← Chapters

အခန်း (၁၁၁-၁၂၀)

Vol. 5 Ch. 111-120

အခန်း (၁၁၁-၁၂၀)

Vol. 5 Ch. 111-120

Vol 5, အခန်း ၁၁၁။ အခြားလောက

မှော်ဆလွန်းမှာ ရူဒ်ဆန်တိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့အကြား နယ်စပ်ကို ဖြတ်လာပြီး အိပ်မက်သစ်တောမှတဆင့် လမ်းမကို ဆင်းသွားသည်။ ရူဆဲလ်မှာ မိမိ၏ ဘေးပတ်လည်၌ အသားထူကာ ကောင်းကင်သို့ ထိုးထွက်နေသည့် သံတိုင်များနှယ် မြင့်သော အပင်များ မရေတွက်နိုင်အောင်ရှိကြောင်းတွေ့ရလေသည်။

ထိုစက်ဝိုင်းသံတိုင်များ၏ ထိပ်တွင် ဧရာမ ပုံရိပ်ယောင်တစ်ခုကို ထုတ်လွှတ်ပေးနေသော အပြာဖျော့ရောင်တစ်ခု လင်းလက်နေ၏။

၎င်းက ပုံရိပ်ယောင်တစ်ခုသာဖြစ်သော်လည်း အရောင်အသွေးနှင့် သရုပ်မှန် ကွာခြားခြင်းကြောင့် ၎င်းက အပြင်ဘက်နှင့် ခြားနားချက်ရှိပုံမရပေ။

ပုံရိပ်ယောင်၏ ပါဝင်သည့်အရာများနှင့် ပတ်သက်၍ ဝေးကွာနေလျှင်ပင် လှည့်စားမှု ကြီးမားသောကြောင့် ၎င်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သေးသည်။

ပထမတွင် လမ်းသွားလမ်းလာများနှင့် ပြည့်နှက်နေသော လမ်းတစ်လမ်းကို ပြသခဲ့ပြီး လမ်းတစ်လျှောက်လုံးမှာ မှော်ကားများ မောင်းနှင်နေသော လမ်းလေးခွဆုံ မီးပွိုင့်ကြောင့် မကြာခဏ ရပ်တန့်နေခဲ့ရသည်။

လမ်းမရှိ လူများကဲ့သို့ပင် နှစ်ဖက်လုံးရှိ ဈေးဆိုင်များတွင် အမျိုးမျိုးသော မှော်မီးအိမ်များ ရှိသည်။ လူသားများ၊ နတ်သူငယ်များ၊ သားရဲလူမျိုးများ၊ လူပုများနှင့် အခြားမျိုးနွယ်စုများက လှည့်ပတ်သွားလာနေပါ၏။

စတိုးဆိုင်များတွင် ရောင်းချသည့် ကုန်ပစ္စည်းမျိုးစုံအပြင် အိမ်သုံး မှော်စက်အမျိုးမျိုးလည်း ရှိသည်။ ဒီလမ်းမှာ စိုင်စ်နယ်မြေကြီး၏ တခြားမြို့များလိုပါပင်။

နှိုင်းရမည်ဆိုရင် ဤလမ်းက တခြားကမ္ဘာနှင့်တူသည်။

ထင်ယောင်ထင်မှားဖြစ်စေသော မြင်ကွင်းတွင် အပြောင်းအလဲတစ်ခု ရှိခဲ့သည်။ လမ်းတလျှောက် လမ်းလျှောက်နေတဲ့ နတ်သူငယ် ကောင်မလေးမှာ အာရုံစိုက်ပြီး သူမနှင့်အတူ လမ်းလျှောက်နေသည့် လူသားမိန်းကလေးနှင့် စကားပြောနေပါ၏။

သူ၏ အကြည့်ကို ခံစားနိုင်သလိုပဲ၊ မိန်းကလေးက ရုတ်တရက် ခေါင်း လှည့်လာပြီး လှပသည့် အပြုံးကို ထုတ်ဖော်ပြလာသည်။ သူမသည် သူမ၏လက်ထဲမှ မှော်မီးဖိုကို မြှောက်လိုက်ပြီး "Frestech တံဆိပ်မှော်မီးဖို့ မအစားအစာချက်ဖို့ ကူညီမယ့်သူလေ" ဟု ကြည်နူးဖွယ်အသံနှင့် ပြောလာသည်။

သူ့ဘေးနားရှိ မိန်းကလေးသည် လက်ထဲရှိ မှော်ထမင်းပေါင်းအိုးကို လှည့်ကာ "Frestech တံဆိပ်မှော်ထမင်းပေါင်းအိုးနဲ့ သုံးဆောင်ပါ" ဟု ပြုံးပြုံးလေး ပြောလာသည်။

ကောင်မလေးနှစ်ယောက်စလုံးက ထိုသို့ပြောပြီးနောက် ပြုံးပြကြသည်။ မတူကွဲပြားသော လူမျိုးစုနှစ်ခုမှ လှပသောမိန်းကလေးနှစ်ဦး ပေါင်းစည်းလာခြင်းကြောင့် အလှတရားနှင့် ငယ်ရွယ်မှုတို့ကို ပြည့်နှက်နေ၏။

အခင်းအကျင်း ပြောင်းသွားပြီး လက်တလောပြုပြင်နေသည့် ဆိုင်ပုံပေါ်လာသည်။

လူသားတစ်ဦးနှင့် သားရဲလူမျိုးတစ်ဦးသည် ပင်ပန်းနွမ်းနယ်လှသော အလုပ်ကြောင့် ချွေးပြန်ကာ ပူလောင်နေပုံရသည်။

ထိုမြင်ကွင်းကို အဓိကထားလိုက်သောအခါတွင် ဆိုင်ယူနီဖောင်း ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက မှော်ပန်ကာတစ်လုံးနှင့်အတူ ထွက်လာပြီး ၎င်းတို့နှစ်ဦးနှင့် မဝေးသောနေရာတွင် ထားရှိကာ ခလုတ်ကို ဖွင့်လိုက်သည်။

မှော်ပန်ကာဆီမှ ထွက်လာသော အေးမြသောလေနုအေးသည် သူတို့နှစ်ဦး၏အသွင်အပြင်ကို လန်းဆန်းသွားစေသည်။

သားရဲလူမျိုးအလုပ်သမားက ပြောလာသည် "Frestech တံဆိပ်မှော်ပန်ကာ ဒါက ကောင်းလှချည်လား!"

မြင်ကွင်းက ပြောင်းလဲသွားပြန်၏......

......

မြင်ကွင်းသည် ဆက်လက်ပြောင်းလဲနေပြီး ၎င်းသည် မည်သည့်မြင်ကွင်းပင်ဖြစ်ပါစေ Frestech အမှတ်တံဆိပ် အိမ်သုံးမှော်စက်များနှင့် ဆက်စပ်နေသည်။

ဤထင်ယောင်ထင်မှားများကိုမြင်ပြီးနောက်၊ Frestech တံဆိပ် အိမ်သုံး မှော်စက်များအကြောင်း ဘာမှမသိသောသူများပင်လျှင် ၎င်းကို နက်နဲစွာ စွဲမှတ်ပြီး နားလည်မှုအချို့ရှိကြလိမ့်မည်။

ရူဆဲလ် သည် Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံး မှော်စက်များကို အစပိုင်းတွင် ဂရုမစိုက်ခဲ့ဘဲ ဤမြင်ကွင်းများကို မြင်ပြီးနောက် မနေနိုင်အောင် အံ့အားသင့်သွားခဲ့ရသည်။

သို့သော် ၎င်းကို နှိုင်းယှဥ်ကြည့်လျှင် သူပို၍ ဂရုစိုက်သောအရာမှာ ပုံရိပ်ယောင်သာဖြစ်သည်။

“ဒီလောက်ကြီးတဲ့ ပုံရိပ်ယောင်ကြီးက ဘယ်လိုဖြစ်လာတာလဲ” မှော်ဆလွန်းမှာ ဆက်လက်‌ေရွ့လျားနေသဖြင့် နောက်ဆုံးတွင် အိပ်မက်တောအုပ်သို့ဝင်ရောက်ပြီး ပုံရိပ်ယောင်များ ပျောက်ကွယ်သွားသောအခါ ရူဆဲလ် က သူ့အနားရှိ သံတမန် ဟာကာနင်ကို မနေနိုင်ဘဲ မေးလာသည်။

“ဒါဟာ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်ပုံရိပ်ယောင် ပရိုဂျက်တာက ဖန်တီးထားတဲ့ ပုံရိပ်ယောင်ပါပဲ။ ဆာရ် ရူဆဲလ်၊ မြင်ခဲ့ရတာက အိမ်သုံး မှော်စက်တွေအတွက် သူတို့ရဲ့ နောက်ဆုံးကြော်ငြာပါ။ အိမ်သုံး မှော်စက်တွေအကြောင်း မသိတဲ့လူတွေအတွက် ဖန်တီးထားတာ။"

သံတမန် ဟာကာနင်သည် ဤနေရာကို မကြာခဏလာရောက်တတ်ပြီး Frestech ကုန်သည်ကြီးများအသင်း နှင့် ပူးပေါင်းထားရာ အိမ်သုံး မှော်စက်များအကြောင်း ရှင်းရှင်းလင်းလင်း သိရှိနားလည်သည်။

“မှော်ပုံရိပ်ယောင် ပရိုဂျက်တာ? ပုံရိပ်ယောင်တွေလား?" ရူဆဲလ်က ရေရွတ်လာသည် "ဒီအရာတွေက တကယ်ကို အံ့သြစရာကောင်းတယ်၊ Frestech ကုန်သည်ကြီးများအသင်းက ပြချင်တဲ့ အရာကို ရှင်းရှင်းလင်းလင်း ပုံရိပ်ယောင်ဖန်တီးထားတာပဲ။" သူက ခေတ္တရပ်ပြီးနောက် ဆိုလာသည်“အဲ့ပစ္စည်းကို ဝယ်လို့ရလား”

"အဲဒါကတော့ Frestech ကုန်သည်ကြီးများအသင်းက ဒီပစ္စည်းကို ဟိုးအရင်ကတည်းက စပြီးရောင်းချခဲ့တယ်၊ ဒါပေမယ့် အရမ်းဈေးကြီးပြီး ကြည့်စရာသိပ်မရှိတာကြောင့် ရောင်းအားကောင်းမယ့်ပုံမပေါ်ပါဘူး။" ထိုသို့ပြောပြီးနောက် သံတမန် ဟာကာနင်က ထူးဆန်းသည့်ဟန်ပေါ်လာကာ “ဒီအကြောင်းပြောရင် ဒါဟာ Frestech ကုန်သည်ကြီးများအသင်းရဲ့ တစ်ခုတည်းသော မအောင်မြင်တဲ့ ထုတ်ကုန်သစ်ဖြစ်လောက်မလား။ Frestech ကုန်သည်ကြီးများအသင်းက ဘယ်ထုတ်ကုန်ပဲဖြစ်ဖြစ်၊ အမြဲတမ်း ရောင်းထွက်နေကျလေ။"

"ဟုတ်လား?" ရူဆဲလ်သည် မနေနိုင်စွာ မျက်ခုံးပင့်လာ၏။

သံတမန် ဟာကာနင်ပြောခဲ့သည့်အတိုင်း အမှန်တကယ်ဖြစ်ခဲ့လျှင် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်အသစ်များအားလုံး ရောင်းကောင်းနေသည်မှာ အမှန်ပင် အံ့သြစရာကောင်းပါသည်။

သို့သော် ဤခရီးစဉ်အတွက် သူ့ကိုယ်ပိုင်အကြောင်းပြချက်ကို တွေးတောရင်း၊ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များမှာ လူတွေက မခံမရပ်နိုင်အောင် ဆွဲဆောင်မှုရှိတယ်လို့ ရူဆဲလ် က ဝန်ခံခဲ့မိသည်။

မဟုတ်ပါက၊ ကန်ဒရာအင်ပါယာမှ Frestech ကုန်သည်ကြီးများအသင်းနှင့် ညှိနှိုင်းရန် သူမည်ကဲ့သို့ ရောက်လာနိုင်မည်နည်း။

ရူဆဲလ် နှင့် သံတမန် ဟာကာနင်မောင်းနှင်လာသော မှော်ဆလွန်းသည် ဤချောမွေ့သောလမ်းကို ဖြတ်ကျော်ခဲ့ပြီး အိပ်မက်ငယ်တောအုပ်မှ မထွက်ခွာမီမှာပင် အချိန်အတော်ကြာယူခဲ့ရသည်။

နယ်‌ေမြကြီးပေါ်ရှိ အခြားမည်သည့်နေရာတွင် မမြင်နိုင်သော မြို့တစ်မြို့သည် လမ်းအဆုံး၌ ပေါ်လာသည်။

ဤမြို့ကို ဒုတိယအကြိမ်တွေ့ခြင်းဖြစ်သည်တောင်မှာမှ ရူဆဲလ်မှာ အံ့အားသင့်နေတုန်းပင်။

သူနောက်ဆုံးရောက်ခဲ့သည်မှာ တစ်နှစ်ပဲရှိသေးပေမယ့် ဤမြို့ငယ်လေးက အရမ်းပြောင်းလဲသွားပါ၏။

ပိုကြီးလာရုံသာမက၊ မြို့ငယ်လေးလို့ မခေါ်နိုင်တော့သည့် အနေအထားအထိ၊ ပိုမြင့်တဲ့ အဆောက်အဦး များစွာနှင့် ဖောက်လုပ်ထားသည့် လမ်းများလည်း ရှိနေသည်။

မရေမတွက်နိုင်သော မှော်ကားများသည် ထိုလမ်းများကိုဖြတ်၍ မြို့တွင်းသို့ဝင်၊ ထွက်ပြုနေသောကြောင့် ပို၍အသက်ဝင်သည်ဟု ထင်ရသည်။

မြို့ထဲသို့ ကားမောင်းဝင်လာပြီးသောအခါ မြို့သည် နယ်မြေကြီးရှိ အခြားမြို့များနှင့် ပို၍ပင် ကွဲပြားပုံပေါ်လာသည်။

ဥပမာအားဖြင့်၊ ဤမြို့၏လမ်းတိုင်းသည် တုနှိုင်းမရလောက်အောင် ကျယ်သည်။ အကျဉ်းဆုံးမှာ အနည်းဆုံး မီတာ နှစ်ဆယ် ရှိ၏။ လမ်းများနှင့်အပြိုင် လူသွားစင်္ကြံများမှာလည်း အလွန်သပ်ရပ်လှသည်။

ဥပမာအားဖြင့်၊ မြို့၏လမ်းတိုင်းတွင် မီတာငါးဆယ်တိုင်း၌ နတ်သူငယ်များ၏ပုံစံဖြင့် ပြည့်နှက်နေသည့် အစိမ်းရောင်ပလပ်စတစ်အမှိုက်ပုံးမများရှိ‌နေသည်။ ထြိ့ကြောင့် လမ်းသွားလမ်းလာများတွင် အမှိုက်ရှိပါက လွှင့်ပစ်နိုင်၏။

၎င်းက တခြားမြို့များ၏ လမ်းများကဲ့သို့ မရှုတ်ထွေးဘဲ လမ်းများကို ထူးထူးခြားခြား သန့်ရှင်းစေသည်။

ဥပမာအားဖြင့်၊ ဘေးနှစ်ဖက်ရှိလမ်းများမှ ဆိုင်ခန်းများနှင့်လမ်းများပေါ်ရှိ ကွဲပြားခြားနားသောလူမျိုးစုများပင်။ ၎င်းသည် ဤမြို့၏ အသက်ဝင်မှုကို ဖြည့်ဆည်းရန် အဝတ်အစား အမျိုးမျိုးနှင့် အမျိုးမျိုးသော ကုန်ပစ္စည်း များကလည်းရှိနေ၏။

ဥပမာအားဖြင့်......

......

ရူဆဲလ်သည် မှော်ဆလွန်းထဲမှ လှည့်ပတ်ကြည့်နေသည်။ ဤပုံစံကို လိုက်လျောညီထွေ မဖြစ်နိုင်ဘူးဟု ခံစားမိသော်လည်း ဤမြို့ဟာ အတွင်းအပြင်ကနေ ထိတ်လန့်စရာကောင်းသည့် ဆွဲဆောင်မှုများနှင့် ပြည့်နေကြောင်း ဝန်ခံရမည်။

ဤမြို့နှင့် ယှဉ်လျှင် နယ်မြေကြီးရှိ အခြားမြို့များ အားလုံးမှာ ခေတ်နောက်ပြန်ဆုတ်သွားပုံရသည်။

နယ်မြေကြီးပေါ်တွင် အချမ်းသာဆုံးမြို့အဖြစ် လူသိများသော ကန်ဒရာအင်ပါယာ၏မြို့တော် ဝင်မ်ဘယ်လ်ဒန်မြို့တော်သည်ပင် ဤမြို့နဲ့ ယှဉ်ရင် နည်းနည်းလေးတောင် အရောင်ဖျော့သွားသည်။

" Frestech ကုန်သည်ကြီးများအသင်းက တခြားကမ္ဘာမှ လုပ်ငန်းစုတစ်ခုနဲ့တူတယ်လို့ လူတွေပြောကြတာ အံ့သြစရာမဟုတ်ဘူးပဲ။ ဒီမြို့ကိုမြင်ရင် တခြားကမ္ဘာတစ်ခုရောက်နေသလို ခံစားရတယ်။” ရူဆဲလ် သည် ခံစားချက်အပြည့်ဖြင့် ဆိုလာ၏။

"ဟုတ်လား?" သံတမန် ဟာကာနင်က ရူဆဲလ် ကို တအံ့တသြကြည့်ကာ ပခုံးတွန့်ပြပြီး “အဲဒါက ပုံကြီးချဲ့တယ်လို့ မထင်ပါဘူး။ ဒါပေမယ့် ကျုပ် Frestech ကုန်သည်ကြီးများအသင်းမှာ အချိန်အတော်ကြာနေခဲ့တာ။ ဒါပေမယ့် ဟုတ်ပါတယ်၊ ကျုပ် ဝင်မ်ဘယ်လ်ဒန်မြို့တော်ကို အကြိမ်တိုင်း ပြန်သွားတဲ့အခါ ဝင်မ်ဘယ်လ်ဒန်မြို့တော်မှာရှိတဲ့ အရာအားလုံးက ခေတ် နောက်ပြန်နေတဲ့ပုံရတာကြောင့် ကျုပ်နဲ့ လိုက်လျောညီထွေမဖြစ်နိုင်ဘူးလို့ ခံစားရတယ်။ ကြည့်ပါဦး၊ ဝင်မ်ဘယ်လ်ဒန်မြို့တော်မှာ ရေတောင်မရှိဘူး၊ အရမ်းအဆင်မပြေဘူး။ ညဘက်မှာလည်း လမ်းမီးတွေမရှိတာကြောင့် အပြင်သွားတဲ့အခါ အဓိပ္ပာယ်မရှိပါဘူး။ နောက်ပြီး......"

ဝင်မ်ဘယ်လ်ဒန်မြို့တော်အကြောင်း သံတမန် ဟာကာနင်ညည်းညူသံကြားတော့ ရူဆဲလ် က နှုတ်ဆိတ်နေမိသည်။

ဝင်မ်ဘယ်လ်ဒန်မြို့တော်နှင့် ပတ်သက်၍ သံတမန် ဟာကာနင်၏ အမျိုးမျိုးသော မကျေနပ်ချက်များ ရှိသလို အဆင်မပြေကြောင်းလည်း ဝန်ခံရပေမည်။

သို့သော် ဒီမတိုင်ခင်က နယ်မြေကြီးပေါ်ရှိ မြို့များဟာ ဤသို့ပင်။ ဝင်မ်ဘယ်လ်ဒန်မြို့တော်သည် နယ်မြေကြီးပေါ်တွင် အချမ်းသာဆုံးမြို့အဖြစ် သတ်မှတ်ခံရပြီးဖြစ်ပြီး အခြားမြို့များထက် ကဏ္ဍများစွာရှိသည်။

သို့ပေမယ့် Frestech ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုနှင့်ဖန်တီးထားသည့်မြို့ကြောင့် ဝင်မ်ဘယ်လ်ဒန်မြို့တော်ဟာ ဆုတ်ယုတ်လာခဲ့သည်။

“ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ...... ဝင်မ်ဘယ်လ်ဒန်မြို့တော် ..... မဟုတ်ဘူး၊ ကန်ဒရာအင်ပါယာတစ်ခုလုံးဟာ ခေတ်တွေပြောင်းနေပြီဆိုတဲ့ အဖြစ်မှန်ကို ရင်ဆိုင်ရမှာပဲ။” ရူဆဲလ်သည် သူ၏စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချရင်း လမ်းနှစ်ဖက်စလုံးတွင် ဆက်လက်ပေါ်နေသည့် Frestech ကုန်သည်ကြီးများအသင်း၏ ဆိုင်းဘုတ်ကို ဖြည်းညှင်းစွာကြည့်လိုက်သည်။

မှော်ဆလွန်းသည် နောက်ထပ်လမ်းများစွာကို ဖြတ်သွားပြီးနောက် ရူဆဲလ် သည် နောက်ဆုံးအကြိမ် ရှုယီ နှင့် တွေ့ဆုံခဲ့သည့် အဆောက်အအုံသို့ ရောက်ရှိခဲ့သည်။

သို့သော် မှော်ဆလွန်း ထဲက ထွက်လာပြီးနောက် ရူဆဲလ် ကို စောင့်နေသည့် မှော်လေသင်္ဘော တော့ မရှိတော့ပေ။ Frestech ကုန်သည်ကြီးများအသင်း၏ ယူနီဖောင်းဝတ်ထားသော မိန်းကလေးတစ်ဦးက သူ့ကိုစောင့်နေပါ၏။

ပြီးခဲ့သည့် အကြိမ်နှင့် ယှဉ်ရင် ဤတစ်ကြိမ် ဧည့်ခံသည်က ပိုနည်းသည်။

သို့ပေမယ့် ရူဆဲလ် ကတော့ လုံးဝစိတ်မ၀င်စားပါချေ။

နောက်ဆုံးအကြိမ်၌ Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာကို ဆက်သွယ်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်သည် Frestech ကုန်သည်ကြီးများအသင်းနှင့် ညှိနှိုင်းလိုသော ကန်ဒရာအင်ပါယာကို ကိုယ်စားပြုသည့် ရပ်ဆဲလ်ဖြစ်သည်။

အစပျိုးပြောင်းလဲမှုနှင့်အတူ၊ Frestech ကုန်သည်ကြီးများအသင်းမှ ဤရပ်တည်ချက်ကို လက်ခံခြင်းသည် သဘာဝကျပါသည်။

"ဥက္ကဌ ရှု ငါ့ကို ခေါင်မိုးပေါ်မှာပဲ တွေ့မှာလား" မီတာနှစ်ဆယ်ကျော်မြင့်သော အဆောက်အအုံကို မော့ကြည့်လိုက်ရင်း ရူဆဲလ်က ဤသို့မေးလိုက်ကာ သူ့စိတ်ထဲတွင် အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။

ခေါင်မိုးထက်သို့ လှေကားနှင့်တက်ရမည်ဆိုလျှင် စွမ်းအင်တွေ အကုန်ကုန်သွားလိမ့်မည်။

"ဟုတ်ကဲ့ ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပါ။" မိန်းမပျိုတစ်ဦး ရူဆဲလ် ၏နှလုံးသားထဲရှိ မျှော်လင့်ချက်များကို ဖြိုခွင်းရင်း ချိုမြိန်သောအပြုံးကို ထုတ်ဖော်ပြသကာ ပြောလာသည်။

သို့သော် သူမ သူ့ကိုခေါ်လာသည့်အချိန်တွင် သူတို့ဟာ လှေကားထစ်တွေဆီ မသွားဘဲ ပိတ်ထားသည့် တံခါးတစ်စုံရှိသော ထောင့်နားကို သွား၍ "ဆာရ် ရူဆဲလ်၊ ကျေးဇူးပြုပြီး မှော်ဓာတ်လှေကားထဲ ဝင်လိုက်ပါ။"

"မှော်ဓာတ်လှေကား?" ရူဆဲလ် အံ့ဩသွားသည်။ သူ့ရှေ့က သတ္တုတံခါးမှာ ပွင့်လာပြီး နေရာလွတ်လေးတစ်ခု ပေါ်လာ၏။

မိန်းမပျိုက သူ့ကို ဖိတ်ခေါ်လာရာ ရူဆဲလ်လည်း ခဏရပ်ပြီး အထဲသို့ ဝင်သွားလိုက်သည်။

မိန်းမပျိုနှင့် သံတမန် ဟာကာနင်သည် စိတ်ချလက်ချ ဝင်သွားသောကြောင့် သူ့ကို စိတ်ချလက်ချ ခံစားရစေသည်။

ခဏကြာတော့ တံခါးများပိတ်သွား၏။ ရူဆဲလ် မှာ အနည်းငယ် လှုပ်ခါသွားသလို ခံစားရကာ သူ့အောက်ရှိ သတ္တုကြမ်းပြင်က မြင့်တက်လာသည်။

ရုတ်တရက် စတင်ကာ ရပ်လိုက်လိုက်ချိန်တွင် အနည်းငယ် မူးဝေသွားပြီးနောက် ရူဆဲလ်က ခပ်ဖျော့ဖျော့ ပြုံးပြလာသည်။

Frestech ကုန်သည်ကြီးများအသင်း၌ တကယ်ကို ထူးဆန်းသည့်အရာများ ရှိပါ၏။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၁၂။ ကြီးမားသော တန်ဖိုးကွာဟမှု

သတ္တုတံခါးများမှာ အသာအယာပွင့်လာပြီး ပထမဆုံး ရူဆဲလ်မြင်ရသည်က ရှုယီမျက်နှာထက်ရှိ အပြုံးဖျော့ဖျော့‌ဖြစ်သည်။

"ရူဆဲလ် ခင်ဗျားကို ပြန်တွေ့နိုင်တာ ဝမ်းသာမိပါတယ်။" ရှုယီမှာ အပြုံးဖြင့် ရှေ့တိုး၍ ဘေးရှိ သံတမန်ဟာကာနင်ကို ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။

ရူဆဲလ်လည်း မိမိကိုယ်ကို တည်ငြိမ်စေကာ မှော်ဓာတ်လှေကားထဲမှ ထွက်၍ အပြုံးဖြင့်ရှုယီထံ လက်ကမ်းလိုက်သည်။

"ဥက္ကဌ ရှု၊ ခင်ဗျားကိုပြန်တွေ့ရတာ အရမ်းဝမ်းသာတယ်။ ပြီးခဲ့တဲ့ အကြိမ်က ပထမအကြိမ် တွေ့ဆုံမှုဖြစ်လို့ လေးလေးနက်နက် စကားမပြောနိုင်ခဲ့တဲ့အတွက် ဒီတစ်ကြိမ်တော့ မှန်ကန်တဲ့ ဆွေးနွေးမှုမျိုး ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

"အိုး?" ရှုယီက ပြုံးကာ ခေါင်းညိတ်ပြပြီး “အရှင် ရူဆဲလ် ခင်ဗျားက ကျုပ်နဲ့ သင့်တော်တဲ့ စကားပြောဆိုဖို့ ဆန္ဒရှိတယ်ဆိုရင် အဲဒါကို သဘာဝအတိုင်း ကြိုဆိုပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့နောက်ကွယ်ကလူတွေလည်း အဆင်သင့်ဖြစ်နေပြီလို့ စဉ်းစားမိတယ်။"

ရှုယီက ဒီလို တိုက်ရိုက်ပြောလာသည်ကို ရူဆဲလ်လည်း စကားမဖြုန်းချင်တော့ပေ။ သူက ခေါင်းတညိတ်ညိတ်နဲ့ပြောသည် “ကျုပ် ဒီကိုရောက်ကတည်းက သူတို့ပြင်ဆင်ထားတာပါ။ ဥက္ကဌ ရှု ၊ ခင်ဗျားတော်တော်ကျေနပ်လိမ့်မယ်ထင်တယ်။"

“အဲဒါဆို တကယ်ကောင်းတယ်။” ရှုယီက ရူဆဲလ် ပျော်ရွှင်စွာ ပြုံးပြလိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည် "ကန်ဒရာအင်ပါယာရဲပ ဂုဏ်ထူးဆောင်ရေတပ်နဲ့ တရင်းတနှီ စကားပြောဆိုခွင့်ရလို့ ကျုပ် တကယ်ကို ဝမ်းသာမိပါတယ်"

နှုတ်ခွန်းဆက်စကားအပြန်အလှန်ပြောဆိုပြီးနောက် ရှုယီသည် ရူဆဲလ် နှင့် သံတမန် ဟာကာနင်အား ပြင်ဆင်ထားသည့် စားပွဲသို့ ပို့ဆောင်ခဲ့သည်။

သူတို့သုံးယောက် နေ့လည်စာစားပြီးနောက် ခမ်နက်ဒ် သည် အချိန်ကျသော် ပေါ်လာပြီး သံတမန် ဟာကာနင်သည် ခမ်နက်ဒ် နှင့်အတူ မထွက်ခွာမီ ၎င်း၏ နှုတ်ဆက်စကားအား ပြောခဲ့သည်။

သူဒီကိုရောက်တိုင်း Frestech ကုန်သည်ကြီးများအသင်းထံမှ အိမ်သုံးမှော်စက်အသစ်တစ်သုတ်ကို မှာယူလေ့ရှိသည်။

ဝင်မ်ဘယ်လ်ဒန်မြို့တော်တွင် အိမ်သုံး မှော်စက်များ ပိုမိုရေပန်းစားလာသည်နှင့်အမျှ သံတမန်ဟာကာနင်သည် အကြိမ်တိုင်း ၎င်း၏ မှာယူမှုပမာဏကို တိုးမြင့်လာခဲ့သည်။

နောက်ဆုံးအကြိမ်တွင် သူ၏အိမ်သုံးမှော်စက် အော်ဒါမှာ ရွှေဒင်္ဂါးရှစ်သိန်းကျော်ရောင်းရခဲ့သည်။ ဒီတစ်ခါတော့ သူ့စိတ်ထဲက အစီအစဉ်အတိုင်း၊ သူသည် အနည်းဆုံး ရွှေဒင်္ဂါးတစ်သန်းအထိရအောင် လုပ်လိမ့်မည်။

Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာကိုဖွင့်ရန် လမ်းကြောင်းတစ်ခုအဖြစ် အစပိုင်းတွင် သံတမန် ဟာကာနင်ကိုသာ တွေ့ရှိခဲ့သည်ဟု ဆိုပါက၊ ယခုဆိုလျှင် သူသည် ၎င်းတို့၏ အရေးကြီးသော မိတ်ဖက်တစ်ဦး ဖြစ်လာခဲ့သည်။

သံတမန် ဟာကာနင်နှင့် အချိန်အတော်ကြာ အလုပ်လုပ်ပြီးနောက် ရှုယီသည် သံတမန် ဟာကာနင်ကိုယ်တိုင်က ပုံမှန်ဖြစ်သော်လည်း စီးပွားရေးအရ ဆက်ဆံရသောအခါတွင် သူသည် အလွန်ကောင်းမွန်သည်ဟု ယူဆ၍ရကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် သူ၏ညွှန်ကြားချက်ဖြင့် Frestech ကုန်သည်ကြီးများအသင်းနှင့် သံတမန် ဟာကာနင်အကြား ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုနီးကပ်လာခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းသည် သံတမန် ဟာကာနင်ကို အိမ်သုံးမှော်စက်များ တိုးမြှင့်ပေးရုံသာမက ဦးစားပေး ဆက်ဆံမှု အမျိုးမျိုးလည်းပေးသည်။ ရှုယီ သည် သံတမန် ဟာကာနင်ကို ပိုမိုပူးပေါင်းဆောင်ရွက်မှုနည်းလမ်းများ ပေးအပ်ရန်ပင် စဉ်းစားခဲ့သည်။

ဥပမာအားဖြင့်၊ စခ်တိုင်းပြည်မှ ရှုယီထံမှ အသည်းအသန်အလိုရှိသော စိုက်ပျိုးရေးမှော်စက်အမျိုးမျိုး။ သူသည် ကန်ဒရာအင်ပါယာရှိ Frestech အမှတ်တံဆိပ် စိုက်ပျိုးရေးမှော်စက်များကို မြှင့်တင်ပေးမည်ဖြစ်သည်။

ဒီအတွေးကို နားလည်ဖို့အတွက် သံတမန် ဟာကာနင်ဟာ တကယ်ကောင်းတဲ့ ကြားခံပါပင်။

သံတမန် ဟာကာနင်ထွက်သွားပြီးနောက် ဤအခန်းတွင် ရှုယီနှင့် ရူဆဲလ် တို့သာကျန်တော့သည်တိုင်အောင် ဝန်ထမ်းအားလုံးကို ထွက်ခွာခိုင်းခဲ့သည်။

ရှုယီက ဆိုလာသည်"အရှင် ရူဆဲလ် တစ်ယောက်တည်း ဒီတစ်ခါလာခဲ့တာဆိုတော့ ခင်ဗျားက ကန်ဒရာအင်ပါယာရဲ့ရေတပ်ကို ကိုယ်စားပြုနိုင်တယ်ဆိုတာ ကျုပ်ဘယ်လိုယုံရမှာလဲ"

ရူဆဲလ် သည် ရှုယီ၏မေးခွန်းအတွက် မအံ့သြဘဲ၊ "ဥက္ကဌ ရှု၊ ဒီမေးခွန်းက အဓိပ္ပါယ်မဲ့တယ်လို့ မထင်ဘူးလား။ တော်ဝင်ရေတပ်ကလွဲပြီး ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်တပ်စုကို အခြားသူတွေ စိတ်ဝင်စားဖို့ မဖြစ်နိုင်ဘူးလို့ ကျုပ်ထင်တယ်။ ကျုပ်အတွက်ကတော့ အရမ်းစိတ်ဝင်စားပေမယ့် မတတ်နိုင်ဘူးဆိုတာ ရှင်းနေတာပဲ။"

ရှုယီ ခေါင်းယမ်းလိုက်ကာ "မဟုတ်ပါဘူး အရှင် ရပ်ဆဲလ်၊ မြင့်မြတ်တဲ့ ကန်ဒရာအင်ပါယာရဲ့ တော်ဝင်ရေတပ်အပြင်၊ အစောင့်သင်္ဘောစုကို စိတ်ဝင်စားတဲ့ လူနည်းနည်းရှိပါသေးတယ်။"

"ဟုတ်လား?" ရူဆဲလ် က ၎င်းကို ရှင်းရှင်းလင်းလင်း မယုံခဲ့ပါချေ "ကျုပ်တို့ ကန်ဒရာအင်ပါယာရဲ့ တော်ဝင်ရေတပ်ကလွဲလို့ ဒီလို အစောင့်သင်္ဘောမျိုး လိုအပ်နေတဲ့ နောက်ထပ် နေရာတစ်ခု ရှိတယ်လို့ ကျုပ် မထင်ပါဘူး။"

“အဲဒါတော့ မဟုတ်ဘူး။” ရှုယီက ဆိုလာသည် "ဥပမာ မားလိုအင်ပါယာရဲ့ ရေတပ် ...... သူတို့ ဒီစောင့်သင်္ဘောစုကို စိတ်ဝင်စားမှာ သေချာတယ်"

ရူဆဲလ် သည် ရှုယီကို မျက်လုံးများမှေးထား၍ ကြည့်လာပြီး ခဏအကြာတွင် သူ၏အမူအရာသည် ငြိမ်သက်သွားကာ ခေါင်းမယမ်းမီ သက်ပြင်းတစ်ချက်ချလိုက်သည်။ “ကောင်းပြီ၊ ဥက္ကဌ ရှု၊ အချိန်က အဖိုးတန်တယ်၊ ကျုပ်တို့နှစ်ယောက်လုံးက ဒီလို အဓိပ္ပါယ်မဲ့ စကားဝိုင်းမှာ အချိန်မဖြုန်းချင်ဘူးလို့ ထင်ပါတယ်။ ခင်ဗျားရဲ့ Frestechကုန်သည်ကြီးများအသင်းက အစောင့်သင်္ဘောတချို့ကို ဝယ်ဖို့မျှော်လင့်ချက်နဲ့ ကျုပ်က ကျုပ်တို့ ကန်ဒရာအင်ပါယာရဲ့ တော်ဝင်ရေတပ်ကို ကိုယ်စားပြုတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောနေတာပါ။"

ရှုယီက ပြောသည်“ခင်ဗျားဝယ်တာ မှန်တယ်ဆိုရင် ကြိုဆိုပါတယ်။ ဆရာ ရူဆဲလ်ကို မေးရဦးမယ်၊ ဘယ်နှစ်စီးဝယ်ဖို့ စီစဉ်ထားလဲ။ ကျုပ်တို့လုပ်ငန်းစုရဲ့ ထုတ်လုပ်မှုစွမ်းရည်က အကန့်အသတ်ရှိတယ်၊ ဒါကြောင့် တောင်းဆိုမှု အရမ်းများနေတယ်ဆိုရင် ကျုပ်တို့က အချိန်တိုအတွင်းမှာ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူး။”

ရူဆဲလ် ၏ မျက်နှာပေါ်ရှိ ကြွက်သားများ လှုပ်ယမ်းသွားသည်။ ခေတ္တရပ်ပြီးနောက်တွင် သူက အနည်းငယ် စိတ်ပျက်နေသော အသံဖြင့် “ဥက္ကဌ ရှု ဒီကိစ္စကို စိတ်ပူစရာမလိုဘူးလို့ ကျုပ်ထင်တယ်။ အစောင့်သင်္ဘောနည်းနည်းကိုပဲ အရင်စမ်းသပ်စေချင်ပြီး ကျေနပ်ရင် အစောင့်သင်္ဘောများ ထပ် ဝယ်ယူဖို့ စဉ်းစားနိုင်တယ်။”

ရှုယီက ချက်ချင်း ပြုံးပြကာ "ခင်ဗျားရဲ့ အတ္တကို ဒီအစောင့်သင်္ဘောတွေက ကျေနပ်စေမယ်ဆိုတာ အာမခံနိုင်တယ်"

ရူဆဲလ် က ၎င်းကို ချေပချင်သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပါပေ။

အစောင့်သင်္ဘောများ၏ တိုက်ခိုက်ရေး စွမ်းအားကို သူမြင်ပြီး လုံးလုံး အား‌ေလျာ့သွားခဲ့၏ ။

ဤကဲ့သို့မဟုတ်ပါက၊ တောင်းဆိုချက်အား အတင်းအကြပ်တင်ပြခြင်းနှင့် အတည်ပြုခြင်းကဲ့သို့ ကြီးမားသောအန္တရာယ်ကို သူမည်ကဲ့သို့ ခံစားရမည်နည်း။

ဤသည်က ကြီးမားသောတာဝန်ကို ထမ်းဆောင်ရသည်ဟု မှတ်ယူထားသင့်သည်။

အကယ်၍ ဤအစောင့်သင်္ဘောသည် သူတင်ပြခဲ့သော သက်ရောက်မှုများကို မအောင်မြင်ပါက၊ သူကြုံတွေ့ရမည့် အကျိုးဆက်များမှာ ပြင်းထန်လိမ့်မည်။

"ကောင်းပြီ ဥက္ကဌ ရှု ဒါဆို အကြောင်းအရာကို ပြန်ကြည့်ရအောင်။" ရူဆဲလ် က ဆက်ပြောသည်– “ကျုပ်တို့ဘက်က အစောင့်သင်္ဘောတွေ ဝယ်ချင်ပေမယ့် အစောင့်သင်္ဘောတွေရဲ့ ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ ပြဿနာအကြီးကြီးရှိတယ်။ သင်္ဘောတစ်စင်းကို ရွှေဒင်္ဂါးနှစ်သန်း စျေးနှုန်းက ဘယ်လိုဖြစ်ဖြစ် ကျုပခတို့ လက်မခံနိုင်ဘူး။"

ရှုယီက ပြုံးပြုံးလေးဖြင့် ပြန်မေးသည် "ဒါဆို ခင်ဗျားလက်ခံနိုင်တဲ့ စျေးနှုန်းက ဘာလဲ"

ရူဆဲလ်က လက်ဖဝါးကို ထောင်ပြလိုက်သည်။ "သင်္ဘောတစ်စင်းကို ရွှေဒင်္ဂါးငါးသိန်းဆိုရင် လက်ခံနိုင်မှာပါ"

ရှုယီ၏ မျက်နှာပေါ်ရှိ အပြုံးများ အေးခဲသွားသည်။ သူ့မျက်နှာက အကြိမ်အနည်းငယ် တွန့်သွားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည် “မဖြစ်နိုင်ပါဘူး ။ ဆာရ် ရူဆဲလ် သည် ဒါကို လုပ်တုန်းကအတိုင်း များများစားစားမရပေမယ့် အပြန်ပြန်အလှန်လှန် စျေးလျှော့ဖို့မဖြစ်နိုင်တာမဟုတ်ပေမယ့်လည်း၊ဒီစျေးက အရမ်းကြီးများလွန်းတယ်လို့ မထင်ဘူးလား"

"ဒါဆို ခင်ဗျားလက်ခံနိုင်တဲ့ အနိမ့်ဆုံးစျေးနှုန်းက ဘယ်လောက်လဲ" ရူဆဲလ်က ပြန်မေးသည်။

ရှုယီက ငြိမ်သက်ပြီးနောက် လက်ညှိုးတစ်ချောင်းထောင်ပြလာသည် "ဒါဟာ ကျုပ်တို့ရဲ့ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မှုဖြစ်တာနဲ့ အရှင့်ကို ကျုပ်လျှော့စျေးပေးနိုင်ပါတယ်။ အခုတစ်ကြိမ်မှာ သင်္ဘောတစ်စင်းကို ရွှေဒင်္ဂါးတစ်သိန်း စျေးလျှော့ပေးမှာမို့ သင်္ဘောတစ်စင်း ရွှေဒင်္ဂါးတစ်သန်းကိုးသိန်းပါပဲ။ ဘယ်လိုထင်ပါလဲ?"

“မဖြစ်နိုင်ဘူး။ ဒီဈေးက အရမ်းမြင့်နေတော့ လုံးဝလက်မခံနိုင်ဘူး။ ငါးသိန်းနဲ့ နောက်ထပ် အခြေအနေတချို့ကို ပေးနိုင်တယ်၊ ဥက္ကဌ ရှု ဘယ်လိုထင်လဲ။"

"သင်္ဘောတစ်စင်းကို ရွှေဒင်္ဂါးတစ်သန်းလေးသိန်းရှိတဲ့ ကွာဟချက်ကို ဖြည့်ပေးနိုင်တဲ့ အခြေအနေတွေရှိတယ်လို့ ကျုပ်ထင်ဘူး။" ရှုယီက ခေါင်းခါလိုက်ကာ "အရှင် ရူဆဲလ်၊ ကျုပ်တို့နှစ်ယောက်စလုံး ဒီသဘောတူညီချက်အတွက် မျှော်လင့်ချက်ရှိနေတယ်လို့ ခံစားရတယ်၊ ဒါကြောင့် ခင်ဗျားရဲ့ ရိုးသားမှုကို ပြသနိုင်မယ်လို့ ငါမျှော်လင့်တယ်။"

"မင်းတို့ Frestech ကုန်သည်ကြီးများအသင်း ကန်ဒရာအင်ပါယာထဲကို ဝင်ရောက်မယ့် အခြေအနေတွေအတွက် ကူညီမယ်ဆိုရင်ရော?"

ရှုယီ အံ့သြသွားသည်။ သူဟာ ရူဆဲလ်ကို ခဏလောက် မျက်လုံးမှေးကြည့်ရင်း ခေါင်းကို ဖြည်းညှင်းစွာခါလိုက်ကာ "ရှင်းလင်းသွားအောင် ဆရာရူဆဲလ်ကို မေးချင်တာရှိသေးတယ်။"

ရူဆဲလ်၏ ခရီးစဉ်သည် ပထမအကြိမ်တွင် သုံးရက်မျှသာ ကြာမြင့်သော်လည်း ယခုတစ်ကြိမ်တွင် သူသည် ပို၍ကြာရှည်စွာ နေခဲ့သည်။

စတက်တိန်းနယ်မြေတွင် ခုနှစ်ရက်ကြာနေထိုင်ပြီးနောက်၊ ရူဆဲလ် သည် နောက်ဆုံးတွင် သံတမန် ဟာကာနင်နှင့် အတူ ကျေကျေနပ်နပ်ထွက်ခွာသွားခဲ့သည်။

သူထွက်သွားသောအခါတွင်၊ ရှုယီသည် Frestech ကုန်သည်ကြီးများအသင်းအားကိုယ်စားပြုထားသည့် မှော်သင်္ဘော၏နမူနာကို ရူဆဲလ် အား လက်ဆောင်အဖြစ်ပေးလိုက်သည်။

ဤ မှော်သင်္ဘောမော်ဒယ်ကို အပေါ့စားသတ္တုစပ်ဖြင့် သွန်းလုပ်ထားပြီး နမူနာတစ်ခုသာဖြစ်သော်လည်း ၎င်းကို သပ်ရပ်စွာပြုလုပ်ထားပြီး အလွန်ခိုင်မာသည်။

ရှုယီသည် ရူဆဲလ် ၏ရှေ့တွင် နှစ်ကြိမ်တိုင်တိုင် တူဖြင့်ထုခဲ့သော်လည်း ၎င်းက ပုံပျက်သွားခြင်း လုံးဝမရှိခဲ့ပေ။

Frestech ကုန်သည်ကြီးများအသင်းနှင့် ကန်ဒရာအင်ပါယာ၏ ရေတပ်အကြား သဘောတူညီချက်ကို အထိမ်းအမှတ်ပြုခြင်းမှတပါး ရှုယီက သူ့အား ဤလက်ဆောင်ကို ပေးနေရာ ရူဆဲလ် လည်း ဝမ်းမြောက်စွာ လက်ခံခဲ့ပြီး၊ Frestech ကုန်သည်ကြီးများအသင်းငလည်း သံမဏိအရည်အသွေးကို ပြသရန်အတွက်လည်း ဤမော်ဒယ်ကို အသုံးပြုခဲ့သည်။

ရူဆဲလ် သည် ဤသံကို ယခင်က မြင်ဖူးသော်လည်း ခိုင်မာပြီး ကောင်းမွန်စွာပြုလုပ်ထားပုံမှာ ထူးခြားပါသည်။

Frestech ကုန်သည်ကြီးများအသင်းမှလွဲ၍ ဤသံမဏိထုတ်လုပ်မှုအဆင့်ရှိ စိုင်စ်နယ်မြေကြီး၌ ဒုတိယလုပ်ငန်းစုတစ်ခုမျှမရှိဟု ရူဆဲလ် ကယုံကြည်ပါ၏။

ဤသတ္တုစပ်မှ မော်ဒယ်ကို ဖန်တီးသည့်အခါတွင်လည်း Frestech ကုန်သည်ကြီးများအသင်းမှသာလျှင် ၎င်းကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။

ဆိုလိုသည်မှာ ကန်ဒရာအင်ပါယာ၏ရေတပ်သည် Frestech ကုန်သည်ကြီးများအသင်းမှအစောင့်သင်္ဘောများကိုလက်ခံရရှိသော်လည်း ၎င်းတို့ကိုလေ့လာပြီးဤနည်းပညာကိုမိမိတို့ဘာသာဆုပ်ကိုင်ရန်ခက်ခဲလိမ့်မည်ဟုဆိုလိုသည်။

ပုဂ္ဂိုလ်ရေးအမြင်အရ၊ ရှုယီ၏လက်ဆောင်သည် ရူဆဲလ် နှင့် ကန်ဒရာအင်ပါယာ၏ရေတပ်အတွက် သတိပေးချက်တစ်ခုဖြစ်သည်။

အစောင့်သင်္ဘောကို Frestech ကုန်သည်ကြီးများအသင်းထံမှသာ ဝယ်ယူနိုင်သောကြောင့် ကန်ဒရာအင်ပါယာရေတပ်သည် အစောင့်သင်္ဘောများကို အသုံးပြုလိုပါက Frestech ကုန်သည်ကြီးများအသင်းနှင့်သာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

ရူဆဲလ် သည် ဤကိစ္စအတွက် သူ့စိတ်ထဲတွင် အရှက်တရားနှင့် ဒေါသအနည်းငယ် ခံစားခဲ့ရသည်။

သို့သော် အဖြစ်မှန်က သူ့မှာ တခြားရွေးချယ်စရာ မရှိတော့ပေ။

ထို့အပြင်၊ အစောင့်သင်္ဘောများ၏ စွမ်းဆောင်ရည်မြင့်မားမှုကြောင့် ၎င်းတို့ကို မတွေ့ကြုံဖူးဘဲ သဘောမတူခဲ့သော လုပ်ဖော်ကိုင်ဖက်များသည် ကန့်ကွက်ရန် အခြားအကြောင်းပြချက်ကို ရှာတွေ့နိုင်တော့မည် မဟုတ်ကြောင်း သူသေချာပေါက်သိသည်။

ထို့ကြောင့် ကန်ဒရာအင်ပါယာ၏ရေတပ်သည် Frestech ကုန်သည်ကြီးများအသင်းထံမှအစောင့်သင်္ဘောများကိုဝယ်ပြီး သူတို့နှင့်ပူးပေါင်းသင့်သည်။

အနည်းငယ် ရှက်မိသည့်အတွက် ရေတပ်သည် ဤကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုကို လက်ခံနိုင်မည်ဟု ရူဆဲလ် က သေချာပါသည်။

ထို့အပြင် ရူဆဲလ်သည် သူ၏စိတ်ထဲရှိ မျှော်လင့်ချက်အနည်းငယ်ကို ခံစားခဲ့ရသည်။

အကယ်၍ ရှုယီအဆိုပြုသည့် အစီအစဉ်ကို လိုက်နာပါက Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ ရည်မှန်းချက်ကို ပြီးမြောက်စေရုံသာမက၊ ရေတပ်သည် ယင်းမှ အနည်းငယ် ဝင်ငွေရရှိမည်ဖြစ်သည်။

ရှုယီပြောသည့်စကားအရ၊ ၎င်းကို “အနိုင်-အနိုင်” အဖြစ် သတ်မှတ်၍ရသည်ပင်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၁၃။ စွမ်းအင်ချွေတာခြင်း

နွေရာသီရောက်လာသည်နှင့် ရာသီဥတုက တဖြည်းဖြည်းချင်း ပိုနွေးလာသည်။

ယခင်ကနှင့်ခြားနားကာ ဤနှစ် မေလရောက်သည်နှင့် လူတိုင်း Frestech တံဆိပ် မှော်ပန်ကာနှင့် မှော်လေပေးစက်များဝယ်ယူရန် စိုင်းပြင်းနေကြပြီဖြစ်၏။

ယခင်နှစ်များ၏ အတွေ့အကြုံရပြီးနောက် ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးက အကန့်အသတ်ရှိကြောင်း သိထားကြသောကြောင့်ပင်။ နှစ်စဉ်ထုတ်လုပ်ခဲ့သည့် မှော်ပန်ကာနှင့် မှော်လေပေးစက်များမှာ ဈေးကွက်ဝယ်လိုအားကို လိုက်မမှီနိုင်သဖြင့် ၎င်းတို့သာ နောက်ကျပါက လုံးဝဝယ်နိုင်တော့မည်မဟုတ်လောက်တော့ပေ။

ထို့အပြင် ကုန်သည်ကြီးများအသင်း သည် မှော်ပန်ကာများနှင့် မှော်လေပေးစက်များ၏ မျိုးဆက်သစ်များကို အရောင်းမြှင့်တင်နေသည်။ ၎င်းသည် လူတိုင်း၏အာရုံကို သဘာဝအတိုင်း နှိုးဆော်ခဲ့ပြီး ၎င်းတို့ကို ဦးစွာ ဝယ်ယူရန် လိုအပ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှ ပေးပို့သော အဓိက သတင်းစာများမှကြော်ငြာချက်အရ မျိုးဆက်သစ် မှော်ပန်ကာများသည် လေကိုပိုမိုအားကောင်းစေမည့် လေစွမ်းအား မှော်အင်ဂျင်နည်းပညာကို အသုံးပြုမည်ဖြစ်သည်။ ၎င်းသည် မှော်ပန်ကာမှ ထွက်လာသော လေကို အေးမြစေပြီး ပိုမိုသက်တောင့်သက်သာ ခံစားရစေရန် ရေစွမ်းအားမှော်အစီအရင်နှင့် လုပ်ဆောင်မည်ဖြစ်သည်။

၎င်းအပြင် မျိုးဆက်သစ် မှော်ပန်ကာ၏ အတွင်းမှ မှော်အစီအရင်သည် ပိုမိုအားကောင်းလာမည်ဖြစ်သောကြောင့် မျိုးဆက်သစ် မှော်ပန်ကာသည် ပိုမိုပြင်းထန်သောလေကိုရရှိမည်ဖြစ်သည်။ ၎င်းသည် မှော်ပန်ကာ၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးမည်ဖြစ်သည်။

ယခင်က မှော်ပန်ကာသည် မှော်သလင်းကျောက်သုံးစွဲတွင် သုံးရက်ကြာခံနိုင်ပြီး မှော်ပန်ကာအသစ်များသည် လေးရက်အထိ ကြာရှည်နိုင်သည်။

၎င်းသည် တစ်ရက်တည်းသာ တိုးလာသော်လည်း စုဆောင်းလိုက်သောအခါတွင် ၎င်းတို့၏ လစဉ်အသုံးစရိတ်အတွက် အနည်းငယ် သက်သာစေနိုင်သည်။

မှော်ပန်ကာနှင့် မှော်လေပေးစက် အသစ်များသည် တူညီသောနေရာများတွင် တိုးတက်လာခဲ့ပြီး ၎င်းတို့အားလုံး၏ လုပ်ဆောင်ချက်အားနှင့် စွမ်းအင်သုံးစွဲမှုအပေါ် အဓိကထားခဲ့ကြသည်။

ထို့အပြင် မှော်လေပေးစက်သည် မှော်ပန်ကာထက်ပင် ပိုမိုမြင့်မားသောကြောင့် မှော်လေပေးစက်အသစ်များတွင် စွမ်းအင်ချွေတာမှုကို ပိုမိုမြင်သာစေသည်။

«ဘန်တာတိုင်းမ်စ်» မှ တွက်ချက်မှုအရ အကယ်၍ လူတစ်ယောက်သည် မှော်လေပေးစက်ကို တစ်နေ့ ရှစ်နာရီခန့် အသုံးပြုပါက၊ တစ်လတည်းတွင်၊ ၎င်းတို့သည် စံပြု အဆီအနှစ်ပြည့်မှော်သလင်းကျောက်သုံးတုံး သက်သာနိုင်မည်ဖြစ်ကြောင်း သက်သေပြခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အဆီအနှစ်ပြည့်မှော်သလင်းကျောက်များ၏ လက်ရှိစျေးနှုန်းဖြင့်၊ အဆီအနှစ်ပြည့်မှော်သလင်းကျောက်သုံးခု သက်သာခြင်းသည် ငွေဒင်္ဂါးသုံးဆယ်သက်သာခြင်းဟု ဆိုလိုသည်။

"ဒါက သိပ်မများဘူး မဟုတ်လား" စတေးလ်က “ဘန်တာတိုင်းမ်စ်” ရှိ မှော်လေပေးစက် သတင်းဖတ်ရင်း ခေါင်းခါယမ်းကာ မျက်မှောင်ကုပ်လိုက်သည်၊ “ငွေဒင်္ဂါးသုံးဆယ်တည်းကို တစ်လလုံးလည်း‌ဖြစ်‌ေသးတယ်။ မှော်လေပေးစက်အတွက် ရွှေဒင်္ဂါးသုံးဆယ်ပေးချေနိုင်တဲ့ သူတစ်ယောက်အတွက်၊ ဒါလောက်ကို လုံးဝ ဂရုမစိုက်ကြဘူး။”

ရှုယီက ခေါင်းယမ်း၍ ရယ်မောလိုက်ပြီး " မင်းက ဆာလောင်မှုကို မသိတဲ့သူတစ်ယောက်ပဲ။ တစ်လကို ငွေဒင်္ဂါးသုံးဆယ်က မများဘူးလား။ ဒီကမ္ဘာပေါ်က လူအများစုဆို သူတို့ရဲ့ဝမ်းစာတွေကိုတောင် မစားနိုင်ကြတာကို မေ့နေပြီလား။”

စတေးလ်က ရှုယီကို စူးစူးဝါးဝါးကြည့်ကာ ပြောလာသည် "သူတို့ ဝမ်းစာ မစားနိုင်ရင် မှော်လေပေးစက်တစ်လုံးဝယ်ဖို့ ဘယ်လို တတ်နိုင်မှာလဲ။ မှော်လေပေးစက် ဝယ်ဖို့ တတ်နိုင်တဲ့သူတွေက တစ်လ ငွေဒင်္ဂါးသုံးဆယ်လောက်ကို ဂရုစိုက်မှာလား။”

"ပထမပိုင်းက မှန်ပေမယ့် ဒုတိယပိုင်းကတော့ လုံးဝမှားတယ်။" ရှုယီက ရယ်မောရင်း “ဒီကမ္ဘာမှာ ပိုက်ဆံများများသုံးဖို့ ဆန္ဒနည်းတဲ့သူတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့်၊ ကိုယ်တို့ရဲ့ မဟာမှော်ပညာရှင် Telucci လေ။ တစ်လကို ငွေဒင်္ဂါးသုံးဆယ် သိမ်းဆည်းနိုင်ရင် သူ အရမ်းပျော်နေမှာ သေချာတယ်။”

"ဟေး ရှုယီ၊ မဟာမှော်ပညာရှင် Telucciသာ ဒါကိုကြားရင် ဒေါသထွက်သွားမှာ သေချာတယ်" ဟု စတေးလ်ကရယ်၍ ပြောလာသည်။

"စိတ်လျှော့ပါ၊ သူဒီလိုလူမျိုးမို့လို့ ဒီလိုကြားရတာ ဝမ်းသာ‌ေနမှာ။" ရှုယီက ပခုံးတွန့်လိုက်ကာ “နောက်ထပ် ပြဿနာတစ်ခုကို လျစ်လျူရှုထားတာပဲ။ စတေးလ် တစ်လလ ငွေဒင်္ဂါးသုံးဆယ်ချွေတာနိုင်တာ မှော်လေပေးစက် တစ်ခုတည်း ရှိသေးတယ်။ မှော်ပန်ကာ ပါ ထည့်ရင် တစ်လကို ငွေဒင်္ဂါး လေးဆယ် ဖြစ်သွားမယ်။ မှော်မီးဖို၊ မှော်ထမင်းပေါင်းအိုး၊ မှော်မုန့်ဖုတ်စက်၊ မှော်မီးအိမ် ..... နဲ့ မိသားစုသုံး အိမ်သုံး မှော်စက်အားလုံး ၊ သူတို့ ချွေတာနိုင်မယ့် ငွေက လစဉ်အတွက် သင့်တော်တဲ့ ပမာဏလို့ မထင်ဘူးလား”

“ဒါပေမယ့် သူတို့အိမ်မှာ အိမ်သုံး မှော်စက်တွေ အများကြီးရှိမှာမို့လား.....” စတေးလ်က ပြောရင်း ရုတ်တရက် ရပ်သွားသည်။

သူမ ရှုယီကိုကြည့်လိုက်တော့ ရှုယီပြောတာ လုံးဝမှန်ကြောင်း ရုတ်တရက် သိလိုက်သည်။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ဖွံ့ဖြိုးလာပြီးနောက်၊ အိမ်သုံးမှော်စက်များ၏ အယူအဆသည် ပတ်ဝန်းကျင်တိုင်းပြည်မှလူများ၏နှလုံးသားတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီဖြစ်သည်။

မိသားစုတစ်ခုသည် ကောင်းမွန်စွာလုပ်ဆောင်နေသရွေ့ အိမ်သုံး မှော်စက်များဝယ်ကာ အိမ်တွင် အစုံအလင်မပြည့်မချင်း အိမ်သုံးမှော်စက်အမျိုးအစားမျိုးစုံ ဝယ်လာကြသည်။

အိမ်သုံး မှော်စက်များကို အသုံးပြုပြီးသည်နှင့် ၎င်းတို့ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိနားလည်လာမည်ဖြစ်သည်။ ပုံမှန်အားဖြင့် သူတို့သည် အိမ်သုံး မှော်စက်များကို ပိုမိုဝယ်ယူလိုကြပြီး ၎င်းတို့၏ဘဝများကို ပိုမိုသက်တောင့်သက်သာဖြစ်စေမည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်ဌာန၏ အမြတ်ငွေသည် တစ်နှစ်ထက်တစ်နှစ် တိုးလာသည်သာရှိ၏။ ၎င်းက Frestech ကုန်သည်ကြီးများအသင်းက လူတိုင်းကို လက်ခံကြောင်း ပြသသည့် ပုံစံသစ်မှော်အခန်းကြောင့်ပင်။

ဤအိမ်သုံး မှော်စက်များ၏ အကျိုးကျေးဇူးများကို ခံစားနိုင်ရန် သက်ဆိုင်ရာ စျေးနှုန်းကို ပေးဆောင်ရမည်ဖြစ်ပါသည်။

ယခု ဤအိမ်သုံး မှော်စက်များဝယ်ရန် ရွှေဒင်္ဂါးအနည်းငယ်သာ သုံးစွဲခဲ့ရပေသည်၊ ၎င်းတို့ကို အသုံးပြုနေစဉ်တွင်၊ ဤအိမ်သုံးမှော်စက်များကို စွမ်းအားပေးရန်အတွက် အသုံးပြုသည့် မှော်သလင်းကျောက်ကိုလည်း ဝယ်ယူရမည်ဖြစ်သည်။

လမ်ပူရီတိုင်းပြည်၏ သတင်းစာများသည် ယင်းနှင့်ပတ်သက်၍ ယခင်က အစီရင်ခံစာတစ်ခု ပြုလုပ်ခဲ့ဖူးသည်။ မိသားစုတစ်စုမှာ လက်ရှိဈေးကွက်က အိမ်သုံးမှော်စက်များရှိပြီး ပုံမှန်အခြေအနေတွင် ရှိနေပါက၊ ၎င်းတို့သည် လစဉ် ခြောက်ဆယ်မှ ရှစ်ဆယ်အထိ အဆီအနှစ်ပြည့်မှော်သလင်းကျောက်များကို အသုံးပြုမည်ဖြစ်သည်။

ဤ မှော်သလင်းကျောက်များအတွက် Frestech ကုန်သည်ကြီးများအသင်း၏ စျေးနှုန်းအရ ၎င်းသည်တစ်လလျှင်ရွှေဒင်္ဂါးခြောက်ပြားမှရှစ်ပြားအထိရှိလိမ့်မည်။

ထို့ကြောင့် ဒီအစီရင်ခံစာများက ကောက်ချက်ဆွဲခဲ့၏။

Frestech ကုန်သည်ကြီးများအသင်း၏ ပုံစံသစ်မှော်အခန်းသည် အလွန်ခိုင်မာကြောင်း သံသယရှိရန် မလိုသော်လည်း ဤအဆင်ပြေသောနေထိုင်မှုပုံစံသစ်ကိုခံစားရန် စွမ်းအင်အချို့ကို သုံးစွဲရမည်ဖြစ်သည်။

ဤအမြင်ကို သတင်းစာများစွာက ငြင်းဆိုခဲ့သော်လည်း အိမ်သုံးစက်များကိုပင် မသုံးရဘဲ ပုံမှန်သုံးစွဲရန်လိုသည့် အိမ်သုံးစရိတ်များစွာလည်း ရှိသည်။

ဥပမာအားဖြင့် မိရိုးဖလာနည်းမှာ ထင်း သို့မဟုတ် ကျောက်မီးသွေး လိုအပ်ပြီး အချိန်အတော်ကြာသည်၊ ထို့ကြောင့် လိုအပ်သည့် ပစ္စည်းပမာဏက မနည်းပါချေ။ ၎င်းကို နှိုင်းယှဉ်ကြည့်လျှင် အိမ်သုံးမှော်စက်များကို အသုံးပြုခြင်းသည် ပိုစျေးသက်သာ၏။

ရိုးရာနည်းအတိုင်း သုံစွဲစရိတ်ကို တွက်ချက်ရန်က ခက်ခဲပြီး အိမ်သုံးမှော်စက်များ သုံးစွဲစရိတ်ကမူ တွက်ချက်ရန် အလွန်လွယ်ကူသောကြောင့်၊ တိကျသော ဂဏန်းကို ပေးရလျှင် အိမ်သုံး မှော်စက် သုံးစွဲမှုစရိတ်က ပိုမြင့်ကြောင်း ထင်ရှားသည်။

ဟုတ်ပါ၏၊ ဒါက အိမ်သုံး မှော်စက် ရောင်းချမှုကို အတားအဆီးမရှိခဲ့ပါချေ။

ဘယ်လိုပင် သုံးစွဲနေပါစေ အိမ်သုံး မှော်စက်က နေ့စဉ်လူနေမှုဘဝ တိုးတက်အောင် လုပ်ဆောင်နေသည်ကို အလွယ်တကူ မြင်နိုင်သည်။ မည်သူကမှ ယခင်ပုံစံအတိုင်း မနေချင်တော့ချေ။

သို့သော် အသုံးစရိတ် လျော့သွားလျှင်တော့ သဘာဝကျကျပင် ကြိုဆိုကြမည်ပင်။

စဉ်းစားကြည့်ပါ၊ မှော်လေပေးစက်သည် တစ်လလျှင် ငွေဒင်္ဂါးသုံးဆယ်သက်သာသည်။ အိမ်သုံး မှော်စက်များအားလုံးကို ပေါင်းထည့်လိုက်လျှင် တစ်လအတွင်း ချွေတာနိုင်သည့် စုစုပေါင်းသုံးစွဲမှုမှာ ရွှေဒင်္ဂါးတစ်ပြား သို့မဟုတ် နှစ်ပြားဖြစ်မည်မဟုတ်ပါလား။

တစ်နှစ်တွင်၊ ၎င်းသည် ရွှေဒင်္ဂါးဆယ်ပြား သို့မဟုတ် နှစ်ဆယ်ပင် ဖြစ်နိုင်သည်။

လွန်ခဲ့သော ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ခန့်က လမ်ပူရီတိုင်းပြည် သို့မဟုတ် စတက်တိန်းနယ်မြေပင်ဖြစ်ပါစေ မိသားစုအများစု၏ တစ်နှစ်ဝင်ငွေသည် ရွှေဒင်္ဂါးဆယ်ပြားကျော်သာရှိခဲ့သည်ကို သိထားရမည်ဖြစ်သည်။

ထိုသို့တွေးရင်း စတေးလ်မှာ ရှုယီ၏ အတွေးကို ချက်ခြင်းနားလည်သွားခဲ့သည်။

"အင်း.....အဲဒါမှန်တယ်။ သာမန်မိသားစုတွေအတွက်တော့ လစဉ်နည်းနည်းလောက် စုဆောင်းနိုင်ဖို့က အရမ်းလိုအပ်ပါတယ်။” စတေးလ်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခဏလောက်စဉ်းစားပြီးမှ မေးလာ၏ "ဒါပေမယ့် ရှုယီ၊ စံပြု အဆီအနှစ်ပြည့်မှော်သလင်းကျောက်တွေကို ရှင်က ခက်ခက်ခဲခဲ လုပ်နေတာ မဟုတ်ဘူးလား။ အခု တခြားလုပ်ငန်းစုတွေက Frestech ကုန်သည်ကြီးများအသင်းရဲ့ စံပြုအဆီအနှစ်ပြည့်မှော်သလင်းကျောက်ကို အသုံးပြုနေကြပြီလေ။ အကယ်၍ ရှင်သာ အခုအချိန်မှာ စွမ်းအင်ချွေတာရေး ဆောင်ပုဒ်ကို မြှင့်တင်မယ်ဆိုရင် အဆီအနှစ်ပြည့်မှော်သလင်းကျောက် ရောင်းချမှုကို ထိခိုက်စေမှာ မဟုတ်ဘူးလား။

ရှုယီက ပခုံးတွန့်ကာ "ဒါက ကိုယ့်ပန်းတိုင်ပဲ"

"အိုး? ဘာလို့?" စတေးလ်က ရှုယီကိုကြည့်ရင်း စိတ်ရှုပ်သွားသည်။

ရှုယီသည် မှော်သလင်းကျောက်သန့်စင်မှုနည်းပညာကို အလွန်အရေးထားပြီး မှော်စက်၏စွမ်းအင်ရင်းမြစ်ကို စံချိန်စံညွှန်းသတ်မှတ်ရန် အမြဲလုပ်ဆောင်ခဲ့သည်။

စတေးလ်အတွက် ဤသည်မှာ Frestech ကုန်သည်ကြီးများအသင်းမှ အဆီအနှစ်ပြည့်မှော်သလင်းကျောက်များရောင်းချနိုင်စေရန် အုတ်မြစ်ချခြင်းပင်ဖြစ်သည်။

သို့သော် အခု ရှုယီဟာ အဆီအနှစ်ပြည့်မှော်သလင်းကျောက်တို့၏ ရောင်းအားကို လျှော့ချချင်နေလေရာ ထံမှာ မည်သည့်အကြောင်းပြချက်ရှိသနည်း။

ရှုယီသည် စတေးလ်ကို မည်သို့ပြန်ဖြေရမည်အား မသိဘဲ အနည်းငယ် နှုတ်ဆိတ်သွားသည်။

စွမ်းအင်သုံးစွဲမှုကို လျှော့ချရန် စိတ်ကူးသည် ကမ္ဘာ‌ မြေကြီးမှ ကူးပြောင်းလာသော ရှုယီကဲ့သို့ လူ၏စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့သည်။ မှော်စက်တွေကို စပြီး သုတေသနလုပ်ကတည်းက သူ့ထံ ဒီစိတ်ကူးရှိပြီးသားပင်။

ကမ္ဘာပေါ်ရှိ ရေပန်းအစားဆုံး စွမ်းအင်ရင်းမြစ်ကဲ့သို့ပင်၊ ရုပ်ကြွင်းလောင်စာများသည် အကန့်အသတ်ရှိသော်လည်း စိုင်စ်နယ်မြေရှိ နေရာတိုင်းတွင် မှော်သလင်းကျောက်များကို တွေ့ရှိရပြီး မည်သည့်အရာမှ တန်ဖိုးမရှိသော်လည်း ၎င်းတို့သည် အကန့်အသတ်ရှိနေဆဲဖြစ်သည်။

သုံးစွဲနည်းကို ချွေတာရန် မသိပါက မှော်သလင်းကျောက်များသည် တစ်နေ့တွင် ကုန်သွားမည်ဖြစ်သည်။

စိုင်စ်နယ်မြေကြီးမှာ လက်ရှိ မှော်သလင်းကျောက်များ ပိုင်ဆိုင်ထားလျှင်တောင် နောင်နှစ်ပေါင်း တစ်ထောင်လောက်သာ ကြာရှည်လိမ့်မည်၊ ရှုယီသည် ဤနယ်မြေကြီးပေါ်တွင် ထိုသဘောတရားကို တည်ဆောက်ချင်ခဲ့သည်။

ဟုတ်ပါ၏၊ ၎င်းက ရေရှည်အတွက် စဉ်းစားသည့်အပေါ်မှာ အခြေခံပါသည်။

ယင်းအတွက် အကြောင်းရင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်မှုစွမ်းရည် နည်းပါးခြင်း ပြဿနာဟောင်းဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှသာလျှင် အဆီအနှစ်ပြည့်မှော်သလင်းကျောက်များကို ယခုအချိန်တွင် ပြန်လည်သန့်စင်နိုင်မည်ဖြစ်သည်။ ဤအရာသည် ယခုအချိန်တွင် အရေးကြီးလှသောကြောင့်၊ ရှုယီ သည် ဤနည်းပညာကို လက်ရှိ၌ လွှဲပြောင်းပေးရန် အစီအစဉ်မရှိပေ။

Frestech ကုန်သည်ကြီးများအသင်းသည် မှော်စက်များအတွက် အဆီအနှစ်ပြည့်မှော်သလင်းကျောက်များ ထောက်ပံ့ပေးရန် အချိန်အတော်ကြာအောင် ဆောင်ရွက်ရမည်ဟု ကြည့်မြင်နိုင်ပါသည်။

ရှုယီက ဒီကိစ္စကို အလေးပေးရင်တောင် Frestech ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ အဆီအနှစ်ပြည့်မှော်သလင်းကျောက်ထုတ်လုပ်မှုကို တိုးမြှင့်မလုပ်ဆောင်မီ၊ တိုးမြင့်လာသော ဝယ်လိုအားကို လိုက်လျောညီထွေမဖြစ်နိုင်တော့ပေ။

မှော်စက်သုတေသနဌာနမှ အချက်အလက်အရ၊ အကယ်၍ ဤလမ်းကြောင်းအတိုင်း ဆက်သွားပါက Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်မှုသည် စျေးကွက်ဝယ်လိုအားနှင့် မကိုက်ညီနိုင်မီ သုံးနှစ်ခန့် အချိန်ယူရမည်ဖြစ်ပါသည်။

ဒီအခြေအနေ တကယ်ဖြစ်လာလျှင် အကျိုးဆက်က ပြင်းထန်လိမ့်မည်။ ၎င်းသည် အိမ်သုံးမှော်စက်များရောင်းချမှုကို ထိခိုက်စေရုံသာမက ရှုယီ အဆင့်မြှင့်တင်ရန် ကြိုးစားလုပ်ဆောင်ခဲ့သော စွမ်းအင်စံသတ်မှတ်ချက်ကို ပျက်ပြယ်သွားစေမည်ဖြစ်သည်။

အဆီအနှစ်ပြည့်မှော်သလင်းကျောက်မရှိလျှင် လုပ်ငန်းစုများစွာသည် ဤစံနှုန်းကို သေချာပေါက် မပံ့ပိုးနိုင်တော့ပါ။

ဤပြဿနာအတွက် ရှုယီ၏ဖြေရှင်းချက်ကို အပိုင်းနှစ်ပိုင်းခွဲထားသည်။

တစ်ခုမှာ အဆီအနှစ်ပြည့်မှော်သလင်းကျောက်များ သုတေသနကို အားကောင်းစေရန်၊ ၎င်းတို့၏ ထုတ်လုပ်မှု စွမ်းရည်ကို မြှင့်တင်ရန်နှင့် အဆီအနှစ်ပြည့်မှော်သလင်းကျောက်များ၏ စွမ်းအင်အသုံးပြုမှုကို ရှာဖွေရန် ဖြစ်သည်။

နောက်တစ်ချက်မှာ မှော်ပန်ကာ နှင့် မှော်လေပေးစက်အသစ်ဖြင့် လူတိုင်းထံ ပေးပို့လိုသော အယူအဆအသစ်ဖြစ်သည်။

၎င်းမှာ စွမ်းအင်ကို ထိန်းထားနိုင်ရန်ဖြစ်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၁၄။ ဒုတိယကလေး

စတေးလ်က ဤပြဿနာ၌ ထိုမျှစိတ်ဝင်စားခြင်းမရှိသည်မှာ ကောင်းသည့်အရာပင်။ ရှုယီက အတန်ငယ် နေရခက်နေသည်ကိုမြင်သော် သူမက တစ်ချက်ပြုံးပြကာ ၎င်းကို ဆက်လက်၍ ရှာမနေတော့ချေ။ ထို့နောက် ၎င်းတို့ရှေ့ရှိ မနီးမဝေး၌ ရုပ်ရှင်ရိုက်နေသူများထံ အာရုံလွှဲလိုက်သည်။

မှော်ပုံရိပ်ယောင်ပရိုဂျက်တာကို ချပြလိုက်ကတည်းက ရှုယီ၏ အားပေးလမ်းညွှန်မှုအောက်မှ ဆန်းသစ်လ ကုန်သည်ကြီးများအသင်းအား စတေးလ်၏ စိတ်ဝင်စားမှုရှိခြင်းကြောင့် မှော်ပုံရိပ်ယောင်ရုပ်ရှင်များတွင် တဖြည်းဖြည်း ရင်းနှီးမြှုပ်နှံလာကြသည်။

« ဆန်းသစ်လအဖွဲ့ ၏နေ့စဉ်ဘဝများ» ၏ပထမအပိုင်းသည် အလွန်ရေပန်းစားခဲ့ပြီး မြို့အများအပြားတွင် ပြသရန်တောင်းဆိုခံခဲ့ရသည်။ ဆန်းသစ်လကုန်သည်ကြီးများအသင်းသည် ဒုတိယနှင့် တတိယအပိုင်းကို ရိုက်ကူးရန် ဤအခွင့်အရေးကို ရယူခဲ့သည်။ ၎င်းတို့သည် နောက်ထပ် ဆက်စပ်ဇာတ်ကားအချို့ကို ထုတ်ဝေရန်နှင့် ယင်းဇာတ်ကားများဖြင့် စီးရီးတစ်ခုလုံးကို ဖန်တီးရန်လည်း စီစဉ်ထားသည်။

သူတို့၏ အစီအစဉ်အရ ဆန်းသစ်လကုန်သည်ကြီးများအသင်းက ယင်းဇာတ်ကားများအားလုံးကို စုစည်းပြီး တူညီသည့် မှတ်တမ်းတင်ကိရိယာထဲ ထည့်ထား၍ အိမ်၌ကြည့်ရှုရန် မှော်ပုံရိပ်ယောင်ပရိုဂျက်တာကိုဝယ်ယူသူများအတွက် ထောက်ပံ့ပေးခြင်းများ ပြုလုပ်မည်ပင်။

ဤအစီအစဉ်ကိုကြေညာသောအခါ Frestech ကုန်သည်ကြီးများအသင်း၏ မှော်ပုံရိပ်ယောင်ပရိုဂျက်တာသည် တစ်လလျှင် အလုံးရေ နှစ်ရာအောက်မှ ရုတ်တရက် အလုံးရေ သုံးထောင်အထိ ရောင်းချနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆန်းသစ်လကုန်သည်ကြီးများအသင်းသည် "ဆန်းသစ်လအဖွဲ့" စီးရီးအတွက် အမှာစာပေါင်း နှစ်ထောင်ငါးရာကျော် ရရှိခဲ့သည်။

ထိုအချိန်တွင်၊ “ဆန်းသစ်လအဖွဲ့၏ နေ့စဉ်ဘဝများ” စတုတ္ထအပိုင်း ရိုက်ကူးရေးပင် မပြီးသေးပါချေ။

စတေးလ်မှာ ဤ မှော်ပုံရိပ်ယောင်ရုပ်ရှင်များတွင် ဖုံးကွယ်ထားသော ကြီးမားသော စီးပွားရေးအခွင့်အလမ်းကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် သူမသည် ဆန်းသစ်လကုန်သည်ကြီးများအသင်း၏ အာရုံကို ထိုဇာတ်ကားများရိုက်ကူးရန် ပြောင်းလဲခဲ့သည်။

ထို့အပြင်၊ သူမသည် အကြီးအကဲ အွန်ဒင်းကို ယုံကြည်စေသောကြောင့် အဇ်ရှာရာမျိုးနွယ်စု ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အဇ်ရှာရာမျိုးနွယ်စု ၏နေ့စဉ်ဘဝများအကြောင်း မှတ်တမ်းတင်ရိုက်ကူးနေခဲ့သည်။

၎င်းကို ပြသပြီးနောက်တွင် အလွန်နာမည်ကြီးခဲ့၏။

ထို့ကြောင့် ရှုယီ၏ မှော်ပုံရိပ်ယောင်ပရိုဂျက်တာ အတွက် ခန့်မှန်းချက်ကို ယုံကြည်ဆဲပင်။ ထိုအရာပေါ်လာပြီးတာနှင် ဖျော်ဖြေရေးနည်းလမ်းသစ်တစ်ခု ယူဆောင်လာမယ်ဆိုတာ သူမသေချာပေါက်သိသည်။

မှတ်တမ်းရုပ်ရှင် အမျိုးမျိုးကို ရိုက်ကူးနေစဉ် ဆန်းသစ်လကုန်သည်ကြီးများအသင်းမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ ကြော်ငြာအမျိုးမျိုးကို ရိုက်ကူးပေးခဲ့သည်။

စတက်တိန်းနယ်မြေထဲဝင်သွားချိန်တွင် ရူဆဲလ် မြင်ခဲ့ရသည့် ဗီဒီယိုကို ဆန်းသစ်လကုန်သည်ကြီးများအသင်းက ပြုလုပ်ခဲ့ခြင်းပင်။ အိမ်သုံး မှော်စက်အမျိုးမျိုးအား လူများကို မိတ်ဆက်ပေးဖို့ဖြစ်သည်။

ယခု သူတို့နှစ်ယောက်၏ ရှေ့တွင် နောက်ထပ် အရေးကြီးတဲ့ ကြော်ငြာတစ်ခု ရိုက်ကူးနေပါ၏။

ဤကြော်ငြာသည် အလွန်ရိုးရှင်းသည်၊ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းမှ ဖန်တီးနေသည့် မှော်ဆလွန်းအသစ်နှင့် ဆက်စပ်နေရာ ပါဝင်သည့်လူများက မရိုးရှင်းပါ။

အဓိက ဦးဆောင်သူမှာ အကြီးအကဲလီဆန်းယာ ဖြစ်သည်။

အကြီးအကဲလီဆန်းယာ၏ အနီရောင် Frestech တံဆိပ် မှော်ဆလွန်းသည် လမ်းကိုဖြတ်၍ အရှိန်ပြင်းပြင်းဖြင့် ဖြတ်သွားသည်ကို မြင်လိုက်ရသဖြင့် ရှုယီမှာ မနေနိုင်စွာ ထူးဆန်းသောအကြည့်ဖြင့် ကြည့်မိသွားသည်။

အကြီးအကဲလီဆန်းယာအား ကြော်ငြာရိုက်ချင်သည်ဟု ရှုယီက ပြောပြသည့်အခါ သူမဟာ အရမ်းအံ့သြသွားခဲ့သည်။

ယခုတော့ အကြီးအကဲလီဆန်းယာသည် အချိန်အတော်ကြာ ရိုက်ကူးနေခဲ့ပြီး၊ ၎င်းသည် အစစ်အမှန်မဟုတ်ဟုပင် သူမ ခံစားမိသေးသည်။

အကြီးအကဲလီဆန်းယာသည် နတ်သူငယ် မျိုးနွယ်စု၏ အကြီးအကဲဖြစ်သည်။

ပြိုင်ကားတွေကို ကြိုက်သည်ဆိုလျှင် ၎င်းက သူမ၏ ထူးဆန်းသော ကိုယ်ပိုင်ဝါသနာဟု ယူဆနိုင်သည်။ သို့သော် ယခု သူမသည် မရေမတွက်နိုင်သော လူများအတွက် ကြော်ငြာတစ်ခု ရိုက်ကူးရန် ဤနေရာကို ရောက်လာသောကြောင့် လူတိုင်း၏ စိတ်ထဲမှာ နတ်သူငယ်များ၏ ပုံရိပ်ကို အမှန်တကယ် ဖျက်စီးသွားပေလိမ့်မည်။

လမ်းမပေါ်မှာ ကားကို အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ တစ်ယောက်က နတ်သူငယ်အကြီးအကဲတဲ့လား …….

ဒါကို သိထားသရွေ့တော့ ဤကြော်ငြာက မထုတ်ဝေခင်မှာ မရေမတွက်နိုင်သည့် လူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်ဟု ယုံကြည်နေတုန်းပါပင်။

"ပြောရရင်.....ရှုယီ၊ အကြီးအကဲလီဆန်းယာက ဒီကြော်ငြာရိုက်ချင်တာကို မေ့ပြီး ဘာလို့ အက်ဂ်နက်စ်ကို ဆွဲထုတ်ခဲ့တာလဲ" စတေးလ်က အခြား နတ်သူငယ် အများအပြားနှင့် ထောင့်၌ စကားပြောနေသည့် အက်ဂ်နက်စ်ကိုကြည့်ကာ ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ အကြီးအကဲလီဆန်းယာက အက်ဂ်နက်စ်ဟာ လူသားတွေနဲ့ နတ်သူငယ်တွေရဲ့ စံနမူနာဖြစ်နေပြီလို့ ခံစားမိလို့တဲ့လေ။ သူမက ဒါကို သဘောပေါက်ပြီး ဒီကြော်ငြာထဲ နတ်သူငယ် တော်တော်များများကို မြင်စေချင်တာကြောင့် သူမတင်သာမကဘဲ အက်ဂ်နက်စ်ကိုပါ ဆွဲခေါ်ခဲ့တာ။” ရှုယီက ရှင်းပြသည်။

"စံနမူနာ? အက်ဂ်နက်စ်က ရှင်နဲ့လက်ထပ်ထားလို့လား။" စတေးလ်က မျက်မှောင်အနည်းငယ်ကုပ်ပြီး "ရှုယီ၊ ဒါက အဆင်ပြေတယ်လို့ ရှင်ထင်လား"

"ဘာလဲ အဆင်မပြေဘူးလား?" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ “အက်ဂ်နက်စ်ဟာ နတ်သူငယ် တစ်ယောက်ဖြစ်ပြီး ဒါက နတ်သူငယ်မျိုးနွယ်တစ်ခုလုံးအတွက် လုပ်ဆောင်ပေးတဲ့အရာလို့ ယူဆတဲ့အတွက် သူမမှာ ငြင်းစရာအကြောင်းမရှိပါဘူး။ ဒါ့အပြင် ဒီကြော်ငြာရိုက်ကူးရေးမှာ ပါဝင်ရတာ အရမ်းပျော်နေတာလေ”

"ဟုတ်ပါတယ်။ ဒီကြော်ငြာထွက်ပြီးတာနဲ့ သူမနဲ့ အကြီးအကဲလီဆန်းယာတို့ ကြယ်ပွင့်တွေဖြစ်လာလိမ့်မယ်လို့ ကျွန်မအာမခံတယ်။” စတေးလ်က ဆက်ပြောသည် "အက်ဂ်နက်စ်အတွက်၊ အဲဒါက အရမ်းကောင်းတဲ့ အတွေ့အကြုံသစ်တစ်ခု ဖြစ်လာမှာပါ။"

ရှုယီက စတေးလ်ကို မျက်စောင်းထိုးလိုက်ပြီး "ဒါက တကယ်ကို အတွေ့အကြုံရှိသူရဲ့ အသံပဲ။ ကိုယ်ပြောမာ် စတေးလ်၊ မင်းနောက်တစ်ခေါက်ထွက်ချင်နေသရွေ့တော့ မင်းက အက်ဂ်နက်စ်ထက် ပိုနာမည်ကြီးလာမယ်ဆိုတာ ကိုယ်အာမခံတယ် လက်ရှိ ဘန်တာမြိုတော်မှာတောင် ဘန်တာနတ်ဘုရားမ ဆိုတဲ့ ဘွဲ့ကို ရပါသေးတယ်။"

“လွန်ခဲ့တဲ့နှစ်ပေါင်း ဘယ်လောက်ရှိပြီလဲ။ ကျွန်မတို့ကလေးက ငါးနှစ်ရှိပြီ၊ ဘန်တာ မြို့ကလူတွေ ကျွန်မကို ဘန်တာ နတ်ဘုရားမလို့ ဘယ်လိုခေါ်ကြလို့လဲ။”

ထိုအကြောင်းပြောရင် သူမဟာ တစ်ခုခုကို တွေးနေပုံရသည်။

"မှန်တယ်၊ ရှုယီ ကလေးတွေအကြောင်းပြောနေတာ ...... အကြီးအကဲ အီလူရှာ ပဲဖြစ်ဖြစ် အကြီးအကဲလီဆန်းယာပဲဖြစ်ဖြစ်၊ သူတို့ဟာ ရှင်နဲ့ အက်ဂ်နက်စ်ရဲ့ ကလေးကို အမြဲတမ်း ဂရုစိုက်နေကြတယ်။ ဒါပေမယ့် အခုဆို နှစ်နှစ်လောက်ရှိပြီ အက်ဂ်နက်စ်က ဘာလို့ ဘာလက္ခဏာမှ မပြသေးတာလဲ။ ရိုးရိုးသားသားပြောရရင် နတ်သူငယ် တစ်ပိုင်းကလေးက ဘယ်လိုပုံစံလဲဆိုတာ ကျွန်မတကယ်ကြည့်ချင်တယ်”

ရှုယီက သူ့လက်များကို ကူကယ်ရာမဲ့ ဖြန့်ကာ "အက်ဂ်နက်စ်နဲ့ ကိုယ်လည်း အရာအားလုံးလုပ်ပြီးပြီ၊ ဒါပေမယ့် တုံ့ပြန်မှု မရှိတာ။ ကိုယ်လည်း ဘာမှမတတ်နိုင်ဘူး။"

"ဖြစ်နိုင်တာက......ခ်......ရှင် တခုခုမှားနေလို့များလား"

ရှုယီက စတေးလ်ကို စိုက်ကြည့်ရင်း၊ “ဟေး ဒါက ဇနီးသည်က ခင်ပွန်းကိုပြောတဲ့စကာလား။ မယားတစ်ယောက်အနေနဲ့ မင်းခင်ပွန်းက တခြားမိန်းကလေးနဲ့ ရှိနေတာကို ဂရုစိုက်နေတာ၊ ဒါက ဘယ်လိုအဓိပ္ပာယ်ရှိလဲ။"

စတေးလ်က ရှုယီ၏မျက်နှာကို လက်ဖြင့် ဆွဲညှစ်၍ ရယ်မောလျက် “ဒီလိုလာမစမ်းနဲ့။ ပြောပြပါ၊ အရမ်းသိချင်တယ်။"

“အကြောင်းရင်းကို မသိဘဲ စူးစမ်းချင်စိတ်ရှိတာ အသုံးမ၀င်ဘူး။ အကြီးအကဲ အီလူရှာ နဲ့ အကြီးအကဲ လီဆန်ယာ တို့က မင်းထက် အဆမရေမတွက်နိုင်အောင် ဂရုစိုက်ကြပြီး ကိုယ့်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တောင်းဆိုခဲ့ကြတာ၊ သမိုင်းထဲက လူသားတွေနဲ့ နတ်သူငယ်တွေအကြောင်း ရည်ညွှန်းထားတဲ့ စာအုပ်တွေ အများကြီး ပေးခဲ့တယ်၊ ဒါပေမယ့်..... အဲဒါက ဘာမှ အသုံးမဝင်ဘူး။"

"ဒါဆို ဘာလုပ်ကြမလဲ? ရှင်နဲ့ အက်ဂ်နက်စ်က နတ်သူငယ် တစ်ပိုင်းကလေးမမွေးနိုင်တာ များလား။"

ရှုယီက သက်ပြင်းတစ်ချက်ချလိုက်ပြီး စိုးရိမ်စရာပုံမပေါ်သော အပြုံးဖြင့် အက်ဂ်နက်စ်ကို လှည့်ကြည့်လိုက်သည်။ သူက ခေါင်းယမ်းကာ “တခြားနည်းလမ်းမရှိဘူး၊ ကောင်းကင်က ဘယ်လိုစီစဉ်ထားလဲဆိုတာ ကိုယ်တို့မြင်ရမှာပါ” ဟုပြောလိုက်သည်။

စတေးလ်က အက်ဂ်နက်စ်ကို ခဏလောက်ကြည့်ရင်း မျက်ခုံးများ တွန့်ချိုးလိုက်မိသည်"ကောင်းပြီ၊ အခု အက်ဂ်နက်စ်အတွက် စိတ်မပူနဲ့။ ဘက်တီ နဲ့ ကာရို ကရော ဘယ်လိုလဲ။ ရှင် သူတို့ကို ဘယ်တုန်းကမှ မထိဖူးဘူး၊ ရှင် သူတို့ကို ဒီအတိုင်းနေစေချင်လို့လား"

"ဒါက အဆင်မပြေဘူး" ရှုယီအနည်းငယ် အံ့အားသင့်သွားသည်၊ "ဆယ်ဗီနီ က အဲဒီနှစ်ယောက်ကို ကိုယ့်ဆီ အတင်းတွန်းပို့တယ်၊ ဒါကြောင့် သူတို့ဆန္ဒကို ကိုယ်လေးစားရမယ်"

စတေးလ်က ရှုယီကို ခဏလောက်ကြည့်၍ ခေါင်းယမ်းရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမက တစ်ချောင်းထောင်၍ ရှုယီ၏နဖူးကို တို့လိုက်၏။

"ရှုယီ ရှင်က နူးညံ့သိမ်မွေ့ပြီး အဲဒါကို ကျွန်မသဘောတယ်၊ ဒါပေမယ့် ရှင့်ရဲ့ ကြင်နာမှုက လွန်ကဲရင် လူတွေကို တကယ်နာကျင်စေမယ်ဆိုတာ ရှင်သိလား။ ဘက်တီ နှင့် ကာရို တို့က ရှင့်အပိုင်ဖြစ်နေပြီ၊ ဒါကို ဘယ်သူကမှ ပြောင်းလဲလို့မရပါဘူး။ သူတို့ကို ဘယ်တော့မှ မထိရင် သူတို့ ဘယ်လောက် နာကျင်ခံစားရမလဲ သိရဲ့လား။ လဇ် နဲ့ လင်ဒါ ဖြစ်ပျက်ခဲ့တာတွေကို မေ့သွားပြီလား”

ရှုယီက မျက်မှောင်ကုပ်ကာ"ကဲ... မင်းက ကိုယ့်ကို တွန်းအားပေးနေတာလား.....အေးလေ.....သူတို့ဆီသွားပြီး.....သူတို့နဲ့ အတူနေလိုက်မယ်"

စတေးလ်က အသံတိုးတိုးလေးဖြင့် ရှုယီကို စိုက်ကြည့်လာကာ "မှန်တယ်! ရှင့်ကို သူတို့နဲ့ အတူရှိဖို့ အခွင့်အလမ်းရှာချင်တယ်၊ ပိုမြန်လေလေ ကောင်းလေပဲ၊ မဟုတ်လို့ ရှင်ဆက်ပြီး နှောင့်နှေးရင် ရှင် သူတို့ကို ပိုနာကျင်စေလိမ့်မယ်!"

ရှုယီသည် စတေးလ်ကို ခဏတာကြည့်ရင်း မျက်ခုံးတွန့် လိုက်သည်။ ထို့နောက် သူ့မျက်နှာပေါ် လက်ကိုတင်ကာ နူးညံ့သောလေသံဖြင့် မေးရင်း သူမ၏မျက်လုံးများထဲ ချက်ချင်းကြည့်လိုက်၏၊ “ ဘာမှားနေတာလဲ မင်းက အမြဲတမ်း စိတ်သဘောထား ပွင့်လင်းနေပေမယ့် ကိုယ့် ကို တခြားကောင်မလေးတွေနဲ့ မနေချင်ဘူးဆိုတာ ကိုသိတယ်။ မင်းကြောင့် ဘက်တီ နဲ့ ကာရို ကို မထိချင်ပေမယ့် အခုမင်းကဘာလို့ ကိုယ့်ကိုထိခိုင်းရတာလဲ။ တစ်ခုခုဖြစ်ရင် ကိုယ့်ကိုပြောပါ”

စတေးလ်က မျက်လွှာချပြီး ရှုယီ၏ အကြည့်ကို ရှောင်နေသည်။

ခဏအကြာတွင် သူမ၏ မျက်နှာပေါ်တွင် နီရဲနေသော အရိပ်တစ်ခု ပေါ်လာသည်။

ရှုယီက အလွန်သိချင်နေခဲ့၏။

သူတို့မှာ အခုချိန်ထိ တစ်ယောက်နဲ့တစ်ယောက် ခုနစ်နှစ်ကျော် သိကျွမ်းလာပြီး အိမ်ထောင်သက် (၆) နှစ်နီးပါးရှိပြီ ဖြစ်တဲ့ အတွက် ဝါရင့်စုံတွဲဟု သတ်မှတ်၍ရနေပြီပင်။ သူမဟာ သူ့ရှေ့မှာ အဘယ့်ကြောင့် ရှက်သွားရသနည်း။

စတေးလ်က ရုတ်တရတ် ခပ်တိုးတိုး အသံလေးနဲ့ ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ကျွန်မ......ရှင့်ကို အချိန်အကြာကြီး စိတ်ကျေနပ်စေနိုင်မှာ မဟုတ်ဘူး။ ကျွန်မမှာ ကိုယ်ဝန်ရှိပြန်ပြီ....."

"ဘာ??" ရှုယီက မှင်သက်သွားပြီး ခဏအကြာတွင် ပြောလာသည် "မင်း ကိုယ်ဝန်ရှိနေတာလား။"

စတေးလ်က ဖြည်းညှင်းစွာ ခေါင်းညိတ်ပြလိုက်ကာ “အင်း၊ ပြီးခဲ့တဲ့လက တစ်ခုခု ပုံမှန်မဟုတ်နေတာကို သတိပြုမိလို့ သွားစစ်ဆေးကြည့်တော့ ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုခဲ့ရတယ်။ အချိန်ကိုရေတွက်ရင် သုံးလတောင်ရှိနေပြီ”

ရှုယီက စိတ်ထဲမှာ တိတ်တဆိတ် တွက်ချက်၍ "ဒါက မမျှော်လင့်ထားတဲ့အရာတွေ ဖြစ်မလာဘူးဆိုရင် ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ်အစမှာ ကိုယ်တို့ရဲ့ ဒုတိယမြောက်ကလေးကို မွေးတော့မှာလား။"

“အင်း......”

ရှုယီသည် အံ့ဩသွားပြီးနောက် ရင်ထဲသို့ အပျော်များလှိုက်တက်လာသည်။

စတေးလ်မှ ဖရီယာကို မွေးဖွားပြီးနောက်၊ လွန်ခဲ့သည့်ငါးနှစ်တာကာလအတွင်း ဘာမှမဖြစ်ခဲ့ပေ။ ၎င်းက အခုချိန်ထိ နောက်ထပ်ကလေးမမွေးနိုင်သေးဘူးဟု ရှုယီကို ထင်စေခဲ့သည်။

သို့သော် ယခု စတေးလ်က ရုတ်တရက် အံ့ဖွယ်ကောင်းသော အံ့အားသင့်မှုကို ပေးစွမ်းလာရာ မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။

ခဏလောက် အံ့အားသင့်သွားပြီးနောက်၊ ရှုယီရင်ထဲရှိ အရိုင်းဆန်ဆန်ပျော်ရွှင်မှုများ မခံနိုင်တော့ဘဲ ပေါက်ကွဲထွက်လာခဲ့သည်။

ရှုယီ၏ ရယ်မောသံများက ပျံ့နှံ့သွားရာ ရှိနေသည့် လူအားလုံးက သူ့ထံသို့ လှည့်လာကြသည်။

အားလုံးက မရပ်မနား ရယ်မောနေတဲ့ ရှုယီနှင့် သူ့အနားရှိ မျက်နှာ နီရဲနေသော စတေးလ်ကို တွေ့လိုက်တဲ့အခါ နည်းနည်း စိတ်ရှုပ်သွားကြသည်။

ဥက္ကဌ.....ဆီမှာ ကောင်းတဲ့ကိစ္စရှိနေတာလား။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၁၅။ Frestech ကုန်သည်ကြီးများအသင်းကို ကျေးဇူးတင်ရှိသော

"ချွင်ချလွင်"

စားသောက်ဆိုင်အသေးလေး၏ တံခါးက ရုတ်တရတ် တွန်းဖွင့်ခံလိုက်ရကာ လေပူခပ်ပြင်းပြင်းက စားသောက်ဆိုင်လေးအတွင်း ပေးထားသော လေအေးအေးများနှင့် ရိုက်ခတ်မိကာ လေက တံခါး၌ ချိတ်ထားသည့် သံချောင်းကို တီးမိသွားသည်။

တံခါးအနီးထိုင်ကာ ဘီယာအေးအေးလေး‌သောက်နေကြသည့် လူကြီးများစွာက ရုတ်တရတ် ချွေးထွက်လာရာ မဆဲဘဲမနေနိုင်ကြတော့ပေ။

"ဟေး၊ ငါပြောတာ၊ ဂျိုဟန်၊ မင်းတကယ်ပဲ မှော်လေပေးစက်ကို မြန်မြန်ဝယ်သင့်တယ်။ ဒီခေတ်မမီတော့တဲ့ ပထမမျိုးဆက် မှော်ပန်ကာနှစ်လုံးနဲ့ပဲ ဒီထဲမှာ အေးနေအောင် ဘယ်လိုလုပ်မှာလဲ။"

“ဟုတ်တယ်၊ ငါတို့ ဒီမှာထိုင်ရင်း အပူဒဏ်ကြောင့် သေတော့မယ်။ မင်း မှော်လေပေးစက်ဝယ်ဖို့ ပိုက်ဆံနည်းနည်းလောက်တောင် မသုံးချင်ဘူးဆိုရင် မင်းရဲ့ဖောက်သည်ဟောင်းတွေ အကုန်ကုန်သွားနိုင်တယ်”

“ဟုတ်တယ်၊ မကြာသေးခင်က ဖွင့်ခဲ့တဲ့ စားသောက်ဆိုင်အသစ်တစ်ခုရှိတယ်။ သူတို့ဆိုင်မှာဆို မှော်လေပေးစက်သုံးခုရှိတယ်။ ဟိုနေ့က သွားလိုက်တာ အေးလို့၊ အဲဒီမှာ ဘီယာသောက်ရင်း လန်းဆန်းသွားတာပဲ။ ငါ့သူငယ်ချင်းဟောင်းတွေ ဒီမှာရှိမနေရင် ငါဒီနေ့ ဒီရောက်လာမှာမဟုတ်ဘူး။"

......

သူ့ဖောက်သည်များ၏ ညည်းညူသံကိုကြားတော့ ဂျိုဟန်ဟာ ရိုးရှင်းတဲ့အပြုံးနှင့် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်၊ "ကောင်းပြီ၊ ကောင်းပြီ၊ မနက်ဖြန် ဒီမှာတစ်ခုယူလိုက်မယ်၊ ပိုပြီးသက်တောင့်သက်သာရှိမှာသေချာတယ်။ ငါတို့အားလုံးက သူငယ်ချင်းဟောင်းတွေပဲ၊ မင်းတို့တစ်ခုခုလိုချင်ရင် ငါဖြည့်ဆည်းပေးမှာပါ"

"ဟုတ်တယ်၊ ဂျိုဟန်မှော်လေပေးစက်ဝယ်တာပြောရင် Frestech တံဆိပ်ကို ဝယ်သင့်တယ်။" အမျိုးသားတစ်ဦးက ပြောသည်။

ဂျိုဟန်က ပြောလာ၏ “Frestech တံဆိပ်? ဒါပေမယ့် Frestech တံဆိပ်က တခြားဟာတွေထက် ဈေးပိုကြီးတယ်......"

"ချီ... မင်း နားမလည်ပါဘူး။ Frestech တံဆိပ် စျေးနှုန်းကိုမကြည့်နဲ့၊ သုံးရတာပိုပြီးလွယ်ကူတယ်လေ။ ပြောပြမယ်၊ ပြီးခဲ့တဲ့နှစ်က မှော်လေပေးစက် ဝယ်တဲ့ အိမ်နီးချင်း နှစ်ယောက်ရှိတယ်။ သူတို့ထဲက တစ်ယောက်က Frestech တံဆိပ်ကိုဝယ်ပြီး နောက်တစ်ယောက်က ဝယ်တာက....အဲဒါကို ခေါ်တာပါလိမ့်... Thornes တံဆိပ်ဆိုလား.. ဒါက မှော်လေပေးစက် အမှတ်တံဆိပ်တစ်ခုပဲ။ ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်။ Frestech တံဆိပ်ကိုဝယ်တဲ့သူက ကောင်းကောင်းသုံးနေတုန်းပဲ၊ Thornes တံဆိပ်ကိုဝယ်တဲ့သူက ပြီးခဲ့တဲ့နွေရာသီမတိုင်ခင်တည်းက စက် အလုပ်မလုပ်တော့ဘူးလေ။"

စားသောက်ဆိုင်တွင် ရယ်သံများဖြင့် ပြည့်နှက်သွားသည်။

“ဟားဟား၊ အဲဒီကျပန်းအမှတ်တံဆိပ် မှော်လေပေးစက်တွေကို ဝယ်ဖို့ နည်းနည်းလေးလောက်တော့ ထိုက်တန်ပါတယ်။ အိမ်သုံး မှော်စက်ကို ဝယ်ချင်ရင် Frestech တံဆိပ်ပဲ ဖြစ်သင့်တယ်။”

“အို ဂျိုဟန်၊ မဆိုင်းမတွ ဝယ်လိုက်တော့။ နွေရာသီရဲ့ အပူဆုံးအပိုင်းက မြန်မြန်မရောက်သေးတာကို အခွင့်အရေးယူသင့်တယ်။"

“မှန်တယ်၊ Frestech ကုန်သည်ကြီးများအသင်းက စွမ်းအင်ထိရောက်မှုကို မြှင့်တင်ရာမှာ အခု ပါဝင်ဆောင်ရွက်နေတယ်လို့ သတင်းစာတွေမှာ ဖတ်ရတယ်။ Frestech အမှတ်တံဆိပ် အိမ်သုံး မှော်စက်အဟောင်းနဲ့ လဲလှယ်နေသမျှ လျှော့စျေးကို ရနိုင်တယ်။ ဂျိုဟန်၊ ဒီ မှော်ပန်ကာနှစ်လုံးကို ယူသွားလိုက်ရင် လျှော့စျေးနည်းနည်းရလောက်တယ်။"

"တကယ်လား?" ဂျိုဟန်သည် လေထုတ်လွှတ်နေသော မှော်ပန်ကာနှစ်လုံးကို ကြည့်ကာ သူ့စိတ်ထဲတွင် မလိုလားမှု အနည်းငယ်ကို ဆုံးရှုံးသွားသည်။

သူဟာ ဤမှော်ပန်ကာ နှစ်လုံးကို ဝယ်ထားသည်မှာ သုံးနှစ်ကျော်သွားပြီဖြစ်သော်လည်း ပြဿနာမဖြစ်စေခဲ့ပေ။ ၎င်းတို့ကိုလည်း ကျင့်သားရနေပြီးသားပင်။

သို့သော် မှော်လေပေးစက်နှင့် လဲလှယ်ကာ စားသောက်ဆိုင်ကို အေးမြပြီး သက်တောင့်သက်သာဖြစ်စေမယ့် နည်းလမ်းကို တွေးပြီး ကျေကျေနပ်နပ် လက်ခံနိုင်ခဲ့သည်။

သူ ဒီဆိုင်ကို နှစ်အတော်ကြာ လည်ပတ်လာခဲ့ပြီး ဖောက်သည်များရှိကာ လုပ်ငန်းက မဆိုးသော်လည်း ဘယ်တုန်းကမှ မချမ်းသာခဲ့ပေ။

မဟုတ်လျှင် သူဟာ မှော်လေပေးစက် နှစ်လုံးကို တိုက်ရိုက်ဝယ်လိုက်မည်ပင်။

မှော်လေပေးစက်များ ဝယ်ဖို့ မည်မျှ ကုန်ကျမည်လဲ တွေးနေစဉ်တွင် ဂျိုဟန်အခုမှဝင်လာ‌သော ဖောက်သည်များ၏ စားပွဲထံရောက်လာသည်။

"ဒီကဖောက်သည်တွေ ဘာမှာချင်လဲဗျာ"

ဂျိုဟန်က ၎င်းတို့အား ကြည့်ရှုလိုက်ရာ နှစ်ပေါင်းများစွာ စားသောက်ဆိုင်ဖွင့်ခဲ့သည့် အတွေ့အကြုံအရ ဤဖောက်သည်များသည် သာမန်လူများမဟုတ်ကြောင်း သူပြောနိုင်သည်။

သူတို့ဝင်လာချိန်တွင် သူတို့အဝတ်အစားနှင့် ဖိနပ်တို့၌ ဖုန်မှုန့်များ လုံးဝမတွေ့ရဘဲ သန့်သန့်ရှင်းရှင်းဖြစ်နေသည်။ ၎င်းက ၎င်းတို့အနေနှင့် သင့်လျော်သော သယ်ယူပို့ဆောင်ရေးနည်းလမ်းကို အသုံးပြုခဲ့ကြသည်ကို တွေ့မြင်နိုင်သည်။

ဤသည်က ဒရိတ်ခ်နယ်မြေနှင့် ဖော့ခ်တိုင်းပြည် အကြား နယ်နိမိတ်နှင့်မဝေးသောမြို့ငယ်လေးဖြစ်သည်။ ဤဧည့်သည်များသည် ဒရိတ်ခ်နယ်မြေမှမဟုတ်ကြောင်း ထင်ရှားသောကြောင့် ၎င်းတို့သည် ဖော့ခ်တိုင်းပြည်မှဖြစ်လောက်သည်။

ဖော့ခ်တိုင်းပြည်တွင် ဒရိတ်ခ်နယ်မြေကဲ့သို့ မှော်ဆလွန်းများစွာမရှိသောကြောင့် ၎င်းတို့၏ သယ်ယူပို့ဆောင်ရေးနည်းလမ်းမှာ အကောင်းဆုံးပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ရိုးရာမြင်းလှည်းဖြစ်လောက်သည်မှာ ထင်ရှားသည်။

“ဟင်းပွဲနည်းနည်းသာ ယူလာပေးပါ” သာမာန်ရုပ်ရည်ရှိပြီး အသက်သုံးဆယ်ဝန်းကျင်ရှိ လူငယ်လေးတစ်ယောက်က ပေါ့ပေါ့ပါးပါးပြောရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ၊ “ဝိုင်ကောင်းလေးရှိရင် ယူလာပေးပါ"

"ကောင်းပြီ၊ ခဏစောင့်ပါ"

ဂျိုဟန်သည် ကောင်တာနောက်ကွယ်ရှိ မှော်ရေခဲသေတ္တာထဲမှ ဝိုင်ပုလင်းနှစ်ပုလင်းကို ထုတ်ယူပြီး ခွက်အနည်းငယ် ယူဆောင်လာကာ မီးဖိုချောင်ထဲမှ ပြန်လာခဲ့သည်။

"ရီ?" ထိုလူများသည် ဝိုင်ပုလင်းများကို ကြည့်လိုက်ရာ ပုလင်းပေါ်မှ နှင်းခဲအလွှာတစ်ခု ရှိနေပြီး အအေးဓာတ် အနည်းငယ် ထွက်လာသည်ကို တွေ့လိုက်ရာ အံ့သြသွားပုံပေါ်သည်။

"ဟေ့ သူဌေး၊ ခင်ဗျားတို့လို သာမန်ဆိုင်မှာ ရေခဲခန်းရှိမယ် မထင်ထားဘူး" အသက်လေးဆယ်ဝန်းကျင်ရှိပုံရသော လူလတ်ပိုင်းတစ်ဦးသည် မနေနိုင်ဘဲ ချီးမွမ်းလာသည်။

ဂျိုဟန်ရဲ့ အဖြေကို မစောင့်ဘဲ၊ မှော်လေပေးစက်ဝယ်ဖို့ ဂျိုဟန်ကို အခုလေးတင် တိုက်တွန်းခဲ့သူက လှည့်ပြီး ရယ်မောလာသည်။

"ကျုပ်ပြောမယ်၊ ခင်ဗျားတို့တွေ ဘယ်ကလာတာလဲ။ မှော်ရေခဲသေတ္တာအကြောင်းတောင် မသိဘူးလား? ဒီခေတ်မှာ ဘယ်သူတွေက ရေခဲခန်းလိုသေးလို့လဲ။ သူတို့နောက်ကောက်ကျကျန်နေတယ် မထင်ဘူးလား”

ဆိုင်၌ ကဲ့ရဲ့သံ၊ ရယ်မောသံများ အပြည့်ထွက်ပေါ်လာသည်။

အစားအသောက်မှာထားသော လူငယ်၏အမူအရာပြောင်းသွား၏။ တစ်ခုခုပြောချင်မည်အပြု လူလတ်ပိုင်းအရွယ်က သူ့ကို တားလိုက်သည်။

အေး‌ေနသည့် ပုလင်းကိုကြည့်ရင်း သက်လတ်ပိုင်းဖောက်သည်က ဂျိုဟန်ကိုမေးသည်။ "ဘော့စ်၊ ဒီ မှော်ရေခဲသေတ္တာက ဘာလဲဆိုတာ ရှင်းပြနိုင်မလား။ နောက်ပြီး ခင်ဗျားခုနကပြောခဲ့တဲ့ မှော်ပန်ကာနဲ့ မှော်လေပေးစက်က ဘာများလဲ။"

"ဟား ဟား၊ အဲဒါ ဘယ်ကလာမှန်း ဘယ်သူသိလဲ၊ သူတို့ ဘာမှ မသိတဲ့ တောသားပဲဟ!"

"ရော့ခ်ကီ၊ မင်းပါးစပ်ပိတ်ပြီး ဝိုင်သောက်နေစမ်းပါ!" ဖိုဖောက်သည်များ ဒေါသထွက်လာမည်ကို မစောင့်ဘဲ၊ ဂျိုဟန်က ပြုံးပြီး ပြန်လှည့်မလာခင် ထိုလူကို အရင် ကြိမ်းမောင်းလိုက်သည်။ “ဒီကဖောက်သည်တွေ၊ ဒါတွေကို ရှင်းပြဖို့က တော်တော် ဒုက္ခများပါတယ်။ ဖောက်သည်ဘယ်လောက်ရှိလဲ ကြည့်လိုက်ပါဦး ကျုပ်အရမ်းအလုပ်ရှုပ်နေသေးတယ်......"

လူလတ်ပိုင်းအရွယ်က ရင်ဘတ်ထဲလက်နှိုက်ကာ ရွှေဒင်္ဂါးပြားနှစ်ပြားကို ထုတ်ပြီး စားပွဲပေါ် ဖြည်းညှင်းစွာတင်လိုက်သည်။

ဂျိုဟန်၏ မျက်လုံးများ တောက်ပလာကာ လူလတ်ပိုင်း လူကြီးက ခေါင်းညိတ်ပြသည်ကို မြင်လိုက်ရသည်နှင့် ပြုံးရင်း သူ့ညာလက်က စားပွဲကို ဖြတ်သွားကာ ရွှေဒင်္ဂါးနှစ်ပြားကို သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားစေသည်။ ထို့နောက် ချောင်းဟန့်၍ ခုံဆွဲကာ ထိုင်ချလိုက်သည်၊ “ဒီ မှော်ရေခဲသေတ္တာကို ပစ္စည်းတွေ အအေးခံဖို့ သုံးနိုင်တယ်။ မှော်ပန်ကာက ၊ ဟိုမှာ နှစ်လုံးရှိတယ်......"

......

ဂျိုဟန်သည် သက်လတ်ပိုင်း ဖောက်သည်က မေးခွန်းများ မေးနေချိန်တွင် ပြောပြနေလိုက်သည်။

နာရီဝက်ကြာပြီးနောက် ဂျိုဟန်သည် ဤအိမ်သုံးမှော်စက်များအသုံးပြုပုံကို နောက်ဆုံးတွင် ရှင်းပြခဲ့သည်။

အစပိုင်းတွင် လူလတ်ပိုင်း ဖောက်သည်သည် အိမ်သုံး မှော်စက်များကိုသာ စိတ်ဝင်စားခဲ့သော်လည်း မေးခွန်းများ ပိုမိုမေးလာသောကြောင့်၊ ခေါင်းစဉ်သည် Frestech ကုန်သည်ကြီးများအသင်းကို စတင်အာရုံစိုက်လာခဲ့၏။

စျေးကွက်ရှိ အိမ်သုံးမှော်စက်အားလုံးကို Frestech ကုန်သည်ကြီးများအသင်းမှ ဖန်တီးထားကြောင်း သိလိုက်ရသဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ၎င်း၏အပေါင်းအဖော်များအားလုံး အံ့အားသင့်ဖွယ်အသွင်အပြင်ကို ထုတ်ဖော်ပြသခဲ့ကြသည်။

"ဆိုလိုတာက.....ဒီ Frestech ကုန်သည်ကြီးများအသင်းက တကယ်ကို အံ့သြစရာကောင်းတယ်ပေါ့။" လူလတ်ပိုင်းအရွယ် အမျိုးသားက “ဒါဟာ လုပ်ငန်းစုတစ်ခုတည်းပေမယ့် လုပ်ငန်းစုတစ်ခုတည်းနဲ့တောင်မှ ဒီထုတ်ကုန်အသစ်တွေကို ဖန်တီးပေးနိုင်တယ်။ ဒါက တကယ်ကို ထိတ်လန့်ဖို့ကောင်းလွန်းတယ်။"

“ဟုတ်တယ်လေ၊ Frestech ကုန်သည်ကြီးများအသင်းကိုသာ အံ့သြစရာလို့ မယူဆနိုင်ဘူးဆိုရင် နယ်မြေကြီးတစ်ခုလုံးမှာ အံ့သြစရာကောင်းတဲ့ လုပ်ငန်းတစ်ခုမှ မရှိတော့ဘူး။”

ရော့ခ်ကီ လို့ ခေါ်သည့်လူက နောက်တစ်ကြိမ် ထပ်ဖြတ်ပြောလာသည်။

သူ့မျက်နှာပေါ်မှ ဂုဏ်ယူဝင့်ကြွားသောဟန်ကို မြင်လိုက်ရသည်မှာ Frestech ကုန်သည်ကြီးများအသင်းအား ချီးမြှောက်ခြင်းက သူကိုယ်တိုင် ချီးမွမ်းခံရသလိုပင်။

"Frestech ကုန်သည်ကြီးများအသင်းကြောင့်သာ မဟုတ်ရင်၊ ကျုပ်တို့ရဲ့ ဒရိတ်ခ်နယ်မြေက ဘယ်လိုလုပ် ဒီလိုဖြစ်လာနိုင်မလဲ။ ဒီလိုကောင်းတဲ့အလုပ်ကို ဘယ်လိုရှာတွေ့နိုင်မှာလဲ”

ရော့ခ်ကီက ထိုသို့ပြောရင်း လက်ထဲကခွက်ကို မြှောက်ပြီး အနောက်တောင်ဘက်ကို လှမ်းကမ်းလိုက်သည်။

"ပျော်လိုက်ကြစို့! အံ့သြဖို့ကောင်းတဲ့ Frestech ကုန်သည်ကြီးများအသင်းကို လေးစားတဲ့အနေနဲ့။ ကျုပ်ကို ဘဝသစ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။”

“အိုး!”

အံ့သြစရာကောင်းသည်က ရော့ခ်ကီ နှင့်အတူ သောက်နေသည့် အမျိုးသားအားလုံးက ခွက်ကိုမြှောက်ပြီး တစ်ချိန်တည်းမှာ အော်လာကြသည်ပင်။

ထိုမြင်ကွင်းကိုမြင်တော့ သက်လတ်ပိုင်းဧည့်သည်မှာထိတ်လန့်တကြားနှင့် မျက်လုံးပြူးလာသည်။

လူလတ်ပိုင်းအရွယ်သည် တည်ငြိမ်သည်ဟု ယူဆရသော်လည်း အလွန်အံ့သြနေသေးသည်ပင်။ ရော့ခ်ကီ၏ အဖွဲ့ကို ကြည့်လိုက်ရင်း သူက အပြုံးမပျက် ခေါင်းခါလိုက်သည်။

“အင်း၊ ဒါကတော့ တကယ်ကို ချဲ့ကားလွန်းတယ်။ သူဌေး ဂျိုဟန်၊ Frestech ကုန်သည်ကြီးများအသင်းကို ရော့ခ်ကီက ဘာလို့ ကျေးဇူးတင်နေတဲ့ကြောင်း ပြောပြနိုင်မလား။"

ဂျိုဟန်သည် သိသိသာသာအရက်မူးနေသော ရော့ခ်ကီ၏အဖွဲ့ကိုကြည့်ကာ စိတ်လှုပ်ရှားမှုဖြင့် ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည် “ဟုတ်တယ်၊ သူက Frestech ကုန်သည်ကြီးများအသင်းကိုလည်း ကျေးဇူးတင်ရမယ်။ လွန်ခဲ့တဲ့ သုံးနှစ်က သူ့သားသမီးတွေကိုတောင် မကျွေးနိုင်ခဲ့သော သနားစရာလူတစ်ဦးဖြစ်ခဲ့ပေမယ့်လည်း အခု တစ်လကို ရွှေဒင်္ဂါးနှစ်ဆယ်အထိ ရနေပြီလေ။ ဇနီးသည်ကလည်း တစ်လကို ရွှေဒင်္ဂါးဆယ်ပြားရ တာကြောင့် သူ့မိသားစုဘဝဟာ အရင်ကနဲ့ လုံးဝမတူဘူး။ ဒါတွေအားလုံးကို Frestech ကုန်သည်ကြီးများအသင်းက သူ့ကို ပေးခဲ့တာ၊ သူတို့ကို ဘယ်လိုမှ ကျေးဇူးမတင်လို့ မရပါဘူး။"

"တစ်လကို ရွှေဒင်္ဂါးနှစ်ဆယ်အထိ?" လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဖုံးကွယ်၍မရနိုင်စွာ ထိတ်လန့်မှုတစ်ခုကို ထုတ်ဖော်ပြသခဲ့သည်။ “သူက သာမန်လူပဲ မဟုတ်လား။ ဘယ်အလုပ်က သူ့ကို ဒီလောက် ပိုက်ဆံ ပေးနိုင်မှာလဲ”

“ဟေ့၊ အဲဒါက အထူးအဆန်းတော့ မဟုတ်ဘူး၊ သူက Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ထားတဲ့ စက်ရုံတွေထဲက တစ်ခုမှာ ကျွမ်းကျင်တဲ့ အလုပ်သမားတစ်ယောက်လေ။ အဲဒီစက်ရုံတွေမှာ ကျွမ်းကျင်လုပ်သားတွေက တစ်လကို အနည်းဆုံး ရွှေဒင်္ဂါးဆယ်ပြားလောက်ရနေပြီး သူက အကျွမ်းကျင်ဆုံးဖြစ်လို့ သဘာဝအတိုင်း ဝင်ငွေအများဆုံးရနေတာ” ဂျိုဟန်က ပြန်ဖြေသည်။

"ကျွမ်းကျင်လုပ်သားတွေ?" လူလတ်ပိုင်းအရွယ်မှာ တစ်ခု စဉ်းစားမိသွားသည်။ သူဟာ စားသောက်ဆိုင်ရှိ အပူဒဏ်ကြောင့် မအေးတော့သော ဝိုင်ပုလင်းကို ကောက်ယူပြီး ရော့ခ်ကီ၏ နံဘေးသို့ ရောက်လာကာ ဖန်ခွက်ကို ဖြည့်လိုက်သည်။

ရော့ခ်ကီက သူ့ကို အံ့သြတကြီးကြည့်ကာမူးမူးနဲ့ မေးလိုက်သည် ။ “ဘာလုပ်တာလဲဗျာ?"

လူလတ်ပိုင်းအရွယ်က ခပ်ဖျော့ဖျော့ ပြုံးပြပြီး "မင်္ဂလာပါ ကျုပ် ခင်ဗျားနဲ့ စကားစမြည်ပြောလို့ရမလား"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၁၆။ တဇွတ်ထိုး ဆီမောရ်

နာရီဝက်ကြာပြီးနောက် လာခဲ့ကြသော ဖောက်သည်များမှာ ဆိုင်ထဲမှ ထွက်သွားကြသည်။

အသက်သုံးဆယ်ပတ်လည်ရှိပြီး စားစရာများ မှာယူခဲ့သည့် လူလတ်ပိုင်းက ဆိုင်ထဲရှိ အမူးသမား ရော့ကီနှင့် သူ၏ အဖွဲ့ကို ကြည့်ကာ အသာမျက်မှောင်ကုပ်လိုက်သည်။ သူဟာ သက်လတ်ပိုင်းလူ၏ ဘက်သို့ရောက်လာကာ ရှေ့မှ အသံတိုးတိုးဖြင့်‌ပြောသည်၊ "အရှင် မားကွစ္စ်, ဘာမှမသိတဲ့ ဒီသာမန်လူတွေကို ပြောဖို့က အချိန်ဖြုန်းတာပါပဲ။ ကျွန်တော်တို့အနေနဲ့ ဒုခ် ဒရိတ်ခ်ကို တိုက်ရိုက်တွေ့ပြီး မေးမယ်ဆို ဒီထက် အများကြီးပိုလွယ်လောက်မှာပေါ့။"

သက်လတ်ပိုင်း ဖောက်သည်က သူ့ကို လှည့်ကြည့်ကာ “ဘာမှ မသိဘူး? ဆီမောရ်၊ မင်းက တောသားလို့အပြောခံရပြီး အလှောင်ခံနေရခဲ့တာ မေ့သွားပြီလား"

"ဖီ! ယုတ်မာတဲ့ လူတွေ ၊ ကျုပ်ကို တောသားလို့ ခေါ်ရဲကြတယ် ။ ဒါသာ ငါတို့ရဲ့ မားလိုအင်ပါယာသာဖြစ်ခဲ့ရင် ဒီအတွက် သေချာပေါက် သူတို့ကို ပေးဆပ်ခိုင်းရမယ်!"

သက်လတ်ပိုင်း ဖောက်သည်က ခေါင်းခါကာ သက်ပြင်းချလိုက်သည်၊ "ဆီမောရ် မင်းရဲ့အဖေက မင်းကို အတွေ့အကြုံတချို့ယူဖို့နဲ့ မင်းရဲ့ စိတ်ကို စည်းကမ်းချဖို့သပ်သပ်နဲ့တင် ငါ့နောက်လိုက်ခိုင်းထားတာလေ။ မင်းသာ ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါတစ်ယောက်ယောက်နဲ့ပဲ မင်းကို ပြန်ပို့ခိုင်းလိုက်ရတော့မှာပေါ့။"

ဆီမောရ်မှာ အံ့ဩသွားကာ ငြင်းဆန်ဖို့ ပါးစပ်ဟလိုက်သော်လည်း နောက်မှ ခေါင်းငုံ့လိုက်မိသည်။

"ဟုတ်ကဲ့ပါ အရှင် မားကွစ္စ်။ အရှင် မှန်ပါတယ် ကျွန်တော့်ရဲ့ အမှားကို သိပါပြီ"

သက်လတ်ပိုင်းဖောက်သည်ကမူ သူထွက်လာခဲ့သည် စားသောက်ဆိုင်ကို ပြန်လှည့်ကြည့်၍ မျက်လုံးများမှေးကျဉ်းလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

"သူတို့က တကယ်ကို သာမန်လူတွေဆိုပေမယ့်လည်း ဘာမှ မသိကြဘူးလို့ပြောဖို့က အနည်းဆုံး မှော်စက်တွေနဲ့ ပတ်သက်လာရင် ငါတို့အနေနဲ့ သူတို့ကို မယှဉ်နိုင်ဘူးပဲ။ ငါတို့သာ မတော်တဆ ဖော့ခ်တိုင်းပြည်က မှော်စက်တွေအကြောင်းကို ဒီတစ်ခေါက်မှာသာ မသိလိုက်ရရင် ဘာမှ မသိဘဲ ဖြစ်နေလောက်သေးတယ်။ ဒါပေမယ့် အခုတော့ ဒီအရာတွေအကြောင်း ပိုသိပြီဆိုတော့ မအံ့ဩမိဘဲကို မနေနိုင်ဘူး။ ဒီ ထူးဆန်းတဲ့မှော်စက်တွေအကြောင်းကို အရင်က ဘာလို့ ဘယ်သူမှ မစဉ်းစားမိခဲ့ကြရတာလဲ?"

"ဘယ်သူကမှ မစဉ်းစားဖူးတာ မဟုတ်ဘဲ အရင်က မှော်ကိရိယာတွေအကြောင်း လေ့လာခဲ့တဲ့ မှော်ပညာရှင်အတော်များများရှိပေမယ့်လည်း ဒီမှော်ပညာရှင်တွေက အသုံးဝင်တဲ့ လက်နက်တွေအကြောင်းပဲ အဓိက လေ့လာကြတာလေ။ Frestech ကုန်သည်ကြီးများအသင်းက တကယ်ကို လူတွေရဲ့ နေ့စဉ်ဘဝမှာ တိုးတက်စေနိုင်မယ့် ပစ္စည်းတွေကို ထုတ်လုပ်ပေးနေတာပဲ။" ဆီမောရ်က ဆိုသည်။

"ဒါက Frestech ကုန်သည်ကြီးများအသင်းရဲ့ အံ့ဩစရာ အပိုင်းပဲ။" သက်လတ်ပိုင်းလူက ချီးကျူးလေသည်၊ "တခြားမှော်ပညာရှင်တွေက ဒါကို မစဉ်းစားခဲ့မိကြပေမယ့် Frestech ကုန်သည်ကြီးများအသင်းကတော့ စဉ်းစားမိခဲ့တယ်။ ဒါကြောင့် အခုဆို Frestech ကုန်သည်ကြီးများအသင်းက အောင်မြင်ပြီး အနီးဝန်းကျင်တိုင်းပြည်လေးတွေမှာ အကြွယ်ဝဆုံးနဲ့ လွှမ်းမိုးမှုအရှိဆုံး လုပ်ငန်းစုဖြစ်လာပြီ။ ပြီးတော့ ရော့ခ်ကီပြောတာကို နားထောင်ရတာ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်အားလုံးဟာ သူတို့ ဥက္ကဌရဲ့ ဆန်းသစ်တီထွင်မှုကနေ လာတယ်ဆိုပဲ။ ဒါသာမှန်ရင် ရှုယီဆိုတဲ့ ဥက္ကဌက တကယ်ကို ထက်မြတ်တဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ်။"

ဆီမောရ်က တအံ့တဩဖြင့် သက်လတ်ပိုင်းလူကိုကြည့်လာသည်။

သူ့အနေနှင့် ဤအရှင် မားကွစ္စ်မှာ သာမန်လူများအပေါ် အမြဲလိုလိုဖော်ရွေ ပျူငှာ၍ သိမ်မွေ့သော်လည်း မာနတော့ ရှိကြောင်း သေချာသိပါ၏။ သူဟာ အခြားလူများကို ချီးကျူးသည်မှာ ရှားပေသည်။

ယခုတွင် သူဟာ ဤ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌကို ဆုံပင်မဆုံရသေးဘဲ မြင့်မြင့်မားမားချီူးကျူးလေရာ ဤသည်မှာ တကယ်ကို ရှားပါးလှသည်ပင်။

၎င်းကို စဉ်းစားကြည့်ပြီးနောက် ဆီမောရ်က မေးလိုက်၏၊ "ကျွန်တော့်အထင် Frestech ကုန်သည်ကြီးများအသင်းက အဲ့လောက် အင်အားမကြီးလောက်ပါဘူး။ သူတို့အနေနဲ့ စွမ်းအားကြီးမှော်ပညာရှင်တွေက ဒီမှော်စက်တွေအပေါ်မှာ အရေးမထားလို့ ဒီတိုင်းပြည်ငယ်လေးတွေမှာ ဒီလို ကသောင်းကနင်းကို ဖန်တီးနိုင်မှာပဲဆိုတော့ လက်ဝါးကြီးအုပ်ထားနိုင်တယ်လေ။ တခြားစွမ်းအားကြီးမှော်ပညာရှင်တွေက ဒီအပေါ်မှာ အာရုံစိုက်လာမယ်ဆိုရင်တောင် သူတို့က ဘာမှမဟုတ်တဲ့လူတွေမို့ပဲ။"

"ငတုံး!" သက်လတ်ပိုင်းလူမှာ မနေနိုင်တော့ဘဲ ဆီမောရ်ကို ငေါက်ငမ်းလိုက်တော့၏၊ "မင်း ဒီရက်အနည်းငယ်အတွင်းမှာ ကြားခဲ့တဲ့ ဇာတ်လမ်းတွေကနေ သတိမထားမိဘူးလား? Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေမှာ ဖုံးကွယ်ထားတဲ့ အကျိုးအမြတ်ဆိုတာ ဘယ်လောက်တောင် များလိုက်လဲ? အခုထိ Frestech ကုန်သည်ကြီးများအသင်းကလွဲရင် မှော်စက်ကို တီထွင်နိုင်တဲ့ တခြားလုပ်ငန်းစုမရှိဘူးကွ။ ဒါကို ရိုးရှင်းတယ်ထင်နေတာလား?"

"ဟမ့် ဒါ‌တွေက တိုင်းပြည်‌ငယ်လေးတွေသာသာပဲလေ သူတို့ဆီမှာ ဘယ်လိုလုပ် စွမ်းအားကြီးမှော်ပညာရှင်တွေရှိမှာလဲ? တကယ်ကို အင်အားကြီးတဲ့ ကျွန်တော်တို့ မားလိုအင်ပါယာက ခေါင်းဆောင်မှော်ပညာရှင်တွေသာ ဒါတွေကို လေ့လာရင် Frestech ကုန်သည်ကြီးများအသင်းကို အလွယ်ရေးအနိုင်ယူနိုင်တယ်။" ဆီမောရ်ကို ဖြောင်းဖျ၍မရသေးပါချေ။

သက်လတ်ပိုင်းလူကြီးက သူ့ကိုကြည့်လာကာ ဆက်၍ မဆူငေါက်တော့ပေ။

ဤဆီမောရ်မှာ ဤနှစ်၌ အသက်သုံးဆယ့်သုံးနှစ်ပြည့်ပြီဖြစ်သော်လည်း သူ၏ မိခင်က အမြဲကာပေးထားသောကြောင့် သူ၏ စိတ်မှာ မရင့်ကျက်သေးလေရာ လူငယ်တစ်ဦး၏ ယှဉ်ပြိုင်လိုစိတ်ရှိနေသည်က မထူးဆန်းချေ။

သူ့အား ဤတစ်ကြိမ် ခေါ်ထုတ်လာခြင်းမှာ သူ၏စိတ်ကို စည်းကမ်းပေးရန်ဖြစ်သည်။

သူပြောခဲ့သည့် Frestech ကုန်သည်ကြီးများအသင်းကို အလွယ်လေးအနိုင်ယူခြင်း ဟူသည်မှာတော့...

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အချက်အလက်များစုဆောင်းနေခဲ့သည့် မားကွစ္စ် ဒိုင်အိုလန် ဆော့သ်ဂိတ်အတွက် သူဟာ သေချာပေါက် ထိုသို့ မတွေးပါချေ။

Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုမှာ နယ်မြေကြီး၏ အနောက်တောင်‌ဘက်ရှိ တိုင်းပြည်ငယ်များအထိသာ ကန့်သတ်ခံထားရခြင်းကြောင့်သာ နောက်ကွယ်၌ ကန်ဒရာအင်ပါယာရှိသော ခီမဲရာကုန်သည်ကြီးများအသင်း သို့မဟုတ် နောက်ကွယ်၌ မားလိုအင်ပါယာရှိသော Setting Sun ကုန်သည်ကြီးများအသင်းတို့လို ထိပ်တန်းလုပ်ငန်းစုကြီးများကို မယှဉ်နိုင်ခြင်းဖြစ်သည်၊ ခုနစ်နှစ်တာလေးအတွင်း မည်သည့်နေရာကမှန်းမသိ ပေါ်ထွက်ကာ တိုးတက်လာသော ဤလုပ်ငန်းစုကို အထင်သေးနေ၍မရပေ။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းမှာ စိုင်စ်နယ်မြေကြီး၏ ထုံးတမ်းစဉ်လာ လုပ်ငန်းစုနှင့် ကွဲပြားသည်။ ၎င်းတို့မှာ ယခင်က မှော်ပညာရှင်များ၏ ပညာရပ်ဟု ယူဆနိုင်သော မှော်ကိရိယာများဖြင့် တကယ်ကို လည်ပတ်နိုင်သည်။

Frestech ကုန်သည်ကြီးများအသင်းမှာ သာမန်လူများပင် အလွယ်လေးသုံးနိုင်သော ဤမှော်စက်များကို ထုတ်လုပ်နိုင်ပြီး လူသာမန်များ ပုံမှန်အားဖြင့် နားမလည်နိုင်လောက်အောင် ထူးကဲဆန်းကြယ်သော မှော်ပညာကို သာမန်အရာတစ်ခုအဖြစ်ပြောင်းလဲခဲ့သည်။

၎င်းကိုသုံးသပ်ကြည့်ရုံဖြင့် ၎င်းတို့မှာ နယ်မြေကြီးရှိ မှော်ပညာရှင်အားလုံး၏ ယေဘုယျအသိပညာကို ဆန့်ကျင်ခဲ့၏။

မတိုင်ခင်က စားသောက်ဆိုင်ရှိ မှော်ရေခဲသေတ္တာနှင့် မှော်ပန်ကာတို့မှ ယူဆောင်လာသော အဆင်ပြေမှုကို တွေ့ကြုံပြီးနောက် မားကွစ္စ် ဆော့သ်ဂိတ်အနေနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ အနှီမှော်စက်များနှင့် ပတ်သက်၍ ပြီးပြည့်စုံသော ခြေလှမ်းကို၏လှမ်းနိုင်ခဲ့သည်အား ဝန်ခံရပေမည်။

အနှီအိမ်သုံးမှော်စက်များထံ၌ ခမ်းနားသည့် စွမ်းဆောင်ရည်များရှိရုံသာမက အင်မတန်သုံးရလည်း လွယ်ပါ၏။

သာမန်လူတစ်ဦးမှာ မှော်ပညာအကြောင်းကို သိမည်မဟုတ်သော်လည်း ဤအိမ်သူံးမှော်စက်ကို အသုံးပြုဖို့ မည်သည်ကိုမှ သိစရာမလိုချေ။ ၎င်းတို့အနေနှင့် ၎င်းကို မည်သို့အသုံးပြုရမည် မည်သည့်ခလုတ်ကို နှိပ်ရမည် အစရှိသည်တို့ကိုသာ သိဖို့ရန်လိုအပ်သည်။

ယခုနက စားသောက်ဆိုင်တွင် သူ၏ စူးစမ်းလိုစိတ်ကြောင့် မားကွစ္စ် ဆော့သ်ဂိတ်မှာ ဆိုင်ပိုင်ရှင်၏ ညွှန်ကြားချက်ဖြင့် မှော်ပညာအား မည်သို့အသုံးပြုရမည်ကို စမ်းသပ်ခဲ့သေးသည်။ ၎င်းက အင်မတန်ရိုးရှင်းကာ ကလေးတစ်ယောက်ပင် အလွယ်လေးသုံးနိုင်သည်။

ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ ဤဆန်းကြယ်သော မှော်စက်ကဲ့သို့ အရာမျိုးကို ရိုးရှင်းအောင် လုပ်နိုင်သည်မှာ တကယ်ကို သာမန်ထက် ထူးကဲလေသည်။

"ဆရာ မားကွစ္စ်, အခု ကျုပ်တို့ ဘယ်သွားကြမှာလဲဗျ?" မြင်းလှည်း ယူလာသည့် မောင်းသူက မားကွစ္စ် ဆော့သ်ဂိတ်ကို မေးလာလေ၏။

မားကွစ္စ် ဆော့သ်ဂိတ်မှာ ခဏမျတွေးတောပြီးနောက်၌ မြို့ပြင်ကို ညွှန်ပြလာသည်၊ "သွားပြီးတော့ မြို့အပြင်ဘက်က Frestech ကုန်သည်ကြီးများအသင်းရဲ့ ပူးတွဲရင်းနှီးမြှုပ်နှံရေးစက်ရုံကို ကြည့်ကြတာပေါ့။"

နံဘေးရှိ ဆီမောရ်ကမူ မျက်မှောင်ကုပ်ကာ အချိန်ဖြုန်းရာကျသည်ဟု ဆိုချင်သော်လည်း အဆုံး၌ မပြောရဲလိုက်ပေ။

နှစ်ဦးသား မြင်းလှည်းထဲ ဝင်ခါနီးတွင် နောက်မှ ဆူညံသံတစ်ခုကြားလိုက်ရ၏။

နှစ်ယောက်သား လှည့်ကာရှေးရှုကြည့်လိုက်သော် နေရောင်အောက်၌ တောက်ပနေလျက် ၎င်းတို့ထံ အမြန်ဦးတည်လာနေသော အနက်ရောင်အတိမကောင်းဆိုးဝါးတစ်ကောင်ကိုမြင်လိုက်ရ၏။

မျက်တောင်တစ်ခတ်တာအတွင်း သံမဏိဖြင့် ပြုလုပ်ထားပုံရသော မကောင်းဆိုးဝါးမှာ လေအဝှေ့တစ်ချက်ဖြင့် ၎င်းတို့ဘေးမှ ဖြတ်ကျော်သွားပါ၏။ ထို့နောက် ၎င်းတို့ကို ကြမ်းကြမ်းတမ်းတမ်းမောင်းဖြတ်သွားရင်း လမ်းဆုံး၌ ပျောက်ကွယ်သွားပါ၏။

"သောက်ကျိုးနည်း! ဗစ်ကောင့်ထ် လန်ဒိုရဲ့ကောင်လေးကတော့ ထပ်ပြီး မြို့မှာ ပြိုင်နေပြန်ပြီ၊ ဘယ်နှခေါက်တောင် ရှိနေပြီလဲဟ!"

"လခွမ်းတဲ့မှ အဲ့ကောင်လေး အရင်တစ်ကြိမ်ကတောင် လူတစ်ယောက်ကို တိုက်မိမလိုဖြစ်ခဲ့တာ! မင်းသ‌မီးလေးလာတဲ့အခါကျမှ သူ့ကို ဘယ်လိုကိုင်တွယ်မလဲ ကြည့်ကြတာပေါ့ကွာ!"

"မှော်ဆလွန်းအသစ်ဝယ်တာလေးပဲမဟုတ်လား။ သူက ဘာလို့အဲ့လောက် အရိုင်းဆန်နေတာလဲ။ အဖေချမ်းသာလာရင် ငါလည်း တစ်စီးဝယ်မှာပါ။ သူ့နောက်တစ်နေကုန်လိုက်ပြီး ဘယ်လောက် ဘဝင်မြင့်ပြမယ်ဆိုတာကို ကြည့်လိုက်ဦးမယ်!"

...

၎င်းတို့နောက်မှ ထွက်လာသော အသံများမှာ စားသောက်ဆိုင်မှ ထွက်လာချိန်၌ ဖြတ်ပြေးသွားသော သားရဲကို မြင်လိုက်ကြသည့် ဖောက်သည်များဖြစ်၏။

မားကွစ္စ် ဆော့သ်ဂိတ်မှာ ရုတ်တရတ် အတွေးတစ်ခုရ၍ လှည့်မေးလိုက်သည်၊ "ဒါက မှော်ကားဆိုတာလားဗျ?"

"အာ? အာ ဟုတ်ပါတယ် ဒါက မှော်ကားလေ။" စားသောက်‌ဆိုင်ရှိ လူများကို ခဏမျှ မေးခွန်းများမေးခဲ့သဖြင့် ၎င်းတို့မှာ သဘောထားကြီးသော မားကွစ္စ် ဆော့သ်ဂိတ်ကို နက်နက်ရှိုင်းရှိုင်းအမြင်တစ်ခုရှိနေပြီဖြစ်ရာ ၎င်းကို ကြားသော် ပြန်ဖြေလိုက်၏။

ထို့နောက် တစ်ခုလိုနေသလိုခံစားရသဖြင့် ထပ်ပေါင်းပြောလာကြ၏၊ "မဟုတ်၊ မဟုတ်ပါဘူး ဒါက မှော်ဆလွန်းလေ။ ဒါက မှော်ကားအမျိုးအစားတစ်ခုပဲဆိုပေမယ့် မှော်ကားတွေက အမျိုးစုံ‌ရှိတယ်။ မှော်ဆလွန်းတွေအပြင် ပို့ဆောင်ရေးမှော်ကားတို့ ခရီးသည်တင်မှော်ကားတို့ဆိုပြီးလည်းရှိတယ်။"

"အိုး...." မားကွစ္စ် ဆော့သ်ဂိတ်မှာ ခေါင်းတစ်ချက်ငြိမ့်လိုက်သည်။ သူဟာ ဆက်မေး‌ချင်သော်လည်း ထိုသို့လုပ်ရန် အချိန်ကောင်းမဟုတ်ဟု ခံစားလိုက်ရသဖြင့် ထိုအတွေးကို လက်လျှော့လိုက်ပါ၏။

ဖောက်သည်များထွက်သွားချိန်တွင် မားကွစ္စ် ဆော့သ်ဂိတ်မှာ မှော်ဆလွန်းဖြတ်သွားရာမှ သူ့အပေါ်တွင် ဖုန်အနည်းငယ် တင်ကျန်နေခဲ့သည်ကို ငုံ့ကြည့်မိသွားပြီး မျက်မှောင်မကုပ်မိဘဲ မနေနိုင်တော့ပေ။

"အဲဒီ့ကောင်လေး ဆီမောရ်မှာက mysophobia ရှိတော့ မပျော်မရွှင်ဖြစ်တော့မှာပဲ။"

မားကွစ္စ် ဆော့သ်ဂိတ်မှာ ဆီမောရ်ကို လှည့်ကြည့်လိုက်သော် မည်သို့သော ညည်းညူမှုမှ ပြုလာသည်ကိုမကြားရပေ။ ထိုအစား သူဟာ မှော်ဆလွန်းထွက်သွားရာဘက်ကိုသာ ကြည့်နေရင်း ငေးငိုင်နေသည်ကို တွေ့လိုက်ရသည်။

"စိတ်လွတ်တဲ့အထိကြောက်သွားတာတော့ မဖြစ်နိုင်ဘူးမို့လား?" မားကွစ္စ် ဆော့သ်ဂိတ်မှာ အနည်းငယ်စိုးရိမ်စွာဖြင့် ဆီမောရ်ရှေ့သို့ လာကာ သူ၏ ငေးငိုင်နေဟန်ကိုကြည့်ရင်း လက်ထောင်၍ မျက်‌နှာရှေ့၌ ဝေ့ယမ်းလိုက်သည်၊ "ဟေး ဆီမောရ် အဆင်ပြေရဲ့လား?"

ဆီမောရ်မှာ တဖြည်းဖြည်း အသိပြန်ဝင်လာပြီး ပုံမှန်ပြန်ဖြစ်သွား၏။

"အာ? အာ... ကျွန်တော်အဆင်ပြေပါတယ်၊ ကျွန်တော် အဆင်ပြေပါတယ်...."

"ဒါဆို ဒါက..." မားကွစ္စ် ဆော့သ်ဂိတ်မှာ စိတ်ရှုပ်ထွေးရင်း ကြည့်လိုက်မိသည်။

ဆီမောရ်လည်း မျက်လုံးမှိတ်ပြလိုက်ပြီးနောက် စိတ်လှုပ်ရှားဟန်ပြလာ၏။ သူဟာ မှော်ဆလွန်းပျောက်ကွယ်သွားရာဘက်ကို ညွှန်ပြ၍ အသံကျယ်ဖြင့်ဆိုလာသည်၊ "အန်ကယ်လ် ဒိုင်အိုလန်, မြင်လိုက်လား? မြင်လိုက်လား?"

မားကွစ္စ် ဆော့သ်ဂိတ်မှာ ပို၍ပင် ရှုပ်ထွေးသွားရ၏။

ဒီကောင်လေးက အရမ်းစိတ်လှုပ်ရှားသွားတာလား? တကယ်ပဲ သူ့အဖေစကားတွေကိုပါမေ့ပြီး ခေါ်ပုံခေါ်နည်းတွေပါ ပြောင်းလိုက်တယ်။

"ဘာကိုတွေ့ရမှာလဲ?"

"အဲ့ဟာလေ ... အဲ့ဟာ...."

"မှော်ဆလွန်းလား?"

"ဟုတ်တယ် မှော်ဆလွန်းကိုမြင်လိုက်လား? အရမ်းကိုမိုက်တာပဲ! အရမ်းကို ခန့်ညားလွန်းတယ်! ဒီလောကကြီးမှာ ဒီလောက်မြန်တဲ့ မြင်း...ရှိမယ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး... မဟုတ် မြင်းလှည်းမဟုတ်ဘူး။ လိုရင်းပြောရရင် အဲ့လှည်း! အဲ့လိုလှည်းတစ်စီးက အဲ့လောက်ပြေးတာ မြန်မယ်လို့ မတွေးခဲ့ဖူးဘူး! ကျွန်တော်ဂရုမစိုက်တော့ဘူး အန်ကယ်လ် ဒိုင်အိုလန် ကျွန်တော်တစ်စီးဝယ်မှရမယ်!"

ဆီမောရ်၏ စိတ်လှုပ်ရှားနေပုံကိုကြည့်ရင်း မားကွစ္စ် ဆော့သ်ဂိတ်မှာ ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရ၏။

ဤကောင်လေးမှာ သူ၏ မိခင်ထံမှ အလိုလိုက်ခံထားရသဖြင့် ဆန္ဒပြင်းပြလာသည်နှင့် မည်သည်ကိုမှ ဂရုမစိုက်တတ်တော့ပေ။

၎င်းက ပုံမှန်အခြေအနေသာဆိုလျှင် မားကွစ္စ် ဆော့သ်ဂိတ်မှာ သူ့အား ဟန့်တားမည်ဆိုသော်လည်း ဆီမောရ်၏ တောင်းဆိုမှုကိုကြားချိန်၌ မားကွစ္စ် ဆော့သ်ဂိတ်မှာ အကြံကောင်းရသွားသည်။

"ဟုတ်ပြီလေ။" မားကွစ္စ် ဆော့သ်ဂိတ်က ဆီမောရ်၏ ပခုံးကို အပြုံးဖြင့် ပုတ်၍ ကြင်နာဟန်ဖြင့် ဆိုလိုက်သည်၊ "မင်းလိုချင်နေမှတော့ ရှင်းပါတယ်။ သွားပြီး တစ်စီးလောက်ဝယ်ကြတာပေါ့။"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၁၇။ ဖီလီအော့စ်မြို့သစ်

အတိအကျပြောရသော် ဒရိတ်ခ်နယ်မြေမှာ နယ်မြေတစ်ခုဖြစ်ပြီး မြို့တော်မရှိပေ။

သို့သော် ဒုခ် အိမ်တော် တည်ရှိရာ ဖီလီအော့စ်မြို့တော်အား ဒရိတ်ခ်နယ်မြေ၏ တိုင်းပြည်ရေးနှင့် စီးပွားရေးဌာနများအဖြစ် ယူဆ၍ရသည်။

ဒရိတ်ခ်နယ်မြေအား ကြီးမားသည်ဟု မသတ်မှတ်ထားသဖြင့် ဖီလီအော့စ်မြို့တော်မှာလည်း ထိုလောက်မကြီးမားပေ။

လမ်ပူရီတိုင်းပြည်၏ အန်ဗီးမာမြို့တော်မဆိုနှင့် ယခင်က ဘန်တာမြို့လေးနှင့်ယှဉ်ပါလျှင်တောင် စိုင်စ်နယ်မြေကြီး၏ နေရာတိုင်း၌ ရှာတွေ့နိုင်သော မြို့လေးတစ်မြို့ဟုသာ သတ်မှတ်နိုင်သည်။

ထို့ကြောင့် မားကွစ္စ် ဆော့သ်ဂိတ်နှင့် ဆီမောရ်တို့ မှာ အဝေးမှ မြို့တံတိုင်းများကို မြင်ချိန်တွင် မနေနိုင်အောင် စိတ်ပျက်ဟန်များပေါ်လာသည်။

၎င်းတို့ဟာ လမ်းတလျှောက်၌ ၎င်းတို့၏ မျက်လုံးများကို ပွင့်စေ‌သည့် အရာများစွာကို ဒရိတ်ခ်နယ်မြေ၌ မြင်တွေ့လိုက်ရသဖြင့် ဒရိတ်ခ်နယ်မြေ၌ အဖွံ့ဖြိုးဆုံးဟုသတ်မှတ်၍ရသော ဖီလီအော့စ်မြို့တော်အပေါ် မျှော်လင့်စောင့်စားမှုများ ပြည့်နေကြတော့သည်။ သို့ရာ၌ ၎င်းတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်လိုက်ချိန်တွင် အင်မတန်စိတ်ပျက်သွားကြသည်။

သို့သော်လည်း ၎င်းတို့ ဝင်ရောက်နေသည့် မှော်ဆလွန်းကမူ မြို့တံတိုင်းများထံ မဦးတည်ခဲ့ပေ။ ၎င်းက ပတ်သွားလေရာ ထိုမြို့ကို ဖြတ်သွားရုံဟူသည့် အဓိပ္ပာယ်ပင်။

ဆီမောရ်မှာ အံ့ဩရင်း ၎င်းတို့ခန့်ထားသော မှော်ဆလွန်းမောင်းသူကို မေးလိုက်၏၊ "ဟေး ကျုပ်တို့ကို ဘယ်ခေါ်သွားနေတာလဲ?"

ယာဉ်မောင်းက သူ့အား နောက်ကြည့်မှန်မှကြည့်လာပြီးနောက် အပြုံးဖြင့် ပြန်ဖြေလေသည်၊ "ဒီကဧည့်သည် မှော်ဆလွန်းဝယ်ဖို့လာတာမဟုတ်ဘူးလား? ဒါကို မြို့ဟောင်းပိုင်းမှာ ဝယ်လို့မရဘူး, Frestechက မြို့သစ်ပိုင်းမှာ ဆိုင်တစ်ဆိုင်ထောင်ထားတာမို့ အဲ့ကိုခေါ်သွားမလို့ပါ။"

"မြို့သစ်အပိုင်း?" ဆီမောရ်မှာ ရေရွတ်လိုက်ပြီးနောက် မားကွစ္စ် ဆော့သ်ဂိတ်ကို ကြည့်လာလေသည်။

မားကွစ္စ် ဆော့သ်ဂိတ်လည်း ခေါင်းတစ်ချက်ငြိမ့်၍ စိတ်ရှည်ရှည်စောင့်ခိုင်းလိုက်သည်။

ဆီမောရ်လည်း ဆက်မမေးနေတော့ဘဲ သူ၏ ခုံ၌ ပြန်မှီလိုက်သည်။

သူ၏အောက်ဘက်မှ ခုံ၏ သက်တောင့်သက်သာဖြစ်မှုကြောင့် ဆီမောရ်မှာ စိတ်သက်သာရာရစွာ မညည်းမိဘဲ မနေနိုင်လိုက်ပေ။

သူဟာ မြို့လေး၌ သူ့ဘေးမှဖြတ်သွားသော မှော်ဆလွန်းကို ပထမဆုံးမြင်စဉ်က ၎င်း၏ အမြန်နှုန်းကြောင့် လုံးဝအံ့အားသင့်သွားခဲ့သည်ဟု ပြောရမည်ဆိုလျှင် ယခုတွင် သူဟာ ဤမှော်ဆလွန်းကို ကြုံဆုံရပြီး သူ၏စိတ်ထဲ၌ ပို၍ ချီးမွမ်းမှုများပြည့်လာသည်။

၎င်းက ရိုးရိုး‌မြင်းလှည်းများထက် အဆပေါင်းများစွာ ပိုမြန်ရုံသာမက ထိုင်ရ သက်တောင့်သက်သာဖြစ်သည့်အချက်နှင့်တင် မှော်ဆလွန်းမှာ မြင်းလှည်းများထက် သာ၍ ကျော်လွန်နေပြီဖြစ်၏။

သူသည် မားလိုအင်ပါယာရှိ မြို့စားမိသားစုစီးသည့် ထက် သာလွန်သော ဇိမ်ခံမြင်းလှည်းများကို စီးခဲ့သည်။ မြင်းလှည်းအတွက်အသုံးပြုသည့်ပစ္စည်းများသည် အကောင်းဆုံးဖြစ်ကာ အပျော့ဆုံးသိုးမွှေးစောင်များပါရှိသည့်တိုင် သက်တောင့်သက်သာရှိသည့်နေရာတွင်မှော်ဆလွန်းက များစွာသာလွန်သည်။

ဟုတ်ပါ၏ ဤမှော်ဆလွန်းမှာ သူ့အား အိမ်ရှိ ဆိုဖာပေါ်၌ ထိုင်ရသည့်နှယ်သက်တောင့်သက်သာဖြစ်စေသည်မှာ အများအားဖြင့် အောက်ရှိ ချွင်းချက်အနေဖြင့် ချောမွေ့နေသော လမ်းကြောင့်ဖြစ်သည်။

ဤသည်က ဆီမောရ်၏ ပထမဆုံးအကြိမ် ထိုမျှ ချောမွေ့သည့်လမ်းကောင်းကို မြင်ဖူးချိန်ဖြစ်ပြီး မှော်ဆလွန်းဖြတ်မောင်းသွားချိန်တွင် သူဟာ အဖုအထစ်လေးတစ်ခုကိုပင် မခံစားခဲ့ရပေ။

ဤကျောက်တုံးထူထပ်လှသော လမ်းများတလျှောက် လာခဲ့ကြသော မားလိုအင်ပါယာနှင့်ယှဉ်လျှင် ၎င်းက လုံးဝကွဲပြားသည်။ ဤခရီး၌ ဆီမောရ်နှင့် မားကွစ္စ်ဆော့သ်ဂိတ်မှာ သက်တောင့်သက်သာဖြစ်မှုကြောင့် အတော်အိပ်လိုက်ရသေးသည်။

ဤခရီးကို ကိုယ်တိုင်ကိုယ်ကျတွေ့ကြုံပြီးနောက်၊ ဆီမောရ်သည် လျှို့ဝှက်စွာ ဆုံးဖြတ်ချက်ချခဲ့သည်။

သူသည် မှော်ဆလွန်းတစ်စီးကို သေချာပေါက်ဝယ်ပြီး မားလိုအင်ပါယာသို့ ပြန်သွားသည်နှင့် ထိုလမ်းများစွာကိုလည်း ဖောက်လုပ်မည်ဖြစ်သည်။

ဒီလိုမှမဟုတ်ရင် သူ့မှာ မှော်ဆလွန်းရှိခဲ့ရင်တောင် အဖုအထစ်များသောကျောက်တုံးလမ်းများကို ဖြတ်‌ မောင်းရလျှင် ချောမွေ့မည် မဟုတ်ပေ။

သူတို့နှစ်ဦးနှင့်အတူ မှော်ဆလွန်းသည် တစ်နာရီလျှင် ကီလိုမီတာငါးဆယ်ခန့် အရှိန်ထိန်းကာ မြို့ဟောင်းခရိုင်တစ်ဝိုက်ရှိ မြို့တံတိုင်းကို အမြန်ကျော်ဖြတ်သွားခဲ့သည်။

မားကွစ္စ် ဆော့သ်ဂိတ် နှင့် ဆီမောရ်တို့သည် ဖန်ခွက်ကိုကြည့်ရင်း မနေနိုင်စွာ အသက်ပြင်းပြင်းရှူမိ၏။

သူတို့ရှေ့၌ အဆုံးကို မမြင်နိုင်သော အဆောက်အအုံများရှိသည်။

ဤအဆောက်အအုံများသည် စိုင်စ်နယ်မြေကြီး၏ ရိုးရာသစ်သား အဆောက်အအုံများနှင့် ဆင်တူသည်။ ယင်းတို့သည် ဆယ်မီတာကျော်မြင့်သော ကျောက်စရစ်သုံးအဆောက်အအုံများဖြစ်သည်။

အထင်ရှားဆုံးသောနေရာတွင်၊ ကောင်းကင်သို့တိုင်ထိုးတက်နေသော အဆောက်အဦးသုံးခုရှိပြီး အလွန်ခမ်းနားလှသည်။

ဤအဆောက်အအုံများကြားတွင်၊ ရှည်လျားကျယ်ဝန်းပြီး ချောမွေ့သည့်လမ်းများခင်းထားကာ ဤကြီးမားလှသောမြို့သစ်ခရိုင်ကို သပ်ရပ်စွာဖြင့်ဒေသများအဖြစ်သို့ ပိုင်းဖြတ်သွားသည်။

လမ်းမဘေးတလျှောက်တွင် သတ်မှတ်ထားသော အကွာအဝေးတွင် ထောင်ထားသော သံတိုင်များရှိပြီး သံတိုင်တိုင်း၏ အထွတ်အထိပ်တွင် ချိတ်ဆွဲထားသော မှော်မီးအိမ်များရှိသည်။

ဤမှော်မီးအိမ်များကို ယခင်က သူတို့မြင်ဖူးပြီးဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်းထံမှ ဖြစ်လောက်သည်။

ဆီမောရ် သည် ကားမောင်းသူကို စူးစမ်းမေးမြန်းကြည့်ရာ ဤ “လမ်းမီးများ” ကို ညတိုင်း ထွန်းထားပြီး လမ်းများကို အလင်းပေးကြောင်း သိလိုက်ရသည်။

ကားမောင်းသူ၏ရှင်းပြချက်ကိုကြားတော့ မားကွစ္စ် ဆော့သ်ဂိတ် နှင့် ဆီမောရ် တို့သည် စိတ်ထဲတွင် ချီးကျူးမဆုံးနိုင်ဖြစ်ခဲ့ကြ၏။

ဤ ဖီလီအော့စ်‌မြို့တော်တွင် အခြားမည်သည့်အရာကိုမျှ မဆိုထားနှင့် ဤလမ်းမီးများနှင့်တင် နယ်မြေကြီးရှိ အခြားမြို့များအားလုံးကို ကျော်တက်သွားသည်။

"ဟားဟား ခင်ဗျားတို့ များများစားစားမတွေ့ဖူးကြဘူးပဲ။" ယာဉ်မောင်းမှာ ၎င်းတို့၏ သက်ပြင်းရှိုက်သံများကိုကြားပြီးနောက် ရယ်မော၍ ၎င်းတို့၏ အတွေးများကို ပယ်ဖျက်ရန် ခေါင်းခါလာမည်ဟု မည်သူကတွေးထားမည်နည်း၊ "ပြောပြမယ်နော် ဒီလမ်းမီးတွေကို လမ်ပူရီတိုင်းပြည်ရဲ့ ဘန်တာမြို့မှာ အရင်ဆုံးစတင်ခဲ့ပြီးနောက်မှာ တခြားမြို့တော်တွေက ဥပမာယူခဲ့ကြတာ။ ကျုပ်တို့ ဖီလီအော့စ်မြို့တော်က ဒီလိုအရာတွေ တည်ဆောက်တဲ့နေရာမှာ အတော်လေးနောက်ကျနေပြီးသားပဲ။"

"ဒီဘန်တာမြို့ဆိုတာက လမ်းမီးတွေကို ပထမဆုံးသုံးတာဆိုတော့ Frestech ကုန်သည်ကြီးများအသင်းကြောင့်များလား?" ဆီမောရ်က မေးလာသည်။

သူဟာ လမ်းတလျှောက် Frestech ကုန်သည်ကြီးများအသင်းအကြောင်းများစွာ ကြားခဲ့ရရာ အရာတော်တော်များများက လမ်ပူရီတိုင်းပြည်၏ ဘန်တာမြို့၌ စတင်ခဲ့သည်ကို သေချာသိလေသည်။

"အင်း ဒါကို Frestech ကုန်သည်ကြီးများအသင်းက အဆိုပြုခဲ့တာကြောင့် ဘန်တာမြို့က အရင်ဆုံးအကောင်အထည်ဖော်ခဲ့တာပဲ။ ပြီးတော့ လူတိုင်း ဘယ်လောက်အသုံးဝင်တယ်ဆိုတာ သိလိုက်ရပြီးတဲ့နောက်မှာ သူတို့ဆီကနေ လေ့လာခဲ့ကြတာလေ။"

"ကြည့်ရတာ... ဒီ Frestech ကုန်သည်ကြီးများအသင်းက မှော်မီးအိမ်တွေ လမ်းမီးတိုင်တွေနဲ့တင် မြို့တော်အတော်များများကို ပြောင်းလဲစေခဲ့တာပဲ။" မားကွစ္စ်ဆော့သ်ဂိတ်က သက်ပြင်းချလိုက်ပြီးနောက် အဝေးရှိ အဆောက်အဦမြင့်ကြီးများကို ငေးကြည့်ကာ မေးလိုက်သည်၊ "အဲ့ဒီ အဆောက်အဦမြင့်သုံးခုကရော? သူတို့တွေကိုလည်း Frestech ကုန်သည်ကြီးများအသင်းက တည်ဆောက်ထားတာပဲလား? ဒရိတ်ခ်နယ်မြေက အရင်တုန်းကတော့ ဒီလိုအဆောက်အဦမြင့်တွေ မဆောက်ခဲ့ဘူးမို့လား?"

"အဆောက်အဦမြင့်သုံးခု? မဟုတ်ပါဘူး မဟုတ်ပါဘူး Frestech ကုန်သည်ကြီးများအသင်းက မှော်စက်တွေပဲ လုပ်တာ၊ ဒီလို အဆောက်အဦမျိုး မဆောက်ကြပါဘူး၊ အဲ့ဒါက အမ်ရစ် ကုန်သည်ကြီးများအသင်းလေ။ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းနဲ့ ဆိုင်တယ်လို့ပြောရင်လည်း မှန်ပါတယ်။ ပြောရရင် ဒီ အဆောက်အဦသုံးခုကို အဓိက Frestech ကုန်သည်ကြီးများအသင်းက ထောက်ပံ့ပေးထားတဲ့ ဘိလပ်မြေ၊ အားဖြည့်သံမဏိချောင်းတွေနဲ့ ဆောက်လုပ်ရေး မှော်စက်တွေနဲ့ တည်ဆောက်ထားတာကြောင့်ပဲ။"

"ဘိလပ်မြေ? သံမဏိချောင်း? ဆောက်လုပ်ရေး မှော်စက်?" ဤသည်မှာ မားကွစ္စ် ဆော့သ်ဂိတ်နှင့် ဆီမောရ်တို့အနေဖြင့် ထိုသို့သော စကားလုံးများကို ပထမဆုံးကြားဖူးခြင်းဖြစ်သဖြင့် မနေနိုင်အောင် အံ့ဩသွားမိကြသည်။

မားကွစ္စ် ဆော့သ်ဂိတ်က ထို အဆောက်အဦသုံးခုကို တစ်ဖန်ကြည့်ကာ မအံ့ဩမိဘဲ မနေနိုင်တော့ပေ။

ဤ Frestech ကုန်သည်ကြီးများအသင်းမှာ တကယ်ကို အံ့ဩစေသည်။ သု့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို နားလည်ပြီဟု စဉ်းစားမိချိန်တိုင်း သူ့အားမှားယွင်းနေပြီဟု သတိပြုမိစေသော တစ်စုံတစ်ရာက ထပ်ပေါ်လာသည်။

မားကွစ္စ် ဆော့သ်ဂိတ်မှာ ရုတ်တရတ် ဖော့ခ်တိုင်းပြည်ရှိ ထူးထူးဆန်းဆန်းမှော်စက်များကို မြင်ပြီးနောက် ဒရိတ်ခ်နယ်မြေသို့ စူးစမ်းဖို့ လာရောက်ခဲ့သည့် သူဆုံးဖြတ်ချက်က မှန်တာထက် မပိုနိုင်တော့ဟု ခံစားမိလိုက်သည်။

သူသာ Frestech ကုန်သည်ကြီးများအသင်းကို နားလည်နိုင်လျှင် ဤ ခရီးမှ အတော်လေးရနိုင်သည်။

"ဟုတ်ပြီ ရောက်ပြီပဲ။"

မှော်ဆလွန်းမှာ ရုတ်တရတ်နှေးကျသွားပြီးနောက် မှတ်တိုင်တစ်ခုထံရောက်လာသည်။

မားကွစ္စ် ဆော့သ်ဂိတ်နှင့် ဆီမောရ်တို့မှာ အပြင်ဘက်ကိုကြည့်လိုက်သော် နေရာအတော်လေးယူထားသော အဆောာက်အဦတစ်ခုထံရောက်လာသည်ကို တွေ့လိုက်ရ၏။

ပြတင်းအပြင်ဘက်ကို ကြည့်လိုက်သော် အဆောက်အဦ အဝင်ဝ၌ "Frestech ထုတ်ကုန်ဝန်ဆောင်မှုဌာန"ဟူ၍ ရေးထားသည့် ဆိုင်းဘုတ်ကြီးတစ်ခု ချိတ်ဆွဲထားသည်ကို မြင်လိုက်ရ၏။

"ဟေး ကျုပ်တို့က မှော်ဆလွန်းတွေဝယ်ဖို့လာတာလေ ခင်ဗျားက ဒီကိုဘာလို့လာရတာလဲ?" ဆီမောရ်က မနေနိုင်ဘဲ ပြောလိုက်သည်။

"ဟုတ်ပါတယ် ဒီနေရာက မှော်ဆလွန်းတွေ ဝယ်ရမယ့် နေရာလေ။" ယာဉ်မောင်းက နှစ်ဦးကို ပြုံးလျက် တံခါးဖွင့်ပေးလာသည်။

မားကွစ္စ် ဆော့သ်ဂိတ်နှင့် ဆီမောရ်တို့လည်း ထွက်လာ၏။ ၎င်းတို့ နံဘေး၌ မှော်ဆလွန်းနောက်နှစ်စင်းလည်း ရပ်သွားကာ မားကွစ္စ် ဆော့သ်ဂိတ် ခေါ်လာသည့် အဖွဲ့က မှော်ဆလွန်းများထဲမှ ထွက်လာသည်။

၎င်းတို့မှာ ဖော့ခ်တိုင်းပြည်မှ လမ်းတလျှောက်၌ ရှေးသုံးမြင်းလှည်းနှစ်စီးထဲ၌ စီးနင်းလာရသော်လည်း နောက်၌ မြို့ငယ်လေးတွေ မှော်ဆလွန်းများကို တွေ့ခဲ့ရသည်။ ၎င်းတို့ လိုက်မေးကြည့်သော် မှော်ဆလွန်းများ အငှားလိုက်သည့်နေရာ၌ အထူးပြုထားသော လုပ်ငန်းစုရှိသဖြင့် မြို့လေး၌ ၎င်းတို့၏ မြင်းလှည်းကိုထားခဲ့ကာ မှော်ဆလွန်းများပြောင်း၍ ယာဉ်မောင်းများလည်း ခန့်ခဲ့သည်။

ပြောရလျှင် ဤဆုံးဖြတ်ချက်က ၎င်းတို့၏ ခရီးကို များစွာ ပိုမို သက်တောင့်သက်သာဖြစ်စေသည်သာမက အချိန်လည်း အတော်သက်သာသည်။

မြို့ငယ်လေးမှာမူ ဖီလီအော့စ်မြို့တော်မှ ကီလိုမီတာတစ်ရာဝေးကွာသဖြင့် ၎င်းတို့သာ မြင်းလှည်းစီးသွားလျှင် ဤနေရာသို့ရောက်ရန် နေ့တစ်ဝက်ကြာလိမ့်မည်။

သို့သော် မှော်ဆလွန်းများပြောင်းလဲပြီးနောက်မူ ၂နာရီသာ ကြာတော့၏။

မားကွစ္စ် ဆော့သ်ဂိတ်က စတုန်ရန်းတစ်သောင်းမီတာကျော်မြင့်သော အဆောက်အဦကိုကြည့်ကာ ခေါင်းတစ်ချက်ငြိမ့်သည်၊ "သွားကြည့်ကြတာပေါ့။"

၎င်းတို့၏ အဖွဲ့မှာ ရှေ့ကလျှောက်သွားရာ ဖောက်မြင်ရသော မှန်တံခါးပွင့်သွားချိန်တွင် ရှေ့သို့ လှပသော မိန်းမပျိုလေးတစ်ဦးတိုးလာသည်။

လူတိုင်း ထိုမိန်းမငယ်လေးကိုကြည့်လိုက်ပြီး မှင်သက်သွားကြ၏။

"ဒါက... ဒါက သားရဲလူမျိုးလား?"

ဆီမောရ်မှာ ထိုမိန်းမပျိုလေး၏ ခေါင်းထက်ရှိ အမွေးပွယုန်နားရွက်လေးကိုကြည့်လိုက်ပြီး ၎င်းက အစစ်ဟုတ်မဟုတ် ထိကြည့်ရန် မနေနိုင်စွာ လက်ဆန့်ထုတ်မိလိုက်သော်လည်း မားကွစ္စ် ဆော့သ်ဂိတ်က ကျောကုန်းကို ရိုက်ချလိုက်၏။

"မင်းဘယ်လို ပြုမူရမယ်ဆိုတာကို အာရုံစိုက် ဆီမောရ်" မားကွစ္စ် ဆော့သ်ဂိတ်က သူ့အား ဆူငေါက်ပြီးနောက် ထိုမိန်းကလေးထံ တောင်းပန်ဟန်ပြုံးပြလိုက်သည်၊ "အားနာပါတယ် ဒီက သားရဲလူမျိုး မိန်းမချောလေး မင်း ကြောက်သွားလောက်တယ်။"

ထိုသားရဲလူမျိုးမလေးမှာ ဆီမောရ်၏ အပြုအမူကြောင့် အမှန်တကယ်ကို အနည်းငယ် ကြောက်ရွံ့နေခဲ့သော်လည်း အကြည့်တစ်ချက်နှင့်တင် သာမန်လူတစ်ဦးမဟုတ်ဟု ပြောနိုင်သော ထိုမျိုးရိုးမြင့် သက်လတ်ပိုင်းလူကိုမြင်သော် ချက်ချင်းပင် ထိုကိစ္စအကြောင်းမေ့သွားသည်။ "အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်။ ဒီ... အာ.... ဒီက ဖောက်သည်တို့ ဘာအကူအညီများလိုလဲရှင့်?"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၁၈။ ဒါကို ထိန်းချုပ်နိုင်လား?

မားကွစ္စ် ဆော့သ်ဂိတ်မဖြေခင် ဆီမောရ်မှာ ဘေးဘီကိုဝေ့ကြည့်လိုက်ရာ ခန်းမထဲ၌ မှော်ဆလွန်းပေါင်းများစွာကို တွေ့လိုက်ရသည်။

မားကွစ္စ် ဆော့သ်ဂိတ်ကမူ ကူရာမဲ့စွာ ခေါင်းခါ၍ သူနှင့်အတူ နောက်လိုက်နှစ်‌ေယာက်ရို လိုက်ခိုင်းလိုက်၏။ ထို့နောက် သူဟာ သားရဲမလေးကို အသာ ပြုံးပြလိုက်သည်၊ "ဒီက မိန်းမလှလေးတို့ ကျုပ်အနေနဲ့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းထုတ် မှော်ဆလွန်းတွေကြောင့် နားလည်ချင်လို့ နည်းနည်းလောက် ရှင်းပြလို့ရမလား?"

"ဒါပေါ့ ဒါကပြဿနာမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ဒီဘက်ကို လာပေးပါ"

သားရဲမလေးသည် မားကွစ္စ် ဆော့သ်ဂိတ် နှင့် သူ၏နောက်လိုက် သုံးဦးကို ခန်းမအတွင်းရှိ အနားယူရန်နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့အတွက် လက်ဖက်ရည်သောက်ရန် ပြင်ဆင်ပေးလိုက်သည်။ ထို့နောက် သူမသည် မားကွစ္စ် ဆော့သ်ဂိတ် ရှေ့၌ထိုင်ပြီး "ဒီကဖောက်သည်၊ ရှင့်မှာမေးခွန်းတွေရှိရင် မေးလို့ရပါတယ်?"

မားကွစ္စ် ဆော့သ်ဂိတ် က ခပ်ဖျော့ဖျော့ပြုံးပြသည်။ သူ မမေးခင် ထိုသားရဲ ကောင်မလေးကို ခဏမျှ ကြည့်လိုက်ကာ "မှော်ဆလွန်းနဲ့ ယှဉ်ရင် ကျုပ် ပိုသိချင်တဲ့ မေးခွန်းတစ်ခု ရှိတယ်။ မိန်းကလေး၊ နာမည်ကိုသိခွင့်ရှိမလား?"

"အင်း ကျွန်မကို လီနာ လို့ခေါ်လို့ရပါတယ်။"

"အင်း... မိန်းက‌လေးလီနာကို မင်းရဲ့အသွင်အပြင်ကို အခြေခံပြီးပြောရရင် မင်းက သားရဲယုန်မျိုးနွယ်ထဲက ဖြစ်ရမယ်။ ကျုပ်အရမ်းသိချင်မိတယ်၊ Frestech ကုန်သည်ကြီးများအသင်း လိုမျိုး လူသားလုပ်ငန်းတစ်ခုအတွက် မင်းဘယ်လိုစလုပ်ခဲ့တာလဲ။"

ဒီမေးခွန်းလာမည်ဆိုသည် သိနေပြီးသား လီနာ၏ အပြုံးက မပြောင်းလဲဘဲ ပြန်မေးလိုက်သည်၊ "ဒီကဖောက်သည်၊ ရှင့်ကြည့်ရတာ ဒရိက်ခ်နယ်မြေက မဟုတ်ဘူးထင်တယ်။ ရှင်တို့က အနီးနားတိုင်းပြည်တွေကတောင် မဟုတ်လောက်ဘူးနော်?"

"အိုး? မင်းဘယ်လိုပြောနိုင်တာလဲ"

"ဘာလို့လဲဆိုတော့ ကျွန်မတို့ Frestech ကုန်သည်ကြီးများအသင်းမှာ သားရဲလူမျိုးလုပ်သားတွေကို လုံးဝမြင်ရတာ မထူးဆန်းဘူးဆိုတာ ပတ်ဝန်းကျင်တိုင်းပြည်ကလူတွေ အားလုံးသိကြလို့ပါ။"

"ဒီလိုလား?" မားကွစ္စ် ဆော့သ်ဂိတ် က ရယ်မောရင်း “မင်းပြောတာ မှန်ပါတယ်၊ ကျုပ်က ပတ်ဝန်းကျင်တိုင်းပြည်တွေကနေလာတာ မဟုတ်ဘူး။ အဝေးက မားလိုအင်ပါယာကလာတာပါ။"

"မားလိုအင်ပါယာ?" လီနာ အံ့အားသင့်စွာ မျက်လုံးများ ပြူးကျယ်သွားသည်။ မားကွစ္စ် ဆော့သ်ဂိတ် ကို ခဏလောက်ကြည့်ပြီးနောက် သူမ ငြိမ်သက်သွားသည် ။ "ဒါဆို ရှင်တို့ မားလိုအင်ပါယာကနေ ဒီအထိမှော်ဆလွန်းကို ဝယ်ဖို့သက်သက်လာခဲ့တာလား"

မားကွစ္စ် ဆော့သ်ဂိတ် သည် လီနာ က အပြုံးတစ်ခုဖြင့် ခေါင်းမယမ်းမီ အဝေးမှ မှော်ဆလွန်းအနီးတွင် လျှောက်သွားနေသည့် ဆီမောရ် အား လှမ်းကြည့်နေသည်ကို သတိပြုမိလိုက်သည်။ “မဟုတ်ပါဘူး၊ မှော်ဆလွန်းဝယ်ဖို့တင် ဒီကိုလာခဲ့တာမဟုတ်ဘူး။ တကယ်တော့၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်အမျိုးမျိုးကို စိတ်ဝင်စားမိတယ်။ ဖြစ်နိုင်ရင် မင်းတို့လုပ်ငန်းစုရဲ့ ထုတ်ကုန်အားလုံးကို မိတ်ဆက်ပေးနိုင်မလား။"

"အားလုံး?" လီနာ အနည်းငယ် အံ့သြသွားပြီး "ကျွန်မတို့လုပ်ငန်းစုမှာက ကုန်ပစ္စည်းအမျိုးပေါင်း ရာကျော်ရှိတာ၊ အားလုံးကို စိတ်ဝင်စားတာလား"

“ဟုတ်ကဲ့။” မားကွစ္စ် ဆော့သ်ဂိတ် က ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းညိတ်ပြသည်။ “ဒါ့အပြင် ဖြစ်နိုင်ရင်၊ မင်းမှာရှိတဲ့ ထုတ်ကုန်တိုင်းကို တစ်ခုပြီးတစ်ခု ဝယ်ချင်တယ်။”

"ဒါ......" လီနာ အနည်းငယ် စိတ်ရှုပ်သွားသည်။

အခြားသူသာဆိုလျှင်တော့ သူတို့နောက်ပြောင်နေမည်မှာ သေချာပါသည်။

Frestech ကုန်သည်ကြီးများအသင်းတွင် ကုန်ပစ္စည်းတစ်ရာကျော်ရှိပြီး တစ်ခုချင်းစီကို ဝယ်ယူပါက ရွှေဒင်္ဂါးပေါင်း သောင်းနှင့်ချီရှိမည်ဖြစ်သည်။

၎င်းတွင် သယ်ယူပို့ဆောင်ရေး မှော်ကားကြီးများ သို့မဟုတ် မှော်သင်္ဘောတို့ ကဲ့သို့သော တန်ဖိုးကြီးသောအရာများကို ထည့်သွင်း တွက်ချက်ထားခြင်းမရှိပေ။

သို့ပေမယ့် ဖော်ရွေသည့် အပြုံးရှိ လူလတ်ပိုင်းကြီးက လီနာအား နောက်နေခြင်းမဟုတ်ဘူးဟု ခံစားမိစေခဲ့သည်။ လီနာ မှာ ထိုလူက ကုန်ပစ္စည်းတိုင်းကို ဝယ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း သေချာသွားသည်။

"ဘာလဲ? ပြဿနာရှိလို့လား?" လီနာ သည် အချိန်အတော်ကြာ စကားမပြောသည်ကို မြင်လိုက်ရသဖြင့် မားကွစ္စ် ဆော့သ်ဂိတ် မှာ ဤမေးခွန်းကို ခပ်ပြုံးပြုံး မေးလိုက်သည်။

“ဟင့်အင်း... ပြဿနာ မဟုတ်ပါဘူး၊ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖောက်သည်က ဘယ်ထုတ်ကုန်လိုင်းကနေ စချင်တာလဲ။ ကျွန်မတို့လုပ်ငန်းစုက လက်ရှိမှာ အိမ်သုံးမှော်စက်၊ ဆောက်လုပ်ရေးမှော်စက်၊ စိုက်ပျိုးရေးသုံးမှော်စက်၊ ထုတ်လုပ်ရေးမှော်စက်နဲ့ တခြားထုတ်ကုန်လေးတချို့တို့အတွက် ထုတ်ကုန်လိုင်းကြီး ငါးလိုင်းရှိပါတယ်။ ရှင် ဘယ်တစ်ခုကို ပိုပြီး ဂရုစိုက်လဲ?"

"စိုက်ပျိုးရေးမှော်စက်?" ဒီနာမည်ကိုကြားတော့ မားကွစ္စ် ဆော့သ်ဂိတ် ရဲ့အမူအရာက ပြောင်းလဲသွား၏။ “ဒါကို အရင်ဆုံး စလိုက်ပါ။”

“ကောင်းပါပြီ စိုက်ပျိုးရေးသုံးမှော်စက်တွေက လယ်မြေတွေမှာ စိုက်ပျိုးဖို့နဲ့ လယ်ယာသစ်ဖွင့်ဖို့အတွက် အဓိကအသုံးပြုတဲ့ မှော်စက်တွေပါပဲ။ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေးနဲ့ လယ်ယာလုပ်ငန်းအတွက် အသုံးပြုနိုင်တဲ့ အခြားအရာတွေလည်း ပါဝင်တယ်။ ရှေးဦးဆုံး၊ စိုက်ပျိုးရာမှာ အသုံးပြုတဲ့ မှော်စက်တွေနဲ့ လယ်သမားတစ်ဦးရဲ့ ကောက်ပဲသီးနှံတွေကို မြန်မြန်ရိတ်သိမ်းနိုင်ဖို့ စိုက်ပျိုးရေးသုံးမှော်စက်ဖြစ်တဲ့ မှော်ကောက်ရိတ်စက် ရှိတယ်လေ...."

မားကွစ္စ် ဆော့သ်ဂိတ် သည် လီနာ ၏ရှင်းပြချက်ကို နားထောင်ရင်း စကားတစ်ခွန်းမှ မလွတ်တမ်း အာရုံစိုက်ခဲ့သည်။ ရံဖန်ရံခါ မျက်ခုံးကို အနည်းငယ် တွန့်ပြီး မေးခွန်းအချို့ မေးသည်။

နာရီဝက်အကြာတွင် လီနာ သည် စိုက်ပျိုးရေးမှော်စက်များ၏ အခြေခံမိတ်ဆက်မှုကို ပြီးဆုံးခဲ့သည်။

မမေးခင်တွင် မားကွစ္စ် ဆော့သ်ဂိတ် သည် အနည်းငယ် နှုတ်ဆိတ်နေခဲ့သည်။ “ဆိုလိုတာက မင်းတို့လုပ်ငန်းစုရဲ့ စိုက်ပျိုးရေးမှော်စက်တွေကို အသုံးပြုနေသရွေ့ စပါးအထွက်နှုန်းကို တိုးစေနိုင်တယ်ပေါ့”

“ဟုတ်ကဲ့။” လီနာ က ခေါင်းတညိတ်ညိတ်နဲ့ ဂုဏ်ယူစွာ ပြန်ဖြေသည် ။ “ကျွန်မတို့ လုပ်ငန်းစုရဲ့ စိုက်ပျိုးရေးမှော်စက်တွေကို ပတ်ဝန်းကျင်တိုင်းပြည်တွေမှာ ချပြထားပြီး၊ ဒီတိုင်းပြည်တွေအားလုံးအတွက် ဆန်စပါးအထွက်နှုန်းကို များစွာတိုးတက်စေဖို့ ကူညီပေးတယ်‌ေလ။ ကျွန်မတို့လုပ်ငန်းစုရဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေကို အသုံးမပြုတဲ့ ပတ်ဝန်းကျင် တိုင်းပြည်တစ်တိုင်းပြည်မှ မရှိပါဘူး။”

မားကွစ္စ် ဆော့သ်ဂိတ်က နှေးကွေးစွာ ခေါင်းညိတ်ပြသည်။

ယခု လီနာ ဖော်ပြလာသည့် စိုက်ပျိုးရေးသုံးမှော်စက်များဟာ မှန်ကန်သည်ဆိုရင်၊ သူတို့ဟာ ဒီလိုအကျိုးသက်ရောက်မှုတွေ ရရှိလိမ့်မည်ဟု သူယုံကြည်သည်။

"ကောင်းပြီ၊ အိမ်သုံး မှော်စက်တွေကို မိတ်ဆက်ပေးစရာ မလိုပါဘူး၊ ဆောက်လုပ်ရေး မှော်စက်တွေအကြောင်း အရင်ပြောပြပါ"

“အင်း..... ဆောက်လုပ်ရေးမှော်စက်တွေက ပိုကျယ်ပြန့်ပါတယ်။ သူတို့ကို ဆောက်လုပ်ရေးပရောဂျက်အမျိုးမျိုးမှာ အဓိကအသုံးပြုကြတယ်။ ဥပမာအားဖြင့်၊ မှော်‌ကွန်ကရစ် ဖျော်စက်၊ မှော်ဒလှိမ့်တုံး၊ မှော်တူးစက် နဲ့ တခြားအရာ‌တွေကို လမ်းခင်းရာမှာ အဓိကအားဖြင့် အသုံးပြုကြတယ်။....ပြီးတော့ ကျွန်မတို့ လုပ်ငန်းစုက သတ္တုတူးဖော်ခြင်း စွမ်းဆောင်ရည်ကို များစွာမြှင့်တင်ပေးနိုင်တဲ့ သတ္တုတူးဖော်ရေးမှော်စက်တွေကို ဆက်တိုက်တီထွင်ခဲ့တယ်လေ။"

ဆောက်လုပ်ရေးမှော်စက်များအကြောင်းပြောသောအခါ လီနာ သည် Frestech ကုန်သည်ကြီးများအသင်း၏တစ်စိတ်တစ်ပိုင်းဖြစ်လျှင်ပင် ထိုမျှလောက်နားမလည်ပါ။. မားကွစ္စ် ဆော့သ်ဂိတ် ကလည်း နားနလည်သဖြင့် ၎င်းတို့ကို သိပ်ဂရုမစိုက်သလို လီနာ က ယေဘူယျဖော်ပြချက်တစ်ခုကို ပေးသရွေ့ သူနားလည်နိုင်သည်။

ခဏအကြာတွင် ဆီမောရ် သည် ရုတ်တရက် ပြေးလာပြီး သူတို့ နှစ်ယောက်ကို တားလိုက်သည်။

".....ဦးလေး ဒိုင်အိုလန် ကျွန်တော် ဆုံးဖြတ်ပြီးပြီ။ မှော်ဆလွန်းနှစ်စီးဝယ်ချင်ပါတယ် အနက်ရောင်တစ်ခုနှင့် အဖြူတစ်ခု!"

ဆီမောရ်၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသောအကြည့်ကိုမြင်လိုက်ရတော့ မားကွစ္စ်ဆော့သ်ဂိတ်သည် ဂရုမစိုက်ဘဲ သူ့လက်များကိုဖြန့်လိုက်သည်။ “ရပါတယ်၊ ကြိုက်လို့ရှိရင် ဝယ်လိုက်ပါ။ ဒါပေမယ့် ငါတို့မှာ သူတို့ကို ဘယ်လိုမောင်းထုတ်ရမလဲဆိုတာ သိတဲ့သူမရှိလို့ မားလိုအင်ပါယာကို ပြန်ပို့ဖို့ နည်းနည်းတော့ အခက်အခဲရှိလိမ့်မယ်။”

"ဟုတ်သားပဲ......" ဆီမောရ် အနည်းငယ်စိတ်မကျေမနပ်ဖြစ်မိသော်လည်း ထို့နောက်တွင်သူ၏လက်သီးကိုဆုပ်ကာ၊ “အရေးမကြီးဘူး! အခုပဲ သင်လိုက်လို့ရနိုင်တယ်! ဒီလမ်းကိုအလာတုန်းက ဝင်ထိုင်ခဲ့သေးတာပဲ၊ ဒီ မှော်ဆလွန်းကိုမောင်းဖို့လုံးဝမခက်ပါဘူး။ တစ်ရက် နှစ်ရက်အတွင်း သင်ယူနိုင်မယ်လို့ ခံစားရတယ်။”

တစ်ဖက်မှ လီနာ အမြန်ထရပ်ကာ၊ “ဒီငဖောက်သည်၊ လိုင်စင်မရှိဘဲ ကားမောင်းလို့ မရပါဘူး၊ အရမ်းအန္တရာယ်များတယ်။ မကြာသေးမီက မှော်ဆလွန်း ကြောင့် ယာဉ်မတော်တဆမှုများ ပိုများလာလို့၊ ဒါကြောင့် ကျွန်မတို့လုပ်ငန်းစုကပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်တိုင်းပြည်တွေကပဲဖြစ်ဖြစ်၊ ဒါကို တင်းတင်းကျပ်ကျပ် စီမံခန့်ခွဲဖို့ စတင်နေပါပြီ။”

ဆီမောရ်က သူမကိုကြည့်ကာ “ဒါက မင်းတို့လုပ်ငန်းစုနဲ့ ဒီငတိုင်းပြည်တွေရဲ့ကိစ္စ၊ ငါ့အတွက် ဘာကိစ္စရှိလို့လဲ။ ငါ အဲဒါကို မားလိုအင်ပါယာကို ယူသွားမယ်၊ မင်းအဲဒီမှာ ဂရုစိုက်နိုင်မလား။”

လီနာ၏ အမူအရာက အေးခဲသွားပြီးနောက် အံကိုကြိတ်ကာ အားတင်းလိုက်သည်၊ "ဒါပေမယ့်.. ဒါပေမယ့် ရှင့်မှာ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းဖို့လုပ်နေရင်... ကျွန်မတို့လုပ်ငန်းစုရဲ့ စည်းမျဉ်းအရ ရှင့်ကို မှော်ဆလွန်းရောင်းပေးလို့ မရပါဘူး။"

"ဘာ?" ဆီမောရ်က လီနာကို မယုံကြည်နိုင်စွာကြည့်လိုက်သည်၊ "ဒါက ဘယ်လိုဟာသမျိုးလဲ! ငါ့အနေနဲ့ မင်းတို့ပစ္စည်းကို ဝယ်တယ်ဆိုကတည်းက မင်းတို့ကို ခပ်မြင့်မြင့်တွေးပေးထားလို့လေ ဒါကို မင်းက မရောင်းပေးဘဲ နေရဲတယ်ပေါ့? ငါမင်းကို ဒီမှာပဲ မဖျက်ဆီးပစ်ဘူးလို့ ယုံကြည်နေတာလား?"

မားကွစ္စ် ဆော့သ်ဂိတ်မှာ လီနာမှ မိတ်ဆက်ပေးထားသည့် မှော်စက်များအပေါ် အာရုံစိုက်ထားသဖြင့် ဆီမောရ်နှင့် လီနာ၏ စကားဝိုင်းကို ဂရုမစိုက်ပေ။ သို့သော် ဆီမောရ်၏ ဒေါသတကြီး အော်ဟစ်သံကိုကြားသော် အသိပြန်ဝင်လာသည်။ သူက မျက်မှောင်ကုပ်၍ တစ်စုံတရာ ပြောမည်အပြုတွင် တံခါးမှ အေးစက်စက်ရယ်သံတစ်ချက်ထွက်လာ၏။

" Frestech ကုန်သည်ကြီးများအသင်းရဲ့ ဆိုင်ကို ဖျက်ဆီးချင်ရလောက်အထိ ဘယ်သူကများ ရဲတင်းနေရတာလဲ?"

"ဒီ သခင်ကြီးပဲ ဘာဖြစ်လဲ..." ဆီမောရ်က ဒေါသတကြီးလှည့်ကာ ပြောလိုက်မည်အပြုတွင် တစ်စုံတယောက်က သူ၏ လည်မျိုကို ဖမ်းဆုပ်ထားသည့်နှယ် အသံရပ်သွားရသည်။

မားကွစ္စ် ဆော့သ်ဂိတ်လည်း တအံ့တဩလှည့်ကြည့်လိုက်ရာ လူတစ်အုပ်ဝင်လာပြီး မိန်းမငယ်လေးတစ်ဦးက ၎င်းတို့ကို ဦးဆောင်လာ၏။

၎င်းလူသားမိန်းကလေးထံ၌ အေးစက်စက်မျက်နှာထားရှိသော်လည်း တုနှိုင်းမဲ့စွာ ချောမောလှသည်။ ၎င်းက ပွင့်အာနေသည့် နှင်းဆီပန်းနှယ် လူများကို တည့်တည့်မကြည့်စေနိုင်လောက်အောင် အလင်းရောင်အောက် ပွင့်လန်းနေသည့်နှယ်ပင်။

သူမ မျက်နှာထက်ရှိ ဒေါသဟန်က သူမ၏ အလှကို လုံးဝ မသက်ရောက်ပေ။ ၎င်းမှာ ဤ‌နှင်းဆီပန်းလှလှလေးထံ၌ ဆူးများရှိနေသဖြင့် လူများအလွယ်တကူ ခူးယူမရနိုင်ဟု သတိပေးနေသလိုပင်။

ဤရေခဲအလှမှာ ထူးကဲသော ရောင်ဝါကို ဖန်တီးနေ၏။ ပြီးပြည့်စုံလုနီးနီး ရှိသည့် မျက်နှာနှင့် အပြုအမူ‌တိုင်း ဆွဲဆောင်မှုရှိနေလေရာ ဆီမောရ်က သူမကို ငေးငိုင်ကြည့်နေသည်က မထူးဆန်းတော့ပေ။

"ဒေါက် ဒေါက် ဒေါက်"

မိန်းမလှလေး၏ လယ်သာဖိနပ်များက ခန်းမကို ဖြတ်လျှောက်လာပြီး‌ မကြာခင်တွင် ဆီမောရ်ရှေ့ ရောက်လာသည်။

သူမက ဆီမောရ်ကို အေးစက်စက်ကြည့်၍ နှာမှုတ်လိုက်သော်လည်း မားကွစ္စ် ဆော့သ်ဂိတ်ကို ကြည့်လာချိန်တွင် အေးစက်စွာ ပြောလာ၏၊ "ဒီက ဆရာ ကြည့်ရတာ ရှင်က မျိုးရိုးမြင့်ဖြစ်မယ့်ပုံပဲ၊ ဒါ‌ဆိုဘာလို့ ယဉ်ကျေးမှုကို နားမလည်သလို ဘာပညာမှလည်းမတတ်တဲ့ ဒီလို လူငယ်လေးကို ခေါ်ထုတ်လာရတာလဲ?"

ဆီမောရ်မှာ သူမ၏ အလှကြောင့် မှင်သက်နေခဲ့သော်လည်း သူမထံမှ သူ့အား ရိုင်းစိုင်း၍ ပညာမတတ်ဟု ဆိုလာသည်ကို ကြားသော် ဒေါသထွက်ကာ လက်ညိုးထိုး၍ ဆဲရေးလိုက်မည်ပြုလိုက်သည်။

သို့သော်လည်း မားကွစ္စ် ဆော့သ်ဂိတ်က မျက်လုံးများမှေးကျဉ်းလာရာ ဆီမောရ်မှာ ချက်ချင်းပင် စကားလုံးများပြန်မြိုချလိုက်ရ၏။ သူက ဘေးသို့ နာနာခံခံပြန်ဆုတ်သွားရင်း ထိုမိန်းမငယ်လေးကို လောဘတပ်ဟန်အနည်းငယ်ပါဝင်သည့် အကြည့်စူးစူးဖြင့် ကြည့်လိုက်သည်။

"သူ တကယ်ကိုပဲ အခုနက ရိုင်းစိုင်းတဲ့ အပြုအမူတစ်ချို့ လုပ်ခဲ့တာမို့ မိန်းကလေးလီနာကို ကိုယ်စားတောင်းပန်ပါတယ်။" မားကွစ္စ် ဆော့သ်ဂိတ်မှာ သူ၏ တည်ငြိမ်သောအသံကို ထိန်း၍ အေးဆေးပြောလိုက်သည်၊ "ဒါပေမယ့် ဒီက မိန်းမလှလေး မင်း သူ့ကို ရိုင်းတယ်ပြောရင်တော့ ကျုပ်စိတ်ထဲမထားပေမယ့် ပညာမတတ်ဘူးလို့ ပြောရင်တော့ ကျုပ်လက်မခံနိုင်ပါဘူး။"

ထိုမိန်းမငယ်လေးက မျက်မှောင်ကုပ်လာကာ၊ "ဘာလဲ? ရှင်က သူ့မိသားစုရဲ့ အကြီးအကဲလား? သူ့ရဲ့ အပြုအမှုအရဆို သူ့ကို ပညာမတတ်ဘူးလို့ ပြောရင်လည်း မမှားဘူးမို့လား?"

ဆီမောရ်၏ မျက်လုံးများပြူးကျယ်လာကာ ၎င်းကို ငြင်းဆန်လိုက်ချင်သော်လည်း မားကွစ္စ် ဆော့သ်ဂိတ်၏ အကြည့်တစ်ချက်ကြောင့် ပြန်ရုတ်သိမ်းလိုက်ရသည်။

"ကျုပ်က သူ့မိဘတွေနဲ့ မိတ်ဆွေပါ၊ ကျုပ်လည်း သူ့အတွက် တောင်းပန်ပြီးပြီဆိုတော့ မင်းရဲ့စကားကို ပြန်ရုတ်သိမ်းဖို့ တောင်းဆိုပါတယ်။" မားကွစ္စ် ဆော့သ်ဂိတ်က ထိုမိန်းမငယ်လေးကို သေချာကြည့်လိုက်သည်။

ထိုမိန်းမငယ်လေးက မားကွစ္စ် ဆော့သ်ဂိတ် ထိုသို့ ပြုမူလာမည်ဟု ထင်မထားခဲ့ပေ။ သူမက မားကွစ္စ် ဆော့သ်ဂိတ်ကိုကြည့်လာပြီးနောက် ဆီမောရ်ကိုကြည့်လိုက်သည်။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက်တွင် ခေါင်းငြိမ့်ကာ ဆို၏၊ "ကောင်းပြီလေ ကျွန်မ စကားကိုပြန်ရုတ်သိမ်းနိုင်တယ်၊ ဒါပေမယ့် သူ လီနာကို တောင်းပန်ရမယ်။"

လီနာမှာ ၎င်းကြောင့် ထိတ်လန့်သွားပြီး အမြန်လက်ယမ်းလိုက်၏၊ "မလုပ်ပါနဲ့ မလုပ်ပါနဲ့ ကျွန်မအဆင်ပြေပါတယ်၊ ကျွန်မကို တောင်းပန်ဖို့မလိုပါဘူး။ မင်းသမီးလေး ကျွန်မအဆင်ပြေပါတယ် ဒီလိုလုပ်ပေးဖို့ မလိုပါဘူး..."

"မင်းသမီးလေး?" လီနာက ထိုမိန်းမငယ်ဘေးကို မည်သို့ ခေါ်လာသည်အားကြားသော် မားကွစ္စ် ဆော့သ်ဂိတ်မှာ တစ်ခု တွေးမိသွားသည်။ သူက ဆီမောရ်ကိုကြည့်၍ အလေးအနက်ပြောလိုက်၏၊ "ဆီမောရ် အခုနက မင်းရဲ့ အပြုအမူအတွက် မိန်းကလေး လီနာကို တောင်းပန်လိုက်။ ဒါက မင်းရဲ့ မိဘတွေအတွက် ဂုဏ်သိက္ခာလည်းဖြစ်တာကြောင့် ငြင်းပယ်လို့မရဘူး။"

"ကျွန်တော်..." ဆီမောရ်က မားကွစ္စ် ဆော့သ်ဂိတ်ကိုကြည့်ကာ လီနာကိုကြည့်လာပြီးနောက် မျက်နှာက နီရဲသွားသည်။ တစ်အောင့်ကြာသည့်နောက် ဒေါသတကြီးဆိုလာ၏၊ "ကျွန်တော် သေချာပေါက် အဆင့်နိမ့် သားရဲလူမျိုးကို တောင်းပန်မှာမဟုတ်ဘူး!"

သူဟာ ထိုသို့ပြောပြီးနောက် ဒေါသတကြီးထွက်သွားသည်။

မားကွစ္စ် ဆော့သ်ဂိတ်နှင့် မိန်းမငယ်တို့မှာ မည်သည်ကိုမှ မဆိုကြပေ။ ၎င်းတို့၏ နောက်လိုက်များကလည်း မတားဘဲ လွှတ်ထားပေးလိုက်၏။

သူ တံခါးအပြင်ဘက်ထွက်သွားသည်ကိုကြည့်ရင်း မားကွစ္စ် ဆော့သ်ဂိတ်မှာ နောက်လိုက်နှစ်ဦးကို လိုက်ခိုင်းစေလိုက်ပြီးနောက် မိန်းမငယ်လေးဘက်လှည့်လာသည်။ ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူက ဆို၏၊ "ကျုပ်သာမမှားရင် မင်းက ဒုခ်ဒရိတ်ခ်ရဲ့ သမီးတော် မင်းသမီးလေးကာရိုလိုင်းဖြစ်ရမယ်၊ ဟုတ်ရဲ့လား?"

***

မှော်စက်မှုအင်ပါယာ

Vol 5 အခန်း ၁၁၉။ ရှုပ်ထွေးသော ကန့်ကွက်မှုများ

"မင်းသမီးလေးကာရိုလိုင်း လာနေတယ်?"

စတေးလ်မှာ ရှုယီလက်ထဲရှိ ပန်းရောင်စာ‌ရွက်လေးကိုကြည့်လိုက်ပြီးနောက် ရှုယီကို ညစ်ကျယ်ကျယ်ပြုံးကာ မော့ကြည့်လာသည်။

"ရှင့်အတွက် တကူးတကလာတာလား?"

ရှုယီက မျက်လုံးလှန်ပြကာ၊ "သူမဆီမှာ ဘယ်လိုလုပ် ဒီလိုအားလပ်ချိန်ရပါ့မလဲ? သူမမှာ လုပ်စရာရှိသလို အထူးဧည့်သည်နှစ်ယောက်လည်း ခေါ်လာခဲ့မယ်ပြောတယ်။"

"အထူးဧည့်သည်?" သူ့မျက်ခုံးကို အနည်းငယ်တွန့်ချိုးပြီး “ဘယ်ဧည့်သည်ကို ကိုယ်တိုင်ခေါ်လာဖို့ လိုလို့လဲ”

"စာထဲမှာ မပြောထားဘူး၊ ဘာလို့ ဒါကို လျှို့ဝှက်ထားလဲ မသိဘူး။" ရှုယီက သံသယစိတ်အနည်းငယ်ဖြင့် သူ့လက်ထဲရှိ စာကိုခါလိုက်သည်။

ဤမင်းသမီးလေး ကာရိုလိုင်းသည် သူ့ထံ စာအချို့ကို ရံဖန်ရံခါ ပေးပို့တတ်သော်လည်း အများစုမှာ ဒရိက်ခ် နယ်မြေ နှင့် Frestech ကုန်သည်ကြီးများအသင်းတို့ကြား ပူးပေါင်းဆောင်ရွက်မှုများအကြောင်း မေးမြန်းကြရုံဖြစ်သည်။ သူမသည် စတက်တိန်းနယ်မြေသို့ လာလိုကြောင်း ညွှန်ပြသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

မင်းသမီးလေး ကာရိုလိုင်းသည် သူနှင့် စတေးလ် ကလေးမွေးပြီးကတည်းက သူ့အ သွေးဆောင်ချင်လျှင်ပင် ဒရိက်ခ်နယ်မြေ နှင့် Frestech ကုန်သည်ကြီးများအသင်းအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ၊ သူမကိုယ်သူမ အနည်းငယ်ထိန်းထားပြီး သူ့ကိုနှုတ်ဖြင့်သာ နှောင့်ယှက်သည်။

ဒီတစ်ခါတော့ သူမ ဒီကို ရုတ်တရက် လာချင်ပြီး အထူးဧည့်သည် နှစ်ယောက်ကိုပါ ခေါ်လာသည်ဟု ပြောရာ ရှုယီကို နည်းနည်း အံ့အားသင့်သွားစေသည်။

"ဒါကို ဆင်ခြေအနေနဲ့ အသုံးချနေတာလို့ ထင်တာပဲ" စတေးလ်က အပြုံးမပျက်ဘဲ ပြောလာသည်။

"မင်း တကယ်ကို အတွေးလွန်နေတာပဲ။" ရှုယီက သူမကိုကြည့်လိုက်ပြီးနောက် စာကို ဘေးဘက်သို့ ပစ်ချလိုက်သည်။ သူက စတေးလ်၏ ဗိုက်ကိုကြည့်၍ စိုးရိမ်သည့်အသံနှင့်ပြောလာ၏ "မင်း ကိုယ်ဝန်ရှိလို့ အရမ်းတွေးနေတာလို့ ကိုယ်ထင်တယ်။ ကိုယ့်စကားကို နားထောင်ပါ စတေးလ် မင်း ဒီအချိန်မှာ အနားယူသင့်တယ်။ အဲ့လောက် အလုပ်လုပ်ဖို့မလိုပါဘူး။"

“အဲဒါအလုပ်ဖြစ်မှာမဟုတ်ဘူး။” စတေးလ်က ခေါင်းခါကာ "အခုအချိန်က မှော်ပုံရိပ်ယောင် ရုပ်ရှင်တွေကို ကြော်ငြာဖို့ ကျွန်မတို့ New Moon ကုန်သည်ကြီးများအသင်းအတွက် အရေးကြီးတဲ့ကာလလေ၊ ကျွန်မက ကိုယ်တိုင်ကိုယ်ကျ ရှိနေရမှာမို့ပါ။ ဒီရုပ်ရှင်တွေနဲ့ မှော်ပုံရိပ်ယောင်ပရိုဂျက်တာကနေတဆင့် ဖျော်ဖြေရေးနည်းလမ်းသစ်ကို ဖန်တီးဖို့က ရှင်အမြဲတမ်းအလိုရှိနေတဲ့အရာပဲမဟုတ်ဘူးလား။"

"ဒါပေမယ့် မင်းက ကိုယ်ဝန်ရှိနေတယ်လေ"

"အဲဒါ အဲ့လောက်လည်း မဟုတ်ဘူးမို့လား? ဖရီယာ ကိုယ်ဝန်ကို လွယ်ထားတုန်းကလည်း ကျွန်မအလုပ်လုပ်ခဲ့တာပဲ၊ အဲဒါက ကျွန်မကို မထိခိုက်စေပါဘူး။”

စတေးလ်က စိတ်ပိုင်းဖြတ်ထားသည်ကိုမြင်တော့ ရှုယီလည်း ထိုအကြောင်းကိုတွေး၍ စိတ်ပြောင်းရန်မကြိုးစားတော့ဘဲ သူ့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့နဲ့ အရမ်းမပင်ပန်းစေဖို့သာ သတိပေးလိုက်သည်။

စတေးလ်က ဤအကြံဉာဏ်ကောင်းကို သဘာဝအတိုင်း လက်ခံ၏။ ဒါက သူမအတွက် ဒုတိယအကြိမ်ဖြစ်သဖြင့် အတွေ့အကြုံများနေပြီဟု ဆိုလာခဲ့သည်ပင်။

"ဖရီယာအကြောင်းပြောရင်......သူမက လဇ် နဲ့ လင်ဒါ ကို ပြန်ကစားဖို့ အချက်ပြတာဝါတိုင်ဆီကို ခေါ်သွားပုံရတယ်။ ရှင် အချက်ပြတာဝါတိုင်ဆီကို သွားမလို့မို့လား။ ဒီည သူ့ကို ပြန်ခေါ်လာခဲ့ပါဦး။"စတေးလ်က ပြောလိုက်သည်။

ရှုယီက သဘောတူပြီး အိမ်မှမထွက်မီ စတေးလ် နှင့် အနည်းငယ် ထပ်မံဆွေးနွေးခဲ့သည်။

သူ ထွက်လာသောအခါ အဝေးကို မျှော်ကြည့်လိုက်ရာ မိုးထိုးနေသော သံတာဝါတိုင် ခုနစ်ခုကို တွေ့လိုက်ရသည်။

၎င်းတို့သည် Frestech ကုန်သည်ကြီးများအသင်း မှ တပ်ဆင်ထားသော အချက်ပြတာဝါတိုင်အသစ်များဖြစ်ပြီး မှော်လှိုင်းများ ထုတ်လွှင့်ရန်အသုံးပြုသည့် တာဝါတိုင်များဖြစ်သည်။

အာကာလီ ၏အဖွဲ့သည် မှော်ပဲ့တင်ထပ်ခြင်းနည်းပညာဖြင့် နောက်ထပ်အောင်မြင်မှုများ ပြုလုပ်နိုင်ခဲ့သောကြောင့် တာဝါတိုင်များ၏ အချက်ပြအကွာအဝေးသည် ငါးကီလိုမီတာမှ ခုနစ်ကီလိုမီတာအထိ တိုးလာခဲ့သည်။ ထို့ကြောင့် ဤမှော်တာဝါတိုင် ခုနစ်ခုကြားတွင် ခြောက်ကီလိုမီတာခန့်သာ ကွာဝေးသည်။ ဤအစီအစဉ်ဖြင့် ဤတာဝါတိုင် ခုနစ်ခုမှ မှော်လှိုင်းများသည် Frestech ကုန်သည်ကြီးများအသင်း၏ အခြေစိုက်စခန်းရှိ မည်သည့်နေရာကိုမဆို ရောက်ရှိနိုင်ပြီး ကောင်းစွာဖုံးလွှမ်းထားသည်။

ရှုယီသည် သူ၏ မှော်ဆက်သွယ်ရေးကိရိယာကို ထုတ်ကာ ခလုတ်ကို နှိပ်လိုက်၏။ အာကာလီ ၏အသံက ချက်ချင်းထွက်လာကာ၊ နည်းနည်းပင်ပန်းသော်လည်း အရမ်းစိတ်လှုပ်ရှားနေပုံရသည်။

" ဥက္ကဌ၊ ရှင့်မှာ ညွှန်ကြားစရာရှိလို့လား"

ရှုယီက ရယ်မောကာ "ညွှန်ကြားချက်မရှိပါဘူး၊ မင်းတို့ရဲ့အလုပ်တိုးတက်မှုကို မြင်ချင်ရုံပဲ။ မင်း အခုဘယ်မှာလဲ ဒါနဲ့ဖရီယာ ကို တွေ့သေးလား”

အာကာလီ မဖြေမီတွင် မှော်ဆက်သွယ်ရေးကိရိယာထံမှ ပျော်‌ရွှင်နေပုံရသည့် ကလေး၏ အသံတစ်ခု ထွက်ပေါ်လာသည်။

“ဖေဖေ၊ သမီး အန်တီ အာကာလီ နဲ့ အတူရှိနေတယ်။ မြန်မြန်လာပါဦး၊ အန်တီ အာကာလီ က သမီးကို ကစားဖို့ တာဝါတိုင်ပေါ်တက်ခွင့်မပေးဘူး။”

ရှုယီသည် မျက်လုံးများကို မနေနိုင်စွာ မှိတ်ချကာ "ဖရီယာ၊ မင်းရဲ့ အန်တီ အာကာလီ စကားကို နားထောင်။ သူတို့ အလုပ်ကို မနှောင့်ယှက်နဲ့ ဖေဖေလာခဲ့မယ်။"

"အင်း၊ သမီး စောင့်နေမယ်။"

"ဖရီယာက အရမ်းလိမ္မာပါတယ်၊ ရှင် စိတ်ပူစရာမလိုဘူး။ ဥက္ကဌ၊ ကျွန်မတို့က လက်ရှိ အချက်ပြတာဝါတိုင် နံပါတ် လေးမှာ အလုပ်လုပ်နေတာပါ။”

“ကောင်းပြီ။”

ရှုယီသည် ခေါင်းကို မော့၍ ပတ်ပတ်လည်ကို ဂရုတစိုက်ကြည့်ကာ တာဝါတိုင်နံပါတ်လေး၏တည်နေရာကို အတည်ပြုလိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်အတွင်းမှ မှော်ပညာကို လှုံ့ဆော်လိုက်သော်လည်း တိုက်ရိုက် နေရာမ‌ကူးပြောင်းလိုက်ပေ။ သူဟာ ဖြည်းဖြည်းချင်းသာ ပျံတက်သွားသည်။

လေထဲမှ ငုံ့ကြည့်လိုက်သော် Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိပုံစံကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

Frestech ကုန်သည်ကြီးများအသင်း ဤနေရာကို ပထမဆုံးရောက်လာစဉ်ကနှင့် ယှဉ်ရင် ဤနေရာမှာ လုံးဝပြောင်းလဲသွားပြီပင်။

ယခုဆိုလျှင် ဤဆယ်စတုရန်းကီလိုမီတာ မြေကွက်တွင် နေရာအနှံ့ အဆောက်အအုံများ ရှိနေသည်။

Frestech ကုန်သည်ကြီးများအသင်း၏စက်မှုလုပ်ငန်းနှင့်လူနေမှုခရိုင်များကို ရှင်းလင်းစွာခွဲခြားထားသည်။ စက်မှုဇုန်ရှိ စက်ရုံအများစုသည် မြောက်ဘက်တွင်ရှိပြီး နေထိုင်သည့်ခရိုင်သည် တောင်ဘက်တွင် ရှိသည်။

တောင်ဘက်ရှိ ကြွယ်ဝခြင်းမြစ်သို့ရောက်နေသည့် အိမ်များကိုကြည့်ရင်း ရှုယီသည် သူအရင်က တွေးခဲ့သမျှကို အတည်ပြုလိုက်သည်။

Frestech ကုန်သည်ကြီးများအသင်း ဖွံ့ဖြိုးလာသည်နှင့်အမျှ ၎င်းတို့သည် ၎င်းတို့၏ အခြေစိုက်ဌာနကို ပိုမိုချဲ့ထွင်ရန် လိုအပ်သည်။

ယခင်က ကောင့်ထ် ဝိန်း ထံမှ ဤဆယ်စတုရန်းကီလိုမီတာ မြေနေရာကို ရယူသောအခါ၊ ရှုယီသည် ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆယ်နှစ်ကြာအောင် ပံ့ပိုးပေးနိုင်မည်ဟု ခံစားခဲ့ရသည်။

သို့သော် လေးနှစ်မပြည့်မီတွင် ဤမြေကို အပြည့်အ၀အသုံးပြုနေပြီဖြစ်သည်။ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်း၏ နောက်ထပ်လိုအပ်ချက်များကို မဖြည့်ဆည်းပေးနိုင်ဆော့ပေ။

ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သူ့နယ်မြေကို ချဲ့ထွင်ရမည်သာ။

သို့ပေမယ့် နောက်ဆုံးလွှတ်တော်အစည်းအဝေးတွင် ရှုယီက သူ့နယ်မြေကို တိုးချဲ့ဖို့ အဆိုပြုခဲ့ပါ၏။ သို့သော် သူသည် ကွန်ဂရက်လွှတ်တော်အမတ် အနည်းငယ်၏ ဆန့်ကျင်မှုကို လက်ခံရရှိခဲ့သည်။ ဤအဆိုပြုချက်သည် နောက်ဆုံးတွင် မအောင်မြင်ခဲ့ပါချေ။

ဟောပြောသူ အန်ကလိုက အောင်မြင်မည့် မြေငှားကွန်ဂရက်သို့ အဆိုပြုနိုင်ကြောင်း ရှုယီကို လျှို့ဝှက်စွာ ပြောပြခဲ့သော်လည်း ဤအစည်းအဝေးသည် ရှုယီ ၏နှလုံးသားထဲရှိ နိုးကြားမှုကိုအနည်းငယ်တိုးလာစေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိ အင်အားကြီးဖြစ်သော စတက်တိန်းနယ်မြေအပေါ် လွှမ်းမိုးမှုကြောင့် ပြဿနာတစ်စုံတစ်ရာမရှိဘဲ ၎င်းပြဿနာများကို အဆိုပြုနိုင်သည်ဟု သူထင်ခဲ့သည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်းအတွက် အရေးပါသော မြေယာချဲ့ထွင်မှုသို့ ရောက်သောအခါ သူသည် ခံနိုင်ရည်ရှိမည်ဟု မထင်ခဲ့ပေ။

အတိုက်အခံဘက်ကတော့ အကြောင်းပြချက်တွေ အများကြီးပေးခဲ့ပါ၏။ စတက်တိန်းနယ်မြေသည် ယခင်က ကိုယ်ပိုင်မြေ မပေးခဲ့ကြောင်း ၎င်းတို့က ဆိုသောကြောင့် ရှုယီ၏ ရုတ်တရက် အဆိုပါတောင်းဆိုမှုမှာ စတက်တိန်း နယ်မြေအတွက် နှစ်ရာနှင့်ချီသော အစဉ်အလာကို ဆန့်ကျင်သွားခဲ့သည်။

ရှုယီသည် ဤအကြောင်းကြောင့် နှာမှုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းမတိုင်မီက၊ စတက်တိန်း နယ်မြေ၏သခင်များသည် ၎င်းတို့လက်အောက်ရှိ နယ်မြေအပေါ် ပုံသေအမြင်များမရှိခဲ့ပေ။ ၎င်းတို့အားလုံးမှာ သိမ်းယူရန် အစွမ်းအစပေါ်တွင် မူတည်ပြီး ကိုယ်ပိုင်အဖြစ် တောင်းဆိုနိုင်သည်။

ယခု သူသည် မြေယာသစ် ပေးအပ်ရန် တောင်းဆိုနေသည်မှာ စတက်တိန်းနယ်မြေ၏ အစဉ်အလာကို ဆန့်ကျင်သည်ဟု ဆိုကြသည်။ ဒါက သိသာသည့် ဟာသတစ်ခုပါပင်။

နောက်ပိုင်းတွင် လွှတ်တော်မှ စတက်တိန်းနယ်မြေ၌ မျိုးရိုးမြင့်များ တိုက်ပွဲဝင်နေသည့် နယ်မြေသည် အမှန်တကယ် အမည်ဖြင့် အတည်ပြုထားခြင်း မရှိကြောင်း ရှင်းပြခဲ့သည်။

ဒုခ် စတက်တိန်း၏ခွင့်ပြုချက်သည် သူ၏ကိုယ်ရေးကိုယ်တာခွင့်ပြုချက်သာဖြစ်ပြီး၊ ၎င်းအား စတက်တိန်းနယ်မြေ၏ခွင့်ပြုချက်အဖြစ်မရေတွက်ပါ။

ယင်းကိုအခြေခံ၍ ရှုယီကို ငြင်းဆိုခဲ့သော အကြောင်းပြချက်မှာ လုံးဝမမှားပေ။

သို့ပေမယ့် ဒီကိစ္စအား ရှုယီက ပြဿနာတစ်ခုလို့ လုံးဝ မယူဆပါချေ။

Frestech ကုန်သည်ကြီးများအသင်း၏သြဇာလွှမ်းမိုးမှုကြောင့် တရားဝင်ပြဿနာရှိလျှင်ပင် ၎င်းတို့ကိုဖြေရှင်းရန်မရေမတွက်နိုင်သောနည်းလမ်းများကိုစဉ်းစားနိုင်သေးသည်။

သို့သော် လွှတ်‌ေတာ်အဖွဲ့ဝင် အများအပြားက ယင်းကိစ္စကို ဆန့်ကျင်ရန် ရွေးချယ်ခဲ့ကြရာ ရှုယီမှာ နိုးနိုးကြားကြားရှိလာသလို အနည်းငယ် စိတ်တိုသွားခဲ့သည်။

ကွန်ဂရက်အဖွဲ့ဝင်တိုင်းတွင် ၎င်းတို့နောက်၌ သခင်တစ်ဦးရှိသောကြောင့် ယင်းကို ဆန့်ကျင်ပါက သခင်များသည်လည်း ရှုယီကို ဆန့်ကျင်သည်ဟု ဆိုလိုသည်။

သို့ပေမယ့် ဒါက ရှုယီကို စိတ်အရှုပ်ဆုံးပင်။

စတန်းတိုင်းနယ်မြေ၏ အရှင်သခင်များက ရှုယီ၏ အဆိုပြုချက်ကို အဘယ့်ကြောင့် ဆန့်ကျင်ခဲ့ကြသနည်း။

ဒါ့အပြင် ရှုယီကို ဆန့်ကျင်ဖို့ ဘာက သတ္တိရှိစေခဲ့သလဲ။

ယမန်နှစ် ကွန်ဂရက်၏ အခွန်ငွေမှာ ရွှေဒင်္ဂါး လေးသန်းနှင့် ခုနစ်သိန်းဖြစ်ပြီး ယင်းတို့အနက် သုံးသန်းသည် Frestech ကုန်သည်ကြီးများအသင်းမှ ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းကိုအခြေခံကြည့်လျှင် Frestech ကုန်သည်ကြီးများအသင်း၏ စတက်တိန်းနယ်မြေရှိ အားကောင်းသောသြဇာလွှမ်းမိုးမှုကို မြင်နိုင်လောက်အောင် လုံလောက်ပါသည်။

တကယ့်သြဇာလွှမ်းမိုးမှုဟု ယူဆရင် ပို၍ ထိတ်လန့်စရာပင် ကောင်းလိမ့်မည်။

Frestech ကုန်သည်ကြီးများအသင်းသည် စတက်တိန်းနယ်မြေတွင် စက်ရုံပေါင်း ကိုးဆယ့်သုံးရုံ ဖွင့်လှစ်ထားပြီး လူပေါင်း နှစ်သိန်းကျော်ကို အလုပ်ခန့်ထားသည်။

ထိုအလုပ်သမားများထဲတွင် ခုနစ်သောင်းကျော်သည် စတက်တိန်းနယ်မြေမှ လာကြသည်။

၎င်းအပြင် Frestech ကုန်သည်ကြီးများအသင်းသည် စတက်တိန်းနယ်မြေရှိ သခင်များအားလုံးနှင့်အတူ စက်ရုံအမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံခဲ့သည်။ အများစုမှာ စည်သွတ်သီး စက်ရုံများ သို့မဟုတ် ပလတ်စတစ် ထုတ်လုပ်ရေး စက်ရုံများဖြစ်ပြီး အလုပ်သမား တစ်သိန်းကျော်ရှိသည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းထံမှ အကျိုးခံစားခွင့်များရရှိသော တိုင်းပြည်သားပေါင်း တစ်သိန်းရှစ်သောင်း ကျော်သွားကာ၊ Frestech ကုန်သည်ကြီးများအသင်းတွင် စတက်တိန်းနယ်မြေရှိ မှော်စက်လုပ်ငန်းကို တိုးတက်စေပြီး အခြားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နှိုးဆော်ပေးခြင်းကြောင့် သူတို့ဆီက အကျိုးအမြတ်များမှာ သိန်းချီပြီး ရှိသည်။

စတက်တိန်းနယ်မြေတစ်ခုလုံးတွင် Frestech ကုန်သည်ကြီးများအသင်းမှ ထိခိုက်မှုမရှိသောလူတစ်ဦးတစ်ယောက်မျှမရှိဟုဆိုသည်မှာ ချဲ့ကားပြောခြင်းမဟုတ်ပါ။

ထို့အပြင် ဤသက်ရောက်မှုများအားလုံးသည် တိုက်ရိုက်သက်ရောက်မှုများဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုနှင့်အတူ၊ စတက်တိန်းနယ်မြေရှိ တိုင်းပြည်သားများအားလုံးသည် အလုပ်ရှာဖွေနိုင်ပြီး ၎င်းတို့၏ဝင်ငွေကို အလွန်တိုးမြင့်စေကာ ၎င်းတို့၏လူနေမှုအဆင့်အတန်းကလည်း သိသိသာသာတိုးတက်လာ၏။

ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းသည် လမ်းများခင်းခြင်း၊ လမ်းမီးများ ဖောက်လုပ်ခြင်း၊ ရေစနစ်နှင့် အခြားအရာများအားလုံးကို စတက်တိန်းနယ်မြေ၌ရင်းနှီးမြှုပ်နှံထားသည်။ ၎င်းသည် စတက်တိန်းနယ်မြေအား အနီးနားရှိ အဆင်းရဲဆုံး နယ်မြေအဖြစ်မှ လူများက “အတိုးတက်ဆုံးတိုင်းပြည်” အဖြစ်သို့ အသိအမှတ်ပြုလာသည်အထိ ပြောင်းလဲစေပြီး ပတ်ဝန်းကျင်တိုင်းပြည်များတွင် သြဇာလွှမ်းမိုးမှု ကြီးမားလာစေသည်။

စတက်တိန်းနယ်မြေသည် Frestech ကုန်သည်ကြီးများအသင်း ပိုင်ဆိုင်နေပြီဟုပင် ဆိုနိုင်သည်။

Frestech ကုန်သည်ကြီးများအသင်းအတွက်မဟုတ်ပါက၊ စတက်တိန်းနယ်မြေ၌ ဘာမှရှိမည်မဟုတ်။

ထို့ကြောင့် ရှုယီက ၎င်းတို့ကို ဆန့်ကျင်ဖို့ ထိုအရှင်သခင်များ အကျင့်ရခဲ့သည်ကို စဉ်းစား၍ မရပေ။

ဒီလူတွေ ကိုယ့်သေခြင်းတရားကို ရှာနေကြတာလား။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၂၀။ ဥက္ကဌမှာ စည်းကမ်းကြပ်တဲ့ ဇနီးတစ်ယောက်ရှိတယ်

ရှုယီမှာ စတက်တိန်းနယ်မြေ၏ မသိနားမလည်သော အရှင်သခင်များကြောင့် စိတ်ထဲ ဒေါသအပြည့်ဖြစ်သွားသော်လည်း မြေပြင်ပေါ် သက်ဆင်းလိုက်ချိန်၌ အရိပ်အယောင်ပင်မရှိဘဲ ပျောက်ကွယ်သွားတော့သည်။

ဖရီးယာက ချက်ချင်း ရှုယီကိုမြင်သည်နှင့် ခုန်ဆင်းလာ၏။

ဖရီးယာကို ကောက်ချီကာ သူမ၏ ရယ်သံလေးကြားပြီးနောက် ရှုယီ၏ စိတ်ထဲ ပျော်ရွှင်မှုတို့ပြည့်လာရသည်။ သူဟာ မည်သို့များ မျိုးရိုးမြင့်တို့ အတွေးကို ဂရုစိုက်နေနိုင်ပါမည်နည်း။

"ဖေဖေ၊ တာဝါပေါ်တက်ပြီး ဆော့ကြရအောင်" ဖရီယာ သည် အချက်ပြတာဝါ၏ အထွတ်အထိပ်ကို ညွှန်ပြပြီး မျှော်လင့်ထားသည့် အကြည့်ဖြင့် မေးသည်။

"အင်း.....ကောင်းပြီ၊ ဒါပေမယ့် ဖေဖေတို့ ခဏစောင့်ရမယ်။ မတက်ခင် အန်တီ အာကာလီတို့ အလုပ်ပြီးအောင် စောင့်ရမယ်။”

"အိုကေ၊ စောင့်နေပါ့မယ်။" ဖရီယာ က နာခံစွာ ပြန်ပြောသည် ။

ရှုယီက ပတ်ပတ်လည်ကို မကြည့်ခင် သူမပါးလေးကို နမ်းလိုက်သည်။ လင်ဒါ ပြုံးနေသည်ကို မြင်တော့ သူက မေးလိုက်သည် “ဒီနေ့ ဖရီယာ ကို ကြည့်ဖို့ အလှည့်ကျပြီလား။ လဇ် ဘယ်မှာလဲ နောက်ပြီး ကောင်လေးတွေရော?"

ရှုယီပြောသည့် "ကောင်လေးများမှာ" က လဇ် နှင့် လင်ဒါ မွေးထားသည့် သားနှစ်ယောက်ပါပင်။

လဇ် မွေးထားသူကို ဆန်ဒါ ဟု ခေါ်ပြီး လင်ဒါ မွေးထားသူကို ဟာဗေး ဟု ခေါ်ပါ၏ ၊ ၎င်းက သူတို့ နှစ်ယောက် စလုံး၏ သာမာန် နာမည်တွေပင်။

ဖရီယာ ကဲ့သို့ပင် ရှုယီသည် ၎င်းတို့အား တူညီသောမူကို ထားရှိခဲ့သည်။ စိုင်စ်နယ်မြေကြီး၏ အစဉ်အလာအရ သူတို့၏မိခင်ဘက်မှ အမည်ပေးမည်ဖြစ်သော်လည်း သူသည် ကမ္ဘာမြေ၏ ထုံးတမ်းစဉ်လာများကို လိုက်နာကာ ၎င်းတို့ကို သင်ကြားပြီးသည်နှင့် သူ၏ မျိုးရိုးအမည်နှင့်တကွ အခြားအမည်တစ်ခုပေးမည်ပင်။

ယခုအချိန်တွင် ၎င်းတို့အမည်များကို လွယ်ကူစေရန်အတွက် အမည်ပြောင်များသာ သတ်မှတ်ခဲ့သည်။

ရှုယီက လဇ် နှင့် လင်ဒါ ကို ၎င်းသားသမီးများအား နာမည်ပေးခိုင်းသည်က ရှုယီအနေနှင့် သူတို့ကို လေးစားမှု ပေးခြင်းဖြစ်သောကြောင့် အရမ်းစိတ်လှုပ်ရှားစေခဲ့သည်။

ထို့အပြင်၊ လဇ် နှင့် လင်ဒါ တို့သည် ကျွန်များမဟုတ်တော့လျှင်ပင်၊ ဤအရာက ၎င်းတို့၏ နှလုံးသားထဲတွင် ဘယ်တော့မှ ရွေ့လျားမသွားနိုင်သော အနှောင်အဖွဲ့တစ်ခုအဖြစ်ကျန်ရစ်နေသည်။

၎င်းတို့မှာ စတေးလ်နှင့်ဘယ်တော့မှ မယှဉ်နိုင်ဘူးဟု ခံစားကြရသည်။ သူတို့မွေးထားသည့်သားများဟာ စိုင်စ်နယ်မြေကြီး၏ အစဉ်အလာအတိုင်း သခင် ရှုယီ၏တရားမ၀င် သားသမီးများဟု သတ်မှတ်ခံရကာ ဖရီယာ နှင့် ဘယ်တော့မှ တူညီမည်မဟုတ်ပေ။

ထို့ကြောင့် ရှုယီသည် သူတို့၏ သားသမီးများကို နာမည်ပေးပိုင်ခွင့် ပေးခဲ့ပြီး စန်ဒီ နှင့် ဟာဗေး တို့သည် လည်း အသက် ဆယ်နှစ်ရောက်သောအခါတွင် ၎င်းတို့၏ မျိုးရိုးအမည်ကို ပေးဆောင်ရမည်ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်းက ၎င်းတို့ကို ပျော်ရွှင်မှုအပြည့်ဖြစ်သွား‌စေသည်။

ယခု ရှုယီက သူတို့နှစ်ယောက်အကြောင်း မေးတာကို ကြားသော် လင်ဒါ က ခဏပြုံးပြီး ပြန်ဖြေလိုက်၏။ “သူတို့နှစ်ယောက် အိပ်ပျော်နေပြီ၊ လဇ်က သူတို့ကို စောင့်ကြည့်နေတယ်။ ဖရီယာက အပြင်ထွက်ကစားချင်နေပေမယ့် သခင်မကြီး စတေးလ် က အရမ်းအလုပ်ရှုပ်နေတာကြောင့် သူ့ကို အပြင်ကို ခေါ်ထုတ်ခဲ့တာပါ”

ဖရီယာက ဒါကိုကြားတော့ နှုတ်ခမ်းစူကာ ဆိုလာသည်“ဟုတ်တယ် ဖေဖေ၊ မေမေက ဘာလို့ ဒီလောက် အလုပ်များနေတာလဲ။ သမီးနဲ့ ကစားခိုင်းတိုင်း မေမေ့မှာ အချိန်မရှိဘူးတဲ့။ မေမေက သမီးကိုမကြိုက်ဘူးလား?"

ဒါကိုကြားတော့ ရှုယီအံ့သြသွားသည်။ ဖရီယာ၏မျက်နှာပေါ်တွင် မပျော်မရွှင်ဖြစ်နေသောဟန်ကိုမြင်လိုက်ရသော် သူမကို ပြုံးပြပြီး အတွေးတစ်ခုဝင်လာသည် ။ “အမေက မင်းကို ဘယ်လိုမှ မကြိုက်တာ မဖြစ်နိုင်ဘူး၊ သူက မင်းအမေလေ။ ဒီအချိန်မှာ သူမ အရမ်းအလုပ်များနေတာကြောင့် မင်းနဲ့အတူမနေနိုင်တာပါ၊ ဒါပေမယ့် မင်းသူ့ကို အပြစ်တင်လို့မရနိုင်ဘူး။ မင်းက သူ့သမီးမို့၊ မင်းနားလည်အောင် သင်ယူပြီး သူ့ကို ပံ့ပိုးပေးသင့်တယ် နားလည်ရဲ့လား"

ဟာဗေးက သူမတကယ်နားမလည်တဲ့ပုံစံဖြင့် ခေါင်းညိတ်ပြသော်လည်း မကျေနပ်နိုင်သေးပေ၊ “ဒါပေမယ့် အဖေက အလုပ်အရှုပ်ဆုံးလို့ ပြောကြပေမယ့် ဖေဖေကျတော့ သမီးနဲ့ အမြဲကစားဖို့ အချိန်ရှိတယ်။ မေမေက ဘာလို့ အချိန်မရတာလဲ"

ရှုယီက ရယ်မောကာ အလုပ်များနေသော အာကာလီ အဖွဲ့ကို လက်ညှိုးထိုးပြလာသည်၊ “ဖေဖေ့မှာက အလုပ်ပြီးအောင် ကူညီပေးနိုင်တဲ့ တော်ထက်တဲ့ လက်အောက်ငယ်သားတွေ အများကြီးရှိတာကြောင့် ဖေဖေက မင်းနဲ့အတူ ဆော့နိုင်တာပေါ့။"

"အိုး.....ဒီလိုလား ။ ဒါဆို မေမေဆီမှာရော သူ့အလုပ်အတွက် ထက်မြတ်တဲ့ လက်အောက်ငယ်သားတချို့ ဘာလို့ရှိမနေတာလဲ။" ဟာဗေးက မေး၏။

“တခြားနည်းလမ်းမရှိဘူး၊ မင်းမေမေရဲ့အလုပ်ကို လုပ်နိုင်တဲ့သူက ကမ္ဘာပေါ်မှာ နည်းနည်းပဲရှိလို့။ ဖေဖေ့လိုမျိုး ကူညီပေးနိုင်တဲ့ သူတွေအများကြီးကို သူမ ရှာမတွေ့နိုင်ဘူးလေ"

“ဝါး! ဒါဆိူ မေမေက အစွမ်းထက်တာပဲ။ သူလုပ်နိုင်တာကို လုပ်နိုင်တဲ့လူ နည်းနည်းပဲ ရှိတယ်!” ဟာဗေးက အံ့သြတဲ့အသံဖြင့် အော်လိုက်သည်။

ရှုယီက မတတ်နိုင်စွာ ပြုံးလျက်ဟာဗေး၏နှာခေါင်းကို ဖြည်းညှင်းစွာညှစ်လိုက်ကာ "မေမေက အစွမ်းမထက်ဘူးလို့ မင်းထင်နေတာလား။ ပြောပါရစေ မေမေက ဖေဖေ့ထက် ပိုအစွမ်းထက်တယ်၊ အိမ်မှာဆို ဖေဖေက မေ့မေ့စကား အမြဲနားထောင်တာကို သတိမထားမိဘူးလား"

"ဖူးးး။"

ရှုယီ၏စကားများကိုကြားတော့ အာကာလီ နှင့် အလုပ်လုပ်နေစဉ် တိတ်တဆိတ် နားထောင်နေသော အခြားသူများ မနေနိုင်စွာ ရယ်မောလာကြသည်။

"ဟေ့ ဖရီယာ၊ ဥက္ကဌပြောတာ အမှန်ပဲလား" အာကာလီက ဟာဗေးကို ပြုံးပြီး မေးလာ၏ "အိမ်မှာ ဥက္ကဌက မင်းအမေပြောတာကို နားထောင်လား"

ဟာဗေးသည် ခေါင်းငုံ့ကာ လေးလေးနက်နက် အမူအရာဖြင့် ခဏမျှ တွေးတော၍ ခေါင်းညိတ်ပြသည်၊ “အန်! အဲဒါအမှန်ပါပဲ! ဖေဖေက မေမေပြောသမျှကို နားထောင်ပြီး ဘာမှပြန်မပြောဘူး”

"ဟားဟား......"

အနီးနားရှိလူများက ပို၍ပင် ရယ်မောလာကြသည်။

အာကာလီသည် သူမ၏ရယ်နေခြင်းကြောင့် မတ်မတ်ပင်မရပ်နိုင်ဖြစ်သွားသည်။

ဖရီယာကိုကြည့်ရင်း ရှုယီ ရယ်ရမလား ငိုရမလား မသိတော့ပေ။ ယနေ့မှစ၍ " Frestech ကုန်သည်ကြီးများအသင်းတွင်တင်းကြပ်သောဇနီးရှိသည်" ဟူသောကောလဟာလကိုလူတိုင်းကြားရလိမ့်မည်။

ဟာဗေးသည် ရယ်မောနေသောလူများကို အထူးတဆန်းကြည့်ကာ ရှုယီကိုမေးလိုက်၏“ဖေဖေ၊ သမီး တစ်ခုခုမှားသွားလို့လား။ ဘာလို့ ဒီလောက်တောင် ရယ်နေကြတာလဲ"

ရှုယီသည် မနေနိုင်စွာပြုံး၍ ဖရီးယာ၏ မျက်နှာကို ဆွဲညှစ်ပြီး ပြောလာသည် "မဟုတ်ပါဘူး၊ မင်းမမှားပါဘူး၊ အိမ်မှာဆို ဖေဖေ မင်းအမေပြောတာကို နားထောင်တယ်လေ" ထိုသို့ ပြောပြီးနောက် ဖရီယာကို လွှတ်လိုက်ပြီး “ကောင်းပြီ၊ မင်း လင်ဒါ နဲ့ ခဏလောက် ကစားသွားလိုက်ဦး။ ဖေဖေက မင်းရဲ့အန်တီ အာကာလီ နဲ့ စကားပြောစရာတွေရှိတယ်၊ ပြီးတာနဲ့ မင်းကို တာဝါပေါ်လိုက်တင်‌ပေးမယ်။"

“ဟုတ်ကဲ့!” ဟာဗေးသည် ထိုသို့ဖြေ၍ လင်ဒါ ဘက်သို့မပြေးသွားသည်။

ရှုယီမှာ ရယ်နေဆဲဖြစ်သည့် အာကာလီထံ လှည့်လာကာ အလေးအနက်မျက်နှာထားဖြင့် မေးလိုက်သည်၊ "အချက်ပြတာဝါတိုင်ရဲ့ မွမ်းမံမှုက ဘယ်လိုနေလဲ? ပြဿနာတစ်ခုခုရှိလား?"

ရှုယီက ပို၍ လေးနက်ဟန်ပေါ်လေ အာကာလီက ပို၍ ရယ်ချင်လေပင်။ သူ့အား ခေတ္တမျှကြည့်ရှုလိုက်ပြီးနောက် သူမဟာ ရယ်ချင်စိတ်ကို ထိန်းမထားနိုင်တော့ပေ။

အာကာလီမှာ ရယ်မြဲရယ်နေသည်ကို မြင်သော် ရှုယီလည်း ကူရာမဲ့စွာ ခေါင်းခါလိုက်၏၊ "ဟုတ်ပြီ အရယ်ရပ်လိုက်တော့။ မင်းနဲ့ စတေးလ်က သူငယ်ချင်းဟောင်းတွေပဲ ငါနဲ့ စတေးလ်ကြားက ဘယ်လိုရှိတယ်ဆိုတာကို မသိတာလည်း မဟုတ်တာကို ဘာတွေရယ်နေရတာလဲ?"

တအောင့်ကြာပြီးနောက် အာကာလီမှာ တဖြည်းဖြည်းထရပ်ကာ အရယ်ရပ်လိုက်သည်။

ရှုယီကို ကြည့်နေချိန်တွင် သူမအကြည့်၌ ရှုပ်ထွေးနေဟန် များစွာ ရှိနေ၏။

"ဥက္ကဌ ကျွန်မက အမြဲ စတေးလ်ကို မနာလိုဖြစ်နေမှန်း ရှင်သိမှာပါ။"

ရှုယီက အာကာလီ၏ စိတ်ထက်သန်သောအကြည့်ကို ရှောင်လွှဲရန် အကြည့်လွှဲ၍ ချောင်းဟန့်လိုက်သည်၊ "မွမ်းမံမှုအကြောင်းပဲ ပြောပြတော့"

အာကာလီက သက်ပြင်းချကာ အသက်ရှူလိုက်ပြီးနောက် ပေါ့ပါးစွာ ပြုံးပြလာသည်။ ထို့နောက် အင်မတန် ရိုးရှင်းသည့်အသံဖြင့် ဆို၏၊ "ဥက္ကဌ မွမ်းမံမှုအတွက်ကတော့ အခု အဆင်ပြေနေပေမယ့် ပြဿနာလေးတချို့တော့ရှိသေးတယ်။ ဥပမာ အချက်ပြတာဝါတိုင်ကို မတူညီတဲ့လမ်းကြောင်းနဲ့ ဆက်သွယ်မှာလေ။ တာဝါတိုင် နံပါတ်သုံးကို ယူကြည့်ရင် ကျွန်မတို့ရဲ့ ရှာဖွေတွေ့ရှိမှုအရ အဲဒီ့အောက်မှာ မှော်လှိုင်းတွေကို အတိုင်းအတာတစ်ခုအထိ သက်ရောက်စေမယ့် မှော်သလင်းကျောက်ပမာဏကြီးတစ်ခုရှိတယ်...."

ရှုယီမှာ အာကာလီ၏ တင်ပြချက်ကို စိတ်ရှည်ရှည်နားထောင်ကာ သူ၏ယူဆချက်အချို့ကို ပြောပြလာသည်။

တကယ်တမ်းတွင် သူဟာ မှော်စက်မှုနယ်ပယ်ကို မိမိလက်တစ်ဘက်တည်းဖြင့် စတင်ခဲ့သော်လည်း နှစ်ပေါင်းများစွာ တည်ထောင်ခဲ့ပြီးနောက် အရာအားလုံးကို နားမလည်နိုင်လျှင်တောင် လေ့လာထားခဲ့သည့် နယ်ပယ်များစွာရှိသည်။

အာကာလီ၏ မှော်ပဲ့တင်ထပ်ခြင်းနည်းပညာနှင့် ပတ်သက်လာလျှင် သူဟာ မှော်အစီအရင်ကိုသာ အကြံအချို့ပေးနိုင်သည်။ အသုံးပြုဖို့နှင့် အခြားအရာများကိုမူ သူလည်း အလေးအနက်မလေ့လာထားခဲ့မိပေ။

Frestech ကုန်သည်ကြီးများအသင်း တည်ထောင်ကာစက သုတေသနအားလုံးကို သူ‌ဦးဆောင်ခဲ့ရသည်နှင့်စာလျှင် လက်ရှိသူမှာ ခေါင်းဆောင်အဖြစ်သာ ပါဝင်နိုင်သည်။ သူဟာ ယေဘုယျ ညွှန်ကြားမှုသာပေးနိုင်ပြီး သုတေသန၌ ပါဝင်နိုင်ခြင်းမရှိပေ။

ယခုတွင် သူ၏ သီအိုရီဆိုင်ရာ ဗဟုသုတက အခြားလူများထက် ပိုကောင်းသည်ကလွဲ မှော်စက်သုတေသန၏ အခြားအပိုင်းများတွင် သူဟာ အခြားသုတေသနပညာရှင်များထက် များများစားစားပိုတော်မနေပါချေ။

သို့သော် ဤသည်က ရှုယီ အမြင်ချင်ခဲ့ဆုံးသော အခြေအနေဖြစ်ပါ၏။

မှော်စက်မှုနယ်ပယ်တစ်ခုလုံးက အင်မတန်ရှုပ်ထွေးသည့် စနစ်ဖြစ်နေရာ ဤစနစ်တစ်ခုလုံးကို မိမိတစ်ဦးတည်း ရှေ့တွန်းပို့နေ၍ မဖြစ်နိုင်ပေ။

ယခုကဲ့သို့ မှော်စက်သီအိုရီနှင့် လူအရေအတွက်တိုးမြှင့်နိုင်သည်က အဦးအစတည်းက သူမြင်လိုခဲ့သည့်အရာဖြစ်ကာ ဤနယ်ပယ် တိုးတက်လာခြင်း၏ မလွဲဧကန်ရလာဒ်ပင်ဖြစ်တော့၏။

ရှုယီ မကျေနပ်သည့် တစ်ခုတည်းသော အရာမှာ၊ Frestech ကုန်သည်ကြီးများအသင်းမှလွဲ၍ အခြားလုပ်ငန်းစုများသည် ဤလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံမှု အလွန်နည်းပါးသည်။ အထူးနည်းပညာရှိသည့် မှော်စက်လုပ်ငန်းစုအချို့မှလွဲ၍ လုပ်ငန်းစုအများစုသည် Frestech ကုန်သည်ကြီးများအသင်း၏နည်းပညာကို ငွေရှာရန်အတွက်သာ အသုံးပြုနေကြဆဲဖြစ်သည်။

အချက်ပြတာဝါသို့ ပြန်ရောက်သောအခါ၊ ရှုယီ ၏ အစီအစဉ်အရ၊ သူသည် ဤအချက်ပြတာဝါများကို ကမ္ဘာမြေကြီးပေါ် ရှိစေသည့် အချက်ပြမျှော်စင်များကဲ့သို့ အသုံးပြုချင်သည်။ သူသည် နယ်မြေကြီးတစ်ခုလုံးကို အုပ်စိုးထား၍ သူ၏ အချက်ပြမှုများကို ၎င်းနေရာတိုင်းသို့ ရောက်ရှိစေခဲ့သည်။

လောလောဆယ်တွင် အခြားလုပ်ဆောင်ချက်များကို မဆွေးနွေးဘဲ၊ အနည်းဆုံးတော့ မှော်ဆက်သွယ်ရေးကိရိယာများကို ကမ္ဘာပေါ်ရှိ ဆဲလ်ဖုန်းများကဲ့သို့ ဖြစ်စေလိုသည်။

ထို့အပြင်၊ မှော်သုတေသနဌာနသည် မှော်ဆက်သွယ်ရေးကိစ္စနှင့် နောက်ထပ်အောင်မြင်မှုများပြုလုပ်ခဲ့သည်။ ၎င်းတို့သည် မှော်ဆက်သွယ်ရေးကိရိယာ၏ မှော်ကြိမ်နှုန်းကို ချိန်ညှိရန် အတွင်းရှိ အစီအရင် ကိုကောင်းစွာ ချိန်ညှိနိုင်ပြီး ၎င်းအား မတူညီသော မှော်ဆက်သွယ်ရေးကိရိယာများနှင့် ချိတ်ဆက်နိုင်စေသည်။

၎င်းသည် ကမ္ဘာပေါ်ရှိ ဆဲလ်ဖုန်းများ၏ အဓိကလုပ်ဆောင်ချက်များနှင့် နီးကပ်နေပြီဖြစ်သည်။ ဒါကို ဆက်လေ့လာနေသရွေ့ ရှုယီမှာ ကမ္ဘာပေါ်က ဆဲလ်ဖုန်းတွေနှင့် တူညီတဲ့လုပ်ဆောင်ချက်တွေကို နားလည်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။

ထို့အပြင်၊ မှော်တာဝါများကို ကမ္ဘာပေါ်ရှိ အချက်ပြမျှော်တာဝါများနှင့် နှိုင်းယှဉ်ကြည့်လျှင် ၎င်းတို့သည် အဆပေါင်းမရေမတွက်နိုင်အောင် အားကောင်းနေပါသည်။

မှော်တာဝါများသည် အခြားသော မှော်အစီအရင်များကို အကျိုးသက်ရောက်စေရန် အသုံးပြုနိုင်သည့် မှော်လှိုင်းများကို ထုတ်လွှတ်သည်။

ထို့ကြောင့် သီအိုရီအရ မှော်အစီအရင်သည် မှော်အချက်ပြတာဝါ၏ နယ်နိမိတ်အတွင်းရှိ မှော်လှိုင်းများ၏ လွှမ်းမိုးမှုအောက်တွင် မည်သည့် မှော်အစီအရင်မဆို ရှိလာနိုင်သည်။

အချက်ပြတာဝါတိုင်များသို့ ချိတ်မထားသောမှော်အစီအရင် များကို သဘာဝအတိုင်း လျစ်လျူရှုနိုင်သော်လည်းမှော်အချက်ပြတာဝါ၏ မှော်လှိုင်းမှတစ်ဆင့် ကြိုတင်ချိတ်ဆက်ထားကြသူများမှာ သက်ဆိုင်ရာ မည်သည့် မှော်အစီအရင်ကိုမဆို ထိန်းချုပ်နိုင်သည်။

ရိုးရှင်းသောဥပမာကိုအသုံးပြုရလျှင်၊ အကယ်၍ မှော်လေပေးစက်အား အကွာအဝေးတစ်ခုတွင် ချိန်ညှိထားလျှင် သီအိုရီအရ၊ သက်ဆိုင်ရာ မှော်အစီရင်စုစည်းရာမှတဆင့် ၎င်းတို့သည်‌ မှော်လေပေးစက် ကို ထိန်းချုပ်နိုင်စေမည့် မှော်အအချက်ပြတာဝါထံမှ ကူးပြောင်းလာမည့် မှော်လှိုင်းတစ်ခုကို ထုတ်ပေးနိုင်သည်။

အနည်းငယ်ပို၍ချဲ့ကားကြည့်ပါလျှင်၊ ပို၍ နက်နက်ရှိုင်းရှိုင်းကို သွားပါက မှော်အချက်ပြတာဝါဧရိယာရှိ မှော်စက်အားလုံးကိုပင် ထိန်းချုပ်နိုင်မည်ဖြစ်သည်။

ဤသည်မှာ ရှုယီ အမြဲအိပ်မက်မက်ခဲ့သော၊ စစ်မှန်သည့် မှော်ကွန်ရက်ဖြစ်သည်။

All Chapters