အခန်း ၃၈
Vol. 3 Ch. 38
ဓားထုတ်ပြီး ခုတ်ထစ်ခြင်း။ ခါးပုံစံရိုက်ချက်
"အစောင့်တွေ ရောက်လာပြီ!"
ဤအခိုက်အတန့်၌ တည်းခိုခန်းအတွင်း ပွက်လောရိုက်သွားတော့သည်။ မြို့တွင်းကင်းလှည့်နေသော အစောင့်တပ်သားများသည် ဆူညံသံကြား၍ အမြန်ရောက်လာကြသည်။
"ဒီသီးသန့်ရန်ပွဲမှာ ဘယ်သူက လူသတ်မှုကျူးလွန်တာလဲ။"
လူလတ်ပိုင်းအရွယ် အစောင့်တွေ အများအပြား လိုက်ပါလာကာ တည်းခိုခန်းထဲသို့ မျက်နှာထားတည်တည်နှင့် ဝင်လာလေ၏။
ဂျင်ဆင်းမြို့အပြင်ဘက်တွင် လူသေဆုံးမှုနှင့်ပတ်သက်သည့် အဖြစ်အပျက်မျိုးဖြစ်ပွားခဲ့ပါက သူတို့က ဝင်ရောက်စွက်ဖက်မှာ မဟုတ်သော်လည်း မြို့တွင်းတွင် ထိုကဲ့သို့သော အဖြစ်အပျက်ကို လစ်လျူရှူ၍ မရသောကြောင့် ၎င်းအား အလေးအနက်ထား ကိုင်တွယ်ရမည်ဖြစ်သည်။ ဒါက သူတို့ စီရင်ပိုင်ခွင့်အတွင်း ကျရောက်နေတာဖြစ်သည်။
စူးချန်ခုန်းက ပြန်မဖြေပါ။ သူဘယ်သူ့ကိုမှ မသတ်ခဲ့။
"ကျွန်တော် သတ်ခဲ့တာပါ။"
ထိုအချိန်တွင် ယန်စုန့်က သူ့မျက်လုံးများကို ပွတ်သပ်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် လေးလေးနက်နက် ဆိုလေ၏။
"သေဆုံးသွားတဲ့သူတွေက ယခင်က အလိုရှိတဲ့ ရာဇ၀တ်ကောင်တွေဖြစ်တဲ့ မုန့်တောင်ရဲ့ သူခိုးကိုးဦး အဖွဲ့ဝင်တွေပါ။ ကျွန်တော်ကတော့ မဟာမီးတောက်အင်ပါယာမှာ တရားဝင် မှတ်တမ်းတင်ထားတဲ့ ဓားဖမ်းသူယန်စုန့်ပါ။"
ယန်စုန့်သည် စွန်းပုဝမ်နှင့် အခြားသူများ၏ သရုပ်မှန်ကို ရှင်းပြပြီး အနက်ရောင် သံတုံကင်ပြားတစ်ခုကို သူ့ရင်ဘတ်မှ ထုတ်ယူလိုက်သည်။
"လေးစားရပါတဲ့ ယန်စုန့်ခင်ဗျာ။ ကျွန်တော် ခင်ဗျားနဲ့ အရင်က တွေ့ဖူးပါတယ်။" လူလတ်ပိုင်းအရွယ် တပ်ကြပ်သည် ယန်စုန့်အား အနည်းငယ် လေးစားသောအမူအရာဖြင့် တိုကင်ပြားကို ပြန်မအပ်မီ ခဏလောက် စစ်ဆေးကြည့်ရှုခဲ့သည်။
တရားဝင်မှတ်ပုံတင်ထားသော ဓားဖမ်းသူဖြစ်လာရန် ပြောင်မြောက်သည့် သိုင်းပညာစွမ်းရည်နှင့် ထူးခြားသော စွမ်းရည်များ ရှိရပါမည်။
ယန်စုန့်သည် ချင်းရွှေမြို့ အနီးတစ်ဝိုက်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းနှင့် ကျော်ကြားသောကြောင့် ဤတပ်သားအားလုံးက သူ့ကို မှတ်မိကြသည်။
“ကျေးဇူးပြုပြီး ဒီအလောင်းတွေကို ယူသွားပြီး ကိုင်တွယ်ဖြေရှင်းလိုက်ပါ” ဟု ယန်စုန့်က အခင်းဖြစ်ပွားရာနေရာတွင် ဆက်လက်လုပ်ဆောင်ရန် အစောင့်တွေကို ညွှန်ကြားခဲ့ပြီး ဒါဟာ သူ ပထမဆုံးကြုံတွေ့ရတာ မဟုတ်ကြောင်း ပြသနေသည့်နှယ်။
“ဟုတ်ကဲ့” လူလတ်ပိုင်း အစောင့်တစ်ယောက်ကက အလောင်းကို စတင်ကိုင်တွယ်ရန် အခြားအစောင့်များကို ညွှန်ကြားလိုက်သည်။
တည်းခိုခန်းတွင် သေဆုံးမှုကြောင့် သွေးကွက်များနှင့် အကြွင်းအကျန်များကို သန့်စင်ရန်အတွက် ထုံးစံအတိုင်း ယာယီပိတ်ထားရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ကိစ္စပြေလည်သွားသည်နှင့် စူးချန်ခုန်းလည်း တည်းခိုခန်းမှ ထွက်ကာ အခြားနေရာရှာရန် ပြင်ဆင်လိုက်သည်။
"ဒီမှာခင်ဗျ.. ခဏလောက်ဆိုင်းပါဦး!"
သူ တည်းခိုခန်းမှ ထွက်သွားစဉ် အနောက်ဘက်မှ အသံတစ်ခု ထွက်လာသည်။ ခေါ်လိုက်သည့်သူက ယန်စုန့်ပါပင်။
"တစ်ခုခုများ လိုအပ်လို့လား"
စူးချန်ခုန်းက မျက်နှာသေနှင့် ယန်စုန့်ကို လှည့်ကြည့်လိုက်သည်။ ယန်စုန့်သည် လွယ်ကူသော ပြိုင်ဘက်မဟုတ်ဟု ယူဆကာ ပြဿနာကိုရှောင်ရှားရန် သူနှင့် သိပ်ပြီး မပါဝင် မပတ်သတ်ချင်ခဲ့ပေ။
ယန်စုန့်က စိတ်ရင်းမှန်ဖြင့် "မင်းအကူအညီသာ မရှိရင် ငါ အန္တရာယ်ကြီးကြီး ကျနေလောက်ပြီ။ မင်းစိတ်မရှိရင် ငါငှားထားတဲ့ အိမ်ငယ်လေးမှာ စကားပြောလို့ရမလား။ အဲ့တာက မြို့ထဲမှာပဲ"
စူးချန်ခုန်း အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ယန်စုန့်သည် ဂျင်ဆင်းမြို့နှင့် ရင်းနှီးကျွမ်းဝင်ပုံရသည်။ စူးချန်ခုန်း ဒီကိုလာရတဲ့ရည်ရွယ်ချက်က ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းအတွက် ဆေးဝယ်ဖို့ဖြစ်ပြီး ယန်စုန့်နဲ့ မေးမြန်းပြောဆိုခြင်းက အကျိုးကျေးဇူးတွေရမှာ အသေအချာပင်။
“လက်ခံတယ်” စူးချန်ခုန်းသည် ခပ်တန်းတန်းနေတတ်ပြီး စကားနည်းဟန်ဆောင်ကာ တိုတိုတုတ်တုတ်ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ငါ့နောက်ကို လိုက်ခဲ့ပါ။"
ယန်စုန့်သည် စူးချန်ခုန်းကို သူတည်းခိုရာ အိမ်ငယ်လေးသို့ ဧည့်သည်အဖြစ် ဖိတ်ကြားခဲ့သည်။
စူးချန်ခုန်းကို ဦးဆောင်ပြီး ယန်စုန့်သည် ကျဉ်းမြောင်းသော လမ်းကြားမှ ဖြတ်သွားကာ ဆိတ်ငြိမ်သော အိမ်သို့ ရောက်ရှိလာပြီး တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။
ခြံဝင်းအတွင်းတွင် တန်ဖိုးသိပ်မကြီးသော်လည်း အမြင်လှရှိပြီး အေးအေးချမ်းချမ်းရှိသော ကျောက်စားပွဲများနှင့် ကုလားထိုင်များရှိသည်။
ခြံဝင်း၏ ဧည့်ခန်းမဆောင်တွင် ယန်စုန့်သည် သူ၏ဒဏ်ရာများကို ပတ်တီးစည်းကာ စူးချန်ခုန်း အတွက် လက်ဖက်ရည်ကို ကိုယ်တိုင်ကိုယ်ကျ လောင်းထည့်ပေးသည်။ ထို့နောက် သူသည် မျက်နှာထက်ဝယ် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "မင်းရဲ့ နာမည်လေးကို သိလို့ရမလား။ ဒီလို ခွန်အားတွေနဲ့ မင်းဟာ ချင်းရွှေမြို့ရဲ့ ကိုယ်ခံပညာလောကမှာ နာမည်ရတဲ့ သူတစ်ယောက် ဖြစ်ရမယ်။!"
ယန်စုန့်သည် စူးချန်ခုန်းနှင့် သိကျွမ်း လိုသည်။ စူးချန်ခုန်းလှုပ်ရှားမှုကို မမြင်ဖူးသော်လည်း စူးချန်ခုန်းသည် စွန်းပုဝမ်နှင့် အခြားသူများကို အလွယ်တကူ အနိုင်ယူနိုင်သောကြောင့် သူ့အစွမ်းသည် အနည်းဆုံး သူ့ထက်သာလွန်သည်ဟု ဆိုလိုသည်။
"ကျွန်တော့် မျိုးရိုးအမည်က ဝမ်၊ ကိုယ်ပိုင်နာမည်က ထိုက်”
စူးချန်ခုန်းသည် သူ့အမည်ရင်းကို ထုံးစံအတိုင်း မပေးဘဲ အမည်တုကိုသာ ပြောလိုက်သည်။
"ဝမ်တိုင်?" ယန်စုန့်သည် သူ့မှတ်ဉာဏ်ကို လျင်မြန်စွာ ရှာဖွေခဲ့သော်လည်း ထိုနာမည်ကို သူ မရင်းနှီးကြောင်း သိလိုက်ရသည်။ အနီးနားတွင် ဒီလို ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးကို မကြားခဲ့ရသော်လည်း သူ အလွန်အကျွံ မေးရန် မသင့်တော်ဟု ခံစားရသည်။
ယန်စုန့်သည် စူးချန်ခုန်းနှင့် ပထမဆုံးတွေ့ဖူးတာ မဟုတ်ကြောင်း တကယ် မသိပေ။ သူတို့နှစ်ဦးစလုံးသည် ပြီးခဲ့သည့်တစ်ခေါက်က တုန်းလင်မြို့ ကျောက်မိသားစု လေလံပွဲ၌ တက်ရောက်ခဲ့ကြသော်လည်း စူးချန်ခုန်းသည် ထိုစဉ်က မျက်နှာဖုံးကို ဝတ်ဆင်ထားခဲ့သည်။
ယန်စုန့်က ရိုးသားတဲ့မျက်နှာနဲ့ဆို၏။ "ငါက တကယ်ကို ထုံတဲ့သူပဲ။ ဒါပေမယ့် ကျေးဇူးတရားနဲ့ အာဃာတတွေကိုတော့ အမြဲရှင်းရှင်းလင်းလင်းသိပါတယ်။ ညီလေးဝမ်၊ မင်းမှာ လုပ်စရာ တာဝန်ရှိတယ်ဆိုရင် ငါလုပ်နိုင်သရွေ့ ငြင်းမှာမဟုတ်ပါဘူး။"
ယန်စုန့်သည် တစ်ယောက်တည်းနေရတာကို နှစ်သက်ပြီး အခြားသူများအပေါ် ကျေးဇူးကြွေးတင်နေတာမျိုး မကြိုက်ပါချေ။ ယနေ့တွင် မုန့်တောင်သူခိုးများကို သတ်ဖြတ်ရာတွင် စူးချန်ခုန်းက အကူအညီခဲ့သောကြောင့် စူးချန်ခုန်းအား ကျေးဇူးကြွေးကို ပြန်ဆပ်ကာ ဖြေရှင်းပေးလိုသည်။
သူ့စကားကြောင့် စူးချန်ခုန်းက လှုပ်ရှားသွားပြီး တွေးတောလိုက်သည်။ "ယန်စုန့်က တော်တော်သန်မာတယ်၊ သူ့ဓါးနည်းပညာက အရမ်းထက်မြက်ပြီး လက်ရာမြောက်တယ်။ အထူးသဖြင့် အစောပိုင်းက ခွန်အားသန့်စင်ခြင်းနယ်ပယ် သိုင်းပညာရှင်နှစ်ယောက်ကို သတ်ပစ်ခဲ့တဲ့ ခုတ်ချက်ဟာ အံ့မခန်းပဲ။ ငါ အဲ့တာကနေ သင်ယူလို့ရတယ်။"
သဲပျံဓားသွားဟု လူသိများသော ယန်စုန့်သည် ဓားသွားနည်းပညာကို ကျွမ်းကျင်သည်။ အထူးသဖြင့် ဓားဆွဲခြင်းကဲ့သို့သော လှုပ်ရှားမှုမျိုးကို စူးချန်ခုန်း သင်ယူလိုစိတ်ရှိစေသည်။
စူးချန်ခုန်း၏ သံဖြတ်ဓားနည်းပညာသည် ရိုးရှင်းပြီး လွယ်ကူရှင်းလင်းသော်လည်း သူသည် အမျိုးအစားများကို ပိုမိုပေါင်းစပ်နိုင်လျှင် ပိုပြီး သတ်နိုင်မည်မှာ သေချာပါသည်။
ဒါကို စိတ်ထဲမှာ တွေးရင်းနှင့် စူးချန်ခုန်းက “အစ်ကိုယန်၊ အစ်ကို့ရဲ့ ဓားနည်းပညာက အရမ်းကောင်းတယ်။ အထူးသဖြင့် ဓားဆွဲတဲ့ အံ့အားသင့်စရာကောင်းတဲ့ တိုက်ခိုက်မှုပဲ။ ကျွန်တော့် ညွှန်ပြပေးဖို့ အစ်ကိုယန်ကို တောင်းဆိုချင်ပါတယ်။” ဟု ပြောလိုက်သည်။
“ရတာပေါ့!” ယန်စုန့် အံ့အားသင့်သွားသော်လည်း အဆင်သင့်ပင် သဘောတူခဲ့သည်။
သိုင်းပညာရှင်အချင်းချင်း သိုင်းပညာစွမ်းရည်ဖလှယ်ခြင်းသည် ကွန့်မြူးမှုရရှိရန်နှင့် တိုးတက်အောင်မြင်ရန် နည်းလမ်းတစ်ခုလည်းဖြစ်သည်။
"ဒါဆို ငါအရင် ဖြေးဖြေးချင်း လုပ်ပြမယ်!"
ခြံဝင်းထဲတွင် ယန်စုန့်သည် ထိုနေရာတွင် ရပ်နေပြီး ဓားအိမ်မှ မချွတ်ရသေးတဲ့ ဓားသွားကဲ့သို့ သူ့ရောင်ဝါက ထက်မြက်နေ၏။
"ငါ့ရဲ့ ထူးခြားချက်က ခါးခုတ်ချက်ဟန်ပန်လို့ သိကြတဲ့ ဓားပုံဆွဲနည်းဖြစ်တယ်။ ခါးဝှေ့ဟန်ပန် တိုက်ခိုက်မှုက အလယ်အလတ်အဆင့် ပြင်းထန်တဲ့ ခုတ်ချက်ဖြစ်ပြီး ခန္ဓာကိုယ်၊ ခြေလှမ်းနှင့် ဓါးရွေ့လျားမှုကို လျှပ်စီးလို မြန်စေတယ်။ ဒီခုတ်ချက်က ဓါးနည်းပညာများကြားမှာ ထိပ်တန်း ခုတ်ချက်တစ်ခုဖြစ်တယ်။ ညာခြေနဲ့ ညာလက်က မြွေကို ခုတ်ပိုင်းတဲ့ လှုပ်ရှားမှုလို ရှေ့ကို အတိုင်းအတာ တစ်ခုထိ တိုးရမယ်။"
ယန်စုန့်က သူ့ခန္ဓာကိုယ်ထောင့်ကို ချိန်ညှိပြီး သူ့လက်ဖဝါးကို ဓါးရိုးပေါ် တင်ကာ ခါးမှာထားကြောင်း ရှင်းပြသည်။
"ခါးခုတ်ချက်ဟန်ပန်ကို ဓားသွားဆွဲနည်းပညာလို့လည်း လူသိများတယ်။ တိုက်ခိုက်ဖို့ ဓားအိမ်မှ ဓားကို ဆွဲထုတ်တာကနေ စတင်တဲ့ ဓားသွားပညာ ဖြစ်တယ်။ ဓားဆွဲခြင်း နည်းပညာသာမက ဓားခုတ်ချက် အမျိုးမျိုးရဲ့ အဆင့်ဆင့် ရွေ့လျားမှုတွေလည်း ပါဝင်တယ်။"
စူးချန်ခုန်းက သူ့ကို ပေးခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ ယန်စုန့်က ဘာမှ မချန်ဘဲ အသေးစိတ် ရှင်းပြသည်။
စူးချန်ခုန်းသည် ဘေးနားမှ စေ့စေ့စပ်စပ် နားထောင်သည်။ တကယ်တော့ အစကတည်းကနေ သူ့ဘာသာသူ လေ့ကျင့်နေခဲ့တာပင်။ သမားတော်ဟွားရှန်နဲ့ ရက်အနည်းငယ်ကြာ ဝူချင်းရှီကို လေ့ကျင့်ပေးခဲ့ရုံကလွဲလို့ သူ့ဘာသာသူ သင်ယူတာလို့ ယူဆနိုင်ပါသည်။ စူးချန်ခုန်းသည် ယန်စုန့်၏ဓါးနည်းပညာ၏ အနှစ်သာရကို ရယူပြီး ၎င်း၏အားသာချက်များမှ သင်ယူလိုသည်။
“ရွမ်း ရွှမ်း ရွှမ်း”
ယန်စုန့်သည် သူ၏ ခါးခုတ်ချက်ဟန်ပန်နှင့် ဓားဆွဲနှုန်းမှာ မယုံနိုင်လောက်အောင် မြန်ဆန်ပြီး ရုတ်ချည်းပင် အပြည့်အဝ သရုပ်ပြခဲ့သည်။ သူ၏ ညာလက်သည် ဓားရိုးပေါ်တွင် တင်လျက် ဘယ်လက်သည် ဓားအိမ်ကို ဆုပ်ကိုင်ကာ ခုတ်လွှဲရန် ထောင့်ကို ချိန်ညှိသည်။ ဤကိုယ်ဟန်အနေအထားကို ယူလိုက်သည်နှင့် တပြိုင်နက် သူသည် တိုက်ခိုက်မှု၏ စည်းချက်တွင် ရှိနေပြီဖြစ်သည်။
တစ်ချက်ပြီး တစ်ချက်က ရိုးရိုးနှင့် တိုက်ရိုက်ဖြစ်ပြီး ပုံမှန်အားဖြင့် တစ်ချက်တည်းအပြီး ခုတ်ခြင်းသာ။ ခုတ်ချက်က ပြိုင်ဘက်ကို မသတ်နိုင်ခဲ့ရင်တောင်မှ အစမှာ တစ်ပန်းသာပြီး တိုက်ခိုက်ရေးမှာ ထိန်းချုပ်နိုင်ပါလိမ့်မည်။
“တော်လိုက်တာ”
စူးချန်ခုန်းက စောင့်ကြည့်နေတာဖြစ်သည်။ သူက ညို့ယူခံလိုက်ရကာ သူ့မျက်လုံးများက သဘောကျမှုအပြည့်နှင့် တလက်လက် တောက်ပနေ၏။ ခါးခုတ်ချက်ဟန်ပန်သည် အလွန်လျင်မြန်ဆန်သည်။ တိကျသည်။ ရက်စက်သည်။ အံ့အားသင့်ဖွယ် သေနှုန်းနှင့်အတူ အမြန်နှုန်းနှင့် စွမ်းအားတို့ ပေါင်းစပ်ထားသည့် ခါးခုတ်ချက်ဟန်ပန်သည် သူ့အတွက် အမှန်တကယ်ကို သင့်လျော်ပါသည်။
ယန်စုန့်သည် သူ၏ ခါးခုတ်ချက်ဟန်ပန်ကို ကျယ်ကျယ်ပြန့်ပြန့် ပြသသောအခါ စူးချန်ခုန်း၏ စွမ်းရည်တန်ဖိုးသည် အထင်ကြီးလောက်စရာ ၁၂ မှတ်အထိ ရောက်ရှိသွားခဲ့သည်။ သူ့အသိအမြင်က ထူးခြားပါပေ၏။ စိတ်ထဲ၌ ရေးထွင်း၍ လေ့ကျင့်ချိန်တစ်ခုမျှဖြင့် သူသည် ခါးခုတ်ချက် ဓားဆွဲခြင်းအား သူ၏ သံဖြတ်ဓားနည်းပညာတွင် ပေါင်းစပ်ပြီး သူ၏ကျွမ်းကျင်မှုကို သိသာထင်ရှားစွာ တိုးတက်လာစေခဲ့သည်။
ကောင်းကင်ကြီးက မှောင်စပျိုးလာသည်နှင့် စူးချန်ခုန်းသည် ယန်စုန့်၏ ပျူငှာစွာ ဧည့်ဝတ်ပြုမှုကို လက်ခံခဲ့ပြီး ခြံဝင်းထဲတွင် တစ်ညတာ တည်းခိုခဲ့သည်။
ယန်စုန့်နှင့် စကားစမြည်ပြောနေစဉ်တွင် စူးချန်ခုန်းသည် ယန်စုန့်၏ အခြေခံ အခြေအနေအကြောင်း လေ့လာခဲ့သည်။
ယန်စုန့်သည် အလွန်သာမာန်ဆန်သော နောက်ခံရှိသည်။ ကလေးဘဝတုန်းက သူ့မိဘတွေက ဝရမ်းပြေး ဓားပြတွေလက်နဲ့ ဆုံးပါးခဲ့ရပြီး ဘဝရဲ့ ကြမ်းတမ်းမှုတွေကို ကြုံတွေ့ခဲ့ရသည်။ ကံကောင်းထောက်မစွာနှင့် သူသည် ဓါးလက်စွဲစာအုပ်ကို ရခဲ့သည်။ လုံ့လဝီရိယထား၍ မဆုတ်မနစ် လေ့ကျင့်ပြီးနောက် နောက်ဆုံးတွင် သေးငယ်သော အောင်မြင်မှုများ ရရှိခဲ့သည်။
ယန်စုန့်ကဲ့သို့သော ကြေကွဲဖွယ်ရာ ဇာတ်လမ်းရှိသူများသည် ဤကမ္ဘာပေါ်တွင် အထူးအဆန်းမဟုတ်ပေ။
"အစ်ကိုယန်၊ ဂျင်ဆင်းမြို့က ဆေးဖက်ဝင်အပင် ရောင်းချသူတွေ စုဝေးရာလို့ ကြားတယ်။ ပြီးတော့ တခြားနေရာမှာ မရရှိနိုင်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ အများကြီးကို ဒီမှာ ဝယ်လို့ရတယ်ဆို။ အဲ့လိုပါဝင်ပစ္စည်းတွေကို ဘယ်မှာဝယ်လို့ရလဲ သိလား။"
စူးချန်ခုန်းသည် သူ့ရည်ရွယ်ချက်ကို သတိရမိပြီး ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းအတွက် ဆေးဖက်ဝင်ပစ္စည်းများအကြောင်း ယန်စုန့်ကို မေးမြန်းခဲ့သည်။
ယန်စုန့်သည် ဂျင်ဆင်းမြို့၌ အကြာကြီးနေထိုင်ခဲ့ပြီး ထိုနေရာတွင် အခြေအနေကို သေချာစွာ နားလည်သဘောပေါက်သည်။