အခန်း ၄၅
Vol. 3 Ch. 45
နတ်ဘုရားစွမ်းအား အထွတ်အထိပ်။ နောက်ဆုံးကန်ချက်
စူးချန်ခုန်းသည် ရွှေချည်ကွင်းသံချပ်ကာနှင့် ဒူးလေးကို ထုလုပ်နေစဉ်တွင် သူ့ကိုယ်ပိုင် ကျင့်ကြံမှုကို လျစ်လျူမရှုခဲ့ပေ။ ပြင်ပပံ့ပိုးမှုများသည် အပေါ်ယံ ထိုမျှသာ ဖြစ်ပြီး လူတစ်ယောက်၏ ခွန်အားကသာ အခြေခံအုတ်မြစ်ဖြစ်သည်။
ခြံဝင်းထဲတွင် မိုးလင်းလာသည်နှင့်အမျှ စူးချန်ခုန်းသည် သူ၏ ဝူချင်းရှီ ပုံမှန်လေ့ကျင့်မှု စတင်ခဲ့သည်။
"ဝှစ် ဝှစ် ဝှစ်”
ခြံဝင်းထဲတွင် စူးချန်ခုန်းသည် တစ်ခါတစ်ရံတွင် တောင်ပေါ်မှဆင်းလာသော ပြင်းထန်သော ကျားတစ်ကောင်လို၊ တစ်ခါတစ်ရံတွင် သစ်ပင်တက်နေသည့် ဝက်ဝံကြီးလို လှုပ်ရှားသွားတတ်သည်။ လိပ်အသက်ရှူနည်း၏ အသက်ရှုနည်းစနစ်များနှင့်အတူ သူ၏လက်ဝှေ့လေ့ကျင့်စဉ်တွင် ကြိုတင်ခန့်မှန်းနိုင်သော အချီအချများကို ဖြစ်ပေါ်စေကာ ချီစွမ်းအင်သည် ၎င်း၏ခန္ဓာကိုယ်အနှံ့ အဆက်မပြတ် ပျံ့နှံ့ပြီး အသက်တစ်ချက်ရှူတိုင်း ရှည်ရှည်လျားလျား ထိန်းထားနိုင်ခဲ့သည်။
ထိုသို့သော အလေ့အကျင့်သည် စူးချန်ခုန်း၏ခန္ဓာကိုယ်အပေါ် သေချာပေါက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော်လည်း ၎င်းသည် ကျင့်ကြံမှု၏စွမ်းဆောင်ရည်ကို များစွာတိုးတက်စေပါသည်။ ခန္ဓာကိုယ်က သတ်မှတ်ထားတဲ့ လှုပ်ရှားမှုကို ကျင့်သားရလာတဲ့အခါ လေ့ကျင့်မှုရဲ့ ထိရောက်မှုဟာ ကျဆင်းလာသည်။ မတူညီသောလှုပ်ရှားမှုများကို ပေါင်းစပ်ခြင်းဖြင့်သာလျှင် အကောင်းဆုံးရလဒ်များကို ရရှိနိုင်သည်။
စူးချန်ခုန်း၏ ဝူချင်းရှီကျင့်စဉ်သည် ထိရောက်မှုတိုးစေရန် လိပ်အသက်ရှူနည်း၏ အသက်ရှုခြင်းနှင့် ကျင့်ကြံခြင်း၏ ပေါင်းစပ်မှုတစ်ခုဖြစ်သည်။
နေ့အလင်းရောင် တောက်ပလာကာ နံနက်ခင်းအချိန်အခါ ရောက်လာသည်နှင့် စူးချန်ခုန်း၏ နဖူးပြင်တွင် ချွေးများဖြင့် ဖုံးလွှမ်းနေပြီး သူ အသက်ရှုရတာ အနည်းငယ် လေးနေသော်လည်း ချွေးထုတ်ခန်းမှ ထွက်လာသည့် အတိုင်းပင် လန်းဆန်းမှုကို ခံစားရသည်။ သူ့ခန္ဓာကိုယ်ရှိ ကြွက်သားတိုင်းသည် သက်တောင့်သက်သာဖြင့် ငြိမ့်နေပြီး သူ၏လက်ဝှေ့လေ့ကျင့်မှုအပြီးတွင် အလုပ်စလုပ်ရန် အလုပ်ရုံသို့သွားခဲ့သည်။
ညဘက်တွင် စူးချန်ခုန်းသည် ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်းဆေး တစ်ပန်းကန်သောက်ပြီး လိပ်အသက်ရှူနည်းကို စတင်လေ့ကျင့်သည်။
ပထမဦးစွာ စူးချန်ခုန်းသည် တရားထိုင်ရန် တင်ပျဉ်ခွေထိုင်လိုက်ပြီး အခြေအနေတစ်ခုကို ရောက်သောအခါ သူသည် လိပ်အိုကြီး ငိုက်မျဉ်းနေသကဲ့သို့ ကုတင်ပေါ်တွင် အိပ်နေလေသည်။ သူ့အသက်ရှူသံက ဖြေးဖြေးမှန်မှန်နှင့် ဖြူပြာဖျောဖျော့ ချီစွမ်းအင်က သူ၏ပါးစပ်နှင့် နှာခေါင်းတို့မှ နူးညံ့သိန်မွေ့ကာ သေးမျှင်သော စီးကြောင်းလေးနှယ် မနှေးမမြန်နှင့် အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နှင့် ဝင်ချေထွက်ချေ ပြုနေ၏။
သူ၏နေ့စဉ် ခက်ခဲကြမ်းတမ်းသော ကျင့်ကြံမှုဖြင့် သူ၏ စွမ်းရည်တန်ဖိုး နှစ်ဆယ်သည် လုံလောက်သော ကျင့်ကြံမှု အရင်းအမြစ်များနှင့်အတူ တည်ငြိမ်သော တိုးတက်မှုကို ဖြစ်ပေါ်စေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဝက်ကျော်ကုန်ဆုံးသွားခဲ့ပြီး နောက်ထပ် အေးချမ်းလှသော ဆောင်းရာသီသို့ ရောက်ရှိလာခဲ့သည်။ စူးချန်ခုန်းသည် ယခုဆိုလျှင် အသက်ဆယ့်ခုနစ်နှစ်ရှိပြီဖြစ်သည်။
“ရား!”
ကောင်းကင်မှ လွင့်မျောနေသော နှင်းပွင့်များနှင့် လေထုသည် ခါးသက်စွာ အေးစက်နေသဖြင့် သံနက်အိမ်တော် အပြင်ဘက် တောအုပ်ထဲတွင် စူးချန်ခုန်းသည် ပြင်းစွာ အော်ဟစ်နေသော ကျားတစ်ကောင်လို ဟိန်းဟောက်ရင်း အသက်ရှုသွင်းလိုက်သည်။ လက်သီးတစ်ချက် ထိုးလိုက်ရာ သူ၏လက်သီးသည် လေကိုခွင်းသည့် ပြင်းထန်သောအသံကို ဖန်တီးပေးပြီး သူ့လက်သီး၏အရှိန်အောက်တွင် ကျဆင်းနေသော နှင်းပွင့်များ ကွဲအက်သွားလေ၏။
"ငါဝူချင်းရှီက... တစ်ဆို့နေပြန်ပြီလား။ ငါမဖြတ်ကျော်နိုင်သေးဘူး"
စူးချန်ခုန်းသည် သူ၏ လက်သီးများကို လေ့ကျင့်မှု ရပ်တန့်လိုက်ပြီး သူ၏ မျက်ခုံးသည် နက်နဲစွာ တွန့်ချိုးသွားသည်။
အမည်- စူးချန်ခုန်း (အသက် ၁၇ နှစ်)
သက်တမ်း-၈၀ နှစ်
စွမ်းရည်တန်ဖိုး-၁၂ မှတ်
ကျွမ်းကျင်သော သိုင်းပညာ - ဝူချင်းရှီ (ဆဌမနယ်ပယ်၊ အထွတ်အထိပ်အဆင့် ၉၉%)၊
သံဖြတ်ဓားနည်းပညာ (ဆဌမနယ်ပယ်၊ အထွတ်အထိပ်အဆင့် ၃၁%) ၊
လိပ်အသက်ရှူနည်းပညာ (ပဉ္စမနယ်ပယ်၊ ထူးချွန်အဆင့် ၈၀%)
ကျွမ်းကျင်သော အတတ်ပညာ- ပန်းပဲပညာ (ဆဌမနယ်ပယ်၊ အထွတ်အထိပ်အဆင့် ၂၇%)
စူးချန်ခုန်းသည် သူ၏ အချက်အလက်များကို စစ်ဆေးရန် အရည်အချင်းပြဘောင်ကွက်ကို ဖွင့်လိုက်သည်။
လွန်ခဲ့သည့် ခြောက်လအတွင်း စူးချန်ခုန်းသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သံဖြတ်ဓားနည်းပညာတွင် ခါးခုတ်ချက်ဟန်ပန်ကို ထည့်သွင်းပြီးနောက် မြန်မြန်ဆန်ဆန် မြင့်တက်လာပြီး အဆင့် ၆ သို့ ဝင်ရောက်ကာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ပန်းပဲပညာ၌လည်း အလားတူ တိုးတက်မှုများ ကြုံတွေ့ခဲ့ရသည်။ ထိုအချိန်တုန်းက စူးချန်ခုန်းသည် ဓားများအပြင် အခြားကိရိယာများစွာကို ပြုလုပ်ခဲ့ရာ အကျိုးကျေးဇူးများစွာကို ရရှိခဲ့သည်။
ခက်ခဲပင်ပန်းသည့် လိပ်အသက်ရှူနည်းသည် စူးချန်ခုန်း၏ နေ့စဉ်လုံ့လဝီရိယလေ့ကျင့်မှုနှင့် ပဓာနချီစွမ်းအင်ပျံ့နှံ့ခြင်း၏ အကူအညီဖြင့် တိုးတက်ကောင်းမွန်လာသည်ကို တွေ့မြင်ရပြီး မှန်မှန်တိုးတက်လာကာ လအနည်းငယ်အတွင်း အဆင့်တက်နိုင်သည်ဟု ရည်မှန်းထားသည်။
အထူးသဖြင့် ဆဌမနယ်ပယ်၏ ၉၉% ကိုရောက်ရှိခဲ့ပြီး သူအကြာဆုံးလေ့ကျင့်ခဲ့သော ဝူချင်းရှီသည် လွန်ခဲ့သောလဝက်ကပင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တာဖြစ်သည်။
သို့သော် စူးချန်ခုန်း မျက်မှောင်ကြုတ်သွားရခြင်းမှာ ပြင်းထန်သော လေ့ကျင့်မှုကို လဝက်ခန့်ကြာအောင် လေ့ကျင့်ထားသော်လည်း ဝူချင်းရှီတွင် တိုးတက်မှုမရှိခြင်းပင်ဖြစ်သည်။ ၎င်းက တစ်ဆို့ကြန့်ကြာနေသည်မှာ သူ့အတွက် စိတ်ရှုပ်ထွေးစရာပင်။
"ငါ့ရဲ့ ဝူချင်းရှီ အဆင့်တက်သွားရင် နတ်ဘုရားခွန်အားနယ်ပယ်ရဲ့ အတားအဆီးကနေ လွတ်မြောက်ပြီး နတ်ဘုရားရဲစွမ်းသတ္တိအဆင့်သို့ တက်လှမ်းနိုင်ချေရှိတယ်... ပိတ်ဆို့ခြင်းနဲ့ ကြုံတွေ့ရတာက ပုံမှန်ပါပဲ။ ဖြေးဖြေးမှန်မှန် လေ့ကျင့်ပြီး နောက်ဆုံးမှာ အဆင့်တက်နိုင်ရမယ်။"
ထို့နောက် စူးချန်ခုန်းသည် နတ်ဘုရားခွန်အားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီဟု သိလိုက်သဖြင့် မျက်ခုံးကို ဖြေလျှော့လိုက်သည်။ နောက်တစ်ဆင့်တွင် သူသည် နတ်ဘုရားရဲစွမ်းသတ္တိနယ်ပယ်၏ ခန္ဓာကိုယ် သန့်စင်ခြင်းမဟာအောင်မြင်မှုသို့ ရောက်တော့မှာဖြစ်မည်။
စူးချန်ခုန်းသည် သူ့အရေပြားအောက်ရှိ ကြွက်သားတစ်သျှူးအသစ်များ ကြီးထွားလာတော့မည် ဖြစ်သကဲ့သို့ သူ့ခန္ဓာကိုယ်သည် ကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိသွားသည်ကို ခံစားမိသည်။
နတ်ဘုရားရဲစွမ်းသတ္တိအဆင့်မှာ ခန္ဓာကိုယ် သန့်စင်ခြင်း၏ နောက်ဆုံးအဆင့်။ ဤအဆင့်သို့ရောက်ရှိပါက ချင်းရွှေမြို့၏ သိုင်းလောကတွင် ရှားပါးသော ဆရာသခင်တစ်ဦး ဖြစ်လာလိမ့်မည်။
သံနက်အိမ်တော်ကဲ့သို့ သာမန်အိမ်ရာလေးတွင် မကြာမီ အဆင့်တက်တော့မည့် ခန္ဓာကိုယ် သန့်စင်ခြင်းမဟာအောင်မြင်မှု ကျွမ်းကျင်ပညာရှင်တစ်ဦး ပေါ်ထွက်လုနီးနေပြီဟု မည်သူမျှ ထင်မှာမဟုတ်ပေ။
“ဒေါင် ဒေါင် ဒေါင်”
မွန်းတည့်ချိန်နီးလာသည်နှင့်အမျှ သံနက်အိမ်တော်၏ ပန်းပဲဖိုသည် လည်ပတ်နေသေးသော်လည်း အိမ်အတွင်းမှ ခေါင်းလောင်းသံများဖြင့် ဆူညံနေပါသည်။
"ထပ်လာပြန်ပြီလား။"
ပန်းပဲဆရာများ အားလုံး အလုပ် ရပ်စဲကြပြီး သူတို့၏ မျက်လုံးများ မျက်လုံးများထဲတွင် ကူကယ်ရာမဲ့မှုများ ပေါ်လွင်နေလျက်။
“အနက်ရောင်မြင်းတပ်ဂိုဏ်း ရောက်လာပြီပဲ… မျက်စိတစ်မှိတ်အတွင်းမှာတင် သုံးနှစ်ရှိသွားပြီ” စူးချန်ခုန်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။ အချိန်ကိုရေတွက်ကြည့်ပါက အနက်ရောင်မြင်းတပ်ဂိုဏ်းမှ နှစ်စဉ် ကာကွယ်ရေး အခကြေးငွေ အဆမတန် ကောက်ခံခြင်းမှာ သုံးနှစ်မြောက် နှစ်ဖြစ်သည်။
သံနက်အိမ်တော်မှ လူများစုဝေးလိုက်ကြသည်။
အမှန်တော့ သံနက်အိမ်တော်အပြင်ဘက်တွင် အနက်ရောင်၀တ်စုံနှင့် မြင်းစီးသူရဲ ဒါဇင်ပေါင်းများစွာတို့က စုဝေးနေရာယူထားပြီး ဖြစ်သည်။ သူတို့ကို ဦးဆောင်သူမှာ ရင်းနှီးသော ပုဂ္ဂိုလ်၊ အနက်ရောင်မြင်းတပ်ဂိုဏ်း၏ တတိယခေါင်းဆောင် ချန်ကျွမ်းဖြစ်သည်။
ချန်ကျွမ်းသည် အမြဲလိုလိုပင် ထိုတူကြီးကို ကိုင်ဆောင်ကာ ခံ့ညားထည်ဝါသော အသွင်အပြင်ကို ဆောင်ထားသည်။
“ရောက်လာပြန်ပါပြီ… လူကောင်းတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြရတဲ့အချိန်မှာ လူဆိုးတွေကတော့ အနှစ်တစ်ထောင်ကြာအောင် ခံကြတယ်” ဟု လူအုပ်ကြီးက ကူကယ်ရာမဲ့ ရေရွတ်လိုက်ကြသည်။ အနက်ရောင်မြင်းတပ်ဂိုဏ်း သုတ်သင်ခံရဖို့ သူတို့ မျှော်လင့်ခဲ့ကြသော်လည်း ယခုတော့ အရူးတစ်ယောက်ရဲ့ အိပ်မက်တစ်ခုသာ ဖြစ်ပုံရသည်။ အနက်ရောင်မြင်းတပ်ဂိုဏ်းသည် ချင်းရွှေမြို့ ဧရိယာတွင် သုံးနှစ်ကြာ သောင်းကျန်းခဲ့သည်။
"လူအိုကြီးလျှိုရေ"
အိမ်တော်အရှင်မော့ထျဲသည် ကြီးကြပ်ရေးမှူးလျှိုကို တစ်ချက်ကြည့်လိုက်သည်။
ကြီးကြပ်ရေးမှူးလျှိုသည် နားလည်မှုဖြင့် ခေါင်းညိတ်ပြပြီး သံနက်အိမ်တော်မှ တစ်ယောက်တည်း ထွက်လာကာ ငွေစက္ကူငါးရာကို ချန်ကျွမ်းထံ သယ်ဆောင်လာခဲ့သည်။
ရွေးချယ်စရာမရှိသောကြောင့် အနက်ရောင်မြင်းတပ်ဂိုဏ်းကို ရင်ဆိုင်ရချိန်တွင် မော့ထျဲသည် ယခင်ကဲ့သို့ အကာအကွယ်ကြေးပေးသွင်းရမည်ဖြစ်သည်။
"ဒီနှစ်ရဲ့ နှစ်စဉ်ကြေးပါ။ ကျေးဇူးပြုပြီး ရေတွက်ကြည့်လိုက်ပါ။ တတိယအကြီးအကဲချန်၊" ကြီးကြပ်ရေးမှူးလျှိုက ချန်ကျွမ်းအား ငွေမှတ်စုကို တလေးတစားနှင့် ပေးအပ်လိုက်သည်။
ချန်ကျွမ်းသည် ၎င်းကိုယူ၍ သာမန်ကာလျှံကာ ရေတွက်ပြီးနောက် ကြီးကြပ်ရေးမှူးလျှိုကိုကြည့်ကာ "မလုံလောက်ပါဘူး" ဟု ပေါ့ပေါ့တန်တန် ဆိုလေ၏။
"မလုံလောက်ဘူးလား၊ အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ... ငွေငါးရာတိတိပါပဲ!" ကြီးကြပ်ရေးမှူးလျှို အံ့ဩသွားသည်။ ငွေစက္ကူကို အကြိမ်ပေါင်းများစွာ ရေတွက်ခဲ့သောကြောင့် မမှားနိုင်ပေ။
“ဒီနှစ်မှာ အခကြေးငွေက နှစ်ဆတိုးသွားပြီ။ သံနက်အိမ်တော်က အခု လူတစ်ယောက်ကို ငွေဆယ်တုံး ပေါင်းထည့်ပြီး စုစုပေါင်း ငွေတစ်ထောင်ထိ တိုးမယ်။”
ချန်ကျွမ်းက ကြီးကြပ်ရေးမှူးလျှိုကိုကြည့်ရင်း တဲ့တိုး ပြောလိုက်သည်။
"ဘာရယ်။ နှစ်ဆတိုးသွားပြီလား"
ဒါကိုကြားတော့ ကြီးကြပ်ရေးမှူးလျှိုနဲ့ သံနက်အိမ်တော်ကလူတွေအားလုံး အတိုင်းထက်အလွန် ထိတ်လန့်သွားကြသည်။
မနှစ်က ကြေးငါးရာသည် ယခုနှစ်တွင် သံနက်အိမ်တော်အတွက် ငွေတစ်ထောင်ထိ နှစ်ဆတိုးသွားလေပြီ။
မော့ထျဲပင်လျှင် မနေနိုင်ဘဲ ဝင်ပြောမိသည်။ “တတိယအကြီးအကဲ ချန်… ဒါက စည်းမျဉ်းနဲ့ နည်းနည်းတော့ ဆန့်ကျင်တယ် မဟုတ်လား။ မနှစ်ကမှ ငါးရာပဲရှိသေးတယ်” သာမာန်အားဖြင့် ငွေငါးရာတန်ကြေးကို တွန့်တို့စွာဖြင့် မော့ထျဲက သည်းခံနိုင်သေးသော်လည်း ယခုနှစ် ငွေတစ်ထောင်က သံနက်အိမ်တော်အတွက် အမြတ်အစွန်းနည်းပါးစေသည်၊။ မော့ထျဲသည် အိမ်တွင်းအဖွဲ့ဝင်များ၏ လုပ်ခနှင့် စားဝတ်နေရေးစရိတ်များကို ကာမိဖို့လည်း စဉ်းစားရသေးသည်။ ဒါဆို တစ်နှစ်လုပ်ခက ဘာမှမရတော့ဘူးလို့ ဆိုလိုတာလား။
အမိန့်ပေးနေတဲ့ အချိန်မှာ ချန်ကျွမ်းရဲ့ အမူအရာက တင်းမာနေလေ၏။ "မနှစ်က မနှစ်ကပဲ။ ဒီနှစ်က ဒီနှစ်ပဲ။ အခကြေးငွေကို နာခံမှုရှိရှိ ပေးလိုက်။ မဟုတ်ရင်တော့ အနက်ရောင် မြင်းတပ်ဂိုဏ်းနဲ့ စစ်ခင်းလိုက်တော့။ ကိုယ့်ဘာသာ ရွေး။"
ချန်ကျွမ်း၏ အသံက အင်မတန်ကျယ်လှပြီး လူသတ်ရန် ရည်ရွယ်ချက်ဖြင့် ပြည့်နှက်နေရာ နောက်ပြန်ဆုတ်သွားသော ကြီးကြပ်ရေးမှူးလျှိုကို အထိတ်တလန့်နှင့် မြေပြင်ပေါ်သို့ လဲကျသွားစေခဲ့သည်။ သူသည် ချန်ကျွမ်းလို ပြင်းထန်သော နတ်ဆိုးကို ခုခံရန် သတ္တိမရှိသော သာမန်လူတစ်ဦးမျှသာ။
အခြားသော အနက်ရောင်မြင်းတပ်ဂိုဏ်း မြင်းစီးသူရဲများသည်လည်း ခါးတွင်လက်နက်များကိုင်ဆောင်ထားပြီး မော့ထျဲနှင့် နံရံမြင့်ကြီးမှ အခြားသူများကို အေးစက်သောအကြည့်များကို စိုက်ကြည့်နေကြသည်။ အကယ်၍ ခုခံမှုတစ်စုံတစ်ရာပြသခဲ့ပါက သူတို့သည် သံနက်အိမ်တော်ကို ကျူးကျော်ဝင်ရောက်ကာ သွေးချောင်းစီးစေမှာပင်။
"အနက်ရောင်မြင်းတပ်ဂိုဏ်းနဲ့ ကျောက်စိမ်းဖြူဂိုဏ်းတို့ရဲ့ စစ်ပွဲကြောင့်လား "
စူးချန်ခုန်း မှန်းဆလိုက်သည်။
ယခင်က ကျောက်စိမ်းဖြူဂိုဏ်းနှင့် အနက်ရောင်မြင်းတပ်ဂိုဏ်းတို့အကြား သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။ အနက်ရောင်မြင်းတပ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ငယ်လေး ရှစ်ဟန်ရှန်သည် သံနက်အိမ်တော်မှ လူတစ်ဒါဇင်ကျော်ကို မှားယွင်းသတ်ပစ်ခဲ့သည်။ သူ၏ ဒေါသတကြီး လူသတ်လိုစိတ်ကို မထိန်းနိုင်ဘဲ စူးချန်ခုန်းသည် သူ့ကိုယ်သူ ကျောက်စိမ်းဖြူဂိုဏ်း၏ တပည့်အဖြစ် ဟန်ဆောင်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ရှစ်ဟန်ရှန်ကိုပင် ပွဲချင်းပြီး သတ်ဖြတ်ခဲ့သည်။
ယင်းက အနက်ရောင်မြင်းတပ်ဂိုဏ်းကို သေချာပေါက် ဒေါသဖြစ်စေခဲ့ပြီး ကျောက်စိမ်းဖြူဂိုဏ်းနှင့် ခါးသီးပြီး မညှာမတာ ပဋိပက္ခများကို အင်အားအပြည့်ဖြင့် ဆင်နွှဲစေခဲ့သည်။ နှစ်ဝက်ကျော်ကြာအောင် နှစ်ဖက်တပ်များ တိုက်ပွဲများ အများအပြား ဖြစ်ပွားခဲ့ရာ နှစ်ဖက်ကျဆုံးမှုများနှင့် ပြင်းထန်စွာ ဆုံးရှုံးမှုများ ရှိခဲ့သည်။
စစ်ပွဲဆင်နွှဲခြင်းသည် ငွေကုန်ကြေးကျများသည်။ အနက်ရောင်မြင်းတပ်ဂိုဏ်းသည် ရန်သူများကို သတ္တိရှိရှိ တိုက်ခိုက် သတ်ပစ်ရန် မျှော်လင့်ထားသည့် ၎င်း၏အဖွဲ့ဝင်များကို လုံလုံလောက်လောက် ဆုချရန်နှင့် ပြုစုပျိုးထောင်ရန် လိုအပ်လေသည်။ နောက်ဆုံးတွင် သိုးမွေးသည် သိုးမှရတာ ဖြစ်သောကြောင့် အနက်ရောင်မြင်းတပ်ဂိုဏ်းသည် ၎င်းတို့၏ နှစ်စဉ်ကြေးကို ယခုနှစ်တွင် နှစ်ဆကောက်ခံရန် ဆုံးဖြတ်ခဲ့လေတော့သည်။