← Chapters

အခန်း ၄၁

Vol. 3 Ch. 41

အခန်း ၄၁

Vol. 3 Ch. 41

ဒူးလေး ဝယ်သူများကို ရှာဖွေခြင်း

"အိမ်တော်သခင်ရဲ့ အမြင်ကို မေးလိုက်ပါဦးမယ်။" ညွှန်ကြားရေးမှူးလျှိုသည် အိမ်တော်အရှင်မော့ထျဲ၏ ခွင့်ပြုချက်ကို ရယူရန် ပြန်သွားခဲ့သည်။

ညွှန်ကြားရေးမှူးလျှို သိပ်မကြာခင်မှာပဲ ပြန်ရောက်လာ၏။ သူက စူးချန်ခုန်းအား "အိမ်တော်သခင်က သဘောတူပေမယ့် မင်းရဲ့လုံခြုံရေးကို သေချာဂရုစိုက်ရမယ်နော်"

“အင်း။ ကျေးဇူးပါဗျာ။" စူးချန်ခုန်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။

ယခု သူသည် အလုပ်ရုံ၏ ပန်းပဲကိရိယာများကို သုံးနိုင်သဖြင့် စူးချန်ခုန်းသည် ဒူးလေးကို စတင်လုပ်နိုင်ပြီဖြစ်သည်။

နေ့ခင်းဘက်တွင် စူးချန်ခုန်းသည် ခါတိုင်းကဲ့သို့ လက်နက်များကို ပြုလုပ်ခဲ့လည်း ညနေပိုင်းရောက်သောအခါ အခြားသူများအားလုံး အနားယူရန် ထွက်ခွာသွားချိန်တွင် သူသည် အလုပ်ရုံတွင် တစ်ယောက်တည်း ကျန်ခဲ့ကာ ဒူးလေးအတွက် လိုအပ်သော အစိတ်အပိုင်းများကို တီထွင်ခဲ့သည်။

"ဒိန်း ဒိန်း ဒိန်း"

ညနေပိုင်းတွင် စူးချန်ခုန်းသည် သူ့ရှေ့တွင် သိမ်မွေ့သော သတ္တုအပိုင်းအစတစ်ခုဖြင့် ထုလုပ်ထားသော ဒူးလေးတစ်ချောင်းကို ကိုင်ထားသည်။ ဤအစိတ်အပိုင်းသည် ပိုမိုအဆင့်မြင့်သော ပန်းပဲစွမ်းရည် လိုအပ်သည်။ စူးချန်ခုန်း၏ ပန်းပဲစွမ်းရည်သည် ပဉ္စမနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီး သံနက်အိမ်တော်တွင် မည်သူမဆို သူ၏ကျွမ်းကျင်မှုကို ယှဉ်နိုင်ရန် ခက်ခဲလှသည်။

ရက်နှစ်ဆယ်ကြာ အချိန်ပိုဆင်းကာ လုံ့လစိုက်ထုတ် လေ့လာသင်ယူပြီးနောက် စူးချန်ခုန်းသည် သူ၏ ပထမဆုံးသော ဒူးလေးကို ဖန်တီးခဲ့သည်။

ကုန်ချောကို ကြည့်နေရင်းနှင့် စူးချန်ခုန်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာ တောက်ပလာသည်။ ဒူးလေး၏ ပတ်ပတ်လည်တွင် ရစ်ပတ်ထားသည့် အနက်ရောင် သားရေကြိုးများသည် တည်ငြိမ်မှုနှင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ သိပ်သည်းဆကို မြှင့်တင်ပေးသည်။ ဤထုတ်ကုန်သည် တစ်မီတာခန့်ရှည်လျားပြီး ပစ္စည်းတစ်ခုလုံးသည် လက်ဝါးကပ်တိုင်နှင့်တူ၏။

"ကုန်ချောကို စမ်းသပ်ကြည့်ရအောင်။"

စူးချန်ခုန်းက သူလုပ်ထားတဲ့ ဒူးလေးရဲ့ အစွမ်းကို စမ်းသပ်ကြည့်လိုက်သည်။

သံနက်အိမ်တော် အပြင်ဘက် တောအုပ်တစ်ခုတွင် စူးချန်ခုန်းသည် မြှားကြိုးကို အပြည့်ဆွဲကာ သူလုပ်ထားတဲ့ မြှားတစ်စင်းကို တေ့လိုက်ပြီး ခပ်လှမ်းလှမ်းမှ သစ်ပင်တစ်ပင်ကို ချိန်ရွယ်ကာ ခလုတ်ကို ဆွဲလိုက်သည်။

“သက်”

ယန္တရား၏အသံနှင့်အတူ လေးညှိကြိုးသည် နောက်ပြန်ရောက်လာကာ “သက်” ဆိုတဲ့ အသံက ဝိုးတဝါး ထွက်ပေါ်လာသည်။ ပြင်းထန်သော အရွေ့စွမ်းအားဖြင့် တွန်းပို့လိုက်သော မြှားသည် လေထဲသို့ ရွှီးကနဲ့ လွင့်ထွက်သွားသည်။

“ဒုတ်”

ထိုမြှားသည် သစ်ပင်ကို ထိပြီး သစ်သားထဲသို့ နှစ်လက်မမှ သုံးလက်မခန့်ထိ နစ်မြုပ်သွားကာ တုန်ခါသွားသည်။ ၎င်း၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလှသည်။

အကြိမ်ကြိမ် စမ်းသပ်ပြီးနောက် စူးချန်ခုန်း အဆုံးသတ်လိုက်သည်။

“ငါလုပ်ထားတဲ့ ဒူးလေးရဲ့ စွမ်းအားနဲ့ အကွာအဝေးက မီတာ ခုနစ်ဆယ်ကနေ တစ်ရာလောက်ထိ ထိရောက်မှုရှိပြီး သာမန်လေးတွေ မြှားတွေနဲ့ ယှဉ်နိုင်တယ်။” စူးချန်ခုန်းက သူ့ဘာသာသူ သဘောတူကာ ခေါင်းညိတ်လိုက်သည်။

လေးနှင့်မြှားနှင့် နှိုင်းယှဥ်လျှင် ဒူးလေးကိုတင်ရန် နှေးကွေးပြီး ပိုမိုခက်ခဲသော်လည်း ၎င်း၏ အားသာချက်များမှာ အသုံးပြုရလွယ်ကူပြီး တိကျမှု မြင့်မားသည်။ လေးပစ်ကျွမ်းကျင်ရန်မလိုအပ်ပါ။ သာမန်လူတစ်ဦးသည် ၎င်းကို ရက်အနည်းငယ်အတွင်း အသုံးပြုရန် လေ့ကျင့်သင်ကြားနိုင်သည်။ တက်မြောက်ရန် လွယ်ကူရုံသာမက ကျွမ်းကျင်မှု များစွာလည်း မလိုအပ်ပေ။

လေးနှင့်မတူတာက အတွေ့အကြုံရှိသော လေးသမားများသည် နှစ်အတော်ကြာလေ့ကျင့်ရန် လိုအပ်ပြီး ၎င်းက လက်နက်နှစ်ခုကို မတူညီသောအဆင့်တွင် ခွဲခြားသတ်မှတ်ထားခြင်းပင်။ ထို့ကြောင့် မဟာမီးတောက်အင်ပါယာသည် ဒူးလေးများကို တားမြစ်ထားသော်လည်း လေးကိုတော့ မတားမြစ်ခဲ့။

စူးချန်ခုန်းသည် ပိုမိုကောင်းမွန်သောပစ္စည်းများနှင့် ပိုမိုအဆင့်မြင့်သော ပန်းပဲနည်းပညာများဖြင့် သူသည် ဒူးလေး၏စွမ်းအားကို ပိုမိုမြှင့်တင်နိုင်ပြီး ၎င်း၏ ထိရောက်သော အကွာအဝေးကို မီတာတစ်ရာကျော်အထိ တိုးချဲ့နိုင်မည်ဟု ယုံကြည်သည်။ သို့သော် ထိုသို့မလုပ်ရန် သူရွေးချယ်ခဲ့သည်။

သူဖန်တီးသော ဒူးလေးများသည် လွန်စွာကောင်းမွန်ခြင်း သို့မဟုတ် ဆန်းပြားလွန်းခြင်းမျိုးမဟုတ်ဘဲ ရောင်းချရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။ အပြန်အလှန်အားဖြင့် ထိုသို့သော အရည်အသွေးမြင့် တံကောက်များကို ဖန်တီးခြင်းသည် မလိုလားအပ်သော အာရုံကို ဆွဲဆောင်စေနိုင်သည်။

ထို့ကြောင့် ဒီလောက်က လုံလောက်ပါသည်။

“ဒီအရည်အသွေးကို အခြေခံပြီး ဒူးလေးတွေ အများကြီး ထုတ်လုပ်မယ်။” စူးချန်ထျန်း သူ့ဘာသာသူ တွေးနေမိသည်။

ပထမ ဒူးလေးကို ဖန်တီးကာ အတွေ့အကြုံများ ရရှိပြီးနောက် စူးချန်ခုန်းသည် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဒုတိယမြောက် ဒူးလေးကို ပြီးမြောက်ရန် ဆယ်ရက်သာ ကြာခဲ့သည်။

သူမသိလိုက်ခင်မှာတင် တစ်လခွဲလောက် ကုန်လွန်သွားခဲ့လေပြီ။

"ငါ ဒူးလေးသုံးချောင်းကို တီထွင်ပြီးပြီပဲ။ အဲဒါတွေကို ရောင်းဖို့အချိန်တန်ပြီ"

ထိုအချိန်တွင် စူးချန်ခုန်းသည် စုစုပေါင်း ဒူးလေးသုံးချောင်းကို ပြုလုပ်ခဲ့ကြောင်း ပြန်စဉ်းစားလိုက်သည်။

လေးနှင့်မြှားထက် ပိုမိုလွယ်ကူစွာ တီထွင်ဖန်တီးနိုင်ခြင်းနှင့် ၎င်း၏နည်းပညာဆိုင်ရာ လိုအပ်ချက်များ ပိုမိုမြင့်မားသောကြောင့် ဒူးလေးကို မဟာမီးတောက်အင်ပါယာက တရားဝင်ရောင်းချခြင်းမပြုနိုင်ကြောင်း ကြေညာထားသည်။ လက်နက်များကို သီးသန့်ပိုင်ဆိုင်ခြင်းသည် ကြီးမားသော ရာဇ၀တ်မှုတစ်ခု ဖြစ်သောကြောင့် သံသယမဝင်စေဘဲ သို့မဟုတ် မိမိကိုယ်ကို အန္တရာယ်မဖြစ်စေဘဲ ဝယ်ယူသူကို ရှာဖွေခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

လွန်ခဲ့သည့်လတွင် စူးချန်ခုန်းသည် ပဓာနချီဖြန့်ချီခြင်း အားလုံးကို အသုံးပြုခဲ့ပြီး ဆေးဘက်ဆိုင်ရာပစ္စည်းများကို ထပ်မံဝယ်ယူရန် ငွေလိုအပ်ခဲ့သည်။

"ငါ ယန်စုန့်ကို အကူအညီတောင်းလို့ရတာပဲ" ဟု သူတွေးလိုက်သည်။

စူးချန်ခုန်း၏ စိတ်ထဲတွင် လူတစ်ယောက် ပေါ်လာခဲ့သည်။

ယန်စုန့်သည် ဓားဖမ်းသူတစ်ယောက်ဖြစ်ပြီး သိုင်းလောကတွင် နှစ်ပေါင်းများစွာ ရောနှောနေထိုင်ခဲ့သောကြောင့် မှောင်ခို ပစ္စည်းအချို့ကို မည်သည့်နေရာတွင် ရောင်းချရမည်ကို သိလောက်သည်။

ထို့ကြောင့် စူးချန်ခုန်းသည် ဂျင်ဆင်းမြို့သို့ ထွက်ခွါပြီး ယန်စုန့် နေထိုင်ရာ နေအိမ်သို့ သွားရောက်ခဲ့သည်။

စူးချန်ခုန်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်မှာ ယန်စုန့်သည် ဂျင်ဆင်းမြို့တွင် နေထိုင်ဆဲဖြစ်သည်။ မဟုတ်ပါက စူးချန်ခုန်းသည် ခရီးကို အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

စူးချန်ခုန်း တံခါးခေါက်ပြီး သိပ်မကြာခင်မှာပဲ တံခါးကြားမှ ယန်စုန့်ရဲ့မျက်နှာပေါ်လာသည်။ ယန်စုန့်၏အသွင်အပြင်နှင့် နဖူးပေါ်မှ ချွေးအနည်းငယ်ထွက်နေသည်ကို ကြည့်ခြင်းအားဖြင့် သူသည် ကိုယ်ခံပညာကို လေ့ကျင့်နေတာ ဖြစ်ပေလိမ့်မည်။

"ညီလေး ဝမ်ထိုက်?"

တံခါးဝတွင် စူးချန်ခုန်းကိုတွေ့လိုက်ရသောအခါ ယန်စုန့်သည် မကြာမီ စူးချန်ခုန်း ပြန်ရောက်လာမည်ဟု မမျှော်လင့်သောကြာင့် အံ့အားသင့်သွားသော်လည်း သူ မြန်မြန် သတိပြန်ဝင်လာပြီး ပြောလိုက်သည်။ "ဝင်လာလေ။ အရင်ထိုင်ပါဦး။"

ထိုတောင်းဆိုချက်အတိုင်း စူးချန်ခုန်းသည် နေအိမ်ထဲသို့ ဝင်သွားခဲ့သည်။ ယန်စုန့်က သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးသည်။

စူးချန်ခုန်းက လိုရင်းကိုသာ တည့်ပြောလိုက်သည် “အစ်ကိုယန်၊ အချက်အလက်အချို့ကို မေးမြန်းဖို့ အစ်ကို့ဆီကို လာခဲ့တာပါ။”

"ငါသိသမျှ မင်းကိုပြောပြမှာပါ။ မေးသာမေးပါ ညီလေးဝမ်" ယန်စုန့်ကလည်း တည့်တိုးပင် ပြန်ဖြေလိုက်သည်။

အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် စူးချန်ခုန်းက နောက်ဆုံးတွင် ပြောလိုက်သည်။ “ထုတ်ပြဖို့ မလွယ်တဲ့ ပစ္စည်းတချို့ကို ကျွန်တော် ရောင်းချင်လို့…”

စူးချန်ခုန်းက သူဘာရောင်းချင်တာလဲဆိုတာ အတိအလင်း မဖော်ပြပေမယ့် ယန်စုန့်ရဲ့မျက်နှာထက်မှာ နားလည်သဘောပေါက်တဲ့ အပြုံးတစ်ခု ချက်ချင်းပေါ်လာသည်။ "တကယ်တော့ တစ်ခါတလေ ငါတို့ရထားတဲ့ပစ္စည်းတွေက လွယ်လွယ်နဲ့ ရောင်းလို့မရနိုင်ဘူး"

သူခိုးဓားပြအချို့ကို မကြာခဏ သတ်သောကြောင့် ယန်စုန့်သည် ကိုင်တွယ်ရခက်ခဲသော ကုန်ပစ္စည်းအနည်းငယ်ကို ရခဲ့ဖူးသည်။ စူးချန်ခုန်းသည် အလားတူအခြေအနေမျိုးတွင် ရှိနေသည်ဟု သူထင်နေသည်။

“အစ်ကိုယန်၊ အဲ့ဒီပစ္စည်းတွေရောင်းတဲ့ လမ်းကြောင်းကို သိလား" စူးချန်ခုန်းက ယန်စုန့်၏ တုံ့ပြန်မှုကို အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

ယန်စုန့်က ခေါင်းညိတ်ပြီး "သိတယ်။ တစ္ဆေဈေးကွက်ကို သိလား"

“တစ္ဆေစျေးကွက်?" စူးချန်ခုန်း အံ့အားသင့်သွားသည်။

ယန်စုန့်က "တစ္ဆေဈေးကွက်၊ အဲ့ဒီနေရာမှာ ရောင်းစရာတွေ အစုံရှိတယ်။ ဘာမဆိုရောင်းလို့ရတယ်... အဲဒါကို မှောင်ခိုဈေးကွက်တစ်ခုလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒေသတိုင်းနီးပါးမှာ တစ္ဆေဈေးကွက်ရှိတယ်။"

"သဘောပေါက်ပြီ။"

စူးချန်ခုန်းသည် ဤတစ္ဆေဈေးကွက်ဟုခေါ်တွင်သော ဈေးက မှောင်ခိုဈေးကွက်ဖြစ်သည်ကို သဘောပေါက်လိုက်သည်။ တစ္ဆေဈေးကွက်တွင် တားမြစ်ထားသော ပစ္စည်းအချို့သည် ဝယ်သူများကို အမြဲတွေ့နိုင်သည်။ ဟုတ်တာပေါ့။ အရောင်းအဝယ်ကိုတော့ အာမမခံနိုင်ပါ။ လှည့်စားခံရနိုင်သည်။ ဒါမှမဟုတ် အကြံသမားတွေရဲ့ ပစ်မှတ်ထားခံရပြီး အသက်ဆုံးရှုံးနိုင်သည်။

"ငါ အဲ့ဒီတစ္ဆေဈေးကွက်ကို သွားမယ်ဆိုရင် ငါလုပ်ထားတဲ့ ဒူးလေးတွေကို ရောင်းလို့ရမှာပဲ" ဟု စူးချန်ခုန်းက သူ့ဘာသာသူ တွေးနေမိသည်။ သူသည် ငွေကို အသေအလဲ လိုအပ်နေပြီး မှောင်ခိုဈေးကွက်နှင့်တူသော တစ္ဆေဈေးကွက်၌ အခြားနေရာများတွင် တင်းကြပ်စွာ တားမြစ်ထားသော ကုန်ပစ္စည်းအချို့ကို ရောင်းချရန် အခွင့်အရေးရှိသည်။

စူးချန်ခုန်းက ယန်စုန့်ကို ပြောလိုက်သည်။ "အစ်ကိုယန်၊ အဲ့ဒီတစ္ဆေဈေးကွက်ကို ကျွန်တော် သွားကြည့်ချင်တယ်။ ဘယ်မှာရှာရမလဲဆိုတာ ပြောပြပေးနိုင်မလား။"

"ရတာပေါ့။ ချင်းရွှေမြို့နဲ့ အနီးဆုံး တစ္ဆေဈေးကွက်က ဆိတ်ငြိမ်တောင်ပေါ်က တောင်ဘက် လီနှစ်ရာကျော်မှာ တည်ရှိတယ်။ ၁၅ရက်နေ့ ညမှာ တစ်လ တစ်ကြိမ် ဖွင့်တယ်။ ဒီတုံကင်ပြားကို မင်းနဲ့အတူ ယူသွားပြီး တည်နေရာကို အချိန်မီ ရောက်အောင်သွား။ တစ္ဆေဈေးကွက်ကို ပို့ဆောင်ပေးမယ့် တစ်စုံတစ်ယောက်က မင်းကို လမ်းညွှန်ပေးလိမ့်မယ်။" လို့ ယန်စုန့်က ပွင့်ပွင့်လင်းလင်းနှင့် တစ္ဆေဈေးကွက်ရဲ့ တည်နေရာနဲ့ ကြိုတင် သတိထားမှုများကို ပြောပြခဲ့သည်။ ထို့နောက် အိမ်ထဲသို့ဝင်ကာ အနက်ရောင် တုံကင်တစ်ခုကို ယူကာ စူးချန်ခုန်းအား ပေးလိုက်လေ၏။

ဆိတ်ငြိမ်တောင်ပေါ်တွင် တည်ရှိပြီး လုံးဝ မြုံနေသော တစ္ဆေဈေးကွက်သည် မည်သူမျှ မိတ်ဆက်ခြင်းမရှိဘဲ လည်ပတ်နိုင်မည့်နေရာ မဟုတ်ပေ။ ယန်စုန့်သည် ချင်းရွှေမြို့၏ သိုင်းလောကတွင် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရပြီးနောက် ချင်းရွှေမြို့ ဧရိယာအတွင်းမှ တစ္ဆေဈေးကွက်ကို တစ်စုံတစ်ယောက်၏ မိတ်ဆက်ပေးမှုဖြင့်သာ သိရှိခဲ့သည်။

"ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုယန်!"

စူးချန်ခုန်းက သူ့အား ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။ အသိမိတ်ဆွေများ ပိုမိုများပြားလာခြင်းကြောင့် ယန်စုန့်မှတဆင့် လမ်းကြောင်းများ ပိုမိုပွင့်ကာ တစ္ဆေဈေးကွက်၏တည်နေရာကို သိရှိခဲ့ရကြောင်း တကယ်ကို နားလည်သွားခဲ့သည်။

ထို့နောက် စူးချန်ခုန်းက နှုတ်ဆက် ထွက်ခွာပြီး ယန်စုန့်က သူ့ကိုလိုက်ပို့ဖို့ ထလာသည်။

"ယန်လန်... အဲဒါဘယ်သူလဲဟင်"

စူးချန်ခုန်းထွက်သွားပြီး သိပ်မကြာခင်မှာပဲ နူးညံ့သိမ်မွေ့တဲ့ အမူအယာရှိတဲ့ အမျိုးသမီးတစ်ယောက်က တံခါးဝမှာ ပေါ်လာပြီး သိချင်စိတ်နဲ့ မေးလိုက်သည်။

“မိတ်ဆွေတစ်ယောက်ပါ။” ယန်စုန့်က ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေသည်။ သူ့မျက်နှာထက်မှာ နူးညံ့တဲ့အမူအရာနဲ့ ဆို၏။ "ကျဲအာ လာလေ၊ ဝင်ထိုင်"

ထိုမိန်းမပျိုလေးက ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းညိတ်ပြပြီး စကားထပ်ပြောစရာမလိုဘဲ နားလည်သွားခဲ့သည်။

All Chapters