← Chapters

အခန်း ၄၃

Vol. 3 Ch. 43

အခန်း ၄၃

Vol. 3 Ch. 43

ဓားပြုတ်ကျပြီး ခေါင်းပြုတ်ကျခြင်း။ ဖျော့တော့သောမျက်နှာနှင့် အစိမ်းရောင်လူ

လူသုံးယောက်စလုံးသည် မကောင်းသော အကြံအစည်နှင့် လာကြတာဖြစ်သည်။ စူးချန်ခုန်းကို လုယက်ရန် ကြံစည်နေသည်မှာ သိသာပြီး သူ့ကို အချိန်အတော်ကြာ ပစ်မှတ်ထားနေခဲ့သည်။

"ပစ္စည်းတွေကို အလကားလိုချင်တယ်ပေါ့။ ငါ့ဘဝမှာ ရန်ပွဲတွေကို ဘယ်တော့မှ သဘောမကျခဲ့ဘူး။ ဒါကြောင့် မင်းတို့ကို အလကား လွှတ်ပေးလိုက်မယ်လေ... နောက်ဘဝကိုပေါ့"

စူးချန်ခုန်းက မျက်နှာသေနှင့် သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ပေါ်လာသည်။

"လှုပ်ရှားဖို့ စိတ်ကူးနေလား။ ငါက အတွင်းအား နယ်ပယ်ရဲ့ အမြင့်ပိုင်းကို ရောက်ဖို့ ခြေလှမ်း တစ်ဝက်လောက်ပဲလိုတယ်.."

မြင်းမျက်နှာဖုံးနှင့်လူသည် စူးချန်ခုန်းထံမှ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်နှင့် အေးစက်သော နှာမှုတ်သံကို ခံစားမိပြီး စူးချန်ခုန်း မထင်မှတ်ဘဲ တိုက်ခိုက်လာနိုင်ခြေအတွက် အဆင်သင့်ပြင်ထားသော်လည်း သူ့မျက်ဆန်များသည် ရုတ်တရက် ကျုံသွားသည်။

စူးချန်ခုန်း၏ လက်ဖဝါးသည် သူ့ဓားရိုးပေါ်တွင် တင်ထားပြီး သူ၏ အရောင်အဝါက ရုတ်ချည်း ပြောင်းလဲသွားသည်။ သူ့ရဲ့ဖြစ်တည်မှုကို ဖုံးကွယ်ထားပေမယ့် အခုတော့ ဓားအိမ်မပါတဲ့ ဓားတစ်စင်းလို ဖြစ်သွားလေပြီ။

“ရွှမ်း”

ဓားနှင့်ဓားအိမ်ကြား ပွတ်တိုက်မှုကြားတွင် သံဖြတ်ဓားသည် ငွေရောင်လခြမ်းသဏ္ဍာန်နှင့် တခဏချင်း ပျောက်ကွယ်သွားသည်။

"တားလိုက်"

မြင်းမျက်နှာဖုံးနှင့်လူသည် ထိတ်လန့်သွား၏။ စူးချန်ခုန်းရဲ့ ခုတ်ချက်အတွက် ပြင်ဆင်ထားသော်လည်း သူ့အာရုံကြောများနှင့် ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။ သူ၏ ကန့်သတ်ချက်များကို ကျော်လွန်ခဲ့သော ဤတိုက်ခိုက်မှုသည် သူ့ကို ခုခံရန် သို့မဟုတ် လက်တုံ့ပြန်ရန် အချိန်မရှိ။ ကွပ်မျက်ခြင်းကိုသာ စောင့်မျှော်နိုင်ခဲ့ရုံသာ။

"ဒုတ်"

ဦးခေါင်းသည် နောက်သို့ လှန်ကျကာ မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး လည်ပင်းမှ သွေးများက စမ်းချောင်းကဲ့သို့ အနီးနားရှိသစ်ပင်၏ အကိုင်းအခက်များပေါ်သို့ ပန်းထွက်ကာ မိုးနှင့် လေပြင်းများဖြင့် ဖြန်းပတ်လိုက်သည့်နှယ်။

"ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

မြင်းမျက်နှာဖုံးနှင့်လူ၏ ဦးခေါင်းမပါသော အလောင်းသည် မြေပြင်ပေါ်သို့ တအိအိ ပြိုကျသွားပြီး နွားမျက်နှာဖုံးစွပ်ထားသည့် ကျန်နှစ်ဦးမှာ အလောင်းကို အံသြစွာ စိုက်ကြည့်ကာ အသက်ရှုကြပ်လာကြသည်။

ခွန်အားသန့်စင်ခြင်းနယ်ပယ်မှာ နှစ်အတော်ကြာ ရှိနေခဲ့ပြီး ပြိုင်ဘက်အများအပြားကို တိုက်ခိုက်နိုင်စွမ်းရှိတဲ့ အတွင်းအားနယ်ပယ်ထဲကို လှမ်းဖို့ သိပ်မလိုတော့တဲ့ မြင်းမျက်နှာနဲ့လူဟာ ကြိုတင်ပြင်ဆင်ထားပေမဲ့ စူးချန်ခုန်းရဲ့ တိုက်ခိုက်မှုတစ်ခုတည်းကိုတောင် ရှောင်တိမ်းလို့မရနိုင်ခဲ့။

သူတို့နှစ်ဦး ထိတ်လန့်ကြောက်ရွံ့နေကြသော်လည်း စူးချန်ခုန်း ခေတ္တတောင် မရပ်တန့်ခဲ့။ သူ့အသွင်က ဖျတ်ကနဲနှင့် အနက်ရောင် မျက်နှာဖုံးနှင့်လူအနားသို့ ကပ်သွားသည်။ သူ၏ဓားသည် သူ့ခန္ဓာကိုယ်နှင့်အတူ ရွေ့လျားသွားပြီး ဖြောင့်စင်းသော အလျားလိုက်ခုတ်ချလိုက်သည်။ ၎င်းက အမြန်နှုန်းနှင့် နည်းပညာပေါင်းစပ်မှုတစ်ခုဖြစ်သည်။

"ရှောင်လိုက်!"

မျက်နှာဖုံးနှင့်လူသည် အထိတ်တလန့်နှင့် အလျင်စလို ရှောင်တိမ်းရန် ကြိုးစားသော်လည်း သူ၏ လှုပ်ရှားမှုများသည် နတ်ဘုရားခွန်အားနယ်ပယ်မှ စူးချန်ခုန်းနှင့် ယှဉ်လျှင် နှေးကွေးနေသည်။

"ဖူးးး!"

လျင်မြန်ပြတ်သားစွာနှင့် ကြက်သွန်နီကြီးကို လှီးဖြတ်လိုက်သကဲ့သို့ မျက်နှာဖုံးစွပ်နှင့်လူသည် သူ့အဖော်၏ ခြေရာအတိုင်း လိုက်ကာ သူ့ခေါင်းကို မြေပြင်နှင့် မထိမီပင် အော်တောင်မအော်နိုင်တော့ဘဲ သူ့ကိုယ်လုံးက လဲကျသွားရာ ရဲရဲနီသော သွေးများက မြေကြီးကို စွန်းထင်းစေလျက်။

ခါးခုတ်ချက်ဟန်ပန်၏ ပေါင်းစပ်မှုနှင့်အတူ သံဖြတ်ဓားနည်းပညာသည် စွမ်းအားအဆင့်သို့ တက်လှမ်းသွားခဲ့သည်။ ကိုယ်ခန္ဓာသန့်စင်ခြင်းနယ်ပယ်တွင်သာရှိသော ဤသိုင်းသမားများကို သတ်ဖြတ်ခြင်းသည် အသီးအရွက်များကို လှီးဖြတ်ခြင်းနှင့် မခြားပါ။

စူးချန်ခုန်းသည် နောက်ဆုံးအသက်ရှင်ကျန်နေသော နွားမျက်နှာဖုံးစွပ်နှင့်လူထံသို့ လှည့်သွားခဲ့သည်။ သူဘာမှပြန်မပြောသော်လည်း ထိုလူက တုန်တုန်ယင်ယင်ဖြစ်ကာ သွေးညှီနံ့က သူ့နှလုံးကို တဒိန်းဒိန်း ဖြစ်စေသည်။

ပြေးဖို့ဆိုလည်း… သေချာပေါက် သေမှာပင်။

“ဒုတ်”

နွားမျက်နှာဖုံးစွပ်နှင့်လူ၏ ခြေထောက်များကို လှုပ်ရှားလိုက်ရာ မြေကြီးပေါ်တွင် ဒူးထောက်လျက်သားဖြစ်နေပြီး သူက ငိုယိုကာ မျက်နှာထက်တွင် နှာရည်တွေ မျက်ရည်တွေ စီးကျလျက် တောင်းပန်လေ၏။ “မ….မသတ်ပါနဲ့… လောဘကြီးခဲ့မိလို့ စုံလုံးကန်းသွားတာပါ။ အသက်ကို ချမ်းသာပေးပါ…ခိုင်းတာ ဘာမဆို လုပ်ပါ့မယ်!”

စူးချန်ခုန်းအနည်းငယ် အံ့အားသင့်သွားသည်။ ဤနွားမျက်နှာဖုံးစွပ်ထားသော လူသည် ဒုက္ခနှင့်ရင်ဆိုင်ရချိန်၌ သူ၏ဂုဏ်သိက္ခာကို စွန့်လွှတ်ပြီး အသက်ချမ်းသာပေးဖို့ တောင်းဆိုသူများထဲတွင် သူမြင်ဖူးသည့် လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။

စူးချန်ခုန်းသည် ဒူးထောက်နေသော နွားမျက်နှာဖုံးစွပ်နှင့်လူကို စိတ်မ၀င်စားပေ။ သူက ခေါင်းကို အနည်းငယ် လှည့်ကာ “ခင်ဗျား မြင်ပြီလား။” ဟု ဂရုမစိုက်ဟန်ဖြင့် ဆိုလေ၏။

"အရမ်းကောင်းတဲ့ ဓါးနည်းပညာပဲ! အထင်ကြီးစရာပဲ!"

ထောက်ခံသော အသံတစ်သံ ထွက်ပေါ်လာပြီး သစ်ပင်ကြီးတစ်ပင်၏နောက်ကွယ်မှ အစိမ်းရောင်ဝတ်စုံနှင့်လူက ထွက်လာလေ၏။ သူက ပုံစံမရှိဘဲ ဖျော့တော့နေသော မျက်နှာဖုံးအောက်တွင် သူ၏မျက်နှာကို ဖုံးကွယ်ထားသည်။

"ဒီလူက…သာမန်မဟုတ်ဘူး။ ငါ သတ်ဖို့ လှုပ်ရှားလိုက်တဲ့အချိန်မှသာ သူ့တည်ရှိမှုရဲ့ လှုပ်ရှားမှု သေးသေးလေးကို ခံစားမိသွားတာ။"

စူးချန်ခုန်းစိတ်ထဲမှာ အံ့သြချီးမွမ်းနေသည်။ အစိမ်းရောင်၀တ်စုံနှင့် ဖြူဖျော့သော မျက်နှာဖုံး ၀တ်ထားသော ဤလူသည် သာမန် သိုင်းပညာရှင် မဟုတ်ပေ။ စူးချန်ခုန်း၏ စူးရှသော အာရုံများနှင့်ပင် သူ့ရောက်ရှိနေခြင်းကို အစပိုင်းတွင် မသိခဲ့ရ။

"ခင်ဗျားမှာ အကြံဉာဏ်ပေးစရာရှိလို့လား။"

စူးချန်ခုန်းသည် သူ့စိတ်ထဲတွင်သတိထား၍ သူ့အား မသိမသာ မေးမြန်းလိုက်သည်။

"မင်းရောင်းနေတဲ့ ဒူးလေးကို ငါအရမ်းစိတ်ဝင်စားတယ်။ သူ့အရည်အသွေးကိုတော့ သိပ် မသေချာဘူး။"

အစိမ်းရောင်ဝတ်ရုံနှင့် မျက်နှာဖုံးစွပ်ထားသော အမျိုးသားသည် စူးချန်ခုန်း၏ ဒူးလေးရောင်းချပေးဖို့ ရည်ရွယ်ချက်၍ အံ့အားသင့်စွာ ဆိုလေ၏။

တစ္ဆေဈေးထဲတွင် မျက်နှာဖုံးအဖြူဝတ်ထားသည့် ဤလူသည် စူးချန်ခုန်း၏ ဒူးလေးဈေးကို အစပိုင်းတွင် မမေးခဲ့ဘဲ စူးချန်ခုန်းမှ ထွက်သွားမှ သူ့နောက်သို့ တိတ်တဆိတ် လိုက်လာခဲ့တာဖြစ်သည်။ သူ၏ ရည်ရွယ်ချက်အမှန်ကို မသိရသေးပေ။ သို့သော် စူးချန်ခုန်းသည် သူက ခွန်အားသန့်စင်ခြင်းနယ်ပယ်မှ ပညာရှင်နှစ်ဦးကို ရှင်းရှင်းလင်းလင်း စေလွှတ်လိုက်သည်ကို မြင်လိုက်ပြီးနောက်တွင် သူ ပိုပြီးသတိရှိလာသည်။

"ဒူးလေးဝယ်ဖို့ စိတ်ဝင်စားလို့လား။ ရတာပေါ့ဗျာ။"

ထိုလူ၏ ရည်ရွယ်ချက်ကို ကြားသောအခါ စူးချန်ခုန်းသည် စိတ်ထဲတွင် လှုပ်ရှားသွားသည်။ သူတစ်ညလုံး အလုပ်များနေပြီး ထိုသိုင်းပညာရှင်သုံးဦး၏ ပစ်မှတ်ထားခံနေရခြင်းကြောင့် ဒူးလေးကို မရောင်းနိုင်ခဲ့ပေ။ အခု တစ်စုံတစ်ယောက်က လာမေးတော့ သူ သေချာပေါက် ဝမ်းသာသွားခဲ့သည်။

"အသက်ရှင်လျက် ထွက်ပြေးဖို့ မင်းမှာ အချိန် စက္ကန့်ပိုင်းရတယ်!"

စူးချန်ခုန်း၏အကြည့်သည် မလှုပ်မယှက်ဖြစ်နေပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော နွားမျက်နှာဖုံးစွပ်နှင့်လူကို လှည့်ကြည့်ကာ လေသံ အနည်းငယ်မျှ အတက်အကျမရှိဘဲ ပြောလိုက်သည်။

နွားမျက်နှာဖုံးစွပ်နှင့် လူသည် တုန်လှုပ်သွားပြီး ဘာဖြစ်လာမည်ကို သဘောပေါက်ကာ အံတင်းတင်းကြိတ်လိုက်သည်။ ဤသည်မှာ သူ လွတ်မြောက်ရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်ကို သူသိသည်။ သူသည် မြေပြင်မှ ကမန်းကတည်းထကာ ခြေထောက်များကို အားပြင်းပြင်းဖြင့် ဆယ်ပေနီးပါး အကွာမှ ဆန့်ကျင်ဘက်သို့ ပြေးသွားခဲ့သည်။

နွားမျက်နှာဖုံးစွပ်နှင့် အမျိုးသားသည် ခွန်အားသန့်စင်ခြင်းနယ်ပယ်တွင် နှစ်ပေါင်းများစွာ နေခဲ့သည့် သိုင်းပညာရှင်လည်းဖြစ်သည်။ သူ၏ အရှိန်သည် သာမန်လူတစ်ယောက် အောင်မြင်မှု၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ နှစ်ချက်သုံးချက်လောက် အသက်ရှူစာအတွင်း သူသည် ပေသုံးဆယ်ကျော်အဝေးထိ ပြေးခဲ့လေပြီ။

ဤအခိုက်အတန့်တွင် စူးချန်ခုန်းသည် ဒူးလေးကို ထုတ်ပြီး မြှားတစ်စင်းကို တေ့ကာ ထွက်ပြေးသွားသော မြင်းမျက်နှာဖုံးနှင့်လူထံ ချိန်ရွယ်လိုက်သည်။ သူက ခလုတ်ကိုဆွဲလိုက်ပြီး သူ့ရဲ့စူးရှတဲ့ အာရုံတွေနှင့် အရာအားလုံးက အနှေးပြကွက်ပြနေသည့်နှယ်။

“ဒုန်း”

ယန္တရား၏အသံကြားတွင် ဒူလေးကြိုးက နောက်ပြန်ဆုတ်သွားပြီး ပြင်းထန်သော အရွေ့စွမ်းအားဖြင့် ပစ်လွှတ်လိုက်သော မြှားသည် လေကိုခွင့်းကာ တစ်စက္ကန့်လျှင် မီတာတစ်ရာနီးပါးဖြင့် လွှင့်ထွက်သွားသည်။

"ဒုတ်"

ပေသုံးဆယ်ကျော်ထိ ပြေးနေသော နွားမျက်နှာဖုံးစွပ်နှင့်လူသည် လည်ပင်းနောက်ဘက်မှ ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မြှားကရောက်လာပြီး သူ့လည်ပင်းကို နောက်ကနေ တိုးဝင်ကာ လည်ချောင်းကို ဖောက်ထွက်သွားလေတော့သည်။

နွားမျက်နှာဖုံးစွပ်နှင့်လူ၏မျက်လုံးများသည် နာကျင်မှုနှင့် မလိုလားမှုများဖြင့် ပြည့်နေသည်။ *အီနားရှား၏ သဘောတရားကြောင့် မြေပြင်ပေါ်သို့ လဲကျမသွားမီ နောက်ထပ် ခြေလှမ်းအနည်းငယ်ကို ထပ်လှမ်းသွားခဲ့သည်။

(*အီနားရှား=အရာဝတ္တုတစ်ခု၏ ဆက်လက်တည်မြဲလိုသော သဘော။ ရွေ့နေသောအရာသည် ဆက်လက်ရွေ့လျားလိုပြီး ရပ်နေသောအရာသည် ဆက်လက်ရပ်နေလိုခြင်း)

"ကောင်းလိုက်တာ။ ဒီဒူးလေးရဲ့ အစွမ်းက တော်တော်ကြောက်ဖို့ကောင်းတာပဲ။ လေးရှည်လောက်တော့ အားမပြင်းပေမယ့် သုံးရတာလွယ်ကူပြီး ကိုင်တွယ်ရလွယ်ကူတဲ့ အားသာချက်ရှိတယ်။"

အစိမ်းရောင် ၀တ်စုံ၊ အဖြူရောင်မျက်နှာဖုံးနှင့်လူက ချီးမွမ်းစကားဆိုလေ၏။

မြားပစ်ခြင်းသည် အသုံးပြုသူ၏ အခြေခံကျွမ်းကျင်မှုပေါ်တွင် မူတည်သည်။ လူတစ်ယောက်တွင် အံ့အားသင့်ဖွယ် လက်ရုံးခွန်အားရှိပြီး လေးပစ်ခြင်းတွင် ကျွမ်းကျင်ပါက လေးနှင့်မြှားများ၏ သတ်ပစ်နိုင်စွမ်းသည် အလွန်ကြောက်စရာကောင်းသည်။ ၎င်းက အလွန်မြင့်မားသော ကန့်သတ်ချက်တစ်ခုပင်။ သို့သော် မလေ့ကျင့်ရသေးသော သာမန်လူတစ်ယောက်အတွက်တော့ လေးညှို့ကို အပြည့်အဝ မဆွဲနိုင်ပေ။

သို့သော် ကလေး သို့မဟုတ် ဆယ်ကျော်သက်များအတွက်ပင် ချိန်ညှိနည်းနှင့် ခလုတ်ဆွဲနည်းကို သိသရွေ့ ဒူးလေးတစ်ခုသည် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်သည်။

"ဘာပြောဦးမလဲ။ မင်းဝယ်ချင်လား။"

စူးချန်ခုန်းက အစိမ်းရောင်၀တ်စုံနှင့်လူကို ကြည့်ကာ မေးလိုက်သည်။

အကယ်၍ အစိမ်းရောင်နှင့်လူသည် ဒူးလေးဝယ်ရန် စိတ်မဝင်စားပါက သူ စူးချန်ခုန်း၏ နောက်ကို လိုက်လာခြင်းသည် မကောင်းသော ရည်ရွယ်ချက် သက်သက်ဖြစ်သည်ဟု ဆိုလိုခြင်းပင်။

"ဝယ်မယ်..အကုန်ယူမယ်!"

အစိမ်းရောင်နှင့်လူက မဆိုင်းမတွ ဆိုလေ၏။

"အကုန်လုံးဝယ်မှာလား"

ထိုစကားကို ကြားလိုက်ရတော့ စူးချန်ခုန်း၏ နှလုံးသားသည် ပျော်လွန်းလို့ ခုန်ပေါက်သွားသည်။ တစ်ခုလျှင် ရှစ်ဆယ်၊ သုံးခုဆိုလျှင် နှစ်ရာလေးဆယ်။

“ဒါပေမယ့် ငါ့မှာ အခြေအနေတစ်ခုရှိတယ်” အစိမ်းရောင်နှင့်လူက ကွဲပြားသောလေသံဖြင့် ပြောလိုက်သည်။

စူးချန်ခုန်းက အစိမ်းရောင်နှင့်လူ၏ စကားကို နားထောင်ရင်း တုံ့ပြန်ခြင်း မရှိပေ။

အစိမ်းရောင်နှင့်လူက “နောင်မှာ ရောင်းဖို့ ဒူးလေးတွေ များများရှိရင် ငါ့ဆီကို အားလုံးကို ပြန်ရောင်းလို့ရတယ်။ တစ်ခုကို ငွေတစ်ရာနဲ့ ဝယ်ဖို့ ဆန္ဒရှိတယ်။”

အစိမ်းရောင်နှင့်လူ၏ စကားကြောင့် စူးချန်ခုန်းအံ့အားသင့်သွားလေ၏။

ထိုလူသည် စျေးနှုန်းကို သိသိသာသာကြီး မြှင့်တင်ခဲ့ပြီး အပြန်အလှန်အားဖြင့် စူးချန်ခုန်းသည် သူ၏ ဒူးလေးအားလုံးကို သူ့အား သီးသန့်ရောင်းချရန်သာ လိုလေသည်။

All Chapters