← Chapters

အခန်း (၉၁-၁၀၀)

Vol. 5 Ch. 91-100

အခန်း (၉၁-၁၀၀)

Vol. 5 Ch. 91-100

Vol 5, အခန်း ၉၁။ ပင်လယ်ဓားပြတွေကို အတူတိုက်ကြ

အခြေစိုက်ကျွန်း၏ ငြိမ်းချမ်းသောဖွံ့ဖြိုးရေးကို ရှေ့မဆက်ခဲ့ပေ။ နာဗီလ်၏ ပို့ဆောင်ရေး‌သင်္ဘောစုရောက်လာပြီးနောက် ရုတ်တရတ် ပြောင်းလဲမှုတစ်ခုရှိခဲ့သည်။

"ဆရာ လက်စ်လိုင်း ကျွန်တော်တို့ရဲ့ အနောက်မြောက်ဘက် တစ်ဆယ်ကီလိုမီတာမှာ ကန်ဒရာအင်ပါယာတော်ဝင်ရေတပ်ရှိနေပါတယ်။ ဦးတည်ရာကို သုံးသပ်ရရင် ကျွန်တော်တို့ဆီလာနေတာ ဖြစ်လောက်တယ်။

သူ့လက်ထောက် အစီရင်ခံသည်ကိုကြားသော်လည်း လက်စ်လိုင်းမှာ မည်သည်ကိုမှ မလုပ်ခဲ့ပေ။ သူဟာ အစောင့်သင်္ဘောစု၏ သင်္ဘောများအားလုံးကို တိုက်ပွဲအတွက် ပြင်ဆင်ခိုင်းကာ ကန်ဒရာအင်ပါယာတော်ဝင်ရေတပ် ရောက်လာဖို့ စောင့်ဆိုင်းနေသည်။

၎င်းက ၎င်းတို့မျှော်မှန်းထားပြီးသား အခြေအနေတစ်ရပ်ပါပင်။

၎င်းတို့မှာ ကန်ဒရာအင်ပါယာ၏ တောင်ပင်လယ်ပြင်၌ လှုပ်ရှားနေပြီး ဤရက်များအားလုံးပြီးသည့်နောက် ကန်ဒရာအင်ပါယာမှာ ဤသတင်းကို မရသေးဘဲ တုံ့ပြန်လာရာ ၎င်းတို့၏ တော်ဝင်ရေတပ်က စိတ်ပူနေဖို့ မထိုက်တန်ကြောင်းပြနေ၏။

အချက်အလက်များက ၎င်းတို့၏ တုံ့ပြန်ချက်မှာ နှေးကွေးသော်လည်း မျှော်လင့်ထားသည့်အတိုင်း တုံ့ပြန်ခဲ့သည်ပင်။

Frestech ကုန်သည်ကြီးများအသင်းအတွက် ပင်လယ်ပြင်၌ အခြေစိုက်ရုံးတစ်ရုံးတည်ဆောက်ရန်မှာ သေချာပေါက် ကန်ဒရာအင်ပါယာ၏ ရေတပ်ကို ရင်ဆိုင်ဖို့ လိုအပ်သည်။

အစောင့်သင်္ဘောစုအနေနှင့် ပြေးနိုင်သော်လည်း ကျွန်းကတော့ မပြေးနိုင်ပေ။

နာရီဝက်ကြာပြီးနောက် ကန်ဒရာအင်ပါယာ၏ အလံများနှင့် သင်္ဘောစုမှာ အနောက်မြောက်ပိုင်းသို့ ထွက်ပေါ်လာသည်။

ထိုသင်္ဘောစုကို မြင်ချိန်တွင် လက်စ်လိုင်း၏ *ရင်ထဲရှိ ကျောက်တုံးက ကျသွားပါ၏။ (*စိတ်သက်သာရာရ)

ဤသင်္ဘောစုထံ၌ သင်္ဘောအစီးသုံးဆယ်နှင့် မိုးချုန်းအဆင့် ဧရာမ စစ်သင်္ဘောကြီး နှစ်စီးသာရှိ၏။ Frestech ကုန်သည်ကြီးများအသင်းတို့ ပထမဆုံး ရောက်လာစဉ်က ကြုံခဲ့ရသော တတိယရေတပ်နှင့်ယှဉ်လျှင် ကွာခြားမှုကြီးမားလှသည်။

ကန်ဒရာအင်ပါယာ၏ ရေတပ်မှာ သတင်းရပြီးနောက်မှသာ လာခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုအပေါ် နားလည်မှုအနည်းငယ်ရှိသဖြင့် သင်္ဘောအနည်းစုသာ စေလွှတ်ခဲ့သည်။ ကပ္ပတိန်က ငတုံးမဟုတ်သရွေ့ သေချာပေါက် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုကို ပြဿနာ စရှာမည်မဟုတ်ပေ။

မျှော်လင့်ထားသည့်အတိုင်း လက်စ်လိုင်းမှ ၎င်းတို့ကို နီးကပ်ခွင့်ပေးလိုက်ချိန်တွင် ကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုမှ မီတာ တစ်ထောင်အကွာတွင် ရပ်တန့်လိုက်ကြသည်။ ၎င်းတို့မှာ မိုးချုန်းသင်္ဘောများကိုသာ ရှေ့တိုးခွင့်ပြုထား၏။

ဤမိုးချုန်းသင်္ဘောက ချဉ်းကပ်လာချိန်၌ ရွက်တိုင်မှာ အလံများက လူးလွန့်နေသည်။

အနှီအလံများထံ၌ ပင်လယ်ပြင်တွင် ကွဲပြားသည့် အဓိပ္ပာယ်ရှိသော်လည်း အားလုံးနှင့်ဆိုင်သည်က အနည်းငယ်သာရှိသည်။

ဥပမာဆိုရသော် မိုးချုန်းသင်္ဘော၏ အလံထံ၌ အင်မတန်ရိုးရှင်းသော အဓိပ္ပာယ်ရှိပါ၏။ ၎င်းမှာ ၎င်းတို့အနေနှင့် ရင်းနှီးမှုကို ပြသလိုပြီး တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်မရှိခြင်းပင်။

လက်စ်လိုင်းက သူ၏ အဝေးကြည့်မှန်ပြောင်းကို အောက်ချကာ သူ၏ ကိုယ်ပိုင်သင်္ဘောကို ရှေ့တိုးဖို့ အမိန့်ပေးလိုက်၏။

သင်္ဘောနှစ်စီးက ဘေးချင်းကပ်လာကြပြီး အချင်းချင်း မျက်နှာချင်းဆိုင်ဖို့ အပြိုင်ထားလိုက်ကြသည်။

လက်စ်လိုင်းက ဘေးသို့လာပြီး တစ်ဘက်ကို ကြည့်လိုက်၏။ သူဟာ ကန်ဒရာအင်ပါယာ တော်ဝင်ရေတပ်၏ အမှုထမ်းဝတ်စုံဝတ် သက်လတ်ပိုင်းလူတစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။

နှစ်ဦးသား တစ်ဦးကို တစ်ဦးကြည့်လိုက်ရာ လက်စ်လိုင်းမှာ ထိုသက်လတ်ပိုင်းလူထံ၌ နူးညံ့သည့်အပြုံးရှိကာ မည်သည့် ရန်လိုပုံကိုမှ မပြသည်ကိုမြင်သော် သူ့အား ပို၍ပင် တည်ငြိမ်လာစေသည်။

"ကျုပ်သာ မမှားရင် ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်သင်္ဘောစု ကပ္ပတိန် ဆရာလက်စ်လိုင်းဖြစ်ရမယ် ဟုတ်ရဲ့လား?"

သင်္ဘောနှစ်စင်းကြား မီတာ နှစ်ဆယ်သာကွာသဖြင့် ဤသက်လတ်ပိုင်းလူမှာ သူ၏ အသံကို အနည်းငယ် မြှင့်လိုက်ဖို့သာ လိုပြီး လက်စ်လိုင်းကလည်း ၎င်းကို ကြားနိုင်သည်။

လက်စ်လိုင်းမှာ အနည်းငယ် အံ့ဩသွားပါ၏ သူ့အနေနှင့် တစ်ဘက်က သူ့အား အကြည့်တစ်ချက်နှင့်ပင် သိလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

တစ်ဘက်မှာ ပြင်ဆင်ကာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုကို ကြိုတင် စုံစမ်းထားသည်ကို မြင်နိုင်၏။

"ဟုတ်ပါတယ် ကျုပ်က လက်စ်လိုင်းပါ။ ခင်ဗျားက ကန်ဒရာအင်ပါယာရဲ့ တော်ဝင်ရေတပ်က ဘယ်အရှင်သခင်ဆိုတာ မေးလို့ရမလား?"

သက်လတ်ပိုင်းလူက အသာပြုံးလိုက်သည်၊ "ကျုပ်က ရီမီတို ရူဆဲလ်ပါ၊ ကျုပ်အထင်တော့ ဆရာလက်စ်လိုင်းအနေနဲ့ ဥက္ကဌရှုဆီကနေ ကျုပ်နာမည်ကို ကြားဖူးလောက်မယ်။"

လက်စ်လိုင်းက မနေနိုင်အောင် စိတ်သက်သာသွား၏။

သူဟာ ယခင်က ရှုယီ ဤနာမည်ကို ပြောခဲ့သည်အား ကြားဖူးပါ၏။

ရီမီတို ရူဆဲလ်မှာ ကန်ဒရာအင်ပါယာတော်ဝင်ရေတပ်၏ အဖွဲ့ဝင် ဒုခေါင်း‌ဆောင် ကန်ဒရာအင်ပါယာ ရေတပ်၏ သူရဲကောင်းစစ်စစ်တစ်ဦးဖြစ်သည်။ သူဟာ ယခင်တစ်ခေါက်က တတိယရေတပ်၏ ခေါင်းဆောင်နှင့် ယှဉ်လျှင် များစွာ ပိုမြင့်ပါ၏။

လက်စ်လိုင်းမှာ ဤသို့သော အရေးကြီးပုဂ္ဂိုလ်မျိုးက ကန်ဒရာအင်ပါယာမှ ထွက်၍ တလျှောက်လုံးလာမည်ဟု ထင်မထားခဲ့ဖူးချေ။

"ဆရာ ရူဆဲလ်၊ ခင်ဗျားနဲ့ ဆုံရတာ ဂုဏ်ယူမိပါတယ်။ ဥက္ကဌက အရင်က ခင်ဗျားနာမည်ကို ပြောပြခဲ့ပြီး ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းရဲ့ မိတ်ဆွေကောင်းလို့ဖော်ပြခဲ့တယ်။ သူက ကျွန်တော့်မှာသာ ခင်ဗျားနဲ့ ဆုံဖို့ အခွင့်ရှိခဲ့ရင် အမှတ်ရကြောင်း ပြောပြစေချင်နေခဲ့တာပါ။"

ရူဆဲလ်က မျက်လုံးများ အသာမှေးရင်း နှုတ်ခမ်းများထက် အကြံအစည်အပြုံးမျိုး ပေါ်လာသည်။

ရှုယီက လက်စ်လိုင်းကို သူ့ကိုယ်စား အမှတ်ရကြောင်း ပြောစေချင်တယ်တဲ့လား?

ဒါဆို သူက Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်သင်္ဘောစုဆီလာမယ်လို့ သိနေပြီးသားပေါ့လေ?

"ဟီးဟီး ဥက္ကဌ ရှုက ယဉ်ကျေးလွန်းနေပါပြီ။ ကျုပ် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီ ဥက္ကဌရှုနဲ့ ဆုံဖို့သွားတော့ ကောင်းကောင်းဆွေးနွေးခဲ့ရတယ်လေ။ ကျုပ်အနေနဲ့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်သင်္ဘောစုကို စိတ်ဝင်စားနေမိတာ။ ခင်ဗျားတို့ အစောင့်သင်္ဘောစုက ဒီနေရာမှာ အတော်လေး လှုပ်ရှားကြတယ်လို့ ကြားထားတော့ ဒီကိုလာချင်တဲ့ ကျုပ်ရဲ့ စူးစမ်းချင်စိတ်ကို တားမနိုင်တော့ဘဲ လာကြည့်မိတာပါ။ ဆရာ လက်စ်လိုင်း ကျုပ်ရဲ့ ဒီမှာ ပေါ်ထွက်လာမှုက အရမ်းကြီး ရုတ်တရတ် ဆန်သွားလား?"

လက်စ်လိုင်းက တစ်ချက်ရယ်လိုက်ကာ၊ "မဟုတ်ဘူးပေါ့။ ဆရာ ရူဆဲလ်ရဲ့ အာရုံစိုက်မှုကို ရနိုင်တာက ကျုပ်အတွက် ဂုဏ်ယူစရာပါ။ ဆရာ ရူဆဲလ်, ခင်ဗျားသာ တကယ်ပဲ စိတ်ဝင်စားရင် ကျုပ်တို့ရှေ့က ကျွန်းဆီပြန်လာရင်ရော ကျုပ်တို့မှာ ရှိတာတွေကို ကြည့်ခွင့်ပေးမယ်လေ?"

ရူဆဲလ်မှာ အံ့ဩသွားသည်၊ လက်စ်လိုင်းက သူ့အား အရင်ဦးစွာ ဖိတ်ခေါ်လာမည်ဟု ထင်မထားခဲ့ပါချေ။

စဉ်းစားကြည့်ပြီးနောက် သူဟာ မထိန်းနေတော့ဘဲ ခေါင်းငြိမ့်ကာ လက်စ်လိုင်းကို ဦးဆောင်ဖို့ ပြလိုက်သည်။ ထို့နောက် သူဟာ သူရှိနေသည့် မိုးချုန်းသင်္ဘောကို ရှေ့ရှိ ကျွန်းသို့ လက်စ်လိုင်း၏ သင်္ဘောနောက် လိုက်ခိုင်းလိုက်၏။

၎င်းက ရက်အနည်းငယ်သာကြာပြီး ရိုးရှင်းသော တဲလေးများအပြင် ကျွန်းပေါ်၌ တည်ဆောက်ထားသည့် မည်သို့သော အရာမှ ရှိမနေပေ။

သို့သော် ရူဆဲလ် မေးလိုက်ချိန်၌ လက်စ်လိုင်းက ရူဆဲလ်ကို ဤကျွန်းအတွက် Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှု အစီစဉ်အကြောင်း ပြောခဲ့၏။

“ဆာ ရပ်ဆဲလ်၊ ကျေးဇူးပြုပြီး ကြည့်ပါဦစ၊ ကျုပ်တို့ လုပ်ငန်းစုက ဒီနေရာမှာ ဆိပ်ကမ်းတစ်ခုကို အရင်တည်ဆောက်မှာပါ၊ ဒါက ကျုပ်တို့ အစောင့်သင်္ဘောစု ဒီနေရာကို ဆိုက်ကပ်ဖို့နဲ့ ပြန်လည်ကောင်းမွန်လာစေဖို့အတွက်ပါပဲ။ တစ်ချိန်တည်းမှာပဲ၊ ဒါက ကျုပ်တို့ လုပ်ငန်းစုရဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကိုလည်း လွယ်ကူချောမွေ့စေလိမ့်မယ်။”

“အင်း၊ ကျွန်းပေါ်မှာ ဘာမဆို လုပ်ချင်တယ်ဆိုရင်တော့ ဆိပ်ကမ်းတစ်ခု လိုအပ်တယ်။ ဒါပေမယ့် ဆရာ လက်စ်လိုင်း၊ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်း အစောင့်တပ်သားတွေရဲ့ အတိုင်းအတာနဲ့၊ ဒီဆိပ်ကမ်းက သေးလွန်းပါတယ်။" ရပ်ဆဲလ်က ခေါင်းညိတ်ပြသည်။

လက်စ်လိုင်း သည် ရူဆဲလ် ကိုကြည့်လိုက်သော် ပုံမှန်စကားပြောနေသကဲ့သို့ပင် သူ၏အမူအရာမှာ ပြောင်းလဲခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်။

ဒါက သူ့ကို နည်းနည်း စိတ်ရှုပ်စေသည်။

ဤနေရာသည် တောင်ပိုင်း ကန်ဒရာအင်ပါယာပင်လယ်ဖြစ်ပြီး ကန်ဒရာအင်ပါယာကဲ့သို့ ကြီးမားသောအင်ပါယာအတွက်၊ ၎င်းတို့သည် ဤနေရာကို ၎င်းတို့၏ ဥယျာဉ်အဖြစ် အမြဲသတ်မှတ်ထားခဲ့သည်။

ယခု Frestech ကုန်သည်ကြီးများအသင်းက ဤကျွန်းကို သိမ်းပိုက်ခဲ့ရာ ကန်ဒရာအင်ပါယာ၏ သဘောထားအရ Frestech ကုန်သည်ကြီးများအသင်းမှာ ထွက်ခွာသင့်သည်။

သို့သော် ဤ ရူဆဲလ် က ထိုသို့ လုပ်ဖို့ လုံးဝစီစဉ်ထားပုံမရဘဲ၊ Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ဆောင်ချက်များကို တိတ်တဆိတ်သဘောတူခဲ့သည် ။

ဒါကိုတွေးကြည့်တော့ လက်စ်လိုင်း က သူ့ကို မနေနိုင်စွာချီးကျူးမိသည်။

ရှုယီသည် ဤကျွန်းတွင် ဖွံ့ဖြိုးတိုးတက်ရန် ရဲတင်းနေသည်မှာ အံ့သြစရာမဟုတ်ပေ၊ သူနောက်ဆုံးအကြိမ် ရူဆဲလ် နှင့်တွေ့ဆုံစဉ်က လျှို့ဝှက်သဘောတူညီချက်တစ်ခု ရရှိခဲ့ခြင်းဖြစ်မည်လား။

ဒါပေမယ့် ဒါဆိုရင် သူ့ကိုဘာလို့ကြိုမပြောတာလဲ။

ဤကျွန်းတွင် အရာဝတ္ထုများစွာမရှိသောကြောင့် သဘာဝအတိုင်း ကြည့်စရာများစွာမရှိပေ။ နာရီဝက်မပြည့်မီတွင် ရူဆဲလ်သည် ၎င်း၏ကျွန်းခရီးစဉ်ကို ပြီးဆုံးခဲ့ပြီး လက်စ်လိုင်း ၏ရှင်းပြချက်လည်း ပြီးဆုံးသွားခဲ့သည်။

သို့သော် ရူဆဲလ် သည် သဘာဝအတိုင်း ဤသို့ ထွက်သွားမည်မဟုတ်ပေ။ လက်စ်လိုင်း နှင့် ခဏလောက် စကားပြောပြီးနောက် အတူ ပါလာသည့် နောက်လိုက်များဘက် လှည့်ကာ ထွက်သွားစေလိုက်၏။

လက်စ်လိုင်းလည်း သဘောပေါက်ပြီး လက်အောက်ငယ်သားများကို ခေါင်းညိတ်ပြသည်။

သူတို့အားလုံး ထွက်သွားသောအခါ ရူဆဲလ် သည် လက်စ်လိုင်းကို ထပ်မံကြည့်ရှုလာသည်။ ခေတ္တနားပြီးနောက် သူက လေးနက်သော အကြည့်ဖြင့် ပြောသည်၊ "ဆရာ လက်စ်လိုင်း၊ ကျုပ်တို့အားလုံးက ဉာဏ်ကောင်းတဲ့သူတွေပဲမို့ အချိန်မဖြုန်းတော့ဘူး။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်း အစောင့်တပ်သားတွေရဲ့ အကူအညီကို ရယူဖို့ အချိန်ရောက်လာပြီ။"

"ကူညီဖို့?" လက်စ်လိုင်း က အံ့သြသွားပြီး “ဆရာ ရပ်ဆဲလ်၊ ကျေးဇူးပြုပြီး ရှင်းပြပါဦး။ ကျုပ်တို့ရဲ့ အစောင့်တပ်သားတွေက ကူညီပေးနိုင်တာရှိရင် အစွမ်းကုန်လုပ်မှာပါ”

ရူဆဲလ်က ဆက်ပြောလာ၏ “ကျုပ်တို့ရရှိထားတဲ့ အချက်အလက်အမျိုးမျိုးအရ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ပင်လယ်ပြင်မှာ တိုက်ခိုက်တဲ့အခါ အရမ်းအားကောင်းတယ်။ အခုအချိန်မှာ ကျုပ်တို့ရဲ့ တော်ဝင်ရေတပ်က အကူအညီလိုနေတဲ့ ပြဿနာနည်းနည်းနဲ့ ကြုံလာပြီ။ ခင်ဗျားတို့ ကျုပ်တို့ကို ကူညီချင်တယ်ဆိုရင် ခင်ဗျားတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ တော်ဝင်ရေတပ်ကို ကျုပ်ကကိုယ်စားပြုနိုင်ပါတယ်။ ဥပမာ၊ မသိသလို နေပေးမယ်၊ ကျုပ်ဆိုလိုတာကို နားလည်ရဲ့လား"

လက်စ်လိုင်း သည် ရူဆဲလ် ကို လေးလေးနက်နက်ကြည့်ကာ ပြန်‌ဖြေရန် အလျင်စလိုမလုပ်ပါချေ။

ကန်ဒရာအင်ပါယာ၏တော်ဝင်ရေတပ်သည် ၎င်းတို့မဖြေရှင်းနိုင်သောပြဿနာတစ်ခုနှင့် ကြုံတွေ့ရပြီးနောက် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုထံမှ အကူအညီကိုတောင်းမည်ဟု သူမထင်ခဲ့ပေ။

အစောင့်သင်္ဘောစုသည် အလွန်အားကောင်းသော်လည်း ကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ်၏စွမ်းအားဖြင့် ဤပင်လယ်ပြင်တွင် အဘယ်ပြဿနာကို မဖြေရှင်းနိုင်ဘဲရှိမည်နည်း။

သို့သော် ရူဆဲလ် သည် Frestech ကုန်သည်ကြီးများအသင်း အစောင့်တပ်၏အကူအညီကို လိုချင်ပြီး ထိုကဲ့သို့ ဆွဲဆောင်မှုရှိသော အခြေအနေတစ်ခုကိုပင် ပေးခဲ့သည်မှာ အမှန်ပင် အနည်းငယ် အံ့သြစရာပင်။

၎င်းကို အလေးအနက်စဉ်းစားပြီးသည့်နောက် လက်စ်လိုင်း က ရှုယီပြောခဲ့သည့် စကားများကို တွေးပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

"ဆရာရပ်ဆဲလ်၊ ခင်ဗျားလိုအပ်တဲ့အကူအညီကာ ဘာဆိုတာ မေးလို့ရမလား" လက်စ်လိုင်းက မေး၏။

“အင်း.....နောက်ဆုံးသတင်းအရ၊ ဒီပင်လယ်ပြင်မှာ ပင်လယ်ဓားပြအဖွဲ့အသစ်တချို့ရှိနေတယ်၊ အရှေ့ဘက်လာတယ်ဆိုပဲ။ ကျုပ်တို့ရဲ့ တော်ဝင်ရေတပ်နဲ့ မကြာသေးခင်က ပြဿနာအချို့ရှိခဲ့ဖူးတယ်၊ အဲဒီ့ပင်လယ်ဓားပြတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အခက်အခဲနည်းနည်းရှိပြီး အားလုံးကို ရှင်းထုတ်ဖို့က ခက်ခဲတယ်။ ဒီတော့ ကျုပ်တို့က Frestech ကုန်သည်ကြီးများအသင်း အစောင့်တပ်ဖွဲ့ဆီကနေ အကူအညီတချို့ တောင်းဖို့ လိုအပ်နေတာပါ။ ကျုပ်သိသလောက် ခင်ဗျားတို့အစောင့်အဖွဲ့က ပင်လယ်ဓားပြတွေကို ဖြေရှင်းတဲ့နေရာမှာ အားစိုက်စရာမလိုဘူးလေ။ ဒါကြောင့် ဒီကိစ္စကို ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးရှိတယ်လို့ ကျုပ်ထင်ပါတယ်။” ရူဆဲလ် က ရှင်းပြသည်။

"ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့ ပူးပေါင်းဆောင်ရွက်ချင်တာလား။" လက်စ်လိုင်း မှာ အနည်းငယ် အံ့သြသွားသော်လည်း ထိုအကြောင်းကို တွေးပြီးနောက် စိတ်သက်သာသွားသည်။

ဒါမှပေါ့။ ပင်လယ်ဓားပြတွေကို တိုက်ခိုက်ဖို့ ပူးပေါင်းဆောင်ရွက်တာမျိုးမလုပ်ရင်၊ အားကောင်းတဲ့ ကန်ဒရာအင်ပါယာတော်ဝင်ရေတပ်က Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တပ်သင်္ဘောစုနဲ့ ဘာလို့ ပူးပေါင်းရမှာလဲ?

၎င်းကို စဉ်းစားပြီးနောက် လက်စ်လိုင်း က ခေါင်းတညိတ်ညိတ်နှင့် ပြောလိုက်ပါ၏။ “ကောင်းပြီလေ၊ ဆရာ ရူဆဲလ် ကျုပ်က ပင်လယ်ဓားပြတွေကို အတူ တိုက်ထုတ်မယ့် အဆိုပြုချက်ကို လက်ခံဖို့ Frestech ကုန်သည်ကြီးများအသင်း အစောင့်တပ်ဖွဲ့ကို ကိုယ်စားပြုထားပါတယ်ဗျာ။ ဒီပင်လယ်ပြင်ရဲ့ ငြိမ်းချမ်းမှုကို ပြန်လည်ရရှိဖို့အတွက် ကျုပ်တို့က ပံ့ပိုးကူညီမှုတွေ ပေးသွားမှာပါ။”

ရူဆဲလ် က အပြုံးမပျက် ခေါင်းညိတ်သည်။ သူ့မျက်လုံးများသည် ပင်လယ်ပြင်ပေါ်တွင် ငွေရောင်တောက်ပနေသော Frestech ကုန်သည်ကြီးများအသင်းသင်္ဘောများဆီသို့ လှည့်သွားပြီး မျက်လုံးထဲတွင် တစ်ခုခု လင်းလက်သွားသည်။ သူဘာတွေတွေးနေမှန်း မည်သူမှ မသိရပေ။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၉၂။ ကျွန်စနစ်ကို ဘာကြောင့် ဖျက်သိမ်းတာလဲ?

ထိုအဖြစ်က ကီလိုမီတာထောင်ချီသည့် ကန်‌ဒရာအင်ပါယာတောင်ဘက်တွင် ဖြစ်ပွားခဲ့သဖြင့် စတက်တိန်းနယ်မြေနှင့် Frestech ကုန်သည်ကြီးများအသင်းအပေါ် သက်ရောက်မှုမရှိပေ။

မကြာသေးမီက စတက်တိန်းနယ်မြေနှင့် အနီးဝန်းကျင် တိုင်းပြည်များ၌ပင် လူအများစု ဂရုစိုက်ကြသည့်အရာမှာ စတက်တိန်းနယ်မြေကွန်ဂရက် ခွင့်ပြု‌ကြောင်း ကြေညာချက် ဖြစ်သည်။

၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုမှာ ပုံမှန်ကွန်ဂရက်အဖွဲ့ဝင်တစ်ဦးအဖြစ်မှ ကျော်လွန်သွားသည့် ကြေညာချက်ပင်။

စတက်တိန်းနယ်မြေတွင် ရှုယီ၏သြဇာလွှမ်းမိုးမှုရှိသော်လည်း ဤဥပဒေမူကြမ်းကို အတည်ပြုဖို့ မဆုံးဖြတ်ခင်တွင် ၎င်းကို ကွန်ဂရက်၌ နှစ်လလောက် အချိန်ယူပြီး မဲစနစ်ဖြင့် ဖြတ်သန်းခဲ့ရပါ၏။

လွန်စွာခက်ခဲရခြင်းအကြောင်းရင်းမှာ ပါဝင်သည့် အကြောင်းအရာများက ထိတ်လန့်စရာကောင်းလွန်းသောကြောင့်ဖြစ်သည်။

ဤအဆိုပြုချက်သည် ကျွန်စနစ်ဖျက်သိမ်းရန်ဖြစ်သည်။

ရှုယီ ၎င်းကို စတင် အဆိုပြုစဉ်က လူတိုင်းက သူ့အားရူးနေပြီဟု ထင်ခဲ့ကြသည်။

ရှေးနှစ်ထောင်ပေါင်းများစွာက နတ်သူငယ်များ ဤနယ်မြေကြီးကို အုပ်စိုးကတည်းက စိုင်စ်နယ်မြေကြီး၌ ကျွန်များ အမြဲရှိခဲ့သည်။ ဤအချက်အရ ကျွန်များ၏သမိုင်းသည် အနှစ်တစ်သောင်းကျော်သွားပြီဖြစ်သည်။

ဤအနှစ်တစ်သောင်း၌ နယ်မြေကြီးတွင် မည်သို့ပင်ပြောင်းလဲစေကာမူ ကျွန်ပြုခြင်းမှာ ဘယ်သောအခါမှ မပြောင်းလဲခဲ့ပါ။ မျိုးနွယ်စုစစ်ပွဲများအပြီး အနှစ်နှစ်ထောင်အတွင်းမှာပင် ကျွန်စနစ်သည် နယ်မြေကြီးတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

မျိုးနွယ်စုစစ်ပွဲများမစတင်ခင်က နတ်သူငယ်များသည် အခြားမျိုးနွယ်အားလုံးကို ကျွန်များကဲ့သို့ ဆက်ဆံခဲ့ပြီး စစ်ပွဲများအပြီးတွင် အခြားမျိုးနွယ်များကို ကျွန်အဖြစ် ဖမ်းထားသည်က လူသားများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လူသားများအနေနှင့်လည်း ၎င်းတို့၏ မျိုးနွယ်စု အများအပြားကို ကျွန်အဖြစ် ခံယူထားကြသည်။

စိုင်စ်နယ်မြေကြီးမှ လူများအားလုံးအတွက်၊ ကျွန်ပြုခြင်းတည်ရှိမှုသည် လူတိုင်းကျင့်သားနေကြပြီးဖြစ်ပြီး မရှိမဖြစ်သည့်စံနှုန်းတစ်ခုဖြစ်သည်။

ယခု ရှုယီက ကျွန်စနစ်ကို ဖျက်သိမ်းလိုသည်ဟု ပြောနေခြင်းသည် ပုံမှန်အယူအဆကို ဆန့်ကျင်ပြီး နယ်မြေကြီး၏ ဓလေ့ထုံးစံများကို စိန်ခေါ်ခြင်းသာဖြစ်သည်။

အထူးသဖြင့် ကျွန်များထံမှ ဝင်ငွေအနည်းငယ်ရရှိသော ကျွန်ပိုင်ရှင်များသည် ရှုယီ၏ အဆိုပြုချက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချခဲ့ကြသည်။

Frestech ကုန်သည်ကြီးများအသင်း၏ စတက်တိန်းနယ်မြေအပေါ် ကြီးမားသော သြဇာလွှမ်းမိုးမှုကြောင့်၊ စတက်တိန်းနယ်မြေ၏ အရှင်သခင်များအားလုံးမှာမူ ပူးပေါင်းဆောင်ရွက်လာနိုင်ပြီး ရှုယီ၏ အဆိုပြုချက်များကို လုံးဝဆန့်ကျင်ဝံ့မည်မဟုတ်ပေ။

သို့သော် ရှုယီက ထိုအဆိုပြုချက်ကို လျှောက်လှဲသည့် အခိုက်တွင် ရှုယီ ပြောသည်ကို နားထောင်ခဲ့သမျှ အရှင်သခင်တွေအားလုံးက ယင်းအဆိုပြုချက်ကို ကန့်ကွက်ဖို့ စုရုံးလာကြ၏။

ဤအဆိုပြုချက်၏ ပထမမဲပေးမှုတွင်၊ ထောက်ခံသည့်မဲများသည် အမှန်တကယ်ပင် အံ့သြစရာကောင်းလောက်အောင် သုညမဲဖြစ်သည်။

ဤအဆိုပြုချက်သည် လူတိုင်းအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိသည်ကို တွေ့မြင်နိုင်၏၊ ထို့ကြောင့် တုံ့ပြန်မှုမှာ အလွန်ပြင်းထန်သည်။

သို့သော် စတက်တိန်းနယ်မြေတွင် Frestech ကုန်သည်ကြီးများအသင်း၏ အားကောင်းသော သြဇာလွှမ်းမိုးမှုနှင့်အတူ ရှုယီ၏ ပြင်းထန်သော တိုက်တွန်းမှု‌ေကြာင့်၊ ထိုအဆိုပြုမှာ တဖြည်းဖြည်းချင်း မဲများလာခဲ့သည်။ နောက်ဆုံးတွင် ၎င်းက လိုအပ်သည်အထိ ရောက်ရှိသွား၏။

ယနေ့ စတက်တိန်းနယ်မြေကွန်ဂရက်သည် နောက်ဆုံးတွင် ၎င်းတို့အဆိုပြုချက်ကို အတည်ပြုသည့်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။

ဤအဆိုပြုချက်မှာ ဤနေ့မှစတင်၍ စတက်တိန်းနယ်မြေသည် ကျွန်စနစ်ကို အမှန်တကယ် ဖျက်သိမ်းပစ်မည်ဟု ဆိုလို၏။

စာရင်းဇယားများအရ၊ စတက်တိန်းနယ်မြေတွင် ကျွန်ခံသူပေါင်း တစ်သိန်းခြောက်သောင်းမှ တစ်သိန်းခုနစ်သောင်းအထိ ရှိသည်။

၎င်းကို ဖျက်သိမ်းပြီးသည်နှင့် ကျွန်ပေါင်း တစ်သိန်းခြောက်သောင်းကျော်ဟာ တိုင်းပြည်သားတွေ ဖြစ်လာမည်ပင်။ ဤအရာ၏ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုသည် ကြီးမားမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ထို့ကြောင့် ဤအဆိုပြုချက် အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ စတက်တိန်းနယ်မြေတစ်ခုလုံးတွင် ဧရာမလှိုင်းလုံးကြီးများကို ဖန်တီးမည်ဖြစ်သည်။

လူတော်တော်များများအတွက်၊ ဤသည်က ကောင်းတဲ့ကိစ္စမဟုတ်ပါချေ။

"ကျွန်စနစ်ကိုဖျက်သိမ်းဖို့ ဒါတွေဘာကြောင့်လုပ်ရတာလဲတဲ့လား။" ရှုယီက သူ့ရှေ့ရှိ ဘာရွန်ဟားနက်စ်ကို အပြုံးမပျက် ကြည့်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည် ။ “ကျုပ်က လူတွေပြောသလိုမျိုး ကျွန်တွေ ဒုက္ခရောက်တာကို မကြည့်နိုင်တဲ့ သူတော်စင် တစ်ယောက်တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီစနစ်ကို ဖျက်သိမ်းပြီး သူတို့ကို လွှတ်ပေးချင်တယ်။"

"ဒါကို မင်း လုံးဝ ငြင်းလို့မရဘူး ဟုတ်တယ်မလား? မင်းလက်အောက်က ကျွန်တွေအပေါ် ထားရှိတဲ့ သဘောထားပေါ် သုံးသပ်ရမယ်ဆို မင်းက ကျွန်တွေကို အရမ်းသနားတတ်တယ်။" ဘာရွန်ဟားနက်စ်က ဆက်မေး၏။

စတက်တိန်းနယ်မြေကွန်ဂရက်မှ ရှုယီ၏ ကျွန်စနစ်ဖျက်သိမ်းခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို အောင်မြင်မည်လား ဆိုတာကို ဆုံးဖြတ်နေသော်လည်း ဤကိစ္စသည် လူအများ၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သောကြောင့် မရေမတွက်နိုင်သော သတင်းထောက်များမှာ ဤကိစ္စနှင့်ပတ်သက်၍ သတင်းရယူရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ကြသည်။

ကွန်ဂရက်ကို နေ့လည်ပိုင်းတွင် ကျင်းပမည်ဖြစ်သဖြင့် နံနက်ပိုင်းတွင် ရှုယီမှ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းထောက်အသီးသီးထံမှ တွေ့ဆုံမေးမြန်းမှုများကို လက်ခံခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်၊ နယ်မြေ၊ မီရန်ဒိုနယ်မြေ၊ နော်တန် နယ်မြေနှင့်...... နှင့် အခြားတိုင်းပြည်အသီးသီးမှ သတင်းထောက်များ တက်ရောက်ခဲ့ကြသည်။ စခ်တိုင်းပြည် သတင်းစာတိုက်သုံးခုမှ သတင်းထောက်များ ပေးပို့လာသော ပင် ရှိသေးသည်။

သတင်းထောက် အရေအတွက်ဟာ လူငါးရာကျော်သွားသည့်အတွက် ခန်းမကျယ်ကြီးထဲကို ဝင်ဖို့ နေရာလွတ်မရှိဘဲ ပြည့်နှက်နေတော့သည်။

သတင်းထောက်များမှာ သတင်းကောင်းကောင်း ပေးတတ်သောကြောင့် ရှုယီနှင့် [လမ်ပူရီ အပတ်စဉ်]၏ အယ်ဒီတာချုပ်ဖြစ်သော ဘာရွန်ဟားနက်စ်တို့ အကြား ရင်းနှီးသောခင်မင်ရင်းနှီးမှုကို သဘာဝအတိုင်း သိရှိခဲ့ကြသည်။ ထို့ကြောင့် ပထမဆုံးမေးခွန်းများကို မေးလာခဲ့၏။

“ကိုယ်ရေးကိုယ်တာ ရှုထောင့်ကနေကြည့်ရင် ကျွန်တွေကို ဒီလို ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံတာကို မမြင်ချင်ဘူးဆိုတာဟာ ကျွန်တော်တို့ကြားက ဘာကွာခြားမှုမှ ရှိမနေလို့ပါ၊ ကျွန်တော်တို့ အားလုံးက လူသားတွေပါပဲ။ ဘာလို့ အချင်းချင်းခွဲခြားပြီး ကိုယ့်လူမျိုးကို အိမ်မွေးတိရစ္ဆာန်တွေလို ဆက်ဆံသင့်တာလဲ။”ရှုယီက လေးနက်သော ဟန်ဖြင့် ပြောလိုက်သည်။

“ဒါပေမယ့် လူသားတွေရဲ့ ကျွန်တွေအပြင် တခြားလူမျိုးရဲ့ ကျွန်တွေလည်း ရှိတယ်။ ကျုပ်တို့က သူတို့ကို ကျုပ်တို့လူမျိုးနဲ့တူအောင် ဆက်ဆံသင့်တာလား" သတင်းထောက်တစ်ယောက်က ရုတ်တရက် အသံကျယ်ကျယ်နဲ့ မေးလာသည်။

အခြားသတင်းထောက်များ အားလုံးက ထိုသို့ မေးလုသော သတင်းထောက်အား ကြည့်ကာ၊ ဤသူသည် အမှန်ပင် ရူးသွပ်သူဟု ထင်မြင်သွားကြသည်။

၎င်းကို တခြားလူထံ မေးရသည် ထိုက်တန်သော်လည်း ရှုယီ မေးခြင်းက လုံးဝကို အချိန်ဖြုန်းနေခြင်းပါပင်။

မျှော်လင့်ထားသလိုပင် ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ဆိုလာသည် “တခြားမျိုးနွယ်တွေကလည်း လူတွေနဲ့ သိပ်မခြားနားပါဘူး ဟုတ်တယ်ဟုတ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက အခြားမျိုးနွယ်စုလုပ်သားတွေကို နှစ်များစွာ ကြာအောင် ငှားရမ်းခဲ့ပြီး ဘာကွာခြားမှုမှတွေ့ခဲ့ရပါဘူး။ ဒါကို တကယ်ပြောရရင် ယဉ်ကျေးမှုတစ်ခုစီတိုင်းမှာ မတူညီမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကျုပ်တို့လူသားတွေကြား‌မှာတောင် မျိူးနွယ်စုကွဲပြားတာကြောင့် ယဉ်ကျေးမှုကွဲပြားမှုတွေ ရှိတယ်မဟုတ်ဘူးလား။ ဒါကြောင့် ဒါက ပြဿနာလို့ လုံးဝမထင်မိပါဘူး။”

"ဥက္ကဌ ရှု၊ အကြောင်းအရာကို ပြန်စကြရအောင်။ကျွန်စနစ်ဖျက်သိမ်းခြင်းက ကိုယ်ရေးကိုယ်တာရှုထောင့်ကနေလို့ ခင်ဗျားပြောပေမယ့် ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းရဲ့ဥက္ကဌဖြစ်နေတယ်။ ခင်ဗျား သြဇာရှိတဲ့သူတစ်ယောက်ဆိုတာကို လူတိုင်းသိပါတယ်၊ ဒါကြောင့် ဒီအဆိုပြုချက်ကို ခင်ဗျားတင်ပြမယ်ဆိုရင် ဒါဟာ ကိုယ်ရေးကိုယ်တာရှုထောင့်ကနေတော့ မဖြစ်နိုင်ဘူး မဟုတ်လား။” သတင်းထောက်တစ်ယောက်က မေးလာ၏။

"ဟုတ်ပါတယ်။" ရှုယီက ၎င်းကို ခေါင်းတညိတ်ညိတ်ဖြင့်အသိအမှတ်ပြုလိုက်သည် "ဒီအဆိုပြုချက်က ယေဘုယျအမြင်ကနေ လာတာပါပဲ"

"ဥက္ကဌ ရှု၊ ကျုပ်က ရူဒ်ဆန် တိုင်းပြည်က သတင်းထောက်ပါ။ ဒီကိုမလာခင်က၊ ကျုပ်တို့ ရူဒ်ဆန် တိုင်းပြည်မှာ ကျွန်လုပ်သားတွေကိုပဲ ငှားရမ်းတဲ့ မှော်မီးအိမ်ထုတ် လုပ်ငန်းစုတစ်ခု ရှိတယ်လို့ ကျုပ်ကြားဖူးတယ်။ ဒါကြောင့် သူတို့ရဲ့ မှော်မီးအိမ် ကုန်ကျစရိတ်က အတော်လေးသက်သာပြီး ကျုပ်တို့ ရူဒ်ဆန် တိုင်းပြည်မှာ အတော်လေးကြိုဆိုခံရတဲ့ Frestech တံဆိပ်မှော်မီးအိမ်ထက် အများကြီး စျေးသက်သာတယ်။ ဒီလုပ်ငန်းစုက ခင်ဗျားတို့ကိုခြိမ်းခြောက်နေတာကြောင့် ကျွန်စနစ်ဖျက်သိမ်းဖို့ မင်းရဲ့ အဆိုပြုချင်တာလား။" လူအုပ်ထဲက သတင်းထောက်တစ်ယောက်က အသံကျယ်ကျယ်နဲ့ မေးလေသည်။

စင်မြင့်အောက်မှ သတင်းထောက်များ၏ စိတ်ထဲမှာ အားလုံး လှည့်လာကြသည် ။

ထိုအကြောင်းကို လူတော်တော်များများကြားသိရသည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်ပြီး အမှန်ဆိုလျှင် ရှုယီ ထိုသို့အဆိုပြုရသည့်အကြောင်းရင်းက အတော်စိတ်ဝင်စားဖို့ကောင်းပါ၏။

ရှုယီက ထိုသတင်းထောက်ကို ကြည့်ကာ "ခင်ဗျား ရီယိုမြို့တော်က ဆန်းချီကုန်သည်ကြီးများအသင်းအကြောင်း ပြောနေတာလား" ဟု ပြန်မေးလိုက်သည်။

ထိုသတင်းထောက်က အံ့သြသွားသော်လည်း တိတ်တဆိတ် ဝန်ခံဟန်ဖြင့် အကြောင်းမပြန်ပါပေ။

ရှုယီကမူ ပြုံးပြုံးရွှင်ရွှင်နှင့် ဆက်ပြောသည် "ပထမဆုံး၊ ကျုပ်အဆိုပြုချက်က စတက်တိန်းနယ်မြေအတွက်ပါပဲ။ ဒီအဆိုပြုချက်အောင်မြင်သွားရင်လည်း၊ ၎င်းသည် ရူဒ်ဆန် တိုင်းပြည်ကိုမထိခိုက်စေပါဘူး။ ဆန်းချီ ကုန်သည်ကြီးများအသင်းကလည်း ကျွန်လုပ်သားများကို ဆက်အသုံးပြုလို့ရတယ်၊ ဒါက ပြဿနာမဟုတ်သလို၊ သူတို့ကို ထိခိုက်စေမှာလည်းမဟုတ်ပါဘူး။"

စင်မြင့်အောက်မှ လူအုပ်ကြီးက ခေါင်းညိတ်ပြသည်။

စတက်တိန်းနယ်မြေသည် တိုင်းပြည်ငယ်တစ်ခုသာဖြစ်ပြီး ရူဒ်ဆန် တိုင်းပြည်ထက် များစွာကြမ်းတမ်းသည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ဤအဆိုပြုချက်က အလွန်ထိတ်လန့်စရာကောင်းသောအချက်ကြောင့် မဟုတ်ပါက၊ တိုင်းပြည်ငယ်လေးတစ်ခု၏ ဥပဒေများကို လူအများက အာရုံစိုက်နေမည်မဟုတ်ပါ။

"ဒုတိယ၊ ဆန်းချီ ကုန်သည်ကြီးများအသင်းရဲ့ မှော်မီးအိမ်က ရူဒ်ဆန် တိုင်းပြည်ရဲ့ မှော်စက်လုပ်ငန်းစီမံခန့်ခွဲမှုဌာနရဲ့ အရည်အသွေးစစ်ဆေးခြင်းကို မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် သူတို့က သီးသန့်ရောင်းဖို့ ရွေးချယ်ခဲ့တာကြောင့် စီမံခန့်ခွဲရေးဌာနရဲ့ ဥပဒေတွေကို ဆန့်ကျင်နေလို့ အခု ဆိုင်းငံ့ထားပြီး ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးနေတဲ့အကြောင်းကို ခင်ဗျား မသိဘူးလား"

ရူဒ်ဆန် တိုင်းပြည် သတင်းထောက်၏ မျက်နှာထက် နေရခက်ဟန်ပေါ်လာပြီး လူတိုင်း၏ မျက်လုံးများက ၎င်းထံ ကျရောက်သွားသည်။

ဤအကြောင်းကို သူသိကြောင်း ရှင်းရှင်းလင်းလင်း သိသော်လည်း ၎င်းကို ဖော်ပြရန် တမင်တကာ ရွေးချယ်ခဲ့သည်။

“နောက်ဆုံးအနေနဲ့၊ ဒီလိုလုပ်ငန်းမျိုးရဲ့ မှော်မီးအိမ်တွေရဲ့ ခြိမ်းခြောက်မှုကို ခံစားရတယ်လို့ ဘာကြောင့်ထင်တာလဲ။ ဒီ ဆန်းချီ ကုန်သည်ကြီးများအသင်းက ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းကို ခြိမ်းခြောက်လာလိမ့်မယ်လို့ ထင်တဲ့ ဘယ်သတင်းထောက်မှ ဒီမှာမရှိဘူးလို့ ကျုပ်ထင်တယ်....."

လူအုပ်ကြီးက ခေါင်းညိတ်မပြဘဲမနေနိုင်တော့ပေ။

ဤ ဆန်းချီ ကုန်သည်ကြီးများအသင်းကို ၎င်းတို့ တစ်ခါမှ မကြားခဲ့ဖူးရာ၊ Frestech ကုန်သည်ကြီးများအသင်းနှင့် မည်သို့ နှိုင်းယှဉ်ရမည်နည်း။

ဆန်းချီ ကုန်သည်ကြီးများအသင်းသည် Frestech ကုန်သည်ကြီးများအသင်းကို ခြိမ်းခြောက်နေသည်ဟု ရှုယီက ထင်ကြောင်း‌ပြောသည်မှာ တကယ့်ကိုဟာသတစ်ခုပါပင်။

ထိုသတင်းထောက်သည် မျက်နှာ နီရဲနေသော်လည်းအရှုံးမပေးဘဲ ဆက်ပြောလာ၏ "ဥက္ကဌ ရှု၊ ဆန်းချီ ကုန်သည်ကြီးများအသင်းက ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းကို ခြိမ်းခြောက်မှုတစ်ခုမှ မပြုလုပ်နိုင်ဘူး၊ ဒါပေမယ့် ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ယှဉ်ပြိုင်ဖို့အတွက် တခြားလုပ်ငန်းစုတွေက ကျွန်တွေသုံးပြီး ကုန်ကျစရိတ်ကို လျှော့ဖို့ အသုံးချမှာကို ကြောက်နေတာမို့လား။ ဒီလိုဖြစ်လာဖို့ကို မျှော်လင့်ထားပြီးသားဆိုတော့ ရောင်းဝယ်တာကို ဖျက်ချင်တာလား။"

သတင်းထောက်များ ငြိမ်ကျသွားပြန်သည်။

တကယ်တော့ ၎င်းကလည်း သူတို့ထင်ထားသည်ပင်။

Frestech ကုန်သည်ကြီးများအသင်းကို ထည့်သွင်းစဉ်းစားခြင်းမဟုတ်ပါက၊ ရှုယီသည် ဤအကျိုးကျေးဇူးမဲ့အလုပ်ကိုလုပ်ရန် ကြိုးစားအားထုတ်မှုအားလုံးကို အဘယ်ကြောင့်ဖြုန်းတီးပြီး ကျွန်စနစ်ဖျက်သိမ်းရန် ထိုလူအားလုံးကို ဆန့်ကျင်သွားမည်နည်း။

“ခင်ဗျားပြောတာလည်း မှန်နိုင်တယ်၊ ဒါက တကယ့်ပြဿနာပဲ။ ဒါပေမယ့် အခုမှမဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်အနည်းငယ်တည်းကတောင် လုပ်ငန်းစုတော်တော်များများက ကျွန်တွေကိုသုံးပြီး အကျိုးအမြတ်မရရှိနိုင်ခဲ့ဘူးဆိုတာကို သတိပေးချင်တယ်။ ဒါကဘာကြောင့်လဲဆိုတာ ခင်ဗျား နားလည်တယ်မဟုတ်လား?” ရှုယီ ပြန်မေးလိုက်၏။

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ရှုယီ၏မေးခွန်းသည် ကျိုးကြောင်းဆီလျော်မှုမရှိဟု သူတို့ထင်ခဲ့ကြသော်လည်း ၎င်းကိုသေချာစဉ်းစားပြီးနောက်တွင်တော့ စိတ်လှုပ်ရှားစရာဖြစ်ခဲ့ရသည်။

ဟုတ်တယ်၊ ကျွန်တွေ စိုင်စ်နယ်မြေကြီးမှာ ရှိခဲ့တာတစ်ရက်နှစ်ရက်ကတော့တာမဟုတ်ဘူး။

ပတ်ဝန်းကျင်တိုင်းပြည်များတွင် မှော်စက်လုပ်ငန်းစုများစွာရှိခဲ့ပြီး ၎င်းတို့သည် ၎င်းတို့၏ထုတ်လုပ်မှုကို လျှော့ချရန်အတွက် ကျွန်အရောင်းအ၀ယ်ကို အသုံးပြုခဲ့ကြသည်။ သို့သော် ၎င်းတို့အနေနှင့် ဘာအကျိုးအမြတ်မှ မရခဲ့ပေ။

၎င်းသည် Frestech ကုန်သည်ကြီးများအသင်း၏ ဇာတ်ကွက်မဟုတ်သောကြောင့် မှော်စက်လုပ်ငန်းတွင် Frestech ကုန်သည်ကြီးများအသင်းနှင့် နှိုင်းယှဉ်ရန် လုပ်ငန်းစုတစ်ခုအတွက် မဖြစ်နိုင်ပေ။

တူညီသောစက်မှုလုပ်ငန်းရှိ အခြားလုပ်ငန်းစုများနှင့် နှိုင်းယှဉ်ပါက ကျွန်များကိုအသုံးပြုသည့်လုပ်ငန်းစုများတွင် အားသာချက်များစွာမရှိပေ။

“ဒါက ကျွန်စနစ်ဖျက်သိမ်းချင်တဲ့ အကြီးမားဆုံးအကြောင်းရင်းနဲ့ ကျုပ် ဆွဲထားတဲ့ အလုံးစုံကောက်ချက်ပါပဲ။ အကြောင်းပြချက်က တကယ်တော့ အရမ်းရိုးရှင်းပါတယ်၊ ကျုပ်အမြင်အရတော့ ကျွန်အများစုကို ပြီးပြည့်စုံတဲ့ အလုပ်သမားလို့ မယူဆနိုင်ပါဘူး။

“ကျွန်တွေက ပညာမတတ်နိုင်တဲ့အတွက် စိတ်အားထက်သန်မှုရော တွန်းအားရေု မရှိတော့ ထုတ်လုပ်ရေးမှာ အလုပ်လုပ်ရင်တောင် စိတ်အားထက်သန်စွာနဲ့ နလုပ်နိုင်ကြဘူး။ ဒီလိုအလုပ်သမားမျိုးတွေဟာ ထုတ်လုပ်မှုကုန်ကျစရိတ်တွေကိုသာ လျှော့ချနိုင်ပေမယ့် ထုတ်လုပ်မှုရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အသွေးကို အမှန်တကယ် ထိခိုက်စေမှာ ပါပဲ။”

“ကုန်သည်တစ်ယောက်ရဲ့အမြင်အရ၊ ဒီကျွန်တွေဟာ လုပ်ငန်းစုတစ်ခုအတွက် အနုတ်လက္ခဏာဆောင်တဲ့ ပိုင်ဆိုင်မှုတစ်ခုပဲ။ ကျုပ်လုပ်ချင်တာက အဲဒီ အပျက်သဘောဆောင်တဲ့ ပိုင်ဆိုင်မှုတွေကို အပြုသဘောဆောင်တဲ့ ပိုင်ဆိုင်မှုတွေအဖြစ် ပြောင်းလဲပစ်ဖို့ပါပဲ။”

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၉၃။ ထမ်းဆောင်ရမည့် တာဝန်

ရှုယီ တင်ပြခဲ့သည့် အဆိုကို အဆုံး၌ စတက်တိန်းနယ်မြေကွန်ဂရက်က ခွင့်ပြုပေးခဲ့သည်။

၎င်းက အံ့ဩဖွယ်မဟုတ်ပေ။

Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ စတက်တိန်းနယ်မြေအပေါ် လွှမ်းမိုးမှုကြောင့် ရှုယီမှ စတက်တိန်းနယ်မြေ၌ တစ်စုံတရာကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်လျှင် ကျရှုံးမည့် အခွင့်အရေးမရှိပေ။

သို့သော် ဤလုပ်ငန်းစဉ်တွင် ရှုယီ၏ အဆိုပြုချက်သည် ထောက်ခံမှု 56% သာရရှိခဲ့ပြီး လွတ်ကျွတ်နိုင်ခြင်းမရှိပေ။ ယင်းကို ထောက်ခံရန် စတက်တိန်းနယ်မြေရှိ လူတိုင်းအတွက် မည်သို့မျှ မဖြစ်နိုင်ကြောင်း ပြသခဲ့သည်။

ကျန်ကွန်ဂရက်အဖွဲ့ဝင် ၄၄% အနက်မှ ကွန်ဂရက်လွှတ်တော်အမတ်များက မဲမပေးဘဲ ကန့်ကွက်သူ အနည်းငယ်သာ ရှိခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းသည် အလွန်သြဇာကြီးကြောင်း သက်သေပြခြင်းမှလွဲ၍ အခြားသူများက ၎င်းတို့အား မဆန့်ကျင်ဝံ့ဘဲ အသံတိတ်ဆန္ဒပြခြင်းမျိုးလည်းဖြစ်သည်။

ဒီအဆိုပြုချက် အောင်မြင်သွားသော်လည်း အခက်အခဲ အမျိုးမျိုးရှိတာကြောင့် ယခုလို အသံတိတ် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဤအဆိုပြုချက်အရ၊ စတက်တိန်းနယ်မြေ၏ကျွန်များသည် ၎င်းတို့၏အဆင့်အတန်းများကို ပြောင်းလဲသင့်သည်။ သို့သော် ဤအဆိုပြုချက်ကို အကောင်အထည်ဖော်သောအခါတွင်၊ ပူးပေါင်းဆောင်ရွက်သော ကျွန်ပိုင်ရှင် သခင်များမရှိပေ။

ကနဦးခန့်မှန်းချက်များအရ စတက်တိန်းနယ်မြေ၏ ကျွန်လူဦးရေသည် တစ်သိန်းငါးသောင်းမှ တစ်သိန်းခြောက်သောင်းကြားရှိသော်ငြား ဤဥပဒေကြမ်းကို အတည်ပြုပြီး ပထမအပတ်တွင်ပင် ကျွန်တို့၏ အဆင့်အတန်းကို မပြောင်းလဲခဲ့ပါချေ။

၎င်းက မထူးဆန်းပါပေ။

ကျွန်များသည် ပညာမတတ်ခဲ့သဖြင့် သတင်းရရှိရန် ခက်ခဲသည်။ ဤဥပဒေကြမ်းအကြောင်း သိသူအနည်းငယ်မျှသာရှိပြီး ၎င်းကို မည်သို့လျှောက်ထားရမည်ကို သိရှိသူနည်းပါး၏။

ထို့အပြင် ၎င်းတို့ကလည်း ထိုအကြောင်းကို သိထားလျှင်တောင် မလျှောက်ရဲကြချေ။

နှစ်အတန်ကြာ ကျွန်ခံခဲ့သော သခင်များကို လွန်ဆန်ရန် မဝံ့မရဲ ဖြစ်နေသောကြောင့် သခင်များက ဘာမှ မပြောဘဲ၊ ရှေ့သို့ တိုးဝံ့သော ကျွန်မရှိပေ။

သခင်တွေကို သူတို့ဘာသာသူတို့ ရှေ့တိုးလာဖို့ အားကိုးနေတာလား။

အိပ်မက်ကို ရပ်လိုက်တော့။

ထို့ကြောင့် ရှုယီ၏ အဆိုပြုချက် အောင်မြင်သွားသော်လည်း အကောင်အထည်ဖော်ရန် ခက်ခဲသောကြောင့် အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အရေးမကြီးပေ။

အစပိုင်းတွင်၊ ဤကိစ္စသည် စတက်တိန်းနယ်မြေနှင့် ပတ်ဝန်းကျင်တိုင်းပြည်များတွင် လူအများအာရုံစိုက်ခဲ့သောကိစ္စဖြစ်သော်လည်း တစ်လခွဲကြာပြီးနောက်တွင် လူများ၏အာရုံစိုက်မှုက တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။

ထိုအချိန်တွင်၊ လူတိုင်း၏အာရုံကို စွဲဆောင်နိုင်သော လမ်ပူရီတိုင်းပြည်၌ အရေးကြီးသောကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သည်။

ဘုရင်မကြီးဆယ်ဗီနီ မီးဖွားခဲ့ခြင်း။

လွန်ခဲ့သည့် နှစ်လက ဘုရင်မကြီးဆယ်ဗီနီမှာ ကိုယ်ဝန်ရှိရှစ်လရှိပြီဟု အစပျိုးကြေညာခဲ့သည်။

ဒီသတင်းဟာ လမ်ပူရီတိုင်းပြည်ကို လှုပ်ခတ်သွားစေရုံသာမက ပတ်ဝန်းကျင်တိုင်းပြည်တွေ၏ အာရုံစိုက်မှုကိုလည်း ခံခဲ့ရပါ၏။

နောက်ဆုံးတော့ ဘုရင်မကြီးဆယ်ဗီနီ က အိမ်ထောင်မပြုသေးဘဲ အမှန်တကယ် ကိုယ်ဝန်ရှိလာရာ ၎င်းကအံ့သြစရာကောင်းလွန်းသည်။

ထို့အပြင်၊ လူများစွာအတွက်၊ ၎င်းသည် လမ်ပူရီတိုင်းပြည်တော်ဝင်မိသားစုကိုပဲ အရှက်ရစေသည့် အရှုပ်တော်ပုံမဟုတ်ဘဲ လမ်ပူရီတိုင်းပြည်တစ်ခုလုံးကို အရှက်ရစေခဲ့သည်။

သို့သော် ဤနှစ်လအတွင်း၊ ဘုရင်မကြီးဆယ်ဗီနီသည် ဤကိစ္စကို လုံးဝ ဖုံးကွယ်ထားခြင်းမရှိပေ။ သူမသည် လူတိုင်းရှေ့တွင် ပွင့်ပွင့်လင်းလင်း ပေါ်လာပြီး လမ်ပူရီတိုင်းပြည်၏ သတင်းစာများက သူမအတွက် ရှင်းလင်းချက်ပေးခြင်းများပြုကြရာ၊ ၎င်းက အရှုပ်အရှင်းတစ်ခုဖြစ်သည်ကို လူများ တဖြည်းဖြည်း မေ့သွားခဲ့ပြီး စိတ်ရင်းဖြင့် ဂုဏ်ပြုခဲ့ကြပါ၏။

နောက်ဆုံးတွင်၊ ဘုရင်မကြီးဆယ်ဗီနီ၏ကလေးသည် ထီးနန်းဆက်ခံမည့်သူသေချာပေါက်ဖြစ်မည်ဖြစ်သောကြောင့် ၎င်းအား အရှုပ်တော်ပုံဟုခေါ်ဆိုရန်က အဓိပ္ပါယ်မရှိတော့ပေ။

နှစ်လအကြာတွင်၊ ဘုရင်မကြီးဆယ်ဗီနီသည် ဆယ်လကိုယ်ဝန်ရှိပြီဖြစ်သည်။

ထို့ကြောင့် လွန်ခဲ့သော တစ်လခွဲခန့်က လမ်ပူရီတိုင်းပြည်၌ ဤမမွေးသေးသောကလေးအား အာရုံစူးစိုက်မှု မြင့်တက်လာခဲ့သည်။

လူတိုင်းသည် ဤမမွေးသေးသောကလေးအား ယောက်ျားလေးလား မိန်းကလေးလားဟု ခန့်မှန်းပြောဆိုနေကြသည်။ ၎င်းကို လောင်းကစားလုပ်သည့် လောင်းကစားအိမ်များတောင် ရှိခဲ့၏။

ယခု ကလေးမွေးပြီဖြစ်ရာ လူတိုင်း၏အာရုံကို ချက်ချင်းဖမ်းစားနိုင်ခဲ့သည်။

တော်ဝင်နန်းတော်သတင်းအရ၊ ဘုရင်မကြီးဆယ်ဗီနီ သည် မင်းသားတစ်ပါးကို ဖွားမြင်ခဲ့သည်။ လုပ်ငန်းစဉ်တစ်ခုလုံးသည် အလွန်ချောမွေ့ခဲ့၏။ဘုရင်မကြီးနှင့် မင်းသားလေး နှစ်ဦး စလုံးသည် ဘေးကင်းစွာ ထွက်လာကြသည်။

လမ်ပူရီတိုင်းပြည်တစ်ခုလုံးမှာလည်း ရွှင်လန်းမှုအပြည့်ရှိနေ၏။

ဘုရင်မကြီး ထီးနန်းကို သိမ်းယူပြီးနောက်၊ လမ်ပူရီတိုင်းပြည်သည် တည်ငြိမ်လာပြီး ၎င်းတို့၏ စီးပွားရေး လျင်မြန်စွာ တိုးတက်လာသည်။ ၎င်းတို့တိုင်းပြည် ပိုမိုအားကောင်းလာသည်နှင့်အမျှ ၎င်းတို့၏ သေလောက်သော ရန်သူ စခ်တိုင်းပြည်ကိုပင် လမ်ပူရီတိုင်းပြည်တော်သို့ ဦးညွှတ်ခိုင်းစေကာ ပြည်သူတို့၏ဘဝများ ပိုမိုကောင်းမွန်လာသည်။

အားလုံးက လှပပြီး ကြင်နာတတ်ကာ ၎င်းတို့ကို ဘဝကောင်းကောင်း ဖြတ်သန်းစေနိုင်ခဲ့သည့် ဘုရင်မကြီးကို ချစ်ခင်ကြသည်။

ယခု ကလေးမွေးချိန်တွင် အားလုံးက သဘာဝအလျောက် ပျော်နေကြပြီပင်။

ဘုရင်မသည် သူ၏အိမ်ထောင်ရေးကို လုံးဝဂရုမစိုက်သောကြောင့် လူအများက စိုးရိမ်ခဲ့ကြရာ နန်းဆက်ခံသူနှင့်ပတ်သက်သည့် ပြဿနာက အကြီးအကျယ် ဖြစ်ခဲ့သည်။ သို့သော် ဘုရင်မကြီးက တိတ်တဆိတ် ကိုယ်ဝန်ရကာ ကလေးမွေးမည်ဟု မထင်ခဲ့ကြပေ။

ယခု ကလေးမွေးဖွားပြီးသောအခါ၊ လမ်ပူရီတိုင်းပြည်သည်ဆက်ခံသူနေရာကို ကြိုဆိုခဲ့ကြသောကြောင့် လူတိုင်း၏ စိတ်ထဲမှ ကျောက်တုံးကြီးက ကျဆင်းသွားကာ ပိုမိုသေချာလာသည်ဟု ခံစားကြရသည်။

ထိုစိတ်ကြောင့် မေးခွန်းထုတ်စရာရှိလျှင်တောင် အခြေအနေကို မထိခိုက်စေပါချေ။

မည်သို့ဖြစ်ဖြစ် ကလေးက မွေးပြီးသွားပြီဖြစ်ရာ လူတိုင်းက ဘုရင်မကြီး၏သားပဲဖြစ်သည်မို့ မည်သူက အဖေဖြစ်သူကို ဂရုစိုက်နေတော့မည်နည်း။

ရှုယီ၌ပင်လျှင် တူညီသော အတွေးရှိသည်။

"ဟေး၊ ဆယ်ဗီနီ၊ သူက ခင်ဗျားနဲ့ တကယ်တူတယ်။" ရှုယီသည် သူ၏နဖူးနှင့် နှာခေါင်းမြင့်မြင့်တို့နှင့် ကလေးကို ငုံ့ကြည့်ကာ ဂရုတစိုက် ချီထားရင်း ပြုံးလျက် ဆိုလာသည် ။ “ဒီကလေးက ကြီးလာရင် တော်တော်ချောမယ် ထင်တယ်။ မင်းသား မဟုတ်ရင်တောင် မိန်းကလေးတော်တော်များများကို စွဲဆောင်နိုင်မှာပါ”

ဆယ်ဗီနီက ခပ်ဖျော့ဖျော့ပြုံးပြသည်။ သူမဟာ ရှုယီရင်ခွင်ထဲမှ ကလေးကိုကြည့်ရင်း အကြည့်များရှုပ်ထွေးကာ ခပ်တိုးတိုး‌ပြောလာသည်။ "မင်းသားတစ်ယောက်ရဲ့အခြေအနေက ကောင်းတာတော့မဟုတ်ဘူး။ သူကြီးပြင်းလာတဲ့အခါ ပြသနာတွေ အများကြီးဖြစ်လာလောက်တယ်"

ရှုယီက ရယ်မောကာ "အဲဒါက ခင်ဗျား သူ့ကို ဘယ်လို သင်ပေးလိုက်လဲ ဆိုတဲ့ အပေါ်မှာ မူတည်တယ်။ သူက လမ်ပူရီတိုင်းပြည်ရဲ့ မင်းသားဖြစ်တဲ့အတွက် သူထမ်းရမယ့် တာဝန်ကို ရှောင်လွှဲလို့မရဘူး။ ခင်ဗျားက သူ့ကို ကောင်းကောင်း လမ်းညွှန်ပြီး ဒီတာဝန်တွေကို ဖိအားလိုဖြစ်လာအောင် မလုပ်ပါနဲ့။"

"ရှင်က ရိုးရိုး‌ရှင်းရှင်း‌လေးလိုပြောနေတာပဲ ။" ဆယ်ဗီနီ က ရှုယီကို မျက်လုံးပြူးပြီး ပြောလာသည် "ရှင့်ရဲ့ဖရီယာ ကရော။ သူမကို မွေးတုန်းက ရှင့်ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူအဖြစ် မမှတ်ယူခဲ့လို့လား။ ဖိအားတွေကို စေ့ဆော်မှုအဖြစ် ပြောင်းလဲဖို့ သူမကို ဘယ်လို သင်ပေးခဲ့တာများလဲ။"

ရှုယီက ပခုံးတွန့်ကာ "ကျုပ်က သိပ်ဂရုမစိုက်ပါဘူး၊ သူကစားချင်သလောက် ကစားခွင့်ပေးလိုက်တာပဲ"

ဆယ်ဗီနီမှာ အံ့သြသွားပြီး "ဒါက ဘယ်လိုဖြစ်တာလဲ။ သူမက ရှင့်ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်ပြီး အနာဂတ်မှာ Frestech ကုန်သည်ကြီးများအသင်းကို အမွေဆက်ခံရမှာလေ။ ရှင် သူ့ကို အခု မလေ့ကျင့်ပေးဘူးဆိုရင် နောင်မှာ ဒီ ကြီးလေးတဲ့ တာဝန်ကို ဘယ်လို ထမ်းဆောင်နိုင်မှာလဲ။”

“မယူနိုင်ရင် မရဘူးပေါ့” ရှုယီက အေးအေးဆေးဆေး အကြည့်နှင့် ပြန်ပြောသည် "သူက ကျုပ်ရဲ့ ဆက်ခံသူပဲ၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဆက်ခံသူ မဟုတ်ဘူး။ Frestech ကုန်သည်ကြီးများအသင်းကို လုံလောက်တဲ့ အရည်အချင်းရှိသူကပဲ ဦးဆောင်ရမှာဖြစ်ပြီး သူမသာ ခေါင်းဆောင်ဖြစ်လာဖို့ မသင့်တော်ရင်၊ လုပ်ရမှာမဟုတ်ဘူး။ မဟုတ်ရင် ဒါက သူ့အတွက်ရော Frestech ကုန်သည်ကြီးများအသင်းအတွက်ရော ကောင်းတဲ့ကိစ္စဖြစ်မှာ မဟုတ်ဘူး။”

ဆယ်ဗီနီက ရှုယီကို မယုံကြည်နိုင်စွာ ကြည့်လာသည်။

"ရှင် Frestech ကုန်သည်ကြီးများအသင်းကို စွန့်လွှတ်ဖို့ စီစဉ်နေတာလား။"

"ဒါက ဘာဆိုင်လို့လဲ။ ကျုပ်ပြောချင်တာက ဖရီယာဟာ ဖရီယာပဲ ဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းရလည်း Frestech ကုန်သည်ကြီးများအသင်း သပ်သပ်ပဲလေ ။ စိတ်ပါဝင်စားပြီး စီမံခန့်ခွဲနိုင်စွမ်းရှိရင်တော့ ပံ့ပိုးပေးမှာပေါ့။ ဒါပေမယ့် သူမသာ ကောင်းကောင်းမလုပ်နိုင်ရင် ဒါမှမဟုတ် စိတ်မဝင်စားဘူးဆိုရင် သူလုပ်ချင်တဲ့အရာကို လုပ်ဖြစ်အောင် ကျုပ်က ပံ့ပိုးပေးမှာပါ။ Frestech ကုန်သည်ကြီးများအသင်းနဲ့ ယှဉ်ရင် သူမပျော်ရွှင်ဖို့က ပိုအရေးကြီးတယ်လို့ ကျုပ်ထင်တယ်။”

ဆယ်ဗီနီသည် ရှုယီကို အသာကြည့်ကာ သက်ပြင်းတစ်ချက်ချ၍ ခေါင်းကို ဖြည်းညှင်းစွာခါလိုက်သည်။

“ဒါက ရှင်နဲ့ ကျွန်မကြားက ကွာခြားချက်ပဲ။ Frestech ကုန်သည်ကြီးများအသင်း ကုန်သည်ကြီးများအသင်းကို ရှင် စွန့်လွှတ်နိုင်ပေမယ့်လည်း ကျွန်မကတော့ လမ်ပူရီတိုင်းပြည်ကို မစွန့်လွှတ်နိုင်ဘူး။ ပလ္လင်ပေါ်မှာထိုင်တဲ့အခါ ကျွန်မအတွက်မသက်ဆိုင်တဲ့အရာတွေ အများကြီးရှိတယ်။” ဆယ်ဗီနီသည် ဝမ်းနည်းမှုအနည်းငယ်ဖြင့် ပြတင်းပေါက်ဘက် လှည့်ကြည့်လိုက်ကာ "ကျွန်မသာရွေးချယ်လို့ရမယ်ဆိုရင် ဘုရင်မ, မဖြစ်ချင်ဘူး"

ရှုယီက နှုတ်ဆိတ်နေ၏။

သူ သက်တောင့်သက်သာ စကားပြောနေသော်လည်း Frestech ကုန်သည်ကြီးများအသင်းသည် သူ၏ လုံ့လဝီရိယ စိုက်ထုတ်မှုအားလုံးကို သရုပ်ဖော်ထားပြီးဖြစ်သည်။

ဖရီယာက Frestech ကုန်သည်ကြီးများအသင်းကိုလက်ခံခြင်းမပြုခြင်းသည် ပြဿနာမဟုတ်သော်လည်း ရှုယီအနေနှင့် Frestech ကုန်သည်ကြီးများအသင်းကိုစွန့်လွှတ်လိုက်ရန် ထိုသို့လုပ်ဆောင်နိုင်မည်မဟုတ်ပါ။

လမ်ပူရီတိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်းမှ ရှုယီထက် ဆယ်ဗီနီအတွက် အဆပေါင်းများစွာ ပိုအရေးကြီးပါသည်။

လမ်ပူရီ မျိုးနွယ်စုသည် ယခု လမ်ပူရီတိုင်းပြည်ကို နှစ်ရာပေါင်းများစွာ တည်ထောင်ခဲ့ပြီး မရေမတွက်နိုင်သော မျိုးဆက်များ၏ ကြိုးပမ်းမှုများဖြင့် ၎င်းတို့သည် လမ်ပူရီတိုင်းပြည်ကို ဆက်လက်ထိန်းသိမ်းထားခဲ့နိုင်ခြင်းဖြစ်သည်။

အကယ်၍ ဆယ်ဗီနီသည် ယခုအချိန်တွင် စွန့်လွှတ်မည်ဆိုလျှင်၊ သူမ၏ ဘိုးဘေးများအားလုံး၏ ကြိုးစားအားထုတ်မှုကို စွန့်လွှတ်လိုက်ခြင်းဖြစ်ပေမည်။

သူမ လုပ်နိုင်မလား မပြောနိုင်သော်လည်း၊ လမ်ပူရီတိုင်းပြည်မှ မရေတွက်နိုင်သော လူများက သူမကို ဒီလိုလုပ်ခွင့် မပေးပါပေ။

မည်သို့ဆိုဆိုဆယ်ဗီနီ ၏ကလေးသည် မွေးစကတည်းက ဤလေးလံသောတာဝန်ကို ထမ်းဆောင်ခဲ့ရသည်။

ဆယ်ဗီနီ အသက်ရလာသောအခါ သူသည် လမ်ပူရီဘုရင့်နိုင်င်ငံကို သေချာပေါက် အမွေဆက်ခံပြီး ထီးနန်းဆက်လက်တိုက်ပွဲဝင်မည်ဖြစ်သည်။ စွန့်လွှတ်ဖို့ အခွင့်အလမ်း မရှိခဲ့ပါချေ။

ဒါကိုတွေးပြီး ရှုယီမှာ သူ့ရင်ခွင်ထဲက ကလေးငယ်ကို သနားစိတ်နည်းနည်းဖြင့် ကြည့်လိုက်သည်။

“သနားစရာကောင်လေး မင်းမွေးပြီးတာနဲ့ ဒီတာဝန်ကြီးကို ထမ်းရမယ်။ မင်းပျော်ပါ့မလားလို့ ငါတွေးမိတယ်။"

ရှုယီမှာ ကလေးငယ်၏ ပါးကို ဆွဲရန် လက်လှမ်းလိုက်သော် မျက်နှာထက် အပြုံးလေးပေါ်လာသည်။

ထိုသေးသေးလေး၏ မျက်နှာထက်တွင် ရှုယီ မနေနိုင်အောင် ပျော်မိသည်အထိဖြစ်စေသော ရယ်ရွှင်ဖွယ်အပြုံးလေးရှိနေ၏။

သူသည် ပြတင်းပေါက်ကို လှမ်းကြည့်နေသော ဆယ်ဗီနီကို လှည့်ကြည့်လိုက်ရင်း မသိရသောအရာကို တွေးကာ ရှုယီမှာ ဤအငွေ့အသက်က အလွန်လေးလံလာသည်ဟု ခံစားနေရသည်။ သူဟာ အကြံတစ်ခုရပြီးနောက် လက်ထဲရှိ ကလေးကို မြှောက်ကာ အသံကိုမြှင့်၍ပြောလိုက်သည်၊ "ဟေး ဆယ်ဗီနီ၊ ဖရီယာက ဒီကောင်လေးထက် လေးနှစ်ပိုကြီးပေမယ့်လည်း ပြဿနာအဲ့လောက်များမှာမဟုတ်ဘူးလို့ ထင်တယ်။ သူတို့ကို စေ့စပ်ပေးလိုက်ကြမလား?"

ဆယ်ဗီနီမှာ ရုတ်တရက် လှည့်လာပြီးအသံစူးစူးရှရှဖြင့် အော်လာ၏၊ “မရဘူး!”

ရှုယီ အံ့သြသွားမိသည်။

သူက နောက်ပြောင်ရုံသာဖြစ်သော်လည်း အဘယ့်ကြောင့် ဆယ်ဗီနီက ၎င်းကို ပြင်းပြင်းထန်ထန် တုံ့ပြန်ရသနည်း?

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၉၄။ ငါးစာ

နှစ်ဦးသားမှာ အချင်းချင်းကြည့်လိုက်ကြပြီးနောက် ဆယ်ဗီနီက တုံ့ပြန်လာ၏။ သူမမှာ သူမ၏ တုံ့ပြန်မှုက အနည်းငယ်ပြင်းထန်သွားကြောင်းသိလိုက်သဖြင့် နေရမခက်နေမိဘဲ မနေနိုင်တော့ပေ။

"မဟုတ်ပါဘူး.... အထင်မလွဲပါနဲ့။ ရှုယီ ကျွန်မက ဖရီယာကို သဘောမကျတာမဟုတ်ဘဲ ဒီတိုင်း ... သူတို့နှစ်ယောက် လိုက်လျော‌ညီထွေမဖြစ်ဘူးထင်လို့ပါ။"

ရှုယီမှာ ဆယ်ဗီနီကို သံသယဖြင့်ကြည့်လိုက်ကာ သူမ၏ ဖြေရှင်းချက်ကို တကယ်ပဲ မယုံကြည်နိုင်ဖြစ်နေသည်။

မှန်ပါ၏ သူဟာ ဆယ်ဗီနီက ဖရီယာကို သဘောမကျဟု အထင်မှားနေခြင်းမဟုတ်သော်လည်း ဆယ်ဗီနီ၏ တုံ့ပြန်မှုက အင်မတန်မူမမှန်နေရာ သူ့အား အနည်းငယ် သိလိုလာစေသည်။

ရှုယီ၏ သံသယအကြည့်ကိုမြင်သော် ဆယ်ဗီနီ၏ အမူအရာက ပိုလို့ပင် နေရခက်ဟန်ပေါ်လာသည်။ သူမက ပါးစပ်ဟလိုက်သော်လည်း ရှင်းပြချက်မပေးခဲ့ပေ။ ခေတ္တမျှ ရပ်တန့်နေပြီးနောက်၌ ခေါင်းစဉ်ပြောင်းလိုက်ပါ၏။

"ရှုယီ ရှင်တို့ စတက်တိန်းနယ်မြေရန် ကျွန်စနစ်ဖျက်သိမ်းရေးက ဘယ်လိုလဲ?"

ခေါင်းစဉ်ပြောင်းလဲမှုက အင်မတန်ထူးဆန်းအင်မတန်ထူးဆန်းနေရာ ရှုယီသည်ပင် အနည်းငယ် ကြောင်အမ်းသွားပြီးမှ တုံ့ပြန်မိသည်။

သူဟာ ဆယ်ဗီနီကို အသေအချာတစ်ချက်ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဆက်မမေးတော့ပေ။

ဆယ်ဗီနီကလေး၏ ဆင်းသက်လာပုံက အင်မတန်ထူးဆန်းနေသည်။ ယခုပင် သူမအနေနှင့် ကလေးအဖေမည်သူဖြစ်ကြောင်း ကြေညာဖို့ ဆန္ဒမရှိလေရာ သူမအတွက် ၎င်းကို ထုတ်ဖော်ပြောဖို့ ခက်ခဲပေမည်။

သူမ၏ မိတ်ဆွေအနေနှင့် ရှုယီမှာ သူမအား ထိန်းသိမ်းထားလိုသည့် လျှို့ဝှက်ချက်ကို သူမကိုယ်တိုင်ပြောလာဖို့ ဖိအားပေးမနေတော့ချေ။

"အာ.. အဲ့လောက် အဆင်မပြေပါဘူး။ နယ်မြေအရှင်သခင်တွေက သူတို့လက်အောက်က ကျွန်တွေကို ပြည်သူအဖြစ် မပြောင်းလဲပေးချင်ကြဘူး။ ဒါက သူတို့တွေကို ဆုံးရှုံးမှုခံစားရစေမယ်ထင်ကြတာ။"

"အတိအကျပဲ" ဆယ်ဗီနီက ခေါင်းငြိမ့်ကာ၊ "ရှုယီ တကယ်တော့... ကျွန်မလည်း ဒီတစ်ခေါက် ရှင့်နည်းလမ်းက အရမ်း... ထူးဆန်းတယ်လို့ ခံစားရတယ်..."

ရှုယီက ဆယ်ဗီနီ၏ တုံ့ဆိုင်းနေပုံကိုကြည့်ကာ သူမအနေနှင့် သူ့အား ရူးနှမ်းနေသည်ဟု ပြောချင်သော်လည်း မပြောခဲ့ဟု စဉ်းစားမိလိုက်သည်။

"ကျွန်တွေက နယ်မြေကြီးမှာ တည်ရှိလာတာ အချိန်ကြာလှနေပြီဆိုပေမယ့် ရှင်က သူတို့ကို ကင်းလွတ်ပေးချင်တယ်ဆိုတော့ နယ်မြေကြီးရဲ့ အစဉ်အလာတွေကို ဆန့်ကျင်နေတယ်။ ကျွန်ရှိတဲ့ အရှင်သခင်တွေက သေချာပေါက် ရှင့်အကြံကို သဘောတူမှာမဟုတ်ဘူး။ ဒါပေမယ့် လမ်ပူရီတိုင်းပြည်သာဆိုရင် ဒီအကြံပြုချက်ကို တိုင်းပြည်လွှတ်တော်မှာ အောင်မြင်စေနိုင်မယ့်နည်းလမ်းမရှိနေဘူး။"

"ခင်ဗျားကသာ အဲ့ဒါကို လုပ်ရမယ်ဆိုရင်ရော?" ရှုယီက ရည်ရွယ်ချက်ရှိရှိမေးလိုက်သည်။

"ဒါဆို ကျွန်မတို့ လမ်ပူရီမိသားစုရဲ့ အကောင်းဆုံးရလာဒ်က ထီးနန်းကို လက်လျှော့ဖို့ ဖြစ်လာလိမ့်မယ်။" ဆယ်ဗီနီက လေးနက်နေဟန်ဖြင့်ဆိုသည်။

ရှုယီလည်း ခဏတာစဉ်းစားပြီးနောက် တိတ်တဆိတ်ခေါင်းငြိမ့်လိုက်ပါ၏။

"တကယ်တော့ ရှုယီ ရှင် ဒီလိုလုပ်တာရဲ့ အကျိုးဆက်ကို သိလောက်မှာပါ ဟုတ်တယ်မို့လား? မဟုတ်ရင် ရှင့်ရဲ့ စတက်တိန်းနယ်မြေက လုပ်ရပ်တွေက အရမ်းအဖျားရှူးသွားမှာမဟုတ်ဘူး၊ ရှင်က ကိစ္စတွေကို လမ်းတစ်ဝက်ပဲလုပ်တဲ့လူမဟုတ်‌ဘူးလေ။" ဆယ်ဗီနီက မေး၏။

ရှုယီက တစ်ချက်ရယ်လိုက်ကာ၊ "အင်း ဒီအတွက် ဖိအားနဲ့ ဆန့်ကျင်မှုက အရမ်းကြီးတော့ ခဏဆိုင်းထားပြီး အလျင်မလိုဖို့ ဆုံးဖြတ်ထားတယ်။"

ဆယ်ဗီနီက မျက်‌မှောင်ကုပ်ကာ၊ "ဒီတော့ ကျွန်မနားမလည်တာက ရှင်ဘာလို့ ဒီလိုလုပ်လဲဆိုတာပဲ။ ရှင့်အနေနဲ့ ဒါက ဘယ်လောက်ခက်ခဲတယ်ဆိုတာနဲ့ Frestech ကုန်သည်ကြီးများအသင်းလည်း ဘာအကျိုးအမြတ်မှ မရတာကို သိနေပြီးတော့ ဘာလို့ ဆန့်ကျင်မှုအားလုံးကို လျစ်လျူရှုပြီး ဒီလိုလုပ်ဖို့နဲ့ ဘာလို့ ဖိအားကိုပါ ဆန့်ကျင်နေရတာလဲ?"

"မဟုတ်ပါဘူး ဒီကိစ္စက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် အတော်လေးအဆင်ပြေတယ်။" ရှုယီက ခေါင်းခါသည်၊ "ဆယ်ဗီနီ ခင်ဗျား [လမ်ပူရီ အပတ်စဉ်]က ဆောင်းပါးကို ဖတ်ခဲ့လား?"

"ဘာရွန်ဟားနက်စ်ဆီက တစ်ခု၊ ရှင့်အနေနဲ့ ကျွန်တော်ကို ထုတ်လုပ်မှာအင်အားတိုးတက်ဖို့ ဘယ်လိုလွှတ်ပေးချင်တဲ့အကြောင်း ဆောင်းပါးလား? ကျွန်‌မတွေ့ခဲ့တယ် တစ်ခါမကဘူး။" ဆယ်ဗီနီက ပြောသည်၊ "ရှင့်မှာ အကြောင်းအရင်းရှိတာကို ကျွန်မလက်ခံပါတယ်။ ကျွန်တွေကို အလုပ်သမားအနေနဲ့ ခေါ်ယူတာက အကောင်းဆုံးသက်ရောက်မှုမပေးသလို ထုတ်ကုန်အရည်အသွေးကိုတောင် ထိခိုက်စေပေမယ့်လည်း ကျွန်တွေကို ရှုပ်ထွေး‌တဲ့အလုပ်တွေ ကိုင်တွယ်ခိုင်းဖို့ သက်ရောက်မှုကောင်းကောင်းမရှိမှတော့ ရိုးရိုးရှင်းရှင်းအလုပ်ပဲ လုပ်ခိုင်းလို့လည်းရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တွေကို လစာပေးစရာမှမလိုတာ ဟုတ်တယ်မို့လား?"

"နောက်ဆုံးကျတော့ ခင်ဗျားတောင် ကျုပ်ရဲ့ အမြင်ကို နားမလည်နိုင်ဘူးပဲ၊ ဒီတော့ ဒါက တခြားလူတွေအတွက် နားလည်ဖို့ မဖြစ်နိုင်တဲ့ အဓိပ္ပာယ်ပေါ့။" ရှုယီက ခေါင်းခါ၍ သက်ပြင်းချကာပြောသည်၊ "ခင်ဗျားတို့အားလုံး အချက်တစ်ခုကို နားမလည်နိုင်ကြဘူး၊ ကျွန်တွေက ခင်ဗျားတို့အတွက် အိမ်မွေးတိရိစ္ဆာန်တွေနဲ့ မခြားတော့ သူတို့မှာ ဘာထူးထူးခြားခြားတန်ဖိုးမှ မရှိဘူးပေါ့။ ဒါပေမယ့် ကျုပ်အတွက် သူတို့ကလည်း လူတွေပါပဲ။ သူတို့က လူတွေဆိုမှတော့ လူသားတွေအတိုင်း လေ့လာနိုင်တဲ့ အခြေခံစွမ်းရည်ရှိကြတယ်။ ဒီတော့ သူတို့က ကျွန်တွေဖြစ်နေရင်တောင် သူတို့ စွမ်းရည်တွေကို တိုးတက်စေဖို့ အခွင့်အရေးရှိနေတာကြောင့် သူတို့ကို သာမန် အိမ်မွေးတိရိစ္ဆာန်လို ဆက်ဆံလို့မရဘူး။"

"ရှင်ပြောချင်တာက... ရှင်က သူတို့ကို ကျွန်အဖြစ်ကနေ လွတ်မြောက်အောင်လုပ်ပြီး ကျွမ်းကျင်အလုပ်သမားတွေဖြစ်အောင် စီစဉ်ထားတာလား?" ဆယ်ဗီနီက အံ့အားတသင့်မေးလာသည်၊ "ဒီကျွန်တွေအတွက်က အဲ့လောက်အားစိုက်ထုတ်နေဖို့ ထိုက်တန်လို့လား?"

"ဘာလို့ မထိုက်တန်ရမှာလဲ?" ရှုယီက ပြန်မေးသည်၊ "ဆယ်ဗီနီ, ခင်ဗျားကို မေးခွန်းတစ်ခုမေးချင်တယ်။ လမ်ပူရီတိုင်းပြည်မှာ အခု လူဘယ်လောက်ရှိလဲ?"

ဆယ်ဗီနီမှာ အံ့ဩသွားကာ ရှုယီက ဤ‌ခေါင်းစဉ်ကို ပြောင်းလာမည်ဟု မမျှော်လင့်ထားခဲ့ဖူးချေ။

စဉ်းစားကြည့်ပြီးနောက်၌ သူမက ပြန်ဖြေလာသည်၊ "ကျွန်မထီးနန်းလွှဲယူတုန်းက စစ်တမ်းကောက်ထားတာကတော့ လူဦးရေခြောက်သန်းနဲ့ လေးသိန်းလောက်ရှိတယ်။"

"အဲ့ထဲမှာ ကျွန်တွေမပါဘူးလား?"

"ဟုတ်တယ်လေ၊ ကျွန်တွေကို ပြည်သူအဖြစ်မသတ်မှတ်ထားတော့ သူတို့ကိုမတွက်ထားဘူး။ ဒါပေမယ့် နယ်မြေအမျိုးမျိုးဆီကနေ ခန့်မှန်းခြေအရဆို တိုင်းပြည်မှာ ကျွန်းပေါင်း သုံးသန်း‌ပတ်လည်လောက်ရှိမယ်။" ဆယ်ဗီနီက ဖြေသည်။

"ဒါဆို ကျုပ်ကို ပြောပြလို့ရမလား၊ လမ်ပူရီတိုင်းပြည်ရဲ့ ပြည်သူ ခြောက်သန်းလေးသိန်းမှာ ဘယ်လောက်‌ေလာက်က တကယ်အလုပ်လုပ်နိုင်လဲ?" ရှုယီက မေးသည်။

ဆယ်ဗီနီက မျက်မှောင်ကုပ်လိုက်၏၊ "တွက်ကြည့်ဖို့ နည်းလမ်းမရှိဘူး။"

"ဟုတ်ပြီလေ အတိအကျအရေအတွက်ကို မဆွေးနွေးတော့ဘူး။ ကျွန်ပေါင်းသုံးသန်းကို အလွတ်ပေးပြီး အသုံးဝင်တဲ့ အလုပ်သမားဖြစ်လာမယ်‌ဆို လမ်ပူရီတိုင်းပြည်အတွက် အကူအညီကြီးဖြစ်လိမ့်မယ်ထင်လား?"

"ရှင်ဘာကို အတိအကျပြောနေတယ်ဆိုတာ နားမလည်ဘူး။"

"အတိအကျပြောရရင်... ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို သုံးကြည့်ရ‌အောင်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ လက်ရှိ အလုပ်သမား‌ ခြောက်သိန်းကိုးသောင်းရှိတယ်၊ ဒီတော့ အရမ်းကိုကြီးမားတဲ့လုပ်ငန်းစုအဖြစ်သတ်မှတ်လို့ရတာပေါ့။"

ဆယ်ဗီနီက ခေါင်းငြိမ့်ကာ၊ "အင်း ကျွန်မတို့တိုင်းပြည်မှာက ရှင့်ထက် အလုပ်သမားပိုများတာဆို ဖဲလ်ချောင် ကုန်သည်ကြီးများအသင်း ဒါမှမဟုတ် အာမန်နီကုန်သည်ကြီးများအသင်းပဲရှိတယ်။"

"ဒါပေမယ့် လူအင်အားလိုနေသေးတယ်လို့ ခံစားနေရတုန်းပဲ။ Frestech ကုန်သည်ကြီးများအသင်းအတွက် ကျုပ်ရဲ့ အစီစဉ်အရ၊ ဒါကို တွက်ကြည့်ပြီးတဲ့နောက်မှာ ကျုပ်တို့လုပ်ငန်းစုက အနည်းဆုံး လိုအပ်ချက်ကိုရောက်ဖို့ သုံးနှစ်အတွင်း အလုပ်သမား ငါးသောင်း ခန့်အပ်ဖို့လိုတယ်။"

"အဲ့လောက် လူအများကြီးလိုတာလား?" ဆယ်ဗီနီက တအံ့တဩမေးလာသည်၊ "ဘာလုပ်ချင်လို့လဲ?"

ရှုယီက အရှေ့တောင်ဘက်ကို ညွှန်ပြလိုက်ကာ၊ "ကျုပ် ဒါကို ကျုပ်ရဲ့ နောက်ဆုံးစာမှာ ထည့်ရေးထားလောက်တယ် ကျုပ်တို့ရဲ့လုပ်ငန်းစုက တောင်ပိုင်းပင်လယ်ပြင်မှာ ကျွန်းအခြေစိုက်ဌာနတွေတည်ဆောက်ဖို့ စီစဉ်ထားတယ်။ ကျွန်းတစ်ကျွန်းစီက အနည်းဆုံးလူတစ်ရာလိုတော့ ပို့ဆောင်ရေးဝန်ထမ်းအမျိုးမျိုးပါပေါင်းထည့်လိုက်ရင် အနည်းဆုံး ဒီလုပ်ငန်းအတွက် ဝန်ထမ်း နှစ်သောင်းလောက်လိုတယ်။"

"အဲ့လောက်တောင်လား?" ဆယ်ဗီနီ၏ မျက်လုံးများ ကျယ်ဝန်းသွားကာ၊ "ဘာလို့ ရှင်က အဲ့လောက် ကျွန်းအခြေစိုက်ဌာနတွေတည်ဆောက်ချင်ရတာလဲ? ဘာအတွက် သုံးဖို့ စီစဉ်နေတာလဲ?"

"ဘာမှမဖြစ်ပါဘူး၊ ကျုပ်တို့က အဆုံးမရှိ ပင်လယ်ပြင်ရဲ့ ကြွယ်ဝတဲ့ သယံဇာတတွေကိုပဲ သုံးချင်ရုံပါ" ရှုယီက တည်တည်ငြိမ်ငြိမ် အကြည့်ဖြင့် ရှင်းပြသည်၊ “ကျွန်းအခြေစိုက်စခန်းတွေအပြင်၊ ကျုပ်တို့လုပ်ငန်းစုအနေနဲ့လည်း စျေးကွက်ချဲ့ထွင်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကျုပ်တို့ ကန်ဒရာအင်ပါယာစျေးကွက်ကိုဖွင့်ပြီးတာနဲ့ ဝယ်လိုအားက ကြောက်စရာကောင်းနေလိမ့်မယ်။ ဒါကြောင့် ကျုပ်တို့အနေနဲ့ အချိန်မီပြင်ဆင်ပြီး လုပ်ငန်းစုရဲ့ ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ရပါမယ်။”

"အွန်း......ရှင်တို့ လုပ်ငန်းစုရဲ့ ထုတ်လုပ်မှု စွမ်းရည်ကို ပြောရရင်.....ရှုယီ ကျွန်မ မှာထားတဲ့ မှော်လေသင်္ဘောအစီးတစ်ရာကို ဘယ်အချိန် ပေးမှာလဲ" ဆယ်ဗီနီက ရုတ်တရက် မေးလိုက်သည်။

ရှုယီက မျက်လုံးများပြူးကျယ်ကာ “စောင့်ပါဦး၊ လေသင်္ဘော မှီခိုစမ်းသပ်မှုက မပြီးသေးပါဘူး။ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှု မလုပ်ရသေးခင် အနည်းဆုံး နောက်နှစ်မှရလိမ့်မယ်။”

ဆယ်ဗီနီက ရှုယီကိုကြည့်ရင်းဖြင်ပ " မှော်လေသင်္ဘောအစီးတစ်ရာကို ကျွန်မ မှာတုန်းက ဒီနှစ်အစမှာ မင်းငါ့ကိုပေးနိုင်တယ်လို့ ပြောခဲ့တယ် "

ရှုယီက နေရခက်စွာ ပြုံးလိုက်ပြီး "ဒါက.... မှော်လေသင်္ဘောဆိုတာ သာမန် မှော်စက်တွေ မဟုတ်ဘူး၊ အစိတ်အပိုင်း အမျိုးမျိုးရဲ့ လိုအပ်ချက်တွေက အရမ်းများတယ်။ ခင်ဗျားအနေနဲ့က စိတ်မချရတဲ့ မှော်လေသင်္ဘောကို မပေးစေချင်ဘူးလေ ဟုတ်တယ်မလား? နောက်ပြီး၊ ကျုပ်တို့ရဲ့ ထုတ်လုပ်မှုစွမ်းရည်က မလုံလောက်ဘူးလို့ ပြောနေတယ် မဟုတ်ဘူးလား"

“ဒါက ကျွန်တွေကို လွှတ်ပေးတာနဲ့ ဘယ်လိုဆက်စပ်တာလဲ။ ဒီကျွန်တွေက ရှင့်ကို မှော်လေသင်္ဘောတစ်ရာလုံး တတ်နိုင်သမျှ အမြန်ဆုံးပြီးအောင် ကူညီပေးနိုင်မယ်လို့ မထင်ဘူး။"

“ဒါပေါ့ သူတို့ အခုမလုပ်နိုင်ပါဘူး၊ ဒါပေမယ့် သူတို့ကို လေ့ကျင့်ပေးဖို့ အချိန်တစ်ခုရှိသရွေ့တော့ သူတို့အတွက် အခန်းကဏ္ဍတစ်ခု ရှိလာမယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် နှမျောစရာပဲ....." ရှုယီက လက်နှစ်ဖက်ကို ဖြန့်ကာ ကူကယ်ရာမဲ့ဟန်ဖြင့် ပြောသည် ။ “အဲဒီ မိုက်မဲတဲ့ ကျွန်ပြုမှု ဥပဒေတွေမှာ ကျွန်တွေဟာ ပညာတတ်ဖို့ အခွင့်အလမ်း မရှိဘူး၊ သူတို့ အလုပ်ကို ရွေးချယ်ဖို့ အခွင့်အရေးတောင် မရှိဘူးလို့ ပြောကြတယ်။ ပြီးတော့၊ ကျွန်တွေက သူတို့ရဲ့ သခင်တွေနဲ့ လုံး၀သက်ဆိုင်နေတာမို့ ကျုပ်တို့ သူတို့ကို လေ့ကျင့်ပေးရင်တောင် သူတို့ သခင်တွေကိုပဲ အကျိုးပြုလိမ့်မယ်”

"ရှင် စတက်ဂျ် မိသားစုက ပေးခဲ့တဲ့ ကျွန်အလုပ်သမား ရာပေါင်းများစွာကို စဉ်းစားနေတာလား။" ဆယ်ဗီနီက ပြုံးပြီး ပြောလိုက်သည်။

"အဲဒါကို စဉ်းစားလို့ရတယ်။" ရှုယီ က ပခုံးတွန့်လိုက်သည်။

Frestech ကုန်သည်ကြီးများအသင်းကို စဖွဲ့စဉ်က လက်စ်လိုင်းမှာ Frestech ကုန်သည်ကြီးများအသင်းထံကျွန်တစ်ရာကို ပေးခဲ့သည်။ သူတို့သည် မှော်စက်ထုတ်လုပ်နည်းအချို့ကို ကျွမ်းကျင်ခဲ့ကြ၏။

ထို့နောက် စတက်ဂျ် မိသားစုသည် လျောက်ပတ်သော ကျွမ်းကျင်မှုများ ရရှိထားသည့် Frestech ကုန်သည်ကြီးများအသင်းထံသို့ နောက်ထပ် ကျွန်သုံးရာကို စေလွှတ်ခဲ့သည်။

ထို့နောက် စတက်ဂျ် မိသားစု သည် ၎င်းတို့၏ မှော်စက်ကုမ္ပဏီကို တည်ထောင်သောအခါ၊ ဤကျွန်များသည် ၎င်းတို့၏ အရေးကြီးသော ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ရှုယီအတွက်၊ ထိုကျွန်လေးရာသည် စတက်ဂျ် မိသားစုအား သူပေးခဲ့သော အလကားလက်ဆောင်များဖြစ်သည်။

အဲဒီတုန်းက သူ့မှာ ရွေးချယ်စရာမရှိပေမယ့် အခုတော့ ကျေးဇူးမဲ့တဲ့အလုပ်ကို ထပ်ပြီးလုပ်ချင်စိတ်မရှိတော့ဘူး။

"ဒါဆို ဟာ မင်းဟာ သတင်းစာတွေပြောသလိုမျိုး မမြင့်မြတ်ဘူးလို့ ဆိုတဲ့အဓိပ္ပာယ်ပဲ၊ Frestech ရဲ့ အကျိုးကျေးဇူးအတွက် မင်းဒါကို လုပ်နေတာ။" ဆယ်ဗီနီက စနောက်လိုက်သည်။

"ဟုတ်ပါတယ် ကျုပ်က သူတော်စင်မဟုတ်ဘူး" ရှုယီက သဘာဝကျကျဟန်ဖြင့်ပြောသည် "ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ဒီကျွန်တွေကို သခင်တွေက ထိန်းသိမ်းထားပြီး ဘာမှလုပ်လို့မရဘူး။ သူတို့ကို ပေးခဲ့ရင်၊ သူတို့ရဲ့ တန်ဖိုးတွေကို အကြိမ်ရေ မရေတွက်နိုင်အောင် မြှင့်တင်ပေးနိုင်ပါတယ်။ သာမာန်လူတွေက မှန်ကန်တဲ့ရွေးချယ်မှုဆိုတာ သိသင့်တယ်ထင်တယ် မဟုတ်လား။”

"အဲဒီသခင်တွေက ရှင့်ကို သူတို့ရဲ့ကျွန်တွေကို မပေးချင်ကြတာ သနားစရာပဲ" ဆယ်ဗီနီက ပြောသည်။

"ဒါဆို ကျုပ်နားလည်ပြီ၊ ဒီတစ်ခါတော့ ဒီကောင်တွေ မျိုချလိမ့်မယ်လို့ ကျုပ်မျှော်လင့်ထားတဲ့ ငါးစာကြီးကို ပြင်ဆင်ပြီးပြီ......"

ရှုယီ၏ မျက်နှာပေါ်ရှိ ဝင့်ကြွားသောအကြည့်ကိုမြင်လိုက်ရသောအခါ၊ ဆယ်ဗီနီသည် ဤလူ ရှုယီ တွင် ဆိုးသွမ်းသောအကြံအစည်ရှိရမည်ဟု ထင်မိမည်။

ရှုယီအကြောင်းကို သူမနားလည်သဖြင့် သူ့တွင် ငါးစာကြီးရှိသည်ဟု ပြောသောကြောင့် သာမန်လူများအထိ အလွန်ဆွဲဆောင်မှုရှိစေရမည်။

မခုခံနိုင်ခဲ့ပါ။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၉၅။ သင်္ဘောများဝယ်ယူခြင်း

အနောက်အရပ်မှ နေရောင်မှာ ပင်လယ်ပြင်ကို နီရဲနေစေသည်။

သို့သော်လည်း သေချာကြည့်ကြည့်လျှင် ပင်လယ်ပြင်၏ သွေးနီရောင်မှာ နေမှ‌လာခြင်းလုံးဝမဟုတ်ကြောင်း တွေ့ရလိမ့်မည်။

ပင်လယ်ပြင်၌ သစ်သား ပျဉ်ပြားများမျောနေကာ မီးခိုးရောင်အဝတ်နှင့် အလောင်းများက ၎င်းတို့အကြားရှိနေသည်။

သွေးနီရောင်တောက်တောက် အလင်းတန်းများမှ လာသော အလောင်းများမှာ ပင်လယ်ပြင်ကို ဤ သွေးလန့်ဖွယ်အရောင်ဖြင့် ခြယ်မှုန်းထားပါ၏။

သို့သော်၊ ဤဝမ်းနည်းဖွယ်မြင်ကွင်းသည် ရီမီတို ရူဆဲလ် ၏မျက်လုံးများပေါ်သို့ရောက်သွားသောအခါ၊ ၎င်းသည် သူ့နှလုံးသားကို လုံးဝလှုပ်ရှားမသွားစေခဲ့ပေ။

အလောင်းများနှင့် သင်္ဘော၏ ပျက်စီးနေသော အပိုင်းအစများ မြုပ်သွားသည်ကို ကြည့်နေစဉ် အလောင်းများကို ဘေးတွန်းကာ ဖြတ်သန်းလာသော သင်္ဘောကြီးတစ်စင်းက ရေဝဲတစ်ခုကို ဖန်တီးလိုက်ရာ ရူဆဲလ်မှာ မျက်လုံးများ မနေနိုင်အောင်ကျဉ်းမြောင်းမိ၏။

ဤသည်က ကန်ဒရာအင်ပါယာ တတိယတော်ဝင်ရေတပ်နှင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့် သင်္ဘောစုတို့ အတူအလုပ်စလုပ်ပြီး ၁၇ရက်မြောက်နေ့ဖြစ်သည်။ ၎င်းတို့မှာ ယနေ့ ၎င်းပင်လယ်ဓားပြများကို ဆုံခဲ့ပြီး ဤသည်က ၁၇ရက်အတွင်း ဆုံခဲ့သမျှ ပင်လယ်ဓားပြများအနက် ၁၃ဖွဲ့မြောက်ပင်။

၎င်းက မတိုင်ခင်က ပင်လယ်ဓားပြ ၁၂ဖွဲ့ကဲ့သို့ပင်၊ ကန်ဒရာအင်ပါယာ၏တော်ဝင်ရေတပ်က လုံးဝ လှုပ်ရှားဖို့ မလိုလိုက်ပေ။ ပင်လယ်ဓားပြများ၏ ခြေရာကို တွေ့ချိန်၌ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုမှာ ချက်ချင်းပင် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့၏။ ပင်လယ်ဓားပြများထံမှ တစ်ထောင်မီတာအကွာ၌ ရှိနေဆဲတွင် ပင်လယ်ဓားပြများကို လုံးအနိုင်ယူလိုက်နိုင်ပြီးဖြစ်သည်။

ထိုသနားစဖွယ် ပင်လယ်ဓားပြများမှာ အဆုံး၌ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုကိုပင် မထိနိုင်ဘဲ ပင်လယ်ထဲ နစ်မြုပ်သွားကြပါ၏။

လှေငယ်လေးအချို့ဖြင့် အမြန်ပြေးသွားကြသည့် ပင်လယ်ဓားပြတချို့မှလွဲ ကျန်ပင်လယ်ဓားပြအားလုံး ပင်လယ်ထဲ နစ်မြုပ်ကုန်ကြသည်။

၎င်းတို့ကို စောင့်ကြိုနေသည့် ကံတရားက ငါးမန်းပါးစပ်ထဲကျရောက်ခြင်းသို့မဟုတ် ရေနစ်သေခြင်းတို့သာ။

ရူဆဲလ်မှာ ထိုပင်လယ်ဓားပြများအတွက် မည်သည့်သနားညှာတာမှုကိုမှ မခံစားရသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ ပြင်းထန်သောတိုက်ခိုက်မှုကို မြင်ရသည့် အကြိမ်တိုင်း နဖူးထက်ရှိ သွေးကြောတစ်ခု ပေါက်ထွက်မလိုဖြစ်နေရသည်။

အနှီပင်လယ်ဓားပြများသာ ကန်ဒရာအင်ပါယာတော်ဝင်ရေတပ်မှ ဆိုပါလျှင် ရလာဒ်များက ခြားနားလောက်မလား?

အစပိုင်းတွင် ရူဆဲလ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောစုနှင့် တိုက်ခိုက်ရင်ဆိုင်မည့် နည်းလမ်းများစွာ ရှိနေခဲ့သေးသည်။

ဥပမာပြောရသော် ၎င်းတို့ကို ကြိုတင် ဝိုင်းထားပြီး ပစ်လွှတ်ဖို့ အကွာအဝေးမပေးခြင်းပင်။

ဥပမာပြောရသော် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစု တိုက်ခိုက်ရန် များပြားသည့် ဆုံးရှုံးမှုများအား ဂရုမစိုက်ဘဲ တတ်နိုင်သမျှ မြန်မြန် အနီးသို့ဆွဲခေါ်ကာ ၎င်းတို့၏ အားသာချက်ကို အရေအတွက်အလိုက် အနိုင်ရခြင်းဖြစ်သည်။

သို့မဟုတ် ဥပမာပြောရသော်....

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုများမှ ပင်လယ်ဓားပြများကို အချိန်တိုင်း အရှက်ရစေသည်အား ကြုံတွေ့ရပြီးနောက် ရူဆဲလ်မှာ သူ၏ စိတ်ထဲ ပေါ်လာခဲ့သမျှ အစီစဉ်အားလုံးကို ပစ်ထုတ်လိုက်တော့သည်။

ယခုတွင် ကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ်ဖြစ်လျှင်တောင် ရလာဒ်က ခြားနားမည်မဟုတ်မှန်းသေချာသွား၏။

တစ်ခုတည်းသော ခြားနားချက်မှာ ကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ်က ထိုပင်လယ်ဓားပြများထက် အနည်းငယ် ပိုကြာကြာ တောင့်ခံထားနိုင်မည်ပင်။

လူများများပို၍ လွတ်မြောက်နိုင်သည်လား ဆိုသည်ကတော့ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုနှင့် ဆိုင်သည်။

ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုများမှာ ကန်ဒရာအင်ပါယာတော်ဝင်ရေတပ်၏ သစ်သားသင်္ဘောများထက် ပိုမြန်သည်။ ၎င်းတို့သာ နောက်လိုက်လိုလျှင် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်ပေ။

ရှေ့တန်းတိုက်ပွဲကရော?

ဟာသပဲ!

Frestech ကုန်သည်ကြီးများအသင်း၏ ကြောက်မက်ဖွယ် မှော်ဒုံးပျံများမှာ ချဉ်းမကပ်နိုင်ခင် သင့်ကို ဖျက်ဆီးလိုက်ပေလိမ့်မည်!

ထို့အပြင် ၎င်းတို့ ရေတပ်၏ အမြန်နှုန်းနှင့် ဝိုင်းထားရန်မှာ အိပ်မက်သာဖြစ်သည်။

ထို့ကြောင့် ရူဆဲလ်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ၁၇ရက်ကြာရှိလာခဲ့ပြီးနောက် စဉ်းစားကြည့်ပြီးနောက်တွင် သူ လက်မခံချင်သည့် အမှန်တရားရှိလာသော်လည်း ရွေးစရာမရှိပေ။

သူ့စိတ်ထဲရှိ အင်အားကြီးကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ်သာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုနှင့် တကယ် ရင်ဆိုင်ရလျှင် လုံးဝပြန်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။

ပင်လယ်ဓားပြများနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုအကြား တိုက်ပွဲများအကြောင်း ရခဲ့သမျှ အစီရင်ခံစာများကို စဉ်းစားမိချိန်တွင် ၎င်းတို့မှာ တုနှိုင်းမဲ့ တိကျသည်ကို စဉ်းစားမိသည်။

ဤသင်္ဘောစုမှာတခြားလောကမှ လာသည့်အတိုင်း လုံးဝ ဤခေတ်ကို ကျော်လွန်နေပါ၏။

သူလက်အောက်ရှိ ရေတပ်နှင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုတို့ စစ်မြေပြင်ကို ရှင်း‌လင်းနေသည်အား လှည့်ကြည့်လိုက်မိသည်။ ရူဆဲလ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုအနက် ရွက်သင်္ဘောအား ကပ်လာစေပြီးနောက် လှေငယ်လေးတစ်စင်းဖြင့် ရွက်သင်္ဘောထံသွားလိုက်သည်။

၎င်းတို့မှာ ယခု ပူးပေါင်းသည်က လတစ်ဝက်တာ ရှိပြီ‌ဆိုသော်လည်း ဤသည်က ရူဆဲလ်၏ ပထမဆုံးအကြိမ် Frestech ကုန်သည်ကြီးများအသင်း အစောင့်သင်္ဘောစုထံ ရောက်ချိန်ဖြစ်သည်။

လေ့လာသူတစ်ဦး၏ ရှုထောင့်မှ ဤသင်္ဘောသည် တုနှိုင်းမဲ့ ကြီးမားလှသည်ဟု သူထင်သော်လည်း သင်္ဘောပေါ် ရူဆဲလ် တကယ်ရောက်လာချိန်တွင် ဤသင်္ဘောများနှင့် Frestech ကုန်သည်ကြီးများအသင်း၏ တော်ဝင်ရေတပ်သင်္ဘောများအကြား ခြားနားချက်ကြီးတစ်ခုရှိကြောင်း တွေ့လိုက်ရသည်။

ထိုသင်္ဘောထံရှိ အကြီးမားဆုံးခြားနားချက်မှာ အံ့မခန်းတည်ငြိမ်နေခြင်းပင်။ ၎င်းက မြေပေါ်၌ ရပ်နေရသကဲ့သို့ဖြစ်ပြီး သစ်သားသင်္ဘောများကဲ့သို့ ပင်လယ်ပြင်မှ လှုပ်ခါစေခြင်းတို့ကို မခံစားရပေ။

ဤခြားနားချက်အတွက် အကြောင်းအရင်းမှာ သဘာဝကျကျပင် သင်္ဘောအား သံမဏိဖြင့် ပြုလုပ်ထားသောကြောင့်ပင်။ ၎င်း၏ အလေးချိန်က သစ်သားလှေများကို များစွာ ကျော်လွန်နေသဖြင့် ပင်လယ်ပြင်၌ များစွာပို၍ တည်ငြိမ်နေမည်သာ။

"ဆရာလက်စ်လိုင်း ဒီသင်္ဘောရဲ့ အလေးချိန်ကစုစုပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ ကျုပ်ကို ပြောပြလို့ရနိုင်မလား?" လက်စ်လိုင်းကို နှုတ်ဆက်ပြီးနောက် ရူဆဲလ်က ရုတ်တရတ် ထိုသို့မေးလိုက်သည်။

လက်စ်လိုင်းမှာ အံ့ဩသွားသော်လည်း စဉ်းစားပြီးနောက်၌ ခေါင်းခါရင်း ပြောလေ၏၊ "ကျုပ်လည်း သေချာမသိပါဘူး၊ ဒါပေမယ့် ဒီသင်္ဘောအတွက် သတ်မှတ်ထားတဲ့ သင်္ဘောဝမ်းပမာဏနဲ့ညီတဲ့ ရေထုအလေးချိန်ကတော့ တန်ခြောက်ရာကျော်လောက်မယ်။"

"တန်ခြောက်ရာ!" ရူဆဲလ်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး မနေနိုင်စွာ အံ့ဩဟန်ပြလာသည်။

ကန်ဒရာအင်ပါယာ၏ အကြီးမားဆုံးသင်္ဘောမှာ မိုးချုန်းသင်္ဘောဖြစ်၏။ ထုတ်လုပ်ရေးစံနှုန်းအရ အ‌လေးချိန်မှာ သစ်သားလိုအပ်မှု တန်တစ်ရာအောက်သာရှိသည်။

၎င်းအလေးချိန်က ထိုသင်္ဘော၏အလေးချိန်ထက် ခြောက်ပုံတစ်ပုံပင်မရှိပေ!

သစ်သား၏ သိပ်သည်းဆအား သံမဏိဖြင့် နှိုင်းစာမရသော်လည်း အတော်ကို လွန်ကျူးနေသည့် ခြားနားချက်ဖြစ်နေဆဲပင်။

ထို့ကြောင့် အနှီသင်္ဘောများထက် မိုးချုန်းသင်္ဘောများမှာ မည်သို့ ပိုမိုသေးငယ်သည်ကို မတွေးနှင့်ဦး၊ ထိုအစောင့်သင်္ဘောကြီးများ တင်ဆောင်ထားသည့် မှော်အမြောက်နှင့် ကြောက်မက်ဖွယ်စစ်ဘက်သုံးမှော်စက်များကို မေ့ထားလျှင်တောင် မိုးချုန်းသင်္ဘောများမှာ အစောင့်သင်္ဘောထံမှ အထိအတွေ့တစ်ချက်ကိုပင် တောင့်ခံနိုင်မည်မဟုတ်ပေ။

၎င်းကိုယှဉ်ကြည့်သော်.... မဟုတ်၊ ၎င်းတို့အား ယှဉ်ကြည့်ရန်ပင် အရည်အချင်းမမီချေ။

ရူဆဲလ်မှာ သူ့စိတ်ထဲရှိ အံ့ဩမှုကို ဖိနှိပ်၍ ခေါင်းငုံ့ကာ သူ့ခြေထောက်အောက်မှ ကုန်းပတ်ကို ကြည့်လိုက်သည်။ သူဟာ ကုန်းပတ်ထက်ရှိ သံမဏိစင်္ကြံထူကြီးကို ကြည့်ရင်း သံသယရှိလာ၏။

ဤအစောင့်သင်္ဘောသာ တန်ခြောက်ရာရှိပါလျှင် သူ့ရှေ့၌ အစောင့်သင်္ဘောနှစ်ဆယ်လည်း ရှိနေသေးသည်။

တွက်ကြည့်လိုက်သော် ၎င်းမှာ တုန်လှုပ်ဖွယ် သံမဏိတန်ပေါင်း တစ်သောင်းနှစ်‌ထောင်ပါပင်။

အစောင့်သင်္ဘောတည်ဆောက်ရာ၌ သုံးသည့် သံမဏိက သာမန်သံများနှင့် ခြားနားသည်ကို မဆိုထားနှင့် ၎င်းက ခိုင်မာရုံသာမက သံချေးဒဏ်လည်း ခုခံနိုင်သည်။ သာမန်သံ တန်ပေါင်း သောင်းနှစ်ထောင်ဆိုပါလျှင်တောင် ၎င်းကို မည်သို့လုပ်နိုင်သည်အား ရူဆဲလ်အနေနှင့် စိတ်ကူးပင်မယဉ်နိုင်ချေ။

ဤအစောင့်သင်္ဘောမှာ သံမဏိပြားများ ဂဟေဆက်ရာမှ ပုံသွင်းလာခြင်း ဖြစ်လာပုံရသော်လည်း အနှီသံမဏိပြားများကို မည်သို့ ပြုလုပ်သနည်း? မည်သို့များ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အနှီသံမဏိပြားများကို ပြီးပြည့်စုံစွာ အတူတကွတပ်ဆင်နိုင်ပြီး ဤသို့ တည်တည်မြဲမြဲပုံသွင်းနိုင်သနည်း?

၎င်းမေးခွန်းက ရူဆဲလ်၏ စိတ်ထဲ၌ လဝက်ကြာနေခဲ့ပြီး ယခုတွင် လက်စ်လိုင်းကို စကားပြောနိုင်ပြီဖြစ်ရာ ရှင်းလင်းသည့် ဖြေရှင်းချက်ရနိုင်ရန် မျှော်လင့်မိသည်။

သို့သော်လည်း လက်စ်လိုင်းက အပြုံးဖြင့် ခေါင်းခါပါ၏။

"ဆောရီးပါ ဆရာရူဆဲလ်, ဒါက ကျုပ်တို့ လုပ်ငန်းစု၏ရဲ့ လျှို့ဝှက်ချက်မို့ ကျုပ်ပြောပြလို့မရပါဘူး။ ပြီးတော့ ကျုပ်အနေနဲ့ ခင်ဗျားကို ပြောဖို့ လုပ်ငန်းစုရဲ့ စည်းမျဉ်းကို ဆန့်ကျင်ချင်ရင်ဆောင် ကျုပ်အနေနဲ့ လုံးဝနားမလည်တာကြောင့်... ဘယ်လိုလုပ်ရမယ်မှန်းမသိဘူး။"

"နားမလည်ဘူးလား?" ရူဆဲလ် က မျက်ခုံးကို အနည်းငယ် တွန်ချိုးလိုက်ပြီး အနည်းငယ် စိတ်မချမ်းသာသလို ဖြစ်နေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ငန်းလျှို့ဝှက်ချက်နှင့် ပတ်သက်သောကြောင့် လက်စ်လိုင်း က ၎င်းအကြောင်းကို မပြောချင်လျှင် သူနားလည်နိုင်သည်။

သို့သော် သူနားမလည်ဘူးဟုပြောခဲ့သည်က၊ ဟာသလောက်သာဖြစ်၏။

သူသည် Frestech ကုန်သည်ကြီးများအသင်း အစောင့်တပ်ဖွဲ့၏ တပ်မှူးဖြစ်သည်၊ ဤသင်္ဘော၏ အလုပ်လုပ်ပုံကို သူ မည်သို့ နားလည်မလည်နိုင်ဘဲရှိမည်နည်း။

"ကျုပ် တကယ်နားမလည်ဘူး" ရူဆဲလ် မပျော်မရွှင်ဖြစ်နေသည်ကို မြင်သော် လက်စ်လိုင်း က ပြုံးပြီး ရှင်းပြ၏၊ “ဒီသင်္ဘောမှာ အထူးပြုထားတဲ့ မှော်စက်နည်းပညာပါ၀င်တယ်၊ ဒါကို ကျုပ် တစ်ခါမှ မလေ့လာဖူးဘူး။ ဒီသင်္ဘောကို ဘယ်လိုသုံးရမယ်ဆိုတာတော့သိပေမယ့်၊ ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ မသိဘူး။"

ရူဆဲလ်သည် အနည်းငယ် ငြိမ်သက်နေပြီးနောက်မှ လက်စ်လိုင်း ၏စကားများကို သဘောတူကြောင်း ခေါင်းညိတ်ပြသည်။

ထိတ်လန့်တုန်လှုပ်ဖွယ်နည်းပညာပါရှိသော ဤသင်္ဘောမပြောနှင့်၊ ဤ မိုးချုန်း သင်္ဘော၏ ဒုဦးစီးအရာရှိအနေဖြင့် ၎င်းအားမည်ကဲ့သို့ပြုလုပ်ခဲ့သည်ကို မသိရှိပေ။

သို့သော် သူထိုသို့မေးစဉ်က လက်စ်လိုင်း ဆီက ထိုအဖြေရလာဖို့ မစဉ်းစားခဲ့မိပေ။

အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် ရူဆဲလ်က လေးနက်သောဟန်ဖြင့်ပြောသည်၊ “ဆာရ် လက်စ်လိုင်း ၊ ဒီပူးပေါင်းဆောင်ရွက်မှုကနေ၊ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောအကြောင်းကို ကျုပ်နက်နက် ရှိုင်းရှိုင်းနားလည်ခဲ့တယ်။ ကျုပ်တို့ ကန်ဒရာအင်ပါယာရဲ့တော်ဝင်ရေတပ်ကလည်း ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ တရားဝင်ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း ဥက္ကဌရှုဆီ လက်ဆင့်ကမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအစောင့်သင်္ဘောတွေနဲ့ ပတ်သက်ရင် ဆွေးနွေးလို့ရတဲ့ နေရာတွေ အများကြီးရှိမယ်ထင်တယ်။”

လက်စ်လိုင်းက ခပ်ဖျော့ဖျော့ပြုံးကာ “ဆာရူဆဲလ် ခင်ဗျား ဒီအစောင့်သင်္ဘောတွေကို စိတ်ဝင်စားတယ်ဆိုရင် ဥက္ကဌက ခင်ဗျားနဲ့ ဆွေးနွေးရတာ အရမ်းဝမ်းသာမယ်လို့ ကျုပ်ထင်ပါတယ်။ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးတော့ ဒီလိုရှုပ်ထွေးအောင်လုပ်ဖို့ လိုမယ်မထင်ပါဘူး။”

"အိုး? ဆာရ် လက်စ်လိုင်း ၊ ခင်ဗျားမှာ ထင်မြင်ချက် တစ်ခုခုရှိလား။"ရူဆဲလ် က နည်းနည်းတော့ အံ့သြသွားသည်။

"ဒါဟာ ကြီးမားတဲ့အကြံဉာဏ် မဟုတ်ပါဘူး" လက်စ်လိုင်း ၏အပြုံးက နည်းနည်းဝင့်ကြွားလာကာ လက်ဝှေ့ယမ်းရင်း ပြောသည်၊ "ကန်ဒရာအင်ပါယာရဲ့ တော်ဝင်ရေတပ်က ဒီအစောင့်သင်္ဘောတွေကို စိတ်ဝင်စားတဲ့အတွက်၊ အရမ်းရိုးရှင်းပါတယ်။ ကျုပ်တို့ တိုက်ရိုက် ရောင်းလို့ရတယ်။"

"သူတို့ကို တိုက်ရိုက်ရောင်းတာလား" ရူဆဲလ်က "ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီအင်အားကြီး အစောင့်သင်္ဘောတွေကို ရောင်းချဖို့ ဆန္ဒရှိနေတာဖြစ်နိုင်ပါ့မလား"

“ဟုတ်ပါတယ်၊ ကျုပ်တို့ လုပ်ငန်းစုတစ်ခုဖွင့်ပြီး လူတွေက ကျုပ်တို့ပစ္စည်းတွေကို ဝယ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ဘာလို့ မရောင်းရမှာလဲ။” လက်စ်လိုင်းက အေးအေးဆေးဆေး အကြည့်နှင့် စကားပြောရင်း ပခုံးတွန့်ပြသည်။

ရူဆဲလ် သည် လက်စ်လိုင်း ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ရှုကာ နောက်ပြောင်ခြင်းမဟုတ်ကြောင်း အတည်ပြုပြီးနောက် အသက်ရှုအောင့်၍ ဂရုတစိုက်မေးလိုက်သည်၊ “ဒါဆို သခင် လက်စ်လိုင်း ၊ ဒီအစောင့်သင်္ဘောတွေအတွက် စျေးနှုန်းက ဘယ်လောက်လဲ။"

“စျေးမကြီးပါဘူး၊ ဈေးမကြီးပါဘူး။” လက်စ်လိုင်း က လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး "သင်္ဘောတစ်စင်းမှ ရွှေဒင်္ဂါးနှစ်သန်းပဲ"

ရူဆဲလ်၏ မျက်လုံးများသည် မည်းမှောင်လာပြီး သွေးများ ထွက်လုမတတ် ဖြစ်နေသည်။

ဤမိုက်မဲသော Frestech ကုန်သည်ကြီးများအသင်း၊ သူတို့သည် ပို၍ စိတ်သဘောထား ညစ်ထေးသည်လား?

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၉၆။ လူများနှင့် ဖလှယ်ခြင်း

Frestech ကုန်သည်ကြီးများအသင်းက နှလုံးသားမည်းနက်သည်ဟု အငြင်းပွားသူမှာ ရူဆဲလ်တင်မကပေ။ လက်စ်လိုင်း‌နှင့် ပြောနေသည့်နေရာမှ ကီလိုမီတာသုံးထောင်အဝေးရှိ လမ်ပူရီတိုင်းပြည်အထိ Frestech ကုန်သည်ကြီးများအသင်းကို ဆူဆဲနေသူ မရေတွက်နိုင်အောင်ရှိသည်။

ဘုရင်မကြီးဆယ်ဗီနီ၏ ကလေးမွေးဖွားပြီး နောက်တစ်ပတ်အကြာတွင် Frestech ကုန်သည်ကြီးများအသင်းမှ ဘုရင်မကြီးကလေးမွေးဖွားခြင်းကိုဂုဏ်ပြုရန ်ရုတ်တရက်ကြေညာချက်ထုတ်ခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်၏ ပြည်သူများအတွက် အရေးကြီးသော နည်းပညာ အမျိုးအစားသစ်ကို ကြေညာခဲ့ပြီး ၎င်းအား ဘုရင်မကြီးအတွက် အထိမ်းအမှတ် လက်ဆောင်အဖြစ် မှတ်ယူမည်ဖြစ်သည်။

ဤသတင်းသည် လမ်ပူရီတိုင်းပြည်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပြီး အခြားတိုင်းပြည်များ၏ အာရုံစိုက်မှုကိုလည်း ခံခဲ့ရသည်။

Frestech ကုန်သည်ကြီးများအသင်းတွင် မှော်စက်များအသုံးပြုသောအခါတွင် အခြားသောလုပ်ငန်းစုများထက် အဆပေါင်းများစွာ သာလွန်သောနည်းပညာများ ရှိသည်ကို လူတိုင်းသိကြသည်၊ ထို့ကြောင့် ၎င်းတို့မှာ ထိုအချက် သို့ရောက်သောအခါတွင် အကြွင်းမဲ့ သာလွန်မှုရှိသည် ။

အခြားလုပ်ငန်းစုများအနေနှင့် အမီလိုက်နိုင်ရန် ဖွံ့ဖြိုးတိုးတက်မှုတွင် အချိန်နှင့်ငွေကို ရင်းနှီးမြုပ်နှံနိုင်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ ပြည့်စုံသော နည်းပညာကိုရရှိရန် လွယ်ကူပုံနှင့် ၎င်းတို့၏ကိုယ်ပိုင်သုတေသနကို မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။

အိမ်သုံးမှော်စက်နည်းပညာကို ၎င်းတို့ထံလွှဲပြောင်းရန် အစပျိုးလုပ်ဆောင်နေသည့် Frestech ကုန်သည်ကြီးများအသင်းကြောင့်သာမဟုတ်ပါက၊ မှော်စက်လုပ်ငန်းတွင် Frestech ကုန်သည်ကြီးများအသင်းသည် အရာအားလုံးရှိမည်ဖြစ်ပြီး လက်ဝါးကြီးအုပ်ထားနိုင်မည်ဖြစ်သည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှ အရေးကြီးသည်ပ နည်းပညာတို့ကို မျှဝေမည်ဟု ကြေညာလိုက်သည့်အခါ လူတိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရပါ၏။

Frestech ကုန်သည်ကြီးများအသင်းသည် လူများကိုစိတ်ပျက်စေခြင်းမရှိပါ။ ဘန်တာမြို့သတင်းစာရှင်းလင်းပွဲတွင် Frestech ကုန်သည်ကြီးများအသင်းမှကြေညာလိုက်သောနည်းပညာသည် လူတိုင်း၏ခန့်မှန်းထားသည်ထက် သာလွန်သောအဆင့်တွင်ရှိနေသည်။

၎င်းနည်းပညာမှာ သံမဏိထုတ်လုပ်နည်းပညာပင်။

မှော်စက်အမျိုးအစားများစွာရှိသော်လည်း၊ မှော်မီးအိမ်ကဲ့သို့ အိမ်သုံးမှော်စက်များမှ ဧရာမ မှော်သင်္ဘောများအထိ ၎င်းတို့၏လုပ်ဆောင်မှု သို့မဟုတ် စွမ်းဆောင်နိုင်မှုတို့အားလုံးမှာ မတူညီကြချေ။

သို့သော် မည်သည့်မှော်စက်မျိုးပဲဖြစ်ဖြစ်၊ အားလုံးကို အရေးကြီး သံမဏိတစ်ခုကိုသာ အသုံးပြု၍ ပြုလုပ်ကြသည်။

Frestech ကုန်သည်ကြီးများအသင်း ထွက်ပေါ်မလာခင်က စိုင်စ်နယ်မြေကြီးတွင် သံမဏိ မရှိခဲ့ပါ။

သံရည်ကျိုခြင်းသည် စိုင်စ်နယ်မြေကြီးတွင် နှစ်ပေါင်းထောင်ချီကြာရှိခဲ့သော နည်းပညာတစ်ခုဖြစ်ပြီး ၎င်းတွင် အကျွမ်းကျင်ဆုံးမှာ လူပုများဖြစ်သည်။

သို့သော် ယင်းမတိုင်မီက သံနှင့်ပြုလုပ်ထားသည့်ပစ္စည်းများကို ရိုးရှင်းသောနေ့စဉ်ဘဝအတွက် အဓိကအသုံးပြုခဲ့ကြသည်။ ၎င်းတို့သည် အလွန်ရှုပ်ထွေးခြင်းမရှိသည့်အပြင် တောင်းဆိုမှုများလည်း မမြင့်မားပေ။

တစ်ခုတည်းသော မြင့်မားသည့် လိုအပ်ချက်မှာ လက်နက်နှင့် သံချပ်ကာများကို တည်ဆောက်ရာတွင် အသုံးပြုခြင်းသာ ဖြစ်သည်။

ပန်းပဲကျွမ်းကျင်အဆင့်မြင့်သော စွမ်းအားကြီး ပန်းပဲဆရာအချို့ရှိသော်လည်း၊ Frestech ကုန်သည်ကြီးများအသင်းမတိုင်မီတွင် သံကို သန့်စင်ရာ၌ ကွဲပြားပြီး တင်းကျပ်သော လိုအပ်ချက်များ ရှိကာ ထိုကဲ့သို့ ပမာဏကြီးတစ်ခုအထိ သံကို ရောစပ်သူ တစ်ယောက်မျှ မရှိခဲ့ပါ။

Frestech ကုန်သည်ကြီးများအသင်းသည် သန့်စင်ပြီးသားသံကို သံမဏိထုတ်ကုန်များအဖြစ်ပင် သတ်မှတ်ခဲ့ပြီး ၎င်းတို့၏ ဂုဏ်သတ္တိများနှင့် အသုံးပြုမှုများအပေါ် အခြေခံ၍ ခွဲခြားသတ်မှတ်ခဲ့သည်။

ယခင်ကဆိုလျှင် သံရည်ကျိုခြင်းသည် လူတစ်ဦးတစ်ယောက်၏ ကျွမ်းကျင်မှုကို သရုပ်ပြခြင်းမျှသာဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းပေါ်လာပြီးနောက် သံရည်ကျိုခြင်း.....အိုး၊ မဟုတ် ယခုအခေါ် သံမဏိ အရည်ကျိုခြင်းဟူသည့် လုပ်ငန်းဟာ ယခင်ကထက် အဆမတန် များပြားသည့် လိုအပ်ချက်နှင့် အတိုင်းအတာကြီးမားကာ ကောင်းမွန်သော လုပ်ငန်း ဖြစ်လာသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ပထမဆုံးသောသံမဏိစက်ရုံ ထွက်လာပြီးနောက် ဘန်တာမြို့ရှိ ပန်းပဲဆရာအကြီးအငယ် အားလုံးကို အနိုင်ယူခဲ့သည်။

ထို့နောက် ဒုတိယ၊ တတိယနှင့် ယခု ဆဋ္ဌမသံမဏိစက်ရုံသည် လစဉ်သံမဏိတန်ချိန်တစ်သန်းကျော်ထုတ်လုပ်ပြီး လမ်ပူရီတိုင်းပြည်ရှိ ပန်းပဲသမားအားလုံးအတွက် ကြီးမားသောထိခိုက်မှုဖြစ်ခဲ့သည်။

ထို့နောက် ဒုတိယ၊ တတိယနှင့် ယခု ဆဌမမြောက် စက်ရုံထွက်လာကာ လစဉ်သံမဏိတန် တစ်သန်းကျော် ထုတ်လုပ်လာချိန်တွင် လမ်ပူရီတိုင်းပြည်ရှိ ပန်းပဲဆရာအားလုံးအတွက် ရိုက်ခတ်မှုကြီးတစ်ခု ဖြစ်လာခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းထံ၌ ၎င်းတို့၏ လုပ်ငန်းကိုယူဆောင်ရန် အတွေးရှိလျှင်တောင် ထိုသို့လုပ်ဆောင်ခြင်းဖြင့် အခြားလုပ်ငန်းစုများကို နှောင့်နှေးစေခဲ့ခြင်းမရှိပေ။

ဤသာမန် ပန်းပဲဆရာများမှာ အဓိကအားဖြင့် ရိုးရှင်းသော သံထည်ကိရိယာများနှင့် အလုပ်လုပ်ကာ လက်နက်များ ချပ်ဝတ်များကို တပ်ဆင်ကြသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုကြောင့် ၎င်းတို့မှာ လက်နက်နှင့် ချပ်ဝတ်များကို ထုတ်လုပ်ရေးလိုင်းအလုပ်များအဖြစ်ပြောင်းလဲလုပ်ကိုင်ခဲ့ကြသည်။ ၎င်းတို့ ပြုလုပ်သည့် လက်နက်များနှင့် ချပ်ဝတ်တို့၏ အကျုံးဝင်မှုဖြစ်စေ အရည်အသွေးဖြစ်စေ အားလုံးမှာ ပန်းပဲဆရာများထက်ပိုကောင်းကာ ၎င်းတို့၏ စီးပွားကို ယူဆောင်သွားခဲ့ကြသည်။

နောက်တွင် အခြားလုပ်ငန်းစုများမှာ လုပ်ငန်းအကြံအစည်တစ်ခုကို အမြန် တွေ့ရှိသွားကြသည်။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းထံမှ ပစ္စည်းအချို့ကို မမှာယူခင်တွင် ထုတ်လုပ်ရေးမှော်စက်အချို့ မှာယူ၍ တူရွင်း၊ ပေါက်ပြားတို့ကဲ့သို့သော သာမန် သံထည်ကိရိယာများကိုလုပ်ကာ ဖြည်းဖြည်းချင်း သာမန် ပန်းပဲဆရာများကို ချေဖျက်လာခဲ့ကြသည်။

လမ်ပူရီတိုင်းပြည်၌ အင်မတန်ဝေးလံလှသော မြို့လေးအချို့မှ လွဲလျှင် ပန်းပဲဆရာတစ်ဦးမှ မရှိတော့ချေ။

အကောင်းဆုံးကျွမ်းကျင်မှုရှိကြသည့် လူပုလေးများအားလုံးကို Frestech ကုန်သည်ကြီးများအသင်းက ခေါ်ဆောင်သွားပြီး ၎င်းတို့၏ အလုပ်သမားများဖြစ်လာကြသည်။

၎င်းအတွက် အကြောင်းပြချက်က အင်မတန်ရိုးရှင်းပါ၏၊ သံမဏိပြုလုပ်ခြင်းအတွက် သော့ချက်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ရှိနေဆဲပင်။

Frestech ကုန်သည်ကြီးများအသင်း၏ သံမဏိမှာ ပန်းပဲဆရာများထံ၌ ပြုလုပ်သည့် သံများထက် များစွာ ပိုကောင်းပြီး အမျိုးစုံသော လိုအပ်မှုများကို ခွင့်ပြုပေးသည့် မတူညီသော ဂုဏ်သတ္တိအမျိုးစုံလည်းရှိသည်။

၎င်းအတွက် အကျော်ကြားဆုံးမှာ သံချေးမတက်သော သံမဏိ(stainless steel)အရည်အသွေးရှိ သတ္တုစပ်များဖြစ်သည်။

အိမ်သူံးမှော်စက်များ၌ ကြီးကြီးမားမား အသုံးပြုခြင်းအပြင် အနှီ သံချေးမတက်သော သံမဏိသတ္တုစပ်များကို ယေဘုယျကိရိယာများ၌ သုံးကြသဖြင့် ဝယ်လိုအားကြီးမားသည်။

Frestech ကုန်သည်ကြီးများအသင်းလက်အောက်ရှိ သံမဏိစက်ရုံ ခြောက်ရုံမှာ တစ်လလျှင်သံမဏိ တစ်သန်းထုတ်လုပ်သော်လည်း လိုအပ်ချက်ကို ရောက်ရန် မလုံလောက်ပါချေ။

တကယ်တမ်းတွင် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းအား တင်းကြပ်ထားသော သံမဏိထုတ်လုပ်မှုကြောင့် အစိတ်ပိုင်းကြီးကြီး ကန့်သတ်ထားသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့ကိုယ်တိုင်အတွက် အသုံးပြုရန် သံမဏိလုံလုံလောက်လောက်ကို ဘယ်တုန်းကမှ မရရှိသဖြင့် ၎င်းတို့ အနေနှင့် အခြားလုပ်ငန်းစုများအတွက် ထုတ်ပေးနိုင်သော များများစားစားမဟုတ်ပေ။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ကန့်သတ်ထားသော သံမဏိထုတ်နှုန်းက၎င်းတို့ကိုသာမက မှော်စက်လုပ်ငန်းစုများနှင့် ဘာမျှ လုပ်စရာမရှိသော်လည်း သံမဏိကို သုံးနေရသေးသည့် လုပ်ငန်းစုများတို့ကိုပါ သက်ရောက်စေသည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ၎င်းကို မျှဝေလိုခြင်းမှာ လူတိုင်း၏ စိတ်အားထက်သန်မှုနှင့် တိုက်ဆိုင်နေသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ နောက်ဆုံးတွင် ၎င်းတို့သာ ကိုင်ဆောင်ထားသည့် သံမဏိအရည်ကျိုခြင်းနည်းပညာကို ထုတ်ပေးရန်ဆန္ဒရှိခြင်းက လူတိုင်း ၎င်းတို့၏ ကိုယ်ပိုင်သံမဏိထုတ်ကုန်များကို သန့်စင်နိုင်ပြီဟူသော အဓိပ္ပာယ်ပင်။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းအား ဘိုးဘေးများကို တောင်းခံနေသလို တောင်းပန်နေစရာမလိုတော့ပါချေ။

မှန်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ဤအရေးပါသည့် နည်းပညာကို မျှဝေဖို့ ဆန္ဒရှိလာရာ ၎င်းတို့ပေးရမည့် တန်ကြေးက သေချာပေါက် မြင့်မားမည်ကို လူတိုင်းနားလည်ပါ၏။

သို့သော် Frestech ကုန်သည်ကြီးများအသင်းက ထိုနည်းပညာအတွက် ဈေးနှုန်းကို ထုတ်ပြလာချိန်တွင် လူတိုင်း အံ့ဩကာ ပြောစရာမဲ့သွားသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ဤတစ်ကြိမ်တွင် ငွေလည်း မလိုသလို တွင်းထွက်ရင်းမြစ်များလည်း မလိုဘဲ လူများ လိုချင်နေသည်!

၎င်းတို့မှာ သာမန်လူများသာ မဟုတ်ဘဲ ကျွန်များဖြစ်ကြပါ၏!

၎င်း၏ ဆိုလိုရင်းက၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ သံမဏိထုတ်လုပ်ရေးနည်းပညာကို လိုချင်လား? ရတယ်လေ ကျွန်တချို့နဲ့ လဲပေးလိုက်။

Frestech ကုန်သည်ကြီးများအသင်းမှာ ထိုကျွန်များအတွက်တင်းကြပ်သည့် နှုန်းများရှိသည်။ ၎င်းတို့မှာ ဆယ့်ခြောက်နှစ်ထက် ကြီးကာ လေးဆယ်အောက်ငယ်ရမည်ဖြစ်ပြီး မည်သည့်ချို့ယွင်းချက်မှ မရှိဘဲ လုံးဝ ကျန်းမာနေရမည်ပင်။ ၎င်းတို့သာ ဤနှုန်းထားအတွင်းမရှိပါက ၎င်းတို့ကို ကျွန်တစ်ယောက်၏ တစ်ဝက်အဖြစ်သာ သတ်မှတ်မည်ဖြစ်၏။

သို့သော် Frestech ကုန်သည်ကြီးများအသင်းမှာ ပို၍ပင် ထိတ်လန့်ဖွယ်ကောင်းသည့် စည်းမျဉ်းတစ်ခုကို ချပြထားသေးသည်။ လူများသာ ကျွန်မိသားစုအပြည့်လိုက် လွှဲပေးလျှင် ၎င်းတို့က တန်ကြေးပိုမြင့်လိမ့်မည်။

မည်သူကမှ Frestech ကုန်သည်ကြီးများအသင်း၏ ရည်ရွယ်ချက်များကို နားမလည်ကြသော်လည်း ၎င်းတို့၏ နှုန်းထားကြောင့် လူတိုင်းမှာ Frestech ကုန်သည်ကြီးများအသင်းက အတော် နတ်ဆိုးဆန်သည်ဟု ခံစားမိလိုက်ကြရသည်။

သောက်ကျိုးနည်း၊ C803သတ္တုစပ်ရဲ့ နည်းပညာလေးအတွက် ကျွန်အယောက်တစ်ထောင်ကျတယ်တဲ့!

ပြောရလျှင် ကျန်းမာသည့် အရွယ်ရောက်ကျွန်တစ်ယောက်ကို ကျွန်ဈေးကွက်၌ အနည်းဆုံး ရွှေဒင်္ဂါးငါးဆယ်နှင့် ရောင်းနိုင်သည်။ ကျွန်အယောက်တစ်ထောင်ဆိုလျှင် စုစုပေါင်း ရွှေဒင်္ဂါးငါးသောင်းကျော်တန်ကြေးရှိ၏!

ဤဈေးနှုန်းမြင့်မြင့်က သတ္တုစပ်လေးတစ်မျိုး သန့်စင်သည့် နည်းပညာအတွက် ဖလှယ်ရာလေးတစ်ခုသာ ဖြစ်၏။

၎င်းတို့သာ ကျွန်များနှင့် ဖလှယ်လျှင် အနီးကပ်ဆုံး ကျွန်ပေါင်း ရှစ်သောင်းကျလိမ့်မည်။

Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့၏ လွှဲပြောင်းပေးမှုကို လုပ်ငန်းစုတစ်ခုအထိ ကန့်သတ်မထားသည်ကို ပြောစရာပင်မလိုပြီ။ လူများစွာကသာ ၎င်းသံမဏိသန့်စင်ရေးနည်းပညာကို လိုအပ်လျှင် ၎င်းတို့အားလုံးအနေနှင့် ကျွန်ပေါင်း ရှစ်သောင်းပေးဖို့ လိုအပ်သည်။

လူတိုင်းမှာ Frestech ကုန်သည်ကြီးများအသင်းက အဘယ့်ကြောင့် ဤအခြေအနေကို ဖန်တီးကြောင်း မေးခွန်းထုတ်နေစဉ်တွင် နောက်ထပ်ကိစ္စကိုလည်း မေးခွန်းထုတ်နေပါ၏။

ရှုယီမှာ စတက်တိန်းနယ်မြေ၌ ကျွန်စနစ်ဖျက်သိမ်းရေးကို အောင်မြင်ထားကာစသာရှိသေးသည်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ဤကျွန်များအားလုံးကို ဆောင်ယူနေရာ ၎င်းတို့ကို လွတ်လပ်ခွင့်ပေး၍ စတက်တိန်းနယ်မြေသို့ ခေါ်ဆောင်သွားကာ ပြည်သူများအဖြစ်ပြောင်းလဲလိုက်မည်လား?

သီအိုရီအရ အနှီကျွန်များမှာ Frestech ကုန်သည်ကြီးများအသင်း အပိုင်မဟုတ်ပေ။ Frestech ကုန်သည်ကြီးများအသင်းသာ ၎င်းတို့ကို ပြည်သူအဖြစ်သတ်မှတ်လိုက်ပြီး Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်စေပါက ၎င်းတို့ကို အခကြေးငွေပေးရန် လိုအပ်ပေလိမ့်မည်။

၎င်းက Frestech ကုန်သည်ကြီးများအသင်းမှာ မလိုအပ်သည့် ခြေလှမ်းကို လှမ်းနေပုံပေါ်စေသည်။

၎င်း၏ တစ်ခုတည်းသော ရလာဒ်မှာ ကျွန်များ လွတ်လပ်လာစေရုံသာဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်းအတွက် မည်သည့် အကျိုးအမြတ်များရပါမည်နည်း?

ဥက္ကဌရှုက အဲဒီ့သတင်း‌စာတွေမှာ ပြောထားသလိုမျိုးမဟုတ်ဘဲ သူ့ကိုယ်သူ့ သူတော်စင်တစ်ပါးလို သတ်မှတ်ထားတာ မဟုတ်ဘူးလား?

မှန်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်း ၏ လုပ်ရပ်များအကြောင်း လူများအား မည်သို့ သံသယဖြစ်စေသည်ဖြစ်ဖြစ် ၎င်းတို့ကို သံမဏိသန့်စင်ရေးနည်းပညာလွှဲပြောင်းပေးခြင်းက အဓိကဖြစ်သည်။

အချိန်များများစားစားမဖြုန်းတီးဘဲ လူပေါင်းများစွာက ချက်ချင်း လှုပ်ရှားခဲ့ကြ၏။

Frestech ကုန်သည်ကြီးများအသင်း၏ သတင်းစာရှင်းလင်းပွဲ ပြီးနောက် ဒုတိယမြောက်နေ့ကတင် [ဘန်တာတိုင်းမ်စ်]မှာ သက်ဆိုင်ရာ လုပ်ငန်းများနှင့် ပြည့်နေ၏။

အရှေ့မြောက်ခရိုင်မှ အရှင်သခင်တစ်ဦးမှာ သူ၏လက်အောက်မှ ကျွန်ပေါင်း သုံးထောင့်ခြောက်ရာငါးဆယ့်ဦးကို သုံး၍ Frestech ကုန်သည်ကြီးများအသင်းထံမှ သတ္တုစပ်သုံးမျိုးအတွက် သန့်စင်ရေးနည်းပညာကို ရယူခဲ့သည်။

ကျန်သည့် လတစ်ဝက်တွင် Frestech ကုန်သည်ကြီးများအသင်းမှာ သဘောတူညီမှု ခြောက်မျိုးထပ်လုပ်ကာ ကျွန် စုစုပေါင်း တစ်သောင်းငါးထောင့်သုံးရာ ယောက် ရရှိခဲ့သည်။

ပထမဆုံးသဘောတူညီမှုကိုပါ ပေါင်းထည့်လိုက်လျှင် Frestech ကုန်သည်ကြီးများအသင်း မှာ ဤလတစ်ဝက်တာအတွင်း ကျွန်ပေါင်း နှစ်သောင်းနီးနီးရရှိခဲ့ပါ၏။

လူတိုင်း၏ မျက်လုံးများက အနှီကျွန်များထံ ကျရောက်နေ၏။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့ကို မည်သို့ကိုင်တွယ်မည်နှင့် ရှုယီသာ ၎င်းတို့ထင်သလို သူတော်စင်တစ်ပါးကဲ့သို့ လွတ်မြောက်ခွင့်ပေးလိုက်မည်လားကို မြင်တွေ့လိုနေကြသည်။

သို့သော်လည်း သတင်းစာတစ်ခုစီက အနှီကျွန်များနှင့်ပတ်သက်၍ သတင်းများထုတ်ပြန်လာချိန်တွင် ၎င်းတို့အားလုံးကို ဆန်နက်မြေရိုင်းထံ ပို့လိုက်သည်ဟုသာ ပြောထားကြသည်။ နောက်ဆုံးတွင် ၎င်းတို့ကို အနောက်ပိုင်းရှိ ဆန်နက်ဆိပ်ကမ်းထံ ပို့ကာ ပို့ဆောင်ရေးမှော်သင်္ဘောကြီးတစ်စင်းထံ တင်ပေး‌လိုက်ကြသည်ပင်။

ပို့ဆောင်ရေး မှော်သင်္ဘောကြီးမှာ အဆုံးမဲ့ပင်လယ်ပြင်သို့ ဝင်ရောက်ပျောက်ကွယ်သွားကာ အနှီကျွန်များလည်း အမှတ်အသားပင်မချန်ဘဲ ပျောက်ကွယ်သွားသည်မှာ ခြေရာတစ်ခုပင်မကျန်ပေ။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၉၇။ အားအကောင်းဆုံးလုပ်ငန်းစု

Frestech ကုန်သည်ကြီးများအသင်း၏ ကန်ဒရာအင်ပါယာဈေးကွက်ဖွင့်လှစ်မည့် အစီစဉ်က အကြောင်းမျိုးစုံကြောင့် ချောချောမွေ့မွေ့ဖြစ်မနေပေ။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များမှာ လက်ရှိ ဝင်မ်ဘယ်လ်ဒန်မြို့တော်၌ အင်မတန်ကျော်ကြားလှပါလျှင်တောင် အကြိမ်တိုင်း ပို၍ပို၍ မှာယူနေသည့် သံတမန်ဟာကာနင်ကြောင့် ၎င်းက ပုံမှန်ကုန်သွယ်ပုံမကျသလို ဈေးကွက်ဖွင့်ပုံက အတော်အတန်နှေးကွေးသဖြင့် ရှုယီ မြင်လိုသည့်အရာဟုတ်မနေပေ။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းက များစွာ မတိုးတက်လာခင်တွင် ရှုယီကလည်း ၎င်းကို ပူပန်မနေပေ။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းမှာ ကန်ဒရာအင်ပါယာဈေးကွက်ဖွင့်လှစ်ခြင်း၌ နှေးကွေးသော်လည်း အခြားလုပ်ငန်းစုများ၏ ဈေးကွက်များဖွင့်လှစ်နေသည်က အတော်လေးမြန်ဆန်ချောမွေ့ပေသည်။

စတက်တိန်းနယ်မြေတဝိုက်ရှိ တိုင်းပြည်များ၌ ရောင်းချခြင်းအပြင် Frestech ကုန်သည်ကြီးများအသင်းမှာ မြောက်ပိုင်းသို့ သွားကာ ဒရိတ်ခ်နယ်မြေကိုဖြတ်၍ ဖော့ခ် တိုင်းပြည်သို့ ဝင်ရောက်လာပြီး ထိုနေရာများအားလုံးကို ယူလာခဲ့သည်။

ဖော့ခ် တိုင်းပြည်မှာ လမ်ပူရီတိုင်းပြည်ထက် နယ်နိမိတ်နှင့် လူပိုများသည့် တိုင်းပြည်တစ်တိုင်းပြည်ဖြစ်သည်။ လမ်ပူရီတိုင်းပြည်သာ ဈေးကွက်ကို သိမ်းယူလိုပါလျှင် အချိန်အနည်းငယ်လိုအပ်ပေလိမ့်မည်။

၎င်းကို နှိုင်းယှဉ်ကြည့်သော် Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုရှုထောင့်မှသာ ဆိုလျှင် ဖော့ခ်တိုင်းပြည်၌ အာရုံစိုက်ထားကြလောက်သည်။

ဖော့ခ်တိုင်းပြည်မှာ နယ်မြေကြီး၏ ဗဟိုဖြစ်သည်ကို မဆိုထားနှင့်။ ၎င်းတို့၏ အရှေ့ပိုင်း၌ ကန်ဒရာအင်ပါယာရှိကာ မြောက်ပိုင်းတွင် မာလိုအင်ပါယာရှိသဖြင့် ၎င်းတို့မှာ အတော်လေး အရေးကြီးသည့် တည်နေရာ၌ရှိသည်။

Frestech ကုန်သည်ကြီးများအသင်းသာ ဖော့ခ်တိုင်းပြည်၌ တိုးတက်နိုင်လျှင် ကြာလာသည်နှင့် မာလိုအင်ပါယာသို့ ဝင်ရောက်ရန် အခွင့်အရေးတစ်ခု ရှာနိုင်ပေလိမ့်မည်။

၎င်းတို့သာ ကန်ဒရာနှင့် မာလိုအင်ပါယာနှစ်ခုစလုံး၏ ဈေးကွက်များကို ဖွင့်နိုင်လျှင် မှော်စက်များမှာ နယ်မြေကြီးတစ်ခုလုံးကို ပျံ့နှံ့သွားပြီဟု ဆိုနိုင်သည်။

မှန်ပါ၏ အနှီလက်တွေ့က Frestech ကုန်သည်ကြီးများအသင်းအတွက် လက်ရှိတွင် အင်မတန်ဝေးကွာနေသေးသည်။

Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းက ဘယ်တုန်းကမှ မတိုးတက်နိုင်ခဲ့သဖြင့် ၎င်းတို့အနေဖြင့် နယ်မြေကြီး၏ ဈေးကွက်များကို ဖွင့်လိုက်လျှင်ပင် ၎င်းတို့အားလုံးကို ရယူနိုင်မည်မဟုတ်ပေ။

ထိုအခြေအနေအတွက် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း၏ ဖွံ့ဖြိုးရေးအစီစဉ်ကို ဖြည်းဖြည်းချင်း ပြောင်း‌လဲနေလေသည်။

၎င်းမတိုင်ခင် Frestech ကုန်သည်ကြီးများအသင်းမှာ အဓိကအားဖြင့် အခြားတိုင်းပြည်များ၌ ရောင်းချရန် မှော်စက်များကို အဓိက တင်ပို့ကာ ၎င်းမှ အကျိုးအမြတ်များ ရခဲ့သည်။

အနှီတိုင်းပြည်များနှင့်အတူ ပူးပေါင်းရာ၌ ပြုလုပ်ထားသည့် စက်ရုံများမှာ ဖြည့်စွက်ချမျှသာဖြစ်ပြီး မှော်စက်နည်းပညာ၏ အစိတ်အပိုင်းတစ်ခုကို ဖမ်းဆုပ်ရန် အနှီတိုင်းပြည်များ၏ ဝယ်လိုအား ပြည့်မှီစေခြင်းဖြစ်သည်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းက ဈေးကွက်တိုးတက်မှုအတွင်း ထိန်းသိမ်းရန် ခက်ခဲမည်ဖြစ်ရာ ရှုယီလည်း သူ့အကြံကို ပြောင်းလဲခဲ့သည်။

စတက်တိန်းနယ်မြေနှင့် ဆန်နက်မြေရိုင်းတို့ရှိ စက်ရုံများမှာ အင်အားအပြည့် အလုပ်လုပ်နေကြဆဲဖြစ်ကာ ၎င်းတို့၏ ထုတ်လုပ်နိုင်စွမ်းကို တိုးနေကြသော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ အခြားတိုင်းပြည်များနှင့်အတူ စက်ရုံများပိုမို ဖွင့်လှစ်နိုင်ဖို့ အပြည့်အာရုံစိုက်ထားသည်။

အနှီစက်ရုံများ၌ အနည်းစုအား Frestech ကုန်သည်ကြီးများအသင်းက ထိန်းချုပ်ကာ ကျန်သည်များကမူ ၎င်းတို့ထံမှ နည်းပညာထောက်ပံ့မှုသာ ရကြသည်။ တည်နေရာ၊ အလုပ်သမားများနှင့် စီမံခန့်ခွဲမှုတို့အားလုံးကိုမူ တိုင်းပြည်အသီးသီး၏ လုပ်ငန်းစုအသီးသီးတို့က ထိန်းချုပ်ထားသည်။

အနှီတိုင်းပြည်များအတွက် ၎င်းတို့မှာ ဤပုံစံကြောင့် မှော်စက်နည်းပညာကို လေ့လာနိုင်သောကြောင့် ဤပူးပေါင်းမှု ပုံစံမျိုးကို သဘောကျကြပါ၏။ ၎င်းတို့မှာ ၎င်းတို့လေ့လာထားသည့် မှော်စက်နည်းပညာကို ၎င်းတို့ပိုင်ဆိုင်ကြပါ၏။

Frestech ကုန်သည်ကြီးများအသင်းထံမှ နည်းပညာဆိုင်ရာ မူပိုင်ခွင့်များ ဝယ်ယူခြင်းက ကွဲပြားပါ၏။ အနှီစက်ရုံများမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ နည်းပညာအထောက်အပံ့ရသလို ၎င်းတို့ကိုသင်ကြားပေးမည့် ဝန်ထမ်းများလည်း ရသောကြောင့် သုတေသနနှင့် ပတ်သက်လာလျှင် အားသာချက်တစ်ခုရသည်ပင်။

ထိုနည်းဖြင့် ပိုမိုကြာရှည်သည့် ပူးပေါင်းမှုကြောင့် ၎င်းပူးတွဲရင်းနှီးမြှုပ်နှံရေးစက်ရုံများမှာ Frestech တံဆိပ်နီးနီး လုပ်ဆောင်ချက်နှင့် အရည်အသွေးရှိလာရာ Frestech ကုန်သည်ကြီးများအသင်းကို လိုက်မှီဖို့ ပိုမိုလွယ်ကူလာစေပါ၏။

ထို့ကြောင့် အနှီတွဲဖက်ရေးပုံစံနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ ဖော့ခ်တိုင်းပြည်ထံသို့ အလွယ်တကူဝင်ရောက်လာခဲ့သည်။ ၎င်းတို့မှာ ဖော့ခ်တိုင်းပြည်ရှိ လုပ်ငန်းစုများစွာနှင့်အတူ ပူးပေါင်းရေးသဘောတူညီမှုများစွာ၌ စာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။

နောက်နှစ်အစပိုင်း၌ Frestech ကုန်သည်ကြီးများအသင်းမှာ ဖော့ခ်တိုင်းပြည်တွင် အိမ်သု့းမှော်စက်လုပ်ငန်းစုငါးခု တည်ထောင်မည်ဖြစ်သည်။

ထိုအစီစဉ်အရ နောက်ငါးနှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ အနည်းဆုံး အိမ်သုံးမှော်စက် စက်ရုံ ဆယ်ရုံတည်ဆောက်ရန် ဖော့ခ်တိုင်းပြည်နှင့်အတူ အလုပ်ဆက်လုပ်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့မှာ ထုတ်လုပ်ရေးမှော်စက် စက်ရုံတစ်ရုံနှင့် သံမဏိစက်ရုံသုံးရုံလည်း တည်ဆောက်မည်ပင်။

ရှုယီ၏ စိတ်ထဲ၌ သူဟာ ဖော့ခ်တိုင်းပြည်တွင် Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်ရေးအခြေစိုက်ရုံးတစ်ရုံးကို တည်ဆောက်ဖို့ပြင်ထားသည်။ သူဟာ ထိုအခြေစိုက်ရုံးကို Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ရုံးမှ ခွဲထွက်ကာ အိမ်သုံးမှော်စက် အမျိုးစုံတို့ကို အမှီခိုကင်းကင်း ထုတ်လုပ်ခွင့် ပြုထားမည်ပင်။

ဤအတွေးမှာ ဖော့ခ်တိုင်းပြည်၏ ထူးကဲသော အနေအထားကြောင့်ဖြစ်သည်။

စတက်တိန်းနယ်မြေထံမှ အိမ်သုံးမှော်စက်များကို အခြားတိုင်းပြည်များသို့ ရောင်းချရန် ပို့ဆောင်ခြင်းနှင့် ယှဉ်လျှင် ပူးတွဲရင်းနှီးမြှုပ်နှံရေးစက်ရုံများကို တည်ထောင်ကာ ဒေသတွင်း ထုတ်လုပ်ခြင်းက ပို့ဆောင်ရေးကုန်ကျစရိတ်အတော်လေး သက်သာစေလိမ့်မည်။

တစ်ချိန်တည်းမှာပင် အနှီပူးပေါင်းရေးနည်းလမ်းက Frestech ကုန်သည်ကြီးများအသင်းအား နည်းပညာဝန်ထမ်းများ ပို့ဆောင်စေဖို့သာ လိုအပ်လိမ့်မည်။ ၎င်းတို့အနေနှင့် အခြား အခြေခံလုပ်သားများ ရင်းနှီးမြှုပ်နှံကာ စက်ရုံများတည်ဆောက်ဖို့ မလိုအပ်တော့သဖြင့် လူအင်အားနှင့် အားစိုက်ထုတ်မှုများစွာ သက်သာစေပါ၏။

အနှီပူးပေါင်းရေးနည်းလမ်းကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ အကျိုးအမြတ်က လျော့ကျသွားမည်ဖြစ်သော်လည်း ၎င်းတို့၏ မှော်စက်မှုနယ်ပယ်၌ ဦးဆောင်ထားမှုကြောင့် ၎င်းတို့အနေနှင့် အခြားတိုင်းပြည်များနှင့် လက်မှတ်ထိုးထားသည့် စာချုပ်များအတိုင်း နည်းပညာဝန်ထမ်းသာ ထောက်ပံ့ပေးလျှင်တောင် ၎င်းတို့ရရှိသည့် အကျိုးအမြတ်က မသေးလှပေ။

Frestech ကုန်သည်ကြီးများအသင်း၏ ဖော့ခ်တိုင်းပြည်နှင့် ပူးပေါင်းရေး သဘောတူညီချက်များကို ဥပမာကြည့်နိုင်၏။ ၎င်းတို့အတူတကွ ရင်းနှီးမြှုပ်နှံမည့် အိမ်သုံးမှော်စက်လုပ်ငန်းစုငါးစုတွင် ၎င်းတို့ထံရှိ အနိမ့်ဆုံးစတော့ခ်ရှယ်ယာမှာ ၄၅%ဖြစ်ကာ အမြင့်ဆုံးက ၆၀%ဖြစ်သည်။

ဖော့ခ်တိုင်းပြည်မှာ လမ်ပူရီတိုင်းပြည်ထက် ပိုမိုကြီးမားသည့် တိုင်းပြည်ဖြစ်သဖြင့် ၎င်းတို့၏ တိုင်းပြည်အင်အားက များစွာ ပိုကြီးမားသည်။ ပြည်သူများမှာ များစွာ ပိုမိုချမ်းသာ၍ ၎င်းတို့၏ ဈေးကွက်ကလည်း လမ်ပူရီတိုင်းပြည်ထက် များစွာ ပိုမိုကြီးမားလေ၏။

ထို့ကြောင့် အကျိုးအမြတ်များကို မျှဝေလိုက်ပါလျှင်တောင် ဖော့ခ်တိုင်းပြည်ဈေးကွက်ကို ဖွင့်လှစ်လိုက်သည်နှင့် Frestech ကုန်သည်ကြီးများအသင်းမှာ အကျိုးအမြတ်ကြီးတစ်ခု ရနေနိုင်နေဆဲပင်။

ထို့ကြောင့် နှစ်စဉ်အမြတ်အစွန်းခန့်မှန်းခြေကို ချိန်ညှိချိန်တွင် Frestech ကုန်သည်ကြီးများအသင်း၏ ဘဏ္ဍာရေးမန်နေဂျာ ဆာဘက်စ်က အတင့်ရဲသည့် တွက်ချက်မှုမျိုး လုပ်လေ့ရှိသည်။

ရွှေဒင်္ဂါးသန်းလေးဆယ်!

ဤသည်က Frestech ကုန်သည်ကြီးများအသင်း၏ နှစ်စဉ် အမြတ်အစွန်းအတွက် ဆာဘက်စ်၏ ခန့်မှန်းခြေပါပင်။

ထိုသို့သော ကြီးမားလှသည့် ပမာဏက အတော်လေး အံ့ဖွယ်ရာဖြစ်၏။

Frestech ကုန်သည်ကြီးများအသင်းသာ ထိုမျှ များများစားစားရနိုင်လျှင် ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းကို ကျော်လွန်ကာ အနီးဝန်းကျင်တိုင်းပြည်များ၌ အမြင့်ဆုံးအမြတ်အစွန်းရသည့် လုပ်ငန်းစုဖြစ်လာမည်ဟုပင် ပြောနိုင်၏။

ထို့အပြင် နောက်နှစ်ကုန်လွန်သွားလျှင်တောင် Frestech ကုန်သည်ကြီးများအသင်းမှာ ခုနစ်နှစ်သက်တမ်းသာ ရှိသေးသည်။

ဤသို့သော အချိန်တိုအတွင်း၌ Frestech ကုန်သည်ကြီးများအသင်းမှာ အနီးဝန်းကျင်တိုင်းပြည်များ၌ အမြတ်အစွန်းအမြင့်ဆုံးလုပ်ငန်းစုဖြစ်လာသည်။ ဤတိုးတက်မှုနှုန်းမှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုလိုပါပင်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ နှစ်ကုန်စည်းဝေးပွဲ၌ မည်သူကမှ ဆာဘက်စ် ထုတ်ပြလာသည့် အချက်အလက်များကို ကန့်ကွက်ခြင်းမပြုကြချေ။

အဘယ့်ကြောင့်ဆိုသော်... တစ်နှစ်တာလေးအတွင်း၌ Frestech ကုန်သည်ကြီးများအသင်း၏ နှစ်စဉ်အမြတ်အစွန်းက ရွှေဒင်္ဂါးသုံးဆယ့်သုံးသန်းရှိသောကြောင့်ပါပင်။

ယခင်နှစ်၏ ရွှေဒင်္ဂါးနှစ်ဆယ့်ခြောက်သန်းအမြတ်အစွန်းနှင့်ယှဉ်လျှင် ဤနှစ်၏ အကျိုးအမြတ်က ခုနစ်သန်းဟူသည့် ပမာဏကြီးတစ်ခုအထိ တိုးလာသည်!

၎င်းတို့အနေနှင့် ဤနှစ်၌ ခုနစ်သန်းအထိ တိုးလာနိုင်ကတည်းက ဖော့ခ်တိုင်းပြည်၏ ဈေးကွက်ဖွင့်လှစ်လိုက်သည်ကို ထည့်ပေါင်းလိုက်ပြီး အခြားပရောဂျက်မျိုးစုံလည်းရှိနေရာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အမြတ်အစွန်းခုနစ်သန်းအထိတိုးလာပြီး ရွှေဒင်္ဂါးသန်းလေးဆယ်ရရန် ပြဿနာမရှိဟု လူတိုင်း ယုံကြည်ကြသည်။

သို့ရာတွင် လူတိုင်းက ထိုအရေအတွက်ကို စိတ်လှုပ်ရှုးနေကြချိန်၌ ရှုယီက ၎င်းတို့အပေါ် ရေအေးတစ်ပုံးလောင်းချလိုက်သည်။

မှန်ပါ၏ Frestech ကုန်သည်ကြီးများအသင်း၏ နှစ်စဉ် အမြတ်အစွန်းက တိုးလာသော်လည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကလည်း နောက်နှစ်၌တိုးလာမည်ဖြစ်သည်။

ရှုယီ၏ အစီစဉ်အရ Frestech ကုန်သည်ကြီးများအသင်းမှာ မှော်သုတေသနဌာန၏ ရံပုံငွေကို ဤနှစ်တွင် ငါးသန်းမှ ရှစ်သန်းအထိ တိုးရလိမ့်မည်။

တစ်ချိန်တည်းမှာပင် Frestech ကုန်သည်ကြီးများအသင်းမှာ အစောင့်များအတွက် ဆက်လက်ကာ ရင်းနှီးမြှုပ်နှံဪမည်ဖြစ်ကာ နောက်နှစ်တွင် အစောင့်တစ်သောင်းအထိ မြှင့်ရမည်ပင်။

Frestech ကုန်သည်ကြီးများအသင်းအစောင့်များထံ၌ အနီးဝန်းကျင်တိုင်းပြည်များ၏ စစ်တပ်များထက် ပိုမိုသန်မာသော လက်နက်ကိရိယာများရှိသဖြင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အနည်းဆုံးသုံးသန်းရင်းနှီးမြှုပ်နှံဖို့ လိုအပ်သည်။

ပင်လယ်ပြင်တွင်လည်း Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရပေမည်။

ကျွန်းအခြေစိုက်ရုံးများ၏ တည်ဆောက်မှုနှင့်အတူ ဆာဘက်စ် ပြုလုပ်ထားသည့် ဘဏ္ဍာရေးအစီရင်ခံစာအရ Frestech ကုန်သည်ကြီးများအသင်းမှာ ဤကျွန်းအခြေစိုက်ရုံးများ၌ တစ်နှစ်လျှင် အနည်းဆုံး ရွှေဒင်္ဂါးလေးသန်းရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ကုန်လွန်သွားသည့် တစ်နှစ်စီတိုင်း တဖြည်းဖြည်းချင်း တိုးလာမည်ဖြစ်သည်။

သို့သော် မှော်သုတေသနဌာနနှင့် အစောင့်တို့အပေါ် သုံးစွဲခြင်းနှင့်ယှဉ်လျှင် အကျိုးအမြတ်ကြီးများ ယူဆောင်လာနိုင်သည့် ကျွန်းအခြေစိုက်ရုံများအတွက် ဖွံ့ဖြိုးတိုးတက်ရေးအစီစဉ်များလည်း လိုက်ပါလာသေးသည်။ ၎င်းတို့ ကောင်းမွန်စွာ လုပ်ဆောင်နေသရွေ့ ငွေမကုန်ကျဘဲ ငွေပြန်ရလိမ့်မည်။

မှန်ပါ၏၊ အစောပိုင်း ရင်းနှီးမြှုပ်နှံမှု အဆင့်များ၌ မျှော်လင့်ချက်တော့မရှိပေ။

အစီစဉ်အရ အနည်းဆုံး သုံးနှစ်ကြာသာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ကာ ပြန်ရရန် ခဲယဉ်းသည်ကို တွေ့ရလိမ့်မည်။

သို့သော် ပြန်ရယူခြင်းနှင့် ယှဉ်လျှင် ရှုယီမှာ ကျွန်းအခြေစိုက်ရုံးများ ယူဆောင်လာမည့် အခြားသော အဆင်ပြေရာများကို ဂရုစိုက်မိသည်။

ဥပမာဆိုရသော် အနှီကျွန်းအခြေစိုက်ရုံများထားရှိခြင်းဖြင့် Frestech ၏ အစောင့်သင်္ဘောစုနှင့် ပို့ဆောင်ရေးသင်္ဘောစုတို့မှာ များစွာ ပိုမို လွယ်လွယ်ကူကူ လှုပ်ရှားနိုင်သည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်းအား အဆုံးမဲ့ပင်လယ်ပြင်မှ တဆင့် အခြားဈေးကွက်များ၌ တိုးတက်ရန်လည်း ပိုမို လွယ်ကူလာစေမည်ပင်။

ဥပမာဆိုရသော် ချက်ကြောဈေးကွက်ပင်....

လက်စ်လိုင်းမှာ ရီမီတို ရူဆဲလ် က အစောင့်သင်္ဘောစုကို စိတ်ဝင်စားနေကြောင်းသတင်းအား လွှဲပေးလိုက်ရာ ရှုယီက အံ့ဩမသွားပေ။

သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုစွမ်းအားကို ကြုံတွေ့ဖူးသော မည်သူမဆို သေချာပေါက် ရှေးဟောင်းသစ်သားလှေများက နောက်ကျကျန်နေရစ်ပြီဖြစ်သည်ကို ဝန်ခံကြလိမ့်မည်ကို သေချာသိသည်။

ကန်ဒရာအင်ပါယာ၏ ရေတပ်က အရူးအနှမ်းများမဟုတ်ရာ သေချာပေါက် အစောင့်သင်္ဘောများကို စိတ်ဝင်စားလိမ့်မည်။

ရှုယီက လက်စ်လိုင်းကို ကန်ဒရာအင်ပါယာ၏ ရေတပ်ရှေ့မှောက်၌ ၎င်းတို့၏ အာရုံကိုဆွဲဆောင်ရုံသာ တမင် လှုပ်ရှားစေခဲ့ခြင်းပင်။

ယခုတွင် ဒုခေါင်းဆောင်အနေနှင့် ရူဆဲလ်မှာ ထိုအကြံကို ဖော်ပြလာရာ ရှုယီက ရည်ရွယ်ချက် အောင်မြင်သွားသည့် အဓိပ္ပာယ်ဖြစ်၏။

လက်စ်လိုင်း၏စာက ရှုယီ၏ လက်ထဲသို့ သံတမန်ဟာကာနင် စတက်တိန်းနယ်မြေသို့ မလာခင် ရက်အနည်းငယ်အလိုကမှ ရောက်လာခဲ့သည်။ သူ၏ ပုံမှန်ကုန်စည်များအပြင် သူဟာ ရူဆဲလ်ထံမှ စာတစ်စောင်ကိုလည်း ယူလာပါ၏။

စာထဲတွင် ရူဆဲလ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုအပေါ် ကန်ဒရာအင်ပါယာရေတပ်၏ စိတ်ဝင်စားမှုကို ဖော်ပြထားသော်လည်း ရူဆဲလ်မှာ လက်စ်လိုင်း တောင်းဆိုထားသည့် ရွှေဒင်္ဂါးနှစ်သန်းတန်ဖိုးအကြောင်းမေးခွန်းများမေးထားသည်။ သူဟာ ၎င်းက အင်မတန်များပြားလှပြီး လက်မခံနိုင်ဟု ဖော်ပြထားသည်၊ ထို့ကြောင့် သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းအား အလျော့ပေးမှုတချို့ လုပ်ဆောင်ဖို့ မျှော်လင့်နေပါ၏။

ရှုယီလည်း Frestech ကုန်သည်ကြီးများအသင်း၏ ရပ်တည်ချက်ကို ဖော်ပြသည့် စာတစ်စောင်ဖြင့် တုံ့ပြန်ခဲ့သည်။

ရှုယီ၏ စကားလုံးများက အင်မတန်ယဉ်ကျေးပြီး စကားကောင်းများစွာ ပြောထားသော်လည်း ၎င်းတို့နောက်ကွယ်၌ ရိုးရှင်းသည့် အဓိပ္ပာယ်တစ်ခုရှိနေ၏။

၎င်းမှာ 'မဖြစ်နိုင်'ဟူ၍ပင်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၉၈။ တော်ဝင်ရေတပ်က အရမ်းဆင်းရဲတယ်

"ရီမီတိုရယ် တကယ်ကြီး‌လား?"

ကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ်မှူး ခရီစလာ အစ်စ်လာမှာ လက်ထဲရှိ စာရွက်စာတမ်းများကို ချ၍ သူ့ရှေ့ရှိ ရီမီတို ရူဆဲလ်ကို မျက်မှောင်ကျုံ့လျက် ရှုပ်ထွေးစွာကြည့်လိုက်သည်။

သူ့ရှေ့ရှိ ဒုရေတပ်မှူးမှာ သူအမြဲ အလေးစားခဲ့ရဆုံးသော လက်အောက်ငယ်သားပါပင်။ သူ အငြိမ်းစားယူပြီးသည့်နောက်တက်မည့် ရေတပ်မှူးအတွက် ဒုတိယကိုယ်စားလှယ်မရှိဟုပင် လူတိုင်းက စဉ်းစားကြသည်။

သူဟာ ရူဆဲလ်အား ခေါင်းဆောင်တာဝန်ကို ယူခွင့်ပြုထားခြင်းကြောင့် စိတ်သက်သာရာရသည့် အကြိမ်များစွာရှိခဲ့သည်။ ၎င်းက တစ်အချက်မှာရူဆဲလ်ကို စမ်းသပ်ထားပြီး နှစ်အချက် အနာဂတ်တွင် ခေါင်းဆောင်အတွက်ပြင်ဆင်ဖို့ဖြစ်သည်။

ရူဆဲလ်မှာ အမြဲတစေ ကိများကို ကောင်းမွန်လှစွာ ကိုင်တွယ်ခဲ့ပြီး ဘယ်သောအခါမှ အမှားမလုပ်သည်က ခေါင်းဆောင် အစ်စ်လာကို ကျေနပ်ကာ စိတ်ချစေသည်။

သို့သော် ဤ သူလွှဲပေးလာသည့် အစီရင်ခံစာမှာ ခေါင်းဆောင် အစ်စ်လာကို... ဖတ်ရှုကြည့်ပြီးနောက် အတန်ငယ် ထူးဆန်းသွားစေသည်။

ဟာသပဲ!

ကန်ဒရာအင်ပါယာ၏ ရေတပ်မှာ သမိုင်း၌ အပြင်းထန်ဆုံး အခက်အခဲကို ကြုံတွေ့နေရာသည်လား?

၎င်းက မည်သည့် ချက်ချင်းပြောင်းလဲမှုကိုမှ မလုပ်ဆောင်ပါလျှင် အနီးဝန်းကျင်နယ်မြေများ၌ လုံးဝအထိန်းအကွပ်မဲ့သွားမည်လား?

ဤသည်က တကယ်ကို ကြောက်ရွံ့မှုကို လှုံ့ဆော်ခြင်းပင်!

နယ်မြေကြီး၌ မာလိုအင်ပါယာအပြင် ကန်ဒရာအင်ပါယာ၏ ရေတပ်ကို ခြိမ်းခြောက်နိုင်သည့် တိုင်းပြည်ရေးတပ်တစ်ခုပင် မရှိချေ! ရေတပ်ပင်မရှိသည့် တိုင်းပြည်များ များစွာရှိလေသည်!

ခေါင်းဆောင် အစ်စ်လာကိုပို၍ အံ့အားသင့်စေပြီး ပို၍ ရယ်ချင့်စဖွယ်ဖြစ်စေသည်မှာ ဤအစီအရင်ခံစာ၌ အကြီးမားဆုံး ခြိမ်းခြောက်မှုက တကယ်တမ်းတွင်... အမည်မသိ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုထံမှ ရောက်လာခြင်းပင်!

အစီရင်ခံစာရှိ အနှီစကားလုံးများကို မြင်သော် ခေါင်းဆောင် အစ်စ်လာမှာ လက်ဖက်ရည်သီးမလိုပင်ဖြစ်သွားရ၏။

၎င်းက လုပ်ငန်းစုလေးတစ်ခုသာ ဖြစ်သည် မည်သို့များ ကန်ဒရာအင်ပါယာတော်ဝင်ရေတပ်ကို ယှဉ်ရန် အရည်အချင်းမီမည်နည်း? မည်သို့များ ခြိမ်းခြောက်ပြနိုင်မည်နည်း?

သို့ရာတွင် ရူဆဲလ်ကို နှစ်နှင့်ချီ လေ့ကျင့်ပေးပြီး ယုံကြည်လာသည်ကို စဉ်းစားမိခဲ့ပြီးနောက်တွင် ခေါင်းဆောင် အစ်စ်လာမှာ အဆုံး၌ တဖြည်းဖြည်း တည်ငြိမ်လာ၏။

ရူဆဲလ်မှာ သူ၏ လက်အောက်ခံဖြစ်လာသည်က နှစ် ၂၀ကြာနေပြီဖြစ်ရာ သူ့အနေနှင့် အသေအချာနားလည်သည်။ ရူဆဲလ်က ကိစ္စများကို ပေါ့တီးပေါ့ဆပြောသူမဟုတ်ကြောင်း သိသလို ကန်ဒရာအင်ပါယာ၏ စစ်တပ်ကို စိတ်ရင်းဖြင့် သစ္စာရှိကြောင်းလည်းသိပါ၏။

သူဟာ ဤအစီရင်ခံစာကို အလေးအနက် လွှဲပေးလာကတည်းက သေချာပေါက် ကြောက်ရွံ့မှုကို လှုံ့ဆော်ခြင်းမဟုတ်ပါပေ။

၎င်းက ဤသို့ ထူထဲသည့် အစီရင်ခံစာဖြစ်သည်ကို မဆိုနှင့် အားလုံးအဓိပ္ပာယ်မရှိနေခြင်းတော့ မဖြစ်နိုင်ပေ။

သို့‌သော် အစီရင်ခံစာကို အဆုံးထိဖတ်ပြီးသည့်နောက် ခေါင်းဆောင် အစ်စ်လာမှာ အတွေးနစ်သွားရသည်။

သူ့အနေနှင့် ရူဆဲလ်က သူ့အားလိမ်ညာစရာမလိုသောကြောင့် သူ့ထံလွှဲပေးခဲ့သည် အစီရင်ခံစာက အစစ်ဖြစ်သည်ကို ယုံကြည်သည်။

သို့သော် ဤအစီရင်ခံစာက အမှန်ဖြစ်နေကာ ထို Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်အဖွဲ့၌ ထိုသို့သော ကြောက်မက်ဖွယ်အင်အားမျိုးရှိနေလျှင် အင်မတန် ထိတ်လန့်ဖွယ်ပင်။

ထိုသင်္ဘောကို သံဖြင့် အတိပြုလုပ်ထားသည်ဟု ပြောခြင်းက လက်ခံနိုင်ဖွယ်ရှိသော်လည်း တန်ပေါင်းရာချီကာ မိုးချုန်းသင်္ဘောထက်ပင် ပိုကြီးမားသည် ဟူသည်က စိတ်ကူးယဉ်သာသာပင်။

ခေါင်းဆောင် အစ်စ်လာမှာ အချိန်ကြာစဉ်းစားနေပြီး "သံမဏိဖြင့် အတိပြုလုပ်ထားကာ မိုးချုန်းသင်္ဘောထက်ပင် ပိုမိုကြီးမားကာ အဖြူရောင်အတိနှင့် ပြေပြစ်သော အသွင်ရှိသည့် သင်္ဘောကို စိတ်ကူးမရနိုင်ပေ။

ထို့အပြင် အသွင်အပြင်ကို လျစ်လျူရှုထားပြီး အစီရင်ခံစာထဲ၌ ထော်ပြထားသော အသစ်အဆန်းမျိုးစုံရှိကာ၊ မှော်အမြောက်၊ မှော်ထပ်ဆင့်လေးနှင့် မှော်မီးမြှား ဟူသည်တို့က မည်သို့သော အရာများဖြစ်သနည်း?

ခေါင်းဆောင် အစ်စ်လာမှာ ယခင်က မှော်လက်နက်များအကြောင်း ကြားဖူးသော်လည်း ထိုအရာများက စွမ်းအားကြီးလှသော မှော်ပညာရှင်များသာ ရနိုင်သည့် အရာများမဟုတ်ပါလား? အဘယ့်ကြောင့် Frestech ကုန်သည်ကြီးများအသင်းထံ၌ ရှိနေရသနည်း?

ထို့အပြင် အစီရင်ခံစာမှ အနှီစစ်ဘက်သုံးမှော်စက်များ၏ စွမ်းအားကို သုံးသပ်ရလျှင် ဒဏ္ဍာရီထဲမှ လက်နက်များထက်ပင် ပိုအားကောင်း၏။

မိုးချုန်းသင်္ဘောတစ်စင်းမှာ ၎င်း၏ တိုက်ခိုက်မှုအောက်၌ ငါးမိနစ်ပင် မခံနိုင်လျှင် ဤ Frestech ကုန်သည်ကြီးများအသင်း အစောင့်သင်္ဘောမှာ အစီရင်ခံစာ၌ ဖော်ပြထားသလို ပင်လယ်ပြင်၌ တုံ့နှေးမှုမရှိ လှုပ်ရှားနိုင်လောက်သည်။

၎င်းကိုစဉ်းစားကြည့်ရင်း ခေါင်းဆောင် အစ်စ်လာမှာ ရုတ်တရတ် ယခင်က ဤအစီရင်ခံစာကို ရရှိဖူးကြောင်း သတိရသွား၏။ တောင်ပိုင်းပင်လယ်ပြင်၌ ဆန်းကြယ်သည့် သင်္ဘောတစီးပေါ်လာကာ ပင်လယ်ဓားပြများကို တိုက်ခိုက်ခဲ့သည်။ ပင်လယ်ဓားပြများမှာ လုံးဝ ပျက်စီး၍ ပင်လယ်ပြင်ကလည်း များစွာပိုမို အေးချမ်းလာခဲ့ပါ၏။

ဤ ဆန်းကြယ်သော သင်္ဘောစုမှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုဖြစ်နေသည်လား?

"ဆရာ ခရီစလာ, ကျွန်တော် တကယ်အလေးအနက်ပြောနေတာပါ။" ရူဆဲလ်က ခေါင်းဆောင် အစ်စ်လာကို ကြည့်၍ အသာခေါင်းငြိမ့်သည်၊ "တကယ်တော့ ဒီအစီရင်ခံစာနဲ့တင် Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်သင်္ဘောဆီကနေ ကျွန်တော်ခံစားခဲ့ရတာနဲ့ တူညီတဲ့ ထိတ်လန့်မှုကို မခံစားရလောက်ဘူး။ ကျွန်တော်တို့ လွန်ခဲ့တဲ့ လဝက်လောက်က အတူရှိနေခဲ့တာမှာ ကျွန်တော်ကိုယ်တိုင် သူတို့တွေ ပင်လယ်ဓားပြတွေကို ဖျက်စီးပစ်ခဲ့တာ မြင်ခဲ့ရပြီး သူတို့ပြသခဲ့တဲ့ စွမ်းပကားကို တိုက်ရိုက်ခံစားခဲ့ရတာ။ ဒီသင်္ဘောစုက ဒီခေတ်ကို ကျော်လွန်နေတယ်ဆိုတာ သေချာတယ်။ ကျွန်တော်တို့သာ အလုံအလောက်မမြန်ဘဲ မာလိုအင်ပါယာကပါ ဒီသင်္ဘောစုကို ရှာတွေ့သွားပြီး တူညီတဲ့သင်္ဘောတွေရလာရင် ပင်လယ်ပြင်မှာ မာလိုအင်ပါယာမဲ့ ရင်ဆိုင်ရတဲ့အခါ ပြန်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။"

ရူဆဲလ်က မည်မျှ အလေးအနက်ဖြစ်နေသည်ကို မြင်သော် ခေါင်းဆောင် အစ်စ်လာမှာ တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။

တစ်အောင့်ကြာပြီးနောက် သူဟာ အသာခေါင်းငြိမ့်ပါ၏၊ "ရီမီတို ငါ မင်းရဲ့ အကဲဖြတ်မှုကို ယုံပါတယ်။ ဒီအစောင့်သင်္ဘောစုက တကယ်ပဲ မင်းပြောသလို အားကောင်းရင် သူတို့ကို ချက်ချင်း ယူရမယ်။ ဒါပေမယ့် တစ်စီးကို ရွှေဒင်္ဂါးနှစ်သန်းဆိုတော့ ... ဒီဈေးနှုန်းက.."

ခေါင်းဆောင် အစ်စ်လာက ခါးသက်သက်ရယ်မော၍ ခေါင်းခါလိုက်သည်။

"အင်ပါယာရဲ့ ရေတပ်အင်အားကို ထိန်းသိမ်းဖို့ ကျွန်တော်တို့အနေနဲ့ ဈေးနှုန်းလေးကြောင့် နှောင့်နှေး‌လို့ မသင့်ပါဘူး။" ရူဆဲလ်က အလေးအနက်ဟန်ဖြင့်ဆိုသည်၊ "ပြီးတော့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ညှိနှိုင်းဖို့ အခွင့်အရေးလည်း ရှိမယ်လို့ထင်တယ်။ ပြောရရင် ကျွန်တော်တို့ကလွဲပြီး သူတို့ဆီကနေ ဒီအစောင့်သင်္ဘောတွေဝယ်မယ့်လူမရှိဘူး။"

ရူဆဲလ်၏ စကားလုံးများမှာ အင်မတန် တိကျမှန်ကန်ပါ၏။

စိုင်စ်နယ်မြေကြီးတစ်ခုလုံးတွင် ဤအခြေအနေကို လိုက်လျောနိုင်သည်မှာ ကန်ဒရာအင်ပါယာ၊ မာလိုအင်ပါယာနှင့် အခြားသောတိုင်းပြည်ငယ်အနည်းစုမျှသာ ရှိသည်။

သို့သော် ရေတပ်တွင် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံတတ်သော ကန်ဒရာအင်ပါယာနှင့် မာလိုအင်ပါယာမှလွဲ၍ အခြားသော တိုင်းပြည်ငယ်များမှာ ၎င်းတို့၏ ကနဦး ရံပုံငွေများကို ၎င်းအတွက် ရင်းနှီးမြှုပ်နှံမည်မဟုတ်ပေ။

မာလိုအင်ပါယာမှာ နယ်မြေကြီး မြောက်ပိုင်း၌ တည်ရှိကာ စတက်တိန်းနယ်မြေနှင့် အတော်လေးဝေးကွာလှသည်။ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့ကို ဆက်သွယ်ဖို့ ခက်ခဲမည်ဖြစ်ရာ ယခုတွင် ဖောက်သည်က တစ်ဦးသာရှိပြီး ၎င်းက ကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ်ပါပင်။

ကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ်ထံ၌ ရွေးစရာမရှိသော်လည်း Frestech ကုန်သည်ကြီးများအသင်းထံ၌လည်း ရွေးစရာမရှိပေ။

"ဆွေးနွေးဖို့ အခွင့်အရေးတွေ ရှိရင်တောင် ဒီဈေးနှုန်းက အရမ်းများလွန်းတယ်။" ခေါင်းဆောင် အစ်စ်လာက ရူဆဲလ်ကဲ့သို့ ယုံကြည်ချက်မရှိဘဲ သက်ပြင်းချလိုက်သည်၊ "ရူဆဲလ် ငါမင်းကို လွန်ခဲ့တဲ့ သုံးရက်က သတင်းတချို့ ပြောပြမယ်၊ ငါ ဌာနချုပ်က ငွေကြေးဆိုင်ရာ အစည်းအဝေးကို သွားတော့ အဲ့အစည်းအဝေးမှာ ချပြခဲ့တဲ့ အဓိပ္ပာယ်အရဆို နောက်နှစ်ကျ ရေတပ်ရဲ့ အသုံးစရိတ်ကို လျှော့ချဖို့ စီစဉ်နေကြတယ်။"

ရူဆဲလ် အံ့ဩသွားသည်၊ "ထပ်ပြီးတော့လား? အမှားရှိလို့လား! ကျွန်တော်တို့ရဲ့ အသုံးစရိတ်က အရမ်းနည်းနေပြီးသားကို ထပ်လျှော့လိုက်ရင် ရေတပ်မရှိတော့ဖို့များ စီစဉ်နေလို့လား?"

ခေါင်းဆောင် အစ်စ်လာက ခါးသက်သက်ပြုံး၍ ခေါင်းခါသည်၊ "တခြားနည်းမရှိဘူးလေ၊ အဓိက အသုံးစရိတ်က မာလိုအင်ပါယာကို မူတည်ထားတာ။ အသုံးစရိတ်က စစ်တပ်ကို အလေးပေးထားရင်တောင် ပုံမှန်ပဲ။ ရုံးချုပ်ရဲ့ အသုံးစရိတ်ကို နှစ်တွေတောက်လျှောက် လျှော့ချလာတဲ့ အချက်ကိုပါ ထည့်ပေါင်းလိုက်ရင် စစ်တပ်ရဲ့ တိုက်ခိုက်ရေးအင်အားကို ထိန်းသိမ်းဖို့ သူတို့အနေနဲ့ သဘာဝကျကျပဲ ရေတပ်ရဲ့ အသုံးစရိတ်ကို လျှော့ချဖို့လိုတယ်။"

ရူဆဲလ်မှာ ၎င်းကို တိတ်တဆိတ်သာ လက်ခံလိုက်နိုင်သည်။

ရေတပ်၏ ဒုချုပ်အနေနှင့် သူဟာ ရေတပ် အခြေအနေကို နားလည်ရုံမျှမက တော်ဝင်စစ်တပ်၏ အခြေအနေကိုပါ နားလည်လေသည်။

တော်ဝင်စစ်တပ်၏ အဓိက မူဝါဒမှာ မာလိုအင်ပါယာနှင့် ရင်ဆိုင်ဖို့ရန် မာလိုအင်ပါယာကို တိုက်ခိုက်မည့် အင်ပါယာ၏မြောက်ပိုင်းနယ်စပ်များကို အမြဲ အရေးထားခြင်းဖြစ်ကြောင်းအား သိပါ၏။

ရေတပ်ကို ဖွဲ့စည်းခြင်းအား မေးခွန်းအမြဲ ထုတ်ခံခဲ့ရသည်၊ အဘယ့်ကြောင့်ဆိုသော် ရေတပ်ရှိခြင်းက အသုံးမဝင်လှသောကြောင့်ပင်။

ယခုတွင် အင်ပါယာက စစ်တပ်အသုံးစရိတ်ကို ဖြတ်တောက်လိုက်ရာ ဌာနချုပ်များကလည်း ရေတပ်၏ အသုံးစရိတ်ကို ယုတ်တိကျကျ ဖြတ်တောက်မည်သာ။

"ဆရာ ခရီစလာ, နောက်နှစ် အသုံးစရိတ်က ဘယ်လောက်ဖြစ်မယ်ဆိုတာ သိလား?" ရူဆဲလ်က စဉ်းစားပြီးနောက် မေးလိုက်သည်။

"အင်း... ဒါကို ရက်အနည်းငယ်အတွင်းသိမှာဆိုတော့ မင်းအတွက် လျှို့ဝှက်ချက်မဟုတ်ပါဘူး။" ခေါင်းဆောင် အစ်စ်လာက လက်သုံးချောင်ထောင်ပြကာ၊ "ရွှေဒင်္ဂါး သန်းသုံးဆယ်၊ ပိုနည်းသွားဖို့ပဲရှိတယ် ဒီ့ထက် ပိုမှာတော့မဟုတ်ဘူး။"

"ရွှေဒင်္ဂါး သန်းသုံးဆယ်တည်းလား?" ရူဆဲလ်မှာ အံ့ဩသွားကာ၊ "အရင်နှစ်က သန်းငါးဆယ်ရှိခဲ့တာ ဘယ်လိုလုပ် ရုတ်တရတ် တစ်ဝက်လောက် လျှော့လိုက်ရတာလဲ?"

"အင်ပါယာရဲ့ စစ်တပ်အသုံးစရိတ်က တစ်ခါတည်း သန်းခုနစ်ဆယ် လျော့သွားတော့ ငါတို့ စစ်တပ်ရဲ့ အသုံးစရိတ်က စစ်တပ်အသုံးစရိတ်လျော့တာထက်တော့ နည်းပါသေးတယ်..." ခေါင်းဆောင် အစ်စ်လာက မိမိကိုယ်အပြစ်တင်ဟန်ပြုံးကာ ဆိုသည်။

"ပြဿနာက အရမ်းနည်းတော့ ဆက်တိုက်နည်းသွားရင်..." ရူဆဲလ်က မျက်မှောင်ကုပ်၍ တွက်ချက်မှုအချို့ အမြန်ပြုလုပ်လိုက်ပြီး၌ သူ၏ မျက်နှာကို ပို၍ပင် ပျက်သွားစေသော ပြဿနာတစ်ခုကို တွေ့ရှိသွားသည်၊ "ဒီတိုင်းဆို ကျွန်တော်တို့ ရေတပ်က နောက်နှစ်မှာတောင် ဆက်ရှိနေနိုင်ပါတော့မလားပဲ?"

"အင်း" ခေါင်းဆောင် အစ်စ်လာက ခေါင်းငြိမ့်သည်၊ "ဒီတော့ ဒီအဓိပ္ပာယ်က ရွှေဒင်္ဂါးနှစ်သန်းကုန်ကျတဲ့ အစောင့်သင်္ဘောဝယ်ဖို့ ... လုံးဝ မဖြစ်နိုင်ဘူး။"

ရူဆဲလ်က မနေနိုင်အောင် အံ့ဩသွား၏။

သူ့အနေနှင့်အသုံးစရိတ်ကြောင့် ၎င်း ဈေးကြီးသော သင်္ဘောကို ဝယ်နိုင်ရန် ခက်ခဲမည်ဟု မျှော်မှန်းထားပြီးသားပင်။

သို့သော် ရေတပ်က ဤမျှ ဆင်းရဲနေလိမ့်မည်ဟု တွေးမထားခဲ့။

၎င်းတို့သာ နှစ်စဉ် ရွှေဒင်္ဂါးသုံးသန်း အသုံးစရိတ်သာ ရမည်ဆိုလျှင် ၎င်းတို့ဘာသာ ရပ်တည်ရုံနိုင်လောက်သာဖြစ်၏။ တစ်ခုခုဖြစ်လာခဲ့သည်ရှိသော် အဆုံးသတ်ကိုပင် မလုပ်နိုင်လောက်ပေ။

ဤအခြေအနေ၌ မည်သို့များ ထိုသို့သော ဈေးကြီးသည့် အစောင့်သင်္ဘောမျိုးဝယ်ယူရန် ထိုများပြားလှသည့် ရွှေဒင်္ဂါးပမာဏကို ထုတ်နိုင်ပါမည်နည်း?

ခေတ္တတိတ်ဆိတ်နေပြီးနောက် ရူဆဲလ်မှာ အလျှော့မပေးပေ။ သူဟာ ခေတ္တမျှစဉ်းစားလိုက်ပြီး ခေါင်းဆောင် အစ်စ်လာကို ပြောသည်၊ "ဆရာ ခရီစလာ ကျွန်တော့်ရဲ့ အမြင်ကိုပြောဦးမယ်။ ဘာဖြစ်ဖြစ် တော်ဝင်ရေတပ်က နယ်မြေကြီးမှာ အသန်မာဆုံးရေတပ် အဖြစ်ကို ထိန်းသိမ်းနိုင်ဖို့ ဒီအစောင့်သင်္ဘောတွေကို ရမှဖြစ်မှာ။"

ခေါင်းဆောင် အစ်စ်လာက မျက်မှောင်ကုပ်ကာ၊ "ပြဿနာက ပိုက်ဆံလေ...."

"ဒါဆို ပိုက်ဆံညှစ်ထုတ်လိုက်ကြတာပေါ့!" ရူဆဲလ်က ရှေ့တစ်လှမ်းတိုး၍ ရှင်းလင်းပြတ်သားစွာဆိုသည်၊ "ဆရာ ခရီစလာ ကျွန်တော်တို့ လက်ရှိ သင်္ဘောစုကို တိုက်ရိုက်လျှော့ချပြီး ဒီအင်အားကြီးအစောင့်သင်္ဘောရဲ့ ပုံစံအသစ်ကို တိုက်ရိုက်ပြောင်းဖို့ အကြံပြုပါတယ်။"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၉၉။ ကားတစ်စီးဝယ်ယူခြင်း

ရူဆဲလ်မှာ တည်ငြိမ်ဟန်ဖြင့် ရေတပ်ဌာနချုပ်မှ ထွက်ခွာသွားသည်။

သူဟာ တိမ်ထူများဖုံးအုပ်နေသော ကောင်းကင်ကို မော့ကြည့်၍ မျက်လူံးများထဲ ကူရာမဲ့ဟန်ဖြင့် ခေါင်းခါကာ သက်ပြင်းချလိုက်မိသည်။

သူ့အနေနှင့် ထိုကိစ္စနှင့်စပ်လျဉ်း၍ မည်မျှ စိတ်အားထက်သန်ကာ အလေးထားသည်ဖြစ်စေ ခေါင်းဆောင် အစ်စ်လာက သဘောတူမည်မဟုတ်ပေ။

နောက်ဆုံးတောင်းဆိုမှုအနေနှင့် ခေါင်းဆောင် အစ်စ်လာမှာ ၎င်းက မည်သည့် ကျင့်ဝတ်မှမရှိဘဲ အဓိပ္ပါယ်မဲ့ပြုနေခြင်းဟု ဆိုခဲ့သည်။

"အဓိပ္ပာယ်မဲ့တယ်? ဖြစ်နိုင်တာက..." ရူဆဲလ်မှာ ခါးသက်သက်ရယ်၍ ခေါင်းဆောင် အစ်စ်လာ၏ တုံ့ပြန်မှုက လုံးဝမထူးဆန်းဟု စဉ်းစားလိုက်သည်။

တစ်ယောက်ယောက်သာ ရူဆဲလ်၏ ရေတပ်သင်္ဘောအားလုံးအား ဖျက်သိမ်းကာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောများနှင့် လဲမည့်အတွေးကိုကြားပါလျှင် ၎င်းက အဓိပ္ပာယ်မဲ့သည်ဟု ၎င်းတို့လည်း ခံစားရပေလိမ့်မည်။

ကန်ဒရာအင်ပါယာ၏ တော်ဝင်ရေတပ်မှာ စစ်တပ်ကဲ့သို့ အရေးမပါသော်လည်း တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းခြောက်ရာ ရှိခဲ့ပြီဖြစ်သည်။ လက်ရှိတွင် သင်္ဘောစုလေးစုရှိကာ စစ်သည် တစ်သောင်းကျော်နှင့်အတူ သင်္ဘောအစီးရေနှစ်ထောင်ကျော်သည်။

အနှီသင်္ဘောများအားလုံးကို ရုတ်တရတ် ဖျက်သိမ်းခြင်းက မဖြစ်နိုင်သည့်အရာတစ်ခု စိတ်ကူးယဉ်မျှသာဖြစ်သည်။

မှန်ပါ၏ ရူဆဲလ်သည်လည်း ၎င်းက မဖြစ်နိုင်ဟူသည့်အချက်ကို သေချာသိသဖြင့် သူ၏ အစစ်အမှန်အကြံပြုမှုမှာ ရေတပ်၏ တစ်စိတ်တစ်ပိုင်းကို ဖျက်သိမ်းပြီး အစောင့်သင်္ဘောများဝယ်ယူရန် အသုံးစရိတ်ကို သုံးစွဲနိုင်မည်ဖြစ်ပြီး သင်္ဘောစုအသစ်ဖန်တီးမည်ပင်။

သို့သော် ဤအတွေးက ခေါင်းဆောင် အစ်စ်လာ၏ လက်ခံမှုကို မရရှိဆဲဖြစ်နေသည်။

"တစ်ပိုင်းကို လျှော့ရမယ်? ဟုတ်ပြီလေ ဘယ်အပိုင်းလဲ?"

ခေါင်းဆောင် အစ်စ်လာ၏ မေးခွန်းက ရူဆဲလ်ကို ဆွံ့အသွားစေ၏။

ဒုခေါင်းဆောင်အနေနှင့် ရူဆဲလ်မှာ ရေတပ်၏ အခြေအနေကို လူအများစုထက် ပိုမို နားလည်ပေသည်။

သူဟာ ရေတပ်ထံ၌ သင်္ဘောစုလေးခုသာရှိသော်လည်း ထိုလေးစုအားလုံး၌ ၎င်းတို့၏ ကဏ္ဍအသီးသီးရှိကြသည်ကို သိပါ၏။ အင်ပါယာ၏ အင်အားများကို ရောရောနှောထားရာ သူသာ ကဏ္ဍတစ်ခုခုကို ဖယ်ရှားလိုက်လျှင် ၎င်းက စစ်ကြေညာခြင်းနှင့် ညီမျှပေလိမ့်မည်။

မှန်ပါ၏၊ မည်သည့် အပိုင်းကို လျှော့ချရမည်နည်း?

၎င်းမှာ ရိုးရှင်းပုံပေါ်သော်လည်း တကယ်တမ်း ခက်ခဲလှသည်ပင်။

ရူဆဲလ်မှာ ဒုခေါင်းဆောင်ဖြစ်ရုံသာဖြစ်သည်ကို မဆိုထားနှင့် ရေတပ်ခေါင်းဆောင်မဟုတ်သလို စစ်တပ်ခေါင်းဆောင်လည်းမဟုတ်ပေ။ ထိုဆုံးဖြတ်ချက်ချရန် အလွယ်လေးဖြစ်နိုင်ချေမရှိချေ။

ထိုသို့လုပ်နိုင်သည့် တစ်‌ဦးတည်းသောမှာ ဧကရာဇ်သာဖြစ်သည်။

သို့သော် အင်ပါယာ၏ စိတ်ထဲရှိ တစ်ခုတည်းသော ခြိမ်းခြောက်မှုမှာ မာလိုအင်ပါယာဖြစ်ပြီး ရေတပ်မှာ သူ့အတွက် လုံးဝ အရေးမပါချေ။

သူ့အတွက် ဤအဆိုပြုချက်ကိုလုပ်ဆောင်ရန် ဧကရာဇ်မှာ ပထမဦးစွာ ရေတပ်ကို လုံးဝဖယ်ရှားရပေမည်။

အဆုံးတွင် ရေတပ်ကို ထူထောင်လိုက်ကတည်းက ၎င်းတို့မှာ အင်ပါယာထံ မည်သည့်အကျိုးကျေးဇူးမှ ယူဆောင်မလာခဲ့ဖူးချေ။ ၎င်းက တိုင်းပြည်ရှိ လူအများစုကို ရေတပ်ထံ မည်သည့် အရေးအရာမှ မထားဖို့ ဖြစ်သွားစေသည်။

ဤအခြေအနေက နှစ်ခြောက်ရာအတွင်း မတိုးတက်ခဲ့ပေ။ ရူဆဲလ်သည်လည်း သူထမ်းဆောင်ခဲ့သည့် နှစ် ၂၀အတွင်း မည်သည့် တိုးတက်မှုမှ မလုပ်ဆောင်ခဲ့ပေ။

သူ့အနေနှင့် ရှေ့လျှောက်လည်း မည်သည့် တိုးတက်မှုမှ လုပ်ဆောင်နိုင်မည်မဟုတ်သည်ကို စိတ်ကူးကြည့်နိုင်သည်။

ရူဆဲလ်မှာ ထိုအခြေအနေနှင့် ပတ်သက်၍ ကူရာမဲ့သလို ခံစားနေရသဖြင့် ခေါင်းဆောင် အစ်စ်လာကို ဖျောင်းဖျရန် အကြောင်းပြချက်တစ်ခုလေးပင် မရှာနိုင်ဘဲ တိတ်တဆိတ်သာ ထွက်သွားနိုင်သည်။

"တစ်ခုတည်းသော သက်သာစရာက Frestech ကုန်သည်ကြီးများအသင်းဆိုတာ စတက်တိန်းနယ်မြေက လုပ်ငန်းစုလေးတစ်ခုပဲ ဖြစ်ပြီး ငါတို့ အင်ပါယာရဲ့ ရေတပ်ကို ဘာခြိမ်းခြောက်မှုမှ မဖြစ်စေတာပဲ..."

ရူဆဲလ်မှာ သူ၏စိတ်ထဲတွင် မိမိကိုယ်ကို နှစ်သိမ့်လိုက်သော်လည်း အနည်းငယ် စိတ်မချဖြစ်နေဆဲပင်။

သူဟာ စတက်တိန်းနယ်မြေ၌ Frestech ကုန်သည်ကြီးများအသင်းကို စစ်ဆေးခဲ့စဉ်က ရက်အနည်းငယ်လေးအတွင်း ထွက်ခွာလာခဲ့ပါလျှင်တောင် ထိုနေရာ၌ အံ့ဖွယ်အရာများစွာကို မြင်တွေ့ခဲ့ရသည်။

ရူဆဲလ်၏ စိတ်အတွင်းပိုင်း၌ ဟာသတစ်ခုပုံပေါ်သည့် အတွေးတစ်ခု ရှိခဲ့၏။

၎င်း Frestech ကုန်သည်ကြီးများအသင်းမှာ အခြားကမ္ဘာမှ လာသည်ပုံစံမျိုးပင်။

၎င်းတို့အနေနှင့် ထို မှော်စက်များအားလုံးကို ဖန်တီးနိုင်ခြင်းက ဤနယ်မြေကြီးနှင့် သက်ဆိုင်သော ကုန်စည်များ ဖြစ်ပုံမရနေပေ။

စတက်တိန်းနယ်မြေရှိ ပုံမှန် မှော်စက်များကို တွေ့ခဲ့းဉ်က သူ၏ ခံစားချက်မှာ ထိုမျှ မနက်ရှိုင်းသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ မှော်သင်္ဘောကြီးများနှင့် ၎င်းတို့ထံရှိ တုနှိုင်းမဲ့ တိုက်ပွဲအင်အားကို မြင်ပြီးနောက် အနှီခံစားချက်များက နက်ရှိုင်းသည်ထက် ပိုမို နက်ရှိုင်းလာကာ သူ့အား ပို၍ ပို၍ ပူပန်လာစေသည်။

သူ့အနေနှင့် ဤ‌ Frestech ကုန်သည်ကြီးများအသင်းသာ ဤသို့ ဆက်လက်တိုးတက်နေနိုင်လျှင် ၎င်းတို့မှာ... ကန်ဒရာအင်ပါယာတစ်ခုလုံးအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု ဆက်တိုက်ခံစား‌နေရသည်။

ထိုအတွေးက ရူဆဲလ်၏ စိတ်ထဲ ပေါ်လာချိန်တွင် သူဟာ မိမိကိုယ်ကို မရယ်မိဘဲ မနေနိုင်ပေ။

ကန်ဒရာအင်ပါယာမှာ နယ်မြေကြီးရှိ အင်ပါယာနှစ်ခု အနက် တစ်ခုဖြစ်ပြီး ၎င်းတို့က ခုခံမရနိုင်ဟု ထင်ရှားသည်။

စတက်တိန်းနယ်မြေရှိ Frestech ကုန်သည်ကြီးများအသင်း ကဲ့သို့သော လုပ်ငန်းစုလေးတစ်ခု မဆိုထားနှင့် စတက်တိန်းနယ်မြေတစ်ခုလုံးသည်ပင် ကန်ဒရာအင်ပါယာ၏ မျက်လုံးထဲ မဝင်ရောက်နိုင်ပေ။

သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းထံ ထားရှိသော ပူပန်မှုမှာ ၎င်းတို့ထုတ်လုပ်သည့် မှော်စက်များအတွက် ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။

ထိုသို့စဉ်းစားရင်း ရူဆဲလ်မှာ တစ်ချိန်လုံး နံဘေး၌ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သော သူ၏ ကိုယ်ပိုင် မြင်းလှည်းမောင်းသူထံ လက်ယမ်းပြလိုက်သည်၊ "မာတင် Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေကို မြို့က ဘယ်နေရာမှာ ရောင်းလဲသိလား? တစ်ချက်လောက် ကြည့်ဖို့ ခေါ်သွားပေးပါဦး။"

မာတင်မှာ အံ့ဩသွားသည်။

ဆရာ ရူဆဲလ်မှာ နောက်ဆုံးတွင် ရေတပ် အခြေစိုက်ရုံးမှ ဝင်မ်ဘယ်လ်ဒန်မြို့တော်သို့ ပြန်လာပြီဖြစ်ရာ ခေါင်းဆောင်ထံ ဦးဆုံး သွားရောက်အစီရင်ခံသည်က သူ့အတွက် အဆင်ပြေသော်လည်း အဘယ့်ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကို မြင်တွေ့လိုနေသနည်း?

"ဒါက... ဆရာ ဘယ်လိုမျိုးကို တွေ့ချင်တာလဲ?" မာတင်က စဉ်းစားပြီးနောက် မေးလိုက်သည်။

"အင်း? ဘယ်လိုမျိုးလဲ? အမျိုးအစား များတာလား?" ထိုသို့ မေးလာစဉ်တွင် ရူဆဲလ်က တုံ့ပြန်လာသည်။

Frestech ကုန်သည်ကြီးများအသင်းသို့ အလည်သွားစဉ်က သူဟာ ထူးဆန်းသည့် မှော်စက်ပေါင်းများစွာကို တွေ့ခဲ့ရသည်။ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များ ဝင်မ်ဘယ်လ်ဒန်မြိုတော်သို့ ဝင်ရောက်လာစဉ်ကတည်းက အမျိုးအစားများစွာ ရှိလောက်သည်။

"အင်း အလင်းရောင်ထုတ်ပေးတဲ့ မှော်မီးအိမ်၊ ချက်ပြုတ်ဖို့ သုံးလို့ရတဲ့ မှော်မီးဖို၊ ထမင်းချက်လို့ရတဲ့ မှော်ထမင်းပေါင်းအိုးနဲ့ ရေနွေးတည်လို့ရတဲ့ မှော်ရေနွေးအိုး...."

မာတင်က ရူဆဲလ်ထံ ၎င်းတို့ကို တစ်ခုပြီးတစ်ခု ဖော်ပြနေသည်။

သူ့အနေနှင့် အနှီမှော်စက်များအားလုံးကို သိနေရသည့် အကြောင်းအရင်းမှာ သူသည်လည်း သူ၏မိသားစုအတွက် တချို့ကို ဝယ်လိုသောကြောင့်ပါပင်။

သူဟာ လူများက Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များမှာ အင်မတန် အဆင်ပြေလှပြီး ဘဝကို များစွာပိုမို လွယ်ကူစေလာသည်ဟု ပြောသည်အား ကြားခဲ့ရသည်။

သူဟာ မြင်းလှည်းမောင်းသူ တစ်ဦးသာဖြစ်သော်လည်း ဆရာ ရူဆဲလ်မှာ သူနှင့် ပတ်သက်ပြီး တွက်ကပ်မနေ‌တတ်ပေ။ လူများစွာက သူ့ထံမှ တဆင့် ဆရာ ရူဆဲလ်ထံ ဆက်သွယ်‌လိုနေသောကြောင့် အတော်များများ ပေးကမ်းကြသည့် အချက်ကိုပါ ထည့်ပေါင်းလိုက်သော် သူ့အနေနှင့် မှော်စက်များ၏ တန်ဖိုးကို စိုးရိမ်နေဖို့ မလိုပေ။

"ဟုတ်ပြီလေ တစ်ချက်လောက်ကြည့်ရအောင် ခေါ်သွားပေးဦး" ရူဆဲလ်က လက်ယမ်း၍ မာတင်ကို ဖြတ်ပြောလိုက်၏။

"ဟုတ်ကဲ့ ဆရာ လာပါ"

မာတင်က ရူဆဲလ်အား မြင်းလှည်းထဲဝင်ဖို့ ကူရန် လက်ကမ်းပေးလိုက်ပြီးနောက် ရုတ်တရတ် တုံ့ဆိုင်းစွာ ဆိုလာသည်၊ "ဆရာ... တကယ်တော့ ကျွန်တော့် အကြံပြုပေးချင်တာရှိပါတယ်...."

"ဘာအကြံလဲ?" ရူဆဲလ်က သူ့အား အနည်းငယ် အံ့ဩစွာကြည့်လာသည်။

"ကျွန်တော်ခံစားမိတာ... ဆရာ့အနေနဲ့ မှော်ဆလွန်းတစ်စီးလောက် ဝယ်သင့်လားလို့လေ?" မာတင်က ရူဆဲလ်ကို မျှော်လင့်တကြီးကြည့်လိုက်သည်။

"မှော်ဆလွန်း?" ရူဆဲလ်မှာ အံ့ဩသွားပါသည်။ သူ Frestech ကုန်သည်ကြီးများအသင်းသို့ သွားခဲ့စဉ်က သံတမန်ဟာကာနင်မှာ ထူးဆန်းသည့်ပုံစံရှိ မှော်ဆလွန်းထံ သူ့အား ထည့်ခေါ်သွားကြောင်း အမြန်မှတ်မိသွားသည်။

"ဟုတ်ပါတယ် မှော်ဆလွန်းက မြင်းလှည်းထက် အများကြီး ပိုသက်တောင့်သက်သာ ဖြစ်ပြီးတော့ ပိုမြန်ရုံတင်မကဘူး အရမ်းလည်း လုံခြုံတယ်လေ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က မြို့မှာ၏ ဘာရွန်ဆိုတိုရဲ့မှော်ဆလွန်းနဲ့ ကောင့်ထ် ဆာအင်ရဲ့ မြင်းလှည်းတို့ တိုက်မိခဲ့ကြသေးတယ်။ ဘာဖြစ်သွားလည်း ခန့်မှန်းနိုင်လား? ကောင့်ထ်ဆာအင်ရဲ့ မြင်းလှည်းက အစိတ်စိတ်အမြွှာမြွှာဖြစ်ပြီး ဘာရွန်ဆိုတိုရဲ့ မှော်ဆလွန်းက အချိုင့်လေးတစ်ခုလောက်ဖစ်သွားရုံပဲ၊ ဒါပေမယ့် အထဲက လူတွေတော့ လုံးဝ မထိခိုက်သွားဘူးလေ။ ယာဉ်တိုက်မှုပြီးတော့ ကောင့်ထ် ဆာအင်က သူ့ရဲ့ မိသားစုအတွက် မှော်ဆလွန်းသုံးစီးဝယ်ပြီး မြင်းလှည်းနဲ့ အပြင်ထပ်မထွက်တော့ဘူးလိာ့တောင် ပြောခဲ့တယ်။ အဲ့ဒါအပြင်...."

မာတင်က မှော်ဆလွန်းများ၏ အကျိုးကျေးဇူးကို ဖော်ပြရင်း လွန်ခဲ့သည့် ရက်အနည်းငယ်ကျော်က ဝင်မ်ဘယ်လ်ဒန်မြို့တော်၌ ဖြစ်ပွားခဲ့သည့် ဇာတ်လမ်းများအကြောင်း ပြောပြသည်ကို ကြားသော် ရူဆဲလ်မှာ Frestech ကုန်သည်ကြီးများအသင်းကို စစ်ဆေးဖို့ သံတမန်ဟာကာနင်နှင့်အတူ သွားစဉ်က အခြေနေကို စတင်စဉ်းစားမိလာသည်။

သူ့အနေနှင့် သူ မြင်တွေ့ခဲ့သမျှ ထူးဆန်းသော အခြေအနေအရပ်ရပ်ကြောင့် အံ့ဩခဲ့သော်လည်း သူ့အား အံ့အားအသင့်စေခဲ့ဆုံးသော အရာမှာ ရှုယီကို မတွေ့ခင် မှော်လေသင်္ဘောစီးခဲ့ရခြင်းဖြစ်သည်။

မှော်ဆလွန်းကတင် အံ့အားသင့်ဖွယ်ကောင်းလှနေပြီဖြစ်သော်လည်း မှော်လေသင်္ဘောနှင့်ယှဉ်လျှင် ၎င်းမှာ ကောင်းကင်ဘုံနှင့် ငရဲလိုပင်။

ဖြစ်နိုင်ပါက သူလည်း မှော်လေသင်္ဘောတစ်စင်းလိုချင်ပါ၏။

သို့သော် Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့ကို အများအတွက် မထုတ်လုပ်ရသေးသဖြင့် သူ့မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်သည်က နှမျောစရာပင်။

"ဟုတ်ပြီလေ ဒါဆို တစ်စီးလောက် သွားဝယ်ရတာပေါ့။" ရူဆဲလ်က ရုတ်တရတ် ခေါင်းငြိမ့်ကာ မာတင်ကို ဖြတ်ပြောလာသည်။

"... အဲ့ဒါက တကယ်ကို အံ့မခန်းလောက်အောင်မြန်တာ၊ ကျွန်တော်တောင် လုံးဝသေချာမမြင်နိုင်ဘူး... အမ်? ဆရာ ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီလား?"

"အင်း ဒါက အဆင်ပြေတယ်လို့ ခင်ဗျားခံစားရမှတော့ တစ်စီးလောက်ဝယ်လိုက်ရုံပေါ့။ ဒါပေမယ့် ဘယ်တုန်းက Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်ဆလွန်းကို ဝင်မ်ဘယ်ဒန်မြို့တော်မှာ စတင်ရောင်းချနေတာများလဲ? အရင်က အိမ်သုံးမှော်စက်တွေပဲ ရောင်းနေခဲ့တာမဟုတ်ဘူးလား?" ရူဆဲလ်က မေးသည်။

"ဆရာ လပေါင်းများစွာ ပြန်မလာရသေးတော့ သိမှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ သုံးလအကြာက Frestech ကုန်သည်ကြီးများအသင်းဆီကနေ မှော်ဆလွန်းတွေရောင်းဖို့ အဓိက ထားထားတဲ့ ဆိုင်တစ်ဆိုင် ဝင်မ်ဘယ်ဒန်မြို့တော်မှာ ဖွင့်ထားတယ်။ ဝင်မ်ဘယ်လ်ဒန်မြို့တော် တစ်ဝိုက်မှာ မှော်ဆလွန်းတွေကို တွေ့တယ်မလား သူတို့အားလုံး အဲ့ဆိုင်ကချည်းပဲ။" ထိုသို့ပြောပြီးနောက် မာတင်က ဘေးဘီကို ဝေ့ဝိုက်ကြည့်ကာ အသံတိုးတိုးဖြင့် အနားကပ်ဆိုလာသည်၊ "အဲ့က သူဌေးက လမ်ပူရီတိုင်းပြည်ကနေလာပြီး မင်းသားဖရန့်ခ်နဲ့ အထူးဆက်ဆံရေးရှိတဲ့ပုံရတယ်လို့ ကြားထားတယ်..."

"အိုး?" ရူဆဲလ်က မျက်မှောင်အသာ ကုပ်လိုက်မိသည်။ မင်းသားဖရန့်ခ်မှာ မတိုင်ခင်က Frestech ကုန်သည်ကြီးများအသင်းနှင့် သီးသန့် ဆက်သွယ်ထားပုံရသည်၊ ဤဆိုင်မှာ မင်းသားဖရန့်ခ်နှင့် Frestech ကုန်သည်ကြီးများအသင်းကို အတူတကွ အလုပ်လုပ်ဆောင်ခြင်း အဓိပ္ပာယ်များဖြစ်နေမလား?

သူဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် မင်းသားဖရန့်ခ်တို့အကြား ပူးပေါင်းမှုက အဆုံးသတ်သွားခဲ့ခြင်းကို မသိပါချေ။

ထိုဆိုင်၏ သူဌေးမှာ ဘာရွန် ဘယ်လီဖြစ်သည်။ သူဟာ ဤဆိုင်ကို မင်းသားဖရန့်ခ်နှင့် သူ၏ ဆက်ဆံရေးတို့ကြောင့် ဖွင့်လှစ်ထားသည်။

သို့သော် အပြင်ပန်းတွင် ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ မှော်ဆလွန်းများရောင်းချခြင်းမှလွဲ၍ Frestech ကုန်သည်ကြီးများအသင်းနှင့် လုံးဝမသက်ဆိုင်ပေ။

ရူဆဲလ်လည်း စဉ်းစားပြီးနောက် မာတင်ကို ခေါင်းငြိမ့်ပြလိုက်၏။

"ဟုတ်ပြီလေ အရင်ဆုံး အဲ့ဆိုင်သွားကြည့်ကြတာပေါ့"

ရူဆဲလ်က သဘောတူသည်ကို မြင်သော် မာတင်မှာ ချက်ချင်းပင် ဝမ်းသာဟန်ပြလာသည်။ သူက မြင်း၏ တင်ပါးကို ကြာပွတ်ဖြင့်လွှဲရိုက်လိုက်ပြီး မြင်းလှည်းအား ရေတပ်ဌာနချုပ်မှ မောင်းထွက်လာလိုက်၏။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၀၀။ မှော်ဆလွန်းတွေတင်မက

Frestech တံဆိပ်မှော်ဆလွန်းများရောင်းချသည့် ထိုဆိုင်မှာ ဝင်မ်ဘယ်လ်ဒန်မြို့တော်၌ မဟုတ်ဘဲ အပြင်ဘက်၌ ဖြစ်သည်။ ၎င်းက တောင်ဘက်ဂိတ်နှင့် အနီးဆုံး ငါးကီလိုမီတာရှိ၏။

ထိုသို့ဝေးလံသော နေရာကို ရွေးချယ်ရခြင်းအကြောင်းအရင်း ဝင်မ်ဘယ်လ်ဒန်မြို့တော်က အင်မတန် တင်းကြပ်သောကြောင့်ပင်။ မြေတစ်လက်မစီတိုင်းမှာ ရွှေအချိန်ထိုက်တန်သဖြင့် ဝင်မ်ဘယ်လ်ဒန်မြို့တော်၌ ဆိုင်တစ်ဆိုင်ဖြင့်ရန်မှာ အချိတ်အဆက်များရှိထားရမည့်အပြင် ရင်းနှီးမြှုပ်နှံမည့် ငွေပမာဏ အမြောက်အများလည်းလိုအပ်ပေ၏။

မှော်ဆလွန်းအမျိုးမျိုးကို သရုပ်ပြရန် နေရာရှိဖို့ လိုအပ်သောကြောင့် နေရာကျယ်ကျယ် လိုအပ်သည်။ ထို့ကြောင့် ဘယ်လီ သည် စဉ်းစားပြီးနောက်၊ ဝင်မ်ဘယ်လ်ဒန်မြို့တော် နှင့်ဝေးသော ဤဝေးလံသောနေရာတွင် ဆိုင်တစ်ဆိုင်ဖွင့်ရန်သာ ရွေးချယ်ခဲ့သည်။

ဝင်မ်ဘယ်လ်ဒန်မြို့တော်တွင် ဆိုင်တစ်ဆိုင်ဖွင့်ခြင်းနှင့် ယှဉ်ပါက ၎င်းတို့ဟာ အဆောက်အဦများအားလုံးကို ဆောက်လုပ်ပြီး တစ်ခုပြီးတစ်ခု အလှဆင်ဖို့ လိုအပ်သော်လည်း အကျိုးကျေးဇူး မည်သည်မှ မရှိခြင်းကနေစသည့်အတွက် ဘယ်လီက အရာအားလုံးကို ဆုံးဖြတ်ဖြစ်နိုင်သည်။

ပြင်ဆင်မှု နှစ်လကြာပြီးနောက် “ဘယ်လီ မှော်ကားအ‌ရောင်းဆိုင် ” ဟုခေါ်သော ဤဆိုင်ကို ဖွင့်လှစ်ခဲ့သည်။

အစပိုင်းတွင်တော့ ဆိုင်လုပ်ငန်းက နည်းပါး၏။ မင်းသားဖရန့်ခ်နှင့် ဘယ်လီ ၏ဆက်ဆံရေးကြောင့်သာ မျိုးရိုးမြင့်အချို့က ၎င်းတို့၏အသိုင်းအဝိုင်းငယ်အတွင်း သူ ပေးခဲ့သော ကြော်ငြာကြောင့် ရောက်လာခဲ့ကြသည်။

သို့သော် ဝင်မ်ဘယ်လ်ဒန်မြို့တော်မှ မျိုးရိုးမြင့်များသည် မှော်ဆလွန်း၏အကျိုးကျေးဇူးများကို သိရှိရသောအခါ မှော်ဆလွန်းများက မျိုးရိုးမြင့်များကြားတွင်အလွန်ရေပန်းစားလာခဲ့သည်။

စျေးအသက်သာဆုံး မှော်ဆလွန်းသည်ပင် ရွှေဒင်္ဂါးတစ်ထောင့်ငါးရာ ကုန်ကျသော်လည်း ဝယ်လိုအား နည်းပါးခြင်းမရှိပေ။

လုပ်ငန်းစစချင်း ပထမလ၌ ဤဆိုင်တွင် မှော်ဆလွန်းခုနစ်စီးသာ ရောင်းချခဲ့ရသော်လည်း ဒုတိယလတွင် မှော်ဆလွန်းစုစုပေါင်း ခြောက်ရာ့သုံးဆယ့်ရှစ်စီးအထိ အရောင်းသွက်ခဲ့သည်။ ၎င်းသည် ပထမလထက် အဆတစ်ရာနီးပါးဖြစ်သည်။

ထို့အပြင်၊ ဤကိန်းဂဏန်းသည် အံ့အားသင့်ဖွယ်နှုန်းဖြင့် ကြီးထွားလာသည်။ မှော်ဆလွန်းများကို ဝယ်ယူသူများသည် ဝင်မ်ဘယ်လ်ဒန်မြို့တော်တွင်သာ ကန့်သတ်ထားခြင်းမဟုတ်ဘဲ ကန်ဒရာအင်ပါယာရှိ အခြားနေရာများမှ မျိုးရိုးမြင့်များက သတင်းရရှိပြီး ၎င်းတို့အားလုံး မှော်ဆလွန်းများကို မှာယူရန် လာခဲ့ကြသည်။

ဘယ်လီ ၏ ခန့်မှန်းချက်အရ ယခုလတွင် မှော်ဆလွန်းပေါင်း တစ်ထောင်ကျော် ရောင်းချနိုင်သည် ။

ဤ မှော်ဆလွန်းများကို Frestech ကုန်သည်ကြီးများအသင်းမှ တိုက်ရိုက်တင်ပို့ခဲ့ပြီး သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များကို လျစ်လျူရှုထားသောကြောင့် ဘယ်လီ သည် တစ်စီးစီထံမှ အနည်းဆုံးရွှေဒင်္ဂါးသုံးရာရရှိနိုင်ပါသည်။

ယခုအချိန်အထိ ဘယ်လီ မှော်ကားအရောင်းဆိုင်သည် အစီးရေ တစ်ထောင်ကျော် ရောင်းချခဲ့ရခြင်းကြောင့် ဘယ်လီ သည် ဤသုံးလအတွင်း ရွှေဒင်္ဂါးပေါင်း သုံးသိန်းကို ရရှိနေပြီဖြစ်သည်။

သူ့ ဘဏ္ဍာရေးအစီရင်ခံစာကိုမြင်တိုင်း ဘယ်လီ သည်ထိုအချိန်ကသူ၏ ပညာရှိဆုံးဖြတ်ချက်အတွက်ပျော်ရွှင်မှုအပြည့်ရှိနေတတ်သည်။

ရှုယီ၏ အဆိုပြုချက်ကို သဘောမတူဘဲ ဒီဆိုင်ကို တည်ထောင်ဖို့ ရောက်မလာခဲ့လျှင် သုံးလအတွင်းမှာ သုံးသိန်း မည်သို့ရနိုင်မည်နည်း။

သူဟာ ဝင်ငွေပိုရသဖြင့် တစ်နေ့ထက်တစ်နေ့ ပိုပျော်လာပြီး အပြုံးများက ပီပြင်လာသည်။

သို့သော် ရူဆဲလ် နှင့် မာတင်တို့ ဤဆိုင်ကို ရောက်ရှိလာချိန်မှာတော့ ဘယ်လီ ရဲ့ အပြုံးဟာ အေးခဲသွားပြီးနောက်မှ ပိုတောက်ပလာသည်။ သူဟာ အရောင်းဝန်ထမ်းကိုပင် မသွားခိုင်းတော့ဘဲ ကိုယ်တိုင်လာခဲ့သည်။

ဆံဖြူလူလတ်ပိုင်းအရွယ်လူက တည်ငြိမ်ကာ မြင့်မြတ်ပုံပေါက်ပြီး အဆင့်အတန်းမြင့်တဲ့ ရောင်ဝါကို တစ်ချက်တစ်ချက် ထုတ်လွှတ်လာသည်ကို သူပြောပြနိုင်သည်။ သေချာတာကတော့ သူဟာ ဝင်မ်ဘယ်လ်ဒန်မြို့တော်၏ သာမာန်လူတစ်ယောက်တော့ မဟုတ်ပါချေ။

“ဒီကဖောက်သည် မှော်ဆလွန်း ဝယ်ချင်တာလားဗျ။ ကျေးဇူးပြု၍ ကြည့်ပါဦး၊ ခင်ဗျားရွေးချယ်နိုင်တဲ့ မှော်ဆလွန်းအတော်များများရှိပါတယ်။ ဒါပေမယ့် ဒီဂုဏ်ယူစရာဖောက်သည်အတွက်၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ နောက်ဆုံးထွက် E320 မှော်ဆလွန်းအရှည်ကို ကိုယ်တိုင်ကိုယ်ကျ အကြံပြုချင်ပါတယ်။ ကြည့်ပါဦး၊ဒါက အတော်ကိုပြေပြစ်တဲ့ အသွင်အပြင်ရှိပြီးတော့ ခင်ဗျားရဲ့အခြေအနေနဲ့ လိုက်ဖက်တယ်။ ဒါ့အပြင် ခင်ဗျားရဲ့ တည်ငြိမ်မှုကို ပြသတဲ့ အရောင်လည်း ဖြစ်တယ်...."

ဘယ်လီ ၏ မိတ်ဆက်ကို နားထောင်ရင်း ရူဆဲလ်မှာ စိတ်ဝင်စားသွားသည်။ သူက ခန်းမအတွင်းရှိ အနက်ရောင် မှော်ဆလွန်းကို ကြည့်လိုက်ပြီးနောက် ဘယ်လီ ကို ကြည့်လိုက်သည်။

ထိုလူငယ်လေးဟာ မွေးရာပါ မျိုးရိုးမြင့်ဖြစ်သူလို့ ပြောနိုင်သလို၊ ဤဆိုင်၏ သာမာန် ဝန်ထမ်းတစ်ဦး မဟုတ်လောက်ပေ။

သူ၏ ခန့်မှန်းချက် မမှားပါက၊ ဤလူငယ်သည် လမ်ပူရီတိုင်းပြည်မှလာသော ဘာရွန် ဘယ်လီ ဆိုသူ ဤဆိုင်၏ သူဌေးဖြစ်ဖွယ်ရှိသည်။

သူဟာ မင်းသားဖရန့်ခ်နှင့် ဆက်ဆံရေးအချို့ရှိကြောင်း ကြားသိခဲ့ရသည်။ ရူဆဲလ်က ၎င်းကိုကြည့်ပြီးနောက်၊ သူဟာ မင်းသားဖရန့်ခ်၏ ကိုယ်လုပ်တော်နှင့် အလွန်ဆင်တူကြောင်း တွေ့ရှိခဲ့သည်။

မင်းသားဖရန့်ခ်၏ ကိုယ်လုပ်တော်သည် လမ်ပူရီတိုင်းပြည်မှ ဆင်းသက်လာသည်ဟု ဆိုထားသောကြောင့် ဤကောလာဟလသည် အမှန်ဖြစ်နိုင်သည်။

သူ့ကို မှော်ဆလွန်း၏ ကောင်းကျိုးအမျိုးမျိုးကို ပြောပြခြင်းအား စိတ်ရှည်လက်ရှည် နားထောင်ပြီးနောက်၊ ရူဆဲလ် က နှုတ်ဆိတ်နေပြီးမှ ရုတ်တရက်မေးလိုက်သည်၊ "ဒီ မှော်ဆလွန်းက တကယ်ကောင်းပါတယ်၊ ဒါပေမယ့် ပြဿနာတစ်ခုတော့ရှိတယ်။”

ဘယ်လီ အံ့သြသွားပြီး "ဘာပြဿနာလဲ"

“ဒီကားက လမ်းနဲ့ ကပ်နေတော့ လမ်းမှာ အဖုအထစ်တွေ ရှိနေရင် လှုပ်ဖို့ မလွယ်ဘူးလား။ မြို့ထဲမှာတော့ ပြဿနာမရှိပါဘူး၊ ဒါပေမယ့် နေရာတိုင်း ကျောက်ဆောင်တွေရှိတဲ့ အင်ပါယာရဲ့တောင်ဘက်ကို သွားချင်ရင် ဒီကားအတွက် ပြေးလမ်းမရှိဘူး မဟုတ်လား"

"ဒါ....." ဘယ်လီ အနည်းငယ် အကူအညီမဲ့သွားပြီး "ဒီကဖောက်သည်၊ ခင်ဗျားစိုးရိမ်နေတဲ့ ပြဿနာက အမှန်ဖြစ်တာကိုတော့ ကျွန်တော်ဝန်ခံရမယ်။ တခြားနည်းလမ်းတော့မရှိပါဘူး၊ ဒီ မှော်ဆလွန်းက ချောမွေ့တဲ့ လမ်းတွေပေါ်မှာပဲ ပြေးနိုင်တာကတော့ မကောင်းဘူး။ အခု ကန်ဒရာအင်ပါယာမှာက လမ်းအလုံအလောက်မရှိတော့ အကန့်အသတ်ရှိပေမယ့်လည်း အဓိကမြို့ကြီးတွေဆီ မောင်းသွားချင်ရင်တော့ ပြဿနာလုံးဝမရှိပါဘူး။ ဒါက သာမန်မြင်းလှည်းစီးတာထက် အနည်းဆုံး ဆယ်ဆလောက် ပိုကောင်းတယ်လို့ အာမခံနိုင်ပါတယ်!"

“အင်း....” ရူဆဲလ်က ခေါင်းညိတ်ကာ ဘယ်လီကို တံခါးဖွင့်ရန် အရိပ်အမြွက်ပြလိုက်သည်။ သူ လှည့်ကြည့်လိုက်တော့ မှော်ဆလွန်း၏ အတွင်းပိုင်းမှာ သံတမန်ဟာကာနင် မောင်းခဲ့သည့် မှော်ဆလွန်းနှင့် ယှဉ်လျှင် အများကြီး ပိုမြင့်သည်ကို တွေ့ရ၏။ ထို့အပြင်၊ ၎င်းကပိုမိုကြီးမားပြီးအလွန်ကောင်းမွန်သည်။

ဘယ်လီ၏ အကြံပြုချက်ကြောင့် ၎င်းကို စမ်းသပ်ရန် ဝင်ထိုင်လိုက်ရာ မြင်းလှည်းစီးခြင်းထက် ပိုအဆင်ပြေကြောင်း တွေ့ရှိခဲ့ရသည်။

"ကောင်းပြီလေ ဒီ မှော်ဆလွန်းက ဘယ်လောက်လဲ" ရူဆဲလ်က ဘယ်လီကို မေးလာသည်။

ဘယ်လီက “ဒီ မှော်ဆလွန်းက အသစ်ဆုံး မော်ဒယ်မို့လို့ ဇိမ်အကျဆုံးပါပဲ။ အပြင်ပန်းကလည်း သဘာဝအတိုင်း အရမ်းလှတယ်....."

"ပြောပါ၊ ဘယ်လောက်ကျလဲ"ရူဆဲလ်သည် ဘယ်လီ ကိုလက် ဝှေ့ယမ်းကာ ဖြတ်ပြောလိုက်သည်။

ဘယ်လီ က လက်လေးချောင်းကို ထောင်ပြလိုက်ပြီး "ဒီ E320 Long Model ကို ပထမဆုံးဝယ်တဲ့ ဖောက်သည် ဖြစ်တဲ့အတွက်၊ ခင်ဗျားကို လျှော့စျေးပေးပါ့မယ်။ ရွှေဒင်္ဂါးလေးထောင်ပဲပေးပါ"

တစ်ဖက်မှ မာတင် အံ့အားသင့်စွာဖြင့် မျက်လုံးများပြူးကာ “လေးထောင်က ဦးစားပေးဈေးလား ? ဟာသပဲ!"

ဘယ်လီသည် ရူဆဲလ် ကိုကြည့်ရင်း ဘာမှမပြောဘဲ ပြုံးနေခဲ့သည်။

ရူဆဲလ် သည် မှော်ဆလွန်းကို တစ်ဖန်ပြန်ကြည့်ကာ မဆိုင်းမတွ ခေါင်းညိတ်ပြသည်။

"ကောင်းပြီ ငါယူမယ်။ မာတင် သွားပြီး ငွေရှင်းလိုက်၊ ဆိုင်ရှင်နဲ့လည်း စကားပြောချင်တယ်”

မာတင်က သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူဟာ ဘေးနားက အရောင်းဝန်ထမ်းနောက်ကို လိုက်သွားခြင်းကြောင့် ရွေးချယ်စရာမရှိတော့ချေ။ ဘယ်လီသည် ရူဆဲလ်ကို ဘေးနားရှိ အနားယူရန်နေရာသို့ တလေးတစား ဖိတ်ခေါ်ပြီး မထိုင်ခင် သူ့ကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။

ရူဆဲလ်သည် ထိုအချိန်တွင် ဆိုင်တစ်ဆိုင်ကို လှမ်းကြည့်လိုက်ရာ အနည်းငယ်ရင်းနှီးနေပုံရသည်။ စဉ်းစားကြည့်သည့်အခါ၊ သူ ဒီပုံစံကို စတက်တိန်းနယ်‌မြေ၌ အကြိမ်အနည်းငယ် မြင်ဖူးတာကို သတိရသွား၏။ ၎င်းသည် နတ်သူငယ်များပြင်ဆင်သော ပုံစံများနှင့် လူသားတို့၏ ပုံစံများကြား ပေါင်းစပ်မှုတစ်ခုဟုပင် ဆိုနိုင်သည်။

"ငါ့ရဲ့ ခန့်မှန်းချက်က မမှားဘူးဆိုရင် မင်းက ဒီဆိုင်ပိုင်ရှင် ဘာရွန်ဘယ်လီပဲ မဟုတ်လား" ထိုသို့မမေးခင် ရူဆဲလ်က ဘယ်လီ ကိုကြည့်လိုက်သည်။

ဘယ်လီ က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်၊ “တောင်းပန်ပါတယ်၊ ကိုယ့်ကိုယ်ကို တစ်ခါမှ မမိတ်ဆက်ရသေးပါဘူး။ ဟုတ်ပါတယ်၊ ကျွန်တော် ဆိုင်ရှင် ဘယ်လီ စတက်ဂျ် ပါ။ ဘာရွန် ခေါင်းစဉ်နှင့် ပတ်သက်ပြီးကတော့ ကျွန်တော်က ကန်ဒရာအင်ပါယာသို့ရောက်နေတာမို့ အရေးမပါ,ပါဘူး။

ရူဆဲလ် က ခေါင်းညိတ်ပြီး ဒီအကြောင်းကို ဆက်မမေးတော့ဘူး။ ခဏလောက်စဉ်းစားပြီးနောက်တွင် သူကဆိုသည် “ကောင်းပြီ၊ ဥက္ကဌ ဘယ်လီ၊ မင်း မှော်ဆလွန်း တွေက ကျောက်ဆောင်တွေပေါ်မှာ မောင်းနှင်ဖို့ မသင့်တော်ဘူးလို့ ပြောခဲ့တယ်။ငါသဘောတူပါတယ်။ ဒါပေမယ့် မှော်ဆလွန်းတွေက ဒီအတွက် မသင့်တော်ပေမယ့်၊ ဒီအတွက် သင့်တော်တဲ့ တခြား မှော်ကား‌တွေရှိမလားဆိုတာကို ငါသိသင့်တယ်မဟုတ်လား"

ဘယ်လီ က အံ့အားသင့်သွားပြီး "ဒီကဖောက်သည် ဆိုလိုတာက......"

“မဝင်လာခင်က ဆိုင်းဘုတ်မှာရေးထားတာ 'ဘယ်လီ မှော်ကားအရောင်းဆိုင်'လို့ရေးထားတာ 'ဘယ်လီ မှော်ဆလွန်းအရောင်းဆိုင်' မဟုတ်ဘူးဆိုတာကို ငါသတိထားမိတယ်။ ဒီလိုဆိုမှတော့ မှော်ဆလွန်းအပြင် တခြား မှော်ကားအမျိုးအစားတွေကိုလည်း ရောင်းသင့်တယ် မဟုတ်လား"

ရူဆဲလ် ၏မျက်လုံးများရှိ စူးရှသောအကြည့်ကိုမြင်လိုက်ရတော့ ဘယ်လီ သည် အပြုံးမပျက်ဘဲပြောလာသည် “မှန်ပါတယ်၊ ခင်ဗျားက တကယ်ကို သတိထားတတ်သူပဲ။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ လုပ်ငန်းက မှော်ဆလွန်းတွေ ရောင်းချရုံတင်မကဘဲ တခြား မှော်ကား အမျိုးအစားတွေကိုလည်း ရောင်းပေးတယ်။ ဒါပေမယ့် အရင်က မှော်ဆလွန်းကလွဲလို့ တခြားဘယ်သူမှ တခြားကားတွေကို စိတ်မဝင်စားခဲ့ဘူး၊ ဒါကြောင့် ဒါကို ကျွန်တော် လစ်လျူရှုခဲ့တာပါ။ ဒီကဖောက်သည်က ဘယ်လို မှော်ကား အမျိုးအစားကို လိုအပ်တာပါလဲ။ ဘယ်လိုရွေးချယ်ရမလဲဆိုတာ မသိရင် အသေးစိတ် မိတ်ဆက်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ ရှိတာတွေက......"

"မလိုပါဘူး။" ရူဆဲလ် သည် ဘယ်လီ ကို ထပ်မံစကားဖြတ်ရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည် "တကယ်လို့ ဝယ်ချင်တယ်ဆိုရင် မင်းဆီမဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်းကို ဆက်သွယ်လိုက်မယ်။ ဒီနည်းက စျေးပိုသက်သာမယ်ထင်တယ်။

ဘယ်လီသည် မနေနိုင်စွာ မျက်မှောင်ကုပ်လိုက်၏။

ဤလူသည် Frestech ကုန်သည်ကြီးများအသင်းအကြောင်း သိသော ကန်ဒရာအင်ပါယာ၏ ရှားရှားပါးပါးလူတစ်ဦးဖြစ်ပြီး ၎င်းတို့ကို တိုက်ရိုက်ဆက်သွယ်နိုင်ပုံကိုပင် သိရှိနေသည်။ သို့သော် သူ့မှာ ကိုယ်ပိုင်လမ်းကြောင်း ရှိနေလျှင် သူ့နေရာကို ဘာကြောင့်ရောက်လာရသနည်း။

သို့သော် တစ်ဖက်မှ ရွှေဒင်္ဂါးလေးထောင်ကို မှော်ဆလွန်းတွင် သုံးစွဲရန် ဂရုမစိုက်ကြောင်း တွေးတောရင်း ချက်ချင်းပင် အတွေးများဖယ်ထုတ်လိုက်သည်။ “ဒီကဖောက်သည်၊ ကျွန်တော်တို့ လုပ်ငန်းက ကန်ဒရာအင်ပါယာမှာ မှော်ကားတွေကို ရောင်းချဖို့ Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုထားတာပါ။ အကယ်၍ ဘယ် မှော်ကားအမျိုးအစားကိုမဆို ၀ယ်ချင်ရင် ကျွန်တော်တို့ လုပ်ငန်းဆီကနေဝယ်ယူဖို့ အကြံပေးချင်တယ်။ ကျွန်တော်တို့လုပ်ငန်းက Frestech ကုန်သည်ကြီးများအသင်းရဲ့ ခွင့်ပြုချက်ရထားရုံသာမကဘဲ ကန်ဒရာအင်ပါယာရဲ့ အသိအမှတ်ပြုလက်မှတ်အမျိုးမျိုးလည်းရှိတော့ ကျွန်တော်တို့က တရားဝင်ဆိုင်တစ်ခုပါ။ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ရိုက်ဆက်သွယ်ရင် ကန်ဒရာအင်ပါယာဘက်က လက်မခံမှာတော့ ကြောက်မိတယ်....."

ဘယ်လီက မပြောလျှင်လည်း တစ်ဖက်က နားလည်မယ်လို့ ယုံကြည်သည်။

ရူဆဲလ်က ပြုံး၍ ခေါင်းယမ်းသည်။ ကန်ဒရာအင်ပါယာဘက်တွင်မူ သူလုံးဝစိုးရိမ်နေရန် မလိုအပ်ပါ။

ရေတပ်က အရေးမကြီးဘူးဆိုရင်တောင် သူ့ကိုတော့ ဘယ်သူမှ မလွန်ဆန်ရဲပေ။

တကယ်တော့ သူ့ထံ၌ အကြံတစ်ခုရှိခဲ့သော်လည်း ယခုတော့ ဘယ်လီနှင့် ခဏလောက် စကားပြောခဲ့ပြီးသည်တွင် ဒါဟာ တကယ်ကောင်းတဲ့ အကြံတစ်ခုဖြစ်ကြောင်း သူတွေ့ရှိခဲ့ပါ၏။

စတက်တိန်းနယ်မြေတွင် Frestech ကုန်သည်ကြီးများအသင်း၏ သယ်ယူပို့ဆောင်ရေးမှော်ကားကို သူအနည်းငယ်မြင်ဖူးသောကြောင့် ကုန်ပစ္စည်းသယ်ယူရာတွင် မည်မျှအားကောင်းသည်ကို သူသိသည်။

အကယ်၍ ရေတပ်သည် အဆိုပါ သယ်ယူပို့ဆောင်ရေး မှော်ကားများဖြင့် လက်နက်တင်ဆောင်နိုင်လျှင် ရေတပ်၏ ထောက်ပံ့ရေးပစ္စည်းများသည်လည်း များစွာ တိုးလာနိုင်သည်။

သို့သော် ဒီအချက်တွေကို ဤဥက္ကဌ ဘယ်လီ နှင့် ဆွေးနွေးရုံဖြင့် မရပါချေ။ အကောင်းဆုံးနည်းလမ်းမှာ Frestech ကုန်သည်ကြီးများအသင်းကို ထပ်မံဆက်သွယ်ရန်ဖြစ်သည်။

ဒါကိုစဉ်းစားရင်း ရူဆဲလ်က ဆက်မနေတော့ဘဲ ရပ်လိုက်သည်။

မှော်ဆလွန်းကို မောင်းနှင်နိုင်မည်ဟု သူထင်ခဲ့သော်လည်း လုပ်ငန်းစဉ်သည် နေ့တစ်ဝက်အတွင်း မပြီးမြောက်နိုင်လောက်အောင် ရှုပ်ထွေးလိမ့်မည်ဟု မထင်ခဲ့ပေ။

အရေးကြီးဆုံးအချက်မှာ ဘယ်လီ ၏ အဆိုအရ၊ သူ့တွင် ယာဉ်မောင်းလိုင်စင်မရှိ၍ ယခင်က မောင်းနှင်ရန် မသင်ယူခဲ့ရသောကြောင့် တိုက်ရိုက်မမောင်းနိုင်ခဲ့ခြင်းပင်။

ဒါက ရူဆဲလ်အတွက် အသေးအမွှားကိစ္စပဲဖြစ်ပြီး မထွက်လာခင် ဖြေရှင်းပေးဖို့ မာတင်နှင့် ထားခဲ့လိုက်၏။

ဘယ်လီ မှ ရူဆဲလ်နှင့် မာတင်ကို လိုက်ပို့ပြီးကာစတွင် အရောင်အမျိုးမျိုးရှိသော မှော်ဆလွန်းသုံးစီးက သူ့ဆိုင်ရှေ့တွင် ရပ်သွားသည်။

လူငယ်လေးဦးက မှော်ဆလွန်းထဲမှထွက်လာပြီး ဘယ်လီထံသို့မလာရောက်မီ ရူဆဲလ်ကို ဦးစွာကြည့်ရှုလိုက်ကြသည်။

"ဟေး ဘယ်လီ မင်းကဘာလို့ဒီမှာတုန်း။ ပြိုင်ပွဲစတော့မယ်။”

ဘယ်လီ ပြောတာကို စောင့်မနေဘဲ သူတို့သုံးယောက်က သူ့အား မှော်ဆလွန်းထဲ တစ်စီးထဲသို့ ဆွဲခေါ်သွားတယ်။

ခဏအကြာတွင် မှော်ဆလွန်းသုံးစီးသည် လျင်မြန်စွာစက်နိုးလာပြီး အဝေးသို့ ပျောက်ကွယ်သွားခဲ့သည်။

ရူဆဲလ်သည် မနီးမဝေးမှနေ၍ နောက်သို့ လှည့်ကြည့်ကာ မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။

ယခုနက ပေါ်လာသည့် သုံးဦးကို သူမှတ်မိပါ၏။ ၎င်းတို့အားလုံးမှာ ဝင်မ်ဘယ်လ်ဒန်မြို့တော်မှ မျိုးရိုးမြင့် မိသားစုကြီးများ၏ မျိုးဆက်များဖြစ်ပြီး ၎င်းတို့အားလုံးသည် ဘယ်လီ နှင့် ဤမျှနီးစပ်လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

သူတို့ပြောသော “ပြိုင်ပွဲ” ဟူသော စကားလုံးသည် ၎င်းတို့၏ အသိုင်းအဝိုင်းအတွင်း ခေတ်ရေပန်းစားမှု အသစ်တစ်ခုဖြစ်နိုင်ပါသလား?

***

All Chapters