← Chapters

ရှေးခေါင်းလောင်းတီးခတ်ခြင်းနှင့် အစီအရင် အသက်ဝင်လာခြင်း

Vol. 17 Ch. 217-A

ရှေးခေါင်းလောင်းတီးခတ်ခြင်းနှင့် အစီအရင် အသက်ဝင်လာခြင်း

Vol. 17 Ch. 217-A

"ယွမ်ရှောင်"

ခရမ်းရောင်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။

"အရုဏ်တက်နတ်ဧကရီ မင်းကို ကာကွယ်ပေးခြင်းက နတ်ဘုရားတိုက်ကြီးနဲ့ နတ်ဆိုးတိုက်ကြီး နှစ်ခုလုံးရဲ့ ဖြောင့်မတ်သူတွေကို ဒေါသထွက်စေခဲ့တယ်။ အခု နတ်ဆိုးတပ်ဖွဲ့ဝင် သန်းပေါင်းများစွာနဲ့ ခရမ်းရောင်ကောင်းကင်စစ်သည် သန်းပေါင်းများစွာက ကောင်းကင်နယ်မြေရဲ့ တရားမျှတမှုကို ထိန်းသိမ်းဖို့ ချီတက်လာကြလိမ့်မယ်။ အခြား အင်မော်တယ်နတ်ပြည်ထောင် လေးခုကလည်း မကြာခင် ငါတို့နဲ့ ပူးပေါင်းကြလိမ့်မယ်။ မင်းက လူသတ်သမားတစ်ယောက် ဘေးအန္တရာယ်တစ်ခု ဖြစ်တယ်။ မင်း မသေရင် သာမန်ပြည်သူတွေ ဒုက္ခခံရလိမ့်မယ်"

"ငါ အခု နားလည်သွားပြီ။ မင်း ငါ့ကို ကြောက်နေပြီမလား။ မင်းကို ထောက်ခံပေးဖို့ အင်မော်တယ်နတ်ပြည်ထောင် လေးခုနဲ့ နတ်ဘုရားတိုက်ကြီး တစ်ခုလုံးကို အတင်းအကျပ် ဖိအားပေးနေမှတော့ မင်းရဲ့ အတွင်းစိတ်က တော်တော်ထိတ်လန့်နေတာပဲ"

ယွမ်ရှောင်က သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။

"ဟား ဟား ဟား…"

ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်မှ အရာရှိများက လှောင်ပြောင်ရယ်မောခဲ့ကြသည်။

"မင်းတို့ ဘက်ပြောင်းချင်စိတ် ပေါ်လာမယ့် အချိန်တစ်ခု ရောက်လာနိုင်တယ်၊ ငါ့ရှေ့မှာ ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်လိမ့်မယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက မင်းတို့ အဲ့ဒီ အခွင့်အရေးကို ရမှာ မဟုတ်ဘူး။ မင်းတို့က ကိုယ့်ကိုယ်ကို ထက်မြက်တယ်လို့ အထင်ရောက်နေတဲ့ သနားစရာ သတ္တဝါတစ်စုပဲ။ အခုလောလောဆယ်၊ မင်းတို့ ကျေနပ်နေကြပေမယ့် ဘယ်သူနိုင်နိုင် မင်းတို့အားလုံး သေရမှာပဲ။ တကယ်လို့ ငါ နိုင်ခဲ့ရင်တော့ ဒူးထောက်တာတောင် မင်းကို မကယ်တင်နိုင်ဘူး၊ ခရမ်းရောင်ဧကရာဇ်။ ဒီ ခွေးခေါင်း လူရုပ်တုက မင်းရဲ့ ကံကြမ္မာ ဖြစ်လာလိမ့်မယ်"

ယွမ်ရှောင်က ထိုရယ်သံများကို ဂရုမစိုက်ဘဲ တစ်လုံးချင်း ဆက်ပြောသည်။

"ဟား ဟား ဟား…"

ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်မှ လူများက ဆက်လက်၍ ဟယ်ဟယ်ပက်ပက် ရယ်မောနေကြသည်။

"မင်းက နိုင်မယ် ဟုတ်လား။ ဒီစစ်ပွဲက မင်းအတွက် ကလေးကစားစရာ ထင်နေတာလား"

"ဒီမှာ ရယ်ရလွန်းလို့ သေတော့မယ်"

"ငါ ပြောပြမယ်၊ လူသားမျိုးနွယ် တစ်ခုလုံး ပျက်စီးသွားရင်တောင် ငါတို့ရဲ့ မြင့်မြတ်တဲ့ ခရမ်းရောင်ကောင်းကင် နတ်ပြည်ထောင်က မားမားမတ်မတ် ရပ်တည်နေလိမ့်မယ်။ နတ်ဆိုးတိုက်ကြီးက ငါတို့ကို လိုအပ်တယ်။ လူသားမျိုးနွယ်မှာ အင်အားအကြီးဆုံး အင်မော်တယ်နတ်ပြည်ထောင်ရဲ့ စစ်မှန်တဲ့ အခြေခံအုတ်မြစ်က ဖျက်ဆီးမရနိုင်ဘူး"

ရယ်မောနေသော အရူးများကို ကြည့်ရင်း ယွမ်ရှောင်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူတို့အားလုံးက လူသားများ ဖြစ်ကြသည့်တိုင်အောင် နတ်ဆိုးများ၏ အစွမ်းကို ချီးကျူးခဲ့ကြပြီး သူတို့၏ အသွေးအသားထဲတွင် လက်ပါးစေစိတ်ဓာတ် နက်ရှိုင်းစွာ စွဲထင်နေသဖြင့် အချိန်အကြာကြီး ဒူးထောက်ခဲ့ရာ ဆွဲထူခဲ့လျှင်ပင် မတ်တပ်မရပ်နိုင်ကြတော့ပေ။ယွမ်ရှောင်က သူတို့ကို ကူညီရန် ရည်ရွယ်ချက် မရှိဘဲ ဒူးထောက်ခြင်း၌ ကျေနပ်နေသောကြောင့် သူတို့၏ ဦးခေါင်းများကို ခုတ်ဖြတ်ပြီး ဒူးများအပေါ် တင်ထားခြင်းက ပိုကောင်းမည်ဟု တွေးထားခဲ့သည်။ ရဲချင်းထျန် နှင့် နောက်လိုက်များကဲ့သို့ အလားတူ အဆုံးသတ်နှင့်သာ ထိုက်တန်ပေသည်။

"ယွမ်ရှောင်၊ ပြန်လာခဲ့"

ထိုအချိန်တွင် ကောင်းကင်နယ်မြေ၏ ရှေးဦး အစီအရင်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက အရုဏ်တက်နတ် ဧကရီ ဖြစ်ပြီး အရာအားလုံးကို စီစဉ်ပြီးဖြစ်သောကြောင့် သူမ၏လေသံအရ စောင့်ဆိုင်းရခြင်းကို ဒေါသထွက်ပြီး စိတ်မရှည်ဖြစ်နေပုံပေါ်၏။

"ငါ့ဇနီး ငါ့ကို ခေါ်နေပြီ"

ယွမ်ရှောင်က ခရမ်းရောင်ဧကရာဇ်ကို နောက်ဆုံးတစ်ချက် ကြည့်လိုက်သည်။

"မှတ်ထားကြ။ မင်းတို့အားလုံး လက်နက်ချခွင့် မရှိဘူး"

သူက ဓားပျံကို လျင်မြန်စွာ ထိန်းချုပ်၍ အဒေါ်သုံးဦးကို အတူခေါ်ဆောင်သွားကာ အရုဏ်တက်နတ် နန်းတော်သို့ အလျင်စလို ပြန်သွားသည်။ သူ ထွက်ခွာသွားသော်လည်း နောက်ဆုံး သတိပေး စကားများက ခရမ်းရောင်ဧကရာဇ် နှင့် အခြွေအရံများ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။

"ဟား ဟား ဟား…"

ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်မှ အရာရှိများက သူတို့၏ ဝမ်းဗိုက်ကို ဖိနှိပ်၍ ရယ်မောနေကြဆဲဖြစ်သည်။ သို့သော် ခရမ်းရောင်ဧကရာဇ်၏ မျက်နှာတွင် ကြီးမားသော စိုးရိမ်ပူပန်မှုနှင့် စိတ်မသက်မသာဖြစ်မှုတို့ဖြင့် လွှမ်းခြုံနေသည်။

"နတ်ဆိုးတိုက်ကြီးက အရုဏ်တက်နတ်ဧကရီကို ပစ်မှတ်ထားနေတယ်။ ယွမ်ရှောင်က ပိုရက်စက်ပြီး နတ်ဆိုးဆန်တာကို ဘယ်သူမှ မသိကြဘူးလား"

ယွမ်ရှောင်၏ စကားက ခရမ်းရောင်ဧကရာဇ်၏ အားနည်းချက်ကို တည့်တည့်မတ်မတ် ထိုးနှက်ခဲ့ပြီး နတ်ဘုရားတိုက်ကြီး၏ ထောက်ခံမှုဖြင့် အကယ်၍ သူ ရှုံးနိမ့်ခဲ့လျှင်ပင် ထွက်ပေါက်တစ်ခု ရှာဖွေနိုင်မည်ဟု ထင်ထားခဲ့သည်။ ဒူးထောက်ပြီး အရှုံးပေးလိုက်လျှင် သူ့အတွက် လွတ်လမ်း ရှိနိုင်မည်ဟု ထင်ထားသော်လည်း တစ်ဖက်လူက ထွင်းဖောက်မြင်နိုင်နေသည့်အတွက် ခရမ်းရောင်ဧကရာဇ်အတွက် သည်းမခံနိုင်စရာ ဖြစ်သည်။ ထိုအချိန်တွင် ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်မှ အရာရှိတစ်ဦးက အရေးပေါ် သတင်းပို့ရန် ပြေးဝင်လာခဲ့သည်။

"အရှင်မင်းကြီး၊ ဒုက္ခရောက်နေပြီ"

ထိုအဘိုးကြီး၏ မျက်နှာက ပြာနှမ်းနေသည်။

"ဘာဖြစ်တာလဲ"

ခရမ်းရောင်ဧကရာဇ်၏ ကျောရိုးတစ်လျှောက် စိုးရိမ်စိတ်ဖြင့် အေးစက်သွား၏။

"အခြားအင်မော်တယ်နတ်ပြည်ထောင် လေးခုကို အကျပ်ကိုင်ဖို့ ဖမ်းဆီးထားတဲ့ တော်ဝင် မိသားစုဝင်များရဲ့ တည်နေရာ ဖော်ထုတ်ခံလိုက်ရပြီ။ အရုဏ်တက်နတ်ဧကရီရဲ့ နတ်ဘုရား အစောင့်တွေက သူတို့ကို ကယ်တင်သွားပြီ"

အဘိုးကြီးက တုန်ရီစွာ အစီရင်ခံလိုက်သည်။

"ဘာ"

ခရမ်းရောင်ဧကရာဇ်၏ မျက်နှာက အလန့်တကြား ဖြစ်သွားကာ သန်းပေါင်းများစွာပါဝင်သော နတ်ဆိုး စစ်တပ်တစ်ခုသည် ကောင်းကင်နယ်မြေအပေါ် အမှောင် တိမ်တိုက်ကဲ့သို့ ချီတက်လာနေသည်။ ညစ်ညမ်းသော မြူခိုးများအကြားတွင် မရေမတွက်နိုင်သော အင်းဆက်ပိုးမွှားများ၊ သားရဲများ၊ အပင်များ နှင့် ကြောက်မက်ဖွယ် မျက်နှာများ ရှိသည့် မကျေနပ်မှု ဝိညာဉ်များ ဟိန်းဟောက် အော်ဟစ်နေကြရာ ကြားရသူတိုင်းကို အရိုးထိအောင် အေးစက်သွားစေသည်။ အခြားတစ်ဖက်တွင် ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်က ချပ်ဝတ်တန်ဆာကိုယ်စီ ဝတ်ဆင်ထားသော ကောင်းစွာ လေ့ကျင့်ထားသည့် စစ်သည် သန်းပေါင်းများစွာဖြင့် ရပ်တည်နေသည်။ သူတို့က နေမင်းကဲ့သို့ တောက်ပနေကြပြီး ခမ်းနားထည်ဝါသောကြောင့် ကြိုတင်မသိထားလျှင် ဤစစ်တပ်နှစ်ခုမှာ ဆန့်ကျင်ဘက်ဟု ထင်မှတ်ရသော်လည်း စက်ဆုပ်ဖွယ်ကောင်းလောက်အောင် မဟာမိတ်များ ဖြစ်နေကြသည်။ နတ်ဆိုးတိမ်တိုက်များ ဖြစ်စေ၊ ခရမ်းရောင် အင်မော်တယ်စစ်တပ်ဖြစ်စေ၊ သူတို့၏ ပစ်မှတ်က တူညီ၍ ကောင်းကင်နယ်မြေသို့ ဦးတည်လာနေကြသည်။

ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ် တစ်ခုတည်းကပင် ကောင်းကင်နယ်မြေ၏ ကိုးကောင်းကင် အင်မော်တယ်စစ်တပ်နှင့် တန်းတူကျော်ကြားသည်။ ချဥ်းကပ်လာနေသော ဘေးအန္တရာယ်သည် ကောင်းကင်နယ်မြေ နှင့် အရုဏ်တက် အင်မော်တယ်နတ်ပြည်ထောင်အပေါ် လွှမ်းခြုံနေပြီး လူသားဝိညာဉ်တိုင်းအပေါ် တောင်တန်းတစ်ခု ဖိနှိပ်ထားသကဲ့သို့ လေးလံနေသည်။ ကောင်းကင်နယ်မြေ၏ လမ်းများနှင့် လူနေရပ်ကွက်များတွင် ကျင့်ကြံသူများ အိမ်ထဲမှ အပြင်သို့ ထွက်လာကြပြီး စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် ကောင်းကင်သို့ မော့ကြည့်နေကြသည်။

"ကောလာဟလတွေအရ တခြားအင်မော်တယ်နတ်ပြည်ထောင် လေးခုကလည်း ငါတို့ရဲ့ ကောင်းကင်နယ်မြေကို ဆန့်ကျင်ပြီး တိုက်ခိုက်မယ်တဲ့"

ဤသတင်းက ကိုးကောင်းကင် အင်မော်တယ်စစ်တပ်နှင့် ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများအကြားတွင် ပျံ့နှံ့သွားသည်။ ကလေးငယ်များက ရိုးရှင်းသော စိတ်ထားဖြင့် နားမလည်စွာ မိဘများကို မေးလာကြသည်။

"အဖေ။ အမေ။ ဘာကြောင့် တစ်ကမ္ဘာလုံးက သားတို့ကို ဆန့်ကျင်နေရတာလဲ"

"မှန်ကန်တဲ့ လမ်းစဉ်ကို လျှောက်တဲ့သူတွေက ပိုများရမှာ မဟုတ်ဘူးလား"

"သမီးတို့က လူဆိုးတွေလား…"

"ဒါပေမယ့် နတ်ဆိုးတွေက လူတွေကို ဒုက္ခပေးတယ် မဟုတ်လား။ ယွမ်ရှောင်က သူတို့ကို အင်မော်တယ်စစ်ပွဲမှာ ဂုဏ်သိက္ခာရှိရှိ တိုက်ခိုက်ခဲ့တယ်လေ"

"ဘာကြောင့် နတ်ဘုရားတိုက်ကြီးက လူသားတွေက သားတို့နဲ့အတူ တရားမျှတမှု တိုက်ပွဲမှာ မရပ်တည်နိုင်ရတာလဲ"

ဤမေးခွန်းများကို သူတို့၏ မိဘများနှင့် အကြီးအကဲများပင် မဖြေတတ်သောကြောင့် ခေါင်းငုံ့၍ အချိန်အကြာမြင့်စွာ တိတ်ဆိတ်နေကြသည်။

"စစ်ပွဲဆိုတာ လောင်းကစားတစ်ခုပဲ၊ သူတို့က နတ်ဆိုးတိုက်ကြီး နိုင်မယ်လို့ လောင်းကြေးထပ်ထားကြတယ်။ ငါတို့တွေ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အင်မော်တယ်စစ်ပွဲမှာ နတ်ဆိုးတွေ နိုင်မယ်လို့ လောင်းကြေးထပ်ခဲ့သလိုပဲ…"

၎င်းက မိဘများဘက်မှ ထုတ်ဖော်ပြောဆိုနိုင်ခဲ့သော တစ်ခုတည်းသော အဖြေ ဖြစ်သည်။

"တကယ်လို့ နတ်ဆိုးတိုက်ကြီး နိုင်ခဲ့ရင် ကောင်းကင်နယ်မြေ ကျဆုံးသွားပြီး၊ သားတို့ရဲ့ အိမ်တွေ ဆုံးရှုံးသွားမှာလား"

ကလေးငယ်က ထပ်မေးသည်။

"ဟုတ်တယ်"

"ဒါဆို… အဖေ၊ သားက သေသွားမှာလားဟင်"

ကြောက်ရွံ့မှု နှင့် လောကကြီးအပေါ် နားမလည်နိုင်သော ခံစားချက်များ ကလေးငယ်၏ မျက်လုံးတွင် ထင်ဟပ်နေသည်။

"ဖေဖေ ကတိပေးတယ်၊ ငါ အသက်ရှင်နေသရွေ့၊ သားကို လုံးဝမထိခိုက်စေရဘူး"

ဖခင်က သူ၏ ကလေးငယ်ကို ပွေ့ဖက်ထားကာ သူ၏စိတ်ထဲတွင် ပြောမထွက်နိုင်သော စကားလုံးများဖြင့် ပြည့်နှက်နေသော်လည်း ရိုးရိုးရှင်းရှင်း အာမခံလိုက်သည်။

"ဧကရီ ဘယ်မှာလဲ။ ဘာလို့ သူမက အခုထိ စကားတစ်ခွန်းမှ မပြောသေးတာလဲ။ ကောလာဟလတွေ ပြောသလို တကယ်ပဲလား၊ သူမက အချစ်မှာ နစ်မွန်းနေပြီး ကိုယ်ပိုင် ဆန္ဒတွေထဲမှာ နစ်မြုပ်နေလို့ ပြည်သူတွေရဲ့ ဒုက္ခကို မမြင်ချင်ယောင်ဆောင်နေတာလား။ ရန်သူက တံခါးဝမှာ ရောက်နေတဲ့အချိန် သူမက စားသောက်ပွဲတွေ ကျင်းပပြီး ပျော်ပါးနေတာလား။ သူမက ဆိုးရွားတဲ့ ဧကရီတစ်ယောက်လား"

ကလေးငယ်က ကြားခဲ့ဖူးသော ကောလဟာလများအတိုင်း ရေရွတ်လိုက်ပြီး သူ့စိတ်မှာ အလွန်ရှုပ်ထွေးနေသည်။

"နားထောင်ပါ၊ သား"

ဖခင်က လေးနက်စွာ ရှင်းပြလိုက်သည်။

"စစ်ပွဲကာလမှာ၊ မင်း ကြားထားတဲ့ လျှို့ဝှက်ကြံစည်မှု သတင်းတွေ အားလုံးက ရန်သူတွေ ငါတို့ရဲ့ စိတ်ဓာတ်ကို အားနည်းအောင် လုပ်ဆောင်တဲ့ လှည့်ကွက်တွေပဲ။ မင်းအနေနဲ့ တိုက်ခိုက်လိုစိတ် ဆုံးရှုံးလေလေ၊ ရန်သူက ပိုပျော်လေလေပဲ။ သူတို့က ငါတို့ကို လှည့်ဖြားဖို့ လက်တစ်ချောင်းတောင် မမြှောက်ရဘူး"

"တကယ်လား…"

ဖခင် မည်သို့ပင် ပြောစေကာမူ ကလေးငယ်သည် အရုဏ်တက်နတ် ဧကရီအကြောင်း မကြာသေးမီက ထွက်ပေါ်လာသော ကောလာဟလများမှာ အမှန်တရားဟူသော ခံစားချက်ကို မဖယ်ရှားနိုင်ခဲ့ပေ။

ကောင်းကင်နယ်မြေတွင် သူတစ်ယောက်တည်း ဤသို့ ခံစားနေရခြင်း မဟုတ်ဘဲ စိတ်ရှုပ်ထွေးမှုနှင့် သံသယသည် တုံ့ဆိုင်းတွန့်ဆုတ်ခြင်းကို ဖြစ်ပေါ်လာစေသည်။ ကံကောင်းသည်မှာ ထို အချိန်တွင်၊ သတင်းတစ်ခု ထပ်မံထွက်ပေါ်လာပြီး ယွမ်ရှောင်က ဓားတာအိုကျောက်တိုင်နှင့် ခရမ်းရောင်ဧကရာဇ်၏ ရှေ့မှောက်တွင် ခရမ်းရောင်ကောင်းကင်၏ ဓားကျင့်ကြံသူ တစ်ထောင်ကို သတ်ဖြတ်ခဲ့ပြီး ဓား သူတော်စင် ယု ချန်ကို အနိုင်ယူခဲ့ကြောင်းပင်။ ယွမ်ရှောင်၊ ဤအမည်နာမက ကောင်းကင်နယ်မြေတစ်ခွင် နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားပြီး မိဘများ၏ စိတ်ဓာတ်ခွန်အား မြင့်တက်လာကြောင်း မြင်တွေ့ရသောအခါ အနည်းဆုံးဖြင့် ကလေးငယ်များသည် တိုက်ခိုက်ရန် လက်သီးဆုပ်ထားလိုက်ကြပြီဖြစ်သည်။

ဒေါင် ဒေါင် ဒေါင်

မိုးခြိမ်းသံကဲ့သို့ ခေါင်းလောင်းသံ သုံးချက်က ရုတ်တရက် ကောင်းကင်နယ်မြေတစ်ခွင် ပဲ့တင်ထပ်သွားပြီး ကိုးကောင်းကင် အင်မော်တယ်စစ်တပ် နှင့် ကောင်းကင်နယ်မြေ ကျင့်ကြံသူများ၏ သွေးများကို တောက်လောင်စေကာ သန်းပေါင်းများစွာသော နှလုံးခုန်သံများ ခေါင်းလောင်းနှင့် တစ်ပြိုင်နက်တည်း ကျယ်လောင်စပြုလာ၏။

"ရှေးခေါင်းလောင်းလား"

ယွမ်ရှောင်က ဓားတာအိုကျောက်တိုင်မှ ပြန်လာစဉ် ဧရာမ အဖြူရောင် ခေါင်းလောင်းတစ်ခု ကောင်းကင်သို့ မြင့်တက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ကောင်းကင်နယ်မြေ၏ တိမ်တိုက်များအထက်တွင် ထွက်ပေါ်လာပြီး ထိုခေါင်းလောင်းသံ သုံးချက်မှာ သူ၏ အယကိုယ်တွင်း၌ တစ်စုံတစ်ခုကို မီးညှိပေးလိုက်သကဲ့သို့ သူ၏ သွေးများကို တောက်လောင်စေခဲ့သည်။

"သူမက ကမ္ဘာကြီးကို ကြေညာချက်တစ်ခု ထုတ်ပြန်တော့မလို့လား"

ယွမ်ရှောင်နှင့် အဒေါ်သုံးယောက်က ကောင်းကင်သို့ မော့ကြည့်လိုက်စဥ် ရှေးဦး ခေါင်းလောင်းထိပ်တွင် ရွှေရောင် နဂါးဝတ်ရုံဝတ် နှင့် ပုလဲ ကိုးလုံး တပ်ဆင်ထားသော သရဖူ ဆောင်းထားသည့် မိန်းကလေးတစ်ဦး ရပ်နေသည်။ သွေးနီရောင် မိုးကြိုးကွန်ရက်က ခေါင်းလောင်းမှတဆင့် ပျံ့နှံ့ထွက်ပေါ်လာပြီး

ဘိုးဘေးကျောင်းတော်မှ နတ်ဆိုး အားလုံးပင် ကောင်းကင်၏ အမြင့်ဆုံးနေရာသို့ မော့ကြည့်မိခဲ့ကြသည်။ လက်ရှိတွင် သူမက မျက်နှာကို နောက်ထပ် ဖုံးကွယ်မထားဘဲ ချန်ရီ၊ အရုဏ်တက်နတ် ဧကရီ ဖြစ်သည်။

"ငါတို့ နတ်ဧကရီ သက်တော်ရာကျော် ရှည်ပါစေ"

ချန်ရီကို မြင်တွေ့ရသည်နှင့်တပြိုင်နက် ကောင်းကင်နယ်မြေရှိ လူသားများ၏ ရှုပ်ထွေးနေသော မျက်လုံးများတွင် အမှောင်ကျနေသည့် အနာဂတ်တွင် အရုဏ်တက် နေရောင်ခြည် အလင်းတန်းတစ်ခုကို ပထမဆုံး မြင်တွေ့လိုက်ရသည်။

ခဏအကြာတွင် ရှေးဦး ခေါင်းလောင်းကို ဗဟိုပြု၍ ရှေးဦး အစီအရင်က နတ်နန်းတော်မှ ပြန့်ထွက်လာ၍ နယ်မြေ တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။ ၎င်းက ကောင်းကင်နယ်မြေ၏ နိုင်ငံသားတိုင်းအပေါ် ဆင်းသက်လာကာ အကာအကွယ် အဆောင်တစ်ခုကဲ့သို့ စိတ်လုံခြုံစေသည်။

ရှေးဦး အစီအရင်မှ မဖုံးလွှမ်းဘဲ ချန်ရစ်ခဲ့သည့် တစ်ခုတည်းသော နေရာမှာ ဘိုးဘေးကျောင်းတော် ဖြစ်ပြီး လက်ရှိအချိန်မှစတင်၍ ၎င်းနေရာမှ ကောင်းကင်နယ်မြေ၏ အခြား မည်သည့် အစိတ်အပိုင်းသို့မဆို ရောက်ရှိရန် အစီအရင်ကို ဖြတ်သန်းသွားရပေလိမ့်မည်။ သန်းပေါင်းများစွာသော နတ်ဆိုး စစ်တပ် နှင့် ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်မှ စစ်သည်များလည်း ကြောက်မက်ဖွယ် အစီအရင်ကို ချိုးဖျက်ပြီး ချီတက်ရန် လိုအပ်ပေသည်။ ကျယ်ပြန့်ပြီး သြဇာအာဏာ လွှမ်းမိုးနိုင်သော မိုးကြိုး-မီး အစီအရင်က ရှေးဟောင်း လူသားမျိုးနွယ်၏ အမွေအနှစ်တစ်ခု ဖြစ်ပြီး အင်မော်တယ်များ လာရောက်လည်ပတ်စဉ် ဖန်တီးခဲ့သည်ဟု ကောလာဟလများ ကျော်ကြားကာ ရှေးခေါင်းလောင်းသည် ၎င်းကို အသက်သွင်းရန် အဓိက ရတနာ ဖြစ်၏။

အင်မော်တယ်စစ်ပွဲ၏ စစ်မြေပြင်သည်လည်း အမှန်တကယ်အားဖြင့် ရှေးဦး အစီအရင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကာ ကောင်းကင်နယ်မြေတွင် နေထိုင်သော လူသား သန်းပေါင်းများစွာ၏ ဂုဏ်ယူမှုနှင့် ယုံကြည်မှု ဖြစ်သည်။ ၎င်းကို အသက်သွင်းခဲ့သူမှာ အရုဏ်တက်နတ်ဧကရီ ဖြစ်ပြီး ရှေးခေတ်အခါက ကောင်းကင်နယ်မြေသည် နတ်ဘုရားတိုက်ကြီး တစ်ခုလုံး၏ မြို့တော် ဖြစ်ခဲ့စဉ် စည်းမျဉ်းများအရ၊ ရှေးဦး ခေါင်းလောင်းကို တီးခတ်ခြင်းသည် အရုဏ်တက်အင်မော်တယ်နတ်ပြည်ထောင်ကိုသာမက နတ်ဘုရားတိုက်ကြီး တစ်ခုလုံးကို အုပ်စိုးခြင်းဟု ဆိုလိုသည်။

နတ်ဘုရားတိုက်ကြီးတွင် ကောင်းကင်နယ်မြေ တစ်ခုတည်း နှင့် ရှေးဦး အစီအရင် တစ်ခုတည်းသာ တည်ရှိပြီး

ဤအရာအားလုံးမှာ အရုဏ်တက်နတ် ဧကရီ၏ အာဏာ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းကို အသက်သွင်းလိုက်သည့် အခိုက်အတန့်မှစ၍ နတ်ဆိုးတိုက်ကြီးက နောက်ထပ် စိတ်အေးလက်အေး မနေနိုင်တော့ပေ။ ရှေးဦး အစီအရင်ကို အသက်သွင်း၍ ဘိုးဘေးကျောင်းတော်ကို တမင်တကာ ဖယ်ထုတ်ထားခြင်းသည် မြင်ရသူတိုင်း၏ ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေသော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

"စစ်ပွဲ ရောက်ရှိလာပြီ"

ဤအချိန်မတိုင်မီ ခရမ်းရောင်ကောင်းကင် နှင့် နတ်ဆိုးတိုက်ကြီး၏ စစ်တပ်များက အရုဏ်တက်နတ်ဧကရီအား ယွမ်ရှောင်ကို ကွပ်မျက်ရန် ဖိအားပေးနေရုံသာဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ အဇူရာ သစ်ရွက် အဖွဲ့၏ အကြွင်းအကျန်များက နေရာတိုင်းတွင် ရှိနေပြီး ယွမ်ရှောင်အကြောင်း ဆိုးယုတ်သော ကောလာဟလများ ဖြန့်ဝေနေသည်။ ရှေးဟောင်း အစီအရင် အသက်ဝင်လာသောအခါ မိုးကြိုး နှင့် မီးတောက်များ ကောင်းကင်နယ်မြေတစ်ခွင် လွှမ်းခြုံသွား၍ နှလုံးသားတိုင်းကို လောင်မြိုက်စေပြီး လိမ်လည်လှည့်ဖြားသော ကောလလိမ်လင်းများကို ပြာအဖြစ် လောင်ကျွမ်းသွားစေသည်။

ဒေါင်

ထိုအချိန်တွင် ရှေးခေါင်းလောင်းက နားကွဲမတတ် ကျယ်လောင်သော အသံတစ်ခု ထုတ်လွှတ်ကာ ကောင်းကင်နယ်မြေ တစ်ခုလုံး၏ လမ်းများနှင့် ခန့်ညားထည်ဝါသော အဆောက်အအုံများကို တုန်ခါသွားစေခဲ့လေသည်။

All Chapters