မျိုးရိုးတစ်ခုလုံးကို ချေမှုန်းခြင်း
Vol. 17 Ch. 216
"ဘာ"
ဓားသူတော်စင် ယုချန်၏ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားကာ ထိတ်လန့်တကြားဖြင့် သူ၏ ဝိညာဉ် ဆုံးရှုံးလုနီးပါး ဖြစ်သည်။ ယွမ်ရှောင်က သူ၏ အနောက်တွင် ထွက်လာ၍ လည်ပတ်နေသော ကြယ်စင်စု တစ်ခုပေါ်တွင် လမ်းလျှောက်နေသဖြင့် ကြယ်များ၏ သခင်တစ်ပါးကဲ့သို့ ထင်ရသည်။ ဤသည်မှာ သာမန် သေမျိုးတစ်ဦး မဟုတ်ဘဲ သူက ဓားလမ်းစဥ်၏ နတ်ဘုရား ဖြစ်နေပုံရသည်။ ထိုသို့သော အိပ်မက်ဆိုးဆန်ဆန် မြင်ကွင်းကြောင့် ပစ်မှတ်မှာ ဓားဖြင့် မထိခင်ကပင် နှလုံးသားတစ်ခုလုံး ထိုးဖောက်ခံလိုက်ရသကဲ့သို့ ခံစားခဲ့ရသည်။
"မင်း"
ဓားသူတော်စင် ယုချန်က အော်ဟစ်ကြုံးဝါး၍ ဓားရှည်ဖြင့် ပြန်လည်တိုက်ခိုက်ရန် နောက်လှည့်လိုက်ရင်း ခရမ်းရောင်ဧကရာဇ်ထံ အကူအညီ လှမ်းတောင်းခဲ့၏။
"ငါ့ကို ကယ်တင်ပေးပါ"
ခရမ်းရောင်ကောင်းကင် ဓားသိုင်း၊ ခရမ်းရောင် အလင်းတန်း
၎င်းက ဓားသူတော်စင် ယုချန်၏ ဂုဏ်ယူဖွယ်ရာ နဂါးငွေ့တန်းအဆင့် ဓား ကျင့်စဉ် ဖြစ်ပြီး ခရမ်းရောင်ကောင်းကင် ဓားကျင့်ကြံသူများ၏ အမွေအနှစ်အဖြစ် မျိုးဆက်ပေါင်းများစွာ ကျင့်ကြံလာခဲ့ကြသည်။ သူ၏ ဓားပညာက ရှုပ်ထွေး၍ မြင့်မြတ်ချီစွမ်းအား လျှံထွက်နေကာ ကြယ်သတ်ဓားသိုင်းနှင့် အဆင့်ချင်းတူညီပြီး သူ၏ လက်ထဲတွင် ဓားမှာ တောက်ပသော ခရမ်းရောင် အလင်းအဖြစ် ပြောင်းလဲ၍ ယွမ်ရှောင်၏ ကြယ်မွေးဖွားခြင်း ဓားကွက် နှင့် ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်သည်။ တစ်ဖက်က ကြယ်တစ်လုံး၏ သေဆုံးခြင်းကို ကိုယ်စားပြုပြီး အခြားတစ်ဖက်မှာ မရေမတွက်နိုင်သော ကြယ်များ၏ မွေးဖွားခြင်းကို ကိုယ်စားပြုသည်။
"သေစမ်း"
ဓားသူတော်စင် ယုချန်က ကြုံးဝါးလိုက်သော်လည်း ယွမ်ရှောင်က ဓားပျံအထက်တွင် တည်ငြိမ်စွာ ရပ်ရင်း ရှေ့ဆက်လာသည်။ ၎င်းက ရန်သူ၏ ဓားချက်ကို ပြင်းထန်စွာ ထိုးဖောက်သွားသောကြောင့် မြင်းတပ်သားများဖြင့် ခြေလျင်တပ်တစ်ခုအတွင်း တရကြမ်းဖောက်ထွက်လာခြင်းမျိုးနှင့် တူညီသည်။ ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်၏ ဓားဖျားက ခရမ်းရောင် အလင်းကို ဖျက်ဆီး၍ ဓားသူတော်စင် ယု ချန်၏ မြင့်မြတ်ချီစွမ်းအား မည်မျှသန်မာသည်ဖြစ်စေ အရေးမကြီးတော့ပေ။ အက်ကြောင်းထင်နေသော ခရမ်းရောင် ဓားဝိညာဉ် ချက်ချင်း ကြေမွသွား၍ နတ်ဘုရားတိုက်ကြီး၏ နံပါတ်တစ် ဓား ဖုန်မှုန့်အဖြစ် ဘန်းခနဲ ပေါက်ကွဲသွားခဲ့သည်။
"အင့်"
ဓားသူတော်စင် ယုချန်၏ ဝိညာဉ် ထိခိုက်သွားကာ မျက်လုံးများ အသက်မဲ့သွား၍ မသေရုံတမယ်ဖြင့် ရှိနေပြီး တစ်ဖက်လူငယ်၏ အေးစက်ပြီး မထီမဲ့မြင်သော စကားလုံးများကိုသာ နားထောင်ခဲ့ရသည်။
"ငါက မင်းကို ခရမ်းရောင်ဧကရာဇ်ရှေ့မှာ သတ်ဖြတ်ချင်လို့ အချိန်ဆွဲခွင့် ပေးခဲ့တာပဲ။ မင်းက ကိုယ့်မျိုးရိုးကို မရိုသေတဲ့ ဓားကျင့်ကြံသူ တစ်ယောက်ပဲ"
စကားအဆုံးတွင် ဓားပျံက ဓားသူတော်စင် ယုချန်၏ ရင်ဘတ်သို့ ထိုးဖောက်သွားသောအခါ ဓားသူတော်စင်၏ ခန္ဓာကိုယ်မှာ သွေးမြူခိုးများအဖြစ် ဘုန်းခနဲ ပေါက်ကွဲသွားသည်။
"အား အား…"
ဓားသူတော်စင် ယုချန်၏ နောက်ဆုံးထွက်သက်မှ အော်ဟစ်သံများသည် နောင်တကို ကိုယ်စားပြု၍ ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် နတ်ဆိုးများလက်အောက်တွင် တစ်သက်လုံး ခယနေခဲ့မိသောကြောင့်ဖြစ်၏။ မူလတွင် သူက မသက်မသာဖြစ်ခဲ့သော်လည်း အချိန်ကြာလာသောအခါ ကျေနပ်ရောင့်ရဲပြီး ထုံထိုင်းလာခဲ့သည်။ အဆုံးတွင် အခြားသူများနှင့် မိမိကိုယ်ကို လှည့်ဖြားခဲ့ပြီး ဓားသမားတစ်ယောက်၏ စိတ်နေစိတ်ထား ပျောက်ကွယ်သွားကာ ရည်ရွယ်ချက်ကင်းမဲ့သော ဘဝတစ်ခု ဖြစ်ခဲ့သည်။
ယွမ်ရှောင်က ထိုသို့သော လူများအပေါ် သနားကရုဏာစိတ်မျိုး မပြသခဲ့ပေ။
"မင်းရဲ့ ဘဝက သနားစရာ ကောင်းခဲ့တယ်၊ ဒါပေမယ့် ငါနဲ့ ဘာဆိုင်လဲ"
သူက ဓားတစ်ချက်တည်းဖြင့် နတ်ဘုရားတိုက်ကြီး၏ နံပါတ်တစ် ဓားကို သတ်ဖြတ်ခဲ့ပြီး ဓားပျံကို လှပစွာ ထိန်းချုပ်ထားသည်။
"ယွမ်ရှောင်"
ခရမ်းရောင်ဧကရာဇ်သည် အယုံကြည်ရဆုံး လက်ထောက် အပိုင်းပိုင်းအစစ ကြေမွသွားသည်ကို မြင်တွေ့ရသောအခါ ဒေါသသူပုန်ထနေပြီး အရှက်ရဖွယ် သေဆုံးခြင်းတစ်ခုလည်း ဖြစ်သည်။ အခြေတည်အဆင့် သူတော်စင် နယ်ပယ်တွင် ဓားအော်ရာ နှင့် ဓားစက်ကွင်းများ ချို့တဲ့နေသဖြင့် ဓားသူတော်စင် ယုချန်သည် အခြားသူတော်စင်နယ်ပယ်များထက် သံသယဖြစ်ဖွယ်မရှိအောင် အားနည်းခဲ့သည်။ အရင်းနှီးဆုံး လက်ထောက်၏ အရှက်ရဖွယ် သေဆုံးခြင်းကြောင့် ခရမ်းရောင်ဧကရာဇ်က နောက်ထပ် ထိန်းချုပ်မထားနိုင်တော့ပေ။
ဘုန်း
သူက ခရမ်းရောင်ကောင်းကင် ဆင်းသက်ခြင်း တာအို ဂါထာကို ထုတ်လွှတ်လိုက်ရာ မုန်တိုင်းတစ်ခု ဖြစ်တည်လာ၍ ကောင်းကင်တွင် ဖီးနစ်ငှက်အသွင် ဖွဲ့စည်းသွားခဲ့၏။ ၎င်းတိုက်ကွက်က အရုဏ်တက်နတ် ဧကရီ၏ မိုးကြိုးဂါထာများနှင့် အစွမ်းချင်း တူညီပေသည်။
ဘုန်း ဘုန်း ဘုန်း
ဖီးနစ်က တောင်ပံများကို ခတ်၍ ပြင်းထန်သော လေလှိုင်းများကို ဖြစ်ပေါ်စေပြီး
ကံကောင်းစွာဖြင့် အနီးအနားတွင် အဆောက်အအုံများ မရှိခဲ့ပေ၊ သို့မဟုတ်လျှင် ၎င်းတို့မှာ မြေပြင်၌ ပြားပြားဝပ်သွားပေလိမ့်မည်။
"မင်း ထွက်ပြေးနိုင်မှာ မဟုတ်ဘူး"
ခရမ်းရောင်ဧကရာဇ်က ၎င်းကို ထိန်းချုပ်၍ ယုန်ကို အမဲလိုက်သော သိမ်းငှက်ကဲ့သို့ ယွမ်ရှောင်ထံ ထိုးဆင်းသွားသည်။
"ငါက ထွက်ပြေးနိုင်ရုံတင်မကဘူး၊ နောက်ထပ် သတ်ဖြတ်နိုင်သေးတယ်"
ယွမ်ရှောင်က လက်နှစ်ဖက်နောက်ပစ်၍ ဓားပျံဖြင့် ပေါ့ပေါ့ပါးပါး ပျံသန်းနေကာ တစ်ဖက်လူ၏ တာအိုဂါထာအောက်တွင် ထိခိုက်ခြင်း မရှိခဲ့ပေ။ သူက ကြယ်မွေးဖွားခြင်း ဓားကွက်အရ နဂါးငွေ့တန်းအဆင့် ဓားပျံ ကျင့်စဉ်တွင် ကျွမ်းကျင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ဤမြင်ကွင်းက ခရမ်းရောင်ဧကရာဇ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ အရှက်ကွဲစေပြီး တစ်ဖက်လူမှာ ရက်အနည်းငယ်အတွင်း သူပင် ထိခိုက်အောင် မတိုက်ခိုက်နိုင်သည်အထိ အစွမ်းထက်လာမည်ဟု ထင်မှတ်မထားခဲ့ပေ။
"သူက အရုဏ်တက်နတ်ဧကရီထက်တောင် အန္တရာယ်ပိုကြီးတဲ့ မိစ္ဆာကောင်ပဲ"
ခရမ်းရောင်ဧကရာဇ်၏ အတွင်းစိတ်တွင် တုန်လှုပ်သွားပြီး အရုဏ်တက်နတ်ဧကရီနှင့် တိုက်ခိုက်ရာ၌ ကိုယ့်အစွမ်းအစကို သံသယမဝင်ဖူးသော်လည်း ယွမ်ရှောင်၏ ခွန်အားကမူ ထိချက်ပြင်းလှ၏။
"မင်း ဆက်တိုက်ခိုက်ချင်သေးတာလား"
ယွမ်ရှောင်က အေးစက်စက် ပြုံး၍ လှောင်ပြောင်လိုက်ပြီး ဓားတာအိုကျောက်တိုင်ထိပ်တွင် ဆင်းသက်ကာ ဓားပျံကို ဓားမြှောင်အဖြစ် အသွင်ပြောင်းခဲ့သည်။
"မင်း ငါ့ကို မဖမ်းနိုင်ဘူးဆိုတော့ မင်းရဲ့ လူတွေကို သတ်ပစ်တော့မယ်"
သူက ကြယ်မိုးဓားကွက်နှင့် ဆယ်ဆင့်ဓားသိုင်းကို ပေါင်းစပ်၍ ၎င်းကို ပစ်ခတ်လိုက်သောအခါ နေအလင်းပမာ ပြိုးပြိုးပြက်ပြက် တောက်ပနေခဲ့သည်။
"လမ်းဖယ်ကြ"
သူက အဒေါ်များကို သတိပေး၍ လက်ဟန်များ ပြုလုပ်ကာ ဓာတ်ကျမ်းတော်၏ ပေါင်းစပ်တိုက်ကွက်အား ဆင့်ခေါ်လိုက်ပြန်၏။ ဓားတာအိုကျောက်တိုင်အထက်တွင် ရွှေရောင် မြူခိုးများ ရစ်သိုင်း၍ မီးများ တောက်လောင်နေကာ ကောင်းကင်တွင် အလင်းလုံးတစ်ခု စုစည်းလာ၍ အချင်း မီတာ ၃၀၀ ကျော် ကြီးမားကာ ခရမ်းရောင်ဧကရာဇ်၏ မုန်တိုင်းဖီးနစ်နှင့် အစွမ်းချင်း တူညီလုနီးပါးပင်။
ယွမ်ရှောင်က ခရမ်းရောင်ဧကရာဇ်ကို ရှောင်တိမ်းနိုင်သော်လည်း ခရမ်းရောင်ကောင်းကင်၏ ဓားကျင့်ကြံသူ ခြောက်ရာကျော်က မရှောင်တိမ်းနိုင်ခဲ့ပေ။ ဓားမြှောင်က လူအုပ်အတွင်း လျင်မြန်စွာ ဖြတ်သန်းသွားစဥ် အလင်းလုံးက မြေပြင်သို့ ကျရောက်လာခဲ့သဖြင့် သတ္တု၊ သစ်သား၊ ရေ၊ မီး နှင့် မြေ ဓာတ်စွမ်းအားများ ပေါက်ကွဲသွားကာ ကျောက်တိုင်၏ပတ်ဝန်းကျင်တွင် အနက် မီတာ ၁၀၀၀ နီးပါး ရှိသည့် ကြီးမားသော ချောက်နက်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။
"မဟုတ်ဘူး"
ခရမ်းရောင်ကောင်းကင် ဓားကျင့်ကြံသူများ၏ မျက်လုံးများ စိတ်ပျက်အားငယ်မှုကြောင့် ညှိုးငယ်သွားကာ အမှုန့်ကြိတ်ခံလိုက်ရပြီး လွတ်မြောက်ရေးကျင့်စဥ်များဖြင့် ထွက်ပြေးနိုင်ခဲ့သူများမှာလည်း ဓားမြှောင်ကြောင့် နှလုံးတည်နေရာတွင် အပေါက်ဖြစ်သွားပြီး သွေးများ ပန်းထွက်လာကာ ဆက်တိုက်လဲကျကုန်သည်။ ဓားသူတော်စင် ယုချန်၏ ဓားသမားများတွင် အရေအတွက် တစ်ရာအောက်သာ ကျန်ရစ်ခဲ့ပြီး အားလုံး ဒဏ်ရာပြင်းထန်ကာ ခြေလက်အင်္ဂါများ ပြတ်တောက်နေခဲ့သည်။ သူတို့က နာကျင်စွာ အော်ဟစ်နေကြပြီး ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် ဓားတာအိုကျောက်တိုင်ထိပ်မှ အဖြူရောင်ဝတ် လူငယ်ထံ မော့ကြည့်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များ အသက်ရှင်နေသော်လည်း စိတ်ဝိညာဉ်များကမူ ကြောက်စိတ်ကြောင့် အဆုံးတိုင် ဖျက်ဆီးခံလိုက်ရသည်။
"အရှင်မင်းကြီး၊ ထွက်ပြေးပြီး လူတိုင်းကို ခရမ်းရောင်ကောင်းကင်ဆီ ပြန်ခေါ်သွားပါ။ သူက ကောင်းကင်နယ်မြေရဲ့ မိစ္ဆာကောင်တစ်ကောင်ပဲ။ စည်းမျဉ်းအားလုံးကို ဆန့်ကျင်နေတယ်"
အဘိုးကြီးတစ်ယောက်က နောက်ဆုံးထွက်သက်မတိုင်ခင် စိတ်ဓာတ်ကျစွာ အော်ဟစ်လိုက်ခြင်း ဖြစ်ကာ အဝေးရှိ ကိုးကောင်းကင်အင်မော်တယ် စစ်သည်များ ကြားသိနေရသည်။
"သတင်းဖြန့်လိုက်။ ယွမ်ရှောင်က ခရမ်းရောင်ကောင်းကင်ရဲ့ ဓားကျင့်ကြံသူ မျိုးရိုးတစ်ခုလုံးကို ခရမ်းရောင်ဧကရာဇ်ရှေ့မှောက်မှာ တစ်ယောက်တည်း ချေမှုန်းခဲ့တယ်"
ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်က အခြားအင်မော်တယ်နတ်ပြည်ထောင် လေးခုအပေါ် ဝါဒဖြန့်ချိရေးဖြင့် ဖိအားပေးနေစဥ် ဤသတင်းက ဓားတစ်လက်ပမာ ထိုးဖောက်ပျံ့နှံ့သွားသည်။ ထိုသတင်းသည် နတ်ဘုရားတိုက်ကြီး၏ လူသားမျိုးနွယ်အတွက် တိုက်ပွဲရေချိန်ကို ပြောင်းပြန်လှန်နိုင်မည် မဟုတ်သော်လည်း ကောင်းကင်နယ်မြေရှိ ကျင့်ကြံသူများနှင့် ကိုးကောင်းကင် အင်မော်တယ်စစ်တပ်၏ ပြင်းပြသော တိုက်ခိုက်လိုစိတ်ကို သေချာပေါက် တည်ငြိမ်စေခဲ့သည်။
"ငါတို့က တကယ်ကို အလကားသက်သက် အစိုးရိမ်လွန်ခဲ့ကြတာပဲ…"
နန်းကုန်းရှု နှင့် အခြားသူများ လုံးဝ နားမလည်နိုင် ဖြစ်နေကြပြီး သူမက ယွမ်ရှောင်ကို ကြည့်နေရင်း ဝမ်းသာမျက်ရည်များ ကျဆင်းလာသည်။
"ရက်နည်းနည်းလေးအတွင်းမှာ ဒီကောင်လေးက ပျိုးပင်လေးကနေ ကြီးမားတဲ့ သစ်ပင်ကြီး ဖြစ်လာခဲ့ပြီ"
စုလန်လန်သည် ရဲ ရှင်းချန်နှင့် သူ၏ တိုက်ပွဲကို ပြန်လည် သတိရမိပြီး ၎င်းမှာ မနေ့တနေ့ကကဲ့သို့ ထင်မှတ်ရသည်။
"သတိထား"
ရုတ်တရက် ရောင်ယွဲ့က အလန့်တကြား အော်ဟစ်လိုက်ပြီး လှည့်ကြည့်လိုက်ရာ ခရမ်းရောင်ဧကရာဇ်သည် သူ၏နောက်လိုက်များ သတ်ဖြတ်ခံခဲ့ရသည့်အတွက် ဒေါသတကြီးဖြင့် သူတို့ သုံးဦးအပေါ် ပစ်မှတ်ထားခဲ့သည်။ ယွမ်ရှောင်ကို မသတ်ဖြတ်နိုင်သည့်အတွက် ခရမ်းရောင်ဧကရာဇ်က သူ၏အဒေါ်များကို ချေမှုန်း၍ လက်စားချေပေလိမ့်မည်။
"ငါတို့က ကူညီဖို့ ကြိုးစားခဲ့တာ၊ ဒါပေမယ့် အခြေအနေကို ပိုဆိုးအောင် လုပ်မိသလိုပဲ…"
နန်းကုန်းရှုက ညည်းတွားလိုက်သော်လည်း သုံးဦးသား ခရမ်းရောင်ဧကရာဇ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အသင့်ပြင်ထားကြသည်။
ဘုန်း
ခရမ်းရောင် ဖီးနစ်က ရုတ်တရက် လမ်းကြောင်းပြောင်း၍ သူတို့ထံ ဦးတည်လာနေသဖြင့် လူစုခွဲလိုက်ကြသည်။
"ငြိမ်ငြိမ်နေကြ"
သို့သော် မျက်တောင်တစ်ခတ်အတွင်း အဖြူရောင် ပုံရိပ်တစ်ခုက သူတို့ကို ဖြတ်ကျော်သွားသည်။
"ခွင့်ပြုပါ"
ယွမ်ရှောင်က လျင်မြန်စွာ လက်လှမ်း၍ စုလန်လန်နှင့် ရောင်ယွဲ့၏ ခါးကို ဖက်ရင်း နန်းကုန်းရှုကို လှမ်းပြောသည်။
"အဒေါ်၊ ငါ့ကို ကိုင်ထားပါ။"
သူတို့အားလုံး မင်သက်သွားကြသော်လည်း နန်းကုန်းရှုသည် မသိစိတ်အရ သူ့ကို နောက်မှ ပွေ့ဖက်လိုက်မိသည်။
ဝုန်းးးး
သူ၏ ဓားပျံ တစ်ချက် လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် လေးဦးသား ကောင်းကင်သို့ ပျံတက်သွားကြပြီး
ယွမ်ရှောင်၏ တစ်ဖက်တစ်ချက်တွင် တစ်ဦးစီနှင့် ခါးတွင် တစ်ဦး ဖက်တွယ်ထားခဲ့ကြသည်။ သူတို့က မုန်တိုင်းဖီးနစ်အနားမှ ပွတ်ကာသီကာ လွတ်မြောက်၍ ကောင်းကင်သို့ ပျံတက်သွားကာ လူသုံးယောက်ကို သယ်ဆောင်ထားရသော်လည်း လျင်မြန်နေဆဲပင်ဖြစ်သည်။
"ဘာလဲ"
စုလန်လန်နှင့် ရောင်ယွဲ့သည် အကြည့်ချင်းဖလှယ်၍ ဆံပင်များ လေထဲလွင့်နေပြီး ခါးဖက်ထားသော လက်နှစ်ဖက်မှ အထိအတွေ့အကြောင့် ငိုရခက် ရယ်ရခက်ဖြစ်နေပြီး ရိုးသားစွာ ကယ်တင်ခဲ့ခြင်းပင်။ နန်းကုန်းရှု၏ အနေအထားက ပို၍ တင့်တယ်ပြီး ယွမ်ရှောင်၏ ဓားပျံပေါ်တွင် မိမိကိုယ်ကို တည်ငြိမ်အောင် ရပ်တည်နေသဖြင့် လူငယ်၏ခါးကို အနည်းငယ်သာ ကိုင်ထားရန် လိုအပ်သည်။ သူမ၏ ညီမ နှစ်ဦးမှာမူ သူ၏ လက်မောင်းများဖြင့် သယ်ဆောင်ခံထားရပြီး အကြီးအကဲများအဖြစ် သူတို့၏ ဂုဏ်သိက္ခာ အချို့ ဆုံးရှုံးသွားသည်။ သို့သော် လူတိုင်း ထိခိုက်မှုမရှိဘဲ လွတ်မြောက်ခဲ့ကြ၍ အနည်းငယ် မလျော်ကန်မှု ရှိနေသော်လည်း အဒေါ် သုံးဦးစလုံး သက်ပြင်းချလိုက်နိုင်သည်။
"ယွမ်ရှောင်၊ ငါတို့ မကူညီနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ နောက်ဆုံးမှာ မင်းကို ဒုက္ခပေးမိသွားတယ်"
နန်းကုန်းရှု အပြစ်ရှိသလို ခံစားရ၍ ပြောလိုက်သည်။
"တောင်းပန်စရာ မလိုပါဘူး။ သူက မင်းတို့ကို ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် သူ့ရဲ့ ကျွမ်းကျင်မှုတွေ အားလုံးကို ဘယ်သူ့ကို ပြမှာလဲ"
ကြယ်ပြာက ကလေးဆန်စွာ ဝင်ပြောလိုက်သည်။
"ဒါ မှန်တယ်။ အလှတရားတွေ မရှိရင်၊ အစွမ်းထက်ပေမယ့် အထီးကျန်မှု ဖြစ်လာတတ်တယ်။ အလှတရားရှေ့မှာ ဓားရေးကစားပြတာက ဓားပညာကို သုံးဆ ပိုမျုထက်မြက်စေတယ်"
လနီက ထပ်ပြောသည်။
ဤစကားများကို ကြားသောအခါ သူတို့သည် အင်္ကျီရင်ဘတ်အတွင်းမှ အနက်ရောင် သားရဲလေးကို သတိပြုမိလိုက်ကြ၏။
"ယွမ်ရှောင်၊ မင်းရဲ့တိုက်ပွဲက တော်တော်လေး အရေးကြီးတယ်။ ဒါပေမယ့် မင်းရဲ့ အိမ်မွေးတိရစ္ဆာန်လေးက နည်းနည်း စပ်စုတတ်ပုံပဲ"
နန်းကုန်းရှုက ခပ်ယဲ့ယဲ့ ပြုံး၍ မှတ်ချက်ချလိုက်သည်။
"ဟုတ်တယ်၊ သူ့ကို စနစ်တကျ မဆုံးမခဲ့တဲ့ ကျုပ်အမှားပါ"
ယွမ်ရှောင်က အတွင်းစိတ်၌ ကြယ်ပြာနှင့်လနီကို ဆယ်ကြိမ်မက ဆဲရေးနေပြီးဖြစ်သည်။ သူ၏ အကြည့်က ဒေါသထွက်နေသော ခရမ်းရောင်ဧကရာဇ်ထံ နောက်တစ်ကြိမ် ကျရောက်သွားပြီး လက်ရှိတွင် အဝေးတစ်နေရာသို့ လွတ်မြောက်လာခဲ့သည်။
"ယွမ်ရှောင်၊ မင်းက ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်ရဲ့ ဓားကျင့်ကြံသူတွေကို ဗြောင်ကျကျ သတ်ဖြတ်ခဲ့တယ်။ ငါတို့ နတ်ပြည်ထောင်တွေအကြားမှာ စစ်ပွဲကို လှုံ့ဆော်ခဲ့ပြီး မင်းက ကြီးမားတဲ့ ဘေးအန္တရာယ်တစ်ခု ဖန်တီးခဲ့တယ်…"
ခရမ်းရောင်ဧကရာဇ်က ယွမ်ရှောင်ကို မသတ်ဖြတ်နိုင်ကြောင်း သိ၍ ဆက်လက်လုပ်ကြံရန် မကြိုးစားတော့ပေ။ ယ
"မင်းရဲ့ လူတွေက ကိုးကောင်းကင် အင်မော်တယ်စစ်တပ်ကို အရင် မတရား ညှဉ်းပန်းနှိပ်စက်ခဲ့တာပဲ။ မင်းက အပြစ်မဲ့သူလို ဟန်ဆောင်ရဲသလား"
နန်းကုန်းရှုက အေးစက်စွာ ပြန်ပြောသည်။
"တကယ်လား။ ကိုးကောင်းကင် စစ်သည်တစ်ယောက် ကျဆုံးတာကို ဘယ်သူ မြင်လဲ"
ခရမ်းရောင်ဧကရာဇ်၏ အနောက်တွင်အရာရှိ ရာပေါင်းများစွာ စုဝေးနေကြသဖြင့် သူ၏ အသံ ပို၍ ကျယ်လောင်လာသည်။
"ဒါပေမယ့် ဒီယွမ်ရှောင်က ငါ့မျက်စိရှေ့မှာ၊ ငါ့လက်ထောက် ယုချန်နဲ့ ဓားကျင့်ကြံသူများစွာကို သတ်ဖြတ်ခဲ့တယ်၊ လူအများ မျက်မြင်သက်သေရှိတယ်"
"ဒါဆိုရင်ရော ဘာဖြစ်လဲ"
ယွမ်ရှောင်က ထီမထင်ဟန်ဖြင့် အေးစက်စက် ရယ်မောလိုက်သည်။
"ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်ရဲ့ ကျင့်ကြံသူတွေ အလဟဿ သေဆုံးလို့ မဖြစ်ဘူး။ သူတို့အတွက် လက်စားချေဖို့ ခရမ်းရောင်ကောင်းကင် စစ်တပ်က မကြာခင် ကောင်းကင်နယ်မြေကို ချီတက်လာမယ်။ သူတို့အတွက် တရားမျှတမှုကို ရှာဖွေပေးမယ်"
ခရမ်းရောင်ဧကရာဇ်က မောက်မာစွာ ကြေညာခဲ့သည်။
"မင်း မှားနေပြီ။ အခုလောလောဆယ်မှာ ငါက ကောင်းကင်နယ်မြေရဲ့ သေဒဏ်ကျ အကျဉ်းသားတစ်ယောက်ပဲ။ မကြာခင် အရုဏ်တက်နတ် ဧကရီက အပြစ်ပေးတော့မှာ။ ငါက မင်းရဲ့ ခရမ်းရောင်ကောင်းကင် ခွေးတွေကို သတ်ဖြတ်တာ ကောင်းကင်နယ်မြေနဲ့ ဘာဆိုင်လို့လဲ။ မင်းက ဒီအတွက် စစ်သည် သန်းပေါင်းများစွာနဲ့ တပ်ဖွဲ့တွေကို စုစည်းနေတာလား။ ဒါ့အပြင် ငါ ခုလေးတင် သတ်ဖြတ်မှု စတင်ခဲ့တယ်။ မင်းရဲ့ ခရမ်းရောင်ကောင်းကင် စစ်တပ် အကုန်လုံးနီးပါး ဒီကို ရောက်နေပြီ။ ငါ သူတို့ကို သတ်ဖြတ်လိမ့်မယ်လို့ မင်းက ကြိုတင် ခန့်မှန်းနိုင်ခဲ့တာလား"
ယွမ်ရှောင်က အရေးမစိုက်ဘဲ ပခုံးတွန့်လိုက်သည်။
"တစ်ကမ္ဘာလုံး မင်းရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ ရည်မှန်းချက်တွေကို သိရှိကြတယ်။ ဒါပေမယ့် မင်းက နတ်ဆိုးတွေရဲ့ ဆိုးညစ်တဲ့ နှလုံးသားကို ဖုံးကွယ်ဖို့ တရားဝင်တိုက်ပွဲအတွက် စစ်တံခွန်တစ်ခုနဲ့ အကြောင်းပြချက် ရှာနေတယ်။ သနားစရာကောင်းပြီး ရယ်စရာကောင်းတယ်"
နန်းကုန်းရှုက ရွံရှာဟန်ဖြင့် တံတွေးထွေးလိုက်ပြီး ရောင်ယွဲ့ နှင့် စုလန်လန်မှာ တိတ်ဆိတ်နေ၍ တင်းကြပ်စွာ ဖက်ထားခံရသောကြောင့် အသက်ရှူကြပ်နေပုံပေါ်လေသည်။