← Chapters

အခန်း (၁၄၁-၁၅၀)

Vol. 5 Ch. 141-150

အခန်း (၁၄၁-၁၅၀)

Vol. 5 Ch. 141-150

Vol 5, အခန်း ၁၄၁။ ရွှေအိုရောင် ပင်လယ်လမ်းကြောင်း

ဥက္ကဌခရုစ်၏ မျက်နှာထက်မှ စိတ်မကျေနပ်ဟန်ကိုမြင်သော် ရှုယီမှာ ခါးသက်သက်သာ ပြုံးလိုက်နိုင်သည်။

သံတမန်ဟာကာနင်မှာ မူလက ဤလမ်းမအပေါ် ကြိုးစားခဲ့သလို ရှုယီကလည်း ၎င်းနှင့် ပတ်သက်၍ ဝမ်းသာခဲ့ကာ နောက်ဆုံး၌ ကန်ဒရာအင်ပါယာတံခါးကို ဖွင့်နိုင်မည်ဟု စဉ်းစားနေခဲ့သည်။ သူဟာ ၎င်းတို့အား လမ်းများ၏ အဆင်ပြေပုံကို နားလည်စေလိုပြီး လမ်ပူရီတိုင်းပြည်နှင့် တူညီသည့် သက်ရောက်မှုအား ကန်ဒရာအင်ပါယာ၌ ဖြစ်လာစေမည်ဟု ထင်ခဲ့သည်။

သို့သော် အနောက်တောင်ခရိုင်တွင် အမ်ရစ် ကုန်သည်ကြီးများအသင်းက လမ်းခင်းသည့်အခါ ထူးဆန်းသော အတားအဆီး အမျိုးမျိုးကို ကြုံတွေ့ရမည်ဟု သူ မထင်ခဲ့ပေ။ အရေးအကြီးဆုံးပြဿနာမှာ ကန်ဒရာ အင်ပါယာ၏ အရှေ့တောင်ဘက်ခရိုင်မှ အလုပ်သမားများ၏ စွမ်းဆောင်ရည်မှာ အလွန်နိမ့်ကျနေခြင်းဖြစ်သည်။ ဆောက်လုပ်မှု အလွန်နှောင့်နှေးစေသည့် မြေကွက်ငယ်များကို အသုံးပြုရန် ရှင်းလင်းရန်အတွက် အချိန်အတော်ကြာခဲ့သည်။

ထို့အပြင် အဆိုပါ အရာရှိများက အနည်းငယ် တုန်လှုပ်သွားခဲ့ကြသည်။ ဥက္ကဋ္ဌ ခရုစ်၏ ပြောကြားချက် အရ အဆိုပါလမ်းကို စတင်တည်ဆောက်ပြီး တစ်နှစ်ခွဲအတွင်း၊ အမ်ရစ် ကုန်သည်ကြီးများအသင်းသည် ရွှေဒင်္ဂါးသုံးသိန်းကျော်ကို လမ်းစရိတ်၏ ထက်ဝက်နီးပါး ပေးချေခဲ့သည်။

ထို့အပြင်၊ အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုအများစုသည် Frestech ကုန်သည်ကြီးများအသင်းထံမှဖြစ်ပြီး အချို့မှာ အမ်ရစ် ကုန်သည်ကြီးများအသင်းထံမှဖြစ်သည်။ ကန်ဒရာ အင်ပါယာသည် ကြေးဒင်္ဂါးပြားတစ်ပြားကိုမှပေးချေခြင်းရှိသော်လည်း ၎င်းတို့သည် လမ်းမရှိ အကျိုးကျေးဇူးများစွာကို ခံစားနေကြရသည်။ Frestech ကုန်သည်ကြီးများအသင်း နှင့် အမ်ရစ် ကုန်သည်ကြီးများအသင်းတို့ အတွက်၊ ဤသည်မှာ ၎င်းတို့ကို အမှန်တကယ်ဒုက္ခရောက်စေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ယင်းကြောင့် ဥက္ကဋ္ဌ ခရုစ် သည် ကန်ဒရာ အင်ပါယာကို မကျေမနပ်ဖြစ်ခဲ့ရသည်။ သို့သော်လည်း လမ်းတစ်ဝက်မှာ ပြီးပြည့်စုံနေပြီဖြစ်ပြီး ကြီးမားသော အဓိပ္ပါယ်ရှိသောကြောင့် သူ မပျော်သော်လည်း သည်းခံနေရသည်။

ရှုယီသည် ၎င်းအကြောင်းကို တွေးတောစဉ်းစားပြီးဥက္ကဌ ခရုစ် ၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်ခြင်းပြု၍ "ဒါက ပထမဆုံးလမ်းပဲ၊ အခုတော့ သည်းခံလိုက်ပါ။ ဒီလမ်းပြီးသွားသရွေ့ ကန်ဒရာ အင်ပါယာက သူရလာတဲ့ အကျိုးကျေးဇူးတွေကို မြင်နိုင်မှာမဟုတ်ဘူးလို့ ကျုပ်မယုံဘူး။ လမ်းတွေ ဆက်ခင်းချင်နေသရွေ့ ခင်ဗျားရဲ့ကုမ္ပဏီကို ရှာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် ဒီလမ်းကို ဖောက်လုပ်ခဲ့တဲ့ နစ်နာမှုတွေကို ပြန်ရနိုင်မှာပါ။”

ဥက္ကဌ ခရုစ် က အေးစက်စက် နှာမှုတ်လိုက်ပြီး "ငါ မင်းလောက် အကောင်းမြင်နိုင်တာ မဟုတ်ဘူး။ ငါမြင်နိုင်သမျှအရ ကန်ဒရာ အင်ပါယာက ခေါင်းအစ ခြေအဆုံးပုပ်ပွနေတာပဲ။ လမ်းတွေရဲ့ အကျိုးကျေးဇူးတွေကို သူတို့ သိထားရင်တောင်မှ အဲ့လို ဖြစ်မှာမဟုတ်ဘူး။"

ရှုယီက သူ့မျက်လုံးတွေကို မှိတ်ထားပြီး အေးစက်စက် ပြုံးကာ "အဲဒီအချိန်ရောက်ရင် သူတို့နဲ့ မဆိုင်တော့ပါဘူး။"

ဥက္ကဌ ခရုစ်သည် ရှုယီကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ရှုယီ၏စကားများမှ အန္တရာယ်ကို သူခံစားနိုင်သော်လည်း ထိုအန္တရာယ်က ဘယ်ကလာသနည်း။

ကန်ဒရာ အင်ပါယာသည် စိုင်စ်နယ်မြေကြီး၏အင်ပါယာနှစ်ခုထဲမှတစ်ခုဖြစ်သည်။ ရှုယီက ဘာကိုမှ လုပ်ရဲမှာ မဟုတ်ပေ။

ရှုယီက သူ့လက်ကို ဝှေ့ယမ်းပြီး ဒီအကြောင်းအရာကို ရပ်လိုက်သည်။ ထို့နောက် နောက်ဆုံး အနီရောင်မျဉ်းကို ထိရန် သူ့လက်ချောင်းကို ဆန့်ထုတ်လိုက်သည်။

“တကယ်တော့ ကန်ဒရာ အင်ပါယာကိုဖြတ်တဲ့လမ်းနဲ့ ယှဉ်ရင် နယ်မြေကြီးရဲ့အဝေးဆုံးတောင်ဘက်ခြမ်းကို ဆက်သွယ်တဲ့လမ်းက ပိုခက်တယ်လို့ ကျွန်တော်ခံစားရတယ်။ ခရုစ် ခင်ဗျားမှာ ယုံကြည်မှုရှိလား"

ခရုစ်က တောင်ပင်လယ် တလျှောက်ဖြတ်ကာ ကန်ဒရာအင်ပါယာမှ စတင်၍ အရှေ့သို့သွားသည့် လမ်းမကိုကြည့်လိုက်၍ နောက်ဆုံးတွင် ကမ်းရိုးတန်းကို ဖြတ်ပြီး မျဉ်းနီတစ်ကြောင်းဆွဲရင်း ခါးသက်သက်ပြုံးလိုက်သည်။

"ငါပြောမယ် ရှုယီနော့်ဇ်ဒိုမူ စီးပွားရေးသမဂ္ဂနိုင်ငံက အဲ့ကောင်တွေရဲ့ အကြံက သူတို့ရဲ့ စိတ်ကူးယဉ်သပ်သပ်ပဲလို့ ထင်ခဲ့ပေမယ့် သူတို့ တကယ် အလေးအနက်ကြီး သဘောထားမယ်လို့ မစဉ်းစားခဲ့မိဘူး။ အရင်တစ်ခေါက်က ငါ‌ဘာပြောခဲ့လဲဆိုတာ မေ့သွားပြီလား? သီအိုရီအရ နယ်မြေကြီးရဲ့ အရှေ့နဲ့ အနောက်ကို ချိတ်ဆက်နေတဲ့ ဒီလမ်းမကို တည်ဆောက်ဖို့ ဖြစ်နိုင်ပေမယ့် အကြီးဆုံးပြဿနာက ကုန်ကျစရိတ်များလွန်းနေတာပဲ။ အရင်တစ်ခေါက်က မင်းကို တွက်ပြခဲ့ပြီးပြီမဟုတ်လား ရွှေဒင်္ဂါး သန်းငါးဆယ်ကျော်တောင် ယူလိမ့်မယ်လို့လေ။ ဒီလောက် ငွေအများကြီးကို... ငါတို့ လုပ်ငန်းစုတွေကို ရောင်းထုတ်လိုက်ရင်တောင် ထုတ်နိုင်မှာမဟုတ်ဘူး။"

"ဒါကြောင့် တစ်နှစ် နှစ်နှစ်နဲ့ မပြီးဘူးလို့ အရင်တစ်ခေါက်က ကျုပ်ပြောခဲ့တယ်မို့လား?" ရှုယီက ပခုံးတွန့်လိုက်ကာ၊ "ပြီးတော့လည်း ကျွန်တော် စီစဉ်ထားတဲ့ ပို့ဆောင်ရေးလမ်းသုံးလမ်းကို အချိန်တိုလေးအတွင်းမှာ အပြီးမသတ်နိုင်ဘူး။ တစ်ခုလောက်ရွေးရမယ်ဆိုရင် ဒီတစ်ခုကို အရင်ဆုံး ဆောက်ချင်တယ်။"

ရှုယီက ထိပ်တုံးမျဉ်းနီကို ညွှတ်ပြလာသည်ကို မြင်သော် ဥက္ကဌ ခရုစ်မှာ သက်ပြင်းချလိုက်မိသည်။

"ကြည့်ရတာ မင်းက တကယ်ကို မရူးသွပ်နေဘူးပဲ။ မဆိုးဘူး ကျန်တာတွေနဲ့စာရင် ဒီလမ်းကို အခုအပြီးသတ်နိုင်တယ်။ စတန်တိုင်းနယ်မြေ၊ လမ်ပူရီတိုင်းပြည်ပဲ ဖြစ်ဖြစ် ဒရိတ်ခ်နယ်မြေပဲ ဖြစ်ဖြစ် သူတို့ဆီမှာက လမ်းတွေ ရှိနေပြီးသားပဲ။ ဖော့ခ်တိုင်းပြည်မှာ လမ်းနည်းနည်း ခင်းလိုက်ဖို့ပဲ လိုတာ။ မားလိုအင်ပါယာကတော့... မင်းနဲ့ မားလိုအင်ပါယာကြားက ပူးပေါင်းမှုအပေါ် မူတည်တယ်။"

ဥက္ကဌ ခရုစ်၏ သံသယအကြည့်ကိုမြင်သော် ရှုယီက အသာပြုံး၍ ခေါင်းငြိမ့်သည်၊ "ကျုပ် မားကွစ္စ် ဆော့သ်ဂိတ် ကို ယုံကြည်ပါတယ်။ မမျှော်လင့်ထားတာ ဖြစ်မလာရင် သူ မကြာခင် သတင်းပို့လာလိမ့်မယ်။"

"မျှော်လင့်နေပါတယ်"

နှစ်ဦးသားမှာ ခဏကြာအောင် စီစဉ်ထားပြီးသားလမ်းသုံးလမ်းအကြောင်း ဆွေးနွေးပြီးနောက် ဥက္ကဌ ခရုစ် ထွက်သွားသည်။

ရှုယီသူ့အား လိုက်ပို့ပြီးနောက် မြေပုံထံပြန်လာကာ ခပ်ကြာကြာ ကြည့်လိုက်သည်။ ထို့နောက် ဘောပင်တစ်ချောင်းယူကာ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်ရုံးမှ စတင်ကာ အနောက်ဘက်ကို သွားလိုက်သည်။ သူဟာ အဆုံးမဲ့ပင်လယ်ကို ဖြတ်၍ မျဉ်းပြာတစ်ကြောင်းဆွဲလိုက်ပြီးနောက် တောင်ဘက်သို့ ကွေ့သွားကာ စတန်တိုင်းနယ်မြေ၊ ရူဒ်ဆန်တိုင်းပြည်နှင့် ကန်ဒရာအင်ပါယာတို့ကို ဖြတ်သန်းပြီး နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံ၏ ကမ်းရိုးတန်းထိအောင် ရောက်လာသည်။

နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံမှ ဆိပ်ကိမ်းကို အပြီးသတ်ပြီးသည်မှာ ယခုဆိုလျှင် ငါးလကြာနေပြီဖြစ်ရု Frestech ကုန်သည်ကြီးများအသင်း၏ ပို့ဆောင်ရေးသ‌င်္ဘောစုမှာ လစဉ် ခရီးပတ်နေပြီဖြစ်သည်။ ၎င်းတို့မှာ ပို့ဆောင်ရေးခရီး‌စဉ် ငါးကြောင်းဆွဲပြီးကာ နယ်မေ့ကြီး၏ အနောက်တောင်နှင့် အရှေ့တောင် ကမ်းရိုးတန်းတို့အကြား၌ ပင်လယ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာစေသည်။

ဥက္ကဌ ခရုစ်မှ စိုင်စ်နယ်မြေကြီးရှိ အခက်ဆုံးလမ်းဟု ခေါ်သော တောင်ကမ်းရိုးတန်းကို ဖြတ်၍ လမ်းကို တည်ဆောက်ရန်မှာ ယခုတွင် အင်မတန်ခက်ခဲလှသည်။ ထို့ကြောင့် လက်ရှိတွင် အရှေ့နှင့် အနောက်ကမ်းရိုးတန်းကို ချိတ်ဆက်ခြင်းအတွက် စိတ်အချရဆုံးနည်းလမ်းမှာ ဤပင်လယ်လမ်းကြောင်းပင်။

ခရီးစဉ် ငါးကြောင်းပြီးနောက် Frestech ကုန်သည်ကြီးများအသင်းမှာ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံထံသို့ ကုန်စည်ပမာဏကြီးတစ်ခုနှင့် လူများကို ခေါ်လာခဲ့သည်။ ၎င်းတို့မှာ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံ၌ ဘိလပ်မြေစက်ရုံတစ်ရုံနှင့် သံမဏိစက်ရုံတစ်ရုံကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။

လက်ရှိ အစီစဉ်ကြောင့် နောက်နှစ် အစတွင် စတင်ပြီး ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထို့နောက် Frestech ကုန်သည်ကြီးများအသင်း ရင်းနှီးမြှုပ်နှံမည့် လူအင်အားနှင့် နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံတွင် ထုတ်လုပ်ရေး အခြေစိုက်ဌာနကို တည်ဆောက်နိုင်ပြီး နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံရှိ မှော်စက်များကို အဆင့်မြှင့်တင်ရန် ရုန်းကန်နိုင်မည်ဖြစ်သည်။

ဤထုတ်လုပ်ရေးအခြေစိုက်ဌာနကို မတည်ဆောက်ခင် Frestech ကုန်သည်ကြီးများအသင်းက ဒီတိုင်းမနေပါချေ။ ပို့ဆောင်ရေးသင်္ဘောစုမှ တဆင့် ၎င်းတို့မှာ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံ လတ်တလော လိုအပ်နေသည့် စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးမှော်စက်များစွာကို ပေးပို့ခဲ့သလို နာမည်ကြီး အိမ်သုံးမှော်စက်မျိုးစုံလည်း ပါသေးသည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း မှာ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံထံမှ ဆေးဝါးနှင့် သားမွေးပမာဏများစွာကို ရခဲ့သည်။ စတန်တိုင်းနယ်မြေသို့ သင်္ဘောပြန်ဆိုက်ပြီးနောက် ၎င်းတို့မှာ အနီးဝန်းကျင်နိုင်ငံများသို့ ရောင်းချရာ အတော်လေးငွေဝင်ခဲ့ပေသည်။

ခရီးစဉ် ငါးကြောင်းတည်းနှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါး နှစ်သန်းကျော်ရခဲ့သည်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ထိပ်တန်း အဖွဲ့ဝင်များမှာ ဤပင်လယ်လမ်းကြောင်းကို "ရွှေပင်လယ်လမ်း"ဟုပင် ခေါ်ကြ၏။

မြေပုံကိုကြည့်လိုက်ရင်း ရှုယီမှာ သူ၏ ဘောပင်ကို Frestech ကုန်သည်ကြီးများအသင်း၏ အဓိကအခြေစိုက်ရုံး၌ ပြန်ထောင်လိုက်ပြီးနောက် အနောက်ဘက်မှ အဆုံးမဲ့ပင်လယ်ပြင်သို့ ယူသွားလိုက်သည်။

ဤအကြိမ်၌ သူဟာ မြောက်ပိုင်းသို့သွားကာ နယ်မြေကြီး၏ အရှေ့မြောက်ရှိ ဆန်နက်မြေရိုင်း၊ စခ်တိုင်းပြည်၊ အဲလက်စ်တိုင်းပြည်တို့ကို ဖြတ်ကာ မြောက်ပင်လယ်ထဲသို့ ဝင်သွားသည်။

သို့သော် ဤမျဉ်းပြီးချိန်၌ ရှုယီမှာ ခေတ္တရပ်တန့်သွားပြီးနောက် ရပ်တန့်ကာ အသာမျက်မှောင်ကုပ်လိုက်မိသည်။

ရှုယီမှာ မြောက်ပိုင်းရှိ နိုင်ငံများသို့ ဘယ်တုန်းကမှ မရောက်ဖူးသော်လည်း သူဖတ်ဖူးသည့် စာအုပ်များအရ နယ်မြေကြီး၏ မြောက်ပိုင်းမှာ ဆောင်းဝင်လာသည့်နှင့် အင်မတန်အေးခဲလှသည်။ အဆုံးမဲ့ပင်လယ်သည်ပင် ရေခဲပြင်ထူထူဖြင့် ဖုံးအုပ်ခံရသဖြင့် ပင်လယ်ပြင်၌ လုံးဝ ရွက်မလွှင့်နိုင်ပေ။

ထို့ကြောင့် ဤလမ်းကြောင်းမှာ တောင်ဘက် လမ်းကြောင်းကဲ့သို့ တ‌စ်နှစ်ပတ်လည်လုံး ဖွင့်ထားဖို့ မဖြစ်နိုင်ပါချေ။

စဉ်းစားကြည့်ပြီးနောက် ရှုယီမှာ မြောက်ပင်လယ်မှ အရှေ့ဘက်သို့ ဖြတ်၍ မျဉ်းဆက်ဆွဲကာ နယ်မြေကြီး၏ မြောက်ပိုင်းဗဟို၌ ရပ်တန့်လိုက်သည်။

ဤသည်မှာ မားလိုအင်ပါယာ၏ မြောက်ကမ်းရိုးတန်းဖြစ်သည်။ ၎င်းတို့သာ လမ်းကြောင်းတစ်ကြောင်းဖောက်နိုင်ခဲ့လျှင် ပင်လယ်ပြင်၌ မားလိုအင်ပါယာကို ကုန်စည်များပို့ဆောင်နိုင်မည်ဖြစ်ရာ သံသယဝင်စရာမလိုအောင် Frestech ကုန်သည်ကြီးများအသင်း နှင့် မားလိုအင်ပါယာအကြားရှိ ဆက်ဆံရေးကို တိုးတက်စေလိမ့်မည်။

မြေပုံပေါ်ရှိ မားလိုအင်ပါယာကို ကြည့်ရင်း ရှုယီ၏ မျက်လုံးများမှာ နယ်မြေကြီး၏ အရှေ့မြောက်ဘက်သို့ ကျရောက်သွားသည်။ သူဟာ မားလိုအင်ပါယာ၏ ကမ်းရိုးတန်းမှ အရှေ့ဘက်သို့ နောက်ထပ် မျဉ်းတစ်ကြောင်းဆွဲကာ ဤအရှေ့မြောက်ထောင့်သို့ ရောက်လာပြီးနောက် အနည်းငယ် အောက်ဆင်းလိုက်သည်။ သူဟာ အရှေ့တောင်ဘက်ရှိ နော့ဇ်ဒိုမူစီးပွားရေးသမဂ္ဂနိုင်ငံသို့ တလျှောက်လုံးဆင်းလာပြီး ၎င်းကို တောင်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ချိတ်ဆက်လိုက်သည်။

ထိုသို့ဖြင့် ၎င်းမှာ ပင်လယ်ပြာကုန်သွယ်ရေးလမ်းကြောင်းက နယ်မြေကြီးတစ်ခုလုံးကို ဝိုင်းပတ်ထားသကဲ့သို့ဖြစ်နေ၏။

သီအိုရီအရ Frestech ကုန်သည်ကြီးများအသင်းမှာ နယ်မြေကြီးရှိ ပင်လယ်ပြင်အနီး မည်သည့်နိုင်ငံကိုမဆို ကုန်စည်များယူလာရန် ပင်လယ်ပို့ဆောင်ရေးကို မှီခိုနိုင်သည်။

မှန်ပါ၏ နယ်မြေကြီးရှိ နိုင်ငံအများစုမှ ပင်လယ်ပြင်အနီး၌ မရှိပေ။ Frestech ကုန်သည်ကြီးများအသင်း၏ ကုန်စည်များကို နယ်မြေကြီး၏ အစိတ်အပိုင်းတိုင်းထံ ပို့ဆောင်ရန် ၎င်းတို့မှာ ပင်လယ်ကြောင်းပို့ဆောင်ရေးကို မှီခိုရုံနှင့်တင်မရပေ။

ဤသည်မှာ အနှီ အဓိက လမ်းမသုံးကြောင်းကို ရှုယီခင်းချင်ရသည့် အဓိက အကြောင်းအရင်းပါပင်။

သို့သော် အနှီလမ်းမများကို ခင်းရခြင်းမှာ အင်မတန် ခဲကပ်လှသည်။ အရေးအကြီးဆုံး ပိုက်ဆံပြဿနာအပြင် အကြီးများဆုံး နှောင့်နှေးမှုမှာ အခြားနိုင်ငံများ၏ သဘောထားများဖြစ်ကြသည်။

ရှုယီမှာ ဖော့ခ်တိုင်းပြည်က မြောက်ဘက်ရှိ လမ်းမကို သဘောတူလိမ့်မည်ဖြစ်ကြောင်း ယုံကြည်သော်လည်း မားလိုအင်ပါယာ၏ သဘောထားက သေချာသည့်အရာမဟုတ်နေပေ။

အလယ်လမ်းမက ကန်ဒရာအင်ပါယာနှင့် ချိတ်ဆက်နေသော်လည်း ကန်ဒရာအင်ပါယာ၏ လက်ရှိ လုပ်ဆောင်ချက်ကြောင့် အကောင်းမြင်ရမည့်ပုံမပေါ်ချေ။

"ဒီဧရာမအင်ပါယာကြီးက ခရုစ်ပြောသလို တကယ်ပဲ ပုပ်ပွနေတာများလား?"

ရှုယီမှာ ကန်ဒရာအင်ပါယာထက် အနည်းငယ်ပိုကြီးမားသည့် မားလိုအင်ပါယာကို မျက်မှောင်ကုပ်ကြည့်ကာ မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။

ဤအချိန်၌ တံခါးမှ လာသော ခပ်ဖွဖွခြေသံများက ရှုယီအား အတွေးထဲမှ ဆွဲထုတ်လိုက်သည်။

ကြည့်လိုက်သော် ထရီဇာ၏ ခေါင်းလေးက သိလိုဟန်အပြည့်ဖြင့် တံခါးမှ ပြူကာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ရှုယီက ကြည့်လာသည်ကိုမြင်သော် ထရီဇာမှာ ယုန်သူငယ်လေးကဲ့သို့ နောက်တွန့်သွားသော်လည်း ခဏတာတုံ့ဆိုင်းနေပြီးနောက် ထပ်ကြည့်နေဆဲပင်။

ရှုယီက မျက်လုံးများမှေးကျဉ်း၍ ကြည့်လိုက်ပြီးနောက် အသာပြုံးကာဆိုသည်၊ "ဝင်လာခဲ့ပါ"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၄၂။ ပြန်သွားချင်လား?

ထရီဇာမှာ ကြောက်ရွံ့နေသည့် ယုန်သူငယ်နှယ် ဖြည်းဖြည်းချင်း ရောက်လာသည်။ သူမက ရှုယီကိုကြည့်ကာ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် အသံတိုးတိုးဖြင့် မေးလာ၏၊ "ဥက္ကဌ၊ အခု... ရှင့်မှာ အချိန်ရှိလား?"

"အင်း? ဘာများလဲ?" ရှုယီက ပြန်မေးလေ၏။

"ရှင့်မှာ... အချိန်ရှိရင် ဖွံ့ဖြိုးရေးဌာနဆီ တစ်ချက်လောက် လာပေးနိုင်မလား? ဆရာကမ်ဘီနဲ့ ကျန်တဲ့လူတွေ ... ချကြတော့မယ်။"

"ဟမ်?" ရှုယီမှာ ထရီဇာက ကိစ္စတစ်ခုခုကြောင့် တစ်ယောက်တည်းလာသည်ဟု ထင်မိသော်လည်း ဤသည်က သူမ ပါးစပ်မှ ပထမဆုံးထွက်လာမည့် စကားဟု မထင်ခဲ့ပါချေ။

"ကမ်ဘီနဲ့ တခြားလူတွေ ချကြတော့မယ်? ဘယ်သူနဲ့လဲ? ဘာလို့လဲ?" ရှုယီက ထိတ်လန့်နေဟန်ဖြင့် မေးလိုက်သည်။

"ဆရာ ဘော်ဒီယူရယ် ဆရာ ဒိုနာမန်ရယ်နဲ့။" ထရီဇာက ခေါင်းငုံ့ရင်း ပြန်ဖြေသည်၊ "သူတို့က မီးစွမ်းအားမှော်အင်ဂျင်ကြောင့် ငြင်းခုံနေကြပြီး ဘယ်သူကမှ နောက်ဆုတ်မပေးကြလို့ သူတို့ ငြင်းခုံမှုက အရမ်းကို ပြင်းထန်လာနေပြီ။ ကျွန်မထွက်လာတုန်းက စပြီးတိုက်ခိုက်ဖို့ ပြင်နေကြတာ..."

"သူတို့တွေကတော့ တကယ်ကိုပဲ...." ရှုယီက ကူရာမဲ့စွာ ခေါင်းခါသည်။

ကမ်ဘီနှင့် အခြားလူပုလေးများမှာ ၎င်းတို့အလုပ်နှင့် ပတ်သက်လျှင် အင်မတန် လေးနက်ကြကာ ကျွမ်းကျင်ကြပြီး အလုပ်ကြိုးစားခြင်းကို မကြောက်ရွံ့ကြသလို ၎င်းတို့၏ အလုပ်နှင့်ပတ်သက်၍ အင်မတန်စိတ်ထက်သန်ကြသည်။ ၎င်းတို့မှာ ပြီးပြည့်စုံသော သုတေသီများဟုပင် ဆိုနိုင်သော်လည်း လူပုလေးများက ဒေါသကြီးသည်ဟူသည့် ၎င်းတို့အကြား ဘုံပြဿနာတစ်ခုရှိနေသည်။

ဤဒေါသကြီးမှုက ပုံမှန်အားဖြင့် အဆင်ပြေသော်လည်း သုတေသန၌ အမြင်မတူရာတွင် ငြင်းခုံမှုများကို ရှောင်ရှားရန် ခက်လှသဖြင့် ပေါက်ကွဲဖို့က လွယ်ပါ၏။

၎င်းကြောင့် မှော်စက်ဖွံ့ဖြိုးရေးဌာန၏ လူပုလေးများမှာ မကြာခဏ ငြင်းခုံတတ်ကြပြီး တိုက်ခိုက်ပင် တိုက်ခိုက်တတ်ကြသေးသည်။

၎င်းတို့မှာ လုပ်ပိုင်ခွင့်ရှိပြီး မည်သို့သော သေစေနိုင်သည့် ဒဏ်ရာမှ မရကြသေလို တိုက်ခိုက်ပြီးနောက် အနှီငြင်းခြံမှုကို မေ့လျော့ကာ ပုံမှန်အတိုင်းအလုပ်လုပ်ကြသော်လည်း အချိန်တိုင်း ရှုယီအား သွားစေပြီး ရှင်းလင်းစေသည်က ခေါင်းကိုက်ရသောအရာပင်။

"ဟုတ်ပြီ ငါ ချက်ချင်းသွားလိုက်မယ်။" ရှုယီမှာ ဘေးဘီကို ကြည့်ပြီး သိမ်းဆည်းကာ ထရီဇာအား သူ့နောက်မှ လိုက်လာခိုင်းလိုက်သည်။

၎င်းတို့ ထွက်ခွာသွားချိန်တွင် ထရီဇာ၏ မျက်လုံးများက နံရံထက်ရှိ မြေပုံကိုကြည့်ကာ မျက်လုံးများထဲ သံသယအချို့ပေါ်လာ၏။

ရှုယီက ၎င်းကို သတိပြုမိကာ ပြုံးရုံပြုံးပြလိုက်သည်။ သူဟာ မည်သည်ကိုမှ မဆိုဘဲ အမြန် ထွက်သွား၏။

မှော်စက် ဖွံ့ဖြိုးရေးဌာနမှာ ရှုယီ၏ ကိုယ်ပိုင်အိမ်တော်မှ အနည်းငယ်ဝေးကွာသည်။ သူသာ တစ်ဦးတည်းဆိုလျှင် သူဟာ ထိုနေရာသို့ တိုက်ရိုက်ရောက်သွားရန် အာကာမြင် မှော်ပညာကို သုံးမည်ဖြစ်သော်လည်း ထရီဇာ ရှိသဖြင့် ၎င်းကို မသုံးနိုင်ပေ။

ထို့ကြောင့် သူဟာ ခြံထဲ ရပ်ထားသည့် သူ၏ မှော်ဆလွန်းထံ ထရီဇာကို ခေါ်ကာ အထဲဝင်ခိုင်းလိုက်သည်။

နှစ်ဦးသားမှာ မှော်ဆလွန်းထဲ ထိုင်လိုက်ချိန်၌ ရှုယီက ရုတ်တရတ် ပြဿနာတစ်ရပ်ကို သတိရသွားသည်။

"ဟုတ်သားပဲ ထရီဇာ မင်းက ဘယ်လိုလုပ်ရောက်လာတာလဲ? ဘာလို့ မင်းက ငါ့ကိုလာရှာတာလဲ? ဖီဗန်ရော? ဘာလို့ သူမက မလာတာလဲ?"

ရှုယီပြောသည့် ဖီဗန် ဆိုသည်မှာ မှော်စက်ဖွံ့ဖြိုးရေးဌာန၏ စီမံခန့်ခွဲရေးဆိုင်ရာ မန်နေဂျာဖြစ်သည်။ သူမဟာ အဓိကအားဖြင့် မှော်စက်ဖွံ့ဖြိုးရေးဌာနအတွက် စီမံခန့်ခွဲရေးအလုပ်မျိုးစုံအတွက် တာဝန်ရှိပြီး သုတေသန၌ ပါဝင်ခြင်းမရှိပေ။

မှော်စက်ဖွံ့ဖြိုးရေးဌာန၏ အင်ဂျင်နီယာများမှာ ဖီဗန်က ၎င်းတို့၏ ကလေးထိန်းဟုပင် ဆိုကြသေးသည်။

ကမ်ဘီနှင့် အခြားသူများ စတင်ငြင်းခုံကြချိန်တွင် ဖိအားပေးလို့မရတော့ပါက ရှုယီအား လာရှာသူမှာ ဖီဗန်ဖြစ်သည်။

"မန်နေဂျာ ဖီဗန်ရဲ့ မြေးကို မနေ့ကမွေး‌လို့ ခွင့်ရက်အတော်လေးယူထားတယ်။" ထရီဇာက ဆိုသည်။

"အိုး... ငါ မှတ်မိပြီ" ရှုယီက ခေါင်းငြိမ့်၏။ သူဟာ ထရီဇာကို ဆက်တိုက်ကြည့်ပြီး သူမ အဖြေကို စောင့်နေလိုက်သည်။

ထရီဇာက ရှုယီ၏ အကြည့်ကို ခံစားမိရာ သူမ၏ မျက်နှာက ရဲတက်သွားပြီး တစ်ဖန် ခေါင်းငုံ့လိုက်ပြန်သည်။ တစ်အောင့်ကြာသည့်နောက် သူမဟာ အသံတိုးတိုးဖြင့် ဖြေလာသည်၊ "ဘယ်သူကမှ ဆရာကမ်ဘီတို့ကို မတားနိုင်ကြလို့ ကျွန်မ အနေနဲ့ ရှင့်ကို လာရှာသင့်တယ် ထင်လို့ပါ။ သူတို့အားလုံး အရမ်းအလုပ်များနေကြတော့ ကျွန်မ ခံစားမိတာ... ကျွန်မလည်း ဥက္ကဌကို မတွေ့ရတာ ကြာနေတာနဲ့ ဒီကို အပြေးလာလိုက်တာပဲ...."

ထရီဇာ၏ နားရွက်သည်ပင် နီရဲနေသည်ကို မြင်သော် ရှုယီမှာ အသာပြုံးလိုက်သည်။ သူဟာ ဆက်မမေးနေတော့ဘဲ မှော်ဆလွန်းကို စက်နှိုး၍ အိမ်တော်မှ မောင်းထွက်သွားသည်။

မှော်ဆလွန်းက လမ်းမထက် ၂ကီလိုမီတာလောက် မောင်းနှင်ပြီးချိန်တွင် ထရီဇာမှာ ဖြည်းဖြည်းချင်း စိတ်ပြန်ငြိမ်သွားသည်။ သူမက ရှုယီကို စူးစိုက်နေဟန်ဖြင့် ကြည့်လိုက်သည်။

"ဘာတွေ ကြည့်နေတာလဲ?" ရှုယီက သူမ၏ အကြည့်ကို ခံစားမိရာ အပြုံးဖြင့်မေးလိုက်သည်။

"ဘာ... ဘာမှမဟုတ်ပါဘူး...."

ထရီဇာမှာ ၎င်းကို မပြောသဖြင့် ရှုယီက အရင်ဦးစွာမေးလိုက်သည်။

"ပြောရရင် .... ထရီဇာ မင်း အခုဆိုရင် စစ်ဘက်သုံးမှော်စက်ဌာနမှာ အလုပ်လုပ်နေတာ တစ်နှစ်ရှိနေပြီမလား? မင်းကို အလုပ်လုပ်ရတာ အဆင်ပြေလားတောင် မမေးရသေးဘူး။"

ရှုယီက သူမ အကြောင်းမေးလာသည်ကို ကြားသော် ထရီဇာမှာ ချိုသာစွာပြုံး၍ ဖြေ၏၊ "ဥက္ကဌရဲ့ ဂရုစိုက်မှုအတွက် အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်မ ဒီအတောအတွင်း ကောင်းကောင်းလုပ်နေခဲ့ပြီး မိတ်ဆွေတွေကလည်း အားလုံး ကျွန်မအပေါ်ကောင်းကြပြီး ဂရုစိုက်ပေးကြတယ်လေ။ ကျွန်မသူတို့နဲ့ အလုပ်လုပ်ရတာ အရမ်းပျော်နေပါတယ်။"

"ဒီလိုလား? အီဗီတာကို စစ်ဘက်သုံးမှော်စက်တွေအကြောင်း မေးခွန်းတွေ မေးဖို့ မကြာခဏရှာတယ်လို့ ပြောတာကြားတယ် ကြည့်ရတာ မင်း အတော်လေးကြိုးစားနေတာပဲ။"

ထရီဇာက သူမမျက်နှာထက်၌ ရှာတွေ့ရန်မလွယ်သည့် ထူးဆန်းဆန်းဟန်ရှိနေကာ ခေါင်းငြိမ့်၍ ပြောသည် ၊"အင်း ကျွန်မ လုပ်ငန်းစုကို အထောက်အကူပိုဖြစ်ချင်လို့ ပိုပြီး ကြိုးစားရမှာပေါ့။ ခေါင်းဆောင် အီဗီတာက ကျွန်မအပေါ်ကောင်းပါတယ် အတော်များများလည်း ကူညီထားသေးတယ်။"

"အင်း ဒါက သူမ ခေါင်းဆောင်အနေနဲ့ လုပ်သင့်တဲ့အရာပါ။ သူမကို မင်းကိုကူညီပေးဖို့ သပ်သပ်တောင်းဆိုထားသေးတယ်။" ရှုယီက သက်ပြင်းအသာချသည်၊ "ဒါပေမယ့် ထရီဇာ, မင်း စစ်ဘက်သုံးမှော်စက်တွေကို ထုတ်လုပ်ချင်တာက တကယ်ပဲ မင်းအဖေ ဗစ်ကောင့်ထ် ချာလန့်ဇ်ကြောင့်လား?"

ထရီဇာ၏ အပြုံးက ပျောက်ကွယ်သွားကာ ခေါင်းလည်းငုံ့သွားသည်။ သူမ ပြန်မော့လာချိန်တွင် ခိုင်မာနေဟန်လည်း ထပ်ပေါ်နေ၏။

"ဟုတ်ပါတယ် ဥက္ကဌ ကျွန်မ အဖေနဲ့ တစ်မိသားစုလုံးက အဲ့ဒီ စက်ဆုပ်စရာ စခ်တိုင်းပြည် မျိုးရိုးမြင့်တွေ သတ်ခံခဲ့ရတာလေ။ ကျွန်မက တစ်ဦးတည်းသော ကျန်ခဲ့တဲ့သူမို့လို့ သူ့အတွက် လက်စားချေကို ချေရမယ်။"

"ဒါပေမယ့် မင်း ပြဿနာတစ်ခုကို မစဉ်းစားမိဘူးလား? မင်း အနေနဲ့ စစ်ဘက်သုံးမှော်စက်တွေကို ထုတ်လုပ်ဖို့ ကြိုးစားရင်တောင် ဒါက သူတို့တွေကို စခ်တိုင်းပြည် မျိုးရိုးမြင့်တွေကို ဆန့်ကျင်ပြီး သုံးနိုင်မယ့် အဓိပ္ပာယ်တော့မဟုတ်ဘူးလေ။ လက်တွေ့မှာ မင်းထုတ်လုပ်မယ့် စစ်ဘက်သုံးမှော်စက်တွေက မင်းမုန်းတီးတဲ့ အဲ့ဒီ စခ်တိုင်းပြည် မျိုးရိူးမြင့်တွေလက်ထဲ အဆုံးသတ်ရနိုင်တယ်။" ရှုယီက ဆိုသည်။

ထရီဇာက အံ့ဩသွားသည်။ သူမ၏ မျက်လုံးများက မနေနိုင်အောင် ပြူးကျယ်လျက် ရှုယီကို မယုံနိုင်စွာကြည့်၍ မေးသည်၊ "ဥက္ကဌ ရှင်... ရှင် တကယ်ပြောနေတာလား? ရှင်က စစ်ဘက်သုံးမှော်စက်တွေကို စခ်တိုင်းပြည်ဆီ ရောင်းဖို့ စီစဉ်နေတာလား? ရှင် အမြဲ သူတို့ကို ရန်လိုနေခဲ့တာ မဟုတ်ဘူးလား?"

"ကျုပ်က စခ်တိုင်းပြည်ကို သဘောမကျတာဟာ အရင်က ကျုပ်တို့ လုပ်ငန်းစုကို တိုက်ခိုက်ဖို့ သူတို့က ဒုခ်ဝိန်းနဲ့ ပူးပေါင်းခဲ့လိုပဲ။ ဒါပေမယ့် ရန်လိုတဲ့အကြောင်းပြောရမယ်ဆိုင်... ဒါက မသေချာဘူး။ အဆုံးကျတော့ ကျုပ်က ကုန်သည်တစ်ဦးဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းက လုပ်ငန်းစုလေးတစ်ခုပဲလေ။ အခြေအနေတွေကောင်းတာနဲ့ ကျုပ်တို့ ထုတ်ကုန်တွေကို ရောင်းနိုင်သမျှ လူဆီရောင်းမှာပဲလို့ မစဉ်းစားမိဘူးလား?"

ထရီဇာက ရှုယီကို ငေးကြည့်ရင်း မျက်လုံးများထဲ ရှုပ်ထွေးမှုများပေါ်လာရသည်။ သူမဟာ နောက်ဆုံး၌ နှုတ်ခမ်းအား ခပ်သာသာပုတ်၍ မည်သည်ကိုမှ မဆိုပေ။

ရှုယီက သူမကိုကြည့်ရင်းနှုတ်ခမ်းများက အဓိပ္ပာယ်ပါပါ တွန့်ကွေးသွားရင်း မေးလာသည်၊ "စိတ်ပျက်သွားလား?"

ထရီဇာက ဖြည်းဖြည်းချင်း ခေါင်းခါသော်လည်း သူမက တိတ်ဆိတ်နေဆဲပင်။

"ထရီဇာ ငါ မင်းရဲ့ ခံစားချက်ကို နားလည်သလို စာလည်းစာနာပါတယ် ဒါပေမယ့် ငါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဖြစ်ပြီး လုပ်ငန်းစုတစ်ခုလုံးအတွက် စဉ်းစားဖို့လိုတာကို မင်းနားလည်ရမယ်။ စခ်တိုင်းပြည်သာ Frestech ကုန်သည်ကြီးများအသင်းအတွက် အကျိုးအမြတ် အလုံအလောက် ယူလာနိုင်ရင် အရင်က အငြိုးတွေကို ခဝါချဖို့လည်း စိတ်ထဲမထားဘူး။ မင်းဆန္ဒအတွက်ကတော့... အရမ်းရက်စက်ရာကျပေမယ့် အရေးသိပ်မပါဘူးလို့ပဲ ပြောနိုင်တယ်။"

ထရီဇာက ခေါင်းပိုငုံ့သွားကာ သူမ၏ ခေါင်းကို ဒူးပေါ်၌ပင် ထားလိုက်သည်။ သူမ၏ ခြေထောက်များက ထောင်လာပြီး လက်များဖြင့် သိမ်းဖက်ရင်း ကျောပြင်လေးက တုန်ရီက ငိုသံဖွဖွထွက်လာသည်။

ရှုယီက သူမကိုကြည့်၍ မျက်နှာထက် ထူးဆန်းသည့်အပြုံးရှိနေသည်။ သူ၏အသံက မတိုင်ခင်ကနှင့်စာလျှင် ပို၍ တည်ငြိမ်လာပြီး အသံဖွဖွဖြင့်ဆိုသည်၊ "တကယ်တော့ ထရီဇာ မင်းရဲ့ လက်စားချေမယ့် ပစ်မှတ်က မှားနေတာ မဟုတ်ဘူးလား? မင်းအဖေ ဗစ်ကောင့်ထ် ဒိုရန် ကားလန့်ဇ်နဲ့ မင်းမိသားစုကို သတ်ခဲ့တာက စခ်တိုင်းပြည် တစ်ခုလုံးမဟုတ်ဘဲ ကောင့်ထ် အော်ဇီးလ်မဟုတ်လား? ဘယ်လိုလုပ် စခ်တိုင်းပြည်တစ်ခုလုံးကို ပစ်မှတ်ထားဖို့ လိုအပ်မှာလဲ?"

ထရီဇာက ရုတ်တရတ် မျက်နှာထက် မျက်ရည်များဖြင့် မော့ကြည့်လာသော်လည်း မျက်လုံးများထဲရှိ အံ့အားသင့်မှုကို လုံးဝ ဖုံးမထားနိုင်ပေ။

"ဥက... ဥက္ကဌ... ရှင် ဒါကို ဘယ်လိုသိတာလဲ?"

ရှုယီက ပခုံးတွန့်ကာ၊ "မင်းရဲ့ ဇာတ်လမ်းကိုကြားပြီးတဲ့နောက်မှာ ငါ ဒီအကြောင်းစုံစမ်းဖို့ လူလွှတ်လိုက်တာ။ အစီရင်ခံစာအရတော့ မင်းအဖေနဲ့ မင်းမိသားစုကို ကောင့်ထ် အော်ဇီးလ်က မှားယွင်းစွပ်စွဲပြီး ပုန်ကန်မှုကို အတုလုပ်ထားတာပဲ။ တကယ်တော့ စခ်တိုင်းပြည်မှာ မင်းရဲ့အဖေက သူ့ရဲ့ ဂုဏ်သတင်းကို ပြန်ရယူပြီးနေပါပြီ။ မင်းက ဒီမှာပဲ ရှိနေတာမို့ သတင်းတွေမရတာပါ။"

ထရီဇာက တုန်ရီလျက် မျက်နှာထားများ အကြိမ်ပေါင်းများစွာ ပြောင်းလဲနေပြီးနောက် တုန်ယင်နေသံဖြင့် မေးလာသည်၊ "ဥက္ကဌ၊ ရှင်... ရှင် သိနေပြီးသားဆိုမှတော့ ဘာလို့ ကျွန်မကို မပြောခဲ့ရတာလဲ?"

"ငါလည်း အရင်လကမှ သိပြီး အရမ်းအလုပ်များနေလို့ မပြောဖြစ်တာ။" ရှုယီက ပခုံးတွန့်သည်။

ထရီဇာက ရှုယီကို ငေးငိုင်လျက် ကြည့်လာသည်။

ရှုယီက သက်ပြင်းချသည်၊ "ထရီဇာ မင်းအနေနဲ့ စခ်တိုင်းပြည်ကို ပြန်ချင်ရင်တောင် အဆင်ပြေတယ်။ မင်းအဖေရဲ့ ဂုဏ်သတင်းကို ပြန်ရယူပြီးသလို မင်းရဲ့ မိသားစုကို အမည်ဖျက်ခဲ့တဲ့ ကောင့်ထ်အော်ဇီလ်ကိုလည်း စခ်တိုင်းပြည်က ထောင်ထဲထည့်ပြီးနေပြီ။ မင်းပြန်တဲ့အခါကျ မင်းအဖေရဲ့ ဗစ်ကောင့်ထ် ဘွဲ့ကိုယူပြီး အေးအေးချမ်းချမ်းနေလို့ရပြီ။ မင်း... ပြန်ချင်လား?"

ထရီဇာမှာ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ဖြည်းဖြည်းချင်း ခေါင်းခါသည်။

"ဟင့်အင်း... ကျွန်မ... ကျွန်မ မပြန်ဘူး... ကျွန်မကို နာကျင်စေခဲ့တဲ့နေရာကို မပြန်ချင်ဘူး။" ထရီဇာ၏ ကိုယ်လေးက ရုတ်တရတ် ယမ်းခါသွားပြီးနောက် ရှုယီဘက် လှည့်၍ စိတ်ပူစွာ မေးလာသည်၊ "ဥက္ကဌ ရှင် ကျွန်မကို မောင်းထုတ်နေတာလား?"

"မဟုတ်ပါဘူး" ရှုယီက လက်ယမ်းလိုက်သည်၊ "မင်းဆန္ဒရှိရင် ဒီမှာ ကြိုက်သလောက်နေလို့ရတယ်။"

ထရီဇာက စိတ်သက်သာရာရစွာသက်ပြင်းချပြီး ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်သည်။

သူမက ခဏမျှ ခေါင်းငုံ့စဉ်းစားနေပြီးနောက် ရှုယီကို လေးနက်ကာ ဆုံးဖြတ်ထားဟန်ဖြင့် မော့ကြည့်လာ၏။

"ဥက္ကဌ"

"အင်း?"

ရှေ့ဘက်၌ အတော်လေးမတ်စောက်သော တောင်ကုန်းရှိသဖြင့် ရှုယီမှာ ကားမောင်းရာ၌ အာရုစိုက်ထားပြီး သူမဘက် လှည့်မကြည့်လိုက်ပေ။

သို့သော် သူ၏ ညာဘက်လက်ကို နူးညံ့သော လက်လေးနှစ်ဘက်က ဆုပ်ကိုင်လိုက်ပြီးနောက် လက်ကိုယူကာ နူးညံ့သည့် တစ်စုံတစ်ရာပေါ် တင်လိုက်သည်အား ခံစားမိသွားသည်။

"ဂျစ်"

ကားဘရိတ်အုပ်လိုက်သည့် စူးရှရှအသံထွက်လာသည်မှာ အဝေးကနေပင် ကြားရလောက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၄၃။ ထိန်းချုပ်မှုရယူခြင်း

"စခ်တိုင်းပြည်က ကျွန်တော်တို့ဆီကနေ စစ်ဘက်သုံးမှော်စက်တွေဝယ်မှာလား?" ခမ်နက်ဒ်မှာ ရှုယီကို ရှုပ်ထွေးစွာကြည့်လိုက်သည်၊ "ဥက္ကဌ စခ်တိုင်းပြည်က ဥက္ကဌကို သီးသန့်ဆက်သွယ်ချင်တာများလား?"

"မဟုတ်ပါဘူး ဒါက ငါ့ရဲ့ ထင်မြင်ချက်သက်သက်ပဲ" ရှုယီက ခေါင်းခါ၏။

"ထင်မြင်ချက်?" ခမ်နက်ဒ်က မျက်မှောင်ကုပ်လိုက်ကာ၊ "အရင်ဆုံး ဘာလို့ ဒီလိုထင်မြင်ချက်မျိုးပေးတယ်ဆိုတာကို မပြောနဲ့ဦး၊ စခ်တိုင်းပြည်က ဒီလိုတောင်း‌ဆိုမှုမျိုးလုပ်လာရင်တောင် ခင်ဗျားက တကယ်ပဲ သူတို့ကို စစ်ဘက်သုံးမှော်စက်တွေရောင်းဖို့စီစဉ်ထားလား?"

"ဘာလို့မရမှာလဲ?" ရှုယီက အပြုံးဖြင့်ဆိုသည်၊ "လုပ်ငန်းစုက ထုတ်လုပ်ထားတဲ့ စစ်ဘက်သုံးမှော်စက်တွေက လမ်ပူရီတိုင်းပြည်နဲ့ ရူဒ်ဆန်တိုင်းပြည်တို့ရဲ့ လိုအပ်ချက်ကို ပြည့်မီနေပြီမို့ ဈေးကွက် ချဲ့ထွင်ဖို့အတွက် ဝယ်သူအသစ်ကို ရှာဖို့လိုတယ်လို့ မင်းမထင်ဘူးလား?"

"ဒါပေမယ့်... စခ်တိုင်းပြည်က ကျွန်တော်တို့ လမ်ပူရီတိုင်းပြည်ရဲ့ ရန်သူလေ၊ သူတို့က ကျွန်တော်တို့ လုပ်ငန်းစုကို တိုက်ခိုက်ဖို့အတွက်နဲ့ ဒုခ် ဝိန်းနဲ့ ပူးပေါင်းခဲ့တာလည်းမပြောနဲ့ဦး။ ခင်ဗျား ဒါကို လုံးဝဂရုမစိုက်တာများလား?"

ခမ်နက်ဒ်က ရှုယီကိုကြည့်၍ အင်မတန်ထူးဆန်းသလိုခံစားရသည်။

သူ၏ ရှုယီကို နားလည်ပုံအရ ရှုယီမှာ ငွေအတွက် လောဘကြီးသူမဟုတ်ကြောင်းသူသိသည်။ သူဟာ အခြား ကုန်သည်များ ဂရုစိုက်သည့် အကျိုးအမြတ်များကို ဖယ်ထားနိုင်သည်။

စခ်တိုင်းပြည်နှင့် လမ်ပူရီတိုင်းပြည်တို့မှာ ရန်သူတွေဖြစ်သလို Frestech ကုန်သည်ကြီးများအသင်းမှာ အမြဲတမ်း လမ်ပူရီတိုင်းပြည်ကို ထောက်ပံ့ခဲ့‌သောကြောင့် စခ်တိုင်းပြည်ကို လုံးဝ မထောက်ပံ့သင့်ပေ။ မဟုတ်ပါက ၎င်းက နှစ်ဖက်ချွန်လုပ်နေခြင်းဖြစ်မည်။

ထို့အပြင် စခ်တိုင်းပြည်က Frestech ကုန်သည်ကြီးများအသင်းကို တိုက်ခိုက်ရန် ဒုခ် ဝိန်းနှင့် အလုပ်တွဲလုပ်ခဲ့ရာ အင်မတန် အန္တရာယ်များလှသည်။ ရှုယီက Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို ဦးဆောင်၍ ၎င်းတို့ကို တိုက်ခိုက်စေခြင်းကြောင့် မဟုတ်လျှင် Frestech ကုန်သည်ကြီးများအသင်းမှာ ဆုံးရှုံးမှုကြီးတစ်ခုကို ခံစားခဲ့ရလောက်သည်။

ရှုယီ၏ စရိုက်အရ စခ်တိုင်းပြည်ကို တိုက်ရိုက် မတိုက်ခိုက်သည်ကပင် လုံလောက်သည့် သည်းခံမှုကို ပြနေပြီဖြစ်သည်။ သူဟာ စခ်တိုင်းပြည်ကို အရင်ဦးစွာ စစ်ဘက်သုံးမှော်စက်များရောင်းကာ စခ်တိုင်းပြည်ကို အားဖြည့်ပေးသည်က မည်သို့ဖြစ်နိုင်မည်နည်း?

သံသယကို မဖုံးထားသည့် ခမ်နက်ဒ်ကိုကြည့်ရင်း ရှုယီက သူ့အား ပခုံးပုတ်၍ ပြောလိုက်သည်၊ "စိတ်ချပါ ငါက အရင်တစ်ခေါက်က ဘုရင်မကြီးဆယ်ဗီနီနဲ့ ဆွေး‌နွေးပြီးမှ ဒီဆုံးဖြတ်ချက်ကိုချခဲ့တာ၊ ငါတို့တွေ လမ်ပူရီတိုင်းပြည်ရဲ့ ထောက်ခံချက်နဲ့ လက်ခံမှုကို ရပြီးပြီ။ လမ်ပူရီတိုင်းပြည်က ငါတို့ကို ဒီအတွက် အပြစ်တင်လာမယ်ဆိုပြီး ပူနေဖို့မလိုဘူး။"

"ဒါက...

ခမ်နက်ဒ်မှာ ပိုလို့ပင် သံသယဖြစ်လာသည်။

ဘုရင်မကြီးဆယ်ဗီနီက စခ်တိုင်းပြည်ကို စစ်ဘက်သုံးမှော်စက်တွေရောင်းမှာ တကယ်ပဲ ထောက်ခံတယ်ပေါ့?

ဘုရင်မကြီးက... ဘာတွေစဉ်းစားနေတာလဲ?

"အရမ်းအတွေးမများနဲ့ မင်းအနေနဲ့ ပုံမှန်အတိုင်း ကိုင်တွယ်ဖို့ပဲလိုတယ်။" ရှုယီက ထို့နောက်ဆိုလာသည်၊ "မျှော်လင့်မထားတာတွေဖြစ်မလာရင် စခ်တိုင်းပြည်က မကြာခင် ငါတို့ကို ဆက်သွယ်ဖို့ တစ်ယောက်ယောက်လွှတ်ပြီး စစ်ဘက်သုံးမှော်စက်တွေအကြောင်း တင်ပြလာလိမ့်မယ်။ ငါက နောက်ရက်နည်းနည်းလောက် သွားစရာရှိတာမို့ ဒီကိစ္စကို မင်းပဲ တာဝန်ယူရမှာ။ မင်း ကိစ္စအချို့ကိုပဲ အာရုံစိုက်ဖို့လိုတယ်။"

ရှုယီက စီးပွားရေးအကြောင်းပြောလာသည်ကိုကြားသော် ခမ်နက်ဒ်၏ မျက်လုံးများက ပို၍ပင် လေးနက်လာသည်။

"ဥက္ကဌ ပြောပါ"

"အရင်ဆုံး မင်း စခ်ဘုရင်နိုင်ငံကို စစ်ဘက်သုံးမှော်စက်တွေ ရောင်းနိုင်တယ် ဒါပေမယ့် သူတို့ကို စစ်ဘက်သုံးမှော်စက် ဘာမဆိုရောင်းနိုင်တာတော့မဟုတ်ဘူး။"

"ဟုတ်တာပေါ့၊ " ခမ်နက်ဒ်က သဘောတူညီမှုဖြင့် ခေါင်းငြိမ့်သည်၊ " လမ်ပူရီတိုင်းပြည်အတွက်တောင် အသစ်ထုတ် စစ်ဘက်သုံးမှော်စက်တွေ မရောင်းရသေးဘူး။ စခ်တိုင်းပြည်ကိုဆိုရင် ပိုလို့တောင်ကန့်သတ်ထားရမှာပေါ့"

"အင်း သူတို့ကိုရောင်းရမှာက ခေါင်းဆောင်အီဗီတာရဲ့ စီစဉ်မှုကို နားထောင်လိုက်ရုံပဲ။"

"ခေါင်းဆောင် အီဗီတာ?" ခမ်နက်ဒ်မှာ တစ်ဖန် ရှုပ်ထွေးသွားရပြန်သည်။

ခေါင်းဆောင်အီဗီတာမှာ မှော်သုတေသနဌာန၏ ခေါင်းဆောင်ဖြစ်၍ လုပ်ငန်းစု၏ မှော်စက်အားလုံးကို စီမံခန့်ခွဲရသော်လည်း သူမမှာ တကယ်တမ်း စစ်ဘက်သုံးမှော်စက်များတွင် မပါဝင်ပေ။ ထို့အပြင် သူမဟာ လုပ်ငန်းစု၏ ဆုံးဖြတ်ချက်များ၌ ပါဝင်သည်မှာရှားသဖြင့် အဘယ့်ကြောင့် ဥက္ကဌက သူမအား ဤတာဝန်ကို ပေးအပ်ရသနည်း?

သို့သော် ရှုယီက မရှင်းပြသဖြင့် ခမ်နက်ဒ်လည်း သဘာဝကျကျပင် မမေးနိုင်ပေ။

"ဒုတိယ မင်းအနေနဲ့ ပထမဆုံးအကြိမ်မှာ စခ်တိုင်းပြည်ကို စစ်ဘက်သုံးမှော်စက် အရမ်းအများကြီး မရောင်းသင့်ဘူး။ အကန့်သတ်က ရွှေဒင်္ဂါးတစ်သန်းအောက်ပဲ။"

"ဒါက အရမ်းနည်းလွန်းမနေဘူးလား?" ခမ်နက်ဒ်က မနေနိုင်အောင်မေးမိသည်၊ "ရွှေဒင်္ဂါးတစ်သန်းဆို စစ်ဘက်သုံးမှော်စက်များများစားစားမဝယ်နိုင်တာ တပ်ရင်းတစ်ခုလုံးအပြည့်တပ်ဖို့လည်း မလုံလောက်ပါဘူး။ စခ်တိုင်းပြည်က သဘောတူမှာမဟုတ်ဘူး။"

"ဒါက သူတို့နဲ့ မဆိုင်ပါဘူး။ သူတို့ကို ရောင်းပေးဖို့ ဆန္ဒရှိနေတာကတင် အဆင်ပြေနေပြီကို ရွေးချယ်ဖို့အတွက် အခွင့်အရေးရှိလို့လား? သူတို့ လိုချင်ရင်ဝယ် မလိုချင်ရင်လည်း ကိစ္စမရှိဘူး။" ရှုယီက အေးစက်စက်နှာမှုတ်လိုက်ကာ၊ "အတိုချုံးပြောရရင် မင်းနဲ့ သူတို့ ဆွေးနွေးမီုမှာ ဒီပုံစံအတိုင်းပဲ လိုက်နာပါ၊ ဒါပေမယ့် ဒီအတွက် ခေါင်းဆောင် အီဗီတာကိုလည်း ဆွေးနွေးလိုက်ဦး။"

ခမ်နက်ဒ်က မနေနိုင်အောင် ပြုံးလိုက်သည်။

ဥက္ကဌ၏ စကားလုံးများက တကယ်ကို ပိုင်စိုးလွန်းလှသည်။

သို့သော်လည်း စစ်ဘက်သုံးမှော်စက်များကို Frestech ကုန်သည်ကြီးများအသင်းကသာ ထုတ်လုပ်နိုင်သဖြင့် ဥက္ကဌက အနည်းငယ် ပိုင်စိုးပိုင်နင်းနိုင်ပါလျှင်တောင် စခ်တိုင်းပြည်၏ ဘက်မှာ လက်ခံရုံသာတတ်နိုင်သည်။

"တတိယ ထုတ်ကုန်ပဲရောင်းတယ် နည်းပညာမပါဘူး။ စခ်တိုင်းပြည်က စစ်ဘက်သုံးမှော်စက်နည်းပညာအတွက် တောင်းဆိုလာရင် အတိအကျငြင်းလိုက် ဆွေးနွေးဖို့တောင် ဘာနေရာမှ မချန်ထားနဲ့။"

ခမ်နက်ဒ်က ရှုယီကို ရှုပ်ထွေးစွာကြည့်လိုက်ရင်း ၎င်းက ပုံမှန်ပဲ မဟုတ်ဘူးလားဟု စဉ်းစားလိုက်သည်။

စခ်တိုင်းပြည်မဆိုထားနှင့် ၎င်းတို့နှင့် အရင်းနှီးဆုံး လမ်ပူရီတိုင်းပြည်ဆိုပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်းမှာ အရိုးရှင်းဆုံး စစ်ဘက်သုံးမှော်စက်နည်းပညာသာပေးကာ အခြားနည်းပညာများကို တင်းတင်းကြပ်ကြပ်ကန့်သတ်ထားပေမည်။ မည်သို့များ စခ်တိုင်းပြည်ကို ပေးနိုင်ပါမည်နည်း?

ဤအကြိမ်တွင် ရှုယီက တကယ်ကြီး ရှင်းပြချက်ပေးလာကာ ထိုရှင်းပြချက်က ခမ်နက်ဒ်ကို ထိတ်လန့်သွားစေ၏။

"မအံ့ဩပါနဲ့ ဒီတောင်း‌ဆိုမှုကိုလုပ်တာက ဘာလို့လဲဆိုတော့ အချိန်နည်းနည်းကြာရင် ငါတို့တွေ သူတို့နဲ့ နည်းပညာ ပြဿနာကို ဆွေးနွေးရလောက်မယ့် ဖြစ်နိုင်ချေ ရှိနေလို့ပဲ။"

ရှုယီဟာ ခမ်နက်ဒ်ကို ပြောပြီးနောက်၌ CEO ရုံးခန်းထဲမှာ ထွက်ခွာသွားသည်။

ခေါင်းဆောင်၏ ကိုယ်ပိုင်ဓာတ်ခွဲခန်းတံခါးသို့ ရောက်လာချိန်တွင် သမိုင်းတစ်ပတ်ပြန်လည်သကဲ့သို့ တံခါးက ရုတ်တရတ်ပွင့်ကာ ထရီဇာ ထွက်လာသည်။

နှစ်ဦးသား တစ်ဦးကို တစ်ဦးမြင်သော် နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။

တအောင့်ကြာပြီးနောက် ထရီဇာ၏ မျက်နှာက သူမ၏ လည်ပင်းထိတိုင် နီရဲသွားသည်။

ရှုယီ၏ မျက်နှာကလည်း နေရခက်ဟန်ဖြင့် အတန်ငယ် နီရဲသွား၏။ သူ၏ ခါးရှိ ညာလက်က မနေနိုင်စွာ တွန့်သွားသည်မှာ ယမန်နေ့က နူးညံ့မှုကို ပြန်စဉ်းစားမိသွားသလိုပင်။

ရှုယီအံ့ဩသွားသည်မှာ ထရီဇာ၏ ရှက်သွေးဖြန်းမှုက လည်ပင်းထိတောင်ရောက်သွားသော်လည်း သူမက ထွက်မပြေးခြင်းပင်။ သူမက မိမိကိုယ်ကို မော့ကြည့်ရန် တွန်းအားပေးလိုက်ပြီး အနည်းငယ် မနေနိုင်စွာ တုန်ယင်နေပါလျှင်တောင် ရှုယီကို ရှောင်လွဲခြင်းမရှိ တည့်တည့်ကြည့်လာသည်။

အချင်းချင်း ထိုသို့ကြည့်နေရင်း ထရီဇာက သူမ၏ နှုတ်ခမ်းရဲရဲလေးများကို ဖိကပ်လိုက်ပြီးနောက် အသံတိုးတိုးဖြင့်ဆိုလာသည်၊ "ဥက္ကဌ... ရှင် စဉ်းစားပြီးပြီလား?"

ရှုယီမှာ အံ့ဩသွားပြီး မည်သို့ တုံ့ပြန်ရမှန်းမသိတော့ပေ။

ထရီဇာမှာ ၎င်းကို ထိုနေ့ညက မေးခဲ့ပြီး သူက မဖြေနိုင်ခဲ့သဖြင့် ယခု နှစ်ရက်ကြာသွားပြီးနောက်လည်း အဖြေမရှိသေးပေ။

တကယ်တမ်း သူသာ သာမန်လူတစ်ဦးဆိုလျှင် ထရီဇာ၏ အင်တန်လှပကာ နူးညံ့ပုံနှင့်သူ့ဆီလာမည့် ထိုမိန်းကလေးကို ကာကွယ်လိုသည့် ခံစားချက်ရှိပြီး သဘောတူလိုက်ပြီးဖြစ်မည်သာ။

သို့သော် ရှုယီက ထိုသို့မဟုတ်ပေ။

သူ၏ ထရီဇာကို နားလည်ထားမှုအရ သူဟာ ထရီဇာထက် ပို၍ အတွေးများသည်။

ခဏတာ တိတ်ဆိတ်နေပြီးနောက် ရှုယီက သက်ပြင်းချကာ ခေါင်းခါလိုက်၏၊ "တောင်းပန်ပါတယ် ထရီဇာ ငါ သေချာမစဉ်းစားရသေးဘူး။"

ထရီဇာ၏ အမူအရာက မျှော်လင့်ထားသလို စိတ်ပျက်မသွားဘဲ ခေါင်းသာငြိမ့်ကာ အသံတိုးတိုးဖြင့် ဆိုလာသည်၊ "ဟုတ်ပါပြီ ဥက္ကဌ ကျွန်မ စောင့်နေပါ့မယ်။"

သူမက ထိုသို့ပြောပြီးနောက် ရှုယီကို ချိုချိုသာသာပြုံးပြကာ ကျော်ဖြတ်သွားသည်။

သူမ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရှုယီမှာ ခါးသက်သက်ရယ်၍ ဓာတ်ခွဲခန်းထဲ ဦးတည်လိုက်သည်။

"ဥက္ကဌ ကျွန်မ အမြဲခံစားနေရတာ... ရှင် ဒီပြဿနာတွေအားလုံးကို ကိုင်တွယ်ဖို့မလိုပါဘူး။" အီဗီတာက ရှုယီဝင်လာသည်ကို မြင်သော် ခဏတာ တုံ့ဆိုင်းနေပြီးနောက်ဆိုလာသည်၊ "ရှင် စခ်တိုင်းပြည်ကို ဆက်တိုက်ပိတ်ပင်ထားပြီး ဘာ စစ်ဘက်သုံးမှော်စက်မှ မရောင်းချသရွေ့ လမ်ပူရီတိုင်းပြည်ရဲ့ အင်အားက သူတို့ကို ကျော်သွားပြီး စခ်တိုင်းပြည်ကို သိမ်းပိုက်ဖို့ ကြာတော့မယ်လို့ ကျွန်မ မထင်ဘူး။ ဘာလို့ ဒါတွေအားလုံးလုပ်ဖို့လိုတာလဲ?"

"ကိစ္စတွေက မင်းထင်သလို မရိုးရှင်းပါဘူး။" ရှုယီက ခေါင်းခါသည်၊ "ငါ လမ်ပူရီတိုင်းပြည်ဘက်ကနေ သတင်းရပြီးသားဆိုတာကို သိလား? အဲ့မှာ လမ်ပူရီတိုင်းပြည်က စစ်ဘက်သုံးမှော်စက်တွေကို မှောင်ခိုပြီး စခ်တိုင်းပြည်ကို ပို့နေတာကို ပြထားတယ်။"

"အနည်းဆုံးတော့ နည်းနည်းလောက် မှောင်ခိုသွင်းတာက အရမ်းမပြင်းထန်ဘူးမဟုတ်လား?" အီဗီတာက ဆိုသည်၊ "စခ်တိုင်းပြည်က စစ်တပ်တစ်တပ်ကို တပ်ဆင်ဖို့ မှောင်ခိုလေးမှာတင် မှီခိုဖို့ဆိုတာ လက်တွေ့မကျဘူးလေ။"

"ဒါပေါ့ ကုန်စည်တွေကို မှောင်ခိုရုံနဲ့မရဘူးလေ၊ ဒါပေမယ့် စခ်တိုင်းပြည်က စစ်ဘက်သုံးမှော်စက်တွေကို အဆင့်မြှင့်ဖို့အတွက် သူတို့ဘာသာ ထုတ်လုပ်တာက ပြဿနာမဟုတ်ဘူးလား။"

အီဗီတာက အံ့ဩသွားသည်၊ "ရှင်ပြောချင်တာက... စခ်တိုင်းပြည်ကို ကျွန်မတို့ လုပ်ငန်းစုရဲ့ စစ်ဘက်သုံးမှော်စက်တွေ လေ့လာခွင့်ပေးပြီး အဲ့ကနေ သက်ဆိုင်ရာ စစ်ဘက်သုံးမှော်စက်နည်းပညာနဲ့ အဆင့်မြှင့်ဖို့ ကြိုးစားခိုင်းတယ်ပေါ့?"

"ဟုတ်တယ် အဲ့အတွက် စကားလုံးတစ်လုံးရှိပြီး ပြောင်းပြန် အင်ဂျင်နီယာလို့ခေါ်တယ်။" ရှုယီမှာ ရယ်စရာအချို့ကိုစဉ်းစားမိပြီး မနေနိုင်ဘဲ ပြုံးမိသွားသည်၊ "အီဗီတာ ငါတို့လုပ်ငန်းစုရဲ့ စစ်ဘက်သုံးမှော်စက်တွေမှာ အဲ့လောက် အဆင့်မြင့်တဲ့ နည်းပညာမရှိတာကြောင့် သူတို့ကို ဝှက်စုဖော်ဖို့လွယ်တာ မင်းသိလောက်မှာပါ။ ဒီတော့ ငါတို့ မရောင်းရင်တောင် စခ်တိုင်းပြည်ဘက်က သူတို့ဘာသာ ထုတ်လုပ်နိုင်မယ်လို့ ယုံတယ်။"

"ကျွန်မတော့ မထင်ဘူး။" အီဗီတာက ခေါင်းခါသည်၊ " ကျွန်မတို့လုပ်ငန်းစုရဲ့ အနိမ့်ဆုံး စစ်ဘက်သုံးမှော်စက်တွေက ရိုးရှင်းပေမယ့် သူတို့အတွက် တူညီတာကို ထုတ်လုပ်နိုင်ဖို့က ခဲယဉ်းတယ်။ ဘာလို့လဲဆိုတော့ သူတို့အနေနဲ့ အဆင့်မြင့် သံမဏိနဲ့ တခြားပစ္စည်းတွေလိုတာတင်မကဘူး ကောင်းမွန်တိကျတဲ့ ထိန်းချုပ်မှုလည်းလိုတယ်။ ရှင် မကြာခဏပြောသလို ဒါကို ထောက်ပံ့ဖို့ ပြီးပြည့်စုံ‌တဲ့ မှော်စက်နယ်ပယ်ကို လိုအပ်တယ်။ စခ်တိုင်းပြည်က ဝက်အူရစ်ကို ဘယ်လိုလုပ်ရမယ်မှန်းတောင်မသိတာ ဘယ်လိုများ စစ်ဘက်သုံးမှော်စက်တွေလုပ်နိုင်မှာလဲ?"

"မင်းရဲ့စကားက ကျိုးကြောင်းသင့်ပါတယ် ဒါပေမယ့် စခ်တိုင်းပြည်ကသာ သူတို့သုတေသနအတွက် ကုန်ကျစရိတ်ကို ဂရုမစိုက်ရင် သူတို့ အတိအကျတူတဲ့ စစ်ဘက်သုံးမှော်စက် မထုတ်လုပ်နိုင်ရင်တောင် လုပ်နိုင်ဦးမှာပဲ အရည်အသွေးပိုနိမ့်‌နေရင်တောင်မှပေါ့။ မင်းပြောတဲ့ ဝက်အူရစ်ကကျတော့.. စခ်တိုင်းပြည်နဲ့ စာချုပ်ချုပ်ထားတဲ့ အိမ်သုံးမှော်စက်စာချုပ်မှာ နည်းနည်းပြောင်းလိုက်ပြီး မကြာခင် သူတို့တွေ အခြေခံကျတဲ့ နည်းပညာတချို့ရနိုင်လိမ့်မယ်။

အီဗီတာက အသာမျက်မှောင်ကုပ်လိုက်သည်၊ "ဥက္ကဌ ရှင် ဒါကို မျှော်မှန်းထားပြီးသားဖြစ်မှာကို ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ?"

"ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာလေ။" ရှုယီက တစ်ချက်ရယ်သည်၊ "စခ်တိုင်းပြည်က သူတို့ဘာသာ ကိုယ်ပိုင်လျှို့ဝှက်သုတေသနလုပ်နေတာကြောင့် ငါလည်း သူတို့ကိုကူညီတာ။ ဒါက သူတို့အတွက် ငါ့ထိန်းချုပ်မှုကို လက်ခံဖို့ ပိုလွယ်မယ်လို့ မထင်ဘူးလား?"

အီဗီတာမှာ ရှုယီကိုကြည့်၍ ရုတ်တရတ် ဆိုသည်၊ "ဥက္ကဌ ရှင် ထရီဇာကိုလည်း ဆွဲထည့်ထားတာလား?"

ရှုယီအံ့ဩသွားသည်။ သူဘာပြောပြောကောင်း‌မည်မဟုတ်ရာ သူဟာ နေရခက်စွာသာပြုံးပြီး လှည့်သွားလိုက်၏။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၄၄။ ပြုပြင်ထိန်းသိမ်းရေးကိစ္စများ

လှိုင်းများက လူးလွန့်နေပြီး တိုက်မိသည့် ဂျက်စမင် အစောင့်သင်္ဘောမှာ အနည်းငယ်သာ ယမ်းသွားသည်။

လက်စ်လိုင်းက ကုန်းပတ်၌ ခိုင်ခိုင်မြဲမြဲရပ်နေကာ လုံးဝ ရွေ့လျားခြင်းမရှိပေ။

သူဟာ သင်္ဘောပေါ်၌ အချိန်ကြာရှိမလာခဲ့ဖူးသော လူသစ်လေးမဟုတ်တော့ပါချေ။ ၂နှစ်ကြာအောင် ပင်လယ်ပြင်၌ ရှိနေပြီးနောက် ပင်လယ်ပြင်ရှိ ဘဝကို ကျင့်သားရလာကာ အင်မတန်မှ နှစ်ခြိုက်မိနေပြီဖြစ်၏။

သူသာ ယခု အန်ဗီမာမြို့တော်သို့ ပြန်ဖို့ဖြစ်လာပါက သူ့အား မမှတ်မိသောကြောင့် သခင်မလေးများမှာ အော်ဟစ်ပင် အော်ဟစ်နိုင်လောက်သည်။

မှန်ပါ၏ ၎င်းတို့မှာ ယခင်ကသာဆိုလျှင် သူက အနည်းနှင့်အများတော့ စတက်ဂျ်မိသားစု၏ ဆက်ခံသူဖြစ်သောကြောင့် အော်ဟစ်နေကြဦးမည်။

သို့သော် စတက်ဂျ်မိသားစုက လမ်ပူရီတိုင်းပြည်၏ သမိုင်း၌ ပျောက်ကွယ်သွားပြီဖြစ်ရာ သူ၏ ဆက်ခံသူအဖြစ် အတောက်ပဆုံးသော အရောင်အဝါကို ဆုံးရှုံးလိုက်ရပြီဖြစ်၏။

သို့သော် လက်စ်လိုင်းမှာ ၎င်းက နှမျောစရာဟုလုံးဝမထင်ပေ။ သူဟာ ယခင်က သူ၏ သခင်လေးဘဝကို စိတ်ကုန်နေပြီးသားဖြစ်သလို ယခု ပင်လယ်ပြင်၌ နေထိုင်နေရရာ ယခင်က မစဉ်းစားခဲ့ဖူးသည့် လှုံ့ဆော်မှုကို ရှာတွေ့သွားပြီး သူ့အား ဤဘဝမှ ပို၍ ပို၍ ထွက်ခွာရန် ဆန္ဒမရှိဖြစ်စေသည်။

"ဆရာ ကျွန်တော်တို့ ဥက္ကဌဆီကနေ သတင်းတစ်ခုရခဲ့တယ်!"

သင်္ဘောပေါ်မှ ဒုကပ္ပတိန်မှာ ရုတ်တရတ် အတော်လေး အရုပ်ဆိုးသော အနက်ရောင် ဒုတိယမျိုးဆက် ဆက်သွယ်ရေးကိရိယာနှင့် ရောက်လာသည်။

"အိုး? ဒါဆို သူတို့ ဒီနဲ့ မဝေးတဲ့ အဓိပ္ပာယ်ပေါ့" လက်စ်လိုင်းက မှော်ဆက်သွယ်ရေးကိရိယာကို ယူကာ ကျယ်ကျယ်ပြောလိုက်သည်၊ "ဟေး ရှုယီခု မင်းဘယ်မှာလဲ?"

ရှုယီ၏ ခပ်အက်အက်ရယ်သံက မှော်ဆက်သွယ်ရေးကိရိယာမှ ထွက်လာသည်၊ "ကျုပ်ပြောမယ် လက်စ်လိုင်း ဒါက ဘာအဓိပ္ပာယ်မရှိတာလဲ? ခင်ဗျားတို့ သင်္ဘောပေါ်က မှော်အချက်ပြတာဝါက လေးကီလိုမီတာပဲ ရောက်နိုင်တာ ကျုပ် ဘယ်နေရာမှာရှိမယ်ထင်လို့လဲ?"

"ငါက မင်းကို တည်နေရာအတိအကျမေးနေတာလေ ငါတို့ မင်းကို လာခေါ်စေချင်လား?"

"ခင်ဗျားရဲ့ အရှေ့မြောက်ဘက်မှာ ရှိလောက်တယ်။ ကျုပ်ကို လာခေါ်ဖို့မလိုပါဘူး ယာရာဆိပ်ကမ်းကိုပဲသွားလိုက် အဲ့မှာတွေ့ကြမယ်။"

"ဟုတ်ပြီလေ"

လက်စ်လိုင်းက ဒုကပ္ပတိန်ထံ အမိန့်လှမ်းပေးလိုက်သည်၊ "အမိန့်ပေးလိုက် ငါတို့ ယာရာဆိပ်ကမ်းကို ဦးတည်မယ်"

ဒုကပ္ပတိန်က တုံ့ပြန်လိုက်ပြီးနောက် ထွက်သွားသည်။

ခဏကြာပြီးနောက် သူ့ဘေးပတ်လည်ရှိ အစောင့်သင်္ဘောများမှာ ယာရာဆိပ်ကမ်း၏ ဦးတည်ဘက်သို့ သွားနေကြသည်ကို မြင်လိုက်ရသဖြင့် လက်စ်လိုင်းက မှော်ဆက်သွယ်ရေးကိရိယာထံသို့ စိတ်ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်၊ "ရှုယီမင်းရဲ့ ခရီးဆောင် မှော်အချက်ပြတာဝါလေးက တကယ်ကို သုံးရလွယ်တယ်လို့ပြောရမယ်။ ဒီပစ္စည်းကြောင့် အမိန့်ပေးဖို့လည်း လွယ်သလို နည်းနည်းလောက်ဝေးသွားရင်လည်း ကံစီမံရာဆိုပြီး နေစရာမလိုတော့ဘူး။"

"ဒီပစ္စည်းက ခင်ဗျားပြောသလို အသုံးမဝင်ပါဘူး။ ဒါရဲ့ သက်ရောက်အကွာအဝေးက လေးကီလိုမီတာအောက်ပဲရှိတာ လေးကီလိုမီတာကျော်ရင် မချိတ်ဆက်နိုင်တော့ဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ ဂျက်စမင် သင်္ဘောပေါ်က စမ်းသပ်မှု အောင်မြင်ပြီးရင် အစောင့်သင်္ဘောအားလုံးပေါ်မှာ မှော်အချက်ပြတာဝါကို ထည့်ပေးမယ်။ အဲ့နည်းနဲ့ဆို လေ့ကျင့်ရေးလုပ်တဲ့အခါ သင်္ဘောတွေကို ဖြန့်ကျက်ခိုင်းပြီး သီအိုရီအရ သင်္ဘောအစင်းနှစ်ဆယ်ကို တစ်ရာကီလိုမီတာ နယ်နိမိတ်မှာ ဖုံးအုပ်နိုင်တယ်။"

"ဒီလိုလား? ဒါက တကယ်ကို ကောင်းမှာပဲ။ ဒီအဆုံးမဲ့ပင်လယ်ပြင်မှာ အဆိုးဆုံးက ဆက်‌သွယ်ရေးပြဿနာပဲ။ ငါတို့ တည်ထောင်ထားတဲ့ ကျွန်းအခြေစိုက်ရုံးတွေနဲ့ နီးရင်တော့ အဆင်ပြေတာပေါ့ ဒါပေမယ့် ထပ်သွားရင် တခြားနည်းလမ်းကိုမရှိဘူး။" လက်စ်လိုင်းက ခဏမျှရပ်တန့်လိုက်ပြီးနောက် ရုတ်တရတ် မေးလာသည်၊ "ဟေး ရှုယီဒါကို အရင်က စဉ်းစားပြီးသားလား? ဒီဆက်သွယ်ရေးကွန်ရက်ကို ပင်လယ်ပြင်မှာ ထားနိုင်ရင် ဒီပင်လယ်ပြင်ကို ထိန်းချုပ်ဖို့က အများကြီးလွယ်ကူသွားပြီ။"

အခြားဘက်ရှိ ရှုယီက နူးညံ့စွာရယ်သည်၊ "စိတ်ချပါ ကျုပ် ဒီအတွက် ပြင်ဆင်ထားပြီးသား။"

"အဲဒါကောင်းတယ်။"

သင်္ဘောသည် အရှိန်ပြင်းပြင်းဖြင့် ပင်လယ်ပြင်ပေါ်တွင် သွားလာခဲ့ပြီး ကုန်းကြောင်းဖြစ်သော မျဉ်းကြောင်းရှည်ကြီးကို တွေ့ရန် အချိန်အတော်ကြာခဲ့သည်။

ဤအချိန်၌၊ ဘယ်ဘက်လေထုထဲတွင် "တိမ်" နှစ်ခုသည် လျင်မြန်စွာရွေ့လျားနေသည်။ များမကြာမီ သူတို့သည် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်တပ်စုတွင် ရပ်တန့်သွားခဲ့သည်။

လက်စ်လိုင်းက သူ့လက်ထဲက မှော်ဆက်သွယ်ရေးကိရိယာကို ပြန်မဖွင့်ခင် တစ်ချက်ကြည့်လိုက်တယ်။

"ဟေ့ ရှုယီမင်းဆင်းဖို့ မစီစဉ်ထားဘူးလား"

“မလိုပါဘူး၊ ဆက်ပြီး ပျံသန်းနေတာပဲ ကောင်းပါတယ်။”

လေထဲတွင် ပျံသန်းနေသော မှော်လေသင်္ဘောနှစ်စင်းကို လက်စ်လိုင်း ကြည့်ပြီး သူ့နှုတ်ခမ်းများက ထူးဆန်းသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"ဟေ့ ဒါက အင်အားပြနေတာလား"

အပေါ်ရှိ မှော်လေသင်္ဘောတွင် ရှုယီက သူ့လက်ထဲက မှော်ဆက်သွယ်ရေးကိရိယာကို ပိတ်လိုက်သည်။ သူဟာတစ်စုံတစ်ခုကို မှတ်တမ်းတင်ဖို့ အာရုံစိုက်နေသော အနားမှာရှိနေသည့် အာကာလီကို ကြည့်ပြီး သူမရပ်လိုက်တဲ့အခါ “အခြေအနေဘယ်လိုရှိလဲ” လို့ မေးလိုက်သည်။

အာကာလီသည် နာကျင်နေသောလက်ကို ပွတ်သပ်ကာ သူမ၏မျက်ခုံးများကို အနည်းငယ်တွန့်ချိုးလိုက်ပြီး ပြောလာသည် "မှော်အချက်ပြမှုက အရမ်းမတည်ငြိမ်ပါဘူး၊ ချိတ်ဆက်မှုမှာ အတက်အကျရှိတယ်"

“အင်း၊ ငါ သတိထားမိတယ်။ ဒါဆိုဘာလို့ဒီလိုပြဿနာရှိနေတာလဲ"

အာကာလီသည် သူမ၏ လက်များကို ထုတ်ပြီး သက်ပြင်းချခြင်း မပြုမီ အနည်းငယ် အတွေးဆဆဖြင့် မျက်ခုံးကို တွန့်ချိုးလိုက်သည်။ “လောလောဆယ် အသေးစိတ် ကောက်ချက်မဆွဲနိုင်သေးပေမယ့် အတိတ်ကိုအခြေခံတဲ့ ခန့်မှန်းချက်တွေအရ၊ ဓါက မှော်အချက်ပြတာဝါနဲ့ မှော်ဆက်သွယ်ရေးကိရိယာကနေလာတဲ့ မှော်လှိုင်းတွေကို လွှမ်းမိုးနေတဲ့ မှော်လှိုင်းပို့မှော်အရင်းအမြစ်အချို့ ဖြစ်လောက်တယ်။ အစောင့်သင်္ဘောတွေ ရွေ့လျားတာ အရမ်းမြန်လို့ ပတ်ဝန်းကျင်က ပြောင်းလဲသွားတာကြောင့် မှော်လှိုင်းတွေ မတည်ငြိမ်နိုင်တာကြောင့်လည်း ဖြစ်နိုင်တယ်။”

“ဖြစ်နိုင်ပေမယ့် ရာသီဥတုပြောင်းလဲမှုရဲ့ လွှမ်းမိုးမှုအကြောင်း ပြောရင် ကုန်းမြေရဲ့ ပတ်ဝန်းကျင်က ပင်လယ်ထက် အများကြီး ပိုရှုပ်ထွေးတယ်။ မင်းက ဒီအလုပ်ကို ကုန်းပေါ်မှာတောင် လုပ်နိုင်တဲ့အတွက် ပင်လယ်မှာ ဘာပြဿနာမှ မရှိလောက်ဘူးလို့ ငါယုံကြည်ပါတယ်။”

အာကာလီသည် ခေါင်းမော့ကာ ဆံပင်တိုတိုကို သပ်လိုက်ပြီး "ဟုတ်တယ်၊ ကျွန်မဘယ်သူလဲဆိုတာ ရှင်မသိဘူးလား။"

ရှုယီက ရယ်မောပြီး လေယာဉ်မှူးခန်းထဲသို့ လှည့်သွားသည်။

ယခုတစ်ကြိမ်တွင် စခ်တိုင်းပြည်သို့ စစ်ဘက်သုံးမှော်စက်များကို ရောင်းချရန် ပြင်ဆင်နေသည့် အဓိကအခြေစိုက်စခန်းတွင် ရှိနေသောကြောင့် မှော်လေသင်္ဘောကို အီဗီတာ မောင်းနှင်ခဲ့ခြင်း မရှိပေ။ သူမသည် မှော်လေသင်္ဘောကို သုတေသနပြုရန် တာဝန်ရှိသော သူမ၏အဖွဲ့ကို စေလွှတ်ခဲ့သည်။

ရှုယီက သူတို့နောက်ရှိ မှော်လေသင်္ဘောအသစ်အကြောင်းမေးပြီး ဘာမှအမှားအယွင်းမရှိကြောင်း အတည်ပြုပြီးနောက် အခန်းထဲသို့ပြန်သွားကာ စိတ်ရှည်စွာစောင့်ဆိုင်းခဲ့သည်။

သူတို့ရှေ့တွင် အနက်ရောင်မျဉ်း ကိုယ်စားပြုသော ကုန်းမြေများ ရှိနေသော်လည်း အမှန်တကယ်တော့ ဝေးကွာနေသေးသည်။ ဝေဟင်မှ မှော်လေသင်္ဘော နှစ်စင်းနှင့် ယခုတစ်ကြိမ် ထွက်လာသော အစောင့်သင်္ဘော ဆယ်စီးသည် တစ်နာရီ ကီလိုမီတာလေးဆယ် အမြန်နှုန်းဖြင့် ခရီးဆက်ခဲ့ကြသော်လည်း ကုန်းပေါ်သို့ မတက်မီ နာရီဝက်ကြာအောင် စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။

ဝေးကွာသော ယာရာ ဆိပ်ကမ်းတွင် ကန်ဒရာ အင်ပါယာ၏အလံနှင့် ကန်ဒရာ အင်ပါယာ၏သင်္ဘောကိုမြင်လျှင် ရှုယီသည် မှော်သင်္ဘောနှစ်စင်းကို ဆင်းသက်ရန် ပြင်ဆင်ရန် အမိန့်ပေးခဲ့သည်။

အစောင့်သင်္ဘော ဆယ်စီး ယာရာ ဆိပ်ကမ်းသို့ ချဉ်းကပ်လာသောအခါတွင် မှော်လေသင်္ဘော နှစ်စင်းသည် ယာရာဆိပ်ကမ်းအနီးရှိ မြေကွက်လပ်ဧရိယာတွင် ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့သည်။

အခန်းတံခါးပွင့်လာပြီး ရှုယီထွက်လာတော့ လူအုပ်စုလိုက်ကို ဦးဆောင်လာတဲ့ ရပ်ဆဲလ်ကို တွေ့လိုက်သည်။

သူတို့မျက်နှာပေါ်ရှိ အပြုံးများသည် နွေးထွေးသည်ဟု ယူဆရသော်လည်း ဂရုတစိုက်ကြည့်လိုက်သောအခါ ရူဆဲလ် ၏ ကျဉ်းမြောင်းသောမျက်လုံးများတွင် မြင်နိုင်သည်မှာ၊ သူ့အမူအရာနဲ့ ပုံမှန်လုံးဝမဟုတ်ပေ။

"ဥက္ကဌ ရှု ကြိုဆိုပါတယ်" ရူဆဲလ် က ရှုယီကို လာနှုတ်ဆက်သည်။ သူ့လေသံက အေးစက်နေပေမယ့် မနွေးထွေးသည်မှာ ထင်ရှားပါ၏။

ရူဆဲလ် သည် အဘယ်ကြောင့် ဤကဲ့သို့ ပြုမူသည်ကို ရှုယီက သဘာဝကျကျ သိသောကြောင့် သူလုံးဝ စိတ်ထဲမထားပေ။ ထိုအစား ရယ်မောရင်း ရူဆဲလ် ၏လက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်သည်၊ "ဆာရပ်ဆဲလ်၊ ကန်ဒရာ အင်ပါယာမှာ ခင်ဗျားနဲ့တွေ့ရတာက တကယ်ကို ဝမ်းသာပါတယ်။"

ရူဆဲလ် ၏ အပြုံးသည် အနည်းငယ် တောင့်တင်းလာသည်။ သူက ရှုယီရဲ့လက်ကို လွှတ်လိုက်ပြီး ဖိတ်ခေါ်တဲ့ အမူအရာနဲ့ လုပ်လိုက်သည်။

"ဥက္ကဌ ရှု ကျေးဇူးပြုပြီး ဝင်ထိုင်ပါ။"

“ကောင်းပါပြီ။”

ရှုယီသည် ရူဆဲလ် နှင့် အတူ လမ်းလျှောက်ရင်း အပြုံးဖြင့် ယာရာ ဆိပ်ကမ်းသို့ သွားခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းထုတ် ကန်ဒရာအင်ပါယာအလံနဲ့ ပြုလုပ်ထားတဲ့ အဖြူရောင် အစောင့်သင်္ဘောကို မညွှန်ပြခင် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဆာရပ်စယ်လ်၊ ဒီအစောင့်သင်္ဘောက ခင်ဗျားရဲ့ရေတပ်မှာ အချိန်အတော်ကြာအောင်ရှိနေပြီးနောက်မှာ ခင်ဗျားစိတ်ကျေနပ်ရဲ့လား"

ဒီမေးခွန်းကိုကြားတော့ ရပ်စယ်လ်နဲ့ သူ့နောက်လိုက်လာတဲ့ အရာရှိနှစ်ယောက်စလုံးရဲ့ အမူအရာတွေမှာ ပြောင်းလဲသွားသည်။

ရူဆဲလ် က ရှုယီကို ဖြည်းညှင်းစွာ ခေါင်းညိတ်ပြပြီး "ဥက္ကဌ ရှု၊ ဒါကို ရည်ရွယ်ထားပြီးသားလား"

"ရည်ရွယ်ထားတယ်? ဘာကိုဆိုလိုတာလဲ?" ရှုယီအံ့သြသောအသံဖြင့် မေးလိုက်သည်။

ရူဆဲလ် က ဆို၏ “ဥက္ကဋ္ဌ ရှု၊ ဒီတစ်ခါမှာ အစောင့်သင်္ဘောရဲ့ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်ကို ဆွေးနွေးဖို့ တောင်းဆိုခဲ့တာကို အခု ခင်ဗျားက ဒီလိုမေးခွန်းမျိုး မေးနေတယ်ဆိုတော့။ ခင်ဗျား ကျုပ်တို့ကို တမင်တကာ စွပ်စွဲနေတာလား။"

Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာ အင်ပါယာနှင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတို့အား အစောင့်သင်္ဘောသုံးစင်းကို ရောင်းချခဲ့သည်။ ဤအစောင့်သင်္ဘောသုံးစင်းသည် လာမည့်နှစ်တွင် အစောဆုံးရမည်ဖြစ်သည်။

သို့သော် ရပ်စယ်လ်သည် ဤအစောင့်သင်္ဘောများဝယ်ယူခြင်းက မှန်ကန်သောရွေးချယ်မှုဖြစ်ကြောင်း ဌာနချုပ်အား သက်သေပြလိုသည်ကို၊ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆွေးနွေးပြီးနောက် ၎င်းတို့သည် Frestech ကုန်သည်ကြီးများအသင်း အစောင့်သင်္ဘောစု၏ အစောင့်သင်္ဘောများထဲမှ သင်္ဘောတစ်စင်းကို ပထမဦးစွာ ယူဆောင်သွားခဲ့သည်။

ဤအစောင့်သင်္ဘောသည် ကန်ဒရာ အင်ပါယာရေတပ်သို့ ဝင်ရောက်ပြီးနောက် ပထမလအနည်းငယ်အတွင်း ကောင်းမွန်သော်လည်း ၎င်းတို့သည် ပြီးခဲ့သည့်လကတည်းက စတင်နိုင်ခြင်း မရှိခဲ့ပေ။

ကန်ဒရာ အင်ပါယာသည် ဤပြဿနာကို မဖြေရှင်းနိုင်ခဲ့သောကြောင့် ၎င်းတို့သည် Frestech ကုန်သည်ကြီးများအသင်းထံ အကူအညီတောင်းရန်သာ တောင်းဆိုနိုင်သည်။

Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းကိုဖြေရှင်းရန် လူများကိုစေလွှတ်ခဲ့သော်လည်း မကြာမီတွင်ပင် အလားတူပြဿနာဖြစ်ပွားခဲ့သည်။

ဤတစ်ကြိမ်တွင် Frestech ကုန်သည်ကြီးများအသင်းက သင်္ဘောကို စစ်ဆေးရန် မှော်သင်္ဘော အင်ဂျင်နီယာတစ်ဦး စေလွှတ်ခဲ့သည်။ ၎င်းတို့က သင်္ဘောကို ကောင်းစွာ မထိန်းသိမ်းနိုင်သဖြင့် ထိုသို့‌ဖြစ်ကြောင်း ကန်းဒရာ အင်ပါယာကို မည်သည့်ယဉ်ကျေးမှုမှမပါဘဲ ပြောပြခဲ့ရာမှ၊ ပြဿနာဖြစ်စေခဲ့သည်ပင်။

ကန်ဒရာ အင်ပါယာသည် ဤကိစ္စအတွက် အားကိုးရာမဲ့နေကာ ဆွေးနွေးပြီးနောက်၊ ပြုပြင်ထိန်းသိမ်းမှုပြဿနာကို ဖြေရှင်းရန် Frestech ကုန်သည်ကြီးများအသင်းကိုသာ ဖိတ်ကြားနိုင်သည်။ ထိုနည်းအားဖြင့် နောက်အစောင့်သင်္ဘောနှစ်စင်း ရောက်လာသောအခါ တူညီသောပြဿနာကို ရှောင်ရှားနိုင်မည်ပင်။

ရှုယီက သူ့လက်ကို ဝှေ့ယမ်းပြီး “မဟုတ်ဘူး၊ ကျုပ် ဒီလိုပြောတာမဟုတ်ပါဘူး။ ဆရာ ရူဆဲလ် ၊ အစောင့်သင်္ဘောကိုအသုံးပြုတုန်းက သူ့ရဲ့အရည်အသွေးကို ကျေနပ်လား မကျေနပ်လား မေးနေတာပါ။ အဆင်မပြေဘူးထင်တဲ့ အစိတ်အပိုင်းတစ်ခုရှိလား။ ဒါက သိပ်ကို သာမာန်မေးခွန်းပါပဲ၊ ခင်ဗျားနားလည်မှုမလွဲသင့်ပါဘူး။”

ဒီရှင်းပြချက်ကိုကြားတော့ ရပ်စယ်လ်နဲ့ သူ့နောက်က အရာရှိနှစ်ယောက်ရဲ့ အပြုအမူတွေက ပြေလျော့သွားသည်။ ရူဆဲလ် က အသက်လေးဆယ်မပြည့်သေးပုံရသည့် အရာရှိငယ်ကို လှည့်ကြည့်ပြီး ပြော၏၊ “သူက ဒီတခေါက် Morning Light သင်္ဘောကို တာဝန်ယူခဲ့တဲ့ ဒုဗိုလ်မှူးကြီး မွန်းပါ။. ဒုဗိုလ်မှူးကြီး မွန်း၊ ဒီအချိန်မှာ မင်းရဲ့ Morning Light နဲ့ ပတ်သက်ပြီး မင်းရဲ့ အတွေ့အကြုံအကြောင်း ဥက္ကဌ ရှု ကို ဘာလို့ မပြောတာလဲ။"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၄၅။ စိတ်နှလုံးမည်းနက်သော ရှုယီ

ဒုဗိုလ်မှူးကြီး နွန်းက ခေါင်းတစ်ချက်ငြိမ့်သည်။ သူက ကန်ဒရာအင်ပါယာ အလံနှင့် အဝေးရှိ အစောင့်သင်္ဘောကိုကြည့်ကာ သက်ပြင်းချပြီးနောက် ပြောလေ၏၊ "ဥက္ကဌရှု ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အစောင့်သင်္ဘောတွေက အရမ်းကို... သုံးရလွယ်တယ်လို့ပဲ ကျုပ်ပြောရမယ်။ ပင်လယ်ပြင်မှာ ကျုပ် ဦးဆောင်တဲ့အခါဆိုရင် အရင်က သစ်သားသင်္ဘောဟောင်းတွေနဲ့ ယှဉ်ရတာ ဘယ်‌နှဆလောက် ပိုကောင်းနေမှန်းတောင် မသိတော့ဘူး...."

ဒုဗိုလ်မှူးကြီး နွန်းက အစောင့်သင်္ဘော၏ ကောင်းကြောင်းပြောလာသည်ကိုကြားသော် ရူဆဲလ် နှင့် သူ့ဘေးရှိ လူများမှာ မနေနိုင်အောင် မျက်မှောင်ကုပ်လိုက်ကြ၏။

ဒုဗိုလ်မှူးကြီး နွန်းသည် မရပ်တော့မည်ကို မြင်လိုက်ရသဖြင့် ရူဆဲလ် သည် ရုတ်တရက် ချောင်းဆိုးလာသည်။

"ငါတို့ ဒီပင်လယ်ဓားပြတွေကို လွယ်လွယ်လေး ဖမ်းခဲ့တယ်လေ......"

ဒုဗိုလ်မှူးကြီး မွန်း၏ စကားသံ ရုတ်တရက် ရပ်သွားပြီး တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်သွားကာ ရပ်ဆဲလ်ကို လှည့်ကြည့်လိုက်သည်။ ရှုယီအား နေရခက်သော အပြုံးဖြင့် မပြောမီ သူက ချောင်းဟန့်လိုက်သည် ။ "ဟုတ်ပါတယ်၊ ဥက္ကဌ ရှု၊ အစောင့်သင်္ဘောတွေမှာလည်း ချို့ယွင်းချက်တွေရှိပါတယ်။"

"အိုး? ကျေးဇူးပြုပြီး။ ရှင်းပြပါဦး။"

“အင်း ......” ဒုဗိုလ်မှူးကြီး နွန်းက ဆိုသည် “ဒီအစောင့်သင်္ဘောရဲ့ တခြားအစိတ်အပိုင်းတွေက ကောင်းပါတယ်၊ ဒါပေမယ့် သုံးစွဲမှု များပြားတာက ကြီးမားတဲ့ ပြဿနာတစ်ခု ရှိတယ်။ ပင်လယ်ပြင်မှာ ကီလိုမီတာတစ်ရာ ခရီးထွက်ဖို့ အနည်းဆုံး အကြီးစား မှော်သလင်းကျောက်နှစ်ခုကို အသုံးပြုရပါမယ်။ဒီလိုပဲ ကျုပ်တို့က မှော်သလင်းကျောက်တွေပါရှိတဲ့ ဂိုဒေါင်ကြီးတစ်ခုကို ထည့်ဖို့ရန် လိုအပ်တယ်။ ပြီးတော့ အစောင့်သင်္ဘောပေါ်မှာ ဒီ မှော်သလင်းကျောက်တွေကို သိမ်းဆည်းဖို့ နေရာကအကန့်အသတ်ရှိလို့ ခရီးဝေးတွေအတွက် အဆင်မပြေဘူး။ သစ်သားသင်္ဘောဟောင်းတွေပေါ်မှာဆို ကျုပ်တို့လိုချင်သလောက် သွားနိုင်တယ်ဆိုတာ ခင်ဗျားသိလောက်မှာပါ။"

"အဲ့လောက်ဝေးဝေးမသွားခင် သင်္ဘောက အရင်ကွဲသွားလိမ့်မယ်။" ရှုယီသည် စိတ်တွင်း မျက်လုံးများကို မှိတ်ထားချင်သော်လည်း သူ့မျက်နှာတွင် အပြုံးတစ်ခု ရှိနေသေးသည်။ သူက ခေါင်းတညိတ်ညိတ်နဲ့ ပြော၏၊ “အင်း၊ အဲဒါက တကယ့်ပြဿနာပဲ၊ ဒါပေမယ့် ဒုဗိုလ်မှူးကြီး နွန်း၊ ကျုပ်တယ်.....ခင်ဗျားက စွမ်းအားရင်းမြစ်တစ်ခုအနေနဲ့ ပုံမှန် မှော်သလင်းကျောက်တွေကို စျေးကွက်ကနေ ဝယ်သင့်တယ်မဟုတ်လား"

ဒုဗိုလ်မှူးကြီး နွန်းက အံ့သြသွားပြီး “အဲဒါက ဘာပြဿနာရှိလို့လဲ။ ဒါ့အပြင်၊ ကျုပ်တို့က အဆင့်နိမ့် မှော်သလင်းကျောက်တွေကို ဝယ်တာမဟုတ်ဘဲ အရည်အသွေး အမြင့်ဆုံး မှော်သလင်းကျောက် တွေကိုပဲ ဝယ်ယူခဲ့တယ်။ ဒီအတွက်ကြောင့် ပြီးခဲ့တဲ့လကပဲ Morning Light မှာ ရွှေဒင်္ဂါးနှစ်ရာကျော် သုံးစွဲခဲ့တယ်။”

"ဟုတ်လား?" ရှုယီက ပြုံးပြုံးရွှင်ရွှင်ဖြင့် ရပ်စယ်လ်ဘက်သို့ လှည့်ကာ ပြောသည် “သခင် ရပ်ဆဲလ်၊ ခင်ဗျား သင်္ဘောကို ယူသွားတုန်းက လမ်းညွှန်ချက်လက်စွဲကို ကျုပ်တို့ပေးခဲ့တာ မှတ်မိပါတယ်။ မှန်မှန်ကန်ကန် ရှင်းရှင်းလင်းလင်း ရေးထားတာကို မှတ်မိလောက်မှာပါ။ ဒီအစောင့်သင်္ဘောအတွက် အကောင်းဆုံးစွမ်းအားအရင်းအမြစ်က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကပြုလုပ်ထားတဲ့ အဆီအနှစ်မြင့် မှော်သလင်းကျောက်ဖြစ်ပြီး စျေးကွက်မှာ အသုံးများတဲ့ မှော်သလင်းကျောက်တွေကို အသုံးမပြုတာက အကောင်းဆုံးပါပဲ။

နွန်းက ရပ်ဆဲလ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ဆရာ ရူဆဲလ် သည် ဤအကြောင်းအရာကို သူ့အား တစ်ခါမျှ မပြောခဲ့ဖူးပါ၊ ဤလမ်းညွှန်ချက်စာအုပ်၏ ခြေရာ‌ေလးကိုပင် တစ်ချိန်လုံး မတွေ့ခဲ့ရပါချေ။

ရူဆဲလ် ၏အမူအရာပြောင်းလဲသွားကာ ပြောလာသည် “တကယ်တော့ ညွှန်ကြားချက်လက်စွဲတစ်ခုရှိတယ်၊ ဒါပေမယ့် ဒါကိုလေ့လာဖို့ ရုံးချုပ်ကို အပ်လိုက်တဲ့အတွက် မင်းလက်ထဲမအပ်ခဲ့မိဘူး”

ရှုယီဘက်သို့ လှည့်ကာ သူက တိုးညှင်းသော နှာမှုတ်သံဖြင့် ပြောလိုက်သည်“ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းက အခု အစောင့်သင်္ဘောက ကျုပ်တို့လက်ထဲမှာ ရှိနေလို့ပဲ၊ ဒါက ကျုပ်တို့ရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်သင့်တယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းပြောတာကို လိုက်နာရုံနဲ့ မရဘူး။"

ရှုယီသည် သူ့စိတ်ထဲတွင် မနေနိုင်စွာ အေးစက်စက် ရယ်မောမိသည်။

ရူဆဲလ် က အပြင်ပန်းတွင် ပစ္စည်းအသစ်တွေကို လက်ခံ၍ Frestech ကုန်သည်ကြီးများအသင်းထံမှ အစောင့်သင်္ဘောသုံးစင်းဝယ်ရန် ရေတပ်ဌာနချုပ်အား စည်းရုံးရန် တုံ့ဆိုင်းမနေသော်လည်း သူသည် ရှေးရိုးစွဲသမားတစ်ဦးဖြစ်နေဆဲဖြစ်သည်။

ကန်ဒရာ အင်ပါယာ၏ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်ရန် အဘယ်မှာမျှော်လင့်ချက်ရှိသနည်း။ ဤအစောင့်သင်္ဘောသုံးစင်းသည် Frestech ကုန်သည်ကြီးများအသင်းမှ လွှမ်းမိုးမှုကို မလိုလားသည်မှာ ရှင်းရှင်းလင်းလင်းပင်၊ ထို့ကြောင့် ကန်ဒရာ အင်ပါယာက လုံးဝ ထိန်းချုပ်ထားချင်ခဲ့သည်။

သူ့စိတ်ကူးကကောင်းသော်လည်း မှားယွင်းနေသည်ကတော့ နှမျောဖွယ်ပင်။

Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောများသည် ထိုသစ်သားသင်္ဘောများနှင့် မတူပါ‌ချေ။ စိုင်စ်နယ်မြေကြီး၏ ထုံးတမ်းစဉ်လာများနှင့် နှိုင်းယှဉ်ပါက ဤအရာများကို အလွန်အဆင့်မြင့်သော ထုတ်ကုန်များအဖြစ် သတ်မှတ်ခံရသည်။

ကန်ဒရာ အင်ပါယာက သူတို့ကို သာမာန်သင်္ဘောတစ်စင်းလို ဆက်ဆံချင်တယ်ဆိုရင် အဲဒါက ပြဿနာပဲရဖို့ရှိသည်။

သူ့ကို ဒီနေရာ ခေါ်လာတဲ့ အကြောင်းရင်းကို ကြည့်ပါ‌လေ။ အစောင့်သင်္ဘောတွေကို အသုံးမပြုနိုင်လို့ သူ့အကူအညီတောင်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိလို့ပဲ မဟုတ်လား။

ထိုသည်ကိုတွေးပြီး ရှုယီ၏ မျက်နှာက အနည်းငယ်အေးစက်သွားသလို လေးနက်ဟန်ဖြင့် ပြောလိုက်သည်"ဆရာ ရူဆဲလ်၊ ဒီအစောင့်သင်္ဘောက နည်းပညာအဆင့်မြင့်တယ်လို့ ခင်ဗျားကို အလေးအနက်ပြောရမယ်၊ ခင်ဗျားနဲ့ ရေတပ်တို့ သိကြတဲ့အထဲ အမြင့်ဆုံး အဆင့်အမြင့်ဆုံး ထုတ်ကုန်တစ်ခုပါပဲ။ သေချာတာကတော့ ခင်ဗျားထင်သလောက် မရိုးရှင်းပါဘူး။ ကျုပ်တို့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရင် ခင်ဗျား ကူညီပေးမယ့် အရာများစွာရှိပါတယ်။ ဒါပေမယ့် ဒါကို လျစ်လျူရှုဖို့ ရွေးချယ်လိုက်ရင်တော့ ဒါဟာ အကျိုးဆက်လို့ပဲ ပြောနိုင်ပါတယ်။"

ရပ်စယ်လ်နှင့် ကန်ဒရာ အင်ပါယာ အရာရှိများ၏ အမူအရာများ ပြောင်းလဲသွားသည်။

ရှုယီ၏စကားများသည် ပွင့်ပွင့်လင်းလင်း လှောင်ပြောင်ပြီး ခြိမ်းခြောက်နေသည်သာ။

ဒါပေမယ့် အခုချိန်မှာတော့ အစောင့်သင်္ဘောတွေကို အသုံးမပြုနိုင်တော့တဲ့အတွက် ဒါကို ငြင်းဆိုလို့မရပါပေ။

ထို့အပြင်၊ အစောင့်သင်္ဘောများသည် ပထမလအနည်းငယ်အတွင်း အားကောင်းသည့်ပြသမှုကို ပြသခဲ့ရာ ရေတပ်မှာ စိတ်ချယုံကြည်နေပြီဖြစ်သည်။ ဤသံသင်္ဘောအသစ်စက်စက်များသည် သစ်သားသင်္ဘောများကို အစားထိုးနိုင်မည်ဟု နက်နက်ရှိုင်းရှိုင်း ယုံကြည်ခဲ့ကြသည်။

Frestech ကုန်သည်ကြီးများအသင်းကို သူတို့ သဘောမကျဘူးဆိုလျှင်တောင် တိုင်ပင်ဆွေးနွေးဖို့နှင့် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင်ကြိုးစားဖို့ သူတို့ကို ဤနေရာသို့ ဖိတ်ခေါ်နေတုန်းပါပင်။

ရူဆဲလ် သည် အသက်ပြင်းစွာရှူ ငြိမ်သက်နေပြီး ရှုယီအား ဖိတ်ခေါ်သည့် လက်ဟန်အမူအရာပြလာသည်။

"ကောင်းပြီ၊ ဥက္ကဌ ရှု၊ ဟိုမှာထိုင်ပြီး ဆွေးနွေးကြရအောင်။"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်၊ သူမျှော်လင့်ထားသည့်အတိုင်း အဆုံးတွင် အမှန်တရားကို လက်ခံလိုက်ကြသည်ပင်။

၎င်းတို့မှာ ဆိပ်ကမ်းနားက စစ်တပ်ဝင်းကို ရောက်လာကြသည်၊ ကျယ်ဝန်းတဲ့ ဧရိယာအရ စစ်ဆင်ရေး ကွန်ဖရင့်အခန်း ဖြစ်ပုံရသည်။

ရူဆဲလ် သည် ရှုယီကို ပင်မအကြောင်းအရာအား မပြောမီ ဤနေရာမှ လူအမျိုးမျိုးအား မိတ်ဆက်ပေးခဲ့ပြီးဖြစ်သည်။

ကန်ဒရာအင်ပါယာမှ ရှုယီဤနေရာသို့ ဖိတ်ကြားရခြင်း၏ အဓိကအကြောင်းရင်းမှာ ဤအစောင့်သင်္ဘောကို ပုံမှန်အတိုင်းလည်ပတ်စေရန်ဖြစ်ပြီး ကန်ဒရာအင်ပါယာ ရေတပ်သည် ၎င်းအား တတ်နိုင်သမျှ ချောမွေ့စွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း အာမခံရန်ဖြစ်သည်။

ပြတ်ပြတ်သားသားပြောရလျှင် အစောင့်သင်္ဘောသည် သူတို့အတွက် စမ်းသပ်မှုတစ်ခုဖြစ်သည်။ ရေတပ်သည် ဤသင်္ဘောမျိုးအား မည်သို့အသုံးပြုရမည်ကို အမြန်ဆုံး ဆုပ်ကိုင်ထားလိုသည်၊ ထိုမှသာ သူတို့၏ လက်ရှိသင်္ဘောတွေကို သင်္ဘောသစ်နှင် အစားထိုးနိုင်မည်။

ထို့ကြောင့် အနာဂတ်မှာ အစောင့်သင်္ဘောတွေကို မည်သို့ထိန်းသိမ်းရမည်ဟူသည်မှာ ဆွေးနွေးမှုရဲ့ အဓိက ဦးတည်ချက်ဖြစ်ပါ၏။

ကန်ဒရာအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့၏နည်းပညာများကို မျှဝေစေလိုသည်မှာ သဘာဝအားဖြင့် Frestech ကုန်သည်ကြီးများအသင်းမပါဘဲ သင်္ဘောများကို ထိန်းသိမ်းထားနိုင်ရန်ဖြစ်သည်။

ဟုတ်ပါ၏ ရှုယီက ၎င်းမှာမဖြစ်နိုင်ဟု သူတို့ကို တိုက်ရိုက်ပြောခဲ့သည်။

ဤသို့တိုက်ရိုက်ပြောရခြင်း အကြောင်းရင်းမှာ Frestech ကုန်သည်ကြီးများအသင်းက ဆန္ဒမရှိတာကြောင့် မဟုတ်ပါဘဲ၊ ကန်ဒရာ အင်ပါယာရေတပ်သည် ဤတောင်းဆိုချက်ကို ပြုလုပ်ရန် လိုအပ်ချက်များနှင့် မကိုက်ညီခြင်းကြောင့်ပင်။

သင်္ဘောများကို ထိန်းသိမ်းရာတွင် အဓိက ပြဿနာမှာ ပျက်စီးနေသော အစိတ်အပိုင်းများကို အစားထိုးရန် ဖြစ်သည်။

သို့သော် အစိတ်အပိုင်းအားလုံးသည် Frestech ကုန်သည်ကြီးများအသင်းမှ လာခြင်းဖြစ်သည်။ ကန်ဒရာ အင်ပါယာကို မပြောနှင့်၊ အနက်ရှိုင်းဆုံး မှော်စက်နယ်ပယ်ရှိသည့် လမ်ပူရီတိုင်းပြည်ကတောင် ဒီအခြေအနေကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ပါချေ။

အစိတ်အပိုင်းများကို Frestech ကုန်သည်ကြီးများအသင်းမှ ပြုလုပ်သော အထူးသံမဏိဖြင့်သာ ပြုလုပ်နိုင်မည်ဖြစ်ရာ ၎င်းတို့တွင် အစိတ်အပိုင်းများ ပြုလုပ်ရန် လိုအပ်သော နည်းပညာများသာ ရှိသည်၊ သက်ဆိုင်ရာ ထုတ်လုပ်ရေးမှော်စက်များသည် Frestech ကုန်သည်ကြီးများအသင်းတွင်သာရှိသောအရာများဖြစ်သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းမှလွဲ၍ ဤပြဿနာကို ဖြေရှင်းနိုင်သော အခြားကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း မရှိပါ။

ထို့ကြောင့် ရှုယီသည် ဤအရာအားလုံးကို ကန်ဒရာ အင်ပါယာသို့ ပေးလိုလျှင်ပင်၊ သူတို့ လုပ်နိုင်မည်မဟုတ်ပေ။

ကန်ဒရာ အင်ပါယာရေတပ်က မယုံကြည်သော်လည်း ဒီအချက်ကို သူတို့လက်ခံရမည်ပင်း။ ထို့ကြောင့် နှစ်ဖက်စလုံးကြား အပြင်းအထန် ဆွေးနွေးပြီးနောက်၊ ကန်ဒရာ အင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်း၏ ဖြေရှင်းချက်ကို လက်ခံလိုက်ရသည်။ Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာ အင်ပါယာအတွက် ဤအစောင့်သင်္ဘောများကို ပုံမှန်လည်ပတ်မှုအခြေအနေတွင် ထိန်းသိမ်းထားရမည်ဖြစ်သည်။

ကန်ဒရာအင်ပါယာရေတပ်သည် Frestech ကုန်သည်ကြီးများအသင်းထံ ဈေးမသက်သာလှသော ပြုပြင်ခကို ပေးဆောင်ခဲ့ရပါသည်။

နေ့စဥ် ပြုပြင်ထိန်းသိမ်းမှုမှာ စျေးသက်သက်သာသာ ဖြစ်သော်လည်း စက်ပစ္စည်း အစားထိုးမှုမှာ ကြောက်စရာကောင်းသည်။

ဥပမာအားဖြင့်၊ လည်ပတ်မှုရပ်တန့်သွားသော အစောင့်သင်္ဘောမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ အင်ဂျင်နီယာတစ်ဦး၏ ပြောကြားချက်အရ၊ ကန်ဒရာ အင်ပါယာရေတပ်သည် Frestech ကုန်သည်ကြီးများအသင်း၏ လမ်းညွှန်ချက်လက်စွဲအတိုင်း ဤသင်္ဘောကို မထိန်းသိမ်းထားဘဲ အထွက်ကန့်သတ်ချက်ထက်ကျော်လွန်သောကြောင့်၊ ၎င်းသည် ပါဝါကို ပံ့ပိုးပေးသော မှော်အစီအရင်ကို ပျက်စီးသွားစေပြီး လည်ပတ်နိုင်ခြင်း မရှိတော့ပေ။

မှော်အစီအရင်သည် အစောင့်သင်္ဘော၏ အရင်းခံဖြစ်ပြီး ၎င်းတွင် ပြဿနာရှိလျှင် အလွန်အရေးကြီးသည်။

Frestech ကုန်သည်ကြီးများအသင်း၏ခန့်မှန်းချက်အရ၊ ၎င်းကိုပြုပြင်ရန်၊ ၎င်းတို့မှာ စတန်တိုင်းနယ်မြေရှိ သင်္ဘောကျင်းသို့ တောက်လျှောက်ပြန်သွားရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကန်ဒရာအင်ပါယာတွင် ၎င်းကိုပြုပြင်ရန် မှန်ကန်သောပတ်ဝန်းကျင်မရှိသောကြောင့်ဖြစ်သည်။

ဤကဲ့သို့ဆိုလျှင် ပစ္စည်းများနှင့် လုပ်အားခ ဖြင့် စျေးသက်သာမည် မဟုတ်ပေ။

ရှုယီသည် ကန်ဒရာအင်ပါယာရေတပ်အား ပြုပြင်ထိန်းသိမ်းမှုတွင် ရွှေဒင်္ဂါးခုနစ်သောင်းအထိ မြင့်မားသောစျေးနှုန်းပေးဆောင်ရန်အတွက် Frestech ကုန်သည်ကြီးများအသင်း ကိုယ်စားတောင်းဆိုခဲ့သည်။

ကန်ဒရာ အင်ပါယာရေတပ်ဘက်ကတော့ ဤစျေးနှုန်းနှင့် ပတ်သက်ပြီး သိပ်စိတ်မချမ်းသာသော်လည်း ရှုယီက လုံးဝလက်မလျှော့သည့်အတွက် လက်ခံလိုက်ရသည်။

နောက်ဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းကို မပြင်ရန် ရွေးချယ်လိုက်လျှင် အသုံးမပြုနိုင်တော့မည်မဟုတ်ပေ။

ရပ်စယ်လ်နှင့် အခြား ကန်ဒရာ အင်ပါယာအရာရှိများက သူ့ကို အရှင်လတ်လတ် စားချင်နေပုံရသည်ကို မြင်လိုက်ရသဖြင့် ရှုယီက ခပ်ဖျော့ဖျော့ ပြုံးပြကာ ဂုဏ်ယူမဆုံးနိုင်တော့ပေ။

သင်္ဘောတစ်စင်းလျှင် ရွှေဒင်္ဂါးငါးသိန်းဖြင့် အစောင့်သင်္ဘောများကို ရောင်းချရန် သဘောတူလိုက်စဉ်က စျေးနှုန်းအလွန်နည်းသောကြောင့် အဆင့်မြင့်အဖွဲ့ဝင်အများအပြားက ကန့်ကွက်ခဲ့ကြသည်။ တခြားအခြေအနေတွေရှိရင်တောင် ဆုံးရှုံးရတာတွေများနေသေးသည်။

သို့ပေမယ့် ရှုယီက ဤနေ့ကို ရောက်လာဖို့စီစဉ်ထားပြီးသားဖြစ်ရာ သဘောတူဖို့ အခိုင်အမာဖြစ်နေခဲ့သည်။

ကန်ဒရာ အင်ပါယာရေတပ်တွင် အစောင့်သင်္ဘောများရှိနေသရွေ့ ၎င်းတို့သည် သစ်သားသင်္ဘောများထက် အနှိုင်းမဲ့သာလွန်ကြောင်း တွေ့ရှိပြီး ၎င်းတို့ကို ဆက်လက်အသုံးပြုသွားကြမည်ဖြစ်သည်။

၎င်းတို့ကို အသုံးပြုနေသမျှ ကာလပတ်လုံး Frestech ကုန်သည်ကြီးများအသင်းမှ ချမှတ်ထားသော ပြုပြင်ထိန်းသိမ်းမှု အခြေအနေများကို လက်ခံရတော့မည်ဖြစ်သည်။

ကန်ဒရာအင်ပါယာ၏ ရေတပ် သို့မဟုတ် ကုမ္ပဏီတွင် လုပ်ဖော်ကိုင်ဖက်များဖြစ်စေ ၊ တစ်ချိန်က ရောင်းချသည့်စျေးနှုန်းနှင့် နှိုင်းယှဥ်လျှင် နောက်ပိုင်းတွင် ၎င်းကို ဆက်လက်ထိန်းသိမ်းထားရခြင်းက ငွေပိုကုန်‌သည်ကို မသိကြချေ။

ဤနည်းမျိုးသည် ကမ္ဘာပေါ်ရှိ ခေတ်မီအနောက်တိုင်းနိုင်ငံများနှင့် အလွန်အကျွမ်းတဝင်ရှိသောအရာဖြစ်ပြီး၊ ဤရောဂါကို ခံစားခဲ့ရသည့် ပို၍သေးငယ်သော နေရာများစွာပင် တရုတ်နိုင်ငံတွင် ရှိသည်။

ယခု ရှုယီမှာ စိုင်စ်နယ်မြေကြီး၌ ရှိနေပြီဖြစ်ရာ ၎င်းပုံစံကို အသုံးပြုရန် စိတ်ထဲမကွက်ပါချေ။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၄၆။ လာဗင်ဒါ ကုန်သည်ကြီးများအသင်း

Frestech ကုန်သည်ကြီးများအသင်းနှင့် ကန်‌ဒရာအင်ပါယာရေတပ်တို့အကြား ဆွေးနွေးရာတွင် Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ကန်ဒရာအင်ပါယာရေတပ်၏ အဆိုပြုချက်များကို ဖြည့်ဆည်းပေးရုံသာမကပေ။

၎င်းတို့၏ ဆွေးနွေးပွဲ၌ အစောင့်သင်္ဘောကို ထိန်းသိမ်းခြင်းမှာ အခြေခံအကျဆုံးပြဿနာသာဖြစ်သည်။ ထိုနှစ်ဘက် တကယ်တမ်းလိုအပ်သည်မှာ Frestech ကုန်သည်ကြီးများအသင်းမှ ကန်ဒရာအင်ပါယာရေတပ်ထံ တောင်းဆိုချက်ကိုသာဖြစ်သည်။

၎င်းတို့ချုပ်ဆိုထားသော စာချုပ်အရ ကန်ဒရာအင်ပါယာသည် Frestech ကုန်သည်ကြီးများအသင်းမှ အစောင့်သင်္ဘောသုံးစင်းကို သင်္ဘောတစ်စင်းလျှင် ရွှေဒင်္ဂါးငါးသိန်းဖြင့် ဝယ်ယူမည်ဖြစ်သည်။ Frestech ကုန်သည်ကြီးများအသင်းအား ပြန်ဆပ်ရန် အခြားအခြေအနေများကို အသုံးမပြုပါက သင်္ဘောတစ်စင်းလျှင် တစ်သန်းခွဲကို မည်သို့ လွယ်ကူစွာ ဖြည့်ဆည်းပေးနိုင်မည်နည်း။

ပြုပြင်ထိန်းသိမ်းမှုကိစ္စဆွေးနွေးရန် ၎င်းတို့၏လက်အောက်ငယ်သားများအား ထားခဲ့ပြီး ရပ်စယ်လ်သည် ရှုယီအား စစ်တပ်ဝင်းရှိ အခြားအခန်းသို့ ခေါ်သွားခဲ့သည်။

ဤနေရာ၌ ဖော်ရွေသော အပြုံးဖြင့် အနည်းငယ်ပိန်သော အမျိုးသားတစ်ဦးရှိသည်။ သူ့မျက်လုံးများတွင် စူးရှသောအကြည့်များ ရှိနေပြီး ထိုလူလတ်ပိုင်းသည် စစ်သားထက် ကုန်သည်နှင့်ပိုတူသည်။

တကယ်တော့ သူသည် ကုန်သည်တစ်ဦးဖြစ်သည်။

"ဥက္ကဌ ရှု၊ ဒါက လာဗန်ဒါ ကုန်သည်ကြီးများအသင်းရဲ့ဥက္ကဌ ရောဘတ်ဇန်နီပါ"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် နွေးထွေးသော အပြုံးကို ထုတ်ဖော်ပြီး ရှုယီထံသို့ လက်ကို လှမ်းကမ်းသည် "ဥက္ကဌ ရှု၊ ဒါက ကျုပ်တို့ရဲ့ ပထမဆုံး တွေ့ဆုံမှုပါ၊ နောင်မှာ ကျုပ်ကို ဂရုစိုက်ပေးပါဦး။"

"ဒီလိုဆိုရင်ရော ဒီလိုဆိုရင်ရော ကျုပ်တို့အားလုံး အနာဂတ်မှာ အတူလက်တွဲပြီး တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ကြမလား"

ရောဘတ်ဇန်နီကို လေးလေးနက်နက်ကြည့်ရင်း ရှုယီဒီလို ယဉ်ကျေးသိမ်မွေ့သည့် စကားတွေကို ပြောလိုက်သည် ။

ဤ လာဗန်ဒါ ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာတွင် ကျော်ကြားသည်။ ရှုယီသည် သူအာရုံစိုက်လိုသော ကန်ဒရာအင်ပါယာရှိ ပထမတန်းစားကုမ္ပဏီများကို စုံစမ်းစစ်ဆေးခဲ့ရာ ယင်းတွင် လာဗင်ဒါကုန်သည်ကြီးများအသင်းလည်း ပါဝင်ခဲ့သည်။

ကန်ဒရာအင်ပါယာ၏ရေတပ်သည် လာဗန်ဒါ ကုန်သည်ကြီးများအသင်း၏နောက်ကွယ်တွင်ရှိလိမ့်မည်ဟု သူဘယ်တုန်းကမှမထင်ခဲ့ပါ။

ဒါပေမယ့် ဒါက ဘာမှ မထူးဆန်းပါချေ။

ကန်ဒရာအင်ပါယာတွင် ခိုင်မာစွာရပ်တည်နိုင်သော ပထမတန်းစားကုမ္ပဏီတစ်ခုဖြစ်ရန်၊ ၎င်းတို့အား ပံ့ပိုးပေးသည့်အရာတစ်ခုရှိရန် လိုအပ်သည်။

လာဗန်ဒါ ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာနှင့် ရှုယီအတွက် အသန်မာဆုံးကုမ္ပဏီ ဖြစ်လာနိုင်ခြင်းမရှိသော်လည်း ဤသည်က ကန်ဒရာအင်ပါယာရေတပ်၏ ပတ်သက်ဆက်နွယ်မှုကြောင့်ပင်။

အနည်းဆုံး ရှုယီအတွက်၊ ထို ကန်ဒရာအင်ပါယာရေတပ်မှ မိတ်ဆွေများသည် စီးပွားရေးကို လုံးဝစိတ်မ၀င်စားကြပေ။

မဟုတ်ဘဲ ရေတပ်မှလူများသာ ငွေရှာနိုင်လျှင် ရေတပ်၏ဆင်းရဲမွဲတေမှုကို မြှင့်တင်ပေးနိုင်ရန် အလှမ်းဝေးမည်မဟုတ်။

"ဥက္ကဌ ရှု၊ ခင်ဗျားကုမ္ပဏီရဲ့ မှော်စက်တွေကို ကျုပ်တကယ်စိတ်ဝင်စားနေတာကြာပြီ။ ဒီနေ့ မတွေ့ဆုံရသေးရင်တောင် ဥက္ကဌ ရှုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျုပ်စဉ်းစားထားတယ်။ အခုတော့ ဆရာရပ်ဆဲလ်ရဲ့ အကြံပြုကြောင့်၊ ပိုလွယ်လာပါပြီ။”

ဥက္ကဌ ဇန်နီ၏ ဖော်ရွေသော အပြုံးကို မြင်လိုက်ရသော်ငြား ရှုယီသည် နွေးထွေးသော တုံ့ပြန်မှု မရှိခဲ့ပေ။ တစ်စက္ကန့်မျှ ခေတ္တရပ်ပြီးနောက် ခေါင်းကို ခါယမ်းကာ မည်သည့်ယဉ်ကျေးမှုမှမပါဘဲ ဆိုသည်၊ “ဥက္ကဌ ဇန်နီ ၊ မှော်စက်တွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဒီမှာလာဆွေးနွေးမယ်ဆိုရင် တောင်းပန်ပါတယ်လို့ပဲ ပြောနိုင်ပါတယ်။"

ဥက္ကဌ ဇန်နီ နှင့် ရူဆဲလ် နှစ်ယောက်လုံး အံ့သြသွားကြသည်။ ရူဆဲလ် က မျက်မှောင်ကုပ်ပြီးတစ်ဦးကို တစ်ဦးကြည့်ကာ မေးလာ၏"ဥက္ကဌ ရှု၊ ခင်ဗျားဘာကိုဆိုလိုတာလဲ"

ရှုယီက သက်ပြင်းတစ်ချက်ချလိုက်ပြီး အခန်းကိုညွှန်ပြသည် “ဆာရပ်ဆဲလ်၊ ဥက္ကဋ္ဌ ဇန်နီ၊ ခင်ဗျားက ကန်ဒရာအင်ပါယာကဖြစ်ပြီး စိုင်စ်နယ်မြေကြီးမှာ ရေနေသတ္တဝါတွေ အားအကောင်းဆုံးနေရာပဲ၊ ခင်ဗျားက အဆုံးမဲ့ ပင်လယ်ပြင်ကို တွေးမနေဘဲ မှော်စက်တွေနဲ့ ပတ်သက်ပြီး ကျုပ်တို့ ကုမ္ပဏီနဲ့ ပူးပေါင်းချင်တယ်ဆို‌ေတာ့၊ ခင်ဗျားက အရမ်းတွန့်တိုနေတယ်လို့ မထင်ဘူးလား"

ဥက္ကဌ ဇန်နီ နှင့် ရူဆဲလ် သည် တစ်ယောက်ကိုတစ်ယောက် သံသယဖြင့် ကြည့်လိုက်သည်။

"ဥက္ကဋ္ဌ ရှု၊ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက ခင်ဗျားတို့ရဲ့လုပ်ငန်းကို မှော်စက်တွေပေါ်မှာ အာရုံစိုက်ထားတာမဟုတ်ဘူးလား။ မှော်စက်တွေနဲ့ ပတ်သက်ပြီး ကျုပ်တို့က ခင်ဗျားနဲ့ မပူးပေါင်းရင် ဘယ်လို ပူးပေါင်းရမှာလဲ။" ရပ်စယ်လ်က မျက်ခုံးတွန့်ချိုးပြီး မေးသည်။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မှားနေကြီ။ ကျုပ်က မှော်စက်မှုနယ်ပယ်ကို ကန်ဒရာအင်ပါယာတစ်ခုလုံး ဖြန့်ကျက်စေချင်တာကြောင့် မှော်စက်တွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ချင်ပါတယ်၊ ဒါဆို ဒီစျေးကွက်ကြီးကို ရရှိနိုင်မှာပါ”

“အဲဒါက ကျုပ်တို့ တွေးနေတာပါပဲ။ ဥက္ကဌ ရှု ၊ ဘာလို့ ဒါကို ငြင်းတာလဲ။" ဥက္ကဋ္ဌ ဇန်နီက ရှုပ်ထွေးသော အသံဖြင့် မေးသည်။

"ကျုပ်ရဲ့အဓိပ္ပါယ်က ကန်ဒရာအင်ပါယာမှာ ကျုပ်တို့ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကိုရောင်းချဖို့ ကျုပ်တို့ကိုယ်တိုင် ကန့်သတ်ဖို့ မလိုအပ်ပါဘူး။ ကျုပ်သိတာတစ်ခုက လာဗန်ဒါ ကုန်သည်ကြီးများအသင်းရဲ့ အဓိကလုပ်ငန်းက ပင်လယ်ထွက်ကုန်တွေပဲ မဟုတ်လား။ ဥက္ကဋ္ဌ ဇန်နီ” ရှုယီက ပြန်မေးသည်။

ဥက္ကဋ္ဌ ဇန်နီ အနည်းငယ် အံ့သြသွားသည်။

ဒါကရှုယီအနေနှင့် သူ့ရဲ့ လာဗန်ဒါ ကုန်သည်ကြီးများအသင်းကို ပထမဆုံးအကြိမ် သိရှိခြင်းလို့ သူထင်ခဲ့ပေမယ့် ရှုယီက ပင်လယ်ထွက်ကုန်တွေရောင်းတဲ့အကြောင်း ထုတ်ပြလာမယ်လို့ မထင်ခဲ့ပေ။ သူသည် လာဗန်ဒါ ကုန်သည်ကြီးများအသင်းနှင့် ပတ်သက်၍ နားလည်မှုအချို့ရှိနေပြီဟု ရှုမြင်နိုင်သည်။

"ဟုတ်ပါတယ်၊ တော်ဝင်ရေတပ်တွေရဲ့ ပံ့ပိုးမှုနဲ့ ပင်လယ်သယံဇာတတွေကို ဘယ်လိုသုံးရမယ်ဆိုတာ နားမလည်ရင် ကျုပ်တို့ မိုက်မဲရာကျလွန်းလိမ့်မယ်" ဥက္ကဋ္ဌ ဇန်နီက ပြုံးပြီး ပြန်ဖြေသည်။

“အင်း၊ မှန်ပါတယ်။ ဒါပေမယ့် ဥက္ကဋ္ဌ ဇန်နီ ကျုပ်မြင်တာက ခင်ဗျား အဲဒါကို သုံးတာ မလုံလောက်သေးဘူး။ ပင်လယ်ထဲမှာ အဆုံးမရှိတဲ့ အရင်းအမြစ်တွေရှိပြီး ခင်ဗျားကုမ္ပဏီက လောလောဆယ် ဆယ်သိန်းအောက်ပဲ သုံးနေတယ်။”

ဥက္ကဋ္ဌ ဇန်နီက မျက်ခုံးလေးတွန့်ချိုးသွားကာ "ဥက္ကဌ ရှု၊ ခင်ဗျားဘာကိုဆိုလိုတာလဲ"

ရှုယီက ပြုံးပြပြီး မြေပုံကို ထုတ်ကာ စားပွဲပေါ် ဖြန့်လိုက်သည်။

ရပ်စယ်လ်နှင့် ဥက္ကဋ္ဌ ဇန်နီတို့ ကြည့်ရာ ၎င်းသည် စိုင်စ်နယ်မြေကြီး၏ တောင်ဘက်ပင်လယ်ပြင်မြေပုံဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ဂရုတစိုက်ကြည့်ပြီးနောက် ရပ်စယ်လ်၏မျက်နှာတွင် အံ့အားသင့်နေသည့်ဟန်တစ်ခု ပေါ်လာသည်။

တော်ဝင်ရေတပ်တွင် သဘာဝအားဖြင့် တောင်ဘက်ပင်လယ်များ၏ မြေပုံများ ရှိပြီး ၎င်းသည် စျေးကွက်တွင် ရောင်းချနေသည့် မြေပုံများထက် များစွာပို၍ အသေးစိတ်ပါသည်။

သို့ပေမယ့် ရှုယီထုတ်ပေးလာသည့် မြေပုံနဲ့ ယှဉ်လျှင် တော်ဝင်ရေတပ်၏ မြေပုံဟာ ရိုးရှင်းလှသည်။

"ဥက္ကဋ္ဌ ဇန်နီ ခင်ဗျားရဲ့ လာဗန်ဒါ ကုန်သည်ကြီးများအသင်းက ပင်လယ်ထွက်ကုန်တွေက အဓိကအားဖြင့် ငါး၊ ပင်လယ်ရေမှော် နဲ့ သန္တာတွေပဲ မဟုတ်လား။"

ဥက္ကဋ္ဌ ဇန်နီ သည် ရှုယီမှာ ယခင်က ၎င်း၏ လာဗန်ဒါ ကုန်သည်ကြီးများအသင်းကို စုံစမ်းခဲ့ကြောင်း သိလိုက်ရသည် သို့မဟုတ်လျှင် သူဤမျှလောက်သိမည်မဟုတ်ပေ။

"မှန်ပါတယ်၊ ဥက္ကဌ ရှု က ဘယ်လိုထင်လဲ"

"ဥက္ကဋ္ဌ ဇန်နီ၊ ခင်ဗျားကုမ္ပဏီက အထူးပြုထားတဲ့ ထုတ်ကုန်တွေအတွက် ကမ်းစပ်မှာ အဓိက အခြေစိုက်တာကို ခင်ဗျားသတိမထားမိဘူးလား"

ရှုယီက ကမ်းစပ်နှင့် မနီးမဝေးတွင် မြေပုံတစ်ခုဆွဲထားသည်ကိုမြင်တော့ ဥက္ကဌ ဇန်နီက ရှုပ်ထွေးလာသည်၊ "ဒါက ဘာပြဿနာရှိလို့လဲ။ လက်ရှိ တံငါသည်တွေရဲ့ အစွမ်းအစကြောင့် ကမ်းခြေနဲ့ မဝေးတဲ့ နေရာက ငါးတွေကိုပဲ ဖမ်းယူနိုင်ကြတယ်။ ပင်လယ်နက်ပိုင်းထဲကို သူတို့ဝင်ဖို့ နည်းလမ်းမရှိဘူး။ ပင်လယ်ပြင်က အရမ်းအန္တရာယ်များတာမို့ တံငါသည်တွေ အသက်အန္တရာယ် ရှိနိုင်တယ်......"

ဥက္ကဌဇန်နီက ရုတ်တရက်နားလည်သွားပြီး ရှုယီကို မှိန်းခနဲ စိုက်ကြည့်လိုက်သည်။

ဤဥက္ကဌ ရှု သည် Frestech ကုန်သည်ကြီးများအသင်းမှဖြစ်သည်ကို သူ ရုတ်တရက် သတိရသွားသည်။ ၎င်းတို့က ပင်လယ်ထဲသို့ ကီလိုမီတာ ရာပေါင်းများစွာ ဝင်ရောက်နိုင်သော အားကောင်းသည့် သံမဏိသင်္ဘောများကို တီထွင်ခဲ့ကြသည် မဟုတ်ပါလား။

သာမာန်တံငါသည်များသည် ၎င်းတို့၏ငါးဖမ်းလှေများတွင် အကောင်းဆုံးရွက်လွှင့်နိုင်စွမ်းမရှိသောကြောင့် ၎င်းတို့သည် ကမ်းအနီးတွင်သာ ငါးဖမ်းနိုင်ကြသည်။

ကန်ဒာ အင်ပါယာ၏ သစ်သားလှေကြီးများသည်ပင် နက်ရှိုင်းသောပင်လယ်ထဲသို့ မဝင်ရောက်နိုင်ခဲ့ပါ။

ထို့ကြောင့် မရေမတွက်နိုင်သောလူများသည် ပင်လယ်နက်ကြီးအတွင်းရှိ ဆွဲဆောင်မှုရှိသော အရင်းအမြစ်များအကြောင်းကို သိသော်လည်း၊ ၎င်းတို့၏ အကန့်အသတ်များ ကြောင့် စောင့်ကြည့်၍သာနေနိုင်သည်။

Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်သော အားကောင်းသည့် သံမဏိသင်္ဘောများသည် ယခုအချိန်တွင် ပင်လယ်ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်သောကြောင့် ၎င်းတို့ မေ့ထားသော အရင်းအမြစ်များထံ နောက်ဆုံးတွင် ရောက်ရှိနိုင်ပြီဟု ဆိုလိုသည် မဟုတ်ပါလား။

ဒါကိုတွေးပြီး ဥက္ကဌ ဇန်နီရဲ့ အသက်ရှူသံက ပိုမြန်လာကာ ရှုယီကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။

သူ့တုံ့ပြန်မှုကိုမြင်တော့ ရှုယီက သူဘာကိုဆိုလိုသည်ကို နားလည်သွားသည် ။ သူက မြေပုံပေါ်က ပင်လယ်ပြင်ကို ကြည့်ရင်း ပြုံးလျက် ဥက္ကဌ ဇန်နီကို ပြောသည်၊ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက အစောင့်သင်္ဘောများနဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘောကြီးတွေကို ပြုလုပ်ရုံတင်မကဘဲ ရေနက်ပိုင်းအတွင်း ငါးဖမ်းဖို့အတွက် ငါးဖမ်းသင်္ဘောတွေကိုလည်း ပြုလုပ်ထားပါတယ်။ ဥက္ကဋ္ဌ ဇန်နီ၊ ခင်ဗျား ဒီအရာတွေကို စိတ်ဝင်စားလား။"

ငါးရက်အကြာတွင် ရှုယီဦးဆောင်သော Frestech ကုန်သည်ကြီးများအသင်းကိုယ်စားလှယ်များသည် ကန်ဒရာ အင်ပါယာတွင် ၎င်းတို့၏ ဆွေးနွေးမှုများကို အဆုံးသတ်ခဲ့သည်။

ရလဒ်များအရ Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာ အင်ပါယာ၏ အစောင့်သင်္ဘောများအား လွတ်လပ်စွာ အသုံးပြုနိုင်ကြောင်း အာမခံချက်ဖြင့် ပြုပြင်ထိန်းသိမ်းမှုတွင် အပြည့်အဝအခွင့်အရေးရှိသည်။

တစ်ချိန်တည်းတွင်၊ ကန်ဒရာ အင်ပါယာရေတပ်သည် Frestech ကုန်သည်ကြီးများအသင်းအား မိတ်ဖက်အဖြစ် သတ်မှတ်မည်ဖြစ်ကာ ၎င်းတို့၏ အစောင့်သင်္ဘောစုကိုမူ မဟာမိတ်ရေတပ်အဖြစ် သတ်မှတ်ခဲ့သည်။ ၎င်းတို့က Frestech ကုန်သည်ကြီးများအသင်း၏အစောင့်တပ်ဖွဲ့အား ကန်ဒရာ အင်ပါယာ၏ပင်လယ်ပြင်တစ်လျှောက် လွတ်လပ်စွာသွားလာခွင့်ကို ပေးခဲ့သည်။ တောင်ဘက်ရှိ ဆိပ်ကမ်းသုံးခုကိုလည်း လွတ်လွတ်လပ်လပ် အသုံးပြုနိုင်အောင် ဖွင့်လှစ်ပေးခဲ့သည်။

၎င်းအပြင် ကန်ဒရာ အင်ပါယာ၏ရေတပ်သည် တောင်ပိုင်းပင်လယ်များဖွံ့ဖြိုးတိုးတက်ရန်အတွက် Frestech ကုန်သည်ကြီးများအသင်းနှင့်လည်း သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့သည်။ ဦးစွာ ၎င်းတို့သည် လာမည့်နှစ်နှစ်အတွင်း တောင်ပင်လယ်ရှိ ကျွန်းအများအပြားတွင် မှော်ဆက်သွယ်ရေး ကွန်ရက်တစ်ခုကို ဖန်တီးကာ တောင်ပိုင်းပင်လယ်တစ်ခုလုံးကို လွှမ်းခြုံနိုင်ရန် ကြိုးပမ်းကြမည်ဖြစ်သည်။

ယင်းအတွက်ကြောင့် Frestech ကုန်သည်ကြီးများအသင်းမှ ကန်ဒရာ အင်ပါယာရေတပ်အား မှော်ဆက်သွယ်ရေးကိရိယာငါးရာကို ပေးအပ်မည်ဖြစ်သည်။ ကန်ဒရာ အင်ပါယာရေတပ်သည် ငါးကီလိုမီတာအကွာအဝေးအတွင်း လွတ်လပ်စွာခေါ်ဆိုနိုင်ရန် အသုံးပြုနိုင်မည်ဖြစ်သည်။

ဤသည်မှာ ထုတ်ပြန်ထားသော ရလဒ်များဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာ အင်ပါယာရေတပ်နှင့် အခြားသော သီးသန့်သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်းသည် အရှေ့တောင်ဘက်ရှိ ကန်ဒရာ အင်ပါယာလက်အောက်ရှိ နိုင်ငံငယ်နှစ်ခုတွင် မိုင်းတွင်းခြောက်တွင်းကို တူးဖော်နိုင်မည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းသည် အဆိုပါမိုင်းများမှ အကျိုးအမြတ်မရရှိသော်လည်း အဆိုပါသတ္တုတွင်းများမှ သတ္တုရိုင်းများကို Frestech ကုန်သည်ကြီးများအသင်းသို့ ကာလပေါက်ဈေးဖြင့် ရောင်းချမည်ဖြစ်သည်။

၎င်းအပြင် ကန်ဒရာ အင်ပါယာရေတပ်သည် Frestech ကုန်သည်ကြီးများအသင်းကို ကန်ဒရာ အင်ပါယာတွင် အရောင်းလမ်းကြောင်းများဖွင့်ရန် လျှို့ဝှက်ကူညီမည်ဖြစ်သည်။ ပထမအဆင့်မှာ Frestech ကုန်သည်ကြီးများအသင်းကို ကန်ဒရာ အင်ပါယာရှိ ပြင်ပကုမ္ပဏီတစ်ခုအဖြစ် ခွင့်ပြုချက်ပေးရန်ဖြစ်သည်။

ဤခွင့်ပြုချက်သည် အခြားနိုင်ငံ၏ကုမ္ပဏီများအတွက် ပေးတတ်သော ကန်ဒရာ အင်ပါယာ၏ခွင့်ပြုချက်ဖြစ်သည်။ ဤခွင့်ပြုချက်ရရှိသောကုမ္ပဏီများသည် နယ်မြေကြီးတွင် နာမည်ကြီးကုမ္ပဏီများဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို လက်ခံရရှိပါလျှင် ကန်ဒရာ အင်ပါယာ၌ Frestech ကုန်သည်ကြီးများအသင်းကို ကျော်ကြားစေရုံသာမက၊ သူတို့သည် ကန်ဒရာ အင်ပါယာမှတဆင့် အလွန်အရေးပါသည့် လမ်းကြောင်းတစ်ခုကို ဖွင့်နိုင်မည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှ ကန်ဒရာ အင်ပါယာရေတပ်နှင့် ချုပ်ဆိုထားသော စာချုပ်အပြင် အခြားအရေးကြီးသည့်အချက်မှာ လာဗန်ဒါ ကုန်သည်ကြီးများအသင်းနှင့် ချုပ်ဆိုထားသော စာချုပ်ဖြစ်သည်။

ဥက္ကဋ္ဌ ဇန်နီသည် ရှုယပြောခဲ့သည့် ပင်လယ်နက်ငါးဖမ်းသင်္ဘောများကို အလွန်စိတ်ဝင်စားခဲ့သည်။ ၎င်းတို့သည် ပြုလုပ်ဆဲဖြစ်ပြီး မထုတ်လုပ်ရသေးသည်ကို ဂရုမစိုက်ပေ၊ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့ထဲမှ ငါးခုကို သူ့ထံ ရောင်းချနိုင်မည်ဟု မျှော်လင့်ကြောင်း သူပြောခဲ့ပြီးဖြစ်သည်။

ရှုယီက သဘာဝအတိုင်း သဘောတူခဲ့လိုက်သည်။

၎င်းအပြင်၊ ရှုယီသည် တောင်ပိုင်းပင်လယ်တွင် အရင်းအမြစ်များဆိုင်ရာ အချက်အလက်အတွက် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောအား အသုံးပြု၍ အနာဂတ်တွင် ငါးဖမ်းနိုင်ရန် ဥက္ကဋ္ဌ ဇန်နီအား ကတိတောင်းခဲ့သည်။

၎င်းတို့ကို စောင့်စရာ မလိုပါဘဲ၊ တစ်လအတွင်းမှာပင် စတင်ဖို့ သဘောတူခဲ့ကြ၏။

အခြားကဏ္ဍများတွင် Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာအင်ပါယာ၏ ငါးထွက်ကုန်များကို အခြားနေရာများသို့ ပို့ဆောင်ရန်အတွက် ၎င်းတို့၏ ကြီးမားသော သယ်ယူပို့ဆောင်ရေးသင်္ဘောများအပြင် ရေခဲသေတ္တာများပါ ငှားရမ်းပေးမည်ဖြစ်သည်။ ဒါဟာ လာဗန်ဒါ ကုန်သည်ကြီးများအသင်း၏ စျေးကွက်အား ပိုမိုဖွင့်လှစ်ခြင်းနှင့် ညီမျှပါ၏။

လာဗန်ဒါ ကုန်သည်ကြီးများအသင်းသည် ၎င်းတို့၏ ကန်ဒရာ အင်ပါယာ အရောင်းလမ်းကြောင်းများကို Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ မျှဝေမည်ဖြစ်သည်။

ပင်လယ်ထွက်ပစ္စည်းများနှင့် မှော်စက်များသည် တူညီမှုမရှိသော်လည်း Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာ အင်ပါယာထဲသို့ မှော်စက်များကို ယူဆောင်ရန် လမ်းကြောင်းတစ်ခု လိုအပ်သည်။ ၎င်းတို့၏ ရောင်းချမည့်ပုံစံကိုတော့ ရှုယီလုံးဝမစိုးရိမ်ပါပေ။

Frestech ကုန်သည်ကြီးများအသင်းနှင့် လာဗန်ဒါ ကုန်သည်ကြီးများအသင်း နှစ်ခုစလုံးသည် ယခုအကြိမ်တွင် များစွာအကျိုးရှိခဲ့သည်။ အစောင့်သင်္ဘောများ၏ ပြုပြင်ထိန်းသိမ်းခမှာ မြင့်မားပြီး Frestech ကုန်သည်ကြီးများအသင်းသည် ကန်ဒရာ အင်ပါယာရေတပ်ကို ချောင်ပိတ်နေသည်ဟု ခံစားမိသော်လည်း၊ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ ပူးပေါင်း၍ သတ္တုတွင်းများ ဖွင့်လှစ်ခြင်း၏ အကျိုးကျေးဇူးများကြောင့် ကျေနပ်နေကြဆဲဖြစ်သည်။

သူတို့ ထွက်သွားတဲ့အခါ သဘာဝအတိုင်း ပျော်ရွှင်ကြသည်ပင်။

သို့ပေမယ့် ရှုယီကို နှုတ်ဆက်ပြီးချိန်တွင် ရူဆဲလ် ကရှုယီကို ဆွဲခေါ်လာပြီး မနေနိုင်စွာ တစ်စုံတစ်ခုကို တိတ်တဆိတ် မေးမြန်းလာခဲ့သည်။

"ဥက္ကဌ ရှု၊ ခင်ဗျားရဲ့ မှော်လေ‌သင်္ဘောတွေကို...... ဘယ်တော့ရောင်းမှာလဲ? စျေးနှုန်းကရော ဘယ်လောက်သတ်မှတ်ထားလဲ"

ရူဆဲလ် ၏ မျက်နှာပေါ်ရှိ မျှော်လင့်ထားသည့် ဟန်ကို မြင်လိုက်ရတော့ ရှုယီသည် မနေနိုင်စွာ စိတ်ထားလှသန် အပြုံးကို ထုတ်ဖော်ပြသလိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဤမေးခွန်းကို မမေးခဲ့သောကြောင့် စိတ်မဝင်စားဟု သူထင်ခဲ့သော်လည်း၊ ၎င်းကို မမေးရန် သူ့ကိုယ်သူအတင်းအကြပ် ထိန်းနေပုံရသည်။

“ဒါက ...... အဲဒါတွေကို ရောင်းမှာပါ ၊ ဒါပေမယ့် ရောင်းမယ့် အစောဆုံးအချိန်က နောက်နှစ်မှ စလို့ရမယ်။ စျေးနှုန်းနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။”

ရှုယီက တိတ်တဆိတ်ရယ်မောရင်း ရပ်ဆဲလ်ကို ပြန်ပြောသည် ။

ဒီ ရူဆဲလ် ကို အစောင့်သင်္ဘောနဲ့ မြှူဆွယ်နိုင်ခဲ့တဲ့ ငါးကြီးလို့ ယူဆနိုင်သလို အခု မှော်လေသင်္ဘောမှာလည်း သူကိုယ်တိုင် လာဟပ်ဖို့ စတင်လုပ်ဆောင်နေတာကြောင့် တစ်စုံတစ်ယောက်ရဲ့ စိတ်ခံစားမှုကို အမှန်ပင် ကောင်းမွန်စေသည်။

ဆရာ ရူဆဲလ် ၊ ခင်ဗျားဘာလို့ ဒီလောက်အထိ ပူးပေါင်းဆောင်ရွက်နေတာလဲ။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၄၇။ အဆင့်အတန်းပြဿနာ

ရှုယီယာရာဆိပ်ကမ်း၌ ထားခဲ့သည့် Frestech ကုန်သည်ကြီးများအသင်း အစောင့်တပ်ဖွဲ့နှင့် မှော်လေသင်္ဘောနှစ်စင်းတို့မှာ တူညီသည့် လမ်းနောက်ကို ပြန်မလိုက်သွားကြဘဲ တောင်ပိုင်းသို့ သွားကြသည်ပင်။

အစောင့်တပ်ဖွဲ့က ၎င်းတို့၏ မြန်နှုန်းပြည့်ဖြင့်သွားကာ မှော်လေသင်္ဘောများက လေထဲ၌ လိုက်ပါလာပြီး တစ်နာရီ လေးဆယ်ကီလိုမီတာ အမြန်နှုန်းကို ထိန်းသိမ်းထားကြ၏။ မနက်ခင်း၌ ယာရာဆိပ်ကမ်းမှ ထွက်ခွာခဲ့ကတည်းက ၎င်းတို့မှာ ညနေခင်းထိတိုင် ဆက်သွားနေကာ အဆုံးမဲ့ပင်လယ်ပြင်အတွင်း လေးရာကီလိုမီတာအထိ လာရောက်ခဲ့ကြပြီးဖြစ်သည်။

ရှုယီသည် အခန်းတွင်းမှ ခေါင်းကို ထုတ်လိုက်ပြီး အောက်ဘက် ပင်လယ်ကို ကြည့်လိုက်သည်။ သူဟာ ကမ်းနားနှင့် သိသိသာသာ ကွဲပြားသည်ကို တွေ့ရှိခဲ့ပြီး ပင်လယ်အောက်ရှိ ပင်လယ်ကြမ်းပြင်၏ အရိပ်အယောင်များကိုပင် မြင်နိုင်သည်။ သူသည် နောက်တစ်ကြိမ် အဝေးက ပင်လယ်ရှိ ကျွန်းငယ်များကို လှမ်းမျှော်ကြည့်လိုက်သည်။

"ဟေး လက်စ်လိုင်း၊ ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ။" ရှုယီက လက်စ်လိုင်း ကို မေးကြည့်သည်။

“အများစုကတော့ မတော်တဆနဲ့ပေါ့ ကျန်တဲ့နည်းနည်းက‌ေတာ့ တမင်” လက်စ်လိုင်း က ပင်လယ်ကို ညွှန်ပြပြီး၊ “အခုနကပဲ ပင်လယ်ကို ကြည့်လိုက်တယ်မဟုတ်ဘူးလား။ ဒီနေရာနဲ့ ကမ်းစပ်ကြား ခြားနားချက် နည်းနည်း ရှိတာကို ရှင်းရှင်းလင်းလင်း သိနိုင်မှာပဲ မဟုတ်လား။”

"အင်း၊ ဒီနေရာက ဒီမှာ ကမ်းဦးရေတိမ်ပိုင်းတစ်ခုရှိတယ်၊ ဆိုလိုချင်တာက အနီးနားမှာ ကုန်းမြေကြီးတစ်ခုရှိတာပဲ။"

“ကမ်းဦးရေတိမ်ပိုင်းက ဘာလဲဆိုတာ ငါသိပေမယ့် သင်္ဘောသားတွေက ဒီဖြစ်စဉ်ရဲ့အဓိပ္ပာယ်ကို သိပါတယ်။ မင်းရဲ့ညွန်ကြားချက်အတိုင်း တောင်ပင်လယ်ကို စူးစမ်းကြည့်တော့ ဒီပင်လယ်က နည်းနည်းထူးဆန်းတာတွေ့ရလို့ စူးစမ်းကြည့်ရင်း ဒီနေရာကို မတော်တဆတွေ့လိုက်ရတယ်”

"ဟုတ်လား?" ရှုယီသည် ရှေ့က သင်္ဘောများကို လှမ်းကြည့်သော်လည်း ပင်လယ်နှင့် ပတ်သက်၍ ထူးထူးခြားခြား မတွေ့ခဲ့ရပေ။ “အဲဒီနေရာနဲ့ ဘယ်လောက်ဝေးသေးလဲ”

“အနည်းဆုံး ကီလိုမီတာ နှစ်ရာပဲ ရှိပါသေးတယ်။ ငါတို့ကို ညလုံးပေါက် ခရီးမသွားစေချင်ဘူးဆိုရင်တော့ ဒီနေ့ အဲဒီကို ရောက်နိုင်မယ် မထင်ဘူး”

"ခင်ဗျားပင်ပန်းမှာကို မကြောက်ရင်တောင် ကျုပ်ကြောက်တယ်" ရှုယီသည် လက်စ်လိုင်း ကို မျက်စောင်းထိုးလိုက်သည်။ သူက လှည့်ပတ်ကြည့်ရင်း အရှေ့ဘက်က ကျွန်းငယ်လေးကို ညွှန်ပြ၏၊ “အဲဒီနေရာက အဆင်ပြေတယ်ဆိုရင် အဲဒီနေရာမှာ ခြေကုပ်ချဖို့ စဉ်းစားလို့ရတယ်။”

လက်စ်လိုင်း က ကျွန်းနှစ်ကျွန်းကို ကြည့်ပြီး ခေါင်းခါသည် "ဒီကျွန်းနှစ်ကျွန်းက အရမ်းသေးတယ်၊ လူတွေက အဲဒီနေရာမှာ နေလို့မရဘူး၊ ဒါကြောင့် အလုပ်မဖြစ်ဘူး။ ငါ့ရဲ့ အတွေ့အကြုံအရ အဲဒီကျွန်းနှစ်ကျွန်းဟာ ဘယ်အချိန်အခါမှာမဆို လှိုင်းလုံးကြီးတွေ ဝါးမျိုသွားနိုင်တဲ့အတွက် လူတွေက အဲဒီနေရာမှာ မနေနိုင်ကြပါဘူး။”

"လူတွေအဲဒီမှာနေရမယ်လို့ ပြောတာမဟုတ်ပါဘူး အဲဒီမှာမှော်အချက်ပြတာဝါကိုထားရမယ်" ရှုယီက ဆိုသည်၊ "ရိုးရိုးပြောရရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ကျုပ်တို့တည်ဆောက်နေတဲ့ မှော်ဆက်သွယ်ရေးကွန်ရက်ကို ထိန်းသိမ်းထားဖို့ မှော်အချက်ပြတာဝါတွေကို ချထားသင့်တယ်။"

လက်စ်လိုင်း က မျက်ခုံးတွေကို တွန့်ချိုးပြီး ပြောလာသည် “ဒါကလုပ်ကို လုပ်ရမှာလား။ ဒီဧရိယာကို ငါတို့ အတော်လေး ရင်းနှီးပြီးသားဖြစ်လို့ ဒီအရာမရှိရင်တောင် ပြဿနာမဖြစ်လောက်ပါဘူး။”

"ဒါပေမယ့် ခင်ဗျားတို့ ညဘက်ဆို ရွက်လွှင့်ရဲသေးဘူး မဟုတ်လား"

ရှုယီ၏မေးခွန်းကြောင့် လက်စ်လိုင်း သည် စကားမပြောနိုင်ဖြစ်သွားသည်။

“မှော်အချက်ပြတာဝါနဲ့ မှော်ဆက်သွယ်ရေးကွန်ရက်ရှိတဲ့အခါကျရင် ညဘက်မှာတောင် ချောမွေ့စွာ ရွက်လွှင့်နိုင်ပြီး ဒေသတွေကို ထိန်းချုပ်နိုင်မယ်လို့ အာမခံတယ်။ စဉ်းစားကြည့်ပါ၊ ဘယ်အချိန်မဆို ဒီက အခြေအနေကို သိနိုင်တယ်၊ ဒါက ယုံကြည်မှု ပိုမရှိစေဘူးလား။"

"ဒါကို ငါတို့လုပ်နိုင်ရင် ကောင်းတာပေါ့၊ ဒါပေမယ့် ငါတို့ ဒါကို လုပ်နိုင်ပါ့မလား" လက်စ်လိုင်း က သံသယစိတ်နဲ့ ကြည့်လာသည်၊ “ရှုယီ၊ ငါဘယ်တုန်းကမှ နားမလည်ခဲ့ဘူး၊ မင်းဘာလို့ မှော်ဆက်သွယ်ရေးကွန်ရက်မှာ ဒီလောက်ရင်းနှီးမြုပ်နှံနေတာလဲ။ ဒီအရာက တကယ်ကို အစွမ်းထက်လို့လား။”

ရှုယီက လက်စ်လိုင်း ရဲ့ခါးကို လက်ညှိုးထိုးပြပြီး "ဘာမှမဖြစ်ရင် ခင်ဗျားရဲ့ သခင်မလေး ဝှဒ်ဒနီ နဲ့ စကားပြောနိုင်မှာလေ အဲဒါက အစွမ်းထက်တယ်လို့ မထင်ဘူးလား။”

ပင်လယ်ပြင်တွင် မှောင်နေပြီဖြစ်သော်လည်း လက်စ်လိုင်း ၏ မျက်နှာသည် နီမြန်းလာသည်။ သူက ချောင်းဟန့်လိုက်ပြီး “မင်းအကြံက လက်တွေ့မကျဘူး။ မှော်အချက်ပြတာဝါတစ်ခုစီရဲ့အကွာအဝေးက ငါးကီလိုမီတာပဲရှိတယ်လို့ မင်းပြောတယ်မဟုတ်လား။ ဒါပေမယ့် ဒီကျွန်းရဲ့ ငါးကီလိုမီတာအတွင်းမှာ ကျွန်းတွေ မရှိဘူးလေ။ မင်းဒီမှာ မှော်အချက်ပြတာဝါကို ဆောက်ထားရင်တောင်မှ မှော်ဆက်သွယ်ကိရိယာဆီ ရောက်မှာမဟုတ်ဘူး။”

"ဒီမှာ မှော်အချက်ပြတာဝါကို မဆောက်နိုင်ဘူးလို့ ဘယ်သူပြောလဲ" ရှုယီက မင်းဘာမှ နားမလည်ပါဘူးဟု ပြောနေသည့်နှယ် မျက်လုံးပြူးကျယ်လာသည်။

"ဒါဆို ဒီပြဿနာကို မင်းဘယ်လိုဖြေရှင်းမှာလဲ" လက်စ်လိုင်း က ပြန်မေး၏။

"ဒါ...... အခုနည်းလမ်းမရှိပေမယ့် ကျုပ်စိတ်ထဲမှာ ဒီပြဿနာအတွက် အကြိုဖြေရှင်းနည်းတွေ အများကြီးရှိနေတော့ ဒါက ပြဿနာမဟုတ်ဘူး။" ရှုယီက ဒါကို ယုံကြည်မှုရှိတဲ့ အသံနဲ့ ပြောရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

လက်စ်လိုင်း က သူ့မျက်လုံးများကို မှေးစဉ်းထားပြီး ဆိုလာသည် "မင်းမှာ နည်းလမ်းမရှိသေးဘူးလို့ ပြောလိုက်ရုံနဲ့ မင်းနဲ့စကားပြောနေတဲ့ ငါ့အချိန်ဖြုန်းတီးပစ်လိုက်သလိုပဲ"

ရှုယီက ရယ်မောကာ လက်စ်လိုင်း ၏ ပုခုံးကို ပုတ်သည် "ကောင်းပြီ၊ ခင်ဗျားရဲ့ အချိန်တွေကို ဖြုန်းနေပြီလို့ ခံစားရတဲ့အတွက် ခေါင်းစဉ်ပြောင်းကြရအောင်။ သခင်မလေး ဝှဒ်ဒနီ ကို ဘယ်တော့ လက်ထပ်ဖို့စီစဉ်ထားလဲ။"

အနှီ သခင်မလေး ဝှဒ်ဒနီ ဟာ ကန်ဒရာ အင်ပါယာ၏ တောင်ပိုင်းပင်လယ်ပြင်၌ သင်္ဘောကို တိုက်ခိုက်လာသည့် ပင်လယ်ဓားပြများကို အနိုင်ယူကာ လက်စ်လိုင်း ကယ်တင်ခဲ့သည့် မိန်းကလေးငယ်တစ်ဦးပင်။

သူမသည် လှပသောမျက်နှာနှင့် နူးညံ့သိမ်မွေ့သောစိတ်ထားရှိကာ ကန်ဒရာ အင်ပါယာ၏ အလယ်ပြည်နယ် မြို့ငယ်လေးရှိ မျိုးရိုးမြင့်မိသားစုမှဖြစ်သည်။ သူမသည် အလွန်ကောင်းမွန်သော်လည်း မျိုးရိုးမြင့်သခင်မလေးများအကြာတွင် ထူးချွန်သူဟု မယူဆနိုင်ပေ။

သို့ပေမယ့် လက်စ်လိုင်း ဟာ သူမနှင့် အချိန်အတော်ကြာအောင် ကုန်ဆုံးပြီးနောက် ဘာကြောင့်မှန်းမသိဘဲ၊ လမ်ပူရီနိုင်ငံတော်၏ မျိုးရိုးမြင့် သခင်မလေးများနှင့်အတူ ဆယ်နှစ်ကြာရှိခဲ့သော်လည်း ဘယ်သူ့အတွက်မှ ကျဆုံးခြင်း မရှိခဲ့သော ဤသူသည် ဤသခင်မလေး ဝှဒ်ဒနီ အတွက် ကျဆုံးသွားခဲ့သည်။

ဤ သခင်မလေး ဝှဒ်ဒနီ ဟာလည်း လက်စ်လိုင်း နှစ်သက်သောကြောင့် ၎င်းတို့နှစ်ဦးကို ချစ်သူတွေဟု သတ်မှတ်နိုင်သည်။

သို့သော် ဝှဒ်ဒနီ ကို ဘယ်တော့လက်ထပ်မလဲ ဟု မေးသည့်အခါ လက်စ်လိုင်း က မျက်မှောင်ကုပ်လိုက်မိသည်။

သူနှင့် သခင်မလေး ဝှဒ်ဒနီ တို့ဟာ တစ်ယောက်နှင့်တစ်ယောက် ချစ်ကြသော်လည်း သူတို့လမ်းကြောင်းမှာ အတားအဆီးတွေ များစွာရှိသည်။

အကြီးမားဆုံး အတားအဆီးကတော့ သူ့အဆင့်အတန်း ပြဿနာပါပင်။

အကယ်၍ ၎င်းသည် လွန်ခဲ့သောနှစ်အနည်းငယ်က လက်စ်လိုင်း ဖြစ်ခဲ့ပါက၊ လမ်ပူရီတိုင်းပြည်ရှိ အကြီးဆုံးမျိုးရိုးမြင့်မိသားစုဖြစ်သည့် စတက်ဂျ် မိသားစု၏ဆက်ခံသူအဖြစ် အထောက်အထားနှင့်ဆိုလျှင် ကန်ဒရာအင်ပါယာ၏ မျိုးရိုးမြင့်မိသားစုငယ်လေးမှ သခင်မလေးတစ်ဦးဖြစ်သော ဝှဒ်ဒနီ နှင့် လက်ထပ်ရန် အရည်အချင်းပြည့်မီသည်။ သခင်မလေး ဝှဒ်ဒနီ ဟာ လိုက်လံပြောင်းရွှေ့ပေးလောက်သည်ဟုပင် ဆိုနိုင်၏။

သို့သော် အချိန်အခါနှင့် အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ စတက်ဂျ် မိသားစုသည် လမ်ပူရီဘုရင့်နိုင်ငံတွင် သမိုင်းဖြစ်လာခဲ့ပြီဖြစ်သည်။ လက်စ်လိုင်း သည်လည်း လမ်ပူရီတိုင်းပြည်တွင် ဖမ်းဝရမ်းထုတ်ခံထားရသူပင် ဖြစ်လာသောကြောင့် ပြန်ပင် မပြန်နိုင်တော့ပေ။

ရိုးရိုးသားသားပြောရလျှင် လက်စ်လိုင်း မှာ တရားဝင် အဆင့်အတန်းမရှိပါချေစ။

သူပြောနိုင်သည့် တစ်ခုတည်းသောအရာမှာ Frestech ကုန်သည်ကြီးများအသင်း အစောင့်တပ်ဖွဲ့၏ ကပ္ပတိန်ဖြစ်သည်ကိုပင်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်သင်္ဘောစုသည် အစွမ်းထက်ကာ ကန်ဒရာ အင်ပါယာရေတပ်သည် ၎င်းတို့ကို ကြောက်လန့်လောက်သော်လည်း ၎င်းတို့မှာ ကုမ္ပဏီ၏ အစောင့်တပ်သားမျှသာဖြစ်သည်။ ၎င်းတို့သည် စိုင်စ်နယ်မြေကြီးတွင် မည်သည့်အဆင့်အတန်းမှ မရှိပေ။

Frestech ကုန်သည်ကြီးများအသင်းသည် နယ်မြေကြီး၏ ပထမတန်းစား ကုမ္ပဏီ မဟုတ်သည်ကိုမဆိုနှင့်။ အစောင့်တပ်မှူးအဖြစ် သူသည် မည်သည့်အဆင့်အတန်းမှ မရှိပေ။

ကန်ဒရာ အင်ပါယာသည် အင်ပါယာနှစ်ခုအနက်မှ တစ်ခုဖြစ်သောကြောင့် မျိုးရိုးမြင့်များသည် အခြားနိုင်ငံများ၏ မျိုးရိုးမြင့်များထက် သာလွန်ကောင်းမွန်သော ခံစားချက်ရှိကြသည်။ လမ်ပူရီနိုင်ငံကဲ့သို့ နိုင်ငံငယ်လေးမှ ဆင်းသက်လာသော လက်စ်လိုင်း ကဲ့သို့သော မျိုးရိုးမြင့် ကိုမူ ရည်ညွှန်းရန်ပင်မလိုချေ။

ထို့ကြောင့် သခင်မလေး ဝှဒ်ဒနီ၏ စိတ်နှလုံးသည် လက်စ်လိုင်း အပေါ် မြှုပ်နှံထားသော်ငြားလည်း သူမ၏ မိသားစုသည် တွေ့ဆုံရန် ခက်ခဲစေ‌လောက်သည်အထိ ၎င်းတို့ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ ဆက်သွယ်ရန်အတွက် ၎င်းတို့သည် လမ်ပူရီတိုင်းပြည် ရှိ Frestech ကုန်သည်ကြီးများအသင်း၏ အဆက်အသွယ်များအပေါ်တွင်သာ မှီခိုနေရသည်။

ဒီလိုအခြေအနေမျိုးတွင် ရှုယီက သခင်မလေးဝှဒ်ဒနီ ကို ဘယ်တော့လက်ထပ်မလဲဆိုသည့်အကြောင်း လက်စ်လိုင်း ကို မေးလာရာ ၎င်းဟာ လက်စ်လိုင်း အတွက် ခက်ခဲစေသည်။

ထို့ကြောင့် လက်စ်လိုင်း သည် ရှုယီကို သံသယ အကြည့်ဖြင့် ကြည့်လိုက်သည်။

သူသည် ရှုယီကို အချိန်အတော်ကြာ သိနေခဲ့သောကြောင့် ရှုယီသည် သူ့အား တမင် အခက်တွေ့စေမည်မဟုတ်ကြောင်း သူသိသည်။ ဒီမေးခွန်းကို သူမေးလာရာ တခြားစဉ်းစားစရာတွေ ရှိ‌လောက်သည်။

ရှုယီသည် လက်စ်လိုင်း ၏ မျက်နှာပေါ်ရှိ အရိပ်အယောင်ကို မြင်ပြီး အဓိပ္ပါယ်ကို နားလည်လိုက်သည်။ သူက ရယ်မောလိုက်ပြီး လက်စ်လိုင်းပခုံးပေါ် လက်တင်ကာ အသံတိုးတိုးဖြင့် ဆိုလိုက်သည်၊ "လက်စ်လိုင်း ခင်ဗျားရဲ့ စတက်ဂျ် မိသားစုပြန်လည်ရှင်သန်ဖို့ စဉ်းစားဖူးလား။"

လက်စ်လိုင်း က မျက်မှောင်ကုပ်သည် "ဒါပေါ့၊ ဒါပေမယ့် ရှုယီ၊ မင်းက ဒီမေးခွန်းကို မေးတဲ့သူ မဖြစ်သင့်ဘူး မဟုတ်လား"

စတက်ဂျ် မိသားစု ကျဆုံးခြင်းကို ဖော်ပြရလျှင် ၎င်းတို့သည် လမ်ပူရီတိုင်းပြည်၏ ပြည်တွင်းစစ်တွင် ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အဆုံးတွင် ၎င်းတို့ ရှုံးနိမ့်ခဲ့ပြီး ၎င်းတို့၏ ရှုံးနိမ့်မှုကို ဖြစ်ပေါ်စေခဲ့သူမှာ ရှုယီဦးဆောင်သော Frestech ကုန်သည်ကြီးများ အသင်းဖြစ်သည်။

ဘုရင်မကြီးဆယ်ဗီနီကိုထောက်ခံသော Frestech ကုန်သည်ကြီးများအသင်းက၊ စစ်ဘက်ဆိုင်ရာ မှော်စက်အမြောက်အမြား ပေးအပ်ကာ သူမလက်အောက်ရှိ အစောင့်များ၏ ခွန်အားကို တိုးမြင့်လာခဲ့ခြင်းကြောင်ပ မဟုတ်ပါက လမ်ပူရီနိုင်ငံတော်၏ အခြေအနေသည် ဤသို့ဖြစ်လာမည်လားကို ခန့်မှန်းရခက်ပေလိမ့်မည်။

ထို့ကြောင့် ဤအကြောင်းကို တကယ်ပြောရမည်ဆိုရင် ရှုယီဟာ စတက်ဂျ် မိသားစု၏ အကြီးမားဆုံးရန်သူလို့ သတ်မှတ်နိုင်သည်။

ဟုတ်ပါ၏၊၊ လက်စ်လိုင်း က စတက်ဂျ် မိသားစု၏ ရပ်တည်ချက်ကို သဘောမတူသည့်အတွက် သူဟာ အစကတည်းက ရှုယီအား သူ့မိသားစု ပျက်စီးမှုအတွက် ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပါချေ။

ယခုမူ ရှုယီက စတက်ဂျ် မိသားစုကို ပြန်လည်အသက်သွင်းလိုသလားဟု မေးသောအခါ လက်စ်လိုင်း သည် အလွန်ထူးဆန်းသွားခဲ့သည်။

"အသေးစိတ်အချက်အလက်တွေအတွက် စိတ်မပူပါနဲ့။" ရှုယီက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ခင်ဗျားကို ငါမေးနေတာက နယ်မြေကြီးတစ်ခုကို ထိန်းချုပ်ဖို့၊ စတက်ဂျ် မိသားစုလို မိသားစုကြီးတစ်ခု ထူထောင်ဖို့အတွက် အခွင့်အရေးပေးမယ်၊ ခင်ဗျား စိတ်ဝင်စားလား။ ဒါကိုလုပ်မှပဲ သခင်မလေး ဝှဒ်ဒနီ ရဲ့ မိသားစုဆီက သဘောတူညီချက်ကို ရရှိနိုင်ပြီး ခင်ဗျားကို သူတို့ အမှန်တကယ် လက်ခံနိုင်မှာ။”

လက်စ်လိုင်း က ရှုယီကို တအံ့တသြကြည့်ရင်း ခေါင်းယမ်းပြသည် "ငါပြောမယ် ရှုယီဒီနေ့ မင်းဘာဖြစ်နေတာလဲ။ မင်းပြောစရာရှိရင် ပြောလိုက်၊ သွယ်ဝိုက်ကွေ့ပတ်မနေနဲ့တော့။"

"ကျစ်.....ဒီကိစ္စက အရမ်းအရေးကြီးပြီး ခင်ဗျားကိုအရမ်းထိခိုက်စေလောက်‌တဲ့အတွက် မမေးခင် ခင်ဗျားရဲ့နှလုံးသားကို ကျုပ်နားလည်ထားပြီးသားပါ။"

လက်စ်လိုင်း က စိတ်ဆိုးသည့်ပုံစံဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည် "စကား မဖြုန်းတီးနေနဲ့၊ ပြောမှာသာပြော"

“ကောင်းပြီ။” ရှုယီက အတည်မပြုမီ ပြုံးနေခဲ့သည်။ ထို့နောက် သူတို့ရှေ့မှ ပင်လယ်ကို ညွှန်ပြပြီး လေးနက်သည့် ဟန်နှင့် မေးလာသည်။ "လက်စ်လိုင်း၊ Frestech ကုန်သည်ကြီးများအသင်းအတွက် နိုင်ငံရပ်ခြားကို ချဲ့ထွင်ခွင့်ပေးမယ်ဆိုရင် ခင်ဗျားဆန္ဒရှိမှာလား။"

***

မှော်စက်မှုအင်ပါယာ

Vol အခန်း ၁၄၈။ ဒေသခံများ

အစောင့်သင်္ဘောစုမှာ ညပိုင်းတွင် မကြီးမားလှသော ကျွန်းတစ်ကျွန်း၌ ရပ်နား၍ နောက်နေ့မနက်ခင်း၌ တောင်ဘက်သို့ ဆက်သွားကြသည်။

သုံးနာရီပတ်လည်လောက်ကြာပြီးသည့်နောက် ကုန်းမြေကို ကိုယ်စားပြုသည့် မိုးကုပ်စက်ဝိုင်း၌ အနက်ရောင်မျဉ်းတစ်ခု ရှိနေလေ၏။

"လက်စ်လိုင်း ကြည့်ရတာ ဒါက ခင်ဗျား စာထဲမှာ ပြောထားတာထက်တောင်ပိုကြီးနေမယ်‌ထင်တယ်။" ရှုယီက အဝေးရှိ ကုန်းမြေကို လက်ထဲရှိ မှန်ပြောင်းဖြင့် ကြည့်၍ ပင့်သက်ရှိုက်လိုက်သည်၊ "ဒီလို ကုန်းမြေအပိုင်းကြီးမျိုးကို ကျွန်းတစ်ကျွန်းအနေနဲ့ ဖော်ပြလို့မရနိုင်ဘူးပဲ။"

"တကယ်တော့ ဒါက ကျွန်းတစ်ကျွန်းပါပဲ" လက်စ်လိုင်း က ရယ်မောပြီး လေထဲတွင် စက်ဝိုင်းပုံဆွဲကာ ဆိုသည် “ဒီကျွန်းရဲ့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကြည့်တော့ မနေ့က ငါတို့ ရပ်ထားတဲ့ ရပ်ထားတဲ့ ကျွန်းငယ်လေးပဲ ရှိတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် ဒီပင်လယ်ရဲ့ တစ်စိတ်တစ်ပိုင်းကို သိမ်းပိုက်ထားရင်တောင် ကျွန်းတစ်ကျွန်းလို့ သတ်မှတ်နိုင်ပါသေးတယ်။”

“ဒါဆို အတိအကျ ဘယ်လောက်ကြီးလဲ သိလား” ရှုယီက မေးသည်။

"ငါ မင်းကို တိကျတဲ့ အတိုင်းအတာတစ်ခု မပေးနိုင်ဘူး၊ ဒါပေမယ့် ပြောရမယ် ဆိုရင် ဒါက မာဆူရ် ကျွန်းထက် အဆ ဒါဇင်နဲ့ချီပြီး ကြီးလောက်တယ်"

"ဒါကို ကျွန်းလို့ သတ်မှတ်လို့ရသေးလား" ရှုယီက လက်စ်လိုင်း ကို ကြည့်လာသည်။

မာဆူရ် ကျွန်းသည် တောင်ပိုင်းပင်လယ်ပြင်ရှိ အစောင့်တပ်သားများ၏ အကြီးဆုံးကျွန်းဖြစ်ပြီး ၎င်းသည် စတုရန်းကီလိုမီတာ နှစ်ဆယ်ဝန်းကျင်ရှိသည်။

အကယ်၍ ဤကျွန်းသည် အဆများစွာ ပိုကြီးပါက၊ ၎င်းသည် စတုရန်းကီလိုမီတာ တစ်ထောင်ကျော် ရှိသည်ဟု ဆိုလိုနေသည်မဟုတ်ပါလား။

ဤကျွန်းအား ကျွန်းဟု ယူဆနိုင်သော်လည်း၊ ဤမျှအရွယ်အစားရှိသော ကျွန်းသည် အလွန်ကွဲပြားသော အဓိပ္ပါယ်ရှိသည်။

ရှုယီသည် အနီးရှိကျွန်းကို တယ်လီစကုပ်ကိုယူ၍ ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချသည် "လက်စ်လိုင်း ဒီကျွန်းကို ခင်ဗျားကို ပေးလိုက်မယ်ပြောခဲ့မိတာ ရုတ်တရက် နောင်တရသွားတယ်။ ဒီလို ကျွန်းကြီးမှာ သယံဇာတတော်တော်ကြွယ်ဝမှာပဲ။ ကျုပ် ခင်ဗျားကို ရွှေတွင်းကြီးပေးမိတာပဲ။"

လက်စ်လိုင်း က မျက်လုံးပြူးပြီး "ဒီနေရာကို မင်းက ကိုလိုနီအဖြစ် သဘောထားတာ‌ေလ၊ အဲဒါကို ငါ့လက်ထဲ အပ်ထားရင်တောင် မင်းနဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ပဲ သက်ဆိုင်တာ မဟုတ်ဘူးလား"

ရှုယီက ပြုံးပြသည်။ သူ့လက်အောက်မှာ အရည်အချင်းရှိတဲ့ လူအနည်းငယ်သာရှိနေခြင်း မဟုတ်သော်လည်း လက်စ်လိုင်း လို ယုံကြည်နိုင်သည့်သူ အများကြီးမရှိဟု ထင်မိသည်။

ကမ္ဘာမြေမှ လေ့လာက တိုင်းတပါးနယ်ချဲ့ရန်က လက်စ်လိုင်းထက် ပိုကောင်းသည့် ရွေးချယ်မှု မရှိတော့ပေ။

လက်စ်လိုင်း သည် ကိုလိုနီတစ်ခုစတင်ရန် သူ၏စိတ်ကူးကိုပြောပြပြီးနောက်၊ မယုံနိုင်လောက်အောင်ကြီးမားသောကျွန်းတစ်ကျွန်းကိုတွေ့ရှိခဲ့သည်ဟု လက်စ်လိုင်း ထံမှ ပေးပို့သောအစီရင်ခံစာကို ရလာစဉ်တည်းက ရှုယီ၏စိတ်ထဲတွင် ထိုအတွေးရှိနေပြီဖြစ်သည်။

လက်စ်လိုင်း ကို ပြန်တွေ့တော့ ရှုယီက ၎င်းကို စဉ်းစားနေခဲ့၏။

ဤသို့သော ကျွန်းကြီးများကို နိုင်ငံရပ်ခြား၌သာ ရှာ‌တွေ့ရလောက်အောင် ခက်ခဲသည်၊ စိုင်စ်နယ်မြေကြီး ၏အခြားနိုင်ငံများသည် ဤနေရာသို့မရောက်နိုင်သေးသော်လည်း ၎င်းကိုထိန်းချုပ်ရန်အခွင့်အရေးကိုလက်လွှတ်ပါက၊ သူသည် ဤသဘာဝလက်ဆောင်ကိုဖြုန်းတီးမိခြင်း ဖြစ်နေပေလိမ့်မည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိအင်အားနှင့် လူအင်အားနည်းပါးမှုကြောင့် ဤနေရာတွင် လူများကို ခန့်ထားရန် ခက်ခဲသည်။

ထိုသို့ဖြစ်ရာ လက်စ်လိုင်း ဆီကို လက်လွှဲပြီး ထိန်းချုပ်စေနိုင်သည်။

စတက်ဂျ် မိသားစု ဖျက်ဆီးခံခဲ့ရသော်လည်း၊ စတက်ဂျ် မိသားစုသည် လမ်ပူရီတိုင်းပြည်တွင် နှစ်ပေါင်းများစွာတိုင် ကြီးပွားနေခဲ့သည်။ ၎င်းတို့မှာ နက်နက်ရှိုင်းရှိုင်းစုဝေးနေကြရာ အပြတ်ပျောက်ကွယ်သွားဖို့ မလွယ်ပေ။

လက်စ်လိုင်း က မှော်သင်္ဘောများကို အရင်ဝယ်လာစဉ် အချိန်ကို မြင်နိုင်ပါ၏။ လက်စ်လိုင်း သည် စတက်ဂျ် မိသားစု၏ လျှို့ဝှက်အရင်းအမြစ်များ ရှိနေဆဲဖြစ်ပြီး လက်စ်လိုင်း သည် ဤအရာကို ရှုယီထံမှ ဘယ်သောအခါမှ မဖုံးထားခဲ့ပေ။

ထို့ကြောင့် ရှုယီသည် လက်စ်လိုင်း နှင့် ဘာလုပ်ရမည်ကို အမြဲတွေးနေခဲ့သည်။

လက်စ်လိုင်း သည် အစောင့်တပ်၏ တပ်မှူးအဖြစ် ဆက်ရှိနေရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ နိုင်ငံရပ်ခြားရှိ ကိုလိုနီနယ်မြေများကို ဂရုစိုက်ခိုင်းခြင်းသည် သူ့အတွက် အလွန်သင့်လျော်သည်။

လက်စ်လိုင်း ထံ၌ သူလိုသလိုပြောင်းရွှေ့နိုင်သော စတက်ဂျ် မိသားစုမှလူများစွာရှိရာ စိုင်စ်နယ်မြေကြီးတွင်ရှိနေပါက ၎င်းတို့သည် ခေါင်းမော့ရန်ခက်ခဲမည်ဖြစ်သည်။ ပြန်လည်စတင်ရန် စိုင်စ်နယ်မြေနှင့် ဝေးသော ဤကျွန်းသို့ ရောက်လာပါက၊ ၎င်းတို့အတွက် အလွန်ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်သည်။

ရှုယီသည် ယမန်နေ့က လက်စ်လိုင်း အား ဤအစီအစဉ်ကို ပေးလာသောအခါတွင် လက်စ်လိုင်း သည် အနည်းငယ် အံ့သြသွားသော်လည်း၊ ဤအရာသည် သူ့အတွက် အမှန်တကယ် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်ကို အတည်ပြုရန် အနည်းငယ် စဉ်းစားလိုက်ရလေသည်။

သို့ပေမယ့် အခုအချိန်မှာတော့ အရာအားလုံးကို မသိနိုင်သေးပါ‌ေချ။ ၎င်းတို့ထံတွင် ကျွန်းမှ သတင်းအချက်အလက် များများစားစား မရှိသည့်အတွက် ဒီအကြောင်းကို ပြောဖို့ စောပါသေး၏။ လက်စ်လိုင်း သည် ရှုယီ၏ အစီအစဉ်များကို အတည်ပြုခဲ့သော်လည်း သဘောမတူခဲ့ပေ။

ကျွန်းကို စူးစမ်းလေ့လာပြီးနောက်မှ အရာအားလုံးကို ဆုံးဖြတ်ရပေမည်။

အစောင့်တပ်သားများသည် အရှိန်အဟုန်ဖြင့် ကျွန်းအနီးသို့ ချဉ်းကပ်လာသည်။ ကျွန်းရဲ့ကမ်းရိုးတန်းကို သူတို့မြင်ရတဲ့အခါ ရှုယီက ကျွန်းကို စုံစမ်းစစ်ဆေးဖို့ မှော်လေသင်္ဘောတစ်စီးကို အမိန့်ပေးခဲ့၏။

"ခင်ဗျားအရင်က ကျွန်းပေါ်တက်ဖူးလား။" ရှုယီက လက်စ်လိုင်း ကို မေးသည်။

"ရောက်ဖူးတယ်။ ဒီနေရာ မှာ သဘာဝ ဆိပ်ကမ်းတစ်ခုကို တွေ့ပြီးပြီ၊ နောက်ကျရင် ဆိုက်ကပ်နိုင်မှာပါ” လက်စ်လိုင်း က ကျွန်း၏ညာဘက်ကို ညွှန်ပြသည်။

"အိုး? တကယ်ကြီး သဘာဝဆိပ်ကမ်းတစ်ခုရှိတာလား။ ခင်ဗျားရဲ့ကံက တော်တော်ကောင်းပုံရတယ်။” ရှုယီအနည်းငယ် အံ့သြသွားသည်။

လက်စ်လိုင်း က ရယ်မောရင်း “ဒါက ငါ့ကံသက်သက်မဟုတ်ပါဘူး၊ မင်းကြောင့်ပဲလေ။ ဒါပေမယ့် အားလုံးကံကောင်းတာတော့ မဟုတ်ပါဘူး။ ကမ်းပေါ်တက်ပြီးနောက်ကျတော့ ဘာတွေတွေ့လဲသိလား"

လက်စ်လိုင်း ၏ ဝင့်ကြွားဟန်ကို မြင်လိုက်ရတော့ ရှုယီက စူးစမ်းလိုဟန်ဖြင့် မေးသည် ။

"ဘာကိုတွေ့တာလဲ"

“ဒီကျွန်းမှာ ဒေသခံတွေရှိပြီး သူတို့သုံးတဲ့ဘာသာစကားက စိုင်စ်နယ်‌ေမြကြီးရဲ့ ဘုံဘာသာစကားနဲ့ ဆင်တူတယ်။ ငါ့ မှန်းဆချက်အရဆို ဒီကျွန်းတွေပေါ်က ဒေသခံတွေဟာ စိုင်စ်နယ်မြေကြီးကနေ ဒီကို ရောက်လာတာ ဆိုတော့ သူတို့က ငါတို့ရဲ့ ဆွေမျိုးဟောင်းတွေလို့ မှတ်ယူလို့ရတယ်။

"အဲဒါပိုကောင်းတာမဟုတ်ဘူးလား? ဒေသခံတွေနဲ့ ဆက်သွယ်လို့ မရတော့မှာကို စိုးရိမ်မိပေမယ့် အခုချိန်မှာတော့ ဘာသာစကား ပြဿနာကို ဖြေရှင်းနိုင်တော့ ပိုပြီး လွယ်ကူလာလောက်တယ်။”

"ဒါက ရိုးရှင်းရင်ကောင်းတာပေါ့။" လက်စ်လိုင်း က ခါးသီးသော အပြုံးဖြင့် ဆိုသည်“ဘာကြောင့်မှန်း မသိပေမယ့် ဒေသခံတွေက ငါတို့ကို ရန်လိုလွန်းတယ်။ သူတို့က ငါတို့ကိုတွေ့တာနဲ့ “သတ်ပစ်” လို့ ချက်ချင်းအော်တာလေ။ ငါတို့က ရောက်ကာစဖြစ်ပြီး မင်းကလည်း အရာရာကို ငြိမ်းငြိမ်းချမ်းချမ်း ကိုင်တွယ်ဖို့ အမြဲပြောထားတဲ့အတွက်ကြောင့် ငါတို့လည်း မလှုပ်ရှားနိုင်ဘဲ နောက်ဆုတ်ခဲ့ရတယ်။"

"ဒါက ပဏာမ စူးစမ်းမှုမှာ မအောင်မြင်ခဲ့ဘူးလို့ ဆိုလိုတာလား။"

“ ဒါပေါ့ ။”

ရှုယီသည် နီးကပ်လာသော ကျွန်းကြီး၏ ကမ်းစပ်ကို ကြည့်၍ မျက်မှောင်ကုပ်လိုက်သည်။ စဉ်းစားပြီးသည်နှင့် သူဟာလက်ကိုဝှေ့ယမ်းပြီး ဆိုလာသည် "ဘာပဲဖြစ်ဖြစ် ကျုပ်တို့ ကျွန်းပေါ်ကို အရင်သွားကြည့်မယ်"

“ဒါဆို ဒေသခံတွေက ငါတို့ကို သတ်ချင်နေရင်ရော"

ရှုယီက သူ့ကိုကြည့်ကာ ရယ်မောရင်း ဆိုသည်"သူတို့က ကျုပ်တို့ကို အပြင်လူတွေအဖြစ်နဲ့ ရန်ငြိုးထားနိုင်ပေမယ့် ရန်လိုတာက အမြဲတမ်း သူတို့ရဲ့ဘဝတွေကို ပိုကောင်းလာစေတာမဟုတ်ဘူး....."

လက်စ်လိုင်း သည် ရှုယီ၏မျက်နှာထက်ရှိ အပြုံးကိုကြည့်ကာ သက်ပြင်းတစ်ချက်ချရင်း ခေါင်းယမ်းသည် "ရှုယီမင်းက ပွဲစားတစ်ယောက်လို ဖြစ်လာတာကို ငါတွေ့လိုက်ရတယ်"

မိနစ်နှစ်ဆယ်အကြာတွင် လက်စ်လိုင်း ညွှန်ပြသော သဘာဝဆိပ်ကမ်းသို့ သင်္ဘောများ ဆိုက်ရောက်ခဲ့သည်။

ဤနေရာသည် ချောက်ကမ်းပါးအနီးတွင်ရှိပြီး ချောက်ကမ်းပါးနှင့် သိပ်မကျယ်သော ကမ်းခြေတစ်ခုရှိသည်။ ထို့ကြောင့် ဤဆိပ်ကမ်းဟာ သဘာဝဆိပ်ကမ်းဖြစ်သော်လည်း အစောင့်သင်္ဘောတွေအတွက် ကျောက်ချရပ်နားဖို့ နေရာအများကြီးမရှိပါချေ။

လက်စ်လိုင်း သည် ဤနေရာသို့ တစ်ကြိမ်ရောက်ဖူးသောကြောင့် ဤအခြေအနေနှင့် ရင်းနှီးသည်။

ရှုယီက ကမ်းနားတွင် ရပ်ရန် သင်္ဘောစုကို အမိန့်ပေးကာ ကမ်းနားသို့ ဦးတည်သွားသော မှော်စက်လှေတစ်စင်းတွင် ထိုင်လိုက်သည်။

သူ့အောက်ရှိ သဲသောင်ပြင်၏ နူးညံ့သော ခံစားချက်ကို ခံစားရချိန်တွင် ရှုယီသည် ဝေ့ဝဲကြည့်လိုက်၏။

ဤသည်မှာ သဘာဝဆိပ်ကမ်းတစ်ခုဖြစ်သော်လည်း ဧရိယာအလွန်အကန့်အသတ်ရှိပြီး ဖွံ့ဖြိုးတိုးတက်ရန် နေရာများစွာမရှိပေ။

သူတို့သာ ဤကျွန်းကို ဆက်ပြီး ဖွံ့ဖြိုးတိုးတက်စေချင်လျှင် ဤသဘာဝဆိပ်ကမ်းက မလုံလောက်သဖြင့် တခြားဆိပ်ကမ်းကို ရှာရလိမ့်မည်။

သို့ပေမယ့် ၎င်းက အနာဂတ်မှာ စဉ်းစားရမည့်အရာပင်၊ ဤနေရာကို အခုထိ အသုံးပြုလို့ရပါသေး၏။

ရှုယီသည် အစောင့်သင်္ဘောမှ အစောင့်များကို အမိန့်ပေးနေသော လက်စ်လိုင်း ဆီသို့ ပြန်လှည့်လာပြီး “လက်စ်လိုင်း လက်နက်တွေ ဝှက်ထားခိုင်းလိုက်။ အနည်းဆုံး ဓား၊ လေး‌တွေကို ဖယ်ထားလိုက်။ စစ်မတိုက်ဘဲ စီးပွားရေးလုပ်ဖို့ ဒီကိုလာနေတာလေ။”

လက်စ်လိုင်း က အံ့အားသင့်သွားပြီး "ဒေသခံတွေက ငါတို့အပေါ် ရန်လိုနေတယ်ဆိုတာ အခုနက ပြောခဲ့တာမဟုတ်လား၊ ငါတို့ လုံးဝပြင်ဆင်ထားသင့်တယ်လေ"

“သေချာတာကတော့ ကျုပ်တို့ ပြင်ဆင်ထားသင့်ပါတယ်၊ ဒါပေမယ့် လက်နက်အပြည့်အစုံနဲ့ သွားရင်တော့ ရန်လိုသူမဟုတ်တဲ့လူတွေတောင် ရန်လိုလာမယ်။ ကျုပ်စကားကို နားထောင်ပါ၊ ကျုပ်အတွက် ဓားတွေ၊ လေးတွေကို လွှင့်ပစ်ပြီး မှော်ဒုံးပျံတစ်ချို့နဲ့ တခြား စစ်ဘက်ဆိုင်ရာ မှော်စက်တွေကိုပဲ ကျုပ်တို့နဲ့အတူ ယူလာပါ။"

ရှုယီ၏ စကား ပထမပိုင်းကို ကြားသောအခါ လက်စ်လိုင်းသည် မျက်ခုံးတွန့်ချိုးထားသော်လည်း နောက်ဆုံးအပိုင်းကို ကြားပြီးနောက် သူ မပြုံးနိုင်တော့ပေ။

"ကောင်းပြီ ရှုယီမင်းကို ငြိမ်းချမ်းရေး သံတမန်အဖြစ် လုပ်ချင်တယ်လို့ ငါထင်ခဲ့တာ၊ ဒါပေမယ့် မင်းက ငါ့ထက်တောင် ပိုရက်စက်သေးတယ်။"

လက်စ်လိုင်း က ထိုသို့ပြောပြီး ရှုယီ၏အမိန့်ကို လိုက်နာရန် အစောင့်တွေကို အမိန့်ပေးလိုက်ရာ ၎င်းတို့နှင့်အတူ စစ်ဘက်ဆိုင်ရာ မှော်စက်အနည်းငယ်သာ ယူလိုက်သည်။

ဤအရာများသည် သာမာန်ဓားများနှင့် လေးများကဲ့သို့မဟုတ်သောကြောင့် ကျွန်းရှိဒေသခံများသည် ၎င်းတို့အား သတိထားနိုင်လိမ့်မည်မဟုတ်သည့်အပြင် ၎င်းတို့အား အစောင့်အကြပ်နည်းစေမည်ဖြစ်သည်။

အစောင့်တွေအား ထိုလက်နက်များကို ဖယ်ခိုင်းတာအပြင် ရှုယီက သင်္ဘောပေါ်ကနေ ကုန်ပစ္စည်းတချို့ ယူလာပြီး ကမ်းခြေမှာ နေရာချထားဖို့ အမိန့်ပေးလိုက်သည်။

လက်စ်လိုင်း ၏အချက်အလက်များအရ၊ သူတို့အဖွဲ့သည် အိမ်ခြေနှစ်ဆယ်ဝန်းကျင်ရှိသော ရွာငယ်လေးတစ်ရွာကို မတွေ့မီ အရှေ့တောင်ဘက် သုံးကီလိုမီတာအကွာအထိ လမ်းလျှောက်ခဲ့ကြသည်။

ဤလူအုပ်ကြီး ချဉ်းကပ်လာသည်ကိုမြင်တော့ ရွာသူရွာသားများသည် သိသိသာသာ တုန်လှုပ်သွားပြီး သူတို့အုပ်စုကို သတိနှင့်ကြည့်နေကြသည်။

ရှုယီသည် ရွာသားများကို ကြည့်လိုက်ရာ အလွန်စုတ်ပြဲနေသည့် အဝတ်အစားများ ဝတ်ဆင်ထားသည်ကို တွေ့လိုက်ရပြီး အချို့လူများစွာသည် ဖာထေးထားသော အဝတ်အစားများကိုသာ ၀တ်ဆင်ထားသည်ကို တွေ့ရသည်။

နက်မှောင်ပြီး ပါးလွှာသည့် မျက်နှာတွေကို ကြည့်လိုက်မိတော့ ရှုယီချက်ချင်း သဘောပေါက်သွား၏။

နေရေးထိုင်ရေးက အတော်လေး ပုံမှန်ဖြစ်ပုံရသည်။ Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှုအောက်တွင် များစွာ ပိုမိုကောင်းမွန်သော ဘဝကို နေထိုင်နေကြသည့် လမ်ပူရီတိုင်းပြည်နှင့် စတန်တိုင်းနယ်မြေ လူမျိုးများအား မဆိုထားနှင့်။ Frestech ကုန်သည်ကြီးများအသင်းမပေါ်လာခင်က ဘန်တာမြို့တော်ရှိ လူများထက် ပိုဆိုးသည်။

၎င်းကိုတွေးရင်း ရှုယီက နွေးထွေးသည့်အပြုံးကို ထုတ်ဖော်လိုက်ပါ၏။ သူဟာ အစောင့်တစ်ဦးထံမှ ဂျုံမှုန့်တစ်ထုပ်ကို ယူ၍ ထိုရွာသားများထံ လျှောက်သွားခဲ့သည်။

သူလမ်းလျှောက်သွားသည်ကိုမြင်သော် ရွာသားများက မနေနိုင်စွာ ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်၏။ သူတို့အားလုံးက သူ့အနားကို ကပ်လာသည်အား စူးစူးစိုက်စိုက်ကြည့်နေကြသည်။

ရှုယီသည် ပြုံးပြမြဲ ပြုံးပြပြီး ရွာသားများနှင့် ငါးမီတာအကွာတွင် ရပ်လိုက်သည်။ ထို့နောက် ဂျုံမုန့်ထုပ်ကို မြေကြီးပေါ်ချ၍ အိတ်ကိုဖွင့်ကာ အတွင်း၌ရှိသည်ကို ပြသလိုက်သည်။

“အားလုံးပဲ ကျုပ်တို့က အဝေးက ကုန်သည်တွေပါ၊ အားလုံးနဲ့ စီးပွားရေးလုပ်ဖို့ ဒီကို ရောက်လာတာပါပဲ။ ခင်ဗျားတို့ အဖိုးတန်တာ တစ်ခုခု ပေးနိုင်ရင် ဒီအရာတွေကို ခင်ဗျားတို့နဲ့ ရောင်းဝယ်ဖောက်ကားဖို့ ဆန္ဒရှိပါတယ်”

ရွာသားများသည် မြေပြင်ပေါ်ရှိ ဂျုံမှုန့်များ၊ အခြားထုတ်ကုန်များကို ကြည့်ကာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များကို ကြည့်လာပြီးနောက် အားလုံး၏ မျက်လုံးများ တောက်ပသွားသည်။

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၄၉။ လေကြောင်းသာလွန်မှု

အချက်အလက်များက လက်စ်လိုင်း၏ မျှော်လင့်ချက်တစ်ခုစီအတိုင်း ဒေသခံများ တုံ့ပြန်ပုံနှင့် စာလျှင် ၎င်းက လုံးဝကို မှားယွင်းသော နည်းလမ်းများကြောင့်ဖြစ်သည်ကို သက်သေပြနေသည်။

ရှုယီမှာ သူ၏ ကုန်သည်တစ်ဦးအဖြစ် အဆင့်အတန်းကိုသုံးသလို သူ၏ စိတ်ရင်းကိုပြသရန် ကျွန်းသားများလိုအပ်သည့် ဂျုံမှုန့်ကဲ့သို့သော ကုန်စည်များကို သုံးကာ ထိုကျွန်းသားများ၏ လက်ခံမှုကို အမြန်အဆန်ရရှိခဲ့သည်။ သူဟာ ကျွန်းသားများနှင့် အတူ စကားဝိုင်းအမှန်တစ်ခုကိုပင် အလွယ်လေး ဖွင့်ဆိုနိုင်ခဲ့သည်။

ဤကိစ္စ၏ပထမအဆင့်သည်အလွန်ချောမွေ့ခဲ့သည်။ ကမ်းနားအနီးရှိ ဤကျေးရွာမှရွာသားများအပြင် ကုန်းတွင်းပိုင်းကျေးရွာများမှ ရွာသူရွာသားများနှင့် ဆက်သွယ်ပြီးနောက်၊ ရှုယီသည် ယင်းနှင့်ပတ်သက်ပြီး အခြေခံကိုနားလည်သဘောပေါက်ခဲ့သည်။

လက်စ်လိုင်း မျှော်မှန်းထားသလိုပါပင်၊ ဤကျွန်းမှာနေထိုင်သူများဟာ ဟိုးရှေးယခင်ကတည်းက လှည့်လည်သွားလာခဲ့ကြသည့် စိုင်စ်နယ်မြေသားများဖြစ်သည်။

ဤကျွန်း၏ မှတ်တမ်းတွေအရ၊ ဤကျွန်းကို နတ်သူငယ်များ အုပ်စိုးနေစဉ်က ရောက်လာခဲ့ကြသည်ပင်။ နောက်တွင်တော့ လူတွေက ဤကျွန်းပေါ်သို့ တရွေ့ရွေ့ တရွေ့ရွေ့ဖြင့် အခြေချနေထိုင်လာတာနှင့်အမျှ လူပိုများလာသည်။

အဓိကအုပ်စုကိုပြောရလျှင် စိုင်စ်နယ်မြေကြီးမှလာသောသူများအပြင် ဤကျွန်းပေါ်တွင်ဒေသခံအစစ်အမှန်များရှိသည်။

ဤဒေသခံများသည် ဤကျွန်းပေါ်တွင် အမြဲနေထိုင်ခဲ့ကြပြီး စိုင်စ်နယ်မြေကြီးအကြောင်း မသိခဲ့ကြဘဲ၊ ဤကျွန်းကနေ ဘယ်တုန်းကမှ မထွက်ခွာခဲ့ဖူးပေ။

ရှုယီက ၎င်းကို သံသယအနည်းငယ် ရှိသော်လည်း ကျွန်းက လူများအတွက်တော့ သူတို့အားလုံးဟာ ဤကျွန်းပေါ်၌ နှစ်အတော်ကြာနေထိုင်ခဲ့ကြသည့်အတွက် သိပ်တော့ မထူးခြားပေ။

ဟုတ်ပါ၏၊ ဤပြဿနာများက ရှုယီအတွက် အရေးမကြီးပါချေ။

အဓိကအားဖြင့် ဤကျွန်းတွင်ရှိသော သယံဇာတအမျိုးမျိုးနှင့် ကျွန်း၏တန်ဖိုးကိုသာ သူဂရုစိုက်သည်။

ဤနေရာတွင် မည်သို့သောလူများနေပါစေ၊ သူ့အတွက် အရေးမကြီးပါချေ။

လက်စ်လိုင်း ၏တာဝန်က တတ်နိုင်သမျှ ကျွန်းကို ထိန်းချုပ်ဖို့ နှင့် လက်စ်လိုင်း ကို ပေးမည့်အကြောင်း အာမခံပြီးနောက်၊ ရှုယီသည် ကျွန်းနှင့် အနီးတစ်ဝိုက် ပင်လယ်ပြင်ကို ကာကွယ်ရန် မှော်‌လေ‌သင်္ဘော တစ်စီးကို ထွက်ခွာခဲ့သည်။ လက်စ်လိုင်း ထိန်းချုပ်ထားသော အစောင့်တပ်သားများကိုလည်း ချန်ထားခဲ့သည်။ ရှုယီနှင့် အာကာလီ အဖွဲ့သားများသည် အခြားသော မှော်လေသင်္ဘောကို စီးပြီး စိုင်စ်နယ်မြေကြီးသို့ ပြန်သွားကြသည်။

မှော်လေသင်္ဘောသည် အစောင့်သင်္ဘောထက် သဘာဝအားဖြင့် ပိုမိုမြန်ဆန်လာပြီး အရှိန်အပြည့်ဖြင့် ပျံသန်းနေချိန်တွင် ၎င်းသည် တစ်နာရီလျှင် ကီလိုမီတာ တစ်ရာနှုန်းအထိ အရှိန်တင်နိုင်သည်။

ဤကျွန်းသည် ကန်ဒရာ အင်ပါယာ၏တောင်ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာခုနစ်ရာခန့်အကွာတွင်ရှိသည်။ ရှုယီ၏အဖွဲ့သည် နံနက်ပိုင်းတွင် ကျွန်းမှထွက်ခွာပြီး မွန်းလွဲပိုင်းတွင် စိုင်စ်နယ်‌မြေကြီးကို မြင်တွေ့လိုက်ရသည်။

ဤနေရာသည် ကန်ဒရာ အင်ပါယာရေတပ်မှ Frestech ကုန်သည်ကြီးများအသင်းကို ဖွင့်ဟခဲ့သော ယာရာ ဆိပ်ကမ်းနှင့် အလွန်နီးကပ်သော်လည်း ရှုယီသည် ထိုနေရာကို ထပ်မံမရောက်ရှိခဲ့ပေ။ ထိုအစား သူသည် မှော်လေသင်္ဘော ရူဒ်ဆန်တိုင်းပြည်ဘက်သို့ ဦးတည်စေခဲ့သည်။

အဇ်ရှာရာ မျိုးနွယ်စု ၏အကြီးအကဲ အွန်ဒင်းသည် လွန်ခဲ့သော တစ်လခွဲခန့်က တစ်စုံတစ်ဦးထံ သတင်းပို့ခဲ့သည်။ ထိုသတင်းမှာ ၎င်းတို့၏ နတ်သူငယ်မြို့ပြီးသွားသည့်အတွက် ရှုယီအား သူတို့ဆီလာလည်ဖို့ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

စတေးလ်က အဇ်ရှာရာ မျိုးနွယ်စုတွင် ဤအချိန်အတောအတွင်း ဧည့်သည်အဖြစ် ရှိနေသောကြောင့် ရှုယီသည် အိမ်သို့အပြန်လမ်းတွင် ကြည့်ရှုရန် စီစဉ်လိုက်သည်။

ယာရာ ဆိပ်ကမ်းသည် နီရှီ ဆိပ်ကမ်းမှ ကီလိုမီတာ တစ်ထောင့်ငါးရာကျော် ကွာဝေးသောကြောင့် မှော်လေသင်္ဘော၏ အမြန်နှုန်းဖြင့်ပင် ထိုနေရာကို ရောက်ရန် တစ်ရက်နီးပါး အချိန်ယူခဲ့ရသည်။

နောက်တစ်နေ့မွန်းတည့်ချိန်တွင် မှော်လေသင်္ဘော သည် ရူဒ်ဆန်တိုင်းပြည် နှင့် Frestech ကုန်သည်ကြီးများအသင်းတို့မှ ပူးပေါင်းတည်ဆောက်ထားသော ရှုယီ၏အဖွဲ့အား ဆိပ်ကမ်းသို့သယ်ဆောင်သွားသည်။ ယခုအခါ ၎င်းသည် ရူဒ်ဆန်တိုင်းပြည် တွင် အချမ်းသာဆုံးဆိပ်ကမ်းနှင့် စိုင်စ်နယ်မြေကြီးအတွက် တောင်ဘက်ကျသော ဆိပ်ကမ်းမှာ နီရှီဆိပ်ကမ်းပင်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှ သယ်ယူပို့ဆောင်ရေး မှော်သင်္ဘောကြီးသုံးစင်း အပါအဝင် သင်္ဘောများဖြင့် ပြည့်နေသော ဆိပ်ခံတံတား ဆယ့်ခုနစ်စင်းကို ငုံ့ကြည့်မိသည်။ နောက်ဆုံးအသုတ်ကို ကုန်ပစ္စည်းများ ပေးပို့နေသည့်အတွက် ရှုယီသည် ဂုဏ်ယူမဆုံးနိုင်တော့ပေ။

ဤ နီရှီ ဆိပ်ကမ်းသည် မူလကငါးဖမ်းမြို့ငယ်လေးနှင့် မတူတော့ပေ။ Frestech ကုန်သည်ကြီးများအသင်း နှင့် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သယ်ယူပို့ဆောင်ရေး သင်္ဘောစု၏ မောင်းနှင်မှုကြောင့် စတန်တိုင်းနယ်မြေ နှင့် ရူဒ်ဆန်တိုင်းပြည်တို့ကြားတွင် ကုန်သွယ်မှုအချက်အချာများထဲမှတစ်ခုဖြစ်လာပြီး အလွန်ချမ်းသာလာသည်။ ရူဒ်ဆန်တိုင်းပြည်တွင် ကျော်ကြားမှုမရှိခဲ့သော နီရှီ မြို့သည် ယခုအခါပတ်ဝန်းကျင်နိုင်ငံများတွင် အကျော်ကြားဆုံး ဆိပ်ကမ်းမြို့ဖြစ်လာပြီး ယင်းအတွက် အကျိုးအမြတ်အများဆုံးရသူမှာ ရှုယီဖြစ်သည်။

ဝေဟင်မှ ငုံ့ကြည့်လိုက်တော့ ရှုယီသည် ဤမြို့ကို ပထမဆုံးအကြိမ် မြင်ဖူးသည်ထက် ဆယ်ဆပိုကြီးသည်ကို တွေ့လိုက်ရသည်။ လောလောဆယ်တွင် လူများဖြင့် ပြည့်နှက်နေပြီး ဘန်တာမြို့တော်ထက် သာလွန်ကောင်းမွန်နေပါသည်။

မှော်လေသင်္ဘောသည် ပင်လယ်ပြင်ပေါ်တွင် ပျံသန်းလာသောအခါ မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်ခြင်းကို ခံရသည်။

သို့သော် လူအနည်းငယ်မှလွဲ၍ မှော်လေသင်္ဘောကို ကြည့်လိုက်လျှင် အံ့အားသင့်သွားသော လူများစွာမရှိပေ။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘောသည် ပတ်ဝန်းကျင်နိုင်ငံများတွင် အလွန်ကျော်ကြားသော ထုတ်ကုန်တစ်ခုဖြစ်ပြီး လူများစွာ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းက ဒီ မှော်လေသင်္ဘောတွေကို ဘယ်တော့ရောင်းမှာလဲဟု မေးသည့်သူတွေ များစွာရှိခဲ့ပါ၏။ သို့သော် ၎င်းတို့အားလုံးကို Frestech ကုန်သည်ကြီးများအသင်းမှ မဖွံ့ဖြိုးသေးသော အကြောင်းပြချက်ဖြင့် ပယ်ချခဲ့သည်။

ဒါပေမယ့် ၎င်းက လူတွေအား မှော်လေသင်္ဘောများကို စိတ်ဝင်စားဖို့ မတားနိုင်ခဲ့ပေ။ မှော်လေသင်္ဘောနှင့် ပတ်သက်သည့် သတင်းများ ထွက်သော သတင်းစာ အများအပြား ရှိခဲ့သည်။ ၎င်းတို့က မှော်ကားများကဲ့သို့ လူကြိုက်များလာပါက လူတိုင်း၏ဘဝနှင့် ပတ်ဝန်းကျင်နိုင်ငံများ၏ အခြေအနေများကို ပြောင်းလဲစေမည်ဟု ဆိုကြသည်။

ရှုယီသည် ထိုစကားလုံးများ၏အဓိပ္ပာယ်ကို အလွန်ရှင်းလင်းစွာသိနေပါ၏၊ အဘယ့်ကြောင့်ဆိုသော် ရူဒ်ဆန်တိုင်းပြည်၏ ဘုရင်ကြီးတဲရုစ်မှ ရှုယီအား မှော်လေသင်္ဘောအကြောင်း အကြိမ်အနည်းငယ်‌မေးမြန်းကာ ကြိုတင်မှာကြားနိုင်မည်ဟုမျှော်လင့်ထားသည်ပင်။

ရိုးရှင်းစွာပင် လေကြောင်း၏ သာလွန်မှုကို သူစိုးရိမ်မိသည်။

စိုင်စ်နယ်မြေကြီး၏သမိုင်းတွင်၊ ကောင်းကင်၌ ပျံသန်းနိုင်သောတစ်ခုတည်းသောသူများသည် ၎င်းတို့၏အစွမ်းထက်သော မှော်စစ်သင်္ဘောများပါရှိသည့် အားကောင်းသောမှော်ပညာရှင်များနှင့် နတ်သူငယ်များသာဖြစ်သည်။

နိုင်ငံတိုင်းတွင် မှော်ပညာရှင်များ ရှိကြသလို နတ်သူငယ် များ ရှုံးနိမ့်ပြီးနောက်တွင်စစ်သင်္ဘောများ ပျောက်ကွယ်သွားကြသည်။

စိုင်စ်နယ်မြေကြီးရှိ နိုင်ငံများကြား စစ်ပွဲတွင် လေ‌ကြောင်း သာလွန်မှု သည် နှစ်ဖက်စလုံးမှ ရင်းနှီးမြှုပ်နှံထားသော မှော်ပညာရှင် အရေအတွက်ပေါ်တွင် လုံးဝမူတည်သောကြောင့် အဓိပ္ပါယ်မရှိပေ။

သို့သော် တူညီသည့် အတိုင်းအတာနှင့် နိုင်ငံများတွင် စွမ်းအားတူညီသည့် မှော်ပညာရှင်များရှိကြပြီး မှော်ပညာရှင် များစွာမရှိသဖြင့်၊ စစ်ပွဲအခြေအနေတွေကို သင်ရောက်ဖို့ ခက်ခဲသည်။။ လေကြောင်း သာလွန်မှုဟု ပြောရလျှင် အဓိပ္ပါယ်မရှိသည့် အရာဖြစ်မည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေသင်္ဘော ထွက်ပေါ်လာမှုနှင့်အတူ၊ ပတ်ဝန်းကျင်နိုင်ငံများသည် ဤကိစ္စကို အလေးအနက်ထားခဲ့ကြသည်။

Frestech ကုန်သည်ကြီးများအသင်းမှ ပြောကြားချက်အရ ၎င်းသည် မှော်ပညာရှင်များနှင့် ကွဲပြားသည်။ ၎င်းတို့ကို တီထွင်ပြီးသည်နှင့် ၎င်းတို့သည် မှော်လေသင်္ဘောအမြောက်အမြား ထုတ်လုပ်နိုင်မည်ဖြစ်သည်။

အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုက ဘာအယူအဆရှိလို့လဲ။

ဆိုလိုတာက မင်းမှာ ပိုက်ဆံရှိသရွေ့ မင်းကို ကောင်းကင်ကြီးထဲကို ခေါ်ဆောင်သွားနိုင်တဲ့ မှော်လေသင်္ဘော တွေကို မင်းဝယ်လို့ရနိုင်တယ်။

Frestech ကုန်သည်ကြီးများအသင်းမှ အချက်အလက်များအရ၊ ဤ မှော်လေသင်္ဘောသည် မှော်အမြောက်ဆန်များ၊ မှော်ဒုံးပျံများနှင့် အခြားသော အဝေးသုံး စစ်ဘက်မှော်စက်များဖြင့် တပ်ဆင်နိုင်သည်ဟုလည်း သိရသည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် မှော်လေသင်္ဘောကို လေတပ်အဖြစ် အသုံးပြုနိုင်သည်။

၎င်းသည် မှော်ပညာရှင်များကဲ့သို့ လိုက်လျောညီထွေမဖြစ်နိုင်သလို မဟာမှော်ပညာရှင် သို့မဟုတ် ခေါင်းဆောင်မှော်ပညာရှင်များလောက် အားကောင်းမည်မဟုတ်သော်လည်း သာမာန်မှော်ဆရာများနှင့် နှိုင်းယှဉ်ကြည့်သောအခါတွင် ၎င်းသည် ပိုမိုအားကောင်းလာမည်ဖြစ်သည်။ ထိုအခါ မဟာမှော်ပညာရှင်များနှင့် ခေါင်းဆောင်မှော်ပညာရှင်တို့နှင့် နှိုင်းယှဉ်ကြည့်လျှင် ၎င်းတို့သည် ကိန်းဂဏန်းများတွင် သိသိသာသာ အားသာချက်ရှိသည်။

မှော်လေသင်္ဘော ဆုံးရှုံးသွားလျှင်တောင် နောက်တစ်စီး ထပ်ဝယ်လို့ရတယ်ဆိုတာ ပြောစရာမလိုပါချေ။ အကယ်၍ သင်သည် မဟာမှော်ပညာရှင် သို့မဟုတ် ခေါင်းဆောင်မှော်ပညာရှင်ကို ဆုံးရှုံးသွားခဲ့ပါက၊ ထိုဆုံးရှုံးမှုအတွက် သင် ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပါချေ။

ရူဒ်ဆန်တိုင်းပြည် အတွက်မူ၊ လက်ရှိတွင် ၎င်းတို့ထံ၌ မဟာ‌မှော်ပညာရှင် ခုနစ်ယောက်သာ ရှိပြီး ၎င်းတို့တွင် ခေါင်းဆောင်‌မှော်ပညာရှင်ပင် မရှိပါ‌ချေ။ မှော်လေသင်္ဘော၏ အဆုံးမဲ့ထောက်ပံ့မှုနှင့် ၎င်းတို့ကို မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။

သူတို့လေကြောင်း သာလွန်ကောင်းမွန်မှုကို ထိန်းချုပ်ပြီးတာနှင့် ဒီနိုင်ငံတွေရဲ့ တပ်တွေဟာ ဒီ အမြင့်ပေ ပစ်မှတ်တွေကို ထိမှန်မှာ မဟုတ်ပေ။ မှော်လေသင်္ဘောသည် မယုံကြည်နိုင်စရာကောင်းလောက်သည် ယူဆလိမ့်မည် ။

ထို့ကြောင့် မှော်လေသင်္ဘောများသည် ပတ်ဝန်းကျင်နိုင်ငံများ၏ အခြေအနေကို ပြောင်းလဲပစ်နိုင်သည်ဟူသည်ကို သတင်းစာများက ချဲ့ကားပြောဆိုထားခြင်း မရှိပါချေ။

Frestech ကုန်သည်ကြီးများအသင်းမှ မှော်လေသင်္ဘောများကို အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်ကြောင်း ကြေညာလိုက်သည်နှင့် မည်မျှအထိတ်တလန့်ဖြစ်စေမည်ကို ရှုယီတွေးကြည့်နိုင်သည်။

"ဘုရင်ကြီးတဲရုစ်သာ လမ်ပူရီတိုင်းပြည် ကို အချိန်မီ မှော်လေသင်္ဘော အစီးတစ်ရာ ပေးမယ်လို့ သိထားရင် သူဘယ်လိုထင်မလဲ။"

ရှုယီမှာ မော့ကြည့်နေသူများကိုကြည့်လိုက်သည်။ သူသာ သူပြန်မတိုက်ခိုက်နိုင်သလို ကြောက်မက်ဖွယ်စွမ်းအားရှိသည့်အရာတစ်ခုက သူ၏ခေါင်းထက်၌ ဝဲပျံနေသည်ကိုသိလျှင် သေချာပေါက် စိတ်မချဖြစ်နေလိမ့်မည်ပင်။

ထို့ကြောင့် ဘုရင်ကြီးတဲရုစ်မှာ တစ်ခုခုလုပ်ရလိမ့်မည်။

သူဟာ ဘုရင်ကြီး တဲရုစ်ထံမှ ဖြစ်နိုင်ချေကို စဉ်းစားမိချိန်တွင် မှော်လေသင်္ဘောက ယမ်းခါသွားသည်။ ၎င်းက လက်ရှိတွင် ဆိုက်ရောက်နေသည့် ပို့ဆောင်ရေး မှော်သင်္ဘောများတစ်စီးရှိကာ ဆိပ်ကမ်း၌ ဆင်းသက်လိုက်သည်။

အခန်းတံခါးပွင့်လာသောအခါ Frestech ကုန်သည်ကြီးများအသင်း၏ သယ်ယူပို့ဆောင်ရေးသင်္ဘော ကပ္ပတိန် နာဗီလ် ဝင်လာခဲ့သည်။

ရှုယီထွက်လာတာကိုမြင်တော့ နာဗီလ် အံ့သြသွားပါ၏။

"ဥက္ကဌ ခင်ဗျား ဘာလို့ဒီရောက်နေတာလဲ။ ဒီခရီးက သတ်မှတ်ထားတဲ့ ခရီးတစ်ခုလို့ ကျွန်တော်ထင်ပြီး အထောက်အပံ့ပြန်ယူဖို့ ဒီနေရာကို ရောက်နေတာထင်လို့။”

"လေသင်္ဘောပေါ်က မှော်သလင်းကျောက်တွေ ကုန်လုနီးပါးဖြစ်လို့ သွားပြီးတော့ စီစဉ်ပေးပါဦး။" ရှုယီအမိန့်ပေးလိုက်သည်။

“အင်း။” နာဗီလ် က ၎င်းကို စီစဉ်ပေးဖို့ အမြန်ပြေးလာတဲ့ သူ့လက်အောက်ငယ်သားကို အမိန့်ပေးလိုက်သည်။

ရှုယီပတ်ဝန်းကျင်ရှိလူများကို ကြည့်ပြီး အလုပ်ပြန်လုပ်ရန် လက်ကို ဝှေ့ယမ်းလိုက်သည်။ ပြီးနောက် သူက နာဗီလ် ကို မေးမြန်းလိုက်၏၊ "ဒီတစ်ခါ အမြတ်အစွန်းက ဘယ်လိုလဲ"

နာဗီလ် က ပြုံးပြုံးလေးဖြင့် ပြန်ပြော၏ “ဥက္ကဌကို သတင်းပို့ပါတယ်.. ဒီခရီးက အရမ်းချော‌ေမွ့ပါတယ်။ ကုမ္ပဏီကထွက်လာတုန်းက ရွှေဒင်္ဂါးခုနစ်သိန်းတန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေရှိခဲ့ပြီး ပထမဆုံးရောက်တဲ့နေ့မှာပဲ ဝယ်သွားခဲ့ကြတာပါ။ ပြီးတော့ ဥက္ကဌရဲ့ညွှန်ကြားချက်အရ ဒီသင်္ဘောသုံးစင်းမှာ ရွှေဒင်္ဂါးသုံးသိန်းတန်တဲ့ သွပ်သတ္တုရိုင်းတွေနဲ့ ပြည့်နေတာမို့ ခရီးစဉ်မှာ ရွှေဒင်္ဂါး လေးသိန်း အမြတ်ရခဲ့ပါတယ်။”

“အင်း မဆိုးဘူး” ရှုယီက ခေါင်းတညိတ်ညိတ်ဖြင့် ချီးမွမ်းလိုက်သည် "ဒါပေမယ့် နာဗီလ်၊ ဒီကောင်းတဲ့နေ့ရက်တွေက ကြာရှည်မခံပါဘူး။ ရရှိတဲ့ အချက်အလက်အရ၊ ရူဒ်ဆန်တိုင်းပြည်ရဲ့ အိမ်သုံး မှော်စက် ၀ယ်လိုအားက များလာတယ်၊ ဒါက အနာဂတ်မှာ အရာအားလုံးကို ရောင်းချဖို့ ခက်ခဲစေလိမ့်မယ် ။ အမြတ်တွေလျော့လာတဲ့အခါ ကိုယ့်ကိုကိုယ် ပြင်ဆင်ရမယ်။”

နာဗီလ် ၏အမူအရာအနည်းငယ်ပြောင်းသွားပြီး "ကျွန်တော်တို့ဘာလုပ်ရမလဲ။ ဥက္ကဌ၊ ဒီကုန်သွယ်မှုလမ်းကြောင်းက ရင့်ကျက်လာပြီဖြစ်ပြီး မကြာခင်မှာ ပဲအလုပ်မဖြစ်တော့ဘူးဆို‌ေတာ့၊ ဒါက အရမ်းမြန်လွန်းပါတယ်။”

"ငါက မင်းကို လမ်းကြောင်းသစ်ကို ပြောပြနေတာ၊ အဲဒါက ချက်ချင်းပြည့်သွားမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဒီကိစ္စက သေချာပေါက် ဖြစ်လာမှာမို့ အဖြေရှာဖို့ အချိန်မီ စဉ်းစားဖို့ လိုတယ်။”

နာဗီလ် သည် ခဏတာစဉ်းစားရန် မျက်မှောင်ကုပ်လိုက်သည်။ သူက ရုတ်တရက် ရှုယီကို ကြည့်၍ မျက်လုံးများ တောက်ပလာ၏ "ဥက္ကဌ၊ ခင်ဗျားမှာ အဖြေရှိလောက်တယ် မို့လား?"

ရှုယီက ရယ်မောလာသည် "ဟုတ်တယ် မဟုတ်ရင် ငါက ဘာလို့ ဒီလိုပြောရမှာလဲ"

"ဒါဆို.....ဘယ်လိုဖြေရှင်းချက်များလဲ"

"အရမ်းရိုးရှင်းပါတယ်၊ အရှေ့ဘက်ကိုဦးတည်လိုက်။"

***

မှော်စက်မှုအင်ပါယာ

Vol 5, အခန်း ၁၅၀။ စီးပွားရေး အထုံပါရမီနှင့် အကြီးအကဲ အွန်ဒင်း

ရှုယီမှာ နီရှီဆိပ်ကမ်း၌ ပြန်လည်ထောက်ပံ့ရန် စီစဉ်နေခဲ့ပြီးနောက် အဇ်ရှာရာမျိုးနွယ်စုထံ ပြန်သွားခဲ့သည်။

သို့သော်လည်း ဤအစီစဉ်အား မှော်လေသင်္ဘော ထွက်ခွာကာနီးတွင် နှောင့်ယှက်ခံလိုက်ရသည်။

နီရှီမြို့တော်၏ မြို့စား ကောင့်ထ် ကွန်ပန်နီက ချွေးသံတလုံးလုံးဖြင့် ပြေးလာကာ မှော်သင်္ဘော၏ ဘေးဘက်သို့ ပူပန်ဟန်ဖြင့် တက်လာသည်ကို မြင်သော် ရှုယီမှာ စိတ်ရှုပ်ထွေးရင်း လေယာဉ်မှူးကို မှော်လေသင်္ဘောထွက်ခွာခြင်းမှ ရပ်တန့်ခိုင်းကာ အခန်းထဲမှာ ထွက်လာလိုက်၏။

"ရှု.....ဥက္ကဌ ရှု.....ကောင်းတယ်.....ခင်ဗျားကိုမှီလိုက်နိုင်တာ ကောင်းတယ်......" မြို့စား ကွန်ပန်နီ က ရှုယီရှေ့မှာ ရပ်နေရင်း အော်ဟစ်နေသည်။ သူ့ခန္ဓာကိုယ်က ချွေးများဖြင့် ဖုံးလွှမ်းနေလျက် တော်တော်ကို ဆိုးရွားလှပါ၏။

ရှုယီက နာဗီလ် ထံမှ မျက်နှာသုတ်ပုဝါတစ်ထည်ကိုယူပြီး လွှဲပေးကာ "မြိုစားအရှင် အရေးကြီး ကိစ္စရှိလို့လား" ဟုမေးလိုက်သည်။

ကောင့်ထ် ကွန်ပန်နီသည် အသက်ပြင်းပြင်းရှူကာ စိတ်ကိုတည်ငြိမ်အောင် ထိန်းထားသော်လည်း သူအသက်ရှုနှုန်းကမြန်လွန်းသောကြောင့် အမှန်တကယ်ဆို့နင့်သွားသည်။ ထို့နောက် မျက်နှာက နီရဲလာပြီး အသက်ရှူမဝ ဖြစ်နေသည်။

ရှုယီက သူ့နောက်ကျောကို ပွတ်သပ်ရင်း ရယ်စရာကောင်းတာကို တွေ့လိုက်ရ၏ "မြို့စားအရှင် ဒီလောက် အလျင်စလို မဖြစ်ပါနဲ့။ ဖြည်းဖြည်းပြောပါ ကျုပ်ဒီမှာရှိပါတယ်"

ကောင့်ထ် ကွန်ပန်နီသည် ချောင်းအတော်ဆိုးပြီးမှ နောက်ဆုံးသက်သာခဲ့သည်။ သူက ရှုယီ၏လက်ကို ကိုင်လိုက်ပြီး ဟောဟဲဆိုက်ကာ ပြောလာသည်။ "ရှု.....ဥက္ကဌ ရှု မင်း.....နောက်ဆုံးတော့ ပြန်လာပြီပဲ ...... ဘုရင်မင်းမြတ်က မင်းကို ငါတွေ့တာနဲ့ ဒီမှာခေါ်ထားဖို့ အမိန့်ပေးထားတယ်။ အရှင်မင်းကြီး မင်းကို ဖိတ်ခေါ်ချင်နေတာ"

"အရှင်မင်းကြီးတဲရုစ်က? ကျုပ်ကိုတွေ့ချင်တာလား" ရှုယီလည်း အနည်းငယ် အံ့သြသွားသလို ဒါက တိုက်ဆိုင်လွန်းတယ်ဟု ခံစားရသည်။

သူက ဘုရင်ကြီးတဲရုစ်အကြောင်းကိုပဲ စဉ်းစားမိပြီး ဘုရင်ကြီးတဲရုစ်က သူ့ကိုလိုက်ရှာမယ်လို့ တစ်ခါမှ မတွေးခဲ့မိပါချေ။

"ငါက ဒါကို သိပ်ရှင်းရှင်းလင်းလင်း မသိပေမယ့် အရှင်မင်းကြီးက ဒီအမိန့်ကို ပေးခဲ့တာပါ" ကောင့်ထ် ကွန်ပန်နီက ဆိုသည်"တကယ်တော့ အရှင်မင်းကြီးက မင်းကို ပြီးခဲ့တဲ့အပတ်က ဆင့်ခေါ်ခဲ့သေးတယ်၊ ဒါပေမယ့် မင်းက နိုင်ငံရပ်ခြားမှာရှိနေလို့ ပြန်မလာသေးဘူးလို့ ပြောခဲ့ရတယ်။ မင်းပြန်လာတဲ့အခါ မင်းဒီကနေ ဖြတ်သွားမယ်ဆိုတာကို သူသိတယ်၊ ဒါကြောင့် မင်းကိုသတိထားပြီး စောင့်နေခိုင်းခဲ့တာ။"

"ဒါက တကယ်အရေးကြီးလို့လား"

ရှုယီက မျက်မှောင်ကုပ်လိုက်သည်။ ခဏလောက်စဉ်းစားပြီးမှ ဘုရင်ကြီးတဲရုစ်က သူ့ကိုခေါ်ရာမှာ ဘာကြောင့် အရေးတကြီးလုပ်နေသည်ကို သူမသိပေ။

"ဒါဆို....အရှင်မင်းကြီးနဲ့ တွေ့ဆုံဖို့အတွက် ကာရာကာမြို့ကို သွားရမှာလား" ရှုယီက မေးသည်။

"မဟုတ်ဘူး၊ ငါမင်းကိုတားနိုင်ရင် ငါသူ့ကိုချက်ချင်းဆက်သွယ်ရမှာ အရှင်မင်းကြီး မင်းကိုတွေ့ဖို့ ကိုယ်တိုင်လာမယ်လို့ ပြောတယ်" ကောင့်ထ် ကွန်ပန်နီက ပြန်ဖြေရင်း ခေါင်းယမ်းသည်။

"အရှင်မင်းကြီးက ဒီကိုလာမှာလား" ရှုယီအံ့သြသွားသည်။

Frestech ကုန်သည်ကြီးများအသင်းသည် ပတ်ဝန်းကျင်နိုင်ငံများတွင် သြဇာလွှမ်းမိုးမှုအချို့ရှိသော်လည်း ဥက္ကဋ္ဌအဖြစ် သူသည် အဆိုပါနိုင်ငံများ၏ အဆင့်မြင့်အဖွဲ့ဝင်များအတွက် အရေးကြီးပါသည်။

အဆုံးတွင်လည်း သူသည် စိုင်စ်နယ်မြေကြီးတွင် အနိမ့်ဆုံးအဆင့်ရှိသော လူများအနက် ကုန်သည်တစ်ဦးသာ ဖြစ်နေဆဲပင်။

ရူဒ်ဆန်တိုင်းပြည် ၏ဘုရင်ဖြစ်သော တဲရုစ် နှင့် နှိုင်းယှဉ်ပါက ၎င်းတို့ကြားတွင် အဆင့်အတန်းကွာခြားမှုရှိသည်။

သာမာန်အခြေအနေတွင်၊ ရှုယီသည် ဘုရင်ကြီးတဲရုစ်နှင့်တွေ့ရန် ဤနေရာသို့ ဘုရင်ကြီးတဲရုစ်လာရမည်မဟုတ်ဘဲ သူက သွား‌တွေ့သင့်သည်။

ကောင့်ထ် ကွန်ပန်နီသည် ဘုရင်ကြီးတဲရုစ်၏ ဆုံးဖြတ်ချက်ကြောင့် ရှင်းရှင်းလင်းလင်းမရှိဘဲ စိတ်ရှုပ်ထွေးနေသော်လည်း ခေါင်းညိတ်ရုံမျှဖြင့် ဘာမှ မပြောခဲ့ပေ။

ရှုယီသည် ထိုအကြောင်းကို တွေးပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသည်။

ဒါပေမယ့် ဘုရင်ကြီးတဲရုစ်ရဲ့ ရုတ်တရက် လုပ်ဆောင်ချက်ကနေ ထူးဆန်းတဲ့ အနံ့တစ်ခုခု ရနိုင်ပါ၏။

သူစဉ်းစားနေတာတွေက တကယ်ဖြစ်လာနိုင်မလား။ ဘုရင်ကြီးတဲရုစ်မှာ မှော်လေသင်္ဘောအတွက် အစီအစဉ်အချို့ရှိတာလား။

သုံးနာရီအကြာတွင် ရှုရီသည် နီရှီမြို့မှ ကီလိုမီတာ သုံးရာကွာဝေးသော အဇ်ရှာရာ မျိုးနွယ်စုတွင် ပေါ်လာသည်။

ကောင့်ထ် ကွန်ပန်နီ၏တုန့်ပြန်ချက်အရ ရှုယီကိုတွေ့ပြီးချင်းတွင် ဘုရင်ကြီးတဲရုစ်ထံ သတင်းပေးပို့ထားပြီးဖြစ်သည်။

နီရှီမြို့တော်သည် ကာရာကာမြို့တော်မှ ကီလိုမီတာငါးရာ ကွာဝေးသောကြောင့် သတင်းရရှိရန် နေ့တစ်ဝက် အချိန်ယူရမည်ဖြစ်သည်။ ထို့အပြင် ဘုရင်ကြီးတဲရုစ်သည် ကာရာကာမြိုတော်မှ ချက်ချင်းထွက်ခွာလျှင်ပင်၊ သူရောက်လာဖို့ နေ့တစ်ဝက်လောက် အချိန်ယူရလိမ့်မည်။

ထို့ကြောင့် အလျင်မြန်ဆုံးအခြေအနေတွင် ဘုရင်ကြီးတဲရုစ်သည် သဘက်ခါမှ ရောက်လာမည်ဖြစ်သည်။

ဤနှစ်ရက်အတွင်း ရှုယီသည် သဘာဝအတိုင်း ဘာမှမလုပ်နိုင်ပေ။ ကောင့်ထ် ကွန်ပန်နီကိုပြောပြပြီးနောက်၊ သူသည် အကြီးအကဲ အွန်ဒင်းနှင့် စတေးလ်တို့နှင့် တွေ့ဆုံရန် အဇ်ရှာရာ မျိုးနွယ်စု သို့သွားမည့် ၎င်း၏ယခင်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ယခင်က အဇ်ရှာရာ မျိုးနွယ်စု နှင့် မတူသည်မှာ ယခင်က အဇ်ရှာရာ မျိုးနွယ်စု ၏ မှော်အစီအရင်သည် ဤနေရာကို ဆိတ်ညံသောမြေအဖြစ် ဖန်တီးထားခဲ့သည်။ မှော်အစီအရင်တည်ရှိနေသေးသော်လည်း မှော်အစီရင် နှင့် မဝေးလှသော နတ်သူငယ် ပုံစံမြို့လေးသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

သစ်ပင်အိမ်များနှင့် တောက်ပသော ကျောက်တုံးအဆောက် အအုံမျိုးစုံတို့သည် မြို့ကို ပြည့်နှက်နေစေပြီး လမ်းတစ်လျှောက် စီတန်းကာ လှပသော သစ်ပင်ပန်းမန်များ ပေါင်းထည့်ထားသည့် မြို့သည် အရောင်စုံလင် ပြည့်နှက်နေသည်။ သက်ဝင်လှုပ်ရှားမှုနှင့်ပြည့်နှက်နေသလို လိုက်လျောညီထွေရှိပုံရပြီး လူများကိုကြည့်ရှုလိုက်သည်နှင့် ဘဝ၏အကြွင်းမဲ့ပျော်ရွှင်မှုတစ်မျိုးကို ခံစားစေပါသည်။

ဤသည်မှာ မြို့တွင်းနှင့်ပြင်ပရှိ လူသားခရီးသွားများစွာ၏အမြင်မှ ရှုယီမြင်နိုင်သောအရာဖြစ်သည်။

မှန်ပါ၏၊ “အိဗ်လင်မြို့” ဟု ခေါ်သည့် ဤနတ်သူငယ်မြို့ငယ်လေးဟာ အဇ်ရှာရာ မျိုးနွယ်စုက လူသား ခရီးသွားများအတွက် ဖွင့်ပေးတဲ့ မြို့ငယ်လေးပင်။ သူတို့ဟာ လူသားတွေကို လာရောက်လည်ပတ်ဖို့ ကြိုဆိုခဲ့ကြပြီး တည်းခိုဖို့တောင် ခွင့်ပြုခဲ့ပါသည်။

ဤသည်မှာ ရှေးရိုးဆန်ပြီး လူသားများကို ရန်လိုသည့်သဘောဖြင့် အမြဲရှုမြင်ခဲ့သော နတ်သူငယ် များအတွက် အလွန်ကြီးမားသော ခြေလှမ်းဖြစ်သည်ဟု ယူဆနိုင်သည်။

ရှုယီသည် အကြီးအကဲ အွန်ဒင်းထံ ပထမဦးစွာ အဆိုပြုသောအခါ၊ အကြီးအကဲဖြစ်သူ အွန်ဒင်းကဲ့သို့ လူသားများနှင့် နတ်သူငယ်များ ပေါင်းစည်း၍ တစ်ယောက်နဲ့တစ်ယောက် အမြင်တွေကို ကြည့်ပြီး သင်ယူခွင့်ပေးရန် သဘောတူညီမှု တောင်းဆိုခဲ့သည်။

ရှုယီအံ့သြသွားသည်မှာ အကြီးအကဲ အွန်ဒင်းက စဉ်းစားပြီးနောက် ရှုယီ၏ ရဲရင့်သော အဆိုပြုချက်ကို သဘောတူလိုက်ခြင်းဖြစ်သည်။

ဤအိဗ်လင်မြို့ ပြီးသည်နှင့်တစ်ပြိုင်နက် ရှုယီသည် ၎င်းကို သတင်းစာများနှင့် အခြားမီဒီယာ လိုင်းများမှတစ်ဆင့် ကြော်ငြာခဲ့ပြီး လူ့အသိုင်းအဝိုင်းတွင် ကြီးမားသော လှုပ်ခတ်မှုတစ်ခု ဖန်တီးခဲ့သည်။

ရူဒ်ဆန်တိုင်းပြည် ရှိ မရေမတွက်နိုင်သောလူများသည် နတ်သူငယ် များ၏နေထိုင်ပုံကိုကြည့်ရန် ခရီးအနီးအ‌ေဝးမှသာမက အခြားနိုင်ငံမှလူအများအပြားပင် ဤကိုလာရန် ခရီးအဝေးကြီးကို ခရီးနှင်ခဲ့ကြသည်။

ဤ အိဗ်လင်မြို့သည် ယခုအခါ နေရာပေါင်းစုံမှ ခရီးသွားများနှင့် ပြည့်နှက်နေပြီး ဤမြို့လေးကို လူသားမြို့များကဲ့သို့ သက်ဝင်လှုပ်ရှားကာ ခရီးသွားများက မြို့ငယ်လေးတွင် ရွှေဒင်္ဂါးအနည်းငယ်ကိုလည်း ချန်ထားခဲ့သည်။

ခရီးသွားတွေ အိဗ်လင်မြို့ ၌ပိုက်ဆံကုန်ကြသည်မှာထင်ရှားသည်။

အဇ်ရှာရာ မျိုးနွယ်စုမှ နတ်သူငယ် တစ်ရာထက်မနည်းသည် ယခုမြို့၌နေထိုင်သည်။ ၎င်းတို့သည် ရိုးရှင်းသော ဝန်ဆောင်မှုကို ပေးဆောင်နေရင်းလူသားခရီးသွားများကို နတ်သူငယ်များ၏ ဘဝကို ပြသရန် အဓိက တာဝန်ရှိသည်။

အဆိုပါ နတ်သူငယ်များ၏ဝန်ဆောင်မှုသည် ရှုယီအတွက်ကြည့်ရှုရန်ခက်ခဲကာ၊ လူသားခရီးသွားများကိုအကြိမ်ကြိမ် ပြန်ဖြေပေးခြင်းမရှိသော်လည်းလူသားခရီးသွားများသည် ၎င်းကိုလုံးဝညည်းညူခြင်းမရှိချေ။ နတ်သူငယ်များသည် ဤကဲ့သို့ ပြုမူသင့်သည်ဟု အားလုံးက ခံစားခဲ့ကြသောကြောင့် ဝန်ဆောင်မှုအမျိုးမျိုးအတွက် ငွေအမြောက်အမြားသုံးစွဲရန် ဆန္ဒရှိခဲ့ကြသည်။

အရိုးရှင်းဆုံးသော တစ်ခုမှာ နတ်သူငယ် သစ်သားပုံထွင်းခြင်းပင်။ ၎င်းကို တစ်ခုလျှင် ရွှေဒင်္ဂါးသုံးဆယ်ကျော်ဖြင့် ရောင်းချသဖြင့် Frestech တံဆိပ် မှော်လေပေးစက်နှင့် ဈေးနှုန်းတူညီသည်။

သို့သော် ရှုယီအတွက် ပိုက်ဆံလုယူသွားပုံပေါ်သည့်အရာမှာ ခရီးသွားများအကြား တိုက်ခိုက်ခြင်းပင်။ တစ်ခုစီတိုင်းအတွက် အတိုက်အခံပြုကြပြီး ကျန်သည့်အရာတစ်ခုမှ မရှိပေ။

မှန်ပါ၏ ၎င်း နတ်သူငယ်တို့၏ ပုံစံနှင့် ထုတ်ကုန်များကို အဇ်ရှာရာ မျိုးနွယ်စုက တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထားပြီး ဈေးကွက်ကို ပြဿနာမကြီးစေဘဲ ၎င်း၏ ဈေးနှုန်းမြင့်မြင့်ကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။

ထို့အတွက်ကြောင့် ရှုယီသည် အကြီးအကဲ အွန်ဒင်း၏ စီးပွားရေးလုပ်ငန်းအပေါ် လေးစားမှုကို ခံစားခဲ့ရသည်။ သူမသည် နှစ်ရာပေါင်းများစွာ နယ်မြေကြီးပေါ်တွင် နေထိုင်ခဲ့ပြီး လူ့စီးပွားရေးနည်းလမ်းများကို သင်ယူနေပြီဟူသောအချက်ကို သူမ လက်မလွှတ်ခဲ့ကြောင်း သူခံစားခဲ့ရသည်။

"ဥက္ကဋ္ဌ ရှု၊ ရှင့်ရဲ့ ချီးကျူးစကားက များလွန်းနေပါပြီ။" အကြီးအကဲ အွန်ဒင်းက အပြုံးဖြင့် လက်ကိုဝှေ့ယမ်းကာ ဆိုသည် “ကျွန်မ အနေနဲ့ အရင်ကတွေ့ဖူးတဲ့ လူသားကုန်သည်တချို့ရဲ့ နည်းလမ်းတွေကို အတုယူနေရုံပါပဲ။ စီးပွားရေးအကြောင်းပြောရင် ရှင့်လူတွေက ပိုတော်ပါတယ်။ ဥပမာအားဖြင့်၊ ဥက္ကဋ္ဌ ရှု၊ ရှင်က မယုံနိုင်လောက်အောင် ကြီးမားတဲ့ Frestech ကုန်သည်ကြီးများအသင်းကို အခုချိန်မှာ လည်ပတ်နေတာလေ၊ ကျွန်မတော့ ဘယ်တော့မှ အဲဒီလို လုပ်နိုင်မှာ မဟုတ်ဘူး။"

"အမ်?" ရှုယီက စတေးလ်ကိုကို လှည့်ကြည့်လိုက်သည် "မင်း အကြီးအကဲ အွန်ဒင်းကို ကြွားခဲ့တာလား။ ဒီအကြောင်းအရာတွေကို ကိုယ် တစ်ခါမှ မပြောဖူးပါဘူး"

စတေးလ်က သူ့အား မျက်လုံးပြူးကြည့်လာသည် “ရှင့်အတွက် ကျွန်မဝါကြွားဖို့ လိုသေးလို့လား။ ဒီ နှစ်တွေတစ်လျှောက် Frestech ကုန်သည်ကြီးများအသင်းရဲပရလဒ်ကို ဘယ်သူမဆိုမြင်နိုင်နေတာပဲ။”

"ဟုတ်ပါတယ်၊ သခင်မလေး စတေးလ်က ဒီကိစ္စကို ပြောစရာတောင် မလိုပါဘူး၊ ရှင်တို့ရဲ့ လူ့အသိုင်းဝိုင်းကြီးထဲမှာ မေးလိုက်လို့ရတယ်၊ ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်း အကြောင်း အရာတော်တော်များများကို ကျွန်မသိနိုင်တယ်။" အကြီးအကဲ အွန်ဒင်းက အပြုံးမပျက် ပြောသည်။

ရှုယီက အကြီးအကဲ အွန်ဒင်းကိုကြည့်ပြီးရယ်မောလိုက်သည် “အကြီးအကဲ အွန်ဒင်း၊ ခင်ဗျားမှာ ပြောစရာရှိရင် ပြောလို့ရပါတယ်။ ရိုးရိုးသားသားပြောရရင် ခင်ဗျားက ကျုပ်တို့လူသားတွေလို စကားကွေ့ဝိုက်ပြောနေလို့ မသင့်တော်ဘူးထင်တယ်၊ ဒါက ထူးဆန်းတယ်လို့ ခံစားရတယ်။"

"ဟုတ်လား?" အကြီးအကဲ အွန်ဒင်းသည် သူမ၏မျက်နှာကို တို့ထိလိုက်ကာ ငယ်ရွယ်နုပျိုသော မိန်းကလေးနှင့်တူသော အံ့အားသင့်ဖွယ်ဟန်ဖြင့်ဆိုလာသည်“ကျွန်မ အတော်လေး ကောင်းကောင်း သင်ယူခဲ့တယ်လို့ ထင်ခဲ့ပေမယ့် ဥက္ကဌ ရှုက လွယ်လွယ်နဲ့ သတိထားမိလိမ့်မယ်လို့ မထင်ခဲ့ဘူး။

စတေးလ်ထံမှ ရယ်မောသံများ ထွက်ပေါ်လာသည်။

“အကြီးအကဲ အွန်ဒင်း၊ ရှုယီရဲ့ စကားကို နားမထောင်နဲ့။ ဒါတွေက ကျွန်မတို့လူသားတွေကြားက သာမာန်နှုတ်ဆက်စကားတွေပဲ၊ တစ်ယောက်ယောက်က သူ့ကို လေးလေးနက်နက်ဆက်ဆံမှသာ ထူးဆန်းလိမ့်မယ်။ ရှုယီက ဒါကို ရည်ရွယ်ချက်ရှိရှိ ပြောတာပဲ”

အကြီးအကဲ အွန်ဒင်းက အံ့သြသောဟန်ဖြင့် ကြည့်နေသည်ကိုမြင်တော့ ရှုယီက သူ့လက်ကိုဝှေ့ယမ်းလိုက်သည် “အသေးစိတ်အချက်အလက်တွေအတွက် စိတ်မပူပါနဲ့။ ကောင်းပြီ၊ အကြီးအကဲ အွန်ဒင်း၊ ခင်ဗျား ကျုပ်ကို ဒီကိုလာဖို့ ဖိတ်တာကက အလည်လာဖို့သက်သက်လို့တော့ မဟုတ်လောက်ဘူးထင်တယ်။

အကြီးအကဲ အွန်ဒင်းက ပြုံးကာ ခေါင်းခါလိုက်သည် “ကျွန်မတို့ နတ်သူငယ် တွေက ရှင်တို့ လူသားတွေဆီကနေ သင်ယူဖို့ လိုအပ်နေပုံပါပဲ..... အင်း...... ချောချောမွေ့မွေ့ စကားပြောနိုင်ဖို့ အချိန်တစ်ခုယူရလိမ့်မယ်။ ဟုတ်ပါတယ်၊ ကျွန်တော် ဥက္ကဋ္ဌ ရှုကို ကိစ္စတစ်ခု ဆွေးနွေးဖို့အတွက် အလည်အပတ် လာလည်ဖို့ ဖိတ်ခေါ်တာပါ။”

"မျိုးနွယ်တစ်ခုစီမှာ သူတို့ရဲ့ အရည်အချင်းတွေ ရှိပါတယ်၊ ခင်ဗျား ကျုပ်တို့လူသားတွေလို ဖြစ်လာဖို့ မလိုပါဘူး။" ရှုယီက ခေါင်းခါလိုက်သည် “ဥပမာ၊ ခင်ဗျား ကျုပ်ကို စကားပြောတဲ့အခါ ခင်ဗျားပြောချင်တာကို ပြောလို့ရပါတယ်။ နှစ်ဖက်စလုံးအတွက် အကျိုးရှိစေမယ့် အရာဖြစ်သရွေ့တော့ ဒါကို အလေးအနက်ထား စဉ်းစားပါ့မယ်။”

"အင်း၊ အရင်ဆုံး မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်း က အိမ်သုံး မှော်စက်တချို့ကို ဝယ်ချင်တာပါ။" အကြီးအကဲ အွန်ဒင်းက ပြောသည်။

"အမ်?" ရှုယီအနည်းငယ် အံ့အားသင့်သွားသည် "ခင်ဗျားတို့ နတ်သူငယ်တွေက ဒီအိမ်သုံး မှော်စက်တွေကို သုံးဖို့ လိုလို့လား"

"အဲဒါက ကျွန်မတို့အတွက်မဟုတ်ဘဲ အိဗ်လင်မြို့ ကို ရောက်လာတဲ့ လူသားတွေ အတွက်ပါ။" အကြီးအကဲ အွန်ဒင်းက ခေါင်းခါယမ်းပြီး ဆိုသည် “ခရီးသွားဧည့်သည်တွေက မြို့မှာရှိတဲ့အရာအားလုံးကို စိတ်တိုင်းကျကြပါတယ်။ ဒါပေမယ့် လူတိုင်းနီးပါးက အိမ်မှာ အိမ်သုံး မှော်စက်တွေ သုံးလေ့ရှိကြတော့ ဒီမှာနေရတာ သိပ်အဆင်မပြေဘူးလို့ ပြောကြတယ်။ ဒါကြောင့် လူသားတွေ အသုံးပြုဖို့ အိမ်သုံး မှော်စက်တချို့ ဝယ်ချင်ပါတယ်”

"ဒီလူတွေက တကယ်ကို တောင်းဆိုမှုတွေ များနေတာပဲ......" ရှုယီ၏နှုတ်ခမ်းများ တွန့်သွားသည် "ဒါပေမယ့် ဒီရိုးရာနတ်သူငယ်မြို့မှာ အိမ်သုံး မှော်စက်တွေ ရှိတာက ထူးဆန်းနေတယ်မဟုတ်ဘူးလား။ ပြီးတော့ အကြီးအကဲ အွန်ဒင်း၊ ဒါက အိဗ်လင်မြို့ရဲ့ သဟဇာတဖြစ်မှုကိုပျက်ပြားစေမယ်လို့ မထင်ဘူးလား?"

“သူတို့ရဲ့ ဓလေ့ထုံးတမ်းနဲ့ ယှဉ်ရင် ညီညွတ်မှုဟာ အဲ့လောက်အရေးမကြီးပါဘူး။ ပြီးတော့လည်း ဒီအိမ်သုံး မှော်စက်တွေကို မြို့ထဲမှာ ဖြည်းဖြည်းချင်း ပေါင်းစည်းမယ့် နည်း‌လမ်းတွေကိုလည်း စဉ်းစားရမှာမို့လို့ ဒါတွေကို ရုတ်ချည်းဖြစ်တယ် မထင်ပါနဲ့။"

အကြီးအကဲအွန်ဒင်း၏ ရိုးသားသောပုံစံကို မြင်လိုက်ရတော့ ရှုယီသည် မနေနိုင်အောင် ခံစားချက်တို့ပြည့်သွားရသည်။

အဇ်ရှာရာ မျိုးနွယ်စု သည် အိဗ်လင်မြို့ ထံမှ အကျိုးကျေးဇူးအနည်းငယ်ရရှိထားပြီးဖြစ်ပုံရသည်၊ ထို့ကြောင့် အကြီးအကဲ အွန်ဒင်းပင်လျှင် လူသားခရီးသွားများ၏တောင်းဆိုချက်များကို ဖြည့်ဆည်းပေးရန်အတွက် အကောင်းဆုံးကြိုးစားနေသည်။

“ကောင်းပြီ၊ အဲဒါက ပြဿနာကြီး မဟုတ်ပါဘူး။ ခင်ဗျားက ကျုပ်တို့ကုမ္ပဏီကို အမှာစာပေးရုံနဲ့ ကုန်ပစ္စည်းကို အချိန်မီ အရောက်ပို့ပေးဖို့ ကျုပ်တို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။” ရှုယီက ဆိုသည် “ဒီနေရာနဲ့ အနီးဆုံးနေရာဖြစ်တဲ့ နီရှီမြို့မှာ ကျုပ်တို့ရဲ့ စတိုးဆိုင်တစ်ဆိုင်ရှိတယ်၊ ဒီတော့ တစ်ယောက်ယောက်နဲ့ အမှာစာပို့ပေးလိုက်ရုံပါပဲ။"

"ကောင်းပြီ၊ ဒါ့အပြင် ဥက္ကဌ ရှုရဲ့အကူအညီလိုနေတဲ့ အရေးကြီးကိစ္စတစ်ခုရှိပါသေးတယ်။"

"ပြောပါ။" ရှုယီက တိုက်ရိုက်ပြောလိုက်သည်။

"ဥက္ကဌ ရှု၊ ကြည့်ပါဦး....အိဗ်လင်မြို့ကို ရူဒ်ဆန်တိုင်းပြည်က လူသားတွေ ခရီးသွားတွေက ကြိုဆိုတယ်ဆိုတော့ ..... တခြားနေရာတွေ ဒါမှမဟုတ် တခြားနိုင်ငံတွေမှာလည်း အလားတူမြို့တွေ ဖန်တီးပေးလို့ရနိုင်မလား?"

ရှုယီသည် ရုတ်တရက် အဓိပ္ပါယ်မဲ့သော ခံစားချက်ကို ခံစားလိုက်ရသဖြင့် အကြီးအကဲ အွန်ဒင်းအား ကြောင်တက်တက်ဖြင့် ကြည့်လိုက်သည်။

ဤအကြီးအကဲ အွန်ဒင်းက .....နတ်သူငယ်ရော ဟုတ်သေးရဲ့လား?

***

All Chapters