← Chapters

ထူးဆန်းသော ဂါထာရွတ်သံ

Vol. 17 Ch. 218

ထူးဆန်းသော ဂါထာရွတ်သံ

Vol. 17 Ch. 218

ဘိုးဘေးကျောင်းတော်တွင် နတ်ဆိုး သန်းပေါင်းများစွာ တိတ်ဆိတ်သွားပြီး အရုဏ်တက်နတ် ဧကရီ၏ ကြေညာချက် နှင့် ကောင်းကင်နယ်မြေ၏ လမ်းမများမှ ထွက်ပေါ်လာသော မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံများကို ကြားခဲ့ကြရသည်။

အရုဏ်တက်နတ် ဧကရီ၏ စကားလုံးများက လူထု၏ နှလုံးသားများအတွင်းအထိ နက်နက်ရှိုင်းရှိုင်း ထိမှန်ခဲ့သည်မှာ ရှင်းလင်း၍ စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ၏ ကျွမ်းကျင်သော ထိုးနှက်ချက်တစ်ခုအလား နတ်ဆိုးတိုက်ကြီး၏ အရှိန်အဝါကို လုံးဝ လွှမ်းမိုးသွားသည်။ နတ်ဆိုး သန်းပေါင်းများစွာ၏ တိတ်ဆိတ်မှုကို ခရမ်းရောင်ဧကရာဇ်၊ နတ်ဆိုးဧကရာဇ် လေးပါး နှင့် အဆုံးမဲ့ ငရဲပြည်မှ မိစ္ဆာ သုံးကောင်၊ သူတို့အားလုံး မြင်တွေ့ခဲ့ကြသည်။

ခရမ်းရောင်ဧကရာဇ် နှင့် ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်မှ အရာရှိ ရာပေါင်းများစွာသည် နတ်ဘုရား အစောင့်များထဲမှ လေးဦး မျက်နှာဖုံး ချွတ်သည်ကို အေးစက်စက် ကြည့်နေကြသည်။ ဝေ့ဖုန်း၊ ခရမ်းရောင်ကောင်းကင်၏ ဝန်ကြီးချုပ်က မည်းနက်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"သူတို့ရဲ့ မိသားစုဝင်တွေ ကယ်တင်ခံရတဲ့ အခိုက်အတန့်မှာပဲ ကိုယ့်ကိုယ်ကို ပြသဖို့ အလျင်စလို လုပ်ကြတယ်။ သူတို့က နတ်ပြည်ထောင် လေးခုကို အပြည့်အဝ ထိန်းချုပ်နိုင်မယ်လို့ တကယ် ထင်နေကြတာလား"

"အရုဏ်တက်နတ်ဧကရီရဲ့ နောက်လိုက်တွေအဖြစ် ဒီလောက်ကြာအောင် နေခဲ့ကြတာပဲ။ သူတို့ရဲ့ မိသားစုဝင်တွေ ကယ်တင်မခံရရင်တောင် သူတို့ ထရပ်ကြဦးမှာပဲ"

ခရမ်းရောင်ဧကရာဇ်က စိတ်ပျက်စွာ ပြောသည်။

"ဒီအရူး လေးယောက်က အရုဏ်တက်နတ်ဧကရီအပေါ် ဒီလောက် ပြင်းထန်တဲ့ ယုံကြည်ချက် ရှိလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး"

ဝေ့ဖုန်းက နှာခေါင်းရှုံ့သည်။

"အရှင်မင်းကြီးက စိုးရိမ်နေပုံပဲ"

"စိုးရိမ်စရာ မရှိပါဘူး။ ငါတို့က ဒီလမ်းကို ရွေးချယ်ပြီးပြီဆိုရင် နောက်ပြန်ကြည့်တာက ချောက်ကမ်းပါးတစ်ခုလို လမ်းမရှိဘူး။ တကယ်လို့ သူတို့က မြင့်မြတ်တယ်ဆိုရင်၊ ငါတို့က ယုတ်မာမယ်။ ငါတို့ရဲ့ အခန်းကဏ္ဍတွေကို ကောင်းကောင်း လုပ်လိုက်ကြတာပေါ့"

ခရမ်းရောင်ဧကရာဇ်က ဖြည်းညှင်းစွာ အသက်ရှူထုတ်ပြီး ခေါင်းခါလိုက်သည်။

အေးစက်စက် ရယ်မောသံတစ်ခုဖြင့် သူက ဆက်ပြောသည်။

"ဘာမှ အရေးမကြီးတော့ဘူး။ အဆုံးသတ့မှာ ကောင်းကင်နယ်မြေ ကျဆုံးပြီး တခြား အင်မော်တယ်နတ်ပြည်ထောင် လေးခုကို ပြန်လည် ဖွဲ့စည်းပြီးတဲ့အခါ ငါက နတ်ဘုရားတိုက်ကြီးရဲ့ တစ်ဦးတည်းသော ဧကရာဇ်အနေနဲ့ သမိုင်းကို ကိုယ်တိုင် ရေးနိုင်တယ်။ ငါက ဒီ အမှိုက်သရိုက်တွေအကြောင်း မှတ်တမ်းတွေထဲမှာ နာမည်ဖျက်ပစ်မယ်။ မင်းက နတ်ဘုရားရဲ့ အမိန့်တော်နဲ့ မွေးဖွားလာတာလား။ ငါက အနာဂတ် မျိုးဆက်တွေကို မင်းဟာ နတ်ဆိုးတစ်ကောင်ကနေ မွေးဖွားလာတယ်လို့ ကျိန်ဆဲခိုင်းမယ်"

သမိုင်းကို ရေးထိုးနိုင်သူက အစစ်အမှန်အောင်နိုင်ခြင်းပင်။ အခြားတစ်နေရာရှိ အမှောင်ကျနေသော မြေအောက် နန်းတော်တစ်ခုတွင် မိစ္ဆာမျိုးနွယ်၏ စစ်မင်းသမီးလည်း အရုဏ်တက်နတ် ဧကရီ၏ စစ်ကြေညာချက်ကို ပြတင်းပေါက်မှတစ်ဆင့် နားထောင်နေသည်။ သူမ၏ မျက်လုံးများ တောက်ပနေပြီး နီရဲသော လျှာက ပါးစပ်မှတဆင့် ရှည်လျားစွာ တွဲလောင်းကျနေခဲ့၏။

"အရမ်း လှတယ်"

သူမက တီးတိုးရေရွတ်လိုက်သည်။

"တကယ်လို့ မင်းသမီး ဆန္ဒရှိရင် ငါတို့က သူမကို အသက်ရှင်ခွင့် ပေးနိုင်ပါတယ်"

အနက်ရောင် ဝတ်ရုံဝတ် ငယ်သားတစ်ဦးက အပြုံးဖြင့် ပြောသည်။

"အင်း၊ အစေခံမလေး တစ်ယောက်အနေနဲ့ဆို ဖြစ်နိုင်တယ်။ သူမကို အသက်ရှင်ခွင့် ပေးလိုက်ပါ"

စစ်မင်းသမီးက ကျေနပ်စွာ ပြုံးလိုက်သည်။

"ငါက နူးညံ့တဲ့ မိန်းကလေးတွေကို အမြဲ ချစ်တယ်။ သူတို့ရဲ့ သွေးက အကောင်းဆုံး အရသာပဲ"

ဘုန်း ဘုန်း ဘုန်း

အရုဏ်တက်နတ် နန်းတော်တွင် ကြီးမားသော သွေးနီရောင် လျှပ်စီးမြွေပေါင်း သောင်းချီက ခန်းမဆောင်ကြီး ပတ်လည်တွင် ရစ်ပတ်နေသည်။ နန်းတော်တစ်ခုလုံး မိုးကြိုး ရေကန်ပမာ ပြောင်းလဲသွားပြီး နတ်ဘုရား အစောင့်များ၊ စစ်သေနာပတိချုပ်၊ ဓားသူတော်စင် စွန်း၊ နန်းကုန်းရှု ကျောက်ရွှမ်ကျန်းနှင့် အခြား လူသား အင်အားကြီး ပုဂ္ဂိုလ်များ နန်းတော်ရှေ့တွင် မင်သက်နေကြသည်။

"သူတို့က အထဲမှာ ဘာတွေ လုပ်နေကြတာလဲ"

စုလန်လန်က ရှက်ရွံ့နေဟန်ဖြင့် ပါးပြင်များ နီရဲလျက် အတွင်းမှ ထွက်ပေါ်လာသော ထူးထူးဆန်းဆန်း ဆူညံသံများကို နားထောင်နေရင်း ချန်ရှောင်ကို မေးလိုက်ခြင်း ဖြစ်သည်။ သူမ စကားပြောနေစဉ် နန်းတော်က လေထဲမှ သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ခါနေပြီး မြေပြင်တစ်ခုလုံး အက်ကွဲစပြုလာ၏။ စစ်သေနာပတိချုပ်က အခြေအနေကို ခန့်မှန်းမိသောကြောင့် သံပုရာသီးကိုက်မိသော မျက်နှာပမာ ရှုံ့မဲ့၍ မသိချင်ယောင်ဆောင်နေသည်။

"ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ"

" ငါတို့ရဲ့ သမီးလေးက တော်တော် စွာတယ်။ စစ်ပွဲ စတင်ပြီးတော့ သူ့ယောက်ျားကို အလိုလိုက်တဲ့အနေနဲ့ စိတ်ဓာတ် မြှင့်တင်နေတာ"

ကျောက်ရွှမ်ကျန်းက မျက်လုံးအပြူးသားနှင့် ရေရွတ်လိုက်၏။

"ငါ့လခွမ်းကို အလိုလိုက်"

စစ်သေနာပတိချုပ်၏ မျက်နှာက နီရဲနေပြီး ဒေါသတကြီးဖြင့် သူ့ကို လည်ပင်းထညှစ်လိုက်ရာ လူတိုင်း ရယ်လိုက်မိကြသည်။

"စစ်သေနာပတိချုပ်၊ အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတစ်ယောက်က လက်ထပ်ရမှာပဲ။ သူတို့က ကောင်းကင်ဘုံက ဖန်တီးပေးတဲ့ စုံတွဲမို့ တကယ်လိုက်ဖက်ပါတယ်"

နန်းကုန်းရှုက နှစ်သိမ့်သည်။

"လက်ထပ်ရမယ် ဟုတ်လား။ မင်းတို့ သုံးယောက်ရော ဘာလို့ လက်မထပ်ကြတာလဲ"

ဓားသူတော်စင် စွန်းက သူ၏ နားထင်များကို စဥ်းစားရမဟန်ဖြင့် ပွတ်သပ်လိုက်သည်။

"ငါ့ကို ဒီအထဲကနေ ဖယ်ထားလိုက်။ ငါက အသက်သုံးဆယ်တောင် မပြည့်သေးဘူး၊ ငယ်သေးတယ်"

စုလန်လန်က လက်ကာပြ၍ ဖြတ်ပြောလိုက်၏။

"ငါတို့လူတွေ အခုထိ မလုံခြုံသေးဘူး၊ ငါတို့က နိုင်ငံရဲ့ ဒုက္ခတွေကို မေ့ပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ နိုင်ငံတော်ရဲ့ ကိစ္စတွေကို အမြဲ ဦးစားပေးရမယ်"

နန်ကုန်းရှုက တစ်ချက်စဥ်းစား၍ ရှင်းပြလိုက်သည်။

" အဲ့ဒီ ဆယ့်ငါးနှစ်အရွယ် ကောင်မလေးကို ကြည့်စမ်းပါဦး"

ရောင်ယွဲ့က အရှက်ကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။ ဤနေရာတွင် ဆယ့်ငါးနှစ်အရွယ် မိန်းကလေးတစ်ယောက်က လူသားမျိုးနွယ်ကို ဦးဆောင်၍ နတ်ဆိုးများနှင့် အတုအယောင်များကို ဆန့်ကျင်နေသည်။ ထို့အပြင် နဂါးပလ္လင်ပေါ်တွင် နောက်ထပ် စစ်မြေပြင်တစ်ခု ဖွင့်နေသည်ကို အသက်သုံးဆယ်ကျော်မိန်းမများက အပြင်ဘက်တွင် နားထောင်နေရုံသာ တတ်နိုင်၏။ လက်ရှိခေတ်တွင် ဤအသက်အရွယ်တွင်ဖြင့် လက်ထပ်ခြင်းမှာ ပုံမှန် ဖြစ်သော်လည်း သူမက အလွန် ငယ်လွန်းနေသည်။နန်းတော် တံခါးဝတွင် သတ္တဝါငယ် နှစ်ကောင် ရှိပြီး တစ်ကောင်က ရှည်လျားသော ဦးချိုများနှင့် နက်ပြာရောင် မျက်လုံးများ ရှိသည့် အမည်းရောင် သတ္တဝါဖြစ်ကာ ကြောင်လည်း မဟုတ်၊ ခွေးလည်း မဟုတ်ဘဲ နောက်တစ်ကောင်က သေးငယ်သော ကျားဖြူလေးတစ်ကောင် ဖြစ်သည်။

"ကြည့်စမ်း။ ဒီကိစ္စကို ငါတို့ တိတ်တဆိတ် ကြံစည်ထားတာ"

လနီက ရုတ်တရက် ပြောထွက်လိုက်သည်။

"ခွေးကောင် ပါးစပ်ပိတ်ထားစမ်း"

ကြယ်ပြာ၏ မျက်နှာက နီရဲသွားပြီး ထိုငတုံးကောင်ကို အလျင်အမြန် ပါးစပ်ပိတ်ရန် ကြိုးစားလိုက်သည်။

"ဟမ့်"

ကျားဖြူလေးက သူတို့ကို သံသယဖြင့် တစ်ချက် ကြည့်လိုက်သည်။

"မင်းက ရှောက်သီးနဲ့ တူသလိုပဲနော်"

ကြယ်ပြာက စကားလမ်းကြောင်း ပြောင်းရန် ကြိုးစားသည်။

"ထွက်သွားစမ်း"

ကျားဖြူလေးက သူတို့ကို မတူမတန်ဟူသော မျက်နှာထားဖြင့် လျစ်လျူရှုထားသည်။

"ဟေ့။ ငါတို့က ဒီမှာ ယဉ်ကျေးဖို့ ကြိုးစားနေတာ၊ မင်းက စိတ်ဆိုးနေတာလား" ကြယ်ပြာက ဒေါသထွက်လာသည်။

"ဘာတွေ ဟန်ဆောင်နေတာလဲ။ မင်းရဲ့သခင်မ ငိုရတော့မယ်"

"ဟမ့်၊ ဘယ်သူ ငိုရမလဲ စောင့်ကြည့်ကြတာပေါ့"

ကျားဖြူလေးက နှာခေါင်းရှုံ့၍

နာရီဝက်ခန့်အကြာတွင် သားရဲ နှစ်ကောင် နှင့် အပြင်ဘက်မှ အကြီးအကဲများအုပ်စုသည် တစ်စုံတစ်ခု ထူးဆန်းနေကြောင်း ခံစားလိုက်ကြရသည်။

"တစ်ခုခု မှားနေတာလား"

ကျားဖြူလေး၏ မျက်နှာထား ပြောင်းလဲသွားကာ မျက်မှောင်ကြုတ်လိုက်သဖြင့် သူ၏ နဖူးပေါ်မှ ဘုရင် စာလုံး တွန့်လိမ်သွားသည်။

"ဟား၊ ငါတို့ အစ်ကိုကြီး အကြီးအကျယ် နိုင်သွားပြီ"

ကြယ်ပြာက ရယ်မောလိုက်သော်လည်း ရုတ်တရက် မျက်နှာထား ပြောင်းလဲသွားသည်။

"ဘာတွေ ဖြစ်နေတာလဲ"

နန်းတော်အတွင်း နဂါးပလ္လင်အထက်တွင် လျှပ်စီးများအကြားတွင် ပုံရိပ် နှစ်ခု ရစ်ပတ်လုံးထွေးနေ၏။

"ယွမ်ရှောင်၊ နင့်ရဲ့ ကျင့်ကြံခြင်းကို အသစ်ကနေ ပြန်လည်စတင်ဖို့ အချိန်တန်ပြီ"

ချန်ရီက နီမြန်းသော အရှက်သည်းနေဟန် မျက်နှာထားဖြင့် နူးညံ့စွာ ပြောလိုက်သည်။

"မင်း ဘာကို ဆိုလိုတာလဲ"

ယွမ်ရှောင်က သူမကို ငုံ့ကြည့်၍ သူ၏ အသံမှာ ရေကန်တစ်ခုကဲ့သို့ တည်ငြိမ်နေသည်။

"ငါက နတ်ဆိုးတွေကို သတ်ဖြတ်ဖို့ မင်းရဲ့ အစွမ်းကို လိုအပ်တယ်။ မင်းက မြန်မြန် ပြန်ကောင်းလာနိုင်တယ်။ ငါ့အနေနဲ့ နတ်ဆိုးတိုက်ကြီးကို အောင်နိုင်ပြီး နတ်ဆိုးတွေကို ချေမှုန်းပြီးတာနဲ့ နတ်ပြည်ထောင်၊ ဂုဏ်ကျက်သရေ အရာအားလုံးက နင့်အပိုင် ဖြစ်လာလိမ့်မယ်။ ငါ့အစား လူ့လောကကို ပြန်လည် တည်ဆောက်ပေးဖို့ ကူညီပါ၊ ပြည်သူတွေကို ကာကွယ်ပေးပါ"

သူမက အသံ တုန်ရီစွာဖြင့် တောင်းဆိုလိုက်၏။

"ပြီးတော့ မင်းကရော ဘယ်ကို သွားမှာလဲ" ယွမ်ရှောင်က မေးသည်။

"ငါက ဓားတာအိုကျောက်တိုင်မှာ ငါ့ဘဝကို အဆုံးသတ်ရမယ်၊ ယဇ်ပူဇော်ခံခဲ့ရသူတွေနဲ့ ပူးပေါင်းမယ်"

"တကယ်လို့ ငါတို့ နိုင်ခဲ့ရင်ကော မင်း သေရဦးမှာလား"

ယွမ်ရှောင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"အောင်ပွဲရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ အမြဲတမ်း ယဇ်ပူဇော်မှုတွေ ရှိရတယ်။ ထာဝရ ပျော်ရွှင်ခြင်းကြောင့် အသက်ပေါင်း တစ်သန်း ဆုံးရှုံးခဲ့ပြီးပြီ။ ဒါတွေက ငါ့အပြစ်တွေပဲ…"

သူမက ဦးခေါင်း ငုံ့သွားကာ ဝမ်းနည်းပူဆွေးကြောင်း ထင်ရှားပြီး နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးမှာ တုန်ရီနေသည်။

"အဓိပ္ပာယ်မရှိဘူး၊ ဒါက မင်းအမှား မဟုတ်ဘူး"

ယွမ်ရှောင်က သူမအနားကပ်၍ တီးတိုးပြောလိုက်သည်။

"ငါတို့က အင်မော်တယ်စစ်ပွဲစာရင်းမှာ ဘယ်အဆင့်လဲ သတိရလား။ မင်း ငါ့ကို ရှုံးခဲ့တယ်။ ငါ့သဘောတူညီချက် မရှိဘဲ မင်း သေလို့မရဘူး"

"မဟုတ်ဘူး၊ သေဆုံးခြင်းက ငါ့ကံကြမ္မာပဲ။ ငါ သေကို သေရလိမ့်မယ်"

ချန်ရီက ခေါင်းခါ၍ တင်းမာစွာ ရေရွတ်ခဲ့သည်။

"မင်း ဦးနှောက်ထဲမှာ တစ်ခုခုမှားနေတာလား"

ယွမ်ရှောင်က စိတ်ပျက်စွာ ပြောလိုက်ပြီး သူမသည် အဝေးသို့ ငေးကြည့်ရင်း အကြည့်များ တင်းမာလာကာ တစ်ခုခုကို စိတ်ပိုင်းဖြတ်ထားဟန် ပေါ်သည်။

"မင်း ငါ့ရဲ့ ယင်စွမ်းအားကို အများကြီး စုပ်ယူခဲ့ပြီးပြီ။ မင်း ပြန်ပေးဆပ်ဖို့ အချိန်တန်ပြီ…"

ချန်ရီ စကားပြောနေစဉ် ယွမ်ရှောင်သည် သူ၏ ယန် စွမ်းအားများ သူမထံ ဆွဲယူခံနေရကြောင်း ခံစားလိုက်ရသည်။

"ပြန်ပေးရမယ်၊ ဟုတ်လား။ အနားယူပြီး ဒီ သေခြင်းကို ရှာဖွေနေတဲ့ အဓိပ္ပာယ်မဲ့ လုပ်ရပ်တွေကို ရပ်လိုက်တော့"

ယွမ်ရှောင်က နောက်ထပ် စကားမပြောတော့ဘဲ ရှေးဦး ဟင်းလင်းပြင် ကျင့်စဉ်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ သူ၏ ဒန်တန်ရှိ ချီစွမ်းအားက တောက်လောင်နေသော နေမင်းကဲ့သို့ ပြင်းထန်သော ဝဲတစ်ခုပမာ သူမ၏ ခန္ဓာကိုယ်မှ ကြီးမားသော ယင်စွမ်းအားကို ပြန်လည်ဆွဲယူပစ်နေသည်။

ဘုန်း ဘုန်း ဘုန်း

ချန်ရီသည် ယွမ်ရှောင်၏ စွမ်းအား တစ်စက်မျှ မစုပ်ယူနိုင်ခဲ့ဘဲ ထိုအစား သူမ၏ ကိုယ်ပိုင် မြင့်မြတ် ချီစွမ်းအားက တာတမံတစ်ခု ကျိုးပေါက်သွားသကဲ့သို့ ဒရဟော တိုးထွက်လာသည်။ တစ်ခဏအတွင်း၊ ယွမ်ရှောင်၏ ဒန်တန်ရှိ ချီစွမ်းအား တိုးတက်လာသောကြောင့် သူမ၏ မျက်နှာထား သိသိသာသာ ပြောင်းလဲသွားသည်။

"နင် ဘာတွေလုပ်နေတာလဲ"

သူမ၏ မျက်လုံးများက အလန့်တကြား ပြူးကျယ်သွား၏။

"မင်း အမှားလုပ်မိသွားပြီ"

ယွမ်ရှောင်က တည်ငြိမ်စွာ ပြောသည်။

"မဟုတ်ဘူး။ ဒါ မဖြစ်နိုင်ဘူး"

သူမ၏ မျက်နှာက ရုတ်တရက် အေးစက်သွားကာ သတ်ဖြတ်လိုစိတ်တစ်ခု ရုတ်တရက် ဖြစ်တည်လာသည်။

"မင်း ငါ့လက်ကနေ မလွတ်မြောက်နိုင်ဘူး။ ဒါက ရှောင်လွှဲမရတဲ့ ကံတရားပဲ"

"အသိဉာဏ်မဲ့ သေမျိုး၊ ငါ့ကံကြမ္မာကို ဆန့်ကျင်ရဲတယ်လား"

သူမ၏ မျက်လုံးများတွင် သွေးနီရောင် လျှပ်စီးများဖြင့် တောက်လောင်နေပြီး ဒေါသအလွန်ထွက်နေပုံပေါ်သည်။

"မင်း ဘာလို့ ဒီလောက် ဒေါသထွက်နေတာလဲ။ မင်းရော အသစ်ကနေ ပြန်မစတင်နိုင်ဘူးလား"

ယွမ်ရှောင်က နားမလည်နိုင် ဖြစ်နေပြီး သူမ၏ ဒေါသမှာ သူ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေသည်။

"ငါက ကောင်းကင်ဘုံရဲ့ အမိန့်တော်အရ မွေးဖွားလာပြီး လူသားမျိုးနွယ်ကို ကာကွယ်ဖို့ ဆင်းသက်လာခဲ့တာပဲ။ နင်က ငါ့ကံကြမ္မာကို နှောင့်ယှက်ရဲသလား"

သူမက တိုက်ခိုက်လိုက်ပြီး လျှပ်စီးများ ပြည့်နှက်နေသော လက်သည်းများသည် ယွမ်ရှောင်၏ကိုယ်တွင်း စိုက်ဝင်သွားခဲ့သည်။ ကံကောင်းသည်မှာ သူမ၏ စွမ်းအား အများစုကို ယွမ်ရှောင်က ဝါးမျိုထားပြီးဖြစ်သည်။ သို့မဟုတ်လျှင် သူမက ထိုနေရာတွင်ပင် သူ၏ လည်ပင်းကို ချိုးပစ်နိုင်ဖွယ်ရှိသည်။

"မင်း ရူးသွားပြီလား။ ငါ့အပေါ် ဒီလောက်အထိ တိုက်ခိုက်ဖို့ လိုအပ်လို့လား"

ချန်ရီက သူ့ကို သတ်ဖြတ်ရန် အမှန်တကယ် ကြိုးစားနေပြီး လုံးဝ မင်သက်သွားစေသည်။

ဖြန်း

ယွမ်ရှောင်ကို မသတ်ဖြတ်နိုင်သည့်အတွက် သူမက မျက်နှာဖြတ်ရိုက်လိုက်သည်။ သူမ၏ မျက်လုံးများက ထူးဆန်းစွာ ပြောင်းလဲနေပြီး ယွမ်ရှောင်ကို စိုက်ကြည့်ရင်း နီရဲသော နှုတ်ခမ်းများမှ လေးနက်သော ဂါထာ ရွတ်ဖတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"တာအို၏ မယ်တော်၊ ဒုက္ခမှ ကယ်တင်ရှင်၊ ဘေးအန္တရာယ်ကို ဖယ်ရှားသူ၊ လူ့လောကရှိ တာအိုကို ကာကွယ်သူ"

ဤရွတ်ဖတ်သံက ယွမ်ရှောင်၏ နားထဲတွင် အဆုံးမရှိ ပဲ့တင်ထပ်နေပြီး ရူးသွပ်လုနီးပါး ဖြစ်စေသည်။ ထို့နောက် ချန်ရီ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပုံရပြီး တင်းမာသော မျက်နှာထားဖြင့် သူ့ကို စိုက်ကြည့်ရင်း အထပ်ထပ်အခါခါ ရွတ်ဖတ်နေခဲ့သည်။

"တာအို၏ ရှေးမယ်တော်၊ ဒုက္ခမှ ကယ်တင်ရှင်…"

"ထားလိုက်ပါတော့၊ အနားယူလိုက်ပါ၊"

သူမ၏ အပြုအမူမှာ အလွန် ထူးဆန်းသောကြောင့် သူက နားမလည်နိုင်ဟန်ဖြင့် ရှေးဦးဟင်းလင်းပြင် ကျင့်စဉ်ကို ဆက်လက် အသုံးပြုပြီး စွမ်းအားကို စုပ်ယူနေခဲ့သည်။ ထိုအချိန်တွင် မျက်ရည်များ သူမ၏ မျက်လုံးများမှ ပိုးပိုးပေါင်ပေါက် စီးကျလာ၍ ယွမ်ရှောင်ကို အလွန် ဝမ်းနည်းပူဆွေးနေဟန် ဒေါသဖြင့် စိုက်ကြည့်နေသည်။

"ဘာလို့ အခု မျက်ရည်ကျနေတာလဲ…"

ယွမ်ရှောင်က နားမလည်သောကြောင့် ရူးချင်ချင် ဖြစ်လာနေသည်။

"ဘေးအန္တရာယ်ကို ဖယ်ရှားခြင်း…"

သူမက မျက်ရည်များအကြားမှ တီးတိုးရေရွတ်လိုက်သည်။

ဘန်း

နန်းတော်၏ တံခါးချပ်များ အက်ကွဲ၍ ပေါက်ကွဲထွက်သွားကာ ကျားဖြူလေးက ရုတ်တရက် ပြေးဝင်လာသည်။

"အသိဉာဏ်မဲ့ သေမျိုး၊ ဒုက္ခရဲ့ ကယ်တင်ရှင်ကို ထိခိုက်ရဲသလား"

၎င်းက ဟိန်းဟောက်၍ အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ချန်ရီ၏ ခန္ဓာကိုယ်ထံ ဝင်ဆောင့်လိုက်၏။ သူတို့က အင်အားသုံး အခွဲခံလိုက်ရပြီး နှစ်ကိုယ်တူကျင့်ကြံမှု ရုတ်တရက် အနှောင့်အယှက်ဖြစ်လာသောကြောင့် ယွမ်ရှောင်၏ ကိုယ်တွင်း၌ ထိန်းမနိုင်သိမ်းမရသော စွမ်းအားများ ပရမ်းပတာ ဖြစ်စေခဲ့သဖြင့် သွေးများ ပါးစပ်မှ ပန်းထွက်လာသည်။ ချန်ရီလည်း ထို့အတူပင် ဖြစ်ကာ နှစ်ယောက်လုံး အကန့်အသတ်မဲ့ နာကျင်ခဲ့ရသည်။

"ဘာဖြစ်တာလဲ"

ယွမ်ရှောင်၏ စိတ်ထဲတွင် ဗလာကျင်းသွားသည်။

"ယွမ်ရှောင်…"

ချန်ရီက ရုတ်တရက် အော်ခေါ်၍ သူမ၏ အသံတွင် စိတ်ရှုပ်မှု နှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

"ငါ ဒီမှာ ရှိတယ်"

ယွမ်ရှောင် ထရပ်လိုက်သောအခါ သူမက လေထဲသို့ ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ လွင့်ထွက်သွားသည်။ သူမ၏ အနောက်တွင် ရှေးခေါင်းလောင်း ရောက်ရှိနေပြီး မရေမတွက်နိုင်သော ရုန်းစာလုံးများဖြင့် တန်ဆာဆင်ထားသည့် လေပွေဝဲတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဤရုန်းများက စကားစုတစ်ခုကို တိကျသေချာစွာ ဖွဲ့စည်းနေသည်။

"တာအို၏ ရှေးမယ်တော်၊ အင်မော်တယ် ဘိုးဘေး၊ လူသားမျိုးနွယ် ဘိုးဘေး၊ စကြဝဠာ လက္ခဏာဖတ်သူ၊ နက်နဲရာ၏ ပြယုဂ်၊ နေနှင့်လ အင်အား ပိုင်ဆိုင်သူ၊ အန္တိမကို လက်တွေ့ ပုံဖော်သူအဖြစ် နန်းပလ္လင်ပေါ်တွင် ထိုင်နေ၍ ခန့်ညားထည်ဝါသော ဦးခေါင်း လေးခု နှင့် တန်ခိုးကြီးသော လက်မောင်း ရှစ်ခုဖြင့်၊ သတ္တဝါအားလုံးကို ကယ်တင်နေသည်"

ထိုဝဲ ပေါ်ထွက်လာသည်နှင့်တပြိုင်နက် ချန်ရီ၏ မျက်လုံးများက လူသားဆန်မှုကို ဆုံးရှုံးသွားကာ ဂါထာ ရွတ်ဖတ်မှုကို ပြန်လည် စတင်ရင်း ၎င်းထံ လွင့်မျောသွားလေသည်။

All Chapters