← Chapters

အခန်း (၈၁-၉၀)

Vol. 5 Ch. 81-90

အခန်း (၈၁-၉၀)

Vol. 5 Ch. 81-90

Vol 5, အခန်း ၈၁။ မင်းရဲ့နာမည်နဲ့ လမ်းတစ်လမ်းတည်ဆောက်ပါ

ရှုယီမှာ အနည်းငယ် စိတ်ပျက်သွားသည်။

သံတမန်ဟာကာနင်ထံမှ တော်ဝင်စစ်တပ်မှာ Frestech ကုန်သည်ကြီးများအသင်းကို စစ်ဆေးရန် စတက်တိန်းနယ်မြေသို့ တစ်ယောက်ယောက်လွှတ်လိုက်မည်ဖြစ်ကြောင်း သိချိန်တွင် ရှုယီ အင်မတန် စိတ်လှုပ်ရှားနေခဲ့သည်။ သူဟာ သူ၏ ယခင် အားစိုက်ထုတ်မှုများက အောင်မြက်ပြီး ကန်ဒရာအင်ပါယာက Frestech ကုန်သည်ကြီးများအသင်းကို သတိထားမိလာပြီဟု ထင်လိုက်မိ၏။

ထို့အပြင်၊ သံအမတ်ကြီး ဟာကာနင်နှင့်အတူ ပါလာသော ဆာရပ်စယ်လ်သည် တော်ဝင်ရေတပ်၏ ဒုဦးစီးချုပ်ဖြစ်သည်။ သူ့ရာထူး ဒါမှမဟုတ် အစိုးရရှိ သူ့အခန်းကဏ္ဍပဲ ဖြစ်ဖြစ်၊ အားလုံးက ရှုယီနှင့် လိုက်ဖက်သည်။ ဤလူအား ကန်ဒရာအင်ပါယာ၏ဆန္ဒကိုကိုယ်စားပြုရန် စေလွှတ်လိုက်သည်ဟု ရှုယီထင်မိသည်။

သိပ်မြင့်တာမဟုတ်ပေ‌မယ့်လည်း သူတို့ကို နှိမ့်ချတာ‌တော့ မဟုတ်ပေ။

ရူဆဲလ်ကိုတွေ့ဆုံခြင်းဖြင့် ကန်ဒရာအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းကို ပိုမိုအာရုံစိုက်လာနိုင်မည်ဟု ရှုယီတွေးခဲ့သည်။ သူသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ကန်ဒရာအင်ပါယာ အကြား ပူးပေါင်းဆောင်ရွက်မှုအတွက် ပြတင်းပေါက်ကို ဖွင့်ပေးနိုင်ပြီး ၎င်းတို့အား ကန်ဒရာအင်ပါယာ၏ ဧရာမစျေးကွက်သို့ ဝင်ရောက်နိုင်စေမည်ဖြစ်သည်။

သို့သော် ရူဆဲလ်နှင့် ခဏတွေ့ဆုံပြီးနောက်၊ ရှုယီမှာ သူ့အတွေးသည် ရိုးရှင်းလွန်းသည်ဟု ထင်မိသည်။

ဤအရှင် ရူဆဲလ် သည် ကန်ဒရာအင်ပါယာ တော်ဝင်ရေတပ်၏အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးဖြစ်သော်လည်း၊ သူ၏ယခုအကြိမ်ခရီးစဉ်သည် ကန်ဒရာအင်ပါယာအတွက် တရားဝင်ခရီးစဉ်မဟုတ်ပေ။ သူက ကန်ဒရာအင်ပါယာရဲ့ တော်ဝင်စစ်တပ်ကိုတောင် ကိုယ်စားမပြုနိုင်ပါချေ။ ယင်းအစား သူသည် သီးသန့်လာခဲ့ခြင်းသာဖြစ်၏။

ရူဆဲလ်၏ အကြံဉာဏ်များ အရ၊ ဤတစ်ခေါက် စတက်တိန်းနယ်မြေသို့ သူ၏ ခရီးစဉ်သည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်သားများအား ကြည့်ရှုရန် သက်သက်သာ ဖြစ်ပြီး၊ သူ့တွင် အခြား ရည်မှန်းချက်များ မရှိပါချေ။

ရှုယီသည် ဤအရာအတွက် အလွန်စိတ်ပျက်မိသည်မှာ သဘာဝအတိုင်းပင်ဖြစ်သော်လည်း တွေးကြည့်လျှင် အလွန်သာမန်ကိစ္စဖြစ်သည်။

ကန်ဒရာအင်ပါယာသည် နယ်မြေကြီးရှိ အင်ပါယာနှစ်ခုထဲမှ တစ်ခုဖြစ်သည်။ လမ်ပူရီတိုင်းပြည်နှင့် ရူဒ်ဆန်တိုင်းပြည်တို့ ကဲ့သို့သော နိုင်ငံငယ်များ၌ပင်လျှင် လုပ်ငန်းစုငယ်လေးတစ်ခုအား အရေးအရာယူခြင်းမပြုဘဲ ၎င်းတို့၏မျက်လုံးထဲတွင် မည်သည့်တန်ဖိုးမှမရှိပေ။

Frestech ကုန်သည်ကြီးများအသင်းသည် ရူဆဲလ်၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးနိုင်ခြင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်သားများနှင့် တွေ့ဆုံမှုမှ ထူးဆန်းသည့်အပိုင်းများကြောင့် ဖြစ်သည်။

ဒါကို သူ မသိချင်ဘူးဆိုပါက ရူဆဲလ်မှာလာဖို့ စိတ်ကူးတောင် ရှိမည် မဟုတ်ပေ။ ထိုကိစ္စကို စစ်ဌာနချုပ်က ဖယ်ရှားက ဘယ်တုန်းကမှ မဖြစ်ခဲ့သလို သတ်မှတ်ထားခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းသည် ပတ်ဝန်းကျင်နိုင်ငံများတွင် သြဇာကြီးမားကြောင်း ရှုယှ ရှင်းရှင်းလင်းလင်းသိသော်လည်း ကန်ဒရာအင်ပါယာက ၎င်းတို့အား မျက်လုံးထဲတွင် မထည့်ထားသောကြောင့် ရူဆဲလ်၏အမြင်က ၎င်းတို့ကို တွန်းလှန်နိုင်မည်မဟုတ်ပါချေ။

ဒါပေမယ့် ဒီကိစ္စက ပြဿနာတစ်ခုကို ပြခဲ့သည်။

ကန်ဒရာအင်ပါယာက ထိုကိစ္စကို ဂရုမစိုက်တဲ့အတွက် သတိထားမှု ပျောက်ဆုံးသွားတာကို တွေ့မြင်ရပါ၏။

မဟုတ်ပါက၊ ရှုယီ၏ ညွှန်ကြားချက်အောက်မှ ပြသခဲ့သော Frestech ကုန်သည်ကြီးများအသင်းမှ အစောင့်တပ်သားများ၏ အထူးစွမ်းဆောင်မှုကို ကန်ဒရာအင်ပါယာ၏ တော်ဝင်စစ်တပ်က လျစ်လျူရှုမည်ဖြစ်သည်။

ရူဆဲလ် သာ ဒီကိစ္စကို မသိချင်ဘူးဆိုပါလျှင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်သားတွေမှာ မျက်မမြင်တစ်ယောက်ကို မျက်လုံးမှိတ်ပြသလိုသာ ဖြစ်‌နေမည်ကို အချက်အလက်တွေက ပြသနေပါ၏။

ဤပြဿနာများမှတဆင့် ရှုယီ၏ စိတ်ထဲမှ စိတ်ပျက်မှုက အားလျော့သွားသည် ။ သူသည် သူ၏ယခင်အစီအစဉ်ကိုလိုက်နာပြီး ရပ်ဆဲလ်အတွက် ပါတီကို နွေးထွေးစွာဆင်နွှဲခဲ့သည်။

ရူဆဲလ် သည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုကို စိတ်ဝင်စားသောကြောင့် ရှုယီက အစောင့်တပ်၏ သရုပ်ပြမှုကို ပြခဲ့သည်။

ရူဆဲလ် နှင့် သူ့လက်အောက်ငယ်သားနှစ်ယောက်က သံအတိသွန်းထားသည့် ဧရာမ မှော်သင်္ဘောကြီးကို တွေ့လိုက်ရချိန်တွင် သူတို့မျက်နှာထက် ထိတ်လန့်သွားခြင်းက ဟန်ဆောင်၍ ရသော အရာမဟုတ်တာ သေချာပါသည်။

သို့သော် ဤမြင်ကွင်းကြောင့် သူတို့မည်မျှထိတ်လန့်နေပါစေ၊ စစ်ဆေးပြီးနောက် သုံးရက်အကြာတွင် ၎င်းတို့သည် စတက်တိန်းနယ်မြေမှ ထွက်ခွာသွားသောအခါ ရပ်ဆဲလ်သည် တချိန်လုံး နှုတ်ဆိတ်နေပြီး မည်သည့်တုံ့ပြန်မှုကိုမျှ မပေးပေ။

သို့သော် ရှုယီသည် ဤရက်အနည်းငယ်အကြာတွင် ထိုလူ့ စိတ်ထဲ၌ အကြံတစ်ခုရသွားမည်ကို သေချာပါ၏။

ဘာမှ မထားခဲ့သလို ဘာမှမယူသွားသည့် ရူဆဲလ်နှင့် သူ့လက်ထောက်နှစ်ယောက်နှင့် နှိုင်းယှဥ်လိုက်လျှင် သံတမန်ဟာကာနင်မှာ ယခုအကြိမ် ခရီးစဉ်တွင်လည်း သူ့အား စိတ်ကျေနပ်စေသည့် တူညီသော အကျိုးခံစားခွင့်များကို ရရှိခဲ့ပါသည်။

ရှုယီနှင့် သူ၏ ပုဂ္ဂလိက သဘောတူညီချက်အရ Frestech ကုန်သည်ကြီးများအသင်းက သူ့ကို ပေါက်ဈေး၏ 90% ဖြင့် ရွှေဒင်္ဂါးသုံးသိန်းဖြင့် အိမ်သုံးမှော်စက်အမျိုးမျိုးကို ရောင်းချခဲ့သည်။

ရှုယီသိသလောက် ဤအိမ်သုံးမှော်စက်များအား ဝင်ဘဲလ်ဒန်မြို့တော်တွင် စျေးနှုန်းနှစ်ဆဖြင့်ရောင်းချခံရပြီး ဝယ်လိုအားနည်းပါးနေသည်။

သံတမန် ဟာကာနင်သည် ၎င်းတို့အား ဝင်ဘဲလ်ဒန်မြို့တော်သို့ ပြန်လည်ပို့ဆောင်ပေးသည့် သယ်ယူပို့ဆောင်ရေးစရိတ်များကို ပေးခဲ့ရလျှင်ပင်၊ ဒီအိမ်သုံး မှော်စက်တွေအားလုံးကို ရောင်းထုတ်နိုင်ပါက ရွှေဒင်္ဂါးတစ်သိန်းငါးသောင်းလောက် ဝင်ငွေအများကြီးရလိမ့်မည်။

ယမန်နှစ်အစတွင် သူသည် ရှုယီနှင့်တွေ့ဆုံပြီးနောက် တစ်နှစ်တည်းတွင်ပင် သံတမန်ဟာကာနင်သည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရာမှ ရွှေဒင်္ဂါးလေးသိန်းကျော် ရရှိခဲ့သည်။

၎င်းမတိုင်မီက ရူဒ်ဆန်တိုင်းပြည်နှင့် ကန်ဒရာအင်ပါယာတွင် သူမည်မျှပင် လောဘကြီးနေပါစေ၊ သူသည် တစ်နှစ်လျှင် ရွှေဒင်္ဂါးထောင်ပေါင်းများစွာသာ ရရှိနိုင်သည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းပြီးနောက်တွင်မူ သူဟာ ဆယ်ဆနီးပါး ရရှိခဲ့သည်။ ရှုယီနှင့်တွေ့စဉ်က သူကြုံတွေ့ခဲ့ရတဲ့ ပဋိပက္ခကို မေ့သွားခဲ့ပြီး ရှုယီနောက်ကိုလိုက်ကာ အကောင်းဆုံးလုပ်ဖော်ကိုင်ဖက်အဖြစ်တောင် မှတ်ယူသွားသည်မှာ အံ့သြစရာတော့ မဟုတ်ပါပေ။

ရှုယီပေးခဲ့သော အကြံဉာဏ်များသည် သူ့အတွက် ကြီးမားသော အကျိုးအမြတ်များ ရရှိစေမည်ဟု သူယုံကြည်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူ ထွက်ခွာမသွားမီ ရှုယီ နှင့် သီးသန့်စကားပြောသောအခါတွင် သူတို့ဆွေးနွေးသည့်ကိစ္စမှာ အံ့အားသင့်သွားကာ မျက်လုံးများကို ပြူးကျယ်စေခဲ့သည်။

"ခင်ဗျားက ကျုပ်ကို အင်ပါယာမှာရှိတဲ့ လမ်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံစေချင်တာလား" သံတမန်ဟာကာနင်က ရှုယီကို မယုံကြည်နိုင်စွာ ကြည့်ပြီး ဆိုလာ၏ " ဥက္ကဌ ရှု ကျုပ်ကို နောက်နေတာလား"

"မဟုတ်ဘူး၊ နောက်နေတာမဟုတ်ပါဘူး" ရှုယီခေါင်းယမ်းလိုက်သည်။

"နောက်နေတာမဟုတ်ဘူး? မဟုတ်ဘူးဆိုရင်ဆောင်...... နောက်နေတာလို့ ကျုပ်ထင်နေတုန်းပဲ။ လမ်းဆောက်ဖို့ ငွေဘယ်လောက်ကုန်ကျတယ်ဆိုတာ ခင်ဗျားသိလောက်ပါတယ်၊ ကျုပ်မှာ ပိုက်ဆံက သိပ်မရှိဘူး။ ပြီးတော့ ကျုပ်အတွက်လည်း ဘာအကျိုးကျေးဇူးမှ မရှိဘူး" သံတမန်ဟာကာနင်က ခေါင်းယမ်းသည်။

ရှုယီက ပြုံးကာ လက်ဝှေ့ယမ်းလိုက်ပြီး "ခင်ဗျားနားလည်မှု လွဲနေပြီ၊ ဒီလမ်းအတွက် ကျုပ်ခင်ဗျားကို ပိုက်ဆံမပေးမှာ မဟုတ်ပါဘူး။ ဒီလမ်းအတွက် ကုန်ကျစရိတ်အားလုံးကို Frestech ကုန်သည်ကြီးများအသင်းကပဲ ဆောင်ရွက်ပေးမှာပါ။”

"မဟုတ်ပါဘူး?" သံတမန်ဟာကာနင်က ရှုယီကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်ကာ "ဥက္ကဌ ရှု၊ ဘာလို့ ဒီလိုလုပ်တာလဲ။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ကျုပ်တို့ ကန်ဒရာအင်ပါယာမှာ လမ်းတစ်ခုဖောက်ဖို့ ငွေကိုရင်းနှီးမြုပ်နှံထားရင်၊ ခင်ဗျားအတွက် ဘာအကျိုးကျေးဇူးများရမှာမို့လဲ။"

“ဟုတ်ပါတယ် အကျိုးကျေးဇူးတွေ ရှိတယ်၊ ဒါပေမယ့် အဲဒါတွေကို အခု မမြင်နိုင်သေးဘူး။” ရှုယီက ပြောသည်"ဒါပေမယ့် သံတမန်ဟာကာနင် အတွက်တော့ ရှင်းရှင်းလင်းလင်း အကျိုးကျေးဇူးတွေ ရှိပါတယ်"

သံတမန်ဟာကာနင်က ပိုလို့တောင် ဇဝေဇဝါဖြစ်သွားကာ “ကျုပ်အတွက် ဘာအကျိုးကျေးဇူးတွေရှိလို့လဲ”

"မြေပုံကိုကြည့်လိုက်ပါ။" ရှုယီက နံရံပေါ်ရှိ မြေပုံဆီသို့ လှည့်ကာ စတက်တိန်း နယ်မြေ နှင့် ကန်ဒရာအင်ပါယာကြားတွင် မျဉ်းဆွဲရန် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ “သံတမန်ဟာကာနင် ၊ ဒီအိမ်သုံး မှော်စက်တွေကို ဝင်ဘဲလ်ဒန် မြို့တော်ကို ပြန်သယ်တဲ့အခါ ပို့ဆောင်ခ ဘယ်လောက်ကျသင့်လဲ ”

“သေတော့ မသေချာဘူး။” သံတမန်က ခေါင်းယမ်းကာ “အကြီးစား သယ်ယူပို့ ဆောင်ရေး မှော်ကားကြီးနဲ့ဆို ခရီးစဉ်တစ်ခုမှာ ရွှေဒင်္ဂါးသုံးဆယ်လောက် ကုန်ကျတယ်” ဟု ဆိုသည်။

"ရွှေဒင်္ဂါးသုံးဆယ်? ဒါဆို အဲဒီရွှေဒင်္ဂါးသုံးဆယ်ကို ဘယ်မှာ အဓိကသုံးရမယ်ဆိုတာ တွက်ကြည့်ဖူးလား။” ရှုယီက မေးသည်။

သံတမန်ဟာကာနင်က ရှုယီ ညွှန်ပြနေတဲ့ မြေပုံကို မကြည့်ခင် တစ်ချက်လောက် စဉ်းစားရင်း မျက်မှောင်ကုပ်ကာ ခါးသီးစွာ ရယ်မောလိုက်၏၊ “ဥက္ကဌ ရှု၊ ခင်ဗျားဘာကိုဆိုလိုတာလဲဆိုတာ ကျုပ်နားလည်ပါတယ်။ အဲ့ဒီရွှေဒင်္ဂါးသုံးဆယ်မှာ အနည်းဆုံးတစ်ဝက်ကို ကန်ဒရာအင်ပါယာကို ဝင်ရောက်ပြီးနောက် ဝင်ဘဲလ်ဒန်မြို့တော်ကို သွားတဲ့လမ်းပေါ်မှာသုံးရတယ်"

ရှုယီသည် ဤသံတမန်ဟာကာနင်က လူတိုင်းလောက် မမိုက်မဲဟု တွေးကာ ခေါင်းညိတ်လိုက်သည်။

“ဒီကနေ နော်တန်နယ်မြေ နဲ့ ကန်ဒရာအင်ပါယာရဲ့ နယ်နိမိတ်ကို သွားဖို့ဆိုရင် ကီလိုမီတာ တစ်ထောင့်ငါးရာ ခရီးပဲ ဖြစ်ဖြစ်၊ နယ်စပ်ကနေ ဝင်ဘဲလ်ဒန်မြို့တော်ဆီကို သွားရတဲ့ ခရီးက နည်းတယ်ဖြစ်ဖြစ် အကွာအဝေးမှာ ဒီလိုကွာခြားမှုတွေရှိပေမယ့် ကုန်ကျစရိတ်ကတော့ အတူတူပါပဲ။ သံတမန် ဟာကာနင်၊ ဘာကြောင့် ဒီလို ကွာခြားချက် ရှိတယ်ဆိုတာ နားလည်လား။”

သံတမန်ဟာကာနင်က ခါးသီးသော အပြုံးဖြင့် ခေါင်းညိတ်ကာ “ဟုတ်တယ်။ ကျုပ်တို့ ကန်ဒရာအင်ပါယာ၏လမ်းတွေက ဆိုးရွားလွန်းတာကလွဲဘာရှိဦးမှာလဲ။ အဲဒီ ညစ်ပတ်တဲ့ လမ်းတွေက ပုံမှန်အားဖြင့် ကောင်းပေမယ့် ရာသီဥတု ဆိုးရွားရင် အဆင်မပြေဘူး။ ကီလိုမီတာငါးရာက ဒီကလမ်းတွေပေါ်မှာဆို နေ့တစ်ဝက်ပဲ အချိန်ယူရတယ်၊ ဒါပေမယ့် ကန်ဒရာအင်ပါယာမှာတော့ ခရီးသွားဖို့ အနည်းဆုံး နှစ်ရက်လောက် အချိန်ယူရလိမ့်မယ်။”

သံတမန်ဟာကာနင် ညည်းညူနေတာကိုမြင်တော့ ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ခင်ဗျားသိတာကောင်းတယ်။"

“ဒါကြောင့် နယ်စပ်ကို ဝင်ဘဲလ်ဒန် မြို့တော်နဲ့ ဆက်သွယ်ဖို့ ဒီလမ်းကို တည်ဆောက်ဖို့ စိတ်ကူးထားပါတယ်။ ဒီလမ်းကို တည်ဆောက်ထားရင် ဝင်ဘဲလ်ဒန် မြို့တော်ဆီကို ပစ္စည်းတွေ သယ်ချင်တဲ့အခါ အချိန်နဲ့ အားစိုက်ထုတ်မှုတွေ အများကြီး သက်သာစေမှာပါ။ သံတမန်ဟာကာနင်၊ ဒါက ခင်ဗျားအတွက် အကျိုးရှိမယ်လို့ မထင်ဘူးလား။"

သံတမန်ဟာကာနင်သည် ရှုယီပြောခဲ့သော လမ်းအပိုင်းကို ကြည့်ကာ စဉ်းစားပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်၏။

“ဒီလိုလမ်းမျိုး ရှိရင် ပိုအဆင်ပြေမယ်။ ဒါပေမယ့် ဥက္ကဌ ရှု၊ ဒီလမ်းကို ဆောက်ဖို့ ကီလိုမီတာ ငါးရာလောက် လိုလိမ့်မယ်၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ရင်းနှီးမြှုပ်နှံရမှာ မဟုတ်ဘူးလား။"

“ငွေက ပြဿနာမဟုတ်ပါဘူး။” ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းခါလိုက်ပြီး "အဓိက ပြဿနာက ဒီလမ်းကို ဘယ်လိုတည်ဆောက်မလဲ။ သံတမန်ဟာကာနင်၊ ကန်ဒရာအင်ပါယာက ကျုပ်တို့ လုပ်ငန်းစုအတွက် ကန့်သတ်ချက်များစွာရှိတယ်၊ ဒါ့‌ကြောင့် ကျုပ်တို့ ဒီလမ်းကို ဆောက်နိုင်မလားဆိုတာ ခင်ဗျားအပေါ်မှာ မူတည်ပါလိမ့်မယ်။ ဆန္ဒရှိရင် ဒီလမ်းကို ဆောက်ဖို့ ခွင့်ပြုချက်ရမှရမယ်။ ငွေ၊ လူ၊ ပစ္စည်းပဲဖြစ်ဖြစ်၊ တခြားအရာတွေအတွက်တော့ စိတ်ပူစရာ မလိုပါဘူး။ ဘယ်လိုထင်လဲဗျာ?"

သံတမန်ဟာကာနင်က နည်းနည်းတော့ ချီတုံချတုံဖြစ်ကာ "ဒါပေမယ့် ဒီလမ်းကို ဆောက်ချင်တယ် လို့ ရုတ်တရက်ပြောလိုက်ရင် ဒါကို သံသယဖြစ်မယ့်သူတွေ အများကြီးရှိလိမ့်မယ်......"

ရှုယီက သံတမန်ဟာကာနင်ကို လက်ညိုးထိုးပြရင်း ပြုံးပြရင်း "ဒါကို ကျုပ်တို့လုပ်နိုင်ရင် ခင်ဗျားရဲ့ ကိုယ်ကျိုးမဖက်ဘဲ ကူညီမှုအတွက် ကျေးဇူးတင်ဖို့ ရွှေဒင်္ဂါးတစ်သိန်းကို ကျုပ်ကိုယ်တိုင်ပေးပါမယ်။"

"ရွှေဒင်္ဂါးတစ်သိန်း?" သံတမန်သည် တံတွေးတစ်လုပ်ကို မျိုချလိုက်ပြီး “ကောင်းပြီ၊ ဒါသဘောတူညီချက်ပဲ”

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၈၂။ မင်းသားဖရန့်ခ်ကလည်း လာချင်တယ်လား?

နောက်နှစ်နွေဦးပေါက်လာပြီဖြစ်သည်။

နှစ်တိုင်းဧပြီလတွင် ဘန်တာမြို့စက်ဘီးပြိုင်ပွဲကျင်းပလေရာ ဘန်တာမြို့မှာ တစ်ဖန်စည်ကားလာဦးမည်ဖြစ်၏။

ယခင်နှစ်၏ Frestech စက်ဘီးပြိုင်ပွဲ အောင်မြင်မှုကြောင့် လူများက ဘန်တာမြို့စက်ဘီးပြိုင်ပွဲကို အာရုံစိုက်လာကြချိန်တွင် ရှေ့လောက်လာမည့် Frestechစက်ဘီးပြိုင်ပွဲအကြောင်း ပို၍ပင် ဂရုစိုက်ကြသည်။

မနှစ်က ပထမဆုံးအကြိမ်ဖြစ်ပြီး ပွဲစီစဉ်တဲ့သူတွေက ပွဲစီစဉ်တဲ့ လုပ်ငန်းအဖွဲ့တွေပဲဆိုတော့ လူတွေက အဲဒါကို သိပ်ဂရုမစိုက်ကြပေ။

သို့သော် နှစ်ကုန်တွင် Frestech စက်ဘီးပြိုင်ပွဲ၏ နောက်ဆုံးပြိုင်ပွဲ ပြီးသွားကာ ချန်ပီယံဖြစ်ရန် ဆုံးဖြတ်လိုက်သောအခါ၊ ချန်ပီယံသည် စုစုပေါင်း ရွှေဒင်္ဂါး ရှစ်သောင်းလေးထောင် ရရှိထားကြောင်း ကြေညာခဲ့သည်။ ၎င်းက ပြိုင်ပွဲကို လူတိုင်း၏ အာရုံစိုက်မှု ခံခဲ့ရစေ၏။

ယခင်က ရွှေဒင်္ဂါးတစ်သိန်းဆုကြီးကို လူတိုင်းက ဆောင်ပုဒ်တစ်ခုလို သဘောထားခဲ့ကြပေမယ့် မယုံခဲ့ကြပါချေ။

သို့သော် မရေတွက်နိုင်သော လူများရှေ့တွင် Frestech ကုန်သည်ကြီးများအသင်းမှ ချန်ပီယံအား ရွှေဒင်္ဂါး ရှစ်သောင်းလေးထောင်ကို ပေးအပ်လာပြီး၊ ရွှေရောင် Chimera ကုန်သည်ကြီးများအသင်း ငွေစက္ကူများကို ချန်ပီယံက ကိုင်ဆောင်ထားသောအခါ၊ ဤ ပြိုင်ပွဲက အတော်လေး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။

ထို့ကြောင့် ယခုနှစ် ဒုတိယ Frestech စက်ဘီးစီးကွင်းသည် မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး ဘန်တာမြို့၏ စက်ဘီးပြိုင်ပွဲတွင် ယခင်က ရှိခဲ့သည့် အာရုံစိုက်မှုကို ကျော်လွန်သွားခဲ့သည်။

ဟုတ်ပါ၏၊ ဘန်တာမြို့၏ စက်ဘီးပြိုင်ပွဲဟာ မနှစ်တုန်းက ထိပ်တန်း ၃ ယောက်ကို Frestech စက်ဘီးပြိုင်ပွဲ၌ ပါ၀င်ထားသည့် စက်ဘီးလုပ်ငန်းစု ၃ ခုက ခေါ်ယူထားခြင်း‌ကြောင့် ကျွမ်းကျင် စက်ဘီးစီးသူများ ဖြစ်လာကြကာ တစ်နှစ်လျှင် အနိမ့်ဆုံးလုပ်ခ ရွှေဒင်္ဂါးနှစ်ထောင်ကို ထိတ်လန့်တုန်လှုပ်ဖွယ် ရခဲ့ကြသည်။

အကယ်၍ ယခုနှစ် ဘန်တာမြို့ စက်ဘီးပြိုင်ပွဲတွင် အနိုင်ရရှိပြီး အဆိုပါကုမ္ပဏီများ၏ အာရုံစိုက်မှုကို ရရှိပါက ၎င်းတို့၏ ကျွမ်းကျင် စက်ဘီးစီးအဖွဲ့သို့ ခေါ်ယူခံရနိုင်မည်ဖြစ်သည်။

ဒါကြောင့် “ပါဝင်ဆင်နွှဲမှုက အရင်လာသည်” ဟူသော ဆောင်ပုဒ်ရှိခဲ့ပါ၏။ ပရော်ဖက်ရှင်နယ် စက်ဘီးစီးသူဖြစ်ရန် အိပ်မက်နောက် လိုက်ချင်သူ အများအပြားရှိခဲ့သည်။ ထို့ကြောင့် ဘန်တာမြို့၏ စက်ဘီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ကိုးသောင်းခြောက်ထောင်အထိရှိကာ ထိတ်လန့်ဖွယ်ရာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

စက်ရုံအလုပ်ရုံတွေနှင့် ပြည့်နှက်နေပြီး အလုပ်လာလုပ်သူ များပြားခြင်းကြောင့် ဘန်တာမြို့၏ လူဦးရေမှာ လူပေါင်း သုံးသိန်းကျော် ရှိသည်။

လမ်ပူရီတိုင်းပြည်၏ အခြားအစိတ်အပိုင်းများတွင် လူကိုးသောင်းခြောက်ထောင်သည် ထိပ်တန်းမြို့ကြီးများရှိ လူဦးရေ ဖြစ်နိုင်သည်။

ကိန်းဂဏန်းများသည် ၎င်းတို့၏ မျှော်မှန်းချက်ထက် များစွာကျော်လွန်နေသောကြောင့် တစ်ရက်အတွင်း ပြီးဆုံးသင့်သော ဘန်တာမြို့ စက်ဘီးပြိုင်ပွဲကို နှစ်ရက်ခွဲ၍ ကျင်းပခဲ့ရသည်။ သင်တန်းသားများကို နှစ်ဖွဲ့ခွဲ၍ ပြီးဆုံးချိန် သတ်မှတ်ပေးမည်ဖြစ်သည်။

ဤလူအားလုံးကို တစ်ချိန်တည်းတွင် ပါဝင်ရန် စုစည်းနိုင်ခြင်းကြောင့် စိုင်စ်နယ်မြေတွင် ထူးခြားကောင်းမွန်သည့်သမိုင်းကို ရှားရှားပါးပါး မြင်တွေ့ခဲ့ရသည်။

ထို့ကြောင့် ဘန်တာမြို့ဖြစ်စေ လမ်ပူရီတိုင်းပြည်ဖြစ်စေ၊ ဘန်တာမြို့၏ စက်ဘီးပြိုင်ပွဲကို နှစ်စဉ်နှစ်တိုင်း အလေးထားကြသည်။

ဤလူများစုရုံးကာ မတော်တဆမှုများမဖြစ်ပွားစေရန် တားဆီးခြင်းအပြင်၊ ဤအားကစားပွဲမှတဆင့် ဘန်တာမြို့ နှင့် လမ်ပူရီတိုင်းပြည်ကိုသရုပ်ပြခြင်းလည်းဖြစ်သည်။

လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက တခြားနိုင်ငံတွေက လူများပင် ပါဝင်လာခဲ့ကြ၏။ Frestech ကုန်သည်ကြီးများအသင်းမှ Frestech စက်ဘီးပြိုင်ပွဲသည် လူမျိုးအလိုက် ပါဝင်သူများကို ကန့်သတ်မည်မဟုတ်ကြောင်း ကြေညာပြီးနောက်၊ စက်ဘီးပြိုင်ပွဲတွင် အခြားနိုင်ငံမှ လာသူများ အဆမတန်များပြားလာပါသည်။

လမ်ပူရီတိုင်းပြည်တဝိုက်ရှိ နိုင်ငံများမှ လူများအပြင် ကန်ဒရာအင်ပါယာမှ ပါဝင်လာသူ အနည်းငယ်ပင် ရှိခဲ့သည်။

"ဥက္ကဌ ရှု၊ အဲဒီလူသုံးယောက်ကို ခင်ဗျား စီစဉ်ပေးခဲ့တာလား။" ကောင့်ထ်ဝီလ်သည် "ဘန်တာတိုင်းမ်စ်" မှ သတင်းထောက် တွေ့ဆုံမေးမြန်းနေသည့် ကန်ဒရာအင်ပါယာမှ ပါဝင်သူ သုံးဦးကို ကြည့်ရှုပြီး ရှုယီကို မေးမြန်းလာသည်။

"မဟုတ်ပါဘူး၊ သူတို့က ပြိုင်ပွဲကို စိတ်ဝင်စားတာပါ၊ ကျုပ်နဲ့မဆိုင်ပါဘူး။" ရှုယီက ခေါင်းယမ်း၍ ငြင်းလိုက်သည်။

"တကယ်လား? ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းက ပြိုင်ပွဲအတွက် ဒီဇိုင်းထုတ်ထားတဲ့ နောက်ဆုံးပေါ် Swordfish Model စက်ဘီးကို တွေ့နေရတယ်။ ဒီစက်ဘီး ပထမအသုတ်က အစီးရေငါးထောင်ပဲရှိတော့ အခုအချိန်မှာ ဘန်တာမြို့မှာတောင် မဝယ်နိုင်သေးဘူး။ ဒီလူသုံးယောက်က ဒါကို လွယ်လွယ်ကူကူ ဝယ်နိုင်တာလို့ ခင်ဗျားပြောနေတာလား။" ကောင့်ထ်ဝီလ်က ပြောသည်။

"သူတို့မှာ ကိုယ်ပိုင်လမ်းကြောင်းတွေ ရှိကောင်းရှိနိုင်တယ်၊ အဲဒါက မထူးဆန်းဘူး မို့လား?" ရှုယီက ပေါ့ပေါ့ပါးပါးဖြင့် ပြန်ဖြေရင်း ပခုံးတွန့်လိုက်သည်။

ကောင့်ထ်ဝီလ်က ရှုယီကို မျက်လုံးများ မှေးကာကြည့်လိုက်သည်။ သူရှင်းပြဖို့ အဆင်သင့်မဖြစ်တာကိုမြင်တော့ ခေါင်းခါပြီး မေးတာကို ရပ်လိုက်၏။

“ကောင်းပြီ၊ အခု သုံးယောက်လောက်နဲ့ စိတ်မပူရအောင်။ ဒါပေမယ့် ဥက္ကဌရှု မှော်ဆလွန်းပြိုင်ပွဲကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်ကို ရှင်းပြပေးနိုင်မလား။"

“အန်? မြို့စားအရှင်၊ ဘာကို နားမလည်တာလဲဗျာ။” ရှုယီက ပြန်မေးသည်။

"နားမလည်တာကလား?" ကောင့်ထ်ဝီလ်က ရယ်မောရင်း “ကျုပ် နားမလည်တာတွေ အများကြီးရှိတယ်။ ဥက္ကဌ ရှု၊ မှော်ဆလွန်းပြိုင်ပွဲဟာ ဘယ်သူမဆို တက်ရောက်နိုင်တဲ့ စက်ဘီးပြိုင်ပွဲရဲ့ ပုံစံအတိုင်း ဖြစ်မယ်လို့ အရင်က ပြောခဲ့ဖူးတယ်၊ အခု သင်တန်းသားတွေကို ဘာကြောင့် ကန့်သတ်ထားတာလဲ။ ခင်ဗျားသိလား၊ ဒီပြိုင်ပွဲကို တက်ရောက်ဖို့ အဆင်သင့်ဖြစ်နေကြတဲ့ မျိုးရိုးမြင့်လူငယ်တွေ အများကြီးရှိပေမယ့် အခုချိန်မှာတော့ မင်းဆီက စကားလတစ်ချို့ကြောင့် သူတို့ နှုတ်ဆိတ်နေကြတာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျုပ်ကိုယ ကန့်ကွက်ခဲ့တာကိုရော သိရဲ့လား?"

ရှုယီက ဆိုသည် "ဒီပြိုင်ပွဲကို စိတ်ဝင်စားတဲ့အတွက် သူတို့ကို ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီပြိုင်ပွဲအတွက် ကန့်သတ်ချက်တချို့ ရှိရမယ် ဒါမှမဟုတ်ရင် ပြဿနာကြီးကြီးမားမားတော့ ရှိလာတဲ့အခါ နှမျောစရာဖြစ်ရမယ်။"

ကောင့်ထ်ဝယ်က မျက်မှောင်ကုပ်ကာ “ဒါက ဘာလဲ။ ဥက္ကဌ ရှု ရှင်းပြဖို့ အစီစဉ်မရှိသေးဘူးလား။ ကျုပ်က ဘန်တာမြို့ရဲ့ မြို့စားဖြစ်ပြီး ဒါကကို ကျုပ်ရဲ့ ဘန်တာမြို့မှာ လုပ်တာမို့ ကျုပ်လည်း ထိန်းချုပ်နိုင်ရမှာပေါ့။"

"ရှင်းပြမှာပါ။" ရှုယီ က ခေါင်းညိတ်ပြသော်လည်း သူ့အမူအရာက ပြေလျော့မသွားသေးဘဲ "မြို့အစားအရှင် ခင်ဗျားအနေနဲ့ ဒီကိစ္စကို လောလောဆယ်တော့ စီမံခန့်ခွဲဖို့ မဆိုင်ပါဘူး.....ဘာလို့ ဘုရင်မကြီးက ဒီကိစ္စကို သိပြီး ကျုပ်ကို ခွင့်ပြုရမှာလဲ။ မကြာခင်မှာ ဘုရင်မကြီးက ခင်ဗျားကို အမိန့်ပေးမယ်လို့ ကျုပ်ထင်တယ်။"

ကောင့်ထ်ဝယ်သည် ရှုယီကို သံသယစိတ်အနည်းငယ်နှင့် ကြည့်ကာ စိတ်ထဲအံ့သြမှုအနည်းငယ်ဖြင့် မျက်မှောင်ကုပ်လိုက်ပါ၏။

Frestech ကုန်သည်ကြီးများအသင်းမှကျင်းပသည့် ဤအသေးစား မှော်ဆလွန်းပြိုင်ပွဲသည် အဘယ်ကြောင့် ဘုရင်မကြီးအား ဆွဲဆောင်နိုင်သည်ကို သူ အလွန်စိတ်ရှုပ်ထွေးနေမိသည်။

ထို့အပြင် ဤကိစ္စကို ဘုရင်မကြီးထံမှ ခွင့်ပြုချက်ရထားသော်လည်း သူ့ထံ အမိန့်စာမရောက်သေးသည်ကို အံ့ဩနေမိ၏။

သူသည် သူ့ကိုယ်သူ ဘုရင်မကြီး၏ အရင်းနှီးဆုံး လက်အောက်ငယ်သားတစ်ဦးဟု ယူဆသော်လည်း ဘန်တာမြို့နှင့် အနီးကပ်ဆက်စပ်နေသည့် ဤကိစ္စတွင် သူသည် ရှုယီထက် အနည်းအကျည်းသာ သိရသည်။

၎င်းကြောင့် ရှုယီနှင့် ဘုရင်မကြီးတို့ မည်မျှ ရင်းနှီးသည်ကို မြင်နိုင်သည်၊ ထိုသည်က လူတိုင်း စိတ်ကူးယဉ်ထားသည်ထက် ကျော်လွန်နေ၏ ။

လမ်ပူရီနိုင်ငံတဝှမ်းပျံ့နှံ့သွားသော ကောလာဟလများကို တွေးတောရင်း ရှုယီကိုကြည့်နေသော ကောင့်ထ်ဝီလ်၏မျက်လုံးအကြည်များမှာ ရှုပ်ထွေးလာသည်။

ရှုယီက ကောင့်ထ်ဝီလ်၏အမူအရာကို လျစ်လျူရှုလိုက်သည်။ မှော်ဆလွန်း ပြိုင်ပွဲအကြောင်း မေးလာစဉ်က သူ့ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေ၏။

ဘာကြောင့်လဲ ဆိုတော့..... ထိုပြိုင်ပွဲအတွက် မင်းသား ဖရန့်ခ် က ကိုယ်စားစေလွှတ်ထားသည့် ကိုယ်စားလှယ်တစ်ဦး ရှိနေခြင်းကြောင့်ပင်။

လွန်ခဲ့သည့်တစ်လက ဘာရွန် ဘယ်လီသည် မင်းသားဖရန့်ခ်က ဘန်တာမြို့ရှိ မှော်ဆလွန်း ပြိုင်ပွဲသို့ ကိုယ်တိုင်ကိုယ်ကျတက်ရောက်လိုကြောင်း ရှုယီအား ပြောပြရန် စတက်တိန်းနယ်မြေသို့ ရောက်ရှိလာခဲ့ရာ ရှုယီသည် မိမိ၏လျှာကိုပင် ကိုက်မိလုနီးပါးဖြစ်ခဲ့ရသည်။

ဘာရွန် ဘယ်လီ၏ဆက်ဆံရေးမှတဆင့်၊ သူသည် ကန်ဒရာအင်ပါယာသို့တိတ်တဆိတ်ဝင်ရောက်ခဲ့ပြီး မင်းသားဖရန့်ခ်၏အိမ်သို့သွားခဲ့သော်လည်း၊ သူသည်သူ၏အိမ်စောင့်ကိုသာမြင်ဖူးသည်။ ရှုယီမှာ မင်းသား ဖရန့်ခ်၏ လျစ်လျူရှုမှုကို နားလည်ခဲ့ပြီး မင်းသားဖရန့်နှင့် ဆက်ဆံရေးမှတဆင့် ကန်ဒရာအင်ပါယာသို့ ဝင်ရောက်ရန် အလွန်ခက်ခဲမည်ဟု ခံစားခဲ့ရသည်။

သို့သော် လအနည်းငယ်အတွင်း မင်းသားဖရန့်၏ စိတ်နေသဘောထား ပြောင်းလဲလာမည်ဟု မထင်ခဲ့ပေ။ သူက စည်းကမ်းတွေကို ဂရုမစိုက်ဘဲ မှော်ဆလွန်း ပြိုင်ပွဲ၌ ပါဝင်ဖို့ လုပ်ခဲ့သည်။

ရှုယီ ထိုအကြောင်းကိုကြားစဉ်က အလွန်တုန်လှုပ်သွားခဲ့သည်။

သူသည် စိုင်စ်နယ်မြေကြီးတွင် အရေးအပါဆုံးလူများထဲမှ တစ်ဦးဖြစ်သော ကန်ဒရာအင်ပါယာ၏ တတိယမင်းသားဖြစ်သည်။

သူသည် ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ကီလိုမီတာ တစ်ထောင်ကျော်ဝေးသော လမ်ပူရီနိုင်ငံသို့ အပြေးလာမည်ဖြစ်သည်။ ဒီပြိုင်ပွဲမှာ ဒဏ်ရာတစ်ခုခု ရခဲ့မယ်ဆိုလျှင် သူရင်ဆိုင်ရမည့် လုပ်ကြံသတ်ဖြတ်မှုတွေ အားလုံးကို ဖော်ပြ‌နေဖို့ပင်မလိုပေ။ ၎င်းက ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့အတွက် မရင်ဆိုင်နိုင်သော ဆိုးရွားသော အကျိုးဆက်များကို ဖန်တီးပေးလိမ့်မည်။

ထို့ကြောင့် မင်းသားဖရန့်ကို ဘာရွန် ဘယ်လီ မှတဆင့် ဆက်သွယ်ပြီးနောက်၊ ရှုယီက ဤအကြံအစည်ကို ပြတ်ပြတ်သားသား ပေးခဲ့သည်။

မင်းသား ဖရန့်ခ် လည်း မှော်ဆလွန်းပြိုင်ပွဲကို အလွန်စိတ်ဝင်စားသော်လည်း စိတ်မပူဘဲ ပြိုင်ချင်သည်။ ရှုယီ၊ မင်းသား ဖရန့်ခ် နှင့် ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် ကိုယ်စားလှယ်စေလွှတ်ရန် သဘောတူခဲ့သည်။

ထို့ကြောင့် မင်းသားဖရန့်၏ ကိုယ်စားလှယ်ဖြစ်ခဲ့လျှင်ပင်၊ ဤအရာသည် ရှုယီအတွက် အလွန်အရေးကြီးသည်။ သူသည် ဆယ်ဗီနီကိုဆက်သွယ်ရန် တွန့်ဆုတ်မနေဘဲ သူမအား ဤကိစ္စကို သတင်းပို့ပြီးနောက်၊ ဆယ်ဗီနီ ၏ ပံ့ပိုးကူညီမှု အပြည့်အစုံကို လက်ခံရရှိခဲ့သည်။

မင်းသားဖရန့်ခ်က ဘာကို လုပ်ချင်နေပါစေ၊ သူ့ကိုယ်စားလှယ်က ချောချောမွေ့မွေ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲကို အပြီးသတ်ပြီး ထွက်ခွာနိုင်မယ်လို့ အာမခံထားရမည်ပင်။

မဟုတ်ပါက ဘန်တာမြို့မှာ တစ်ခုခုဖြစ်ခဲ့ပါလျှင် မင်းသား ဖရန့်ခ် က အပြစ်မယူဘူးဆိုလျှင် ကောင်းပါ၏၊ သို့သော် မဟုတ်ပါက သံတမန်ရေးအရ ကြီးလေးသည့်ကိစ္စဖြစ်မည်ပင်။

လမ်ပူရီနိုင်ငံသည် ယခင်ကထက်စာလျှင် ပိုမိုအားကောင်းနေသော်လည်း ကန်ဒရာအင်ပါယာကဲ့သို့သော အင်ပါယာကြီး၏အမျက်ဒေါသကို လုံး၀ မရင်ဆိုင်နိုင်ပေ။

သို့သော် ရှုယီ အံ့သြသွားခဲ့သည်မှာ ဆယ်ဗီနီ က ရှုယီနှင့် ပူးပေါင်းဆောင်ရွက်ဖို့ ကောင့်ထ်ဝီလ်ကို အချိန်မီ မဆက်သွယ်ခဲ့ခြင်းပင်။

ကောင့်ထ်ဝီလ် ပြောခဲ့သလိုပင် ဤပြိုင်ပွဲကို ဘန်တာမြို့၌ ကျင်းပနေခြင်းကြောင့် မြို့စားအရှင်ကို ချန်ထား၍ မဖြစ်ပေ။

ဆယ်ဗီနီက ကောင့်ထ်ဝီလ်အား အပြည့်အဝထောက်ခံခိုင်းလျှင် ရှုယီက ဒီကိစ္စကို ချောမွေ့စွာဖြေရှင်းနိုင်ရန် ပိုသေချာပါ၏။

ရှုယီနှင့် ကောင့်ထ် ဝီလ် နှစ်ယောက်လုံး သံသယတွေရှိခဲ့ကြပြီး နှစ်ယောက်စလုံး နှုတ်ဆိတ်သွားသည့်အတွက် ထိုအချိန်မှာ မည်သူကမှ စကားမပြောကြပါချေ။

ထိုအချိန်မှာ သူတို့နောက်မှ တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည့် အသံတစ်ခု ထွက်ပေါ်လာ၏။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၈၃။ ကိုယ်စားလှယ်

"ဟေး မြို့စားအရှင်၊ ဥက္ကဌရှု ဘာတွေပြောနေကြတာလဲ?"

ရှုယီ လှည့်ကြည့်လိုက်သော် ဘာရွန် ဘယ်လီကို တွေ့လိုက်ရသည်။ သူဟာ ချက်ချင်းပင် ကောင့်ထ်ဝီလ်အား ဆင်ခြေပေးလိုက်ပြီး ဘာရွန် ဘယ်လီကို ဘေးသို့ ဆွဲခေါ်ကာ အသံတိုးတိုးဖြင့် မေးလိုက်ပါ၏၊ "မင်းသားဖရန့်ခ်ပို့လိုက်တဲ့ ကိုယ်စားလှယ်ကို ဧည့်ခံနေတာမဟုတ်ဘူးလား? ဘာလို့ ဒီရောက်လာတာလဲ? သူတို့ရော အခုဘယ်မှာလဲ?"

ဘာရွန် ဘယ်လီ သည် ရှုယီအနားသို့ မချဉ်းကပ်မီ ပတ်ဝန်းကျင်ကို လှည့်ကြည့်၍ အသံလျှော့ကာ "သူတို့ကြောင့် ခင်ဗျားကို ရှာနေတာ။ မင်းသားဖရန့်ခ်ပေးပို့တဲ့ ကိုယ်စားလှယ်က ဒီကိုရောက်နေပြီ၊ ပြိုင်ပွဲမတိုင်ခင်မှာ တွေ့ချင်တယ်လို့ ပြောတယ်။ သူတို့ပြောတဲ့ပုံအရ ခင်ဗျားနဲ့ တစ်ခုခု ဆွေးနွေးချင်တယ်လို့ ကျုပ်ထင်တာပဲ။"

ရှုယီက မအံ့သြဘဲ ခေါင်းညိတ်လိုက်သည်။

အကယ်၍ မင်းသားဖရန့်ခ်သည် ပြိုင်ပွဲတွင် ပါဝင်ရန် ကိုယ်စားလှယ်တစ်ဦးကို အမှန်တကယ်စေလွှတ်ခဲ့မည်ဆိုလျှင် ထူးဆန်းပေလိမ့်မည်။

ဒါပေမယ့် အခု ဘာရွန် ဘယ်လီ၏ စကားကိုကြားတော့ သူက ပိုပြီး စိတ်ချသွား၏။

ရှုယီသည် စတင်တော့မည့် ဘန်တာမြို့စက်ဘီးပြိုင်ပွဲကို လှည့်ကြည့်ကာ ပြောသည် ။ “ကောင်းပြီ၊ ဖွင့်ပွဲအခမ်းအနားပြီးရင် ကျုပ်လာခဲ့မယ်၊ ခဏစောင့်ပါဦး။ လောလောဆယ်တော့ သူတို့ကို ကျုပ်နာမည်နဲ့ ဧည့်ခံပေးပါဦး နှစ်နာရီလောက်ကြာရင် ကျုပ်လာရှာပါ့မယ်။"

“အဲဒါက အလုပ်မဖြစ်ဘူး။” ဘာရွန် ဘယ်လီ က အဆင်မပြေသောဟန်ဖြင့် ခေါင်းခါလိုက်ပြီး "ဥက္ကဌ ရှုကိုယ်စားလှယ်က ချက်ချင်းတွေ့ချင်တယ်လို့ ပြောခဲ့တယ်။ နောက်ကျသွားမယ်ဆိုရင် စိုးရိမ်တာက...."

ရှုယီက အံ့အားသင့်သွားပြီးနောက် မျက်နှာပျက်ကာ အေးစက်စက် နှာမှုတ်လိုက်၏ "ဘာလဲ? နှစ်နာရီတောင် မစောင့်နိုင်ကြဘူးလား"

ဘာရွန် ဘယ်လီ သည် အလွန်စိတ်မကောင်းဖြစ်စွာဖြင့်၊ "ဥက္ကဌ ...... ခင်‌ဗျားသိလား ......သူတို့က မင်းသားဖရန့် စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေပဲ ။ အင်း.....အနည်းဆုံးတော့..... အနည်းဆုံးတော့ သူတို့မှာ အဆင့်အတန်းနည်းနည်းရှိတာ‌ပေါ့။"

"အဆင့်အတန်း?" ရှုယီ သည် ဘာရွန် ဘယ်လီ ကို အေးစက်သော အပြုံးဖြင့် ကြည့်ကာ အဆင်မပြေဖြစ်နေပုံရသည်။

"ဥက္ကဌ ရှု၊ ခင်ဗျား ဒါကို စိတ်ထဲ ထည့်မထားသင့်ဘူး။ ခင်ဗျားမကြိုက်တာကို ကျုပ်သိပေမယ့် မင်းသား ဖရန့်ခ် နဲ့ ပူးပေါင်းချင်ရင်တော့ မင်းမျက်နှာသာ နည်းနည်းလောက်ပေးရမယ်.....ဒါဆို သူတို့ကို ဒီလောက်ကြီး မငြင်းသင့်ဘူးလို့မထင်ဘူးလား?"

ဘာရွန် ဘယ်လီ ၏ မျက်နှာပေါ်ရှိ ခါးသီးသော အပြုံးကို မြင်လိုက်ရတော့ ရှုယီက မျက်မှောင်ကုပ်လိုက်၏။ ခဏလောက် နှုတ်ဆိတ်သွားပြီးနောက် ခေါင်းယမ်းရင်း မတုန်မလှုပ်ဖြင့် ပြောလာသည် “မဟုတ်ပါဘူး၊ ကျုပ်ကနှစ်တိုင်း စက်ဘီးပြိုင်ပွဲ အဖွင့်အခမ်းအနားကို တက်ရောက်ရတော့ ဒီနှစ်လည်း ချွင်းချက်မဟုတ်ဘူးလေ။ ကိုယ်စားလှယ်တွေကို ကျုပ်မှာ အရေးကြီးလုပ်စရာရှိလို့လို့ ပြောထားပေးပါ။ ကျုပ် အမြန်လုပ်ပြီး လာခဲ့ပါ့မယ်။"

“ဒါပေမယ့်......”

“ဘာမှ မပြောပါနဲ့တော့” ရှုယီကက သူ့လက်ကို ဝှေ့ယမ်းပြီး ဘာရွန် ဘယ်လီ စကားကို ဖြတ်လိုက်ကာ "ဒါက ကျုပ်ရဲ့ ဆုံးဖြတ်ချက်ပါ၊ အဲဒါကို သူတို့ဆီ ပြောပေးလိုက်ပါဦး။"

ဘာရွန် ဘယ်လီ က သူ့ပါးစပ်ကိုဟပြီး တစ်ခုခုပြောချင်ပေမယ့် ရှုယီ၏ လေးနက်သည့်အမူအရာကိုမြင်ချိန်တွင်ထိုစကားများကို ပြန်မျိုချလိုက်သည်။ ထို့နောက် ကူကယ်ရာမဲ့သော အသံဖြင့် ပြော၏၊ "ကောင်းပြီ‌လေ ကျုပ်သူတို့ကို အရင်ဧည့်ခံထားလိုက်မယ်။ ဥက္ကဌ ရှု ၊ ခင်ဗျား.....အမြန်ဆုံးတော့ လာသင့်တယ်"

ဘာရွန် ဘယ်လီ က စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှုယီ မျက်မှောင်ကုပ်လိုက်ပါ၏။

သူသည် ဘာရွန် ဘယ်လီ နှင့်အတူ ကန်ဒရာအင်ပါယာသို့ မင်းသားဖရန့်ခ်ကိုတွေ့ရန် လိုက်သွားသောအခါတွင်၊ မင်းသား ဖရန့်ခ်၏ ဝင့်ကြွားမှုကို ခံစားခဲ့ရသည်။

မင်းသားဖရန့်ခ်သည် ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ၎င်း၏ ကိုယ်စားလှယ်ကို စေလွှတ်လိုက်ခြင်းကြောင့် ၎င်း၏ ပူးပေါင်းဆောင်ရွက်လိုသည့် ရည်ရွယ်ချက်ကို ပြန်လည်ရရှိခဲ့ကြောင်း ထင်ရှားသည်။ သို့သော်လည်း ၎င်း၏ ကိုယ်စားလှယ်က ဤကဲ့သို့သော သဘောထားကို ပြသခဲ့ရာ အင်မတန်စိတ်မချမ်းသာစရာပင်။

"အဲဒါဘာလဲ? ဘယ်လီက ခင်ဗျားကို စိတ်မချမ်းသာစရာ ပြောခဲ့တာလား။” ကောင့်ထ်ဝီလ်သည် ရှုယီ မျက်မှောင်ကြုတ်ကာ လျှောက်သွားသည်ကို မြင်လိုက်ရသော စပ်စုသော အသံဖြင့် မနေနိုင်စွာ မေးလာသည်။

"ဘာမှမဟုတ်ပါဘူး။" ရှုယီ ခေါင်းယမ်းလိုက်သည်။ မင်းသားဖရန့်ခ်၏ ကိုယ်စားလှယ် ယူဆောင်လာသည့် မပျော်မရွှင်မှုကို သူ စွန့်ပစ်လိုက်ပြီး ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်၊ “မြို့စားအရှင် ပြိုင်ပွဲမစတင်ခင် အခြားကိစ္စတစ်ခုကို ကျုပ်တို့ဆွေးနွေးသင့်တယ်။ ကျုပ်တို့လုပ်ငန်းစုက လွန်ခဲ့တဲ့ နှစ်လလောက်က မှော်ပုံရိပ်ယောင်ပရိုဂျက်ကို ထုတ်လုပ်ခဲ့တာ ခင်ဗျားသိတယ်မဟုတ်လား”

"အင်း၊ သိတယ်၊ အဲဒါလဲ"

"ကျုပ်တို့ လုပ်ငန်းစုက ဘန်တာမြို့ တစ်ခွင်လုံးမှာ မှော်ပုံရိပ်‌ယောင် ပရိုဂျက်တာ ငါးခုတပ်ဆင်ဖို့မျှော်လင့်ထားတယ်။ ဆန်းသစ်လကုန်သည်ကြီးများအသင်းက မှထုတ်လုပ်တဲ့ ဇာတ်ကားအသစ်တွေကို ပြသတာအပြင် ကြော်ငြာနည်းနည်းငယ်ကိုလည်း ပြသချင်တယ်......"

......

ခေါင်းအထက်မှာ နေ တက်လာသည့် ကိုးနာရီတိတိ၌ ဘန်တာမြို့၏ စက်ဘီးပြိုင်ပွဲကို စတင်ခဲ့သည်။

ယခင်နှစ်များက အတွေ့အကြုံများဖြင့် ဖွင့်ပွဲအခမ်းအနားကို စနစ်တကျ ကျင်းပခဲ့၏။

သို့သော် ယခုနှစ်တွင် ပါဝင်သူ များလွန်းသဖြင့် ဖွင့်ပွဲ အခမ်းအနားကို အနည်းငယ် ရှည်ကြာစေခဲ့သည်။ ပြီးသွားချိန်၌ ဆယ်နာရီနီးပါးရှိနေပြီဖြစ်သည်။

ကောင့်ထ် ဝီလ် နှင့် ရှုယီတို့သည် နောက်ဆုံးတွင် ပရိုဂရမ်ငယ်နှစ်ခုကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပြိုင်ပွဲကို ကြေညာထားသည့်အတိုင်း ဆယ်နာရီတွင် စတင်နိုင်ခဲ့သည်။

ပထမနေ့မှ ပြိုင်ကားများကို စထွက်ချိန်တွင် ရှုယီညအချိန်ကိုကြည့်လိုက်တော့ ဆယ်နာရီကျော်နေပြီဖြစ်သည်။ သူက ကောင့်ထ်ဝီလ်ကို ချက်ချင်း နှုတ်ဆက်လိုက်၏။

ကောင့်ထ်ဝီလ်က အနည်းငယ် စပ်စုလိုစိတ်ဖြင့် "ဥက္ကဌ ရှု၊ ခင်ဗျား နေ့လည်စာ မစားဘူးလား။ ခင်ဗျားနဲ့အတူ နေ့လည်စာစားဖို့ စောင့်မျှော်နေကြတဲ့ လူတွေ အများကြီးပဲ”

ရှုယီက တောင်းပန်တဲ့ အပြုံးနဲ့ “ဒီနေ့တော့ ကျုပ် မလုပ်နိုင်ဘူး။ ဘာရွန် ဘယ်လီက ကျုပ်အတွက် အရေးတကြီးကိစ္စတစ်ခုရှိလို့ စောစောစီးစီး ဂရုစိုက်ဖို့ ရှိတယ်။"

ကောင့်ထ် ဝီလ် မှာ သံသယအချို့ရှိနေတာကိုမြင်တော့ ရှုယီက သူ့အသံကိုလျှော့ကာပြောသည် “ဒါက ကျုပ်တို့ မတိုင်ခင်က ဆွေးနွေးခဲ့တဲ့အရာနဲ့ သက်ဆိုင်တယ်”

ကောင့်ထ်ဝီလ်က "ကောင်းပြီ၊ ခင်ဗျားသွား၊ ကျုပ်သူတို့ကို ရှင်းပြလိုက်မယ်"

"ကျေးဇူးအများကြီးတင်ပါတယ် အရှင်။" ရှုယီ ခေါင်းညိတ်ကာ ထွက်သွားရန် အမြန်လှည့်လိုက်သည်။

ရှုယီစင်မြင့်ပေါ်မှ အမြန်လမ်းလျှောက်ထွက်ပြီး သူ၏ကိုယ်ပိုင် မှော်ဆလွန်းထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရချိန်တွင် ကောင့်ထ် ဝီလ် သည် မျက်မှောင်ကုပ်၍ လိုက်သည်။

ရှုယီက မြို့စားဖြစ်တဲ့ သူ့ကိုကျော်ပြီး ဘုရင်မကြီးနဲ့ တွေ့ဖို့သွားတာများလား?

ကောင့်ထ်ဝီလ်သည် သံသယများဖြင့် ပြည့်နှက်နေချိန်တွင် သူ့နောက်မှ လျင်မြန်သော ခြေသံများ ထွက်ပေါ်လာပြီး ၎င်း၏ ယုံကြည်ရသော လက်အောက်ငယ်သားများထဲမှ တစ်ဦး ပြေးလာခဲ့သည်။

"အရှင်ကောင့်ထ်၊ ဘုရင်မကြီးဆီက လျှို့ဝှက်စာတစ်စောင်"

"တကယ် အချိန်မှန်ရောက်လာတာပဲ။" ကောင့်ထ် ဝီလ်၏ မျက်ခုံးများ ပင့်တက်လာသည်။ သူသည် သူ့လက်အောက်ငယ်သားထံမှ စာကိုယူကာ ဆိတ်ငြိမ်သောထောင့်တစ်ခုသို့ သွား၍ ဖတ်ကြည့်ပြီး အံ့အားသင့်ဟန်ပေါ်လာသည်။ “ဒီဥက္ကဌ ရှုက တော်တော်ကျွမ်းကျင်တာပဲ......”

ရှုယီသည် သူ၏အဖြူ‌ရောင်မှော်ဆလွန်း ကို ဘာရွန်ဘယ်လီ၏ ကိုယ်ပိုင်အိမ်ရှိရာ ဘန်တာမြို့အပြင်ဘက်သို့ မောင်းနှင်ခဲ့ပြီး လမ်းတစ်လျှောက်တွင် မည်သည့်အတားအဆီးမှ မကြုံတွေ့ခဲ့ပေ။

သူထွက်သွားချိန်ကိုကြည့်လိုက်သော် ဆယ့်တစ်နာရီတောင်မပြည့်သေးတာကိုတွေ့တော့ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိ၏။

မင်းသားဖရန့်၏ကိုယ်စားလှယ်အပေါ် အနည်းငယ်စိတ်မချမ်းသာစေခဲ့လျှင်ပင် ကန်ဒရာအင်ပါယာနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် အလွန်အရေးပါလိမ့်မည်ဖြစ်သည်။ မင်းသား ဖရန့်ခ် မှတစ်ဆင့် ကန်ဒရာအင်ပါယာ စျေးကွက်ကို ဖွင့်နိုင်မည်ဟု အမှန်တကယ်မျှော်လင့်ထားသောကြောင့် မင်းသား ဖရန့်ခ် နှင့် ဆက်ဆံရေးအတွက် အလွန်အရေးကြီးပါသည်။

သူသည် ဖွင့်ပွဲအခမ်းအနား အခိုင်အမာ ဆက်လက်လုပ်ဆောင်နိုင်သော်လည်း ၎င်းကိုခွင့်ပြုထားသည့်အခြေအနေတွင် မင်းသားဖရန့်ခ်၏ကိုယ်စားလှယ်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိရန် သူမျှော်လင့်ထားသည်။

ယခု နေ့လည်စာမစားမီ တစ်နာရီအလိုတွင် မင်းသားဖရန့်က စေလွှတ်လိုက်သော ကိုယ်စားလှယ်နှင့် စကားပြောရန် အချိန်အနည်းငယ်ရှိသေးသည်။

"ဥက္ကဌ ရှု၊ လာပြီလား။" ဘာရွန် ဘယ်လီ ၏ အိမ်စောင့် ခယ်ဂထ်စ်သည် အိမ်ပြင် ထွက်လာပြီး ရှုယီ ကို မြင်သည့်နောက် ပြုံးလျက် ချက်ချင်းပင် သူ့ကို ခေါ်သွားခဲ့သည်။ "သခင် ဘာရွန် နဲ့ သူ့ဧည့်သည်တွေက ဧည့်ခန်းထဲမှာ စောင့်နေပါတယ်၊ ကျေးဇူးပြုပြီး လိုက်ခဲ့ပါ"

ရှုယီက ခေါင်းညိတ်ပြပြီး ခြံထဲသို့ လိုက်သွားခဲ့သည်။

ပန်းခြံငယ်တစ်ခုကို ဖြတ်ကျော်ပြီးနောက်၊ အိမ်ကြီးရှိ အကြီးမားဆုံး ဧည့်ခန်းက သူ့ရှေ့တွင် ပေါ်လာသည်။

တံခါးဝသို့ မရောက်မီတွင် အတွင်းမှ ကျယ်လောင်သော အသံတစ်ခု ကြားလိုက်ရသည်။

"ဟေး ဘာရွန် ဘယ်လီ၊ အဲဒီ့ဥက္ကဌရှု အခုထိ မလာသေးဘူးလား။ သူလာဖို့ အစီစဉ်မရှိရင် ငါတို့ ထွက်သွားသင့်တယ်။”

ဘာရွန် ဘယ်လီ ၏နောက်မှ အသံထွက်လာသည်။

"မလုပ်ရဘူး! မန်နေဂျာ မန်စီနီ၊ ကျေးဇူးပြု၍ စိတ်ရှည်ပါ။ ဥက္ကဌရှု က သူလာမယ်လို့ ပြောတဲ့အတွက် သူလာမှာ သေချာပါတယ်။ ခင်ဗျားရဲ့ ရောက်ရှိလာမှုက သူ့အတွက် အရမ်းအရေးကြီးပြီး သူ တစ်လလောက် ဂရုတစိုက် ပြင်ဆင်နေခဲ့တာပါ၊ သူ ခင်ဗျားကို ဘယ်လိုမှ လာတွေ့မရလို့ပါဗျာ။ ခဏလောက်စောင့်ပါ၊ သူဒီကို မကြာခင်ရောက်မယ်လို့ ကျုပ်ထင်ပါတယ်။”

"ခဏစောင့်ရမယ်? ဟမ်။ ဒါကို မင်းအခု ဒါကို အကြိမ်ပေါင်းများစွာ ပြောပြီးပြီ!" အသံကျယ်ကျယ်က လှောင်ပြောင်ခြင်းများဖြင့် ပြည့်နှက်နေ၏၊ “အဲဒီဥက္ကဌ ရှုက ငါတို့ကို လျစ်လျူရှုဝံ့တယ်၊ ဒါက ငါတို့ကို စော်ကားလိုက်တာပဲ ဘာရွန် ဘယ်လီ၊ ငါတို့က မင်းသားအတွက် လာခဲ့ကြတာပဲ၊ ဒီတော့ ငါတို့ကို လျစ်လျူရှုတာက အရှင်မင်းသားကို လျစ်လျူရှုတာပဲ။ ဟမ့်၊ သူက တကယ် အတင့်ရဲတယ်ပေါ့!"

ရုတ်တရက် အထဲဝင်တော့မည့် ရှုယီက မျက်ခုံးတွန့်သွားသည်။ ထိုစကားကြားတော့ သူ မပြုံးနိုင်တော့ချေ။

ထိုလူ၏စကားများသည် မင်းသားဖရန့်ခ်၏အိမ်စောင့်ကိုမို၏ အသံနေအသံထားအတိုင်းပင်ဖြစ်သည်။

မင်းသားဖရန့်ခ်၏ လက်အောက်ငယ်သားများသည် အခြားသူများကို နှိမ့်ချသော အသံများဖြင့် ပြောဆိုခြင်းကို နှစ်သက်ပါသလား။

ဘာရွန် ဘယ်လီ ၏ ခါးသီးသော ရယ်မောသံသည် အခန်းတွင်းမှ ထွက်ပေါ်လာပြီး "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မန်နေဂျာ မန်စီနီ နားလည်မှုလွဲ‌နေပြီ။ ဥက္ကဌ ရှုက ခင်ဗျားကို လျစ်လျူရှုဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ ခင်ဗျားတို့စောင့်ရတာ ကြာမှာကြောက်လို့ ကျုပ်ကို ဧည့်ခံပေးထားဖို့တောင် တောင်းဆိုခဲ့တယ်။ သူက အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုနဲ့ အလုပ်ရှုပ်နေပေမယ့် မကြာခင် သူလာတွေ့မယ်လို့ ယုံကြည်ပါတယ်။ ခဏလောက်စောင့်ပါနော်......ခဏလေးပါပဲ......"

"အရေးကြီးတဲ့ကိစ္စလား? ငါတို့ထက် ဘာက ပိုအရေးကြီးလဲ" ဤမန်နေဂျာ မန်စီနီသည် ဘာရွန်ဘယ်လီ၏ အဖြေကို မကျေမနပ်ဖြစ်ကာ အေးစက်စက်နှာမှုတ်သံဖြင့် ပြောသည်။ "ဘာရွန် ဘယ်လီ၊ မင်းကို မျက်နှာသာမပေးလို့ ငါတို့ကို အပြစ်မတင်ပါနဲ့။ ငါတို့ ဥက္ကဌ ရှုကို နောက်ထပ် နာရီဝက်လောက်စောင့်မယ်၊ နေ့လည်စာမစားခင် ထွက်မလာရင် ငါတို့ထွက်သွားရလိမ့်မယ်။ ငါတို့ အရှင်မင်းသားကို ဘယ်လို သတင်းပို့မယ်ဆိုတာ မင်း တွေးထားပြီးသားဖြစ်မှာပဲ”

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ဥက္ကဌ ရှုကို တတ်နိုင်သမျှ မြန်မြန်လာခွင့်ပြုဖို့ လူတစ်ယောက် လွှတ်လိုက်ပါ့မယ်။"

ဘာရွန် ဘယ်လီ ၏စကားကို တံခါးမှ ရုတ်တရက် ပြတ်သားသော အသံတစ်ခုက ဖြတ်ပြောလိုက်သည်။

"မလိုပါဘူး ဘယ်လီ ကျုပ်ရောက်နေပြီ"

ဘာရွန် ဘယ်လီ က အံ့သြတကြီးနဲ့ တံခါးကို လှည့်ကြည့်လိုက်ရာ ရှုယီကိုတွေ့ချိန်တွင် ချက်ချင်း သက်ပြင်းချလိုက်မိသည်။

အခန်းထဲက တခြားလူတွေကလည်း ရှုယီကို ကြည့်လာ၏။ ဘာရွန် ဘယ်လီ ရှေ့မှာထိုင်နေသော အရေးအကြောင်းတွေ ပြည့်နှက်နေသည့် မျက်နှာဖြူဖျော့ဖျော့နှင့် လူအိုကြီးက ရှုယီကို စူးရှရှစိုက်ကြည့်နေသည်။

ရှုယီကို ခဏလောက် အေးစက်စွာကြည့်ပြီးနောက် သူက ပြောလာ၏၊ "မင်းက ရှုယီလား?"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၈၄။ မင်းက ပူးပေါင်းရေးဆွေးနွေးဖို့ အရည်အချင်းမမှီဘူး

ငှက်ဆိုးထိုးသကဲ့သို့ စူးရှလှသည့် ထိုအသံစူးစူးကိုကြားသော် ရှုယီမှာ မကြည့်ဘဲ မနေနိုင်တော့ပေ။ သူ၏ မုတ်ဆိတ်တစ်ဝက်မဆိုထားနှင့် သူ၏မျက်နှာထက်ရှိ အမွှေးရေးရေးလေးများကိုပင် ကြည့်လိုက်မိပြီးနောက် ရုတ်တရတ် လုံးဝမေ့လျော့နေခဲ့သော စကားလုံးကို သတိရသွားသည်။

မိန်းမစိုး။

ဟုတ်ပါ၏ ဤလူအိုကြီးမှာ စိုင်စ်နယ်မြေကြီး၏ မြင်ရခဲသော မိန်းမစိုးနှင့် အင်မတန်ဆင်တူလှသည်။

မိန်းမစိုးများသည် စိုင်စ်နယ်မြေကြီးတွင် အလွန်ရှားပါးပြီး ယခုအချိန်တွင် ကန်ဒရာအင်ပါယာ၏ အင်ပါယာနန်းတော်တွင် မိန်းမစိုးများသာ ရှိသေးသည်။ ကမ္ဘာပေါ်ရှိ အင်ပါယာနန်းတော်များရှိ မိန်းမစိုးများနှင့် ဆင်တူသည်။

ဒါ့အပြင် မားလိုအင်ပါယာရဲ့ တော်ဝင်နန်းတော်မှာတောင် မိန်းမစိုးတွေ မရှိပါချေ။

လမ်ပူရီတိုင်းပြည် နှင့် ရူဒ်ဆန်တိုင်းပြည်တို့ကဲ့သို့သော နိုင်ငံငယ်များ၏ တော်ဝင်နန်းတော်များတွင် ထိုသို့သော အရာများမရှိပေ။

လမ်ပူရီဆယ့်သုံးယောက်မြောက်ဘုရင်နှင့် အဲရစ် သက်ရှိထင်ရှားရှိစဉ်အခါက တော်ဝင်နန်းတော်တွင် အမှုထမ်းအတော်လေးများစွာ ရှိသော်လည်း မိန်းမစိုးဟူ၍ မရှိခဲ့ပေ။ ဘုရင်မကြီးဆယ်ဗီနီ သိမ်းပိုက်ပြီးသည်နှင့် အမှုထမ်းအားလုံးကို အိမ်ဖော်အဖြစ်သို့ ပြောင်းလဲခဲ့ရာ မိန်းမစိုးများ ရှိရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် ရှုယီသည် ဤကမ္ဘာတွင် ရှစ်နှစ်ကြာနေထိုင်ခဲ့သော်လည်း မိန်းမစိုးကို တစ်ခါမျှမတွေ့ဖူးပေ။ စိုင်စ်နယ်မြေကြီး၏ ဓလေ့ထုံးတမ်းများကို ဖော်ပြသော စာအုပ်တစ်အုပ်မှ တစ်ကြိမ်သာ ကြားဖူးသည်။

ယခု သူ့ရှေ့တွင် မိန်းမစိုးတစ်ယောက်ကို မြင်လိုက်ရတော့ ရှုယီ၏ အမူအရာက အနည်းငယ် ထူးဆန်းသွားသည် ။

အရိပ်အမြွက်တစ်ခုမျှသာဖြစ်သော်လည်း မိန်းမစိုးဟောင်းသည် အလွန်စိတ်အားထက်သန်သည်။

သူ့အမူအရာက အစစအရာရာ အဆင်မပြေပုံပေါ်ကာ ပို၍ပင် ကြည့်ရဆိုးလာသည်။

"ဟေး မေးပါရစေ မင်းက ရှုယီလား" ဘာရွန် ဘယ်လီ မှ မန်နေဂျာ မန်စီနီ လို့ ခေါ်သည့် မိန်းမစိုးဟောင်းက ၎င်းကို ထပ်မေးလာသည်။

ရှုယီက သူ့အကြည့်တွေကို ပြန်ရုတ်သိမ်းပြီး မန်နေဂျာ မန်စီနီကို အရိုအသေပြုကာ အပြုံးမပျက်ဘဲ ပြောလိုက်ပါ၏။ "ဟုတ်ပါတယ် ကျုပ်က Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ရှုယီပါ။ မင်းသားဖရန့်ခ်ရဲ့အတွင်းရေးကို တာဝန်ယူနေတဲ့ မန်နေဂျာမန်စီနီလားလို့ မေးလို့ ရမလား။

ရှုယီ၏ လေးစားမှုကို မြင်လိုက်ရတော့ မန်နေဂျာ မန်စီနီ၏ အကြည့်က အနည်းငယ် ပြေလျော့သွားသည်။ ထို့နောက် ခေါင်းတညိတ်ညိတ်နှင့် နှာမှုတ်လိုက်ကာ၊ “မှန်တယ်၊ ငါပဲ။ ဥက္ကဌ ရှု ၊ အရှင်မင်းသားကြောင့် မင်းကိုတွေ့ဖို့ ငါဒီကိုရောက်နေတာမို့ ငါတို့ဒီမှာဘာအတွက်‌ရောက်လာတာလဲဆိုတာ မင်းသိမှာပါ ဟုတ်တယ်မဟုတ်လား "

ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ မန်နေဂျာမန်စီနီနောက်တွင် ရပ်နေသော သန်သန်စွမ်းစွမ်းလူငယ်ငါးဦးကို ကြည့်လိုက်သည်။

“ဒီလူတွေက ပြိုင်ပွဲမှာ ပါဝင်ဖို့ အရှင်မင်းသား စေလွှတ်တာခံရသူတွေလား။”

"မဟုတ်ဘူး၊ သူတို့က ငါ့ရဲ့အစောင့်တွေပဲ၊ သူက ပြိုင်ပွဲမှာ ပါဝင်မယ့်သူပဲ" မန်နေဂျာ မန်စီနီသည် ခေါင်းယမ်းကာ သန်မာသော လူငါးဦး၏ နောက်သို့ ညွှန်ပြသည်။

ရှုယီသည် လူငါးဦးကို အံ့အားသင့်စွာ ကျော်ကြည့်လိုက်ရာ သူတို့နောက်တွင် အားနည်းသော ရုပ်ရည်ရှိသည့်၏ လူငယ်တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုကောင်လေးက အသက်နှစ်ဆယ်တောင်မပြည့်သေးသော်လည်း ထိုလောက်တော့ မပျော့ညံ့ပါ‌ချေ။ ထို လူငါးယောက်ထက်စာလျှင် အနည်းငယ် ပိန်နေ၏။

ရှုယီ ကြည့်လာတော့ သူကလည်း မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက စူးစမ်းလိုစိတ်နှင့် ဒေါသများဖြင့် ပြည့်နှက်နေသည်။

ရှုယီက မနေနိုင်စွာ ပြုံးလိုက်သည်။ ဒီလိုလူငယ်တွေကို နေရာတိုင်း၌တွေ့နိုင်မယ်ဟု သူထင်မိကာ မင်းသားဖရန့်ခ်က ဒီလူကို မည်သည့်နေရာမှာရှာတွေ့ခဲ့လဲဆိုသည်ကိုမူ သူမသိပါချေ။။

“ဒါက အရှင်မင်းသား ရွေးထားတာဆိုတော့ ကားမောင်းတာ အရမ်းကျွမ်းကျင်မှာပဲ။ ကျုပ် သိချင်တာက သူ့မှာ ယာဉ်မောင်းလိုင်စင် ရှိလား"

ရှုယီသည် ကောင်လေးကိုကြည့်ကာ လူတိုင်းကို အံ့အားသင့်စေသည့် မေးခွန်းတစ်ခုမေးလိုက်သည်။

၎င်းတို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြကာ မန်နေဂျာမန်စီနီက ပြောလာ၏ “ယာဉ်မောင်းလိုင်စင်လား? အဲ့ဒါကဘာလဲ?"

ရှုယီက ယာဉ်မောင်းလိုင်စင်အသုံးပြုပုံကို ရှင်းပြပြီးနောက် မန်နေဂျာမန်စီနီက ချက်ချင်း ရယ်မောလိုက်သည်။

"ကျုပ်တို့က ကန်ဒရာအင်ပါယာက‌နေလာတာမို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ လမ်ပူရီတိုင်းပြည်ကိုအသိအမှတ်ပြုခိုင်းဖို့ လိုလို့လား။ အရှင်မင်းသားသာ ကားမောင်းချင်ရင် မောင်းလို့ရတယ်။ ဒါအပြင်၊ အရှင်မင်းသားက မှော်ဆလွန်းကို မကြာခဏ မောင်းနှင်လေ့ရှိတယ်၊ ဥက္ကဌ ရှုက သူ့ရဲ့ ယာဉ်မောင်းလိုင်စင်အတွက်နဲ့ အရှင်မင်းသားကို စမ်းသပ်ချင်နေတာလား?"

ရှုယီသည် ဤကိစ္စကို ငြင်းခုံရန် လုပ်မနေတော့ဘဲ ပခုံးတွန့်လိုက်သည်။

“ကောင်းပြီ၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်.....သူဒီမှာနေနေတဲ့ နေ့ရက်တွေမှာ အနည်းဆုံး လမ်းစည်းကမ်းကို လိုက်နာဖို့ တောင်းဆိုချင်ပါတယ်။ မဟုတ်ရင် တစ်ခုခုဖြစ်လာရင် အရမ်းဒုက္ခရောက်လိမ့်မယ်။”

မန်နေဂျာ မန်စီနီက သူ့ကို စိုက်ကြည့်ရင်း “ဘာလဲ။ ဘယ်သူက ငါတို့ကို ဒုက္ခပေးမှာလဲ။”

လူငယ်နှင့် အစောင့်ငါးယောက်၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့်ဟန်ရှိနေကာ ရှုယီလည်း အနီးပတ်ဝန်းကျင်ရှိ နိုင်ငံများမှလူများ ကန်ဒရာအင်ပါယာအပေါ် ဖော်ပြချက်ကို လုံးလုံးနားလည်သဘောပေါက်သွားသည်။

မားလို အင်ပါယာမှလွဲ၍ ဤအင်ပါယာကြီးသည် အခြားနိုင်ငံများတွင် အမြဲတစေ အထီးကျန်နေမည်ဖြစ်သည်။

ရှုယီကက ထိုကိစ္စကို စိတ်ထဲထားဖို့ မစီစဉ်ထားပေ။ ဘာပဲဖြစ်ဖြစ် သူတို့ဒီမှာ ရက်အနည်းငယ်သာရှိနေမည်ဖြစ်ပြီး ပြိုင်ပွဲပြီးရင် ပြန်မည်ပင်၊ ထို့ကြောင့် နည်းနည်းဟာ သတိထားဖို့လိုပြီး ဘာပြဿနာမှ မဖြစ်သင့်ပေ။

ခေတ္တရပ်တန့်ပြီးနောက်၊ ရှုယီသည် ပြိုင်ပွဲတွင် မန်နေဂျာမန်စီနီနှင့် ပါဝင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို စတင်ဆွေးနွေးခဲ့သည်။

သို့သော် သူပြောခါနီးတွင် မန်နေဂျာ မန်စီနီက သူ့လက်ကို ဝှေ့ယမ်းပြီး ဖြတ်ပြောလာသည်။

"ဒီအသေးအမွှားကိစ္စအတွက်နဲ့ ငါ့ကို မနှောက်ယှက်ပါနဲ့၊ ငါ့မှာ ဥက္ကဌ ရှုနဲ့ ဆွေးနွေးစရာတစ်ခုရှိတယ်။"

ထိုသို့ပြောပြီးနောက် မန်နေဂျာ မန်စီနီက ဘာရွန်ဘယ်လီကို ကြည့်လာသည်။

ဘာရွန်ဘယ်လီလည်း ချက်ခြင်းနားလည်သွားသည်။ သူက ရှုယီကို တစ်ချက်ကြည့်ကာ ခန်းမထဲမှ မထွက်မီ ထရပ်ပြီးနောက် မန်နေဂျာ မန်စီနီကို နှုတ်ဆက်ခဲ့သည်။တစ်ချိန်တည်းမှာပင် အိမ်အကူနှစ်ယောက်ကို လှမ်းခေါ်သည်။

အစောင့်ငါးဦးနှင့် လူငယ်သည်လည်း ခန်းမထဲမှ ထွက်သွားပြီး ရှုယီနှင့် မန်နေဂျာ မန်စီနီတို့ကို ချန်ထားခဲ့သည်။

အခန်းသည် တိတ်ဆိတ်မှုနှင့် ပြည့်နေသည်။ရှုယီသည် လက်ဖက်ရည်မသောက်မီ မန်နေဂျာ မန်စီနီကို ကြည့်ကာ အေးအေးဆေးဆေး မေးလိုက်၏၊ “အရှင် မန်နေဂျာ ကျေးဇူးပြုပြီး ပြောပါ။”

မန်နေဂျာ မန်စီနီက ချက်ချင်း မပြောပေ။ ထိုအစား သူသည် ရှုယီကို ထွင်းဖောက်မြင်နိုင်သည့်နှယ် အကြိမ်ပေါင်းများစွာ ကြည့်နေခဲ့သည်။

သို့သော် ရှုယီ အလွန်တည်ငြိမ်နေပြီး သူ့မျက်နှာပေါ်ရှိ အပြုံးမပျက် ပေါ့ပေါ့ပါးပါး ထိုင်နေသည်။ သူက သူ့ရှေ့က မန်နေဂျာ မန်စီနီကို အေးအေးဆေးဆေး ကြည့်နေလိုက်၏။

ခဏအကြာတွင် မန်နေဂျာ မန်စီနီက သူ့ကို ကြည့်နေသည်အား ရပ်လိုက်ပြီး ခေါင်းတညိတ်ညိတ်ဖြင့် နှာမှုတ်လိုက်သည် ။ ရှုယီအပေါ် မည်သို့အကဲဖြတ်ထားသည်အား မသိရပါချေ။

"ဟမ့်..... ဥက္ကဌ ရှု ၊ မင်း ကိုမိုနဲ့ နောက်ဆုံးအကြိမ်တွေ့တုန်းက အင်ပါယာမှာ မှော်စက်အလုပ်ရုံတစ်ခုဖွင့်ဖို့ အဆိုပြုခဲ့တာပဲမဟုတ်လား"

"ဟုတ်ပါတယ် မန်နေဂျာ" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းညိတ်လိုက်ပြီး "ဒါက ကျုပ်ရဲ့ နောက်ဆုံးအကြိမ် အကြမ်းထည် အဆိုပြုချက်ပါပဲ၊ ပြန်ရောက်တော့ အဲဒါကို ထပ်စဉ်းစားခဲ့တယ်။ ဒီအဆိုပြုချက်အပေါ်မှာ စဉ်းစားဖို့ အချိန်လည်းယူခဲ့ရပြီး အသေးစိတ်ထပ်လုပ်ထားပါတယ်။"

ရှုယီက ထိုသို့ပြောနေစဉ်မှာ သူယူလာတဲ့ အထုပ်ထဲက စာရွက်စာတမ်းကို ထုတ်ယူပြီး မန်နေဂျာ မန်စီနီကို ပေးလိုက်၏။

“ကျုပ် မန်နေဂျာကို ကြည့်ခိုင်းချင်တယ်။ ဒီအစီအစဉ်က အရမ်းအသေးစိတ်ကျပြီး အရှင်မင်းသားကို ကျေနပ်စေမယ်လို့ ယုံကြည်တယ်။ အရှင်မင်းသားက ဒီပူးပေါင်းဆောင်ရွက်မှုကို သဘောတူရင် တစ်နှစ်ကို အနည်းဆုံး ရွှေဒင်္ဂါးတစ်သန်း ရလောက်တယ်လို့ ကျုပ် ယုံကြည်ပါတယ်။”

မန်နေဂျာ မန်စီနီသည် ရှုယီ၏ လက်ထဲမှ အစီအစဉ်ကို ကြည့်နေသော်လည်း ၎င်းကို ကိုင်တွယ်ရန် လက်မလှမ်းခဲ့ပေ။ သူ့လက်ကိုသာ ဝှေ့ယမ်းပြီး ပေါ့ပေါ့ပါးပါး အသံနှင့် ပြော၏၊ “မလိုပါဘူး။ ဥက္ကဌရှု ၊ အရှင်မင်းသားက ဒီအစီအစဉ်ကို သဘောတူဖို့ မဖြစ်နိုင်ဘူး။”

ရှုယီက အံ့အားသင့်သွားပြီး မျက်မှောင်ကုပ်လိုက်ကာ "ဘာလို့လဲ? ဒီအစီအစဉ်ကို မန်နေဂျာကြီး မမြင်ဖူးသေးတာကို မပြောနဲ့ အရှင်မင်းသားအတွက်လည်း အရမ်းအကျိုးရှိမယ်လို့ ထင်ပါတယ်။”

"မလိုဘူးလို့ ငါပြောနေတယ်လေ" မန်နေဂျာ မန်စီနီက အေးစက်စက် နှာမှုတ်လိုက်ပြီး "ဥက္ကဌ ရှု၊ ငါ မင်းကို သတိပေးရမယ်၊ မင်းက ကိုယ့်အဆင့်အတန်းကို နားမလည်သေးဘူးပဲ"

ရှုယီသည် မျက်မှောင်ပိုကုပ်သွား၏။

"မန်နေဂျာ၊ ခင်ဗျားဘာကိုဆိုလိုတယ်ဆိုတာ ကျုပ်နားမလည်ဘူး"

"နားမလည်ဘူးလား? ဘာရွန် ဘယ်လီက မင်းဟာ ဉာဏ်ရည်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်ကြောင်း အမြဲဝါကြွားနေခဲ့ပေမယ့် အခုတော့ မဟုတ်လောက်ဘူးထင်တယ်" မန်နေဂျာ မန်စီနီက ခေါင်းခါလိုက်ပြီး "ဥက္ကဌ ရှု၊ မင်း နားမလည်သေးဘူးလား။ အဆုံးမှာ မင်းက စတက်တိန်းနယ်မြေက ကုန်သည်လေးတစ်ဦးမျှပါပဲ။ ဒါပေမယ့် မင်းက ငါတို့အင်ပါယာရဲ့ ဂုဏ်ထူးဆောင်မင်းသားနဲ့ ပူးပေါင်းချင်တယ်လို့ မင်းပြောနေတာလား။ မစဉ်းစားမိဘူးလား.....နည်းနည်းရယ်ရတယ်လို့?"

ရှုယီသည် မန်နေဂျာ မန်စီနီ၏ မျက်နှာထက်က လှောင်ပြောင်သည့်ဟန်ကို မြင်လိုက်ရရာ သူ့အား အထင်သေးနေပုံရသဖြင့် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထို့နောက် တွန့်ထားသော မျက်ခုံးများကို ဖြေလျှော့ပြီး တည်ငြိမ်မှုကို ပြန်လည်ရရှိစေလိုက်သည်။

"ဒါဆို မန်နေဂျာ၊ မင်းသား ...... အိုး၊ မဟုတ်ဘူး၊ အရှင်မင်းသားရဲ့ အဆင့်အတန်းအရဆို ကျုပ်တို့ ဘယ်လို ပူးပေါင်းဆောင်ရွက်သင့်လဲ"

“မင်းကို ထပ်ပြီးသတိပေးမယ်၊ မင်းက သူ့အရှင်မင်းသားနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးဖို့ အရည်အချင်းမပြည့်မီဘူး။ ဒါပေမယ့် ကံကောင်းပြီး အရှင်မင်းသားက မင်းတို့လုပ်ငန်းစုရဲ့ မှော်ဆလွန်းကို နည်းနည်းစိတ်ဝင်စားတယ်၊ ဒါကြောင့် သူ့ဆီက ယုံကြည်ချက်တချို့ရဖို့အတွက် သူ့ကို တစ်ချို့အရာတွေ ပေးခွင့်ပြုရမယ်။ နားလည်လား?"

ရှုယီက ခေါင်းခါလိုက်ကာ "တောင်းပန်ပါတယ် မန်နေဂျာ၊ ကျုပ် နားမလည်သေးဘူး"

မန်နေဂျာ မန်စီနီက သက်ပြင်းတစ်ချက် ချလိုက်ပြီး သင်ပေးလို့မရတဲ့ ကလေးတစ်ယောက်ကို ကြည့်နေသလိုမျိုး ခေါင်းယမ်းရင်းဖြင့် ဆိုသည်၊ "ကောင်းပြီ၊ မင်းအတွက် ပိုရိုးရှင်းအောင် ငါပြောပြမယ်။ မင်းသာ ကောင်းကောင်းလုပ်ဖို့ ဆန္ဒရှိပြီး အရှင်မင်းသားကို ပျော်ရွှင်စေလိုသရွေ့၊ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ငါတို့ ကန်ဒရာအင်ပါယာမှာ တစ်ခုခုလုပ်ချင်ရင် အရှင်မင်းသားကိုရှာလို့ရတယ်။ ဒါက ပိုမိုလွယ်ကူစေလိမ့်မယ်။ အရှင်မင်းသားကို ကျေနပ်စေရင် ပိုလို့တောင် ဂရုစိုက်ခံရနိုင်ပါတယ်။ အခု မင်းနားလည်ပြီလား"

ရှုယီ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခုပေါ်လာကာ ခေါင်းညိတ်ပြလိုက်၏ “ဟုတ်ကဲ့ နားလည်ပါတယ်။ ဒါဖြင့် မန်နေဂျာ၊ အရှင်မင်းသားက ဘယ်လို ပူးပေါင်း... မဟုတ်ဘူး၊ ဘာလုပ်စေချင်တာပါလဲ။"

ရှုယီ၏ လေသံပြောင်းသွားသည်ကိုကြားတော့ မန်နေဂျာမန်စီနီသည် နောက်ဆုံးတွင် ကျေနပ်စွာ ခေါင်းညိတ်ပြကာ ရှုယီအတွက် စာရွက်လေးတစ်ရွက်ကို ထုတ်လာသည်။

“ဒါက အရှင်မင်းသားရဲ့ ဆန္ဒအရအရ ကျုပ် စီစဉ်ပေးခဲ့တဲ့ စာချုပ်ပါ။ မင်းကြည့်ကြည့်ပြီးမှ လက်မှတ်ထိုးလို့ရတယ်။"

ရှုယီသည် ၎င်းကိုကြည့်လိုက်ရာ အမှန်တကယ် စာချုပ်တစ်ခုဖြစ်ကြောင်း တွေ့ရသည်။ နောက်ဆုံးလိုင်းတွင် Frestech ကုန်သည်ကြီးများအသင်းနှင့် ယခင်က သူမကြားဖူးသော လုပ်ငန်းစု တစ်ခု၏ အမည်ပါရှိသည်။

"စိတ်မရှုပ်ပါနဲ့၊ အဲဒါက အရှင်မင်းသားရဲ့ အပေါင်းအဖော်ပဲ၊ မင်းနားလည်မှာပါ။" မန်နေဂျာ မန်စီနီက ရှင်းပြသည်။

ရှုယီက ခေါင်းညိတ်လိုက်ပြီး စာချုပ်ပါအကြောင်းအရာကို စတင်ဖတ်ရှုလိုက်သည်။

မိနစ်ဝက်မပြည့်မီတွင် ရှုယီ၏နှုတ်ခမ်းများမှာ အေးစက်သောအပြုံးတစ်ခုအဖြစ် မနေနိုင်အောင် တွ့န်ကွေးသွား၏။

အိုင်း ဒီမင်းသားလေး ဖရန့်၊ သူက တကယ်ကို မြင့်မားတဲ့ ရပ်တည်ချက်ရှိပြီး အာသီသများတာပဲ။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၈၅။ သေဒဏ်ချမှတ်ခဲ့သည်

အချိန်ဇယားအရ ဘန်တာမြို့စက်ဘီးပြိုင်ပွဲပြီးနောက် နှစ်ရက်တွင် Frestech စက်ဘီးပြိုင်ပွဲ တရားဝင်စမည်ဖြစ်သည်။

ထို ပြိုင်ပွဲပထမဆုံး ပထမအကျော့မှာ ဤနှစ်၏ Frestech စက်ဘီးပြိုင်ပွဲ တရားဝင်စတင်ကြောင်းကို ကိုယ်စားပြုပါ၏။

ယခင်နှစ် ချန်ပီယံမှာ ရွှေဒင်္ဂါး ရှစ်သောင်းလေးထောင် ရခဲ့သောကြောင့် လူအတော်များများက Frestech ကုန်သည်ကြီးများအသင်းကို အာရုံစိုက်လာကြသည်။

Frestech စက်ဘီးစီး ပြိုင်ပွဲသည် တစ်ပတ်ကြာမြင့်ခဲ့ပြီး လမ်ပူရီတိုင်းပြည်နှင့် ပတ်ဝန်းကျင်နိုင်ငံရှိ သတင်းစာအသီးသီးတွင် ဤအားကစားပွဲနှင့်ပတ်သက်သည့် ဆောင်းပါးများစွာကို ထုတ်ဝေခဲ့သည်။

ဤဆောင်းပါးများကြောင့် ဤပြိုင်ပွဲကိုကျင်းပသည့် စက်ဘီးလုပ်ငန်းစုများသည် ထိတွေ့မှုများစွာရခဲ့ပြီး ၎င်းတို့၏စက်ဘီးများက ပို၍ပင်အသိအမှတ်ပြုခံခဲ့ရသည်။

ပြိုင်ပွဲပြီးသောအခါ အန်ဂျစ် ကုန်သည်ကြီးများအသင်းမှ ပြိုင်းကားမောင်းသူ ပြိုင်ပွဲဝင်တစ်ဦးက အောင်ပွဲခံကာ ရွှေဒင်္ဂါးငါးထောင်ဆုကို ရရှိခဲ့သည်။ ၎င်းက စက်ဘီးအပေါ်ရူးသွပ်မှုများကို အားလျော့သွားစေရန် လဝက်သာကြာစေခဲ့သည်။

သို့သော် ဒီလဝက်အတွင်းမှာ ရူးသွပ်သည့် စိတ်ဆန္ဒကြောင့် ၎င်းပြိုင်ပွဲနှင့် သက်ဆိုင်သော လုပ်ငန်းစုများ၏ စက်ဘီးအားလုံးဟာ ရောင်းအား တိုးလာခဲ့ပါ၏။

Frestech ကုန်သည်ကြီးများအသင်းတွင် ပါဝင်ခဲ့သည့် အခြားလုပ်ငန်းစု ခုနစ်ခုအနက် အကြီးမားဆုံး တိုးတက်မှုမှာ ခုနစ်ထောင့်ခြောက်ရာကျော် ရောင်းချခဲ့သည့် အန်ဂျစ် ကုန်သည်ကြီးများအသင်းဖြစ်သည်။ပြီးခဲ့သည့်လက ၎င်းတို့၏ရောင်းအားနှင့် နှိုင်းယှဉ်ပါက ၎င်းသည် 300% ကျော် တိုးလာသည်။

အခြားစက်ဘီးလုပ်ငန်းစုများသည်လည်း အမျိုးမျိုးသော အတိုင်းအတာအထိ တိုးမြင့်လာခဲ့သည်။ အနိမ့်ဆုံးမှာ 50% ကျော်ဖြစ်ပြီး အမြင့်ဆုံးမှာ 200% နီးပါးဖြစ်သည်။

ယင်းနှင့် နှိုင်းယှဉ်ပါက Frestech ကုန်သည်ကြီးများအသင်း၏ စက်ဘီးရောင်းချမှုသည် အနည်းဆုံး တိုးမြင့်လာခဲ့သည်။ ယခင်လနှင့် နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်းသာ တိုးတက်လာခဲ့သည်။

သို့သော် ထို 17% က အန်ဂျစ် ကုန်သည်ကြီးများအသင်းနှင့် ယှဉ်ရင် ခိုင်မာသည့် ကိန်းဂဏန်းတွေ အများကြီး တိုးလာပါ၏။

Frestech ကုန်သည်ကြီးများအသင်းသည် ပြီးခဲ့သည့်လက အစီးရေ သုံးသောင်းရှစ်ထောင့်လေးရာ ရောင်းချခဲ့ရသောကြောင့်ဖြစ်သည်။ ၁၇ ရာခိုင်နှုန်း တိုးလာခြင်းက အစီးရေ ခြောက်ထောင့်ငါးရာကျော် ရှိပါ၏။

နောက်ဆုံးတွင် စက်ဘီးလုပ်ငန်း၌ Frestech ကုန်သည်ကြီးများအသင်းသည် အခြားလုပ်ငန်းစုများ မယှဉ်နိုင်သော ဧရာမဖြစ်သည်။

သို့သော် လက်ရှိအခြေအနေအရ အခြားလုပ်ငန်းစုများသည် ရှုယီ၏ပံ့ပိုးကူညီမှုနှင့် ကြော်ငြာပုံစံအမျိုးမျိုးဖြင့် ကောင်းမွန်သောတိုးတက်မှုကို ကြုံတွေ့ခဲ့ရသည်။

အကယ်၍ အချိန်ပေးမည်ဆိုပါက Frestech ကုန်သည်ကြီးများအသင်းထံ အရောက်လှမ်းနိုင်မည့် နေ့တစ်နေ့ ရှိလာနိုင်သည်။

ဤအရာသည် လူများစွာ၊ အထူးသဖြင့် ကုန်သည်များစွာ၏ ရှုယီအကြောင်း နားမလည်သော အရာဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းက ထိုသို့လုပ်ဖို့ မလိုအပ်ဘဲ စျေးကွက်ကို လက်ဝါးကြီးအုပ်နိုင်ပြီး သူတို့အတွက် ငွေအများကြီး ပိုရှာနိုင်ပါ၏။ သူတို့၏ ပြိုင်ဘက်များကို ကူညီဖို့ ဘာကြောင့်မျာ ငွေကြေးနှင့် အားထုတ်မှုတွေ သုံးစွဲခဲ့ကြသနည်း။

ရှုယီသည် Frestech ကုန်သည်ကြီးများအသင်းကို တစ်နေ့တွင် အခြားလုပ်ငန်းစုတစ်ခု ကျော်တက်လာမည်ကို စိုးရိမ်နေသင့်သည် မဟုတ်ပါလား။ ၎င်းတို့၏ စျေးကွက်ကိုဖယ်ထုတ်ကာ Frestech ကုန်သည်ကြီးများအသင်း၏ ရောင်းအားကို ကျဆင်းစေမည်မဟုတ်ပါလား။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်း ပြိုလဲတော့မည်ဟုပြောခြင်း ရယ်စရာဖြစ်တယ်ဆိုရင်တောင် ၎င်းကိုစိုးရိမ်စရာဖို့လို၏။

လူတွေကြားထဲတွင် ဥက္ကဌ ခရုစ် က ၎င်းကို အခံစားရဆုံးသူပင်။

Frestech ကုန်သည်ကြီးများအသင်းနှင့် တွေ့ပြီး ရှုယီနှင့်တွေ့ပြီးကတည်းက ရှုယီဟာ လူတွေနားမလည်နိုင်သည့်အရာများကို မရေမတွက်နိုင်အောင် လုပ်ခဲ့ပါ၏။

ဥက္ကဌ ခရုစ်က ရှုယီကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် မေးခဲ့သော်လည်း ရှုယီ သူ့ကို တိုက်ရိုက် အဖြေမပေးခဲ့ပါချေ။

ရှုယီက ထိုသို့ လုပ်နေသည်များကို မြင်သော် ဥက္ကဌ ခရုစ် က ပိုလို့တောင် သံသယမဖြစ်ဘဲ မနေနိုင်တော့ပေ။

ဒါကိုမြင်ရလေလေ ရူးသွပ်သွားတော့မလိူဖြစ်လေလေဆိုသော်လည်း၊ ဤအကြောင်းကို ရှုယီအား သီးသန့် အထွန့်တက်ထားဆဲပင်။

ဥပမာ၊ ယနေ့ပင်။

"ဟေး ရှုယီ အန်ဂျစ် ကုန်သည်ကြီးများအသင်းရဲ့ ရောင်းအားကို မြင်ရင် မင်း စိတ်မပူဘူးလား" ဥက္ကဌခရုစ်သည် ရှုယီဘေးတွင်ထိုင်ကာ သူ့ရှေ့ကမြင်ကွင်းကိုကြည့်၍ ပေါ့ပေါ့ပါးပါးမေးလိုက်သည်။

သူနှင့် ရှုယီတို့သည် လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က ဘန်တာမြို့ အပြင်ဘက်တွင် တည်ဆောက်ခဲ့သော မှော်ပြိုင်ကားလမ်းကြောင်းတွင် ရှိနေကြသည်။ လက်ရှိတွင် မတူညီသော အရောင်အသွေး နှင့် မော်ဒယ်များ ရှိသည့် မှော်ဆလွန်းဆယ်စီး ရှိပြီး လမ်းကြောင်း အလယ် တွင် လျင်မြန်စွာ ဖြတ်ကျော် မောင်းနှင်ကာ လမ်းကြောင်းကို စစ်ဆေး အာရုံခံစားရင်း လာမည့်ပြိုင်ပွဲအတွက် ပြင်ဆင်နေပါ၏။

Frestech စက်ဘီးပြိုင်ပွဲမှရရှိသောအာရုံစိုက်မှုနှင့်နှိုင်းယှဉ်ပါက မှော်ဆလွန်းပြိုင်ပွဲသည်အာရုံစိုက်မှုများစွာလျော့နည်းခဲ့သည်။

ဤပြိုင်ပွဲအကြောင်းကို ဖော်ပြခဲ့သည့် “ဘန်တာတိုင်းမ်စ်” နှင့် “လမ်ပူရီအပတ်စဉ်” မှလွဲ၍ အခြားသတင်းစာများတွင် စကားလုံးတစ်လုံးမျှ မပါဝင်ပါ။

အဘယ်ကြောင့်ဆိုသော် မှော်ဆလွန်းသည် သာမန်လူများနှင့် ဝေးကွာလွန်းသောကြောင့်ဖြစ်သည်။ သူတို့ မဝယ်နိုင်၊ မထိနိုင်လို့ သဘာဝအတိုင်း ဂရုမစိုက်ကြပေ။

တကယ်တော့ ဒါက ရှုယီလုပ်ရသည့် အကြောင်းရင်းပါပင်။

ရှုယီသည် စက်ဘီးစီးခြင်းကို မြှင့်တင်လိုပြီး မှော်ဆလွန်းကို အရောင်းမြှင့်တင်ရန် စိတ်မပူခဲ့ပေ။

လမ်ပူရီတိုင်းပြည် သို့မဟုတ် အနီးနားရှိနိုင်ငံများတွင် မှော်ဆလွန်းသည် သာမန်လူများ မကစားနိုင်သော အဆင့်မြင့်အရာဖြစ်သည်ကို သူရှင်းရှင်းလင်းလင်းသိရသောကြောင့်ဖြစ်သည်။

လက်ရှိအဆင့်မှာတောင် ချမ်းသာသည့် ကုန်သည်များနှင့် မျိုးရိုးမြင့်များကိုသာ ရည်မှန်းထား၏

ဤသည်မှာ အဖွဲ့ငယ်ဖြစ်သောကြောင့် ရှုယီသည် ကြော်ငြာအပေါ် အလွန်အကျွံအာရုံစိုက်ရန် မလိုအပ်ပါ။

ကုန်သည်နှင့် မျိုးရိုးမြင့် အသိုင်းအဝိုင်းတို့သည် အချင်းချင်း ဆက်သွယ်ရန် နည်းလမ်းရှိကြသည်။ မှော်ဆလွန်းထွက်ရှိပြီးနောက်၊ ဤအသိုင်းအဝိုင်းနှစ်ခုတွင်ပျံ့နှံ့ရန် ဤမျှလောက်ကြိုးစားအားထုတ်မှုမလိုအပ်ခဲ့ပေ။

လမ်ပူရီတိုင်းပြည်နှင့် ပတ်ဝန်းကျင်နိုင်ငံများတွင် Frestech တံဆိပ် မှော်ဆလွန်း မပါသော ကုန်သည် သို့မဟုတ် မျိုးရိုးမြင့် တစ်ဦးရှိပါက၊ ၎င်းတို့သည် နောက်ကျကျန်သူအဖြစ် သတ်မှတ်ခံရပြီး သွားစရာမျက်နှာမရှိတော့ပါ။

ဤအခြေအနေကို သုံးသပ်ကြည့်ရာ ရှုယီသည် ကြော်ငြာစတင်ရန် အလွန်စောလွန်းသည်ဟု ခံစားမိသည်။

ဤ မှော်ဆလွန်းပြိုင်ပွဲသည် အပျော်တမ်းပြိုင်ပွဲတစ်ခုမျှသာဖြစ်သည်။ ငယ်ရွယ်သော မျိုးရိုးမြင့်များနှင့် ကုန်သည်များကို ပြိုင်ကားများအား တွေ့ကြုံခံစားရန် နေရာပေးရန်အပြင်၊ ၎င်းသည် မှော်ဆလွန်း၏ စွမ်းဆောင်ရည်ကို စမ်းသပ်ရန် နေရာတစ်ခုလည်း ဖြစ်သည်။

ယနေ့ပြိုင်ပွဲတွင် မင်းသားဖရန့်ခ်၏ ကိုယ်စားလှယ်ပြိုင်ကား ပါဝင်သောကြောင့် ၎င်းသည် ကြော်ငြာအတွက်ပင် မသင့်လျော်ပါ။

ထို့ကြောင့် ရှုယီသည် ဤပြိုင်ပွဲကို အများပြည်သူအား မဖွင့်ပြဘဲ တစ်နေရာလုံးကို ချိတ်ပိတ်ထားခဲ့သည်။ ဥက္ကဌ ခရုဇ်လို သူ့အနားကလူတွေကို ဝင်ခွင့်ပေးရုံကလွဲလို့ တခြားဘယ်သူကိုမှ လုံးဝမဝင်ခိုင်းပါချေ။

"ဘာလို့ စိတ်ပူရမှာလဲ" ရှုယီက ဥက္ကဌ ခရုစ်ကို ရယ်စရာတွေ့သလို လှည့်ကြည့်လိုက်ကာ "အန်ဂျစ် ကုန်သည်ကြီးများအသင်းရဲ့ ရောင်းအားက တိုးလာတာ ကောင်းလိုက်တာ၊ ကျုပ် မပျော်ဘဲကို မနေနိုင်တော့ဘူး"

ဥက္ကဌ ခရုစ်သည် ဤနည်းဖြင့် ပြန်ကြားမည်ကို သူသိထားပြီးသားကဲ့သို့ မျက်လုံးပြူးပြသည်။

ခေတ္တရပ်ပြီးနောက် ဥက္ကဌ ခရုစ်က ရှုယီ၏ပခုံးကို ဆွဲပြီး လေးနက်သောအကြည့်ဖြင့် ပြောသည် ။ "ရှုယီ မင်းမှာ ကိုယ်ပိုင်အစီအစဉ်ရှိတာကို ငါနားလည်တယ်၊ လမ်ပူရီတိုင်းပြည်နဲ့ ပတ်ဝန်းကျင်နိုင်ငံငယ်လေးတွေမှာ ဒီလိုလုပ်ဖို့ ပြဿနာမရှိဘူးလို့ ငါပြောရမယ်။ ဒါပေမယ့်လည်း ဒါကို ကန်ဒရာအင်ပါယာမှာ လုပ်ချင်ရင် အပိုင်းအစတစ်ခုမျှ မချန်ဘဲ ကန်ဒရာအင်ပါယာက လူတွေ ဝါးမြိုတာကိုခံရနိုင်ဖွယ်ရှိတယ်။ ဒါကြောင့် မင်းသတိထားသင့်တယ်"

ရှုယီက သူ့ကို လေးလေးနက်နက် ကြည့်လာပြီး "တစ်ခုခု ကြားထားတာလား"

ဥက္ကဌ ခရုစ်သည် ဒေါသတကြီးဖြင့် နှုတ်ခမ်းကို သုတ်လိုက်ပြီး "အခြားသူတွေ မသိရင်တောင် မင်းကို တွေ့ဆုံဖို့ ကန်ဒရာအင်ပါယာက လူတွေကို စေလွှတ်နေတယ်ဆိုတာ ငါမသိဘူးထင်လား။"

ရှုယီက ခေါင်းညိတ်လိုက်သည်။ ဤအချက်အလက်ကို ပိတ်ဆို့ထားသော်လည်း လူတိုင်းကို ပိတ်ဆို့ထားခြင်းမရှိသောကြောင့် ဥက္ကဌ ခရုစ် သည် သတင်းအချို့ကို ရရှိခဲ့ခြင်းမှာ မထူးဆန်းပါ။

"ဒါဆို ဘယ်လောက်ထိသိလဲ" ရှုယီက မေးသည်။

ဥက္ကဌ ခရုစ်က ခေါင်းခါပြပြီး "သိပ်မကြာပါဘူး၊ ဒါပေမယ့် ငါကြားတာ.... ကန်ဒရာအင်ပါယာ ဘက်က မင်းကို အလွန်အကျွံ တောင်းဆိုထားတာလား?"

ရှုယီက အပြုံးမပျက် ခေါင်းညိတ်သည်။

ကန်ဒရာအင်ပါယာ၏တောင်းဆိုမှုသည် လွန်ကဲသည်ထက် သာလွန်သည်၊ လွန်စွာလွန်ကဲသည် ။

မန်စီနီကရှုယီကို ပေးခဲ့သည့် စာချုပ်တွင် မင်းသားဖရန့်ခ်အား မှော်ဆလွန်းနည်းပညာအားလုံးကို ကမ်းလှမ်းရန် Frestech ကုန်သည်ကြီးများအသင်းထံ တောင်းဆိုခဲ့သည်။

ထို့နောက် ကန်ဒရာအင်ပါယာရှိ မင်းသား ဖရန့်ခ် ၏ပိုင်နက်နယ်မြေတွင် မှော်ဆလွန်းစက်ရုံတည်ဆောက်ရန် Frestech ကုန်သည်ကြီးများအသင်းကို တောင်းဆိုခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းသည် နည်းပညာကို ပံ့ပိုးပေးရမည်ဖြစ်ရုံသာမက မှော်ထုတ်လုပ်ရေးစက်များကို ပံ့ပိုးပေးကာ ၎င်းတို့ကို လည်ပတ်နိုင်ရန် အရည်အချင်းပြည့်မီသော ဝန်ထမ်းအုပ်စုကို လေ့ကျင့်ပေးရန်လည်း လိုအပ်သည်။

ဆိုလိုသည်မှာ Frestech ကုန်သည်ကြီးများအသင်းသည် မင်းသား ဖရန့်ခ် ၏ပိုင်နက်တွင် မှော်ကားများကို လွတ်လပ်စွာထုတ်လုပ်နိုင်သည့် စက်ရုံတစ်ခုတည်ဆောက်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် ပြီးပြည့်စုံသော နည်းပညာကို စွန့်လွှတ်ကာ ပံ့ပိုးကူညီမှုများလည်း ပြုလုပ်ရမည်ဖြစ်သည်။

ယင်းနှင့် နှိုင်းယှဉ်ပါက Frestech ကုန်သည်ကြီးများအသင်းသည် မင်းသား ဖရန့်ခ် ၏ နယ်မြေတွင် ပြိုင်ပွဲလမ်းကြောင်းတစ်ခု တည်ဆောက်ပြီး ပြုပြင်ထိန်းသိမ်းမှု အဖွဲ့သားများကို ပံ့ပိုးပေးရန်ရမည့်အကြောင်းကို ပြောရန်ပင် မထိုက်တန်ပေ။

မင်းသား ဖရန့်ခ် က သူ့ကို ဘာပြန်ပေးမှာလဲ။

သူ့အတွက် ရွှေဒင်္ဂါးပြားတစ်ပြားပင် ပေးဖို့ မဖြစ်နိုင်ပေ။

မန်နေဂျာ မန်စီနီက ရှုယီကို စာချုပ်ပေးစဉ်က သူဟာ ထိုလက်ဆောင်အတွက် ကျေးဇူးတင်သင့်သလို ပြုမူခဲ့ပါ၏။

ပြန်ဆပ်ခြင်းဟု ခေါ်နိုင်သည့် တစ်ခုတည်းသော အရာမှာ Frestech ကုန်သည်ကြီးများအသင်းမှ ဤစာချုပ်ကို လက်မှတ်ရေးထိုးပြီး မှန်ကန်စွာ လိုက်နာနေသမျှ ကာလပတ်လုံး မင်းသား ဖရန့်ခ်သည် Frestech ကုန်သည်ကြီးများအသင်းကို ဂရုစိုက်မည်ဖြစ်သည်ဟု မန်နေဂျာ မန်စီနီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရှုယီက ထိုစာချုပ်ကို ဖတ်ပြီးချိန်မှာ ဘာမှ မှတ်ချက်မပေးဘဲ မန်နေဂျာ မန်စီနီထံ စဉ်းစားဖို့ အချိန်တစ်ခုလိုတယ်လို့ ပြောခဲ့၏။

သို့သော်လည်း မန်နေဂျာ မန်စီနီ၏ မကျေနပ်သည့် အကြည့်ကို သူမြင်လိုက်သောအခါ တစ်ဖက်က သူ့ကို သေဒဏ်ပေးလိုက်ကြောင်း ရှုယီသိလိုက်သည်။

ဒါက ပူးပေါင်းဆောင်ရွက်မှုတစ်ခုမဟုတ်ဘဲ သူ့ဖိနပ်တွေကို လျက်ခြင်းပင်။

ရှုယီသည် မင်းသား ဖရန့်ခ်က မြင့်မြတ်သောအဆင့်အတန်းရှိသည်ကို လက်ခံနိုင်ပြီး Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းနှင့် ပူးပေါင်းဆောင်ရွက်သောအခါတွင် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ သူ့အတွက်မှာ ကန်ဒရာအင်ပါယာသို့ ချောမွေ့စွာဝင်ရောက်ပြီး ဧရာမစျေးကွက်ကိုဖွင့်ဖို့ရန်သာ ဖြစ်ပါ၏။ သို့သော်၊ သူတို့သည် သူ၏ဖိနပ်အား လျက်ခြင်းကို ဝန်ခံမည်မဟုတ်ပေ။

ဒါကို တကယ်သဘောတူလိုက်လျှင် ရှုယီ အတွက်တော့ Frestech ကုန်သည်ကြီးများအသင်းမှာ မင်းသား ဖရန့်ခ် က မွေးမြူထားသည့် ခွေးတွေနှင့် မခြားတော့ပေ။

လူတော်တော်များများက မင်းသား ဖရန့်ခ်ရဲ့ခွေးဖြစ်ချင်ကောင်းဖြစ်ချင်နိုင်ပေမယ့် ဒါကို ရှုယီကတော့ လက်ခံဖို့မဖြစ်နိုင်ပေ။

မင်းသားဖရန့်မှတဆင့် ကန်ဒရာအင်ပါယာသို့ဝင်ရောက်ရန်အခွင့်အရေးကို လုံးဝပိတ်ပစ်လိုက်သော်လည်း ရှုယီမှာ အလွန်စိတ်ပျက်ခြင်းမရှိပေ။

ဤကိစ္စနှင့် ရူဆဲလ် လည်ပတ်ခြင်းမှတဆင့်၊ ရှုယီသည် ကန်ဒရာအင်ပါယာ၏အခြေအနေကို ကောင်းစွာနားလည်ခဲ့သည်။

ဤအင်ပါယာသည် အနှိုင်းမဲ့ကြီးမားသော အင်ပါယာတစ်ခုဖြစ်သည်၊ သို့သော် သူတို့သည် ဝင့်ကြွားလွန်းသောကြောင့် ၎င်းတို့သည် ၎င်းတို့၏ မောင်းနှင်အားကို ဆုံးရှုံးသွားသော ဆွေးမြေ့ပျက်စီးနေသည့် အင်ပါယာဖြစ်လာခဲ့သည်။

ရှုယီသည် ကန်ဒရာအင်ပါယာကိုဖြတ်၍ နယ်မြေကြီးတစ်ဝှမ်းရှိ မှော်စက်လုပ်ငန်းကို မြှင့်တင်ရန် စိတ်ကူးရှိခဲ့သော်လည်း ယခုမူ ထိုအကြံကို စွန့်လွှတ်လိုက်ရသည်။

သူ့အမြင်တွင် ကန်ဒရာအင်ပါယာသည် ဤဧရိယာတဝိုက်ရှိ နိုင်ငံငယ်လေးများနှင့်ပင် မတူပါ။

ပိုကြီးတဲ့ စျေးကွက်လား။ အဲဒါက ပိုကြီးတဲ့ အသားတစ်ပိုင်းဖြစ်နေရုံပါပဲ။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၈၆။ အပိုင်းငယ်လေးတစ်ခုမျှသာ

ဥက္ကဌခရုစ်မှာ ရှုယီကို နှစ်များစွာကြာသိလာခဲ့ခြင်းကြောင်း သဘာဝကျကျပင် နားလည်မှု အချို့ရှိပါ၏။

သူ၏မျက်နှာထက်ရှိ ထူးထူးဆန်းဆန်းအပြုံးကိုမြင်သော် သူဟာ ချက်ချင်းပင် ရှုယီက ကန်ဒရာအင်ပါယာကို

လက်လျှော့လိုက်ပြီးဖြစ်ကြောင်းနားလည်လိုက်သည်။

သူလည်း စိတ်သက်သာစွာပြုံးမိသော်ငြား နောက်မှ ၎င်းက မှားသည်ဟု ခံစားလိုက်မိ၏။ စဉ်းစားကြည့်ပြီးနောက် သူဟာ ရှုယီကို နှစ်သိမ့်ဖို့ ပခုံးပုတ်ပေးလိုက်သည်၊ "အာ... ဒါက ဘာမှကြီးကြီးမားမားမဟုတ်ပါဘူးကွာ။ ငါတို့က ဘာပဲဖြစ်ဖြစ် ကုန်သည်တွေဘဲ အရှုံးမရှိဘဲ လုပ်ငန်းမလုပ်နိုင်ဘူး မဟုတ်ဘူးလားကွာ? ကန်ဒရာအင်ပါယာရဲ့ လိုအပ်ချက်က များလွန်းနေတော့ သူတို့နဲ့ မပူးပေါင်းလိုက်ရုံပဲပေါ့။ စိုင်စ်နယ်မြေကြီးမှာ သူတို့ပဲရှိတာမှမဟုတ်...."

ထိုသို့ပြောလိုက်ချိန်တွင် ဥက္ကဌခရုစ်မှာ ဆက်မပြောလာတော့ပေ။

စိုင်စ်နယ်မြေကြီး၌ ကန်ဒရာအင်ပါယာတစ်ခုတည်းရှိခြင်းမဟုတ်သော်လည်း ကန်ဒရာအင်ပါယာကဲ့သို့ အင်ပါယာမှာ မားလို အင်ပါယာသာ ရှိသည်။

ကန်ဒရာအင်ပါယာရှိ ကြီးမားသောဈေးကွက်မှာ နယ်မြေကြီးရှိ ကုန်သည်တိုင်း၏ အိပ်မက်ဖြစ်သည်။

၎င်းကိုသာ လုံးဝ လက်လျှော့ရမည်ဆိုလျှင် ကြီးမားစွာသော နှမျောတသဖြစ်ဖွယ်ရာပင်။

အမ်ရစ် ကုန်သည်ကြီးများအသင်းမှ ကန်ဒရာအင်ပါယာသို့ လမ်းများခင်းဖို့သွားစဉ်က ပိတ်ဆို့မှုများစွာခံခဲ့ရပြီး မည်သည့်အောင်မြင်မှုမှ မရဘဲ ဆုတ်ခွာခဲ့ရကာ ဥက္ကဌခရုစ်မှာ နေ့ပေါင်းများစွာ အစားပင်ကောင်းကောင်းမစားနိုင်သည်အထိ စိတ်ဖိစီးခဲ့ရသည်။

ဤရှုထောင့်မှ ရပ်တည်လိုက်လျှင် ရှုယီစိတ်ထဲရှိ စိတ်ပျက်မှုကို နားလည်နိုင်ပါ၏။

သို့သော် ရှုယီထံ၌ တူညီသည့် အပြုံးရှိနေဆဲဖြစ်ကာ လုံးဝ စိတ်ပျက်နေဟန်မပေါ်ပေ။

ဥက္ကဌခရုစ်၏ မျက်နှာထက်မှ စိတ်ပျက်နေဟန်ကိုမြင်သော် ရှုယီက တစ်ချက်ရယ်လိုက်ကာ ခေါင်းခါသည်၊ "ကျုပ် ကန်ဒရာအင်ပါယာကို လက်လျှော့လိုက်မယ်လို့ မပြောဖူးပါဘူး။ မင်းသားဖရန့်ခ်နဲ့ မပူးပေါင်းရုံပါ၊ ဒါပေမယ့် ကန်‌ဒရာအင်ပါယာက တခြားလူတွေနဲ့ရော ပူးပေါင်းလို့ မရနိုင်မှာမို့လား? ပြီးတော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အိမ်သုံးမှော်စက်တွေကို ဝင်မ်ဘယ်လ်ဒန်မြို့တော်မှာ ကောင်းကောင်းရောင်းနေရပြီလေ။ ကျုပ် ဘာမှ မလုပ်ရင်တောင် ရောင်းအားအရေအတွက်က ဆက်တိုးနေပြီး ဈေးကွက်ကိုလည်း အနှေးနဲ့အမြန် ဖွင့်နိုင်တော့မယ်လို့ ယုံကြည်တယ်။ အခုပူးပေါင်းမှု ကျရှုံးတာက ကဏ္ဍအသေးစားလေးတစ်ခုပါပဲ အခြေအနေတစ်ခုလုံးကို မသက်ရောက်ပါဘူး။"

ဥက္ကဌခရုစ်မှာ စဉ်းစားလိုက်သော် ရှုယီ မှန်ကြောင်းသိလိုက်ရသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် ခြားနားပါ၏။

အမ်ရစ် ကုန်သည်ကြီးများအသင်းက ကန်ဒရာအင်ပါယာသို့ လမ်းများခင်းဖို့ရန် သွားခဲ့ခြင်းဖြစ်သည်။ ဤသို့သောအရာက မတူညီသည့်အရာများစွာ ပါဝင်နေသဖြင့် အရင်ဦးစွာ ကန်ဒရာအင်ပါယာက ခွင့်ပြုပေးဖို့လိုသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းမှ ရောင်းချသည့် အိမ်သုံးမှော်စက်များမှာ သာမန်ထုတ်ကုန်များဖြစ်ပြီး အခြားထုတ်ကုန်များနှင့် များများစားစား မကွဲပြားပေ။ ၎င်းကို မည်သည့်အချိန်၌မဆို ကန်ဒရာအင်ပါယာ၌ ရောင်းချနိုင်သည်။

အိမ်သုံးမှော်စက်များ၏ အားကောင်းသော လုပ်နိုင်စွမ်းနှင့် ထူးကဲမှုတို့ကြောင့် ဥက္ကဌခရုစ်အနေနှင့် ၎င်းက ကန်ဒရာအင်ပါယာတွင် လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်နိုင်ငံများကဲ့သို့ပင် အလျင်အမြန်ကျော်ကြားလာမည်ဟု သေချာပါ၏။

"ဒါပေမယ့် ဒီတစ်ကြိမ် မင်းသားဖရန့်ခ်ကို ဖယ်လိုက်တော့ ကန်ဒရာအင်ပါယာမှာ သူ့ကို ဒေါသဖြစ်စေလို့ မင်းအတွက် အနှောင့်အယှက်ပေါင်းစုံရှိလာမှာကို မစိုးရိမ်ဘူးလား?" ဥက္ကဌခရုစ်က စိုးရိမ်စွာမေးလေသည်။

"တကယ်တော့ နည်းနည်းစိုးရိမ်နေပေမယ့် အခြေအနေတစ်ခုလုံးကို မသက်ရောက်နိုင်ပါဘူး။" ရှုယီက အပြုံးဖြင့်ဆိုသည်၊ "အဆုံးကျတော့ မင်းသားဖရန့်ခ်က ဧကရာဇ်မဟုတ်သလို ကန်ဒရာအင်ပါယာမှာကလည်း မင်းသားတစ်ပါးတည်းရှိတာ မဟုတ်ဘူးမို့လား?"

ရှုယီ၏ မျက်နှာထက်မှ ယုံကြည်ချက်ရှိရှိ အပြုံးကိုမြင်သော် ဥက္ကဌခရုစ်မှာ အဘယ့်ကြောင့် ယုံကြည်ချက်ရှိလွန်းနေကြောင်းကို အမှန်တကယ် မေးချင်သွားလေသည်။

အနီးဝန်းကျင်နိုင်ငံများ၌ Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုမည်မျှ ရှိနေသည်ဖြစ်စေ ၎င်းတို့မှာ ကန်ဒရာအင်ပါယာ၌မှု အင်မတန်သေးငယ်သည့် လုပ်ငန်းစုသာဖြစ်သည်။ မင်းသားဖရန့်ခ်ကသာ Frestech ကုန်သည်ကြီးများအသင်းကို ပစ်မှတ်ထားလိုလျှင် သေချာပေါက် နည်းလမ်းများစွာရှိပါ၏။

တစ်ခုတည်းသော မျှော်လင့်ချက်မှာ မင်းသားဖရန့်ခ်က တကယ်ကို Frestech ကုန်သည်ကြီးများအသင်းအား စိတ်နှလုံးသားအခြေမှ အထင်သေးကာ ဤကိစ္စကို လုံးဝ လျစ်လျူရှုထားခြင်းပင်။

"ဟုတ်ပြီ ခရုစ် အခု ကျုပ်ကို မစိုးရိမ်နဲ့တော့ ခင်ဗျားအနေနဲ့ ကန်ဒရာအင်ပါယာမှာ ဘယ်လိုလမ်းခင်းရမလဲဆိုတာကိုပဲ စဉ်းစားနေလိုက်။" ရှုယီမှာ ဥက္ကဌခရုစ်ကို ပခုံးပုတ်၍ အပြုံးဖြင့်ပြောလိုက်၏၊ "ဒါက ခင်ဗျားတို့လုပ်ငန်းစုရဲ့ ကန်ဒရာအင်ပါယာက ပထမဆုံးလမ်းဆိုတော့ အကြွင်းမဲ့ပြီးပြည့်စုံနေတာ သေချာအောင်လုပ်သင့်တယ်။"

ရှုယီထိုသို့ဆိုလာသည်ကိုကြားသော် ဥက္ကဌခရုစ်မှာ ရုတ်တရတ် အံ့အားသင့်သွားသည်။

မတိုင်ခင်က ကန်ဒရာအင်ပါယာထံမှ အငြင်းခံခဲ့ရစဉ်တွင် ဥက္ကဌခရုစ်မှာ ရှေ့လျှောက် ကန်ဒရာအင်ပါယာ၌ လမ်းများဖောက်လုပ်ရန် ခက်ခဲမည်ဟု ထင်ခဲ့သည်။ သျု့သော် ရှုယီက ရုတ်တရတ် ဆက်ဆံရေးတစ်ခုမှ တဆင့် ကန်ဒရာအင်ပါယာက ၎င်းတို့ အင်ပါယာ၌ လမ်းဖောက်လုပ်ရန် အမ်ရစ် ကုန်သည်ကြီးများအသင်းကို ဖိတ်ကြားလောက်ကြောင်း လာပြောခဲ့သည်။

ဥက္ကဌခရုစ်မှာ ထိုသတင်းကြောင့် အင်မတန် အံ့ဩသွားခဲ့သော်ငြား ရှုယီအပေါ်နားလည်ထားပုံအရ ၎င်းက အလိမ်အညာဖြစ်လောက်မည်မဟုတ်ပေ။ ထို့ကြောင့် စိတ်လှုပ်ရှားနေပြီးနောက်တွင် သူ၏ ရှုယီအပေါ်ကျေးဇူးတင်စိတ်က ပိုတိုးလာသည်။

အမ်ရစ် ကုန်သည်ကြီးများအသင်းအား ဘန်တာမြို့၌ အလယ်အလတ်လုပ်ငန်းစုတစ်ခုဟု သတ်မှတ်နိုင်သော်လည်း ၎င်းက ဘန်တာမြို့ကိုသာ သက်ရောက်နိုင်သည်။ ၎င်းတို့အား လမ်ပူရီတိုင်းပြည်တွင် အသေးစားလုပ်ငန်းစုတစ်ခုဟုသာ သတ်မှတ်နိုင်ပါ၏။

သို့သော် ရှုယီက ၎င်းတို့ကို တွေ့ရှိကာ ဘိလပ်မြေဟုသည့် အရာနှင့် လမ်းခင်းခြင်းနည်းပညာအားပေးပြီးနောက်တွင် အမ်ရစ် ကုန်သည်ကြီးများအသင်းမှာ ရှုယီ၏ လွှမ်းမိုးမှုအောက်၌ ကြီးထွားလာခဲ့သည်။

ယခုထိတိုင် အမ်ရစ် ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်နိုင်ငံတို့တွင် ကီလိုမီတာစုစုပေါင်း သိန်းချီအထိ လမ်းများခင်းခဲ့သလို အထပ်မြင့် အဆောက်အဦ တစ်ရာ‌ကျော်အပါအဝင် အားဖြည့်ကွန်ကရစ် အဆောက်အဦများစွာကို တည်ဆောက်ခဲ့သည်။ ၎င်းတို့မှာ အနီးဝန်းကျင်နိုင်ငံများ၌ ထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်းစုနှင့် လူတိုင်းက အသိအမှတ်ပြုထားသော လမ်းခင်းရေးလုပ်ငန်းစုဖြစ်လာသည်။

အမ်ရစ် ကုန်သည်ကြီးများအသင်းအကြောင်းကို ထည့်ပြောလျှင် အနီးဝန်းကျင်နိုင်ငံများ၌ ၎င်းတို့ကို မသိသူတစ်ဦးပင်မရှိပါချေ။

ငါးနှစ်တာအတွင်းတွင် အမ်ရစ် ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့ရှိ လုပ်ငန်းစုလေးတစ်ခုမှသည် အနီးဝန်းကျင်နိုင်ငံများကိုပါ လွှမ်းမိုးနိုင်သည့် ပထမတန်းလုပ်ငန်းစုတစ်ခုဖြစ်လာခဲ့သည်။

အမ်ရစ် ကုန်သည်ကြီးများအသင်းအနေနှင့် ဤသို့ တိုးတက်နိုင်ရခြင်းမှာ အဓိကအနေနှင့် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့ကြောင့်ပါပင်။

ထို့ကြောင့် ဥက္ကဌခရုစ်မှာ အမြဲတမ်း မိမိကိုယ်ကို ရှုယီ၏ အကောင်းဆုံးမဟာမိတ်အဖြစ် သတ်မှတ်ထားကာ သူ၏ဆုံးဖြတ်ချက်များကို အမြဲတမ်းနီးပါးထောက်ခံခဲ့သည်။

ယခုတွင် အမ်ရစ် ကုန်သည်ကြီးများအသင်းအား ကန်ဒရာအင်ပါယာအတွင်းသို့ဝင်ခွင့်ပိတ်ခံလိုက်ရရာ ရှုယီမှာ ၎င်းတို့အတွက် လမ်းကြောင်းအသစ်တစ်ခု ဖွင့်ပေးလာသဖြင့် ဥက္ကဌခရုစ်က ရှုယီကို ပို၍ပင် ကျေးဇူးတင်နေတော့သည်။

ပထမဆုံးလမ်းမအား ဖောက်လုပ်ပြီးသရွေ့ ကန်ဒရာအင်ပါယာမှာ လမ်းများ၏ အကျိုးကျေးဇူးကို အပြည့်အဝနားလည်လာမည်ဟု ယုံကြည်ပါ၏။ ကန်ဒရာအင်ပါယာအနေနှင့် ဤဆွဲဆောင်မှုကို မခုခံနိုင်ဘဲ ၎င်းတို့အင်ပါယာ၌ လမ်းများ ဆက်လာကာပိုမိုဖောက်လုပ်လာကြလိမ့်မည်။

ကန်ဒရာအင်ပါယာ၏ အနီးဝန်းကျင်နိုင်ငံများ စုစုပေါင်းထက်ပင် နယ်နိမိတ်အဆများစွာ ပိုမိုကြီးမားသော ပိုင်နက်‌နယ်မြေအကြောင်းစဉ်းစားမိချိန်၌ ဥက္ကဌခရုစ်မှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်သွားရ၏။

သူသာ ကန်ဒရာအင်ပါယာ၌ လမ်းဖောက်ခြင်းကို လက်ဝါးကြီးအုပ်ထားနိုင်လျှင် အမ်ရစ် ကုန်သည်ကြီးများအသင်းမှာ သေချာပေါက် နယ်မြေကြီးတစ်ခုလုံး၏ ပထမတန်းစားလုပ်ငန်းစုတစ်ခုဖြစ်လာလိမ့်မည်!

"ဟုတ်တယ် ငါတို့လုပ်ငန်းစု သေချာပေါက် ဒီလမ်းခင်းဖို့အတွက် အရာအားလုံးကို ပေးရလိမ့်မယ်!" ဥက္ကဌခရုစ်က ခေါင်းငြိမ့်၏၊ "ငါ အကောင်းဆုံးအလုပ်သမားတွေ၊ အကောင်းဆုံးပစ္စည်းတွေ၊ အကောင်းဆုံး ပို့ဆောင်ဆက်သွယ်ရေးနဲ့ အကောင်းဆုံးစီမံခန့်ခွဲမှုတွေကို စုစည်းထားပြီးသား။ လိုရင်းပြောရရင် အရာအားလုံးက အကောင်းဆုံးပဲ! ငါ့အနေနဲ့ ကန်ဒရာအင်ပါယာက အဲ့လူတွေကို ဒီလမ်းဟာ သူတို့ဆီမှာရှိတဲ့ အပျက်အစီးမြေလမ်းထက် အဆပေါင်းသောင်းချီပိုကောင်းတဲ့အကြောင်း မြင်စေချင်တယ်!"

ဥက္ကဌခရုစ်၏ စိတ်အားထက်သန်သော စကားလုံးများကြောင့် ရှုယီမှာ ဥက္ကဌခရုစ်အနေနှင့် မတိုင်ခင်က ကန်ဒရာအင်ပါယာထံမှ အငြင်းခံရခြင်းကြောင့် မည်မျှ ခါးသီးနေကြောင်း အလွယ်လေးပြောနိုင်သဖြင့် မနေနိုင်အောင် ပြုံးမိသွားသည်။

"ဟုတ်ပြီလေ ကျုပ် ခင်ဗျားတို့ လုပ်ငန်းစုက ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ ယုံကြည်တယ်။ ဒါပေမယ့် ခရုစ် လမ်ပူရီတိုင်းပြည်က လမ်းတွေက ပျက်စီးတော့မယ့် သင်္ကေတွေပြနေပြီမို့ ထိန်းသိမ်းဖို့ကို လျစ်လျူရှုလို့မရဘူး။ မိုးကျလမ်းကိုပဲကြည့် လုံးဝပျက်စီးလုနီးပါးဖြစ်နေပြီမို့ သူတို့ကိုအရင် ပြင်ရမယ်။"

ဥက္ကဌခရုစ်က နေရခက်စွာပြုံးလာသည်၊ "ဒါပေါ့ မိုးကျလမ်းမက ငါတို့လုပ်ငန်းစု ဖောက်လုပ်ခဲ့တဲ့ ပထမဆုံးလမ်းဆိုတော့ မှတ်ကျောက်တင်စရာလမ်းလည်းဖြစ်တယ်လေ။ ဒီလမ်းကို ကောင်းကောင်းပြင်ပြီး ချဲ့ဖို့ ဒီအခွင့်အရေးကို ယူရအောင် စီစဉ်ထားတယ်။"

"အင်း ဒါက အကြံကောင်းပဲ။" ရှုယီက ခေါင်းငြိမ့်ကာ ချီးကျူးလိုက်သည်။

သူဟာ ရှုယီနှင့် အချိန်ကြာအတူရှိခဲ့သောကြောင့်လည်း ဖြစ်နိုင်သည် ဥက္ကဌခရုစ်မှာ ယခုတွင် အခွင့်အရေးအားလုံးကို အသုံးချရန် သိရှိနေသလို သူ၏လုပ်ငန်းစုကို မြှင့်တင်ရန် အခွင့်အလမ်းဖန်တီးခြင်းများကို ပြုလုပ်နေခဲ့သည်။

ဤသို့သော စျေးကွက်ရှာဖွေရေးမျိုးမှာ စိုင်စ်နယ်မြေကြီး၌ မြင်ရရှားပါးသော်လည်း အင်မတန်ကြိုဆိုခံရသည်။

နှစ်ဦးသား ကန်ဒရာအင်ပါယာ၌ လမ်းဖောက်ခြင်းအကြောင်း ဆွေးနွေးနေကြစဉ်တွင် ပြိုင်ကွင်းကို ထိန်လင်းသွားစေ‌သည့် အလင်းရောင်လေးခုရှိနေသည်။ ၎င်းတို့က လေထဲ၌ စုစည်းသွားကာ ဆယ်မီတာရှည်၍ ခြောက်မီတာ ကျယ်သည့် စတုဂံအလင်းမျက်နှာပြင်လေးခုအသွင်ဖြစ်ပေါ်လာသည်။

အလင်းမျက်နှာပြင်လေးခုမှာ စတုဂံတစ်ခုသဏ္ဍာန်ဖွဲ့စည်းသွားကြသည်။ အလင်းမျက်နှာပြင်တစ်ခုစီမှာ ပြိုင်ကွင်း၏ အစိတ်အပိုင်းတိုင်းကို မျက်နှာမူနေရာ ၎င်းက ပြိုင်ကွင်း၏ အစိတ်အပိုင်းတိုင်းကို မြင်နိုင်သည့် အဓိပ္ပာယ်ပင်။

အလင်းတစ်ဖြတ်ကြောင့် အလင်းမျက်နှာပြင်ထက်တွင် အမွှေးပွပွအမြှီးလေးတစ်ချောင်းနှင့် လှပသည့် ကျားလူသားမလေးတစ်ဦးပေါ်လာသည်။

"မိတ်ဆွေပရိတ်သတ်တို့ ကြိုဆိုပါတယ်ရှင်။ ဒါကတော့ ဘန်တာမြို့ရဲ့ Frestech ပြိုင်ကွင်းဖြစ်ပြီး အားလုံးဆီကို Frestech ကားပြိုင်ပွဲကို ရုပ်သံလွှင့်ပေးနေတာဖြစ်ပါတယ်။ အားလုံးပဲ ကျွန်မတို့က လက်ရှိမှာ ပြင်ဆင်ရေးစင်မြင့်မှာရှိနေတာကို မြင်နိုင်ကြမှာပါ..."

အလင်းမျက်နှာပြင်ထက်ရှိ မြင်ကွင်းကပြောင်းလဲသွားကာ ရှုထောင့်အမြင့်မှ ရိုက်ထားသည့်မြင်ကွင်းပေါ်လာသည်။

၎င်းကို ထိုသို့ကြည့်ပါက ပြိုင်ကွင်းတစ်ခုလုံး၏ ဘဲဥပုံသဏ္ဍာန်ကိုမြင်နိုင်သလို မူမမှန်သည့် အကွေးအညွတ်များကိုလည်း မြင်နိုင်၏။

မှော်ဆလွန်းအရောင်စုံတို့က ၎င်းကို အလျင်အမြန်ဖြတ်သွားနေကြသည်။ တစ်ခေါက်ပြီးတစ်ခေါက် အင်ဂျင်အသံများနှင့် မြေပြင်ကို ဖြတ်သွားကြသော တာယာများ၏ ပွတ်တိုက်သံများကိုလည်း ကြားနိုင်၏။

ခေတ္တရပ်တန့်သွားပြီးနောက် ထိုမြင်ကွင်းက အမြန်ပျောက်သွားကာ ကွင်း၏ နံဘေးသို့ ရောက်လာပြီး နီးနီးကပ်ကပ်ပြသလာသည်။

ကျားလူသားမလေးမှာ ရပ်တန့်သွားသည့် အဖြူရောင်မှော်ဆလွန်း၏ဘေးသို့ ရောက်နေပြီဖြစ်၏။

"အားလုံးပဲ မင်္ဂလာပါ ကျွန်မတို့အနေနဲ့ ပြင်ဆင်ပြီးပြီဖြစ်တဲ့ ယှဉ်ပြိုင်သူတစ်ယောက်ကို တွေ့ထားပါပြီ ပြိုင်ပွဲမစခင် အနားယူနေပါတယ်။ အားလုံးလည်း ဒီယှဉ်ပြိုင်သူနဲ့ ရင်းနှီးနေလောက်မယ်ထင်ပါတယ်နော် သူကတော့...."

"ဖူးးး!"

ဥက္ကဌခရုစ်မှာ မှန်သားပြင်က အံ့ဩဖွယ်ပြောင်းလဲသွားသည်ကို မြင်သည့် အချိန်၌ ရေသောက်နေခြင်းဖြစ်သည်။ သူဟာ ရှုယီ၏ မှော်ပုံရိပ်ယောင်ပရိုဂျက်တာများအကြောင်း ရှင်းပြသည်ကို နားထောင်ရင်း ချီးကျူးဟန်အပြည့်ဖြင့် ဆက်တိုက် ခေါင်းလည်းငြိမ့်နေခဲ့၏။

ရုတ်တရတ် မျက်နှာပြင်ထက်ရှိ ပုံရိပ်ကို မြင်လိုက်စဉ်၌ ပါးစပ်ထဲရှိ ရေများကို မနေနိုင်အောင် ထွေးထုတ်မိကာ ရှုယီမျက်နှာပေါ် ထွေးမိလုနီးပါပင်ဖြစ်သွားသည်။

"အဟွတ် အဟွတ် အဟွတ်"

ဥက္ကဌခရုစ်လည်း ကြိမ်ဖန်များစွာ ချောင်းဆိုးနေပြီးနောက် ရှုယီ၏ မျက်နှာအရောင်ကို ကြည့်ကာမှန်သားပြင်ကို ညွှန်ပြ၍ မယုံကြည်နိုင်ဟန်ဖြင့် ပြောလာသည်၊ "ဟေး! ရှုယီ! မှားနေတာလား? အဲ့လူအိုကြီးလည်း ဝင်ပြိုင်တာလား?"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၈၇။ သူရဲကောင်းများစုစည်းခြင်း

ရှုယီမှာ နှုတ်ခမ်းများတွ့န်ကွေးလျက် သူ့အား ဇီဇာကြောင်ပုံပေါ်နေသည့်နှယ်ကြည့်လာသည်။

"ဘာ အံ့ဩစရာရှိလို့လဲ? အဘိုးရဲ့ ဝါသနာတွေထဲက တစ်ခုက အမြဲ ယှဉ်ပြိုင်တာဆိုတာကို မသိဘူးလား?”

ဥက္ကဌခရုစ်က တအံ့တဩခေါင်းခါပြသည်။ အလင်းရောင်မှန်သားပြင်ထက်၌ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာကို အင်တာဗျူးနေသည့် ကျားလူသားမလေးအားကြည့်ရင်း သူဟာ ၎င်းက အနည်းငယ် စိတ်ကူးမရနိုင်ဆဲဖြစ်သည်ကို သိသွားသည်။

၎င်းက ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးပါပင်။

လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်နိုင်ငံငယ်များ၌ မဆိုထားနှင့် ကန်ဒရာအင်ပါယာ သို့မဟုတ် မာလိုအင်ပါယာတို့တွင်ပင် ခေါင်းဆောင်မှော်ပညာရှင်တစ်ဦးမှာ ထိပ်တန်းအနည်းစုထဲမှ တစ်ခုဖြစ်သည်။

လူတိုင်းက သီးခြားဖြစ်‌တည်နေသည်ဟု စိတ်ကူးထားသည့် ဤသို့သော အရေးကြီးပုဂ္ဂိုလ်မှာ နတ်ဘုရားကဲ့သို့ လူတစ်ဦးဖြစ်သည်။

သို့သော် ယခု သူ မည်သည်ကိုမြင်နေရသနည်း?

ငွေဖြူရောင်ဆံပင်နှင့် တက်ကြွနေသော ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာမှာ အဖြူရောင်မှော်ဆလွန်း၏ ယာဉ်မောင်းထိုင်ခုံ၌ ထိုင်နေလေသည်။ သူဟာ အင်တာဗျူးကို ပေါ့ပေါ့ပါးပါးသာဖြေရင်း ဘီးနှင့် ကျွမ်းကျင်စွာ ဆော့ကစားနေသည်မှာ သမ္ဘာရင့်တစ်ဦးလိုပါပင်။

"ဒါက...."

ဥက္ကဌခရုစ်မှာ ယခင်က ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာအနေနှင့် ကားမောင်းရသည်ကို သဘောကျကြောင်း ပြောသည်ကို ကြားဖူးသော်လည်း ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာနှင့် ပြိုင်မောင်းခြင်းကို မချိတ်ဆက်ကြည့်ဖူးချေ။

သူ့အနေနှင့် သိသိသာသာ အဆင့်မြှင့်ထားသော ၎င်းမှော်ကားထဲ၌ ထိုင်နေသည့် သူ့ကိုမြင်ပါလျှင်တောင် လက်မခံနိုင်ဖြစ်နေရဆဲပင်။

"ကောင်းပြီ ခင်ဗျားအခု အံ့ဩနေရင် ခဏနေကျ လန့်ပြီးသေသွားလောက်တယ်။" ရှုယီက ဥက္ကဌခရုစ်ကို ပြုံး၍ ပခုံးပုတ်ကာ စိတ်အေးအေးထားဖို့ပြောလိုက်သည်။

ဥက္ကဌခရုစ်က ရှုယီကို ကြည့်လာ၏။ သူဟာ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ ပေါ်ထွက်လာခြင်းထက် ပို၍ အံ့ဖွယ်တစ်ခုခုရှိသေးလားဟု စဉ်းစားမိသွားသည်။

ရှုယီက မည်သည်ကိုမှ မဆိုဘဲ ပြုံးလာသည်။ သူဟာ အလယ်ရှိ အလင်းမျက်နှာပြင်ကိုညွှန်ပြကာ စိတ်ရှည်ရှည်စောင့်ထားခိုင်းလိုက်ပါ၏။

ဥက္ကဌခရုစ်မှာ အလင်းမျက်နှာပြင်ကို ရှုပ်ထွေးစွာသာကြည့်ရင်းဖြင့် ကွင်းပတ်လည်ကိုလည်း ကြည့်ကာ တစ်ခုခုအထူးတလည်ရှိမည်လား စဉ်းစားလိုက်သည်။

သို့သော် မြန်နှုန်းမြင့်မြင့်ဖြင့် မောင်းလာသည့် မှော်ဆလွန်းအနည်းငယ်မှလွဲ၍ မည်သည်မှ ထူးခြားတာမရှိပါချေ။

တစ်အောင့်ကြာသည့်နောက် ပြိုင်ကွင်းတလျှောက် မောင်းနှင်လာကြသော မှော်ဆလွန်းများအားလုံး ရပ်ကာ စမှတ်ရှေ့၌ စီတန်းလိုက်ကြသည်။

အလင်းမျက်နှာပြင်ထက်၌ ဖြတ်ခနဲဖြစ်ကာ ကျားလူသားမလေးတစ်ဖန်ပေါ်လာပြန်သည်။

"အားလုံးပဲ မင်္ဂလာပါ မှန်သားပြင်ကနေ မြင်နေရတဲ့အတိုင်း ကားတွေအားလုံး ပြိုင်ပွဲအတွက် နေရာချပြီးကြပါပြီ။ ပြိုင်ပွဲစပါတော့မယ်....."

ဥက္ကဌခရုစ်မှာ ရုတ်တရတ် ရှုယီကို လှည့်မေးလာပါ၏၊ "သူမက ဘာလို့ ဒီလိုပြောနေရတာလဲ? ဒီမှာ ပရိသတ်နည်းနည်းပဲရှိတာမို့ လူတိုင်းမြင်နိုင်တာပဲကို။"

"အိုး သူမက ကျုပ်ရဲ့အစီစဉ်အတိုင်း လေ့ကျင့်ဖို့လုပ်နေတာလေ။ ဒီပြိုင်ပွဲကို နေရာအပြင်ဘက်က ပရိသတ်တွေရော တခြားမြို့တွေက ပရိသတ်တွေအတွက်ပါ ရုပ်သံလွှင့်ပေးမှာ။ ဒီတော့ ဒီအလေ့အထကို လေ့ကျင့်ထားဖို့လိုတယ်လေ။ ဒီလိုဆို ရှေ့လျှောက် အမှားပြင်စရာမလိုတော့ဘူးပေါ့။"

"အမ်? ရုပ်သံလွှင့်တာကို တစ်ထပ်တည်း ဘယ်လိုလုပ်မှာလဲ?" ဥက္ကဌခရုစ်က ပို၍ပင် ရှုပ်ထွေးသွားလေ၏။

ရှုယီက မည်သည်ကိုမှ မရှင်းပြဘဲ ပြုံးလိုက်သည်။

ထိုပြဿနာကို ဖြေရှင်းလိုပါက ၎င်းတို့အနေနှင့် မှော်ပဲ့တင်ထပ်ခြင်းနည်းပညာကို အဆင့်မြှင့်ဖို့လိုသည်။ မှော်လှိုင်းသင်္ကေတကူးပြောင်းခြင်းကွန်ရက်နှင့် Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်ခဲ့သော အရာများစွာရှိသဖြင့် ရှင်းပြရန် အင်မတန်ခဲယဉ်းသည်။

ထို့အပြင် ဥက္ကဌခရုစ်မှာ မဟာမိတ်ဖြစ်နေလျှင်တောင် ဤလျှို့ဝှက်ချက်များကို ၎င်းတို့နှင့် မသက်ဆိုင်သည့် အမ်ရစ် ကုန်သည်ကြီးများအသင်းထံ ဖွင့်ပြဖို့မလိုအပ်ချေ။

ရှုယီက အဖြေမပေးလာသည်ကိုမြင်သော် ဥက္ကဌခရုစ်မှာ ခေါင်းတစ်ချက်သာငြိမ့်ကာ ဆက်မမေးတော့ပေ။

မှန်သားပြင်ထက်ရှိ တင်ဆက်သူက သူမ၏ အဖွင့်မိန့်ခွန်းကို ဆက်ပြောနေကာ ပြီးဆုံးသွားသည်နှင့် ပြိုင်ပွဲဝင်များကို မိတ်ဆက်ပေးလာသည်။

"အခု အားလုံးကို ပြိုင်ပွဲဝင်တွေနဲ့ မိတ်‌ဆက်ပေးတာပေါ့။ ပထမဆုံး အတွင်းဘက်စက်ဝိုင်းနဲ့ အနီးဆုံး ပြိုင်ပွဲဝင်ဖြစ်ပါတယ် ဒီယာဉ်မောင်းက လူတိုင်း ရင်းနှီးပြီးသားဖြစ်သလို အလေးစားကြဆုံး ခေါင်းဆောင်မှော်ပညာရှင်ကြီး ကမ်မီလာဖြစ်ပါတယ်။"

အလင်းမျက်နှာပြင်ထက်ရှိ ပုံရိပ်ကပြောင်းလဲသွားကာ မျက်နှာပြင်ထက်ပေါ်လာသည့် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက အပြုံးမျက်နှာဖြင့် လက်ယမ်းပြလာသည်။

ရှုယီ ၎င်းကို မြင်ချိန်၌ မပြုံးမိဘဲမနေနိုင်လိုက်ချေ။

Frestech ကုန်သည်ကြီးများအသင်းမှ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာရှေ့သို့ မှော်ပုံရိပ်ယောင်ကင်မရာကို ပထမဆုံးထုတ်ယူလာကာ ကြော်ငြာရိုက်မည်ပြုစဉ်က ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက အင်မတန်ဆန့်ကျင်ခဲ့သည်။

ယခုတွင် နှစ်လကြာပြီဖြစ်ရာ အလွယ်လေး ကင်မရာရှေ့ poseပေးတတ်နေပြီဖြစ်သည်။

"နောက်တစ်ယောက်ကတော့ ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာရဲ့ ညာဘက်က ယာဉ်မောင်းကို ကြည့်ပါမယ်..."

အလင်းမျက်နှာပြင်ရှိ ပုံရိပ်က တဖန်ပြောင်းလဲသွားပြီး ပေါ်ထွက်လာသည်မှာ နားရွက်ချွန်ချွန်လေးများနှင့် လှလှပပမိန်းမငယ်လေးတစ်ဦးပါပင်။

"အိ? တကယ်ကြီး နတ်သူငယ်လား?" ဥက္ကဌခရုစ်မှာ အံ့ဩရင်း မနေနိုင်ဘဲ အော်မိသွားသည်၊ "မှားနေတာလား နတ်သူငယ်တွေတောင် ကားမောင်းပြိုင်ရတာကြိုက်တယ်လား? အရမ်းထူးဆန်းတယ်..."

ရှုယီ ရယ်မောလိုက်သည်။ ဤနတ်သူငယ်မှာ ကားမောင်းပြိုင်ရသည်ကိုနှစ်ခြိုက်ရုံသာမက ရူးသွပ်နေခြင်းဖြစ်သည်။

သူ့အနေနှင့် ခေါင်းဆောင် မှော်ပညာရှင်ကမ်မီလာက ကားပြိုင်မောင်းရခြင်းကို အင်မတန်သဘောကျကြောင်းသိထားသော်လည်း အကြီးအကဲလီဆန်းယာအနေနှင့် ကားမောင်းပြိုင်ခြင်းကို မည်မျှ ချစ်မြတ်နိုးကြောင်း မြင်သော် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာမှာ နောက်၌ ကျန်ခဲ့သည်ဟုပင် ခံစားရသည်။

"ဒီပြိုင်ပွဲဝင်ကတော့ စတက်တိန်းနယ်မြေရဲ့ လရိပ်မျိုးနွယ်စုက အကြီးအကဲလီဆန်းယာဖြစ်ပါတယ်။ ဒါက ပြိုင်ပွဲမှာ ဝင်ပါတဲ့ အကြီးအကဲလီဆန်းယာရဲ့ ပထမဆုံးအကြိမ်ဆိုပေမယ့်လည်း သူမက ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာနဲ့ မကြာခဏပြိုင်မောင်းခဲ့ပြီး သူမသာ ကိုယ်မသာစံချိန်တွေရခဲ့ကြတယ်လို့ ပြောကြပါတယ်။ ဒီတော့ အကြီးအကဲ လီဆန်းယာကလည်း ပြိုင်ကားမောင်းတဲ့နေရာမှာ ကျွမ်းကျင်တယ်လို့ပြောလို့ရပါတယ်။"

အလင်းမျက်နှာပြင်ထက်ရှိ အကြီးအကဲလီဆန်းယာက အသာပြုံး၍ နတ်သူငယ်တို့၏ ထူးကဲသောကျော့ရှင်းဟန်ကို ပြသလာသည်။ လူများမှာ သူမ၏ လှပသော မျက်နှာလေးနှင့် ပြင်းထန်သည့် ကားမောင်းပြိုင်ခြင်းကို လုံးဝ မစပ်ဆက်နိုင်ကြတော့ပေ။

အလင်းမျက်နှာပြင်မှာ မင်းသားဖရန့်ခ်ပို့ထားသည့် ကိုယ်စားလှယ်ရှိရာ တတိယနေရာသို့‌ရွေ့သွားသည်။ ၎င်းက ရှုယီ ယခင်က ဆုံဖူးသည့် ဟာဗီးကန်ဒီဟူသည့် ခပ်ပိန်ပိန်ကောင်လေးတစ်‌ဦးဖြစ်သည်။

ပေါ်လာစဉ်တွင် သူ့ထံ၌ လေးနက်ကာ ဖြောင့်မတ်ဟန်ရှိသည်။ သူဟာ အနည်းငယ်စိတ်လှုပ်ရှားပုံပေါ်သော်လည်း စိတ်ဓာတ်ပြင်းပြနေပါ၏။

ရှုယီမှာ အသာပြုံး၍ ခေါင်းခါလိုက်သည်။ ထိုကောင်လေးထံ၌ ယုံကြည်ချက်ရှိခြင်းက ကောင်းသော်လည်း ပြိုင်ပွဲစတင်ချိန်တွင် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာနှင့် အကြီးအကဲလီဆန်းယာတို့ကို မကြောက်ရွံ့ပါက အဆင်ပြေမည်။

စတုတ္ထမှ နဝမအထိ ယာဉ်မောင်းများအားလုံးမှာ ဘန်တာမြို့မှ မျိုးရိုးမြင့် အငယ်တန်းများဖြစ်ကြကာ ဘာရွန် ဘယ်လီလည်း အပါအဝင်ဖြစ်သည်။

ထိုလူများက ဤပြိုင်ပွဲအတွက် အဓိကအင်အားဖြစ်ကာ ရှုယီ ၎င်းကိုကျင်းပရခြင်းက ထိုလူများကြောင့်ပင်။

ပြိုင်ပွဲ၏ အထူးအခြေအနေများကြောင့်မဟုတ်လျှင် ရှုယီမှာ ပြိုင်ပွဲအားလုံးကို ပြင်ဆင်ခိုင်းလိုသည်။

ဒဿမမြောက်ပြိုင်ပွဲဝင်မှာ ပို၍ပင် မထင်မှတ်ထားစရာ သားရဲလူမျိုးတစ်ဦးဖြစ်ပါ၏။

၎င်းမှာ ဝံပုလွေလူသားဖြစ်ကာ ဗော်လ်လာမျိုးနွယ်စုမှ လာလေသည်။

ဗော်လ်လာမျိုးနွယ်စုမှာ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ အလုပ်လုပ်ဖြစ်ကတည်းက လူနေမှုအဆင့်အတန်းမှာ များစွာ တိုးတက်လာခဲ့သည်။ ဤဝံပုလွေလူသားမှာ ခေါင်းဆောင် ဗော်လ်လာ၏ ဆွေမျိုးနီးစပ်ဖြစ်ရာ အကျိုးအမြတ်များစွာပိုရပြီး မှော်ဆလွန်းများကို အင်မတန်စိတ်ဝင်စားသဖြင့် သူ့အား ဤပြိုင်ပွဲအတွက် ရွေးချယ်ထားလေသည်။

ထို ဝံပုလွေလူသားနောက် ဆယ့်တစ်ယောက်မြောက်ကမူ ပို၍ပင် အံ့အားသင့်စရာ လူပုလေးဖြစ်ပါ၏!

လူတိုင်းမှာ လူပုလေးများက လူသားများထက်များစွာပို၍ အရပ်ပုကြမှန်းသိသဖြင့် ထိုမှော်ဆလွန်းကို သက်တောင့်သက်သာမောင်းနှင်နိုင်ရန် သူ၏ ပုံစံအတိုင်း လိုက်ညှိရမည်ပင်။

ရှုယီမှာ ကမ်ဘီနှင့် အခြားလူပုလေးအင်ဂျင်နီယာများက ထိုမှော်ဆလွန်းကို အဆင့်မြှင့်ရန် အကောင်းဆုံးလုပ်ခဲ့ကြသည်အား စောင့်ကြည့်ဖူး၏။ ၎င်းတို့ အပြောအရ ထိုမှော်ဆလွန်းမှာ ၎င်းတို့၏ မှော်စက်မှုအင်ဂျင်နီယာအနေနှင့် ဂုဏ်သိက္ခာကို ထမ်းဆောင်ထားရုံသာမက လူပုလေးအားလုံး၏ မျှော်လင့်ချက်ကိုလည်း သယ်ဆောင်ထားသည်ပင်။

ထိုမှော်ဆလွန်းကသာ ပြိုင်ပွဲ၌ အဆင့်ကောင်းမရနိုင်ခဲ့လျှင် ၎င်းတို့ အရှက်ရကြပေမည်။

ကားထဲ၌ အလေးအနက်အမူအရာဖြင့်ထိုင်နေသည့် လူပုလေးကိုမြင်သော် ရှုယီမှာ မပြုံးဘဲ မနေနိုင်တော့ပေ။

ကမ်ဘီတို့ အဖွဲ့မှာ ထိုအတွက် သူ့အပေါ် ဖိအားကြီးကြီးထားမိကြသည်ကို မသိကြ‌ပေဘူးလား?

နံဘေးရှိ ဥက္ကဌခရုစ်မှာ ၎င်းကိုမြင်သော် မှင်သက်နေပြီဖြစ်သည်။

ဒီပြိုင်ပွဲက ဘာဖြစ်နေတာလဲ?

ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ ဤနေရာသို့ ရောက်လာခြင်းကတင် အံ့အားသင့်ရန် လုံလောက်သော်လည်း ထိုနေရာသို့ သားရဲလူမျိုးများနှင့် လူပုလေးများပါရောက်လာသည်! ပို၍ အကြီးမားဆုံးမှာ နတ်သူငယ်အကြီးအကဲတစ်ဦးပင်ရှိနေသေး၏!

ဒဏ္ဍာရီဖြစ်ခြင်းမှ ပြန်ရောက်လာကာစ သွေးနှောများမှလွဲ၍ ဤပြိုင်ပွဲတွင် နယ်မြေကြီးရှိ မျိုးနွယ်စုအားလုံး ထွက်ပြလာကြသည်။

လူပုလေးယာဉ်မောင်းကို မိတ်ဆက်ပြီးနောက် ပြိုင်ပွဲဝင်အားလုံးကို မိတ်ဆက်ပြီးပြီဖြစ်သည်။

စုစုပေါင်း ကားဆယ့်တစ်စီးရှိကာ ပြိုင်ပွဲဝင်က ဆယ့်တစ်ဦးဖြစ်လေ၏။

ဤသည်က လက်ရှိပြိုင်ပွဲ၏ lineupပါပင်။

ပြောရလျှင်‌ မှော်ဆလွန်းများက ဤလောက၌ မကျော်ကြားသေးသဖြင့် ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်းမီသူ များများစားစားမရှိပါချေ။

တစ်အောင့်ကြာသည့်နောက် ကျားလူသားမလေးမှာ အရာအားလုံးကိုပြင်ဆင်ပြီး၍ ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်သည်။

ထို့နောက် အလင်းမျက်နှာပြင်ထက် တစ်ဆယ်မှစ၍ ရေတွက်ချိန်ပေါ်လာသည်။

"၁၀, ၉, ၈...၃, ၂, ၁!"

အလင်းမျက်နှာပြင်ထက်၌ "စတင်"ဟူ၍ ခပ်ကြီးကြီးစာလုံးပေါ်လာကာ ပြိုင်ကွင်းရှိ မှော်ဆလွန်းဆယ့်တစ်စီးတို့မှာ တစ်ချိန်တည်း မောင်းထွက်သွားကြတော့သည်။

ရှုယီ၏ မျက်လုံးများက ရုတ်တရတ် အာရုံစူးစိုက်သွား၏။

အနှီမှော်ဆလွန်းများအားလုံးမှာ လေစွမ်းအားမှော်အင်ဂျင်ထံ၌ မူလ ကန့်သတ်ချက်များရှိသဖြင့် မီးစွမ်းအားမှော်အင်ဂျင်ကို အသုံးပြုထားကြသည်။

သို့သော် မီးစွမ်းအားမှော်အင်ဂျင်တို့၏ အသံကျယ်ကျယ်ကိုကြားရစဉ်တွင် ရုတ်တရတ် မေးခွန်းတစ်ခုစဉ်းစားမိသွားပါ၏။

အမြန်နှုန်းကိုလိုက်ရန် Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနမှာ မီးစွမ်းအားမှော်အင်ဂျင်များ၌ အာရုံစိုက်ထားရာ လေစွမ်းအားမှော်အင်ဂျင်များ၏ သုတေသနကို ရပ်တန့်လာစေသည်။

သို့သော် စဉ်းစားကြည့်ချိန်တွင် မီးစွမ်းအားမှော်အင်ဂျင်က အမြန်နှုန်း၌ အားသာချက်ရှိစဉ်တွင် လေစွမ်းအားမှော်အင်ဂျင်ထက်စာလျှင် အဆပေါင်းများစွာ စွမ်းအင်ပိုစားလေ၏။

ထို့အပြင် မီးစွမ်းအားမှော်အင်ဂျင်၏ အထူးပြုက ပါဝါဖြစ်သဖြင့် မီးစွမ်းအားမှော်အင်ဂျင်သုံး မှော်ဆလွန်းများမှာ လေစွမ်းအားမှော်အင်ဂျင်သုံးထားသည်ထက်ပို၍ အသံပိုကျယ်သည်။

ထို့ကြောင့် လေစွမ်းအားမှော်အင်ဂျင်ထံ၌လည်း ၎င်း၏အားသာချက်ရှိပါ၏။ လေစွမ်းအားမှော်အင်ဂျင်ကိုသာ ပို၍အဆင့်မြှင့်လိုက်လျှင် အမြန်နှုန်းဆက်တိုက်တိုးနိုင်မည့်အခွင့်အရေးလည်းရှိသည်။

သာမန်လူအများစုအတွက် ထိုမျှ မြန်မြန်မောင်းဖို့မလိုပေ။ တစ်နာရီကို တစ်ရာမှ တစ်ရာ့ငါးဆယ်ကီလိုမီတာရောက်နိုင်လျှင် လုံလောက်သည်ထက်ပိုပါ၏။

ရှုယီ၏ လေစွမ်းအားမှော်အင်ဂျင်အပေါ် တွက်ချက်မှုအရ ရောက်နိုင်သည့် အရေအတွက်တစ်ခုရှိသည်။

၎င်းကိုစဉ်းစားရင်း ရှုယီမှာ သူ၏ မှော်အင်ဂျင်များအတွက် ဖွံ့ဖြိုးရေးအစီစဉ်၌ ပြဿနာရှိကြောင်း တွေ့လိုက်ရသည်။

မီးစွမ်းအားမှော်အင်ဂျင်ကို နက်နက်ရှိုင်းရှိုင်းလေ့လာခြင်းမှာ ၎င်းကို မှော်ဆလွန်း၌ အသုံးပြုသည်သာမက မှော်သင်္ဘော၊ မှော်လေသင်္ဘောများနှင့် မှော်ကားအမျိုးစုံတို့၌လည်းအသုံးပြုသောကြောင့် ပြဿနာမရှိသော်လည်း သူ့အနေနှင့် လေစွမ်းအားမှော်အင်ဂျင်၏ တိုးတက်မှုကို လျစ်လျူရှု၍မရပေ။

လေစွမ်းအားမှော်အင်ဂျင်ကို အခြားနယ်ပယ်များ၌ အကန့်အသတ်ထားရှိသော်လည်း ယေဘုယျအသုံးပြုခြင်းအတွက် ဖြစ်နိုင်ချေများစွာရှိသည်...

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၈၈။ သင့်အား လုပ်ငန်းအနည်းစုပေးအပ်ခြင်း

ရှုယီမှ Frestech ကုန်သည်ကြီးများအသင်း၏ အနာဂတ်အကြောင်း စဉ်းစားနေစဉ်တွင် ပြိုင်ပွဲက နောက်ဆုံးအခိုက်အတန့်သို့ ဝင်ရောက်လာသည်။

အစပိုင်းတွင် အနည်းငယ်ဦးဆောင်နေသည့် လူပုလေး မားလော့ခ်၏ မှော်ဆလွန်းမှလွဲ၍ အားလုံးတူညီနေသည်။

သို့သော် နှစ်ကြိမ်‌ပတ်မောင်းပြီးနောက် ကွာခြားချက်ကစပေါ်လာသည်။

ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာ‌နှင့် အကြီးအကဲလီဆန်းယာတို့မောင်းနှင်သည့် ကားများက ရှေ့၌ ဦးဆောင်လာကြသည်။

သူတို့၏ ထူးချွန်သည့် ကားမောင်းကျွမ်းကျင်မှုအပြင်၊ အရေးကြီးဆုံးအကြောင်းရင်းမှာ ၎င်းတို့ဟာ အင်မတန်ကြမ်းတမ်းလှသောကြောင့်ဖြစ်သည်။

တိုက်မိတော့မည်ကို အခြားသူများသိသောအခါ မသိစိတ်က ရှောင်တိမ်းသွားသော်လည်း ၎င်းတို့နှစ်ဦးကမူ ဂရုမစိုက်ဘဲ ရှေ့သို့သာ ဆက်လက်တိုးနေခဲ့သည်။

တိုက်မိခြင်းသည် ၎င်းတို့ကို လုံးဝထိခိုက်မည်မဟုတ်ကြောင်းကို သိရှိ၍ ၎င်းတို့၏ စွမ်းအားများရှိ ခိုင်မာသောယုံကြည်မှုမှာ သဘာဝအလျောက် ပေါက်ဖွားလာခြင်းဖြစ်သည်။

အခြားလူများထံ၌ ထိုသို့သော ယုံကြည်မှုမျိုးမရှိသဖြင့် အချိန်အများစုတွင် နည်းလမ်းရှာကာ ၎င်းတို့ကို ဦးဆောင်ခွင့်သာပေးလိုက်ရသည်။

သို့သော် ၎င်းတို့နှစ်ဦးအပြင် အခြားကားကိုးစီးမှာလည်း အတော်လေး ညီမျှလွန်းနေ၏။

မင်းသားဖရန့်ခ်ပို့ထားသည့် ကိုယ်စားလှယ် ဟာဗေးကန်ဒီမှာ အလယ်တည့်တည့်၌ ရှိသည်။ သူဟာ မဆိုးသလို ကောင်းလည်းမကောင်းနေဘဲ သာမန်ဟုသာ ယူဆနိုင်သည်။

ထိုလုပ်ဆောင်ချက်က မန်နေဂျာ မန်စီနီ၏ အဖွဲ့ကို မကျေမနပ်ဖြစ်စေသော်လည်း ရှုယီ၏ အမြင်တွင် ၎င်းကို အတော်လေး ကောင်းမွန်သည်ဟု သတ်မှတ်ထားပါ၏။

ပြောရလျှင် မင်းသားဖရန့်ခ်မှာ လွန်ခဲ့သည့် လအနည်းငယ်အကြာကမှ မှော်ဆလွန်းနှင့် အချိတ်အဆက်ရှိခဲ့သဖြင့် ဤဟာဗေးကန်ဒီမှာလည်း ၎င်းကို သိသည်မှာ အချိန်ပိုတိုလောက်သည်။

သူဟာ အချိန်တိုလေးအတွင်း သူ၏ကားမောင်းစကေးကို ဤမျှအထိ တိုးတက်စေနိုင်ပြီး နေ့တိုင်း ကားမောင်းနေခဲ့သော ဘာရွန် ဘယ်လီကိုပင် ယှဉ်နိုင်သည်။ ၎င်းကို အတော်လေး အံ့ဖွယ်ကောင်းသည်ဟုပင် ယူဆနိင်နေပြီဖြစ်၏။

သို့သော် ဟာဗေးကန်ဒီမှာ သိသိသာသာပင် မိမိ၏ လုပ်ဆောင်ချက်ကို မနှစ်မြို့ဘဲ သူ၏ ပြိုင်ဘက်များကို ကျော်တက်ရန် အတွင်းလမ်းကို ကြိမ်ဖန်များစွာ ယူချင်နေသည်။

သူဟာ တစ်ခါတရံ၌ အောင်မြင်သွားသော်လည်း တစ်ခါတရံ၌ ကျော်တက်ခံနေရသည်။

အခေါက်ပေါင်းများစွာ ပတ်မောင်းလာပြီးနောက်တွင် သူဟာ လမ်းကြောင်းအလယ်‌၌သာ တည့်တည့်မောင်းလာနိုင်ရုံတတ်နိုင်တော့သည်။

ထိုလမ်းကြောင်းနှင့်ဆိုလျှင် ပြိုင်ပွဲပြီးဆုံးပါက သူ၏ အနေအထားက ပြောင်းလဲသွားမည့်ပုံမရပေ။

ရှုယီမှာ ကွင်းကြီးကိုကြည့်လိုက်ပြီး တစ်ဘက်စင်္ကြံပေါ်၌ ထိုင်နေသည့် အလေးအနက်အမူအရာနှင့် မန်နေဂျာမန်စီနီကို ကြည့်လာသည်။

ဟာဗေးကန်ဒီသာ အ‌ဆုံး၌ ရှုံးနိမ့်သွားခဲ့လျှင် မန်နေဂျာ မန်စီနီ၏ အမူအရာက အင်မတန် အရုပ်ဆိုးလာလောက်သည်။

များမကြာမီတွင် ပြိုင်ပွဲက နောက်ဆုံးတစ်ပါတ်ကို ရောက်လာ၏။

ပြီးဆုံးသွားသည်ကို မြင်သော် ရှုယီက ထရပ်ကာ မန်နေဂျာ မန်စီနီထံ လျှောက်သွားလိုက်ပါ၏။

"မန်နေဂျာ မန်စီနီ ကျုပ် လွန်ခဲ့တဲ့ ရက်တွေမှာ ခင်ဗျားကို ကောင်းကောင်း ဧည့်မခံခဲ့မိတာ တကယ်ကို တောင်းပန်ပါတယ်ဗျာ။ ဒီပြိုင်ပွဲပြီးရင် မန်နေဂျာကို ကျုပ်ရဲ့ ကိုယ်ပိုင်အိမ်တော်ဆီ ဧည့်သည်အနေနဲ့ လာပြီး နေ့လည်စာ စားဖို့ ဖိတ်ခေါ်ချင်ပါတယ် အဆင်ပြေမလား?"

ရှုယီမျက်နှာထက်ရှိ အပြုံးကိုမြင်သော် မန်နေဂျာမန်စီနီက အသာမျက်မှောင်ကုပ်လိုက်မိ၏၊ "ဥက္ကဌရှု ခင်ဗျားက နှုတ်ဆက်ပွဲလုပ်ပြီး ကျုပ်ကို ပြန်ပို့ဖို့ စီစဉ်ထားတာလား?"

သူနှင့် ရှုယီ ပထမဆုံးတွေ့ဆုံကတည်းကဆိုလျှင် ငါးရက်ကြာပြီ‌ဖြစ်သော်လည်း ရှုယီမှာ စာချုပ်နှင့် ပတ်သက်သောတိကျသည့် အဖြေကို မပေးခဲ့ပါချေ။

မန်နေဂျာမန်စီနီအနေနှင့် မည်မျှ တုံးအသူဖြစ်စေကာမူ ရှုယီက သူ့အား ငြင်းဆိုနေသည်ကို နားလည်၏။

၎င်းကို အသေအချာမပြောခဲ့သည်မှာ ထုတ်ပြောခြင်းဖြင့် မန်နေဂျာမန်စီနီကို အရှက်ရစေခြင်းမှ ရှောင်ရှားစေနိုင်ဖို့ဖြစ်သည်။

ရှုယီက တစ်ချက်ရယ်ကာ၊ "မန်နေဂျာအထင်လွဲနေပါပြီ၊ ဘယ်လိုလုပ်ကျုပ်က ခင်ဗျားကို မောင်းထုတ်နိုင်မှာလဲ။ ခင်ဗျားသာသဘောကျရင် ဘန်တာမြို့မှာ ကြိုက်သလောက်နေလို့ရတယ်။ ကျုပ်အထင် ကောင့်ထ်ဝီလ်လည်း ခင်ဗျားတို့ကို ကြိုဆိုဖို့ အတော်ဝမ်းသာနေလောက်တယ်။”

မန်နေဂျာမန်စီနီက ရှုယီကို စိုက်ကြည့်ကာ အေးစက်စက်ရယ်လိုက်သည်၊ "မင်းကရော?"

"ကျုပ်က... လုပ်ငန်းစုနဲ့ ပတ်သက်ပြီး လုပ်စရာတွေအများကြီးရှိသေးတော့ နေဖို့ အဆင်မပြေဘူးလေ.. မန်နေဂျာ ကျေးဇူးပြုပြီး ကျုပ်ကိုခွင့်လွှတ်ပါဗျာ။ နောက်တစ်ခေါက် ဘန်တာမြို့ဆီ ခင်ဗျား လာဖို့ အခွင့်အရေးရရင်ဖြစ်ဖြစ် ဒါမှမဟုတ် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီ တိုက်ရိုက်လာရတာဖြစ်ဖြစ် ရှိခဲ့ရင် ကျုပ်က သေချာပေါက် စိတ်ရင်းနဲ့ ကြိုဆိုပါ့မယ်။"

မန်နေဂျာ မန်စီနီက နှာမှုလိုက်ကာ၊ "ဥက္ကဌရှု ကြည့်ရတာ ခင်ဗျားက ဆုံးဖြတ်ပြီးသွားပုံပါပဲ?"

ရှုယီက အသာပြုံး၍ ခေါင်းငြိမ့်လိုက်သော်လည်း မည်သည်ကိုမှ မဆိုပေ။

မန်နေဂျာ မန်စီနီက အေးစက်စက်ပြုံးကာဖြင့် "ဥက္ကဌရှု ဘာရွန် ဘယ်လီက မင်းကို အမြဲထက်မြတ်တဲ့ လူလို့ ပြောခဲ့ပေမယ့် အခုကြည့်ရတာ ခင်ဗျားက အဲဒီ့အကဲဖြတ်ပုံနဲ့ မထိုက်တန်ပုံပဲ။ အရှင်မင်းသားဆီ ချဉ်းကပ်ဖို့ နည်းလမ်းပေါင်းများစွာ စဉ်းစားရင်း ခယဝပ်တွားနေကြတဲ့ သူများစွာရှိပြီး ကျရှုံးနေကြပေမယ့်လည်း အခု မင်းကတော့ ဒီအခွင့်အရေးကို လက်လျှော့လိုက်တာပဲ! မင်းဟာ တကယ်ကို ကုမရအောင် မိုက်မဲနေတာပဲ!"

ရှုယီက ပခုံးတွန့်ကာ မည်သည်ကိုမှ မဆိုဘဲ ပြုံးလိုက်သည်။

ရှုယီက ပြန်မဖြေသည်ကို မြင်သော် မန်နေဂျာမန်စီနီမှာ မည်သည်ကိုမှ ဆက်မပြောနေတော့ပေ။ ခေတ္တရပ်တန့်လိုက်ပြီးနောက်တွင် သူဟာ နောက်တစ်ခေါက် နှာမှုတ်ကာ ပြောလာ၏၊ "ကောင်းပြီလေ ဥက္ကဌရှု ဒါက မင်းရဲ့ရွေးချယ်မှုပဲ။ Frestech ကုန်သည်ကြီးများအသင်းသာ ကန်ဒရာအင်ပါယာမှာ ပြဿနာတစ်ခုခုကြုံရရင် ကျုပ်ကို အချိန်မီကြိုသတိမပေးဘူးဆိုပြီး အပြစ်မတင်ပါနဲ့။"

ရှုယီက မျက်လုံးများကို အသာမှေးကျဉ်းလိုက်မိသည်၊ ၎င်းက အသေအချာကို ခြိမ်းခြောက်မှုပါပင်။

မင်းသားဖရန့်ခ်သာ တကယ်ပဲ ဤကိစ္စအတွက် Frestech ကုန်သည်ကြီးများအသင်းကို ပြဿနာရှာလျှင် အနှီတော်ဝင်မင်းသားက ပူးပေါင်းမှုအတွက် ကောင်းမွန်သည့် တွဲဖက်မဟုတ်ကြောင်း ပြသနေသည်။

ထိုသို့ဖြစ်ရာ ဤတစ်ခေါက် ကျရှုံးမှုက တကယ်တော့ ကိစ္စကောင်းဖြစ်နေ၏။

"မန်နေဂျာ မန်စီနီ ကျုပ်...."

ရှုယီက တစ်စက္ကန့်မျှ ရပ်တန့်လိုက်ပြီးနောက် စကား‌ဆိုတော့မည်အပြုတွင် ရုတ်တရတ် 'ဘုန်း'ဟူသည့် အသံကျယ်ကြီးကြားလိုက်ရသည်။

သူနှင့် မန်နေဂျာ မန်စီနီတို့မှာ တအံ့တဩဖြင့် လှည့်ကြည့်လိုက်မိသည်။ ၎င်းတို့ မြင်လိုက်ရသည်မှာ မှော်ဆလွန်းနှစ်စီးက ပြေးလမ်း၏ ဘေးဘက်တွင် စီမံထားသော လေ‌စွမ်းအားမှော်အစီအရင်ကို တိုက်မိသည့်တိုင် အရှိန်မြှင့်မြှင့်ဖြင့် မှောက်ထွက်သွားသည်။

ထိုမှော်ဆလွန်းနှစ်စီးကိုကြည့်ရင်း ရှုယီ အံ့ဩသွား၏။

အဘယ့်ကြောင့်ဆိုသော် တစ်စီးကို ဘာရွန် ဘယ်လီပိုင်ကာ နောက်တစ်စီးက ဟာဗေးကန်ဒီအပိုင်ဖြစ်သောကြောင့်ပင်။

မန်နေဂျာ မန်စီနီကို လှည့်ကြည့်လိုက်သော် သူ၏ မျက်မှာက အင်မတန်မှောင်မိုက်သွားသည်အား တွေ့ရလေ၏။ သူ၏ ဒေါသကိုပင် မြင်ရလွယ်နေတော့သည်။

ရှုယီမှာ မျက်လုံးများ လှန်လိုက်မိသည်။ အဆုံး၌ ဤဖြစ်ရပ်က သူနှင့် မင်းသားဖရန့်ခ်တို့၏ ပူးပေါင်းမှု ရလာဒ်ကို ပြီးပြည့်စုံစွာ ကိုယ်စားပြုနေတော့သည်။

၎င်းက ရှုပ်ထွေးမှုကြီးတစ်ခုပင်။

သုံးရက်ကြာပြီးသည့်နောက် ရှုယီက ဘာရွန် ဘယ်လီ၏ ကိုယ်ပိုင်အိမ်တော်ကို ထပ်ရောက်လာပြန်သည်။

ဘာရွန် ဘယ်လီကို တွေ့ချိန်၌ သူဟာ အိပ်ရာထက် လှဲလျောင်းကာ အိမ်စေလှလှလေးတစ်ဦးက သူ၏ ပါးစပ်ထဲ သစ်သီးများထည့်ပေးကာ သူ၏လက်များကမူ ဆော့ကစားနေသည်ကို တွေ့လိုက်ရသည်။

ရှုယီဝင်သည်ကိုမြင်ချိန်၌ ဘာရွန် ဘယ်လီမှာ ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် တုံ့ပြန်ကာ အမြန်လက်များပြန်ရုတ်လိုက်သည်။

"အဟမ်း... ဥက္ကဌရှု ခင်ဗျား ဘယ်လိုလုပ် ဒီရောက်နေတာလဲ? အိမ်တော်ထိန်းကရော? ဘာလို့ ဒါကို လာမပြောတာလဲ?" ဘာရွန် ဘယ်လီက နေရခက်စွာဖြင့် ထိုသို့ မေးလာပြီးနောက် အိမ်စေမလေးကို ထွက်ခွာရန် လက်ယမ်းပြလိုက်သည်။

"အိမ်တော်ထိန်းက ကျုပ်ရောက်လာတာကို တင်ပြဖို့ မလိုဘူးလို့ အမိန့်ပေးထားတယ်လို့ ပြောတယ်။" ရှုယီက ထွက်သွားရင်း မျက်နှာနီရဲနေသည့် အိမ်စေမလေးကိုကြည့်လိုက်ပြီးနောက် ဘာရွန် ဘယ်လီကို ခေါင်းခါပြလာသည်၊ "ခင်ဗျားရဲ့ ဒဏ်ရာအခြေအနေကို မေးချင်ပေမယ့် ကြည့်ရတာ အတော်ပြန်ကောင်းနေပြီထင်တယ်။"

ဘာရွန် ဘယ်လီက ခြောက်ကပ်ကပ်ရယ်ကာ၊ "ဟား...အဆင်ပြေပါတယ်... အဆင်ပြေပါတယ်။"

လွန်ခဲ့သည့်သုံးရက်အကြာက ပြိုင်ပွဲပြီးဆုံးချိန်တွင် ဟာဗေးကန်ဒီမှာ သူ့အား အားအပြည့်ဖြင့် ကျော်တက်ချင်သော်လည်း ဘာရွန် ဘယ်လီ၏ ကားကို မတော်တဆ တိုက်မိသွားခဲ့သည်။

နှစ်ဦးစလုံးအား လေစွမ်းအားမှော်အကာအကွယ်အစီရင် တပ်ဆင်ပေးထား၍သာ တော်သေးသည်။ နှစ်ဦးစလုံးမှာ အသက်အန္တရာယ်ကင်းလွတ်ပြီး ဒဏ်ရာအသေးစားလေးများသာ ရခဲ့ကြ၏။

ဟာဗေးကန်ဒီအား မန်နေဂျာ မန်စီနီတို့အဖွဲ့က ယမန်နေ့က ခေါ်သွားပြီး ဘာရွန် ဘယ်လီကတော့ သူ၏ ကိုယ်ပိုင်အိမ်တော်၌အနားယူနေသည်။

"ဟုတ်သားပဲ ဥက္ကဌရှု၊ ခင်ဗျားရဲ့... မန်နေဂျာ မန်စီနီနဲ့ ဆွေးနွေးမှုက ပျက်သွားတာလား?" ဘာရွန် ဘယ်လီက ရုတ်တရတ် ရှုယီကို ကြည့်လာကာ ဂရုတစိုက်မေးလိုက်သည်။

"အင်း ကျုပ်တို့က အခြေအနေတွေကို သဘောမတူနိုင်တော့ ပူးပေါင်းမှု ကျရှုံးသွားတယ်။" ရှုယီက ခေါင်းငြိမ့်ကာ ဖြေသည်။

"ဒါက... အဟမ်း....ဥက္ကဌရှု ခင်ဗျားကို အပြစ်တင်တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျုပ်အထင်... ခင်ဗျားရဲ့ မန်နေဂျာ မန်စီနီအပေါ် သဘောထားက... နည်းနည်းလောက် အရမ်းမာနကြီးသလိုဖြစ်မနေဘူးလား?"

"မာနကြီးတယ်?" ရှုယီက မျက်မှောင်ကုပ်လိုက်သည်၊ "မန်နေဂျာမန်စီနီက ဝင့်ကြွားလွန်းတယ်မထင်ဘဲ ကျုပ်ကို ထင်တာလား?"

"မဟုတ်ပါဘူး မဟုတ်ပါဘူး မန်နေဂျာ မန်စီနီက တကယ်ကို ဝင့်ကြွားပြီး အတော်လေး‌လည်း သိတယ်မို့လား၊ ဒါပေမယ့် သူက ပြောရရင် မင်းသားဖရန့်ခ်ကို ကိုယ်စားပြုတယ်လေ၊ ဒီတော့ သူ့အနေနဲ့ နည်းနည်းဝင့်ကြွားတာက ပုံမှန်ပါပဲ။ ခင်ဗျားသာ မင်းသားဖရန့်ခ်နဲ့ ပူးပေါင်းချင်ရင်... ခင်ဗျားကိုယ်ခင်ဗျား နှိမ့်ချသင့်တယ်မဟုတ်ဘူးလား?"

ဘာရွန် ဘယ်လီ၏ လက်မခံပုံကိုမြင်သော် ရှုယီခေါင်းခါလိုက်သည်။ သူ့အနေနှင့် ၎င်းနှင့်အတူ ထိုပြဿနာကို ဆွေးနွေးရန် အင်မတန် ပျင်းရိလှပါ၏။

ဤလောက၏ လက်ရှိ အခြေအနေက ထိုသို့မှန်း သူနားလည်ပေသည်။ မင်းသား ဖရန့်ခ်မှာ ကန်ဒရာအင်ပါယာ၏ မြင့်မြတ်သော တော်ဝင်မင်းသားဖြစ်ရာ အခြားလူများအတွက် သူ့ကဲ့သို့သော လုပ်ငန်းစုတစ်ခု၏ ဥက္ကဌမှာ သူ့အပေါ် ဦးညွတ်ရုံသာ ရှိသည်။ သူ့အနေနှင့် တစ်ဘက်၏ ဝင့်ကြွားမှုကို မည်သို့များ ဂရုစိုက်နေနိုင်မည်နည်း?

"ဒီအကြောင်းမပြောနဲ့ဦး။ ဘယ်လီ ကျုပ် ဒီနေ့ ခင်ဗျားကို လာရှာတာက ခင်ဗျား ဘယ်လိုနေတယ်ဆိုတာကို ကြည့်ဖို့အပြင် စီးပွားရေးနည်းနည်းလောက် ဆွေးနွေးချင်တာလည်းပါတယ်။”

"စီးပွားရေး?" ဘာရွန် ဘယ်လီမှာ အံ့ဩသွားပါ၏။ သူဟာ အိပ်ရာထဲ ထထိုင်လိုက်သော်ငြား ဒဏ်ရာများကြောင့် နာကျင်ကာ အသက်ပြင်းပြင်းရှူလိုက်မိသည်။

သို့သော်လည်း ၎င်းက သူ၏မျက်လုံးများထဲမှ စိတ်လှုပ်ရှားမှုကို မသက်ရောက်ဘဲ ရှုယီကို စိုက်ကြည့်ကာ မေးလာ၏၊ "ဘာစီးပွားရေးလဲ?"

မင်းသားဖရန့်၏ နံဘေးရှိလူများက ရှုယီကို မယုံကြည်သော်လည်း ဘာရွန် ဘယ်လီမှာ ရှုယီ၏ ငွေရှာနိုင်စွမ်းကို အခိုင်အမာယုံကြည်ပေသည်။

သူပြောသည့် စီးပွားရေးအကြောင်းမှာ သေချာပေါက် ငွေရှာဖို့ပင်!

"အရင်သုံးရက်အကြာက ပြိုင်ပွဲအပါအဝင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ခင်ဗျားကိုယ်တိုင် ကျင်းပထားတဲ့ ပြိုင်ပွဲဘယ်နှခုရှိလဲ?" ရှုယီက မေးသည်။

"အရမ်းကြီးတော့ မများပေမယ့် အတော်လေးတော့ ရှိတယ်။" ဘာရွန် ဘယ်လီက လက်ချောင်းများဖြင့် အကြိမ်ရေအချို့ ရေတွက်လိုက်သည်၊ "အနည်းဆုံး တစ်ရာ့ငါးဆယ်ပဲ"

"အိုး? အဲ့လောက်တောင်လား? ဒါဆို ခင်ဗျား ပြိုင်ပွဲကျင်းပရာမှာ အတွေ့အကြုံရှိလောက်တာပေါ့ ဟုတ်တယ်မို့လား?" ရှုယီက မေးလာသည်။

"ဟုတ်ပါတယ် လူအများစုထက်တော့ ပိုကောင်းတာပေါ့။ " ဘာရွန် ဘယ်လီက ရယ်ကာ‌ ပြောသည်။

"ဟုတ်ပြီလေ ကျုပ်သာ ပုံမှန်ပြိုင်ပွဲတွေကို လုပ်ဖို့ ကန်ဒရာအင်ပါယာဆီ ခင်ဗျားကို သွားစေချင်ရင် ဒီလိုလုပ်ဖို့ ယုံကြည်ချက်ရှိလား?" ရှုယီက အလေးအနက်မေးလာ၏။

"ဟမ်?" ဘာရွန် ဘယ်လီက ရှုယီကို တအံ့တဩကြည့်လာသည်၊ "ဥက္ကဌရှု ခင်ဗျား... ခင်ဗျား နောက်နေတာလား? ခင်ဗျားနဲ့ မင်းသားဖရန့်ခ်ရဲ့ ဆွေးနွေးမှုက ပျက်သွားပြီမဟုတ်ဘူးလား? အခု ကျုပ်ကို ပြိုင်ပွဲကျင်းပဖို့ ကန်ဒရာအင်ပါယာဆီသွားစေချင်တာလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

"ကျုပ်နဲ့ မင်းသားဖရန့်ခ်ရဲ့ ဆွေးနွေးမှုကတော့ ပျက်သွားပြီ ဒါပေမယ့် ဒါက ကျုပ်နဲ့ ကန်ဒရာအင်ပါယာရဲ့ ဆက်ဆံရေးပျက်သွားတဲ့ အဓိပ္ပာယ်မှ မဟုတ်တာ။ ပြီးတော့ ပြိုင်ပွဲကျင်းပမှာက ခင်ဗျားပဲလေ၊ ကျုပ်မဟုတ်သလို Frestech ကုန်သည်ကြီးများအသင်းလည်း မဟုတ်ဘူး ကျုပ်ပြောတာကို နားလည်ရဲ့လား?"

ဘာရွန် ဘယ်လီက မိမိကိုယ်ကို တည်ငြိမ်စေကာ ခေါင်းငုံ့၍ အသေချာစဉ်းစားရင်း မျက်နှာထက်ရှိ ထိတ်လန့်ဟန်က ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားသည်။

"ဒီတော့ အဓိပ္ပာယ်က... ခင်ဗျားက ကျုပ်ကို ကန်ဒရာအင်ပါယာမှာ ကားပြိုင်ပွဲကျင်းပစေချင်ရုံပဲပေါ့? ကျန်တာထပ်မရှိတော့ဘူးလား?"

"ဒီလိုပေါ့။ ကျုပ်အနေနဲ့ ရံပုံငွေ၊ မှော်ဆလွန်းနဲ့ ဝန်ထမ်းတွေ နည်းပညာ အထောက်အပံ့တွေ ပေးနိုင်တယ်။ ခင်ဗျား ဘယ်လိုပြင်ဆင်ပြီး အသေးစိတ် ဘယ်လိုလုပ်မယ်ဆိုတာကတော့ ခင်ဗျားအပေါ် မူတည်တာပေါ့။" ရှုယီက အပြုံးဖြင့်ပြောသည်၊ "ဘယ်လိုလဲ? ယုံကြည်ချက်ရှိရဲ့လား?"

ဘာရွန် ဘယ်လီက နှုတ်ခမ်းများစူလိုက်ကာ၊ "ဘာလို့ ကျုပ်ကို လုပ်ချင်လား မလုပ်ချင်လား မမေးရတာလဲ?"

ရှုယီက အသာပြုံးကာ၊ "မေးဖို့ရော လိုလို့လား?"

ဘာရွန် ဘယ်လီက အံ့ဩသွားပြီးနောက် ရယ်မောလိုက်လေသည်။

"ဟုတ်ပြီလေ ကျုပ်လည်း လုပ်ဖို့ ဆန္ဒရှိနေမှတော့ မေးနေဖို့ မလိုပါဘူး! ဒါပေမယ့် ဥက္ကဌရှု ခင်ဗျား ကျုပ်ကို ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားဖို့ အချိန်နည်းနည်းပေးဖို့ လိုတယ်။"

"ဒါပေါ့ ပြဿနာမရှိပါဘူး။"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၈၉။ လက်စ်လိုင်း၏ အစီရင်ခံစာ

လက်စ်လိုင်းမှာ သူ့လက်ထဲရှိ အစီရင်ခံစာကို ချထားကာ ခေါင်းမော့၍ နီရှီဆိပ်ကမ်းအပြင်ဘက်ရှိ အဆုံးမဲ့ပင်လယ်ပြင်ကို ကြည့်လိုက်ရင်း သက်ပြင်းချမိသည်။

ဤစာအား Frestech ကုန်သည်ကြီးများအသင်း၏ ရူဒ်ဆန်တိုင်းပြည်ရှိ ရုံးခွဲက ပေးပို့လာခြင်းပင်။ ၎င်းက ရှုယီထံမှ ကိုယ်ရေးကိုယ်တာဆိုင်ရာစာဖြစ်ပြီး မည်သည့်တရားဝင်လုပ်ငန်းနှင့်မှ မဆိုင်ပေ။

ဤစာ၌ နေ့စဉ်ဖြစ်စဉ်အနည်းငယ်အပြင် ရှုယီမှာ လက်စ်လိုင်းကို အရေးကြီးကိစ္စတစ်ခုအား ပြောပြထားသည်။ ၎င်းမှာ ဘာရွန် ဘယ်လီက ကန်ဒရာအင်ပါယာ၌ ကားပြိုင်ပွဲတစ်ခုကို စတင်မည်ဖြစ်ကြောင်းပင်။

ထိုသတင်းကိုရပြီးနောက် လက်စ်လိုင်းစိတ်ထဲရှိ ကျောက်တုံးက ကျဆင်းသွားကာ များစွာ ပိုမို သက်တောင့်သက်သာဖြစ်လာသည်။

စတက်ဂျ်မိသားစုအား လမ်ပူရီတိုင်းပြည်၏ ပြည်တွင်းစစ်၌ ချေမှုန်းခဲ့ကတည်းက မိသားစုတစ်ခုလုံးမှာ မျိုးဆက်ပျက်သုဉ်းလုနီးနီးဖြစ်ခဲ့ရသည်။ ကျန်သည့် အဓိက မိသားစုဝင်များမှာ လက်စ်လိုင်းအပြင် ဘာရွန် ဘယ်လီနှင့် သာမာန် မျိုးဆက်နှစ်ဦးသာ ကျန်တော့သည်။

ထိုရက်စက်သည့် တိုက်ပွဲတွင် ပုံမှန်အားဖြင့် ပြောရသော် အနိုင်ရသည့်ဘက်က စတက်ဂျ်မိသားစုနှင့် မျိုးဆက်များကို ချန်ထားရန် မဖြစ်နိုင်သော်လည်း ဘုရင်မကြီးဆယ်ဗီနီက ကြင်နာတတ်ကာ ဒုတိယအဓိက အကြောင်းအရင်းမှာ ရှုယီ၏ တောင်းဆိုမှုကြောင့်ဖြစ်သည်။

ရှုယီကြောင့် ဘုရင်မကြီးဆယ်ဗီနီမှာ ဆန့်ကျင်မှု အားလုံးကို လျစ်လျူရှု၍ စတက်ဂျ်မိသားစုအတွက် မျိုးစေ့အချို့ ချန်ခဲ့ကာ ၎င်းတို့၏ မျိုးဆက်များကို အပြတ်ဖြတ်မည်မဟုတ်ကြောင်း အာမခံခဲ့သည်။

၎င်းကြောင့်လည်း လက်စ်လိုင်းမှာ ဘုရင်မကြီးဆယ်ဗီနီနှင့် ရှုယီတို့အပေါ် ကျေးဇူးတင်မိနေခဲ့သည်။

သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစု ကပ္ပတိန်ဖြစ်လာဖို့ရန်ပင် သဘောတူညီကာ စတက်ဂျ်မိသားစု၏ ရင်းမြစ်အပိုအလျှံကို သုံး၍ ဤသင်္ဘောစုကို အမြန်တိုးတက်လာစေသည်ကလည်း ဤကျေးဇူးတရားမှ လာပါ၏။

ဘာရွန် ဘယ်လီအတွက်မူ စတက်ဂျ်မိသားစုအပေါ် ဘုရင်မကြီးဆယ်ဗီနီ၏ ညှာတာမှုကြောင့် လမ်ပူရီတိုင်းပြည်တွင် ကောင်းမွန်သည့်ဘဝ၌ နေထိုင်နိုင်ခြင်းပင်။ ထို့အပြင် ရှုယီ၏ အကူအညီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့နှင့် ပူးပေါင်းမှုတို့ကြောင့် သူဟာ လူများကို အံ့အားသင့်စေလောက်သည့် အရာအများစုထက် ပိုကောင်းသည့် ဘဝ၌ နေနိုင်နေပြီဖြစ်သည်။

သို့သော် လက်စ်လိုင်းမှာ အမြဲ စိုးရိမ်နေခဲ့ရသည်။

ဘုရင်မကြီး ဆယ်ဗီနီက ညှာတာမှုကို ပြသခဲ့ကာ ကျန်သည့် စတက်ဂျ်မိသားစု မျိုးဆက်များကို အပြစ်မပေးဖို့ ကတိပေးခဲ့‌ပါလျှင်တောင် စတက်ဂျ်မိသားစုမှလူများကို လမ်ပူရီတိုင်းပြည်၌ ဆက်ထားရမည်အား စိုးရိမ်နေကြသည့် လူများက ရှိနေသေးသည်။ ၎င်းတို့မှာ ဆယ်ဗီနီအား ၎င်းတို့ကို ဖယ်ရှားဖို့ပင် တိုက်တွန်းနေကြသေး၏။

ထို့ကြောင့် ဘာရွန် ဘယ်လီမှာ အပြင်ပန်းတွင် ဘဝကောင်း၌ နေထိုင်ပုံရသော်လည်း တကယ်တမ်း နေရာများစွာတွင် တင်းကြပ်ခံထားရသည်။

သူ့အား ရှုယီကြောင့် ဘန်တာမြို့တွင် တင်းကြပ်မထားပါသော်လည်း ဘန်တာမြို့မှ ထွက်သွားပါလျှင် လမ်ပူရီတိုင်းပြည်ရှိ မည်သည့်နေရာ၌ မဆို အတော်လေး တင်းကြပ်ခံရမည်ဖြစ်သည်။

ရှုယီမှာ ယခု သူ့အတွက် လုပ်စရာတစ်ခု ရှာတွေ့သွားရာ ဘာရွန် ဘယ်လီ အာရုံစိုက်နေ‌သရွေ့ သူ၏ ကန်ဒရာအင်ပါယာမင်းသားဖရန့်ခ်နှင့် ဆက်နွယ်မှုကြောင့် ကန်ဒရာအင်ပါယာတွင် လုပ်ငန်းတစ်ခု အမှန်တကယ် ဖန်တီးနိုင်သည်။

လမ်ပူရီတိုင်းပြည်မှာ ဘာရွန် ဘယ်လီ၏ အပြုအမူများကို ကန့်သတ်ထားသော်လည်း လမ်ပူရီတိုင်းပြည်မှ ထွက်သွားပါလျှင် ၎င်းတိုအား ပျော်ရွှင်စွာ လိုက်ပို့မည်လူ များစွာ ရှိလောက်သည်။

ပြောရလျှင် လမ်ပူရီတိုင်းပြည်၏ ရှုထောင့်မှ ဆိုပါက သူနေလျှင် သိက္ခာစောင့်ထိန်းစရာများရှိသည်။ ၎င်းတို့ ဖယ်ရှားချင်သောလည်း မဖယ်ရှားနိုင်သည့် ဤလူသာ လမ်ပူရီတိုင်းပြည်မှ ထွက်သွားရဖို့ ဖြစ်လာလျှင် အင်မတန် ပျော်ရွှင်နေကြပေလိမ့်မည်။

ရှုယီထိုသို့ လုပ်ဆောင်နေခြင်မှာ တစ်ကိုယ်ကောင်းဆန်မှု အနည်းငယ်ရှိသည်ကို လက်စ်လိုင်းသိပါ၏။ သူဟာ ဘာရွန် ဘယ်လီနှင့် မင်းသားဖရန့်ခ်ကြား ဆက်ဆံရေးကို အသုံးချပြီး ကန်ဒရာအင်ပါယာတဝှမ်း၌ မှော်ဆလွန်းများ ဖြန့်ချီလိုသည်အား ပြောခဲ့ပါ၏။

သို့သော် ရှုယီ ထိုသို့လုပ်နေခြင်းက ဘာရွန် ဘယ်လီကို ကူညီနေခြင်းဖြစ်ကြောင်းလည်း လက်စ်လိုင်းသိပါ၏။ ၎င်းက သူ့အား လမ်ပူရီတိုင်းပြည်မှ ထွက်ခွာရန် အကြောင်းပြချက်ကောင်းပေးနေရုံသာမက အလုပ်ကြိုးစားရန်လည်း ပန်းတိုင်တစ်ခု ပေးခြင်းပင်။

လက်စ်လိုင်းမှာ စိုင်စ်နယ်မြေကြီးရှိ မှော်ဆလွန်း၏ အလားအလာအပေါ် အမြင်ကောင်း အမြဲရှိနေသည်။ ဘာရွန် ဘယ်လီသာ ၎င်းကို ကောင်းစွာ လုပ်နိုင်သရွေ့ သေချာပေါက် အနာဂတ်တွင် လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ရှုယီမှာ စတက်ဂျ်မိသားစုကို ကိစ္စကြီးတစ်ခုနှင့် ပတ်သက်၍ ကူညီခဲ့ဖူးပြီး စတက်ဂျ်မိသားစု၌ ချန်ထားခံခဲ့ရသော မျိုးစေ့များကို ပို၍ပင် သန်မာလာစေသည်။

"ဒါပေမယ့် ဒီလိုဆို ငါ့မှာဒီသင်္ဘောစုကို အလွယ်လေးစွန့်ခွာဖို့ နည်းလမ်းမရှိတော့ဘူးပဲ။" လက်စ်လိုင်းက ရုတ်တရတ် ခါးသက်သက်ရယ်ရင်း ခေါင်းခါလေ၏။

သူ့အနေနှင့် ရှုယီထံမှ အကူအညီပိုပို ရလာရင်းဖြင့် လက်စ်လိုင်းစိတ်ထဲရှိ တာဝန်ခံလိုမှုက ပို၍ကြီးမားလာသည်။

သူဟာ ရှုယီ၏ သင်္ဘောစုကို ပင်လယ်ပြင်၌ အတွေ့အကြုံတချို့ရ‌ရန် ကူညီလိုကာ မိမိ၏ ကိုယ်ပိုင်သင်္ဘောစုကို တည်ထောင်လိုသော်လည်း ယခုတွင် ထွက်သွားဖို့က အင်မတန်ခက်ခဲကြောင်း သိရှိသွားသည်။

ရှုယီကို ပြန်ပေးရုံသာ မဟုတ်လျှင်တောင် လက်စ်လိုင်းမှာ ဤသင်္ဘောစုအပေါ် တွယ်တာမှုပြင်းပြင်းကို ဖန်တီးပြီးဖြစ်၏။

ဤသင်္ဘောအား တည်ထောင်ခဲ့သည်မှာ တစ်နှစ်သာ ရှိသေးသော်လည်း နောက်ပိုင်း ပင်လယ်ပြင်တွင် ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်ပေးနေသည့် ကနဦးအဆင့်သာ ရှိနေဆဲဆိုလျှင်သော်မှ လက်စ်လိုင်းမှာ တစ်ချိန်လုံး ဤသင်္ဘောစုနှင့်အတူရှိခဲ့ပြီး ဘယ်တုန်းကမှ ထွက်မသွားခဲ့ပေ။

ဤအတောအတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ တောင်ပိုင်းပင်လယ်ပြင်၌ တုံ့‌နှေးမနေတော့ဘဲ လှုပ်ရှားတော့သည်။ ၎င်းတို့မှာ အကြိမ်ပေါင်းမနည်း တိုက်ခိုက်ခဲ့ကြပြီး ပင်လယ်ဓားပြများစွာကို အနိုင်ယူခဲ့ပါ၏။

အနှီတိုက်ပွဲများက အင်မတန်လွယ်လျှင်တောင် ထိုတိုက်ပွဲများမှတဆင့် သင်္ဘောစု၏ အဖွဲ့တင်များမှာ များစွာ ပိုမိုနီးကပ်လာပြီး လက်စ်လိုင်းက ချွင်းချက်မဟုတ်ပေ။

လက်ရှိ လက်စ်လိုင်းမှာ သူ၏ဘဝကိုအင်မတန်ကျင့်သားရနေရာ ရုတ်တရတ် ဤသင်္ဘောစုမှ ထွက်ခွာသွားပါလျှင် အင်မတန် မပျော်မရွှင် ဖြစ်ရလိမ့်မည်။

"ကောင်းပြီလေ.. ငါနည်းနည်းလောက် ကြာအောင်နေလိုက်ပါဦးမယ်။ သင်္ဘောစု နည်းနည်းလောက်ပိုကြီးလာပြီး ဒီတောင်ဘက်ပင်လယ်ကို ထိန်းချုပ်နိုင်တဲ့အခါ အဲ့ကောင်လေး ရှုယီလည်း သေချာပေါက် ပင်လယ်ပြင်မှော်သင်္ဘောတွေကို ထုတ်လုပ်လို့ ပြီးလောက်ပါပြီ။ အဲ့အခါကျမှ ထွက်သွားလည်း ပြဿနာမရှိပါဘူး။"

လက်စ်လိုင်းက သူ့ရှေ့ရှိ အဆုံးမဲ့ ပင်လယ်ပြင်ကို ကြည့်ကာ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

"ဆရာ ကျွန်တော်တို့ အရင်ဆုံး မိုးကြိုးလျှပ်စီးကျွန်းဆီ ပြန်သွားရမလား ဒါမှမဟုတ် စည်းဝေးပွဲနေရာကိုပဲ တိုက်ရိုက်သွားရမှာလား?" Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်အဖွဲ့ ဒုခေါင်းဆောင်လည်းဖြစ်သလို လက်စ်လိုင်း၏ လက်ထောက်လည်းဖြစ်သည့် ရွက်သင်္ဘော ကပ္ပတိန် ဂန်ဆော်ရွန်က လာမေးသည်။

"မလိုပါဘူး။ ငါတို့ နီရှီဆိပ်ကမ်းမှာ ရိက္ခာပြန်ယူရုံပဲကို အချိန်ဖြုန်းဖို့မလိုဘူး။ ပန်းတိုင်ကိုပဲ ဦးတည်ကြတာပေါ့။" လက်စ်လိုင်းက ပြန်ပင်လှည့်မကြည့်ဘဲ ဖြေလာ၏။

"ဟုတ်ကဲ့ပါ"

ဂန်ဆော်ရွန်က ဖြေပြီးနောက် ထွက်သွားသည်။

တစ်အောင့်ကြာသည့်နောက် သင်္ဘောစုတစ်ခုလုံးအား ထိန်းညှိ၍ တောင်ဘက်သို့ ဦးတည်လိုက်ကြသည်။

သုံးနာရီအတွင်းတွင် သင်္ဘောစုမှာ ရူဒ်ဆန် တိုင်းပြည်၏ ပင်လယ်မှ ထွက်ခွာ၍ ကန်ဒရာအင်ပါယာ၏ ပင်လယ်ပြင်သို့ ဝင်ရောက်လာရာ စိုင်စ်နယ်မြေကြီး၏မည်သည့်တိုင်းပြည်အတွက်မဆို ထိုတိုင်းပြည်၏ ပင်လယ်ပြင်က သဘောခွေ့စရာမဟုတ်ပေ။

နည်းပညာအဆင့်နိမ့်ပါးခြင်းကြောင့် ၎င်းတို့မှာ ပင်လယ်ပြင်၌ ခပ်ဝေးဝေးရွက်မလွှင့်နိုင်ခဲ့ပေ။ ၎င်းတို့ဘေးပတ်လည်ရှိ ပင်လယ်ပြင်ကို ထိန်းချုပ်နိုင်ခဲ့လျှင်တောင် သစ်သားလှေဟောင်းအချို့နှင့်သာ လုပ်နိုင်ခဲ့သည်။ ၎င်းတို့က အပြည့်အဝမထိန်းချုပ်နိုင်လေရာ ပင်လယ်ပြင်၏ သဘောတရားကို ကောင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း မပြုနိုင်ကြချေ။

အဆုံးမဲ့ ပင်လယ်ပြင်၌ ရုတ်ရုတ်သဲသဲ အခြေနေတစ်ခုမဟုတ်ပေ။

၎င်းမှာ ပင်လယ်ပြင်၌ ပင်လယ်ဓားပြများပြားနေရခြင်း အကြောင်းအရင်းပင်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘော၏ ပေါ်ထွက်လာပြီးနောက် ဤမျှခြေပါးလေးက ပျက်စီးသွားသည်။

သာမန်သစ်သားလှေများကို ကျော်လွန်နေသည့် မြင့်မားသော တိုက်ပွဲအင်အားနှင့် ရွက်လွှင့်နိုင်စွမ်းအားကောင်းခြင်းတို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုမှာ ရူဒ်ဆန် တိုင်းပြည်နှင့် ကန်ဒရာတိုင်းပြည်ပင်လယ်ပြင်တို့ရှိ ပင်လယ်ဓားပြများအားလုံးကို အနိုင်ယူရန် နှစ်ဝက်အောက်မျှသာ အချိန်ယူခဲ့ရသည်။

ငါးတချို့မှ ပိုက်ကွန်မှ လွတ်မြောက်ဖို့ စီစဉ်ထားပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစု၏ ခိုင်မာသောအဟန့်အတားကြောင့် ဤကြီးမားသော ပင်လယ်ပြင်မှာ အသစ်အဆန်းငြိမ်းချမ်းမှုကိုရနေသည်။

စတက်တိန်းနယ်မြေနှင့် ရူဒ်ဆန် တိုင်းပြည်ကြား Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေး သင်္ဘောစု၏ မကြာခဏ ပို့ဆောင်သော သင်္ဘောများကြောင့် ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုကို ဖန်တီးဖြစ်သွားသည်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်း၏ အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောကြီးများအပြင် ဤလမ်းကြောင်း၌ ရွက်‌လွှင့်နေကြသည့် သစ်သားသင်္ဘောအကြီးအသေးများစွာလည်းရှိနေကာ နှစ်တိုင်းပြည်ကြား ကုန်စည်ပို့ဆောင်ရေးအတွက် လမ်းကြောင်းတစ်ခု ဖန်တီးထားသည်။

မှန်ပါ၏ စတက်တိန်းနယ်မြေမှ ရူဒ်ဆန် တိုင်းပြည်ထံ စီးဆင်းသည့် ကုန်စည်မှာ အဓိကအားဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်များနှင့်၊ သံမဏိထုတ်ကုန်၊ မြေဩဇာ၊ ဘိလပ်မြေနှင့် အခြားထုတ်ကုန်များဖြစ်ကြသည်။ တစ်ချိန်တည်းမှာပင် စတက်တိန်းနယ်မြေမှ လာသော စည်သွပ်သီးနှင့် ပရိဘောဂတို့လည်းရှိသည်။

ရူဒ်ဆန် တိုင်းပြည်မှ စတက်တိန်းနယ်မြေသို့ ကုန်စည်များမှာမူ ၎င်းတို့အနက်အများစုက သတ္တုတွင်းထွက်ရင်းမြစ်မျိုးစုံနှင့် မှော်သလင်းကျောက်များဖြစ်ကြသည်။

အနှီအရာများအား Frestech ကုန်သည်ကြီးများအသင်းမှာ သဘာဝကျကျ ဝယ်ယူသည်။

ထိုပို့ဆောင်ရေးလမ်းကြောင်း၏ အဟုန်ကြောင့် ကမ်းရိုးတန်းမြို့သေးသေးလေးဖြစ်ခဲ့သော နီရှီမြို့တော်မှာ အံ့အားသင့်ဖွယ်အမြန်နှုန်းနှင့် တိုးတက်လာခဲ့သည်။

လက်ရှိ နီရှီမြို့တော်မှာ မြို့တော် ကာရာကာထက်ပို၍ ဝပြောရုံသာမက ပြည်သူများ၏ ချမ်းသာမှုနှင့် ကုန်စည်စီးဆင်းမှုကလည်း အားမလျော့ပေ။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုမှာ နာဗီလ်ခေါင်းဆောင်သည့် ပို့ဆောင်ရေးသင်္ဘောစုထံမှ ရိက္ခာများရယူဖို့သာ သုံးသော်လည်း Frestech ကုန်သည်ကြီးများအသင်းမှ ရူဒ်ဆန် တိုင်းပြည်နှင့် စာချုပ်လက်မှတ်ရေးထိုးပြီးနောက်တွင် နီရှီမြို့တော်ထံမှ ၎င်းတို့ရိက္ခာများကို ပြန်လည်ဖြည့်တင်းနိုင်ပြီဖြစ်သည်။

လွန်ခဲ့သည့် သုံးရက်က လက်စ်လိုင်း နီရှီမြို့တော်ထံ သူ၏ သင်္ဘောစုကို ဦးဆောက်သွားချိန်မှာ ၎င်းတို့၏ လစဉ်ရိက္ခာအတွက်သာဖြစ်ပြီး သူ၏လက်အောက်ငယ်သားများကို အားလပ်ရက်ပေးဖို့လည်း ဖြစ်သည်။

အနှီလူများက ပင်လယ်ပြင်၌ အချိန်ကြာရှိနေခဲ့ရာ ၎င်းတို့အနေနှင့် အနားယူဖို့လိုသည်။

ရိက္ခာများရယူပြီးကာ နီရှီမြို့တော်မှ ထွက်ခွာသွားပြီးနောက်တွင် အစောင့်သင်္ဘောစုက ၎င်းတို့၏ အမိန့်ကို လိုက်နာ၍ တာဝန်အတွက် ပန်းတိုင်ကို သွားရမည်ဖြစ်သည်။

ဤတာဝန်က အင်မတန် ရိုးရှင်းပါ၏၊ ၎င်းမှာ ကန်ဒရာအင်ပါယာပင်လယ်ပြင်ရှိ ဒုတိယပို့ဆောင်ရေးသင်္ဘောစုကို ဖုံးကာရန်နှင့် ကန်ဒရာအင်ပါယာပင်လယ်ပြင်မှ တဆင့် ၎င်းတို့ကို လိုက်ပါ ပို့ဆောင်ပေးကာ အခြေစိုက်နေရာအတွက် မှတ်သားထားသည့် ကျွန်းသုံးကျွန်းအနက် ပထမကျွန်းဆီ ဦးတည်ရမည်ဖြစ်၏။

ကြည့်ရသည်မှာ အင်မတန်ရိုးရှင်းဟန်ရှိသော်လည်း ကန်ဒရာအင်ပါယာ၏ ပင်လယ်ပြင်၌ လွန်ခဲ့သည့် နှစ်တစ်ဝက်လောက် ရှိနေခဲ့သော လက်စ်လိုင်းမှာ ဤတစ်ခေါက် တာဝန်၌ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရလောက်သည်ကို သိထားပေသည်။

၎င်းတို့သာ ကောင်းစွာ မကိုင်တွယ်နိုင်လျှင် ယခင်က ကန်ဒရာအင်ပါယာပင်လယ်ပြင်ရှိ အားစိုက်ထုတ်မှုအလုံးစုံကို ဖြုန်းတီးသလိုဖြစ်သွားနိုင်သည်။

သို့သော်လည်း ဤပြဿနာက ပို‌ပြင်းထန်လေ လက်စ်လိုင်းက ပိုပျော်လေပင်။

သူဟာ မခုခံနိုင်သည့် ပင်လယ်ဓားပြများကို အမြဲအနိုင်ကျင့်နေလျှင် မည်သို့များ သူ၏ တန်ဖိုးကို ပြကာ ရှုယီမှ သူနှင့် စတက်ဂျ်မိသားစုကို ပေးထားသည့် အကူအညီကို မည်သို့ ပြန်ပေးရမည်နည်း?

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၉၀။ ကျွန်များအပေါ် သဘောထား

ကန်ဒရာအင်ပါယာ၏ တောင်ဘက်ပင်လယ်တဝိုက်ကို လေးနာရီကြာ ရေကြောင်းပြပြီးနောက် အစောင့်သင်္ဘောစုမှာ ငါးမှ ခြောက်ကီလိုမီတာကျယ်ဝန်းသော ကျွန်းတစ်ခု၌ ရပ်လိုက်ကြသည်။

ဤကျွန်းထံ၌ မည်သည့်သတ္တုတွင်းထွက်မှမရှိသလို ထုတ်ပြောစရာ အဖိုးတန်ရင်းမြစ်မည်သည်မရှိရာ ၎င်းက အစောင့်တပ်ဖွဲ့၏ ပန်းတိုင်လုံးဝမဟုတ်ပေ။

သို့သော် လွန်ခဲ့သည့် နှစ်လအကြာက ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း၏ ပင်လယ်ပြင် အစီစဉ်ကိုပြောင်းလဲခဲ့သည်။ သူဟာ ပင်လယ်ပြင်၌ ကျွန်းများအချိတ်အဆက်တည်ဆောက်ဖို့ စီစဉ်ကာ ဧရိယာတဝိုက်ကို ထိန်းချုပ်ရန် ရင်းမြစ်များနှင့် ကျွန်းအားလုံးကို ချိတ်ဆက်မည်ဖြစ်သည်။ ထို့ကြောင့် မည်သည့်ရင်းမြစ်မှမရှိသည့် ဤကျွန်း၌ပင် အခြေစိုက်စခန်းဆောက်ဖို့ သင့်တော်သဖြင့် သုံးသပ်ရာ၌ ပါဝင်လာပါ၏။

ကန်ဒရာအင်ပါယာ၏ တောင်ဘက်ပင်လယ်များတွင် ဤကဲ့သို့သော ကျွန်းများ မရေမတွက်နိုင်သော ရှိခဲ့သောကြောင့် ဤကျွန်းများအားလုံးတွင် အခြေစိုက်စခန်းများ တည်ဆောက်ရန် မဖြစ်နိုင်ပေ။

၎င်းတို့ကို စစ်ဆေးခြင်းမှတဆင့်၊ နောက်ဆုံးတွင် လက်စ်လိုင်း ၏ အစီရင်ခံစာများမှတစ်ဆင့် ဤကျွန်းနှင့် ကီလိုမီတာ တစ်ရာမှ နှစ်ရာခန့်အကွာတွင်ရှိသော ကျွန်းနှစ်ကျွန်းသည် ပထမဆုံးဆောက်လုပ်သည့်နေရာဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုသည် ယခင်က ကန်ဒရာအင်ပါယာ၏ ပင်လယ်ပြင်တွင် လှုပ်ရှားခဲ့သော်လည်း၊ ဤကျွန်းသုံးကျွန်းပေါ်တွင် အခြေစိုက်စခန်းတည်ဆောက်ပြီးနောက်၊ Frestech ကုန်သည်ကြီးများအသင်းမှာ ကန်ဒရာအင်ပါယာ၏ပင်လယ်များအတွင်းသို့ တရားဝင် ဝင်ရောက်လာမည်ဖြစ်သည်။

နယ်မြေကြီးရှိတိုင်းပြည်များတွင် ပင်လယ်ပြင်အတွက် တိကျသောအယူအဆမရှိသော်လည်း၊ ဤကျွန်းသည် ကန်ဒရာအင်ပါယာ၏ကမ်းစပ်မှ ကီလိုမီတာတစ်ရာသာဝေးသည်။ ၎င်းကို ကန်ဒရာအင်ပါယာရေတပ်၏ ထိန်းချုပ်နယ်မြေအဖြစ် ထည့်သွင်းစဉ်းစားကြ၏။

Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာအား အသိပေးခြင်းမရှိခဲ့ဘဲ အဆိုပါကျွန်းသုံးကျွန်းပေါ်တွင် အခြေစိုက်စခန်းများတည်ဆောက်ခဲ့ရာ ကန်ဒရာအင်ပါယာက မည်သို့တုံ့ပြန်မည်ကို ခန့်မှန်းရန်ခက်ခဲသည်။

အစောင့်သင်္ဘောစုမှာ ကျွန်းအနီး၌ ရပ်တန့်သွားပြီးနောက် ဒီအတိုင်းလေးမနေကြပေ။ ၎င်းတို့မှာ အသေးစားမှော်စက်လှေဒါဇင်ချီကိုချ၍ နီရှီဆိပ်ကမ်းမှ ကျွန်းထံသို့ ၎င်းတို့ယူဆောင်လာသည့် ဆောက်လုပ်ရေးပစ္စည်းများနှင့်အတူ သင်္ဘောသားတစ်ရာကျော်ကို သယ်ဆောင်ကာ ကမ်းရိုးတန်းအနီး၌ရိုးရှင်းသည့် နေအိမ်အချို့ ဆောက်လုပ်ခဲ့ကြသည်။

နှစ်နာရီပတ်လည်လောက်ကြာပြီးနောက် ရိုးရှင်းသည့်နေအိမ်များဆောက်လုပ်၍ မပြီးခင်တွင် အနောက်အရပ်မှ ငွေရောင်တောက်ပနေသော ဧရာမ မှော်သင်္ဘောကြီးတစ်စင်းရောက်လာ၏။

လက်စ်လိုင်းမှာ အစောင့်သင်္ဘောစုကို ခေါ်ဆောင်လာပြီး လွန်ခဲ့သည့်လကမှ အပြီးသတ်ခဲ့သော 'Far Towing' အကြီးစားပို့ဆောင်ရေးမှော်သင်္ဘောပေါ်တွင် ပို့ဆောင်ရေး‌သင်္ဘောစု၏ ခေါင်းဆောင် နာဗီလ်ကို တွေ့လိုက်ရသည်။

နှစ်ဦးမှာ မနှုတ်ဆက်ကြဘဲ ရိုးရှင်းသောအစီရင်ခံမှုတစ်ခုပြုပြီးနောက် အသေးစားမှော်စက်လှေများကို ပို့ကာ ဝန်ထမ်းနှင့် ပို့ဆောင်ရေးပစ္စည်းများကို 'Far Towing' သင်္ဘောထံမှ ကျွန်းဆီသို့ ယူဆောင်သွားကြသည်။‌

ထိုလူများမှာ Frestech ကုန်သည်ကြီးများအသင်းမှ လူများတင်မက အမ်ရစ် ကုန်သည်ကြီးများအသင်းမှလူများလည်း ပါသည်။

အနှီလူတို့ ဤနေရာသို့ရောက်လာခြင်းမှာ ဤကျွန်းထက်တွင် ဆိပ်ကမ်းတစ်ခုကို ပထမဆုံးတည်ဆောက်မည့် ရည်ရွယ်ချက်တစ်ခုကြောင့်သာဖြစ်၏။

ဆိပ်ကမ်းတစ်ခုတည်ဆောက်၍ ဤကျွန်းသို့ ကုန်စည်များ ပိုမိုလွယ်ကူစွာ ပို့ဆောင်နိုင်ပြီးနောက်မှ အခြေစိုက်‌ရုံးကို ဆောက်ရန် ပိုလွယ်ကူမည်ပင်။

ဤကျွန်းအခြေစိုက်ရုံးဆောက်လုပ်ရေးမှာ တောင်ပိုင်း ရူဒ်ဆန် တိုင်းပြည်ပင်လယ်ပြင်ရှိ ကျွန်းခုနစ်ကျွန်းတွင် ပြီးဆုံးသွားပြီဖြစ်သဖြင့် နာဗီလ်ဖြစ်စေ လက်စ်လိုင်း ဖြစ်စေ ၎င်းတို့ကို ဦးဆောင်ဖို့ မလိုတော့ပေ။ Frestech ကုန်သည်ကြီးများအသင်းမှ အလုပ်သမားများဖြစ်စေ အမ်ရစ် ကုန်သည်ကြီးများအသင်းမှ အလုပ်သမားများဖြစ်စေ ဆောက်လုပ်ရေးနှင့် ပတ်သက်၍ အင်မတန် ကျွမ်းကျင်ကြသည်။

ပင်လယ်အနီး၌ အမြန် တည်ဆောက်ထားသည့် ရိုးရှင်းသော နေအိမ်များစွာရှိရာ အမ်ရစ် ကုန်သည်ကြီးများအသင်း၏ ဆောက်လုပ်ရေးအလုပ်သမားများက ၎င်းတို့၏ နေ့စဉ်သုံးလိုအပ်သည်များကို အဆောက်အဦများထဲ ရွှေ့လိုက်ကြ၏။

အစီအစဉ်အရ မနက်ဖြန်မှ စတင်ကာ ဤကျွန်းပေါ်၌ ဆိပ်ကမ်းနှင့် ကျွန်းအခြေစိုက်ရုံးတည်ဆောက်ရန် သုံးလကုန်ဆုံးရမည်ဖြစ်သည်။ နောက်၌ နောက်အဆင့်များအတွက် အစီစဉ်ကို လိုက်နာရမည်ပင်။

ဤလူမနေသည့် ကျွန်း၌ အချိန်ကြာနေပြီး နေ့စဉ်အလုပ်များလုပ်ရန် ၎င်းတို့ဘဝများက သဘာဝကျကျပင် အဆင်ပြေလှမည်မဟုတ်ပေ။

သို့သော် အမ်ရစ် ကုန်သည်ကြီးများအသင်းမှ အလုပ်သမားများဖြစ်စေ Frestech ကုန်သည်ကြီးများအသင်းမှ အလုပ်သမားများဖြစ်စေ တစ်ဦးတစ်ယောက်ကမှ မညည်းညူကြပေ။ ထိုအစား အလုပ်လုပ်ရင်းပြုံးနေကြသည်သာ။

ဤအလုပ်မှာ ခါးကျိုးလောက်သော်လည်း အနည်းဆုံးတစ်လကို ရွှေဒင်္ဂါးသုံးဆယ်ပြားရရှိသည်။

ထို့အပြင် အချိန်ပိုဆင်းရသည့် အလုပ်ကြောင့် အချိန်ပိုကြေးပါထည့်ပေါင်းသော် တစ်လကို ရွှေဒင်္ဂါးငါးဆယ်ရပေသည်။

ဤသည်က ပမာဏကြီးတစ်ခုဖြစ်နေပြီဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့ကို အခြား အကျိုးအမြတ်မျိုးစုံထောက်ပံ့သည်အား ပြောနေဖို့ပင် မလိုတော့ပြီ။

ဥပမာ တောင်ဘက်ပင်လယ်ရှိ ရာသီဥတုမှာ အင်မတန် ပူနွေးလှသောကြောင့် ၎င်းတို့မှာ အပူချိန်မြင့်ချိန်၌ အလုပ်လုပ်ခြင်းအတွက် တစ်လလျှင် ရွှေဒင်္ဂါးသုံးပြား ထောက်ပံ့ကြေးရသည်။

တစ်ချိန်တည်းမှာပင် ဤနေရာရှိ နေထိုင်ရေးအခြေအနေက မကောင်းသလို အလုပ်က ခဲယဉ်းသဖြင့် တစ်လလျှင် အာဟာရ ထောက်ပံ့ကြေး ရွှေဒင်္ဂါးငါးပြားရမည်ဖြစ်၏။

အမျိုးစုံသော ထောက်ပံ့ငွေတို့ကို ပေါင်းထည့်လိုက်ပြီး ရွှေဒင်္ဂါးအဖြစ်ပြောင်းလိုက်လျှင် စုစုပေါင်း တစ်လကို ရွှေဒင်္ဂါးဆယ်ပြားကျော်ရရှိသည်။

ဤသို့သော အံ့အားသင့်ဖွယ် အလုပ်အကိုင်အခြေနေမျိုးကြောင့် အလုပ်က ခက်ခဲလျှင်တောင် ဘာဖြစ်သနည်း?

"ဟေး နာဗီလ်, ဒါကို မြင်လား? ဒါက ငွေရှိတာရဲ့ အကျိုးအမြတ်ပဲ။" လက်စ်လိုင်းက ကျွန်းပေါ်ရှိ အလုပ်ကြိုးစားနေကြသော အလုပ်သမားများကို ကြည့်၍ ပခုံးတွန့်ရင်း နံဘေးရှိ နာဗီလ်ကို ပြောလိုက်၏၊ "သူတို့တွေ ငွေအလုံအလောက်ရသရွေ့ ဒီလူတွေက ငါတို့ လုပ်ငန်းစုဆီကို သူတို့ အသက်တွေပါ ရောင်းလောက်မယ်လို့ ထင်တယ်။"

"အသက်တွေကို ငွေသုံးပြီးဝယ်ဖို့က အဲ့လောက်မခက်ပါဘူး" နာဗီလ်က လက်စ်လိုင်းကိုကြည့်လာသည်၊ "လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကာရက်စ်ခါ ကျွန်းပေါ်မှာ ရွှေဒင်္ဂါးဆယ်ပြား ထုတ်ပေးနိုင်တာနဲ့ အသက်တစ်ချောင်းဝယ်လို့ရတယ်။"

လက်စ်လိုင်းက နာဗီလ်ကိုကြည့်ကာ ပြန်ဖြေစရာမရှိတော့ပေ။

သူ့အနေနှင့် နာဗီလ်က ကာရက်စ်ခါ ကျွန်းမှ လာပြီး ယခင် ကာရက်စ်ခါကျွန်းအား ပင်လယ်ဓားပြကျွန်းဟု ခေါ်ကြောင်းသိပေမည်။ ကျွန်းပေါ်ရှိ နေထိုင်ရေးအခြေအနေများမှာ ဆိုးရွားပြီး ရွှေဒင်္ဂါးဆယ်ပြားနှင့် အသက်တစ်ချောင်းဝယ်သည်ကိုပင် ထူးဆန်းသည်ဟု မယူဆနိုင်ပေ။

သို့သော် ယခုတွင် နာဗီလ်က ထိုစကားများပြောလာသည်ကို ကြားသော် အင်မတန်ထူးဆန်းသည်ဟု ခံစားနေရပါ၏။

"ဥက္ကဌရှုနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့သာ ကျွန်းပေါ်က နေထိုင်ရေးအခြေအနေတွေကို ပြောင်းလဲပေးခဲ့တာကြောင့်သာ မဟုတ်ရင် ကာရက်စ်ခါ ကျွန်းက အဲ့လောက်များများစားစားကွဲပြားသွားမှာ မဟုတ်ဘူး။" နာဗီလ်က ရုတ်တရတ် သက်ပြင်းချလိုက်ပြီးနောက် ဝမ်းနည်းနေသည့် အသံဖြင့် ဆိုလာ၏၊ "တကယ်တော့ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကာရက်စ်ခါ ကျွန်းမပြောနဲ့ အခု နယ်မြေကြီးက တခြားတိုင်းပြည်တွေကို သွားရင်တောင် ရွှေဒင်္ဂါးဆယ်ပြားနဲ့ အသက်တစ်ချောင်းဝယ်လို့ရတယ်။"

လက်စ်လိုင်းမှာ ခဏမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းငြိမ့်လာသည်။

Frestech ကုန်သည်ကြီးများအသင်း၌ အချိန်တစ်ခုမျှ ရှိနေပြီးနောက် သူဟာ အယူအဆ မှားယွင်းလာသည်။ သူ့ဘေးပတ်လည်ရှိ လူများ၏ ဘဝမှာ အင်မတန်ကောင်းမွန်လှရာ လူတိုင်းက စားဝတ်နေရေးအတွက် ပူစရာမလိုတော့ဘဲ လောကကြီးက များစွာ ကောင်းမွန်လာသည်ဟုထင်ခဲ့၏။

သို့သော် အမှန်တရားမှာ Frestech ကုန်သည်ကြီးများအသင်း လွှမ်းမိုးထားသည့် နေရာများမှလွဲ၍ အနီးဝန်းကျင်တိုင်းပြည်များ၌ပင် စားဝတ်နေရေး အခြေခံပြဿနာများကို မဖြေရှင်းနိုင်သည့် လူများရှိနေဆဲပင်။

စိုင်စ်နယ်မြေကြီးတစ်ခုလုံးကရော? ဆင်းရဲနွမ်းပါးမှုများပြည့်နေသော ဘဝနှင့် လူများ နေရာများ များစွာရှိနေသည်။

လက်စ်လိုင်းမှာ ရှုယီအား အလုပ်အရမ်းမကြိုးစားဘဲ စိတ်အေးလက်အေးနေဖို့ တိုက်တွန်းခဲ့သော်လည်း ရှုယီက ၎င်းကို အခိုင်အမာ ငြင်းဆန်ခဲ့သည်။

လက်စ်လိုင်းမှာ ရှုယီက အလုပ်ရူးနေရုံဖြစ်ပြီး ဘဝကို မည်သို့ခံစားရမည်အား မသိဟု ထင်ခဲ့မိသည်။

ယခုတွင် နာဗီလ်နှင့် ပြောပြီးမှ ရှုယီ ဤမျှ အလုပ်အပေါ် ရူးသွပ်နေခြင်းမှာ သူ့စိတ်ထဲရှိ မြင့်မားလှသော ပန်းတိုင်ကြောင့်ဖြစ်ကြောင်း သိရှိသွား၏။

သူဟာ နယ်မြေကြီးရှိ လူတိုင်းကို တတ်နိုင်သမျှ မြန်မြန် ပိုကောင်းသည့် ဘဝရရှိရန် အလုပ်ကြိုးစားနေခြင်းပင်...

ထိုသို့စဉ်းစားမိသော် လက်စ်လိုင်းမှာ မနေနိုင်ဘဲ စိတ်ထဲ ရှက်ရွံ့လာရ၏။

သူ၏ သုံးဆယ့်ငါးနှစ်ကျော် သက်တမ်းတွင် ဤသည်က ရှက်ရွံ့ဖူးသည့် ပထမဆုံးအကြိမ်ပါပင်။

"တကယ်တော့ ဥက္ကဌကို ကျွန်တော်တို့အနေနဲ့ တခြားတိုင်းပြည်က ကျွန်နည်းနည်းဝယ်ပြီး ကျွန်တွေကို ပိုက်ဆံသက်သက်သာသာနဲ့ ဒါမျိုးတွေလုပ်ခိုင်းလို့ရတယ်လို့ ပြောခဲ့သေးတယ်။ အနည်းဆုံး ဒီအခြေစိုက်ရုံးကို တည်ဆောက်ဖို့က ရွှေဒင်္ဂါး‌သုံးသိန်းလောက် ကုန်ကျတယ်လေ၊ ကျွန်တော်တို့သာ ကျွန်တွေကို သုံးရင် ရွှေဒင်္ဂါးသောင်းနဲ့ချီတော့ သက်သာမှာပဲ။" နာဗီလ်က ဆို၏။

"သူ သဘောတူမှာမဟုတ်ဘူး။" လက်စ်လိုင်းက ခေါင်းခါသည်၊ "ရှုယီက ကျွန်တွေရဲ့ တည်ရှိမှုကို အမုန်းဆုံးပဲ ဒါကို ငါ့ဆီ အကြိမ်များစွာ ပြောပြဖူးတယ်။ သူ့မှာသာ ပိုက်ဆံအလုံအလောက်ရှိရင် နယ်မြေကြီးပေါ်က ကျွန်တွေ အားလုံးကိုဝယ်ပြီး လွတ်မြောက်မှု ပြန်ပေးလောက်တယ်။ မင်းက သူ့ကို ကျွန်တွေဝယ်ဖို့ပြောတော့ သူ မင်းကို မဆူမှ ထူးဆန်းနေမယ်။"

"အင်း... ဥက္ကဌက တိုက်ရိုက်ကြီး မဆူပေမယ့်လည်း သူအတော် ဒေါသဖြစ်သွားတယ်လို့ ပြောနိုင်တယ်၊ ဒါကြောင့် ဒီကိစ္စကို ထပ်မပြောတော့ဘူးလေ။" နာဗီလ်က ခေါင်းငြိမ့်လိုက်ကာ၊ "ဒါပေမယ့် ဆရာ လက်စ်လိုင်း, ကျွန်တော် အမြဲတမ်း ပြဿနာတစ်ခုကို စဉ်းစားနေတာ...."

"ဘာ ပြဿနာများလဲ?"

"ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက ကျွန်တွေ မသုံးတာ ပြဿနာ မရှိပေမယ့် တခြားလုပ်ငန်းစုတွေက ကျွန်အရေအတွက် အများကြီးသုံးရင် ကျွန်တော်တို့ထက် အများကြီး ပိုအကုန်အကျနည်းတော့ ဈေးနှုန်းနှိမ့်ပြီးရောင်းလို့ရတယ်လေ။ ကျွန်တော်တို့လုပ်ငန်းစုရဲ့ လက်ရှိ အမြင့်ဆုံးအရည်အသွေးက အခုအချိန်မှာ ပြဿနာမရှိပေမယ့်လည်း အနာဂတ်မှာ... တခြားလုပ်ငန်းစုတွေက ကုန်စည်တွေရဲ့ အရည်အသွေးက ကျွန်တော်တို့နဲ့ အတူတူလောက်ပဲဆိုရင် ကျွန်တော်တို့ လုပ်ငန်းစုက ပြဿနာကြီးကြုံရမှာပဲ...."

လက်စ်လိုင်းမှာ အံ့ဩသွားသည်။ သူဟာ နာဗီလ်ကို ယခုမှ ပထမဆုံး တွေ့ဖူးသလိုမျိုး ကြည့်လိုက်၏။

"မင်း ဘယ်လိုများ ဒီပြဿနာကို စဉ်းစားမိတာလဲ?"

"နီရှီ ဆိပ်ကမ်းမှာတုန်းက ရူဒ်ဆန် တိုင်းပြည် မှော်စက်လုပ်ငန်းစုတစ်ခုရဲ့ ဥက္ကဌနဲ့ ဆုံခဲ့ရတာ။ သူ့ရဲ့ လုပ်ငန်းစုက ကျွန်နည်းနည်းဝယ်ထားတော့ ကျွန်တော့်ရှေ့မှာ ဒီအကြောင်း ကြွားတာနဲ့ ဒီပြဿနာကို စဉ်းစားမိသွားတာပဲ။ ကျွန်တော်စဉ်းစားကြည့်လေ ဒီပြဿနာက ပိုအရေးကြီးလာသလို ခံစားရလေပဲ။ ဆရာ လက်စ်လိုင်း, ဆရာက ဥက္ကဌနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်ဆိုတော့ သူ့ကို ဒီအကြောင်း ပြောပေးလို့ရမလား?"

လက်စ်လိုင်းက မျက်မှောင်ကုပ်ကာ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်းခေါင်းယမ်းလိုက်ပါ၏။

"အသုံးမဝင်မှာပဲ စိုးတယ်၊ ရှုယီက သူ့ရဲ့ နိယာမတွေကို စွဲလန်းတဲ့လူမျိုးပဲ။ Frestech ကုန်သည်ကြီးများအသင်းကို စတင်တည်ထောင်လိုက်တုန်းက ငါ သူ့ရဲ့ စက်ရုံဆီ ကျွန်တစ်ဖွဲ့ပို့လိုက်တာ မှတ်မိနေသေးတယ်။ အဲ့တုန်းက တခြားသူတွေနဲ့ ယှဉ်ရင် အဲဒီ့ကျွန်တွေကို မတူညီတဲ့ သဘောထားပြခဲ့တာ။ သူသာ အဲ့တုန်းက အလုံအလောက် မသန်မာခဲ့လို့ မဟုတ်ရင် ငါ့ဆီကနေ အဲ့ကျွန်တွေကို ဝယ်ပြီး တင်ကျွေးထားလောက်မယ်လို့ ထင်တယ်။"

ဤသည်က Frestech ကုန်သည်ကြီးများအသင်း စတင်တည်ထောင်ချိန်ကို နာဗီလ် ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ သူ၏ မျက်လုံးများက မနေနိုင်ဘဲ ကျယ်ဝန်းလာကာ လက်စ်လိုင်းကို နားထောင်ရင်းဖြင့် စကားလုံးတစ်လုံးလောက် မကြားလိုက်ရမည်ကို စိုးရိမ်နေမိသည်။

"နောက် ဘာဖြစ်လဲဆိုတာတော့ မင်းမြင်နိုင်ပါတယ်၊ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်သမား တစ်သိန်းကျော်ရှိပေမယ့် ကျွန်တစ်ယောက်မှ မရှိဘူးလေ။ သူ့ရဲ့ ကျွန်မလေးနှစ်ယောက်ကိုတောင် လွတ်လပ်ခွင့်ပြန်ပေးထားတာ။ သူက စတက်တိန်းနယ်မြေမှာ ကျွန်စနစ်ဖျက်သိမ်းဖို့တောင် ကြေညာခဲ့သေးတယ်။ သူက ကျွန်လုပ်သားတွေကို... လက်ခံနိုင်မယ်ထင်လို့လား?"

နာဗီလ်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ခါးသက်သက်ပြုံးကာ ခေါင်းခါလေသည်။

"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ? ဥက္ကဌသာ ကျွန်တွေသုံးဖို့ ဆန္ဒမရှိရင် ကျွန်တော်တို့လုပ်ငန်းစုက တခြားလုပ်ငန်းစုတွေနဲ့ ယှဉ်တဲ့အခါ အားနည်းချက်ဖြစ်နေလိမ့်မယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်လဲ?"

လက်စ်လိုင်းမှာ ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ရုတ်တရတ် ရယ်မောရင်း နာဗီလ်ကို ပခုံးပုတ်လာသည်၊ "ကောင်းပြီလေ၊ ဒီပြဿနာကို မင်း စဉ်းစားမိရင် ရှုယီလည်း မစဉ်းစားမိဘဲ ဘယ်နေပါ့မလဲ? ငါတို့ ဒါကို နည်းနည်းလောက် ဆွေးနွေးနေပေမယ့် ရှုယီကတော့ အဖြေ‌ရနေလောက်ပြီ။ ဒီလူကို ငါသိလာတာ ခြောက်နှစ်ရှိပြီ သူကတစ်ခုခုကို ဝေခွဲမရဖြစ်နေတာမျိုး မမြင်ဖူးတော့ ဒီတိုင်း စိုးရိမ်စရာမလိုပါဘူး။"

နာဗီလ်က ခေါင်းစောင်း၍ စဉ်းစားလိုက်ပြီးနောက် အသာပြုံးကာ ခေါင်းငြိမ့်သည်။

"ဟုတ်သားပဲ၊ ဘယ်လိုလုပ် ဥက္ကဌကို စိတ်ပူပေးဖို့လိုနေမှာလဲ? ကျွန်တော်တို့အနေနဲ့ သူ့နောက်လိုက်ပြီး သူပြောတာကို လိုက်နာဖို့ပဲလိုတာ"

***

All Chapters