← Chapters

စစ်ကြေညာခြင်း

Vol. 17 Ch. 217-B

စစ်ကြေညာခြင်း

Vol. 17 Ch. 217-B

"ငါက အရုဏ်တက်နတ် ဧကရီရဲ့ ဆင့်ခေါ်သံကို နာခံကြ"

နတ်ဧကရီ၏ ခန့်ညားထည်ဝါသော အသံက ခေါင်းလောင်းသံနှင့်အတူ ကောင်းကင်နယ်မြေတစ်ခွင် ပဲ့တင်ထပ်သွားသည်။

"ငါတို့ ဧကရီ၏ အမိန့်တော်ကို နာခံပါသည်"

ကောင်းကင်နယ်မြေ၏ လမ်းများပေါ်တွင် ပုန်းအောင်းနေခဲ့ရသည့် မရေမတွက်နိုင်သော ပြည်သူများက ရှေးဦး အစီအရင်၏ အကာအကွယ်အောက်တွင် ထွက်ပေါ်လာကြပြီး တောက်လောင်နေသော မျက်လုံးများဖြင့် အရုဏ်တက်နတ် နန်းတော်ဘက်သို့ ကြည့်နေကြ၏။

"ရှေးခေတ်အခါက နတ်ဘုရားတိုက်ကြီးဟာ ငြိမ်းချမ်းသာယာခဲ့ပေမယ့် နတ်ဆိုးတိုက်ကြီး အင်အားတိုးတက်လာကတည်းက ငါတို့ရဲ့ နယ်မြေတွေက အဆုံးမရှိတဲ့ ဒုက္ခဆင်းရဲကို ရင်ဆိုင်ခဲ့ရတယ်။ လူသားနဲ့ နတ်ဆိုး စစ်ပွဲကြီးမှာ ဓားကျင့်ကြံသူ သန်းတစ်ထောင် အသက်ဆုံးရှုံးခဲ့ကြရပြီး မျိုးဆက်ပေါင်းများစွာ ငါတို့ လူသားမျိုးနွယ် ခေါင်းငုံ့နေခဲ့ရတယ်"

ကောင်းကင်အထက်တွင် အရုဏ်တက်နတ်ဧကရီက ကြွေးကြော်ခဲ့သည်။ ယနေ့ထက်တိုင် နတ်ဘုရားတိုက်ကြီးက နတ်ဆိုးများ၏ ဘေးအန္တရာယ်အောက်တွင် ဒုက္ခခံစားနေရဆဲဖြစ်သည်။ ဒေသတစ်ခုတည်းတွင်ပင် အပြစ်မဲ့သော အသက်သိန်းပေါင်းများစွာ နှစ်စဉ် ရန်သူ၏ သားကောင်များ ဖြစ်ကြရပြီး ကောင်းကင်နယ်မြေ နှင့် ခရမ်းရောင်ကောင်းကင် နန်းမြို့တော်ကဲ့သို့ နေရာများမှာ သာယာဝပြောသော်လည်း အောက်နယ်မြေများမှ ပြည်သူများသည် ဒုက္ခဆင်းရဲ နေ့စဥ်ရင်ဆိုင်နေရ၏။

"ယခင်က ရဲ တော်ဝင်မိသားစု အုပ်စိုးခဲ့ပြီး အင်အားကြီး မျိုးနွယ်တွေ ရှင်သန်ကြီးထွားခဲ့ကြပေမယ့် နတ်ဆိုးများနဲ့ ပူးပေါင်းကြံစည်ခဲ့ကြတယ်။ အကျိုးအမြတ်အတွက် မိမိတို့ရဲ့ မျိုးနွယ်ကို သစ္စာဖောက်ခဲ့ကြပြီး ပြည်သူများရဲ့ ဒုက္ခကို လျစ်လျူရှုရင်း ဇိမ်ခံပစ္စည်းများတွင် နစ်မွန်းနေခဲ့ကြတယ်။ ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်က နတ်ဆိုးများကို မဟာမိတ်အဖြစ် အသိအမှတ်ပြုပြီး ငါတို့ရဲ့ ပြည်သူများကို သတင်း အဆိပ်သင့်စေတယ်။ နတ်ဘုရားတိုက်ကြီးရဲ့ အတွင်းပိုင်း အနာက မျိုးဆက်ပေါင်းများစွာ အချိန်တစ်ခုကြာ နက်ရှိုင်းနေခဲ့ပြီ"

"အခု၊ နတ်ဆိုးတွေက စစ်တပ်တစ်ခုတောင် မလိုအပ်ဘဲ ငါတို့ရဲ့ စိတ်ဓာတ်နဲ့ နှလုံးသားကို တိုက်ခိုက်နေကြတယ်။ သူတို့က လူသားတွေရဲ့ အသွေးအသားကို စားသုံးကြတယ်၊ သွေးကို သောက်သုံးကြတယ်၊ လူသား ဝိညာဉ်များကို ဝါးမျိုကြတယ်။ လက်ရှိမှာ နတ်ဘုရားတိုက်ကြီးရဲ့ လူဦးရေက ယခင် ရှိခဲ့ဖူးသလောက်ရဲ့ ဆယ်ပုံတစ်ပုံမျှသာ ကျန်ရစ်တယ်။ တကယ်လို့ ဒီအခြေအနေအတိုင်း ဆက်လက်ဖြစ်ပွားနေရင် မျိုးဆက်အနည်းငယ်အတွင်း နတ်ဘုရားတိုက်ကြီးမှာ ငါတို့ လူသားမျိုးနွယ်က မျိုးတုံးသွားပြီး ဖုန်မှုန့် နှင့် ပြာအဖြစ် လောင်ကျွမ်းခံရလို့ ဝမ်းနည်းပူဆွေးတဲ့ ဝိညာဉ်တွေနဲ့ နောင်တ တရားသာ ကျန်ရစ်ခဲ့လိမ့်မယ်"

အရုဏ်တက်နတ်ဧကရီ၏ စကားလုံးများက ဉာဏ်အလင်းပေးသော နတ်ဆေးတစ်မျိုးကဲ့သို့ လူသားသန်းပေါင်းများစွာ၏ ဝိညာဉ်အထိ ထိုးဖောက်ဝင်ရောက်သွားသည်။ မျိုးဆက်ပေါင်းများစွာတိုင်အောင် သစ္စာဖောက် မျိုးနွယ်များမှ အတွေးအခေါ် သွတ်သွင်းမှုကြောင့် ကောင်းကင်နယ်မြေရှိ ကျင့်ကြံသူ အများအပြားကို သာမန်ပြည်သူများ နေထိုင်ရသော လောက၏ အခြေအနေအမှန်ကို မသိရှိစေခဲ့ပေ။ ရက်စက်ကြမ်းကြုတ်သော အမှန်တရားနှင့် ရင်ဆိုင်ရသောအခါ အများစုက ဖော်ရွေသော နတ်ဆိုးများ ဤမျှ ရက်စက်ကြမ်းကြုတ်မည်ဟု မယုံကြည်နိုင်ကြသေးပေ။ ရဲချင်းထျန် နှင့် ခရမ်းရောင်ဧကရာဇ်က လူတန်းစားတစ်ရပ်ကို ငြိမ်းချမ်းသော နှစ်များ ဖန်တီး၍ မှားယွင်းသော အခြေအနေတစ်ခုတွင် ချွေးသိပ်ထားခဲ့ကြသည်။

သို့သော် အရုဏ်တက်နတ်ဧကရီက ရှေး ခေါင်းလောင်းကို သူမ၏ ကြွေးကြော်သံအဖြစ် အသုံးပြုပြီး စစ်ကြေညာချက်ကို သူမ၏ အမိန့်တော်အဖြစ် ရည်ရွယ်ချက်ကို ကမ္ဘာကြီးထံ တရားဝင် ကြေညာလိုက်သောအခါ စကားလုံးတိုင်းသည် နတ်ဘုရားတိုက်ကြီးတစ်ခွင် ပျံ့နှံ့သွား၍ အင်မော်တယ်နတ်ပြည်ထောင်တိုင်းရှိ သစ္စာဖောက် မျိုးနွယ်များ၏ ဦးနှောက်ဆေး သတင်းများကို ချေဖျက်ပစ်လိုက်၏။ ထိုကြေညာချက်က နတ်ဆိုးများအပေါ် ကျင့်ကြံသူများ ထင်မြင်ခဲ့သော ကောင်းမွန်သည့် အယူအဆတိုင်းကို ပျက်စီးစေခဲ့သည်။ မည်သူက အမှန်တကယ် အပြစ်ရှိကြောင်းကို သူမက ကြေညာချက်တွင် ပွင့်လင်းစွာ ဖော်ထုတ်လိုက်ပြီဖြစ်၏။

ကောင်းကင်နယ်မြေရှိ ကျင့်ကြံသူ သန်းပေါင်းများစွာက လူသားမျိုးနွယ်အတွက် ဝမ်းနည်းပူဆွေးသော ခံစားချက်များ ဖြစ်တည်လာ၍ မျက်လုံးများ ဒေါသဖြင့် နီမြန်းနေကြသည်။ သူတို့၏ တိုက်ခိုက်လိုစိတ်က ဒီရေလှိုင်းကဲ့သို့ တိုးတက်လာပြီး

ထိုအချိန်တွင် တိမ်တိုက်များအထက်မှ နဂါးဝတ်ရုံနှင့် အမျိုးသမီး၏ တည်ရှိမှုသည် မိုးကြိုး နှင့် မီးတောက်များ လွှမ်းခြုံ၍ နယ်မြေတစ်ခွင် ဖုံးလွှမ်းသွားသည်။

ဒေါင်

ရှေးခေါင်းလောင်း နောက်တစ်ကြိမ် မြည်ဟီးသွားကာ ခေါင်းလောင်းသံနှင့်အတူ သူမ၏ ခမ်းနားထည်ဝါသော စကားသံသံ နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

"ယနေ့မှာ နတ်ဆိုးတိုက်ကြီးရဲ့ စစ်တပ် နဲ့ ခရမ်းရောင်ကောင်းကင်နတ်ပြည်ထောင်ရဲ့ သစ္စာဖောက်တွေ ငါတို့ဆီ ချဥ်းကပ်လာကြပေမယ့် မတိုက်ခိုက်သေးပေ။ တိုက်ပွဲအစား သူတို့က ငါတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ဖျက်ဆီးဖို့ လိမ်လည်လှည့်ဖြားတဲ့ သတင်းတွေနဲ့ ငါ့ကို အပြစ်သားအဖြစ် တွန်းပို့ရန် ကြိုးပမ်းနေကြတယ်။ သူတို့ရဲ့ ဆိုးယုတ်မှုကို ကမ္ဘာကြီးတစ်ခုလုံး သိစေရမယ်။ ငါက ကောင်းကင်ဘုံရဲ့ အမိန့်တော်အရ မွေးဖွားလာခဲ့ပြီး ရှေးအစီအရင်ရဲ့ အာဏာကို လက်ခံလို့ သာမန်ပြည်သူများအကြားမှာ ထွက်ပေါ်လာခဲ့တယ်။ နတ်ဆိုးမျိုးနွယ်ကို သတ်ဖြတ်ရန် နဲ့ မကောင်းဆိုးဝါးကို ချေမှုန်းရန်က ငါရဲ့ မြင့်မြတ်သော တာဝန်ပဲ"

" ကောင်းကင်နယ်မြေရဲ့ ပြည်သူတွေက နတ်ဘုရားတိုက်ကြီးရဲ့ အသာယာဆုံး နယ်မြေမှာ နေထိုင်ပြီး အမြင့်ဆုံး အခွင့်အရေးများကို ခံစားခဲ့ရတဲ့အတွက် တိုက်ပွဲမှာ လူသားမျိုးနွယ်ကို ဦးဆောင်ရမည်။ အခု၊ ရန်သူက တံခါးဝအထိ ရောက်လာတယ်။ ငါတို့က ပထမဆုံး စစ်ဒဏ်ကို ရင်ဆိုင်ရပြီး စစ်ပွဲမှာ အသက်နဲ့ရင်းတိုက်ခိုက်လို့ သေဆုံးသူများ ဂုဏ်သိက္ခာရှိပါစေ၊ သူရဲဘောကြောင်သူများ ထာဝရ အရှက်ရပါစေ"

"တစ်ဦးချင်းဆိုရင် အားနည်းပေမယ့် နတ်ပြည်ထောင်များနဲ့ လူသားမျိုးနွယ်တစ်ခုလုံး ပူးပေါင်းလိုက်ရင် အင်အားကြီးမားတယ်။ ကျင့်ကြံသူများအနေနဲ့ ငါတို့က နယ်မြေအတွက် တိုက်ပွဲဝင်ရင်း သေဆုံးကြမယ်။ ဒါ့ကြောင့် နတ်ဘုရားတိုက်ကြီးရဲ့ မူလ သက္ကရာဇ် ၃၇၉ ခုနှစ်၊ ၁၀ လပိုင်း၊ ၂၉ ရက်နေ့မှာ ငါက ကောင်းကင်နယ်မြေရဲ့ သစ္စာတော်ခံ စစ်သည် ၅၈ သန်းကို ဦးဆောင်ပြီး ကျား၊ မ၊ အရွယ်မရွေး ကျင့်ကြံသူ အားလုံးကို ကြေညာလိုက်တယ်။ ငါတို့က နတ်ဆိုးတိုက်ကြီး နဲ့ ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်ကို တရားဝင် စစ်ပွဲ စတင်မယ်"

အရုဏ်တက်နတ်ဧကရီက နတ်ဆိုးတိုက်ကြီးနှင့် ခရမ်းရောင်ကောင်းကင်၏ တုံ့ပြန်မှုကို မစောင့်ဆိုင်းခဲ့ဘဲ ယွမ်ရှောင်ကို အပြစ်ပေးရန်လည်း မစီစဥ်ခဲ့ပေ။ ရန်သူက ကောင်းကင်နယ်မြေကို မဟာဗျူဟာချပြီး စိတ်ဓာတ်ကျဆင်းအောင် မပြုလုပ်ခင် သူမက ပြတ်ပြတ်သားသားဖြင့် ဦးဆောင်၍ ချက်ချင်း စစ်ကြေညာခဲ့သည်။ အကယ်၍ ရန်သူဘက်မှ ပထမဆုံး တိုက်ခိုက်လာလျှင် ကောင်းကင်နယ်မြေက အပြစ်သားအဖြစ် သတ်မှတ်ခံရလိမ့်မည်။ သို့သော် သူမ၏ စစ်ကြေညာချက်က ကောင်းကင်နယ်မြေရှိ ကျင့်ကြံသူများ၏ နှလုံးသားများတွင် အပြင်းထန်ဆုံး မီးလျှံကို မီးညှိပေးနိုင်ခဲ့ပြီး စိတ်ဓာတ်ခွန်အား နှင့် တိုက်ခိုက်ရေး အစွမ်းကို ကန့်သတ်ချက်များအထိ ပေါက်ကွဲလာအောင် တွန်းပို့ပေးခဲ့သည်။

ဤ စစ်ကြေညာချက်သည် ကောင်းကင်နယ်မြေ၏ လူသား ဝိညာဉ်များကို တုန်လှုပ်သွားစေခဲ့ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်လျှင် မီးလျှံကဲ့သို့ တိုက်ပွဲဝင်စိတ်ဓာတ် ထက်သန်နေသော လူသား ထောင်ပေါင်းများစွာ ထွက်ပေါ်လာ၍ လမ်းမများအထက်တွင် တဟုန်းဟုန်း တောက်လောင်နေ၏။ ထိုအခိုက်အတန့်မှစ၍ လိမ်လည်လှည့်ဖြားထားသော မည်သည့်ကောလာဟလသတင်းမဆို တောက်လောင်နေသော နေမင်းအောက်မှ မီးခိုးကဲ့သို့ ပျောက်ကွယ်သွားသည်။ ကလေးငယ်များ၊ အရွယ်ရောက် လူကြီးများနှင့် သက်ကြီးရွယ်အိုများက ကောင်းကင်နယ်မြေရှိ လူသားမျိုးနွယ်၏ ရှေ့ဆောင်လမ်းပြများအနေဖြင့် သေခြင်းကို မကြောက်ရွံ့သော စစ်သည်များ ဖြစ်လာခဲ့သည်။

နတ်ဆိုးများ ဖန်တီးခဲ့သော ပရမ်းပတာ အခြေအနေကို သူတို့ အမှန်တကယ် မတွေ့ကြုံခဲ့ဖူးသော်လည်း ရန်သူက တံခါးဝအထိ ရောက်ရှိနေပြီး ငြိမ်းချမ်းသော နှစ်များ ကုန်ဆုံးသွားရာ အကယ်၍ သူတို့ ကျဆုံးသွားခဲ့လျှင် သူတို့၏ နယ်မြေ နှင့် လူသား မျိုးနွယ်အတွက် တိုက်ပွဲဝင်ရန် မည်သူမှ မရှိတော့ပေ။ ၎င်းက ဘုရင့်နောင် ဖောင်ဖျက် တိုက်ပွဲမျိုးဖြစ်၍ ဆုတ်ခွာရန် လမ်းမရှိဘဲ ကောင်းကင်နယ်မြေ၏ အနောက်တွင် သာမန်လူသားနှင့် သတ္တဝါများ၏ မရေမတွက်နိုင်သော အသက်များ တည်ရှိနေသည်။

ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူ သန်းပေါင်းများစွာ နှင့် ကိုးကောင်းကင် အင်မော်တယ်စစ်တပ်မှ စစ်သည်များ စိတ်အားထက်သန်မှုဖြင့် တက်ကြွနေစဥ် အနက်ရောင်ဝတ် မျက်နှာဖုံးစွပ် ပုံရိပ် လေးခုက အရုဏ်တက်နတ်၏ အနောက်တွင် ရုတ်တရက် ထွက်ပေါ်လာကြသည်။

"သူတို့က နတ်ဘုရားအစောင့် ကိုးယောက်ထဲက လေးယောက် ဟုတ်တယ်မလား"

"သူတို့က အရှင်မရဲ့ နောက်မှာ အမြဲ လိုက်ပါခဲ့ကြပြီး အသစ္စာရှိဆုံး နှင့် အယုံကြည်ရဆုံး လက်ထောက်တွေ ဖြစ်ကြတယ်"

ဒေါင်

ဒေါင်

ဒေါင်

ဒေါင်

လူတိုင်း အံ့ဩတကြီး ဖြစ်နေစဥ် ရှေး ခေါင်းလောင်းက နောက်ထပ် လေးကြိမ် မြည်ဟီးသွားကာ စတုတ္ထအကြိမ် ခေါင်းလောင်းသံအပြီးတွင် နတ်ဘုရား အစောင့် လေးယောက်က သူတို့၏ မျက်နှာဖုံးများကို ချွတ်လိုက်ကြသည်။ အများစုက ရှင်းရှင်းလင်းလင်း မြင်တွေ့ရန် အလွန် ဝေးကွာပြီး ထိုပုံရိပ်များ၏ သရုပ်မှန်သည် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ဖြစ်သော်လည်း သူတို့၏ အသံများမှာ လူသားမျိုးနွယ်အတွက် ရင်းနှီးကျွမ်းဝင်နေပြီး အားလုံး ကျော်ကြားကြပေသည်။

ပုံရိပ်များအနက်မှ တစ်ယောက်က ရှေ့သို့ ခြေလှမ်းလာ၍ သူ၏ အသံကို ကောင်းကင်နယ်မြေ၏ ရှေးဦး ခေါင်းလောင်းမှတစ်ဆင့် ကျယ်လောင်စေ၍ မိုးချုန်းသံကဲ့သို့ ကြွေးကြော်လိုက်၏။

"ငါ၊ ဝိညာဉ်ရတနာ အင်မော်တယ်နတ်ပြည်ထောင်ရဲ့ ဧကရာဇ်က အရုဏ်တက်နတ်ဧကရီရဲ့ ဦးဆောင်မှုကို လိုက်နာပြီး သစ္စာဖောက်များကို သတ်ဖြတ်ရန်၊ နတ်ဆိုးများကို ချေမှုန်းရန်၊ သာမန်ပြည်သူများ၏ လောကကို သန့်စင်ရန်နဲ့ နတ်ဘုရားတိုက်ကြီးထံ ငြိမ်းချမ်းသာယာမှုကို ပြန်လည် ထူထောင်ပေးရန် ကတိသစ္စာပြုပါတယ်"

"ဒါက ရတနာ ဧကရာဇ်ပဲ"

သူ၏ ကြေညာချက်က ကောင်းကင်နယ်မြေကို တုန်လှုပ်သွားစေခဲ့ပြီး

အင်မော်တယ်နတ်ပြည်ထောင်၏ အခြားဧကရာဇ်တစ်ယောက်က အရုဏ်တက်နတ်ဧကရီ၏ နတ်ဘုရား အစောင့်များအနက်မှ တစ်ဦးအဖြစ် ကြာမြင့်စွာ အမှုထမ်းခဲ့သည်။ ၎င်းက ဝိညာဉ်ရတနာ အင်မော်တယ်နတ်ပြည်ထောင်သည် နတ်ဆိုးများ၏ ခြိမ်းခြောက်နိုင်စွမ်းအောက်တွင် လုံးဝ မယိမ်းမယိုင်ခဲ့ဘဲ ခရမ်းရောင်ကောင်းကင်နတ်ပြည်ထောင်၏ လွှမ်းမိုးခြင်း မခံခဲ့ရဟု ဆိုလိုသည်။ ရတနာ ဧကရာဇ်က လူသားမျိုးနွယ်အတွက် တိုက်ခိုက်ရန် အချိန်ကြာမြင့်စွာကတည်းက ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

" ကြည်လင် ဧကရာဇ်၊ သိုင်း ဧကရာဇ်နဲ့ သဲကန္တာရ ဧကရာဇ်တို့လည်း ရှိနေတယ်"

အင်မော်တယ်နတ်ပြည်ထောင် လေးခု၏ ဧကရာဇ်များအားလုံးက အရုဏ်တက်နတ်ဧကရီ၏ နတ်ဘုရား အစောင့်များ ဖြစ်ကြသည်။

"ငါတို့က အင်မော်တယ်နတ်ပြည်ထောင် လေးခုကို ကိုယ်စားပြုပြီး ကောင်းကင်နယ်မြေ၏ ဦးဆောင်မှုကို လိုက်နာလို့ ခရမ်းရောင်ကောင်းကင် နဲ့ နတ်ဆိုးတိုက်ကြီးကို စစ်ကြေညာလိုက်တယ်"

သူတို့၏ တည်ရှိမှု နှင့် သရုပ်မှန်ကို ထုတ်ဖော်ပြသမှုကြောင့် စစ်တပ်များ၏ အင်အား မည်သို့ပင်ဖြစ်စေ၊ ဤတိုက်ပွဲ၏ အရေးပါမှုကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။ ယခင်က ကောင်းကင်နယ်မြေသည် တစ်ကိုယ်တော် ရပ်တည်ခဲ့ရပြီး အထီးကျန်ခဲ့ရသော်လည်း လက်ရှိတွင် အင်မော်တယ်နတ်ပြည်ထောင် ငါးခုလုံး စည်းလုံးညီညွတ်စွာ မဟာမိတ်ဖြစ်လာကြ၏။ ၎င်းမှာ အရုဏ်တက်နတ် ဧကရီ၏ ရည်မှန်းချက်သာ မဟုတ်ဘဲ လူသားမျိုးနွယ်၏ စုစုပေါင်း စိတ်ဆန္ဒ ဖြစ်ပြီး ထိုအချိန်တွင် ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်သည် လှောင်ပြောင်ရှုံ့ချစရာ ဖြစ်လာခဲ့သည်။ အရုဏ်တက်နတ်ဧကရီ၏ စကားလုံးများက တိုက်ပွဲဝင် နှလုံးသားများကို တောက်လောင်စေခဲ့ပြီး အခြား အင်မော်တယ်နတ်ပြည်ထောင် လေးခု၏ လုပ်ရပ်များသည် လူတိုင်း၏ ယုံကြည်မှုကို အားဖြည့်ပေးခဲ့သည်။

လူတိုင်းသာ် အောင်ပွဲအတွက် မျှော်လင့်ချက် အနည်းငယ်သာရှိ၍ မြင့်မြတ်သော တိုက်ပွဲတွင် သေဆုံးခြင်းကို လက်ခံထားကြသည်။ သို့သော် လက်ရှိတွင် အောင်မြင်ရန် လမ်းစ တစ်ခု ထွက်ပေါ်လာသောအခါ ကောင်းကင်နယ်မြေတစ်ခုလုံး တက်ကြွနေပြီး တိုက်ခိုက်လိုစိတ်များ ပွက်ပွက်ဆူနေသည်။

" သူမက မယုံနိုင်လောက်အောင် အစွမ်းထက်တာပဲ"

ယွမ်ရှောင်က အနီးအနားတွင် ရပ်နေပြီး ချန်ရီ၏ ခမ်းနားထည်ဝါမှုကို အံ့ဩတကြီး စောင့်ကြည့်နေခဲ့သည်။ တစ်ချိန်က သူသည် နိုင်ငံငယ်လေးတစ်ခု၏ ဘုရင် ဖြစ်ခဲ့သော်လည်း ကျင့်ကြံရေး လမ်းကြောင်းပေါ်သို့ ရောက်လာသောအခါ တစ်ကိုယ်တော် ဓားသမားတစ်ဦး ဖြစ်လာခဲ့သည်။ အရုဏ်တက်နတ်ဧကရီအနေဖြင့် ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများကို စုစည်းခဲ့ပုံနှင့် သူတို့၏ တိုက်ခိုက်ရေးစိတ်ဓာတ်ကို နှစ်ဆနီးပါး တိုးမြှင့်ပေးပုံက ယွမ်ရှောင်အတွက် မအောင်မြင်နိုင်သော အရာတစ်ခု ဖြစ်သည်။ သူမက မွေးရာပါ ဧကရီတစ်ဦး ဖြစ်ကာ ရွှေရောင်ဝတ်စုံ ကောင်းကင်တွင် လွင့်ပျံနေသည်ကို ကြည့်ရင်း သူက ချန်ရီနှင့် အကြည့်ချင်းဆုံကာ စိတ်လှုပ်ရှားပျော်ရွှင်နေ၏။

"မင်းက ကောင်းကင်ရဲ့ နတ်သမီးတွေထက် သာမန်သေမျိုးတွေကို ပိုကြိုက်တတ်တဲ့သူ မဟုတ်ဘူးလား"

ကြယ်ပြာက စနောက်လိုက်သည်။

"ဒါက လေးစားမှုသက်သက်ပါ"

ယွမ်ရှောင်က ခေါင်းယမ်းပြလိုက်၏။

"လေးစားမှုကလည်း ခံစားချက်တစ်ခုပဲ"

"ဟုတ်လို့လား"

ယွမ်ရှောင်က သူကိုယ်တိုင် ဤ ခံစားချက်များကို ကောင်းစွာ နားမလည်နိုင်ခဲ့ပေ။ ချန်ရီနှင့် သူ၏ ဆက်ဆံရေးက သူနှင့်ကျောက်ရန်ရန်ထက် ပို၍ ရှုပ်ထွေးပြီး နှစ်ကြိမ်တိုင်အောင် နှစ်ကိုယ်တူ ကျင့်ကြံခဲ့ဖူးသည်။ အစပိုင်းတွင် သူမကို ချစ်မြတ်နိုးခြင်းမရှိဘဲ အပြန်အလှန် အကျိုးပြုသော ဆက်ဆံရေးတစ်ခု ဖြစ်ခဲ့သော်လည်း တစ်ဖက်လူမှာ သူ၏ နှလုံးသားတွင် နေရာတစ်ခု သိသိသာသာ ရသွားပုံပေါ်သည်။ သို့သော် မသိိစိတ်အရ သူတို့အကြားတွင် တစ်ခုခု ပိတ်ဆို့နေကြောင်း ခံစားနေရပြီး စစ်ကြေညာချက်က သူ့ကို စိတ်လှုပ်ရှားစေသော်လည်း သူ၏ စိတ်ပိုင်းဖြတ်မှုကို မပြောင်းလဲခဲ့ပေ။

"မင်းရဲ့ တာဝန် ပြီးဆုံးသွားပြီ၊ အခု အနားယူလိုက်တော့။ ငါ့အလှည့်ရောက်ပြီ"

ယွမ်ရှောင်က တီးတိုးရေရွတ်ရင်း နန်းတော်အတွင်း ဝင်ရောက်သွားပြီး နဂါးပလ္လင်ဘေးတွင် ရပ်ကာ သူမကို စောင့်ဆိုင်းနေခဲ့သည်။ အရုဏ်တက်အင်မော်တယ်နတ်ပြည်ထောင်က ရန်သူကို ဆန့်ကျင်ရန် မဟာဗျူဟာတစ်ခု ချမှတ်ခဲ့ပြီး ကြေညာချက်၊ လုပ်ဆောင်ချက်နှင့် နောက်ဆုံးတွင် စစ်ပွဲတို့ ပါဝင်သည်။ ကံကောင်းစွာဖြင့် ပထမအပိုင်းက အဆင်ပြေချောမွေ့စွာ ပြီးဆုံးခဲ့ပြီး ချန်ရီသည် အရင်ဆုံး စစ်ကြေညာခြင်းဖြင့် စိတ်ဓာတ်အသာစီး ရယူနိုင်ခဲ့သည်။ ယခုလိုအပ်သည်မှာ ထိုအရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားရန်ပင်။

"သူမ ရောက်လာပြီ"

နန်းတော် တံခါးများ ပိတ်သွားကာ ဖယောင်းတိုင်များ မီးတောက်လောင်နေ၍ လျှပ်စီးကြောင်းများ ယှက်သန်းနေစဥ် ရွှေရောင် နဂါးဝတ်ရုံဝတ် နှင့် ပုလဲ ကိုးလုံး တပ်ဆင်ထားသော သရဖူဆောင်းထားသည့် နတ်ဧကရီသည် ယွမ်ရှောင်ထံ ချဥ်းကပ်လာပြီး ကျားဖြူတစ်ကောင်ကဲ့သို့ ဝါးမျိုစုပ်ယူရန် စီစဥ်ထားလေသည်။

All Chapters