သူပြောလဲ?" အာကာလီ က ရှုယီကို မျက်လုံးပြူးပြီးကြည့်ကာ "ဘုရင်မကြီးက အိမ်ထောင်မပြုဘဲ မွေးလာတာကို မမြင်ဘူးလား။ သူ့ဆီကနေ သင်ယူချင်တယ်!”
ရှုယီသည် မနေနိုင်ဘဲ မျက်လုံးများမှိတ်မိလိုက်၏။
အိမ်ထောင်မပြုမီ ကိုယ်ဝန်ရလာသူ ဆယ်ဗီနီသည် သူမထံတွင်ရှိနေသည့် အခြားသြဇာကို မေ့လိုက်လျှင်ေတာင် သူမဟာ ပတ်ဝန်းကျင်တိုင်းပြည်မှ မိန်းကလေးများအတွက် ဉာဏ်အလင်းပေးရာနေရာတစ်ခုဖြစ်ေနသည်။
ဟုတ်တယ်၊ ဘုရင်မကြီးတောင် ဒါကို လုပ်နိုင်တယ်၊ ဘာလို့ မလုပ်နိုင်တာလဲ။
ရှုယီသည် ဝင့်ကြွားနေသော အာကာလီ ကို ကြည့်ကာ တွေးတောပြီးနောက် “မင်း ကလေးမွေးဖို့ ယောက်ျားလိုတယ်” ဟု ပြော၍ အကြံတစ်ခု ပေးခဲ့သည်။ ထို့နောက် တိမ်တွေကြားက သံမျှော်စင်ကို မျှော်ကြည့်ပြီး မေးလိုက်၏။ “ကောင်းပြီ၊ နောက်တော့ မရယ်တော့ဘူး။။ ပြောပါ၊ အချက်ပြတာဝါတိုင်ရဲ့ အကျိုးသက်ရောက်မှုက ဘယ်လိုလဲ။"
ရှုယီသည် အလုပ်အကြောင်းပြောသည်ကိုကြားတော့ အာကာလီ သည် နောက်ပြောင်ခြင်းအကြောင်း ရုတ်တရက် ရပ်တန့်သွားသော်လည်း သူမ ပို၍ စိတ်လှုပ်ရှားလာသည်။
"အရမ်းကောင်းတယ်!" အာကာလီက ရှုယီကို လက်မထောင်ပြပြီး "ဥက္ကဌ၊ ရှင့်ရဲ့ အကြံဉာဏ်တွေက ကောင်းလွန်းတယ်။ မှော်ပဲ့တင်ထပ်ခြင်းအစီအရင်အတွက် အချက်ပြတာဝါတိုင်တွေကို သုံးပြီး အချက်ပြအကွာအဝေးကို တိုးမြှင့်ဖို့ ဘာလို့ တစ်ခါမှ မတွေးခဲ့မိတာလဲမသိဘူး။ အခု ကျွန်မတို့ဆီမှာ ဤအချက်ပြတာဝါရှိတော့၊ မှော်ပဲ့တင်သံလှိုင်း၏ အကွာအဝေးကို တိုးမြှင့်ပြီး အကွာအဝေးကန့်သတ်ချက်ကို ဖြေရှင်းလို့ရတယ်!”
ရှုယီသည် ဤသဘောတရားက ကမ္ဘာမြေမှလျှပ်စစ်အချက်ပြမှုများနှင့်တူသည်ဟုတွေးကု ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။
အာကာလီ က ၎င်းကို အဆိုပြုစဉ်က ရှုယီမှာ စမ်းသပ်စေချင်ခဲ့ရုံသာ။ အာကာလီ ၏အဖွဲ့က ဤအချက်ပြမျှော်စင်ကို တည်ဆောက်ရန်အတွက် မှော်စက်ဖွံ့ဖြိုးတိုးတက်ရေးစင်တာနှင့် အလုပ်လုပ်ရန်ဖို့ သုံးလသာ အချိန်ယူခဲ့ရကာ ဤသုတေသနကို လေးလအတွင်း အပြီးသတ်နိုင်မည်ဟု မထင်ခဲ့ပေ။
အချက်ပြတာဝါပေါ်တွင်၊ မှော်ပဲ့တင်သံလှိုင်းများကို ထုတ်လွှင့်ရန်အတွက် မှော်အစီအရင်တစ်ခုရှိသည်။ ဤမှော်အစီအရင်မှတစ်ဆင့် မီတာငါးထောင်အကွာရှိ တူညီသော မှော်အစီအရင်မှာ နောက်ထပ်မီတာငါးထောင်အကွာရှိ အခြား မှော်အစီအရင်ထံသို့ စုစုပေါင်း မီတာတစ်သောင်းအထိ ပို့လွှတ်နိုင်သည်။
ထို့အပြင်၊ ဤသုတေသနပြုချက်သည် အရေးကြီးသော အဓိပ္ပါယ်ရှိသည်။ ဤအချက်ပြတာဝါတိုင်များသည် ကမ္ဘာမြေကြီးပေါ်ရှိ လျှပ်စစ်အချက်ပြတာဝါတိုင်များကဲ့သို့ အဆက်မပြတ် ထုတ်လွှင့်ခြင်းပြုနိုင်သည်၊ ဆိုလိုသည်မှာ ကီလိုမီတာငါးထောင်တိုင်းတွင် တူညီသော အချက်ပြမျှော်စင်ရှိသရွေ့ မှော်လှိုင်းများကို ဆက်တိုက်ထုတ်လွှင့်နိုင်သည်ဟု ဆိုလိုသည်။
သီအိုရီအရ၊ ဤမှော်ပဲ့တင်ရိုက်ခတ်မှု၏ မှော်လှိုင်းကို အကန့်အသတ်မရှိ ထုတ်လွှင့်နိုင်သည်။
"အဲဒါကို အကန့်အသတ်မဲ့ ပို့ဖို့က မဖြစ်နိုင်ဘူး။" အာကာလီ က သူမလက်ကို ဝှေ့ယမ်းလိုက်ရာ "မှော်လှိုင်းတွေက ထုတ်လွှင့်တဲ့အတောအတွင်းမှာ အကြောင်းအချက်အမျိုးမျိုးကြောင့် လွှမ်းမိုးနေတာကြောင့် ယုတ်လျော့သွားလိမ့်မယ်။ အကွာအဝေးက အရမ်းကြာရင် ပျောက်သွားတဲ့အထိ အားနည်းသွားမှာဖြစ်ပြီး မူလအချက်ပြမှုကို ထိန်းထားနိုင်မှာ မဟုတ်ပါဘူး။”
"ဒါဆို မင်းက ဒါကို လျော့ချဖို့ စပြီး စူးစမ်းနေပြီလား" ရှုယီက မေးသည်။
အာကာလီ က ခါးသီးသော အပြုံးဖြင့် ခေါင်းခါလိုက်ပြီး "ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ အများကြီး မတိုးတက်သေးပါဘူး။"
"မင်း ဒီလောက်ထိ စိတ်ဓာတ်ကျနေဖို့ မလိုပါဘူး။" ရှုယီက အာကာလီ ရဲ့ ပခုံးကို ပုတ်လိုက်ကာ "ကြည့်စမ်း၊ မင်း အကွာအဝေးကို မီတာရာဂဏန်းကနေ မီတာငါးထောင်အထိ တိုးနိုင်တယ်ဆိုတာ အောင်မြင်ဖို့ နည်းလမ်းရှိတယ်၊ ဒီသုတေသနမှာ ပိုပြီး ရင်းနှီးမြုပ်နှံဖို့ပဲ လိုတာ ခုပ်ငန်းစုက မင်းကို အပြည့်အဝ ပံ့ပိုးပေးမှာပါ။”
"ဒါ လုပ်ငန်းစုကလား၊ ဥက္ကဌလား" အာကာလီက မေး၏။
"မမှားပါဘူး၊ ငါလည်း မင်းကို အပြည့်အဝ ထောက်ခံမှာပါ" ရှုယီက အာကာလီ ကိုကြည့်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်ကာ "လာ၊ ကျုပ်ဆီ လာပေး၊ ရလဒ်တွေ ကြည့်ရအောင်လို့
အာကာလီက ရယ်မောလိုက်ပြီးနောက် ရှုယီအတွက် မှော်ဆက်သွယ်ရေးစက်ကို ရှာဖွေလိုက်သည်ာ
ရှုယီက သူ့မှော်ပညာကို အသက်မသွင်းမီ ပတ်ဝန်းကျင်ကို လှည့်ကြည့်ကာ ချက်ချင်းပင် အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူပြန်ပေါ်လာသောအခါ အနောက်ဘက် မီတာလေးထောင်အကွာတွင် ရှိနေသည်။
ဤနေရာကို အတည်ပြုပြီးနောက် ရှုယီမှ မှော်ဆက်သွယ်ရေးစက်ကို နှိပ်လိုက်သည်။ သူ့လည်ချောင်းကို ရှင်းထုတ်ပြီးနောက် “ဟေး ဟေး၊ ရှုယီပါ၊ ကျုပ်ကို ကြားနိုင်ရင် ကျေးဇူးပြုပြီး တုံ့ပြန်ပါ” ဟု ပြောလိုက်၏။
ကြည်လင်ပြတ်သားပြီး လှုပ်ရှားသံတစ်ခု မထွက်ပေါ်လာမီ မှော်ပညာရှင်တစ်ဦးထံမှ ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာသည်။
"ဒါ ဥက္ကဌ ! ဥက္ကဌ ၊ ကျုပ် ဆမ်ရော့ထ် ပါ ၊ ကြားလား။ ဒါက ယိုဒယ်လ် စားသောက်ဆိုင်အပြင်ဘက်လမ်းပါ၊ ကျုပ်တို့ခင်ဗျားကိုဒီကနေစကားပြောနေတာ။”
ရှုယီက အရှေ့ကို လှမ်းကြည့်လိုက်၏။
ယိုဒယ်လ် စားသောက်ဆိုင်သည် Frestech ကုန်သည်ကြီးများအသင်းအခြေစိုက်ရာ နေထိုင်သည့်ရပ်ကွက်များတွင် အကြီးဆုံးစားသောက်ဆိုင်ဖြစ်ပြီး ၎င်းသည် ဤနေရာမှ ရှစ်ကီလိုမီတာအကွာတွင် တိုက်ရိုက်ရှိသည်။
အကယ်၍ ၎င်းသည် ယခင် မှော်ဆက်သွယ်ရေးစက်များဖြစ်ခဲ့ပါက၊ ၎င်း၏အကွာအဝေးထက် ကျော်လွန်သွားမည်ဖြစ်သည်။
"ကောင်းပြီ၊ ငါ မင်းကိုကြားရတယ်၊ မင်းဆက်ပြီးစမ်းသပ်နိုင်တယ်"
ရှုယီက မှော်ဆက်သွယ်ရေးစက်ကို မပိတ်ခင် ပြန်ဖြေလိုက်သည်။ နေရာကို ဖြတ်ကျော်ပြီး မတိုင်ခင်က အချက်ပြတာဝါတိုင်ကို ပြန်ရောက်မလာခင် သူ၏ပုံသဏ္ဍာန်က တောက်ပသွားသည်။
"အဲဒါဘယ်လိုလဲ? ဥက္ကဌ၊ အချက်ပြချက်တစ်ခု ရခဲ့လား။ အသံက ရှင်းရဲ့လား" ရှုယီပေါ်လာတာကို မြင်တော့ အာကာလီ က ချက်ချင်းမေးလာသည်။
"ဟင့်အင်း၊ ငါ အသံကြားတယ်၊ ဒါပေမယ့် သိပ်မရှင်းဘူး။" ရှုယီက “ဒါပေမယ့် အရမ်းကောင်းနေပြီ။ အာကာလီ၊ ဖွံ့ဖြိုးတိုးတက်ရေးဌာနနဲ့အတူ ဆက်လုပ်ပါ။ ဒါကို မင်းဆက်ပြီးလုပ်ဆောင်နေသရွေ့၊ ငါက စတက်တိန်းနယ်မြေတစ်ခွင်လုံးမှာ အချက်ပြတာဝါတိုင်တွေ တပ်ဆင်ဖို့ စီစဉ်နေမှာဖြစ်လို့ နယ်မြေ ရဲ့ အစိတ်အပိုင်းတိုင်းကနေ ဆက်သွယ်နိုင်မှာပါ။"
"အဲဒါက ကျွန်မရဲ့ပန်းတိုင်ပဲ!" အာကာလီ က စိုးရိမ်သောက အသံဖြင့် မပြောမီ ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြသည်။ “ဒါပေမယ့် ဥက္ကဌ၊ မျှော်စင်တစ်ခုက သံမဏိ ဆယ်တန်ကျော်ကို အသုံးပြုပြီး အခြားအသုံးစရိတ်တွေ ထပ်ပေါင်းလိုက်ရင် ရွှေဒင်္ဂါးတစ်သောင်းအထိ ကုန်ကျနိုင်တယ်။ တိုင်းပြည်၏တစ်ခုလုံးကို အချက်ပြဖြန့်ကျက်ဖို့ ပန်းတိုင်ရောက်ဖို့ ကျွန်မခန့်မှန်းချက်က အနည်းဆုံး တာဝါတိုင် လေးရာလောက်ယူရပြီး ရွှေဒင်္ဂါးငါးသိန်းလောက် ကုန်ကျမယ်.....”
“ပိုက်ဆံက ပြဿနာမဟုတ်ဘူး။” ရှုယီက သူ့လက်ကို ဝှေ့ယမ်းကာ ရက်ရောစွာကြည့်ရင်း "ဒါက ငါတို့ကုမ္ပဏီရဲ့ နံပါတ်တစ်ပန်းတိုင်ဖြစ်ပြီး နှစ်နှစ်အတွင်းမှာ အောင်မြင်ဖို့ လိုတယ်၊ ဒါကြောင့် ပိုက်ဆံအတွက် စိတ်ပူစရာ မလိုပါဘူး။ အတိုချုပ်ပြောရရင် ငါမင်းကို အပြည့်အဝထောက်ခံမယ်။"
"တကယ်လား?" အာကာလီ အနည်းငယ်သံသယဖြစ်မိသည်။
Frestech ကုန်သည်ကြီးများအသင်းသည် ယခုနှစ်တွင် ငွေအမြောက်အများရရှိသော်လည်း ငွေသုံးစွဲရန် လိုအပ်သောနေရာများစွာရှိသည်။ ဤပရောဂျက်၌ အနည်းဆုံး လေးသန်း ရင်းနှီးမြုပ်နှံဖို့ လိုမည်ဆိုလျှင် တခြားကဏ္ဍတွေကရော ဘယ်လိုရှိမည်နည်း?
ဒါပေမယ့် အာကာလီ တွေးပြီး စိုးရိမ်စိတ်တွေ ရပ်သွားတယ်။
ဥက္ကဌက ရန်ပုံငွေ ဘယ်လိုခွဲဝေပေးမလဲဆိုတာ ဆုံးဖြတ်တဲ့သူက သူ့အတွက် ဘာအရေးလဲ။
ဒါ့ပြင် ဥက္ကဌက ဘယ်လို အမှားလုပ်မိလို့လဲ။
ဒါကိုတွေးပြီး အာကာလီ က ပြုံးပြ၏။
ရှုယီနှင့် အာကာလီ တို့ စကားပြောပြီးသည်နှင့် တစ်ဖက်မှ ဖရီယာ သည် ရှုယီ၏ထံသို့ ပြေးရန် ကာရို မှ ချက်ချင်း လွတ်သွားသည်။
"ဖေဖေ၊ မင်း အန်တီ အာကာလီ နဲ့ စကားပြောပြီးပြီလား။ မင်းငါ့ကိုကစားဖို့ခေါ်လာပေးနိုင်မလား"
ရှုယီက သူ့ကို ပြုံးပြပြီး ငုံ့ကြည့်သည်။
"ကောင်းပြီ ဖေဖေ မင်းကို အခု ကစားဖို့ ခေါ်လာလိမ့်မယ်"
ရှုယီက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဖရီယာ တစ်ဝိုက်တွင် လေအတားအဆီးတစ်ခု ပေါ်လာသည်။ ထို့နောက် သူသည် ခြေဖဝါးကို အသာအယာပုတ်ကာ ဖရီယာနှင့်အတူ ဖြည်းညှင်းစွာ ပျံသန်းလာခဲ့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၇၉။ ကန်ဒရာအင်ပါယာမှ တောသား
ရွှေအိုရောင် မှော်ဆလွန်းမှာ ရူဒ်ဆန်တိုင်းပြည်နှင့် စတက်တိန်းနယ်မြေကြားရှိ နယ်စပ်ကို ကျော်ဖြတ်ကာ စထရူ လမ်းမ၏ လျှောစောက်ရှည်ကြီးကို အမြန်ပျံဆင်းသွားသည်။
လမ်းမနှင့် လမ်းကျယ်အထက်မှ တဖြည်းဖြည်းခြင်း တောအုပ်တစ်ခုဖြစ်လာသော သစ်ပင်ကြီးများကိုကြည့်ရင်း သံတမန်ဟာကာနင်မှာ မနေနိုင်ဘဲ သက်ပြင်းချမိသည်။
ဤသည်က ရူဒ်ဆန်တိုင်းပြည်မှ စတက်တိန်းနယ်မြေသို့ လာရောက်သည့် ပထမဆုံးအကြိမ်မဟုတ်ပါသော်လည်း ဤလမ်းမကို ဖြတ်သွားတိုင်း နှမျောသလို ခံစားရ၏။
Frestech ကုန်သည်ကြီးများအသင်းက လမ်းဖောက်တဲ့အခါ ဒီအပိုင်းကို နည်းနည်းကြာအောင် လုပ်ထားနိုင်ရလျှင် ဒီရှုခင်းကိုဖြတ်ပြီး နည်းနည်းကြာကြာ မောင်းနှင်ရခြင်းပြုနိုင်ပါ၏။
သို့သော် Frestech ကုန်သည်ကြီးများအသင်းသို့ မကြာမီ သူဘယ်လိုရောက်လာပြီး ဥက္ကဌရှုကို ပြန်တွေ့ပြီး သူ့ထံမှ ကြီးမားသောအကျိုးခံစားခွင့်များရရှိမည်ကို စဉ်းစားရင်း သံတမန်ဟာကာနင်က ဤနှမျောတသမှုကို ဖယ်ပစ်လိုက်သည်။ သူသည် ခြေနင်းကိုနင်းလိုက်သည်နှင့် မှော်ဆလွန်းသည် ပို၍ပင် လျင်မြန်စွာ ရွေ့လျားလာသည်။
မကြာမီတွင်၊ သူ၏ မှော်ဆလွန်းသည် အိပ်မက်တောအုပ်ငယ်ထဲသို့ လုံးဝရောက်ရှိသွားခဲ့သည်။
သစ်ပင်ရိပ်မှာ ဤနေရာမှ အနည်းငယ်မှောင်နေသောကြောင့် လမ်း၏တစ်ဖက်တစ်ချက်စီတွင် မှော်မီးအိမ်တန်းတစ်ခုရှိပြီး အိပ်မက်တောအုပ်ငယ်ကိုဖြတ်၍ အလွန်ထင်ရှားသောအလင်းရောင်တန်းတစ်ခုကို ဖန်တီးကာ မှော်ဆလွန်းကို အလင်းဖြာနေသည်။
သံတမန်ဟာကာနင်သည် နှစ်ဖက်လုံးရှိ မှော်မီးအိမ်များကို ကြည့်ကာ အနည်းငယ် စိတ်ရှုပ်သွားသည်။
အရင်က သူဒီကိုလာတုန်းက ဒီကိစ္စကို မစဉ်းစားမိဘူး။
သို့သော် ဤ မှော်မီးအိမ်များကို မြင်လိုက်ရချိန်တွင် မေးခွန်းတစ်ခုကို မနေနိုင်အောင် စဉ်းစားခဲ့မိသည်။
ဤလမ်းတစ်လျှောက် မှော်မီးအိမ်ပေါင်း နှစ်ထောင်ကျော်ရှိတာကြောင့် ဈေးအသက်သာဆုံး မှော်မီးအိမ်ဖြစ်ခဲ့ရင်တောင် ရွှေဒင်္ဂါးသုံးထောင်ကျော်လောက် ကုန်ကျမှာပင်။
ပြီးတော့ ဒီ မှော်မီးအိမ်တွေရဲ့ ပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်ထဲမှာ အဲဒါကို ထည့်မတွက်ထားပေဘူး။
ဒီလိုဖြစ်တာကြောင့် Frestech ကုန်သည်ကြီးများအသင်း ဘက်ခြမ်းက သစ်ပင်တွေကို ဒီလမ်းခင်းတဲ့အခါ ဘာလို့ မခုတ်ရတာလဲ။
နေရောင်ရရန် အဟတစ်ခုကို ဖန်တီးထားသရွေ့၊ ဤလမ်းကို မီးထွန်းရန် မှော်မီးအိမ်များ မလိုအပ်ပါချေ။
ဥက္ကဌရှုက ဒီလမ်းရဲ့ အစိတ်အပိုင်းကို လွဲမှားနေတယ်လို့ ခံစားရတာကြောင့် ဒါကို မလုပ်ခဲ့တာလား။
"ဥက္ကဌ ရှု ကို နောက်မှတွေ့တဲ့အခါ မေးရမှာပေါ့။" သံတမန်ဟာကာနင်က တိတ်တဆိတ် စိတ်ထဲ မှတ်ထားလိုက်သည်။
"ဗစ်ကောင့်ထ်ဟာကာနင်၊ ရောက်ဖို့ ဘယ်လောက်ကြာမလဲ" မှော်ဆလွန်းထံမှ လူတစ်ယောက်၏ နက်ရှိုင်းသောအသံထွက်လာသည်။
ထိုအသံကိုကြားတော့ သံတမန်ဟာကာနင် ဟာ သူ့အတွေးကနေ ပြန်ရောက်လာသည်။ သူသည် မှော်ဆလွန်းနောက်ကြည့်မှန်မှနေ၍ ထိုင်နေသော လူလတ်ပိုင်းအရွယ်ကို ကြည့်လိုက်ပြီး နွေးထွေးသော အပြုံးတစ်ခု ပေါ်လာသည်။
“ကျွန်တော်တို့ ဆန်းသစ်လကို နာရီဝက်အတွင်းရောက်ပါမယ်။ Frestech ကုန်သည်ကြီးများအသင်းရဲ့ စီအီးအို ခမ်နက်ဒ် နဲ့ တွေ့ဖို့ ကျွန်တော် စီစဉ်ပြီးပါပြီ။”
"ဆန်းသစ်လမြို့? ဒီမြို့မြေပုံပေါ်မှာ ဘာအချက်အလက်မှ မရှိဘူး မဟုတ်လား”
"အိုး၊ ဒီဆန်းသစ်လမြို့ကို Frestech ကုန်သည်ကြီးများအသင်း က မနှစ်တုန်းကပဲ တည်ဆောက်ခဲ့တာပါ၊ ဒါကြောင့် မြေပုံမှာ မပေါ်သေးပါဘူး။"
"အိုး? Frestech ကုန်သည်ကြီးများအသင်းက ဒီမြို့ကို ဘာအတွက် တည်ဆောက်ခဲ့တာလဲ။ ဒီမြို့ငယ်လေးက Frestech ကုန်သည်ကြီးများအသင်း ဒါမှမဟုတ် စတက်တိန်းနယ်မြေရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိနေလား။" လူလတ်ပိုင်းကြီး၏ မျက်နှာပေါ်တွင် လေးနက်သော ဟန်တစ်ချက် ပေါ်လာသည်။
" Frestech ကုန်သည်ကြီးများအသင်းဥက္ကဌရှုရဲ့ အပြောအရ ဒီမြို့ကိုလူကြိုက်များစေဖို့နဲ့ လူတွေအနေနဲ့ ခေတ်မီမြို့ကို တွေ့ကြုံခံစားနိုင်စေဖို့ တည်ဆောက်ခဲ့တာပါတဲ့"
"ခေတ်မီမြို့လား? ဘာကိုဆိုလိုတာလဲ?"
သံတမန်ဟာကာနင်က ခေါင်းခါလိုက်ပြီး "ဥက္ကဌ ရှု က ဒါကို ရှင်းပြပေမယ့် ကျွန်တော် နားမလည်ဘူး"
"ဟုတ်လား?" လူလတ်ပိုင်းကြီးက တည်ငြိမ်စွာနဲ့ မေးသည်။
သံတမန်ဟာကာနင်လည်း ပါးစပ်ပိတ်ပြီး ကားမောင်းဖို့ အာရုံစိုက်လိုက်သည်။
သူသည် အိပ်မက်တောအုပ်ငယ်မှ တိုက်ရိုက်မမောင်းခဲ့ဘဲ ခမ်နက်ဒ် နှင့် စတက်တိန်းနယ်မြေ၌ ပထမဆုံးအကြိမ် ရောက်ဖူးသည့် မှော်စွမ်းအင်ဖြည့်တင်းရုံသို့ မောင်းနှင်ခဲ့သည်။
လူလတ်ပိုင်းအရွယ်လူအိုကြီးနှင့် သူ၏နောက်လိုက်နှစ်ဦးအား မှော်စွမ်းအင်ဖြည့်တင်းရုံ အသုံးပြုပုံကို ရှင်းပြပြီးနောက် သံတမန်ဟာကာနင်က ၎င်းတို့ကို အလွန်အဆင့်မြင့်သော သန့်စင်ခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
သန့်စင်ခန်း၏ အလိုအလျောက် ရေဆေးသည့် လုပ်ဆောင်ချက်နှင့်မှော်အခြောက်ခံစက်၏ အခြောက်ခံသည့် လုပ်ဆောင်ချက်ကြောင့် ၎င်းတို့ သုံးဦး အံ့အားသင့်သွားသည်ကို တွေ့ရသဖြင့် သံတမန်ဟာကာနင်လည်း ထူးထူးခြားခြား သဘောကျသွားသည်။
ဤလူသုံးယောက်သည် ကန်ဒရာအင်ပါယာတွင် တစ်ချိန်လုံးနေခဲ့ကြသောကြောင့် ကန်ဒရာအင်ပါယာသည် အရာအားလုံးတွင် အကောင်းဆုံးဖြစ်သည်ဟု ထင်ခဲ့ကြသည်။ ယခု ဤကမ္ဘာကြီးကို ကြည့်ဖို့ ရောက်လာတော့ မည်မျှ ဗဟုသုတနည်းသည်ကို တွေ့ရပေမည်။
ခေတ္တအနားယူပြီးနောက်၊ ပြန်ထွက်လာတော့မည့်အချိန်တွင် စတက်တိန်းနယ်မြေမှလာသော အနက်ရောင် မှော်ဆလွန်း တစ်စီးအား မှော်စွမ်းအင်ဖြည့်တင်းရေးရုံထဲ ဝင်လာသည်ကို မြင်လိုက်ရသည်။
သံတမန်ဟာကာနင်သည် ဤ မှော်ဆလွန်းနှင့် အလွန်ရင်းနှီးပုံပေါက်သည်ဟု ခံစားမိစဉ်တွင် ခမ်နက်ဒ် ထွက်လာသည်ကိုမြင်လိုက်ရသည်။
ခမ်နက်ဒ် သည် သံတမန်ဟာကာနင်ထံ တိုက်ရိုက်ရောက်လာပြီးနောက် ကျန်သုံးယောက်ထံ အကြည့်ရောက်လာကာ သက်လတ်ပိုင်းလူကြီးထံအရောက်တွင် ရပ်တန့်လိုက်သည်။ ထို့နောက် သံတမန်ဟာကာနင်ကို ပြုံးပြပြီး ပြောသည် ။ “သံတမန်ဟာကာနင်၊ ဒီအထိ လာရတာ ခင်ဗျားအတွက် တကယ်ကို ခဲယဉ်းသွားရပြီ။ ကျွန်တော်က Frestech ကုန်သည်ကြီးများအသင်းကိုကိုယ်စားပြုပြီး ကြိုဆိုပါတယ်။"
သံတမန်ဟာကာနင်လည်း ခေါင်းညိတ်ပြီး “စီအီးအို ခမ်နက်ဒ်၊ ဆန်းသစ်လမြို့မှာ တွေ့ဖို့ ကျုပ်တို့ သဘောတူခဲ့တာ မဟုတ်ဘူးလား။ မင်းဘာလို့ဒီကိုအရင်လာတာလဲ။ ဒီလို နွေးထွေးတဲ့ ကြိုဆိုမှုက ကျုပ်ကို မြှောက်ပင့်ပေးသလို ခံစားရတယ်။”
ခမ်နက်ဒ် က ခေါင်းယမ်းကာ ရယ်မောရင်း “မှားနေပြီ။ ဆန်းသစ်လမြို့ မှာ အားလုံးတွေ့ဖို့ စီစဉ်နေပေမယ့် အစီအစဉ် အပြောင်းအလဲတော့ ရှိသွားတာ။ ဥက္ကဌက ဆန်းသစ်လမြို့ကို ကိုယ်တိုင်လာဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တယ်၊ ဒါကြောင့် ဥက္ကဌထက် အရင် လာတွေ့ဖို့ ဒီကိုလာခဲ့တာပါ”
"အိုး? ဥက္ကဌ ရှုက ဆန်းသစ်လမြိုမှာ ရှိနေတယ်လို့ မင်းပြောနေတာလား။
“ဟုတ်ပါတယ်။”
သံတမန်ဟာကာနင် အံ့သြသွား၏။ သူက စိတ်မရှည်သောအကြည့်ဖြင့် သကို လှည့်ကြည့်ကာ "ဆရာရပ်ဆဲလ်၊ ဥက္ကဌ ရှုက ဒီနေရာနဲ့ သိပ်မဝေးဘူး၊ ကျုပ်တို့ သူ့ကို အမြန်သွားတွေ့သင့်တယ်!"
ဆာရ် ရူဆဲလ် လို့ အမည်ရသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက “ဗစ်ကောင့်ထ်ဟာကာနင်က၊ ဥက္ကဌ ရှု နဲ့ တွေ့ဆုံဖို့ မျှော်လင့်နေပုံရတယ်။”
"ဒါက......" သံတမန်ဟာကာနင်က သူအရမ်းစိတ်လှုပ်ရှားနေမှန်းသိတဲ့အတွက် နေရခက်စွာ ပြုံး၍ ပြောသည် "ဥက္ကဌ ရှုက အရမ်းထူးချွန်တဲ့သူတစ်ယောက်ပါ။ သူနဲ့တွေ့တိုင်း သူက ကျွန်တော့်ကို ကမ္ဘာကြီးရဲ့ နားလည်မှုအသစ်တွေကို ပေးစွမ်းမယ့် လှုံ့ဆော်မှုများစွာကို ပေးစွမ်းနိုင်တာကြောင့် သူနဲ့တွေ့ဆုံဖို့ အမြဲမျှော်လင့်နေပါတယ်။"
"အိုး?" ဆာရ် ရူဆဲလ် သည် သူ့မျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အယောင် ပေါ်လာပြီးနောက် ပြုံးပြလိုက်သည်။
ဒီ ဟာကာနင်မှာ ဘာအရည်အချင်းမှ မရှိဘူး၊ သူ့ညီမက ဧကရာဇ်ရဲ့ မျက်နှာသာရ ကိုယ်လုပ်တော်ဖြစ်ခြင်းအပေါ်မှာပဲ အားကိုးနေနိုင်တယ်။ ယခု သူသည် ဥက္ကဌ ရှုကို လေးစားခြင်းမှာ၊ Frestech ကုန်သည်ကြီးများအသင်းက သူ့ကို အလွန်အကျွံ ကျွေးမွေးခဲ့သောကြောင့် ဖြစ်နိုင်သည်။
၎င်းကိုစဉ်းစားရင်း၊ ဆရာရပ်ဆဲလ်က ခမ်နက်ဒ် ကိုအေးစက်စက်ဟန်ဖြင့် ကြည့်လိုက်၏။
ခမ်နက်ဒ် သည် သံတမန်ဟာကာနင်အတွက် ရင်ဘတ်ထဲမှ စတုဂံပုံသတ္ထုသေတ္တာကို ထုတ်ကာ ဆရာရပ်ဆဲလ်၏ အကြည့်ကို လုံးဝသတိမထားမိသလို ပြုမူခဲ့သည်။
"သံတမန်ဟာကာနင် ဥက္ကဌက ခင်ဗျားကို စကားနည်းနည်းပြောပြီး နှုတ်ဆက်ချင်နေတာပါ"
“အန်။” သံတမန်ဟာကာနင်က ခေါင်းညိတ်လိုက်သည်။ ရူဆဲလ် ၏ သုံးယောက်အုပ်စုရှေ့တွင် သတ္တုသေတ္တာကို ယူ၍ ခလုတ်ကို နှိပ်တော့မည့်အချိန်တွင် ရုတ်တရက် အံ့သြသွားသည်၊ "ခမ်နက်ဒ်၊ ဒီနေရာက ဆန်းသစ်လမြို့နဲ့ ဝေးနေသေးတယ်၊ ဒီမှာ ဘာအချက်ပြစရာမှ မရှိသင့်ဘူး မဟုတ်လား"
ခမ်နက်ဒ်က အပြုံးဖြင့် ဖိတ်ခေါ်သည့် အမူအရာ ပြလာ၏။
သံတမန်ဟာကာနင်လည်း ခလုတ်ကို သံသယရှိစွာ နှိပ်လိုက်ကာ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သတ္တုသေတ္တာထဲသို့ ပြောလိုက်သည် “ဟယ်လို? ဒါက ဥက္ကဌ ရှု။ ကျုပ် ဟာကာနင်ပါ ကြားရရဲ့လား"
ထိုသတ္တုသေတ္တာထံမှ လူငယ်တစ်ယောက်၏ ကြည်လင်တောက်ပသည့် ရယ်မောသံ ထွက်လာသည်။
"သံတမန်ဟာကာနင် မင်္ဂလာပါ၊ ကျုပ်ကရှုယီပါ။ စတက်တိန်းနယ်မြေကနေ ထပ်ပြီးကြိုဆိုပါတယ်။ ကျုပ်က ခင်ဗျားနဲ့ ဆာရ် ရူဆဲလ်ရဲ့ အဖွဲ့ကို Frestech ကုန်သည်ကြီးများအသင်း ကိုယ်စားပြုပြီးနွေးထွေးစွာ ကြိုဆိုပါတယ်ဗျာ။"
သံတမန်ဟာကာနင်သည် အနောက်ဘက်ရှိ ဆန်းသစ်လမြို့ကို လှမ်းကြည့်ရင်း မျက်လုံးထဲတွင် အနည်းငယ် အံ့သြဟန်ပေါ်လာသည်။
ဆန်းသစ်လမြို့သည် ဤနေရာမှ အနည်းဆုံး ကီလိုမီတာ သုံးဆယ်ကျော်ရှိသည်။ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းမှတီထွင်ထုတ်လုပ်ထားသော မှော်ဆက်သွယ်ရေးစက်များသည် မီတာလေးထောင်အကွာအဝေး၌သာ သုံးနိုင်သည်ပင်။
သူက ဘာလို့ ရှုယီနဲ့ စကားစမြည်ပြောလို့ရနိုင်တာလဲ။
ရှုယီက သူ့ကို အရင်က လိမ်ခဲ့တာ ဖြစ်နိုင်လား။ ဒါမှမဟုတ် ရှုယီက တကယ်တမ်း အနီးနားမှာရှိနေတာကို ခမ်နက်ဒ် က သူ့ကို လိမ်နေတာလား။
သံတမန်ဟာကာနင်၏အံ့အားသင့်မှုနှင့်နှိုင်းယှဉ်ပါက ရူဆဲလ် ၏အဖွဲ့သည် လုံးဝတုန်လှုပ်သွားခဲ့သည်ပင်။
ခမ်နက်ဒ် က ဤသာမန်ပုံသဏ္ဍာန်သေတ္တာကိုထုတ်ပြီး ရှုယီမှာ ဟာကာနင် နှင့်စကားပြောချင်သည်ဟုပြောသောအခါတွင် သံသယများဖြင့် ပြည့်နှက်သွားခဲ့မိသည်။ သို့သော် သတ္တုသေတ္တာထဲမှ ထွက်လာသည့် အသံကိုကြားရပြီး ဟာကာနင်နှင့် စကားပြောဆိုနေသည်ကို မြင်ပြီးနောက် ၎င်းတို့ သုံးဦးသည် မနေနိုင်စွာ မယုံကြည်နိုင်လောက်သည့် အသွင်အပြင်ကို ထုတ်ဖော်ပြလာကြ၏။
ဒီသတ္တုသေတ္တာက ဘာလဲ၊ ဒါက တကယ်ကို အံ့သြစရာကောင်းတယ်။
ဆာရ် ရူဆဲလ် သည် အနည်းငယ် စဉ်းစားပြီးနောက် သံတမန်ဟာကာနင်ထံသို့ လက်ကို လှမ်းလိုက်သည်။
သံတမန်ဟာကာနင်က သူ့ထံ မှော်ဆက်သွယ်ရေးစက်ကို ထည့်ပေးကာ စကားပြောပုံကို သင်ပြလာသည်။
ဆာရ် ရူဆဲလ် သည်လည်း မှော်ဆက်သွယ်ရေးစက်ကိုကြည့်ကာ ခေတ္တရပ်လိုက်ပြီးနောက် “ဟယ်လို၊ ဒါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ရှု လား။ ကျုပ်က ကန်ဒရာအင်ပါယာရဲ့ တော်ဝင်ရေတပ်က လက်ထောက်အကြီးအကဲပါ။ ကျုပ်တို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုပါ... ပထမဆုံး စကားပြောရတာ အရမ်းဝမ်းသာမိပါတယ်"
မှော်ဆက်သွယ်ရေးစက်ထံမှ တူညီသောအသံထွက်လာပြန်သည်။
"မင်္ဂလာပါ ဆရာရပ်ဆဲလ်၊ ကျုပ်က ရှုယီပါ။ ကျုပ်ရဲ့ဥက္ကဌရာထူးနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုပြီး ခင်ဗျားကို နွေးထွေးစွာ ကြိုဆိုပါတယ်။ ခင်ဗျားတို့နဲ့တွေ့ဖို့ စီအီးအို ခမ်နက်ဒ် ကို စေလွှတ်ထားပြီးသားပါ။ ကျေးဇူးပြုပြီး ဆန်းသစ်လမြို့ကို လိုက်ခဲ့ပေူပါ၊ ကျုပ် အရသာရှိတဲ့ အစားအသောက်တွေ ပြင်ဆင်ပြီးပြီ၊ ခင်ဗျားတို့နဲ့ အတူ နေ့လည်စာ စားဖို့ စောင့်နေပါတယ်”
ရူဆဲလ်က ခေါင်းညိတ်ပြီး "ကောင်းပြီ၊ ကျုပ် မကြာခင် ရောက်တော့မယ်"
"ကောင်းပါပြီ၊ ခင်ဗျားနဲ့ သံတမန်ဟာကာနင်ကို တွေ့ဖို့ ကျုပ်မျှော်လင့်ပါတယ်။"
ရှုယီ၏အသံထွက်လာပြီးနောက် မှော်ဆက်သွယ်ရေးစက်တွင် တိတ်ဆိတ်သွားခြင်းမပြုမီ အနီရောင်အလင်းတန်းတစ်ခုပေါ်လာသည်။
ရပ်ဆဲလ်က သူ့လက်ထဲက မှော်ဆက်သွယ်ရေးစက်ကို ကြည့်လိုက်ပြီးနောက် ခမ်နက်ဒ်ကို ပြန်ကြည့်လာသည်။ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် မှော်ဆက်သွယ်ရေးစက်ကို ပြန်ပေးလိုက်သည်။
သို့သော် ခမ်နက်ဒ် က ၎င်းကိုယူရန် လက်မလှမ်းလာဘဲ “ဆာ ရပ်ဆဲလ်၊ ဒီ မှော်ဆက်သွယ်ရေးစက်က ခင်ဗျားအတွက် ပထမဆုံး လက်ဆောင်လေးတစ်ခုပါ။
ဒီမှော်ဆက်သွယ်ရေးစက်နဲ့ အနီးနားမှာရှိရင် ဥက္ကဌနဲ့ အချိန်မရွေး စကားပြောလို့ရတယ်။ လာမည့်ရက်အနည်းငယ်အတွင်း ဒါက ခင်ဗျားအတွက် ပိုလွယ်ကူစေမယ်လို့ ကျုပ်ထင်တယ်။ အဲဒါကို ဘယ်လိုသုံးရမလဲဆိုတာနဲ့ ပတ်သက်ပြီး သံတမန်ဟာကာနင်ကို မေးလို့ရနိုင်ပါတယ်။”
"ဟုတ်လား?" ရူဆဲလ်လည်း အနည်းငယ် တုံ့ဆိုင်းသွားသော်ငြား ၎င်းကို မငြင်းဘဲမှော်ဆက်သွယ်ရေးစက်ကို ညာဘက်ရှိ သူ၏နောက်လိုက်ထံ ပစ်ပေးလိုက်သည်။
သံတမန်ဟာကာနင်သည် မှော်ဆက်သွယ်ရေးစက်ကို ဂရုတစိုက်ကိုင်ဆောင်ထားကာ စူးစမ်းလိုသည့်အကြည့်ဖြင့် ကြည့်နေသော နောက်လိုက်နှစ်ဦးအား စိတ်ထဲတွင် မရယ်မိဘဲ မနေနိုင်ပေ။
အိုင်း၊ ကန်ဒရာအင်ပါယာက ဒီတောသားနှစ်ယောက်ကတော့..
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၈၀။ စုံစမ်းစစ်ဆေးခြင်း
သာလွန်မှုက ဆန်းသစ်လမြို့လေးထဲသို့ ခမ်နက်ဒ် နှင့်လိုက်လာချိန်တွင် ထိပ်ဆုံးရောက်နေသည်။
ဆန်းသစ်လမြို့လေးရှိ ဆယ်မီတာကျော်သော အဆောက်အဦများကို မြင်သော် ရူဆဲလ်၏ နောက်လိုက်နှစ်ဦးမှာ အင်မတန်အံ့အားသင့်သွားလေသည်။
ဆန်းသစ်လမြို့ထဲ ဝင်ကာ ထိုနေရာရှိ တူညီသည့် အဆောက်အဦးများကို မြင်ပြီးနောက် ပို၍ပင် အံ့အားသင့်သွားကြ၏။
ခဏမျှ လမ်းလျှောက်လာပြီးနောက် လမ်းဆုံရှိ သုံးရောင်ခြယ်မီးပွိုင့်များကို မြင်သော် တစ်ဖန်အံ့အားသင့်ကြပြန်၏။
လမ်းမပေါ်၌ မောင်းနှင်နေသော မှော်ကားမျိုးစုံကို မြင်သောအခါ တုန်လှုပ်သွားကြသည်။
အတိုချုပ်ပြောရလျှင် ဆန်းသစ်လမြို့သို့ရောက်ကတည်းက သူတို့နှစ်ဦးမြင်တွေ့ခဲ့ရသမျှကို ထိတ်လန့်အံ့အားသင့်နေကြသည်။ ယင်းကြောင့် သံတမန်ဟာကာနင်သည် ၎င်းတို့အား စိတ်နှလုံးထဲတွင် ယခင်က တစ်ခါမျှ မမြင်ဖူးသော တောခွေးများအဖြစ် မထီမဲ့မြင် ပြုလာကာ မိမိက ၎င်းတို့ထက် သာလွန်သည်ဟု ခံစားခဲ့ရသည်။
သို့သော် သူသည်လည်း ကန်ဒရာအင်ပါယာမှဖြစ်သည်ကို မေ့သွားကာ ဤနေရာကို ပထမဆုံးအကြိမ် ရောက်စဉ်က သူလည်း ယခုနောက်လိုက်နှစ်ယောက်၏ အပြုအမူနှင့် ထပ်တူကျခဲ့ကြောင်း သတိမရတော့ပေ။
ရူဆဲလ်သည် အမြဲတမ်း တည်ငြိမ်သော အကြည့်ဖြင့် ကြည့်နေသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်လျှင် အံ့သြဖွယ်ရာမြင်ကွင်းများ ရှိနေသော်လည်း သူက အမြဲတမ်း ဂရုမစိုက်သလို ပြုမူနေသည်။
သို့သော် ခမ်နက်ဒ်က ဆန်းသစ်လမြို့လယ်က အမြင့်ဆုံး အဆောက်အဦးကို ခေါ်သွားကာ သံသားရဲလေးသဏ္ဍာန် သင်္ဘောတစ်စီးကို တွေ့လိုက်ရကာ ထိုသင်္ဘောရှေ့၌ ရပ်တန့်သွားသည့်နောက် ရူဆဲလ် ပင်လျှင် ထိတ်လန့်တုန်လှုပ်ဟန်ကို မနေနိုင်စွာ ထုတ်ဖော်ပြလာ၏။
"ဒါ....ဒါကဘာလဲ" ရူဆဲလ်သည် ခမ်နက်ဒ်ကိုမေးမြန်းရင်း ငွေရောင်တောက်ပြောင်နေသည့် ထူးဆန်းသောသတ္တုကို ညွှန်ပြလိုက်သည်။
“ဆာရ် ရပ်ဆဲလ်၊ ဒါက ကျွန်တော်တို့ လုပ်ငန်းစုရဲ့ အသစ်တီထွင်ထားတဲ့ မှော်လေသင်္ဘောပါ။ ဥက္ကဌက ထမင်းစားဖို့ အထူး ဖိတ်ခေါ်လိုက်ပါတယ်။ ကျေးဇူးပြုပြီး ဝင်ပါ။" ခမ်နက်ဒ်သည် မှော်လေသင်္ဘောပေါ်သို့ လျှောက်သွားကာ ဖိတ်ခေါ်သော အမူအရာဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ရူဆဲလ်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ကာ လမ်းလျှောက်သွားခဲ့သည်။
သံတမန်ဟာကာနင်နှင့် နောက်လိုက် နှစ်ယောက်စလုံး တုန်လှုပ်သွားသော်လည်း သူ့နောက်မှ အမြန်လိုက်သွားကြသည်။
အပြင်ဘက်ရှိ ဤ မှော်လေသင်္ဘောသည် ၎င်းတို့၏ မှော်ဆလွန်းထက် သုံးဆမျှသာပိုကြီးသည်ဟု ထင်ရသော်လည်း အတွင်းခန်းမှာ အလွန်ကြီးမားသည်။ သူတို့ငါးယောက် ဝင်သွားပြီးနောက်တွင်ပင် အလွန်ကျယ်ဝန်းနေသေး၏။
ရူဆဲလ် နှင့် အခြားသူများ ပတ်ပတ်လည်ကို မကြည့်နိုင်မီတွင် ၎င်းတို့အောက်၌ တုန်လှုပ်မှုတစ်ခု ခံစားရပြီးနောက် မှော်လေသင်္ဘော ကောင်းကင်သို့ ဖြည်းညှင်းစွာ ရွေ့လျားနေသည်။
ရူဆဲလ်၏ မျက်နှာသည် ထိတ်လန့်တုန်လှုပ်သွားပြန်သည်။
“သေးငယ်သော မှော်လေသင်္ဘော" ဟူသောအမည်ကို ကြားစဉ်က ဤအရာ၏အသုံးပြုမှုကို ခန့်မှန်းနိုင်သော်လည်း ကောင်းကင်သို့ အမှန်တကယ်သယ်ဆောင်သွားသည့်အခါတွင်မူ မအံ့ဩမိဘဲ မနေနိုင်တော့ပေ။
မတိုင်ခင်က နတ်သူငယ်များနှင့် ဒဏ္ဍာရီလာ သွေးနှောတွေသာ ကောင်းကင်၌ လူတွေကို သယ်ဆောင်လာနိုင်သည့် အရာ ရှိခဲ့သည်။ သွေးနှောများ ပျောက်ကွယ်သွားကာ နတ်သူငယ်များ ယိုယွင်းလာပြီးနောက်၊ ဤအရာများသည် ဒဏ္ဍာရီဆန်ဆန် ဖြစ်လာခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းက ဒီလို မှော်စက်မျိုးကို ဖန်တီးနိုင်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ထို့အပြင်၊ သူ၏အတွေ့အကြုံအရ၊ ဤ မှော်လေသင်္ဘော၏ ပျံသန်းမှုမှာ အလွန်တည်ငြိမ်ကြောင်းပြောပြနိုင်သည်၊ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ နည်းပညာသည် ဤအပိုင်း၌ အလွန်ရင့်ကျက်သည်ကိုတွေ့မြင်နိုင်သည်။
သူ့ပန်းတိုင်ကို တွေးတောရင်း ရူဆဲလ်မှာ စိတ်ထဲတွင် တွက်ချက်မှုများ စတင်ခဲ့သည်။
"ရှုယီကိုတွေ့ရင် နည်းနည်းလောက် ဆွေးနွေးသင့်တယ်"
သေးငယ်သော မှော်လေသင်္ဘောသည် ရူဆဲလ် ကို စဉ်းစားရန် အချိန်များစွာ မပေးခဲ့ပါချေ။ မိနစ်ဝက်အတွင်းမှာပင် ရူဆဲလ်၏အဖွဲ့ဟာ မှော်လေသင်္ဘောလေး လေထဲ၌ရပ်သွားပြီးနောက်၊ နောက်ထပ်တုန်လှုပ်မှုကို ခံစားလိုက်ရပါ၏။ ၎င်းက အထပ်မြင့် အဆောက်အအုံကြီးဆီသို့ ရွေ့လျားလာပြီး အနည်းငယ်သက်ဆင်းကာ ရပ်တန့်သွားသည်။
တံခါးမှာ ဖြည်းညှင်းစွာပွင့်လာပြီး ခမ်နက်ဒ် က ဖိတ်ခေါ်သည့် အမူအရာ ပြလာသည်။
ရူဆဲလ်သည် သူ့ကိုယ်သူ တည်ငြိမ်စေကာ ဦးဆောင်လာခဲ့၏။
"ဆာရ်ရူဆဲလ်၊ ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်။"
ပွင့်ပွင့်လင်းလင်း ရယ်မောသံ ထွက်ပေါ်လာသည်။ ဤအသံသည် မှော်ဆက်သွယ်ရေးစက်တွင် သူကြားခဲ့သည့် အသံနှင့် တူညီကြောင်း ရပ်ဆဲလ် ပြောနိုင်သည်။
မော့ကြည့်လိုက်သော် ရှေ့၌ နူးညံ့သည့်အပြုံးနှင့် ဘယ်လိုကြည့်ကြည့် အသက်သုံးဆယ်လောက်သာရှိသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။
ရူဆဲလ်က သူ့လက်ကို ကမ်း၍ ခေါင်းညိတ်ကာ "ဥက္ကဌ ရှု၊ ခင်ဗျားနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရတာ တကယ့်ကို ဂုဏ်ယူစရာပါ"
ရှုယီကလည်း “ဆာရ်ရူဆဲလ်ရဲ့ စကားတွေက ချဲ့ကားလွန်းနေပါပြီဗျာ။ ကန်ဒရာအင်ပါယာရဲ့ အရှင် သခင်ကပ္ပတိန်တစ်ဦးကိုတွေ့ပြီး အတူနေ့လည်စာစားခွင့်ရတာက ကျုပ်ရဲ့ ဂုဏ်ယူစရာပါ"
သံတမန်ဟာကာနင်နှင့် နောက်လိုက်များသည်လည်း ခမ်နက်ဒ် နှင့်အတူ လိုက်ပါလာကြသည်။
သံတမန်ဟာကာနင်သည် ရှုယီကို နွေးထွေးစွာ ပွေ့ဖက်ရန် စီစဉ်ထားသော်လည်း ရူဆဲလ် ကိုကြည့်ပြီးနောက် ထိုအကြံကို စွန့်လွှတ်ခဲ့သည်။
ရှုယီနှင့် ဤလူများ အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် ၎င်းတို့ကို ထိုင်ဖို့ ဖိတ်ခေါ်ပြီး နေ့လည်စာ စားရန် ပြင်ဆင်လိုက်သည်။
ရှုယီ ရွေးထားသည့်နေရာက အင်မတန်ထူးခြား၏။ ၎င်းသည် ဆန်းသစ်လမြို့၏ အမ်ရစ် စားသောက်ဆိုင်ရှိ အထပ်အမြင့်ဆုံး၌ဖွင့်ထားသော နေရာဖြစ်သည်။ ဖန်
သားပြင်ကနေတစ်ဆင့် သူတို့ပတ်ဝန်းကျင်က ကောင်းကင်ကြီးကို မြင်နိုင်သလို မြေပြင်ပေါ်က လူတွေတောင် အနက်ရောင်အစက်လေးတွေ ဖြစ်သွားပြီး ရှင်းရှင်းလင်းလင်း မမြင်ရပါချေ။
သံတမန်ဟာကာနင်၊ နောက်လိုက် နှစ်ယောက် ဒါမှမဟုတ် ရူဆဲလ် ဖြစ်စေ၊ ဤသည်က ဒီလို မြင့်မားသည့် နေရာ၌ ပထမဆုံး စားသောက်မှုပါပင်။ ၎င်းတို့မှာ မနေနိုင်စွာ ဘေးပတ်လည်သို့ လျှောက်ကြည့်မိကြသည်။
"ဥက္ကဌ ရှု၊ ဒီမြင့်လောက်မြင့်တဲ့ အဆောက်အဦကို ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဘယ်လိုများတည်ဆောက်ခဲ့တာလဲ။" ရူဆဲလ်က မနေနိုင်ဘဲ မေးလာသည်။
"မဟုတ်ပါဘူး၊ ဒီအဆောက်အအုံကို ကျုပ်တို့လုပ်ငန်းစုက တည်ဆောက်ခဲ့တာမဟုတ်ဘူး။" ရှုယီက ပြုံးကာ ခေါင်းခါလိုက်သည်။
ရူဆဲလ် က အံ့အားသင့်သွားပြီး "ဒါကို ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက တည်ဆောက်ခဲ့တာ မဟုတ်ဘူးလား။ တခြားဘယ်လုပ်ငန်းစုမှာ ဒီလိုထူးခြားတဲ့ အရည်အချင်းရှိလို့လဲ”
ရူဆဲလ်က ၎င်းအား "စွမ်းရည်" အဖြစ် ဖော်ပြသောအခါ ရှုယီမှာ မပြုံးနိုင်ဘဲ မနေနိုင်တော့ပေ။
“ဒီစားသောက်ဆိုင်နာမည်က အမ်ရစ်စားသောက်ဆိုင် ဆိုတော့ အမ်ရစ်ကုန်သည်ကြီးများအသင်းက ဆောက်ခဲ့တာတော့ သေချာပါတယ်။ ပြီးတော့၊ ဒီစားသောက်ဆိုင်တင်မကဘဲ ဆန်းသစ်လမြို့မှာရှိတဲ့ တခြား အထပ်မြင့် အဆောက်အအုံအားလုံးကို အမ်ရစ်ကုန်သည်ကြီးများအသင်းက ဆောက်လုပ်ခဲ့တာပါ။ ဒီ ဆန်းသစ်လမြို့တစ်ခုလုံးဆိုတာ အမ်ရစ်ကုန်သည်ကြီးများလက်က လာတယ်လို့တောင် ပြောလို့ရတယ်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ငွေကြေးရင်းနှီးမြှုပ်နှံဖို့ပဲ တာဝန်ယူထားတာလို့ ပြောလို့ရတယ်။"
"အမ်ရစ်ကုန်သည်ကြီးများအသင်း?" ရူဆဲလ် မျက်လုံးများကို မှိတ်ကာ ခေတ္တရပ်ပြီး တွေးဆဆအသံဖြင့် ပြောလာသည် ။ “မှတ်မိသလောက်ဆိုရင်တော့ လမ်းတွေခင်းဖို့ မနှစ်က ကျုပ်တို့အင်ပါယာကို လာလည်တဲ့သူတွေက အမ်ရစ်ကုန်သည်ကြီးများအသင်းကပဲ မဟုတ်လား။”
“မှန်တယ်၊ အဲဒါ သူတို့ပါပဲ။” ရှုယီက ခေါင်းညိတ်လိုက်သည်။
"ဒီလိုကိုး......" ရူဆဲလ် က ခေါင်းငြိမ့်ပြီးနောက်ညနှုတ်ဆိတ်သွားသည်။
လေထုက အနည်းငယ် အဆင်မပြေဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သံတမန်ဟာကာနင်က ရူဆဲလ် အား ချောင်းဟန့်ကာ ပြောလိုက်သည်၊ “ဆာရ်ရူဆဲလ် ၊ ကျုပ်တို့ ဒီကိုလာတုန်းက ရူဒ်ဆန်တိုင်းပြည်ကနေစပြီး တလျှောက်လုံး အများသူငါလမ်းတွေရှိတယ်။ ဒီလမ်းတွေက ကျုပ်တို့အင်ပါယာရဲ့ ဖုန်နဲ့ကျောက်လမ်းတွေထက် ပိုကောင်းတယ်လို့ ထင်လား။"
ရူဆဲလ်က သူ့ကိုကြည့်ကာ အေးအေးဆေးဆေးဖြင့် “ဒါကို ကျုပ်မြင်နိုင်တယ်” ဟုဆိုသည်။ စကားအနည်းငယ်ပြောပြီးနောက် သူ နှုတ်ဆိတ်သွားကာ ရှုယီဘက်သို့ လှည့်လာသည် ။ “ဥက္ကဌ ရှု၊ အမ်ရစ်ကုန်သည်ကြီးများအသင်းက အတော်လေး အားကောင်းပုံရတယ်၊ ဒါကို သူတို့အကြောင်း အရင်က ကျုပ်ဘာလို့ မကြားဖူးတာလဲ။"
ရှုယီက ဆိုသည် “လွန်ခဲ့တဲ့နှစ်အနည်းငယ်က အမ်ရစ်ကုန်သည်ကြီးများအသင်းဆိုတာ ကျုပ်တို့ရဲ့ လမ်ပူရီတိုင်းပြည်မှာရှိတဲ့ လုပ်ငန်းစုသေးသေးလေးပါ။ ခင်ဗျားသူတို့အကြောင်း တစ်ခါမှ မကြားဖူးတာ ပုံမှန်ပါပဲ။"
"သူတို့က ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းလိုပဲလား။" ရူဆဲလ်က ထိုသို့မေးရင်း ရှုယီကို ချက်ချင်းကြည့်လာသည်။
ရှုယီက ခပ်ဖျော့ဖျော့ ပြုံးကာ ခေါင်းညိတ်လိုက်၏၊ "ဟုတ်ပါတယ်"
ရူဆဲလ်၏ ညာလက်က စားပွဲကို နှစ်ကြိမ်ခန့်ခေါက်လိုက်ပြီးနောက် လေးလေးနက်နက် အကြည့်ဖြင့် ပြောလာသည်၊ "ဥက္ကဌ ရှု၊ ဒီကိုလာရတဲ့ ကျုပ်ရဲ့ ရည်ရွယ်ချက်ကို နားလည်လောက်မယ်ထင်တယ်"
ရှုယီရူဆဲလ် ကိုကြည့်၍ ဓားနှင့် ခက်ရင်းကို ချလိုက်သည်။ ခေါင်းညိတ်ပြရင်း အေးဆေးတည်ငြိမ်သော ဟန်ဖြင့် ပြောလာ၏၊ “ကျုပ်ရဲ့ ခန့်မှန်းချက်က မမှားဘူးဆိုရင်တော့ ဆာရ် ရူဆဲလ် အနေနဲ့ ကျုပ်တို့ လုပ်ငန်းစုရဲ့ အစောင့်တပ်သားတွေနဲ့ ခင်ဗျားတို့တိုင်းပြည်ရဲ့ တတိယရေတပ်ကြား နားလည်မှုလွဲမှားမှုကြောင့် ဒီနေရာမှာ ရှိနေတာ ဖြစ်လောက်ပါတယ်”
"ဒီလိုပြောလို့ရတယ်၊ ဒါပေမယ့် လုံးဝမှန်တာတော့မဟုတ်ဘူး။" ရူဆဲလ်သည် ရုတ်တရက် ရှုယီကို ကြည့်လာပြီးနောက် မျက်နှာပျက်သွားသည်၊ "ဥက္ကဌ ရှု၊ ခင်ဗျုးတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တပ်သားတွေက ကျုပ်တို့တိုင်းပြည် သင်္ဘောစုတွေရဲပ သတိပေးချက်တွေကို တကယ် လျစ်လျူရှုခဲ့တယ်။ ထွက်ပြေးသွားချိန်မှာတောင် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ ဒါက ကျုပ်တို့တိုင်းပြည် ရေတပ်နဲ့ ကျုပ်တို့တိုင်းပြည်အတွက် ထင်ထင်ရှားရှား နှောင့်ယှက်မှုတစ်ခုပဲ။ ဒါကို ရှင်းပြဖို့ နည်းလမ်းရှိလား"
ရှုယီက ပခုံးတွန့်ကာ အေးအေးဆေးဆေး ဟန်ဖြင့် ဆိုသည် "အရှင် ရူဆဲလ်၊ ခင်ဗျား ခုနက ပြောခဲ့တာက နားလည်မှုလွဲနေတာပဲ။ ကျုပ်တို့ လုပ်ငန်းစုက ခင်ဗျားတို့ တော်ဝင်ရေတပ်ကို နှိုးဆွဖို့ရော ကန်ဒရာအင်ပါယာကို စော်ကားဖို့ရော စိတ်ကူးမရှိပါဘူး။
"ဒါဆို ခင်ဗျားတို့က ဘာလို့ထွက်ပြေးရုံ မထွက်ပြေးတာလဲ။ ထွက်ပြေးရင်းနဲ့ တော်ဝင်ရေတပ်ကိုတောင် တိုက်ခိုက်ခဲ့တာလေ။"ရူဆဲလ်က တည်ငြိမ်သော ဟန်ဖြင့် မေးသည်။
ရှုယီက ခေါင်းခါလိုက်ကာ "ဒါကြောင့် ဒါက နားလည်မှုလွဲနေတာပါ။ တော်ဝင်ရေတပ်နဲ့ ထိပ်တိုက်မဆုံချင်တာကြောင့် ပြေးဖို့ရွေးချယ်ခဲ့တာပါ။ တိုက်ခိုက်မှုကလည်း တော်ဝင်ရေတပ်က မလိုက်လာအောင်ပါ၊၏ တကယ်တိုက်ခိုက်တာမဟုတ်ပါဘူး။ နောက်တစ်ခုက..... တိုက်ခိုက်ခံရတဲ့ လှေတစ်စင်းမှ မရှိဘူး မဟုတ်လား"
ရူဆဲလ်က မျက်မှောင်ကုပ်လိုက်၏။ တတိယရေတပ်မှ ထွက်လာသော အစီရင်ခံစာကို စဉ်းစားရင်း အေးစက်စက် နှာမှုတ်လိုက်ပါ၏။
ရှုယီက အပြောကောင်းသည်၊ သို့သော် တကယ်တမ်း အင်ပါယာ၏ တတိယမြောက် ရေတပ်က Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်သားတွေကို လုံးဝ ဖမ်းလို့မရပါပေ။ တတ်နိုင်ရင်တောင်မှ သူတို့နောက် မလိုက်ရဲကြချေ။
Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုတွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တတိယရေတပ်၏ ကပ္ပတိန် ကန်ဒေါရ်၏ အစီရင်ခံစာအရ ၎င်းတို့သာ လိုက်ရန်ရွေးချယ်ခဲ့လျှင် ရေတပ်တစ်ခုလုံး ပျက်စီးသွားနိုင်သည်။
ဤအစီရင်ခံစာသည် တော်ဝင်စစ်တပ်ဘက်တွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။
ကန်ဒေါရ်၏စကားကိုမည်သူမျှမယုံကြဘဲ၊ ကန်ဒေါရ် သည် Frestech ကုန်သည်ကြီးများအသင်း၏အစောင့်တပ်ဖွဲ့၏စွမ်းရည်များကိုချဲ့ကားခြင်းဖြင့် မိမိအမှားကိုဖုံးကွယ်ရန်ကြိုးစားနေသည်ဟုလူတိုင်းထင်ကြသည်။
အဘယ်ကြောင့်ဆိုသော် တတိယရေတပ်သည် လုပ်ငန်းစုတစ်ခု၏အစောင့်သင်္ဘောစု၏ သင်္ဘောအနည်းငယ်မျှဖြင့် လုံး၀ပျက်ဆီးသွားလိမ့်မည်ဟု မည်သူမျှမယုံကြည်သောကြောင့်ဖြစ်သည်။
ကန်ဒေါရ်သည် ဤကိစ္စနှင့် အစီရင်ခံစာကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ယင်းကိစ္စသည် တော်ဝင်ရေတပ်၏ ပုံရိပ်ကို ထိခိုက်စေနိုင်သောကြောင့် ယင်းကိစ္စအား စစ်ဌာနချုပ်မှ ချိတ်ပိတ်ခဲ့သည်။
နှစ်သစ်ကူးအတွင်း ရူဆဲလ်သည် ကန်ဒေါရ်နှင့် တွေ့ဆုံပြီး ၎င်းအကြောင်းကို ကြားသိရခြင်းအတွက် မဟုတ်ပါက၊ ဤကိစ္စကို တိုက်ရိုက် ဖယ်ရှားခံရမည်ဖြစ်သည်။
ယင်းနောက်ပိုင်းတွင် သံတမန်ဟာကာနင်သည် လူသိမများသော Frestech ကုန်သည်ကြီးများအသင်းနှင့် အဆက်အသွယ်အချို့ရှိကြောင်း ရူဆဲလ် ကြားသိခဲ့ရသည်။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းတွင် စုံစမ်းစစ်ဆေးရန် သူ့ကို ခေါ်ဆောင်လာခဲ့သည်။
ရူဆဲလ် က ထိုကိစ္စကို မေးသည့်တဲ့အခါ ကန်ဒေါရ် မှာ မူးနေခဲ့သဖြင့် လိမ်ဖို့ လုံးဝ အခွင့်အရေး မရှိပါချေ။
Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်စုသည် ၎င်းတို့ လုံး၀ မတိုက်ခိုက်နိုင်သည့်အထိ အစွမ်းထက်သည်ဟု ရူဆဲလ် က မယုံလျှင်ပင် သူသိချင်သေးသည် ။
ရူဆဲလ်သည် ဤကိစ္စနှင့်ပတ်သက်၍ သံသယများစွာရှိခဲ့သော်လည်း စတက်တိန်းနယ်မြေသို့ရောက်ရှိပြီး ထူးဆန်းသောအရာအားလုံးကို မြင်ပြီးနောက်တွင် သူ၏စိတ်ထဲတွင် သံသယများ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။
အသေးစားမှော်လေသင်္ဘောကိုစီးစဉ်က သူ့စိတ်ထဲ၌ ခိုင်လုံမှုအနည်းငယ်ရှိလာ၏။
ဤ Frestech ကုန်သည်ကြီးများအသင်းမှာ လူများစိတ်ကူးမယဉ်နိုင်သောအထူးနေရာတစ်ခုဖြစ်နိုင်သည်။
ကန်ဒေါရ်မှ 'ရိုးရှင်းစွာ တခြားစကားလုံး'ဖြင့်ဖော်ပြထားသော သင်္ဘောစုက အမှန်တကယ်တည်ရှိနိုင်သည်။
***