← Chapters

အခန်း (၁၄၀)

Vol. 10 Ch. 140

အခန်း (၁၄၀)

Vol. 10 Ch. 140

သူတို့အဖွဲ့က မြို့နတ်ဘုရားကျောင်းဆောင်အနားသို့ ရောက်လာကြသည့်အချိန်တွင် လမ်းမပေါ်တွင် တွေ့နေရသော လူအများစုက ကျောင်းဆောင်ထဲတွင် အမွှေးတိုင်ကပ်လှူရန် ရောက်လာကြသော ယုံကြည်ကိုးကွယ်သူများဖြစ်ကြောင်း တွေ့လိုက်ရသည်။

လမ်းဘေးနှစ်ဖက်တွင်လည်း ဈေးဆိုင်များစွာ ရှိနေကြပြီး စားစရာနှင့် ကလေးအရုပ်များကဲ့သို့ ကုန်ပစ္စည်းမျိုးစုံကို ရောင်းချကြသည်။ ချန်းပင်အန်းက လီပေါင်ဖျင်နှင့် လီဟွိုင်တို့အတွက် တုတ်ထိုးသကြားလုံးတစ်ခုဆီ ဝယ်ပေးလိုက်သည်။ ကလေးနှစ်ယောက်ကတော့ တုတ်ထိုးသကြားလုံး၏ အရွယ်အစားကို နှိုင်းယှဉ်ပြီး ပြိုင်နေကြ၏။

လီဟွိုင်က ကလေးနှစ်ယောက်တည်းတွင် ပို၍ ကံကောင်း၏။ သူ၏တုတ်တံတွင် အသီး(၆)လုံး ရှိနေသည့်အတွက် လီပေါင်ဖျင်ကို လေးကြိမ်တိတိ အနိုင်ရခဲ့သည်။ လီပေါင်ဖျင်ကို အနိုင်ရသွားပြီးနောက် လီဟွိုင်က ချန်းပင်အန်းနှင့် လင်းရှို့ယီတို့ကို လှည့်ပတ်ပြေးနေပြီး တုတ်ထိုးသကြားလုံးကိုတော့ ခေါင်းပေါ်တွင် မြောက်ထားခဲ့သည်။

ထိုအချိန်တွင် လီပေါင်ဖျင်ကတော့ သူမ၏ တုတ်ထိုးသကြားလုံးကို တိတ်တဆိတ် စားနေပြီး ခိုးကြောင်ခိုးဝှက်အမူအရာနှင့် ခြေထောက်တစ်ဖက်ကို ရှေ့သို့ ထုတ်လိုက်သည်။

လီဟွိုင်က သတိမထားမိဘဲ သူမ၏ခြေထောက်ကို ခလုတ်တိုက်ပြီး မြေပေါ်သို့ လဲကျသွားခဲ့၏။ သူ့လက်ထဲမှ တုတ်ထိုးသကြားလုံးကလည်း လွင့်သွားပြီး အဝေးကို လိမ့်သွားခဲ့သည်။ စာအုပ်သေတ္တာငယ်လေး၏ ကျေးဇူးကြောင့် သူ၏နောက်ကျော ဘက်ကတော့ လုံခြုံနေခဲ့သည်။ ထို့ကြောင့် လီဟွိုင်က ပြုတ်ကျသွားခဲ့ခြင်း မရှိသော်လည်း မျက်ရည်စများနှင့် မြေကြီးပေါ်တွင် ထိုင်နေခဲ့၏။

လီပေါင်ဖျင်ကတော့ အပြစ်မလုပ်ထားသည့်အလား မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် ကြည့်နေခဲ့သည်။ ချန်းပင်အန်းက သူမ၏လုပ်ရပ်ကို စဉ်းစားကြည့်နေပြီး သူမကို ခေါင်းခေါက်လိုက်သည်။ ထို့နောက် လီဟွိုင်ကို ထူပေးလိုက်ပြီး နောက်ထပ် တုတ်ထိုးသကြားလုံးတစ်ခု ဝယ်ပေးလိုက်၏။

လီဟွိုင်၏ မျက်ရည်များက ချက်ချင်းပျောက်ကွယ်သွားခဲ့ပြီး သူက သန့်ရှင်းသော တုတ်ထိုးသကြားလုံးကိုယူ၍ မြေပေါ်တွင် ပြုတ်ကျနေသော တုတ်ထိုးသကြားလုံးကိုလည်း ပြန်ကောက်လိုက်သည်။ သူက ထိုအရာများကို လက်တစ်ဖက်ဆီတွင် ကိုင်ထားခဲ့၏။

ထို့နောက် သူက ဝမ်းသာနေသော အမူအရာနှင့် သူ၏ တုတ်ထိုးသကြားလုံးများကို လီပေါင်ဖျင်မြင်အောင် အဝေးမှနေ၍ ဝှေ့ယမ်းပြနေခဲ့သည်။ သူက လီပေါင်ဖျင်၏အနားကိုတော့ မသွားခဲ့ပေ။

လီပေါင်ဖျင်က မျက်ခုံးပင့်၍ ပြောလိုက်၏။

“တော်တော်လေးကို ကလေးဆန်တာပဲ…”

အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းနေသည်မှာတော့ လီပေါင်ဖျင်က လီဟွိုင်ကို မည်သည့်အရာများ လုပ်စေကာမူ သူက သူမအပေါ် လုံးဝ အငြိုးအတေး မရှိခြင်း ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သူမကို ဒေါသထွက်ခြင်းမျိုးပင် လုံးဝမရှိခဲ့ချေ။ အများဆုံး ဝမ်းနည်းပြီး စိတ်ပျက်လက်ပျက် ခံစားခဲ့ရခြင်းသာ ဖြစ်သည်။

ထိုအရာက ချန်းပင်အန်းနှင့် လင်းရှို့ယီတို့ လုံးဝနားမလည်နိုင်သော အရာတစ်ခုဖြစ်နေသည်။ တစ်ချို့အရာများက ရိုးရှင်းစွာ စဉ်းစား၍ရကြောင်း လင်းရှို့ယီက ရှင်းပြခဲ့သည်။ လီဟွိုင်က လီပေါင်ဖျင်၏လက်ထဲတွင် ထိုကဲ့သို့ တိတ်တဆိတ် ခံစားရရန် ကံကြမ္မာရှိနေသည်ဟု ပြောခဲ့၏။

ချွေးချန်းကတော့ သူတို့အဖွဲ့နှင့် အနည်းငယ် လူချင်းခွဲလာပြီးနောက် ကုန်ပစ္စည်းများ ရောင်းချနေသော ဆိုင်တစ်ဆိုင်၏ရှေ့တွင် ရပ်လိုက်သည်။ ယုလုက သူ့ကို လှည်းရပ်ပြီး စောင့်နေသော်လည်း ချွေးချန်းက ယုလုကို ချန်းပင်အန်းတို့နောက် ဆက်လိုက်ရန် လက်ဝှေ့ယမ်းပြလိုက်သည်။

ထိုအချိန်တွင် သူကတော့ ရောင်းချနေသောပစ္စည်းများကို စတင်စစ်ဆေးကြည့်နေခဲ့၏။ အဆုံးတွင်တော့ သူ့ကို စိတ်ဝင်စားအောင် လုပ်နိုင်သော အရာမရှိသည့်အတွက် ထွက်သွားရန် ပြင်ဆင်လိုက်သည်။ ထိုအခြေအနေအတောအတွင်း သူက စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

ဆိုင်ရှင်က အလွန်ပျင်းရိပုံရသော လူငယ်တစ်ယောက် ဖြစ်သည်။ ကျောင်းဆောင်သို့ သွားသောလမ်းတွင် သူ့ဆိုင်ကို ဝယ်သူများဖြတ်သွားသည့်အချိန်တိုင်း သူကတော့ ဈေးနှုန်းမေးမြန်းမှုကိုပင် ဒေါသတကြီး လျစ်လျူရှုထားခဲ့၏။ သူ့အတွက်တော့ ထိုအလုပ်က တန်ဖိုးမရှိသလိုဖြစ်နေသည်။

သူ့မျက်လုံးထဲတွင် ချွေးချန်း၏ အပြုအမူနှင့် ပုံစံကြောင့် သူက မြို့ထဲတွင် ချမ်းသာကြွယ်ဝသော ကလန်တစ်ခုမှ ရောက်လာသည်ဟု ပြောပြနေခဲ့သည်။ ချွေးချန်းက သူ၏ကုန်ပစ္စည်းများကို စိတ်မဝင်စားတော့ကြောင်း မြင်လိုက်ရသည့်အခါ သူ၏မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

သူက ထိုင်ခုံမှ အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး ထိုကုန်ပစ္စည်းများက သူ့မိသားစုထဲတွင် မျိုးရိုးစဉ်ဆက် ဆင်းသက်လာသော ပစ္စည်းများ ဖြစ်ကြောင်း အနည်းဆုံး နှစ်ပေါင်း(၂၀၀) (၃၀၀)ခန့် သက်တမ်းရှိကြောင်း ပြောခဲ့သည်။ သူက ထိုအရာများကို ယခုရောင်းချနေသည်မှာ သူ့မိသားစုက ပြဿနာတစ်ခုကို ကြုံတွေ့နေရသည့်အတွက် ငွေကြေးအမြန် လိုအပ်နေခြင်းကြောင့်ဟု ပြောခဲ့သည်။ မဟုတ်လျှင် ထိုကဲ့သို့ ရတနာများကို ရောင်းချခြင်းထက် သေသွားခြင်းကသာ ပိုကောင်းပါလိမ့်မည်။

သူက အလွန်အကျွံ အရက်သောက်ခြင်းနှင့် ကာမဂုဏ် အလွန်လိုက်စားသည့် အတွက်ကြောင့် သူ့ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်က ပျက်စီးနေခဲ့သည်။ သူက ချွေးချန်းကို မည်မျှပင် အမွှန်းတင်၍ ကြော်ငြာနေစေကာမူ ချွေးချန်းကတော့ တိတ်ဆိတ်နေခဲ့သည်။ ထို့ကြောင့် လူငယ်လေးက စိတ်ပျက်သွားသောအမူအရာနှင့် သူ၏ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်သည်။

မြို့ထဲတွင် အထက်တန်းလွှာ သခင်လေးတိုင်းက သူ့ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နင်းချေဖျက်ဆီးနိုင်ကြသည်။ ထို့ကြောင့် ချွေးချန်းက သူ၏ပစ္စည်းများကို ဝယ်ယူရန် အတင်းအကျပ် တွန်းအားပေးရဲခြင်း မရှိချေ။

ထိုကလန်များကို အင်မော်တယ်များက နှစ်စဉ်နှစ်တိုင်း လာရောက်လည်ပတ်ကြသည်ဟု ပြောကြ၏။ ထိုကဲ့သို့ လာရောက် လည်ပတ်ကြသည့်အချိန်တွင် အင်မော်တယ်များကို ခမ်းခမ်းနားနားကြိုဆိုကြပြီး ထိုအရာက ပွဲတော်များ ကျင်းပသည်ထက်ပင် ပို၍စည်ကားနေတတ်သည်။

ရံဖန်ရံခါ မီးရှူးမီးပန်းများ ဖောက်သည့်အသံကလည်း ကောင်းကင်ကြီးကိုပင် တုန်လှုပ်သွားစေနိုင်၏။ သူတို့ဆီကို အင်မော်တယ်များ လာရောက် လည်ပတ်နေသည်ဟု ထိုကလန်များက တစ်မြို့လုံးကို ပြောပြချင်ခဲ့သည်။

“ငါက ဒီစားပွဲပေါ်မှာရှိတဲ့ ပစ္စည်းတွေအားလုံးအတွက် ငွေစ(၁၀)စ ပေးမယ်။ အဲဒါဆိုရင် လုံလောက်ပြီလား…”

ချွေးချန်းက ရုတ်တရက် မေးလိုက်သည်။

လူငယ်က ခေါင်းခါပြီး မျက်နှာပျက်ပျက်နှင့် ပြန်ဖြေလိုက်၏။

“သခင်လေးရဲ့ကမ်းလှမ်းမှုကို လက်မခံနိုင်တာ ခွင့်လွှတ်ပေးပါ။ ကျွန်တော် ရောင်းနေတဲ့ ပစ္စည်းတွေအားလုံးက ကျွန်တော့မိသားစုထဲမှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ရတနာတွေပါပဲ။ ကျွန်တော်တို့ရဲ့ဘိုးဘေး တစ်ယောက်က နောက်ပိုင်းရှုတိုင်းပြည်ရဲ့ မင်္ဂလာနန်းတော်ထဲမှာ တော်ဝင် နန်းဆရာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်၊ အဲဒါကြောင့် ဒီပစ္စည်းတွေထဲက တစ်ခုကို ငွေစ (၇၀) (၈၀)လောက်တောင်းဆိုမယ်ဆိုရင်တောင် အရမ်းမများဘူး…”

လူငယ်လေး၏မျက်နှာက နီရဲနေခဲ့ပြီး လက်မဝက်ခန့် ရှိနေသော ရောင်စုံဖန်ရုပ်တုတစ်ခုကို ကောက်ယူလိုက်သည်။ ထိုဖန်ရုပ်တုက အရောင်မှိန်နေသည့်အတွက် တန်ဖိုးရှိသော ရတနာတစ်ခုကဲ့သို့ မထင်ရပေ။

ဆိုင်ရှင်ငယ်လေးက ရှေ့ကို အနည်းငယ်ကုန်းလိုက်၏။ သူက ထိုဖန်ရုပ်တုကို ချွေးချန်း၏လက်ထဲသို့ ထည့်ပေးပြီးနောက် ပြောလိုက်သည်။

“ဒါကိုသေချာကြည့်လိုက်ပါ သခင်လေး.။ တကယ်လို့ သခင်လေးသာ မျက်လုံးကောင်းမယ်ဆိုရင် သူ့၏မျက်ခုံးနဲ့ အင်္ကျီပေါ်မှာရှိတဲ့အရာတွေကို တွေ့မှာပါ။ ဒီပစ္စည်းက တော်တော်လေးကို အသေးစိတ်ကျတယ်။ တကယ်လို့ ဒီပစ္စည်းက အရည်အသွေးမကောင်းဘူးဆိုရင်တောင် ရှားပါးတဲ့ဖန်ရုပ်ထုတစ်ခုပဲ။ ဒါကို ငွေစ(၃)စ (၄)စလောက် တောင်းဆိုမယ်ဆိုရင်တောင် မများလောက်ဘူး။ ဒါကြောင့် ဒီမှာရှိတဲ့ တခြားရတနာတွေအားလုံးကို ပေါင်းလိုက်မယ်ဆိုရင် ငွေစ(၁၀)စက အရမ်းနည်းလွန်းတယ်။ ကျေးဇူးပြုပြီး ဈေးနှုန်းကို တိုးပေးလို့ရမလား သခင်လေး..”

ချွေးချန်းက ယာယီမှင်တက်သွားခဲ့ပြီးနောက် ကမ်းလှမ်းလိုက်သည်။

“ဒါဆိုရင် ငွေစ(၁၁)စရော…”

လူငယ်လေးက စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့၏။ သူက ချွေးချန်းကို မှင်တက်စွာ စိုက်ကြည့်နေပြီးနောက် သက်ပြင်းချပြီး ပြောလိုက်သည်။

“ကျေးဇူးပြုပြီး..ကျွန်တော့်ကို ဒီလိုမျိုးကစားမနေပါနဲ့ သခင်လေး…”

ချွေးချန်းက အားရပါးရ ရယ်ပြီးနောက် မေးလိုက်သည်။

“မင်းက တရားဝင်ငွေကြေးကို သိလား…”

ထိုစကားကိုကြားသည့်အခါ လူငယ်လေးက အနည်းငယ်လှုပ်ရှားသွားခဲ့၏။ ထို့နောက် ခေါင်းညိတ်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“မှတ်မိပါတယ်။ ကျွန်တော်တို့ကလန်က ကျွန်တော့်အဖေရဲ့ မျိုးဆက်အတွင်း တော်တော်လေးကို အဆင်ပြေခဲ့တယ်။ မြို့နတ်ဘုရားကျောင်းဆောင်ရဲ့အနား လမ်းမပေါ်မှာလည်း ဆိုင်တွေ အများကြီး ပိုင်ဆိုင်ခဲ့ဖူးတယ်…”

ချွေးချန်းက ငွေတုံးတစ်တုံးထုတ်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။

“ဒီမှာ တာ့လီအင်ပါယာရဲ့ တရားဝင်ငွေကြေးငွေစ(၂၀)။ ဒါကို မင်းတို့ ခုံရုံးဝါတိုင်းပြည်မှာ အဆင့်နိမ့်တဲ့ ငွေကြေးတွေအဖြစ် ပြောင်းလိုက်မယ်ဆိုရင် အနည်းဆုံး ငွေစ(၂၅)စလောက် ရနိုင်တယ်။ ဒါဆိုရင် ဒီအမှိုက်စားပွဲအတွက် လုံလောက်ပြီလား…”

လူငယ်လေးက ထိုပစ္စည်းများအားလုံးကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ သူက ထိုအရာများ အားလုံးကို ငွေစ(၂၀)နှင့် ရောင်းချရန် စဉ်းစားထားသည့်အတွက် ထိုကမ်းလှမ်းမှုကို ချက်ချင်း လက်ခံလိုက်သည်။ သူက ငွေတုံးကို ယူလိုက်ပြီး လက်သည်းနှင့် ခြစ်ကြည့်လိုက်၏။ ခဏကြာ စစ်ဆေးလိုက်ပြီးနောက် ထိုအရာက အလွန်ထူးခြားသော အရည်အသွေးရှိနေသည့် ငွေတုံးတစ်တုံးဖြစ်ကြောင်း သေချာသွားခဲ့သည်။

ချွေးချန်းက စိတ်ပြောင်းသွားမှာစိုးသည့်အတွက် သူက ငွေတုံးကို သိမ်းလိုက်ပြီးနောက် စားပွဲပေါ်တွင် တင်ထားသော ပစ္စည်းများကို အထုပ်တစ်ခုထဲသို့ ထည့်လိုက်သည်။ ထိုပစ္စည်းများအားလုံးကို စုစည်းလိုက်ပြီးနောက် သူက စားပွဲခင်းကို စည်းလိုက်သည်။

လူငယ်လေးက ထိုအထုပ်ကို ချွေးချန်းဆီသို့ ဝမ်းသာအားရ ပေးလိုက်၏။

“ဒါတွေအားလုံး သခင်လေး ပိုင်သွားပါပြီ သခင်လေး…”

ချွေးချန်းက ထိုအထုပ်ကိုယူပြီး ပြောလိုက်သည်။

“မင်းက ငါ့ကို မကောင်းတဲ့ပစ္စည်းတွေရောင်းမယ်ဆိုရင်တော့ ငါက မင်းနောက်ကိုလိုက်ပြီး မင်းကို ဒီပစ္စည်းတွေတစ်ခုမကျန် စားခိုင်းမယ်..”

လူငယ်လေးက အပြုံးနှင့် အာမခံလိုက်၏။

“ကျွန်တော်က ရိုးသားဖြောင့်မတ်တယ်ဆိုပြီး နာမည်ကြီးပါတယ်။ ကျွန်တော် ဘယ်သူ့ကိုမှ မလိမ်ဖူးဘူး။ ဒါကြောင့် စိတ်အေးအေးထားပါ သခင်လေး…. ဒါက သခင်လေးအတွက်လည်း အရမ်းကောင်းတဲ့ အပေးအယူတစ်ခုဖြစ်မှာပါ…”

ချွေးချန်းက ပစ္စည်းထုပ်ကို လက်တစ်ဖက်နှင့်သယ်ပြီး ချန်းပင်အန်းတို့နောက်ကို အမီလိုက်လာခဲ့သည်။ သူက မြင်းလှည်း၏အနားကို ကပ်လာသည့်အချိန်တွင် ရှဲ့ရှဲ့ကို ပေးလိုက်၏။

ထို့နောက် ချန်းပင်အန်း၏ အနားကို ရောက်လာပြီး မြို့နတ်ဘုရားကျောင်းဆောင်၏အမိုးကို လက်ညှိုးထိုးပြလိုက်သည်။

“ဒါက ခုံရုံးဝါတိုင်းပြည်ထဲမှာ အကြီးဆုံးမြို့နတ်ဘုရားစံအိမ်ပဲ။ ပြီးတော့ နောက်ပိုင်းရှုတိုင်းပြည်ရဲ့ နောက်ဆုံးနှစ်တွေ အတောအတွင်း ဒီကျောင်းဆောင်က ပြည်နယ်တွေ အများကြီးရဲ့ မြို့နတ်ဘုရားတွေကို အုပ်ချုပ်ရတဲ့ တာဝန်ရှိခဲ့တယ်လို့ ကြားတယ်။ ဒါကြောင့် အမိုးပေါ်မှာရှိတဲ့ အစိမ်းရောင် ဖန်အုတ်ကြွပ်တွေက တော်တော်လေးကို အရည်အသွေးမြင့်တယ်…”

“သူတို့က သာမန် မြို့နတ်ဘုရားကျောင်းဆောင်တစ်ခုရဲ့အမိုးပေါ်မှာ ဒီလောက်တန်ဖိုးရှိတဲ့ အမိုးပြားတွေကို မိုးထားခဲ့တယ်။ ဒါက ဒီကျောင်းဆောင်ရဲ့ မူလနယ်မြေမဟုတ်ဘူး။ ဟုန်ကလန်က ဒီတိုင်းပြည်ကို သိမ်းပိုက်ပြီး တိုင်းပြည်အသစ်တစ်ခု တည်ထောင်ပြီးမှပဲ ဒီနေရာကို ရွှေ့လာခဲ့တာ…”

“ဒီမြို့နတ်ဘုရားကျောင်းဆောင်ရဲ့မူလနေရာကတော့ အနားမှာ ရေတွင်းကြီးတစ်ခု ရှိနေတဲ့ နေရာကောင်းတစ်ခုပဲ။ အဲဒီရေတွင်းကြီးကို ဝိညာဉ်စမ်းချောင်းလို့ ခေါ်တယ်။ အဲဒီအချိန်ကတည်းကစပြီး အဲဒီအရာကို ခုံရုံးဝါတိုင်းပြည်မှာရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်းက တည်းခိုဆောင်အဖြစ် ပြောင်းလဲခဲ့တယ်။ တည်းခိုဆောင်က ကျင့်ကြံသူတွေ၊ နန်းတွင်းအရာရှိတွေနဲ့ ချမ်းသာကြွယ်ဝတဲ့သူတွေကို အထူးဧည့်ခံပြီး ဝိညာဉ်စမ်းချောင်းဆီကနေ ထွက်လာတဲ့ စွမ်းအားတွေကလည်း ကျင့်ကြံဖို့အတွက် အရမ်းအကျိုးသက်ရောက်မှုရှိတယ်။ အဲဒါက သာမန်လူသားကမ္ဘာကြီးထဲမှာ အရမ်းကိုရှားပါးပြီး ထူးခြားတဲ့ နေရာတစ်ခုပဲ…”

“အဲဒီမှာနေဖို့ ဈေးကြီးလား…”

ချန်းပင်အန်းက မေးလိုက်သည်။

ချွေးချန်းက ခဏကြာစဉ်းစားပြီး ထိုမေးခွန်းကို ပြောလိုက်၏။

“မင်းတို့ရဲ့မျက်လုံးထဲမှာတော့ အဲဒါက တော်တော်လေးကို ဈေးကြီးနိုင်တယ်…”

ချန်းပင်အန်းက မြို့နတ်ဘုရားကျောင်းဆောင်၏ အမိုးပေါ်တွင် ရှိနေသော အလှဆင်မှော်သားရဲများ ကြည့်နေသည့် လင်းရှို့ယီကိုကြည့်ပြီး တိတ်တဆိတ် မေးလိုက်သည်။

“အဲဒါက ဘယ်လောက်ဈေးကြီးတာလဲ…”

ချွေးချန်းက အပြုံးနှင့် ပြန်ဖြေလိုက်၏။

“လူတစ်ယောက် တစ်ညတည်းခိုရင် အနည်းဆုံးငွေစ(၁၀၀)လောက် ပေးရနိုင်တယ်။ တကယ်လို့ မင်းတို့က ရေတွင်းနဲ့ အနီးဆုံးအခန်းမှာ တည်းချင်တယ်ဆိုရင်တော့ တန်ဖိုးက နှစ်ဆဖြစ်သွားလိမ့်မယ်…”

တာ့လီအင်ပါယာ၏ တော်ဝင်နန်းဆရာဖြစ်သော ချွေးချန်းက တိုင်းပြည်သတင်းကွန်ရက် တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားသည်။ သူ အလေးထားရသည့်အရာက တာ့လီအင်ပါယာနှင့် ပတ်ပတ်လည် တိုင်းပြည်များထဲတွင် ရှိနေသော အင်မော်တယ်အင်အားစုများ ဖြစ်သည်။ ထို့ကြောင့် သူက ဤမြို့နတ်ဘုရားကျောင်းဆောင်၏ သမိုင်းကြောင်းအပါအဝင် ဤမြို့၏သမိုင်းကြောင်းကို သိနေခဲ့သည်။

သူက ထိုတည်းခိုဆောင်၏ ဈေးနှုန်းတိတိကျကျကို ရင်းနှီးနေရသည်မှာတော့ သူက အားလပ်ချိန်တိုင်း တစ်စုံတစ်ခုကို လေ့လာနေခဲ့ခြင်းကြောင့်ဖြစ်သည်။ သူက ဘုရင်ကြီးနှင့်တွေ့ရန် ဆင့်ခေါ်ခံရသည့်အချိန်တိုင်း စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာများကို ပြောပြခဲ့ရသည်။

ချန်းပင်အန်းက အသံတိုးတိုးနှင့် မေးလိုက်၏။

“တကယ်လို့ ငါ့ဆီမှာ ရွှေအဆီအနှစ်ကြေးပြားတစ်ခုရှိမယ်ဆိုရင် အဲဒီအရာကို ငွေဘယ်လောက်နဲ့ လဲလို့ရမလဲ…”

ချွေးချန်းက ခဏကြာတိတ်ဆိတ်သွားခဲ့ပြီး မြို့နတ်ဘုရားကျောင်းဆောင်ကို လက်ညှိုးထိုးပြလိုက်သည်။

“အဲဒါက ဘာပြောချင်တာလဲ…”

ချန်းပင်အန်းက ရှုပ်ထွေးနေသော အမူအရာနှင့် မေးလိုက်သည်။

“မင်းက ဒီကျောင်းဆောင်အရွယ်အစားလောက်ရှိတဲ့ ငွေတောင်ကြီးတစ်ခုကို လဲလှယ်နိုင်လိမ့်မယ်လို့ ပြောချင်တာ…”

ချွေးချန်းက အပြုံးနှင့် ရှင်းပြလိုက်သည်။

ချန်းပင်အန်းက ပါးစပ်အဟောင်းသားဖြစ်သွားပြီး အလွန်ကြီးမားသည့် မြို့နတ်ဘုရားကျောင်းဆောင်ကြီးကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ၏ပိုင်ဆိုင်မှုများကို သေချာစဉ်းစားကြည့်နေမိခဲ့၏။ ယခုမှသာ သူက နောက်ကျောပေါ်တွင် ငွေတောင်ကြီးတစ်တောင်ကို သယ်ဆောင်ထားကြောင်း သတိထားမိသွားသည်။ သူက ထိုအရာ၏ အလေးချိန်အောက်တွင်ပင် ရုတ်တရက် ပင်ပန်းလာသလို ခံစားနေရ၏။

ချွေးချန်းက ထိုပြောင်းလဲမှုများကို သတိထားမိခဲ့ပြီး သူ့ကို ပြောလိုက်သည်။ အချိန်တော်တော်ကြာ တွေဝေသွားပြီးနောက် ချန်းပင်အန်းက ရပ်လိုက်ပြီး မြို့နတ်ဘုရားကျောင်းဆောင်ထဲသို့ ဝင်သွားခဲ့သည်။ ထို့နောက် မေးလိုက်၏။

“ချွေးတုံရှန်း..

ငါ မင်းဆီကနေ ငွေတစ်ချို့ချေးလို့ရမလား..”

ချွေးချန်းကတော့ ချန်းပင်အန်း၏ တောင်းဆိုမှုကို စောင့်နေသလို ထင်မှတ်ရ၏။ သူက အင်္ကျီလက်နှစ်ဖက်ကို ခါလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“သေချာပေါက် ရတာပေါ့..။ မင်းက ငါ့ကို လမ်းလျှောက်နေတဲ့ ရတနာသေတ္တာကြီးတစ်ခုလို့ သတ်မှတ်နိုင်တယ်၊ တကယ်လို့ မင်းက ငွေလိုချင်ရင် ငါ့မှာ ငွေရှိတယ်။ တကယ်လို့ မင်းက ရတနာလိုချင်ရင် ငါ့မှာ ရတနာရှိတယ်။ မင်းစဉ်းစားနိုင်တဲ့အရာအားလုံး ငါ့မှာရှိတယ်။ မင်းရဲ့အတွေးတွေကပဲ ကန့်သတ်ချက် ရှိနေလိမ့်မယ်…”

ချန်းပင်အန်းက စိတ်ထဲတွင် ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။

“ဒီလိုဆိုရင် ငါတို့က ဒီနေ့ည အဲဒီတည်းခိုဆောင်မှာ နေကြမယ်။ ငါတို့ဘယ်လောက်ကြာကြာနေမလဲ ဆိုတာကတော့ မင်းက အဲဒီတန်ဖိုးကို ဘယ်လောက်ပေးနိုင်မလဲဆိုတဲ့အပေါ် မူတည်နေတယ်။ ငါတို့တည်းခိုဆောင်ထဲကနေ ထွက်သွားပြီးရင် မင်းက ငါ့ကို စုစုပေါင်းပမာဏပဲ ပြောပါ။ မင်းကြိုက်တဲ့ တန်ဖိုးကို ရေးထားလို့ရတယ်၊ ငါတို့ လုံချွမ်တိုင်းပြည်ကို ပြန်ရောက်တဲ့အချိန်ကျရင် ငါ မင်းကို အကျိုးအမြတ်တွေ ထပ်ပေါင်းပြီးတော့ပေးမယ်။ အဲဒါဆို အဆင်ပြေလား…”

ချွေးချန်းက လက်ကာပြပြီး ပြောလိုက်သည်။

“ဘာမှမစိုးရိမ်ပါနဲ့..။ မင်းလုပ်ဖို့ လိုအပ်တာက ငါ့ကို စာရင်းစာရွက်အတိုင်း ပြန်ပေးရုံပဲ”

ထိုအချိန်တွင် လီဟွိုင်က လက်ထဲတွင် တုတ်ထိုးသကြားလုံးတစ်ခုကို ကိုင်ပြီး ဆောင့်ကြောင့် ထိုင်လိုက်သည်။ ချွေးချန်း၏ဖိနပ်ကိုကြည့်ပြီး သူက မျက်လုံးပြူးနေခဲ့၏။

ချွေးချန်း၏ဖိနပ်ပေါ်တွင် အလွန်ကြည်လင်နေသော အဖြူရောင်ပုရွက်ဆိတ်ငယ်လေး တစ်ကောင် ရှိနေသည်။ ထိုပုရွက်ဆိတ်၏ မူလရည်ရွယ်ချက်က ချွေးချန်း၏ ဖိနပ်ပေါ်သို့တက်ပြီး သူ၏အင်္ကျီထဲသို့ဝင်ရန် ဖြစ်သည်။ သို့သော် သူက လီဟွိုင်၏ မျက်စိရှေ့ကို ရောက်သည့်အချိန်တွင် လှုပ်ရှားခြင်းကို ချက်ချင်းရပ်တန့်လိုက်သည်။

လီဟွိုင်ကတော့ ထိုပုရွက်ဆိတ်ငယ်လေးကို အလွန်စိတ်ဝင်စားနေပြီး လက်နှင့် ကိုင်ကြည့်ရန် ကြိုးစားလိုက်၏။

ထိုအရာကို မြင်သည့်အခါ ပုရွက်ဆိတ်ငယ်လေးက အလွန်ထိတ်လန့်သွားခဲ့သည်။ သူက နောက်ထပ်သေချင်ယောင်ဆောင်နေရဲခြင်း မရှိဘဲ သွက်လက်ပေါ့ပါးစွာ ခုန်တက်သွားခဲ့သည်။ သူက ခြေထောက်ရှေ့တွင် ရှိနေသော ချွေးချန်း၏ဝတ်စုံကို ကပ်ပြီး ချွေးချန်း၏ခါးဆီသို့ လျင်မြန်စွာ တက်သွားခဲ့၏။ နောက်ဆုံးတွင်တော့ ချွေးချန်း၏ အင်္ကျီအိတ်ထဲသို့ တစ်ကြိမ်တည်းနှင့် တက်သွားခဲ့သည်။

ချွေးချန်း၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိချေ။ သူက ထိုပုရွက်ဆိတ်ငယ်လေးကို ညာဘက်လက်ထဲတွင် ကိုင်ထားပြီး သူ၏ဘယ်ဘက်အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။ အလွန်အံ့ဩစရာကောင်းသည်မှာ ပုရွက်ဆိတ်ငယ်လေးက ချွေးချန်း၏ လက်ဖဝါးထဲတွင် နှင်း နှင့် ရေခဲကဲ့သို့ ပျော်ကျသွားခဲ့၏။

ထို့နောက် ချက်ချင်းဆိုသလိုပင် ငွေတုံးလေးတစ်တုံးအဖြစ် ပြောင်းလဲသွားပြီး ထိုငွေတုံးလေးက ဆက်၍ လှုပ်ရှားနေခဲ့သည်။ လှုပ်ရှားနေသော ငွေတုံးလေးကို အင်္ကျီအိတ်ထဲသို့ သိမ်းလိုက်ပြီးနောက် ချွေးချန်းက ပြန်လှည့်ကြည့်လိုက်ရာ ယုလုနှင့် ရှဲ့ရှဲ့တို့ကတော့ သူ ပြသလိုက်သော အရာများကို စိတ်ဝင်စားခြင်း မရှိသလိုထင်ရသည်။

လီကျူးသုခဘုံက ချန်းပင်အန်းနှင့် တခြားလူငယ်လေးများကတော့ သူလုပ်နေသည့် အရာများကို မမြင်ဖူးပေ။ ချွေးချန်းက ချန်းပင်အန်းတို့ကို ရှင်းပြလိုခြင်း မရှိချေ။ သူက ယုလုကို လှည့်ပြီးပြောလိုက်၏။

“ရှဲ့ရှဲ့နဲ့အတူ အမွှေးတိုင်သွားဝယ်ခဲ့။ ငါတို့မြို့နတ်ဘုရားကျောင်းဆောင်ထဲကို ဝင်သွားပြီးရင် သုံးရလိမ့်မယ်။ ဖြစ်နိုင်ရင် အမွှေးတိုင်ဘူးတစ်ခု ဝယ်လာခဲ့လိုက်။ မင်းက ဈေးပေါတဲ့ အမွှေးတိုင်ကို ဝယ်တာပိုကောင်းတယ်။ မဟုတ်ရင် ငါက ပေးမှာမဟုတ်ဘူး…”

ယုလုနှင့် ရှဲ့ရှဲ့တို့က သူပြောသည့်အတိုင်း လုပ်ဆောင်လိုက်ကြသည်။ သူတို့က အမွှေးတိုင်တစ်ချို့ကို ဝယ်ယူရန် ထွက်ခွာသွားကြ၏။

ထိုအချိန်တွင် ချန်းပင်အန်းက ရုတ်တရက် ပြောလိုက်သည်။

"ချွေးတုံရှန်း..

အဲဒီငွေတုံးက ပစ္စည်းထုပ်ကို ဝယ်တဲ့အချိန် မင်းသုံးခဲ့တဲ့ ငွေတုံးတွေ မဟုတ်လား။ ဒါက ဘယ်လိုဖြစ်ပြီး ပုရွက်ဆိတ်တစ်ကောင်လို ပြောင်းပြီး မင်းဆီပြန်လာရတာလဲ…"

ချွေးချန်း၏မျက်နှာပေါ်တွင် အပြစ်ကင်းသော အမူအရာတစ်ခုပေါ်လာပြီး ပြန်ဖြေလိုက်သည်။

"ငါက ပစ္စည်းဖိုးပေးပြီးသွားပြီလေ။ သူလည်း တန်ကြေးကို သဘောတူခဲ့တာပဲ။ ဒါပေမယ့် ဒီငွေတုံးက သူ့အလိုလို ငါ့ဆီပြန်လာတာလေ။ ငါလည်း ဒီကိစ္စအတွက် တကယ်ဆိုးတယ်လို့ ခံစားမိပါတယ်…"

လီဟွိုင်က မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် အားကျသည့် အမူအရာတစ်ခုပေါ်လာခဲ့သည်။ သူက စဉ်းစားနေခဲ့၏။

"ဒါက တော်တော်အံ့ဩစရာကောင်းတဲ့ သတ္တဝါလေးပဲ။ တကယ်လို့ ငါ့မှာသာ ဒီလို ငွေတုံးတစ်ခု ရှိမယ်ဆိုရင် ဘယ်နေရာကိုဖြစ်ဖြစ် စိတ်ကြိုက်သွားလို့ရတယ်…"

ချွေးချန်းက လီဟွိုင်ကိုကြည့်ပြီး အပြုံးနှင့်မေးလိုက်သည်။

"မင်းက ဒါကို သဘောကျလို့လား။ မင်းက ဒါကိုလိုချင်လို့လား။ ဒီကောင်လေးက ငွေပိုးကောင်လို့ ခေါ်တယ်။ သူက ငွေတုံးတစ်တုံးအဖြစ် ပြောင်းလဲနိုင်တာကလွဲရင် ဘာမှမလုပ်နိုင်ဘူး။ ဒီလို သတ္တုဝါလေးတွေ ရှိနေတာကိုတောင် ဘယ်သူမှမသိကြဘူး.. ဒါပေမယ့် တိုင်းပြည်တွေရဲ့ ရတနာတိုက်တွေထဲမှာ နှစ်ပေါင်း(၁၀၀)လောက် ကြာသွားရင်တောင် ဒီလိုငွေပိုးကောင်တစ်ကောင် ပေါ်လာမယ်လို့ အာမ မခံဘူးလေ…”

“ပြီးတော့ တကယ်လို့ သူတို့ပေါ်လာခဲ့ရင်တောင် သူတို့က သိပ်ပြီး မကြီးကြဘူး။ သူတို့က ကြေးပြားတွေအဖြစ်ပဲ ပြောင်းလဲနိုင်ကြတယ်။ ငါ့ဆီမှာရှိတဲ့တစ်ကောင်လို ကြီးတဲ့အရာကတော့ တော်တော်လေးကို ရှားတယ်။ ဒါကြောင့် ငါက ဘယ်သွားသွား သူ့ကို ယူသွားခဲ့တာ။ သူက မီးနဲ့ရေကိုလည်း မကြောက်ဘူး။ တကယ်လို့ အရမ်းကြီးတဲ့စွမ်းအားတွေ သက်ရောက်လာရင်လည်း သူ့ကိုထိခိုက်အောင် မလုပ်နိုင်ဘူး။ မင်းက သူ့ကို အပိုင်းပိုင်းအစစ ဖျက်ဆီးပြစ်လိုက်မယ်ဆိုရင်တောင် အဲဒီအပိုင်းအစတွေအားလုံးက တစ်ခုတည်းပြန်ဆက်သွားပြီး သူ့ရဲ့မူလပုံစံပြန်ဖြစ်သွားလိမ့်မယ်။ မင်းလိုချင်လား.. လိုချင်ရင် ငါမင်းကိုပေးနိုင်တယ်.."

လီဟွိုင်က မတ်တပ်ရပ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

"ကျွန်တော့်မှာ အစ်မတစ်ယောက်ပဲ ရှိတယ်။ သူ့နာမည်က လီလျှို.. အခုက သူက အိုက်လျန်ရဲ့ဇနီးဖြစ်နေပြီ…"

ချွေးချန်းက လီဟွိုင်၏ စကားပြောဆိုပုံနှင့် ရင်းနှီးနေသည့်အတွက် ပြန်ပြောလိုက်၏။

"ငါက မင်းကို အလကားပေးရင်ရော ဘယ်လိုလဲ.... ငါက မင်းရဲ့အစ်မကို စိတ်မဝင်စားဘူး…"

"တကယ်လို့ ကျွန်တော်က ဒါနဲ့ စားစရာတွေအတွက် ငွေပေးချေလိုက်ပြီး ချန်းပင်အန်းနဲ့ တခြားသူတွေကို အရသာရှိတဲ့ စားစရာတွေ ဝယ်ပေးလိုက်မယ်ဆိုရင်ရော အချိန်တိုင်း သူ့ဘာသာ ပြန်လာမှာလား…"

လီဟွိုင်က မေးလိုက်သည်။

ချွေးချန်းက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူ၏အင်္ကျီအိတ်ထဲမှ ငွေတုံးလေးထွက်လာပြီး လီဟွိုင်ကို ပေးလိုက်သည်။

လီဟွိုင်က ငွေတုံးကို လက်ခံတော့မည့်အချိန်တွင် သူ၏မျက်နှာပေါ်၌ တွေဝေနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

သူက ချန်းပင်အန်းကို လှည့်ကြည့်လိုက်ရာ ချန်းပင်အန်းက ပြောလိုက်၏။

"တကယ်လို့ ငါတို့က တစ်ခုခုသွားစားမယ်ဆိုရင် ငါတို့ရဲ့စားစရာတွေအတွက် ငွေပေးရမှာပဲ။ ငါတို့က စားသောက်စရာတွေအတွက် ငွေမပေးချင်လို့ လှည့်ကွက်တွေ သုံးလို့မရဘူး.။ ချွေးတုံရှန်းက ဘာတွေလုပ်တယ်ဆိုတာ ငါ ဂရုမစိုက်ဘူး... ဒါပေမယ့် မင်းက ဆရာချီရဲ့တပည့်တစ်ယောက်ဆိုတာ မမေ့နဲ့…"

လီဟွိုင်က လက်နှစ်ဖက်ကို ချက်ချင်း ရုတ်သိမ်းလိုက်ပြီး နောက်ဘက်တွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။ သူက ခေါင်းခါပြီး ချွေးချန်းကိုပြောလိုက်၏။

"ခင်ဗျားပဲ သိမ်းထားလိုက်တော့…"

သို့သော် ချန်းပင်အန်းက ဆက်ပြောလိုက်သည်။

"ငါပြောတာမဆုံးသေးဘူး လီဟွိုင်...။ မင်းက ဆရာချီရဲ့တပည့်ပဲ။ ဒါပေမယ့် အဲဒီငွေပိုးကောင်ကို လက်ခံလို့ရသေးတယ်။ ဒါက ချွေးတုံရှန်း မင်းကိုပေးတဲ့ လက်ဆောင်တစ်ခုပဲ။ ဒါကြောင့် မင်းက လက်ခံသင့်တယ်။ နောက်ပိုင်းမှာ ဒါကိုဘယ်လိုအသုံးချမလဲဆိုတာကတော့ အချိန်ရောက်လာမှပဲ ငါတို့က ဆုံးဖြတ်ကြမယ်…"

လီဟွိုင်၏မျက်လုံးများက ချက်ချင်း ဝင်းလက်တောက်ပလာခဲ့ပြီး ချွေးချန်း၏လက်ထဲမှ ငွေတုံးလေးကို ယူလိုက်သည်။ သူက ငွေတုံးလေးကို သူ၏ အိတ်ကပ်ထဲသို့ ထည့်တော့မည့်အချိန်တွင် အတွေးတစ်ခု ပေါ်လာခဲ့၏။ သူက ချက်ချင်းပြန်လှည့်ပြီး နောက်ကျောတွင် ရှိနေသော စာအုပ်သေတ္တာလေးကိုဖွင့်၍ ငွေတုံးကို အတွင်းထဲသို့ ပစ်ထည့်လိုက်သည်။

ချွေးချန်းကတော့ လက်ကိုရုတ်သိမ်းပြီး အပြုံးနှင့် ပြောလိုက်၏။

"ငါက အမြဲတမ်း လူလိမ်တစ်ယောက်ဖြစ်နေတယ်။ ဒါပေမယ့် ကြည့်ရတာတော့ ဒီနေရာမှာ ငါ့ကိုယ်ငါ လိမ်နေသလိုပါလား…"

သိပ်မကြာခင် ယုလုက အမွှေးတိုင်များပြည့်နေသော အမွှေးတိုင်ဘူး တစ်ဘူးနှင့် ပြန်လာခဲ့သည်။ ထိုအရာက ကျောင်းဆောင်ပေါင်းများစွာကို လူတိုင်းသွားရောက်လည်ပတ်ရန် လုံလောက်၏။ နောက်တွင် မြင်းလှည်းကြည့်ရန် ကျန်နေသော ရှဲ့ရှဲ့ကလွဲလျှင် လူတိုင်းက မြို့နတ်ဘုရားကျောင်းဆောင်ထဲသို့ ဝင်သွားခဲ့ကြသည်။

မြို့နတ်ဘုရားကို အမွှေးတိုင်ပူဇော်ခဲ့ပြီးနောက် သူတို့က ခန်းမကြီးထဲတွင် စာသားများကို တွေ့လိုက်ရသည်။

"လူတွေသေသွားတဲ့အချိန်မှာ ဘာပစ္စည်းမှ ယူသွားလို့မရဘူး။ သူတို့ တမလွန်ကို ရောက်သွားတဲ့အချိန်မှာ သူတို့ရဲ့မျိုးဆက်တွေက ဆုတောင်းပေးရုံပဲ တတ်နိုင်တယ်။ လူတစ်ယောက်က အသက်ရှင်ဖို့ ကမ္ဘာကြီးထဲကို ရောက်လာတာ ဖြစ်ပေမယ့် တခြားတစ်ဖက်မှာတော့ ဘာကိစ္စတွေရှိမလဲဆိုတာ သူတို့က နားမလည်ကြဘူး.."

မြို့နတ်ဘုရားရုပ်ထုက အလယ်တွင်ရှိနေသော စင်မြင့်တစ်ခုပေါ်တွင် ရှိနေသည်။ အောက်ဘက် ဘေးနှစ်ဖက်တွင်တော့ သူ၏လက်အောက်ငယ်သားများ ရှိနေကြပြီး ထိုအရာက အတော်လေး အစွမ်းထက်သော ပညာရှင်အဖွဲ့တစ်ဖွဲ့ကဲ့သို့ ထင်မှတ်ရသည်။ ထိုအဖွဲ့ကို စစ်သူကြီးတစ်ယောက်ဦးဆောင်ပြီး စုစုပေါင်း ရုပ်ထု(၈)ခု ရှိနေသည်။ သူတို့က ယင်ယန်အပိုင်းနှင့် သတင်းပို့ဆောင်ရေးအပိုင်းတို့ အပါအဝင် စုစုပေါင်း အပိုင်း(၈)ပိုင်း ခွဲထားသည်။

ထိုအရာက အပိုင်းများ၏ အရေအတွက်ဖြစ်ကြောင်း ချွေးချန်းက သူတို့ကို ပြောပြခဲ့၏။ အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် အမြင့်ဆုံးအဆင့်ရှိသည့် ကျောင်းဆောင်ထဲတွင်ပင် ထိုကဲ့သို့သာ ဖြစ်သည်။ သို့သော် ဤကမ္ဘာကြီးထဲတွင် အပိုင်း(၂၄)ပိုင်းရှိသော အကြီးဆုံးမြို့နတ်ဘုရားကျောင်းဆောင်တစ်ခု ရှိသည်။ ထိုထဲတွင် စာရင်းသွင်းစစ်ဆေးရေးအပိုင်း၊ ရောဂါရှာဖွေရေးအပိုင်းနှင့် နိုင်ငံရေးဆွေးနွေးသည့် အပိုင်းများ ပါဝင်နေ၏။ အထူးသဖြင့် ထိုအရာက တိုင်းပြည်ငယ်လေးတစ်ခု၏ နန်းတွင်းကိုတောင် ယှဉ်နိုင်သည်။

လင်းရှို့ယီကတော့ ထိုအရာများအားလုံးကို စိတ်ဝင်စားနေခဲ့၏။ လီပေါင်ဖျင်ကတော့ သိပ်ပြီး စိတ်ဝင်စားနေခြင်း မရှိချေ။ ကလေး(၃)ယောက်ထဲတွင် လီဟွိုင်က အကြောက်တတ်ဆုံးဖြစ်ပြီး ချန်းပင်အန်း၏အနားတွင်သာ ကပ်နေခဲ့သည်။

ကျောင်းဆောင်ထဲတွင် နာမည်ကျော် အပြစ်ပေးခြင်း(၁၈)မျိုး နံရံဆေးရေးပန်းချီများကို မြင်လိုက်ရပြီးနောက် ကျောင်းဆောင်ကို လာခဲ့ရသည့်ခရီးက တန်သွားပြီဖြစ်ကြောင်း လူတိုင်းက ခံစားမိလိုက်ကြသည်။

ထို့နောက် သူတို့က ခန်းမထဲမှ ထွက်လာကြပြီး အနောက်ဘက်ခန်းမထဲသို့ ရောက်လာကြ၏။ ထိုနေရာကတော့ ပြဿနာများကို တရားစီရင်ပေးသော ရုံးတော်အခန်းတစ်ခုကဲ့သို့ ထင်ရသည်။ မြို့နတ်ဘုရားက ရုံးတော်စားပွဲများ၏နောက်တွင် ထိုင်နေပြီး သူ့ဘေးနှစ်ဖက်တွင်တော့ တရားသူကြီးတစ်ယောက်ဆီ ထိုင်နေကြသည်။ ထို့ပြင် ခန်းမအပြင်ဘက်၌ တစ်ဝက်သာရှိသော စသားတစ်ခုလည်း ရှိနေသည်။ ထိုအရာကို ဖတ်ကြည့်လိုက်မည်ဆိုလျှင် တွေ့ရ၏။

"လှိုက်လှဲမှုဆိုတာက သော့ချက်ပဲ။ အရိုအသေပေးစရာမလိုဘူး။ ငါ့မျက်စိရှေ့ကနေ ထွက်သွားလိုက်.."

ထိုစာသား၏ ဒုတိယတစ်ပိုင်းကတော့ ပျောက်ကွယ်နေခဲ့သည်။ နောက်ဆုံးတွင်တော့ လီပေါင်ဖျင်က သူမ စိတ်ဝင်စားနေသော အရာတစ်ခုကို တွေ့သွားခဲ့ပြီးဖြစ်သည်။ သူမက ထိုစကားလုံးကို ပြည့်စုံအောင် ဖြည့်ရန်အတွက် စတင်ကြိုးစားနေခဲ့သည်။ သို့သော် သူမက မည်မျှပင်စဉ်းစားစေကာမူ မကျေနပ်သည့်အတွက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။

ချွေးချန်းနှင့် ယုလုတို့ကလည်း မပြည့်စုံသော စကားလုံး၏အောက်တွင် ရပ်နေကြသည်။ ထိုအချိန်တွင် ချန်းပင်အန်း၊ လင်းရှို့ယီနှင့် လီဟွိုင်တို့ကတော့ ဝင်ပေါက်မှနေ၍ ခန်းမထဲကို ကြည့်နေကြ၏။

ခန်းမ၏အတွင်းထဲတွင်တော့ ရုပ်ထုများစွာ ရှိနေပြီး ထိုရုပ်ထုများထဲမှ တစ်ခုကတော့ အရိုအသေပေးနေသည်။ တခြားတစ်ခုက ခြေကျင်းများ ဝတ်ဆင်ထားပြီး၊ တတိယတစ်ခုကတော့ ခေါင်းကိုမော့၍ မြို့နတ်ဘုရားကို ဒူးထောက်နေခဲ့သည်။

လီပေါင်ဖျင်၏နောက်ကျောတွင် ရှိနေသော စာအုပ်သေတ္တာငယ်လေးကို မြင်သည့်အချိန်တွင် စိမ်းပြာရောင်ဝတ်စုံဝတ်ထားသည့် အကြီးအကဲတစ်ယောက်က နွေးထွေးစွာ ပြုံးပြလိုက်ပြီး ချွေးချန်းတို့၏အနားသို့ ရောက်လာခဲ့သည်။ သူက မပြည့်စုံသော စာသားကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။

"မင်းတို့က စာသင်သားငယ်လေးတွေဆိုတာ ငါသိတယ်။ မင်းတို့တွေက ဒီစကားလုံးကို ပြည့်စုံသွားအောင် ဆက်လို့ရမယ့် ဒုတိယစာကြောင်း စဉ်းစားမိကြသေးလား…"

ချွေးချန်းကတော့ အဘိုးအိုကို လျစ်လျူရှုထားခဲ့ပြီး သူက မကြားချင်ယောင်ဆောင်ထားခဲ့သည်။ လီပေါင်ဖျင်ကတော့ တခြားနေရာကို အာရုံစိုက်နေသည့်အတွက် သူ့စကားကို မကြားခဲ့ပေ။ သူမက စိတ်ဝင်စားနေသောအရာကိုသာ အလေးထားနေခဲ့၏။

ယုလုကသာ အပြုံးနှင့်တုံ့ပြန်လိုက်သည်။

"ကျွန်တော်က နည်းနည်းတော့ တွေးမိတယ်။ ဒါပေမယ့် တစ်ခုမှ သဘောမကျဘူး။ အဲဒီအရာတွေက နားထောင်ရတာ အရမ်းခက်တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့အတွေးတွေကို မပြောတော့ပါဘူး…"

အဘိုးအိုက အားရပါးရရယ်လိုက်ပြီး မပြည့်စုံသောစာသားကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

"ဒီစာသားတွေနဲ့ ပတ်သက်ပြီး ဒီမြို့ထဲမှာ ပြောစရာမလိုတဲ့ စည်းမျဉ်းတစ်ခုရှိတယ်၊ အဲဒါကတော့ လူသားတွေ၊ ဝိညာဉ်တွေ၊ တစ္ဆေတွေနဲ့ မိစ္ဆာတွေအပြင် လူတိုင်းကျေနပ်နိုင်တဲ့ ဒုတိယစာသားကို ဖြည့်စွက်နိုင်မယ်ဆိုရင် မြို့နတ်ဘုရားရဲ့ အထူးဧည့်သည်တစ်ယောက် ဖြစ်လာနိုင်တယ်…"

"အဲဒီလူတိုင်းကျေနပ်နိုင်တဲ့ စာသားဖြစ်ဖို့က ဘယ်လိုအရည်အသွေးတွေရှိဖို့ လိုတာလဲ…"

ယုလုက ဇဝေဇဝါ ဖြစ်နေသော အမူအရာနှင့် မေးလိုက်သည်။

"အဖြေကိုတော့ မင်းကိုယ်တိုင်ပဲ ရှာရမှာလေ…"

ချွေးချန်းက ပြန်ဖြေလိုက်၏။

လီပေါင်ဖျင်ကတော့ ထိုမေးခွန်းကို စဉ်းစားနေပုံရပြီး သူမက မကျော်လွှားနိုင်သော စိတ်ဝိညာဉ် အတားအဆီးတစ်ခုကို ကြုံတွေ့နေခဲ့ရသည်။

ယုလု၏မေးခွန်းအပေါ် ချွေးချန်း၏အဖြေကို ကြားသည့်အခါ သူမက ချက်ချင်းပင် ထပ်ဖြည့်ပြောလိုက်သည်။

"တိတ်ဆိတ်နေတဲ့ ညအချိန်.. စိတ်ထဲမှာ ကြည်လင်နေတဲ့အချိန်.. ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်မယ်ဆိုရင် အဖြေတစ်ခု ထွက်လာလိမ့်မယ်…"

အဘိုးအိုက ခေါင်းညိတ်ထောက်ခံလိုက်သည်။ လီပေါင်ဖျင်က ဒုတိယမျဉ်းကြောင်းကို မတွေးနိုင်သေးသော်လည်း အဘိုးအိုကတော့ သူတို့ကို မြို့နတ်ဘုရားကျောင်းဆောင်ထဲမှ လိုက်ပို့ခဲ့သည်။ ထို့နောက် သူက ကျောင်းဆောင်တံခါးဝတွင် ရပ်နေရင်း လူတိုင်းကို အပြုံးနှင့် နှုတ်ဆက်နေခဲ့၏။

ရှေးဟောင်းမြို့နတ်ဘုရား ကျောင်းဆောင်မှ ထွက်လာပြီးနောက် ချန်းပင်အန်းက ချွေးချန်း ပြောသော တည်းခိုဆောင်၏ တည်နေရာကို လမ်းပေါ်မှာ ရှိနေသော လူတိုင်းဆီတွင် မေးမြန်းနေခဲ့သည်။ သို့သော် ထိုကဲ့သို့ နေရာတစ်ခုကို မည်သူကမျှမသိကြပေ။

ထိုတည်းခိုဆောင်က ဤမြို့ထဲတွင် အမှန်တကယ် မရှိခဲ့သလို ထင်မှတ်ရ၏။ ထို့ကြောင့် ချန်းပင်အန်းက ချွေးချန်းကိုသာ လှည့်ကြည့်လိုက်ရသည်။

ချွေးချန်းက အပြုံးနှင့် တွေဝေစွာ ပြောလိုက်၏။

"ငါတို့က နေထိုင်ဖို့ တခြားနေရာတစ်ခုကိုရှာတာ မကောင်းဘူးလား။ ငါက အပြင်လူတစ်ယောက်ဆီကနေ အဲဒီတည်းခိုဆောင်ကို ကြားဖူးရုံပဲရှိတာ။ ဒါကြောင့် အချက်အလက်တွေက မတိကျနိုင်ဘူး။ တကယ်လို့ အဲဒီအရာက မရှိဘူးဆိုရင် မင်းလည်း ငါ့ဆီကနေ ငွေချေးစရာ မလိုတော့ဘူးပေါ့…"

ချန်းပင်အန်းက သူ့ကိုကြည့်နေသော လင်းရှို့ယီကို စိုက်ကြည့်လိုက်သည်။ နောက်ဆုံး ချန်းပင်အန်းက ခေါင်းမာမာနှင့် ဆုံးဖြတ်ပြီး ပြောလိုက်၏။

"မင်းတို့က ဈေးထဲကို လျှောက်ကြည့်နေဦး။ ငါ လှည့်ပတ်ပြီး မေးလိုက်ဦးမယ်…"

ထို့နောက် ချန်းပင်အန်းက တစ်ယောက်တည်း ထွက်သွားခဲ့ပြီး လမ်းသွားလမ်းလာများကို ချွေးချန်း ပြောသော ကျောင်းဆောင်အကြောင်း တစ်ယောက်ချင်းဆီ မေးနေခဲ့သည်။

ထိုအချိန်တွင် ချွေးချန်းကတော့ မကျေမနပ်ဖြစ်နေသည့် အမူအရာနှင့် မြင်းလှည်းဆီကို ပြန်လာခဲ့၏။ သူ့မျက်လုံးထဲတွင် ချန်းပင်အန်းက အဖိုးမဖြတ်နိုင်သော ရွှေအဆီအနှစ်ကြေးပြားတစ်ခု ပိုင်ဆိုင်ထားသော်လည်း ထိုတည်းခိုဆောင်၌ တည်းရသည်မှာ အလွန်အမင်းကို ဈေးကြီးနေသေးသည်။

ထို့ပြင် ထိုအရာက တခြားသူတစ်ယောက်၏ အကျိုးအမြတ်အတွက် ဖြစ်၏။ ချန်းပင်အန်းက ဘာကြောင့် ထိုမျှအားကြိုးမာန်တက် ကြိုးစားနေကြောင်း သူလည်း နားမလည်နိုင်တော့ပေ။ မြင်းလှည်း၏ ကန့်လန့်ကာကို ပြန်ချလိုက်ပြီးနောက် ချွေးချန်းက လင်းရှို့ယီကို စိုက်ကြည့်နေမိခဲ့၏။ သူ၏မျက်လုံးထဲတွင်လည်း အားကျသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။

Translated by Hein Htet.

All Chapters