← Chapters

အခန်း (၁၄၁)

Vol. 10 Ch. 141

အခန်း (၁၄၁)

Vol. 10 Ch. 141

အဆုံးတွင်တော့ ချန်းပင်အန်းက ယခင်မြို့နတ်ဘုရားကျောင်းဆောင်၏ တည်နေရာကို ရှာတွေ့သွားခဲ့သည်။ သို့သော် ချွေးချန်းပြောသည့် တည်းခိုဆောင်အကြောင်းကိုတော့ မည်သူကမျှမကြားဖူးကြပေ။

ထိုစီရင်စုမြို့ကလေးက ခုံရုံးဝါ‌တိုင်းပြည်၏မြောက်ဘက်နယ်မြေထဲတွင် အဓိကမြို့တစ်မြို့ ဖြစ်သည်။ မြို့နတ်ဘုရားကျောင်းဆောင်၏ ယခင်နေရာကို ပြန်သွားရန်အတွက် သူတို့က မြို့၏တစ်ဝက်နီးပါးခန့်ကို ဖြတ်လာခဲ့ရသည်။ သူတို့အားလုံးက ဦးတည်ချက်သို့ ရောက်လာခဲ့သည့်အချိန်တွင် မှောင်ရီပျိုးပျအချိန်ကို ရောက်နေပြီဖြစ်သည်။ ထိုနေရာတွင် သူတို့ကို အလွန်မြင့်မားသော အနီရောင်နံရံကြီးတစ်ခုကသာ မိတ်ဆက်နေခဲ့သည်။

နောက်ဆုံးတွင်တော့ လမ်းကြားလေးထဲတွင် မထင်မရှားဝင်ပေါက်တစ်ခုကို တွေ့လိုက်ရ၏။ ထိုအရာက မြင်း(၂)ကောင်ဆွဲသော မြင်းလှည်းတစ်စီးသွားသာရုံသာ ကျယ်ဝန်း၏။ ထိုလမ်းကြားလေး၏ အတွင်းပိုင်းသို့ရောက်လာလေလေ သူတို့က တခြားကမ္ဘာကြီးတစ်ခုထဲကို ရောက်လာလေလေ ခံစားနေရသည်။

မြူခိုးများကလည်း သူတို့၏ခြေထောက်အောက်တွင် ရှိနေသော အုတ်ခဲများ ကြားထဲမှနေ၍ ရံဖန်ရံခါ ထွက်ပေါ်လာနေပြီး ထိုမြူခိုးအမျှင်များက လမ်းကြား၏ ဘေးတစ်ဖက်ဆီတွင် ရှိနေသော နံရံများဆီသို့ လွင့်မျောသွားခဲ့၏။ ထို့နောက် သူတို့က နံရံများအတိုင်း ဖြည်းညင်းစွာ စီးဆင်းနေကြပြီး ရေစီးသံများကိုလည်း ကြားနေရသည်။

ချန်းပင်အန်းတို့အဖွဲ့က ငေးမောကြည့်ရှုနေကြသည့်အတွက် ချွေးချန်းက ရှင်းပြလိုက်သည်။

“ဒီလမ်းကို တိမ်တိုက်ရေစီးလမ်းကြားလို့ခေါ်တယ်။ ဒါက တည်းခိုဆောင်ရဲ့ ဆွဲဆောင်မှုတွေထဲက တစ်ခုပဲ။ ငါတို့က စံအိမ်ရဲ့ရှေ့တံခါးကနေ ဝင်သွားမယ်ဆိုရင် တောက်ပခြင်း လအရိပ်နံရံတစ်ခုကို တွေ့နိုင်လိမ့်မယ်။ အဲဒီအရိပ်နံရံထဲမှာ အမည်မသိ ဝိညာဉ်တွေ ရှိနေတယ်။ သူတို့အာလုံးမှာ ပုံသဏ္ဌာန်မရှိကြဘူး။ သူတို့ရဲ့ပုံသဏ္ဌာန်က အကြမ်းအားဖြင့် လပုံသဏ္ဌာန် ရှိနေတယ်။ ဒါကြောင့် လစက်ဝိုင်းပုံရိပ်က နံရံတစ်ခုလုံးမှာ ထွက်ပေါ်နေတာပဲ။ ဒါပေမဲ့ ဒီနေရာမှာ အဖိုးတန်ဆုံး အရိပ်နံရံကတော့ ပေါင်းစပ်နေလနံရံလို့ ခေါ်တယ်။ တကယ်လို့ အဲဒီနံရံထဲကို ကြယ်တချို့သာ ထည့်လိုက်မယ်ဆိုရင် အင်မော်တယ်ဂိုဏ်းတွေကတောင် အကြီးအကျယ် တိုက်ခိုက်လာနိုင်တယ်…”

ထိုလမ်းကြား၏အဆုံးသတ်တွင်တော့ မျက်နှာပြင်ပေါ်၌ အလွန်ကြီးကျယ်ခမ်းနားသော တံခါးနတ်ဘုရား(၂)ပါးရှိနေသည့် တံခါးကြီးတစ်ခု ရှိနေသည်။ ထိုတံခါးနတ်ဘုရားများက အစွမ်းထက်သော လူငယ်စုံတွဲထက်ပင် ပို၍မြင့်မားပြီး အလွန်ကြောက်စရာကောင်းသလို ထင်ရသည်။

သူတို့(၂)ယောက်လုံးက ရွှေရောင်ချပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အလွန်အံ့ဩစရာကောင်းသော မြင်ကွင်းတစ်ခု ရှိနေခဲ့၏။ သူတို့ထဲမှ တစ်ယောက်ကတော့ ကျားတစ်ကောင်ကိုစီးပြီး ဓားတစ်ချောင်းကို ကိုင်ထားသည်။ တခြားတစ်ယောက်ကတော့ ရေနဂါးတစ်ကောင်ကိုစီးပြီး လက်ထဲတွင် ဓားမောက်တစ်ချောင်းကို ကိုင်ထားခဲ့၏။

တံခါးနတ်ဘုရား(၂)ပါးက ဒေါသထွက်နေသောအမူအရာနှင့် လမ်းကြားထဲကို စိုက်ကြည့်နေကြသည်။ သူတို့ကို သာမန်တံခါးနတ်ဘုရားများကဲ့သို့ သစ်သားပေါ်တွင် ထွင်းထားသည့်အတွက်ကြောင့် သူတို့က ပို၍မွန်းကြပ်စရာ အငွေ့အသက်တစ်ခုကို ထိန်းသိမ်းထားသည်။

တံခါးနတ်ဘုရားများကို မြင်လိုက်ရသည့်အချိန်တွင် လီဟွိုင်က အနည်းငယ် စိုးရိမ်နေခဲ့၏။ သူကတော့ တောထဲတွင် စခန်းချနေရသည့် လွတ်လပ်မှုကိုသာ ပို၍မြတ်နိုးသည်။

တံခါးက ဖြည်းညင်းစွာ ပွင့်သွားပြီးနောက် အလွန်လှပသော မျက်လုံးတစ်စုံ ရှိနေသည့် မိန်းမလှလေး တစ်ယောက် ပေါ်လာခဲ့သည်။ သူမက လှုပ်လီလှုပ်လဲ့အမူအရာနှင့် တံခါးဆီသို့ လှပစွာ လျှောက်လှမ်းလာခဲ့၏။ သူမ၏နောက်တွင်တော့ ဆံပင်များကို ဖဲကြိုးနှင့်စည်းထားသော မိန်းကလေး(၂)ယောက် ရှိနေခဲ့သည်။

သူတို့(၁)ယောက်ချင်းဆီက ခါးတွင် စိမ်းပြာရောင်ဓားအိမ်နှင့် ဓားရှည်တစ်လက်ဆီကို ချိတ်ထားကြ၏။ အမျိုးသမီးနှင့်အတူ လိုက်လာရမည့်အစား သူမက ချန်းပင်အန်းတို့အဖွဲ့ဆီသို့ ကပ်လာသည့်အချိန်တွင် သူတို့(၂)ယောက်ကတော့ ဝင်ပေါက်တွင် ရပ်‌ကျန်ခဲ့သည်။

အမျိုးသမီးက လှပစွာ ဦးညွှတ်၍ ပြောလိုက်၏။

“ကျွန်မရဲ့နာမည်က လျှိုကျားဟွေလို့ ခေါ်ပါတယ်။ ကျားဆိုတာက ဘုရင်ကြီးရဲ့ ကျားချင်ထဲက ကျားပါ။ ဟွေဆိုတာကတော့ ပန်းပွင့်ထဲက ဟွေပါ။ ကျွန်မရဲ့နာမည်က မှတ်သားလောက်စရာ မရှိပါဘူး။ ကျွန်မကို ကျားဟွေလို့ပဲ ခေါ်နိုင်ပါတယ်။ သခင်လေးတို့က ဆောင်းဦးကျူပင်တည်းခိုဆောင်မှာ တည်းခိုချင်လို့လား။ ဒီက သခင်လေးတို့က ကြိုပြီးတော့ စာရင်းပေးထားသေးလား…”

အမျိုးသမီးက စကားပြောနေစဉ် သူမ၏မျက်လုံးက အဖွဲ့ထဲတွင် ကောင်းမွန်သေသပ်စွာ ဝတ်ဆင်ထားသော ချွေးချန်းကိုသာ စိုက်ကြည့်နေခဲ့သည်။ သို့သော် ချွေးချန်းကတော့ အလွန်နွေးထွေးသော သူမ၏ဧည့်ခံမှုကို စိတ်မဝင်စားချေ။ သူ့ပုံစံက အလွန်ရိုင်းစိုင်းသည်။ သူတို့(၂)ယောက်က အချင်းချင်း စိုက်ကြည့်နေကြ၏။

အမျိုးသမီးက အတော်လေး မကျေမနပ် ဖြစ်နေသော်လည်း သူမ၏မျက်နှာပေါ်ရှိအပြုံးက ပျောက်ကွယ်သွားခြင်း မရှိချေ။ သို့သော် ထိုမြင်ကွင်းကိုမြင်သည့်အခါ အပေါက်ဝတွင် ရပ်နေသော မိန်းကလေး(၂)ယောက်ကတော့ အတော်လေး ဒေါသထွက်နေခဲ့၏။

မြို့ထဲတွင် မည်သူကမျှ သူတို့၏သခင်မကို မရိုမသေ မလုပ်ရဲပေ။ အကယ်၍ မြို့စားမင်းက ကျောင်းဆောင်တွင် အမွှေးတိုင်ပူဇော်နေစဉ် အတောအတွင်း သူမနှင့် တွေ့ရမည်ဆိုလျှင်ပင် သူမကို တလေးတစား ဆက်ဆံပြီး သခင်မလျှိုဟု ခေါ်ဆိုရသည်။ အကယ်၍ သူက သူမကို တစ်ခုခုမေးစရာရှိလျှင် သို့မဟုတ် ဆောင်းဦးကျူပင်တည်းခိုဆောင်ထဲ၌ အထူးဧည့်သည်တစ်ယောက်ကို နေရာချထားရန် အကူအညီတောင်းချင်လျှင် အင်မော်တယ်လျှိုဟု တလေးတစားခေါ်ဆိုတတ်သည်။

အမျိုးသမီးက အလွန်အေးစက်သော လင်းရှို့ယီကို စိုက်ကြည့်လိုက်၏။ သို့သော် သူမကတော့ မှားယွင်းသွားသည့်အရာကို မတွေ့ရပေ။ ထို့ကြောင့် သူမက ချွေးချန်းကို လှည့်ကြည့်လိုက်ပြီး သိမ်မွေ့ညင်သာစွာ မေးလိုက်၏။

“သခင်လေးက ကျွန်မရဲ့ဝန်ဆောင်မှု၊ ဒါမှမဟုတ် ဆောင်းဦးကျူပင်တည်းခိုဆောင်ရဲ့ ဝန်ဆောင်မှုကို သဘောမကျတာများ ရှိလို့လား။ သခင်လေးက ဒီတည်းခိုဆောင်နဲ့ ပတ်သက်ပြီး သဘောမကျတဲ့အရာရှိတယ်ဆိုရင် ပြောပြလို့ရနိုင်မလား…”

ချွေချန်းက စိတ်မရှည်နိုင်တော့ဘဲ ချန်းပင်အန်းကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

“မင်းက လူမှားပြီး စကားလာပြော‌နေတာ။ ငါတို့အဖွဲ့ထဲမှာ သူကပဲ ငါတို့ရဲ့ငွေကြေးတွေကို ထိန်းသိမ်းပြီး ဆုံးဖြတ်ပေးရတာ…”

ထိုစကားကိုကြားသည့်အခါ အမျိုးသမီးက ချက်ချင်းနားလည်သွားခဲ့သည်။ သူမက ချန်းပင်အန်းကို အလျင်အမြန် တောင်းပန်လိုက်၏။

သူမ စကားမပြောရသေးခင် ချန်းပင်အန်းက တံခါးရှိရာကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူက သက်ပြင်းချလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်ပုံပေါ်သည်။

“ငါတို့က လူနည်းနည်းများတယ်။ ငါတို့အတွက် အခန်းလုံလုံလောက်လောက်ရှိလား…”

အမျိုးသမီးက အပြုံးနှင့် ပြန်ဖြေလိုက်၏။

“ရှိတာပေါ့။ (၃)နှစ်တစ်ကြိမ်ကျင်းပတဲ့ ကျွန်မတို့ရဲ့ ရေနတ်ဘုရားကျောင်းဆောင် ပူဇော်ပွဲက သိပ်မကြာခင် ရောက်လာ‌တော့မယ်။ အဲဒီပွဲကို တက်ရောက်ဖို့အတွက် အင်မော်တယ်တွေကလည်း အဝေးကနေ ရောက်လာကြတာ။ ဒါကြောင့် ကျွန်မတို့ ဆောင်းဦးကျူပင်တည်းခိုဆောင်က နည်းနည်းလေးတော့ အလုပ်ရှုပ်နေတယ်။ ဒါပေမဲ့ သခင်လေးတို့လို အထူးဧည့်သည်တွေကို နေရာချပေးဖို့အတွက် ကျွန်မတို့က ဂုဏ်ယူမိပါတယ်။ တကယ်လို့ ကျွန်မနေတဲ့ခြံဝန်းကို ဖယ်ပေးပြီး တခြားတည်းခိုဆောင်ကို ယာယီပြောင်းပေးရမယ်ဆိုရင်တောင် ကျွန်မက သခင်လေးတို့ကို သေချာပေါက် အဆင်ပြေအောင်လုပ်ပေးမှာပါ…”

အဆုံးတွင်တော့ ချန်းပင်အန်းက ကြည်လင်ရေစက်ဟု နာမည်ရှိသော ခြံဝန်းကျယ်ကြီးတစ်ခုကို တောင်းဆိုလိုက်သည်။ ထိုအရာက တချိန်တုန်းက မြို့နတ်ဘုရားကျောင်းဆောင် ဖြစ်ခဲ့ဖူးသော ရေတွင်းအိုကြီးနှင့် အနီးဆုံးနေရာတွင် ရှိနေသည်။ ထိုအရာက ဆောင်းဦးကျူပင်တည်းခိုဆောင်ထဲတွင် အလွန်အဆင့်မြင့်သော ခြံဝန်းတစ်ခုလည်းဖြစ်၏။ ထိုနေရာက နေထိုင်ရန်အလွန်ဈေးကြီးလွန်းသည့်အတွက် လူမရှိရခြင်းလည်းဖြစ်သည်။

ဈေးနှုန်းက တစ်ရက်လျှင် ငွေစ(၂၀၀၀)ဖြစ်ပြီး ခြံဝန်းထဲတွင် လူဘယ်နှစ်ယောက်နေနေ ကိစ္စမရှိချေ။ ဆောင်းဦးကျူးပင်တည်းခိုဆောင်ထဲ၌ ကျင့်ကြံသူများစွာရှိသည်။ သို့သော် ကျင့်ကြံမှုနှင့် ပတ်သက်လျှင် ချမ်းသာသောကလန်မှ ရောက်လာသော လူတစ်ယောက်မဟုတ်သရွေ့ အင်‌အားကြီးသော နောက်ခံရှိသူ တစ်ယောက်မဟုတ်သရွေ့ သူတို့က အလွန်များပြားသောငွေကြေးများရှိနေလျှင်ပင် သူတို့၏ကုန်ကျစရိတ်ကို တဖြည်းဖြည်း ချွေတာကြရသည်။

ကျင့်ကြံသူများက အလွန်အမင်းကို ကြွယ်ဝချမ်းသာသည်ဟု သာမန်လူများက တွေးထားကြသော်လည်း အမှန်အတိုင်း ပြောရလျှင်တော့ ထိုအရာက အမှန်တရားနှင့် ဝေးကွာနေခဲ့သည်။

ဆောင်းဦးကျူပင် တည်းခိုဆောင်ထဲ၌ ရှိနေသော ရေတွင်းအိုကြီးက ဤ‌နယ်မြေထဲတွင် ရှိနေသော စွမ်းအားများ၏ အရင်းအမြစ်စမ်းချောင်းလည်း ဖြစ်သည်။ သို့သော် ကျင့်ကြံသူတစ်ယောက်အတွက် တစ်ရက်လျှင် ငွေစ(၂၀၀၀)သုံးရသည်မှာ ထိုက်တန်သော ရင်းနီးမြုပ်နှံမှုတစ်ခု မဟုတ်ချေ။ ထို့ကြောင့် ထိုခြံဝန်းက ချမ်းသာပြီး အစွမ်းထက်သည့် လူအမျာစုးအတွက်သာ ဖြစ်သည်။ ထိုအရာကလည်း ကျင့်ကြံရေးအကျိုးအမြတ်များထက် အဆင့်အတန်းကိုသာ ရည်ညွှန်းနေခြင်းဖြစ်၏။

သခင်မလျှိုက ချန်းပင်အန်းတို့အဖွဲ့ကို ဦးဆောင်ပြီး စြင်္ကံလမ်းများကို ဖြတ်ကျော်၍ တိတ်ဆိတ်သော ခြံဝန်းတစ်ခုထဲကို ရောက်လာခဲ့သည်။ ထိုခြံဝန်း၏ထောင့်တွင်တော့ ငှက်ပျောပင်များနှင့် ခါးလောက်အမြင့်ရှိသော ကျောက်စည်တစ်လုံး ရှိနေသည်။ ထိုကျောက်စည်ထဲတွင်တော့ ရောင်စုံငါးများ ရှိနေပြီး ရေပေါ်တွင် ကြာပန်းပွင့်လေးများ လွင့်မျောနေသည်။ တချို့ကြာပန်းများကတော့ ယခုမှ စတင်ပွင့်လန်းလာကြခြင်းဖြစ်၏။

သခင်မလျှိုက ကျောက်စားပွဲပေါ်တွင်ရှိနေသော ကြေးနီခေါင်းလောင်းလေးကို လက်ညှိုးထိုးပြလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“တကယ်လို့ သခင်လေးတို့ တစ်ခုခုလိုအပ်တယ်ဆိုရင် ခေါင်းလောင်းကိုသာ တီးလိုက်ပါ။ အနားမှာရှိတဲ့ အစေခံတွေက ချက်ချင်းရောက်လာပြီး သခင်လေးတို့အလိုရှိတာကို လုပ်ပေးပါလိမ့်မယ်…”

“ပြီးတော့ သခင်လေးတို့က ဒီခြံဝန်းရဲ့ အနောက်တံခါးကနေ ထွက်သွားပြီး မြောက်ဘက်ကို ခြေလှမ်း(၃၀)လောက် သွားလိုက်မယ်ဆိုရင် နယ်ခြားစံအိမ်လို့ နာမည်ပေးထားတဲ့ စံအိမ်တစ်ခုကို တွေ့ရပါလိမ့်မယ်။ အဲဒီစံအိမ်ထဲမှာ ထိုင်စရာနေရာ(၃)ခုရှိတယ်။ ကျင့်ကြံသူတွေက အဲဒီစံအိမ်ထဲမှာထိုင်ပြီး ဒီနယ်မြေထဲမှာရှိတဲ့ စွမ်းအားတွေကို စုပ်ယူနိုင်တယ်။ ရေတွင်းကိုတော့ လူအများအတွက် ဖွင့်မပေးနိုင်ဘူး။ သခင်လေးတို့က နားလည်မယ်လို့ မျှော်လင့်ပါတယ်…”

ချန်းပင်အန်းက ခေါင်းညိတ်ပြောလိုက်သည်။

“ကောင်းပါပြီ။ ငါတို့က နယ်ခြားစံအိမ်ကိုကျော်ပြီး ရေတွင်းအိုကြီးဆီကို မသွားပါဘူး…”

သခင်မလျှိုက အလွန်ဆွဲဆောင်မှုရှိသော မျက်လုံးများနှင့် စိုက်ကြည့်ပြီး အပြံးနှင့် ပြောလိုက်သည်။

“သခင်လေးရဲ့နားလည်နိုင်စွမ်းက တကယ့်ကို လေးစားရပါတယ်…”

“သခင်မလျှို …

အဲဒီတံခါးမှာ အရိပ်နံရံတစ်ခုရှိလား…”

လီပေါင်ဖျင်က စိတ်ဝင်တစားအမူအရာနှင့် မေးလိုက်သည်။

ထိုမေခွန်းကိုကြားသည့်အခါ သခင်မလျှိုက အနည်းငယ် သက်ပြင်းချလိုက်မိသည်။ သူမက ထိုကိစ္စကို အသေးစိတ်ပြောပြချင်ပုံ မရချေ။ ထို့ကြောင့် ဝေဝေဝါးဝါးသာ ပြန်ဖြေလိုက်သည်။

“မတော်တဆမှုတစ်ခု ဖြစ်ခဲ့တဲ့အတွက် အရိပ်နံရံက လစက်ဝိုင်းကို‌ တုန့်ပြန်နိုင်တဲ့ စွမ်းရည်ဆုံးရှုံးသွားတယ်။ ဒါကြောင့် ကျွန်မတို့က အဲဒါကို ဖယ်ရှားပစ်လိုက်တာ…”

ကြည်လင်ရေစက်ခြံဝန်းထဲတွင် အခန်း(၄)ခန်း ရှိနေသည်။ (၃)ခန်းကိုတော့ လီပေါင်ဖျင်နှင့်ရှဲ့ရှဲ့၊ လီဟွိုင်နှင့်ချန်းပင်အန်း၊ ချွေးချန်းနှင့်ယုလုတို့က နေလိုက်ကြပြီး နောက်ဆုံးအခန်းကိုတော့ ကျင့်ကြံသူတစ်ယောက်ဖြစ်သော လင်းရှို့ယီအတွက် ပေးထားခဲ့သည်။

ဤနေရာကို ရောက်လာသည့်အချိန်တွင် လင်းရှို့ယီက တကိုယ်လုံး လန်းဆန်းတက်ကြွနေသလို ခံစားနေရ၏။ သူက အလွန်ပြင်းထန်သော မုန်တိုင်းကြီးကိုဖြတ်၍ ခရီးသွားလာရသော လူတစ်ယောက်၏ ဥပမာကဲ့သို့ ဖြစ်နေသည်။ မိုးရွာသွန်းမှုကြောင့် မြေပြင်ကြီးက ရွှံ့အဖြစ် ပြောင်းသွားပြီး သူတို့၏ ခြေလှမ်းတိုင်းတွင် ရွှံ့များ ကပ်နေသည်။ မိုးများ လုံးဝတိတ်သွားသည့်အချိန်မှသာ လမ်းမက ခြောက်သွားနိုင်ပြီး ခရီးသွားများကလည်း သန့်ရှင်းသောအဝတ်များကို လဲလှယ်ကြရမည်ဖြစ်သည်။

ထိုအခြေအနေက နေ့နှင့်ည ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေပြီး ခရီးသွားများက အသစ်ပြန်လည်မွေးဖွားလာသလို ခံစားမိပါလိမ့်မည်။ လင်းရှို့ယီက တူညီသော ခံစားမှုတစ်ခုကို ခံစားမိနေခဲ့၏။ တချိန်တည်းတွင် ဘာကြောင့် ထိုကဲ့သို့ ကောင်းမွန်သော ကျင့်ကြံရေးနယ်မြေတစ်ခုက မြို့ထဲတွင် မထင်မရှားနေရာတစ်ခု၌ ဖုံးကွယ်ထားရကြောင်း နားမလည်နိုင် ဖြစ်နေခဲ့သည်။

ကြည်လင်ရေစက်ခြံဝန်းထဲသို့ လာသောလမ်းတစ်လျှောက်တွင် သူတို့က တည်းခိုဆောင်ထဲ နေထိုင်နေသော တခြားဧည့်သည်တစ်ယောက်မျှမတွေ့ခဲ့ရပေ။ သခင်မလျှို၏စကားအရ ဆောင်းဦးကျူပင်တည်းခိုဆောင်က အတော်လေး အလုပ်များနေသည်ဟု ပြောခဲ့သော်လည်း သူတို့လမ်းတလျှောက်တွင် တည်းခဲ့ဖူးသည့် စည်ကားသိုက်မြိုက်သော တည်းခိုဆောင်များနှင့် လုံးဝကို ကွဲပြားနေခဲ့သည်။

သခင်မလျှို ထွက်သွားသည့်အချိန်တွင် ချန်းပင်အန်းက အခန်းထဲတွင် သူ့ခြင်းတောင်းကို ချထားလိုက်ပြီး ခြင်းတောင်းထဲမှ သစ်သားဘူးလေးတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုဘူးလေးထဲတွင်တော့ အလွန်ရိုးရှင်းသော ကျောက်စိမ်းဆံထိုးလေး(၄)ခု ရှိနေသည်။

ကျောက်စိမ်းဆံထိုး(၂)ခုကတော့ အဆီအနှစ်ကျောက်စိမ်းမှ ဖန်တီးထားခြင်းဖြစ်ပြီး သူတို့က အလွန်အမင်းကို ချောမွေ့နူးညံ့သည်။ တခြားကျောက်စိမ်း(၂)ခုကိုတော့ အစိမ်းရောင်ကျောက်စိမ်းနှင့် အနက်ရောင်ကျောက်စိမ်းမှ ဖန်တီးထားခြင်းဖြစ်၏။ ထိုဆံထိုး(၄)ခုနှင့်ဘူးလေးကို ချန်းပင်အန်းက ငွေစ(၁၀၀)သုံးပြီးဝယ်ခဲ့ရခြင်းဖြစ်သည်။

ဆောင်းဦးကျူပင်တည်းခိုဆောင်သို့ လာခဲ့သောလမ်းတွင် သူတို့က ကျောက်စိမ်းဆိုင်(၁)ဆိုင်ကို ဖြတ်လာခဲ့ရသည်။ မူလတုန်းကတော့ မျက်စိအစာကျွေးရန် ဝင်ကြည့်ခြင်းသာ ဖြစ်သော်လည်း ထိုဆံထိုး‌(၄)ခုကို သဘောကျသွားခဲ့၏။

ထိုဆံထိုးလေးများက ဘူးလေးထဲတွင် ငြိမ်းချမ်းစွာ ရှိနေသည်မှာ အတော်လေးကို စိတ်လှုပ်ရှားစရာကောင်းလှသည်။ ဆိုင်ရှင်က ငွေစ(၁၀၀)ဟု ပြောလိုက်သည့်အချိန်တွင် ချန်းပင်အန်းကတော့ ဆံထိုးများကို မဝယ်တော့ရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။

သို့သော် ချွေးချန်းက သူ့ကို အကြိမ်ကြိမ်တိုက်တွန်းနေခဲ့သော်လည်း အဆုံးတွင်တော့ ချန်းပင်အန်းက ထိုအရာကို မ‌ဝယ်တော့ကြောင်း ပြောလိုက်သည်။ ချန်းပင်အန်းက ချွေးချန်း၏အကြံပေးချက်ကို ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ချွေးချန်းက အတင်းအကြပ်ပြောနေပြီး နောက်မှ ငွေပြန်ပေးရန် ပြောခဲ့သည်။ သူက တည်းခိုဆောင်တွင် ငွေသုံးရန် ဆုံးဖြတ်လိုက်သကဲ့ ဖြစ်သည်။ သူက ချွေးချန်းဆီမှ ယူလိုက်ပြီး လုံချွမ်တိုင်းပြည်ကိုပြန်ရောက်မှပေးရမည်ဖြစ်သည်။

ထို့ကြောင့် ချန်းပင်အန်း ချွေးချန်းဆီတွင် ပထမဆုံးတင်သည့်အကြွေးက ငွေစ(၁၀၀)ဖြစ်သည်။ ထိုအရာက မများသော်လည်း နည်းပါးသော ပမာဏတော့ မဟုတ်ချေ။

ဆိုင်ရှင်က ချန်းပင်အန်းကို ကျောက်စိမ်းအလုပ်သမားများ အသုံးပြုသော ‌ဓားငယ်လေးတစ်ချောင်း လက်ဆောင်ပေးခဲ့သည်။ ထိုကျောက်စိမ်း(၃)မျိုး၏ မတူညီသော မာကျောမှုများ အကြောင်းကိုလည်း ရှင်းပြခဲ့၏။ ထို့ကြောင့် ထိုကျောက်စိမ်းများပေါ်တွင် စကားလုံးများ ရေးထိုးသည့်အချိန်၌ မတူညီသော အားပမာဏသုံးရမည်ဟု ပြောခဲ့သည်။ ချန်းပင်အန်းကလည်း အရာအားလုံးကို သေချာမှတ်သားထားခဲ့၏။

ပန်းထိုးမြစ်ပေါ်တွင် ရှိနေသောလှေပေါ်တွင် ချီကျင့်ချွန် သူ့ကို လက်ဆောင်ပေးခဲ့သော ကျောက်စိမ်းဆံထိုးလေးက ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် နောက်ပိုင်းအခွင့်အရေးရလျှင် သူက ဆံထိုးတစ်ခုဝယ်ပြီး ထိုစကားလုံး(၈)ခုကို ကိုယ်တိုင်ရေးသားမည်ဟု လီပေါင်ဖျင်ကို ပြောခဲ့သည်။ သူက ထိုကတိကို လိုက်နာပြီး ဆံထိုးတစ်ချောင်းက (၄)ခုအဖြစ် ပြောင်းသွားခဲ့၏။

လီဟွိုင်က သူ၏စာအုပ်သေတ္တာလေးကို နံရံထောင့်တွင် ထားလိုက်ပြီးနောက် အိပ်ရာပေါ်သို့ လှဲလိုက်သည်။ သူက ဝမ်းသာနေသည့်အမူအရာနှင့် သက်ပြင်းချလိုက်မိ၏။

“ဒါကမှ အင်မော်တယ်တွေရဲ့ အစစ်အမှန်စံအိမ်တစ်ခုပဲ။ ငါ့ရဲ့မိဘတွေနဲ့ ငါ့အစ်မက ဒီလိုခံစားမှုမျိုးကို မရတာ တော်တော်လေး ကံဆိုးလိုက်တာ…”

ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာပြီး အိပ်ရာထဲမှ အလျင်အမြန်ထ၍ စာအုပ်သေတ္တာဆီသို့ပြေးသွားပြီး ပစ္စည်းများကို မွှေနှောက်ရှာဖွေခဲ့သည်။ သိပ်မကြာခင် သူက စာအုပ်သေတ္တာထဲမှ အရာအားလုံးကို ထုတ်ပစ်ခဲ့သည်။ ထိုအထဲတွင် သူ၏သစ်သားရုပ်သေးနှင့် ရွှံ့ရုပ်ထုလေးများ ပါဝင်နေခဲ့သည်။

ထို့နောက် သူက ချန်းပင်အန်းကိုပြန်လှည့်ပြီး မကျေမနပ်အမူအရာနှင့်ပြောလိုက်၏။

“ငါသိသွားပြီ။ အဲဒီငွေတုံးလေးက မရှိတော့ဘူး။ ချွေးတုံရှန်းက ပြန်ယူသွားတာပဲ ဖြစ်ရမယ်။ ငါ ဘာလုပ်ရမလဲ ချန်းပင်အန်း၊ ငါ သူ့ဆီကနေ သွားပြန်တောင်းလိုက်ရမလား…”

လီဟိုင်၏အပြစ်တင်ပြောဆိုသံကို ကြားသည့်အခါ ချန်းပင်အန်းက အပြုံးနှင့် ပြန်လှည့်လာပြီး ပြောလိုက်သည်။

“အခု အဲဒီငွေ‌ပိုးကောင်က မင်းပိုင်သွားပြီလေ။ တကယ်လို့ ချွေးတုံရှန်းကသာ ပြန်ယူသွားတယ်ဆိုရင် မင်းက သူ့ဆီကနေ သေချာပေါက်ပြန်တောင်းလို့ရတာပေါ့..”

ထိုစကားကိုကြားသည့်အခါ လီဟွိုင်က အခန်းထဲမှနေ၍ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။

“ငါက သူ့ကိုနည်းနည်းလောက်တော့ စိတ်ဒုက္ခပေးမှရတော့မယ်…”

“မင်းက လေးလေးစားစား ယဉ်ယဉ်ကျေးကျေးပြောဖို့ မမေ့ပါနဲ့…”

ချန်းပင်အန်းက ပြောလိုက်သည်။

ချန်းပင်အန်းက မတ်တပ်ရပ်၍ တံခါးပိတ်လိုက်ပြီးနောက် စားပွဲဆီကိုပြန်လာပြီး ကျောက်စိမ်ထွင်းဓားလေးကို လက်ချောင်းလေးများနှင့် ကိုင်ကြည့်နေခဲ့သည်။ ထို့နောက် ထိုဓား၏အလေးချိန်ကို ချိန်ဆကြည့်နေခဲ့၏။ သူက သူ၏ဆံထိုးပေါ်တွင် မည်သည့်အရာ ထွင်းမလဲဟူသည်မှာတော့ အလွန်ရိုးရှင်းလှသည်။ ထိုအရာက ပျောက်ဆုံးသွားသောဆံထိုးပေါ်တွင်ထွင်းထားသည့် စကားလုံးများသာဖြစ်၏။

“လူကြီးလူကောင်းတစ်ယောက်ဆိုတာ ကျောက်စိမ်းလို သိမ်မွေ့ပြီး သဘောကောင်းရမယ်…”

တခြားသောဆံထိုး(၃)ခုကိုတော့ ချောက်ကမ်းပါးကျောင်းတော်သို့ ရောက်သည့်အချိန်တွင် ကလေး(၃)ယောက်ကို နှုတ်ဆက်လက်ဆောင်အဖြစ်ပေးရန် စဉ်းစားထားခဲ့သည်။ သူက ထိုဆံထိုးများပေါ်တွင် ပေါင်ဖျင်၊ ရှို့ယီနှင့် ဟွိုင်ရင်ဟူသော စကားလုံးများကို အသီးသီး ရေးထိုးပေးရန် စဉ်းစားထားခဲ့သည်။

ခေါင်းထဲတွင် အကြိမ်ကြိမ် စဉ်းစားခဲ့ပြီးနောက် ချန်းပင်အန်းက ဆံထိုး(၃)ခုတွင် ထွင်းထုရန် ထိုစကားလုံးများသာ စဉ်းစားမိခဲ့သည်။ ထိုစကားလုံးများက ထူးထူးခြားခြား လှပပြီး အဓိပွာယ်မရှိသော်လည်း သေချာပေါက် မှားယွင်းနေခြင်းတော့ မရှိနိုင်ပေ။

ရုတ်တရက်ဆိုသလို သူ့အခန်းတံခါးကို လင်းရှို့ယီက တွန်းဖွင့်လိုက်ပြီး သူက ဒေါသထွက်နေသော အမူအရာနှင့် တံခါးတွင် ရပ်နေခဲ့၏။

“ချန်းပင်အန်း …

မင်းက ရူးသွားပြီလား။ ဒီမှာ ‌တစ်ညနေဖို့အတွက်နဲ့ ငွေစ(၂၀၀၀)သုံးလိုက်တာလား…”

ချန်းပင်အန်းက မှင်တက်နေသောအမူအရာနှင့် ဒေါသထွက်နေသော ကောင်လေးကို ပြန်လှည့်ကြည့်လိုက်သည်။ လင်းရှို့ယီ၏ အနားတွင်တော့ ချွေးချန်း ရပ်နေကြောင်း တွေ့လိုက်ရပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့သည်။ လင်းရှို့ယီက အလွန်ဒေါသထွက်နေသည့်အတွက် နှုတ်ခမ်းများကပင် တုန်ယင်နေခဲ့သည်။ သူက ချန်းပင်အန်းကို လက်ညှိုးထိုးပြီး ပြောလိုက်၏။

“ငွေစ(၂၀၀၀)ဆိုတာ ဘယ်လောက်တန်ဖိုးရှိလဲ မင်းသိလား။ မင်းက မြို့စားတစ်ယောက်ရဲ့သား ၊ နန်းတွင်းက လူတစ်ယောက်လို့ ထင်နေတာလား..”

လင်းရှို့ယီ၏စကားလုံးများကြောင့် ချန်းပင်အန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ကျောက်စိမ်းထွင်းဓားကို သိမ်မွေ့စွာ ပြန်ချထားလိုက်ပြီး မတ်တပ်ရပ်လိုက်၏။ သူက စကားပြောရန်ပြင်လိုက်စဉ် လင်းရှို့ယီကတော့ ထွက်ခွာသွားခဲ့သည်။

ထိုအချိန်တွင် လီဟွိုင်က လက်ထဲတွင် ငွေတုံးလေးကိုကိုင်ပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူက ထိုပြဿနာကို ဝင်မပါရဲပေ။ သူ့မျက်နှာကတော့ ကြောက်လန့်မှုကြောင့် အနည်းငယ်ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အိပ်ရာအစွန်တွင် ထိုင်နေခဲ့၏။

ချန်းပင်အန်းက ချွေးချန်းကိုလှည့်ကြည့်ပြီး သူ့ထိုင်ခုံတွင် ပြန်ထိုင်နေခဲ့သည်။ ထိုပြဿနာကို မီးမွှေးခဲ့သော ချွေးချန်းကတော့ တံခါးဘောင်ကို မှီထားပြီး ပြောလိုက်သည်။

“မင်းရဲ့စေတနာက ဝေဒနာဖြစ်သွားတော့ စိတ်ထဲမှာ ခံစားခဲ့ရပြီမဟုတ်လား..”

ချန်းပင်အန်းက သူ့ကို အလေးမထားခဲ့ပေ။

ချွေးချန်းက ခဏကြာ တိတ်ဆိတ်နေခဲ့၏။ ထို့နောက် သူက အခန်းထဲသို့ ဝင်လာပြီး ချန်းပင်အန်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော စားပွဲပေါ်တွင် ထိုင်လိုက်သည်။ သူက လက်တစ်ဖက်နှင့် မေးစေ့ကိုထောက်ထားပြီး ချန်းပင်အန်းကိုအပြုံးနှင့်ကြည့်၍ ဆက်ပြောလိုက်၏။

“မင်းက ဒီမှာနေဖို့အတွက် ငါ့ဆီကနေ ငွေချေးထားတယ်ဆိုတာ ငါတို့(၂)ယောက်လုံး သိတယ်။ ဒါပေမဲ့ မင်းက ဒီမှာနေဖို့အတွက် တစ်ဖွဲ့လုံးရဲ့ရန်ပုံငွေကို သုံးလိုက်တာလို့ လင်းရှို့ယီက တွေးနေမယ်လို့ထင်နိုင်တယ် မဟုတ်လား။ မင်းက သူ့ရဲ့လေ့ကျင့်မှုအတွက် ငွေတွေကို သုံးလိုက်တယ်…”

“ဒါပေမဲ့ လင်းရှို့ယီကတော့ အသက်ငယ်ငယ်လေးနဲ့ ငွေကြေးရဲ့တန်ဖိုးကို သိနေတယ်။ ဒါကြောင့် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးတဲ့အချိန်မှာ ဒါက ကောင်းမွန်တဲ့ အရာတစ်ခုမဟုတ်ဘူးလို့ သူကခံစားမိတယ်။ ဒါကြောင့် သူက မင်းကို အော်ဟစ်ပြောဆိုနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လေ။ ဒါတွေအားလုံးက ဖြစ်နိုင်ခြေတွေပါပဲ…”

ချန်းပင်အန်း၏အမူအရာကတော့ ပြောင်းလဲသွားခြင်းမရှိချေ။

“ငါက ပြဿနာရှာနေတယ်လို့ မင်းစိတ်ထဲမှာ တွေးနေတယ်မဟုတ်လား…”

ချွေးချန်းက အပြုံးနှင့် မေးလိုက်သည်။

“တကယ်တမ်းကတော့ မင်း မှားနေတယ်လို့ မင်းက တွေးရမှာ။ ငါက မင်းကို ဥပမာတစ်ခု ပေးမယ်။ အစောပိုင်းမှာ ငါက အမှိုက်တွေကို ဝယ်ဖို့အတွက် ငွေတုံးတစ်တုံးကိုအသုံးပြုခဲ့တယ်။ ဒါပေမဲ့ အဲဒီငွေတုံးက လူစိမ်းတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားတဲ့အချိန်တိုင်း ပုရွက်ဆိတ်တစ်ကောင် ဒါမှမဟုတ် ပုစင်းတစ်ကောင်ပုံစံပြောင်းပြီး ငါ့ဆီကိုပြန်လာမှာပဲ။ အဲဒါကြောင့် ငါက အဲဒီလူကိုလှည့်စားတယ်လို့ မင်းက ခံစားမိခဲ့တယ်မဟုတ်လား…”

“ပြောရမယ်ဆိုရင်တော့ မင်းက မမှားပါဘူး။ ဒါပေမဲ့ အဲဒီလူက လောင်းကစား စွဲနေတဲ့လူတစ်ယောက်ပဲ။ သူက အရာအာလုံးကို လောင်းကစားပစ်မှာဆိုတော့ သူ့မှာရှိတဲ့အရာတွေကို တန်ဖိုးမထားဘူး။ တကယ်လို့ ငါက သူ လောင်းကစားလုပ်ဖို့အတွက် အစစ်အမှန်ငွေတွေ ပေးလိုက်မယ်ဆိုရင်တောင် သူက ရက်အနည်းငယ်အတွင်း သေသွားရလိမ့်မယ်။ အခုတော့ သူ့မှာ လောင်းကစားလုပ်ဖို့ ငွေတစ်ပြားမှ မရှိတော့ဘူး။ ဒီတော့ သူက သူ့ရဲ့အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေကိုခိုးပြီး နောက်တစ်ကြိမ် ထပ်ရောင်းရတော့မယ်။ ဒါဆိုရင်တော့ သူက နောက်ထပ် ရက်နည်းနည်းလောက် အသက်ရှင်နေဦးမှာပေါ့…”

“မင်းက မြင်းလှည်းထဲကနေ ထွက်လာပြီး မြို့နတ်ဘုရားကျောင်းဆောင်အကြောင်း ငါသိအောင် တမင်မိတ်ဆက်ပေးခဲ့တယ်။ ပြီးတော့ ဆောင်းဦးကျူပင်တည်းခိုဆောင် အကြောင်းကို မတော်တဆပုံစံမျိုးနဲ့ ပြောခဲ့တယ်။ မင်းက ငါ့ကိုထောင်ချောက်ဆင်ထားခဲ့တာ မဟုတ်လား…”

ချန်းပင်အန်းက မေးလိုက်သည်။

“မင်းက ဘာလို့ဒီလိုအရာမျိုး လုပ်ရတာကို သဘောကျလဲဆို‌တာတော့ ငါ နားမလည်ဘူး။ မင်းက ကိုယ့်အတွက် အကျိုးမရှိဘဲ တခြားသူတွေကို နာကျင်အောင် လုပ်ချင်နေတယ်။ ဒါက ဘာအကျိုးရှိလို့လဲ…”

ချွေးချန်းက ပြန်လှည့်ကြည့်လိုက်ပြီး သူ၏လက်ချောင်းလေး(၂)ချောင်းက စားပွဲပေါ်တွင် ပုတ်နေခဲ့သည်။

“မင်းထက် ပိုပြီးနည်းနည်းလောက် အသက်ကြီးတဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ်။ သူ့ဆီမှာ ‘နွေဦးကိုကြိုဆိုတဲ့‌ကမ္ဘာကြီး’ဆိုတဲ့စကားစု ထွင်းထားတဲ့ တံဆိပ်တုံးတစ်ခုရှိတယ်…”

ချွေးချန်း၏အသံက တိုးသွားခဲ့ပြီး သူကတော့ တစ်ယောက်တည်း လေးလေးနက်နက် စဉ်းစားနေပုံရ၏။

“အဲဒီတော့ဘာဖြစ်လဲ…”

ချန်းပင်အန်းက ပြန်မေးလိုက်သည်။

ချွေးချန်းက သတိပြန်ဝင်လာပြီး သူ၏မျက်ခုံးကြားထဲကို နှိပ်နေခဲ့၏။ သူကတော့ လမ်းတလျှောက်ဖြစ်ခဲ့သည့် ထူးဆန်းသောအရာမျိုးစုံကို စဉ်းစားကြည့်လိုက်ပြီး ကိစ္စရပ်တစ်ခုကို ပို၍သေချာလာခဲ့သည်။ ကျိုးယောင်ကို ချီကျင့်ချွန် ပေးလိုက်သောတံဆိပ်တုံးက အရေးပါဆုံး တံဆိပ်တုံးတစ်ခု ဖြစ်သည်။

ကျိုးယောင်က ချွေးချန်းနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် ထိုတံဆိပ်ကို ချက်ချင်း လက်လွှဲပေးခဲ့သည်။ ထိုသို့လုပ်ရန် သူ၏အကြောင်းပြချက်က မည်သို့ဖြစ်စေကာမူ သူကတော့ တံဆိပ်ကိုပေးရန် ရွေးချယ်လိုက်သည့်အတွက် တံဆိပ်ထဲတွင် ရှိနေသော အရာများက အသုံးမဝင်တော့ပေ။ ထို့ကြောင့် ယခုနှစ်တွင် နေဦးရာသီက ကြာရှည်ခြင်း မရှိတော့ချေ။

သို့သော် ကိစ္စရပ်များက ထိုမျှရိုးရှင်းလိမ့်မည်ဟု ချွေးချန်းက မတွေးမိခဲ့ချေ။ ချီကျင့်ချွန်ဆီတွင် တခြားလှည့်ကွက်များရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စာသင်သားအိုကြီးက သူ၏ကံကြမ္မာနှင့် ချန်းပင်အန်း၏ကံကြမ္မာကို ပေါင်းစပ်ရန် ကြိုးစားပေးခဲ့သည်။ ရလဒ်အနေနှင့် သူက ချန်းပင်အန်း၏ ခရီးလမ်းတွင် လိုက်ပါလာခဲ့ရ၏။ သူ၏အနာဂတ်ကလည်း မသေမချာ ဖြစ်လာခဲ့သည်။

သို့သော် သူကတော့ မျှော်လင့်ချက်များအားလုံးကို လက်လျော့တတ်သည့် လူတစ်ယောက်မဟုတ်ချေ။ ထိုအစား အနိုင်ရရန် မျှော်လင့်ချက်က ယခင်တုန်းကထက်ပင် ပို၍တောက်ပလာခဲ့သည်။ သူက ချန်းပင်အန်းကို သူ၏လမ်းကြောင်းပေါ်သို့ တဆင့်ချင်းဆီ ဆွဲခေါ်နေခဲ့သည်။ ထိုသို့ဆိုလျှင် ချန်းပင်အန်းက မှောင်မည်းနေသော လမ်းကြားထဲတွင် လျှောက်လှမ်းနေစရာ မလိုတော့ပေ။

သူတို့(၂)ယောက်က အခြေအတင်ဖြစ်နေသော်လည်း ခန္ဓာကိုယ်ချင်း တိုက်ခိုက်ရသည့် တိုက်ပွဲတစ်ခု မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှု တိုက်ပွဲတစ်ခု ဖြစ်သည်။ ချန်းပင်အန်းနှင့် စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတစ်ခု ရင်ဆိုင်နေရကြောင်း တွေးမိသည့်အခါ ချွေးချန်းကတော့ ပို၍ကောင်းမွန်နေသလို ခံစားနေရသည်။

သူက အဆင့်(၁၂) ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ဖူးပြီး အလယ်မြေနတ်ဘုရားတိုင်းပြည် တခွင်လုံးတွင် နာမည်ကျော် ကျားသမားသမား တစ်ယောက်ဖြစ်ခဲ့သည်။ ထို့ကြောင့် ကလေးတစ်ယောက်ကို ရှုံးရန် လုံးဝမဖြစ်နိုင်ပေ။

ထိုအချိန်တွင် ချန်းပင်အန်းကတော့ ချွေးချန်းကို အလေးမထားတော့ဘဲ သူ၏ကျောက်စိမ်းဆံထိုးပေါ်တွင် ပထမဆုံးစကားလုံးကို စတင်ရေးထိုးလိုက်သည်။

Translated by Hein Htet.

All Chapters