ယုချန်၏ စည်းကျော်မှု
Vol. 17 Ch. 214-B
"ဒါဆိုရင် သူ မင်းနဲ့ ဓား သူတော်စင် စွန်းတို့ကို တန်းတူ တိုက်ခိုက်နိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား"
ချီလန်က စစ်သေနာပတိချုပ်ကို မင်သက်စွာ မေးသည်။
"ငါ သူနဲ့ နောက်ထပ် မတိုက်ခိုက်ရဲတော့ဘူး။ ဒါက အရှက်ကွဲတာပဲ ဖြစ်လိမ့်မယ်"
စစ်သေနာပတိချုပ်က ယွမ်ရှောင်ကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်ပြီး ပြုံးလိုက်သည်။
"ငါ့စိတ်ထဲမှာ သူ့က ငါတို့ ဧကရီထက်တောင် ပိုကြောက်ဖို့ကောင်းတယ်လို့ ခံစားရတယ်"
ချီလန်က အံ့ဩတကြီး ရေရွတ်သည်။
"ခံစားရတယ်ဆိုတာကို ပယ်လိုက်။ တကယ်လို့ ငါ့သမီးက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ မွေးဖွားလာတဲ့ ကယ်တင်ရှင် ဖြစ်ခဲ့မယ်ဆိုရင် ယွမ်ရှောင်က ကောင်းကင်နဲ့ မြေကြီးတောင် မထိန်းချုပ်နိုင်တဲ့ မိစ္ဆာကောင်ပဲ။ ဒီ မိစ္ဆာကောင် ငါတို့ဘက်မှာ ရှိနေတာကို ငါတို့ ကျေးဇူးတင်သင့်တယ်"
စစ်သေနာပတိချုပ်က ယွမ်ရှောင်ကို တစ်ချက် စိုက်ကြည့်ရင်း ချီလန်၏ ပခုံးကို အားရပါးရ ပုတ်လိုက်သည်။
"ဒီလိုကောင်မျိုးရှိနေရင် အသရေဖျက်တာတွေ၊ လူထု ထင်မြင်ချက်တွေကို ဘာကြောင့် ကြောက်ရမှာလဲ။ ဒီ လူငယ်စုံတွဲနောက်ကို လိုက်ပြီး ငါတို့က သေတဲ့အထိ တိုက်ခိုက်မယ်။ ထာဝရ ပျော်ရွှင်ခြင်းကနေ အင်မော်တယ်စစ်ပွဲအထိ တိုက်ပွဲတိုင်း ငါတို့ မနိုင်ခဲ့ဘူးလားကွာ"
"ဟုတ်တယ်"
ချီလန်က ခေါင်းညိတ်၍ စစ်သေနာပတိချုပ်ကို ပြန်ကြည့်လိုက်သည်။
"ဒါပေမယ့် နောက်တစ်ခါ ဒီလောက် ပြင်းပြင်း မပုတ်နဲ့။ တကယ်လို့ မင်း ငါ့ကို ဒုက္ခိတ ဖြစ်အောင် လုပ်ခဲ့ရင် တာဝန်ယူရမယ်"
"အဟွတ်"
စစ်သေနာပတိချုပ်က ချောင်းဟန့်ရင်း နှုတ်ဆိတ်သွားသဖြင့် ချီလန် ဆွံ့အသွား၏။ နေရောင်ခြည်အောက်တွင် ယွမ်ရှောင်က သူ၏ ခြေလက်များကို အညောင်းဆန့်၍ အခြေတည်အဆင့် လေမီးတောက် ကပ်ဘေး နယ်ပယ်သို့ ရောက်ရှိပြီးနောက် ချီစွမ်းအားကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။ နောက်ထပ် အဆင့် ချိုးဖျက်မှု တစ်ခုသာ လိုအပ်ပြီး သူ၏စွမ်းအားက မြင့်မြတ်သော ချီစွမ်းအားအဖြစ် အပြည့်အဝ ပြောင်းလဲသွားပေလိမ့်မည်။
"နှစ်ကိုယ်တူ ကျင့်ကြံမှုအတွက် ဒီအခြေခံနဲ့ဆိုရင် ရလဒ်တွေ မဆိုးနိုင်ဘူး။ ဟုတ်တယ်မလား"
ယွမ်ရှောင်က ရေရွတ်ရင်း ကြယ်ပြာနှင့် ဆက်သွယ်လိုက်၏။
"သူမက ပြင်ဆင်ဖို့ ဘယ်လောက်ကြာဦးမှာလဲ"
"နာရီဝက်လောက်"
ကြယ်ပြာက ပြန်ဖြေသည်။
"အနည်းဆုံးတော့ အခု ငါက ဧကရာဇ် အဆင့်အောက်မှာ အနိုင်ကျင့်ခံရမယ် မထင်ဘူး"
သူ၏ ဓားပျံ စွမ်းရည်များကြောင့် နတ်ဆိုးဧကရာဇ်များပင် သူ့ကို သတ်ဖြတ်ရန် ကြိုးပမ်း ရုန်းကန်ရလိမ့်မည်။ သူက ကောင်းကင်နယ်မြေသို့ ရောက်ရှိခဲ့သည်မှာ လေးရက် သို့မဟုတ် ငါးရက်သာ ရှိသေးသော်လည်း နေ့စဥ် အဆင့်တက်နိုင်ခဲ့သဖြင့် ကိုယ်ပွားသာ အမီလိုက်နိုင်ခဲ့၏။
"အစ်မကျောက်က အသူရာ ဝိညာဉ်တောင်တန်းမှာ မူးနေတုန်း ဖြစ်နိုင်တယ်။ ငါကတော့ ဒီကောင်းကင်နယ်မြေမှာ ကမ္ဘာကြီးကို ကယ်တင်နေရတယ်"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ နဂါးဝတ်ရုံကို စောင့်ဆိုင်းရင်း နတ်ဆိုးတိုက်ကြီး၏ စစ်တပ်က ချဥ်းကပ်လာနေခဲ့သည်။ သူ၏ တစ်ကိုယ်တော် ကျင့်ကြံမှုကို အဆုံးသတ်လိုက်ချိန်တွင် ကိုးကောင်းကင် အင်မော်တယ်စစ်တပ်မှ စစ်သည်တစ်ဦးက အစီရင်ခံ သတင်းပို့လာသည်။
"စစ်သေနာပတိချုပ်၊ ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်ရဲ့ ဓား သူတော်စင် ယု ချန်က ခရမ်းရောင်ကောင်းကင် ဓားကျင့်ကြံသူ ထောင်ပေါင်းများစွာနဲ့အတူ ဓားတာအိုကျောက်တိုင်မှာ ပြဿနာ ရှာနေပါတယ်။ သူတို့ ကျုပ်တို့ ညီအစ်ကိုများစွာကို သတ်ဖြတ်ခဲ့ပြီး ရဲ ချင်းထျန် နဲ့ အခြားသူများရဲ့ အကြွင်းအကျန် ဝိညာဉ်များကို ကယ်တင်ရန် ကြိုးစားနေကြပါတယ်"
"ခွေးတွေက ခွေးတွေကို ကယ်တင်ဖို့ လာကြတာလား"
ယွမ်ရှောင်က နတ်ဘုရားတိုက်ကြီး၏ နံပါတ်တစ် ဓားဟု ခေါ်တွင်သော ထိုခွေးကို အချိန်အကြာကြီး သည်းခံခဲ့ပြီးဖြစ်သည်။
"ငါတို့ မသွားနိုင်ဘူး၊ ဒါက ထောင်ချောက် ဖြစ်နိုင်တယ်။ နတ်ဆိုးဧကရာဇ်တွေ ချောင်းမြောင်းနေနိုင်တယ်"
ဓားသူတော်စင် စွန်းက မျက်နှာထား တင်းတင်းဖြင့် သတိပေးလာသည်။
"အဆုံးမဲ့ ငရဲပြည်က မိစ္ဆာတွေလည်း ပါဝင်နိုင်တယ်"
နန်းကုန်းရှုက စိုးရိမ်ပူပန်စွာ ပြောသည်။
ပြိုင်ဘက်က ဓားတာအိုကျောက်တိုင်ကို နောက်တစ်ကြိမ် အသုံးပြုနေသည့်အပြင် ဓားကျင့်ကြံသူများ ပါဝင်နေသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ပင်။ ဤစုံတွဲ၏ ပျော်ရွှင်သော အခိုက်အတန့်ကို ဖျက်ဆီးခဲ့သည့်အတွက် လုံးဝ အသတ်ခံရခြင်းမှလွဲ၍ မထိုက်တန်ပေ။
"ဒါက ထောင်ချောက် မဟုတ်ဘူး၊ ဒီ ခရမ်းရောင်ကောင်းကင် ဓားကျင့်ကြံသူတွေက တဝီဝီ မြည်နေတဲ့ ယင်ကောင်တွေသက်သက်ပဲ"
ယွမ်ရှောင်က ရုတ်တရက် ဖြတ်ပြောသည်။
"မင်း ဘယ်လို သိတာလဲ"
ဓားသူတော်စင် စွန်းက နားမလည်ဟန်ဖြင့် မေးသည်။
"ကျုပ်မှာ အတွင်းလူ ရှိတယ်"
"အတွင်းလူလား"
လူတိုင်း အနည်းငယ် ထိတ်လန့်သွားကြပြီး နတ်ဆိုးတိုက်ကြီး၏ အထက်တန်းလွှာများတွင် အတွင်းလူတစ်ဦး ထည့်ထားနိုင်သောကြောင့်ပင်။ သူတို့ မတုံ့ပြန်နိုင်ခင် ယွမ်ရှောင်က ဓားတာအိုကျောက်တိုင်ဘက်သို့ ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
"ရဲ ချင်းထျန် ဒူးထောက်ခဲ့ပြီးပြီ၊ သူ့ကို နောက်တစ်ကြိမ် မတ်တပ်ရပ်ခွင့် မပေးနိုင်ဘူး"
"ယွမ်ရှောင် နာရီဝက်ပဲ စောင့်လိုက်ပါ။ သူမက မင်းကို နန်းတော်ထဲက မထွက်ဖို့ တောင်းဆိုထားတယ်"
စစ်သေနာပတိချုပ်က စိတ်ရင်းမှန်ဖြင့် စိုးရိမ်စွာ တားမြစ်ခဲ့သည်။
"ကျုပ်ကို ဘယ်သူမှ မထိန်းချုပ်နိုင်ဘူး။ အကြာဆုံး နာရီဝက်အတွင်း ပြန်လာခဲ့မယ်"
ယွမ်ရှောင်က ဓားပျံပေါ်သို့ ရုတ်တရက် ခုန်တက်ကာ ဝုန်းခနဲ ပျံတက်သွားပြီး အလွန်လျင်မြန်စွာ ထွက်ခွာသွားသောကြောင့် ကျန်သူများ စိုးရိမ်သွားကြ၏။
" နတ်ဘုရား အစောင့်တွေအားလုံး သူတို့ရဲ့ တာဝန်တွေနဲ့ ထွက်သွားကြပြီ၊ ငါတို့ အခု ဘာလုပ်ကြမလဲ"
စုလန်လန်၏ အသံတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်သန်းနေသည်။
အရုဏ်တက်နတ်ဧကရီက အခြေအနေ၏ လေးနက်မှုကို အလေးပေး ပြောဆိုခဲ့၍ ယွမ်ရှောင်ကို မျက်စိအောက်မှ အပျောက်မခံရန် မှာကြားခဲ့သည်။
"စိတ်မပူပါနဲ့။ သူ့မှာ ဦးနှောက်ရှိတယ်။ တောက်ပခွင့် ပေးလိုက်စမ်းပါ"
စစ်သေနာပတိချုပ်က ယွမ်ရှောင်ကို ယုံကြည်ပေးရန် ဆုံးဖြတ်ထားသည်။
"ဒါ နတ်ဆိုးတွေ ဒါမှမဟုတ် မိစ္ဆာတွေရဲ့ ထောင်ချောက် မဟုတ်သရွေ့တော့ အဆင်ပြေမှာပါ။ "ဒါပေမယ့် ယွမ်ရှောင်က တစ်ယောက်တည်း၊ ခရမ်းရောင်ကောင်းကင်ဘက်မှာ ဓားကျင့်ကြံသူ တစ်ထောင် ရှိနေတယ်။ ငါ သူ့ကို တိတ်တဆိတ် နောက်ယောင်ခံလိုက်သွားပြီး လိုအပ်ရင် သူ့ကို ကူညီလိုက်မယ်"
နန်းကုန်းရှုက အကြံပြုလိုက်၏။
"ကောင်းတယ်။ လုံခြုံအောင်နေပါ၊ လိုအပ်ရင် ဆက်သွယ်ရေးအတွက် မိုးကြိုး သလင်းကျောက်ကို သုံးပါ"
ဓားသူတော်စင် စွန်းက ညွှန်ကြား၍ သူကိုယ်တိုင်အတွက်မူ အရုဏ်တက်နတ် နန်းတော်အပေါ် ရုတ်တရက် တိုက်ခိုက်မှု ရောက်လာလျှင် ကာကွယ်ရေးအတွက် ရှိနေရန် လိုအပ်သည်။
"ငါလည်း လိုက်သွားမယ်"
ရောင်ယွဲ့က ထရပ်လိုက်သည်။
"ခရမ်းရောင်ကောင်းကင်က ဒီအုပ်စု ငါ့ကို တကယ် အာရုံလာနှောက်နေတယ်"
စုလန်လန်က ဒေါသတကြီး ရေရွတ်၍ မျက်ဝန်းများ တောက်လောင်နေသောကြောင့် လိုက်သွားလိုကြောင်း ထင်ရှားသည်။
"ယွမ်ရှောင်က စိတ်လိုက်မာန်ပါ လုပ်တတ်တယ်။ ဒါကြောင့် မင်းတို့အဒေါ် သုံးယောက်က သူ့ကို စောင့်ကြည့်ပေးပါ"
စစ်သေနာပတိချုပ်က ခေါင်းညိတ်၍ အကြံပေးခဲ့သည်။
"နားလည်ပါပြီ"
နန်းကုန်းရှုက ခေါင်းညိတ်ပြီး အမျိုးသမီး သုံးဦး လှည့်ထွက်သွားကာ ဓားပျံစီးနင်း၍ လိုက်ပါသွားကြသော်လည်း.ကောင်းကင်နယ်မြေ၏ လမ်းများအတွင်း ခပ်နိမ့်နိမ့်သာ ပျံသန်းခရီးနှင်နေကြသည်။ ဤအဒေါ်သုံးယောက်က ယွမ်ရှောင်ကို လျှို့ဝှက်ကာကွယ်ရန် အသက်စွန့် ထွက်လာခြင်း ဖြစ်သည်။
"နတ်ဘုရားတိုက်ကြီးရဲ့ ဓား မျိုးရိုး နှစ်ခုအကြားက ထိပ်တိုက်တွေ့ဆုံမှု နာရီဝက်အတွင်း ဖြစ်လာလိမ့်မယ်"
စစ်သေနာပတိချုပ်၏ မျက်လုံးများ တောက်ပနေကာ ထွက်ခွာသွားသူများကို စောင့်ကြည့်နေခဲ့ပြီး ဓားနယ်မြေ အောင်မြင်မည်ဟု ဓားသူတော်စင် စွန်းက ယုံကြည်ချက် ရှိသည်။
ဓားတာအိုကျောက်တိုင်က ပြန်လည် စိုက်ထူထားသဖြင့် ကောင်းကင်နယ်မြေ၏ တံခါးများရှေ့တွင် မားမားမတ်မတ် ရပ်တည်နေသည်။ ဤနေရာမှ တံခါးများဘက်သို့ ကြည့်လိုက်လျှင် နတ်ဆိုး တိမ်တိုက်တစ်ခု စုဝေးနေသည်ကို မြင်တွေ့နိုင်ပြီး ဘီလီယံချီသော ဟိန်းဟောက်သံများနှင့် ကြုံးဝါးသံများ ပဲ့တင်ထပ်နေကာ ကောင်းကင်နယ်မြေအပေါ် လွှမ်းခြုံနေသည်။ ၎င်းက သန်း ၁၀၀ အရေအတွက်ရှိ နတ်ဆိုး စစ်တပ်တစ်ခု ဖြစ်ပြီး နတ်ဆိုး မြူခိုးမှာ အဆုံးမဲ့ ပါးစပ်ပေါက်တစ်ခုကဲ့သို့ ကောင်းကင်နယ်မြေ တစ်ခုလုံးကို ဝါးမျိုရန် အသင့်ဖြစ်နေသည်။ ဓားတာအိုကျောက်တိုင်က သူတို့၏ ပထမဆုံး ပစ်မှတ် ဖြစ်ပြီး
ဘီလီယံချီသော ဘိုးဘေး ဝိညာဉ်များ ပြန်လည်မွေးဖွားခြင်း သံသရာသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သော်လည်း ၎င်းမှာ ကောင်းကင်နယ်မြေ၊ နတ်ဘုရားတိုက်ကြီး နှင့် လူသားမျိုးနွယ်အတွက် အရေးပါနေဆဲဖြစ်ကာ ယုံကြည်မှု၏ ပြယုဂ်တစ်ခုပင်။
ယခုလက်ရှိတွင် ခရမ်းရောင် ဝတ်ရုံဝတ် ဓားကျင့်ကြံသူ တစ်ထောင် ကျောက်တိုင်ထိပ်တွင် ရပ်နေကြပြီး သူတို့အားလုံး သူတို့၏ တောက်ပနေသော ဓားဝိညာဉ်များကို ဆုပ်ကိုင်ထားကြ၍ ဓားများဖြင့် ကောင်းကင်ကို စိန်ခေါ်လိုဟန်ဖြင့် ညွှန်ပြနေသည်။ ထိုနေရာတွင် ဓားသူတော်စင် ယုချန်၊ နတ်ဘုရားတိုက်ကြီး၏ နံပါတ်တစ် ဓားဟု ခေါ်တွင်သူက မျက်နှာထား တင်းမာစွာ ရပ်နေပြီး ဝတ်ရုံရှည်ကို ဖယ်ရှားထားသဖြင့် သြဇာအာဏာ လွှမ်းမိုးသော အသွင်အပြင်များ ရှိသည့် မျက်နှာတစ်ခု ထွက်ပေါ်နေခဲ့၏။ သူ၏ ရှေ့တွင် ကိုးကောင်းကင် အင်မော်တယ်စစ်တပ်မှ စစ်သည် ရာပေါင်းများစွာ လဲကျနေပြီး တစ်ဖက်တွင် အထက်တန်းလွှာ ဓားကျင့်ကြံသူများ၊ အခြားတစ်ဖက်တွင် သာမန် စစ်သည်များ ဖြစ်၍ သူတို့၏ အစွမ်းအစချင်း အလွန်အင်မတန် ကွာခြားပေသည်။ စစ်သည်များက ဤတိုက်ပွဲတွင် ကြာရှည်စွာ မခုခံနိုင်ခဲ့ကြဘဲ လျင်မြန်စွာ ပြိုလဲကျသွားပြီး အင်အားစု နှစ်ခု၏ အနောက်တွင် ကြောက်မက်ဖွယ် ခွေးခေါင်းနှင့် လူရုပ်တု ရှိနေကာ ရှစ်သိန်းကျော်သော သစ္စာဖောက်ဝိညာဥ်များကို အကျဉ်းချထားသောကြောင့် သူတို့၏ ငိုသံများ လေထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်၏။
ဓားသူတော်စင် ယုချန်က လူငယ် စစ်သည်များကို ကြည့်နေရင်း သူ၏ ဓားကို မြှောက်လိုက်သည်။ သူ၏ လက်ထဲမှ ရှည်လျားသောဓားမှာ အလင်းစက်ကွင်း အဆင့် ခရမ်းရောင်နေ ဓားဝိညာဉ် ဖြစ်ကာ ပြင်းထန်သော မီးလျှံများဖြင့် ခရမ်းရောင်နေတစ်စင်းကဲ့သို့ တောက်လောင်နေသည်။
"အရူးအုပ်စု၊ လက်ရှိအခြေအနေကို မမြင်နိုင်လောက်အောင် မျက်စိကန်းနေကြတာပဲ"
သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"အရုဏ်တက်နတ်ဧကရီရဲ့ မိုက်မဲမှုကို ဖုံးကွယ်ဖို့ မင်းတို့ရဲ့ အသက်တွေကို ဖြုန်းတီးချင်နေတုန်းလား။ ဒါက တန်ဖိုးရှိရဲ့လား"
"သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်ကြနဲ့။ နတ်ဘုရားတိုက်ကြီးမှာ နံပါတ်တစ် ဓားလို့ ခေါ်ခံရတော့ ဘာဖြစ်လဲ။ သူက နတ်ဆိုးတွေရဲ့ လက်ပါးစေ ခွေးတစ်ကောင်ပဲ။ ခဏလောက် တောင့်ထားကြ ညီအစ်ကိုတို့။ စစ်ကူတွေ ရောက်လာလိမ့်မယ်။ ဧကရီကို ယုံကြည်ရမယ်။
သွေးများစွန်းထင်းနေသော ချန်မျိုးနွယ်၏ ငါးယောက်မြောက် ညီအစ်ကို ချန်မိုက စစ်သည်များကို အားပေးနေသည်။ ကိုးကောင်းကင် အင်မော်တယ်စစ်တပ်မှ စစ်သည်များ၏ ငယ်ရွယ်သော မျက်နှာများတွင် သွေးများ စွန်းထင်းနေကာ လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။
"စစ်သူကြီး၊ ငါတို့က နတ်ဆိုးတိုက်ကြီး တစ်ခုလုံးကို တပ်တစ်ခုတည်းနဲ့ ရင်ဆိုင်နေရတာလား"
"ခရမ်းရောင်ကောင်းကင်ရဲ့ လူတွေက ငါတို့ ဧကရီဟာ ဒီကိစ္စကို လှုံ့ဆော်ခဲ့တယ်လို့ ပြောကြတယ်။ နတ်ဆိုးတိုက်ကြီးနဲ့ အင်မော်တယ်နတ်ပြည်ထောင် ငါးခုက ငါတို့ကို ဆန့်ကျင်ပြီး စည်းလုံးနေကြတယ်"
"ငါတို့ ဧကရီ တကယ် မှားခဲ့တာလား…"
သူတို့၏ သတ္တိက မယိမ်းမယိုင်ခဲ့သော်လည်း နတ်ဆိုးတိုက်ကြီး၏ စစ်တပ် ချဉ်းကပ်လာပြီး ခရမ်းရောင်ကောင်းကင်၏ ဓားကျင့်ကြံသူများက သူတို့ကို ရက်စက်စွာ သတ်ဖြတ်နေစဉ် အရုဏ်တက်နတ်ဧကရီသည် သူမ၏ နန်းတော်တွင် ပုန်းအောင်းနေဆဲဖြစ်ရာ သံသယစိတ်များ စတင် စိမ့်ဝင်လာခဲ့သည်။ နာရီအနည်းငယ်အတွင်း ကောင်းကင်နယ်မြေရှိ အင်မော်တယ်စစ်ပွဲမှ တည်ဆောက်ခဲ့သော တိုက်ပွဲဝင်စိတ်ဓာတ်များမှာ နတ်ဆိုးများနှင့် လိမ်လည်လှည့်ဖြားတတ်သော နတ်ဆိုးအောက်ဆွဲများ၏ ဖောက်လွဲ ဖောက်ပြန် စွပ်စွဲမှုအောက်တွင် ယိမ်းယိုင်စပြုလာခဲ့သည်။
"နတ်ဆိုးတိုက်ကြီးကို ရင်ဆိုင်ရတာ စိုးရိမ်စရာ မရှိဘူး၊ ငါတို့က သေခြင်းကို မကြောက်ဘူး။ ဒါပေမယ့် ငါတို့လို လူသားတွေဖြစ်တဲ့ အင်မော်တယ်နတ်ပြည်ထောင် ငါးခုလုံးက ဘာကြောင့် ဆန့်ကျင်နေရတာလဲ။ ငါတို့ တကယ် မှားခဲ့တာလား"
လူငယ် စစ်သည်များက နေရာတွင် ရပ်နေကြရင်း မေးခွန်းထုတ်နေသည်မှာ ကြောက်စိတ်ကြောင့်မဟုတ်ဘဲ စိတ်ရှုပ်ထွေးနေသောကြောင့် ဖြစ်၏။
"အဓိပ္ပာယ်မရှိတာတွေ မပြောကြနဲ့"
ချန်မို၏ မျက်လုံးများက ဒေါသဖြင့် တောက်လောင်နေသည်။
"ကြီးမြတ်တဲ့ တိုက်ပွဲက လိမ်လည်လှည့်ဖြားတတ်တဲ့ တီးတိုးစကားတွေကို နားထောင်ပြီး ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ ခရမ်းရောင်ကောင်းကင်နဲ့ နတ်ဆိုးတွေက တစ်ဖက်တည်းပဲ၊ လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီး အောင်မြင်မှုကို ရှာဖွေနေတဲ့ သစ္စာဖောက်တွေပဲ။ သူတို့က သေဒဏ်ထိုက်တယ်။ တခြား အင်မော်တယ်နတ်ပြည်ထောင် လေးခုက ခရမ်းရောင်ကောင်းကင်ရဲ့ အတင်းအကျပ် ဖိအားပေးမှုကို ခံနေရတာပဲ။ ငါတို့ လုပ်နိုင်တာက ငါတို့ ဧကရီကို ယုံကြည်ဖို့ပဲ။ သူမက ရှေ့ထွက်ပြီး လူတိုင်းအတွက် အခြေအနေကို ရှင်းလင်းပေးလိမ့်မယ်"
"ဟုတ်ကဲ့…"
ကိုးကောင်းကင် အင်မော်တယ်စစ်တပ်မှ လူငယ် စစ်သည် ရာပေါင်းများစွာ၏ မျက်လုံးများထဲမှ တိုက်ပွဲဝင်ရန် စိတ်ပိုင်းဖြတ်မှု နောက်တစ်ကြိမ် ခိုင်မာလာခဲ့သည်။ ကောင်းကင်နယ်မြေ၏ မျိုးဆက်သစ်များအပြင် အချို့မှာ အောက်နယ်မြေကိုးဆယ့်ကိုးခုမှ အိပ်မက်များနှင့် ဂုဏ်သိက္ခာအတွက် အရုဏ်တက်နတ်ဧကရီနောက်သို့ လိုက်ပါပြီး ကိုးကောင်းကင် အင်မော်တယ်စစ်တပ်သို့ ဝင်ရောက်ခဲ့ကြသည်။
"ငါ၊ ချန်မိုက အစွမ်းမထက်လို့ ချန် မျိုးနွယ် အမွေအနှစ်နဲ့ မထိုက်တန်ဘူး။ ဒါပေမယ့် ငါက လူသားမျိုးနွယ်အပေါ်၊ ကောင်းကင်နယ်မြေအပေါ်၊ ငါ့အိမ်အပေါ် သစ္စာစောင့်သိမှုကို တစ်ခါမှ သံသယ မဝင်ခဲ့ဖူးဘူး"
ချန်မိုက အသံဝင်လုနီးပါး အော်ဟစ်၍ ကြုံးဝါးရင်း ကောင်းကင်နယ်မြေ၏ တံခါးရှေ့တွင် ရပ်တည်ကာ ထိုနယ်မြေကို မျှော်ကြည့်လိုက်သည်။ တစ်ချိန်က စည်ကားသော လောကကြီးသည် နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရစဥ် သစ္စာဖောက်များက နတ်ဆိုးများနှင့် လက်ချင်းတွဲ ကခုန်နေကြသည်။
"ငါတို့ အိမ်တွေ၊ ငါတို့ မိသားစုတွေ ငါတို့ အနောက်မှာ ရှိနေတဲ့အခါ ငါတို့က ဘယ်လိုလုပ် ကျဆုံးရမှာလဲ"
ဤယုံကြည်ချက်ကြောင့် ယိမ်းယိုင်လာသော စစ်သည်များ၏ နှလုံးသားကို နောက်တစ်ကြိမ် တည်ငြိမ်စေကာ ဓားတာအိုကျောက်တိုင်ရှေ့တွင် ခိုင်မာစွာ ရပ်တည်လိုက်ကြသည်။
"အစိမ်းရောင် ချပ်ဝတ်တန်ဆာနဲ့ အဲ့ဒီလူက ဘယ်သူလဲ"
ဓားတာအိုကျောက်တိုင်ပေါ်မှ ဓား သူတော်စင် ယုချန်က ချန်မိုကို ညွှန်ပြ၍ မေးလိုက်သည်။
"အရှင် ဓားသူတော်စင်။ သူက ငါးကြီးတစ်ကောင်ပဲ။ သူက ချန် မျိုးနွယ်ရဲ့ ပဉ္စမမြောက်ဖြစ်ပြီး ချန်ရှောင်ရဲ့ အစ်ကိုပဲ"
အစိမ်းရောင် ဝတ်ရုံ ဝတ်ထားသည့် ဝဖြိုးသော အမျိုးသမီး ဓားကျင့်ကြံသူတစ်ဦးက လေးစားစွာ အစီရင်ခံသည်။
"သူ့ ခြေလက်အင်္ဂါတွေကို ဖြတ်ပစ်၊ သူ့ ဒဏ်ရာတွေကို ပိတ်ဆို့ပြီး ဓားတာအိုကျောက်တိုင်မှာ သံမှိုရိုက်ထားလိုက်။ သူ့ကို ဖြည်းဖြည်းချင်း သေပါစေ"
ဓားသူတော်စင် ယုချန်က ရက်စက်စွာ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
ခရမ်းရောင်ကောင်းကင်၏ ဓားကျင့်ကြံသူများက လှောင်ပြုံး ပြုံးနေကြသည်။
"ဒီကိုးကောင်းကင် အင်မော်တယ်စစ်တပ်ရဲ့ စစ်သည်တွေကိုလည်း အလားတူ စီရင်လိုက်"
ဓားသူတော်စင် ယုချန်က ထပ်ပြောသည်။
"ဓား သူတော်စင်၊ ဒါ တကယ် အဆင်ပြေရဲ့လား။ ခရမ်းရောင်ကောင်းကင်က ကောင်းကင်နယ်မြေနဲ့ ပွင့်ပွင့်လင်းလင်း မပြတ်စဲသေးဘူး မဟုတ်လား"
လက်ရှိ ပဋိပက္ခက အပေါ်ယံအားဖြင့်၊ နတ်ဆိုးတိုက်ကြီး နှင့် ကောင်းကင်နယ်မြေအကြားတွင် သို့မဟုတ် နတ်ဆိုးတိုက်ကြီး နှင့် ယွမ်ရှောင်ကြားတွင်သာ ဖြစ်သည်။ နတ်ဆိုးတိုက်ကြီး၏ စစ်တပ်က စုစည်းထားပြီးဖြစ်သော်လည်း တရားဝင် စစ်မကြေညာသေးသဖြင့် အကယ်၍ အရုဏ်တက်နတ်ဧကရီသာ နေ့လည်ခင်းတွင် ယွမ်ရှောင်ကို မသတ်ဖြတ်ခဲ့လျှင် အဆင်ပြေနိုင်သည်။ သို့သော် စစ်ပွဲ တရားဝင် စတင်ရန် စစ်တံခွန်များ လိုအပ်ပြီး စစ်တပ်များ၏ တိုက်ခိုက်လိုစိတ်ကို ပုံဖော်ကြပြီး တရားမျှတသော အကြောင်းအရင်းအဖြစ် တိုက်ပွဲတွင် သရုပ်ဖော်သည်။ ခရမ်းရောင်ကောင်းကင် အင်မော်တယ်ပြည်ထောင်၏ ဓားသမားများက ကောင်းကင်နယ်မြေ၏ ဧည့်သည်ဖြစ်နေပြီး တရားဝင်စစ် မကြေညာရသေးခင် ကိုးကောင်းကင်စစ်သည်များကို သတ်ဖြတ်လိုက်လျှင် စည်းကျော်ခြင်း ဖြစ်သွားပေလိမ့်မည်။