← Chapters

အခန်း (၁၂၁-၁၃၀)

Vol. 5 Ch. 121-130

အခန်း (၁၂၁-၁၃၀)

Vol. 5 Ch. 121-130

Vol 5, အခန်း ၁၂၁။ စိတ်နှလုံးထဲက အရိပ်

ရှုယီထံ၌ အကြံဉာဏ်များစွာရှိသော်လည်း လက်တွေ့က သူ့အား မည်သည့်အရာမှ မပေးခဲ့ချေ။

မှော်အချက်ပြမျှော်စင်ကို ဖြိုလှဲလိုက်ပြီးနောက် သူ၏အစီစဉ်အရ ပထမခြေလှမ်းမှာ ရှုယီ၏ ကိုယ်ပိုင်နယ်မြေရှိ အကာအရံကို ဖြိုလှဲရန်ဖြစ်သည်။ ၎င်းအား ဤနည်းပညာကို ချပြခြင်းဟု ယူဆနိုင်သလို ဤနည်းပညာ၏ ရှုထောင့်ပေါင်းစုံကို စမ်းသပ်သည့် စမ်းသပ်မှုဟုလည်း မှတ်ယူနိုင်သည်။

အတိုင်းအတာတစ်ခုအထိ ရောက်သောအခါ၊ သူတို့သည် စတက်တိန်းနယ်မြေတစ်ခွင်လုံးတွင် မှော်အချက်ပြမျှော်စင်များကို စိုက်ထူကြပြီး နယ်မြေ တစ်ခုလုံးကို ရှုယီအိပ်မက်မက်ခဲ့သော မှော်ကွန်ရက်ထဲသို့ ပေါင်းစည်းလိုက်ကြသည်။

သို့သော် ပထမခြေလှမ်းတွင် အတားအဆီးတစ်စုံတစ်ရာ မကြုံခဲ့ရသော်လည်း ဒုတိယခြေလှမ်းကို တက်လိုသောအခါတွင် အတားအဆီးကြီးတစ်ခု ရှိနေပါသည်။

Frestech ကုန်သည်ကြီးများအသင်းသည် ရှုယီ ၏နယ်မြေနှင့် အနီးစပ်ဆုံးဖြစ်သော မျိုးရိုးမြင့်ကို ဆက်သွယ်ခဲ့ပြီး ၎င်း၏နယ်မြေတွင် မှော်အချက်ပြတာဝါတိုင်များ တပ်ဆင်ရန်နှင့် Frestech ကုန်သည်ကြီးများအသင်းကို တိုးချဲ့ရန် စီစဉ်ခဲ့သည်။

သို့သော် ထိုသခင်နှင့် စကားပြောသောအခါ၊ Frestech ကုန်သည်ကြီးများအသင်း၏ အဆိုပြုချက်ကို ထိုသခင်က ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။

၎င်းကို ရှုယီ အံ့သြသွားခဲ့ရသည် ။

ဤသခင်၏နယ်မြေသည် Frestech ကုန်သည်ကြီးများအသင်းနှင့် နီးကပ်သောကြောင့်၊ ၎င်းတို့နှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုရှိပြီး ဤပူးပေါင်းဆောင်ရွက်မှုမှ အကျိုးကျေးဇူးများစွာကို ရရှိခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း၏ တောင်းဆိုချက်များကို ငြင်းပယ်ခြင်းမပြုခင်က ၎င်းတို့ကို အမြဲလိုက်နာခဲ့သည်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူဟာ ပြင်းထန်တဲ့ ရပ်တည်ချက်တစ်ခုကို ခံယူထားက ဆွေးနွေးဖို့ နေရာပင် ချန်မထားချေ။ Frestech ကုန်သည်ကြီးများအသင်း သည် ၎င်း၏ကိုယ်ပိုင်နယ်မြေတွင် မှော်အချက်ပြမျှော်စင်ကို တပ်ဆင်ရန် မဖြစ်နိုင်ဟု ဆိုလိုခြင်းဖြစ်သည်။

သူ၏ ပြင်းထန်သော တုံ့ပြန်မှုသည် Frestech ကုန်သည်ကြီးများအသင်းမှ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ ရှုယီသည် ဤကိစ္စနှင့် ပတ်သက်၍ သခင်နှင့် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခဲ့ပြီး ဤအရာက လူတို့၏ လူနေမှုအဆင့်အတန်းကို မည်မျှအထိ မြှင့်တင်ပေးမည်ဟု ရှင်းပြခဲ့သော်လည်း သူ လုံးဝမလျှော့ပေးတော့။

နောက်ဆုံးတွင်၊ သူ၏ ထူးထူးခြားခြား ခိုင်မာသော ရပ်တည်ချက်ကြောင့် Frestech ကုန်သည်ကြီးများအသင်းသည် ၎င်း၏နယ်မြေကို ချဲ့ထွင်ရန် ပထမဆုံးပစ်မှတ်အဖြစ် အသုံးပြုခြင်းကို စွန့်လွှတ်ခဲ့သည်။ သူတို့သည် ရှုယီနှင့် နယ်နိမိတ်ချင်းထိစပ်နေသောအခြားသခင်နှင့်ဆွေးနွေးရန်လှည့်လာသည်။

သို့သော် အခြားသခင်သည်လည်း ယခင်သခင်နှင့် တူညီသော ရပ်တည်ချက်ရှိသည်။ Frestech ကုန်သည်ကြီးများအသင်းမှ သူ့နယ်မြေတွင် မှော်အချက်ပြတာဝါတိုင်များ ဆောက်မည်ကို ခွင့်ပြုမည်မဟုတ်ဘူးသူလည်း ပြောပါ၏။

ဤသို့သော သဘောထား ပြောင်းလဲမှုမျိုးရှိသော သခင်တစ်ဦးတည်းသာ ဖြစ်ပါက၊ ၎င်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အထူးထည့်သွင်းစဉ်းစားလို့ရသေးသော်လည်း၊ ဤထူးဆန်းသော သဘောထားကို သခင်နှစ်ပါး တစ်ပြိုင်နက်တည်း ရှုမြင်နေရာ၊ ရှုယီသည် ယင်းကို အာရုံစိုက်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

သူ့လက်အောက်ငယ်သားများသည်လည်း အခြားသခင်နှင့် ဆက်သွယ်သောအခါတွင် ၎င်းတို့သည် ထိုကဲ့သို့ ပြတ်ပြတ်သားသား ငြင်းပယ်ခံခဲ့ရရာ၊ ဤအတားအဆီးသည် တိုက်ဆိုင်မှုမျှသာမဟုတ်ကြောင်း ရှုယီ နောက်ဆုံး၌နားလည်ခဲ့သည်။

အဖြစ်မှန်များက ရှုယီ၏ ကောက်ချက်ချမှုကို သက်သေပြခဲ့သည်။

အာကာလီ ၏ သုတေသနအဖွဲ့သည် Frestech ကုန်သည်ကြီးများအသင်း၏ ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး စတက်တိန်းနယ်‌မြေရှိ မျိုးရိုးမြင့်ဆယ်ပါးကို ဆက်သွယ်ခဲ့သော်လည်း ခြွင်းချက်မရှိ အငြင်းခံလိုက်ရသည်။

ဤထူးဆန်းသောအခြေအနေသည် မည်သူမဆို တစ်စုံတစ်ခု ပြတ်တောက်သွားသည်ဟု ခံစားရစေမည်ဖြစ်သည်။

စတက်တိန်းနယ်မြေ၏သခင်သည် Frestech ကုန်သည်ကြီးများအသင်းအား စော်ကားရန် အဘယ်ကြောင့်စွန့်စားပြီး ၎င်းတို့အား အန္တရာယ်မရှိသည့်အရာအား ဆန့်ကျင်ရသနည်း။ ၎င်းတို့နယ်မြေ၌ နေထိုင်သည့် တိုင်းပြည်သားတွေအတွက် လူနေမှုဘဝ မြှင့်တင်ပေးနိုင်သော အရာတွေကို ဘာကြောင့် ဆန့်ကျင်ကြသည်လဲ။

ရှုယီမှာ ၎င်းကို အင်မတန်ရှုပ်ထွေးနေပါ၏။ ၎င်းတို့အားလုံးမှာ ထူးဆန်းသည့် အကြောင်းပြချက် အမျိုးစုံအောင်ပေးပါလျှင်တောင် ၎င်းတို့အားလုံးမှာ အဆုံး၌ ဆင်ခြေများသာဖြစ်ပြီး တစ်ဦးကမှ အမှန်ကို မဆိုကြပေ။

မှော်အချက်ပြတာဝါများ တည်ဆောက်ခြင်း ကိစ္စမှာ ၎င်းတို့အား အရှင်သခင်များ၏ ကိုယ်ပိုင်နယ်မြေများတွေ တည်ဆောက်မည်ဖြစ်သောကြောင့် အရှင်သခင်များကို ၎င်းတို့နှင့်အတူ ကောင်း‌စွာတည်ဆောက်စေဖို့ လိုအပ်သည်။

ယခုတွင်၎င်းတို့အားလုံးက အတူတကွ မလုပ်ကိုင်လိုကြရာ ရှုယီလည်း လက်ရှိတွင် မည်သည့်မှ မလုပ်နိုင်ပေ။

သို့သော် မှော်အချက်ပြတာဝါအကြောင်း ထူးဆန်းစွာ ငြင်းဆိုခြင်းနှင့် ယှဉ်လျှင် ရှုယီမှာ အရှင်သခင်များ သူ့အား ငြင်းဆိုရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းမှန်ကို ပို၍ ဂရုစိုက်ပါ၏။

သူဟာ နယ်မြေ အပိုင်းသစ်တစ်ခု မရခင် ကွန်ဂရက်ကို ဆက်သွယ်ချိန်တွင် ၎င်းတို့ထဲမှ တစ်ဝက်ကျော်လောက်ထံမှ ငြင်းဆိုခံရပြီးနောက် လက်လျှော့လိုက်ရုံသာ တတ်နိုင်ခဲ့သည်။ ရှုယီမှာ သူ သို့မဟုတ် Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုက သူထင်ထားသည်ထက်များစွာ ပို၍ ကြီးမားကြောင်း သိရှိသွားခဲ့၏။

စတက်တိန်းနယ်မြေ၏ ထိန်းချုပ်မှုအတွက် ထိုအရာနှစ်ခုစလုံးမှာ စတက်တိန်းနယ်မြေ၏ ထိန်းချုပ်မှုမရှိဟု သံသယဝင်စရာမလိုအောင် သက်သေပြနေလေသည်။

၎င်းက ရှုယီကို အတန်ငယ် စိတ်ပျက်စေ၏။

သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုက စတက်တိန်းနယ်မြေသားများအတွက် နေထိုင်မှုအဆင့်အတန်းကို များစွာတိုးမြှင့်ပေးသလို လူတိုင်းကို အကျိုးအမြတ်ရစေရာ လူတိုင်းက Frestech ကုန်သည်ကြီးများအသင်းကို လက်ခံပြီး ၎င်းတို့လုပ်ရပ်အားလူံးကို ထောက်ခံမည်ဟု ထင်ခဲ့သည်။

သို့သော် ကြမ်းတမ်းသည့် အမှန်တရားမှာ သူဟာ ၎င်းကို အလွန်အထင်ကြီးမိလွန်းနေကြောင်းပြောနေပါ၏။

"ကောင်လေး မင်းက အခု သုံးဆယ့်ငါးဖြစ်နေပြီမဟုတ်လား? ဘာလို့ ကလေးတစ်ယောက်လို တုံးအနေရတာလဲ" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ရှုယီကို မျက်မှောင်ကုပ်ကာ ကြည့်လိုက်ပြီးနောက် ခေါင်းခါသည်၊ "ကြင်နာမှုက လူတွေမင်းကို ကျေးဇူးတင်အောင်လုပ်ပေးပေမယ့် ကျေးဇူးတရားက ကျေးဇူးတရားသာဖြစ်ပြီး နာခံမှုဆိုတာက လုံးဝကို ကွဲပြားတဲ့အရာဆိုတာ နားလည်ထားရမယ်။ တခြားလူတွေကတော့ ကျေးဇူးတရားကြောင့် အချို့အရာတွေကို သဘောတူနိုင်ပေမယ့် သူတို့ရဲ့ အကျိုးအမြတ်ကို ဆန့်ကျင်နေရင်တော့ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်ကို ကာကွယ်ဖို့ပဲ ရွေးချယ်ကြမှာပေါ့။ ဘယ်လိုလုပ် မင်းကို မျက်ကန်းလို နာခံနေတော့မှာလဲ?"

"ဒါပေမယ့်... မြေနေရာလိုအပ်တာက သူတို့အကျိုးအမြတ်ကို ထိခိုက်စေတာမို့ သဘောမတူတာက ပုံ‌မှန်ပေမယ့် ဘယ်လိုများ မှော်အချက်ပြတာဝါတည်ဆောက်တာက သူတို့ကို ထိခိုက်စေမှာတဲ့လဲ?ဘာလို့ သူတို့က အခိုင်အမာကြီး ဆန့်ကျင်နေရတာလဲ?" ရှုယီ ရှုပ်ထွေးနေ၏။

"ကောင်လေး မင်းဆီမှာ ဘာမှ မရှိတုန်းက မင်းက မှော်ပညာကို လေ့လာဖို့ ဆန္ဒမရှိဘူးလေ အခု ပြဿနာက ဘာဆိုတာကို သိပြီလား?" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ခပ်ဖွဖွ နှာမှုတ်လိုက်ပါ၏။

ရှုယီက ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းကုတ်လိုက်ပါ၏၊ "ဒါက ဘယ်လိုလုပ် ကျွန်တော့်ကို မှော်ပညာလေ့လာစေချင်တာနဲ့ ဆိုင်သွားရတာလဲ? ကျွန်တော်သာ မှော်ပညာကို ပိုလေ့လာရင် သူ‌တို့က မှော်အချက်ပြတာဝါဆောက်ဖို့ သဘောတူလာကြမှာမို့လား?"

"မဟုတ်ဘူး ဒီလိုဖြစ်မှာမဟုတ်ဘူး။" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ခေါင်းခါလိုက်၏၊ "ဒါပေမယ့် မင်းသာ မှော်ပညာကို ပိုလေ့လာလိုက်ရင် မှော်ပညာရှင်တွေရဲ့ ဇာတ်လမ်းတွေအကြောင်း ပိုသိလာပြီး သူတို့က ဘာလို့ မှော်အချက်ပြတာဝါဆောက်ခွင့်မပြုတာလဲဆိုတာနဲ့ပတ်သက်ပြီး ရှုပ်ထွေးနေမှာ မဟုတ်တော့ဘူး။"

ရှုယီ အံ့ဩသွားပါ၏၊ "ဘာ ဇာတ်လမ်းတွေလဲ?"

"လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်က အကြောင်းပေါ့။" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက လည်ချောင်းရှင်း၍ ခပ်ဖြည်းဖြည်းဆိုလာသည်၊ "လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်လောက်က လူသားတွေအနေနဲ့ နတ်သူငယ်တွေဆီကနေ နယ်မြေထိန်းချုပ်မှုကို ရယူကာစပဲရှိသေးတယ်။ လူသားတွေက နတ်သူငယ်တွေဆီကနေ လေ့လာထားတဲ့မှော်ပညာကို အဓိက မှီခိုထားတာကြောင့် မှော်ပညာရှင်များများစားစားမရှိပေမယ့် အင်အားကြီးကြတယ်။ အဲ့အချိန်က စွမ်းအားအကြီးဆုံး မှော်ပညာရှင်တွေဆိုတာ လူသားတွေကြားမှာ ခိုင်မာတဲ့ခေါ်ငးဆောင်တွေ‌ပဲ။ သူတို့ကိုယ်ပိုင်အကျိုးပမြတ်အတွက် သူတို့က သူတို့ထိန်းချုပ်တဲ့ ဧရိယာတွေမှာ မှော်မျှော်စင်တွေ တည်ဆောက်ခဲ့ကြတယ်..."

ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာ၏ ရှင်းပြချက်မှ တဆင့် ရှုယီ နောက်ဆုံး၌ နားလည်သွားခဲ့သည်။

ထိုသို့ဆိုလျှင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်အကြာက အနှီစွမ်းအားကြီးမှော်ပညာရှင်များမှာ ၎င်းမှော်မျှော်စင်များမှတဆင့် မှော်လှိုင်းများ ထုတ်လွှတ်ကာ ထိုမှော်မျှော်စင်များ၏ ဧရိယာအတွင်းရှိ လူသားအားလုံးကို ထိန်းချုပ်ခဲ့ကြသည်။ ၎င်းတို့မှာ အခြားမျိုးနွယ်စုများကိုပင် အလွတ်မပေးခဲ့ပေ။

အနှီမှော်ပညာရှင်များမှာ လူကောင်းများမဟုတ်သောကြောင့် အနှီလူသားများလည်း မှော်မျှော်စင်များမှတဆင့် ထို‌စွမ်းအားကြီး မှော်ပညာရှင်များ၏ ထိန်းချုပ်မှုကို ခံခဲ့ကြကာ ၎င်းတို့လိုသလိုထိန်းချုပ်ခံရသူများဖြစ်လာသည်။ ၎င်းတို့၏ ဘဝများမှာ နယ်မြေကြီးကို နတ်သူငယ်များအုပ်ချုပ်စဉ်ကထက် များများစားစားပိုမကောင်းလာဘဲ ပို၍ပင် ဆိုးလာသေးသည်။

လူ့အသိုင်းအဝိုင်း၏ တိုးတက်မှုကြောင့် အနှီစွမ်းအားကြီးမှော်ပညာရှင်များ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ခဲ့ကာ လက်ရှိတည်ရှိနေသော လူသားတိုင်းပြည်များ ဖွဲ့စည်းခဲ့သော်လည်း မှော်မျှော်စင်များ၏ အရိပ်က လူသားတို့၏ မှတ်ဉာဏ်များ၌ နက်နက်ရှိုင်းရှိုင်းစွဲထင်နေသည်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက အနှီအချက်ပြ‌တာဝါများတည်ဆောက်ချင်နေရာ ၎င်းက မှော်မျှော်စင်များနှင့် ခြားနားသော်လည်း ၎င်းအရိပ်ကြောင့် ထိုတောင်းဆိုချက်ကို မငြင်းလျှင်မှ ထူးဆန်းနေလိမ့်မည်။

ရှုယီမှာ ၎င်းတို့၏ စိုးရိမ်မှုကို သိရှိပြီးနောက်တွင် အဖြေရနိုင်မည်ဟု ထင်ထားခဲ့သော်လည်း ယခုတွင် ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။

"မှား‌နေတာရှိလို့လား! မှော်အချက်ပြတာဝါက မှော်မျှော်စင်တွေနဲ့ လုံးဝကွဲပြားတယ်လေ? သူတို့က အကြောက်လွန်နေတာမဟုတ်ဘူးလား?"

"တစ်စုံတရာက စည်းမျဉ်းကို ခြိမ်းခြောက်လာရင် ဂရုစိုက်တာက ကျိုးကြောင်းသင့်ပါတယ်။" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက စိုင်စ်နယ်မြေကြီးရှိ ကျော်ကြားသော စကားပုံတစ်ခုကို ညင်သာစွာ ရွတ်ဆိုလာသည်။

ရှုယီက ကူရာမဲ့စွာ ခေါင်းခါ၏၊ "ဒါဆို ကျွန်တော်ဘာလုပ်ရမှာလဲ? ဒီအရှင်သခင်တွေကို မှော်အချက်ပြတာဝါတွေ ဆောက်ခွင့်ပေးဖို့ တွန်းအားပေးရမှာလား? ကျွန်တော်သာ ဒီလိုတကယ်လုပ်ရင် လုပ်ငန်းစုက အစောင့်တွေနဲ့လည်း သူတို့ကို ဖျက်ဆီးမိနိုင်တယ်။"

"ဒါကလည်း နည်းလမ်းကောင်းပါပဲ။" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ပခုံးတွန့်လိုက်၏။ ရှုယီထံရှိ အံ့ဩနေဟန်ကိုမြင်သော် သူဟာခေါင်းတစ်ချက်ငြိမ့်လာ၏ "သံသယဖြစ်မနေနဲ့ ငါတကယ်ပြောတာ။"

ရှုယီက အသာမျက်မှောင်ကုပ်ကာ၊ "အဘိုး ကျွန်တော့်ကို ဆွပေးနေတာလား?"

"မဟုတ်ဘူး တကယ် အကြံပေးနေ‌တာ။" ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက အလေးအနက်ပြောသည်၊ "ငါ ဒီပြဿနာကို မင်းနဲ့ အတူ‌ဆွေးနွေး‌ချင်နေတာ။ သာမန်‌လူတွေရဲ့ ဘဝ တိုးတက်ဖို့ မှော်စက်သုံးတာကို ခွင့်ပြုပေမယ့် မင်းရဲ့နည်းလမ်းနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတယ်လို့ အမြဲခံစားနေရတယ်။"

"ဘာပြဿနာလဲ?" ရှုယီက ရှုပ်ထွေးစွာမေးလာသည်။

"မင်းက အတော်မပြတ်သားလူး။ မင်းက စိုင်စ်နယ်မြေကြီးတစ်ခုလုံးကို ထိန်းချုပ်ဖို့ စွမ်းရည်ရှိလျက်နဲ့ ကွန်ဂရက်တည်ထောင်ဖို့ အခိုင်အမာဖြစ်နေတယ်လေ။ ငါက ဒီနည်းလမ်းမကောင်းဘူးလို့ ပြောတာတော့ မဟုတ်ပါဘူး ဒါပေမယ့် ဒီနည်းလမ်းက စတက်တိန်းနယ်မြေအတွက် မင်းလုပ်ချင်တဲ့ အကြံမှာ ပြဿနာအတော်လေးဖြစ်စေတာကို သတိမထားမိဘူးလား?"

ရှုယီမှာ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းတစ်ချက်ငြိမ့်လိုက်၏၊ "သတိထားမိပါတယ် ဒါပေမယ့်... ဒါက ကျွန်တော်သုံးချင်တဲ့ နည်းလမ်းလေ။ ကျွန်တော်က ဘုရင်တစ်ပါးအနေနဲ့ သင့်တော်တယ်လို့ မထင်ဘူး။"

"မဟုတ်ဘူး ငါက မင်းကို ဘုရင်ဖြစ်ခိုင်းနေတာမဟုတ်ဘူး မင်းက တကယ်ပဲ အဲ့လိုဖြစ်ဖို့ မသင့်တော်ဘူး။ ငါက မင်းကို သတိပေးရုံပဲ ရှုယီ မင်းမှာ မင်းစိတ်ကူးထားတာထက် ပိုတဲ့ တာဝန်ရှိတယ်။ မင်းအကြံကို ပြောင်းပြီး ပိုသန်မာလာရမယ်။ မပြတ်သားမှုနဲ့ ဖြေးဖြေးသွားတာက ကိစ္စတွေကို ပိုခက်လာစေတာပဲရှိတယ်၊ ဒါက မင်းရဲ့ ရည်မှန်းချက်တွေကို ပိုနောက်ကျလာစေလိမ့်မယ်။"

ထိုသို့ပြောပြီးနောက် ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက ရှုယီ၏ ပခုံးကို အလေးအနက်ဟန်ဖြင့် ပုတ်လိုက်သည်။

"ရှုယီ မင်းရဲ့ ရည်ရွယ်ချက်ကို ငါသဘောတူပြီး မင်း အနေနဲ့ အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်ပေမယ့် ဒီအတွက် အမှန်တရားကို နားလည်ဖို့လိုတယ်။"

ရှုယီက ခေါင်းငုံ့ကာ မြေပြင်ကိုကြည့်ပြီး မည်သည်ကိုမှ မဆိုပေ။

ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက သူ့အား ဆက်မတိုက်တွန်းတော့ဘဲ တိတ်တဆိတ်သာ စောင့်ကြည့်လိုက်သည်။

တစ်အောင့်ကြာပြီးနောက် ရှုယီက သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် ပြန်ကြည့်လာ၏။ သူ၏ မျက်လုံးများက သံသယဖြင့်ပြည့်မနေတော့ဘဲ ခံယူချက်နှင့် တောက်ပနေပါ၏။

"ဟုတ်ပါပြီ အဘိုး ကျွန်တော်နားလည်ပြီ။ ဘာလုပ်ရမလဲဆိုတာ သိပြီ။"

ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက အပြုံးဖြင့် ခေါင်းငြိမ့်လာသည်။

သူဟာ ရှုယီကိုနားလည်ပြီး သူမြင်ဖူးသမျှထဲ ရှုယီက ဉာဏ်အထက်ဆုံးဟု ထင်မိသည်။ သူဟာ ထိုသို့နားလည်ပြီး စိတ်ပြင်ဆင်ထားလိုက်ကတည်းက များများစားစားပြောဖို့မလိုတော့ပေ။

"ဟုတ်ပြီ ရှုယီ မင်း ဘယ်လိုပဲ ဆုံးဖြတ်ဖြတ် ငါ၊ ခေါင်းဆောင်မှော်ပညာရှင် ကမ်မီလာက မင်းကိုကူညီဖို့ အကောင်းဆုံးလုပ်မယ်ဆိုတာသတိရပါ!"

"ကျေးဇူးတင်ပါတယ်"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၂၂။ အနိုင်ကျင့်ဖို့ လွယ်ကူတယ်?

ဇွန်လအစပိုင်းတွင် စတက်တိန်းနယ်မြေ၊ လမ်ပူရီတိုင်းပြည်၊ ရူဒ်ဆန်တိုင်းပြည်နှင့် အနီးဝန်းကျင်တိုင်းပြည်များတွင် အနှီသတင်းစာများ၌ Frestech ကုန်သည်ကြီးများအသင်း အကြောင်း သတင်းများစွာ ပေါ်ထွက်လာသည်။

အနှီသတင်းများက Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်ခဲ့သည့် မှော်စက်မျိုးစုံအကြောင်းများသာမကဘဲ အများစုမှာ Frestech ကုန်သည်ကြီးများအသင်း အကြောင်းဖြစ်သည်။

အမျိုးမျိုးသော အစီရင်ခံစာများ ရှိခဲ့သည်။ အချို့သည် သတင်းများဖြစ်ပြီး အချို့မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် မိတ်ဆက်ခြင်းဖြစ်ပြီး အချို့မှာ Frestech ကုန်သည်ကြီးများအသင်းအကြောင်း ရိုးရိုးအကြောင်းပင် ဖြစ်သည်။

သာမာန်လူအများစုသည် ဤအရာများအကြောင်းကို သိကြသော်လည်း လူအနည်းငယ်ကမူ ၎င်းတို့နှင့်ပတ်သက်သော အသေးစိတ်အချက်များကို သိရှိကြသည်။

ဥပမာအားဖြင့် Frestech ကုန်သည်ကြီးများအသင်း ကို တည်ထောင်သောအခါ၊ ဒုဥက္ကဌ ဟိန့်ဇ်သည် ရှုယီကို ပထမဆုံးတွေ့ဆုံပြီး Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ၎င်းကိုအဲ့ဒီမှာရှိတဲ့သူများကလွဲလို့ အသေးစိတ်အချက်အလက်အား ဘယ်သူမှမသိကြပေ။

သို့သော် ယခုတစ်ကြိမ်တွင်မူ သတင်းစာအများအပြားတွင် အသေးစိတ်ဖော်ပြမှုများ ရှိခဲ့သည်။

သာမန်လူတွေက ဒီလို အတင်းအဖျင်းသတင်းမျိုးကို ကြိုဆိုကြပါ၏။

Frestech ကုန်သည်ကြီးများအသင်းသည် ပတ်ဝန်းကျင်တိုင်းပြည်များတွင် လူများ အလေးထားဆုံးသော လုပ်ငန်းစုဖြစ်သည်ကို မဆိုထားနှင့်။

Frestech ကုန်သည်ကြီးများအသင်းအကြောင်း အမျိုးမျိုးသော သတင်းစာများက ဖော်ပြနေသမျှ ကာလပတ်လုံး ၎င်းတို့၏ ရောင်းအားသည် တိုးလာမည်ဖြစ်သည်။ အချို့သော အချက်အလက်များကို လျစ်လျူရှုပြီး ၎င်းတို့၏ကိုယ်ပိုင်အသေးစိတ်အချက်အလက်များကို စတင်ရေးသားသည့် သတင်းစာများစွာပင် ရှိခဲ့ပြီး အချို့၌ ချဲ့ကားမှုများရှိသည်ကို လူအများကမသိကြပေ။

သို့သော် မည်သည့်အကြောင်းအရာဖြစ်ပါစေ၊ ယေဘုယျဦးတည်ချက်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပတ်သက်၍ အပျက်သဘောဆောင်သော သတင်းကို ထုတ်ပြန်သည့် သတင်းစာမရှိခြင်းပင်ဖြစ်သည်။

ဟုတ်ပါ၏, Frestech ကုန်သည်ကြီးများအသင်း သည် စတင်တည်ထောင်ချိန်မှစ၍ ခုနစ်နှစ်ဝန်းကျင်ရှိနေပြီဖြစ်သည်။ သူတို့လုပ်ခဲ့သမျှမှာ အားလုံးသိသာထင်ရှားပြီး အပျက်သဘောဆောင်သည့် သတင်းဆိုတာ မရှိခဲ့ပါချေ။

မည်သို့ပင်ဖြစ်စေ Frestech ကုန်သည်ကြီးများအသင်း၏ ပေါ်ထွက်လာမှုကြောင့် ယခုအချိန်တွင်ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုများရခဲ့သည့် လူများစွာရှိခဲ့သည်။ ၎င်းတို့မှာ မိမိကိုယ်ကို မကျွေးမွေးနိုင်ခဲ့သည့်ဘဝမှ မရေမတွက်နိုင်သော မှော်စက်များ၏ အဆင်ပြေမှုကို ခံစားရသည်အထိ ဖြစ်လာကြသည်။

ဤအခြေခံအုတ်မြစ်ကြောင့်၊ အပြုသဘောဆောင်သောသတင်းစာများသည် သဘာဝအားဖြင့် အတည်ပြုချက်ပိုမိုရရှိသည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းကို ယခင်က နားလည်သူများဖြစ်စေ၊ နားမလည်သူများဖြစ်စေ အဆိုပါသတင်းစာများကို မြင်တွေ့ပြီးနောက် ၎င်းတို့အားလုံးသည် ယခု Frestech ကုန်သည်ကြီးများအသင်းကို နားလည်မှုအချို့ရှိခဲ့ကြသည်။

ဤအတင်းအဖျင်းသတင်းစာများအပြင် နည်းပညာဆိုင်ရာကဏ္ဍများကို အာရုံစိုက်သည့် သတင်းစာအချို့လည်း ရှိသေးသည်။

ဤနည်းပညာဆိုင်ရာ သတင်းစာများတွင် Frestech ကုန်သည်ကြီးများအသင်းမှ တစ်ဦးတည်းလက်ဖြင့် ဖန်တီးထားသည့် မှော်စက်လုပ်ငန်း၏ ရှုထောင့်အမျိုးမျိုးကို ဆန်းစစ်ရန် အာရုံစိုက်ထားသည်။

ဤသတင်းစာများတွင် ၎င်းတို့သည် မှော်စက်လုပ်ငန်းကို နာမ်အဖြစ်အသုံးပြုထားပြီး မှော်စက်အမျိုးမျိုးကိုပင် ခွဲခြားထားသည်။

Frestech ကုန်သည်ကြီးများအသင်းတွင်အသုံးပြုသည့် ကျယ်ပြန့်သောအမျိုးအစားငါးမျိုးထက်ပို၍ပင် ၎င်းတို့ကို ခွဲထုတ်ထားသည်။

ဥပမာအားဖြင့် အိမ်သုံးမှော်စက်များကြားတွင် ၎င်းတို့ကို မီးဖိုချောင်သုံးမှော်စက်များ၊ ရေချိုးခန်းသုံးမှော်စက်များအဖြစ် ခွဲခြားထားသည်။

ဤမှော်စက်များကို အပိုင်းပိုင်းခွဲလိုက်သောအခါ၊ ဤသတင်းစာများသည် နည်းပညာဆိုင်ရာ ကဏ္ဍအချို့ကိုလည်း ထုတ်ဝေခဲ့သည်။ သူတို့သည် အမျိုးမျိုးသော မှော်စက်များကို တိကျသော အချက်အလက်အမျိုးမျိုးနှင့် အခြေခံမှော်စက်များစသည်ဖြင့် ခွဲခြမ်းစိတ်ဖြာကြသည်။

ဤဆောင်းပါးများ အားလုံး၏ အချက်အလက်ကို စုစည်းလိုက်လျှင် ဤမှော်စက်လုပ်ငန်းသည် ပြီးပြည့်စုံသော စနစ်တစ်ခုဖြစ်ကြောင်း သူတို့ တွေ့ရှိလိမ့်မည်။ ၎င်းတို့သည် အခြေခံအကျဆုံး မှော်စက်သီအိုရီကိုလည်း ရှာဖွေနိုင်သည်။

ဤဆောင်းပါးများကို စိတ်ဝင်စားသူများနှင့် ဤဆောင်းပါးများကို စိတ်မဝင်စားသူများစွာရှိခဲ့ပါသည်။ ယခုအချိန်တွင် Frestech ကုန်သည်ကြီးများအသင်းတွင် ၎င်းတို့သည် ရင်းနှီးမြုပ်နှံမည်ဟု ကြေညာခဲ့သည်။, မှော်စက်နည်းပညာဆိုင်ရာ ဆောင်းပါးများ ထုတ်ဝေခြင်း၏ အဓိကလုပ်ငန်းမှာ စီးပွားရေးလုပ်ငန်းဖြစ်သည်။

ဤနည်းပညာဆိုင်ရာ ထုတ်ဝေမှုများမှာ " Frestech မှော်စက်မှုနယ်ပယ် အပတ်စဉ်" နှင့် "မှော်စက်မှုသီအိုရီလစဉ်" တို့မှဖြစ်သည်။

« Frestech မှော်စက်မှုနယ်ပယ် အပတ်စဉ် » သည် မှော်စက်လုပ်ငန်းနှင့် ပတ်သက်သည့် အချို့သော အကြောင်းအရာများကို အစီရင်ခံမည့် အပတ်စဉ် ထုတ်ဝေမှုတစ်ခုဖြစ်သည်။. ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းတွင်သာမက မှော်စက်လုပ်ငန်းနှင့်ပတ်သက်သည့် မည်သည့်အကြောင်းအရာကိုမဆို အစီရင်ခံမည်ဖြစ်သည်။

"မှော်စက်မှုသီအိုရီလစဉ်" အတွက်၊ ၎င်းအားလစဉ်ထုတ်ဝေကြသည်။ «မှော်စက်မှုသီအိုရီ လစဉ်»တွင် Frestech ကုန်သည်ကြီးများအသင်းမှ သုတေသီများရေးသားသော ဆောင်းပါးများ အဓိကထားရှိသည်။ တစ်ချိန်တည်းမှာပင်၊ အခြားသူများပါဝင်ပံ့ပိုးပေးသော မှော်စက်သီအိုရီ ဆောင်းပါးများကိုလည်း ကြိုဆို၏။

Frestech ကုန်သည်ကြီးများအသင်းသည် "မှော်စက်မှုသီအိုရီလစဉ်" ကို အထူးပြု မှော်စက်သီအိုရီ ထုတ်ဝေမှုအဖြစ်သို့ ပြောင်းလဲရန် စီစဉ်နေသည်။ ၎င်း၌ အခြေခံသီအိုရီကို ဆွေးနွေးရုံသာမက မှော်စက် လုပ်ငန်းစနစ်ကိုလည်း ဆွေးနွေးမည်ဖြစ်သည်။

ဤသတင်းလေးတစ်ခုက ကြီးမားသည့် တုန်လှုပ်ချောက်ချားမှုကို ဖန်တီးနိုင်ခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းကသာ ၎င်းကို တကယ်လုပ်ခဲ့မယ်ဆိုလျှင် "မှော်စက်မှုသီအိုရီလစဉ်" ဟာ အခြားသော မှော်စက်လုပ်ငန်းစု အားလုံးက အာရုံစိုက်မှု အများဆုံးရလာမည့် အရာဟု အဓိပ္ပါယ်ရပါ၏။

မှော်စက်လုပ်ငန်းစုများအတွက်၊ Frestech ကုန်သည်ကြီးများအသင်းမှ အချို့သော မှော်စက်များအတွက် နည်းပညာကိုသာ ဝယ်ယူခဲ့ပြီး ၎င်းတို့၏ သတ်မှတ်ချက်များအပေါ် အခြေခံ၍ ၎င်းတို့ကို တည်ဆောက်ခဲ့သည်။ တကယ်တော့ ၎င်းတို့မှာ မိမိတို့ပိုင်ဆိုင်ထားသည့် မှော်စက်နည်းပညာနှင့် ပတ်သက်လျှင် တကယ်ကို အားနည်းပါ၏။

ဒါက Frestech ကုန်သည်ကြီးများအသင်းကို လိုက်မှီဖို့ သူတို့အတွက် အခက်ခဲဆုံးအကြောင်းရင်းပါပင်။

ယခု Frestech ကုန်သည်ကြီးများအသင်းသည် မှော်စက်များအကြောင်း အသိပညာမျှဝေရန် ဆန္ဒရှိလာကာ ၎င်းတို့ကို လေ့လာခွင့်ပြုလိုက်သောကြောင့် ၎င်းတို့၏ကိုယ်ပိုင်နည်းပညာကို တိုးတက်စေမည့် အခွင့်အလမ်းတစ်ခုဖြစ်လာသည်။

ထိုသို့အချိန်လုံလုံလောက်လောက်ဖြင့် Frestech ကုန်သည်ကြီးများအသင်းကို အမှန်တကယ်လိုက်မှီနိုင်မည်ဖြစ်သည်။

၎င်းတို့ ပျော်နေချိန်တွင် လူတိုင်းက Frestech ကုန်သည်ကြီးများအသင်းက ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲဆိုတာကို ရှုပ်ထွေးနေကြ၏။

Frestech ကုန်သည်ကြီးများအသင်းက အမြဲတမ်း သူတို့ရဲ့ နည်းပညာကို အလွယ်တကူ လွှဲပြောင်းပေးတယ်လို့ ဆိုရလျှင်၊ ရှုယီ ဟာ ဖြုန်းတီးသူလို့ လူတိုင်းခံစားရစေသည်၊ ယခု သူတို့သည် ဤ «မှော်စက်မှု သီအိုရီ လစဉ်» ကို ပြုလုပ်ခဲ့ပြီး အရေးကြီးဆုံး မှော်စက်သီအိုရီကို ထုတ်ပေးခြင်းကြောင့် ဖြုန်းတီးသူ ဟူသော ရိုးရှင်းသော စကားလုံးဖြင့် ဖော်ပြရုံဖြင့် မရတော့ပေ။

လူတော်တော်များများအတွက်တော့ ရှုယီဟာ ဒီလိုလုပ်ခြင်းအားဖြင့် သူ့ဦးနှောက် ပျက်စီးသွားသလိုပင်။

သို့သော် စတက်တိန်းနယ်မြေ၏ ကောင့်ထ်မာ့သ် အတွက်တော့ ရှုယီ၏ ဦးနှောက် ပျက်စီးသွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မည်သို့ပင် ဖြစ်စေကာမူ ရှုယီကို ကြောက်နေဆဲပင်။

ရှုယီနှင့် အနီးဆုံး နယ်မြေရှိ သခင် အနေဖြင့် Frestech ကုန်သည်ကြီးများ အသင်းမှ မှော်အချက်ပြ တာဝါကို ဆောက်လိုသောအခါ သူ့အား ဦးစွာ လာရှာခဲ့သည်။

ကောင့်ထ် မာ့သ်သည် အလွန်ခိုင်မာစွာ ဆုံးဖြတ်ချက်ချခဲ့သည်။

ဤငြင်းဆိုရခြင်းအကြောင်းရင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်အချက်ပြတာဝါများသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က အသုံးပြုခဲ့သော မှော်မျှော်စင်များနှင့်တူကြောင်း တစ်စုံတစ်ဦးမှ သတိပေးခဲ့သောကြောင့်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းကို သူသဘောတူလိုက်လျှင် သူ့နယ်မြေဟာ ၎င်းတို့ရဲ့ ထိန်းချုပ်မှုထဲကို ရောက်သွားတယ်ဆိုပါက သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ သခင်စကားကိုပဲ နားထောင်နိုင်မည်ပင်။

ဤကြောက်စရာကောင်းသောအကျိုးဆက်ကို တွေးတောရင်း ကောင့်ထ် မာ့သ်သည် Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့အား အနိုင်ကျင့်ရန် ရည်ရွယ်ထားပါလျှင်တောင် ပြတ်ပြတ်သားသား ငြင်းပယ်ဆဲဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းက သူ့အား အရေးယူမှာကို စိုးရိမ်နေတုန်းပင်၊ သို့ပေမယ့် Frestech ကုန်သည်ကြီးများအသင်းအား သူတို့ရှာနေသည့် သခင်တွေအားလုံးက ငြင်းပယ်ခံရတယ်ဟု ကြားခဲ့သည်။

ဒါက သူ့ကို စိတ်ချစေပါ၏။

Frestech ကုန်သည်ကြီးများအသင်းသည် ယခု စတက်တိန်းနယ်မြေတွင် ရှိနေခဲ့သည်မှာ ငါးနှစ်ရှိပြီဖြစ်ပြီး သူသည် ရှုယီ၏အိမ်နီးချင်းများထဲမှ တစ်ဦးဖြစ်သောကြောင့် Frestech ကုန်သည်ကြီးများအသင်းကို နားလည်သည်။

ရှုယီသည် သူ့အမြင်တွင် ကဏ္ဍပေါင်းစုံတွင် တော်သည်။ အားသာချက်ဟု မယူဆထားတဲ့ တစ်ခုတည်းသောအရာမှာ ရှုယီ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌအနေနှင့်ရော မျိုးရိုးမြင့်တစ်ယောက်အနေနှင့်ရော ကြင်နာလွန်းသည်ပင်။

သူကတော့ သူတော်စင်လိုပါပဲဟု လူတိုင်းပြောကြပါ၏။ သူတပါးက သူ့အား ဘယ်လို ဆက်ဆံပါစေ၊ သူဟာ သူတပါးကို အကျိုးကျေးဇူးများစွာ ပေးလိမ့်မည်။

ဆိုလိုသည်မှာ သူသည် အခြားလူများကို တိုက်ခိုက်ခဲသည်။

ယခင် ကောင့်ထ် ဝိန်း ပင်လျှင် Frestech ကုန်သည်ကြီးများအသင်းကို အကြိမ်ကြိမ် တိုက်ခိုက်ရန် ကြိုးစားခဲ့ခြင်းကြောင့် မဟုတ်ပါက၊ ရှုယီက သူ့ကို နောက်ဆုံး ထိုးနှက်ချက် ပေးခဲ့မည် မဟုတ်ပါချေ။

ထို့ကြောင့် ကောင့်ထ် မာ့သ် နှင့် စတက်တိန်းနယ်မြေ၏အခြားသခင်များ အားလုံးတွင် တူညီသောအချက်မှာ ရှုယီသည် ဆက်ဆံရလွယ်ကူပုံရပြီး အနိုင်ကျင့်ရန် လွယ်ကူသည်ဟုပင် ယူဆကြသည်။

ဒီလူက သူ့ကို ဘာမှ မလုပ်ရာ သူဟာဘာကို ကြောက်နေရမည်နည်း။

နောက်တဖန် Frestech ကုန်သည်ကြီးများအသင်းက သူ့ကို ဒုက္ခဖြစ်စေခဲ့ရင်တောင် မှော်မျှော်စင်၏ခေါင်းစဉ်ကို ထုတ်ပြနိုင်သည်။

သူက ရှုယီ၏ ပင်ကိုယ်စရိုက်ကို ယုံကြည်ပါ၏၊ သူဟာ မိမိကို အတင်းအကြပ် တွန်းအားပေးမည် မဟုတ်ပေ။

ဟုတ်ပါ၏၊ ရှုယီဟာ သခင်များစွာ၏အမြင်တွင် နူးညံ့သည့်ဥတစ်လုံးသာသာပင်။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ကောင့်ထ် မာ့သ် က သူလုံးဝကို မှားယွင်းကြောင်း တွေ့ရှိခဲ့ပါ၏။

Frestech ကုန်သည်ကြီးများအသင်းသည် သခင်အမျိုးမျိုးကို ဆက်သွယ်မေးမြန်း၍ ငြင်းပယ်ခံရပြီးနောက်တွင်သော်မှ အရာအားလုံးသည် မည်သည့်အခါမှ ရပ်တန့်သွားခြင်းမရှိပေ။

ကောင့်ထ် မာ့သ် အပါအဝင် အရှင်သခင်များသည် Frestech ကုန်သည်ကြီးများအသင်းက လူတိုင်းကို ငြိမ်းချမ်းသောဘဝဖြင့် နေထိုင်နိုင်စေခြင်းဖြင့် ဤကိစ္စကို မေ့ထားကာ ယခင်ကဲ့သို့ ဖြစ်မည်ဟု အားလုံး ထင်မြင်ယူဆခဲ့ကြသည်။

သို့သော် တစ်လခွဲအကြာတွင် Frestech ကုန်သည်ကြီးများအသင်းမှ ကောင့်ထ် မာ့သ် အား ဤမှော်အချက်ပြတာဝါတွင် ပူးပေါင်းဆောင်ရွက်ရန် ရုတ်တရက် တောင်းဆိုခဲ့သည်။

ကောင့်ထ် မာ့သ် သည်လည်း မဆိုင်းမတွ ငြင်းဆိုခဲ့ပါ၏။

ယင်းနောက် သုံးရက်အကြာတွင် Frestech ကုန်သည်ကြီးများအသင်းသည် ကောင့်ထ် မာ့သ်နှင့် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများကို ရုတ်တရက် ရပ်တန့်လိုက်သည်။

ယင်းမတိုင်မီက Frestech ကုန်သည်ကြီးများအသင်းသည် ပလတ်စတစ်ထုတ်လုပ်သည့် စက်ရုံနှစ်ရုံ၊ စည်သွတ်သီးစက်ရုံတစ်ရုံနှင့် အသေးစား အစိတ်အပိုင်းစက်ရုံနှစ်ခုကို ကောင့်ထ်မာ့သ်နှင့်အတူ တည်ဆောက်ခဲ့သည်။

ယခုမှာ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှု တတိယနှစ်ဖြစ်ပြီး ကောင့်ထ် မာ့သ်သည် အဆိုပါစက်ရုံများထံမှ တစ်နှစ်လျှင် ရွှေဒင်္ဂါးပေါင်း နှစ်သိန်းကျော် ရရှိနိုင်သည်။

သို့ပေမယ့် ယခု Frestech ကုန်သည်ကြီးများအသင်းက ဤပူးပေါင်းဆောင်ရွက်မှုကို ရုတ်တရက် ရပ်တန့်လိုက်သည့်အတွက် စက်ရုံတွေ မလည်ပတ်နိုင်တော့ပါပေ။

ပလတ်စတစ်ထုတ်ကုန်များနှင့် စည်သွပ်ဘူးများကို Frestech ကုန်သည်ကြီးများအသင်း၏ သယ်ယူပို့ဆောင်ရေးကွန်ရက်ဖြင့် အခြားတိုင်းပြည်များသို့ ရောင်းချခဲ့သော်လည်း ယခုအခါ ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်သွားသည့်အတွက် အဆိုပါထုတ်ကုန်များမှာ ပိတ်မိသွားခဲ့သည်။

ပလတ်စတစ် ထုတ်ကုန်တွေမှာ အဆင်ပြေပေသော် စည်သွတ်သီးက ကြာရှည်မခံပါဘူး။ ကြာကြာသိမ်းထားလျှင် အရည်အသွေးကျသွားပြီး ရောင်းရခက်ပါ၏။

အသေးစား အစိတ်အပိုင်း စက်ရုံနှစ်ရုံအတွက် အစိတ်အပိုင်းများကို Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံများသို့ အဓိက ပံ့ပိုးပေးကြသည်။ ယခု Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့၏ အမှာစာများအားလုံးကို ဖျက်သိမ်းလိုက်ပါ၏။

Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ဖျက်သိမ်းလိုက်ပြီးနောက် တစ်ပတ်အကြာတွင် ကောင့်ထ် မာ့သ်သည် သူ၏နယ်မြေသည် ရှုပ်ထွေးနေပြီဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

စက်ရုံတွေတွင် အလုပ်မရှိသဖြင့် လုပ်ခများစွာ လျော့သွားသည်။

၎င်းက သူတို့ဘဝများကို တိုက်ရိုက်ထိခိုက်စေ၏။

၎င်းတို့သည် အစပိုင်းတွင် တောင်ံ့ခံယူနိုင်ဆဲဖြစ်သော်လည်း ရက်အနည်းငယ်ကြာပြီးနောက်တွင် ကောင့်ထ် မာ့သ် လျစ်လျူရှုခဲ့သော မြို့သားများသည် အမှန်တကယ်ပင် အဓိကရုဏ်းများ ဖြစ်ပွားလာကြသည်။

ကောင့်ထ် မာ့သ် က ၎င်းတို့ကို ချေမှုန်းဖို့ သူ့အစောင့်တွေကို ချက်ခြင်းလွှတ်လိုက်သော်လည်း ပို၍ ခုခံနိုင်ကြသည်။

တစ်ပတ်အတွင်းတွင် ကောင့်ထ် မာ့သ် လက်အောက်ရှိ စက်ရုံများအားလုံး ရပ်တန့်သွားခဲ့ပြီး စိုက်ခင်းများအားလုံးမှာ မရပ်တည်နိုင်ဖြစ်သွားခဲ့သည်။

ကောင့်ထ် မာ့သ် ၏ ခန့်မှန်းချက်အရ တစ်ပတ်အတွင်း ရွှေဒင်္ဂါးတစ်သောင်းထက်မနည်း ဆုံးရှုံးသွားမည်ဖြစ်သည်။

နေ့ရက်တစ်ရက်စီတိုင်းတွင် ရွှေဒင်္ဂါးတစ်ထောင်ကျော် ဆုံးရှုံးရလိမ့်မည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် သုံးနှစ်တာကာလအတွင်း အနည်းငယ် စုဆောင်းခဲ့သော်လည်း၊ သူသည် ဤသို့ ကြာရှည်စွာ မရပ်တည်နေနိုင်လောက်ပေ။

သူ့အား စိတ်ပျက်အားငယ်စေသည့်အရာမှာ ဖြေရှင်းရန် နည်းလမ်းလုံးဝမရှာနိုင်ခဲ့ခြင်းဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းပေါ်တွင် သူ၏ မှီခိုအားထားမှုသည် ထိုကဲ့သို့ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကောင့်ထ် မာ့သ် မှ သဘောပေါက်ခဲ့သည်။

ဤပြဿနာကိုဖြေရှင်းရန် သူသည် Frestech ကုန်သည်ကြီးများအသင်းမှ သူ့ကို အလွတ်ပေးရန် တောင်းပန်ခဲ့ရသည်။

၎င်းကိုစဉ်းစားပြီးတဲ့အခါ ကောင့်ထ် မာ့သ် ဟာ ယခင်က ရှုယီကို အထင်သေးခဲ့မိအောင် မိမိက မည်မျှတုံးအသည် ဆိုသည်ကို နောက်ဆုံး၌ သဘောပေါက်သွား၏။

ရှုယီက သူ့ကို မျက်လုံးထဲ လုံးဝမထည့်ထားတာကြောင့် ယခင်က သူ့ကို မကိုင်တွယ်ခဲ့ပေ။

ဒါပေမယ့် ရှုယီ သူ့ကို တကယ်ပဲ ရှင်းချင်တယ် ဆိုရင် သူ လုံးဝ တောင့်မခံနိုင်ပေ။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၂၃။ တကယ်ပဲ နယ်မြေအတွက်လား?

ဖရိုဖရဲဖြစ်နေသည်မှာ ကောင့်ထ်မာ့သ်၏ အပိုင်စားနယ်မြေတင်မကပေ။

မှော်အချက်ပြမျှော်စင်များနှင့် ပတ်သက်လာပါက Frestech ကုန်သည်ကြီးများအသင်းကို နှစ်ကြိမ် ငြင်းဆိုခဲ့သည့် အရှင်သခင်ဆယ့်သုံးဦးရှိသည်။ ကောင့်ထ်မာ့သ်ကဲ့သို့ပင် Frestech ကုန်သည်ကြီးများအသင်းမှာလည်း ၎င်းတို့နှင့် ပူးပေါင်းမှုများ ဖြတ်တောက်ခဲ့သည်။

၎င်းတို့ကို ကောင့်ထ်‌မာ့သ်ကဲ့သို့ လွှမ်းမိုးခံခဲ့ရသော်လည်း ခံစားရနည်းသူတချို့ရှိကာ တချို့က ပိုခံစားရသည်။

ဒါပေမယ့် သူတို့ ဘယ်လောက်ပဲ ဒုက္ခရောက်ပါစေ အဲဒီသခင်တွေက ကောင့်ထ် မာ့သ် နဲ့ အတူတူပါပဲ။ Frestech ကုန်သည်ကြီးများအသင်းကို လုံး၀ မခုခံနိုင်ဘူးဆိုတာ သူတို့ စိတ်ထဲကနေ သိတယ်။

သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်မှုမှာ Frestech ကုန်သည်ကြီးများအသင်း ကို နာခံရန်ဖြစ်သည်။

ဟုတ်ပါတယ်၊ ဒီအခြေအနေကို ဂရုစိုက်ဖို့ ကြိုးစားနေတဲ့သူများ ရှိသည်။

၎င်းကို အန်ကလိုသည် အစိုးရိမ်ဆုံးဖြစ်သည်။

"ဥက္ကဌ ရှု၊ ခင်ဗျား ဘာလို့ဒီလိုလုပ်တာလဲ။" အန်ကလိုသည် ရှုယီကို လေးနက်သောအမူအရာဖြင့် ကြည့်လိုက်သည်။ သူ့မှာ အပြစ်တင်နေတဲ့ပုံပေါ်ပြီး သူ့အသံက ဒေါသနှင့် ပြည့်နှက်နေ၏ "ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက ကောင့်ထ် မာ့သ်တို့ တခြားသူတွေတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်လိုက်တာကို သိရဲ့လား?"

ရှုယီက ခပ်ဖျော့ဖျော့ပြုံး၍ ပခုံးတွန့်ကာ "ဟုတ်ပါတယ် ကျုပ်သိပါတယ်"

"ခင်ဗျားသိတယ်လား! ဒါဆို ဘာလို့ဒီလိုလုပ်တာလဲ။" အန်ကလို၏အသံသည် ပို၍ ပြင်းထန်လာသည်၊ "ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် မရေမတွက်နိုင်တဲ့ တိုင်းပြည်သားတွေဟာ ဘဝသစ်ကို ရခဲ့ကြပေမယ့် အခုတော့ ခင်ဗျားကြောင့် ပျက်စီးသွားပြီ။ ခင်ဗျား....ဒီလိုလုပ်တာ မင်းတကယ်ရက်စက်ရာမကျဘူးလား"

“ခင်ဗျားက ကျုပ်ကို ရက်စက်သလားလို့ မေးပေမယ့် အဲဒီ့သခင်တွေကိုကျ ရက်စက်သလား မမေးဘူး။ ကျုပ်တို့ရဲ့ လုပ်ငန်းစုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူရင် အရာအားလုံးက အတူတူပဲဖြစ်နေပြီး ဒီမြို့သားတွေနဲ့ အတူတူရှိနေမှာ ထင်ရှားပါတယ်။ အခုကျတော့၊ သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့်နဲ့ အရာအားလုံး ပျက်စီးသွားကြတယ်လေ။ ကျုပ်ကိုမေးမယ့်အစား သူတို့ကို အရင်မေးသင့်တယ်ထင်တယ်" ရှုယီက ပြောသည်။

"တစ်ကိုယ်ကောင်းဆန်မှု?" အန်ကလိုက သူ့မျက်ခုံးတွေကို တွန့်ချိုးလိုက်ပြီး "ဥက္ကဌ ရှု၊ ခင်ဗျားရဲ့စိုးရိမ်မှုတွေကို ကျုပ် ရှင်းရှင်းလင်းလင်းသိပါတယ်၊ ဒါပေမယ့် သူတို့ရဲ့အတွေးတွေက တစ်ကိုယ်ကောင်းဆန်တယ်လို့ ကျုပ်မထင်ဘူး။ အဲ့အစား ခင်ဗျားနဲ့ ခင်ဗျားရဲ့Frestech ကုန်သည်ကြီးများအသင်းက ဒီအချိန်မှာ တစ်ကိုယ်ကောင်းဆန်နေတာပဲ။ ခင်ဗျားက စတက်တိန်းနယ်မြေတစ်ခုလုံးကို ခင်ဗျားရဲ့ထိန်းချုပ်မှုအောက်မှာထားဖို့ မှော်အချက်ပြတာဝါတိုင်တွေကို ဆောက်ချင်နေတာမဟုတ်လား။"

“အရင်ဆုံး ရှင်းရှင်းလင်းလင်းပြောရမယ်။ ခင်ဗျား ယုံကြည်သည်ဖြစ်စေ မယုံသည်ဖြစ်စေ မှော်အချက်ပြတာဝါတွေက ခင်ဗျားနဲ့ အခြားသခင်တွေ စိုးရိမ်နေတဲ့ ရှေးခေတ်မှော်မျှော်စင်များတွေနဲ့ မတူဘူး။ ဒုတိယအချက်က ခင်ဗျားကို ထောက်ပြရမယ်။ အန်ကလို၊ လက်ရှိ စတက်တိန်းနယ်မြေက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ သြဇာလွှမ်းမိုးမှုကနေ အမှန်တကယ် လွတ်မြောက်နိုင်တယ်လို့ ခင်ဗျားထင်သလား။"

အန်ကလို ချက်ခြင်းငြိမ်သွားသည်။

ရှုယီကို ခဏလောက်ကြည့်ပြီးနောက် အန်ကလိုသည် ခေါင်းကို ဖြည်းညှင်းစွာခါလိုက်သည်။

“မဟုတ်ဘူး၊ Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်းနယ်မြေအတွက် အရမ်းအရေးကြီးတယ်ဆိုတာ ရှင်းပါတယ်။ Frestech ကုန်သည်ကြီးများအသင်းကြောင့် တိုင်းပြည်သားတွေက ဒီလို ကောင်းမွန်တဲ့ဘဝနဲ့ ရှင်သန်နေထိုင်နိုင်ခဲ့ပြီး တိုင်းပြည်တစ်ခုလုံးက ပိုမိုအားကောင်းလာခဲ့တယ်။ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်းကိုရောက်လာပြီး နှစ်အနည်းငယ်အတွင်းမှာ နယ်မြေ တစ်ခုလုံးကို ချစ်တဲ့ စိတ်ဓာတ်တွေအပြည့်နဲ့ တိုင်းပြည်ရဲ့ပြည်သူတွေကို တစ်ခါမှမမြင်ဖူးဘူးဆိုတာ ကျုပ်ဝန်ခံရမယ်။"

ထိုသို့ပြောပြီးနောက်၊ အန်ကလို က အကြောင်းအရာမပြောင်းခင် ခဏရပ်လိုက်ပါ၏။

"ဒါပေမယ့်..... ဥက္ကဌ ရှု၊ နယ်မြေက ကျုပ်တို့ပြည်သူတွေရဲ့ နယ်မြေပဲ၊ ခင်ဗျားနယ်မြေတစ်ခုလုံးကို ချုပ်ကိုင်ချင်ရင် နယ်မြေတစ်ခုလုံး အရှုံးပေါ်နေရင်တောင် ကျုပ်က အဆုံးထိ တိုက်ပွဲဝင်သွားမယ်။”

ရှုယီသည် အန်ကလို၏ စိတ်အားထက်သန်သောဟန်ကိုကြည့်ပြီး အေးစက်စွာရယ်မောလိုက်သည်။

"အဆုံးထိ တိုက်ပွဲဝင်မလား? ခင်ဗျား ခင်ဗျား။ အန်ကလို ခင်ဗျားဟာ ရည်မှန်းချက်ကြီးသူ၊ စတက်တိန်းနယ်မြေ တစ်ခုလုံးအတွက် စဉ်းစားလိုစိတ်ရှိတဲ့သူတစ်ယောက်လို့ ကျုပ်ထင်ခဲ့တယ်။ ခင်ဗျားရဲ့စကားတွေကို အခုကြားတော့ ခင်ဗျားရဲ့အာဏာကြောင့် ပျက်စီးသွားတာကို စိုးရိမ်နေတာတွေ့လိုက်ရတယ်။ ခင်ဗျားက စတက်တိန်းနယ်မြေသားတွေရဲ့ ဘဝတွေကို ဂရုစိုက်ခဲ့တဲ့ အန်ကလိုနဲ့ အတူတူ မဟုတ်တော့ဘူး။"

အန်ကလို၏အမူအရာအနည်းငယ်ပြောင်းသွားပြီး "ဘာကိုဆိုလိုတာလဲ"

"ခင်ဗျားက ရှုံးရင်တောင်အဆုံးထိ တိုက်ပွဲဝင်မယ်လို့ ပြောခဲ့တာကို ကျုပ်အရမ်းသိချင်နေတယ်၊ ခင်ဗျားဘာကိုခုခံဖို့ကြိုးစားနေတာလဲ။ မှော်အချက်ပြတာဝါတိုင်တွေက လူတွေကို ထိန်းချုပ်ဖို့ ကြောက်စရာကောင်းတဲ့ အကျိုးသက်ရောက်မှုမရှိဘူးလို့ ကျုပ်ပြောတုန်းက ခင်ဗျားဟာ ပြင်းပြင်းထန်ထန် မတုံ့ပြန်ခဲ့ဘူး။ ဒါပေမဲ့ သခင်တွေက တုံ့ပြန်လိုက်တာနဲ့ ခင်ဗျားကသူတို့ထက်တောင် ပိုပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တယ်၊ ဒါကြောင့်.."

"စတက်တိန်းနယ်မြေကို ကျုပ်ထိန်းချုပ်မှာ စိတ်ပူနေတာလား ဒါမှမဟုတ် ခင်ဗျားမှာရှိတဲ့ အာဏာတွေ ဆုံးရှုံးမှာလားကို ပူတာလား?"

"နယ်မြေကို ရှုံးရမယ်ရင်တောင် ခုခံမယ်လို့ ပြောနေတာက ဘာကို အခြေခံပြီး‌တော့လဲ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကြောင့် စတက်တိန်းနယ်မြေသားတွေက ကောင်းမွန်တဲ့ဘဝနေထိုင်မှုတွေရခဲ့တယ်၊ ဒါပေမယ့် ခင်ဗျားအာဏာဆုံးရှုံးမှာကို ကြောက်လို့၊ ခင်ဗျားဟာ လူတွေရဲ့ဘဝတွေကို ထိခိုက်စေပြီး ကျုပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ချင်နေတာပဲ။ အန်ကလို၊ ခင်ဗျား ကျုပ်ကို တော်တော်စိတ်ပျက်‌သွားစေခဲ့ပြီ။"

"ကျုပ်မဟုတ်ဘူး!" ရှုယီ၏ ပြစ်တင်ရှုတ်ချခြင်းကို ရင်ဆိုင်နေရသော အန်ကလို၏ အမူအရာသည် အလွန်တုန်လှုပ်သွားပြီး ၎င်းကို ကျယ်လောင်စွာ ငြင်းဆိုရင်း လက်ကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။ “ဒီနယ်မြေကို ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်း ဒါမှမဟုတ် ခင်ဗျားရဲ့ချုပ်ကိုင်မှုထဲကို ကျုပ်မ၀င်ရောက်စေချင်ဘူး၊ ဒါပေမယ့် အဲဒါက ကျုပ်ရဲ့ကိုယ်ပိုင်အာဏာနဲ့ မသက်ဆိုင်ဘူး။ ကျုပ်တို့ နယ်မြေရဲ့ ပြည်သူတွေကိုလည်း မခံစားစေချင်ဘူး။"

ရှုယီသည် ထူးဆန်းသောအမူအရာဖြင့် မျက်မှောင်ကုပ်ထားသည့် အန်ကလိုကို ကြည့်လိုက်သည်။

"အန်ကလို၊ ခင်ဗျားအရင်က ဒီလိုလူမိုက်မဟုတ်ဘူးဆိုတာ ကျုပ်မှတ်မိတယ်။ ဒါက တွေးကြည့်ရုံဆိုရင် ကောင်းတာပေါ့၊ ဒါပေမယ့် ခင်ဗျား ကျုပ်ရှေ့မှာ တကယ်ပြောခဲ့တယ်။ ခင်ဗျားဘာတွေတွေးနေတာလဲ။ နှစ်အနည်းငယ်ကြာလောက် ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာရင်းနဲ့ ခင်ဗျားဦးနှောက်က အာဏာကြောင့် ယိုယွင်းသွားတာလား။"

"ကျုပ်က စိတ်ထဲကပဲ ပြောနေတာ။" အန်ကလိုသည် ဒေါသတကြီး အသံဖြင့် ပြောနေစဉ် အနည်းငယ် မောဟိုက်လာသည်။ “ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်းနယ်မြေမှာ ခိုင်မာစွာရပ်တည်နိုင်အောင် ကူညီပေးခဲ့တဲ့ ပထမတော့ ခင်ဗျားနဲ့ လျှို့ဝှက်သဘောတူညီချက်ကို လုပ်ခဲ့တုန်းက Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ လုပ်နိုင်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမယ့် အခုတော့ အရမ်းနောင်တရမိတယ်၊ ဟိုတုန်းက လုပ်ခဲ့တဲ့အရာက ဝံပုလွေတွေကို ဖိတ်ခေါ်လိုက်မိတာပဲ!”

ရှုယီက ခေါင်းခါလိုက်ပြီး "ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ဝံပုလွေတစ်ကောင်လို ဘာမှလုပ်ခဲ့တယ်မထင်ဘူး"

“ဒီတခေါက် သခင်တွေကို အတင်းအကြပ် လုပ်ခဲ့တယ် မဟုတ်ဘူးလား” အန်ကလိုက အသံကျယ်ကြီးဖြင့် ပြန်မေးသည်။

ရှုယှက အေးစက်စက် ရယ်မောရင်း “အဲဒီ သခင်တွေက သာမန် စတက်တိန်းနယ်မြေ တိုင်းပြည်သားတွေ မဟုတ်ကြဘူး၊ သူတို့ တွေးတာကို ကျုပ် ဂရုစိုက်တယ်။ အန်ကလို၊ ကျုပ်ပြောခဲ့တဲ့အချက်က ခင်ဗျား လုံးဝပြောင်းလဲသွားပြီလို့ ဆိုလိုတာပါ။ ခင်ဗျား အရင်ကဆို စတက်တိန်းနယ်မြေသားတွေရဲ့ဘဝတွေကို စဉ်းစားပေးခဲ့ဖူးတယ်၊ အခုတော့၊ ခင်ဗျားက သခင်တွေအတွက်ပြောပေးနေတာပဲ။ ခင်ဗျားရဲ့ တင်ပါးက အခုတော်တော်စောင်းနေပြီပဲ"

အန်ကလို၏ အမူအရာမှာ အေးခဲသွားသည် ၊ “ဒီ မျိုးရိုးမြင့်တွေက နယ်မြေတစ်ရပ်လုံးရဲ့ တိုင်းပြည်တွေကို ကိုယ်စားပြုတယ်။ သူတို့ကို အတင်းအကြပ် ကမောက်ကမဖြစ်အောင် တွန်းပို့ရင် တိုင်းပြည်သားတွေကို ဒုက္ခပေးလိမ့်မယ်။”

"ဟုတ်လား?" ရှုယီက ခပ်ဖျော့ဖျော့ ပြုံးပြပြီး သူ့ဘေးက စားပွဲပေါ်မှ စာရွက်စာတမ်းကို ယူလိုက်သည်။ ၎င်းကိုကြည့်ပြီးနောက် ၎င်းကို အန်ကလိုကို ပစ်ပေးလိုက်သည်။ “ဒီကိစ္စအတွက် အဓိက အကြောင်းအရင်းကတော့ အဲဒီ သခင်တွေက မှော်အချက်ပြတာဝါတိုင်တွေကို နားလည်မှုလွဲနေတာကြောင့်ပါ၊ ဒါပေမယ့် ဒီနားလည်မှုလွဲတာက ဘယ်ကလာတာလဲ။ အန်ကလို၊ ခင်ဗျား မသိချင်ဘူးလား"

အန်ကလိုက စာရွက်ကို အံ့အားသင့်စွာ ယူလိုက်ပြီး ဖွင့်ကြည့်လိုက်တော့ သူ့အမူအရာ ပျက်သွားသည်။

ရှုယီသည် တူညီသော အေးစက်သည့် အပြုံးဖြင့် သူ့ကို ကြည့်နေသည်။

"အန်ကလို၊ ခင်ဗျားရဲ့အုပ်ချုပ်မှုအပေါ် ထိန်းနိုင်ဖို့၊ ခင်ဗျားတကယ်ပဲ အစီအစဉ်နည်းနည်းလုပ်ထားတာပဲ။ လွန်ခဲ့တဲ့တစ်နှစ်လောက်တည်း သခင်တွေနဲ့ လျှို့ဝှက်စွာ ဆက်သွယ်ခဲ့ပြီး ကျုပ်တို့လုပ်ငန်းစုအကြောင်း မျိုးစုံပြောပြခဲ့တယ်။ ဒီလိုဆို တစ်နေ့ကျ ကျုပ်တို့လုပ်ငန်းစုကို သိမ်းပိုက်နိုင်မယ်မဟုတ်လား။ ခင်ဗျား ကိုယ့်ကိုကိုယ် ပိုတွက်မိတာက သနားစရာပဲ။ နယ်မြေအတွင်းက သခင်တွေဟာ ကျုပ်တို့လုပ်ငန်းစုနဲ့ ပူးပေါင်းလုပ်ဆောင်တာကနေ အကျိုးကျေးဇူးများစွာကို ရရှိခဲ့တာ ခင်ဗျားက တူညီတဲ့အရာကိုမှ မလုပ်နိုင်တာ ဘာလို့ ခင်ဗျားနဲ့ ပူးပေါင်းကြမှာလဲ။ ခင်ဗျား သိထားရမှာက ဒီအချက်အလက်တွေက ကျုပ်စုဆောင်းထားတဲ့ အရာမဟုတ်ဘူး”

အန်ကလိုက သူ့ရှေ့က စာရွက်ပေါ်က အချက်အလက် အပိုင်းအစတွေကို ကြည့်ပြီး မရေမတွက်နိုင်တဲ့ ချွေးစက်များ နဖူးထက်၌ ပေါ်လာသည်။

ဤစာတမ်းတွင် လွန်ခဲ့သည့်တစ်နှစ်က သူသည် သခင်များအား ဆက်သွယ်ခဲ့ရာမှ အချက်အလက်များ အားလုံးကို မှတ်တမ်းတင်ထားပြီး ၎င်းတို့၏ လျှို့ဝှက်ပြောဆိုမှုအသေးစိတ်နှင့် သခင်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရန် ကြိုးပမ်းနေသည့် ကိစ္စတို့ကို မှတ်တမ်းတင်ထားသည်။ သခင်တွေကို ဘယ်လနဲ့ ဘယ်နေ့ သွားကြည့်ဖို့တောင် အသေးစိတ် ရေးထားပါ၏။

အန်ကလိုသည် လက်ရှိရှိသူများသာ သိကြောင်း သေချာသော အသေးစိတ်အချက်များစွာရှိခဲ့သော်လည်း ယခုအခါ ၎င်းတို့ကို ဤစာတမ်းတွင် ရှင်းလင်းစွာ ရေးသားထားသည်။ ရှင်းပြချက်တစ်ခုပဲရှိပါ၏၊ ဒါက ရှုယီ ပြောခဲ့သလိုပါပဲ၊ သူနှင့်တွေ့ဖူးတဲ့လူက ပေးခဲ့ခြင်းပင်။

ဒါကို တွေးကြည့်တော့ အန်ကလိုက သူ့နှလုံးသား အေးခဲသွားသလို ခံစားလိုက်ရသည်။

ဒုခ်အိမ်တော်နေရာတွင် အစားထိုးရန် ကွန်ဂရက်ထူထောင်ခြင်းနှင့် ပတ်သက်၍ ရှုယီ၏စကားကို နားထောင်သောအခါတွင် အန်ကလိုသည် အလွန်ပျော်ရွှင်သွားခဲ့ဖူးသည်။ စတက်တိန်းနယ်မြေမှာ ကွန်ဂရက်၏ ဦးဆောင်မှုနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ပိုမိုအားကောင်းလာမည်ဟု သူခံစားခဲ့ရသည်။

ဤနှစ်အနည်းငယ်ကြာပြီးနောက်၊ စတက်တိန်းနယ်မြေသည် သူအလိုရှိသည့်အတိုင်း ပိုမိုအားကောင်းလာပြီး တိုင်းပြည်သားများ၏ဘဝသည် များစွာကောင်းမွန်လာသည်။ နယ်မြေသည် ယခင်က မထင်မှတ်ထားသည့် အပြုသဘောဆောင်သော အသွင်အပြင်ဖြင့် ပြည့်နှက်နေပြီး ၎င်းသည် သူ့ကို အလွန်ပျော်ရွှင်စေသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ၊ Frestech ကုန်သည်ကြီးများအသင်းတွင် နယ်မြေတစ်ခုလုံးအပေါ် သြဇာလွှမ်းမိုးမှု ပိုမိုနက်ရှိုင်းလာသည်ကို အန်ကလို တွေ့ရှိခဲ့သည်။ နယ်မြေ၏ အစိတ်အပိုင်းတိုင်းတွင် လူတိုင်းနှင့် ကိစ္စတိုင်းသည် Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုကို မလွတ်ကင်းနိုင်ဟုပင် ဆိုနိုင်ပါသည်။

ယင်းနှင့် နှိုင်းယှဉ်ပါက ကွန်ဂရက်လွှတ်တော်ဥက္ကဌအဖြစ် သူသည် အားနည်းသထက် အားနည်းလာသည်။ သူ့အတွက် အရေးမကြီးတဲ့ အစိုးရကိစ္စတွေကို ကိုင်တွယ်ပြီး ရုပ်သေးရုပ်လို ပြုမူခဲ့ရသော အကြိမ်များစွာ ရှိခဲ့ပါ၏။

အန်ကလိုသည် ရည်မှန်းချက်ကြီးသူဖြစ်ရာ သဘာဝအားဖြင့် သူဤကဲ့သို့ ဆက်ရှိနေရန် ဆန္ဒမရှိပေ။

ထို့ကြောင့် သူသည် တူညီသောရည်မှန်းချက်ဖြင့် အရှင်သခင်များကို လျှို့ဝှက်ဆက်သွယ်ခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်း၏ သြဇာလွှမ်းမိုးမှုအပေါ် မကျေမနပ်ဖြစ်ကာ လက်ရှိအခြေအနေကို ပြောင်းလဲရန် ကြိုးစားခဲ့သည်။

သို့သော် အန်ကလို သည် ဤသခင်များသည် သူနှင့်ပတ်သက် လုံးဝ စိတ်နှလုံးအကြွင်းမဲ့မယုံကြောင်း တခါမှ မတွေးခဲ့ဘဲ ရှုယီ၏လျှို့ဝှက်ချက်အားလုံးကို ၎င်းတို့အား အမှန်တကယ် ပြောပြခဲ့သည်။

သို့ပေမယ့် တွေးကြည့်ရင်တော့ မှန်ပါ၏။ ထိုသခင်များသည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှ အကျိုးကျေးဇူးများစွာကို ရရှိနိုင်ပြီး ၎င်းတို့၏ဘဝများသည် များစွာပိုမိုကောင်းမွန်လာမည်ဖြစ်သော်လည်း သူနှင့် ပူးပေါင်းခြင်းထံမှ အဘယ်အရာရရှိနိုင်မည်နည်း။

ဒါကို တွေးပြီးတဲ့အခါမှာတော့ အန်ကလိုရဲ့ နှလုံးသားဟာ ပြာကျသွားသလိုပင်။

သူသည် ရှုယီ၏ ကဲ့ရဲ့လှောင်ပြောင်သော အပြုံးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ယနေ့မှစပြီး စတက်တိန်းနယ်မြေ၏ ကံကြမ္မာကို ပြန်လည်ရေးသားခံရတော့မည်ဖြစ်ကြောင်း သူသိသည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၂၄။ စတက်တိန်းနယ်မြေ ဧရာမ အပြောင်းအလဲ

ခုနစ် ၃၇၈၇ခုနှစ် ဇွန်လတွင် စိုင်စ်နယ်မြေကြီး၏ အခြားတိုင်းပြည်များအတွက် နွေရာသီပထမလမှာ ပုံမှန်ဖြစ်သော်လည်း အနောက်တောင်ပိုင်းရှိ စတက်တိန်းနယ်မြေအတွက် ပုံမှန်မဟုတ်သလို အရေးကြီးအချက်တစ်ချက်မှာ နယ်မြေသမိုင်း၌ ရှိသည်ဟု ယူဆနိုင်သည်။

ဇွန်လအစပိုင်း၌ မှော်အချက်ပြမျှော်စင်သို့ ချဉ်းကပ်လာသော Frestech ကုန်သည်ကြီးများအသင်းမှ ငြင်းဆိုလိုက်ရာ အနှီအရှင်သခင်များနှင့် ပူးပေါင်းမှုကို ရပ်တန့်မည်ဟု ကြေညာခဲ့သည်။ ၎င်းက အနှီအရှင်သခင်များ၏ နယ်မြေကို ကမောက်ကမဖြစ်စေကာ အခြားနယ်မြေရှိပြည်သူများကိုလည်း စိတ်ပူစေသည်။

Frestech ကုန်သည်ကြီးများအသင်းမှ စတက်တိန်းနယ်မြေတွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို စွန့်လွှတ်ပါက နယ်မြေ အပေါ် ဆိုးရွားသော အကျိုးသက်ရောက်မှုရှိမည်ကို လူတိုင်းက အလွန်စိုးရိမ်ကြသည်။

ထိုလအတွင်းတွင်၊ စတက်တိန်းနယ်မြေကွန်ဂရက်ဥက္ကဌ အန်ကလိုသည် ဟောပြောသူအဖြစ်မှ နုတ်ထွက်တော့မည်ဟု ရုတ်တရက် ကြေညာခဲ့သည်။

ကွန်ဂရက် စည်းမျဉ်းများ အရ သုံးနှစ်ကြာ မိန့်ခွန်းပြောပြီးနောက် ၎င်း၏ ပထမသက်တမ်း ပြီးဆုံးသွားပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ကျန်းမာရေး အကြောင်းပြချက်ကြောင့် တာဝန်ထမ်းဆောင်ခြင်း မပြုတော့ဟုဆိုသည်ပင်။

ဤသတင်းသည် စတက်တိန်းနယ်မြေ၌ ကြီးမားသော တုန်လှုပ်ချောက်ချားမှုကို ဖြစ်စေသည်။

စတက်တိန်းနယ်မြေသည် Frestech ကုန်သည်ကြီးများအသင်း၏ ကြီးမားသော ရင်းနှီးမြုပ်နှံမှုများရှိသော်လည်း ကွန်ဂရက်ကို လျစ်လျူမရှုနိုင်ပေ။

စတက်တိန်းနယ်မြေလူများစွာ၏စိတ်တွင်၊ သူသည် စတက်တိန်းနယ်မြေကိုဦးဆောင်သည့်အရေးကြီးဆုံးခေါင်းဆောင်ဖြစ်ခဲ့သည်။

ယခု သူရုတ်တရက် နုတ်ထွက်ကြောင်း ကြေညာလိုက်သဖြင့် လူများက စတက်တိန်းနယ်မြေ၏ ကံကြမ္မာကို စိုးရိမ်နေကြသည်။

သူ၏ဆက်ခံသူသည် စတက်တိန်းနယ်မြေကို တူညီသော အရှိန်အဟုန်ဖြင့် ဦးဆောင်နိုင်မည်လား။

ဒါပေမယ့် ဒီအတွက် တိကျတဲ့ အဖြေကို ဘယ်သူမှ မပေးနိုင်ပါချေ။

အန်ကလို နုတ်ထွက်ရေးအတွက် ကွန်ဂရက်လွှတ်တော်က ပြင်ဆင်ထားပြီးဖြစ်သော်လည်း ထိုနေ့တွင်ပင် ဥက္ကဌအသစ်ဖြင့် အစားထိုးခြင်း၊ သူသည် နယ်မြေ၏ မြောက်ဘက်အရပ်မှ လူသိမများသော ဗစ်ကောင့်ထ်ဖြစ်သည်။ အတွေ့အကြုံမရှိဘဲ ဒီ ပြောရေးဆိုခွင့်ရှိသူအသစ်က ဘာလုပ်နိုင်မလဲဆိုတာ ဘယ်သူမှမသိကြပေ။

သို့သော် လူတိုင်းက ဤပြောရေးဆိုခွင့်ရှိသူအသစ်ကို မေးခွန်းထုတ်သောအခါ၊ ဥက္ကဌတာဝန်ယူသည်နှင့် ၎င်းက အလွန်တုန်လှုပ်စရာကောင်းသော ဆုံးဖြတ်ချက်တစ်ခုကို ကြေညာခဲ့သည်။ သူသည် စတက်တိန်းနယ်မြေရှိ မျိုးရိုးမြင့်များ၏ သီးသန့်နယ်မြေကို ဖျက်သိမ်းပစ်တော့မည်ဟုပင်။

ဒီသတင်း ပြန့်နှံ့ပြီးတာနဲ့ စတက်တိန်းနယ်မြေက လူတိုင်းကို ထိတ်လန့်စေရုံမက ပတ်ဝန်းကျင်တိုင်းပြည်က လူတွေကိုပါ ထိတ်လန့်စေခဲ့ပါ၏။

ရှေးခေတ်ကတည်းက စိုင်စ်နယ်မြေကြီးတွင် မျိုးရိုးမြင့်များ နယ်မြေပိုင်ဆိုင်ရန် အစဉ်အလာရှိခဲ့သည်။

မျိုးရိုးမြင့်တစ်ယောက်အနေနှင့် သူတို့၏ အဆင့်အတန်းနဲ့ နယ်မြေမရှိဘူးဆိုရင် ဒါဟာ အခွံအလွတ်နဲ့ မခြားပေ။

အကြောင်းမှာ မျိုးရိုးမြင့်များ၏ အခြေခံအုတ်မြစ်သည် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေဖြစ်သည်။

ကိုယ်ပိုင်နယ်မြေများသည် မျိုးရိုးမြင့်များအား စပါး၊ လူဦးရေနှင့် ၎င်းတို့လိုအပ်သော ဘဏ္ဍာငွေများကို ပေးစွမ်းနိုင်ပြီး အရေးအကြီးဆုံးအရာဖြစ်သည်။

သူတို့မှာ နယ်မြေမရှိရင် သူတို့မှာ အာဏာရှိမှာ မဟုတ်တော့ပေ။

စိုင်စ်နယ်မြေကြီး၏၏ မည်သည့်တိုင်းပြည်၌မဆို ထောင်ပေါင်းများစွာသော မျိုးရိုးမြင့်များအားလုံးအတွက် ၎င်းတို့၏ ပထမဆုံးတောင်းဆိုမှုသည် ကိုယ်ပိုင်နယ်မြေဖြစ်သည်။

သူတို့နယ်မြေတွေ ပြန်သိမ်းပိုက်ခြင်းက သူတို့အား စစ်ကြေညာတာနှင့် မခြားပေ။

ဒါကြောင့် ဒီပြောရေးဆိုခွင့်ရှိသူအသစ်က ဒီစိတ်ကူးကို ချပြတဲ့အခါ ပထမဆုံးတုံ့ပြန်မှုက သူရူးနေပြီဟု လူတိုင်းက ထင်နေကြခြင်းပင်။

ဤထူးဆန်းသည့် ဆုံးဖြတ်ချက်ကို သူ အောင်မြင်လိုခြင်းဟာ ရယ်စရာတစ်ခုပါပင်။

ပြောရေးဆိုခွင့်ရှိသူအသစ်သည် ဟာသတစ်ခုဟု လူတိုင်းက ထင်မြင်လာသောအခါတွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။

စတက်တိန်းနယ်မြေကွန်ဂရက်က လူတွေ မယုံနိုင်လောက်အောင် ဒီဆုံးဖြတ်ချက်ကို အမှန်တကယ် ခွင့်ပြုခဲ့ပါ၏။

စတက်တိန်းနယ်မြေသည် မျိုးရိုးမြင်ပများ၏ ကိုယ်ပိုင်နယ်မြေများ ပိုင်ဆိုင်ခွင့်ကို တရားဝင် ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

မရေမတွက်နိုင်သောလူများ ဤအချက်ကြောင့် ထိတ်လန့်သွားသောအခါ၊ သူတို့အားလုံး Frestech ကုန်သည်ကြီးများအသင်းဘက်သို့ လှည့်သွားကြသည်။

Frestech ကုန်သည်ကြီးများအသင်းသည် စတက်တိန်းနယ်မြေတွင် သြဇာအရှိဆုံးကုမ္ပဏီဖြစ်ကြောင်းသံသယရှိစရာမလိုဘဲ ရှုယီသည် စတက်တိန်းနယ်မြေတွင် ဥက္ကဌ နှင့် အကြီးဆုံး သခင်များထဲမှ တဦးဖြစ်ပြီး သူ့လက်အောက်ရှိ နယ်မြေသည် ဒါဇင်ပေါင်းများစွာ ရှိသည်။

ကွန်ဂရက်က ကိုယ်ပိုင်နယ်မြေတွေကို ဖျက်သိမ်းလိုက်လျှင် သခင်တစ်ယောက်အနေနှင့် ရှုယီက ဘယ်လိုတုံ့ပြန်မည်နည်း။

သူ၏ အဖိုးတန်နယ်မြေကို လွှဲပြောင်းပေးရန် ဆန္ဒရှိမည်လား။

Frestech ကုန်သည်ကြီးများအသင်း၏ ပင်မအခြေစိုက်စခန်းကို ဤပုဂ္ဂလိကပိုင်နက်တွင် တည်ထောင်ခဲ့သည်ကို သိရှိထားရမည်ဖြစ်သည်။ သူလွှဲပေးလိုက်ရင် Frestech ကုန်သည်ကြီးများအသင်းက ဘာလုပ်မည်နည်း။

ဒါကို ရှုယီငြင်းမည်လို့ လူတိုင်းက တွေးလိုက်တဲ့အခါ ဘယ်သူမှ မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်သွားခဲ့သည်။

ဤဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက် တစ်ရက်တွင် ရှုယီသည် သူ၏ကိုယ်ပိုင်နယ်မြေအားလုံးကို လွှဲပြောင်းပေးပြီး ကွန်ဂရက်သို့ ပြန်လည်ပေးအပ်မည်ဟု ပထမဆုံးကြေညာခဲ့သည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင်၊ Frestech ကုန်သည်ကြီးများအသင်းကိုယ်စား ရှုယီသည် အဓိကအခြေစိုက်ရာဒေသအတွက် မြေအသုံးချမှုအခွင့်အရေးကို ဝယ်ယူခဲ့သည်။ ကုန်းမြေ စုစုပေါင်း ကီလိုမီတာ ငါးဆယ် ရှိပြီး ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးခဲ့သည်။

ဒီသတင်းထွက်လာတော့ အားလုံးက သဘောပေါက်သွား၏။

ဤအမည်မသိသူသည် ဤထိတ်လန့်စရာကောင်းသောဆုံးဖြတ်ချက်ကိုချနိုင်လောက်အောင် ရဲရင့်ပြီး ကွန်ဂရက်ကိုပင် ကျော်ဖြတ်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။

Frestech ကုန်သည်ကြီးများအသင်းမှ သူ့ကို ထောက်ခံထားပုံရသည်။

သို့မဟုတ် ပို၍တိုက်ရိုက်ပြောရလျှင် ပြောရေးဆိုခွင့်ရှိသူအသစ်သည် Frestech ကုန်သည်ကြီးများအသင်း ၏ပံ့ပိုးမှုဖြင့် ပြောရေးဆိုခွင့်ရှိသူဖြစ်လာခဲ့သည်၊ ထို့ကြောင့် သူက Frestech ကုန်သည်ကြီးများအသင်း၏ ဆန္ဒကို ကိုယ်စားပြုခဲ့သည်။

ဥက္ကဌအန်ကလို ရာထူးမှနုတ်ထွက်စဉ်က Frestech ကုန်သည်ကြီးများအသင်းနှင့် မသက်ဆိုင်ရန် မဖြစ်နိုင်။

စတက်တိန်းနယ်‌မြေရှိ လူတိုင်းသည် ဤကိစ္စအပေါ် သံသယရှိကြသည်။

Frestech ကုန်သည်ကြီးများအသင်းက ဘာတွေစဉ်းစားနေတာလဲ။

အကယ်၍ ရှုယီသည် ယခင်က ကွန်ဂရက်မှ ပယ်ချခံရသော်လည်း၊ အခု သူက ပြောရေးဆိုခွင့်ရှိသူကို အစားထိုးလိုက်တဲ့အတွက် ဒီပန်းတိုင်ကို ရောက်ဖို့ ပြဿနာမရှိပါချေ။ အဘယ်ကြောင့် ဤမျှထိတ်လန့်စရာကောင်းသော ဆုံးဖြတ်ချက်ကို သူချခဲ့သနည်း။

မျိုးရိုးမြင့်များလက်အောက်ရှိ မြေအားလုံးကို သိမ်းယူခြင်းမှာ အခြေခံအားဖြင့် စတက်တိန်းနယ်မြေရှိ မျိုးရိုးမြင့်အားလုံးကို စစ်ကြေညာခြင်းပင် ဖြစ်သည်။

ဒါကို မျိုးရိုးမြင့်များက ဘယ်လိုလက်ခံမှာလဲ။

ဤအဆိုပြုချက်အောင်မြင်ပြီးသည်နှင့် ရှုယီက ဦးဆောင်ပြီးသောအခါ၊ စတက်တိန်းနယ်‌မြေတစ်ခွင်လုံးမှ ပြင်းပြင်းထန်ထန် ငြင်းဆိုမှုများရှိနေကြောင်း သက်သေပြခဲ့သည်။

ကောင့်ထ် လေးဦး၊ ဗစ်ကောင့်ထ် ခုနစ်ဦးနှင့် ဤအဆိုပြုချက်အသစ်ကို လက်ခံမည်မဟုတ်ဟု ကြေညာခဲ့သော ဘားရွန်ဒါဇင်များစွာရှိသည်။ ၎င်းတို့က ကွန်ဂရက်၏ ဦးဆောင်မှုကို လက်ခံမည်မဟုတ်ဘဲ ၎င်းတို့၏ နယ်မြေကို ကိုယ်ပိုင်အစိုးရအဖြစ်သတ်မှတ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

လူတိုင်းအတွက် ဒါက လွတ်လပ်ရေးကြေညာတာနဲ့ အတူတူပါပင်။

စတက်တိန်းနယ်မြေသည် ဒါကို လုံးဝလက်မခံနိုင်မည်မဟုတ်ပေ။ သို့သော် တစ်ခုတည်းသောပြဿနာမှာ ၎င်းကို မည်သို့ကိုင်တွယ်မည်နည်း။

သခင်များသည် ၎င်းတို့လက်အောက်တွင် တပ်ဖွဲ့ဝင်အနည်းငယ်ရှိပြီး စတက်တိန်းနယ်မြေကွန်ဂရက်တွင် ၎င်းတို့လက်အောက်တွင် တပ်များမရှိသောကြောင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိပေ။

သို့သော်ဤအချိန်တွင် Frestech ကုန်သည်ကြီးများအသင်းမှလှုပ်ရှားခဲ့သည်။

ဇွန်လကုန်ခါနီးတွင် ကွန်ဂရက်လွှတ်တော်က ဤကောင့်ထ်လေးဦး၊ ဗစ်ကောင့်ထ်ခုနစ်ဦးနှင့် ဤအဆိုပြုချက်ကို ငြင်းပယ်ခဲ့သော မရေမတွက်နိုင်သည့် အမတ်များမှာ ပုန်ကန်မှုကိုကျူးလွန်သဖြင့် နှိမ်နင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

သို့သော်၊ ကွန်ဂရက်၏အမည်ဖြင့် ၎င်းတို့သည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များအား ဤသခင်များကို နှိမ်နင်းရန်အတွက် ကွန်ဂရက်တပ်များအဖြစ် ဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်မည်ဖြစ်ကြောင်းလည်း ကွန်ဂရက်က ကြေညာခဲ့သည်။

လူတိုင်းသည် ဤကိစ္စကြောင့် ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြသည်။

ဤကဲ့သို့လုပ်ဆောင်နေသည့် စတက်တိန်းနယ်မြေကွန်ဂရက်မှာ ၎င်းတို့သည် Frestech ကုန်သည်ကြီးများအသင်း၏လက်ထဲတွင်ရှိကြောင်း ရိုးရိုးရှင်းရှင်းပြောခြင်းဖြစ်ပါသည်။ သူတို့လုပ်သမျှ Frestech ကုန်သည်ကြီးများအသင်းအတွက် တာဝန်ထမ်းဆောင်ဖို့ပါပင်။

သို့သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ လုပ်ဆောင်ချက်များကို လွှမ်းမိုးနိုင်မည်မဟုတ်ကြောင်း လူတိုင်းနားလည်ခဲ့ကြသည်။

ဇွန်လကုန်တွင်၊ Frestech ကုန်သည်ကြီးများအသင်း၏အစောင့်များကိုသုံး၍ ၎င်းတို့ကိုဖယ်ရှားခဲ့သည်။ တစ်ပတ်အတွင်းမှာပဲ တိုင်းပြည်တော်ပုန်ကန်မှုကျူးလွန်တယ်လို့ ဆုံးဖြတ်ထားတဲ့ မှူးမတ်အားလုံးကို လုံးလုံးချေမှုန်းနိုင်ခဲ့ပါ၏။

ဤလုပ်ငန်းစဉ်တစ်ခုလုံးတွင်၊ စစ်ဘက်မှော်စက်အမြောက်အမြားကို ဝယ်ယူခဲ့သော သခင်များသည် Frestech ကုန်သည်ကြီးများအသင်း၏အစောင့်များကို လုံးဝမခုခံနိုင်သလို ခြိမ်းခြောက်မှုတစ်စုံတစ်ရာမှ မပြုလုပ်နိုင်ခဲ့ပေ။

ပုန်ကန်သော သခင်များသည် လုံး၀ ရှုံးနိမ့်ခဲ့ပြီး ကွန်ဂရက်မှ ယဉ်ကျေးမနေဘဲ ၎င်းတို့၏နယ်မြေများကို ပြန်လည်သိမ်းယူခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ယှဉ်ပြိုင်သောအခါတွင် ၎င်းတို့သည် နာခံရုံသာတတ်နိုင်ကြောင်းကို လူတိုင်းနားလည်ခဲ့ကြသည်။

ထို့ကြောင့် ယင်းနောက်တွင်၊ စတက်တိန်းနယ်မြေ၏ အခြားအရှင်သခင်များက ကွန်ဂရက်၏ အဆိုပြုချက်ကို နာခံရန် သဘောတူပြီး ၎င်းတို့၏ နယ်မြေအားလုံးကို လုပ်ပိုင်ခွင့်များ ပေးအပ်ခဲ့သည်။

သို့ပေမယ့် ရှုယီ၏နယ်မြေ‌ကတော့ မတူပါပေ။ အဆိုပါ မျိုးရိုးမြင့်များသည် ၎င်းတို့၏ ပုဂ္ဂလိကပိုင် ပစ္စည်းအားလုံးကို လုပ်ပိုင်ခွင့်များ လွှဲပြောင်းပေးခဲ့သော်လည်း ကွန်ဂရက်လွှတ်တော်က ၎င်းတို့အား ရင်းနှီးမြုပ်နှံရန် မြေနေရာအချို့ကို ငှားရမ်းကာ ခွင့်ပြုပေးခဲ့သည်။

ဤမြေကွက်ငယ်များသည် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေများနှင့် ကွဲပြားခြင်းမရှိပါ၊ ၎င်းသည် အမည်အားဖြင့်သာ ကွဲပြားပါသည်။ ၎င်းတို့သည် များစွာသေးငယ်သောကြောင့် ၎င်းတို့တွင် ကိုယ်ပိုင်အိမ်ဆောက်ရုံသာ တတ်နိုင်ကြသည်။

ဇွန်လ၏နောက်ဆုံးနေ့တွင် ကွန်ဂရက်လွှတ်တော်က နောက်ဆုံးသခင်၏အခွင့်အရေးကို ပြန်လည်ရယူခဲ့ပြီး ယနေ့မှစ၍ စတက်တိန်းနယ်မြေတွင် အရှင်သခင်များမရှိတော့ကြောင်း ကြေညာခဲ့သည်။

မျိုးရိုးမြင့်တွေရှိပေမယ့် ၎င်းတို့မှာ ပိုင်ဆိုင်သည့် နယ်မြေတွေရှိမှာမဟုတ်ပေ။ ၎င်းတို့အားလုံးသည် မသက်ဆိုင်သော မျိုးရိုးမြင့်အခွင့်အရေးများသာ ဖြစ်ပေသည်။

ဟုတ်ပါ၏၊ ကွန်ဂရက်လွှတ်တော်က သူတို့၏ ကိုယ်ပိုင်အိမ်ခြံမြေလုပ်ပိုင်ခွင့်တွေကိုသာ ပြန်ယူခဲ့ပြီး သူတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို မထိခဲ့ပါချေ။

၎င်းတို့ လက်အောက်ရှိ ရော်ဘာခြံတွေ၊ သစ်သီးခြံတွေ၊ စက်ရုံများကိုမူ တူညီသည့် အခွင့်အရေးပေးနေတုန်းပင်။

သို့ဖြစ်ရာ အဆိုပြုချက်ကို နာခံသော မှူးမတ်များအားလုံး Frestech ကုန်သည်ကြီးများအသင်းနှင့် ထပ်မံပူးပေါင်းနိုင်ခဲ့သည်။

ဒီလို ရုန်းရင်းဆန်ခတ် ဇွန်လ ပြီးသွားတော့ ဇူလိုင်လထဲ ဝင်လာတဲ့အခါ၊ စတက်တိန်းနယ်‌မြေဟာ အရင်ကနဲ့ ယှဉ်ရင်၊ သူတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ပြောင်းလဲခြင်းအပြင် တခြား မျိုးရိုးမြင့်တွေပါ အခွင့်အရေး ဆုံးရှုံးသွားတာကို လူတိုင်း တွေ့လိုက်ရပါ၏။

မျိုးရိုးမြင့်များသည် ၎င်းတို့လက်အောက်ရှိ စီးပွားရေးလုပ်ငန်းများ၏ အကျိုးကျေးဇူးများကို မှီခိုအားထားကာ ဇိမ်ကျကျနေထိုင်ကြပြီး တိုင်းပြည်သားများသည် ၎င်းတို့၏ဘဝတိုးတက်ရေးအတွက် ကြိုးစားအားထုတ်ကြသည်။

သို့သော် စတက်တိန်းနယ်မြေသည် ယခင်ကနှင့် လုံးဝမတူကြောင်း လူတိုင်းသိသည်။

ထိုအချိန်တွင်၊ အပြင်ပန်းတွင်သာ ပြောင်းလဲပုံမပေါ်သည့် စတက်တိန်းနယ်မြေသို့ရောက်ရှိလာသော ဧည့်သည်အများအပြားရှိလာသည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၂၅။ အဝေးမှ ဧည့်သည်များ

အရောင်မတူသည့် မှော်ဆလွန်းခုနစ်စီးမှာ အတန်းလိုက်ရောက်လာပြီး Frestech ကုန်သည်ကြီးများအသင်း၏ စတက်တိန်းနယ်မြေ အ‌ဓိကအခြေစခန်းသို့ လမ်းကိုဖြတ်၍ အမြန်မောင်းနှင်လာသည်။

မှော်ဆလွန်းလာရာ စတက်တိန်း‌နယ်မြေ၌ပင် မှော်ဆလွန်းများက ဈေးကြီးလှသောကြောင့် ထိုမျှ ရေပန်းမစားပေ။ ထို့ကြောင့် မတူညီသည့် အရောင်ခုနစ်ရောင် မှော်ဆလွန်းထွက်လာခြင်းနှင့်အတူ လူတိုင်းကို ဆွဲဆောင်လိုက်သည်။

သို့သော် လူများက မှော်ဆလွန်းခုနစ်စီး၏ နောက်ကျောရှိ ပန်းကန်ပြားများကိုသတိထားမိချိန်၌ အင်မတန်ထူးဆန်းသွားကြသည်။

ဘာလို့လဲဆိုတော့ ဤမှော်ဆလွန်းခုနစ်စီးက ဒီကနေ ကီလိုမီတာ တစ်ထောင်ကျော်ဝေးသည့် ဒရိတ်ခ်နယ်မြေမှ လာခြင်းပင်။

ယခုအခါ ပတ်ဝန်းကျင်တိုင်းပြည်ရှိ သာမန်မိသားစုများတွင် မှော်ဆလွန်းတစ်စီးဝယ်ရန် ငွေအလုံအလောက်ရှိသည်ဟု ဆိုပါက မှော်ဆလွန်းခုနစ်စီးကို ဝယ်ယူနိုင်သူများသည် ချမ်းသာသော ကုန်သည်များ သို့မဟုတ် မျိုးရိုးမြင့်များ ဖြစ်ကြပေမည်။

ဒရိတ်ခ်နယ်မြေမှ မှော်ဆလွန်း ခုနစ်စီး အတွင်းရှိလူများသည် ဒရိက်ခ်ဒက်ချီမှအရေးကြီးသူများဖြစ်သည်ဟု မဆိုလိုပါ။

သူတို့ရဲ့ မှန်းဆချက်တွေက မမှားပေမယ့်လည်း မမှန်ဘူးလို့ ဆိုရမည်။

ဤ မှော်ဆလွန်းခုနစ်စီးတွင် ဒရိတ်ခ်နယ်မြေမှ အရေးပါသူတစ်ဦးရှိသော်လည်း ဒရိတ်ခ်နယ်မြေ မှမဟုတ်သော အရေးကြီးသူများလည်းရှိသည်။

မားကွစ္စ် ဆော့သ်ဂိတ်သည် မှော်ဆလွန်းအပြင်ဘက်ရှိ မြင်ကွင်းကို ကြည့်ပြီး မင်းသမီး ကာရိုလိုင်းအား သက်ပြင်းချကာ ဆိုလာသည် “မင်းသမီးလေး အရင်က စတက်တိန်းနယ်မြေကို ဖော်ပြတော့၊ ချဲ့ကားနေတယ်လို့ ထင်ခဲ့ပေမဲ့ ဒီလို အံ့ဩစရာတွေကို ကျုပ်မျက်လုံးနဲ့ ကိုယ်တိုင်မြင်လိုက်ရတဲ့အခါမှပဲ ချဲ့ကားတာမဟုတ်ဘဲ လိုနေသေးသလို ခံစားရတယ်။ စတက်တိန်းနယ်မြေက ကျုပ်မြင်ဖူးတဲ့ စိုင်စ်နယ်မြေကြီးမှာရှိတဲ့ တခြားတိုင်းပြည်တွေ့နဲ့ ကွဲပြားတာရို ဝန်ခံရမယ်။ လွန်ခဲ့တဲ့ သုံးရက်လောက်က ဖြတ်သွားခဲ့တဲ့ ဘန်တာမြို့ကလွဲရင် ဒီနေရာနဲ့ ယှဉ်နိုင်တဲ့နေရာမျိုး နယ်မြေကြီးမှာ မရှိပါဘူး။”

မင်းသမီး ကာရိုလိုင်းသည် လှပသော အပြုံးကို ပြုံးပြကာ “ဟုတ်ပါတယ်၊ Frestechကုန်သည်ကြီးများအသင်းက ဘန်တာမြို့ကနေ‌လာတာပါ။ Frestech ကုန်သည်ကြီးများအသင်း(ဒါမှမဟုတ်) ရှုယီရဲ့ သြဇာလွှမ်းမိုးမှုကြောင့် ဒီလိုဖြစ်လာရတာပေါ့။ ငါးနှစ်ကြာ အမြစ်တွယ်ပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့သည့်နေရာဆိုတော့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ရှုယီတို့က သဘာဝအတိုင်း ဒီနယ်မြေကို ပိုပြီး လွှမ်းမိုးနိုင်မှာပါပဲ။"

မားကွစ္စ် ဆော့သ်ဂိတ် သည် နောက်ထပ် သက်ပြင်းတစ်ချက်မချမီ လှည့်ကြည့်ကာ “ရိုးရိုးသားသားပြောရရင် ကျုပ်ဘာကြည့်နေမိတာလဲတောင်မသိဘူး။ ဥပမာအားဖြင့်၊ အဝေးက မြင့်တဲ့ တာဝါတိုင်တွေက ဘာအတွက်သုံးရတာမှန်းလည်းမသိဘူး၊ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းက အံ့ဩစရာကောင်းတဲ့ တီထွင်မှုမျိုးဟာ လူတွေရဲ့ဘဝအတွက် အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းပေးနိုင်မယ်လို့ ကျုပ်သေချာပါတယ်။”

"Frestech ကုန်သည်ကြီးများအသင်းရဲ့ အံ့အားသင့်စရာတွေက ဒီမှာတင် မဆုံးပါဘူး။" မင်းသမီး ကာရိုလိုင်းက ပြုံးပြသည်။ သူမသည် မားကွစ္စ် ဆော့သ်ဂိတ် ၏အကြည့်ကိုနောက်လိုက်ကာ အဝေးမှ သံတာဝါကိုမြင်လိုက်ရသဖြင့် အံ့သြသွားကာ "ဟမ်? အဲဒီရဲတိုက်က ဘာအတွက်များလဲ"

မားကွစ္စ် ဆော့သ်ဂိတ်က အံ့သြတဲ့အသံနဲ့ မေးတယ် "ဘာလဲ။ မင်းသမီးလေးလည်း ဘာအတွက်လဲဆိုတာ မသိဘူးလား"

မင်းသမီး ကာရိုလိုင်းသည် စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ခေါင်းယမ်းသည်။

"ကျွန်မ မသိပါဘူး။ ဒီအရာကို အရင်က မမြင်ဖူးဘူး၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ တီထွင်မှုအသစ်တစ်ခု ဖြစ်လောက်တယ်။ ရှုယီရဲ့ ဦးနှောက်က အမြဲတမ်း ထူးဆန်းတဲ့ အတွေးအခေါ်တွေနဲ့ ပြည့်နှက်နေပြီး သူ့မှာ စူးစမ်းလေ့လာနေတဲ့ လက်အောက်ငယ်သားများစွာ ရှိတာကြောင့် ကျွန်မ မသိတဲ့ တီထွင်မှုတစ်ခု ရှိတယ်ဆိုတာ မထူးဆန်းပါဘူး။”

“အင်း......” မားကွစ္စ် ဆော့သ်ဂိတ်က ထိုသံတာဝါကို ပြန်မကြည့်မီ ခေါင်းညိတ်ပြသည်။ ထို့နောက် တစ်ဖက်လှည့်ပြီး လမ်းတဝိုက်က ရှုခင်းတွေကို ကြည့်လိုက်၏။

လွန်ခဲ့သည့်တစ်လက မားကွစ္စ် ဆော့သ်ဂိတ် နှင့် မင်းသမီးလေး ကာရိုလိုင်းတို့သည် ဖီလီအော့စ်မြို့တော်တွင် မတော်တဆ တွေ့ဆုံခဲ့ကြသည်။ မားကွစ္စ် ဆော့သ်ဂိတ်သည် မင်းသမီးလေး ကာရိုလိုင်းအား ၎င်း၏ အခြေအနေကို ထုတ်ဖော်ပြသခဲ့ပြီး သူမအား နွေးထွေးစွာ ကြိုဆိုခဲ့သည်။

မားကွစ္စ် ဆော့သ်ဂိတ်က Frestech ကုန်သည်ကြီးများအသင်းနှင့် ၎င်းတို့၏ မှော်စက်များအကြောင်း ပိုမိုလေ့လာလိုကြောင်း ပြောကြားသောအခါ၊ မင်းသမီး ကာရိုလိုင်းက အကြံတစ်ခုပေးခဲ့သည်။ သူမသည် သူမနှင့်အတူ စတက်တိန်းနယ်မြေသို့ လာပြီး Frestech ကုန်သည်ကြီးများအသင်းအား မိမိကိုယ်တိုင် ဘယ်လိုပုံစံလဲဆိုတာ ကြည့်ဖို့ အဆိုပြုခဲ့ပါ၏။

မားကွစ္စ် ဆော့သ်ဂိတ်သည် ဤအကြံပြုချက်ကို ပျော်ရွှင်စွာ သဘောတူခဲ့သည်။ အချို့သောအစီအစဉ်များပြီးနောက်၊ သူသည် ဆီမောရ်နှင့် သူ၏နောက်လိုက်များအားခေါ်ဆောင်ကာ မင်းသမီးလေး ကာရိုလိုင်းနှင့်အတူ စတက်တိန်းနယ်မြေသို့သွားခဲ့သည်။

လမ်းခရီးတွင်၊ မင်းသမီးလေး ကာရိုလိုင်းမှာ အခြားသော Frestech ကုန်သည်ကြီးများအသင်း၏ အကြောင်းအား မားကွစ္စ် ဆော့သ်ဂိတ်ထံ ပြောပြခဲ့ရာ မားကွစ္စ် ဆော့သ်ဂိတ်သည် Frestech ကုန်သည်ကြီးများအသင်းကို ပို၍ စိတ်ဝင်စားလာပြီး လမ်ပူရီတိုင်းပြည်၌လည်း မှော်စက်မျိုးစုံမြင်ခဲ့ရသည်။

စိုက်ပျိုးရေးသုံးမှော်စက်အမျိုးမျိုး၊ သာမာန်လူများထက် ပိုမိုအားကောင်းသည့် သတ္တုတွင်းမှော်စက်များ သို့မဟုတ် လမ်ပူရီတိုင်းပြည်ရှိ အိမ်သုံးမှော်စက်များအားလုံးကို သိရှိခဲ့ရသည်။ Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်တစ်ဝှမ်းလုံးအပေါ် လွှမ်းမိုးမှုရှိကာ မှော်စက်များ၏ အကျိုးကျေးဇူးများ ရှိကြောင်း မားကွစ္စ် ဆော့သ်ဂိတ် အား သက်သေပြခဲ့သည်။

သူတို့အဖွဲ့သည် ဘန်တာမြို့တွင် သုံးရက်ကြာ တည်းခိုခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဘန်တာမြို့သည် Frestech ကုန်သည်ကြီးများအသင်း၏ အစအဦးဖြစ်သလိ၊ ယခုတွင်ပင်၊ ဘန်တာမြို့သည် ၎င်းတို့လွှမ်းမိုးမှုအရှိဆုံးမြို့ဖြစ်ခဲ့သည်။

ဘန်တာမြို့တွင် သုံးရက်ကြာနေထိုင်ပြီးနောက် မားကွစ္စ် ဆော့သ်ဂိတ်သည် နေရာများစွာကို လျှို့ဝှက်စစ်ဆေးခဲ့ပြီး ဘန်တာမြို့သို့ Frestech ကုန်သည်ကြီးများအသင်းယူဆောင်လာသည့် ပြောင်းလဲမှုနှင့်ပတ်သက်၍ လေးနက်စွာနားလည်ခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ Frestech ကုန်သည်ကြီးများအသင်းကို ပို၍ မနေနိုင်အောင်ချီးမွမ်းခဲ့သည်။

စတက်တိန်းနယ်မြေသို့ဝင်ရောက်ပြီးနောက်၊ မားကွစ္စ် ဆော့သ်ဂိတ်သည် အခြားကမ္ဘာတစ်ခုသို့ ဝင်ရောက်လာသည်ဟုပင် ခံစားခဲ့ရသည်။

ဘန်တာမြို့တွင် ရိုးရာမြို့ပုံစံ သဲလွန်စများ ရှိနေသေးသည်ဟု ဆိုပါက၊ စတက်တိန်းနယ်မြေသည် စာရွက်အလွတ်တစ်ခုကဲ့သို့ ဗလာဖြစ်နေသည်။ Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုခံရပြီးနောက် နယ်မြေကြီးရှိ အခြားနေရာများနှင့် မတူသော ကမ္ဘာသစ်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။

ဤနေရာ၌ သူ၏ပထမဆုံးနေ့သာဖြစ်သော်လည်း၊ မားကွစ္စ် ဆော့သ်ဂိတ်သည် ဤကမ္ဘာသစ်သည် စိုင်စ်နယ်မြေကြီးရှိ မည်သည့်ရိုးရာမြို့များထက် သာလွန်ကြောင်း လေးနက်စွာပြောနိုင်သည် ။

အခြားမည်သည့်အရာမှ မပြောနှင့်ဦး၊ နေရာတိုင်းတွင် သန့်ရှင်းသောရေကို သောက်သုံးနိုင်ရုံဖြင့် နယ်မြေကြီးပေါ်ရှိ မြို့အများစုကို အရှက်ရစေသွားသည်။

၎င်းအား မားလိုအင်ပါယာ၏မြို့တော်ဖြစ်သည့် အန်ဂျလိုမြို့တော်သည်ပင် နှိုင်းယှဉ်၍မရနိုင်ပေ။

အရှင်မားကွစ္စ်အနေဖြင့် မားကွစ္စ် ဆော့သ်ဂိတ်သည် သူ၏အိမ်တွင် သန့်ရှင်းသောရေရှိရန် စိတ်ပူစရာမလိုပေ။ တိုင်းပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဂရုပြုသောမားကွစ္စ်တစ်ဦးအနေဖြင့် သန့်ရှင်းသောရေရရှိရန် မည်မျှခက်ခဲသည်ကို လေးနက်စွာ နားလည်သဘောပေါက်ပါသည်။

စတက်တိန်းနယ်မြေသည် ၎င်း၏တိုင်းပြည်သားများအတွက် ဤပြဿနာကို ရေစနစ်ဖြင့် ဖြေရှင်းပေးခဲ့ရာ မားကွစ္စ် ဆော့သ်ဂိတ်အတွက် ဤသည်မှာ တုနှိုင်းမရ ကောင်းသောကိစ္စဖြစ်သည်။

၎င်းကို နှိုင်းယှဉ်ကြည့်လျှင် အိမ်သုံး မှော်စက်များမှ ရရှိသော အကျိုးကျေးဇူးများကို နှိုင်းယှဉ်၍မရနိုင်ပါ။

ဒါအပြင် မားကွစ္စ် ဆော့သ်ဂိတ်အတွက် အရေးအကြီးဆုံးက သူတို့လက်ရှိသွားနေသည့်လမ်းပါပင်။

ဒရိတ်ခ်နယ်မြေ၏ လမ်းများပေါ်တွင် ငှားရမ်းထားသော Magic Sedan ကိုပထမဆုံးစီးသောအခါ၊ ဤလမ်းများသည် တစ်တိုင်းပြည်လုံး၏သယ်ယူပို့ဆောင်ရေးအခြေအနေအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိမည်ကိုသူသေချာပေါက်သိသည်။ ဤသည်မှာ အလွန်အရေးကြီးသော ဗျူဟာမြောက် အရေးပါသော အရာတစ်ခုဖြစ်သည်။

အမ်ရစ် ကုန်သည်ကြီးများအသင်းမှ ဖောက်လုပ်ထားသော လမ်းများအတွက် လမ်းခင်းရန် လိုအပ်သော ပစ္စည်းများနှင့် မှော်စက်များမှာ Frestech ကုန်သည်ကြီးများအသင်းမှ လာသည်ကို မားကွစ္စ် ဆော့သ်ဂိတ် က လေ့လာသိရှိခဲ့သည်။

ဆိုလိုသည်မှာ သူအစိုးရိမ်ဆုံးအရာနှစ်ခုသည် Frestech ကုန်သည်ကြီးများအသင်းနှင့် နီးကပ်စွာဆက်စပ်နေပါ၏။

ဤသည်မှာ သူသည် စတက်တိန်းနယ်မြေသို့လာရောက်ပြီး Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်တိုင်ကိုယ်ကျကြည့်ရှုရန် ဆုံးဖြတ်ခဲ့သည့် အဓိကအကြောင်းရင်းဖြစ်သည်။

"သခင် မားကွစ္စ်၊ မထင်မှတ်ထားတာ ဘာမှမဖြစ်ခဲ့ရင်၊ ရှုယီကို နှစ်နာရီအတွင်း တွေ့နိုင်မှာပါ။ ရှင်သူ့ကိုမေးချင်တာကို စဉ်းစားထားပြီးပြီလား" မင်းသမီး ကာရိုလိုင်းက ရုတ်တရက် မေးလာသည်။

မားကွစ္စ် ဆော့သ်ဂိတ်သည် အနည်းငယ် နှုတ်ဆိတ်နေပြီး “ကျုပ် သူ့ကို အများကြီး မေးချင်တာ အများကြီးရှိပါတယ်။ ဖြစ်နိုင်ရင် ကျုပ်ဒီမှာ ခဏလောက်နေပြီး ဥက္ကဌ ရှုနဲ့ အများကြီး ဆွေးနွေးချင်တယ်။ မင်းသမီးလေးက ဒါကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

မင်းသမီးလေး ကာရိုလိုင်း "စိတ်ချပါ၊ ရှင့်ရဲ့အခြေနေကို ရှုယီ သိသွားရင် ဝမ်းသာသွားလိမ့်မယ်။ ရှင် ဘာမှ မပြောစရာမလိုဘဲ ရှင်နဲ့ အတတ်နိုင်ဆုံး ဆွေးနွေးချင်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီလူက အရမ်းပါးနပ်ပါတယ်၊ သူ့ကို လှည့်စားဖို့ မသင့်ဘူးဆိုတာကိုတော့ သတိပေးရမယ်။"

မားကွစ္စ် ဆော့သ်ဂိတ်က မင်းသမီးလေး ကာရိုလိုင်း ကို ကြည့်ရင်း ပြုံးပြကာ။ "မင်းသမီးလေးက ဥက္ကဌ ရှုနဲ့.... ရင်းနှီးတာလား" ဟု မနေနိုင်ဘဲ မေးလိုက်သည်။

မင်းသမီးလေးကာရိုလိုင်း၏ မျက်နှာပေါ်တွင် နီရဲလာကာ ရှက်ရွံ့စွာ ပြုံး၍ ပြန်ပြောသည် “သူ့မှာ မိန်းမရှိနေလို့သာ မဟုတ်ရင် သူ့မိန်းမဖြစ်ဖို့အတွက် ကျွန်မသေချာပေါက် အကုန်လုပ်မှာ။ သူ့ကို နောက်မှတွေ့တာ နှမျောစရာကောင်းတယ်၊ သူက အခွင့်အရေးမပေးဘဲ စည်းထားတဲ့ ယောက်ျားအခိုင်အမာလုပ်‌နေတာ။ ဒါပေမယ့်..... ကျွန်မ ဒါကိုသဘောကျပါတယ်။"

"အိုး?" မားကွစ္စ် ဆော့သ်ဂိတ်က အနည်းငယ် အံ့အားသင့်သွားပြီး "မင်းသမီးလေး၊ မင်းက အရမ်းလှတာကို၊ ဥက္ကဌ ရှုက မင်းကြောင့် မတုန်လှုပ်ဘူးတဲ့လား။"

မင်းသမီးလေး ကာရိုလိုင်းက ကူကယ်ရာမဲ့စွာ ပခုံးတွန့်ကာ “ကျွန်မ မနာလိုပေမယ့် သူ့မိန်းမက ကျွန်မထက် မဆိုးဘူးဆိုတာ လုံးဝဝန်ခံရမယ်”

"ဟုတ်လား?" မားကွစ္စ် ဆော့သ်ဂိတ်က ပြုံး၍ ပြောလိုက်သည် "ဒါဆို ဥက္ကဌ ရှုကို ဆွဲဆောင်ဖို့ အလှတရားတွေကို သုံးတာက အသုံးမဝင်ဘူးပေါ့?"

“အဲဒါတော့ မသေချာဘူး။” မင်းသမီး ကာရိုလိုင်းက ခေါင်းခါယမ်းကာ “ဒီလူမှာ ချောမောလှပတဲ့ ကျွန်သုံးယောက်ရှိပြီး နှစ်ယောက်ကို သူ့အိပ်ခန်းထဲ ခေါ်သွားပြီးသားပါ။ နောက်ပြီး သိတဲ့အတိုင်းပဲ သူက အိမ်အကူနှစ်ယောက်ကို ထပ်ခေါ်ပြီး လှပတဲ့ နတ်သူငယ် ကောင်မလေးတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်၊ ဒါကြောင့် အလှတရားနဲ့ ဆွဲဆောင်မှုလို့လုံးဝမရဘူးလို့ ပြောဖို့တော့ ဒါက မသေချာဘူး။"

"နတ်သူငယ် မိန်းကလေး?" မားကွစ္စ် ဆော့သ်ဂိတ်က တကယ်ကို အံ့အားသင့်သွားသည် “ဒါအမှန်ပဲလား။ သူတကယ်ပဲ နတ်သူငယ် ကောင်မလေးနဲ့ လက်ထပ်ခဲ့တာလား။ ဒါဘယ်လိုဖြစ်နိုင်မှာလဲ!"

"ဒါက မနှစ်က အနီးနားတိုင်းပြည်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ အကြီးမားဆုံးကိစ္စပဲ၊ ဒါကို ရှင်အရင်က မကြားဖူးဘူးလား" မင်းသမီး ကာရိုလိုင်းက မေး၏။

"မဟုတ်ဘူး..... အရင်က မှော်စက်တွေအကြောင်း အဓိကမေးခဲ့တယ်၊ ဥက္ကဌ ရှုရဲ့ ကိုယ်ရေးကိုယ်တာဘဝကို ဂရုမစိုက်မိခဲ့ဘူး"

" အင်း...... ရှုယီဟာ Frestech ကုန်သည်ကြီးများအသင်းနဲ့ ယှဉ်ရင် ပိုပြီး အာရုံစိုက်ခံရဖို့ ထိုက်တန်တယ်လို့ တကယ်ခံစားရတယ်။ Frestech ကုန်သည်ကြီးများအသင်း ဒီလိုဖြစ်လာတာက လုံးဝသူ့ကြောင်ပဲလေ။ကျွန်မမြင်တာကို အခြေခံရရင် သူက Frestech ကုန်သည်ကြီးများအသင်းတစ်ခုလုံးထက် ပိုအရေးကြီးတယ်။”

သံသယမရှိဘဲ မင်းသမီး ကာရိုလိုင်း၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသောဟန်ကို မြင်လိုက်ရသော်၊ မားကွစ္စ် ဆော့သ်ဂိတ် သည် လေးနက်သောဟန်ဖြင့်အတွေးထဲသို့ ရောက်သွားခဲ့သည်။

"ဒါဆို.....မင်းသမီးလေး၊ ကျုပ် ဥက္ကဌ ရှုနဲ့ မဆုံခင်မှာ ဥက္ကဌ ရှု အကြောင်းနည်းနည်းပြောပြလို့ရမလား"

မင်းသမီးလေး ကာရိုလိုင်းသည် ဖျတ်ခနဲ ပြုံးကာ “ကောင်းပြီ။ အင်း...... သူ့အကျင့်စရိုက်ကနေစမယ်။ ကျွန်မနားလည်မှုအရ သူက သူ့ကိုယ်သူ ကုန်သည်လို့ အမြဲခေါ်နေပေမယ့်လည်း သူက အရမ်းဖော်ရွေလွန်းတယ်။"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၂၆။ အခင်းဖြစ်ရာမှ ထွက်ပြေးခြင်း

မင်းသမီးလေးကာရိုလိုင်းမှာ ရှုယီအကြောင်း နာရီဝက်လောက်ပြောခဲ့သည်။ ယာဉ်တန်းမှာ Frestech ကုန်သည်ကြီးများအသင်း အဓိကအခြေစိုက်ဌာနသို့ ရောက်လုဆဲဆဲတွင် ၎င်းတို့ရှေ့ရှိ မတော်တဆတစ်ခုကြောင့် ရပ်တန့်လိုက်ကြရသည်။

ရှေ့ရှိ လမ်းကြောင်းကို ပိတ်ထားသော အထူးဒီဇိုင်းရှိ မှော်ဆလွန်းကိုမြင်ပြီး အနီရောင်မှော်ဆလွန်းနံဘေး၌ ရပ်နေကြသော ယူနီဖောင်းဝတ်လူနှစ်ဦးလည်း ရှိနေသဖြင့် မင်းသမီးလေးကာရိုလိုင်းနှင့် မားကွစ္စ် ဆော့သ်ဂိတ်တို့မှာ တစ်ဦးကို တစ်ဦးကြည့်ပြီး ရှုပ်ထွေးဟန်များပေါ်လာသည်။

ဤအနီရောင်မှော်ဆလွန်းမှာ ဖီလီအော့စ်မြို့တော်၌ ဆီမောရ်ဝယ်ယူခဲ့သည့် တစ်စီးဖြစ်သည်။

ယနေ့ ၎င်းတို့ ဆန်နက်မြေရိုင်းရှိ ဆန်နက်မြို့တော်မှ ထွက်ခွာလာချိန်တွင် ဆီမောရ်မှာ ပထမက ယာဉ်တန်းနောက် လိုက်ခဲ့သော်လည်း လမ်းတစ်ဝက်အရောက်၌ စိတ်မရှည်ဖြစ်လာကာ မိမိဘာသာမောင်းလာခဲ့သည်။ သူဟာ အရှိန်တင်ရင်း တင်ရင်းဖြင့် လမ်းများကို အရိုင်းဆန်စွာ ဖြတ်မောင်းလျက် ယာဉ်တန်းကို ကျော်တက်သွားခဲ့သည်။

ဆန်နက်မြို့တော်မှ စတက်တိန်းနယ်မြေသို့သွားသောလမ်းသည် ရိုးရှင်းသောကြောင့် လမ်းပျောက်မည်ကို စိုးရိမ်စရာမလိုပါ။ ဆီမောရ်ကလွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ၎င်း၏ ယာဉ်မောင်းစွမ်းရည်ကို လေ့ကျင့်ခဲ့ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ မားကွစ္စ် ဆော့သ်ဂိတ်က သူ့ကို သူ့ဘာသာသူ သွားခွင့်ပြုခဲ့ပြီး သူ့ကို အရမ်းမချုပ်တည်းချင်ခဲ့ပေ။

ဒါပေမယ့် အခု သူ့ကို ဘာကြောင့် တစ်ယောက်ယောက်က ပိတ်ဆို့ထားရတာလဲ။

မင်းသမီး ကာရိုလိုင်းသည် ယူနီဖောင်းဝတ်ထားသည့် လူငယ်နှစ်ဦးကို ကြည့်ကာ သူမ၏မျက်ခုံးကို အနည်းငယ်တွန့်ချိုးလိုက်သည် "သူတို့နှစ်ဦးက စတက်တိန်းနယ်မြေရဲ့ ငြိမ်းချမ်းရေးအရာရှိတွေပါ၊ ဗစ်ကောင့်ထ် ဆီမောရ်က ပြစ်မှုကျူးလွန်ထားပုံပဲ။"

"ငြိမ်းချမ်းရေး အရာရှိလား?" မားကွစ္စ် ဆော့သ်ဂိတ်သည် လူငယ်နှစ်ဦးကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ယာဉ်မောင်းကို ခေါင်းငြိမ့်ပြလိုက်သည်။

ဆီမောရ် ၏ အနီရောင် မှော်ဆလွန်းနား၌ မော်တော်ယဉ်တန်း ရပ်တန့်သွားသည်။ မထီမဲ့မြင်ပြုသောအကြည့်ဖြင့် အထဲ၌ ထိုင်နေသော ဆီမောရ်သည် တံခါးကို အမြန်ဖွင့်ကာ ငြိမ်းချမ်းရေး အရာရှိ နှစ်ယောက်ကို ဖြတ်သွား၍ ရောက်လာခဲ့သည်။

“ဦးလေး ဒိုင်အိုလန် ၊ ဒီလူနှစ်ယောက် ကျွန်တော့်ကားကို တားရဲတယ်။ သူတို့ကို သင်ခန်းစာပေးရမယ်!"

မားကွစ္စ် ဆော့သ်ဂိတ်၏အမူအရာ အနည်းငယ် ပျက်သွားသည်။ မကျေနပ်သည့်ဟန်တွေကပေါ်လာပြီးနောက် မင်းသမီး ကာရိုလိုင်းကို စူးစမ်းလိုစိတ်အနည်းငယ်နှင့် ကြည့်လိုက်သည်။

မင်းသမီး ကာရိုလိုင်းက ခေါင်းညိတ်ပြပြီး "သခင် မားကွစ္စ်၊ ဒါကို ကျွန်မ ကိုင်တွယ်ပါရစေ"

“ကောင်းပါပြီ။”

မင်းသမီး ကာရိုလိုင်းသည် မှော်ဆလွန်းထဲမှ ထွက်လာပြီး ငြိမ်းချမ်းရေး အရာရှိ နှစ်ဦးထံ လျှောက်သွားသည်။

ငြိမ်းချမ်းရေး အရာရှိနှစ်ဦးသည် အနည်းငယ် ဒေါသထွက်နေပုံရသော်လည်း မင်းသမီးကာရိုလိုင်း ရောက်လာသည်ကို မြင်လိုက်ရသဖြင့် သူမ၏ အသွင်အပြင်ကြောင့် ချက်ချင်း အံ့ဩသွားကြသည်။

“ငြိမ်းချမ်းရေး အရာရှိ နှစ်ယောက် မင်္ဂလာပါ” မင်းသမီးလေး ကာရိုလိုင်းက သူ့နောက်က ဆီမောရ်ကို လက်ညှိုးထိုးပြပြီး “မင်းတို့ ငါ့မိတ်ဆွေကို ဟိုမှာ ဘာလို့ ရပ်ခိုင်းတာလဲလို့ မေးလို့ ရမလား။ သူပြစ်မှုတစ်ခုခုကျူးလွန်ခဲ့လို့လား"

ငြိမ်းချမ်းရေး အရာရှိနှစ်ဦးသည် မင်းသမီး ကာရိုလိုင်း၏ အသွင်အပြင်ကြောင့် အံ့အားသင့်သွားကြသော်လည်း သူမ၏မေးခွန်းကို ကြားလိုက်သည်နှင့် အာရုံများ ပြန်လည်ရောက်ရှိသွားကြသည်။ အနည်းငယ် ထွားကြိုင်းသော အရာရှိသည် ချောင်းဟန့်ပြီး ငြိမ်သက်သွားကာ လေးနက်သော ဟန်ဖြင့် ဆိုလာသည် "ဒီက သခင်မလေး မင်းမိတ်ဆွေက မှော်ဆလွန်းကို မောင်းပြီး အလတ်စား အများသုံးသယ်ယူပို့ဆောင်ရေး မှော်ကားကို တိုက်မိခြင်း ဥပဒေတွေကို မလိုက်နာခဲ့ဘူး။ မှော်ကားက လမ်းဘေးမှာ မှောက်ခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်။ ဒီမတော်တဆမှုပြီးတော့ မင်းမိတ်ဆွေက စီမံဆောင်ရွက်ပေးတာကို မစောင့်ဘဲ တိုက်ရိုက်ထွက်ပြေးသွားခဲ့တယ်။ ဒါကို ဥပဒေနဲ့အညီ ပြန်ပြီးတော့ စုံစမ်းရမှာပေါ့။”

"ယာဉ်မတော်တဆမှုကနေ ထွက်ပြေးခဲ့တာလား။" မင်းသမီးလေး ကာရိုလိုင်းသည် သူမ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ သူမသည် ဆီမောရ်နှင့် မားကွစ္စ် ဆော့သ်ဂိတ်ကို ခက်ခဲသောဟန်ဖြင့် လှည့်ကြည့်လိုက်၏။

မားကွစ္စ် ဆော့သ်ဂိတ်သည် သူမ၏ မျက်နှာပေါ်ရှိ အကြည့်ကို မြင်ပြီး အနားသို့ ရောက်သွားခဲ့သည်။

"ဘာဖြစ်တာလဲ?"

မားကွစ္စ် ဆော့သ်ဂိတ်သည် မြင့်မားသော အဆင့်အတန်းရှိသောကြောင့် သူ့တွင် သဘာဝအားဖြင့် ပြင်းထန်သော ရောင်ဝါရှိသည်။ ငြိမ်းချမ်းရေး အရာရှိ နှစ်ဦးသည် အတွေ့အကြုံ ရှိပြီး သူသည် သာမန်လူ မဟုတ်ကြောင်း တစ်ချက် တစ်ချက် ပြောပြ နိုင်သောကြောင့် ၎င်းတို့သည် ငြင်းဆိုခြင်း မရှိပေ။

အကြောင်းရင်းကိုကြားပြီးနောက်၊ မားကွစ္စ် ဆော့သ်ဂိတ်၏အမူအရာ ပျက်သွားသည်။ သူက ဆီမောရ်ကို စိုက်ကြည့်ပြီး အနည်းငယ် နှုတ်ဆိတ်သွားပြီးနောက် ငြိမ်းချမ်းရေး အရာရှိ နှစ်ယောက်ကို ပြောသည် ။ “အရာရှိနှစ်ယောက်၊ ဒါက ကျုပ်တူရဲ့အမှားပါ၊ ကျုပ်က သူ့အစား ရိုးရိုးသားသား တောင်းပန်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဒုက္ခရောက်ခဲ့ရသူတွေကို လျော်ကြေးပေးဖို့ ဆန္ဒရှိပြီး သူတို့ကျေနပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”

မားကွစ္စ် ဆော့သ်ဂိတ်က သူ့နောက်က နောက်လိုက်တစ်ယောက်ကို လက်ပြလိုက်ပါတယ်။ နောက်လိုက်က ဘာမှမဆိုဘဲ သူ့ရင်ဘတ်ထဲက ပိုက်ဆံအိတ်ကို ထုတ်လာသည်။

“အဲဒီမှာ ရွှေဒင်္ဂါးတစ်ရာရှိတယ်။ ဒီခရီးသည်တွေအတွက် လျော်ကြေးအဖြစ် သုံးချင်တယ်၊ အဲဒါက လုံလောက်မှာပါ။”

ငြိမ်းချမ်းရေးအရာရှိနှစ်ယောက်သည် မားကွစ္စ်ဆော့သ်ဂိတ်ကိုပြန်မကြည့်မီ ပိုက်ဆံအိတ်ကိုကြည့်လိုက်သည်။

မားကွစ္စ် ဆော့သ်ဂိတ်က “အံ့သြဖို့ မလိုပါဘူး။ ကျုပ်တို့ရဲ့ ရိုးသားမှုကို ပြသဖို့အတွက် ရွှေဒင်္ဂါးတစ်ရာကို အများကြီး ထည့်မတွက်ထားပါဘူး။”

မင်းသမီးလေး ကာရိုလိုင်းသည် ထိုစကားကို ကြားသောအခါတွင် သူမ၏ မျက်နှာပေါ်တွင် အလွန်ထူးဆန်းသော ဟန်မျိုး ရှိနေသည်ကို သူ သတိမထားမိလိုက်ပေ။

ငြိမ်းချမ်းရေး အရာရှိ နှစ်ဦးမှာလည်း ထူးဆန်းသော ဟန်များ ရှိနေသည်။ အနည်းငယ် ထွားကြိုင်းသော အရာရှိသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ချောင်းဟန့်လာပြီး မားကွစ္စ် ဆော့သ်ဂိတ် အား ပြောသည်၊ "ဒီက..... အရှင်၊ ရွှေဒင်္ဂါးတစ်ရာကို များတယ်လို့ထင်တာလား"

မားကွစ္စ် ဆော့သ်ဂိတ်က အံ့အားသင့်သွားပြီး “အဲဒါ မဟုတ်ဘူးလား? မင်းတို့ရဲ့ အပြောအရဆို အဲဒီခရီးသည်တွေဟာ ဒဏ်ရာနည်းနည်းရခဲ့ပြီး တစ်ယောက်တည်းကပဲ အရိုးကျိုးသွားတယ်။ သူတို့ရဲ့ ဆုံးရှုံးမှုတွေအတွက် ရွှေဒင်္ဂါးတစ်ရာက လုံလောက်တယ်လို့ ကျုပ်ထင်ပါတယ်။”

ခေတ္တရပ်ပြီးနောက် သူက “ကောင်းပြီ၊ ရွှေဒင်္ဂါးတစ်ရာ မလုံလောက်ရင် နောက်ထပ် ရွှေဒင်္ဂါးငါးဆယ် ထပ်ထည့်လို့ရတယ်။ ကျုပ်တူက ကျုပ်တို့မှာ အရေးတကြီးကိစ္စရှိလို့ အခုချက်ချင်း စုံစမ်းဖို့ ခေါ်သွားလို့ အဆင်မပြေဘူး"

ထွားကြိုင်းသော အရာရှိက ခေါင်းမယမ်းမီ ခါးသီးစွာ ရယ်မောကာ ဆိုလာသည် “ဒါက ရွှေဒင်္ဂါးတစ်ရာ ဒါမှမဟုတ် ရွှေဒင်္ဂါးတစ်ရာ့ငါးဆယ်လောက်ကို ပြောနေတာမဟုတ်ဘဲ ဒါတွေကလည်း ဒီမတော်တဆမှုကြောင့် ခင်ဗျားတူလုပ်ခဲ့တဲ့ ဆုံးရှုံးမှုများကို ကာမိရန် မလုံလောက်ပါဘူး။ ဒါ့အပြင် ကျုပ်တို့ရဲ့ဥပဒေတွေအရ သူ့ကို စုံစမ်းစစ်ဆေးဖို့ ပို့ဆောင်ရမှာဖြစ်လို့ ကျုပ်တို့နဲ့ ပူးပေါင်းပေးပါ”

မားကွစ္စ် ဆော့သ်ဂိတ်၏မျက်လုံးများ ပြူးကျယ်သွားပြီး “ရွှေဒင်္ဂါးတစ်ရာ့ငါးဆယ်တောင် မလုံလောက်ဘူးလား။ ဒါ ဘယ်လိုဖြစ်နိုင်မလဲ။ ရွှေဒင်္ဂါးတစ်ရာ့ငါးဆယ်က အားကြီးတဲ့ ကျွန်ဆယ်ယောက်ဝယ်ဖို့ လုံလောက်တယ်။”

ခပ်ထွားကြိုင်းသော အရာရှိက မျက်မှောင်ကုပ်ကာ “ဒီက အရှင်၊ အရှင်က ကျုပ်တို့ စတက်တိန်းနယ်မြေက မဟုတ်ဘူးလား? ကျုပ်တို့ စတက်တိန်းနယ်‌မြေမှာ ကျွန်မရှိတော့လို့ ဒီဥပမာက မသင့်တော်ပါဘူး။ ဒါ့အပြင် ရိုးရိုးသားသား ပြောရရင် ရွှေဒင်္ဂါးတစ်ရာ့ငါးဆယ်က သိပ်အများကြီးလို့ မယူဆရဘူး။ အဲဒီ့ မှော်ကားက ခရီးသည်တွေက တစ်နှစ်ကို ရွှေဒင်္ဂါးနှစ်ရာရကြတယ်လေ။ အဲဒီလူတွေအားလုံး ဒဏ်ရာရပြီး အများသုံးသယ်ယူပို့ဆောင်ရေး မှော်ကား ကိုယ်တိုင် ဆုံးရှုံးမှုတွေ ပါပေါင်းလိုက်ရင် ဆုံးရှုံးမှုက ရွှေဒင်္ဂါးတစ်ရာ့ငါးဆယ်နဲ့ရမှာ မဟုတ်ဘူး။”

"လူတစ်ဦးစီက တစ်နှစ်ကို ရွှေဒင်္ဂါးနှစ်ရာ ရတယ်?" မားကွစ္စ် ဆော့သ်ဂိတ် က လုံးဝအံ့အားသင့်သွားပြီး "ဒါ.....ဒါက ဖြစ်နိုင်ပါ့မလား။ သူတို့က သာမန်တိုင်းပြည်သားတွေ မဟုတ်ဘူးလား”

ဘေးက မင်းသမီး ကာရိုလိုင်းက ဆက်မကြည့်နိုင်တော့ပေ။ သူမက ချောင်းဟန့်ပြီး ရှေ့ကို ထွက်လာကာ ငြိမ်းချမ်းရေး အရာရှိနှစ်ယောက်ကို အသံတိုးတိုးဖြင့် ပြောလိုက်သည် "အရာရှိနှစ်ယောက်၊ ကျွန်မ ရှင်တို့ကိုမဖုံးကွယ်တော့ပါဘူး၊ ဒီနှစ်ယောက်က ဥက္ကဌ ရှုရဲ့ အရေးကြီးတဲ့ ဧည့်သည်တွေပါပဲ၊ စည်းကမ်းတွေကို လိုက်နာနိုင်မယ်လို့ ကျွန်မမျှော်လင့်တယ်။ လျော်ကြေးငွေ ဘယ်လောက်ပဲရှိရှိ အားလုံးကို ပေးဆောင်ပါ့မယ်။”

ထိုသို့ပြောပြီးနောက် မင်းသမီး ကာရိုလိုင်းက သူ့ရင်ဘတ်ထဲမှ ငွေစက္ကူကို လွှဲပြောင်းပေးလိုက်သည်။

“ဒီမှာ ရွှေဒင်္ဂါးတစ်ထောင်။ မလုံလောက်ရင် Frestech ကုန်သည်ကြီးများအသင်းကနေတဆင့် ကျွန်မကို ဆက်သွယ်နိုင်ပါတယ်။" ခေတ္တရပ်ပြီးနောက် အချည်းနှီးသောစကားလုံးများသည် အကျိုးသက်ရောက်မှုမရှိဟု ခံစားလာရပြီး မင်းသမီး ကာရိုလိုင်းသည် မပြောမီ အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။ "ငါက ဒရိတ်ခ်နယ်မြေထဲက မင်းသမီး ကာရိုလိုင်းပါ၊ မင်းတို့ ငါ့နာမည်ကို အရင်က ကြားဖူးလောက်တယ်။"

“ဒါဆို မင်းသမီး ကာရိုလိုင်းပေါ့လေ၊ ဒီလိုလှတာ မဆန်းပါဘူး။ ဘုရားသခင်! မင်းသမီး ကာရိုလိုင်းကို ငါတကယ်တွေ့ခဲ့ရပြီ။ အရမ်းကံကောင်းတာပဲ!"

မင်းသမီး ကာရိုလိုင်းက ခပ်ဖျော့ဖျော့ ပြုံးပြပြီး “ချီးမွမ်းမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒါဆို အရာရှိနှစ်ယောက် ကျွန်မတို့အရင်ထွက်သွားလို့ရမလား? ဥက္ကဌရှုက ကျွန်မတို့ရောက်မယ့်အချိန်ကို စောင့်ဆိုင်းလောက်တယ်"

“ဒါက....”

ငြိမ်းချမ်းရေး အရာရှိ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ အနည်းငယ် ထွားကြိုင်းသော တစ်ယောက်က ကျန်တစ်ယောက်ကို တစ်ဖက်ကို ဆွဲခေါ်ကာ အချင်းချင်း တိုးတိုးပြောပြီးနောက်၊ ခပ်ထွားကြိုင်းတစ်ဦးက ပြန်လာပြီး မင်းသမီး ကာရိုလိုင်းကို ပြော၏၊ “မင်းသမီးလေး၊ မင်းသမီးလေးနဲ့ မိတ်ဆွေတို့တွေ ခဏလောက်စောင့်ပေးနိုင်မလား? ဥက္ကဌရှုကို အခုပဲ ဆက်သွယ်ပြီး ဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဆုံးဖြတ်ပေးပါ့မယ်။”

"ဥက္ကဌရှုကို ဆက်သွယ်လား" မင်းသမီး ကာရိုလိုင်းသည် သူမ၏ မျက်ခုံးများကို တွန့်ချိုးပြီး " Frestech ကုန်သည်ကြီးများ အသင်းရဲ့ အဓိက အခြေစိုက်စခန်းနဲ့ တော်တော် ဝေးသေးတယ် မဟုတ်ဘူးလား။ ငါတို့ အချိန်အကြာကြီး စောင့်စရာမလိုသွားဘူးလား"

“တောင်းပန်ပါတယ်။” အနည်းငယ် ထွားကြိုင်းသော အရာရှိသည် စည်းကမ်းကို ချိုးဖျက်သည့် အရိပ်အယောင် မပြဘဲ ပြုံးပြသည်။

သူ့ရဲ့ ခိုင်မာသည့် ရပ်တည်ချက်ကို ကြည့်ခြင်းအားဖြင့် မင်းသမီး ကာရိုလိုင်းက ဒါကို လက်ခံပြီး မားကွစ္စ် ဆော့သ်ဂိတ်ရဲ့နေရာကို ပြန်သွားရုံသာနိုင်ခဲ့ပါ၏။

"မားကွစ္စ် ဆော့သ်ဂိတ်၊ ကျွန်မအားနာပါတယ် ကျွန်မတို့ဒီမှာခဏစောင့်ရမယ်။ လောလောဆယ်မှာတော့ ဥက္ကဌရှုကို ဆက်သွယ်နေပါတယ်။”

သူတို့က ဥက္ကဌရှုကို ဒီကနေ ဘယ်လို ဆက်သွယ်နိုင်မှာလဲ။ တစ်ယောက်ယောက်ကို ပို့မယ်ဆိုရင် ဘယ်လောက်ကြာလိုက်မလဲ။ မားကွစ္စ် ဆော့သ်ဂိတ်သည် မင်းသမီး ကာရိုလိုင်းနှင့် အလားတူ ပြဿနာကို ရှင်းရှင်းလင်းလင်း တွေးနေခဲ့သည်။

“ဦးလေး ဒိုင်အိုလန် ၊ ကျွန်တော်တို့က ဘာလို့ သူတို့ပြောတာကို နားထောင်ပြီး ဒီမှာစောင့်နေရတာလဲ။ ကျွန်တော်တို့သွားသင့်တယ်။ သူတို့မှာ ကျွန်တော်တို့ကို ဆန့်ကျင်ဖို့ သတ္တိရှိပါ့မလား” ဆီမောရ် ရောက်လာပြီး ဂရုမစိုက်သော ဟန်ဖြင့် ပြောလိုက်သည်။

"ပါးစပ်ပိတ်ထား!" မားကွစ္စ် ဆော့သ်ဂိတ်က သူ့ကို ဒေါသတကြီး အပစ်တင်လိုက်ပေမယ့် တခြား အများကြီး မပြောခဲ့ပါချေ။ နောက်ဆုံးတော့ ဒါက သူ့သူငယ်ချင်းဟောင်းရဲ့သားဖြစ်ပြီး သူ့သားမဟုတ်တဲ့အတွက် သင်ခန်းစာတစ်ခုလောက် မသင်ပြပေးနိုင်ချေ။

အဲဒါကို စဉ်းစားပြီးနောက် သူက ခေါင်းတညိတ်ညိတ်ဖြင့်ဆိုသည် “ကောင်းပြီ၊ ငါတို့က ဧည့်သည်ဆိုတော့ ရှုယီကို ဒီနေရာရဲ့ အရှင်သခင်အဖြစ် လေးစားသင့်တယ်။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာက ဥက္ကဌရှု အကြောင်းကို နက်နက်နဲနဲ နားလည်စေလာနိုင်တယ်။”

မားကွစ္စ် ဆော့သ်ဂိတ်၏နှုတ်ခမ်းထောင့်တွင် အပြုံးပေါ်လာသည်ကိုမြင်လျှင် မင်းသမီး ကာရိုလိုင်းသည် သူမ၏နှလုံးသားထဲတွင် အနည်းငယ်အေးစက်သွားသလို ခံစားလိုက်ရသည်။

ရှုယီသည် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကို နယ်မြေကြီးတစ်ခွင်တွင် ဖြန့်ကျက်ချင်နေသောကြောင့် ကန်ဒရာအင်ပါယာနှင့် မားလိုအင်ပါယာသည် နယ်မြေကြီး၏ အင်ပါယာနှစ်ခုတွင် အကြီးမားဆုံးဖြစ်သည်။

ကန်ဒရာအင်ပါယာရှိ Frestech ကုန်သည်ကြီးများအသင်း၏တိုးတက်မှုသည် မည်သည့်အခါမျှ ချောမွေ့ခြင်းမရှိခဲ့ဘဲ ယခုအခါ ၎င်းတို့သည် မားလိုအင်ပါယာ၏ မားကွစ္စ် ဆော့သ်ဂိတ်နှင့် အဆက်အသွယ်အချို့ရှိခဲ့ပြီး၊ ၎င်းတို့သည် ၎င်းတို့၏ထုတ်ကုန်များကို ယူဆောင်လာရန် အခွင့်အရေးရှိခဲ့သည်။

အကယ်၍ ရှုယီသည် ဤကိစ္စကို ကောင်းစွာမကိုင်တွယ်ဘဲ မားကွစ္စ် ဆော့သ်ဂိတ် ကို မပျော်မရွှင်ဖြစ်စေပါက Frestech ကုန်သည်ကြီးများအသင်းသည် မားကွစ္စ် ဆော့သ်ဂိတ် ၏ အကဲဖြတ်မှုမှာ ပြောင်းလဲသွားမည့် အခွင့်အလမ်းများစွာရှိသည်။ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များ မားလိုအင်ပါယာသို့ဝင်ရောက်ခြင်းအတွက်အတားအဆီးဖြစ်လာလိမ့်မည်။

"ရှုယီ ရှင် ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားရမယ်။"

မှော်ဆလွန်းတွင် အေးအေးဆေးဆေး ထိုင်စောင့်နေသော မားကွစ္စ် ဆော့သ်ဂိတ်ကိုကြည့်ပြီး စိတ်မရှည်သော ဆီမောရ် ကိုကြည့်ကာ မင်းသမီး ကာရိုလိုင်းသည် သူမ၏ နှလုံးသားထဲတွင် မတတ်သာစွာ ဆုတောင်းလိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၂၇။ ရှုယီ၏ ဆုံးဖြတ်ချက်

၎င်းတို့သုံးဦးသား စောင့်ရသည်က မကြာလိုက်ပေ။

မိနစ်များစွာ ကြာပြီးနောက် အနည်းငယ်ပိန်ပါးသည့် ရုံးဝန်ထမ်းတစ်ဦးက လက်ထဲ၌ ပလက်စတစ်နှင့် သတ္တုသေတ္တာငယ်လေးတစ်ခုကိုင်ကာ ရောက်လာပြီး မင်းသမီးလေးကာရိုလိုင်းထံ လွှဲပေးလေသည်။

"မင်းသမီးလေး ဥက္ကဌက မင်းသမီးလေးနဲ့ စကားပြောချင်နေပါတယ်။"

မင်းသမီး ကာရိုလိုင်းသည် ရဲအရာရှိ၏လက်ထဲရှိ ပလတ်စတစ်နှင့် သတ္တုပစ္စည်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ယူပြီးမှ မျက်ခုံးအနည်းငယ်တွန့်ကာ ပြောလိုက်၏၊ "မင်္ဂလာပါ ဥက္ကဌ ရှု၊ ဒီ မှော်ဆက်သွယ်ရေးကိရိယာကနေ ပြောနိုင်တယ်ဆိုတော့ ရှင်ဒီကနေ မဝေးလောက်ပါဘူး။ မြန်မြန်လာပြီး ဂရုစိုက်လိုက်တော့ ဧည့်သည်နှစ်ယောက်က စိတ်မရှည်တော့ဘူး။”

မားကွစ္စ် ဆော့သ်ဂိတ် နှင့် ဆီမောရ်တို့သည် မင်းသမီး ကာရိုလိုင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။

ဘူးသေးသေးလေးမှာ သူမ ဘာအတွက် ပြောနေတာလဲ။ ဥက္ကဌရှုက သေတ္တာထဲက ခုန်ထွက်လာနိုင်လို့လား။

ထို့နောက်တွင်တော့ သေးငယ်သော သေတ္တာလေးမှ အလွန်တည်ငြိမ်သော အားကောင်းပြီး အနည်းငယ်နိမ့်သော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။

"ဟေး ကာရိုလိုင်း ခင်ဗျားမှားတယ်။ ကျုပ် အခု ခင်ဗျားနဲ့ ကီလိုမီတာ ခုနစ်ဆယ်ကျော် ဝေးတယ်။"

မင်းသမီး ကာရိုလိုင်းသည် အံ့အားသင့်သွားပြီး “ကီလိုမီတာ ခုနစ်ဆယ်? ဒါက ဘယ်လိုဖြစ်နိုင်မလဲ။ ရှင့်ရဲ့ မှော်ဆက်သွယ်ရေးကိရိယာတွေရဲ့ အဝေးဆုံး အကွာအဝေးက ငါးကီလိုမီတာပဲ မဟုတ်ဘူးလား။"

သေတ္တာသေးသေးလေးမှ စူးရှသောရယ်မောသံတစ်ခုထွက်ပေါ်လာသည်။

“ဟားဟား၊ ဒါက ကျုပ်တို့ရဲ့ နောက်ဆုံးပေါ်နည်းပညာလေ၊ ဒါဟာ မှော်ဆက်သွယ်ရေးကိရိယာတွေရဲ့ လွှမ်းခြုံမှုကို ဝေးဝေးထိ ချဲ့ထွင်နိုင်တယ်။ အခုအချိန်မှာ စတက်တိန်းနယ်မြေတစ်ခုလုံးကို မဖုံးကွယ်နိုင်သေးပေမယ့် ခင်ဗျားရှိတဲ့နေရာကိုရောက်ဖို့အတွက် ပြဿနာမရှိပါဘူး။”

"ဒါက အံ့သြစရာပဲ?" မင်းသမီး ကာရိုလိုင်းသည် ရုတ်တရက် အသံမထွက်မီ တစ်စုံတစ်ခုကို တီးတိုးပြောရန် မှော်ဆက်သွယ်ရေးကိရိယာကို နားသို့ ထောက်လိုက်ကာ၊ “ကောင်းပြီ၊ ရှင့်ရဲ့လုပ်ငန်းစုက အမြဲတမ်း အံ့သြစရာကောင်းတဲ့ အရာတွေကို လုပ်တယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမယ့် အဲဒါက အခု အရေးမကြီးဘူး။ အရေးကြီးတာက ဒီကကိစ္စကို သေချာဂရုစိုက်ဖို့ပဲ။”

ရှုယီ၏ အသံတိုးတိုးထွက်မလာမီ မှော်ဆက်သွယ်ရေးကိရိယာမှာ အနည်းငယ် တိတ်ဆိတ်သွားခဲ့သည်။

“ကယ်ရိုလိုင်း၊ သူတို့က ခင်ဗျားခေါ်လာတဲ့ ဧည့်သည်တွေဆိုပေမယ့် ဥပဒေတွေက ဥပဒေတွေပဲ။ ဥပဒေတွေကို ဖောက်ဖျက်ပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်စေတဲ့အတွက်ကြောင့်မို့လို့ ဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး အဲဒါတွေကို ပြင်လို့မရဘူး။”

မင်းသမီး ကာရိုလိုင်းသည် ရှုယီ၏အဖြေကြောင့် အံ့သြသွားသည်။ မနီးမဝေးမှာ ရပ်နေတဲ့ မားကွစ္စ် ဆော့သ်ဂိတ် နဲ့ ဆီမောရ်ကို ကြည့်ပြီး သူမ အသံကို လျှော့ပြီး စိုးရိမ်တကြီးနဲ့ ပြောလိုက်သည်။"ရှုယီ ရှင် ရူးနေတာလား။ ဒီဧည့်သည်နှစ်ယောက် ဘယ်ကလာလဲ သိလား။ မားလိုအင်ပါယာက အရှင်မားကွစ္စ် ပဲ။ မားလိုအင်ပါယာဆီကို Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်တွေ အမြဲတမ်း ဖြန့်ချင်နေတာလာမဟုတ်ဘူးလား။ ဒီမားကွစ္စ် ဆော့သ်ဂိတ်က ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကို အရမ်းစိတ်ဝင်စားနေတာ၊ဒါက အခွင့်အရေးကောင်းတစ်ခုပဲ။ ရှင် သူ့ကို ဘယ်လို စော်ကားပြီး ဒီအခွင့်အရေးကို လက်လွတ်ပစ်မှာလဲ!"

"မားလိုအင်ပါယာ? မားကွစ္စ် ဆော့သ်ဂိတ်?" ရှုယီ၏အသံမှာ ဖုံးကွယ်၍မရလောက်စွာ အံ့အားသင့်နေပုံပေါ်သည် "ဒါက တကယ်ကို အံ့သြစရာပဲ၊ အထူးဧည့်သည်နှစ်ယောက်ကို ခေါ်လာတယ်လို့ ခင်ဗျားပြောခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူး......"

"ခုရှင်သိပြီလား? ဒါဆို ဘာလို့ ဒီအခြေအနေကို သေသေချာချာ ဂရုမစိုက်တာလဲ။ ကျွန်မပြောပြပါရစေ၊ ပြဿနာဖြစ်ရတဲ့သူက မားကွစ္စ် ဆော့သ်ဂိတ်ရဲ့သူငယ်ချင်းဟောင်းရဲ့သားပဲ။ သူ့သူငယ်ချင်းဟောင်းကလည်း မားလိုအင်ပါယာမှာ ရာထူးကြီးတယ်။ ရှင်က ဉာဏ်ကောင်းတယ်လေ၊ ဒါကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ပြောပြဖို့ လိုသေးလို့လား။"

ရှုယီ၏အသံသည် ထူးဆန်းသောသံ ထွက်မလာမီ မှော်ဆက်သွယ်ရေးကိရိယာမှာ ပို၍တိတ်ဆိတ်သွားသည်။

"ကောင်းပြီ ကာရိုလိုင်း၊ ဒီ မှော်ဆက်သွယ်ရေးကိရိယာကို မားကွစ္စ် ဆော့သ်ဂိတ်ကို ပေးလိုက်ပြီး သူ့ကို စကားပြောခွင့်ပြုလိုက်ပါ။"

“အင်း” မင်းသမီး ကာရိုလိုင်းသည် မားကွစ္စ် ဆော့သ်ဂိတ် ထံသို့လှည့်၍ မှော်ဆက်သွယ်ရေးကိရိယာကို လွှဲပြောင်းပေးလိုက်သည် "သခင် မားကွစ္စ်၊ ဥက္ကဌရှုက ရှင်နဲ့ စကားပြောချင်နေတယ်"

"အိုး?" မားကွစ္စ် ဆော့သ်ဂိတ်သည် စိတ်ဝင်တစားဖြင့် မှော်ဆက်သွယ်ရေးကိရိယာလေးကိုကြည့်ကာ "ဒါကဘာလဲ။ ဥက္ကဌ ရှုနဲ့ စကားပြောနိုင်တာလား"

“ဒါက မှော်ဆက်သွယ်ရေးကိရိယာလို့ခေါ်တဲ့ ကျုပ်တို့ Frestechကုန်သည်ကြီးများအသင်းရဲ့ ပထမမျိုးဆက် ဆက်သွယ်ရေးမှော်စက်ပါ၊ ဒါပေမယ့် ခင်ဗျားလက်ထဲမှာ ကိုင်ထားလို့ရနိုင်တဲ့ မှော်ဆက်သွယ်ရေးကိရိယာဖြစ်လို့ ဆဲလ်ဖုန်းလို့လည်း ခေါ်နိုင်ပါတယ်။” ရှုယီ၏ အသံသည် မှော်ဆက်သွယ်ရေးကိရိယာထံမှ ထွက်လာသည်၊ "မားကွစ္စ် ဆော့သ်ဂိတ်၊ မင်္ဂလာပါ၊ ကျုပ်က Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ရှုပါ။ ခင်ဗျားနဲ့ ပထမဆုံးအကြိမ်တွေ့ရတာ.... အိုး.. မဟုတ်ပါဘူး၊ ခင်ဗျားနဲ့ ပထမဆုံးအကြိမ် စကားပြောခွင့်ရတာကို ဂုဏ်ယူမိပါတယ်"

မားကွစ္စ် ဆော့သ်ဂိတ်သည် မင်းသမီး ကာရိုလိုင်း၏လက်မှ ဂရုတစိုက်မယူလိုက်မီ အံ့အားသင့်စွာဖြင့် အသံထွက်နေသည့် မှော်ဆက်သွယ်ရေးကိရိယာကို ကြည့်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ တည်ငြိမ်စေကာ ချောင်းဟန့်လိုက်ပြီး ပြော၏"အယ်.....ဥက္ကဌ ရှု? မင်္ဂလာပါ၊ ကျုပ်က မားကွစ္စ် ဒိုင်အိုလန် ဆော့သ်ဂိတ် ပါ။ ခင်ဗျားနဲ့ ပထမဆုံးအကြိမ် စကားပြောဖြစ်တာ အရမ်းဂုဏ်ယူမိပါတယ်။"

"ဟား ဟား သခင် မားကွစ္စ်၊ ဒီနည်းလမ်းနဲ့ ပထမဆုံးအကြိမ် ပြောနေတာဆို‌တော့၊ ဒါကို သိပ်သုံးမတတ်ဘူး မဟုတ်လား" ရှုယီက မေးသည်။

"ကျုပ်က ဒါကို သိပ်မသုံးတတ်ဘူးဗျ။" မားကွစ္စ် ဆော့သ်ဂိတ်က ဆိုသည် “ဒါပေမယ့် ဒီနည်းလမ်းက အရမ်းဆန်းသစ်ပြီး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ကျုပ် ခံစားရတယ်။ ပြီးတော့ မင်းသမီးလေး ကာရိုလိုင်းနဲ့ ခင်ဗျားရဲ့ စကားပြောသံကို ကျုပ်ကြားခဲ့ရတယ်။ ခင်ဗျားက ဒီကနေ ကီလိုမီတာ ခုနစ်ဆယ်ကျော် ဝေးတယ်ဆို‌ပေမယ့် ကျုပ်တို့က ဒီလိုမျိုး စကားပြောနေကြတုန်းပဲ၊ ဒါက တကယ်ကို မယုံနိုင်စရာကောင်းလွန်းတယ်။”

"သခင် မားကွစ္စ်၊ ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းအကြောင်း ခင်ဗျား ပိုသိရင် အံ့အားသင့်စေမှာက မှော်ဆက်သွယ်ရေးကိရိယာတွေတင်မကတာကို တွေ့ရမှာပါ။"

“ဒါကို လေးလေးနက်နက် ယုံကြည်ပါတယ်။” မားကွစ္စ် ဆော့သ်ဂိတ်က ခပ်ဖျော့ဖျော့ပြုံးကာ ဆိုသည် "မင်းသမီး ကာရိုလိုင်းနဲ့ ဒီကို လာရတဲ့ အကြောင်းရင်းက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ထူးဆန်းတဲ့ အရာတွေ အများကြီးကို ကျုပ် မတော်တဆ တွေ့လိုက်ရလို့ပါပဲ။ ဒါနဲ့ပဲ ခင်ဗျားနဲ့ စကားနည်းနည်းပြောဖို့ ဒီကိုလာခဲ့တာ။"

"အိုး? ဒါဆို ဒါက ကျုပ်နဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် ဂုဏ်ယူစရာပါပဲဖြစ်သည်။ ဥက္ကဌအနေနဲ့ ကျုပ်က Frestech ကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုပြီး နွေးထွေးစွာ ကြိုဆိုပါတယ်။"

မားကွစ္စ် ဆော့သ်ဂိတ်က ပြုံးပြသည်။ သူက မင်းသမီး ကာရိုလိုင်းကို ကြည့်ပြီး မမေးခင် ခဏရပ်လိုက်၏ "ကောင်းပါပြီ၊ ဥက္ကဌ ရှု၊ ဒီစကားပြောနည်းက အရမ်းဆန်းသစ်ပေမယ့်၊ သင့်လျော်တဲ့ ဖလှယ်မှုတစ်ခုရနိုင်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်။ အဲဒါနဲ့ ယှဉ်ရင် မျက်နှာချင်းဆိုင် ဆုံနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်လိုထင်ပါလဲ?"

"ဟုတ်ပါတယ် ကျုပ်လည်း ဒါကို လိုချင်တာပါ။" ရှုယီကဆိုသည် "သခင် မားကွစ္စ်၊ ကျုပ်မင်းကို ကြိုဆိုဖို့ အသင့်ပြင်ထားပြီးသားပါ၊ ခင်ဗျားက အချိန်မရွေး ဧည့်သည်အဖြစ် လာနိုင်ပါတယ်"

"ကျုပ်လည်း ဧည့်သည်ဖြစ်ချင်ပါတယ်၊ ဒါပေမယ့် ဥက္ကဌ ရှု..... ဒီမှာ ပြဿနာတစ်ခုရှိတယ်။ လောကကို သိပ်မကြုံဖူးတဲ့ ကျုပ်တူလေးက နည်းနည်း ပြဿနာရှာထားတော့ ကောင်းကောင်းမစီမံရင် လာတွေ့နိုင်မှာ မဟုတ်ဘူးလို့ ကျုပ်ထင်တယ်”

မားကွစ္စ် ဆော့သ်ဂိတ်၏ လေသံတွင် နက်နဲသော အဓိပ္ပါယ်ကို ကြားလိုက်ရသောအခါ မင်းသမီး ကာရိုလိုင်း၏နှလုံးသားသည် မနေနိုင်စွာ တင်းကြပ်လာသည်။

ဒါဟာ ရှုယီကို ပြသလိုစိတ်ရှိ၊ မရှိ သိနိုင်ဖို့ ရိုးသားမှုပြဖို့ အခွင့်အရေးပေးနေခြင်းဖြစ်ကြောင်း ထင်ရှားပါ၏။

ဤကိစ္စကို အခြားကုန်သည်တစ်ဦးထံ အပ်နှံပါက မင်းသမီး ကာရိုလိုင်းသည် တစ်ဖက်မှ မားကွစ္စ် ဆော့သ်ဂိတ်အား ကျေနပ်ဖွယ်အဆုံးသတ်နှင့် နှစ်ဖက်စလုံးအတွက် အာမခံချက်ပေးမည်ဖြစ်သောကြောင့် မင်းသမီး ကာရိုလိုင်းသည် စိုးရိမ်မည်မဟုတ်ပါ။

ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ၊ မင်းသမီး ကာရိုလိုင်းက ဒုက္ခလို့ မယူဆသင့်တဲ့ ကိစ္စရပ်ကို ရှုယီပေါ် တင်လိုက်တဲ့အခါ မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်သွားလိမ့်မယ် လို့ ခံစားလိုက်ရသည်။

ရှုယီ၏ ချီတုံချတုံအသံထွက်မလာမီ မှော်ဆက်သွယ်ရေးကိရိယာသည် စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားသည်။

"သခင် မားကွစ္စ် . . . . . . . တကယ် . . . . .အားနာပါတယ် . . . . . . "

ဒါကိုကြားတော့ မင်းသမီး ကာရိုလိုင်းက ခါးသီးတဲ့ အပြုံးကို ထုတ်ဖော်လိုက်ပါ၏။

ဒီလူက တခြားလူတွေနှင့် မတူပေ။

"ခင်ဗျားနဲ့ ခင်‌ဗျားတူလေးက မင်းသမီး ကာရိုလိုင်းရဲ့ ဧည့်သည်တွေ ဖြစ်နေရင်တောင် ဥပဒေတွေက ဥပဒေတွေပဲလေ။ ခင်ဗျားရဲ့တူလေးက ဥပဒေကို ချိုးဖောက်ပြီး ကြီးလေးတဲ့ နစ်နာမှုတွေ ဖြစ်စေခဲ့တယ်၊ ဥပဒေနှင့်အညီ အရေးယူခြင်းရဲ့ အကျိုးဆက်ကို ခံယူရမှာပါပဲ။ သူ့အပြစ်တွေကနေ လွတ်မြောက်ဖို့ ကျုပ်တောင်မကူညီနိုင်ဘူး"

ဒါကိုကြားတော့ ဘေးက ဆီမောရ်က မျက်မှောင်ကုပ်လိုက်သည်။

အကယ်၍ ၎င်းမှော်ဆက်သွယ်ရေးကိရိယာကိုကိုင်ဆောင်ထားသည်မှာ မားကွစ္စ် ဆော့သ်ဂိတ် ဖြစ်နေခြင်းမဟုတ်ပါက၊ ၎င်းကိုသွားယူပြီး ဒေါသတကြီးကျိန်ဆဲမိလိမ့်မည်။

ဒီလိုမိုက်ရိုင်းလွန်းတဲ့ ရှုယီ၊ သူကတော့ လုပ်ငန်းသေးသေးလေးက ဥက္ကဌတစ်ယောက်သာဖြစ်ပြီး၊ သူ့ဦးလေး ဒိုင်အိုလန်ကို မျက်နှာမလွှဲဝံ့အောင် ငြင်းဆန်ရဲတယ်ပေါ့။

မားကွစ္စ် ဆော့သ်ဂိတ် က ထူးဆန်းနေဟန်ဖြင့် "ဥက္ကဌ ရှု၊ ဆိုလိုချင်တာက ..... ခင်ဗျားအနေနဲ့ ကျုပ်ရဲ့တူကို အခွင့်အရေးမပေးဘဲ ငြိမ်းချမ်းရေး အရာရှိတွေဆီ ခေါ်သွားခိုင်းမှာပေါ့" ဟု ဆိုလိုက်သည်

"တောင်းပန်ပါတယ် အရှင်မားကွစ္စ်။ ဥပဒေတွေက ပြဌာန်းထားတာမို့ အတိအကျလိုက်နာရပါမယ်။ အဲဒါတွေကို ချိုးဖျက်တဲ့သူတိုင်းဟာ ခြွင်းချက်မထားဘဲ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရမှာပါ။”

“ဒါပေမယ့် ခင်ဗျားဒီလိုလုပ်ဖို့ အခိုင်အမာဖြစ်နေတယ်ဆိုရင် ကျုပ်စိတ်ပျက်နေတယ်ဆိုတာကိုပဲ ဖော်ပြနိုင်တယ်။ ဥက္ကဌရှုနဲ့ ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောနိုင်မယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ မဖြစ်နိုင်တော့ဘူးလို့ ထင်ရပါတယ်။”

မင်းသမီး ကာရိုလိုင်းအား မားကွစ္စ် ဆော့သ်ဂိတ်၏စကားများသည် တိုက်ရိုက်ခြိမ်းခြောက်မှုဟု ထင်ရသည်။

ဘယ်လိုပဲကြည့်ကြည့်၊ နယ်မြေကြီးတွင် မားလိုအင်ပါယာသည် ကျော်ကြားမှုမရှိသည့် လုပ်ငန်းစုငယ်ဖြစ်သည့် Frestech ကုန်သည်ကြီးများအသင်းနှင့် နှိုင်းယှဉ်လျှင် ဧရာမတိုင်းပြည်အဖြစ် သတ်မှတ်ခံရသည်။

Frestech ကုန်သည်ကြီးများအသင်း၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်လျှင် ယင်းသည် ရှားပါးသောအခွင့်အရေးတစ်ခုဖြစ်သည်။

ယခုတွင် ရှုယီသည် ဆီမောရ် အတွက် ပြဿနာရှာနေပါက သူထွက်ခွာရန် အလားအလာ အလွန်ကောင်းကြောင်း မားကွစ္စ် ဆော့သ်ဂိတ် က ထုတ်ဖော်ပြောဆိုခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းသည် ဤအခွင့်အရေးကို ဆုံးရှုံးနိုင်သည်။

ရှုယီသက်ပြင်းမချခင် မှော်ဆက်သွယ်ရေးကိရိယာက အနည်းငယ်ကြာအောင် ငြိမ်သက်သွားခဲ့သည်။

"သခင် မားကွစ္စ်၊ ဒါကို ခင်ဗျားဆုံးဖြတ်ပြီးရင် နောင်တရတယ်လို့ပဲ ကျုပ်ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျုပ်ဆီလာလည်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ ခင်ဗျားရဲ့တူလေးက ဥပဒေကို ချိုးဖောက်တဲ့အတွက် စုံစမ်းစစ်ဆေးခံမယ်လို့ မင်းကို သတိပေးပါရစေ။"

"အေ့? ဟာသပဲ!" ဆီမောရ်သည် သူ့မျက်နှာတွင် ဒေါသနှင့် မယုံကြည်မှုများဖြင့် ပြည့်နှက်နေသဖြင့် ဤအရာကို မနေနိုင်စွာ ပြောလိုက်သည်။

တစ်ခုခုမှားနေတာလား?

သူ့ဦးလေး ဒိုင်အိုလန်က သူ့ဆီကနေ မေတ္တာရပ်ခံချင်နေသည်ကို၊ ဒီ ရှုယီက ချက်ချင်း သဘောမတူရင် အဆင်ပြေသေးသော်လည်း သူ့ဦးလေး ဒိုင်အိုလန်အား သူ့ကို ပြဿနာရှာမည်ဟုပါ တကယ်ပြောနေသည်လား။

အသက်ရှင်ရတာ ပင်ပန်းနေလို့လား?

မားကွစ္စ် ဆော့သ်ဂိတ်သည် ရှုယီ၏အဖြေကြောင့် အနည်းငယ် အံ့သြသွားခဲ့သည်။

"ဥက္ကဌ ရှု၊ ခင်ဗျားဆိုလိုတာက ကျုပ်တူကို ဒုက္ခပေးမယ်လို့လား"

"တောင်းပန်ပါတယ်၊ ဒါက ကျုပ်ရဲ့ နိယာမပါ။"

"ဥက္ကဌ ရှု၊ ကျုပ်တူနဲ့အတူ မထွက်လာခင်မှာ ကျုပ်သူငယ်ချင်းဟောင်းက သူ့ကို ဂရုစိုက်ပေးဖို့ တောင်းဆိုခဲ့တာကို သတိပေးရမယ်။ သူတစ်ခုခုဖြစ်သွားရင်၊ ကျုပ်သူငယ်ချင်းဟောင်းကို တွေ့ဖို့ မျက်နှာရှိမှာမဟုတ်ဘူး။ ခင်ဗျား သူ့ကို ဒုက္ခပေးခိုင်းရင် ကျုပ် မတတ်နိုင်တော့ဘူး။"

"သခင် မားကွစ္စ်၊ ကျုပ်က ခင်ဗျားနဲ့ ခင်ဗျားရဲ့သူငယ်ချင်းဟောင်းကို စော်ကားဖို့ မရည်ရွယ်ပါဘူး။ ခင်ဗျားရဲ့တူလေးအနေနဲ့ ငြိမ်းချမ်းရေး အရာရှိတွေနဲ့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းပါဝင်စေချင်တာ သက်သက်ပါပဲ။ သူနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သူ့အတွက် ကောင်းမွန်တဲ့ အဆုံးသတ်တစ်ခု ဖြစ်လာမှာဖြစ်ပြီး ပြင်းထန်တဲ့ အပြစ်ပေးခံရမှာ မဟုတ်ဘူးလို့ ကျုပ် ယုံကြည်ပါတယ်။”

မားကွစ္စ် ဆော့သ်ဂိတ် ၏အမူအရာမှာ ပျက်သွားကာ"ဥက္ကဌ ရှု၊ ခင်ဗျားက ဒါကိုလုပ်မှဖြစ်မှာလား။"

မှော်ဆက်သွယ်ရေးကိရိယာမှ ရှုယီ၏ နူးညံ့သောအသက်ရှူသံထွက်လာပြီးနောက် တည်တည်ငြိမ်ငြိမ်ဆိုလာသည်။

"ဟုတ်ပါတယ် သခင် မားကွစ္စ်၊ ကျုပ် ဒါကိုလုပ်မှဖြစ်မှာပါ"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၂၈။ ထူးထူးဆန်းဆန်းလူနှစ်ဦး

"အရမ်းကောင်းတယ် ကျုပ်တို့ စကားဝိုင်းက အခု ဒီမှာပြီးပြီလို့ထင်တယ်။"

မားကွစ္စ် ဆော့သ်ဂိတ်က မှော်ဆက်သွယ်ရေးကိရိယာကို မင်းသမီးလေးကာရိုလိုင်းထံ ပြန်လွှဲပေးလိုက်သည်။

မင်းသမီးလေး ကာရိုလိုင်းလည်း ရှုယီကို စကားအနည်းငယ်ပြောကာ ဖြောင်းဖျချင်သော်ငြား မှော်ဆက်သွယ်ရေးကိရိယာထပ်ရှိ အစိမ်းရောင်အလင်းက ပျောက်ကွယ်သွားသည်ကို တွေ့ရသဖြင့် ခါးသက်သက်သာပြုံးလိုက်၏။

ကြည့်ရသည်မှာ ရှုယီက ဤတစ်ကြိမ်၌ သူ၏ရပ်တည်ချက်ကို ပြန်ရုတ်သိမ်းခြင်းမပြုလောက်ပေ။

"ဦးလေး ဒိုင်အိုလန်! ပြန်ကြရအောင်! ရှုယီနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဒီသဘောထားနဲ့ တကယ်ဆက်ဆံရဲတယ်။ ဒါက စတက်တိန်းနယ်မြေ ဖြစ်တာတော်သေးတယ်၊ ဒါက ကျွန်တော်တို့ရဲ့ မားလိုအင်ပါယာဖြစ်ခဲ့ရင် သူ့ကို ကြည့်လို့ကောင်းတဲ့အရာတစ်ခုကို ချက်ချင်းပေးလိုက်မှာ။"

မားကွစ္စ် ဆော့သ်ဂိတ် သည် ဆီမောရ် ကို မျက်လုံးမှေးကာကြည့်လိုက်သော်လည်း မင်းသမီး ကာရိုလိုင်း ဘက်သို့ ပြန်လှည့်ကာ ဘာမှ မပြောပေ။

"မင်းသမီးလေး"

"အမ်? သ.....သခင် မားကွစ္စ်၊ ရှင်......" မင်းသမီး ကာရိုလိုင်းက ဘာပြောရမှန်းမသိဘဲ ပါးစပ်ဟလိုက်သည်။

ရှုယီသည် ယခုတစ်ကြိမ် မားလိုအင်ပါယာနှင့် ပူးပေါင်းရန် ၎င်း၏အခွင့်အရေးကို ဖျက်ဆီးခဲ့ကြောင်း သူမ သိသည်။

အကျိုးအမြတ်ရလာသောအခါ၊ ရှုယီလုပ်ရပ်များသည် မိုက်မဲလွန်းလှသည်။

သို့ပေမယ့် ကိုယ်ရေးကိုယ်တာအမြင်အရဆိုရင်တော့ မင်းသမီး ကာရိုလိုင်းက ရှုယီဟာ အခုမှ ချစ်စရာကောင်းလွန်းတယ်လို့ ခံစားရသည်။

ဒီလို ဆန့်ကျင်ဘက် ခံစားချက်မျိုးက သူမကို ခါးသီးသည့် အပြုံးကို ထုတ်ဖော်စေပြီး သူမရဲ့ နှလုံးသားထဲက ခံစားချက်တွေကို ဘယ်လို ဖော်ပြရမှန်းမသိ ဖြစ်နေစေသည်။

“မင်းသမီးလေး၊ ထွက်ကြတာပေါ့။ ဥက္ကဌရှုက ကျုပ်တို့ကို စောင့်မျှော်နေလောက်ပြီ။”

"အိုး.....အမ်?" မင်းသမီး ကာရိုလိုင်း သည် အံ့အားသင့်စွာ မျက်လုံးပြူးသွားကာ “သခင် မားကွစ္စ်၊ ရှင်.....ရှင် ဥက္ကဌရှုကို သွားတွေ့ဦးမလို့လား။"

"ဘာလို့မတွေ့ရမှာလဲ?" မားကွစ္စ် ဆော့သ်ဂိတ် က မင်းသမီး ကာရိုလိုင်း ကို စူးစူးရှရှ အကြည့်ဖြင့် ကြည့်ကာ "ဒါက အစီအစဉ်မဟုတ်ဘူးလား"

"ဒါပေမယ့်......ဒါပေမယ့်......" မင်းသမီး ကာရိုလိုင်းက အံ့သြသည့်ဟန်ဖြင့် ဆိုသည် "ဗစ်ကောင့်ထ် ဆီမောရ် ကိစ္စက......"

"ဆီမောရ်?" မားကွစ္စ် ဆော့သ်ဂိတ် က ဆီမောရ်ကို လှည့်ကြည့်လိုက်တော့ သူ့မျက်နှာပေါ်က အပြုံးများက အလွန်နက်နဲလာပါသည်။ မားကွစ္စ် ဆော့သ်ဂိတ်က လိုက်လျောမှုမပေးဘူးဆိုသည့် လေသံဖြင့်ပြော၏၊ “ဆီမောရ်၊ မင်းက ဒီငြိမ်းချမ်းရေးအရာရှိနှစ်ဦးနဲ့ လိုက်သွားပြီး သူတို့နဲ့အတူ စုံစမ်းစစ်ဆေးမှုများမှာ ညှိနှိုင်းဆောင်ရွက်မယ်။ သူတို့နဲ့ ကောင်းကောင်းအလုပ်လုပ်ရမယ်ဆိုတာ သတိပေးပါရစေ။ မင်းသာ ဒီထက်ပိုပြီး ဒုက္ခပေးဝံ့ရင် မင်းအဖေအတွက် မင်းကို ဆုံးမဖို့ ငါစိတ်ထဲထားမှာမဟုတ်ဘူး"

မားကွစ္စ် ဆော့သ်ဂိတ်၏လေသံသည် ဤမျှတင်းကျပ်သောအသံမဟုတ်သော်လည်း ဆီမောရ်သည် မနေနိုင်အောင် တုန်လှုပ်သွားသည်။

ဒီတစ်ခါ သူ့ဦးလေး ဒိုင်အိုလန်က လေးနက်နေမှန်း သူသိသည်။

ထို့ကြောင့် ငြိမ်းချမ်းရေး အရာရှိ နှစ်ယောက်ထံ လျှောက်လာရင်း ငြင်းဆန်ရန် စိတ်ကူး မရှိတော့ပေ။

မားကွစ္စ် ဆော့သ်ဂိတ်က အံ့အားသင့်သွားသော ငြိမ်းချမ်းရေးအရာရှိနှစ်ဦးကို ပြုံးပြုံးကြီးကြည့်ကာ ပြောလိုက်သည် "အရာရှိနှစ်ယောက်၊ ခက်ခဲသွားရပြီ။ ကျုပ်တူလေးကို သည်းခံပေးပါ။ တစ်ခုခုလိုအပ်ရင် Frestech ကုန်သည်ကြီးများအသင်းကတစ်ဆင့် ကျုပ်ကို ဒါမှမဟုတ် မင်းသမီးလေး ကာရိုလိုင်းကို ဆက်သွယ်နိုင်ပါတယ်။"

ဒီလိုပြောပြီးတာနဲ့ သူဟာ မှော်ဆလွန်းထဲမှာ ပြန်ထိုင်လိုက်သည်။ ဆီမောရ်အတွက် တစ်ချက်မျှ မနှမြောဘဲ မင်းသမီး ကာရိုလိုင်းထံသို့ လက်ဝှေ့ယမ်းပြလိုက်သည်။

"မင်းသမီးလေး သွားကြတာပေါ့။"

မင်းသမီးလေး ကာရိုလိုင်းသည် မားကွစ္စ်ဆော့သ်ဂိတ်ဘက်သို့ ပြန်မလှည့်မီ ထူးဆန်းသော အကြည့်ဖြင့် ဆီမောရ် ကို ကြည့်နေခဲ့သည်။ သူမဘာမှပြန်မပြောဘဲ မှော်ဆလွန်းထဲမှာပဲ ပြန်ထိုင်လိုက်ပါ၏။

ခဏအကြာတွင် မှော်ဆလွန်းခုနစ်စီးပါ မော်တော်ယာဉ်တန်းသည် ထွက်ခွာလာပြီး လမ်းတစ်လျှောက် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

တစ်နာရီအကြာတွင် မော်တော်ယာဉ်တန်းသည် ပင်လယ်ကမ်းစပ်ရှိ ရှုယီ၏ ကိုယ်ပိုင်အိမ်သို့ ရောက်ရှိလာသည်။

အဝေးက တံခါးဝမှာ ရပ်နေသည့် ရှုယီကို လှမ်းကြည့်လိုက်ရင်း မင်းသမီးလေး ကာရိုလိုင်းမှာ အနည်းငယ် အံ့သြသွားသည်။

ရှုယီ မော်တော်ယာဉ်ရှေ့ ဘယ်လိုရောက်လာမှန်း သူမ မသိပေမယ့် ဒါက ရှုယီ၏နယ်မြေဖြစ်တဲ့အတွက် သူဒီလိုလုပ်နိုင်ရင် မထူးဆန်းပါချေ။

သူမ အံ့သြမိသည်မှာ ယခုမှပင် မားကွစ္စ် ဆော့သ်ဂိတ် နှင့် စကားစမြည်ပြောခဲ့ရာ ရှုယီ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု အဘယ်ကြောင့် ပေါ်လွင်နေသနည်း။

ယေဘူယျအားဖြင့် ထိုစကားလုံးများသည် ရှုယီနှင့် မားကွစ္စ် ဆော့သ်ဂိတ်တို့၏ ဆက်ဆံရေး ပြိုကွဲမှုကို ပြသခြင်းဖြစ်မည်ကို သိထားရမည်ဖြစ်သည်။ သာမာန်လူတွေက သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဒေါသဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ဂရုမစိုက်တော့ဘူးလို့ ထင်ကြလိမ့်မည်။

သို့ပေမယ့် မားကွစ္စ် ဆော့သ်ဂိတ်ရဲ့တုံ့ပြန်မှုက မင်းသမီး ကာရိုလိုင်းကို အံ့အားသင့်စေရုံသာမက အခု ရှုယီရဲ့ တုံ့ပြန်မှုပါ သူမကို စိတ်ရှုပ်ထွေးစေခဲ့ပါ၏။

ဒီလူနှစ်ယောက် ဘာတွေတွေးနေတာလဲ။

မင်းသမီး ကာရိုလိုင်းသည် မှော်ဆလွန်းမှ ထွက်လာစဉ် စိတ်ရှုပ်ထွေးနေသော်လည်း သူမသည် ပြုံးနေသော ရှုယီနား ရပ်လိုက်ချိန်တွင် တောက်ပသော အပြုံးကိုလည်း ထုတ်ဖော်ခဲ့သည်။

"ဟေး ကာရိုလိုင်း၊ ကျုပ်တို့နောက်ဆုံးတွေ့တာ တစ်နှစ်ခွဲရှိပြီ။ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာတော့ ခင်ဗျားက အရမ်းလှလာလို့ ဒီလိုမြင်ရတာ အရမ်းပျော်မိတယ်။" ရှုယီက ပြုံးကာ ကာရိုလိုင်းဆီသို့ သူ့လက်ကို ကမ်းလိုက်သည်။

မင်းသမီး ကာရိုလိုင်းသည် ရုတ်တရက် ကျီစယ်သလို ပြုံး၍ ရှုယီ၏ ညာလက်ကို ကြည့်လိုက်သည်။ သူမသည် ရှေ့သို့ တိုးလိုက်ပြီး ရှုယီကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ တုံ့ဆိုင်းမနေဘဲ သူ့မျက်နှာကို နမ်းလိုက်သည်။

"ရှုယီ၊ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာပြီ၊ ရှင်က ကျွန်မအပေါ် အရမ်းအေးစက်တော့ နာကျင်မိတယ်။"

မင်းသမီး ကာရိုလိုင်း၏ နှုတ်ခမ်းမှ အပူချိန်ကို ခံစားလိုက်ရသော ရှုယီ၏ အမူအရာမှာ အနည်းငယ် အဆင်မပြေဖြစ်ကာ အကူအညီမဲ့ ဖြစ်သွားသည်။ စဉ်းစားပြီးနောက် သူဟာလည်း မင်းသမီး ကာရိုလိုင်းကို ပွေ့ဖက်ပေးခဲ့ပေမယ့် အနမ်းကို ပြန်မပေးခဲ့ပါချေ။

“ဟေး ကာရိုလိုင်း၊ ဒီမှာ ဧည့်သည်ရှိသေးတယ်”

ရှုယီ ပြောတာကိုကြားတော့ မင်းသမီး ကာရိုလိုင်းက ပြုံးပြီး လွှတ်လိုက်၏။

ရှုယီက သူမကို ဒီမှာ ဧည့်သည်တွေ ရှိတယ်လို့ သတိပေးနေတာ ၊ ဒါက သူမကို ဧည့်သည်တစ်ယောက်လို မဆက်ဆံဘူးလို့ ဆိုလိုတာလား။

"အွန်း၊ ရှုယီ ကျွန်မ မိတ်ဆက်ပေးမယ်။ ဒါက မားကွစ္စ် ဒိုင်အိုလန် ဆော့သ်ဂိတ် ပဲ။ အရှင် မားကွစ္စ်၊ သူက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ရှုပါ။"

ရှုယီနှင့် မားကွစ္စ် ဆော့သ်ဂိတ်၏အကြည့်များသည် လိုက်ဖက်သည်။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် လက်ချင်းဆွဲမနှုတ်ဆက်ခင် နားလည်မှုအပြုံးတွေကို ထုတ်ဖော်ပြသလိုက်ပါ၏။

"သခင် မားကွစ္စ်၊ ကြိုဆိုပါတယ်။"

"ဥက္ကဌ ရှု၊ နောက်ဆုံးတော့ မင်းကိုတွေ့ရတာ အရမ်းဝမ်းသာမိပါတယ်။"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြပြီး ရှုယီက ဆိုလာသည် "သခင် မားကွစ္စ်၊ သတင်းကောင်းတစ်ခု ပြောပြပါရစေ။ ဗစ်ကောင့်ထ် ဆီမောရ်က ငြိမ်းချမ်းရေးအရာရှိတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာကြောင့် သူ့အမှားဖြစ်ကြောင်း ဝန်ခံပြီး လျော်ကြေးပေးဖို့ သဘောတူခဲ့တဲ့အတွက် အများပြည်သူသယ်ယူပို့ဆောင်ရေး မှော်ကားက ခရီးတွေလည်း လက်ခံထားပါပြီ။ ဒါကြောင့် ဥပဒေတွေအရ သူ့ကို ခုနစ်ရက်ကြာအောင် ပိတ်လှောင်ထားရမှာဖြစ်ပြီး တခြားဘာမှ အပြစ်ပေးခံရမှာတော့ မဟုတ်ပါဘူး”

"အိုး? အဲဒါ အရမ်းကောင်းပါတယ်။” မားကွစ္စ် ဆော့သ်ဂိတ်က ဆီမောရ် ရရှိခဲ့တဲ့ ပြစ်ဒဏ်ကို လုံးဝ ဂရုမစိုက်သလို ခေါင်းညိတ်ပြခဲ့၏။ အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် မေးလာသည် ။ "ဥက္ကဌ ရှု၊ ကျုပ် မှော်ကားတွေ အကြောင်းကို နည်းနည်းနားလည်ပါပြီ၊ ဒါပေမယ့် ဒီနေရာမှာ အများသုံးသယ်ယူပို့ဆောင်ရေး မှော်ကားနဲ့ ဘန်တာမြို့မှာမြင်ဖူးတဲ့ အများသူငှာသယ်ယူပို့ဆောင်ရေး မှော်ကားတို့ရဲ့ကွာခြားချက်ကဘာလဲလို့မေးလို့ရမလား။"

“ကျုပ်က ဘန်တာမြို့ အများသုံးသယ်ယူပို့ဆောင်ရေးစနစ်ရဲ့ အဓိကဒီဇိုင်နာဖြစ်တာကြောင့် ကွာခြားမှုသိပ်မရှိပါဘူး။ နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် ဒီနေရာက ကျုပ်တို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်က ပိုပြည့်စုံပါတယ်။ တစ်အချက်က၊ ဘန်တာမြို့က စနစ်မှာကန့်သတ်ချက်များစွာရှိပေမယ့် ဒီနေရာမှာတစ်ခုမှမရှိဘူး။ နှစ်အချက်က၊ ပိုမိုကောင်းမွန်သောခရီးသည်တင် မှော်ကားတွေက ကျုပ်တို့ လုပ်ငန်းစုရဲ့ထုတ်လုပ်မှုအခြေခံနဲ့ ပိုနီးစပ်တာကြောင့်ပဲလေ။"

“အင်း ကျုပ်နားလည်ပါတယ်။ အုတ်မြစ်အနေနဲ့ လမ်းတွေ အလုံအလောက်မရှိရင် ဒီလိုသယ်ယူပို့ဆောင်ရေးစနစ်ကို တည်ဆောက်ဖို့ ခက်မှာလားလို့ မေးလို့ရလား။"

“မှော်ကားတွေက ဒီလမ်းတွေနဲ့ လည်ပတ်ဖို့ ပိုလွယ်ပေမယ့် သူတို့အတွက် မဖြစ်မနေ လိုအပ်တာတော့ မဟုတ်ပါဘူး။ ကျုပ်တို့လုပ်ငန်းစုရဲ့ လက်ရှိခရီးသည်တင် မှော်ကားတွေက သာမန်ဖုန်နှင့် ကျောက်လမ်းတွေပေါ်မှာတောင် သွားလာနိုင်။ ပုံမှန်လမ်းတွေ အလုံအလောက်နဲ့ ခရီးသည်တင် မှော်ကားတွေ အလုံအလောက်ရှိနေသရွေ့ အများသူငှာ သယ်ယူပို့ဆောင်ရေးစနစ်ကို တည်ဆောက်နိုင်မှာပါ။”

"ဒီလိုလား? ဘန်တာမြိုတော်ထက် ဆယ်ဆပိုကြီးတဲ့ အများသူငှာ သယ်ယူပို့ဆောင်ရေးစနစ်ကို ထူထောင်ချင်တယ်ဆိုရင် ဥက္ကဌ ရှုက ဘယ်လောက်ကုန်ကျမယ်ထင်လဲ။”

“မြို့တစ်မြို့ချင်းစီရဲ့ အခြေအနေတွေက မတူတဲ့အတွက် ခန့်မှန်းရခက်တဲ့အတွက် မြို့ကို အရင်ဆုံး စစ်တမ်းကောက်ဖို့ လိုပါတယ်။ ဒါပေမယ့် အကြမ်းဖျင်း ခန့်မှန်းရရင် မြို့ဧရိယာက ဘန်တာမြို့ထက် ဆယ်ဆပိုကြီးတယ်ဆိုတော့ အများသူငှာ သယ်ယူပို့ဆောင်ရေးစနစ်၏ အတိုင်းအတာထက် ဘန်တာမြို့ထက် အဆများစွာ ပိုကြီးရန် လိုအပ်ပါတယ်။”

"ဘာလို့ ဆယ်ဆမဟုတ်မနေတာလဲ"

“မြို့ကြီးလေလေ၊ ပိုရှုပ်ထွေးလေမို့ ဒါက ရိုးစင်းတဲ့ မြှောက်ခြင်းတော့ မဟုတ်ပါဘူး။ ဒါကို ကျေနပ်ဖို့၊ အရင်းအမြစ်တွေ ပိုပေးရမယ်။”

“အဲဒါ မှန်ပါတယ်။ ဘန်တာမြို့ရဲ့ အများသူငှာ သယ်ယူပို့ဆောင်ရေးစနစ်က ရွှေဒင်္ဂါးသုံးသိန်းကုန်ကျပြီး တစ်နှစ်ကို ရွှေဒင်္ဂါးငါးသောင်း ရင်းနှီးမြုပ်နှံဖို့ လိုအပ်ကြောင်း ကြားရတယ်။ ခင်ဗျား ပြောခဲ့တဲ့စကားအရ၊ ဆယ်ဆပိုကြီးတဲ့မြို့တစ်မြို့အတွက် ကနဦးရင်းနှီးမြုပ်နှံမှုဟာ ရွှေဒင်္ဂါးဆယ်သန်းကျော်ရှိသင့်ပြီး ကနဦးရင်းနှီးမြှုပ်နှံဖို့အတွက် တစ်နှစ်ကို ရွှေဒင်္ဂါးတစ်သန်းအထိကုန်ကျမှာပေါ့။"

“ဒါက ဘန်တာမြို့မှာတုန်းက ပထမဆုံးကြိုးစားခဲ့တာဆိုတော့ မလိုအပ်တဲ့ အသုံးစရိတ်တွေ အများကြီးရှိတာကြောင့် မသေချာပါဘူး။ အခုလုပ်ရင် ရွှေဒင်္ဂါး တစ်သိန်းကနေ တစ်သိန်းငါးသောင်းလောက် ကုန်ကျမယ်လို့ ပြောချင်ပါတယ်။ နှစ်စဉ် ကုန်ကျစရိတ်နဲ့ ဝင်လာမယ့် ၀င်ငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ထည့်စရာ မလိုတော့ဘူးလေ။"

"အိုး? ဒီလိုမျိုးဆိုရင်တော့ တော်တော်သက်သာတယ်....."

.....

ရှုယီ နှင့် မားကွစ္စ် ဆော့သ်ဂိတ်တို့သည် သူငယ်ချင်းဟောင်းများကဲ့သို့ ပြောဆိုနေကြကာ သူမကို နံဘေး၌ နေလှန်းထားသည်ကို ကြည့်ရင်း မင်းသမီး ကာရိုလိုင်းက သူတို့၏ စကားဝိုင်းကို မျက်လုံးမှိတ်ချကာ ဖြတ်တောက်လိုက်သည်။

"ဟေ့ ရှုယီ ရှင် ကျွန်မတို့ကို လက်ဖက်ရည်သောက်ဖို့ မစီစဉ်ပေးတော့ဘူးလား"

ရှုယီသည် အပြုံးတစ်ခုဖြင့် ခေါင်းကိုထိကာ အံ့သြသွားဟန်ဖြင့် ဖိတ်ခေါ်သည့်အမူအရာလုပ်လိုက်သည်။

"ကျေးဇူးပြုပြီး အရှင် မားကွစ္စ်၊ ကာရိုလိုင်း၊ အားလုံး ဝင်ထိုင်ပါ။ အရသာရှိတဲ့ နေ့လယ်စာ ပြင်ဆင်ပြီးပြီ၊ အတူတူစားဖို့ စောင့်နေခဲ့တာ"

မားကွစ္စ် ဆော့သ်ဂိတ်က ရယ်မောလိုက်သည်။ ခြံထဲသို့ လျှောက်လာရင်း သူဟာ ယဉ်ကျေးမနေတော့ပေ။

သို့ပေမယ့် သူခြေလှမ်းနှစ်လှမ်းမစခင်မှာ ရှုယီအား မနေနိုင်စွာ နောက်ထပ်မေးခွန်းတွေမေးဖို့ ပြန်လှည့်လာသည်။

ရှုယီလည်း ထူးဆန်းသည်။ မားကွစ္စ် ဆော့သ်ဂိတ် က ဘယ်လိုမေးခွန်းတွေပဲ မေးနေပါစေ၊ သူက အသေးစိတ် အချက်အလက်များစွာနဲ့ ဖြေပေးပါလိမ့်မည်။ သူသည် ၎င်းတို့အား ယဉ်ကျေးသိမ်မွေ့စွာ ဖြေကြားခြင်းကဲ့သို့ ပြုမူခဲ့ခြင်းမဟုတ်ဘဲ သူနှင့် မားကွစ္စ် ဆော့သ်ဂိတ်တို့သည် သူငယ်ချင်းများကဲ့သို့ပင် ဖြစ်သည်။

သူတို့ဒီလိုပြောနေတာကိုမြင်တော့ မင်းသမီး ကာရိုလိုင်းက ကူကယ်ရာမဲ့စွာ ခေါင်းခါမိ၏။ ထမင်းစားခန်းတံခါးဝတွင် စတေးလ်က ဧည့်သည်တွေကို ရပ်စောင့်နေသည်။

မင်းသမီးလေး ကာရိုလိုင်း၏မျက်လုံးများသည် အနည်းငယ်ဖောင်းကားနေသော စတေးလ်၏ဗိုက်ပေါ်သို့ရောက်သွားပြီး ထိတ်လန့်စွာ သက်ပြင်းချမိသည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၂၉။ အချစ်က တစ်ကိုယ်ကောင်းဆန်တယ်

မားကွစ္စ် ဆော့သ်ဂိတ်မှာ Frestech ကုန်သည်ကြီးများအသင်းအပေါ် အဆုံးမရှိ သိလိုစိတ်များပြည့်နေသည့် စူးစမ်းတတ်သော ကလေးတစ်ဦးလိုပင်။

ယခုတွင် သူဟာ ရှုယီကို တွေ့ဆုံနိုင်ပြီဖြစ်ရာ သူ့ထံ၌ မေးခွန်းပေါင်းမြောက်များစွာ ရှိနေ၏။

မှန်ပါ၏ ရှုယီက သူ့အား အမှန်တကယ် စိတ်တိုင်းမကျစေနိုင်သော ရိုးရိုးရှင်းရှင်းအဖြေများသာ ပေးခဲ့သည်။

ထို့ကြောင့် သူက ရှုယီ၏ သဘာဝအတိုင်း အတည်ပြုထားသည့် Frestech ကုန်သည်ကြီးများအသင်းတွင် အချိန်အနည်းငယ်ကြာအောင် နေရန် အဆိုပြုခဲ့သည်။

သို့သော် မင်းသမီး ကာရိုလိုင်းသည် မားကွစ္စ် ဆော့သ်ဂိတ်က လုံးဝထွက်ခွာရန် စိတ်ကူးမရှိဘဲ တစ်လခွဲနေမည်ဟု မထင်ခဲ့ပေ။

ဆီမောရ်ဟာ အထိန်းသိမ်းခံနေရသဖြင့် မားကွစ္စ် ဆော့သ်ဂိတ်က သူ့ကို တစ်ယောက်တည်း မထားခဲ့နိုင်တော့ဘူးဆိုကာ တစ်ပတ်လောက်နေနေရပြီး နောက်ထပ်တစ်ပတ်ထပ်တိုးကာ ဆီမောရ်က သူ့ကို အရှက်ရစေမယ့် နေရာမျိုးမှာ မနေချင်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း မားကွစ္စ် ဆော့သ်ဂိတ် လျစ်လျူရှုထားသည်မှာ အားလုံးက သူ့ရဲ့ကိုယ်ရေးကိုယ်တာအကြောင်းပြချက်တွေကြောင့်ပင်။

ရှုယီနှင့် မားကွစ္စ် ဆော့သ်ဂိတ်တို့က မားကွစ္စ် ဆော့သ်ဂိတ် ဆက်နေရန် စိတ်ကူးကို ကြိုဆိုခဲ့ကြသော်လည်း မင်းသမီး ကာရိုလိုင်းအတွက် အနည်းငယ် ခက်ခဲသည်။

သူမသည် စတက်တိန်းနယ်မြေသို့ရောက်သောအခါ၊ သူမသည် ဒရိတ်ခ်နယ်မြေသို့မပြန်မီ သုံးရက် သို့မဟုတ် အနည်းဆုံး တစ်ပတ်လောက်နေမည်ဟု သူမထင်ခဲ့သည်။ ယခု မားကွစ္စ် ဆော့သ်ဂိတ် ကြောင့် သူမသည် ဤတွင် တစ်လခွဲကြာ ထိန်းသိမ်းခံနေရရာ သူမ၏အချိန်ဇယားထက် များစွာကျော်လွန်သွားခဲ့သည်။

မင်းသမီး ကာရိုလိုင်းသည် ဒရိတ်ခ်နယ်မြေရှိ မှော်စက်လုပ်ငန်းအတွက် တာဝန်ယူထားသောကြောင့် သူမကိုယ်ရေးကိုယ်တာ ဂရုစိုက်ရမည့်အရာများစွာရှိနေသည်။ ဒီမှာ အချိန်အကြာကြီး နေရတာက သူမအတွက် ခက်ခဲစေလိမ့်မည်သာ။

သို့သော် မားကွစ္စ် ဆော့သ်ဂိတ်သည် မားလိုအင်ပါယာမှ အရေးပါသူတစ်ဦးဖြစ်သည်။ သူသည် Frestech ကုန်သည်ကြီးများအသင်းအတွက် အရေးကြီးသောအခွင့်အရေးဖြစ်ရုံသာမက ဒရိတ်ခ်နယ်မြေအတွက်လည်း အလားတူအရေးကြီးပါသည်။

ဒရိတ်ခ်နယ်မြေ၏ အိမ်သုံး မှော်စက်များသည် Frestech တံဆိပ်နှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ပေ။ လမ်ပူရီတိုင်းပြည်မှ အိမ်သုံး မှော်စက်များနှင့် နှိုင်းယှဉ်ရန်မှာလည်း ခက်ခဲသောကြောင့် ၎င်းတို့သည် အခြားသော စျေးကွက်များကို ဖွင့်ခဲ့ရသည်။

ယင်းမတိုင်မီက၊ ဒရိတ်ခ်နယ်မြေသည် အိမ်နီးချင်း စခ်တိုင်းပြည်နှင့် ဖော့ခ်တိုင်းပြည်တို့တွင် အလုပ်ကြိုးစားခဲ့သည်။ ယခု မားလိုအင်ပါယာ ပေါ်ထွန်းလာသောအခါ မင်းသမီး ကာရိုလိုင်းသည် ဤအခွင့်အရေးကို ဆုပ်ကိုင်ချင်ခဲ့သည်။

ထို့ကြောင့် အလွန်အကျွံမစဉ်းစားဘဲ မင်းသမီး ကာရိုလိုင်းသည် မားကွစ္စ် ဆော့သ်ဂိတ် နှင့်အတူ ဤနေရာတွင်နေရန် ဆုံးဖြတ်ခဲ့သည်။

နယ်မြေကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့လက်အောက်ငယ်သားတွေကို ထားခဲ့ပါ၏။

မားကွစ္စ် ဆော့သ်ဂိတ်နှင့်အတူ မဟုတ်လျှင်တောင် သူမဟာ ဒီမှာနေဖို့ အရမ်းဆန္ဒရှိပါ၏။

Frestech ကုန်သည်ကြီးများအသင်းသည် ဒရိတ်ခ်နယ်မြေ၏အရေးကြီးဆုံးမိတ်ဖက်ဖြစ်သောကြောင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းနှင့် ၎င်းတို့ကိုခိုင်မာစေခြင်းသည် ဒရိတ်ခ်နယ်မြေအတွက်အကျိုးရှိသည်။

အရာအားလုံးကို ဘေးဖယ်ထားလိုက်ရင်တောင်မှ မင်းသမီး ကာရိုလိုင်းအတွက်၊ ဒီမှာနေနေရတာက သူမလက်ခံထားတဲ့ ရွေးချယ်မှုတစ်ခုပါပဲ။

ဒါပေမယ့် ဒီရွေးချယ်မှုဟာ သူမရဲ့ နှလုံးသားကို စိတ်ပျက်စရာတွေနဲ့ ပြည့်နှက်နေတဲ့ မြင်ကွင်းတစ်ခု ဖြစ်စေခဲ့ပါသည်။

"စတေးလ် ဒီဒုတိယကလေးကို ယောက်ျားလေးဖြစ်စေချင်တာလား။" မင်းသမီး ကာရိုလိုင်းက စတေးလ်၏ ဗိုက်ထက်က လက်ကို ဆွဲယူပြီးမေးလိုက်သည်။

သူတို့နှစ်ဦးသည် ရှုယီ၏အိမ်တွင်ရှိကြပြီး အနီးနားတွင် မည်သူမျှမရှိကြပေ။

စတေးလ်က‌ဖြေ၏၊ "အင်း ဖရီယာက မိန်းကလေးမို့လို့ အခုချိန်မှာ ယောက်ျားလေးရရင် ပိုကောင်းပါတယ်။ ဒါပေမယ့် ရှုယီက ဒါကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး၊ သားလေးနှစ်ယောက်လည်း ရှိထားတော့ သူက မိန်းကလေးထပ် ရရင်တောင် ပိုကြိုက်မယ်ထင်တယ်။"

"လဇ် နဲ့ လင်ဒါ နှစ်ယောက်လုံး သူ့အတွက် သားလေးတစ်ယောက်စီ မွေးထားတယ်လား" မင်းသမီး ကာရိုလိုင်းသည် လေးနက်သော အဓိပ္ပါယ်ပြည့်ဝသော အကြည့်ဖြင့် စတေးလ်ကို ကြည့်လိုက်သည်။

သူဘာမှပြန်မပြောရင်တောင် သူဘာကိုဆိုလိုသလဲဆိုတာကို ဘယ်လိုမှ နားမလည်ဘဲ နေမည်မဟုတ်ပေ။ စတေးလ်က တခစ်ခစ်ရယ်၍ ခေါင်းခါကာ “မင်းသမီးလေး၊ ရှုယီ ရှေ့မှာ ကောင်းမွန်တဲ့ ပုံရိပ်ကို ထိန်းသိမ်းချင်တယ်ဆိုရင်တော့ သူ့ရှေ့မှာ ဒီလိုစကားမျိုး မပြောသင့်ပါဘူး။”

မင်းသမီး ကာရိုလိုင်းက စတေးလ်မှာ ဒီလို တိုက်ရိုက်ပြောလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ သူမက မ‌နေနိုင်အောင် အံ့ဩကာ ပြုံးပြလိုက်သည် "ကောင်းပြီ ကျွန်မ အရမ်းတွေးနေတာပဲ။ ရှုယီက ရှားရှားပါးပါး လူကောင်းတစ်ဦးဖြစ်တော့ ဒါက သူ့အတွက် ပြဿနာမဖြစ်လောက်ဘူး။ စတေးလ် ငါ မင်းကို ဘယ်လောက်တောင် အားကျနေသေးလဲ မင်းသိလား"

စတေးလ်က ပြုံးပြလာကာ "မင်းသမီးလေး မင်းငါ့ကိုတကယ်အားကျတယ်ဆိုရင် ရှုယီအပေါ် မင်းသမီးရဲ့အတွေးတွေကို ကျွန်မကန့်ကွက်မှာမဟုတ်ပါဘူး။"

မင်းသမီး ကာရိုလိုင်းသည် မယုံနိုင်လောက်အောင်ပင် အံ့သြသွားခဲ့သည်။ ဒါပေမယ့် သူ့မျက်နှာပေါ်က အပြုံးက အတင်းအကြပ် မခံချိမခံသာဖြစ်ပြီး ထူးဆန်းသွားသည်။

"ဒါတောင်၊ ဒီနှစ်နှစ်အတွင်း ရှုယီသစ္စာမဲ့သွားတာက သူ့ကိုယ်သူကြောင့်လို့ ငါထင်ခဲ့တာ၊ ဒါပေမယ့် အခု မင်းနဲ့ ပိုဆက်စပ်နေပုံရတယ်။"

"မှန်ပါတယ်။ သူ့ကို အားပေးပြီး အတင်းအကြပ်တောင် မလုပ်ခဲ့ဘူးဆိုရင်တော့ အခုဆိုရင် ကျွန်မတစ်ယောက်တည်းပဲ ရှိလောက်မှာ။"

"ဒါဆို မင်းဘာလို့ဒီလိုလုပ်တာလဲ။ တခြားမိန်းကလေးတွေ သူ့ကို ခေါ်သွားမှာကို မင်း မစိုးရိမ်ဘူးလား။" မင်းသမီး ကာရိုလိုင်းသည် စတေးလ်ကိုကြည့်ရင်း စိတ်ရှုပ်သွားသည်။ "တကယ်လို့သာ ငါသာဆိုရင် ရှုယီရဲ့ ရင်ခွင်ထဲမှာ ထာဝရရှိနေလိမ့်မယ်လို့ ငါသေချာပေါက် မျှော်လင့်တယ်"

"ပထမတော့ ကျွန်မလည်းစဉ်းစားခဲ့တယ်၊ ဒါပေမယ့် ရှုယီနဲ့ ခဏလောက်နေခဲ့ပြီးတော့ ဒီကိစ္စကို တကယ် ဂရုမစိုက်တော့ဘူး။"

"ဘာလို့လဲ? မင်းက ရှုယီကို အရင်ကလို မချစ်တော့လို့လား။" မင်းသမီး ကာရိုလိုင်းက မဝံ့မရဲ မေးသည်။

"မဟုတ်ဘူး၊ ကျွန်မ သူ့ကိုချစ်နေသေးပေမယ့် အရင်ကနဲ့မတူဘူး။ ကျွန်မ သူ့ကိုချစ်နေကတည်းက သူ့ကိုသေချာထောက်မပေးရမယ်လို့ ခံစားရတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူ မိန်းကလေးနည်းနည်း ရခဲ့ပေမယ့် လဇ်နဲ့ လင်ဒါ ပဲဖြစ်ဖြစ် အက်ဂ်နက်စ်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် သူနဲ့အတူရှိနေရမှာပဲလေ။ ဒါကို ဆန့်ကျင်ရင် လူတော်တော်များများကို နစ်နာစေလိမ့်မယ်။”

"ဒါပေမယ့် မင်းလုပ်တော့လည်း ကိုယ့်ကိုကိုယ် နာကျင်စေလိမ့်မယ်။ ဒါတောင် မင်းကဘာလို့ ဒီလောက်မိုက်မဲတဲ့ လုပ်ရပ်မျိုး လုပ်ရတာလဲ။"

"ကိုယ့်ကိုကိုယ် နာကျင်စေတယ်လို့ မထင်ဘူး။" စတေးလ်က ပြုံးပြုံးလေးနဲ့ ခေါင်းယမ်းကာ “ဘာလို့လဲဆိုတော့ သူအမြဲတမ်းရှိနေမယ်ဆိုတာ ကျွန်မသိတယ်။"

မင်းသမီးလေး ကာရိုလိုင်းသည် စတေးလ်ကိုကြည့်ရင်း ပြောစရာမဲ့သွားသည်။ ခဏအကြာတွင် သူမက သက်ပြင်းချရင်း ဆိုလာ၏ “မင်းရဲ့ အတွေးတွေကို ငါ နားမလည်နိုင်တော့ဘူး။ ငါ့အတွက်တော့ အချစ်က တစ်ကိုယ်ကောင်းဆန်တယ်။ တစ်ဖက်သားကို လက်ဝါးကြီးအုပ်မထားချင်ဘူးဆိုရင် မင်းရဲ့အရင်အချစ်က မပြည့်စုံဘူးလို့ ဆိုလိုတာပဲ။”

"ကျွန်မက ကလေးနှစ်ယောက်မိခင်ဖြစ်နေပြီ၊ မင်းသမီးလေးက လက်မထပ်ရသေးတဲ့ မိန်းမတစ်ယောက်ဖြစ်နေတုန်းပဲ၊ ကျွန်မတို့မှာ မတူညီတဲ့အတွေးတွေရှိလိမ့်မယ်၊ ဒါက မထူးဆန်းပါဘူး" စတေးလ် ခပ်ဖျော့ဖျော့ အပြုံးလေးနဲ့ ပြောသည် “ဒီလိုပြောရရင် မင်းသမီးလေး၊ မင်းသမီးရဲ့အိမ်ထောင်ရေးကို စဉ်းစားပြီးပြီလား။ ဒရိတ်ခ်နယ်မြေက လူတွေ ဒါကို စောင့်နေတာ ကြာပြီမို့လား?"

မင်းသမီး ကာရိုလိုင်းက သူ့မျက်လုံးတွေကို လှန်ကာ "ရှုယီကလွဲရင် ငါ့မျက်လုံးတွေကို ဖမ်းစားနိုင်တဲ့ တခြားယောက်ျား မရှိဘူး"

“ဒါပေမယ့် စတက်တိန်းနယ်မြေက မင်းသမီးရဲ့ဂုဏ်သိက္ခာနဲ့ဆို မင်းသမီးက ဒုခ်နီးပါး အောင်မြင်နေတာလေ။ ဒီတိုင်းလေး အိမ်ထောင်မပြုနိုင်ဘူး မဟုတ်လား"

"ဟမ့်၊ လမ်ပူရီတိုင်းပြည်ဘုရင်မကြီး ဆယ်ဗီနီလည်း ကလေးမွေးထားပေမယ့် လက်မထပ်ရသေးဘူးပဲ..."

ဒါကိုပြောရင်း ကာရိုလိုင်း ရုတ်တရတ် တစ်ခုခုကို တွေးလိုက်မိသည်။ သူမသည် စတေးလ်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်ကာ ပြောရန် တွန့်ဆုတ်နေသကဲ့သို့ ခေတ္တရပ်လိုက်သည်။

စတေးလ်ကလည်း သူမကိုကြည့်ကာ ဘာမှပြန်မပြောပေ။

နှစ်ယောက်သား ခဏတာ တိတ်ဆိတ်သွားကြသည်။ မင်းသမီးလေး ကာရိုလိုင်းသည် အဆင်မပြေသော အပြုံးကို ထုတ်ပြ၍ မတ်တပ်ရပ်ကာ လှည့်ကြည့်လိုက်သည်။

"ကောင်းပြီ ငါအရင်သွားတော့မယ်။ မားကွစ္စ် ဆော့သ်ဂိတ်က သင်္ဘောကျင်းမှာ ရှိလောက်ပြီ၊ သူ့ကို သွားရှာလိုက်မယ်။"

"မလိုပါဘူး၊ မားကွစ္စ် ဆော့သ်ဂိတ်က ပါလာဒင်မှာရှိပြီး ဆန်နက်ဆိပ်ကမ်းကိုသွားနေလောက်တယ်။ မထင်မှတ်တာ ဘာမှမဖြစ်ရင် မနက်ဖြန် ပြန်လာမှာပါ"

ရှုယီ၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

မင်းသမီး ကာရိုလိုင်းသည် လှည့်ကြည့်လိုက်ပြီး အံ့အားသင့်သွားကာ “သူက ဆန်နက်ဆိပ်ကမ်းကို ဘာအတွက် သွားတာလဲ။ သူ တိုက်ရိုက်ပြန်သွားတာများလား။"

ရှုယီက မနေနိုင်စွာ ပြုံးကာ "သခင် မားကွစ္စ်က ဒီလောက်ရိုင်းတဲ့လူလို့ ထင်နေတာလား။ တစ်ယောက်တည်း အိမ်ပြန်ရင်း ခင်ဗျားကို ဒီနေရာမှာ ထားခဲ့တာတဲပလား။ ဆန်နက်ဆိပ်ကမ်းကို အချိန်ယူကြည့်ရှုရင်း မှော်သင်္ဘောများ ပင်လယ်ပြင်မှာ ဘယ်လိုရှိတယ်ဆိုတာကို သူမြင်ချင်နေရုံပါပဲ။”

"အိုး.... ဒီသခင် မားကွစ္စ် က တကယ်ကို စူးစမ်းချင်စိတ် ပြင်းပြတယ်။ မနေ့က ပြိုင်ကားနဲ့ ဒီနေ့ ရွက်လွှင့်မယ်‌ပေါ့....."

ရှုယီက ရယ်မောရင်း “အမှန်ပဲ၊ သခင် မားကွစ္စ်ကို အသက်ငါးဆယ်ကျော် လူလတ်ပိုင်းတစ်ယောက်မဟုတ်ပဲ၊ သူက စူးစမ်းလိုစိတ်ရှိတဲ့ ကလေးတစ်ယောက်လို့ ခံစားရတဲ့ အကြိမ်များစွာရှိတယ်။ ဒါပေမယ့် ဒါက ကောင်းတဲ့အချက်ပါ၊ ဒီအရာတွေကို သူက ပိုစိတ်ဝင်စားလေ၊ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အလားအလာ ပိုရှိလာတယ်လို့ ဆိုလိုတာပေါ့။”

"ဒါကဒီလိုပါပဲ၊ ဒါပေမယ့် ရှုယီ ရှင်သခင် မားကွစ္စ်ကိုသိတဲ့ အချိန်တုန်းက ရှင့်ကို တစ်ခုခုပြောခဲ့သေးလား" မင်းသမီး ကာရိုလိုင်းက မေး၏။

ရှုယီသည် ပလက်ဖောင်းပေါ်ရှိ စားပွဲတစ်ခုသို့ ညွှန်ပြပြီး မင်းသမီး ကာရိုလိုင်းကို ထိုင်ခိုင်းလိုက်သည်။ ထိုအခါတွင် စတေးလ်ကိုထိုင်ရန် ကူညီလိုက်သည် "သခင် မားကွစ္စ် အပြောအရတော့၊ သူ မားလိုအင်ပါယာကို ပြန်ရောက်ပြီးနောက်ကျရင် မားလိုအင်ပါယာရဲ့ စိုက်ပျိုးရေးဌာနကို စိုက်ပျိုးရေးမှော်စက်တချို့နဲ့ မြေသြဇာတချို့ကို ဝယ်ခိုင်းလိမ့်မယ်။"

"အင်း၊ အဲဒါ အံ့သြစရာတော့ မဟုတ်ပါဘူး။" မင်းသမီး ကာရိုလိုင်းက ခေါင်းညိတ်သည်။

လယ်ယာစိုက်ပျိုးရေးပြဿနာသည် စိုင်စ်နယ်မြေကြီးရှိ တိုင်းပြည်တိုင်းကြုံတွေ့နေရသော ပြဿနာဖြစ်ပြီး မားလိုအင်ပါယာသည်လည်း ခြွင်းချက်မဟုတ်ပေ။

Frestech ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်တွင် တိုးတက်လာသည်မှာ ဤစိုက်ပျိုးရေးမှော်စက်များကြောင့် ဖြစ်သည်။ ပတ်ဝန်းကျင်တိုင်းပြည်တွေနှင့် ပူးပေါင်းဆောင်ရွက်တဲ့အခါတိုင်း သူတို့ပူးပေါင်းဆောင်ရွက်တဲ့ ပထမဆုံးအချက်က စိုက်ပျိုးရေးမှော်စက်တွေကို သံသယကင်းကင်းဖြင့် ဝယ်ယူကြခြင်းပင်။

လက်ရှိအချိန်အထိ Frestech ကုန်သည်ကြီးများအသင်းမှ စိုက်ပျိုးရေးမှော်စက်မျိုးစုံ ငါးသိန်းကျော် ရောင်းချပြီးဖြစ်ကာ အမြတ်ငွေမှာ ရွှေဒင်္ဂါးသန်းနှစ်ဆယ်ကျော် ရရှိနေပြီဖြစ်သည်။

ထို့အပြင်၊ ပတ်ဝန်းကျင်တိုင်းပြည်များသည် စိုက်ပျိုးရေးမှော်စက်များနှင့် ပတ်သက်၍ အကုန်ပြည့်စုံနေပြီး ဖွံ့ဖြိုးတိုးတက်ရန်ကျန်‌နေသည်မှာ စခ်တိုင်းပြည်သာရှိတော့သည်။

ယခု မားလိုအင်ပါယာ ဆင်းလာသောအခါ၊ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းအတွက် သဘာဝအတိုင်း ကောင်းမွန်သော အရာတစ်ခုဖြစ်သည်။

“စိုက်ပျိုးရေးမှော်စက်တွေကလွဲလို့ တခြားဘာတွေရှိသေးလဲ။ တခြားဘာကိုမှစိတ်မဝင်စားလို့မဖြစ်နိုင်ဘူးလား” မင်းသမီး ကာရိုလိုင်းက ဆက်မေးသည်။

“ဟုတ်တယ်၊ အရှင် မားကွစ္စ်က အခြေခံအဆောက်အဦးတွေကို အမြဲစိတ်ဝင်စားတယ်။ ဥပမာအားဖြင့်၊ သူက ဒီအခြေခံအဆောက်အဦများတည်ဆောက်တဲ့ နည်းပညာ၊ ရေစနစ်နဲ့ဆောက်လုပ်ရေးမှော်စက်တွေကို စိတ်ဝင်စားတယ်။သူ မားလိုအင်ပါယာကို ပြန်ရောက်ပြီးနောက်ကျရင် သူ့နယ်မြေထဲက မြို့ငယ်လေးတစ်မြို့ကို စတင်ပြောင်းလဲပြီး လမ်းနဲ့ ရေစနစ်ကို ဖောက်လုပ်မယ်လို့ အကြိမ်ကြိမ်ပြောခဲ့တယ်။ အများသူငှာ သယ်ယူပို့ဆောင်ရေးစနစ် ထူထောင်ဖို့ ကျုပ်တို့၏လုပ်ငန်းစုက အလတ်စားသယ်ယူပို့ဆောင်ရေး မှော်ကားအမြောက်အမြားဝယ်ယူဖို့စီစဉ်နေပြီး အမ်ရစ်ကုန်သည်ကြီးများအသင်းနဲ့လည်း အလုပ်လုပ်ဖို့ စီစဉ်နေတယ်။"

မင်းသမီး ကာရိုလိုင်းသည် အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် သူမ၏ မျက်ခုံးကို အနည်းငယ် တွန့်လိုက်သည်။

"ဒါတွေကလွဲရင် တခြားဘာတွေရှိသေးလဲ။ ဒါတွေအားလုံးက မှော်စက်နဲ့ သက်ဆိုင်တဲ့ စက်တွေလေ၊ တခြားအရာတွေကို သူစိတ်ဝင်စားသေးလား။ ဥပမာ၊ အိမ်သုံး မှော်စက်တွေဝယ်ပြီး ပြန်ယူသွားဖို့။"

ရှုယီက အနည်းငယ် ရယ်မောကာ ခေါင်းယမ်းသည်၊ “အိမ်သုံး မှော်စက်တွေက အသုံးဝင်ပေမယ့်လည်း အခြေခံအဆောက်အအုံကို ပြောင်းလဲခြင်းက အဆမတန်အရေးပါလို့ ဒါကို လတ်တလောတော့မစဉ်းစားကြောင်း အရှင် မားကွစ္စ်က ပြောခဲ့တယ်။"

“ဒါပေမယ့် ဒီအရာတွေက လူတွေရဲ့ဘဝကို တိုးတက်စေနိုင်တယ်လေ။ မားလိုအင်ပါယာကလူတွေ ဒါကို မလိုအပ်ဘူးလား? ရှုယီ ရှင်က အရှင်မားကွစ္စ်ကို ရောင်းခိုင်းဖို့ ဘာကြောင့် အစမပြုတာလဲ။"

“မဟုတ်ဘူး၊ ကျုပ်မှာ အရှင် မားကွစ္စ် နဲ့ တူညီတဲ့ အယူအဆရှိတယ်။ အိမ်သုံး မှော်စက်များနှင့် ပူးပေါင်းဆောင်ရွက်မှုက သူနှင့်အတူ ဖန်တီးဖို့ မလိုအပ်ပါဘူး။ မဟုတ်ရင် သူနဲ့ ကန်ဒရာအင်ပါယာရဲ့ သံတမန် ဟာကာနင်ကြားမှာ ဘာကွာခြားချက်ရှိတော့မှာလဲ။"

"ဒါပေမယ့် ရှင် သံတမန်ဟာကာနင်ကတစ်ဆင့် ငွေအများကြီး မရှာနိုင်ခဲ့ဘူးလား။ သူကနေ တဆင့် မားလိုအင်ပါယာသို့ ရှင်ဝင်ရောက်နိုင်တယ်လို့ မဆိုလိုဘူးလေ။ ရှုယီ ရှင့်ရဲ့အတွေးတွေကို ကျွန်မနားမလည်ဘူး" မင်းသမီး ကာရိုလိုင်းက နည်းနည်းတော့ စိုးရိမ်နေ၏။

ဒရိတ်ခ်နယ်မြေ၏ မှော်စက်လုပ်ငန်းသည် အိမ်သုံးမှော်စက်များပေါ်တွင် အာရုံစိုက်ထားသည်။ မားကွစ္စ် ဆော့သ်ဂိတ် သည် အိမ်သုံးမှော်စက်များကို အမှန်တကယ် စိတ်မဝင်စားပါက၊ ဤအချိန်အတွင်း မင်းသမီး ကာရိုလိုင်း၏ ကြိုးစားအားထုတ်မှုအားလုံးသည် အလဟဿဖြစ်လိမ့်မည်။

"အလျင်စလိုမလုပ်ပါနဲ့။" ရှုယီသည် မင်းသမီး ကာရိုလိုင်း တွေးနေပုံကို ခန့်မှန်းပြနိုင်သောကြောင့် ပြုံးကာဆိုလာသည် “မားကွစ္စ် ဆော့သ်ဂိတ်က အခု အိမ်သုံး မှော်စက်တွေကို စိတ်မဝင်စားဘူးဆိုရင်တောင်၊ သူက အနာဂတ်မှာ ရှိမလာဘူးလို့ မဆိုလိုဘူးလေ။ ဒါကလည်း မားလိုအင်ပါယာတစ်ခုလုံးက ဒါကို စိတ်ဝင်စားမှာမဟုတ်ဘူးလို့ မဆိုလိုပါဘူး။”

“ဒါပေမယ့်......”

"ခင်ဗျားတို့ရဲ့ ဒရိတ်ခ်နယ်မြေက အကျိုးမရှိမှာကို စိတ်ပူနေဖို့ မလိုပါဘူး။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ဆိုသည်၊ “ကာရိုလိုင်း၊ ခင်ဗျား ဒီအထူးဧည့်သည်နှစ်ယောက်ကို ဒီ ခေါ်လာပေးလို့ အရမ်းကျေးဇူးတင်ပါတယ်။ ဒါကြောင့် ကျေးဇူးတင်တဲ့အနေနဲ့၊ ထုတ်လုပ်ရေးမှော်စက်တွေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ရဲ့ နယ်မြေ နဲ့ ပူးပေါင်းမှုအသစ်တစ်ခု စတင်ဖို့ ဆုံးဖြတ်လိုက်ပြီ”

"ထုတ်လုပ်ရေးမှော်စက်?"

မင်းသမီးလေး ကာရိုလိုင်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်နေသဖြင့် ရုတ်တရက် တောက်ပလာသည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၃၀။ ဆိပ်ကမ်းကို ဖွင့်လှစ်ခြင်း

အရေးပါသည့် မားကွစ္စ် ဆော့သ်ဂိတ် မထွက်ခွာခင်တွင် စတက်တိန်းနယ်မြေသို့ အခြားအရေးကြီးဧည့်သည်ရောက်လာလေသည်။

၎င်းက ရူဆဲလ်၏ စတက်တိန်းနယ်မြေ၌ တတိယအကြိမ်ဖြစ်၏။

ယခင်နှစ်ခေါက်နှင့် မတူညီစွာ သူဟာ ဤတစ်ကြိမ်တွင် သံတမန်ဟာကာနင်နှင့် အတူလာခြင်းမဟုတ်ဘဲ ကန်ဒရာအင်ပါယာရေတပ်မှ သူ၏ လက်အောက်ခံများကို ဦးဆောင်လာခြင်းဖြစ်သည်။ သူဟာ ဘယ်လီ၏ မှော်ကားဆိုင်မှ ဝယ်ထားသော အနက်ရောင်သန့်သန့်မှော်ကားထဲ၌နေ၍ ကန်ဒရာအင်ပါယာမှ တစ်လျှောက်လုံး ဤနေရာထိတိုင် မောင်းနှင်လာခဲ့သည်။

သူသည် ရှုယီကို အချိန်မီအကြောင်းကြားခဲ့သော်လည်း၊ ရူဆဲလ်နောက်လိုက်နေသော လက်အောက်ငယ်သားများ၏ လေးနက်သောအမူအရာများကို မြင်သောအခါတွင် အနည်းငယ် အံ့သြမိသွားသည်။

၎င်းတို့ရဲ့ ရပ်တည်ချက်ကို ကြည့်ပြီး နောက်ဆက်တွဲ စစ်ဆေးဖို့သပ်သပ်နှင့် ဒီမှာ ရှိပုံမရပေ။

မျှော်လင့်ထားသည့်အတိုင်း၊ ရှုယီနှင့် အပြန်အလှန်နှုတ်ဆက်ပြီးနောက်၊ ရူဆဲလ်သည် အဓိကအကြောင်းအရာသို့ တိုက်ရိုက်ဝင်ရောက်ခဲ့သည်။

"ဥက္ကဌ ရှု၊ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းနဲ့ ပတ်သက်ပြီး ရေတပ်ဌာနချုပ်ရဲ့ သဘောတူညီချက်ကို ပြီးခဲ့တဲ့ အကြိမ်ကတည်းက ရရှိခဲ့ပါတယ်။ Frestech ကုန်သည်ကြီးများအသင်းကိုယ်စား သဘောတူနိုင်သရွေ့၊ ကျုပ်တို့ရဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုက တရားဝင်ဖြစ်လာမှာပါ။” ရူဆဲလ် သည် ဤအရာကို လေးနက်သောဟန်ဖြင့် ပြောနေစဉ် ရှုယီကို ကြည့်လိုက်သည်။

ရှုယီက အပြုံးဖြင့် မေးလိုက်၏ "ဆရာ ရူဆဲလ် ၊ အစောင့်သင်္ဘောဘယ်နှစီးလဲဆိုတာ မေးလို့ရမလား။"

ရူဆဲလ်သည် သူ့မျက်နှာပေါ်တွင် အဆင်မပြေသည့်ဟန်ဖြင့် ချီတုံချတုံဖြစ်ကာ အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် ရှုယီအတွက် လက်သုံးချောင်းကို ဖြည်းညှင်းစွာ ထောင်လိုက်သည်။

"သင်္ဘောသုံးဆယ်? အဲဒါက နည်းနည်းတော့ ခက်နိုင်တယ်။ ကျုပ်တို့လုပ်ငန်းစုရဲ့ လက်ရှိထုတ်လုပ်မှုစွမ်းရည်နဲ့ဆို သင်္ဘောအစင်းသုံးဆယ်ကို တည်ဆောက်ဖို့ နှစ်အနည်းငယ်ကြာမှာ။”

"မဟုတ်ဘူး......အဲဒါက သင်္ဘောသုံးစင်းပါ......" သူဒီလိုပြောတဲ့အခါ ရူဆဲလ် ရဲ့မျက်နှာက နည်းနည်းနီရဲသွားသလို ဖြစ်သွား၏။

တုနှိုင်းမရ ဂုဏ်ကျက်သရေရှိသည့် ကန်ဒရာအင်ပါယာရဲ့ ရေတပ်အနေနှင့် အခြားတိုင်းပြည် လုပ်ငန်းစုတစ်ခုထံမှ စစ်သင်္ဘောများ ဝယ်ယူရခြင်းသည် အလွန်ရှက်စရာကောင်းသည်။ ပိုရှက်စရာကောင်းတာက သူတို့က သင်္ဘောသုံးစင်းပဲ ဝယ်နိုင်ခြင်းပင်။

ရှုယီသည် အံ့ဩကာ ထူးဆန်းသောဟန်ကို ထုတ်ပြလိုက်သည်။ ချက်ခြင်းပင် သူဟာ မျိုသိပ်ထားပြီး ယခင်လို အပြုံးမျိုး ထုတ်ဖော်လိုက်သည်။

"သုံးစင်း? အဲဒါက ပြဿနာမဟုတ်ပါဘူး၊ ဒီသင်္ဘောသုံးစင်းကို သုံးလအတွင်း အမြန်ဆုံးပြီးအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အပြီးသတ်ဖို့ ဘယ်လို အဆိုပြုထားလဲ။”

"အေးဆေးပေါ့ ပြင်ဆင်ထားပြီးသားပါ။"

ရူဆဲလ်က သူ့လက်ထဲက အိတ်ထဲက စာရွက်စာတမ်းကို ရှုယီအတွက် ထုတ်ယူလိုက်သည်။

၎င်းက ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ပင်။ Frestech ကုန်သည်ကြီးများအသင်းမှ အစောင့်သင်္ဘောသုံးစင်းအတွက် လျော်ကြေးအဖြစ် ကန်ဒရာအင်ပါယာက ရွှေဒင်္ဂါးတစ်သန်းခွဲကို ပေးဆောင်မည်ဟု ရှင်းရှင်းလင်းလင်း ရေးသားထားသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ကန်ဒရာအင်ပါယာ၏ တောင်ဘက်ပင်လယ်ပြင်ရှိ ကျွန်းများပေါ်တွင် တွင်းထွက်သယံဇာတများကို ဖွင့်လှစ်ပေးမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ ကန်ဒရာအင်ပါယာရေတပ်သည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းပြီး Frestech ကုန်သည်ကြီးများအသင်း၏ သယ်ယူပို့ဆောင်ရေးသင်္ဘောစုအတွက် တောင်ပိုင်းပင်လယ်များတွင် အခြေစိုက်စခန်းများတည်ဆောက်ရန် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

၎င်းအပြင် ကန်ဒရာအင်ပါယာ၏ရေတပ်သည် Frestech ကုန်သည်ကြီးများအသင်း၏သယ်ယူပို့ဆောင်ရေးနှင့်အစောင့်သင်္ဘောများအသီးသီးဖြင့်ဆိပ်ကမ်းနှစ်ခုဖွင့်လှစ်မည်ဖြစ်သည်။

သယ်ယူပို့ဆောင်ရေး သင်္ဘောစုအတွက် ဆိပ်ကမ်းသည် အရပ်သားများအတွက် ရေနက်ဆိပ်ကမ်း ဖြစ်လာမည်ဖြစ်သည်။ ၎င်းကိုဖွင့်လှစ်ပြီးနောက်၊ Frestech ကုန်သည်ကြီးများအသင်း၏သယ်ယူပို့ဆောင်ရေးသင်္ဘောသည် ကုန်စည် ပမာဏများစွာကိုသယ်ယူပို့ဆောင်ခွင့်ပြုလိမ့်မည်။

၎င်းသည် ကန်ဒရာအင်ပါယာ၏တောင်ပိုင်းစျေးကွက်ကို Frestech ကုန်သည်ကြီးများအသင်းသို့ဖွင့်လှစ်ခြင်းနှင့်ညီမျှသည်။

ဤအရာကို အလွန်ဖွံ့ဖြိုးပြီးသား စီးပွားဖြစ်လူ့အဖွဲ့အစည်းရှိသည့် ကမ္ဘာမြေပေါ်တွင် လုပ်မည်ဆိုလျှင်၊ ဤချဉ်းကပ်မှုသည် သတိလက်လွတ်ဖြစ်လိမ့်မည်။ သာမန်အခြေအနေမှာ အလွယ်တကူ ဖွင့်လို့ မရပါချေ။

သို့ပေမယ့် စိုင်စ်နယ်မြေကြီး၏ တိုင်းပြည်တွေအတွက်တော့ ဒါက ပြဿနာမဟုတ်ပါချေ။

ဤဆိပ်ကမ်းကို ကန်ဒရာအင်ပါယာ၏ရေတပ်က ထိန်းချုပ်ထားသောကြောင့် ရေတပ်သဘောတူထားသရွေ့ ပြဿနာမရှိပါ။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောအတွက် ဆိပ်ကမ်းကိုဖွင့်ရာတွင် ပြဿနာအချို့ရှိသည်။ သို့သော်၊ ကန်ဒရာအင်ပါယာ၏ရေတပ်သည် Frestech ကုန်သည်ကြီးများအသင်း၏အစောင့်သင်္ဘောစုနှင့်အတူ တိုက်ခိုက်ရန်လုပ်ဆောင်ခဲ့သည်။ထို့ကြောင့် သူတို့က Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်သားများအား ကန်ဒရာအင်ပါယာ၏ ဆိပ်ကမ်းကိုဖြတ်၍ လွတ်လပ်စွာ သွားလာခွင့်ပြုကာ မဟာမိတ်တစ်ဦး၏ အခြေအနေကို ပေးခဲ့သည်။

"ဥက္ကဌ ရှု၊ ဒါက မင်းကို မဟာမိတ်တပ်စုတစ်ခုရဲ့ အနေအထားကို ပေးခဲ့တဲ့ စစ်တပ်ဌာနချုပ်အတွက်ပါ၊ အဲဒါကို စိတ်ထဲမထားပါနဲ့" ရူဆဲလ်က ရှုယီကို ရှင်းပြသည်။

တိုက်ခိုက်ရေးအင်အားအရ Frestech ကုန်သည်ကြီးများအသင်း၏သင်္ဘောများသည် ကန်ဒရာအင်ပါယာ၏ရေတပ်လောက် မကြီးမားကြောင်း သူသိသောကြောင့် ၎င်းတို့အား မဟာမိတ်ရေတပ်ဟု အမည်တွင်စေခဲ့သည်၊ သို့သော် သူတို့သည် ပင်လယ်ဓားပြများကို တိုက်ခိုက်သောအခါတွင် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်ဖွဲ့သည် အဓိက တပ်ဖွဲ့များဖြစ်သည်။

ပင်လယ်ဓားပြများသည် ကန်ဒရာအင်ပါယာ၏ပင်လယ်ပြင်တွင် ရက်အနည်းငယ်မျှသာ အရိုင်းဆန်ဆန်သွားလာနေကြသည်မဟုတ်ပေ။ ကန်ဒရာအင်ပါယာရဲ့ ရေတပ်က သူတို့ကို အကြိမ်ပေါင်းများစွာ ဝိုင်းရံထားပေမယ့် သူတို့ရဲ့ ရေတပ်က ပင်လယ် ဓားပြတွေကို မနှိမ်နင်းနိုင်တာကြောင့် ထူးထူးခြားခြား အောင်ပွဲတွေ ရယူနိုင်ဖို့ အခွင့်အရေး မရှိခဲ့ပါချေ။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောများ ရောက်ရှိလာပြီးနောက်၊ အစောင့်တပ်သားများ၏ အင်အားနှင့် အရှိန်အဟုန်ဖြင့် ပင်လယ်ဓားပြများနှင့် တွေ့ဆုံသရွေ့ ပင်လယ်ဓားပြများသည် မည်သို့မျှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ပြေးပင် ပြေးနိုင်မည်မဟုတ်။

တစ်နှစ်ခွဲအတွင်းမှာပဲ ကန်ဒရာအင်ပါယာရဲ့ တောင်ပိုင်းပင်လယ်ပြင်က ပင်လယ်ဓားပြတွေ ပျောက်ကွယ်သွားပြီး အရိုင်းဆန်စွာ ပြေးလွှားနေကြဖို့ မဝံ့ရဲကြတော့ပေ။

"အိုး ဒါက ဘာမှ မဟုတ်ပါဘူး" ရှုယီက ဂရုမစိုက်ကြောင်းပြသရန် လက်ကိုဝှေ့ယမ်းလိုက်သည်။

ကန်ဒရာအင်ပါယာသည် နယ်မြေကြီးရှိ အင်ပါယာနှစ်ခုအနက်မှ တစ်ခုဖြစ်သောကြောင့် ၎င်းတို့ကို မည်ကဲ့သို့ခေါ်သည်ကို ဂရုမစိုက်ပါချေ။ ၎င်းတို့အနေနှင့် အထက်မှာနေရန် နေရာကို ထိန်းသိမ်းချင်သည်ဆိုလျှင် နားလည်ပေးနိုင်ပါ၏။

ယင်းနှင့် နှိုင်းယှဉ်လျှင် ရှုယီသည် လက်တွေ့ကျသော အရေးပါမှုကို ပို၍ ဂရုစိုက်ခဲ့သည်။

အရပ်ဘက်ဆိပ်ကမ်းကိုဖွင့်ပြီး Frestech ကုန်သည်ကြီးများအသင်းအတွက် စျေးကွက်ဖွင့်ခြင်းကပင် လုံလောက်နေပြီဖြစ်သည်။

ထို့နောက် တပ်မတော် ဆိပ်ကမ်းကို ဖွင့်လှစ်ခဲ့သည်။ အစောင့်သင်္ဘောစုသည် ကန်ဒရာအင်ပါယာ၏ပင်လယ်များတွင် တည်ငြိမ်ပြီး လုံလောက်သောထောက်ပံ့ရေးစခန်းတစ်ခုရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့သည် ရူဒ်ဆန်တိုင်းပြည်၏ နီရှိဆိပ်ကမ်းသို့ ပြန်ပြေးရန်မလိုအပ်တော့ပေ။

ဤနည်းအားဖြင့်၊ ၎င်းသည် အစောင့်တပ်သားများ၏ လှုပ်ရှားရန်အကွာအဝေးကို များစွာတိုးမြင့်စေမည်ဖြစ်သည်။ ၎င်းသည် Frestech ကုန်သည်ကြီးများအသင်းမှ ကန်ဒရာအင်ပါယာ၏တောင်ဘက်ပင်လယ်များနှင့်ပတ်ဝန်းကျင်ကိုရှာဖွေဖော်ထုတ်ရန်ကူညီလိမ့်မည်။

ရှုယီသည် စာချုပ်ကို ဂရုတစိုက်ကြည့်ရှုပြီးနောက် ရူဆဲလ် ဖော်ပြထားသော အပိုဒ်များသာမက အပိုအပိုဒ်အချို့ပါရှိကြောင်း တွေ့ရှိခဲ့သည်။ သူဟာ မနေနိုင်အောင်ကျေနပ်စွာ ခေါင်းညိတ်ပြမိ၏။

ကန်ဒရာအင်ပါယာ၏ရေတပ်သည် Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ကောင်းမွန်သောရိုးသားမှုအချို့ကို ထုတ်နှုတ်လိုက်ပုံရသည်။

ဤသည်မှာ ကောင်းမွန်သောအစပြုခြင်းဖြစ်သည်၊ ၎င်းသည် ကန်ဒရာအင်ပါယာ၏ရေတပ်မှာ အနာဂတ်တွင် Frestech ကုန်သည်ကြီးများအသင်း နှင့် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မှုကို မည်သို့လုပ်ဆောင်ရမည်အားပြနေ၏။

ရူဆဲလ် နှင့် စာချုပ်၏အသေးစိတ်အချက်အလတ်အချို့ကို ဆွေးနွေးပြီးနောက် နှစ်ဖက်စလုံးက ၎င်းတို့နှစ်ဦးစလုံး၏အမည်များကို စာချုပ်တွင် အမြန်လက်မှတ်ရေးထိုးခဲ့ကြသည်။

ရှုယီက စာချုပ်ချုပ်ပြီးသွားတာကိုမြင်တော့ ရူဆဲလ်က ချက်ချင်းပဲ တောက်ပတဲ့အပြုံးကို ထုတ်ဖော်လိုက်ပါ၏။ သူသည် ပျော်ရွှင်သော ပူးပေါင်းဆောင်ရွက်မှုအတွက် ရှုယီထံသို့ သူ၏လက်ကို ကမ်းပေးလိုက်သည်။

"ပျော်ရွှင်ဖွယ် ပူးပေါင်းဆောင်ရွက်မှုအတွက်ပါ" ရှုယီကရူဆဲလ်၏လက်ကို ပြုံး၍ ခါလိုက်ကာ မေးသည် "သခင်ရူဆဲလ်၊ ကျုပ် တစ်ခုခုမေးစရာရှိပါသေးတယ်။ ဒီစောင့်သင်္ဘောတွေဝယ်ပြီးရင် အဲဒါတွေကို ဘယ်လိုသုံးဖို့ စီစဉ်ထားလဲ။"

ရူဆဲလ် က ရှုယီကို အံ့အားသင့်စွာဖြင့် ကြည့်လာကာ "ဒါတိုင်းပဲ၊ သူတို့ကို ရေတပ်စစ်မှုထမ်းဖို့ စီစဉ်ထားတယ်။ ဒီအစောင့်သင်္ဘောတွေရဲ့ စွမ်းအားကို တခြားသူတွေ မြင်ခွင့်ပေးပြီး ရေတပ်ကို ဒီအရာများတွေနဲ့ အစားထိုးနိုင်မှာပါ။ ဘာလဲ? ဥက္ကဌ ရှုက မင်းဒီလိုမဖြစ်စေချင်လို့လား "

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ သင်္ဘောတွေကို အစောင့်သင်္ဘောတွေနဲ့ အစားထိုးတာကို မြင်ချင်တာပါ။ ဒီလိုကနေ ကျုပ်တို့လုပ်ငန်းစုက ဒီကနေ အပိုဝင်ငွေရှာနိုင်မှာ မဟုတ်ဘူးလား" ရှုယီက ရယ်မောလိုက်သည်။ သူသည် ထူးဆန်းသောအသွင်အပြင်ရှိသော ရူဆဲလ်၏နောက်လိုက်များကို ကြည့်ရှုလိုက်သော်လည်း အခြားဘာမျှ မပြောပါချေ။

အစောင့်သင်္ဘောများဆောက်ရန် တစ်ရက်နှစ်ရက်သာ အချိန်ယူရမည်မဟုတ်။ထို့ကြောင့် ရူဆဲလ်သည် ဤနေရာတွင် ဆက်ရှိနေရန် အဓိပ္ပါယ်မရှိပေ။

သို့ပေမယ့် သူက ဒီမှာ လက်အောက်ငယ်သားတစ်ယောက်ကို ထားခဲ့၏။ အစောင့်သင်္ဘောများ၏ တည်ဆောက်မှု တိုးတက်မှုကို ကြီးကြပ်ရန်နှင့် ဆက်သွယ်ရန် လွယ်ကူစေရန်ဖြစ်ကြောင်း ရှုယီအား ပြောကြားခဲ့သည်။

ရှုယီသည် ဤအရာကို မအံ့သြသလို မကန့်ကွက်ဘဲ ကျေနပ်စွာ လက်ခံခဲ့သည်။ သူက ကန်ဒရာအင်ပါယာ၏ရေတပ်ကိုလေ့လာသူအတွက် အထူးနေအိမ်ပြင်ဆင်ရန် သူ၏လက်အောက်ငယ်သားများအားချက်ချင်းအမိန့်ပေးခဲ့သည်။

ရှုယီက သူနဲ့ ပူးပေါင်းဆောင်ရွက်နေတာကို မြင်တော့ ရူဆဲလ်က စိတ်ချသွားခဲ့သည်။ သူသည် စတက်တိန်းနယ်မြေ၌ နောက်ထပ်တစ်ရက်နေခဲ့သည်။

နောက်တစ်နေ့နံနက်တွင် ထွက်ခွာရန်မစီစဉ်မီ ရူဆဲလ်သည် Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောကျင်းကို သွားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

အစောင့်သင်္ဘောတည်ဆောက်မှု တိုးတက်မှုကို ကြည့်ရန် အပြင် ပြင်ဆင်မှုလည်း လုပ်ချင်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ သင်္ဘောကျင်းတွင် အလုပ်သည် အလွန်စနစ်တကျဖြစ်ပြီး လူတစ်ဦးစီသည် စွမ်းအင်များပြည့်နှက်နေပြီး ချောမွေ့စွာ လှုပ်ရှားနေကြောင်း တွေ့ရသည်၊ ရူဆဲလ်က အရမ်းကျေနပ်သွား၏။ ထို့နောက်မှ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါ၏။

ရှုယီလိုက်လာသည်နှင့် ရူဆဲလ် သည် Frestech ဆိပ်ကမ်းသို့ ရောက်လာပြီး အဆုံးမဲ့ပင်လယ်ကို ကြည့်လိုက်သည်။ သူက ရှုယီအား စိတ်လှုပ်ရှားသောအသံဖြင့်ပြောသည် "ဥက္ကဌ ရှု၊ ခင်ဗျား ရေအတိမ်အနက်ကိုစူးစမ်းချင်နေတယ်လို့ ကျုပ်ကြားတယ်။"

ရှုယီက ခေါင်းညိတ်ပြကာ “ဟုတ်ပါတယ်။ အမှန်တကယ်တော့ မှော်သင်္ဘောတွေကို တီထွင်တဲ့ ကျုပ်ရဲ့ ရည်မှန်းချက်က ဒီ မှော်သင်္ဘောတွေနဲ့ အဆုံးမဲ့ ပင်လယ်ပြင်ရဲ့ နက်နဲမှုကို စူးစမ်းလေ့လာဖို့ပါပဲ။ ကျုပ်တို့ရောက်နေတဲ့ နယ်မြေကြီးအပြင် တခြားနယ်မြေကြီးတွေလည်း ရှိနေတယ်လို့ ကျုပ်အမြဲယုံကြည်ခဲ့တယ်။"

"သွေးနှောတွေရဲ့ဒဏ္ဍာရီကြောင့်လား?" ရူဆဲလ်က ပြုံးပြုံးလေး မေးသည်။

Frestech ကုန်သည်ကြီးများအသင်းသို့ အကြိမ်များစွာလာရောက်ပြီးနောက်၊ Frestech ကုန်သည်ကြီးများအသင်း၌ ဒဏ္ဍာရီလာသွေးနှော ပါဝင်ခြင်းကြောင့် နာမည်ကြီးကြောင်း သူသိထားပြီးဖြစ်သည်။ ထို့အပြင် သူသည် သင်္ဘောကျင်းတွင်ရှိစဉ်ကပင် ရှုယီက သူ့ကို မိတ်ဆက်ပေးခဲ့သည်။

"ဒါဟာ သွေးနှောကြောင့်ပဲမဟုတ်ပါဘူး၊ မသိတဲ့ကမ္ဘာကို စူးစမ်းလေ့လာတာဟာ လူတွေ တောင့်တတဲ့ အရာတစ်ခုကြောင့်လည်း ဖြစ်ပါတယ်။" ရှုယီက မေးလာ၏ "သခင် ရူဆဲလ်၊ လောကအသစ်ကို စူးစမ်းဖို့ စဉ်းစားတဲ့အခါ ခံစားမိတာ မရှိဘူးလား။"

ရူဆဲလ် ကဖြေသည် “ကျုပ်က အသက်ကြီးနေပြီ၊ ဒီကိစ္စကို လူငယ်တွေကို ချန်ထားခဲ့သင့်တယ်။ ဟုတ်ပါတယ်၊ ကျုပ်တို့ တော်ဝင်ရေတပ်စုက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်ရဲ့ သင်္ဘောစုတွေနဲ့ အဆုံးမဲ့ပင်လယ်ပြင်ကို စူးစမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ဆုံးတော့၊ အဆုံးမဲ့ပင်လယ်ပြင်ပေါ်မှာ ကမ္ဘာသစ်အပြင် အဆုံးမဲ့အန္တရာယ်တွေရော ရှိမနေ‌လောက်ဘူးလား။”

ရူဆဲလ်၏စကားကို မတုံ့ပြန်ဘဲ ရှုယီပြုံးလိုက်သည်။

ရှုယီ၏တုံ့ပြန်မှုမှ တစ်စုံတစ်ခုကို ရိပ်မိသွားသလို ရူဆဲလ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ အဆုံးမဲ့ပင်လယ်ကိုလှည့်ကြည့်လိုက်တော့ တောင်ငယ်လေးတွေလို လျင်မြန်တဲ့ သင်္ဘောများစွာရှိနေတာကို သတိပြုမိလိုက်သည်။

"ဒါက ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများရဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘောစုလား။ သူတို့က အကြီးကြီးလို့ ကြားထားပြီးသားဘဲ၊ ဒါပေမယ့် သူတို့ နာမည်နဲ့ လိုက်လျောညီထွေနေပုံရတယ်။” ရူဆဲလ်က သက်ပြင်းချသည်။

"နောင်ကျရင် ခင်ဗျား သူတို့ကို မကြာခဏတွေ့ရလိမ့်မယ်။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ပြန်ဖြေသည်။ ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

ရှုယီ ထူးဆန်းသည်ကို ခံစားမိရင်း ရူဆဲလ် က မေးလိုက်၏ "ဘာများလဲ။ ပြဿနာရှိလို့လား?"

"မဟုတ်ပါဘူး......ဘာမှမဟုတ်ပါဘူး......" ရှုယီ သည် ဆိပ်ကမ်းနှင့်နီးကပ်နေပြီဖြစ်သော ပါလာဒင်သင်္ဘောကိုကြည့်ကာ ထူးထူးခြားခြားခံစားရသည်။

ခဏအကြာတွင် ပါလာဒင်တံတားကျလာသည်။ ယမန်နေ့က ပါလာဒင်သင်္ဘော ကပ္ပတိန်နှင့်အတူ ဆန်နက်မြေရိုင်းကိုသွားခဲ့သော ပါလာဒင်သင်္ဘောမှ မားကွစ္စ် ဆော့သ်ဂိတ် က ဆင်းလာပါ၏။

ရှုယီက ဆိပ်ကမ်းတွင်ရပ်နေသည်ကိုမြင်တော့ မားကွစ္စ် ဆော့သ်ဂိတ်သည် အပြုံးကြီးကြီးဖြင့် ရောက်ရှိလာသည်။

"ဥက္ကဌရှု၊ ခင်ဗျားက ယဉ်ကျေးလွန်းနေပါပြီ၊ ကျုပ်ကို ကြိုဖို့ ဒီကိုလာတာပဲ။ ကျုပ်က....”

မားကွစ္စ် ဆော့သ်ဂိတ်သည် ရှုယီကိုဖြတ်၍သူ့အနားရှိ ရူဆဲလ် ပေါ်သို့ အကြည့်ရောက်သွားသည်။ မျက်နှာထက်ရှိ အပြုံးကလည်း ရပ်တန့်သွား၏။

ရူဆဲလ်၏မျက်နှာပေါ်ရှိ အပြုံးရေးရေးကလည်း ပျောက်ကွယ်သွားခဲ့သည်။

All Chapters