← Chapters

နတ်ဘုရားတိုက်ကြီး၏ နံပါတ်တစ် ဓား

Vol. 17 Ch. 207

နတ်ဘုရားတိုက်ကြီး၏ နံပါတ်တစ် ဓား

Vol. 17 Ch. 207

"မင်းတော့ ရွှေတွင်းတွေ့ပြီ "

လနီက စိတ်လှုပ်ရှားစွာ ဟစ်အော်နေ၍ စစ်မြေပြင်၏ တိတ်ဆိတ်ခြင်း ပျောက်ကွာ်သွားခဲ့ပြီး ယွမ်ရှောင်သည်လည်း သေမျိုး လောကနှင့် လူ့သဘာဝအပေါ် အတွေးနက်နေရာမှ သတိဝင်လာသည်။

"မှန်တယ်၊ လူသားတွေမှာ ချို့ယွင်းချက်များ ရှိပေမယ့် ဒီအတွက်ကြောင့် ငါ့မျိုးနွယ်ကို စွန့်ပစ်ပြီး နှလုံးသားကို လိမ်လည်လှည့်ဖြားရမယ့် အကြောင်းအရင်း မဟုတ်ဘူး"

အကယ်၍ သူ၏ အိမ်နှင့် ပြည်သူများ အခက်တွေ့နေရလျှင် ပြောင်းလဲမှုကို ဆောင်ကြဉ်းရန်မှာ သူ၏ တာဝန် ဖြစ်သည်။

"ကြယ်ပြာ၊ ငါက နောက်ဆုံးမှာ ခံစားချက်ကင်းမဲ့ပြီး အရာရာကို လျစ်လျူရှုထားတဲ့ ဖန်ဆင်းရှင်ဘဝကို ပြန်လည် ရယူချင်တဲ့ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာမှာလား"

သူက သားရဲလေးကို လေးနက်စွာ မေးလိုက်ခြင်း ဖြစ်၏။

"ဒါက ဖန်ဆင်းရှင်ရဲ့ အရင်ဘဝ မဟုတ်ဘူးလား။ ဖန်တီးမှု စက်ယန္တရားနဲ့ တူညီပြီး အဲ့ဒီမှာ ဘာ ပျော်စရာ ရှိလို့လဲ။ လူသားတစ်ဦး ဖြစ်ရတာက အများကြီး ပို စိတ်ဝင်စားစရာ ကောင်းတယ်။ အနည်းဆုံးတော့ ငါတို့မှာ စိတ်အားထက်သန်မှုတွေနဲ့ ဆန္ဒတွေ ရှိတယ်"

ကြယ်ပြာက ပြောသည်။

"မှန်တယ်၊ မှန်တယ်။ လောဘ၊ ဒေါသ၊ မိုက်မဲမှု၊ နှင့် ကာမဂုဏ်ရာဂစိတ် ရှိတဲ့ လူသားတစ်ဦး—အထူးသဖြင့် နောက်ဆုံးတစ်ခုပေါ့ကွာ"

လနီက လှောင်ရယ်ရင်း ထောက်ခံလိုက်သည်။

"တကယ်လား။ မင်း သူနဲ့အတူ ရှိနေတုန်းက အရင်ဖန်ဆင်းရှင်ရဲ့ ဘဝဟာ ပျင်းစရာကောင်းတယ်လို့ ထင်ခဲ့တာလား"

ယွမ်ရှောင်က ထူးခြားသော မျက်နှာထားဖြင့် ဆက်မေးသည်။

"ဒါက အရမ်း ကြာမြင့်ခဲ့ပြီမို့ ငါ မေ့သွားပြီ။ သူက နှစ်သန်းပေါင်းများစွာအတွင်း နှစ်များအတွင်း စကားတစ်ခွန်းမှ မပြောခဲ့တာကိုတော့ ငါ သတိရတယ်"

ကြယ်ပြာက ခဏတာ တိတ်ဆိတ်သွားပြီး ဝမ်းနည်းနေဟန်ဖြင့် ဖြေလာခဲ့သည်။

"ဒါဆိုရင် တော်တော်လေး ငြီးငွေ့စရာ ကောင်းပုံရတယ်"

ယွမ်ရှောင်က ခေါင်းခါလျက် ပြုံးလိုက်သည်။

"သူက မင်းဖြစ်ပြီး၊ မင်းကလည်း သူဖြစ်ပေမယ့် အရာအားလုံး ပြောင်းလဲသွားတယ်"

ကြယ်ပြာက တွေးတောဆင်ခြင်ရင်း မှတ်ချက်ချလိုက်ပြီး ယွမ်ရှောင်၏ စိတ်ထဲတွင် ဖန်ဆင်းရှင်ဘဝအကြောင်း မှတ်ဉာဏ်များမရှိဘဲ တိမ်တိုင်းပြည်မှ ဆယ့်ခြောက်နှစ်တာ အမှတ်တရများသာ ရှိပေသည်။

"စကားပြောတာ တော်ပြီ၊ အရင်ဆုံး ချမ်းသာအောင် လုပ်ကြစို့"

ယွမ်ရှောင်က သူ၏ လက်ကို ဆန့်တန်းလိုက်ရာ ကိုယ်ပွားတစ်ခု သူ၏ကိုယ်တွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ထို ကိုယ်ပွားမှာ ငွေရောင် မြေခွေးတစ်ကောင် ဖြစ်ပြီး ယွမ်ရှောင်ထံမှ ကိုယ့်ကိုကိုယ် ဆွဲထုတ်၍ အေးစက်သော လူငယ်တစ်ဦးအဖြစ် ထွက်ပေါ်လာခဲ့သည်။ ပျက်စီးနတ်ခန္ဓာကိုယ်ကို ကျင့်ကြံပြီးနောက် လနတ်သား၏ အသွင်အပြင်နှင့် အရှိန်အဝါလည်း တိုးတက်နေခဲ့ပြီး စကားတစ်ခွန်းမှ ပြောစရာ မလိုအပ်ဘဲ ကိုယ်ပွားရော မူလကိုယ်ပါ အလုပ်စလိုက်ကြ၏။ ပထမဆုံးအနေဖြင့် နတ်ဆိုး အရိုးများကို စုပ်ယူဝါးမျို၍ ဝိညာဉ်မီး အတတ်ပညာကို အသုံးပြုကာ နတ်ဆိုးအကြွင်းအကျန်များကို သွေးကျောက်နှင့် ဓားစက်ကွင်းများအဖြစ် သန့်စင်လိုက်ကြသည်။ ကိုယ်ပွားက သူတို့၏ ချပ်ဝတ်တန်ဆာများမှ ပျက်စီး အနှစ်သာရကို ထုတ်ယူ၍ အားလုံးကို မျိုချခဲ့သည်။ လနတ်သား၏ အကြီးမားဆုံး ကံကောင်းခြင်း အခိုက်အတန့် ဖြစ်သည်မှာ သေချာပြီး နတ်ဆိုးတိုက်ကြီး၏ ပါရမီရှင်နှစ်ထောင်က တိုက်ကြီးတစ်ခုလုံး၏ ထိပ်တန်းအဆင့် ပျက်စီး အနှစ်သာရ သုံးပုံတစ်ပုံနီးပါးကို သူတို့နှင့်အတူ သယ်ဆောင်လာခဲ့ကြသည်။ လေ၊ မီး၊ ရေ၊ မြေ၊ မိုးကြိုး၊ သွေး၊ အလင်း၊ အမှောင်၊ ရေခဲ၊ သတ္တု၊ သစ်—စိတ်ကူးကြည့်နိုင်သော ပျက်စီး အနှစ်သာရတိုင်း ရှိနေသပြီး သူ၏ နတ်ခန္ဓာကို အဆင့်မြှင့်တင်ရန် ဝါးမျိုခံနေရ၏။ ထို့အပြင် ရွှယ်ချီကဲ့သို့ နတ်ဆိုးမင်းသား နှင့် မင်းသမီးများသည် ဖန်ဆင်းရှင်မျိုးစေ့များ ပိုင်ဆိုင်ထားကြ၍

လနတ်သား၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းဝင်ရောက်သွားသည်။

ဥပမာအားဖြင့် ရွှယ်ချီ၏ တာအို မျိုးစေ့ ဖြစ်သော သွေးယဇ်ပူဇော်ခြင်းက ခြေလက်အင်္ဂါများ ပြန်လည် ကြီးထွားရန် လုံလောက်သော အသက်ဓာတ်ကို ပေးအပ်သည်။ ဤမျိုးစေ့ကို စုပ်ယူခြင်းဖြင့် လနတ်သားက လျင်မြန်သော ကုသနှုန်းကို ပိုင်ဆိုင်သွားပြီး ခန္ဓာကိုယ် သန်မာလာရုံသာမက ရန်သူများ သတ်ဖြတ်ရန် ခက်ခဲသွားပြီဖြစ်၏။ ယခုအချိန်တွင် ကိုယ်ပွား စုပ်ယူခဲ့သော ဖန်ဆင်းရှင်မျိုးစေ့ အရေအတွက်သည် မူလယွမ်ရှောင်ကို ကျော်လွန်သွားသော်လည်း စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။ တိုက်ပွဲအတွင်း ကိုယ်ပွားနှင့် ပေါင်းစပ်ခြင်း၏ ရလဒ်ကို သူ နားလည်သွားခဲ့ပြီး လနတ်သား ပို၍ အားကောင်းလေလေ သူ့အတွက် အကျိုးရှိလေလေဖြစ်သည်။

ယွမ်ရှောင်၏ခန္ဓာကိုယ်က ထိပ်တိုက်ရင်ဆိုင်ရာတွင် နတ်ဆိုးများအောက် အားနည်းသော်လည်း တာအိုဂါထာများစွာနှင့် သားရဲလေးရှိနေသဖြင့် ရှင်သန်နိုင်စွမ်း အာမခံချက်ရှိပေသည်။

"မင်းက နတ်ဆိုး နှစ်ထောင်လုံးကို သွေးကျောက်နဲ့ ဓားစက်ကွင်းအဖြစ် သန့်စင်ဖို့ စီစဉ်ထားတာလား"

ကြယ်ပြာက သူ၏ လုပ်ရပ်ကို စောင့်ကြည့်နေရင်း မေးလာခဲ့သည်။

"ဟုတ်တယ်။ ငါ့အတွက် ဒါတွေက အဆင့်နိမ့်ပေမယ့် စစ်ပွဲက နီးကပ်နေပြီ။ ဓားသမားညီအစ်ကိုတွေအတွက် ဓားစက်ကွင်းတွေ စုဆောင်းထားရမယ်"

ယွမ်ရှောင်က နတ်ဆိုးအလောင်းများ အကြား သွားလာနေရင်း ဓားစက်ကွင်းများ ဖန်တီးရန် သွေးကျောက်များ သန့်စင်နေခဲ့သည်။

"ဒီစစ်မြေပြင် ပြန်လည် ဖွင့်လှစ်တဲ့အခါ နတ်ဆိုးဧကရာဇ်များနဲ့ နတ်ဆိုးသူတော်စင်ရဲ့ မျက်နှာတွေ ဘယ်လို ဖြစ်မယ်ဆိုတာ စိတ်ကူးကြည့်လိုက်စမ်းပါ၊ သူတို့ရဲ့ ပါရမီရှင်တွေအစား သွေးကျောက်နှစ်ထောင်ကျော်ဖြစ်နေရင် တော်တော် ရယ်စရာကောင်းမှာပဲ။ ဟား ဟား"

ကြယ်ပြာက တစ်ချက်ပြုံးလိုက်ပြီး အမှောင်ချိတ်ပိတ် တိုက်ပွဲ၏ အထွတ်အထိပ်မှာ တံခါးများ ဖွင့်လှစ်သည့် အချိန်ဖြစ်ပြီး အရုဏ်တက်နတ် ဧကရီပင် အရေးကြီးသော ထိုအခိုက်အတန့်တွင် ပရမ်းပတာအခြေအနေကို ထိန်းချုပ်ရန် အစီအစဉ်များ ကြံစည်ထားရ၏။ ယွမ်ရှောင်က စစ်မြေပြင်၏ မည်းနက်နေသော ကောင်းကင်ကို မော့ကြည့်ရင်း ရယ်မောနေခဲ့သည်။

စစ်မြေပြင်အပြင်ဘက်တွင် တိတ်ဆိတ်မှုက တစ်နာရီကြာအောင် ဖုံးလွှမ်းနေကာ လူသား နှင့် နတ်ဆိုး နှစ်ဖက်လုံးကို စိတ်မရှည်မှုနှင့် စိုးရိမ်ပူပန်မှု ခံစားချက်များ ဖြစ်တည်လာစေခဲ့သည်။ နတ်ဆိုးတိုက်ကြီးမှ ကျင့်ကြံသူ အများအပြား နှင့် အင်မော်တယ်နတ်ပြည်ထောင် ခြောက်ခုမှ အရာရှိများက တက်လှမ်းခြင်း တံခါးရှိ သူတို့၏ ထိုင်ခုံများမှ ထရပ်လာသည်မှာ ကြာမြင့်နေခဲ့ပြီးဖြစ်သည်။ ခရမ်းရောင်ဧကရာဇ်က လေထဲတွင် ရပ်နေပြီး သူ၏ ဝတ်ရုံ ခန့်ညားစွာ လွင့်ပျံနေကာ အင်မော်တယ်ကျင့်ကြံသူ တစ်ဦး၏ ကျက်သရေကို ထင်ဟပ်စေသည်။ သူ၏ အနောက်တွင် အနက်ရောင် ဦးထုပ်ဆောင်းထားသော အမျိုးသားတစ်ဦး ရပ်နေပြီး ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်၏ ဓားသူတော်စင် ယုချန် ဖြစ်သည်။ ထိုလူက ဓားသူတော်စင် စွန်းကဲ့သို့ ကျော်ကြားမှုအရာ၌ တန်းတူ ဖြစ်ပြီး သူ၏ ငယ်ရွယ်မှုနှင့် ကျော်ကြားမှုအတွက် နတ်ဘုရားတိုက်ကြီး၏ နံပါတ်တစ် ဓားဟု လူသိများသည်။ လက်ရှိတွင် ထိုနှစ်ယောက်က လှုပ်ရှားမှုမရှိသော တိတ်ဆိတ်နေသည့် စစ်မြေပြင်ကို လျှို့ဝှက်ဆန်းကြယ်သော မျက်နှာထားများဖြင့် တည်ငြိမ်စွာ စောင့်ကြည့်နေကြသည်။

"နာရီဝက်အတွင်း ဘာလှုပ်ရှားမှုမှ မရှိခဲ့ဘူး။ ရလဒ်ကို ဆုံးဖြတ်ပြီးတာ အတော်ကြာနေပြီထင်တယ်"

ခရမ်းရောင်ဧကရာဇ်က စကားစလိုက်သည်။

"သူက နာရီဝက်တောင် တိုက်ခိုက်နိုင်တယ် ။ ဒါက သူ့ကို နတ်ဘုရားတိုက်ကြီးရဲ့ သူရဲကောင်းတစ်ဦးအဖြစ် လူသား ရာဇဝင်ထဲမှာ သတ်မှတ်ဖို့ လုံလောက်တယ်။ ကောင်းကင်နယ်မြေက သူ့အတွက် ဂုဏ်ပြု ကျောက်တိုင်တစ်ခုတောင် စိုက်ထူပေးလောက်တယ်"

ဓားသူတော်စင် ယုချန်က အေးစက်စွာ ပြောလိုက်သည်။

"ဒါလည်း မဖြစ်နိုင်ပါဘူး။ ရက်အနည်းငယ်အတွင်း နတ်ဘုရားတိုက်ကြီးက နတ်ဆိုးတိုက်ကြီးရဲ့ လက်အောက်ခံ ဖြစ်လာလိမ့်မယ်"

ခရမ်းရောင်ဧကရာဇ်က အဝေးသို့ စိုက်ကြည့်ရင်း အပြုံးတစ်ခု သူ၏ နှုတ်ခမ်းများပေါ်တွင် ဖြစ်တည်လာ၏။

"မှန်တယ်။ နတ်ဆိုးတိုက်ကြီးရဲ့ နတ်ဆိုးဧကရာဇ်တွေက ဒီနေရာကို လိုချင်တပ်မက်နေတာ ကြာပြီ။ အခုမျိုးဆက်မှာ သူတို့က ဒီအိပ်မက်ကို အကောင်အထည်ဖော်တော့မယ်"

ဓားသူတော်စင် ယုချန်၏ အသံက နတ်ဘုရားတိုက်ကြီး၏ ကံဆိုးမှုကို ကျေနပ်နေပုံရသည်။

"ဒီမျိုးဆက်ရဲ့ နတ်ဆိုးဧကရာဇ် ငါးပါးမှာ တစ်ယောက်ယောက် ကျဆုံးသွားရင်တောင် နောက်မျိုးဆက်မှာ အနည်းဆုံး ခြောက်ယောက် ရှိလာမှာ သေချာတယ်။ ဒီအချိန်မှာ နတ်ဘုရားတိုက်ကြီးကတော့ စစ်မှန်တဲ့ ဧကရာဇ်တစ်ယောက် ထွက်ပေါ်လာဖို့တောင် ရုန်းကန်နေရတယ်။ ငါတို့က ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ"

ခရမ်းရောင်ဧကရာဇ်က နတ်ဆိုးတိုက်ကြီးကို ချီးကျူးရင်း ခေါင်းခါနေခဲ့သည်။

"တောတွင်းဥပဒေအရ အားသာရာကို ရွေးချယ်ခြင်းက ပညာရှိတစ်ယောက်ရဲ့ လုပ်ရပ်ပဲ။ နတ်ဘုရားတိုက်ကြီးက ဒုက္ခခံစားရမှာ ဖြစ်ပေမယ့် အနည်းဆုံးတော့ ခရမ်းရောင်ကောင်းကင်ပြည်ထောင် အသက်ရှင်ကျန်ရစ်လိမ့်မယ်။ အရှင်မင်းကြီးရဲ့ မှန်ကန်တဲ့ ဉာဏ်ပညာက သမိုင်းတွင် ကျန်ရစ်ပါလိမ့်မယ်"

ဓားသူတော်စင် ယုချန်က ခရမ်းရောင်ဧကရာဇ်ကို ဦးညွှတ်လိုက်သည်။

"အင်း။ ငါ့အတွက်တောင် နတ်ဆိုးတိုက်ကြီးရဲ့ ပါရမီရှင်နှစ်ထောင်ကျော်ကို တစ်ကိုယ်တော် တိုက်ခိုက်ဖို့ ခက်ခဲလိမ့်မယ်။ ယွမ်ရှောင်က ဘယ်လောက်အစွမ်းထက်ထက် ကောင်းကင်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ မဖြစ်နိုင်ပါဘူး"

ခရမ်းရောင်ဧကရာဇ်က နတ်ဆိုးတိုက်ကြီး၏ ဧကရာဇ်များထံ လှည့်ကြည့်လိုက်မိသည်။ တက်လှမ်းခြင်းတံခါး၏ ညာဘက်တွင် နတ်ဆိုး သန်းပေါင်းများစွာက တစ်နာရီနီးပါးကြာအောင် အော်ဟစ်နေကြပြီး စွမ်းအင်အဆုံးမရှိဟန်ဖြင့် ဟိန်းဟောက်ကြုံးဝါးနေကြရင်း ယွမ်ရှောင်၏ သေခြင်းတရားကို မျက်မြင်စောင့်ကြည့်ရန် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။

"မင်းတို့အထင်၊ ငါတို့ရဲ့ မင်းသားတွေထဲမှာ ဘယ်သူက လှပတဲ့ အရုဏ်တက်နတ်ဧကရီကို လက်ထပ်နိုင်လောက်လဲ"

"ဒီနတ်ဧကရီက နတ်ဆိုးတစ်ကောင်နဲ့ လက်ထပ်ရတော့မယ်"

သူတို့က တက်လှမ်းခြင်းတံခါးနှင့် စစ်မြေပြင်ကို တစ်လှည့်စီ စောင့်ကြည့်ရင်း ကျေနပ်ပျော်ရွှင်နေကြစဥ် တံခါး၏ဘယ်ဘက်တွင် ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများ စိတ်ဓာတ်ညှိုးငယ်၍ လေးလံသော မျက်နှာထားဖြင့် စောင့်ကြည့်နေကြသည်။ ကိုးကောင်းကင် အင်မော်တယ်စစ်တပ်မှ စစ်သည် သန်းပေါင်းများစွာက တိတ်တဆိတ်ဖြင့် လူအုပ်၏ ရှေ့တန်းတွင် ပေါ်ထွက်လာခဲ့ပြီး ပြင်ဆင်ထားကြသည်။ ထိုအချိန်တွင် လူအုပ်အကြားရှိ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ နှင့် ကလေးများ အားလုံး ဆုတ်ခွာသွားကြပြီးဖြစ်သည်။

တက်လှမ်းခြင်းတံခါးရှိ စင်မြင့်ပေါ်တွင် အရုဏ်တက်နတ်ဧကရီ နှင့် အခြား အင်မော်တယ်နတ်ပြည်ထောင် လေးခု၏ ဧကရာဇ်များသည် အရာရှိများနှင့်အတူ၊ လေးနက်သော မျက်နှာထားများ ဖြစ်ပေါ်နေကြသည်။ စိတ်ဝင်စားစရာကောင်းလောက်အောင် ညာဘက်တွင် ရှိနေသော နတ်ဆိုးဧကရာဇ်များ၏ မျက်နှာထားက ပို၍ပင် လေးနက်နေသည်။ အထူးသဖြင့် ကူဧကရာဇ်၏ မျက်နှာက မိုးတိမ်များကဲ့သို့ မည်းနက်နေကာ စစ်မြေပြင်တိတ်ဆိတ်သွားချိန်မှစ၍ သတိကြီးကြီးထားနေပုံရ၏။

အချိန်ပြည့်ရန် နီးကပ်လာသည်နှင့်အမျှ သန်းပေါင်းများစွာသော ကျင့်ကြံသူများ၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။ နတ်ဆိုးများပင် ဟိန်းဟောက်သံများကို ရပ်တန့်လိုက်ကြပြီး ကောင်းကင်နယ်မြေ တစ်ခုလုံး နှလုံးခုန်သံ တဒိန်းဒိန်းသာ ပဲ့တင်ထပ်နေပုံရသည်။

"ကောင်းကင်နယ်မြေရဲ့ အင်မော်တယ်စစ်ပွဲ ပြီးဆုံးတော့မယ်"

အရုဏ်တက်နတ်ဧကရီက ခန့်ညားစွာ ကြေညာ၍ နယ်မြေတစ်ခွင်ရှိနေသည့် မရေမတွက်နိုင်သော လူသားများနှင့် နတ်ဆိုးများ အသက်ရှူရပ်တန့်ကုန်သည်။

နတ်ဆိုး သန်းပေါင်းများစွာက သွေးနီရောင် သန်းနေသော မျက်လုံးများဖြင့် စစ်မြေပြင်၏ အမှောင်ကျနေသော အစီအရင်ကို ကြည့်ရင်း အစွယ်တဖွေးဖွေးနှင့် မာန်ဖီနေကြ၏။

"သတ်ပစ်လိုက်"

သူတို့က ရူးသွပ်သော စိတ်ကို မထိန်းချုပ်နိုင်ဘဲ ဟိန်းဟောက်ကြုံးဝါးစပြုလာသည်။

အချိန် ရေတွက်မှုက စတင်လာခဲ့သည်။

"သုံး"

"နှစ်"

"တစ်"

အချိန်ပြည့်သွားသောအခါ စက်လုံးခြမ်းသဏ္ဍာန် အစီအရင်ဖြင့် ဖုံးကွယ်ထားသော စစ်မြေပြင် ပြန်လည် ထွက်ပေါ်လာကာ စောင့်ကြည့်နေသူများ မျက်လုံးအပြူးသားနှင့် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။ စစ်မြေပြင်အတွင်းမှ မြင်ကွင်း ပေါ်ထွက်လာသောအခါ အားလုံးနီးပါး မင်သက်သွားကြပြီး သူတို့

စိတ်ကူးယဉ်ထားသော အလောင်းတောင်များနှင့် သွေးပင်လယ်များကို မတွေ့ခဲ့ရပေ။ သွေးနှင့် အလောင်းကောင်များ ပြန့်ကြဲနေရမည့်အစား စစ်မြေပြင်က ထူးထူးခြားခြား သန့်ရှင်းနေကာ ပုံရိပ်နှစ်ခုသာ တည်ရှိနေခဲ့သည်။

ပထမပုံရိပ်သည် နတ်ဆိုးများ၏ စိတ်ကူးအတွင်း အကြိမ်ပေါင်းများစွာ သေဆုံးခဲ့သော ယွမ်ရှောင်ဖြစ်၍ အပြာရောင် ဓားဝိညာဥ်ကို ကိုင်စွဲထားသည်။ ၎င်းဓားအောက်တွင် ငွေရောင်ဆံပင်နှင့် နတ်ဆိုးတစ်ယောက်က တစ်ကိုယ်လုံး ဟက်တက်ကွဲ ဒဏ်ရာများကြောင့် သွေးအလိမ်းအလိမ်းဖြင့် ဒူးထောက်နေခဲ့၏။ လနတ်သား၏ မျက်နှာက ပြာနှမ်းနေပြီး အသက်ကို မနည်း ကြိုးစားရှူနေရကာ သေလုမျောပါး ဖြစ်နေသည်။ ယွမ်ရှောင်က သူ၏လည်ပင်းကို ဓားထောက်ထားပြီး ပခုံးပေါ် ခြေတစ်ဖက်တင်ထားကာ ဓားသွားအထက်၌ ဓားအော်ရာ ငါးရာကျော် တောက်ပနေသည်။ ဤအရေအတွက်က နတ်ဆိုးများကို တုန်လှုပ်သွားစေပြီး သူတို့အတွက် အိပ်မက်ဆိုးပမာ ထင်မှတ်ရကာ ရှေးခေတ်ဟောင်းမှ ဓားသမားတစ်ယောင်အလားပင်။ ထို့အပြင် အနားတွင် သွေးကျောက်နှစ်ထောင်ကျော်သည် အနီရောင်တောင်ပို့ကလေးပမာ စုပုံနေပြီး နတ်ဆိုးဝိညာဥ်တိုင်း အကျဥ်းချ ခံထားရ၏။ အရိုးလေး၊ ရွှယ်ချီ၊ ဒေါသအိုးကြီးနှင့် နတ်ဆိုးပါရမီရှင်များ၏ ဝိညာဥ်များက အော်ဟစ်မြည်တမ်းနေကြပြီး ငိုသံများမှာ ပတ်ဝန်းကျင်သို့ ပဲ့တင်ထပ်လာခဲ့သည်။ နတ်ဆိုးတိုက်ကြီးကို ဤမြင်ကွင်းက ရန်စရန် လုံလောက်ပြီဖြစ်သောကြောင့် ယွမ်ရှောင်က သူတို့ကို အချိန်ကြာမြင့်စွာ ငိုကြွေးခွင့် မပေးခဲ့ဘဲ သိုလှောင်အိတ်အတွင်း လျင်မြန်စွာ သိမ်းဆည်းလိုက်လေသည်။

All Chapters