အခန်း (၁၀၁-၁၁၀)
Vol. 5 Ch. 101-110
Vol 5, အခန်း ၁၀၁။ မင်းက ကြောင်သူတော်ပဲ
နောက်၌ မည်သည့်အရာဖြစ်ပွားမည်ကို အစီရင်ထားခြင်းနှင့်အတူ ဘယ်လီထံမှ စာက ရှုယီ၏ လက်ထဲသို့ သုံးရက်အကြာတွင် ရောက်လာသည်။
လူများက ကန်ဒရာအင်ပါယာ၌ မှော်ကားများကို မည်မျှ စိတ်ဝင်စားကြောင်း စာထဲဖော်ပြထားသည်အားမြင်သော် ရှုယီ ထိုမျှ အံ့ဩမသွားပေ။
တကယ်တမ်းတွင် မှော်ဆလွန်းနှင့်ယှဉ်ပါက ပို့ဆောင်ရေးနှင့် ခရီးသည်တင် မှော်ကားများမှာ ပို၍လက်တွေ့အသုံးဝင်သည်ဟု ရှုယီ အမြဲထင်ခဲ့သည်။
လက်တွေ့ကျသည့်အကြောင်းနှင့်ပတ်သက်လျှင် ပို့ဆောင်ရေးနှင့် ခရီးသည်တင်မှော်ကားများမှာ ပို၍ ရေပန်းစားလောက်ပေသည်။
လမ်ပူရီတိုင်းပြည်နှင့် အနီးဝန်းကျင်တိုင်းပြည်များတွင် ရောင်းအားအရေအတွက်က ၎င်းကို ရှင်းရှင်းလင်းလင်းဖော်ပြနေပါ၏။
Frestech ကုန်သည်ကြီးများအသင်းက မှော်ကားများကို စတင်ရောင်းချကတည်းက မှော်ဆလွန်းများမှာ အစီးရေ ငါးသောင်းသာ ရောင်းချခဲ့ရသည်။ အမျိုးမျိုးသော ပို့ဆောင်ရေးနှင့် ခရီးသည်တင်မှော်စက်များနှင့် ပတ်သက်လာလျှင် ၎င်းတို့၏ ရောင်းအားအရေအတွက်မှာ မှော်ဆလွန်းများထက် ဆယ်ဆထက်ပိုများသော ငါးသိန်းအရေအတွက်ထိပင် ရောက်ခဲ့သည်။
အနီးဝန်းကျင်တိုင်းပြည်များတွင် မှော်ကားများအား မြင်းလှည်းများနေရာ၌ အစားထိုးပြီးသားဖြစ်သည်။ ခေါင်းမာသည့် လူအချို့မှလွဲ အနှီတိုင်းပြည်များ၏ မျိုးရိုးမြင့်များမှ ပြည်သူများအထိ ကုန်စည်များဖြစ်စေ လူများဖြစ်စေ ပို့ဆောင်ဆက်သွယ်ရာ၌ မှော်ကားများကို အားလုံး အသုံးပြုနေခဲ့ကြသည်။
ပြောရလျှင် ရှေးဟောင်း မြင်းလှည်းများထက်စာလျှင် မှော်ကားများမှာ အမြန်နှုန်း၊ ကုန်စည်တင်ဆောင်နိုင်မှု သို့မဟုတ် သက်တောင့်သက်သာဖြစ်မှုတို့၌ များစွာပိုမို ကောင်းမွန်ပါ၏။
လူများမှာ မှော်ဆလွန်းများကို မဝယ်နိုင်လျှင်တောင် မြင်းလှည်းများကို အစားထိုးသည့် မှော်ကားများ စီးရန် ရွေးချယ်ကြလိမ့်မည်။ မဟုတ်ပါက လမ်ပူရီတိုင်းပြည်မှ လာသော မှော်ကားများကို ငှားရမ်းကာမြင်းလှည်းများတော့ စီးမည်မဟုတ်ပေ။
ဟုတ်ပါ၏၊ ၎င်းကလည်း အနီးဝန်းကျင်တိုင်းပြည်များရှိ လမ်းများဖောက်လုပ်ထားခြင်းအကျိုးကျေးဇူးကြောင့် မှော်ကားများကို မောင်းနှင်သွားလာရန် လမ်းကွန်ရက်ပေးစွမ်းထားသောကြောင့်သာပင်။
ရှုယီက ကန်ဒရာအင်ပါယာတွင် အထက်တန်းစားများကို အနှီမှော်ဆလွန်းများဖြင့် စိတ်လှုပ်ရှားစေရန် မျှော်လင့်ကာ ပထမဆုံး မှော်ဆလွန်းများကို ကန်ဒရာအင်ပါယာ၌ ချပြခဲ့သည်။ သူဟာ ၎င်းတို့အား မှော်ဆလွန်းများအပေါ် စိတ်ဝင်စားကာ လမ်းများခင်းရန် ပို၍ စိတ်ပါလာစေလိုခြင်းဖြစ်သည်။
ထို့နောက် ကန်ဒရာအင်ပါယာ၌ လမ်းများခင်းပြီးသည့်နောက်တွင် ၎င်းက ခရီးသည်တင်နှင့် ပို့ဆောင်ရေးမှော်ကားများကို ရေပန်းစားစေလာစေမည်။
သို့သော် ပို့ဆောင်ရေးမှော်ကားများ၏ အကျိုးကျေးဇူးကို ဂရုစိုက်နေသည့်လူများရှိကာ ၎င်းတို့ကို စိတ်ဝင်စားလာလေရာ ရှုယီအနေနှင့် သဘာဝကျစွာပင် ၎င်းတို့ကို ငြင်းဆန်မည်မဟုတ်ပေ။
ဘယ်လီ တည်ထောင်ထားသည့် လုပ်ငန်းကို 'ဘယ်လီ မှော်ဆလွန်းအရောင်းဆိုင်’အစား 'ဘယ်လီ မှော်ကားအရောင်းဆိုင်'ဟု ခေါ်ဆိုစေခဲ့ခြင်းမှာ ရှုယီ၏ အကြံပြုချက်ဖြစ်သည်။
ရှုယီမှ ဘယ်လီထံပေးခဲ့သည့် ပြန်စာတွင် လူများက ပို့ဆောင်ရေး သို့မဟုတ် ခရီးသည်တင်မှော်ကားများ ဝယ်ယူလိုပါက ဘယ်လီအနေနှင့် သဘောတူနိုင်သည်ကို ရှင်းရှင်းလင်းလင်းဖော်ပြထားပါ၏။
ထို့အပြင် ရှုယီမှာ ဘယ်လီအား ကန်ဒရာအင်ပါယာတွင် Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ငန်းနှင့်ဆိုင်သော မှော်ကားအားလုံးကို စီမံခန့်ခွဲခွင့်ပေးမည်ဟု ကတိပေးထားခြင်းက ဘယ်လီကို တည်ငြိမ်စေသည်။
ဘယ်လီ ပို့ပေးခဲ့သည့် တိုးတက်ရေးအစီအရင်ခံစာကမူ ကန်ဒရာအင်ပါယာ၌ ရှုယီ သူ့အား ဖွင့်လှစ်စေချင်ခဲ့သော မှော်ဆလွန်း ပြိုင်ပွဲနှင့် သက်ဆိုင်နေသည်။
၎င်းအား ဘယ်လီမှာ အင်မတန်မြန်ဆန်စွာ လှုပ်ရှားသည်ဟု ဆိုရပေမည်။
ကန်ဒရာအင်ပါယာ၌ နှစ်ဝက်အောက်အတွင်း သူဟာ ဝင်မ်ဘယ်လ်ဒန်မြို့တော် မျိုးရိုးမြင့်များအကြား ကျော်ကြားလာနေပြီးဖြစ်သည်။ ထို့အပြင် သူဟာ ၎င်းတို့အား မှော်ဆလွန်းများကို သဘောကျစေရုံသာမက ကားပြိုင်မောင်းရသည်ကို နှစ်ခြိုက်သည့် မျိုးရိုးမြင့်လူငယ်များအား တိတ်တဆိတ်စုစည်းကာ ကားပြိုင်ပွဲကျင်းပသည်။
ဘယ်လီ၏ အပြောအရ ဤကားပြိုင်ပွဲမှာ ဝင်မ်ဘယ်လ်ဒန်မြို့တော်၏ မျိုးရိုးမြင့်လူငယ်များအကြား အင်မတန်ရေပန်းစားသည်ပင်။ သူ၏ စီစဉ်မှုအောက်၌ ၎င်းတို့မှာ ပုံမှန် အပါတ်တိုင်း ပြိုင်ပွဲတစ်ခု ကျင်းပသည်။
နောက်တွင် ဘယ်လီက ၎င်းပြိုင်ပွဲကို တဖြည်းဖြည်း အဆင့်မြှင့်မည်ပင်။ သူ၏ မင်းသားဖရန့်ခ်နှင့် ဆက်ဆံရေးကြောင့် သူဟာ ပို၍ လူသိရှင်ကြားလုပ်နိုင်မည်ဖြစ်ကာ ၎င်းက လူများ ဂရုစိုက်သည့် တရားဝင်ပွဲတစ်ခုဖြစ်လာလိမ့်မည်။
ထို့ကြောင့် ဘယ်လီမှာ ရှုယီထံမှ အထောက်အပံ့ပမာဏတစ်ခု လိုအပ်နေခဲ့၏။ ဥပမာ ၎င်းတို့မှာ တရားဝင်ပြိုင်ကွင်း မရှိဆဲဖြစ်နေသလို ၎င်းကို စီမံခန့်ခွဲမည့် လူများလည်း မရှိပေ....
ရှုယီက ၎င်းကို ဘယ်လီအတွက် ပြင်ဆင်ထားပြီးသားဖြစ်သဖြင့် ပြဿနာမရှိလောက်ချေ။
ဘယ်လီ၏ အစီရင်ခံစာမှနေ၍ အရာရာတိုင်းသာ ချောချောမွေ့မွေ့ ဖြစ်သွားခဲ့လျှင် နှစ်ဆုံး၌ ၎င်းတို့မှာ ဝင်မ်ဘယ်လ်ဒန်မြို့တော်တွင် ပထမဆုံးတရားဝင်ကားပြိုင်ပွဲကို ကျင်းပနိုင်လောက်သည်။
၎င်းက ရှုယီအတွက် အင်မတန်ကောင်းမွန်သော သတင်းပင်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းက မှော်ဆလွန်းများမှာ ဝင်မ်ဘယ်လ်ဒန်မြို့တော်၌ လူထုအသိမှတ်ပြုမှုရရှိသည့် အဓိပ္ပာယ်ဖြစ်သောကြောင့်ပင်။ ၎င်းက ပထမဆုံးအကြိမ် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များ ကန်ဒရာအင်ပါယာ၏ ဈေးကွက်သို့ ဝင်ရောက်လာခြင်းပင်။
၎င်းအပြင် အခြားသတင်းကောင်းအချို့လည်းရှိသေးသည်။ ၎င်းမှာ သံတမန်ဟာကာနင်မှာ အမည်မသိ အချိတ်အဆက်မှတဆင့် ကန်ဒရာအင်ပါယာအား ကန်ဒရာအင်ပါယာ၏ အနောက်တောင်ခရိုင်တွင် သူ၏ အမည်အောက်၌ လမ်းတစ်လမ်းတည်ဆောက်ဖို့ သဘောတူညီချက် ရယူနိုင်ခဲ့ခြင်းပင်။
ဤလမ်းမှာ နော်တွန်နယ်မြေမှ စတင်ကာ အနောက်တောင်ပိုင်း ခရိုင်တစ်ခုလုံးကို ဖြတ်သွားမည်ဖြစ်သည်။
၎င်းက ရှုယီ လိုချင်သလို ဝင်မ်ဘယ်လ်ဒန်မြို့တော်ကို တိုက်ရိုက်ချိတ်ဆက်နေမည် မဟုတ်သော်လည်း ခုနစ်ရာကီလိုမီတာရှည်နေပြီဖြစ်ရာ ကန်ဒရာအင်ပါယာ အနောက်တောင် ခရိုင်ရှိ အဓိက လမ်းမဖြစ်လာရန် လုံလောက်သည်။
ဤလမ်းမမှာ ရွှေဒင်္ဂါးတစ်သန်းခွဲကုန်ကျမည်ဖြစ်ကာ သံတမန်ဟာကာနင်နှင့် အနောက်တောင်ပိုင်းခရိုင်ဘုရင်ခံတို့ အမည်ဖြင့် တည်ဆောက်မည်ပင်။ ဟာကာနင်မှာ ရွှေဒင်္ဂါးတစ်သန်းရင်းနှီးမြှုပ်နှံကာ အနောက်တောင်ပိုင်းခရိုင်ဘုရင်ခံက တစ်ဝက်မြှုပ်နှံမည်ဖြစ်၏။
သို့သော် လက်တွေ့တွင် ရွှေဒင်္ဂါးတစ်သန်းမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ် ကုန်သည်ကြီးများအသင်းတို့အကြား ခွဲထားပြီး သံတမန်ဟာကာနင်က အမည်ဝင်ယူရရုံသာဖြစ်သည်။
အနောက်တောင်ပိုင်းခရိုင်ဘုရင်ခံပေးဖို့ လိုအပ်သည့် ငါးသိန်းကိုမူ ဤလမ်းအတွက် ဦးစားပေးဆက်ဆံမှုဖြင့် ဖုံးကွယ်ထားခြင်းဖြစ်ရာ ရွှေဒင်္ဂါးတစ်ပြားမှပေးဖို့မလိုပေ။
ဤ ဦးစားပေးဆက်ဆံမှုက အမည်အရသာဖြစ်သည်။ ဥပမာ လမ်းတည်ဆောက်နေစဉ်တွင် အနောက်တောင်ပိုင်း ဘုရင်ခံမှာ ဆောက်လုပ်ရေးအင်အားတချို့ပေးပို့ရမည်ဖြစ်ပြီး လမ်းအတွက် လိုအပ်သည့်မြေကို ယူဆောင်ရန် ကူညီကာ ဆောက်လုပ်ရေးကို စောင့်ကြည့်မည့် လူများ ချပေးထားမည်ဖြစ်၏...
သို့သော် လက်တွေ့တွင် ၎င်းက အနောက်တောင်ပိုင်းခရိုင် ဘုရင်ခံ၏ စကားလုံးများမျှသာဖြစ်သည်။ အများဆုံး သူဟာ အကူတချို့သာ ပို့ဆောင်ပေးမည်ဖြစ်သော်လည်း အဓိက အလုပ်သမားအင်အားမှာ အမ်ရစ် ကုန်သည်ကြီးများအသင်းမှ လာလိမ့်မည်သာ။
ထို့အပြင် ၎င်းတို့နှင့်အတူ အလုပ်လုပ်ရန် လူများအတွက် အမ်ရစ် ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့ထံ လျှို့ဝှက် ရင်းနှီးမြှုပ်နှံမှု အတော်လေးပေးဖို့ လိုအပ်သည်။
ဤအခြေအနေတွင် ဥက္ကဌခရုစ်မှာ သဘာဝကျစွာပင် မကျေနပ်ချေ။
"သောက်ခွေး ဒါက သေချာပေါက် လမ်းခင်းတဲ့နေရာမှာ အဆိုးဆုံး ဆက်ဆံခံရတာပဲ။" ဥက္ကဌခရုစ်က မထိန်းချုပ်နေဘဲ ဆဲရေးလိုက်၏၊ "အဲဒီ့မျိုးရိုးမြင့်တွေဆို ငါတို့ဘက်ကို လမ်းခင်းဖို့ တောင်းပန်ပြီး သူတို့ အင်အားရှိသမျှအားလုံးနဲ့ ချီးမြှောက်ထားကြတာ။ ဒါပေမယ့် ကန်ဒရာအင်ပါယာကို လမ်းခင်းဖို့သွားတော့မှ တကယ်ကြီး သူတို့ကို တောင်းတောင်းပန်ပန်နဲ့ ချီးမြှောက်နေရတာပဲ။ ငလူး ဒါက သူတို့အတွက် လမ်းခင်းပေးပြီး အကျိုးကျေးဇူးရအောင်လုပ်ပေးနေတာလေ! ဒါပေမယ့် သူတို့ ငါတို့ကို ခက်ခဲအောင်လုပ်နေသေးတယ် ငတုံးတွေလားပဲ?"
ဥက္ကဌခရုစ်၏ ဒေါသထွက်နေပုံကိုမြင်သော် ရှုယီက တစ်ချက်ရယ်လာသည်။ သူက လက်ယမ်း၍ ဖျောင်းဖြလိုက်၏၊ "ဟုတ်ပါပြီ ဒါက ကန်ဒရာအင်ပါယာက ပထမဆုံးလမ်းဆိုတော့ ကျုပ်တို့သာ ဒါကို တည်ဆောက်နိုင်ရင် လမ်းမှာ ယုံကြည်ချက် တချို့ ရှိရမယ်လေ။ စဉ်းစားကြည့် ပထမဆုံး ဒီလမ်းပြီးတာနဲ့ ကန်ဒရာအင်ပါယာက ဒါကို ဘယ်လောက်အသုံးဝင်သလဲဆိုတာ သိရုံတင်မကဘူး ပိုပြီးတောင် လမ်းဖောက်ချင်သွားမယ်မဟုတ်လား? သူတို့ ခင်ဗျားကို လမ်းခင်းပေးဖို့ လာတောင်းဆိုတဲ့ အခါကျ ဒီလောက် ခံပြင်းနေဖို့ မလိုတော့ဘူးလေ။"
ဥက္ကဌခရုစ်က နှာမှုတ်ကာ၊ "အဲ့အချိန်ကျလာရင် သူတို့ကို တန်ကြေးပြန်ပေးခိုင်းမှာ ကြည့်နေလိုက်!"
ရှုယီက ပြုံးကာ ဥက္ကဌခရုစ်ကို မည်သည့် မှတ်ချက်မှ မပေးပေ။
အမ်ရစ် ကုန်သည်ကြီးများအသင်းမှာ ကန်ဒရာအင်ပါယာနှင့် ပတ်သက်ချိန်၌ ခံစားရရုံသာမက Frestech ကုန်သည်ကြီးများအသင်းသည်ပင် ကန်ဒရာအင်ပါယာ၏ ဘဝမြင့်မှုကို ၎င်းတို့နှင့် ဆက်ဆံရာ၌ ခံစားရသေးသည်။
ဤတို့သာ ကန်ဒရာအင်ပါယာကို တန်ကြေးပေးအောင်လုပ်နိုင်လျှင် ရှုယီက လုံးဝတုံ့ဆိုင်းနေမည်မဟုတ်။
"ခင်ဗျား ကန်ဒရာအင်ပါယာဘက်နဲ့ ပတ်သက်ပြီး အလျင်လိုဖို့မလိုဘူး ကျုပ်တို့ဘက်က ပိုပြီး ခက်ခဲတယ်။" ရှုယီက ခေတ္တရပ်တန့်ပြီးနောက် ပြောလာသည်၊ "ကျွန်တွေကို အခု သူတို့ကျွန်းတွေဆီ ခွဲပို့ပြီးပြီ၊ ဒါပေမယ့် ဒီကျွန်းတွေမှာ အရိုးရှင်းဆုံး အဆောက်အဦတွေပဲ ရှိတယ်။ အခြေချဖို့ ဝေးနေသေးတာမို့ လူတွေများများပို့ပြီး ဒီကျွန်းတွေမှာ အဆောက်အဦတွေပိုဆောက်ဖို့လိုတယ်။"
ဥက္ကဌခရုစ်က မျက်မှောင်ကုပ်ကာ၊ "ရှုယီ မင်းလည်း ဒီကျွန်းတွေမှာ အိမ်ဆောက်တာဘယ်လောက်ခက်တယ်မှန်း သိမှာပါ။ လူအင်အားက အဆင်ပြေတယ်၊ ဒါပေမယ့် နယ်မြေကြီးကနေ ဆောက်လုပ်ရေးပစ္စည်းတွေပို့ဖို့က မလွယ်ဘူးလေ။ ပြောရရင် မင်းက အဲ့ကျွန်တွေကို ဘာလို့ ကျွန်းတွေဆီ ပို့ချင်ရတာလဲ? မင်းသာ တကယ်ပဲ တခြားလူတွေလို စိုးရိမ်နေတာဆိုရင် သူတို့ကို စတက်တိန်းနယ်မြေဆီပြန်ပို့ပြီး လွှတ်ပေးလိုက်ဖို့ပဲလိုတာလေ။ သူတို့သာ ထိန်းချုပ်ဖို့ မလွယ်ရင် ဆန်နက်မြေရိုင်းဆီပို့လိုက်ရုံပေါ့။ ဆန်နက်မြေရိုင်းကို အမည်အရ လမ်ပူရီတိုင်းပြည်နဲ့ ဆိုင်နေသေးတာပဲ၊ သူတို့က ⟨ ကျွန် ဖျက်သိမ်းရေး ကြေညာချက် ⟩ကို မအောင်သေးဘူးလေ။
"မဟုတ်ဘူး ကျုပ်က ဒါကို မစိုးရိမ်ပါဘူး။" ရှုယီက အပြုံးဖြင့် ခေါင်းခါသည်၊ "ပြီးတော့ ဒီကျွန်တွေကို လက်ခံတုန်းက ကျုပ် သူတို့ကို လွတ်မြောက်ခွင့်ပေးပြီးပြီမို့ ပုံမှန်ပြည်သူတွေဖြစ်နေကြပြီ။"
"အာ?" ဥက္ကဌခရုစ်မှာ အံ့ဩသွားကာ၊ "မဖြစ်နိုင်တာ? မင်းသူတို့ကို တကယ်ကြီး ပြည်သူဖြစ်အောင်လုပ်လိုက်တာလား? မင်း... မင်းတကယ်ကြီး ဒီလောက် မိုက်မဲတယ်လား?"
"မိုက်မဲတယ်?" ရှုယီက ပခုံးတွန့်ကာ၊ "ကျုပ်တော့ မထင်ပေါင်။ ကျုပ်ပြောပြီးသားလေ ကျွန်တွေက တက်ကြွမှုမှာ နှောင့်နှေးနေတာကြောင့် သူတို့ကို လွတ်မြောက်ခွင့်ပေးလိုက်တာက သူတို့မှာ ရှိနေတဲ့ ဖုံးကွယ်ထားတဲ့ တန်ဖိုးကို ထုတ်ပေးလိုက်တာပဲ။"
"ဒါပေမယ့် သူတို့သာ ပြည်သူ အဆင့်အတန်းကို ပြန်ရသွားရင် မင်းကိုဘယ်လိုနားထောင်မှာလဲ?" ဥက္ကဌခရုစ်က မျက်မှောင်ကုပ်၍မေးသည်။
"ရှင်းပါတယ် အကျိုးအမြတ်လေ" ရှုယီက အပြုံးဖြင့်ဆိုသည်၊ "ခင်ဗျား အနေနဲ့ ကျွန်တွေအကြောင်းမသိလောက်ပေမယ့် သူတို့ ပြည်သူဖြစ်လာရင်တောင် အရင်က ကျွန်ဖြစ်ခဲ့တာမို့ သူတို့ ဒီမှာနေရင်တောင် လူအတော်များများက လက်ခံမှာ မဟုတ်ဘူး။ ဒီတော့ သူတို့ ပြည်သူဖြစ်လာပြီးနောက်မှာ အားလုံးနီးပါးက ကျုပ်စီစဉ်မှုကို သဘောတူပြီး ကျွန်းတွေမှာ အခြေချကြလိမ့်မယ်။ သူတို့က ကျွန်တွေမဟုတ်တော့ပေမယ့်လည်း ကျုပ်ကို သူတို့သခင်အဖြစ်သတ်မှတ်ထားတော့ သူတို့ကို စီစဉ်ပေးဖို့ ကျုပ်မှာ အခွင့်အရေးရှိတယ်လေ။"
ဥက္ကဌခရုစ်က ရှုယီကို မျက်မှောင်ကုပ်ကာ ကြည့်လိုက်ပြီးနောက် အသာခေါင်းယမ်းသည်။
"ရှုယီ ရိုးသားရရင် မင်းက ကြောင်သူတော်လို့ ခံစားရတဲ့ အချိန်တကယ်ရှိတယ်ကွာ။"
"အိုး ? ဘာအဓိပ္ပာယ်လဲ?"
"မင်းက အသိအသာကြီး ဒီကျွန်တွေကို မင်းကို နားထောင်စေလိုပေမယ့်လည်း မြင့်မြတ်တဲ့ နာမည်လိုချင်သေးတယ်လေ။ ငါပြောမယ် မင်းဘာလို့ ဒီလိုအနှောင့်အယှက်ဖြစ်ခံနေရတာလဲ? သူတို့ကို ကျွန်အဖြစ်ဆက်ဆံရင်တောင် ဘယ်သူကမှ မင်းကို အပြစ်မတင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တွေ နယ်မြေကြီးမှာ တည်ရှိလာတာ နှစ်သောင်းချီကြာနေပြီ ဒီလိုလုပ်တာကမှ ထူးဆန်းနေတာ။"
ရှုယီက ခဏတာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ၊ "ခင်ဗျားပြောသလို ကျုပ်က ကြောင်သူတော်ဖြစ်နိုင်ပါတယ်။ ကျုပ် ဒီလိုလုပ်တဲ့ အကြောင်းအရင်းကလည်း တကယ်ကို အဆုံးမှာ ကျုပ်ကိုယ်ကျုပ် လွယ်ကူအောင် လုပ်နေတာပဲ။ ကျုပ်က ဒီကျွန်တွေရဲ့ ထက်သန်မှုကို ထုတ်ပေးလိုက်တယ်ဆိုတာကလည်း ဆင်ခြေပါပဲ။"
ဥက္ကဌခရုစ်က မျက်မှောင်ပိုကျုံ့သွားကာ၊ "ဒီတော့ ငါကပိုလို့တောင် ရှုပ်သွားသေးတယ် ဘာလို့ ဒီအတွေးမျိုး ရှိနေရတာလဲ? ဘာလို့ ကျွန်တွေကို သုံးတဲ့နေရာမှာ မင်းအတွက် မလွယ်တာလဲ? အရမ်းထူးဆန်းနေတယ်။"
ရှုယီက ခေါင်းခါသည်။ အဘယ့်ကြောင့်ဆိုသာ သူဟာ ဤလောကထက်ပို၍ ငြိမ်းချမ်းသော ကမ္ဘာမြေမှ လာပြီး လူများအားလုံးကို ငယ်ကတည်းက အညီအမျှဆက်ဆံဖို့ သင်ကြားခဲ့ရသလို ယခင်က စာအုပ်များစွာ၌ ကျွန်စနစ်အပေါ် တိုက်ခိုက်မှုများကို မြင်ခဲ့ရသဖြင့် ထိုသို့သောအရာမျိုးက မကောင်းဆိုးဝါးဆန်သည်ဟု ခံစားရသည်။
သို့သော် ၎င်းက သူ၏ အကြီးမားဆုံးလျှို့ဝှက်ချက်ပါဝင်နေသဖြင့် မည်သို့များ ဥက္ကဌခရုစ်ကို ရှင်းပြရမည်နည်း?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၁၀၂။ စွန့်စားလိုသည့်စိတ်ဝိဉာဉ်မရှိပါဘဲ
ရှုယီမှာ သံမဏိပြုလုပ်ရေးနည်းပညာကို ချပြကာ ၎င်းအတွက် ဖလှယ်ရန် ကျွန်များကို အသုံးပြုစေခဲ့ရာ ဤလများအတွင်းတွင် Frestech ကုန်သည်ကြီးများအသင်းထံ၌ ကျွန်ပေါင်းသုံးသောင်းကျော်ရှိနေပြီဖြစ်သည်။
ရှုယီမှာ ထိုကျွန်များကို ပင်လယ်ပြင်ရှိ ကျွန်းများထံ ပို့ဆောင်ကာ ၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမားများအဖြစ် ဆက်ဆံခဲ့သည်။
ကျွန်းကြီး ကျွန်းငယ်များ ရှိသည်။ ကျွန်းကြီးများတွင် လူတစ်သောင်းအထိ ထားနိုင်ပြီး ကျွန်းငယ်များသည် ရာဂဏန်းသာ ရှိသည်။ ကျွန်သုံးသောင်းကို စေလွှတ်ပြီးနောက်တွင် ကျွန်းတစ်ဝက်မျှသာ ဖြည့်နိုင်ခဲ့သည်။ ရှုယီအတွက် လူမလုံလောက်သေးသော ကျွန်းဆယ်ကျွန်းကျော်ရှိသေး၏။
ရှုယီက အလျင်လိုမေနပါ၊ ဤကျွန်းအခြေစိုက်စခန်းများတည်ဆောက်ရန် အချိန်ကြာမြင့်မည်ဖြစ်ပြီး ၎င်းသည် ကြီးမားသောရင်းနှီးမြုပ်နှံမှုဖြစ်သောကြောင့် အချိန်တိုအတွင်း အပြီးသတ်နိုင်မည်မဟုတ်ပေ။
အစီအစဉ်အရ၊ ၎င်းတို့သည် ဆန်နက်မြေရိုင်းအနီး မြောက်ဘက်ရှိ ကျွန်းများတွင် အခြေစိုက်စခန်းများ တည်ဆောက်ရန်နှင့် ရူဒ်ဆန် တိုင်းပြည် ကမ်းရိုးတန်းတစ်လျှောက် တောင်ဘက်တွင် အခြေစိုက်စခန်းများ တည်ဆောက်ရန် လိုအပ်ပါသည်။
ဤကျွန်းအခြေစိုက်စခန်းများ ပြီးစီးပြီးနောက်၊ အစီအစဉ်၏နောက်တဆင့်မှာ ကျွန်းအခြေစိုက်စခန်းများကို ကန်ဒရာအင်ပါယာ၏တောင်ပိုင်းပင်လယ်များနှင့်..... စခ်တိုင်းပြည်ပတ်လည်ပင်လယ်များတွင် တည်ဆောက်ရန်ဖြစ်သည်။
၃၇၈၇ ခုနှစ် ဧပြီလ၊ စတက်တိန်းနယ်မြေ၏ အစောပိုင်းနွေဦးသည် အခြားနေရာများစွာတွင် နွေရာသီအစောပိုင်းကဲ့သို့ ပူနေပြီဖြစ်သည်။
နှစ်စဉ် ဤအချိန်သို့ရောက်သောအခါ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်စခန်းအနီးရှိကမ်းခြေတွင် အားလပ်ချိန်များကိုပျော်မွေ့နေသူများနှင့်ပြည့်နေသည်။
စတက်တိန်းနယ်မြေမှာ ရေကူးဝတ်စုံက ရေပန်းစားနေပြီမို့ ကမ်းခြေကို ကြည့်လိုက်ရင် ဆွဲဆောင်မှုရှိသည့် ရေကူးဝတ်စုံနဲ့ လှပသော အမျိုးသမီးတွေ ရှိနေပါ၏။ ၎င်းတို့သည် ဖြူဖွေးသောအသားအရည် သို့မဟုတ် ကျန်းမာသောကြေးရောင်အသားအရည်ရှိကာ ကိုယ်တစ်ပိုင်းဖော်၍ လမ်းလျှောက်လာစဉ် လူများ၏ အာရုံကို ဆွဲဆောင်ထားသည်။
သို့သော်လည်း ကမ်းခြေ၏ အခြေအနေသည် ပုံမှန်နှင့် သိသိသာသာ ကွဲပြားနေပါသည်။ လူတို့၏ မျက်လုံးများဟာ ထင်ရှားပေါ်လွင်သည့် အသားအရည်ကို အာရုံမစိုက်ဘဲ အားလုံးက ပင်လယ်ကို ကြည့်နေကြ၏။
ယနေ့သည် Frestech ကုန်သည်ကြီးများအသင်း၏ သယ်ယူပို့ဆောင်ရေးယာဉ်စု ပြန်လည်ရောက်ရှိလာမည့်နေ့ဖြစ်သည်။
ဒီခရီးစဉ်က ယခင်ကနှင့်မတူ။ ယခုတစ်ကြိမ်တွင် သယ်ယူပို့ဆောင်ရေး သင်္ဘောစုသည် ကီလိုမီတာ ငါးထောင်ကျော်ကို ရောက်ရှိသွားခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း နှင့် အရှေ့ဘက်ကမ်းရိုးတန်းရှိ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်တို့သည် သဘောတူညီချက်တစ်ခုရရှိခဲ့သည်ဟုဆိုသည်။ ၎င်းတို့၏ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုမှာ ဤနေရာမှ ကုန်ပစ္စည်းအမြောက်အမြားကို ထိုနေရာသို့ ယူဆောင်သွားပေးမည်ဖြစ်ပြီး တဆင့် ပြန်လာသောအခါတွင် ၎င်းသည် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်မှ ကုန်ပစ္စည်းအမြောက်အမြားကိုပါ ယူဆောင်လာမည်ဖြစ်သည်။
စတက်တိန်းနယ်မြေသည် နယ်မြေကြီး၏အနောက်တောင်ထောင့်တွင်ရှိပြီး နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်သည် အရှေ့တောင်ထောင့်တွင်ရှိသည်။ သူတို့ကြားတွင် ကီလိုမီတာ ငါးထောင်အပြည့်ကွာခြားသည်။
လူအများစုအတွက်၊ ဤအကွာအဝေးသည် ၎င်းတို့၏ ဘဝတစ်လျှောက်လုံး ဘယ်သောအခါမှ ဖြတ်မသွားနိုင်သော အကွာအဝေးပင်။
Frestech ကုန်သည်ကြီးများအသင်း နှင့် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်တို့ ပူးပေါင်းဆောင်ရွက်ခြင်းအတွက် မဟုတ်ပါက၊ Frestech ကုန်သည်ကြီးများအသင်းမှာ တစ်ဖက်ကမ်းသို့ ဆက်သွယ်ရန် အင်အားကြီး သယ်ယူပို့ဆောင်ရေး သင်္ဘောစုကို သုံး၍ စတက်တိန်းနယ်မြေ လူများသည် အခြားတိုင်းပြည်သို့ မည်သို့သောအခါမျှ ဆက်သွယ်နိုင်မည်မဟုတ်ပေ။
ယခု Frestech ကုန်သည်ကြီးများအသင်း၏ သယ်ယူပို့ဆောင်ရေးသင်္ဘောစုသည် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်မှ ပြန်လည်ရောက်ရှိနေပြီဖြစ်သောကြောင့် ၎င်းတို့၏အမြင်များကို ပိုမိုကျယ်ပြန့်စေမည့် အခြားတစ်ဖက်မှ ရတနာများစွာကို ယူဆောင်လာမည်ဖြစ်သည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း ၏ သယ်ယူပို့ဆောင်ရေးသင်္ဘောစုက ယနေ့တွင် ပြန်လည်ရောက်ရှိလာမည်ကို သိရှိလာသောအခါတွင် မရေမတွက်နိုင်သောလူများ ကမ်းခြေပေါ်တွင် စုဝေးရောက်ရှိခဲ့ကြသည်။ သင်္ဘောစုရောက်ရှိလာခြင်းကို စောင့်ဆိုင်းရင်း ပင်လယ်လေကို ခံစားနေကြသည်။
"ဟေ့ ဥက္ကဌ ရှု၊ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်က ရင်းနှီးမြှုပ်နှံဖို့ တကယ်တန်တယ်လို့ တကယ်ထင်လား။"
မဝေးလှသော ချောက်ကမ်းပါးပေါ်ရှိ ရှုယီ၏ ကိုယ်ပိုင်အိမ်တွင်၊ ပင်လယ်ပြင်မှ နောက်ကျောကို လှမ်းကြည့်လျက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ ရှုယီကိုမေးလာသည်။
သူ့ဆီက ဒီမေးခွန်းကိုကြားတော့ ချောက်ကမ်းပါးဘေးက ပလက်ဖောင်းပေါ်ရှိ ကုန်သည်တွေအားလုံးမှာ ရှုယီကို သံသယမျက်လုံးတွေဖြင့် လှည့်ကြည့်လာ၏။
ထိုလူတွေဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် ရင်းနှီးသော မှော်စက်လုပ်ငန်းစုများ၏ ဥက္ကဌများပင်။ ယနေ့ရှုယီသည် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်တွင် ရင်းနှီးမြုပ်နှံဖို့ ဆွေးနွေးရန် ၎င်းတို့ကို အတူတကွ စုရုံးခဲ့သည်။
ဤဥက္ကဌများသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမှ အကျိုးကျေးဇူးအနည်းငယ်ရရှိခဲ့သောကြောင့် ရှုယီကို အလွန်ယုံကြည်ခဲ့ကြသော်လည်း၊ ရှုယီ၏ အဆိုပြုချက်အပေါ် အလွန်တရာ ချီတုံချတုံဖြစ်နေကြဆဲဖြစ်သည်။
အဆုံးတွင်၊ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်က ဝေးလွန်းလှသည်။
ထိုနေရာသည် ကီလိုမီတာငါးထောင်ကျော်အကွာတွင်ရှိပြီ ၎င်းတို့အတွက် အခြားကမ္ဘာတစ်ခုသာဖြစ်သည်၊ ထို့ကြောင့် သဘာဝအတိုင်းပင် ၎င်းတို့သည် လုံခြုံသည်ဟု မခံစားရပေ။
“စီးပွားရေးအရပြောရရင် အရမ်းတန်တယ်လို့ ပြောရမယ်။ ရှုယီသည် ထိုလူများကို ကြည့်လိုက်ပြီး အနည်းငယ် ပြုံးကာ ခေါင်းညိတ်ပြသည်။ “နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်ဟာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း မပေါ်ပေါက်ခင်က လမ်ပူရီတိုင်းပြည်နဲ့ တန်းတူပဲ၊ မှော်စက်တွေနဲ့ ပတ်သက်တာ ဘာမှမရှိခဲ့ဘူး။ ဒီဈေးကွက်ကို စူးစမ်းချင်တဲ့ လုပ်ငန်းစုတွေ ရှိရင် သူတို့ဟာ ဒီဈေးကွက်ရဲ့ အစိတ်အပိုင်းတစ်ခုကို အလွယ်တကူ သိမ်းပိုက်နိုင်မှာ သေချာတယ်။”
အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းညိတ်ကြသည်။
"ဒါပေမယ့် ဥက္ကဌ ရှု၊ ခင်ဗျားမှာ ဒီအကြံဉာဏ်ရှိရင် Frestech ကုန်သည်ကြီးများအသင်းကပဲ ဘာလို့ လက်ဝါးကြီးမအုပ်ထားဘဲ ကျုပ်တို့အားလုံးကို သွားခိုင်းတာလဲ။" နောက်လူက မေးလာ၏။
ရှုယီက သူ့လက်တွေကို ဖြန့်ပြီး ပေါ့ပေါ့ပါးပါးပြောသည် "ကျုပ်အမြင်က လူတိုင်းကို အမြဲ မျှဝေချင်တာပါပဲ။ ဒီစျေးကွက်က အရမ်းအလားအလာရှိတော့ လူတိုင်းကို အတူတကွ ဖွံ့ဖြိုးတိုးတက်ပြီး အကျိုးအမြတ်တွေ ရယူစေချင်ပါတယ်။”
လူတိုင်းက ခဏလောက် နှုတ်ဆိတ်နေကြပြီးနောက် ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ကြသည်။
၎င်းကို သူများတွေပြောရင် လိမ်သည်လို့ ထင်ကြလိမ့်မည်။
သို့သော် ရှုယီသည် သူ၏ တန်းတူ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အမြဲထောက်ခံခဲ့ရာ လိမ်ညာနေခြင်းမဟုတ်ကြောင်း ခံစားရစေသည်။
"ခင်ဗျားတို့အားလုံး နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်မှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ပူနေကြတယ်ဆိုတာ ကျုပ်သိပါတယ်၊ ဒါပေမယ့် ကုန်သည်တွေအနေနဲ့ ကျုပ်တို့မှာ စွန့်စားမှုသဘောရှိဖို့လိုတယ်ဆိုတာ သတိပေးရမယ်။ အကျိုးကျေးဇူးဆိုတာက စွန့်စားမှုနဲ့ တည်ရှိပြီး စွန့်စားမှုကြောင့် အကျိုးကျေးဇူးတွေဖြစ်လာတယ်။ အကျိုးကျေးဇူးများရဖို့ စွန့်စားတာက ကျုပ်တို့ ကုန်သည်လုပ်သင့်တဲ့အရာပဲမဟုတ်လား။
ကုန်သည်တစ်ယောက်က ချောင်းဟန့်မပြခင်မှာ အားလုံးက တိတ်တိတ်ဆိတ်ဆိတ်နေနေသည် "ဥက္ကဌ ရှု၊ ခင်ဗျားပြောတာ မှန်ပေမယ့် ကျုပ်အထင်......နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည် ကိုယ်စားလှယ် မရောက်လာခင်မှာ ဒါကိုပြောဖို့ အဓိပ္ပါယ်မရှိဘူး။”
ရှုယီက ပြုံး၍ ခေါင်းညိတ်ပြီး "အွန်း ကိုယ်စားလှယ် လာတဲ့အခါ အားလုံး ပိုပြီး စိတ်ချရမယ်လို့ ထင်ပါတယ်"
ခေါင်းစဉ်က သူတို့လက်ရှိလုပ်နေတဲ့ လုပ်ငန်းကို အလွယ်တကူပြောင်းသွားတာကို မြင်လိုက်ရတော့ ရှုယီစိတ်ထဲမှာ သက်ပြင်းတစ်ချက်ချလိုက်သည်။
ဤကုန်သည်များကြားတွင်၊ ၎င်းတို့၏ လုပ်ငန်းစုအချို့သည် Frestech ကုန်သည်ကြီးများအသင်း၏ ပံ့ပိုးမှု မည်သည့်အရာကိုမှ မရရှိထားကြပေ။
စတင်တည်ထောင်စဉ်ကတည်းက ဤဥက္ကဌများသည် စွန့်စားလိုသောစိတ်နှင့် ပြည့်နှက်နေသည် မဟုတ်ပါက ၎င်းတို့သည် ရှေးရိုးမဆန်သော မှော်စက်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိမည်မဟုတ်ပေ။
သို့သော် ယခုတွင် ၎င်းတို့ နှစ်အတော်ကြာ ဖွံ့ဖြိုးတိုးတက်လာသောအခါတွင် အဆိုပါလုပ်ငန်းစုများ အတိုင်းအတာတစ်ခုအထိ ရောက်ရှိခဲ့ပြီး ယင်းဥက္ကဌများသည်လည်း ကျေနပ်မှုရှိလာခဲ့သည်။ ယခင်ကလို စွန့်စားလိုစိတ်မရှိကြတော့ပေ။
ဒါက ရှုယီအနေနှင့် ၎င်းတို့အပေါ် အနည်းငယ် စိတ်ပျက်စေသည်။
ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်နှင့် အတိုင်းအတာအရဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းသည် တူညီသော မှော်စက်လုပ်ငန်းတွင် အဆိုပါကုမ္ပဏီများကို ချေမှုန်းပစ်မည်ဖြစ်သည်။ သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ရှုယီသည် တူညီသောစွန့်စားမှုခံစားချက်ရှိနေဆဲဖြစ်သည်။
ကီလိုမီတာငါးထောင်ကွာဝေးသော နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်တွင် ရင်းနှီးမြုပ်နှံခြင်းအကြောင်း မပြောနှင့်၊ နည်းလမ်းရှိပါက အခြားနယ်မြေကြီးတွင် ရင်းနှီးမြုပ်နှံပါကလည်း ပြဿနာရှိမည်မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် နှစ်ဖက်စလုံး၏ လောကအမြင်များသည် ကွဲပြားသောကြောင့်ဖြစ်သည်။
ရှုယီသည် ကမ္ဘာမြေကြီးမှ ဆင်းသက်လာပြီး ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာအရ အရာရာကို ကြည့်ရှုလေ့ရှိသည်။
ကီလိုမီတာငါးထောင်က ရှုယီအတွက် အတားအဆီးမဟုတ်သော်လည်း သူတို့အိမ်ကနေ ကီလိုမီတာ ရာဂဏန်းထက်ပိုပြီး ဘယ်တော့မှ ခရီးမသွားဖူးသူများအတွက် ၎င်းက သဘာဝအတားအဆီးတစ်ခုလိုပါပင်။
ဒါကိုတွေးပြီး ရှုယီက ၎င်းတို့ကို ဆက်မတိုက်တွန်းတော့ပေ။
ဒီကမ္ဘာကြီးမှာ စွန့်စားလိုတဲ့ သူတွေ မရှိဘူးလို့ သူယုံကြည်သည်။
နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည်မှ ကိုယ်စားလှယ်သည် မကြာမီရောက်ရှိလာမည်ဖြစ်ပြီး၊ ဤလူများထဲမှ အချို့သည် ဤအရာတွင် ဝှက်ထားသော စီးပွားရေးအခွင့်အလမ်းကို မြင်ပြီး လက်ခံလိုစိတ်ရှိမည်ဟု ယုံကြည်သည်။
တစ်နာရီကြာပြီးနောက်တွင် ရှုယီသည် သင်္ဘောစု ပြန်ရောက်သည့် သတင်းကို မရရှိခဲ့ပေ။ သူသည် တောင်ပိုင်းပင်လယ်များကို သံသယစိတ်ဖြင့် မနေနိုင်စွာ ကြည့်လိုက်သော်လည်း ကြီးမားသော သယ်ယူပို့ဆောင်ရေးမှော်သင်္ဘောများ၏ ခြေရာကို မတွေ့ခဲ့ရပါ။
ဒါက သူ့ကို ထူးဆန်းစေ၏။
နာဗီလ် သည် လွန်ခဲ့သော ခုနစ်ရက်က နီရှီဆိပ်ကမ်းမှ သတင်းပေးပို့ခဲ့ပြီး ယနေ့တွင် ၎င်းတို့ရောက်ရှိလာမည်မှာ သေချာကြောင်း ပြောကြားခဲ့သည်။
သူ့အလေ့အထအရ အားလပ်ရက်မှာ ကုန်ပစ္စည်းတင်ရတာ လွယ်ကူအောင် မနက်ခင်းမှာ ပြန်လာဖို့ ရွေးချယ်လောက်သည်။
ယခုမူကား နံနက်မိုးလင်းသွားပြီဖြစ်၍ သယ်ယူပို့ဆောင်ရေးသင်္ဘောစု၏ ခြေရာရာမရှိသောကြောင့် အနည်းငယ် ထူးဆန်းနေသည်။
တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောနေတဲ့လူတွေကို ကြည့်ရင်း ရှုယီက စိတ်ငြိမ်ငြိမ်ထားကာ စိတ်ရှည်စွာ စောင့်လိုက်သည်။
သို့သော် နောက်တနာရီလောက်ကြာတော့ မွန်းတည့်ချိန်ရောက်လာပြီးဖြစ်သော်လည်း ဘာသတင်းမှမကြားရသေးချေ။
ရောက်ရှိလာသောလူများသည် တစ်စုံတစ်ခုပိတ်သွားသည်ဟု ခံစားမိကြပြီး ရှုယီဘက်သို့လှည့်ကာ စကားစမြည်ပြောဆိုခြင်းကို ရပ်တန့်လိုက်ကြသည်။
ရှုယီက မျက်ခုံးကို တွန့်ချိုး၍ လူတိုင်းကို စောင့်ခိုင်းလုိက်၏။ သူသည် အိမ်ကြီးရှိ အခန်းငယ်တစ်ခုထဲသို့ လျင်မြန်စွာ လျှောက်သွားပြီး သူ့ရင်ဘတ်မှ မှော်ဆက်သွယ်ေရးကိရိယာလေးကို ထုတ်၍ ခလုတ်ကို နှိပ်လိုက်သည်။
"ဟေး ငါက ရှုယီပါ။ အီဗီတာ ကမ်းရိုးတန်းတစ်လျှောက် တောင်ဘက်ကိုသွားဖို့အတွက် မှော်လေသင်္ဘောတစ်စီးကို ချက်ခြင်းလွှတ်လိုက်ပြီး စုံစမ်းရင်းသယ်ယူပို့ဆောင်ရေးသင်္ဘောစုရဲ့ ခြေရာတွေကို ရှာလိုက်ပါဦး။"
အီဗီတာမှာ အံ့အားသင့်သောအသံထွက်လာကာ "ဟုတ်ကဲ့ပါ ဥက္ကဌ၊ ကျွန်မ ချက်ချင်းထွက်လိုက်မယ်"
ခဏအကြာတွင် ရှုယီသည် အိမ်ကြီးထဲမှ ထွက်လာပြီး တောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူသည် တောင်ပိုင်းဦးတည်ရာသို့ လျင်မြန်စွာ ရွက်လွှင့်မသွားမီ မှော်လေင်္ဘောသည် ဖြည်းဖြည်းချင်း အထက်သို့ တက်လာသည်ကို တွေ့လိုက်ရသည်။
"ဥက္ကဌ ရှု..... တစ်ခုခုဖြစ်သွားတာလား?"
ရှုယီလှည့်ကြည့်လိုက်တော့ ပလက်ဖောင်းပေါ်ရှိ ဥက္ကဌများစွာသည် အိမ်ရှေ့ခြံဝင်းဆီသို့ ရောက်လာကြသည်ကို တွေ့လိုက်ရပြီး ရှုယီကို တအံ့တသြကြည့်နေသည်။
"ဘာမှမဟုတ်ပါဘူး၊ မတော်တဆမှုလေးတစ်ခုပါပဲ" ရှုယီက ပြုံးပြီးပြောသည် ။
ဒါကို လူတိုင်းက မယုံကြဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏။
ရှုယီသည် စင်မြင့်ထံသို့ လူတိုင်းအားပြန်သွားခိုင်းရန် အဆင်သင့်ဖြစ်သောအခါ၊ သူ့လက်ထဲမှ မှော်ဆက်သွယ်ရေးကိရိယာက အသံထွက်လာပြန်သည်။
ရှုယီက မှန်မှောင်ကုပ်ပြီး ဖုန်းခေါ်ရင်း ဘေးနားကို လျှောက်သွားသည်။
အီဗီတာ၏ အသံသည် အနည်းငယ် ထိတ်လန့်နေသည်။
"ဥက္ကဌ၊ သယ်ယူပို့ ဆောင်ရေးသင်္ဘောကို ရှာတွေ့ပြီ၊ ဒါပေမယ့် သူတို့ ဝိုင်းခံထားပုံရတယ်!"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၁၀၃။ အားကောင်းသော တုံ့ပြန်မှု
ရှုယီ မျက်မှောင်ကုပ်လိုက်၏။
အီဗီတာ၏ မှော်လေသင်္ဘောထွက်ခွာသွားသည်မှာ နာရီဝက်အောက်ရှိနေပြီဖြစ်ရာ ပို့ဆောင်ရေးသင်္ဘောစုကို ရှာတွေ့ခဲ့သည်က ကီလိုမီတာ သုံးဆယ်ထက်မကျော်နိုင်ပေ။
Frestech ကုန်သည်ကြီးများအသင်း၏ အဓိက အခြေစိုက်ဌာနနှင့် ထိုမျှနီးကပ်သော နေရာတွင် Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေးသင်္ဘောစုကို တိုက်ခိုက်ဝံ့သူရှိနေသည်လား။ သူတို့က အသက်မရှင်ချင်ကြဘူးလား?
“အီဗီတာ၊ သယ်ယူပို့ဆောင်ရေးသင်္ဘောစုရဲ့ တည်နေရာကို ပို့ပေးပြီး ခိုင်မာတဲ့အခြေအနေကို ပြောပြဦး။ မင်းအစောင့်တပ်ရဲ့ အကူညီလိုလား။" ရှုယီက အေးစက်စွာပြောသည်။
အီဗီတာ၏ နူးညံ့သော အသံက ဆက်သွယ်ရေးကိရိယာ c၏ တစ်ဖက်ခြမ်းမှ ထွက်ပေါ်လာသည်။
"ထူးဆန်းလိုက်တာ....သူတို့ ရပ်လိုက်ကြတာ။ ဥက္ကဌ၊ ပြဿနာမရှိလောက်ဘူး။ သယ်ယူပို့ ဆောင်ရေးသင်္ဘောစုရဲ့ အတားအဆီးတွေကို လူစုခွဲပြီး တိုက်ခိုက်တာကို စွန့်လွှတ်လိုက်ပုံရပါတယ်။”
"အေ့? ပြေးချင်လား" ရှုယီက အေးစက်စွာ ရယ်မောလိုက်ပြီး "အီဗီတာ၊ ငါ့အမိန့်ကို နာဗီလ် ဆီကို ပို့ပေးပါဦး။ သယ်ယူပို့ဆောင်ရေး ရေတပ်ရဲ့ အစောင့်သင်္ဘောတွေကို စေလွှတ်ပြီး ကျုပ်တို့အတွက် သင်္ဘောတစ်စင်း သို့မဟုတ် နှစ်စင်းကို သိမ်းခိုင်းလိုက်ပါ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း ကို တကယ်တိုက်ခိုက်ဝံ့အောင် ဘယ်သူက အရမ်းဆိုးလဲဆိုတာ မြင်ချင်တယ်။ ပြီးတော့၊ ကောင်းကင်ကနေသင်္ဘောများကိုခြေရာခံပြီးသူတို့လွတ်မြောက်ဖို့စီစဉ်ထားတာကိုကြည့်၊ ကျုပ်နောက်ထပ် မှော်လေသင်္ဘောကိုစေလွှတ်ရမယ်။
"နားလည်သဘောပေါက်ပါပြီ။" အီဗီတာက ပြန်ပြောသည် ။
ခဏအကြာတွင် သူမ၏ အသံသည် မှော်ဆက်သွယ်ရေးစက်ထံမှ ထွက်ပေါ်လာပြန်သည်။
“ဥက္ကဌ၊ နာဗီလ် က အမိန့်ကို လက်ခံရရှိပြီးပါပြီ။ မေးချင်တာက သင်္ဘောပေါ်ကလူတိုင်းကို ဖမ်းချင်လားတဲ့”
“မလိုပါဘူး၊ စစ်ဆေးမေးမြန်းဖို့ လူအနည်းငယ်ကို ဖမ်းရုံပဲ၊ ဒီမှာ လူတွေ အများကြီး ကျန်ပါသေးတယ်။
“ကောင်းပါပြီ။”
သူ့လက်ထဲမှ မှော်ဆက်သွယ်ရေးပညာရှင်ကို ချလိုက်ကာ အနောက်တောင်ကောင်းကင်ကို လှမ်းကြည့်လိုက်ပြန်သည်။ အီဗီတာ ၏ မှော်လေသင်္ဘောကဲ့သို့ ကောင်းကင်တွင် ပျံသန်းနေသော နောက်ထပ် မှော်လေသင်္ဘောတစ်စီးကို သူတွေ့ရှိလိုက်ရသည်။
ဤ မှော်လေသင်္ဘောအား အာကာလီ မှ အမိန့်ပေးနိုင်သည်။ ၎င်းက နှစ်လမပြည့်သေးသလို စမ်းသပ်မှုများလည်း မပြီးသေးချေ။
သို့သော် အီဗီတာ၏အဖွဲ့သည် မှော်လေသင်္ဘော၏စုဆောင်းမှုကိုမြင်နိုင်သည်။ ဒီလိုမျိုး အလတ်စား မှော်လေသင်္ဘောဟာ စွမ်းဆောင်ရည်ပိုင်းအရပဲဖြစ်ဖြစ် အရည်အသွေးအရပဲဖြစ်ဖြစ် ပြဿနာလုံးဝမရှိပါချေ။ အီဗီတာ ၏အစီရင်ခံစာအရ၊ ၎င်းတို့သည် အစုလိုက်အပြုံလိုက်ထုတ်လုပ်မှုအဆင့်သို့ပင် ဝင်ရောက်နိုင်သည်။
တစ်ဦးတည်းသာ ထွက်လာရသည့် အကြောင်းရင်းမှာ သတိထားရန် ဖြစ်သည်။
အစောင့်သင်္ဘောစုနှင့် မှော်လေသင်္ဘော တို့၏ ခွန်အားဖြင့် ဤကိစ္စအတွက် စိတ်ပူစရာမလိုပါ။
ရှုယီသည် ကောင်းကင်ကို မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိသည်။ ဥက္ကဌများ အားလုံး သူ့အား စိတ်ဝင်စားစွာ စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
“အားလုံးပဲ အရင်ထိုင်ကြရအောင်။ သင်္ဘောစုနဲ့ ပတ်သက်တဲ့ မတော်တဆမှု အနည်းငယ်ရှိပေမယ့် များများစားစားထိခိုက်မှာမဟုတ်ပါဘူး။ နောက်ထပ်တစ်နာရီအတွင်း သူတို့ဒီကိုရောက်လာမယ်ထင်တယ်။ အခုက မွန်းတည့်ချိန်ဆိုတော့ လူတိုင်း ဗိုက်ဆာနေမယ်ထင်တယ်။ နေ့လယ်စာ ပြင်ထားပြီးသားမို့ အားလုံး ကျုပ်နဲ့အတူ နေ့လည်စာ စားကြမလား" ရှုယီက ပြုံးပြီးပြောသည် ။
ရှုယီမေးလာစဉ်တွင် အားလုံးက တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြပြီး သက်လတ်ပိုင်းလူတစ်ဦးက သူ့လက်ထဲက မှော်ဆက်သွယ်ရေးကိရိယာကို လက်ညှိုးထိုးပြကာ မေးခွန်းတစ်ခု မေးလာသည်၊ “ဥက္ကဌ ရှု၊ ကျုပ်သာမမှားရင် ဒါက ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်း အသစ်တီထွင်ထားတဲ့ အကွာအဝေး မှော်ဆက်သွယ်ရေးကိရိယာ ဖြစ်လောက်တယ် မဟုတ်လား။”
မှော်ဆက်သွယ်ရေးကိရိယာကို တီထွင်ထားပြီးဖြစ်သော်လည်း၊ ရှုယီသည် ၎င်း၏ ကန့်သတ်ချက်များ အလွန်များသည်ဟု ခံစားမိသောကြောင့် ၎င်းကို စျေးကွက်သို့ မြှင့်တင်ပြီး ရောင်းချခြင်းမျိုး မပြုခဲ့ပေ။
ထိုအကြောင်းကို တခြားဥက္ကဌများက ကြားပြီး မှော်ဆက်သွယ်ရေးကိရိယာအကြောင်း မေးသော်လည်း တကယ်တမ်းတော့ မသုံးဖူးကြတဲ့အတွက် အရမ်းသိချင်ကြသည်။
ရှုယီသည် ဤ မှော်ဆက်သွယ်ရေးကိရိယာမှတဆင့် တစ်စုံတစ်ဦးနှင့် စကားပြောနေသည်ကို မြင်လိုက်ရသောအခါတွင် ပြင်းပြသော စူးစမ်းလိုစိတ်တစ်ခု ပေါ်ပေါက်လာသည်။
“ဟုတ်ပါတယ်။” ရှုယီက ခေါင်းညိတ်ပြပြီး လူတိုင်းကိုပြသရန် သူ့လက်ထဲမှ မှော်ဆက်သွယ်ရေးကိရိယာကို မြှောက်လိုက်ပြီး "ဒီမှော်ဆက်သွယ်ရေးကိရိယာက ကျုပ်တို့ရဲ့ တတိယမျိုးဆက် မှော်ဆက်သွယ်ရေးကိရိယာပါ။ အခုဆို ကီလိုမီတာ ငါးထောင်အကွာက မှော်ဆက်သွယ်ရေးကိရိယာရှိသူနဲ့ တိုက်ရိုက်စကားပြောနိုင်ပြီ။”
လူတိုင်း အံ့အားသင့်သွားသည်။
"ဘုရားသခင်! တကယ်ကြီး ကီလိုမီတာ ငါးထောင်၊ ဒါက အံ့သြစရာကောင်းလွန်းတယ်။”
"ဟုတ်တယ်၊ အရင်က ဒါကိုအောင်မြင်နိုင်တဲ့ တစ်ခုတည်းသော အရာက ခေါင်းဆောင်မှော်ပညာရှင်တွေ အနေနဲ့ ဟင်းလင်းပြင် ဆက်သွယ်ရေးအစီအရင်တွေကို သုံးမှရတာပဲ မဟုတ်လား"
"ဒီ မှော်ဆက်သွယ်ရေးကိရိယာ က အဆင့်မြင့်မှော်အစီရင်ကိုသုံးထားတာဖြစ်နိုင်မလား"
“ Frestech ကုန်သည်ကြီးများအသင်းက ဘယ်တော့မှ ရောင်းချဖို့ ဆန္ဒမရှိတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ အဆင့်မြင့် မှော်အစီအရင်ပါတော့ ဈေးနှုန်းက ကြောက်စရာကောင်းလောက်တယ်..."
“အင်း......”
......
အားလုံး၏ ဆွေးနွေးမှုကို ကြားတော့ ရှုယီက ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။
မှော်ဆက်သွယ်ရေးကိရိယာကို အသုံးပြုမှု အဆင်မပြေသောကြောင့် အများပြည်သူကို မရောင်းခဲ့ရပါချေ။ ဤ မှော်ဆက်သွယ်ရေးကိရိယာသည် ဤနေရာရှိ လူတိုင်း၏ နှလုံးသားအပေါ်တွင် ဤမျှသော အထင်ကြီးမှုကို ထားခဲ့လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားပေ။
ခေါင်းဆောင်မှော်ပညာရှင်သာလျှင် ဟင်းလင်းပြင် ဆက်သွယ်ရေးအစီအရင်များကိုကို သုံးနိုင်သည်လား။
နောက်ပြောင်တာကို ရပ်လိုက်! Frestech ကုန်သည်ကြီးများအသင်းတွင် ကမ်မီလာတစ်ဦးသာ ခေါင်းဆောင် မှော်ပညာရှင်အဖြစ်ရှိလေသည်။
ရှုယီသည် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ဤ ဟင်းလင်းပြင် ဆက်သွယ်ရေးအစီအရင်ကို ချပြသည်အား မကြားခဲ့ဖူးပေ။
သို့ပေမယ့် ရှုယီက ၎င်းတို့ကို ရှင်းပြဖို့ မစီစဉ်ထားပေ။
မှော်ဆက်သွယ်ရေးကိရိယာသည် လျှို့ဝှက်ဆန်းကြယ်သည်ဟု သူတို့ထင်မြင်စေခြင်းသည်လည်း ကောင်းမွန်ပါသည်။ လူတိုင်းထံ မှော်ဆက်သွယ်ရေးကိရိယာကို ထုတ်ပြရန်အချိန်တန်သောအခါ၊ စျေးနှုန်းအနည်းငယ်မြင့်ပါကလည်း သူတို့စိတ်မ၀င်စားမည်မဟုတ်။
ရှုယီသည် ဤလူများနှင့် နေ့လည်စာ ပြီးသောအခါ၊ သယ်ယူပို့ဆောင်ရေး သင်္ဘောစုမှ ဘေးကင်းစွာ ပြန်လာခဲ့ကြောင်း သတင်းကို ရရှိခဲ့သည်။
နာဗီလ် ထံတွင် ပြင်းထန်သောတိုက်ပွဲ၏ ခြေရာတစ်ရာမျှ မတွေ့ရသော်လည်း ရှုယီက ဘာမှ မမေးခဲ့ပေ။ သူသည် လမ်းကြောင်းအတိုင်း လိုက်လျှောက်ပြီး နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည် ကိုယ်စားလှယ်ကို ဧည့်ခံခဲ့သည်။ ရေတပ်သား ကိုယ်စားလှယ်တစ်ဦးကိုလည်း ခေါ်ဆောင်ကာ ဥက္ကဌ အသီးသီးနှင့် တွေ့ဆုံစေခဲ့သည်။
မဆွေးနွေးမီတွင် ဥက္ကဌသည် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည် ကို သတိထားနေခဲ့သည်။ သို့သော် သူတို့နှင့်တွေ့ဆုံပြီး နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂတိုင်းပြည် ကိုယ်စားလှယ် ယူလာသည့် အဖိုးတန် ကုန်ပစ္စည်းမျိုးစုံကို တွေ့ပြီးနောက် လူတိုင်းက ဒီမှာ ပုန်းအောင်းနေတဲ့ စီးပွားရေးအခွင့်အလမ်းကြီးကို တွေ့လိုက်ရပါ၏။
ဒီလိုနဲ့ နေ့ခင်းတစ်ပိုင်းလောက် ဆွေးနွေးအပြီးမှာတော့ အဲဒီညက ကိုယ်စားလှယ်အတွက် ကျင်းပသည့် Frestech ကုန်သည်ကြီးများအသင်းပွဲတွင် အားလုံးက အရမ်းပျော်ကြပြီး သဟဇာတဖြစ်တဲ့ အငွေ့အသက်တွေ ရှိနေပါ၏။
ဤအခြေအနေတွင်၊ ပွဲကျင်းပသူသည် Frestech ကုန်သည်ကြီးများအသင်း၏ စီအီးအို ခမ်နက်ဒ်သို့ပြောင်းသွားပြီး ဥက္ကဌ ရှုယီသည် ခြေရာပင်မရှိဘဲ ပျောက်ကွယ်သွားသည်ကို လူအများက သတိပြုမိခြင်းမရှိပေ။
“ဥက္ကဌ၊ ကျုပ်တို့မှာ ဒီလူတွေကို ဝန်ခံခိုင်းပြီးပြီ။ သူတို့အားလုံးက ဒီနေရာရဲ့အနောက်မြောက်ဘက် ကီလိုမီတာငါးရာလောက် ရှိတဲ့ ပင်လယ်ပြင်ရှိ ခရုချ် တိုင်းပြည်ဆိုတဲ့နေရာက လာကြတာပါ။” Frestech ကုန်သည်ကြီးများအသင်း၏ ကိုယ်ရံတော် ကပ္ပတိန် ဟာ့ထ်က ရှုယီကို သတင်းပို့လာသည်။
"ခရုချ် တိုင်းပြည်?" ရှုယီက မျက်မှောင်ကုပ်လိုက်ပြီး "ဒီတိုင်းပြည်အကြောင်း ဘာလို့ တစ်ခါမှ မကြားဖူးခဲ့တာလဲ"
သူ့ရှေ့တွင်မူ ခွေးလို အရိုက်ခံထားရသည့် လူငယ် အများအပြား ရှိနေ၏။ ၎င်းတို့သည် Frestech ကုန်သည်ကြီးများအသင်း၏ သယ်ယူပို့ဆောင်ရေးသင်္ဘောစုကို တိုက်ခိုက်ခဲ့သည့် လှေများမှ နာဗီလ်တို့ ဖမ်းမိထားသူများဖြစ်သည်။
၎င်းတို့ကို ဖမ်းမိပြီးနောက်၊ ဟာ့ထ် သည် လူများကို စစ်ဆေးမေးမြန်းရန် ဦးဆောင်ခဲ့ပြီး ယခုအခါ ၎င်းတို့ထံမှ အကြောင်းအရာအချို့ကို သိရှိလာခဲ့သည်။
ရှုယီမှာ ဝန်ခံချက်တွေအပေါ် ဟာ့ထ်ရဲ့ မှန်ကန်ခြင်း ရှိမရှိကို သံသယမ၀င်ဘဲ နတ်သူငယ်အစောင့်ခေါင်းဆောင် Fuရီယို က ပုံရိပ်ယောင်မှော်ပညာကို အသုံးပြုထားခြင်းကြောင့် အမှန်တရားကိုသာ ပြောနိုင်ခဲ့သည်ပင်။
"ဒါက.... ဥက္ကဌ၊ ခရုချ် တိုင်းပြည်အကြောင်း မကြားဖူးပေမယ့် ခရုချ် ပင်လယ်ဓားပြတွေအပေါ် အမြင်တွေ ရှိကောင်းရှိနိုင်ပါတယ်။" ဟာ့ထ်က ပြောသည်။
“ခရုချ် ပင်လယ်ဓားပြ?" ရှုယီက မျက်မှောင်ကုပ် စဉ်းစားလိုက်ပြီးမှ ခေါင်းယမ်းလိုက်ပြီး "ဘာ အမြင်မှ မရှိထားပါဘူး။"
“ကောင်းပြီ၊ ဒီ ခရက်ခ်ျတိုင်းပြည်က ပင်လယ်ပြင်ရဲ့ ကြီးမားသောအစိတ်အပိုင်းကို ကီလိုမီတာငါးရာအထိ သိမ်းပိုက်ထားတယ်။ နာမည်ကတော့ ခရုချ် ကျွန်းပေါင်းတစ်ထောင်တိုင်းပြည်ပဲ။ ပြတ်ပြတ်သားသားပြောရရင် သူတို့က မတူညီတဲ့ကျွန်းတွေပေါ်မှာ နေထိုင်တဲ့ ပင်လယ်ဓားပြအုပ်စုတစ်စုပါ။ ဒီ ခရုချ် တိုင်းပြည်က ပင်လယ်ပြင်မှာ ခိုးယူမှုအများဆုံးဖြစ်ပြီးသူတို့ကို စစ်မှန်တဲ့တိုင်းပြည်လို့ မယူဆနိုင်ပေ။" ဟာ့ထ်က မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ပြောသည်။
"ဟုတ်လား? ဒါဆို ကျုပ်ဆီမှာ သူတို့အပေါ် ဘာလို့ ဘာအမြင်မှ မရှိရတာလဲ" ရှုယီက သံသယဖြစ်ဖွယ်ပြောလိုက်မိလေသည်။
“သူတို့က နယ်မြေကြီးရဲ့ မြောက်ဘက်ပင်လယ်တွေမှာ အဓိက လှုပ်ရှားနေတာကြောင့် တောင်ပိုင်းကို ဘယ်တော့မှ မရောက်ဘူး၊ ဒါကြောင့် ပုံမှန်ပါပဲ"
ရှုယီက ပိုလို့တောင် သံသယဝင်လာပြီး "ဒီလိုဆို ကျုပ်တို့လုပ်ငန်းစုရဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘောဆီကနေ ဘာလို့ ရုတ်တရက် ခိုးဝင်လာတာလဲ။ မြောက်ဘက်မှာ လုံလုံလောက်လောက် မခိုးနိုင်လို့လား”
ဟာ့ထ် နှင့် ဖူရီယိုတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏အကြည့်များသည် အနည်းငယ်ထူးဆန်းနေလေသည်။
"ဥက္ကဌ ကျုပ်တို့ရခဲ့တဲ့ ဝန်ခံချက်အရ ဒီလူတွေကို လာဖို့ တယောက်ယောက်က ညွှန်ကြားထားပုံရတယ်။"
ရှုယီသည် တွေးတောရန် မျက်လုံးများကို မှိတ်ထားရင်း အံ့သြသွားသည်။ ပြီးတော့ သူက အေးစက်စက် နှာမှုတ်သံဖြင့် "ပြောချင်တာက..... ကျုပ်တို့လုပ်ငန်းစုက တစ်ယောက်ယောက်ကို စော်ကားပြီး ကျုပ်တို့ဆီကနေ ခိုးဖို့ ဒီဓါးပြတွေကို လွှတ်လိုက်တာလား။”
ဟာ့ထ်က သူ့ခေါင်းကို ခါယမ်းပြီး အားကိုးရာမဲ့ အသံနှင့်ဆိုသည်၊ "ဒီကောင်တွေက ငါးသေးသေးလေးတွေပဲ၊ သူတို့က သိပ်မသိဘူး၊ ဒါကြောင့် ငါတို့ ဘာမှ မမေးနိုင်ဘူး"
"အဲဒါက အမြောက်စာအုပ်စုပဲ၊ သူတို့ကို မေးခွန်းထုတ်တာ အဓိပ္ပါယ်မရှိဘူး" ရှုယီ က လက်ခုပ်တီး၍ အသက်ပြင်းပြင်းရှူကာ ခဏလောက်စဉ်းစားပြီး ပြောလိုက်သည် "ကောင်းပြီ၊ ငါတို့က သူတို့ဆီက ဘာမှ မမေးနိုင်မှတော့ မေးခွန်းတွေပိုဖြေနိုင်မယ့်သူကို ရှာကြတာပေါ့ ဟာ့ထ်!"
ဟာ့ထ်က အံ့ဩသွားပြီးနောက် အာရုံပြန်ရသွားကာ အသံကျယ်ကျယ်ဖြင့်ထူးလိုက်သည် "ရှိပါတယ်!"
“ဒီတစ်ခေါက် သယ်ယူပို့ဆောင်ရေးသင်္ဘောကို အနီးကပ်တိုက်ခိုက်တဲ့ အဓိပ္ပာယ်က ကျုပ်တို့လုပ်ငန်းစုမှာက လုံလောက်တဲ့ အင်အားမရှိတာကို ပြနေတယ်။ အစောင့်တပ်မှူးအနေနဲ့ ကျုပ်တို့လုပ်ငန်းစရဲ့ ပတ်ဝန်းကျင်ပင်လယ်ပြင်ကို ကာကွယ်ဖို့ ကာကွယ်ရေးအစီအစဉ်ကို အမြန်ဆုံးရေးဆွဲနိုင်မည်ဟု မျှော်လင့်ပါတယ်။ ကျုပ်တို့ လုပ်ငန်းစုရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သင်္ဘောကိုမဆို ဝင်ရောက်ခွင့် မပြုနိုင်ဘူး။"
ဟာ့ထ် သည် အနည်းငယ် နှုတ်ဆိတ်နေပြီးနောက် "ဥက္ကဌ၊ ဒါက လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာစေနိုင်တယ်"
"ငွေက ပြဿနာမဟုတ်ဘူး။" ရှုယီသူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“ကောင်းပြီ၊ ကိစ္စမရှိပါဘူး”
ရှုယီက ဆက်မပြောခင် ခေါင်းညိတ်လိုက်ပြီး "ဒါမှမဟုတ်ရင် ဒုတိယအစောင့်တပ်ကို ချက်ခြင်းစုပြီး ဒီ ခရုချ် တိုင်းပြည်ကိုပဲ တိုက်ခိုက်ဖို့ ကမ်းခြေစောင့်တပ်တွေနဲ့ လက်တွဲလိုက်ပါ"
"အမ်?" ဟာ့ထ် နှင့် ဖူရီယို အံ့သြသွားသည်။
ရှုယီက ဒီကိစ္စကို ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ သူတို့ ဘယ်တုန်းကမှ မထင်ခဲ့မိပါပေ။
လုယက်ခံရသည်မှာ သယ်ယူပို့ဆောင်ရေးသင်္ဘောစုမျှသာဖြစ်ပြီး မအောင်ပင် မအောင်မြင်ခဲ့ပေ။ တစ်ဖက်မှာမူ အစောင့်သင်္ဘောများ ဖျက်စီးခံရပြီးရာ ဥက္ကဌက အစောင့်တပ်သားများနှင့် ကမ်းခြေစောင့်တပ်တွေကို စေလွှတ်လိုနေသေးသည်။
ဒီတုံ့ပြန်မှုက အရမ်းပြင်းထန်တယ်မဟုတ်လား ?
“မဟုတ်ဘူး၊ လုံးဝမခိုင်မာဘူး။ Frestech ကုန်သည်ကြီးများအသင်းရဲ့ အဓိကအခြေစိုက်စခန်းကနေ ကီလိုမီတာငါးရာအောက် ဝေးတဲ့နေရာက ပင်လယ်ဓားပြအဖွဲ့ကြီးက တကယ်ပဲ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ဖို့ အရူးအမူး လာနေကြတာ၊ သူတို့ကို သင်ခန်းစာမပေးရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ လူတွေက ထင်ကြမှာမဟုတ်ဘူးလား။” ရှုယီက အေးစက်စက် နှာမှုတ်ကာ ပြောလာသည်။
ဟာ့ထ် နှင့် ဖူရီယို သည် ဥက္ကဌ လုံးဝမမှားဟု တွေးကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဒါပေမယ့် ဒီကိစ္စကြောင့် သူသည် အမည်အရ တိုင်းပြည်တစ်ခုကို တိုက်ခိုက်ရန် ပြင်ဆင်ထားလေသည်။...
ဘာပဲဖြစ်ဖြစ် ဒါက အရမ်းများသွားပြီ မဟုတ်ဘူးလား?
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၁၀၄။ မခုခံနိုင်သည့် ခရုချ်တိုင်းပြည်
နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည်၏ ကိုယ်စားလှယ်မှာ စတက်တိန်းနယ်မြေ၌ လတစ်ဝက်ကြာနေထိုင်ခဲ့သည်။
ဤအတောအတွင်း သူဟာ စတက်တိန်းနယ်မြေကို စစ်ဆေးခဲ့ရုံသာမက လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန် တိုင်းပြည်နှင့် အနီးဝန်းကျင်တိုင်းပြည်တို့၏ လုပ်ငန်းစုများစွာနှင့်လည်း အဆက်သွယ်ကြောင့် လာခဲ့ဖူးသေးသည်။
တစ်လခွဲအတွင်း နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည်တွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့သည့် အနီးနားတိုင်းပြည်များ၏ လုပ်ငန်းစုမှာ ၁၆ ခုရှိပြီး ၎င်းတို့၏ စိတ်ဝင်စားမှု ဖော်ပြသည့် လုပ်ငန်းစုပေါင်း သုံးဆယ်ကျော်ရှိခဲ့သည်။
ဤရလဒ်သည် နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည်မှ ကိုယ်စားလှယ်အား ကျေနပ်စေရန် လုံလောက်ခဲ့ပြီး ဤခရီးစဉ်မှာ ကြွယ်ဝသော အသီးအပွင့်များကို ကိုယ်စားပြုပါသည်။
ဟုတ်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်း သယ်ယူပို့ဆောင်ရေးသင်္ဘောစု၏ ပေါ်ထွက်လာမှုကြောင့်မဟုတ်ရင် ကီလိုမီတာငါးထောင်အကွာမှ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်စေရန်အတွက် ဤပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းမရှိသည်ကို လူတိုင်းနားလည်ကြသည်။
ဤပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဘက်စလုံးအတွက် အလွန်အကျိုးရှိစေသည်ဟု ဆိုရပါမည်။
ဝေးလွန်းသောကြောင့် သူတို့သည် ယခင်က လဲလှယ်မှုမျိုး မရှိခဲ့ပေ။ ဤဆက်သွယ်မှုမှတစ်ဆင့် တစ်ဖက်တွင် မိမိတို့လိုချင်သော အရင်းအမြစ်များစွာရှိသည်ကို နှစ်ဖက်စလုံးက သဘောပေါက်ခဲ့ကြသည်။
ဤပူးပေါင်းဆောင်ရွက်မှု ချောမွေ့သွားရင် နှစ်ဖက်စလုံးက ဒီကနေ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်သည်။
ဥပမာအားဖြင့်၊ စတန်းတိုင်းနယ်မြေတွင် မိုးသစ်တောသစ်ခွဲသား အမြောက်အမြားရှိသည်။ သို့မဟုတ် နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည်သည် ရွှံ့နွံများဖြင့် ပြည့်နှက်နေသောကြောင့် ၎င်းတို့တွင် ရှားပါးဆေးဝါးများနှင့် မှော်ဆိုင်ရာပစ္စည်းများအတွက် ပါဝင်ပစ္စည်းအဖြစ် အသုံးပြုနိုင်သည့် ရှားပါးသစ်ပင်များစွာရှိသည်။ အလားတူ တန်ဖိုးမြင့်သော ရှားပါးတိရိစ္ဆာန်များစွာလည်း ရှိသည်။
နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည် ကိုယ်စားလှယ်မှ ယူဆောင်လာသော အထူးထုတ်ကုန်အမျိုးမျိုးကြောင့် လုပ်ငန်းစုအသီးသီးမှ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
မတူညီသောသဘောတူညီချက်များအားလုံးတွင်၊ လူတိုင်းစိတ်ဝင်စားသောအရာမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည်တို့ကြားရှိ ပူးပေါင်းမှု ဟူသည်မှာ သေချာပါသည်။
နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည်၏ကိုယ်စားလှယ်ထံမှသတင်းအရ နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည်သည် ကြီးမားသော မှော်သင်္ဘော ဆိပ်ကမ်းနှစ်ခုကို အပြီးသတ်ပြီးဖြစ်သည်။ ဆိုလိုသည်မှာ Frestech ကုန်သည်ကြီးများအသင်းသည် ကုန်စည်အမြောက်အမြားနှင့် ဆက်စပ်သူများကို နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂ တိုင်းပြည်သို့ အလွယ်တကူ ပေးပို့နိုင်သည်ဟု ဆိုလိုသည်။
ထို့ကြောင့် တစ်လခွဲအတွင်း Frestech ကုန်သည်ကြီးများအသင်းသည် နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည်နှင့် သဘောတူညီမှုများစွာ ရရှိခဲ့သည်။
စာချုပ်များအရ Frestech ကုန်သည်ကြီးများအသင်းသည် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂ တိုင်းပြည်သည် ၎င်းတို့အတွက် အရေးတကြီးဆုံးဖြစ်သည့် စားနပ်ရိက္ခာပြဿနာကို ကူညီဖြေရှင်းပေးရန် သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် စိုက်ပျိုးရေးမှော်စက်အလုပ်ရုံတို့တွင် ပထမဆုံး ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
ထို့နောက် Frestech ကုန်သည်ကြီးများအသင်း သည် နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည်တွင် အိမ်သုံးမှော်စက်အသေးစားစက်ရုံကို တည်ဆောက်မည်ဖြစ်သည်။
သို့သော် ဤထုတ်လုပ်မှုအခြေခံသည် Frestech ကုန်သည်ကြီးများအသင်းတစ်ခုတည်းတွင်မဟုတ်ဘဲ ၎င်းကို လမ်ပူရီတိုင်းပြည်၏အခြားအိမ်သုံးမှော်စက်လုပ်ငန်းစု ၁၇ ခုက ပူးတွဲရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။
၎င်းတို့အနက် Frestech ကုန်သည်ကြီးများအသင်းသည် အမည်ပေးရုံသာဖြစ်သည်။ Frestech တံဆိပ် မှော်စက်များပင် ထုတ်လုပ်မှုတွင် ပါ၀င်မည်မဟုတ်ပါ။
ဤချဉ်းကပ်မှုသည် အမှန်တကယ်ပင် နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည်စျေးကွက်ကို အခြားလုပ်ငန်းစုများထံ စွန့်ကြဲလိုက်သလိုပင်။
ထို့ကြောင့် ဤအိမ်သုံးမှော်စက်လုပ်ငန်းစု ၁၇ ခုသည် Frestech ကုန်သည်ကြီးများအသင်းအား အိမ်သုံးမှော်စက်များအတွက် ၎င်းတို့၏စံနှုန်းအမျိုးမျိုးကို တင်းတင်းကျပ်ကျပ်လိုက်နာရန် ကတိပြုခဲ့သည်။
ထို့အပြင် လုပ်ငန်းစု ၁၇ ခုမှ အမ်ရစ် ကုန်သည်ကြီးများအသင်းအား နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည် တွင် လမ်းများနှင့် အခြား အဆောက်အအုံများ ဖောက်လုပ်ရာတွင် ကူညီဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သည်။ နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည်၏ အဆောက်အဦများကို ပြောင်းလဲရန် ကူညီပေးမည်ပင်။
ဒါက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် သူတို့ဖွင့်ထားသည့် နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည် စျေးကွက်ကို စွန့်လွှတ်လိုက်ရသော အဓိကအကြောင်းရင်းပါပင်။
အရမ်းရိုးရှင်းပါတယ်၊ သူတို့မှာ လူမလုံလောက်ခြင်းကြောင့်ပင်။
လမ်ပူရီတိုင်းပြည်မှ မျိုးရိုးမြင့်များ၏ ကျွန်အနည်းငယ်သည် Frestech ကုန်သည်ကြီးများအသင်း၏ လက်ထဲသို့ ရောက်သွားသော်လည်း၊ လမ်ပူရီတိုင်းပြည်တော်၏ မျိုးရိုးမြင့်များကို ကန့်သတ်ထားသည်။ ကျွန်များနှင့် လဲလှယ်လိုသော မျိုးရိုးမြင့်များသည် အကန့်အသတ်များ ရှိသောကြောင့် အစပိုင်းတွင် ကျွန်အမြောက်အမြား ရရှိခြင်းမှတပါး၊ နောက်ပိုင်းလျော့နည်းသထက် လျော့နည်းလာမည်ဖြစ်သည်။
ယင်းကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ လူအင်အားကြီးထွားမှုကို တဖန်ရပ်တန့်စေခဲ့ပြီး လူအင်အားများစွာလိုအပ်သည့် ဤအစီအစဉ်ကို ရှုယီအား မှ စွန့်လွှတ်ရန် ဖိအားပေးခံခဲ့ရသည်။
နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည်တွင် ပြီးပြည့်စုံသော Frestech ကုန်သည်ကြီးများအသင်း အခြေစိုက်စခန်းကို တည်ဆောက်ရန် စီစဉ်နေပြီး စျေးကွက်တစ်ခုလုံးကို ဆုပ်ကိုင်နိုင်ရန် ကြိုးပမ်းနေ၏။ ထို့နောက် ဤအခြေခံဖြင့်၊ ၎င်းတို့သည် စိုင်စ်နယ်မြေကြီး၏ အရှေ့တောင်ဘက်ထောင့်တစ်ခုလုံးတွင် Frestech ကုန်သည်ကြီးများအသင်း၏ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်နိုင်မည်ဖြစ်သည်။
သို့သော် လူအင်အားနည်းပါးမှုက သူ့စိတ်ကူးတွေကို ကန့်သတ်ထားပါသည်။ နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည်ဈေးကွက်ကို အခြားမှော်စက်လုပ်ငန်းစုများနှင့် ပူးပေါင်းပြီး ဒီအခြေစိုက်စခန်းအား အတူတကွတည်ဆောက်ဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာမရှိပါချေ။
ယခု ရှုယီ၏ စိတ်ထဲတွင် လူမရှိခြင်းက သူ့အတွက် အကြီးမားဆုံး ပြဿနာ ဖြစ်လာနေပြီဖြစ်သည်။
သူ့တွင် Frestechကုန်သည်ကြီးများအသင်းအတွက် ပရောဂျက်များစွာရှိသော်လည်း သူ့အား အကူအညီမဲ့ခြင်းကို အမြဲခံစားရစေသည်မှာ သူ့တွင်ရှိသော လူအရေအတွက် ကန့်သတ်ခံထားရခြင်းဖြစါသည်။
နောက်ဆုံးတွင် စတက်တိန်းနယ်ေမြသည် တိုင်းပြည်ငယ်တစ်ခုမျှသာဖြစ်ပြီး တိုင်းပြည်၏စုစုပေါင်းလူဦးရေမှာ တစ်သန်းအောက်သာရှိသည်။ ရရှိနိုင်သော ကျွန်အရေအတွက် လေးသိန်းအောက်သာ ရှိသည်။
Frestech ကုန်သည်ကြီးများအသင်းသည် လုပ်စရာအလုပ်များရှိနေသေးသောကြောင့် လူလေးသိန်းအားလုံးကို ခေါ်ယူ၍မရပါ။
စတက်တိန်းနယ်မြေရှိ လုပ်သားအင်အား၏ ပညာရေးအဆင့်မှာ မြင့်မားခြင်းမရှိပါ၊ စုဆောင်းထားသော အလုပ်သမားများ၏ အလုံးစုံအရည်အသွေးသည် လမ်ပူရီတိုင်းပြည်နှင့် ရူဒ်ဆန် တိုင်းပြည်တို့ထက် နိမ့်ကျနေသောကြောင့် ထိုသို့မလုပ်နိုင်ပေ။
ယခု Frestech ကုန်သည်ကြီးများအသင်းတွင် အလုပ်သမား တစ်သိန်းငါးသောင်းကျော်ရှိနေပြီဖြစ်ပြီး ထက်ဝက်ခန့်မှာ စတက်တိန်းနယ်ေမြမှ ဆင်းသက်လာခြင်းဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ဝက်ခန့်သည် လမ်ပူရီတိုင်းပြည်မှ ဆင်းသက်လာကာ အနည်းငယ်သော အပိုင်းသည် ရူဒ်ဆန် တိုင်းပြည်မှ ရောက်ရှိလာကြပြီး ကျန်အားလုံးမှာ အခြားလူမျိုး အလုပ်သမားများဖြစ်သည်။
စတက်တိန်းနယ်မြေ၏ လူဦးရေကို တိုးမြင့်ရန် မဖြစ်နိုင်သောကြောင့် အသုံးဝင်သော လုပ်သားအင်အားကို တိုးမြှင့်ရန်အတွက် ရှုယီသည် သူယခင်က လုပ်ခဲ့သော အရာများကို ထပ်တူလုပ်ခဲ့သည်။ သူသည် စတန်စတက်တိန်းနယ်မြေတွင် ဘန်တာမြိုတော်၌ဆောက်ခဲ့ဖူးသော အလားတူ အသက်မွေးဝမ်းကျောင်းအတတ်ပညာကျောင်းကို ဆောက်လုပ်ခဲ့သည်။
ဘန်တာမြို့ေတာ်သက်မွေးဝမ်းကျောင်း အတတ်ပညာကျောင်းနှင့် မတူသောအချက်မှာ စတက်တိန်းနယ်မြေတွင် ပြည့်ပြည့်စုံစုံရှိသောကြောင့်ပင်။ တစ်ခုတည်းသောလိုအပ်ချက်မှာ ဘွဲ့ရပြီးနောက် Frestech ကုန်သည်ကြီးများအသင်းတွင် အလုပ်လုပ်ရန်ဖြစ်သည်။
ဤအခြေအနေသည် လူအများစုအတွက် ကန့်သတ်ချက်မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်ခြင်းသည် လူများမျှော်လင့်ထားသည့်အရာဖြစ်သောကြောင့် ၎င်းသည် ဆွဲဆောင်မှုတစ်ခုဖြစ်သည်။
ထို့ကြောင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာကျောင်းကို တည်ထောင်ပြီးနောက် စတက်တိန်းနယ်မြေ၏ မရေမတွက်နိုင်သော လူများသာမက၊ လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန် တိုင်းပြည် နှင့် နောက်ထပ် ဒရိတ်ခ်နယ်မြေ၊ မီရန်ဒိုနယ်မြေနှင့် နော်တွန်နယ်မြေ တို့မှ လူအများအပြားပင် မှတ်ပုံတင်ရန် လာရောက်ခဲ့ကြသည်။
အသက်မွေးဝမ်းကျောင်း အတတ်ပညာကျောင်း ပထမအကြိမ် မှတ်ပုံတင်ရာတွင် စာရင်းသွင်းသူ သုံးသောင်းကျော်ရှိခဲ့သည်။
နှစ်နှစ်မှသုံးနှစ်အတွင်းတွင်၊ သူတို့အားလုံးဘွဲ့ရသောအခါ Frestech ကုန်သည်ကြီးများအသင်းအတွက် လူများများမရှိခြင်းကို အလွန်အကူအညီဖြစ်စေနိုင်မည်။
သို့သော် ယင်းမတိုင်မီတွင် ရှုယီသည် အလုပ်သမား မရှိခြင်းကြောင့် ခေါင်းကိုက်နေသေးသည်။
သို့သော် ဤအချိန်တွင် ရှုယီသည် မျှော်လင့်ချက်အနည်းငယ်ကို မြင်နိုင်စေရန် မထင်မှတ်ထားသော အရာတစ်ခု ရှိနေသည်။
နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည်ကိုယ်စားလှယ်မှာ မထွက်ခွာမီ လဝက်ခန့် စတက်တိန်းနယ်မြေတွင် ရှိနေခဲ့သည်။ သူတို့သည် လုပ်ငန်းစုအသီးသီးမှ ကိုယ်စားလှယ်များ၊ ဆောက်လုပ်ရေးပစ္စည်းများ အမြောက်အမြားနှင့်အတူ နော့ဇ်ဒိုမူစီးပွားရေး သမဂ္ဂ တိုင်းပြည် သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။
သူတို့ထွက်သွားပြီးနောက်၊ ရှုယီသည် Frestech ကုန်သည်ကြီးများအသင်း၏အစောင့်များကို ခရုချ် တိုင်းပြည်အားတိုက်ခိုက်ရန် ချက်ချင်းအမိန့်ပေးခဲ့သည်။
ဟာ့ထ် ကပြောသလို၊ ခရုချ် တိုင်းပြည်ဟူသည့် ပင်လယ်ဓားပြအုပ်စုကြီးဟာ တစ်စုတစ်စည်းတည်း ဝိုင်းဖွဲ့နေကြခြင်းဖြစ်ကာ တကယ့်တိုင်းပြည်နှင့် လုံးဝခြားနားပါ၏။
Frestech ကုန်သည်ကြီးများအသင်းမှ ခရုချ်တိုင်းပြည် ကိုတိုက်ခိုက်ခြင်းသည် ပင်လယ်ဓားပြအုပ်စုများကို တိုက်ခိုက်ခြင်းသာဖြစ်သည်။
ဒီဓါးပြတွေရဲ့ အင်အားနဲ့ ပတ်သတ်လို့ကတော့......
လက်စ်လိုင်းတို့ ရူဒ်ဆန် တိုင်းပြည် နှင့် ကန်ဒရာအင်ပါယာ၏ပင်လယ်များတွင် ရင်ဆိုင်ခဲ့သော ပင်လယ်ဓားပြများထက် အနည်းငယ် အားကောင်းသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ အားကောင်းသော အစောင့်တပ်သားများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့မှာ ဘာမှဟုတ်မနေပေ။
ရှုယီ သည် သင်္ဘောစုတွင် အမျိုးမျိုးသော စစ်ဘက်သုံးမှော်စက်များ၏ ပြင်းထန်သော ပစ်ခတ်စွမ်းအားကြောင့် တိုက်ပွဲအတွက် လုံးဝမစိုးရိမ်ပေ၊ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုအနေနှင့် အဆုံးမဲ့ပင်လယ်ပြင်တွင် တိုက်ခိုက်ရန်ထိုက်တန်သောရန်သူကို တွေ့ဆုံရန် မဖြစ်နိုင်ပါ။
၎င်းကို အချက်အလက်မှန်တွေက သက်သေပြခဲ့သည်။
အစပိုင်းတည်းက ရှေ့တန်းမှ အောင်ပွဲခံသည့် သတင်းတွေများသာ ရလာသည်။
Frestech ကုန်သည်ကြီးများအသင်း၏ ဟာ့ထ် ဦးဆောင်သည့် ဒုတိယသင်္ဘောတပ်စုမှာ ပင်လယ်ပြင်ရှိ အတားအဆီးအားလုံးကို ချေမှုန်းနိုင်ပြီး အားလုံးကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့သည်။
ရှုယီရရှိခဲ့သည့် အစီရင်ခံစာတွင် သင်္ဘောနစ်မြုပ်မှု အရေအတွက် အပြောင်းအလဲမှလွဲ၍ အစောင့်တပ်၏ အောင်ပွဲသတင်းများသာ ရှိသေးသည်။
ရက်ပေါင်း နှစ်ဆယ်ထက်မနည်းတွင်၊ ဟာ့ထ် ဦးဆောင်သော ဒုတိယအစောင့်တပ်သည် ခရုချ် တိုင်းပြည် နယ်မြေရှိ ကျွန်းတိုင်းကို ဖြတ်ကျော်သွားခဲ့ပြီး မည်သည့် တကယ့်ပြဿနာများကိုမှ မတွေ့ခဲ့ရပါပေ။
ခရုချ် တိုင်းပြည် လက်အောက်ရှိ သင်္ဘောများအားလုံးသည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်သားများကိုပင် မထိနိုင်ပါ။
ရက်ပေါင်း နှစ်ဆယ်ကြာပြီးနောက်၊ Frestech ကုန်သည်ကြီးများအသင်း၏ ဒုတိယအစောင့်သင်္ဘောစုသည် ခုခံမှုမရှိဘဲ ခရုချ် တိုင်းပြည်၏မြို့တော် ခရုချ်ကျွန်းကို တိုက်ခိုက်ခဲ့သည်။ သူတို့သည် ခရုချ်ကျွန်းရှိ တော်ဝင်နန်းတော်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပြီး ခရုချ် တိုင်းပြည်၏ဘုရင်ကို အရှင်လတ်လတ် ဖမ်းဆီးနိုင်ခဲ့သည်။
ဒါကို ရှုယီက မအံ့သြပေ။ သူအလေးထားသည့်အရာမှာ ခရုချ်တိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်စုကို ရုတ်တရက် တိုက်ခိုက်ခြင်းဖြစ်သည်၊ ၎င်းတို့မှာကိုယ်တိုင် အသေခံရန် အဘယ်ကြောင့် ရှာကြံခဲ့သနည်း။
သို့သော် ဟာ့ထ် ပြန်ပို့လိုက်သည့် အစီရင်ခံစာကနေ သူ့အာရုံကို ဖမ်းစားနိုင်သည့် သတင်းတစ်ပုဒ်ရှိခဲ့ပါ၏။
ခရုချ် တိုင်းပြည်၏ဘုရင်က ခရုချ်တိုင်းပြည်သည် သခင်၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို မခံနိုင်သော ကျွန်အုပ်စုတစ်စုဖြစ်ကာ ၎င်းတို့မှာ ပင်လယ်သို့ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။
ယခု Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့အား ဖမ်းမိသွားသောကြောင့် ရှုယီသည် တိုင်းပြည်သားများ၏ အသက်ကို ကယ်တင်ရန် ဆန္ဒရှိနေသရွေ့ ရှုယီ လက်ထဲတွင် ကျွန်ခံအဖြစ်သို့ ပြန်သွားရန် ဆန္ဒရှိနေပါသည်။
***
မှော်စက်မှုအင်ပါယာ
Vol5, အခန်း ၁၀၅။ ကြောက်မက်ဖွယ် တိုက်ပွဲ စာရင်း
အိုင်ဗီဂျောင်မှာ စစ်ဌာနချုပ်၏ စစ်ဘက်သုံးမှော်စက်ကောင်တာ စီစဉ်ရေးအခန်းထဲ လျှောက်ဝင်သွားရာလေထုက ပုံမှန်ထက်များစွာလေးလံနေသည်ကို တွေ့လိုက်ရသည်။
ဘေးဘီကိုကြည့်လျက် ဤအခန်းထဲတွင် အခြားလူများ၏ မျက်နှာက လေးနက်နေသည်ကို တွေ့လိုက်ရသည်။
အိုင်ဗီဂျောင်က မနေနိုင်ဘဲ ခါးသက်သက်ပြုံးကာ ခေါင်းအသာခါသည်။
ပြီးခဲ့သောနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့သော စစ်တပ်မှော်စက်ကောင်တာစီမံကိန်းအခန်းတာဝန်ခံတစ်ဦးအနေဖြင့် ၎င်း၏လက်အောက်ငယ်သားများထက်စောပြီး သတင်းရရှိသည်မှာ သေချာပါသည်။ သူတို့ဘာကြောင့်ထိုသို့ လေးနက်ဟန်ရှိနေသည်ကို သဘာဝကျကျ သိပါ၏။
စခ်တိုင်းပြည်၏ အနောက်ဘက် ပင်လယ်ပြင်မှ ထွက်လာသော သတင်းကြီးတစ်ခု ရှိသည်။
၎င်းတို့၏မြို့တော် စခ်တိုင်းပြည်၏ကမ်းရိုးတန်းမှကီလိုမီတာသုံးရာအကွာတွင်ရှိသော ခရုချ်တိုင်းပြည်သည် လွန်ခဲ့သောတစ်ပတ်ကရန်သူလက်ထဲသို့ကျသွားပြီးသုံးရက်အကြာတွင် ခရုချ်တိုင်းပြည်မှာ ၎င်းတို့၏ ဖျက်သိမ်းခြင်းကိုကြေညာခဲ့သည်။
ဤပင်လယ်တိုင်းပြည်ကို ဖျက်သိမ်းရခြင်း၏ အကြောင်းရင်းတစ်ခုမှာ Frestech ကုန်သည်ကြီးများအသင်းကြောင့် ဖြစ်သည်။
လွန်ခဲ့သည့်တစ်လက Frestech ကုန်သည်ကြီးများအသင်းသည် ခရုချ်တိုင်းပြည်ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိသောအခါ အိုင်ဗီဂျောင်အပါအဝင် ဌာနချုပ်ရှိလူတိုင်းက ၎င်းတို့ကောင်းကောင်းကစားနိုင်လိမ့်မည်ဟု ထင်ခဲ့ကြသည်။
ခရုချ်တိုင်းပြည်သည် ပင်လယ်ဓားပြအုပ်စုတစ်ခုမျှသာဖြစ်သောကြောင့် ၎င်းတို့သည် မည်သည့်အာဏာနှင့်မျှ စစ်မှန်သောတိုင်းပြည်မဖြစ်နိုင်ဘဲ နယ်မြေကြီးပေါ်ရှိ မည်သည့်တိုင်းပြည်များနှင့်မှ အမှန်တကယ် မယှဉ်နိုင်သော်ငြား ပင်လယ်၏တိုင်းပြည်တော်အနေဖြင့် ခရုချ်ဘုရင့်နိုင်ငွသည် အဆုံးမဲ့ပင်လယ်များပေါ်တွင် အလွန်အင်အားကြီးပါသည်။
သင်္ဘောများစွာပါရှိပြီး မရေမတွက်နိုင်သော ပင်လယ်ဓားပြများသည် ၎င်းတို့၏ ကြွယ်ဝသော ပင်လယ်ပြင်အတွေ့အကြုံကို ပေါင်းထည့်လိုက်လျှင် ခရုချ်တိုင်းပြည်သည် အနီးဝန်းကျင်ကို ထိန်းချုပ် ဆောင်ရွက်နိုင်ခဲ့သည်။
၎င်းတို့၏ ရေတပ်အားနည်းမှုကြောင့် စခ်တိုင်းပြည်ပင်လျှင် ပင်လယ်ပြင်ရှိ ခရုချ်တိုင်းပြည် နှင့် မပြိုင်နိုင်ပေ။
စခ်တိုင်းပြည်၏စစ်တပ်အနေနှင့် ခရုချ်တိုင်းပြည်မှာ မားလိုအင်ပါယာ သို့မဟုတ် ကန်ဒရာအင်ပါယာကို စော်ကားပြီး ယင်းအင်ပါယာကြီးနှစ်ခုကို တိုက်ခိုက်ရန်မကြိုးစားသရွေ့ ၎င်းတို့ကိုယ်တိုင်သေဆုံးမှုကို မရှာဖွေဘဲ နေနိုင်မည်ဟု ယုံကြည်ခဲ့သည်။, ပင်လယ်ပြင်မှာ သူတို့ရဲ့ခွန်အားနှင့် မလုပ်ပေးနိုင်တာ မရှိနိုင်လောက်ပေ။
ထို့ကြောင့် ယခု Frestech ကုန်သည်ကြီးများအသင်းသည် ခရုချ်တိုင်းပြည်ကို ရုတ်တရက် တိုက်ခိုက်လိုသောကြောင့် ၎င်းတို့ကို စောင့်ကြိုနေသော ကြေကွဲဖွယ်ရှုံးနိမ့်မှုဖြစ်သည်။
ဒါပေမယ့် အချက်အလက်တွေက သူတို့မှားကြောင်း သက်သေပြခဲ့၏။
အစကတည်းက Frestech ကုန်သည်ကြီးများအသင်းသည် မည်သည့်အတားအဆီးကိုမျှ မကြုံဖူးပါ။ သူတို့သည် ခရုချ်တိုင်းပြည် ၏ ခုခံမှုအားလုံးကို ကျော်ဖြတ်ပြီး ရက်ပေါင်း နှစ်ဆယ်အတွင်း၊ တစ်လမပြည့်မီတွင် ခရုချ်လက်အောက်ရှိ ကျွန်းများအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ မြို့တော်နှင့် လက်ရှိဘုရင်ကို အရှင်လတ်လတ် သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တော်သို့ ချီတက်တိုက်ခိုက်နိုင်ခဲ့ကြသည်။
ဒီလိုတိုက်ပွဲမျိုးက လူတိုင်းကို ထိတ်လန့်စေခဲ့၏။
စခ်တိုင်းပြည်၏တော်ဝင်စစ်တပ်သည် ခရုချ်တိုင်းပြည် နှင့်အကြိမ်များစွာတိုက်ခိုက်ခဲ့သောကြောင့် ပင်လယ်ပြင်ရှိ ၎င်းတို့၏စွမ်းအားများကို နားလည်ထားကြသည်။
သို့သော် ဤစွမ်းအားဖြင့်ပင် Frestech ကုန်သည်ကြီးများအသင်း၏တိုက်ခိုက်မှုကို လုံးဝမခုခံနိုင်ဖို့မဆိုနှင့်။ ရှေ့တိုးမလာဖို့တောင် မတားနိုင်ကြပေ။
ပင်လယ်ပေါ်ရှိ ဤအင်အားကြီးတိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်း အစောင့်တပ်ဖွဲ့တစ်ခုမှ ဖျက်ဆီးခံခဲ့ရသည်။ သူတို့ရဲ့တိုင်းပြည်ကို ဖျက်သိမ်းပြီးနောက် သူတို့ရဲ့မြို့တော်တောင် ပြိုလဲသွားကြောင်း ကြေညာခဲ့ပါ၏။
အစပိုင်းမှာတော့ ဒါကို အမှန်လို့ မယုံကြည်သူတွေ အများကြီးရှိခဲ့သည်။
သို့ပေမယ့် သတင်းတွေ ပိုများလာသလို အတည်ပြုချက်တွေ ပိုများလာတာနဲ့အမျှ လူတိုင်းက ဒီအချက်ကို လက်ခံဖို့ တွန်းအားပေးခံခဲ့ကြ၏။
သို့သော် ဒီအချက်က လူများအား ၎င်းတို့ မရင်ဆိုင်ချင်ဘူးဆိုသော အချက်ကို သက်သေပြခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်စုသည် အားကောင်းလွန်းလှသည်။
Frestech ကုန်သည်ကြီးများအသင်းမှ ခရုချ်တိုင်းပြည်ကို တိုက်ခိုက်သည့် ပထမဆုံးနေ့မှစ၍ စခ်တိုင်းပြည်၏ တော်ဝင်စစ်တပ်သည် အချက်အလက်များကို စုဆောင်းနေပါ၏။ ဤစစ်တပ်မှော်စက်ကောင်တာစီစဉ်ခြင်းအခန်းတွင် အိုင်ဗီဂျောင်သည်အာရုံစိုက်မှုအရှိဆုံးသူဖြစ်သည်။ သူ၏အဓိကအလုပ်မှာ Frestech ကုန်သည်ကြီးများအသင်း မှ ထုတ်လုပ်သောစစ်တပ်မှော်စက်များကိုမည်ကဲ့သို့ကိုင်တွယ်ရမည်ကိုလေ့လာရန်ဖြစ်သောကြောင့်ဖြစ်သည်။
သို့သော်လည်း တိုက်ပွဲသည် အလွန်တိုတောင်းသောကြောင့် ၎င်းတို့ရရှိသော သတင်းသည် အလွန်အထောက် အကူမဖြစ်ရာ ထိုမျှလောက်ငှသော အချက်အလက်များကို လုံးဝမစုဆောင်းနိုင်ခဲ့ပါ။
ဟုတ်ပါ၏၊၊ ၎င်းကို တခြားရှုထောင့်ကနေကြည့်လျှင်၊ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့ဟာ အလွန်အစွမ်းထက်ကြောင်း သံသယဝင်စရာမလိုဘဲ သက်သေပြနေသည်။ ခရုချ်တိုင်းပြည်၏ ပင်လယ်ဓားပြများသည် ၎င်းတို့ကို လုံးဝမတိုက်နိုင်ခဲ့သောကြောင့် ၎င်းတို့၏ စစ်မှန်သော စွမ်းအားကို ပြသရန် အခွင့်အရေး မရှိခဲ့ပေ။
သို့သော် ဒီလိုမျိုး ပိုများလာလေလေ အိုင်ဗီဂျောင်နဲ့ သူ့လက်အောက်ငယ်သားတွေကို ဖိအားတွေ ပိုတိုးလာလေပါပင်။
Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့သည် ဤမျှအားကောင်းလှရာ၊ ၎င်းတို့ကို မည်သို့တိုက်ခိုက်ရန် အစီအစဉ်ဆွဲသင့်သနည်း။
"ဆာဂျောင်၊ ဒါက မနေ့ညက တိုက်ခိုက်ရေးအစီရင်ခံစာပါ၊ ကျေးဇူးပြုပြီး ကြည့်ပေးပါဦး။" လက်အောက်ငယ်သားတစ်ဦးက သူ့ထံ အစီရင်ခံစာတစ်စောင် ပေးပို့လာသည်။
အိုင်ဗီဂျောင်သည် အစီရင်ခံစာကိုယူ၍ လက်ထဲတွင် ကိုင်ထားရင်း ခေါင်းကို ခါယမ်းလိုက်သည်။
ဤအစီရင်ခံစာသည် ခါတိုင်းကဲ့သို့ ပါးလွှာသည်၊ ဆိုလိုသည်မှာ ဤတိုက်ပွဲအစီရင်ခံစာတွင် ဖော်ပြထိုက်သည့် အချက်အလက် မရှိပါ။
သူမျှော်လင့်ထားသည့်အတိုင်း၊ ၎င်းကိုဖွင့်သောအခါတွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်သားများ တိုက်ခိုက်ခြင်းနှင့် ခရုချ်တိုင်းပြည် ၏မြို့တော် ခရုချ်ကျွန်းကို သိမ်းပိုက်ခြင်း၏ အကျဉ်းချုပ်ဖော်ပြချက်မျှသာရှိကြောင်း သူတွေ့ရှိခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်း၏အစောင့်များသည် ခရုချ်ကျွန်းကိုတိုက်ခိုက်ရာတွင် မှော်ထပ်ဆင့်လေးများနှင့်နှင့် မှော်ဒုံးပျံအနည်းငယ်ကိုအသုံးပြုခဲ့ကြောင်းဖော်ပြထားသည်။ သို့သော် အိုင်ဗီဂျောင်အစိုးရိမ်ဆုံး အစောင့်တပ်က တိုက်ခိုက်နေချိန် အခြေအနေကို ဖော်ပြမထားပါချေ။
ထိုအစီရင်ခံစာကိုလှန်ကြည့်ပြီးနောက်၊ အိုင်ဗီဂျောင်က ၎င်းကို ဘေးဘက်သို့ ပစ်ချလိုက်သည်။ ခဏလောက်စဉ်းစားပြီးမှ ခေါင်းကိုမော့ပြီး အခန်းထဲရှိလူအားလုံးကို စူးစူးရဲရဲအသံနှင့် မေးလိုက်၏ "ဟုတ်ပြီ၊ Frestech ကုန်သည်ကြီးများအသင်းရဲ့အစောင့်တွေနဲ့ ခရုချ်တိုင်းပြည် အကြားစစ်ပွဲပြီးသွားပြီဆိုတော့၊ ကျုပ်တို့ အကျဉ်းချုပ်အစီရင်ခံစာကို ပြင်ဆင်ပြီး ဌာနချုပ်ဆီ လွှဲပြောင်းပေးဖို့ လိုအပ်တယ်။ ကျုပ်ကို ပြောပါဦး Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်အဖွဲ့အတွက် အကဲဖြတ်မှုက ဘယ်လိုများလဲ?"
အခန်းထဲရှိလူတိုင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စကားတစ်ခွန်းမှ မပြောလာကြပေ။
လူတိုင်း၏ မျက်နှာပေါ်တွင် လေးလံသောဟန်များ ရှိနေသည်ကို တွေ့ရတော့ အိုင်ဗီဂျောင်က သက်ပြင်းတစ်ချက် ချလိုက်သည် ။ သူက သူတို့ကို အတင်းအကြပ် မလုပ်ဘဲ အခန်းထဲက မထွက်ခင် အစီရင်ခံစာ ပြင်ဆင်ဖို့ သူ့လက်အောက်ငယ်သား နှစ်ယောက်ကို ခေါ်လိုက်၏။
အစီအစဉ်ဆွဲခန်းမှ ထွက်ပြီးနောက်၊ အိုင်ဗီဂျောင်သည် ထောင့်ချိုးကိုကွေ့ကာ ပထမဝန်ထမ်းရုံးခန်းသို့သွား၍ မဆိုင်းမတွ တံခါးကို တွန်းဝင်လာခဲ့သည်။
ပထမ ဝန်ထမ်း အရာရှိ ရုံးခန်း တွင် အရာရှိ အများအပြား သည် စားပွဲဝိုင်း တွင် တစ်စုံတစ်ခု ဆွေးနွေး နေကြသည် ။ တံခါးကို တစ်စုံတစ်ယောက်က တွန်းဖွင့်လိုက်သံကို ကြားတော့ လူတိုင်းက မျက်မှောင်ကုပ်ကာ စိုက်ကြည့်လာ၏။
"ဂျောင် မင်း တစ်ခုခုလိုလို့လား" Jaoa ကို ကောင်းကောင်းသိတဲ့ ပထမတန်း အရာရှိ လေ့မင်က မေးလာ၏
အိုင်ဗီဂျောင်၏ မျက်လုံးများသည် စားပွဲဝိုင်းတွင် စုရုံးနေသော လူများပေါ်သို့ ကျရောက်သွားပြီး စားပွဲပေါ်တွင် မြေပုံတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
ဤမြေပုံ၏ အစိတ်အပိုင်းအများစုသည် အပြာရောင်ဖြစ်သောကြောင့် ၎င်းသည် ပင်လယ်၏မြေပုံဖြစ်ကြောင်း ထင်ရှားသည်။
ထိုမြေပုံကိုမြင်တော့၊ ဤအရာရှိတွေဟာ Frestech ကုန်သည်ကြီးများအသင်းနှင့် ခရုချ်တိုင်းပြည် ကြားဖြစ်ပွားခဲ့သော စစ်ပွဲကို ခွဲခြမ်းစိတ်ဖြာနေသည်ဆိုတာကို အိုင်ဗီဂျောင်က ချက်ချင်း သဘောပေါက်သွားပါ၏။
"ကျုပ်က အကြံတစ်ခုတောင်းဖို့ ရောက်နေတာပါ။" အရာရှိတွေရဲ့ အကြည့်တွေကို တွေ့လိုက်ရတော့ အိုင်ဗီဂျောင်က သူ့မျက်နှာမှာ အလွန်လေးနက်သည့် ဟန်နဲ့ပြောလိုက်သည် "ကျုပ်တို့အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းကို အမြင့်ဆုံး အထူးတန်းအဖြစ် အဆင့်သတ်မှတ်ဖို့ အကြံပြုချင်တယ်။ ဘယ်နည်းကိုသုံးသည်ဖြစ်စေ ကျုပ်တို့အနေနဲ့ သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တတ်နိုင်သမျှ ရယူရန် လိုအပ်တယ်။ မဟုတ်ရင် ကျုပ်တို့တိုင်းပြည်ဟာ နောက်ဆုံးမှာ ခရုချ်တိုင်းပြည်လိုပဲ အဆုံးသတ်သွားလိမ့်မယ်။”
အိုင်ဗီဂျောင်၏ စကားက အတော်လေးနက်သည်။ ၎င်းက သာမန်အခြေအနေမျိုး၌ဖြစ်ခဲ့လျှင် တခြားသူများ၏ ကဲ့ရဲ့ပြစ်တင်ခြင်းကိုခံရမှာသေချာပါ၏။ သို့သော် အရာရှိတွေအားလုံးက စားပွဲဝိုင်းမှာထိုင်နေကြပြီး သူ့ကို ပြစ်တင်ရှုတ်ချတဲ့လူ တစ်ယောက်မှ မပါဝင်ပါပေ။ အိုင်ဗီဂျောင်၏စကားများကို ထောက်ခံကြောင်းပြသသည့်အနေနှင့် မနေနိုင်စွာ ခေါင်းညိတ်လာသော အရာရှိအများအပြားပင် ရှိခဲ့သည်။
လေ့မင်က ခေတ္တတိတ်ဆိတ်နေပြီးနောက် ချောင်းမဟန့်လိုက်သည် " အမ်..... ခေါင်းဆောင်ဂျောင်ရဲ့ အကြံအစည်ကို သဘောတူပါတယ်။ Frestech ကုန်သည်ကြီးများအသင်းက တီထွင်ထုတ်လုပ်ထားသော စစ်ဘက်မှော်စက်တွေရဲ့ စွမ်းအားက ကျုပ်တို့ရဲ့ တွက်ချက်မှုတွေနဲ့ စိတ်ကူးစိတ်သန်းတွေကိုတောင် ကျော်လွန်နေပြီဆိုတာ ထင်ရှားတယ်။ သူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရှာမတွေ့ရင် လမ်ပူရီတိုင်းပြည်က Frestech ကုန်သည်ကြီးများအသင်းဆီကနေ ပိုမိုပံ့ပိုးမှုရရှိလာတာနဲ့ ကျုပ်တို့လည်း လမ်ပူရီတိုင်းပြည်ကို တွန်းလှန်နိုင်မှာမဟုတ်ဘူး။”
"အဲဒါက လမ်ပူရီတိုင်းပြည်တင်မဟုတ်ဘူး။" အိုင်ဗီဂျောင်က ပြောသည် “မမေ့ပါနဲ့၊ အရင်က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ခဲ့တယ်၊ ဒါကြောင့် သူတို့နဲ့ ရန်ငြိုးဖွဲ့ထားပြီးသားပဲ။ Frestech ကုန်သည်ကြီးများအသင်းလာမယ်ဆိုရင် Frestech ကုန်သည်ကြီးများအသင်း အစောင့်တွေကို တွန်းလှန်နိုင်မယ်လို့ အားလုံးက ထင်လား?"
အားလုံး တိတ်ဆိတ်သွားပြန်သည်။
"အဲဒါ......မဖြစ်နိုင်ဘူးမဟုတ်လား။ Frestech ကုန်သည်ကြီးများအသင်းက အင်အားကြီးတယ်ဆိုရင်တောင် သူတို့မှာက လူတစ်သောင်းပဲရှိတယ်။ ငါတို့ တိုင်းပြည်ရဲ့တပ်က လူတစ်သိန်းလောက်ထိ ထပ်တိုးလာတယ်....."
အရာရှိတစ်ယောက်က အခန်းထဲမှ ထူးဆန်းတဲ့ တိတ်ဆိတ်မှုကို မခံနိုင်ဘဲ ငြင်းချက်ထုတ်လိုက်သည်။
တခြားသူတွေက ထိုအရာရှိငယ်ကို အရူးတစ်ယောက်လို ကြည့်နေသလိုမျိုး ကြည့်လိုက်၏။
အိုင်ဗီဂျောင်က ခေါင်းခါပြီး “အရေအတွက်က ပြဿနာ မဟုတ်ဘူး။ Frestech ကုန်သည်ကြီးများအသင်းရဲ့ စစ်ဘက်မှော်စက်တွေက ကျုပ်တို့နဲ့ ရင်းနှီးတဲ့ စစ်ပွဲနည်းလမ်းကို ကျော်ဖြတ်ပြီးဖြစ်သလို စစ်ပွဲအင်အားကို အခြားအဆင့်ကို မြှင့်တင်ပေးတယ်။"
"ကျုပ်သဘောတူတယ်။" လေ့မင်သည် ဦးစွာ ခေါင်းညိတ်သဘောတူလာသည် “ခရုချ်တိုင်းပြည်မှာ ပင်လယ်ဓားပြအဖွဲ့ပေါင်း လေးထောင်ကျော်ရှိပြီး လက်အောက်ခံ ပင်လယ်ဓားပြပေါင်း ခြောက်သောင်းရှိတယ်။ Frestech ကုန်သည်ကြီးများအသင်းက သင်္ဘောသုံးဆယ်ထက်မပိုတဲ့ လူနှစ်ထောင်အောက်ပဲရှိရှိတဲ့ အစောင့်တပ်သင်္ဘောစုတစ်စင်းကိုပဲ စေလွှတ်ခဲ့ပေမယ့် သူတို့က ခရုချ်တိုင်းပြည်ကို လုံးလုံးလျားလျား ဖျက်ဆီးနိုင်ခဲ့တာပဲလေ။
“အွန်.. အစီရင်ခံစာအရ၊ အစကနေအဆုံးအထိ၊ ခရုချ်တိုင်းပြည်မှာ သေဆုံးသူနှစ်သောင်းနှင့်သင်္ဘောနှစ်ထောင်ကျော်ကလည်း နစ်မြုပ်ခဲ့တယ်။ ဒီစစ်ပွဲမှာ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဆုံးရှုံးမှုကတော့.... သုညနီးပါးပဲ!” မယုံကြည်နိုင်လောက်သော အသံဖြင့် အခြားအရာရှိတစ်ဦးက ဆိုလာသည်။
တစ်ခန်းလုံး တိတ်ဆိတ်သွားပြန်သည်။
တိုက်ပွဲအစီရင်ခံစာများကို အကြိမ်ရေမရေတွက်နိုင်အောင် ခွဲခြမ်းစိတ်ဖြာခဲ့သော်ငြားလည်း ဤတိုက်ပွဲအစီရင်ခံစာများကို လူများစွာက လက်ခံရန် ခက်ခဲနေပါသည်။ ၎င်းက ညှင်းပန်းနေခြင်းဟု ခံစားရသူများပင်ရှိသည်။
ခဏအကြာတွင် ပထမဝန်ထမ်းအရာရှိကဆိုလာသည် “ခေါင်းဆောင် ဂျောင်ရဲ့ အကြံဉာဏ်ကို ကျုပ် သဘောတူပါတယ်။ Frestech ကုန်သည်ကြီးများအသင်းကို အရေးသေချာထားဖို့ ဝန်ထမ်းအကြီးအကဲဆီ တရားဝင်တင်ပြလိုက်ပါ့မယ်။"
ခေတ္တနားပြီးနောက် ပထမဝန်ထမ်းအရာရှိက ပြုံးပြသည်။
"တကယ်တော့..... သွေးဆာဝံပုလွေတပ်ရင်းရဲ့အကြီးအကဲ ဖြစ်နေတုန်းက ခေါင်းဆောင်ဂျောင်ရဲ့ အကြံပြုချက်တွေကြောင့် Frestech ကုန်သည်ကြီးများအသင်းကို ကိုင်တွယ်ဖို့ မျိုးစေ့တချို့ စိုက်ပြီးပါပြီ။ သူတို့လည်း အညှောက်ပေါက်နေပြီဆိုတော့ မကြာခင်မှာ အရေးကြီးတဲ့ အသုံးအဆောင်တွေ ရလောက်တယ်......"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၁၀၆။ နေရာတိုင်းမှာရှိနေပြီးသား
"ကျွီ"
ဌာနချုပ်မှ ထွက်လာသည့် အိုင်ဗီဂျောင်မှ အနီရောင်မှော်ဆလွန်းကို ရပ်တန့်လိုက်သည်နှင့် ဘရိတ်နင်းလိုက်သည့် အသံပြင်းပြင်းက ထွက်လာသည်။
"ဟေး အိုင်ဗီ, ဒါက တကယ်ကို တိုက်ဆိုင်တာပဲ။ ဘယ်သွားဖို့ စီစဉ်ထားတာလဲ? အဲ့နေရာကို ခေါ်သွားပေးဖို့ ကျုပ်ကို လိုသေးလား?"
ရင်းနှီးသည့်အသံကိုကြားသော် အိုင်ဗီဂျောင်လှည့်ကြည့်လိုက်သော် မှော်ဆလွန်းထဲမှ ထူးဆန်းဟန်ဖြင့် ထွက်ခာသော ချာလွန်လီနီယာကို တွေ့လိုက်သည့်နောက် ခေါင်းမခါမိဘဲ မနေနိုင်တော့ပေ။
"ငါပြောပါတယ်၊ ချာလွန်၊ အခု မင်းက အရမ်းစိတ်သက်သာရာရနေပြီမဟုတ်လား? မင်း ဒီကားကို ဘာမှလုပ်စရာမရှိဘဲ တနေကုန် မောင်းနေတာ ငါကြားတယ်"
သွေးဆာဝံပုလွေတပ်ရင်း တပ်မှူးချာလွန်လီနီယာ က ပခုံးတွန့်ကာ "ဒါဆိုကော? တခြားဘာလုပ်လို့ရသေးလဲ?"
အိုင်ဗီဂျောင်သည် သက်ပြင်းမချမီ တိတ်ဆိတ်နေခဲ့သည်။
စခ်တိုင်းပြည်သည် လမ်ပူရီတိုင်းပြည်ထံမှ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေကို ဖန်တီးရန် အတင်းအကြပ် တွန်းအားပေးခံခဲ့ရသည်။ စခ်တိုင်းပြည် မှလူများစွာအတွက်၊ ဤအရာသည် ၎င်းတို့လက်မခံနိုင်သော ရှက်စရာဖြစ်သည်။
လမ်ပူရီတိုင်းပြည်ကို နှစ်ပေါင်းရာနှင့်ချီ ဖိနှိပ်ခဲ့သော စခ်တိုင်းပြည်သည် ယခု လမ်ပူရီတိုင်းပြည်၏ တောင်းဆိုချက်ကို လက်ခံရန် အတင်းအကြပ် တွန်းအားပေးခဲ့သည်။ တစ်စုံတစ်ဦး ဤအရှက်ကွဲမှုအတွက် တာဝန်ယူရပေလိမ့်မည်။
ဤအရာများကို ခံနိုင်ရည်ရှိသူများသည် လမ်ပူရီတိုင်းပြည် မြောက်ပိုင်းစစ်တပ်ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သော သွေးဆာဝံပုလွေတပ်ရင်းဖြစ်သည်။
လူများစွာအတွက်၊ သွေးဆာဝံပုလွေတပ်ရင်းသည် စခ်တိုင်းပြည်အား အခံဘက်အနေအထားသို့ အတင်းအကျပ် တွန်းပို့ခံရလောက်အောင် မသန်မာသပေ။ ထို့ကြောင့် နောက်ဆုံးတော့ သူတို့ ဂုဏ်သိက္ခာ ဆုံးရှုံးပြီး ဤနေရာကို ကုန်သွယ်နယ်မြေအဖြစ်လက်မှတ်ထိုးခိုင်းခဲ့ကြသည်။
ထို့ကြောင့် သွေးဆာဝံပုလွေတပ်ရင်း ခေါင်းဆောင်နှင့် စစ်ဦးစီးချုပ်သည် ဤကိစ္စကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ် ချမှတ်ခဲ့သည်။
အိုင်ဗီဂျောင်က နည်းနည်း ပိုကောင်းပါသေး၏။ သွေးဆာဝံပုလွေတပ်ရင်း၏ စစ်ဦးစီးချုပ်ရာထူးကို ဆုံးရှုံးလိုက်ရသော်လည်း၊ သူ့ကို စစ်တပ်ဌာနချုပ်တွင် ထိန်းသိမ်းထားသည်။ စစ်အာဏာရှင် မှော်စက်ကောင်တာ အစီအစဉ်မှူး ရာထူးကိုတောင် အပ်လိုက်ကြသေးသည်။
ထိုရာထူးက အာဏာများစွာမရှိသော်လည်း ရာထူးကြီးသည်ဟု ယူဆရသည့်အတွက် သူ့ကို မတရားမဆက်ဆံခဲ့ကြပေ။
သို့သော် ချာလွန်လီနီယာ သည် ပိုဆိုးသည်။
သွေးဆာဝံပုလွေတပ်ရင်း၏ တပ်မှူးအနေဖြင့် သွေးဆာဝံပုလွေတပ်ရင်း၏ ဆုံးရှုံးမှုများအတွက် တာဝန်ကို ထမ်းဆောင်ရန် စေခိုင်းခံခဲ့ရသည်။ သူသည် သူ၏ တပ်မှူးရာထူးကို ဖြုတ်ပစ်ခံရုံသာမက ရှုံ့ချခြင်းကိုလည်း ခံခဲ့ရသည်။
အကယ်၍ သူ့ကိုကာကွယ်ပေးသည့် ဘုရင်နှင့် သူ့ကို အထူးချီးကျူးမှုပေးသည့် စစ်တပ်ဌာနချုပ်ရှိ အထက်အရာရှိများကြောင့်သာ မဟုတ်ပါက ချာလွန်လီနီယာ သည် သူ့တစ်သက်လုံး ထောင်ထဲတွင် နေခဲ့ရပေမည်။
သို့သော် ဤကဲ့သို့ပင်၊ ချာလွန်လီနီယာ သည် ယခုအခါ တရားဝင်ရာထူးမရှိဘဲ ပျင်းရိသူတစ်ယောက်ဖြစ်လာခဲ့သည်။ သူသည် ကောင့်ထ် ရာထူးပင်ဆုံးရှုံးခဲ့ပြီး သာမန်တိုင်းပြည်သားဖြစ်လာခဲ့သည်။
သို့သော် သူက လီနီယာမိသားစု ကဖြစ်ပြီး သူ့မိသားစုရဲ့ လွှမ်းမိုးမှုကြောင့် လူတွေက သူ့ကို အန္တရာယ်ပြုဖို့ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်သွားမှာကို မစိုးရိမ်ရပေ။ သူလည်း ဂရုမစိုက်ဘဲ ဘဝကို ဖြတ်သန်းနေတော့ ဘဝတွေက တော်တော်ကို လွတ်လပ်သည်။
ဥပမာအားဖြင့်၊ သူလက်ရှိမောင်းနှင်နေသည့် Frestech တံဆိပ် မှော်ဆလွန်း အနီရောင်ကို သွေးဆာဝံပုလွေတပ်ရင်း၏ တပ်မှူးဖြစ်နေဆဲဆိုလျှင် သူသေချာပေါက်ရနိုင်တော့မှာ မဟုတ်ပေ။ သို့သော် အခု သူ့ရာထူး ဆုံးရှုံးသွားခြင်းကြောင့် မှော်ဆလွန်းကို စိတ်ဝင်စားသည့် စခ်တိုင်းပြည် လူအနည်းငယ်ထဲက တစ်ယောက်ဖြစ်လာပြီး သူလိုသလို ဝယ်နိုင်ခဲ့သည်။
"ကောင်းပြီ၊ ကျုပ်ရှေ့မှာ ဒီလိုပုံစံမျိုး မပြပါနဲ့၊ ကျုပ်အတွက် ခင်ဗျား ဝမ်းနည်းပေးနေစရာမလိုဘူး" ချာလွန်လီနီယာသည် သူ့ဘေးနားရှိ ခရီးသည်ထိုင်ခုံကို ညွှန်ပြပြီးနောက် နှုတ်ခမ်းများကို တွန့်ကွေးကာ၊ "ဝင်မှာလား? မဝင်ရင် ကျုပ်တစ်ယောက်တည်းသွားမယ် ။"
အိုင်ဗီဂျောင်သည် စဉ်းစားပြီးနောက် ခရီးသည်ထိုင်ခုံသို့ ဝင်ထိုင်လိုက်သည်။
"ငါ့ကို မြို့ပြင်က စစ်ဘက်ဆိုင်ရာ သုတေသနဌာနကို ပို့ပေးပါ"
ချာလွန်လီနီယာ က သူ့ကို အံ့အားသင့်စွာ ကြည့်ကာ "ဘာ? ခင်ဗျားရော အဲဒီကို သွားမို့လား။"
အိုင်ဗီဂျောင်က သူ့ထက် ပိုအံ့သြသွားပြီး "မင်းဘာကိုဆိုလိုတာလဲ၊ မင်းရော အဲဒီကို သွားနေတာလား။"
"အင်း၊ အဲဒီက အပေါင်းအဖော်တွေက ကျုပ်အနေနဲ့ စစ်တပ်က မှော်စက်တွေနဲ့ အကျွမ်းဝင်တယ် ဆိုတော့ ကျုပ်ကို အချိန်ပိုင်း အတိုင်ပင်ခံ အဖြစ် အလုပ်ပေးချင်ကြတယ်" ချာလွန်လီနီယာ က ပြန်ပြောသည်။
"အချိန်ပိုင်း အတိုင်ပင်ခံ ? ဌာနချုပ်က အကောင်တွေကဘာအမြင်မှ မရှိပါဘူးလား။" အိုင်ဗီဂျောင်က ထိုသို့မေးရင်း မျက်မှောင်ကုပ်လိုက်သည်။
ချာလွန်လီနီယာ က အေးစက်စက် နှာမှုတ်လိုက်ကာ "ကျုပ်ကို လိုက်ရှာတဲ့ သူတွေကြောင့်ပဲ၊ မဟုတ်ရင် ကျုပ် အကြောင်းပြချက်မရှိဘဲ သူတို့ရဲ့ အတိုင်ပင်ခံဖြစ်မယ်လို့ ထင်နေတာလား။"
"ဒီလိုကိုး....." အိုင်ဗီဂျောင်နှုတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
ချာလွန်လီနီယာ သည် မှော်ဆလွန်း ကျွမ်းကျင်စွာ မောင်းနှင်ခဲ့ပြီး နှစ်ဦးသည် လမ်းထောင့်တွင် ပျောက်ကွယ်သွားခဲ့သည်။
"ဟေး အိုင်ဗီ, အဲဒီသူတွေက နောက်ဆုံးတော့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စစ်ဘက်မှော်စက်တွေရဲ့ စွမ်းအားကို ဝန်ခံဖို့ ဆန္ဒရှိနေပြီလား"
အခြားထောင့်ကိုဖြတ်သွားပြီးနောက် ချာလွန်လီနီယာ က ရုတ်တရက်မေးလိုက်သည်။
အိုင်ဗီဂျောင်က သူ့ကို ဖြည်းညင်းစွာ ခေါင်းညိတ်ပြပြီး “ဟုတ်တယ် မဟုတ်ရင် မင်းကို သူတို့ရဲ့ အတိုင်ပင်ခံဖြစ်ဖို့ တောင်းဆိုဖို့ သူတို့ရဲ့ မာနကို ဘယ်လို လျှော့ပစ်လိုက်မှာလဲ။”
ချာလွန်လီနီယာ က နှာမှုတ်ကာ၊ "ဒီအရူးတွေလည်း ဘယ်လိုကြောက်ရွံ့ရမလည်း သိကြတာပဲ။ သူတို့တွေ အခွံထဲမှာပဲ ဝပ်နေပြီး အမှန်ကို ဘယ်တော့မီ ဝန်ခံဖို့ ဆန္ဒမရှိတော့ဘူးထင်ထားတာ။"
အိုင်ဗီဂျောင်က သက်ပြင်းရှည်ချလိုက်ပြီးနောက် ခေါင်းခါသည်၊ "တခြားနည်းမရှိဘူးလေ။ သူတို့ ရှောင်ချင်ရင်တောင် Frestech ကုန်သည်ကြီးများအသင်းက ခရုချ်တိုင်းပြည်ကို ကျောက်တုံးနဲ့ ကြက်ဥခွဲသလို လွယ်လွယ်လေး ဖျက်ဆီးလိုက်တော့ သူတို့ ရှောင်ချင်ရင်တောင် ဒီတိုင်း ရှောင်လိုက်လို့မရဘူး။"
"တကယ်တော့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ခရုချ်တိုင်းပြည်ကို ဖျက်ဆီးဖို့ မလိုပါဘူး ဒါကို သက်သေပြနေတဲ့ အချက်မရေတွက်နိုင်အောင် ရှိနေပြီးသားဆိုပေမယ့် သူတို့က ဝန်ခံဖို့ ဆန္ဒမရှိကြတာလေ။ ဘေးဘီကိုကြည့်လိုက် Frestech ကုန်သည်ကြီးများအသင်းက နေရာတိုင်းမှာ ရှိနေပြီးသားမို့ ဒီနေ့ ဝန်ခံဖို့ ဆန္ဒမရှိရင်တောင် မနက်ဖြန်မှာ ဖုံးကွယ်ထားနိုင်မလား?"
အိုင်ဗီဂျောင်က ချာလွန်လီနီယာ ညွှန်ပြသည့်နေရာကိုကြည့်လိုက်သည်။ မူလက သူဟာ အနက်ရောင်မှော်ဆလွန်းတစ်စီး ဖြတ်မောင်းသွားကာ အလတ်စားခရီးသည်တင်မှော်ကားတစ်စီးက နောက်မှလိုက်၍ နောက်ထပ် အကြီးစားပို့ဆောင်ရေးမှော်ကားကလည်း လိုက်လာ၏။
၎င်းကို ကြည့်လိုက်သော် စခ်တိုင်းပြည်မြို့တော် နော်ဒမ်မြို့တော်တွင် မြင်းလှည်းအနည်းအကျဉ်းသာရှိတော့သည်။ ၎င်းတို့အားလုံးကို မှော်ကားပေါင်းစုံနှင့် အစားထိုးလိုက်ကြပြီးဖြစ်၏။
လမ်းနံဘေးရှိ ဆိုင်များကို ကြည့်လိုက်သော် သူဟာ အိမ်သုံးမှော်စက်မျိုးစုံ၏ မှော်အစီအရင်ထံမှ တောက်ပမှုကို ရှာဖွေနိုင်ခဲ့သည်။ ၎င်းက မြို့တော်၏ မြင်ကွင်းကို လုံးဝ ပြောင်းလဲသွားစေခဲ့ပါ၏။
အခမဲ့ကုန်သွယ်နယ်မြေကို စတင်လိုက်ကတည်းက Frestech ကုန်သည်ကြီးများအသင်းနှင့် အခြား လမ်ပူရီတိုင်းပြည် မှော်စက်လုပ်ငန်းစုများ၏ မှော်စက်များမှာ စခ်တိုင်းပြည်သို့ ဝင်ရောက်လာကာ နွေးနွေးထွေးထွေးကြိုဆိုခံရလေသည်။
တစ်နှစ်တာလေးအတွင်း မှော်စက်များအားလုံးမှာ စခ်တိုင်းပြည်၌ တဟုန်ထိုး ကျော်ကြားလာ၏။ ၎င်းက တိုင်းပြည်တစ်ခုလုံးရှိ လူတစ်ဦးစီတိုင်း၏ နေ့စဉ်ဘဝများကို ပြောင်းလဲစေခဲ့၏။
စခ်တိုင်းပြည်ရှိ တစ်ယောက်ယောက်ကို ပြောရမည်ဆိုပါလျှင် ၎င်းတို့သာ စာကြောင်းအချို့၌ မှော်စက်ဟူသည့် စကားလုံးမသုံးလျှင် ခေတ်နောက်ကျနေခဲ့လိမ့်မည်။
တိုင်းပြည်ရှုထောင့်မှဆိုလျှင် အိုင်ဗီဂျောင်က ၎င်းကို မြင်ရသည်အား မပျော်ပေ၊ အဘယ့်ကြောင့်ဆိုသော် မှော်စက်ပမာဏမြောက်များစွာ စခ်တိုင်းပြည်တွင်း ဝင်ရောက်လာခြင်းနှင့်အတူ လမ်ပူရီတိုင်းပြည်နှင့် အခြားလမ်ပူရီတိုင်းပြည် မှော်စက်လုပ်ငန်းစုများမှာ စခ်တိုင်းပြည်ထံမှ ကြွယ်ဝမှုများကို ယူဆောင်နေသည့် အဓိပ္ပာယ်ပင်။ ၎င်းက စခ်တိုင်းပြည်အတွက် ဆိုးဝါးကာ Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်ကိုမူ အားဖြည့်ပေးနေပါ၏။
သို့သော် မတူညီသည့် ရှုထောင့်၊ စခ်တိုင်းပြည် ပြည်သူများ၏ ရှုထောင့်မှ ကြည့်လျှင် Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်ခဲ့သော အိမ်သုံးမှော်စက်များမှာ တကယ်ကို ၎င်းတို့နေ့စဉ်ဘဝများ၌ အထောက်အကူဖြစ်သည်ကို ဝန်ခံရပေမည်။
အိုင်ဗီဂျောင်သည်ပင် သူ၏ မိသားစုက ဝယ်နိုင်သမျှ အိမ်သုံးမှော်စက်အားလုံးကိုဝယ်ထားသည်။
အခြားနည်းမရှိပေ အနှီအိမ်သုံးမှော်စက်များမှာ တကယ်ကို သုံးဖို့ လွယ်လှသည်။
ဥပမာ အိုင်ဗီဂျောင်၏ ဇနီးနှင့် အစေခံများမှာ မှော်မီးဖို၊ မှော်ထမင်းပေါင်းအိုးနှင့် မှော်ပေါင်မုန့်မီးကင်စက်တို့ကို အသုံးပြုဖို့ ကျင့်သားရနေပြီဖြစ်သည်။ ၎င်းတို့ကို ယခင်ဘဝပုံစံအတိုင်း ပြန်သွားခိုင်းရန်မှာ ၎င်းတို့မဆိုနှင့် အိုင်ဗီဂျောင်သည်ပင် အစားအစာပြင်ရန် လုပ်ဆောင်စွမ်းနိမ့်ကျမှုကို လက်ခံနိုင်မည်မဟုတ်ပေ။
ထို့အပြင် အနှီသာမန်လူများ၏ နေ့စဉ်ဘဝကို လျစ်လျူရှုလိုက်လျှင်တောင် တိုင်းပြည်၏ အမြင်အရ Frestech ကုန်သည်ကြီးများအသင်းကို လုံးဝ ခုခံဖို့ မဖြစ်နိုင်ပေ။
ဥပမာ အခမဲ့ ကုန်သွယ်နယ်မြေမှ ဝယ်လာသော စိုက်ပျိုးရေးသုံးမှော်စက်များနှင့် ဆောက်လုပ်ရေးမှော်စက်မျိုးစုံတို့၏ ပမာဏကြီးများပင်။
အနှီနှစ်မျိုး၏ မိတ်ဆက်နှင့် စခ်တိုင်းပြည်၏ လယ်မြေမှာ များစွာ တိုးတက်ခဲ့သည်။
တစ်နှစ်တာလေးအတွင်း စခ်တိုင်းပြည်၏ အသီးနှံ အထွက်နှုန်းက ၄၀% တိုးလာသည်။
စိုက်ပျိုးရေးဌာနထံမှ သက်ဆိုင်ရာ အစီရင်ခံမှုများပရ ၎င်းတို့သာ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးမှော်စက်များကို ဤနှစ်၌ ဆက်တိုက်မိတ်ဆက်နေလျှင် ၎င်းတို့တိုင်းပြည်၏ သီးနှံအထွက်နှုန်းက ဒီလည်း တစ်ဖန်တိုးလာပေမည်။
၎င်းက မြေဩဇာကို မိတ်ဆက်ခြင်းမပြုသေးခင် ပြီးမြောက်နေပြီဖြစ်သည်။
စိုက်ပျိုးရေးဌာန၏ ခန့်မှန်းခြေများအရ ၎င်းတို့သာ မြေဩဇာ အလုံအလောက်သုံးလျှင် တိုင်းပြည်၏ သီးနှံအထွက်နှုန်းမှာ နှစ်ဆပင်ဖြစ်သွားနိုင်သည်!
ယခုတွင် စိုက်ပျိုးရေးဌာနက စခ်တိုင်းပြည်တစ်ခုလုံးအတွက် မြေဩဇာအလုံအလောက်ထောက်ပံ့ရန် Frestech ကုန်သည်ကြီးများအသင်းနှင့် စတင်ညှိနှိုင်းနေပြီဖြစ်သည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းက ညှိနှိုင်းမှုကို ပိတ်ဆို့သည့် ခက်ခဲလှသော အခြေအနေများကို ရှေ့တန်းတင်ခဲ့သည်။
သိူ့သော်လည်း အိုင်ဗီဂျောင်မှာ စိုက်ပျိုးရေးဌာနက Frestech ကုန်သည်ကြီးများအသင်း၏ အခြေအနေများကို လက်ခံဖို့ ဆန္ဒရှိကြောင်းတွေ့ခဲ့ရသည်။
အကြောင်းပြချက်က ရှင်းပါ၏။ Frestech ကုန်သည်ကြီးများအသင်းမှာ စောင့်နေနိုင်သော်လည်း စိုက်ပျိုးရေးဌာနက မစောင့်နိုင်ပေ။
ဤနှစ်၏ နွေဦးစိုက်ပျိုးရေးမှာ ဤအခြေနေကြောင့် ဖြုန်းတီးရာကျသွားသော်လည်း စိုက်ပျိုးရေးဌာနက ၎င်းတို့ကို ဆောင်းဦးစိုက်ပျိုးရေးအား ဖြုန်းတီးခွင့်ပေးမည်မဟုတ်ပေ။
၎င်းကိုဆွေးနွေးပြီးသရွေ့ စိုက်ပျိုးရေးဌာနကို ဆောင်းဦးစိုက်ပျိုးရေးမစခင် မြေဩဇာပမာဏကြီးတစ်ခု ရစေရန်ခွင့်ပြုလိုက်ရာ ဤနှစ်၏ ဆောင်းဦးစိုက်ပျိုးရေး သီးနှံအထွက်နှုန်းက အံ့ဖွယ်ဖြစ်လိမ့်မည်။
အဆုံးတွင် နယ်မြေကြီးရှိ တိုင်းပြည်အားလုံးအတွက် ၎င်းတို့၏ ပြည်သူများ၏ ဝမ်းစာဖြည့်ပေးဖို့က ပထမဦးစားပေးဖြစ်သည်။
တူညီသည့် ပြဿနာကို ကြုံခဲ့ရသော လမ်ပူရီတိုင်းပြည်အနေနှင့် လွန်ခဲ့သည့် နှစ်အနည်းငယ်က ထိုပြဿနာကို လုံးဝဖြေရှင်းနိုင်ခဲ့ပြီး တင်ပို့ရန် သီးနှံများအလုံအလောက်ရှိနေသည်ကို စခ်တိုင်းပြည်မှ မနာလိုမဖြစ်ဟု ဆိုလျှင် အလိမ်အညာဖြစ်ပေလိမ့်မည်။
အစားအသောက်ပြဿနာကို ဖြေရှင်းခြင်း၏ အရေးပါဆုံး ပန်းတိုင်ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ အခြေအနေများက ဘာမျှ မဟုတ်ပေ။
သို့သော် စစ်ဌာနချုပ်မှ လူတစ်ဦးအနေနှင့် အိုင်ဗီဂျောင်မှာ ၎င်းကို အင်မတန်ရှင်းရှင်းလင်းလင်းသိပါ၏။
၎င်းတို့ Frestech ကုန်သည်ကြီးများအသင်း၏ အခြေအနေများကို သဘောတူလိုက်သည်နှင့် Frestech ကုန်သည်ကြီးများအသင်းက ပိုမိုအားကောင်းလာမည်။ ၎င်းတို့ အားကောင်းလာသည်နှင့် စစ်ဘက်သုံးမှော်စက်များ ပိုရှိလာလိမ့်မည်။
၎င်းက စစ်ဌာနချုပ်အတွက် ၎င်းတို့နှင့် ပတ်သက်ရန် ပို၍ပင် ခက်ခဲသော ကိစ္စဖြစ်လာလိမ့်မည်။
"ဒါပေမယ့် ငါတို့အနေနဲ့ ပိုပြီး မခက်ခဲစေချင်ရင်တောင် ဘယ်လိုရင်ဆိုင်ရမှာလဲ?"
အိုင်ဗီဂျောင်က ဖြတ်မောင်းသွားသော မှော်ကားများကိုကြည့်ကာ ခါးသက်သက်မပြုံးဘဲ မနေနိုင်တော့ပေ။
Frestech ကုန်သည်ကြီးများအသင်း၏ ပစ္စည်းများကို ဝယ်ယူခြင်းက ၎င်းတို့၏ ရန်သူကိုပိုမိုသန်မာစေမည်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းထံမှ မဝယ်ယူခြင်းက စခ်ဘုရင်တိုင်းပြည်ကိုပို၍ပင် လမ်ပူရီတိုင်းပြည် နောက်ကောက်ကျန်နေစေပြီး လိုက်မှီဖို့ မဖြစ်နိုင်သည်အထိ ဖြစ်သွားစေလိမ့်မည်။
ထိုခက်ခဲသည့် ရွေးချယ်မှု နှစ်ခုကြောင့် လူတိုင်းက သွေးဆာဝံပုလွေတပ်ရင်း၏ ဦးနှောက်ဟု ထင်မှတ်ကြသည့် အိုင်ဗီဂျောင်ဖြစ်လျှင်တောင် မည်သို့သော ရွေးချယ်မှုပြုသင့်သည်ကို မစဉ်းစားရနိုင်ပေ။
ဤအချိန်၌ သူဟာ စစ်ဌာနချုပ်၏ သာမန်အဖွဲ့ဝင်တစ်ယောက်နှယ် မိမိကိုယ်ကို ကံကောင်းဖို့ ရေတွက်နိုင်ရုံသာရှိသည်။
သူသာ အရှင်မင်းကြီးဆိုလျှင် ထိုပြဿနာနှစ်ခုကြောင့် နေ့တိုင်း ခေါင်းကိုက်ရလိမ့်မည်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၁၀၇။ အရာအားလုံးကောက်ပဲသီးနှံအတွက်
အရှင်မင်းကြီးအနေနှင့် ၎င်းအပေါ် ခေါင်းကိုက်သည်ဖြစ်စေ မကိုက်သည်ဖြစ်စေ စခ်တိုင်းပြည် စိုက်ပျိုးရေးဌာန၏ ပြည်ပကုန်သွယ်ရေးကြီးကြပ်သူ ကိုလာဘီမောရ်မှာ မသေချာသော်လည်း ဤတာဝန်ကို လဝက်အတွင်း အပြီးသတ်နိုင်မည် မဟုတ်သည်ကို တော့တော့သေချာရာ ၎င်းပြဿနာအပေါ် ခေါင်းကိုက်ခြင်းအကြောင်းကို စိုးရိမ်နေဖို့မလိုပေ။ သူ့အနေနှင့် အမျက်ထွက်နေသည့် ဘုရင်ထံမှ ခေါင်းပင်အဖြတ်ခံရလောက်သည်။
စခ်တိုင်းပြည်သည် ယခင်လမ်ပူရီတိုင်းပြည်နှင့် မတူဘဲ စပါးအထွက်နှုန်းနှင့် အစာခေါင်းပါးမှုဒဏ်ကို ခံခဲ့ရကာ ၎င်းတို့၏ အခက်အခဲများကို ရင်ဆိုင်ခဲ့ကြရသည်။ အခြားတိုင်းပြည်မှ စပါးများဝယ်ယူရန် နှစ်စဉ် ၎င်းတို့၏ဘဏ္ဍာငွေ အများအပြားကို သုံးစွဲရမည်ဖြစ်သည်။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာတွင် စခ်တိုင်းပြည် သည် ဖော့ခ်တိုင်းပြည်မှ အနောက်မြောက်ဘက်သို့ ကောက်နှံများကို ဝယ်ယူခြင်းဖြင့် ဤပြဿနာကို ဖြေရှင်းခဲ့သည်။ သို့သော် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း လမ်ပူရီတိုင်းပြည်၌ စပါးအထွက်တိုးလာသဖြင့် စပါးအမြောက်အမြားတင်ပို့ခြင်းကို စခ်တိုင်းပြည်၏ စိုက်ပျိုးရေးဌာနက စစ်ဆေးခဲ့ရာ လမ်ပူရီတိုင်းပြည်၏ စပါးဈေးသည် ဖော့ခ်တိုင်းပြည် ထက် 20% စျေးသက်သာပြီး အရည်အသွေး ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် နှစ်တိုင်းပြည်သည် ခါးသီးသောရန်သူဖြစ်လျှင်ပင် စခ်တိုင်းပြည်၏စိုက်ပျိုးရေးဌာနသည် လမ်ပူရီတိုင်းပြည်မှ စပါးများတင်သွင်းရန် ပြစ်တင်ရှုတ်ချခြင်းခံရမည့်အန္တရာယ်ကိုသာ ခံယူနိုင်မည်ဖြစ်သည်။
ယမန်နှစ်က စခ်တိုင်းပြည်သည် ဆန်တန်ချိန် သုံးသိန်းခြောက်သောင်းနှင့် ကောက်ပဲသီးနှံတန်ချိန် လေးသိန်းခုနစ်သောင်းကို လမ်ပူရီတိုင်းပြည်ထံတင်သွင်းခဲ့သည်။ အခြား ကုန်ပစ္စည်း အမျိုးအစား အမျိုးမျိုး တွင် ပေါင်းထည့် ခြင်းဖြင့် ၎င်းတို့သည် စုစုပေါင်း တန်ချိန် တစ်သန်းကျော် ရောက်ရှိလာပြီး စခ်တိုင်းပြည်၏ ဘဏ္ဍာရေး မှ ရွှေဒင်္ဂါး ခုနစ်သန်းကို အသုံးပြုခဲ့သည်။
ရွှေဒင်္ဂါးဆယ်သန်းထက် စျေးသက်သာသော်လည်း ဖော့ခ်တိုင်းပြည်၏ ဘုရင်နှင့် လွှတ်တော်အတွက် တင်သွင်းသည့် ပမာဏချင်းတူတဲ့ ကောက်နှံမျိုးကို ရန်သူထံမှ အမြောက်အမြား တင်သွင်းခြင်းမှာ ၎င်းတို့ ထောက်ခံနိုင်သည့် အရာမဟုတ်ပါ။.
လမ်ပူရီတိုင်းပြည်၏ စပါးအထွက်နှုန်းသည် စခ်တိုင်းပြည်ထက် ပိုဆိုးသည်ဟု မဆိုလိုပါ။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ၎င်းတို့၏ စပါးအထွက်နှုန်း တိုးမြင့်လာခဲ့ပြီး ပြည်ပသို့ တင်ပို့ရန် စပါးအလုံအလောက်ရှိခဲ့သော်လည်း ယင်းက အထူးအကြောင်းပြချက်ရှိကြောင်း ထင်ရှားသည်။
စုံစမ်းစစ်ဆေးပြီးနောက်၊ စခ်တိုင်းပြည်ဘက်မှ နောက်ဆုံးတွင် လမ်ပူရီတိုင်းပြည်၌ စပါးအထွက်နှုန်းတိုးလာခြင်းသည် ၎င်းတို့၏ လယ်ယာမြေအသုံးပြုမှု တိုးမြှင့်ရေး၊ လယ်ယာလုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် စိုက်ပျိုးရေးမှော်စက်အမျိုးမျိုးကြောင့်ဖြစ်ကြောင်း နောက်ဆုံးတွင် အတည်ပြုခဲ့သည်။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်း မှ ထုတ်လုပ်သော ဓာတ်မြေသြဇာသည် စပါးအထွက်နှုန်းတိုးစေရန်အတွက် အစွမ်းထက်သောလက်နက်ဖြစ်သည်။
ထို့ကြောင့် စုံစမ်းစစ်ဆေးပြီးနောက်၊ စခ်တိုင်းပြည်၏ စိုက်ပျိုးရေးဌာနသည် ၎င်းတို့၏ စပါးအထွက်နှုန်းတိုးစေရန် တူညီသောနည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ထိုအစီအစဉ်၌ ပြဿနာရှိခဲ့ပါ၏။ စခ်တိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်း ကို ယခင်က တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်ကြား ဆက်ဆံရေးမှာ မကောင်းခဲ့ပေ။ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းမှ စိုက်ပျိုးရေးမှော်စက်အမြောက်အမြား တင်သွင်းရာတွင် အတားအဆီးဖြစ်မည်ကို စခ်တိုင်းပြည်အား စိုးရိမ်စေသည်။
သို့သော် စခ်တိုင်းပြည်ဘက်မှာတော့ ကြီးမားသည့် အံ့အားသင့်ဖွယ်တစ်ခု ရှိခဲ့ပါ၏။
ပထမဦးစွာ၊ လမ်ပူရီတိုင်းပြည်သည် စခ်တိုင်းပြည်နှင့် အဆိုပြုခဲ့ပြီး နှစ်ရာပေါင်းများစွာအတွင်း နှစ်တိုင်းပြည်ကြား ပုံမှန်ကုန်သွယ်မှုကို ဖွင့်လှစ်ခဲ့သည်။
လွတ်လပ်သောကုန်သွယ်မှုနယ်မြေထူထောင်ရန် နှစ်ဘက်သဘောတူပြီးနောက်၊ စခ်တိုင်းပြည်မှ လမ်ပူရီတိုင်းပြည်အား စိုက်ပျိုးရေးမှော်စက် အမြောက်အမြားဝယ်ယူချင်ကြောင်း အဆိုပြုခဲ့ကြသည်။ လမ်ပူရီတိုင်းပြည်ဘက်မှ အံ့အားသင့်ဖွယ် သဘောတူညီခဲ့ကာ လမ်ပူရီတိုင်းပြည်မှတဆင့် Frestech ကုန်သည်ကြီးများအသင်းကို အင်မတန်လွယ်ကူစွာ ဆက်သွယ်ခဲ့ပြီး စိုက်ပျိုးရေးသုံးမှော်စက်ပမာဏများစွာကို တင်သွင်းခွင့်ရခဲ့ကြသည်။
တစ်ချိန်တည်းတွင် စခ်တိုင်းပြည်မှာ စိုက်ပျိုးရေးသုံးမှော်စက်များ အသုံးပြုခြင်းကို ကျင့်သားရနေပြီးသား ဘန်တာမြို့မှ လယ်သမားတချို့ကိုလည်းရခဲ့ကာ ၎င်းတို့၏ တိုင်းပြည်မှတဆင့် ဤနည်းလမ်းကို ဖြန့်ရာတွင် စခ်တိုင်းပြည် ကူညီခဲ့ကြသည်။
ယခင်ဆောင်းဦး စိုက်ပျိုးရေးနှင့် ယခင်နှစ်၏ စိုက်ပျိုးရေးရာသီနှစ်ခုမတိုင်ခင်တွင် Frestech ကုန်သည်ကြီးများအသင်း၏ စိုက်ပျိုးရေးသုံးမှော်စက်များကို အသုံးပြုခြင်းဖြင့် ၎င်းတို့မှာ ဘန်တာမြို့၏ စိုက်ပျိုးရေးနည်းလမ်းများကို တုပခြင်းဖြင့် ကောင်းကျိူးများရခဲ့ပြီး ရာသီတစ်ခုစီ၏ သီးနှံအထွက်နှုန်းကလည်း အသင့်အတင့် တိုးလာခဲ့သည်။
ယခုနှစ်နွေဦးရာသီအပြီးတွင် စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းဇယားများအရ၊ ယခုနှစ် စပါးအထွက်နှုန်းသည် ယခင်နှစ် နွေစပါးရိတ်သိမ်းချိန်ထက် နှစ်ဆပိုများသည်။
စခ်တိုင်းပြည်ဟာ လွတ်လပ်ဖို့ မလုံလောက်ပေမယ့်၊ ယင်းက စခ်တိုင်းပြည် အတွက် စပါးပြဿနာ၏ အတွင်းပိုင်းဖိအားကို များစွာ ဖြေလျှော့ပေးခဲ့သည်။
လမ်ပူရီတိုင်းပြည် နှင့် စတက်တိန်းနယ်မြေတို့မှ တင်သွင်းရန် စျေးပေါပြီး အရည်အသွေးကောင်း စပါးအမြောက်အမြားရှိကြောင်းအချက်ကို ထည့်ပေါင်းလိုက်လျှင် စခ်တိုင်းပြည်သည် ယခုနှစ် စပါးပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်သည်။
စခ်တိုင်းပြည်ရဲ့ နှစ်ရာပေါင်းများစွာအတွင်းမှာ၊ ဤအခြေခံပြဿနာကို လွယ်ကူစွာဖြေရှင်းနိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ထို့ကြောင့် စခ်တိုင်းပြည်မှမည်သူမဆို လမ်ပူရီတိုင်းပြည် နှင့် Frestech ကုန်သည်ကြီးများအသင်းကို မည်သို့ထင်မြင်ပါစေ၊ သူတို့ရဲ့ လယ်ယာမြေ တိုးတက်ရေး မြှင့်တင်ဖို့ အားလုံးက သဘောတူကြသည်။ သူတို့သည် လမ်ပူရီ တိုင်းပြည်နှင့် တူညီသော အဆင့်ရောက်အောင် ကြိုးပမ်း၍ မိမိကိုယ်ကို လုံးဝ မှီခိုလာရသည်။
ဤအခြေအနေတွင် စိုက်ပျိုးရေးဌာနသည် လမ်ပူရီတိုင်းပြည် နှင့် Frestech ကုန်သည်ကြီးများအသင်း ကို ဆက်သွယ်ရန် အရေးကြီးဆုံးတာဝန်ကို ယူခဲ့ပါသည်။ ၎င်းတို့သည် လမ်ပူရီတိုင်းပြည် ထံမှ အထောက်အပံ့များကို ပိုမိုရယူလိုကာ၊ အထူးသဖြင့် Frestech ကုန်သည်ကြီးများအသင်းထံမှပင်။
Frestech ကုန်သည်ကြီးများအသင်း၏ သဘောထားသည် အစကတည်းက စခ်တိုင်းပြည် အတွက် အလွန်စိတ်ကျေနပ်စရာကောင်းသည်ဟု ဆိုရပါမည်။
Frestech ကုန်သည်ကြီးများအသင်းက ကြမ်းတမ်းတဲ့ အခြေအနေတွေ ပေးခဲ့ရင်တောင်၊ ဥပမာအားဖြင့်၊ စခ်တိုင်းပြည်သည် သတ္တုတွင်းအမြောက်အမြားကို လဲလှယ်ပေးပြီး စခ်တိုင်းပြည်၏အတွင်းပိုင်းမိုင်းများ၏ အစိတ်အပိုင်းအများအပြားကို ၎င်းတို့အား ပေးဆောင်စေကာ၊ Frestech ကုန်သည်ကြီးများအသင်း ကုန်သည်ကြီးများအသင်းသည် ကောင်းသောပူးပေါင်းဆောင်ရွက်မှုသဘောထားကို အမြဲပြသခဲ့သည်။
စခ်တိုင်းပြည်၏ စိုက်ပျိုးရေးမှော်စက်များအတွက် အမျိုးမျိုးသော တောင်းဆိုချက်များနှင့် ပတ်သက်၍၊ Frestech ကုန်သည်ကြီးများအသင်း သည် ဘယ်သောအခါမှ မပြောင်းရွေ့ဘဲ စခ်တိုင်းပြည်ကို ၎င်းတို့ လိုအပ်သည်များကို ပေးခဲ့ပါသည်။ ထို့အပြင် ၎င်းတို့သည် ကုန်ပစ္စည်းအားလုံးကို ဆောလျင်စွာ ပံ့ပိုးပေးသည့်အပြင် ပြီးပြည့်စုံသော နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများလည်း ပံ့ပိုးပေးခဲ့သည်။ ၎င်းသည် အား ၎င်းတို့၏ စိုက်ပျိုးနည်းစနစ်များကို လျင်မြန်စွာ ပြုပြင်ပြောင်းလဲရန်နှင့် ၎င်းတို့၏ ပြည်တွင်းစပါးအထွက်နှုန်းကို တိုးမြင့်လာစေခဲ့သည်။
စခ်တိုင်းပြည်၏ အပိုင်းများ အထူးသဖြင့် စစ်တပ်ဌာနချုပ်တွေက ဒါကို ကန့်ကွက်မှုတွေ အများကြီးရှိခဲ့သော်လည်း ၎င်းသည် ရန်သူကို ကူညီနေသည့် Frestech ကုန်သည်ကြီးများအသင်း၏ ခွန်အားကို တိုးစေသည်ဟု ဆိုကာ စပါးပြဿနာကို ဖြေရှင်းခြင်းနှင့် နှိုင်းယှဉ်ပါက ဤရှုထောင့်က အားနည်းလွန်းသည်။
သို့သော် စခ်တိုင်းပြည်သည် Frestech ကုန်သည်ကြီးများအသင်းသို့ ဓာတ်မြေသြဇာ အမြောက်အမြားဝယ်ယူရန် အဆိုပြုသောအခါတွင် ၎င်းတို့သည် မမျှော်လင့်ထားသော အတားအဆီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။
Frestech ကုန်သည်ကြီးများအသင်းသည် စခ်တိုင်းပြည်၏ ဓာတ်မြေသြဇာ တောင်းဆိုမှုကို တိုက်ရိုက် ငြင်းပယ်ခြင်း မရှိပေ။ သို့ပေမယ့် သူတို့က Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းပြီး ဓာတ်မြေသြဇာစက်ရုံကို နတ်သူငယ် တွေက တည်ထောင်ထားတာကြောင့် စခ်တိုင်းပြည်မှ ဓာတ်မြေသြဇာကို ဝယ်လိုလျှင် နတ်သူငယ်များနှင့် ဆွေးနွေးရမည်ဟု ကိုလာဘီမောရ်ကို ပြောခဲ့သည်။
ကိုလာဘီမောရ်သည် လရိပ်မျိုးနွယ်စု၏ ဓာတ်မြေသြဇာစက်ရုံတာဝန်ခံကို တွေ့ရှိသောအခါ၊ လရိပ်မျိုးနွယ်စုမှ မန်နေဂျာစန်ဒီက တစ်ဖက်က မောရ် လက်ခံရန် မဖြစ်နိုင်သော အခြေအနေတစ်ခုကို ပေးခဲ့သည်။
"မန်နေဂျာစန်ဒီ၊ မင်းဘာလို့ ဒီနယ်မြေအပိုင်းကို လိုအပ်နေတာလဲလို့ မေးလို့ရမလား" မောရ်က သူ့နှလုံးသားထဲက ဤအခြေအနေ၏ အဓိပ္ပါယ်မဲ့မှုကို ဖယ်ချလိုက်ပြီး စန်ဒီကို မေး၍ မျက်မှောင်ကုပ်လိုက်သည်၊ “ကျုပ်အမြင်အရ လရိပ်မျိုးနွယ်စုက စတက်တိန်းနယ်မြေမှာ နေထိုင်တယ်မဟုတ်လား။ ကျုပ်တို့ စခ်တိုင်းပြည်က ခင်ဗျားကို မြေကွက်တစ်ကွက် ပေးရင် ဘာအသုံးဝင်မှာလဲ"
စန်ဒီ၏ ချွန်ထက်သော နားရွက်များသည် အနည်းငယ် တုန်ခါနေပြီး သူမ တုံ့ဆိုင်းနေသကဲ့သို့ သဘာဝမကျလွန်းသော အပြုံးဖြင့် ပြောသည်၊ “ဒါက ကျွန်မတို့အတွက် ဘာကြောင့် အသုံးဝင်တယ်ဆိုတာကို ရှင်နားလည်ရန် မလိုအပ်ပါဘူး။ ဒါက ကျွန်မတို့ရဲပအခြေအနေဖြစ်တာကိုပဲ သိဖို့လိုတယ်။ ဒါကို လက်ခံချင်တယ်ဆိုရင် ရှင့်ကို ဓာတ်မြေသြဇာတွေ ရောင်းပေးလို့ရတယ်၊ ဒါပေမယ့် မရရင် နှုတ်ဆက်ပါတယ်။”
မောရ်ဟာ စန်ဒီကိုကြည့်ရင်း စကားမပြောနိုင်ဖြစ်သွားသည်။ ကောလာဟလများအတိုင်း နတ်သူငယ်တွေဟာ တကယ်ကို ယုတ္တိမတန်ဘူးလို့ ခံစားရသည်၊ သူတို့က သူတို့ရဲ့ အခြေအနေတွေကို ပေးရုံသာဖြစ်ပြီး ညှိနှိုင်းဖို့ နေရာမရှိဘူးလို့ သူခံစားရ၏။
ခေတ္တရပ်ပြီးနောက် မောရ် သည် အရှုံးမပေးဘဲ “ဒါ.....မန်နေဂျာ စန်ဒီ၊ ဒီအခြေအနေကို ပြောင်းလို့ရမလား? နယ်မြေကလွဲလို့ တခြားအခြေအနေတွေကို ကျုပ်သဘောတူနိုင်ပါတယ်။”
“မဖြစ်နိုင်ဘူး။” စန်ဒီက ခေါင်းခါကာ တည်ငြိမ်သော်လည်း တင်းမာသောအကြည့်ဖြင့် ပြောနေသည်။
သူလည်း ပို၍ ခါးသီးသော အပြုံးတစ်ခုသာ ပေးနိုင်သည် ။
ယခင်က Frestech ကုန်သည်ကြီးများအသင်းနှင့် ညှိနှိုင်းကြသည့်အခါ၊ ဥက္ကဌ ရှုယီနှင့် စီအီးအို ခမ်နက်ဒ် တို့သည် အလွန်လိမ္မာပါးနပ်ကြပြီး ၎င်းတို့ကို အနည်းငယ် ဒုက္ခရောက်စေသည်ဟု သတိပြုမိေသာ်လည်း၊ သူသည် ဤလှပသော နတ်သူငယ် အမျိုးသမီးနှင့် ညှိနှိုင်းမည့်အစား ရှုယီ၊ ခမ်နက်ဒ် တို့နှင့်သာ တစ်နေ့လုံး စေ့စပ်ညှိနှိုင်းလိုက်ချင်မိသည်။
အဘယ့်ကြောင့်ဆိုသော် ဤနတ်သမီးလေးဟာ ညှိနှိုင်းဖို့ မစီစဉ်ထားလို့ပါပင်။
အကယ်၍ လရိပ်မျိုးနွယ်စုသည် စခ်တိုင်းပြည်ရှိ အဓိကမြေကွက်ကို လိုချင်ပါက စခ်တိုင်းပြည်မှ ၎င်းကို သဘောတူရန် မဖြစ်နိုင်ပေ။
ယခု သူတို့သည် ဤ အတွေ့ရများကာ ဝေးလံသောမြေကွက်ကို လိုချင်သောကြောင့် ဆွေးနွေးရန်မဖြစ်နိုင်ချေ။
ထို့အပြင် လရိပ်မျိုးနွယ်စုသည် အလွန်တောင်းဆိုနေသောကြောင့်၊ သူသည် တိုင်းပြည်ခြားကုန်သွယ်ရေးအကြီးအကဲအနေဖြင့် ဆုံးဖြတ်ချက်မချနိုင်သဖြင့် ၎င်းသည် သူနှင့်လုံးဝမသက်ဆိုင်တော့ပေ။
သူလုပ်ရမည့်တစ်ခုတည်းသောအရာမှာ လရိပ်မျိုးနွယ်စု၏တောင်းဆိုမှုကို ပြန်လည်ပေးပို့ပြီး အရှင်မင်းကြီးအား ဤဆုံးဖြတ်ချက်ကို ချမှတ်ခိုင်းခြင်းဖြစ်သည်။
ထိုသို့တွေးရင်းဖြင့် သူဟာ ခေါင်းညိတ်ပြပြီး “မန်နေဂျာ စန်ဒီ ခင်ဗျား ကျုပ်တို့ကို စဉ်းစားဖို့ အချိန်တစ်ခု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ခေါင်းညိတ်ပြ၍ အပြုံးမပျက်ဘဲ မောရ် က ပြောလိုက်ပါ၏။
စန်ဒီက ခေါင်းညိတ်ပြကာ “ကိစ္စမရှိပါဘူး”
ခေတ္တရပ်ပြီးနောက် စန်ဒီ တစ်ခုခုကို တွေးနေလေသည်။
“နောက်ထပ် အကြီးအကဲ၊ ဓာတ်မြေဩဇာမှာ အသုံးပြုမှု ကန့်သတ်ချက်ရှိတယ်ဆိုတာ သတိပေးရမယ်။ ဆုံးဖြတ်ဖို့ အချိန်အရမ်းယူရင် ဒီနှစ်အတွက် အရေးကြီးတဲ့ နွေဦးရာသီကို လွဲသွားလိမ့်မယ်။”
မောရ် ၏အမူအရာမှာ အေးခဲသွားပြီး သူ့နှလုံးသားထဲတွင် ကျိန်ဆဲနေသော်လည်း သူ စိတ်ပျက်လက်ပျက် ခေါင်းညိတ်ပြနေသေးသည်။
ရွေးချယ်စရာမရှိပါ၊ အားလုံးသည် ကောက်ပဲသီးနှံများအတွက်ဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၁၀၈။ ပြင်ဆင်ထားခြင်းမရှိ
မောရ်နှင့် ဆန်ဒီတို့၏ ညှိနှိုင်းမှုက ထိုမျှ ကြာရှည်မခံနိုင်ပေ။
ဆန်ဒီထံမှ နတ်သူငယ်များ၏ ရှင်းရှင်းလင်းလင်းအခြေအနေကို ရပြီးနောက် မောရ်လည်း ချက်ချင်းထွက်ခွာသွားသည်။
ဆန်ဒီမှာ မှန်ပါ၏၊ မြေဩဇာ အသုံးပြုခြင်းအတွက် ကန့်သတ်ချိန်ရှိသည်။ ၎င်းတို့သာ နွေဦးစိုက်ပျိုးရေး မြေဩဇာကျွေးခြင်းအတွက် အကောင်းဆုံးကာလကို လွဲချော်သွားလျှင် စခ်တိုင်းပြည်မှာ ၎င်းနွေဦးစိုက်ပျိုးရေးကို လက်လွှတ်ရမည်ဖြစ်သည်။
လမ်ပူရီတိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့၏ အချက်အလက်များအရ ဓာတ်မြေသြဇာသုံးသော လယ်ယာများသည် ၎င်းတို့၏ အထွက်နှုန်းမှာ အဆများစွာ တိုးလာခဲ့သည်။
နွေဦးရာသီတွင် မြေသြဇာသုံးနိုင်လျှင်၊ စခ်တိုင်းပြည် ယခုနှစ်စပါးအထွက်နှုန်းသည် တစ်ဖန်ပြန်လည်မြင့်တက်လာနိုင်ပြီး ၎င်းတို့သည် လုံးဝဖူလုံနိုင်မည်ဖြစ်သည်။
ဟုတ်ပါတယ်၊ သူက Frestech ကုန်သည်ကြီးများအသင်းနှင့် ညှိနှိုင်းရာနေရာအဖြစ် ရွေးချယ်ထားသည့် ဘန်တာမြိုတော်ကို စွန့်ခွာမသွားပါချေ။ ဤအချက်အလက်ကို စခ်တိုင်းပြည် သို့ ပြန်ပို့ရန် အခြားလမ်းကြောင်းကို အသုံးပြုခဲ့သည်။
ဘုရင်မကြီးနှင့် လွှတ်တော်၏ နောက်ဆုံးအဖြေကို စိတ်ရှည်စွာ စောင့်ဆိုင်းနေစဉ်၊ သူသည် ဘန်တာမြို့ ကို ဆက်လက်စစ်ဆေးပြီး ဤတုန်လှုပ်စရာကောင်းသောမြို့မှ နောက်ထပ်အရာများကို လေ့လာရန် ကြိုးစားအားထုတ်ရန် လိုအပ်ပါသည်။
သို့သော်၊ သူထွက်သွားပြီးသည်နှင့် စေ့စပ်ညှိနှိုင်းရေးခန်းထဲသို့ ဝင်လာမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့သော တစ်စုံတစ်ယောက်ရှိနေမည်ဟု မောရ် မထင်ခဲ့ပါချေ။
ထိုလူ ဝင်လာသည်ကိုမြင်သော် စန်ဒီ၏ အမူအရာက အေးစက်နေသည့်အမူအရာမှ အပြုံးမျက်နှာ ပြောင်းလဲသွားသည်။
"ဥက္ကဌ ရှု အခုနကကျွန်မရဲ့စွမ်းဆောင်ရည်ကို ဘယ်လိုထင်လဲ။ ရှင်ပြောခဲ့တဲ့ စေ့စပ်ညှိနှိုင်းရေး လိုအပ်ချက်နဲ့ ကိုက်ညီလား။”
ရှုယီက အမြန်ထွက်သွားသော မောရ် ကိုကြည့်ကာ စန်ဒီဆီသို့ အပြုံးမပျက်ဘဲ ပြန်လှည့်၍ "ဘယ်လိုထင်လဲ" ဟုမေးလိုက်သည်။
စန်ဒီသည် စိတ်ဓာတ်ကျသောဟန်ဖြင့် ခေါင်းမယမ်းမီ အနည်းငယ်မှင်တက်သွားသည်၊ “လုံလောက်မှု မရှိခဲ့ပုံပဲ။ ဥက္ကဌ ရှု ၊ ရှင်ပြောခဲ့တဲ့ လူသားညှိနှိုင်းရေးစွမ်းရည်က အရမ်းခက်ခဲတယ်၊ ကျွန်မဘာပဲလုပ်လုပ် သင်ယူလို့မရဘူး။"
ရှုယီက သူမပုခုံးကို ပုတ်ပြီး ရယ်မောလိုက်ကာ၊ “တကယ်တော့ ခင်ဗျားက ကျုပ်တို့ရဲ့ လူသားညှိနှိုင်းရေးစွမ်းရည်ကို သင်ယူဖို့ မလိုအပ်ပါဘူး။ ရလဒ်တွေကို ပြောမယ်ဆိုရင် အခုပဲ ခင်ဗျားလုပ်ခဲ့တာက တော်တော်ကောင်းနေပါပြီ။ ခင်ဗျားရဲ့စွမ်းဆောင်ရည်ကြောင့် ဒီအကြီးအကဲ မောရ်က ခင်ဗျားနဲ့ အပြန်ပြန်အလှန်လှန်ညှိနှိုင်းဖို့အခွင့်အရေးမရှိဘူးလို့ထင်လိမ့်မယ်၊ ဒါကြောင့်သူတို့ကခင်ဗျားရဲ့အခြေအနေကိုနောက်ဆုံးမှာလက်ခံနိုင်မှာပါ"
“လက်မခံခဲ့ဘူး ၊ စဉ်းစားဖို့ အချိန်လိုတယ်လို့ပဲ ပြောခဲ့တာလေ ” စန်ဒီက အံ့သြသည့်အသံနှင့်ဆိုသည်။
"ကျုပ်ကိုယုံပါ၊ အဆုံးမှာလက်ခံလိမ့်မယ်" ရှုယီက ယုံကြည်မှုရှိတဲ့ အသံနဲ့ ပြောလိုက်ပါ၏။
“ဟုတ်လား?" စန်ဒီက ပြုံးမပြခင် ထိုအကြောင်းကို စဉ်းစားလိုက်တယ်။, “ကောင်းတာပေါ့ ဒါမှ အကြီးအကဲရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပြီး ကျွန်မတို့မျိုးနွယ်ထဲမှာ ရှင်သန်ဖို့ နောက်ထပ်နေရာတစ်ခု ရနိုင်မှာပါ။”
စန်ဒီ ၏ ပျော်ရွှင်နေသော အသွင်အပြင်ကို မြင်လိုက်ရသဖြင့် ရှုယီသည် မျက်ခုံးကို အနည်းငယ် တွန့်မ်လိုက်သည်။
"တကယ်တော့.....စန်ဒီ၊ အကြီးအကဲလီဆန်ယာက ဒီမြေကွက်ကို ဘာကြောင့်ရယူဖို့ တောင်းဆိုတာလဲ ကျုပ် နားမလည်သေးဘူး။ အဲ့ဒီ စခ်တိုင်းပြည်မှာ ဓာတ်မြေသြဇာ အခိုင်အမာ လိုအပ်တဲ့အကြောင်း၊ မောရ် ပြောခဲ့သလိုပဲ၊ ခင်ဗျားမှာရှိနေတဲ့ အခြေအနေတွေကို သူတို့ သဘောတူနိုင်တယ်။ သူတို့ဆီက ပိုကောင်းတဲ့ အခြေအနေတွေရဖို့အတွက် ဒီအခွင့်အရေးကို ဘာလို့မယူခဲ့တာလဲ။”
စန်ဒီက ခေါင်းခါလိုက်ပြီး “ကျွန်မသိပ်မရှင်းဘူး၊ ဒါပေမယ့် ကျွန်မခံစားရတာ..... အကြီးအကဲက ကျွန်မတို့မျိုးနွယ်စု တကယ်ပိုင်တဲ့ မြေတစ်ကွက်ကို ရချင်နေတာပဲ။"
ရှုယီတိတ်ဆိတ်သွားသည်။
ခဏလောက်စဉ်းစားပြီးမှ ရုတ်တရက် သဘောပေါက်သွား၏။
မျိုးနွယ်စစ်ပွဲများအပြီး နှစ်ပေါင်းထောင်ချီကြာတွင် ၎င်းတို့နှင့်သက်ဆိုင်သည့်နယ်မြေများကို နတ်သူငယ်များ လုံးဝပိုင်ဆိုင်ခွင့်မရှိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ထို့ကြောင့် ၎င်းတို့သည် ဤမြေအမျိုးအစားကို ပြင်းပြင်းထန်ထန်တောင့်တနေကြသည်။
ဥပမာအားဖြင့်၊ အဇ်ရှာရာမျိုးနွယ်စု သည် ရူဒ်ဆန်တိုင်းပြည် နှင့် စေ့စပ်ညှိနှိုင်းစဉ်က ၎င်းတို့၏ ပထမအခြေအနေမှာ ရူဒ်ဆန်တိုင်းပြည် မှ ၎င်းတို့အား မြေကွက်တစ်ခု ပေးဆောင်ရန်ဖြစ်သည်။
ရူဒ်ဆန်တိုင်းပြည်အတွက်၊ ထိုမြေသည် လွင်တီးခေါင်ဖြစ်ခဲ့ပြီး အဇ်ရှာရာမျိုးနွယ်မှ သိမ်းပိုက်ခံခဲ့ရသည်။ အဇ်ရှာရာမျိုးနွယ်စုက ၎င်းကို မလိုလားသော်လည်း အဇ်ရှာရာမျိုးနွယ်စုမှ ထိန်းချုပ်ထားဆဲဖြစ်သောကြောင့် ၎င်းသည် ရူဒ်ဆန်တိုင်းပြည်တွင်သာ သက်ဆိုင်သည်။
အဇ်ရှာရာမျိုးနွယ်စုမှ အမှန်တကယ် အကျိုးကျေးဇူးများ ရရှိခြင်းနှင့် နှိုင်းယှဉ်ပါက ဤအမည်ဖြင့် ပိုင်ဆိုင်မှုသည် အရေးမကြီးပါ။
ဒါကို လူသားတော်တော်များများက ဂရုစိုက်တယ်ဆိုလျှင်တောင်၊ ရူဒ်ဆန်တိုင်းပြည်၌ ယ ဘယ်သူပိုင်လဲဆိုသည်ကို ဖြေရှင်းဖို့ နည်းလမ်းပေါင်း တစ်သောင်းလောက်ရှိသည်။
ယခု လရိပ်မျိုးနွယ်စုသည် စခ်တိုင်းပြည်ထံ အလားတူ တောင်းဆိုချက်ကို ထုတ်ပေးခဲ့ရု၊ စခ်တိုင်းပြည်သည် ၎င်းကို သေချာစဉ်းစားပြီးနောက် အဆုံးတွင် သဘောတူသွားမည်ဖြစ်သည်။
နောက်ဆုံးတွင်၊ လရိပ်မျိုးနွယ်စုသည် စခ်တိုင်းပြည်အတွက် အသုံးမဝင်သော မြေကွက်ေတာင်းဆိုခြင်းဖြစ်ပြီး အရေးအကြီးဆုံး ဓာတ်မြေသြဇာကို ရရှိရန် အသုံးပြုခြင်းကြောင့် ၎င်းတို့မှာ လုံးဝအရှုံးမရှိပေ။
ဒါကိုတွေးရင်း ရှုယီက ညတေးသံမျိုးနွယ်စုကို တွေးလိုက်မိသည်။
အဇ်ရှာရာမျိုးနွယ်စုက နယ်မြေ လိုအပ်သလို လရိပ်မျိုးနွယ်စုကလည်း နယ်မြေ လိုအပ်သော်ငြား ရှုယီနှင့် ပထမဆုံး တွေ့ဆုံခဲ့သော ညတေးသံမျိုးနွယ်စု ကတော့ ထပ်တူ တောင်းဆိုမှု မရှိခဲ့ပါချေ။
ဟုတ်ပါ၏၊ ၎င်းက ညတေးသံမျိုးနွယ်စုမှာ လူဦးရေ တစ်ထောင်ကျော်သာရှိေသာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တာကြောင့် ၎င်းတို့မှာ နယ်မြေအတွက် အရေးတကြီး မလိုအပ်ပါချေ။
"မှန်တယ်၊ ဥက္ကဌ ရှု၊ ကျေးဇူးပြုပြီး အကူအညီတောင်းလို့ရမလား"စန်ဒီက ရုတ်တရက် ပြောလိုက်သည် ။
"အန်? ဘာများလဲ? ပြောပါ။"
"ရှင် မှော်ဆလွန်းပြိုင်ပွဲကို ခဏနေသွားတော့မှာလား။ အကြီးအကဲနဲ့တွေ့လောက်တယ်မဟုတ်လား"
“ဟုတ်တယ်၊ ဒီတော့ စခ်တိုင်းပြည်နဲ့ စေ့စပ်ညှိနှိုင်းမှုရဲ့ ရလဒ်ကို အစီရင်ခံဖို့ ကျုပ်ကို ကူညီစေချင်တာလား။" ရှုယီက မေးသည်။
“အင်း စက်ရုံမှာ တစ်ခုခုဖြစ်ခဲ့လို့ သွားလို့မရဘူး။ ရလဒ်တွေကို အကြီးအကဲဆီ ပြောပြပေးနိုင်မလား။”
"ပြဿနာမရှိပါဘူး။" ရှုယီက ခေါင်းညိတ်လိုက်ပြီး စကားမပြောခင် ခေတ္တရပ်လိုက်သည်။ “ဒီအချိန်မှာ ခင်ဗျာတကယ်ပဲ အလုပ်များနေတာလား။ မမျှော်လင့်တာ တစ်ခုခုမဖြစ်လာရင် စခ်တိုင်းပြည်က ခင်ဗျားရဲ့အခြေအနေတွေကို သဘောတူလိမ့်မယ်။ ခန့်မှန်းချက်အရ၊ စခ်တိုင်းပြည်က ၎င်းတို့၏ ဂျုံအားလုံးကို စိုက်ပျိုးဖို့အတွက် အနည်းဆုံး ဓာတ်မြေသြဇာ တန်ချိန် တစ်သိန်း ဝယ်ယူဖို့ လိုအပ်မှာပဲ။ ဒါကြောင့် ဒါက ခင်ဗျားရဲ့ လက်ရှိ ထုတ်လုပ်မှု စွမ်းရည်အတွက် ဖိအားတွေ အများကြီး ဖြစ်လာလိမ့်မယ်။”
“ဟုတ်တယ်......” စန်ဒီက ခေါင်းညိတ်ပြပြီး ခက်ခက်ခဲခဲ ပြုံးပြကာ၊ “ဥက္ကဌ ရှု၊ ကျွန်မ တစ်ခု ဆွေးနွေးချင်တယ်။ ကျွန်မတို့ရဲ့ ဓာတ်မြေသြဇာစက်ရုံကနေ တခြား ပြုပြင်ရေး စက်ကိရိယာအစုံကို မှာချင်တာ၊ လကုန်မှာ ပို့ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဒီလိုမှမဟုတ်ရင် စခ်တိုင်းပြည်က ဒီအခြေအနေကို လက်ခံရင်တောင်မှ ဓာတ်မြေသြဇာ အလုံအလောက် မထုတ်လုပ်နိုင်လောက်ဘူး”
ရှုယီက ရယ်ရင်း "စန်ဒီ ၊ ဓာတ်မြေသြဇာ ပြုပြင်ရေး ကိရိယာအသစ်က လမ်းစပေါ်နေပြီလို့ ပြောလိုက်ရင် အရမ်းအံ့သြမှာလား။"
စန်ဒီ၏ မျက်လုံးများ ပြူးကျယ်သွားကာ “တကယ်လား? အဲဒါ အရမ်းကောင်းတယ်။ ဥက္ကဌ ရှု ရှင်က တကယ်ကို ဉာဏ်ကောင်းပါလွန်းတယ်။"
ရှုယီက ပခုံးတွန့်လိုက်ကာ "ခင်ဗျား စခ်တိုင်းပြည် ပေးခဲ့တယ် အခြေအနေတွေကို ကျုပ်မသိဘူးဆိုတော့ ဒါက နည်းနည်း အန္တရာယ်များတယ်။ သူတို့သဘောတူရင်တောင် ထုတ်လုပ်မှုစွမ်းရည်ကို မတိုးမြှင့်ဘူးဆိုရင်၊ ကျုပ်တို့လုပ်ထားတဲ့ ဓာတ်မြေသြဇာ ပြုပြင်ရေးကိရိယာတွေကလည်း အသုံးမဝင်တော့ဘူး။”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဥက္ကဌ ရှုယီ၊ အဲဒီ့စခ်တိုင်းပြည်အတွက်မဟုတ်ရင်တောင် ကျွန်မတို့ရဲ့ထုတ်လုပ်မှုစွမ်းရည်ကို တိုးမြှင့်ဖို့ စဉ်းစားနေတယ်။ ကျွန်မတို့ဆီကနေ ဓာတ်မြေသြဇာဝယ်ချင်တဲ့ တိုင်းပြည်တွေ အများကြီးရှိတာကြောင့် ထုတ်လုပ်မှုစွမ်းရည်ကို တိုးမြှင့်ဖို့ စီစဉ်ထားပြီးသားပါ။” စန်ဒီက လက်ကို ဝှေ့ယမ်းလိုက်သည်။
“အင်း၊ အဲဒါကောင်းပါတယ်။ စန်ဒီ ၊ ဒီအကြံဉာဏ်ကို ပိုင်ဆိုင်တာက ခင်ဗျားဟာ သင့်တော်တဲ့ မန်နေဂျာတစ်ယောက်ဖြစ်လာတယ်ဆိုတာ သက်သေပြနေတယ်။” ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
ရှုယီ၏ ချီးကျူးမှုကိုခံယူပြီး စန်ဒီသည် ကလေးမလေးကဲ့သို့ ပျော်ရွှင်စွာပြုံးလိုက်မိသည်။
သို့သော်လည်း ရှုယီ၏နောက်မေးခွန်းနှင့်အတူ ထိုအပြုံးသည် သူမ၏မျက်နှာပေါ်တွင် အေးခဲသွားသည်။
"ဒါပေမယ့် စန်ဒီ စက်ကိရိယာ အလုံအလောက်ရှိပေမယ့် လူအင်အား ပြဿနာကရော ဘယ်လိုလဲ။ ဒါကို ဖြေရှင်းနိုင်လား။"
စန်ဒီသည် ခါးသီးသော အပြုံးဖြင့် ခေါင်းမယမ်းမီ အနည်းငယ် အံ့ဩသွားသည်၊ “မျိုးနွယ်စုက လူတွေပဲရှိတော့ ခက်တယ်။ ရောင်းရင်းတွေကို စက်ရုံမှာ အချိန်ပိုလုပ်ခွင့်ပေးလိုက်တာပဲ”
ရှုယီက မမေးခင် ခဏလောက် နှုတ်ဆိတ်နေပြီး "တခြားလူမျိုး အလုပ်သမားတွေကို ငှားဖို့ စဉ်းစားဖူးလား။ ဥပမာအားဖြင့်၊ ကျုပ်တို့ရဲ့ လူသားအလုပ်သမားတွေလေ။”
စန်ဒီ က ရှုယီကို ခေါင်းခါပြပြီး "ဟင့်အင်း၊ ငါတို့ အဲဒါကို လောလောဆယ် မစဉ်းစားထားဘူး။"
ရှုယီက ခေါင်းညိတ်လိုက်ပြီး ဒီအကြောင်းအရာကို ဆကိမပြောတော့ပေ။
သို့သော် နာရီဝက်အကြာတွင်၊ ဘန်တာမြို့၏ပြိုင်ကွင်းတွင် ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် ကိုယ်ပိုင်ကားထဲတွင် ထိုင်နေသော အကြီးအကဲ လီဆန်ယာ ကိုရှုယီတွေ့သောအခါ၊ ထိုမေးခွန်းကို မနေနိုင်စွာ ထပ်မေးလိုက်သည်။
စန်ဒီကဲ့သို့ အကြီးအကဲ လီဆန်ယာ သည် ရှုယီအား ငြင်းပယ်ခြင်း မပြုပါချေ။
“ရိုးရိုးသားသား ပြောရရင် ဒါကို ကျွန်မ စဉ်းစားပြီးပြီ။ ဒါပေမယ့် ဥက္ကဌ ရှု၊ ဒီဓာတ်မြေသြဇာစက်ရုံရဲ့ ၀င်ငွေက ကျွန်မအတွက် အရေးကြီးဆုံးမဟုတ်ဘူးဆိုတာ သိထားသင့်တယ်၊ ဒါကြောင့် အထွက်နှုန်းနည်းနည်းလောက် နည်းတာက အရေးမကြီးဘူး။ ဒါပေမဲ့ ဓာတ်မြေသြဇာစက်ရုံကနေ တခြားလူမျိုး အလုပ်သမားတွေကို ခေါ်ယူမယ်ဆိုရင်၊ ကျွန်မတို့ မျိုးနွယ်စုတွေဟာ တခြားလူမျိုး အလုပ်သမားတွေနဲ့ အတူအလုပ်လုပ်ရပြီး အချိန်အကြာကြီး အတူတူရှိနေရလိမ့်မယ်။”
"အဲဒါ သိပ်ကောင်းတာမဟုတ်ဘူးလား?" ရှုယီက ပြန်မေးသည် ။ “ဒီဓာတ်မြေသြဇာစက်ရုံကို တည်ထောင်တုန်း ဒါဟာ ခင်ဗျားတို့ နတ်သူငယ်တွေနဲ့ ကျုပ်တို့လူသားတွေနဲ့အတူ နေထိုင်ဖို့ ကောင်းတဲ့ အချိုးအကွေ့တစ်ခုလို့ ပြောခဲ့တယ်လေ"
"ပြဿနာက မျိုးနွယ်စုတွေက သူတို့ရဲ့ စိတ်ကို မပြင်ဆင်ရသေးလို့ပါ" အကြီးအကဲ လီဆန်ယာကဆိုသည် “သူတို့က တခြားလူမျိုးတွေနဲ့ တွဲလုပ်ရမယ်ဆိုရင် အဲဒါကို ကျင့်သားရမှာမဟုတ်ဘူး။”
ရှုယီပြောစရာမဲ့သွား၏။
ဤဓာတ်မြေသြဇာစက်ရုံကို ဆောက်ခဲ့သည်မှာ ငါးနှစ်လောက်ကြာပြီပင်။ လရိပ်မျိုးနွယ်စု၏ နတ်သူငယ် များသည် ပုံမှန်အားဖြင့် လူသားများနှင့် ပို၍ ထိတွေ့မှုရှိကြသည်၊ သို့ပေမယ့် သူတို့ဟာ တခြားလူမျိုးများနဲ့ အပြည့်အ၀ ပေါင်းစည်းဖို့ မပြင်ဆင်ကြရသေးပါေချ။ ၎င်းက တကယ်ကို နည်းနည်းနှေးလွန်းလှသည်။
“ဒါပေမယ့် ခင်ဗျား ကောင်းကောင်း ပေါင်းစည်းထားတာကို မြင်ရတယ်။ ကြည့်လေ၊ ခင်ဗျားက ကိုယ်ရေးကိုယ်တာလှုပ်ရှားမှုတစ်ခုအနေဖြနဲ့ ဒီအများပြည်သူ မှော်ဆလွန်းပြိုင်ပွဲမှာတောင် ပါဝင်နေတာပဲ။" ရှုယီက ပြောသည်။
“ဒါက ကျွန်မရဲ့ စိတ်ကြိုက်ပါပဲ။ နောက်ပြီး ကျွန်မက အသက်ကြီးပြီမို့ မျိုးနွယ်စုတွေအတွက် စံနမူနာယူရမယ်။” အကြီးအကဲ လီဆန်ယာ က သဘာဝကျကျနဲ့ ပြန်ဖြေ၏။
ရှုယီသည် မျက်လုံးများကို မနေနိုင်အောင် မှိတ်မိသည်။
အကြီးအကဲ လီဆန်ယာ သည် ပြိုင်ကားများကို အမြဲလိုလို စိတ်ဝင်စားမှုရှိခဲ့သည်၊ ထို့ကြောင့် ၎င်းက သူမ၏ ပုဂ္ဂိုလ်ရေး ဦးစားပေးလို့ ပြောတာ မှန်ပါ၏၊ သို့ပေမယ့် သူမဟာ သူ့မျိုးနွယ်စုတွေအတွက် စံနမူနာပြနေတယ်လို့ ပြောေနခြင်းက.....ဒါက သူ့အကျိုးစီးပွားကို သူ့လူတွေအတွက် လုပ်နေတယ်လို့ ဟန်ဆောင်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား?
သို့သော် စန်ဒီ နှင့် အကြီးအကဲ လီဆန်ယာ တို့၏ သဘောထားအရ၊ အနည်းဆုံး လရိပ်မျိုးနွယ်စု သည် လူ့အသိုင်းအဝိုင်းတွင် ပေါင်းစည်းရန် အဆင်သင့်မဖြစ်သေးကြောင်း ရှုယီသိလိုက်သည်။
လရိပ်မျိုးနွယ်စုသည် သူသိသည့် မျိုးနွယ်စု သုံးခုတွင် အများဆုံး လူသားများနှင့် အပြန်အလှန် ဆက်ဆံသော နတ်သူငယ် မျိုးနွယ်ဖြစ်သည်။
အကယ်၍ ၎င်းသည် ညတေးသံမျိုးနွယ်စု သို့မဟုတ် အဇ်ရှာရာမျိုးနွယ် ဖြစ်ပါက၊ ဤမေးခွန်းကို မေးရန်မလိုအပ်ပါချေ။
ထိုသို့တွေးပြီး ရှုယီ ရပ်နားရဆီသွား၌ အပြေးသမားတစ်ယောက်စီက ပြင်ဆင်မှုတွေလုပ်နေတာကို ကြည့်လိုက်သည်။
ဤသည်မှာ ဘန်တာမြို့တွင် မှော်ဆလွန်း ပြိုင်ပွဲများကို တတိယနှစ်မြောက်ကျင်းပနေခြင်းဖြစ်သည်။
မင်းသားဖရန့်ခ်သည် ယမန်နှစ်တွင် ပါဝင်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်တစ်ဦးကို ရုတ်တရက်စေလွှတ်ခဲ့ခြင်းကြောင့် ပွဲကန့်သတ်ခံရပြီး ပရိသတ်မရှိခဲ့ပေ။ ယခုနှစ် Frestech ကုန်သည်ကြီးများအသင်း ကြော်ငြာပြီးနောက်၊ ဘန်တာမြို့ေတာ် မျိုးရိုးမြင့်လူငယ်များကြားတွင် လျှို့ဝှက်ကြော်ငြာများအပြင် လူအများအပြား လာရောက်ကြည့်ရှုခဲ့ကြသည်။
ဒါ့အပြင် မှော်ဆလွန်းပြိုင်ပွဲအပြင် ပြိုင်ကားသမားတွေဟာ သမိုင်းစာအုပ်တွေထဲ ဝင်ရောက်ဖို့ရန် ထိုက်တန်ပါ၏။
ဥပမာအားဖြင့်၊ ဤနေရာတွင် အခြားပြိုင်ကားမောင်းသူအများအပြားရှိခဲ့သည်။ သားရဲမောင်းသူများအပြင် နတ်သူငယ်မျိုးနွယ်မှ အကြီးအကဲတစ်ဦးပင် ရှိသေးသည်။
လူသားပါဝင်သူများထဲတွင် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာလည်း ပါဝင်နေပါသည်။
ထိုယာဉ်မောင်းတွေနှင့်တင် လူမရေမတွက်နိုင်အောင် ဆွဲဆောင်နိုင်လောက်နေပြီဖြစ်၏။
ထို့ကြောင့် ဒီနေ့ပြိုင်ပွဲ ရပ်နားရာက လူတွေနှင့် ပြည့်နေပြီပင်။
ရှုယီတွင်သာ သူ့ကိုယ်ပိုင် သီးသန့်ကြည့်ရှုစရာနေရာမရှိလျှင်၊ လူအုပ်ကြားထဲ နေရာတစ်ခုကို ရှာတွေ့နိုင်မှာ မဟုတ်ပါချေ။
သူထိုင်ပြီး သိပ်မကြာခင်မှာပဲ သူ့နောက်က တုန်လှုပ်ခါသွားခဲ့သည်။
ရှုယီသည် ဘန်တာမြို့၏ မြို့စားကောင့်ထ် ဝီလ်ကို သူ့လက်အောက်ငယ်သားများနှင့်အတူ လိုက်လာနေသည်ကို တွေ့လိုက်ရသည်။
ရှုယီက သူ့လက်ကို ဝှေ့ယမ်းနှုတ်ဆက်ရာ ကောင့်ထ်ဝီလ်၏အမူအရာသည် အလွန်လေးနက်ပြီး အံ့သြသွားမိသည်။
"ဥက္ကဌ ရှု တကယ်ပဲ ဒီမှာ ရှိနေတာလား။" ကောင့်ထ်ဝီလ်က ရှုယီကို နောက်သို့ ညွှန်ပြပြီး ခေါင်းညိတ်ပြလာ၏။
ရှုယီလည်း နားလည်သဘောပေါက်ပြီး ကွင်းအတွင်း မှသီးသန့်ခန်းတစ်ခုသို့ ဝင်ရန် ထရပ်လိုက်သည်။
တံခါးပိတ်သွားသောအခါ၊ ရှုယီသည် ကောင့်ထ်ဝီလ်၏ နက်နဲသောအကြည့်ကိုကြည့်၍ ရှုပ်ထွေးသောလေသံဖြင့် မေးလိုက်သည်။ "ဘာများလဲ? အရှင်ရေ၊ တစ်ခုခုဖြစ်လို့လား"
ကောင့်ထ်ဝီလ်က သူ့လက်အောက်ငယ်သားတွေကို အခန်းထဲက ထွက်သွား၍ တံခါးပိတ်ခိုင်းပြီး ရှုယီရှေ့ရှိ စားပွဲပေါ်သို့ စာရွက်စာတမ်းများ တင်ပေးလာသည် "ဥက္ကဌရှု၊ ဒီအတွက် ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခု ပေးပါ။"
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၁၀၉။ ကောင့်ထ်ဝီလ်၏ ရပ်တည်မှု
ရှုယီမှာ အနည်းငယ်ရှုပ်ထွေးရင်း ကောင့်ထ်ဝီလ်ကို ကြည့်လိုက်သည်။
သူ့အား အမြဲဖော်ရွေနေခဲ့သည့် ကောင့်ထ်ဝီလ်မှာ ဤမျှ အေးစက်သွားပြီး ရှင်းလင်းချက်ပေးရန်ပင် လောလာသည်အထိ မည်သည့်အရာများဖြစ်ပွားခဲ့သနည်း?
စာရွက်စာတမ်းများကို ယူလိုက်သော် ရှုယီမှာ ၎င်းက လမ်ပူရီတိုင်းပြည်၏ တော်ဝင်စစ်တပ်ထောက်လှမ်းရေးဌာနမှ တင်ပြချက်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
အကြောင်းအရာတွေက မရှုပ်ထွေးပါဘူး။ စခ်တိုင်းပြည်၏မြို့တော် နော်ဒမ်မြို့တော် အနီးရှိ လျှို့ဝှက်နေရာတစ်ခုတွင် မှော်ထပ်ဆင့်လေးများ ကိုင်ဆောင်ထားသည့် တပ်ရင်းတစ်ရင်းရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒီဇိုင်းကို အခြေခံကြည့်လျှင် ၎င်းတို့သည် Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်သော အမျိုးအစားများနှင့် အတိအကျတူညီ၏။
ထို့အပြင်၊ စခ်တိုင်းပြည်၏တော်ဝင်စစ်တပ်မှအချက်အလက်များအရ၊ ၎င်းတို့သည် ပိုမိုသတိရှိရန် လိုအပ်သည့် မှော်အမြောက်များနှင့် အခြားစစ်တပ်မှော်စက်များကို တီထွင်ထုတ်လုပ်လျက်ရှိသည်။
ဤစာတမ်းကို ဖတ်ပြီးနောက်၊ ရှုယီသည် ကောင့်ထ် ဝီလ်ကို မမေးမီ အနည်းငယ် နှုတ်ဆိတ်နေခဲ့ပြီး "အရှင် ကောင့်ထ်ကို ဘာရှင်းပြစရာလိုသေးလဲ"
ကောင့်ထ် ဝီလ်၏မျက်နှာ ပျက်သွားကာ မျက်မှောင်ကုပ်လာသည်။
"ဥက္ကဌ ရှု ခင်ဗျားသရုပ်ဆောင်နေတာလား။ ခင်ဗျားတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းကပဲ စစ်ဘက်မှော်စက်များကို တီထွင်နိုင်ပေမယ့် စခ်တိုင်းပြည်မှာ စစ်ဘက်သုံးမှော်စက်တွေ တပ်ဆင်ထားတာလေ။ ဒါ့အပြင် မှော်အမြောက်တွေနဲ့ တခြား စစ်ဘက်ဆိုင်ရာ မှော်စက်တွေကိုပါ တီထွင်ထုတ်လုပ်ထားကြတာ။ ဒါက ခင်ဗျားရဲ့လုပ်ငန်းစုနဲ့ ဆိုင်နေတယ်”
ရှုယီက ရယ်မောကာ "အရှင် ဒီမေးခွန်းကို ဘယ်လိုသုံးသပ်မှုကနေ မေးနေတာလဲ"
ကောင့်ထ်ဝီလ်သည် ဒေါသအနည်းငယ်ထွက်၍ အံ့အားသင့်သွားကာ ပြောလာသည် "ဥက္ကဌ ရှု၊ ဒါက ဘာကိုဆိုလိုတာလဲ။ စခ်တိုင်းပြည်က ကျုပ်တို့ လမ်ပူရီတိုင်းပြည်ရဲ့ ရန်သူဖြစ်ပြီး ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ရန်သူလည်းဖြစ်။ အခု ဒီပြဿနာကြီးရှိနေပြီဆိုတော့ ခင်ဗျားကို ရှင်းပြဖို့ တောင်းဆိုတာက ပြဿနာပဲလား။"
ရှုယီက ခေါင်းမယမ်းခင် ပြုံးပြုံးလေးဖြင့် သူ့ကိုကြည့်ကာ "အရှင် တစ်ခုတော့နားလည်မယ်လို့ ကျုပ်မျှော်လင့်တယ်။ Frestech ကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းဖြစ်ပြီး လမ်ပူရီတိုင်းပြည်က လမ်ပူရီတိုင်းပြည်ပါပဲ။ ကျုပ်တို့ကြားမှာ ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုတွေရထားပြီး လမ်ပူရီတိုင်းပြည်ကို ဆက်လက်ပံ့ပိုးပေးရတဲ့အတွက် ဝမ်းမြောက်မိပေမယ့်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်နဲ့ အမြဲရှိနေမယ်လို့တော့ မဆိုလိုဘူးလေ။ လမ်ပူရီတိုင်းပြည်က ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းလိုတဲ့ ဆန္ဒကို လိုက်နာမယ်လို့လည်း မဆိုလိုပါဘူး။”
ရှုယီ၏ စကားလုံးများသည် ဤမျှပြင်းထန်မည်ဟု ကောင့်ထ်ဝီလ်က ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ရာ တုန်လှုပ်သွားမိသည်။ သူက ရှုယီကို မျက်လုံးပြူး၍ ခဏကြာအောင်ကြည့်ကာ ခဏအကြာတွင် မယုံကြည်နိုင်ဟန်ဖြင့် ပြောလာသည်“ဥက္ကဌရှု ခင်ဗျား..."
"ခင်ဗျား ကျုပ်ကို ဒီလိုမေးနေတော့မှာပဲလား" ရှုယီ၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးစက်သွားကာ သူ့အမူအရာ ပျက်သွားပြီး "အရှင်၊ ကျုပ်တို့မှာ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်၊ ဒါပေမယ့် အခု အတည်မပြုရသေးတဲ့ ဒီအချက်အလက်ကို လက်ခံရရှိပြီး ကျုပ်ကို မေးခွန်းထုတ်ဖို့ ဒီကိုလာခဲ့တာက ကျုပ်ကိုမယုံဘူးဆိုတဲ့ သဘောထားကို ပြသလိုက်တာနဲ့အတူတူပဲမို့ ကျုပ်အရမ်းစိတ်ပျက်မိတယ်။ ဒါက ခင်ဗျားရဲ့ ကိုယ်ပိုင်သီးသန့်အပြုအမူတစ်ခုဆိုရင် ဒါကိုလက်ခံနိုင်သေးပေမယ့် ကျုပ်ကိုမေးခွန်းထုတ်ဖို့ ဘုရင်မကြီးကိုယ်တိုင် ဆန္ဒရှိနေတာဆိုရင်တော့ အရမ်းစိတ်ပျက်မိတယ်လို့ပဲပြောနိုင်တယ်။"
"မင်း....." ကောင့်ထ်ဝီလ်က မျက်မှောင်ကျုံ့ကာ ဒေါသထွက်ချင်ပေမယ့် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူ့အမူအရာ ပြောင်းသွားသည်။
ရှုယီထံ သူ၏ ထိတ်လန့်သောအကြည့်ကို မပြမီ သူ့မျက်နှာပေါ်ရှိ အမူအရာက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားသည်ကို ကြည့်လိုက်သည်။ သူဟာ အခန်းထဲက မထွက်ခင်မှာ နှာမှုတ်လျက် စာရွက်ကို စားပွဲပေါ် ပစ်ချခဲ့လေသည်။
သူ၏ကိုယ်ပိုင် ကြည့်ရှုရာဆီသို့ ပြန်လာချိန်တွင် ပြိုင်ပွဲစတင်တော့မည်ကို တွေ့ရှိရသည်။ ရှုယီသည် သူ့နေရာတွင် ပေါ့ပေါ့ပါးပါး ထိုင်ကာ ပြိုင်ပွဲစတင်မည့်အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေ၏။
ခဏအကြာတွင် သူ့နောက်မှ လူတစ်ဦးက တဟုန်ထိုး ပြေးကာရောက်လာသည်။
"ရှု......ဥက္ကဌ ရှု......"
ရှုယီသည် ရှုပ်ထွေးသောအကြည့်ဖြင့် သူ့ဘေးနားရှိ ထိုင်ခုံကို ညွှန်ပြ၍ ကောင့်ထ် ဝီလ်ကိုကြည့်လိုက်သည်။
“ထိုင်ပြီး ပြောပါ။”
ကောင့်ထ်ဝီလ်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီး ခေါင်းညိတ်ကာ ထိုင်လိုက်သည်။
ဘန်တာမြို့မှ အခြားအရေးကြီးသောလူများစွာကို ဤပြိုင်ပွဲကိုကြည့်ရှုရန်ဖိတ်ကြားခဲ့သည်၊ သို့သော် ကောင့်ထ်ဝီလ် ထိုင်ပြီးနောက်တွင်သူ၏လက်အောက်ငယ်သားများအား အခြားသူများကိုသူတို့နှစ်ဦးနှင့်ဝေးရာသို့ရွှေ့ရန်တောင်းဆိုခဲ့သည်။
ရုတ်တရက်၊ သူတို့နှစ်ယောက်နှင့် အခြားလူများကြားတွင် ဆယ်မီတာအကွာအဝေးတစ်ခုကို ဖန်တီးလိုက်သည်။
ဆူညံသော ဤနေရာတွင် အခြားသူတို့၏ စကားသံကို ကြားရမည်အား စိုးရိမ်စရာ မလိုပါ။
ကောင့်ထ်ဝီလ်သည် မသေချာသေးသော်လည်း ရှုယီ ၏အမူအရာကိုမြင်ပြီးနောက် သူဘာမှပြန်မပြောတော့ပေ။
အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် သူသည် လည်ချောင်းကို ရှင်းထုတ်ကာ အသံတိုးတိုးဖြင့် ပြောသည် ။ "ဥက္ကဌ ရှု၊ ကျုပ်ရဲ့ သဘောထားအတွက် အခုပဲ တောင်းပန်ရမယ်။ ဒါ့ထက်၊ အဲဒါက ကျုပ်ရဲ့ ကိုယ်ပိုင် အပြုအမူတစ်ခုပါ၊ ဘုရင်မကြီးက ဒီအကြောင်းကို ဘာမှ မသိကြောင်း ရှင်းပြချင်ပါတယ်။"
"အိုး? ဟုတ်လား? ဒါဆို ဒီစာရွက်စာတမ်းက ခင်ဗျားလက်ထဲ ဘယ်လိုရောက်လာတာလဲ။” ရှုယီခပ်တိုးတိုးမေးလိုက်သည်။
ရှုယီမှာ အပြုံးမရှိတာကိုတွေ့လိုက်ရတော့ ကောင့်ထ် ဝီလ်က မနေနိုင်စွာ သူ့နဖူးကို ခပ်မြန်မြန်သပ်လိုက်သည်၊ “ဥက္ကဌ ရှု ၊ ဘန်တာမြို့မှာ စစ်ဘက်သုံးမှော်စက် သုတေသနဌာန ရှိတယ်ဆိုတာ သိလောက်မှာပါ။ ဒါကြောင့် ဘာမှ မမှားဘူးဆိုတာ သေချာစေဖို့ စစ်တပ်ဌာနချုပ်က ကျုပ်ဆီကို ဒီအစီရင်ခံစာ ပေးခဲ့တာ။ ကျုပ်လည်း ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းကို အပြစ်တင်ခဲ့တော့ ဥက္ကဌရှု ကျုပ်ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"
ရှုယီက ကတိမပေးဘဲ ခေါင်းညိတ်ပြလိုက်သည်။
ကောင့်ထ်ဝီလ်၏ ကြီးမားသော သဘောထား ပြောင်းလဲမှုကြောင့် သူ အံ့အားသင့်ခြင်းမရှိပေ။
ကောင့်ထ်ဝီလ်သည် အရူးတစ်ယောက်မဟုတ်သရွေ့ လက်ရှိ လမ်ပူရီတိုင်းပြည်အတွက်၊ Frestech ကုန်သည်ကြီးများအသင်းသည် မရှိမဖြစ်၊ အလွန်အရေးကြီးပြီး အဆုံးအဖြတ်ပေးသော မိတ်ဖက်အဖြစ် ယူဆနိုင်သည်ကို သိပေမည်။
လမ်ပူရီတိုင်းပြည်၏ အင်အားကို Frestech ကုန်သည်ကြီးများအသင်းမှ ထိန်းချုပ်ထားသည်ဟုဆိုသည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ပါ။
ဤအခြေအနေတွင် ကောင့်ထ်ဝီလ်အလိုအပ်ဆုံးအရာမှာ ရှုယီကို ကောင်းစွာအနိုင်ပေးပြီး သူ့ကိုမစော်ကားမိစေရန် အကောင်းဆုံးကြိုးစားခြင်းဖြစ်သည်။
ရှုယီကို ဤကဲ့သို့စွပ်စွဲခြင်းဖြင့် ရှုယီ အမှန်တကယ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပါက Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်အကြား ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေမည်ဖြစ်ပါသည်။ ကောင့်ထ် ဝီလ်သည် လမ်ပူရီတိုင်းပြည် ၏ရာဇ၀တ်ကောင်ဖြစ်လာနိုင်သည်။
ဆယ်ဗီနီသည် ကောင့်ထ်ဝီလ်၏ သဘောထားနှင့် မေးခွန်းထုတ်ခြင်းနှင့် မသက်ဆိုင်ကြောင်း ရှုယီ က ယုံကြည်ပါ၏။သူနှင့် ဆယ်ဗီနီ ၏ ဆက်ဆံရေးအရ ဖြစ်ဖြစ်၊ ဆယ်ဗီနီ အပေါ် သိနားလည်မှုကြောင့်ပဲ ဖြစ်ဖြစ်၊ သူမ တစ်ခုခု လုပ်မှာ မဟုတ်သည်ကို သူသိသည်။
ယင်းအစား ကောင့်ထ်ဝီလ်၏တုံ့ပြန်မှုသည် ပြင်းထန်လွန်းသဖြင့် လူများက ၎င်းကို အနည်းငယ်ထူးဆန်းသည်ဟု တွေ့ရှိခဲ့သည်။
ရှုယီမှာ တစ်ခုမှ ဟမလာသော်လည်း ကောင့်ထ် ဝီလ်မှာ မိမိအပေါ်၌ ပြင်းထန်သောဖိအားကို ခံစားနေရသည်။
သို့သော် ၎င်းကို စတင်ခဲ့သူအနေဖြင့် ဒီအခြေအနေကို ကယ်တင်ဖို့ နည်းလမ်းကို စဉ်းစားရမှာဖြစ်ပြီး သူ့စိတ်ထဲမှာ မေးခွန်းတွေကို ရှင်းရှင်းလင်းလင်း သိထားရပေမည်။ သေသေချာချာ စဉ်းစားပြီးမှ သူက သေသေချာချာ မေးလာ၏၊ “ဒါဆို ဥက္ကဌ ရှု၊ ဒီအစီရင်ခံစာပါ ကိစ္စက ဘာဖြစ်နိုင်မလဲ"
ရှုယီတိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ပြန်မဖြေခင် စဉ်းစားဟန်ဆောင်ကာ ပြော၏၊ “မှော်ထပ်ဆင့်လေးက သိပ်မခက်တဲ့အတွက် ရလောက်တယ်။ ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်ရဲ့ မြောက်ပိုင်းစစ်တပ်နဲ့ အကြိမ်ကြိမ် တိုက်ခိုက်ပြီး ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရတော့ ဒီအရာနဲ့ ပတ်သက်ပြီးသူတို့ရဲ့ ကိုယ်ပိုင် သုတေသနကို စတင်နေတာ ဖြစ်လောက်နဲ့။ တူညီတဲ့ပုံစံရှိတဲ့ မှော်ထပ်ဆင့်လေးပြုလုပ်ဖို့ရ အဲ့လောက်မခက်ဘူး။"
"ဒါပေမယ့် မှော်အမြောက် နဲ့ တခြား စစ်ဘက်ဆိုင်ရာ မှော်စက်တွေအကြောင်းကိုလည်း သုတေသနပြုထားကြတာလေ......"
"သုတေသနတွေရှိမှာပါ။ အဲဒါက စခ်တိုင်းပြည်တစ်ခုတည်းမဟုတ်ဘူး၊ ရူဒ်ဆန်တိုင်းပြည်မှာလည်း ဒါကို သုတေသနလုပ်နေတာ ရှိလောက်တယ်လို့ ကျုပ်ယုံကြည်တယ်။ မီရန်ဒိုနယ်မြေနဲ့ ဒရိတ်ခ်နယ်မြေတွေမှာတောင် လျှို့ဝှက်သုတေသနပြုလုပ်နေလောက်တယ်။ ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်အတွက်..... တိုးတက်မှုက သူတို့တိုင်းပြည်တွေထက် မညံ့သင့်ဘူး။"
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျုပ်တို့ရဲ့ လမ်ပူရီတိုင်းပြည်က စစ်တပ်မှော်စက်နည်းပညာနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့ သုတေသနအချို့ကို လုပ်ခဲ့တယ်။ ကျုပ်တို့အနေနဲ့က မှော်အမြောက်တွေနဲ့ တခြား ရှုပ်ထွေးပွေလီတဲ့ စစ်ဘက်ဆိုင်ရာ မှော်စက်တွေကို ကျုပ်တို့ကိုယ်တိုင် တီထွင်နိုင်ဖို့ ဝေးနေသေးတယ်။” ၎င်းကို ကောင့်ထ်ဝီလ်က ငြင်းရင်း လက်များ ဝှေ့ယမ်းလာသည်။
ရှုယီက ငြင်းခုံရန် ပျင်းလွန်းသဖြင့် ပြုံးပြကာ “ခင်ဗျားတို့ သေချာပေါက် သုတေသန လုပ်ထားပေမယ့် ဘာမှ တိုးတက်မလာသေးဘူး။ ဒါကို ဖွံ့ဖြိုးအောင် လုပ်နိုင်ရင် တော့ လုံးဝကို ကွဲပြားတဲ့ ကိစ္စဖြစ်သွားပြီ။ ဒါကြောင့် စခ်တိုင်းပြည်က သုတေသနလုပ်နေတယ်လို့ ကျုပ်ယုံကြည်ပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ တိုးတက်မှုအတွက် အခုလောလောဆယ် အရမ်းစိုးရိမ်မနေသင့်ဘူးလို့ ကျုပ်ထင်တယ်။”
"ဒါ......" ကောင့်ထ်ဝီလ်သည် ရှုယီကိုကြည့်၍ ပြောရန် တုံ့ဆိုင်းနေသည်။
ရှုယီက ခပ်ဖျော့ဖျော့ ပြုံးပြပြီး ခေါင်းယမ်းလိုက်ကာ “ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကျုပ်တို့ရဲ့သဘောဆန္ဒအလျောက် တခြားသူကို စစ်ဘက်သုံးမှော်စက်နည်းပညာကို ပေးဆောင်ဖို့ မဖြစ်နိုင်ဘူး။ ခင်ဗျားတို့ရဲ့ လမ်ပူရီတိုင်းပြည်ကိုတောင် ခွင့်မပြုထားဘူး၊ ဒါကြောင့် စခ်တိုင်းပြည်ကိုဆို ပြောဖို့ မလိုပါဘူး။"
ကောင့်ထ်ဝီလ်ချက်ချင်း သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတော့ သူက ပြုံးပြပြီး ခေါင်းညိတ်ကာ "ဥက္ကဌ ရှု ခင်ဗျားအနေနဲ့ ကျုပ်တို့ကို ခင်ဗျားရဲ့အကောင်းဆုံးလုပ်ဖော်ကိုင်ဖက်အဖြစ် ဆက်ဆံလိမ့်မယ်လို့ ယုံကြည်ပါတယ်"
"ဟုတ်တယ်။" ရှုယီက ဆက်လက်၍ အပြုံးမပျက် ခေါင်းညိတ်လိုက်ကာ "ပူးပေါင်းဆောင်ရွက်မှုအကြောင်းပြောရရင် ကျုပ် ခင်ဗျားကို ပြောချင်တဲ့ ကိစ္စတစ်ခုရှိတယ်။ ကျုပ်တို့ရဲ့ လုပ်ငန်းစုက ဘန်တာမြို့မှာ ချည်မျှင်စက် စက်ရုံအသစ်ဖွင့်လှစ်ဖို့ စီစဉ်နေတာလေ။ ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုပုံစံအရဆို၊ ဒီပူးပေါင်းဆောင်ရွက်မှုအတွက် သင့်လျော်သူတစ်ဦးကို ကျုပ်တို့ရှာဖွေဖို့ လိုအပ်တယ်။ ဘယ်လိုလဲ? လိုလားတဲ့လူ ရှိရဲ့လား။”
"ပြဿနာမရှိဘူး! ဟုတ်တယ် ပြဿနာမရှိဘူး!" ကောင့်ထ်ဝီလ်သည် ချက်ချင်းပင် စိတ်အားထက်သန်လာကာ စဉ်းစားပြီးမှ မေး၏ ။ "ဥက္ကဌ ရှု၊ ဘန်တာမြို့မှာရှိတဲ့ စက်ရုံသုံးရုံမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုတာက Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့မှာ ထုတ်လုပ်တဲ့ မှော်စက်စက်ရုံကို တည်ဆောက်မယ်လို့ ဆိုလိုတာလား။"
ရှုယီက ခေါင်းညိတ်ပြပြီး " ဖြစ်နိုင်တယ်"
“ကောင်းလိုက်တာ!”
ကောင့်ထ်ဝီလ်စိတ်လှုပ်ရှားနေသည်မှာ အံ့သြစရာမဟုတ်ပေ။
Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်တို့ကြား ပူးပေါင်းဆောင်ရွက်မှုပုံစံအရ၊ နှစ်ဖက်စလုံးက စက်ရုံတစ်ရုံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ Frestech ကုန်သည်ကြီးများအသင်းဘက်ကတော့ နည်းပညာကို အဓိက တာဝန်ယူရမည်ပင်။
ထိုနည်းအားဖြင့်၊ လမ်ပူရီတိုင်းပြည်သည် ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဆက်စပ်နည်းပညာအချို့ကို ရရှိရန် အခွင့်အလမ်းကောင်းတစ်ခု ရရှိမည်ဖြစ်၏။
ယင်းမတိုင်မီက၊ လမ်ပူရီတိုင်းပြည်သည် ဤပူးပေါင်းဆောင်ရွက်မှုနည်းလမ်းမှ အိမ်သုံးမှော်စက်နည်းပညာနှင့်ပတ်သက်၍ အနည်းငယ်ရရှိခဲ့သည်။ ၎င်းသည် လမ်ပူရီတိုင်းပြည်၏ အိမ်သုံး မှော်စက်လုပ်ငန်းများလက်ထဲတွင် နည်းပညာအဆင့်ကို လျင်မြန်စွာနှင့် အလွန်တိုးတက်စေခဲ့၏။ လမ်ပူရီတိုင်းပြည်ရှိ မှော်စက်လုပ်ငန်းကို ကြီးစွာသောတိုးတက်မှုကို ခံစားခွင့်ပြုခဲ့သည်ပင်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း၊ ပတ်ဝန်းကျင်တိုင်းပြည်များတွင် ရောင်းချနေသည့် Frestech အမှတ်တံဆိပ် အိမ်သုံးမှော်စက်များအပြင် အခြားသော လမ်ပူရီတိုင်းပြည်အမှတ်တံဆိပ်များလည်း ရောင်းအားကောင်းခဲ့သည်။ ၎င်းသည် လမ်ပူရီတိုင်းပြည်အတွက် ငွေအနည်းငယ်ပိုရရှိစေခဲ့သည်။
ယခုအခါတွင် Frestech ကုန်သည်ကြီးများအသင်းသည် ဘန်တာမြိုတော်တွင် ထုတ်လုပ်မည့် မှော်စက်စက် စက်ရုံကို တည်ဆောက်ရန် စီစဉ်နေလေသည်။ ၎င်းက လမ်ပူရီတိုင်းပြည်အနေနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ ထုတ်လုပ်ရေးမှော်စက်နည်းပညာကို မကြာမီရရှိနိုင်မည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။
အကယ်၍ ဤအရာသည် လက်တွေ့ဖြစ်လာပါက၊ ၎င်းသည် လမ်ပူရီတိုင်းပြည်တော်တွင် နည်းပညာအဆင့်ကို တစ်ဖန်တိုးစေမည်ဖြစ်သည်။
ရှုယီထံမှ ဤကတိကို ရုတ်တရက်ရယူလိုက်ရာ ကောင့်ထ်ဝီလ်၏နှလုံးသားသည် သဘာဝအတိုင်း ရွှင်လန်းမှုအပြည့်ရှိနေသည်။
အစီရင်ခံစာမှ ရှုယီအပေါ် သူခံစားလိုက်ရသော ဒေါသနှင့် သံသယများသည် ချက်ချင်း ပျောက်ကွယ်သွားသည် ။
"ဥက္ကဌ ရှု၊ ကျုပ်တို့ရဲ့ လမ်ပူရီတိုင်းပြည်အတွက် ခင်ဗျားရဲ့ ကြီးမားတဲ့ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ပြီး ဒီကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ထာဝရထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။" ကောင့်ထ်ဝီလ်သည် လက်ကမ်းလာပြီး ရှုယီ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ စိတ်လှုပ်ရှားနေသည့်အကြည့်ဖြင့်ပြောသည် "အခုနက ကျုပ်ရဲ့ အမှားအတွက် ကျုပ် လေးလေးနက်နက်တောင်းပန်ချင်ပါတယ်၊ ဥက္ကဌရှု ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"
ရှုယီက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ မုန်လာဥနီနှင့် တုတ်ချောင်း၏ ဤနည်းလမ်းကို ခေတ်အဆက်ဆက် စမ်းသပ်ခဲ့ပြီး၊ အမျိုးမျိုးသော အခြေအနေများတွင် အသုံးပြုနိုင်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 5, အခန်း ၁၁၀။ ကြော်ငြာတစ်ခု ရိုက်ကြစို့
ဤနှစ် မှော်ဆလွန်းပြိုင်ပွဲမှာ လူပေါင်းများစွာ၏ အာရုံကို ဖမ်းစားထားခဲ့သော်လည်း လူအများစုမှာ ကားများအပေါ် အာရုံစိုက်ခြင်းထက် ပြိုင်ပွဲဝင်များကို ပို၍ အာရုံစိုက်နေကြသည်။
ပြိုင်ပွဲစတင်ချိန်၌ သတင်းထောက်အားလုံးမှာ မှော်ဆလွန်းများအစား ယာဉ်မောင်းသူများကို သတင်းရေးနေကြသည်။
ရှုယီမှာ ၎င်းက သူ၏ ဤပြိုင်ပွဲကျင်းပသည့် လူများ၏ မှော်ဆလွန်းများအပေါ်အာရုံစိုက်ခြင်း ရည်ရွယ်ချက်နှင့် ဆန့်ကျင်နေသဖြင့် မကျေနပ်ပေ။
ပါဝင်သည့် ယာဉ်မောင်းများကလည်း မကျေနပ်။
သူတို့ဟာ ပြိုင်ကားတွေကို နှစ်သက်ကြပြီး ဒီပြိုင်ပွဲမှာ သူတို့ရဲ့ စွမ်းရည်တွေကို ပြသချင်တာကြောင့် ဒီပြိုင်ပွဲမှာ ပါဝင်ခဲ့တာပင်။
သို့ပေမယ့် လူအများစုက ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာနှင့်အကြီးအကဲ လီဆန်းယာတို့လို အထူးလူများကို အာရုံစိုက်ခဲ့ကြပြီး သူတို့၏ အရည်အချင်းများကို လုံးဝ ဂရုမစိုက်ကြပါချေ။
အဘယ်ကြောင့်ဆိုသော် တစ်ခုမှာ၊ ၎င်းတို့သည် လူများကို ပို၍ဆွဲဆောင်မှုရှိသောကြောင့်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် မှော်ဆလွန်းများသည် လူကြိုက်များခြင်းမရှိသေးသောကြောင့်ဖြစ်သည်။ လူအများစုက မှော်ဆလွန်းအကြောင်း သိပ်မသိကြပါချေ၊ ထို့ကြောင့် သူတို့သည် ယာဉ်မောင်းကျွမ်းကျင်မှုအကြောင်း ဘာမှမသိသဖြင့် သူတို့ကို ဂရုမစိုက်နိုင်ပေ။
ဒီနှစ် မှော်ဆလွန်း ပြိုင်ပွဲပြီးပြီးချင်းမကြာခင်မှာပင် “ဘန်တာတိုင်းမ်စ်” မှာ အထူးထုတ်ဝေမှုအနေနှင့် “မှော်ကား အပတ်စဉ်ကို” ကို ရုတ်တရက် ထုတ်ပြန်ခဲ့ပါတယ်။
၎င်းသည် မှော်ကားများနှင့်ပတ်သက်သော အချက်အလက်များဖြင့် စုစုပေါင်း စာမျက်နှာ သုံးဆယ်ဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ထုတ်ဝေသည့် စာစောင်ဖြစ်သည်။
မှော်ကားများသည် မှော်ဆလွန်းများသာမကဘဲ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသည်တင် မှော်ကားစသည့်အမျိုးမျိုးလည်း ပါဝင်ပါသည်။
သို့သော်အစပိုင်းတွင်၊ ဤ «မှော်ကားအပတ်စဉ်» သည် မှော်ကားများနှင့်ပတ်သက်သော အခြေခံဗဟုသုတအချို့ကိုသာ မိတ်ဆက်ပေးခဲ့သည်။ ၎င်း၏ အဓိက ရည်ရွယ်ချက်မှာ မှော်ကားများ ဖြစ်သည်ကို ယေဘူယျ ပြည်သူများ နားလည်နိုင်စေရန် ဖြစ်သည်။
မှော်ဆလွန်းများကို မိတ်ဆက်ပေးသောအခါ၊ ဤ "မှော်ကားအပတ်စဉ်" သည် မှော်ဆလွန်းများကို ပထမဆုံးအကြိမ်အဖြစ် အသေးစိတ် ခွဲဝေပေးခဲ့၏။
အများသူငှာ အသုံးပြုသော မော်တော်ကားများကို အရပ်ဘက် မှော်ဆလွန်းများဟု ခေါ်ဝေါ်ကြပြီး ပြိုင်ကားသမားများသည် အရပ်ဘက် မှော်ဆလွန်းများထက် မြင့်မားသော အမြန်နှုန်းဖြင့် ဤပြိုင်ပွဲအတွက် အထူးစိတ်ကြိုက်ပြုလုပ်ထားသော အမျိုးအစားများ၊ သူတို့ကို မှော်ပြိုင်ကား ဟူသည့်ကားများကို သုံးကြသည်။
“မှော်ကားအပတ်စဉ်" ၏ပထမစာစောင်တွင်၊ လက်ရှိအရပ်သား မှော်ဆလွန်းနှင့် မှော်ပြိုင်ကားများသည် အလွန်ကွာခြားမှုမရှိဟုဖော်ပြထားသည်။ သို့သော် မှော်ကားနည်းပညာ တိုးတက်လာသည်နှင့်အမျှ အရပ်ဘက် မှော်ဆလွန်းနှင့် မှော်ပြိုင်ကား တို့သည် လုံးဝကွဲပြားသွားမည်ဖြစ်သည်။
မှော်ပြိုင်ကားများသည် ပြိုင်ပွဲများအတွက်သာ ၎င်းတို့၏ အမြန်နှုန်းကို မြှင့်တင်ပေးမည်ဖြစ်သည်။
အရပ်သား မှော်ဆလွန်းများသည် ၎င်းတို့ကို အသုံးပြုသော အရပ်သားများအတွက် ၎င်းတို့၏ သက်တောင့်သက်သာမှု တိုးပွားစေမည်ဖြစ်သည်။
"မှော်ကားအပတ်စဉ်" သည် Frestech ကုန်သည်ကြီးများအသင်းမှ မှော်ကား သို့ရောက်သောအခါတွင်ဤကွဲပြားသောလမ်းကြောင်းနှစ်ခုတွင်အလုပ်လုပ်နေပြီဟုဖော်ပြထားသည်။
အတွင်းအချက်အလက်များအရ ယခုနှစ်ကုန်တွင် Frestech ကုန်သည်ကြီးများအသင်းမှ မော်ဒယ်နှစ်မျိုးဖြင့် ခွဲထွက်မည့် မှော်ဆလွန်းမျိုးဆက်သစ်ကို ဖြန့်ချိတော့မည်ဖြစ်သည်။
တစ်မျိုးက သက်တောင့်သက်သာရှိမှုကို အာရုံစိုက်မည့် လူများအတွက်ဖြစ်ပြီး နောက်တစ်ခုကတော့ မြန်နှုန်းပိုလိုချင်တဲ့သူတွေအတွက် မြန်နှုန်းနဲ့ စွမ်းဆောင်ရည်ကို အာရုံစိုက်ထားပါ၏။
Frestech ကုန်သည်ကြီးများအသင်းမှ မှော်အင်ဂျင်ဖြင့် သုတေသနပြုမှုတွင် အောင်မြင်မှုများ ရရှိခဲ့သည်ဟု ဆိုပါသည်။ မှော်ကား၏အရှိန်သည် တစ်နာရီလျှင် ကီလိုမီတာ တစ်ရာ့ငါးဆယ်အထိ အရှိန်ပြင်းစွာ တိုးလာခဲ့သည်။
လူအများစုသည် နည်းပညာဆိုင်ရာ အသုံးအနှုန်းများကို နားမလည်သော်လည်း အရှိန်ရလာသောအခါတွင် နားလည်နိုင်သေးသည်။
တစ်နာရီ ကီလိုမီတာ တစ်ရာ့ငါးဆယ်။
ဤအရာသည် ကြီးကြီးကျယ်ကျယ် အယူအဆတစ်ခုဖြစ်သည်။
အကယ်၍ ၎င်းတို့သည် ဤအမြန်နှုန်းကို အမှန်တကယ်ရောက်ရှိနိုင်ခဲ့ပါက၊ ဘန်တာမြို့ မှ အန်ဗီးမာမြို့တော် သို့သွားရန် သုံးနာရီသာကြာမည်ဟု ဆိုလို၏။
၎င်းက အံ့သြစရာကောင်းလွန်းသည်။
“မှော်ကားအပတ်စဉ်" ၏ ပထမဆုံးထုတ်ဝေမှုမှာ အလွယ်တကူ ရောင်းထွက်သွားပြီး သုံးရက်အတွင်း အမှာစာ ခုနစ်သောင်း ရရှိခဲ့သည်။ ဘန်တာမြို့မှာရှိသည့် ပုံနှိပ်ဆိုင်အားလုံးမှာ အချိန်ပို နှစ်ရက်ကြာ အလုပ်ဆင်းခဲ့ရပြီး ထိုမှာယူမှုကို မဖြည့်ဆည်းပေးနိုင်သေးပါချေ။
“မှော်ကားအပတ်စဉ်” ၏ ဒုတိယမြောက် ထုတ်ဝေမှု ထွက်ပေါ်လာသောအခါတွင် ၎င်းသည် ပထမအကြိမ်ထက်ပင် ပိုမိုလျှင်မြန်စွာ ရောင်းချနိုင်ခဲ့သည်။
ထို့ကြောင့် “ဘန်တာတိုင်းမ်စ်” သည် ၎င်းတို့ကိုကူညီရန် အနီးပတ်ဝန်းကျင်မြို့များမှ ပုံနှိပ်ဆိုင်များကို ရှာဖွေရန်မှတပါး ရွေးချယ်စရာမရှိပေ။
“မှော်ကားအပတ်စဉ်”အား လျှင်မြန်စွာ ရောင်းချနိုင်ရသည့် အကြောင်းရင်းရှိပါ၏။
၎င်းသည် မှော်ကားများနှင့်ပတ်သက်သည့် ပထမဆုံးထုတ်ဝေမှုဖြစ်ပြီး မှော်ကားများ၏ အမျိုးမျိုးသောမိတ်ဆက်မှုများက ၎င်းတို့အပေါ် မရေမတွက်နိုင်သောလူများ၏ သိချင်စိတ်ကို ကျေနပ်စေသည်။
ပြင်ပက စေ့ဆော်မှုရှိသည့် လူတချို့အတွက်၊ ဤထုတ်ဝေမှုကနေ ၎င်းတို့အမြဲလိုချင်သည့် ဗဟုသုတတချို့ကို ရနိုင်သည်။
ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာနှင့် အကြီးအကဲ လီဆန်းယာ တို့က စိုးရိမ်နေကြသည် ။
" ဥက္ကဌ ရှု၊ ရှင် အရမ်းကြိုးစားပြီး တီထွင်ခဲ့တဲ့ နည်းပညာတွေ ပေါက်ကြားမှာကို စိတ်မပူဘူးလား" အကြီးအကဲလီဆန်းယာက စိတ်ရှုပ်သွားသည်၊ “အခု မှော်ကား တွေ ခေတ်စားလာတဲ့အတွက် သူတို့ရဲ့ ကိုယ်ပိုင် မှော်ကားတွေကို ထုတ်လုပ်ချင်တဲ့ လူသားလုပ်ငန်းစုတွေ အများကြီးရှိလာမယ်ဆိုတာ သေချာတယ်။ အခု "ဘန်တာတိုင်းမ်စ်ကနေ" မှ "မှော်ကားအပတ်စဉ်" ကို ထုတ်ဝေခွင့်ရပြီးပြီဆိုတော့ သူတို့ကို ရှင်ကူညီနေတာလား။"
"အေးဆေးပေါ့ အကြီးအကဲ လီဆန်းယာ၊ ကျုပ်မှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပါတယ်။ "မှော်ကားအပတ်စဉ်" မှာ အရာများစွာရှိနေပေမယ့်၊ လူတွေကို မှော်ကားတွေရဲ့ အခြေခံနားလည်မှုအချို့ရှိစေဖို့ပါပဲ။ သူတို့အနေနဲ့ မှော်ကားတွေကို အဲဒီထဲမှာပါတဲ့ အကြောင်းအရာတွေကနေ တီထွင်ချင်တယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး။” ရှုယီက ပြုံးလျက်ပြောသည် ။ “မှော်ကားတွေဖန်တီးဖို့ဆိုတာက အရမ်းရှုပ်ထွေးတဲ့အလုပ်ဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်း အတွက်တောင်မှ ပထမဆုံယကားကို တီထွင်ဖို့ နှစ်အတော်ကြာ အချိန်ယူခဲ့ရတာ။ မယုံရင် အဘိုးကို မေးကြည့်လို့ရတယ်။"
“အဲဒါကို ငါယုံပါတယ်။” ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ခေါင်းညိတ်ပြလာသော်လည်း တွန့်ချိုးထားသည့် မျက်ခုံးများကို လုံးဝမဖြေလျှော့ဘဲ "ဒါပေမယ့် ရှုယီ မင်းက ကိုယ့်ကိုကိုယ် ထိန်းသိမ်းဖို့ အရမ်းကြိုးစားခဲ့တဲ့ ဒီနည်းပညာကို ထုတ်ပြနေတုန်းပဲ၊ ဒါက မကောင်းသေးဘူး။ မှော်ကားတွေအတွက်က အဆင်ပြေပေမယ့် စစ်တပ်မှော်စက်တွေကို ပိုတင်းတင်းကျပ်ကျပ် လုပ်ထားသင့်တယ်မို့လား။ ဒီအရာတွေက အလွန်အရေးကြီးတော့ ပေါက်ကြားသွားရင် အတော်ကို ကိစ္စကြီးကုန်မှာ"
ရှုယ သည် အံ့သြသောအကြည့်ဖြင့် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာကိုကြည့်လာသည်။
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ပခုံးတွန့်ကာ "ပြိုင်ပွဲမှာ မင်းနဲ့ ကောင့်ထ်ဝီလ်ကြား တစ်ခုခု လွဲချော်နေတာကို ငါ သတိထားမိခဲ့တယ်၊ အဲဒါနဲ့ ငါ သူ့ကို မေးလိုက်သေးတယ်။"
ရှုယီ ပြောစရာမဲ့သွား၏။
သူနှင့် ကောင့်ထ်ဝီလ်စကားပြောနေချိန်က ပြိုင်ပွဲ၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး အပိုင်းနား၌ပင်။
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် ဤစိတ်လှုပ်ရှားဖွယ်ပြိုင်ပွဲအလယ်တွင် သူနှင့် ကောင့်ထ်ဝီလ်အကြား ထူးဆန်းသောလေထုကို သတိပြုမိနေသေးသည်၊ ၎င်းသည် အမှန်တကယ်ပင် တုံ့ပြန်ပြောဆိုစရာမရှိစေခဲ့ပေ။
“အင်း၊ တစ်ခုခု မမှန်တာကိုလည်း ငါတွေ့ခဲ့တယ်၊ ငါက လူသားတွေနဲ့ စကားပြောသိပ်မတတ်လို့ပေမယ့်လည်း တစ်ခုခုမူမမှန်တာကို တွေ့လိုက်ရတယ်။ ဘာပြဿနာလဲ မသိဘူး။” ဘေးဘက်ရှိ အကြီးအကဲ လီဆန်းယာကလည်း ပြောလာသည်
ရှုယီက စကားပြန်မပြောနိုင်တော့ချေ။
နှစ်ယောက်သားမှာ သန်မာလွန်းပုံရသည်။ တစ်နာရီ ကီလိုမီတာတစ်ရာကျော်သွားသော မှော်ဆလွန်းကို မောင်းခြင်းသည်ပင် သူတို့အတွက် စိန်ခေါ်မှုမဟုတ်ပေ၊ ပတ်ဝန်းကျင်ကိုပင် အာရုံစိုက်နိုင်ကြသည်။
ထို့အပြင်၊ အကြီးအကဲလီဆန်းယာသည် အံ့သြဖွယ်ကောင်းသော မျက်လုံးရှိသော နတ်သူငယ် ဖြစ်သောကြောင့် သူမသတိပြုမိသည်က အဆင်ပြေသေးသည်။ သို့ပေမယ့် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ၎င်းကို ဘယ်လိုမြင်သနည်း။
"အဲဒါက ဘာထူးဆန်းလို့လဲ။ ခေါင်းဆောင်မှော်ပညာရှင်တစ်ယောက်အနေနဲ့ အာကာသဟာ ငါ့အတွက် လုံးဝပြဿနာမရှိဘူး။” ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာက ရှင်းပြရင်း သူ့ကိုကြည့်လာ၏။
အရည်အချင်းရှိသူဖြစ်သော်ငြား ပထမတန်းမှော်ဆရာကြီး ရှုယီမှာ စကားမပြောနိုင်တော့ပေ။
"အန်.....စစ်တပ်မှော်စက်တွေရဲ့ပြဿနာကို စိတ်မပူပါနဲ့၊ အရာအားလုံးက ကျုပ်လက်ထဲမှာပဲ" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ပြန်ဖြေသည်။
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် ရှုယီကို သံသယဖြင့် ကြည့်သော်လည်း သူ ဆက်မမေးတော့ပေ။
အကြီးအကဲ လီဆန်းယာသည် ဤပြဿနာကို ဂရုစိုက်မှုနည်းသည်။ ယင်းအစား၊ သူမစိတ်ဝင်စားသောအရာမှာ Frestech ကုန်သည်ကြီးများအသင်းမှတီထွင်နေသော မှော်ကားအသစ်များဖြစ်သည်။
"ဘန်တာတိုင်းမ်စ်" ကို ပေးခဲ့သော ရှုယီ၏ အချက်အလက်တွင် နောက်ဆုံးပေါ် မှော်ဆလွန်းများသည် တစ်နာရီလျှင် ကီလိုမီတာ တစ်ရာ့ငါးဆယ်ထက် ပိုမြန်နိုင်ကြောင်း ထုတ်ဖော်ခဲ့သည်။ သို့သော် ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာနှင့်အကြီးအကဲ လီဆန်းယာတို့အားပေးခဲ့သောပုဂ္ဂလိကအချက်အလက်များအရ၊ သီအိုရီအလျောက် မှော်ဆလွန်းအသစ်များ၏အမြင့်ဆုံးအမြန်နှုန်းသည်တစ်နာရီကီလိုမီတာရာ့ခုနစ်ဆယ်သို့မဟုတ်ထိုထက်မကရှိနိုင်သည်။
သို့ပေမယ့် ဒီအရှိန်ကိုရောက်ဖို့ ယာဉ်မောင်းအတွက် လိုအပ်ချက်က အရမ်းများသည်ကြောင့် အန္တရာယ်များပါ၏။
ခေါင်းဆောင်မှော်ပညာရှင်ကမ်မီလာသည် ပါဝင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုထားပြီး အကြီးအကဲ လီဆန်းယာသည်လည်း အလွန်စိတ်ဝင်စားပါသည်။
ရှုယီနှင့် သူမပြောခဲ့သည့် ပြဿနာမှာ ပုံရိပ်ယောင်အစီအရင်နှင့် မှော်ကားအသစ်တွေကို စမ်းသပ်မှတ်တမ်းတင်ဖို့ပါပင်။
ရှုယီသည် ဤကိစ္စနှင့်ပတ်သက်၍ သံသယအချို့ရှိခဲ့သည်။
“အကြီးအကဲ လီဆန်ယာ၊ ခင်ဗျားက ဘာကြောင့် ဒါကို မှတ်တမ်းတင်ချင်တာလဲ။ ပြီးတော့၊ စမ်းသပ်ခြင်းလုပ်ငန်းစဉ်တွင် လျှို့ဝှက်ချက်များစွာရှိနေတော့ ကျုပ်တို့က ဒါကို မှတ်တမ်းတင်ပြီး ထုတ်ဖော်မည်ဆိုဂင် ကျွန်မတို့ လုပ်ငန်းစုအတွက် ကြီးမားသောအကျိုးဆက်များရှိလာမည်ဖြစ်သည်။”
" ဆန်းသစ်လအဖွဲ့မှာ မှာ ဆန်းသစ်လ ကုန်သည်ကြီးများအသင်းရဲ့ မှတ်တမ်းရုပ်ရှင်ကို တွေ့ခဲ့ရပြီး ကျွန်မတို့ နတ်သူငယ် တွေရဲ့ နေ့စဉ်ဘဝတွေကို အဇ်ရှာရာမျိုးနွယ်စုမှာ မှတ်တမ်းရုပ်ရှင်ရိုက်နေတုန်းပဲ၊ Frestech ကုန်သည်ကြီးများအသင်းက လူသားလုပ်သားတွေနဲ့အတူ အလုပ်လုပ်နေကြတဲ့ အဇ်ရှာရာမျိုးနွယ်စု နတ်သူငယ်တို့ကိုပါမြင်ခဲ့ရတော့။ ဒါနဲ့ အတွေးတစ်ခုရခဲ့တယ်......"
အကြီးအကဲလီဆန်းယာသည် တစ်ခုခုကြောင့် ချီတုံချတုံဖြစ်နေသကဲ့သို့ ခေတ္တရပ်လိုက်သည်။
“ဒါက အရမ်းကောင်းတဲ့ ကြော်ငြာမော်ဒယ်တစ်ခုလို့ ခံစားရတယ်။ အကယ်၍ ကျွန်မသာ နတ်သူငယ်တွေနဲ့ လူသားတွေ ပေါင်းစည်းနေတဲ့ မြင်ကွင်းကို လူသားတွေနဲ့ နတ်သူငယ် ပိုပြီးမြင်လာေအာင်လုပ်နိုင်ရင်၊ လူသားတွေက ကျွန်မတို့ နတ်သူငယ်တွေကို လက်ခံလာဖို့ ပိုလွယ်ကူစေပြီး နတ်သူငယ်တွေအနေနဲ့ ပေါင်းသင်းခြင်းကိုလည်း လက်ခံနိုင်စေမှာပဲ။
"အိုး?" ရှုယီသည် အကြီးအကဲ လီဆန်ယာကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
သူမ၏ မျိုးနွယ်စုများသည် အဆင်သင့်မဖြစ်သေးကြောင်း အကြီးအကဲ လီဆန်းယာက ပြောခဲ့ဖူးသည်။ ဒါပေမယ့် အခုတော့ သူ့အမြင်ကို ပြောင်းသွားပြီပင်။ သူမအနေနှင့် ၎င်း၏ကိုယ်ပိုင်အစပျိုးမှုဖြင့် အပြောင်းအလဲကို ရှာဖွေလိုသည်မှာ အမှန်တကယ်ပင် ဂုဏ်ပြုသင့်သည်ပင်။
“ဒါက ကောင်းတဲ့အကြံပါ၊ ဒါပေမယ့် ပြဿနာတစ်ခုရှိတယ်။ ဒီအရာတွေကို လူတွေမြင်အောင်လုပ်ဖို့က မခက်ပါဘူး၊ ဒါပေမယ့် နယ်မြေကြီးရဲ့ တခြား နတ်သူငယ်တွေဘယ်လိုမြင်အောင် လုပ်မလဲ။” ရှုယီက မေးသည်။
"ရှင်က လူသားတွေကို ဂရုစိုက် ကျွန်မက နတ်သူငယ်တွေကို စောင့်ရှောက်မယ်။" အကြီးအကဲ လီဆန်းယာ က “ဘယ်လိုလဲ။ ပြဿနာရှိနေတယ်လို့ မင်းထင်လား"
ရှုယီက ၎င်းကို စဉ်းစားပြီးနောက် ၎င်းက တော်တော်ကောင်းသည့် နည်းလမ်းလို့ ခံစားရသည်။
ထို့အပြင်၊ အကြီးအကဲ လီဆန်းယာ ထွက်လာရန် ဆန္ဒရှိသောကြောင့်၊ ၎င်းကို Frestech ကုန်သည်ကြီးများအသင်း၏ Magic Sedan အသစ်အတွက် ပရိုမိုးရှင်းရုပ်ရှင်အဖြစ် သတ်မှတ်နိုင်ပြီး ကောင်းသော ဇာတ်ဝင်ခန်းတစ်ခုဖြစ်မည်မှာ သေချာပါသည်။
အကြီးအကဲလီဆန်းယာသည် Frestechတံဆိပ်ကို လူ့မြို့တစ်မြို့လုံးအနှံ့ မောင်းနှင်နေသည့်အတွက် တွေးကြည့်ရာ ရှုယီ သည် စိတ်လှုပ်ရှားနေပုံမရပေ။
အငြိမ်းစားယူပြီးနောက် Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ ကိုယ်စားလှယ်အဖြစ် အသုံးပြုရန် ကြယ်တစ်ပွင့်ကို ဘယ်သောအခါမှ ရှာမတွေ့ခဲ့ပေ။
အခု အကြီးအကဲလီဆန်းယာ က ကမ်းလှမ်းနေတော့ ရှုယီဟာ ဒါက အရမ်းကောင်းတဲ့အကြံတစ်ခုလို့ ခံစားရမိသည်။