← Chapters

မင်းကို နဂါးဝတ်ရုံတစ်ခု ချီးမြှင့်မယ်

Vol. 17 Ch. 208

မင်းကို နဂါးဝတ်ရုံတစ်ခု ချီးမြှင့်မယ်

Vol. 17 Ch. 208

အမှောင်ချိတ်ပိတ် တိုက်ပွဲ ပြီးဆုံးသွားသောအခါ ယွမ်ရှောင်သည် တစ်ယောက်တည်း နှင့် ဘီလီယံချီသော ဘိုးဘေး ဝိညာဉ်များ၏ အကူအညီ မရှိဘဲ နတ်ဆိုးတိုက်ကြီးမှ ပါရမီရှင် နှစ်ထောင်ကို သတ်ဖြတ်ခဲ့ရုံသာမက နတ်ဆိုး အရိုးများ၏ အနှစ်သာရကိုပါ စုပ်ယူပြီး ဓားစက်ကွင်းများ ထုလုပ်ခဲ့သည်။ ဤသည်မှာ နတ်ဆိုးများ စိတ်ကူးကြည့်နိုင်သမျှ အဆိုးရွားဆုံး အိပ်မက်ဆိုးဖြစ်ပြီး ယခု လက်တွေ့ ဖြစ်လာခဲ့ရာ ဒေါသထွက်နေသော နတ်ဆိုး သန်းပေါင်းများစွာ မျက်လုံးများမှ သွေးများ စီးထွက်လာသည်အထိ ပြူးကျယ်လာကြ၏။ တက်လှမ်းခြင်း တံခါးထိပ်တွင် ခရမ်းရောင်ဧကရာဇ် နှင့် ဓား သူတော်စင် ယုချန်တို့၏ မျက်နှာများ မည်းနက်သွားကာ လက်များတုန်ယင်နေသဖြင့် ပတ်ဝန်းကျင်ရှိ မြေပြင်ကို အက်ကြောင်းထင်သွားစေသည်။ သူတို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်နှာပျက်နေ၍ ဆွံ့အနေကာ ကြောက်စိတ်တစ်ခု စတင်ဖြစ်တည်လာ၏။

"အရှင်မင်းကြီး၊ သတ္တမ မင်းသမီး အဲ့ဒီထဲကို ဝင်သွားခဲ့တယ် မဟုတ်ဘူးလား"

ဓား သူတော်စင် ယုချန်၏ စိတ် ဗလာဖြစ်သွားကာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရလိုက်ပြီး အသံများ အက်ကွဲလာသည်။ ထို့နောက် ဓား သူတော်စင် ယုချန် နှင့် ခရမ်းရောင်ဧကရာဇ် နှစ်ဦးလုံး ထောင့်တစ်နေရာတွင် သေးငယ်သော ဦးခေါင်းမဲ့ အလောင်းတစ်ခုကို တွေ့ရှိလိုက်သည်။

သတ္တမ မင်းသမီးက လူသားတစ်ဦး ဖြစ်သောကြောင့် ဓားစက်ကွင်းအဖြစ် ပြောင်းလဲခံခဲ့ရခြင်း မရှိပေ။ ယွမ်ရှောင်သည် မင်္ဂလာပွဲသရဲကို ကျောပိုးထားသည့် လူငယ်၏ ခန္ဓာကိုယ်ကို မီးရှို့ခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်ကို ချန်ရစ်ခဲ့သဖြင့် နတ်ဆိုးများ အဆုံးအစမဲ့ အရှက်ကွဲကုန်သည်။

ခရမ်းရောင်ဧကရာဇ်သည် သားသမီး ငါးဦး သတ်ဖြတ်ခံရခြင်းကို ခံနိုင်ရည်ရှိခဲ့သော်လည်း ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်၏ အကြီးမားဆုံး မျှော်လင့်ချက်၊ နိုင်ငံတစ်နိုင်ငံလုံး၏ အနာဂတ်က ရှေ့တွင် သေဆုံးနေသောအခါ သူ၏ နှလုံးသား လုံးဝ ကြေမွသွားပြီး သွေးစက်စက်ယိုနေသည်။

ဤသည်မှာ သေစေနိုင်လောက်သော ထိုးနှက်ချက်တစ်ခု ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော အမှန်တရားတစ်ခု ထွက်ပေါ်လာကာ တိုက်ကြီးနှစ်ခု၏ စစ်ပွဲတွင် နတ်ဆိုးတိုက်ကြီး အနိုင်ရခဲ့လျှင်ပင် သူတို့၏ အနာဂတ်ကို ဆုံးရှုံးရလိမ့်မည်။ သူတို့၏ အမျှော်လင့်ဆုံး မျိုးဆက်မှာ သေဆုံးကုန်သဖြင့် ဤထိုးနှက်ချက်သည် နတ်ဆိုးတိုင်း၏ နှလုံးသားကို ထိုးဖောက်သော ဓား တစ်ထောင်ကဲ့သို့ ထက်ရှပေ၏။

တစ်ခဏအတွင်း နတ်ဆိုးတိုက်ကြီး နှင့် ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်မှ ကျင့်ကြံသူတိုင်း၏ မျက်လုံးများ သွေးနီရောင် ပြောင်းသွားကာ သူတို့၏ အသက်ရှူသံများ လေးလံနေသည်။တစ်ဖက်တွင် ကိုးကောင်းကင် အင်မော်တယ်စစ်တပ်၏ စစ်သည်များက မှော်လက်နက်များကိုယ်စီ အသင့်ပြင် ဆုပ်ကိုင်ထားခဲ့ကြပြီးဖြစ်သည်။ တစ်နာရီကြာအောင် စိုးရိမ်ပူပန်ခဲ့ရသော ကောင်းကင်နယ်မြေ ကျင့်ကြံသူများက စိတ်လှုပ်ရှားပျော်ရွှင်နေပြီး သူတို့၏ မျက်လုံးများ တောက်လောင်နေကာ ယွမ်ရှောင်ကို စိုက်ကြည့်နေရင်း နားကွဲလောက်သော အောင်ပွဲခံသံများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

"ယွမ်ရှောင် ယွမ်ရှောင် ယွမ်ရှောင်"

သံပြိုင်ကြွေးကြော်သံများက ဆူနာမီလှိုင်းလုံးများကဲ့သို့ ကောင်းကင်နယ်မြေကို ဖြတ်သန်းသွားကာ နတ်ဘုရားတိုက်ကြီးတစ်ခုလုံးအထိ ရောက်ရှိသွားကာ ကောင်းကင်ကိုပင် တုန်လှုပ်သွားစေသည်။မရေမတွက်နိုင်လောက်အောင် နတ်ဆိုးတိုက်ကြီးမှ ဖိနှိပ်ခံခဲ့ရပြီး အဇူရာသစ်ရွက် အဖွဲ့၏ သေဆုံးမှုများပင် နတ်ဆိုးများအပေါ် သူတို့၏ အမုန်းတရားကို မငြိမ်းသတ်နိုင်ခဲ့ပေ။ ယခု နတ်ဆိုးမျိုးနွယ် လက်စားချေခံလိုက်ရပြီး ယွမ်ရှောင်သည် ထာဝရပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ခဲ့သော အရုဏ်တက်နတ် ဧကရီ၏ ကျော်ကြားမှုကိုပင် ကျော်လွန်သွားခဲ့သည်။ သူ မည်သို့ လုပ်ဆောင်ခဲ့သည်မှာ လူသားမျိုးနွယ်၏ သာမန် ပြည်သူများအတွက် အရေးမကြီးပေ။ အရေးကြီးသည်မှာ ပြတ်သားသော အောင်ပွဲတစ်ခု ဖြစ်ပြီး စည်းမျဉ်းများအရ ယုံကြည်နိုင်လောက်သော အောင်ခြင်းပင်။ ဤသတင်းသည် နတ်ဘုရားတိုက်ကြီး တစ်ခုလုံး၏ တိုက်ခိုက်လိုစိတ်ကို သေချာပေါက် မီးညှိပေးနိုင်ပြီး ဖိနှိပ်ခံ လူသား အားလုံးကို လက်နက်များကိုင်စွဲ၍ ရှင်သန်ထမြောက်ခွင့် ပေးပေလိမ့်မည်။

လူသားမျိုးနွယ်တွင် စိတ်ဓာတ် ပျက်စီးနေသူနှင့် တိုက်ခိုက်ရန် ကြောက်ရွံ့သူ အများအပြား ရှိနေခဲ့သည်။ သူတို့ ပို၍ ကြောက်ရွံ့လေလေ၊ ရန်သူ ပို၍ အခွင့်ကောင်းယူလေလေ ဖြစ်သည်။

ထာဝရ ပျော်ရွှင်ခြင်း၊ ဓားတာအိုကျောက်တိုင်နှင့် အင်မော်တယ်စစ်ပွဲ- ဤ ကြီးမြတ်သော အောင်ပွဲ သုံးခုသည် နတ်ဘုရားတိုက်ကြီးရှိ လူသားမျိုးနွယ်၏ စိတ်ဓာတ်ကို မယိမ်းမယိုင် ခိုင်မာစေနိုင်ခဲ့သည်။ တက်လှမ်းခြင်းစင်မြင့်၏ အမြင့်ဆုံး ထိုင်ခုံပေါ်တွင် နဂါးဝတ်ရုံဝတ် အရုဏ်တက်နတ်ဧကရီက နောက်ဆုံးတွင် စိတ်အေးလက်အေး ဖြစ်သွားကာ သက်ပြင်းတစ်ချက်ချ၍ ယွမ်ရှောင်ကို မစွန့်စားစေလိုခဲ့သော်လည်း သူက သူမကို ဖျောင်းဖျခဲ့သည်။ သူမက အပြင်ပိုင်းတွင် တည်ငြိမ်နေသော်လည်း စိုးရိမ်နေဆဲဖြစ်ပြီး ကံကောင်းစွာဖြင့် ရလဒ်မှာ သူမ မျှော်လင့်ခဲ့သည့်အတိုင်းပင်။ အကယ်၍ ကြည့်ရှုနေသော မျက်လုံး အများအပြား မရှိခဲ့လျှင် သူမအနေဖြင့် သူ့ကို နေရာတွင်ပင် တင်းကြပ်စွာ ပွေ့ဖက်လိုက်မိပေ လိမ့်မည်။

"အခါ ငါ့အလှည့် ရောက်ပြီ"

အရုဏ်တက်နတ်ဧကရီက တီးတိုးရေရွတ်လိုက်ပြီး အဇူရာသစ်ရွက် အဖွဲ့ ပျောက်ကွယ်သွားသည့်အပြင် ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင် နှင့် နတ်ဆိုးတိုက်ကြီးတွင် မျိုးဆက်အလိုက် ဆုံးရှုံးမှုတစ်ခု ခံစားခဲ့ရသည်။ အခြေအနေက ပို၍ ဆိုးရွားလာနိုင်ပြီး စစ်ပွဲကို ရှောင်လွှဲမရနိုင်တော့ပေ။ လူသားတိုင်း အောင်ပွဲခံနေစဥ် ယွမ်ရှောင်သည် သွေးကျောက်အားလုံးကို စုစည်းပြီးနောက် ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်ဖြင့် လနတ်သားကို ခေါင်းဖြတ်ရန် ချိန်ရွယ်ထားသည်။

"ငါက သူ့ကို ချမ်းသာပေးခဲ့ခြင်းမှာ မင်းတို့လို နတ်ဆိုးတိုက်ကြီးရဲ့ အရူးတွေကို ငါ ဘာလုပ်နိုင်တယ်ဆိုတာကို ပြသရန်သာ ဖြစ်တယ်"

ရဲတင်းသော လူငယ် သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံထားပြီးဖြစ်ရာ သူအနေဖြင့် အဆုံးအထိ ထိုအခန်းကဏ္ဍကို တာဝန်ယူပြီး အမှန်တကယ် ခုတ်ဖြတ်ရန် ရည်ရွယ်ထားသည်။ သို့မဟုတ်လျှင် လနတ်သား၏ သူလျှို သရုပ်မှန် ပျက်စီးသွားနိုင်ပြီး အကယ်၍ မည်သူမျှ သူ့ကို မတားဆီးလျှင် ဤကိုယ်ပွားကို ကိုယ်တိုင် ဖျက်ဆီးရပေလိမ့်မည်။

"ရပ်စမ်း"

မရေမတွက်နိုင်သော နတ်ဆိုးများထံမှ ဒေါသတကြီး အော်သံများ ပေါက်ကွဲထွက်လာသည်။

ဘုန်း။

ကြာနွယ်ပင်တစ်ခု မြေပြင်မှ ရုတ်တရက် ထွက်လာပြီး ယွမ်ရှောင်၏ ရင်ဘတ်ကို ဆောင့်တိုက်ပြီး လွင့်ထွက်သွားစေသည်။ သူက သွေးများ အန်ထွက်လာရင်း မြေပြင်တွင် ဒလိမ့်ကောက်ကွေး လွင့်ထွက်သွားကာ ပြင်းထန်စွာ ဒဏ်ရာရနေသော လနတ်သားကို ထိုနွယ်ပင်မှ မြေကြီးအတွင်းပိုင်းအထိ ဆွဲယူကယ်တင်သွားသဖြင့် ဓားချက်မှ လွတ်မြောက်လာခဲ့၏။ ထို့နောက် လျှပ်စီးကြောင်းတစ်ခု ကျဆင်းလာကာ ယွမ်ရှောင်ကို ကာကွယ်ပေးလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း အရုဏ်တက်နတ်ဧကရီ လှုပ်ရှားလိုက်ခြင်းဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း

နတ်ဆိုးဧကရာဇ် သုံးပါး နှင့် နတ်ဆိုးသူတော်စင် ၁၀၈ယောက် ထရပ်လာကြပြီး နတ်ဆိုး သန်းပေါင်းများစွာ၏ ရှေ့တွင် ရပ်နေသဖြင့် ကောင်းကင်နယ်မြေရှိ လေထုမှာ ခဏအတွင်း တင်းမာလာခဲ့သည်။ သေလုမျောပါး ဖြစ်နေသော လနတ်သားကို ကြာနီက ဆွဲထုတ်လိုက်သောအခါ ဟွာလျန်သခင်မသည် သူ့ကို ဖက်တွယ်ရင်း ငိုကြွေးနေခဲ့သည်။

"ဆရာ၊ ကျုပ် တောင်းပန်ပါတယ်…"

လနတ်သား၏ ခန္ဓာကိုယ်က ကျိုးပဲ့နေပြီး မျက်လုံးများ မှိန်ဖျော့ကာ အသက်ငင်နေသည်။

"အရှင်လနတ်ဆိုး ကျုပ်ကို သေခွင့်ပေးပါ"

သူက အားယူ၍ လနတ်ဆိုးဧကရာဇ်ဘက် လှည့်ကြည့်ကာ တောင်းဆိုလိုက်သည်။ ထိုနတ်ဆိုးက ဒေါသအထွက်ဆုံးဖြစ်နေပြီး လနတ်သား နှင့် ဟွာလျန် သခင်မကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်လာသည်။

"မင်းက တကယ်သေသင့်တယ်"

သူက လနတ်သားကို လည်ပင်းညှစ်သတ်ချင်သော်လည်း ကူဧကရာဇ် နှင့် ကြာနီက သူ့ကို တားဆီးထားခဲ့သည်။

"ငါတို့ရဲ့ မျိုးဆက်သစ်မှာ ပါရမီရှင် တစ်ယောက်တည်းသာ ကျန်တော့တယ်။ ဒါတောင်မှ မင်းက သူ့ကို သတ်ချင်နေသေးတာလား"

ကူဧကရာဇ်က အေးစက်စက် မေးလိုက်သည်။

"ဒါဆိုရင် သေသွားတဲ့ ဝိညာဥ်တွေအတွက် ဘယ်လိုနှစ်သိမ့်ပေးရမှာလဲ"

"ပထမဆုံး၊ ယွမ်ရှောင်ကို သုတ်သင်ရှင်းလင်းရမယ်"

သူတို့ စကားပြောနေစဉ် အရုဏ်တက်နတ် ဧကရီ၏ ဒေါသတကြီး အသံက တစ်ဖက်မှ ထွက်ပေါ်လာသည်။

"ယွမ်ရှောင်၊ ဒီသွေးကျောက်တွေကို လွှဲပေးလိုက်"

"မပေးဘူး"

ယွမ်ရှောင်က ခေါင်းခါသည်။

"ဒါက မင်းအပေါ် မူတည်နေတာ မဟုတ်ဘူး"

သူမ၏ လက်ကို ဝှေ့ယမ်း၍ သိုလှောင်အိတ်ကို ယွမ်ရှောင်လက်အတွင်းမှ လုယူလိုက်သည်။

"ဂုဏ်သရေရှိ နတ်ဆိုးဧကရာဇ်များ၊ ဒီကောင်လေးက စည်းကမ်းမဲ့လွန်းလို့ အရှက်ရစရာ ဖြစ်စေခဲ့တယ်။ ကြီးကြပ်မှုပျက်ကွက်ခဲ့လို့ လေးလေးနက်နက် တောင်းပန်ပါတယ်။ နတ်ဆိုးတိုက်ကြီးရဲ့ ပါရမီရှင်တွေက တရားမျှတသော တိုက်ပွဲတွင် ဂုဏ်သိက္ခာရှိစွာ သေဆုံးခဲ့ကြတယ်။ ဒီလို အဆုံးသတ်မျိုး မဖြစ်သင့်ပါဘူး။ သူတို့ရဲ့ အကြွင်းအကျန်တွေကို ပြန်လည်ပေးအပ်ပြီး နတ်ဆိုးတိုက်ကြီးမှာ ငြိမ်းချမ်းစေလိုက်ပါ။ ယွမ်ရှောင်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ပါမယ်"

ထို့နောက် သူမက နတ်ဆိုးဧကရာဇ်များဘက်လှည့်ကာ နတ်ဆိုးတိုက်ကြီး၏ ကြီးမသော ဆုံးရှုံးမှုကို ယွမ်ရှောင်၏ တစ်ဦးတည်း လုပ်ရပ်အဖြစ် ပုံဖော်ကာ အပြစ် အားလုံးကို လွှဲချလိုက်သည်။ လက်ရှိတွင် လူသားကျင့်ကြံသူများက အသက်စွန့်တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီး သစ္စာဖောက်နတ်ဆိုးခွေးများ မရှိတော့သဖြင့် ဤစည်းလုံးမှုသည် အမှန်တကယ်ပင် နတ်ဆိုးတိုက်ကြီးအပေါ် ဖိအားတစ်ခု သက်ရောက်စေခဲ့သည်။

"အပြစ်ပေးမှာလား"

ကူဧကရာဇ်က အေးစက်စက် ရေရွတ်လိုက်ပြီး နတ်ဆိုးများမှာ ဒေါသကြောင့် ဆူညံနေကြသည်။ သူက နတ်ဆိုးတိုက်ကြီး တစ်ခုလုံးတွင် အင်အားအရာ ဒုတိယအဆင့်ရှိပြီး သူတို့အကြားတွင် အသက်အကြီးဆုံး ဖြစ်သည်။ သူ၏ နှလုံးသားက သွေးထွက်နေသော်လည်း ဝမ်းနည်းပူဆွေးခြင်းမှာ အချည်းနှီး ဖြစ်ပြီး လက်စားချေခြင်းကသာ သော့ချက် ဖြစ်ကြောင်း ကောင်းစွာ နားလည်ထားသည်။

"ဒါဆိုရင် အရုဏ်တက်နတ်ဧကရီ စောစောက စီစဉ်ထားသည့်အတိုင်း ယွမ်ရှောင်ကို လူသိရှင်ကြား ကျင့်ကြံဆင့် ဖျက်ဆီးပေးဖို့ တောင်းဆိုပါတယ်"

သူက မကောင်းဆိုးဝါးဆန်သော လေသံဖြင့် တောင်းဆိုလိုက်သည်။

"ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်"

နတ်ဆိုး သန်းပေါင်းများစွာက ယွမ်ရှောင်ကို စိုက်ကြည့်လိုက်ကြသည်။ တစ်ဖက်လူသည် အင်မော်တယ်စစ်ပွဲ မတိုင်ခင် ထျန်းလုကို သတ်ဖြတ်ခဲ့ပြီး တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်၏ စစ်တပ် မရောက်ရှိသေးသည့်အပြင် အရုဏ်တက်နတ် ဧကရီကလည်း စစ်မကြေညာသောကြောင့် စည်းမျဉ်းများ အရေးကြီးနေဆဲဖြစ်သည်။

သို့သော် နတ်ဆိုးတိုက်ကြီးမှ ကျင့်ကြံသူများအနေဖြင့် အရုဏ်တက်နတ်ဧကရီက ယွမ်ရှောင်ကို လူသိရှင်ကြား ကျင်ကြံဆင့် ဖျက်ဆီးမည်ဟု အမှန်တကယ် မယုံကြည်ကြပေ။

"လူသားမျိုးနွယ်ရဲ့ ထိပ်တန်းအင်မော်တယ်က ဒီလောက် စည်းကမ်းပျက်မယ်လို့ မထင်ထားဘူး။ ငါ့ကတိအတိုင်း သူနဲ့ မင်္ဂလာပွဲကျင်းပဖို့အတွက် အပြစ်ဒဏ်ကို ရွှေ့ဆိုင်းထားလိုက်မယ်။ နတ်ဆိုးတိုက်ကြီးရဲ့ ဧည့်သည်တွေက နားလည်ပေးစေချင်ပါတယ်"

သူတို့ ထင်ထားသည့်အတိုင်း အရုဏ်တက်နတ်ဧကရီက ယွမ်ရှောင်ကို ချက်ချင်း အပြစ်မပေးဘဲ ရှောင်လွှဲခဲ့သည်။

"စိတ်ချပါ၊ ဧကရာဇ်တို့။ သူက ခေါင်းမာမှုကြောင့် အပြစ်ဒဏ်နဲ့ ထိုက်တန်ပေမယ့် စည်းမျဥ်းတွေကို ငါက လိုက်နာရဦးမယ်။ မင်္ဂလာပွဲအပြီးမှာ ငါကိုယ်တိုင် သူ့ရဲ့ကျင့်ကြံခြင်းကို ဖျက်ဆီးပေးပါမယ်။ ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်နိုင်ပါတယ်"

နတ်ဆိုးဧကရာဇ် သုံးယောက်သည် အရုဏ်တက်နတ် ဧကရီ နှင့် သူမ၏ အနောက်ရှိ ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများကို အေးစက်စွာ ကြည့်လိုက်ကြပြီး သန်းပေါင်းများစွာရှိနေသဖြင့် စစ်တပ်ကြီးတစ်ခုအလားပင်။ လက်ရှိသည် ကောင်းကင်နယ်မြေ၏ စိတ်ဓာတ်အပြင်းထန်ဆုံး အခိုက်အတန့် ဖြစ်ပြီး လနတ်ဆိုးဧကရာဇ်မှာ လက်ဝါးမှ သွေးများစီးကျလာသည်အထိ လက်သီးဆုပ်ထားမိသည်။

" ကောင်းကင်နယ်မြေကို ငါတို့ အောင်နိုင်ပြီးရင် လူသားအားလုံးကို ဝိညာဥ်ကျောက်တိုင်တစ်ခုထဲမှာ အကျဥ်းချပြီး ဓားတာအိုကျောက်တိုက်ကို အစားထိုးပစ်မယ်။ မင်းတို့ ဘယ်လို သဘောရလဲ"

သူက ကူဧကရာဇ် နှင့် ကြာနီကို လှည့်ကြည့်ကာ ကြုံးဝါးလိုက်သည်။ နိမ့်ကျသော အသံဖြင့် စကားပြောလျက်။

"ဒီလောက်နဲ့ မလုံလောက်သေးဘူး"

ကြာနီ၏ အသံက အေးစက်စက်ဖြစ်နေပြီး ရွှယ်ချီ၏ သေခြင်းတရားကြောင့် သူမ၏ နှလုံးသား ကြေမွသွားကာ အတွေးများထဲတွင် အဆုံးမဲ့ သတ်ဖြတ်မှုသာ ကျန်ရစ်ခဲ့သည်။

"အဆ တစ်ထောင် လက်စားချေပြီး ငါတို့ရဲ့ သားသမီးတွေအတွက် သွေး ယဇ်ပူဇော်မှု လုပ်ရမယ်"

ကူဧကရာဇ်က လေးနက်စွာ ပြောသည်။

"အဇူရာသစ်ရွက်အဖွဲ့ရဲ့ သစ္စာဖောက် အကြွင်းအကျန်တွေကို သုတ်သင်ရှင်းလင်းပြီးဖြစ်လို့ ကောင်းကင်နယ်မြေရဲ့ တံခါးကို အခု ပြန်လည် ဖွင့်လှစ်လိုက်တယ်"

ထိုအချိန်၌ အရုဏ်တက် နတ်ဧကရီက ထပ်မံကြေညာလိုက်ပြီး ဆိုလိုသည်မှာ ထွက်ခွာလိုသူတိုင်း အချိန်မရွေး ထွက်ခွာနိုင်သည်။ ထို့နောက် သူမက ယွမ်ရှောင်ကို ရုတ်တရက် လည်ပင်းညှစ်၍ မျက်မှောင်ကြုတ်နေသည်။

"မင်း ဘာလုပ်နေတာလဲ"

ယွမ်ရှောင်က တီးတိုးပြောသည်။

"နောက်တစ်ကြိမ် လက်ထပ်ရအောင်။ နင့်ကို နဂါးဝတ်ရုံ တစ်ခု ပေးမယ်လေ"

သူမက ချစ်စဖွယ် နှုတ်ခမ်းဆူ၍ သူ့အနားကပ်ကာ တီးတိုး ပြောလိုက်သဖြင့် မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ လူသားမျိုးနွယ်၏ တိုးတက်လာသော ယုံကြည်မှု အရှိန်အဟုန်ကို အသုံးချပြီး အင်မော်တယ်စစ်ပွဲမှ အောင်ပွဲ၏ အသီးအပွင့်များကို သူမက အပြည့်အဝ သိမ်းပိုက်ရန် ရည်ရွယ်ထားသည်။ သို့သော် ထိုအချိန်တွင် ခရမ်းရောင်ဧကရာဇ် နှင့် ဓားသူတော်စင် ယုချန်က ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်၏ ကျင့်ကြံသူများကို ဦးဆောင်၍ ကောင်းကင်နယ်မြေ၏ ပြည်သူများနှင့် နတ်ဆိုးများအကြားတွင် ဆင်းသက်လိုက်သည်။

"ဒီအင်မော်တယ်စစ်ပွဲနဲ့ ပတ်သတ်လို့ ငါ့မှာ သံသယတွေရှိတယ်။ အရုဏ်တက်အင်မော်တယ် နတ်ပြည်ထောင်က နတ်ဆိုးတိုက်ကြီးကိုရော ငါတို့ကိုရော ဖြေရှင်းချက်ပေးစမ်း"

ခရမ်းရောင်ဧကရာဇ်က အရုဏ်တက်နတ် ဧကရီ နှင့် နတ်ဆိုးဧကရာဇ် သုံးဦးကို ကြည့်ပြီး တင်းမာသော လေသံဖြင့် အမိန့်ပေးလိုက်လေသည်။

All Chapters